title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။
အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ဝမ်းချုပ်တဲ့ ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါ ရင် ပိုလို့တောင် အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။ဒီလို ၂ ခုကွဲသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။အူသိမ်အပေါ်ပိုင်း အစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာအစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းမည်းမည်းတွေ ဖြစ်သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်း အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ ဘယ်လို ပြဿာနာတွေဖြစ်နိုင်လဲ။ဝမ်းသွားပြီးနောက်ပိုင်း သွေးနီနီရဲရဲတွေ ဆင်းလာတာ၊ ဝမ်းချုပ်တာ၊ စအိုနားတစ်ဝိုက်တင်းပြီး ယားယံနေတာမျိုး၊ စမ်းလိုက်ရင် အလုံးလေးစမ်းမိတာမျိုးတွေ ရှိပြီဆိုလိပ်ခေါင်းရောဂါဖြစ်နေပါပြီ။သွေးစလေးတွေ ဝမ်းထဲကပ်ပါနေတာ၊ ဝမ်းသွားပြီး စအိုဝ စပ်တာ၊ ဝမ်းချုပ်လို့ အရမ်းညှစ်သွားရတာမျိုးတွေရှိရင် စအိုဝကွဲတာနေတာ ဖြစ်နိုင်ပါတယ်။Diverticulosis လို့ခေါ်တဲ့ အူမကြီးထဲက အိတ်လေးတွေ ဖောင်းပြီး ပေါက်သွားရာမှ ဝမ်းထဲသွေးပါခြင်းဖြစ်နိုင်ပါတယ်။IBD ထဲမှာ ulcerative colitis နဲ့ Crohn’s Disease ဆိုပြီး နှစ်မျိုးပါပါတယ်။ အဲဒီအထဲမှာ ulcerative colitis က အူမကြီးကိုထိတာဖြစ်ပြီး Crohn’s Disease ကတော့ အူလမ်းကြောင်းတစ်လျှောက် ကြိုက်တဲ့နေရာမှာ ဖြစ်နိုင်ပါတယ်။ ဒီ ၂ မျိုးလုံးဟာ အူမကြီးကို သွားထိစေတတ်တာကြောင့် ဝမ်းထဲသွေးပါခြင်းကိုဖြစ်စေတတ်ပါတယ်။အူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာမျိုး ဖြစ်တတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အရင်တုန်းက ဝမ်းချုပ်ပေမယ့် ခုကျတော့ မနက်ပိုင်း သွေးဝမ်းပျော့ပျော့တွေသွားတာ၊ ဝမ်းသွားပြီး ဝမ်းကျန်သလိုခံစားနေရတာနဲ့ ကိုယ်အလေးချိန် သိသိသာသာကျဆင်းတာတွေပဲ ဖြစ်ပါတယ်။ဝမ်းမည်းမည်းသွားရခြင်းဟာ အူသိမ်အပေါ်ပိုင်း အစာခြေစနစ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဝမ်းမည်းမည်းသွားစေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ။အစာအိမ်ရောင်တဲ့ အဆင့်တင်မဟုတ်ဘဲ အနာပါဖြစ်သွားတဲ့အခါကျ အစာတစ်ခါဝင်တိုင်း အနာကို ပွတ်မိပြီး သွေးထွက်တတ်ပါတယ်။ ဒီသွေးတွေက အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါကျ အနံ့နံတဲ့ ဝမ်းမည်းမည်းတွေ အဖြစ် ဆင်းလာပါတော့တယ်။အသည်းရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အစာရေမြိုပြွန်မှ သွေးကြောထုံးတွေ ပေါက်သွားရာမှ တစ်ဆင့် ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။အကိုက်အခဲပျောက်ဆေးအပြင်းစားကို အစာမစားဘဲ သောက်လိုက်တဲ့အခါ အစာအိမ်နံရံ သွေးယိုပြီး ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။ဒါတွေကတော့ ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါ တယ်ဆိုတာက အချိန်ကြာလာရင် သွေးအားနည်းပြီး သေချာဆေးကုသမှု မခံယူရင် ပိုဆိုးလာတတ်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီသွားတာ အကောင်းဆုံးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/blood-in-stool/
အေရိုးဗစ် လေ့ကျင့်ခန်းက သင့်ခန္ဓါကိုယ်အတွက် ဘယ်လိုကောင်းစေသလဲ
အေရိုးဗစ်လေ့ကျင့်ခန်းတွေကသင့်ကိုယ်ထဲကအင်ဆူလင်တွေကို ကောင်းကောင်းအသုံးပြုနိုင်အောင်ကူညီပေးပါတယ်။ ဒါ့အပြင်သင့်ရဲ့နှလုံးနဲ့အရိုးတွေကိုသန်မာစေတဲ့အပြင်စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီးသွေးလည်ပတ်မှုအားကောင်းစေပါတယ်။ ဒါကြောင့် သွေးချိုနဲ့ သွေးတိုးကျစေပြီးသင့်ကိုနှလုံးရောဂါဖြစ်နိုင်ချေလျော့ကျစေပါတယ်။တစ်ပတ်မှာငါးရက်၊တစ်ရက်မှာအနည်းဆုံးမိနစ်၃၀မိနစ်ဒါမှမဟုတ်တစ်ပတ်မိနစ်၁၅၀ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သင့်ရဲ့လေ့ကျင့်ခန်းကိုတစ်ပတ်မှာ၃ရက်ထက်ပိုလုပ်သင့်ပြီး၂ရက်ထက်ပိုပြီးနားတာမျိုးမဖြစ်ပါစေနဲ့။မှတ်ချက်။ ။ အလယ်အလတ်လေ့ကျင့်ခန်းဆိုတာက လေ့ကျင့်ခန်းလုပ်နေစဉ်သင်စကားပြောနိုင်ပေမယ့်သီချင်းမဆိုနိုင်တဲ့အနေအထားဖြစ်ပါတယ်။ အပြင်းစားလေ့ကျင့်ခန်းဆိုတာကလေ့ကျင့်ခန်းလုပ်နေစဉ်သင်ခဏမနား၊အသက်မရှူဘဲနဲ့စကားအများကြီးမပြောနိုင်တဲ့အနေအထားဖြစ်ပါတယ်။သင်မကြာသေးခင်ကသိပ်မလှုပ်ရှားဖြစ်ဘူးဆိုရင်အစပိုင်းတစ်ရက်ကို၅မိနစ်ကနေ၁၀မိနစ်လောက်ကနေပဲစတင်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့တစ်ပတ်ချင်းစီမိနစ်အနည်းငယ်တိုးတိုးလုပ်သွားပါ။ အချိန်ကြာလာတာနဲ့အမျှသင်လေ့ကျင့်ခန်းလုပ်တာကတိုးတက်မှုရှိတာကိုတွေ့ရပြီးသင်ပိုပိုပြီးလုပ်နိုင်လာတာလည်းတွေ့မြင်လာမှာပါ။တကယ်လို့သင်ကအရမ်းအလုပ်များပြီးတစ်ရက်မိနစ်၃၀အချိန်မပေးနိုင်ဘူးဆိုရင်၁၀မိနစ်စီခွဲလုပ်လို့ရပါတယ်။ လေ့လာမှုတွေအရဒီလိုခွဲလုပ်တာကလည်းဆက်တိုက်လုပ်တာနဲ့အကျိုးသက်ရောက်မှုတူတယ်ဆိုတာ တွေ့ရပါတယ်။ဥပမာ – အစာစားပြီးတိုင်း၁၀မိနစ်အမြန်လမ်းလျှောက်ခြင်း၊ဒါမှမဟုတ်အလုပ်မသွားခင် လေ့ကျင့်ခန်း၁၅မိနစ်အလုပ်ကပြန်လာရင်၁၅မိနစ်လုပ်ခြင်း စသည်ဖြင့်ခွဲလုပ်လို့ရပါတယ်။တကယ်လို့သင်ကဝိတ်ချနေတယ်ဆိုရင်တော့တစ်ရက်ကိုလေ့ကျင့်ခန်းမိနစ်၆၀နီးပါးလုပ်ရပါမယ်။အောက်မှာပြထားတာတွေကတော့လေ့ကျင့်ခန်းဥပမာတွေပါ။• အမြန်လမ်းလျှောက်ခြင်း။• စက်ဘီးစီးခြင်း။• ကခြင်း။• အေရိုးဗစ်အပျော့စား။• ရေကူးခြင်း/ ရေထဲအေရိုးဗစ်ကစားခြင်း။• တင်းနစ်ကစားခြင်း။• လှေကားတက်ခြင်း။• ပြေးခြင်း။• တောင်တက်ခြင်း။• လှေလှော်ခြင်း။• ရေခဲပြင်စကိတ်စီးခြင်း။• စကိတ်စီးခြင်း။• ဥယျာဉ်စိုက်ခြင်း။ခွန်အားလေ့ကျင့်ခြင်း။ခွန်အားလေ့ကျင့်ခြင်း/ခံနိုင်ရည်အားလေ့ကျင့်ခြင်းကသင့်ရဲ့ခန္ဓါကိုယ်က အင်ဆူလင်ကို ပိုတုံ့ပြန်စေပြီး သွေးတွင်းသကြားဓါတ်ကို ကျစေပါတယ်။ ခွန်အားလေ့ကျင့်ခြင်းကသင့်ကြွက်သားနဲ့အရိုးတွေကိုတည်ဆောက်ထိန်းသိမ်းပေးပြီးသင့်ကိုအဆစ်ရောင်ခြင်းနဲ့အရိုးအက်ခြင်းမှကာကွယ်ပေးပါတယ်။သင့်မှာကြွက်သားများလေလေသင့်ရဲ့ကယ်လိုရီများများလောင်ကျွမ်းလေပါဘဲ။ အနားယူချိန်မှာတောင်လောင်ကျွမ်းပါတယ်။ကြွက်သားတွေဆုံးရှုံးမှုမဖြစ်အောင်ခွန်အားလေ့ကျင့်ပေးခြင်းကသင့်နေထိုင်မှုပုံစံကိုပိုအဆင်ပြေစေတဲ့အပြင်အသက်ကြီးလာရင်လည်းအကျိုးကျေးဇူးတွေရစေပါတယ်။အေရိုးဗစ်လေ့ကျင့်ခန်းတွေအပြင်ခွန်အားလေ့ကျင့်ခြင်းတစ်မျိုးမျိုးကိုပါတစ်ပတ်အနည်းဆုံး၂ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။အောက်ဖော်ပြပါတွေကတော့ခွန်အားလေ့ကျင့်နည်းဥပမာတွေပါ။• Gym မှာရှိတဲ့အလေးမစက်တွေမှာအလေးမခြင်း။• ခပ်ပေါ့ပေါ့အရာတွေကို‘မ’ခြင်း၊အိမ်မှာရေသန့်ဘူးတွေ ‘မ’ခြင်း။• ဒိုက်ထိုးခြင်း၊ထိုင်ထလုပ်ခြင်းစတဲ့မိမိကိုယ်လက်တွေကိုပဲအသုံးပြုရတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ခြင်း။• ပြင်းထန်တဲ့ဥယျာဉ်စိုက်ပျိုးခြင်းလိုမျိုးတခြားလှုပ်ရှားမှုများ။ဒါ့အပြင်သင်ပြုလုပ်နိုင်တဲ့ အခြားသောလေ့ကျင့်ခန်းတွေလည်းအများကြီးကျန်ရှိပါသေးတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/%e1%80%b1%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%97%e1%80%85%e1%80%b9-%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%81%e1%80%94%e1%80%b9%e1%80%b8%e1%80%80/
နွားနို့ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ
နွားနို့သည်အာဟာရဓာတ် အကြွယ်ဝဆုံး ဖျော်ရည်စာရင်းထဲ ပါဝင်တယ်လို့  ကျန်းမာရေး ပညာရှင်တွေ သတ်မှတ်ထားပြီးသားပါ။ ဒါကြောင့်လည်း ကလေးက စလို့ဘိုးဘွားအရွယ်ထိ နွားနို့ကို တစ်နေ့ တစ်ခွက်လောက် ပုံမှန်သောက်ပေးကြတာပေါ့။ အရင်တုန်းကဆိုရင် ကျွန်တော်တို့ ဈေးထဲမှာ လှည်းလေးနဲ့မလိုင်နို့ဆိုပြီး ရောင်းကြတယ်၊ အိမ်ရောက်တာနဲ့ နွားနို့ကို ကြိုပြီး ပူပူလေး သောက်၊ သိပ် ပြဿနာမရှိဘူးလေ။ အခုကျတော့ ကျန်းမာရေးအခြေအနေနဲ့ လူ့အကြိုက်ပေါ် မူတည်ပြီး နွားနို့တွေကို။• မလိုင်ပြည့် (Full Cream Milk)။• မလိုင်ဖယ် (Skim Milk)။• အဆီလျှော့ (Low Fat Milk) ဆိုပြီး ၃ မျိုး ထုတ်လုပ်လာကြပါတယ်။ကိုယ်ကအားကစားလုပ်တဲ့သူ မဟုတ်ဘူး၊ ကျန်းမာချင်လို့ ဒါမှမဟုတ် နွားနို့ကို ကြိုက်လို့ သောက်တယ်ဆိုရင်တော့ အမျိုးအစား ခွဲနေစရာ မလိုပါဘူး။ အဆင်ပြေတဲ့နွားနို့ကို ဝယ်သောက်လို့ ရပါတယ်။ ဘာတွေ ကွာသွားလဲဆိုတာ အကြမ်းဖျင်း ပြောရမယ်ဆိုရင်။သောက်လိုက်တာနဲ့ နွားနို့ရဲ့ အရသာကို အပြည့်အဝ ခံစားရမယ်။ အရသာ လေးလေးပင်ပင်ရှိတယ်။ ကျန်တဲ့ ၂မျိုးနဲ့ ယှဉ်လိုက်ရင် ဗိုက်ကို ပိုပြည့်စေတယ်။ အဆီဓာတ်နဲ့ကယ်လိုရီပမာဏ ပါဝင်မှု အများဆုံး ဖြစ်တယ်။ သူ့မှာ ပါဝင်တဲ့ အဆီဓာတ်ကပြည့်ဝဆီအမျိုးအစား ဖြစ်တဲ့အတွက် တချို့တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယူဆကြပေမယ့် ဒီအယူအဆနဲ့ ပတ်သက်ပြီး အတိအကျ ဆက်စပ်နေတာမျိုး လေ့လာတွေ့ရှိနိုင်ခြင်း မရှိသေးပါဘူး။Omega-3ပါဝင်မှုနှုန်းလည်း အရမ်းများကြောင့် ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တယ်။ ကလေးရော လူကြီးပါ သောက်ပေးလို့ ရပါတယ်။ အားကစားသမားတွေ၊ ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားနေတဲ့ အမျိုးသားတွေ ကြွက်သားတက် မြန်စေဖို့ အဓိက သောက်ပေးသင့်ပါတယ်။လူတစ်ယောက်ရဲ့အရသာခံနိုင်စွမ်း မတူညီတဲ့အတွက် အဆီလျှော့ထားတဲ့ နွားနို့နဲ့ ယှဉ်လိုက်ရင် အရသာ အလေး၊ အပေါ့က မတိမ်းမယိမ်း ဖြစ်နေတတ်ပါတယ်။ ကယ်လိုရီဓာတ်နဲ့ အဆီဓာတ် ပမာဏ အနည်းဆုံး ပါဝင်တာကြောင့်နှလုံးမကောင်းသူတွေ၊ သွေးတိုး၊ဆီးချိုသမားတွေလည်း သောက်ပေးနိုင်တယ်။ ကယ်လ်စီယမ် ပါဝင်မှုနှုန်းကတော့ အများဆုံး ဖြစ်တာကြောင့် အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ အရိုးပါးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်ပေးနိုင်ပါတယ်။ကယ်လိုရီ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ Omega-3 ၊ကယ်လ်စီယမ်ဓာတ် အစရှိတဲ့ အာဟာရဓာတ် ပါဝင်မှုနှုန်းသည် အလယ်အလတ်မှာ ရှိနေပါတယ်။ သူ့မှာ ဗီတာမင် ဒီ ဓာတ်ကတော့ ပါဝင်မှု အများဆုံး ဖြစ်တာကြောင့် အရိုးနဲ့ သွားကို ကျန်းမာစေပြီးဆယ်ကျော်သက်အရွယ်တွေကို အရပ်ပိုရှည်ထွက်စေနိုင်ပါတယ်။Dietလုပ်နေတဲ့ အမျိုးသမီးတွေဆိုရင် အဆီလျှော့ နွားနို့ကို သောက်ပေးလို့ ရပါတယ်။များသောအားဖြင့် ကျန်းမာရေးအတွက် သီးသန့် သောက်ပေးတဲ့ သူတွေအနေနဲ့ နွားနို့ အမျိုးအစားကို အရမ်း ရွေးချယ်နေစရာ မလိုပါဘူး။ အဓိက နွားနို့ရဲ့ အားသာချက်သည် အရည် ဖြစ်တဲ့အတွက် အမာစာတွေထက် ကိုယ်ခန္ဓာက အာဟာရဓာတ်ကို လျင်မြန်စွာ စုပ်ယူနိုင်စေဖို့ ကူညီပေးတယ်။ ပရိုတင်းဓာတ်က ကြွက်သားတက်စေပြီးကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ အရိုး၊ သွားကို ကြံ့ခိုင်စေတယ်။ နှလုံးနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးတယ်။ ကလေးအရွယ်မှာကတည်းက နွားနို့ကို တစ်နေ့ တစ်ခွက် ပုံမှန်သောက်ပေးခြင်းဖြင့် တခြားကလေးတွေထက် ကြီးထွားဖွံ့ဖြိုးမှုနှုန်း လျင်မြန်စေလို့ မိဘတွေအနေနဲ့ အအေး ဖျော်ရည်တွေအစား နွားနို့ကို ရွေးချယ်ပေးသင့်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%94%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%94/
ညမအိပ်ခင် နွားနို့တစ်ခွက် ပုံမှန်သောက်ပေးပါ
နွားနို့ကို ကလေး၊ လူကြီး မရွေး တော်တော်များများ ကြိုက်ကြပါတယ်။ အရသာလည်း ရှိသလို အားလည်း ဖြစ်တယ်။ လူတစ်ယောက်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေလည်း အများအပြား ပါဝင်တယ်။ ကလေးတွေဆိုရင်လည်း ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။ နွားနို့ကတော့ လူကြိုက် အများဆုံးဖြစ်ပြီး ဆိတ်နို့၊ သိုးနို့ အပြင်ပဲနို့တွေဟာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။နွားနို့မှာ ကယ်လိုရီ၊ပရိုတင်းဓာတ်၊ အဆီဓာတ်၊ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင် B12 ၊ ဗီတာမင် အေ၊ ဒီ၊ အီး၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဇင့်ဓာတ်၊ Omega-3 fatty acid အပြင် ပိုတက်စီယမ်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်တွေ အများအပြားပါဝင်ပါတယ်။နွားနို့မှာ ပါဝင်တဲ့Omega-3fatty acid ဟာ နှလုံးရောဂါနဲ့ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသလို ဗီတာမင် အီး လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာလည်း ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းခြင်းကို သက်သာစေတယ်။ခန္ဓာကိုယ်ကကြွက်သားထု တက်ဖို့၊ ကိုယ်ခံအား ကောင်းစေဖို့၊ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းပေးဖို့ ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။လေ့ကျင့်ခန်း၊ အားကစား လုပ်နေတဲ့သူတွေ အတွက် ကြွက်သား ဆုံးရှုံးမှု မဖြစ်စေသလို ကိုယ်အလေးချိန်ကိုလည်း ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင် ဒီဟာအရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေပြီး အရပ်ကို ရှည်လာစေတယ်။ သွားတွေကိုလည်း ခိုင်မာစေပြီး အလွယ်တကူ ကျိုးပဲ့ခြင်း မဖြစ်စေဘူး။ အသက်ကြီးလာတဲ့အခါ အမျိုးသမီးများ ကြုံရတတ်တဲ့ အရိုးပါးရောဂါတွေနဲ့ တခြားသော အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားနေသူတွေအတွက် လိုအပ်တဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်တွေ ဖြည့်ပေးတယ်။ အစားအစာအပြင် နွားနို့ပါ တွဲသောက်ပေးမယ်ဆိုရင် ကြွက်သားတက်တာ ပိုမြန်တယ်။ ဝိတ်ချတဲ့သူတွေမှာလေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်ရတဲ့အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးဖို့ ပရိုတင်းဓာတ်က မရှိမဖြစ် အရေးပါပါတယ်။ဗီတာမင် အေ အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကြောင့် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပြီး တစ်နေ့လုံး ကွန်ပျူတာ၊ ဖုန်းနဲ့ မျက်စိမခွာ ကြည့်နေသူတွေ သောက်ပေးသင့်ပါတယ်။ဒီတော့နွားနို့ကို အများကြီး မဟုတ်ရင်တောင် အိပ်ခါနီး တစ်ခွက်လောက်ဖြစ်ဖြစ် သောက်ပေးသင့်တယ်နော်။ ကျန်းမာရေးအတွက်သာမက အရေပြားကိုလည်း လှစေသလို အာဟာရဓာတ်လည်း ပေါကြွယ်ဝလို့ အသက်အရွယ်မရွေးဖို့ သောက်နိုင်ပါတယ်နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%8a%e1%80%99%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%81%e1%80%84%e1%80%ba-%e1%80%94%e1%80%bd%e1%80%ac%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%bd/
ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။
ဗိုက်ထဲလေပွပြီး လေအောင့်တတ်တဲ့သူတွေရှိကြတယ်မလား။ လေကလည်း ပွ၊ ပွနေတဲ့လေတွေကလည်း အပြင်ကို မထွက်ဘဲ ဗိုက်ထဲမှာပဲ လည်နေတဲ့ ခံစားချက်ကြီးက တကယ်ကို မသက်မသာဖြစ်စေတယ်လေ။ ဒီလို အပြင်လည်း မထွက် အထဲမှာပဲ လည်နေတဲ့လေတွေကိုကြောင့် ပေါ်လာတဲ့ ဗိုက်အောင့်၊ လေထိုးလေအောင့်တယ်ဆိုတဲ့ ဝေဒနာကို ဘယ်လိုနည်းတွေနဲ့ အမြန်ဆုံး သက်သာအောင် လုပ်ကြမလဲ။ ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ဆိုတော့။ဗိုက်ထဲမှာ လေပွတင်းနေပြီး လေထိုးလေအောင့် ပါထပ်ဖြစ်နေတယ်ဆိုရင် တော့ ဒီလေတွေကို အပြင်ကိုထွက်စေဖို့ နည်းမျိုးစုံနဲ့လုပ်ကိုလုပ်ပေးမှာရမှာပါ ။ လူကြားထဲရောက်နေလို့ဆိုပြီးလေလည်ရမှာရှက်ပြီး မချုပ်ထားပါနဲ့။ လေကို အပြင်ပေးမထွက်လို့ ပြန်ဝင်သွားတဲ့အခါ နောက်ပိုင်းဖြစ်လာမယ့် လေထိုး လေအောင့် လေချုပ်တာက ပိုးဆိုတယ်နော်။ဝမ်းချုပ်ပြီး စမြင်းတုံးတွေ ခံနေလို့ အထဲကလေ အပြင်ကို မထွက်နိုင်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်ဝမ်းမှန်အောင်အမျှင်ဓာတ်တွေ များများစားပါ။ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပေးပါ။ ရေများများသောက်ပါ။အစားကို မြန်မြန်စားတာ၊ လှုပ်ရင်းရှားရင်း အစားစားတွေ၊ အစားစားစဉ် စကားပြောတာတွေကြောင့် အစာနဲ့အတူ ဗိုက်ထဲကို လေတွေဝင်သွားတတ်ပါတယ်။ မြန်မြန်စားထားပြီး သေချာဝါးမထားတော့ အစာတွေ မကြေလို့ လေအောင့်နိုင်တဲ့ အပြင် အပြင်ကလေတွေပါဝင်သွားတော့ လေတွေ ပိုပွတော့တာပေ့ါ။ ဒါကြောင့် ရှေးလူကြီးတွေက အစားကိုဖြည်းဖြည်းဝါးခိုင်းပြီး ထမင်စားပွဲမှာ စကားမပြောခိုင်းတာ ထင်ပါရဲ့။လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ အနေနဲ့ပီကေဝါးတာကို ရှောင်သင့်ပါတယ်။ ပီကေဝါးတဲ့အခါ အပြင်ကလေတွေ ဗိုက်ထဲကို ဝင်နိုင်တဲ့အပြင် ပီကေမှာပါတဲ့ သကြားအတုတွေကြောင့် လေထတာကို ပိုဖြစ်စေပါတယ်။ရေကို ဖန်ခွက်ထဲ ထည့်သောက်တာကသာ အကောင်းဆုံးပါ။ ပိုက်ထည့်ပြီးရေသောက်တာရော ရေဘူးထဲကရေကို စုပ်သောက်တာရောက အပြင်ကလေတွေကို အထဲပိုဝင်စေပါတယ်။စီးကရက်ပဲဖြစ်ဖြစ်၊ ဖက်ကြမ်းဆေးလိပ်ပဲဖြစ်ဖြစ်၊VAPEပဲ ဖြစ်ဖြစ် ဆေးလိပ်အနွယ်ဝင်အားလုံးကို သောက်ပြီဆိုတည်းက လေကို ရှိုက်ပြီးသောက်ရပါတယ်။ ဒီလို လေကို ရှိုက်လိုက်ပြီဆိုတည်းက အပြင်ကလေတွေ ဗိုက်ထဲကို ဝင်မှာ ကျိန်းသေပါတယ်။ ဒီတော့ ကိုယ့်က အစတည်းက လေအောင့်တတ်တဲ့သူဆိုရင် ကျန်းမာရေးအတွက် ဘာကောင်းကျိုးမှ မပေးတဲ့ ဆေးလိပ်ကို ဖြတ်လိုက်တာ အကောင်းဆုံးပါ။အဆီများတဲ့ အစားအစာ၊ စပ်လွန်းတဲ့ အစားအစာတွေ ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ နဲ့ ပဲအမျိုးမျိုးတို့ဟာ လေထစေတတ်တဲ့ အစားအသောက်တွေဖြစ်တာကြောင့် လေအောင့်တတ်တဲ့သူတွေ အနေနဲ့ ဒီလို အစားစားတွေကို ရှောင်စားဖို့ အကြံပြုချင်ပါတယ်။ဗိုက်အောင့်လွန်းတဲ့အခါ ရေနွေးအိတ်ကပ်လိုက်ရင် ရေနွေးအိတ်ကပူတဲ့အပူရှိန်ကြောင့် ဗိုက်က ကြွက်သားတွေ ပြေလျော့သွားလို့ လေတွေ လွယ်လွယ်ကူကူ အပြင်ကို ထွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ လေအောင့်တာကိုပါ သက်သာစေမှာ ဖြစ်ပါတယ်။အစာအိမ် အနာဖြစ်တာပဲ ဖြစ်ဖြစ်၊ အူရောင်နေတာပဲဖြစ်ဖြစ်၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တာပဲဖြစ်ဖြစ် အားလုံးက အစာမကြေ လေထိုးလေအောင့်တာကို ဖြစ်စေတဲ့ အကြောင်းတရားတွေပါ။အူတွင်းကအကျိုးပြု ဘက်တီးရီးယားတွေကို အားပေးတဲ့ အစားအစာတွေ များများစားပေးပါ။ ဥပမာ ဒိန်ချဉ်၊ ဂင်ချီ။တစ်ချိန်လုံးထိုင်နေရင် သင့်ကိုယ်ခန္ဓာလည်း လှုပ်ရှားမှု မရှိသလို သင့်အူတွေလည်း အညောင်းမိပြီး အပျင်းကြီးနေပါလိမ့်မယ်။ ဒီလို လှုပ်ရှားမှု မရှိတဲ့ အူတွေကနေ လေတွေ ထုတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။လေအောင့်တာကို လုံးဝကို မနိုင်တဲ့အခါမျိုးမှာ လေနိုင်ဆေး၊ လေကွဲဆေးတွေ သောက်ပေးဖို့လိုအပ်ပါတယ်။ဒါတွေကတော့ လေထိုးလေအောင့် ဖြစ်လို့ ကြံရာမရဖြစ်နေတဲ့ အခါမျိုးမှာ အထောက်အကူဖြစ်စေဖို့ အတွက် ရည်ရွယ်ပြီးရေးသားလိုက်ရတာဖြစ်ပါတယ်။ ။ရေးသားသူ− Dr  Thin Yadanar @ Frances။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/get-rid-of-trapped-gas/
ရင်ပူ နေသူတွေအတွက် ဓါတ်စာ
စိုးရိမ်စိတ်ကြောင့်ဖြစ်တဲ့ရင်ပူမှုမဟုတ်ပါဘူး။အယ်လ်ကိုဟောပါတဲ့သောက်စရာနဲ့အစားအသောက်တွေကြာင့်ဖြစ်တဲ့ ရင်ပူမှုအကြောင်းလေးပြောချင်တာပါနော်။ မတည့်တာတွေကို မတည့်မှန်းသိပေမယ့် စားလိုက်မိတယ်၊ပြီးမှ အစာမကြေဘူး။ ရင်ထဲကပူတယ်ဆိုပြီးဖြစ်တတ်တဲ့ သူငယ်ချင်းလေးတွေများရှိလား။ ဒါဆိုရင်တော့ဒီဆောင်းပါးလေးက စားချင်တာတွေကို အကြိုက်စားပြီး ရင်ပူ တတ်တယ်ဆိုတဲ့သူတွေအတွက် အသုံးတည့်မှာပါ။ရင်ပူတယ်ဆိုတာကအစာရေမြိုအတွင်းကို အစာအိမ်ထဲက အက်ဆစ်တွေပြန်ဆန်တက်လာတာကြောင့်ရင်ဘတ်ထဲမှာ ပူစပ်ပူလောင်ကြီးခံစားရတာပါ။ များသောအားဖြင့် ရင်ဘတ်အလည်တည့်တည့်မှာခံစားရနိုင်ပါတယ်။ လှဲအိပ်တဲ့အခါမျိုး ညာဘက်စောင်းအိပ်တဲ့အခါမျိုးမှာ ရင်ပူမှုကို ပိုခံစားရနိုင်ပါတယ်။ ရင်ပူတာက အရမ်းမပြင်းထန်ဘူးဆိုရင် ဆရာဝန်ပြစရာမလိုပါဘူး။ များသောအားဖြင့်ကတော့ ရင်ပူတာက သူ့အလိုလိုသက်သာသွားတာပါ။တကယ်လို့များ ရင်ပူတာနဲ့အတူ အသက်ရှုရခက်တာမျိုးနဲ့ အခြားပြင်းထန်တဲ့ရောဂါလက္ခဏာတွေကိုပါခံစားရမယ်ဆိုရင်တော့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်သင့်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်မနည်း ရင်ပူတဲ့ဝေဒနာခံစားရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုအပ်ပါမယ်။ရင်ပူတာကအစာအိမ်ထဲမှာရှိနေတဲ့ အက်ဆစ်တွေ အစာရေမြိုထဲကိုပြန်ဆန်တက်လာတာကြောင့်ပဲတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ စားလိုက်တဲ့ အစားအစာတွေမှာပါတဲ့အက်ဆစ်တွေကြာင့်လည်း ရင်ပူတာကို ခံစားရနိုင်ပါတယ်။ ရင်ပူတာကို သက်သာစေမယ့် အစားအသောက်လေးတွေကို စားသုံးပြီး ရင်ပူတာကို သက်သာအောင်လုပ်လို့ရပါတယ်နော်။ဖရဲသီး – အသီးတော်တော်များများမှာ အက်ဆစ်ဓါတ်များတတ်ပေမယ့် ဖရဲသီးက အက်ဆစ်ပါဝင်မှုနည်းပါတယ်။ ရင်ပူသူတွေစားသုံးပေးလို့ရပါတယ်။ ဖရဲသီးအပြင်၊သခွားမွှေးလိုမျိုး အသီးတွေကို စားသုံးပေးလို့ရပါတယ်။ငှက်ပျောသီး– ငှက်ပျောသီးကလည်း ဖရဲသီးလိုမျိုး အက်ဆစ်ပါဝင်မှုနည်းတဲ့ အသီးတစ်မျိုးပါ။ အလွယ်တကူစားလို့ရသလို အရသာလည်းရှိတဲ့ ရင်ပူသက်သာစေမယ့် အစားအစာလေးတစ်ခုပါ။အုတ်ဂျုံ– မနက်ခင်းစားတဲ့ အုတ်ဂျုံနဲ့လုပ်ထားတဲ့Cerealကလည်း ရင်ပူတာကို သက်သာစေနိုင်ပါတယ်နော်။ စားချဉ့်ရည်ပြန်ဆန်တက်တာမျိုးမဖြစ်စေနိုင်သလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အမျှင်ဓါတ်ကိုရရှိစေနိုင်ပါသေးတယ်။ပေါင်မုန့်– ရင်ပူနေသူအနေနဲ့ပေါင်မုန့်ကြမ်းစားပေးလို့ရပါတယ်။ အမျှင်ဓါတ်၊ ဗီတာမင်တွေနဲ့ အခြားသောအာဟာရဓါတ်တွေပါဝင်နေပါတယ်။ထမင်း– ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေပြီး ရင်ပူနေသူတွေအတွက် အထူးသင့်တော်ပါတယ်နော်။ ဆန်လုံးညိုဆိုရင် ပိုအဆင်ပြေပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ– ပန်းဂေါ်ဖီစိမ်း၊ကညွတ်၊ ပဲစိမ်းတောင့် နဲ့ ပန်းဂေါ်ဖီစိမ်းလိုမျိုး အက်ဆစ်ပါဝင်မှုနည်းတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပေးလို့ရပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/foods-that-releive-heartburn/
ရင်သားကင်ဆာအတွက် မသိမဖြစ်အချက်များ
မိန်းကလေးတွေမှာ အဖြစ်များတဲ့ကင်ဆာတွေထဲ ရှေ့ဆုံးက ဦးဆောင်နေတာက ရင်သားကင်ဆာဖြစ်ပါတယ်။ရင်သားကင်ဆာဟာ ရင်သားမှာရှိတဲ့ဆဲလ်တွေမှာဖြစ်ပွားတဲ့ ကင်ဆာပါ။ ရင်သားကင်ဆာကအမျိုးသား‌တွေမှာပါဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာပိုအဖြစ်များတာဖြစ်ပါတယ်။ရင်သားကင်ဆာနှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကDuctal carcinomaလို့ခေါ်တဲ့နို့ရည်ပြွန်‌တွေမှာ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာဖြစ်ပြီးအတွေ့ရများတဲ့ကင်ဆာမျိုးလည်း ဖြစ်ပါတယ်။နောက်တစ်မျိုးကတော့Lobular carcinomaလို့ခေါ်ပြီး ရင်သားတစ်ရှူးတွေမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာမျိုး ဖြစ်ပါတယ်။ပြန့်ပွားတတ်တဲ့ရင်သားကင်ဆာဆိုတာ ကင်ဆာလ်ဆဲလ်တွေက အနီးကကိုယ်တွင်းအင်္ဂါတွေဆီ ကူးစက်သွားကာ ခန္ဓာကိုယ်ရဲ့တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ပြန့်သွားတဲ့ ကင်ဆာမျိုးကိုခေါ်တာ ဖြစ်ပါတယ်။မပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ ဆိုတာကတော့ ကင်ဆာဆဲလ်များက ရင်သားတစ်ရှူးတွေမှာ ဖြစ်ပွားပြီး တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ မကူးစက်တတ်တဲ့ကင်ဆာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေက နောက်ပိုင်းမှာ ပြန့်ပွားတတ်တဲ့ ရင်သားကင်ဆာ အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ရင်သားကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတွေက –။အကျိတ်အများစုက ကင်ဆာကျိတ်မဟုတ်ဘူးဆိုပေမယ့် ပုံသေတွက်လို့မရနိုင်တာကြောင့် အမျိုးသမီးတွေအနေနဲ့ အမြဲပုံမှန်ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။ရင်သားမှာ အကျိတ်၊ အလုံးရှိနေသလား၊ကိုယ်တိုင်စမ်းသပ်လို့ရတဲ့ နည်းလမ်း(Breast Self-Exam) ရှိပေမယ့် ပိုတိကျတဲ့ရလဒ်တွေနဲ့ အတည်ပြုနိုင်ဖို့ စစ်ဆေးမှုတွေခံယူတာကောင်းပါတယ်။ ဒီစစ်ဆေးမှုတွေအတွင်း ကျွမ်းကျင်သူဆရာဝန်တွေက လူနာရဲ့ ရင်သားမှာ အကျိတ်၊ အဖုတွေနဲ့ တစ်ခြား ရောဂါလက္ခဏာတွေ ရှိမရှိဆိုတာ စစ်ဆေးမှာ ဖြစ်ပါတယ်။ရင်သားကင်ဆာအတွက် ဖြစ်နိုင်ခြေများစေတဲ့ အချက်တွေဆိုပေမယ့် ဒီအချက်တွေ တစ်ချက်မက ကိုယ့်မှာရှိနေလည်း ရင်သားကင်ဆာဖြစ်လာတော့မယ်လို့ တထစ်ချထင်မှတ်ဖို့တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအန္တရာယ်ကို သတိထားသိရှိမှ ဆင်ခြင်နေထိုင်နိုင်မယ်၊ရောဂါစောစောသိရှိမှ ကုသမှုအချိန်မီမယ်။ ဒါ့ကြောင့် ဒီအချက်တွေကို သိထားသင့်ပါတယ် –။ကင်ဆာကုသမှုမှာတော့ ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း၊ ဆေးတိုက်ခြင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုကုသမှုမျိုးပေးသင့်တယ် ဆိုတာက ဒီအချက်တွေပေါ် မူတည်ပါတယ်။ခွဲစိတ်မှုနဲ့ ဓာတ်ရောင်ခြည်ကုသမှုတို့ကတော့ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မထိခိုက်ချင်ရင် သုံးလေ့ရှိတဲ့ကုသနည်းတွေ ဖြစ်ပါတယ်။ ဟော်မုန်း ဒါမှမဟုတ် ဓာတုဆေးဝါးနဲ့ကုသနည်းတွေကတော့ ကင်ဆာက ပျံ့နှံ့မြန်ကင်ဆာမျိုးဖြစ်နေတဲ့အခါ သုံးပါတယ်။ အဲဒီလိုကုသနည်းတွေက တစ်ကိုယ်လုံးမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေအထိ အရောက်သွားနိုင်ပါတယ်။ အများအားဖြင့်တော့ လူနာတွေဟာ ကုသနည်းတစ်မျိုးတည်းထက်စာရင် ပေါင်းစပ်ကုသမှုခံယူရတတ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/stages-breast-cancer/
လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့
အာဟာရချို့တဲ့တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအစာတွေကနေ အာဟာရဓာတ် အပြည့်အဝ မရရှိတာ ဖြစ်ပါတယ်။ အာဟာရဓာတ်တွေဆိုတာ ခန္ဓာကိုယ်ကို အားဖြစ်စေမယ့် အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်တွေက ခန္ဓာကိုယ်ကို ကြီးထွားစေ၊ တစ်ရှူးတွေပြန်လည် ကောင်းမွန်စေပြီး အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတို့လို လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် အာဟာရချို့တဲ့လာပါတယ်။ လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့ ဘာတွေ သိထားဖို့ လိုမလဲ။အာဟာရချို့တဲ့ခြင်းဟာ သက်ကြီးပိုင်းအရွယ်တွေအတွက် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တာကြောင့် ကိုယ်ချစ်ခင်ရတဲ့မိဘတွေ လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့ အတွက် အာဟာရချို့တဲ့မှု လက္ခဏာတွေကို သိထားသင့်ပါတယ်။အာဟာရချို့တဲ့မှုရဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိနိုင်ပါတယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါင်းစုပြီးတော့လည်း ဖြစ်စေတတ်ပါတယ်။ ဥပမာ-။လူကြီးတွေဟာ မှတ်ဉာဏ်ပြဿနာ၊ သွားကျန်းမာရေးပြဿနာတို့လို အကြောင်းအရာတွေကြောင့် အစာစားချင်စိတ်နည်းတာတွေဖြစ်လာတတ်ပါတယ်။ နာတာရှည်ရောဂါများ၊ သောက်သုံးနေရတဲ့ ဆေးဝါးများ၊ မျိုချရခက်ခဲတာ၊ အာဟာရဓာတ်မစုပ်ယူနိုင်တာ၊ မကြာသေးခင်ကမှ ဆေးရုံတက်ထားတာ၊ အနံ့ခံနိုင်စွမ်း အာရုံခံနိုင်စွမ်း အားနည်းတာ စတဲ့ တခြား အချက်တွေလည်းပါဝင်ပါတယ်။ဆား၊အဆီ၊ ပရိုတင်း ဒါမှမဟုတ် သကြားတို့လို ဆင်ခြင်စားသောက်ရမယ့် ကန့်သတ်ချက်တွေထားရှိတာက တချို့ဆေးဝါးကုထုံးတွေမှာ အကူအညီဖြစ်စေပေမယ့် အာဟာရ မလုံလောက်မှုလည်း ဖြစ်စေနိုင်ပါတယ်။တချို့သက်ကြီးပိုင်းတွေမှာ ငွေကြေးမပြည့်စုံတာကြောင့်၊ အထူးသဖြင့် အကုန်အကျများတဲ့ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာ အာဟာရပြည့်အောင် အစုံအစိ ဝယ်မစားနိုင်ကြပါဘူး။တစ်ယောက်တည်းထမင်းစားရတဲ့ သက်ကြီးပိုင်းအရွယ်တွေဟာ အရင်ကလောက်ထမင်းစားမဝင်တော့ဘဲ ချက်ပြုတ်ဖို့၊ စားဖို့အတွက် စိတ်ဝင်စားမှုနည်းသွားတတ်ပါတယ်။ဝမ်းနည်းစိတ်၊ အထီးကျန်မှု၊ ကျန်းမာရေးမကောင်းခြင်း၊ သွားလာလှုပ်ရှား မစွမ်းတော့ခြင်းနဲ့ တခြားအချက်တွေက စိတ်ကျဝေဒနာဖြစ်လာစေပြီး အစာစားချင်စိတ် လျော့နည်းစေပါတယ်။အရက်သောက်တာများရင် အစာချေဖျက်မှုနဲ့ အာဟာရဓာတ် စုပ်ယူမှုတို့မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ အစာမစားဘဲ အရက်ချည်း သောက်နေသူတွေမှာတော့ အာဟာရ လုံးဝ ဆုံးရှုံးရပါတယ်။သက်ကြီးပိုင်းအရွယ်တွေမှာ အာဟာရချို့တဲ့လာရင် ရောဂါအခြေအနေအမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ ဥပမာ – ကိုယ်ခံအားစနစ် အားနည်းပြီး ရောဂါမျိုးစုံဝင်နိုင်ခြင်း ၊ အနာကျက်နှေးခြင်း၊ ကြွက်သားအားနည်းခြင်း (ချော်လဲခြင်း၊ အရိုးကျိုးအက်ခြင်းတွေဖြစ်လာနိုင်)တွေအပြင် နောက်ပိုင်းမှာ အစာစားချင်စိတ်မရှိတာတွေ ဖြစ်လာနိုင်ပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မောပန်းအားကုန်ခြင်း (အားအင်ကုန်ခန်းခြင်း)၊ ကြွက်သားအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်မကောင်းတော့ခြင်း၊သွေးအားနည်းခြင်းတို့လည်း ခံစားရနိုင်ပါတယ်။လူကြီးတွေမှာအာဟာရချို့တဲ့လာတဲ့ လက္ခဏာတွေကို သိနိုင်ဖို့ –။အကောင်းဆုံးကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံပြောင်းနှံတွေ၊ အဆီမပါတဲ့အသားတို့လို အာဟာရပြည့်ဝတဲ့အစားအစာတွေ ဖြစ်ပါတယ်။ လူကြီးတွေရဲ့ အဆီ၊ သကြား၊အငန်စားသုံးမှုနဲ့ ယမကာသောက်သုံးမှုကို ကန့်သတ်ပေးပါ။ဥပမာ လူကြီးတွေက ရောဂါကြောင့် ဆင်ခြင်စားသောက်နေရတဲ့သူတွေဆိုရင် အရသာပေါ့ရွှတ်ရွှတ်အစားအစာတွေမှာ ဟင်းခတ်အမွှေးကြိုင်တွေနဲ့စီမံပေးလိုက်ရင် ခံတွင်းပြန်ကောင်း စေနိုင်ပါတယ်။ ဒါပေမယ့် အငန်များတဲ့ အမွှေးအကြိုင်တွေကိုတော့ မသုံးမိဖို့သတိထားပါ။တကယ်လို့ စားသောက်နေထိုင်မှုပုံစံပြောင်းလဲတာတစ်ခုတည်းက လူကြီးသူမတွေအတွက် လုံလောက်တဲ့ အာဟာရဓာတ်ကို မပေးစွမ်းနိုင်ဘူးဆိုရင် အာဟာရဖြည့်စွက်စာ ထည့်သွင်းကျွေးခြင်းက သူတို့အတွက် အကျိုးများနိုင်ပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးချယ်နိုင်တဲ့နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။နည်းနည်းလောက်ဖြစ်ဖြစ် ပုံမှန်လှုပ်ရှားမှုပြုလုပ်ပေးခြင်းက လူကြီးတွေကို အစာစားချင်စိတ်ဖြစ်စေနိုင်ပြီး အရိုးနဲ့ ကြွက်သားသန်မာကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်စေပါတယ်။အိမ်နီးချင်း သို့မဟုတ် မိတ်ဆွေတစ်ဦးဦးနဲ့ တွေ့ဆုံပြီး အပြင်မှာနေ့လယ်စာစားဖို့ အားပေးပါ။ဆရာဝန်နဲ့တွေ့ဆုံတဲ့အခါ လူကြီးတွေရဲ့အာဟာရချို့တဲ့မှုနဲ့ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ အန္တရာယ်အကြောင်းကို မေးမြန်းသိရှိနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/preventing-malnutrition-in-elderly/
ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်
ကလေးတွေ တော်တော်များများ ဖေဖေထက်စာရင် မေမေနဲ့ ပိုရင်းနှီးကြတာအမှန်ပါပဲ။ ဒါကလည်းမေမေအများစုက အိမ်မှာနေပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ကြပေမယ့် ဖေဖေတို့က တစ်နေ့ကုန် အလုပ်သွားပြီး ပြန်လာတဲ့ချိန်ခဏလေးတွင်းမှာပဲ ကလေးတွေကို အချိန်ပေးနိုင်ကြလို့ပါ။ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကလေးတွေကို အဖေနဲ့ ရင်းနှီးအောင် ဘေးကနေ အားပေးသင့်ပါတယ်။ ကလေးတာဝန်တွေလည်း  ဝေခွဲပေးနိုင်တဲ့အတွက် မေမေတို့ရဲ့ ကလေးထိန်းကျောင်းတဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့စေပါတယ်။ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ အနေနဲ့။ကလေးနဲ့ပတ်သက်တဲ့ ဝေယျာဝစ္စတွေကို ဖေဖေ့ကိုလည်း အတူပါဝင်လုပ်ခိုင်းပါ။ ကျောင်းစာကူလုပ်ပေးတာ၊ အဝတ်အစားဝတ်ပေးတာ၊သွန်သင်ဆုံးမတာတွေ ကစလို့ ကလေးကိစ္စတွေမှာ ပါဝင်နေမှ ရင်းနှီးမှုပိုရှိလာမှာပါ။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေး ချစ်ခင်စောင့်ရှောက်ပေးပါ။ ကလေးတွေက အမေကိုပဲ ကပ်နေတယ်ဆိုတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။ကလေးကို ပွေ့ချီဖို့၊ နမ်းရှုံ့ဖို့ ဝန်မလေးပါနဲ့။ အဖေဆိုတာ အမြဲအလုပ်များပြီး အပြင်မှာနေတယ်ဆိုတဲ့ ကလေးတွေရဲ့ အမြင်ကို ပြောင်းပေးဖို့ မေမေတို့ဘက်ကကြိုးစားပေးပါ။ အဖေပေါ် ယုံကြည်မှုနဲ့ရင်းနှီးချစ်ခင်စိတ်တိုးလာအောင် မေမေတို့ဘက်က အားပေးပေးပါ။ မိဘတွေနဲ့ ချစ်ခင်ရင်းနှီးတဲ့ ကလေးတွေဟာဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု တိုးတက်စေပါတယ်။စကားနားမထောင်ရင် ဖေဖေနဲ့ တိုင်မှာနော်၊ ဆိုးရင် ဖေဖေရိုက်လိမ့်မယ်ဆိုတဲ့ ကလေးကို ခြိမ်းခြောက်တာတွေဟာ ခဏတစ်ဖြုတ်အနေနဲ့တော့ ကလေးကို ဆုံးမတဲ့နေရာမှာ လွယ်ကူပေမယ့် ရေရှည်မှာ ကလေးဟာ အဖေကို ဆူမယ့်၊ ကြိမ်းမယ်ဆိုတဲ့သူတစ်ယောက်အနေနဲ့ မြင်နေနိုင်ပါတယ်။ မေမေတို့အနေနဲ့လည်း စကားနားမထောင်တဲ့ကလေးကို အော်ငေါက်မယ့်အစား သေချာရှင်းပြပါ။ ဖေဖေနဲ့ အတူတိုင်ပင်ဆွေးနွေးပြီး ကလေးကို  ထိန်းကျောင်းပါ။ကလေးနဲ့ ဖေဖေ အတူကစားလို့ရတဲ့ နည်းတွေအများကြီးပါ။ ကလေးတွေရော လူကြီးတွေရောပျော်ပျော်ရွှင်ရွှင်ဆော့ကစားနိုင်မယ့် ကစားနည်းလေးတွေကို ကစားခြင်းဖြင့် မိဘနဲ့ သားသမီးကြား ချစ်ခင်ရင်းနှီးမှု တိုးတက်စေနိုင်ပါတယ်။အပြင်ထွက်ပြီး အလုပ်လုပ်နေတဲ့ ဖေဖေ ဆီက ကလေးတွေဟာ လက်ဆောင်တွေ မျှော်လင့်တတ်ကြပါတယ်။ ကလေးတွေကို အမြဲမဟုတ်ရင်တောင် တစ်ခါတစ်လေ လက်ဆောင်လေးတွေ ဝယ်ပေးဖို့ မမေ့ပါနဲ့။ သူတို့ကြိုက်တတ်တဲ့မုန့်တွေဝယ်လာတာ ဒါမှမဟုတ် လိုချင်တယ်လို့ပြောဖူးတဲ့အရုပ်လေးတွေပဲဖြစ်ဖြစ်ပေါ့။ လက်ဆောင်ပေးတာ ရတဲ့သူရော၊ ပေးရတဲ့သူရော ပျော်တယ်မဟုတ်လား။ မေမေတို့အနေနဲ့လည်း ဖေဖေတို့မေ့နေရင်တောင် သတိပေးပေ့ါ။မိသားစုတစ်ခုလုံး ပျော်ပျော်ပါးပါး ပါဝင်လို့ရတာ သီချင်းဆိုတာပါ။ လူကြီးတွေလည်း စိတ်လက်ပေ့ါပါးပျော်ရွှင်ရသလို သီချင်းသံဟာ ကလေးတွေရဲ့ အနုပညာဉာဏ်နဲ့တီထွင်ဖန်တီးလိုစိတ်ကို ရင့်သန်စေပါတယ်။မေမေနဲ့ ဖေဖေ မှာဆို အများအားဖြင့် မေမေတွေက စိတ်ပူလွန်တတ်ကြတယ်။ ကလေးတွေကို တစ်ခါတစ်လေ ဖေဖေ နဲ့ပဲ အပြင်ထွက်စေခြင်းအားဖြင့် မေမေရဲ့ စိတ်ပူနေတဲ့ စကားသံတွေမပါတာကြောင့် သားအဖေချင်း လွတ်လပ်ရင်းနှီးမှုကိုပိုစေပါတယ်။ကျန်းမာဖွံ့ဖြိုးတဲ့သားသားမီးမီးတွေနဲ့ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို ဖေဖေနဲ့ မေမေတို့ ပိုင်ဆိုင်နိုင်ပါစေနော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/ways-to-be-a-great-dad/
သဘာဝအတိုင်း အမာရွတ် သက်သာစေမယ့် နည်းလမ်းများ
