title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အနာပိုးမဝင်အောင်ကာကွယ်သင့်တဲ့ အကြောင်းအရင်း
ထိခိုက်ရှနာဖြစ်တာကနေ့စဉ်လှုပ်ရှားနေရသူတွေအဖို့ရှောင်လွဲလို့မရတဲ့ပြဿနာပါ။ ပုံမှန်အားဖြင့်ကတော့ ထိခိုက်ရှနာဒဏ်ရာတွေက အလွယ်တကူအနာကျက်သွားကြတာများပါတယ်။ ဒါပေမယ့် ဒီဒဏ်ရာလေးတွေကနေတဆင့် ဘက်တီးရီးယားတွေဝင်ရောက်သွားတဲ့အခါမှာတော့ အနာပိုးဝင်ကူးစက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်ကူးစက်ခံရတဲ့အခါ အသိစောလေလေ ထိထိရောက်ရောက်ကုသနိုင်လေလေပါ။ အနာပိုးဝင်တာကိုသေချာမကုသဘဲထားမိမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အခုဆောင်းပါးလေးမှာတော့ အနာပိုးဝင်ကူးစက်တဲ့အကြောင်းကိုပြည့်ပြည့်စုံစုံလေးပြောပြပေးချင်ပါတယ်။အနာပိုးဝင်တာက ဘယ်ထိခိုက်ဒဏ်ရာမျိုးမှာမဆိုဖြစ်နိုင်ပါတယ်။ အရေပြားက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် တားဆီးပေးထားတဲ့ ခံတပ်တစ်ခုပါ။ ထိခိုက်ဒဏ်ရာဖြစ်တဲ့အခါ အပေါ်ယံအရေပြားကပေါက်ပြဲသွားတာကြောင့်ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးကျိုးပျက်သွားပြီလို့ဆိုရပါမယ်။ ဒီလိုအခြေအနေမှာ ပတ်ဝန်းကျင်မှာရှိတဲ့ ဘက်တီးရီးယားတွေက အနာပေါက်ကနေတဆင့် ကိုယ်ခန္ဓါအတွင်းထဲကိုဝင်ရောက်သွားပြီး ပိုးဝင်ကူးစက်တာတွေဖြစ်လာပါတော့တယ်။ အချို့အနာပိုးဝင်တာတွေကိုantibioticဆေးဝါးတွေနဲ့ကုသနိုင်ပေမယ့် အနာပြင်းထန်မယ်ဆိုရင်တာ့ ဆရာဝန်နဲ့သွားရောက်ပြသတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။အနာပိုးမဝင်အောင်ကာကွယ်နိုင်သလို အနာပိုးဝင်တာက အရမ်းမဆိုးဝါးတဲ့အခါမျိုးမှာantibioticဆေးဝါးတွေနဲ့ကုသလို့ရနိုင်ပါတယ်။ ဒါပေမယ့်ပေါ့ပေါ့ဆဆထားမယ်ဆိုရင်တော့ အနာပိုးဝင်တာက ပိုဆိုးလာပြီး အသက်အန္တရာယ်ပါစိုးရိမ်ရနိုင်ပါတယ်။ အနာပိုးဝင်တာကို ဂရုမစိုက်ဘဲထားမိရင်ဖြစ်နိုင်တဲ့အဆိုးဆုံးရလဒ်တွေထဲကတစ်ခုကသွေးဆိပ်တက်တာပါ။ ခန္ဓါကိုယ်က ကူးစက်ရောဂါပိုးကိုတိုက်ထုတ်ဖို့အတွက်သွေးကြောတွေထဲကို ဓါတုပစ္စည်းတွေထုတ်လွှတ်လိုက်တဲ့အခါ ခန္ဓါကိုယ်အနှံ့မှာရောင်ရမ်းမှုတွေဖြစ်လာပါတယ်။ ဒီအခြေအနေကိုသွေးဆိပ်တက်တယ်လို့ခေါ်တာပါ။သွေးဆိပ်တက်တာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေက ခန္ဓါကိုယ်တွင်းမှာပြောင်းလဲမှုတွေဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်ပျက်စိးစေနိုင်ပါတယ်။သွေးဆိပ်တက်တာက အနာကျက်ကိုနှေးစေတဲ့အပြင် အနာကတော်တော်နဲ့မကျက်တာကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲ အန္တရာယ်တွေကိုပါဖြစ်စေနိုင်ပါသေးတယ်။တကယ်လို့ သင့်အနေနဲ့ ထိခိုက်ဒဏ်ရာတစ်ခုခုရထားပြီး ကိုယ်အပူချိန်က ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက်များနေတာ ဒါမှမဟုတ် ၉၆.၈ ဒီဂရီဖာရင်ဟိုက်အောက်ရောက်နေတာမျိုးဖြစ်နေမယ်။ နှလုံးခုန်နှုန်းက တစ်မိနစ်ကို အကြိမ် ၉၀ ကျော်နေတာ၊ အသက်ရှုအရမ်းမြန်နေတာမျိုး ဖြစ်မယ်ဆိုရင် အနာကြောင့်သွေးဆိပ်တက်နေတာပါ။ပြင်းထန်တဲ့သွေးဆိပ်တက်ဝေဒနာကိုခံစားရတဲ့အခါ ဗိုက်အောင့်တာ နဲ့ ဆီးသွားနည်းသွားတာလိုမျိုး ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စိးတဲ့ လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။ တကယ်လို့ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင် နီးစပ်ရာဆေးခန်းမှာ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ အချိန်ဆွဲနေမယ်ဆိုရင်သွေးပေါင်ချိန်တွေတအားကျပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေဖြစ်သွားတဲ့အခါမှာတော့ အနာပိုးဝင်ကူးစက်တာကို ကုသဖို့အတွက်antibioticဆေးဝါးတွေကိုအသုံးပြုနိုင်သလိုသွေးပေါင်ချိန်ပြန်တက်လစေဖို့အတွက်vasopressors ကိုအသုံးပြုနိုင်ပါတယ်။ တစ်ခါတရံမှာ ခွဲစိတ်ကုသမှုခံယူတာမျိုးလုပ်ဖို့အထိလိုအပ်နိုင်ပါတယ်။နေ့စဉ်လှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေအများကြီးရှိနိုင်ပါတယ်။ ခန္ဓါကိုယ်က ကျန်းမာနေတဲ့ အချိန်နဲ့ ထိခိုက်ဒဏ်ရာကင်းနေတဲ့အချိန်မှာ ဒီပိုးမွှားလေးတွေက ဘာမှမလုပ်နိုင်ပေမယ့် ကိုယ်ခံအားနည်းတဲ့အခါမျိုးနဲ့ ထိခိုက်ဒဏ်ရာတွေဖြစ်တဲ့အခါ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်ထဲကိုဝင်ရောက်ပြီးရောဂါတွေဖြစ်စေပါတယ်။ အနာကနေတဆင့်ရောဂါပိုးတွေက ကိုယ်အတွင်းပိုင်းကိုရောက်ရှိသွားတဲ့အခါ တစ်ရှုးတွေကရောင်ရမ်းတာတွေဖြစ်လာပြီး အနာကျက်ဖို့ကြာတာမျိုးဖြစ်နိုင်ပါတယ်။ အနာပေါက်ပွင့်နေတဲ့အနာတွေဆိုရင် ပိုးဝင်ကူးစက်နိုင်ခြေကတော်တော်လေးများပါတယ်။ဒီလိုအခြေအနေတွေက ထိခိုက်ဒဏ်ရာရတဲ့အခါ အနာပိုးဝင်ကူးစက်နိုင်ခြေတော်တော်လေးများပါတယ်။ ဘယ်လိုအခြေအနေတွေများလဲ။အနာက ပိုးဝင်ကူးစက်ခံရတဲ့အခါ အခုလိုလက္ခဏာမျိုးတွေဖြစ်နိုင်ပါတယ်။အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး အနာပိုးမဝင်အောင်ကာကွယ်နိုင်ပါတယ်။အခုလောက်ဆိုရင် အနာပိုးမဝင်အောင် ဘာကြောင့်ကာကွယ်သင့်တာလဲဆိုတာနဲ့ အနာပိုးမဝင်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုတွေ သိလောက်ပြီထင်ပါတယ်နော်။ လူသားအားလုံး အနာရောဂါကင်းကြပါစေကြောင်း။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%94%e1%80%ac%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%9d%e1%80%84%e1%80%b9%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9/
ဘေဘီလေး နဲ့ ကဖင်း
ဘေဘီလေး ကရေနွေးကြမ်းသောက်ရင်လည်း ပါးစပ်ပြင်နေတယ်၊ကော်ဖီသောက်သောက် လက်ဖက်ရည်သောက်သောက် သောက်ချင်တဲ့ပုံပေါက်နေတယ်။လက်ဖက်သုပ်ဆိုလည်း စားချင်နေသလိုပဲ။ ကျွေးလို့ရမလား။ ရေနွေးကြမ်းလောက်တော့ တိုက်လို့ရမယ်ထင်တယ်နော်ဆိုတဲ့မေမေဖေဖေတွေရှိလား။ ဒါဆိုရင် တော့ ဘေဘီလေး ကို ကဖင်းပါတာတွေ မကျွေးခင်မှာ ဒီဆောင်းပါး​လေးကို ဖတ်ကြည့်လိုက်ပါ။ကဖင်းက စိတ်ကို လန်းဆန်းစေတာမှန်ပေမယ့်ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေး အတွက်တော့ မသင့်တော်ပါဘူး။ ကဖင်းက အရမ်းများလာရင် ကလေး မပြောနဲ့ လူကြီးတွေကိုတောင်ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်စွာကြီးပြင်းလာစေချင်တယ်ဆိုရင် အသက် ၁၂ နှစ်မပြည့်မချင်း ကော်ဖီ အပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေကို မတိုက်သင့်ပါဘူး။ကဖင်းပါတဲ့အရာတွေက အများကြီးရှိနိုင်ပါတယ်။ကဖင်းကအာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေတာမှန်ပေမယ့် တန်ဆေးလွန်ဘေးပါ။ လူ​ကြီးတွေမှာရော ကလေးတွေပါ ကဖင်းများတဲ့အခါ အရမ်းငယ်သေးတဲ့ ဘေဘီလေးတွေကို ကဖင်း နဲ့ မိတ်ဆက်ပေးလိုက်မိတဲ့အခါမျိုးမှာ။ဘေဘီလေးကို ကဖင်း တိုက်မိတဲ့အခါ။ဒါကြောင့် ဘေဘီလေးကိုနို့တိုက်နေရတဲ့ မေမေတွေအနေနဲ့ ကော်ဖီအပါအဝင် ကဖင်းပါတဲ့အစားအသောက်တွေကို လျှော့သောက်သင့်ပါတယ်။ ဘေဘီလေးက ကော်ကော်လို့ ပြောနေရင်တောင်မှ မတိုက်ပါနဲ့။ အသက် ၁၂ နှစ်ပြည့်ပြီးမှတိုက်ပါ။ ဒါတောင်မှ တစ်နေ့ကို တစ်ခွက်လောက်ပဲတိုက်ပေးပါ။ ကဖင်းက အတန်အသင့်ဆိုရင် စိတ်ကို လန်းဆန်းစေပေမယ့် အရမ်းများရင်တော့ ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် ဘေဘီလေးကို ကဖင်းနဲ့ မမိတ်ဆက်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/baby-caffine/
သားသားမီးမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မယ့် နည်းလမ်း ၇ သွယ်
သားသားမီးမီးတို့ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးတာကို မလိုချင်တဲ့မိဘ မရှိလောက်ပါဘူး။ ဒီဆန္ဒလေးပြည့်ဖို့ ဆုတောင်းနေမိတဲ့ မေမေတွေဖေဖေတွေတောင်ရှိနိုင်ပါတယ်။ ဒီဆုတောင်းလေးပြည့်ဝဖို့ ကိုယ်တိုင်လုပ်ယူလို့ရပါတယ်။ ဘယ်လိုများလုပ်ဆောင်ပေးရမလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုက ပုံမှန်ကြီးဖွားဖွံ့ဖြိုးနေဖို့ပါ။ ဒီတော့ ဖေဖေမေမေတို့မှာ မေးစရာမေးခွန်းတစ်ခုရှိလာနိုင်ပါတယ်။ ဒါကတော့ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ဘာလဲဆိုတာပါ။ ပုံမှန်ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာက ကလေးက အခြားရွယ်တူကလေးတွေထက် ညှက်မနေဘူး၊ အဝလွန်မနေဘူး။ အရပ်ပုနေတာမျိုးလည်း မရှိဘူး။ မကြာခဏဖျားနာနေတာမျိုးလည်း မရှိတာကို ပြောချင်တာပါ။ နောက်တစ်ခုက အာရုံစူစိုက်မှုနဲ့ သင်ယူနိုင်စွမ်းကလည်း အခြားရွယ်တူတွေထက် မသာရင်တောင် နောက်ကျကျန်နေတာမျိုး မရှိရပါဘူး။ ကလေးတစ်ယောက်က ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဂှိမှလည်း ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာနိုင်မှာပါ။ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ ဘာတွေလိုအပ်မလဲ…………။ကလေးတစ်ယောက်ပုံမှန်ကြီးထွားဖို့ဆိုရင် ဒီအချက်လေးတွေ ပြည့်စုံဖို့လိုအပ်မှာပါ။သားသားမီးမီးကို ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာစေဖို့ဆိုရင်ဖေဖေမေမေတို့အနေနဲ့ ဒီအချက်လေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။(၁) အာဟာရပြည့်ဝအောင် ကျွေးမွေးပါ။ကလေးတစ်ယောက် အကောင်းဆုံးကြီးပြင်းလာစေဖို့ဆိုရင် ငယ်စဉ်အချိန်ကစလို့ ပြည့်ဝလုံလောက်တဲ့ အာဟာရကိုရဖို့လိုပါမယ်။ ကလေးကိုနေ့စဉ် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊အကျိုးပြုဘက်တီးရီးယား(Lactobacillus)၊ ဗီတာမင် နဲ့ သတ္တုဓာတ်တို့ပြည့်ဝစွာပါဝင်နေဖို့လိုပါမယ်။ ဒါမှ ကလေးက ကိုယ်ခံအားကောင်းပြီး ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်မှာပါ။(၂) ပြည့်ဝတဲ့အိပ်စက်ချိန်ရှိအောင် ဂရုစိုက်ပါ။ကလေးတစ်ယောက် စိတ်ရောကိုယ်ပါကျန်းမာပြီး ပျော်ရွှင်စွာကြီးပြင်းစေဖို့နေ့တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိဖို့လိုပါမယ်။ ကလေးတစ်ယောက်က အနည်းဆုံးတစ်ရက်ကို အိပ်ချိန် ၁၀ နာရီနဲ့ အထက်ရှိဖို့လိုပါမယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်ကိုသေချာသတ်မှတ်ပေးတာ။ နေ့ခင်းမှာ တစ်ရေးအိပ်စေတာမျိုးလုပ်ပေးပါ။(၃) နွေးထွေးကြင်နာစွာ ဆက်ဆံပေးပါ။ကလေးကို စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မယ့်နည်းလမ်းက ဖေဖေမေမေတို့ရဲ့ ကြင်ကြင်နာနာဂရုစိုက်မှုပါ။ ငယ်စဉ်ကတည်က မိဘတွေရဲ့ ကြင်နာဂရုစိုက်မှုကိုရတဲ့ ကလေးငယ်တွေဟာ ပျော်ရွှင်ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်သူလေးတွေအဖြစ်ကြီးပြင်းစေနိုင်ပါတယ်။(၄)ကိုယ်လက်လှုပ်ရှားမှုလုပ်စေပါ။ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ကလေးကို ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ကျန်းမာစေသလို စိတ်ပိုင်းဆိုင်ရာကိုလည်း ကြံ့ခိုင်စေနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် ကလေးနဲ့အတူတူ လေ့ကျင့်ခန်းလုပ်ပေးတာ၊ အတူတူကစားပေးတာမျိုးလုပ်ပေးပါ။ ဒါက ကလေးကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေသလို ပျော်ရွှင်ကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။(၅)စကားပြောပါ။ကလေးကို အချိန်ပေးပြီး သူပြောတာကိုနားထောင်ပေးတာ၊ သူ့အခက်အခဲတွေအတွက် အထောက်အကူဖြစ်စေမယ့် ဖြေရှင်းနည်းတွေကိုပြောပြပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အကောင်းဆုံးပျိုးထောင်ရာရောက်သလို မိဘနဲ့ကလေးကြားမျာလည်း သံယောဇဉ်တိုးလာစေမှာပါ။(၆)စာအုပ်ဖတ်ပြပါ။ကလေးကို ပုံပြင်ဖတ်ပြတာ ဒါမှမဟုတ် သင်ကြားရေးပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို သင်ယူမငစွမ်းရည်ကောင်းစေဖိုပအထောက်အကူပြုနိုင်မယ့်အပြင် မိဘနဲ့သားသမီးကြားမှာ အပြန်အလှန်ချစ်ခင်မှုတွေတိုးလာစေမှာပါ။ အရောင်တောက်တောက်လေးတေါပါတဲ့ စာအုပ်လေးတွေကဘေဘီလေးတို့ ဖတ်ဖို့ အကြိုက်ဆုံးစာအုပ်လေးတွေဆိုတာ မမေ့ပါနဲ့။(၇)ကစားချိန်ပေးပါ။ကလေးကို တစ်ချိန်လုံးစာဖတ်နေစေတာမျိုးမလုပ်ဘဲ။ သူတို့စိတ်ကြိုက်ဖြစ်တဲ့ ကစားနည်းတွေကို ပေးကစားပါ။ ဖြစ်နိုင်တိုင် ကိုယ်တိုင်ပါဝင်ကစားပေးပါ။ ဒါက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက်ရော စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အကောင်းဆုံအားဖြည့်ပေးနိုင်မှာပါ။ကလေးကို ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒလေးပြည့်မြောက်စေဖို့ အခုပြောခဲ့တာတွေကို လုပ်ကြည့်ကြဖို့ ပြောပါရစေလား… မေမေဖေဖေတို့ရေ…….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/how-to-raise-a-smart-baby/
အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ
သင်ဟာ ငယ်ရွယ်တယ်၊ အကြမ်းခံနိုင်တယ်၊ လွတ်လပ်တယ်။ ဒါတွေကြောင့်အသက် ၂၀ ကျော်၃၀ကြား ကာလဟာ သင့်ဘဝအတွက် အကောင်းဆုံး နှစ်တွေဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် သတ်မှတ်နိုင်ပြီးတော့ သင်နှစ်သက်တဲ့ အလုပ်လမ်းကြောင်းကို ဦးတည်နိုင်ပါတယ်။ ဒါပေမယ့် သင်ဘယ်သူလဲ၊ ဘာလိုချင်တာလဲ၊ ဘယ်ကိုသွားမှာလဲဆိုတာ ကိုယ့်ကိုယ်တိုင်မသိဘဲ အရွယ်ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတာ နားလည်ချိန်မှာတော့ တုန်လှုပ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ ဒီအရွယ်မှာ တွေ့ရတတ်တဲ့ ဘေးကျပ်နံကျပ်ကာလကို ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေ ဖြစ်ပါတယ်။ ကဲ ….. အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ ….. ဆိုတာ ကြည့်လိုက်ရအောင်နော်။အသက် ၂၀ ကျော် ၃၀ ကြားဘဝအခက်အခဲများကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတော့။ဆုံးရှုံးမှုကို ကျော်လွန်ဖို့၊ မတည်ငြိမ်တဲ့ စိတ်ကိုထိန်းချုပ်ဖို့နဲ့ ဒီအချိန်ကို ကျော်ဖြတ်ဖို့ တစ်ခုတည်းသောနည်းကတော့ သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းကို ရှာဖွေဖို့ပါပဲ။ လူအများစုဟာ သူတို့ရဲ့ဘဝတွေ ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ထွေထွေထူးထူးမရှိဘဲ စိတ်မပျော်ရွှင် ဖြစ်နေကြပါတယ်။ဒါ့ပြင် ဒီလူတွေဟာ သူတို့ကိုယ်တိုင်ပဲ ဒီပြဿနာတွေကို ရင်ဆိုင်ချင်ကြပါတယ်။ ဒါဟာ နားလည်ပေးလို့ရပေမယ့် ဒီအနှုတ်သဘောဆောင်တဲ့ ခံစားမှုတွေကို သင့်ဦးနှောက်ထဲမှာ ထားနေခြင်းဟာလည်း အကောင်းဆုံး အဖြေမဟုတ်ပါဘူး။ခံစားမှုတွေကို လှောင်ပိတ်ထားတာဟာ မတည်ငြိမ်တဲ့ စိတ်ခံစားမှုတွေကိုသာမက အခြားဆိုးရွားတဲ့ အကျိုးဆက်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သင့်သူငယ်ချင်း၊ မိသားစု၊ ဆရာဝန်တို့နဲ့ သင့်စိတ်ထဲရှိသမျှကို ပြောဆိုသင့်ပါတယ်။ဝေးလွန်းတဲ့ အနာဂတ်ကိုကြည့်မယ့်အစား မနက်ဖြန်ရဲ့ ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေကို ကြည့်ပါ။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပြီး သတ်မှတ်ထားတဲ့ နောက်ဆုံးအချိန်ကို ရွေးချယ်ပါ။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာနဲ့ ဘဝမှာ ဘာကိုလိုချင်တယ်ဆိုတာကို မသေမချာကြီးဖြစ်နေခြင်းဟာ ခက်ခဲပါတယ်။ဒါ့ကြောင့် သက်သောင့်သက်သာ ဖြစ်စေတဲ့ နေရာတစ်ခုမှာ သင်ကြိုက်တဲ့ သီချင်းတွေကို နားထောင်ရင်း အဲဒီအခြေအနေမှာ သင့်ကို ပျော်ရွှင်စေတဲ့ အရာတွေကို ရေးချပြီး အကောင်အထည်ဖေါ်ပါ။အခုခေတ်မှာ သင်တကယ်လိုအပ်တဲ့ အချစ်ဆိုတာကို သတ်မှတ်ဖို့နဲ့ သင့်ကိုယ်သင်ပေးဖို့ ခက်ခဲပါတယ်။ အွန်လိုင်းပေါ်တက်ပြီး လူတွေလက်ထပ်တာတွေ၊ ဟန်းနီးမွန်းတွေ၊ ကလေးဓာတ်ပုံတွေ၊ အလုပ်အသစ်၊ အိမ်အသစ်၊ အတွေ့အကြုံအသစ်တွေကို တင်တာကိုတွေ့ပြီး ကိုယ့်ကိုယ်ကို အထင်သေးလာတတ်ပါတယ်။ဒါဟာ မကောင်းပါဘူး။ အခြားသူတွေနဲ့ မိမိနဲ့ ယှဉ်တွေးခြင်းဟာ အဆိပ်သင့်စေတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။အခြားသူကို သေချာ မချစ်နိုင်ခင် သင့်ကိုယ်သင်ဘယ်လိုချစ်ရမယ်ဆိုတာ သင်ယူသင့်တယ်ဆိုတဲ့ အခုခေတ်ဆိုရိုးစကားရှိပါတယ်။ သင့် ဒိုင်ယာရီထဲမှာ အရာတွေ အကုန်ချရေးပြီး နေ့တိုင်း အဲဒီစာရင်းကို ပွားလာအောင် ကြိုးစားပါ။ မနက်ခင်းတစ်ခုမှာ မိုးရွာခြင်းနဲ့ စတင်ပြီး သင့်ကို စိတ်ညစ်စေတယ်ဆိုရင် ဒိုင်ယာရီကိုဖွင့်ပြီး ဖတ်ပါ။ဒါဆို သင်ထင်ထားတာထက် ပိုပြီး ကြံ့ခိုင်တယ်ဆိုတာ သင်သတိထားမိပါလိမ့်မယ်။ စာအုပ်၊ ပုံပြင်တွေ ပိုဖတ်ပြီး အခြားသူတွေနဲ့ ပိုစကားပြောပါ။ စိတ်ခံစားမှုများတဲ့ အဆင့်ကို သက်သာရာရဖို့ သင်ယူပါ။ အားကစားရုံမှာ စာရင်းပေးပါ။တစ်ပတ်မှာ ၃ – ၄ ကြိမ်လောက် ကစားပါ။ သင့်သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ။ လူအသစ်တွေနဲ့ သူငယ်ချင်းဖွဲ့ပါ။ စိတ်ဓာတ်ဟာ အဓိက ဆိုတာ သတိရပါ။ စိတ်လျှော့ထားပြီး အသက်ကြီးပြင်းလာမှု အပေါ် သာယာပျော်ရွှင်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/quarter-life-crisis-signs/
တီဘီရောဂါ ခံစားနေရတယ်။ ဘာတွေ စားရမလဲ။
တီဘီရောဂါ ကူးစက်ခံရတဲ့အခါ။တီဘီရောဂါဖြစ်တဲ့အခါ ပျောက်ကင်းကျန်းမာဖို့ဆိုရင် ဆေးကုသမှု သေချာ ခံယူဖို့ လိုသလို အာဟာရပြည့်ဝအောင် စားသုံးဖို့ကလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒီတော့ တီဘီရောဂါ ခံစားနေရသူအနေနဲ့ မြန်မြန် ကျန်းမာလာစေဖို့ ဒါလေးတွေကို စားသုံး ပေးသင့်ပါတယ်။တီဘီရောဂါ ခံစားနေရတဲ့အခါ ကယ်လ်လိုရီ ပါဝင်မှု မြင့်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဒါမှ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ကောင်းစေပြီးကိုယ်အလေးချိန်ကျဆင်းတာကို ကာကွယ်နိုင်မှာပါ။ဒါကြောင့်ငှက်ပျောသီး၊cereal၊ ထမင်း၊ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ၊ နို့၊ အနီရောင်အသား၊အာလူးစတာတွေကို စားသုံးပေးပါ။တီဘီရောဂါ ခံစားရချိန်မှာ အစာစားချင်စိတ်က ပုံမှန်ထက် ပိုနည်းနေနိုင်ပါတယ်။ ဒီကာလမှာ အာဟာရပြည့်စေဖို့ဆိုရင် ပရိုတင်း များများစားဖို့ လိုပါမယ်။ ဒါကြောင့် ပရိုတင်းမစ်ရှိတ်တွေထဲမှာ အသီးခြောက်တွေ၊ အခွံမာသီးတွေ စားတာမျိုး လုပ်ပေးပါ။ ဒါတွေအပြင် ကြက်ဥ၊ ဥအမျိုးမျိုး၊ ပဲပြား၊ တို့ဟူး၊ အသား၊ ငါး၊ ကြက်သား စွပ်ပြုတ် စတာတွေကို စားပေးလို့ ရပါတယ်။တီဘီရောဂါရှိသူတွေနဲ့ အသင့်တော်ဆုံးက အဝါရောင် နဲ့ လိမ္မော်ရောင်ရှိတဲ့ သစ်သီးင်္တေ၊ ဟင်းသီး ဟင်းရွက်တွေပါ။ဒါကြောင့် အဝါရောင် ရှိပြီး ဗီတာမင် A ကြွယ်ဝတဲ့။ဗီတာမင် Cကြွယ်ဝတဲ့။ဗီတာမင် Eကြွယ်ဝတဲ့။တီဘီရောဂါကို ခုခံတိုက်ထုတ်နေချိန်မှာကိုယ်ခံအားကောင်းစေဖို့ ဗီတာမင် B complex ကြွယ်ဝတဲ့။Selenium နဲ့ zinc ကြွယ်ဝတဲ့။တီဘီဖြစ်နေချိန်မှာ မြန်မြန် သက်သာစေဖို့ဆိုရင်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/the-right-diet-to-beat-tuberculosis/
အဆုတ်ထဲ ပိုက်ထည့်ထားရင် ဘာတွေ ဂရုစိုက်ရမလဲ။
ဆေးရုံတွေ သွားရင် ဘေးနံရိုးမှာ ပိုက်တန်းလန်းနဲ့ အောက်က ဘူးလေးနဲ့ ကိုင်ထားတဲ့သူတွေကို မြင်ဖူးကြမှာပါ။ ဒါကအဆုတ်ထဲပိုက်ထည့်ထားတာပါ။ ရုတ်တရက်ကြည့်လိုက်ရင် အသည်းယားစရာကောင်းတယ်လို့ ထင်ပေမယ့် ဒါဟာလည်း ကုသနည်းတစ်ခုပါပဲ။ သူတို့တွေ ဘာကြောင့် ပိုက်တန်းလန်းနဲ့ နေရတာလဲ။ ပိုက်ထည့်ထားတဲ့ လူနာတွေကို ဘာဂရုစိုက်ပေးရမလဲဆိုတာ ဆက်ပြောပြပါမယ်။အဆုတ်ထဲလို့ ပြောပေမယ့် တကယ်တော့ လူတွေ သိဖူး၊ မြင်ဖူးတဲ့ အဆုတ်ထဲကို ထည့်တာမဟုတ်ပါဘူး။ အဆုတ်ရဲ့ အပြင်ဘက်မှာအမြှေးပါးလေး နှစ်ခုရှိပါတယ်။ အဆုတ်မှာ ဒဏ်ရာရလို့ ဖြစ်ဖြစ်၊ ရောဂါရလို့ဖြစ်ဖြစ် လေတွေ၊ သွေးတွေ၊ အရည်တွေက ဒီအမြှေးပါးလေး နှစ်လွှာ ကြားထဲကို ရောက်သွားပါတယ်။ ဒါတွေကို အပြင်ထုတ်ဖို့ ဒီအမြှေးပါး နှစ်လွှာကြားထဲကို ပိုက်ထည့်တာပါ။ ဒီလို မထည့်ရင် အမြှေးပါးထဲမှာ တဖြည်းဖြည်း ပြည့်လာပြီး အဆုတ်ကို ဖိရင် အသက်ကောင်းကောင်းရှူလို့ရမှာ မဟုတ်ပါဘူး။အဆုတ်ထဲပိုက်ထည့်ဖို့ ခွဲခန်းထဲ ဝင်စရာ မလိုပါဘူး။ ပိုးသတ်ထားတဲ့ သန့်စင်တဲ့ နေရာဆို ရပါတယ်။ဘေးထွက်ဆိုးကျိုးတွေကတော့။အဆုတ်ထဲပိုက်ထည့်ထားတယ်ဆိုရင် ပိုက်ကနေ လေတွေ စိမ့်ထွက်သလား၊ အသက်ရှူလို့အဆင်ပြေသလား၊ အောက်ဆီဂျင်လိုသလား စတာတွေကို ဂရုစိုက်ပေးမှာပါ။ ပိုက်နေရာရွေ့သွားသလား၊ အောက်မှာ ဆက်ထားတဲ့ ဘူးကနေ ကျွတ်ထွက်သွားသလား စတာတွေကိုလည်း သတိထားရမှာပါ။ပိုက်ထည့်ထားတယ်ဆိုပေမယ့် လူနာအနေနဲ့ ငြိမ်ငြိမ်လေး လှဲနေစရာ မလိုပါဘူး။ မတ်တပ်ရပ်လို့ရတယ်။ လမ်းလျှောက်လို့ရတယ်။ ထိုင်လို့ရပါတယ်။ ပိုက်မပြုတ်ထွက်ရင် ရပါပြီ။ပိုက်ထည့်ထားတဲ့အချိန်မှာ။ဒါမှ အဆုတ်ထဲက အရည်တွေ၊ လေတွေ မြန်မြန်ထွက်မှာပါ။ အဆုတ်လည်း ကောင်းကောင်းပြန့်ကားနိုင်တာကြောင့် မြန်မြန်သက်သာမှာပါ။ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ဆရာဝန်နဲ့ သူနာပြုဆရာမတွေက သင်ပေးပါလိမ့်မယ်။ပိုက်ထည့်ထားရင်းနဲ့။အဆုတ်ထဲ ပိုက်ထည့် တယ်ဆိုတာ ဆေးကုသနည်း တစ်မျိုးပါပဲ။ ပိုက်က အဆုတ်ထဲက လေတွေ၊ အရည်တွေ ကုန်သွားရင် ဖြုတ်ပြီး ဆေးရုံက ဆင်းလို့ရပါပြီ။ တချို့ကလည်း ပိုက်တန်းလန်းနဲ့ ဆေးရုံက ဆင်းသွားပြီး ရက်ချိန်း ပြန်လာပြတာမျိုး ရှိပါတယ်။ သက်သာရင်တော့ ဖြုတ်ရမှာပါ။လိုရင်းကတော့ အဆုတ်ထဲပိုက်ထည့်တာက ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဆေးကုသနည်းဖြစ်တဲ့အတွက် သိပ်မကြောက်ဖို့ အားပေးချင်တာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/chest-tube/
မျိုးရိုးလိုက်သော အသည်းရောဂါများ
အဖြစ်အများဆုံးမွေးရာပါ အသည်းရောဂါနှစ်မျိုးကတော့ သံဓါတ်များပြားစုပုံခြင်း (Hemochromatosis) နဲ့ alpha-1 antitrypsin ချို့ယွင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ဒီရောဂါဟာ အသည်းနဲ့ အခြားကိုယ်အင်္ဂါတွေမှာ သံဓါတ် စုပြုံတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရဲ့ အဓိက ပုံစံဟာ အဖြစ်များတဲ့ မွေးရာပါတစ်ခု ဖြစ်ပြီးတော့ လူအယောက် ၂၀၀မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ မိသားစုဝင်တစ်ဦးမှာ ဒီရောဂါဖြစ်နေပြီဆိုရင် ကျန်မိသားစုဝင်တွေမှာလည်း ရောဂါဖြစ်နိုင်ခြေ ရှိပါတယ်။ဒီရောဂါရဲ့ ဒုတိယပုံစံကတော့ မျိုးရိုးလိုက်ခြင်းကြောင့် မဟုတ်ပဲ အခြားရောဂါတွေ ဖြစ်တဲ့ သယ်လ်ဆီးမီယားရောဂါ၊ သွေးအားနည်းရောဂါလိုမျိုး သွေးရောဂါတွေကြောင့် ဖြစ်ပါတယ်။Hemochromatosis နဲ့ ဆက်စပ်နေတဲ့ သံဓါတ်များခြင်းဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုမို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေဟာ ရာသီလာစဉ်မှာ သွေးဆုံးရှုံးမှု ရှိတာကြောင့် သွေးဆုံးချိန်မရောက်မချင်း သံဓါတ်များခြင်းရဲ့ လက္ခဏာတွေကို ကြုံတွေ့ရခြင်း မရှိပါဘူး။ Hemochromatosis ဟာ အနောက်ဥရောပမှ ဆင်းသက်လာသူတွေ ကြားမှာ ပိုအဖြစ်များပါတယ်။ရောဂါ လက္ခဏာတွေကတော့။• အသည်းရောဂါ။• အရိုးနာခြင်း။• ပင်ပန်းနွမ်းနယ်ခြင်း။• ရှင်းမပြနိုင်ပဲ ကိုယ်အလေးချိန် ကျဆင်းခြင်း။• အသားမဲလာခြင်း။• ဗိုက်နာခြင်း။• လိင်စိတ် ကင်းမဲ့ခြင်း တွေပဲ ဖြစ်ပါတယ်။Hemochromatosis ရှိသူတွေမှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါလက္ခဏာတွေ ရှိတတ်ပြီး အသည်းကင်ဆာ၊ အသည်းခြောက်ခြင်း၊ ဝှေးစေ့ကျုံ့ခြင်း နဲ့ ကလေးမရနိုင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။Hemochromatosis ကို သံသယ ရှိတိုင်းမှာ သွေးအတွင်း သံဓါတ်အပို စစ်ဆေးခြင်းကို ပြုလုပ်သင့်ပါတယ်။ တကယ်လို့ သံဓါတ်အပိုရှိတယ်ဆိုရင် ဗီဇစစ်ဆေးမှု (hemochromatosis DNA test) ကို ပြုလုပ်သင့်ပါတယ်။ ဒီစစ်ဆေးမှုအပေါင်းလက္ခဏာ ပြတဲ့ လူနာရဲ့ မိသားစုဝင်တွေမှာလည်း စစ်ဆေးသင့်ပါတယ်။ ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓါအတွင်းရှိ သံဓါတ်အပိုတွေကို ဖယ်ထုတ်ပေးပြီး ရောဂါကြောင့် ရရှိတဲ့ ဆိုးကျိုးတွေ၊ ရောဂါလက္ခဏာတွေကို လျှော့ချဖို့ပဲဖြစ်ပါတယ်။ကိုယ်ခန္ဓါအတွင်းမှာ ရှိတဲ့ သံဓါတ်အပိုကို ဖယ်ထုတ်ခြင်းကို သွေးထုတ်ခြင်းလို့ ခေါ်ပါတယ်။ သူ့ကို ပြုလုပ်စဉ်မှာတော့ သွေးလီတာဝက်ကို တစ်ပတ်တစ်ကြိမ် သွေး သံဓါတ်အပို မကျမချင်း ၂ နှစ်ကနေ ၃ နှစ်ကြာတဲ့အထိ ထုတ်ယူရမှာ ဖြစ်ပါတယ်။ဒီစစချင်းကုသမှုအပြီးမှာတော့ သွေးထုတ်ခြင်းကို အနည်းငယ်သာ လိုအပ်တော့မှာ ဖြစ်ပါတယ်။ လိုအပ်ချိန်တွေဟာ လူတစ်ယောက်ချင်းစီပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။သံဓါတ်အပို ပမာဏ ကျဆင်းသွားရင်တော့ သံဓါတ်များတဲ့ရောဂါရှိသူ လူနာတွေဟာ သံဓါတ်ကို ရှောင်ကြဉ်သင့်ပါတယ်။ ဗီတာမင်တွေထဲမှာ အများဆုံးတွေ့ရတတ်တဲ့ သံဓါတ်ကို ရှောင်သင့်ပါတယ်။ သင့်မှာ သံဓါတ်များသောရောဂါရှိတယ်ဆိုရင် ကျန်းမာရေး စောင့်ရှောက်သူ (သို့) အာဟာရ ပညာရှင်ဟာ သင့်အတွက် သင့်လျော်တဲ့ စားသောက်မှုပုံစံကို ရှင်းပြမှာ ဖြစ်ပါတယ်။ သံဓါတ်များသောရောဂါ ရှိသူတွေဟာ အရက်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။တကယ်လို့ သံဓါတ်များသောရောဂါဟာ အသည်းခြောက်ခြင်းကို ဖြစ်စေတယ်ဆိုရင် အသည်းကင်ဆာ ဖြစ်ပွားနှုန်းမြင့်တက်လာမှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကင်ဆာ စစ်ဆေးမှုကို ပုံမှန် ပြုလုပ်နေရမှာ ဖြစ်ပါတယ်။ဒီမွေးရာပါ အသည်းရောဂါမှာတော့ အသည်းရဲ့အရေးကြီးတဲ့ ပရိုတင်းတစ်ခုဖြစ်တဲ့ alpha-1 antitrypsin ဟာ နည်းနေခြင်း (သို့) မပါခြင်းတွေ ဖြစ်နေနိုင်ပါတယ်။ alpha-1 antitrypsin ချို့ယွင်းသူတွေဟာ ဒီပရိုတင်းကို ထုတ်လုပ်နိုင်ပေမယ့် ဒီရောဂါက ပရိုတင်း သွေးအတွင်းဝင်ရောင်ခြင်းကို တားမြစ်ပြီး အသည်းအတွင်း စုပြုံနေစေတာ ဖြစ်ပါတယ်။alpha-1 antitrypsin ပရိုတင်းဟာ သဘာဝအတိုင်း ဖြစ်နေတဲ့ အင်ဇိုင်းတွေကြောင့် အဆုတ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ ဒီပရိုတင်း အရမ်းနည်းနေရင် (သို့) မရှိရင် အဆုတ် ပျက်စီးနိုင်ပြီး လူအတော်များများမှာ အသက်ရှူရခက်ခြင်းနဲ့ အဆုတ်လေအိတ်ပျက်စီးခြင်းလို့ ခေါ်တဲ့ အခြေအနေတွေကို တွေ့ရနိုင်ပါတယ်။ ဒီရောဂါ ရှိသူတွေဟာ အသည်းခြောက်ခြင်းကို ဖြစ်နိုင်ပါတယ်။alpha-1 antitrypsin ချို့ယွင်းခြင်းလက္ခဏာတွေက ဘာတွေလဲ။alpha-1 antitrypsin ချို့ယွင်းခြင်းရဲ့ စစချင်း လက္ခဏာတွေကတော့ အဆုတ်ထိခိုက်ခြင်းဖြစ်တဲ့ အသက်ရှူကျပ်ခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်း တွေပဲဖြစ်ပါတယ်။ ရှင်းမပြနိုင်တဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ ဘေးတိုက်ကြည့်လျှင်ရင်ခေါင်းသည် စည်ပိုင်းပုံစံ ရှိခြင်းတွေဟာ အဆုတ်လေအိတ်ပျက်စီးခြင်းရောဂါနဲ့ ဆက်စပ်နေပြီး ဒီရောဂါရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါဆိုးလာတဲ့အခါမှာတော့ အောက်ပါအချက်တွေ ဖြစ်လာနိုင်ပါတယ်။• မောပန်းခြင်း။• နာတာရှည် ချောင်းဆိုးခြင်း။• ခြေချင်းဝတ် (သို့) ခြေထောက် ရောင်ရမ်းခြင်း။• အသားဝါခြင်း။• ရေဖျဉ်းစွဲခြင်း။alpha-1 antitrypsin ချို့ယွင်းမှု ကို ဘယ်လို ရှာဖွေ ကုသမလဲ။လက္ခဏာတွေဖြစ်တဲ့ စည်ပိုင်းပုံစံ ရင်ခေါင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဟာ သင့်ဆရာဝန်ကို ဒီရောဂါကြောင့်ဆိုပြီး သံသယ ဖြစ်စေပါလိမ့်မယ်။ alpha-1 antitrypsin ပရိုတင်းအတွက် တိကျတဲ့ သွေးစစ်ဆေးမှုက ရောဂါအတည်ပြုဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။alpha-1 antitrypsin ချို့ယွင်းမှုအတွက် ကုသမှုအတိအကျ မရှိပေမယ့် သူ့ကို သွေးအတွင်း ပရိုတင်းတွေကို အစားထိုးခြင်းအားဖြင့် ကုသနိုင်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေက ဒီနည်းဟာ ဘယ်လောက်ထိရောက်လဲဆိုတာနဲ့ ဘယ်သူတွေမှာ ဒီနည်းနဲ့ ကုသသင့်သလဲဆိုတာကို သေချာစွာ သိရှိခြင်း မရှိပါဘူး။ alpha-1 antitrypsin ချို့ယွင်းမှုကို ကုသဖို့အခြားနည်းတွေကတော့ သူ့ရဲ့ ဆိုးကျိုးတွေဖြစ်တဲ့ အဆုတ်လေအိတ်ပျက်စီးခြင်း နဲ့ အသည်းခြောက်ခြင်းကို ကုသခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း အတွက် ပိုးသတ်ဆေး၊ အသက်ရှူရ ပိုလွယ်စေတဲ့ ဆေးတွေ၊ ဗိုက်အတွင်း အရည်များခြင်းကို လျော့ကျစေနိုင်တဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်း (ဥပမာ- အရက်ရှောင်ကြဉ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကျန်းမာတဲ့ အစားအသောက်စားခြင်း) ဟာ ရောဂါလက္ခဏာတွေကို ပိုဆိုးလာခြင်းမှ တားမြစ်နိုင်ပါတယ်။ သင့်ကျန်းမာရေး စောင့်ရှောက်သူ (သို့) အာဟာရ ပါညာရှင်ဟာ သင့်အတွက် သင့်လျော်တဲ့ စားသောက်ပုံကို အကြံပေးမှာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီရောဂါဟာ အဆုတ်ကို ထိခိုက်နိုင်တာကြောင့် ဒီရောဂါရှိသူတွေဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် တုတ်ကွေးနဲ့ အဆုတ်အအေးမိခြင်းကို ကာကွယ်တဲ့ ကာကွယ်ဆေးတွေကို ရောဂါပိုးဝင်ခြင်းကို ကာကွယ်ဖို့ ထိုထားသင့်ပါတယ်။ တကယ်လို့ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေ ဖြစ်တယ်ဆိုရင် သင့်ကျန်းမာရေးစောင့်ရှောက်သူကို အမြန်ဆက်သွယ်ပြီး ကုသမှု စောစော စတင်သင့်ပါတယ်။ တခါတရံမှာ အဆုတ်နဲ့ အသည်းတွေဟာ ကုသပေမယ့် ပျက်စီးနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ အသည်းအစားထိုးခြင်း လိုအပ်နိုင်ပါတယ်။သေချာကုသမယ်ဆိုရင် သံဓါတ်များသောရောဂါ (hemochromatosis) နဲ့ alpha-1 antitrypsin ချို့ ယွင်းခြင်းဟာ သေလောက်တဲ့ ရောဂါတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ သေစေနိုင်ပါတယ်။ ဒါကြောင့် မွေးရာပါ အသည်းရောဂါ ရှိသူတွေဟာ ကျန်းမာစေဖို့အတွက် တတ်နိုင်သမျှ အကုန်လုပ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8/
ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာတဲ့လား
ကလေးဆိုတဲ့အမျိုးက မလုပ်နဲ့ဆို လုပ်ကြည့်ချင်တယ်၊ တား‌လေ လုပ်လေ၊ စူးစမ်းလေပါပဲ။ ကလေးကို မလုပ်ရဘူး၊ မသွားရဘူး ဆိုတဲ့ တားမြစ်ချက်တွေထုတ်ဖို့၊ ကလေးကြောက်စေမယ့်နည်းတွေကို အရင်စဉ်းစားကြတယ်မဟုတ်လား။ ပြောနေရင် နားထောင်နော်၊ ပြောမရရင် ဒီမှာ တုတ်‌ တွေ့လား၊ ပြောစကားနားမထောင်တဲ့ကလေး မေမေရိုက်မှာနော် ဆိုတဲ့ခြိမ်းခြောက်မှုတွေက တကယ်ရော အသုံးဝင်ရဲ့လား။ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်တစ်ခုအနေနဲ့ ကလေးက သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။အကြောက်တရားနဲ့ ထိန်းချုပ်တဲ့နည်းက ရေရှည်အတွက် မထိရောက်နိုင်သလို ဖွံ့ဖြိုးသွက်လက်မှုမှာ ထိခိုက်စေနိုင်ပါတယ်။ကလေးရဲ့အတွေးနဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောရဲအောင် လေ့ကျင့်ပေးပါ။ လူကြီးစကားနားထောင်ရမယ်ဆိုတဲ့ အမိန့်သဘောထက် ဒါ့ကြောင့်၊ ဒါ့ကြောင့် ဒီလိုနေသင့်တာ ဆိုတဲ့ အကျိုးအကြောင်းလေးတွေ ရှင်းပြနားသွင်းတာ ပိုကောင်းပါတယ်။ အပြုသဘော နည်းလမ်းလေးတွေသုံးပြီး ကလေးကိုယ်တိုင် လက်ခံလိုက်နာတဲ့အထိ စည်းရုံးဖို့က မိဘရဲ့အပိုင်းပါ။မိဘတွေက ကလေးတွေထက် လူကောင်ပိုကြီး၊ အားပိုကြီးကြပါတယ်။ ကလေးတွေထက် ပိုသိတယ်၊ ဦးနှောက်ဉာဏ်ရည်ပိုသာသလို ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း ပိုကောင်းပါတယ်။ ဒီလိုမိဘတွေက ကလေးတွေကို အလွယ်တကူရိုက်မယ်ဆိုရင် အားနည်းသူကို ရိုက်တာက မှန်တယ်၊ အနိုင်ရနိုင်တယ်လို့ မှတ်ယူသွားစေနိုင်ပါတယ်။အရိုက်ခံရတဲ့ကလေးတွေက အကြမ်းနည်းသုံးရင် ဘဝရဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ထင်လာတတ်ပါတယ်။ ငါမကြိုက်တာမလုပ်နဲ့၊ လုပ်ရင်ရိုက်မယ် ဆိုတဲ့ပုံစံက ကလေးကိုယ်တိုင်ကအနိုင်ကျင့်ဗိုလ်ကျတဲ့စိတ်အတွေးကို ဆက်ခံရယူသွားနိုင်ပါတယ်။ကိုယ့်ကိုကာကွယ်ပေးမယ်လို့ ထင်ထားတဲ့သူတွေက ရိုက်တာခံရတဲ့ကလေးတွေဟာ “ ငါဘာများ ဖြစ်နေပြီလဲ၊ အချစ်မခံရတော့ဘူးလား” စတဲ့အတွေးတွေနဲ့ ယုံကြည်မှုပျောက်လာနိုင်ပါတယ်။သုတေသနအသစ်တစ်ခုအရ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ ငယ်ဘဝက စည်းကမ်းသွင်းခံရတဲ့ ဖြစ်ရပ်တွေနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ကလေးကို ရိုက်မိတဲ့အချိန်မှာ မိဘတွေက ရေရှည်စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်ပါစေတော့လို့ ရည်ရွယ်မယ်မထင်ပါဘူး။ ဒါပေမယ့် သတိထားသင့်တဲ့ အချက်ပါ။ကိုယ်ငယ်ငယ်က အရိုက်ခံရတဲ့အခါမျိုးကို မှတ်မိလား။ ငါ့မိဘက ငါ့ကိုချစ်လွန်းလို့ရိုက်ခဲ့တာပဲလို့ တွေးခဲ့မိပါ့မလား။ မတွေးနိုင်လောက်ပါဘူး။ ကလေးအနေနဲ့ကတော့ ငါ့ကိုမချစ်တော့ဘူးလို့ တွေးမိမှာပါ။ ရိုက်ဆုံးမခြင်းက ကလေးနဲ့ သင့်ကြားက ရင်းနှီးမှု၊ ဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ကြောက်စိတ်ဝင်နေတဲ့အချိန်မှာ သင်ယူမှတ်သားနိုင်ဖို့က မဖြစ်နိုင်ပါဘူးလို့ သုတေသနတွေက ထောက်ပြပါတယ်။ ကလေးကို ဒါလုပ်ဦးမလား၊ နောက်တစ်ခါဆိုးဦးမလားဆိုပြီး ရိုက်ဆုံးမတာက မှတ်မသွားစေနိုင်ဘဲ အကျိုးမထူးနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ကလေးကို မှတ်မှတ်သားသားဖြစ်စေချင်တယ်ဆိုရင် ကြောက်စိတ်တိုးလာဖို့ထက် ကြောက်စိတ်လျော့အောင်အရင်လုပ်ပါ။ရိုက်ဆုံးမခြင်းရဲ့ရလဒ်ကတော့ ရိုက်တတ်တဲ့အဖေ သို့မဟုတ် အမေ မရှိတဲ့အခါ ကလေးကို တားမရ၊ ပြောစကားနားမထောင်တာဖြစ်တတ်ပါတယ်။ ဒီလိုနေလို့ရတာ သိလာတဲ့ကလေးက ရိုက်တတ်တဲ့ အဖေ သို့မဟုတ် အမေရဲ့ မျက်စိရှေ့မှာနေဖို့ ရှောင်တတ်လာပါတယ်။ကိုယ်ထိလက်ရောက်ဆုံးမတဲ့နည်းက ကလေးတွေကြားမှာ စံနမူနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ သူတို့အပြစ်လုပ်လို့ ဆုံးမခံရတဲ့ ပြစ်ဒဏ်အနေနဲ့ အရိုက်ခံရတဲ့အဖြစ်ကြောင့် ကျောင်းတွေမှာ အချင်းချင်းရန်လိုတတ်လာတယ်လို့American Academy of Pediatricsကပြောပါတယ်။ကိုယ်ထိလက်ရောက်ပြစ်ဒဏ်ပေးခံရတဲ့အခါ ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ ရိုက်ခံရရင် ကလေးရဲ့ဦးနှောက်မှာ သင်ယူလေ့လာနိုင်စွမ်းအတွက် အရေးပါတဲ့ grey matter အပိုင်းကို ဆုတ်ယုတ်စေတယ်လို့ သုတေသနက ဆိုပါတယ်။ရိုက်ခံရမှာ ကြောက်တဲ့ကလေး၊ ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတွေမှာ စိတ်ခံစားချက်ပိုင်းမှာလည်း ထိခိုက်စေပါတယ်။ နှုတ်နဲ့ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ ကြမ်းကြမ်းဆက်ဆံခံရတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုရှိနေတတ်ပြီး အရွယ်ရောက်လာတဲ့အခါပေါင်းသင်းဆက်ဆံရေးအရည်အချင်းတွေကျဆင်းတာ။ ပူပန်စိတ်နဲ့ စိတ်ကျရောဂါတွေဖြစ်လာစေနိုင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/why-you-should-not-beat-your-kid/
ဘေဘီတို့ရဲ့ ဝမ်းချုပ်ပြဿနာ အဖြေရှာ
မေမေတို့မှာလည်း ကိုယ့်သားသားမီးမီးလေးတွေကို ချစ်လိုက်ရတာ အရိပ်တကြည့်ကြည့်နဲ့ပါပဲ။ ကလေး က နေလို့ကောင်းရဲ့လား၊ သူများနည်းတူကြီးထွားလာရဲ့လား၊ ဖွံ့ဖြိုးတိုးတက်လာရဲ့လား၊ ဉာဏ်ရည်ရော ထက်မြက်ရဲ့လား စတဲ့ မေးခွန်းတွေနဲ့ သေချာစောင့်ကြည့်၊ ဂရုစိုက်လိုက်ရတာ အမော။ ဒီမေးခွန်းတွေအတွက် အကောင်းဆုံးအဖြေကိုရဖို့ဆိုရင် ကလေး အာဟာရ က အရေးပါဆုံးဆိုတာ မေမေတို့ သိပြီးသားဖြစ်မှာပါ။ဒီလိုအရေးပါတဲ့အာဟာရတွေကို အစားအသောက်ထဲကနေ ခန္ဓာကိုယ်ကစုပ်ယူနိုင်ဖို့၊ ထိထိရောက်ရောက်အသုံးချနိုင်ဖို့ ကလေးရဲ့အစာခြေစနစ်လေး ကျန်းမာဖို့ကလည်း အဓိကကျနေပါတယ်နော်။ ဘယ်လောက်ကောင်းတာကျွေးကျွေး ကလေးရဲ့အစာခြေစနစ် မကျန်းမာရင် ဝမ်းပျက်လိုက်၊ ဝမ်းချုပ်လိုက်ဖြစ်မယ်၊ အာဟာရ တွေကို ကောင်းကောင်းမစုပ်ယူနိုင်တာမျိုးရှိမယ်။ ကဲ… မေမေတို့ဖြစ်စေချင်သလို ဘယ်လိုလုပ် ဖွံ့ဖြိုးထက်မြက်နိုင်ပါတော့မလဲ။အစာခြေစနစ်မကျန်းမာတဲ့ သားသားမီးမီးလေးတွေအဖြစ်များတဲ့ ပြဿနာတစ်ခုက ဝမ်းချုပ်တာပါပဲ။ ကိုယ်တွေငယ်ငယ်တုန်းက ဝမ်းချုပ်လို့ ငိုခဲ့ရတာ၊ ဝမ်းချူခဲ့ရတာတွေ အမှတ်တရအဖြစ် မေမေတို့ မှတ်မိကောင်း မှတ်မိနေဦးမှာပါ။ ဒါပေမယ့် အခုလို နည်းပညာတိုးတက်တဲ့အချိန်မှာတော့ ကိုယ့်ကလေးကိုဝမ်းချုပ်ခြင်းပြဿနာကနေ အကောင်းဆုံးကူညီ၊ ကာကွယ်ပေးနိုင်မယ့် အရာတွေ ရှိနေပြီလေ။ကလေးမှာ ဝမ်းချုပ်ပြီဆို ဝမ်းသွားချင်လည်း မသွားနိုင်လို့ ငိုနေရတဲ့မျက်နှာလေးရယ်၊ လေထိုးလေအောင့် ဖြစ်လာလို့ ခံစားရတာတွေရယ်၊ ဝမ်းသွားတဲ့အချိန် မျက်ရည်လည်ရွှဲနဲ့ ဖြစ်ရတာတွေရယ် မေမေတို့ မြင်တွေ့ချင်မှာမဟုတ်ပါဘူး။ ဝမ်းမချုပ်အောင်လို့ ကလေးကို အမျှင်ဓာတ်များတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေ ကျွေးတာအပြင် အရေးပါတဲ့ နောက်ထပ်နည်းလမ်းတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Probiotic ဆိုတဲ့ အစာခြေစနစ်အတွင်း သဘာဝအလျောက် ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါပဲ။Probiotic တွေက အစာခြေစနစ်နဲ့ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကို ပိုကောင်းမွန်စေဖို့ အားဖြည့်ကူညီပေးတဲ့အတွက် ကလေးတွေရဲ့ ဝမ်းပြဿနာအတွက် ကိုယ်ရံတော်လေးတွေလို့ ဆိုနိုင်ပါတယ်။ ကလေးတွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ သူတို့လေးတွေ အလုံအလောက် ရှိနေမယ်ဆို ဝမ်းချုပ်တာအတွက်လည်း ပူစရာမလိုတော့ပါဘူး။အကျိုးပြုဘက်တီးရီးယားတွေကို အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေက‌နေ ရနိုင်ပါတယ်။ ဥပမာ –။နောက်တစ်နည်းကတော့ Probiotic လေးတွေကို အားဖြည့်ပေးမယ့် အမျှင်ဓာတ်အာဟာရတစ်မျိုး (Prebiotic) လေးတွေ စားပေးဖို့ပါပဲ။  Prebiotic လေးတွေကိုကညွှတ်၊ငှက်ပျောသီး၊ ဘယ်ရီသီးတွေ၊ ကြက်သွန်၊ ကြက်သွန်မြိတ်၊ပဲနီလေးစတဲ့ အစားအသောက်တွေကနေ ရနိုင်ပါတယ်။ကိုယ့်ဘေဘီလေး သူများထက် ပိုထွားစေဖို့၊ ပိုထက်မြက်စေဖို့၊ ပိုကျန်းမာစေဖို့ အဓိကကျတဲ့ အစာခြေစနစ်လေး ကျန်းမာအောင် ဂရုစိုက်ပေးလိုက်ရအောင်နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b/
ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ
လူတိုင်းဗိုက်အောင့်ဖူးကြပြီး ဗိုက်အောင့်စေတဲ့အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအများစုဟာ အန္တရာယ်ထူးထူးခြားခြားမရှိဘဲ ဘယ်လိုမျိုးထိထိရောက်ရောက်ကုသရမလဲဆိုတာသိရင် အလျင်အမြန်ပျောက်ကင်းသွားမှာပါ။ ဒီလိုထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေဟာလည်း သင့်မီးဖိုချောင်ထဲမှာတင်ရှိနေပါတယ်။ အောက်မှာ မျှဝေပေးချင်တာကတော့ ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ ပဲ ဖြစ်ပါတယ်။ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ ကတော့။ဟိုးအဘိုးအဘွားတွေလက်ထက်ကတည်းကစပြီး ချင်းဟာ စွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့တာကို သိကြပါလိမ့်မယ်။ နာကျင်တာကအစပြုလို့ ပျို့အန်မအီမသာဖြစ်တာတွေအထိ ချင်းကို အသုံးပြုနိုင်ပါတယ်။ ချင်းဟာ ဗိုက်အောင့်ခြင်းအတွက် အင်မတန်အကျိုးရှိတဲ့ သဘာဝဆေးနည်းတလက်ဖြစ်ကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနလေ့လာချက်တွေအရ သိရှိခဲ့ရပါတယ်။ချင်းဟာ ရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေပြီး ဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ ဗိုက်အောင့်တဲ့အခါ ချင်းနဲ့ ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ စားနိုင်သလို ဂျင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ရောနှပ်ပြီး သောက်လို့လည်း ရပါတယ်။ပူဒီနာမှာ menthol ဓာတ်ပါဝင်ပြီး  menthol ဟာခံတွင်းအနံ့ကောင်းစေရုံသာမက သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်ပါတယ်။ ပူဒီနာကို ပျို့အန်ခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့အတွက် တွင်ကျယ်စွာ အသုံးပြုလေ့ရှိကြပါတယ်။ချင်းနည်းတူ ပူဒီနာကိုလည်းပုံစံအမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ်။ ပူဒီနာအရွက်ခပ်ထားတဲ့ရေနွေးကြမ်းပူပူလေးလုပ်သောက်လို့ရသလို သင်ကြိုက်နှစ်သက်ရာဟင်းလျာတွေထဲမှာလည်း ထည့်သွင်းချက်ပြုတ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် ပူဒီနာအရွက်ကလေးကို အသာအယာဝါးစားနေရင်ကို အံ့ဩလောက်တဲ့ အာနိသင်တွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ပူဒီနာဟာအစာကြေစေသလို အစာစားချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေအတွက်လည်း ပူဒီနာဟာဆေးစွမ်းတလက် ဖြစ်ပါတယ်။ရေနွေးထည့်ထားတဲ့ မက်ခွက်ထဲကို သံပုရာသီးတခြမ်းညှစ်ထည့်ပါ (သကြားနည်းနည်းလည်းထည့်ပါ)။ ဒါဆိုရင် ဗိုက်အောင့်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အကောင်းဆုံးသော ဖျော်ရည်တခွက်ကို ရရှိပါပြီ။ သတိထားရမယ့်အချက်က သံပုရာသီး ဒါမှမဟုတ် သကြားအလွန်အကျွံမထည့်မိဖို့ပဲ ဖြစ်ပါတယ်။သံပုရာရည်သောက်ရင် ဗိုက်အောင့်တာပိုဆိုးတတ်တဲ့ သူတွေကတော့ ဒီနည်းကိုရှောင်သင့်ပါတယ်။ရှာလကာရည်ထဲမှာ ပါဝင်တဲ့အက်ဆစ်ဟာ သင့်အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်တဲ့အတွက် မကောင်းတဲ့ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်ထဲကဖယ်ရှားပေးပြီး အကျိုးပြုဘက်တီးရီးယားတွေကို ဆက်လက်ရှင်သန်နေစေပါတယ်။ဗိုက်အောင့်တာ သက်သာစေဖို့ ပန်းသီးရှာလကာရည်ကို ရေနဲ့ ပျားရည် ဆတူရောစပ်ပြီး ဖြည်းဖြည်းချင်းသောက်နိုင်ပါတယ်။BRAT (ငှက်ပျောသီး၊ ဆန်၊ ပန်းသီအနှစ်နဲ့ ပေါင်မုန့်မီးကင်) နဲ့CRAP(ချယ်ရီသီး၊ စပျစ်ခြောက်၊ မန်မွန်သီးနဲ့ ဆီးသီးခြောက်)။အထက်ဖော်ပြပါ အစားအစာတွဲဖက်မှုဟာ ဝမ်းလျှောပြီး ဗိုက်အောင့်နေသူတွေအတွက် အသင့်တော်ဆုံးအတွဲအဖက် ဖြစ်ပါတယ်။BRAT မှာပါဝင်တဲ့ အစားအစာတွေအားလုံးဟာ သင့်အစာအိမ်ကို ထိခိုက်စေမယ့် ဆား ဒါမှမဟုတ် ငရုတ်သီးအစပ်တွေ လုံးဝမပါဝင်ပါဘူး။ အရသာလည်း သိပ်မပြင်းလှတဲ့ အတွဲအဖက်တွေဟာ သင်နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာ စားပေးနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါပေမယ့် တခြားအစားအစာတွေကိုလည်း စားဖို့လိုအပ်ပါသေးတယ်။ပုံမှန်ထမင်းစားမယ့် အချိန်မှာ BRAT ကိုစားနိုင်ပြီး ထမင်းတနပ်နဲ့ တနပ်ကြားအချိန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရည်စာအဖြစ် CRAP ကိုစားနိုင်ပါတယ်။အမျှင်ဓာတ်အနည်းငယ်သာ ပါဝင်တဲ့အစားအစာတွေ ဖြစ်တဲ့အတွက် ဗိုက်အောင့်တာ၊ ပျို့အန်မအီမသာဖြစ်တာနဲ့ ဝမ်းလျှောတာတွေကို သက်သာစေပါတယ်။ လေထတာ၊ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ ဒါမှမဟုတ် အစာမကြေတာတွေဖြစ်နေရင် အဆိုပါအစားအစာတွေကို စားပေးခြင်းအားဖြင့်သက်သာရာရစေပါလိမ့်မယ်။ဒါပေမယ့် အာဟာရချို့တဲ့မှုတွေ ဖြစ်မလာစေဖို့ ရက်ပိုင်းလောက်ပဲ စားသင့်ပါတယ်။ဗိုက်အောင့်တဲ့အခါ သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တယ်ဆိုပေမယ့် ပိုပိုဆိုးလာတယ်။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/natural-upset-stomach-remedies/
အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!
မိန်းကလေး ဖြစ်ရလို့ စိတ်ညစ်လိုက်တာ ယောက်ျားလေး ဖြစ်ချင်တာဆိုပြီး မိန်းကလေးဆိုတဲ့ ဖြစ်တည်မှုကို သဘောမကျ ဖြစ်နေတာများ ရှိလား !ဒါဆိုရင်တော့ မိန်းကလေး ဖြစ်ရတာကို စိတ်ညစ်မနေပါနဲ့လို့ ပြောချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့ မိန်းကလေးဖြစ်ရခြင်းကြောင့်ကျန်းမာရေး ကောင်းကျိုးတွေရနိုင်လို့ပါပဲ။ ဒီတော့ အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မိန်းကလေးဆိုတိုင်း အားနွဲ့တယ်လို့ ပြောလို့ မဆိုသာပါဘူး။ အမျိုးသမီးတွေမှာ ရှိတဲ့မဟော်မုန်းတွေက အမျိုးသမီးတွေကို အမျိုးသားတွေထက် ကျန်းမာစေဖို့ ထောက်ကူအားဖြည့်ပေးပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေက ကိုယ်တိုင် ကျန်းမာရေးကို သေချာ ဂရုစိုက်တတ်သူတွေ ဖြစ်ကြပြီး အမျိုးသားတွေကတော့ ကျန်းမာရေးကို ဂရုစိုက်မှု အားနည်းကြပါတယ်။ အမျိုးသမီးဆိုတိုင်း အားမနွဲ့ကြပါဘူး။ အမျိုးသမီးတွေက X ခရိုမိုဆုမ်း ၂ ခုနဲ့ မွေးဖွားလာကြပြီး ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်ကြပါတယ်တဲ့။ ဒါကလည်းအမျိုးသမီးဖြစ်ရခြင်းရဲ့ အားသာချက် တစ်ခုလို့ပဲ ဆိုရပါမယ်။အမျိုးသမီးတွေက မိတ်ဆွေသူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားတတ်ကြပြီး ပျော်ရွှင်တဲ့ နေထိုင်မှု ပုံစံတွေကြောင့် ပိုကျန်းမာကြပြီး ပို အသက်ရှည် ကြပါတယ်။အမျိုးသမီးတွေရဲ့ အီစထရိုဂျင် ဟော်မုန်းကနှလုံးရောဂါ မဖြစ်အောင်  ကာကွယ်ထားပေးနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင် ‌ဟော်မုန်း မရှိတော့တဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ခြေ ပြန်များလာတာ ဖြစ်ပါတယ်။ရာသီလာရင် နာကျင်ကိုက်ခဲတာတွေကို ခံရတာ၊ကိုယ်ဝန်ဆောင်ချိန်မှာနာကျင်မှုတွေကို ခံစားရတာတွေကြောင့်ရော ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းမှုကြောင့်ပါ မိန်းကလေးတွေက နာကျင်မှုကို ခံနိုင်စွမ်း ပိုရှိကြပါတယ်တဲ့။အမျိုးသမီးတွေနဲ့ အမျိုးသားတွေ နှိုင်းယှဉ်လိုက်ရင် အမျိုးသားတွေက အမျိုးသမီးတွေထက် ဦးခေါင်းနဲ့ လည်ပင်းပိုင်းဆိုင်ရာ ကင်ဆာတွေ ခံစားရနိုင်ခြေ ပိုများနေပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေက အမျိုးသားတွေလောက်ဆေးလိပ်သောက်တာ၊ ဆေးရွက်ကြီးသုံးစွဲတာမျိုး မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။အမျိုးသားတွေရော အမျိုးသမီးတွေမှာပါအရေပြားကင်ဆာဖြစ်နိုင်ခြေ ရှိတယ်ဆိုပေမယ့် အရွယ်ရလာချိန်မှာ အမျိုးသမီးတွေက အရေပြားကင်ဆာ ဖြစ်နိုင်ခြေ နည်းလာပါတယ်။ ဒါကလည်း မိန်းကလေး ဖြစ်ရခြင်းရဲ့ ကောင်းကျိုး တစ်ခုပဲပေါ့။အမျိုးသမီးတွေက အမျိုးသားတွေထက် အနံ့ခံ အာရုံ ပိုကောင်းကြပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အာရုံခံစားနိုင်တဲ့ ဆဲလ်အရေအတွက် ပိုများတာကြောင့်လည်း အနံ့ခံ အာရုံ ပိုကောင်းတာ ပါတဲ့။အကျိုးပြု ကိုလက်စထရောကနှလုံးကျန်းမာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အကျိုးပြု ကိုလက်စထရော ပိုများနေတာကြောင့်လည်းနှလုံးနဲ့ သွေးကြောတွေကျန်းမာကြတာပါ။အမျိုးသမီးဖြစ်ရတာက အခုလို ကျန်းမာရေးကောင်းကျိုးတွေ များတာကြောင့် အမျိုးသမီး ဖြစ်ရတာကို စိတ်တိုင်းမကျဖြစ်နေတယ်ဆိုရင် ဒီစိတ်တိုင်းမကျမှုကို အခုပဲ ဝေးဝေးမောင်းထုတ်လိုက်တော့နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/surprising-health-benefits-of-being-a-woman/
ဘေဘီတို့အတွက် အရေးကြီးလွန်းတဲ့ အသားဓာတ်
ပရိုတင်းလို့ပဲခေါ်ခေါ်၊ အသားဓာတ် လို့ပဲ ပြောပြော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဆိုတာ မေမေတို့သိထားပြီးသားဖြစ်မှာပါ။ ဘာလို့ဆို ပရိုတင်းက သားသားမီးမီးတို့ရဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါပဲ။ကိုယ့်ကလေးက သူများတန်းတူ ကြီးထွားလာဖို့၊ သန်စွမ်းကျန်းမာဖို့၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်းဖွံ့ဖြိုးလာဖို့အတွက် ပရိုတင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အဓိကအားဖြင့် ပရိုတင်းရဲ့အရေးပါတဲ့ ဖွံ့ဖြိုးမှုအပိုင်းတွေက –။ကလေးရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတစ်ရှူးတွေ တည်ဆောက်မှု၊ ထိန်းသိမ်းမှုနဲ့ အစားထိုးဖြစ်ပေါ်မှုတွေမှာ အားဖြည့်ကူညီပေးနိုင်တာ ပရိုတင်းဓာတ်ပါ။ ကြွက်သားတည်ဆောက်မှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုမှာ ပရိုတင်းက အရေးကြီးဆုံးပါပဲ။အရေပြား၊ လက်သည်း၊ ခြေသည်းနဲ့ ဆံပင် တို့အတွက် ဆဲလ်တွေဖွံ့ဖြိုးမှုနဲ့ ပြန်လည်ဖြစ်ပေါ်မှုကို ကူညီပေးနိုင်ပါတယ်။ အနာကျက်မြန်တာ၊ ဆံပင်သန်တာ၊ လက်သည်းခြေသည်းကျန်းမာတာက အသားဓာတ် ရဲ့ အကျိုးကျေးဇူးတွေပါ။ခန္ဓာကိုယ်ရဲ့ အင်ဇိုင်း၊ ဟော်မုန်းတွေဖြစ်တည်လာဖို့ အရေးကြီးတဲ့ပရိုတင်းက ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်ပါတယ်။ခန္ဓာကိုယ်လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ရဖို့ ကာဗိုဟိုက်ဒရိတ်လိုအပ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်နည်းလာတဲ့အခါ ကယ်လိုရီရဖို့နဲ့ ခွန်အားဖြစ်စေဖို့ ပရိုတင်းတွေကို သုံးရပါတယ်။နွားနို့ သို့မဟုတ် ပရိုတင်းအချိုးကျပါဝင်နေတဲ့ ဖြည့်စွက်နို့မှုန့်တွေက‌နေ ရနိုင်ပါတယ်။ အချိန်မှန်မှန် နို့အာဟာရတိုက်ကျွေးရင်းနဲ့ ကလေးကို အသားဓာတ် ပြည့်ဝအောင် ဖြည့်တင်းပေးနိုင်ပါတယ်။အဆီနဲ့အရေခွံဖယ်ပြီး အသားသီးသန့်ကနေ ပရိုတင်းဓာတ်များများရနိုင်ပါတယ်။ ကလေးရဲ့နေ့စဉ်အာဟာရမှာ နည်းနည်းဖြစ်ဖြစ် အသားဓာတ်ကိုညီညွတ်မျှတအောင် ထည့်သွင်းပေးနိုင်ပါတယ်။ပဲအမျိုးမျိုးမှာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်လည်းများပါတယ်။ နေ့စဉ်အာဟာရမှာ ထည့်သွင်းတဲ့အပြင် သရေစာ အစားအစာတွေအဖြစ်လည်း ပြင်ဆင်ကျွေးလို့ရပါတယ်။ငါးမှာ ပရိုတင်းအပြင် အကျိုးပြုအဆီဓာတ်omega-3 fatty acidsတွေနဲ့ တခြား အာဟာရဓာတ်တွေပါဝင်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်ဟာ ပရိုတင်းအပြင် ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းအတွက် ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယား Probiotics တွေလည်း ပါဝင်ပါတယ်။ကလေးတစ်ယောက်အတွက် တစ်နေ့တာလိုအပ်တဲ့ ပရိုတင်းပမာဏက ၁၃ ဂရမ်ဝန်းကျင်ရှိပါတယ်။ ပရိုတင်းက ကလေးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်ပေမယ့် လိုအပ်တဲ့ပမာဏထက် ကျော်လွန်ခဲ့ရင် ပိုအကျိုးမထူးသလို ဘေးပါဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် ကလေးဘဝရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဖွံ့ဖြိုးဆဲအရွယ်မှာ တခြားအာဟာရဓာတ်တွေနဲ့အတူ ပရိုတင်းကို အချိုးအစားမှန်ကန်စွာနဲ့ ရရှိနိုင်ဖို့လိုပါတယ်။ အရည်အသွေးကောင်းတဲ့ပရိုတင်းကို မှန်ကန်တဲ့ပမာဏနဲ့ နေ့စဉ်ဖြည့်တင်းပေးနိုင်တဲ့ ဖြည့်စွက်နို့မှုန့်တွေက ကွက်တိပါပဲ။ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းပါဝင်မှုကို အတိအကျ တွက်ချက်တိုက်ကျွေးနိုင်တဲ့ ဖြည့်စွက်နို့မှုန့်တွေနဲ့ အားဖြည့်ပေးလိုက်ပါ မေမေတို့ရေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%95%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%80-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad/
သွေးလှူတော့မယ်ဆိုရင် ဘာတွေလုပ်သင့်သလဲ
သွေးလှူပြီး သူတစ်ပါးရဲ့ အသက်ကို ကယ်တင်ခြင်းဟာ အလွန်တရာမှ မွန်မြတ်တဲ့အလုပ် ပါ။ ‘သင့်သွေးဖြင့် အသက်ကယ်ပါ’ ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကြားဖူးကြမှာပါ။ ဒါပေမဲ့ သွေးလှူ တော့မယ်ဆိုရင်တော့ မိမိကိုယ်ကို ပြန်ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ အောက်ဖော်ပြပါ အချက်တွေက သင်သွေးလှူရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်နော်။သွေးလှူတော့မယ်ဆိုရင်။သင်ကိုယ်တိုင်ရေဓာတ်ပြည့်ဝနေဖို့အရေးကြီးပါတယ်။ အနည်းဆုံးတော့ သွေးမလှူခင် သုံးနာရီလောက်မှာ ဖန်ခွက်နဲ့ ရေ(၃) ခွက်လောက် သောက်ထားပေးသင့်ပါတယ်။ သွေးလှူဖို့ စောင့်ဆိုင်းနေချိန်မှာလည်း ရေ(၅၀၀)မီလီလီတာ (500mL) (ရေသန့်ဘူးကြီးတစ်ဝက်) လောက် သောက်ပေးပါ။ ရေများများသောက်ထားလေလေ သွေးလှူအပြီးမူးဝေခြင်းကို ခံစားရဖို့ ရာခိုင်နှုန်းနည်းလေလေပါပဲ။ဗိုက်ထဲမှာ အစာမရှိဘဲ သွေးလှူခြင်းဟာမကောင်းပါဘူးနော်။  သွေးမလှူခင်မှာ နံနက်စာ၊ နေ့လယ်စာနဲ့ ညစာအဖြစ် အရသာရှိတဲ့ အစားအစာတွေကို ပုံမှန်အတိုင်း စားထားပေးပါ။ အဆီအဆိမ့်ပါတာတွေတော့ ရှောင်ကြဉ်သင့်ပါတယ်။အထူးသဖြင့် သွေးလှူချိန် မှာ  တံတောင်ဆစ်နားက သွေးပြန်ကြောကနေ သွေးကိုထုတ်ယူပါတယ်။ ဒါကြောင့် လက်ရှည်ကြပ်ကြပ် ဝတ်ထားတာမျိုးကို ရှောင်ပါ။ အင်္ကျီလက်တိုဖြစ်စေ၊  ခေါက်နိုင်တဲ့ အင်္ကျီလက်ရှည်ဖြစ်စေ ဝတ်ဆင်ပါ။ သွေးလှူချိန်မှာ ခုတင်ပေါ်မှာ သင့်တော်တဲ့ အနေအထားနဲ့ လှဲလှောင်းနေရတာကြောင့် လွယ်လွယ်ကူကူလှုပ်ရှားနိုင်ဖို့ အဝတ်အစား ချောင်ချိနေဖို့လိုအပ်ပါတယ်။မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အတူတကွသွေးလှူခြင်းဟာ ပျော်စရာ ကောင်းသလို စိတ်ဓာတ်ကိုလည်း ပိုမိုတက်ကြွစေနိုင်ပါတယ်။သင်ကိုယ်တိုင်နေမကောင်းတာမျိုး ဖျားနာနေတာမျိုး၊သွေးပေါင်ကျနေတာမျိုးစတဲ့ အချိန် တွေမှာဆိုရင်တော့ သွေးလှူခြင်းကို မလုပ်ပါနဲ့ဦး။လက္ခဏာတွေဟာပိုမိုပြင်းထန်လာတယ်ဆိုရင်တော့ဆရာဝန်နဲ့သာသွားရောက်ပြသပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/tips-to-blood-donate/
နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။
အခုလို ပူပြင်းတဲ့နွေရာသီကို ရောက်လာတဲ့အခါမှာနေလောင်ဒဏ်ကြောင့် အသားအရေ တွေ ထိခိုက်ပျက်စီးကြရပါတယ်။ နေလောင်ဒဏ်ကို ကာကွယ်ဖို့နေလောင်ကာကရင်မ်လိမ်းတာ၊ နေရောင်အောက်ကို တိုက်ရိုက်ထွက်တဲ့အခါ ဦးထုပ်၊ ထီး နဲ့ အခြားအကာအကွယ်တွေ အသုံးပြုတာ စတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာ ပြောပြပေးချင်တာကတော့ အဲဒီလို နည်းလမ်းတွေအပြင် နေလောင်ဒဏ်ကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ အစားအစာလေးတွေအကြောင်း ဖြစ်ပါတယ်။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဒါတွေစားကြမယ်။နွေရာသီမှာ အသားအရေ ထိန်းသိမ်းဖို့ ဆိုရင်။၁။ Blueberries ( ဘလူးဘယ်ရီသီး )။နေရောင်နဲ့ ထိတွေ့တဲ့အခါ အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ free radicals လေးတွေ ထွက်လာပါတယ်။ Blueberries သီးလေးတွေမှာ အဲဒီ free readicals လေးတွေကို တိုက်ထုတ်နိုင်တဲ့ အလွန်ကောင်းမွန်တဲ့antioxidantsတွေပါဝင်ပါတယ်။ ဒါ့အပြင် Blueberries သီးလေးတွေမှာဗီတာမင် Cဓာတ်လည်း အများကြီးပါဝင်တာကြောင့်အရေးအကြောင်းလေးတွေ ဖြစ်လာတာကိုလည်း တားဆီးပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒ့ါကြောင့် Blueberries သီးလေးတွေကို နွေရာသီအစားအစာ (summer food) လို့တောင်ခေါ်ကြပါတယ်။၂။ Watermelon (ဖရဲသီး)။စာရေးသူကတော့ နွေရာသီဆိုရင် အရည်ရွှမ်းပြီး အေးမြစေတဲ့ ဖရဲသီးကိုပဲ ပြေးမြင်မိပါတယ်။ ပူပြင်းတဲ့ရာသီမှာ ရင်ကိုအေးစေတဲ့အပြင် ဖရဲသီးလေးတွေမှာ Lycopene လို့ခေါ်တဲ့ခရမ်းလွန်ရောင်ခြည်UV –A နဲ့ UV-B ကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့ အတွက် သဘာဝနေကာလေးလို့လည်း ပြောကြပါတယ်။ နေ့တိုင်းပုံမှန်စားပေးမယ်ဆိုရင် ရတ်သတ္တအပတ် အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်အတွက် သဘာ၀ အကာအကွယ်လေး ဖြစ်စေနိုင်ပါတယ်။၃။ Carrot and Leafy Greens ( မုန်လာဥနီ နဲ့ အစိမ်းရောင်အရွက်များ)။မုန်လာဥနီ မှာ beta carotene, lycopene နဲ့ ဗီတာမင် C သုံမျိုးစလုံးပါဝင်တာကြောင့် နေရောင်ကြောင့်ဖြစ်တဲ့ နေလောင်ခြင်းတွေနဲ့ အရွယ်မတိုင်မီအိုမင်းရင့်ရော်ပြီး အရေးအကြောင်းဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဆလပ်ရွက်၊ ဟင်းနုနွယ် စတဲ့ အစိမ်းရောင်အရွက်တွေမှာလည်း beta carotene အပြင် နေလောင်ဒဏ်ကြောင့် ဖြစ်တဲ့ အသားအရေပျက်စီးခြင်းကို တိုက်ထုတ်ပေးနိုင်တဲ့ antioxidant တွေလည်း ပါဝင်တာကြောင့် ပုံမှန်လေးစားပေးသင့်ပါတယ်။၄။ Cauliflower (ပန်းဂေါ်ဖီ) နဲ့ broccoli ( ဂေါ်ဖီစိမ်း)။ပန်းဂေါ်ဖီမှာ antioxidants တွေနဲ့ histidine တွေပါဝင်လို့ နေလောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ သဘာ၀ အစားအစာလေးလို့ ပြောကြပါတယ်။ ဒါ့အပြင် sulforaphane လို့ခေါ်တဲ့ ဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ပစ္စည်းလေးက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ နီမြန်းပျက်စီး သွားခြင်း ကို သက်သာစေနိုင်ပါတယ်။၅။ Green tea။Green tea ဟာ အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။၆။ အစေ့အဆန်များ။ဥပမာ- သစ်ကြားသီး၊ chia seeds စတဲ့ အစေ့အဆံတွေမှာ omega 3 fatty acid ပါဝင်ပါတယ်။ omega 3 fatty acid ဟာအရေပြားတင်းရင်းလှပအောင် ကူညီပေးနိုင်ပြီး နေလောင်ခြင်းကြောင့် ဖြစ်တဲ့ အသားအရေ ပြဿနာတွေကို သဘာဝအတိုင်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။၇။ ဒါ့အပြင် ခရမ်းချဉ်သီး ၊ ထောပတ်သီး၊ သလဲသီးစတဲ့ အသီးတွေကလည်း နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေ ပြသနာတွေကို လျှော့ချပေးနိုင်ပါတယ်။နေလောင်ကာလိမ်းဆေးတွေ  လိမ်းခြင်း၊ အကာအကွယ် ပစ္စည်းတွေ အသုံးပြုခြင်း သာမက ဒီလို သဘာဝအစားအစာလေးတွေကိုပါ နေ့စဉ် တွဲဖက်စားသုံးပေးမယ်ဆိုရင် ပြင်းထန်တဲ့ ဒီနွေရာသီကြီးကို ကောင်းကောင်းကြီးအံတုနိုင်ပြီး အမြဲနုပျိုလှပတဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။ နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးခြင်းကို ကာကွယ်နိုင်ကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/fruits-for-summer-skin-care/
ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။
ခန္ဓာကိုယ်မှာ ပြင်ပက ရောဂါတစ်ခုခု သို့မဟုတ် အဆိပ်ရှိနိုင်တဲ့ ပစ္စည်းတစ်ခုခု ဝင်လာပြီဆို ခုခံအားက တိုက်ထုတ်ပေးရပါတယ်။ဒီလို တိုက်ထုတ်တဲ့ နေရာမှာ ရောဂါပိုး ဝင်ဝင်လာချင်း တိုက်ထုတ်ပေးတဲ့  မွေးရာပါ ရှေ့တန်းခုခံအားရယ်၊ ရောဂါပိုး ပထမအကြိမ်ဝင်တဲ့ချိန်မှာ ပိုးကို မှတ်သားထားပြီး နောက်တစ်ကြိမ်ဝင်လာတဲ့အခါပဋိဇီဝပစ္စည်းတွေထုတ်လုပ်ပြီး တိုက်ခိုက်နိုင်တဲ့ တန်ပြန်ခုခံအား ဆိုပြီး (၂) မျိုး ရှိပါတယ်။ခုပြောမှာက ရှေ့တန်းက ခုခံအားတွေ အကြောင်းပါ။ သူတို့ဘယ်လို အလုပ်လုပ်သလဲ။ ဒီခုခံအား စနစ်ကောင်းမွန်အောင် ဘာလုပ်လို့ရလဲ ဆိုတာ ပြောပြပေးပါ့မယ်။ရှေ့တန်းခုခံအား ဆိုတာ အလွယ်ပြောရရင်  ခန္ဓာကိုယ်ရဲ့ အပြင်ဆုံးမှာ ရှိတဲ့ဟာနဲ့ ရောဂါ အရင်ဆုံးဝင်နိုင်တဲ့ အပေါက်တွေမှာ ရှေ့တန်း ခုခံအားတွေရှိပါတယ်။ ဘာတွေပါလဲဆိုတော့။(၁)အရေပြား။အရေပြားဟာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းပါ။ ပြင်ပက ဝင်လာမယ့် ပိုးတွေကို တံတိုင်းကြီးလိုမျိုး ကာကွယ်ထားပါတယ်။ ဒါ့ပြင် ရေစိုခံ အကာအကွယ်ကြီးလည်း ဖြစ်ပါတယ်။ သဘာဝအရ အရေပြားပေါ်မှာ ကောင်းတဲ့ပိုးတွေရော မကောင်းတဲ့ ပိုးတွေရော နေပေမယ့် အရေပြားသာ မပျက်စီးရင် သူတို့တွေ အထဲကို ဝင်မလာနိုင်ပါဘူး။(၂)အသက်ရှူလမ်းကြောင်း။အသက်ရှူလမ်းကြောင်းမှာ သဘာဝက ပေးတဲ့ အရံအတားတွေ အများကြီးရှိပါတယ်။ နှာခေါင်းထဲကို တစ်ခုခုဝင်လာရင် နှာချေပြီး ရောဂါပိုးတွေကို မှုတ်ထုတ်ပါတယ်။ ဒါမှမရရင် အချွဲတွေထွက်ပြီး ရောဂါပိုးကို ဝါးမျိုလိုက်ပါတယ်။ ဒါကြောင့် နှာရည်ယိုတာ၊ ချွဲထွက်တာ ဖြစ်တာပေါ့။ ဒါနဲ့မှ မရသေးဘူး ဆိုရင်လည်း အထဲက လေပြွန်ထဲမှာ သာမန်မျက်စိနဲ့ မမြင်ရတဲ့ အမွေးအမျှင်လေးတွေ (cilia) ရှိပါတယ်။ သူတို့ကရောဂါပိုးတွေကို အပြင်ကို လှည်းထုတ်ပစ်မှာပါ။(၃)အစာခြေစနစ်။အစာခြေစနစ်မှာလည်း ကိုယ်ပိုင် ခုခံအားရှိနေပါတယ်။  တစ်ခုခု မတည့်တာ စားမိလို့ အန်တယ်ဆိုတာ မကောင်းတာတွေ အပြင်ကို ထွက်သွားအောင် ခန္ဓာကိုယ်က လှုံ့ဆော်တာပါ။ ဒါ့ပြင်အစာအိမ်မှာ ရောဂါပိုးတွေ အလွယ်တကူ သွေးထဲရောက်မသွားအောင် ကာထားတဲ့ အချွဲအမြှေးပါးလည်း ရှိပါတယ်။ ဝင်လာတဲ့ ပိုးတွေကို သတ်ပစ်ဖို့ အစာခြေအက်စစ်ကလည်း အသင့်စောင့်နေပါတယ်။အူလမ်းကြောင်း တစ်လျှောက်မှာလည်း အကျိုးပြု ဘက်တီးရီးယားတွေ အများကြီး ရှိနေပါတယ်။ တကယ်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အညစ်ပတ်ဆုံး ကိုယ်တွင်းကလီစာတွေလို့ ပြောလို့ရပါတယ်။ ဒီနေရာတွေကနေ ရောဂါမပြန့်ပွားအောင် အစောင့်အကြပ်တွေ အပြည့်ချထားတာပါ။(၁) အရေပြား။(၂) အသက်ရှူလမ်းကြောင်း။တစ်နေ့ တစ်နေ့ ရှူလိုက်တဲ့ လေထဲမှာ ဖုန်တွေ၊ အမှုန်တွေအပြင် ရောဂါပိုးပေါင်းစုံပါနေမှာပါ။ ဒါတွေကို ခံနိုင်ရည်ရှိဖို့ဆိုရင် အသက်ရှူလမ်းကြောင်းရဲ့ ရှေ့တန်းခုခံအားကို မြှင့်တင်ထားဖို့ လိုပါတယ်။(၃) အစာခြေစနစ်။ရှေ့တန်း ခုခံအားတွေ ကျန်းမာနေမှသာရောဂါပိုးတွေက လွယ်လွယ် ဝင်မလာမှာပါ။ အပေါ်က နည်းလမ်းတွေ၊ အစားအစာတွေက ရှေ့တန်း ခုခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ သဘာဝအစားအစာကို စားနိုင်ရင် အကောင်းဆုံးပါ။ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိလို့ စားဖို့ မလွယ်ဘူးဆိုရင်လည်း ဖြည့်စွက်အာဟာရတွေ၊ ဖြည့်စွက်ဆေးတွေ သောက်ပြီး ခုခံအားကို မြှင့်တင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%9b%e1%80%be%e1%80%b1%e1%80%b7%e1%80%90%e1%80%94%e1%80%ba%e1%80%b8-%e1%80%81/
အာရုံစူးစိုက်မှုကို တိုးတက်စေမယ့် နည်းလမ်း ၁၂ခု
အာရုံစူးစိုက်နိုင်မှုဟာသင့်ဘဝအောင်မြင်မှု ရရှိဖို့ မရှိမဖြစ်ပါ။ တစ်ကယ်လို့ သင့်မှာအာရုံမစူးစိုက်နိုင်တဲ့ရောဂါ (ADHD) ရှိခဲ့မယ်ဆိုရင် (သို့) ပုံမှန်ကကိုလျှောက်တွေးနေမိမယ်ဆိုရင် သင်လုပ်ရမယ့်တာဝန်တွေကို ပြီးဆုံးအောင် လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ သင့်ဦးနှောက်ကို အကောင်းဆုံးအာရုံစူးစိုက်မှု ရနိုင်အောင် ပြုပြင်မရနိုင်သော်လည်း သင့်မှာရှိသလောက်နဲ့ တိုးတက်အောင်လုပ်လို့ရပါတယ်။ဘယ်ဟာတွေကိုအရင်လုပ်ရမလဲဆုံးဖြတ်ပါ။အာရုံစူးစိုက်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကိုရေးမှတ်ထားပါ။ ပြီးရင် အရေးကြီးတဲ့ အရာတွေလုပ်ဖို့ သင့်အာရုံကိုအသုံးပြုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အာရုံစိုက်လို့မရတော့ဘူးဆိုရင်တောင် အရေးမကြီးတဲ့အရာတွေပဲကျန်တော့လို့ ကိစ္စမရှိတော့ပါဘူး။အီးမေးလ်တွေဖတ်ဖို့ အချိန်သတ်မှတ်ပါ။အီးမေးလ်တွေကိုရောက်ရောက်ချင်းဖတ်မယ့် အစားအီးမေးလ်ရောက်ကြောင်းအသိပေးချက်တွေကိုပိတ်ထားပြီးနောက်မှ အကုန်လုံးဖတ်ဖို့ အချိန်သတ်မှတ်လို့ရပါတယ်။ ဝင်လာတဲ့ အီးမေးလ်တွေဟာသင့်ကိုအာရုံပျက်ပြားစေတာကြောင့် အချိန်တစ်ခုသတ်မှတ်ပြီးဖတ်ခြင်းဟာသင့်ကိုဒုက္ခကင်းဝေးစေပါလိမ့်မယ်။ကွန်ပျူတာကိုလည်းအပေါ်ကအတိုင်းပြုလုပ်ပါ။တကယ်လို့ သင့်အလုပ်ကကွန်ပြူတာအသုံးပြုဖို့မလိုဘူးဆိုရင် သင့်အလုပ်ကို အွန်လိုင်းပေါ်ကအရာတွေနှောက်ယှက်မှုက ကင်းဝေးအောင် ကွန်ပျူတာသာ ပိတ်ထားလိုက်ပါ။ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေ ထားပါ။တကယ်လို့ အလုပ်တစ်ခုကသင့်အတွက် အရမ်းကြီးမားနေပြီး သင့်ကိုစိုးရိမ်စေတယ်ဆိုရင် အလုပ်ကိုကိုယ်ပြီးမြောက်နိုင်တဲ့ သေးငယ်တဲ့အပိုင်းလေးတွေ အဖြစ်ခွဲထားလိုက်ပါ။ ဒါဆိုအလုပ်ကိုသင်လုပ်နိုင်တယ်လို့ ခံစားရပါလိမ့်မယ်။အလုပ်လုပ်ဖို့ နေရာရွေးချယ်ပါ။မတူညီတဲ့နေရာတွေမှာ အလုပ်လုပ်ခြင်းဟာလည်း သင့်ကိုအာရုံပျက်ပြားစေပါတယ်။ ပြင်ပပတ်ဝန်းကျင်မှာအေးဆေးနေနိုင်ဖို့ စိတ်သက်သာရာရမယ့် နေရာတစ်ခုကိုရွေးချယ်ပါ။တိတ်ဆိတ်တဲ့ နေရာတစ်ခုကိုရှာပါ။တိတ်ဆိတ်ပြီးသီးသန့်ဖြစ်တဲ့နေရာဟာ အလုပ်လုပ်ဖို့အရေးကြီးတယ်ဆိုတာ သ့င်ခေါင်းထဲထည့်ထားသင့်ပါတယ်။ တခြားတစ်ယောက်နဲ့ အလုပ်အတူတူလုပ်ရမယ်ဆိုရင် အေးဆေးစွာအလုပ်လုပ်တတ်တဲ့သူနဲ့ အတူလုပ်ဖို့ ကြိုးစားပါ။အချိန်သတ်မှတ်ပါ။အချိန်သတ်မှတ်ပြီးအလုပ်လုပ်ခြင်းအားဖြင့် သင့်အားသင့်အလုပ်မှာအာရုံစိုက်နေစေမှာပါ။ တကယ်လို့ သင့်စိတ်ဟာလျှောက်လွင့်နေခဲ့မယ်ဆိုရင် အချိန်သတ်မှတ်စက်ကသင့်စိတ်ကို ပြန်လည်ဖမ်းယူပြီးသင်လုပ်နေတဲ့အလုပ်ကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။အရာရာကိုစနစ်တကျ ပြုလုပ်ပါ။သပ်ရပ် သန့်ရှင်းနေတဲ့ အလုပ်လုပ်တဲ့နေရာဟာသင့်ကိုပိုအာရုံစူးစိုက်စေမှာပါ။ တကယ်လို့ သင်ဟာအရေးကြီးတဲ့ အလုပ်လုပ်နေတုံးဆိုရင်တော့ သင့်စားပွဲကိုရှင်းဖို့ မကြိုးစားပါနဲ့။အစီအစဉ် ဆွဲပါ။သင်တစ်နေကုန်ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ကြိုတင်တွေးတောထားပါ။ ဒီဂျစ်တယ်ပစ္စည်းများသုံး၍ အစီအစဉ်ဆွဲခြင်းဟာသင်ဘယ်အချိန်မှာ ဘာလုပ်သင့်သလဲဆိုတာတွေကိုသတိပေးချက်တွေ ထည့်ထားနိုင်တဲ့အတွက် ပိုအသုံးဝင်ပါတယ်။စိတ်လျှော့ပါ။သင့်အာရုံစူးစိုက်မှုဟာသင်စိတ်ဖိစီးနေရင် ပိုပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် ဘယ်လိုစိတ်အနားပေးအောင် လုပ်မလဲဆိုတာတွေ သိထားဖို့ အရေးကြီးပါတယ်။လုပ်စရာတွေကိုရေးမှတ်ပါ။အစည်းအဝေးတစ်ခုမှာလိုက်ရေးမှတ်ခြင်းဟာလည်းသူတို့ဘာတွေပြောနေလဲဆိုတာကိုအာရုံစိုက်မိစေပါတယ်။ တကယ်လို့ မေ့သွားရင်တောင် သင်မှတ်ထားတဲ့ စာစုတွေမှာ ပြန်ရှာရနိုင်ပါတယ်။ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ပါ။တည်ငြိမ်တဲ့ လုပ်ရိုးလုပ်စဉ်တွေ ရှိခြင်းဟာသင့်ရဲ့တစ်နေ့တာကိုကောင်းမွန်စွာ စတင်စေနိုင်ပါတယ်။ သင့်ရဲ့ အစီအစဉ်ရေးမှတ်ထားမှုတွေ၊ စာအုပ်တွေ၊ အိပ်တွေကိုတစ်နေရာတည်းမှာ ထားပေးခြင်းအားဖြင့် သင်လိုအပ်တဲ့အချိန်ထားအလွယ်တကူယူနိုင်မှာပါ။အာရုံစူးစိုက်မှုနဲ့ ပတ်သက်ရင် ဖြတ်လမ်းဆိုတာမရှိပါဘူး။ အကောင်းဆုံးကြိုးစားပြီးစိတ်ရှည်ရမှာပါ။ အထက်ဖေါ်ပြပါနည်းလမ်းတွေဟာသင့်ရဲ့အာရုံစူးစိုက်မှုကိုတဖြည်းဖြည်းနဲ့ ကောင်းလာစေမှာပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%85%e1%80%b0%e1%80%b8%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%ad%e1%80%af%e1%80%b8/
သွေးတိုးကိုပါ ထိန်းညှိပေးတဲ့ ဖရဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
အရည်ရွှမ်းတဲ့ ဖရဲသီးကို အနီပဲဖြစ်ဖြစ် အဝါပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြတဲ့သူ များပါတယ်။ ရေဓာတ်ပြည့်ဝစေတဲ့အပြင် ဘီတာကယ်ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ်တွေကြွယ်ဝလို့ သူ့ရဲ့ အာဟာရတန်ဖိုးက မသေးလှပါဘူး။ဖရဲသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့အော်ဂင်းနစ်ဒြပ်ပေါင်းတွေအပြင် ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် ဘီဆစ်နဲ့ ကာရိုတီးနွိုက်နဲ့ အပင်ထွက်အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။ ဒီလောက် ပါဝင်မှုများတဲ့အသီးက ဘာကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလဲဆိုတာကြည့်ရအောင်။ဖရဲသီးမှာ ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးရာမှာ အစွမ်းထက်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုများပါတယ။ ဒါ့အပြင် သွေးတွင်း ယူရစ်အက်စစ်ပါဝင်မှုကိုလျော့နည်းစေတာ ကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုုဖြစ်နိုင်ခြေနည်းစေပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားလို့ဆီးရွှင် စေပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကိုကောင်းစေပါတယ်။ ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျောက်ကပ်ကောင်းစေဖို့ အချိန်အတော်ကြာအထောက်အကူပေးနိုင်ပြီး အရေပြားပေါ်က အစက်အပျောက်တွေနဲ့ အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ဖရဲသီးဟာ ခန္ဓာကိုယ်အပူချိန်နဲ့သွေးဖိအားကို လျော့ကျစေနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့ကြောင့် အပူပိုင်းဒေသမှာနေထိုင်သူတွေဟာ နွေရာသီမှာအပူရှပ်ခြင်းကနေကာကွယ်နိုင်အောင် မွန်းလွဲပိုင်းမှာ နေ့တိုင်းဖရဲသီးစားလေ့ရှိပါတယ်။ ရေဓာတ်ပါဝင်မှုများလို့ နွေပူပူ နေပူပူကာလအတွင်း ခန္ဓာကိုယ်မှာ အရည်ပိုဖြစ်ပေါ်မှုကိုအားပေး ပြီး ချွေးပိုထွက်စေကာ ခန္ဓာကိုယ်ကို အအေးဓာတ်ရစေပါတယ်။ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကိုကျစေပါတယ်။ ကာရိုတီးနွိုက်တွေကြောင့် နှလုံးသွေးကြောနံရံနဲ့ သွေးကြောမာခြင်းတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် သွေးတိုးကိုကျစေပြီး သွေးခဲပိတ်ဆို့မှု၊ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ဖောက်ခြင်း၊နှလုံးသွေးကြောမာ ရောဂါတို့ ဖြစ်လာနိုင်ခြေနည်းပါးစေပါတယ်။ဖရဲသီးက ကင်ဆာကာကွယ်နိုင်စွမ်းရှိတဲ့လိုင်ကိုပင်းနဲ့ ကာရိုတီးနွိုက်ပါဝင်မှုမြင့်မားတာကြောင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ ဗီတာမင်စီရဲ့ အစွမ်းနဲ့ လိုင်ကိုပင်းဓာတ်တို့ ပေါင်းစပ်တဲ့အခါ ဖရဲသီးဟာ ကင်ဆာကာကွယ်တဲ့အသီးတစ်မျိုး ဖြစ်နေပါတော့တယ်။အချိုနည်းတဲ့အစာတွေပဲစားရမယ်ဆိုတဲ့ဆီးချိုရောဂါရှိသူတွေမှာ ထမင်းများများမစားရတာကြောင့်၊ စားနေကျအစားအစာတွေကို ပုံစံခွက်နဲံ့လျှော့စားရတာကြောင့် မတင်းတိမ်နိုင်ဖြစ်နေခြင်းကို ဖရဲသီးက ကူညီပေးနိုင်ပါတယ်။ ဖရဲသီးက သူတို့အတွက် အားဖြည့်ဓာတ်စာကောင်းတစ်မျိုးပါပဲတဲ့။ ချိုအေးတဲ့ အရသာနဲ့ ဖရဲသီးက ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့် ခန္ဓာကိုယ် ထဲမှာ အင်ဆူလင်လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။ ဆီးချိုသမားတွေကို ဖရဲသီးအခွံနဲ့ချက်လုပ်တဲ့ ဟင်းနဲ့အသုပ်တွေကိုကျွေးရင်လည်း သွေးတွင်းသကြားဓာတ်ကျစေနိုင်တယ်လို့ သိရပါတယ်။ဖရဲသီးမှာကြွယ်ဝတဲ့ ကာရိုတီးနွိုက်တစ်မျိုးဖြစ်တဲ့ လိုင်ပိုဆင်းဓာတ်က နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ အရွယ်တင်စေတဲ့အာနိသင်ကြောင့် လူသိများတဲ့ ဘီတာကယ်ရိုတင်းကြောင့် နှလုံးကို ဆက်လက်ကျန်းမာနေစေပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါပြဿနာတွေကိုကာကွယ်ပေးပါတယ်။ကိုလက်စထရောကို ကျစေပြီး နှလုံးနဲ့ပတ်သက်တဲ့ အန္တရာယ်ရှိအခြေအနေတွေကို ခံစားရနိုင်ခြေနည်းပါးစေပါတယ်။ဖရဲသီးစားရတာကြိုက်တဲ့သူဆိုရင် မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ ဖရဲသီးက ဘီတာကယ်ရိုတင်း၊ဗီတာမင်စီ၊လူတိန်းနဲ့ zeaxanthin တို့ကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်မှုန်ဝါးခြင်း၊ အမြင်အာရုံဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် မျက်ရည်ခန်းခြောက်ခြင်း၊ ရေတိမ် စတဲ့တခြားမျက်စိပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ဖရဲသီးရဲ့ Arginine ဓာတ်ဟာပန်းသေပန်းညှိုးခြင်းကိုကုသနိုင်တဲ့အစွမ်းရှိတဲ့အပြင် နှိုးဆွနိုင်တဲ့အာနိသင်ကြောင့် လိင်စိတ်ကိုဖြစ်ပေါ်စေပြီး၊ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရရှိစေပါတယ်။ဖရဲစေ့ဟာလည်း ကောင်းကျိုးပြုအဆီနဲ့ပရိုတင်းကြွယ်ဝပြီး phytonutrients တွေကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ၊ မျက်စိနဲ့ အညစ်အကြေးစွန့်စနစ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%95%e1%80%ab-%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%8a%e1%80%be%e1%80%ad%e1%80%95/
ခြေမရိုး စောင်းခြင်း
သွားရင်း လာရင်း သူများခြေထောက်တွေ ကြည့်လိုက်ရင် တချို့လူတွေရဲ့ ခြေမက သာမန်နဲ့ မတူဘဲ အပြင်ဘက်ကို စောင်းနေတာကို တွေ့ဖူးမှာပါ။ ခြေမရိုး ကလည်း အပြင်ကို ဖုပြီးငေါထွက်နေပါသေးတယ်။ ဒါကို ခြေမရိုးစောင်းတယ် ဆေးပညာအရတော့Hallux valgusလို့ ခေါ်ပါတယ်။ခြေမရိုး စောင်းတယ်ဆိုတာ ခြေမတစ်ချောင်းတည်းကပဲ ဘေးက ခြေချောင်းတွေဘက်ကို စောင်းနေတာမျိုးပါ။ တချို့တွေမှာတော့bunionဘူနီယွန်လို့ ခေါ်တဲ့ အဖုနဲ့ တွဲတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။မျိုးဗီဇကြောင့်ရော နေထိုင်ပုံနဲ့ရောအရိုးရောဂါတွေနဲ့ရော ဆိုင်ပါတယ်။ မျိုးဗီဇကြောင့် ဘာမှမလုပ်ရပါဘဲ ဒီတိုင်း စောင်းနေတာမျိုး ရှိသလို။-ဒေါက်မြင့်ဖိနပ်တွေ၊ ကွင်းစွပ်ကျဉ်းပြီး ခြေချောင်းတွေကို ညှစ်ထားသလို ဖြစ်စေတဲ့ ဖိနပ်တွေ စီးတာ (ဒါကြောင့်လည်း အမျိုးသမီးတွေမှာ အတွေ့ရများတာပါ)။-ခြေခုံရိုး နိမ့်နေတာ။–လေးဖက်နာအဆစ်ရောင်၊ အရိုးအဆစ်ရောင် ရောဂါတွေကြောင့် ခြေဆစ်ရောင်ပြီး စောင်းလာတာ။–ဘူနီယွန်လို့ခေါ်တဲ့ အရိုးဖု၊ အရည်အိတ် စတာတွေ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ခြေမစောင်းတာက ကြာလာလေလေ ပိုဆိုးလာလေလေ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် အရှင်းပျောက်အောင် ကုသလို့လည်း မရပါဘူး။ ခွဲစိတ်ပြီး ပြုပြင်လို့ရပေမယ့်၁၀၀မှာ ၁၅ယောက်လောက် ပြန်ဖြစ်နိုင်ပါတယ်။ လက္ခဏာလည်း ထူးထူးခြားခြား မပြဘူး။ ပိုဆိုးလာတာလည်း မရှိဘူးဆိုရင်တော့ စောင့်ကြည့်နိုင်ပါတယ်။လက်ရှိ ဆေးကုသမှုတွေကတော့ ခြေမစောင်းတာကြောင့် နေရထိုင်ရ မခက်အောင်၊ လှုပ်ရှားလို့ရအောင်၊ အနာသက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ကုသနည်းတွေကတော့။မျိုးဗီဇကြောင့်ဆိုရင်တော့ ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် မျိုးဗီဇပါလာသည့်တိုင် ကိုယ့်ရဲ့ နေထိုင်ပုံကို ပြောင်းလဲမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/hallux-valgus/
အဖိုးတန်နှလုံးလေးကျန်းမာစေဖို့ ဘာတွေစားမလဲ.....