နည်းနည်းလေးများ အသားတက်ပြီ မကြံနဲ့။ ဆွမယ်၊ ကုတ်မယ်၊ ဖဲ့မယ်ဆိုတာ ဘယ်သူတွေလဲ။ အသားတက်တဲ့ အချိန် ယားတာမှန်ပေမယ့် ဒါကို သည်းမခံနိုင်ဘဲ သွားကုတ်မိရင်အမာရွတ်ကျန်ခဲ့မှာပါ။ ဒီ အမာရွတ် တွေများ ထင်သာ မြင်သာတဲ့ နေရာမှာ ရှိနေရင်တော့ ဒုက္ခပါပဲ။ ဒီတော့ အမာရွတ်တွေကို သဘာဝအတိုင်းပျောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြမေးမှာမို့လို့ လိုက်လုပ်ကြည့်ရအောင်နော်။အမာရွတ်ကို မဖယ်ခင် အမာရွတ်ကို အကြောင်းကို အရင်လေ့လာကြည့်ရအောင်။ အမာရွတ်ဆိုတာ သဘာဝအတိုင်းအနာကျက်တဲ့ နည်းလမ်းပါ။ အရေပြားရဲ့ ဒုတိယအလွှာထိ ထိခိုက်ဒဏ်ရာရခဲ့မယ်ဆိုရင် အဲ့အလွှာမှာရှိတဲ့ကော်လာဂျင်တွေက အနာကျက်ဖို့ လုပ်ပေးရပါတယ်။ ဒါကြောင့် အမာရွတ်ဆိုတာ ဖြစ်လာတာပါ။  သိစေချင်တဲ့ အချက်တချို့ကတော့။ဒီအမာရွတ်က နဂိုရှီပြီးသား တစ်ရှူးတွေ ဆုံးရှုံးသွားတဲ့အတွက် အရေပြားမှာ ချိုင့်ဝင်တာ၊ ပြားပြားကြီး ဖြစ်နေတာမျိုး တွေ့ရမှာပါ။ ဘေးအရေပြားထက် အရောင်လည်းရင့်ပါတယ်။ ဥပမာ ဝက်ခြံအမာရွတ်၊ ရေကျောက်အမာရွတ်။ဖောင်းကြွလို့ ပြောရတာက တကယ်ဖြစ်တဲ့ ဒဏ်ရာထက် အမာရွတ်က ပိုကြီးလို့ပါ။ Keloid အမာရွတ်နဲ့ မတူတာက ဘေးကို ပြန့်ကားမသွားပါဘူး။  ဘေးအရေပြားထက် အရောင်ပိုရင့်ပါတယ်။Keloidအမာရွတ်က အနာကျက်တဲ့ အချိန်မှာ တစ်ရှူးတွေ အများကြီး ထုတ်လိုက်လို့ ဖြစ်ရတာပါ။ ဖောင်းကြွပြပြီး ဘေးကို ကားထွက်နေပါတယ်။ အရောင်လည်း ရင့်ပါတယ်။ထိခိုက်တဲ့ အရေပြား များရင် ဖြစ်တတ်ပါတယ်။ ဥပမာ မီးလောင်တာမျိုးပေါ့။ အနာရွတ်တွဲနေတာကြောင့် လှုပ်ရှားရခက်တတ်ပါတယ်။ခုပြောမယ့် နည်းလမ်းတွေက သာမန် အမာရွတ်အတွက်ပဲ အဆင်ပြေမှာပါ။ ဖောင်းကြွနေတဲ့ အမာရွတ်ကြီးတွေအတွက်ဆိုရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။ နောက်တစ်ခုက ရလဒ်က ချက်ချင်းမရပါဘူး။ စိတ်ရှည်ရှည်နဲ့ ပုံမှန် လုပ်ပေးဖို့ လိုပါတယ်။ နည်းလမ်းတွေကတော့။-အပြင်က အစိမ်းခွံကို ဖယ်လိုက်ပါ။-အထဲက ဂျယ်လီအနှစ်ကို ခြစ်ထုတ်ပါ။-အမာရွတ်ရှိတဲ့ နေရာကို အဝိုင်းပုံစံ လိမ်းပေးပါ။-တစ်နာရီလောက်ကြာရင် ရေဆေးချပါ။-တစ်နေ့ ၂ခါ လုပ်ပါ။–ဗီတာမင် အီးဆေးလုံးကို ညှပ်ပြီး အထဲက အရည်တွေနဲ့ အမာရွတ်ကို  ၁၀မိနစ်ခန့် လိမ်းပေးပါ။-မိနစ် ၂၀လောက်ထားပြီး ရေကြက်သီးနွေးနဲ့ ပြန်ဆေးပါ။-တစ်နေ့ ၃ခါလောက် လုပ်ပါ။-အိပ်ရာ မဝင်ခင် အမာရွတ်ပေါ်ကနေပျားရည်သုတ်လိမ်းပါ။-ပြီးရင် အပေါ်ကနေ ပတ်တီးစည်းပါ။-တစ်ညလုံး ဒီတိုင်းထားပါ။-မနက်ရောက်ရင် ပတ်တီးဖြည်ပြီး ရေနွေးလေးနဲ့ ဆေးချပါ။-ညတိုင်းလုပ်ပေးပါ။–အုန်းဆီခဲနေရင် အရည်ပျော်အောင် မီးနည်းနည်း ပြပါ။-အမာရွတ်ပေါ်မှာ ၁၀မိနစ်လောက် လိမ်းပါ။-၁နာရီလောက်ကြာမှ ရေဆေးချပါ။-တစ်နေ့ ၄ခါလောက်လုပ်နိုင်ရင် ပိုကောင်းပါတယ်။-ပန်းသီးရှာလကာရည် ၂ဇွန်းနဲ့ ရေ၄ဇွန်း ရောပါ။-အမာရွတ်ပေါ်ကို ဂွမ်းနဲ့ အသာအယာ သုတ်ပေးပါ။-ခြောက်အောင် ထားလိုက်ပါ။-ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပြီး မနက်ကျရင် ရေဆေးချပါ။-လာဗင်ဒါအဆီ ၃စက်နဲ့သံလွင်ဆီ၃ဇွန်းရောပါ။-အမာရွတ်ပေါ် လိမ်းပြီး ၅မိနစ်လောက် နှိပ်နယ်ပါ။-နာရီဝက်ထားပါ။-ပြီးရင် ရေနွေးနွေးနဲ့ ဆေးပါ။-တစ်နေ့ ၃ကြိမ်လုပ်ပါ။–အာလူးကို မထူမပါး လှီးပါ။-အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။-အာလူး ခြောက်သွားရင် နောက်တစ်ခုလဲပါ။-မိနစ် ၂၀လောက် နှိပ်နယ်ပြီး ၁၀မိနစ်လောက် အခြောက်ခံထားပါ။-ရေအေးနဲ့ ဆေးချပါ။-အနည်းဆုံး တစ်နေ့ တစ်ကြိမ်လောက်လုပ်ပါ။–မုန့်ဖုတ်ဆိုဒါကို အနှစ်ရအောင် ရေနဲ့ ဖျော်ပါ။-အမာရွတ်ကို ရေစိုအောင်လုပ်ပြီး အပေါ်ကနေ သုတ်လိမ်းပါ။-အပေါ်ကနေ ရေနွေးဝတ်နဲ့ ၁၅မိနစ်လောက် ဖိထားပါ။-ပြီးရင် ရေဆေးချပါ။ဒီနည်းလမ်းတွေနဲ့ ပတ်သတ်ပြီး သိထားရမှာက အရင်ဆုံး အမာရွတ်ကို သေချာဆေးပြီး ခြောက်အောင် သုတ်ဖို့ပါပဲ။ နောက်ပြီး ဒါတွေက အမာရွတ်မှာပဲ သုံးရမှာပါ။ အနာတွေမှာ မသုံးရပါဘူး။ သုံးနေရင်းနဲ့ ဓာတ်မတည့်ဘူးဆိုရင် ချက်ချင်းရပ်လိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/ow-to-get-rid-of-old-scars/
ဘေဘီလေးတို့ အိပ်ပျော်စေဖို့
ဘေဘီလေးတွေ ညညဆို ကောင်းကောင်း မအိပ်လို့ စိတ်ညစ်နေတဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ ညဘက်မှာ ဘေဘီလေးတွေကို ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်းလေးတွေမျှဝေပေးပါရစေ။အိမ်ရဲ့ဆည်းလည်းလေးတွေကောင်းကောင်း အိပ်ပျော်စေဖို့။ညဘက်ကို အချိန်မှန် အိပ်ရာဝင်စေတာ၊ အိပ်ရာဝင်ရမယ့်အချိန် မိနစ် ၂၀ အလိုလောက်မှာ ဘေဘီလေးကို။ဘေဘီလေးကို မအိပ်ခင်မှာအုန်းဆီဒါမှမဟုတ်မုန်ညှင်းဆီကို လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ဒီလို နှိပ်နယ်ပေးတာက မေမေနဲ့ ဘေဘီလေးတို့ကြားမှာ အချစ်တိုးစေသလို ဘေဘီလေးကိုလည်း ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ခြေဖဝါးခြေထောက်တွေကစလို့ ကျောပြင် လက်မောင်းလေးတွေကို နှိပ်ပေးလို့ ရပါတယ်။ဘေဘီလေးတွေက မေမေနဲ့ အသားချင်းထိထားတဲ့အခါ စိတ်လုံခြုံမှု ခံစားရပါတယ်။ ဒီအချက်က ဘေဘီလေးတွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကို ညအိပ်ရာဝင်တဲ့အခါ မေမေက အသားချင်းထိပြီးချော့သိပ်ပေးပါ။ဘေဘီလေးကိုချည်သားအနှီးကို မပွမချောင် သက်သောင့်သက်သာ အနေအထား ထုတ်ပေးတာက ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ သက်တောင့်သက်သာ ရှိမှုကို ခံစားရစေပြီး ကောင်းကောင်း အိပ်ပျော်​စေနိုင်ပါတယ်။ဘေဘီလေးတွေက ဗိုက်ထဲက ထွက်လာချိန်မှာ သူတို့လေးတွေရဲ့ ဇီဝနာရီက မမှန်သေးပါဘူး။ ဒါကြောင့် နေ့ဘက်မှာ အိပ်နေပြီး ညဘက်ကျ မအိပ်တာမျိုး ဖြစ်ကြတာပါ။ ဒီ ပြဿနာက ကင်းစေဖို့ဆိုရင် ဘေဘီလေးကိုမနက်ခင်း နေခြည်နွေးနွေးလေးနဲ့ ထိတွေ့ခွင့် ပေးလိုက်ပါ။ဗီတာမင် Dရရှိမှာ ဖြစ်သလို ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။ကလေး ညအိပ်ခါနီးမှာ မီးတွေ ထွန်းထားတာမျိုး မလုပ်ပါနဲ့။ မီးတွေ လင်းနေအောင် ထွန်းထားတာက ဘေဘီလေးရဲ့အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ခန်းမီးကို ခပ်မှိန်မှိန်ပဲ ထားပေးပါ။ အလင်းရောင် ခပ်မှိန်မှိန်နဲ့ အလင်းမဝင်ရောက်နိုင်တဲ့ အခန်းက ဘေဘီလေးတွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။ဘေဘီလေးကို အိပ်ရာဝင်ခါနီးမှာ ချိုလိမ် ပေးစို့တာက စိတ်ကျေနပ်မှု ရစေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ ဘေဘီလေးတွေက အိပ်ပျော်သွားတဲ့အခါ ချိုလိမ်က သူ့အလိုလို ပါးစပ်ကနေ ထွက်ကျသွား ပါလိမ့်မယ်။ ချိုလိမ်စို့နေတဲ့အခါ ဘေဘီလေးက နာရီဝက်အတွင်း အိပ်ပျော်သွားမှာပါ။ဘေဘီလေးကို မအိပ်ခင်မှာ မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်တာကလည်း ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်စေဖို့ မိခင်နို့တိုက်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/right-infant-sleep-aid/
လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ
ဆံသားကျန်းမာရေးကို ထိန်းသိမ်းချင်တယ်။ ဘာတွေနဲ့ ထိန်းသိမ်းရမလဲ မသိဘူး ဆိုတဲ့သူလေးတွေရှိလား…… ဒါဆိုရင်တော့ ဆံသား ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်မယ့် လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ အကြောင်း ပြောပြပေးပါရစေလား……………။လက်လှမ်းမီရာက ဆံသားထိန်းသိမ်းမှုပစ္စည်းများ က ဘာတွေလဲဆိုတော့။ဆန်ဆေးရည်။ဆန်ဆေးရည်ကို ဒီအတိုင်းသွန်ပစ်မယ့်အစား ဆံသားကျန်းမာရေးအတွက် အသုံးပြုပေးလို့ရပါတယ်။ ဆန်ဆေးရည်မှာပရိုတင်း၁၆ ရာခိုင်နှုန်းပါဝင်ပြီး ဆံသားကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆန်ဆေးရည်မှာပါတဲ့အဆီဓာတ်က ၊ ကာဗိုဟိုက်ဒရိတ်၊ inositol နဲ့ phytic အက်ဆစ်တို့က ဆံပင်ကဆဲလ်တွေကို ကျန်းမာစေပြီး အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဆံပင်လျှော်ပြီးတဲ့အခါ အသန့်ခံထားတဲ့ ဆန်ဆေးရည်ကို လောင်းချပြီး ဆေးပေးတာက ဆံပင်ကျွတ်တာနဲ့ဆံပင်မဖြူအောင်ကာကွယ်ပေးနိုင်ပါတယ်။ကြက်ဥ။ကြက်ဥကလည်း ဆံသားကို ကျန်းမာစေနိုင်ပါတယ်။ ကျိုးပျက်ခြောက်သွေ့နေတဲ့ ဆံသားတွေကို အားဖြည့်ပေးပါတယ်။ ကြက်ဥမှာ ​ဆံသားကျန်းမာရေးအတွက် အရေးပါတဲ့ဗီတာမင် Bအုပ်စုတွေဖြစ်ကြတဲ့ ဗီတာမင် B1 (thiamin)၊ B2 (riboflavin) နဲ့ B5 (pantothenic acid) တို့ပါဝင်နေပါတယ်။ ဆံသားကျန်းမာရေးကို အားဖြည့်ပေးတဲ့ ဖေလစ်အက်ဆစ်လည်း ပါဝင်ပါတယ်။ကြက်ဥနဲ့ ဆံပင်ပေါင်းတင်တာကအရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။အုန်းဆီ။ဆံသားခြောက်သွေ့တာ၊ ဦးရေပြားခြောက်သွေ့တာနဲ့ဗောက်ပြဿနာတွေကို ကင်းစေဖို့ဆိုရင် ဆံသားအရင်းကနေ အဖျားထိ၊ ဦးရေပြားတို့ကို အုန်းဆီ ပုံမှန်လိမ်းလို့ နှိပ်နယ်ပေးပါ။ ဆံသားကို ကျန်းမာသန်စွမ်းစေပြီး ဆံပင်ကျိုးတာ၊ ခြောက်တာ၊ဆံပင်ကျွတ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဆံသားကို ပရိုတင်းဓာတ်ဖြည့်ပေးပါတယ်။နှမ်းဆီ။ဆံသားတွေခြောက်သွေ့နေတယ်ဆိုရင် နှမ်းဆီကို အသုံးပြုပေးလို့ရပါတယ်။ ဟင်းချက်တဲ့အခါသုံးတဲ့ နှမ်းဆီကို ဆံပင်အရင်းကနေ အဖျားအထိ လူးပေးပါ။ဦးရေပြားကိုလည်း လူပေးပြီး ၄၅ မိနစ်ကြာ ပလပ်စတစ်ခေါင်းစွပ်လေး စွပ်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ဘီယာ။အရည်အသွေးမြင့် ဘီယာက ဆံပင်ကို ပျော့ပျောင်းနူးညံ့စေနိုင်ပါတယ်။ ခေါင်းကို စင်အောင်လျှော်ပြီး ဘီယာနဲ့ ဆေးချလို့ ၁၅ မိနစ်လောက်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဆံပင်ကို ပျော့ဆေးသုံးစရာမလိုဘဲ ပျော့ပျောင်းနက်မှောင်စေမှာပါ။စန္ဒကူးမှုန့်။ဆံသားကို သန်စွမ်းစေပြီး ဦးရေပြားကို အေးမြစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ စန္ဒကူးမှုန့်ကို ရေနဲ့ဖျော်ပြီး ဆံသားနဲ့ဦးရေပြားကို လိမ်းပေးရုံပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ခေါင်းလျှော်ချလိုက်ပါ။Green tea။Green tea မှာ EGCG လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ဆံပင်ကို အဖျားကနေ အရင်းထိ ကျန်းမာစေနိုင်ပါတယ်။ ဆံပင်ကျွတ်တာ၊ဆံပင်ပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဗောက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ခေါင်းလျှော်ပြီးတဲ့အခါ အအေးခံထားတဲ့ Green tea ကို ဆေးချလိုက်ရုံပါ။ ဆံသားကို ပျော့ပျောင်းပြီး အာဟာရဖြည့်ပေးသလိုအဖျားနှစ်ခွမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆံသားအရောင်တက်စေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဇီးဖြူသီး။ဆံသား ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ​ဗီတာမင် Cကြွယ်ဝမှုကကော်လာဂျင်ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်သလိုဆံပင်ထူပြီး ဆံပင်အရှည်မြန်စေဖို့လည်း အားဖြည့်ပေးပါတယ်။ ဆံပင်နဲ့ဦးရေပြားကိုလည်းရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ဦးရေပြားကို သန့်စင်စေနိုင်သလို ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်ပြီး ဆံသားပျက်စီးတာနဲ့ အရွယ်မတိုင်ခင်ဆံပင်ဖြူတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြိတ်ခြေပြီး ရလာတဲ့ အရည်ကို ဆံသားနဲ့ ဦးရေပြားကိုလိမ်းပေးရုံပါ။ခုပြောပြခဲ့တာတွေက သဘာဝပစ္စည်းတွေ ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားတာမျိုး မဟုတ်တာကြောင့် သတိထားပြီး သုံးစွဲပါ။ ဓာတ်မတည့်တာရှိရင် မသုံးပါနဲ့။ ဦးရေပြားမှာ အသုံးမပြုခင်မှာ အရေပြားမှာ ဓာတ်တည့်မတည့် အရင်စမ်းပါ။ ဆံသားနဲ့ ဦးရေပြားပြဿနာတွေ ရှိတယ်ဆိုရင် အရေပြားဆရာဝန် ဒါမှမဟုတ် အလှအပရေးရာဆရာဝန်နဲ့ ပြသတာက အကောင်းဆုံးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/homemade-hair-care-tips/
မေ့မထားသင့်တဲ့ အရေပြားကင်ဆာ အန္တရာယ်
လူတွေက နေလောင်မှာကြောက်တယ်ဆိုတာထက် အသားမည်းမှာကြောက်တာ များပါတယ်။ အထူးသဖြင့် အသားဖြူသူတွေကပဲ အသားညိုမှာကြောက်ကြပြီး နဂို အသားညိုသူတွေကတော့နေလောင်လည်းဘာမှမထူးဘူးဆိုပြီးပေါ့ပေါ့ဆဆနေကြပါတယ်။ အရေပြားကင်ဆာ  အန္တရာယ်ကိုရော သတိရမိရဲ့လား။နေလောင်ခြင်းက အသားညိုရုံ၊ အလှအပပိုင်းပြဿနာတစ်ခုတည်းဖြစ်စေတာမဟုတ်ပါဘူး။ သူ့ကြောင့် ဆက်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက ဒီထက်ဆိုးရွားတာတွေရှိနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရေပြားကင်ဆာဟာ အသားအရောင်မရွေးဖြစ်နိုင်ခြေရှိနေတဲ့အတွက် အသားညိုသူတွေမှာလည်းဖြစ်နိုင်ပါတယ်။ဒါ့ကြောင့် ကင်ဆာကာကွယ်ချင်တယ်ဆိုရင်ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းအောင် တတ်နိုင်သလောက်ကြိုးစားဖို့အရေးကြီးပါတယ်။ အရေပြားမှာ မူမမှန်တဲ့ပြောင်းလဲမှုတွေဖြစ်လာရင် ရောဂါလက္ခဏာတွေကိုစောစောသိမှ ကုသမှုအောင်မြင်နိုင်မယ့် အခွင့်အလမ်းပိုများစေမှာပါ။အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်တွေရဲ့ပုံမှန်မဟုတ်တဲ့ကြီးထွားမှုတစ်မျိုးဖြစ်ပြီး အများစုကနေလောင်ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ အရေပြားဆဲလ်တွေရဲ့မျိုးဗီဇတွေသန္ဓေပြောင်းလဲမှုဖြစ်လာတဲ့အခါ ဆဲလ်တွေအဆမတန်ပွားများလာပြီး ကင်ဆာဆဲလ်တွေအများကြီးဖြစ်လာစေပါတယ်။ အရေပြားကင်ဆာအမျိုးအစားတွေထဲမှာ အဖြစ်များတဲ့ သုံးမျိုးကbasal cell carcinoma နဲ့ squamous cell carcinoma နဲ့ melanoma တို့ဖြစ်ပါတယ်။အရေပြားကင်ဆာအများစုက ကြိုတင်ကာကွယ်လို့ရပါတယ်။ ဒီအချက်တွေကိုသာ ဂရုစိုက်ပေးပါ –။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/%e1%80%b1%e1%80%99%e1%80%b7%e1%80%99%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%80/
ကင်ဆာ (Cancer) ရောဂါအကြောင်း သင်သိသင့်သမျှ
ကင်ဆာကုသရခက်တဲ့ရောဂါတစ်မျိုးပေါ့။ အခုနောက်ပိုင်း ကင်ဆာဖြစ်တဲ့သူတွေတော်တော်လေးများလာတာ ကမ္ဘာ့နိုင်ငံတိုင်းမှာပါ။ ကင်ဆာရောဂါအမျိုးအစားပေါင်းက ၂၀၀လောက်ရှိမယ်လို့ ခန့်မှန်းထားကြပေမယ့် အတိအကျကိုတော့ မပြောနိုင်ကြသေးပါဘူး။ ကင်ဆာရောဂါအမျိုးအစားတွေ ကွာခြားသလိုရောဂါလက္ခဏာတွေကလည်း မတူနိုင်ပါဘူး။ ကုသမှုပုံစံချင်းလည်း ကွာခြားနိုင်ပါသေးတယ်။ကင်ဆာဆိုတာက ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကိုဆိုလိုတာပါ။ ဆဲလ်တွေကြီးထွားလာမှုက အကျိတ်တွေအဖြစ်ပြောင်းလဲသွားပြီး ခန္ဓါကိုယ်မှာ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ရင်သားကင်ဆာ၊အရေပြားကင်ဆာ၊အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ၊ဆီးကျိတ်ကင်ဆာနဲ့lymphoma(လင်ဖိုးမားဟုခေါ်သောသွေးကင်ဆာ)တွေအပါအဝင် ကင်ဆာရောဂါအမျိုးအစားတော်တော်များများကိုဖြစ်စေနိုင်ပါတယ်။ ကင်ဆာကို ခွဲစိတ်ကုသတဲ့နည်းလမ်းနဲ့ကုသလို့ရသလို ဓါတ်ကင်တဲ့ကုထုံး ဓါတုကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် ကင်ဆာရောဂါဖြစ်နေနိုင်တာကြောင့် ချက်ချင်း စစ်ဆေးကုသမှုခံယူဖို့ပြောပါရစေ။ဒါတွေအပြင်ကို။ဆေးလိပ်မသောက်ဘဲနေတာ၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊အရက်အများကြီးမသောက်တာ၊ အသင့်စား အစားအစာတွေကို အများကြီးမစားတာ၊အနီရောင်အသားတွေကို အတိုင်းအချင့်နဲ့စားသုံးတာနေရောင်ထဲထွက်တဲ့အခါနေလောင်ကာခရင်မ်လူးတာ၊ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာတွေလုပ်မယ်ဆိုရင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာဟင်းသီးဟင်းရွက်တွေ၊သစ်သီးတွေနဲ့ကောက်နှံတွေပါဝင်အောင် စားသုံးမှုတွေ။ လိုအပ်တဲ့ကာကွယ်ဆေးတွေထိုးတာမျိုးတွေကနေတဆင့်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ကင်ဆာကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ အချို့ကင်ဆာရောဂါတွေဆို ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို အကြောင်းအရင်းသေသေချာချာမသိရသေးပါဘူး။ ကင်ဆာအချို့က ပတ်ဝန်းကျင်က အရာတွေနဲ့ ဘဝနေထိုင်မှုပုံစံတွေကြောင့်ဖြစ်နိုင်သလို အချို့ကင်ဆာရောဂါတွေကတော့ မျိုးဗီဇကြောင့်ဖြစ်ရတာပါ။ ကင်ဆာရောဂါတော်တော်များများကတော့ ဒီအကြောင်းအရင်းတွေထဲက နှစ်ခု၊ သုံးခုလောက်ပေါင်းမိရာကနေဖြစ်ရတာပါ။ ပတ်ဝန်းကျင်မှာနေ့စဉ်ထိတွေ့နေတဲ့ ဓါတုပစ္စည်းတွေ၊ အစားအသောက်တွေထဲက မမြင်ရတဲ့ ဓါတုပစ္စည်းတွေတဆင့်ခံဆေးလိပ်ငွေ့တွေ။နေ့စဉ်ထိတွေ့နေတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေထဲက ဓါတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်ပါတယ်။နေရောင်ထဲမှာပါတဲ့ခရမ်းလွန်ရောင်ခြည်၊ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံတို့ကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါသေးတယ်။ အပူချိန် ပြင်းပြင်းနဲ့ကင်ထားတဲ့ အသားကင်တွေ အစားများတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/types-of-cancer/
ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ.....
ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ရောဂါတိုင်းက ကာကွယ်လို့မရတာ မဟုတ်ပါဘူး။ရောဂါတိုင်းကို ကာကွယ်လို့မရပေမယ့် အချို့သောရောဂါတွေကိုတော့ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ဒါတွေက ဘာတွေများဖြစ်မလဲ တူတူကြည့်ပြီး ကာကွယ်လိုက်ရအောင်လား………..။ရောဂါ တော်တော်များများကို မခံစားရစေဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေး ထိုးနှံထားလို့ ရပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက။ရေကျောက်။အဖုအပိမ့်တွေဟာ စဖြစ်ကာစမှာ အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီးဝက်ခြံဒါမှမဟုတ်အင်းဆက်ကိုက်ခံရတဲ့အရာလေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီလိုအခြေအနေနဲ့ ၂ ရက်ကနေ ၄ ရက်လောက်အထိကြာနိုင်ပါတယ်။ ဒီလိုကနေမှာအရည်ကြည်ဖုလေးစဖြစ်လာပါလိမ့်မယ်။ ဒီအရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာ အနာလေးတွေလို စဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေအနာတွေဖြစ်လာပြီး ခြောက်သွားတဲ့အခါ အညိုရောင်အနာဖေးတွေဖြစ်လာပါလိမ့်မယ်။ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေးထိုးထားလို့ရပါတယ်။ဝက်သက်။ခန္ဓာကိုယ်မှာ အနီရောင်အဖုအပိမ့်တွေထွက်တာပါ။ အဖျားက ၄ ရက်ကနေ ၇ ရက်အထိကြာနိုင်ပါတယ်။ ဖျားနာမှုနဲ့အတူ နှာစေးတာ၊ မျက်လုံးတွေနီတာ၊လည်ချောင်းနာတာ၊ ပါးစောင်ထဲမှာ အဖြူစက်တွေထွက်တာ မျိုးတွေခံစားရနိုင်ပါတယ်။ဝက်သက်က ဆံစပ်တွေမှာ စဖြစ်တတ်ပြီး ဒီကနေမှတဆင့် လည်ပင်း၊ ရင်ဘတ်၊ခြေထောက်တွေ၊လက်တွေမှာပေါက်လာတတ်ပါတယ်။ ဒီလက္ခဏာတွေကရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာပြတတ်ပါတယ်။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသောကာကွယ်မှုပါ။ ကုသမှုကတော့မရှိပါဘူး။ဒီတော့  ဝက်သက်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဖေစို့ဆိုရင် ကာကွယ်ဆေးကြိုတင်ထိုးနှံထားပေးပါ။မေးခိုင်။မသန့်ရှင်းတဲ့အရာတွေ (ဥပမာ သံချေးတက်နေတဲ့ သံစူးမိတာ၊ မသန့်ရှင်းတဲ့အရာတွေ အနာကိုထိတွေ့မိတာ) ကြောင့် မေးခိုင်ပိုး ဝင်နိုင်ပါတယ်။ ဒီမှာ တော်တော်များများက မေးခိုင်ကာကွယ်ဆေးကို ကြိုတင်ထိုးထားတာမျိုးမရှိကြပါဘူး။ ထိခိုက်မိတဲ့ အခါမျိုးမှာမှ ထိုးကြတာများပါတယ်။တကယ်ကတော့ မေးခိုင် ပိုးကာကွယ်ဖို့ဆိုရင် တစ်နှစ်တစ်ခါပုံမှန် ကာကွယ်ဆေးထိုးပေးလို့ရပါတယ်။ တိရစ္ဆာန် အကိုက်ခံရတာ၊လူကိုက်ခံရတာတွေဖြစ်တဲ့ အခါမှာလည်း မေးခိုင်ကာကွယ်ဆေး ထိုးဖို့လိုပါမယ်။ မေးခိုင်ပိုးကြောင့် ကျန်းမာရေးပြဿနာကင်းစေဖို့ဆိုရင် တစ်နှစ်တစ်ကြိမ် မေးခိုင်ကာကွယ်ဆေးထိုးပေးပါ။ဦးနှောက်အမြှေးရောင်။ဦးနှောက်အမြှေးရောင်တယ်ဆိုတာကဦးနှောက်နဲ့အာရုံကြောမကြီးကို ဖုံးအုပ်ထားတဲ့ အ​မြှေးပါး နဲ့ ဦးနှောက်အတွင်းမှာရှိတဲ့ အရည်တွေထဲကိုပိုးဝင်ကူးစက်မှုကြောင့်ဖြစ်လာတဲ့ရောင်ရမ်းမှုကို ဆိုလိုတာပါ။ ဦးနှောက်အမြှေးရောင် ရောဂါက အရမ်းအဖြစ်များလှတဲ့ ရောဂါတော့မဟုတ်ပါဘူး။ဦးနှောက်အမြှေးရောင်ရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေပါတယ်။ ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်တာက အသက်အန္တရာယ် ထိခိုက်စေနိုင်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုကနေတဆင့် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ဦးနှောက်အမြှေးရောင်တာကို ကာကွယ်ဖို့ ကာကွယ်ဆေးထိုးလို့ရပါတယ်။ရေယုန်။ရေယုန်က ပါးစပ်တဝိုက်နဲ့ခန္ဓာကိုယ်ရဲ့ နေရာတော်တော်များများမှာလည်း ပေါက်နိုင်ပါတယ်။ Herpes simplex virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ရတဲ့ကျန်းမာရေးပြဿနာတစ်ခုပေါ့။ ရောဂါပိုးကအရေပြားကိုထိလိုက်မိတာနဲ့ အတွင်းလွှာဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပြီး သွေးကြောတွအထိရောက်ရှိမှုကနေတဆင့် ရောဂါပိုး ကူးစက်ခံရတာပါ။ဒီပြဿနာကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကြိုတင်ထိုးထားလို့ရပါတယ်။ပါးချိတ်ရောင်။ပါးချိတ်ရောင်ရောဂါဟာ လူတစ်ဦးကနေတစ်ဦးကိုတံတွေး၊ နှာရည်တို့ကနေ ကူးစက်နိုင်သလို ရောဂါပိုးရှိသူနဲ့ နီးနီးကပ်ကပ်နေတာကနေတဆင့်လည်း ကူးစက်နိုင်တဲ့ ဗိုင်းရပ်ရောဂါတစ်မျိုးပါ။ ပါးချိတ်မှာရှိတဲ့ တံတွေးထုတ်ပေးတဲ့ တံတွေးဂလင်းကို အဓိကထိခိုက်စေတာပါ။တံတွေးဂလင်း ရောင်လာခြင်းက အဓိကရောဂါလက္ခဏာ တစ်ခုပေါ့။ အရွယ်ရောက်ပြီးသူတွေမှာက ကလေးတွေ ထက်ပိုပြီး ပြင်းထန်စွာခံစားရနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတေ့ာ ဦးနှောက်အမြှေးရောင်တာ၊ပန်ကရိယရောင်တာ၊အကြားအာရုံဆုံးရှုံးတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒီပြဿနာကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကြိုတင်ထိုးထားလို့ရပါတယ်။အသည်းရောင် အသားဝါ။အသည်းရောင် အသားဝါရောဂါဆိုတာကအသည်းကဆဲလ်တွေကိုရောင်ရမ်းစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပေါ့။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေအမျိုးမျိုးရှိသလိုရောဂါဖြစ်စေတဲ့ အကြောင်းရင်းခံတွေလည်း အမျိုးမျိုးရှိပေမယ့် ရောဂါလက္ခဏာတွေကတော့ ခပ်ဆင်ဆင် တူတတ်ကြပါတယ်။အသည်းရောင် အသားဝါရောဂါပိုးတွေက အမျိုးမျိုးရှိသလို ချွေး၊တံထွေး နဲ့ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေတဆင့် ကူးစက်နိုင်တဲ့အထိ ပြင်းထန်တာကြောင့် ကာကွယ်ဆေးထိုးပြီး ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။တုပ်ကွေး။တစ်နှစ်တစ်ကြိမ်တော့ အနည်းဆုံး တုပ်ကွေးဖြစ်တတ်ကြပါတယ်။ရာသီတုပ်ကွေးတွေက တစ်နှစ်ထက် တစ်နှစ်ပိုမိုပြင်းထန်လာကြပါတယ်။ တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတာက မသက်သာသလို ပြန်နလန်ထဖို့လည်း တော်တော်လေး အချိန်ယူရပါတယ်။ ဒီတော့ တုပ်ကွေးကြောင့် ပင်ပန်းတာကို သက်သာစေဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးတာပါ။ဂျာမန်ဝက်သက် (Rubella)။ဂျာမန်ဝက်သက် (Rubella) ကာ ဗိုင်းရပ်ကူးစက်ရောဂါတစ်မျိုး ဖြစ်ပြီး ရောဂါကူးစက်ခံရတဲ့အခါ ခန္ဓာကိုယ်မှာ အနီစက်တွေ ပေါ်လာပါလိမ့်မယ်။ အနီစက်များတွေအပြင် ဖျားတာနဲ့ ပြန်ရည်ကျိတ်ရောင်တာမျိုးတွေကိုပါ ခံစားရနိုင်ပါတယ်။ရောဂါပိုးရှိသူနှာချေချောင်းဆိုးရာကနေတဆင့် လွင့်စဉ်ထွက်လာတဲ့ နျညရည်၊ တံထွေးအစက်တွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူရဲ့ နှာရည်၊ တံထွေးတို့နဲ့ထိတွေ့ထားတဲ့ အရာဝတ္ထုတွေကို ထိမိပြီးနောက် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများကို ထိမိလိုက်မယ်ဆိုရင် ဂျာမန်ဝက်သက် ကူးစက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါပိုးရှိသူနှင့် အစားအတူတူစားတာ ရေ၊အချိုရည်တွေကို အတူတူသောက်ခြင်းကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ဒီလိုကူးစက်မှုပြင်းထန်တဲ့ ရောဂါပိုးတွေကို အကောင်းဆုံး ကာကွယ်တဲ့နည်းလမ်းက ကာကွယ်ဆေးထိုးတာပါ။Human papillomavirus (HPV)။Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာလိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာသားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်းကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေ အတွက် အဓိကထား လုပ်ဆောင်လေ့ရှိကြပါတယ်။ အမျိုးသမီးတွေ မှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်က တော်တော်လေးကြီးလာပါတယ်။ဒီပြင်းထန်တဲ့ ပြဿနာကို ကာကွယ်ဖို့ဆိုရင် HPV ကာကွယ်ဆေးထိုးထားတာ အဆင်အပြေဆုံးဖြစ်မှာပါ။ဒါတွေအပြင် ကလေးငယ်တွေမှာ အဖြစ်များတဲ့ ကြက်ညှာချောင်းဆိုး နဲ့ အဆုတ်ရောင်ရောဂါတွေကိုလည်း ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/need-to-know-about-infectious-disease/
ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ
ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ ….. အဖြေရှာကြည့်ရအောင်နော်။ဗိုက်ဆာတယ်ဆိုတာက ခန္ဓာကိုယ်ထဲကို လောင်စာဖြည့်တင်းဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြတာဖြစ်ပါတယ်။ ဦးနှောက်နဲ့ အစာအိမ်တို့က ဒီခံစားချက်ဖြစ်ပေါ်လာအောင် ပူးပေါင်း ဖန်တီးတာပါ။တကယ်လို့ သင့်မှာ အစာအစားချင်စိတ် မရှိဘဲ ဘယ်လို အစားအစာမျိုးတွေကိုမှ စိတ်ဝင်စားမှုမပြသဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ တစ်စုံတစ်ရာ မှားယွင်းမှုရှိနေပါပြီ။ အခြေအနေအမျိုးမျိုးကြောင့် အစာစားချင်စိတ် ပျောက်ဆုံးတာမျိုးဖြစ်နေနိုင်ပြီးတော့ အထူးသဖြင့်တော့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်တာများပါတယ်။အစာစားချင်စိတ်လျော့ကျတာဟာ ကိုယ်တွင်းက ဗီတာမင်ဓာတ်တွေ၊ သက်စောင့်ဓာတ်တွေ လျော့ကျလာတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ အစာစားချင်စိတ် ပျောက်ဆုံးနေစေတဲ့ အကြောင်းပြချက် အမျိုးမျိုးထဲမှာမှ အဓိက ဖြစ်စေတဲ့ အချက် ၅ ချက်ရှိပါတယ်။အစာစားချင်စိတ်ကို ပျောက်ဆုံးနေစေတဲ့ အချက် ၅ ချက်။ဖျားချိန်၊ နာချိန်တွေမှာ ဓာတုဗေဒတစ်မျိုးဖြစ်တဲ့ Cytokines ဟာ သွေးထဲကနေ ဦးနှောက်အထိ တစ်လျှောက်လုံး လှည့်ပတ်စီးဆင်းနေပြီးတော့ ဒီဟာကြောင့် အစာစားချင်စိတ် ပျောက်ဆုံးစေလေ့ရှိပါတယ်။စိတ်ဖိစီးမှုများနေတဲ့ လူတစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုပါ ခံစားရတတ်ပြီးတော့ အဓိက ဖြစ်လေ့ရှိတာက အစာစားချင်စိတ် ပျောက်ဆုံးနေတတ်တာ ဖြစ်ပါတယ်။ စိတ်ဖိစီးနေချိန်၊ သောကများနေချိန်တွေမှာ လူ့ခန္ဓာကိုယ်က epinephrine ဆိုတဲ့ ဟော်မုန်း တစ်မျိုးကို ထုတ်လွှတ်လေ့ရှိပြီးတော့ အဲ့ဒီ ဟိုမုန်းက အစာစားချင်စိတ်ကို ယာယီ တားဆီးထားလေ့ရှိပါတယ်။ကျန်းမာရေး အခြေအနေအရ နေ့စဉ်ရက်ဆက် မှီဝဲနေရတဲ့ ဆေးဝါးတွေကလည်း ဗိုက်မဆာတော့စေမယ့် ဘေးထွက်ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။Antibioticsပိုးသတ်ဆေးတွေသာမကပါဘူး၊ မူးယစ်ဆေးဝါးတွေကြောင့်လည်း ခုလို အစာစားချင်စိတ် ပျောက်ဆုံးတာမျိုးဖြစ်စေနိုင်ပါတယ်။တခါတစ်လေမှာ ရာသီဥတုမကောင်းတာကြောင့်လည်း အစားအသောက် စားချင်စိတ် ပျောက်ဆုံးသွားနိုင်ပါတယ်။ ပူပြင်းတဲ့ နွေရာသီမျိုး၊ အရမ်းအေးခဲနေတဲ့ ဆောင်းရာသီမျိုးတွေ ကြုံရတာမျိုးပေါ့။ကျန်းမာရေး ပြဿနာတွေ ပြင်းထန်စွာ ရှိနေရင်လည်း အစာစားချင်စိတ် ပျောက်ဆုံးသွားနိုင်ပါတယ်။ စိတ်ညစ်လို့ မစားချင်တော့တာ ဖြစ်နိုင်သလို ဝေဒနာအရကို စားချင်စိတ် မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ကျန်းမာရေး အခြေအနေမျိုးတွေကြောင့် ခုလို အစာစားချင်စိတ် ပျောက်ဆုံးနေတာလဲ ဆိုတာကို ကြည့်ရအောင်။ ဒီအချက်တွေကတော့။တကယ်လို့ ကိုယ့်ရဲ့ အစာစားလိုစိတ် လျော့ကျမှုဟာ ပုံမှန်ထက် ပိုမို လွန်ကဲလာနေပြီ ဆိုရင် နီးစပ်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ၃၊ ၄ ရက်လောက် ဆက်တိုက် အစာစားချင်စိတ် ပျောက်ဆုံးပြီး ကိုယ်အလေးချိန်လည်း သိသိသာသာ ကျဆင်းလာနေမယ် ဆိုရင် ကုသမှု ခံယူဖို့ စီစဉ်သင့်ပါတယ်။[embed-health-tool-bmr]
health
health
https://hellosayarwon.com/health/symptoms/loss-of-appetite-causes/
ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကျန်းမာရေး ဆိုးကျိုးများ
ဒစ်ဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေနဲ့ မကင်းနိုင်တဲ့ ဒီဘက်ခေတ်မှာ သူတို့ဆီက ကောင်းကျိုးရော ၊ ဆိုးကျိုးရော မတောင်းဆိုဘဲ ရနေမှာပါ။ နေရာတကာ အသုံးဝင်လှတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့ အိမ်၊ဒစ်ဂျစ်တယ်ပစ္စည်း မရှိတဲ့ ရုံးခန်းရယ်လို့ မရှိပါဘူး။ဒီပစ္စည်းတွေက သိပ်အကျိုးပြု သလို လူ့ကျန်းမာရေးအတွက် သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့် ဖြစ်လာစေတဲ့ အဖြစ်များဆုံး ဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ (မျက်စိညောင်းခြင်း၊မျက်စိနီရဲခြင်း၊ စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း) ရှိနေလောက်ပါတယ်။မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ကွန်ပျူတာအသုံးများရင် မျက်မှန်တပ်ပါ။ မျက်မှန်နဲ့ မျက်ကပ်မှန်တွေကို မျက်စိပါဝါနဲ့ အမြဲစစ်ဆေးကိုက်ညှိပါ။တချို့မှာ ဖုန်းနဲ့စာရိုက်တာ များလွန်းရင်၊ တက်ဘလက်နဲ့ ဖုန်းပွတ်တာ များလွန်းရင် အရွတ်ပြားတွေ ရောင်တာ၊ လက်မနဲ့ လက်ညှိုး အဆစ်တွေရောင်တာ ဖြစ်လာတတ်ပါတယ်။စာရိုက်တဲ့အခါ လက်ချောင်းကို ဘယ်လောက်ပဲ ခပ်ဖွဖွသုံးတယ်ပြောပြော ထပ်ကာတလဲလဲ သုံးပါများလာရင် ဒဏ်ဖြစ်လာစေနိုင်ပါတယ်။နောက်တော့ လက်ကောက်ဝတ်နာလာတာ၊ ဆုပ်ကိုင်အား မကောင်းတော့ဘဲ လက်မမြဲတာ၊ လက်ချောင်းတွေ လှုပ်ရှားတဲ့အခါ အသံမြည်တာတွေ ဖြစ်လာစေတတ်ပါတယ်။အိပ်ရာမဝင်ခင် အနည်းဆုံး ၂နာရီလောက်အတွင်း လက်ကိုင်ဖုန်းနဲ့ကွန်ပျူတာအသုံးပြုခြင်းကို ကန့်သတ်ပါ။မိုဘိုင်းဖုန်းနဲ့ တက်ဘလက်ဆီက ထွက်လာတဲ့ အလင်းတုတွေက pineal gland ရဲ့ melatonin ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေပါတယ်။အိပ်စက်ခြင်းပြဿနာ ရှိလာတာက တစ်နေကုန် ကွန်ပျူတာ မသုံးမဖြစ် သုံးနေရပြီး ဖုန်းနဲ့ပဲ ဆက်သွယ် အလုပ်လုပ်နေရတဲ့ နည်းပညာလုပ်သားတွေမှာ အဖြစ်များပါတယ်။ညဘက်မှာ ထိတ်လန့်သည်းဖိုရုပ်ရှင်တွေ၊ အက်ရှင်ကားတွေလို နိုးနိုးကြားကြားဖြစ်စေမယ့် ရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေကို မကြည့်ပါနဲ့။ ကြည့်မိပြီးရင် နောက်နာရီအတော်ကြာတဲ့အထိ အာရုံကို နိုးကြားစေနိုင်လို့ပါ။အဝလွန်ခြင်းနဲ့ ဒစ်ဂျစ်တယ်ခေတ်နေထိုင်မှုပုံစံက ဆက်နွှယ်မှုကိုပိုကြီးမားပါတယ်။ အထိုင်များလွန်းရင် ဝလာတတ်တာကြောင့် တီဗီကြည့်တာများလေ၊ ဖုန်းထိုင်ပွတ်တာများလေ ပိုပိုဝလာလေပဲဖြစ်ပါတယ်။ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံမှာ ဝစေမယ့်အစားအစာလည်း ပိုစားမိစေတယ်လို့ ဆိုကြပါတယ်။အပြင်သွားတဲ့အခါမှာတောင်မှ iPods ၊ ဖုန်း စတဲ့ သီချင်းနားထောင်ဖို့အီလက်ထရောနစ်ပစ္စည်းတွေက ကိုယ်နဲ့မကွာ ပါလာတတ်ကြပါတယ်။ ပြင်ပကဆူညံသံတွေက ကင်းလွတ်အောင်လို့ နားကို ကာကွယ်ထားတာ ကောင်းပါတယ်။ဒါပေမယ့် နားကြပ်နဲ့ သီချင်းနားထောင်တာက အကြားအာရုံဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။အဆင့်မြင့်ပြီး သပ်ရပ်နေတဲ့ သင့်ရဲ့ရုံးခန်းက အတွင်းပိုင်း လေထုညစ်ညမ်းမှု အရင်းအမြစ်တစ်ခု ဖြစ်နေနိုင်ပါတယ်။ လေဆာပရင့်တာ မော်ဒယ်တချို့က အလုပ်လုပ်တဲ့အခါ မမြင်ရတဲ့အမှုန်တွေ လေထုထဲကို ထွက်လာစေနိုင်ပါတယ်။သေးငယ်လွန်းတဲ့ ဒီအမှုန်တွေက အဆုတ်ထဲကို ရောက်ရှိသွား တတ်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်က ပစ္စည်းတွေဆီက အမှုန်တွေကြောင့် ပန်းနာရင်ကျပ်ဖြစ်လာနိုင်ပါတယ်။ပရင့်တာတိုင်းတော့ အန္တရာယ်ရှိတာ မဟုတ်ပါဘူး ။ လေ့လာမှုတစ်ခုအရ ပရင့်တာ ၆၂ မျိုးမှာ ၄၀% က အမှုန်ထွက်ရှိကြောင်း တွေ့ရပါတယ်။ အဲဒီထဲမှာ ၁၇ မျိုးကတော့ အမှုန်ထွက်ရှိမှု များနေတယ်လို့ ဆိုပါတယ်။ကွန်ပျူတာစနစ်တွေအပေါ် အားထားလွန်းတာက လှုပ်ရှားအားကောင်းနေဖို့ လိုအပ်တဲ့ ဦးနှောက်ရဲ့ အာရုံနှိုးဆွမှုကို ပျက်ယွင်းစေနိုင်ပါတယ်။ကိုယ့်ဦးနှောက်ကိုယ် ပုံမှန်အလုပ်မခိုင်းရင်၊ သင်ယူလေ့လာမှုမရှိရင် နောက်ပိုင်း အသက်အရွယ်တွေမှာdementiaဖြစ်လာနိုင်ခြေ ပိုများတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။လက်ကိုင်ဖုန်းတွေမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့် ဖုန်းနဲ့ ထိတွေ့မိတဲ့ ပါးနဲ့ မေးစေ့မှာ ဝက်ခြံထွက်တတ်ပါတယ်။ဝက်ခြံထွက်လွယ်တဲ့သူတွေမှာ ဖုန်းပြောတဲ့အခါ နားကြပ် ၊ hand free တွေ၊ Headset တွေ မကြာမကြာ သုံးပေးသင့်ပါတယ်။လပ်တော့ကွန်ပျူတာကို ပေါင်ပေါ်မှာတင်သုံးတဲ့အခါ ပေါင်ခြံအတွင်းက အပူချိန်က ပုံမှန်ခန္ဓာကိုယ်အပူချိန်ဖြစ်တဲ့ 98.6 ဒီဂရီထက် 35 ဒီဂရီပိုများလာနိုင်ပါတယ်။ ဒီအပူချိန်က သုက်ပိုးထုတ်လွှတ်မှုကို ထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကိုတောင် ထိခိုက်စေပါတယ်။မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားတာကလည်း အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ဒစ်ဂျစ်တယ် ပစ္စည်းတွေ ပစ္စည်းတစ်ခုနှစ်ခုလောက်က ပြဿနာမရှိပေမယ့် ဒါတွေချည်း နေရာတကာမှာ အသုံးများလာလေ ထုတ်လွှတ်မှုက များလေဖြစ်ပြီး ကျန်းမာရေးအတွက်ဆိုးကျိုးတွေ သက်ရောက်နိုင်မှာသေချာပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%92%e1%80%85%e1%80%ba%e1%80%82%e1%80%bb%e1%80%85%e1%80%ba%e1%80%90%e1%80%9a%e1%80%ba-%e1%80%81%e1%80%b1%e1%80%90%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8/
မိဘသက်ကြီးရွယ်အိုတို့အတွက် အစာကြေလွယ် စေမယ့်အစားအသောက်တွေ ဘယ်လိုပြင်ဆင်ပေးမလဲ
အသက်အရွယ်ကြီးရင့်လာတဲ့အခါ စားသောက်မှုမှာအခက်အခဲကြုံတွေ့ရတာမျိုးတွေရှိလာတတ်ပါတယ်။ မိမိရဲ့မိဘတွေအတွက် အစာကြေလွယ် ပြီး စားသောက်ရလွယ်ကူတဲ့အစားအသောက်လေးတွေပြင်ဆင်နိုင်ဖို့ သိထားရင်အကျိုးရှိနိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။အထက်မှာဖော်ပြထားတဲ့အကြောင်းအရင်းလေးတွေကိုဖတ်ကြည့်ပြီး မိမိရဲ့ မိဘတွေကို အာဟာရပြည့်ဝပြီး အစာကြေလွယ်တဲ့ အစားအစာလေးတွေပြင်ဆင်ပေးနိုင်ကြမှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/easily-digestable-food-for-elderly/
ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ
တစ်နေ့ထက်တစ်နေ့ ကင်ဆာ ဖြစ်တဲ့နှုန်းတွေတိုးလာနေပါတယ်။ သဘာဝပတ်ဝန်းကျင်အနေအထား၊နေ့စဉ်စားသုံးနေတဲ့အစားအစာတွေနဲ့ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် ကင်ဆာရောဂါတွေဖြစ်ပွားနေရတာပါ။ပြဿနာရှိရင် အဖြေရှိစမြဲပါ။ ဒီတော့ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်မယ့် နည်းလမ်းရှိတာပေါ့။နေ့စဉ်နေထိုင်စားသောက်မှုပုံစံတွေကိုပြောင်းလဲမှုကနေတဆင့်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါသတဲ့။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်း ကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရအောင်ပါ။ ဒီတော့ ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ က ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်လား။ကင်ဆာ ဆိုတာကခန္ဓာကိုယ်ကဆဲလ်တွေထိန်းချုပ်လို့မရအောင်ကြီးထွားလာပြီးအကျိတ်တွေအဖြစ်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအနှံ့ကိုပြန်ပွားသွားတဲ့ရောဂါတစ်မျိုးပါ။ ကင်ဆာအမျိုးအစားပေါင်း ၂၀၀လောက်ရှိတယ်လို့ ခန့်မှန်းရပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး။ ကင်ဆာရောဂါတွေထဲမှာမှအရေပြားကင်ဆာ၊ရင်သားကင်ဆာ၊အသည်းကင်ဆာ၊သားအိမ်ခေါင်းကင်ဆာတွေက အဖြစ်များပါတယ်။ကင်ဆာရောဂါကိုကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းများ ကတော့ ဒီအချက်လေးတွေပါပဲ။ဆေးလိပ်ဖြတ်ပါ–ဆေးလိပ်၊ဆေးရွက်ကြီးကနေထုတ်ထားတဲ့ အရာတွေကိုရှောင်ရှားပေးပါ။ဆေးလိပ်သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာ၊ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ကျောက်ကပ်ကင်ဆာနဲ့ ကင်ဆာရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဆေးလိပ်နဲ့ဆေးရွက်ကြီးထွက်ပစ္စည်းတွေကိုရှောင်ရှားပေးပါ။တဆင့်ခံဆေးလိပ်ငွေ့တွေကလည်း ကင်ဆာရောဂါကိုဖြစ်စေနိုင်တာကြောင့်တဆင့်ခံဆေးလိပ်ငွေ့တွေကိုပါရှောင်ရှားနိုင်အောင်လုပ်ဆောင်ပါ။ကျန်းမာတဲ့ စားသောက်မှုပုံစံမွေးမြူပါ –အစားအစာတွေကနေတဆင့်လည်း ခန္ဓာကိုယ်ကျန်းမာအောင်လုပ်ဆောင်ပေးလို့ရပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေပါဝင်အောင်စားသုံးပါ။အနီရောင်အသားတွေကို အများကြီးမစားပါနဲ့။ အသင့်စား အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။အချိုအများကြီးမစားပါနဲ့– ခန္ဓါကိုယ်မှာ စွမ်းအင်ပြည့်ဝဖို့အတွက်အချိုဓာတ်ကို လိုအပ်တယ်ဆိုပေမယ့် အချိုအများကြီးမစားဖို့ပြောပါရစေ။ အချုအများကြီးစားတဲ့အခါအဝလွန်တာ၊ ဆီးချိုရောဂါနဲ့ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေအပြင် ကင်ဆာရောဂါပါဖြစ်စေနိုင်တာကြာင့်ပါ။ အချိုရည်တွေ၊ အချိုကဲတဲ့ အစားအစာတွေကို အလွန်အကျွံမစားသုံးပါနဲ့။အရက်ဖြတ်ပါ–အရက်ကိုလုံးဝ မဖြတ်နိုင်ရင်တောင်လျှော့သောက်ပါ။ အယ်လ်ကိုဟောတွေကို အလွန်အကျွံသောက်သုံးတာကရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊အဆုတ်၊ကျောက်ကပ်နဲ့အသည်းကင်ဆာရောဂါတွေကိုဖြစ်စေနိုင်တာကြောင့်ပါ။လက်ဖက်စိမ်းရေနွေးကြမ်းသောက်ပေးပါ–လက်ဖက်စိမ်းရေနွေးကြမ်းကနှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို ကင်ဆာရောဂါတွေကို ခုခံကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းမှာကော်ဖီထက် ကဖင်းဓါတ်ပိုမိုပါဝင်နေပြီး ခန္ဓါကိုယ်ကိုလည်း လန်းဆန်းတက်ကြွနေစေမှာ အသေအချာပါ။ငါးစားပေးပါ–တစ်ပတ်ကို ၄ ကြိမ် ဒါမှမဟုတ် ၄ ကြိမ်နဲ့အထက်လောက်ငါးစားပေးပါ။ ဆယ်လ်မွန်ငါးလိုမျိုး ငါးကို တစ်ပတ် ၄ ကြိမ်လောက်စားသုံးပေးရုံနဲ့သွေးကင်ဆြာဖစ်နိုင်ခြေကိုလျှော့ချနိုင်မှာဖြစ်ပါတယ်။တမာစားပေးပါ– တမာတစ်ပင်လုံးကဆေးဖက်ဝင်တာပါ။ ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ချင်တယ်ဆိုရင်တော့နေ့စဉ် တမာရွက်၊တမာသီးလိုမျိုး အရာတွေကို နည်းနည်းဖြစ်ဖြစ်စားသုံးပေးပါ။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ– တစ်နေ့တာမှာ အနည်းဆုံး ၁၅ မိနစ် ကနေ နာရီဝက်လောက် လမ်းလျှောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေနိုင်ပါတယ်။ တစ်ပတ်တာမှာ ၇၅ မိနစ်ကနေ မိနစ် ၁၅၀လောက်အထိပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ လုပ်ဆောင်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာက အူမကြီးကင်ဆာနဲ့ရင်သားကင်ဆာကို ကာကွယ်ပြီးဖြစ်ပါတယ်။နေရောင်ခြည်ရရှိပါစေ-နေရောင်ခြည်ကနေရရှိတဲ့ဗီတာမင်D က ဆဲလ်တွေကြားမှာ ချိတ်ဆက်မှုပိုကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ တကယ်လို့ ခန္ဓါကိုယ်မှာ ဗီတာမင် D နည်းနေမယ်ဆိုရင် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်၊ သားဥအိမ် နဲ့ အစာအိမ်ကင်ဆာတွေဖြစ်စေနိုင်တာကြောင့်နေ့စဉ် မနက်ခင်းနေရာင်ခြည်ကို ၁၅ မိနစ်လောက် ခ့ယူပြီး လိုအပ်တဲ့ ဗီတာမင် D ကိုရယူပေးပါ။ညအိပ်တဲ့အခါ အမှောင်ချထားပါ– ညဘက်အိပ်တဲ့အချိန်မှာ အလင်းရောင်နဲ့ထိတွေ့မှုက အမျိုးသမီးတွေမှာသားဥအိမ်ကင်ဆာနဲ့ရင်သားကင်ဆာတွေဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်အိပ်တဲ့အခါ အခန်းကို အမှောင်ချအိပ်ရင်း ကင်ဆာအန္တရာယ်ကနေ ကာကွယ်လိုက်ပါ။အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်းနေ့စဉ်လူနေမှုပုံစံကိုပြောင်းလဲပြီး ကင်ဆာကင်းဝေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/simple-ways-you-can-prevent-cancer/
သင့်အသည်းက ခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ။
အသည်း။ ။ ပြောရမယ်ဆိုကိုယ်တွင်း အင်္ဂါထဲမှာ အလုပ်အများဆုံးနဲ့ အကြီးဆုံးလို့ ဆိုရမယ့် ကိုယ်တွင်းအင်္ဂါတစ်ခု။ အလုပ်အများဆုံးလို့ပြောရတာလည်း ကိုယ်ခန္ဓါ အတွက် မလုပ်မဖြစ်လုပ်ရတဲ့ အလုပ်ပေါင်း ၅၀၀ ကျော်ကို သူတစ်ယောက်တည်းလုပ်နေရတဲ့ ကိုယ်တွင်းက အကြီးဆုံးဂလင်းလေးတစ်ခု။ ဆဲလ်တွေကို အသစ်ပြန်ပြန်ပွားနိုင်တဲ့ တစ်ခုတည်းသော ကိုယ်တွင်းအင်္ဂါဆိုလို့ အသည်းပဲရှိတယ်။ ဒီလိုအရေးပါ အရာရောက်တဲ့ ရာထူးတစ်ခုကို ရထားတော့ ထုံးစံအတိုင်း တာဝန်ယူ ရတဲ့ အလုပ်ကလည်းများပြီပေါ့။ ဒီထဲကမှ အသည်းအရေးအကြီးဆုံး လုပ်နေရတဲ့ တာဝန်တွေက ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။အသည်းရဲ့ကိုယ်ခန္ဓါအတွက်လုပ်ဆောင်ပေးချက်တွေကို ပြောရမယ်ဆို ၅၀၀ ကျော်လောက်တောင်ရှိတာမို့ ရေးလို့လည်း ဖတ်လို့လည်းနိုင်မှာမဟုတ်။ ဒီတော့ အရေးကြီးတယ်ဆိုတာတွေကိုပဲ ပြောပြချင်ပါတယ်။ အသည်းရဲ့လုပ်ဆောင်ချက်တွေကို အဓိက အပိုင်းကြီးလေးပိုင်းခွဲထားလို့ရတယ်။၁။ တည်ဆောက်သိမ်းဆည်းပေးတဲ့အပိုင်း။၂။ ဖြိုခွဲပေးတဲ့အပိုင်း။၃။ ထုတ်လုပ်ပေးတဲ့အပိုင်း။၄။ အဆိပ်အတောက် သန့်စင်ပေးတဲ့အပိုင်း ဆိုပြီး အပိုင်းတွေ ခွဲထားပါတယ်။ကစီဓါတ်များပိုနေလျှင်သိမ်းပေးခြင်း။ ။စားလိုက်တဲ့အစားအစာတွေကနေရတဲ့ဂလူးကိုစ့်တွေကိုယ်ခန္ဓါမှာလိုတာထက် ပိုနေရင် အသည်းကနေပြီး ဂလိုင်ကိုဂျင် အဖြစ်နဲ့ သိမ်းထားပေးပါတယ်။ လိုအပ်တဲ့အချိန်ရောက်မှ ပြန်ဖြိုခွဲပေးကာ သွေးထဲကို ဂလူးကို့စ် အနေနဲ့ပြန်ထုတ်ပေးပြီးတော့ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ စွမ်းအင်ကို ရစေပါတယ်။ဗီတာမင်နဲ့သတ္တုဓါတ်များကို သိမ်းဆည်းပေးခြင်း။ ။အသည်းကနေပြီးတော့ စားလိုက်တဲ့ အစားတွေကနေရတဲ့ ဗီတာမင် အေ၊ ဗီတာမင် ဒီ ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ နဲ့ ဗီတာမင် ဘီ ၁၂ ကို သိမ်းဆည်းထားပေးပါတယ်။ အကြီးဆုံး ကိုယ်တွင်းအင်္ဂါဖြစ်တော့အသည်းထဲမှာ ဗီတာမင်တွေ ပမာဏများများကို သိမ်းဆည်းပေးဖို့ နေရာကျယ်ကျယ်ရှိသလို အချိန်အကြာကြီးလည်း သိမ်းထားပေးနိုင်ပါတယ်။ သွေးထဲမှသံဓါတ်ကိုလည်း ferritin အနေနဲ့ သိမ်းထားပေးပြီး သွေးနီဥ အသစ်တွေတည်ဆောက်ပေးပါတယ်။သွေးတိတ်ဖို့ လိုအပ်တဲ့ပရိုတင်းကို ထုတ်ပေးတယ်။ ။ကိုယ်ခန္ဓါရဲ့ နေရာတစ်ခုခုမှာ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်ပြီဆို ပထမဆုံး အလုပ်လုပ်ရတာ အသည်းပဲဖြစ်ပါတယ်။ သွေးတိတ်စေဖို့ အတွက် လိုအပ်တဲ့ Albumim လို့ခေါ်တဲ့ plasma protein တစ်မျိုးကို အသည်းက ထုတ်ပေးရပါတယ်။ ဒါမှလည်း အချိန်မှီ သွေးတိတ်မှာပေါ့နော်။စားလိုက်လို့ရလာတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပရိုတင်းတွေ အဆီတွေကို ဖြိုခွဲပေးပြီး ကိုယ်ခန္ဓါ အတွက်လိုအပ်တဲ့ စွမ်းအင်တွေ အဖြစ်ပြန်ထုတ်ပေးတယ်။ သောက်လိုက်တဲ့ ဆေးတွေ ကိုလည်း အသည်းမှာဖြိုခွဲတာဖြစ်ပြီး ကိုယ်ခန္ဓါက အသင့်စုပ်ယူလို့ရတဲ့ ဒြပ်ပေါင်းတွေဖြစ်စေတယ်။ ကိုယ်ခန္ဓါက စွမ်းအင်လိုအပ်ရင်လည်း သိမ်းထားတဲ့ ဂလိုင်ကိုဂျင်ကို ဖြိုခွဲပြီး သွေးထဲကို ဂလူးကို့စ်အဖြစ်ပြန်ထုတ်ပေးတယ်။ ဒါတွေကတော့အသည်းလုပ်ဆောင်ရတဲ့ ဖြိုခွဲခြင်း လုပ်ငန်းစဉ်တွေ ပဲဖြစ်ပါတယ်။သွေးတိတ်ဖို့ လိုအပ်တဲ့ ပရိုတင်းကို ထုတ်ပေးတယ်။ ။ကိုယ်ခန္ဓါရဲ့ နေရာတစ်ခုခုမှာထိခိုက်ဒဏ်ရာရလို့ သွေးထွက်ပြီဆို ပထမဆုံး အလုပ်လုပ်ရတာ အသည်းပဲဖြစ်ပါတယ်။ သွေးတိတ်စေဖို့ အတွက် လိုအပ်တဲ့ Albumim လို့ခေါ်တဲ့ plasma protein တစ်မျိုးကို အသည်းက ထုတ်ပေးရပါတယ်။ ဒါမှလည်း အချိန်မီ သွေးတိတ်မှာပေါ့နော်။အစာခြေဖို့အတွက် လိုအပ်တဲ့သည်းခြေရည်တွေကိုလည်းထုတ်ပေးတယ်။စားလိုက်တဲ့ အထဲမှာ အဆီတွေပါတာများသွားတယ်ဆိုရင် အစာအိမ်ထဲက အက်စစ်က အဆီတွေကို ခြေဖို့တော်တော်ခက်ခဲပါတယ်။ အဲ့အခါအဆီတွေကို အစာခြေဖို့အတွက် အသည်းကနေ သည်းခြေရည်တွေကို ထုတ်ပေးရပါတယ်။ သည်းခြေရည်တွေမှာ bile salts, cholesterol, bilirubin ဓါတ်ဆားဓါတ်နှင့် ရေတို့ ပါဝင်ပါတယ်။( Immunoglibulin )လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ခုခံအားမြင့်တက်ဖို့ လိုအပ်တဲ့ ဓါတ်တွေကိုလည်း အသည်းကပဲထုတ်ပေးတာပါ။ အဲ့ဓါတ်တွေက ခုခံအားစနစ်ရဲ့ Kupffer cells တည်ဆောက်ခြင်းကို ပိုအားပေးပြီး အသည်းနဲ့အူလမ်းကြောင်းကို ဝင်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ကာကွယ်ပေးပါတယ်။မကောင်းဘူး။ သောက်ရင် ကျန်းမာရေး အတွက် အကျိုးမရှိဘူးလို့ပြောနေတဲ့ကြားက အရက်ဆို လူတွေက တယ်ကြိုက်ကြတယ်လေ။ သောက်လိုက်တဲ့ အရက်တွေက အသည်းမှာ ဖြိုခွဲရတာဖြစ်ပြီး ထွက်လာတဲ့အဆိပ်အတောက်တွေကို အသည်းက သန့်စင်ပေးရပါတယ်။ အလားတူပဲ ဆေးသောက်လိုက်ရင် ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကို အရင်ဆုံးရှေ့က ခံပေးတာ အသည်းပါ။ ဆေးတွေကို အသည်းမှာ အရင်ဖြိုခွဲတာဖြစ်ပြီး ထွက်လာတဲ့ မလိုအပ်တဲ့ ဓါတု ဓါတ်ပေါင်းတွေကို အသည်းက သန့်စင်ပေးပါတယ်။ စားလိုက်တဲ့အစားတွေထဲက မကောင်းတဲ့ ဓါတုပစ္စည်းတွေကိုလည်း အသည်းကပဲ သန့်စင်ပေးတာပါ။ဒါတွေကတော့ နာမည်အကြီးဆုံး နဲ့ အရေးအပါဆုံး အသည်းရဲ့ လုပ်ငန်းစဉ်တွေပဲဖြစ်ပါတယ်။ ဒီလောက် အလုပ်အများကြီး လုပ်တဲ့အသည်းလေး မရှိဘဲ သင်ဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အသည်းကို ဂရုစိုက်ပြီး ကျန်းမာအောင်ထားဖို့ မမေ့ပါနှင့်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2-%e1%80%b7-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%84%e1%80%94%e1%80%ba%e1%80%b8%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%90/
လူကြီးတွေ အစာစားချင်စိတ်တိုးလာအောင် ဘယ်လိုလုပ်မလဲ
အသက်ကြီးလာတာနဲ့ အမျှ ငယ်ရွယ်စဉ်အခါကလောက် စားချင်သောက်ချင်စိတ်တွေ ကုန်ခမ်းလာတတ်ပါတယ်။ သောက်သုံးမှီဝဲနေရတဲ့ဆေးဝါးတွေကြောင့်လည်း အစာစားချင်စိတ်မရှိဘဲ ဖြစ်နေနိုင်ပါတယ်။ စိတ်ဓါတ်ကျတာ၊စိတ်ဖိစီးတာတွေကြောင့်လည်း အစာစားချင်စိတ်မရှိသလို ခံစားနေရတတ်ပါတယ်။ အရသာမကောင်းဘူးလို့ခံစားမိတာမျိုးတွေကြောင့်လည်း အစာစားချင်စိတ်လျှော့နည်းနေတတ်ပါတယ်။နေ့စဉ်လုံလောက်တဲ့ အာဟာရဓါတ်တွေပြည့်ဝအောင်စားသုံးမှုက ကျန်းမာရေးအတွက် သိသာတဲ့ပြောင်းလဲမှုတွေကိုရရှိခံစားနိုင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘတွေကို အစာစားချင်စိတ်တိုးလာအောင်လုပ်ဆောင်ရာမှာ အထောက်အကူဖြစ်စေနိုင်မယ့် နည်းလမ်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။(၁) အာဟာရပြည့်ဝတဲ့အစားအစာတွေ စားသုံးဖြစ်အောင်ဂရုပြုပါ။နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အာဟာရပြည့်ဝစွာပါဝင်မှုမရှိတဲ့အစားအသောက်တွေကို စားသုံးနေတယ်ဆိုတာကို ဂရုစိုက်မိဖို့လိုပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်က ကယ်လိုရီလိုအပ်မှုနည်းပါးလာပြီး အာဟာရဓါတ်လိုအပ်မှုတွေများလာပါတယ်။ ခန္ဓါကိုယ်က လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝဖို့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေ၊ကောက်နှံတွေ၊အဆီပါဝင်မှုနည်းတဲ့ပရိုတင်းတွေကို ပိုမိုစားသုံးပေးပြီး အဆီနဲ့သကြားပါဝင်မှုများတဲ့အစားအစာတွေကိုတော့လျှေ့စားရမှာဖြစ်ပါတယ်။သက်ကြီးရွယ်အိုတွေက အစားအသောက်တွေကိုပြင်ဆင်စားသောက်ရမှာကို မနှစ်သက်တာကြောင့် အသင့်စားနဲ့အမြန်စား အစားအသောက်တွေကိုသာ ပိုမိုစားသုံးလေ့ရှိကြပါတယ်။ လူကြီးမိဘတွေကို အာဟာရပြည့်ဝစွာစားသုံးဖြစ်အောင် ကလေးတွေက အစားအစာတွေပြင်ဆင်ရာမှာ ဝိုင်းဝန်းကူညီပေးနိုင်ပါတယ်။ လူကြီးမိဘတွေအတွက် ဟင်းရည်လိုမျိုး စားသောက်ရတာလွယ်ကူစေမယ့် ဟင်းလျာတွေဖွယ်ဖွယ်ရာရာ ပါတဲ့ညစာမျိုးပြင်ဆင်ပေးပါ။(၂) အစားအသောက်တွေကို နည်းနည်းနဲ့အကြိမ်ရေများများစားသုံးအောင်လုပ်ဆောင်ပေးပါ။အစားစားတဲ့အခါ တစ်ခါတည်းနဲ့အများကြီးစားတာထက် နည်းနည်းနဲ့အကြိမ်ရေများများစားသုံးတာက ပိုပြီးအရသာတွေ့စေပါတယ်။ အစားကိုနည်းနည်းချင်းစားတာကပြင်ဆင်ရတာလည်းပိုပြီးလွယ်ကူစေပါတယ်။“အကြံပေးချင်တာတစ်ခုကတော့ တကယ်ကြိုက်တဲ့အစားအစာတွေကိုပဲရွေးချယ်စားသုံးပါ။ အာဟာရပြည့်ဝစွာပါဝင်တဲ့ အစားအစာကိုနည်းနည်းချင်းစီပြင်ဆင်စားသုံးပေးပါ။” ဥပမာပြောရရင်ပေါင်မုန့်မီးကင်ကို ဂျယ်လီညှပ်ပြီးစားတဲ့အထဲမှာမြေပဲထောပတ်နည်းနည်းဖြစ်ဖြစ် ထည့်စားပါ။ တူနာငါးစားတဲ့အခါမှာလည်း တူနာငါးဟင်းပွဲထဲကို ခရမ်းချဉ်သီးတစ်ကွင်းလောက်၊ ချိစ်နည်းနည်းလောက်ထည့်ပြီးစားပေးပါ။ ဗီတာမင်တွေနဲ့ကယ်လ်ဆီယမ်ဓါတ်တွေပိုမိုရရှိစေပါတယ်။နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကယ်လိုရီတွေကိုရရှိစေမယ့်-။(၃) စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ပါ။အစားစားချင်စိတ်မရှိတာကြောင့်ဗိုက်မဆာတဲ့အခါမျိုးမှာ အစာစားချင်စိတ်ဖြစ်လာအောင် စားချင်စဖွယ်ပြင်ဆင်ထားတာတွေကို မျက်စိနဲ့ကြည့်တာမျိုးလုပ်ပါ။ ပန်းကန်ထဲမှာအရောင်အသွေးစုံလင်အောင်ပြင်ဆင်ထားတာက အစားစားချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။ စားသုံးမယ့် အစားအသောက်တွေထဲမှာbroccoli၊ ငရုတ်ပွအနီ၊တရုတ်နံနံတို့စုံလင်အောင်ထည့်ပြီးအရောင်အသွေးစုံလင်အောင်စားသုံးပေးတာက လိုအပ်တဲ့အာဟာရဓါတ်တွေကို အပြည့်အဝရရှိစေပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အသစ်တွေ၊ဟင်းအမည်အသစ်တွေချက်ပြုတ်စားသုံးမှုကလည်း အစာစားချင်ဖြစ်အောင် လှုံ့ဆော်ပေးရာမှာအထောက်အကူပြုပါတယ်။(၄)အစားအစာတွေထဲမှာအရည်ပါဝင်မှု အရမ်းမများအောင်ဂရုပြုပါ။အစားမစားခင်မှာ အလွယ်တကူကော်ဖီ၊ဖျော်ရည်နဲ့လက်ဖက်ရည်တွေသောက်သုံးတာမျိုးမလုပ်မိအောင်ဂရုပြုပါ။သောက်ချင်စိတ်ရှိတယ်ဆိုရင်တောင်မှာ အစားအရင်စားပြီးမှာသောက်ပါ။ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝအောင်စားသုံးပြီးတာသေချာတဲ့အခါမှသာရေအပါအဝင်အခြားသောက်စရာတွေကိုသောက်သုံးပါစေ။(၅)လေ့ကျင့်ခန်းလုပ်ဆောင်ပါ။လေ့ကျင့်ခန်းနည်းနည်းလောက်လုပ်တာက အစာစားချင်စိတ်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အပြင်ထွက်လေကောင်းလေသန့်ရှုရင်းလေ့ကျင့်ခန်းလုပ်ဆောင်ပေးတာကလည်း အစာစားချင်စိတ်တိုးလာအောင်အထောက်အကူပြုနိုင်ပါတယ်။ လမ်း တစ်ဘလော့ခ်လောက်လျှောက်တာကတောင်မှ အစားစားချင်စိတ်ကိုတိုးတက်အောင်လုပ်ဆောင်ပေးနိုင်တယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်။လေ့ကျင့်ခန်းလုပ်တာက အစာကျေချက်မှုကိုပိုမိုကောင်းမွန်စေအောင်အထောက်အကူပြုပါတယ်။(၆) အတူတူအစားအသောက်စားမယ့်သူရှိပါစေ။အခြားသူတွေနဲ့အတူစားသောက်တဲ့အခါ အစာစားချင်စိတ်တိုးလာတာကိုတွေ့ရပါတယ်။ လူကြီးမိဘတွေ တစ်ယောက်တည်းပဲအမြဲစားနေရရင် အတူစားဖို့အဖော်ရှာပေးပါ။ မိသားစုဝင်တွေ၊သူငယ်ချင်းတွေနဲ့အတူ အစားအသောက်တွေအတူစားသုံးနိုင်အောင်လုပ်ပေးပါ။သားသမီးတွေကအဖော်ပြုပြီးစားပေးတာမျိုးလုပ်ဆောင်ပေးပါ။ အဖော်ပြုပြီးစားပေးတာက လူကြီးမိဘတွေကို အစားအသောက်တွေကိုပိုမိုစားသုံးနိုင်စေပါတယ်။(၇) အလွယ်တကူစားလို့ရတဲ့ အဆာပြေအစားအစာတွေအများအပြားထားရှိပေးပါ။လူကြီးတွေဟာ တစ်နေ့တာလုံးမှာပြည့်ပြည့်ဝဝအစားအသောက်တွေထက် အဆာပြေစားလို့ရတဲ့အစားအသောက်တွေကိုပဲ ပိုမိုစားသုံးလေ့ရှိပါတယ်။ ဒါကြောင့် လူကြီးမိဘတွေကို သူတို့စားချင်တဲ့အခါတိုင်းမှာ အလွယ်တကူစားနိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရပြည့်ဝတဲ့အဆာပြေစားနိုင်တဲ့မုန့်တွေဝယ်ပေးထားပါ။ မိမိရဲ့မိဘတွေမှာရောဂါကြီးကြီးမားမားမရှိရင်တော့ အဆီများမှာ၊ ကိုလက်စထေရောများမှာကို သိပ်ပူစရာမလိုဘဲလိုအပ်တဲ့ကယ်လိုရီတွေအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။(၈) ဆာလောင်နေမှုကို အကျိုးရှိရှိအသုံးချပါ။လူကြီးမိဘတွေကဆာလောင်နေတဲ့အချိန်မျိုးမှာ အစားများများစားတတ်တာကြောင့် များများစားဖြစ်အောင်ဂရုစိုက်ပေးပါ။ ဘယ်အချိန်ရယ်၊ ဘာအစားအစာရယ်လို့အရေးမစိုက်နေပါနဲ့ ဆာနေတဲ့အချိန်မှာ စားဝင်သမျှကျွေါ်မွေးတာက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ကယ်လိုရီနဲ့အာဟာရဓါတ်တွေကို ပုံမှန်ထက်နည်းနည်းလောက်ဖြစ်ဖြစ်ပိုမိုရရှိသွားစေပါတယ်။ဒီလောက်ဆိုရင် စာဖတ်သူမိတ်ဆွေတို့ရဲ့ လူကြီးမိဘတွေကို အစာအာဟာရတွေဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေကို နားလည်သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။ အစာအာဟာရဆိုတာ ကျန်းမာရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် စာဖတ်သူမိတ်ဆွေ လူငယ်တွေသာမက လူကြီးမိဘတွေလည်းကောင်းမွန်ပြည့်ဝတဲ့ အစာအာဟာရတွေ စားသောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%a1%e1%80%9e%e1%80%80%e1%80%b9%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b7%e1%80%9c%e1%80%ac%e1%80%90%e1%80%b2%e1%80%b7/
ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေက ဘာကြောင့်မကောင်းတာလဲ
ကြာရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါတယ်။တာရှည်ခံအောင် ပြုပြင်ရာမှာ ဓာတုဆေးဝါးတွေပါဝင်လို့ အခုလို ယူဆတာပဲ ဖြစ်ပါတယ်။ယခုဆောင်းပါးမှာတော့ တာရှည်ခံအသားတွေရဲ့ ကျန်းမာရေးပေါ် အကျိုးသက်ရောက်ပုံကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။တာရှည်ခံအသားဆိုတာ အသားငါးများကို တာရှည်ခံနိုင်အောင် ဆားစိမ်ခြင်း၊ ကြပ်တိုက်ခြင်း၊ အခြောက်ခံခြင်း၊ စည်သွတ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ပြုပြင်ထားခြင်းပဲ ဖြစ်ပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေကတော့။– ဝက်အူချောင်း၊ ဟော့ဒေါ့၊ ဆလာမီ။– ဝက်ပေါင်ခြောက်။– အမဲသားဆားရေစိမ်။– ကြပ်တိုက်သား။– အမဲခြောက်။– စည်သွတ်ဗူး စသဖြင့် အမျိုးမျိုး ရှိပါတယ်။အေးခဲထားခြင်း၊ ခုတ်ထစ်ပြုပြင်ထားခြင်း စတဲ့အသားတွေကိုတော့ မဆိုလိုပါဘူး။တာရှည်ခံအောင်ပြုပြင်ထားတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ တာရှည်ခံ အစားအစာတွေကို ရေရှည်စားသုံးသူတွေကို လေ့လာကြည့်ရာမှာ ရောဂါမျိုးစုံ အဖြစ်များကြောင်း သိရပါတယ်။ အဆိုပါ အသားတွေကို စားသုံးဖန်များတဲ့အခါ လတ်ဆတ်တဲ့ အသားငါးတွေ၊ အသီးအနှံတွေနဲ့ ဝေးလာပါတယ်။ နာတာရှည်ရောဂါတွေလည်း ဖြစ်လာစေပါတယ်။တာရှည်ခံအာင် ပြုလုပ်ထားတဲ့ အစားအစာတွေ စားသုံးဖန်များတဲ့အခါ အောက်ပါရောဂါများကို နာတာရှည်ဖြစ်စေနိုင်ပါတယ်။–သွေးတိုးခြင်း။– နှလုံးရောဂါ။– နာတာရှည်အဆုတ်ရောဂါ။– အစာအိမ်အူလမ်းကြောင်းများတွင်ဖြစ်သော ကင်ဆာများ စတာတွေ ဖြစ်ပါတယ်။အဓိကပြဿနာကတော့ အသားတွေကို တာရှည်ခံအောင် ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဓာတုဆေးဝါးတွေကြောင့် ဖြစ်ပါတယ်။အသားများရေရှည်ခံစေဖို့ ပြုပြင်ရာမှာပါဝင်တဲ့ နိုက်ထရိုက်၊ နိုက်ထရိတ်စတဲ့ ဒြပ်ပေါင်းများဟာကင်ဆာရောဂါဖြစ်နိုင်ခြေရှိတယ်လို့ သတ်မှတ်ထားပါတယ်။ ဆိုဒီယမ်နိုက်ထရိုက်ကို အောက်ပါအခြေအနေတို့အတွက် သုံးပါတယ်။– အသား၏ အနီရောင်၊ ပန်းရောင် အဆင်းကို ထိန်းသိမ်းလိုခြင်း။– အဆီဖြင့် ဓာတ်တိုးခြင်းဖြစ်စဉ်ကို ကာကွယ်ပြီး အရသာကောင်းမွန်စေခြင်း။–ဘက်တီးရီးယားများမပေါက်ပွားစေရန် ကာကွယ်ခြင်း စတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။အဆိုပါဒြပ်ပေါင်းများဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာဖြစ်တတ်တဲ့ ကင်ဆာအချို့ကို ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။အသားများကို ကြပ်တိုက်ခြင်းဟာ ရှေးအစဉ်အဆက်ကတည်းက အသားများကို ကြာရှည်ခံအောင် ပြုလုပ်ခဲ့တဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ ကြပ်တိုက်ခြင်းကို ဆားစိမ်ခြင်း၊ အခြောက်ခံခြင်းနည်းလမ်းတွေနဲ့ပါ တွဲဖက်အသုံးပြုတတ်ပါတယ်။ဒီနည်းလမ်းမှာ ပြဿနာအချို့ရှိပါတယ်။ ဥပမာ polycyclic aromatic hydrocarbons (PAHs) ဓာတ်ပစ္စည်းတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ကြပ်တိုက်ထားတဲ့ အသားတွေနဲ့၊ မီးတောက်နဲ့ထိတွေ့ပြီး ကင်ထားတဲ့ အသားတွေမှာ တွေ့ရတတ်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းဟာလည်း ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေမှာ ဆိုဒီယမ်ကလိုရိုဒ် ပါဝင်မှုများပြားပါတယ်။ ဆားပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ သွေးတိုး၊ နှလုံးရောဂါ စတာတွေကို ဖြစ်နိုင်ခြေမြင့်စေပါတယ်။ ဒါ့အပြင် ဆားစားသုံးမှုများခြင်းဟာအစာအိမ်အနာဖြစ်စေတဲ့ Helicobacter pylori ဘက်တီးရီးယားပေါက်ပွားမှုကို ပိုမိုအားပေးတယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ မလွှဲမရှောင်သာလို့ စားသုံးရင် ကိစ္စမရှိပေမယ့် ရေရှည်စွဲပြီး စားသုံးရင်တော့ ကျန်းမာရေးကိုထိခိုက်ပြီး ရောဂါဘယထူပြောလာမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ လတ်ဆတ်တဲ့ အသားငါးများ၊အသီးအနှံများကို ပိုမိုစားသုံးပေးဖို့ပဲ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/why-processed-meat-is-bad/
အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအသောက်များ ။ ။
ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတာကို သိကြမှာပါ။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံမမှန်တာတွေ၊မျိုးရိုးဗီဇပတ်ဝန်းကျင် စတာတွေ အားလုံးကကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ ထဲက အချက်တွေပါ။ ကင်ဆာကို ကာကွယ်ချင်ရင် မျိုးရိုးနဲ့ပတ်ဝန်းကျင်ကို ပြင်လို့မရပေမယ့် စားသောက်နေထိုင်မှု ပုံစံကိုတော့ ပြင်လို့ရတယ်လေ။ ဒီအထဲမှာမှ ကိုယ့်စားသောက်နေထိုင်တဲ့ ပုံစံနဲ့ အဆက်အစပ်ဆုံး ကင်ဆာကို ပြောပါဆိုရင် အူမကြီးကင်ဆာလို့ပြောရမှာပါ။အူမကြီးကပဲ ကိုယ်စားသောက်လိုက်တဲ့အစားအစာတွေနဲ့ အကြာကြီးထိတွေ့ရမှာ မဟုတ်လား။ ဒီတော့ ကြောက်စရာကောင်းလှတဲ့ အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်လေးတွေ အကြောင်းပြောပြပေးမှာပါ။လေ့လာချက်တွေအရကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကအူမကြီးထဲမှာ အသားလုံးတွေကြီးထွားခြင်းကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးလို့လည်း ရပါတယ်။ ဗီတာမင်D ပါတဲ့ နို့အမျိုးအစားကလည်း အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ နို့တစ်မျိုးပါ။ကောက်ပဲသီးနှံတွေမှာပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်နဲ့အမျှင်ဓာတ်တွေကအူမကြီးရဲ့ လှုပ်ရှားမှုကို အားကောင်းစေပြီး ဗိုက်ထဲမှာ စမျင်းတုံးတွေ အကြာကြီး ရှိမနေစေမှာ ဖြစ်လို့ အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ကောက်ပဲသီးနှံတွေထဲမှာဆို အုတ်ဂျုံ၊ whole wheat bread နဲ့ ဆန်လုံးညိုတို့က အကောင်းဆုံးပါ။ပဲပိစပ်၊ ပဲနီလေးနဲ့ အခြားပဲမျိုးမျိုးမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေနဲ့ ဗီတာမင် B နဲ့ Eတို့ ပါဝင်တဲ့အပြင် ကင်ဆာကျိတ်တွေ ကြီးထွားတာကို တားပေးတဲ့ flavonoids နဲ့ အခြား ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ တွေပါဝင်တာကြောင့် သူတို့ကအူမကြီးကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်မှာ အသေအချာပါ။အရောင်စုံဆိုတာ အစိမ်းရောင်အသီးအရွက်တွေ၊ အဝါရောင်ရွှေဖရုံသီးတွေ အနီရောင် မုန်လာဥနီ၊ ဖရဲသီးတွေ ခရမ်းရောင် စပျစ်သီးတွေ ဘယ်ရီသီး စတာတွေကို ပြောတာပါ။ ဒီအသီးအနှံတွေမှာဓာတ်တိုးဆန့်ကျင့်တဲ့ အာနိသင်တွေ အမျှင်ဓာတ်တွေ အများကြီးပါတာကြောင့် သူတို့က ကင်ဆာကိုကာကွယ်ရုံတင်မက သင့်ခုခံအားစနစ်ကို တိုးမြှင့် စေမှာ အသေအချာပါ။ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လူမျိုးတွေဖြစ်တဲ့ ဂျပန်လူမျိုးတွေကငါးကိုအဓိကထားစားတဲ့ လူမျိုးဆိုတာ အားလုံးသိကြပါတယ်။ ဘယ်လောက်ပဲ ညှီတဲ့အနံ့ကို မုန်းမုန်း ငါးတွေမှာ နှလုံးအတွက် အဓိကအာဟာနဲ့ ကင်ဆာဆဲလ်တွေကြီးထွားနှုန်းကို လျှော့ချပေးတဲ့ omega-3 fatty acids တို့ပါဝင်တာကြောင့် အနီရောင်အသားစားများတဲ့သူတွေထက်စာရင် ငါးစားပေးတဲ့သူတွေမှာ အူမကြီးကင်ဆာ ဖြစ်ပွားမှု သိသိသာသာနည်းပါတယ်။မကျက်တကျက်ချက်ထားတဲ့ အနီရောင်အသားတွေက နဲ့ အပူချိန်မြင့်မြင့်မှာ ချက်ထားတဲ့ အသားတွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ သိသိသာသာ ပါဝင်မှု များနေတာကြောင့် သူတို့ကို လျှော့စာဖို့လိုပါတယ်။အားလုံးသိကြတဲ့အတိုင် းတာရှည်ခံအောင် ထုတ်ထားတဲ့ အ စားအသောက်တွေမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ မကောင်းတဲ့ ဓာတုပစ္စည်းတွေ အပြည့်ပါတယ်ဆိုတာ။ ဥပမာ ဟော့ဒေါ့တို့၊ ဝက်ပေါင်ခြောက်တို့ကြက်အူချောင်း ဝက်အူချောင်းတို့ပေါ့။ အူမကြီးကင်ဆာကို ကာကွယ်ချင်ရင် အဲဒီ တာရှည်ခံအသားတွေကို လျှော့စားရမှာပါ။တစ်နေ့ အရက်တစ်ခွက်သောက်လို့ ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်စေတာတော့မရှိပေမယ့် သောက်တဲ့ခွက်အရေအတွက်များလာရင် ( တစ်နေ့ကို တစ်ပုလင်းတို့ ၃ ခွက် ၄ ခွက်တို့ ) ဖြစ်လာရင် ကင်ဆာဖြစ်ပွားတဲ့ အပိုင်းမှာ ပြဿနာရှိလာမှာပါ။ဖြစ်နေရင်လည်း သိပ်မသိသာတတ်ဘဲ နောက်ကျမှ သိရတယ်၊ ကုသလို့ရှိရင်လည်း ဗိုက်မှာအပေါက်ဖောက်ပြီး တစ်သက်လုံးနေသွားရမယ့် အူမကြီးကင်ဆာဆိုတာ ကြောက်စရာကောင်းတဲ့ ကင်ဆာ တစ်ခုမဟုတ်လား။ စားသောက်တဲ့ပုံစံလေးပြောင်းမယ် လေ့ကျင့်ခန်းတွေလုပ်မယ်ဝမ်းမှန်အောင် ဂရုစိုက်ပေးမယ်ဆိုရင်တော့ အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်လို့ရမှာအသေအချာနော် ။ ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/colorectal-cancer-cancer/best-and-worse-foods-for-colon-cancer/
Peeling လုပ်ပြီး glow ကြမယ် (၁)
မေလေးတို့ရေ……. အခုတလော မိန်းကလေး အများစုကြားမှာ ရေပန်းစားလာတာတဲ့ စကားစုကတော့glow skinဆိုတာပါပဲ။ ဘာမိတ်ကပ်မှ မပါဘဲ မျက်နှာလေး ကြည်လင်ရှင်းသန့်နေတဲ့ ပြစ်မျိုးမှဲ့မထင်အလှမျိုးကို နှင်းတို့ မိန်းကလေးတိုင်း လိုချင်ကြတယ်နော်။ တချို့မေလေးတွေကတော့ ဘာမှ ထွေထွေထူးထူးလုပ်စရာ မလိုဘဲကို အသားအရေ ချောမွေ့ကြည်လင်နေကြပေမယ့် တချို့မေလေးတွေကျပြန်တော့ ဘာ skincare တွေ ဘယ်လိုသုံးသုံး ထင်သလောက်မထိရောက်ကြတာ တွေ့နေရပါရဲ့။ ဒါကြောင့်နှင်းက အသားအရေ ကောင်းချင် glow ချင်သူတွေ အတွက်ရော၊ လှပြီးသားမေလေးတွေ ပိုလှအောင် အတွက်ပါ ကျားမ မရွေး လုပ်နေကြပြီဖြစ်တဲ့ အသားအရေကုထုံးလေး အကြောင်း နှင်းသိသမျှ ဝေမျှပေးမယ်နော်။ကုထုံးလေးက peeling လို့ခေါ်ပါတယ်။ “ခွာချတယ်” ဆိုတဲ့ သူ့နာမည်လေးအတိုင်းပဲ မျက်နှာပေါ်က death skin တွေ၊ cell အသေတွေကို ခွာချခြင်းအားဖြင့် ရှိရင်းစွဲ အမာရွတ်တွေ၊ အသားအရေ မညီတာတွေ ကို သက်သာစေပြီး cell အသစ်တွေ မွေးဖွားစေကာ အသားအရေ ပိုမို ချောမွေ့ကြည်လင်လာစေတဲ့ ကုထုံးလေးပါ။ Natural peeling လို့ခေါ်တဲ့ သဘာဝနည်းနဲ့ ချေးချွတ်သန့်စင်တာရှိသလို chemical peeling လို့ခေါ်တဲ့ ဓာတုဗေဒ နည်းနဲ့ ချေးချွတ်တာလည်း ရှိပါတယ်။ ဒီ ဆောင်းပါးမှာတော့ နှင်းက အချိန်တိုအတွင်း ရလဒ် ကို သိရှိနိုင်တဲ့ chemical peeling အကြောင်းကို ဦးစားပေးပြောပြသွားမယ်နော်။Chemical peelingဆိုတဲ့ အတိုင်းပါပဲ…chemical peeling agent တွေ အများကြီးရှိတဲ့ထဲကမှ မိမိအသားအရေနဲ့ သင့်တော် တဲ့ ဓာတုဆေးရည်ကို ရွေးချယ်ပြီး မိမိရဲ့ မျက်နှာပေါ်က အညစ်အကြေး အစ အရေပြားအဟောင်း အဆုံး ဖယ်ခွာချ တဲ့ နည်းလေးပါ။ ရွေးချယ်စရာ chemical agent တွေက လည်း အမျိုးမျိုးရှိသလို ပြင်းအားကလည်း အမျိုးမျိုးရှိပါတယ်။ဥပမာ အသီးအနှံ မှာ တွေ့ရတဲ့ glycolic acid တစ်မျိုးထဲမှာကို ပြင်းအား ၂၀% ကနေ ၄၀ % ထိ ရှိတာပါ။ သူက collagen ထွက်တာကို အားပေးလို့ မျက်နှာတင်းရင်းချင်သူတွေအတွက် အဆင်ပြေပါတယ်။ နို့က ထွက်တဲ့ lactic acid ကျပြန်တော့ အသားအရေခြောက်သွေ့သူတွေအတွက် သင့်တော်ပါတယ်။ အခု skincare တော်တော်များများမှာတွေ့ရတဲ့ AHA( alpha hydroxy acid ) ဆိုတာ ဒီဟာတွေကိုပြောတာပါနော်။နောက်ထပ် နာမည်ကြီး BHA ( beta hydroxy acid ) အနွယ်ဝင် salicylic acid ကျတော့လည်း ချွေးပေါက်တွေကတစ်ဆင့် အဆီဂလင်းတွေထဲထိ သွားပြီး အညစ်အကြေးတွေကို ဖယ်ရှာပေးတဲ့ အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျှော့ချပေးလို့ ဝက်ခြံ/ ဆားဝက်ခြံရှိသူနဲ့ မျက်နှာအဆီပြန်တတ်တဲ့ သူတွေ အတွက် သုံးပါတယ်။ AHA BAH peeling agent တွေကိုက အလှအပရေးရာ ဆေးခန်းတွေ အပြင် နေ့စဉ်သုံး skincare products တွေမှာပါမြင်နေတွေ့နေရတဲ့ အထိ တွင်ကျယ်ပါတယ်။အသားအရေ အများစုနဲ့ သင့်တော်တဲ့ mild peeling action အပျော့စားလေးတွေကိုး။ Retinoic acid တို့ trichloroacetic acid တို့ phenol type acid တို့ကျတော့ အရေပြား အတွင်းလွှာထိ ပိုနက်နက်ရှိုင်းရှိုင်း ဖောက်ဝင်နိုင်တာမို့ ပြင်းအားနဲ့  အသားအရေ အမျိုးအစားကို ကိုလိုက်ပြီး မျက်နှာ အတွက်သာမက ခန္ဓာကိုယ် peeling အတွက်ပါသုံးကြတယ်။Mild peeling တွေက ကိစ္စ မရှိပေမဲ့ medium peel / Deep peel တွေကတော့ အသားညိုသူတွေနဲ့ အဆင်မပြေပြန်ပါဘူး။ တစ်ခါတလေ လည်း လိုချင်တဲ့ result ရဖို့ ပြင်းအားကိုချိန်ပြီး ၂ မျိုးရောသုံးတာမျိုးရှိတယ်။ အဲလို ရွေးစရာတွေများတာကြောင့် အလှအပဆိုင်ရာ ဆေးခန်းတစ်ခုခုမှာ ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးမှသာ လုပ်သင့်တဲ့ ကုထုံးနည်းပါနော်။Chemical peeling လုပ်တော့မယ် ဆိုရင် မလုပ်ခင်မှာ ကိုယ့် အသားအရေအမျိုးအစား ရယ် ကိုယ်သုံးနေကြ skincare products တွေရယ် နဲ့ ကိုယ်လိုချင်တဲ့ result ရယ်ကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆန်းစစ်သင့်ပါတယ်။ ကိုယ်က keloid လို အမာရွတ်ဖြစ်လွယ်လား… sensitive skin လား…ပေါ့။  ပိုးဝင်ရောင်ရမ်းနေတဲ့ဝက်ခြံတွေရှိနေတာမျိုး၊ ရေယုန်ပေါက်နေတာမျိုး.. မကြာခင်ကမှ မျက်နှာဓာတ်မှန်ရိုက်တာမျိုး၊ လေဆာ ကုထုံး ခံယူထားတာမျိုး၊ တချို့ radioactive တုံ့ပြန်မှုများတဲ့ ဓာတ်သတ္တိကြွဆေးမျိုး သောက်နေရတဲ့ လူမျိုး ဆိုရင် peeling မလုပ်သင့်သေးဘူးပေါ့။သုံးနေတဲ့ skincare products တွေမှာ scrub တွေ၊ exfoliating gel တွေ၊ peeling product တွေ၊ Retin A လိုလိမ်းဆေးတွေ ပါနေရင် chemical peeling ထပ်လုပ်မိတဲ့အခါ အသားအရေက လိုတာထက် ပိုsensitive ဖြစ်ပြီး လောင်သွားနိုင်ပါတယ်။ဒါကြောင့် အဲဒီ product တွေကို chemical peeling မလုပ်ခင် တစ်ပတ် နှစ်ပတ်လောက် ကြို ရပ်ထားသင့်တယ်လေ။နောက်ပြီး ကိုယ်က အသားအရေတင်းချင်တာလား … အမာရွတ် မှိန်ချင်တာလား… အသားကြည်ချင်တာလား စသည့်ဖြင့် ဆရာဝန်ကို ပြောပြထားရပါမယ်။ ဒီမှာ နှင်း တစ်ခုပြောချင်တာက ဒီကုထုံးဟာ အသားဖြူကုထုံး မဟုတ်လို့ ပိုဖြူလာတာမျိုး လိုချင်လို့ မရပါဘူး။ နဂို မွေးထဲက အသားအရေက ညိုနေရင် အညို ပဲ ထွက်မှာမို့ပါ… ပိုပြီးတော့ glow ဖြစ်လာဖို့ပဲရှိပါတယ်။ကဲ….စလုပ်ပြီဆိုရင်တော့ မျက်နှာကို အရင် သန့်ရှင်းစင်ကြယ်အောင်ဆေးကြောပေးပြီး toner လေးနဲ့ လိမ်းပေးပါတယ်။ ပြီးရင်တော့ မိမိ အသားအရေ အမျိုးအစားနဲ့ လိုချင်တဲ့ result ပေါ်မူတည်ပြီး ဆေးခန်းက ရွေးပေးထားတဲ့ chemical အရေကို cotton pad လေးနဲ့ မျက်နှာအနှံ့ လိုက်လိမ်းပေးတော့တာပါပဲ။ စစချင်းတော့ စပ်ဖျင်းဖျင်းပေါ့ … တအားပူလာရင်တော့ ရေခဲဝတ်လေးကပ်ပေးပါတယ်။နှင်းတုန်းက pumpkin acid 4% ဆိုတာလေးသုံးပြီး ၁၅ မိနစ်လောက်ထားခိုင်းပေမယ့် ၁၀ မိနစ်မှာ လက်မြှောက်အရှုံးပေးပြီးရေပြန်ဆေးချခိုင်းရပါတယ်။ နာတာမျိုး မဟုတ်ဘဲ ငရုတ်သီးနဲ့ မျက်နှာကို ပွတ်မိသလို ပူစပ်ပူဖျဉ်းနဲ့ပါ။ ရေဆေးချပြီးရင်တော့ moisturizing step အနေနဲ့ mask ကပ်ပေးပြီး facial creamလေးလိမ်းပေးပါတယ်။ ပထမ လုပ်ပြီးကာစ တစ်ရက်ဆို မျက်နှာက နီစပ်စပ်နဲ့ …နောက်ပိုင်းတဖြည်းဖြည်း ညို… ညိုရာကနေ အသားပတ်သလို ဖြစ်လာပြီဆို အရေပြား အသစ်လဲ ပြီမို့ ကွာကျတော့မှာပါ။ ဒီအချိန်အတောအတွင်းမှာ။၁။ လက်နဲ့ ကုတ်တာမျိုး …မကွာသေးတဲ့ အရေပြာကို အတင်းဆွဲခွာတာမျိုး လုံးဝ မလုပ်ရပါဘူးနော်။ အမာရွတ်ကျန်တတ်ပါတယ်။၂။ နေပူထဲကို suncream လူး … ထီးဆောင်းပြီးမှ ထွက်ဖို့ မမေ့ပါနဲ့။ သေချာ အပူခံပြီး treatment ယူပြီးကာမှ နေလောင်သွားရင် result မကောင်းနိုင်တော့ပါဘူး။၃။moisturizerသုံးဖို့ မမေ့ပါနဲ့ ။ Sheet mask ကပ်တာ ကောင်းပေမဲ့ clay mask တွေ peel off mask တွေ .. scrub တွေ …exfoliating gel တွေ… ဆပ်ပြာ အပြင်းစားတွေကို အရေပြားလဲပြီး အနည်းဆုံး တစ်လလောက်ထိ မသုံးပါနဲ့ဦး။ရလဒ်ကတော့ ကိုယ့်ကို သုံးပေးထားတဲ့ chemical agent နဲ့ ကိုယ်လိုချင်တဲ့ ပုံစံပေါ်မူတည်ပြီး ၂ ပတ်တစ်ခါ ၁ လ ၁ ခါ စသည့်ဖြင့် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ side effect ရှိလားလို့မေးရင် ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်လုပ်တာမို့ မရှိသလောက်နည်းပါတယ် လို့ နှင်းကဖြေပါမယ်။ အသားညိုတဲ့ မည်းတဲ့သူတွေမှာ အညိုအမည်းစွဲတာမျိုး ဆေးနဲ့ မတည့်တဲ့သူတွေမှာ post inflammatory hyperpigmentation ရတတ်တာမျိုးရှိပေမဲ့ များသောအားဖြင့်ကုလို့ပျောက်ပါတယ်။ဘယ်ကုသမှုမျိုးမဆို ကောင်းတာ ရှိသလို ဆိုးတာလည်းရှိရဲ့ မဟုတ်လား။ နှင်းကတော့ ဒီ peeling ကို ထိရောက်တာရယ်… လေဆာတို့ဘာတို့နဲ့စာရင် အကုန်အကျ သက်သာတာကြောင့် ကြိုက်ပါတယ်။ chemical မသုံးချင်ဘူး… ဆေးခန်းသွားရမှာပျင်းတယ်.. အလျင်လည်းမလိုဘူးဆိုတဲ့ မေလေးတို့အတွက်လည်း လာမယ့်ဆောင်းပါးမှာ natural peeling နည်းလေးတွေ ပြောပြပေးသွားဦးမှာမို့ စောင့်ဖတ်ကြပါနော်။           ။ရေးသားသူ – နှင်းရိပ်မှုန်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/peeling-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-glow-%e1%80%80%e1%80%bc%e1%80%99%e1%80%9a%e1%80%ba-%e1%81%81/
ကလေးက ညဘက် ချောင်းထဆိုး နေသလား
ကလေးက ညဘက်ဆို ချောင်းလေး တဟွတ်ဟွတ်နဲ့ မအိပ်နိုင်ရှာဘူး။ ထပြီး ပြုစုရ၊ စိတ်မချလို့ စောင့်ကြည့်ရ နဲ့ မိဘ တွေလည်း မအိပ်ရဘူး။ ကလေးတစ်ယောက် နေမကောင်းတဲ့အခါ ကလေးရော မိဘရော အတော် ပင်ပန်းရပါတယ်။ အထူးသဖြင့် ချောင်းထဆိုး တဲ့အခါတွေမှာပေါ့။ကလေးက အိပ်ရာ ထဲ လှဲအိပ်တဲ့အခါ နှာခေါင်းနဲ့ နှာခေါင်းလမ်းကြောင်း ထဲမှာ ပိတ်ဆို့နေတဲ့ ချွဲတွေက လည်ချောင်းထဲကို စီးကျလာပြီး ချောင်းထဆိုး စေတာကြောင့် ညအိပ်ချိန် မှာ ချောင်းပိုဆိုးရတာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/nocturnal-cough-in-kids/
လျှပ်စစ်ဓာတ်သုံး၍ နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်း (TENS)
ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့်နာကျင်မှုကို အံတုဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ အရင်တုန်းက နာကျင်မှု သက်သာအောင် ဆေးထိုး၊ ဆေးသောက်၊ရေနွေးကပ်၊ရေခဲအုံလုပ်ရာကနေ ခု လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်နိုင်ကြပါပြီ။လျှပ်စစ်ဓာတ်ဆိုလို့ မလန့်သွားပါနဲ့။ လူမထိခိုက်အောင် ဗို့အားနည်းနည်းပဲ သုံးထားတာပါ။ဒါကို Transcutaneous electrical nerve stimulation (TENS) “အရေပြား မှတစ်ဆင့် လျှပ်စစ်ဓာတ်သုံး၍ အာရုံကြော လှုံ့ဆော်နည်း” လို့ ခေါ်ပါတယ်။ ဒီစက်သေးသေးလေးက အာရုံကြောတွေနားကို လျှပ်စစ်ဓာတ်လွှတ်ပြီး နာကျင်မှုကို မခံစားရအောင် ပိတ်လိုက်တာပါ။TENS က လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်တာပါ။ ဘတ်ထရီနဲ့ အားသွင်းရတဲ့ စက်ဖြစ်ပြီး နာတဲ့ နေရာကို ကပ်ဖို့ ကပ်ခွာလေးတွေ ပါပါတယ်။ ဒီကပ်ခွာကို ကိုယ်အနာ သက်သာချင်တဲ့ အရေပြားပေါ်မှာ ကပ်လိုက်ရုံပါပဲ။ အလုပ်လုပ်ပုံကတော့။TENS ကို နာတာရှည် နာကျင်တာရော၊ ရုတ်တရက်ဖြစ်တဲ့ နာကျင်မှုတွေရော သက်သာအောင် လုပ်လို့ ရပါတယ်။ အသုံးများတဲ့ နေရာတွေကတော့။အကောင်းဆုံးက စက်ထဲမှာ ပါတဲ့ အသုံးပြုနည်းကို သေချာဖတ်ကြည့်ပြီး  သုံးတာပါပဲ။  စက်က သေးပြီး ပေါ့ပါးတဲ့ အတွက် အလွယ်တကူ သယ်သွားလို့ ရပါတယ်။ အလုပ်လုပ်နေချိန်မှာပါ သုံးလို့ရပါတယ်။ကပ်ခွာ ကပ်မယ်ဆိုရင် အရင်ဆုံး စက်ကို ပိတ်ထားလား အရင် စစ်ပါ။ ကပ်ခွာနှစ်ခုကို အနည်းဆုံး ၁လက်မ ခွာကပ်ပါ။ ပြီးတော့မှ စက်ဖွင့်ပါ။စဖွင့်ဖွင့်ချင်းမှ နည်းနည်းကျဥ်သလိုလေး ခံစားရပါမယ်။  ဒါပေမယ့် ဒါက လိုသလို ချိန်လို့ ရပါတယ်။ သုံးပြီးရင်တော့ စက်ကို အရင်ပိတ် ပြီးမှ ကပ်ခွာကို ခွာပါ။လူတော်တော်များများမှာတော့ ဘာအန္တရာယ်မှ မရှိပါဘူး။ တချို့ကျတော့ ကပ်ခွာနဲ့ မတည့်လို့ အရေပြားမှာ ဓာတ်မတည့်တာ၊ ယားတာ ဖြစ်တတ်ပါတယ်။ အပေါ်မှာ မသုံးသင့်တဲ့သူတွေကိုတော့ ပြောထားပါတယ်။ပြန်ပြောရရင် TENS ဆိုတာ လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်တဲ့ ပစ္စည်းပါ။ နာတာကို လုံးဝပျောက်စေတာ မဟုတ်ပါဘူး။ ခဏပဲ သက်သာစေတာပါ။ မသုံးသင့်တဲ့သူ၊ မသုံးသင့်တဲ့ နေရာတွေ ရှိပါတယ်။ တော်ရုံကတော့ လူတိုင်း သုံးလို့ရပါတယ်။ အန္တရာယ် မရှိပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9c%e1%80%bb%e1%80%be%e1%80%95%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%81%8d-%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84/
အသည်းကို ထိခိုက်စေနိုင်သော အပြုအမူဆိုး (၅)ချက်
အသည်းဆိုသည်မှာ လူ့ခန္ဓါကိုယ်တွင် မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။ စားလိုက်သမျှ အစားအစာတွေ သောက်လိုက်တဲ့ ဆေးတွေ အားလုံးအသည်းတွင် အရင်ဖြိုခွဲပြီးမှ ကျန်ခဲ့သောအာဟာရဓါတ်များသည် သွေးကြောထဲသို့ရောက်ကာ လိုအပ်သော တစ်ရှူးများ ဆဲလ်များဆီသို့ ုသွားရပေသည်။ အသည်းသည် ကိုယ်ထဲရှိ အခြားမကောင်းသော ဓါတု ပစ္စည်းများကို စွန့်ထုတ်ပေးခြင်း၊ သောက်လိုက်သော ဆေးများကို ဖြိုခွဲပေးခြင်း၊သည်းခြေရည်ထုတ်ပေးခြင်းနှင့် သွေးခဲရန်အတွက်လိုအပ်သောပရိုတင်းဓါတ်များကို ထုတ်ပေးခြင်းများပြုလုပ်သည်။ ဤမျှ အလုပ်များသောအသည်းသည် လူတို့၏ မဆင်မခြင် နေထိုင်မှုများတချို့ကြောင့် ထိခိုက်သွားပြီး လုပ်စရာရှိသော တာဝန်များ ကိုကောင်းကောင်းမလုပ်နိုင်တော့ပေ။ အချိန်ကြာလာသည်နှင့် အမျှ အသည်းဆိုးဆိုးဝါးဝါး ထိခိုက်လာပြီး အသက်သေဆုံးသည် အထိ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ရန် အသည်းကို ဆိုးရွားစွာထိခိုက်စေနိုင်သည့်အပြုအမူ(၅)ချက်ကို ပြောပြချင်ပါသည်။အရက် အလွန်အကျွံသောက်ခြင်းသည် အသည်းကို အဓိက ဒုက္ခပေးနေသော အရာဖြစ်သည်။ အရက်အလွန်အကျွံသောက်လိုက်ခြင်းဖြင့် အရက်မှပါသည့်အဆိပ်အတောက်များကို အသည်းက အဆိပ်လျော့သွားအောင် လုပ်ပေးနေရ၍ အခြားသော တာဝန်များကို ကောင်းမွန်စွာ မလုပ်နိုင်တော့ပေ။ ပြင်းအားလျော့သွားသောအဆိပ်သည်ပင်အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်းများကို ဖြစ်စေနိုင်သေးသည်။ ထို့အပြင်သောက်လိုက်သော အရက်ကို ဖြိုခွဲရာမှ ထွက်လာသော ဓါတု ပစ္စည်းများသည် အသည်း ဆဲလ်လေးများကို ထိခိုက်စေသည်။ ထိခိုက်သွားသော ဆဲလ်များနေရာတွင် ဆဲလ် အသစ်များ ပြန်ဖြစ်လာနိုင်သော်လည်း အရက်အလွန်အကျွံသောက်သည့်သက်တမ်းကြာလာသည်နှင့်အမျှ အသည်းဆဲလ်များထိခိုက်ခြင်း သည်ပြန်မကောင်းနိုင်တော့ပေ။ နောက်ပိုင်းတွင် ကုသဖို့ ခက်ခဲသော အသည်းခြောက်ခြင်းဖြစ်လာတော့သည် ။ အသည်းခြောက်သွားလျှင် အသည်း၏လုပ်ဆောင်ချက်များ လုံးဝ ပျက်စီးသွားမည်ဖြစ်သည်။ တစ်ဖန် ထိခိုက်သွားသော ဆဲလ်များ ပြန်ကောင်းအောင် အသည်းက အပြင်းအထန်ကြိုးစားခြင်းဖြင့် ဆဲလ်များပုံမှန် မဟုတ်တော့ဘဲ ပိုပွားကာ အသည်းကင်ဆာ ပင်ဖြစ်စေတတ်ပါသည်။အသည်းသည်ပါးစပ်မှ သောက်လိုက်သော ဆေးများ၊ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးများကို ဒိုင်ခံ ဖြိုခွဲပေးနေသော အရေးပါသည့်ကိုယ်အဂါၤ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ထိုဆေးများကို အသည်းမှ လက်ခံနိုင်သော ပမာဏထက်ပို၍ သောက်မိပါက အသည်းကို ထိခိုက်စေပြီး နောက်ဆုံးတွင် အသည်းလုံးဝပျက်စီးသွားသည်အထိ ဖြစ်တတ်သည်။ အသည်းကို ထိခိုက်စေသည့် နာမည်ကြီး ဆေးတစ်ခုဖြစ်သောacetaminophenဖြစ်သည်။ ထိုဆေးကို ဈေးကွက်တွင် အလွယ်တကူ ဝယ်၍ရနေသောကြောင့်ဖျားနာကိုက်ခဲခြင်းများဖြစ်ပါက လူအများ ကိုယ့်သဘောနှင့်ကိုယ် ဝယ်သောက်နေကြသည်။acetaminophenကို သောက်သင့်သော ပမာဏ အတွင်းကသာ သောက်မည်ဆိုလျှင် ဘေးမဖြစ်စေပါ။ သို့သော် ပမာဏများများကို ရက်ကြာကြာသောက်မိလျှင် သင့်အသည်းစတင်ပျက်စီးလာပါတော့သည်။ အချို့ သော တိုင်းရင်းဆေး၊ ဖြည့်စွက်စာများကို လိုအပ်သည်ထက် ပို၍သောက်မိလျှင်လည်း အသည်းကို ထိခိုက်စေနိုင်သည်။ နာမည်ကြီး နောက်တစ်ခုမှာဗီတာမင် Aများ လိုအပ်သည်ထက် ပို၍ သောက်မိခြင်းကြောင့် အသည်းတွင် အဆိပ်အတောက်ဖြစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဆေးများဝယ်သောက်မည်ဆိုလျှင် သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ခြင်း သို့မဟုတ် ဆေးဘူးနောက်ကျောတွင် သောက်သင့်သော ပမာဏနှင့် အသည်းကို ထိခိုက်နိုင်သည့်ဘေးထွက်ဆိုးကျိုးများ ရှိ၊မရှိ တစ်ချက် ဖတ်ကြည့်သင့်ပါသည်။သင်ကျန်းမာသော ဘဝ တစ်ခုကို ပိုင်ဆိုင်လိုလျှင် ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်သင့်သည်။ ဆေးလိပ်တွင် ပါဝင်သော ဓါတုပစ္စည်းများသည် အသည်းကို သွယ်ဝိုက်သောနည်းဖြင့် ဒုက္ခပေးနိုင်သည်။ ဆေးလိပ်သောက်လိုက်ခြင်းဖြင့် ကိုယ်ထဲဝင်သွားသော အဆိပ်များက အသည်းသို့ရောက်သွားပြီး အသည်း၏ ဆဲလ်များကို ထိခိုက်စေကာ ဆဲလ်တွင်အမာရွတ်များဖြစ်စေသည်။ သောက်သည့် သက်တမ်းကြာလာသည်နှင့် အမျှ ထိခိုက်သွားသော ဆဲလ်များလည်း များလာ၊ အမာရွတ်ဆဲလ်များလည်းများလာပြီး အသည်းဆဲလ်များခဲသွားကာ အသည်း၏ ပုံမှန်လုပ်ဆောင်ချက်များ ပျက်စီးသွားပါတော့သည်။အိပ်ရေးပျက်တာ များလာလျှင် ပေါ်လာသော oxidative stress ဖိအား တစ်မျိုးသည် အသည်းကိုထိခိုက်စေသည်။ လေ့လာချက်များအရ အိပ်ရေးပျက်ခြင်းသည် အသည်းကို ထိခိုက်နိုင်သည့်အပြင်အဝလွန်ခြင်း၊နှလုံးရောဂြါဖစ်ခြင်း၊ နှင့်ဆီးချိုရောဂါများကိုပါ ဖြစ်စေနိုင်သည်။ အိပ်ချိန်ပြည့်ဝစွာ မအိပ်လျှင် အသည်းတွင် အဆီများစုလာကာ အသည်း အဆီဖုံးလာပြီး အဆိပ်များစွန့်ထုတ်ခြင်းလုပ်ငန်းစဉ်သည်လည်း ယိုယွင်းလာတော့သည်။ ထို့ကြောင့်အရွယ်ရောက်သူ တစ်ဦးအနေနှင့်တစ်နေ့လျှင်အိပ်ချိန်၇ နာရီမှ ၉ နာရီအတွင်း ရှိသင့်ပါသည်။အစားအသောက်များ မဆင်မခြင်စားခြင်း၊ အဆီများသော အစားအသောက်များ စားခြင်းနှင့် အဝလွန်ခြင်းသည် ဆက်စပ်နေသည်။ ဆီကြော်စာများ အဆီများသော အစားအစာများ စားမိခြင်းကြောင့် အသည်းတွင် အဆီများစုလာခြင်းကို (အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း) ဟုခေါ်သည်။ ပုံမှန်အားဖြင့် အသည်းသည် သွေးထဲရှိ သကြားနှင့် အဆီများကို ထိန်းညှိပေးသည်။ သို့သော် အဝလွန်သောသူများတွင် အသည်းဆဲလ်များတွင်ပင် အဆီများစုနေတတ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ အသည်းဆဲလ်များ ရောင်လာပြီး သွေးတွင်းရှိ အဆီဓါတ်များကို အသည်းက ထိန်းညှိမပေးနိုင်တော့ပါ။ အချို့သော လေ့လာမှုများတွင် သကြားသည် အရက်ကဲ့သို့ပင် အသည်းကို ဒုက္ခ ပေးနိုင်ပါသည်။ ထိုကြောင့် အသည်းကျန်းမားရေးအတွက် အချိုလျှော့စားခြင်း၊ အချိုရည်လျှော့သောက်ခြင်း၊ သကြားလုံးများလျှော့စားခြင်း၊အဆီများသော အစားအစာများလျှော့စားခြင်းနှင့် ဝိတ်ချခြင်းများ ပြုလုပ်သင့်ပါသည်။ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ အသည်းပျက်စီးမှုတွေကိုဖြစ်ပေါ်စေတဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲပစ်ဖို့ပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%85%e1%80%b1%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba/
ရေနွေးသောက်ပါလို့ ပြောနေရတဲ့ အကြောင်းအရင်း
ရေသောက်တဲ့ အလေ့အထဟာ ကျန်းမာရေးအတွက် အထူး အထောက်အကူဖြစ်စေတဲ့ အလေ့အထတစ်ခုပါ။ နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါ။ဒီနေရာမှာ ပြောစရာရှိတာက တချို့အေးမြမြရေခဲရေလေးကိုမှ နှစ်သက်တက်ပြီး တချို့တွေကတော့ လက်ဖက်ခြောက်လေးဖြစ်ဖြစ် ခတ်ထားတဲ့ ရေနွေးကြမ်းမျိုးကိုမှ နှစ်သက်တတ်ကြပါတယ်။ဘယ်ရေကို သောက်သည်ဖြစ်စေ သူ့လုပ်ဆောင်ချက်နဲ့သူ ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမယ်ရေနွေးကို ပိုပြီးသောက်ပေးသင့်တဲ့ အကြောင်းအရင်းတွေ ရှိနေတယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်နော်။ရေနွေးသောက်ပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုဖြည့်တင်းပေးရုံသာမကပဲ အစာခြေစနစ်၊ အသက်ရှူလမ်းကြောင်းတို့ကို အထောက်အကူပြုတာနဲ့ လူကို လန်းဆန်းစေတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါသေးတယ်။နေ့စဉ် မနက်စောစောနဲ့ အိပ်ရာဝင်ခါနီးတွေမှာ ရေနွေးတစ်ခွက်စီလောက် သောက်ပေးမယ်ဆိုရင် ကျန်းမာရေးကို အထူးပဲ အထောက်အကူဖြစ်စေနိုင်ပါသေးတယ်။သံပုရာသီးနည်းနည်းရောနှော မှီဝဲမယ်ဆိုရင် ဗီတာမင် C ပါ ရရှိဦးမှာပါ။ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရေနွေးပူပူသောက်ပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ကျန်ရှိနေပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ရေနွေးသောက်သုံးတဲ့ အလေ့အထဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဖြစ်ပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ အတိုင်းအဆ၊ အကန့်အသတ် ဘောင်ဆိုတာတော့ ရှိနေတတ်တာကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ဒီနေရာမှာ ရေနွေးလို့ဆိုရာမှာလည်း 120°F and 140°F ကြား အပူချိန်ရှိတဲ့ ရေနွေးမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဒီထက်ပိုပူနေမယ်ဆိုရင်တော့ အပူလောင်စေနိုင်တာမို့ သတိထားသင့်ပါတယ်။ အထူးသဖြင့် ခံတွင်းနဲ့ အစာရေမျိုပြွန်တွေ လောင်နိုင်ပါတယ်။အလွန်ပူတဲ့ ရေနွေးကို ထိကိုင်မိတာ၊ သောက်သုံးမိတာမျိုးတွေပြုလုပ်မိရင် အရေပြား တစ်ရှူးတွေကို ပျက်ဆီးစေနိုင်ပါတယ်။ဒါ့အပြင် အလွန်ပူပြင်းတဲ့ အခြေအနေမျိုးမှာ အလုပ်လုပ်နေရချိန်မျိုး ဒါမှမဟုတ် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နေရင်းတန်းလန်း အချိန်မျိုးတွေမှာ ရေနွေးမသောက်သုံးသင့်ပါဘူး။ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုအပြုအမူမျိုးတွေက ရေဓာတ်ဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါပေမယ့် လေ့ကျင့်ခန်း ပြုလုပ်မှု ပြီးဆုံးသွားချိန်မှာတော့ ရေနွေးသောက်သုံးပေးလို့ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-of-drinking-hot-water-2/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/common-liver-diseases-in-myanmar/
သက်ကြီးရွယ်အိုတွေမှာ ကြုံတွေ့ရတတ်တဲ့ အာဟာရပြဿနာများ နဲ့ သတိထားဆင်ခြင်ရမယ့်နည်းလမ်းများ
အာဟာရဆိုင်ရာ ပြဿနာရပ်တွေက သက်ကြီးရွယ်အိုတွေမှာ ကိုယ်ခံအားစနစ်အားနည်းတာ၊အားအင်ကုန်ခမ်း တာနဲ့ အမျိုးအစား-၂ ဆီးချိုးရောဂါ၊သွေးတိုးတာ၊နှလုံးရောဂါ၊လေဖြတ်တာ၊ အရိုးအတက်ထွက်နာလိုမျိုး နာတာရှည်ဝေဒနာတွေအပါအဝင်နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရနိုင်စေပါတယ်။ နေ့စဉ်စားသုံးနေကျ အစားအစာတွေထဲမှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာက သက်ကြီးရွယ်အိုတွေကို အာဟာရချို့တဲ့ မှုမဖြစ်အောင်ကာကွယ်ရာမှာအထောက်အကူဖြစ်စေပါလိမ့်မယ်။အာဟာရမျှတအောင်စားသုံးမှုက ကျန်းမာကြံ့ခိုင်မှုတွေအတွက်အရေးပါပါတယ်။ အာဟာရမပြည့်ဝမှုက သက်ကြီးရွယ်အိုတွေမှာ ကျန်းမာရေးထိခိုက်မှုကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အာဟာရချို့တဲ့မှုလက္ခဏာတွေကို သိရှိပြီး လူကြီးမိဘတွေကို အာဟာရပြည့်ဝအောင်ကျွေးမွေးစောင့်ရှောက်နိုင်မယ့်နည်းလမ်းလေးတွေဖော်ပြပေး လိုက်ပါတယ်။သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့ တဲ့အခါ –။အာဟာရချို့တဲ့မှုက လူကြီးတွေကိုအစားစားဖို့စိတ်မဝင်စားတော့ဘဲ အစားစားချင်စိတ်ပျောက်သွားတာမျိုး အထိဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ကိုယ်အလေးချိန်-ကိုယ်အလေးချိန်တက်လာတာရော ကိုယ်အလေးချိန်ကျသွားတာရောက လူကြီးတွေမှာဖြစ်တတ်တဲ့အာဟာရ ချို့တဲ့မှုနဲ့ဆက်စပ်နေတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသက် ၄၀ အရွယ်မတိုင်ခင်ကလောက် ခန္ဓါကိုယ်က ကယ်လိုရီတွေကိုမလောင်ကျွမ်းစေနိုင်တော့ပါဘူး။ သက်ကြီးရွယ်အိုတွေ အထူးသဖြင့် နာတာရှည် ရောဂါအတွက်ဆေးကုသမှုခံယူနေရသူတွေမှာ အားမရှိတာလိုမျိုးတွေခံစားရတတ်ပါတယ်။ ဇီဝတွင်းဖြစ်ပျက်မှု နှေးကွေးသွားတာနဲ့ကိုယ်လက်လှုပ်ရှားမှု နည်းတာစုံသွားတဲ့အခါ အဝလွန်တာကိုဖြစ်ပေါ်စေပါတယ်။ အခြားတစ်ဖက်မှာလည်း အစားစားချင်စိတ် သိပ်မရှိတော့တာနဲ့ မှီဝဲနေရတဲ့ဆေးဝါးတွေကြောင့် အစားစားချင်စိတ်လျော့နည်းလာတဲ့အခါ ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်။အရသာခံနိုင်စွမ်း –အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အရသာခံနိုင်စွမ်းကကျဆင်းလာတာကြောင့် လူကြီးတွေကစားသုံးတဲ့အစားအသောက်တွေကိုအရသာ ခပ်ပြင်းပြင်းတွေဖြစ်အောင်ဖြည့်စွက်စားသုံးရာကနေ သွေးတိုးရောဂါစဝင်လာပါတော့တယ်။ အချိုဓါတ်ကဲတဲ့အရသာကိုကြိုက်နှစ်သက်သူ သက်ကြီးရွယ်အိုတွေ မှာတော့ အချိုဓါတ်ကိုလွန်ကဲစွာစားသုံးမှုကနေ ကိုယ်အလေးချိန်တက်လာတာမျိုးတွေခံစားရနိုင်ပါတယ်။ရေဓါတ်ခမ်းခြောက်လာခြင်း– ရေဓါတ်ချို့ယွင်းတာက သက်ကြီးရွယ်အိုတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာရပ်တစ်ခုဆိုပေမယ့် ရေဓါတ်ခမ်းခြောက်ရတဲ့အကြောင်းအရင်းအမြောက်အမြားရှိပါတယ်။ အရွယ်ရလာနဲ့အမျှ ရေသောက်သုံးမှုပမာဏကကျဆင်းလာတာကြောင့်ရေသောက်နည်းလာတာဖြစ်သလို ဆီးမထိန်းနိုင်တာကြောင့် ရေသိပ်မသောက်တော့တာလည်းဖြစ်ပါတယ်။ သောက်သုံးနေရတဲ့ဆေးဝါးတွေနဲ့ နာတာရှည် ရောဂါတွေကြောင့်လည်းရေဓါတ်ခမ်းခြောက်တာဖြစ်ပါတယ်။ ခန္ဓါကိုယ်မှာရေဓါတ်ခမ်းခြောက် တဲ့အခါ ဝမ်းချုပ်တာ၊ခေါင်းကိုက်တာ၊မူးဝေတာ၊သွေးပေါင်ကျတာ၊ နှလုံးခုန်မြန်တာ နဲ့ သတိလစ်မေ့မြောတာ တွေခံစားရနိုင်သလို ပြင်းထန်တဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ အတက်ရောဂါ၊ ကျောက်ကပ်ပျက်စီးတာ၊ ဦးနှောက်ရောင်တာ၊ အပူလွန်ကဲတာနဲ့သေဆုံးတာမျိုးအထိတောင်ခံစားရနိုင်ပါတယ်။မိမိချစ်ခင်ရတဲ့ လူကြီးမိဘတွေရဲ့ ကိုယ်အလေးချိန်၊ရေသောက်နှုန်းနဲ့ စားသောက်မှုတွေကိုသေချာစောင့်ကြည့်ပေးပါ။ကာကွယ်မှုက ကုသမှုထက်ပိုမိုထိရောက်တယ်ဆိုတဲ့အတိုင်း သက်ကြီးရွယ်အိုတွေကို အာဟာရမျှတစွာစားသုံး စေဖို့အပြင်ကျန်းမာအောင်ပါအထောက်အကူပြုနိုင်မယ့် ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကိုလုပ်ဆောင်ကြည့်နိုင် စေဖို့ဖော်ပြလိုက်ပါတယ်။အသက်အရွယ်ကြီးရွယ်အိုတွေကို အာဟာရမျှတအောင်စားသုံးစေခြင်းက ဆီးချိုမဖြစ်အောင်ကာ ကွယ်ဖို့ သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်တာနဲ့ အမြင်အာရုံကောင်းမွန်အောင်၊ စိတ်ခံစားမှုကောင်းမွန်အောင်၊ အိပ်ပျော်စေဖို့နဲ့အမြင်အာရုံကြည်လင်ပြီးအရိုးနဲ့ကြွက်သားတွေကိုသန်စွမ်းကြံ့ခိုင်စေဖို့ နဲ့အစာချေစနစ် ကောင်းမွန်စေဖို့အတွက်အရေးပါတဲ့ အလေ့အထတစ်ရပ်ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%a1%e1%80%ad%e1%80%af%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%80%e1%80%bc/
သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ
သက်ကြီးပိုင်းအရွယ်နှလုံးကျန်းမာအောင်ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို ဗဟုသုတရနိုင်စေဖို့ မျှဝေပေးလိုပါတယ်။နှလုံးရောဂါဟာ လူကြီးတွေရဲ့ကျန်းမာရေးအတွက် ကြီးမားတဲ့အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်ရှိသူတွေမှာ နှလုံးရောဂါနဲ့ သေဆုံးသူ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေက အသက်အရွယ်နဲ့လိုက်ပြီး တိုးလာတာဖြစ်ပေမယ့် အသက်ကြီးတိုင်းမလွဲမသွေ နှလုံးရောဂါဖြစ်လာမှာတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ နေထိုင်မှုအမူအကျင့်တွေနဲ့ နှလုံးကျန်းမာစေမယ့် ဓာတ်စာအာဟာရတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အဖြစ်များဆုံးနှလုံးရောဂါအမျိုးအစားကတော့ နှလုံးသွေးကြောကျဉ်းရောဂါ (coronary artery disease (CAD)) ဖြစ်ပါတယ်။ CAD ဟာ နှလုံးဖောက်ပြန်ခြင်း၊ နှလုံးရပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း တို့လို ပြင်းထန်တဲ့နှလုံးဝေဒနာတွေရဲ့ အကြောင်းရင်းခံဖြစ်နေတတ်ပါတယ်။သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။နှလုံးရောဂါရဲ့ အန္တရာယ်လက္ခဏာတွေဟာ နှလုံးဖောက်ပြန်ခြင်း (heart attack) မရခင်အထိ မသိသာသေးပါဘူး။Heart attackဖြစ်တော့မယ့် လက္ခဏာ ဒါမှမဟုတ် အရေးပေါ်လက္ခဏာတွေကတော့။အသက်ကြီးတဲ့သူတွေမှာ နှလုံးရောဂါဖြစ်စေတဲ့ တခြားရောဂါအကြောင်းရင်းတွေ များစွာရှိသလို နှလုံးလုပ်ဆောင်ချက် ရုတ်တရက် ရပ်ဆိုင်းခြင်း ဖြစ်နိုင်ခြေလည်း များပါတယ်။ နှလုံးရောဂါရှိနေပြီဆိုရင် သွေးဖိအားကိုထိန်းပြီး သွေးတွင်းကိုလက်စထရောကို လျော့နည်းအောင် ဆင်ခြင်ရပါမယ်။ဆီးချိုရှိရင် ဆီးချိုကိုထိန်းနိုင်ရပါမယ်။အသက် ဘယ်လောက်ကြီးကြီးနှလုံးကျန်းမာရေးကို ထိန်းသိမ်းလို့ ရတယ်ဆိုပေမယ့် တကယ်တမ်းကျ အားထုတ်ကြိုးစားရပါတယ်။ နှလုံးအတွက် ကောင်းကျိုးပြုတဲ့ အစာအာဟာရတွေမှီဝဲတာ၊ ကိုယ့်ရဲ့နေ့စဉ် အမူအကျင့်တွေကို ပြောင်းလဲတာအပြင် လှုပ်လှုပ်ရှားရှား နေပေးဖို့လည်း လိုပါတယ်။လူကြီးတွေရဲ့နှလုံးကျန်းမာရေးအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။တစ်နေ့ကို မိနစ်၃၀လောက် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ (ဥပမာ-တစ်နေ့ကို ၁၀ မိနစ်လောက် လမ်းလျှောက်ထွက်တာမျိုး)။ဆေးလိပ်မသောက်တတ်ရင် အစလုပ်ပြီး မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။အရက်သောက်တတ်သူ ဖြစ်ရင် အရက်ဖြတ်ပါ။ အရက်သောက်သုံးမှု များရင် နှလုံးပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။အဆီများတဲ့ အသားတွေ၊ ကိုလက်စထရောပါတဲ့ အစားအစာတွေ၊ အငန်နဲ့ ပြည့်ဝဆီတွေကို ချင့်ချိန်စားပြီး သစ်သီးနဲ့ အသီးအရွက်တွေကို များများစားပါ။သွေးတိုးခြင်း၊ ကိုလက်စထရော များနေခြင်း၊ ဆီးချိုတက်ခြင်းတို့ အပါအဝင် နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ ရောဂါအခံတွေကို ဆေးနဲ့ ထိန်းနိုင်ခြင်း ရှိ၊ မရှိ အမြဲစောင့်ကြည့်ပါ။စိတ်ဖိစီးမှုဟာ လူကြီးတွေ ရင်ဆိုင်နေရတဲ့ နှလုံးရောဂါ အန္တရာယ် အချက်တွေကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှု ဖြေလျှော့တဲ့ အကြံပြုချက်တွေကို ရှာဖွေပါ။ကိုယ်အလေးချိန် များလွန်းရင် နှလုံးရောဂါအန္တရာယ်ကို တိုးစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုထိန်းပါ။ကျန်းမာရေးနဲ့အညီ စားတာက နှလုံးရောဂါအန္တရာယ်ကို လျှော့ချေပေးပြီး ရုတ်တရက်နှလုံးရပ်မှု ခံစားရပြီးနောက်ပိုင်းမှာ အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်း ပိုများစေနိုင်ပါတယ်။ Wholegrain ၊ ပါစတာ၊ ပေါင်မုန့်နဲ့ ထမင်းတို့လို ကစီများတဲ့အစာတွေ၊ နို့ထွက်ပစ္စည်း၊ အကျိုးပြုအဆီတွေနဲ့ အသား၊ ငါး၊ ကြက်ဥ၊ ပဲတို့လို ပရိုတင်းတွေ ၊အသီးအနှံ၊ အသ်ီးအရွက်တွေ အားလုံးကို ညီညွတ်မျှတအောင် စားပေးပါ။ အချိုဓာတ်များတဲ့ အစားအစာတွေနဲ့ သောက်စရာတွေကို တတ်နိုင်သလောက်လျှော့စားပါ။သွေးတိုး၊ ကိုလက်စထရော နဲ့ သွေးတွင်းသကြားဓာတ် များနေတာတွေက နှလုံးအန္တရာယ် ဖြစ်စေနိုင်တဲ့အတွက် ဒါတွေကို မှန်မှန်စစ်ဆေးနေဖို့ လိုပါတယ်။ ကိုယ့်မှာဘယ်အချက်တွေ ရှိနေသလဲ သိနိုင်ဖို့က ကျွမ်းကျင်သူနဲ့ ပုံမှန်ပြသစစ်ဆေးသင့်ပါတယ်။ဆရာဝန်နဲ့ ပြသစစ်ဆေးခြင်းက နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး လမ်းညွှန်ဖြစ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်တဲ့ လူနေမှုပုံစံကို စတင်ပြီး နှလုံးရောဂါ အန္တရာယ် ရှိ၊ မရှိကို စစ်ဆေးဖို့က ဘယ်တော့မှ နောက်မကျပါဘူး။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/elderly-and-heart-disease/
ဘယ်ကျော် လေးတို့အကြောင်း
သင့်သူငယ်ချင်းထဲမှာ ဘယ်ကျော် လေးတွေ ရှိလား။ သူတို့ ဘယ်လက်နဲ့ စာရေးရင် သင်အထူးအဆန်း လိုက်ကြည့်ဖူးတယ်ဟုတ်။ တကယ်တော့ ဘယ်ကျော်လေးတွေအကြောင်းကို သိပ္ပံပညာရှင်တွေ လေ့လာနေတာ နှစ်ပေါင်း ၁၅၀လောက်ရှိနေပါပြီ။ အိမ်မှာ ဘယ်ကျော်လေးတွေ ရှိရင် မိဘတွေက အတင်းညာဘက်လက်နဲ့ သုံးတတ်အောင် သင်ပေးကြပါတယ်။ ဘာကြောင့်လည်းဆို အသုံးအဆောင်ပစ္စည်းတွေ အတော်များများကို ညာဘက်လက်နဲ့ သုံးဖို့ ထွင်ထားတာကိုး။ ဒီတော့ မသုံးတတ်မှာစိုးလို့ အတင်းပြောင်းခိုင်းတာပေါ့။စဉ်းစားကြည့်ရင် ဘယ်သန်ကို ညာဘက်လက်နဲ့ သုံးခိုင်းတာဟာ၊ ညာသန်ကို ဘယ်လက်နဲ့ စာရေးခိုင်းသလိုပဲ အတော့်ကို ဒုက္ခများပါတယ်။ ဒီခေတ်မှာတော့ ဒါမျိုးလုပ်တာကို အားမပေးတော့ပါဘူး။ ဘယ်သန်ခြင်း၊ ညာသန်ခြင်းဆိုတာ ဘာနဲ့ဆိုင်လဲ။ ဘာကြောင့် ဖြစ်တာလဲဆိုတာ ဆက်ကြည့်ရအောင်။လူ၁၀ယောက်မှာ ဘာကြောင့် ရှားရှားပါးပါး သူ့၁ယောက်မှာ ဘယ်သန်ဖြစ်ရတာလည်း ဆိုတာကိုတော့ ပညာရှင်တွေက အဖြေရှာဆဲပါပဲ။ မျိုးရိုးလိုက်တယ်လို့ ပြေကြပေမယ့် မိဘနှစ်ပါးညာသန်ဖြစ်ရဲ့နဲ့ ကလေးက ဘယ်သန်ဖြစ်နေတာတွေလည်း အများကြီးပါပဲ။ ပညာရှင်တွေရဲ့ ယူဆချက်တွေကတော့ အများကြီးပါပဲ။ ဥပမာ။ဆိုလိုတာက မိခင် ဒါမှမဟုတ် ဖခင်ဆီက ထူးခြားတဲ့မျိုးဗီဇတစ်ခု ကလေးဆီ ရောက်သွားခဲ့ရင် ကလေးက ဘယ်သန်ဖြစ်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် မကြာသေးခင်က လုပ်တဲ့ သုတေသနတွေမှာတော့ မျိုးဗီဇတစ်ခုတည်းထက်စာရင် မျိုးဗိဇတွေ အများကြီးပေါင်းပြီး ကလေးဆီမှာ ဘယ်သန်ဖြစ်ခြင်း မဖြစ်ခြင်းကို ဆုံးဖြတ်ပေးတာပါတဲ့။ဘယ်သန်ဦးရေကို ကြည့်မယ်ဆိုရင် ယောကျ်ားလေးတွေက မိန်းကလေးတွေထက် နည်းနည်းပိုများပါတယ်။ လေ့လာချက်တွေအရ ကျားဟော်မုန်းတက်စတိုစတီရုန်းက ဘယ်သန်၊ ညာသန်ဖြစ်ခြင်းအပေါ် လွှမ်းမိုးမှုရှိလို့ပါတဲ့။တချို့ပညာရှင်တွေ ယုံကြည်ကြတာတော့ ဘယ်သန်၊ ညာသန်ဆိုတာ မျိုးရိုးဗီဇထက် ပတ်ဝန်းကျင်နဲ့ ပိုဆိုင်ပါတယ်တဲ့။ အမေ့ဗိုက်ထဲမှာ နေတုန်း ပြင်ပကနေ ထိတွေ့နိုင်တဲ့အရာတွေ (ဟော်မုန်းအပါအဝင်)က ကလေးကို သက်ရောက်မှု ရှိပါတယ်တဲ့။တစ်ခါတလေ ကလေးတွေက မိဘတွေ၊ သူတို့ကို ထိန်းကျောင်းတဲ့သူတွေကို အတုယူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ချွင်းချက်တော့ရှိနေပါတယ်။ ဘယ်သန်မိဘရဲ့ ကလေးက ညာသန်ဖြစ်နေတာမျိုး၊ ညာသန်မိဘရဲ့ ကလေးက ဘယ်သန်ဖြစ်နေတာမျိုးကိုတော့ ဘာကြောင့်ဆိုတာ ရှင်းပြနိုင်ခြင်း မရှိပါဘူး။သုတေသနအနည်းငယ်ကတော့ လူသားတွေက ညာသန်အဖြစ်နဲ့ မွေးဖွားလာတာပါတဲ့။ မွေးစမှာဦးနှောက်ထိခိုက်မှုတစ်ခုခုကြောင့်သာ ဘယ်သန်ဖြစ်သွားကြတာပါတဲ့။ ဒါက သေသေချာချာ သက်သေပြထားတာမျိုးတော့ မဟုတ်ပါဘူး။တချို့တွေက ညာသန်တွေပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်သန်အောင် လေ့ကျင့်ယူထားကြတာပါ။ ဥပမာ ညာဘက်လက်ကထိခိုက်ဒဏ်ရာကြောင့် သုံးမရတော့လို့ ဘယ်လက်နဲ့ သုံးတတ်အောင် လေ့ကျင့်ထားတာပါ။ကလေးက ဘယ်သန်လား ညာသန်လား ဘာဖြစ်လာမှာလဲ။ သိပ်ငယ်လွန်းတဲ့ ကလေးတွေက စစချင်းမှာ လက်နှစ်ဖက်လုံးကို သုံးတတ်ပါတယ်။ ဘယ်ရယ် ညာရယ်လို့ မရှိပါဘူး။ကလေးဘဝမှာ ဘယ်သန်၊ ညာသန်ဖြစ်ခြင်းက သူပစ္စည်းကို ဘယ်လိုယူရတာ အဆင်ပြေသလဲနဲ့ ဆိုင်ပါတယ်။ ဥပမာ ကလေးက ဘယ်ဘက်မှာ ရှိတဲ့ အရုပ်ကို ဘယ်လက်နဲ့ပဲ ယူမှာပေါ့။ သူတို့အတွက် ဒါက ပိုလွယ်တယ်လေ။ကလေးက ၁နှစ်ခွဲလောက်ဆိုရင် သူ့လက်တွေကို ကောင်းကောင်းသုံးနိုင်နေပါပြီ။ ၃နှစ်လောက်ဆိုရင်တော့ ဘယ်သန်လား၊ ညာသန်လား ပြောလို့ရပါပြီ။ ဒါပေမယ့် UKက လုပ်တဲ့ မကြာသေးခင်က လေ့လာချက်မှာ ကလေးတွေ ဘယ်ဘက်သန်မှာလဲဆိုတာ အမေ့ဗိုက်ထဲမှာတည်းက သတ်မှတ်ထားပြီးသားပါတဲ့။ ကလေး၁၀ယောက်မှာ ၉ယောက်လောက်ကလက်စုပ်ရင် ညာဘက်လက်စုပ်တာ ပိုများပါတယ်တဲ့။ နောက်မှသာ ဘယ်သန်တွေ ညာသန်တွေ ဖြစ်သွားတာပါတဲ့။အရင်က ထင်ခဲ့တာက ညာသန်ဆိုတာဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက ပိုကောင်းနေလို့ ပိုလွှမ်းမိုးနိုင်လို့ ညာဘက်က ပိုသန်တယ်လို့ ထင်ကြတယ်။ (ဦးနှောက်ရဲ့ အခြမ်းနှစ်ခြမ်းက ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက်ကို ထိန်းချုပ်ပါတယ်။) ဒါပေမယ့် ဒါသာတကယ်ဆိုရင် ဘယ်သန် ညာသန်တင်မကဘဲ ခန္ဓာကိုယ်ရဲ့ တခြား အလုပ်တွေကိုပါ လွှမ်းမိုးသင့်တာပေါ့။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုရင် ဘယ်သန်မှာရော ညာသန်မှာရော စကားပြောတာကို ထိန်းချုပ်တဲ့အပိုင်းက ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေလို့ပါပဲ။နောက်ပြီး ညာသန်တွေက ညာဘက်ကို ပိုသုံးမယ်ထင်ခဲ့တာ တကယ်တော့ အဲ့လို မဟုတ်ပါဘူး။ ညာသန်တွေ အများစုက ခြေလှမ်းလှမ်းရင် ဘယ်ဘက်က စလှမ်းပါတယ်တဲ့။ဘယ်သန်ဘာကြောင့် ဖြစ်တာလဲဆိုတာကို ပြောပြပေးတဲ့ သီအိုရီတွေ အများကြီး ရှိပေမယ့် ဘယ်ဟာကမှ တိတိကျကျ သက်သေပြနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း နှစ် ၁၅၀ကျော်တဲ့အထိ အဖြေမတွေ့သေးတာပေါ့။ ဦးနှောက်ဆိုတာကလည်း လူ့ခန္ဓာကိုယ်မှာ အဆန်းကြယ်ဆုံး အစိတ်အပိုင်းပဲလေ။အနောက်နိုင်ငံတွေမှာ ၁၀ရာခိုင်နှုန်းလောက်က ဘယ်သန်ပါ။ ဘယ်သန်ဖြစ်ခြင်းဟာ သင့်ကို အများနဲ့ မတူအောင် ခွဲခြားလိုက်တာ မဟုတ်ပါဘူး။ သင်သိတဲ့ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား၊ နာမည်ကျော် ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေး၊ အင်္ဂလန် တော်ဝင်မင်းသားဝီလီယံတို့ဟာလည်း ဘယ်သန်တွေပါပဲ။ ဘယ်သန်ဖြစ်ခြင်း၊ ညာသန်ဖြစ်ခြင်းဟာ သင့်ဘဝအတွက် အားနည်းချက် မဟုတ်ပါဘူး။ သင်က ကျွန်ုပ်တို့နဲ့ တူတူပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/what-you-need-to-know-about-left-handed-kids/
တုပ်ကွေးကွေး တဲ့ ကလေးလေး မြန်မြန်သက်သာရေး
တုပ်ကွေးကွေး တာ၊ အအေးမိတာတွေက အဖြစ်များကြတဲ့ ပြဿနာတွေ ဆိုပေမယ့် ဖြစ်လာပြီဆို အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေကတုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ ရှိတတ်ပါတယ်။ကလေးလေးတွေ တုပ်ကွေးဖြစ်တဲ့အခါ အရင်ဆုံး ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ အိမ်မှာ ပြုစုရတဲ့ ကျန်တစ်ပိုင်းကတော့ မိဘတွေရဲ့ တာဝန်ပါ။ ဆရာဝန်က ညွှန်ကြားချက်နဲ့ ဆေးညွှန်းပေးလိုက်ရုံ ဆိုပေမယ့် ကလေး မြန်မြန် သက်သာမလား၊ တာရှည်မလား ဆိုတာ အိမ်မှာ ဖေဖေမေမေတို့ရဲ့ အသေးစိတ်ပြုစုမှုက အရေးပါပါတယ်။  ဒါဆို ဒီအချက်လေးတွေ သိထားဖို့သင့်ပါတယ်။တုပ်ကွေး နဲ့ အအေးမိခြင်း အတွက် သီးသန့်ကုသဆေး မရှိပေမယ့် အဖျားကျစေပြီး ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ဆေးဝါးတွေကို အသုံးပြုကြပါတယ်။ ကိုယ်ပူမယ်၊ နှာစေးမယ်၊ ချောင်းဆိုးမယ်၊လည်ချောင်းနာမယ် ဆိုတဲ့ဝေဒနာတွေအတွက် ဆေးတွေ ဆရာဝန်က ညွှန်းပေးနိုင်ပါတယ်။ ဒီဆေးတွေကို ဆေးပတ်လည်အောင်၊ ပမာဏမှန်အောင် တိုက်ဖို့ အရေးကြီးပါတယ်။ကလေးကို တုပ်ကွေးကွေး နေလို့ ဆိုပြီး အနွေးထည်၊ စောင်တွေ အထပ်ထပ်နဲ့ မထားသင့်ပါဘူး။ လှောင်အိုက်နေရင် မကောင်းပါဘူး။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်သောင့်သက်သာ အနေအထားမှာပဲ ထားဖို့ သတိရပါ။ကလေးရဲ့  ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်နဲ့ လည်ပင်းတစ်ဖက် တစ်ချက်မှာ ရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။ အဝတ်မှာ သိပ်ရွှဲမနေစေဖို့ ရေနည်းနည်း ညှစ်ပြီးမှ တင်သင့်ပါတယ်။တချို့မိဘတွေက ကလေးတွေအဖျားတက်ရင် ခေါင်းကနေ ရေလောင်းချတတ်ပါတယ်။ ဒီလောက်မလိုပါဘူး။ ရေကြက်သီးနွေးနဲ့ ခပ်မြန်မြန်လေးချိုးပေးရင် လုံလောက်ပါပြီ။အဖျားကျမြန်တယ်သလို ကလေးလည်း နေရတာ လန်းပါတယ်။ကလေးရဲ့ခန္ဓာကိုယ်မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ ကျောဘက်မှာ အသာအယာ ပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်တဲ့။ ညင်သာစွာ ပွတ်သပ် နှိပ်နယ်ပေးတာက ဝေဒနာ သက်သာစေနိုင်ပြီး နွေးထွေးစွာ နှစ်သိမ့်ရာလည်း ရောက်ပါတယ်။လေထုတွင်း အစိုဓာတ်ထိန်း humidifiers တွေ သုံးတာ၊ ရေနွေးလေးနဲ့ နှာခေါင်းဆေးပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ကလေးကနှာခေါင်းပိတ်နေတဲ့အခါ ဒီနည်းတွေက ကလေးရဲ့နှာခေါင်းလမ်းကြောင်းအတွင်း အစိုဓာတ်ကို ထိန်းပေးထားမှာ ဖြစ်လို့ အတော်အထောက်အကူ ဖြစ်စေပါလိမ့်မယ်။အရမ်းငယ်သေးတဲ့ အရွယ်က လွဲလို့ ကလေးတွေကို ဓာတ်ဆားရည်၊ စွပ်ပြုတ်ရည်၊ ဖြည့်စွက်အာဟာရမှုန့် စတဲ့ အာဟာရ ဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင်လည်ချောင်းနာတာနဲ့ ချွဲကျပ် သက်သာစေနိုင်ပါတယ်။ အာဟာရလည်း ဖြစ်စေပါတယ်။တုပ်ကွေးကွေး ပြီဆိုရင် အဖြစ်များတာက ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ ရေ သို့မဟုတ် အရည်များများ ဝင်အောင် ချော့ပြီး တိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကို ရေနဲ့ အသီးဖျော်ရည် (အချိုရည်ဘူး မဟုတ်) တိုက်လို့ရပါတယ်။ အစားဝင်အောင် ကျွေးပေးဖို့လည်း မမေ့ပါနဲ့။ အစာမဝင်ရင် ကလေး အားပြတ်သွားနိုင်ပါတယ်။ကလေးကို သိပ်မဆော့စေဘဲ သက်သောင့်သက်သာ နားနေအောင် ချော့မော့ထားပါ။ ပုံဆွဲစာအုပ်၊ ဆေးရောင်ခြယ်စာအုပ် သို့မဟုတ် အရုပ်၊ ကစားစရာ၊ ပဟေဠိဆက် ကစားစရာမျိုးတွေ နဲ့ငြိမ်အောင် ထိန်းထားတာ ကောင်းပါတယ်။ ပြေးလွှားကစားနေရင် ပိုအားကုန်၊ ပိုနေမကောင်းရင် ခံစားရတဲ့ဝေဒနာ ပိုဆိုးစေနိုင်လို့ပါ။ ဒါပေမယ့် သူလှုပ်နိုင်သလောက်တော့ လှုပ်ပါစေ။ အချိန်တိုင်း အိပ်နေခိုင်းတာမျိုးကို ရှောင်ပါ။ဖေဖေမေမေတို့ မမေ့သင့်တဲ့ တစ်ချက်က ဒီနည်းလမ်းတွေကတုပ်ကွေးကွေး တဲ့အခါ လက္ခဏာတွေ ချက်ချင်း လုံးဝပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။ တုပ်ကွေးဖြစ်နေတဲ့ ကာလမှာ နေရသက်သာစေဖို့၊ မြန်မြန်နာလန်ထစေဖို့ ပြုစုဂရုစိုက်ပေးတာပဲဖြစ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှု အပြင် မိဘရဲ့ပြုစုဂရုစိုက်မှု ကလည်း ကလေးတွေအတွက် အဓိက ကျလို့ပါပဲ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/quick-relief-of-flu-in-babies/
ဗီတာမင် လွန်ကဲခြင်း ရဲ့ အန္တရာယ် သတိထားဖွယ်
ဗီတာမင် နဲ့သတ္တုဓာတ်တွေ ဆိုတာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဓာတ်တွေလို့ သိထားကြပြီးသားပါ။ အားဆေးတွေ အပြင် ဖြည့်စွက်စာတွေဆိုလည်း ဗီတာမင် တွေပါတယ်၊ ဘာအတွက်ကောင်းတယ်ဆို သောက်လိုက်ကြတာပဲ။ ဘက်စုံကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး သိပ်အားကိုးကြတယ် မဟုတ်လား။ဒါပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံအတိုင်းပဲ။ လိုအပ်တဲ့ ပမာဏလောက်ဆို အကျိုးကျေးဇူးများလှပေမယ့် လွန်ကဲသွားရင် အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားနိုင်တာလည်း ဒီဗီတာမင်တွေပဲ ဆိုတာ မမေ့ပါနဲ့။အားဆေးတွေ သောက်တယ်( ဆရာဝန်ညွှန်တာရော၊ ဘေးအိမ်ကလူတွေ သောက်ကြတဲ့ ဒါမှမဟုတ် ကောင်းတယ်ညွှန်းကြတဲ့ အားဆေးတွေရော အစုံသောက်တယ်)။ တီဗီက ကြော်ငြာတဲ့ ဗီတာမင်အပြည့်နဲ့ ဖြည့်စွက်စာတွေ သောက်တယ်။အဲဒီမှာတင် ခန္ဓာကိုယ်က အမှန်တကယ်လိုအပ်တဲ့ ပမာဏထက် လွန်ကဲတဲ့ အာဟာရဓာတ်တွေ တပွေ့တပိုက်နဲ့ အဆိပ်သင့်ရပါတော့တယ်။ တစ်ခါတလေ ကိုယ့်မှာဖြစ်နေတဲ့ ရောဂါဝေဒနာတွေက ဒီလိုလွန်ကဲမှုတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ တွေးရောတွေးမိကြပါ့မလား…။အားဆေးတွေ၊ ဖြည့်စွက်စာတွေ အသုံးများတဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေရယ်၊ သူတို့ကို သောက်သုံးမှု လွန်ကဲရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး…။မျက်စိကျန်းမာရေး ၊ ဆဲလ်များ ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ ဗီတာမင်အေ ကို သောက်သုံးမှု လွန်ကဲသွားရင် ခေါင်းမူးတာ၊ မအီမသာဖြစ်တာ၊ အနီစက်ထွက်တာ၊  ခေါင်းကိုက်တာ၊ အရိုးအဆစ်တွေနာကျင်တာဖြစ်နိုင်တယ်။လွန်ကဲမှု ကြာရှည်လာရင် အသည်းပျက်စီးတာ၊ ကိုမာ ဖြစ်တာ အပြင် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ဗီတာမင်B3 (niacin) လွန်ကဲရင် သွေးတိုးခြင်း၊ ဗိုက်အောင့်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အသည်းပျက်စီးခြင်း တို့ဖြစ်လာနိုင်တယ်။ဗီတာမင်B6 လွန်ကဲတာ ကြာလာရင် ပြင်းထန်တဲ့ အာရုံကြောပြဿနာတွေ၊ အရေပြားအနာတွေဖြစ်တာ၊ အလင်းရောင်မခံနိုင်တာ၊ ရင်ပူတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်။ဖောလိတ် လို့သိကြတဲ့ ဗီတာမင်B9 သို့မဟုတ် ဖောလစ်အက်စစ် ကတော့ ပမာဏလွန်ကဲရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ် ၊ ပြင်းထန်တဲ့ ဗီတာမင်B12 ချို့တဲ့မှုကို ဖြစ်စေနိုင်တယ်။ခုနောက်ပိုင်း ရောဂါကာကွယ်ရေးအတွက် ဗီတာမင်ဒီ ကို လူစိတ်ဝင်စားလာကြပြီး သီးသန့်သောက်သုံးသူ များလာပါတယ်။ ဒါပေမယ့် တခြားအားဆေးထဲမှာလည်း သူပါလာတဲ့အခါ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း အန္တရာယ် စိုးရိမ်စရာ ဖြစ်လာပါတယ်။ဗီတာမင် ဒီ အဆိပ်သင့်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေထဲမှာ ကိုယ်အလေးချိန်ကျဆင်းခြင်း ၊ အစာစားချင်စိတ်နည်းခြင်း ၊ နှလုံးခုန်မမှန်ခြင်း တို့ပါဝင်တဲ့အပြင် သွေးတွင်းကယ်လ်စီယမ် ပမာဏကိုပါ မြင့်တက်စေတာမို့ ကိုယ်တွင်းကလီစာ ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ဗီတာမင်အီးရဲ့ အကျိုးကျေးဇူးက များတာမို့ အလှအပအတွက်တောင် မိန်းကလေးတွေ ပိုပြီး သောက်သုံးလေ့ရှိပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ကဲရင် သွေးခဲပိတ်ဆို့မှု၊ သွေးယိုစိမ့်ခြင်း နဲ့ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်းတို့ အထိ ဖြစ်လာနိုင်ပါတယ်။ကျန်းမာရေးအတွက် သိပ်အရေးပါပြီး တော်ရုံတန်ရုံ အဆိပ်အတောက် မဖြစ်တတ်တဲ့ ဗီတာမင်စီ တောင်မှ ဆေးသောက်ရာက လွန်ကဲသွားတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ ၊ ပျို့အန်တာ တွေ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေနည်းတဲ့ ဘေးထွက်ဆိုးကျိုးထဲမှာ အိပ်မပျော်ခြင်း နဲ့ ကျောက်ကပ်ကျောက်တည်ခြင်း တို့လည်း ပါဝင်ပါတယ်။ဆယ်လီနီယမ် လွန်ကဲတဲ့အခါ ဆံပင်ကျွတ်ခြင်း ၊ အစာအိမ် နဲ့ အူလမ်းကြောင်း ပြဿနာတွေ ၊ မောပန်းနွမ်းနယ်ခြင်း ၊ အပျော့စား အာရုံကြော ထိခိုက်မှု တို့ ဖြစ်လာနိုင်တယ်။ကယ်လ်စီယမ်ဓာတ် လွန်ကဲရင် ဝမ်းချုပ်စေနိုင်တယ်။ ပိုပြင်းထန်တဲ့ ဖြစ်နိုင်ခြေအန္တရာယ်ကဆီးကျောက်တည်နိုင်ပါတယ်။သံဓာတ် လွန်ကဲပြီး အဆိပ်သင့်တဲ့ အခါ ပထမ ၆နာရီအတွင်းပျို့အန်တာ၊ ဝမ်းပျက်တာ၊ဗိုက်အောင့်တာ၊ တက်တာ ၊ကိုမာဖြစ်တာအထိ ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ လွန်ကဲတဲ့ ပမာဏကို မူတည်ပြီး ရုတ်တရက် သတိလစ်တာ၊ သွေးတွင်းသကြားဓာတ်ကျတာ၊ အသည်းထိတာ၊ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။ဦးနှောက် ၊ နှလုံး နဲ့ ကြွက်သား တို့ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာအတွက် လိုအပ်တဲ့ပိုတက်စီယမ်ဓာတ်ကို လွန်ကဲတဲ့အခါ နှလုံးခုန်မမှန်ခြင်းကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ဒါတွေအပြင် တခြား ဓာတ်တွေနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါ့ကြောင့် အားဆေးသောက်ရင် တစ်မျိုးထက် ပိုသောက်ဖို့ကြံတိုင်း ပါဝင်မှုပမာဏတွေကို သတိထားပါ။Label ကိုဖတ်ပါ ၊ ဒါမှမဟုတ်ရင် ဆရာဝန်ညွှန်တာပဲ သောက်ပါ။ ဆရာဝန်ညွှန်ကြားချက် သို့မဟုတ် ဆေးဘူးမှာပါတဲ့ အညွှန်းအတိုင်းပဲ သောက်ပါလို့ သတိပေးချင်ပါတယ်။HelloHealth Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba-%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%9b%e1%80%b2%e1%80%b7/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%99%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb/
မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ
မိန်းကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာကတော့ သွေးသားနဲ့ သက်ဆိုင်တာတွေပါပဲ။ ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ၊ ကိုက်ခဲတာတွေကတစ်မျိုး၊ သွေးဆုံးပြန်တော့ သွေးဆုံးကိုင်တာ တွေရောပေါ့။ ခြုံကြည့်ရရင် သားအိမ် နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေက အများဆုံးပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေနဲ့ ရောနေနိုင်တာက အမျိုးသမီးတွေအတွက် အန္တရာယ်ကြီးတဲ့ သားအိမ်ကင်ဆာ ပါပဲ။ ဒီတစ်ခေါက်တော့ မိန်းကလေးတိုင်း သတိမူသင့်တဲ့ သားအိမ်ကင်ဆာလက္ခဏာများ အကြောင်း ဗဟုသုတ ရအောင် ပြောပြပေးချင်ပါတယ်။သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြချိန်မှာ သားအိမ်ကင်ဆာ ကိုလည်း မေ့လျော့ထားဖို့ မသင့်ပါဘူး။သားအိမ်ကင်ဆာဟာ အမျိုးသမီးတွေအတွက် လက်နက်ပုန်း တစ်ခုလို တစ်ခါတလေမှာ တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပျံ့သွားတဲ့အချိန်ထိကို လက္ခဏာ မပြဘဲနေတတ်ပါတယ်။ ဒါပေမယ့် သားအိမ်ကင်ဆာကို များသောအားဖြင့် စဖြစ်ကာစ အချိန်မှာ မိန်းမကိုယ် သွေးဆင်းခြင်းလို လက္ခဏာတွေနဲ့ စတင် သိရှိနိုင်ပါတယ်။ အဖြစ်များဆုံး သားအိမ်ကင်ဆာလက္ခဏာများ ကတော့ –။သွေးမဆုံးခင် အမျိုးသမီးတွေမှာ ပုံမှန်နဲ့ မတူတဲ့ သွေးဆင်းများခြင်း ဒါမှမဟုတ် အကြိမ်ရေ ခဏခဏ သွေးဆင်းခြင်း၊ သွေးဆုံးပြီး အမျိုးသမီးတွေမှာ သွေးဆင်းခြင်း။မိန်းမကိုယ်မှ ပန်းရောင်ဖျော့တဲ့ အရည် ကျဲကျဲ ဆင်းခြင်းကနေ အနံ့ဆိုးတဲ့ အညိုရောင်ပျစ်ပျစ် ဆင်းခြင်းအထိ အမျိုးမျိုးရှိနိုင်ပါတယ်။ကင်ဆာက တခြား ကိုယ်တွင်းအင်္ဂါတွေအထိ ပျံ့နှံ့သွားတဲ့အခါ ဖြစ်လာနိုင်ပါတယ်။သားအိမ်ကင်ဆာ ရှိ၊ မရှိကို ဒီနည်းလမ်းတွေနဲ့ စစ်ဆေးအတည်ပြုနိုင်ပါတယ်။ဆရာဝန်က လူနာရဲ့ လိင်အင်္ဂါ အပြင်ဘက်ကို ဦးဆုံး စမ်းသပ်စစ်ဆေးမှာ ဖြစ်ပါတယ်။ နောက်တဆင့် အနေနဲ့ မိန်းမကိုယ်ထဲ လက်ချောင်း ၂ချောင်းထည့်ပြီး ကျန်လက်တစ်ဖက်က ဝမ်းဗိုက်ပေါ်ဖိခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက သားအိမ်နဲ့ သားဥအိမ်တွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင်သားအိမ်ခေါင်းကို ကောင်းစွာမြင်ရဖို့ မိန်းမကိုယ်ထဲ ပစ္စည်းတစ်မျိုး ထည့်ပြီး စမ်းသပ်စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ဒီ နည်းလမ်းကတော့ မိန်းမကိုယ်ထဲကို အသံလှိုင်း အာရုံခံ ကိရိယာတစ်မျိုး ထည့်ပြီး သားအိမ် အတွင်းပိုင်း နံရံရဲ့ မျက်နှာပြင် အခြေအနေကို ပုံဖော်စစ်ဆေးတဲ့နည်းလမ်း ဖြစ်ပါတယ်။သင့်သားအိမ် အတွင်းပိုင်း နံရံကို မှန်ပြောင်း အသုံးပြုပြီး ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါတယ်။သားအိမ်ကင်ဆာ ဟုတ်၊ မဟုတ် ရောဂါရှာဖွေအတည်ပြုနိုင်တဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ သားအိမ်အတွင်းပိုင်း နံရံက တစ်ရှူးနမူနာ အနည်းငယ်ကိုယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အသားစယူခြင်းကို မေ့ဆေး ထုံဆေး အသုံးမပြုဘဲ ပြုလုပ်နိုင်ပါတယ်။အသားစယူရုံနဲ့ ဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ လုံလောက်တဲ့ တစ်ရှူး ပမာဏ မရရှိဘူး ဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ဆရာဝန်က လူနာရဲ့ သားအိမ်အတွင်းပိုင်း နံရံက တစ်ရှူးတွေကို ခြစ်ယူပြီး ကင်ဆာဆဲလ်တွေ ရှိ၊ မရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/signs-of-endometrial-cancer/
ကလေးကို ခေါင်းရိတ်ပေးရင် ဆံပင် သန်သတဲ့လား။
ကလေးက မွေးဆံပင်တွေနဲ့ မထားကောင်းဘူး ရိတ်ပစ်ရမယ်။ ကလေးက ဆံပင်ပါး နေပါလား။ ခေါင်းမရိတ် ဘူးလား။ ရိတ်ပေးလေ၊ ဒါမှ ဆံပင်သန်မှာပေါ့ ဆိုတဲ့ စကားကို အရပ်ထဲမှာ တော်တော်လေး ကြားနေရတယ်နော်။ ဒီအယူအဆက တကယ်ရော မှန်ရဲ့လား။ကလေးကို မွေးဆံပင် ရိတ်ပေးရမယ် ဆိုတဲ့ အယူအဆက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်သာ ဖြစ်ပြီး ကျန်းမာရေး အတွက် လိုအပ်တဲ့ အချက်တစ်ခုတော့ မဟုတ်ပါဘူး။ ဆံပင်ရိတ်တာက ကလေးကို ဆံပင် သန်စေမယ် ဆိုတဲ့ အယူအဆနဲ့ လုပ်ကြတာ များပါတယ်။တကယ်ကတော့ ကလေးကို ဆံပင်ရိတ်ဖို့ကမေမေဖေဖေတို့ရဲ့ ဆန္ဒ အပေါ်မှာပဲ မူတည် ပါတယ်။ဆံပင် ပါးတာ၊ ဆံပင် ထူတာက ခေါင်းရိတ်ပေးတာ၊ ငယ်ဆံပင်ကို ရိတ်ပေးတာနဲ့ မဆိုင်ပါဘူး။ အဓိကကမျိုးရိုးနဲ့ပဲ ဆိုင်တာပါ။ ဘေဘီလေးတွေက မွေးဖွားလာချိန်မှာ ဆံပင် ခပ်ပါးပါး ပါလာတတ်ပြီး တဖြည်းဖြည်းမှ ထူလာတာပါ။ မွေးစမှာ ဆံပင် ထူပေမယ့်လည်း ကြီးလာရင် ထိပ်ပြောင် မသွားဘူး။ဆံပင်ကျဲမသွားဘူးလို့ အာမခံလို့ မရပါဘူး။ကလးတစ်ယောက် ဆံပင် ထူတယ်။ မထူဘူး ဆိုတာက စားသောက်တဲ့အာဟာရ၊ မျိုးဗီဇ တို့နဲ့ပဲ ဆိုင်ပါတယ်။ဘေဘီလေးကို ငယ်သေးတဲ့ အချိန်မှာ ဆံပင် မရိတ်ပေးတာက အကောင်းဆုံးပါ။ ဘယ်အရွယ်မှာ ဆံပင်ရိတ်တာ အကောင်းဆုံးရယ်လို့ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါကမေမေဖေဖေတို့ရဲ့ ဆန္ဒနဲ့ပဲ သက်ဆိုင်ပါတယ်။ပြောချင်တာကတော့ ဖြစ်နိုင်ရင် ကလေးကို ဆံပင် မရိတ်ပေးဖို့ပါ။ ဒီလို ပြောရတဲ့အကြောင်းက ဘေဘီလေးတွေက သူတို့ရဲ့ခန္ဓာကိုယ် အပူချိန်ကို ဦးခေါင်းကနေတဆင့် ထိန်းချုပ်တာ ကြောင့်ပါ။ ကလေးကို ဆံပင်ရိတ် လိုက်တဲ့အခါ ကလေးရဲ့ခန္ဓာကိုယ် အပူချိန်ထိန်းတဲ့ ဖြစ်စဉ် ပျက်စီး သွားနိုင်ပါတယ်။မွေးဆံပင်ကို ရိတ်လိုက်တဲ့အခါ ကလေးက အအေးမိတာ၊ နှာစေး၊ နှာပိတ် ဖြစ်တာတွေကို အလွယ်တကူ ခံစားရနိုင်ပါတယ်။ နောက်တစ်ခုက နုနယ်လွန်းတဲ့ ကလေးကို ဆံပင်ရိတ်တဲ့အခါထိရှမိမှုတွေကနေတဆင့် ပိုးဝင်ပြီး ကလေးကို ထိခိုက်စေ နိုင်ပါတယ်။ ဇက်မခိုင်သေးတဲ့ ကလေးကို ဆံပင်ရိတ်တာက ထိခိုက်မိနိုင်ခြေ တော်တော်လေး များနေတာပါ။ဒါကြောင့် ကလေးကို ကျန်းမာစွာနဲ့ အကောင်းဆုံး ကြီးပြင်းလာ စေဖို့ဆိုရင် ဆံပင် ရိတ်တာမျိုး မလုပ်ပါနဲ့။ ကလေးကို မဖြစ်မနေ ဆံပင် ရိတ်ချင်တယ် ဆိုရင် ကလေးကမတ်မတ်ထိုင်နိုင်တဲ့ အရွယ်လောက်မှ ရိတ်စေချင်ပါတယ်။ ကလေးကို ဆံပင် ရိတ်ပေးလို့ ဆံပင် ပိုသန် မသွားပါဘူး။ငယ်ထိပ်ကို ထိမိတာကနေကလေး ကျန်းမာရေးကို ထိခိုက်စေနိုင်သလို မလိုအပ်တဲ့ကျန်းမာရေး ပြဿနာတွေကို ခံစားရစေတာပဲ အဖက်တင် နိုင်ပါတယ်။ဒါကြောင့် ကလေး ဆံပင် သန်စေဖို့ ဆံပင်ရိတ်ပေးတာမျိုး မလုပ်ဘဲ အာဟာရပဲ ပြည့်အောင် ကျွေးမွေးဖို့ အကြံပြုပါရစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/your-babys-first-haircut-everything-you-need-to-know/
ကိုယ်အလေးချိန်လျှော့ချခြင်းနဲ့ စိတ်ဝေဒနာ
တချို့ကပိန်ချင်ကြတယ်၊ တချို့ကျ ဝချင်ကြတယ်။ လူတွေရဲ့ စိတ်က ဆန်းကျယ်တယ်ပဲ ဆိုရမှာပါ။ တစ်ခါတစ်လေကျရင် ကိုယ့်ခန္ဓာကိုယ်က ပုံမှန်ဖြစ်နေပေမယ့် ပိန်လွန်းတယ်၊ ဝလွန်းတယ်လို့ ထင်နေတာမျိုးလည်းရှိတယ်။ဒီလောက်ဆို စိတ်နဲ့ကိုယ်အလေးချိန်ဆက်စပ်မှုရှိတယ်ဆိုတာကို နားလည်လောက်ရောပေါ့။ လူတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆေးပညာရှင်တွေက ယူဆထားကြတာကြာပါပြီ။ဒီကနေ့ခေတ်လို ပိန်မှ လှမယ်ဆိုတဲ့ အယူအဆ ကြီးစိုးတဲ့ ခေတ်မျိုးမှာဆိုရင် ကိုယ်အလေးချိန် လျှော့ချမှုမလုပ်ခင် စိတ်ပိုင်းဆိုင်ရာ အရလည်း မာကျောအားကောင်းနေဖို့ လိုအပ်ကြောင်း သတိပေးမှုတွေ ရှိနေပါတယ်။ယျေဘုယျအားဖြင့်တော့ ကိုယ်အလေးချိန်ကို လျှော့ချပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီ အရောက်သွားနိုင်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးပွားစေနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာကတော့ ဒီလုပ်ငန်းစဉ်ဟာ အသွား နှစ်ဖက်ပါတဲ့ ဓားသွားတစ်ခုဆိုတာကိုပါပဲ။မီဒီယာတွေနဲ့ တီဗီ၊ ရုပ်သံ၊ မဂ္ဂဇင်း၊ သတင်းစာ၊ စာစောင်စတဲ့ အရာတွေမှာ ဝိတ်ကျရင် စိတ်ကျန်းမာမယ်လို့ ခိုင်ခိုင်မာမာပြောဆိုကြတယ်။ ဒီအချက်တွေက လူတွေရဲ့ ခေါင်းထဲမှာ စွဲမြဲနေတတ်တယ်။တကယ်တမ်းမှာ ကိုယ်အလေးချိန် လျှော့ချလိုက်တာက လူတစ်ယောက်ရဲ့စိတ်ကျန်းမာရေးအခြေအနေကို ကောင်းမွန်သွားစေမှာလားဆိုတာကြီးက ဖြေရခက်လှပါတယ်။လူအတော်များများဟာလေ့ကျင့်ခန်းတွေအပြင်းအထန်ပြုလုပ်ပြီး ကိုယ်အလေးချိန် လျှော့ချလိုက်တဲ့အခါ စိတ်ဖိစီးမှုကို လျော့ကျသွားစေတယ်၊ ပိုကျန်းမာလာစေတယ်လို့ သိနားလည်ထားပါတယ်။ ဒီအချက်က မှန်ကန်မှုရှိပါတယ်။ဒါပေမယ့် ပြဿနာတွေက နောက်ပိုင်းမှာမှ စတင်လာတာဖြစ်ပါတယ်။ ရုတ်တရက်ပိန်သွားသူတစ်ယောက်ဟာ သူပိန်သွားတဲ့အတွက် ကျေနပ်ပျော်ရွှင်မှု ရလာတယ်။ ပတ်ဝန်းကျင်က သူ့အပေါ် ပြောင်းလဲ ဆက်ဆံလာတာကို နှစ်သက်လက်ခံလာတယ်။ဒါပေမယ့် လူတွေက သူ ပိန်နေတယ်ဆိုတာကို အသိအမှတ်မပြုမှာကိုစိုးရိမ်တဲ့စိတ်ခံစားချက်မျိုးပြင်းပြင်းထန်ထန် စွဲကပ်နေတတ်တာကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ကိုယ်အလေးချိန် အပြင်းအထန် လျှော့ချလိုက်သူတိုင်းဟာ သူတို့ ဒီအောင်မြင်မှုကို ရယူနိုင်ခဲ့တယ်ဆိုတာကို လူတွေ သိစေချင်တတ်ကြတယ်။ အဲ့ဒီ အခြေအနေကို အသိအမှတ်ပြုတာ၊ လက်ခံတာ၊ ချီးမွမ်းတာမျိုးကို ခံချင်တတ်ကြတာ သဘာဝဖြစ်ပါတယ်။ဒါပေမယ့် ဒီလို တုန့်ပြန်မှုမျိုး မရတဲ့အခါ၊ ဒါမှမဟုတ် ရနေလျက်နဲ့ လျော့သွားတဲ့အခါမျိုးမှာ သူတို့ စိတ်ဓာတ်စကျတော့တာပါပဲ။ လူတိုင်းက သင်ပိန်သွားတာကို တစ်သက်လုံး ချီးမွမ်းနေမှာမဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ ချီးမွမ်းသံတွေ၊ အသိအမှတ်ပြုသံတွေ ရပ်တန့်သွားမှာဖြစ်ပြီးတော့ သင့်ကို ပုံမှန်လူတစ်ယောက်လိုပဲ ဆက်ဆံကြတော့မှာပါ။ ဒီအချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်လာရတတ်ပါတယ်။ကိုယ်အလေးချိန် လျှော့ချလိုက်သူတိုင်း အားလုံးနီးပါးဟာ ပြန်ဝလာမှာကို ကြောက်ရွံ့တတ်ကြပါတယ်။ ဒီအချက်ဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာတတ်ပါတယ်။သူ့တို့ကို လူတွေက ပြန်ဝလာတယ်လို့ ထင်မြင်ယူဆမှာကို ကြောက်ရွံ့နေတတ်ကြပြီး အဲဒီစိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းကြီးက သူတို့ရဲ့ အတွင်းစိတ်ထဲမှ ခိုင်ခိုင်မာမာအမြစ်တွယ်နေတတ်ပါတယ်။ကိုယ်အလေးချိန်တိုးလာတာ ဒါမှမဟုတ် ကိုယ်အလေးချိန် မြင့်တက်လာတယ်လို့ ယူဆခံရတာကို ကျရှုံးမှုလို့ တချို့က ခံစားတတ်ကြပါတယ်။ ဒီလိုတွေးထင်လာပြီဆိုရင် စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျမှုတွေဖြစ်လာဖို့ အလွန်နီးစပ်လာနေတဲ့ လက္ခဏာဖြစ်ပါတယ်။ရုတ်တရက် ပြင်းပြင်းထန်ထန် ကိုယ်အလေးချိန် လျှော့ချလိုက်တဲ့အခါ စားသောက်မှုပုံစံပြောင်းလဲသွားတတ်ပြီးအစားအသောက်မူမမှန်တာမျိုး (eating disordered behavior)ဖြစ်လာတတ်ပါတယ်။ ပိုမိုပြင်းထန်လာတဲ့အခါကိုယ်အလေးချိန် တက်လာမှာကြောက်ပြီး အစားအသောက်တွေ အလွန်အမင်းလျှော့ချစားသောက်တဲ့ စိတ်ဝေဒနာ (atypical anorexia)တစ်မျိုး စွဲကပ်သွားပါတယ်။ကိုယ်အလေးချိန် လျှော့ချတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်ဆန်တဲ့ ရည်မှန်းချက်နဲ့ အချိန်ယူပြီး လုပ်ဆောင်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အရရော စိတ်ပိုင်းဆိုင်ရာအရပါ သေချာအချိန်ယူပြင်ဆင်ပြီးမှ ဆောင်ရွက်သင့်ပါတယ်။ရေတိုဖြတ်လမ်းနည်းတွေသုံးပြီး ကာလတိုအတွင်းမှာ အလွန်အမင်းဝိတ်ချတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။အစားအသောက် တစ်စုံတစ်ရာ စားခါနီးတိုင်း ပူပင်စိုးရွံ့နေတာ၊ ကိုယ့်ကိုယ် ဝလာတယ်လို့ သူများပြောလာမှာကို တွေးတော့ ထိတ်လန့်နေတာမျိုးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေဆိုတာ နားလည်ထားဖို့ လိုအပ်ပါတယ်။ဒီလိုစိတ်ခံစားချက်တွေနဲ့ ကြာမြင့်စွာ နေထိုင်လာတဲ့အခါ ပူပင်သောကတွေ ပိုမိုစုဝေးလာတတ်ပြီး လုပ်ငန်းခွင်၊ လူမှုဘဝနဲ့ မိသားစု ဖိအားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ စိတ်ဓာတ်ကျတာ၊စိတ်ဖိစီးတာလို အဖြစ်များတဲ့ စိတ်ဝေဒနာတွေ စွဲကပ်လာပါတော့တယ်။ဒါကြောင့် လေ့ကျင့်ခန်းတွေလုပ်ပြီး အစားအသောက်တွေကို ဆင်ခြင်တာဟာ စိတ်ကျန်းမာရေးကို အထောက်အကူပြုတာမှန်ပေမယ့် ပြင်းပြင်းထန်ထန်ဝိတ်ချတာကတော့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆိုရတာပါ။တကယ်လို့ သင်က ဝိတ်ချချင်တယ်ဆိုရင် ဖြည်းဖြည်းချင်းစပါ။ ကိုယ်၊ စိတ် ကျန်းမာအောင် ဂရုစိုက်ပါ။ အစားအသောက်ကို သမမျှတစွာစားပါ။ အချိန်ယူပါ။ ဒီလိုဆိုရင်ဖြင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်မှာပါ။ ဒီလိုမှဟုတ်ပဲ အထိန်းအကွပ်မရှိ ပြုမူမိမယ်ဆိုရင်တော့ စိတ်ဝေဒနာစွဲကပ်တာသာ အဖတ်တင်ပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/weight-loss-people-serious-mental-illness/
Esophageal Cancer (အစာမျိုပြွန်ကင်ဆာ)
အစာမျိုပြွန်ကင်ဆာသည် လည်ချောင်းမှ အစာအိမ်ထိ ဆင်းသက်သွားသော ပြွန်ချောင်းပုံသဏ္ဍာန်ရှိသည့် အစာမျိုပြွန်တွင် ကင်ဆာဆဲလ်များ စုဝေးရာမှ ဖြစ်ပေါ်သည်။ အစာများသည် ပါးစပ်မှ အစာအိမ်သို့ အစာမျိုပြွန်မှတစ်ဆင့် ဆင်းသွားသည်။ ကင်ဆာသည် အစာမျိုပြွန်အတွင်းလွှာတွင် စတင်ဖြစ်ပေါ်ပြီး အခြားအလွှာများ နှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည်။အာရှနှင့် အာဖရိက ကဲ့သို့သော ကမ္ဘာ့နေရာအချို့တွင် အစာမျိုပြွန်ကင်ဆာသည် ပိုအဖြစ်များပါသည်။ အမျိုးသားနှင့် သက်ကြီးရွယ်အိုများတွင် ပိုဖြစ်ပါသည်။ သို့သော် အစာမျိုပြွန်ကင်ဆာ ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် ရောဂါကို စီမံနိုင်ပါသည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါသည်။အစာမျိုပြွန်ကင်ဆာ အစောပိုင်းအဆင့်များတွင် မည့်သည့်လက္ခဏာမှ မခံစားရသည်လည်း ရှိနိုင်သည်။ ကင်ဆာအဆင့်တိုးလာသည်နှင့်အမျှ သင်သည် အောက်ပါလက္ခဏာများကို ခံစားရလိမ့်မည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အကယ်၍ သင်သည် နာတာရှည် အက်ဆစ်ရည်ပြန်ဆန်တက်ခြင်းကြောင့် ဖြစ်သော ကင်ဆာဖြစ်နိုင်ချေများစေသည့် ကင်ဆာအကြိုအခြေအနေ Barrett’s esophagus ဟု ခေါ်သည့် ရောဂါဖြစ်နေလျှင် သင့်ဆရာဝန်ဆီ သွားပါ။ ထိုရောဂါအခြေအနေဆိုးလာလျှင် ပြသသည့် လက္ခဏာများအကြောင်း ဆရာဝန်အား မေးမြန်းပါ။အစာမျိုပြွန်ကင်ဆာ စစ်ဆေးမှုကို ပုံမှန်အမြဲ မပြုလုပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အန္တရာယ်များသော လူများကို အလွယ်တကူ အတည်ပြု၍ မရခြင်း နှင့် မှန်ပြောင်းကြည့်ခြင်းကြောင့် ဖြစ်နိုင်သော အန္တရာယ်များရှိခြင်း ကြောင့် ဖြစ်သည်။အကယ်၍ သင့်တွင် Barrett’s esophagus ရောဂါဖြစ်ပွားနေလျှင် ကင်ဆာစစ်ဆေးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးကို သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အစာမျိုပြွန်ကင်ဆာ ဖြစ်စေသော အကြောင်းရင်းများကို သဲသဲကွဲကွဲ မသိရှိရပါ။ အစာမျိုပြွန်ကင်ဆာသည် အစာမျိုပြွန် ဆဲလ် DNA တွင် ပြောင်းလဲမှုများ ဖြစ်ခြင်းကြောင့် ဖြစ်ပွားသည်။ ထိုပြောင်းလဲမှုများသည် ဆဲလ် ကို ထိန်းမနိုင်သိမ်းမရ ပွားများစေသည်။ ပုံမှန်မဟုတ်သော ဆဲလ်များ စုဝေးလာပြီး အစာမျိုပြွန်တွင် ကင်ဆာကျိတ်ဖြစ်လာသည်။ ထိုကင်ဆာကျိတ်သည် အနီးအနားရှိ အင်္ဂါအစိတ်အပိုင်းများနှင့် အခြား ခန္ဓါကိုယ်အစိတ်အပိုင်းများ ဆီသို့ ပျံ့နှံ့နိုင်သည်။အစာမျိုပြွန်ကင်ဆာတွင် အဖြစ်များသော အမျိုးအစား (၃) မျိုးရှိပါသည်။အစာမျိုပြွန်ကင်ဆာ ကို ဖြစ်ပွားမှုများစေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ ၎င်းတို့မှာ အောက်ပါတို့ပါဝင်ပါတယ်။ထို့ပြင် အမျိုးသားနှင့် သက်ကြီးရွယ်အိုများသည် အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေ အန္တရာယ်ပိုများသည်။ Adenocarcinoma ဖြစ်နိုင်ချေ အန္တရာယ်သည် လူဖြူ အမျိုးသားများတွင် ပိုမြင့်မားသည်။ သို့သော် Squamous cell carcinoma အမျိုးအစားကင်ဆာကတော့ အာရှ အမျိုးသားများနှင့် အသားအရောင်ရှိသော အမျိုးသားများတွင် ပိုအဖြစ်များသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အစာမျိုပြွန်ကင်ဆာ ကို ရှာဖွေအတည်ပြုသော စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။ကင်ဆာဆဲလ် အမျိုးအစား၊ ကင်ဆာအဆင့် နှင့် သင့်ကျန်းမာရေးပေါ်တွင် မူတည်ပြီး ကုသမှုကို ဆုံးဖြတ်သည်။ခွဲစိတ်မှု။အစာမျိုပြွန် အစိတ်အပိုင်းအချို့ (သို့) အားလုံးကို ခွဲစိတ်ဖယ်ရှားသည်။ဓါတ်ရောင်ခြည်ကုသမှု။ကင်ဆာဆဲလ်များကို ဓါတ်ရောင်ခြည်နှင့် သတ်သည်။ကင်ဆာဆေးကုထုံး။ခန္ဓါကိုယ်တစ်လျှောက်ရှိ ကင်ဆာဆဲလ်များကို ဦးတည်သော အစွမ်းထက်သော ဆေးဝါးများကို ပေးသည်။ ပုံမှန်အားဖြင့် ဓါတ်ရောင်ခြည်ကုသမှု ၊ ခွဲစိတ်မှု များနှင့်အတူတွဲပေးသည်။ ခွဲစိတ်မှုမပါဘဲ ဓါတ်ရောင်ခြည်ကုသမှုတစ်တည်းနှင့်လည်း တွဲပေးတတ်သည်။အလင်းကုထုံး။အစောပိုင်းအဆင့် ကင်ဆာဆဲလ်များကို အထူးလေဆာ အလင်းကုထုံး နှင့် ကုသည်။လျှပ်စစ်စီးကြောင်းနှင့် အေးခဲပစ်ခြင်း (Electrocoagulation)။အစောပိုင်းအဆင့် ကင်ဆာဆဲလ်များကို လျှပ်စစ်စီးကြောင်းနှင့် အေးခဲဖျက်ဆီးသည်။အစာမျိုပြွန်ကင်ဆာကို ရပ်တန့်နိုင်သော နည်းလမ်းမရှိသော်လည်း ဖြစ်ပွားနိုင်ချေ အန္တရာယ်နည်းစေသော အချက်အချို့ရှိပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/esophageal-cancer-%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
နံနက်ခင်း နိုးနိုးချင်း ရေအဝသောက်သင့်သလား
နံနက်ခင်း နိုးနိုးချင်း ရေအဝသောက်သင့်သလား …..  ဒီအကြောင်းကို မပြောခင် ရေရဲ့ အရေးပါမှုကို အရင် ပြောပြချင်ပါတယ်။ ရေဟာ သက်ရှိတို့အတွက် အရေးကြီးတဲ့ ဇီဝဓာတ်ဖြစ်ပါတယ်။ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့ ရေကိုလိုအပ်ပါတယ်။ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရေဖြစ်ပါတယ်။ လုံလောက်တဲ့ ရေပမာဏကို မရရှိဘဲ ဇီဝဖြစ်ပျက်မှုတွေကို မလုပ်ဆောင်နိုင်ပါဘူး။အစာအာဟာရများ သယ်ဆောင်ပေးခြင်း၊ ကိုယ်ခန္ဓာအပူချိန် ထိန်းညှိပေးခြင်း၊ အဆစ်အမြစ်များနဲ့ ကိုယ်ခန္ဓာစနစ်များအတွင်း ချောဆီရည်အဖြစ် လုပ်ဆောင်ပေးခြင်း၊ ကိုယ်တွင်းကလီစာများ အစိတ်အပိုင်းများကို ထိခိုက်မှုနည်းစေခြင်း စတဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။တနေ့တာအတွင်းမှာ ချွေးထွက်ခြင်း၊ ဆီးသွားခြင်း စတာတွေကြောင့် ရေဓာတ်ကို ပုံမှန်ဆုံးရှုံးလျက်ရှိပါတယ်။ အဆိုပါ ဆုံးရှုံးမှုတွေကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ရေကို လုံလောက်စွာ မရရှိရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။နောက်ပိုင်းလူကြိုက်များလာတဲ့ ပုံစံကတော့ မနက်အိပ်ရာနိုးပြီး ဘာမှမလုပ်ခင် ရေသောက်ဖို့ပါပဲ။ ဒီဆောင်းပါးမှာ ရေကိုမနက်ပိုင်းမှာ သောက်သင့်မသောက်သင့်ဆိုတာနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြပါမယ်။နံနက်ခင်း နိုးနိုးချင်း ရေအဝသောက်သင့်သလား ဆိုတော့ သောက်သင့်ပါတယ်။ ဒီလို ပြောရတာက။၁။အိပ်ရာနိုးနိုးချင်းရေသောက်ခြင်းဟာ သင့်ကို ရေဓာတ်ပြည့်ဝစေပါတယ်။မနက်အိပ်ရာထထချင်းမှာ ဆီးအရောင်က ပိုရင့်နေတတ်ပါတယ်။ ဒါဟာ တညတာမှာ ရေဓာတ်ရရှိခဲ့ခြင်း မရှိတာကြောင့်လို့ ပညာရှင်တချို့က ယူဆကြပါတယ်။ ဒါကြောင့် အိပ်ရာနိုးပြီးပြီးချင်း ရေများများသောက်ပြီး ရေဓာတ်ကို ဖြည့်တင်းထားသင့်ပါတယ်။ သုတေသီတချို့ကလည်း အိပ်ရာနိုးပြီး ၆နာရီအတွင်းဟာ ရေဓာတ်ကို အများဆုံးဖြည့်တင်းသင့်တဲ့အချိန်လို့ ဆိုကြပါတယ်။၂။ မနက်ခင်းမှာ ရေများများသောက်ခြင်းဟာ တနေ့တာ ကယ်လိုရီရယူနှုန်းကို လျော့နည်းစေတယ်။ရေကို မနက်ခင်းမှာ များများသောက်ထားလိုက်ရင် ဗိုက်ပြည့်နေတဲ့ ခံစားမှုကို ရစေပြီး ကယ်လိုရီများများ စားသုံးမိခြင်းကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ လေ့လာချက်တခုမှာတော့ မနက်စာမတိုင်ခင်မှာ ရေများများသောက်ပေးခြင်းဟာ ကယ်လိုရီစားသုံးမှုနှုန်းကို ၁၃ ရာခိုင်နှုန်း လျော့စေတယ်လို့ ဆိုပါတယ်။ နေ့လယ်စာ မစားမီ မိနစ်သုံးဆယ်ခန့် ကြိုပြီး သောက်သုံးပေးခြင်းဟာလည်း ကယ်လိုရီစားသုံးမှုကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါဟာ အသက်ကြီးပိုင်းတွေအတွက် ပိုပြီး ထိရောက်တယ်လို့ ဆိုပါတယ်။၃။မနက်ခင်းမှာရေသောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေပါတယ်။ဒီယူဆချက်ဟာ ကိုယ်ခန္ဓာအပူချိန်ပေးဖို့ အလုပ်လုပ်ပုံနဲ့ ဆက်စပ်နေပါတယ်။ ရေသောက်လိုက်ပြီးတဲ့အခါ အစာအိမ်အူလမ်းကြောင်း အေးမြသွားတဲ့အတွက် အပူချိန်ကို ပြန်လည်ထိန်းညှိဖို့ အပူချိန်မြှင့်ပေးဖို့ ခန္ဓာကိုယ်က လုပ်ဆောင်ရပါတယ်။ ဒီလုပ်ဆောင်ချက်မှာ ကယ်လိုရီလောင်ကျွမ်းမှုကို ပိုမြင့်လာစေတဲ့အတွက် ကယ်လိုရီကျစေတယ်လို့ ဆိုပါတယ်။သုတေသနတချို့အရ ရေသောက်ခြင်းကြောင့် အပူချိန်စနစ်ကို သက်ရောက်မှုရှိရာကတဆင့် ဇီဝဖြစ်ပျက်မှုကို တိုးတက်စေပါတယ်။ လူကြီးတွေမှာ ဇီဝဖြစ်ပျက်မှုကို ၂၄-၃၀ ရာခိုင်နှုန်း ပိုမိုတိုးတက်လာစေပြီး ဒီအာနိသင်ဟာ တနာရီခန့်ကြာစေတယ်လို့ ဆိုပါတယ်။တခြားသုတေသနတခုမှာ ဖော်ပြထားတာကတော့ ရေသောက်သုံးမှုပမာဏကို ၁.၅ လီတာ တိုးမြှင့်လိုက်ရင် ၄၈ ကယ်လိုရီကို ပိုမိုလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။ တနှစ်လောက်ကြာမယ်ဆိုရင် အဆီပို၅ပေါင်ခန့်ကို လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။၄။ အိပ်ရာထချိန်ရေသောက်ခြင်းဟာစိတ်ပိုင်းဆိုင်ရာတိုးတက်ကောင်းမွန်စေပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုကို ကျဆင်းစေပါတယ်။ မှတ်သားနိုင်ခြင်း၊ အသစ်များ လေ့လာခြင်း စတာတွေကို လုပ်ဆောင်နိုင်စွမ်း လျော့နည်းစေပါတယ်။ကိုယ်အလေးချိန်ရဲ့ ၁-၂ ရာခိုင်နှုန်းခန့် ရေဓာတ်လျော့နည်းသွားခြင်းဟာ နိုးကြားမှု၊ အာရုံစူးစိုက်မှု၊ ရေတိုမှတ်ဉာဏ် စတာတွေအပြင် ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း ကျဆင်းသွားစေတယ်လို့ ဆိုပါတယ်။ဒါကြောင့် မနက်စောစောမှာ ရေဓာတ်ဖြည့်တင်းထားတာ အကောင်းဆုံးပါပဲ။၅။မနက်စောစောရေသောက်ထားခြင်းဟာအဆိပ်အတောက်တွေကို ဖယ်ရှားပြီး အရေပြားကို အကျိုးပြုပါတယ်။ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေကို ကျောက်ကပ်ကနေ စစ်ထုတ်ဖယ်ရှားပါတယ်။ ဒီအတွက် ရေကို လိုအပ်ပါတယ်။ တကယ်လို့ စစ်ထုတ်ရမယ့် ပမာဏဟာ ကျောက်ကပ်ကနေ ကိုင်တွယ်လုပ်ဆောင်နိုင်မယ့် ပမာဏထက် ကျော်လွန်နေမယ်ဆိုရင် ဆီးများများစွန့်ဖို့ လိုပါတယ်။ ဒီအတွက် ရေများများသောက်ဖို့ လိုပါတယ်။ဒါ့အပြင် ရေများများသောက်ခြင်းဟာအရေပြားကို အကျိုးပြုပါတယ်။ မနက်ခင်းမှာ ရေများများသောက်ခြင်းကဝက်ခြံထွက်တာကို လျော့နည်းစေပြီး အသားအရေကို စိုပြည်စေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/morning-drinking-water/
အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ဘီရောဂါ အတွက် အကျိုးရှိနိုင်သလား။
အသည်းကို ရောင်ရမ်းစေတဲ့ အခြေအနေကို အသည်းရောင်ရောဂါလို့ ခေါ်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေထဲမှာမှ အဖြစ်အများဆုံးဗိုင်းရပ်စ်ပိုးတွေကတော့ အသည်းရောင်အသားဝါ ရောဂါပိုး အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး ရောဂါပိုးတွေ (Hepatitis virus A, B, C, D and E) ဖြစ်ကြပါတယ်။ ဒီရောဂါပိုးတွေအနက် အသည်းရောင်ရောဂါ အေနဲ့ အီးတို့က အသည်းရောင်တာ ခဏတာပဲဖြစ်နိုင်ပြီး ဘီ၊ စီနဲ့ ဒီတို့ကတော့ နာတာရှည်အသည်းရောင်တာတွေဖြစ်ပေါ်နိုင်ပါတယ်။အသည်းရောင် အသားဝါ ဘီရောဂါက အသည်းကို အမာရွတ်တွေဖြစ်စေပြီး အသည်းပျက်စီးတာနဲ့ကင်ဆာတွေထိဖြစ်နိုင်ပြီး ကုသမှုမခံယူဘူးဆိုရင် သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ အသည်းရောင် အသားဝါရောဂါ ဘီပိုးရှိတဲ့သူဆီကနေသွေးဒါမှမဟုတ် ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကနေတဆင့် ကူးစက်ခံရပါတယ်။ရောဂါလက္ခဏာတွေကတော့။အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ရောဂါကြောင့် အသည်းရောင်ရမ်းတာနဲ့ ဆက်စပ်ရောဂါဝေဒနာတွေ ဖြစ်ပေါ်နေသူတွေ ဒါမှမဟုတ် ဘာလက္ခဏာမှ မပြဘဲ အသည်းရောင် အသားဝါရောဂါဘီရှိနေသူတွေအတွက် အကျိုးရှိတယ်လို့ သက်သေပြချက်တွေရှိတဲ့အရာတွေရှိပါတယ်။အသည်းအားဖြည့်ဆေးတိုင်းတော့ မဟုတ်ပေမဲ့ အောက်ပါ ပါဝင်ပစ္စည်းတွေ ပါဝင်ခဲ့ရင် အသည်းအတွက် အထောက်အကူဖြစ်နိုင်ပါတယ်။Phospholipids တွေကခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအတွက် အလွန်အရေးပါပါတယ်။ သူတို့က ဆဲလ်တွေရဲ့  နံရံတွေဖြစ်ကြပါတယ်။ ပြင်ပက အရာဝတ္ထုတွေကြောင့် ဆဲလ်တွေ မပျက်စီးရအောင်၊ အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးတွေ မဝင်ရောက်လာနိုင်အောင် ကာကွယ်ပေးထားပါတယ်။ခန္ဓာကိုယ်က ဇီဝရုပ်ဖြစ်ပျက်မှုတွေနဲ့ ရောဂါပိုးတွေ၊ အန္တရာယ်ရှိတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ပျက်စီးရတဲ့ ဆဲလ်တွေကိုပြန်လည်ပြုပြင်ဖို့အတွက် Phospholipids တွေက နေ့စဉ်လိုအပ်ပါတယ်။ ဒီထဲက တချို့ကိုတော့ ခန္ဓာကိုယ်က သူ့ဘာသာ ထုတ်လုပ်ပြီး ထုတ်လုပ်လို့မရတဲ့ Phospholipids အမျိုးအစားတွေကတော့ အစားအသောက်ကနေတဆင့် ရရှိပါတယ်။ အဲဒါတွေကို Essential Phospholipids တွေလို့ခေါ်ပါတယ်။EPL တွေဟာ အသည်းရောဂါတွေကို ကုသတဲ့နေရာမှာ ကောင်းကျိုးများပြီး ဆိုးကျိုးမရှိသလောက်ဖြစ်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေအများအပြားရှိပါတယ်။ EPL ကိုဖြည့်စွက်အနေနဲ့ အသုံးပြုတဲ့အခါမှာ ရောင်ရမ်းခြင်းကိုလျော့ကျစေမှု၊ ဓာတ်တိုးဆန့်ကျင်မှု၊ အမာရွတ်ဖြစ်ပေါ်မှုကို ဟန့်တားစေမှု ကောင်းကျိုးတွေကို တွေ့ရှိရပြီး အသည်းဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်ပေးနိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။နာတာရှည် အသည်းရောင် အသားဝါရောဂါဘီပိုးရှိသူတွေမှာ ဓာတ်တိုးပစ္စည်းတွေနဲ့ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ မြင့်တက်မှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေ ခန္ဓာကိုယ်ထဲမှာ များနေခြင်းက ကင်ဆာဖြစ်စေနိုင်ခြေကို မြင့်တက်စေပါတယ်။ ဗီတာမင်ဘီဝမ်း (Vitamin B1) က ဒီဓာတ်တိုးပစ္စည်းတွေကိုဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ဒါ့အပြင် နာတာရှည် အသည်းရောင် အသားဝါရောဂါဘီက သွေးနီဥတွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဘီတူး (VitaminB2) နဲ့ ဘီဆစ် (B6) ဓာတ်တွေကိုလျော့နည်းစေတဲ့အတွက်ကြောင့် သွေးအားနည်းတာကို ခံစားရနိုင်ခြေရှိပါတယ်။ ဒီအတွက် လျော့နည်းသွားတဲ့ Vitamin B2 နဲ့ B6 ဓာတ်တွေကို ဖြည့်တင်းခြင်းကလည်း အသည်းအတွက် ကောင်းကျိုးတွေရှိပါတယ်။ယေဘူယျအားဖြင့် ခြုံပြောမယ်ဆိုရင် အသည်းရောင်ပိုးကြောင့် နာတာရှည်အသည်းရောဂါရှိသူတွေနဲ့ အသည်းခြောက်သူတွေမှာ ဗီတာမင်ဘီဓာတ်များချို့တဲ့ပြီး ရောဂါဝေဒနာတွေ ဖြစ်ပေါ်တတ်တဲ့အတွက်ကြောင့် ဗီတာမင်ဘီဓာတ်များပြန်လည်ဖြည့်တင်းခြင်းက ကောင်းကျိုးများပါတယ်။အသည်းရောင် အသားဝါဘီပိုးကြောင့် အသည်းရောဂါခံစားရတဲ့သူတွေမှာ ဓာတ်တိုးပစ္စည်းတွေဖြစ်ပေါ်နေပြီး ဒါတွေက အသည်းခြောက်တာနဲ့ ကင်ဆာဖြစ်နိုင်ခြေတွေကို တိုးပွားစေပါတယ်။ ဒါ့အပြင် နာတာရှည် အသည်းရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။ဗီတာမင်အီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဂုဏ်သတ္တိကြွယ်ဝတဲ့ ဗီတာမင်အဖြစ်ထင်ရှားပြီး အသည်းရောင် အသားဝါဘီရောဂါရှိသူများကို ဗီတာမင်အီး ပေးမယ်ဆိုရင် တိုးပွားနေတဲ့ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးတဲ့အတွက်ကြောင့် နာတာရှည်အသည်းရောဂါနဲ့ အသည်းပျက်စီးတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမဲ့ ဖြည့်စွက်အားဆေးတွေကတော့ နာမည်အတိုင်း အသည်းပျက်စီးတာကြောင့် ဖြစ်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်စွက်ပေးရုံသာ တတ်နိုင်ပါတယ်။ အသည်းရောင် ရောဂါနဲ့ ပတ်သက်ပြီး စနစ်တကျ ကုသမှု ခံယူမှသာ နောက်ဆက်တွဲ ပြဿနာတွေ လျော့နည်းမှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/liver-supplements-and-hepatitis/
သင့်အသားအရေအတွက် အရေးပါတဲ့ ကော်လာဂျင်ဓာတ်ကို သဘာဝအတိုင်းမြှင့်တင်ရအောင်
ကော်လာဂျင်ဆိုတာကိုယ်ခန္ဓာထဲမှာ အတွေ့ရများတဲ့ပရိုတင်းတစ်မျိုးဖြစ်ပြီး ကြွက်သားချောင်း၊ အဆီ၊ အရွတ် စတာတွေအပြင် အခြားနေရာတွေမှာလည်း တွေ့ရတတ်ပါတယ်။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ တွဲဆက်နိုင်အောင်၊ အရိုးဖွဲ့စည်းပုံ ကြံ့ခိုင်မှုရှိအောင် အထောက်အကူပြုပါတယ်။ ကော်လာဂျင်ပမာဏများရင် ကိုယ်ခန္ဓာဟာ တောင့်တင်းကြံ့ခိုင်ပြီး နုပျိုပါတယ်။ကော်လာဂျင်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ သူ့ရဲ့ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်ရင် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု သံသရာဖြစ်စေတာပါပဲ။ ကော်လာဂျင်များလာရင် ကိုယ်ခန္ဓာကနေ နောက်ထပ် ကော်လာဂျင်များထွက်လာပြီး ထိန်းသိမ်းပေးထားဖို့ နှိုးဆွပေးပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်ခန္ဓာကနေ ကော်လာဂျင်ဓာတ်တွေ သဘာဝအလျောက် ပိုမိုထွက်ရှိလာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။Aloe Vera ခေါ် ရှားစောင်းလက်ပပ်အဆီကို ထိခိုက်ရှနာတွေဖြစ်ရင် အနာကျက်မြန်စေဖို့ သုံးကြပါတယ်။ အကြောင်းအရင်းကတော့ ရှားစောင်းလက်ပပ်လိမ်းလိုက်တဲ့အခါ ကော်လာဂျင်ဓာတ် ပိုမိုထွက်ရှိလာစေလို့ ဖြစ်ပါတယ်။ ဆဲလ်တွေကို ဖွံ့ဖြိုးကြီးထွားလာစေတဲ့ အာနိသင်ရှိပြီး ကော်လာဂျင်ဓာတ်တွေကို ပိုမိုထွက်ရှိဖို့ အထောက်အကူပြုပါတယ်။ ရှားစောင်းလက်ပပ်ကို သဘာဝအတိုင်း လိမ်းနိုင်သလို ဈေးကွက်မှာ ရောင်းချနေတဲ့ တံဆိပ်မျိုးစုံအနေနဲ့လည်း ရနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကို အားဖြည့်ဓာတ်စာအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။ဗီတာမင် Cဟာ hyaluronic acid ဖွဲ့စည်းရာမှာ အဓိကကျတဲ့ အခန်းကနေ ပါဝင်ပါတယ်။ hyaluronic acid ဟာ နေထိုင်မကောင်းဖြစ်ချိန်မှာ နာလန်ထချိန်ပိုမြန်ဆန်အောင်၊ အဆစ်များနာကျင် ကိုက်ခဲခြင်း သက်သာအောင် အထောက်အကူ ပြုပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် C အလုံအလောက်မရှိရင် hyaluronic acid ပါတဲ့ အစားအစာတွေရဲ့ အာနိသင်ကို အပြည့်အ၀ မရနိုင်ပါဘူး။သုတေသနတစ်ခုအရ hyaluronic acid ဟာ လူ့ခန္ဓာကိုယ်ကနေ ကော်လာဂျင်ထုတ်လုပ်ခြင်းကို အားမြှင့်ပေးပါတယ်။ hyaluronic acid ဟာကိုယ်ခန္ဓာထဲမှာ သဘာဝအလျောက်တွေ့နိုင်ပေမယ့် အသက်အရွယ်ကြီးလာရင် တဖြည်းဖြည်း လျော့နည်းသွားတတ်ပါတယ်။အဆိုပါအချိန်မှာ ဗီတာမင် C နဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ အစားအစာများ စားသောက်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာထဲမှာ hyaluronic acid နဲ့ ကော်လာဂျင်ပမာဏကို မြင့်တက်စေပါတယ်။ လိမ္မော်သီး၊ ငရုတ်ပွ၊ ကိုက်လန်၊ ဂေါ်ဖီ၊ ပန်းပွင့်စိမ်း၊ စတော်ဘယ်ရီ စတာတွေမှာ ဗီတာမင် C ကြွယ်ဝပါတယ်။ hyaluronic acid ကို အားဖြည့်ဓာတ်စာအနေနဲ့ ဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါသေးတယ်။ဂျင်ဆင်းမှာ အရွယ်တင်နုပျိုစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ ဂျင်ဆင်းဓာတ်ဟာ အရေပြားထဲဝင်ရောက်သွားတဲ့အခါ ဘေးထွက်ဆိုးကျိုးများမဖြစ်စေဘဲ အသားအရေကို တင်းရင်းအောင် ထိန်းသိမ်းပေးပါတယ်။ဒါ့အပြင် ကော်လာဂျင်ဓာတ်ကို ထွက်လာစေပါတယ်။ ဂျင်ဆင်းဟာ အရေပြားကို နေရောင်ခြည်ကနေခရမ်းလွန်ရောင်ခြည်ထိခိုက်မိခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဂျင်ဆင်းလက်ဖက်ရည်၊ ဂျင်ဆင်းအားဖြည့်ဓာတ်စာ စတာတွေကို စားသုံးပြီးတော့လည်း ကော်လာဂျင်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။နံနံပင်ဟာ မြန်မာပြည်မှာတော့ တို့စရာ၊ ဟင်းခတ်အမွှေးအကြိုင် စတာတွေအနေနဲ့ အသုံးပြုပါတယ်။ နံနံပင်မှာ ဗီတာမင်စီ ကြွယ်ဝတာမို့ ကော်လာဂျင်ထုတ်လုပ်ခြင်းကို အထောက်အကူပြုပါတယ်။ နံနံပင်မှာ linolenic acid ပါဝင်ပြီး အသားအရေကို နုပျိုစေတဲ့ အာနိသင်ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ပင်လယ်မှော် ရေညှိ စတာတွေဟာ အစားအသောက်များတင်မက အလှအပရေးရာကိစ္စနဲ့ ပတ်သက်ပြီး တစ်နေ့တခြား နာမည်ကြီးလာပါတယ်။ ပင်လယ်ရေညှိမှာဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ပါဝင်ပြီး ကော်လာဂျင်ဓာတ်ကို ထွက်စေကာ အသားအရေကို တင်းရင်းစေပါတယ်။ အားဖြည့်ဓာတ်စာအနေနဲ့လည်း ရရှိနိုင်ပါတယ်။အလှအပဆိုတာ အရေပြားတစ်ထောက်ကိစ္စလို့ ဆိုပေမယ့် အဆိုပါအပေါ်ယံအရေပြားဟာ လူမှုဆက်ဆံရေးမှာလည်း အရေးပါတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ နုပျိုတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေနဲ့ဆိုရင် နေ့စဉ်ဘဝမှာ မိမိကိုယ်ကို ယုံကြည်မှုရှိနေမှာ သေချာပါတယ်။ဒါကြောင့်အသားအရေနုပျိုလှပစေဖို့ အထောက်အကူပြုတဲ့ ကော်လာဂျင်ဓာတ်ကို သဘာဝအတိုင်း လှုံ့ဆော်ပေးခြင်းဟာအလှအပရော ကျန်းမာရေးရှုထောင့်ကပါ အရေးပါတာမို့ ပုံမှန်လုပ်ဆောင်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/ways-to-boost-collagen/
ကလေးအတွက် အသင့်တော်ဆုံး အစားအစာများ