နှလုံးစည်းချက်သံလေးကို မှန်မှန်လေးကြားနေရတာက ရှင်သန်မှုရှိနေတယ်ဆိုတဲ့ လက္ခဏာပါ။ လူတစ်ယောက်ရဲ့ ရှင်သန်မှုအတွက် နှလုံးကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ဒါကြောင့်နှလုံးကျန်းမာရေးကို သေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ နှလုံးကျန်းမာစေဖို့နေ့စဉ်နေထိုင်မှုပုံစံကိုဂရုစိုက်ဖို့လိုသလို အစားအသောက်ကိုလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ ဒီတော့ နှလုံးကျန်းမာစေဖို့ ဘာတွေများသိထားဖို့လိုမလဲ……..။နှလုံးကျန်းမာစေဖို့ဆိုရင် နေ့စဉ်နေထိုင်မှုပုံစံကို မှန်ကန်စေဖို့အတွက် ဒီအချက်တွေကို အလေ့အထလိုဖြစ်လာအောင် ပျိုးထောင်ဖို့လိုပါမယ်။ကျန်းမာတဲ့လူနေမှုပုံစံအတွက်အရေးပါတဲ့ နှလုံးလေးကျန်မးာစေဖို့ဆိုရင်တော့။ကညွတ်။ဖောလိတ်ကြွယ်ဝစွာပါဝင်နေတဲ့ သဘာဝဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ကိုယ်တွင်းမှာ နှလုံးထိခိုက်စေနိုင်တဲ့ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တွေ စုပုံမှုမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။လေဖြတ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကင်းစေဖို့ စားပေးသင့်ပါတယ်။ပဲအမျိုးမျိုး။ပဲအမျိုးမျိုးက သွေးတွင်းကအကျိုးမပြုကိုလက်စထရော (LDL) ကိုကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓါတ်၊ ပရိုတင်း (အသားဓါတ်)၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် နှလုံးကျန်းမာစေသလိုခန္ဓါကိုယ်ကို ကျန်းမာစေနိုင်မှာပါ။ဘယ်ရီသီးတွေ။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ polyphenols ပါဝင်နေတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။အမျှင်ဓါတ်၊ ဖောလိတ်၊ ကယ်လ်ဆီယမ်၊ဗီတာမင် A၊ ဗီတာမင် C တို့ပါဝင်နေသလို အဆီပါဝင်မှုလည်းနည်းတဲ့ အချိုတည်းစရာ သစ်သီးလေးတွေပါ။အနက်ရောင်ချောကလက်။ဖလေဗာနော ပါဝင်နေတာကြောင့် သွေးကြောတွေထဲမှာ အဆီတွေစုပုံနေတာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီးရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာတွေ မဖြစ်အောင် အထိရောက်ဆုံး ဟန့်တားပေးနိုင်ပါတယ်။စိတ်ခံစားမှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။ကော်ဖီ။တစ်နေ့ကို ကော်ဖီစစ်စစ် တစ်ခွက်ပုံမှန်သောက်ပေးတာက ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ စိတ်ကြည်လင်လန်းဆန်းစေတဲ့ မနက်ခင်းသောက်စရာလေးတစ်ခုပေါ့။နှလုံးကျန်းမာစေဖို့အတွက်ဆိုရင် omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ငါးတွေကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ ဒီငါးတွေက ပရိုတင်း (အသားဓါတ်) ကြွယ်ဝစွာပါဝင်နေပေမယ့် ပြည့်ဝဆီပါဝင်မှုနည်းတာကြောင့်နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံတာနဲ့ နှလုံးစည်းချက်မမှန်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ဆယ်လ်မွန်၊ မက်ကာရယ်၊ ဆာဒင်း၊ တူနာငါးတို့ကို တစ်ပတ်ကို နှစ်ကြိမ်စားပေးလို့ရပါတယ်။Oatmeal။ပျော်ဝင်လွယ်တဲ့ အမျှင်ဓါတ်ပါဝင်နေတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ အုတ်ဂျုံကို အခြေခံပြီးထုတ်ထားတဲ့ အစားအစာတွေက သွေးတွင်းအကျိုးမပြုကိုလက်စထရော (LDL) တွကို လျော့ကျစေနိုင်တာကြောင့် မနက်စာအနေနဲ့ဖြစ်ဖြစ် နေ့လယ်စာ အဆာပြေအနေနဲ့ဖြစ်ဖြစ် စားပေးသင့်ပါတယ်။ စိတ်ကျေနပ်မှုရစေမယ့် နှလုံးကျန်းမာရေး အထောက်အကူပြုစားစရာလေးပါ။လက်ဖက်စိမ်းရေနွေးကြမ်း။သွေးတွင်းကိုလက်စထရောကိုကျစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝပါတယ်။ ဒါကြောင့် သွေးတိုးကျစေဖို့၊ ခန္ဓါကိုယ်ကျန်းမာနေစေဖို့နဲ့ နှလုံးကျန်းမာစေဖို့ သောက်သုံးပေးသင့်ပါတယ်။ နှလုံးရောဂါကို ကာကွယ်လိုသူတွေလည်း သောက်သုံးပေးလို့ရပါတယ်။ဒါတွေအပြင် အခွံမာသီးတွေ၊ အသည်း၊ ဝိုင်အနီရောင်၊ခရမ်းချဉ်သီး၊ ဟင်းနုနွယ် နဲ့ ဟင်းသီးဟင်းရွက်တွေကိုပုံမှန်စားသုံးပေးတာကလည်း နှလုံးကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် နှလုံးကျန်းမာဖို့ဆိုရင် ဒီအစားအသောက်လေးတွေကို သင့်တင့်မျှတအောင်စားသုံးပြီး အပေါ်မှာပြောခဲ့တဲ့ အလေ့အထလေးတွေကို မွေးမြူပေးပါလို့ တိုက်တွန်းလိုက်ပါရစေ helloဆရာဝန် ပရိသတ်ကြီးရေ…………….။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/healthy-foods-for-heart/
အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက်
ဒီတစ်ခေါက်တော့ အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ ၇ ချက် အကြောင်းလေး ပြောပြပေးချင်ပါတယ်။အူအတက်ရောင်ခြင်းကို လူအတော်များများ ကြားဖူးကြပါလိမ့်မယ်။ အမျိုးသား ၉ ရာခိုင်နှုန်း နဲ့ အမျိုးသမီး ၇ ရာခိုင်နှုန်းခန့်ဟာ အူအတက်‌ရောင်ခြင်းကို ဘဝမှာ တစ်ခါတော့ ခံစားဖူးကြတယ်လို့ဆိုပါတယ်။ အူအတက်ရောင်ရာကနေ အလွန်ဆိုးဝါးတဲ့အခါအူအတက်ပေါက်သွားနိုင်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အဲ့လိုအဆင့်ရောက်ဖို့အတွက် လက္ခဏာတွေ ပြပြီး ၄၈−၇၂ နာရီခန့် အချိန်ကြာမြင့်နိုင်တဲ့အတွက် လက္ခဏာတွေကို သိရှိပြီး ဆေးရုံကို အမြန်သွားဖို့ အလွန်အရေးကြီးပါတယ်။အူအတက်‌ရောင်ခြင်းကို သိနိုင်မယ့် လက္ခဏာ တွေကတော့။၁.ဝမ်းဗိုက်အောက်ပိုင်း နာခြင်း၊ အောင့်ခြင်း။အူအတက်ရောင်ခြင်းရဲ့ အဓိက လက္ခဏာဖြစ်ပါတယ်။ အူအတက်ရှိရာ ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ နာခြင်း အောင့်ခြင်း တို့ ခံစားရပါလိမ့်မယ်။ ဒါပေမယ့် စစချင်းအနေနဲ့ ချက်ပတ်ပတ်လည်မှာ နာခြင်း၊ အောင့်ခြင်းတို့ စတင်ဖြစ်ပေါ်ပြီးမှ ဗိုက်ရဲ့ ညာဘက်အောက်ပိုင်းကို ရွေ့သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခြေထောက် သို့မဟုတ် ဝမ်းဗိုက်ကို လှုပ်ရှားတဲ့အခါ၊နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါတွေမှာ နာကျင်မှု ပိုပြီး ဆိုးလာတာကို ခံစားမိပါလိမ့်မယ်။၂.နာကျင်မှုဟာ အချိန်နဲ့ အမျှပိုပိုဆိုးလာခြင်း။အူအတက်ရောင်ခြင်းကြောင့် ခံစားရတဲ့ နာကျင်မှုဟာ အိပ်‌မောကျနေစဉ်မှာတောင် နိုးလာလောက်တဲ့အထိကို ဆိုးပါတယ်။ ဒါ့အပြင် နာကျင်မှုဟာ လျော့မသွားဘဲ နာရီပိုင်းအတွင်းမှာတင် ပိုပိုပြီးဆိုးလာပါလိမ့်မယ်။၃.ချမ်း တုန် ဖျားခြင်း (low-grade fever and chills)။အူအတက်ရောင်ခြင်းကြောင့် အဖျားတက်တဲ့အခါ အဖျားမကြီးဘဲ 99°F (37.2°C) ကနေ 100.5°F (38°C) ခန့်လောက်သာရှိနိုင်ပြီး ချမ်းတုန်ခြင်းပါ ခံစားရနိုင်ပါတယ်။ အူအတက်‌ရောင်ရာမှ ပေါက်သွားရင်တော့ အဖျားဟာ 101°F ကျော်သွားပါလိမ့်မယ်။၄.ပျို့အန်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း။အူအတက်ရောင်တဲ့ အခါ ပျို့အန်ခြင်း၊ အစားစားချင်စိတ် လျော့နည်းခြင်းတို့ကို ခံစားရတတ်ပါတယ်။ တစ်ရက်နှစ်ရက်လောက်နဲ့ ပျောက်သွားရင် စိုးရိမ်စရာမလိုပေမဲ့ ရက်ကြာလေလေ ပိုပိုဆိုးလာလေဖြစ်ပြီး အဖျား နဲ့ ဗိုက်အောင့်ခြင်းတို့ကိုပါ ခံစားရပြီဆိုရင်တော့ ဆေးရုံကို ပြေးသင့်နေပါပြီ။၅.ဝမ်းချုပ်ခြင်းသို့ ဝမ်းပျက်ခြင်း။အူအတက်ရောင်တဲ့ လူနာတိုင်းတော့ ခံစားရလေ့မရှိပေမဲ့ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း အထူးသဖြင့် ဝမ်းသွားတဲ့အခါ အချွဲပါတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းလည်း နာတယ်၊ ဝမ်းလည်း ပုံမှန် မဟုတ်တော့ဘူးဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါပြီ။၆.လေပွခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း။တစ်ရက်တစ်လေ အစားများလို့ အစာမကြေ၊ လေပွခြင်းမျိုး မဟုတ်ဘဲ ရက်ပေါင်းများစွာ ဖြစ်နေတာမျိုးပါ။ လေပွခြင်း ၊ လေမလည်ခြင်း တို့ဟာ အခြား‌အကြောင်းရင်းများကြောင့်ဆိုရင်တော့ စိုးရိမ်စရာမရှိပေမဲ့ အဖျား၊ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်းတို့နဲ့ပါ တွဲလာပြီဆိုရင်တော့ အူအတက်ရောင်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။၇. ဗိုက်ကို ဖိပြီး ပြန်လွှတ်တဲ့အခါ နာကျင်ခြင်း။အူအတက်ရှိတဲ့ ဝမ်းဗိုက် ညာဘက် အောက်ပိုင်းကို လက်နဲ့ ဖိထားပြီး ပြန်လွှတ်လိုက်တဲ့အခါ နာကျင်မှု ခံစားရခြင်းကို ဆိုလိုပါတယ်။ ဆရာဝန်များ လူနာကို စမ်းသပ်ကြည့်ရှုတဲ့ နည်းလမ်းဖြစ်ပါတယ်။ မိမိဘာသာမိမိ စမ်းသပ်ကြည့်လို့ ခံစားရပြီဆိုလျှင် ထပ်မစမ်းပါနဲ့တော့၊ ဆရာဝန်ဆီကိုသာ အမြန်ပြေးပါတော့။အသက်ကို ဉာဏ်စောင့်ပါတယ်။ အူအတက်ရောင်ခြင်းဟာ စောစောသိရင်၊ အူအတက်မပေါက်ခင် ဆေးရုံရောက်ရင်ခွဲစိတ်ကုသပြီး ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ခွဲစိတ်မှုဟာလည်း အလွန်လွယ်ကူပြီး ယနေ့ခေတ်မှာ မှန်ပြောင်းနဲ့တောင် ခွဲစိတ်ကုသနိုင်နေတဲ့ အခြေအနေပါ။ ဒါကြောင့် အထက်ပါ လက္ခဏာတွေကို သိရှိထားပြီး အရေး ကြုံလာတဲ့အခါ မပေါ့မလျော့နဲ့ အချိန်မီ ဆေးရုံသွားရောက်နိုင်ကြဖို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါတယ်။ရေးသားသူ – Dr. Saint။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/7-signs-that-you-have-apendicitis/
ကြွက်နို့ တွေကို အိမ်မှာတင် ကုကြမယ်။
ကြွက်နို့ဖြစ်ဖူးတဲ့သူတွေဆို သိပါတယ်။ ဒီအဖုလေးတွေက အင်မတန် စိတ်ရှုပ်စရာ ကောင်းပါတယ်။ ကုတ်မရ ဖဲ့မရ ဘယ်လို လုပ်လုပ် မကွာသွားပါဘူး။ ဒါ့ပြင် တစ်လုံး ထွက်ပြီးရင် နောက်က ဇယ်ဆက်သလို လိုက်ထွက်လာပါတော့တယ်။ ဒီလိုအချိန်မှာ ဘယ်သူကမှ ကြွက်နို့အတွက် ဆေးခန်း သွားမပြချင်ကြပါဘူး။ ဒါကြောင့် အိမ်မှာတင် အလွယ်တကူ ကြွက်နို့သတ်လို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ကြွက်နို့ဆိုတာHPVဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ တစ်ယောက်နဲ့ တစ်ယောက်ထိမိရင် ကူးတတ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ လက်တွေ၊ လက်ချောင်းတွေ၊ ခြေထောက်နဲ့ မျက်နှာတွေပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါမှာ ဖြစ်တဲ့ ကြွက်နို့လည်း ရှိပါတယ်။ HPV ဗိုင်းရပ်စ် အမျိုးပေါင်း ၁၀၀လောက်ရှိပေမယ့် အနည်းစုကပဲ ကြွက်နို့ ဖြစ်တာပါ။ အောက်မှာ ကြွက်နို့ကို အိမ်မှာတင် ဖယ်လို့ ရတဲ့ နည်းလမ်းတွေကို ဆက်ကြည့်ရအောင်။Salicylic acidက ကြွက်နို့ကို ဖယ်တဲ့နေရာမှာ အသိသာဆုံးပါပဲ။ စျေးကွက်ထဲမှာ လိမ်းဆေး၊ ဂျယ်၊ ကပ်ခွာ အမျိုးစုံရှိပါတယ်။အက်စပရင်မှာလည်း ပါပါတယ်။ အရင်ဆုံး ကြွက်နို့ ရှိတဲ့နေရာကို ရေနွေးနွေးလေးထဲမှာ ၁၀မိနစ် ၁၅မိနစ်လောက် စိမ်လိုက်ပါ။ ဒါမှ ပျော့လာမှာပါ။ ပြီးရင် ချေးတွန်းကျောက်နဲ့ ဖြစ်ဖြစ်၊ တံဇဉ်းနဲ့ ဖြစ်ဖြစ် တိုက်ပြီး အသားမာတွေ ဖယ်ပါ။ ပြီးတော့မှ ကြွက်နို့ပေါ် လိမ်းပေးပါ။ ရက်သတ္တပတ်နည်းနည်းတော့ ကြာတတ်ပါတယ်။ စိတ်ရှည်ပါ။ Salicylic acid ကြောင့် အရေပြားတွေ နီလာရင်၊ နာလာရင် ဆက်မသုံးပါနဲ့။ပန်းသီး ရှာလကာရည်မှာလည်း အက်စစ်အပျော့စားပါတဲ့အတွက် ကြွက်နို့တွေကို ပါးစေပါတယ်။ ဒါ့ပြင် HPV ဗိုင်းရပ်စ်ကိုလည်း သေစေပါတယ်။ ပန်းသီးရှာလကာရည် ၂ဆနဲ့ ရေ ၁ဆရောပြီး ဂွမ်းလုံးလေးနဲ့ ကြွက်နို့ကို တို့ပါ။ ပြီးရင် အပေါ်ကနေ ပတ်တီးနဲ့ တစ်ညပတ်ထားပါ။ ကြွက်နို့ မပျောက်မချင်း ညတိုင်း လုပ်ပေးပါ။သံပုရာရည်ကို သုံးမယ်ဆိုရင် ရေရောပေးပါ။  ပန်းသီးရှာလကာရည်လိုပဲ ရေနဲ့ ၂ဆ ၁ဆ ရောပေးပါ။ ကြွက်နို့ကို တို့ပြီး ပတ်တီးနဲ့ စီးထားပါ။ တဖြည်းဖြည်းနဲ့ ပါးလာပါလိမ့်မယ်။ကြက်သွန်ဖြူမှာ allium sativum လို့ ခေါ်တဲ့ ဗိုင်းရပ်စ်သတ်တဲ့ ဒြပ်ပေါင်းပါဝင်ပါတယ်။ ကြက်သွန်ဖြူကို ချေပြီး ကြွက်နို့ပေါ်ကို တိုက်ရိုက်အုံပေးပါ။ ပြီးရင် အပေါ်က ပတ်တီးစီးထားပါ။ နေ့တိုင်း လုပ်ပေးမယ်ဆိုရင် သက်သာလာမှာပါ။ ကြက်သွန်ဖြူနဲ့ မပွတ်ခင် ကြွက်နို့ကို ပါးသွားအောင် ချေးတွန်းကျောက်နဲ့ အရင်တိုက်ပေးတာက ပိုပြီး ထိရောက်စေပါတယ်။ဒါက အဘိုးအဘွားတွေလက်ထက်က နည်းလမ်းပေါ့။ ကြွက်နို့ပေါ်ကိုလက်သည်းနီနဲ့တို့။ နောက်နေ့လောက်ဆို လက်သည်းနီကို ခွာရင်း အောက်က ကြွက်နို့ပါ တဖြည်းဖြည်း ပါးလာလိုက်တာ တစ်ပတ်လောက်နေရော လုံးဝပျောက်သွားတာပါပဲ။ဒါတွေကတော့ အိမ်တွင်း နည်းလမ်းတွေပေါ့။ ဆရာဝန်ဆီကို သွားသင့်တဲ့ အခြေအနေတွေကတော့။ကြွက်နို့က အရေးကြီးတဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ဘူး ဆိုပေမယ့် ဒီအဖုလေးတွေက စိတ်ရှုပ်စရာ ကောင်းပါတယ်။ နောက်ပြီး အင်မတန် ပွားပါတယ်။ တစ်လုံးပေါက်ပြီး သိပ်မကြာဘူး နောက်တစ်လုံး တပ်ထွက်ပါတယ်။ ဒါကြောင့် အရင်ထွက်တဲ့ အလုံးကို အမြန်ကုပါ။ အရပ်အခေါ်တော့ ကြွက်နို့မကြီးလို့ ခေါ်ကြပါတယ်။ သူမြန်မြန်ပျောက်သွားရင် နောက်က အလုံးတွေ ဆက်မထွက်တော့ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/removing-wart/
ပလာစတာနဲ့ ပတ်တီးကို ဘယ်လိုသုံးရမလဲ
မတော်တဆြဖစ်လို့ထိမိရှမိတယ်ဆိုရင်ပလာစတာဝယ်ပြီး လွယ်လွယ်ကပ်လိုက်ကြတာများပါတယ်။ ဒဏ်ရာကြီးရင်တော့ပတ်တီးစည်းကြတာပေါ့။ ဒါပေမယ့် အသုံးပြုတဲ့နည်းလမ်းမှန်ကန်မှ အနာသန့်ရှင်းပြီးရောဂါပိုးမဝင်ေစမှာဖြစ်ပါတယ်။ အနာကို ဖြစ်သလိုကုသမယ်ဆိုရင်အနာကျက်ဖို့လည်းနှောင့်နှေးစေမယ့်အပြင်ပိုးဝင်ခဲ့ရင်ေနာက်ဆက်တွဲဆိုးကျိုးေတွရှိစေနိုင်ပါတယ်။ဒါ့ကြောင့် ဘယ်ဒဏ်ရာကိုမဆို အရင်ဆုံးလုပ်ပေးသင့်တဲ့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။ပလာစတာကပ်မယ်ဆိုရင်။ပလာစတာဆိုတာ အနာကပ် gauzeလေးတစ်ခုနဲ့ ကျုံ့ဆန့်လို့ရတဲ့ ကပ်ခွာလေးတွဲပေးထားတာဖြစ်လို့အသေးစားဒဏ်ရာအနာတရဖြစ်ရင် အလွယ်တကူဝယ်သုံးလို့ရပါတယ်။ အနာကပ်ပလာစတာတချို့ကရေစိုခံလည်းဖြစ်တာကြောင့် လှုပ်ရှားရအဆင်ပြေပြီး အနာကို ရောဂါပိုးတွေရန်က ဘေးကင်းစိတ်ချရစေပါတယ်။ အသုံးပြုတဲ့အခါ သတိထားသင့်တာက –။ပတ်တီးကို ဘယ်အတွက်သုံးကြသလဲ။ထိခိုက်ဒဏ်ရာကြီးမားတဲ့အခါ၊ အရိုးကျိုးအက်ခြင်း၊ အဆစ်အမြစ် ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးတို့မှာ ပတ်တီးစည်းကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အခါ များသောအားဖြင့် ဆေးရုံဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်းတွေက အနာကို နည်းစနစ်တကျ ဆေးထည့်ပတ်တီးစည်းပေးကြတာပါ။ နောက်ပိုင်းမှသာ အသစ်လဲတာမျိုးမှာ အိမ်မှာလုပ်ရတာများပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲ ပတ်တီးစည်းမယ်ဆိုရင် သိထားသင့်တာက –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%95%e1%80%9c%e1%80%ac%e1%80%85%e1%80%90%e1%80%ac%e1%80%94%e1%80%b2%e1%82%94-%e1%80%95%e1%80%90%e1%80%b9%e1%80%90%e1%80%ae%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c/
ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ (၁၄)ချက်
မြစ်ပွားနာလို့လည်း လူသိများတဲ့ ကင်ဆာရောဂါဟာ လူအားလုံးရဲ့ အိပ်မက်ဆိုးပါ။ ဒီဘက်ခေတ် ဆေးပညာက အံ့မခန်းတိုးတက်လာပါတယ်ဆိုတာတောင် ကင်ဆာရောဂါဟာ ဖြစ်ပြီဟေ့ဆိုရင် ပျောက်ကင်းအောင်ကုသဖို့ ခဲယဉ်းလှတဲ့ ရောဂါဖြစ်တာမို့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ တွေကို သိရှိထားဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒါမှသာ စာစောသိ၊စောစောကုနိုင်မှာပါ။ ဒီလိုဆိုရင်အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ပေါက်လိုက်ရတဲ့အဖြစ်မျိုးတွေ လျော့နည်းသွားပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။(၁) အရေပြားပြောင်းလဲမှုများ။သင့်အရေပြားမှာ အစက်သစ်လေးတခု ပေါ်လာတာ ဒါမှမဟုတ် နဂိုရှိပြီးသား အစက်အပြောက်တွေရဲ့ အရွယ်အစား၊ ပုံစံ၊ အရောင် စတဲ့အချက်တွေပြောင်းလဲလာတာဟာ အရေပြားကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ဒါကြောင့် သင့်ခန္ဓာကိုယ်မှာ ထူးထူးခြားခြားအမှတ်တွေ၊ အစက်အပြောက်တွေပေါ်လာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ဆရာဝန်အနေနဲ့ သင့်အရေပြားကို သေချာစွာကြည့်ရှုစစ်ဆေးမှာဖြစ်တဲ့အပြင် အသားစယူစစ်ဆေးခြင်း (ဘိုင်အိုဆီ)ကိုလည်း ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကင်ဆာဆဲလ်တွေ ရှိ၊ မရှိ သိနိုင်မှာပါ။(၂) ကာလတာရှည် ချောင်းတောက်လျှောက်ဆိုးနေခြင်း။ချောင်းဆိုးနေတဲ့ကာလက ပိုပိုတာရှည်လာမယ် ဒါမှမဟုတ် သွေးပါ ပါလာပြီဆိုရင်တော့ (အထူးသဖြင့် သင်ဟာ ဆေးလိပ်သမားဖြစ်နေရင်) ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ဒါဟာအဆုတ်ကင်ဆာရဲ့ လက္ခဏာတခု ဖြစ်နိုင်လို့ပါ။ဆရာဝန်အနေနဲ့ သင့်အဆုတ်ထဲက အကျိအချွဲတွေကို စစ်ဆေးခြင်း ဒါမှမဟုတ် ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း စတာတွေကို ပြုလုပ်ပြီး အဆုတ်ကင်ဆာဟုတ် မဟုတ်ဆုံးဖြတ်ပေးမှာပါ။(၃) ရင်သားအပြောင်းအလဲများ။ရင်သားအပြောင်းအလဲဖြစ်တိုင်း ကင်ဆာလို့တော့ တရားသေ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီလိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာပြီဆိုရင် သင့်ဆရာဝန်ကို အသိပေးပြီးစမ်းသပ်စစ်ဆေးခိုင်းရပါမယ်။ ရင်သားမှာ အဖုအကြိတ်တွေ ပါ်လာသလား၊ နို့သီးခေါင်းမှာအပြောင်းအလဲတွေ ဖြစ်လာသလား၊ နို့သီးခေါင်းကနေ သွေး/အရည်တွေထွက်လာသလား၊ နီရဲလာသလား ဒါမှမဟုတ် မာခေါက်ခေါက်ကြီး ဖြစ်လာသလား ဒါမှမဟုတ် ရင်သားနာကျင်လာသလား အစရှိတဲ့အချက်တွေကို ဆရာဝန်က စစ်ဆေးမေးမြန်းပါလိမ့်မယ်။ဆရာဝန်အနေနဲ့ သင့်ကိုစမ်းသပ်မယ့်အပြင် mammogram လို့ခေါ်တဲ့ ရင်သားဓာတ်မှန်ရိုက်ဖို့ သို့မဟုတ် MRI ခေါ်သံလိုက်ဓာတ်မှန်ရိုက်ဖို့ သို့မဟုတ် အသားစယူစစ်ဆေးခြင်း (ဘိုင်အိုဆီ)လုပ်ဖို့ကိုလည်း အကြံပြုပါလိမ့်မယ်။(၄) လေထလေပွခြင်း။သင်စားလိုက်တဲ့ အစားအစာတွေကြောင့် ဒါမှမဟုတ်စိတ်ဖိစီးမှုကြောင့် ရင်ထဲပြည့်အင့်ပြီး လေထလေပွနေတာမျိုးကို ခံစားရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုခံစားနေရတာဟာ အချိန်ကြာတဲ့အထိ သက်သာမလာဘူး ဒါမှမဟုတ် နွမ်းလျပင်ပန်းသလို ခံစားနေရမယ်၊ ကိုယ်အလေးချိန်ကျလာမယ်၊ နောက်ကျောတွေပါ နာကျင်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါပြီ။အမျိုးသမီးတွေမှာ လေပွလေထတာမျိုး တောက်လျှောက်ဖြစ်နေရင်တော့ ဒါဟာ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါလက္ခဏာရဲ့ ဇစ်မြစ်ကို သိရှိဖို့အတွက် သင့်ဆရာဝန်က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။(၅) ဆီးသွားတဲ့အခါ ပြဿနာများရှိခြင်း။အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တွေ့ကြုံခံစားလာရတတ်ပါတယ်။ ဥပမာ ဆီးခဏခဏ သွားရတာ၊ ဆီးမထိန်းနိုင်တာ၊ ဆီးလုံးသေးသွားတာစသဖြင့်ပေါ့။ယေဘုယျအားဖြင့်တော့ ဒီလက္ခဏာတွေဟာဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတွေ ဖြစ်လေ့ရှိပေမယ့် ဆီးကျိတ်ကင်ဆာကို ညွှန်ပြနေတဲ့ ရှေ့ပြေးနိမိတ်တွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်နဲ့ ပြသရမှာဖြစ်ပြီး PSA test လို့ခေါ်တဲ့ သွေးတွင်းဓာတ်တမျိုးစစ်ဆေးခြင်းကိုလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။(၆) အကျိတ်များ ရောင်ရမ်းခြင်း။သင့်လည်ပင်းမှာ၊ ချိုင်းကြားမှာ ဒါမှမဟုတ် ခန္ဓာကိုယ်တခြားနေရာတွေမှာ ပဲစေ့သဏ္ဍာန်အကျိတ်လေးတွေ ရှိပါတယ်။ ယေဘုယျအားဖြင့် အအေးမိတဲ့အချိန်၊ strepဘက်တီးရီးယားကြောင့် လည်ချောင်းနာချိန်တွေမှာ (ကူးစက်ပိုးဝင်ချိန်) အကျိတ်တွေ ရောင်လာလေ့ရှိပါတယ်။ဒါပေမယ့် လင်ဖိုးမား (lymphoma) နဲ့ လူကီးမီးယား(leukemia)တို့လို ကင်ဆာရောဂါတွေမှာလည်း အကျိတ်ရောင်လာတတ်ပါတယ်။ ဒါကြောင့်အကျိတ်ရောင်ရခြင်းအကြောင်းရင်းကို ဂဃနဏ သိရှိနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။(၇) ဆီး/ဝမ်းထဲသွေးပါခြင်း။သင်အိမ်သာတက်ပြီးချိန်မှာ အိမ်သာခွက်ထဲ သွေးတွေမြင်ရရင် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လိပ်ခေါင်းကြောင့် သွေးထွက်တာဖြစ်နိုင်သလို အူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာလည်း ဖြစ်နေနိုင်တဲ့အတွက်ပါ။ဆီးထဲသွေးပါတာကလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို ကျောက်ကပ်ကင်ဆာ သို့မဟုတ်ဆီးအိမ်ကင်ဆာကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။(၈) ဝှေးစေ့အပြောင်းအလဲများ။သင့်ဝှေးစေ့ထဲမှာ အလုံးစမ်းမိတယ်၊ ရောင်နေတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။ နာကျင်ခြင်းမရှိတဲ့ အလုံးအကြိတ်တွေဟာ ဝှေးစေ့ကင်ဆာရဲ့ အတွေ့ရအများဆုံး လက္ခဏာဖြစ်ပါတယ်။သင့်ဆရာဝန်ဟာ သင့်ဝှေးစေ့ကို ကိုင်တွယ်စမ်းသပ်မှာ ဖြစ်သလို ကင်ဆာလား သို့မဟုတ် တခြားပြဿနာတခုခုလားဆိုတာကိုသိရှိနိုင်ဖို့အတွက် ultrasound ရိုက်ဖို့ ညွှန်ကြားပါလိမ့်မယ်။(၉) အစာ/ရေ မျိုရခက်ခြင်း။သာမန်အအေးမိခြင်း၊ အစာချေရည်ပြန်တက်ခြင်း ဒါမှမဟုတ် အချို့သော ဆေးတွေကြောင့် အစာ/ရေမျိုရခက်တာမျိုးတွေ တခါတရံဖြစ်တတ်ပြီး ဒါဟာ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလက္ခဏာဟာအချိန်ကြာတဲ့အထိ ဆက်ရှိနေမယ် ဒါမှမဟုတ် ဆေးသောက်လို့လည်း မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။မျိုရခက်ခြင်းဟာ လည်ချောင်း သို့မဟုတ် အစာရေမျိုကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နေနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး bariumလို့ခေါ်တဲ့ ဆေးရည်တမျိုးမျိုချပြီး ရိုက်ရတဲ့ ဆေးဓာတ်မှန်ကိုလည်း ရိုက်ဖို့ ညွှန်ကြားပါလိမ့်မယ်။ (ဒီအရည်မျိုချခြင်းအားဖြင့် ဓါတ်မှန်ပုံရိပ်တွေဟာ ပိုမိုပြီးရှင်းရှင်းလင်းလင်း ပေါ်လာပါလိမ့်မယ်)။(၁၀) မိန်းမကိုယ်မှ မူမမှန် သွေးဆင်းခြင်း။ပုံမှန်ရာသီလာတာမျိုး မဟုတ်ဘဲ မိန်းမကိုယ်က သွေးဆင်းနေပြီဆိုရင် ဒါဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အလုံးတွေကြောင့် ဖြစ်နိုင်သလို အချို့သော သန္ဓေတားဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ပုံမှန်ဓမ္မတာလာရက်မဟုတ်တဲ့အချိန်မှာ သွေးဆင်းရင်၊ လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းရင်၊ သွေးနဲ့အကျိအချွဲတွေ ရောဆင်းရင်ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါပဲ။သင်ခံစားနေရတဲ့ မူမမှန်သွေးဆင်းခြင်းပြဿနာဟာ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် ယောနိကင်ဆာတို့ကြောင့် ဟုတ် မဟုတ်ကို စမ်းသပ်စစ်ဆေးပေးပါလိမ့်မယ်။ အကယ်၍ သင်ဟာ သွေးဆုံးပြီးမှ တခါသွေးပြန်ဆင်းတယ်ဆိုရင်လည်းဆရာဝန်ကို အသိပေးပါ။ ဒါဟာလည်း ပုံမှန်မဟုတ်တဲ့အတွက် အမြန်ဆုံး စစ်ဆေးစမ်းသပ်သင့်ပါတယ်။(၁၁) အာခံတွင်းဆိုင်ရာ ပြဿနာများ။ခံတွင်းအနံ့ဆိုးခြင်းကနေ ပါးစပ်အနာတွေအထိ သင့်အာခံတွင်းထဲမှာ ဖြစ်ပေါ်လေ့ရှိတဲ့ ပြဿနာတွေဟာ များသောအားဖြင့် မဆိုးရွားတတ်ပါဘူး။ ဒါပေမယ့် သင့်ပါးစပ်ထဲမှာ အဖြူရောင်၊ အနီရောင်အကွက်တွေ/အနာတွေ ရှိနေမယ်။ ပြီးတော့ နှစ်ပတ်သုံးပတ်လောက်ကြာတဲ့အထိလည်း မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ် (အထူးသဖြင့်သင်ဟာဆေးလိပ်သောက်တတ်ရင်ပေါ့)။ဘာကြောင့်လဲဆိုတော့ ဒါဟာ ခံတွင်းကင်ဆာရဲ့ လက္ခဏာဖြစ်နေနိုင်လို့ပါပဲ။ ပါးစပ်မှာ အလုံးအကျိတ်တွေ့ခြင်း၊ မေးရိုးလှုပ်ရှားရခက်ခြင်း၊ ပါးစပ်နာကျင်ခြင်းစတဲ့ လက္ခဏာတွေရှိနေရင်လည်း သတိပြုသင့်ပါတယ်။(၁၂) ကိုယ်အလေးချိန်ကျခြင်း။အစားအသောက်ပုံစံပြောင်းလဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေဟာ သင့်ခန္ဓာကိုယ်အလေးချိန်ကို ပြောင်းလဲစေသလို စိတ်ဖိစီးမှုများခြင်း၊ သိုင်းရွိုက်ဂလင်းပြဿနာရှိခြင်း စတဲ့အခြေအနေတွေကြောင့်လည်း ကိုယ်အလေးချိန်ကျဆင်းနိုင်ပါတယ်။ဒါပေမယ့် နေရင်းထိုင်ရင်း အချိန်တိုအတွင်းမှာ ဆယ်ပေါင်ထက်ပိုကျသွားတာကတော့ ပုံမှန်မဟုတ်ပါဘူး။ ဒါဟာ ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အဆုတ်ကင်ဆာ ဒါမှမဟုတ် အခြားသောကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်လာနိုင်ပါတယ်။(၁၃) အဖျားတာရှည်ခြင်း။ဖျားနာခြင်းဟာ လူတိုင်းတွေ့ကြုံခံစားတတ်ရတဲ့ အရာပါ။ သင့်ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ကူးစက်ရောဂါပိုးတွေကို တိုက်ထုတ်ချိန်တွေမှာလည်း သင့်အနေနဲ့ ဖျားနာခြင်းဝေဒနာကို ခံစားရတတ်သလို အချို့သော ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့်ကာလကြာမြင့်စွာ ဖျားနေမယ်ဆိုရင်တော့ ဒါဟာ သွေးကင်ဆာတွေဖြစ်တဲ့ လူကီးမီးယား သို့မဟုတ် လင်ဖိုးမားတို့ရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်နိုင်ပါတယ်။(၁၄) ရင်ပူခြင်း၊အစာမကြေခြင်း။ဒါမျိုးကို လူတိုင်းဖြစ်ဖူးကြပါတယ်။ အစားအသောက်ပုံစံမမှန်ခြင်း၊ စိတ်ဖိစီးမှုများခြင်းစတာတွေကြောင့် ဒီပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သင့်နေထိုင်မှုပုံစံကိုပြောင်းလိုက်တာတောင် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်နေတာ၊ ရင်ပူတာ ပျောက်မသွားသေးဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုလာပါပြီ။ ဒါတွေဟာ အစာအိမ်ကင်ဆာရဲ့ လက္ခဏာဖြစ်နေနိုင်လို့ပါ။အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာဆယ့်လေးချက်ကတော့ ကင်ဆာရောဂါတွေရဲ့(ဖြစ်နိုင်ဖွယ်) ရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေပေါ်လာတိုင်း ကင်ဆာဖြစ်နေပြီလို့ ဆိုလိုတာမဟုတ်ပေမယ့် သတိပြုစောင့်ကြည့်သင့်တယ်ဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/early-signs-of-cancer/
သင့်ကိုယ်ခန္ဓာမှ အဆီပိုများကိုဖယ်ရှားဖို့ နည်းလမ်းကောင်းများ
သင့်ကိုယ်ခန္ဓာမှာ အဆီပိုများ စုဝေးပြီး လှုပ်ရှားသွားလာရတာ လေးလံနေသလို ခံစားရပါသလား။ ဒီအဆီပိုတွေကို ဖယ်ရှားဖို့ အားထုတ်ပါ။ အဆီပိုများရှိနေခြင်းဟာ ကိုယ်ခန္ဓာရဲ့ အလှတရားကို ထိခိုက်စေတဲ့အပြင်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြထားတဲ့ အကြောင်းအရာတွေကတော့ ကိုယ်ခန္ဓာကနေ အဆီပိုတွေကို ဖယ်ရှားရာမှာ ဘယ်အချက်တွေကို လိုက်နာသင့်သလဲဆိုတာပါပဲ။ အောက်ပါအချက်အလက်တွေကို လေ့လာပြီး လိုက်နာဆောင်ရွက်ကြည့်ပါ။ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဟာ အာဟာရဖြစ်စေတဲ့အပြင် အဆီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။ ပရိုတင်းဟာ ခါးမှာ အဆီဓာတ်တွေစုဝေးနိုင်ခြေကို လျော့နည်းစေပါတယ်။ကယ်လ်လိုရီများကို လျော့ကျစေပြီး ကြွက်သားများတည်ဆောက်ရာမှာ အထောက်အကူပြုပါတယ်။ အသား၊ ပင်လယ်စာ၊ ပဲတောင့်ရှည်နှင့် ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ စတာတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။အိပ်ရာကို နည်းနည်းစောစောဝင်ပြီး ပုံမှန်ထက် အနည်းငယ်နောက်ကျပြီးမှ အိပ်ရာထခြင်းဟာ အဆီများလောင်ကျွမ်းပြီးကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ သုတေသနပြုချက်များအရ အိပ်ရေးဝခြင်းနဲ့ ကိုယ်အလေးချိန်လျော့နည်းခြင်းကြား ဆက်စပ်မှုရှိပါတယ်။ တဘက်မှာလည်း အိပ်ရေးမဝရင် ကိုယ်အလေးချိန်တိုးလာတတ်တာကို တွေ့ရပါတယ်။ အနည်းဆုံး ၇နာရီခန့် အိပ်စက်ဖို့ လိုပါတယ်။ နှစ်ခြိုက်စွာအိပ်စက်နိုင်အောင် ကော်ဖီလျှော့သောက်ပြီး မိုဘိုင်းလ်ဖုန်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ အသုံးပြုချိန်လျှော့ပါ။ရှာလကာရည်ဟာ ကျန်းမာရေးအတွက် အသုံးဝင်ပါတယ်။နှလုံးကျန်းမာရေးနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ဖို့ ရှာလကာရည်ကို နေ့စဉ်သုံးစွဲရင် အဆီများကိုလည်း လောင်ကျွမ်းစေပါတယ်။ နေ့စဉ် အစားအသောက်တွေမှာ ရှာလကာရည်ကို ထမင်းစားဇွန်း ၁-၂ဇွန်းခန့် ထည့်သွင်းစားသုံးခြင်းဟာ ကိုယ်အလေးချိန်၊ ခါးအဆီများကို လျော့နည်းစေပြီး ခါးဆိုဒ်ကိုလည်း ကျဆင်းစေပါတယ်။ ၁၂ပတ်လောက်တော့ ဆက်တိုက်သုံးစွဲပေးရပါတယ်။ ဗိုက်ပြည့်သလို ခံစားရစေပြီး ထမင်းများများစားခြင်းကို ကာကွယ်ပေးပါတယ်။ ရှာလကာရည်ကို ဒီအတိုင်းသောက်သုံးတာမဟုတ်ဘဲ အချဉ်ရည်အနေနဲ့ လုပ်စားဖို့ ဖြစ်ပါတယ်။သကြားဓာတ်များလွန်းတဲ့ အချိုရည်တွေအစား ကျန်းမာရေးအတွက် သင့်တော်မယ့် ဖျော်ရည်တွေကို အစားထိုးသုံးစွဲသင့်ပါတယ်။ အချိုရည်များနဲ့အရက်ဟာ ခါးမှာ အဆီများစုဝေးခြင်းနဲ့ ဆက်စပ်နေပါတယ်။ အရည်သောက်ထဲမှာတော့ ရေက အကောင်းဆုံးပါပဲ။ green tea မှာလည်း ကဖင်းဓာတ်ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ အဲဒီနှစ်မျိုးစလုံးဟာ အဆီများလောင်ကျွမ်းဖို့ အထောက်အကူပြုပါတယ်။အမျှင်ဓာတ်ဟာအူလမ်းကြောင်းထဲရောက်ရင် ရေကိုစုပ်ယူပြီးအစာခြေစနစ်အတွင်းမှာ ဖြည်းညင်းစွာ ရွေ့လျာပါတယ်။ သုတေသနတခုမှာ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကို ၁၀ ဂရမ်စီ စားသုံးသွားခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ အဆီများကိုစုဝေးခြင်းကို လျော့ကျစေပါတယ်။ဒါ့အပြင် အမျှင်ဓာတ်ဟာ ဗိုက်ကိုပြည့်စေပြီး ဆာလောင်မှုကို သက်သာစေပါတယ်။ တရက်ကိုအမျှင်ဓာတ်၁၄ ဂရမ်စားသုံးရင် ကယ်လိုရီစုပ်ယူခြင်းကို ၁၀ ရာခိုင်နှုန်းကျဆင်းစေပါတယ်။အဆင့်ဆင့်ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေဟာ ပေါင်မုန့်ဖြူ၊ ဆန်ဖြူ၊ ဆိုဒါ၊ ဘီစကစ် စတဲ့အစားအစာတွေမှာ ပါဝင်ပါတယ်။ စားလို့ကောင်းအောင် ဆန်၊ ဂျုံ စတာတွေနဲ့လုပ်ပြီး အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားတဲ့အပြင် အချိုဓာတ်လည်း များပါတယ်။ အမျှင်ဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ လျော့နည်းပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း တက်စေပါတယ်။ ဒါကြောင့် အဆိုပါအစားအစာတွေဟာ ခါးမှာ အဆီတွေ စုလာစေပါတယ်။အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေအစား မပြုပြင်ထားတဲ့ အစေ့အဆန်တွေ၊ ပေါင်မုန့်ညို၊ဆန်လုံးညိုစတာတွေကို စားသုံးသင့်ပါတယ်။အေရိုးဗစ် ဒါမှမဟုတ် ကာဒီယိုလေ့ကျင့်ခန်းများဟာ နှလုံးနဲ့ အဆုတ်ကို အားကောင်းစေတဲ့အပြင် အဆီများကို လောင်ကျွမ်းစေတဲ့လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ သုတေသနတွေအရ လူတိုင်းဟာ တပတ်ကို မိနစ် ၁၅၀ မှ ၃၀၀၊ ဒါမှမဟုတ် တရက်ကို မိနစ် ၂၀ မှ ၄၀ ခန့် ကာဒီယိုလေ့ကျင့်ခန်း ပြုလုပ်သင့်တယ်လို့ သိရပါတယ်။ ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စတာတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ အဆိုပါအခြေအနေမှာ ဖက်တီးအက်ဆစ်တွေကို ချေဖျက်ဖို့ အကူအညီပေးပါတယ်။ ဒါကြောင့် ကဖိန်းဓာတ်ဟာ အဆီများလောင်ကျွမ်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကဖိန်းဓာတ် ကောင်းကောင်းရအောင် နို့ဆီနဲ့သကြားကို လျှော့ပြီး ဖျော်စပ်ရမှာ ဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ အဆီကို ပိုလောင်ကျွမ်းဖို့ အားပေးတယ်ဆိုပေမယ့် ညအိပ်ချိန်နီးမှ သောက်သုံးမယ်ဆိုရင် ကောင်းကောင်းအိပ်မပျော်တဲ့အခါ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။သံဓာတ်ချို့တဲ့ခြင်းဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုကို လျော့ကျစေတာကြောင့် အဆီများချေဖက်မှုကို နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် သံဓာတ်နည်းရင် အားနည်းခြင်း၊ ပင်ပန်းခြင်း၊ အသက်ရှူမဝခြင်း စတာတွေ ခံစားရပြီး ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တော့ဘဲ ကိုယ်အလေးချိန်လည်း တက်လာနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသားငါး၊ ကြက်ဘဲ၊ပင်လယ်စာ၊ စိမ်းစိုသော ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး စတာတွေနဲ့ သံဓာတ်အားဖြည့်ထားတဲ့ အစေ့အဆန် ကောက်ပဲသီးနှံတွေ ဖြစ်ပါတယ်။……။ကိုယ်ခန္ဓာမှာရှိတဲ့ အဆီတွေကို လောင်ကျွမ်းစေပြီး ကြွက်သားတွေ ကျစ်လျစ်စေဖို့ဆိုရင် အစားအသောက်ကို စနစ်တကျရွေးချယ်စားသုံးရမယ့်အပြင် ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သိပ်ပြီး ရှုပ်ထွေးနက်နဲတဲ့ နည်းစနစ်တွေ မပါဝင်ပါဘူး။ ဇွဲရှိရှိနဲ့ စနစ်တကျ လိုက်နာလုပ်ဆောင်သွားဖို့ပဲ လိုပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/best-ways-to-burn-belly-fat/
အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ
ဓာတ်လိုက်စရာမရှိဘဲ သတ္တုပြားတွေ၊ စက်လှေခါး လက်ကိုင်တန်းတွေ၊ သတ္ထုတန်းတွေ၊မော်တော်ယာဉ်၊  ကိုယ်ထည်တွေ၊ ရေကူးကန် လက်ကိုင်တန်းတွေ၊ လက်ကိုင်ဘုတွေကို ကိုင်တွယ်ရင်းဓာတ်လိုက်သလို ကျဉ်ခနဲ ခံစားဖူးပါသလား။ ဒါဆိုရင် အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ ဆိုတာကိုရော သိပြီးပြီလား!။တကယ်လို့ အဲ့ဒီလို ကြုံခဲ့မယ်ဆိုရင် ဒီလိုဖြစ်စေတဲ့ အဓိက လက်သည်ဟာ တည်ငြိမ်လျှပ်စစ်ရဲ့ သက်ရောက်မှုကြောင့် (Effects of Static Electricity) ဆိုတာ သိထားဖို့လိုအပ်ပါတယ်။အရာဝတ္ထုတွေကို ထိကိုင်မိရင် ကျဉ်ခနဲ ခံစားရတာ ဘာကြောင့်လဲ ဆိုတော့ Static Shock ကြောင့်ပါ။ Static Shock ဟာ Electric Shock အမျိုးအစားတွေထဲက အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။Static Shock ဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့်တော့ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ ပြဿနာမျိုး မဟုတ်ပါဘူး။လျှပ်စစ်လှိုင်းတွေ ခုန်ကူးမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝအလျောက်ဓာတ်လိုက်မှုအသေးစား တစ်မျိုးပါ။ ဒါပေမယ့် ဘာမှမဖြစ်နိုင်ဘူးဆိုပြီး ပေါ့လျော့လို့တော့ မရပါဘူး။ တစ်ခါတစ်ရံ ပြင်းထန်တဲ့အခါမျိုးမှာထိခိုက်ဒဏ်ရာရတာမျိုးတွေ ဖြစ်နိုင်ခြေ အနည်းငယ် ရှိတာကြောင့်ပါ။ယေဘုယျအားဖြင့် လျှပ်စစ် (Electricity) မှာ တည်ငြိမ်လျှပ်စစ် (Static Electricity) နဲ့ ရွေ့လျားလျှပ်စစ် (Current Electricity or Dynamic Electricity) ဆိုပြီး ပုံစံ နှစ်မျိုးရှိပါတယ်။Static Electricity တစ်နေရာထဲမှာ တည်ငြိမ်ပြီး ပွားများစေတတ်တဲ့ သဘောဆောင်တဲ့ လျှပ်စစ်ဓာတ် တစ်မျိုးပါ။ တစ်နေရာထဲမှာ တည်ငြိမ်စွာ စုစည်းနေပြီး ရုတ်တရက် ပေါ်ထွက်လာတတ်တဲ့အတွက် အမှုမဲ့၊ အမှတ်မဲ့နဲ့ အန္တရာယ်ရှိတတ်တဲ့ လျှပ်စစ်ဓာတ်မျိုးပါ။ Static Shocks ကိုဖြစ်စေတဲ့ အရာလည်း ဖြစ်ပါတယ်။Static Electricity ဆိုတဲ့ တည်ငြိမ်လျှပ်စစ်တွေကို ဖြစ်စေတဲ့ အကြောင်းအရင်းက အရာဝတ္တုတွေ တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မှုကြောင့်ပါ။အရာဝတ္ထုတစ်ခုခုကို ပွတ်တိုက်ပြီး လက်နဲ့ကပ်ကြည့်ရင် လက်ကအမွေးလေးတွေ ထောင်လာတာတတ်တယ်မဟုတ်လား။ အဲ့ဒီသဘောပါပဲ။အရာဝတ္တုတွေပွတ်တိုက်ချိန်မှာ ထွက်ပေါ်လာတဲ့ Proton နဲ့ Electron တွေဟာ တစ်နေရာကနေ တစ်နေရာ၊ အခြားအရာဝတ္တုဆီကို ခုန်ကူးသွားကြပါတယ်။ ဒါကိုတော့ Electric Discharge ဖြစ်တယ်လို့ခေါ်ဆိုပါတယ်။ ဒီ Electric Discharge ကပဲ တစ်စုံတစ်ခုကို ထိမိလိုက်ချိန်တွေမှာ နာခနဲ ကျဉ်ခနဲ ဓာတ်လိုက်သလို ခံစားရစေတာပါ။နောက်ပြီး Static Shocks ဟာ သတ္ထုပစ္စည်းတွေကို ကိုင်တွယ်တာသာမက တစ်ခါတစ်ရံမှာ လူအချင်းချင်းကိုင်တွယ်ထိတွေ့ရင်လည်း ဖြစ်နိုင်ပါတယ်။လေ့လာချက်တွေအရဆိုရင် Static Shock ဟာ နေရောင်နဲ့လည်း တိုက်ရိုက်သက်ဆိုင်တတ်တာမို့ ညနေခင်းတွေနဲ့ ညဘက်တွေမှာဆိုရင် မဖြစ်ပေါ်တတ်ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအချိန်တွေမှာ လူမှာ နေရဲ့ စွမ်းအင် နည်းပါးနေတတ်တာကြောင့်ပါ။နောက်ပြီး အဝတ်အထည်၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတု အခြေအနေတွေပေါ် မူတည်ပြီးတော့လည်း ဖြစ်နိုင်ခြေရှိပါတယ်။ တချို့သော ရှားပါးတဲ့ အခြေအနေတွေမှာ သစ်သီးဝလံတွေနဲ့ ငွေကြေး၊ စက္ကူစတာတွေကနေတဆင့်လည်း Static Shock ရနိုင်ပါတယ်။အထက်မှာပြောခဲ့သလိုပဲ Static Shock ဟာ အန္တရာယ်မများပါဘူး။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်ဆိုရင်တော့ မကောင်းတဲ့ အကျိုးဆက် တချို့ရှိလာနိုင်ပါတယ်။ဒါပေမယ့် တစ်ခါတစ်ရံ ပြင်းထန်တတ်ပြီးတော့ အလွန်အမင်း နာကျင်တာ၊ သတိလစ်တာ၊ ဦးနှောက်ထိခိုက်တာ၊ စိတ်ဖိစီးတာ၊ ပူပင်စိတ်များတာ၊ စရိုက်လက္ခဏာပြောင်းတဲ့ စိတ်ဝေဒနာစွဲကပ်တာ၊ အသက်ရှူကြပ်တာ၊ ရင်ဘတ်အောင့်တာ၊ ပုံမှန်မဟုတ်တဲ့ နာကျင်မှုဝေဒနာခံစားရတာ နဲ့ Arachnoiditis ဆိုတဲ့ ခန္ဓာကိုယ်အပြင်းအထန်နာကျင်တဲ့ ရောဂါ စွဲကပ်တာတွေ ဖြစ်နိုင်ခြေရှိပါတယ်။ကိုယ်က မကြာခဏ Static Shock ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် မကြာခဏ မြေကြီးကိုခြေဗလာနဲ့ နင်းပေးပါ။ ၃ မိနစ်ကနေ ၅ မိနစ်ဝန်းကျင်အထိလောက်အချိန်ယူသင့်ပါတယ်။နောက်ပြီးအဝတ်အစားဝတ်ဆင်ရာမှာလည်း နိုင်လွန်ချည်ထည်လိုအသားမျိုး၊ သိုးမွေးလိုအသားမျိုးနဲ့ ဖန်တီးထားတဲ့ အဝတ်အထည်တွေကို ရှောင်ကြဉ်ပါ။အကြွေစေ့လို၊ သံထည်ပစ္စည်းလိုအရာလေးတွေ ဆောင်ထားပါ။ အကြွေစေ့လေးတချို့ ဆောင်ထားပါ။ ကိုယ့်ကို Static Shock ဖြစ်စေမယ်ထင်တဲ့နေရာတွေကို အရင် အကြွေစေ့လေးနဲ့ အရင် တို့ထိလိုက်ရင် Discharge က အကြွေစေ့ဆီကို ခုန်ကူးသွားမှာမို့ပါ။မော်တော်ယာဉ်အသုံးပြုသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ Static Shock ကနေတဆင့် Electric Discharge ဖြစ်ပြီး မော်တော်ယာဉ်မီးလောင်တာမျိုးအထိ ဖြစ်နိုင်တာကို သတိထားပါ။Static Shock ဟာ အလွန်အမင်း အန္တရာယ်များတဲ့ ပြဿနာတစ်ခု မဟုတ်ပေမယ့် သတိမမူရင်တော့ဘေးထွက်ဆိုးကျိုးတချို့ ကြုံရနိုင်တာမို့ သတိပြုသင့်တဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/electric-shock/
လိင်မှုဆိုင်ရာ ဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု
လိင်မှုဆိုင်ရာဆွဲဆောင်မှုနှင့် တိမ်းညွတ်မှု။လူတွေဟာကလေးဘဝကို ဖြတ်သန်းပြီးဆယ်ကျော်သက်ဘဝနဲ့ နောက်ပိုင်း ဖြစ်လာခဲ့အခါ သူတို့ရဲ့ ကိုယ်ခန္ဓါတွေဟာလည်းပြောင်းလဲတိုးတက်လာပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုတွေဟာလည်းဒီအတိုင်းပါပဲ။ဆယ်ကျော်သက်အရွယ်ဆိုတာပြောင်းလဲတတ်တဲ့ အရွယ်ပါပဲ။ဆယ်ကျော်သက်အရွယ်မှာပျိုဖော်ဝင်ချိန်ရဲ့ ဟော်မုန်းတွေ ခန္ဓါကိုယ်အပြောင်းအလွဲတွေဟာလိင်ပိုင်းဆိုင်ရာခံစားမှုတွေကို နှိုးဆွစေနိုင်ပါတယ်။ ဆန်းသစ်တဲ့ လိင်ပိုင်းဆိုင်ရာခံစားမှုတွေကိုတွေးတောတာ၊ တစ်ခါတစ်ရံစိတ်ပူပန်တာဟာအဖြစ်များတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ကိုယ်ဘယ်လိုလူလဲ၊ ဘာဖြစ်လာမှာဆိုတာနားလည်ဖို့အတွက် အချိန်ကြာတတ်ကြပါတယ်။ ကိုယ့်ရဲ့ ဆန်းသစ်တဲ့ လိင်မှုဆိုင်ရာခံစားချက်တွေကိုနဲ့ ကိုယ်ဘယ်သူ့ကို ကြိုက်နှစ်သက်လဲဆိုတာသေချာနားလည်ဖို့ဟာလည်းအထက်ဖေါ်ပြပါ အချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။လိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာဘာလဲ။လိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာအခြားသူတစ်ယောက်ထံစိတ်ခံစားမှုဆိုင်ရာ၊ စိတ်ကူးယဉ်ဆန်မှုဆိုင်ရာနဲ့လိင်ပိုင်းဆိုင်ရာဆွဲဆောင်ခြင်းခံရမှုကိုဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု အများအပြားရှိပါတယ်။ ဥပမာ။လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု ခံစားခြင်းမရှိပဲလိင်ကိစ္စလုံးဝစိတ်မဝင်စားသူများကိုတော့ Asexual လို့ ခေါ်ဆိုကြပါတယ်။ ဒီအမျိုးအစားဟာလိင်မှုကိစ္စကိုစိတ်မဝင်စားသော်ငြားအခြားသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာနီးကပ်မှု ရှိနိုင်ပါတယ်။ဆယ်ကျော်သက်အရွယ်မှာလူတွေဟာသူတို့ကိုယ်သူတို့ လိင်မှုဆိုင်ရာအတွေးတွေနဲ့ ဆွဲဆောင်မှုတွေအကြောင်းရှာဖွေတွေ့ရှိတတ်ပါတယ်။ တချို့သူတွေအတွက်ကတော့ ဒီအတွေးတွေ ခံစားမှုတွေဟာတစ်ခါတစ်လေစိတ်ရှုပ်စရာ ဖြစ်ပြီး ပြင်းထန်တတ်ကြပါတယ်။ အထူးသဖြင့် စိတ်ကူးယဉ်ဆန်တဲ့ လိင်မှုဆိုင်ရာအတွေးတွေကိုကိုယ်နဲ့ လိင်တူသူတစ်ယောက်ကိုတွေးတောမိပြီဆိုရင် ဒါဘာကိုဆိုလိုတာလဲလို့ သူတို့ စဉ်းစားရပါပြီ။ ငါဂေးများ ဖြစ်နေတာလား။လိင်တူစိတ်ဝင်စားခြင်းဟာဂေးလို့ အမြဲမဆိုလိုသလိုလိင်ကွဲစိတ်ဝင်စားခြင်းဟာလည်း straight လို့ အမြဲမဆိုလိုပါဘူး။ ဆယ်ကျော်သက်တွေမှာလိင်တူရောလိင်ကွဲကို ပါ လိင်မှုဆိုင်ရာအတွေးတွေးတောမိခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါဟာသင့်ရဲ့ လိင်မှုဆိုင်ရာအတွေးတွေကိုခွဲခြမ်းစိတ်ဖြာနေတာ ဖြစ်ပါတယ်။တချို့သောသူတွေကတော့ တွေးတောခြင်းကိုကျော်လွန်ပြီးလိင်တူနဲ့ရောလိင်ကွဲနဲ့ပါ လိင်ဆက်ဆံတတ်ကြပါတယ်။ ဒီအတွေ့အကြုံတွေကလည်းသင် ဂေးလား straight လားဆိုတာကိုအမြဲအဆုံးအဖြတ် မပေးပါဘူး။LGBT ဆိုတာဘာလဲ။လိင်မှုဆိုင်ရာတိမ်းညွတ်မှုတွေကိုဖေါ်ပြတဲ့ LGBT (သို့) LGBTQ ဆိုတဲ့ စကားလုံးတွေကို မြင်ဖူးပါလိမ့်မယ်။ ဒီအတိုကောက်တွေကတော့ lesbian, gay(ဂေး), bisexual, transgender (လိင်ပြောင်းထားသူ) နဲ့ Queer တို့ကိုဆိုလိုတာ ဖြစ်ပါတယ်။လိင်ပြောင်းလဲတယ်ဆိုတာလိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု မဟုတ်ပါဘူး။ ဒါဟာလိင်ပုံစံဖြစ်ပါတယ်။ လိင်ဆိုတာယောက်ျား၊ ဒါမှမဟုတ် မိန်းမကိုဆိုလိုတာဖြစ်ပါတယ်။ လိင်ပြောင်းလဲထားသူတွေမှာလိင်ပုံစံတစ်မျိုးရဲ့ ခန္ဓါကိုယ်ရှိနေပေမယ့် သူတို့ဟာဆန့်ကျင်ဘက်လိင်လို့ ခံစားနေရတာဖြစ်ပါတယ်။ သူတို့ဟာမှားယွင်းတဲ့ ခန္ဓါကိုယ်နဲ့ မွေးဖွားလာတာလို့ ခံစားကြရတာပါ။လိင်ပြောင်းလဲထားသူတွေကို “Straight” အုပ်စုထဲမဝင်တဲ့အတွက် lesbian နဲ့ ဂေးအုပ်စုထဲထည့်သွင်းလေ့ ရှိကြပါတယ်။လူတွေဟာသူတို့ရဲ့ လိင်မှုဆိုင်ရာတိမ်းညွှတ်မှုကိုရွေးချယ်လေ့ရှိကြပါသလား။ဘာလို့ လူတချို့က ဂေးဖြစ်ပြီးတချို့ကတော့ straight ဖြစ်ကြပါသလဲ။ ဒါနဲ့ ပတ်သတ်ပြီးရိုးရှင်းတဲ့ အဖြေမရှိပါဘူး။ American Academy of Pediatrics (AAP) နဲ့ American Psychological Association (APA) က ကျွမ်းကျင်သူတွေကတောင် လိင်မှုဆိုင်ရာတိမ်းညွတ်မှုဟာဇီဝဗေဒ၊ စိတ်ပညာနဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သတ်တဲ့ အချက်တွေ ရောထွေးနေခြင်းဖြစ်တယ်လို့ ပြောကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့လူတစ်ယောက်ရဲ့ ဗီဇနဲ့ ဟော်မုန်းတွေကအရေးကြီးတယ်လို့ ယူဆကြပါတယ်။ကျွမ်းကျင်သူတွေကလိင်မှုဆိုင်ရာတိမ်းညွတ်မှုဆိုတာလူတစ်ဦးတစ်ယောက်က ဆန္ဒအလျောက် ရွေးချယ်တဲ့ဟာမျိုးမဟုတ်ဘူးလို့ ယုံကြည်ကြပါတယ်။ ဒါဟာလူတစ်ယောက်ရဲ့ သူဘယ်သူဖြစ်တယ်ဆိုတဲ့ သဘာဝကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။LGBT ဖြစ်ခြင်းမှာဘာမှ မှားယွင်းခြင်းမရှိပါဘူး။ ဒါပေမယ့် ဒါကိုခုထိဘယ်သူမှ မယုံကြည်ကြပါဘူး။ ဒီလိုထင်မြင်ယူဆချက်တွေဟာဆယ်ကျော်သက် LGBT တွေအတွက် အရာရာခက်ခဲစေပါတယ်။ဆယ်ကျော်သက် LGBT ဖြစ်ခြင်းဟာဘယ်လိုနေပါသလဲ။LGBT လူအများစုအတွက်ကတော့ လူတိုင်းလူတိုင်းကိုသူတို့ကို Straight ဖြစ်ဖို့ မျှော်လင့်နေသလိုပါပဲ။ ဒါ့ကြောင့် ဂေးနဲ့ Lesbian ဆယ်ကျော်သက်တွေဟာသူတို့စတင်ပြီးစိတ်ကူးယဉ်ဖွယ် ခံစားမှုတွေ၊ ချိန်းဆိုမှုတွေ၊ လိင်ကိစ္စတွေ စတင်ပြောကြားလာတဲ့အခါ ဆန့်ကျင်ဘက်လိင်ကို ကြိုက်နှစ်သက်တဲ့ သူတို့ သူငယ်ချင်းတွေနဲ့ ကွဲပြားခြားနားနေသလိုခံစားရမှာပါ။၂၀၁၂ လူ့အခွင့်အရေးစစ်တမ်းတစ်ခုက ၉၂%သော LGBT ဆယ်ကျော်သက်တွေဟာ Lesbian, gay, bisexual, transgender တွေ ဖြစ်ခြင်းနဲ့ ပတ်သက်ပြီးမကောင်းတဲ့ အရာတွေ ကြားဖူးကြတယ်လို့ ဖေါ်ပြပါတယ်။LGBT ဆယ်ကျော်သက်တွေဟာသူတို့ရဲ့ အုပ်စု၊ မိသားစု၊ လူ့ပတ်ဝန်းကျင်မှာဝင်ဆံ့စေဖို့ သူတို့မခံစားရတာတွေကိုဟန်ဆောင်နေကြရပါတယ်။ သူတို့ဘယ်သူဆိုတာ ငြင်းဆန်နေရပြီးသူတို့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းကိုဖုံးကွယ်နေကြရပါတယ်လို့ ခံစားရကြပါတယ်။အခြေအမြစ်မရှိတဲ့ အစွဲအလမ်းတွေ၊ ငြင်းပယ်ခံရမှုတွေ၊ အနိုင်ကျင့်ခံရမှုတွေကြောင့် သူတို့ကိုထောက်ခံပေးကောင်းပေးနိုင်မယ့် မိသားစုနဲ့ သူငယ်ချင်းတွေထံကတောင် လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိကြပါတယ်။တချို့ ဂေး (သို့) Lesbian တွေဟာသူတို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းအချို့နဲ့ မိသားစုကိုတော့ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုအကြောင်းပြောပြတတ်ကြပါတယ်။ ဒါကိုပွင့်လာတယ်လို့ ခေါ်ပါတယ်။ ဒီလိုပွင့်လာတဲ့ LGBT ဆယ်ကျော်သက် အမြောက်အများဟာသူငယ်ချင်း၊ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ လုံးလုံးလက်ခံခြင်းကိုခံရကြပါတယ်။ လိင်တူ နှစ်သက်တာနဲ့ ပတ်သက်ပြီးသူတို့ကိုယ်သူတို့ စိတ်သက်သာရာရကြပါတယ်။ဒါပေမယ့် လူတိုင်းကတော့ ထောက်ခံပေးတဲ့ အသိုင်းအဝိုင်းကိုမရကြပါဘူး။ LGBT ဆယ်ကျော်သက်တွေကိုလက်ခံပေးမှု များပြားလာပေမယ့် တချို့လူငယ်တွေမှာသူတို့ရဲ့ လိင်မှုဆိုင်ရာတိမ်းညွတ်မှုအကြောင်းကိုပြောပြစရာလူမရှိပါဘူး။ တချို့တွေကတော့ လက်ခံမပေးနိုင်တဲ့ မိသားစုအသိုင်းအဝိုင်းမှာနေကြရပါတယ်။သူတို့ဘယ်သူဆိုတာအမြဲတမ်းဖုံးကွယ်နေရတဲ့သူတွေ (သို့) ခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်မှုတွေကိုကြောက်ရွံ့နေရတဲ့ လူတွေမှာစိတ်ရောဂါတွေဖြစ်တဲ့ စိုးရိမ်မှုနဲ့ စိတ်ကျမှုတွေ ခံစားရနိုင်ပါတယ်။ တချို့ နားလည်ပေးခြင်းမခံရတဲ့ LGBT ဆယ်ကျော်သက်တွေမှာကျောင်းထွက်နှုန်း၊ လမ်းပေါ်မှာနေထိုင်နှုန်း၊ အရက်၊ ဆေးသုံးစွဲနှုန်းနဲ့ မိမိကိုယ်ကိုထိခိုက်အောင် လုပ်နှုန်းပိုမိုများပြားပါတယ်။လူတိုင်းမှာကျောင်း၊ ကောလိပ်၊ အားကစား၊ သူငယ်ချင်း၊ ဝင်ဆံ့မှုစတဲ့ စိုးရိမ်နေရတဲ့ အချိန်တွေ ရှိစမြဲပါပဲ။ LGBT ဆယ်ကျော်သက်တွေမှာတော့ ဒီစိုးရိမ် စိတ်တွေသာမကသူတို့ဘယ်သူဆိုတာဖုံးကွယ်နေရတဲ့ အလွှာတစ်ထပ်ပါ ထပ်ပြီးရှိနေနိုင်ပါတယ်။ဒါဟာဂေးတိုင်းကိုတော့ မဆိုလိုပါဘူး။ ဂေးနဲ့ lesbian ဆယ်ကျော်သက် အတော်များများနဲ့ သူတို့ရဲ့ မိသားစုတွေမှာတခြားသူတွေထက်ပိုတဲ့ အခက်အခဲတွေ မရှိတော့ပါဘူး။စကားပြောဆိုခြင်းရဲ့ အရေးပါမှု။ဘယ်သူမဆိုလိင်ကိစ္စနဲ့ လူချင်းပတ်သက်ဆက်နွယ်မှုတွေအကြောင်းသင်ယူရတာခက်ခဲပါတယ်။ သင့် မိဘဖြစ်စေ၊ တခြားမိသားစုဝင်ဖြစ်စေ၊ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်စေ၊ မောင်နှမချင်း ဖြစ်စေ၊ ကျောင်းကဆွေးနွေးပေးသူဖြစ်စေ၊ တစ်ယောက်ယောက်နဲ့ ကြီးထွားလာတဲ့ ခံစားချက်တွေအကြောင်းပြောဆိုခြင်းဟာအကျိုးရှိပါတယ်။စကားပြောဆိုနိုင်မယ့် လူတစ်ယောက်ကိုရှာဖွေနိုင်ဖို့ကလည်းအမြဲမလွယ်ကူပါဘူး။ ဒါပေမယ့် လူအတော်များများဟာသူတို့ယုံကြည်တဲ့သူ (ဘယ်လိုတုံ့ပြန်မလဲမသေချာပေမယ့်)မှာယုံကြည်မှုထားရှိခြင်းဟာအပြုသဘောဆောင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။လူ့အသိုင်းအဝိုင်းအတော်များများမှာ LGBT တူညီတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်တွေအတွက်အချင်းချင်းစကားပြောဆိုနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါပြီ။ စိတ်ပညာရှင်၊ စိတ်ရောဂါကုဆရာဝန်၊ မိသားစုဆရာဝန်၊ လေ့ကျင့်ထားတဲ့ ဆွေးနွေးသူတွေဟာ ကြီးထွားလာတဲ့ လိင်စိတ်နဲ့ ပတ်သက်တဲ့ ခက်ခဲတဲ့ ခံစားမှုတွေကိုထိန်းချုပ်နိုင်စေဖို့ သီးသီးသန့်သန့် ကူညီနိုင်ပါတယ်။ သူတို့ဟာရွယ်တူအချင်းချင်း ကြားမှာရှိတဲ့ ဖိအား၊ အနှောင့်အယှက်ပေးမှုနဲ့ အနိုင်ကျင့်ခံရမှုတို့ကိုကျော်ဖြတ်ဖို့ နည်းလမ်းတွေကိုလည်းရှာဖွေပေးနိုင်ပါတယ်။သင်ဘယ်သူပဲဖြစ်နေပါစေ (gay, straight, bisexual) ခန္ဓါကိုယ်ပြောင်းလဲမှုတွေဟာပုံမှန်ရောဟုတ်ရဲ့လား၊ ဘယ်ကို ပြုမူနေထိုင်ရမလဲ၊ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုဘယ်လိုကာကွယ်ရမလဲအစရှိတဲ့ လိင်မှုဆိုင်ရာကျန်းမာရေးတွေနဲ့ ခန္ဓါကိုယ်ပိုင်းဆိုင်ရာရင့်ကျက်လာမှုတွေအတွက် မေးခွန်းတွေ ရှိနေမှာပါ။ ဆရာဝန်၊ ဆရာမ၊ ဆွေးနွေးသူ (သို့) အခြားဗဟုသုတရှိတဲ့ လူကြီးတွေနဲ့ ဒီပြဿနာတွေကိုဆွေးနွေးခြင်းဟာအရေးကြီးပါတယ်။ယုံကြည်မှုတွေဟာပြောင်းလဲနေပါပြီ။အမေရိကန်နဲ့ ကမ္ဘာတစ်လွှားကနေရာတွေမှာလိင်မှုဆိုင်ရာတိမ်းညွတ်မှုနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေဟာပြောင်းလဲနေပါပြီ။ ဂေးဖြစ်ခြင်းဟာအရင်တုံးကလောက် အရေးကြီးခွင်ကျယ် မဟုတ်တော့ပါဘူး။ ကွဲပြားခြားနားတဲ့ လိင်မှုဆိုင်ရာတိမ်းညွတ်မှုတွေကိုလူတိုင်းကလက်မခံသေးပေမယ့် လူ့အခွင့်အရေးဆိုင်ရာစစ်တမ်းတစ်ခုကတော့ LGBT ဆယ်ကျော်သက်အများစုဟာသူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးအကောင်းမြင်စိတ် ရှိကြတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac-%e1%80%86%e1%80%bd%e1%80%b2%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
လက်ဖက်စားရင် ရာသီရပ် တတ်သလား
လက်ဖက်စားလိုက်တာ ရာသီလာရင်း ရပ်သွားလို့တို့၊ လက်ဖက်စားလို့ ရာသီချုပ်သွားတယ်တို့ ပြောတာ ကြားဖူးမှာပါ။ လက်ဖက်စားရင် ရာသီရပ် တယ်ဆိုတာ တကယ်ပဲလား။ အမျိုးသမီးတွေက လက်ဖက်စားဖို့ မသင့်တော်ဘူးလား။ဆေးပညာမှာတော့လက်ဖက်နဲ့ ရာသီနဲ့က သက်ဆိုင်မှု မရှိပါ။ လက်ဖက်စားတာက ရာသီလာတာ၊ ရပ်တာကို ဖြစ်စေတာမျိုး မရှိပါဘူး။ လက်ဖက်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ရာသီက သူ့ဟာသူ လာနေမှာပါပဲ။မြန်မာနိုင်ငံမှာ လက်ဖက်မစားတဲ့ အမျိုးသမီးဆိုတာ မရှိသလောက်ပါလဲ။ တချို့အမျိုးသမီးများဆို ရာသီလာနေတာလည်း စားနေကြတာပါပဲ။ ဒါပေမယ့် သူတို့တွေ ရာသီမရပ်ကြပါဘူး။ဘာကြောင့်လဲ မသိပေမယ့် လူကြီးတွေက လက်ဖက်ကို ချုပ်စာလို့ ခေါ်ကြပါတယ်။ လက်ဖက်စားရင် လေချုပ် ဝမ်းချုပ်ဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ပါ။ ဒီအယူအဆကနေ ရာသီလာချိန် လက်ဖက်စားလိုက်ရင် သွေးချုပ်တတ်တယ်၊ ဆက်မဆင်းတော့ဘူးလို့ ယူဆကြတာ ဖြစ်နိုင်ပါတယ်။ဒါပေမယ့် တချို့တွေကလည်း “မဟုတ်ဘူး လက်ဖက်စားလိုက်တာ နောက်ရက်က ဆက်မလာတော့ဘူး”လို့ ပြောကြပါတယ်။ ဖြစ်နိုင်တာကတော့ လက်ဖက်စားတာက တိုက်ဆိုင်သွားပြီး တခြားအကြောင်းကြောင့် ရပ်သွားတာ ဖြစ်နိုင်ပါတယ်။ဥပမာ။ရာသီသွေးက နည်းလာသလို တစ်ညလုံး လှဲနေတာကြောင့် ဆင်းလာဖို့ ကြာနေတာပါ။ ဒါကို ရပ်သွားတယ်လို့ ထင်နေတာလည်း ရှိပါတယ်။လက်ဖက်စားတာက ရာသီကို မရပ်စေဘူးဆိုတော့ ရာသီလာနေတုန်း လက်ဖက်စားလို့ ရတယ်ပေါ့။ ဒါက ဒီလောက်လည်း မရိုးရှင်းပါဘူး။လက်ဖက်မှာ ပါတဲ့Tanninsတို့၊ ကဖင်းတို့ကသံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ရာသီလာနေချိန်ဆိုတာ သွေးဆင်းနေတာကြောင့် သံဓာတ်ဆုံးရှုံးမှု များနေတဲ့အချိန်မလား။ ဒီချိန်မှာ လက်ဖက်စားမယ်ဆိုရင် ကိုယ်နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်ပြီးသွေးအားနည်းတတ်ပါတယ်။ဒါကြောင့်ပဲ လူကြီးတွေက သွေးအားနည်းမှာစိုးလို့ ရာသီလာချိန်မှာ လက်ဖက်စားရင် ချုပ်တတ်တယ်ဆိုပြီး ခြောက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ရာသီလာချိန် လက်ဖက်စားရမလားဆိုရင် မစားတာ ဒါမှမဟုတ် စားချင်ရင်လည်း လျှော့စားတာက ပိုကောင်းပါတယ်။ ရာသီရပ်သွားမှာစိုးလို့ မဟုတ်ပါ။ ရာသီလည်း မရပ်ပါ။ လက်ဖက်က သံဓာတ်စုပ်ယူမှုကို တားနိုင်လို့ပါ။ အထူးသဖြင့် ထမင်း၊ ဟင်းနဲ့ တွဲစားတာမျိုး မလုပ်ဖို့ လိုပါတယ်။စားချင်တယ်ဆိုရင်လည်း လက်ဖက်လျှော့ပြီး အာသာပြေရုံ စားပါ။ ထမင်းစားချိန်နဲ့ ခွာစားပါ။ ရာသီလာချိန်မှာ လက်ဖက်သုပ်တင်မကပါဘူး။ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်တွေပါ လျှော့ဖို့ လိုပါတယ်။ သူတို့အားလုံးက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေလို့ပါ။# ရာသီလာမယ့်ရက်ကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/can-laphet-stop-menstruation/
ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့
ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ  ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး တချို့တွေမှာတော့ အထိမခံနိုင်အောင် နာနေနိုင်ပါတယ်။ဒါကိုCyclical breast painလို့ ခေါ်ပြီး တချို့အမျိုးသမီးတွေက ရင်သားနာနေပြီဆိုတာနဲ့ မကြာခင်ရက်တွေမှာ ရာသီလာတော့မယ်ဆိုတာကို ခန့်မှန်းနိုင်ကြပါတယ်။ ဒီလိုပြောလို့ ရာသီလာခါနီးတိုင်း ရင်သားနာမယ်လို့ မထင်လိုက်ပါနဲ့။ ရင်သားမနာဘဲ ရာသီပုံမှန်လာနေတဲ့သူတွေလည်း ရှိပါတယ်။ အဓိကက ကိုယ့်ရဲ့ ဟော်မုန်းအပြောင်းအလဲနဲ့ပဲ ဆိုင်ပါတယ်။များသောအားဖြင့် ရာသီလာခါနီး ရင်သားနာတာက ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး။ အများစုက ရာသီလာတာနဲ့ အလိုလိုသက်သာပြီး ရင်သားလည်း ပုံမှန်ဆိုဒ်ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ရင်သားနာလို့ နေရထိုင်ရခက်ရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။ရင်သားကြီးလာတဲ့အတွက် သာမန်အချိန်တွေမှာ ဝတ်တဲ့ ဘရာတွေဝတ်ရင် ရင်သားကို ညှစ်ထားသလိုဖြစ်လို့ ပိုနာနိုင်ပါတယ်။ ဘရာကြိုးတွေ၊ ချိတ်တွေကို လျှော့ပါ။ Sport braလိုမျိုး ရင်သားကို ပင့်တင်ပေးနိုင်တဲ့ ဘရာကို ဝတ်ဆင်ပါ။ ဒါမှမဟုတ် ရာသီလာခါနီးရက်တွေမှာ ဝတ်ဖို့ ဆိုဒ်ကြီးတဲ့ ဘရာအနည်းငယ်ဝယ်ထားပါ။ရာသီလာခါနီးချိန်မှာEvening primrose oil, ဗီတာမင် B6, ဗီတာမင် အီး စတာတွေကို သောက်ပေးတာကလည်း ရင်သားတင်းတာကို သက်သာစေပါတယ်။အားဆေးတွေ မသောက်ခင်မှာတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ဝနေရင် ရင်သားနာတာ ပိုခံစားရပါတယ်။ တချို့သူတွေမှာ ဝိတ်ချလိုက်ရုံနဲ့တင် ရင်သားနာတာ သက်သာသွားတာကို တွေ့ရပါတယ်။ ၂-၃ပေါင်လောက် ချရုံနဲ့တင်ကို သက်သာလာတာ ဖြစ်ပါတယ်။စိတ်ဖိစီးတဲ့အခါ ဟော်မုန်းအပြောင်းအလဲပိုဆိုးတာကြောင့် စိတ်ဖိစီးမှုလျှော့ချပါ။ ကိုယ်စိတ်သက်သာရာရစေမယ့် အလုပ်လေးတွေ လုပ်ပါ။ရာသီလာခါနီးအချိန်မှာ အစေ့အဆန်နဲ့ အသီးအရွက်များများစားပေးပါ။တချို့သော လေ့လာချက်တွေမှာ ကဖင်းတွေက ရာသီလာခါနီး ရင်သားနာတာကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရာသီလာခါနီးရက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်၊ ချောကလက်၊ အားဖြည့်အချိုရည်တွေကို ရှောင်ပါ။ခန္ဓာကိုယ်ကို ရေဖော ဖောစေမဲ့ အငန်များတဲ့ အစားအစာတွေ၊ အသင့်စားအစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။ အဆီပါတဲ့နိ့တွေနဲ့ အချိုတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။ရင်သားက ပုံမှန်ထက် ပိုကြီးပြီး ပိုတင်းနေတဲ့အတွက် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ခုန်ရတဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ၊ စက်ဘီးစီးတာတို့ လုပ်ပေးနိုင်ပါတယ်။ကြွက်သားတွေ နာသလိုပဲ ရင်သားနာတဲ့အခါ ရေခဲဝတ် ဒါမှမဟုတ်  ရေနွေးအိတ် ကပ်ပေးနိုင်ပါတယ်။ အသားမလောင်အောင်လို့ အဝတ်လေးနဲ့ ခံပြီးမှ ကပ်ပါ။ ကိုယ်ခံနိုင်ရုံ အပူချိန်ကိုပဲ အသုံးပြုပါ။ တစ်ခါကပ်ရင် မိနစ် ၂၀ထက် မပိုပါစေနဲ့။ ဒါ့ပြင် ရင်သားတွေ တင်းပြီး နေထိုင်ရခက်ရင် အကိုက်အခဲပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။ရာသီလာခါနီးလို့ ရင်သားနာတာက စိုးရိမ်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ နေ့စဉ်လုပ်နေကျ အလုပ်တွေ လုပ်လို့မရအောင် နာနေတာဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။ဒါ့ပြင်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/tips-for-cyclical-breast-pain/
Prebiotic နဲ့ Probiotic ဘာကွာလဲ