ကလေးကို ဘာကျွေးလို့ ကျွေးရမှန်း မသိဘူး။အာဟာရလည်း ပြည့်၊ကျန်းမာဖွံ့ဖြိုးဖို့လည်း အထောက်အကူ ပြုစေချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ကလေးကို အာဟာရလည်း ပြည့် ကျန်းမာစေဖို့ဆိုရင်။ချိုပြီး အရည်ရွှမ်းတဲ့ သစ်သီးလေးတွေကို ကလေးတိုင်း ကနှစ်သက်​ကြပါတယ်။ ဒါကြောင့် ကလေးကိုဗီတာမင်နဲ့ အခြား အကျိုးပြု အာဟာရဓာတ်ပါနေတဲ့ သစ်သီးလေးတွေ ပြင်ဆင်ပေးစေချင်ပါတယ်။ သစ်သီးတွေမှာကိုယ်ခံအားကောင်းစေတဲ့ဗီတာမင် C၊အမြင်အာရုံကျန်းမာစေတဲ့ဗီတာမင် Aနဲ့ အစာခြေစနစ် ကျန်းမာစေတဲ့အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။ဒါကြောင့် ကလေးကို ပန်းသီး၊ လိမ္မော်သီး၊ တရုတ်ဇီးသီး၊ ပန်းသစ်တော်သီး၊ ထောပတ်သီး စတာတွေကို ပြင်ဆင်ပေးပါ။ဒိန်ချဉ်က ကလေးတိုင်း သဘောကျတဲ့ စားစရာတစ်မျိုးပါ။အရိုး နဲ့ သွားတွေကို သန်မာစေတဲ့ကယ်လ်ဆီယမ်၊ အစာခြေစနစ်ကို အထောက်အကူပြုတဲ့အကျိုးပြု ဘက်တီးရီးယားလေးတွေ ပါဝင်နေပါတယ်။ ကိုယ်ခံအားကို အားဖြည့်ပေးသလိုအစာခြေစနစ်ကျန်းမာစေပြီး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။အချိုပါဝင်မှု နည်းတာကို ရွေးပေးဖို့တော့ လိုပါမယ်။ကလေးတွေနဲ့ ရင်းနှီးကျွမ်းဝင်ရှိတဲ့ စားစရာတစ်မျိုးပါ။ ချိစ်နဲ့ စားတာဖြစ်ဖြစ်၊ မီးကင်ပြီး ဒီအတိုင်း စားတာဖြစ်ဖြစ်၊ နို့ထဲ စိမ်စားတာ ဖြစ်ဖြစ် အမျိုးမျိုး စားတတ်ကြပါတယ်။ ဒီ ပေါင်မုန့်လေးက ကလေး ကြီးထွားစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ကျွေးရတာ အဆင်ပြေသလို ကလေးတိုင်း ကြိုက်ပါတယ်။ အဆီ ပါဝင်မှုလည်း နည်းပြီး ကလေးကို နို့သောက်သုံးမှု တိုးစေမှာပါ။ ကလေးတွေ ကြီးထွားစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။အသားက ကလေးကိုသံဓာတ်အားဖြည့်ပေးပါတယ်။ ပရိုတင်း ပါဝင်နေမှုက ကိုယ်ခံအား ကောင်းစေပြီး အရိုး နဲ့ကြွက်သားတွေကို သန်မာစေသလို ကလေးကြီးထွားစေဖို့လည်း အထိရောက်ဆုံး ကူညီပေးနိုင်မှာပါ။အသားကို ကြိတ်ပြီး အပြားလိုက် ကြော်ပေးတာ၊ အသားလုံးကြော်ပေးတာ၊ အသားညှပ် ပေါင်မုန့် လုပ်ပေးတာမျိုး ပြင်ဆင်ပေးလို့ ရပါတယ်။ခေါက်ဆွဲပြုတ်ဆိုတဲ့ နေရာမှာ အသင့်စား ခေါက်ဆွဲပြုတ်တွေကို မဆိုလိုပါဘူး။ အိမ်မှာ သေချာပြုတ်ထားတဲ့ ကြက်ပြုတ်ရည် ဒါမှမဟုတ် အသားပြုတ်ရည်ထဲကို ကြက်ဥခေါက်ဆွဲ၊ ကြက်ဥ၊ အသီးအရွက်တို့ ထည့်ပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်ကို ဆိုလိုတာပါ။ ကလေးတွေ အကြိုက်တွေ့မှာ ဖြစ်သလို အာဟာရလည်း ပြည့်ဝစေမှာပါ။အိမ်တိုင်းရဲ့ ရေခဲသေတ္တာထဲမှာ အပြည့်အဝ နေရာယူထားတတ်တဲ့ ကြက်ဥလေးတွေကလည်း ကလေးကို အာဟာရဖြစ်စေပြီးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေပါတယ်။ ဈေးမကြီးသလို အလွယ်တကူ ပြင်ဆင်ပေးလို့ ရပြီး ကလေးတိုင်း ကြိုက်တဲ့ စားစရာ တစ်မျိုးပါ။ကလေးတွေကို ပြင်ဆင်ပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ အမျှင်ဓာတ် ကြွယ်ဝသလို ပရိုတင်းလည်း ပါဝင်မှု များပါတယ်။ အသားမကြိုက်တဲ့ ကလေးတွေကိုပရိုတင်းရစေမယ့် စားစရာ တစ်မျိုးပါ။ ကလေးကို ပဲဟင်းချိုလေး ချက်ပေးတာ၊ ပဲပြုတ်လေးကို ဆီ၊ဆားနဲ့ နယ်ပေးတာတွေ လုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/good-foods-for-toddlers/
မေမေ့ရဲ့ ဆယ်ကျော်သက်လေးတွေ ပင်ပန်းနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
မေမေတို့ အိမ်က သားသားမီးမီး ဆယ်ကျော်သက်လေးတွေ ကို သတိထားကြည့်ဖူးလား။ ကလေးတုန်းက သွက်သွက်လက်လက် တက်တက်ကြွကြွရှိပေမယ့် အရွယ်လေးလည်း ရောက်လာရော တစ်ခုခုကို အလိုမကျ မှုန်ကုပ်နေပြီး အမြဲတမ်း ပင်ပန်းနေတတ်တဲ့ ပုံလေးတွေ ပေါက်နေတယ်လေ။ သူတို့လေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းတွေ၊ ဘာလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ အတွေးတွေ မေမေတိုင်းမှာ ရှိမယ်လို့ထင်ပါတယ်။ဆယ်ကျော်သက်လေးတွေ ဆိုတာ အရာရာပြောင်းလဲမှုကို ကြုံတွေ့ရတတ်တဲ့ အချိန်ပါ။ ကိုယ်ခန္ဓာပေါ်မှာလည်း ပြောင်းလဲမှုတွေရှိမယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေမယ့်အပြင် ကျောင်းဆိုလည်း မူလတန်းကနေ အလယ်တန်း၊ အထက်ကျောင်းကို ပြောင်းရတဲ့အတွက် ကျောင်းအသစ် အပေါင်းအသင်းအသစ် ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်တွေနဲ့ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်နေရတဲ့အချိန်ပါ။ ဒါတွေတင်မကပါဘူး။ မေမေတို့ရဲ့ ရင်သွေးလေးတွေကို ပင်ပန်းအောင်လုပ်နေတဲ့ အခြား အချက်တွေလည်းရှိပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင်။ကျောင်းနဲ့ အိမ် အိမ်နဲ့ ကျောင်း၊ ကျူရှင် ပြီးတော့ ဂိုက် ဆိုပြီး တစ်ချိန်လုံး စာထိုင်သင်နေရတဲ့သူတို့မှာကိုယ်လက်လှုပ်ရှားမှုတို့ လေ့ကျင့်ခန်းတို့ လုပ်ဖို့အချိန် ဘယ်မှာလဲ။အိပ်ရာထ ကျောင်းသွား ထိုင်ပြီးစာသင် ကျောင်းပြန် ကျူရှင်တက်ထိုင်ပြီးစာသင့် အိမ်ပြန်ရောက် ထမင်းစား ဖုန်းပွတ် စာလုပ် အိပ်ရာဝင် နဲ့ ကိုယ်လက်လှုပ်ရှား အားကစားကို အချိန်မပေးနိုင်ကြပါဘူး။ဒီလို လှုပ်ရှားမှု များများစားစားမရှိလို့ ကလေးတွေအညောင်းမိပြီး ထိုင်းမှိုင်းနေတတ်ကြတာပါ။ ဒ့ါကြောင့် အားကစားတစ်မျိုးမျိုး ကို ( လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး) လိုက်စားဖို့ ကလေးတွေကို အားပေးသင့်ပါတယ်။အပျိုဖော်ဝင်ခါစ ဟော်မုန်း အပြောင်းအလဲလည်းဖြစ်တော့ စိတ်တွေလည်း မတည်ငြိမ်၊ ပြောင်းလဲမှုတွေ အများကြီးလည်း ကြုံတွေ့နေရမှာပါ။ အဲ့ဒါတွေကို နားလည်အောင် သင်ယူနေတဲ့အချိန်လည်းဖြစ်၊ ဆယ်ကျော်သက် ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း လိုချင်နေတဲ့အချိန်ဆိုတော့ အိမ်နဲ့လည်း အဆင်မပြေတဲ့သူတို့လေးတွေမှာ စိတ်ဖိစီးမှုတွေများပြီး ပင်ပန်းတဲ့ရုပ်ပေါက်နေတတ်ပါတယ်။ ဒီလို အရွယ်တွေ အတင်းအကြပ် ချုပ်ချယ်ထားမယ့်အစား အထိုက်လျောက် လွတ်လပ်ခွင့်ပေးပြီး ထိန်းကျောင်းသင့်ပါတယ်။သူများနည်းတူ ဖုန်းကိုင်ချင်တယ်ဆိုတော့ဆယ်ကျော်သက်လေးပဲ ရှိသေးပေမယ့် ဖုန်းကိုင်ခွင့်ပေးထားရမှာပါ။ ဒီခေတ်ကြီးမှာ အင်တာနက်တွေ၊ ဂိမ်းတွေက ကလေးတွေဆီက အိပ်ချိန်တွေကို လုယူနေပါတယ်။အိပ်ရေးမဝတဲ့ ကလေးတစ်ယောက်က ဘယ်လိုမှ လန်းလန်းဆန်းဆန်းမရှိနိုင်ပါဘူး။ ဒါ့ကြောင့် မေမေတို့ အိပ်ချိန် စားချိန် ဆော့ချိန် စာလုပ်ချိန်တွေကို ကလေးတွေအတွက် သေချာသတ်မှတ်ပေးထားသင့်ပါတယ်။ရာသီသွေးဆင်းလို့ အလုပ်ရှုပ်တာက တစ်ကြောင်း၊ရာသီ ကြောင့် ကိုက်ခဲနေတာကတစ်ကြောင်း၊ ရာသီသွေးဆင်းခြင်းရဲ့ နောက်ဆက်တွဲသံဓာတ်ချို့တဲ့ သွေးအားနည်းတဲ့ ဝေဒနာခံစားရတာ တစ်ကြောင်းနဲ့ မေမေ့ သမီးလေးတွေ အဲဒီ အချိန်ဆို နုံးနေတတ်ပါတယ်။ဒီ အချိန်မှာ ဖြစ်တတ်တဲ့ သံဓာတ်ချို့တဲ့သွေးအားနည်း ပြဿနာကိုဖြေရှင်းဖို့အတွက် မေမေတို့ဘက်က သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးတာမျိုး၊ သံဓာတ်ပါတဲ့ ဖြည့်စွက်အားဆေးတွေ တိုက်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။သူများတွေအားလုံးက ထွားလာလှလာကြပေမယ့် ကိုယ်က ရွယ်တူတွေကြားထဲ ပုသေးညှက်နေတဲ့အခါ လှောင်ပြောင်ကြတာတွေကို မခံစားနိုင် ဘာမှလည်း ပြောလို့မရ ဒေါသထွက် အလိုမကျဖြစ်တတ်တာလည်း ဒီအရွယ်ပါပဲ။ဒါ့ကြောင့် ကိုယ့်ကလေးအာဟာရပြည့်ဝပြီး ရွယ်တူတွေနဲ့ တန်းတူ ကြီးထွားစေဖို့ အစားအသောက်ပိုင်းရော၊ဖြည့်စွက်အားဆေးအပိုင်းမှာရော မလစ်ဟင်းရလေအောင် မေမေတို့ ဂရုစိုက်သင့်ပါတယ်။ကဲ မေမေရဲ့ ဆယ်ကျော်သက်လေးတွေကို ပင်ပန်းစေတဲ့ ဒီအချက်တွေ ရှိတယ်ဆိုတာ သိထားမှ ကိုယ့်ကလေး ခံစားနေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာနော်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/why-your-teens-look-tired-all-the-time/
ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတဲ့ဆေးစစ်ချက်ထွက်လာရင် ဘာတွေပြင်ဆင်မလဲ
ဘယ်ရောဂါမဆို ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ အထူးသဖြင့် ကင်ဆာဆိုတာဟာ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်ကို ခြွေခဲ့တဲ့ ကြောက်စရာကောင်းတဲ့ရောဂါအမျိုးအစားဖြစ်တာကြောင့် မတော်တဆ ကိုယ့်မှာသာကင်ဆာရှိနေတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေထွက်လာခဲ့ရင် ဘာဆက်လုပ်မလဲဆိုတာ ကြိုပြီး သိနားလည်ထားဖို့၊ အကောင်းဆုံးတွေကို မျှော်လင့်ပြီး အဆိုးဆုံးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခံတွင်းကင်ဆာဆိုတဲ့ ရလဒ်နောက်မှာ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။ကိုယ့်မှာရောဂါတစ်ခုရှိနေပြီဆိုရင် ဒီရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပျံ့နှံ့နိုင်လဲ၊ ဘာတွေထိခိုက်နိုင်လဲ၊ ဘယ်လိုကုသမှုမျိုးတွေ ရှိလဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း လေ့လာထားဖို့ လိုပါတယ်။ ခံတွင်းကင်ဆာဆိုတာ စောစောသိပြီး ကုသမှုခံယူရင် ပျောက်ကင်းဖို့လွယ်ကူတဲ့ ကင်ဆာအမျိုးအစားထဲမှာ ပါဝင်တာကြောင့် သိပ်ပြီးမစိုးရိမ်ပါနဲ့။ကိုယ်ဖြစ်နေတဲ့ ခံတွင်းကင်ဆာက အခုမှကင်ဆာဆဲလ်တွေ စပြီးပွားကာစအခြေအနေလား၊ တခြားကိုယ်တွင်းအစိတ်အပိုင်းတွေကိုရော ပျံ့နှံ့နေပြီလား၊ အန္တရာယ်များတဲ့ အခြေအနေလား၊ ဒါတွေကို သေချာသိမှပဲ ကိုယ့်အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကို ဆက်ပြီးလုပ်လို့ရမှာပါ။ကင်ဆာကုထုံးတွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဆိုးကျိုး ပြင်းထန်တဲ့အကြောင်းကို တော်တော်များများ ကြားဖူးကြမှာပါ။ ခံတွင်းကင်ဆာအတွက် ကုထုံးနည်းလမ်းတွေထဲမှာ ဘယ်ကုထုံးက ကိုယ့်လက်ရှိကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်လို့ရပါတယ်။ဒီလိုကျန်းမာရေးအခြေအနေဆိုတာ ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ်မျိုသိပ်လို့ ရတဲ့ ပြဿနာမဟုတ်ပါဘူး။ ရောဂါဝေဒနာနဲ့ ဆေးကုသမှုခံယူနေစဉ် ခံစားရမယ့်ဝေဒနာသည် စိတ်နဲ့ ခန္ဓာ ၂ခုလုံးကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့အတွက် ကိုယ့်ကိုအနောက်ကနေ အမြဲအားပေးကူညီပေးနေမယ့်၊စိတ်ခွန်အားဖြစ်စေမယ့်သူတွေကို ကိုယ့်အနားမှာ ရှိစေဖို့ ပြောပြသင့်ပါတယ်။စိတ်ဆိုတာ လူရဲ့ ခန္ဓာတစ်ခုလုံးကို လိုရာမောင်းနှင်နိုင်တဲ့ နွားတစ်ကောင်ပါပဲ။ ဒီလိုအချိန်မှာသာ စိတ်က ကင်ဆာဆိုတဲ့ရောဂါအောက် လဲပြိုသွားပြီဆိုရင်တော့ လူနာအတွက် အသက်ရှင်ရပ်တည်နိုင်ခြေ ပိုပြီးနည်းသွားမှာပါ။ ဒါကြောင့် ကိုယ်ပြသနေတဲ့ ဆရာဝန်ကို ယုံပါ၊ ကိုယ့်ကိုယ်ကိုယ် ယုံပါ၊ ကိုယ်ဟာ ဒီကင်ဆာဆိုတဲ့တောင်ကြီးကို ကောင်းစွာကျော်လွှားသွားနိုင်မယ်ဆိုတဲ့ စိတ်ကို မွေးပါ၊ ဘယ်လောက်ပဲ ဒုက္ခခံနေရ၊ နာကျင်မှုဝေဒနာတွေ ခံစားနေရပါစေ အရာရာ အဆင်ပြေချောမွေ့သွားလိမ့်မယ်လို့ မျှော်လင့်ထားပါ။အပေါ်မှာပြောခဲ့သလိုပါပဲ။ ရောဂါရှိတယ်ဆိုတာ စောစောသိလေ၊ ကုသမှုမြန်မြန်ခံယူလေ၊ လူနာအတွက် အသက်ရှင်နိုင်တဲ့ ရာခိုင်နှုန်း ပိုများလေပါပဲ။ လက်မလျှော့လိုက်ပါနဲ့။ မျှော်လင့်ချက်ကို လက်ကိုင်ထားပြီးကုသမှုခံယူဖို့ မိသားစုနဲ့တိုင်ပင်ပြီး အမြန်ဆုံးဖြတ်ချက်ချလိုက်ပါ။ဒါကြောင့် ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာအလေးပေးပြီး ဂရုစိုက်ဖို့ အရေးကြီးတယ်နော်။ သွားနဲ့ခံတွင်းဆေးခန်းကို ၆လတစ်ကြိမ်သွားရောက်ပြသခြင်းဟာလည်း ကိုယ့်မှာရောဂါရှိမရှိကို စောစီးစွာသိစေနိုင်တဲ့ အရေးကြီးဆုံးအချက်ဆိုတာ မမေ့လိုက်ပါနဲ့။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%9b/
သင့်အသည်းအတွက် မရှိမဖြစ်အရေးပါတဲ့ဓါတ်ပစ္စည်းတစ်ခု
ဒီနေ့ခေတ်နေထိုင်စားသောက်မှုပုံစံတွေက ကျန်းမာရေးနဲ့မညီတာများလာတာနဲ့အမျှအသည်းမှာဒဏ်ရာတွေဖြစ်လာတာအမှန်ပါပဲ။ အစားအသောက်မှာပါတဲ့ မှို၊ အရောင်ဆိုးဆေးတွေ နဲ့ အရက်တွေလိုမျိုး ကျန်းမာရေးအတွက်မကောင်းတဲ့အစား၊အသောက်တွေကို မစွန့်လွှတ်တာ၊ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အဝလွန်တာ၊ မူးယစ်ဆေးသုံးတာ အကုန်လုံးကအသည်းကိုဒုက္ခပေးပါလိမ့်မယ်။ ဒီလိုနဲ့ အသည်းက ပိုအလုပ်လုပ်ရပြီး အသည်းထိခိုက်ပျက်စီးမှုနဲ့ အသည်းရောဂါတွေ ခံစားရဖို့များလာပါရော။အဖြစ်များကြတာကအသည်းအဆီဖုံးရောဂါ၊အသည်းခြောက်ရောဂါ၊အသည်းရောင်အသားဝါရောဂါစုံလို့ပါပဲ။ အဲဒီအသည်းရောဂါတွေရဲ့အကြောင်းရင်းက နေထိုင်စားသောက်ပုံတွေကြောင့်ပဲ ဖြစ်ရတာများပါတယ်။ အသည်းအဆီဖုံးရောဂါဆိုရင် အဆီများတာတွေ၊ ဆီမသန့်တာတွေစားမယ်၊ လှုပ်ရှားမှုနည်းမယ်၊ ဆေးလိပ်သောက်တယ်၊အရက်ေသာက်တယ် ဆိုတာတွေကြောင့်ပါ။အရက်ကြောင့်ပဲဖြစ်ဖြစ် နေထိုင်စားသောက်မှုကြောင့်ပဲဖြစ်ဖြစ် အသည်းအဆီဖုံးဖြစ်ရင် အသည်းကိုရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်းတွေအထိဖြစ်စေနိုင်ပါတယ်။ ဒါတွေအပြင် အသည်းအဆီဖုံးခြင်းကသွေးတိုးရောဂါ၊အင်ဆူလင်မတုံ့ပြန်နိုင်ခြင်းနဲ့အမျိုးအစား ၂ ဆီးချိုရောဂါတို့နဲ့ပါ ဆက်နွှယ်နေပါတယ်။ဒါတွေကိုကာကွယ်နိုင်ဖို့ ဘာလုပ်ကြမလဲဆိုတော့ ဆင်ခြင်ပေါ့ လို့ပြောကြလိမ့်မယ်။ အစားအသောက်ဆိုင်ကောင်းကောင်းတွေ၊ ထိုင်လို့ကောင်းတဲ့ အဆင်ြ့မင့်ဘားတွေ ပေါနေတဲ့ဒီခေတ်ကြီးမှာ အပြင်စာမစားဘဲ၊ လုံးဝ အယ်လ်ကိုဟောမသောက်ဘဲနေနိုင်လို့လား။ အပြင်စာလုံးဝမစားပါဘူးဆိုတဲ့သူတွေမှာလည်း ဟင်းချက်တဲ့ငရုတ်သီးမှာပါလာနိုင်တဲ့ မမြင်ရတဲ့မှို၊ ဟင်းချက်ဆီ (ကျန်းမာရေးနဲ့မညီတဲ့ဆီအရောအနှော) တွေကို တော်လှန်နိုင်ဖို့ခက်ပါလိမ့်မယ်။ လူမှုဆက်ဆံရေးကျယ်ပြန့်တိုးတက်နေတဲ့ခေတ်မှာ ယောကျာ်းလေးတွေကြား အရက်၊ဘီယာမသောက်တတ်သူက နည်းပါတယ်။ ဒါ့ကြောင့် အသည်းကိုကာကွယ်ပေးမယ့် အသည်းအားဆေးတွေ ဈေးကွက်မှာ ရောက်ရှိလာတာဖြစ်ပါတယ်။ အသည်းပြန်လည်ကောင်းမွန်လာအောင် ကုစားပေးမယ့် အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ Phosphatidylcholine လို့ခေါ်တဲ့ essential phospholipids တစ်မျိုးဖြစ်ပါတယ်။ အသည်းအတွက် မရှိမဖြစ် ဓါတ်တစ်ခုလို့တောင် ဆိုရပါလိမ့်မယ်။Phosphatidylcholine ဆိုတာ အသည်းအတွက်အရေးပါဆုံးဖြစ်ပြီး အသည်းကျန်းမာရေးအတွက်အကောင်းဆုံးအကျိုးပြုနိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ choline ပါဝင်တဲ့ Phosphatidylcholine မှာ fatty acids၊ glycerol နဲ့ phosphorous တို့ပါဝင်ပါတယ်။Phosphatidylcholine ဟာ ကြက်ဥ၊ ပဲပိစပ်၊ နေကြာစေ့ စတဲ့အစားအစာတချို့မှာပါဝင်တတ်သလိုခန္ဓါကိုယ်ရဲ့ဆဲလ်တွေထဲမှာ သဘာဝအလျောက်ရှိနေတဲ့မော်လီကျူးဖြစ်ပါတယ်။ သူကဦးနှောက်ကျန်းမာရေးကို အကျိုးပြုတာဆိုပေမယ့် အသည်းရဲ့လုပ်ဆောင်ချက်တွေကိုလည်း ထောက်ပံ့ပေးပြီး ကိုလက်စထရောပမာဏကို ထိန်းညှိုလုပ်ဆောင်ပေးပါတယ်တဲ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-phosphatidylcholine-%e1%80%80-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad/
နှုတ်ခမ်းမှာပေါက်တဲ့ ဝက်ခြံ
ဝက်ခြံအသားရှိတဲ့နေရာတိုင်းမှာပေါက်တတ်တဲ့ဝက်ခြံကနှုတ်ခမ်းမှာရော ပေါက်တတ်လားဆိုတော့ ပေါက်တတ်ပါတယ်။ နှုတ်ခမ်းသား နဲ့ နှုတ်ခမ်းသားတဝိုက်မှာ ဝက်ခြံပေါက်တာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရေပြားပြဿနာတစ်ရပ်ပါ။ ဒါပေမယ့် နှုတ်ခမ်းမှာ ဝက်ခြံပေါက်တာက မျက်နှာရဲ့ အခြားနေရာမှာပေါက်တဲ့ ဝက်ခြံတွေထက်ပိုနာသလို ကုသစောင့်ရှောက်မှုလုပ်ရတာကလည်း ခက်ပါတယ်။ရေခဲ။ပင်စိမ်းရွက်က ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်ပြီး ဝက်ခြံကို အမြန်ဆုံးသက်သာစေနိုင်ပါတယ်။ ပင်စိမ်းရွက်ကို ကြိတ်ခြေပြီး ရလာတဲ့အရည်ကို ဂွမ်းစလေးနဲ့ယူပြီး ဝက်ခြံပေါ်မှာ တို့ပေးရုံပါ။တမာရွက်။တမာရွက်က ပိုးတွေကိုသေစေနိုင်ပြီး အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရော်ငရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါ​ကြောင့် တမာရွက်ကို ရေစင်အောင်ဆေးပြီး အနှစ်ကြိတ်လို့ ရလာတဲ့အနျစ်ကို ဝက်ခြံပေါ်မှာ အုံထားပေးပါ။ အရည်တို့ပေးလို့လည်းရပါတယ်။လက်ဖက်စိမ်းရေနွေးကြမ်း။ပျားရည်။ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီးအနာကျက်မြန်စေနိုင်ပါတယ်။ အရောင်ကျစေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ပျားရည်လေးကို ဝက်ခြံပေါ်မှာ တို့ထားပေးရုံနဲ့ သက်သာလာမှာပါ။နနွင်း။အရောင်ကျစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို အဆီဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။ နနွင်းမှုန့်ကို ဒိန်ချဉ်နဲ့ရောပြီး အနှစ်၇အောင်မွှေပါ။ ရေနဲ့ပဲခပ်ပျစ်ပျစ်လေးအနှစ်ဖြစ်အောင်လုပ်ရင်လည်းရပါတယ်။ ရလာတဲ့အနှစ်ကို ဝက်ခြံပေးမှာ လိမ်းပေးလိုက်ပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။နှုတ်ခမ်းမှာ ဝက်ခြံဖြစ်တဲ့အခါ သက်သာစေဖို့ အပေါ်ကနည်းလမ်းလေးတွေကို အသုံးပြုလို့ရသလို ဒီအချက်တွေကိုလည်း သတိထားဖို့လိုပါမယ်။နှုတ်ခမ်းနီမဆိုးပါနဲ့– နှုတ်ခမ်းမှာ ဝက်ခြံဖြစ်နေချိန်မှာ နှုတ်ခမ်းနီဆိုးတာက ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။သန့်ရှင်းအောင်ထားပါ– အစားတစ်ခုခုစားပြီးတိုင်း ပါးစပ်တဝိုက်နဲ့နှုတ်ခမ်းကို သန့်စင်ပေးပါ။ တဘက်စနုနုလေးနဲ့ဖြစ်ဖြစ်ပေါ့။သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့သွားတိုက်ဆေးကိုသုံးပါ– နှုတ်ခမ်းမှာ ဝက်ခြံပေါက်နေချိန်မှာ ဓာတုပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးက ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံဖြစ်နေချိန်မှာ သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ သွားတိုက်ဆေးကိုသုံးပါ။ပွတ်တိုက်တာမျိုးမလုပ်ပါနဲ့-ပုံမှန်တော့ နှုတ်ခမ်းက ဆဲလ်သေတွေကိုဖယ်ရှားဖို့သွားတိုက်တဲ့အခါ နှုတ်ခမ်းသားကိုပါ တိုက်ရတယ်ဆိုပေမယ့် ဝက်ခြံပေါက်နေချိန်မှာတော့ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဝက်ခြံကို ပိုဆိုးစေပါလိမ့်မယ်။လက်နဲ့မကိုင်ပါနဲ့–လက်က ဘက်တီးရီးယားအများဆုံး စုဝေးရာနေရာပါ။ ဒါ​ကြောင့် ပိုးဝင်ပြီး ဝက်ခြံပိုဆိုးမသွားစေဖို့ လက်နဲ့ ဝက်ခြံကို ကိုင်တွယ်တာမျိုးမလုပ်ပါနဲ့။မညှစ်ပါနဲ့– ဝက်ခြံဖြစ်ရင် ညှစ်ထုတ်ပစ်ချင်တာမှန်ပေမယ့် မညှစ်ပါနဲ့။ ကြ်ခြံပိုဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် ဝက်ခြံကို မညှစ်ဖို့ သတိထားပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/get-rid-of-pimples-on-your-lip-naturally/
ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics
ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အစားအစာကြောင့်၊ ဘက်တီးရီးယားပိုးကြောင့် (အစားအစာ သို့မဟုတ်ရေမသန့်ခြင်းမှတဆင့်)၊Crohn’s disease(အစာအိမ်၊အူနံရံရောင်ရောဂါ) သို့မဟုတ်ulcerative colitis(အစာခြေလမ်းကြောင်းအနာဖြစ်ခြင်း) တို့လို အူရောဂါတွေကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ဆေးဝါးဘေးထွက်ဆိုးကျိုးေကြာင့် စသည်ဖြင့် ရှိနိုင်ပါတယ်။ဝမ်းအရည်တွေသွားတာ၊ ဗိုက်ထဲမအီမသာဖြစ်တာတွေအပြင်ရေဓါတ်ဆုံးရှုံးမှုေကြာင့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ အန္တရာယ်ရှိလာနိုင်ပါတယ်။ရောဂါပိုးကြောင့် ဝမ်းပျက်ပြီဆိုရင် ပဋိဇီဝဆေးတွေသောက်ရပြီးနောက်ပိုင်း အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ပိုးမွှားတွေပါ ရှင်းလင်းပြီးသားဖြစ်သွားတတ်ပါတယ်။ များလွန်းလှတဲ့ အူတွင်းဘက်တီးရီးယားတွေထဲမှာProbioticsလို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပြီး ပဋိဇီဝဆေးတွေရဲ့ တိုက်ခိုက်မှုကို ခံရတာကြောင့် ပျက်သုဉ်းကုန်ပါတယ်။Probiotics ဆိုတာ လူ့ခန္ဓါကိုယ်ကို အထူးသဖြင့်အစာခြေစနစ်ကျန်းမာရေးကို အကျိုးပြုနေတဲ့ အဏုဇီဝပိုးမွှားလေးတွေဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို ပဋိဇီဝပိုးသတ်ဆေးတွေကြောင့် ပျက်စီးသွားရတဲ့ အူတွင်းProbiotics တွေကို ဆေးတချို့နဲ့ အစားအစာတချို့ကနေ ရရှိနိုင်ပါတယ်။Probioticsတွေက အူတွင်းဘက်တီးရီးယားတွေကိုထိန်းညှိပေးပြီး ဝမ်းလျှောခြင်းလက္ခဏာတွေကို သက်သာလျော့ပါးအောင် ကူညီပေးပါတယ်။ ဗိုက်ထဲကပြဿနာတည်ငြိမ်သွားပြီဆိုရင်တော့ အစာခြေစနစ်က လုပ်ဆောင်ချက်ပုံမှန်ပြန်ဖြစ်လာနိုင်ပါတယ်။E. Coliပိုး လိုမျိုး အစာအဆိပ်သင့်စေတဲ့ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတဲ့ဝမ်းလျှောခြင်းတွေမှာဆိုလည်းProbioticsကရောဂါပိုးကိုနှိမ်နင်းပေးနိုင်ပါတယ်။ ဖြည့်စွက်ဆေးဝါးအနေနဲ့ထုတ်လုပ်ထားတဲ့ Probiotics တွေကို အသက်အရွယ်မရွေးသောက်သုံးလို့သင့်တော်ပါတယ်။Probiotics ကို နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ် နဲ့ အချဉ်တည်ထားတဲ့အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းလျှောခြင်းအမျိုးအစားကိုလိုက်ပြီး ကုသနိုင်တဲ့ Probiotics အမျိုးအစားကကွဲပြားပါတယ်။Probioticsတွေက ကလေးတွေဝမ်းလျှောတဲ့အခါ အကောင်းဆုံးကုသပေးနိုင်တယ်၊ အထူးသဖြင့်rotavirusကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်းမှာဆိုနေ့ဝက်ကနေ ၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်ပါတယ်။ဝမ်းပြဿနာမှာ Lactobacillus rhamnosus၊Lactobacillus reuteri တို့လိုProbioticsတွေက အကျိုးပြုဆုံးဖြစ်ပါတယ်။နေမကောင်းဖြစ်တဲ့အခါ ပဋိဇီဝပိုးသတ်ဆေးတွေက ခန္ဓါကိုယ်ထဲကရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးတယ်ဆိုပေမယ့် သူတို့က အကျိုးပြုဘက်တီးရီးယားတွေကိုပါသေစေနိုင်တာဖြစ်ပါတယ်။ ဒီလိုနဲ့ အူတွင်းဘက်တီးရီးယားတွေဟန်ချက်မညီမျှမှုဖြစ်စေပြီး ဝမ်းပျက်စေနိုင်ပါတယ်။ ပဋိဇီဝဆေးတွေရပ်လိုက်ပြီးနောက် Probioticsသောက်တဲ့သူတွေက ဒီလိုဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်နိုင်ခြေပိုနည်းပါတယ်။C. difficile ဘက်တီးရီးယားကြောင့် ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျှောခြင်း(တစ်ခါတရံအသက်အန္တရာယ်ရှိနိုင်)နဲ့ အူမကြီးရောင်ရမ်းခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။Probioticsတွေက ဒီလိုရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။Saccharomyces boulardiiProbiotic အမျိုးအစားက ဒီရောဂါပိုးမျိုးကို ခုခံတိုက်ဖျက်နိုင်တယ်လို့လေ့လာတွေ့ရှိမှုတွေက ဆိုပါတယ်။ အထူးသဖြင့် lactobacillus အမျိုးအစားတွေနဲ့ပေါင်းစပ်ရင် ပိုထိရောက်တယ်လို့သိရပါတယ်။အူနံရံရောင်ရမ်းခြင်း (ulcerative colitis) အတွက်လည်းProbiotics က ကူညီကုသပေးနိုင်ပါတယ်။Crohn’s disease(အစာအိမ်၊အူနံရံရောင်ရောဂါ) ကိုလည်း သက်သာစေနိုင်တယ်။Probiotics ကို ဒိန်ချဉ်နဲ့နို့ တို့လိုအစားအသောက်ကနေရရှိနိုင်သလိုဆေးပြား၊ဆေးတောင့်၊ဆေးရည်ပုံစံတွေနဲ့လည်းဖြည့်စွက်ဆေးဝါးအဖြစ်ရရှိနိုင်ပါတယ်။Lactobacillus reuteriProbiotic နဲ့ထုတ်လုပ်ထားတဲ့BioGaia Protectis ဆိုရင်ဆေးပြားပုံစံရော၊ ကလေးငယ်တွေအတွက်ဆေးရည်ပုံစံနဲ့ရော ရရှိနိုင်ပါတယ်။ BioGaia Protectisဆေးပြားကို ကလေး၊လူကြီးမရွေးသောက်သုံးနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေပါ တစ်နေ့တစ်လုံးကနေ နှစ်လုံးအထိ ဘေးကင်းစွာသောက်သုံးနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုလို့ အကြံပြုထားတဲ့ပမာဏထက်မကျော်ဘဲ နေ့စဉ်သောက်သုံးနိုင်ပါတယ်။ကလေးတွေအတွက်ဖြစ်တဲ့BioGaia Protectis drops ကတော့ ကလေးကိုတိုက်မယ့်နို့ဗူး သို့မဟုတ် မိခင်နို့ရည်ထဲဖြစ်ဖြစ်၊ ဖျော်ရည် တစ်ခုခု တစ်ဇွန်းစာလောက်မှာဖြစ်ဖြစ် တစ်နေ့တစ်ကြိမ် ၅ စက်ထည့်ပြီး တိုက်ကျွေးနိုင်ပါတယ်။ဆေးကြောင့် အနံ့အရသာပြောင်းလဲမှုရှိစေမှာမဟုတ်လို့ တိုက်ကျွေးရလွယ်ကူတဲ့ဆေးဖြစ်ပါတယ်။ Probiotics ဟာ ကလေးတွေ ဝမ်းပျက်တဲ့အခါ၊လေနာဝေဒနာခံစားရတဲ့အခါ အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics လို့ ပြောရတဲ့ အကြောင်းအရင်း သိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/probiotics-for-diarrhea/
ဆယ်ကျော်သက်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါ မိဘတွေလုပ်မိတတ်တဲ့ အမှားများ
သားသမီးတွေရဲ့ အနာဂတ်ဆိုတာမိဘတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်ကွပ်ကဲမှုအပေါ်မှာ အများကြီးမူတည်ပါတယ်။ အထူးသဖြင့်စိတ်ထိခိုက်လွယ်တဲ့ သမီးလေးတွေကို ဆုံးမသွန်သင်ရတာပိုပြီးခက်ခဲနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ဆယ်ကျော်သက်သမီးငယ်လေးတွေကို ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ဆုံးမ မလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ကြည့်လိုက်ရအောင်လား မေမေတို့ရေ…….။ဆယ်ကျော်သက်သမီးငယ်လေးကို ဆုံးမတဲ့အခါ ဒါမျိုးတွေများလုပ်မိနေလား မေမေတို့ ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ပါနော်။မိဘတွေအနေနဲ့ အခုပြောခဲ့သလိုအမှားတွေလုပ်မိတဲ့အခါ သမီးငယ်လေးတွေအနေနဲ့ လိုတာထက်ပိုပြီးစိတ်ဖိစီးမှုတွေဖြစ်လာနိုင်တဲ့အပြင် ဆုံးဖြတ်ချက်တွေမှားယွင်းတာ၊ မလိုလားအပ်တဲ့ပြဿနာတွေ ပိုဖြစ်လာတာတွေ တွေ့ကြုံရနိုင်ပါတယ်။အပေါ်မှာ ပြောခဲ့သလိုပြဿနာတွေ မေမေတို့နဲ့ သမီးငယ်လေးတို့ကြားမှာ ဆက်မဖြစ်စေဖို့ ဘာတွေလုပ်သင့်လဲဆိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။ပြဿနာတစ်ခုဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းတတ်အောင် သင်ပေးပါ– ကလေးတစ်ယောက်ကို အရွယ်မရောက်ခင်မှာ ပြဿနာတွေကိုဖြေရှင်းပေးတာမှန်တယ်ဆိုပေမယ့် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး အရည်အချင်းပြည့်ဝတဲ့ လေဒီလေးဖြစ်လာစေဖို့က ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းတတ်ဖို့လည်း လိုပါမယ်။ ဒါကြောင့် ထိုက်သင့်သလောက်အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးငယ်လေးကို ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ သင်ပေးဖို့ မမေ့ပါနဲ့။အစားအသောက်နဲ့ပတ်သက်ပြီး အစိုးရိမ်မလွန်အောင် ဂရုစိုက်ပါ– အပျိုဖော်ဝင်ချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးမှ သမီးလေးတွေက ကျန်းမာဖွံ့ဖြိုးတဲ့ လေဒီလေးဖြစ်လာမှာပါ။ ဒါကြောင့် ကလေးကို အစားအသောက်စားတာနဲ့ပတ်သက်ပြီး ဒါစားရင်တည့်ပါ့မလား။ စားလိုက်မိရင် ဘာဖြစ်မလဲမသိဘူးဆိုတာမျိုးဖြစ်အောင်မလုပ်မိပါစေနဲ့။ အာဟာရပြည့်ဝနေစေဖို့ပြင်ဆင်ပေးဖို့ကိုသာ အဓိကထားပါ။ အပျိုဖော်ဝင်ချိန်မှာ လိုအပ်တဲ့ အာဟာရတွေပြည့်စုံဖို့ဆိုရင် အပျိုဖော်ဝင်စ သမီးလေးတွေအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်မီအောင်ထည့်သွင်းထုတ်လုပ်ထားတဲ့Appetonရဲ့Ms. Teen ရှိပါတယ်။ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် အရိုးဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊သွေးအားနည်းပြဿနာကို ကာကွယ်ပေးတဲ့ သံဓါတ်စတာတွေပါဝင်တာကြောင့် လိုအပ်တဲ့ အာဟာရတွေပြည့်ဝအောင်ဖြည့်ပေးနိုင်မှာပါ။အဝတ်အစားဝတ်ပုံစားပုံက သင့်တင့်လျောက်ပတ်တဲ့အနေအထားဆိုရင် နားလည်ပေးလိုက်ပါ– အပျိုဖော်ဝင်ချိန်မှာ ခန္ဓါကိုယ်ပြောင်းလဲမှုနဲ့အတူ စိတ်အခြေအနေကလည်းပြောင်းလဲစပြုလာပါပြီ။ ဒီပြောင်းလဲမှုကြောင့် ပိုလှချင်လာမယ့် သမီးငယ်လေးရဲ့ ဝတ်စားဆင်ယင်မှုက အရမ်းအမြင်ရိုင်းနေတာမျိုးမဟုတ်ဘူးဆိုရင် စိတ်တိုင်းကျဝတ်ဆင်ခွင့်ပေးလိုက်ပါ။လိုတာထက်ပိုပြီး ဖိအားမပေးမိအောင် ဂရုစိုက်ပါ– ပညာရေးကစလို့ လူမှုဆက်ဆံရေးနယ်ပယ်အထိအစစအရာရာမှာ အတင်းအကြပ်ဖိအားပေးမိတာမျိုးမဖြစ်စေဖို့ ဂရုစိုက်ပါ။ ဒီလိုဖိအားပေးမှုက အပျိုဖော်ဝင်ချိန်မှာဖြစ်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နေရတဲ့ သမီးငယ်လေးတွေကို ပိုစိတ်ဖိစီးစေနိုင်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေရှိလာရင် သင်ပြပြောကြားပေးပါ– တွေ့ကြုံလာရမယ့် အပျိုဖော်ဝင်ချိန်ပြောင်းလဲမှုအပါအဝင် ခန္ဓါကိုယ်မှာ ခံစားရတဲ့ ပင်ပန်းမှုတွေ၊မအီမသာဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရင်ဖွင့်လာတဲ့အခါ မေမေတို့ဘက်က လိုအပ်တာတွေကို လုပ်ဆောင်ပေးပြီး ထိုက်သင့်တဲ့ သင်ပြမှုတွေကိုလုပ်ပေးဖို့ မပျက်ကွက်ပါစေနဲ့။တရားခံတစ်ယောက်လိုပြုမူတာတွေလျှော့ပါ– ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခတ်စောင့်ကြည့်ရင်း အပြစ်ပြောတာတွေကိုလျှော့ပါ။ ဒီလိုလုပ်ဆောင်မှုက ကလေးကို စိတ်ကျဉ်းကျပ်မှု စိတ်ဖိစီးမှုဖြစ်စေရုံကလွဲလို့ မိဘအတွက်ရောကလေးအတွက်ပါ အကျိုးထူးတစ်ခုမရှိပါဘူး။ အခန့်မသင့်ရင် ကလေးက လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်။မှန်ကန်တဲ့ ဆုံးမသွန်းသင်နည်းတွေနဲ့ အရွယ်ရောက်လာတဲ့သမီးလေးကို အကောင်းဆုံးပျိုးထောင်ပေးနိုင်ပါစေကြောင်း………။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad/
ဝက်ခြံ သက်သာစေမယ့် နည်းလမ်းလေးတွေ
ဝက်ခြံ မျက်နှာပေါ်က အလှပျက်စေတဲ့အရေပြားပြဿနာတစ်ခုပေါ့။ အရွယ်ရောက်လာလေ လှချင်လေလေပါဆိုမှဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ ဆယ်ကျော်သက်တွေ အများကြီးနော်။ဟော်မုန်းအပြောင်းအလဲကြောင့်ဆိုလို သည်းခံခဲ့ပေမယ့်။ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်သက်ရောက်တာတောင် သူတို့က မခွဲမခွာကိုယ့်အနားမှာရှိနေတာ ကစိတ်ပျက်စရာပါနော်။ တစ်ခါတလေများ မိုးလင်းအိပ်ရာနိုးနိုးချင်း မှန်ထဲကြည့်မိရင် သူတို့ကို အရင်မြင်မိတာ စိတ်ပျက် အားငယ်သလိုတောင်ဖြစ်မိတယ်ဟုတ်။ ကဲ ဝက်ခြံကြောင့် တစ်နေ့တာမှာ စိတ်ပျက်တာမျိုး မဖြစ်ရစေဖို့ အခုပြောပြတဲ့နည်းလေးတွေက ကူညီပေးနိုင်မှာပါ။မျက်နှာပေါ်က ဝက်ခြံ တွေကို ဆေးတွေသုံးပြီး ပျောက်အောင်လုပ်ချင်ပေမယ့်ဘေးထွက်ဆိုးကျိုးရှိလာမှာကို စိုးရိမ်သူတွေအတွက် သာဝ ပစ္စည်းလေးတွေသုံးပြီး သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းလေးတွေပြောပြမယ်နော်။သခွားသီး– မျက်နှာကို သန့်နေအောင်သစ်ပါ။ ပြီးရင် ခပ်ပါးပါးလွှာပြီး အအေးခံထားတဲ့ သခွားသီးကို မျက်နှာအနှံ့ကပ်ပေးပါ။ နာရီဝက်လောက်ထားပြီး ရေဆေးချလိုက်နော်။ တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပေးပါ။ရှားစောင်းလက်ပပ်– ရှားစောင်းလက်ပပ်အနှစ်ကလည်း ဝက်ခြံသက်သာစေပြီးအသားအရေကောင်းမွန်စေပါတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ရှားစောင်းလက်ပပ်ကပ်ပေးပြီး ဝက်ခြံတွေကို သက်သာအောင်လုပ်ကြည့်ပါ။ပျားရည်– စားရတာအရသာရှိသလို အရေပြားမှာလူးပေးရင်လည်း အသားအရေကောင်းမွန်စေပါတယ်။ ဝက်ခြံရှိသူတွေအနေနဲ့ ပျားရည်ကို ဂွမ်းစလေးနဲ့ယူပြီး ဝက်ခြံရှိတဲ့နေရာကို တို့ပေးပါ။ နာရီဝကလောက်ထားပြီးမှာ ရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။သံပုရာရည်– သံပုရည်ကို ဂွမ်းစလေးနဲ့ယူပြီး ညမအိပ်ခင်ဝက်ခြံပေါ်မှာတို့ထားပေးပါ။ မနက်နိုးလာရင် ရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးပါ။ပူစီနံ– လတ်လတ်ဆတ်ဆတ် ပူစီနံရွက်ကို ကြိတ်ခြေပြီး ဝက်ခြံပေါ်မှာ မိနစ် ၂၀ လောက်လိမ်းထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ နောက်ဆုံးမှာတော့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးလိုက်ပါ။ကြက်ဥအကာ– ကြက်ဥအကာရည်ကို မျက်နှာအနှံ့လူးပေးပြီး မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင်လက်ချောင်းလေးတွေနဲ့ မျက်နှာကို နှိပ်နယ်ပြီး ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီနည်းကလည်း ဝက်ခြံသက်သာစေပါတယ်။အခုလိုသဘာဝပစ္စည်းတွေကို အသုံးပြုပြီး တစ်ပတ်တစ်ကြိမ် တစ်ပတ်နှစ်ကြိမ်လောက်အထိမျက်နှာကို အာဟာရဖြည့်တင်း ပေါင်းတင်ပေးလို့ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/tips-for-acne-care/
မြန်မြန်နာလန်ထဖို့အတွက် ရေဓာတ်နဲ့ အာဟာရဓာတ်က ဘာကြောင့် အရေးပါသလဲ။
နေမကောင်းဖြစ်ပြီဆိုရင် အရမ်းစိတ်ညစ်ရတယ်နော်။ ကလေးတွေဆိုရင်လည်း ကျောင်းပျက်ရတယ်၊ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့လည်း မကစားရဘူး။ လူကြီးတွေဆိုရင်လည်း အလုပ်ပျက်ရတော့ ကိုယ့်ရဲ့ တာဝန်တွေ လစ်ဟင်းကုန်တယ်။မိသားစုဝင်တွေဆိုရင်လည်း ကိုယ့်ကို ပြုစုစောင့်ရှောက်ဖို့ သူတို့မှာ နဂိုရှိတဲ့ အလုပ်ထက် ပိုလုပ်ပြီး ဂရုစိုက်ပေးရတာပေါ့။ ဒါကြောင့် အကောင်းဆုံးကတော့ မဖျားမနာအောင် ကိုယ့်ဘက်က ကြိုတင်ကာကွယ်ပေးဖို့ပါပဲ။ဒါပေမယ့်လည်း ဘယ်လောက် ကျန်းမာနေတဲ့ လူပဲ ဖြစ်နေပါစေ၊ အနည်းဆုံး တစ်နှစ် တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ဖျားကြတာပါပဲ။ အပြင်မှာက လူပေါင်းစုံ၊ အရာဝတ္ထုပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အခါ ကိုယ့်ကိုရောဂါပိုးကူးစက်နိုင်ဖို့ အခွင့်အရေး များတာပေါ့။ နေမကောင်းဘူးဆိုရင် ရေများများသောက်ဖို့၊ အာဟာရပြည့်ဝဖို့ လိုအပ်တာလဲဆိုတာ  တွေးမိနေမယ်ဆိုရင် ဒီဆောင်းပါးက နားလည်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ရေဓာတ်နဲ့ အာဟာရဓာတ်ဆိုတာ လူတစ်ယောက် ကျန်းမာလာစေဖို့ လိုအပ်တဲ့အာဟာရဓာတ်ပြည့်ဝမှုကို အစာအာဟာရနဲ့ရေဓာတ်ဆိုပြီး အုပ်စု ၂ စုခွဲပြီး ရှင်းပြပေးချင်ပါတယ်။လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ကိုယ်စားလိုက်တဲ့ အစာအာဟာရကနေ ပြန်လည် ရရှိပါတယ်။ ခန္ဓာကိုယ်တွင်းဆဲလ်တွေ ပြုပြင်ထိန်းသိမ်းဖို့ ၊ ကိုယ်တွင်း အင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့၊ကိုယ်ခံအားကောင်းစေဖို့ အစရှိတဲ့ နေရာမှာလည်း အစာအာဟာရက အများကြီး အကျိုးကျေးဇူးပေးနိုင်ပါတယ်။ အထူးသဖြင့် နေမကောင်းတဲ့အချိန်မျိုးမှာ မြန်မြန် နေကောင်းသက်သာလာစေဖို့ အစာအာဟာရကို အများကြီး မှီခိုရပါတယ်။လူတွေက နေမကောင်းဖြစ်ပြီဆိုရင် အိပ်ရာထဲမှာပဲ မှိန်းပြီး ဘာမှ မစားမသောက်ဘဲ နေတတ်ကြပါတယ်။ အဲ့လို လုပ်ရင်တော့ ကိုယ့်ရဲ့ အဖျားက ထင်ထားတာထက်တောင် ပိုပြီး ကြာသွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်နော်။ ဒါကြောင့် မကျန်းမာဘူးဆိုရင် ကိုယ့်ကို အားရှိစေမယ့် အစားအစာတွေကို များများ စားပေးဖို့ လိုပါတယ်။ အသားဆိုရင်လည်း ဆီနဲ့ ကြော်တာ၊ ဟင်းချက်တာမျိုးထက်စာရင် အရည်၊ စွပ်ပြုတ်လိုမျိုး ဟင်းသီးဟင်းရွက်နဲ့ရောပြုတ်ပြီး သောက်တာ၊ အသီးအနှံတွေ များများစားပေးတာမျိုး လုပ်လို့ ရပါတယ်။ နေမကောင်းဖြစ်ပြီးချိန်မှာ အဓိက အာဟာရ ဖြစ်တဲ့ အစားအစာတွေကို ကောင်းကောင်း စားပေးမှ ကိုယ်ခန္ဓာက ပြန်လည် အလုပ်လုပ်နိုင်မယ်။ ကိုယ်ခံအားစနစ်ကိုလည်း အားဖြည့်ပေးရာ ရောက်လို့ ကိုယ်ထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေကို ခုခံတိုက်ထုတ်ပေးနိုင်မှာပါ။တစ်ခုသတိထားသင့်တာက အစားစားတိုင်းဆိုတာမျိုးမဟုတ်ဘဲ အာဟာရဓာတ်များတဲ့အစားအသောက်တွေကို စားသုံးဖို့လိုအပ်ပါတယ်။ အချိုများလွန်းတာ၊ အဆီများလွန်းတာ၊အသင့်စားအစားအသောက်တွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအသောက်တွေကို စားသုံးခြင်းက မြန်မြန်နေကောင်းဖို့ အထောက်အကူပြုနိုင်မှာမဟုတ်ပါဘူး။လူတိုင်းရဲ့ တစ်နေ့တာမှာ အစာအာဟာရ အပြင် နောက်ထပ် မဖြစ်မနေ လိုအပ်တာကတော့ ရေဓာတ်ပါပဲ။ အစားအစာက ကိုယ်ခန္ဓာကို လျင်မြန်စွာ အလုပ်လုပ်စေဖို့ ကူညီပေးတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့ ကိုယ်ခန္ဓာက အလုပ်လုပ်တဲ့အတွက် ချွေးပိုထွက်ပြီး ရေဓာတ် ဆုံးရှုံးပါတယ်။ ဒီလို ရေဓာတ် ဆုံးရှုံးရတဲ့အတွက် ကိုယ်က ရေများများ သောက်ပေးတာ၊ အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးခြင်းဖြင့် ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။နေမကောင်းတဲ့အခါမှာ ခန္ဓာကိုယ်က ခါတိုင်းအချိန်ထက် ရေဓာတ် ပိုဆုံးရှုံးပါတယ်။ အဓိကက ရေမသောက်တဲ့အတွက် လည်ချောင်းနဲ့ ခံတွင်းက ခြောက်ပြီး အဲ့နေရာမှာ ရောဂါပိုးမွှားတွေက သွားကပ်နေတယ်၊ ပိုးကောင်ရေကလည်း ပိုပြီး ပွားများလာပါတယ်။ ရေဓာတ် ခန်းခြောက်ခြင်းကြောင့်လည်း ကိုယ်ခံအားစနစ်က ခါတိုင်းထက် လုပ်ဆောင်ရည်အား ကျဆင်းသွားပြီး အဖျားတာကို ရှည်ကြာစေနိုင်ပါတယ်။ဒီအတွက် နေမကောင်းဖြစ်ရင်လည်း ရေများများ သောက်ပေးဖို့ လိုသလိုရေနွေးကြမ်း၊ ချင်းပြုတ်ရည်၊ ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးတာ၊ အရည်ရွှမ်းတဲ့ ဟင်းသီးဟင်းရွက်၊အသီးအနှံတွေစားသင့်ပါတယ်။အဓိက အစာအာဟာရဓာတ်နဲ့ ရေဓာတ် ပြည့်ဝမှုကို ဂရုစိုက်ပြီးအပြည့်အဝ အနားယူရပါမယ်။  တတ်နိုင်သလောက် အိပ်ပါ။ အလုပ်လုပ်စရာ ရှိရင်လည်း ခဏ နားထားပါ။ အိမ်တွင်း လေထုကို အေးမြစေပြီး ပိုးသန့်စင်ပေးမယ့် လေထုအစိုဓာတ်ထိန်းစက်တွေ ဝယ်တပ်ထားလို့လည်း ရပါတယ်။လေ့ကျင့်ခန်း၊ အားကစား  ပြင်းပြင်းထန်ထန် လုပ်တာမျိုး၊ အပြင်ထွက်တာ၊ တခြားလူတွေနဲ့ ထိတွေ့ဆက်ဆံတာမျိုးတွေ ရှောင်ပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/hydration-and-nutritions-are-essential-for-the-recovery/
ဝိတ်ချနေချိန်မှာ အဖျော်ယမကာသောက်သုံးလို့ရသလား?
“ခင်ဗျားဝိတ်ချနေတာနဲ့ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သောက်စားတာမျိုးကို ရပ်တန့်လိုက်စရာမလိုပါဘူး” လို့ ကိုယ်အလေးချိန် ထိန်းသိမ်းရေး ပညာရှင် အလိုနာ ဘန်ဇနယ်လီက ပြောဖူးပါတယ်။ယေဘုယျအားဖြင့်တော့ အရက်သေစာနဲ့ အဖျော်ယမကာ သောက်စားတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ခုပြောချင်တာကတော့ အလေးချိန်လည်းချချင်တယ်။အဖျော်ယမကာလေးလည်း တစ်ခါတစ်ရံ မှီဝဲချင်တယ်ဆိုတဲ့ သူတွေအတွက်ပါ။တကယ်တမ်းအားဖြင့် အယ်လ်ကိုဟောမှာကယ်လိုရီဓာတ်တွေ ပါဝင်ပြီးတော့ ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အမျှင်ဓာတ်တွေလည်း နည်းနည်းစီပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူတွေအနေနဲ့ သင့်တော်တဲ့ပမာဏမျိုးနဲ့ အဖျော်ယမကာသောက်သုံးတာမျိုးလုပ်ချင်တယ်ဆိုရင် လုပ်နိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အရက်အပါအဝင် အဖျော်ယမကာတွေကို သင့်တော်ရုံ ပမာဏမျိုး သောက်သုံးပေးခြင်းဟာ မိမိတို့ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီစားသုံးမှုကို အထောက်အကူဖြစ်စေပါတယ်။ကိုယ်အလေးချိန်လျှော့ချနေချိန်မျိုးမှာ ကယ်လိုရီသုံးစွဲမှုပမာဏကို အဆက်မပြတ် စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ဒါက အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်ကိုဝိုင်တစ်ခွက်လောက် သောက်သုံးပေးတာဟာ ဝိတ်ချနေသူတစ်ယောက်အတွက် ဘယ်လို အနှောင့်အယှက်မှ မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် တစ်ညကို ဝိုင် ၂ ခွက် ၃ ခွက်လောက် သောက်သုံးဖြစ်နေတယ်ဆိုရင်တော့ ကယ်လိုရီပမာဏ အများအပြားကို စုဆောင်းနေသလိုဖြစ်နိုင်ပြီးတော့ သင့်ရဲ့ ဝိတ်ချတဲ့ လုပ်ငန်းစဉ်ကို ထိခိုက်နိုင်စေပါတယ်။အကောင်းဆုံး အကြံပြုချက်ကတော့ တစ်ပတ်မှာ ၁.၅ အောင်စဝန်းကျင် ပမာဏရှိတဲ့ ဝိုင် ၂ ခွက် ဒါမှမဟုတ် ၃ ခွက်လောက် သောက်သုံးပေးတာကကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို ဝိတ်ချနေတာကိုလည်း ထိခိုက်စေမှာမဟုတ်ဘူးဆိုတာပါပဲ။ဝိတ်ချနေစဉ်ကာလတွေမှာ အဓိက ရှောင်ကြဉ်သင့်တာတွေကဘီယာနဲ့ ကော့တေးလ်လို အဖျော်ယမကာတွေပါပဲ။ နောက်ပြီး သကြားဓာတ်မြင့်မားစွာပါဝင်တဲ့ အချိုရည်တွေ၊ ဖျော်ရည်တွေဟာလည်း သင့်ရဲ့ ဝိတ်ချတဲ့ လုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးနိုင်ပါသေးတယ်။အကောင်းဆုံးကတော့ ဝိတ်ချနေစဉ်ကာလမှာ ဘယ်လို အဖျော်ယမကာကို သောက်သုံးသည်ဖြစ်စေ ဘယ်လောက် ကယ်လိုရီပမာဏပါဝင်တယ်ဆိုတာကို အရင် သတိထားဆန်းစစ်ပြီးမှ သောက်သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ လူကြိုက်များတဲ့ ကော့တေးလ်တွေဟာ ပမဏခပ်သေးသေးတစ်ခွက်ကိုတောင်မှ ကယ်လိုရီ ၅၀၀ ဝန်းကျင်လောက်ပါဝင်တတ်ကြပါတယ်။ အထူးသဖြင့် ရှရှားနဲ့ မာဂရီတာ့စ်လို ကော့တေးလ်မျိုးတွေမှာဆိုရင် သကြားအရည်နဲ့ခရင်မ်ပမာဏ အများအပြားပါဝင်နေတတ်ပါသေးတယ်။ အဲ့ဒီလို ကော့တေးလ်မျိုးတွေမှာ အယ်လ်ကိုဟောပမာဏလည်း အများအပြားပါဝင်နေပြီး ကယ်လိုရီလည်း ပုံမှန်ထက်ပိုများတတ်ပါတယ်။ကိုယ်အလေးချိန် ထိန်းသိမ်းရေးကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေအရဆိုရင်တော့ အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေ သောက်သုံးရာမှာ အကြိမ်ရေနဲ့ ပမာဏကို တိတိကျကျ သတ်မှတ်ချက်နဲ့ ချိန်ညှိသောက်သုံးဖို့လိုအပ်ကြောင်း အကြံပြုထားကြပါတယ်။ကယ်လိုရီပမာဏများပြားတဲ့ အဖျော်ယမကာမျိုးကို တစ်ပတ်တစ်ကြိမ်လောက် သောက်သုံးဖြစ်တာက ကိုယ့်ရဲ့ ကိုယ်အလေးချိန်လျှော့ချမှု လုပ်ငန်းစဉ်ကို ထိခိုက်စေမှာမဟုတ်သလို အဲ့အတွက် စိုးရိမ်ပူပန်မှုလည်းဖြစ်စရာမလိုအပ်ဘူးလို့ ကိုယ်အလေးချိန် ထိန်းသိမ်းရေး ပညာရှင် အလိုနာ ဘန်ဇနယ်လီက ဆိုခဲ့ပါတယ်။မြန်မာစကားပုံလေးလည်း ရှိတယ်လေ။ “တန်ဆေး လွန်ဘေး” လို့ ဆိုထားတယ်မဟုတ်လား။ ဘယ်အရာမဆို လွန်လွန်ကျူးကျူး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းပြုမူကြရင် အားလုံးအတွက် အကောင်းဆုံးပါပဲ။ ပြန်ချုပ်မယ်ဆိုရင်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%9d%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%bb%e1%80%94%e1%80%b1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%96%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba/
လေ့ကျင့်ခန်း စစလုပ်ချင်း ကြွက်သားနာကျင်ကိုက်ခဲတယ်ဆိုတာ
ဒီပြဿနာကို တစ်ခါမှလေ့ကျင့်ခန်းမလုပ်ဖူးသူတွေ Gym စဆော့လိုက်တဲ့အခါမျိုး၊ ပုံမှန်အားကစားတွေလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ရက်အနည်းငယ်နားလိုက်တယ်၊ ပြီးမှ ပြန်ဆော့ဖြစ်တဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။ကိုယ်အဓိက ဆော့လိုက်တဲ့ကြွက်သားနေရာများအပြင် ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး ညောင်းကိုက်နေတဲ့ ခံစားချက်မျိုးကို အဓိကတွေ့ရပါတယ်။ ပိန်တဲ့သူတွေ၊ ဝတဲ့သူတွေ၊ ကြွက်သားရှိခြင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်ဘဲ လူတိုင်းလိုလို ကြုံတွေ့ရတတ်ပါတယ်။ လူအများစုက ဒီလိုမျိုး နာနေတဲ့အချိန်အတွင်းမှာလေ့ကျင့်ခန်းလုပ်တာကို လုံးဝရပ်ပစ်လိုက်တာမျိုး၊ ခဏနားလိုက်တာ၊လေ့ကျင့်ခန်းကို အားစိုက်ပြီးမလုပ်တော့တာ၊အစားစားချင်စိတ်နည်းသွားလို့ လိုအပ်သလောက် မစားဘဲနေလိုက်တာမျိုး လုပ်တတ်ပါတယ်။လေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ဆော့တာဖြစ်စေ၊ အချိန်တစ်ခုနားပြီးတော့မှ ပြန်ဆော့တာဖြစ်စေ ဒီလိုကြွက်သားနာကျင်ကိုက်ခဲမှုမျိုး ခံစားရပါတယ်။ ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းအမျိုးအစားနဲ့ အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး လေ့ကျင့်ခန်း စလုပ်တဲ့ရက်ကနေ ၃ရက်အတွင်း ကိုက်ခဲနာကျင်လာတတ်ပါတယ်။ တချို့အခြေအနေမှာ ကိုယ်ပုံမှန်လုပ်နေကျထက် လေ့ကျင့်ခန်းအချိန်ကို တိုးမြှင့်လိုက်တာ၊အလေးတိုးဆော့တဲ့အခါမှာလည်း နာကျင်ကိုက်ခဲတတ်ပါတယ်။ဟုတ်ကဲ့ ပုံမှန် လူတိုင်းမှာဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။ ကြွက်သားတွေအနေနဲ့ အလုပ်မပေးဘဲ ငြိမ်နေတာကြာရာကနေ ရုတ်တရက် အလေးအပင်တွေ မလိုက်တာ၊လှုပ်ရှားလိုက်တဲ့အခါ အသားမကျသေးတဲ့အတွက် နာကျင်ကိုက်ခဲမှုဖြစ်ရတာပါ။လုံးဝအနားမယူသင့်ပါဘူး။ ဒီလိုနာကျင်ကိုက်ခဲမှုဖြစ်ပေါ်တာဟာ ကြွက်သားတွေအနေနဲ့ ပြင်ပက အားသက်ရောက်မှုနဲ့ အလုပ်လုပ်မှုကို အသားမကျသေးတာကြောင့် ဖြစ်ရတာပါ။ ကိုယ်က နေ့တိုင်းပုံမှန်လေး လေ့ကျင့်ခန်းလုပ်ပေးသွားတဲ့အခါမှသာ နာကျင်မှုက တဖြည်းဖြည်းနည်းသွားပြီး ပုံမှန်လိုပဲ ဆော့ကစားသွားနိုင်မှာပါ။ ဒါ့အပြင် ကိုယ်ဆော့နေတဲ့အလေးနဲ့ ဟန်ချက်ထိန်းနိုင်သွားပြီဆိုရင် အလေးတိုးဆော့ပေးခြင်းဖြင့်အဆီလောင်ကျွမ်းမှုနဲ့ကြွက်သားထုတက်စေဖို့ကိုလည်း လျင်မြန်သွားစေနိုင်ပါတယ်။အခြေအနေပေါ်မူတည်ပြီး ၃ရက်ကနေ ၅ရက်ထိသာ ကြာနိုင်ပါတယ်။ ဒီကြားထဲမှာ လေ့ကျင့်ခန်းကိုလည်း ပုံမှန်ဆော့ကစားပေးနေဖို့ အရေးကြီးပါတယ်။ ဒီတော့မှ နာကျင်ကိုက်ခဲတာ သက်သာသွားတဲ့အခါ ကိုယ်က အလေးကို ကောင်းကောင်းမပြီး ကစားပေးနိုင်မှာပါ။ အဲ့လို မဟုတ်ဘဲ နားလိုက်ရင် ပြန်ကစားတဲ့အခါ နဂိုအတိုင်း ဆက်ပြီးနာနေတော့မှာပါ။ကြီးကြီးမားမား ကျန်းမာရေးပြဿနာမဟုတ်တဲ့အတွက် ကုသပေးစရာ မလိုပါဘူး။ အိမ်တွင်းနည်းလမ်းများနဲ့ ကိုယ့်ဘာသာ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ဘာတွေ လုပ်ပေးလို့ရမလဲဆိုရင်။နောက်ထပ် ဂရုပြုသင့်တဲ့အရာတွေကတော့ လေ့ကျင့်ခန်း လုပ်နေစဉ် ကာလတစ်လျှောက်လုံးမှာ နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ။နောက်ဆုံးအနေနဲ့ အကြံပေးလိုတာက လေ့ကျင့်ခန်း စစလုပ်ချင်းဖြစ်စေ၊ ပြန်ပြီး လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ ကြွက်သားနာကျင်ကိုက်ခဲမှုဆိုတာ ရှောင်လွဲလို့မရတဲ့ ပြဿနာပါ။ ဒါကြောင့် လုံးဝဇွဲလျှော့ပြီး ရပ်လိုက်တာမျိုးမလုပ်ဘဲ ၅ရက်၊ တစ်ပတ်လောက်ကို သေချာသည်းခံပြီး လုပ်ပေးကြပါနော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%94%e1%80%ba%e1%80%b8-%e1%80%85%e1%80%85%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%84%e1%80%ba/
အသည်းရောင် အသားဝါ B ပိုးရှိနေပြီလား။ ဒီအချက်တွေ ကို သိထားပြီး လိုက်နာသင့်တယ်နော်။
အသည်းရောင် အသားဝါB ပိုးဆိုတာ အသံတိတ် လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့်သွေးစစ်ကြည့်မှ ရှိနေမှန်းသိသလို၊ တချို့ ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲB ပိုးရှိနေကြောင်း သိကြတာများပါတယ်။ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့ မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတေ့ာ။ ရှေ့လျှောက် ပိုမဆိုးလာအောင် ထိန်းဖို့၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့ လိုလာပါပြီ ။ဘယ်သူမှတော့ ကိုယ့်အသားကို အပ်နဲ့ထိုးပြီး သွေးထုတ်တဲ့ ကိစ္စကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် B ပိုးရှိသူတွေ အနေကျတော့ ရှိနေတဲ့ ပိုးကောင်ရေ ပမာဏကိုသိဖို့နဲ့အသည်းကို ထိခိုက်နေပြီလား သိဖို့အတွက် နှစ်စဉ် ဒါမှမဟုတ် ၆လတစ်ခါ သွေးစစ်ပေးဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ သွေးအဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုပုံစံကို ဆရာဝန်တွေက ပေးနိုင်မှာဖြစ်လို့ပါ။ ဒါကြောင့် သွေးဖောက်ဖို့ကို ကြောက်ပြီး သွေးမစစ်ဘဲ မနေပါနဲ့။နေမကောင်းဖြစ်လို့ ဆေးသောက်တဲ့အခါ သောက်ဖို့မေ့သွားတာ၊ ဆေးပတ်လည်အောင် မသောက်မိတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ သာမန်ဆေးတွေ ကတော့ ဘာမှမဖြစ်ပေမယ့် ဒီအသည်းရောင်အသားဝါB ပိုးကို ထိန်းမယ့်ဆေးကိုတော့ နေ့တိုင်း မမေ့မလျော့ ပုံမှန်သောက်ပေးဖို့ အရေးကြီးပါတယ်။ ဆေးသောက်ဖို့  ပျက်ကွက်သွားတာနဲ့ ကုသမှုမှာ အကျိုးလျော့သွားနိုင်သလို B ပိုးလည်း ဆေးနဲ့ယဉ်ပါးသွားဖို့ အခွင့်အရေးများသွားနိုင်ပြီး အသည်းကိုပိုပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သေချာ အချိန်တစ်ခုသတ်မှတ်ပြီး ဆေးကို မမေ့ဘဲပုံမှန်သောက်ပါ။အသည်းရောင် အသားဝါ B ပိုးဆိုတာ ရိုးရိုး သာမန်တုပ်ကွေးတွေလို ၁ ပတ်လောက် ဆေးသောက်လိုက်တာနဲ့တင် အနိုင်တိုက်လို့ ရတဲ့ ပိုးမျိုးမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ တွေးထားပါ။ B ပိုးကို နိုင်တဲ့ ဆေးတွေဖြစ်တဲ့ tenofovirတို့၊ entecavir တို့ဟာ အချိန်အကြာကြီး စွဲသောက်မှ ပိုးကောင်ရေကို လျှော့ချနိုင်ပြီးအသည်းထိခိုက်မှုနည်းအောင် ကာကွယ်ပေးနိုင်မှာပါ။ ဆေးကို ညွှန်ကြားတဲ့အတိုင်း စွဲမသောက်ဘဲ စိတ်မရှည်လို့ ကုသမှုမပြီးခင် ရပ်လိုက်လို့ကတော့ ပိုးကောင်ရေနဲ့ အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းဟာ အရင်ကထက် ပိုမြင့်တက်သွားပါလိမ့်မယ်။ ဒါကြောင့် ဆေးသောက်ဖို့ စိတ်ရှည်ပါ။အသည်းရောင်အသားဝါ B ပိုးက အသည်းကိုထိခိုက်စေတတ်ပြီး နောက်ဆုံးမှာ အသည်းကင်ဆာအထိ ပြောင်းလဲသွားစေတဲ့ အဓိက တရားခံပါ။ ဒါကြောင့် အသည်းကင်ဆာရှိမရှိ ပုံမှန် ဆေးစစ်ပါ။အာထရာဆောင်းရိုက်ပါ။ဒါဆို တစ်ခုမေးစရာတော့ရှိပါလိမ့်မယ့်။ Bပိုး ဗိုင်းရပ်စ်သတ်ဆေးသောက်နေတာပဲအသည်းကင်ဆာကို စိုးရိမ်စရာလိုမလားပေါ့။ B ပိုးသတ်ဆေးက အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းကို လျှော့ချပေးတာ မှန်ပေမယ့် လူနာက အသက်ကြီးနေရင်၊ မျိုးရိုးထဲမှာအသည်းကင်ဆာဖြစ်ဖူးတဲ့သူရှိနေရင် ၊ နဂိုတည်းက အသည်းခြောက်တဲ့ ဝေဒနာခံစားနေရရင် အချိန်မရွေး အသည်းကင်ဆာ ဖြစ်နိုင်တာကြောင့် ကြိုပြီး သိထားလို့ရအောင် စစ်ဆေးကြည့်တာ မမှားပါဘူး။ စောစောသိတော့ စောစော ကုသမှုခံယူလို့ရတာပေါ့။ စစ်ဆေးမှုကြောင့် ပိုက်ဆံကုန်မှာကို မမြင်ပါနဲ့။လူတိုင်းကတော့ ကိုယ်ဖြစ်နေတဲ့ ရောဂါ လုံးဝ အမြစ်ပြတ်ပြီး အမြန်ပျောက်ချင်တဲ့ သူချည်းပါပဲ။ ဒီတော့ ကောင်းပေ့၊ စွမ်းပေ့ဆိုတဲ့ ဆေးတွေကို လျှောက်စမ်းကြတာကို အပြစ်ပြောလို့တော့မရပါဘူး။ ဒါပေမယ့် တစ်ခုစဉ်းစားရမှာက အခြားလူတွေညွှန်းတဲ့ လေ့လာချက်တွေ သေချာလုပ်မထားတဲ့ ဆေးကိုရွေးမလား၊ လေ့လာစမ်းသပ်မှုတွေ သေချာလုပ်ထားတဲ့ ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို သောက်မလားဆိုတာပါ။တစ်ချက်တည်းနဲ့ B ပိုးကို အနိုင်တိုက်နိုင်တဲ့ မှော်ဆေးဆိုတာ မရှိပါဘူး။ စိတ်ရှည်ရှည်နဲ့ ဆေးကုသမှုကိုသေချာခံယူပြီး အစားအသောက်၊ လူနေမှုပုံစံတွေကို ထိန်းပါမှ B ပိုးကို အနိုင်တိုက်နိုင်မှာပါ။အမေရိကန်နိုင်ငံ B ပိုးသုတေသန ဌာနကပြောကြားချက်တွေအရကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မှာ B ပိုးကောင်ရေ 200,000 IU/mL ထက်များနေရင် tenofovir တို့ telbivudine လို ပိုးသတ်ဆေးတွေကို ကိုယ်ဝန်ပတ်၂၈ပတ်လောက်မှာ စသောက်လို့ရပါတယ်လို့ ဆိုပါတယ်။ ဒီဆေးတွေဟာ သင့်ဗိုက်ထဲက ကလေးကိုထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါ့ပြင် မီးဖွားပြီးပြီးချင်း ၁၂ နာရီအတွင်း ကလေးကို Bပိုး ကာကွယ်ဆေးနဲ့ ပဋိပစ္စည်းတွေ ထိုးပေးလိုက်ရင် ကလေးဆီ B ပိုးကူးစက်နိုင်ချေက သိသိသာသာနည်းသွားမှာ ဖြစ်ပါတယ်။B ပိုးဟာ သွေးတို့၊ ချွေးတို့ ၊ တံတွေးတို့လို ကိုယ့်ခန္ဓာကနေထွက်တဲ့ အရည်တွေကနေ တစ်ဆင့်၊လိင်ဆက်ဆံရာကတစ်ဆင့်၊ ဆေးထိုးအပ်ကနေ တစ်ဆင့် ကူးစက်တတ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီတော့ သွားပွတ်တံ တစ်ခုတည်းကို တူတူသုံးတာ၊ ဆေးထိုးအပ်တစ်ခုတည်းကို မျှသုံးတာ၊ အကာအကွယ် မပါဘဲလိင်ဆက်ဆံတာမျိုးတွေကို ကိုယ့်ဘက်နေ စပြီးစည်းထား ရှောင်ရပါမယ်။B ပိုးဟာ သူများကို ကူးစက်နိုင်တဲ့ ရောဂါဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာB ပိုးရှိလို့ဆိုပြီး စိတ်ပျက် အားငယ်မသွားလိုက်ပါနဲ့။ ဆေးမှန်မှန်သောက်သွားရင် ပိုးကောင်ရေကို ထိန်းထားပေးသွားမှာ ဖြစ်လို့ အခြားသူဆီကို ကူးစက်နိုင်ချေလည်း နည်းပါးသွားပါလိမ့်မယ်။ B ပိုးရှိနေလို့ဆိုပြီး ကိုယ့်ရဲ့ အလုပ်၊ အိပ်မက်၊ ပညာရေးအားလုံးကို စွန့်လွှတ်လိုက်စရာ မလိုပါဘူး။ကိုယ့်မှာကူးစက်တတ်တဲ့ ရောဂါပိုးတစ်ခုရှိနေကြောင်း ဖွင့်ပြောဖို့ကို လူတိုင်းဝန်လေးကြပါတယ်။ ဒါပေမယ့်လည်း ချွေးတို့၊ တံတွေးတို့၊ လိင်ဆက်ဆံတာတို့ကနေ B ပိုးက ကူးစက်တတ်တယ်ဆိုတော့ မိသားစုဝင်တွေ၊ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ရောဂါအကြောင်း ကြိုပြီး ပြောထားဖို့လိုပါတယ်။ ဒါမှ သူတို့လည်း ကြိုတင်စစ်ဆေးမှုတွေ ပြုလုပ်မိမှာဖြစ်ပြီး ရှိနေခဲ့ရင်လည်း ကုသမှုကို စောစောခံယူနိုင်တာကြောင့် ဆိုးဝါးတဲ့ အခြေအနေတွေကို ရှောင်လွှဲပြီးသား ဖြစ်မှာပါ။ဒါ့ပြင် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါမှာလည်း မိမိမှာ B ပိုးရှိတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုပါတယ်။ ဒါမှသူတို့လည်း သတိထားပြီး မကူးစက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/living-wth-hepatitis-b/
ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဗီတာမင် C တွေ လွန်လွန်ကဲကဲ မှီဝဲမိတဲ့အခါ
ဗီတာမင် Cဟာကိုယ်ခံအားစနစ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C က ဝိတ်ကျစေတယ်လို့လည်း လူသိများပါတယ်။ တကယ်တော့ ဗီတာမင် C က သွေးတွင်းထဲကကိုလက်စထရောကို လျှော့ချပေးတာပါ။ ကိုယ်အလေးချိန်ကို လျှော့ချပေးတာမဟုတ်ပါဘူး။ဒါပေမယ့်လည်း ဗီတာမင် C ဟာ လူ့ကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာကတော့ သေချာပါတယ်။ ဗီတာမင် C ကို မှန်ကန်စွာ မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ဒီလိုအကျိုးကျေးဇူးများပြားလှတဲ့အတွက်ကြောင့်လည်း လူတွေက ဗီတာမင် C ကို လိုအပ်တာထက်ပိုပြီး မှီဝဲတာမျိုးတွေ ပြုလုပ်လာကြပါတယ်။အထူးသဖြင့် ယခုလို COVID-19 ကာလမျိုးမှာ ဗီတာမင် C ဓာတ်က ကိုယ်ခံအားကောင်းမွန်စေတယ်ဆိုတဲ့အချက်ကြောင့် ပုံမှန်မှီဝဲနေတဲ့အစားအစာတွေအပြင် ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေကိုပါ အသုံးချပြီး ဗီတာမင် C ကို မှီဝဲလာကြတာပါ။ဗီတာမင် C ဟာ ကျန်းမာရေးကို အကျိုးပြုပေမယ့် အလွန်အကျွံမှီဝဲမိရင် ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ဒီအချက်ကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ဗီတာမင် C လို့ လူသိများတဲ့ ဗီတာမင်ဓာတ်က ရေမှာပျော်ဝင်နိုင်တဲ့Ascorbic acidကိုခေါ်ဆိုတာဖြစ်ပါတယ်။ အသီးအနှံတွေနဲ့ ဟင်းရွက်တွေမှာ အဓိကပါရှိပါတယ်။ နေ့စဉ်လုံလောက်မျှတစွာ မှီဝဲစားသောက်ပေးမယ်ဆိုရင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့် ကိုယ်ခံအားစနစ်ကို အထောက်အကူဖြစ်ပေါတယ်။ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ နေ့စဉ် ဗီတာမင် C လိုအပ်ချက်က အနည်းဆုံး ၁၀၀ မီလီဂရမ် ဝန်းကျင်ဖြစ်ပါတယ်။ သူ့ရဲ့ အလွယ်တကူပျော်ဝင်နိုင်တဲ့ အစွမ်းသတ္တိကြောင့် ခန္ဓာကိုယ်က အများဆုံးလက်ခံနိုင်တဲ့ ပမာဏက ၂၀၀၀ မီလီဂရမ်ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း ၁၀၀ မီလီဂရမ် ပမာဏနေ့စဉ် မှီဝဲနိုင်နေဖို့ လိုအပ်တာပါ။ဒါပေမယ့် တကယ်လို့များ အမြင့်ဆုံးပမာဏထက်ပိုပြီး မှီဝဲမိတဲ့အခါမျိုးမှာ ဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့။ဒါက ချက်ခြင်းခံစားရမယ့် ဝေဒနာတွေဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက်ဖြစ်လာရင်၊ ဗီတာမင် C လွန်ကဲမှု (Vitamin C Overdose) ဖြစ်လာရင်တော့ အောက်ပါ နာတာရှည်ဝေဒနာတွေကိုပါ ကြုံဆုံရနိုင်ပါတယ်။ဒါကြောင့် ဗီတာမင် C ကို မှီဝဲရာမှာ သတိထားဖို့နဲ့ သဘာဝအစားအစာတွေကနေသာ အဓိကမှီဝဲဖို့တိုက်တွန်းလိုပါတယ်။ သဘာဝအစားအစာတွေမှာပါရှိတဲ့ ဗီတာမင် C ပမာဏဟာ လူတစ်ယောက်နေ့စဉ်လိုအပ်တာထက်ပိုလျှံနေတာမျိုးဖြစ်နိုင်ခြေမရှိပေမယ့် ဆေးဝါးတွေကနေတဆင့် မှီဝဲမယ်ဆိုရင်တော့ လွန်ကဲတာမျိုးဖြစ်နိုင်ခြေပိုများပါတယ်။ဆေးဝါးကနေတဆင့် ဗီတာမင် C ကို မှီဝဲမယ်ဆိုရင်အောက်ပါလူမျိုးတွေကိုသာ မှီဝဲစေသင့်တယ်လို့ ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။ သူတို့တွေကတော့။ဒါကြောင့် ဗီတာမင် C ကို ညီညွတ်မျှတစွာမှီဝဲပြီး ခန္ဓာကိုယ်ကြီး ကိုယ်ခံအားကောင်းမွန်ကာ ကျန်းမာသန်စွမ်းစေဖို့ အသုံးချနိုင်ကြပါ။ တစ်ဖက်မှာလည်း တန်ဆေး လွန်ဘေးဆိုတာကို မမေ့ဖို့ သတိပေးစကားဆိုပါရစေ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/is-it-possible-to-have-a-vitamin-c-overdose/
Cardio ကစား ခြင်းရဲ့ အကျိုးကျေးဇူးများ
လေ့ကျင့်ခန်းတွေ အများကြီးရှိတဲ့ထဲကမှ သဘောကျတဲ့ လေ့ကျင့်ခန်းကယောဂလည်း မဟုတ်ဘူး။ ရေကူး၊ စက်ဘီးနင်းတာလည်း မဟုတ်ဘဲ Cardio ကစား တာဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။Cardioလုပ်ရင်း ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိရှိပြီး ထိရောက် အကျိုးရှိစွာ လေ့ကျင့်နိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။Cardio ကစားတဲ့အခါ။ဦးနှောက် ကျန်းမာစေဖို့ဆိုရင် cardioကစားသင့်ပါတယ်။ အကြောင်းကတော့ကိုယ်လက်လှုပ်ရှားတာကမှတ်ဉာဏ်ချို့ယွင်းမှုပြဿနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့ပါ။ဒါတင်မကပါဘူး။ မှတ်ဉာဏ်ကောင်းစေပြီးစဉ်းစားတွေးခေါ်နိုင်မှုကောင်းစေတယ်။ ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် လေမဖြတ်စေဖို့ ကာကွယ်ပေးတယ်။အသက်အရွယ်ကြောင့်မှတ်မိနိုင်စွမ်းကျဆင်းတာကိုကာကွယ်ပေးပြီးအယ်လ်ဇိုင်းမားမဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာက အရိုးအဆစ်တွေကို ကျန်းမာစေဖို့လည်း ထောက်ပံ့ပေးပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့အရိုးပါးတာ၊အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အရိုးကျိုးတာ၊ အက်တာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။အဆစ်ရောင်နာ ရှိသူတွေမှာလည်း နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။Cardio ကစားတာက ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံး နည်းလမ်းဆိုတာ သိထားပြီး ဖြစ်မှာပါ။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေဆီ သွေးနဲ့အောက်ဆီဂျင်စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ပုံမှန် လုပ်ပေးမယ်ဆိုရင် သန်မာတဲ့ ကြွက်သားတွေကို ဖြစ်ပေါ်စေမှာပါ။ဒါတင်မကသေးပါဘူး။ လေ့ကျင့်ခန်းလုပ်တာက ကြွက်သားဖြစ်ပေါ်စေမှုနဲ့အတူ အဆီတွေကို လောင်ကျွမ်းပေးတာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ကျစ်လျစ် ကျန်းမာတဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာပါ။Cardio ကစား တာက အရေပြားက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားရာ ရောက်သလို အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။ ဒီလို သွေးစီးဆင်းရောက်ရှိတာက အရေပြားကို ကျန်းမာစေပါတယ်။လေ့ကျင့်ခန်းလုပ်တာက အသားအရေကို ကျန်းမာစေတာအပြင် နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ဆီးချိုမဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာနဲ့ အခြားသောနာတာရှည်ရောဂါတွေ အန္တရာယ်ကနေလည်း ကာကွယ်ပေးပါသေးတယ်။ပန်ကရိယက စားသုံးလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စေဖို့ အစာချေဖျက်ရာမှာ ကူညီပေးတဲ့ အစိတ်အပိုင်းပါ။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးတဲ့တာဝန်ကိုလည်း ယူထားပါသေးတယ်။ Cardio ကစားတာက ပန်ကရိယကို ကျန်းမာစေတာကြောင့် အမျိုးအစား (၂) ဆီးချို မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။သွေးတွင်း ကိုလက်စထရောပမာဏကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။Cardio ကစား တာက အဆုတ်တွေဆီကို အောက်ဆီဂျင်နဲ့ သွေးလုံလောက်စွာ ရောက်ရှိစေပါတယ်။ အဆုတ်ထဲက ချွဲနဲ့ အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပြီး အဆုတ် ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ အသက်ရှူလမ်း​ကြောင်းကို ကျန်းမာစေသလို အဆုတ် ကျန်းမာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။ဒါတွေအပြင် လေ့ကျင့်ခန်းလုပ်တာကစိတ်ခံစားမှုကောင်းမွန်စေသလို ညဘက်တွေမှာ အိပ်ပျော်စေဖို့နဲ့ အင်အားပြည့်ဝနေစေဖို့ပါ အထောက်အပံ့ပေးပါသေးတယ်။ ကိုယ်ခံအားရော သက်လုံကိုပါ အားဖြည့်ပေးမှတော့ Cardio က လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုပေါ့။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/cardio-exercise-benefits/
ယောဂ နှင့် ကျန်းမာရေးအကျိုးအာနိသင်
ယောဂဟာ ကိုယ်နေဟန်ထားတွေနဲ့ ဆက်စပ်နေတာကြောင့် သူ့ရဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ်ခန္ဓါကိုပဲ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ အယူအဆအများတွေ ရှိနေကြပါတယ် ။ ဒါပေမယ့် ယောဂရဲ့ ကိုယ်နေဟန်ထားတိုင်းဟာ ပိုမို လေးနက်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ဥပမာ – downward-facing dog posture ဟာ ကိုယ်ခန္ဓါကို အားအင်ပြည့်စေခြင်း၊ ဦးနှောက်ကို တည်ငြိမ်စေခြင်း၊ အစာခြေခြင်းကို တိုးတက်စေခြင်း၊ လက်၊ ခြေထောက်တွေကို ကျန်းမာသန်စွမ်းစေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သူဟာ သွေးတိုးတတ်တဲ့သူတွေအတွက်လည်း အလွန်အကျိုးရှိပါတယ်။ ဒါအကုန်မဟုတ်သေးပါဘူး။ ယောဂကျင့်စဉ်ရဲ့ အသေးစိတ် လုပ်ကိုင်ပုံတစ်ခုစီဟာ ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုစီကို ဖေါ်ပြပါတယ်။ ဥပမာ ယောဂဟာ။ကိုယ်ခန္ဓါ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ကိုယ်ခန္ဓါနဲ့စိတ်ဟာ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ မညီမျှမှုဟာ ကိုယ်ခန္ဓါကိုလည်း မညီမျှမှု ဖြစ်စေပါယတ်။ ဒါကို စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ရောဂါလို့ ခေါ်ပါတယ်။ယောဂကျင့်စဉ်ဟာ ကိုယ်ခန္ဓါ အင်္ဂါအစိတ်အပိုင်းတွေကို နှိပ်ပေးပြီးတော့ သွေးလှည့်ပတ်မှု တိုးတက်စေပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဒါ့ပြင် ယောဂဟာ ပြန်ရည်ကြော စနစ်လည်ပတ်မှုကိုပါ တိုးတက်စေတာမို့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို ကိုယ်ခန္ဓါအပြင်ကို စွန့်ထုတ်ပေးပါတယ်။ဒီအကျိုးကျေးဇူးတွေဟာ ကိုယ်ခန္ဓါက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအား မြင့်တက်စေပါတယ်။စိတ်ကြည်လင်စေပြီး စိတ်ဖိစီးမှု ပမာဏ လျော့ကျစေပါတယ်။ယောဂကျင့်စဉ်တွေဟာ အသက်ရှူပုံကို အာရုံစိုက်တဲ့ တရားမှတ်နည်းအချို့ကို အသုံးပြုထားပါတယ်။ ဒီနည်းတွေဟာ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှု လျော့ကျစေကာ သင့်ကို အပန်းပြေစေပါတယ်။ ဒါဟာ ဦးနှောက်ကို အောက်စီဂျင်ပမာဏ ပိုရောက်စေပြီး ပိုမိုပျော်ရွှင်စေကာ ဘဝကို ကျေနပ်မှုပိုမို ရရှိစေပါတယ်။ စိတ်ဖိစီးမှု ပမာဏကို လျှောချပေးတာမို့ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ဒဏ်ရာရနှုန်းကို လျော့ကျစေပါတယ်။ပြေးခြင်းလိုမျိုး အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ အားပါပြီး လျင်မြန်တဲ့ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ ဒါတွေကို လုပ်နိုင်ဖို့အတွက် အားအဆုံးထိ စိုက်ထုတ်ရတာကြောင့် ကြွက်သာ တင်းရင်မှုနဲ့ ဒဏ်ရာရရှိမှုတွေကို မြင့်တက်စေပါတယ်။ ယောဂဟာ ကိုယ်ခန္ဓါနဲ့ စိတ်ညီမျှမှုကို အဓိကထားပါတယ်။ သူဟာ ကြွက်သားတွေကို ညင်သာစွာ လှုပ်ရှားစေပြီး ဒဏ်ရာရမှုကို လျော့ကျစေတဲ့ အစွမ်း ရှိပါတယ်။ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။အဝလွန်ခြင်းဟာ နေ့စဉ်ဘဝရဲ့ မညီမျှမှုတစ်ခုကို ညွှန်ပြတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကိုယ်အလေးချိန်တက်တာကို ဖြစ်စေတာကတော့ စိတ်ဖိစီးမှုက အဓိက ဖြစ်ပါတယ်။ ယောဂ ကစားခြင်းဟာ ကိုယ်ခန္ဓါနဲ့ စိတ်ကို အပန်းပြေစေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပြီး မလိုချင်တဲ့ ကိုယ်အလေးချိန်တွေကို လျော့ကျလာပါလိမ့်မယ်။သွေးပေါင်ကျစေပြီး အသက်ရှူခြင်းကို ကူညီပေးပါတယ်။နေ့စဉ် ယောဂကျင့်မယ်ဆိုရင် အသက်ပြင်းထန်စွာ ရှူခြင်းကြောင့် အဆုတ်ရဲ့ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းဟာ တိုးတက်လာပါလိမ့်မယ်။ ဒါ့ပြင် ယောဂဟာ နှလုံးခုန်နှုန်းကို နှေးစေပြီး သွေးပေါင်ကျစေပါတယ်။ ဒါဟာ ကိုယ်ခံအားစနစ်ကို တိုးတက်စေပြီး ကော်လက်စထရောကို ကျဆင်းစေပါတယ်။လေ့ကျင့်စဉ်တွေထဲက အကောင်းဆုံးကို ရယူပါ။ယောဂဟာ တရားထိုင်သလိုမျိုး အကျိုးကျေးဇူးရှိပါတယ်။ ဒါပေမယ့် သင့်အဝတ်အစားတွေဟာ သက်တောင့်သက်သာ မရှိဘူးဆိုရင် အာရုံစိုက်ဖို့ ခက်ခဲပါလိမ့်မယ်။ မှန်ကန်တဲ့ ယောဂ အဝတ်အစားတွေဟာ သင့် အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်ပါတယ်။မှန်ကန်တဲ့ ယောဂအဝတ်အစားတွေ ရှာဖွေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ယောဂရဲ့ အကျိုးကျေးဇူးတွေဟာ အလွန်များပြားပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပုံမှန်လေ့ကျင့်မှ ရရှိမယ်ဆိုတာကိုတော့ မမေ့လျော့သင့်ပါဘူး။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%b1%e1%80%9a%e1%80%ac%e1%80%82-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%80%e1%80%ba/
အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ
အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ က ဘာတွေလဲ ဆိုတာကို သိပြီးပြီလား။ လူတွေများ သူတို့စားချင်ပြီဆို အစာလည်းဆေး၊ ဆေးလည်းအစာလို့ ပြောကြတယ်။ ဒါကတည့်တယ် စားလို့ရတယ်၊ အသည်းအတွက်ကောင်းတယ်၊ အဆုတ်အတွက်ကောင်းတယ်နဲ့။ ကိုယ်ကြိုက်တဲ့အစားအစာတွေကို ဒီလိုပဲစိတ်ဖြေ၊ နာမည်ကောက်တပ်ပြီး စားပစ်လိုက်တာပဲ။ ကိုယ်သည်သာ ကိုယ့်ဆရာဝန်ပဲ။ ဟုတ်တယ်မလား တော်တော်များများ။ဘယ်အစားအစာက ဘယ်အတွက် ကောင်းကျိုးပြုတာလဲ၊ ဆိုးကျိုးပြုတာလဲ တကယ်ရော သိပြီလား။ အချိန်ယူပြီး သုတေသနပြု၊ လေ့လာထားကြတဲ့ အထောက်အထားတွေကို အခြေခံတဲ့ ကျန်းမာရေးအကြံပြုချက်တွေကို ရှာဖတ်ပါလေ။ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေဆီကပေါ့။ အွန်လိုင်းမှာရေးသမျှ ဆေးမြီးတိုတွေကို မဆိုလိုပါဘူးနော်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးအတွက် အစားအသောက်တွေ ရှာဖွေခွဲခြမ်းပြရရင် ဆုံးမှာကိုမဟုတ်လို့ ဒီတစ်ခါတော့ အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံးအစားအစာတွေ ပြောပြပေးပါမယ်။ တစ်ခုချင်းစီမှာပဲ ရှင်းပြထားမှာမို့လို့ ဘယ်ဟာက ဘာဖြစ်မလဲ ဝင်ဖတ်ကြည့်လိုက်ဦးနော်။အသည်းအတွက် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်များ ကတော့။အမျှင်ဓာတ်များတဲ့ အစားအစာတွေက အသည်းရဲ့လုပ်ဆောင်ချက်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ မနက်စာတည်းက အုတ်ဂျုံနဲ့ တစ်နေ့တာကို အစပြုရတာ ကောင်းပါတယ်။ သုတေသနတွေအရ အုတ်ဂျုံဟာ ခန္ဓာကိုယ်အဆီ၊ ဗိုက်အဆီကိုကျစေနိုင်တယ်ဆိုတော့ အသည်းအဆီဖုံးရောဂါကိုလည်း ကာကွယ်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။အာလူးချောင်းကြော်နဲ့ ဘာဂါတွေက အသည်းကျန်းမာရေးအတွက် မကောင်းတဲ့အရာတွေပါ။ ပြည့်ဝဆီတွေများတဲ့ အစားအစာတွေ စားတာများရင် အသည်းရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရောင်ရမ်းမှုတွေဖြစ်စေနိုင်ပြီး အသည်းကို အရွတ်ဖြစ်စေမယ်၊ အသည်းခြောက်လာစေနိုင်တယ်။အသည်းကျန်းမာချင်တယ်ဆိုရင် ဟင်းသီးဟင်းရွက်တွေများများစားပါ။ အဲဒီထဲကမှ ပန်းဂေါ်ဖီစိမ်းက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေက ပြောထားပါတယ်။ကော်ဖီက အသည်းအတွက် ကောင်းကျိုးဖြစ်စေတယ်ဆိုတာ ကော်ဖီချစ်သူတွေအတွက် သတင်းကောင်းပါပဲ။ တစ်နေ့ကို ကော်ဖီနှစ်ခွက်၊ သုံးခွက်သောက်ရင် အရက်သောက်ခြင်း သို့မဟုတ် အစားအစာကြောင့် အသည်းထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြပေးပါတယ်။ အသည်းကင်ဆာဖြစ်နိုင်ခြေကိုလည်း ပိုနည်းစေနိုင်တယ်လို့ သုတေသနတချို့က ဆိုပါတယ်။အချိုစားတာများလွန်းရင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ သကြားဓာတ်ကို အဆီအဖြစ်ပြောင်းလဲပေးရတာက အသည်းရဲ့ လုပ်ဆောင်ချက်တစ်စိတ်တစ်ပိုင်းမို့ အလွန်အကျွံလုပ်ရတဲ့အခါ ကြာလာရင် အသည်းအဆီဖုံးရောဂါလို မူမမှန်ပြောင်းလဲမှုတွေဖြစ်လာစေနိုင်ပါတယ်။လက်ဖက်စိမ်းမှာ catechins လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြောင့် အသည်းကင်ဆာအပါအဝင် ကင်ဆာတချို့ကို ကာကွယ်နိုင်ပါတယ်။ ပူပူလေး၊ နွေးနွေးလေးသောက်မှသာ လက်ဖက်စိမ်းရဲ့ ဒီအာနိသင်ကို ပိုရနိုင်မှာပါ။ လက်ဖက်စိမ်းကို အအေးတွေ၊ အသင့်သောက်လက်ဖက်စိမ်းရည်တွေနဲ့ဆို ပမာဏရရှိမှုနည်းပါတယ်။အသည်းအတွက် ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းတာပဲဖြစ်ပါတယ်။ ဂက်စ်ပါတဲ့အချိုရည်တွေနဲ့ စွမ်းအားဖြည့်အချိုရည်တွေသောက်မယ့်အစား ရေသောက်တတ်တဲ့အကျင့်လုပ်ပါ။ တစ်နေ့တာမှာ ကယ်လိုရီဘယ်လောက်လျှော့နိုင်လဲဆိုတာ အံ့သြရပါလိမ့်မယ်။အစေ့အဆန်တွေ၊ အထူးသဖြင့် ဗာဒံစေ့တွေက အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်တဲ့ ဗီတာမင် E ကြွယ်ဝတဲ့အရင်းအမြစ်တွေ ဖြစ်ပါတယ်။ ဗာဒံစေ့က နှလုံးကျန်းမာရေးအတွက်လည်း ကောင်းတယ်ဆိုတော့ အပျင်းပြေဝါးရင်တောင် အကျိုးကျေးဇူးရှိနိုင်ပါတယ်။ခန္ဓာကိုယ်က အငန်ဓာတ်နည်းနည်းလိုအပ်တယ်ဆိုပေမယ့် သိပ်များလို့တော့မကောင်းပါဘူး။ လေ့လာမှုတစ်ခုအရ ဆိုဒီယမ်များတဲ့အစားအစာတွေက အသည်းခြောက်ခြင်းရဲ့ ရှေ့ပြေးအဆင့်ဖြစ်တဲ့ fibrosis ကိုဖြစ်လာစေနိုင်ပါတယ်။ ပြုပြင်စီမံထားတဲ့စားစရာတွေကလည်း အငန်ပါဝင်မှုများတာကြောင့် ရှောင်ပါ၊ လျှော့စားပါ။ဟင်းနုနွယ်လို အစိမ်းရောင်အသီးအရွက်တွေမှာ glutathione လို့ခေါ်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့အတွက် အသည်းကျန်းမာစေနိုင်ပါတယ်။ဘလူးဘယ်ရီမှာပါတဲ့ polyphenols က အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်နိုင်ပါတယ်။ အဲဒီကတဆင့် အဝလွန်ခြင်းနဲ့ ကိုလက်စထရောများခြင်းတွေကိုပါ ကာကွယ်နိုင်တာဖြစ်ပါတယ်။ အနက်ရောင်ချောကလက်၊ သံလွင်သီးနဲ့ ဆီးသီးတို့မှာလည်း polyphenols ကြွယ်ဝပါတယ်။အရက်သောက်တာ အသည်းအတွက်မကောင်းဘူးဆိုတာ သိကြပြီးသားပါ။ အရက်သောက်တာအချိန်ကြာလာတာနဲ့အမျှ အသည်းခြောက်ခြင်းဘက် ဦးတည်လာပါတယ်။ ဆေးဖြစ်ဝါးဖြစ်ပဲ သောက်သောက်၊ အလုပ်ကိစ္စနဲ့ပဲသောက်သောက် ထိခိုက်မှာက မလွဲပါဘူး။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/best-foods-and-worst-foods-for-liver/
လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ
လမ်းလျှောက်ခြင်းက ကျန်းမာဖို့အတွက် အကောင်းဆုံးနည်းပါ။ ဒီဆောင်းပါးမှာ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြသွားမှာပါ။ လမ်းလျှောက်တာက Gym ကစားတာလိုမျိုး အသင်းဝင်ကြေးတွေ ကိရိယာတွေမလိုသလို ဘာအကုန်အကျမှလည်း မရှိပါဘူး။ ဒါက ကျွန်တော်တို့နေ့စဉ် လုပ်နေကျဖြစ်တဲ့အတွက် ထူးထူးထွေထွေ သင်ကြားစရာမလိုတဲ့ အလွယ်ကူဆုံးနည်းလမ်း တစ်ခုပါ။လမ်းလျှောက်ခြင်းက သွေးတိုး၊ ကိုလက်စထရော၊စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတို့ကို သက်သာစေပါတယ်။ကိုယ်အလေးချိန်ကျအောင်ကူညီပေးတဲ့အပြင် နှလုံးရောဂါနဲ့ လေဖြတ်၊ လေဖြန်းစတဲ့နာတာရှည်ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ လူအများနဲ့ ပျော်ပျော်ရွှင်ရွှင် အတူလုပ်လို့ရတဲ့ နည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။လမ်းလျှောက်တာက အန္တရာယ်မရှိသလို အနာတရဖြစ်တာတွေလည်း မရှိပါဘူး။ ဒါက အလွယ်တကူ လိုက်လုပ်လို့ရတာမျိုးဖြစ်ပြီး လုပ်လို့ရတဲ့နေရာတွေလည်းအများကြီးပါ။သင်က တက်တက်ကြွကြွ နေကျင့်မရှိသူဆိုရင် အရင်ဆုံးတစ်ရက် ၁၀မိနစ်လမ်းလျှောက်ရာကနေ တဖြည်းဖြည်းတိုးသွားပါ။ သင်လမ်းစလျှောက်ရင် သက်သောင့်သက်သာဖြစ်စေမယ့် အရှိန်နဲ့ စလျှောက်ပြီး တစ်ပတ်ပြီးတစ်ပတ် ၃မိနစ်ကနေ ၅မိနစ်တိုးလျှောက်ကြည့်ပါ။ ပန်းတိုင်က တစ်ပတ်ကို ၅ရက်၊ တစ်ရက်ကို မိနစ်သုံးဆယ် အမြန်လျှောက်နိုင်ဖို့ပါ။ လမ်းလျှောက်တာကို အခုချက်ချင်း စလုပ်တာ အကောင်းဆုံးပါ။ အောက်မှာလည်း အခုမှစတင်မယ့်သူတွေအတွက်လမ်းညွှန်တွေပေးထားပါတယ်။စစချင်း ရက်အနည်းငယ်မှာ သင်ဘယ်လောက် လမ်းလျှောက်လဲဆိုတာကို မှတ်ထားပါ။ ခြေလှမ်းတိုင်းကိရိယာ/နာရီကို အသုံးပြုပြီး သင်ဘယ်နှမိနစ်လျှောက်ပြီးပြီလဲ။ သင်ခြေလှမ်းဘယ်လောက် လျှောက်ပြီးပြီလဲ စစ်ပါ။ ဒီကစပြီး အောက်မှာပြထားတဲ့ အစီအစဉ်တွေနဲ့ သင့်ရဲ့လမ်းကြောင်းကို ပိုရှည်အောင် လုပ်နိုင်ပါပြီ။မှတ်ထားရမှာတစ်ခုက သင်က ကျွန်တော်တို့ အကြံပေးတဲ့အစီအစဉ်ထက် တိုးတက်တာ မြန်ချင်မြန်မယ်၊ နှေးချင်နှေးမယ်။ ဒါက သင့်အပေါ်မှာ မူတည်တယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့။အရေးကြီးတာက နေ့စဉ်အချိန်မှန်မှန်နဲ့ သက်သောင့်သက်သာဖြစ်တဲ့ အရှိန်နဲ့ လျှောက်ဖို့ပဲဖြစ်ပါတယ်။အရင်ဆုံး ပုံမှန်လျှောက်နေကျ အရှိန်ထက်လျှော့ပြီး ၃မိနစ်ကနေ ၅မိနစ်လျှောက်ရင်း သွေးပူအောင်လုပ်ပါ။လမ်းမလျှောက်ခင်နဲ့ လျှောက်အပြီးမှာ အကြောဆန့်ပေးပါ။ လမ်းလျှောက်ရင် ပုံစံမှန်မှန်နဲ့ လျှောက်ပါ။ အရှေ့ကို ကြည့်ပါ။ မြေကြီးကို ကြည့်မလျှောက်ပါနဲ့။ ဦးခေါင်းနဲ့ မေးစေ့ကို မတ်မတ်ထားပြီး လမ်းလျှောက်ပါ။ သင်လမ်းမလျှောက်ခင် ရေအနည်းငယ် သောက်ထားတာက ရေဓာတ်ခမ်းခြောက်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။လမ်းလျှောက်ခြင်း နဲ့လေ့ကျင့်ခန်း လုပ်ခြင်းအတွက် သီးသန့်ထုတ်ထားတဲ့ ဖိနပ်တွေက သင့်ကို သက်သောင့်သက်သာ ရှိစေနိုင်သလို အနာတရ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။သင်လမ်းလျှောက်တာကို အလေ့အကျင့် ရသွားတာနဲ့ နောက်တစ်ဆင့် တက်ဖို့ မကြောက်ပါနဲ့။ အောက်မှာ ပြောပြသွားမှာက သင်လျှောက်နေကျနှုန်းကို ပြောင်းလဲပြီး သင့်ကို ပိုကျန်းမာစေမယ့် နည်းလမ်းတွေပါ။တစ်ခါတလေ ဆောင်းရာသီမနက်ခင်း လမ်းလျှောက်ပွဲ၊ ရံပုံငွေ လမ်းလျှောက်ပွဲတို့ ရှိတတ်ပါတယ်။ သင်လမ်းလျှာက်တာ အသားကျသွားပြီ။ အကွာအဝေး တော်တော်များများကို တိုးပြီး လျှောက်နိုင်ပြီဆိုရင်တော့ ဒီလိုပွဲတွေမှာ ပါဝင်ပြီး လူအများကို ကူညီလိုက်ပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/walking-a-good-start-for-fitness/
မျက်ဝန်းကတဆင့် သိနိုင်တဲ့ ကျန်းမာရေး လက္ခဏာ (၉) မျိုး
မျက်ဝန်း ထဲက အဓိပ္ပါယ် ဘာညာနဲ့ ကဗျာဆန်တဲ့တင်စားမှုတွေကြားဖူးကြမှာပေါ့။ အခုပြောမယ့် မျက်ဝန်းထဲက သင်္ကေတတွေကတော့ ကဗျာမဆန်လောက်ပါဘူး။ ကိုယ့်မှာရောဂါတစ်ခုခုဖြစ်နေပြီဆိုတာ မျက်ဝန်းကတဆင့်ဖော်ပြလာတဲ့ လက္ခဏာ တွေအကြောင်းမို့လို့ပါ။ ဒီလက္ခဏာတွေ ကိုယ့်မျက်ဝန်းမှာဖြစ်နေပြီဆို ဘာကြောင့်ဖြစ်တာလဲသိရှိပြီး ကြိုတင်သတိထားနိုင်ဖို့၊စောစောကုသနိုင်ဖို့ဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒေါသအရမ်းထွက်တဲ့အခါ ဒါမှမဟုတ် ရောဂါပိုးဝင်တဲ့အခါ မျက်လုံးထဲကသွေးကြောမျှင်လေးတွေကပြန့်ကားလာ၊ပေါက်သွားနိုင်ပါတယ်။ ဒါက အဖြစ်များကြပြီး ကုသစရာမလိုဘဲပြန်ကောင်းသွားတတ်ပါတယ်။ ထိခိုက်မှု၊ရေတိမ်၊ ကွဲရှ၊ခြစ်မိ၊ မျက်ကြည်လွှာမှာဖြစ်တဲ့အနာကြောင့်ဆိုရင်တော့ ပိုပြင်းထန်နိုင်လို့ သတိထားသင့်ပါတယ်။ မျက်စိနီရဲနေတာ တစ်ရက်၊နှစ်ရက်နဲ့မသက်သာဘူးဆိုရင်တော့ ဆရာဝန်အမြန်ပြသင့်ပါတယ်။အသုံးပြုတာများလို့ မျက်စိညောင်းလာတာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်တွေ မီးခိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitis လို့ခေါ်တဲ့မျက်ခွံရောင်ရမ်းမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitisဆိုတာ ဘက်တီးရီးယားပိုးဝင်လို့ မျက်ခွံမှာ အဖတ်အဖတ်လေးတွေလန်ပြီးရောင်ရမ်းစေတဲ့ရောဂါပါ။ မျက်လုံးက မျက်ရည်အလုံအလောက်မထုတ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်လာနိုင်ပါတယ်။မျက်ဝတ်တွေ/မျက်ချေးတွေက မနက်အိပ်ရာထချိန်မှာ နည်းနည်းထွက်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ မျက်ဝတ်က အဝါရောင်၊ အစိမ်းရောင်သမ်းနေတာ၊ တခြားလက္ခဏာတွေရှိနေတာဆိုရင် ကုသမှုခံယူဖို့လိုနိုင်ပါတယ်။ မျက်စိနာတာလား ဘာလား သိနိုင်ဖို့ ဆရာဝန်ပြပါ။မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကနေ မျက်ရည်တွေစုပြီးရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ်။ဓါတ်မတည့်မှုတွေ၊ ဆေးဝါး၊ မျက်ကပ်မှန်၊ အသက်အရွယ်၊ ရောဂါတစ်ခုခု(ဥပမာ အဆစ်ရောင်ရောဂါ) နဲ့ ကွန်ပျူတာကြောင့်မျက်စိညောင်းခြင်းတို့လို အကြောင်းရင်းတွေကြောင့် မျက်ရည်ခန်းခြောက်၊ မျက်စိနေရခက်တာတွေဖြစ်စေနိုင်ပါတယ်။ မျက်စဉ်းခတ်ရင်ခြောက်သွေ့မှုကိုသက်သာစေနိုင်ပေမယ့် မျက်ခွံမှာ ရေဝတ်ဖတ်လေး ကပ်ပေးတာလည်း အဆင်ပြေနိုင်ပါတယ်။ ယားတယ်ဆိုပြီး မျက်လုံးကို သိပ်မပွတ်ပါနဲ့။မျက်လုံးတွေဖောင်းအစ်နေတာက မျက်ခွံအတွင်းသားရောင်ရမ်းတာ(pinkeye)၊ ဓါတ်မတည့်မှုတွေ၊ မျက်ခွံမှာအဖုလေးတွေဖြစ်တာ၊ မျက်ကြည်လွှာမှာအနာလေးတွေဖြစ်တာတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ငိုထားတာ၊ အအိပ်များထားတာကလွဲရင် မျက်ခွံမို့အစ်နေတာက သိုင်းရွိုက်ပြဿနာကြောင့်လည်းဖြစ်နိုင်ပါတယ်။ သိပ်မကြာခင် သက်သာလျော့ပါးသွားတတ်ပေမယ့် ၂၄ နာရီထက်ပိုကြာနေတယ် ဒါမှမဟုတ်အမြင်အာရုံထိခိုက်လာတယ်ဆိုရင် ဆရာဝန်အမြန်ပြပါ။အသည်းကွဲလို့၊ ဝမ်းနည်းလို့မဟုတ်ဘဲ အလိုလိုမျက်ရည်တွေကျနေတာဆိုရင်တော့ မကောင်းပါဘူး။ မျက်ရည်တွေက မျက်လုံးထဲမှာ အစိုဓါတ်ထိန်းပေးထားပြီး ပြင်ပအရာတွေကိုဖယ်ရှားပေးတဲ့လုပ်ဆောင်ချက်ရှိပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ၊ အကြောင်းရင်းမရှိဘဲ မျက်ရည်တွေကျနေတယ်ဆို လုပ်ဆောင်ချက်လွန်ကဲနေတာဖြစ်ပြီး ပုံမှန်မဟုတ်တော့ပါဘူး။ တစ်ခုခုဝင်နေလို့၊ ရောဂါပိုးဝင်လို့၊ ထိရှထားလို့၊ မျက်ရည်ပြွန်ပိတ်နေလို့ ဖြစ်နိုင်ပါတယ်။မျက်လုံးပုတ်ခတ်ပုတ်ခတ်နဲ့ မကြာခဏဖြစ်တာမျိုး၊ မျက်ခွံရဲ့မူမမှန်လှုပ်ရှားမှုမျိုးက အဖြစ်များပါတယ်။ မျက်လုံးအသုံးပြုတာများလွန်းရင်ဖြစ်တတ်တာမို့ မျက်စိကိုအနားပေးလိုက်ရင်၊ ကဖင်းလျှော့သောက်ရင် သက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာ မျက်လုံးပိတ်ပိတ်သွားတယ်ဆိုဆေးခန်းပြပါတော့။မျက်သားအရောင်ကဖြူနေရာက ဝါလာတယ်ဆို အသားဝါဖြစ်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ အသည်းရောဂါ၊ အရက်၊ သည်းခြေကျောက်တည်တာ၊ ကင်ဆာ တို့ရဲ့လက္ခဏာတွေဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ ဒီရောဂါတွေကြောင့်မဟုတ်တဲ့ အဝါရောင်ကတော့ ပုံမှန်ဆို ကုသမှုမလိုလောက်ပေမယ့် အမြင်အာရုံမှာတစ်ခုခုဖြစ်လာတယ်ဆို အမြန်ကုသပါ။အများအားဖြင့်မျက်ခွံဆိုတာ အသက်ကြီးလာတာနဲ့ တဖြည်းဖြည်းတွဲကျလာတတ်ပေမယ့်မြန်မြန်ဆန်ဆန်ဖြစ်လာတယ်ဆိုရင် သတိထားရမှာက လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်၊ ကြွက်သားရောဂါ ဒါမှမဟုတ် အာရုံကြော ပြဿနာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း ချက်ချင်းကြီး မျက်ခွံတွဲကျလာတယ်ဆို ဆရာဝန်ပြသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac/
Gallbladder Polyps (သည်းခြေအဖုအကျိတ်များ)