သားသမီးဆိုတာ ရတနာလေးတွေလို့ ပြောရင်မေမေတို့အပြည့်အဝထောက်ခံကြမှာပဲ။ မိဘတွေဆိုတာ ကိုယ့်ကလေးတွေ ကျန်းမာနေမှ၊ သူများနဲ့ယှဉ်ရင် အားပြည့် ဖွံ့ဖြိုးနေမှ၊ ထွားနေမှ ၊ ဉာဏ်ကောင်း ထက်မြက်နေမှာ ပျော်ရွှင်နိုင်တာမလား။ ဒီကလေးတွေရဲ့အနာဂတ်သာလျှင် ကိုယ့်ရဲ့ဘဝကြီး၊ ကိုယ့်ရဲ့ကမ္ဘာကြီး ပေါ့လေ။ကလေးတွေကို ဒီလိုပြည့်စုံစေဖို့ဆိုရင် မရှိမဖြစ်လိုအပ်တဲ့အာဟာရမျိုးစုံကို ရရှိနိုင်မှ ဖြစ်မှာကိုလည်း သိထားပြီးသား မဟုတ်လား။ ဒါပေမယ့် အဲဒီအာဟာရတွေကို မေမေတို့ ဘယ်လောက်ကျွေးကျွေး ကလေးရဲ့အစာခြေစနစ်(အစာအိမ်နဲ့အူလမ်းကြောင်း)က မကျန်းမာရင် ဘယ်လိုမှ မစုပ်ယူနိုင်၊ အသုံးမချနိုင်ပါဘူးနော်။Prebiotic ဆိုတာ စားချလိုက်တဲ့အခါ ချေဖျက်လို့မရတဲ့ အမျှင်ဓာတ်တစ်မျိုး ဖြစ်ပြီး အကျိုးပြုဘက်တီးရီးယား တွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ် ကျန်းမာရေး အတွက် တကယ်ကို ကောင်းပါတယ်။ သူ့ကို –။Probioticsဆိုတာက အစာခြေစနစ် (အထူးသဖြင့် အူမကြီး) ထဲမှာရှင်သန်နေပြီး အစာခြေစနစ် ကျန်းမာစေဖို့လုပ်ဆောင်ပေးပါတယ်။ အစားအစာတွေနဲ့ဖြည့်စွက်စာတွေမှာပါဝင်နေတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။Probiotic ပုံမှန်ရရှိတဲ့ ကလေးဟာ ကိုယ်ခံအားစနစ် ပိုအားကောင်းနိုင်ပါတယ်။ ကလေးရဲ့အစာအိမ်နဲ့အူလမ်းကြောင်းပိုကျန်းမာလာပြီး ရောဂါပိုးတွေကို ခုခံနိုင်စွမ်းပိုကောင်းလာပါလိမ့်မယ်။ အူတွင်းဘက်တီးရီးယားတွေ လုံလောက်တဲ့ပမာဏရှိနေတာက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ သူတို့က ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်မှာကလေးရဲ့ဦးနှောက်ကျန်းမာရေးကိုထောက်ပံ့ပေးတယ်။အစာကြေလွယ်စေပြီး ကလေးရဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ် ‌တွေကို အူလမ်းကြောင်းက အပြည့်အဝစုပ်ယူနိုင်ဖို့ ကူညီပေးတယ်။ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါတွေအပြင် အဖြစ်များတဲ့အသက်ရှူလမ်းကြောင်းပြဿနာတွေဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။Probiotics ကြွယ်ဝတဲ့ အစားအစာတွေကတော့ –။Prebiotic နဲ့ Probiotic ကြားက အရေးပါဆုံး ချိတ်ဆက်မှုကတော့ Prebiotic အမျှင်ဓာတ်တွေဟာအကျိုးပြုဘက်တီးရီးယားဖြစ်တဲ့ Probiotic အတွက် အားဖြည့်ပေးတဲ့အာဟာရ ဖြစ်နေတာပါပဲ။ဒါ့ကြောင့် မေမေတို့ရေ။သားသားမီးမီးတွေပျော်ပျော်ရွှင်ရွှင်နဲ့ ဖွံ့ဖြိုးနိုင်ဖို့ ဒီအာဟာရတွေကို အားဖြည့်ပေးဖို့ ဂရုစိုက်ပေးပါနော်။ ဒါမှ အစာခြေစနစ် ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးမှု တွေ၊ ထက်မြက်သွက်လက်မှုတွေ အတွက် အာဟာရဓာတ်အားလုံးကို ရယူနိုင်ပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/prebiotic-vs-probiotic/
နို့တိုက်မေမေတွေ သိချင်နေမယ့် ဖြစ်ပါ့မလား..... များစွာ
နို့တိုက်မေမေတွေမှာ မေးချင်နေမယ့် မေးခွန်းတွေက တစ်ခုမက အများကြီးရှိနေမယ်ဆိုတာ အသေအချာပါ။ ဘယ်လိုတွေနေထိုင်မှ ဘေဘီလေးကျန်းမာမလဲဆိုပြီး သိချင်နေတဲ့ မေးခွန်းလေးတွေရှိနေမယ်ဆိုတာက ပြောနေစရာတောင်မလိုအောင်ပါ။ ဒီမေးခွန်းလေးတွေကို အဖြေထုတ်ရခက်နေတယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော် မေမေတို့ရေ…..။နို့တိုက်နေရတယ်။အားဆေးသောက်လို့ ဖြစ်ပါ့မလား….။ရပါတယ်။ ဒါပေမယ့် ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသောက်ဖို့တော့ လိုမှာပေါ့။ အားဆေးလည်းသောက် အာဟာရလည်း ပြည့်ဝမျှတအောင်စားပေးတာက မေမေရောဘေဘီလေးကိုပါ ကျန်းမာစေနိုင်မှာပါ။ဖြည့်စွက်အားဆေးတွေစားလို့ဖြစ်ပါ့မလား……။စားလို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်က သောက်သုံးခဲ့တဲ့ ဖြည့်စွက်အားဆေးတွေကို ကလေးမွေးပြီး ၆ လကြာတဲ့အထိ သောက်သုံးပေးလို့ရပါတယ်။အသားအရေ၊ ဆံသား နဲ့လက်သည်းခြေသည်းတွေအတွက် ဗီတာမင်အားဆေးသောက်လို့ ဖြစ်ပါ့မလား…..။ဒါကတော့ မဖြစ်ဘူးလို့ပြောပါရစေ။  အကြောင်းကတော့ ဒီအားဆေးတွေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B အမျိုးအစားဖြစ်တဲ့ biotin ပါဝင်နေပါတယ်။ ဒီ biotin ပမာဏ အရမ်းများတာက ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။ရေများများသောက်လို့  ဖြစ်ပါ့မလား….။ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝမှုက လူတိုင်းအတွက်လိုအပ်သလို နို့တိုက်မေမေ အတွက် ပိုလိုအပ်ပါမယ်။ ရေကို ဆာတိုင်းသောက်ပေးပါ။ ဒါက မေမေ့ကို ရေဓာတ်ပြည့်ဝစေပြီး ဘေဘီလေးကို နို့ဝစေမှာပါ။ကယ်လ်လိုရီများများစားဖို့ လိုမလား……။နို့တိုက်နေရတယ်ဆိုတာနဲ့ ကယ်လ်လိုရီကို အများကြီးပိုစားဖို့တော့ မလိုပါဘူး။ တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၂၅၀၀ ကနေ ၃၀၀၀ လောက်စားပေးရင်ကို လုံလောက်တဲ့ ကယ်လ်လိုရီပမာဏကို ရပြီဖြစ်တာကြောင့် အများကြီးပိုစားဖို့ မလိုအပ်ပါဘူး။လက်ဖက်ရည်၊ကော်ဖီသောက်လို့ ဖြစ်ပါ့မလား…..။မဖြစ်ပါဘူး။ ကဖင်းက မေမေ့ကိုရော ဘေဘီလေးကိုပါထိခိုက်စေနိုင်တဲ့အချက်တွေက အများကြီးပါ။ ကလေးရဲ့အိပ်စက်မှုကစလို့  ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်၊ကော်ဖီ၊ လက်ဖက်သုပ်တို့ကို မစားတာအကောင်းဆုံးပါ။အယ်လ်ကိုဟောသောက်လို့ ဖြစ်ပါ့မလား……။မရပါဘူး။ အယ်လ်ကိုဟောက သွေးထဲမှာ အချိန်အတော်ကြာနေနိုင်တာကြောင့် ဘေဘီလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ဖွံ့ဖြိုးစ ဘေဘီလေးရဲ့အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးနို့မပြတ်မချင်း အယ်လ်ကိုဟောနဲ့ ကင်းကင်းနေပါတယ်။အချိုရည်သောက်လို့ ဖြစ်ပါ့မလား……။အချိုရည်တွေက နို့တိုက်မေမေရှောင်ရမယ့် အရာတွေထဲကတစ်ခုပါ။ အချိုရည်သောက်ချင်တယ်ဆိုရင် သစ်သီးတွေကို ဖျော်ပြီးသောက်ပေးတာ အကောင်းဆုံးပါ။ အချိုရည်တွေက ဘေဘီလေးရဲ့အစာခြေစနစ်အပေါ်သက်ရောက်မှုရှိနိုင်လို့ပါ။ဆံပင်ပြုပြင်မှုတွေလုပ်လို့ ဖြစ်ပါ့မလား…..။ဆံပင်ညှပ်တာကတော့ ရပေမယ့်၊ ဆံပင်ဆေးဆိုးတာ။ ဆံပင်ဖြောင့်တာ၊ ကောက်တာတွေတော့ မလုပ်သင့်ပါဘူး။ ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ဘေဘီလေးနဲ့ မသင့်တော်ပါဘူး။ရေမွှေးသုံးလို့ ဖြစ်ပါ့မလား……..။ရေမွှေးတွေက သဘာဝအနံ့တွေဆိုရင်တောင် ဓာတုပစ္စည်းပါဝင်နေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ မသုံးတာအကောင်းဆုံးပါ။ ရေမွှေးတင်မဟုတ်ပါဘူး ချိုင်းချွေးနံပျောက်ဆေးတွေကလည်း အဆင်မပြေပါဘူး။အပူအစပ်တွေစားလို့ ဖြစ်ပါ့မလား….။အူအစပ်မပါဘဲ အစားစားရတာ အဆင်မပြေရင်တောင် နို့တိုက်နေချိန်မှာ ဘေဘီလေးကို ငဲ့ပြီး မစားပါနဲ့။ ဘေဘီလေးကိုလေနာတာအပါအဝင် အစာခြစနစ် ပြဿနာတွေဖြစ်စေနိုင်လို့ပါ။ဒါကြောင့် နို့တိုက်မေမေတစ်ယောက်အနေနဲ့ ဒီအချက်လေးတွေကို သတိထားလို့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာပျော်ရွှင်နေစေဖို့ ဂရုစိုက်ကြဖို့ တိုက်တွန်းပါရစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/diet-for-a-healthy-breastfeeding-mum/
ရင်သားကင်ဆာနဲ့ပတ်သက်ပြီး သိကောင်းစရာ အချက်များစုစည်းမှု
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုး ဖြစ်ပြီး အဆုတ်ကင်ဆာပြီးရင် ဒုတိယ သေဆုံးမှု အများဆုံးကို ဖြစ်စေတဲ့ ကင်ဆာ တစ်မျိုးလည်းဖြစ်ပါတယ်။သို့ပေမဲ့ နောက်ပိုင်း ဆေးပညာတိုးတက်လာမှုကြောင့် ရင်သားကင်ဆာမှ ပျောက်ကင်းပြီး အသက်ရှင်နှုန်း သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ရင်သားကင်ဆာဖြစ်ရင် အမျိုးသမီးတွေရဲ့ သေဆုံးနိုင်ခြေဟာ ၃၇ ယောက်မှာ ၁ ယောက် (၂.၇ ရာခိုင်နှုန်း)ရှိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီး ၂၅၂၇၁၀ ယောက်က လာရောက်ကုသမှု ခံယူခဲ့ကြပြီး ဒီအထဲကမှ အမျိုးသမီး ၄၀၆၁၀ ဟာ သေဆုံးနိုင်ခြေ ရှိပါတယ်။အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုပေမဲ့ အမျိုးသမီးတွေလောက်တော့ အတွေ့ရမများပါဘူး။ အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်လေးကို ရှားပါးတဲ့ ကင်ဆာမျိုး ဖြစ်ပြီး ရင်သားကင်ဆာဖြစ်ပွားနေတဲ့ အမျိုးသား အများစုဟာ အသက် ၆၅ နှစ်ကျော် အရွယ်တွေ ဖြစ်ကြပါတယ်။ သို့ပေမဲ့ အသက် ၅ နှစ်ကနေ ၉၃ နှစ်အတွင်း အသက်အရွယ်ရှိတဲ့ ဘယ်လို အမျိုးသားမဆို ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေက အယောက် ၁၀၀၀ မှာ ၁ ယောက်သာ ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာအကြောင်းကိုသာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။သေဆုံးနိုင်ခြေကို လျှော့ချဖို့ အတွက် အရေးအကြီးဆုံးကတော့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေကို စောစောစီးစီးသိရှိနေဖို့ပါပဲ။ ဒါကြောင့် ယခု ဒီဆောင်းပါးလေးမှာတော့ ဒီလိုရင်သားကင်ဆာဖြစ်လာရင် ရောဂါ လက္ခဏာတွေကိုစောစောစီးစီး သိရှိပြီး သေဆုံးမှုများကို တားဆီးနိုင်ရန်အတွက် Hellosayarwon အမျိုးသမီး ပရိတ်သတ်ကြီး အတွက် ရင်သားကင်ဆာနဲ့ ပတ်သတ်ပြီး သိမှတ်ဖွယ်ရာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ရင်သားကင်ဆာရဲ့ ရောဂါ လက္ခဏာများ။ရင်သားကင်ဆာရဲ့ ပထမဆုံးတွေ့ရမယ့် ရောဂါလက္ခဏာကတော့ ရင်သားတစ်ဝိုက် တစ်ရှုးဧရိယာ တစချို့ ထူထဲလာတာကိုတွေ့ရမှာ ဖြစ်ပြီး ရင်သား သို့မဟုတ် ချိုင်းကြားထဲမှာ အဖုလေးတစ်ခု ကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ရင်သားကင်ဆာရဲ့ ရောဂါ လက္ခဏာတွေကို စောစောသိရလေ ပိုပြီးပျောက်ကင်းနိုင်ခြေ မြင့်မားလေးပါပဲ။ တစခြားတွေ့ရမယ့် ရောဂါ လက္ခဏာတွေကတော့-။ရင်သားပေါ်က အဖုတွေတိုင်းက ကင်ဆာအကျိတ်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုအဖုတွေ ဖြစ်လာရင်တော့ ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ သွားရောက်ပြသသင့်ပါတယ်။အဆင့်များ။ကင်ဆာကို ပုံမှန်အားဖြင့် အကျိတ်များရဲ့ အရွယ်အစား၊ Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှုးများနဲ့ တခြား ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းများသို့ ပျံနှံ့နေတဲ့ အဆင့်တွေ အပေါ် အခြေခံပြီး ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ရင်သားကင်ဆာကို အဆင့်သတ်မှတ်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိကြပေမဲ့ အသုံးများတဲ့ နည်းလမ်းတစ်ခုက ၀ ကနေ အဆင့် ၄ ထိ သတ်မှတ်တဲ့ နည်းလမ်းတစ်ခုပါ။ ဒီ အဆင့် ၄ ဆင့်ကိုပဲ အဆင့်အသေးတွေ ပြန်လည်ခွဲခြမ်းကြပါသေးတယ်။Stage 0။အဆင့် ၀ ဟာ Ductal carcinoma in situ (DCIS) ဆိုတဲ့ အန္တရာယ်မရှိတဲ့ ရင်သားကင်ဆာကို ပြောတာပါ။ ဒီအထဲက တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို ပြန်ရှင်းရရင် Ductal ဆိုတာ ဒီကင်ဆာက နို့ရည်ပြွန်တွေထဲမှာ စတင်ဖြစ်ပွားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ carcinoma ဆိုတာကတော့ ကင်ဆာကိုခေါ်တာ ဖြစ်ပါတယ်။ in situ ဆိုတာကတော့ လက်တင်ဘာသာစကားဖြစ်ပြီး သူ့ရဲ့ မူလဖြစ်တည်ရာနေရာတွင်လို့ အဓိပ္ပာယ်ရပါတယ်။ DCIS ဟာ နို့ပြွန်တွေကနေ ဘေးနားပတ်လည် ရင်သားတစ်ရှူးတွေကို မပျံ့နှံ့တဲ့ ကင်ဆာဖြစ်ပြီး အသက်အန္တရာယ်ကိုလည်း မထိခိုက်စေနိုင်ပါဘူး။ ဒါပေမဲ့ DCIS ကနေ နောက်ပိုင်း အန္တရာယ်ရှိတဲ့ ရင်သားကင်ဆာ ဖြစ်လာနိုင်ပါတယ်။Stage 1။ဒီအဆင့်မှာ ဆိုရင်တော့ အကျိတ်များဟာ အလျားအားဖြင့် ၂ စင်တီမီတာလောက်ရှိနေပြီး Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှူးများသို့ ပျံ့နှံ့ခြင်း မရှိသေးပါဘူး။Stage 2။အကျိတ်ဟာ ၂ စင်တီမီတာလောက်ရှိနေပြီး အနီးအနားရှိ တစ်ရှူးများသို့ စတင်ပျံ့နှံ့နေတဲ့ အချိန်ဖြစ်ပါတယ်။Stage 3။အကျိတ်ဟာ ၅ စင်တီမီတာ အရွယ်အစားလောက် အထိရှိလာပြီး သွေးဖြူဆဲလ်တစ်ရှူးများသို့ စတင်ပျံ့နှံ့နေတဲ့ အချိန်ဖြစ်ပါတယ်။Stage 4။ဒီအဆင့်မှာဆိုရင် ကင်ဆာဆဲလ်တွေက အရိုး၊ အသည်း၊ ဦးနှောက်နဲ့ အဆုတ်တို့လို့ အလှမ်းဝေးတဲ့ အင်္ဂါတွေ အထိပါ ပျံ့နှံ့သွားတဲ့ အချိန်ဖြစ်ပါတယ်။ဖြစ်ပွားရတဲ့ အကြောင်းရင်းများ။ဒီအပိုင်းလေးမှာတော့ ရင်သားကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို နံပါတ်စဉ်လိုက် တစ်ချက်ခြင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အပျိုဖော်ဝင်ပြီးနောက် အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားမှာ အဆီ၊ တွယ်ဆက် တစ်ရှုးများ၊ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်း ထောင်ပေါင်းများစွာနဲ့ နို့ရည်များကို ရင်သားထိပ်ခေါင်းစီသို့ သယ်ဆောင်ပေးတဲ့ ပြွန်လေးများစွာပါဝင်ပါတယ်။ကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ အဆပေါင်းများစွာ ထိန်းချုပ်လို့ မရနိုင်အောင် ကြီးထွားလာတာကို ခေါ်တာ ဖြစ်ပါတယ်။ ဆဲလ်တွေ အလွန်အကျွံကြီးထွားလာမယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာတွေကတော့ ပုံမှန် အားဖြင့် နို့ရည်သယ်ပြွန်အတွင်း လိုင်းအနားသတ်တွေ (သို့) နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းတွေကနေ စတင်တာ ဖြစ်ပြီး နောက်ပိုင်း ခန္ဓာကိုယ် အနှံ့ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ရောဂါ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းများ။ရင်သား ကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အဓိက အကြောင်းရင်းကိုတော့။အခု အချိန်ထိ မသိကြသေးပေမဲ့ ရင်သားကင်ဆာ ဖြစ်ပွားခြင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းရင်းတွေကတော့။၁။ အသက်အရွယ်။အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ပိုများလာပါတယ်။ အသက် ၂၀ အရွယ်မှာတော့ နောက်ဆယ်နှစ်အတွင်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေဟာ ဝ.၆ ရာခိုင်နှုန်းသာရှိပြီး အသက် ၇၀ အရွယ်မှာဆိုရင်တော့ ဒီရာခိုင်နှုန်းက ၃.၈၄ ရာခိုင်နှုန်း အထိ ထိုးတက်သွားပါတယ်။၂။ မျိုးရိုးဗီဇ။ကိုယ့်ရဲ့ ဆွေမျိုးတစ်ယောက်က ရင်သားကင်ဆာဖြစ်နေမယ်၊ ဖြစ်ခဲ့ဖူးမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်ပွားဖို့ အခွင့်အလမ်း ပိုများပါတယ်။ BRCA1 နဲ့ BRCA2 ဆိုတဲ့ မျိုးရိုးဗီဇ (ဂျင်းစ်) တွေ သယ်ဆောင်ထားတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ (သို့) မျိုးဥအိမ်ကင်ဆာ (သို့) ကင်ဆာရောဂါ ၂ ခုလုံး ဖြစ်ပွားနိုင်ခြေများပါတယ်။ BRCA1 နဲ့ BRCA2 ဆိုတဲ့ လူသားမျိုးရိုးဗီဇဆိုတာ အကျိတ်တွေကို တားဆီးပေးတဲ့ ပရိုတင်းတွေ ထုတ်လုပ်တဲ့ ဂျင်းစ် ၂ ခုဖြစ်ပါတယ်။ သူတို့ ထုတ်လုပ်လိုက်တဲ့ ပရိုတင်းတွေက ပျက်ဆီးနေတဲ့ DNA (Deoxyribonucleic acid ) ကိုပြင်ဆင်ပေးပြီး ဆဲလ်တွေရဲ့ မျိုးရိုးဗီဇတွေကို တည်ငြိမ်အောင်ပြုလုပ်ပေးပါတယ်။ ဒီ genes ၂ ခုထဲက တစ်ခုလောက် အလုပ်မလုပ်တော့တဲ့အခါ ပရိုတင်းတွေ မထုတ်လုပ်နိုင်တော့ဘဲ DNA (Deoxyribonucleic acid ) ပိုပျက်ဆီးလာပါတော့တယ်။ ဒီတော့ မျိုးရိုးဗီဇ ပြောင်းလဲပြီး နောက်ဆုံးမှာ ကင်ဆာရောဂါတွေ ဖြစ်ပွားလာနိုင်ပါတယ်။ TP53 လို့ခေါ်တဲ့ gene တစ်မျိုးကလည်း ရင်သားကင်ဆာဖြစ်ခြင်းနဲ့ ဆက်နွှယ်နေပါသေးတယ်။၃။ ဆေးမှတ်တမ်းတွင် ရင်သားကင်ဆာ၊ ရင်သားပေါ်တွင် အဖုများ ဖြစ်ဖူးခြင်း။ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးတဲ့သူတွေဟာ မဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် အကျိတ်တစ်မျိုးမျိုး ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တစ်မျိုးမျိုး ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေမှာလည်း ကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။၄။ ရင်သား တစ်ရှုးများ သိပ်သည်းလွန်းနေခြင်း။ရင်သားတစ်ရှုးများ သိပ်သည်းလွန်းနေတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ခံစားနိုင်ရခြေပိုမြင့်မားပါတယ်။၅။ အီစထရိုဂျင် ပမာဏနဲ့ နို့ချိုတိုက်ကျွေးရခြင်း။အီစထရိုဂျင်ပမာဏများနေမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေ မြင့်မားပါတယ်။ အီစထရိုဂျင် ပမာဏ မြင့်မားနေတဲ့ အချိန်တွေက ဘယ်လိုလဲဆိုတော့ သွေးဆုံးချိန် အဝင်ကာလက စောနေပြီး။သွေးတကယ်ဆုံးသွားတဲ့ အချိန်က နောက်ကျနေတဲ့ အချိန်တွေဖြစ်ပါတယ်။ ဒီလို အချိန်တွေမှာဆိုရင် အီစထရိုဂျင် ပမာဏက ခန္ဓါကိုယ်ထဲမှာ ပုံမှန်ထက် များနေတဲ့ အချိန် ဖြစ်ပါတယ်။ တစ်နှစ်ကျော်လောက် နို့ချိုတိုက်ကျွေးတဲ့ အချိန်မှာတော့ နို့ချိုတိုက်ကျွေးခြင်းကြောင့် အီစထရိုဂျင်ပမာဏက နည်းသွားနိုင်တဲ့ အတွက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။၆။ ခန္ဓါကိုယ် အလေးချိန်။အဝလွန်နေတဲ့ အမျိုးသမီးတွေနဲ့ သွေးဆုံးပြီးချိန် ကိုယ်အလေးချိန်တက်လာတဲ့ အမျိုးသမီးတွေမှာလည်း အီစထရိုဂျင် ပမာဏများနေတဲ့ အ တွက် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ သကြားဓါတ်စားသုံးခြင်းကလည်း ရင်သားကင်ဆာ ဖြစ်စေနိုင်ပါတယ်။၇။ အရက်သေစာ သောက်သုံးခြင်း။ပုံမှန်အရက်သောက်သုံးနေတဲ့ အမျိုးသမီးတွေမှာလည်း ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားပါတယ်။ လေ့လာချက်တွေအရတော့ တစ်နေ့ကို အရက် ဖန်ခွက် ၃ ခွက်ပုံမှန်သောက်သုံးနေတဲ့ အမျိုးသမီးတွေဟာ မသောက်သုံးတဲ့ အမျိုးသမီးတွေထက်။ကင်ဆာ ဖြစ်ပွားနိုင်ခြေ တစ်ဆခွဲခန့် ပိုများနေပါတယ်။၈။ ရေဒီယို ဓါတ်ရောင်ခြည်များနဲ့ ထိတွေ့ခံထားရခြင်း။ရင်သားကင်ဆာမဟုတ်ဘဲ တစ်ခြားသော ကင်ဆာရောဂါတွေကို ဓါတ်ရောင်ခြည် ကုသမှု ခံယူခဲ့တဲ့ အမျိုးသမီးတွေမှာလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများနေပါတယ်။၉။ ဟော်မုန်းအစားထိုး ကုသမှုများခံယူထားခြင်း။ဟော်မုန်းအစားထိုးကုသမှုများခံယူထားတဲ့ အချိန်သမီးတွေနဲ့ သန္ဓေတားဆေးတွေ သောက်သုံးထားတဲ့ အမျိုးသမီးတွေမှာလည်း အီစထရိုဂျင်ပမာဏ များနေတဲ့ အတွက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။၁၀။ အလုပ်အကိုင် အန္တရာယ်များ။ကင်ဆာဖြစ်စေသော အရာ( ကာဆီနိုဂျင်များ)၊ ခန္ဓါကိုယ်တွင်း ဂလင်းများကို နှောက်ယှက်နိုင်တဲ့ အရာများနဲ့ အလုပ်ခွင်မှာ ထိတွေ့နေရမယ်ဆိုရင် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေ ပိုမြင့်မားတယ်လို့ ၂၀၁၂ ခုနှစ်က လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဒါ့အပြင် ညဘက် အလုပ်လုပ်ရတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားနိုင်တယ်လို့ ၂၀၀၇ ခုနှစ်က လေ့လာချက်တစ်ခုမှာ ဆိုထားပေမဲ့ ဒီကောက်ချက်နဲ့ ပတ်သတ်ပြီး ထပ်ပြီးလေ့လာမှုတွေ လုပ်ဖို့ လိုအပ်နေပါသေးတယ်။အလှပြင်ပစ္စည်းများနဲ့ ရင်သားကင်ဆာ အန္တရာယ်။အလှပြင်ပစ္စည်းများကို ရင်သားထဲ ခွဲစိတ်ထည့်သွင်းထားတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာကြောင့် သေဆုံးနိုင်ခြေ မြင့်မားပြီး ဘာ အလှပြင်ပစ္စည်းမှ မထည့်ထားတဲ့ အမျိုးသမီးတွေ ထက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ၂၅ ရာခိုင်နှုန်း ပိုမြင့်မားနေတယ်လို့။သိရပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ ဒီလို အလှပြင် ပစ္စည်းတွေက ကင်ဆာဆဲလ်တွေကို စစ်ဆေးနေတဲ့ အချိန်မှာ ဖုံးထားပေးတဲ့ အတွက် ဖြစ်ပြီး ရင်သားတစ်ရှုးများကို ပြောင်းလဲပစ်နိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ရင်သားကင်ဆာ အမျိုးအစားများ။ရင်သားကင်ဆာတွေကို ခွဲခြားနိုင်တဲ့ (၂) မျိုးကတော့။Ductal carcinoma လို့ခေါ်တဲ့ နို့ရည်သယ် ပြွန်တွေမှာ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာ မျိုး ဖြစ်ပြီးအတွေ့ရများတဲ့ ကင်ဆာမျိုးလည်း ဖြစ်ပါတယ်။Lobular carcinoma လို့ခေါ်တဲ့ ရင်သားတစ်ရှုးတွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာဆိုတာ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းများနဲ့ နို့ရည်သည်ပြွန်များမှ စတင်ပြီး ကင်ဆာလ်ဆဲများက အနီးအနားရှိအင်္ဂါများထံ ကူးစက်သွားကာ ခန္ဓါကိုယ်ရဲ့ တစ်ခြားသော အင်္ဂါများထံ ကင်ဆာမျိုးကိုခေါ်တာ ဖြစ်ပါတယ်။မပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲများက ရင်သားတစ်ရှုးများမှာ ဖြစ်ပွားပြီး တစ်ခြား အင်္ဂါအစိတ်အပိုင်းများသို့ မကူးစက်တတ်တဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီဆဲလ်တွေက နောက်ပိုင်းမှာ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ရောဂါ စစ်ဆေးမှု နည်းလမ်းများ။အမျိုးသမီး အများစုကတော့ ရင်သားမှာ ရောဂါလက္ခဏာတွေ တွေ့ရှိလို့ ဆေးခန်း လာပြရာမှ ရင်သားကင်ဆာ ဖြစ်နေတယ်ဆိုတာကို သိကြရတာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကသိသိသာသာ မဖြစ်သေးဘဲ ရင်သားကင်ဆာ ဖြစ်နေသလားဆိုတာကို စစ်ဆေးချင်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေက ကူညီပေးပါလိမ့်မယ်။ရင်သား စစ်ဆေးမှု နည်းလမ်း။ဆရာဝန် အနေနဲ့ လူနာရဲ့ ရင်သားမှာ အကျိတ်၊ အဖုတွေနဲ့ တစ်ခြားသော ရောဂါလက္ခဏာတွေ ရှိမရှိဆိုတာ စစ်ဆေးမှာ ဖြစ်ပါတယ်။ပုံရိပ်ဖော် စစ်ဆေးမှုများ။mammogram ဆိုတဲ့ x-ray ပမာဏ နည်းနည်းနဲ့ ရင်သားအတွင်းက ပုံရိပ်တွေကို ပုံဖော်ပေးပေးတဲ့ စနစ်တစ်မျိုး ဖြစ်ပြီး အဖုအကျိတ်တွေနဲ့ တစ်ရှုးတွေ ပုံမှန်မဟုတ်တာကို ပြသပေးနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ mammogram ဟာ ကင်ဆာမဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ တစ်ရှုးဧရိယာတွေကိုပါ ပြသပေးတဲ့ အတွက် ဒီလိုမျိုး mammogram မှာ ကင်ဆာလို့ ထင်ရတဲ့ အဖုအကျိတ်တွေ တွေ့ပြီဆိုရင် နောက်ထပ်စစ်ဆေးမှုတွေကိုပါ ပြုလုပ်သင့်ပါတယ်။ultrasound (နှုန်းလွန်အသံလှိုင်း) စစ်ဆေးမှု။ဒီ စစ်ဆေးမှုတွေကတော့ တစ်ရှုးတွေလား၊ ပြည်တည်အိတ်လားဆိုတာကို ခွဲခြားပေးနိုင်ပါတယ်။MRI scan။MRI (Magnetic resonance imaging ) ဆိုတာကတော့ သံလိုက်စက်ကွင်းတွေနဲ့ ရေဒီယိုလှိုင်းတွေကို သုံးပြီး ခန္ဓါကိုယ်အတွင်းအင်္ဂါတွေနဲ့ ခန္ဓါကိုယ်အတွင်းက တစ်ရှုးတွေကို တိကျတဲ့ ပုံရိပ်များ အဖြစ်ပုံဖော်ပေးတဲ့ နည်းစနစ် တစ်မျိုးပါ။ တစ်ခါတစ်ရံမှာတော့ ပုံရိပ်များ ပြတ်ပြတ်သားသားပေါ်စေရန်အတွက် လူနာတွေရဲ့ အကြောအတွင်းသို့ အရည်တစ်မျိုးကို ထိုးသွင်းပေးပြီး MRI scan တွေကို ပြုလုပ်လေ့ရှိကြပါတယ်။အသားမျှင်တို့ကို ဓါတ်ခွဲ စစ်ဆေးခြင်း။ဓါတ်ခွဲခန်းတွင်း စစ်ဆေးရန်အတွက် တစ်ရှုးတွေကို ခွဲထုတ်ပြီး စစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ဒီဆဲလ်တွေက ကင်ဆာ ဖြစ်နေပြီလား၊ ဘယ်လို ကင်ဆာမျိုးလဲ၊ ဟော်မုန်းနဲ့ ဓါတ်တဲ့ရဲ့လားဆိုတာကို သိနိုင်ပါတယ်။ရင်သားကင်ဆာစစ်ဆေးမှုတွေက ကင်ဆာရဲ့အဆင့်ကို။အကျိတ်ရဲ့ အရွယ်အစား၊။ဘယ်နေရာ အထိ ပျံ့နှံ့နေပြီလဲ၊။ပျံ့ပွားနိုင်သလား၊ မပျံ့ပွားနိုင်ဘူးလား၊။ခန္ဓါကိုယ်ရဲ့ ဘယ်နေရာအထိ ရောက်နေပြီလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာစစ်ဆေးမှုတွေနဲ့ အဆင့်သတ်မှတ်မှုတွေက ရင်သားကင်ဆာကနေ ပျောက်ကင်းနိုင်ဖို့ အတွက် အရမ်းအရေးကြီးတဲ့ အရာတွေ ဖြစ်ပြီး ဘယ်လို ကုသမှုမျိုး ခံရယူရမလဲဆိုတာကိုပါ ဆုံးဖြတ်ပေးနိုင်ပါတယ်။ကုသမှု နည်းလမ်းများ။ဘယ်လို ရောဂါမျိုးမဆို ဖြစ်နေသလား ဆိုတာကို အရင်သိဖို့က အရမ်း အရေးကြီးပါတယ်။ အထူးသဖြင့် ကင်ဆာလို ရောဂါမျိုးမှာ ရောဂါ မရင့်သေးခင်မှာ ကုသနိုင်မယ်ဆိုရင် ပျောက်ကင်းနိုင်ခြေ များတဲ့ အတွက် စောစောသိပြီး စောစော ကုသဖို့ ကအကောင်းဆုံးပါပဲ။ ဒီအပိုင်းလေးမှာတော့ ရင်သားကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးသွားမှာပါ။ရင်သားကင်ဆာကို ဘယ်နည်းလမ်းနဲ့ ကုသမလဲဆိုတာက-။အဓိက ကုသမှုဆိုင်ရာ နည်းလမ်းတွေကတော့-။အထက်က ပြောခဲ့သလိုပဲ ဘယ်လို နည်းလမ်းနဲ့ ကုသမလဲဆိုတာ ကင်ဆာရဲ့ အဆင့်၊ ကျန်းမာရေး အခြေအနေနဲ့ လူနာရဲ့ အခြားသော အခြေအနေများအပေါ် မူတည်ပြီးဆုံးဖြတ်ရတာပါ။ခွဲစိတ်မှု။ခွဲစိတ်မှုလုပ်မယ်ဆိုရင် ရောဂါ စစ်ဆေးမှု ရလာဒ်မှ အခြေအနေနဲ့ လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်ရတာပါ။ ကုသနိုင်တဲ့ ခွဲစိတ်မှု အမျိုးအစားတွေကတော့။Lumpectomy။အကျိတ်နဲ့ အကျိတ်နားတစ်ဝိုက်က ကျန်းမာနေတဲ့ တစ်ရှုးများကို ပါ ဖယ်ရှားပေးတဲ့ နည်းလမ်း ဖြစ်ပြီး ဒီနည်းလမ်းက ကင်ဆာ ပျံ့ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အကျိတ်က သေးနေပြီး တစ်ခြားပတ်ဝန်းကျင် တစ်ရှုးတွေနားက နေ ခွဲထုတ်ပစ်ဖို့ လွယ်တယ်ဆိုရင် ဒီနည်းလမ်းကို သုံးလေ့ ရှိပါတယ်။Mastectomy (သားမြတ်ဖြတ်ထုတ်ခြင်း)။သားမြတ်ဖြတ်ထုတ်ခြင်းဆိုတာကတော့ နို့ရည်ထုတ်လုပ်ပေးတဲ့ ဂလင်းများ၊ နို့ရည်သယ်ပြွန်များ၊ ရင်သားခေါင်း၊ ရင်သားခေါင်းပါတ်ဝန်းကျင်က အနက်ရောင် အနားသားနဲ့ အရေပြားတစ်ချို့ကို ခွဲထုတ်ခြင်းကို ပြောတာပါ။ radical mastectomy ဆိုတဲ့ လုံးဝ အမြစ်ပြတ် ခွဲထုတ်ခြင်းဆိုတာကတော့ ရင်သား၊ ရင်ဘက်ပေါ်က ကြွက်သားတွေ နဲ့ ချိုင်းကြားအတွင်းက Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှုးများ ကိုပါ ဖယ်ရှားပစ်ခြင်းကိုခေါ်တာပါ။Sentinel node biopsy။Sentinel node biopsy ဆိုတာကတော့ ကင်ဆာအကျိတ်ကနေ သွေးဖြူကြောတွေကို ကျော်ပြီး ရောက်နေသလားဆိုတာကို ဆုံးဖြတ်တဲ့ ခွဲစိတ်မှု နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို ရင်သားကင်ဆာကို ဆုံးဖြတ်တဲ့ နေရာမှာ အသုံးပြုပါတယ်။ sentinel nodes ဆိုတာ ကင်ဆာကျိတ်ကနေ သွေးဖြူကြောတွေထဲ ပျံ့နှံစီးဆင်းရာမှာ ပထမဆုံး တွေ့ရတဲ့Lymph nodes လို့ခေါ်တဲ့ သွေးဖြူဆဲလ်တစ်ရှုးများ တွေဖြစ်ပါတယ်။ ဒီနည်းလမ်းကို လုပ်ရာမှာ ခွဲစိတ်ဆရာဝန်က ခြေရာခံအရည်တွေကို သွေးကြောတွင်းထိုးသွင်းပြီး sentinel nodes တွေကို ဆုံးဖြတ်ပါတယ်။ sentinel nodes တွေကို တွေ့ပြီဆိုရင် ခွဲထုတ်ပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးပါတယ်။ sentinel nodes တွေမှာ ကင်ဆာလ်ဆဲလ်တွေကို မတွေ့ရဘူးဆိုရင် ကင်ဆာက မပျံ့နှံ့နိုင်တဲ့ အတွက် တစ်ခြားသော သွေးဖြူဆဲလ်တစ်ရှုးများ များကို ခွဲထုတ်စရာမလိုပါဘူး။ တကယ်လို့ ကင်ဆာဆဲလ်တွေကို တွေ့ရမယ်ဆိုရင် ခွဲစိတ်ဆရာဝန်ကို တစ်ခြားသော သွေးဖြူဆဲလ်တစ်ရှုးများ များကိုပါ ခွဲထုတ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ ဒီလို ခွဲထုတ်လိုက်ခြင်း ဖြင့် သွေးဖြူကြော ပြွန်စနစ်မှ တစ်ခြား ခန္ဓါကိုယ် အစိတ်အပိုင်း တွေသို့ ပျံ့နှံ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။Axillary lymph node dissection (ချိုင်းကြားမှ သွေးဖြူတစ်ရှုးများကို ခွဲထုတ်ခြင်း)။ဒီနည်းလမ်းက အပေါ်က နည်းလမ်းနဲ့ ဆက်နွှယ်နေပါတယ်။ ဂိတ်စောင့် သွေးဖြူတစ်ရှုးလို့ခေါ်တဲ့။sentinel node တွေမှာ ကင်ဆဲလ်တွေ တွေ့နေရပြီဆိုရင် ခွဲစိတ်ဆရာဝန်က ချိုင်းကြားတွင်းရှိ သွေးဖြူ တစ်ရှုးများကိုပါ ခွဲထုတ်ပြီး ကင်ဆာ မပျံ့ပွားအောင် ထိန်းသိန်းပေးတဲ့ နည်းစနစ်ဖြစ်ပါတယ်။ပြန်လည် တည်ဆောင်ခြင်း။ရင်သားခွဲစိတ်မှု အပြီးမှာ ရင်သားကို တစ်ခြားသော ပုံမှန်ရင်သားများနဲ့ တူစေရန် ရင်သားပြန်လည်တည်ဆောက်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်ခြင်းကို သားမြတ်ဖြတ်ထုတ်ခြင်း အပြီးမှာ တစ်ခါတည်းလုပ်လိုက်တာပဲဖြစ်ဖြစ်၊ နောက်ပိုင်းမှ လုပ်တာပဲ ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်က ရင်သားမှာ ထည့်သွင်းဖို့အတွက် ခန္ဓါကိုယ်ရဲ့ တစ်ခြားသော နေရာက တစ်ရှုးတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ရေဒီယိုဓါတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation therapy)။အကျိတ်အတွင်းရှိ ကင်ဆာဆဲလ် များဖျက်ဆီးရန်အတွက် ထိန်းချုပ်ထားတဲ့ ရေဒီယို ဓါတ်ရောင်ခြည်နဲ့ကုသမှု နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကို ဓါတုကုထုံး၊ ခွဲစိတ်မှု နည်းလမ်းတွေနဲ့ တွဲသုံးလေ့ရှိပြီး ကင်ဆာဆဲလ် လက်ကျန်များကို သတ်ပစ်နိုင်ပါတယ်။ ရေဒီယို ဓါတ်ရောင်ခြည်ကုသမှုဟာ တစ်ချိန်ကို မိနစ်အနည်းငယ်ကြာမြင့်ပြီး လူနာအနေနဲ့ တစ်ပတ်ကို ၃ ခါကနေ ၅ ခါ အထိကို ၃ ပတ်မှ ၆ ပတ်အထိ ကုသမှု ခံယူဖို့လိုပါတယ်။ ကြာချိန်နဲ့ အရည်အတွက်ကတော့ ကင်ဆာပမာဏ အပေါ်မူတည်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစားပေါ်မူတည်ပြီး ဘယ်လို ဓါတ်ရောင်ခြည် ကုသမှု ခံယူမလဲဆို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ သွေးဖြူအရည်ကြည်များ တစ်ရှုးတွင်း စုမိခြင်းကြောင့် လက်၊ ခြေထောက်များ ရောင်ရမ်းခြင်း( lymphedema) ၊ ရင်သားအရေပြားမည်းလာခြင်းနဲ့ ရင်သားအရေပြားယားယံခြင်း တို့ ဖြစ်ပါတယ်။ဓါတုကုထုံး (Chemotherapy)။ဆဲလ်များကို အဆိပ်အတောက်ဖြစ်စေတဲ့ ဆေးဝါးများသုံးပြီး ကင်ဆာဆဲလ်များကို ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ အကျိတ်က အရမ်းကြီးနေပြီး ခွဲစိတ်မှု လုပ်မယ်ဆိုရင် ခွဲစိတ်မှုလုပ်ရာမှာ အကျိတ်ကို ဖယ်ရှားရ လွယ်ကူစေဖို့ ဓါတု ကုထုံးကို သုံးပြီး အကျိတ်ကို ရှုံ့သွားအောင် အရင်လုပ်လေ့ရှိပါတယ်။ ရင်သားကင်ဆာက တစ်ခြားသော ခန္ဓါကိုယ် အစိတ်အပိုင်းတွေ ထိပျံ့နှံ့သွားပြီဆိုရင်လည်း ရောဂါလက္ခဏာ သက်သာစေရန်အတွက် ဓါတု ကုထုံးကို ကုသလေ့ရှိကြပါတယ်။ အီစထရိုဂျင်တွေက ရင်သားကင်ဆာ ကြီးထွားလာခြင်းကို ဖြစ်စေနိုင်တဲ့ အတွက် အီစထရိုဂျင် ထုတ်လုပ်မှု နည်းပါးသွားစေရန်အတွက်လည်း ဒီနည်းလမ်းကိုသုံးလေ့ ရှိကြပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ပျို့အန်ခြင်း၊ မအီမသာ ဖြစ်ခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ အပင်ပန်းလွယ်ခြင်း၊ ပါးစပ်များ နာကျင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကူးစက်ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုမြင့်လားခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ဟော်မုန်းတားဆီးပြီး ကုသခြင်း။ဟော်မုန်းတားဆီးပြီး ကုသခြင်းဆိုတာက ဟော်မုန်းကို တုံ့ပြန်တဲ့ ရင်သားကင်ဆာတွေ ပြန်ဖြစ်ခြင်းကို တားဆီးရာမှာ အသုံးပြုပါတယ်။ ဒီ ရင်သားကင်ဆာတွေကို estrogen receptive (ER) positive နဲ့ progesterone ်receptor (PR) positive ကင်ဆာတွေလို့ခေါ်လေ့ရှိကြပါတယ်။ ရင်သားကင်ဆာ ၈၀ ရာခိုင်နှုန်းက estrogen receptive (ER) positive ကင်ဆာတွေ ဖြစ်ပြီး estrogen receptive (ER) positive ဆိုတာက အီစထရိုဂျင် ဟော်မုန်းကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားလာတဲ့ ကင်ဆာဆဲလ်တွေကို ဖြစ်ပါတယ်။ အထက်ပါ ၈၅ ရာခိုင်နှုန်းထဲက ၆၅ ရာခိုင်နှုန်း ကတော့ progesterone receptor (PR) positive လို့ခေါ်ပါတယ်။ ဒီကင်ဆာတွေကျတော့ ပရိုဂျက်စတီရုန်း ဟော်မုန်းကို တုံ့ပြန်ပြီး ကြီးထွားလာတာ ဖြစ်ပါတယ်။ခွဲစိတ်ပြီး၊ ဓါတုကုသမှု အပြီး၊ ရေဒီယို ဓါတ်ရောင်ခြည် ဖြင့် ကုသမှု အပြီးမှာတော့ ဟော်မုန်းတားဆီးပြီး ကုသခြင်းက အီစထရိုဂျင်ရဲ့ အကျိုးဆက်တွေကို တားဆီးပြီး ကင်ဆာ ပြန်မဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဟော်မုန်းတားဆီးပြီး ကုသခြင်းကို ခွဲစိတ်မှုတွေနဲ့ တွဲကာ ကုသလေ့ ရှိကြပေမဲ့ တစ်ခါတစ်ရံမှာတော့ ကင်ဆာကျိတ်ရှုံ့သွားစေရန် မခွဲစိတ်ခင် ကုသလေ့ရှိကြပါတယ်။ ဒါ့အပြင် ဒီနည်းလမ်းက ခွဲစိတ်ခြင်း၊ ဓါတု ကုထုံးနဲ့ ရေဒီယို ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်းကို ခံယူလို့ မရတဲ့ လူနာတွေ အတွက် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။ ကုသမှု ခံယူအပြီး ဟော်မုန်းကို တားဆီးပေးထားတဲ့ အာနိသင်တွေက ၅ နှစ်အထိ ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ဟော်မုန်းကို မတုံ့ပြန်တဲ့ ကင်ဆာတွေဆိုရင်တော့ ဒီနည်းလမ်းက ဘာမှ သက်ရောက်မှု မရှိပါဘူး။ ဟော်မုန်းတားဆီးပြီး ကုသခြင်းရဲ့ ဥပမာတွေကတော့-။ဘယ်လို ကင်ဆာမျိုးပဲ ဖြစ်ဖြစ် ကုသမှု ခံယူမယ်ဆိုရင် ဒီနည်းလမ်းတွေမှာ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ လူနာတွေ အနေနဲ့ ဒီလို ဘေးထွက်ဆိုးကျိုးတွေကို အနည်းဆုံး ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာနဲ့ ဘယ်လို ကုသမှုနည်းလမ်းကို ရွေးချယ်ရမလဲဆိုတာကို ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။နိဂုံး။အဆင့် ၀ နဲ့ အဆင့် ၁ ရင်သားကင်ဆာ ဖြစ်နေချိန်မှာ ကုသမှု ခံယူလိုက်နိုင်တဲ့ အမျိုးသမီးတွေဟာ နောက် ၅ နှစ်အထိ အသက်ရှင်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရှိပါတယ်။ ဒါပေမဲ့ အဆင့် ၄ ထိ ရောက်ပြီးမှ ကုသမှု ခံယူမယ်ဆိုရင်တော့ နောက် ၅ နှစ်အထိ အသက်ရှင်နိုင်ခြေက ၂၂ ရာခိုင်နှုန်းသာရှိပါတော့တယ်။ ဒါ့ကြောင့် ကင်ဆာ ရောဂါ လက္ခဏာတွေကို စောစောစီးစီး သိထားဖို့ က အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင်။ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန် ဆေးစစ်မှု လုပ်နေဖို့ အရေးကြီးပါတယ်။ ရင်သားကင်ဆာဖြစ်ပွားခြင်းကို သေချာပေါက်တားဆီးနိုင်မယ် နည်းလမ်းတွေကတော့ မရှိသေးပါဘူး။ ဒါပေမဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ရင်သားကင်ဆာနဲ့ တစ်ခြားကင်ဆာ ဖြစ်ပွားနိုင်ခြေတွေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်။ အဲ့ဒါတွေကတော့ အလွန်အကျွံအရက်သောက်ခြင်းကို ရှောင်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ် ဟင်းသီးဟင်းရွက်တွေကိုစားသုံးခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ body mass index (BMI) ကို ထိန်းသိန်းထားခြင်းတို့ ဖြစ်ပါတယ်။Body mass index (BMI) ဆိုတာကတော့ ခန္ဓါကိုယ်ရဲ့ အမြင့်နဲ့ အလေးချိန်ကို အခြေခံပြီး ခန္ဓါကိုယ် အဆီပမာဏကို တွက်တဲ့နည်းလမ်းဖြစ်ပါတယ်။ ခန္ဓါကိုယ်ရဲ့ Body mass index (BMI) ကို တွက်ချင်တယ်ဆိုရင်တော့ဒီမှာတွက်ချက်နိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/what-you-need-to-know-about-breast-cancer/
ရောဂါကာကွယ်ခုခံရာမှာ ပရိုတင်း၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေရဲ့ အခန်းကဏ္ဍ
နေကောင်းအောင် နေပါ၊ အားရှိတာ စားပါ၊ အားပြည့်အောင် နေပါ ဆိုတဲ့ စကားတွေက လူကို အပေါ်ယံသန်မာကြံ့ခိုင်နေဖို့ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ရောဂါဘယတွေခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်အောင်၊ ဝင်လာခဲ့ရင်တောင် ခန္ဓာကိုယ်က ပြန်ပြီး တိုက်ထုတ်နိုင်အောင် အဓိကကျတဲ့ကိုယ်ခံအားစနစ်ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ခန္ဓာကိုယ်ကျန်းမာဖို့ကိုယ်လက်လှုပ်ရှားမှုရှိဖို့၊ ဆေးလိပ်နဲ့အရက် ရှောင်ဖို့ တို့လို တခြားအချက်တွေ ရှိနေပေမယ့်လည်း တကယ်တမ်းက ကိုယ်စားတဲ့ အစားအသောက်နဲ့ ရရှိမယ့် အာဟာရက ထိပ်ဆုံးကအရေးပါနေတာ မမေ့လိုက်ပါနဲ့နော်။အဲဒီအစားအသောက်တွေကနေ တိုက်ရိုက်ရရှိမယ့် အာဟာရဓာတ်တွေကမှ သက်စောင့်ဓာတ်တွေလို ရောဂါကာကွယ်ခုခံနိုင်မယ့် စွမ်းအားတွေ ပေးနိုင်မှာလေ။ဒီဓာတ်တွေက ကိုယ်ခံအားစနစ်အတွက် ဘယ်လို အခန်းကဏ္ဍကနေ အရေးပါနေလဲဆိုတာ ဥပမာ ပေးပြီး ရှင်းပြပါဦးမယ် –။ပရိုတင်း။ပရိုတင်းဓာတ်က ခန္ဓာကိုယ်ထဲက တစ်ရှူးတွေ ဖွဲ့စည်းတည်ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ဖို့ အပြင် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို ခုခံနိုင်စွမ်းမှာလည်း အရေးပါတဲ့ဓာတ်ပါ။ ပဋိပစ္စည်းတွေနဲ့ ကိုယ်ခံအားဆဲလ်တွေလို ကိုယ်ခံအားစနစ်ရဲ့ အရင်းအမြစ်တွေကလည်း ပရိုတင်း နဲ့ အမိုင်နိုအက်ဆစ်တွေအပေါ် အားထားရပါတယ်။ဒါ့ကြောင့် နေ့စဉ် အစားအသောက်ထဲ ပရိုတင်း ခေါ် အသားဓာတ် ပါဝင်မှု နည်းနေခဲ့ရင် အားနည်းတာ၊ မောပန်းလွယ်တာ၊ ကိုယ်ခံအားနည်းတာတွေလို လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ဗီတာမင် C။ဗီတာမင် C နဲ့ ကိုယ်ခံအားစနစ် ဆိုတာ အတော်များများ တွဲသိကြပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ဗီတာမင်  C ကို အချဉ်သီးတွေကပဲ ရနိုင်မယ်လို့ မယူဆဖို့လိုပါတယ်။ အစိမ်းရောင်အရွက်တွေ၊ မာလကာသီး၊ စတော်ဘယ်ရီ၊ သင်္ဘောသီး၊ ပန်းငရုတ်ပွ စတဲ့ တခြားအရင်းအမြစ်တွေကနေလည်း ရနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်။ကိုယ်ခံအား ကောင်းစေဖို့၊ အအေးမိ၊ဖျားနာက အစ ရောဂါတော်တော်များများကို ကာကွယ်ဖို့ ဗီတာမင် C ကအရေးပါပါတယ်။ဗီတာမင် E။ဗီတာမင် E ကလည်း ဗီတာမင် C  လိုပဲ ကိုယ်ခံအားအတွက် အကျိုးပြုပေးတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် အပြည့်အဝရှိပါတယ်။ အရေပြားပြဿနာကစလို့ ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်မလာအောင် အထိရောက်ဆုံး တားဆီးပေးပါတယ်။ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်တို့ဟာ ဗီတာမင် E ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ဗီတာမင် A။ရောင်စုံ အသီးအနှံလေးတွေမှာ carotenoids  လို့ခေါ်တဲ့ ရောင်ခြယ်ဒြပ်ပေါင်း တွေ ကြွယ်ဝပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ သခွားမွှေး တို့လို အစားအစာတွေဆီက carotenoids တွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ ဗီတာမင် A အဖြစ်ပြောင်းလဲသွားတာပါ။ဗီတာမင် A က ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ထုတ်ပေးနိုင်အောင် ကူညီပေးတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြောင့် ကိုယ်ခံအားစနစ်ကို အားဖြည့်ထောက်ကူပေးနိုင်တာ ဖြစ်ပါတယ်။ဗီတာမင် D။ကိုယ်ခံအားအတွက် ဗီတာမင်တွေ အကြောင်းပြောတဲ့အခါ ဗီတာမင် D ကိုလည်း မေ့ထားလို့မရပါဘူး။ ဒီ နေရောင်ခြည်ကနေ အများဆုံးရရှိနိုင်တဲ့ ဗီတာမင် D ကို သဘာဝအစားအစာတွေကနေလည်း အနည်းငယ်ရရှိနိုင်ပါတယ်။ ဥပမာ -တူနာငါး၊ ကြက်ဥ အနှစ်တို့ လိုပေါ့။  လူတစ်ဦး နေ့စဉ်လိုအပ်တဲ့ vitamin D ပမာဏကို ရရှိချင်တယ်ဆိုရင်တော့ ဗီတာမင် D ထည့်ပေါင်းထားတဲ့ ဖြည့်စွက်အားဆေး၊ ဖြည့်စွက်အာဟာရတွေကို သုံးနိုင်ပါတယ်။ဖောလိတ်။ဖောလိတ် ဆိုတာ သဘာဝအသွင်ဖြစ်ပြီး ဖောလစ်အက်ဆစ်ကတော့ ခန္ဓာကိုယ်ထဲ ချက်လုပ်ပြောင်းလဲပြီး အသွင်ဖြစ်ပါတယ်။  အမြင်အာရုံ နဲ့ ဦးနှောက် ဖွံ့ဖြိုးစေဖို့ အားဖြည့်ပေးတဲ့ ဒီဓာတ်တွေက ကိုယ်ခံအားစနစ်အတွက်လည်း အရေးပါနေတာ ဖြစ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး  စတာတွေအပြင် ဖြည့်စွက်ထားတဲ့ အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။သံဓာတ်။ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေဆီ အောက်ဆီဂျင် ပို့လွှတ်ရာမှာ ကူညီပေးတဲ့ သံဓာတ်ဟာ အရေးကြီးဆုံး အာဟာရဓာတ်တွေထဲမှာ ရှေ့က ပါဝင်နေတာဖြစ်ပါတယ်။အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်မှာ သံဓာတ်နည်း၊ သွေးအားနည်းမှတော့ ကိုယ်ခံအားဘယ်ကောင်းနိုင်ပါတော့မလဲ။အသား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့ အပြင် သံဓာတ်ဖြည့်စွက် ထားတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ဆယ်လီနီယမ်။ကိုယ်ခံအားအပေါ်မှာ အာနိသင် သက်ရောက်မှုသိပ်ရှိတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ ရောဂါတော်တော်များ များ ကို  ကာကွယ် ပေးနိုင်သလို ကင်ဆာလို ရောဂါမျိုးတွေမှာတောင် ခန္ဓာကိုယ်ရဲ့လွန်ကဲတဲ့တုံ့ပြန်မှုတွေကို နှေးကွေးသွားအောင် ကူညီပေးနိုင်ပါတယ်။ သူ့ကိုတော့ ကြက်သွန်ဖြူ၊ ပန်းဂေါ်ဖီစိမ်း၊ ဆာဒင်း၊ တူနာငါးတွေကနေ ရရှိနိုင်ပါတယ်။ဇင့်။ခရု၊ ကမာ၊ ဂဏန်း၊ အဆီမပါတဲ့ အသား၊ ပဲအမျိုးမျိုး၊ ဒိန်ချဉ်၊ ကုလားပဲတို့ကနေ ရရှိနိုင်တဲ့ ဇင့်ဓာတ်ဟာလည်း ကိုယ်ခံအားအတွက် အရေးကြီးပါတယ်။ သူက ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးသလို နာကျင်မှု၊ ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးစေပါတယ်။ဒီလိုဓာတ်တွေကို ရရှိနိုင်ဖို့က အသား၊ငါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန် တွေကို ညီညွတ်မျှတအောင် စားတာက တစ်နည်း၊ ဒီဓာတ်တွေ ဖြည့်စွက်ထားတဲ့ ဖြည့်စွက်အာဟာရတွေကို သောက်သုံး၊ စားသုံးတာက တစ်ဖုံ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားမှ ကိုယ်ခံအားစနစ် ကျန်းမာပါလိမ့်မယ်။ ရောဂါပိုးတွေနဲ့ ကင်းဝေးနိုင်ဖို့ ကိုယ်ခံအားစနစ်လေးကို ဂရုစိုက် စောင့်ရှောက်ကြပါလို့ သတိပေးလိုက်ရပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/eat-these-foods-to-boost-your-immune-system/
ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့
ပထမဆုံးအနေနဲ့ သင်ကိုယ်တိုင်ကကျန်းမာရေးဗဟုသုတနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါလိမ့်မယ်။ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် ဒါမှမဟုတ်  အခြေခံကျန်းမာရေးတက္ကသိုလ်စတဲ့ ဆေးပညာနဲ့ နှီးနွယ် တဲ့ တက္ကသိုလ်တစ်ခုခုကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက် ဖြစ်စရာမလိုအပ်ပါဘူး။ အထက်ပါ တက္ကသိုလ်တွေကနေ ပညာသင်ကြားခဲ့ဖူးသူ တစ်ယောက်မဟုတ်ပါဘဲနဲ့ မှန်ကန်တဲ့ကျန်းမာရေး အသိပညာတွေနဲ့ ကြွယ်ဝနေသူတစ်ယောက် ဖြစ်နိုင်ပါသေးတယ်။(၁)     Helloဆရာဝန် ဝက်ဘ်ဆိုက်လိုမျိုးကျန်းမာရေးဆောင်းပါးတွေတင်ပေးနေတဲ့လူမှုကွန်ယက်စာမျက်နှာတွေကိုရွေးချယ်ဖတ်ရှုပါ။Hello ဆရာဝန် တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ယုံကြည်ရနိုင်ပြီး မှန်ကန်တဲ့ ဗဟုသုတတွေ တင်ပေးနေတဲ့ ဘယ်လိုစာမျက်နှာမဆို ဖတ်ရှုနိုင်ပါတယ်။ ဖတ်ရှုခြင်းအားဖြင့် ကျန်းမာရေးပြဿနာ အမျိုးအစားအများကြီးကို သိရှိနားလည်နိုင်သွားမှာပါ။ ရောဂါတွေနဲ့ ဆောင်ရန် ရှောင်ရန် တွေကို နားလည်တဲ့အခါ ရောဂါဆိုးတွေ ဖြစ်မလာအောင်လည်း ကြိုတင်ကာကွယ်နိုင်မှာပါ။(၂)ရုပ်မြင်သံကြား(တီဗွီ)ကကျန်းမာရေးအစီအစဉ်တွေကိုအခါအားလျော်စွာ ထုတ်လွှင့်တတ် ပါတယ်။  အခုလိုCOVID – 19ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေစဉ် အခြေအနေမှာဆိုလျှင် ပိုလို့တောင် လွှင့်တတ်ပါတယ်။ (ဥပမာ- လက်ကို ဘယ်လို စနစ်တကျ ဆေးသင့်သလဲကို ဖော်ပြဖို့ရန် သရုပ်ပြလက်ဆေးပြတာမျိုး၊ ရောဂါ ဘယ်လိုကူးစက်နိုင်သလဲဆိုတာကို ရုပ်ပုံလေးတွေနဲ့ ရိုက်ပြတာမျိုး)စတဲ့ အစီအစဉ်တွေကိုကြည့်ခြင်းအားဖြင့်ကျန်းမာရေးဗဟုသုတတွေဟာကျယ်ကျယ်ပြန့်ပြန့်နဲ့သင့်အသိဉာဏ်ထဲကိုရောက်ရှိလာမှာပါ။(၃)‘လက်ကိုခဏခဏဆေးပါ။လူစုလူဝေးရှောင်ရှားပါ။ နှာစေးချောင်းဆိုးရင် အုပ်ထားပါ’ အထက်ပါ သီချင်းကို ဒီလိုကာလမှာ မကြာခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီလိုမျိုး ကျန်းမာရေး အသိပညာပေးသီချင်းလေးတွေ ရှိပါတယ်။ ဒီလိုသီချင်းတွေကို ကြားတိုင်းကြားတိုင်း သီချင်းထဲမှာပါတဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့အချက်အလက်လေးတွေကို လိုက်လံမှတ်သားသင့်ပါတယ်။(၄)နောက်ဆုံးပေါ်သတင်းအချက်အလက်တွေကို သိထားပါ။တီဗွီမှာလာတဲ့ သတင်းအစီအစဉ်များ၊ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွေမှာပါတဲ့ သတင်းတွေ၊ ဂျာနယ်၊ သတင်းစာအစရှိတဲ့ နေရာတွေကနေ နောက်ဆုံးပေါ် ကျန်းမာရေးသတင်းတွေ သိထားသင့်ပါတယ်။ အခုဆိုရင် ‘ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန” (MOHS) မှ နေ့စဉ် ထုတ်ပြန်တဲ့ COVID – 19 လူနာစာရင်းကို သိရှိထားခြင်းဖြင့် ဒီရောဂါဆိုးကြီးကို သတိထားကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ မိမိသိရှိထားတဲ့ သတင်းအချက်အလက်ကို မိမိရပ်ကွက်ပတ်ဝန်းကျင်ကပါ ထပ်ဆင့်သိရှိသွားအောင် ပြုလုပ်ပါ။ ဒါမှသာ ဘယ်ဒေသမှာ ဘယ်လိုရောဂါတွေ ဖြစ်ပွားနေပြီဆိုတာကို သိရှိပြီး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။(၅)တီဗီအစီအစဉ်တွေမှာလာတဲ့ ရုပ်ရှင်တွေ၊ ဇာတ်ကားတွေကိုပဲ တစိုက်မတ်မတ် ကြည့်မနေသင့်ပါဘူး။ရုပ်သံအစီအစဉ်တွေမှာ ‘Health talk’ ကျန်းမာရေးဆွေးနွေးပွဲ အစီအစဉ်တွေကိုလည်း ထုတ်လွှင့်ပေးလျက်ရှိပါတယ်။ ဒီလို အစီအစဉ်တွေမှာ ကျန်းမာရေးပညာရှင်တွေဖြစ်တဲ့ ဆရာဝန်၊ ကျန်းမာရေးမှူးတွေ ပါဝင်ဆွေးနွေးတတ်ပါတယ်။ ‘Health Talk’အစီအစဉ်တွေကိုလည်းအခါအားလျော်စွာကြည့်ရှုပေးသင့်ပါတယ်။ဖေ့စ်ဘုတ်မှာဆိုရင်လည်း‘Live’တိုက်ရိုက်ဆွေးနွေးထုတ်လွှင့်တဲ့ကျန်းမာရေးအစီအစဉ်တွေကိုကြည့်ရှုသင့်ပါတယ်။(၆)မီးသတ်ဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်တဲ့ကျန်းမာရေးအသိပညာပေး မော်တော်ယာဉ်တွေဟာလော်စပီကာ၊ အော်လံ အသုံးပြုကာ လူထုအကြား အသိပညာတွေကို ဖြန့်ဖြူး တတ်ပါတယ်။ Covid-19 ကာလမှာဆိုရင် မကြာမကြာ ကြားရတတ်ပါတယ်။ ကားဘေးမှာလည်း အသိပညာပေး ပိုစတာတွေ ချိတ်ဆွဲထားတတ်ပါတယ်။အာရုံစိုက်လို့လိုက်နားထောင်သင့်ပါတယ်။(၇)ကားမောင်းရင်း၊ ကားစီးရင်းဖြစ်စေ၊ အိမ်မှာ မျက်လုံးအနားပေးကာ နေ့စဉ်အချိန်မှာဖြစ်စေ “FM” radio ကို ဖွင့်ထားနိုင်ပါတယ်။“FM” radioမှာတော့ရောဂါနဲ့ဆိုင်တဲ့နောက်ဆုံးရ သတင်းတွေအပြင်၊ကျန်းမာရေးအသိပညာတွေကိုပါထုတ်လွှင့်တတ်တာမို့နားထောင်သင့်ပါတယ်နော်။(၈)ရပ်ကွက်ကစီစဉ်ကျင်းပပေးတဲ့ကျန်းမာရေးဟောပြောပွဲတွေကိုတက်ရောက်ပေးပါ။COVID – 19 ကာလမှာရယ်လို့ မဆိုလိုပါ။ ကျန်းမာရေးဟောပြောပွဲတွေမှာ တတ်ကျွမ်းနားလည်တဲ့ကျန်းမာရေးဝန်ထမ်းတွေက လာရောက်ဟောပြောတတ်တာမို့ မှန်ကန်တဲ့အသိပညာတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ အချိန်ပေးပြီး တက်ရောက်ပေးပါ။(၉)နာမကျန်းဖြစ်လို့ဆေးခန်းသွားပြရင်ဖြစ်စေ(သို့မဟုတ်)မိမိအသိမိတ်ဆွေတွေထဲမှာဆရာဝန်၊သူနာပြုဆရာမနဲ့ကျန်းမာရေးမှူးတွေရှိနေခဲ့ရင်ဖြစ်စေအခွင့်အရေးကြုံလာတဲ့အခါကျန်းမာရေးဗဟုသုတတွေမေးမြန်းသင့်ပါတယ်။မိမိစိတ်ဝင်စားတဲ့ကျန်းမာရေးပြဿနာတွေကိုအခါအခွင့်သင့်တုန်းမေးမြန်းသင့်ပါတယ်။ဒီပုဂ္ဂိုလ်တွေဟာ အမှန်တကယ် တတ်ကျွမ်းနားလည်သူတွေ ဖြစ်တာမို့ သူတို့ဆီကနေ မှန်ကန်တိကျတဲ့ ဗဟုသုတတွေကို ရရှိနိုင်မှာပါ။သင်ကိုယ်တိုင် ကျန်းမာရေးဗဟုသုတတွေ သိရှိနားလည်နေပြီး မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကိုပါ မှန်ကန်တဲ့အသိပညာတွေကို ဖြန့်ဝေပေးနိုင်သူတွေ ဖြစ်နိုင်ကြပါစေ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/rich-health-care-knowledge/
အိမ်ရှင်မများ လင်ယောကျ်ားကို မပြောဖြစ်တဲ့ လျှို့ဝှက်ချက် ၁၁ချက်
ကမ္ဘာပေါ်မှာရှိတဲ့ ယောက်ျားအတော်များများအတွက် မိန်းမတွေဆိုတာ အမြဲဆန်းပြားပြီး နားမလည်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ လင်ယောက်ျားကိုတောင် မပြောပြတဲ့ လျှို့ဝှက်တဲ့ အရာတွေ အများကြီးရှိနေတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ မိန်းမတွေဟာ သူတို့သာ အကုန်အမှန်အတိုင်းပြောလိုက်မယ်ဆိုရင် ဖြစ်လာမယ့် အရာတွေ အကုန်လုံးကို ဂရုစိုက်လို့ပါပဲ။ ဒါ့ကြောင့် သူတို့ဆီမှာ လျှို့ဝှက်ချက် တွေ အများကြီးရှိနေတယ်ဆိုတာဟာ နားလည်ဖွယ်ရာဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အမျိုးသားတွေဟာ အောက်ဖော်ပြပါ အချက်တွေကိုလေ့လာသင့်ပါတယ်။ဒါဟာ ရယ်စရာကောင်းပေမယ့် အမှန်ပါပဲ။ ရိုးသားခြင်းဆိုတာဆက်ဆံမှုတစ်ခုမှာအဓိကကျတယ်ဆိုတာ နားလည်ပေမယ့် သူတို့ဝယ်တဲ့ အရာတစ်ခုခု (ခေါင်းလျှော်ရည်၊ အဝတ်အစား၊ ဖိနပ်) ရဲ့ ဈေးနဲ့ ပတ်သက်ပြီး အငြင်းမပွားလိုကြပါဘူး။ အချို့အမျိုးသမီးတွေက သူတို့အဝတ်အစားတွေအတွက် တစ်ဝက်ကိုသာ ကတ်နဲ့ပေးပြီး ကျန်တဲ့တစ်ဝက်ကို ပိုက်ဆံနဲ့ လက်ငင်းရှင်းတတ်ကြပါတယ်။ ဒီလိုနည်းအားဖြင့် သူတို့ အမျိုးသားတွေဆီကနေ သူတို့ရဲ့ ဆိုးဝါးတဲ့ ဈေးဝယ်တဲ့ အကျင့်ကို ဖုံးကွယ်ထားတတ်ကြပါတယ်။အချို့အမျိုးသမီးတွေဟာလိင်ကိစ္စကို အချိန်တော်တော်များများမှာ တွေးတောနေတတ်ကြပါတယ်။ ဒါပေမယ့် ဒါက စိတ်ပဲ ရှိပြီး ညကျရင်တော့ သူတို့ဟာ ပင်ပန်းပြီး သူတို့ရဲ့ ယောက်ျားတွေ မျက်လုံးထဲမှာလည်း ပင်ပန်းနေတာကို မြင်နိုင်ပါတယ်။ ဒါကြောင့် သူတို့က “No”လို့ ပြောပြီးအိပ်ရာဝင်ပါတော့တယ်။ ဒါကြောင့် လက်တွေ့အလုပ်ဖြစ်ဖို့ဆို ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်၊၊။လက်ထပ်ခြင်းဆိုတာ ချစ်ခြင်းရဲ့ အဆုံးသတ်ဖြစ်တယ်လို့ ပြောတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ စုံတွဲတွေဟာ မိသားစုတာဝန်ဆိုတဲ့ မမြင်နိုင်တဲ့ ကြိုးနဲ့ ချည်ထားခြင်းခံရနိုင်လို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ လွတ်လပ်မှု ပျောက်ဆုံးပြီး ပါတီတွေ၊ ညဘက်အပြင်ထွက်ခြင်းတွေလည်း ပြုလုပ်နိုင်ကြတော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသားရော အမျိုးသမီးပါ လက်ထပ်ဖို့ကို ကြောက်ရွံ့တတ်ကြပါတယ်။ အမျိုးသမီးတွေဟာ သူတို့အတွက် အသင့်လျော်ဆုံးနဲ့ စိတ်ကူးယဉ်ဆန်တဲ့ လက်ထပ်ပွဲ၊ လှပတဲ့ အိမ်လေးနဲ့ ပျော်စရာကောင်းတဲ့ ဘဝကိုစိတ်ကူးယဉ်တတ်ကြပေမယ့် တကယ့်တကယ် လက်ထပ်ရမယ်ဆိုရင်တော့ သူတို့လည်းထိတ်လန့်နေတတ်ကြပါတယ်။အမျိုးသမီးတွေဟာ လျှို့ဝှက်တတ်တဲ့ သတ္တဝါတွေပါ။ သူတို့ဟာ သူတို့ကိုယ်သူတို့ အလုပ်ရှင်၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လမ်းပေါ်မှာတွေ့တဲ့ သူတွေရှေ့ရောက်ရင် ခေတ်မီပြီး အမှီအခိုကင်းတဲ့ ပုံပေါ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ချစ်သူတွေ ရှေ့မှာတော့ အလွန်နုနယ် စိတ်ခံစားလွယ်၊ ပေါက်ကွဲလွယ်တတ်ကြပါတယ်။ အမျိုးသားတွေဟာ ကားပြင်တာ၊ ပင့်ကူသတ်တာ၊ အိတ်ဆွဲပေးတာ၊ တံခါးဖွင့်ပေးတာနဲ့ အခြားအရာတွေကို လုပ်ပေးသင့်ပါတယ်။ သင့်အမျိုးသမီးအတွက် ယောက်ျားဆန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါစေ။မိန်းမတွေဟာ သင်သာသူတွေ့ဖူးအမျှထဲမှာ အကြီးဆုံးပဲတို့၊ ဘယ်သူကမှ သင်လုပ်သလိုမလုပ်နိုင်ဘူးတို့ အမြဲပြောတတ်ကြပါတယ်။ သူတို့ဟာ သူတို့ရည်းစားဟောင်းတွေကိုလည်း လိင်ကိစ္စမှာ ကောင်းမွန်တယ်ဆိုတာကို ပြောဖူးကြမှာပါ။ ဒါပေမယ့် အမျိုးသားတွေ အနေနဲ့ ဒီစာကိုဖတ်ပြီးအထင်မလွဲပါနဲ့။ သူတို့ ရည်းစားဟောင်းတွေ တော်ကောင်းတော်နိုင်ပေမယ့် ဒါဟာ အခုအချိန်မှာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သင်သာလျှင် သူမချစ်ခင်ပြီးရွေးချယ်ထားတဲ့သူ ဖြစ်လို့ပါပဲ။ဘယ်တော့မှ သူမဟာ သူမအမေပုံစံ (သို့) သင့်အမေပုံစံအတိုင်းပဲလို့ သင့်ဇနီးကို မပြောဆိုပါနဲ့။ သူမဟာ ဘာမှမပြောဘဲ နေကောင်းနေနိုင်ပေမယ့် စိတ်ထဲမှာတော့ ဝမ်းနည်းနေမှာပါ။ သူမဟာ သင့်ချစ်သူဖြစ်ချင်တာပါ။ သင့်ကို အမေလိုမျိုး ဆက်ဆံချင်တာမဟုတ်ပါဘူး။ ဒါဆို သူမစိတ်ထဲမှာ သူမဟာ သင့်အမေနဲ့တူလို့များ သူမကို လက်ထပ်ခဲ့တာလားဆိုပြီး သံသယစိတ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင်တို့ချစ်ခြင်းကို ရှည်ကြာချင်ရင် သူမကို သင့်အမေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်သင့်ပါဘူး။သင့်ဇနီးဟာ အခြားအမျိုးသားတစ်ယောက်နဲ့ အီနေတဲ့အခါ သဝန်တိုတယ်ဆိုတာ ချစ်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။ ဒါဟာ သင့်ဇနီးကိုချစ်တယ်၊ ဂရုစိုက်တယ်၊ သတိထားမိတယ်ဆိုတဲ့ စိတ်ခံစားမှုမျိုး ရရှိစေပါတယ်။ ဒါပေမယ့် လိုတာထက်ပိုပြီး ပေါက်ကွဲတာမျိုး၊ အဲဒီအမျိုးသားကို လက်သီးနဲ့ထိုးတာမျိုး မလုပ်သင့်ပါဘူး။ ဒါဆိုရင်တော့ သင့်ဇနီးမယားက မကြိုက်မှာသေချာပါတယ်။နာမည်ကြီးမင်းသားတွေဟာ မိုက်ပြီး ကြွက်သားတောင့်တင်းကာ လိင်ဆွဲဆောင်မှု ရှိတတ်ကြပါတယ်။ အမျိုးသမီးတွေဟာ သူရဲ့ မင်းသားတွေအကြောင်း အချိန်အကြာကြီးယူပြီး ပြောနိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ အဲဒီမင်းသားတွေကို လိုက်မတုသင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူမအတွက် စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး သင်ကတော့ အမှန်တကယ် ဖြစ်ပါတယ်။ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သူတို့ဟာ သူတို့အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အိမ်ထောင်ရေးအကြောင်း၊ ယောက္ခမအကြောင်း၊ ဝါသနာတွေ အကြောင်းပြောတတ်ကြပါတယ်။ သူတို့ဟာ ဒီလိုမျိုးဝေမျှရတာ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ သင့်ဇနီးဟာသူတို့ရဲ့ ကန့်သတ်ချက်ကို သူတို့သိပါတယ်။ သူမဟာ သင်နဲ့ သူမရဲ့ပျော်ရွှင်ဖွယ်အချိန်တွေကို စိတ်ထဲမှာသိမ်းထားမှာပါ။ ဒါဟာ သင်တို့နှစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေမို့ပါ။အိမ်အလုပ်တွေက မိန်းမတွေအတွက်ဖြစ်တယ်ဆိုတာဟာ အင်မတန်ရှေးကျတဲ့ အယူအဆတစ်ခုဖြစ်ပေမယ့်လည်း အခုအချိန်အထိရှိနေတတ်ပါတယ်။ သင်ကတော့ ခုံပေါ်မှာလဲလျောင်းနေပြီး သင့်မိန်းမကို အိမ်အလုပ်တွေ တစ်ယောက်တည်းလုပ်နေတာကို ထိုင်ကြည့်နေမယ်ဆိုရင် တရားမျှတမှု မရှိပါဘူး။ ပုံမှန်မလုပ်နိုင်ရင်တောင် သေးငယ်တဲ့ အိမ်အလုပ်တွေကို သင့်မိန်းမကို ကူလုပ်သင့်ပါတယ်။ ဒါဟာ သင့်ရဲ့ ဂရုစိုက်မှုနဲ့ အချစ်ကို ပြသတာဖြစ်ပါတယ်။ သူတို့ဟာအကုန်လုံးကို သတိပြုနိုင်တာကြောင့် သူတို့ကိုစိတ်မပျက်ပါစေနဲ့။ဇနီးမယားတွေဟာ ကြာရှည်တွဲခဲ့တဲ့ အချစ်ရဲ့ တန်ဖိုးကိုသိနားလည်ပေမယ့် အသစ်ယောက်ျားလေးတစ်ယောက်နဲ့ အရူးအမူးချစ်ရတဲ့ ခံစားမှုနဲ့ တူတာမရှိပါဘူး။ လက်ထပ်မှုနဲ့ ပတ်သက်ရင်လည်း အမျိုးသမီးတွေဟာ သူတို့ဘယ်တော့မှ ဒီလောက်ပျော်တော့မှာမဟုတ်ဘူးဆိုတာသိပြီး တစ်ခါတစ်ရံမှာ ဒီခံစားမှုကိုလွမ်းဆွတ်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ သင့်ကိုပဲရွေးမှာပါ။ ဒါ့ကြောင့် သူမဟာဘယ်အချိန်မှာရပ်ရမယ်ဆိုတာ သိတာကြောင့် သင့်မိန်းမကိုသင် ဒေါသမထွက်ပါနဲ့။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/11-secrets-from-your-wife/
စိတ်ကျရောဂါခံစားရသူများတွင် တွေ့ရလေ့ရှိသည့် လက္ခဏာများ
စိတ်ညစ်ညူးရခြင်းသည် ဘဝတွင်ဖြစ်လေ့ဖြစ်ထရှိသောလက္ခဏာတစ်ခုပင်ဖြစ်သည်။ လူရယ်လို့ဖြစ်လာလျှင် ခံစားချက်များနှင့်ပတ်သက်၍ အားနည်းချက်များရှိစမြဲပင်ဖြစ်သည်။ အလုပ်တွင်မအောင်မြင်၍ သို့မဟုတ် ချစ်သူရည်းစားနှင့် အဆင်မပြေဖြစ်၍ စိတ်ဓါတ်ကျဆင်းခြင်းသည် သင့်မှာစိတ်ကျရောဂါ ဖြစ်ပွားနေပြီဟု မဆိုလိုပါ။ သို့သော် သင့်ဘဝအား အနှောင့်အယှက်ပေးလာသည်အထိ လွန်ကဲသောစိုးရိမ်ကြောင့်ကြမှုနှင့် ဝမ်းနည်းစိတ်ထိခိုက်ရခြင်းများ ခံစားနေရပြီဆိုလျှင်တော့ ဆေးပညာရှင်များထံတွင် အကူအညီတောင်းခံသင့်ပြီဖြစ်သည်။စိတ်ကျန်းမာရေးတက္ကသိုလ်မှ စိတ်ကျရောဂါခံစားရသူများ၏ လက္ခဏာများကိုအောက်ပါကဲ့သို့ ဖော်ပြထားသည်။စိတ်ကျခြင်းသည် မိမိကိုယ်ကိုသတ်သေခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ မိမိကိုယ်ကိုသတ်သေချင်စိတ်ပေါ်လာလျှင် လေးလေးနက်နက် တိုင်ပင်ဆွေးနွေးသင့်သည်။ စိတ်ကျခြင်းကြောင့် မိမိကိုယ်ကိုသတ်သေခြင်း၏ နှိုးဆော်ချက်လက္ခဏာများမှာ။ရောဂါလက္ခဏာများအားရှာဖွေဖော်ထုတ်နိုင်ရန်အတွက်သင့်ဆရာဝန်သည် သင့်ရောဂါရာဇဝင်နှင့်ပတ်သက်သောအကြောင်းအားလုံး၊ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးများအားလုံးကိုလိုအပ်သည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ကျခြင်းလက္ခဏာများဖြစ်စေသောရောဂါအကြောင်းရင်းများစွာရှိသောကြောင့်ဖြစ်သည်။ သင့်ဆရာဝန်အားသင်ရောဂါလက္ခဏာများအားစတင်ခံစားရချိန်၊ ကြာမြင့်ချိန်၊ ပြင်းထန်မှုအစရှိသည်တို့အားပြောပြရန်လိုအပ်သည်။ မိသားစုရောဂါရာဇဝင်သည်လည်းအရေးပါသည်ဖြစ်သည်။ မိသားစုထဲတွင် စိတ်ကျရောဂါရာဇဝင်ရှိသူများ (သို့) မူးယစ်ဆေးအလွဲသုံးသူများတွင် စိတ်ကျရောဂါပို၍အဖြစ်များသည်။အကယ်၍သင့်ရောဂါလက္ခဏာများကအခြားရောဂါတစ်ခုခုမှအရင်းခံလာလျှင် ထိုရောဂါအားရင်ဆိုင်ကုသခြင်းဖြင့် စိတ်ကျရောဂါအားကာကွယ်နိုင်သည်။ သို့သော် အခြားကြောင်းအရင်းကြောင့် မဟုတ်ဘူးဆိုရင်တော့ သင့်ဆရာဝန်မှ သင့်အားအကောင်းဆုံးကုသမှု ခံယူနိုင်ရန် ကျွမ်းကျင်သူစိတ်ရောဂါအထူးကုဆရာဝန်တစ်ဦးဦးထံသို့ လွှဲပြောင်းပေးလိမ့်မည်ဖြစ်သည်။ စိတ်ကုထုံးဖြင့်ကုသခြင်း(သို့)ဆေးဝါးသောက်သုံးခြင်း(သို့)နှစ်မျိုးလုံးဖြင့်လည်းကုသနိုင်သည်။မကုသဘဲထားပါကစိတ်ကျရောဂါသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ ပို၍ဆိုးဝါးလာနိုင်ပြီးမိမိကိုယ်ကိုသတ်သေခြင်းအထိ ဖြစ်ပွားနိုင်သည်။ စောစီးစွာကုသမှုခံယူနိုင်ရန်အတွက် စိတ်ကျရောဂါလက္ခဏာများကိုသတိပြုနိုင်ရန် အရေးကြီးသည်။ စည်းစနစ်ကျသောဆေးဝါးများနှင့် ရောဂါကုထုံးများဖြင့် ကုသပါကပျော်ရွှင်သောဘဝအတွက် ယုံကြည်မှုနှင့် တက်ကြွမှုတို့ကို ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%ac/
သွေးဆုံးတာနဲ့ ပတ်သက်ပြီး ဒီအယူအဆတွေကို ယုံကြည်နေဆဲပဲလား!
သွေးဆုံးတော့မယ်ဆိုရင်အရေပြားတွေက အလိုလိုနေရင်း ပူစပ်ပူလောင်တွေ ခံစားရမယ်။ အဖျားတက်သလို ဖြစ်မယ်၊ ညဘက်တွေမှာချွေးစေးတွေ ပြန်မယ်။လိင်စိတ် နည်းလာမယ်စတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။ နောက်ထပ် ကြားမိနိုင်တာမျိုး​တွေလည်း ရှိနိုင်ပါတယ်။ သွေးဆုံးတာနဲ့ ပတ်သက်ပြီး  သိထားတဲ့ ဒီအချက်တွေက မှန်ရဲ့လား! ဘာတွေများ မှားသိထားမိသေးလဲဆိုတာကို သေချာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။သွေးဆုံးတယ် ဆိုတာက ၁၂ လ ဆက်တိုက်ရာသီသွေးမပေါ်တာမျိုးကို ဆိုလိုချင်တာပါ။ ဒီလိုမျိုး သွေးဆုံးချိန်မှာ ခန္ဓာကိုယ်မှာ များစွာသော ပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။  သွေးဆုံးချိန်က အမျိုးသမီးတွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှုကို ခံစားရတဲ့ ကာလဆိုလည်း မမှားပါဘူး။သွေးဆုံးချိန်ဆိုတာကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ဆိုရင် သွေးဆုံးချိန်နဲ့ ပတ်သက်တဲ့ မှန်ကန်မှု သတင်းအချက်အလက်တွေကို သိရှိထားဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ သွေးဆုံးတာနဲ့ ပတ်သက်ပြီး မှားသိထားမိနိုင်တဲ့ အချက်အလက်လေးတွေကို ပြောပြပေးချင်ပါတယ်။Myth 1 – သွေးဆုံးတာက အသက် ၅၀ ကျော်မှာ သူ့အလိုလို စတင်တယ်။သွေးဆုံးတာက ပုံမှန်အားဖြင့် အသက် ၅၀ ကျော်ပြီး ၅၁ နှစ်လောက်မှာ စတင်ကြတာ များပေမယ့် ဒီထက် ပိုစောတာမျိုး ဖြစ်နိုင်သလို ဒီထက်ပိုနောက်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။တကယ်ကတော့ သွေးဆုံးတာက အမျိုးသမီး တော်တော်များများမှာ အသက် ၄၀ ကနေ ၅၈ ကြားမှာ ဖြစ်လေ့ရှိတယ် ဆိုပေမယ့် အချို့တွေမှာတော့ အသက် ၃၀ ကျော်လောက်မှာ ဖြစ်နိုင်သလို အချို့မှာတော့ အသက် ၆၀ နောက်ပိုင်းမှာမှ သွေးဆုံးမှု စတင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ပုံမှန်နဲ့ မတူဘဲ စောပြီး သွေးဆုံးတာ၊ နောက်ကျတာတွေ ရှိတတ်ပါတယ်။Myth 2 – သွေးဆုံးချိန်မှာ ပူစပ်ပူလောင် ဖြစ်တာတစ်မျိုးပဲ ခံစားရနိုင်တယ်။သွေးဆုံးချိန်မှာပူစပ်ပူလောင်ဖြစ်တာကို ခံစားရလေ့ရှိပေမယ့် အမျိုးသမီးတိုင်းမှာ မဟုတ်သလို သွေးဆုံးချိန်မှာ ဒီလက္ခဏာတစ်ခုပဲ ခံစားရတာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒီလက္ခဏာကို ခံစားရနိုင်ပြီး အချို့တွေမှာ ချွေးထွက်များတာကိုပါ ခံစားရနိုင်ပါတယ်။အခြားလက္ခဏာတွေ အနေနဲ့ မိန်းမကိုယ် ခြောက်သွေ့တာ၊ ကောင်းကောင်း အိပ်မပျော်တာ၊ ကိုယ်လက်နှီးနှောချိန် နာကျင်တာ၊ စိတ်ခံစားမှု ပြောင်းလဲတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ဟော်မုန်း ပြောင်းလဲမှုကြောင့် သတိမေ့တာကိုလည်း ခံစားရနိုင်ပါတယ်။Myth 3 – သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်း မရှိဘူး။တော်တော်များများ မှားသိထားတာက သွေးဆုံးချိန်မှာ ခံစားရတဲ့မအီမသာဖြစ်စေတဲ့ လက္ခဏာတွေကို သက်သာအောင် လုပ်ဆောင်လို့ ရမယ့် နည်းလမ်း မရှိတော့ဘူးပေါ့။ တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေဖို့ ‌ဟော်မုန်း အစားထိုးကုထုံး ခံယူတာ၊ ဟော်မုန်းဆေးတွေ သောက်တာ၊ ဖြည့်စွက် အာဟာရတွေကို မှီဝဲတာတွေကို လုပ်ဆောင်လို့ ရပါတယ်။အရေးကြီးဆုံးကတော့ နေထိုင်မှုပုံစံကို ပြောင်းလဲတာပါ။ ဘယ်လို ပြောင်းလဲရမလဲဆိုတော့ –။Myth 4- သွေးဆုံးတာက လိင်မှုဘဝကို ထိခိုက်စေတယ်။သွေးဆုံးတာက လိင်မှုဘဝအတွက် သေမိန့်တော့ မဟုတ်ပါဘူး။ သွေးဆုံးအကြိုကာလမှာ လိင်မှုဘဝအပေါ် စိတ်ဝင်စားမှု နည်းသွားတာမျိုး ဖြစ်နိုင်ပေမယ့် သွေးဆုံးတာကြောင့် လိင်မှုဘဝကို ရပ်တန့်လိုက်ဖို့ မလိုပါဘူး။ တကယ်လို့ မိန်းမကိုယ်ခြောက်သွေ့နေရင် ချောဆီသုံးပြီး အတူနေလို့ ရပါတယ်။Myth 5 – သွေးဆုံးချိန်မှာ ဝလာကို ရှောင်လွှဲလို့ မရဘူး။သွေးဆုံးပြီဆိုတာနဲ့ ဝိတ်တက်လာမယ်လို့ တထစ်ချ ဆိုလို့ မရပါဘူး။ ပုံမှန်အားဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းမှာ ကိုယ်အလေးချိန် တက်လာတာမျိုး ရှိပေမယ့် ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကသာ အဓိကပါ။Myth 6 – သွေးမဆုံးခင် အကြိုကာလလို့ ဆိုရမယ့် အသက် ၄၀ နောက်ပိုင်းမှာ ကိုယ်ဝန်မရနိုင်တော့ဘူး။သွေးမဆုံးခင် အကြိုကာလလို့ ဆိုရမယ့်အသက် ၄၀ နောက်ပိုင်း အသက် ၅၀ ကျော်ပိုင်းမှာ ကိုယ်ဝန် ရသွားတာမျိုး ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေတော့ နည်းတာပေါ့။ဒါကြောင့်သွေးမဆုံးခင် အကြိုကာလမှာလည်း သားဆက်ခြားဖို့ မမေ့ပါနဲ့။Myth 7 – ဟော်မုန်း အစားထိုးကုထုံးက အန္တရာယ်များတယ်။ဟော်မုန်းကုထုံးကသွေးဆုံးချိန် ခံစားရတဲ့ လက္ခဏာကို သက်သာစေမယ့် ထိရောက်တဲ့ ကုထုံးတစ်ရပ်ပါ။ဟော်မုန်းကုထုံးက ပူစပ်ပူလောင် ဖြစ်တာ၊ ချွေးစေးပြန်တာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို ကောင်းကောင်းအိပ်ပျော်စေပြီး ခြေကုန်လက်ပမ်းကျတာ၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။သွေးဆုံးကိုင်ဝေဒနာတွေက နေထိူင်စားသောက်မှုပုံစံတာနဲ့ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းအစားထိုးကုထုံးကို ခံယူနိုင်ပါတယ်။Myth 8 – သွေးဆုံးတာက အမျိုးသမီးတိုင်းမှာ အတူတူပဲ။အမျိုးသမီးတိုင်းမှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို ရောဂါ တစ်ခုခုကို ခံစားရချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကလည်း မတူနိုင်ပါဘူး။ ဒီလိုပါပဲ သွေးဆုံးတာကလည်း အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံချင်း မတူကြပါဘူး။ကိုယ်တိုင်ရော ဘယ်နှခုများ မှားသိထားမိသေးလဲ!။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/myths-about-menopause-to-stop-believing/
ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ
ခါးနာလိုက်တာလို့ဆိုလိုက်ရင် လူတွေ အရင်ဆုံး ပြေးမြင်မှာက အလေးအပင်မလိုက်လို့လား။ ဒဏ်ရှိနေတာလားဆိုတာကို အရင်မေးလေ့ရှိကြပါတယ်။ တကယ်ကတော့ ခါးနာတာက ဒီအချက်တွေကြောင့် ဖြစ်နိုင်သလို တစ်ခါတလေမှာရောဂါတွေ ခံစားနေရတာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။လူတွေက ခါးနာတယ်လို့ အလွယ်တကူပြောကြပေမယ့် ခါးနာတာကို မပေါ့သင့်ပါဘူး။ တကယ်ကတော့ခါးဆစ်တွေ(ကျောရိုး)က ခန္ဓာကိုယ်ကို အကောင်းဆုံး မတ်နိုင်စေဖို့ ထောက်ပံ့ပေးထားတာပါ။ ခါးက လမ်းလျှောက်ဖို့ ထိုင်ဖို့၊ ထဖို့ အားလုံးကို ထောက်ပံ့ပေးထားတာပါ။ခါးဆစ်တွေထဲမှာအာရုံကြောတွေပါဝင်နေပြီး ဦးနှောက်က သတင်းအချက်အလက်တွေကို လက်ခံပေးလို့ ဟန်ချက်ညီညီ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ခါးဆစ်မှာ တစ်ခုခု ထိခိုက်မိမယ်ဆိုရင် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်သလို အကြောတွေ သေသွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခါးနာတဲ့အခါ ဘယ်လို အခြေအနေက စိုးရိမ်စရာကောင်းလဲ။ ဘယ်လို အခြေအနေမျိုးဆို ကုသမှု ချက်ချင်းခံယူဖို့လိုမလဲဆိုတာကို ဖတ်ကြည့်ပေးပါဦးနော်။ခါးနာစေတဲ့ အကြောင်းအရင်းတွေကတော့ တစ်ခုမကပါဘူး။အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ တစ်သက်တာမှာ တစ်ကြိမ်လောက်တော့ ခါးနာတာကို ခံစားကြရပါတယ်။ ဒီလိုအခြေအနေမှာ အရေးကြီးတာက ခါးနာတဲ့အခါ ခံစားရတဲ့လက္ခဏာတွေက ပြင်းထန်လား။ ခါးနာတာက သာမန်ပဲလားဆိုတာကို သေချာ ဆန်းစစ်ဖို့ပါ။ခါးနာတာက အနေအထား မမှန်တာ၊ အလေးအပင် မတာတွေကြောင့် နာကျင်တာမျိုးဆိုရင် သာမန် ခါးနာတာမျိုးလို့သတ်မှတ်ရပါမယ်။ ဒီလို ခါးနာတာက သေချာ အနားယူမယ်။ ရေခဲဝတ်ကပ်မယ်။ ရေနွေးအိတ်ကပ်မယ်ဆိုရင် ၇၂ နာရီ (၃ ရက်) လောက်ဆို သက်သာသွားပါတယ်။ဒါပေမယ့် ခါးနာတာက ဒီလိုတွေ လုပ်ပေမယ့် ၃ ရက်အထိ မသက်သာဘူး။ အခုလို လက္ခဏာတွေပါ ခံစားနေရမယ်ဆိုရင်တော့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။ ခါးနာတာကို ခပ်ပေါ့ပေါ့ မတွေးသင့်တဲ့ အခြေအနေများ ကတော့။ဒီလို လက္ခဏာတွေ ခံစားရပြီဆိုရင် ထိခိုက်မှုတွေ ပိုဆိုး မလာစေဖို့ ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။ အချို့အခြေအနေတွေက ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။ခါးနာတာက အရမ်းမပြင်းထန်ရင်။ပြင်းထန်မယ်ဆိုရင်တော့။ခွဲစိတ်ကုသတာက ပြင်းထန်တဲ့ ခါးနာမှု ​ပြဿနာကို ကုသနည်းတစ်ခုပါ။  ပုံမှန်ကတော့ ကုထုံးတွေ ခံယူတာ၊ ဆေးတွေ သောက်သုံးတာလောက်ပဲ လုပ်ဆောင်ရတာပါ။ခါးဆစ်ကပုံမမှန်တာတွေကို ဖယ်ရှားဖို့ လိုတဲ့အခါ ခွဲစိတ်မှုကို လိုအပ်ပါမယ်။ဒါကတော့ ခါးဆစ်ရိုး ပုံစံ မမှန်တာကို ကုသပေးတဲ့ နည်းလမ်းတစ်ရပ်ပါ။ အာရုံကြော ညပ်လို့ ခါးနာတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။အပေါက်သေးသေးလေးဖောက်ပြီး မှန်ပြောင်းရှည်လေးတွေနဲ့ ကြည့်ပြီး စက်ရုပ်လက်ကို အသုံးပြုလို့ ခါးရိုးထိခိုက်မှုတွေအတွက် ခွဲစိတ်ကုသပေးတဲ့ နည်းလမ်း တစ်မျိုးပါ။ ထိခိုက်မှုနည်းပြီး ချုပ်ရိုးက သေးတာကြောင့် နာလန်ထချိန်လည်း မြန်ပါတယ်။ခါးနာလာတဲ့အခါ ၃ ရက်နဲ့ မသက်သာဘူးဆိုရင် ပြင်းထန်တဲ့ ရောဂါတွေကို မခံစားရခင် မြန်မြန်သိ မြန်မြန် ကုသနိုင်စေဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူပေးပါ။ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/threatening-and-non-threatening-causes-of-back-pain-and-how-to-get-rid-of-it/
ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား
ကောင်းမွန်တဲ့ အစာချေဖျက်မှု နဲ့ကျန်းမာတဲ့ အစာခြေစနစ်တို့က ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးစေဖို့ နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းက အူလမ်းကြောင်း ကျန်းမာရေး ကောင်းမှ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းလို့  စားလိုက်သမျှ အစားအစာတွေမှာပါတဲ့ အာဟာရတွေကို ပြည့်ပြည့်ဝဝ ရရှိမှာ ဖြစ်ပါတယ်။ကလေးစားလိုက်တဲ့ အစားအစာတွေကို အာဟာရတွေကို အူနံရံက ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်တဲ့အခါ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် အရပ်အမြင့် မရှိတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးကို အာဟာရပြည့်အောင် ကျွေးပေးပါရက်နဲ့ ကလေးက စားသလောက် အာဟာရမဖြစ်ဘူး။ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့များလား ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးထွားဖွံ့ဖြိုးလာစေဖို့ဆိုရင် ပြည့်ဝတဲ့ အာဟာရတွေကို လိုအပ်မှာ ဖြစ်သလို ကျန်းမာတဲ့ အစာခြေစနစ်ကို ပိုင်ဆိုင်ဖို့လည်း လိုအပ်မှာပါ။ အစာခြေစနစ် ကျန်းမာမှ စားလိုက်သမျှ အားဖြစ်မှာ ဖြစ်သလို ကလေးကကောင်းမွန်တဲ့ ကိုယ်ခံအားကို ပိုင်ဆိုင်ပြီး ဖျားနာမှု ကင်းမှာပါ။ဒီလိုမှလည်း အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် အရပ်အမြင့်ကို ရရှိမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စွာနဲ့ ကြီးပြင်း အရွယ်ရောက်လာမှာပါ။ ဒီအချက်လေးတွေကြောင့် အစာခြေစနစ် ကျန်းမာဖို့က အရမ်းကို အရေးကြီးပါတယ်။အစာခြေစနစ် ကောင်းမှလည်း ကလေးက ကျန်းမာပြီး ရောဂါတွေ အန္တရာယ်ကနေ ကင်းဝေးမှာပါ။ ဒီလို ပြောရတာက အစာခြေစနစ်က။သားသားမီးမီးတို့အနေနဲ့ စားလိုက်တဲ့ အစားအစာတွေထဲက အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူရရှိစေဖို့ဆိုရင် အစာခြေစနစ် ကျန်းမာဖို့ အရေးကြီးပါတယ်။ အစာခြေစနစ်က စားသုံးလိုက်တဲ့ အစားအစာတွေထဲကနေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ် စတာတွေကို စုပ်ယူပေးပါတယ်။ အစာခြေလိုက်လို့ ထွက်လာတဲ့ အာဟာရဓာတ်တွေက ကလေးကို ကြီးထွားစေသလို ခုခံအားကိုလည်း တက်စေပါတယ်။အစာခြေစနစ် နဲ့ အူလမ်းကြောင်းက ကိုယ်တွင်းက အညစ်အကြေးတွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ အသည်းကလည်း ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို အူမကြီးကလည်း ကိုယ်တွင်းက အညစ်အကြေးတွေ စွန့်ထုတ်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။အစာခြေစနစ်က ကိုယ်တွင်းကို ပြင်ပက ရောဂါပိုးမွှားတွေ ဝင်ရာက်စေနိုင်ခြေတဲ့ လမ်းကြောင်းလို့ ဆိုနိုင်ပေမယ့် သားသားမီးမီးတို့ကို ရောဂါပိုးမွှားတွေရန်ကနေ အကောင်းဆုံး ကာကွယ်ပေးထားတဲ့ ခံစစ်ပါ။ ငယ်စဉ် အချိန်မှာတည်းက အစာခြေ အူလမ်းကြောင်းစနစ် ကျန်းမာမယ်ဆိုရင် ခဏခဏဖျားနာတာတွေ မဖြစ်လို့ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှာပါ။ကလေးတွေ စားသလောက် အာဟာရမဖြစ်တာ အူလမ်းကြောင်း ကျန်းမာရေး မကောင်းလို့ ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ အစာခြေစနစ်ဆိုတာ အစာခြေရုံပဲ မဟုတ်ပါဘူး။ အစာခြေစနစ် တလျှောက်မှာရှိတဲ့ အစာအိမ် အက်စစ်၊ အကျိအချွဲတွေ၊ အကျိုးပြု ဘက်တီးရီးယားတွေက ပြင်ပ ရောဂါတွေ မဝင်လာအောင် ကာကွယ်ပေးပါတယ်။ကလေးတွေက စားတော့ စားပါရဲ့ သိပ်မထွားဘူး [ ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် မရဘူး] ဖြစ်နေတယ်ဆိုရင် အစာခြေနဲ့ အူလမ်းကြောင်း မကျန်းမာတာဖြစ်နိုင်ပါတယ်။ အစာခြေစနစ် ကျန်းမာမှ စားလိုက်တဲ့ အစားအစာတွေထဲက အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။အစာခြေစနစ် မကျန်းမာလို့ ကလေးက ခဏခဏ ဝမ်းသွားတာမျိုး ဖြစ်မယ်ဆိုရင် အာဟာရ စုပ်ယူနိုင်စွမ်း ကျသွားမှာပါ။ အစာခြေစနစ်တလျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေ အားနည်းသွားနိုင်ပါတယ်။ ဒီလိုကနေ။ကလေးတစ်ယောက် ကောင်းစွာ ကြီးထွားဖို့အတွက် အရေးပါတဲ့ အစာခြေစနစ် ကျန်းမာစေဖို့ မေမေတို့ လုပ်ဆောင်ပေးရမယ့်အချက်လေးတွေ ရှိပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေး သေချာလေး ဂရုစိုက်ပေးတာက အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အစားမစားခင် လက်ဆေးတာ၊ တစ်ခုခုကို ကိုင်ပြီးတိုင်းနဲ့ ရေအိမ်အသုံးပြုပြီးတိုင်းမှာ လက်ဆေးစေတာမျိုးကလည်း သားသားမီးမီးတို့ရဲ့ အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။မသန့်ရှင်းတဲ့ အစားအစာတွေက အစာခြေစနစ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သောက်ရေကစလို့ ကလေးကို ပြင်ဆင်ပေးတဲ့ အစားအသောက်တိုင်း သန့်ရှင်းလတ်ဆတ်နေစေဖို့ သေချာလေး ဂရုစိုက်ပေးပါ။အစားအစာတွေ မပြင်ဆင်ခင်မှာ လက်ကို သေချာဆေးကြောဖို့လည်း မမေ့ပါနဲ့ မေမေ။ကလေးတွေနဲ့ လူကြီးတွေက အာဟာရလိုအပ်ချက် မတူတဲ့အတွက် လူကြီးတွေစားသမျှကို ကလေးကို မကျွေးသင့်ပါဘူး။ ကလေးမှာ သူ့အရွယ်အလိုက် လိုအပ်တဲ့ အာဟာရတွေ၊ ပမာဏတွေ ရှိပြီးသားပါ။ ဒါကြောင့် ကလေးအတွက် အစားအသောက်ကို သီးသန့်ပြင်ဆင်ပေးဖို့လိုပါတယ်။ သူတို့လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေပါအောင် ကျွေးပေးရပါမယ်။ဒါမှ အစာခြေစနစ်လေး ကျန်းမာပြီး စားသမျှအာဟာရဖြစ်လို့ ကောင်းကောင်းမွန်မွန် ကြီးထွားလာမှာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/child-cant-grow-how-much-to-eat-that-is-sign-of-unhealthy-gut/
အစာဓာတ်မတည့်ခြင်း
အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှအစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေအသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက်ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို ခံစားကြရပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွား တတ်ကြပါတယ်။အစားအသောက်တိုင်းကတော့ အစာဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ အစားအစာတွေကတော့ အစာဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ အတော်လေး များပါတယ်။အစာဓာတ်မတည့်ခြင်းကိုလက္ခဏာတွေအပေါ် မူတည်ပြီး အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။အစာဓာတ်မတည့်မှုက အမျိုးအစားကိုလိုက်ပြီး မိနစ်ပိုင်း စက္ကန့်ပိုင်းမှာတင် လက္ခဏာတွေ ပေါ်တာ ရှိသလို နာရီပိုင်းလောက် ကြာပြီးမှ လက္ခဏာ ပေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။အတွေ့ရများတဲ့ အစာဓာတ်မတည့်ခြင်း လက္ခဏာတွေက။အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု (anaphylaxis) ခံစားရမယ်ဆိုရင်တော့။anaphylaxisကို ခံစားရတဲ့အခါ အလျင်အမြန် ကုသမှု ခံယူဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အခုလို အခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ အကြံပြုပါရစေ။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။ အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပေးဖို့ အကြံပြုပါရစေ။[embed-health-tool-bmr]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/natural-ways-to-protect-your-vision/
ပန်းသစ်တော်သီးလေး စားပေးပါ
ပန်းသစ်တော်သီးက အရည်ရွှမ်းသလို စားလိုက်ရင်လည်း  ချိုချိုလေးနဲ့အရသာရှိပါတယ်။ ဒီလိုအရသာရှိတဲ့ ပန်းသစ်တော်သီးက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ပန်းသစ်တော်သီးက အပေါ်ခွံအဝါရောင်သန်းသန်းလေးရှိပြီး အသားခပ်ပွပွ အရည်ရွှမ်းရွှမ်းလေးနဲ့ ဝါးလိုက်တိုင်း တဂျွတ်ဂျွတ်နဲ့ စားကောင်းပါတယ်။ ရင်ထဲအေးသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့သတ္တုဓာတ်တွေပြည့်ဝစွာပါဝင်နေပါတယ်။ခန္ဓာကိုယ်မှာ အားပြည့်စေသလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီကိုလည်း အားပြည့်အောင် အားဖြည့်ပေးပါတယ်။အရသာရှိလှတဲ့ ပန်းသစ်တော်သီးမှာ။အရသာရှိတဲ့ ပန်းသစ်တော်သီးက။ကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီ အပြည့်အဝရရှိစေတယ်။ဝိတ်တက်မှာကို ကြောက်တတ်သူတွေအနေနဲ့ ပန်းသစ်တော်သီးကိုစားပေးလို့ရပါတယ်။ အကြောင်းကတော့ ပန်းသစ်တော်သီးက အမျှင်ဓာတ်​ကြွယ်ဝစေသလိုကိုယ်အလေးချိန်မတက်စေဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကယ်လ်လိုရီတွေကို အပြည့်အဝဖြည့်ပေးနိုင်ပြီး ခန္ဓာကိုယ်ကို အင်အားပြည့်လို့ ကျန်းမာနေစေမှာပါ။အမျှင်ဓာတ်ကြွယ်ဝတာကြောင့်အစာခြေစနစ်ကျန်းမာစေနိုင်တယ်။ပန်းသစ်တော်သီးမျာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါကြွယ်ဝစွာပါဝင်နေပါတယ်။ ထမ်ငးစားပြီးချိန်မှာ ပန်ူသ်စတော်သီးကို စားပေးမယ်ဆိုရင် ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး စိတ်ကျေနပ်မှုကို ရရှိစေနိုင်မှာဖြစ်သလို အဆာခံနိုင်စေမှာပါ။ အမျှင်ဓာတ်ကြောင့် အူမကြီးကို ကျန်းမာစေနိုင်သလို ဝမ်းမှန်စေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံး ကျန်းမာစေနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ အစားစားပြီးချိန်မှာ သွေးချိုမြင့်တက်သွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ လေပွတာ၊ ဗိုက်အောင့်တာ၊ဝမ်းပျက်ဝမ်းလျှောတာတွေကို သက်သာစေနိုင်ပါတယ်။ဗီတာမင် Cပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ပန်းသစ်တော်မှာ ဗီတာမင် C  ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အန္တရာယ်ကနေ အထိရော်ကဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို ကျန်းမာစေသလို အရွယ်တင်နုပျိုစေပြီး သံဓာတ်စုပ်ယူမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ သွေးအားနည်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါတွေကိုလည်း အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။အရွယ်တင်နုပျိုစေနိုင်ပါတယ်။ဦးနှောက်ကျန်းမာစေတယ်။ပန်းသစ်တော်သီးမှာ ပိုတက်ဆီယမ်ပါဝင်နေတာကြောင့်နှလုံးကျန်းမာစေနိုင်သလို အာရုံကြောနဲ့ကြွက်သားတွေကို ကျန်းမာစေနိုင်ပါတယ်။ ပိုတက်ဆီယမ်က ဦးနှောက်ကို အာဟာရဓာတ်တွေ အကောင်းဆုံးဖြည့်တင်းပေးနိုင်ပြီး အာရုံကြောတွေကို အကောင်းဆုံးလှုပ်ရှားနိုင်အောင် လှုံ့ဆော်ပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။အရိုးတွေကြံ့ခိုင်သန်စွမ်းစေနိုင်တယ်။ပိုတက်ဆီယမ်ကြွယ်ဝမှုက အာရုံကြောတွေနဲ့ သွေးပေါင်ချိန်ကိုတင် ကောင်းမွန်စေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်စုပ်ယူနိုင်စွမ်းကို မြင့်မားစေပြီးရိုးတွင်းခြင်ဆီတွေကို အကောင်းဆုံးဖြစ်ပေါ်စေပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။အရည်ရွှမ်းတဲ့ ပန်းသစ်တော်သီးကိုစားရင်း ခန္ဓာကိုယ်ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ…………..။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/nutrition-benefits-of-pears/
ခါးနာခြင်း
ခါးနာခြင်း အကြောင်း သိပြီးပြီလား!ခါးနာတာက အရွယ်ရောက်ပြီးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ခံစားရတတ်တဲ့ ကျန်းမာရေးပြဿနာပါ။ ခါးနာတာက ဆေးခန်းပြရလောက်အောင် မပြင်းထန်ပေမယ့် နေ့စဉ် အလုပ်ကိုတော့ အတော်လေး ထိခိုက်စေနိုင်ပါတယ်။ဒီတော့ ဘာကြောင့် ခါးနာနိုင်သလဲ။ ခါးနာလာရင် ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။ခါးနာခြင်း ကို လေ့လာတော့မယ်ဆိုရင်။လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့ အဆင်ပြေပြေ ထိုင်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။ကိုယ်တိုင်ကရော ဒီအချက်တွေထဲက ဘယ်နှခုလောက်များ လုပ်မိနေလဲ။ ဆန်းစစ်ကြည့်ရအောင်နော်။ဒါတွေအပြင်နောက်ထပ် ဖြစ်နိုင်တာက။အပေါ်က အချက်တွေအပြင် ဒီလိုရောဂါတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။• အဆစ်ရောင်ရောဂါ (Arthritis)။• အရိုးပွရောဂါ (Osteoporosis)။• ခါးရိုးမှာဖြစ်တဲ့ ကျီးပေါင်း (Spondylolisthesis)။• ခါးအောက်ပိုင်း အာရုံကြောတွေ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (Cauda Equina Syndrome)။• ခါးရိုးမှာ တီဘီရောဂါ (Tuberculosis)။• ခါးရိုးမှာ ကင်ဆာအကျိတ် ရှိနေခြင်း သို့မဟုတ် ကင်ဆာမဟုတ်တဲ့ အကျိတ် တစ်မျိုးမျိုး ဖြစ်နေခြင်း။• ကျောက်ကပ်ရောဂါ။• ကျောက်ကပ်မှာ ကျောက်တည်နေခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။ခါးနာနေပြီဆိုရင် ဒီလိုခံစားရတတ်ပါတယ်။ခါးနာတာက လူတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ နဲ့ နေ့စဉ်ဘဝမှာ တော်တော်လေး အနှောင့်အယှက်ဖြစ်စေတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ဒါပေမဲ့ စိတ်မပျက်ပါနဲ့။အဆိုးထဲက အကောင်းလေးတွေလို့ဆိုရမယ့် ခါးနာသက်သာအောင် လုပ်ဆောင်လို့ရတဲ့အိမ်တွင်းကုထုံးနည်းလမ်းလေးတွေ ရှိနေပါသေးတယ်။အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ သူတို့ ဘဝသက်တမ်းမှာ တစ်ကြိမ်လောက်တော့ ခါးနာမှုကို ခံစားခဲ့ရဖူးကြ ပါတယ်။  ဒီတော့ ခါးနာသွားပြီဆိုရင် အမြန်ဆုံး သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုစေချင်ပါတယ်။ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေေကြောင့် ခါးနာနိုင်ပေမယ့် ခါးနာသွားတာကို သက်သာစေဖို့တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ ခဏတဖြုတ် လမ်းလျှောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ယောဂလေ့ကျင့်ခန်း လုပ်တာတွေက ခါးနာ သက်သာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး  ဦးနှောက်ရဲ့ သဘာဝအကိုက်အခဲပျောက်ဟော်မုန်းဖြစ်တဲ့ endorphins ကို ထုတ်လွှတ်ပေးတာကြောင့်ပါ။နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ခါးနာတာကို သက်သာစေဖို့ရော ကာကွယ်ဖို့ပါ အထောက်အကူပြု ပေးနိုင်ပါတယ်။ခါးနာတဲ့နေရာကို ရေခဲအိတ်ကပ်တာက ထိခိုက်မှုကြောင့် ရောင်ရမ်းတာကို အဓိကသက်သာစေပြီး နာကျင်မှုကိုလည်း လျော့စေပါတယ်။ တဘက်စ ပါးပါးလေးထဲမှာ သို့မဟုတ် အိတ်တစ်ခုထဲမှာ ရေခဲတုံးလေးတွေ ထည့်လို့ တစ်ခါ ကပ်ရင် မိနစ် ကနေ ၃၀ လောက် တစ်နေ့ကို အကြိမ်ရေ များစွာကပ်ပေးလို့ ရပါတယ်။ ခါး စစနာခြင်းမှာ ရေခဲကပ်တာက ပိုထိရောက်မှု ရှိပါတယ်။ ရေခဲကပ်ရမှာ အလုပ်ရှုပ်တယ်ဆိုတဲ့ သူတွေအတွက်ပရုတ်အေးပါတဲ့ ပလာစတာကို ကပ်ပေးပါ။ သူကလည်း အေးတဲ့အတွက် အလားတူ ထိရောက်မှု ရှိပါတယ်။အချိန် အတော်ကြာထိ မသက်သာတဲ့ ခါးနာခြင်းကို သက်သာစေဖို့အတွက် ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။ ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးဝတ်ကို ခါးနာတဲ့နေရာမှာ ကပ်ပေးတာက ထိခိုက်မိတဲ့နေရာကို သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။အပူလောင်တာနဲ့အရေပြား တစ်ရှူးတွေထိခိုက်ပျက်စီးမှု ကင်းစေဖို့ အရမ်းပူတာကို မကပ်ဖို့နဲ့ ရေနွေးအိတ်ကပ်ရင်း အိပ်မပျော်သွားစေဖို့ သတိထားစေချင်ပါတယ်။ခါးနာတာကို သက်သာစေဖို့ လုပ်လို့ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ အကိုက်အခဲ ပျောက်ပလာစတာ ကပ်တာပါ။ ပရုတ်အေးနဲ့ လုပ်ထားတဲ့ ပလာစတာကို ကပ်မယ်ဆိုရင် အေးမြမှုကို ခံစားရမှုနဲ့အတူ သွေးစီးဆင်းမှု ကောင်းမွန်တာကြောင့် ခါးတစ်ဝိုက်က ကြွက်သားတွေကို ပြေလျော့ အရောင်ကျစေပြီး ခါးနာတာကို သက်သာစေနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးကြောက်လို့ အကိုက်အခဲပျောက်ဆေးတွေ မသောက်ချင်ဘူးဆိုတဲ့ လူတွေအတွက်ဆိုရင် ဒါက အကောင်းဆုံးနည်းလမ်းပါပဲ။ပလာစတာရွေးတဲ့အခါ လေဝင်လေထွက်ကောင်းစေဖို့ အရေးကြီးပါတယ်။ ကပ်အားကောင်းတဲ့ ပလာစတာဖြစ်ဖို့လည်းလိုပါတယ်။ ဒါမှ အရေပြားလောင်တာ ကင်းပြီး နာကျင်မှုကို ထိထိရောက်ရောက် သက်သာစေမှာပါ။တစ်ခါတလေမှာ ခါးနာတာက အနေအထား မမှန်တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ​ကြောင့် ဥပမာ ထိုင်တဲ့အခါ ခါးကို မတ်မတ်ထိုင်မိဖို့ ခါးလိမ်၊ခါးစောင်းပြီး မထိုင်မိဖို့ သတိထားရပါမယ်။နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ ကိုယ်နေဟန်ထားမှန်စေဖို့ ဂရုစိုက်ရပါမယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/backpain/
Hiccups (ကြို့ထိုးခြင်း)
သင့်ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကို ခြားပေးထားတဲ့ ရင်ဝမ်းခြား ကြွက်သားကြီး အလိုလျောက် ညှစ်နေတာကို ကြို့ထိုးတယ်လို့ ခေါ်ပြီး ဒီရင်ဝမ်းခြားကြွက်သားဟာ အသက်ရှုတာကို ထိန်းချုပ်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ကြို့ထိုးတာဟာ သင့်ကို နေရထိုင်ရခက်စေပေမယ့် ထူးထူးခြားခြား နောက်ဆက်တွဲ ပြဿနာ ဘာမှမရှိပါဘူး။ကြို့ထိုးတာဟာ အရမ်းအဖြစ်များပြီး လူတိုင်းနီးနီးဟာ တခါလောက်တော့ ကြို့ထိုးဖူးကြမှာ ဖြစ်ပါတယ်။ ကြို့ထိုးတာဟာ ကလေးငယ်တွေအပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ကြို့ထိုးတဲ့အခါ ထွက်လာတဲ့အသံလေးဟာ တခုတည်းသော လက္ခဏာပဲ ဖြစ်ပါတယ်။ ရင်ဝမ်းခြားကြွက်သားညှစ်လို့ တုန်သွားတဲ့အခါ သင့်ရဲ့ အသံကြိုးတွေကို သွားလှုပ်လိုက်သလို ဖြစ်သွားတာမို့ “အစ်’ခနဲ အသံလေးထွက်လာတာဖြစ်ပြီး ဒါဟာ ကြို့ထိုးတာရဲ့ အမှတ်သင်္ကေတပဲ ဖြစ်ပါတယ်။ ကြို့ထိုးတဲ့အသံထွက်မလာခင်မှာ သင့်ရင်ဘတ်၊ဝမ်းဗိုက် ဒါမှမဟုတ် လည်ချောင်းထဲမှာ အနည်းငယ်တင်းကြပ်သွားသလိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ကြို့ထိုးတာဟာ လူအများစုမှာ မိနစ်အနည်းငယ်ကနေ နာရီပိုင်းလောက်အထိ ကြာတတ်ပါတယ်။ ဒါပေမယ့် တခါတရံ ဒီထက်လည်း ပိုပြီးကြာနိုင်ပါသေးတယ်။၄၈နာရီထက်ပိုကြာကြာကြို့ထိုးနေရင် ဒါကို တာရှည်ကြို့ထိုးခြင်း (Persistant hiccups) လို့ခေါ်ပြီး တစ်လထက်ပိုပြီး ဆက်တိုက်ကြို့ထိုးနေရင်တော့ အထိန်းအကွပ်မဲ့ ကြို့ထိုးခြင်း (intractable hiccups) လို့ခေါ်ကာ သူတို့နှစ်မျိုးလုံးဟာ မောပန်းတာ၊အိပ်မရတာ နဲ့ ကိုယ်အလေးချိန်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ကာလကြာရှည်ကြို့ထိုးတာမျိုးတွေဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတခုခုရဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသစစ်ဆေးရပါမယ်။သင်ကြို့ထိုးနေတာ ၄၈နာရီထက် ပိုကြာပြီဆိုရင် ဒါမှမဟုတ် အိပ်တာ၊စားတာ၊အသက်ရှုတာ အစရှိတဲ့ ပုံမှန်လှုပ်ရှားသွားလာနေထိုင်မှုတွေကို ထိခိုက်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ကြို့ထိုးတာနဲ့အတူ ဗိုက်အရမ်းနာ/အောင့်တာ၊ဖျားတာ၊အသက်ရှုမဝတာ၊အန်တာ၊လည်ချောင်းထဲ တင်းကြပ်နေတာ၊ကိုယ်အလေးချိန်ကျတာ ဒါမှမဟုတ် ချောင်းဆိုးသွေးပါတာမျိုး ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသရပါမယ်။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သင့်ရဲ့ ရင်ဝမ်းခြားကြွက်သား ညှစ်တာကြောင့် ကြို့ထိုးရပါတယ်။ တခါတရံ အစားအသောက်တွေ အလွန်အကျွံစားရင်လည်း ကြို့ထိုးတတ်ပါသေးတယ်။ အထူးသဖြင့်။ကာလကြာရှည်ကြို့ထိုးခြင်းဟာ အောက်ဖော်ပြပါအချက်တွေ အပါအဝင် အခြားသော ကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။ယေဘုယျအနေနဲ့ ကြို့ထိုးတာဟာ ကုသစရာ မလိုဘဲ အလိုလိုပျောက်ကင်းတဲ့ အခြေအနေတခု ဖြစ်ပါတယ်။ ဒါပေမယ့် တခြားသော နောက်ခံအကြောင်းရင်းတခုခုကြောင့် ကြို့ထိုးတာဆိုရင်တော့ ကြို့ထိုးပျောက်ဖို့အတွက် အဆိုပါ အကြောင်းရင်း/ပြဿနာကို အရင်ကုသရမှာ ဖြစ်ပါတယ်။ တခြား ကုသမှုတွေနဲ့ မသက်သာရင် ဒါမှမဟုတ် အကြောင်းရင်းထူးထူးခြားခြား ရှာမရဖူးဆိုရင် သင့်ဆရာဝန်အနေနဲ့ ကြို့ထိုးတာကိုပဲ အဓိကထားကုသဖို့ သောက်ဆေးတွေ ပေးမှာ ဖြစ်ပါတယ်။ အဆိုပါဆေးတွေထဲက တချို့က။အတည်ပြုထားခြင်း မရှိသေးပေမယ့် ကြို့ထိုးတာကို ကုသနိုင်တဲ့ အိမ်တွင်းဆေးနည်းလေးတွေ အများကြီးရှိပါတယ်။ ဒီဆေးနည်းအများစုဟာ သွေးတွင်းကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ကို များစေပြီး ကြို့ထိုးတာကို ပျောက်ကင်းသွားစေပါတယ်။ ဆေးနည်းအချို့ကတော့။• အသက်အောင့်ထားပြီး တစ်ကနေ တစ်ဆယ်ကို ဖြည်းဖြည်းချင်းရေတွက်ခြင်း။• ရေအေးအေးတခွက်ကို အမြန်သောက်ချခြင်း။• သကြား ဒါမှမဟုတ် ပျားရည်ကို လက်ဖက်ရည်ဇွန်းတဇွန်းစားခြင်း။• စက္ကူအိတ်ထဲ အသက်ရှုသွင်း/ရှုထုတ်လုပ်ခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/hiccups-%e1%81%be%e1%80%80%e1%80%ad%e1%80%b3%e1%82%95%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
Pilonidal cyst (မြီးညှောင့်ရိုးပြည်တည်နာ)
မြီးညှောင့်ရိုးပြည်တည်နာရောဂါဆိုတာ တင်ပါးဆုံးနှစ်ခုကြားထိပ်မှာ ပြည်တည်နာပေါ်လာတတ်တဲ့ အခြေအနေတစ်ခုဖြစ်တယ်။ အမျိုးသားတွေမှာအဖြစ်များပြီး လူငယ်တွေမှာပိုဖြစ်လေ့ရှိပါတယ်။ အငှားယာဉ်မောင်းများကဲ့သို့ အထိုင်များသောပုဂ္ဂိုလ်တွေမှာ ဖြစ်နိုင်ချေများတတ်ပါတယ်။သိသာထင်ရှားလွန်းတဲ့ လက္ခဏာတွေမရှိတာကြောင့် လစ်လျှူရှုထားတတ်မိကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ ထိုနေရာတစ်ဝိုက်မှာ ရောင်ရမ်းပြီးရောဂါပိုးဝင်တာမျိုးဖြစ်တတ်ကြတယ်။ အနာအရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး လမ်းလျှောက်တဲ့အခါ ထိုင်တဲ့အခါတွေမှာ နာတတ်ပါတယ်။ မြီးညှောင့်ရိုးပြည်တည်နာ ဆိုရင်တော့ အမွှေးအမျှင်တွေ၊ ဆဲလ်အကြွင်းအကျန် အညစ်အကြေးတွေ ရှိနေတတ်တယ်။ ရောဂါပိုးဝင်သွားပါက အနာတဝိုက်နီရဲရောင်ရမ်းနေနိုင်ပြီး ပြည်၊ သွေးများထွက်ခြင်း၊ အနံ့ဆိုးခြင်းတို့လည်းဖြစ်နိုင်ပါတယ်။ ပိုးဝင်သွားပါကဖျားခြင်း၊ ပျို့ခြင်း၊ နေရထိုင်ရမကောင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ထိုရောဂါအခြေအနေနဲ့ ကြုံရသောလူတွေရဲ့တစ်ဝက်ခန့်မှာ နာတာရှည် ရောဂါရှိသွားနိုင်ပါတယ်။ ဒါပေမယ့် ထို ရောဂါခဏခဏဖြစ်နေခြင်းဟာ ရုတ်တရတ်ဖြစ်သော အခြေအနေထက်သက်သာပြီး အနာလည်းလျော့သွားပါတယ်၊ ပြည်များပေါက်သွားတာကြောင့် ဒဏ်ပိုနည်းသွားခြင်းဖြစ်တယ်၊ ထိုနာတာရှည်ဖြစ်နေခြင်းဟာ မခွဲစိတ်မချင်းတော့ တာရှည်နေဦးမှာဖြစ်တယ်။မြီးညှောင့်ရိုးပြည်တည်နာ ရှားပါးသောဖြစ်စဉ်တချို့ဟာဆိုရင် ဖြစ်နေကျ မြီးညောင့်ရိုးနားတဝိုက်မဟုတ်ဘဲ တခြားနေရာမှာသွားပေါ်တတ်ပါတယ်။ ဥပမာဆိုရသော် ဆံသဆရာတွေ၊ ခွေးကျောင်းဆရာတွေ၊ သိုးမွှေးရိတ်သူတွေမှာ လက်ချောင်းတွေကြားထဲမှ အရေပြားမှာ ဖြစ်ပေါ်တတ်ပါတယ်။တိကျတဲ့အကြောင်းအရင်းတော့မတွေ့သေးပါဘူး၊ ဒါပေမယ့် တတ်သိနားလည်သူတွေကတော့ ဟော်မုန်းပြောင်းလဲမှုကြောင့်၊ အထိုင်များသောကြောင့် ထိတွေ့ပွတ်တိုက်မှုများမှုကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။တခါတရံ တင်ပါးဆုံနှစ်ခုကြားမှာ အမွှေးကြမ်းများရှိနေတဲ့အခါ အထိုင်များသောအခါ ထိတွေ့ပွတ်တိုက်မှုက ထိုအမွှေးများကိုအရေပြားထဲ ပြန်သွင်းလိုက်သလိုဖြစ်ပြီး၊ ကိုယ်ခံအားစနစ်မှ ထိုအမွှေးအမျှင်များကို အန္တရာယ်ဖြစ်စေသောအရာများဟု အထင်မှားရာမှ အနာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နဂိုထိခိုက်ပြီးသား အမွှေးအမျှင်အိတ်များရှိပါက ထိုကဲ့သိုဖြစ်လာဖို့ပိုလွယ်ပါတယ်။တင်ပါးဆုံးနေရာကိုအသုံးများသော ကိုယ်လက်လှုပ်ရှားမှုမျိုး၊ အပူ၊ ချွေးထွက်များခြင်းတို့ဟာ အမွှေးအမျှင်အိမ်များကို ဆွဲဆန့်သလိုဖြစ်ပြီး ထိခိုက်စေတာကြောင့် ပြည်တည်နာများဖြစ်လာနိုင်ပါတယ်။တချို့သော မြီးညှောင့်ရိုးပြည်တည်နာ ရောဂါတွေကတော့မွေးရာပါဖြစ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/pilonidal-cyst-%e1%80%99%e1%80%bc%e1%80%ae%e1%80%b8%e1%80%8a%e1%80%be%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90/
သကြားမပါတဲ့ Diet Soda တွေဟာ ဝိတ်ကျစေနိုင်လား
ပုံမှန်သောက်သုံးနေကျ အချိုရည်တွေမဟုတ်ပဲ Diet တို့Sugar Freeတို့ဆိုတဲ့ စာလုံးကြီးပြူးနေအောင် ဖော်ပြထားတဲ့ အချိုရည်မျိုးတွေ မြင်ဖူးကြတယ်မဟုတ်လား။ လူသိများတဲ့ Google ရဲ့ Search History တွေမှာလည်း Diet Soda နဲ့ Weight Loss ဆိုတဲ့ စကားလုံးလေးတွေဟာ တွဲဖက်ရှာဖွေမှု မကြာခနပြုလုပ်ခြင်းခံရလေ့ရှိတဲ့ စကားစုတွေဖြစ်ကြပါတယ်။ သကြားပါဝင်မှုလုံးဝမရှိဘူးလို့ ဆိုထားတဲ့ အဆိုပါအချိုရည်မျိုးတွေကို ကိုယ်အလေးချိန် လျှော့ချနေသူတစ်ချို့က မကြာခနဖြစ်စေ၊ ပုံမှန်ဖြစ်စေ သောက်သုံးကြလေ့ရှိကြပါတယ်။Diet Soda တွေဟာ တကယ်ပဲ ကိုယ်အလေးချိန်ကျစေမှာတဲ့လား။ လေ့လာသူတွေကတော့Diet Sodaများများသောက်လေ ကိုယ်အလေးချိန် ပိုပိုတိုးလေပဲလို့’ ဆိုပါတယ်။ ကိုယ်အလေးချိန်လျော့ကျစေမယ်ဆိုတဲ့ Diet Soda သောက်တော့မှ ဝိတ်တောင်ပိုတက်ဦးမယ်တဲ့လား။ ဘယ်လိုကြောင့်ပါလိမ့်။ပါဒျူးတက္ကသိုလ်ရဲ့ လေ့လာချက် ၂ ခု အရဆိုရင်ဆိုဒါ/ကိုလာသောက်သူတွေဟာ ကိုယ်အလေးချိန် ပိုတက်လာနိုင်ပါတယ်တဲ့။ သကြားမပါဝင်ပေမယ့် တခြားသော ဓာတုပစ္စည်းတွေကြောင့် ခုလိုဖြစ်နိုင်တာပါလို့ အဆိုပါလေ့လာချက်တွေကဆိုပါတယ်။အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားတက္ကသိုလ်က လေ့လာချက်တစ်ခုမှာတော့ ဝိတ်တက်စေတယ်ဆိုတဲ့ အချက်ကို ငြင်းချက်ထုတ်ထားပေမယ့် မကြာခနသောက်သုံးတာဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ဆိုထားပါတယ်။အထူးသဖြင့်Artificial Sweetenersတွေဟာ သာမာန်လူတွေကိုတောင်မှ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဓာတ်မတည့်မှုရှိသူတွေအတွက်ဆိုရင်တော့ ပိုမိုဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်ပါတယ်တဲ့။ နောက်ပြီး Diet Soda တွေမှာ ကယ်လိုရီပါဝင်မှုမရှိဘူးလို့ ဆိုထားပေမယ့် Artificial Sweeteners ဟာ ခန္တာကိုယ်ရဲ့ ကယ်လိုရီ ချေဖျက်မှုပိုင်းလုပ်ဆောင်ချက်တွေကို ပြောင်းလဲစေနိုင်ပါတယ်။နောက်ထပ် ပြဿနာတစ်ခုကတော့ နေ့စဉ်ရက်ဆက် သကြားဓာတ်မပါဝင်ပဲ Artificial Sweeteners ဖြည့်စွက်ထားတဲ့လူတွေဟာ ပုံမှန်လူတွေထက် အချိုဓာတ်ကို ပိုမိုတောင့်တ တတ်ကြောင်း လေ့လာတွေ့ရှိထားတာပါပဲ။ သာမန်ကျန်းမာသန်စွမ်းတဲ့ လူတွေကို နှစ်စုခွဲပြီးပုံမှန်အချိုရည်နဲ့ Diet Soda ကို ၁၀ ရက်စီခွဲပြီးတိုက်ကျွေး စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ၁၀ ရက်ပြည့်ချိန်မှာ ခရင်မအပြည့်နဲ့ ချောကလက် ပူတင်းကျွေးပြီး လေ့လာကြည့်ခဲ့တာမို့ Diet Soda သာ သောက်သုံးခဲ့ရသူတွေဟာ အဆိုပါ ပူတင်းကို ပိုမိုပြီး အာသာငမ်းငမ်းစားခဲ့ကြကြောင်း သိလာရပါတယ်။San Antonio Heart Study ရဲ့ လေ့လာချက်အရလည်း သကြားပါဝင်တဲ့အချိုရည်ပဲဖြစ်ဖြစ်၊ Diet Soda ပဲဖြစ်ဖြစ် ကိုယ်အလေးချိန်တိုးလာစေနိုင်တာချင်းတော့ တူညီတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလွန်အကျွံသောက်သုံးမိရင်Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု)ဝေဒနာပါ ခံစားရနိုင်ချေရှိတယ်လို့ ဆိုပါတယ်။တကယ်တော့ Diet Soda သောက်ပြီးဝိတ်တွေပိုတက်လာတယ်လို့ ဆိုရာမှာ အချိုရည်ကိုချည်း အပြစ်တင်ဖို့တော့ ခက်ပါတယ်။ အကြောင်းကတော့ လူအများစုဟာ ဒီလို အချိုရည်မျိုးတွေကို အဆီတက်စေမယ့် Fast-foods တွေ၊ အရက်တွေ၊ စားမြိန်စာတွေ၊ သွားရည်စာတွေနဲ့ တွဲဖက်စားသောက်လေ့ရှိတာကြောင့်ပါပဲ။ အချိုရည်သောက်ရင် ဝိတ်တက်မှာကြောက်ပြီး Diet Soda ပြောင်းသောက်ပေမယ့် စားတဲ့အစားအသောက်ပုံစံကိုကျ မဆင်ချင်ဘူးဆိုရင် အဝလွန်ရောဂါဖြစ်လာဖို့ လက်ကမ်းခေါ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ဒါကြောင့်လည်း Diet Soda တွေဟာ ကိုယ်အလေးချိန် ထိမ်းသိမ်းရာမှာ အသုံးတည့်တယ်လို့ အခိုင်အမာဆိုနေတဲ့ ပညာရှင်တွေလည်း တစ်ဖက်မှာရှိနေပါသေးတယ်။ သူတို့ကတော့ အဆိုပါ သကြားမပါဝင်တဲ့ အချိုရည်တွေကို သူ့ချည်းသက်သက် မှီတင်းမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာစေမှာမ ဟုတ်ပဲ၊ မသင့်တော်တဲ့ တခြားအစားအစာတွေနဲ့ တွဲဖက်စားသုံးနေကြတာကြောင့်သာ ဝိတ်တက်လာစေတာဖြစ်တယ်လို့ ဆိုကြပါတယ်။ သူတို့ရဲ့ အယူအဆကို AmericanDiabetesAssociation နဲ့ American Dietetic Association တို့တွေကလည်း လက်ခံထားကြတာမို့ အချိုရည်သောက်သုံးသင့် မသောက်သုံးသင့်ဆိုတဲ့ကိစ္စဟာ တိကျရေရာတဲ့ အဖြေမထွက်နိုင်သေးတဲ့ ပုစ္ဆာတစ်ခုဖြစ်လို့နေဆဲဖြစ်ပါတယ်။ဒါပေမယ့်လည်း သဘာဝသကြားဓာတ်မပါဝင်ပဲ လူလုပ် သကြားအတုတစ်မျိုးဖြစ်တဲ့ Artificial Sweeteners ကို အသုံးပြုထားတဲ့ Diet Soda တွေဟာ အဝမလွန်စေဘူးဆိုရင်တောင်မှ တခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ယူဆောင်လာနိုင်တာကတော့ အမှန်ပဲဖြစ်ပါတယ်။ အထူးသဖြင့်သွားနဲ့ ခံတွင်းရောဂါတွေ၊အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေဖြစ်ပေါ်စေနိုင်တာမို့ သတိထား မှီဝဲသင့်တဲ့ အချိုရည်အမျိုးအစားတွေဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%99%e1%80%95%e1%80%ab%e1%80%90%e1%80%b2%e1%80%b7-diet-soda-%e1%80%90%e1%80%bd%e1%80%b1%e1%80%9f%e1%80%ac-%e1%80%9d%e1%80%ad%e1%80%90%e1%80%ba/
အရက်ဖြတ်လိုက်ခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလာရနိုင်သလဲ
ပြင်းပြင်းထန်ထန်ထိခိုက်နာကျင်မှုတွေရဲ့ တစ်ဝက်လောက်ဟာ အရက်သောက်ခြင်းကြောင့် ဖြစ်ရတာပါ။ မီးလောင်ခြင်း၊ ရေနစ်ခြင်းနဲ့ လူသတ်မှုတွေကြောင့် သေဆုံးမှု တစ်ဝက်လောက်ဟာလည်း အရက်သောက်ခြင်းကြောင့်ပါပဲ။ အမြင့်ကနေပြုတ်ကျခြင်း၊ ယာဉ်မတော်တဆမှုတွေနဲ့ မိမိကိုယ်ကို သတ်သေခြင်းတွေလည်း အရက်သောက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အရက်ကို ဖြည်းဖြည်းချင်း လျှော့ချသောက်သုံးခြင်းဟာ ဒီလိုထိခိုက်မှုတွေနဲ့ အနာတရဖြစ်ခြင်းတွေကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ဝိုင်အနီနဲ့ အရက်အနည်းငယ်သောက်သုံးခြင်းဟာ သင့်နှလုံးကျန်းမာရေးကို အထောက်အကူပြုနိုင် ပါတယ်။ ဒါပေမယ့် ဒါဟာ အနည်းငယ်နဲ့ တစ်ခါတစ်ရံ သောက်သုံးသူတွေအတွက်ကိုပဲ ဆိုလိုပါတယ်။ လွန်လွန်ကျွံကျွံသောက်သုံးမှုမျိုးကို မဆိုလိုပါဘူး။ အရက်ဖြတ်လိုက်ခြင်းအားဖြင့် သွေးပေါင်ချိန်မှန်လာမယ်၊ မကောင်းတဲ့အဆီ (TG) တွေကျလာမယ်၊ နှလုံးရောဂါဖြစ်ပွားမှုတွေ လျော့ကျလာမှာပါ။လူ့ခန္ဓာကိုယ်မှာ အသည်းဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့နေရာပါ။ အရက်ဟာ အသည်းဆဲလ်တွေကို အဆိပ်ဖြစ်စေပါတယ်။ အရက်အလွန်အကျွံသောက်သုံးရင်တော့ ကြာလာတဲ့အခါ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းနဲ့ အခြားပြဿနာတွေခံစားရမှာပါ။ သတင်းကောင်းအနေနဲ့ အသည်းဆဲလ်တွေဟာ သူ့ဖာသာ ပြန်လည်ပြုပြင်နိုင်ပြီး အသစ်ပြန်တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မြန်မြန် အရက်ဖြတ်လိုက်ခြင်းဟာ အသည်းအတွက် အလွန်ကောင်းပါတယ်။ဘီယာတစ်ခွက်ဟာ ကယ်လိုရီ (၁၅၀) ရှိပြီး ဝိုင်တစ်ခွက်ဟာ (၁၂၀) ရှိပါတယ်။ အရက်၊ ဘီယာသောက်ရင်း အမြည်းအနေနဲ့ အားလူးကြော်၊ ငါးမုန့်ကြော်တွေကို အများ အားဖြင့် စားမိကြပါသေးတယ်။ ဒီတော့ အရက်ဖြတ်လိုက်ရုံနဲ့ ကိုယ်အလေးချိန် ကျဆင်းသွားတာဟာ မဆန်းပါဘူး။အရက်သောက်ခြင်းကြောင့် သင့်စိတ်အခြေအနေမြင့်တက်နိုင်သလို အပေါင်းအသင်းတွေနဲ့ သောက်ဖြစ်တာကြောင့် လူမှုဆက်ဆံရေးကောင်းမွန်လာမှာပါ။ ဒါပေမဲ့ နေတိုင်းလိုလိုသောက်မိလာရင် တော့ မကောင်းတဲ့ဘက်ကို ဦးတည်သွားပါပြီ။ မထိန်းချုပ်နိုင်တော့တဲ့အခါ စိတ်ဓာတ်ကျခြင်းတွေပါ ခံစား လာရမှာပါ။ အရက်ဖြတ်လိုက်ရင်တော့ အချစ်ရေးတင်မကပဲ အလုပ်နယ်ပယ်တွေ၊ ပေါင်းသင်းဆက်ဆံရေး တွေမှာပါ လေးလေးနက်နက် အာရုံစူးစိုက်လာနိုင်ပြီး မိမိကိုယ်ကိုပါ တန်ဖိုးထားတတ်လာမှာပါ။အရက်သောက်ခြင်းကြောင့် အစာရေမြိုကင်ဆာတွေ၊ ပါးစပ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ရင်သားကင်ဆာတွေဖြစ်ပွားစေနိုင်ပါတယ်။ ကင်ဆာရောဂါကို တတ်နိုင်သမျှ ကာကွယ်ချင်ရင်တော့ အရက်ဖြတ်လိုက်ပါ။အရက်သောက်ခြင်းဟာ မိန်းမနဲ့ ယောကျာ်းကြားမှာ ပိုပြီးစိတ်ကြွစေနိုင်ပေမဲ့ အကျင့်ကြီးတစ်ခုလို ဖြစ်လာပြီဆိုရင်တော့ မကောင်းပါဘူး။ အမျိုးသားတွေမှာ လိင်အင်္ဂါမထောင်မတ်နိုင်တော့တဲ့ပြဿနာမျိုး ရှိလာနိုင်သလို အမျိုးသမီးတွေမှာဆိုရင်လည်း လိင်စိတ်လျော့ပါးလာတာမျိုး၊ မိန်းမကိုယ်ခြောက်ကပ်လာ တာမျိုးဖြစ်နိုင်ပါတယ်။ အရက်ဖြတ်လိုက်မယ်ဆိုရင်တော့ စိတ်ကူးယဉ်ဆန်တဲ့ လိင်အထိအတွေ့ကို ပြန်လည်ရရှိစေနိုင်မှာပါ။အစပိုင်းတော့ အရက်ဟာ သင့်ကိုမိန်းမောစေမှာပါ။ အိပ်ပျော်သွားပြီဆိုရင်တော့ ခဏခဏလန့်နိုး တာမျိုး၊ အသက်ရှူခြင်းကို နှောင့်ယှက်တာမျိုးတွေဖြစ်လာမှာပါ။ ခဏခဏဆိုသလိုလည်း ဆီးထသွားရ တာမျိုးဖြစ်လာမှာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မှုမျိုးကို ခံစားချင်တယ်ဆိုရင်တော့ အရက်ဖြတ်ပါ။အရက်ဟာ ကိုယ်ခံအားစနစ်ကို ဖျက်ဆီးတဲ့အတွက် အရက်ဖြတ်လိုက်တာနဲ့ ကိုယ်ခံအားစနစ်ပုံမှန် ပြန်ဖြစ်ပြီး နေမကောင်းတာတွေ မဖြစ်နိုင်တော့ပါဘူး။အရက်သောက်ထားသူတစ်ယောက်ဟာသွေးပေါင်ချိန်မြင့်တက်နေနိုင်ပါတယ်။ပုံမှန်သွေးပေါင်ချိန်ဟာ အပေါ်သွေး ၁၂၀ နဲ့ အောက်သွေး ၈၀ မှာရှိမှာပါ။ အရက်သောက်ခြင်းကြောင့် ဒီသွေးပေါင်ချိန်ထက် မြင့်နေမှာပါ။ အရက်ဖြတ်လိုက်တာနဲ့ သွေးပေါင်ချိန်ထိန်းညှိပြီးသားဖြစ်သွားမှာပါ။အရက်စွဲနေသူတစ်ယောက်ရဲ့ အတွေးတွေဟာ ရှုပ်ထွေးနေတတ်သလို မှတ်ဉာဏ်စွမ်းအားလည်း လျော့နည်းသွားတတ်ပါတယ်။ အရက်ဖြတ်လိုက်ခြင်းအားဖြင့် နဂိုမူလဦးနှောက်စွမ်းရည်မျိုး ပြန်ဖြစ်လာနိုင် ပါတယ်။အရက်အလွန်အကျွံသောက်သုံးရာကနေ ရုတ်တရက်ဖြတ်လိုက်ရင်လည်း သင့်ခန္ဓာကိုယ်ကဆိုးရွား စွာ တုံ့ပြန်နိုင်ပါတယ်။ ချွေးစေးတွေပြန်လာမယ့်နှလုံးခုန်မြန်လာမယ်။ မူးဝေမယ်၊ အော့အန်မယ်၊ တုန်ရီမယ်၊ စိတ်ဖိစီးမှုတွေကိုခံစားရနိုင်ပါတယ်။ အချို့လူတွေဆိုရင်တော့ တက်ခြင်းနဲ့ အာရုံခြောက်ခြား ခြင်းတွေ၊ ကယောက်ကတမ်းဖြစ်ခြင်းတွေခံစားရမှာပါ။ ဒါကြောင့်အရက်အလွန်အကျွံသောက်သုံးရာက။ဖြတ်ဖို့ဆိုပြီးရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ တိုင်ပင်ပြီးဖြတ်သင့်ပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/benefits-of-quit-alcohol/
ရာသီပေါ်ဆေး ဆိုတာ ထိုးဖို့ လိုသလား
ဒီလ ရာသီမလာသေးလို့ ရာသီပေါ်ဆေး ထိုးချင်လို့ဆိုပြီး ဆေးခန်းမှာ မကြာခဏ ကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် ရာသီနဲ့ ပတ်သက်ရင် အမျိုးသမီးတွေက အစွဲအလမ်းကြီးပါတယ်။ ရာသီမလာဘူးဆိုတာနဲ့ ကိုယ်ဝန်လို့ ထင်ကြပြီး ရာသီဆိုတာ လာကိုလာမှ ဖြစ်မယ်လို့ ယူဆထားကြတာကြောင့်လည်း ပါပါတယ်။ရာသီပေါ်ဆေးဆိုတာပရိုဂျက်စတုန်းကို ထိုးဆေး ဒါမှမဟုတ် သောက်ဆေးအနေနဲ့ ပေးတာ ဖြစ်ပါတယ်။ ဒါကိုprogesterone challenge testလို့လည်း ခေါ်ပါတယ်။ ရာသီပေါ်စေရုံသာမကဘဲ ရောဂါ ရှာဖွေဖို့ပါ အသုံးပြုနိုင်ပါတယ်။ပရိုဂျက်စတုန်းသောက်ဆေးကို ၅-၁၀ရက်စာ ဒါမှမဟုတ် အသားဆေးတစ်လုံး ထိုးပေးပြီး ၂ရက်ကနေ ၁ပတ်လောက်အကြာမှာ ရာသီလာသလို သွေးဆင်းစေတာ ဖြစ်ပါတယ်။ဒီနည်းလမ်းက သားဥမကြွေလို့ ရာသီမလာတဲ့သူတွေ၊ သားဥအိမ်ရေအိတ်တည်တဲ့ရောဂါစု (PCOS)ရှိတဲ့သူတွေမှာဆိုရင်တော့ အသုံးဝင်နိုင်ပါတယ်။တကယ်လို့ ဆေးထိုးဆေးသောက်ပြီးတာတောင် သွေးမဆင်းဘူးဆိုရင်တော့။ဟော်မုန်းကို ပေးပြီး ရပ်လိုက်တဲ့အခါ ထူနေတဲ့ သားအိမ်နံရံက ကွာကျသွားတဲ့အတွက် ရာသီလာသလို သွေးဆင်းတာ ဖြစ်ပါတယ်။ရာသီလာတာကကျတော့ ရာသီစက်ဝန်းမှာ ဟော်မုန်းအပြောင်းအလဲတွေဖြစ်၊ သားဥကြွေ၊ သားဥလေး မျိုးမအောင်တဲ့အခါ ရာသီသွေးဆင်းတာ ဖြစ်ပါတယ်။သဘောတရားချင်းက အတူတူပဲဆိုပေမယ့် သဘာဝအတိုင်း ရာသီလာတာရယ်၊ ဆေးပေးပြီး ရာသီလာခိုင်းတာရယ်တော့ ကွာပါတယ်။ရာသီပေါ်ဆေးထိုးတဲ့အခါ အမျိုးသမီးတွေက ကိုယ်ဝန်နဲ့ နှစ်မျိုးတွေးကြပါတယ်။ ကိုယ်ဝန်ကို ထိခိုက်သွားမလား၊ ကိုယ်ဝန်ပျက်သွားမလား ဆိုတာပါ။ကိုယ်ဝန်လိုချင်နေတဲ့သူကကျတော့ ဆေးထိုးမိလို့ ကိုယ်ဝန်ထိခိုက်သွားမလားဆိုပြီး စိုးရိမ်ကြပါတယ်။  ကိုယ်ဝန်ရှိလို့ ရာသီထိမ်နေတာကို မသိဘဲ ရာသီလာအောင် ဆေးသွားထိုးမိလည်း ပြဿနာမရှိပါဘူး။ ပရိုဂျက်စတုန်းက ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တတ်တဲ့ ဟော်မုန်း ဖြစ်တာကြောင့် သန္ဓေသားကို မထိခိုက်စေပါဘူး။တချို့အမျိုးသမီးတွေက ကိုယ်ဝန်ပျက်ကျချင်လို့၊ ရာသီလာသွားရင် ကိုယ်ဝန်ပျက်ကျသွားမယ်လို့ ယူဆတာကြောင့် ရာသီပေါ်ဆေး လာထိုးကြပါတယ်။ ဒါက ကိုယ်ဝန်အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ ဖြစ်စေမှာ မဟုတ်ပါဘူး။ ကိုယ်ဝန်ပျက်ဆေးလည်း မဟုတ်ပါဘူး။ရာသီမလာရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ တစ်လတလေ ရာသီမလာတာက ဖြစ်တတ်ပါတယ်။တကယ်လို့ ကိုယ်က လိင်ဆက်ဆံမှု ရှိထားတယ်၊ ရာသီမလာဘူးဆိုရင်တော့ ဆီးစစ်ကြည့်ပါ။ ကိုယ်ဝန်မရှိဘူးဆိုရင် စိတ်အေးသက်သာ နေပါ။ ရာသီထိမ်ရတဲ့ အကြောင်းရင်း အများစုကစိတ်ဖိစီးမှုကြောင့်သားဥမကြွေဘဲ ရာသီမလာတာ ဖြစ်ပါတယ်။ စိတ်ဖိစီးတာတွေ သက်သာသွားရင် ပြန်လာပါလိမ့်မယ်။နှစ်လဆက်တိုက် မလာဘူး။ ခဏခဏ ရာသီမမှန်တာမျိုးဖြစ်တယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြောင်းရင်းကို ရှာဖွေပါ။ ဟော်မုန်းမမှန်လို့ ဆိုရင်တော့ ဟော်မုန်းထိန်းညှိဆေးတွေ ပေးပါလိမ့်မယ်။တစ်လလောက်  ရာသီမလာတာနဲ့ ရာသီပေါ်ဆေး ထိုးစရာမလိုပါ။ရာသီသွေးက သွေးပုပ်တွေ မဟုတ်တာကြောင့် တစ်လလောက် မလာလည်း ကိစ္စမရှိပါ။ သွေးဆင်းစရာမရှိလို့ မလာတာပါ။ ရာသီမလာတိုင်း ပေါ်ဆေးထိုးတာက အဖြေမဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/progestrone-induced-menstruation/
ကမ္ဘာကျော် လေ့ကျင့်ခန်း နည်းပြ တစ်ဦးရဲ့ ဝိတ်ကျစေမယ့် နည်းလမ်းတွေ
Jillian Micheals ဆိုတာ အမေရိကန်လူမျိုး ကမ္ဘာကျော် လေ့ကျင့်ခန်း နည်းပြ တစ်ယောက်ဖြစ်ပြီး စာရေးဆရာ၊ အားကစား တီဗီအစီအစဉ်တွေမှာလည်း အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ရပ်တည်နေတဲ့သူဖြစ်ပါတယ်။ သူမဟာ The Biggest Loser လို့ခေါ်တဲ့ ဝိတ်ကျတာကို ယှဉ်ပြိုင်ကြတဲ့ တီဗီအစီအစဉ်ရဲ့ နည်းပြဖြစ်ပြီး သူမရဲ့ ဝိတ်အများဆုံးကို အမြန်ဆုံးကျစေတဲ့နည်းလမ်းတွေဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ သူမရဲ့ နည်းလမ်းတွေက သိပ္ပံနည်းကျ ဆေးစစ်ချက်တွေနဲ့ပါ စမ်းသပ်ထားပြီးတော့ ဝိတ်ကျပြီးရင်လည်း အချိန်ကြာကြာဆက်ထိန်းထားနိုင်တဲ့ နည်းလမ်းတွေဖြစ်တယ်။ ဒါကြောင့် သူမရဲ့ဝိတ်ကျစေတဲ့ နည်းလမ်းတွေထဲက တချို့ကို ကျန်းမာရေးလိုက်စားသူ ကိုကိုမမတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။မာလာရှမ်းကော၊ ဟော့ပေါ့၊ အသုပ်တွေ ကြိုက်တဲ့သူတွေ အတွက်တော့ သတင်းကောင်းပါပဲ။ ဒါပေမဲ့ အဲဒီလို အစားအစာတွေမှာတော့ ဆီများတဲ့အတွက်ကယ်လိုရီတွေများနေနိုင်ပါတယ်။ သဘာဝဟင်းခပ်အမွှေးအကြိုင်တွေနဲ့ ချက်ထားတဲ့ ပူတဲ့ စပ်တဲ့ အစားအသောက်တွေကတော့အဆီချေဖျက်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်တဲ့။အစာစားတဲ့အခါမှာ ကိုယ်မသန်တဲ့ဘက်နဲ့ စားခိုင်းတာပါ။ ညာသန်က ဘယ်လက်နဲ့ စား၊ ဘယ်သန်က ညာလက်နဲ့စားခြင်းအားဖြင့် ခက်ခဲနေတဲ့အတွက် စားရမယ့်ပမာဏကို ထိန်းချုပ်နိုင်ပါလိမ့်မယ်တဲ့။အစာစားတဲ့ချိန်မှာ အပြာရောင် ဟင်းခွက်တွေကို အသုံးပြုတာဟာ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်တဲ့။ ဒါနဲ့ ဆန့်ကျင်ဘက် အနီရောင်၊ လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေကတော့အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ကွတ်ကီးတို့၊ ပေါင်မုန့်တို့ ထည့်လုပ်တဲ့ ပုံစံခွက်လေးတွေထဲကို ကိုယ်စားမယ့် ထမင်း၊ ခေါက်ဆွဲတွေကို ထည့်စားခိုင်းထားပါ။ ဒီလောက်ပဲ စားမယ်ဆိုပြီး ကိုယ့်ဘာကိုယ် သတ်မှတ်ထားရင် ပိုစားမိမှာကို မပူရတော့ဘူးပေါ့။အပြင်မှာ ထွက်ပြီးအပြေးလေ့ကျင့်တဲ့အခါ ရာသီဥတု ပူရင် ချွေးထွက်လွန်ပြီး လွယ်လွယ်ကူကူပင်ပန်းသွားနိုင်ပါတယ်။ ဒါကြောင့် ပြေးတဲ့အခါ ရေခဲထားတဲ့ အထုတ်လေးတွေကို ကိုင်ပြီး ပြေးကြရင် ခန္ဓာကိုယ်အပူချိန်ဟာကျသွားတဲ့အတွက် ပိုကြာကြာပြေးနိုင်ပါတယ်တဲ့။အားကစားလုပ်တဲ့ခါ peppermint ဆီလေးတွေကို လက်မှာ သုတ်လိမ်းပြီး ပြေး ပါတဲ့။ ရေမွှေးမဟုတ်တဲ့ အခြားရှတတအနံ့ရှိတဲ့ သဘာဝအဆီနံ့လေးတွေကို ရှူလိုက်တာဟာ ကုန်ဆုံးသွားတဲ့ အင်နာဂျီကို ပြန်လည်ဖြည့်တင်း ပေးတဲ့အတွက် စိတ်ကြည်လင် လန်းဆန်းလာပြီး အားကစား စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်တဲ့။ဝိတ်ချတဲ့သူတွေလုပ်လေ့ရှိတာက အစားကို ရက်နည်းနည်းလောက်လျှော့စားတယ် ကိုယ်လိုချင်တဲ့ကိုယ်အလေးချိန်ကို ရောက်သွားရင် အရင်အတိုင်း ပြန်နေ ပြန်စားတယ်။ အားကစားမှန်မှန်မလုပ်ဘူး။ အဲဒီလိုလုပ်ရင်လည်း ခဏတာ ပိန်သွားပြီး နောက်ကျရင်လည်း ပုံမှန်ဝိတ်ကို ပြန်ရောက်သွားမှာပါ။ မှန်ကန်ကျန်းမာတဲ့diet။နဲ့အတူ  လေ့ကျင့်ခန်းတွေကို တစိုက်မတ်မတ်လုပ်နေမှသာ ကျန်းမာလှပတဲ့ ဘော်ဒီလေးကို ရေရှည် ပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba-%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%ba%e1%80%b8/
ပန်ခရိယ (သို့မဟုတ်) မုန့်ချိုအိတ် ရောင်ရမ်းခြင်းအကြောင်း
ပန်ခရိယ(ခေါ်) မုန့်ချိုအိတ်ဟာ အစာအိမ်ရဲ့အနောက် ကပ်လျက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့ အစာတွေကို ချေဖျက်ဖို့၊သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ အင်ဇိုင်းနဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ အရေးကြီးအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ ပန်ခရိယဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရောင်ရမ်းတဲ့အခါမှာတော့ ပုံမှန်လုပ်ငန်းတာဝန်တွေ မထမ်းဆောင်နိုင်တော့ဘဲရောဂါဝေဒနာတွေပါ ပေါ်ပေါက်လာပါတယ်။ပန်ခရိယရောင်ရမ်းသူအများစုဟာ ဝမ်းဗိုက်အပေါ်ပိုင်း ဘယ်ဘက်အလယ်ခြမ်းမှာ ထိုးအောင့်တတ်ပါတယ်။ နာတာရှည် ရောင်ရမ်းသူတွေမှာတော့ ကွန်ပျူတာဓာတ်မှန် ရိုက်တဲ့အခါ ရောင်ရမ်းတဲ့လက္ခဏာကို မြင်တွေ့နိုင်ပါတယ်။တခြားတွေ့နိုင်တဲ့လက္ခဏာတွေကတော့။– ကိုယ်ခန္ဓာအပေါ်ပိုင်း ရင်ဘတ်နှင့်ကျော ညှပ်အောင့်ခြင်း။– အစာမကြေခြင်း။– ပျို့ခြင်း၊ အန်ခြင်း။– ဗိုက်နာခြင်း။– ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း။– ဗိုက်ထဲတွင် လေပွခြင်း၊ တင်းခံနေခြင်း။– ကြို့ထိုးခြင်း။– ဖျားခြင်း စတာတွေ ဖြစ်ပါတယ်။နာတာရှည် ပန်ခရိယရောင်ရမ်းခြင်းမှာတော့ အဆီများပါပြီး အနံ့ဆိုးတဲ့ ဝမ်းများသွားတတ်ပါတယ်။ ဒါဟာ အစာအိမ်အူလမ်းကြောင်းကနေ အာဟာရဓာတ်တွေကို ကောင်းစွာ မစုပ်ယူနိုင်တဲ့သဘော ဖြစ်ပါတယ်။ ပန်ခရိယကနေ အစာချေတဲ့အင်ဇိုင်းများကို ကောင်းစွာ မထုတ်လုပ်နိုင်တော့လို့ ဖြစ်ပါတယ်။ရုတ်တရက်ရောင်ရမ်းခြင်းနဲ့ နာတာရှည်ရောင်ရမ်းခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရုတ်တရက်ရောင်ရမ်းတဲ့အခါ နာကျင်မှုဝေဒနာကို ပြင်းထန်စွာခံစားရပြီး ဆေးရုံတက်ရောက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ ဖြစ်တာများပြီး သည်းခြေကျောက်ကြောင့် ဖြစ်တာများပါတယ်။ ဆေးလိပ်၊ အရက်သောက်သူတွေမှာ ပန်ခရိယရောင်ရမ်းခြင်းဟာ မကြာခဏပြန်ဖြစ်ပြီး နာတာရှည်အဆင့်ကို ရောက်သွားနိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းသူတွေမှာ ပန်ခရိယဆဲလ်တွေ အမြဲတမ်းပျက်စီးခြင်း ဖြစ်နိုင်ပြီး နောက်ဆက်တွဲပြဿနာလည်း ပိုများပါတယ်။အထူးသဖြင့် အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေကို ထိခိုက်စေပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ သွေးအတွင်းက သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပန်ခရိယနာတာရှည်ရောင်ရမ်းသူတွေရဲ့ ၄၅ ရာခိုင်နှုန်းလောက်ဟာ ဆီးချိုရောဂါ ဝင်လာတတ်ပါတယ်။ပန်ခရိယရောင်ရမ်းခြင်းနှစ်မျိုးစလုံးဟာ အကြောင်းအရင်း တူညီတတ်ပါတယ်။ အများအားဖြင့် အောက်ပါအကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။– သည်းခြေကျောက်။–အရက်အလွန်အကျွံသောက်ခြင်း။– ဆေးဝါးများ။– ပန်ခရိယကင်ဆာ။– ဝမ်းဗိုက်ခွဲစိတ်ကုသခြင်း။– ရောဂါပိုးဝင်ခြင်း။– ဝမ်းဗိုက်ကို ထိခိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။ပန်ခရိယရောင်ရမ်းခြင်းဟာ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ဆေးရုံတက်ဖို့ လိုပါတယ်။ လိုအပ်ရင် ပုလင်းကြီးမှတဆင့်၊ ဒါမှမဟုတ် နှာခေါင်းပိုက်မှတဆင့် လိုအပ်တဲ့ အစာအာဟာရတွေ ထည့်သွင်းပေးရတတ်ပါတယ်။ ပန်ခရိယရောင်လို့ဖြစ်ပေါ်တဲ့ နာကျင်မှုဝေဒနာအတွက် ဆေးဝါးတွေပေးပါတယ်။ တကယ်လို့ တခြားကုသမှုတွေနဲ့ မထိရောက်တော့ရင် ခွဲစိတ်ကုသတဲ့နည်းကို သုံးပါတယ်။အဓိကအားဖြင့် အောက်ပါအစားအစာတွေကို ရှောင်ရပါမယ်။– အနီရောင်အသားများ (ဥပမာ အမဲသား၊ သိုးသား၊ ဝက်သား)။– ဆီဖြင့်ကြော်ထားသော အစားအစာများ။– အဆီဓာတ်များသောနို့ထွက်ပစ္စည်းများ။– သကြားဓာတ်ကဲသော သရေစာများ။– အချိုများသောအဖျော်ယမကာများ။– ကဖိန်း။– အရက် စတာတွေ ရှောင်သင့်ပါတယ်။အဆီများတဲ့ အစားအစာတွေကို ရှောင်ပြီး ပရိုတိန်းနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းများတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ အရည်များများ သောက်သင့်ပါတယ်။ဖြစ်ပွားရတဲ့ အကြောင်းအရင်းမျိုးစုံရှိတာကြောင့် ကာကွယ်ဖို့ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ အကြောင်းအရာတွေကို ရှောင်ရှားရင်တော့ ပန်ခရိယရောင်ရမ်းနိုင်ခြေ နည်းနိုင်ပါတယ်။– အရက်ကို တတ်နိုင်သမျှရှောင်ခြင်း။–ဆေးလိပ်ဖြတ်ခြင်း။– ကိုယ်အလေးချိန်ကို ထိန်းခြင်း။– အာဟာရဓာတ်များ သင့်တင့်မျှတအောင်စားခြင်း။–အမျှင်ဓာတ်များများစားခြင်း စတဲ့နည်းလမ်းတွေက အထောက်အကူပြုပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/health-pancreatitis/
ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝ တဲ့အခါ
တစ်နေ့တာမှာ ကျန်းမာနေစေဖို့ မဖြစ်မနေလုပ်ရမှာက ရေလုံလောက်အောင် သောက်ဖို့ပါ။ ရေအစား အရည်တွေဖြစ်တဲ့အချိုရည်တွေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ နဲ့ ဘီယာလိုမျိုး အရည်တွေကတော့ ရေအစားထိုးသောက်ဖို့ မသင့်တော်ပါဘူး။ ရေငတ်ပြေစေနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ရေဓာတ်လိုအပ်ချက်ကိုတော့ မဖြည့်ပေးနိုင်လို့ ရေဓာတ်မပြည့်ဝ တာမျိုး ဖြစ်စေနိုင်ပါတယ်။အကြောင်းကတော့ ဒီသောက်စရာတွေမှာ သကြား၊ ဆားဓာတ်၊ကဖင်း၊ အယ်လ်ကိုဟော စတာတွေ ပါဝင်နေလို့ပါပဲ။ ဒါတွေက ရေဓာတ်မပြည့်ဝစေတဲ့အပြင် ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုတောင် ဆုံးရှုံးစေနိုင်ပါသေးတယ်။ ရေငတ်မှ ရေဆာမှ ကိုယ်တွင်းမှာရေဓာတ်ခမ်းခြောက်မှုဖြစ်စဉ် စတာမဟုတ်ပါဘူး။ ရေဓာတ်မပြည့်ဝတာ၊ ရေဓာတ်ခမ်းခြောက်တာတွေက မလိုလားအပ်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် အကောင်းဆုံးက ရေဓာတ်ပြည့်ဝအောင် သောက်သုံးတာပါ။တစ်နေ့တာကို ရေလုံလောက်အောင် မသောက်မိတာက တစ်ရက် နှစ်ရက်မဟုတ်ဘဲ ရက်ဆက်ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လုံလောက်မှု နည်းလာပါတယ်။ ဒီလိုရေဓာတ်ပြည့်ဝလုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်မှာ။လူ့ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ သီတင်းပတ်တစ်ခုလောက် ရေမသောက်ဘဲ ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ထဲမှာ ရေဓာတ် မလုံလောက်တဲ့အခါ ကိုယ်တွင်းကအဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ခက်ခဲလာပါမယ်။ဒီလိုနဲ့ အဆိပ်အတောက်တွေကို မစွန့်ထုတ်နိုင်တော့တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် ဟန်ချက်ညီမှု ပျက်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်ကူးစက်ရဖို့ လွယ်ကူ သွားပါတယ်။ ရေဓာတ်နည်းတာက ခန္ဓာကိုယ် အင်အားကို ဆုတ်ယုတ်စေပြီးကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလာတဲ့အခါ သွေးတွေက ပျစ်လာပါတယ်။ ဒီလိုပျစ်လာတာက သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး နှလုံးဆီ သွေးရောက်ရှိမှု နည်းစေပါတယ်။ ဒီလိုကနေ သွေးတိုးတာ၊သွေးတွင်း ကိုလက်စထရောများတာတွေ ဖြစ်စေပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။ရေနည်းနည်းပဲသောက်တာက ကိုယ်တွင်းကဇီဝကမ္မဖြစ်စဉ်တွေကို ကျဆင်းစေပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ထိထိရောက်ရောက် မဖယ်ရှားနိုင်တဲ့အခါ အဆီဆဲလ်တွေထဲမှာ အညစ်အကြေးတွေစု လာစေပါတယ်။ဒီအခြေအနေမှာ ရေကို ပြည့်ဝအောင်မသောက်မိဘဲ အချိန်ကြာမြင့်စွာနေမယ်ဆိုရင် ရေရှည်မှာ အဝလွန်လာမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းကမနက်စာမစားခင်၊ နေ့လယ်စာ မစားခင်နဲ့ ညစာ မစားခင်တိုင်းမှာ ရေတစ်ခွက်ကနေ ၂ ခွက်လောက်အထိသောက်ပေးပါ။ ဒီလို ပုံမှန်လုပ်ပေးမယ်ဆိုရင် အဝလွန်တာကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။နေ့စဉ်နဲ့အမျှ ရေဓာတ်မပြည့်ဝရင် မလိုအပ်ဘဲအရေးအကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။အရေပြားရဲ့ ၂၀ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ရေဓာတ်မပြည့်ဝ တဲ့အခါ အရေပြားမှာ အရေးအကြောင်းတွေ ဖြစ်လာစေမှာပါ။ အရေပြားရဲ့ကော်လာဂျင်ထွက်ရှိမှု ကောင်းစေပြီး တင်းရင်းလှပ စေဖို့ဆိုရင်ရေများများသောက်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-does-dehydration-affect-the-body/
မီးညောင်လေးတွေရဲ့ ပိုင်ရှင်တွေသာ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး
တမြောင်မြောင်နဲ့ အော်ပြီး လက်ကို ဖက်ဖက် ကိုက်တတ်တဲ့မီးညောင်လေးတွေကို အသည်းစွဲ ချစ်တတ်သူလား။ အမြီးလေး တထောင်ထောင်နဲ့ ပွတ်သီးပွတ်သပ်ချွဲတိုင်း စားချင်တာကို ချကျွေးနေရတဲ့ ချစ်မဝလေးတွေက အမောပြေစေရုံ၊ ချစ်မဝစရာ ကောင်းရုံတင် မဟုတ်ဘဲ သူတို့ကို ချစ်တဲ့ သင့်ကို ကျန်းမာရေး ကောင်းစေဖို့လည်း ထောက်ပံ့ပေးပါသတဲ့နော်။အသည်းစွဲ ချစ်ရတဲ့အိမ်မွေး တိရစ္ဆာန်လေးက မီးညောင်လေးပါ ဆိုရင်တော့။စိတ်ဖိစီးမှုပြေလျော့စေပြီးစိတ်ခံစားမှုကောင်းစေတယ်။တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ကြောင်လေးတွေနဲ့ ကစားပေးတာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး စိတ်ခံစားမှုကို ကောင်းစေပါတယ်။ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းတာကစီရိုတိုနင်ဟော်မုန်းကို မြင့်တက်စေပြီး စိတ်ဖိစီးမှု ဖြစ်စေတဲ့ကော်တီစောဟော်မုန်းကို ကျဆင်းစေနိုင်လို့ပါ။ယုံချင်ယုံ မယုံချင်နေပါ။ ကြောင်လေးတွေ မွေးထားတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးပါတယ်။ ကြောင်လေးတွေက အသက်ရှည်ရှည်နေနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်သူလေးတွေပါ။ကြောင်လေးတွေကရုတ်တရက် နှလုံး ရပ်တာဖြစ်နိုင်ခြေကို ကျဆင်းစေသလိုဓာတ်မတည့်မှုဝေဒနာ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ကိုယ်ခံအားစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးပါသေးတယ်။ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင် ပါသေးတယ်။လေ့လာမှုတွေအရ ကြောင်လေးတွေ မွေးထားတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီးနှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ကြောင်လေးတစ်ကောင် မွေးထားတာက နှလုံးရောဂါ အမျိုးမျိုး ခံစားရနိုင်ခြေ နဲ့လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ကြောင်လေးတွေကို ကုတ်ပေးတဲ့အခါ စိတ်ကျေနပ်မှု ရရှိတာကို ဖော်ပြတဲ့ အနေနဲ့ သူတို့ပေးတတ်တဲ့ အသံလေးကအရိုးနဲ့ကြွက်သားတွေ ကျန်းမာစေဖို့ ထိခိုက်ထားတာမျိုး ရှိရင် မြန်မြန် သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးပါတယ်။စိတ်ကျေနပ်မှု ရတဲ့အခါ ကြောင်လေးတွေ ပေးတတ်တဲ့ အသံလေးကကြိမ်နှုန်း ၂၀ ကနေ ၁၄၀ HZ ရှိပါတယ်။ လေ့လာမှုအရ ကြိမ်နှုန်း ၁၈ ကနေ ၃၅ HZ အတွင်းရှိတဲ့ အသံတွေက အရိုး၊ အဆစ်တွေထိခိုက်ဒဏ်ရာရထားတဲ့အခါ သက်သာစေဖို့အထောက်အပံ့ပေးနိုင်တယ်၊လို့ တွေ့ရှိရပါတယ်။ ကြောင်လေးတွေ ပေးတတ်တဲ့ အသံတွေက လူတွေကို ကျန်းမာစေပါတယ်။ယူကေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ကြောင်လေးတွေကို ပိုင်ဆိုင်ထားသူတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်တတ်ကြတယ်၊ လို့ ဆိုပါတယ်။ ကြောင်လေးတွေက ကောင်းကောင်း အိပ်ပျော်စေဖို့ အကောင်းဆုံး ထောက်ပံ့ ပေးနိုင်သူလေးတွေဆိုလည်း မမှား ပါဘူး။ဒါတွေတင် မကပါဘူး။ ကြောင်လေးတွေက သင့်ကို စွဲဆောင်မှု တိုးစေသလိုကြွက်အပါအဝင် ကိုက်ဖြတ်စား သတ္တဝါတွေကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေ ဘေးကနေလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသေးတယ်။ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေစေဖို့လည်း အကောင်းဆုံး ကူညီအဖော်ပြု ပေးနိုင်သူလေးတွေပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/scientifically-proven-health-benefits-of-being-a-cat-owner/
ဘီယာသောက် လို့ ဗိုက်ပူတာလား
ဘီယာတွေ အလွန်အကျွံသောက်သုံးတတ်တဲ့ အမျိုးသားတွေမှာ ဗိုက်ထွက်လာတဲ့ ပြဿနာမျိုး ရင်ဆိုင်ရတတ်ပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင် ချစ်သူခင်သူ ရင်းနှီးသူတွေက ဘီယာသောက် တဲ့ အမျိုးသားကို ဘီယာဗိုက် လို့ စနောက်ကျမှာ မလွဲဧကန်ပါပဲ။အသောက်အစားလေးကလည်းရှိ မအားမလပ်လို့ လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်နိုင်တဲ့သူတွေဆိုရင်ဘီယာဗိုက်ဆိုတဲ့ ဘွဲ့ကိုရဖို့ သိပ်နီးစပ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘီယာဗိုက်ဖြစ်နေတာ ကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အတော်ကိုများပြားတဲ့ အမျိုးသားထုကြီးဟာ ဒီဘွဲ့ကို ရရှိနေကြပါတယ်။တစ်ခုရှိတာက ဒီလို ဘီယာဗိုက်ဆိုတဲ့ ဘွဲ့အမည်နာမကြီးက တကယ်ကို ဘီယာသောက် လို့ ရလာတာလား။ ကြည့်ရအောင်။ဘီယာသောက် တာကြောင့်ဗိုက်ခေါက်ထွက်လာနိုင်တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ သွယ်ဝိုက်တဲ့ နည်းလမ်းနဲ့ ဗိုက်ထွက်စေတာတော့ ဟုတ်ပါတယ်၊၊တကယ်တမ်း ဗိုက်ပူစေတဲ့ပြဿနာက ဘီယာသောက်သုံးပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အတွင်း စုကျန်ခဲ့တဲ့ ကယ်လိုရီတွေကို လုံလောက်မျှတအောင် မချေဖျက်နိုင်တာကြောင့်ဖြစ်ပါတယ်။ဘီယာထဲကပါလာတဲ့ ကယ်လိုရီတွေအပြင်၊ အမြည်းအဖြစ် တွဲဖက်စားသောက်တဲ့ အစားအစာတွေက ကျန်ရှိနေတဲ့ ကယ်လိုရီဓာတ်တွေနဲ့ ပေါင်းစပ်လိုက်ချိန်မှာ အတော်များပြားတဲ့ ကယ်လိုရီ အစုအဝေးကြီး ဖြစ်သွားပါတယ်။ ဒီကယ်လိုရီတွေက လူတွေရဲ့ ဝမ်းဗိုက်မှာ အဆီပိုတွေ ဖြစ်ပေါ်စေတာပါ။တကယ်တမ်း အရက်၊ ဘီယာကြောင့်အဆီပိုဖြစ်စေတယ်ဆိုတဲ့ ကိစ္စကတော့ ၅၀/၅၀ အနေအထားပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန် ဘီယာတစ်ခွက်ရဲ့ ကယ်လိုရီပမာဏက ၁၅၀ ဝန်းကျင်သာဖြစ်ပြီးတော့ အသင့်စားခေါက်ဆွဲထုပ်တစ်ထုပ်မှာ ကယ်လိုရီ ၅၀၀+ ပါဝင်တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။အရက်၊ ဘီယာစတာတွေကို အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် ခါးတုတ်လာဖို့ထက် အသည်းထိခိုက်ဖို့က ဖြစ်နိုင်ချေပိုများပါတယ်။တကယ်တမ်း မိမိရဲ့ဗိုက်အရွယ်အစားကို ကြီးထွားလာစေမယ့် ကယ်လိုရီအများစုက ဘီယာသောက် သုံးချိန်မှာ တွဲဖက်စားသောက်တဲ့ အစားအစာတွေ အကင်တွေ၊ အကြော်အလှော်တွေ၊ ကြက် ဝက်စတဲ့ အသားဟင်းလျာတွေ၊ ပီဇာနဲ့ အသင့်စားအစားအစာလို တွဲဖက်အစားအစာတွေဆီကနေ လာပါတယ်။ဒါပေမယ့် အရက်၊ ဘီယာသောက်သုံးမှုဟာ အဆာပြေအစာနဲ့ အမြည်းတွေပိုစားဖြစ်အောင် တွန်းအားပေးတာမို့ သူ့အပြစ်လည်း လုံးလုံးကြီးကင်းတယ်တော့ မဆိုသာပါဘူး။ခန္ဓာကိုယ်မှာအဆီတွေများပြားလာတဲ့အခါမျိုးမှာ အသက်အရွယ်၊ လိင်နဲ့ ဟော်မုန်းတွေပေါ်လိုက်ပြီး စုဆောင်းတဲ့နေရာခြင်းမတူညီပါဘူး။ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေမှာတောင်မှ အဆီတွေ စုနေတဲ့နေရာမတူညီပါဘူး။မိန်းကလေးတွေရဲ့ အဆီပိုတွေဟာ  ဗိုက်အပြင် လက်မောင်း၊ ပေါင်၊ တင်ပါးတို့လို နေရာအနှံ့မှာရှိနေနိုင်ပါတယ်။ ယောက်ျားလေးတွေကတော့ ဝပြီဟေ့ဆိုရင် ဗိုက်မှာအဆီပိုတွေစုနေတာမျိုး ပိုဖြစ်ပါတယ်။ဘီယာဗိုက်တွေဟာ လူငယ်တွေထက်လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာသလို ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါးလာတာကြောင့်ဖြစ်ပါတယ်။ဘီယာသောက်တာက အပြစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်ကျန်းမာရေးဆိုင်ရာပြဿနာလေးတွေတော့ ကြုံရဖို့များပါတယ်။ သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေဖြစ်နိုင်ချေလည်း အတော်လေးများပါတယ်။ခါးအတိုင်းအတာ (ကျား -၄၀လက်မ) နဲ့ (မ-၃၅ လက်မ) ထက်ပိုမိုနေပြီဆိုရင် နှလုံးနဲ့ ဆက်စပ်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ပိုမိုလေးလံတဲ့ ခန္ဓာကိုယ်ကို သယ်ဆောင်ထားရတာမို့ တင်ပါးနဲ့ ပေါင်တွေကိုလည်း ထိခိုက်နိုင်ပါတယ်။ဘီယာဗိုက် ဆိုတာမျိုးက ဖြစ်လာပြီဆိုရင် ဥုံဖွဆိုပြီး ချက်ခြင်းပျောက်ကွယ်သွားအောင်လုပ်ဖို့ မလွယ်ကူပါဘူး။ အသင့်လျော်ဆုံးနဲ့ အရင်ဆုံးစတင်သင့်တဲ့ နည်းလမ်းကတော့ အရက်၊ ဘီယာသောက်သုံးမှုကို လျှော့ချတာ၊ ဒါမှမဟုတ် ရပ်တန့် လိုက်တာပါပဲ။ကယ်လိုရီအပိုတွေ မရှိအောင် သတိထားနေထိုင်စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာကတော့ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/beer-and-central-obesity/
သားဥပြွန်ကင်ဆာ
သားအိမ်နဲ့သားဥအိမ်ကြား ဆက်ထားတဲ့ပြွန်ကို သားဥပြွန်လို့ ခေါ်ပါတယ်။ ခန္ဓါကိုယ်မှာရှိတဲ့ သားဥပြွန်နှစ်ချောင်းအနက် တစ်ချောင်းမှာ ပုံမမှန်ဆဲလ်ကြီးထွားမှု ဖြစ်ပေါ်တဲ့အခါ သားဥပြွန်ကင်ဆာ ဖြစ်လာရပါတယ်။ ၎င်းဟာ ဖြစ်လေ့ဖြစ်ထနည်းတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပြီး ကင်ဆာဆဲလ်တွေဟာ သားဥပြွန်မှာ စတင်ဖြစ်ပေါ်တာထက်စာရင် ခန္ဓါကိုယ်ရဲ့ အခြားတစ်နေရာကနေ သားဥပြွန်ဆီ ပျံ့ပွားလာကြတာများပါတယ်။ အမျိုးသမီးတွေမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် အသက် ၅၀နဲ့ ၆၀ကြား အရွယ်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။သားဥပြွန်ကင်ဆာဟာ ရှားပါးတဲ့ရောဂါတစ်ခု ဖြစ်တဲ့အလျောက် ဒီရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး အထောက်အထားပြနိုင်မှု မရှိသလောက် နည်းနေပါသေးတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီရောဂါဟာ မျိုးဗီဇနဲ့ဆက်စပ်မှုရှိပြီး BRCA 1 သို့မဟုတ် BRCA 2 မျိုးဗီဇဖောက်ပြန်တဲ့ အမျိုးသမီးတွေမှာ သားဥပြွန်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ ပိုများတယ်လို့ ယံကြည်ကြပါတယ်။ ဒါ့ကြောင့် သားဥပြွန်ကင်ဆာရောဂါ ရှိတွေဟာ ရင်သားကင်ဆာနဲ့ သားဥအိမ်ကင်ဆာရောဂါများ ရှိမရှိကိုပါ စစ်ဆေးသင့်ပါတယ်။သားဥပြွန်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေကတော့။ဒီလက္ခဏာတွေရှိလာတိုင်း သားဥပြွန်ကင်ဆာဖြစ်နေပြီလို့ တပ်အပ်မပြောနိုင်ဘူးဆိုတာကိုတော့ သတိပြုသင့်ပါတယ်။ အခြားသော မီးယပ်ရောဂါတွေကြောင့်လည်း အဆိုပါလက္ခဏာတွေ ဖြစ်လာနိုင်ပေမယ့် ဆရာဝန်ဆီ သွားရောက်ပြသဖို့တော့ လိုအပ်ပါတယ်။သားဥပြွန်ကင်ဆာဟာ ရှာဖွေစစ်ဆေးအတည်ပြုဖို့ ခက်ခဲတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ဆေးကုသမှုမှတ်တမ်းနဲ့ ရောဂါလက္ခဏာတွေအကြောင်း မေးမြန်းပြီး ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှု ပြုလုပ်မှာဖြစ်ပါတယ်။ သင့်ရဲ့ မိန်းမကိုယ်၊ သားအိမ်၊ သားဥပြွန်၊ သားဥအိမ်၊ ဆီးအိမ်နဲ့ အစာဟောင်းအိမ်တို့ကိုလည်း စမ်းသပ်စစ်ဆေးရမှာ ဖြစ်ပါတယ်။ဒါ့အပြင် သင့်သွေးထဲမှာ CA125 လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တစ်မျိုး ပါဝင်မှုအတိုင်းအတာကို ဓါတ်ခွဲစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ CA125 ပမာဏ မြင့်တက်ခြင်းကို သားဥပြွန်ကင်ဆာအပါအဝင် မီးယပ်ရောဂါတစ်ခုခု ရှိနေကြောင်းညွှန်ပြတဲ့ လက္ခဏာတစ်ခုအဖြစ် ယူဆနိုင်ပါတယ်။ သားဥပြွန်ကင်ဆာဟုတ်မဟုတ် ကောက်ချက်ချရာမှာ CT scan နဲ့ အာလ်ထရာဆောင်းအသုံးပြုပြီး ပုံရိပ်ဖော်စစ်ဆေးမှု ပြုလုပ်ဖို့လည်း လိုအပ်နိုင်ပါတယ်။သားဥပြွန်ကင်ဆာကို ခွဲစိတ်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးတွေ အသုံးပြုပြီး ကုသနိုင်ပါတယ်။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖယ်ရှားပစ်ရမယ့် အတိုင်းအတာကို ကျွမ်းကျင်သူဆရာဝန်များက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။အကယ်၍ ကင်ဆာဆဲလ်တွေဟာ သားဥပြွန်ကနေ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ မပျံ့နှံ့သေးဘူးဆိုရင် သားအိမ်၊ သားဥအိမ်နဲ့ သားဥပြွန်တွေကို ခွဲစိတ်ဖယ်ရှားရမှာဖြစ်ပြီး ကင်ဆာဆဲလ်တွေ ပျံ့နှံ့နေပြီဆိုရင်တော့ ပတ်ပတ်လည်က ပြန်ရည်ကျိတ်တွေကိုပါ ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ခွဲစိတ်ပြီး ကျန်ရှိနေနိုင်တဲ့ ကင်ဆာဆဲလ်တွေ သေစေဖို့အတွက် ဓါတ်ရောင်ခြည်ကုထုံး၊ ကင်ဆာဆေးသွင်းကုထုံးများကိုပါ တပါတည်း ခံယူရဖို့ အလားအလာရှိပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a5%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac/
သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး
သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်လား …… မျက်နှာက လူတိုင်းအတွက် အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲက တစ်ခုပါ။ မျက်နှာသွင်ပြင်ကလည်း လူတစ်ယောက်စီတိုင်းအတွက် တော်တော်လေး အရေးပါလှပါတယ်။ မျက်နှာက လူမှုဆက်ဆံရေးနယ်ပယ်မှာ အရေးပါရုံသာမက လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကိုလေ့လာရာမှာလည်း အရေးကြီးပါတယ်။ မျက်နှာပေါ်က ပြောင်းလဲလာတဲ့အနေအထားတွေက ခန္ဓာကိုယ်မှာ ဘာတွေချို့ယွင်းနေလဲဆိုတာကို တစေ့တစောင်းဖော်ပြပေးပါတယ်။သင့်မျက်နှာက ပြောပြနေတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာလိုက်ရအောင်နော်။လူပျိုဖော်ဝင်တဲ့အချိန်၊ အပျိုဖော်ဝင်တဲ့အချိန်မှာ ဝက်ခြံထွက်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် မကြာခဏဆိုသလို ဝက်ခြံထွက်နေတာဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ အထူးသဖြင့် မေးစေ့၊ မေးရိုးတစ်လျှောက်၊ ဆံစပ်တစ်ကြောမှာ ဝက်ခြံတွေ ဖြစ်ပေါ်ရင်တော့ ဟော်မုန်း မညီမျှတာမျိုး ခံစားနေရတာဖြစ်နိုင်သလို အစာချေစနစ်မှာ ပြဿနာရှိတာ၊ အချို့အစားအသောက်တွေနဲ့ ဓာတ်မတည့်တာနဲ့ အသည်းရောဂါတစ်မျိုးမျိုး ခံစားနေရတာ ဖြစ်နိုင်ပါတယ်။ဒါကတော့ ဗီတာမင် ဘီ ချို့တဲ့နေတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒါက အစားအသောက်သင့်တင့်မျှတအောင် စားသုံးပေးခြင်းဖြင့် သက်သာအောင် လုပ်လို့ရပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဆန်၊ ဂျုံတို့ကို ထည့်သွင်းစားသုံးတာ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးတာ၊ အသားတွေကို ထည့်သွင်းစားသုံးတာမျိုး လုပ်ဆောင်လို့ရသလို အဆိုပါ အစားအစာတွေနဲ့အတူ ဗီတာမင် Bဖြည့်စွက်စာတွေကိုပါ ထည့်သွင်းစားသုံးပေးဖို့လိုပါလိမ့်မယ်။လည်ပင်းကြီးဝေဒနာ နဲ့ ဆီးချိုဝေဒနာတွေကြောင့် အသားအရေခြောက်သွေ့တာကို ခံစားရနိုင်ပါတယ်။ အဆိုပါရောဂါတွေက အရေပြားပေါ်က အစိုဓာတ်ကို ကုန်ခမ်းသွားစေပါတယ်။ ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားက ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးနေတာကြောင့် ရေများများသောက်ဖို့ လိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်။ အာဟာရဓာတ်အချို့ ချို့တဲ့တာကြောင့်လည်း အရေပြားက ခြောက်သွေ့ပြီး အရေပြားအပေါ်ယံလွှာကွာတာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။အသားအရောင်က ဖျော့တော့ပြီး မျက်ကွင်းတွေ ညိုနေတာက သံဓာတ်ချို့တဲ့မှုကြောင့် ခန္ဓာကိုယ်ထဲမှာ တော်တော်လေးအားအင်ကုန်ခမ်းနေပြီဆိုတာကို ပြသနေတာပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ အစားအသောက်အုပ်စုတွေကို ရွေးချယ်စားသုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးပေးလိုက်ပါ။ အသားအရောင်ဝါနေတာကတော့ အသည်းမှာ တစ်ခုခုဖြစ်နေတယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။Polycystic Ovary Syndrome (PCOS) မျိုးဥအိမ်မှာ အရည်အိတ်တည်တဲ့ရောဂါက တစ်ခါတလေမှာ မျက်နှာမှာ၊ မေးရိုးတစ်လျှောက်၊ မေးစေ့နဲ့ အပေါ်နှုတ်ခမ်းတို့မှာ အမွေးအမျှင်တွေ ထွက်လာတတ်ပါတယ်။ မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ အမွေးတွေ ထူလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ဒါက အသားဝါရောဂါပါ။ ကလေးငယ်လေးတွေမှာလည်း မွေးကင်းစမှာ အသားဝါပါလာတာမျိုး ရှိတတ်ပါတယ်။ လူကြီးတွေမှာတော့ အသည်းရောင်ပိုးကူးစက်ခံရတာ၊ အသည်းမှာ ရောဂါရှိနေတာ၊ သည်းခြေအိတ်၊ ပန်ကရိယတို့မှာ ရောဂါရှိနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အရက်သောက်သုံးတာကြောင့်လည်း အသားဝါနိုင်ပါတယ်။မျက်နှာပေါ်က မှဲ့တိုင်းက စိုးရိမ်စရာမဟုတ်ပါဘူး။ မှဲ့တွေက များသောအားဖြင့်တော့ အနက်ရောင်ပါ။ တစ်ခါတလေမှာတော့ မှဲ့တွေကနေ ကင်ဆာဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ မှဲ့က ခပ်ထူထူဖြစ်လာရင်၊ အရောင်က ပုံမှန်မဟုတ်တာမျိုးဖြစ်လာရင်၊ မှဲ့ရဲ့ အချင်းဝက်က ပဲစေ့တစ်စေ့ထက် ပိုကြီးလာရင်၊ လွန်ခဲ့တဲ့ သီတင်းပတ်တွေကထက် ပုံသဏ္ဍာန်ပြောင်းလဲလာရင်တော့ ကင်ဆာဟုတ်၊ မဟုတ်ဆိုတာကို စစ်ဆေးကြည့်ဖို့ အကြံပေးပါရစေ။နှုတ်ခမ်းနဲ့ ပါးစပ်တဝိုက်မှာအနာတွေဖြစ်နေရင်တော့ အမျိုးအစား – ၁ ရေယုန်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက တစ်ခါ ကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ အမြဲရှိနေတတ်ပါတယ်။ ဖျားနာတဲ့အခါမျိုး၊ စိတ်ဖိစီးတဲ့အခါမျိုး၊ အရမ်းပင်ပန်းတဲ့အခါမျိုးနဲ့ နေရောင်နဲ့ တာရှည် ထိတွေ့တဲ့အခါမျိုးမှာ ပြန်ပြီးခေါင်းထောင်လာတတ်ပါတယ်။ ဒီအနာမျိုးက သူ့ဘာသာအလိုလိုပျောက်သွားတတ်တယ်ဆိုပေမယ့် မကြာခဏဖြစ်လာရင်ဖြစ်ဖြစ်၊ အနာကကြီးလာရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ပြသကြည့်တာအကောင်းဆုံးပါ။လူတိုင်းလိုလို နှုတ်ခမ်းခြောက်တာ၊ ကွဲတာမျိုးကို ကြုံဖူးကြမှာပါ။ အထူးသဖြင့်တော့ ဆောင်းရာသီမှာ နှုတ်ခမ်းပိုကွဲတတ်ကြပါတယ်။ အဆီတစ်မျိုးမျိုးလိမ်းပေးလို့ ရပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာနှုတ်ခမ်းခြောက်တာက ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတာလိုမျိုး ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကိုဖော်ပြနေတာပါ။ သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာ၊ စတီးရွိုက်နဲ့ ဓာတ်မတည့်တာမျိုးတွေကြောင့်လည်း နှုတ်ခမ်းခြောက်နိုင်ပါတယ်။မျက်နှာနီတိုင်း စိုးရိမ်စရာအနေအထားတစ်ရပ်မဟုတ်ပါဘူး။ ဒါပေမယ့် ပါးနှစ်ဖက်စလုံးမှာ လိပ်ပြာပုံစံအနီပြင်တွေ ထွက်နေပြီဆိုရင်တော့ ကိုယ်ခံအားစနစ် က ကိုယ်တွင်းက တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တိုက်ခိုက်တဲ့ဝေဒနာခံစားနေရတာဖြစ်ပါတယ်။အဖျားတက်တာ၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာ၊ အဆစ်တွေ တောင့်တင်းတာမျိုးဖြစ်နိုင်ပါတယ်။ လက်ချောင်းလေးတွေက အေးစက်ပြာနှမ်းတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဘာကြောင့်မှန်းမသိ မျက်နှာရဲပြီး အခြားလက္ခဏာတွေပါဖြစ်ပေါ်ခံစားလာရရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါလိမ့်မယ်။မျက်လုံးတစ်ဖက်တည်းမှာ ဖြစ်နိုင်သလို မျက်လုံးနှစ်ဖက်စလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေမျိုးမှာ မျက်ခွံတွဲကျတာက အမြင်အာရုံကို ပိတ်ဆို့သွားတာမျိုးအထိ ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာတော့ အန္တရာယ်မရှိဘူးဆိုပေမယ့် ဒီလိုဖြစ်တာက ဦးနှောက်၊ အာရုံကြောနဲ့ အမြင်အာရုံပိုင်းဆိုင်ရာမှာ ပြဿနာရှိနေပြီလို့ဖော်ပြနေတာဖြစ်ပါတယ်။ရက်ပိုင်းအတွင်း ဒါမှမဟုတ် နာရီပိုင်းအတွင်း ရုတ်တရက် ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ အမြင်အာရုံနှစ်ထပ်ဖြစ်တာ၊ ကြွက်သားတွေ အားနည်းလာတာ၊အစားအစာတွေ မျိုချရခက်လာတာ၊ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာမျိုးတွေဖြစ်လာမယ်ဆိုရင်တော့ ဒါတွေက လေဖြတ်ဝေဒနာရဲ့ အကြိုလက္ခဏာတွေပါ။ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု လှုပ်လို့မရတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်တာ အမှန်ကန်ဆုံးသော နည်းလမ်းပါ။ အခြားရောဂါလက္ခဏာတွေမရှိဘူးဆိုရင်တောင်မှ ဒီအခြေအနေမျိုးက Bell’s palsy လို့ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်နိုင်ပါတယ်။ဗိုင်းရပ်စ်ဝင်ရောက်တာကြောင့် မျက်နှာကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ ရောင်ရမ်းတာကြောင့်လည်း မျက်နှာတစ်ခြမ်းလှုပ်လို့မရတာမျိုးဖြစ်နိုင်ပါတယ်။ မေးရိုးနဲ့ နားနောက်ပိုင်းမှာ နာကျင်တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သိပ်မပြင်းထန်ဘူးဆိုရင် ၃ လကနေ ၆ လကြာတဲ့အခါ သက်သာသွားပါတယ်။အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံတဝိုက်မှာ အဝါရောင်အဖုလေးတွေ ထွက်တာက ကိုလက်စထရောတွေ စုနေတာကြောင့် ဖြစ်နိုင်ပါတယ်။ အန္တရာယ်မရှိသလို နာကျင်တာမျိုးလည်း မခံစားရပါဘူး။ခွဲထုတ်ဖယ်ရှားတာမျိုး လုပ်လို့ရတာလည်း ရှိပါတယ်။ ဒီအဖုလေးတွေက အန္တရာယ်မရှိဘူးဆိုပေမယ့် နှလုံးရောဂါဖြစ်နိုင်တယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာဖြစ်သလို ရုတ်တရက်နှလုံးရပ်တန့်နိုင်တယ်ဆိုတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။မျက်လုံးအောက်ဖက်မှာ အရည်တွေ စုနေတာကို ဆိုလိုတာပါ။ ရာသီဥတု ပူနွေးစိုစွတ်တာကြောင့် ခန္ဓာကိုယ်က ရေကို စုထားတဲ့ အခြေအနေကြောင့် ဖြစ်နိုင်သလို အိပ်ရေးပျက်တာ၊ အငန်ပါတဲ့ အစားအသောက်တွေ အများကြီးစားတာနဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပါတယ်။ဆံပင်တွေကျွတ်တာ၊ မျက်ခုံးမွေးတွေ ကျွတ်တာနဲ့ မျက်တောင်မွေးတွေ ကျွတ်တာပြီဆိုရင်တော့ (alopecia areata) လို့ခေါ်တဲ့ ဆံပင်နဲ့ အမွေးအမျှင်တွေကျွတ်တဲ့ အခြေအနေကိုခံစားနေရတာပါ။ ကိုယ်ခံအားစနစ်က မွေးညှင်းပေါက်တွေကို မှားယွင်းတိုက်ခိုက်နေမိတာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုယူမယ်ဆိုရင်တော့ မျက်ခုံမွေး၊ မျက်တောင်မွေးနဲ့ ဆံပင်တွေ ပြန်ပေါက်လာနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/what-your-face-reflects-your-health/
အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ
ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမယ့် အစားအသောက်တွေကို သိရှိရုံနဲ့ မပြီးသေးပါဘူး။အရိုးကို တဖြည်းဖြည်း အားနည်းစေနိုင်တဲ့အစားအသောက်တွေကိုလည်း လျှော့ပြီးစားသောက်ဖို့ လိုအပ်ပါသေးတယ်။ ဘယ်လို အစားအစာတွေလည်းဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။အရိုးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ကန်ပေးထားတဲ့ စနစ်ကြီးပါပဲ။ ကိုယ်တွင်းကလီစာတွေကို ကာကွယ်ပေးထားတယ်။ ကြွက်သားတွေ ကူညီတည်ဆောက်ပေးတယ်။ နောက်ပြီးလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ဆုံးဖြတ်ပေးနိုင်တဲ့အတွက် သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေလို့ ပြောရမှာပါ။ ငယ်ငယ်ကတည်းက တဖြည်းဖြည်းသန်မာလာတဲ့အရိုးတွေကို ဆက်ပြီးထိန်းသိမ်းဖို့အတွက် အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့လိုပါတယ်။အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ က ဘာတွေဖြစ်မလဲ ဆိုတော့ အရိုးကျန်းမာရေးအတွက်တတ်နိုင်သလောက်လျှော့ပြီး စားသုံးသင့်တဲ့ အဓိကအစားအစာ (၃) မျိုးရှိပါတယ်။ဆားဆိုတဲ့အမျိုးက စားတိုင်းကောင်းတာ မဟုတ်ပါဘူး။ အငန်ဓာတ်ကဲတဲ့ အစားအသောက်တွေက သွေးတိုး၊ နှလုံးရောဂါတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ အစားအသောက်တွေမှာ ဆားကို လိုအပ်တာထက် ပိုထည့်ပြီး စားသုံးခြင်းက အရိုးပွရောဂါဖြစ်စေနိုင်ပါတယ်။ ဆားစားသုံးမှုများလေ ကိုယ်ထဲက ကယ်လ်စီယမ်ဓာတ်တွေ ပိုဆုံးရှုံးလေဖြစ်ပါတယ်။ယေဘုယျအားဖြင့် ဆား ၂၃၀၀မီလီဂရမ်လောက် စားသုံးလိုက်တိုင်း ဆီးထဲကနေ ကယ်လ်စီယမ်ဓာတ် ၄၀မီလီဂရမ်လောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်ဟာ တစ်ရက်ကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းပမာဏထက်ပိုပြီး မစားသုံးဖို့ အကြံပြုချင်ပါတယ်။ဆားပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ အသင့်စားသွားရေစာတွေ (ဟမ်ဘာဂါ၊ ပီဇာ၊အာလူးကြော်)၊ စည်သွပ်ဘူးအမျိုးမျိုး၊ ဝက်ပေါင်ခြောက်နဲ့ အသားပြားတွေ၊ ပေါင်မုန့်နဲ့ ကိတ်မုန့်တွေကို တတ်နိုင်သလောက် လျှော့စားပါ။ ဒီအစားအစာတွေ စားတော့မယ်ဆို ပါဝင်တဲ့ ဆားပမာဏကို သေချာစိစစ်ပါ။ဘယ်သူမှတော့ ဆားကို ဇွန်းလိုက်ခပ်မစားပါဘူး။ ဒါပေမဲ့ ကိုယ်နေ့စဉ်မသိလိုက်မသိဖာသာ စားသုံးနေမိတဲ့ အစားအသောက်တွေထဲမှာ ပါဝင်တဲ့ဆားပမာဏတွေ အားလုံးပေါင်းလိုက်ရင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာမက ရှိနေနိုင်ပါတယ်။အငန်တွေစားမိတာများနေပြီလို့ ကိုယ့်ကိုယ်ကိုသံသယရှိရင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ (ဒါမှမဟုတ်) ဆရာဝန်နဲ့ တိုင်ပင်ပြီး ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီပါတဲ့ အားဆေးသောက်ပေးပါ။ အငန်စားပြီးမှ နောက်ကနေ ကယ်ဆီယမ်တွေ လိုက်ဖြည့်တာထက် အစတည်းက လျှော့စားတာက ပိုကောင်းပါတယ်။အသင့်သောက်အချိုရည် အတော်များများထဲမှာ ဖော့စ်ဖော်ရစ်အက်စစ်ပါဝင်ပြီး ဒီအက်စစ်ဓာတ်က ကယ်လ်စီယမ်ဓာတ်တွေကို စွန့်ပစ်ဖို့ အားပေးပါတယ်။ နောက်ပြီး အချိုရည်အမျိုးအစားအကုန်လုံးနီးပါးမှာ ကယ်လ်စီယမ် မပါဝင်ပါဘူး။ ဒီ (၂) ချက်နဲ့တင် သင့်အနေနဲ့ အချိုရည်တွေကို လက်ရှောင်သင့်နေပါပြီ။ အချိုရည် ခဏခဏသောက်တတ်သူတွေမှာ အရိုးပွရောဂါဖြစ်ပွားမှုမြင့်မားတာကို ဒီ(၂)ချက်က သက်သေပြနေပါတယ်။နောက်ထပ်ပြဿနာတစ်ခုကတော့ လူတစ်ယောက်က အချိုရည်သောက်သုံးမှုများလာလေ သစ်သီးဖျော်ရည်တွေ၊ နွားနို့နဲ့ ဒိန်ချဉ်လိုကယ်လ်စီယမ်ပါဝင်ပြီး အရိုးအတွက် အကျိုးရှိစေမယ့် သောက်စရာတွေကို သောက်သုံးမှုနည်းလာလေပါပဲ။ ဒီလိုပြောလို့ ကိုကာကိုလာတို့၊ ပက်စီတို့လို အသင့်သောက်အချိုရည်တွေကို တစ်သက်လုံးမသောက်ရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။တစ်ခါတစ်လေသောက်သုံးတာမျိုးကတော့ ပြဿနာမရှိပါဘူး။ ဒါတွေပဲ တောက်လျှောက်သောက်နေရင်တော့ အရိုးကိုတဖြည်းဖြည်းအားနည်းလာစေမှာ ဖြစ်တဲ့အတွက် ဆင်ခြင်ကြဖို့ အကြံပြုတာဖြစ်ပါတယ်။နံပါတ် (၃) –ကဖိန်းပါဝင်သော သောက်စရာများ။ကဖိန်းဓာတ်က အရိုးထဲက ကယ်လ်စီယမ်တွေကို စုပ်ယူတဲ့အတွက် အရိုးတွေကို အားနည်းစေပါတယ်။ ဆားစားသုံးခြင်းလောက် အန္တရာယ်မများပေမယ့် ကဖိန်းပါဝင်တဲ့ သောက်စရာတွေကလည်းအရိုးပွရောဂါဖြစ်စေနိုင်တာကို တွေ့ရပါတယ်။ ကော်ဖီမှုန့်အကြမ်း (ground coffee) တွေက အသင့်သောက်ကော်ဖီ (instant coffee) တွေထက် ကဖိန်းပိုပါဝင်ပါတယ်။ ဒါပေမယ့် အသင့်သောက်ကော်ဖီတွေကျတော့လည်း သကြားပါဝင်မှု များပါတယ်။ကိုယ်က ကော်ဖီကြိုက်တဲ့သူဖြစ်နေလို့ မသောက်ရမနေနိုင်ဖြစ်နေမယ်ဆို သောက်တဲ့ပမာဏကို လျှော့ကြည့်ပါ (တစ်ရက်ကို လေးခွက်ထက်မပိုသင့်ပါ)။ ကဖိန်းဓာတ်ကြောင့် ဆုံးရှုံးသွားတဲ့ ကယ်လ်စီယမ်ဓာတ်ကို ပြန်ဖြည့်နိုင်ဖို့ ကော်ဖီနဲ့ နွားနို့ရောဖျော်သောက်သင့်ပါတယ်။ ဒါမှမဟုတ်လည်း ကဖိန်းထုတ်ထားတဲ့ ကော်ဖီလိုမျိုး သောက်ကြည့်ပါ။လူတိုင်းနီးပါးအသက်ကြီးလာရင် အရိုးအားနည်းလာပြီး အရိုးပွဝေဒနာခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အရိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေကို ရှိသင့်တဲ့ပမာဏထဲမှာ ကောင်းကောင်း ထိန်းသိမ်းထားနိုင်လေ အရိုးပွလာဖို့ ပိုကြာလေပါပဲ။ ဒါ့ကြောင့် ကိုယ်ရဲ့ နေ့စဉ်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲပြီး အရိုးပွရောဂါအန္တရာယ်ကို ကာကွယ်နိုင်ကြောင်း ပြောကြားလိုပါတယ်။Dr. Htoo Tint။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/foods-to-avoid-to-prevent-osteoporosis/
ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ
ကလေးငယ် ပြုစုစောင့်ရှောက်နည်းအကြောင်း သိကောင်းစရာ တွေကို အတူလေ့လာဖို့ အသင့်ပဲလား! ဘေဘီလေးတွေရဲ့ စားသုံးလိုက်တဲ့ အာဟာရရဲ့ ၇၅% က ဘေဘီလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုတာ နဲ့ ဘေဘီလေးတွေက သူတို့ရဲ့ အသက် ၃ နှစ်အရောက်မှာ ဦးနှောက်ဖွံ့ဖြိုးမှုက ၈၀% အထိ ရှိပြီ ဆိုတာကို သိပြီးပြီလား မေမေတို့ရေ …….။ဘေဘီလေးကို မွေးဖွားချိန်ကစလို့ မေမေ့ရဲ့ ပွေ့ဖက်မှု ဂရုစိုက်မှု နမ်းရှုံ့ကြင်နာမှုတွေ၊ ပြင်ဆင်ကျွေးမွေးတဲ့ အာဟာရတွေ၊ အတူတူ ကစားပေးတဲ့ ကစားနည်းတွေက ဘေဘီလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေမှုတွေကို အားဖြည့်ပေးနေပါတယ်။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်ပြီး ထက်မြက်တဲ့ ကလေးလေးတစ်ယောက်အနေနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကလေးထဲက သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အစကောင်းမှ အနှောင်းသေချာမယ်ဆိုတဲ့ စကားပုံလို့ပေါ့။ဘေဘီလေးတစ်ယောက် မွေးဖွားမှု ဖြစ်စဉ်ကတော့ ဘေဘီလေးကို ကိုယ်ဝန်ရရှိမယ်။ ကိုယ်ဝန်ဆောင်မယ်။ မွေးဖွားမယ်။ ဒီဖြစ်စဉ်တွေကို ဖြတ်ကျော်ရတာ မလွယ်ကူသလို မွေးဖွားပြီးချိန်မှာ ဘေဘီလေးကို ကျန်းကျန်းမာမာ ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်လို့ ဝမ်းသာစရာကောင်းတယ်ဆိုပေမယ့် ဘေ​ဘီလေးကို အကောင်ဆုံး ဖြစ်အောင် ပျိုးထောင်ပေးရမယ့် စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်အရှည်ကြီးက စောင့်ကြိုနေပါတယ်။ ဘေဘီလေးတွေကို မျိုးထောက်ရတာက စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပျော်ရွှင်မှုတွေရော စိုးရိမ်မှုတွေရော ရောထွေးနေတဲ့ မိဘတွေရဲ့ ဝတ္တရားတွေထဲက တစ်ခုပါ။ဒီအခြေအနေက အသစ်စက်စက် မေမေဖေဖေတို့အတွက် ပိုပြီးခက်ခဲနိုင်ပါတယ်။ ဒီလို ဘေဘီလေးကို ပျိုးထောင်ချိန်မှာ ကိုယ်တိုင်က ကျန်းမာဖို့ လိုသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဖို့ကလည်း လိုအပ်ပါတယ်။ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ ဘေဘီလေးကို အကောင်းဆုံး ပျိုးထောင်ချင်တဲ့ ဆန္ဒလေး ပြည့်ဝဖို့ဆိုရင် လိုအပ်တဲ့ အကူအညီတွေကို ရယူပါ။ ကျွမ်းကျင်သူတွေဆီကနေ၊ သူနာပြုတွေဆီကနေ ဘေဘီလေးကို ဘယ်လိုမျိုး နို့ချိုတိုက်ကျွေးရမလဲ။ မိခင်နို့ မထွက်ခဲ့ရင် ဘယ်လိုမျိုး ဖော်မြုလာနို့က ကလေးနဲ့ သင့်တော်မလဲ။ ကလေးကို ဘာတွေ သတိထားပေးရမလဲ။ ဘယ်လို ချီပွေ့ရမလဲ၊ အဝတ်အစား ဘယ်လို လဲပေးရမလဲဆိုတာတွေကိုပါ အသေးစိတ်လေး မေးပါ။ကလေးကို အိမ်ခေါ်လာပြီဆိုရင် ဘေဘီလေးကို ပြုစုစောင့်ရှောက်ရာမှာ အတွေ့အကြုံရှိပြီးသူတွေဖြစ်တဲ့ မေမေ၊ ဘွားဘွားတွေဆီမှာ မေးမြန်းသင်ယူလို့ ရပါတယ်။ ဘွားဘွားတွေက အရမ်းအသက်ကြီးနေပြီဆိုရင်တော့ ကလေးထိန်းကျွမ်းကျင်တဲ့ အကူတွေကို ငှားပြီး ကလေးပြုစုမှု တာဝန်တွေကို ကူခိုင်းတာမျိုး လုပ်ပေးလို့ ရပါတယ်။ဆွေမျိုးတွေ နဲ့ မိတ်ဆွေတွေဆီကနေလည်း အကူအညီရယူတာမျိုး လုပ်ပေးလို့ ရပါတယ်။ အတွေ့အကြုံတွေ ဝေမျှတာမျိုးပေါ့။ ကလေးကို အရမ်းငယ်သေးတဲ့အချိန်မှာ လူအများကြီးနဲ့ ထိတွေ့စေတာမျိုးတော့ မလုပ်ပါနဲ့။ ဧည့်သည်တွေလာတာကို ကန့်သတ်ဖို့ အားမနာပါနဲ့။ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် ကလေးတွေကို စောင့်ရှောက်တဲ့အခါ ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။မွေးကင်းစ ဘေဘီလေးတွေကို အနှီးထုတ်တာက ရင်းနှီးကျွမ်းဝင်တဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဘေဘီလေးကို အနှီးထုတ်တာက ရှေးယခင်ကာလတွေကတည်းက လိုက်နာကျင့်သုံးခဲ့တဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ အနှီးထုတ်တာက ဘေဘီလေးကို နွေးထွေးစေပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။အနှီးထုတ်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့ ချည်သားလေးက အဆင်အပြေဆုံးပါ။ ဒီအနှီးပိတ်တွေကို သေချာ ပိုးသတ်သန့်စင် လျှော်ဖွတ်ထားဖို့ကတော့ လိုပါမယ်။ ဒါမှ ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်မှု နည်းစေမှာဖြစ်သလို ပိုးမွှားတွေ အန္တရာယ်ကနေလည်း ကာကွယ်နိုင်မှာပါ။ အနှီးထုတ်တာက ဘေဘီလေးတွေကိုလည်း လုံခြုံမှု ရှိတယ်လို့ ခံစားရစေပါတယ်။ ဒီတော့ ဘေဘီလေးကို သေချာ အနှီးထုတ်တတ်ဖို့က မဖြစ်မနေသိထားသင့်တဲ့ အရာတစ်ခုပေါ့။ ဖေဖေက မသိရင်တောင် မေမေက သိထားဖို့လိုပါမယ်။အနှီးထုတ်တဲ့အခါ အရေးအကြီးဆုံးက ဘေဘီလေး သက်သောင့်သက်သာဖြစ်နေစေဖို့ပါ။ အနှီးကို သက်သောင့်သက်သာလေး ထုတ်ပေးတာက ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး အာရုံကြောတွေ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အထောက်အကူပြုနိုင်ပါတယ်။ ဒီတော့ ဘေဘီ​လေးကို သက်သောင့်သက်သာဖြစ်အောင် အနှီးထုတ် ကြည့်ရအောင်လား……….။အသစ်စက်စက် မေမေဖေဖေတို့အတွက်သေးခံလဲတာကလည်း ခက်ခဲနိုင်ပါတယ်။ ဘေဘီလေးကို သေးခံလဲပေးမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့် အချက်ကလိုအပ်တဲ့ ပစ္စည်းတွေကိုပြင်ဆင်ဖို့ပါ။ ပြီးမှ တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါနော်။ဘေဘီလေးကို သေးခံလဲပေးတော့မယ်ဆိုရင်။ဘေဘီလေးကို သေးခံ မကြာခဏလဲပေးဖို့ လိုပါမယ်။ ဘေဘီလေးကို သေးခံအစိုကြီးနဲ့ အကြာကြီးထားမိမယ်ဆိုရင် သေးခံလောင်တာ ဖြစ်စေနိုင်ပါတယ်။ သေးခံလောင်တာကို သေချာဂရုမစိုက်ဘဲ ထားမယ်ဆိုရင် အရေပြား ပိုးဝင်တာ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို သေးခံ မလောင်စေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ကလေးငယ်ကို ရေချိုးပေးတဲ့အခါ ပထမဆုံး လိုက်နာရမယ့် အချက်က ကလေးကို ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရေချိုးနေစဉ်  တစ်ယောက်တည်း ထားခဲ့တာမျိုး မလုပ်ပါနဲ့။ တစ်မိနစ်လောက်တောင် မထားခဲ့ပါနဲ့။ ကလေးက ငယ်လွန်းတာကြောင့် ရေတစ်လက်မလောက်မှာတောင် ရေနစ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ကလေးငယ်ကို ရေမချိုးပေးခင်ကတည်းက လိုအပ်မယ့်အရာတွေဖြစ်တဲ့ တဘက်၊ခေါင်းလျှော်ရည်၊အစိုဓါတ်ထိန်းခရင်မ်တွေကို တစ်ခါတည်းယူထားပါ။ လိုအပ်တဲ့ အရာအားလုံးကို အသင့်ယူထားရပါမယ်။ကလေးကိုရေချိုးပေးနေချိန်မှာ လက်နှစ်ဖက်လုံးနဲ့ ထိန်းထားဖို့မဖြစ်နိုင်ရင်တောင်မှာ ကလေးကို လက်တစ်ဖက်နဲ့ အမြဲထိန်းပေးထားရပါမယ်။ ရေချိုးပေးနေချိန်မှာ တံခါးဘဲလ်မြည်တာ၊ ဖုန်းမြည်လာတာမျိုးရှိမယ်ဆိုရင် ပြန်ဖြေဖို့လိုပါမယ်။ ဒီလိုဆိုရင် ကလေးကိုရေချိုးပေးနေတာကိုရပ်ပြီး တဘက်နဲ့ထွေးပြီး တစ်ပါတည်းခေါ်သွားပေးပါ။ကလေးက လူကြီးတွေနဲ့ ကိုယ်အပူချိန်မတူတာကို မေ့မထားပါနဲ့။ ဒါကြောင့် ကလေးကိုရေချိုးပေးတဲ့အခါ ရေအရမ်းပူတာ၊ အရမ်းအေးတာမျိုးတွေကို မသုံးပါနဲ့။ ရေကျက်သီးနွေးက ကလေးငယ်တွေအတွက် သက်သောင့်သက်သာဖြစ်စေပါလိမ့်မယ်။ ကလေးက အလွယ်တကူ အအေးမိနိုင်တယ် ဆိုတာကိုလည်း အမြဲသတိထားပေးပါ။ ဒါကြောင့် ရေချိုးပေးတဲ့အခါ မြန်မြန်လေးချိုးပေးပါ။ရေဖွင့်ထားတုန်း ကလေးကို ရေချိုးဇလုံထဲမှာ ထည့်ထားတာမျိုး မလုပ်ပါနဲ့။ ရေအပူချိန်ကို လက်၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်တို့နဲ့ ထိပြီး စမ်းသပ်ကြည့်ပါ။ ရေက ကလေးငယ်အတွက် သင့်တော်တဲ့ အပူချိန် ရှိနေတာ သေချာစေဖို့ပါ။ ကလေးငယ်လေးတွေနဲ့ လမ်းလျှောက်တတ်စ သားသားမီးမီးလေးတွေကရေအေးအေးတွေကို ပိုကြိုက်တတ်ကြပါတယ်။မွေးကင်းစနဲ့ လသားကလေးတွေအတွက်ကတော့ ရေကို အများဆုံး ၂ လက်မ ကနေ ၄လက်မလောက်ပဲထည့်ပါ။ ရေချိုးတဲ့ဂျယ်လ်က ချော်လဲတာမျိုး ဖြစ်စေနိုင်တာကြောင့် ကလေးကိုရေချိုးနေတုန်း မတ်တတ်ထရပ်တာမျိုးမလုပ်ဖို့ သင်ပေးထားပါ။ဆပ်ပြာရည်တွေက ကလေးငယ်ရဲ့ ဆီးလမ်းကြောင်းကို ကျိန်းစပ်စပ်ဖြစ်စေနိုင်တာကြောင့် ကလေးငယ်ကို ဆပ်ပြာရည်ထဲမှာစိမ်ပြီးရေချိုးပေးတာမျိုးမလုပ်ပါနဲ့။ ကလေးငယ်မှာ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်ခြေ များနိုင်တာကြောင့်ပါ။နောက်တစ်ခုကတော့ ကလေးကိုရေချိုးပေးတဲ့အနီးအနားမှာ ဆံပင်အခြောက်ခံစက်၊ ဆံပင်လိပ်စက်၊ မုတ်ဆိတ်ရိတ်စက်တွေလိုမျိုး လျှပ်စစ်ပစ္စည်းတွေကိုမထားမိဖို့ သတိထားရပါမယ်။ဘေဘီလေးကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ပေးလို့ ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မေမေနို့တိုက်ဖို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖော်မြူလာနို့ တိုက်ပေးလို့ ရပါတယ်။ ဘေဘီလေးကို ၂ နာရီ ၃ နာရီခြား တစ်ခါ နို့တိုက်ပေးဖို့ လိုပါမယ်။ တစ်ခါတိုက်ရင် ၁၀ မိနစ် ကနေ ၁၅ မိနစ်ကြာလောက် နို့တိုက်ပေးပါ။အသက် ၆ လပြည့်ပြီဆိုရင်တော့ ထမမ်း ခပ်ပျော့ပျော့ကို ကြေနေအောင် ကြိတ်ထားတာ၊ ပဲနီလေး၊ မုန်လာဥနီ အနှစ်တိုက်ထားတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျွေးပေးလို့ ရပါပြီ။ မိခင်နို့ကိုလည်း ဆက်တိုက်နေရပါမယ်။ ရေနည်းနည်း စတိုက်လို့ရပါပြီ။ဘေဘီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ရှိပါတယ်။ ဒါကတော့ လေနာတာပါ။ ဒါကြောင့် လေနာ ပြဿနာ ကင်းစေဖို့ဆိုရင် ဘေဘီလေးကို တစ်ခုခု စားပြီးတိုင်းမှာ ပေါက်ပေါ်မှာ မှောက်ရက်လေးထားပြီး ကျောရိုးလေးတစ်လျှောက်ကို ခပ်ဖွဖွလေး နှိပ်ပေးပြီး လေထုတ်ပေးမယ်။ ပုခုံးပေါ်မှာ မတ်မတ်လေး မှောက်ရက်သား အနေအထားနဲ့ထားပြီး လေထုတ်ပေးပါ။အစားစားပြီးပြီးချင်း လေထုတ်တာမျိုး မလုပ်ပါနဲ့။ ၁၀ မိနစ် – ၁၅ မိနစ်လောက်နေမှ လေထုတ်ပေးပါ။ တစ်ခုခု ကျွေးပြီးတိုင်း ကလေးကို မတ်မတ်လေး ထားပေးပါ။ ဒါမှ ပြန်အန်တာမျိုး မရှိမှာပါ။မွေးကင်းစ ဘေဘီလေးတစ်ယောက်က အချိန်တိုင်းလိုလို အိပ်နေတာက သူတို့လေးတွေ သူတို့ တာဝန် သူတို့ ထမ်းဆောင်နေတာပါ။ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လို့ မစိုးရိမ်ပါနဲ့နော်။ မွေးစ ကလေးလေးတစ်ယောက်က တစ်နေ့ကို ၁၁ နာရီ ကနေ ၁၇ နာရီလောက်အထိ အိပ်စက်လေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့ ၃ ပုံ နှစ်ပုံလောက်ကို အိပ်ကြတာပါ။ ဒီလို အိပ်စက်ရတာကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ပိစိလေး ကြီးထွားလာစေဖို့ အတွက်ပါ။ဒါမှလည်း ဘေဘီလေးက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုတွေ အကောင်းဆုံး ရရှိမှာဖြစ်ပြီး ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ထက်မြက်သူလေး အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။ဘေဘီလေးတွေဟာ တစ်နေ့တာမှာ ၂ နာရီကနေ ၃နာရီလောက်အထိပဲ နို့ချိုကို သောက်သုံးလေ့ရှိပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ နို့ဘူးသောက်တဲ့ဘေဘီလေးတွေကတော့ တစ်နေ့မှာ နို့သောက်ဖို့ ၃ နာရီ ကနေ ၄ နာရီလောက် နိုးနေတတ်ကြပါတယ်။ ဒါပေမယ့် ဒီလောက် အိပ်နေတာတောင် ကလေးက ဝိတ်တက် မလာဘူးနော်လို့ မေးစရာရှိပါတယ်။ ကလေးက တစ်နေ့လုံးနီပါး အိပ်ပေမယ့်မွေးပြီးစ ပထမ ၃ ပတ်ကနေ ၄ ပတ်လောက် အထိတော့ ကိုယ်အလေးချိန် တိုးလာဦးမှာ မဟုတ်သေးပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တစ်ခုဆိုတာကို မေမေဖေဖေတို့ အနေနဲ့ လက်ခံထားဖို့ လိုပါမယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/about-baby-care/
သားအိမ်ကင်ဆာ
သားအိမ်အတွင်းပိုင်းနံရံမှာ အခြေပြုပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ ၎င်းဟာ သားအိမ်အတွင်းပိုင်းရဲ့ အနားသတ်ဆဲလ်တွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။သားအိမ်ကင်ဆာရှိသူ အမျိုးသမီးတွေဟာ ပုံမမှန်ဘဲသွေးဆင်းတဲ့ လက္ခဏာကြောင့် ထိတ်လန့်ပြီး ဆရာဝန်ဆီ သွားရောက်ပြသ စစ်ဆေးမှုခံယူရာကနေ ကင်ဆာဖြစ်ကြောင်း စောစောသိရှိသွားတာ များပါတယ်။သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း။ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း။မိန်းမကိုယ်မှ ပုံမှန်မဟုတ်သည့် အရည်များဆင်းခြင်း။ဆီးစပ်ကိုက်ခြင်း။ဘယ်သူမဆို အဆိုပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။သားအိမ်ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကိုတော့ အခုထိ မသိရသေးပါဘူး။ သိပ္ပံပညာရှင်တွေကတော့ သားအိမ်အတွင်းပိုင်းနံရံက ဆဲလ်တွေရဲ့ မျိုးဗီဇဖောက်ပြန်မှုကြောင့်ဖြစ်တယ်လို့ပဲ ရှင်းပြထားပါတယ်။ ပုံမှန်ကျန်းမာတဲ့ဆဲလ်တွေဟာ ဖြစ်ချိန်တန်ဖြစ်၊ သေချိန်တန်သေကြပေမယ့် မျိုးဗီဇဖောက်ပြန်တဲ့ဆဲလ်တွေကတော့ မမျှော်လင့်ထားတဲ့နည်းလမ်းတွေနဲ့ အသစ်ပြန်လည်ဖြစ်ပေါ်ပြီး သေဆုံးရမယ့်အချိန်မှာ မသေဆုံးတဲ့အတွက် တစ်ခုနဲ့တစ်ခုပူးကပ်ပြီး ကင်ဆာအကျိတ်အသွင် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ၎င်းကင်ဆာဆဲလ်တွေဟာ ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီကိုပါ ပျံ့နှံ့နိုင်ကြပါတယ်။သားအိမ်ကင်ဆာရှိမရှိ အောက်ပါနည်းလမ်းတွေနဲ့ စစ်ဆေးအတည်ပြုနိုင်ပါတယ်။မမျိုးပွားအင်္ဂါများအား စမ်းသပ်စစ်ဆေးခြင်း။သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့လိင်အင်္ဂါအပြင်ဘက်ကို ဦးဆုံး စမ်းသပ်စစ်ဆေးမှာဖြစ်ပါတယ်။ နောက်တဆင့်အနေနဲ့ မိန်းမကိုယ်ထဲ လက်ချောင်း ၂ချောင်းထည့်ပြီး ကျန်လက်တစ်ဖက်က ဝမ်းဗိုက်ပေါ်ဖိခြင်းအားဖြင့် ခန္ဓါကိုယ်တွင်းက သားအိမ်နဲ့ သားဥအိမ်တွေကို စစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းကို ကောင်းစွာမြင်ရဖို့ မိန်းမကိုယ်ထဲ ပစ္စည်းတစ်မျိုးထည့်ပြီး စမ်းသပ်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။မိန်းမကိုယ်မှတဆင့် အာလ်ထရာဆောင်းရိုက်ခြင်း။ဒီနည်းလမ်းကတော့ သင့်ရဲ့မိန်းမကိုယ်ထဲကို အသံလှိုင်းအာရုံခံ ကိရိယာတစ်မျိုးထည့်ပြီး သားအိမ်အတွင်းပိုင်းနံရံရဲ့ မျက်နှာပြင်အခြေအနေကို ပုံဖော်စစ်ဆေးတဲ့နည်းလမ်း ဖြစ်ပါတယ်။သားအိမ်မှန်ပြောင်းကြည့်ခြင်း။သင့်သားအိမ်အတွင်းပိုင်းနံရံကို မှန်ပြောင်းအသုံးပြုပြီး ကြည့်ရှုစစ်ဆေးခြင်းဖြစ်ပါတယ်။သားအိမ်အသားစယူခြင်း။သားအိမ်ကင်ဆာဟုတ်မဟုတ် ရောဂါရှာဖွေအတည်ပြုနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သားအိမ်အတွင်းပိုင်းနံရံက တစ်ရှူးနမူနာ အနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အသားစယူခြင်းကို မေ့ဆေးထုံဆေး အသုံးမပြုဘဲ ပြုလုပ်နိုင်ပါတယ်။သားအိမ်ခေါင်းချဲ့ပြီး သားအိမ်ခြစ်ခြင်း။အသားစယူရုံနဲ့ ဓါတ်ခွဲခန်းမှာစစ်ဆေးဖို့ လုံလောက်တဲ့တစ်ရှူးပမာဏ မရရှိဘူးဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်က သင့်သားအိမ်အတွင်းပိုင်းနံရံက တစ်ရှူးတွေကို ခြစ်ယူပြီး ကင်ဆာဆဲလ်တွေရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။သားအိမ်ကင်ဆာကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
သားဥအိမ်ကင်ဆာ
သားဥအိမ်တွေမှာ အခြေပြုပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးစပ်နဲ့ဝမ်းဗိုက်ဆီ ကင်ဆာဆဲလ်တွေပျံ့နှံ့ပြီး ကုသရခက်ခဲတဲ့၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်ကာမှ ဒီရောဂါရှိကြောင်း သိကြတာဖြစ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိသလို ပြခဲ့ရင်လည်း ဝမ်းချုပ်ခြင်းကဲ့သို့ စိုးရိမ်စရာမကောင်းတဲ့ အခြေအနေတွေသာ ဖြစ်နေတတ်ပါတယ်။ ဒီရောဂါကြောင့် ဖြစ်လေ့ဖြစ်ထအများဆုံး လက္ခဏာတွေကတော့။အကယ်၍ သင့်မှာ အထက်ပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင်၊ အထူးသဖြင့် သင့်မိသားစုဝင်တွေထဲ သားဥအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိခဲ့မယ်ဆိုရင် ဆရာဝန်ဆီ သွားရောက်ပြသသင့်ပါတယ်။သားဥအိမ်ကင်ဆာဟုတ်မဟုတ် ရောဂါရှာဖွေအတည်ပြုဖို့ ခန္ဒါကိုယ်အောက်ပိုင်း စမ်းသပ်စစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ သွေးနဲ့ အသားစစစ်ဆေးခြင်းများ ပြုလုပ်ရဖို့ ရှိပါတယ်။သားဥအိမ်ကင်ဆာအဆင့်ပေါ်မူတည်ပြီး ကုသမှုနည်းလမ်း အမျိုးမျိုးရှိပါတယ်။သားဥအိမ်ကင်ဆာကို အောက်ပါအတိုင်း အဆင့် ၄မျိုး ပိုင်းခြားသတ်မှတ်နိုင်ပါတယ်။အဆင့် ၁ –သားဥအိမ် ၂လုံးတွင်သာ ကင်ဆာဆဲလ်များရှိသည့်အဆင့်။အဆင့် ၂ –ဆီးစပ်ပိုင်းရှိ အခြားနေရာများဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်။အဆင့် ၃ –ဝမ်းဗိုက်ပိုင်းဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်။အဆင့် ၄ –ဆီးစပ်နှင့်ဝမ်းဗိုက်ပိုင်းကို ကျော်လွန်ပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်။သားဥအိမ်ကင်ဆာကို ခွဲစိတ်ကုထုံးနဲ့ ကင်ဆာဆေးသွင်းကုထုံးများ အသုံးပြုပြီး ကုသနိုင်ပါတယ်။ခွဲစိတ်ကုထုံး –ကင်ဆာပျံ့နှံ့နေတဲ့ အခြေအနေတွေမှာ သားဥအိမ်နဲ့ သားဥပြွန်နှစ်ဖက်၊ သားအိမ်နဲ့ အနီးအနားက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ ကင်ဆာအစောပိုင်းအဆင့်မှာ ရောဂါရှာဖွေသိရှိခဲ့ရင်တော့ ကင်ဆာဆဲလ်တွေရှိနေတဲ့ သားဥအိမ်နဲ့ သားဥပြွန်တစ်ဖက်ကိုသာ ဖယ်ထုတ်ဖို့ လိုအပ်မှာဖြစ်ပြီး ကလေးရနိုင်တဲ့ အခွင့်အလမ်းကိုပါ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ကင်ဆာဆေးသွင်းကုထုံး –ခွဲစိတ်ပြီး ကျန်ရှိနေတဲ့ကင်ဆာဆဲလ်တွေကို ကင်ဆာဆေးသွင်းကုထုံး အကူအညီနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ကင်ဆာဆေးကို အကြောထဲသွင်းပြီးဖြစ်စေ၊ ဝမ်းဗိုက်ထဲတိုက်ရိုက်သွင်းပြီးဖြစ်စေ၊ နည်းလမ်း ၂မျိုးလုံးနဲ့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကင်ဆာအဆင့်မြင့်တဲ့ လူနာတွေမှာတော့ ကင်ဆာဆေးသွင်းကုထုံးကို ကနဦးကုသမှုအဖြစ် အသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။သားဥအိမ်ကင်ဆာရှိနေပြီလို့ အဖြေထွက်လာခြင်းဟာ သင့်အတွက် အလွန်အမင်း စိတ်ဓါတ်ကျစရာ အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။ သင့်အနေနဲ့ သင်ယုံကြည်ရမယ့် တစ်စုံတစ်ယောက်ကို ရင်ဖွင့်တိုင်ပင်ဖို့ လိုပါလိမ့်မယ်။ အကယ်၍ သင့်မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ပြောပြဖို့ အဆင်မပြေဘူးဆိုရင် နှစ်သိမ့်ဆွေးနွေးပညာပေးအုပ်စု တစ်ခုခုမှာ ပါဝင်ခြင်းအားဖြင့် သင့်ကိုနားလည်ပေးမယ့်၊ သင်ပြောချင်သမျှ အကြောင်းအရာတွေကို နားထောင်ပေးမယ့် ဘဝတူ မိတ်ဆွေအပေါင်းအသင်းတွေ ရရှိလာမှာဖြစ်ပါတယ်။ကင်ဆာရောဂါကို တစ်ကိုယ်တည်းရင်ဆိုင်ရတာဟာ အင်မတန်ခက်ခဲကြမ်းတမ်းတဲ့အလျောက် အခြားသူတွေရဲ့ အကူအညီကိုရယူဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ်ဖြစ်ချင်သမျှ ဆန္ဒတွေကို အတင်းအကြပ် မျှော်လင့်နေခြင်းဟာ သင့်ကို စိတ်ပင်ပန်းစေမှာဖြစ်တဲ့အတွက် အမှန်တကယ်ဖြစ်လာနိုင်တဲ့ ဦးတည်ချက်တွေကိုသာ အလေးပေး ပုံဖော်သင့်ပါတယ်။ ကင်ဆာကုထုံးတွေကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ပြီး လုံလုံလောက်လောက် အနားယူအားဖြည့်ခြင်းက သင့်အတွက် အကျိုးအရှိဆုံး ဖြစ်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a5%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်
ကလေး အသက် ၁ နှစ်ခွဲကျော်ပြီဆိုရင် ဘေဘီလေးက မတ်တတ်စမ်းဖို့ စပါပြီ။ လမ်းလျှောက်ဖို့ ခြေမလေးတွေနဲ့ တိုင်ပင်ခေါ်တဲ့ အဆင့်ကို တော်တော်လေး ကျော်လာပြီပေါ့။ မတ်တတ်စမ်းရင်း အမှီပြု အားယူထဖို့ ဟိုဟာ ဆွဲလိုက် ဒီဟာ ဆွဲလိုက်တွေ လုပ်တော့မှာပါ။ ဒီအချိန်မှာ ကလေးကို အပူလောင်တာမျိုးတွေ တစ်ခုခု ပိတာမျိုး ထိခိုက်မှုတွေ မဖြစ်အောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။မေမေရေပဲ ခေါ်နေတာ မဟုတ်တော့ဘဲ မေမေရေ ဖေဖေရေ ခေါ်ရင်း နောက်ကနေ ပြေးလိုက်လာတော့မှာ ဖြစ်တာကြောင့် ကလေးအနားကနေ ထထွက်သွားချိန်တိုင်းမှာ ကလေးကို ထိုင်နေဖို့၊ မလိုက်လာဖို့ သေချာမှာတာမျိုး လုပ်ဖို့ လိုအပ်လာပြီ ဖြစ်သလို ကလေးနားက ထထွက်ချိန်မှာ ကလေးလိုက်လာလားဆိုပြီး နောက်ကို လှည့်ကြည့်ဖို့ လိုပါမယ်။ဒီတစ်ခေါက်တော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့် ကို ပြောပြပေးသွားပါမယ်။ ကလေးက မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကာလမှာ ဘယ်လိုတွေ ကြီးပြင်းလာမှာလဲ။ပက်လက်ပဲနေနေတဲ့ ကလေးက ထိုင်တတ်လာတယ်။ ဒီလိုကနေ သူတို့လေးတွေရဲ့ ခြေထောက်လေးတွေကို အားကိုးရင်း အမှီအတွယ် တစ်ခုခုကို အားပြုလို့ မတ်တတ်ရပ်တတ်လာတယ်။ သူတို့လေးတွေရဲ့ ပထမဆုံးသော ခြေလှမ်းတွေကို စလှမ်းတတ်လာပြီ။ တာတာ့ဆိုပြီး လက်ကလေးပြတတ်လာတာတွေက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်ပါ။ဖွံ့ဖြိုးမှု မှတ်တိုင်တွေအနေနဲ့ ကလေးအများစုက အသက်အရွယ်အလိုက် ရှိသင့်တဲ့ ဖွံ့ဖြိုးမှုလေးတွေကို လုပ်တတ်လာကြပါတယ်။ ကလေးတွေက ဘယ်လို ကစားရမယ်၊ ဘယ်လို သင်ယူရမယ်၊ ဘယ်လို စကားပြောရမယ်၊ ဘယ်လိုပြုမူရမယ်၊ ဘယ်လိုလှုပ်ရှားရမယ် [ လေးဖက်သွားတာ၊ လမ်းလျှောက်တာ၊ ခုန်တာတွေကို လုပ်ဆောင်တတ်လာတာလေးတွေက ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်တွေပါ။ကလေးက အသက် ၂ နှစ်ပြည့်ပြီဆိုရင် သူတို့ခြေထောက်လေးတွေကို အပြည့်အဝ လှုပ်ရှားပြီး တောက်တောက်စပြေးပါပြီ။ အရင်ကထက် ပိုလှုပ်ရှားနိုင်ပြီ ဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို ပိုမို လေ့လာမှုတွေ လုပ်ပါပြီ။ အသစ်အသစ်သော အရာတွေကို စူးစမ်းပါပြီ။ လူတွေကိုလည်း ပိုစိတ်ဝင်စားလာပါပြီ။ ဒီအရွယ်မှာ ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားတတ်ပါပြီ။ ကိုယ်တိုင်လုပ်ချင်တာတွေ များနေမှာပါ။ သူတို့ကိုယ်သူတို့ မှန်ကြည့်ရတာကိုလည်း သဘောကျတတ်ပါပြီ။အခြားသူတွေရဲ့ အပြုအမူတွေကိုလည်း အတုခိုးတတ်ပါပြီ။ လူကြီးတွေရဲ့ အပြုအမူ အပြောအဆိုတွေကို စတင် မှတ်သားလုပ်ဆောင်မှုတွေ ပြုလာပါပြီ။ မိသားစုဝင်တွေရဲ့ နာမည်တွေ၊ အမြဲမြင်တွေ့နေတဲ့ အရာဝတ္ထုတွေရဲ့ အမည်နာမတွေကို သိရှိလာပြီဖြစ်သလို ပြောတာတွေကို လိုက်လုပ်တတ်လာပါပြီ။ ညွှန်ရာကို ကြည့်တတ်လာပါပြီ။ လွယ်ကူတဲ့ စကားလုံးလေးတွေ ဝါကျလေးတွေကို စပြောတတ်လာပါပြီ။မူကြိုတက်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ အရောင်တွေ ခွဲတာ၊ ပုံသဏ္ဍာန် ခွဲတာတွေကို လုပ်တတ်လာတော့မှာပါ။ ဒီကာလမှာ စာရေးတာမျိုး မဟုတ်ဘဲ လက်ချောင်းလေးတွေ ကြွက်သားဖွံ့ဖြိုး သန်မာစေဖို့ အရောင်ခြယ်တာမျိုးတွေ လုပ်ဖို့ ပြင်ဆင်ပေးပါ။ကလေးက ဒီကာလအတွင်းမှာ ဖေဖေမေမေတွေဆီက သင်ကြားလမ်းပြပေးမှုတွေကို လိုအပ်နေမှာပါ။ ကောင်းမွန်တဲ့ သင်ကြားလမ်းပြပေးမှုတွေက ကလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် အကောင်းဆုံး ကြီးပြင်း အရွယ်ရောက်လာစေဖို့အတွက်။ကလေးက တော​က်တောက်ပြေးတတ်ပြီဆိုရင် ထိခိုက်နိုင်ခြေကလည်း ပိုများလာပြီ ဖြစ်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မတော်တဆ ထိခိုက်မှုတွေ အများကြီး ဖြစ်နိုင်တဲ့ ကာလပါ။ ကလေးကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။ ဒီတော့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ်မှာ ကလေး ထိခိုက်မှု ကင်းစေဖို့ ဆိုရင်။ကြီးထွားဖို့ အရှိန်ယူနေတဲ့ မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကာလမှာ ကလေးကို။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/about-toddler-preschooler-milestones/
အရိုးအကြောခွဲစိတ်မှု နဲ့ ပတ်သက်ပြီး ဒါတွေ သိထားသင့်ပါတယ်။
မြန်မာနိုင်ငံမှာအရိုးအကြောခွဲစိတ်မှု ဌာနက အလုပ်များတဲ့ ဌာနပါ။ နေ့တိုင်း ကားမတိုက်တဲ့ရက်၊ ဆိုင်ကယ်မမှောက်တဲ့ရက်၊ ချော်မလဲတဲ့ရက်ရယ်မှ မရှိပဲလေ။ တစ်ခုခု ပြင်းပြင်းထန်ထန် ထိခိုက်မိလို့ အရိုးထိသွားပြီလား မသိဘူးဆို ဒီဌာနကိုပဲ ရောက်ကြလာပါတယ်။အရိုးအကြောခွဲစိတ်မှု ဆိုတာ အထူးပြုခွဲစိတ်မှု တစ်ခုပါ။အရိုးနဲ့ ပတ်သက်တဲ့ ရောဂါတွေ (အရိုးအဆစ်၊ တွယ်ဆက်တစ်ရှူးတွေ ဖြစ်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ) အားလုံးကို ကုသမှု ပေးပါတယ်။ သာမန်အဆစ်လွဲတာကစလို့ကျောရိုးခွဲစိတ်မှုတွေ၊ပေါင်ရိုးအစားထိုးမှုတွေအထိ ပါပါတယ်။ မတော်တဆ ဖြစ်တာကနေ စလို့ ရောဂါတွေအထိ ပါဝင်တာကြောင့် အရေးပေါ်ကုသမှု လိုသလို တခြားရောဂါတွေကို အေးဆေးရက်ချိန်းပြပြီးမှ ကုရတာလည်း ဖြစ်နိုင်ပါတယ်။အရိုးအကြောခွဲစိတ်မှုက အင်မတန်ကျယ်ပြန့်ပါတယ်။ ဖြစ်တဲ့ ဝေဒနာပေါ်မူတည်ပြီး ခွဲစိတ်မှု အကြီးအသေး၊ ပြန်ကောင်းဖို့ ကြာချိန်တွေ ကွာနိုင်ပါတယ်။ဆေးပညာမှာ အရင်ကလို ဘာလာလာ တစ်ယောက်တည်း ကုမယ်ဆိုတာထက် နယ်ပယ်တစ်ခုတည်းမှာ အသေးစိတ် နှံ့နှံ့စပ်စပ် ကျွမ်းကျင်တဲ့ ပညာရှင်တွေဖြစ်အောင် မွေးထုတ်လာကြပါတယ်။ အထွေထွေခွဲစိတ်မှသည် အရိုးအကြောခွဲစိတ်အထူးကု၊ ဒီကနေမှ ခန္ဓာကိုယ်ရဲ့ ဘယ်အရိုးကို အထူးပြုပြီး ခွဲစိတ်မှာလည်းဆိုပြီး ကျွမ်းကျင်ပညာရှင်တွေ ထပ်ထွက်လာပါတယ်။ကျယ်ပြန့်လှတဲ့ အရိုးအကြောခွဲစိတ်မှု ပညာရပ်မှာ။ဒီလို တစ်ခုတည်းကို အသေးစိတ်လေ့လာထားတဲ့အခါကျတော့ လူနာကို ကုသတဲ့အခါမှာ ပိုပြီး ထိရောက်မှု ရှိပါတယ်။ဒါ့ပြင် အရိုးအကြောခွဲစိတ်မှုတွေက သူတစ်ခုတည်း မဟုတ်ဘဲ တခြားဆေးပညာရပ်တွေနဲ့ တွဲပြီး အလုပ်လုပ်ရလေ့ရှိပါတယ်။ ဥပမာ ကားတိုက်ပြီး ရောက်လာတဲ့ လူနာဆိုရင် အရိုးတွေလည်း  ကျိုးနေနိုင်သလို အတွင်းပိုင်းမှာ သွေးယိုနေတာတွေလည်း ရှိနိုင်ပါတယ်။ ဒါဆိုရင် သက်ဆိုင်ရာ ခွဲစိတ်အထူးကုနဲ့အတူ တွဲပြီး ကုသရမှာပါ။အရိုးအကြောခွဲစိတ်မှု တွေက သမားရိုးကျ ဓားနဲ့ ခွဲစိတ်တာမျိုး ရှိသလို နောက်ပိုင်း တိုးတက်လာတဲ့အခါကျတော့ မှန်ပြောင်းလေးနဲ့ ခွဲစိတ်တာတွေလည်း ရှိပါတယ်။ အရိုးအကြောခွဲစိတ်မှုမှာ ပြုလုပ်လေ့ရှိတဲ့ ခွဲစိတ်မှုတွေကတော့။အရိုးကျိုးလူနာတွေမှာ တွေ့ရတတ်တဲ့ မူလီတို့၊ သံချောင်းလို အချောင်းတွေ ထွက်နေတာ၊ အဝိုင်းတွေ တပ်ထားတာက ခွဲစိတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။နာမည်က အရိုးအကြောခွဲစိတ်မှု ဆိုလို့ အရိုးအကြောဆရာဝန်ဆီသွားတိုင်း ခွဲရမှာ မဟုတ်ပါဘူး။ သူတို့တွေက မခွဲမစိတ်ဘဲ လူနာသက်သာမယ့် နည်းလမ်းတွေကို အရင်အသုံးပြုကြပြီး မသက်သာတဲ့အခါကျမှသာ ခွဲစိတ်ဖို့ နည်းလမ်းကို စဉ်းစားကြတာဖြစ်ပါတယ်။ခွဲစိတ်မှု ဖြစ်တဲ့အတွက် တခြားခွဲစိတ်မှုတွေလိုပဲ အနည်းနဲ့ အများတော့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ခွဲစိတ်မှု အများစုကတော့ အန္တရာယ်ကင်းပါတယ်။ မခွဲခင်မှာ ဖြစ်နိုင်တာတွေကို ပြောပြမှာ ဖြစ်ပြီး လူနာသဘောတူမှသာ ခွဲစိတ်မှုကို လုပ်ပေးမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အန္တရာယ်တွေကတော့။တခြားခွဲစိတ်မှုတွေလိုပဲ လူမာက မေ့ဆေးနဲ့ ထိတွေ့ရမှာ ဖြစ်ပါတယ်။ မေ့ဆေးက ထုံဆေးတွေထက်တော့ အန္တရာယ်ပိုပါတယ်။ သာမန်ပြဿနာတွေဖြစ်တဲ့ ပျို့အန်တာ၊၊ ချမ်းတုန်တာကစလို့ အသက်ရှူလမ်းကြောင်းပြဿနာတွေအထိ ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး မေ့ဆေးနဲ့ ဓာတ်မတည့်တာလည်း ဖြစ်နိုင်ပါတယ်။နောက်ပြီး လူတိုင်းအတွက် ဒီမေ့ဆေးပဲ သုံးလို့ မရပါဘူး။ အဝလွန်တဲ့ လူနာ၊ သွေးတွေ မတရားတိုးနေတဲ့ လူနာဆိုရင် သူတို့အတွက် သီးသန့်မေ့ဆေးလိုပါတယ်။ခွဲစိတ်မှု လုပ်ပြီဆိုရင် နောက်က လိုက်လာတာက ပိုးဝင်တာပါ။ များသောအားဖြင့်တော့ ပိုးသတ်ဆေး နိုင်နိုင်ပေးရင် သက်သာပေးရင် အခန့်မသင့်ရင် ခွဲခန်းပြန်ဝင်ပြီး သန့်ရှင်းပေးရတာတွေ ရှိနိုင်ပါတယ်။အရိုးအကြောခွဲစိတ်မှုတွေက ခွဲပြီးရင် ချက်ချင်းလှုပ်ရှားလို့ မရပါဘူး။ ဒါကြောင့် အိပ်ရာထဲမှာ အနေများပြီး သွေးကြောတွေ သွေးခဲတာ ဖြစ်တတ်ပါတယ်။ ဒီသွေးခဲတွေက မတော်တဆပြုတ်ထွက်ရင် အဆုတ်သွေးကြောမှာ သွားပိတ်ပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။ဒါကြောင့် တတ်နိုင်သမျှ လှုပ်ရှားခိုင်းတာ၊ အသားကပ်ခြေအိတ်စွပ်ခိုင်းတာ၊ သွေးမခဲဆေးတွေ ပေးတာပဲ ဖြစ်ပါတယ်။ဒါကတော့ ရောဂါအခြေအနေနဲ့ လူနာအခြေအနေပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဒါ့ပြင် အရိုးအကြောခွဲစိတ်မှု တွေက လိုအပ်ရင် နောက်ကနေပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေလည်း လုပ်ရလေ့ရှိပါတယ်။ ဒါမှ အရိုး၊ အရွတ်၊ ကြွက်သားတွေ နေရာကျပြီး နဂိုအတိုင်း ပြန်လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။အရိုးအကြောခွဲစိတ်မှု လုပ်ဖို့ လိုလာပြီဆိုရင် ခွဲစိတ်မှုနည်းလမ်း၊ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးပါ။ ဒါမှသာ မခွဲစိတ်ခင်မှာ ပြင်စရာ ရှိတာ ကြိုပြင်နိုင်မှာပါ။ ခွဲစိတ်ပြီးချိန်မှာလည်း နောက်ဆက်တွဲ ပြဿနာတွေ ကင်းပြီး မြန်မြန်နာလန်ထလာနိုင်ဖို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ လိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/what-you-need-to-know-about-orthopedic-surgery/
အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ
အဆီမြန်မြန်ကျ ချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ။ဒီဘက်ခေတ်ထဲမှာ ယောက်ျားလေးတွေရော မိန်းကလေးတွေပါအဆီကျဖို့ ကြိုးစားလာကြတယ်နော်။ အဓိကကတော့ အလှအပကို ပိုပြီး ဦးစားပေးလာကြတယ်လို့ ထင်ရပေမယ့် ကျန်းမာရေးဘက်က ကြည့်ရင်း ကိုယ်ခန္ဓာတွင်းက မကောင်းတဲ့ အဆီပိုတွေကို အမြန်ချဖို့ လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီအဆီတွေက ကိုယ်ထဲမှာ နေတာကြာလာတာနဲ့အမျှအဝလွန်လာမယ်၊ ကိုယ်အလေးချိန် တိုးလာမယ်၊ကြွက်သားတွေ လျော့တိလျော့ရဲ ဖြစ်လာမယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်လာမယ်၊ ကင်ဆာရောဂါ တချို့ဖြစ်နိုင်ခြေပါ မြင့်တက်လာမှာပါ။နောက်ပြီးတော့ ဝတဲ့သူတွေမှာမှ အဆီများနေတာမဟုတ်ပါဘူး။ ပိန်တဲ့သူတွေမှာလည်း ကိုယ်ခန္ဓာ၊ သွေးကြောတွေထဲမှာ အဆီဖုံးနေတာမျိုးတွေ ဖြစ်နိုင်တယ်နော်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဝနေတယ်လို့ ထင်နေတာဖြစ်စေ၊ ကျန်းမာရေးလိုက်စားဖို့အတွက်ဖြစ်စေ အဆီချဖို့ လိုအပ်တယ်နော်။ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဆီချချင်တဲ့သူတိုင်း သိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေပဲ ဖြစ်ပါတယ်။အဆီမြန်မြန်ကျချင်ရင် ကိုယ့်ရဲ့တစ်နေ့တာကို ဒီလိုပြောင်းလဲလိုက်ပါ။ကိုယ်က အမြဲတမ်း ထိုင်ပဲထိုင်နေတယ်ဆိုရင် စားထားသမျှ အဆီတွေက ကိုယ်ထဲမှာ စုမိနေမှာပါ။ ဒါ့အပြင် လှုပ်ရှားမှုကလည်း မရှိတော့ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ ပိုပြီးနည်းသွားပါတယ်။ ဒါကြောင့် အဆီကျဖို့ ရည်စူးထားသူတွေအနေနဲ့ လေ့ကျင့်ခန်း ဖြည်းဖြည်းချင်း စလုပ်ပေးဖို့ လိုပါတယ်။ မနက်နိုးလာတဲ့အချိန်မှာ ရေတစ်ခွက် အဝသောက်ပါ။ ပြီးရင်လမ်းလျှောက်ထွက်ပါ။လမ်းလျှောက်တာ နာရီဝက်လောက်ကြာရင် ၁၀မိနစ် ဖြည်းဖြည်းချင်း ပြေးပါ။ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ပါ။ အစပိုင်းမှာ မောတယ်၊ ပင်ပန်းတယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ သက်လုံပိုကောင်းလာမှာဖြစ်လို့ အမောပိုခံလာမယ်။ ပိုပြီး လေ့ကျင့်ခန်းလုပ်နိုင်တဲ့အတွက် ကိုယ်အလေးချိန်တွေလည်း ကျလာမှာပါ။ဒါကတော့ အဆီမြန်မြန်ကျ ဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။Gymမှာ နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ကစားတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားပေါ် မူတည်ပြီး ဘယ်ကစားနည်းမှာ ပိုဆော့သင့်လဲ၊ ဘယ်လိုအနေအထားမျိုးက ကိုယ့်ကို ကစားတဲ့နေရာမှာ ပိုပြီး အားစိုက်ထုတ်နိုင်မလဲ အစရှိသဖြင့် ပြသပေးမှာ ဖြစ်ပါတယ်။ဒီတော့ စကစားတဲ့နေ့မှာ ကိုယ်က ဘယ်လောက်ပမာဏအထိ အဆီကျချင်လဲ။ ဘယ်လို ကိုယ်ခန္ဓာအချိုးအစားမျိုး ရချင်လဲဆိုတာ နည်းပြဆရာကို ပြောပြပြီး သူလေ့ကျင့်တဲ့ ပုံစံအတိုင်း မပျက်မကွက် ကစားပေးဖို့ လိုပါတယ်။ပရိုတင်းဓာတ်က လူတွေရဲ့ တစ်နေ့တာ အာဟာရမှာ မဖြစ်မနေပါသင့်ပါတယ်။ သူက ကြွက်သားတွေကို ကြီးထွားဖွံ့ဖြိုးစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို မြန်ဆန်စေပြီး ကိုယ်တွင်းမှာရှိတဲ့ အဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်။တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးလို့ လေ့ကျင့်ခန်းလုပ်နေသူတွေ၊ အလုပ်အရမ်းများတဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ကိုယ်က ပိန်နေလို့ကိုယ်အလေးချိန်တက်ချင်လား၊ ဝနေလို့ အဆီမြန်မြန်ကျ ဖို့ ကြိုးစားနေတာလား ပရိုတင်းကို များများစားပေးတာ အကောင်းဆုံးပဲနော်။ ပရိုတင်းဓာတ်ကို အသား၊ ငါးကနေ အများဆုံးရနိုင်တဲ့အပြင် ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေကနေ ရရှိနိုင်ပါတယ်။ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါးအပြင်ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အစေ့အဆန်၊ အခွံမာသီး၊ ဂျုံ၊ ပြောင်း၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးဖို့ လိုပါတယ်။ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုဖို့၊ အသက်ရှည်ကျန်းမာစေဖို့၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ဒီအစားအစာကနေ အဓိက ရရှိတာဖြစ်ပါတယ်။ဗိုက်ဝရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အစာတွေကို အများကြီးစားချလိုက်ရင် အစာအိမ်ကလည်းအစာချေဖျက်ဖို့ ပိုကြာသလို ဒီအစားအစာကနေ အာဟာရတွေ စုပ်ယူဖို့လည်း ခက်သွားနိုင်ပါတယ်။ အဆိုးဆုံးကတော့ အဆီတွေ၊ ကယ်လိုရီတွေ များပြီး ပုံသွားတဲ့အခါ အစာကလည်း မချေဖျက်နိုင်တော့ အဆီတွေက ဟိုနားနည်းနည်း၊ ဒီနားနည်းနည်း စုပုံလာတော့တာပေါ့။ ဒါကြောင့် ပမာဏနည်းနည်းနဲ့ မကြာခဏ စားတတ်တဲ့အကျင့်ကို လုပ်ပေးပါ။၁။ အိပ်ရေးအပျက်မခံပါနဲ့။ ညဘက်တွေမှာ ၁၂နာရီထက် နောက်မကျစေဘဲ အိပ်ပေးပါ။ တစ်နေ့ကို ညအိပ်ချိန်အနည်းဆုံး ၇နာရီရှိဖို့ လိုပါတယ်။၂။ အဆီ၊ အငန်၊ အချိုစာတွေ ရှောင်ပါ။၃။ ညနေ ၆နာရီနောက်ပိုင်းမှ ညစာစားတဲ့ အကျင့်ကို ဖျောက်ပါ။ ညစာအတွက် ပေါ့ပေါ့ပါးပါး အစာကြေလွယ်စေမယ့် ဟင်းတွေ၊အသီးအနှံေတွနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။၄။ ရေများများသောက်ပါ။၅။ အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အချိန်အကြာကြီး ထိုင်မနေပါနဲ့။ နာရီဝက်ခြားတစ်ခါ ထပြီး ဟိုသွား၊ ဒီသွားလုပ်တာ၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်ပေးပါ။နေထိုင်စားသောက်တဲ့ပုံစံကို အပေါ်မှာ ပြောပြခဲ့သလို ပြောင်းလဲပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်း သိသာတဲ့ ပြောင်းလဲမှုရလဒ်ကို တွေ့ရမှာပါ။ အဆီချတယ်ဆိုတာ အလှအပအတွက် တစ်ခုတည်းမဟုတ်ဘဲ ကျန်းမာရေးအတွက်ပါ အကျိုးရှိတာမို့ ကျား၊ မ၊ အသက်အရွယ်မရွေး တတ်နိုင်သလောက် အဆီချဖို့ ကြိုးစားကြပါလို့ အကြံပေးလိုက်ပါတယ်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/daily-tips-for-weight-loss/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/health-benefits-of-relationship/
ပျို့တက်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ
ပျို့တက်ခြင်းနှင့် အော့အန်ခြင်းသည် ဓါတုကုထုံး၏ အဖြစ် အများဆုံးဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ ပျို့တက် ခြင်းသည် အလွန် မနှစ်မြို့ဖွယ်ကောင်းပြီးအော့အန်လိုသောခံစားမှုကိုပေးသည်။ သို့သော်လည်းဓါတုကုထုံးအတွင်းလူတိုင်းအော့အန်ခြင်းနှင့် ပျို့တက်ခြင်းကိုမခံစားရပါ။ သို့ သော် ဓါတုကုထုံးသုံးမည်ဟုစဉ်းစားပါကဓါတုကုထုံးနှင့် ဆက်စပ်သောပျို့တက်ခြင်းကိုလျော့နည်းရန် ကာကွယ်ရန် ကောင်းစွာ ကြိုတင်ပြင်ဆင်သင့်သည်။အချို့ဆေးများသည် ပျို့တက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ပျို့တက်ခြင်းစိတ်ပူပါကဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်သင့်သည်။ ဆရာဝန်သည် ပျို့တက်ခြင်းကိုသက်သာစေရန် ဆေးရန် သောက်ရန် ညွှန်ကြားနိုင်သည်။ ဥပမာ-။ပျို့တက်ခြင်းသည် ပိုဆိုးလာပါကသို့မဟုတ် သင်၏ နေ့ စဉ် လှုပ်ရှားမှုများကိုဆိုးရွားစွာ နှောင့်ယှက်လာပါကဆရာဝန် ကိုခေါ်ရန် အရေးကြီးပါသည်။ အောက်ပါတို့ ဖြစ်ပွားပါကဆရာဝန် ခေါ်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by ZinWai Yan Linn။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%95%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af/
ချစ်ရမှာ စာမလိပ်တဲ့အခါ
ဒါကတော့ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ အသုံးလေးပါ။ ‘ ချစ်ရမှာ စာမလိပ်’တဲ့။လင်ရယ် မယားရယ် ဖြစ်လာပြီဆိုရင် အတူနေခြင်းဆိုတဲ့လိင်ကိစ္စက နောက်ကနေ ပါလာတာပါပဲ။ ဒါက လူသားမျိုးဆက်ပြန့်ပွားရေးဆိုတဲ့ တာဝန်ကို သဘာဝကနေ တူတူလုပ်ကြဟဲ့လို့ ပေးအပ်လိုက်တာပါ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်နဲ့ စိတ်နဲ့ ထပ်တူမကျ၊ သူက တော်တော်ဖြစ်နေသလောက် ကိုယ်က စာမလိပ် စိတ်မလာဖြစ်နေတဲ့အခါ လင်မယားကြားမှာ အက်ကြောင်းလေးတွေ ဖြစ်လာတတ်ပါတယ်။အိပ်ရာပေါ်က ကိစ္စတွေက လင်ရယ် မယားရယ် နှစ်ဦးနှစ်ဖက် အပေးအယူမျှမှ စိတ်ကျေနပ်စရာ ကောင်းတာပါ။ အများထင်သလိုလိင်တံအရွယ်အစားတို့၊ မိန်းမမှာမျှော့ပါမှတို့ဆိုတာ သံယောဇဉ်တွေ၊ ချစ်မေတ္တာတွေ၊ နားလည်မှုတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး။အပြင်လူမှုဘဝမှာ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိရသလိုအိပ်ရာပေါ်မှာလည်း ကိုယ့်ရဲ့ ပါတနာကို လေးစားမှုပြရပါတယ်။ ဆိုလိုတာက။သင်ဘယ်လောက်ပဲ နေချင် နေချင် သူ့ကို အရင်မေးပါဦး။ သူ့မှာ သင်မသိနိုင်တဲ့ စိတ်ညစ်စရာတွေ ရှိနေရင် သူ့ကို လွှတ်ထားပေးလိုက်ပါ။ ဒီအချိန်မှာ သူလိုအပ်တာ လိင်ကိစ္စမဟုတ်ဘဲ သင့်ရဲ့ နားလည်မှုပါ။ငါသူနဲ့ မနေရင် သူများ ငါ့ကို ပစ်သွားမလား။ နောက်တစ်ယောက် ထပ်ရှာမလား။ ငါဟာ တာဝန်မကျေတဲ့ ခင်ပွန်း ဒါမှမဟုတ် ဇနီးလား။ ဒီအတွေးတွေကို ခေါင်းထဲက ထုတ်လိုက်ပါ။ သင်ဟာလိင်ဆက်ဆံဖော်ဆိုတာထက် အများကြီးပိုပါတယ်။ဘဝလက်တွဲဖော်ပါ။အခက်အခဲတွေကို အတူရင်ဆိုင်ရမယ့်အထဲမှာ ဒီချစ်ရမှာ စာမလိပ်တဲ့ ကိစ္စလည်း ပါတယ်ဆိုတာ မမေ့ပါနဲ့။ အတူနေဖို့ အဆင်မပြေသေးရင် ပွင့်ပွင့်လင်းလင်း ပြောပါ။အမျိုးသားတွေဟာ ယေဘုယျအားဖြင့် လိင်စိတ်ပိုများတယ်ဆိုပေမယ့် တစ်ခါတလေတော့လည်း သူ့အခက်အခဲနဲ့သူပါ။ သူ့ကို ဖိအားမပေးပါနဲ့။ ပြဿနာ အတက်ဆုံးအချိန်ကတော့ ကလေးရဖို့ ကြိုးစားနေချိန်ပါ။သားဥကြွေဖို့ ဒီနေ့ ဒီရက်မှာ အတူနေရမယ်ဆိုပေမယ့် သူစိတ်မပါတဲ့အခါ လွှတ်ထားလိုက်ပါ။ နောက်ထပ် အခွင့်အရေးတွေ ကျန်ပါသေးတယ်။အမျိုးသား လိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံတာ၊ အမျိုးသမီးလိင်အင်္ဂါကို ပါးစပ်နဲ့ ဆက်ဆံတာ၊စအိုကို ဆက်ဆံတာ၊ တခြားကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ အတူနေချင်တဲ့အခါ နှစ်ဦးသဘောတူပါစေ။ သူများရဲ့ စိတ်ခံစားချက်ကိုလည်း ထည့်စဉ်းစားပါဦး။အရွယ်ရောက်ပြီးသား အမျိုးသားနဲ့ အမျိုးသမီးလက်မထပ်ခင် အတူနေကြတာကို ဝင်မစွက်ဖက်ပါဘူး။ ဒါပေမယ့် နှစ်ဦးသဘောတူဖို့တော့ လိုတယ်နော်။ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် လက်မထပ်ခင် အတူနေတယ်ဆိုတာ စိန်ခေါ်မှု တစ်ခုပါပဲ။ ဒီနောက်မှာ ကိုယ်ဝန်ရသွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ အပြစ်တစ်ခုလို ခံစားချက်တွေ ရှိနိုင်တာကြောင့် အတူတူ ဆွေးနွေးကြည့်ပါဦး။အတူနေဖို့ စိတ်မပါတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ပါနဲ့။ ကိုယ့်ပါတနာကိုလည်း စိတ်မပါရကောင်းလားဆိုပြီး အပြစ်မတင်ပါနဲ့။ နေလာရင်းနဲ့ ဒီလိုလည်း ဖြစ်နိုင်တာပဲလေ။ သင်တို့နှစ်ယောက်မှာ လိင်ကိစ္စအပြင် တခြား ကြည်နူးစရာတွေ လုပ်လို့ရပါသေးတယ်။အတူနေတဲ့အခါ သင်က သူ့ရဲ့ ဘာကို မကြိုက်တာလဲ။ သင့်ကို စိတ်ကျေနပ်အောင် မလုပ်ပေးတာလား၊ အတူနေရင် မိန်းမကိုယ်က နာလို့လား၊ သင်မကြိုက်တာကို စအိုကနေ အတင်းဆက်ဆံလို့လား။အမျိုးသားတွေဆိုရင်လည်းလိင်တံမထောင်မတ်နိုင်လို့ စိတ်ညစ်တာလား၊ လိင်တံသေးလို့ အထင်သေးခံရမှာ စိုးလို့လား စသဖြင့် ပွင့်ပွင့်လင်းလင်းပြောပါ။ တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်မခံပါနဲ့။လိင်ကိစ္စကို လင်မယားကြားမှာ မပြောချင်ရင် ပြောရမယ့် နေရာ မရှိတော့ပါဘူး။ ဖွင့်ပြောလိုက်တော့မှ သူထင်တာနဲ့ ကိုယ်တွေးတာ လွဲနေတာတွေ အများကြီးဆိုတာ သိလာပါလိမ့်မယ်။သူစိတ်မပါတဲ့အခါ သင်လုပ်ပေးရမှာက ဘာတွေကများ သူ့ကို စိတ်ညစ်စေတာလဲ။ ဒါဟာ သူစိတ်ပါပြီး အတူနေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ သူ့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးချင်တဲ့ လက်တွဲဖော်ကောင်းရဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စပဲ ဖြစ်ဖြစ်၊ လူမှုရေးပြဿနာပဲ ဖြစ်ဖြစ် သင်တို့အတူဖြေရှင်းဖို့ ကြိုးစားကြည့်ပါ။သူစိတ်မပါတဲ့ အချိန်မှာ လိင်ကိစ္စနဲ့ မဆိုင်တဲ့ တခြားကြည်နူးစရာတွေ ဖန်တီးပေးပါ။ အရင်ကထက်ပိုပြီး နီးနီးကပ်ကပ်နေပါ။ ရင်ဖွင့်ပါ။ လင်မယားဆိုတာ အရင်းနှီးဆုံး သူစိမ်းပါပဲ။ လိင်ကိစ္စအပါအဝင် တခြားကိစ္စတွေကို ရင်းရင်းနှီးနှီး တိုင်ပင်ပါ။အိပ်ရာပေါ်မှာလည်း စမတ်ကျတဲ့ ladies and gentlemenများ ဖြစ်လာကြပါစေ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/respect-to-your-partner-in-bed/
Paraganglioma
Paraganglioma ဆိုတာ ရောဂါအခြေအနေတစ်ခုဖြစ်ပြီးခန္ဓါကိုယ်ရဲ့ ဘေးဘက်အာရုံကြောစနစ်မှာဖြစ်တဲ့ အကြိတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ Peripheral nervous system ဘေးဘက်အာရုံကြောစနစ်ကို sympathetic and parasympathetic ဆိုပြီးခွဲထားပါတယ်။ peripheral nervous system ရဲ့ လုပ်ငန်းဆောင်တာကတော့ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းစဉ်မျိုးစုံကို ထိန်းချုပ်ခြင်းဖြစ်တဲ့ နှလုံးခုန်နှုန်း၊သွေးဖိအား၊ ဆီးသွားခြင်းဆိုင်ရာနှင့် အူလမ်းကြောင်းဆိုင်ရာများအားလုံးတို့ပါဝင်ပါတယ်။ Peripheral nervous system မှာဖြစ်တဲ့ paraganglioma ကြောင့် ခန္ဓါကိုယ်ရဲ့လုပ်ငန်းဆောင်တာများဖြစ်တဲ့ သွေးဖိအား၊ ဆီးသွားခြင်းဆိုင်ရာ၊ နှလုံးခုန်နှုန်း အစရှိသည်တို့ဟာပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ paraganglioma ဟာ Peripheral nervous systemရဲ့ မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပေမယ့် အဓိကတော့သူတို့ကို ဗိုက်ထဲမှာတွေ့ရတတ်ပြီးAdrenal glands နဲ့ဆက်စပ်နေတဲ့အကြိတ်များဖြစ်တဲ့ Phaeochromocytomaလို့ခေါ်တဲ့ ရောဂါအနေနဲ့ တွေ့ရပါတယ်။အခြားသောအချက်အလက်များကို သိနိုင်ဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။Paraganglioma ရဲ့အတွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့။-သွေးပေါင်ချိန် တောက်လျှောက်တက်နေခြင်း။-နှလုံးခုန်နှုန်းမြန်ခြင်း။-ခေါင်းတောက်လျှောက်ကိုက်ခြင်း။-မျက်နှာပူခြင်းနှင့်ချွေးထွက်ခြင်း။-အလွန်အမင်း စိုးရိမ်ပူပန်ခြင်းနှင့်ကြောက်လန့်တတ်ခြင်း။သိပ်ပြီး အတွေ့ရမများတဲ့လက္ခဏာတွေကတော့။-အသားအရည်ဖြူဖျော့နေခြင်း။-အမြင်ဝါးခြင်း။-ဝိတ်မချပဲ ကျသွားခြင်း။-ဝမ်းချုပ်ခြင်း။-ဗိုက်နာခြင်း။-အချိုဓါတ်များနေခြင်း။-စိတ်ကျန်းမာရေးဆိုင်ရာပြသနာများဖြစ်ခြင်း။အပေါ် မှာမပြောပြထားတဲ့ အခြားသော လက္ခဏာတွေရှိနေနိုင်ပါသေးတယ်။ တကယ်လို့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး စိတ်ပူတာတွေရှိနေသေးပါက သင့်ဆရာဝန်ကိုတိုင်ပင်ဆွေးနွေးပါ။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။တစ်ချို့သော အခြေအနေတွေမှာ paragangliomas ရဲ့ပထမအကြောင်းအရင်းခံဟာ တစ်ခြားသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ထိခိုက်စေတဲ့ မျိုးရိုးလိုက်တဲ့ ရောဂါတွေနဲ့တွဲတတ်ပါတယ်။ တကယ်လို့ ဒီရောဂါက syndromeတွေနဲ့ တွဲပြီးမတွဲရဘူးဆိုပါက nonsyndromic paragangliomasလို့ ခေါ်ပါတယ်။ မျိုးရိုးဗီဇ မှားယွင်းပြောင်းလဲခြင်းဟာ syndromic ကော nonsyndromic paragangliomas နှစ်ခုလုံးမှာတွေ့နိုင်ပါတယ်။ Syndromic ကော nonsyndromic paraganglioma နှစ်ခုလုံးဟာ မျိုးဗီဇများဖြစ်တဲ့ VHL, RET, SDHA, SDHB and SDHD တို့မူမမှန်စွာပြောင်းလဲမှုကြောင့်ရပါတယ်။ Nonsyndromic paragangliomas မှာ ပါဝင်တဲ့ မျိုးရိုးဗီဇတွေဟာ ဆဲလ်ကွဲပွားခြင်းနဲ့ သွေးကြောများဖြစ်ပေါ်ခြင်းကိုညှိတဲ့ပရိုတင်းများကို ဆောင်ရွက်ရာမှာ အရေးကြီးတဲ့နေရာကပါဝင်နေပါတယ်။ မျိုးရိုးဗီဇ ပြောင်းလဲခြင်းတွေက မိဘတစ်ဦးက မှားနေတဲ့ မျိုးရိုးဗီဇတွေကနေ ပြောင်းလဲသွားပြီး ဆဲလ်ကွဲပွားမှုတွေကို ထိန်းချုပ်မရအောင် ဖြစ်စေပြီး အကြိတ်တွေဖြစ်စေပါတယ်။တစ်ချို့သောလူတွေကတော့ nonsyndromic paraganglioma ကိုမှာ မျိုးရိုးဗီဇပြောင်းလဲခြင်း မှားခြင်းကြောင့်မဟုတ်ပဲလည်း ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဆရာဝန်တွေယုံကြည်ကြတာကတော့ မှားယွင်းတဲ့မျိုးရိုးဗီဇတစ်ခုခု ပြောင်းလဲခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ မျိုးရိုးလိုက်တဲ့ syndrome တွေတော်တော်များများဟာ paragangliomas တွေဖြစ်ခြင်းနဲ့ဆက်စပ်နေပါတယ်။ မျိုးရိုးဗီဇကို ပြောင်းစေတဲ့အချို့သော အခြေအနေတွေကတော့။-မျိုးရိုးလိုက်တဲ့ paraganglioma syndrome။-multiple endocrine neoplasia 2, types a and b (men2a and men2b)။-neurofibromatosis type1 (nf1)။-Von hippel-lindau syndrome(vhl)။-Carney-stratakis dyad(paraganglioma with gastrointestinal stomal tumor or gist)။-Carney triad(pulmonary chondroma, GIST and paraganglioma)။အခြားသောအချက်အလက်များကို သိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အချက်အလက်တွေပြောပြဖော်ပြထားတာဟာ ဆေးပညာအကြံဉာဏ်တွေအတွက်အစားထိုးအကြံပေးမဟုတ်ပါဘူး။ တစ်ခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။တကယ်လို့ paraganglioma လို့သံသယရှိပါက သင့်အတွက် ရောဂါနာမည်တပ်နိုင်ဖို့ စမ်းသပ်ရမယ့်နည်း။တွေအများကြီးရှိပါတယ်။ သင့်ဆရာဝန်က သင့်ရဲ့ ဆီးကို ၂၄နာရီခံကြည့်ပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနဲ့ adrenaline or noradrenaline အရည်တွေ အများကြီးထွက်နေလားဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်ရှု့ပါလိမ့်မယ်။ တစ်ပြိုင်နက်တည်း သွေးတွေကို လည်းစစ်ဆေးပါလိမ့်မယ်။နောက်ပြီးရင်တော့ CT , MRI scan တွေရိုက်ကြည့်ပါလိမ့်မယ်။ အထူးသဖြင့် ဝမ်းဗိုက်နေရာတွေကို ကြည့်ပြီး အလုံးအကြိတ်တွေရှိနေလားဆိုတာကို ကြည့်ပါလိမ့်မယ်။တစ်ချို့သော အခြေအနေတွေမှာတော့ PET scan ရိုက်ကြည့်ပြီး paraganglioma က အကြိတ်က ဘယ်နေရာထိပြန့်သွားပြီလဲဆိုတာကို ကြည့်ရပါတယ်။ မျိုးရိုးဗီဇ စမ်းသပ်ခြင်းကတော့ paraganglioma ရှိတဲ့မိသားစုထဲမှာ မျိုးရိုးဗီဇ ချို့ယွင်းချက်ရှိနေလားဆိုတာကို စမ်းသပ်ဖို့အတွက် ပြုလုပ်ကြခြင်းဖြစ်ပါတယ်။Paraganglioma ကို ကုသမှုဟာ ပုံမမှန်တဲ့ကြီးထွားမှုက ဘယ်နေရာမှာရှိလဲဆိုတာရယ် ပြီးတော့အဲ့အကြိတ်က ကင်။ဆာဖြစ်နေလားဆိုတာပေါ်မူတည်ပြီး ကွဲပြားပါတယ်။ Paraganglioma ဟာ အခြား နေရာတွေကို ပြန့်သွားတယ်။ဆိုပါက ကင်ဆာဖြစ်တယ်လို့ ယူဆကြပါတယ်။ အဲ့လိုဖြစ်ခြင်းကတော့ paragangliomaမှာရှားပါတယ်။ Paraganglioma မှာ ကင်ဆာဖြစ်နေတဲ့ဆဲလ်တွေဟာ ပြန်ရည်ကြောအကြိတ်များ၊ အရိုး၊ အသည်း၊ အဆုတ်တွေနဲ့ တစ်ခြားနေရာတွေကို ပြန့်နိုင်ပါတယ်။ ဒီလိုပုံစံ paraganglioma ရှိတဲ့လူတွေဟာ အရမ်းတက်နေတဲ့ ဟော်မုန်းပမာဏနဲ့ အခြားသော ရောဂါလက္ခဏာများကို ကုသဖို့ အရေးကြီးပါတယ်။ကုသမှုအပိုင်းမှာပါတာတွေကတော့။ဆေးပေးခြင်း။ သင့်ရဲ့ paraganglioma ကြောင့်ဖြစ်တဲ့ ဥပမာသွေးတိုးခြင်းလိုမျိုးက ဟော်မုန်းတွေထုတ်လို့ဖြစ်တာကြောင့်အဲ့လိုလက္ခဏာမျိုးကို အရင်ဆုံးကုသဖို့ ဆရာဝန်တွေက ကြိုးစားပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ သုံးရတဲ့ဆေးတွေကတော့ alpha blockers and beta blockers တို့ပါဝင်ပါတယ်။ ဟော်မုန်းထုတ်တဲ့ paraganglioma ရှိတဲ့ လူနာတွေကတော့ ခွဲစိတ်မှုမပြုခင်နဲ့ အခြားသောကုသမှုတွေမလုပ်ခင်မှာသွေးပေါင်ချိန်ကို ထိန်းဖို့က အရေးကြီးပါတယ်။ခွဲစိတ်ခြင်း။ အကြိတ်ကို ခွဲစိတ်ဖို့ကတော့ ပထမဆုံးရွေးချယ်မှုဖြစ်ပါတယ်။ တကယ်လို့ခွဲလို့ရခဲ့ရင်ခွဲပါတယ်။ တကယ်လို့အကြိတ်က ပြန့်နေတယ်ဆိုရင်တောင်ခွဲစိတ်ခြင်းက အကြိတ်ရဲ့အရွယ်အစားကို သေးသွားစေနိုင်ပါတယ်။တကယ်လို့ ဟော်မုန်းထုတ်တဲ့ paraganglioma တစ်ရှုးတွေက ခွဲစိတ်နေတဲ့အချိန်အတွင်းမှာ နှောင့်ယှက်မှုဖြစ်ပြီးဟော်မုန်းတွေကိုထုတ်လိုက်ပါက အရမ်းဆိုးတဲ့ပြသနာတွေဖြစ်တဲ့ သွေးပေါင်ချိန်တက်ခြင်းနဲ့ နှလုံးခုန်မြန်ခြင်းတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကိုကာကွယ်နိုင်ဖို့အတွက် သင့်ဆရာဝန်က ခွဲစိတ်မှုတွေမပြုလုပ်ခင် ၇ရက်မှ ၁၄ရက်မတိုင်ခင်ကို ဟော်မုန်းသက်ရောက်မှုမရှိအောင် သောက်ဆေးတွေပေးတာတွေပြုလုပ်ထားရပါတယ်။ သင့်ရဲ့သွေးပေါင်ချိန်ကိုတစ်ရက်ကို အကြိမ်များစွာတိုင်းပြီး မှတ်ထားဖို့နဲ့ အငန်ဓါတ်များတဲ့အစားအစာတွေစားပါက မှတ်ထားဖို့နဲ့ သင့်ရဲ့သွေးပေါင်ချိန်တိုင်းတာမှုမှတ်တမ်းကို ဆရာဝန်ဆီ ပြပါ။Paraganglioma ခွဲစိတ်မှုကို မေ့ဆေးပေးပြီး ခွဲပါတယ်။ အထူးကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်နဲ့ မေ့ဆေးဆရာဝန်ကြီးတွေပါဝင်ဖို့လိုအပ်ပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ သင်ဟာဆေးရုံမှာရက်များစွာနေရနိုင်ပါတယ်။ အောင်မြင်စွာခွဲစိတ်ပြီးတဲ့နောက်မှာတောင်မှ အကြိတ်တွေက ပြန်လည်ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်သင်က သင့်ဆရာဝန်ချိန်းတဲ့ရက်တွေမှာသေချာသွားပြဖို့လိုအပ်ပါတယ်။ဓါတ်ရောင်ခြည်ပြကုသခြင်း။ radiation therapy က တစ်ခါတစ်လေမှာ အကြိတ်ရဲ့အရွယ်အစားကို ထပ်မကြီးအောင်ထိန်းရာမှာ ကူညီပါတယ်။ တကယ်လို့ အကြိတ်က ခေါင်းမှာရှိနေခြင်း သို့မဟုတ် အရေးကြီးတဲ့ အာရုံကြောပေါ်မှာရှိနေခြင်းသို့မဟုတ် သွေးကြောမကြီးများနဲ့နီးနေတဲ့နေရာတွေကိုဓါတ်ရောင်ခြည်ပေးမယ်ဆိုပါက stereotactic body radiation therapy ကို အသုံးပြုပြီးအနီးအနားက ကျန်းမာနေတဲ့ ကောင်းတဲ့တစ်ရှုးတွေကိုမထိခိုက်အောင် လုပ်ရပါတယ်။Thermal ablation therapy။ အချို့သောအခြေအနေတွေအောက်မှာ အထူးကျွမ်းကျင်တဲ့ ဓါတ်ရောင်ခြည်ကုဆရာဝန်နဲ့ ကျန်နေတဲ့အကြိတ်ကို thermal ablation therapy ဆိုတဲ့ကုသမှုနဲ့ ကုသပါတယ်။ စောင့်ကြည့်ခြင်း။ တကယ်လို့ အကြိတ်က ဖြည်းဖြည်းချင်းကြီးထွားလာတယ်ဆိုပါက သင့်ဆရာဝန်က ပုံမှန် လာလာပြဖို့ချိန်းတဲ့အချိန်မှာ သင့်အခြေအနေကို စောင့်ကြည့်ပါလိမ့်မယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/paraganglioma/
အစားနဲ့ပဲ ဝိတ်ချတော့မယ်လို့ စဉ်းစားထားတယ်ဆိုရင် ။ ။
ဝနေပြီ၊ အဆီတွေ စုနေပြီ။ ပြည့်လာပြီဆိုပြီး မှန်ထဲကြည့်လိုက်တိုင်း၊ အကျီၤတွေဝတ်ကြည့်တိုင်း စိတ်ညစ်နေပြီလား။ ဝလာနေမှန်းတော့သိတယ်။အဆီချဖို့ လေ့ကျင့်ခန်းလုပ်ရမှာလည်း သိတယ်။ ဒါပေမယ့် မအားလို့၊gymသွားရမှ ပျင်းလို့၊ လေ့ကျင့်ခန်းလုပ်ပြီး ပြန်နားလိုက်ရင် တရှိန်ထိုးဝလာမှာ ကြောက်လို့ဆိုပြီး လေ့ကျင့်ခန်းလုပ်ဖို့ တွန့်ဆုတ်နေလား။ တကယ်တော့ လေ့ကျင့်ခန်းကကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ အသုံးဝင်တာပါ။အစားအသောက်ပါ။ အစားကိုသာ ထိန်းစားနိုင်လို့ကတော့ ကိုယ်အလေးချိန်လျှော့ချနေတဲ့ plan ရဲ့ ၈၀ ရာခိုင်နှုန်းကို ကျော်ဖြတ်ပြီးသားဖြစ်သွားပြီး အချိန်တိုအတွင်း ကိုယ်ပေါ်မှာ စုနေတဲ့အဆီတွေ ကျသွားမှာပါ။ ဒါပေမယ့် အစားထိန်းစားတဲ့နေရာမှာ နည်းမှန်လမ်းမှန် ဖြစ်ဖို့ကတော့ အဓိက သော့ချက်ပဲဖြစ်ပါတယ်။ ပိန်ချင်လွန်းလို့ ဘာမှ မစားရင် ကျန်းမာရေးကို ထိခိုက်နိုင်သလို ရှောင်ရမှာတွေကို စားမိ၊ စားသင့်တာတွေကို မစားလိုက်မိတဲ့အခါမျိုးတွေမှာ ကိုယ်လုပ်နေတဲ့ ဝိတ်ချတဲ့ လမ်းကြောင်းလွဲသွားပြီး ဝိတ်ကျခြင်းဆိုတဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြန့်ကြာနေတတ်တာမျိုး၊ လမ်းခုလတ်မှာတင် လှည့်ပြန်သွားရတာမျိုး ကြုံတတ်ပါတယ်။ပိန်ချင်လို့။ ကယ်လိုရီလျှော့ရမှာ မို့လို့ဆိုပြီး မနက်စာ အငတ်ခံလိုက်မယ်ဆိုရင် ကိုယ်ခန္ဓာက ပိုဆာလောင်နေတတ်ပြီး နေ့လည်စာနဲ့ ညစာကို ပိုစားမိသွားတတ်ပါတယ်။ နောက်ပြီး ညစာစားပြီးနောက်ပိုင်းနဲ့ မနက်စာစားရမယ့် ကြားအချိန်ဟာ ၁၂ နာရီလောက်ပဲ ခြားသင့်တာပါ။ ဥပမာ ညစာကို ၈နာရီနောက်ပိုင်း ဘာမှမစားတော့ဘူး။ မနက်စာလည်း အလွတ်ခံပြီး နေ့လယ် ၁၂ လောက်မှ အစားပြန်စားရင် ဗိုက်ထဲ အစားမရှိတဲ့အချိန်ဟာ ၁၆ နာရီလောက်ဖြစ်သွားတဲ့အတွက် အစာအိမ်ရောဂါ ဖြစ်ဖို့ အလားအလာ အရမ်းများသွားပါပြီ။ ဒီတော့ ဝိတ်က မကျသေးဘူး အစာအိမ်ကပါထပ်ဖြစ်တော့ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားရပါလိမ့်မယ်။မနက်စာဆို မနက်၈ နာရီ၊ နေ့လယ်စာဆို ၁၂နာရီ၊ ညစာဆို ညနေ ၆ နာရီလောက်စားပေးတာ အကောင်းဆုံးပါ။ နေ့တိုင်း ဒီလို အချိန်မှန်စားတဲ့အတွက်ကြောင့် အစာအိမ်က ကျင့်သားရသွားပြီး ဆီကြော်မုန့်တွေသရေစာတွေကို တောင့်တာတာမျိုးတွေ၊ ခဏပြီး ခဏဆာလောင်ခြင်းတွေ လည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။ကယ်လိုရီလည်း နည်းတယ်၊အမျှင်ဓာတ်လည်း ကြွယ်ဝတော့ စားပြီးရင် အဆာလည်းခံတဲ့ အသီးအရွက်တွေက ဝိတ်ကျတဲ့ပန်းတိုင်ကို မြန်မြန်ရောက်ချင်တဲ့သူတိုင်း ဆောင်သွားသင့်တဲ့ ရိက္ခါထုတ်လေးတွေပါ။ ါ။နည်းနည်းနဲ့ အကြိမ်ရေများများစားဖန်များလာတဲ့အခါ နောက်ပိုင်း အစားနည်းနည်းပဲ စားတတ်တော့တဲ့ အကျင့်ရသွားပါလိမ့်မယ်။ နောက်ပြီး အစားကို ၃၂ ကြိမ်လောက်ဝါးပြီးမှ မျိုချပါ။ ဒီလို အစားကိုဖြည်းဖြည်းစားတာကြောင့် ဗိုက်ပြည့်ပြီဆိုတဲ့ ဦးနှောက်က အချက်ပြစနစ်ပြန်လာတဲ့အခါ ကိုယ်က အစားတွေ အများကြီး စားမိလျက်သားဖြစ်မနေတော့လို့ အစာလည်းကြေ၊ အစားလျှော့ပြီးသားလည်း ဖြစ်မှာပါ။ ဗိုက်ပြည့်ပြီဆိုတဲ့ အချက်ပြချက်အစာအိမ်ကနေ ဦးနှောက်ဆီကို ရောက်ဖို့အတွက် မိနစ် ၂၀ ကြာပါတယ်။ဟိုဟာလည်း မစားရဘူး၊ ဒီဟာလည်း စားလို့ မရဘူးဆိုရင် စားချင်လိုက်တာတဲ့ဆိုတဲ့ ဖိစီးမှု ကိုယ်တွင်းမှာ ဖြစ်လာပါတယ်။ လူဆိုတာလည်း မစားရလေ ပိုစားချင်လေ၊ မရလေ ပိုလိုချင်လေမလား။ စားလို့ကောင်းမှန်းသိရက်သားနဲ့ စားခွင့်မရှိဘူးဆိုရင် ပိုစားချင်ပြီပေါ့။ ဒီတော့ ဝိတ်ချတဲ့သူတိုင်း အစားအရမ်းကြီးရှောင်တာဟာ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ကိုယ့်စားရမယ့် ကယ်လိုရီပမာဏအတွင်းရှိနေသရွေ့ ကြိုက်တာစားလို့ရပါတယ်။ သင့်တင့်တဲ့ ပမာဏဖြစ်ဖို့တော့ လိုတာပေါ့။ ဒီတော့ အများကြီးစားမိနိုင်တဲ့သရေစာမုန့်တွေ အိမ်မှာ အများကြီးဆောင်မထားပါနဲ့။ရေများများသောက်လိုက်ခြင်းဟာ ဗိုက်ကိုပြည့်စေသလို ဆာလောင်တဲ့ စိတ်ကို ပြေပျောက်ပြီးသားလည်းဖြစ်စေပါတယ်။ တစ်ခုရှိတာက ရေများများသောက်ရမယ် ရေပါတယ်ဆိုပြီးအချိုရည်တို့၊ အရက်တို့လက်ဖက်ရည်တို့ သောက်ပေးနေလို့တော့ မရပါဘူး။ အရက်ဘီယာ အချိုရည်တွေကို ဝိတ်ချနေတဲ့သင့်အတွက်တော့ ရန်သူတွေပါ။ကိုယ့်ရဲ့အရပ်ရယ်၊ကိုယ်အလေးချိန်ရယ်၊ ကိုယ်လက်လှုပ်ရှားမှု ဘယ်လောက်ရှိလဲဆိုတာရယ် အဲဒီ ၃ ခုပေါ်မှာ မူတည်ပြီးတစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီကို တွက်လို့ရပါတယ်။ ထွက်လာတဲ့ အဖြေ ကယ်လိုရီ ပမာဏပေါ်မူတည်ပြီး မနက်စာ၊ နေ့လယ်စာ၊ ညစာ ၃နပ်လုံးကို ကယ်လိုရီချိန်စားပါ။ အဲဒီအတွက် သီးသန့် မှတ်စုလေးထားပြီး မှတ်ထားတာ ပိုကောင်းပါတယ်။ ။ကိုယ်မှာ တကယ်ဝိတ်ချချင်တဲ့ စိတ်ဆန္ဒပြင်းပြင်းသာရှိမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှ မရှိပါဘူး။ ဒီတော့ တကယ်ဝိတ်ကျရမယ့် ဆိုတဲ့ ဆန္ဒရယ်၊ စိတ်ရှည်ခြင်းရယ်နဲ့ အပေါ်မှာ ပြောထားတဲ့အချက်တွေကိုလိုက်နာတာရယ်သာ ပေါင်းလိုက်မယ်ဆိုရင် အချိန်တိုအတွင်း ကိုယ်လိုချင်တဲ့ သွယ်လျလှပတဲ့ကိုယ်ခန္ဓါလေးကို ပိုင်ဆိုင်နိုင်မှာနော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/weight-loss/
ပြစ်တင်ဝေဖန်မှု ဒဏ် ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ရအောင်
လူမှုကွန်ရက်တွေရဲ့ သက်ရောက်မှုအင်အား ကြီးမားလာတဲ့ ဒီဘက်ခေတ်မှာ ချီးကျူး ၇ ရက်၊ ကဲ့ရဲ့ ၇ ရက် လို့ ဆိုပြီး ပစ်ထားလိုက်လို့ မရတော့ပါဘူး။ ပြစ်တင်ဝေဖန်မှုတွေကို စိတ်ရှိသလိုလည်း ခွန်းတုံ့ပြန်လို့ မဖြစ်ပြန်ဘူး။ ဒီအချိန်မှာ ဉာဏ်ရှိရှိနဲ့ တုံ့ပြန်ဖြေရှင်းနိုင်ဖို့က ပညာပါပဲ။ခုနေချိန် အွန်လိုင်းပေါ်မှာ လူပြောများတဲ့ အကြောင်းအရာဆိုတာလည်း တစ်နေ့နဲ့ တစ်နေ့ မရိုးရသလို လူအများရဲ့ ပြစ်တင်ဝေဖန်ခံရသူကလည်း တစ်ယောက်မဟုတ် တစ်ယောက် အမြဲရှိနေတယ် မဟုတ်လား။ချီးကျူးလေးစားတဲ့ မှတ်ချက်စကားတွေကသာ ပလူပျံနေချိန် ဘာပြန်ပြောပြော ချစ်နေကြတာပါ ၊ ပြစ်တင်ဝေဖန်ခံရချိန်မှာတော့ ဘာကိုမှ အမှားမခံ ထိရှလွယ်အခြေအနေ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တုံ့ပြန်မိတဲ့ စကား မပြောနဲ့၊ စတစ်ကာပုံလေးနဲ့တောင် အခြေအနေ ပိုဆိုးသွားစေနိုင်ပါတယ်။လူမှုကွန်ရက်ရဲ့ ထိုးနှက်မှုကို ကိုင်တွယ်မဖြေရှင်းနိုင်တဲ့ အခါ မလိုလားအပ်တဲ့ အပြန်အလှန် မုန်းတီးမှုတွေ၊ နာမည်ကျဆင်းရတာတွေ၊ စိတ်ဒဏ်ရာရတာတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေပါ ထိခိုက်လာရတာတွေ၊ နောက်ဆုံးမှာအဆုံးစီရင်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။သူတို့ ပြစ်တင်ပြောဆိုနေကြသလို ကိုယ်က မဟုတ်နေဘူးပဲ ထားဦး၊ စိတ်လိုက်မာန်ပါ အတင်းရှင်းပြနေလို့ မရပါဘူး။ အရင်ဆုံး စိတ်အေးအေးထား၊ စဉ်းစားပြီးမှ စနစ်တကျတုံ့ပြန်ဖြေရှင်းသင့်ပါတယ်။ ဒီအခြေအနေကို ဉာဏ်ရှိရှိ နဲ့ ကျော်လွှားသွားနိုင်ဖို့ အတွက် အသုံးဝင်မယ့် အကြံလေးတွေ ပေးလိုက်ပါရစေနော်။ကိုယ်မလုပ်ဘဲ အထင်လွဲ စွပ်စွဲခံနေရတာ ဖြစ်ဖြစ် ဒါမှမဟုတ် လုပ်ရပ်တစ်ခုအတွက် အပြစ်တင်ခံနေရတာ မျိုး ကြုံလာလည်း အရင်ဆုံး စိတ်ကိုငြိမ်အောင် ကြိုးစားပါ။လူမှုကွန်ရက်မှာ ဆိုတာက ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို မှန်သမျှ လူအများဆီ ရောက်ရှိဖို့ သိပ်မြန်ပါတယ်။ ဘာဆက်လုပ်မယ်၊ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးဖို့ အဓိကပါ။ဥပမာ ကိုယ့်ရဲ့ပို့စ်အောက်က မှတ်ချက်ဆိုးတွေကို ဖျက်ပစ်ဖို့၊ ကွန်မန့်ပိတ်ပစ်ဖို့၊ ဒီလိုမပြောကြပါနဲ့လို့ တားမြစ်ဖို့ မကြိုးစားပါနဲ့။ ဒါဟာ သူတို့ရဲ့အမြင်၊ စွပ်စွဲမှု၊ သူတို့ ပြစ်တင်ဝေဖန်မှုက မှန်ကန်နေပြီး ကိုယ်က တစ်ခုခုကို ဖုံးကွယ်နေတာလို့ မြင်သွားစေနိုင်ပါတယ်။ပြစ်တင်ဝေဖန်မှုတွေမြင့်နေချိန်မှာ တအားလည်း တိတ်ဆိတ်မနေပါနဲ့။ လူတွေနဲ့ ထိတွေ့မှု ဖြတ်ပြီး ပုန်းမနေပါနဲ့။ ဖြေရှင်းမှု၊ ပွင့်လင်းပြောဆိုမှု၊ တာဝန်ယူမှု တစ်ခုခုတော့ ခပ်မြန်မြန် အသံထွက်လာသင့်ပါတယ်။ကိုယ့်ပြဿနာအကြောင့် လူတွေ အရှေ့ ဖြေရှင်းတဲ့အခါ ဒေါသ မပါဖို့ သတိထားပါ။ အချက်အလက် ကိုပဲ အဓိက ဖြေရှင်းပါ၊ စကားကို လိမ္မာပါးနပ်စွာ ပြောတတ်ဖို့၊ အမှား မပါဖို့ စာကြိုစီထားပါ။ တည်တည်ငြိမ်ငြိမ် နဲ့ မှန်ကန်အောင် ဖြေရှင်းနိုင်မှ အနိုင်ရမှာပါ။ကိုယ်က မှားခဲ့တာ မှန်တယ်ဆိုရင် ဝန်ခံလိုက်ဖို့ ဝန်မလေးပါနဲ့။ အတင်းရှောင်ပြေး ငြင်းဆန်နေတာကမှ ပြဿနာကို ပိုဆိုးစေတဲ့ အချက်ပါ။ လူအများရဲ့ အမြင်မှာ ပိုအရုပ်ဆိုးသလို ပြစ်တင်ဝေဖန်မှု က ပိုပြင်းထန်လာနိုင်ပါတယ်။ လိုအပ်လာရင် တောင်းပန်စကား ဆိုလိုက်တာက နည်းလမ်းကောင်း တစ်ခု ဖြစ်နေနိုင်ပါတယ်။ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြမှာ ဆိုပေမယ့် ပြဿနာတက်နေချိန်မှာ ဒါကိုပဲ စက္ကန့်မလပ် ခံစားနေမယ် ဆိုရင် ကိုယ့်ရဲ့ စိတ်ကျန်းမာရေး၊ လူကျန်းမာရေး နဲ့ လုပ်နိုင်စွမ်းတွေမှာ ထိခိုက်လာမှာပါ။ ဒီလိုခံစားနေမယ့်အစား ဖြစ်လာတဲ့ ဘေးကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့၊ အမှားမလုပ်မိဖို့ကို ဂရုစိုက်လိုက်ပါ။ကိုယ့်အလွန် မရှိခဲ့ဘူး၊ ဖြေရှင်းစရာ မလိုတဲ့ ကိစ္စမျိုး သို့မဟုတ် ကောင်းကောင်း ဖြေရှင်းထားပြီးသား ကိစ္စမျိုးဆိုရင်တော့ ဝေဖန်လာသမျှကို လိုက်ဖြေရှင်းဖို့ မလိုအပ်ပါဘူး။ လျစ်လျူရှုပြီး ကိုယ့်ရဲ့လမ်း ကိုပဲ မတုန်မလှုပ် ဆက်လျှောက်တာက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ဘာတွေပဲ ဖြစ်လာလာ၊ ကိုယ့်ဘက်က ဘယ်သူမှ မရှိရင်တောင် ကိုယ်သာ မှန်အောင်နေလိုက်ပါ။ ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ ကျော်လွှားနိုင်ဖို့ နည်းလမ်း ရှာပါ လို့ အကြံပေးချင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%95%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%9d%e1%80%b1%e1%80%96%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%af-%e1%80%92%e1%80%8f%e1%80%ba-%e1%80%89%e1%80%ac%e1%80%8f%e1%80%ba/
ရာသီလာချိန် ခေါင်းလျှော်ရင် ဘာဖြစ်တတ်သလဲ
ရာသီလာချိန် ခေါင်းလျှော်ရင် သွေးခဲတတ်တယ်။ သွေးတွေ အပေါ်ကို ကန်တက်တယ် စသဖြင့် ပြောကြတာ ကြားဖူးမှာပါ။ လူမှုကွန်ယက်မှာလည်း အမျိုးသမီးငယ်ငယ်‌လေးတွေ အကြောင်းအရင်း မရှိ ဆုံးသွားရင်  ရာသီလာတုန်း ခေါင်းလျှော်တာတုန်း ဖြစ်မှာပေါ့ဆိုပြီး သတင်းတွေ တက်လာကြပါတယ်။ရာသီလာချိန်မှာ ခေါင်းလျှော်လို့ ရတယ်၊ မရဘူးဆိုပြီး အုပ်စုကွဲကြပြန်တော့ တကယ့်အမှန်က ဘာလဲဆိုတာကို သိထားဖို့ လိုနေပါပြီ။မိဘ၊ အဘိုးအဘွားတွေ လက်ထက်တည်းက ရာသီလာချိန်မှာ ခေါင်းမလျှော်ရဘူး။ အနည်းဆုံးတော့ ရာသီပထမရက်မှာ မလျှော်ရဘူးလို့ တားကြတာကို ကြားဖူးမှာပါ။ လူကြီးတွေကို မေးကြည့်ရင် အောက်ပါအတိုင်း ဖြေကြတာကို တွေ့ရပါတယ်။အလုံးဆိုတဲ့ နေရာမှာသွေးလုံးရော၊ အသားလုံးရော အကုန်ပါပါတယ်။ ဒါတွေက ရာသီလာချိန် ခေါင်းလျှော်တာနဲ့ မဆိုင်ပါဘူး။သွေးလုံးတည်တဲ့ ပြဿနာဆိုရင် ဘာကြောင့်ဖြစ်လဲဆိုတာ အတိအကျ မသိကြသေးပါဘူး။Hypothesesတွေ ရှိပေမဲ့ ရာသီလာချိန် ခေါင်းလျှော်တာတော့ မပါပါဘူး။အသားလုံးဆိုရင်လည်း ဒီတိုင်းပါပဲ။ အမျိုးသမီး ဟော်မုန်း အီစထရိုဂျင်နဲ့ ဆက်စပ်နေတယ်လို့ပဲ ပြောနိုင်ပါတယ်။ ရာသီလာချိန် ခေါင်းလျှော်တာကြောင့် မဟုတ်ပါ။ဖြစ်နိုင်တာက ဒီရောဂါတွေက အမျိုးသမီးငယ်လေးတွေ၊ ရာသီလာတဲ့ အရွယ်တွေမှာ ဖြစ်တာဆိုတော့ ဒီနှစ်ခုကို ကောက်ပြီး ဆက်စပ်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရာသီလာချိန်မှာ ခေါင်းမလျှော်တဲ့ သူတွေလည်း ဒီရောဂါဖြစ်တာကို တွေ့ရပါတယ်။ရာသီလာချိန်မှာ ခေါင်းလျှော်ရင် ဦးနှောက်ကို သွေးဆောင့်တက်တယ်။ တစ်နည်းအားဖြင့် သွေးကြောပြတ်တတ်တယ်လို့ ပြောကြပါတယ်။ ဒါကလည်း မဟုတ်ပါဘူး။ရာသီသွေးဆိုတာ ကလေးများ ရလာခဲ့ရင် သန္ဓေသားလေးတွယ်လို့ ရအောင် ထူထားပေးတဲ့ သားအိမ်ရဲ့ နံရံလေးတွေ ကွာကျလာတာ ဖြစ်ပါတယ်။ ခေါင်းက သွေးကြောတွေနဲ့ မဆိုင်ပါ။ ဒါကြောင့် ဒါလည်း မဟုတ်ပါဘူး။ဒါလည်း မဟုတ်ပါဘူး။ လူငယ်တွေမှာ ဦးခေါင်းတွင်း သွေးခဲတဲ့ ရောဂါက အကြောင်းရင်း အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ ခေါင်းကို ထိခိုက်မိပြီး ဦးနှောက်သွေးယိုတာမျိုးပေါ့။ ရာသီလာချိန် ခေါင်းလျှော်လို့တော့ မဟုတ်ပါဘူး။ရာသီရက်တွေက အတိုးအလျှော့ ဖြစ်နိုင်ပါတယ်။ ဥပမာ ဒီလ၅ရက်လာပြီး နောက်လ ၄ရက်လာတာ စသဖြင့်ပေါ့။ရုတ်တရက်ကြီး ရာသီသွေးရပ်သွားတယ်ဆိုရင် ကိုယ့်မှာ စိတ်ဖိစီးမှုတွေ များနေသလား။ ဟော်မုန်းပါတဲ့ ဆေးတွေ၊ တားဆေး (အရေးပေါ်တားဆေးအပါ) သောက်နေလားဆိုတာကို စဉ်းစားကြည့်ပါ။ ဒါတွေကလည်း ရာသီရက်တိုတာ၊ ရှည်တာကို ဖြစ်စေနိုင်ပါတယ်။ ‌နောက်ပြီး ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်ရင်လည်း ရာသီရက်အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ခေါင်းလျှော်လိုက်တာက ရာသီသွေးရပ်သွားအောင်တော့ မလုပ်နိုင်ပါဘူး။ရာသီလာချိန်မှာ ခေါင်းလျှော်လို့လည်း ဘာမှမဖြစ်သလို မလျှော်လို့လည်း ဘာမှမဖြစ်ပါဘူး။ နှစ်ခုလုံးက အသက်အန္တရာယ်မရှိပါဘူး။ဒီကိစ္စကို သားဖွားမီးယပ်ဆရာဝန်ကြီးတွေရော၊ တခြားဆရာဝန်တွေရော အသိပညာပေးနေကြပါတယ်။Unicefကနေတောင် ရာသီလာချိန်မှာ ရေချိုးခေါင်းလျှော်တာက အန္တရာယ်မရှိကြောင်း ပညာပေးစာစောင်တွေ ထုတ်ထားပါတယ်။ ဒါပေမဲ့ အများစုက ခေါင်းလျှော်လို့ မရဘူး၊ လျှော်လိုက်ရင် အန္တရာယ်ဖြစ်မယ်လို့ တွေးကြတုန်းပါပဲ။လျှော်လျှော် မလျှော်လျှော် အန္တရာယ်မဖြစ်ပေမယ့် လူတွေ မကြောက်သင့်တာ မကြောက်ရအောင်၊ အသိမှား အမြင်မှားတွေ ရှိရင် ရှင်းလင်းသွားအောင် အားလုံးက ဝိုင်းပြီး ရှင်းပြပေးနေတာ ဖြစ်ပါတယ်။ဒီဆောင်းပါးကလည်း ရာသီလာချိန်မှာ ခေါင်းလျှော်ကို လျှော်ရမယ်ဆိုပြီး တိုက်တွန်းနေတာ မဟုတ်ပါဘူး။ လျှော်လည်း ကိုယ့်သဘော၊ မလျှော်လည်း ကိုယ့်သဘောပါ။ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက ရာသီလာတာနဲ့ ပတ်သက်ရင် မသန့်ဘူးဆိုပြီး (အမျိုးသမီးတွေ အချင်းချင်းကိုက) ခွဲခြားဆက်ဆံခံရတာ၊ ရာသီသုံးပစ္စည်းတွေကို ခိုးဝှက်ဝယ်ရတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတာတွေ ရှိပါတယ်။ ဒါကြောင့် ရာသီလာတာနဲ့ ပတ်သက်တဲ့ အသိမှားအမြင်မှားတွေကို ရှင်းပြနေရတာ ဖြစ်ပါတယ်။အထူးသဖြင့် ကိုယ်က ပွဲတစ်ခုခု သွားစရာရှိလို့၊ ဒါမှမဟုတ် ငြီးစီစီနဲ့ နေလို့ မကောင်းလို့ (အထူးသဖြင့် နွေရာသီမှာ)၊ ရာသီလာတဲ့ရက်နဲ့ ခေါင်းလျှော်ရမယ့် ရက်နဲ့ တိုက်နေလို့ လျှော်ချင်ပေမယ့် တစ်ခုခုဖြစ်မှာကို ကြောက်လို့ မလျှော်ဘဲ စိုးရိမ်နေတဲ့ အမျိုးသမီးလေးတွေကို ရည်ရွယ်ပါတယ်။တချို့ကလည်း ပြောကြတယ်။ ရာသီလာချိန်မှာ ခေါင်းလျှော်လိုက်တာ ဖျားသွားလို့၊ ခေါင်းကိုက်လို့ စသဖြင့်ပေါ့နော်။ ဒါကတော့ ရာသီလာချိန်မှ မဟုတ်ပါဘူး။ တခြားအချိန်တွေမှာလည်း ခေါင်းလျှော်ရင်းနဲ့ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်။ရာသီလာချိန်မှာတော့ ပင်ပန်းပြီး အားနည်းနေတဲ့အတွက်  သာမန်အချိန်ထက်ဖျားနာလွယ်ပါတယ်။ ဒါကြောင့် ‌ရေမြန်မြန်ချိုး၊ ခေါင်းမြန်မြန်လျှော်ပြီး သေချာခြောက်အောင် သုတ်ပါ။ ဒါဆိုရင် ခေါင်းကိုက်တာ၊ ဖျားနာတာတွေ ဖြစ်မှာ မဟုတ်ပါဘူး။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/what-happen-when-you-wash-your-hair-during-periods/
ခရမ်းလွန်ရောင်ခြည် ဒဏ်ကနေ ကာကွယ်ကြမယ်။
နေအလင်းရောင်မှာပါဝင်တဲ့ခရမ်းလွန်ရောင်ခြည်ဟာ လူတွေအတွက် အကာအကွယ်လေးတစ်ခုဖြစ်တဲ့အရေပြားမှာရှိတဲ့ ဆဲလ်လေးတွေကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်ရှိတဲ့ ရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။Ultraviolet Radiation(UV) လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ပြင်ထန်တဲ့နေရောင်ခြည် တစ်မျိုးဖြစ်ပြီး ရောင်ခြည်ရဲ့လှိုင်းအကွာအဝေးအပေါ်မူတည်ပြီး UV-A, UV-B နဲ့ UV-C ဆိုပြီး ၃မျိုးရှိပါတယ်။ အဓိကအနေနဲ့ ဒီကမ္ဘာမြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်တာက UV A နဲ့ B ဖြစ်တဲ့ အတွက် အဲဒီ နှစ်မျိုးရန်ကနေ ကာကွယ်ဖို့က အရေးကြီးပါတယ်။ခရမ်းလွန်ရောင်ခြည်ဟာ အဓိကအားဖြင့် အရေပြားနဲ့ မျက်လုံးအတွက် ဆိုးကျိုးတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။၁။ အရေပြား။အရေပြားဆဲလ်လေးတွေကို ပျက်စီးစေပြီး နီရဲ့လာတာ၊ အသားအရောင်ပြောင်းလဲစေတာ၊ တင်းတိပ်၊ မှဲ့ခြောက်နဲ့အရေးကြောင်းတွေ ဖြစ်စေတာ၊ အခြားအရေပြားရောဂါတွေ အပြင်အရေပြားကင်ဆာအထိပါ ဖြစ်စေနိုင်ပါတယ်။၂။ မျက်လုံး။ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကိုသာမက မျက်လုံးကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ မျက်ကြည်လွှာရောင်ခြင်း၊ မျက်သားတက်ခြင်း၊ တိမ်ဖြစ်ခြင်း၊ အမြင်ဝါးစေခြင်းတွေ အပြင် မျက်လုံးကင်ဆာကို လည်း ဖြစ်စေနိုင်ပါတယ်။၁။ ဖြစ်နိုင်ရင် နေရိပ်ထဲမှာနေပါ။အထူးသဖြင့် နေအပြင်းဆုံး နေ့ခင်းပိုင်းတွေမှာ အပြင်ကို မလိုအပ်ဘဲ မထွက်သင့်ပါဘူး။ မနက် ၁၀ နာရီမှ ညနေ ၃နာရီ၊ ၄နာရီလောက်ထိဟာ တစ်နေ့တာရဲ့ နေအပြင်းဆုံးအချိန်တွေ ဖြစ်တဲ့အတွက် အဲဒီအချိန်အတွင်းမှာ နေပူထဲတိုက်ရိုက်ထွက်တာကို ရှောင်သင့်ပါတယ်။ အထူးသဖြင့် အပူဆုံးနွေရာသီမှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ အားကစားလုပ်ခြင်း ၊ ဥပမာ- ကြက်တောင်ရိုက်၊ ဘောလုံးကန် စတဲ့ activity တွေကို လုပ်မယ်ဆိုရင်တော့ မနက်ခင်းပိုင်းနဲ့ နေအေးတဲ့ ညနေခင်းတွေမှာ လုပ်ဖို့ အကြံပေးချင်ပါတယ်။၂။ ကိစ္စတစ်ခုခုကြောင့် ခဏတာ အပြင်ထွက်ရမယ်ဆိုရင်လည်း နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် အကာကွယ်ယူသင့်ပါတယ်။နေရောင်အောက်မှာ နေ့စဉ်နဲ့ အမျှ အလုပ်လုပ်နေရတဲ့ သူတွေဆိုရင် အခြားသူတွေထက်ပိုပြီး နေရောင်ကြောင့်ဖြစ်တတ်တဲ့ အရေပြားနဲ့ မျက်လုံးပြသနာတွေ၊ ရောဂါတွေ ပိုပြီး ဖြစ်နိုင်ချေများတဲ့အတွက် အကာအကွယ် ပိုလိုအပ်ပါတယ်။ လုပ်ငန်းသုံး မျက်နှာအကာ၊ မျက်လုံးအကာ၊ ဦးထုပ်နဲ့ နေရောင်ကို အကာအကွယ်ဖြစ်စေမယ့် အဝတ်အစားတွေ အသုံးပြုဖို့က အင်မတန်မှ အရေးကြီးပါတယ်။အပူလျှပ်ခြင်း၊ အပူကြောင့် သတိမေ့မျောခြင်းတွေ မဖြစ်အောင် နေပြင်းတဲ့အချိန် အလုပ်လုပ်ရတဲ့အခါမှာ မကြာခဏ လေကောင်းလေသန့် နဲ့ အရိပ်ရတဲ့နေရာမှာ အနားယူဖို့လည်း လိုအပ်ပါတယ်။ဒီဆောင်းပါးလေးဖတ်ပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ကာကွယ်လျှော့ချ နိုင်ကြပါစေ။ရေးသားသူ- Phoo Ngon။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/ways-to-prevent-uv-rays/
ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း
ဒူးဆစ်ဟာ ကိုယ်ခန္ဓာမှာ အရေးပါတဲ့အဆစ်တခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်နိုင်၊ အထိုင်အထလုပ်နိုင်ဖို့အတွက် ဒူးဆစ်ကောင်းမွန်ဖို့ လိုပါတယ်။ ဒူးဆစ်မကောင်းတော့ရင် လမ်းမလျှောက်နိုင်ရုံမကဘဲအမြဲတမ်းနာကျင်ကိုက်ခဲနေနိုင်လို့နေ့စဉ်လူနေမှုဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်းကို ဆေးပညာအရ knee arthroplasty လို့ ခေါ်ဝေါ်ပါတယ်။ ဒူးဆစ်တွေ ဆိုးဆိုးရွားရွားပျက်စီးခြင်းကြောင့် နာကျင်ကိုက်ခဲခြင်း၊ လှုပ်ရှားမှု မပြုနိုင်ခြင်း စတာတွေကို ပြန်လည်သက်သာအောင် ဖြစ်ပါတယ်။ ပျက်စီးနေတဲ့ အရိုးနဲ့ အရိုးနုတွေကို ဖယ်ထုတ်ပြီး ဒူးဆစ်အတု ထည့်သွင်းနိုင်ပါတယ်။ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကျန်းမာရေး အခြေအနေ စတာတွေပေါ်မူတည်ပြီး အစားထိုးမယ့် ဒူးဆစ်အမျိုးအစားကို ရွေးချယ်ပါတယ်။များသောအားဖြင့်ဒူးဆစ်အစားထိုး ခွဲစိတ်ခြင်းဟာ ဘေးကင်းစိတ်ချရတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ဒူးဆစ်အစားထိုး ခွဲစိတ်မှုများရဲ့ ၉၀ရာခိုင်နှုန်းကျော်ဟာ ရောဂါဝေဒနာကနေ သိသိသာသာ သက်သာပျောက်ကင်းမှု ရှိပါတယ်။ဒူးဆစ်ထိခိုက်ပျက်စီးခြင်းကြောင့် ပုံမှန်လမ်းလျှောက်ခြင်းမပြုနိုင်ရင်၊ သက်သက်သာသာနေချိန်မှာတောင် နာကျင်ကိုက်ခဲနေရင် ဒူးဆစ်အစားထိုးခြင်း ပြုလုပ်သင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အထူးသဖြင့် တခြားသော ဆေးဝါး၊ လေ့ကျင့်ခန်း ကုသခြင်းများနဲ့ သက်သာမှုမရှိရင် ဖြစ်ပါတယ်။ဒူးဆစ်အစားထိုးကုသခြင်းဟာလည်း အခြားသောခွဲစိတ်ကုသခြင်းတွေလိုပဲ ဖြစ်နိုင်ခြေအန္တရာယ်တချို့ ရှိပါတယ်။ ၎င်းတို့ကတော့။– ရောဂါပိုးဝင်ခြင်း။– ခြေထောက်သွေးပြန်ကြောနှင့် အဆုတ်များတွင် သွေးခဲခြင်း။– အာရုံကြောများထိခိုက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ဒူးဆစ်မှာ နီရဲရောင်ရမ်းခြင်း စတာတွေဟာ ရောဂါပိုးဝင်တဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ လိုအပ်ရင် အစားထိုးထားတဲ့ ဒူးဆစ်အတုကို ပြန်လည်ခွဲထုတ်ပြီးပဋိဇီဝဆေးများနဲ့ ကုသရနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းကို ကုသပြီးရင်တော့ ဒူးဆစ်အသစ်ပြန်လည် တပ်ဆင်ပါတယ်။တခါတရံမှာ အစားထိုးထားတဲ့အဆစ်ဟာလည်း ပျက်စီးခြင်း ဖြစ်နိုင်ပါတယ်။ တောင့်တင်းတဲ့ သတ္တု၊ ပလတ်စတစ် စတာတွေနဲ့ ပြုလုပ်ထားပေမယ့် အသုံးပြုပါများရင်၊ နေ့စဉ် ထိအားအလွန်အကျွံ သက်ရောက်နေရင် အဆစ်အတုများလည်း ပျက်စီးလို့ ပြန်လည်အစားထိုးရတတ်ပါတယ်။ခွဲစိတ်မှုမလုပ်ခင်မှာ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို ဖွင့်ပြောရပါမယ်။ ဗီတာမင်အားဆေးများ၊ ဖြည့်စွက်စာများ အပါအဝင် ဖြစ်ပါတယ်။ ဆရာဝန်က ရပ်ဖို့ညွှန်ကြားတဲ့ဆေးတွေဆိုရင် သောက်သုံးမှုရပ်တန့်ထားရပါမယ်။ ခွဲစိတ်မှုမပြုမီ ညပိုင်းမှာ အစာမစားရေမသောက်ရပါဘူး။ ခွဲစိတ်ချိန်မတိုင်မီ ၈ နာရီအတွင်းမှာ အစာမစား၊ ရေမသောက်ဖို့ သတ်မှတ်ချက် ရှိပါတယ်။မေ့ဆေးထုံဆေးတမျိုးမျိုးနဲ့ ခွဲစိတ်ပါလိမ့်မယ်။ မိမိရဲ့ အခြေအနေပေါ်မူတည်ပြီး မေ့ဆေး၊ ဒါမှမဟုတ် ခါးဆစ်ရိုးထုံဆေး ပေးပါလိမ့်မယ်။ရောဂါပိုးမဝင်စေဖို့ပဋိဇီဝဆေးများကို သွေးပြန်ကြောကနေလည်း ပေးသွင်းပါလိမ့်မယ်။ ဒူးဆစ်ကို ခွဲစိတ်ပြီးရင် မကောင်းတဲ့အစိတ်အပိုင်းတွေကို ဖယ်ထုတ်ပါလိမ့်မယ်။ အစားထိုးမယ့် အစိတ်အပိုင်းတွေကို တပ်ဆင်ပါလိမ့်မယ်။ ပြီးရင် အဆစ်တုနဲ့ ကောင်းစွာလှုပ်ရှားနိုင်စွမ်း ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ စိတ်ချရချိန်မှာတော့ ဒူးဆစ်ကို ပြန်ချုပ်ပါလိမ့်မယ်။ခွဲစိတ်ပြီးချိန် စောင့်ကြည့်လူနာခန်းမှာ နာရီအနည်းငယ် နေရပါတယ်။ အဲဒီနောက် ပုံမှန်ခန်းကိုပြောင်းရွှေ့ပြီး ရက်အနည်းငယ်နေရနိုင်ပါတယ်။ ဆေးရုံမှာရှိချိန် ခြေထောက်ကို လှုပ်ရှားပေးတဲ့ အပေါ့စား လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ရပါတယ်။ ခြေထောက်မှာ အထိန်းလည်း တပ်ဆင်ထားရနိုင်ပါတယ်။ နောက်ပိုင်းမှာလည်းပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။ဆေးရုံကနေ အိမ်ပြန်ရောက်သွားရင်လည်း ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း လိုက်နာပေးဖို့ လိုပါတယ်။ အိမ်မှာ လမ်းကောင်းကောင်းမလျှောက်နိုင်မှာ ကိုင်တွယ်သွားလာဖို့ အမှီအတန်းတွေ ပြုလုပ်ထားရပါမယ်။ လှေကားတက်ခြင်းကို တတ်နိုင်သလောက် ရှောင်ရပါမယ်။ ဆရာဝန်ချိန်းဆိုတဲ့အခါတိုင်း မပျက်မကွက် ပြသရပါမယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/knee-replacement-surgery/
ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ်အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ
ကင်ဆာကုထုံးအားလုံးက ကိုယ်ခံအားစနစ်အပေါ်ကို သက်ရောက်မှုရှိပါတယ်။ အစာအာဟာရက ကိုယ်ခံအား စနစ်ကိုကြံ့ခိုင်အောင်ထိန်းသိမ်းရာမှာအရေးပါတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်အားလုံးဟာ ကြီးထွားဖို့နဲ့ လုပ်ငန်းစဉ်တွေလုပ်ဆောင်နိုင်ဖို့အတွက် အာဟာရဓါတ်တွေကိုလိုအပ်ပါတယ်။ဗီတာမင်၊သတ္တုဓါတ်၊ အဆီဓါတ်၊ကယ်လိုရီနဲ့ပရိုတင်းစားသုံးမှုတွေ လျော့နည်းလာပါက ဆဲလ်တွေက လုံလောက်တဲ့ အာဟာရ ဓါတ်ကို မရရှိတာကြောင့် ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုအနေအထားကလည်းပြောင်းလဲသွားနိုင်ပါတယ်။ အာဟာရဓါတ်ချို့တဲ့မှုက ကိုယ်ခံအားစနစ်ကို ရောဂါပိုးမွှားတွေ ရှာဖွေဖျက်ဆီးရာမှာ ထိရောက်မှုအားနည်း စေပါတယ်။အာဟာရဓါတ်ချို့တဲ့နေမယ်ဆိုရင် ကူးစက်ရောဂါတွေ ပုံမှန်ထက်ပို၍ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက်အထောက်အပံ့ဖြစ်အောင် ကယ်လ်လိုရီ၊ ပရိုတင်းနဲ့ ဗီတာမင်နဲ့သတ္တုဓါတ်တွေလုံလောက်စွာပါဝင်အောင်ဂရုပြုစားသုံးပေးပါ။အကြီးစားခွဲစိတ်ကုသမှုတိုင်းဟာ ခုခံအားကျဆင်း စေသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းကိုသဲသဲကွဲကွဲမသိရသေးပါ။ ခွဲစိတ်ကုသမှုခံယူပြီး နာရီပိုင်းအတွင်းမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုဟာကျဆင်းသွားနိုင်ပါတယ်လို့ သုတေသီတွေက မှတ်ချက် ပြုခဲ့ပါတယ်။ခွဲစိတ်မှုမှာအသုံးပြုတဲ့ မေ့ဆေး/ထုံဆေးက ကိုယ်ခံအားစနစ်ကိုကျဆင်းစေမှုမှာ အဓိကကျတဲ့အခန်းကဏ္ဍ ကနေပါဝင်နေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ်အပြည့်အဝပြန်လည်ကောင်းမွန် လာစေဖို့အတွက် ၁၀ ရက်ကနေ လအတော်ကြာတဲ့အထိအချိန်ယူရပါတယ်။ခွဲစိတ်ကုသမှုဟာ တစ်ခါတရံမှာ အရေပြားနဲ့ အချွဲမြှေးပါး (mucous membrane)ကို ထိခိုက်စေသလို အတွင်းပိုင်းတစ်သျှူးတွေကို ရောဂါပိုးမွှားတွေနဲ့ထိတွေ့စေတာ ကြောင့် ကူးစက်ရောဂါဝင်ရောက်နိုင်ခြေကိုမြင့်မားစေပါတယ်။အထက်ပါအကြောင်းအချက်တွေကြောင့် ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ အချိန်ပေးပြီးအနားယူသင့်သလို အောက်ဖော်ပြပါအနေအထားတွေကနေ နလန်ထူလာနိုင်စေဖို့အတွက်လည်း အချိန်ယူသင့်ပါတယ်။ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါအဆင့်သတ်မှတ်ခြင်း နဲ့ ကုသခြင်းတွေမှာ ခွဲစိတ်ကုသမှုကို အသုံးပြုလေ့ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရနိုင်ခြေများစေတဲ့အကြောင်းအရင်းတွေက ခွဲစိတ်မှုခံယူပြီးတဲ့ နောက် ဆေးရုံမှာတက်ရောက်ကုသမှုခံယူရတဲ့အချိန်ကာလအပိုင်းအခြား၊ ခွဲစိတ်ကုသခံယူရမှုအတိုင်းအတာ၊ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်ကာလ၊ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း ကုန်ဆုံးခဲ့တဲ့သွေးပမာဏ၊ အာဟာရဆိုင်ရာ အခြေအနေ၊ခွဲစိတ်တဲ့နေရာကို ဓါတုကုထုံးနဲ့ကုသတာနဲ့ ဓါတ်ရောင်ခြည်ကုထုံးလိုမျိုး ကင်ဆာအစောပိုင်းအဆင့် ကုသမှု ခံယူရတာ၊ဆီးချိုရောဂါလိုမျိုး အခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေပဲဖြစ်ပါတယ်။ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေ ကခန္ဓါကိုယ်ထဲကိုကူးစက်ရောဂါပြန့်နှံ့ဝင်ရောက်လေ့ရှိတဲ့နေရာတွေဖြစ်တာကြောင့် ကူးစက်ရောဂါ ခံစားရနိုင်ခြေ နည်းစေဖို့ ခွဲစိတ်ကုသမှုမလုပ်ဆောင်ခင်မှာ ပဋိဇီဝဆေးဝါးကြိုတင် သောက်သုံးစေတာမျိုးလည်း ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကူးစက်ရောဂါပိုးကူးစက်ခံရတဲ့လက္ခဏာတွေကို ဂရုပြုစောင့်ကြည့်သွားရ မှာဖြစ်ပါတယ်။ဓါတုကုထုံးက ကင်ဆာကုထုံးခံယူနေတဲ့သူတွေမှာ ရိုးတွင်းခြင်ဆီလုပ်ငန်းများကို ဖိနှိပ်တားဆီး၍ သွေးဆဲလ်ထုတ်လုပ်မှုကျဆင်းခြင်း (Myelosuppression) ကိုဖြစ်ပေါ်ခံစားရစေတဲ့အဓိကကျတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။Myelosuppression ပြင်းထန်ရတဲ့အကြောင်းအရင်းကဓါတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါး၊ ဆေးကုသမှုခံယူရတဲ့အချိန်၊အရင်ကကင်ဆာကုသမှုခံယူခဲ့ဖူးတဲ့ အကြောင်းအရင်း၊ အသက်အရွယ်၊ အာဟာရပမာဏ၊ကင်ဆာအမျိုးအစားနဲ့ ခံစားနေရတဲ့ကင်ဆာရောဂါရဲ့အဆင့်တွေကြောင့် ဖြစ်ပါတယ်။ ကုထုံးမှာအသုံးပြုတဲ့အချို့ဆေးတွေက အခြားအစိတ်အပိုင်းတွေထက် ရိုးတွင်းခြင်ဆီပေါ်ကို ပိုမိုသက်ရောက်မှုရှိစေပါတယ်။ဓါတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါးတွေကို ရိုးတွင်းခြင်ဆီတွေကို ဖျက်ဆီးပစ်တဲ့ အရာလို့တောင်ဆိုလို့ရပါတယ်။ ဓါတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဥဆဲလ်အားလုံးရဲ့ ဖြစ်ပေါ် ထုတ်လုပ်မှုတွေကိုထိခိုက်စေပါတယ်။ ဓါတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဖြူဥဆဲလ်တွေ၊သွေးနီဥ ဆဲလ်တွေ နဲ့သွေးဥမွှားတွေရဲ့ထုတ်လုပ်မှုအပေါ် သက်ရောက်ထိခိုက်မှုပုံစံကတော့ကွဲပြားပါတယ်။ သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုက ဓါတုကုထုံးဆေးဝါးတွေရဲ့ထိခိုက်မှုကို ပိုမိုခံစားရပါတယ်။ဇီဝကုထုံး(biologic therapy သို့မဟုတ် immunotherapy)က ကိုယ်ခံအားစနစ်ရဲ့ ကင်ဆာဆဲလ်တွေကို သိရှိတုံ့ပြန်နိုင်စွမ်းကိုတိုးတက်လာစေဖို့ရည်ရွယ်ပြုလုပ် ထားတဲ့ ကုထုံးဖြစ်ပါတယ်။သည်ကုထုံးက ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်တွေကို ဓါတ်ပြုဆန့်ကျင်ဖို့ လှုံ့ဆော်ပေးတယ်ဆိုပေမယ့် သည်ကုထုံးကတစ်ခါတလေမှာ ကိုယ်ခံအားစနစ်က ကူးစက်ရောဂါတွေကိုတိုက် ဖျက်ရာမှာအဟန့်အတားဖြစ်စေတာမျိုးလည်းရှိပါတယ်။ဇီဝကုထုံးခံယူမယ်ဆိုပါက ခုခံအားကျဆင်းခြင်းနဲ့ သွေးဖြူဥဆဲလ်အရေအတွက်တွေကျဆင်းခြင်းကိုခံစားရနိုင်ပါတယ်။ခန္ဓါကိုယ်မှာဓါတ်ရောင်ခြည်ကုထုံးခံယူဖူးတာမျိုးမရှိရင်ပဲဖြစ်ဖြစ် ရိုးတွင်းခြင်ဆီအများအပြားထုတ်လုပ်တဲ့ တင်ပါးဆုံရိုး၊ရင်ညွှန့်ရိုးနဲ့ကျောရိုးတွေကို ဓါတ်ရောင်ခြည်ကုထုံးနဲ့ကုသမှုမခံယူဖူးဘူးဆိုရင်ပဲဖြစ်ဖြစ်ဓါတ်ရောင်ခြည်ကုထုံးကြောင့်သွေးဆဲလ်ပမာဏအလွန်အမင်းလျော့နည်းတာမျိုးခံစားရနိုင်ခြေတော်တော်ကို နည်းပါးသွားမှာဖြစ်ပါ တယ်။ဓါတ်ရောင်ခြည်ကုထုံးဟာ ကုသမှုခံယူချိန်မှာခန္ဓါကိုယ်ရဲ့ တစ်နေရာထဲကိုဓါတ်ရောင်ခြည်ပေးပြီး ကုသတာဖြစ်ပါတယ်။(Chemotherapy ဓါတုကုထုံးများကတော့ ခန္ဓါကိုယ်တစ်ခုလုံးကို ပျံ့နှံ့စေသော ကုသနည်း ဖြစ်တယ်) အသုံးပြုတဲ့ဆေးအချိန်အဆနဲ့ဓါတ်ရောင်ခြည်ကုထုံးအမျိုးအစားအပေါ်မှာမူတည်ပြီး အရေပြားနဲ့အတွင်းပိုင်းကျိချွဲမြှေးတွေကိုထိခိုက်ပျက်စီးစေနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီကို ရောဂါပိုးမွှားတွေ ဝင်ရောက်မှုကနေ ကာကွယ်နိုင်စွမ်းကျဆင်းစေတာမျိုးဖြစ်ပေါ်စေပါတယ်။ယနေ့ခေတ် ဓါတ်ရောင်ခြည်ကုထုံး တွေမှာတော့ တစ်ကြိမ်တည်းဆေးပမာဏများများနဲ့ကုသတာထက် အကြိမ်ရေခွဲ၍ကုသတဲ့နည်းလမ်းကိုအသုံးပြု နေပါတယ်။ သည်နည်းလမ်းက Myelosuppression နဲ့ကူးစက်ရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေ တွေကိုနည်းအောင်ကူညီပါတယ်။တကယ်လို့ ဓါတ်ရောင်ခြည်ကုထုံး ကုသမှုခံယူရတဲ့ကိုယ်ခန္ဓါအစိတ်အပိုင်းနေရာမှာ အရိုးတွေရှိခဲ့မယ်ဆိုရင် ဓါတ်ရောင်ခြည်ကုထုံးရဲ့ ရိုးတွင်းခြင်ဆီဆဲလ်တွေအပေါ်သက်ရောက်မှုက ဓါတုကုထုံးကြောင့် ရိုးတွင်းခြင်ဆီ ဆဲလ်တွေအပေါ်သက်ရောက်မှုနဲ့အတူတူပဲဖြစ်တယ်။ကုထုံးရဲ့သက်ရောက်မှုကြောင့် သွေးအားနည်းခြင်း သို့မဟုတ် သွေးဖြူဥဆဲလ် လျော့နည်းခြင်းကို ခံစားရနိုင်ကာကူးစက်ရောဂါဝင်ရောက်နိုင်ခြေကိုတိုးစေ ပါတယ်။ ဓါတ်ရောင်ခြည်ကုထုံးမှာအသုံးပြုတဲ့ ဆေးအချိန်အဆ၊ ကုထုံးခံယူမှုအကြိမ်ရေနဲ့ ဓါတ်ရောင်ခြည်ကုထုံး ခံယူတဲ့နေရာတည့်တည့်မှာရှိနေတဲ့ ရိုးတွင်းခြင်ဆီဆဲလ်ပမာဏက ဓါတ်ရောင်ခြည်ကုထုံးကြောင့် Myelosuppression ဖြစ်တဲ့ပမာဏပေါ် သက်ရောက်မှုရှိပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%80%e1%80%af%e1%80%91%e1%80%b6%e1%80%af%e1%80%b8%e1%80%9b%e1%80%b2%e1%82%95-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%b6%e1%80%a1/
ဒစ်ဂျစ်တယ်ခေတ်မှာ နည်းပညာနဲ့ ကင်းကွာနေမလို့လား လေဒီတို့
ဒစ်ဂျစ်တယ်ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ မစိမ်းပေမယ့် ဒီနယ်ပယ်နဲ့ ထဲထဲဝင်ဝင် ရင်းနှီးကျွမ်းဝင်သူတွေကတော့ အမျိုးသားတွေပါ။ လေဒီလေးတွေက ဖုန်းဆိုရင် ဆက်သွယ်စကားပြောဖို့ ဆိုတာအတွက်ပဲ အသုံးများကြပါတယ်။ ဒါက အရင်ခေတ် ကြိုးဖုန်းတွေ၊ keypads တွေ သုံးတုန်းကတော့ ပြောစရာ မဟုတ်ပေမယ့် ဒီဘက်ခေတ်မှာတော့စမတ်ခ်ဖုန်းတွေက နည်းပညာအသစ်သစ်တွေနဲ့ ဘက်စုံသုံးလို့ရအောင် ကြိုးပမ်း လုပ်ဆောင်လာချိန်မှာတော့ ဒါက ပြောစရာ နည်းနည်း ရှိလာပါပြီ။အထူးသဖြင့် ကျွန်မတို့ရဲ့ မေမေတွေပေါ့။ မေမေတွေက မြန်မာအမျိုးသမီး သိပ်ပီသကြသူတွေပါ။ အိမ်ထောင်မှု တာဝန် သားသမီးတာဝန်တွေကို မလစ်ဟင်းရလေအောင် တာဝန်ယူရင်းဒစ်ဂျစ်တယ်ခေတ်ရဲ့ နည်းပညာတွေနဲ့ ကင်းကင်းကွာကွာ နေထိုင်နေကြပါတယ်။ တကယ်ကတော့ ဒါကမဖြစ်သင့်ပါဘူး။ အခုခေတ် နောက်ပိုင်းမှာ နည်းပညာနဲ့ နီးစပ်မှုက ကျား/မ ကွာဟချက် နည်းပါးလာပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအကွာလောက်က မွေးဖွားသူတွေထဲမှာတော့ ယနေ့ခေတ် နည်းပညာတွေနဲ့ ကင်းကွာနေတဲ့ အမျိုးသမီးတွေ တော်တော်များများ ရှိနေပါတယ်။တကယ်ကတော့ နည်းပညာတွေက လူတွေကို သက်သာအောင် လုပ်ဆောင်ပေးနေတာပါ။ ဒီနေ့ခေတ်မှာ အင်တာနက်နဲ့ စမတ်ခ်ဖုန်းတွေ၊ လက်ပ်တော့တွေကို အသုံးပြုရင်း တရားဓမ္မကို ရှာမှီးနိုင်သလို သားသားမီးမီးတို့အတွက် ပညာရေး၊ ချစ်ရတဲ့ အိမ်သူအိမ်သားတွေနဲ့ ကိုယ်တိုင်အတွက်ကျန်းမာရေးဗဟုသုတ၊ အလှအပရေးရာ၊ အာဟာရပြည့်ဝတဲ့ ဟင်းချက်နည်း အဖြာဖြာတွေကို နေအိမ်ကမခွာ ထိုင်ရာကမထ နားနားနေနေ နေရင်းက လေ့လာလို့ ရနေပါပြီ။အရေးကြီးတာလေးတစ်ခုက နည်းပညာနဲ့ ကင်းကွာမနေဘဲ နည်းပညာကို လက်ပွန်းတတီးရှိနေအောင် လုပ်ဆောင်ဖို့ပါပဲ။ တကယ်ကတော့ မေမေဆိုတာ သားသမီးတွေအတွက် လမ်းပြပေးသူဖြစ်သလို တစ်အိမ်လုံးအတွက် ပဲ့ကိုင်ရှင်ပါပဲ။သားသားမီးမီးတို့တွေလည်း ဒီဘက်ခေတ် အထူးသဖြင့်ကိုဗစ်နောက်ပိုင်းမှာ ဒစ်ဂျစ်တယ် နည်းပညာတွေကို သုံးရင်း ပညာသင်ယူမှုတွေကို လုပ်ဆောင်လာရတယ်လေ။ zoom လေးနဲ့ သင်တန်းတက်တာ၊ you tube ကနေ ပြင်ပဗဟုသုတကို လေ့လာတာတွေ လုပ်ဆောင်ဖို့ မေမေကိုယ်တိုင်က လမ်းပြပေးနိုင်တော့ ကောင်းတာပေါ့။ကလေးကို မှန်ကန်တဲ့ လေ့လာသင်ယူမှုတွေ ရရှိစေဖို့အတွက် မေမေကိုယ်တိုင်က နည်းပညာတွေကို သိရှိ ကြီးကြပ်နိုင်တော့ ကောင်းတာပေါ့။မေမေတွေဆိုလို့ လေဒီလေးတွေ အထူးသဖြင့် လက်ရှိမှာ တစ်ကိုယ်တည်း ရှိနေတဲ့ လေဒီလေးတွေက ငါကတော့ ကလေးမရှိလို့ ငါနဲ့ မဆိုင်ပါဘူးလေလို့ မတွေးလိုက်ပါနဲ့နော်။တစ်ချိန်မှာ အိမ်ထောင်ရက်သားကျလို့ မေမေတွေ ဖြစ်လာနိုင်သလို မွေးချင်းတွေထဲက အိမ်ထောင်ကျ မောင်နှမတွေရဲ့ မွေးဖွားလာတဲ့ တူလေး တူမလေးတွေကို သေချာ သင်ကြားပေးနိုင်ဖို့ မေမေရေလို့ ခေါ်ပြီး အားတကိုးကြီး မေးလာမယ့် သားသားမီးမီးလေးတွေနဲ့ တီတီရေလို့ ခေါ်ပြီး အားကိုးတကြီး မေးလာမယ့် တူတူမလေးတွေရဲ့  ဒစ်ဂျစ်တယ်ခေတ် မေးခွန်းလေးတွေကို အဖြေပေးနိုင်ပြီး လေးစားဖွယ်ရာ တီတီလေးတွေဖြစ်ဖို့ နည်းပညာကို မကင်းကွာဘဲ အခုကတည်းက လေ့လာထားတာ ကောင်းပါတယ်။နည်းပညာက အသုံးချတတ်ရင် အသိပညာတွေ အများကြီးကို ပေးနိုင်ပါတယ်။ ဒါကြောင့် နည်းပညာနဲ့ ကင်းကွာမနေဘဲ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုရှိပြီး  နည်းပညာနဲ့ ရင်းနှီး ကျွမ်းဝင်သူ ဖြစ်အောင် ကိုယ်တိုင်ကို ပျိုးထောင်လို့ နည်းပညာရင်းနှီးမှု ကျား/မ ကွာဟချက်ကို ကျဉ်းနိုင်သမျှ ကျဉ်းလိုက်ကြစို့နော်။မေမေတို့ကိုလည်းဒီနေရာကနေ ပြောပြချင်တာလေး တစ်ခုက ကိုယ်တိုင်နဲ့ ချစ်ရတဲ့သူတွေကို ကျန်းမာရေးအစ အရာရာကို ဂရုစိုက်ပေးနိုင်မယ့် နည်းလမ်းကောင်းလေး တွေကိုနည်းပညာအသုံးပြုရင်း ရှာဖွေနိုင်တယ်ဆိုတော့ နည်းပညာနဲ့ မကင်းကွာကြပါနဲ့လို့ ပြောချင်ပါတယ်နော်။လက်ထဲက ဖုန်းလေးကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် စပြီး လေ့လာလိုက်ပါတော့နော်။ လေ့လာမှုတိုင်းက နောက်မကျပါဘူး။ အရွယ်အကန့်အသတ် မရှိပါဘူးနော်။ မေမေတို့ရေ …………။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/international-woman-day-2023/
null
null
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%94%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%9c%e1%80%ad%e1%80%af/
ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့
ကလေးငယ်လေးတွေကို သူတို့ရဲ့ အသက် ပထမ ၂ နှစ်တာအတွင်းမှာ အာဟာရ ပြည့်ဝအောင် ကျွေးတာက ကျန်းကျန်းမာမာ ဖွံ့ဖြိုးကြီးထွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ အာဟာရ အလေ့အထကို စောစော လေ့ကျင့်ပေးတာက ဘေဘီလေးကို နောက်ပိုင်းမှာ ကျန်းမာစွာ စားသုံးတတ်စေဖို့ ထောက်ကူပေးသလို အကောင်းဆုံး ကြီးပြင်းလာစေမှာပါ။ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့က မိဘတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီတော့ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးချင်ပါတယ်။ဘေဘီလေးတွေကျန်းကျန်းမာမာ ကြီးပြင်းအရွယ်ရောက်လာစေဖို့အတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရကို ရရှိဖို့က အခြေခံအကျဆုံး အချက်ပါ။ ဘေဘီလေးကို သူတို့လေးတွေရဲ့ ပထမဆုံး ၃ လမှာ အာဟာရပြည့်ဝအောင် ကျွေးမွေးပေးတာက ကလေးကို  ကြီးထွားမှု နှေးတာ၊ ညှက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။နောက်ပြီး ကလေးကို အာဟာရ ပြည့်ဝအောင် ကျွေးမွေးတာက ကလေးကို ဘဝသက်တမ်း တလျှောက်လုံး နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသက်အရွယ်အလိုက် ရှိသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ရရှိစေမှာဖြစ်ပါတယ်။ဘေဘီလေးကို မွေးဖွားပြီးချိန်ကနေစပြီး အသက် ၆ လအထိမှာ မိခင်နို့ တစ်မျိုးတည်း တိုက်ရုံနဲ့ အဆင်ပြေပါတယ်။ ဘေဘီလေးကို ရေတိုက်တာမျိုး၊ ထမင်းခွံ့တာမျိုးတွေ လုပ်ပေးဖို့ မလိုပါဘူး။ တကယ်လို့ မေမေက အကြောင်းတစ်ခုခုကြောင့် နို့တိုက်လို့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဖော်မြူလာနို့ကို တိုက်ပေးလို့ ရပါတယ်။ကလေးကို မိခင်နို့တိုက်ကျွေးပေးတာက ကလေးကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မိခင်နို့မှာ ကလေးကျန်းမာဖို့ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။မိခင်နို့ တိုက်ကျွေးတာက ကလေးကို နီးနီးကပ်ကပ် ထိတွေ့ခွင့်ရတာ၊ မျက်လုံးချင်း ဆက်သွယ်ခွင့်ရတာကြောင့် မေမေနဲ့ ဘေဘီလေးတို့ကြားမှာ ချစ်ခြင်းမေတ္တာတိုးစေနိုင်ပါတယ်။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်သက်သာရာရစေပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။မိခင်နို့က ကလေးတွေကို ကျန်းမာစေဖို့ အကောင်းဆုံး အာဟာရ အရင်းအမြစ်ပါ။ မိခင်နို့ကို ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။  မိခင်နို့မှာ ကလေးတစ်ယောက်အတွက် မရှိမဖြစ် အာဟာရတွေပြည့်ဝပြီး ထိခိုက်ဘေးဖြစ်စေတာ တစ်ခုမှ မပါအောင် ဖွဲ့စည်းထားတာကလည်း ကလေးတွေအတွက် အကောင်းဆုံးသောအရာ ဖြစ်နေရတဲ့ အကြောင်းအရင်းပါ။ကလေးကို မိခင်နို့တစ်မျိုးတည်း တိုက်မယ်။ အာဟာရလည်း ပြည့်ဝစေချင်တယ်ဆိုရင် မေမေက အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။ကလေးကို အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်း တိုက်ပြီး အသက် ၆ လကျော်လာပြီဆိုရင် မိခင်နို့အပြင် ဖြည့်စွက်အာဟာရတွေကိုပါ ကျွေးပေးလို့ ရပါပြီ။ အစာတွေ ကျွေးနေပြီဆိုပေမယ့် ဘေဘီလေးကို အသက် ၂ နှစ်ပြည့်တဲ့အထိ မိခင်နို့ ဆက်တိုက်တိုက်နိုင်ပါတယ်။ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးအတွက် အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးကြီးတာပါ။ ကလေးကို အာဟာရအရင်းအမြစ်တွေ စုံလင်စွာ ပါဝင်နေအောင် ပြင်ဆင်ပေးဖို့ကလည်း မေ့ထားလို့ မရပါဘူး။ ဒီတော့ ကလေးရဲ့ နေ့စဉ်အာဟာရတွေထဲမှာ မပါမဖြစ် ပါဝင်အောင် ပြင်ဆင်ပေးသင့်တဲ့ အစားအစာလေးတွေကို ကြည့်လိုက်ရအောင်နော်။ဘေဘီလေးရဲ့ အရိုးတွေ၊ ကြွက်သားတွေ၊ ကိုယ်ခံအားတွေကို တည်ဆောက်ဖို့အတွက် ပရိုတင်းက မရှိမဖြစ် လိုအပ်တဲ့ ဇာတ်လိုက်ပါ။  ပရိုတင်း ပြည့်ဝစွာ ရရှိမှလည်း ကလေးက ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာမှာပါ။ကလေးကို ပရိုတင်း ပြည့်ဝစေဖို့ဆိုရင် ပရိုတင်း ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ အနီရောင်အသား၊ ငါး၊ ပဲပြားတို့ကို ပြင်ဆင်ပေးလို့ ရပါတယ်။ နို့ကလည်း ပရိုတင်း ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။မိခင်နို့မှာရော ဖော်မြူလာနို့မှာပါ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိစေဖို့ ကလေးကို ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ နွားနို့၊ ချိစ်၊ ဒိန်ချဉ်စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုတော့ ကလေးအသက် ၁နှစ်ကျော်မှ စတင်ကျွေးမွေးပါ။နှံစားသီးနှံတွေက ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေပြီး ကလေးလေးတွေ ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ကလေးကို ဂျုံကြမ်း ပေါင်မုန့်၊ ဆီရီယယ် စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။ထမင်းလေးကို ခပ်ပျော့ပျော့လေး ချက်ပြီး ကြေနေအောင် ချေပြီး ကျွေးပေးတာလည်း အဆင်ပြေပါတယ်။ ဆန်လုံးညို၊ ပဲနီလေး၊ ပဲအမျိုးမျိုး၊ ပဲလုံးလေးတွေကို စားလို့ အဆင်ပြေမယ့် ပုံစံမျိုးနဲ့ ပြင်ဆင်ကျွေးမွေးပေးလို့လည်း ရပါတယ်။ဒီဗီတာမင် ၄ မျိုးက ဘေဘီလေးကို ခေါင်းအစ ခြေအဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးသလို အာရုံကြောတွေ ဖွံ့ဖြိုးစေဖို့လည်း ထောက်ကူပေးပါတယ်။မျက်လုံးကျန်းမာစေပြီး အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ။ အရေပြား ကျန်းမာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဘေဘီလေးကို ဒီဗီတာမင် ၄ မျိုး ပြည့်ဝစေဖို့ မေမေ့နို့အပြင် မုန်လာဥနီ၊ ကန်စွန်းဥ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီး၊ ပဲအမျိုးမျိုးတို့ကို ကျွေးပေးလို့ ရပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ သခွားမွှေး စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။ဘေဘီလေး ကြီးထွားစေဖို့ လိုအပ်မယ့် နောက်ထပ် အာဟာရဓာတ် တစ်မျိုးက အဆီဓာတ်ပါ။ ဘေဘီလေးက မေမေ့နို့နဲ့ ဖော်မြူလာနို့တွေကနေ ကိုလက်စထရောကို ရရှိတယ်ဆိုပေမယ့် ကိုလက်စထရော လိုအပ်ချက်ကို ပြည့်မီစေဖို့အတွက် အဆီဓာတ် ရရှိစေနိုင်တဲ့ အစားအစာတွေကို ပြင်ဆင်ပေးဖို့လည်း လိုပါမယ်။ဒါကြောင့် ဘေဘီလေးကို အဆီထုတ်မထားတဲ့ နို့၊ ချိစ်၊ ဒိန်ချဉ်စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ထောပတ်သီး၊ ကာနိုလာဆီ၊ သံလွင်ဆီတို့ သုံးပေးလို့ ရပါတယ်။ဘေဘီလေးတွေအတွက် နောက်ထပ် လိုအပ်မယ့် အာဟာရဓာတ် တစ်မျိုးကတော့ သံဓာတ်ပါ။ အထူးသဖြင့် မိခင်နို့ပဲ စို့ရတဲ့ ကလေးငယ်တွေက သံဓာတ်ချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် တချို့ဘေဘီလေးကို အသက် ၄ လလောက်ရောက်ကတည်းက သံဓာတ်အားဖြည့်ဆေးတိုက်ပေးဖို့ ဆရာဝန်တွေက ညွှန်တာမျိုးရှိနိုင်ပါတယ်။အစားစစားပြီဆိုရင်တော့ သံဓာတ် ပြည့်ဝတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဥပမာ – အဆီမပါတဲ့ အနီရောင်အသား၊ ကြက်ဥအနှစ်၊ ဂျုံ၊ ဂျုံကြမ်းပေါင်မုန့်၊ ပဲအမျိုးမျိုးစတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။DHA အပါအဝင် Omega-3 fatty acids တွေက ကလေးလေးတွေရဲ့ ကြီးဖွားမှု၊ အမြင်အာရုံ နဲ့ ဦးနှောက် ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်ပါ။ မိခင်နို့ကနေ ရရှိနိုင်သလို ဖော်မြူလာနို့တွေမှာလည်း ပါဝင်နေပါတယ်။ဆယ်လ်မွန်ငါး၊ အနီရောင်အသား၊ ပဲပြား၊ နှမ်းကြတ်စေ့၊ ကာနိုလာဆီ၊ DHA ပါဝင်နေတဲ့ ဒိန်ချဉ်၊ ဆီရီယယ်၊ ဥအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။အသက် ၆ လအထိ ရေဓာတ်ကို မိခင်နို့ တစ်မျိုးတည်းကနေပဲ ရယူခဲ့တာပါ။ အခြားအရင်းအဖြစ်ဆိုလို့ ဖော်မြူလာနို့ကနေတော့ ရနိုင်ပါတယ်။ အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ သောက်ရေအပါအဝင် စွပ်ပြုတ်လိုမျိုး အရာတွေကနေ ရေကို ရယူနိုင်ပါပြီ။အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။များသောအားဖြင့်ကတော့ ကလေးက အသက် ၆ လပြည့်ပြီဆိုရင် အစားစကျွေးလို့ ရပါပြီ။ ဘေဘီလေးက အဆင်သင့်ဖြစ်တာကိုလည်း တစ်ချက်တော့ စောင့်ကြည့်စေချင်ပါတယ်။ ဘေဘီလေးက အသက်လည်း ၆ လပြည့်ပြီ။ အခုလို ဖွံ့ဖြိုးမှုလေးတွေလည်း ရှိပြီဆိုရင် ကလေးကို အစားအစာလေးတွေ မိတ်ဆက်ပေးလို့ ရပါပြီ။ကလေးကခေါင်းမတ်လာနိုင်ပြီ– ကလေးက လူကြီး အကူအညီမလိုဘဲ သူ့ခေါင်းကို ဟန်ချက်ညီညီထိန်းနိုင်ပြီဆိုရင် ကလေးက အစားအသောက် စစားဖို့ အဆင်သင့်ဖြစ်နေပြီဆိုရပါမယ်။မတ်မတ်ထိုင်နိုင်ပြီ– ကလေးက ခုံပေါ်မှာဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာဖြစ်ဖြစ် သူ့ကိုယ်သူ ထိန်းနိုင်ပြီး မတ်မတ်လေးထိုင်နိုင်ပြီဆိုရင်လည်း အစားစစားဖို့ အသင့်ဖြစ်နေပါပြီ။အစာကိုမျိုချနိုင်ပြီ– ကလေးကမွေးစကနေ ၆ လအထိ မိခင်နို့ကိုပဲသောက်လာကြတာပါ။ အစာဆိုတာလုံးဝမစားလာခဲ့ပါဘူး။ အရည်ပဲသောက်လာခဲ့တဲ့ ကလေးရဲ့ အစာခြေစနစ်က အစာကိုမျိုချနိုင်ပြီ။ နှုတ်ခမ်း၊ လျှာနဲ့ အစာရေမျိုတို့က ဟန်ချက်ညီညီ လှုပ်ရှားနိုင်ပြီဆိုတာက အစားစစားလို့ ရပြီလို့ ကလေးရဲ့ ခန္ဓာကိုယ်က မီးစိမ်းပြလိုက်တာပါ။ပါးစပ်နားကို အစားအစာတွေရောက်လာရင် ပါးစပ်ဖွင့်ပေးတတ်ပြီ-ကလေးကို အစား စစားနိုင်ပြီလားဆိုတာကို ဆန်းစစ်ပေးနိုင်မယ့် အလွယ်ဆုံးနည်းလမ်းပါ။ ကလေးပါးစပ်နားကို ဇွန်းလေးနဲ့ Cereal လိုမျိုး ကလေးစားလို့ရတဲ့ အစားအစာတစ်ခုခုခွံ့ပေးကြည့်ပါ။ ကလေးက စားဖို့ ပါးစပ်ဟတယ်ဆိုရင် သူ့အနေနဲ့ အစားစစားနိုင်နေပါပြီ။ကလေးက အစားအစာတွေကို စိတ်ဝင်စားနေပြီ– ကလေးက စားစရာတွေကို စိတ်ဝင်တစားနဲ့ကြည့်တာမျိုး၊ လူကြီးတွေစားနေတဲ့အစားအစာကို လက်နဲ့လှမ်းယူတာမျိုး၊ ဟင်းနံ့တွေကို အနံ့ခံတာမျိုး၊ စားမလားလို့ခွံဟန်ပြတဲ့အခါ ပါးစပ်ဖွင့်တာမျိုး၊ လူကြီးတွေစားနေတာကို ပါးစပ်ပြင်ပြီးကြည့်တာမျိုးတွေရှိလာပြီ ဆိုရင် သူက စားစရာတွေအပေါ်မှာ စိတ်ဝင်စားမှုရှိလာတာပါ။ကလေးက ကိုယ်အလေးချိန်တက်လာပြီ– ကလေးတွေကမွေးစကနေစပြီး တစ်နေ့တခြား ဖွံ့ဖြိုးမှုတွေဖြစ်လာနေတာပါ။ ကလေးကမွေးပြီး ၄ လအကြာမှာမွေးစကိုယ်အလေးချိန်ရဲ့ ၂ ဆဖြစ်လာပါပြီ။ ကလေးရဲ့ ကိုယ်အလေးချိန်က ၁၃ပေါင် ဒါမှမဟုတ် ၁၃ပေါင်ကျော်လာပြီဆိုရင် ကလေးက အစားစစားလို့ရနေပြီလို့ဆိုရမယ့်အနေအထားပါ။ကလေးက ၆ လကျော်လာပြီဆိုရင် ကလေးကို အစားစကျွေးလို့ရပါပြီ။ ကလေးကိုဖြည်းဖြည်းချင်း နည်းနည်းချင်းစကျွေးဖို့တော့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ ကလေးရဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ဗီတာမင် သတ္တုဓာတ်တွေ ပြည့်ပြည့်စုံစုံပါဝင်အောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါမယ်။နောက်တစ်ချက်ကတော့ ကလေးကို စကျွေးမယ့်အစားအစာတွေက အစာကြေလွယ်မယ့် ခပ်ပျော့ပျော့အစားအစာတွေဖြစ်ဖို့ လိုအပ်မှာပါ။ ကလေးကို စကျွေးစမှာ ဇွန်းတစ်ဝက်စာလောက်လေးကနေစပါ။ ပြီးမှ တဖြည်းဖြည်းချင်း တိုးကျွေးသွားပေါ့။ကလေးက အစားစစားချိန်မှာ မျိုချဖို့ အခက်အခဲ ရှိနေနိုင်ပါတယ်။ အကြောင်းကတော့ ဘေဘီလေးကနို့ကလွဲလို့ အခြားအရာတွေကိုမှ မျိုမချဖူးသေးဘူးလေ။ နောက်တစ်ခုက မရင်းနှီးတဲ့ အရသာဖြစ်နေတာကြောင့် စားဖို့ ငြင်းဆန်တာမျိုးလည်း ကြုံရနိုင်ပါတယ်။တဖြည်းဖြည်း ကြာလာတော့လည်း ကလေးက အရသာတွေကို ခံစားတတ်လာ မျိုချရတာကို အသားကျလာတဲ့အခါ ကျွေးရတာ အဆင်ပြေလာမှာပါ။ အစားစကျွေးစမှာ ကလေးက ခဏခဏထွေးထုတ်တာမျိုးကြုံရနိုင်ပါတယ်။ကလေးက ထွေးထုတ်တာ၊ မစားဘူးလို့ ငြင်းဆန်တဲ့အခါ စိတ်ပျက်မသွားပါနဲ့။ ဖြည်းဖြည်းချင်းကျွေးပါ။ စိတ်ရှည်ဖို့ လိုပါမယ်။ လူတွေရဲ့ သဘောကိုက မစားဖူးတာကို စားဖို့တော်တော်လေး အချိန်ယူတတ်ကြပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးဖို့ကလည်း အာဟာရ ပြည့်ဝဖို့ လိုမှာဆိုတော့ စိတ်တော့ရှည်ပါ မေမေဖေဖေတို့ရေ…..။ဒီနေရာမှာ မမေ့သင့်တဲ့အချက်တစ်ခုက ကလေးက မိခင်နို့တစ်မျိုးတည်းသောက်ရာကနေ အစားတွေကို စစားပြီဆိုတော့ ကလေးရဲ့ ဝမ်းအရောင်ပြောင်းတာ၊ ဝမ်းအရည်သွားနေရင်းက အတုံးတွေဖြစ်လာတာမျိုးတွေ တွေ့ကြုံရနိုင်ပါတယ်။ ဒါက ပုံမှန်ပဲမို့ အရမ်းစိတ်မပူသွားပါနဲ့နော်။ကလေးကို တစ်နေ့တာ အာဟာရလိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးတာကစလို့ အသက်အရွယ်အလိုက် အာဟာရ လိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းပေးတာက ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးလေး တစ်ယောက်အဖြစ် ကြီးပြင်းလာစေမှာပါ။ ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့ ဒီအချက်လေးတွေကို သိထားမယ်ဆိုရင် ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာအောင် ပျိုးထောင်ပေးနိုင်မှာ အသေအချာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/about-baby-nutririon/
သင်က Ambivert တစ်ယောက်လား။
ဒီစကားလုံးက ကြားရတာ စိမ်းနေနိုင်ပါတယ်။ ပုံမှန် ကြားနေကျကတော့introvertလား။extrovertလားဆိုတာမျိုး လောက်ပေါ့။ ဒါပေမယ့် နေ့စဉ် တွေ့ကြုံနေရတဲ့ သူတွေထဲမှာ အရမ်း ပွင့်လင်း တက်ကြွနေပေမယ့် extrovert မဟုတ်သလို တစ်ခါတစ်ခါ အရမ်း တိတ်ဆိတ် ငြိမ်သက်လွန်းပေမယ့် introvert ဟုတ် မနေတဲ့ ဒီ အခြေအနေ နှစ်ရပ်ကြားက ကြားနေပုဂ္ဂိုလ်မျိုးလို့ ဆိုရမယ့် Ambivert တွေရှိပါတယ်။ဒီတော့  ကိုယ်တိုင်ရော Ambivert ဖြစ်နေလား ဆိုတာကို သိနိုင်ဖို့ ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။Ambivert ဆိုတာက လူတစ်ယောက်မှာ ရှိနေတဲ့ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုပါ။ သူတို့က introversion ရော extroversion ကိုပါ မျှတစွာ ပိုင်ဆိုင်ထားတာပါ။ အခြေအနေ၊အကြောင်းအရာ၊ အဖြစ်အပျက် နဲ့ရည်မှန်းချက်တွေကွာခြားမှုအပေါ် မူတည်ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲ တတ်ကြသူတွေပါ။အခြေအနေအချိန်အခါအလိုက် ပြုမူနေထိုင်တတ်သူတွေပေါ့။ ပွင့်လင်းဖို့လိုရင် ပွင့်လင်းမယ်။ ဆိတ်ဆိတ်နေဖို့ လိုရင် ဆိတ်ဆိတ်နေမယ်။ ရောက်ရှိသွားတဲ့ အသိုင်းအဝိုင်းနဲ့ အသားတကျ ဖြစ်အောင် နေထိုင်တတ်ကြသူတွေကို Ambivert  တွေလို့ ခေါ်ပါတယ်။ ဗားရှင်း နှစ်မျိုး ရောမွှေထားသူတွေပေါ့။ကိုယ်တိုင်ကပေါင်းသင်းဆက်ဆံရေးကောင်းသင့်သလောက်တော့ ကောင်းပါရဲ့ ငါက ဘယ်လို အမျိုးအစားလဲ။ introvert တော့မဟုတ်လောက်ဘူး။ extrovert လား။ Ambivert လား မသဲကွဲဘူး ဆိုတဲ့သူလေးတွေ ဒီအချက်တွေနဲ့ ဆန်းစစ်ကြည့်ပါနော်။ဒီ အချက်တွေထဲက ၅ ချက်လောက် တူနေတယ်ဆိုရင် သင်က Ambivert  တစ်ယောက်ပါ။လူတော်တော်များများ လက်ခံထားတာက အကောင်းဆုံးသော အရောင်း ကိုယ်စားလှယ်တွေ။ ခေါင်းဆောင်တွေ၊ အလုပ်ခွင်မှာ အောင်မြင်နေသူတွေက extroverts လို့ပေါ့။ တကယ်ကတော့ ဒီ အယူအဆ အပြည့်အဝမှန်တယ်၊ လို့ မဆိုသာပါဘူး။ လေ့လာမှုတွေအရ သိရတာက extroversion ကို ဗျူဟာ ကျကျခင်းကျင်းတတ်တဲ့ ambiverts တွေက အောင်မြင်နိုင်ခြေ ပိုများပါတယ်။အကြောင်းကတော့ သူတို့က အလယ်အလတ် လမ်းစဉ်ကို လိုက်တတ်ကြပြီး အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲလွယ်တဲ့ သူတို့ရဲ့ ပင်ကိုယ် အရည်အသွေးကြောင့်ပါ။ စစ်တမ်းတွေအရ ambiverts က အရောင်းကိုယ်စားလှယ် အနေနဲ့ အောင်မြင်နိုင်ခြေက introverts တွေထက် ၂၄ ရာခိုင်နှုန်း၊ extroverts တွေထက် ၃၄ ရာခိုင်နှုန်း ပိုများနေပါတယ်။ဒီလိုပြောရတာက ambiverts တွေက extroverts ထက် မလျော့တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြသလို တစ်ခုခုကို အောင်မြင်အောင်လုပ်ဆောင်ဖို့အတွက် လုံလောက်တဲ့စိတ်အားထက်သန်မှုရှိကြပါတယ်။ တစ်ချိန်တည်းမှာပဲ introverts တွေရဲ့ အားသာချက်လို့ ပြောရမယ့် သေချာစွာ နားထောင်တတ်မှုကိုလည်း ပိုင်ဆိုင်ထားတယ်။extrovertsတွေရဲ့ အားနည်းချက်လို့ ဆိုရမယ့်ယုံကြည်မှုလွန်ကဲတဲ့ အပြုအမူတွေ ကင်းသလို introverts  တွေရဲ့ အားနည်းချက်လို့ ဆိုရမယ့် အလွန်အမင်းစိတ်လှုပ်ရှားမှုလည်း ကင်းကြသူတွေပေါ့။ အရာရာကို ခေါင်းအေးအေးနဲ့ စဉ်းစားပြီး တစ်ဖက်လူရဲ့ စကားတွေကို သေချာစွာ နားထောင်ပေးလို့ ကိစ္စတိုင်းကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်တာက ambiverts တွေရဲ့ အားသာချက်ပါ။ကဲ…သင်ကရော ambiverts တစ်ယောက်လား…………………။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/are-u-an-ambivert/
null
null
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/canned-food/
ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ
အိပ်တုန်း ကတော့ အကောင်းပဲ။ အိပ်လို့ ကောင်းပြီဆိုရင်တွေပူလို့၊ ရင်ခေါင်း အောင့်ပြီး ဆာလောင်လို့ တရေးနိုး လာရတာ သိပ်ကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ အရမ်း အိပ်ချင်တော့ ထလည်း မစားချင်၊ ထစားပြန်လည်း ဗိုက်ပြည့်တာနဲ့ မျက်စိ ကြောင်တော့မယ်၊ မစားပြန်လည်း ဗိုက်အောင့်ပြီး ဆက်အိပ် မရတော့ဘူး။ ဒီတော့ ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ရင်တွေပူပြီးနိုးလာတဲ့ညတွေ ပြန်အိပ်မရတာ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အစာအိမ်ထဲက အက်ဆစ်တွေ ဆန်တက် တာကြောင့် ညဘက် ရင်ပူ တဲ့ဝေဒနာကို ခံစားရတဲ့အခါအိပ်ရေး ပျက်စေပြီးကြာလာတဲ့အခါ အိပ်မပျော်တဲ့ ပြဿနာနဲ့ပါ ရင်ဆိုင် ရစေပါတယ်။ ညကြီးသန်းခေါင်မှာ ရင်ပူပြီး နိုးလာမယ်။ သက်သာအောင် ဆေးသောက် ပြီးတဲ့နောက်မှာ ပြန် အိပ်မပျော်တော့တာ မျိုးတွေ ဖြစ်လာပါလိမ့်မယ်။ဒီလိုဖြစ်ရတာအစာအိမ်အက်စစ်တွေပြန်ဆန်တက်လို့ ဖြစ်ရတာပါ။ ရင်ပူပြီး ဆာလောင်နေတဲ့အခါ လုပ်လို့ ရတာက အစာ တစ်ခုခု ထစားတာရယ်၊ ရေသောက်တာရယ်၊ အစာအိမ် အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacid ဆေးတွေ) သောက်တာရယ်ပဲ ရှိပါတယ်။သူ့အတွက် ရေရှည်မှာ အကောင်းဆုံး ကတော့ ဆင်ခြင် နေထိုင်သင့်တဲ့ အချက်လေးတွေနဲ့ ကာကွယ် ကုသတာပါပဲ။(အရက်၊ ကဖင်းပါတဲ့ အစားအစာတွေ၊ အပူအစပ်တွေ၊ ကြက်သွန်ဖြူ၊ နီ၊ နို့၊အဆီအဆိမ့်နဲ့ ဆီကြော်တွေ၊ အချဉ်ဓာတ် များတဲ့ အစားအစာတွေ နဲ့ခရမ်းချဉ်သီးစတာတွေကို ရှောင်ရှား ရပါမယ်။)။(အသီးအရွက်၊ အသား၊ ငါးတွေ။ မွေးမြူရေး ကြက်ဥတွေ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေ အပါအဝင်)။ဒါပေမယ့်ရင်ပူ တာကမကြာခဏ ဖြစ်နေမယ်၊ ညဘက် ဒီလို နိုးလာရတာ များလာမယ်၊ ခံစားရတာ ကြာလာပြီ ဆိုရင် ဆရာဝန်ပြကို ပြသင့်ပါတယ်။ လိုအပ်တဲ့ ဆေးဝါး ညွှန်ကြားမှု နဲ့ အကြံပြု လမ်းညွှန်ချက်တွေကို လိုက်နာပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/heart-burn-sleep/
ကင်ဆာကြောင့် နာကျင်မှုအား သက်သာအောင် ဘယ်လိုလုပ်မလဲ
ကင်ဆာဝေဒနာရှင်တစ်ဝက်လောက်က နာကျင်မှုကိုခံစားရပြီး ကင်ဆာကုသမှုခံယူနေတဲ့လူနာ ၃ ယောက်မှာ ၁ ယောက်က နာကျင်မှုကိုခံစားရပါတယ်။ ဒါကြောင့် ကင်ဆာရောဂါရှိတဲ့သူ အများစုက ကင်ဆာကြောင့် နာကျင်မှုခံစားရတယ်ဆိုတာ အမှန်ပါဘဲ။ တကယ်လို့ သင်က အဲဒီလူအများစုထဲမှာပါနေရင်လည်း စိတ်မပူပါနဲ့။ ဒီနာကျင်မှုတွေကို ထိန်းချုပ်ဖို့နည်းလမ်း အများကြီးရှိပါတယ်။အကြောင်းအရင်း သုံးမျိုး ရှိပါတယ်။ အကျိတ်ကြောင့်နာကျင်ခြင်း၊ ကုသမှုကြောင့်နာကျင်ခြင်း၊ ခွဲစိတ်ပြီးနာကျင်ခြင်း တို့ဖြစ်ပါတယ်။ ကင်ဆာကြောင့်နာကျင်မှုအများစုက အကျိတ်ဟာအရိုးပေါ်၊ အာရုံကြောပေါ် ဒါမှမဟုတ် တခြားကိုယ်တွင်းအင်္ဂါပေါ်ကို သွားဖိတဲ့အခါဖြစ်ပါတယ်။ နာကျင်မှုအဆင့်က နေရာကိုလိုက်ပြီးကွဲပြားပါတယ်။ ဥပမာ – အာရုံကြောနား သို့မဟုတ် ကျောရိုးနာ့ဗ်ကြောနားမှာ အကျိတ်သေးသေးလေးရှိနေရင် အရမ်းနာကျင်နိုင်ပါတယ်။ တခြားနေရာတွေမှာ အကျိတ်ကြီးကြီးဖြစ်လည်း သိပ်အနေမခက်စေပါဘူး။ နာကျင်မှုက ကင်ဆာကိုယ်တိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာနားက တစ်ရှူးတွေပျက်စီးမှုကြောင့်ပါ။ လူနာအနေနဲ့ chemotherapy၊ ဓါတ်ကင်ခြင်းနဲ့ ခွဲစိတ်ခြင်းစတဲ့ကုသမှုတွေမှာလည်း နာကျင်မှုဖြစ်နိုင်ပါတယ်။ Chemotherapy က ပါးစပ်အနာပေါက်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အာရုံကြောထိခိုက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဓါတ်ကင်ခြင်းက ပူလောင်သလိုခံစားရခြင်း၊ နာကျင်နေတဲ့အမာရွတ်တွေကျန်ခဲ့ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ခွဲစိတ်မှုကတော့ ပြန်ကောင်းဖို့တော်တော်အချိန်ယူရပါတယ်။ ခွဲစိတ်မှုအပြီးမှာ နာကျင်မှုဖြစ်တာက ပုံမှန်ဖြစ်တဲအတွက်ဒီနာကျင်မှုကို အမြန်ဆုံးနဲ့အထိရောက်ဆုံး ကုသဖို့အရေးကြီးပါတယ်။ဆေးသောက်ပါ။နာကျင်မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ သက်သာစေဖို့ ဆေးသောက်တာက ပုံမှန်လုပ်နေကျပါ။ ဒီလိုဆေးနည်းတွေကို အသုံးပြုမယ့်လူနာတွေက ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာဖို့လိုပါတယ်။ အရေးပေါ်အခြေအနေတွေမှာ ဆရာဝန်အနေနဲ့ လက်ရှိအခြေအနေကို တည်ငြိမ်စေဖို့အတွက် ဆေးပမာဏများများပေးရတာမျိုးလည်း ရှိပါတယ်။ပုံမှန်သုံးနေကျဆေးတချို့ကတော့ Aspirin၊ Paracetamolနဲ့ Opipoids စတဲ့ နာကျင်မှုကို အမှန်ဆုံး ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ သက်သာစေတဲ့ဆေးတွေပါ။ ဆေးတစ်ခုချင်းစီကတော့ သူတို့ရဲ့ကိုယ်ပိုင်သက်ရောက်မှုလေးတွေရှိပြီး ဘေးထွက်ဆိုးကျိုးလေးတွေတော့ ကိုယ်စီရှိကြပါတယ်။ အသုံးမပြုခင် သင့်ဆရာဝန်ဆီက အကြံတောင်းတာပဲဖြစ်ဖြစ် ဆေအညွှန်းကိုသေချာဖတ်တာပဲဖြစ်ဖြစ် လုပ်ပါ။ တခြား antidepressants နဲ့ antiseizure ဆေးမျိုးတွေကိုလည်း အထူးသဖြင့် အာရုံကြောနဲ့သက်ဆိုင်တဲ့ နာကျင်မှုတွေမှာ အသုံပြုနိုင်ပါတယ်။ဆေးမသောက်ရတဲ့ တခြားနာကျင်မှုကုသနည်းတွေ သုံးပါ။သင့်နာကျင်မှုကို အာရုံပြန့်စေခြင်းဖြင့် သက်သာစေတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီး အဲဒီလေ့ကျင့်ခန်းမှာဘဲ အာရုံစိုက်ထားပါ။ ရင်ဝမ်းခြားကြွက်သားနဲ့ ဝမ်းဗိုက်ကိုအသုံးပြုပြီး နည်းမှန်လမ်းမှန်အသက်ရှူခြင်းက အာရုံကြောစနစ်ကို ဖြောင့်ဖြူးစေပြီး စိတ်ဖိစီးမှုသက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ တရားထိုင်ခြင်းကလည်း စိတ်ဖိစီးမှုနဲ့ သွေးပေါင်အတက်အကျ ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှိပ်နယ်ခြင်ကုထုံးနဲ့ အပ်စိုက်ကုထုံးတွေကလည်း သင့်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် စမ်းကြည့်သင့်ပါတယ်။ဆေးတစ်ခုတည်းနဲ့ မလုံလောက်တဲ့အခါ။တပယ်လို့ ဆေးကသင့်နာကျင်မှုကို မသက်သာစေဘူးဆိုရင် တခြားနာကျင်မှုသက်သာစေတဲ့နည်းလမ်းတွေ သင်စမ်းကြည့်ချင်ပါလိမ့်မယ်။ ဥပမာ – ဓါတ်ကင်ခြင်းကုသမှု၊ အာရုံကြောပိတ်ဆို့ကုသမှု၊ခွဲစိတ်မှု ဒါမှမဟုတ် အာရံကြောခွဲစိတ်မှုတို့ဖြစ်ပါတယ်။ ဓါတ်ကင်ကုသခြင်းက တစ်ခါလုပ်ရုံနဲ့ အကျိတ်ကျုံ့သွားနိုင်တဲ့ လူနာတချို့မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ Implant pain pump နဲ့ အာရုံကြောပိတ်ဆို့ကုသမှုတွေက အာရုံကြောတွေကို ခဏ သို့မဟုတ် လုံးဝပိတ်လိုက်ပြီး နာကျင်မှုကိုထိန်းချုပ်ပေးပါတယ်။ အာရုံကြောခွဲစိတ်မှုမှာတော့ နာကျင်မှုဖြစ်စေတဲ့ အာရုံကြောတွေကိုဖြတ်ခြင်းဖြင့် နာကျင်မှု သက်သာစေပါတယ်။ တခြားခွဲစိတ်မှုတွေမှာတော့ အာရုံကြောတွေ အင်္ဂါတွေအပေါ်မှာ ဖိထားတဲ့အကျိတ်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုကို ဖယ်ရှားလိုက်တာပါ။ ဒီကုသမှုတွေမလုပ်ခင်တော့ ဆရာဝန်နဲ့တိုင်ပင်တာဖြစ်ဖြစ် သင့်ဘာသာသင်လေ့လာကြည့်ထားတာပဲဖြစ်ဖြစ် လုပ်ထားပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%99%e1%80%bd%e1%80%b3%e1%80%a1/
ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား
အရသာလေးက ချိုချိုလေးနဲ့ အနံ့လေးလည်း မွှေးတဲ့ပိန္နဲသီးကို ချိုချိုအီအီ အရသာကို နှစ်ခြိုက်တတ်တဲ့ ဘေဘီလေးတွေ သဘောကျမယ်ဆိုတာကတော့ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ဒီလို ချိုအီမွှေးနေတဲ့ ပိန္နဲသီး စားနေရင်းဘေဘီလေးက နည်းနည်းလို့ လာတောင်းရင် ဘယ်လို လုပ်ရမယ်မသိဘူး ဖြစ်မနေရလေအောင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား …… ဘယ်လို အချက်တွေ သတိထားဖို့ လိုမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ။ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရမလား …… ဆိုတော့ ဘေဘီလေးက အသက် ၁ နှစ်ကနေ ၁ နှစ်ခွဲလောက် ရှိပြီဆိုရင်တော့ ဘေဘီလေးကို ပိန္နဲသီး ကျွေးလို့ ရပါပြီ။ အစေ့ကို ထုတ်ပြီး အသားလွှာလေးတွေကို အရွယ်တော်တုံးလို့ ပြင်ဆင်ပေးဖို့ လိုပါမယ်။ ပိန္နဲသီးကျွေးတဲ့အခါ မနင်အောင် အတုံးသေးသေးကျွေးဖို့ လိုပါတယ်။ ကျွေးနေချိန်မှာ ကလေးနင်နေလားဆိုတာ စောင့်ကြည့်နေဖို့ လိုပါတယ်။သဘာဝအတိုင်း မှည့်ပြီး လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ ပိန္နဲသီးကို ကျွေးပေးဖို့ လိုပါမယ်။ တကယ်လို့ ဘေဘီလေးကဝတ်မှုန် ဓာတ်မတည့်တာ၊ သားရေနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်ဖူးမယ်။သွေးနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေမယ်ဆိုရင် မကျွေးသင့်ပါဘူး။ ဒီကလေးတွေကိုတော့ ကလေးဆရာဝန် သို့ အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။ကျန်းမာရေး အကျိုးကျေးဇူးတွေများတဲ့ ပိန္နဲသီးက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အကြောင်းကတော့ ပိန္နဲသီးမှာ ဘေဘီလေးတွေ ကျန်းမာဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်၊ electrolytes၊ phytonutrients၊ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ အဆီ နဲ့ပရိုတင်းတို့ ပါဝင်နေလို့ပါ။ဘေဘီလေးကို ပိန္နဲသီး ကျွေးပေးမယ်ဆိုရင် အခုလို အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ပိန္နဲသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေး ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝမှုက ဘေဘီလေးကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။မျိုးဗီဇဆဲလ်တွေနဲ့ ဆဲလ်အမြှေးပါးတွေကို ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကင်ဆာ အပါအဝင် ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဘေဘီလေးကို ချောင်းဆိုးတာ၊ အအေးမိ၊ တုပ်ကွေး ဖြစ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို ကိုယ်ခံအားကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝအောင် ကျွေးပေးဖို့ လိုပါမယ်။ပိန္နဲသီးမှာ ကာဗိုဟိုက်ဒရိတ် နဲ့ ကယ်လ်လိုရီတွေ ပါဝင်နေသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပမာဏထက် မပိုတဲ့ သကြားဓာတ်လည်း ပါဝင်နေပါတယ်။ ဒီလို အာဟာရပြည့်ဝမှုက ဘေဘီလေးကို အင်အားပြည့်ဝနေစေဖို့ ထောက်ကူပေးပါတယ်။ ပိန္နဲသီးက အစာကြေလွယ်သေသပြီး ကလေးကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်မှာပါ။ပိန္နဲသီးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ ထောက်ကူပေးပြီး ဘေဘီလေးကို ဝမ်းချုပ်တဲ့ ပြဿနာ ကင်းစေမှာပါ။ ဘေဘီလေးကို ကျန်းမာပြီး အာဟာရဓာတ်ကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့ဆိုရင် ပိန္နဲသီး ကျွေးပေးလို့ ရပါတယ်။အစာခြေစနစ် ကျန်းမာမှ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။ပိန္နဲသီးမှာ ဗီတာမင် A နဲ့ ဘီတာကယ်လ်ရိုတင်း၊ Lutein Zeaxanthinတို့ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဗီတာမင် A က ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိပြီး ဘေဘီလေးရဲ့ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျက်လုံးလေးတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။မျက်လုံးထဲက အစိတ်အပိုင်းတစ်ခုစီကို ကျန်းမာစေဖို့ ထောက်ကူပေးပြီး မျက်လုံးကို ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယား ကူးစက်မှုတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ပိန္နဲသီးမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာက ဘေဘီလေးရဲ့ အရိုးတွေကို သန်မာကြံ့ခိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးတေံ သန်မာစေပြီး အရိုးကျန်းမာရေးပြဿနာတွေ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ပါဝင်မှုကလည်း ခန္ဓာကိုယ်မှာ ကယ်လ်ဆီယမ် ဆုံးရှုံးမှု နည်းစေဖို့ ထောက်ကူပေးပါတယ်။ အရိုးသိပ်သည်းဆ ကောင်းမွန်စေပြီး အရိုးနဲ့ သွားတွေ ကျန်းမာကြံ့ခိုင်စေဖို့ ထောက်ကူပေးပါတယ်။ဘေဘီလေးတွေကို သွေးအားနည်းရောဂါ မဖြစ်စေဖို့ဆိုရင် ပိန္နဲသီး ကျွေးပေးလို့ ရပါတယ်။ ပိန္နဲသီးမှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကလည်း ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ပိန္နဲသီးမှာ copper နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကလည်း သွေးအားကောင်းစေဖို့ ထောက်ကူပေးပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-babies-eat-jackfruit/
လည်ပင်း အသားအရေ အရောင်မညစ်စေဖို့ နည်းလမ်းကောင်း (၈) ခု
မိန်းကလေးတွေရဲ့ အလှတရားထဲမှာ လည်တိုင်လှလှလေးတွေလည်း ပါဝင်ပါတယ်။မျက်နှာအသားအရေလေး လှပါလျက်နဲ့ လည်ပင်း မှာတော့ မဖြူတဲ့အပြင် အသားမညီ၊ အရောင်ညစ်နေတာမျိုး စိတ်ညစ်ရတတ်ပါတယ်။နေလောင်ထားလို့၊ အသားအရေထိန်းသိမ်းတဲ့အခါ ဒီနေရာကို မေ့လျော့ခဲ့လို့၊ ချွေးပေါက်ပိတ်ဆို့နေလို့ စတဲ့ အကြောင်းရင်းတွေကြောင့် လည်ပင်း အသားအရေ အရောင်ညစ် နေတတ်ပါတယ်။ ဒီလိုမဖြစ်ဘဲ ဖြူဝင်းပြီး နူးညံ့တဲ့ အသားအရေလေး ရစေဖို့ နည်းလမ်းကောင်းလေးတွေ ပြောပြပါမယ်နော် –။ဒါတွေ အကုန်လုံးထဲမှာ သံလွင်ဆီ ကလွဲလို့ ကျန်တဲ့နည်းတွေ သုံးပြီးတိုင်း moisturizer ပြန်သုံးဖို့ တော့ မမေ့နဲ့နော်။ အလွယ်ဆုံးနည်းတွေ ဖြစ်လို့ ကြိုက်တဲ့နည်းကို ရွေးလို့ရပါတယ်။မျက်နှာသစ်တဲ့ အခါတိုင်း လည်ပင်းကိုလည်း သန့်စင်ပါ။ မျက်နှာအသားအရေကို ခြောက်သွေ့မှုဒဏ်၊ နေလောင်ဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ် တွေက ကာကွယ်ထိန်းသိမ်းသလိုပဲ လည်ပင်း အသားအရေ ကိုလည်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။ moisturizer နဲ့ sunscreen အမြဲ လိမ်းပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1-%e1%80%a1%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%99%e1%80%8a/
သီချင်းနားထောင်ရင်း စာကျက်နေသလား
တေးဂီတသံဟာ စာကျက်မှတ်ရာမှာ၊ အလုပ်လုပ်ရာမှာ အထောက်အကူပေးကြောင်း လူအများက လက်ခံထားကြပါတယ်။သီချင်းနားထောင်ရင်း စာလုပ်ရတာ၊ လှုပ်ရှားရတာ ပိုမိုလန်းဆန်းတက်ကြွတယ်လို့ ခံယူထားကြပါတယ်။ တချို့ကလည်း ဒီလိုဆူညံသံနဲ့ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။တေးဂီတဟာ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ အထူးသဖြင့်။–စိတ်ပိုင်းဆိုင်ရာခံစားမှုကောင်းမွန်စေခြင်း။– စိတ်ဓာတ်တက်ကြွစေခြင်း။–မှတ်ဉာဏ်ကိုတိုးတက်စေခြင်း၊ ဦးနှောက်ကိုလှုံ့ဆော်ပေးခြင်း။– နာကျင်ပင်ပန်းမှုကို သက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။အထက်ပါအကျိုးကျေးဇူးတွေနဲ့ ချိန်ထိုးရင် တေးဂီတဟာ စာကျက်မှတ်ခြင်းကို ယေဘုယျအားဖြင့် အထောက်အကူ ပြုပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဒီအဆိုကို သဘောမတူနိုင်ပါဘူး။ တေးဂီတသံဟာ လူအားလုံးကိုတော့ တသမတ်တည်း မသက်ရောက်နိုင်ပါဘူးလို့ ဆိုပါတယ်။အာရုံစူးစိုက်ပြီး ဖတ်မှတ်ရတဲ့အလုပ်ဟာ သင့်ကိုစိတ်ပင်ပန်းစေပါတယ်။ ဒီလိုအချိန်မှာ သာယာငြိမ့်ညောင်းတဲ့၊ ဒါမှမဟုတ် စိတ်ဓာတ်တက်ကြွဖွယ်ရာဖြစ်တဲ့ တေးဂီတဟာ သင့်ကို ကူညီနိုင်ပါတယ်။ ဘယ်လိုကူညီနိုင်သလဲဆိုတာကတော့ အောက်ပါအတိုင်းပါပဲ။အိမ်စာတွေရေး၊ assignment တွေပြင်၊ ပါဝါပွိုင့်တွေ တပုံတပင်နဲ့ လုံးလည်ချာလည်လိုက်နေတဲ့ သင့်ကို စာဆက်ဖတ်ချင်အောင် ဂီတက စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ ပင်ပန်းငြီးငွေ့ဖွယ်အခြေအနေမှာ သီချင်းနားထောင်ပေးခြင်းဟာ သင့်ကိုယ်သင်ဆုချခြင်းတမျိုးပါပဲ။ စိတ်အားတက်ကြွဖွယ် တေးဂီတများကို နားဆင်ခြင်းအားဖြင့် သင့်ဦးနှောက်ဟာ ပြန်လည်လန်းဆန်းပြီး အလုပ်ဆက်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါလိမ့်မယ်။ အလုပ်လုပ်နေစဉ်၊ စာဖတ်နေစဉ် နားထောင်သလို လုပ်လက်စအလုပ်ကို ခဏရပ်တန့်ပြီး သီချင်းနားထောင်ခြင်းဟာလည်း အလုပ်ကို ကောင်းကောင်းဆက်လုပ်နိုင်ဖို့ စိတ်ဓာတ်ခွန်အား ပေးနိုင်ပါလိမ့်မယ်။သီချင်းနားထောင်ခြင်းဟာ သင့်ကို စိတ်ဓာတ်တက်ကြွစေရုံသာ မကပါဘူး။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး အပြုသဘောဆောင်တဲ့စိတ်၊ အကောင်းမြင်တဲ့စိတ်ကို တိုးတက်စေပါလိမ့်မယ်။သုတေသနတွေအရ စိတ်ကြည်လင်လန်းဆန်းချိန်မှာ စာပေကို ဖတ်မှတ်လေ့လာရင် ရလဒ်ကောင်းတွေ ပိုမိုရရှိနိုင်ပါတယ်။ နည်းလမ်းအသစ်၊ အတွေးအခေါ်သစ်တွေ ပေါ်လာနိုင်ပါတယ်။ စာဖတ်ခြင်း၊စာကျက်ခြင်းဟာ သင့်ကို စိတ်ဖိစီးစေတဲ့အရာဖြစ်ပါတယ်။ တေးဂီတနားထောင်ခြင်းဟာ ဖိစီးမှုတွေကို လျှော့ချပြီး သင့်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။၂၀၀၇ ခုနှစ်က စတန်းဖို့ဒ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဂန္တဝင်တေးဂီတဟာ ဦးနှောက်ရဲ့စုပ်ယူမှုကို အားကောင်းစေပါတယ်။ အချက်အလက်အသစ်တွေကို အလွယ်တကူ မှတ်သားနိုင်ဖို့ အထောက်အကူပေးပါတယ်။ တကယ်တော့ သင့်ဦးနှောက်ဟာ သင်ကိုယ်တိုင်သတိမထားမိလိုက်ဘဲ သင့်ဝန်းကျင်မှာ တွေ့မြင်ရတဲ့ အကြောင်းအရာအသစ်တွေကို အချိန်နဲ့အမျှ မှတ်သားပြီး အကန့်ငယ်များထဲ ဆက်တိုက်ထည့်သွင်းထားပါတယ်။ သုတေသီတွေရဲ့ ထုတ်ဖော်ချက်အရ ဦးနှောက်ဟာ ဖြစ်ရပ်တွေ၊ ကြိုတင်မျှော်တွေးခန့်မှန်းမှုတွေအတွက် အာရုံစိုက်ရာမှာ တေးဂီတသံက ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အကြောင်းအရာသစ်ကို လေ့လာရာမှာ တေးဂီတသံကို နားဆင်သင့်ပါတယ်။ဂီတသံဟာ လူအားလုံးကိုတော့ တူညီတဲ့အကျိုးကျေးဇူးမပေးပါဘူး။ ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။တေးဂီတရဲ့ အကျိုးသက်ရောက်မှု တစ်ခုကတော့ သင့်ကို လမ်းလွဲသွားစေနိုင်တာပါပဲ။စိတ်ဖိစီးပူဆွေးချိန်မှာလည်း စိတ်ကို မြှင့်တင်ပေးနိုင်သလို ခက်ခဲတဲ့သင်ခန်းစာတွေကို လေ့လာနေချိန်မှာအာရုံမစူးစိုက်နိုင်တာမျိုး ဖြစ်စေနိုင်ပါတယ်။အလုပ်လုပ်နေစဉ်သုံးတဲ့ မှတ်ဉာဏ်ဆိုတာဟာ ပြဿနာတခုကိုဖြေရှင်းနေစဉ်၊ လေ့လာနေစဉ်၊ တခြား သိမှတ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေစဉ်မှာ လိုအပ်တဲ့ အချက်အလက်တွေကို ထုတ်သုံးတဲ့ မှတ်ဉာဏ်ကို ရည်ညွှန်းပါတယ်။ ပြုစုထားတဲ့စာရင်း၊ ဖြစ်ရပ်တခုရဲ့ နောက်ဆက်တွဲကိစ္စရပ်တွေ၊ ပြဿနာတပုဒ်ကို ဖြေရှင်းရတဲ့ အဆင့်များ စတာတွေ ပါဝင်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ သီချင်းသံကြောင့် လူတချို့မှာ အဆိုပါစွမ်းရည်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။စာပိုဒ်အများကြီးပါတဲ့ စာကိုဖတ်ပြီးချိန်မှာ အရေးကြီးတာက ဆိုလိုတဲ့ အကြောင်းအရာကို ခြုံငုံနားလည်တတ်ဖို့ ဖြစ်ပါတယ်။ ကျယ်လောင်ပြီး မြန်ဆန်တဲ့ သီချင်းသံအချို့ဟာ အဆိုပါစွမ်းရည်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ခြုံငုံကြည့်ရမယ်ဆိုရင် တေးဂီသသံဟာ လူအားလုံးကို တူညီတဲ့အကျိုးကျေးဇူး မပေးပါဘူး။ ဒါကြောင့် အများနဲ့စုပြီး လုပ်ကိုင်ဆောင်ရွက်ရာမှာ၊ ဖတ်မှတ်လေ့လာရာမှာ မိမိက သီချင်းသံနားထောင်ချင်ပေမယ့် ပတ်ဝန်းကျင်မှာ အဆင်မပြေနိုင်တဲ့သူ ရှိနိုင်တာကို သတိပြုရပါမယ်။ သီချင်းသံကို ခပ်တိုးတိုးသာနားထောင်ပြီး သာယာငြိမ့်ညောင်းတဲ့ သံစဉ်ကို နားဆင်သင့်ပါတယ်။စာဖတ်နေစဉ်၊ အလုပ်လုပ်နေစဉ်မှာ နားထောင်တာထက် ခဏနားချိန်မှာ နားထောင်တာ ပိုကောင်းပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/does-music-help-you-study/
ခေါင်းနှင့်လည်ပင်းကို ရုတ်ချည်းခါဆောင့်မိ၍ ဒဏ်ဖြစ်ခြင်းအား အိမ်တွင်ကုသပေးခြင်းနည်းလမ်းများ
ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိတာမျိုးဟာ လူတိုင်းလိုလို တကြိမ်လောက်တော့ ကြုံဖူးကြပါလိမ့်မယ်။ သူ့ဖာသာ ပြန်ကောင်းသွားနိုင်သလို ပိုဆိုးသွားတာမျိုးတွေလည်း ရှိပါတယ်။ အသေးအဖွဲဒဏ်ဖြစ်တာလောက်ကိုတော့ အိမ်မှာ ဘယ်လိုကုသနိုင်တယ်ဆိုတာကို Hello Doctor အစီအစဉ်ကနေ ပြောပြပေးပါမယ်။ခေါင်းနှင့်လည်ပင်းကို ရုတ်ချည်းခါဆောင့်မိ၍ ဒဏ်ဖြစ်ခြင်းဆိုတာဟာ ကိုယ်ခန္ဓါဟာ မမျှော်လင့်ဘဲ ရုတ်တရက် နောက်ကိုရွေ့လျားပြီး ချက်ချင်း ရှေ့ကိုပြန်ရွေ့လျားသွားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးဟာ လည်ပင်းအပိုင်းမှာ ဒဏ်ရာရတတ်ပါတယ်။ လည်ပင်းဇက်ကြောနာခြင်း၊ ဒဏ်ဖြစ်ခြင်း ကြုံရပါတယ်။ ယာဉ်တိုက်မှုမှာဆိုရင် နောက်ကတိုက်တဲ့အခါ ဒီလိုပုံစံမျိုး အများဆုံး ကြုံရပါတယ်။ အားကစားလှုပ်ရှားမှုနဲ့ ရန်ပြုတိုက်ခိုက်ရာမှာလည်း ဒီပုံစံမျိုး တွေ့နိုင်ပါတယ်။ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိလို့ ဒဏ်ဖြစ်ခြင်းကို ကုသခြင်းဟာ ဒဏ်ရာပြင်းထန်မှု အခြေအနေပေါ် မူတည်ပါတယ်။လည်ပင်းလှုပ်ရှားမှုကို ဂရုစိုက်ခြင်း။လည်ပင်းကို ညင်သာတဲ့ လေ့ကျင့်ခန်းလောက်သာ လုပ်ပေးပြီး ဂရုတစိုက်လှုပ်ရှားပေးဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပိုပြီးနာကျင်မှု မဖြစ်စေဘဲ သက်သာပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။ လည်ပင်းကို လှုပ်ရှားရာမှာ နာနေသေးရင် ပုံမှန်အခြေအနေသာ ဖြစ်ပြီး နောက်ထပ်ထိခိုက်မှုတွေ မဖြစ်နိုင်ပါဘူး။လည်ပင်းမှာ ကျီးပေါင်းကော်လာကို တပ်ဆင်ခြင်းဟာ သက်သာပျောက်ကင်းမှုကို ပိုမိုနှေးကွေးစေလို့ ကော်လာတွေ တပ်ဆင်ခြင်း မပြုလုပ်ရပါဘူး။လေ့ကျင့်ခန်းများ။လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင့်လည်ပင်းကို ဒဏ်ဖြစ်ပြိး နောက်ပိုင်းမှာ ပုံမှန်ပြန်လည် လှုပ်ရှားနိုင်စေဖို့ အထောက်အကူ ပြုပါတယ်။ လေ့ကျင့်ခန်းနဲ့ အကြောလျှော့ခြင်း ပြုလုပ်တဲ့အခါ ကြွက်သားတောင့်တင်းမှုကို လျော့ကျစေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ယောဂလို လေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ မိမိအင်အားနဲ့ ကိုယ်ဟန်နေထားကို တိုးတက်ကောင်းမွန်စေပြီး ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိလို့ ဒဏ်ဖြစ်တာမျိုး ကြုံနိုင်ခြေ နည်းပါးစေပါတယ်။ကျောရိုးဆစ်ပိုင်းဆိုင်ရာ ကုသပေးသူနဲ့ပြသပြီး လည်ပင်းလှုပ်ရှားမှုကို တိုးတက်အောင် လေ့ကျင့်ခန်း ပြုလုပ်နိုင်ပါတယ်။အကြောဆွဲခြင်းဟာ တပတ်ထက်ကျော်နေရင် အနှိပ်ခံခြင်းဟာ သက်သာစေပါတယ်။ နှိပ်တဲ့အခါ လည်ပင်းနဲ့ဇက်ပိုင်း သွေးကြောတွေကို ကျယ်လာစေပြီး သွေးလည်ပတ်မှု ကောင်းလာစေပါတယ်။ လည်ပင်းပိုင်းကို မနှိပ်နယ်ခင်မှာ ရေနွေးနွေးနဲ့ ချိုးခြင်းဟာ အကြောများပိုပြီး ပြေလျော့စေပါတယ်။ခေါင်းအုံးနှင့် အိပ်စက်ခြင်း အလေ့အထများ။ခေါင်းအုံးကြောင့်ပဲ ပိုပြီး ဆိုးရွားစေသလို ပိုလည်း သက်သာစေတာမျိုး ရှိပါတယ်။ ဇက်ကြောနာတာကို သက်သာစေချင်ရင် သင့်တော်တဲ့ ခေါင်းအုံး အမျိုးအစားကို ရွေးချယ်ရပါမယ်။ ဇက်နေရာကို သဘာဝပုံစံအတိုင်း ခုခံပေးမယ့် နူးညံ့တဲ့ခေါင်းအုံးကို ရွေးချယ်နိုင်ပါတယ်။ ခေါင်းအုံးဟာ ဇက်ကြောနာခြင်းများနဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။လည်ပင်းမှာ ဒဏ်ဖြစ်ထားတဲ့ တစ်သျှူးတွေ ပိုမဆိုးသွားအောင် မှောက်အိပ်တာမျိုးကို ရှောင်ရပါမယ်။ ပြည့်စုံကောင်းမွန်တဲ့ အိပ်စက်မှုပုံစံ ဖြစ်စေဖို့ ခေါင်းနဲ့ လည်ပင်းကို အနည်းငယ် ကွေးထားရပါမယ်။ကောင်းမွန်တဲ့ ကိုယ်နေဟန်ထား။တောင့်မတ်ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားကို အမြဲထိန်းသိမ်းခြင်းပြီး ထိုင်သည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ၊ လမ်းလျှောက်သည်ဖြစ်စေ ကျောရိုးကို တဖြောင့်တည်းထားရပါမယ်။ ကွန်ပျူတာရှေ့မှာ ကြာကြာထိုင်ရမယ်ဆိုရင် ထိုင်ခုံနဲ့ ကွန်ပျူတာကို သင့်တင့်တဲ့အနေအထား ချိန်ညှိထားသိုရပါမယ်။အခုဖော်ပြခဲ့တာတွေကတော့ ခေါင်းနဲ့လည်ပင်းကို ရုတ်ချည်းခါဆောင့်မိလို့ ဒဏ်ဖြစ်ခဲ့ရင် အိမ်မှာ ကုသနိုင်မယ့်နည်းလမ်းတွေ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဒဏ်ရာနဲ့ကြုံရပြီး ခြောက်လလောက် ခံစားနေရမယ်၊ နည်းလမ်းစုံသုံးနေရက်နဲ့ ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ထပ်မံပြသတာ အကောင်းဆုံး ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9b/
Eye Fatigue (မျက်စိညောင်းညာကိုက်ခဲခြင်း)
မျက်စိညောင်းတယ်၊ကိုက်တယ်ဆိုတာ သင့်မျက်စိကို ပြင်းပြင်းထန်ထန် အသုံးပြုပြီးတဲ့အခါ (ဥပမာ အကြာကြီးစာဖတ်တာ၊ခရီးဝေးကားမောင်းတာ ဒါမှမဟုတ် ဖုံး၊ကွန်ပြူတာ အစရှိတာတွေကို အချိန်ကြာမြင့်စွာ အသုံးပြုတာ) မျက်စိပင်ပန်းသွားတာ၊ညောင်းသွားတာကို ဆိုလိုပါတယ်။ ဒါဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပေမယ့် သင့်အနေနဲ့ မျက်စိကို အနားပေးလိုက်တဲ့အခါ ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ မျက်စိကို သက်တောင့်သက်သာ ရှိအောင်လုပ်ပေးလိုက်တဲ့အခါ မျက်စိညောင်းတာ ပျောက်သွားလေ့ရှိတာမို့ အန္တရာယ်ရှိတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ကားအကြာကြီးမောင်းတာ ဒါမှမဟုတ် အကြာကြီး စာဖတ်တာလိုမျိုး မျက်စိကို အင်မတန်အလုပ်လုပ်ခိုင်းထားတဲ့ အခြေအနေတွေအားလုံးဟာ မျက်စိညောင်းစေ၊ကိုက်စေပါတယ်။ အောက်ပါအရာတွေကို အကြာကြီးပြုလုပ်ရင် မျက်စိညောင်းစေပါတယ်။အလင်းစူးစူးကို အကြာကြီးကြည့်တာ ဒါမှမဟုတ် အလင်းရောင်အားနည်းတဲ့ နေရာမှာ စာဖတ်ဖို့၊တခုခုကို မြင်ရဖို့ အပြင်းအထန်ကြိုးစားရင်လည်း မျက်စိညောင်းစေပါတယ်။ မျက်စိညောင်းညာကိုက်ခဲစေတဲ့ အဓိကအပြုအမူတွေထဲမှာ ကွန်ပြူတာ၊စမတ်ဖုန်း စတာတွေကို အကြာကြီးသုံးတာ ဒါမှမဟုတ် ဂိမ်းတွေအလွန်အကျွံဆော့တာတွေလည်း ပါဝင်ပါတယ်။မျက်စိအာရုံစိုက်လွန်းသူတွေ၊မျက်စိအသုံးပြုမှုများသူတွေမှာ မျက်စိညောင်းတာမျိုး ဖြစ်နိုင်ပါတယ်။နေရထိုင်ရ မသက်မသာဖြစ်စေ၊စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ လက္ခဏာတွေ ကို အောက်တွင်ဖော်ပြထားပါတယ်။မိမိဖာသာ ကုသလို့ မသက်သာဖူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။မျက်စိညောင်းတာဟာ အန္တရာယ်မရှိသလို ကာလရှည်ခံစားရမယ့် နောက်ဆက်တွဲ ပြဿနာတွေလည်း မရှိတတ်ပါဖူး။ ဒါပေမယ့် နေမထိထိုင်မသာတော့ ဖြစ်စေပါမယ်။ မျက်စိညောင်းတာဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေမယ့်အပြင် အာရုံစူးစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေပါမယ်။သင်ခံစားနေရတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေမယ့် အကြောင်းရင်းတွေအကြောင်း သင့်ဆရာဝန်က မေးခွန်းထုတ်ပါလိမ့်မယ်။ ပြီးရင် သင့်ရဲ့ အမြင်အာရုံကို စမ်းသပ်တာအပါအဝင် တခြားလိုအပ်တဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ပါလိမ့်မယ်။မျက်စိညောင်းတာကို ကုသဖို့အတွက် သင့်ရဲ့ နေ့စဉ်ပြုလုပ်ဆောင်ရွက်မှုအလေ့အထတွေကို ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်ကို အပြောင်းအလဲလေးတွေ လုပ်ဖို့ လိုအပ်ပါမယ်။ တခြားမျက်စိပြဿနာတွေရှိရင်လည်း ကုသပေးဖို့ လိုပါမယ်။ တချို့လူတွေမှာ စာဖတ်တဲ့အချိန် ဒါမှမဟုတ် ကွန်ပြူတာအသုံးပြုတဲ့အချိန်တွေမှာ မျက်မှန်တပ်ပေးဖို့ လိုပါလိမ့်မယ်။ ဒါမှသာ မျက်စိကို ဒါဏ်မပိစေမှာ ဖြစ်ပါတယ်။ မတူညီတဲ့ အကွာအဝေးတွေဆီ အာရုံစိုက်ပြီး ကြည့်နိုင်ဖို့အတွက် မျက်စိလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လည်း သင့်ဆရာဝန်က အကြံပြုညွှန်ကြားပါလိမ့်မယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။သင့်ရဲ့ နေ့စဉ်နေထိုင်လုပ်ကိုင်မှု အလေ့အထလေးတွေ ဒါမှမဟုတ် ပတ်ဝန်းကျင် အနေအထားလေးတွေမှာ ရိုးရှင်းလွယ်ကူတဲ့ ပြောင်းလဲမှုလေးတွေ ပြုလုပ်လိုက်ခြင်းအားဖြင့် မျက်စိညောင်းညာကိုက်ခဲခြင်းကို ကာကွယ်ပေးနိုင် ဒါမှမဟုတ် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ဗီတာမင်အားဆေးတွေ သောက်ပါ ။ သင့်တော်မျှတတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်အားဆေးတွေကို သောက်ပေးမယ်ဆိုရင် သင့်မျက်စိကျန်းမာရေးအတွက် အင်မတန် အကျိုးရှိစေပါလိမ့်မယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်တဲ့ ဗီတာမင်တွေ (ဥပမာ ဗီတာမင် အေ၊စီ၊အီး နဲ့ ဗီတာမင်ဘီတွေ၊ဇင့်ဓါတ်တွေ ပေါင်းစပ်ထားတဲ့ အားဆေးတွေ)ဟာ သင့်မျက်စိ ကျန်းမာရေးအတွက် အကျိုးထူးစေပြီး မျက်စိဒါဏ်ဖြစ်မှုကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် သူတို့ကို ရွေးချယ်သောက်သုံးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/eye-fatigue-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%b1%e1%80%8a%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%8a%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81/
ခဏခဏ လေလည် တတ်လို့ လူကြားထဲအခက်ကြုံရသူတွေအတွက် နည်းလမ်းကောင်း (၈) ခု
အသက်ရှင်ဖို့ အသက်ရှူနေကြတဲ့သူတွေချည်းပဲမို့ ကိုယ်ရှူရှိုက်နေတဲ့လေထုထဲ လေလည်ချလိုက်မှာကို ဘယ်သူမှ သဘောမကျလောက်ပါဘူး။ သူများမပြောနဲ့ ကိုယ့်ဆီကထုတ်လိုက်တဲ့လေတောင် ကိုယ်ပြန်မရှူနိုင်တာ ကိုယ်တွေ့မဟုတ်လား။ လေလည်လိုက်တာက အနံ့ရှိရှိ မရှိရှိ လူက အလိုလိုမျက်နှာလွှဲ၊ နှာခေါင်းအလိုလိုကျုံ့လိုက်မိတာပဲ။လေလည်တာ အသံကျယ်ကျယ်၊ မကျယ်ကျယ် ပြဿနာရှိတာက အနံ့ပါ။ အသံမကြားလိုက်ရပေမယ့် အနံ့ထွက်လာရင် လူသိတာပဲမို့ အတော်ဒုက္ခရောက်ရမှာပါ။ ဘာလို့ တစ်ခါတလေ အနံ့မရှိဘဲ တစ်ခါတလေကျ နှာခေါင်းပိတ်ပြေးရတဲ့အထိ အနံ့ဆိုးရတာလဲ။ ဒါက ကိုယ်စားထားတဲ့ အစားအသောက်တွေ၊ အစာအိမ်နဲ့အူလမ်းကြောင်း လုပ်ဆောင်ချက်တွေနဲ့ ဆိုင်ပါတယ်။ အနံ့ပြင်းတဲ့ လေလည်ခြင်းကို ဖြစ်စေတာက –။ကဲ ဒီအတွက် အားကိုးလို့ရမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဆက်ပြီးကြည့်ရအောင် –။လူတစ်ယောက်နဲ့တစ်ယောက် တူမှာမဟုတ်ပေမယ့် ကိုယ့်အတွက် ဒါစားရင် လေပွတယ်၊ လေပိုလည်တယ်လို့ သတိထားမိတဲ့ အစားအသောက်တွေကို ချင့်ချိန်စားပါ။ ဥပမာ ပဲကြီးလှော်စားလို့ လေလည်တယ် ဆိုတာမျိုး(နံလည်းနံတယ်နော်)။တစ်နေ့တာမှာ အစားစားတဲ့အခါ ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲပြီးစားပါ။ ဒါမှ အစာခြေစနစ်ကို ဝန်ပေါ့စေမှာဖြစ်ပြီး လေပွတဲ့အတိုင်းအတာလည်း လျော့သွားစေမှာဖြစ်ပါတယ်။ဘယ်တော့မဆို ဖြည်းဖြည်းစားပါ၊ သောက်ပါ။ ခပ်မြန်မြန်စားသောက်ခြင်းက အစာနဲ့အတူ လေတွေပါ မျိုချမိတာများစေနိုင်ပါတယ်။ အစားအသောက်ကို ဖြည်းဖြည်းသုံးဆောင်မှ လေတွေလျော့စေမယ်လေ။အစာလမ်းကြောင်းထဲမှာ လေတွေစုပုံမနေစေဖို့အတွက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု မိနစ် ၃၀ လောက်တော့ အနည်းဆုံးရှိသင့်ပါတယ်။အဆီများတဲ့ အစားအစာတွေကို လျှော့စားပါ။ အဆီများရင် အစာချေရတာပိုကြာပြီး အစာလမ်းကြောင်းအတွင်း အချဉ်ပေါက်ဖို့ အချိန်ပိုများစေတာကြောင့် လေတွေပိုများစေပါတယ်။လေဆေးသောက်ပါ။ simethicone ပါတဲ့ အစာအိမ်လေဆေးတွေဟာ အစာခြေလမ်းကြောင်းထဲရှိနေတဲ့ လေတွေကို ဖြိုခွဲဓာတ်ပြယ်စေဖို့ ထုတ်လုပ်ထားတာပါ။ဆေးလိပ်ဖြတ်ပါ၊ ပီကေဖြတ်ပါ။ ဒီနှစ်မျိုးလုံးက လေတွေမျိုချမိစေနိုင်တဲ့ အမူအကျင့်တွေဖြစ်ပြီး အဲဒီလေတွေက အစာခြေစနစ်အတွင်း စုပြီး ဒုက္ခပေးတတ်တာပါ။ဆိုဒါနဲ့ ဘီယာအပြင် ဂက်စ်ပါတဲ့အချိုရည်တွေကို ရှောင်ပါ။ သူတို့ကြောင့် လေပိုပွပြီး တဘူဘူဖြစ်တာ ပိုဆိုးစေနိုင်ပါတယ်။လေလည်တာ လူတိုင်းဖြစ်တဲ့ သဘာဝပဲဆိုပေမယ့် လွန်ကဲနေရင်တော့ ပုံမှန်မဟုတ်ပါဘူး။ လေလည်တာ မကြာခဏဖြစ်လွန်းရင် နေ့စဉ်ဘဝမှာ ထိခိုက်လာပါလိမ့်မယ်။ လူကြားထဲ သွားရလာရ၊ အလုပ်လုပ်ရတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့လာမယ်၊ လူအထင်သေးခံရနိုင်တယ်၊ ရှက်ကိုးရှက်ကန်းဖြစ်နေရမယ်၊ အဆင်မပြေတော့ဘူးပေါ့။ဒါပေမယ့် –။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%81%e1%80%8f%e1%80%81%e1%80%8f%e1%80%9c%e1%80%b1%e1%80%9c%e1%80%8a%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ac%e1%80%b8/
ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား
ဒီဘက်ခေတ်မိန်းကလေးတွေကို ကြည့်လိုက်ရင် ပိန်ချင်တယ်၊ Diet လုပ်နေတယ်၊ ဝိတ်ချနေတယ် အစရှိတဲ့ စကားမျိုးတွေ အမြဲ ပြောနေတတ်တာ သတိထားမိမှာပါ။ တကယ်တော့ ကျန်းမာရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ပိန်ခြင်း၊ဝခြင်းဆိုတဲ့ ကိုယ်ခန္ဓာ အလှတရားထက် လူတစ်ယောက်ရဲ့ အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ် မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခု ရှိနေဖို့ပဲ လိုတာပါ။ဒါပေမယ့်လည်း လူငယ်တွေဆိုတော့ကျန်းမာတာထက် လှချင် ပချင်တာကိုပဲ ဦးစားပေးချင်ကြတာမလား။ ဒီအတွက် Diet တွေ အပြင်းအထန် လုပ်ကြတယ်၊လေ့ကျင့်ခန်းတွေ အပြင်းအထန် လုပ်ကြတယ်၊ အစားတွေ ရှောင်ကြတယ်၊ တစ်ခုပြီး တစ်ခုတော့ လုပ်နေတာပဲ၊ ဘာကြောင့် လုပ်နေတာလဲဆိုတဲ့ အကြောင်းရင်း မသိရင်တော့ ရေရှည် ဇွဲရှိရှိနဲ့ လုပ်ဖို့ဆိုတာ မဖြစ်ပါဘူးနော်။ ဒီတော့ ကိုယ်ဘာကြောင့်ကိုယ်အလေးချိန်ချချင်တာလဲဆိုတာကို အရင်ဆုံး တွေးကြည့်ရအောင်လား။အာရှလူမျိုးတွေဟာ တခြားလူမျိုးစုတွေထက် ရုပ်ပိုင်းဆိုင်ရာအလှအပကို အရမ်း ဦးစားပေးတတ်ပါတယ်။ ဖြူမှ လှမယ်၊ ပိန်ပြီး သွယ်နေမှ ကြည့်လို့ကောင်းမယ်၊ ဘယ်နေရာကတော့ ဘယ်လိုကောက်ပြီး လုံးနေမှ အစရှိတဲ့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး စံနမူနာ သတ်မှတ်ချက်တွေ အရမ်းများပါတယ်။ အကယ်လို့ ဒီအချက်ကြောင့်သာ ဝိတ်ချဖို့ အပြင်းအထန် ကြိုးစားနေတာဆိုရင်တော့ ခဏလေး ဘရိတ် အုပ်ထားပါဦးလို့။ ဒီလိုမျိုးခန္ဓာကိုယ်ရဲ့ ကောက်ကြောင်း အသေးအမွှားကိုတောင် အပြစ်မြင်နေတဲ့သူတွေဟာ ကိုယ် လှလာတဲ့အခါမှာရော တခြားအစိတ်အပိုင်းတွေနဲ့ ကိုယ့်ကို အပြစ်မြင်နေဦးမှာပါပဲ။ဒါကတော့ နည်းနည်းလေး စဉ်းစားစရာ ဖြစ်လာတယ်နော်။ သူများ ပြောတာမဟုတ်ဘဲ ကိုယ်အရင်တုန်းက ဝယ်ခဲ့တဲ့အဝတ်လေးတွေ၊ ဝယ်ကာစ ဝတ်တုန်းက ချောင်ချောင်လေးပဲ၊ ခုကျတော့မှ ဝတ်ရတာလည်း ကျပ်၊ အသက်ရှူရတာလည်း ကျပ်၊ဗိုက်ကလေးကလည်း ထွက်နေရင်တော့ဝိတ်ချဖို့ လိုအပ်လာပြီဆိုတဲ့ အတွေးတွေးမိမှာပါ။ ဒီအချက်ကအဝလွန်တာလည်း ဖြစ်နိုင်သလို ကိုယ်အလေးချိန် ပုံမှန်အတိုင်း ရှိလာတာလည်း ဖြစ်နိုင်ပါတယ်၊ အတိအကျ ပြောလို့ မရပါဘူး။ ဥပမာ – ငယ်ငယ်တုန်းက အရပ်နဲ့ အသက်နဲ့ မလိုက်အောင် ပိန်နေတဲ့သူကအဝတ်အစားဝယ်ရင် ဆိုဒ်သေးတာပဲ ဝယ်မှာလေ။ ကြီးလာတော့မှ အာဟာရ စုံလင်အောင် စားပြီး လူက ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာရင်တော့ အရင်က ဝယ်ခဲ့တဲ့ ဆိုဒ်သေးတွေ ဘယ်တော်တော့မလဲ။ ဒီလိုလေး ပြန်တွေးကြည့်ပြီးတော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ကို ပြန်စစ်ဆေးကြည့်ပေါ့။လူဆိုတာ ကိုယ့်ရဲ့ လက်ရှိအနေအထားကို ၁၀၀ ရာခိုင်နှုန်း လက်ခံပြီး သဘောကျတဲ့သူ အရမ်း ရှားပါတယ်။ အဲ့ဒါကြောင့်လည်း “လူ့အလို နတ်မလိုက်နိုင်” ဆိုတဲ့ စကားပုံတွေ ထွက်လာတော့တာပေါ့။ သူ့ဟာနဲ့သူ သင့်တင့်တဲ့ကိုယ်ခန္ဓာအချိုးအစားရှိနေတယ်၊ ကြည့်ကောင်းနေတယ် ဆိုရင်လည်း ဟိုလိုလေး ပြောင်းသွားမှ လှသွားမယ်ဆိုတဲ့ စိတ်က ဖြစ်နေပါတယ်။ အဓိက ပြောချင်တာကတော့ကိုယ်အလေးချိန်ကို ပြင်မယ့်အစား စိတ်ကို ပြင်လိုက်ပါ။အကောင်းမြင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် ချစ်စိတ် တိုးလာရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အရှိကို အရှိအတိုင်း ချစ်မြတ်နိုးတတ်လာပါလိမ့်မယ်။ နောက်ထပ် တစ်ခုက ပိန်လို့ လှတယ်၊ ဝလို့ လှတယ်ဆိုပြီး ပြောနေကြတဲ့သူတွေဟာ သူတို့ သတ်မှတ်ထားတဲ့ စံညွှန်း၊ အမြင်အတိုင်း ပြောနေတာပါ။ ကိုယ်က သူတို့ တွေးမြင်သတ်မှတ်ထားတဲ့ ပုံစံဘောင်ခွက်ထဲမှာ အတင်းကြီး အသက်ရှင်ဖို့ ရုန်းကန်နေစရာ မလိုပါဘူးနော်။ကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ပိန်တယ်၊ ဝတယ်ဆိုတာထက် ကိုယ့်ရဲ့အသက်အရွယ်နဲ့ အရပ်အမြင့်ပေါ် မူတည်ပြီး သတ်မှတ်ထားတဲ့ကိုယ်အလေးချိန်စံညွှန်းအတွင်း ဝင်အောင် လုပ်နိုင်ရင် ရပါပြီ။ အဝလွန်ရင် ကျန်းမာရေးအတွက် မကောင်းတာ မှန်ပေမယ့် ပိန်နေလို့လည်း ကျန်းမာနေတာမျိုးတော့ မဟုတ်ပါဘူး။ အကုန်လုံးက သတ်မှတ်ထားတဲ့ စံညွှန်းအတိုင်း သွားတာ အကောင်းဆုံး ဖြစ်မှာပါ။အခု ပြောပြပေးခဲ့တာက ပိန်ခြင်း၊ ဝခြင်းထက် ကျန်းမာရေးဟာ ပိုပြီး အဓိက ကျတယ်လို့ ဆိုလိုချင်တာပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ် အချိုးအစားလေးအတိုင်း ရှိနေရင် အဆင်ပြေပါပြီ။ အရမ်းကြီး အလွန်အကျွံ Diet လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာ၊ ညစာမစား၊ ဟိုဟာရှောင် ဒီဟာရှောင်နဲ့ ဒုက္ခခံတာ၊ Gym မှာ အလေးတွေ အလွန်အကျွံ မတာမျိုးကတော့ အဆင်မပြေပါဘူးနော်။ဒါကြောင့် တစ်နေ့တာကိုအစာအာဟာရလေး လုံလောက်မျှတစွာ စားပေးပါ။ ကိုယ်စားချင်တာလေးတွေလည်း နည်းနည်းတော့ စားပေးပေါ့။အိပ်ချိန်ကိုလည်း ပြည့်ဝစွာ အိပ်၊ လေ့ကျင့်ခန်းလေးလည်း မှန်မှန်လုပ်၊ ကိုယ့်ရဲ့ စိတ်ကိုလည်း အေးချမ်းအောင် ထား၊ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကိုလည်း အပြစ်မြင်နေမယ့်အစားတန်ဖိုးထားတတ်အောင် စိတ်ဓာတ်ကလေး မွေးမြူနိုင်ရင်တော့ ကျန်းမာလှပတဲ့ ပျိုမေလေးတွေ ဖြစ်လာမှာ အသေအချာပါပဲ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/how-to-lose-weight-as-fast-as-possible-2/
ဘေဘီလေး နာနတ်သီး စားလို့ရလား
နာနတ်သီးလေးကို သံပုရာသီး၊ ဆားတို့နဲ့ပဲ နယ်ပြီးစားစား၊ပျားရည်လေးနဲ့ပဲ စိမ်ပြီး စားစား စားရတာ အရသာရှိပါတယ်။ နာနတ်သီးရဲ့ ချိုချိုချဉ်ချဉ် အရသာလေးက ခံတွင်းရှင်းစေသလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ဒီတစ်ခေါက်တော့ စားရတဲ့ အရသာရှိလှတဲ့ နာနတ်သီးလေး စားရင်း ဘေဘီလေးဆိုရင် ကြိုက်မှာပဲ ဘေဘီလေး နာနတ်သီး စားလို့ရလား ဆိုပြီး သိချင်နေမယ့် တီတီ နဲ့ ဖွားဖွားတို့အတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။နာနတ်သီးက အပူပိုင်းဒေသထွက်သစ်သီးတစ်မျိုးပါ။ တောင်အမေရိက မျိုးရင်းပင်ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက စားသုံးလာခဲ့ကြတာပါ။ အပေါ်ခွံက မမှည့်ခင်မှာ အစိမ်းရောင် ဖြစ်ပြီး မှည့်ပြီဆိုရင် ဝါလာပါမယ်။ အခွံမှာ မျက်စေ့လို့ ခေါ်ကြတဲ့ အကွက်လေးတွေ ပါတတ်ပြီး ထိပ်ပိုင်းမှာတော့ အပင်လိုမျိုး အညှာပါပါတယ်။အသီးကို အအေးခံပြီး စားကြသလို ဂျယ်လီ၊ ပီဇာ နဲ့ ရေခဲမုန့်လိုမျိုး အချိုပွဲတွေထဲမှာ ထည့်သွင်းပြင်ဆင်ပြီး စားတာမျိုးလည်း ရှိပါတယ်။နာနတ်သီးမှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ဘေဘီလေး နာနတ်သီး စားလို့ရလား ….. ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီsolid foodလည်း စစားနေပြီဆိုရင်တော့ ဘေဘီလေးကို နာနတ်သီး စကျွေးလို့ ရပါပြီ။ နည်းနည်းလေးပဲ စကျွေးဖို့တော့ လိုပါမယ်။နာနတ်သီးက ဓာတ်မတည့်ဖြစ်နိုင်ခြေရှိတာကြောင့် ဘေဘီလေးကို နာနတ်သီး နည်းနည်းပဲ စကျွေးပြီး စားပြီးချိန်မှာ သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ သီးတာမျိုး မဖြစ်စေဖို့ နာနတ်သီးကို အရွယ်တော်လေးတွေ တုံးပေးဖို့ လိုပါမယ်။ ၁နှစ်အောက် ကလေးတွေကို ကျွေးနဲ့အခါ ပျားရည်နဲ့ စိမ်ပြီး မကျွေးသင့်ပါဘူး။ဘေဘီလေးကသားရေနဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင်တော့ မကျွေးပါနဲ့ဦး။ သေချာ အခွံသင်ထားပြီး သန့်စင်ထားတဲ့ နာနတ်သီးဖြစ်ဖို့ လိုသလို လတ်ဆတ်တဲ့ အော်ဂဲနစ်အသီး ဖြစ်ဖို့လည်း လိုပါမယ်။ နာနတ်သီးက သေချာမှည့်ဖို့လည်း လိုပါမယ်။ဘေဘီလေးကို နာနတ်သီး ကျွေးပေးတဲ့အခါ အခုလိုအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။နာနတ်သီး ၁၀၀ ဂရမ်မှာ ရေဓာတ် ၈၅ ဂရမ်အထိ ပါဝင်နေပါတယ်။ ဒီလို အရည်ရွှမ်းတဲ့ နာနတ်သီးလေးက ဘေဘီလေးကို ရေဓာတ်ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။နာနတ်သီးမှာ bromelain ပါဝင်နေတာကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးသလို သွေးကြောနံရံက အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ သွေးခဲတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။နာနတ်သီးရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ခုက အရောင်ကျစေတာပါ။ ဘေဘီလေး လည်ချောင်းနာတာ၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ အာသီးရောင်တာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။နာနတ်သီးက အူနဲ့ အစာခြေစနစ်ထဲက သန်ကောင်တွေကို ဖယ်ရှားပေးပါတယ်။ ဘေဘီလေးက ငယ်သေးမယ်ဆိုရင် သန်ကျစေဖို့ နာနတ်သီး ဖျော်ရည် သောက်ပေးလို့ ရပါတယ်။ဒါတွေအပြင် နာနတ်သီးမှာ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေသလို အရိုးတွေကိုလည်း သန်မာစေပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/baby-can-eat-pineapple/
Eye Twitching (မျက်ခွံအကြောလိုက်ခြင်း)
သင့်မျက်ခွံတွေ ထိန်းချုပ်လို့မရဘဲ အလိုလျောက် လှုပ်နေတာကို မျက်ခွံအကြောလိုက်တယ်လို့ ခေါ်ပါတယ်။ အပေါ်၊အောက် မျက်ခွံနှစ်ခုလုံးမှာ ဒီလိုအကြောလိုက်တာမျိုး ဖြစ်နိုင်ပေမယ့် အပေါ်မျက်ခွံမှာပဲ အဓိက ဖြစ်ပေါ်ပါတယ်။ လူအများစုအတွက် ဒီလိုအကြောလိုက်တာဟာ မသိမသာဖြစ်ပြီး မျက်ခွံလေးတချက်အသာလေး လှုပ်သွားတယ်လို့ပဲ ခံစားရလေ့ရှိပါတယ်။ တချို့တွေကျပြန်တော့လည်း မျက်ခွံအကြောဆွဲတာ အတော်ဆိုးတဲ့အတွက် မျက်လုံးကို လုံးဝမှိတ်ထားလိုက်ရတာမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ တချို့လူတွေမှာ ဒါမျိုးဘယ်တော့မှ ဖြစ်ပေါ်လေ့မရှိပါဘူး။အောက်ပါအချက်တွေက မျက်ခွံအကြောလိုက်အောင် ဆွပေးနိုင်ပါတယ်။မျက်ခွံမှာ ရှိတဲ့ကြွက်သားတွေ ထိန်းချုပ်လို့မရဘဲ တဆတ်ဆတ်လှုပ်နေခြင်းပဲ ဖြစ်ပါတယ်။ဘယ်အချိန်မှာ ဆေးကုသမှု ခံယူသင့်သလဲ။မျက်ခွံအကြောလိုက်တာဟာ ကာလကြာရှည်ဖြစ်နေတယ် ဒါမှမဟုတ် အောက်ပါဝေဒနာတွေပါ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါပြီ။ရှားရှားပါးပါးဆိုသလို မျက်ခွံအကြောလိုက်ခြင်းဟာ အချို့သော ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ အဆိုပါ အခြေအနေမျိုးတွေမှာဆိုရင် တခြားရောဂါလက္ခဏာတွေလည်း ကျိန်းသေပေါက်နီးနီး ပြသနိုင်ပါတယ်။ မျက်ခွံအကြောလိုက်ခြင်းကို ဖြစ်စေတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေက။ဒီပြဿနာဟာ အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပြီး လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ရှားရှားပါးပါးဆိုသလို မျက်ခွံအကြောလိုက်ခြင်းဟာ အချို့သော ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ အဆိုပါ အခြေအနေမျိုးတွေမှာဆိုရင် တခြားရောဂါလက္ခဏာတွေလည်း ကျိန်းသေပေါက်နီးနီး ပြသနိုင်ပါတယ်။သင့်ဆရာဝန်အနေနဲ့ သင့်မျက်လုံးကို မျက်မြင်စစ်ဆေးမှာဖြစ်ပြီး သင်ခံစားနေရတဲ့ ဝေဒနာတွေကို ပြောပြခိုင်းမှာပဲ ဖြစ်ပါတယ်။မျက်ခွံအကြောလိုက်တာဟာ သူ့အလိုလို ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တကယ်လို့ မျက်လုံးခြောက်တာ ဒါမှမဟုတ် မျက်လုံးထဲ နေမထိထိုင်မသာဖြစ်ခြင်းဟာ မျက်ခွံအကြောလိုက်ရခြင်းရဲ့ အကြောင်းရင်းဖြစ်နေတယ်ဆိုရင် မျက်ရည်တုနဲ့ မျက်စဉ်းခတ်ပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သိပ်မဆိုးရွားတဲ့ အကြောလိုက်တာမျိုးကို သက်သာပျောက်ကင်းစေပါလိမ့်မယ်။ အသုံးများဆုံး ကုသမှုကတော့ botulinum toxin (Botox၊ Dysport ၊ Xeomin) ထိုးတာပဲ ဖြစ်ပါတယ်။ မျက်နှာတခြမ်း အကြောလိုက်တဲ့ အခြေအနေတွေကို ကုသပေးဖို့ သုံးနိုင်မှာဖြစ်ပြီး လအနည်းငယ်ခံပါလိမ့်မယ်။ ဒါပေမယ့် ဆေးရဲ့အာနိသင်ပြယ်လာရင်တော့ နောက်အကြိမ်တွေ ထပ်ထိုးဖို့လိုပါလိမ့်မယ်။ သိပ်မပြင်းထန်တဲ့ အခြေအနေတွေမှာ အောက်ပါဆေးတွေကို သောက်ဖို့သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။အခြေအနေပိုဆိုးတဲ့ လူနာတွေအတွက်မျက်ခွံမှာရှိတဲ့ ကြွက်သားနဲ့ အာရုံကြောအချို့ကို ဖယ်ရှားတဲ့ ကုသမှုမျိုးကို ပြုလုပ်ရပါမယ်။ သင့်မျက်နှာကြွက်သားတွေကို ဖြေလျှော့ပေးနိုင်ဖို့ လေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်လို့ ဒီလိုအကြောဆွဲတာဟာ ပိုပြီးစိတ်လာတယ်ဆိုရင် သင့်အနေနဲ့ သူတို့ဖြစ်လာတတ်တဲ့ အချိန်တွေကို စာအုပ်တအုပ်ထဲမှာ မှတ်သားထားရပါမယ်။ သင်သောက်တဲ့ ကဖင်းဓါတ် နဲ့ အရက်ပမာဏ၊စိတ်ဖိစီးမှု အခြေအနေ၊ ဒီလိုအကြောမဆွဲခင်ကာလတွေနဲ့ အကြောဆွဲနေစဉ်ကာလတွေမှာ အိပ်ချိန်ဘယ်လောက်ရသလဲ စတာတွေကို မှတ်သားထားရပါမယ်။ တကယ်လို့ သင်အိပ်ရေးမဝတဲ့ အချိန်တွေမှာ မျက်ခွံအကြောဆွဲတာမျိုး ပိုဖြစ်တတ်တယ်ဆိုရင် သင့်မျက်ခွံကို အနားပေးဖို့နဲ့ အကြောဆွဲတာကို လျှော့ချပေးနိုင်ဖို့အတွက် နာရီဝက်ကနေ တစ်နာရီစောပြီး အိပ်ရာဝင်ရမှာဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/eye-twitching-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bd%e1%80%b6%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ်
ဆေးလိပ်သောက်ခြင်းဟာကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကိုတော့ သင်အကြိမ်ပေါင်းများစွာကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာ ဆေးလိပ်ကြောင့်ဖြစ်နိုင်တဲ့ အန္တရာယ်ဟာ အမျိုးသားတွေထက် အများကြီးပိုမြင့်မားတယ်ဆိုတာကိုရော သင်သိပါသလား။ဆေးလိပ်သောက်ခြင်းဟာ အမျိုးသမီးတွေအတွက် ပိုပြီး အန္တရာယ်များပါတယ် ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့။လေ့လာမှုတွေကတော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ (အမျိုးသားတွေနဲ့ သောက်တဲ့ဆေးလိပ်ပမာဏချင်းတူရင်တောင် ) နာတာရှည်အဆုတ်ရောဂါ (COPD) ဖြစ်နိုင်ခြေက ၂ဆရှိပြီး ဒီထဲမှာ Emphysema နဲ့ နာတာရှည်ရင်ကျပ်ရောဂါတွေလည်း ပါဝင်ပါတယ်။ ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ကြည့်ရင်တော့ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ COPD ကြောင့်သေဆုံးနိုင်ခြေ ၂၂ဆ ပိုများပါတယ်။ကမ္ဘာပေါ်မှာ ၄၀%သောအမျိုးသားတွေက ဆေးလိပ်သောက်ကြပြီး ၉%သော အမျိုးသမီးတွေက ဆေးလိပ်သောက်ကြပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးရာနှုန်းက အမျိုးသားတွေထက် နည်းပေမယ့်လည်း ဆေးလိပ်သောက်တဲ့အမျိုးသမီးဦးရေက တိုးလို့လာနေဆဲပါ။ WHO ရဲ့လေ့လာချက်အရ အချို့သော နိုင်ငံတွေမှာ ဆေးလိပ်သောက်တဲ့ လူဦးရေဟာ အမျိုးသား၊ အမျိုးသမီးအတူတူပါပဲ။ အသက် ၂၅ကနေ ၄၄နှစ်ကြားက အမျိုးသမီးတွေမှာ ဆေးလိပ်သောက်နှုန်း အမြင့်မားဆုံးပါပဲ။တဆင့်ခံဆေးလိပ်သောက်ခြင်းဟာလည်း ရိုးရိုးဆေးလိပ်သောက်ခြင်းလို အန္တရာယ်များတာပါပဲ။ နှစ်တိုင်း နှစ်တိုင်းမှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းကြောင့် သေဆုံးသူဦးရေ ၄၃၀, ၀၀၀ကျော်ရှိပါတယ်။ ဒီသေဆုံးမှုတွေရဲ့ ၆၄%ဟာ အမျိုးသမီးတွေပါ။ အမျိုးသမီးတွေအတွက် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းဟာ ပုံမှန်ဆေးလိပ်သောက်ခြင်းနဲ့စာရင် အန္တရာယ်ပိုများပါတယ်။ဒါပေမဲ့ Light cigarette အပေါ့စားစီးကရက်တွေဟာ တကယ်တမ်း ပေါ့တာမျိုး ဒါမှမဟုတ် ပိုပြီး အန္တရာယ်ကင်းတာမျိုးတော့မဟုတ်ပါဘူး။ ဒီစီးကရက်အမျိုးအစားတွေက ဘာလုပ်တာလဲဆိုတော့ သောက်သုံးသူတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရှူသွင်းစေပြီး နီကိုတင်းပမာဏကို ထပ်ကာထပ်ကာလိုချင်အောင်လုပ်တာမျိုးဖြစ်တာကြောင့် တကယ်တမ်း အန္တရာယ်မကင်းပါဘူး။အခြားလှည့်ကွက်တစ်ခုကတော့လွတ်လပ်ခြင်းနဲ့ လွတ်လပ်ခွင့်ရဲ့ ပုံရိပ်အောက်မှာ ဆေးရွက်ကြီးတွေကြော်ငြာတာ ဒါမှမဟုတ် အလေးချိန်ထိန်းနိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ မဂ္ဂဇင်းမော်ဒယ်လ်တွေလို ဆွဲဆောင်မှု ရှိလာနိုင်မလိုလို ပိုပြီးပိန်သွားစေမလိုလို ကြော်ငြာကြတာပါပဲ။ ဒီနည်းလမ်းဟာ ကြော်ငြာတွေရဲ့ မျက်နှာဖုံးရှင်ဖြစ်လိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အများကြီးကို ဆွဲဆောင်နိုင်ပါတယ်။ မီဒီယာဟာလည်း ဆေးရွက်ကြီးသုံးစွဲခြင်းဟာ အရမ်းကိုမိုက်တယ်ဆိုပြီး အထင်ရောက်စေတဲ့ တရားခံတစ်မျိုးပါပဲ။အမျိုးသမီးဆိုတဲ့ ခေါင်းစဉ်အောက်မှာတောင်မှ ဈေးကွက်ဖြန့်ချိပုံချင်းကွဲပြားပါသေးတယ်။ လိင်တူချစ်သူနဲ့ လိင်မခွဲခြား မြတ်နိုးတတ်သူတွေကတော့ ဆန့်ကျင်ဘက်ကိုသာချစ်သူ အမျိုးသမီးတွေနဲ့စာရင် ဆေးလိပ်ပိုသောက်ကြတာကို တွေ့ရှိရပါတယ်။ ဆန့်ကျင်ဘက်ကိုသာ သဘောကျတဲ့ အမျိုးသမီး ၁၅%နဲ့ နှိုင်းယှဉ်ကြည့်ရင် ၂၀၁၃ခုနှစ်မှာ လေ့လာမှုတစ်ခုက လိင်တူနှစ်သက်သူနဲ့ လိင်မခွဲခြား ချစ်တတ်သူတွေရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၂၆.၇%ရှိနေတာကို တွေ့ရပါတယ်လို့ ၂ဆိုပါတယ်။ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နိုင်ချေ လျော့နည်းသွားသလို အချိန်မတိုင်မီမွေးဖွားခြင်းတွေ၊ ကလေးအသေမွေးဖွားခြင်းတွေနဲ့ မွေးကင်းစကလေးသေဆုံးခြင်းတွေ ဖြစ်နိုင်ချေများပြီး နို့ထွက်နှုန်းလည်း နည်းသွားပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အောက်ပါ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/smoking-is-more-dangerous-for-women/
လေ့ကျင့်ခန်းလုပ်ရင်း ဝက်ခြံတွေထွက်နေပြီလား……
ခန္ဓာကိုယ်လေးအဆီကျလှအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ဝက်ခြံထွက်လာတာပဲ အဖက်တင်တယ်ဆိုတဲ့ သူတွေ ရှိလား…….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့လိုနေပါပြီ။လေ့ကျင့်ခန်းလုပ်တာက ချွေးတော်တော်လေး ထွက်စေနိုင်ပါတယ်။ ချွေးထွက်တာနဲ့အတူ အဆီတွေ၊အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေလည်းအရေပြားပေါ်မှာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကတွေက သင့်ကို ဝက်ခြံထွက်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ဒါကြောင့် လေ့ကျင့်ခန်း လုပ်နေချိန်မှာအသားအရေကို သေချာလေး ဂရုမစိုက်မိဘူးဆိုရင် ဝက်ခြံတွေ ဖြစ်လာနိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းသာလုပ်ရတယ် ဝက်ခြံတွေပဲ အဖက်တင်လာတယ်ဆိုတဲ့ ဇာတ်လမ်းတွေ စလာတော့ တာပေါ့။လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံပိုထွက်တယ်ဆိုတာ စိတ်ထင်နေတဲ့ကိစ္စ မဟုတ်သလို တိုက်ဆိုင်မှုသက်သက်လည်း မဟုတ်ပါဘူး။ ဒါက တကယ်ကို မှန်ကန်တဲ့ ဖြစ်ရပ်ပါ။ဒီလိုဆိုတာနဲ့ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နေတဲ့ လေ့ကျင့်ခန်းကို မရပ်လိုက်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံ မထွက်အောင် ဘာတွေ လုပ်ရမလဲ ပြောပြပေးပါမယ်။လေ့ကျင့်ခန်းလုပ်ရင် အသားအရေကိုနည်းစနစ်မှန်မှန်ဂရုစိုက်မယ်ဆိုရင် အသားအရေလေးလည်း ကြည်လင်မယ်၊ခန္ဓာကိုယ် အချိုးအစားလည်း လှပလာမယ်ဆိုတာ အသေအချာပါ။ ဒီတော့။လေ့ကျင့်ခန်း မလုပ်ခင်မှာ။လေ့ကျင့်ခန်းကြောင့်ဝက်ခြံမထွက်စေဖို့ဆိုရင် လေ့ကျင့်ခန်း မလုပ်ခင်မှာ။လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း။လေ့ကျင့်ခန်းလုပ်နေချိန်မှာ။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ။ဒီအချက်တွေကို သေချာ ဂရုစိုက်မယ်။ အသားအရေနဲ့ လိုက်ဖက်မယ့်အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို သေသေချာချာ အသုံးပြုလို့ အသားအရေကို ဂရုစိုက်မယ်ဆိုရင် လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ခပ်ဝေးဝေးမှာ ခေါက်ထားနိုင်မှာ အသေအချာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/is-your-workout-causing-your-acne/
ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင်
မှန်ထဲကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျဖြစ်နေတာ၊ အဝတ်အစားတွေ မတော်တော့တာ၊ သွားလာလှုပ်ရှားမှုတွေလုပ်တဲ့အခါ သွက်သွက်လက်လက်မရှိတော့တာတွေဖြစ်နေပြီလား။ ဒါဆိုရင် သေချာတာကတော့ ကျန်းမာတဲ့ကိုယ်အလေးချိန်ဆိုတဲ့ ကန့်သတ်ချက်ဘောင်​လေးကို နည်းနည်းတော့ ကျော်စပြုနေပြီဆိုတာပါ။ ဝတ်လိုက်ရင်လည်း စမတ်ကျ၊ သွားလာရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်နေစေဖို့ဆိုရင် လုပ်ရမယ့် နည်းလမ်းကတစ်ခုပဲရှိတော့တယ်။ ဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းသိမ်းဖို့ပါ။ကျန်းမာတဲ့ကိုယ်အလေးချိန်ရဖို့ အတွက် ဘယ်လိုများလုပ်မယ်စဉ်းစားထားလဲ။ကျန်းမာတဲ့ ကိုယ်အလေးချိန်ရဖို့ အစားတစ်ခုတည်းကိုပဲ အားကိုးတော့မယ်ဆိုရင် မဖြစစ်မနေ လုပ်ရမှာက အစားလေးပဲ ဂရုစိုက်လိုက်ပါ။ကျန်းမာတဲ့ ကိုယ်အလေးချိန် ရစေဖို့ အစားအစာတွေကို အလွန်အကျွံရှောင်ဖို့ မလိုသလို လေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ဖို့လည်းမလိုပါဘူး။ တကယ်ကတော့ ဖြစ်နိုင်တဲ့ အတိုင်းအတာအတွင်းက စားသောက်နေထိုင်မှုကို မှန်မှန်လေးလုပ်ပေးရုံပါ။ ဒီတော့ ဘာတွေလုပ်ရမလဲ တူတူဆက်ကြည့်ရအောင်လား။ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင်ဆိုပြီး မနက်စာအငတ်ခံလိုက်တာက ကျန်းမာတဲ့ကိုယ်အလေးချိန်ရစေဖို့ အားမပေးနိုင်ဘဲ ကျန်းမာရေးကို ထိခိုက်စေမှာပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ဆိုကတည်းက ကျန်းလည်းကျန်းမာရမယ်။ ကိုယ်အလေးချိန်ကလည်း အဆင်ပြေရမှာပေါ့။ ဒီတော့ မနက်စာကို ဆီကြော်တွေမပါဘဲ ပြည့်ပြည့်ဝဝစားပေးပါ။အချိန်မှန်မှန်စားသောက်တတ်မှုက ကျန်းမာရေးအတွက်ရောကိုယ်အလေးချိန်အတွက်ပါ အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် မနက်စာကို မနက် ၆ နာရီ ကနေ ၉ နာရီအတွင်း၊ နေ့လယ်စာကို နေ့လယ် ၁၂ နာရီကနေ ၂ နာရီအတွင်း ညနေစာကို ညနေ ၅ နာရီကနေ ၇ နာရီအတွင်းလောက် ပုံမှန်စားပေးဖို့ပြောပါရစေ။ အာဟာရပြည့်ဝစွာပါဝင်စေဖို့တော့ သတိပြုပေးပါ။အသီအရွက်တွေမှာ ခန္ဓာကိုယ်ကျန်းမာလှပစေဖို့ လိုအပ်တဲ့အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အသီးအရွက် ၃၅ ရာခိုင်နှုန်းလောက် ပါဝင်အောင် စားသုံးပေးပါ။ဒီလိုစားပေးတာက ကျန်းမာစေနိုင်သလို ကိုယ်အလေးချိန်ကိုလည်း အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းလည်းကျန်းမာ ခန္ဓာကိုယ်ကလည်းစမတ်ကျလှပစေဖို့ဆိုရင် အစားကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ။ရေများများသောက်လိုက်ခြင်းဟာ ဗိုက်ကိုပြည့်စေသလို ဆာလောင်တဲ့ စိတ်ကို ပြေပျောက်ပြီးသားလည်းဖြစ်စေပါတယ်။ ရေက ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ကယ်လ်လိုရီကို တွက်ချက်ပါ။ကျန်းမာတဲ့ ကိုယ်အလေးချိန် ကို ပိုင်ဆိုင်ချင်သူတိုင်း မွေးမြူသင့်တဲ့အလေ့အထတစ်ရပ်ပါ။ တစ်နေ့တာမှာ စားသုံးတဲ့ ကယ်လ်လိုရီတွေကို သေချာမှတ်ထားတာက ကိုယ်အလေးချိန်အတွက်ရော ကျန်းမာရေးအတွက်ပါ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားခါနီးတိုင်းမှာ ပါဝင်မှု ကယ်လ်လိုရီကို သတိထားကြည့်စေချင်ပါတယ်။ဒီအလေ့အကျင့်လေးတွေကို ပုံမှန်လုပ်သွားပေးမယ်ဆိုရင် လေ့ကျင့်ခန်းတွေ ပင်ပင်ပန်းပန်းမလုပ်ရင်တောင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်စေဖို့ နေ့စဉ် အခုပြောပြတဲ့ အချက်လေးတွေကို သေချာလေး လိုက်နာ လုပ်ဆောင်ကြည့်စေချင်ပါတယ်။ အချိန်ပေးဖို့ နဲ့ စိတ်ရှည်ဖို့ကတော့ မဖြစ်မနေ လိုအပ်မယ့် အချက်တစ်ခုပါ။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ အခုကစပြီး လုပ်ဆောင်လိုက်စို့နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/weight-loss-with-diet/
အဆီကို မြန်မြန်နဲ့ မှန်မှန်လေး ကျစေမယ့် အဓိကအချက် (၃) ချက်
အခုခေတ်မှာဝိတ်ကျဖို့ဆိုတာ ပျိုမေတိုင်းအတွက် အိပ်မက်ပန်းတိုင်တစ်ခုလို ဖြစ်နေပါပြီ။ ဝရင်မလှဘူး၊ပိန်မှ လှတယ်ဆိုတဲ့ အယူအဆတွေဆိုတာလည်း ပတ်ဝန်းကျင်မှာ အမြဲ ကြားနေကျဆိုတော့ ကျန်းမာရေးထက်အလှအပကို ပိုဦးစားပေးတဲ့အနေနဲ့ ဝိတ်ချဖို့ကို အပြင်းအထန် လုပ်လာကြတော့တာပါပဲ။ တကယ်တော့ လူတစ်ယောက် ပိန်တယ်၊ ဝတယ်၊ ဝိတ်ကျတယ်၊ မကျဘူးဆိုတာထက် ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ့်အသက်အရွယ်၊အရပ်အမြင့်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ရှိနေဖို့သာ အရေးကြီးတာပါ။ပိန်လွန်းရင်လည်း အဝတ်အစား ဝတ်တဲ့အခါ ကြည့်မကောင်းသလို အာဟာရဓာတ် နည်းပါးတာ၊ကိုယ်ခံအားနည်းတာ၊ အလွယ်တကူ ဖျားနာ၊ ရောဂါဖြစ်လွယ်နိုင်ပါတယ်။ ဝလွန်းပြန်ရင်လည်း သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ ဖြစ်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီများခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း၊ တစ်ခုခု အလုပ်လုပ်ပြီဆိုရင် လူက မောပြီး ပင်ပန်းလာတာ စတဲ့ ပြဿနာတွေနဲ့လည်း ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ယောက်ျားလေးပဲ ဖြစ်စေ၊ မိန်းကလေးပဲ ဖြစ်စေ၊ ကိုယ့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားတာတော့ အကောင်းဆုံးပဲ ဖြစ်မှာပါ။ဒါဆို ခုဆောင်းပါးလေးမှာကိုယ်အလေးချိန်များလွန်းလို့ လျှော့ချဖို့ စဉ်းစားနေသူတွေအတွက် နေ့စဉ် လိုက်နာသင့်တဲ့ အချက် (၃) ချက်ကို ကျွန်တော်က ပြောပြပေးချင်ပါတယ်။ ဒီအချက်ကဝိတ်ချချင်သူတိုင်း သိထားသင့်သလို နေ့တိုင်း သေချာလေး လုပ်ပေးမယ်ဆိုရင် မှန်မှန်နဲ့ မြန်မြန် ဝိတ်ကျနိုင်သလို ကျန်းမာရေးကိုလည်း ဘေးထွက်ဆိုးကျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။ပိန်တဲ့သူတွေ ဝချင်ရင်တော့ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒြိတ်၊အဆီဓာတ်၃ မျိုးလုံးကို သမမျှတအောင် စားပေးရတယ် ဆိုပေမယ့် ဝတဲ့သူတွေအနေနဲ့ ကိုယ်အလေးချိန် မြန်မြန် ကျချင်ရင် ကစီဓာတ်လို့လည်း ခေါ်တဲ့ ကာဗိုဟိုက်ဒြိတ်ကို ရှောင်တာတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ကာဗိုဟိုက်ဒြိတ် ပါတဲ့ အစားအစာတွေမှာကယ်လိုရီပမာဏ များပြားစွာ ပါဝင်တတ်တာကြောင့် ခန္ဓာကိုယ်က စားလိုက်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းတဲ့ နေရာမှာ အနည်းငယ် နှေးကွေးသွားနိုင်ပါတယ်။ ဒါ့အပြင်ကာဗိုဟိုက်ဒြိတ်ပါတဲ့ အစားအစာတွေက ဗိုက်ဝနေတဲ့ တိုင်အောင် လူတွေရဲ့ အစာစားချင်စိတ်ကို နှိုးဆွနေသေးတာကြောင့် ခန္ဓာကိုယ်က ချေဖျက်နိုင်တဲ့ ပမာဏထက် အလွန်အကျွံ စားမိလိုက်တဲ့အခါကယ်လိုရီပိုလျှံမှု ဖြစ်ပြီး အဝလွန်လာတော့တာပါပဲ။ဒါကြောင့် ကစီဓာတ်၊ ကာဗိုဟိုက်ဒြိတ် များလွန်းတဲ့ အစားအစာတွေ ဖြစ်တဲ့ အာလူး၊ ကန်စွန်းဥ၊ အဆီမထုတ်ထားတဲ့ နွားနို့၊ ရေခဲမုန့်၊ ဆန်လုံးဖြူ၊ အဆီကြော်၊ ကိတ်မုန့်၊သကြားဓာတ်ပါဝင်မှုများတဲ့ ဆိုဒါအအေးတွေ၊ သကြားလုံး စတာတွေကို ရှောင်ပေးတာက အကောင်းဆုံးပါပဲ။ မဖြစ်မနေ စားချင်တယ်ဆိုရင်လည်း သင့်တော်ရုံ ပမာဏနည်းနည်းလောက်ကိုပဲ စားပေးပါ။ဒါကြိုက်လို့ ဒါပဲ စားမယ်၊ ဟိုဟာ မကြိုက်ရင် လုံးဝ မစားဘူးဆိုတဲ့ အကျင့်ကကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ လုံးဝ မကောင်းတဲ့ အကျင့်ဆိုးတစ်ခုပါပဲ။အစားအစာတစ်မျိုးစီမှာက အဓိက ပါဝင်တဲ့အာဟာရဓာတ်တွေအပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်က အစားအစာတစ်မျိုးကို မကြိုက်လို့ မစားလိုက်တဲ့အခါ ဒီအာဟာရဓာတ်တွေကို ဘယ်ရနိုင်တော့မလဲ။ တစ်ရက်၊ နှစ်ရက်နေလို့ မသိသာပေမဲ့ နှစ်ရှည်လများစွာ ဒီလိုပုံစံနဲ့ စားနေရင်တော့ ခန္ဓာကိုယ်က အာဟာရဓာတ်ချို့တဲ့မှုတွေ ဖြစ်ပြီး အထဲက ကိုယ်တွင်းကလီစာတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် နေ့စဉ် အသားဓာတ်၊ အမျှင်ဓာတ်နဲ့ ကျန်းမာရေးအတွက် အကျိုးပြု အဆီတွေကို မျှတစွာ စားသုံးပေးဖို့ အရေးကြီးပါတယ်။ အသားဓာတ်ကို ဝက်သား၊ ကြက်သား၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုးကနေ ရရှိနိုင်ပြီး အမျှင်ဓာတ်ကိုတော့ ဂေါ်ဖီပန်း၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ကိုက်လန်ရွက်၊ ဂေါ်ဖီထုပ်၊ ဆလပ်ရွက်၊သခွားသီးစတဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရနိုင်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးပြု ဆီသန့်တွေကို သံလွင်ဆီ၊ အုန်းဆီ (စားအုန်းဆီ မပါပါ) ၊ထောပတ်သီးကနေ ရတဲ့ အဆီအနှစ်၊ အဆီများတဲ့ ငါးတွေ၊ငါးကြီးဆီကနေ ရနိုင်ပါတယ်။လူတစ်ယောက် ပိန်ခြင်း၊ ဝခြင်းမှာ အစာအာဟာရက ၆၀ ရာခိုင်နှုန်း ပါဝင်နေသလို ကျန်တဲ့ ၄၀ ရာခိုင်နှုန်းမှာအားကစားနဲ့ လေ့ကျင့်ခန်းက ပါဝင်နေပါတယ်။လေ့ကျင့်ခန်းလုပ်မှသာ လူတွေ တစ်နေ့ တစ်နေ့ စားလိုက်တဲ့ အဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့နဲ့ အထဲက ကိုယ်တွင်းကလီစာတွေ ကောင်းစွာ အလုပ်လုပ်စေဖို့၊ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှုတွေကို မြန်ဆန်စေဖို့ ကူညီပေးနိုင်မှာပါ။ဒါကြောင့် နေ့တိုင်းမလုပ်နိုင်ရင်တောင် တစ်ရက်ခြား တစ်ကြိမ်၊ တစ်ပတ်ကို အနည်းဆုံး ၃ ရက်လောက် လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်သင့်ပါတယ်။ အဲ့လို မလုပ်ချင်ဘူး၊ အချိန်မရှိဘူးဆိုရင်လည်း မနက်ခင်းကို စောစော ထပြီးလမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ပိတ်ရက်တွေမှာ ရေကူးတာ၊ ဘောလုံးကန်တာ၊ ဘတ်စကတ်ဘော ပုတ်တာ၊ ယောဂ၊Zumbaစတဲ့ လေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးလို့ ရပါတယ်။နောက်ထပ် ဂရုစိုက်ပေးဖို့ လိုတာကတော့အိပ်ချိန်ကိုပါ။ လူတစ်ယောက်ရဲ့ အိပ်ချိန်သည် တစ်နေ့ကို ၇နာရီမှ ၈နာရီထိ ရှိဖို့ လိုအပ်ပါတယ်။ ပိန်ဖို့ ကြိုးစားနေသူရော၊ ဝဖို့ ကြိုးစားနေသူတွေပါ အိပ်ချိန်ကို ပြည့်ဝစွာ ရရှိမှ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို မြန်မြန်ရနိုင်မယ်ဆိုတာ မမေ့ပါနဲ့နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/quick-reduce-fat/
Strabismus (မျက်စိစွေခြင်း)
မျက်စိစွေခြင်း ဆိုသည်မှာ မျက်စိနှစ်လုံးစလုံးက ဦးတည်ရာ တစ်နေရာတည်းကို ကြည့်လို့မရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ မျက်စိနှစ်လုံးဟာ တောင်တစ်လုံး၊မြောက်တစ်လုံးဆိုသလို ဖြစ်နေပါလိမ့်မယ်။ မျက်စိတစ်လုံး (သို့) နှစ်လုံး စလုံးက အတွင်းဖက် ဒါမှမဟုတ် အပြင်ဖက်ကို ကြည့်နေတဲ့ ပုံစံ ဖြစ်နေမှာပါ။ပိုအားကောင်းတဲ့ မျက်လုံးက ထုတ်ပေးတဲ့ အချက်ပြမှုတွေကိုပဲ ဦးနှောက်က အသုံးပြုတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ အားနည်းတဲ့ မျက်လုံးကို အသုံးပြုတာ နည်းလာတာကြောင့် စောစီးစွာ မကုသဖူးဆိုရင် အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ဒီရောဂါဟာ ကလေးတွေမှာ အလွန်အဖြစ်များသလို အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာ မျက်စိစွေတာဟာ မွေးရာပါဖြစ်ပြီး အသက်သုံးလလောက်ရောက်တဲ့အထိ သတိမထားမိဘဲ ရှိနေတတ်ပါတယ်။လူကြီးတွေမှာ ဆိုရင်တော့ ဆီးချို၊လေဖြတ်တာ ဒါမှမဟုတ် မျက်လုံးထိခိုက်ဒါဏ်ရာ ရတာတွေကြောင့်လည်း ဖြစ်ပွားလာနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။strabismus ရဲ့ လက္ခဏာတွေက တစ်ချိန်လုံးရှိနေတတ်သလို ပေါ်လိုက် ပျောက်လိုက်လည်း ဖြစ်နေနိုင်ပါတယ်။အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။• မျက်စိစွေ/စောင်းခြင်း။• နှစ်ထပ်မြင်ခြင်း။• တစ်ခုခုကို ကြည့်ရင် မျက်စိနှစ်လုံးရဲ့ ဦးတည်ရာ မတူခြင်း။• မျက်စိနှစ်လုံး အတူတကွ မလှုပ်ရှားနိုင်ခြင်း။• အမြင်အာရုံ ဆုံးရှုံးခြင်း ဒါမှမဟုတ် မိမိနဲ့ အရာဝတ္ထုတခုခုရဲ့ အကွာအဝေးကို မခန့်မှန်းနိုင်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။• ဒီနေရာမှာ သတိထားသင့်တာက amblyopia လို့ခေါ်တဲ့ အမြင်အာရုံချို့ယွင်းတဲ့ အခြေအနေဟာ အလျင်အမြန် ဖြစ်ပေါ်လာနိုင်တာမို့ သင့်ကလေးအနေနဲ့ နှစ်ထပ်မြင်ရတဲ့ ရောဂါလက္ခဏာကို ခံစားချင်မှ ခံစားရပါလိမ့်မယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။မျက်စိစွေခြင်းဟာ စောစီးစွာ သိရှိဖော်ထုတ်သင့်တဲ့ရောဂါဖြစ်တဲ့အတွက် သင့်ကလေးမှာ အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• မျက်စိ စွေ/စောင်းနေတယ်လို့ ထင်ရခြင်း။• ပုံရိပ်နှစ်ထပ် မြင်ခြင်း။• အမြင်အာရုံနဲ့ ဆိုင်တဲ့ ပြဿနာတွေ ရှိခြင်း။• သင့်ကလေးအနေနဲ့ ကျောင်းစာ မလိုက်နိုင်တာမျိုး ရှိမယ်ဆိုရင် ဒါဟာ သူ့အနေနဲ့ ကျောက်သင်ပုန်း စတာတွေကို ကောင်းကောင်း မမြင်ရတာကြောင့်လည်း ဖြစ်နေနိုင်တဲ့အတွက် စာမလိုက်နိုင်ဘူးလို့ ဆရာက အကြောင်းကြားမယ်ဆိုရင် ကလေးရဲ့ မျက်စိကိုလည်း စစ်ဆေးသင့်ပါတယ်။ပုံမှန်အားဖြင့် မျက်လုံးရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်လုပ်ကိုင်ပေးတဲ့ ကြွက်သား စုစုပေါင်း ခြောက်မျိုး ရှိပါတယ်။ ဒီကြွက်သားတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် မျက်လုံးနှစ်လုံးစလုံးကို အရာဝတ္ထုတစ်ခုအပေါ် တပြိုင်တည်း စူးစိုက် ကြည့်နိုင်စေပါတယ်။ မျက်စိစွေရောဂါ ဖြစ်ပွားနေသူတွေမှာတော့ ဒီကြွက်သားတွေဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ဒါကြောင့် မျက်လုံးတစ်လုံးက အရာဝတ္ထုတစ်ခုကို ကြည့်နေပေမယ့် နောက်တစ်လုံးကတော့ တခြားဦးတည်ချက်၊ တခြား အရာဝတ္ထုတစ်ခုကို ကြည့်နေပါလိမ့်မယ်။ ဒီလိုအခြေအနေဖြစ်ပေါ်တဲ့အခါ မျက်လုံးတစ်လုံးစီက အချက်ပြပုံရိပ်တခုစီ ဦးနှောက်ကို ပို့ပေးမှာ ဖြစ်တဲ့အတွက် ဦးနှောက်အနေနဲ့ ရှုပ်ထွေးသွားနိုင်ပါတယ်။ကလေးတွေမှာ ဆိုရင်တော့ အားနည်းတဲ့ မျက်လုံးဖက်က ပို့ပေးတဲ့ အချက်ပြပုံရိပ်ကို ဦးနှောက်က လျစ်လျူရှုပါလိမ့်မယ်။ ဒီလိုနဲ့ မကုသဘဲ ထားတာ ကြာလာရင် ဦးနှောက်က လျစ်လျူရှုလေ့ရှိတဲ့ မျက်စိဟာ ကောင်းကောင်းမြင်ရတော့မှာ မဟုတ်ပါဖူး။ ဒီလို အမြင်အာရုံချို့ယွင်းမှုကို ဖြစ်ပေါ်လာတဲ့ အခြေအနေကို amblyopia လို့ခေါ်ပါတယ်။ lazy eye လို့လည်း ခေါ်ကြပါသေးတယ်။ တစ်ခါတရံမှာ amblyopia ကြောင့် strabismus ဖြစ်တာ(မျက်စိစွေတာ)မျိုးလည်း ရှိပါတယ်။မျက်စိစွေခြင်း ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ကလေးအများစုမှာ မသိရှိရပါဘူး။ strabismus မျက်စိစွေ ရောဂါဖြစ်နေတဲ့ ကလေးတွေရဲ့ ထက်ဝက်ကျော်ဟာ မွေးကတည်းက ဒါမှမဟုတ် မွေးမွေးပြီးချင်း ဖြစ်လာတာပါ။ ဒီလို အခြေအနေကို မွေးရာပါ မျက်စိစွေတယ်လို့ ခေါ်ပါတယ်။ဒီပြဿနာဟာ ကြွက်သားထိန်းချုပ်မှု ပျက်ယွင်းတာဖြစ်ပြီး ကြွက်သားအားနည်းတာနဲ့ မဆိုင်ပါဘူး။မျက်စိစွေတဲ့ ကလေးတွေ ပူးတွဲခံစားရလေ့ရှိတဲ့ တခြားပြဿနာတွေနဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။• Apert syndrome လို့ခေါ်တဲ့ ဦးခေါင်းခွံ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါ။• Cerebral palsy လို့ခေါ်တဲ့ ကြွက်သားထိန်းချုပ်မှုကို ထိခိုက်စေတဲ့ အာရုံကြောဆိုင်ရာ ပြဿနာရောဂါ။• မွေးရာပါ ဂျိုက်သိုးရောဂါ။• ကလေးငယ်ဘဝမှာ မျက်စိနားက သွေးကြောတွေ မူမမှန်ကြီးထွားပွားများတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Hemangioma။• Incontinentia pigmenti syndrome လို့ခေါ်တဲ့ ရှားပါးတဲ့ မျိုးဗီဇဆိုင်ရာ အရေပြား ရောဂါ။• Noonan syndrome လို့ခေါ်တဲ့ မျက်နှာသွင်ပြင်ကို ထိခိုက်စေတဲ့ မျိုးဗီဇဆိုင်ရာ ရှားပါးရောဂါ။• Prader-Willi syndrome လို့ခေါ်တဲ့ ကြွက်သားတွေကို ပျော့စေတဲ့ ပြဿနာ။• လမစေ့တဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်စိပြဿနာတမျိုး။• Retinoblastoma လို့ခေါ်တဲ့ မြင်လွှာမှာ ဖြစ်တဲ့ ရှားပါးကင်ဆာ။• ဦးနှောက်ကို ထိခိုက်မိခြင်း။• Trisomy 18 လို့ အမည်ရတဲ့ မျိုးဗီဇဆိုင်ရာ ပြဿနာတမျိုးကြောင့် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်း ပုံမမှန်ခြင်း။အရွယ်ရောက်ပြီး လူကြီးတွေမှာ ဆိုရင်တော့ အောက်ပါ အချက်တွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။• Botulinum ဘက်တီးရီးယားပိုးကြောင့် အစာအဆိပ်သင့်ခြင်း။• ဆီးချိုရောဂါ။• သိုင်းရွိုက်ဂလန်း ကြီးပြီးပုံမှန်ထက် အလုပ်ပိုလုပ်ခြင်း။• Guillain-Barré syndrome လို့ခေါ်တဲ့ ကြွက်သားပျော့ခွေ ရောဂါ။• မျက်လုံးကို ထိခိုက်မိခြင်း။• အခွံမာပါတဲ့ ရေသတ္တဝါတွေရဲ့ အဆိပ်သင့်ခြင်း။• လေဖြတ်ခြင်း။• ဦးနှောက်ကို ထိခိုက်မိခြင်း။• မျက်စိရောဂါတစ်ခုခု ဒါမှမဟုတ် ထိမိခိုက်မိတာကြောင့် မျက်စိကွယ်ခြင်း။• မျိုးရိုးရှိတာဟာလည်း မျက်စိစွေခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။ အနီးမှုန်ခြင်းဟာလည်း မျက်စိစွေစေတဲ့ အချက်တစ်ချက်ပါ (အထူးသဖြင့် ကလေးတွေမှာ)အမြင်အာရုံဆုံးရှုံးစေတဲ့ ဘယ်ရောဂါမဆို မျက်စိစွေတာကို ဖြစ်စေနိုင်ပါတယ်။မျက်စိစွေခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။•မျိုးရိုးရှိခြင်း။ တကယ်လို့ သင့်မိသားစုဝင်တွေထဲမှာ မျက်စိစွေတဲ့သူရှိရင် ကလေးမှာလည်း ဒီလိုဖြစ်နိုင်ချေ မြင့်မားပါတယ်။• မျိုးဗီဇဆိုင်ရာ ရောဂါ ၊ပြဿနာတွေ ရှိခြင်း:။ မျိုးဗီဇဆိုင်ရာ ရောဂါတွေ၊ပြဿနာတွေ အများအပြားက မျက်စိစွေတာနဲ့ တွဲနေတတ်ပါတယ်။•လမစေ့ဘဲ မွေးခြင်း ။လမစေ့ခင်မွေးတဲ့ ကလေးတွေမှာ ဒီရောဂါ ဖြစ်ပွားနိုင်ပါတယ်။• တခြားရောဂါ ၊ပြဿနာများ ။မျက်စိစွေတာနဲ့ ဆက်စပ်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်(Cerebral palsy ၊လေဖြတခြင်း၊ ဒေါင်းဆင်ဒရုန်း အစ ရှိသဖြင့်ပေါ့)။ အခြားသော ပြဿနာတွေကို ရှေ့မှာ ဖော်ပြခဲ့ပြီးပါပြီ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်စိစွေခြင်း ဟုတ်မဟုတ် အဖြေရှာ အတည်ပြုနိုင်ဖို့ သင့်ဆရာဝန်အနေနဲ့ အောက်ပါ စစ်ဆေးမှုတွေကို လုပ်ဆောင်ပါလိမ့်မယ်။• ခေါင်းအစ ခြေအဆုံး စစ်ဆေးစမ်းသပ်ခြင်း (မျက်စိ စစ်ဆေးမှု အပါအဝင်)။• ဦးနှောက်နဲ့ အာရုံကြော စမ်းသပ်စစ်ဆေးခြင်း။• မျက်ကြည်လွှာရဲ့ အလင်းကို တုန့်ပြန်နိုင်မှုကို စမ်းသပ်ခြင်း။• Cover/uncover test လို့ခေါ်တဲ့ မျက်စိ စမ်းသပ်စစ်ဆေးမှုတစ်မျိုး။• မြင်လွှာကို စစ်ဆေးခြင်း။• ပုံမှန်လုပ်ဆောင်နေကျ မျက်စိစမ်းသပ် စစ်ဆေးခြင်း။ မြင်နိုင်စွမ်းကို စစ်ဆေးခြင်း အစရှိတာတွေပဲ ဖြစ်ပါတယ်။ဦးဆုံးလုပ်ဆောင်ရမယ့်အဆင့်က လိုအပ်ရင် ကလေးကို မျက်မှန်တပ်ခိုင်းတာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့က အလုပ် ကောင်းကောင်းမလုပ်တော့တဲ့ မျက်လုံးကို ကုသဖို့အတွက် ပိုကောင်းတဲ့ မျက်လုံးကို အကာတခုခုနဲ့ ဖုံးအုပ်ထားပါ။ ဒီလို လုပ်ပေးခြင်းအားဖြင့် ကျန်မျက်လုံးတစ်ဖက် အနေနဲ့ အလုပ်ပိုပြီး လုပ်ကိုလုပ်ရတော့မှာ ဖြစ်တဲ့အတွက် အမြင်အာရုံပြန်လည် ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။သင့်ကလေးအနေနဲ့ကတော့ မျက်မှန်တပ်တာ ၊ မျက်စိတစ်ဖက် အုပ်ထားတာတို့ကို ကြိုက်မှာ မဟုတ်ပါဖူး။ ဒါပေမယ့် မျက်စိတစ်ဖက်အုပ်ထားခြင်းဟာ ကလေးအနေနဲ့ အားနည်းတဲ့ မျက်လုံးကို ပိုပြီး အသုံးပြုစေတာဖြစ်လို့ အရေးကြီးတဲ့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်(မျက်မှန်တပ်တာပဲ ဖြစ်ဖြစ် ၊ မျက်စိအုပ်ထားတာပဲ ဖြစ်ဖြစ်ပေါ့)။ဒါတွေလုပ်ပြီးတာတောင် မထူးခြားသေးဘူး၊မျက်လုံး လှုပ်ရှားမှုတွေ မမှန်သေးဘူးဆိုရင် မျက်လုံးကြွက်သား ခွဲစိတ်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒီခွဲစိတ်မှုမှာ မျက်လုံးကြွက်သားတွေကို လိုအပ်သလို ပြုပြင်ပေးမှာပါ။ ဒီနေရာမှာ သိထားသင့်တဲ့အချက်က မျက်စိခွဲစိတ်တာဟာ lazy eye (Ambylopia)လို့ခေါ်တဲ့ အမြင်အာရုံချို့ယွင်းမှုကို ကုသမပေးနိုင်ပါဘူး။ ဒီအခြေအနေကို အရင်မကုသဖူးဆိုရင် မျက်လုံးခွဲလည်း အလကားပါပဲ။ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့အခါမှာ ကလေးအနေနဲ့ မျက်မှန်ဆက်တပ်ထားဖို့ လိုအပ်ပါတယ်။ ကလေး ငယ်ရွယ်စဉ်မှာ ခွဲစိတ်ရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ရောဂါပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်တဲ့ အရွယ်ရောက်ပြီးသား လူကြီးတွေအတွက်တော့ မျက်မှန်တပ်တာနဲ့ မျက်စိကြွက်သား လေ့ကျင့်ခန်းတွေ လုပ်ပေးတာလောက်ဆို အကျိုးထူးမှာဖြစ်ပေမယ့် ပိုဆိုးလာရင်တော့ ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။တကယ်လို့ အမြင်အာရုံကွယ်သွားတာကြောင့် မျက်စိစွေ တာဆိုရင် မျက်စိစွေတာကို မခွဲစိတ်ခင် အမြင်အာရုံဆုံးရှုံးတာကို အရင်ကုသဖို့ လိုပါလိမ့်မယ်။ ဒါမှ ခွဲစိတ်မှု အောင်မြင်မှာပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မျက်စိစွေခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• မျက်စိကြွက်သားတွေ သန်စွမ်းလာပြီး ပုံမှန်အတိုင်း အတူတကွ အလုပ်လုပ်နိုင်ဖို့အတွက် မျက်စိလေ့ကျင့်ခန်းတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လုပ်ပေးရပါမယ်။• အားနည်းတဲ့ မျက်လုံးပြန်ပြီး အလုပ်ကောင်းကောင်းလုပ်လာနိုင်ဖို့အတွက် ကောင်းတဲ့ဖက်ကို ဖုံးအုပ်ထားရပါမယ်။• အမြင်အာရုံကို ပြုပြင်ဖို့အတွက် အထူးစီမံထားတဲ့ မျက်မှန်တွေ အသုံးပြုရပါမယ်။• နေ့စဉ်လူနေမှုဘဝရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချရပါမယ်။• လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကျန်းမာရေးနဲ့ လျော်ညီစွာ နေထိုင်စားသောက်ရပါမယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/strabismus-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%b1%e1%80%85%e1%80%bc%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အောင့်မထားနဲ့…ဖွင့်ချလိုက်ပါ လေပြဿနာ
ဟာ..ဘယ်သူပေါက်လိုက်လဲမသိဘူး နံလိုက်တာ ဆိုတဲ့စကားသံထွက်လာမှာကို လေလည်သူတွေအကြောက်ဆုံး၊ အရှက်ဆုံးပါ။ မသိမသာလေး ခိုးပေါက်တတ်သူတွေရှိသလို ပိတ်အောင့်ထားလိုက်သူတွေလည်း ရှိပါတယ်။ဒါပေမယ့် လေလည်ရမှာရှက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့ အောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ ကိုယ်သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ်ထဲက ပြန်ထွက်ချင်နေတဲ့လေက အောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။အမှန်ကလေလည်တာကို ကြာကြာအောင့်ထားလိုက်ရင်အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။ ထိန်းမရတဲ့အခါ လေလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။ အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့် နေရခက်တာ၊လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။အမှန်တော့လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓာကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ကိုယ်စားချလိုက်တဲ့အစားအသောက်တွေကို အစာအိမ်နဲ့ အစာခြေစနစ်က စီမံခန့်ခွဲရတာဖြစ်လို့ လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။ အဲဒီကမှ လေလည်မှာလား၊ လေတက်မှာလား ခန္ဓာကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၈ ကြိမ်လောက် လေလည်နိုင်ပါတယ်တဲ့။ တစ်ခါချင်းစီဖြစ်နိုင်သလို တစ်ခါတည်းမှာပဲ ပူပူ ပူပူနဲ့ ဆက်တိုက်လွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ မယုံရင် ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်။လေကိုမျိုချမိတာကြောင့် ဒါမှမဟုတ် အူသိမ်ထဲမှာ bicarbonate နဲ့အစာအိမ်အက်စစ်ရောသွားတဲ့အခါ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေလည်တာဖြစ်နိုင်တယ်။ ဒါမှမဟုတ် အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့် လေတွေဖြစ်လာတာလည်း ဖြစ်နိုင်တယ်။လေလည်တဲ့အနံ့ပြင်းရတာကတော့ စားထားတဲ့အစားအသောက်တွေအပေါ်မူတည်ပါတယ်။အူလမ်းကြောင်းမှာပိတ်မိနေတဲ့ အနံ့ပြင်းပြင်းလေတွေကို မဖယ်ထုတ်နိုင်ဘူး (လေပေးမလည်ဘူး) ဆိုရင် ဗိုက်ထဲမှာ လေပွတာ၊ ကယ်တာ၊ ဗိုက်အောင့်၊ လေထိုးတာတွေခံစားရနိုင်တယ်။ဒီအချိန်မှာ လုပ်လို့ရတာက –။ဒါမှ လေလည်၊ လေတက် တစ်ခုခုဖြစ်လာပြီး လူက နေရသက်သာသွားပါလိမ့်မယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%91%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%96%e1%80%bd%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bb%e1%80%9c/
ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ
Botox ကုသမှု အသုံးပြုခြင်းဟာ အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ ဒီကုသမှုဟာ ရှုပ်ထွေးမှုမရှိဘဲ အချိန်ကြာမြင့်ခြင်းလည်း မရှိပါဘူး။ Botox ထိုးခြင်းရဲ့ အာနိသင်ဟာ သုံးလကနေ လေးလအထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံခြောက်လ အထိလည်း ကြာမြင့်နိုင်ပါတယ်။ အကောင်းဆုံး အစွမ်းတွေကို ရရှိဖို့အတွက် ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ ကို သိထားဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ အချက် ၇ ချက်ကတော့ Botox ထိုးအပြီး သင်စဉ်းစားသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ဘိုတော့စ် ကုသမှုအပြီး မိမိကိုယ်ကိုယ် ဂရုစိုက်နည်းများ ကတော့။Botox ထိုးပြီး ပထမတစ်နာရီမှာ ထိုးထားတဲ့နေရာကို မျက်နှာလေ့ကျင့်ခန်းတွေ ဖြည်းညင်းစွာလုပ်သင့်ပါတယ်။ ပြုံးခြင်း၊ မျက်မှောင်ကျုံ့ခြင်း၊ မျက်ခုံးပင့်ခြင်း၊ မျက်စိစွေကြည့်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒါဟာ Botox ကြွက်သားအတွင်း ပြန့်သွားခြင်းကို ကူညီပေးပြီး မျက်နှာ ကြွက်သားတင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ကုသမှုအပြီး နှစ်နာရီကနေ သုံးနာရီအထိ မျက်နှာကို ဖြည်းညင်းစွာ သစ်သင့်ပြီး ပွတ်ခြင်း၊ နှိပ်ခြင်း လုပ်ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ Botox တွေဟာ မလိုလားအပ်တဲ့နေရာတွေကို ရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ဒါ့ပြင် သင့်လက်တွေဟာ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေပါတယ်။ တကယ်လို့ သင်ဟာ ထိုးထားတဲ့နေရာကို ဆက်တိုက် ထိမယ်ဆိုရင် ရောဂါပိုးဝင်နိုင်ပါတယ်။ တကယ်လို့ အိပ်မယ်၊ လှဲမယ်ဆိုရင် Botox ထိုးထားတဲ့နေရာကို ဖိမအိပ်သင့်ပါဘူး။ ပက်လက်အိပ်ခြင်းဟာ Botox တွေ ပြန့်နှံ့သွားခြင်းကနေ လျှော့ချပေးနိုင်ပါတယ်။လူအချို့ဟာ ကုသမှုအပြီးမှာ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ခဏတာ မျက်နှာ နာကျင်မှုတွေဟာ အဖြစ်အများဆုံး ဆိုးကျိုးနှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ aspirin နဲ့ ibuprofen တွေကို နာကျင်မှုသက်သာစေဖို့ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။ တကယ်လို့ နာကျင်မှု ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ကိုပြသပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးကို သောက်သင့်ပါတယ်။Botox ကုသမှု အပြီးမှာ အညိုအမည်းတွေ ပေါ်လာတတ်ပြီး ရက်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ သူတို့ဟာ ပုံမှန် ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် စိတ်မပူသင့်ပါဘူး။ ဒါဆို သူတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ။ရေခဲကို ကုသထားတဲ့နေရာတွေကို ကပ်ပေးခြင်းဟာ Botox ထိုးထားတဲ့နေရာမှာ အညိုအမည်းစွဲခြင်းကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ vitamin K နဲ့ arnica လိမ်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။တကယ်လို့ အခြားမျက်နှာကုသမှုတွေဖြစ်တဲ့ microdermabrasion နဲ့ chemical peels တွေကို လုပ်လိုတယ်ဆိုရင် Botox ထိုးပြီး အနည်းဆုံး ၂၄ နာရီကြာမှ ပြုလုပ်သင့်ပါတယ်။ Botox ကုသမှု အပြီး ပထမ ၄၈ နာရီအတွင်း အခြား skin care ထုတ်ကုန်တွေကို သုံးစွဲဖို့ စိတ်ချရလားဆိုတာ သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။အချို့ဆရာဝန်တွေက လေ့ကျင့်ခန်းလိုအပ်မှုကို အငြင်းပွားကြပေမယ့် ကုသမှုအပြီး ပထမ တစ်ရက်နှစ်ရက်အတွင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ တကယ်လို့ Botox ကို မေးစေ့၊ လည်ပင်းစေရှိတဲ့နေရာတွေမှာ ထိုးထားတယ်ဆိုရင် ဒါတွေကို နေရာရွေ့သွားပြီး လည်ချောင်းပိတ်နိုင်ကာ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။Botox ကုသမှု အပြီး နောက်ပိုင်းရက်တွေမှာ အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကျဉ်သင့်ပါတယ်။ အရက်ဟာ သင့်ယေဘုယျကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရေပြား ရောင်ရမ်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်စေပြီးအရေပြားကို လျော့ရဲစေနိုင်ပါတယ်။ အရက်ဟာ Botox ရဲ့ အာနိသင်ကိုလည်း လျော့ကျစေနိုင်ပါတယ်။တကယ်လို့ သင်ကBotox ထိုးအပြီး သေချာ ဆက်တိုက်ဂရုစိုက်တယ်ဆိုရင် အာနိသင် အပြည့်အဝရနိုင်ပါတယ်။ ဒါ့ပြင် တကယ်လို့Botox နဲ့ဆက်နွယ်နိုင်တဲ့ ဆိုးကျိုးတွေကိုတွေ့ပြီဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်ပြီး ကျန်းမာရေးအကြံဉာဏ် တောင်းခံသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/botox-aftercare/
kinesiology တိပ်က ပြန်ရည်ကြောစီးဆင်းမှုကို ဘယ်လိုကူညီပေးသလဲ
kinesiology တိပ်ဆိုတာ သင်ကြားဖူးပါသလား။ ဒီတိပ်ဟာ ထိခိုက်ဒါဏ်ရာရမှုတွေ၊နာကျင်မှုတွေကို ကုသပေးနိုင်တဲ့ အဖြေတခုဖြစ်တယ်ဆိုတာရော သင်သိပါသလား။ ဒါတင်မကသေးပါဘူး၊kinesiology တိပ်ဟာ ပြန်ရည်ကြောကောင်းစွာ စီးဆင်းအောင်လည်း ကူညီပေးနိုင်ပါသေးတယ်။ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ထပ်မံသိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ကြွက်သားနဲ့ အဆစ်အမြစ်တွေကို ပံ့ပိုးပေးနိုင်ဖို့ အထူးပြုလုပ်ထားတဲ့တိပ်တွေကို kinesiology တိပ်လို့ခေါ်ပါတယ်။kinesiology တိပ်ဟာ ပေါ့ပါးပြီး ပါးလျတဲ့ တိပ်လေးတွေ ဖြစ်ပါတယ်။ သုံးဖို့လိုတဲ့အချိန်မှ လိုသလောက်ညှပ်နိုင်တဲ့ kinesiology တိပ်ခွေပုံစံလည်း ရှိသလို ညှပ်ပြီးသား အပိုင်းလေးတွေ ပုံစံနဲ့ လာတာမျိုးလည်း ရှိတဲ့အတွက် နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။အဆိုပါ တိပ်ကလေးတွေဟာ သင့်အရေပြားမှာ ကပ်နေမှာဖြစ်ပြီး သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်ခြင်း၊ကိုယ်ခန္ဓါပြန်လည်သန်စွမ်းမှုကို အားပေးခြင်း၊ဒါဏ်ရာတွေကို လျင်မြန်စွာ ပြန်လည်သက်သာစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။kinesiology တိပ်ကို ဆရာဝန်က ကပ်ပေးနိုင်သလို ကိုယ့်ဖာသာလည်း ကပ်လို့ရပါတယ်။ဒါပေမယ့် ကျွမ်းကျင်သူဆရာဝန်က ကပ်ပေးတာတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ကျွမ်းကျင်သူအနေနဲ့ kinesiology တိပ်တွေ သင့်ခန္ဓါကိုယ်မှာ အနေအထား မှန်ကန်စွာ ကပ်နေအောင် နည်းမှန်လမ်းမှန်တွေ အသုံးပြုပြီး ကပ်ပေးနိုင်ပါတယ်။ ဒီ kinesiology တိပ်တွေကပ်ထားတာကြောင့် သင့်ခန္ဓါကိုယ်ရဲ့ လှုပ်ရှားမှုကို အနှောင့်အယှက်ပေးခြင်း မရှိပါဘူး။ပြန်ရည်စီးဆင်းခြင်းဟာ ခန္ဓါကိုယ်မှာ အရေးပါတဲ့ ဖြစ်စဉ်တခု ဖြစ်ပြီး ပြန်ရည်အဖုတွေဟာ ခန္ဓါကိုယ်ရဲ့ သဘာဝ ခံစစ်ကြီး ဖြစ်ပါတယ်။ ခန္ဓါကိုယ်မှာ ရှိတဲ့အရည်တွေဟာ အဆိုပါ ပြန်ရည်ဖုတွေကို ဖြတ်သန်းစီးဆင်းရပြီး ခန္ဓါကိုယ်ထဲမှာ မရှိသင့်တဲ့ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ အခြားသောပြင်ပ ပစ္စည်းတွေကို ပြန်ရည်ဖုတွေက တားဆီးထားလိုက်နိုင်မှာ ဖြစ်ပါတယ်။တကယ်လို့ ပုံမှန်အတိုင်း ပြန်ရည်စီးဆင်းမှု မရှိခဲ့ဖူးဆိုရင် ဒီလိုပိတ်ဆို့နေတဲ့ နေရာတွေမှာ အရည်တွေစုပုံလာမှာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သင့်ခြေတွေ၊လက်တွေ ဖောရောင်လာမှာဖြစ်ပြီး လှုပ်ရှားသွားလာမှုတွေလည်း ကောင်းစွာ လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ပြန်ရည်ကြောပိတ်ဆို့မှုကုသခြင်းတွေမှာ ရံဖန်ရံခါဆိုသလို kinesiology တိပ်တွေကို အသုံးပြုလေ့ရှိကြပါတယ်။kinesiology တိပ်တွေကို အရေပြားမှာ ကပ်ရမှာဖြစ်ပြီး ဒီလို ကပ်ပေးခြင်းအားဖြင့် အရေပြားနဲ့ ကြွက်သားအကြားမှာရှိတဲ့ နေရာလွတ်ကို ကျယ်လာစေမှာ ဖြစ်ပါတယ်။ဒါဆိုရင် ခန္ဓါကိုယ်တွင်း အရည်စီးဆင်းမှုတွေ (သွေးနဲ့ ပြန်ရည် စသည်)ကို ပိုကောင်းလာစေမှာဖြစ်တာကြောင့် kinesiology တိပ်တွေဟာ ဖောရောင်ခြင်း နဲ့ နာကျင်ခြင်းတို့ကို သက်သာစေပြီး ဒါဏ်ရာအနာတရတွေကိုလည်း လျင်မြန်စွာ သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီမှန်ကန်ကြောင်း သက်သေပြနိုင်ဖို့ ခိုင်မာတဲ့ အချက်အလက်တွေတော့ မရှိသေးပါဘူး။kinesiology တိပ်တွေဟာ ဖောရောင်ခြင်းကို ပိုဆိုးသွားစေတာမျိုးတော့ လုံးဝမရှိတဲ့အတွက် သူတို့ကို အသုံးပြုဖို့ သင့်ဆရာဝန်က ညွှန်ကြားရင်တော့ စမ်းသုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိခိုက်ပေါက်ပြဲအနာဖြစ်နေတဲ့ အရေပြား၊ထိရှလွယ်တဲ့ အရေပြားပေါ်ကိုတော့ မကပ်သင့်ပါဘူး။ပြန်ရည်ကြောစီးဆင်းမှုအတွက် အသုံးပြုဖို့ အထူးစီမံပြုလုပ်ထားတဲ့ ပုံစံကို ပန်ကာကြိုးပြားလေးတွေလို့လည်း ခေါ်ပါတယ်။ ဒီပုံစံမှာ တိပ်ပြားရဲ့ အစွန်းတဖက်က အပိတ်ဖြစ်ပြီး တခြားနေရာတွေမှာတော့ အပြားသေးသေးရှည်ရှည်လေးတွေအဖြစ် ကွဲဖြာသွားပါတယ်။သူတို့ကို သင့်အရေပြားမှာ ကပ်လိုက်တဲ့အခါ ပန်ကာဒလက်ပုံစံအနေအထားမျိုး ဖြစ်သွားပါတယ်။ ကြိုတင်ဖြတ်ထားပြီးသား ပန်ကာကြိုးပြားလေးတွေဟာ ပြန်ရည်ကြောစီးဆင်းမှုကို ပိုမိုကောင်းမွန်စေနိုင်သလို ခြေထောက်ခေါက်ခြင်း၊ခွဲစိတ်မှုခံယူထားခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဖောရောင်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။Kinesiology တိပ်တွေကို ဆက်လက်သုတေသနပြုလျက်ရှိပါတယ်။ တိကျခိုင်မာတဲ့ စမ်းသပ်ချက်အဖြေတွေ မရှိသေးသော်ငြား ပြန်ရည်ကြောစီးဆင်းမှု ပိုမိုကောင်းမွန်စေဖို့အတွက် Kinesiology တိပ်တွေကို စမ်းသုံးကြည့်သင့်ပါတယ်။ ဒါပေမယ့် အသုံးမပြုခင်မှာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ အရင်တိုင်ပင်ဖို့တော့ လိုပါလိမ့်မယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/kinesiology-%e1%80%90%e1%80%ad%e1%80%95%e1%80%ba%e1%80%80-%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%85%e1%80%ae%e1%80%b8%e1%80%86/
Corneal Foreign Body And Corneal Abrasion (မျက်ကြည်လွှာပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း)
မျက်ကြည်လွှာ ပွန်းပဲ့ခြင်းဆိုသည်မှာ ပြင်ပပစ္စည်းတစ်ခု ကြောင့် မျက်ကြည်လွှာ မျက်နှာပြင်တွင် ခြစ်ရာထင်ခြင်းကို ခေါ်ပါသည်။ မျက်ကြည်လွှာသည် မျက်လုံးအပြင်ဘက် ရှိ ကြည်လင်တောက်ပသော အရည်အလွှာတစ်ခုဖြစ်ပြီး အကာ အကွယ်ပေးသော ဒိုင်းအဖြစ် ဆောင်ရွက်ပေးပါသည်။အရာ ဝတ္ထုမှလာသော အလင်းကို မျက်လုံးတွင်းရှိ ပုံရိပ်ဖော်အလွှာ (retina) တွင် စုဆုံစေပါသည်။ ဖုန်မှုန့်၊ သဲမှုန့်၊ သေးငယ်သော အင်းဆက်များ စသော ပြင်ပပစ္စည်းများသည် မျက်လုံးတွင်း ဝင်ရောက်ကာ မျက်ကြည်လွှာတွင် ကပ်ကျန်နေနိုင်ပါသည်။ သေချာ မကုသပါက မျက်ကြည်လွှာ လုံး၀ ပျက်စီးဆုံးရှုံးသွားနိုင်ပါသည်။မျက်ကြည်လွှာ ပွန်းပဲ့ခြင်းသည် မည်သည့်အသက် အရွယ် တွင်အဆို ဖြစ်နိုင်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက် ခြင်း စသော ပုံမှန်လှုပ်ရှားမှုများ ပြုလုပ်ရင်း ဖြစ်နိုင်ပါသည်။မတော်တဆ မျက်ကြည်လွှာအား အပြင်းအထန် ထိခိုက်မိခြင်း ကြောင့် လည်းဖြစ်နိုင်ပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါဖြစ်နိုင်မှုကို ကန့်သတ် နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။မျက်ကြည်လွှာထဲတွင် ပြင်ပပစ္စည်း တစ်ခုခုရှိပါက မျက်လုံးသည် နီရဲ ၍ နာကျင်လာပြီး အလင်းနှင့် အထိမခံဖြစ်လာနိုင်ပါသည်။ မျက်လုံးအမြင်သည် ယာယီအားဖြင့် ဝါးလာနိုင်သည်။ပြင်ပ ပစ္စည်းသည် မျက်ကြည်လွှာကို ပွန်းပဲ့မှု ဖြစ်စေပါက အောက်ပါ တို့ ခံစားရနိုင်သည်။ မျက်လုံး ပူခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း၊ နီရဲခြင်း၊ မျက်ရည် ထွက်ခြင်း။ အမြင်အာရုံ ဆိုးရွားလာခြင်း။ မျက်လုံးဝန်းကျင်ရှိ ကြွက်သားများ အကြောဆွဲခြင်း။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ပြင်ပပစ္စည်းများ မျက်လုံးထဲတွင်ရှိနေပါက အကောင်းဆုံး ကုသမှု နည်းလမ်းဖြင့် ကုသမှုခံယူရန် ဆရာဝန်နှင့် သွား ရောက်ပြသသင့်သည်။ ကလေးငယ်များအတွက်။ ကလေး၏ အမြင်သည် ဆိုးရွားလာပါက၊ မျက်လုံးနာခြင်း၊ နီခြင်းဖြစ်ပါက မျက်ရည်များထွက်ပါက ကလေး၏ ဆရာဝန်ကို အကြောင်းကြားပါ။ အရွယ်ရောက်ပြီးသူများအတွက်။ မျက်လုံးမှ ပြင်ပ ပစ္စည်းကို မဖယ်ရှားနိုင်ပါက သို့မဟုတ် မျက်လုံးတွင်း ဝင်နေသော ပြင်ပပစ္စည်းကို မထုတ်နိုင်ပါက အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးမှ သွေးထွက်ခြင်းတို့ ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် သွားရောက်ပြသပါ။ဆရာဝန်သည် အချိန်မီ ကုသမှုကို ညွှန်ကြားဆောင်ရွက် ပါလိမ့်မည်။မျက်ကြည်လွှာ ပွန်းပဲ့ခြင်းကို ဖြစ်စေသော အကြောင်း ရင်းများစွာ ရှိပါသည်။ ပြင်ပပစ္စည်းများ မျက်လုံးတွင်းသို့ လွှင့်စင်ဝင်ရောက်ခြင်း၊ တွယ်ကပ်ခြင်းသည် အဓိက ဖြစ်စေသော အကြောင်းရင်းများ ဖြစ်သည်။ဖုန်မှုန့်များ၊ သဲမှုန့်များသည် မျက်ခွံတွင် ကပ်နေပြီး မျက်တောင်ခတ် သောအခါ မျက်ကြည်လွှာအား ပွန်းပဲ့မှု ဖြစ်စေသည်။ စီးကရက်သောက်ခြင်း၊ အချိန်ကြာစွာ မျက်ကပ်မှန်တပ်ခြင်း၊ မျက်လုံးအား ပွတ်ခြင်း၊ နေရောင်နှင့် မျက်လုံး တိုက်ရိုက်ကြာရှည် ထိတွေ့ခြင်းတို့သည်လည်း မျက်ကြည်လွှာ ပွန်းပဲ့ခြင်းကို ဖြစ်စေပါသည်။အောက်ပါတို့သည် မျက်ကြည်လွှာတွင် ပြင်ပပစ္စည်းဝင်ခြင်း နှင့် မျက်ကြည်လွှာ ပွန်းပဲ့ခြင်း ဖြစ်နိုင်ချေကို မြင့်စေပါသည်။ မျက်ကပ်မှန် တပ်ဆင်ခြင်း။ မီးခိုးငွေ့များသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ရ ခြင်း။ ဥပမာ- သစ်သားဆိုင်၊ ချည်ထည်စက်ရုံ။ (မျက် စိ အကာအကွယ် မဝတ်ဆင်ဘဲ)။ သဲထူသော သို့မဟုတ် မသန့်ရှင်းသော နေရာတွင် နေထိုင်ခြင်း။ ဘောလုံး၊ ဘတ်စကတ်ဘော စသော အားကစားများ ကစားခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် အထူးပြုလုပ်ထားသော ကိရိယာများသုံး၍ မျက်လုံးကို ကြည့်ရှုစစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါ သည်။ ဆရာဝန်က မျက်ကြည်လွှာ ထိခိုက်မှုကို ပို၍ လွယ်ကူစွာနှင့် တိကျစွာမြင်ရန် မျက်စဉ်းဆေးအချို့ကို သုံး၍ စစ်ဆေးပါလိမ့်မည်။မျက်စိထိခိုက်မှု အခြေအနေနှင့် မျက်စိတွင်း ဝင်ရောက်သော ပြင်ပပစ္စည်း အမျိုးအစား အပေါ်မူတည်၍ ဆရာဝန်သည် ကုသမှုကို ပေးပြီး ရောဂါ ကို ထိန်းချုပ်နိုင်ပါသည်။ အများအားဖြင့် ဆရာဝန်သည် ရောင် ရမ်းခြင်း လျော့ကျရန်နှင့် မျက်ကြည်လွှာ အမာရွတ်ဖြစ်ခြင်းကို ကာကွယ်ရန် မျက်စဉ်း၊ စတီးရွိုက်မပါ သော အရောင်ကျဆေး သို့မဟုတ် စတီးရွိုက် ပါသော လိမ်းဆေးကို သုံးနိုင်ပါသည်။နာကျင်မှု သက်သာရန်နှင့် ကြွက်သား နာကျင်ခြင်း သက်သာ ရန် Antispasmodic မျက်စဉ်းဆေး ကိုသုံးနိုင်သည်။ ပြင်ပပစ္စည်း သည် မျက်လုံးတွင်းတွင် နက်ရှိုင်းစွာ ရှိနေပါက ခွဲစိတ်ကုသ ရန် လိုသည်။မျက်ကြည်လွှာ ပွန်းခြင်း ဖြစ်ပါက ကုသမှုကို ပို၍ ထိ ရောက်စေရန် အောက်ပါ အချက်များကို လိုက်နာကျင့်သုံး သင့်သည်။ ညွှန်ကြားချက်အတိုင်း မျက်စဉ်း၊ လိမ်းဆေးကို အသုံး ပြုပါ။ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ဆေးသောက် ပါ။ အချိန်ကြာရှည် အလုပ်လုပ်ပြီးပါက မျက်စိကို အနား ပေးပါ။ မျက်လုံးနာခြင်း၊ ယားယံခြင်းတို့ ဖြစ်လာပါက သို့မဟုတ် မျက်ကြည်လွှာ အခြေအနေသည် ရုတ်တရက် ပိုဆိုး လာပါက ဆရာဝန်အား အကြောင်းကြားပါ။ အလုပ်လုပ်ချိန်တွင် မျက်စိ ကာသော အကာအကွယ်ကို တပ်ဆင်ပါ။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/corneal-foreign-body-and-corneal-abrasion-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%9c%e1%80%bd%e1%80%be%e1%80%ac%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%95/
ကိုယ်ဝန်ဆောင်ကာလတတိယပိုင်း၏ အသက်တမျှအရေးကြီးမှု
ကိုယ်ဝန်ဆောင်ကာလကို အပိုင်းသုံးပိုင်းပိုင်းခြားနိုင်ပြီး တတိယပိုင်းကတော့ ၂၈ပတ်ကနေ နေ့စေ့လစေ့ဖြစ်တဲ့ ၃၉ပတ်ထိပါ။ ထိုအချိန်ဟာ မိခင်လောင်းရော ကလေးအတွက်ပါ စိန်ခေါ်မှုတွေပြည့်နေတဲ့ အချိန်ပါ။ကိုယ်ဝန်ဆောင်ချိန် တတိယပိုင်းလောက်ရောက်ပြီဆိုရင် လုပ်စရာတွေတပုံတပင်ဖြစ်လာပြီဆိုတာ သင်သတိထားမိမှာပါ၊ မိမိအလုပ်တွေကို သူများကို လွှဲပေးတာကစလို့ ဆေးရုံသွားဖို့ပြင်ဆင်ရတာတွေ အဆုံးပေါ့။ ပြီးတော့ အဲ့အချိန်ဆိုရင် နည်းနည်းလေးတောင် မလှုပ်ချင်လောက်အောင်ထိ ဝမ်းဗိုက်ကလည်းကြီးလာပြီပေါ့။ အဲ့လိုအချိန်မှာ သင့်ကလေးလေးကလည်း ဗိုက်ထဲမှာ အရေးကြီးတဲ့အလုပ်တွေလုပ်နေတယ်ဆိုတာ သိပါသလား…။ကိုယ်ဝန်ဆောင်ကာလ တတိယပိုင်းရဲ့ အစလောက်မှာတင် ကလေးရဲ့အင်္ဂါအစိတ်အပိုင်းတွေ အကုန်ဖြစ်ပေါ်လာပါပြီ၊ ဒါပေမယ့် အလုပ်လုပ်နိုင်လောက်အောင်တော့ မဖွံ့ဖြိုးသေးဘူးပေါ့။ ကိုယ်ဝန်ဆောင်နောက်ဆုံးကာလဟာ သင့်ကလေးငယ်ရဲ့ ဦးနှောက်၊ အဆုတ်၊ မျက်လုံး၊ နှလုံး စသည်တို့ ပြည့်ပြည့်စုံစုံဖွံ့ဖြိုးချိန်ပါ။ တတိယပိုင်းကာလရဲ့အစမှာတင် သင့်ကလေးမျက်လုံးလေးတွေ ပွင့်နေပါပြီ။ ၃၁ပတ်မှာ ကလေးရဲ့ပင်မအာရုံကြောအဖွဲ့အစည်းက ကလေးကိုယ်အပူချိန်ကို စပြီးထိန်းနိုင်လာပြီ။ ၃၂ပတ်မှာဆိုရင် ကလေးအသက်ရှူနိုင်ဖို့ အဆုတ်ထဲမှာလိုအပ်တဲ့ ပရိုတင်းတစ်မျိုးထွက်ပေါ်လာပြီး ထိုပရိုတင်းက အဆုတ်ပြားကပ်ခြင်းကို ကာကွယ်ပေးကာ ကလေးကိုစတင်အသက်ရှူနိုင်ဖို့ကူညီပေးပါလိမ့်မယ်။ နောက်တစ်ပတ်လောက်ကြာရင်တော့ သူငယ်အိမ်တွေကျုံ့နိုင်ချဲ့နိုင်ပြီမို့ ကလေးဟာ သူတို့မျက်လုံးထဲ အလင်းဝင်လာတာကို သိနိုင်နေပြီပေါ့၊။၃၅ပတ်မှာဆိုရင် သင့်ကလေးလေးရဲ့ ကိုယ်အလေးချိန်က အလျင်အမြန်ကို တက်လာပါတယ်၊ သူတို့လက်လေး ခြေလေးတွေပြည့်ဖောင်းလာတယ်။ နောက်နှစ်ပတ်လောက်ကြာရင်တော့ နေ့စေ့လစေ့ဖြစ်တော့မှာပေါ့။ သူတိုအင်္ဂါအစိတ်အပိုင်းတွေ အကုန်လုံးလည်း အလုပ်စလုပ်ဖို့အသင့်ဖြစ်နေကြပါပြီ။ ကလေးခေါင်းလည်း စဆင်းလာပါပြီ။ (အကယ်လို့ထိုအချိန်ထိမဆင်းသေးပါက ဆရာဝန်နှင့်တိုင်ပင်ပါ။) ၃၈ပတ်မှာ ခြေသည်းလေးတွေ ထွက်လာပါတယ် (လက်သည်းတွေကလွန်ခဲ့တဲ့တစ်လကလည်းကဖြစ်ပေါ်ပြီးပါပြီ။) နောက်ဆုံးပတ်မှာတော့ ကလေးရဲ့ ဦးနှောက်ဟာ ၄၀၀ ဂရမ် aလာက်ရှိနေပြီဖြစ်ပြီး မွေးဖွားပြီးနောက်မှာ ဆက်လက်ဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင် ချောမွတ်နေခဲ့တဲ့ ဦးနှောက်မျက်နှာပြင်ဟာလည်း ချိုင့်သင့်တဲ့နေရာ ချိုင့်ကုန်ပါပြီ။ဒီကိုယ်ဝန်ဆောင်နောက်ဆုံးကာလမှာပဲ မိခင်ကနေ ကလေးမွေးဖွားလာပြီးနောက်မှာ ရောဂါတွေကနေ ကာကွယ်ပေးမယ့် ပဋိပစ္စည်းတွေနဲ့ လိုအပ်တဲ့အာဟာပစ္စည်းတွေကို အချင်းကနေတဆင့် ပေးပို့ပါတယ်။ အချုပ်ပြောရရင် နေ့လမစေ့သေးတဲ့ ကလေးလေးတွေဟာ ဒီတတိယပိုင်းမှာ အရမ်းကိုအသက်တမျှအရေးကြီးတဲ့ ဖွံ့ဖြိုးမှုတွေလုပ်ဆောင်တာပါ။ကိုယ်ဝန်ဆောင် တတိယပိုင်းမှာဆိုရင် သင့်ကလေးဟာ အရမ်းအလျင်အမြန်ကြီးထွားပြီး လှုပ်ရှားမှုတွေလည်း အများကြီးရှိလာပါတယ်။ သန္ဓြေသားလေးတွေမှာ မတူညီတဲ့ အမျိုးမျိုးသော အိပ်ချိန်နိုးချိန် ပုံစံရှိနေတတ်ပါတယ်။ ဒါ့အပြင်ဒီအချိန်မှာ ကိုယ်ဝန်သည်တွေဟာ ခါးနာခြင်း၊ ခြေကျင်းဝတ်တွေ ရောင်ရမ်းခြင်း စသည့်ဖြင့်ခံစားလာရနိုင်ပါတယ်။ မီးဖွားဖို့အတွက်လည်း စိတ်ပူလာရပါပြီ။သင်ကိုယ်ဝန်ဆောင်နေချိန်မှာ ယခုလိုလက္ခဏာတွေ တွေ့လာရရင်တော့ ဆရာဝန်ဆီချက်ခြင်းသွားသင့်ပါတယ် :။• အလွန်အမင်းနာကျင် ရောင်ရမ်းခြင်း၊။• အချိန်မရွေးသွေးဆင်းနေခြင်း၊။• အရမ်းမြန်မြန်ကိုယ်အလေးချိန်တက်လာခြင်း၊။• ယခင်ကထက်ကလေးလှုပ်ရှားမှုနည်းနေခြင်း။အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ယခုတတိယပိုင်းမှာ မွေးဖွားဖို့စီစဉ်ရတာ၊ ကလေးအတွက်လိုအပ်တာများ ဝယ်ရတာ စသည်ဖြင့် လုပ်စရာတွေအများကြီးရှိမှာပါ။ ဒါပေမယ့် ကောင်းကောင်းစားဖို့ ကောင်းကောင်းအိပ်ဖို့၊ ဝမ်းဗိုက်ကို ပွတ်သတ်နှိပ်နယ်ပေးရင်း သင့်ကလေးလေးနဲ့ စကားတွေပြောဖို့လည်း မမေ့ပါနဲ့ဦး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-pregnancy-weight-gain]
pregnancy
being-pregnant
https://hellosayarwon.com/pregnancy/being-pregnant/third-trimester-being-pregnant/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%90%e1%80%90%e1%80%ad%e1%80%9a%e1%80%95%e1%80%af/
ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း
လူတော်တော်များများက ရေနွေးသောက်တာထက်ရေခဲရေသောက်ရတာကို ပိုကြိုက်ကြပါတယ်။ အဓိက အကြောင်းရင်းဆိုရင်တော့ အေးကနဲ ဖြစ်သွားတဲ့ ခံစားချက်ရယ်၊ပင်ပန်းခဲ့သမျှ အေးစိမ့်မှုကြောင့် အမောပြေသလို ခံစားရတာကြောင့်ပါပဲ။ရေခဲရေမှာလည်း သူ့ဟာနဲ့သူ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိသလို မဆင်မခြင် သောက်မယ်ဆိုရင်လည်း ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း နဲ့ ရေနွေး သောက်တာကြောင့် ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ရေခဲရေထက် ရေနွေးပိုသောက်ပေးသင့်တဲ့ အကြောင်းရင်း တွေကတော့။ဒါဟာ ရှေးယခင်ကတည်းက ရှိနေခဲ့တဲ့နှာစေးနှာပိတ်အိမ်တွင်းကုထုံးတစ်မျိုးပါ။ ရေနွေးကနေ ရတဲ့ အနွေးဓာတ်ဟာ လည်ချောင်းတစ်လျှောက်ကို ဖြတ်သန်းသွားတဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးတယ်။ နီရဲရောင်ရမ်းတာကို ကျစေပြီးတံတွေးများများ ထွက်စေတယ်။ရေနွေးငွေ့ကို ရှူရှိုက်ပေးခြင်းဖြင့်လည်း ပိတ်နေတဲ့ နှာခေါင်းတွေကို ပွင့်သွားစေပြီး ပုံမှန် အသက်ပြန်ရှူလို့ ရအောင် ကူညီပေးနိုင်ပါတယ်။အစာကြေအောင် ရေသောက်ပေး ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးကြမယ်ထင်ပါတယ်။ ဒီနေရာမှာ ရိုးရိုး ရေကျက်အေး၊ ရေခဲရေထက်စာရင် ရေနွေးနွေးလေးက အစာကောင်းကောင်း ချေဖျက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။အစာခြေလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် လှုံ့ဆောင်ပေးနိုင်သလို အစိုဓာတ်ဟာ အစာချေဖျက်တဲ့နေရာမှာချောဆီအဖြစ်နဲ့ ပူးပေါင်းကူညီပေးပါတယ်။အစာချေဖျက်နေစဉ်မှာလည်း ရေဓာတ်ကို ဖြည့်တင်းပေးခြင်းကြောင့် အစာမကြေတာ၊ ရင်ပြည့်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။လူတွေ ညောင်းကိုက်လာပြီဆိုရင် အပြင်ကနေရေနွေးဝတ်ကပ်ပေးသလိုပါပဲ၊ ရေနွေးသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းပိုင်းကနေ အနွေးဓာတ်ရစေပါတယ်။ ဒီအခါ ကြွက်သားနာကျင်ကိုက်ခဲတာ၊ ဇက်ကြောတက်တာ၊ခါးနာတာတွေကို သက်သာစေပြီး အရောင်ကျစေဖို့ ကူညီပါတယ်။ရေနွေးသောက်ခြင်းဟာ အစာကို ကောင်းကောင်းချေဖျက်နိုင်အောင် ကူညီပေးနိုင်တယ်ဆိုတာ အပေါ်မှာလည်း ပြောပြခဲ့ပြီးပါပြီ။ များသောအားဖြင့်ဝမ်းချုပ်တယ်ဆိုတာ အစာအိမ်က စားလိုက်တဲ့အစားအစာတွေကို ကောင်းကောင်း မချေဖျက်နိုင်တာ၊ ချေဖျက်ဖို့ အားနည်းနေတာကြောင့် အမာတွေ အဖြစ်နဲ့ အထဲမှာ ပိတ်မိနေပြီးဝမ်းချုပ်တာကို ဖြစ်စေပါတယ်။ ရေနွေးသောက်ခြင်းဖြင့် အစာချေဖျက်တဲ့ နေရာမှာလည်း ကူညီပေးသလို ဝမ်းသွားတဲ့အခါမှာလည်းချောဆီအဖြစ်နဲ့ ကောင်းကောင်း စွန့်ထုတ်လို့ လွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။ဘယ်လိုရေပဲ ဖြစ်နေပါစေ၊ ရေကို လုံလောက်စွာ သောက်ပေးမယ်ဆိုရင်တော့ တစ်နေ့တာအတွက် ကျွန်တော်တို့ ကိုယ်တွင်းကလီစာတွေ ကောင်းကောင်း အလုပ်လုပ်နိုင်အောင်၊ ဦးနှောက်နဲ့အာရုံကြောစနစ်တွေ ပုံမှန် အလုပ်လုပ်နိုင်စေဖို့၊ စိတ်ပေါ့ပါး လန်းဆန်းစေမှာပါ။ရေကို တစ်နေ့တာ လိုအပ်သလောက် သောက်ပေးမယ်ဆိုရင်သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှု ကောင်းစေပါတယ်။ သွေးတိုးရောဂါရှိသူတွေ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေဆိုရင် ရေနွေး များများ သောက်ပေးသင့်ပါတယ်။ရေနွေးသောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ခေတ္တခဏ မြင့်တက်စေပြီး ချွေးထွက်စေတယ်။ ချွေးထွက်လိုက်တဲ့အခါ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ၊ ခန္ဓာကိုယ်ထဲမှာ အောင်းနေတဲ့အဆိပ်အတောက်တွေကိုလည်း ချွေးနဲ့အတူ အပြင်ကို စွန့်ထုတ်ပစ်လိုက်တာကြောင့် ပေါ့ပေါ့ပါးပါး ဖြစ်သွားတယ်လို့ ခံစားရမှာပါ။ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာ ရှိတယ်ဆိုတာ မေ့ထားလို့တော့ မဖြစ်ပါဘူးနော်။ ရေသည်လည်း ထိုနည်းတူပါပဲ။ ကိုယ့်အတွက် တစ်နေ့တာ လိုအပ်သလောက် ပမာဏကိုသာ သောက်ပေးမယ်ဆိုရင်တော့ခန္ဓာကိုယ်အတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးရှိစေနိုင်မှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/iced-water-vs-warm-water/
ပုံမှန်ထက် ပိုပြီးလေလည်တာ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်
လေလည်တယ်ဆိုတာ အမျှင်ဓာတ်များတဲ့အစားအစာတွေကို အစာခြေစနစ်ရဲ့ပုံမှန်လုပ်ဆောင်ချက်က ချေဖျက်နေတယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ မီသိန်း၊နိုက်ထရိုဂျင်နဲ့ ဟိုက်ဒရိုဂျင်ဂက်စ်တွေကို စအိုဝကတဆင့် ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်တာပါ။ ကောင်းတဲ့အရာတစ်ခုဖြစ်လို့အောင့်မထားသင့်ပါဘူး။ တော်ရုံလောက်ဆို လူမသိသူမသိ ဖြေရှင်းလိုက်ကြတာပါပဲ။ဒါပေမယ့် ထိန်းလို့မရ၊ နေရာမရွေးတော့ဘဲ လူတစ်ယောက်က ပုံမှန်ထက် ခဏခဏလေလည်နေပြီဆိုရင်ရော…။ဒီအကြောင်းရင်းတွေ ရှိနေနိုင်ပါတယ် –။ခန္ဓာကိုယ်က ချေဖျက်ရာမှာ အချိန်ပိုကြာနိုင်တဲ့ တချို့အစားအသောက်တွေရှိပါတယ်။ သူတို့မှာ အမျှင်ဓာတ်နဲ့ သကြားဓာတ်အမျိုးအစားတချို့ ပမာဏများများပါဝင်တာမို့ သူတို့ကို ချေဖျက်တဲ့အခါ အချိန်ပိုကြာတတ်ပါတယ်။ ဒီလိုဖြစ်ရာကနေ လေပွလာစေနိုင်တဲ့ အစားအသောက်တွေထဲမှာ  – ပဲသီးတွေ၊ ပဲနီလေး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ နို့ထွက်ပစ္စည်းတွေ၊ အသီးတချို့မှာ ဒါမှမဟုတ် အချိုရည်နဲ့ သကြားလုံးတွေမှာ ပါတဲ့ fructose (သကြားဓာတ်)၊ သကြားလုံးနဲ့သကြားအတုတွေမှာသုံးတဲ့အစားထိုးပစ္စည်း sorbitol၊ ဂက်စ်ပါတဲ့ အချိုရည်၊ ဘီယာ၊ ဂျုံ စတာတွေ ပါဝင်ပါတယ်။အစာခြေစနစ်၊ အစာအိမ်၊ အူလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါဝေဒနာတွေကြောင့်လည်း  ခဏခဏလေလည်စေနိုင်ပါတယ်။ ဒီရောဂါတွေကြောင့် ပုံမှန်အစာခြေဖျက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး အစာခြေစနစ်ကို ဖိအားဖြစ်စေတယ်၊ နောက်ဆုံးရလဒ်အနေနဲ့ မကြာခဏလေလည်စေတာပါ။တချို့လူတွေမှာ စိတ်ဖိစီးတဲ့အခါ အူလမ်းကြောင်းလုပ်ဆောင်ချက်မမှန်ခြင်း လက္ခဏာတွေခံစားရတတ်ပါတယ်။ အဲဒီထဲမှာ မကြာခဏလေလည်ခြင်းလည်း ပါဝင်နေပါတယ်။ နောက်ပြီး စိတ်ဖိစီးတဲ့အခါ ဆေးလိပ်သောက်တာ၊ ပီကေဝါးတာ၊ အချိုတွေစားတာ၊ အရက်သောက်တာ တို့လို လေပွစေ၊ လေလည်စေမယ့် အမူအကျင့်တွေပိုလုပ်မိ တတ်ပါသေးတယ်။ကိုယ်စားထားတဲ့ အစားအသောက်တွေဆီက အကြွင်းအကျန်တွေ အူမကြီးထဲမှာ ကျန်ရှိတာကြာလာလေ အချဉ်ပေါက်ဖို့အချိန်ပိုကြာလေပါပဲ။ အဲလိုကနေ အနံ့ဆိုးတဲ့ လေတွေ မကြာခဏလေလည်စေနိုင်ပါတယ်။ပဋိဇီဝဆေးဝါးတွေ အသောက်များလို့ ဒါမှမဟုတ် ဘက်တီးရီးယားပါတဲ့ အစားအသောက်တွေစားမိလို့ အစာခြေစနစ်အတွင်းက ဘက်တီးရီးယားထိန်းညှိမှု ပျက်ယွင်းစေနိုင်ပါတယ်။ ဒီလိုပြောင်းလဲပျက်ယွင်းတဲ့အခါ မကြာခဏ လေလည်စေနိုင်ပါတယ်။လေလည်တာ လူတိုင်းဖြစ်တဲ့ သဘာဝပဲဆိုပေမယ့် လွန်ကဲနေရင်တော့ ပုံမှန်မဟုတ်ပါဘူး။ လေလည်တာ မကြာခဏဖြစ်လွန်းရင် နေ့စဉ်ဘဝမှာ ထိခိုက်လာပါလိမ့်မယ်။ လူကြားထဲ သွားရလာရ၊ အလုပ်လုပ်ရတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့လာမယ်၊ လူအထင်သေးခံရနိုင်တယ်၊ ရှက်ကိုးရှက်ကန်းဖြစ်နေရမယ်၊ အဆင်မပြေတော့ဘူးပေါ့။ဒါပေမယ့် –။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%be%e1%80%94%e1%80%ba%e1%80%91%e1%80%80%e1%80%ba-%e1%80%95%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%9c%e1%80%b1%e1%80%9c%e1%80%8a%e1%80%ba/
ငါးကြီးဆီဟာ ကိုယ်အလေးချိန်ကို ကျစေသလား
ငါးကြီးဆီကို တစ်နေ့ တစ်လုံး ပုံမှန်သောက်ပေးရင်ကိုယ်အလေးချိန်ကို ကျစေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ လေ့လာဆန်းစစ်နေကြဆဲပါပဲ။ ယခုအထိ တိုက်ရိုက်ကိုယ်အလေးချိန်ကျစေတယ်လို့တော့ ခိုင်မာတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရသေးတဲ့တိုင်အောင် သွယ်ဝိုက်သော နည်းနဲ့ ကိုယ်အလေးချိန်ကို ကျစေနိုင်တယ်ဆိုတာတော့ တွေ့ရပါတယ်။ငါးကြီးဆီကိုOmega-3fatty acid လို့လည်း လူသိများပြီး လူတွေရဲ့ ဦးနှောက်ဉာဏ်ရည်နဲ့အမြင်အာရုံကို ထက်မြက်စေဖို့နဲ့ အာရုံကြောစနစ် ကောင်းမွန်စေဖို့ အဓိက ကူညီပေးပါတယ်။ တချို့သော အစေ့အဆန်တွေနဲ့ အဆီများတဲ့ ငါးတွေကနေငါးကြီးဆီရနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့ ထုတ်ထားတာလည်း ဈေးကွက်ထဲမှာ အလွယ်တကူ ရှာဖွေလို့ ရပါတယ်။ဆေးတောင့်အကြီးကိုမှ အဝါဖျော့ရောင်ရှိပါတယ်။ငါးကြီးဆီကို အုပ်စု ၂ စုခွဲရမယ်ဆိုရင်။ALA (Alpha-linolenic acid) တစ်မျိုးတည်းသာ ဒီအုပ်စုထဲမှာ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာက ALA ကို ထုတ်မပေးနိုင်တဲ့အတွက်ကြောင့် အစားအစာနဲ့ ဆေးဝါးကနေသာ ရနိုင်ပါတယ်။ အခွံမာစေ့၊ ချီယာစေ့၊ နှမ်းကြတ်စေ့ အစရှိတဲ့အစေ့အဆန်တွေကို ဒီအတိုင်း စားသုံးတာ၊ အစေ့အဆန်ကနေ ရတဲ့ ဆီသန့်ကို စားသုံးခြင်းဖြင့်လည်း ALA အမျိုးအစား ငါးကြီးဆီကို ရနိုင်ပါတယ်။ဒီအုပ်စုထဲမှာ လူသိများတဲ့ အမျိုးအစားတွေကတော့ EPA (Eicosapentaenoic acid) နဲ့ DHA (Docosahexaenoic acid) ပဲ ဖြစ်ပါတယ်။ ကလေးတွေကို တိုက်တဲ့ နို့မှုန့်တွေမှာလည်းDHAပါသလို အဆီများတဲ့ ငါးတွေ၊ ပင်လယ်စာ၊ ပင်လယ်ရေညှိတွေကနေလည်း ရနိုင်ပါတယ်။ စားသုံးလိုက်တဲ့ အစားအစာထဲက ရတဲ့ ALA ရဲ့ ၂ – ၁၀% ကို ခန္ဓာကိုယ်က EPA နဲ့ DHA အဖြစ်လည်း ဖြိုခွဲပေးပါတယ်။ယခုလက်ရှိအချိန်ထိ လေ့လာချက်တွေအရ ငါးကြီးဆီဟာကိုယ်အလေးချိန်လျော့ကျစေဖို့ သွယ်ဝိုက်သော နည်းလမ်းနဲ့ ကူညီပေးနိုင်တယ်ဆိုတဲ့ အဖြေတွေကိုပဲ ရရှိထားပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုရင်။လူတစ်ယောက်ရဲ့အစာစားချင်စိတ်ကို လွန်မသွားအောင် ထိန်းပေးလိုက်တဲ့အခါ ထပ်စားချင်တဲ့ စိတ် မဖြစ်တော့ပါဘူး။ ဒီအခါ တစ်ထိုင်တည်းနဲ့ အဆီတွေ၊ကယ်လိုရီတွေ အများကြီး မစားမိလိုက်တဲ့အတွက် ခန္ဓာကိုယ်က လောင်ကျွမ်းရတာလည်း ပိုလွယ်လို့ ကိုယ်ခန္ဓာထဲမှာ မလိုအပ်တဲ့ အဆီတွေ ပိုကျန်မနေတော့ပါဘူး။ အဆီတွေ နည်းလေ၊ ကိုယ်ခန္ဓာကအဝလွန်ဖို့ ရာခိုင်နှုန်း ပိုနည်းလေပါပဲ။ အထူးသဖြင့် စားချင်စိတ်ကို ထိန်းချုပ်ပေးတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ဇီဝကမ္မဖြစ်စဉ်ဆိုတာ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ ကလီစာတွေက ကောင်းစွာ ကျန်းမာအသက်ရှင်နေနိုင်ဖို့ နေ့စဉ် လုပ်ဆောင်နေရတဲ့ တာဝန်တွေကို ဆိုလိုတာပါ။ ဒီအချက်ထဲမှာ ကယ်လိုရီ လောင်ကျွမ်းခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ငါးကြီးဆီဟာ လူတွေရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို မြှင့်တင်ပေးတာကြောင့် ကယ်လိုရီနဲ့ အဆီလောင်ကျွမ်းနှုန်းဟာ ပုံမှန်ထက် ပိုမြန်ဆန်ပြီး ကိုယ်အလေးချိန် လျှော့ချရမှာ သွယ်ဝိုက်သောနည်းနဲ့ ကူညီပေးနိုင်တာကို တွေ့ရပါတယ်။လေ့ကျင့်ခန်းလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကိုယ်တွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့၊ နဂိုရှိနေတဲ့ အဆီတွေကို ကြွက်သားအဖြစ် ပြောင်းလဲပေးဖို့ပဲ ဖြစ်ပါတယ်။ ငါးကြီးဆီကို ပုံမှန် သောက်ပေးနေတဲ့ လူတစ်ယောက်က ကယ်လိုရီ လောင်ကျွမ်းနှုန်း ပိုမြန်တာကြောင့် လေ့ကျင့်ခန်းနဲ့ပါ တွဲဖက်ကစားပေးမယ်ဆိုရင် ဝိတ်မြန်မြန် ကျစေနိုင်ပါတယ်။ ဒါ့အပြင်အစာစားချင်စိတ်ကိုလည်း ထိန်းညှိပေးတဲ့အခါ အဆီများတဲ့ အစားအစာတွေထက် ကိုယ့်အတွက် အာဟာရဖြစ်စေမယ့် အာဟာရဖြစ် အစားအစာတွေကို ပိုစားချင်စိတ် ဖြစ်စေပါတယ်။ငါးကြီးဆီနဲ့ ပတ်သက်ပြီး တစ်နေ့ တစ်လုံးလောက် သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကိုယ့်အနေနဲ့ ဘယ်လောက်ပမာဏ သောက်သင့်လဲဆိုတာ သေချာ သိချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီမယ့် အားဆေးပမာဏကို ညွှန်းခိုင်းတာ ပိုအဆင်ပြေပါလိမ့်မယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%84%e1%80%ab%e1%80%b8%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%86%e1%80%ae%e1%80%9f%e1%80%ac-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1%e1%80%9c%e1%80%b1%e1%80%b8%e1%80%81%e1%80%bb/
အသည်းကင်ဆာဝေဒနာသည်အတွက် အာဟာရများ
အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ ထပ်ပေါင်း၍ သင်သည် ရှင် သန်ရန် အရည်များသောက်ရန် လိုအပ်သည်။ အောက်ပါ ဥပမာများကိုလိုက်နာခြင်းအား၍ အသည်းကင်ဆာဖြင့် ကျန်းမာစွာနေထိုင်နိုင်သည်။အသည်း၏ လုပ်ငန်းသည် ခန္ဓါကိုယ်အတွက် အဆိပ် အတောက်ဖြေရန် ဖြစ်သည်။ အသည်းကင်ဆာဖြစ်ပါကအစားအစာမှ ဓါတုပစ္စည်းများ၊ အဆိပ်အတောက်များဖယ်ရှားရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် အသည်းကင်ဆာရှိ ပါကဓါတုပစ္စည်းများများစွာပါဝင်သောအစားအစာများ၊ အသင့်ပြုလုပ်ပြီးသောအစားအစာများကိုရှောင်ရှားသင့် သည်။ ပိုးသတ်ဆေးများ၊ အချို့ ဓါတ်မြေသြဇာများအသုံးမပြုထားသော၊ မျိုးဗီဇကို ပြုပြင် ပြောင်းလဲမထားသောစိတ်ချရသောသဘာဝအစာများကိုရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များတွင် phytonutrients ဟုခေါ်သောသဘာဝပစ္စည်းများရှိသည်။ ထိုပစ္စည်းများသည် နည်းလမ်းများစွာဖြင့် သင်၏ ကိုယ်ခံအားစနစ်ကိုသန်မာစေသည်။ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များသည် ဓါတ်တိုးဆန့်ကျင်အာနိသင်များပါဝင်သည်။ ၎င်းတို့သည် ရောင်ရမ်းမှုကိုကျစေသောလမ်းကြောင်းများဖန်တီးခြင်း၊ အကျိတ်များသို့ သွေးထောက်ပံ့မှု ပိတ်ခြင်း၊ ကင်ဆာဆဲလ် များကိုပျက်စီးစေခြင်း၊ ခန္ဓါကိုယ်အားအဆိပ်အတောက် ပြယ်စေခြင်းစသည်တို့အတွက် လိုအပ်သောအရေးကြီးသောပစ္စည်းများဖြစ်သည်။ ဖြစ်နိုင်ပါကရာသီအတွင်းထွက် သော၊ ဒေသထွက် ထုတ်ကုန်များကိုရွေးချယ်ပါ။သင်သည် တစ်ပတ်အတွင်းမတူညီသောအသီးအနှံ များနှင့် ဟင်းသီးဟင်းရွက်များကိုအလှည့်ကျ စားသုံး နိုင်သည်။ တစ်နေ့တွင် ဘာတွေစားနိုင်သည်ကိုအကြံပြုချက် အချို့မှာအောက်ပါအတိုင်းဖြစ်သည်။အသင့်ပြုလုပ်ပြီးအစာများစားမိပါကသက်သာသာသာမရှိဖြစ်ခြင်း၊ မအီမအားဖြစ်ခြင်းသို့မဟုတ် အစာအိမ်အောင့် ခြင်းတို့ ဖြစ်နိုင်သည်။ အစာအိမ်နာပါကဂျင်းသည် အစာအိမ် ကိုသက်သာစေသည်။ကောက်ပဲသီးနှံ အစေ့များတွင် အမျှင်ဓါတ်၊ phytonutrients နှင့် အခြားဗီတာမင်များ၊ သတ္ထုဓါတ်များပါဝင်သည်။ ထိုအာဟာရများဖြင့် သင့်ခန္ဓါကိုယ်သည် ကင်ဆာကုသမှုခံယူနေစဉ်နှင့် ခံယူအပြီးအသည်းကင်ဆာကိုတိုက်ထုတ်နိုင်ရန် သန်မာသောကိုယ်ခံအားစနစ်ကိုတည်ဆောက်နိုင်သည်။ဈေးဆိုင်သို့သွားပါကကောက်ပဲသီးနှံအစေ့များ၊ ဆန် ညိုများ၊ ဂျုံခေါက်ဆွဲခြောက်၊ ပေါင်မုန့်၊ မုန့်ကြွပ် နှင့် ဂျုံပါသောဒိန်ချဉ်တို့ကိုရွေးချယ်ဝယ်ယူပါ။ မုယောစပါးကဲံ့သို့သောအစေ့များကိုဝယ်စားပါ။ သင်စားသောအစားအစာသည် ဂျုံပါမပါကိုအစာ၏ တံဆိပ်ကိုစစ် ဆေးခြင်းဖြင့် သိနိုင်သည်။ တံဆိပ်တွင် “၁၀၀ ရာခိုင်နှုန်းဂျုံ ဖြင့် လုပ်သည်’’ နှင့် အနည်းဆုံးအမျှင် ၅ဂရမ်ပါသည်ဟု ရေးထားသည်။ပရိုတိန်းဟုဆိုပါကအသားကိုစဉ်းစားမိလိမ့်မည်။ အသည်းကင်ဆာရှိပါကမှန်ကန်သောအသားကိုရွေးချယ် ခြင်းသည် သင့်အားပို၍ သက်သာစေသည်။ ပရိုတိန်းသည် ခန္ဓါကိုယ်ရှိ ဆဲလ်များအားလုံး၏ ဖွံ့ဖြိုးမှုနှင့် ပြန်လည် တည် ဆောက်မှုတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။ သွေးနီဥများ၊ သွေးဖြူဥများ၊ ကြွက်သားများနှင့် ဟော်မုန်းများစသည်တို့အားလုံးပါဝင်သည်။ပရိုတိန်းကိုရွေးချယ်ရာတွင် ကျစ်လစ်သောအရည် အသွေးကောင်းသောရင်းမြစ်ကိုရွေးချယ်ပါ။ ဖြစ်နိုင်ပါကအမဲသား၊ သိုးသား၊ ဝက်သားစသောအဆီများသောအသားများကိုရှောင်ကြဉ်၍ ငါး၊ ပဲသို့မဟုတ် ကြက်၊ ဘဲစသည်တို့ ကိုရွေးချယ်ပါ။အခြားကျန်းမာရေးနှင့်ညီညွတ်သောပရိုတိန်းရင်းမြစ် များမှာကျစ်လစ်သောနီသောအသား၊ အဆီနည်းသောသို့မဟုတ် မပါသော နို့ထွက်ပစ္စည်းများ (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ)၊ ဥများ၊ ပဲနို့၊ အခွံမာသီး နှင့် ထောပတ်၊ ပဲ နှင့် ပဲတောင့်သီးတို့ဖြစ်သည်။ ထပ်ပေါင်း၍ပြောရသော် ထိုအစာများကိုဘယ်လို ပြင်ဆင်ရာရမည်ကိုဂရုစိုက်ပါ။ ကြော်ခြင်းထက် ဖုတ်ခြင်း၊ မီးကင်ခြင်းကပို၍ ကျန်းမာရေးနှင့် ညီညွှတ် သည်။ဆရာဝန်များသည် ပြည့်ဝဆီ နှင့် ကူပြောင်းဆီနည်းပြီးအိုမီဂါသရီး နှင့် မပြည့်ဝဆီပါသောအစားအစာများစားခြင်းသည် ကျန်းမာရေးနှင့် ညီညွှတ်သည်ဟုထောက်ခံကြသည်။ ထိုအဆီများသည် အထူးသဖြင့် ကင်ဆာလူနာများတွင် အရေးကြီးသည်။ ခန္ဓါကိုယ်သည် စွမ်းအင်ထုတ်ရန် အဆီရရှိရန် ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွှတ်သောမပြည့်ဝဆီ နှင့် အိုမီဂါသရီး၊ မပြည့်ဝဆီပါဝင်သောအစေ့ နှင့် အပင်မှရသောဆီများစသည်တို့ ကြွယ်ဝစွာပါသောအစားအစာများကိုစားသုံးပါ။ ပြည့်ဝဆီနှင့် အသွင်ပြောင်းဆီပါဝင်သောအစားအစာများကိုလျော့စားပါ။ ၎င်းတို့သည် ကျန်းမာရေးနှင့် မညီညွှွတ်ဘဲ နှလုံးနှင့် သွေးလှည့်ပတ်ခြင်းကိုဝန်လေးစေသည်။ကျန်းမာရေးနှင့်ညီညွှတ်သောအဆီများကိုအောက်ပါ တို့မှ ရနိုင်သည်။အောက်ပါတို့ကိုရှောင်ပါ။အရွယ်ရောက်သူတစ်ယောက်၏ ခန္ဓါကိုယ်တွင် ရေလေးပုံသုံးပုံပါဝင်သည်။ ထို့ကြောင့် အရည်များသည် သင်၏ အထွေထွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ အရည်များမရှိပါကသင်သည် ရေဓါတ်ခန်းခြောက်လာကာသင်၏ ဇီဝကမ္မဖြစ်စဉ်များယိုယွင်းပြီး ခန္ဓါကိုယ်မှ အဆိပ် အတောက်မှ စွန့်ထုတ်မှုကိုလျော့ကျစေသည်။ အရည်များလိုအပ်မှုသည် နေ့စဉ် သင့်လှုပ်ရှားမှုအပေါ်မူတည်၍ ကွဲပြားပါသည်။ ရေ ၂၅၀ မီလီလီတာရှိသောရေ ၈ခွက် သောက်ရန် လိုအပ်ပါသည်။အရည်ဆိုသည်မှာကဖင်းဓါတ်ပါဝင်သောအရည်၊ အရက် ပါဝင် သောသောက်စရာများမှလွဲ၍ အရည်ပုံစံရှိသောအရာအားလုံးကိုခေါ်ပါသည်။ သင့်တွင် ရွေးချယ်စရာများစွာရှိသည်။အသည်းသည် အလုပ်လုပ်ရန် ဗီတာမင်များစွာလိုအပ်ပါ သည်။ အသည်းကင်ဆာ ဖြစ်ပါကသင် ကျန်းမာအောင် ဗီတာမင် လုံလောက်စွာထောက်ပံ့ပေးရန် လိုအပ်ပါသည်။ဗီတာမင် ဖြည့်စွက်စာများမစားခင် ဆရာဝန်နှင့် တွေ့ဆုံ ပြီးဗီတာမင်၊ ဆေးဖက်ဝင် နှင့် အခြား ဖြည့်စွက်စာအကြောင်းတိကျသောအချက်များကိုရယူပါ။ သင်၏ လက်ရှိ ဆေးကုသမှုအစီအစဉ်ဖြင့် ကိုက်ညီသောအစားအသောက်များအကြောင်းသိရှိရန် လိုအပ်ပါသည်။သင်၏ အစားအသောက် ပုံစံကိုနေ့စဉ် သုံးကြိမ် ကြီးကြီးမားမားစားမည့်အစားနည်းနည်းဖြင့် ၆-၈ ကြိမ်အထိစားသင့်သည်။ ထို့အပြင်သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံများ၊ အရည်များကိုသင့်ဆရာဝန် ညွှန်ကြားချက်အတိုင်းထည့်၍ စားသုံးသင့်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by ZinWai Yan Linn။Hello Health Group does not provide medical advice, diagnosis or treatment.။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%9e%e1%80%8a%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80/