သည်းခြေအိတ်အတွင်းထိုးထွက်ပေါက်သော အဖုအကျိတ်များဖြစ်တယ်။ ပုံမှန်အားဖြင့် အယ်လ်ထရာဆောင်းနဲ့ ရှာဖွေသိရှိရပါတယ်။သည်းခြေအိတ်အဖုအကျိတ်များမှာ များသောအားဖြင့်တော့ ကိုလက်စ်ထရောနဲ့ဖွဲ့စည်းထားပြီး ကင်ဆာကျိတ်မဟုတ်သလို အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် ကင်ဆာမဟုတ်တာတွေရှိသလို ကင်ဆာဖြစ်လာနိုင်တာတွေလည်းရှိပါတယ်။သည်းခြေအိတ်အဖုအကျိတ်တွေနဲ့ပတ်သတ်လို့ပြောရရင် အရွယ်အစားဟာသိပ်အရေးကြီးပါတယ်။ အရွယ်ကြီးလေလေ ကင်ဆာဖြစ်နိုင်ချေများလေလေဖြစ်တယ်။ ၁ စင်တီမီတာထက် ပိုကြီးပါက ကင်ဆာဖြစ်နိုင်ချေများတာကြောင့် ဆရာဝန်တွေက ထိုအရွယ် သို့ ထိုထက်ပိုကြီးရင် သည်းခြေအိတ်ကိုဖယ်ပစ်ဖို့ အကြံပေးတတ်ကြပါတယ်။ ထိုအရွယ်ထက်သေးပါက ကင်ဆာဖြစ်နိုင်ချေနည်းပါတယ်။အရွယ်မရွေးဖြစ်နိုင်ပြီး အဖုအကျိတ်ဖြစ်စေတဲ့အချက်တွေကို ရှောင်ရှားလျှော့ချခြင်းဖြင့်ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက်ဆရာဝန်နဲ့တိုင်ပင်ပါ။လက္ခဏာလုံးဝမပြတာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် သည်းခြေအိတ်ကြောင့် ဗိုက်အောင့်၊ ဗိုက်နာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့နာကျင်မှုမျိုးက များသောအားဖြင့် သည်းခြေကျောက်ကြောင့်ဖြစ်တတ်ပေမယ့် သည်းခြေကျောက်မရှိပါက သည်းခြေအိတ်အတွင်း အဖုအကျိတ်တွေရှိနေတာကြောင့်ဖြစ်နိုင်တယ်။ဖေြာ်ပထားတဲ့လက္ခဏာတွေအပြင် နောက်ထပ်လက္ခဏာတွေလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။ထိုသို့အဖုအကျိတ်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းကတော့ သေချာမသိရသေးပါဘူး။ ကင်ဆာမဟုတ်တဲ့အဖုအကျိတ်တွေဆိုရင်တော့ အကြောင်းအရင်းတွေကသိပ်ပြဿနာမရှိပါဘူး။ ကင်ဆာအတွက်ဆိုရင်တော့ အသက်အရွယ်၊ သည်းခြေကျောက်ရှိမရှိ၊ သို့ အဖုအရွယ်အစားကြီးခြင်းတွေဟာ ကင်ဆာဖြစ်နိုင်ချေနဲ့ဆက်စပ်နေတယ်ဆိုပါတယ်။ဒါပေမယ့် ထိုအဖုအကျိတ်တွေဟာ အယ်လ်ထရာဆောင်းမရိုက်မချင်း သို့ သည်းခြေကိုခွဲစိတ်မှုမလုပ်မချင်း မသိနိုင်တာကြောင့် ဘယ်လိုအခြေအနေကစိုးရိမ်စရာဖြစ်လာနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ဘာကြောင့်သည်းခြေအိတ်အတွင်း အဖုအကျိတ်ပေါ်ရသလဲနဲ့ ပတ်သတ်ပြီးသိထားတာနည်းပါသေးတယ်။ သို့သော်လည်း အဆီဓါတ်ဇီဝရုပ်ဖြစ်ပျက်မှုနဲ့သက်ဆိုင်နေပြီး တချို့အခြေအနေတွေမှာ မိသားစုအတွင်းရာဇဝင်နဲ့ ဆက်စပ်နေတတ်တာကြောင့် မျိုးရိုးဗီဇလေ့လာမှုတွေလုပ်ဖို့ အကြံပြုထားကြပါတယ်။မွေးရာပါ Peutz-Jeghers ရောဂါ၊ Gardner ရောဂါ လိုမျိုးရောဂါရှိသူတွေမှာတော့ သည်းခြေအိတ်အဖုအကျိတ်ပေါ်နိုင်ချေများပါတယ်။ တရုတ်လူဦးရေမှာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုတွေမှာတော့ အသည်းရောင်ဘီပိုးကို အားပေးတဲ့အချက်အနေနဲ့ထည့်တွက်ထားပါတယ်။ကင်ဆာအဖုအကျိတ်နဲ့ပတ်သတ်လို့ကတော့ အသက် ၆၀ ထက်ကျော်သူ၊ သည်းခြေကျောက်ရှိသူ၊ သည်းခြေပြွန်ရောင်ခြင်း တို့တွေကို အားပေးတဲ့အချက်တွေအနေနဲ့သတ်မှတ်ထားတယ်။ အဖု ၆ မိလီမီတာထက်ကြိးခြင်း၊ တစ်ဖုထဲဖြစ်ခြင်း၊ ထိုအဖုပုံစံတို့ပေါ်လည်းမူတည်တယ်လို့ဆိုပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သည်းခြေအိတ်ကိုသေချာစစ်ဆေးဖို့က အယ်လ်ထရာဆောင်းရိုက်ရန်လိုပါလိမ့်မယ်။ ထိုအယ်လ်ထရာဆောင်းမှာ သည်းခြေအိတ်အဖုအကျိတ်တွေကို မြင်ရတတ်ပြိး အရွယ်အစားကိုတိုင်းတာလို့ရပါတယ်။ကြီးသောအဖုအကျိတ်တွေမှာ ကင်ဆာဖြစ်နိုင်ချေရှိမရှိအတွက် PET သို့ CT လည်းရိုက်နိုင်တယ်။ သည်းခြေအိတ်ကင်ဆာဖြစ်လာမလာ ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့အတွက်လည်းသုံးနိုင်ပါတယ်။အန္တရာယ်မရှိသောအဖုဖြစ်ပါကဘယ်လိုလုပ်မလဲ။ ဒါဟာ လေ့လာမှုများစွာရဲ့မေးခွန်းဖြစ်နေပါတယ်။အဖြေကတော့ ကင်ဆာဖြစ်နိုင်ချေရှိမရှိနဲ့ ထိုအဖုအကျိတ်ရဲ့ အရွယ်အစားပေါ်မူတည်ပါလိမ့်မယ်။ ရွေးချယ်စရာနှစ်ခုရှိပါတယ်- စောင့်ကြည့်နေမလား၊ သည်းခြေအိတ်ကိုဖယ်ပစ်မလား တို့ဖြစ်တယ်။ ၁ စင်တီမျီုတာ သို့ ၁.၅ စင်တီမီတာထက်ပိုသေးပါက သည်းခြေအိတ်ဖယ်ပစ်စရာမလိုဘဲ ပုံမှန်ပြောင်းလဲမှုတွေကို စောင့်ကြည့်သွားရုံနဲ့ရပါတယ်။၁ စင်တီမီတာ၊ အထူးသဖြင့် ၁.၅ စင်တီမီတာထက်ပိုကြီးပါက ကင်ဆာဖြစ်နိုင်ချေ ၄၆-၇၀ ရာခိုင်နှုန်းထိများပါတယ်။၁.၅ စင်တီမီတာပိုသေးသော အဖုအကျိတ်များကိုစောင့်ကြည့်ခြင်းက ၆ လခန့်ထိကြာနိုင်ပြီး ပြောင်းလဲမှုတစ်ခုခုမရှိပါက ရပ်လိုက်လို့ရပါတယ်။ ဝ.၅ စင်တီမီတာထက်သေးတဲ့ အဖုအကျိတ်တွေကိုတော့ သည်းခြေအိတ်ဖယ်ပစ်ခြင်းနည်းဖြင့်ကုဖို့ လုံးဝအားမပေးပါဘူး။ ထိုမှလောက်သေးငယ်ပါက ကင်ဆာဖြစ်နိုင်ချေအရမ်းနည်းပါတယ်။ကင်ဆာလို့ထင်ရတဲ့ သည်းခြေအိတ်အဖုအကျိတ်တွေကို သည်းခြေအိတ်ကိုဖယ်ပစ်ခြင်းဖြင့်ကုနိုင်ပါတယ်။ အရွယ်ကြီးပါက ကင်ဆာဖြစ်မှုကိုကာကွယ်ထားဖို့ သည်းခြေအိတ်ဖယ်ပစ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။သည်းခြေအိတ်အဖုအကျိတ်များကိုမည်သို့ကုမယ်ဆုံးဖြတ်ခြင်းက ခွဲစိတ်ကုလို့ရလာမယ့်ကောင်းကျိုးတွေနဲ့ကင်ဆာဖြစ်လာနိုင်ချေကိုမျှတပြီးထည့်တွက်စဉ်းစားတတ်ဖို့လိုပါလိမ့်မယ်။ ကင်ဆာဖြစ်လာနိုင်ချေတွေကို ထည့်စဉ်းစားပြီး အမြဲဂရုတစိုက်စောင့်ကြည့်နေခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပါတယ်။စားသောက်မှုပုံစံကအဓိကအချက်ဖြစ်တယ်။ အမျှင်ဓါတ်များများပါပြီး ကျန်းမာရေးညီညွတ်စွာစားခြင်းဖြင့် သည်းခြေကျောက်ဖြစ်လာမှုကိုကာကွယ်သင့်တယ်။ ဆန်၊ စပါး၊ ဂျုံ၊ ပေါင်မုန့် တို့မှာပါတဲ့ အစေ့အဆန်တွေနဲ့ သကြားဓါတ်ဟာလည်း သည်းခြေရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။ အညိုရောင်ဆန်၊ ဂျုံပေါင်မုန့်၊ ငါးဆီ၊ သံလွင်ဆီတို့ကိုစားသင့်ပါတယ်။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/gallbladder-polyps-%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%81%e1%80%a1%e1%80%96%e1%80%af%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%90%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
ဆံသား ထိန်းသိမ်းနည်း လမ်းညွှန်
လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဖြစ်တဲ့ဆံသားကျန်းမာလှပမှာလည်း ကြော့မော့လှပတဲ့သူတစ်ယောက်ဖြစ်တော့မှာပေါ့။ မျက်နျာကို ထိန်းသိမ်းသလို ဆံသားကိုလည်း ကျန်မာသန်စွမ်းနေစေဖို့ ထိန်းသိမ်းမှုလုပ်ဖို့လိုပါမယ်။ ဒီတော့ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်စေဖို့ ဘယ်လို ထိန်းသိမ်းမှုတွေ လုပ်ရမလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား………..။ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဒီအချက်လေးတွေကို လိုက်နာဖို့လိုပါမယ်။ဆံပင်ကိုပေါင်းတင်ပါ။ဆံပင်ကို ပေါင်းတင်ပါဆိုလို့ ဘယ်လိုပေါင်းဆေးတွေဝယ်ရမလဲဆိုပြီး တွေးမနေနဲ့နော်။ သဘာဝ ပစ္စည်းတွေဖြစ်ကြတဲ့ရှားစောင်းလက်ပပ်လိုမျိုုးအရာတွေကို အသုံးပြုပေးလို့ရပါတယ်။ခေါင်းလျှော်ပြီးစ ဆံပင်မခြောက်တခြောက်အနေအထားမှာ ဆံသားကိုရောဦးရေပြားကိုပါ ရှားစောင်းလက်ပပ် ဂျယ်လီသား လိမ်းပေးရုံပါ။ခေါင်းပုံမှန်လျှော်ပါ။ခေါင်းလျှော်တာက ဆံသားကိုရောဦးရေပြားကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခေါင်းကို နေ့တိုင်းမဟုတ်ရင်တောင် အနည်းဆုံး ၂ ရက်ခြားတစ်ခါလောက်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း အရမ်းကုတ်မလျှော်မိဖို့ သတိထားပါ။ ခေါင်းလျှော်တဲ့အခါတိုင်း ရေကို စင်နေအောင် ဆေးချဖို့လိုပါမယ်။ ဒါမှ ဆံသားတွေ ကျန်းမာမှာပါ။ဦးရေပြားကိုနှိပ်နယ်ပါ။ဦးရေပြားကို နှိပ်နယ်တာက ဆံသားတွေကို သန်စွမ်းစေသလို ဦးရေပြားမှာသွေးစီးဆင်းမှုကောင်းစေပြီးဦးရေပြားပြဿနာကင်းလို့  ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဦးရေပြားကို ခေါင်းမလျှော်ခင်မှာလက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။Conditionerသုံးပါ။ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ဆံသားတွေကြမ်းတာ၊ ကျိုးပျက်တာတွေကို ကာကွယ်ဖို့ဆိုရင် ဆံပင်ကို Conditioner သုံးပေးဖို့လိုပါမယ်။ သဘာဝ Conditioner အနေနဲ့ ခေါင်းမလျှော်ခင်တစ်ညမှာ ဆံပင်ကိုသံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို အရင်းကနေ အဖျားထိသေချာစွာ လိမ်းပါ။ ပြီးရင် ဆံပင်ကို ပလပ်စတစ် ခေါင်းစွပ်လေးစွပ်လို့ တစ်ညထားပါ။ မနက်နိုးတဲ့အခါ နှစ်သက်ရာ ခေါင်းလျှော်ရည်ကို သုံးလို့ သေချာ စင်နေအောင် လျှော်ပေးပါ။ခဏခဏခေါင်းမလျှော်ပါနဲ့။ခေါင်းလျှော်တာက ဆံသား ကျန်းမာရေးကို အထောက်အကူပြုပေမယ့် ဆံပင်ကို ခဏခဏလျှော်နေတာကတော့ ဆံသားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို ၂ ​ကြိမ် ကနေ ၃ ကြိမ်လောက်ပဲ ခေါင်းလျှော်ပါ။ နေ့တိုင်း ခေါင်းလျှော်တာမျိုးမလုပ်ပါနဲ့။ ဆံသားပျက်စီးစေနိုင်တာကြောင့်ပါ။ရေခြောက်အောင်သုတ်ပါ။ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင်သုတ်ပါ။ ရေခြောက်အောင် မသုတ်တာက ဦးရေပြားကျန်းမာရေးကို ထိခိုက်စေသလို ဆံသားတွေရဲ့ သန်စွမ်းမှုကိုလည်း ထိခိုက်စေပါတယ်။ဗောက်ထတာအပြင် အမျိုးမျိုးသော ဦးရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးတိုင်း ရေခြောက်အောင် သုတ်ပါ။အပူချိန်ပြင်းပြင်းနဲ့ အခြောက်မခံပါနဲ့။ဆံပင်မခြောက်မှာဆိုပြီးDryerကိုသုံးလို့ အပူချိန် ပြင်းပြင်းနဲ့ အခြောက်ခံတာမျိုးက အဆင်မပြေပါဘူး။ ဒီလိုလုပ်တာကလည်း ဆံသားကို ထိခိုက်စေနိုင်တဲ့အပြုအမူတစ်ခုပါ။ ခပ်နွေးနွေး အနေအထားနဲ့ပဲ အခြောက်ခံပါ။ခပ်ကြမ်း​ကြမ်း မသုတ်ပါနဲ့။ခေါင်းလျှော်ပြီးတဲ့အခါတဘက်ကို အသုံးပြုပြီး ခပ်ကြမ်းကြမ်းသုတ်တာက ဆံသားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်တွေကို ကျိုးပျက်လွယ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို ခပ်ကြမ်းကြမ်းမသုတ်ဖို့လည်း သတိထားပေးပါ။ဆံပင်ကိုဆီလိမ်းပါ။ဆံပင်ကို ဆီလိမ်းတာကလည်း ဆံသားကို အာဟာရဖြည့်တာပါပဲ။ ဦးရေပြားကိုလည်း အာဟာရဖြည့်ပေးရာရောက်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း လက်ဖဝါးထဲကို ဆီနည်းနည်းထည့်ပြီး ဆံပင်ကို အရင်းကနေ အဖျားထိ လိမ်းပေးပါ။ ခပ်ပါးပါးဖြစ်ဖြစ် လူးရင်တောင်ဆံပင်ပျက်စီးမှုကို ကာကွယ်နိုင်မှာပါ။အပူဒဏ်ကနေ ကာကွယ်ပါ။အပူဒဏ်ကနေ ကာကွယ်ဖို့လိုတာအသားအရေတင်မဟုတ်ပါဘူး။ ဆံသားကိုလည်း အသားအရေလိုပဲနေရောင်ဒဏ်ကနေ ကာကွယ်ဖို့လိုပါမယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးဖို့ မမေ့ပါနဲ့။ခေါင်းဖြီးပါ။ခေါင်းဖြီးတာက ဆံသားရော၊ ဦးရေပြားကိုပါ ကျန်းမာစေပါတယ်။ဆံပင်ကျွတ်တာကို သက်သာစေနိုင်သလို ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး ဦးရေပြားကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ဖို့ဆိုရင် ခေါင်းဖြီးဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ကျန်းမာအောင် စားပါ။ဆံပင်ကျန်းမာစေဖို့ရေများများသောက်တာ။ အသီးအရွက်တွေ၊ သစ်သီးတွေစားတာမျိုးလုပ်ပေးပါ။ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်ပြင်ထားတဲ့ အစားအစာတွေစားသုံးတာမျိုး၊ခေါက်ဆွဲပြုတ်လို အရာမျိုးတွေ စားတာမျိုးလျှော့ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-care-tips/
သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ
သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ။ခုချိန်မှာ အသက် ၃၀ ဝန်းကျင်ကို ဖြတ်သန်းနေသူတွေဆို ကြုံဖူး၊ မှတ်မိဖူးကြမယ်ထင်ပါတယ်။ ငယ်ငယ်တုန်းက ဗီဒီယိုဂိမ်းဆိုင်သွားလို့လူကြီးမိဘတွေက ဆူကြရိုက်ကြတာမျိုး။ “နင်တို့ ဂိမ်းမဆော့နဲ့ ဂိမ်းဆော့ရင် ရူးတတ်တယ်” လို့ အပြောခံခဲ့ရတာမျိုး။ခေတ်တွေက ပြောင်းလဲလာလိုက်ပုံများ တစ်ချိန်တုန်းက ဆော့ရင် ရူးမယ်လို့ အပြောခံခဲ့ရတဲ့ ဂိမ်းတွေဟာ ခုချိန်မှာတော့ မိဘတွေကို ကိုယ်တိုင် ကစားဖို့ တွန်းအားပေးရမယ့် အားကစားနည်းတစ်မျိုးဖြစ်လာနေပြီ။ နိုင်ငံ့လက်ရွေးစင်တွေကိုတောင် မွေးထုတ်ပေးနေကြရတဲ့ အထိ။ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ဂိမ်းဆော့တာက သားသားမီးမီးတွေရဲ့ လူမှုဆက်ဆံရေးနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုတွေကိုလည်း အထောက်အကူပြုစေပါသေးတယ်။တစ်ချိန်တုန်းက တုတ်နဲ့ အရိုက်ခံခဲ့ရဘူးတဲ့သူတွေကတော့ ငါတို့ ခေတ်ကောင်းကို လွတ်လိုက်လေခြင်းလို့ တွေးထင်မှတ်ယူနေကြမလားပဲနော်။ ဒါပေမယ့် အတိတ်ကို တွေးပြီး ဝမ်းနည်းမနေပါနဲ့။ ခုချိန်မှာ ကိုယ့်ရင်သွေးလေးတွေကို ဗီဒီယိုဂိမ်းပေးဆော့ပြီး ဒီကနေ အကျိုးကျေးဇူးတွေ ပြန်ယူလို့ရပါတယ်။ စိတ်ပါရင် ကိုယ်တိုင်လည်း ဝင်ဆော့လို့ရပါသေးတယ်။ဒီဘက်ခေတ် သိပ္ပံလေ့လာချက်တွေအရ ကလေးတွေကို စနစ်တကျဗီဒီယိုဂိမ်းဆော့ကစားခိုင်းတာဟာ အဘက်ဘက်ကနေ အကျိုးကျေးဇူးအများအပြား ရှိတယ်ဆိုတာကို သက်သေအမျိုးမျိုး ပြထားနိုင်နေပြီဖြစ်ပါတယ်။ရင်သွေးတွေ ကစားဖို့ Parent-approved video games အမျိုးအစားတွေလည်း အများအပြား ထွက်ပေါ်နေပါပြီ။ ဒီလို ဗီဒီယိုဂိမ်းလေးတွေကို သားသားမီးမီးတွေကို ဆောကစားခိုင်းမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုရင်။ဗီဒီယိုဂိမ်းကနေ ရရှိနိုင်တဲ့ အကြီးမားဆုံး အကျိုးကျေးဇူးလို့ မှတ်ယူလို့ရပါတယ်။ ဂိမ်းဆော့တဲ့ ကလေးတိုင်းဟာ ဖြတ်ထိုးဉာဏ်နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အရည်အသွေး သိသိသာသာ တိုးတက်လာလေ့ရှိပါတယ်။ ဂိမ်းတွေဟာ ပညာသင်ကြားမှုစနစ်လိုတော့ ဘယ်လိုဆုံးဖြတ်ချက်ချ၊ ဘယ်လိုလေ့လာ၊ ဘာကိုကျက်၊ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုပြီး ၏၊ သည်မရွေ့ သင်ကြားပေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆော့ကစားနေရင်း ကြုံဆုံလာရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို တွေးတောရင်း ပင်ကိုအရည်အသွေးကို မြှင့်တင်ပေးသွားတာဖြစ်ပါတယ်။ဗီဒီယိုဂိမ်းဆော့တဲ့ ကလေးတိုင်းဟာ သမိုင်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့ ဗဟုသုတတွေကို စိတ်ဝင်စားကြလေ့ရှိပါတယ်။ သူတို့တွေဟာ စာအုပ်စာပေတွေကို ကိုင်မဖတ်ဖြစ်ရင်တောင်မှKnowledgeConsuming ဆိုတဲ့ ဆင့်ကဲလေ့လာတတ်တဲ့ အလေ့အထ တွယ်ငြိလာသူတွေဖြစ်နေတတ်တာမို့ ဗဟုသုတ မနည်းကြသူတွေပါ။ဂိမ်းဆော့ရင် အပေါင်းအသင်းတိုးတာကတော့ အလွန်သိသာတဲ့အချက်ဖြစ်ပါတယ်။ ခုလို အွန်လိုင်းဂိမ်းတွေ ခေတ်မစားခင်အချိန်ကဆိုရင် ဂိမ်းဆိုင်တွေမှာ လူစုပြီးဆော့ခဲ့ရတဲ့ကာလတွေ ရှိခဲ့ဖူးပါတယ်။ ခုခေတ်မှာတော့ အွန်လိုင်းဂိမ်းတွေ ပိုပြီး ထွန်းကားလာတာမို့ အွန်လိုင်းက မိတ်ဆွေတွေ ပိုများလာနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကလေးတွေ အိမ်မှာ စုပြီးဆော့ကြတာမျိုးတွေလည်း ရှိတတ်တာမို့ အသိမိတ်ဆွေ တိုးပွားဖို့ ခင်မင်မှုခိုင်မြဲဖို့ကတော့ အလွန်သေချာတဲ့ကိစ္စဖြစ်ပါတယ်။တချို့ မိဘတွေက ထင်တတ်ကြတယ်။ ဂိမ်းချည်းပဲ ထိုင်ဆော့နေရင် ကိုယ်ကာယလေ့ကျင့်ခန်း မလုပ်ဖြစ်ဘူးဆိုတာမျိုးပေါ့။ ဒီအယူအဆဟာ အမြဲတမ်းချည်းတော့ မမှန်ပါဘူး။ ကိုယ့်အိမ်က သားသမီးတွေကို သူတို့သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ခိုင်းကြည့်လိုက်ပါ။ ငြိမ်ကုပ်ပြီး ထိုင်ဆော့နေကြမလား ဗျောင်းဆန်နေအောင် ပျော်ပျော်ပါးပါးဆော့နေကြမလား မြင်ရပါလိမ့်မယ်။ဂိမ်းဆော့တယ်ဆိုတာ ပြိုင်ဆိုင်တစ်စုံတစ်ရာဆီကို ကိုယ်တိုင် ဝင်ပါခြင်းတစ်မျိုးဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေတိုင်းဟာ ဂိမ်းကို အင်နဲ့အားနဲ့ စိတ်ပါလက်ပါဆော့တတ်ကြသလို ဒီလိုအလေ့အထကနေ တဆင့် ယှဉ်ပြိုင်မှုအကြောင်း နားလည်သဘောပေါက်လာမှာဖြစ်သလို ပျော်ရွှင်မှုကို မျှဝေခံစားတတ်တဲ့ စိတ်ခံစားချက်လည်း ရလာမှာပါ။ဗီဒီယိုဂိမ်းတွေကို အုပ်စုလိုက်ကစားကြတဲ့အခါမျိုးမှာ တစ်ခါတစ်ရံ ခေါင်းဆောင်၊ တစ်ခါတစ်ရံနောက်လိုက် အမျိုးမျိုးဆော့ကစားရတတ်ပါတယ်။ ဒီအလေ့အထလေးတွေဟာ ကလေးတွေ ရဲ့ ဦးဆောင်မှုအရည်အသွေးကို မြှင့်တင်ပေးနိုင်သလို မတူကွဲပြားမှု၊ နာခံတတ်မှုနဲ့ အကျိုးစွန့်အနစ်နာခံတတ်မှုတွေကိုလည်း ရရှိစေပါလိမ့်မယ်။လေ့လာချက်တွေအရ ဂိမ်းဆော့တဲ့ ကလေးတွေတိုင်းဟာ ဖြတ်ထိုးဉာဏ်သာမက ထိုးထွင်းတီထွင်ဉာဏ်လည်း မြင့်မားကြလေ့ရှိပါတယ်။ Creativity Research Journal ရဲ့ သုတေသနအရဆိုရင် ဂိမ်းဆော့တဲ့ကလေးတွေဟာ တီဗီပဲကြည့်တဲ့ကလေးတွေထက် တီထွင်ကြံဆနိုင်စွမ်း အဆများစွာ ပိုကြလေ့ရှိတယ်လို့ ဆိုထားပါတယ်။ကလေးတွေ ဟာ ကိုယ်တိုင် သင်ယူနိုင်စွမ်းသမာက သူများကို ပြန်လည်သင်ကြားပြသနိုင်စွမ်းလည်း မြင့်တက်လာတတ်ကြပါတယ်။ ဂိမ်းဆော့တဲ့ကလေးတွေက သူတို့နဲ့အတူဆော့တဲ့ ကစားဖော်ကို သူတို့နားလည်ထားတဲ့ သိထားတဲ့ အကြောင်းအရာတွေကို သေချာကျကျနနရှင်းပြတာမျိုး မြင်ဖူးတွေ့ဖူးကြမယ်ထင်ပါရဲ့။ သင်ယူနိုင်စွမ်းရော သင်ကြားနိုင်စွမ်းပါရှိနေခြင်းဟာ ကလေးတစ်ယောက် ကြီးပြင်းလာချိန်မှာလူမှုဆက်ဆံရေးအရည်အသွေးကောင်းတွေ ပိုင်ဆိုင်ဖို့ လမ်းစကောင်းဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ။သားသမီးတွေနဲ့ ဂိမ်းအတူဆော့ကြည့်ဖူးသလား။ မဆော့ဘူးရင် ဆော့ကြည့်လိုက်ပါ။ ဒီခံစားချက်က ဘာနဲ့မှ မတူပါဘူး။ မိဘနဲ့ သားသမီးအကြား ရင်းနှီးမှုတွေ ပိုလာစေမှာဖြစ်သလို ပျော်ရွှင်မှုကို အတူခံစားခွင့်ရတဲ့အရသာကလည်း တမူထူးခြားပါတယ်။ Parent-child role ရဲ့ ပုံစံသစ်လို့တောင် တင်စားနေကြပါပြီ။ စမ်းသပ်ဆော့ကြည့်ပါဦး။ အကျိုးရှိမှာပါ။ ခုလို COVID-19 ကြောင့် အိမ်ပြင်ထွက်ဖို့ ခက်နေတဲ့ ကာလမျိုးမှာမိသားစုဝင်တွေအတူတူ ဂိမ်းဆော့ပြီးဖြတ်သန်းကြည့်ပါ။ ထူးခြားတဲ့ရင်းနှီးမှုတွေ ရရှိလာပါလိမ့်မယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/benefits-of-video-games/
အဆီပြန်တဲ့ လေဒီလေးတွေအတွက်
အသားအရေမှာ ခြောက်သွေ့တဲ့ အသားအရေ၊အဆီပြန်တဲ့အသားအရေ၊ ပေါင်းစပ်အသားအရေဆိုပြီး ရှိကြပါတယ်။ ဒီအသားအရေ ၃ မျိုးထဲမှာ အဆီပြန်တဲ့ အသားအရေက ထိန်းသိမ်းဖို့ ပိုခက်ပါတယ်။အရေပြားပေါ်က အဆီတွေအားလုံးကို ထိန်းသိမ်းဖို့ ဆိုတာက မလွယ်ကူတဲ့အရာတစ်ခုပါ။ အဆီပြန်တဲ့သူတွေကမိတ်ကပ်လိမ်းရတာလည်း သိပ်အဆင်မပြေသလို တစ်နေကုန်လှပနေဖို့ဆိုရင်လည်း တော်တော်လေးဂရုစိုက်ရပါတယ်။အဆီပြန်တဲ့ အသားအရေကြောင့် စိတ်ညစ်နေတယ်ဆိုရင်အသားအရေထိန်းသိမ်းနည်းလေးရှိပါတယ်။ အဆီပြန်တဲ့အသားအရေကို ထိန်းသိမ်းတဲ့အခါ သေချာမထိန်းသိမ်းမိဘူးဆိုရင်ဝက်ခြံနဲ့အခြားအရေပြားပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။အဆီပြန်တဲ့ အသားအရေကို ထိန်းသိမ်းရာမှာ အသုံးဝင်တဲ့ သဘာဝပစ္စည်းလေးတွေက။•ပျားရည်၊။•လက်ဖက်စိမ်း၊။•သင်္ဘောသီး၊။• အလှကုန်သုံးရွှံ့စေးတို့ပါ။Cleansing Oilသုံးမယ်။အသားအရေကျန်းမာစေဖို့အတွက် အဆီကလိုအပ်ပေမယ့် အရမ်းများရင်တော့ မကောင်းပါဘူး။ ဒီတော့ မျက်နှာပေါ်က မလိုအပ်တဲ့ အဆီတွေကို သန့်စင်ဖယ်ရှားရပါမယ်။ အဆီတွေကဖုန်မှုန့်တွေ၊ မိတ်ကပ်အကြွင်းအကျန်တွေ၊ဆဲလ်သေတွေနဲ့ပေါင်းမိပြီး ချွေးပေါက်တွေကို ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံနဲ့ အခြားသော အရေပြားပြဿနာတွေ ဖြစ်ပေါ်လာပါတော့တယ်။ ဒါကြောင့် မျက်နှာပေါ်က အဆီတွေကို သေချာသန့်စင်ဖယ်ရှားရပါမယ်။ မျက်နှာပေါ်က အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တာက Cleansing Oil ပါ။ ဒါကြောင့် မျက်နှာကို မသစ်ခင်မှာ အရင်ဆုံး Cleansing Oil လေးသုံးပြီး သန့်စင်လိုက်ပါ။မျက်နှာသစ်မယ်။ဒုတိယအဆင့်ကတော့ မျက်နှာသစ်ဆေးသုံးပြီး မျက်နှာသန့်စင်ဖို့ပါ။ဒီလိုလုပ်လိုက်တာက မျက်နှာပေါ်က အညစ်အကြေးတွေရော အဆီတွေနဲ့ အရာအားလုံးကို သန့်စင်ပြီးသားဖြစ်သွားစေမှာပါ။ ပိုကောင်းတဲ့နည်းလမ်းတစ်ခုက ရေနွေးနွေးလေးနဲ့ မျက်နှာကို သန့်စင်ဆေးကြောတာပါ။Face Maskသုံးမယ်။အခုနောက်ပိုင်းမှာ အသားအရေအလိုက် Face Mask လေးတွေကို စိတ်ကြိုက်ရွေးချယ်လို့ရနေပါပြီ။ ဒီလိုဆိုတော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထုတ်ထားတဲ့ Face Mask လေးတွေကို တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိအသုံးပြုပေးပါ။ အဆီပိုတွေကို သိသိသာသာလျော့ကျစေပါလိမ့်မယ်။Moisturizerသုံးမယ်။အသားအရေက အဆီပြန်တယ်ဆိုပေမယ့်လည်း အစိုဓာတ်တော့ထိန်းဖို့ လိုပါမယ်။ အရေပြားခြောက်သွေ့တာက အဆီဂလင်းတွေကို လုပ်ဆောင်ရပိုမိုခက်ခဲစေပါတယ်။ ဒါကြောင့် ရနံ့နဲ့အဆီလုံးဝပါဝင်မှုမရှိတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လူးပေးပါ။ စပျစ်သီးစေ့၊အယ်လ်မွန်စေ့၊ ထောပတ်သီးတို့ကနေထုတ်ယူထားတဲ့ အဆီတွေနဲ့ပြုလုပ်ထားတဲ့ သဘာဝအစိုဓာတ်ထိန်းခရင်မ်တွေက အဆီပြန်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးပါ။ပျားရည်။ပျားရည်က သဘာဝဆေးတစ်လက်ပါ။ အဆီပြန်တာကို နည်းသွားစေပြီး အရေပြားကိုလည်းအစိုဓာတ်ထိန်းပေးပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားရည်က အဆီပြန်တဲ့အသားအရေရော၊ ခြောက်သွေ့တဲ့အသားအရေနဲ့ပေါင်းစပ်အသားအရေတွေအတွက်ပါ အသုံးဝင်ပါတယ်။လက်ဖက်စိမ်း။လက်ဖက်စိမ်းက ဓာတ်တိုဆန့်ကျင်အာနိသင်တွေကြွယ်ဝတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ အရေပြားရောင်ရမ်းတာကို သက်သာစေသလို အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင် ပါတယ်။လက်ဖက်စိမ်းရေနွေးကြမ်းကို မျက်နှာသစ်ဖို့အသုံးပြုပေးနိုင်သလိုတိုနာအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။သင်္ဘောသီး။သဘာဝ အသားလှဆေးတစ်မျိုးပေါ့။ သင်္ဘောသီးက အရေပြားပေါ်က အဆီတွေရောဘက်တီးရီးယားတွေကိုပါ တိုက်ထုတ်ပေးနိုင်ပါတယ်။ မယ်လာနင်ကိုလျော့ကျစေပြီး မျက်နှာမှာ အမည်းစက်တွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ သင်္ဘောသီးကို အနှစ်ရအောင်ခြေပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။အလှကုန်သုံး ရွှံ့စေး။သဘာဝရွှံ့စေးက အဆီပိုတွေကို စုပ်ယူပေးနိုင်ပါတယ်။ အလှကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေမှာ မျက်နှာပေါင်းတင်တဲ့ ရွှံ့စေးကို ဝယ်ယူပြီး ပျားရည်၊ သင်္ဘောသီးမှည့်တို့နဲ့ရောစပ်လို့ မျက်နှာပေါင်းတင် လိုက်ပါ။T-zoneကအဆီတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ အဆီပြန်ခြင်းကင်းပြီး လှပတဲ့ အသားအရေပိုင်ဆိုင်တဲ့လေဒီလေးတွေဖြစ်အောင် အခုပြောခဲ့တဲ့ နည်းလေးတွေကို သုံးကြည့်လိုက်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skincare-tips-for-oily-skin/
အကြောလျှော့လေ့ကျင့်ခန်း နှင့် ဟန်ချက်ထိန်း လေ့ကျင့်ခန်းများ
အကြောလျှော့လေ့ကျင့်ခန်း က သင့်အဆစ်တွေကို ပျော့ပျောင်းစေပြီး အဆစ် တောင့်တင်းခြင်းကို ကာကွယ်ပေး တဲ့အပြင် လှုပ်ရှားမှုတွေ လေ့ကျင့်ခန်းတွေလုပ်နေစဉ် မှာလည်း အနာတရ ဖြစ်ခြင်းကို လျှော့ချပေး ပါတယ်။ ၅ မိနစ် ကနေ ၁၀ မိနစ် အထိ ညင်ညင်သာသာ အကြောလျှော့ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို သွေးပူစေပြီး လမ်းလျှောက်ခြင်း၊ ရေကူးခြင်းအစရှိတဲ့အေရိုးဗစ်လေ့ကျင့်ခန်းတွေ အတွက် အဆင်သင့် ဖြစ်စေပါတယ်။ တချို့ လူတွေကတော့ လေ့ကျင့်ခန်းလုပ်ပြီးမှ အကြောလျှော့တာကို ပိုနှစ်သက် ကြပါတယ်။ အဲဒါကလည်း အဆင်ပြေ ပါတယ်။သင့် အနေနဲ့ အခြေခံ အကြောလျှော့ခြင်းကို မှန်မှန်ကန်ကန်လုပ်ဖို့ လိုအပ် ပါတယ်။ အကြောလျှော့ခြင်းက သိမ်မွေ့ပြီး အပန်းပြေ ရပါမယ်။ သက်တောင့်သက်သာ မရှိခြင်း၊ နာကျင်ခြင်း မဖြစ်နေရပါဘူး။အကြောလျှော့လေ့ကျင့်ခန်းတွေ လုပ်တော့မယ် ဆိုရင် အောက်ဖော်ပြပါ အချက်တွေကို လိုက်နာပါ။အကြောလျှော့တာကြောင့်။အကြောတွေပြေလျော့မယ် –နေ့စဉ် ပုံမှန်အကြောလျှော့ပေးတာက ခန္ဓာကိုယ်ကိုတင် ပြေလျော့စေတာမဟုတ်ဘဲနေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုလည်း အဆင်ပြေပြေနဲ့လုပ်ဆောင်နိုင်စေမှာပါ။လှုပ်ရှားရ အဆင်ပြေစေနိုင်တယ်-အကြောပုံမှန်လျှော့ပေးတာကအဆစ်တွေနဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေစေနိုင်တယ် –ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ခင်မှာ အကြေလျှော့လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကြွက်သားတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သားတွေ အဆစ်တွေ ထိခိုက်နာကျင်တာမျိုးမဖြစ်စေဘဲ အကောင်းဆုံးလှုပ်ရှားနိုင်စေမှာပါ။ကြွက်သားတွေဆီ သွေစီးဆင်းရောက်ရှိမှုကောင်းစေနိုင်တယ် –အကြောလျှော့လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကြွက်သားတွေ တောင့်တင်းနာကျင်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ကို အနေအထားမှန်စေတယ် –အရိုးနဲ့ကြွက်သားနာကျင်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီလှုပ်ရှားနိုင်စေမှာပါ။ခါးနာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ် –ပုံမှန်အကြောလျှော့ပေးတာက နောက်ကျောနဲ့ခါးကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပြီး ခါးမနာအောင်ကာကွယ်ပေးနိုင်ပါတယ်။ ခါးကြွက်သားတွေကို သန်မာစေနိုင်သလို ခါးနာနေတာကိုလည်း သက်သာစေနိုင်ပါတယ်။စိတ်ဖိစီးမှုပြေလျော့စေတယ် –စိတ်ဖိစီးမှုများတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာကို ကြုံဖူးမှာပေါ့။ အကြောလျှော့ပေးတာက စိတ်ဖိစီးမှုကို သိသိသာသာပြေလျော့စေမှာပါ။စိတ်ခံစားမှုကောင်းစေနိုင်တယ်-ပုံမှန်အကြောလျှော့ပေးတာက ကြွက်သားတွေကိုတင်ပြေလျော့စေတာမဟုတ်ပါဘူး ။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။ အကြောလျှော့ပေးတဲ့အခါဝင်သက် ထွက်သက်မှန်မှန်ရှုပေးပါ။ခေါင်းကိုက်တာကို သက်သာစေနိုင်တယ် –တစ်ခါတလေမှာ ခေါင်းကိုက်နေတာကကြွက်သားတွေတောင့်တင်းနေတာကြောင့်ဖြစ်တတ်ပါတယ်။ ဒါ ကြွက်သားတွေ ပြေလျော့သွားတာကလည်းခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။ဟန်ချက်ထိန်း လေ့ကျင့်ခန်းတွေက သင့်ကို သင့်ခြေထောက်ပေါ်မှာ ငြိမ်ငြိမ်နဲ့ မှန်မှန် ရပ်နေစေနိုင်ပြီး ချော်လဲခြင်း အနာတရဖြစ်စေခြင်းကို လျော့နည်းစေပါတယ်။ဟန်ချက်ထိန်း လေ့ကျင့်ခန်းတွေက အထူးသဖြင့် အသက်ကြီးသူတွေ လေ့ကျင့်ခန်း မှန်မှန်လုပ်နိုင်ဖို့အတွက် အရေးကြီး ပါတယ်။ဟန်ချက်ထိန်း လေ့ကျင့်ခန်း ဥပမာ တချို့ကတော့-။ဒါတွေက လူ့ ကိုယ်အောက်ပိုင်း သာမက အဓိကကြွက်သားတွေရဲ့အားကိုလည်း ပိုပြီး ဟန်ချက်ညီအောင် ကူညီပေးပါတယ်။ ဒီ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပြီး ခန္ဓာကိုယ်ကို ဟန်ချက်ညီစေဖို့ အကောင်းဆုံး ထောက်ပံ့ပေး နိုင်မှာပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/balance/
ဦးရေပြား အဆီပြန်ခြင်းအတွက် ဖြေရှင်းဖို့ နည်းလမ်းကောင်းများ
အသားအရေနဲ့ ပတ်သက်လာရင် ပုံမှန်ဖြစ်နေတဲ့ အသားအရေပိုင်ရှင်တွေက လွဲလို့ ကျန်တဲ့ အမျိုးအစားတွေက တော်တော် ဒုက္ခရောက်ပါတယ်။ အသား ခြောက်လွန်းတော့လည်းဆောင်းတွင်းလို အေးတဲ့အချိန်မှာ အသားက ကြမ်းပြီး ခြောက်၊ အဆီတွေ ရွှဲပြန်နေတော့လည်း ပူလွန်းတဲ့ အချိန်မှာ လူက ယားကျိကျိနဲ့ နေလို့ ထိုင်လို့ မကောင်းတော့ဘူးပေါ့။ဦးရေပြားဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အရေပြားထဲက တစ်ခုဖြစ်တာကြောင့်အဆီပြန်လွန်းတာလည်း ရှိနိုင်သလို ခြောက်သွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ခုဆောင်းပါးမှာတော့ လိုတာထက် ပိုပြီး ဦးရေပြား အဆီပြန်လွန်းတာ၊ ဆံပင်တွေက ဆီတွေရွှဲပြီး ဦးရေပြား ယားယံတာ၊ ဗောက်ထတဲ့ သူတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။ပုံမှန်အားဖြင့် တစ်ရက် သို့မဟုတ် နှစ်ရက်ခြား တစ်ကြိမ်ခေါင်းလျှော်ရတယ် ဆိုပေမယ့် အဆီအရမ်းပြန်တဲ့ ဦးရေပြားဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ်လောက် လျှော်ပေးလို့ ရပါတယ်။ ခေါင်းလျှော်တဲ့အခါဦးရေပြားပေါ်က ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ယူပေးပြီး လိုအပ်သလောက် ပမာဏပဲ ကျန်ခဲ့စေပါတယ်။ ခေါင်းမှာ ဗောက်အရမ်းထနေတဲ့ သူတွေဆိုရင်တော့ တစ်ရက်ခြား တစ်ကြိမ်ကိုမှ ဦးရေပြားကို ဖြည်းဖြည်းချင်း ကုတ်ပြီးတော့ လျှော်နိုင်ပါတယ်။ခေါင်း အဆီပြန်တဲ့သူတွေအနေနဲ့ ဆံသားပျော့ဆေးကို သိပ်ပြီး သုံးစရာ မလိုပါဘူး။ ကိုယ့် ဦးရေပြားအတွက် ဘေးကင်းတဲ့ခေါင်းလျှော်ရည်အမျိုးအစား တစ်မျိုးတည်းကိုသာ စွဲမြဲသုံးပေးပါ။ ဆံသားနှစ်ခွ ဖြစ်နေတယ်ဆိုရင်တော့ ပျော့ဆေးနဲ့ ဆံပင်အဖျားပိုင်းတွေကိုပဲ အသုံးပြုပေးပါ။အချိန်မရှိလို့ လေမှုတ်စက်နဲ့ အပူပေးပြီးဆံပင်အခြောက်ခံတာ သိပ် ပြဿနာမရှိဘူးလို့ ထင်ရပေမယ့် နေ့တိုင်းလိုလို လုပ်ရင်တော့ ဦးရေပြားအတွက်ကော ဆံသားအတွက်ပါ အဆင်မပြေပါဘူး။ အထူးသဖြင့် ဆံသား အဆီပြန်တဲ့သူတွေက မြန်မြန်ခြောက်သွားတော့ နဂိုရှိနေတဲ့ အဆီတွေက ဆံပင်မှာ ပြန်ကပ်ပြီး လုံးထွေးကာ အရမ်း ကြည့်ရဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို တဘက်နဲ့ ခြောက်အောင် သုတ်ပြီးသွားရင် လေသလပ်ခံထားပါ။ကိုယ့်ရဲ့ ဦးရေပြား အမျိုးအစားက အဆီပြန်တဲ့အထဲ ပါတယ်ဆိုရင် ခေါင်းလျှော်ရည်၊ဆံသားပေါင်းဆေး၊ ဆံပင်မပျက်စီးစေဖို့ လုပ်ပေးရမယ့် Hair Care ပစ္စည်းတွေကို Oily Skin ဆိုတဲ့ အညွှန်းပါတာကိုပဲ အဓိက ရွေးချယ်ဝယ်ယူပါ။ဒါကတော့ ခေါင်း အဆီပြန်တဲ့သူတိုင်း မဖြစ်မနေ လုပ်ပေးရမယ့် အချက်ပါ။ ခေါင်းကို ဘီးနဲ့ ဖြီးလိုက်ပြီ ဆိုတာနဲ့ ဦးရေပြားမှာ ရှိနေတဲ့ အဆီတွေက ဘီးမှာ သွားပြီး ကပ်တင်နေပါတယ်။ အဲ့လို တစ်နေ့တစ်ကြိမ် မဆေးဘဲ ပစ်ထားလိုက်ရင် အဆီတွေက စုသွားပြီး ဘက်တီးရီးယားပိုး ပေါင်းစုံ စုဝေးနေတဲ့ အညစ်အကြေးတွေ ဖြစ်သွားမယ်။ အဲ့ဘီးနဲ့ပဲ ခေါင်းကို ထပ်ခါတလဲလဲ ဖြီးနေရင်တော့ ဘယ်လိုအခြေအနေထိ ဖြစ်လာမလဲဆိုတာ သေချာစဉ်းစားကြည့်ရင် သိနိုင်မှာပါ။ မလိုအပ်ဘဲနဲ့လည်း ဆံပင်ကို ဘီးမဖြီးဖို့ သတိထားပေးနော်။ပန်းသီးရှာလကာရည်(Apple Cider Vinegar) သည် ဟင်းချက်တဲ့ နေရာမှာလည်း ပိုးသန့်စင်ပေးနိုင်သလို အရေပြားကိုလည်း အေးမြပြီး အဆီတွေ၊ အညစ်အကြေးတွေ ဖယ်ရှားပေးနိုင်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ ဦးရေပြား ပိုင်ရှင်တွေနေနဲ့ ရေတစ်ဆ၊ ပန်းသီးရှာလကာရည် တစ်ဆ အချိုးကျ ရောစပ်ပြီးဦးရေပြားနဲ့ ဆံသားအရင်းမှ အဖျားထိ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးခြင်းဖြင့် အဆီပိုတွေ ထွက်နှုန်းကို လျော့ကျစေပါတယ်။အဆီပြန်လွန်းတဲ့ ဦးရေပြားပိုင်ရှင်တွေအနေနဲ့ မလိုအပ်ဘဲ ကိုယ့်ရဲ့ နဂိုဆံပင် ပုံစံကို ပြောင်းလဲပစ်တာက ဦးရေပြားကိုလည်း ပိုပြီးထိခိုက်စေသလို ကိုယ်ပြောင်းလိုက်တဲ့ ပုံကလည်း တာရှည်မခံဘဲ ခဏလေးနဲ့ ပုံပျက်သွားနိုင်ပါတယ်။ ဆံသား ထိန်းသိမ်းတဲ့ နေရာမှာလည်း ပိုပြီး အလုပ်ရှုပ်တာကြောင့် ခဏခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ပုံသွင်းလိုက် လုပ်တာမျိုး လျှော့ပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%a6%e1%80%b8%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8-%e1%80%a1%e1%80%86%e1%80%ae%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%90/
Keloid အမာရွတ်ကို ဘယ်လိုဖယ်ရှားကြမလဲ။
ဒဏ်ရာတစ်ခုခုဖြစ်ပြီးတိုင်း ရုပ်ဆိုးဆိုး ဖောင်းကြွနေတဲ့အမာရွတ်ကြီး ကျန်ခဲ့ဖူးပါသလား။ ဒါကို ကီးလွိုက် (Keloidscar) လို့ ခေါ်ပါတယ်။ ဖြစ်တဲ့ ဒဏ်ရာနဲ့မှ မလိုက် ဖောင်းကြွပြီး နီရဲနေတဲ့ အမာရွတ်ကြီးပေါ့။ ဒီရုပ်ဆိုးဆိုး အမာရွတ်ကြီးက ဘယ်က ဘယ်လို ဖြစ်လာရတာလဲ။ ပျောက်အောင်လုပ်လို့ မရဘူးလားလို့ သိချင်သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်မှာပါ။ခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာရလာရင်အနာကျက်ပြီး အမာရွတ်ဖြစ်တတ်တာ သဘာဝပါ။ တစ်ခါတစ်လေမှာတော့ အမာရွတ်တွေက အနာနဲ့ မလိုက်အောင် ဖောင်းကြွနေတဲ့ အမာရွတ်အကြီးကြီးတွေ ထွက်လာတာကို Keloidလို့ ခေါ်လိုက်တာပါ။ Keloidက တစ်ကိုယ်လုံးမှာ ဖြစ်နိုင်ပေမယ့်  ရင်ဘတ်၊ ပုခုံး၊ နားနဲ့ ပါးတွေမှာ ပိုတွေ့ရပါတယ်။ Keloidက အသက်အန္တရာယ်မရှိပေမယ့် ကြည့်ရဆိုးတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။Keloid အမာရွတ်ဖြစ်ဖို့ ရက်သတ္တပတ်အနည်းငယ်ကနေ လအထိ ကြာတတ်ပါတယ်။ လက္ခဏာတွေကတော့။Keloidက ယားတတ်ပေမယ့် မစိုးရိမ်ရပါဘူး။ အဝတ်အစား ဒါမှမဟုတ် တစ်ခုခုနဲ့ ပွတ်မိလို့ တစ်ခါတစ်လေ နာတာတာ ဖြစ်တာမျိုး၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ရှားရှားပါးပါး Keloidက အဆစ်နေရာမှာ ဖြစ်နေခဲ့ရင်  လှုပ်ရှားရခက်တာမျိုးလည်း ရှိနိုင်ပါတယ်။ပြောခဲ့သလိုပဲ Keloidက ကျန်းမာရေးကိစ္စထက်စာရင် ရုပ်ဆိုးတာကြောင့် လူကို စိတ်အနှောင့်အယှက်ဖြစ်စေတာများပါတယ်။ အထူးသဖြင့် ထင်သာမြင်သာတဲ့ မျက်နှာတို့ နားတို့မှာ ဆိုရင်ပေါ့။ဘာကြောင့် ဖြစ်တာလဲ ဆိုတာ သေချာ မပြောနိုင်သေးပေမယ့် အနာကျက်ဖို့ လိုအပ်တဲ့ကော်လာဂျင်ထွက်တာများတာကြောင့်လို့ ယူဆကြပါတယ်။ ထိခိုက်ဒဏ်ရာတော်တော်များများက Keloid အမာရွတ် ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်။လူ၁၀၀မှာ ၁၀ယောက်လောက်က Keloidဖြစ်နိုင်ပါတယ်။ ယောက်ျား၊ မိန်းမ အတူတူပါပဲ။ အသားရောင် ရင့်တဲ့ သူတွေက ပိုဖြစ်နိုင်ပါတယ်တဲ့။ တခြားအချက်တွေကတော့။နောက်တစ်ခုက Keloidက မျိုးရိုးလိုက်တတ်ပါတယ်။ မိဘမှာ Keloid ဖြစ်တတ်ရင် သားသမီးမှာလည်း ဖြစ်နိုင်ချေ ရှိပါတယ်။ကုသနည်းတွေ အများကြိးရှိပေမယ့် Keloidဆိုတာက ကုသရခက်ခဲပြီး ကုတိုင်းမှ ပျောက်ချင်မှ ပျောက်နိုင်တယ်ဆိုတာ သိထားရပါမယ်။Keloidကို ပြားသွားစေနိုင်တဲ့ ကုသနည်းတွေကတော့။တခြားနည်းတွေကတော့။Keloidဟာ ကုရခက်တဲ့အတွက် မဖြစ်အောင် ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့် တတ်နိုင်သမျှ ထိခိုက်ဒဏ်ရာမရအောင် နေပါ။ ထိခိုက်ဒဏ်ရာရပြီးရင်လည်း Keloid အမာရွတ်မဖြစ်အောင် silicone gelတွေ pressure padတွေ နဲ့ အုပ်ထားပါ။ Keloidအမာရွတ်ကနေလောင်ရင် အရောင်ပိုရင့်လာပြီး အမာရွတ်ကို ပိုသိသာစေပါတယ်။ ဒါကြောင့် အမာရွတ်ကို နေရောင်မထိပါစေနဲ့။နေလောင်ကာ ခရင်မ်လိမ်းပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/keloid-scare/
Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်)
Polyp ဆိုတာ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ Cervical polyp (သားအိမ်ခေါင်းအဖုအကျိတ်) ကတော့သားအိမ်နဲ့ မွေးလမ်းကြောင်း ကြားမှာရှိတဲ့ သားအိမ်ခေါင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သုက်ပိုးတွေ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တယ်။ ကလေးမွေးချိန်မှာတော့ သားအိမ်ခေါင်းက ကျယ်ပြီးပါးလာပါတယ်။ အဲ့ဒီကနေ ကလေးဖြတ်သန်းသွားပါတယ်။Polyps တွေဟာ သားအိမ်ခေါင်း သို့ သားအိမ်လမ်းကြောင်းအတွင်းနံရံကနေ သေးငယ်တဲ့အညှာနဲ့ တွယ်ထားတဲ့အရာလေးတွေ ဖြစ်ygတယ်။ တစ်ခုတည်းဖြစ်နိုင်သလို နှစ်လုံး၊ သုံးလုံးလည်း ဖြစ်နိုင်ပါတယ်။ဒါတွေက ကင်ဆာလည်း မဟုတ်သလို ကင်ဆာဖြစ်လာနိုင်ချေလည်း နည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာအများစုက HPV လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်။ဟားဘတ်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ကလေးတစ်ယောက်ထက်များတဲ့ အသက် ၄၀ နဲ့ ၅၀ အရွယ်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ရာသီမလာသေးတဲ့ အမျိုးသမီးငယ်ငယ်လေးတွေမှာ သိပ်ဖြစ်လေ့မရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်း estrogen များခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။လက္ခဏာတွေကတော့ သိပ်မပြတတ်ပါဘူး။ ဒါပေမယ့် အဖြူ၊ အဝါအရည်တွေ ဆင်းနေမယ်။ ပုံမှန်မဟုတ်ဘဲ ရာသီလာတာတွေ များနေမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အထူးသဖြင့်။အရည်ဆင်းမယ်၊ သွေးဆင်းမယ်ဆိုရင်လည်း ဆရာဝန်ပြသင့်ပါတယ်။ဒီထဲက တချို့လက္ခဏာတွေက ကင်ဆာလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး polyps တွေဟာ ကင်ဆာအစောဆုံးအဆင့်တွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် ဖယ်ပစ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါလိမ့်ယ်။စောစောစီးစီး ရောဂါရှာဖွေပြီး ကုသလိုက်တာက ရောဂါပိုဆိုးတာကို တားဆီးပေးနိုင်တာကြောင့် ပိုမဆိုးခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ယခုအချိန်ထိ ဘာကြောင့်ဖြစ်လဲဆိုတာကို သေချာမသိကြသေးပါဘူး။ တချို့သီအိုရီတွေအရတော့ –။Estrogen ပမာဏများခြင်း။အမျိုးသမီးတစ်ယောက်ဘဝမှာ estrogen ပမာဏက သဘာဝအလျောက်ကို တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ ကိုယ်ဝန်ဆောင်ကာလနဲ့ သွေးဆုံးခါနီးအချိန်တွေမှာ အများဆုံးဖြစ်တယ်။တချို့သောဓာတုပစ္စည်းတွေကလည်း estrogen နဲ့ဆင်တူတတ်ကြတယ်။ ဥပမာ အသားတချို့၊ နို့ထွက်ပစ္စည်းတွေမှာ xenoestrogen ဆိုတာတွေပါတတ်ပါတယ်။ ပလတ်စတစ်အိတ်၊ ခွက်တွေနဲ့ စားစရာတွေက အပူနဲ့ ထိတွေ့တဲ့အခါမှာလည်း estrogen တွေထွက်နိုင်ပါတယ်။ တချို့သော လေသန့်ဆေးတွေမှာလည်း estrogen နဲ့တူတဲ့ phthalates ဆိုတာမျိုးတွေပါတတ်ပါတယ်။ရောင်ရမ်းခြင်း။သားအိမ်ခေါင်းနီရဲရောင်ရမ်းနာကျင်ခြင်းဖြစ်ပြီး အကြောင်းအရင်းတချို့ကတော့ –။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။သင့်မှာ ရောဂါရှိနေပြီလို့ ဆရာဝန်က သံသယရှိတယ်ဆိုရင် တချို့သော စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ အသားစစစ်ခြင်း၊ တစ်သျှူးစစစ်ခြင်းတွေလုပ်နိုင်ပါတယ်။ တချို့သောရလဒ်တွေက polyp ဆဲလ်တွေ ပြသလို၊ ရှားရှားပါးပါးကင်ဆာပြောင်းလဲမှုတွေလည်း ရှိရင်ရှိနေနိုင်ပါတယ်။တခါတရံမှတော့ာ သူ့ဖာသာသူပြုတ်ထွက်သွားတတ်ပါတယ်။ ဓမ္မတာလာစဉ်၊ အတူနေစဉ်တွေမှာ ဒီလိုမျိုးဖြစ်တတ်ပါတယ်။ရောဂါလက္ခဏာတွေ မပြမချင်း အရေတကြီး ဖယ်စရာတော့ မလိုပါဘူး။ Polyp ဖယ်ခြင်းက ဆေးခန်းမှာတောင်ဆောင်ရွက်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ကုသနည်းတွေကတော့ –။Polyp အခြေကို ဖျက်စီးမယ့်နည်းတွေကတော့ –။ဖယ်ပစ်တဲ့အချိန်မှာတော့ နည်းနည်းနာကျင်နိုင်ပြီး နာရီပိုင်းကြာအောင် သာမန်မျှသော ဗိုက်နာခြင်းခံစားရနိုင်ပါတယ်။ တစ်ရက်နှစ်ရက်ကြာအောင် သွေးအနည်းငယ်ဆင်းနိုင်တယ်။တကယ်လို့polypအညှာကအရမ်းကြီးနေတယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုပါလိမ့်မယ်။Polyp အများစုက ဖယ်ပစ်ပြီးရင် ပြန်မပေါက်တတ်ပါဘူး။တခြားသိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/cervical-polyps-explained/
ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက
ကလေးကဝမ်းပုံမှန်မသွားလို့မေမေတို့ စိတ်ညစ်နေရပြီလား။ ဝမ်းသွားဖို့ တည်လည်း အကြောက်အကန် ငြင်းနေပြန်တော့ အခက်တွေ့ရပြန်ရော။ ဝမ်းချုပ်ပြီဆို ဝမ်းသွားချင်လည်း မသွားနိုင်လို့ ငိုနေရတဲ့မျက်နှာလေးရယ်၊ လေထိုးလေအောင့် ဖြစ်လာလို့ ခံစားရတာတွေရယ်၊ ဝမ်းသွားတဲ့အချိန် မျက်ရည်လည်ရွှဲနဲ့ ဖြစ်ရတာတွေရယ် မေမေတို့ မြင်တွေ့ချင်မှာမဟုတ်ပါဘူး။ကလေးတွေမှာဝမ်းချုပ်ဝေဒနာခံစားရတဲ့အခါမှာ ကလေးက –။အစာခြေစနစ်ဆိုတာ အစာကိုချေဖျက်ပြီးအူလမ်းကြောင်းတလျှောက် အာဟာရစုပ်ယူ၊ စနစ်တကျစွန့်ထုတ်ပေးတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းရဲ့လုပ်ဆောင်ချက်တစ်ခုလုံးကို ဆိုလိုပါတယ်။ အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတွေရှိနေရင် ဝမ်းချုပ်နိုင်ပါတယ်။အစာခြေစနစ်ထဲမှာ သဘာဝအလျောက်ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို Probiotic လို့ခေါ်ပါတယ်။ သူတို့လေးတွေက အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကို ပိုကောင်းမွန်စေဖို့ အားဖြည့်ကူညီပေးတဲ့အတွက်ကလေးတွေရဲ့ ဝမ်းပြဿနာအတွက် ကိုယ်ရံတော်လေးတွေလို့ ဆိုနိုင်ပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေ အူလမ်းကြောင်းပါ နည်းပါးနေတဲ့အခါလည်း ဝမ်းချုပ်ပါတယ်။အမျှင်ဓာတ် (fibres) တွေက အူလမ်းကြောင်း လှုပ်ရှားမှုကို အထောက်အကူပြုပြီး ဝမ်းမှန်စေပါတယ်။ တကယ်လို့ ကလေးရဲ့နေ့စဉ်အာဟာရမှာ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးအရွက်နဲ့ အသီးအနှံတွေ သိပ်မပါရင်လည်း ဝမ်းချုပ်စေနိုင်ပါတယ်။ ဥပမာ- ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပန်းသစ်တော်သီး၊ ပန်းသီး စတဲ့ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေကို ပုံမှန်ထည့်ကျွေးသင့်ပါတယ်။အမျှင်ဓာတ်နဲ့အတူပဲ ရေကလည်း အူလမ်းကြောင်း ကောင်းစွာ လှုပ်ရှားဖို့အတွက် အထောက်အကူကြီးကြီးမားမားဖြစ်စေပါတယ်။ ရေဓာတ်နည်းပါးတဲ့အခါ အူလမ်းကြောင်းလှုပ်ရှားမှု နည်းပြီး ဝမ်းချုပ်ပါတယ်။Probiotic လေးတွေက အကျိုးပြုဘက်တီးရီးယားဆိုတဲ့ အမည်အတိုင်း အစာအိမ်နဲ့အူလမ်းကြောင်း အတွက် အရေးပါတာမို့ ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေ အကုန်ဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာအပြင် ဝမ်းပျက်ဝမ်းလျှောတာကိုပါ ကူညီဖြေရှင်းပေးနိုင်ပါတယ်။အကျိုးပြုဘက်တီးရီးယားလေးတွေက အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို မြင့်တက်စေပြီး ဝမ်းတွေကို ပျော့စေပါတယ်။ ဒီအတွက်ကြောင့် ဝမ်းချုပ်တတ်တဲ့ ကလေးတွေအတွက်ဆိုရင် အကျိုးပြု ဘက်တီးရီးယားတွေက မရှိမဖြစ်ပါပဲ။Probioticတွေကို ဒိန်ချဉ် အပါအဝင် အချဉ်ဖောက်ထားတဲ့ အစားအသောက်တွေကနေ ရရှိနိုင်ပါတယ်။ကလေးတွေအတွက်ဆိုရင်တော့ probiotics ဖြည့်စွက်ထားတဲ့ အာဟာရနို့မှုန့်တွေလည်း တိုက်ကျွေးနိုင်ပါတယ်။Probiotics တွေအများကြီးရှိတဲ့ထဲက  L.comfortis ဆိုတဲ့အမျိုးအစားက ကလေးတွေနဲ့ အထူးသင့်လျော်ပါတယ်။ အကျိုးပြုဘက်တီးရီးယား Lactobacilli မျိုးနွယ်ဝင်ဖြစ်တဲ့ L.comfortis ကိုအာဟာရနို့မှုန့်ကနေ လွယ်လွယ်ကူကူ ရရှိနိုင်တယ်လေ။ ဝမ်းပြဿနာတွေကို ဖြေရှင်းပေးတဲ့ L.comfortis ကြောင့်ပဲ ကလေးရဲ့ ဗိုက်အောင့်၊ ဗိုက်နာ၊လေထိုးလေအောင့်စတဲ့ ဝမ်းချုပ်ခြင်းနဲ့ဆိုင်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်မှာပါ။ အစာခြေစနစ် အားကောင်းကျန်းမာလာပြီး ဝမ်းချုပ်ခြင်းကင်းတဲ့အပြင်ကိုယ်ခံအားစနစ်လည်း ပိုကောင်းမွန်လာနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားသာ ပြည့်ဝလုံလောက်မယ် ဆိုရင် ဝမ်းတစ်လုံးကောင်းလို့ ပြုံးပျော်ရွှင်နေရတဲ့ သားသားမီးမီးတွေကို မြင်တွေ့ရမှာ အမှန်ပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/child-constipated/
ယစ်ရွှေရည် ကို ဘယ်လို မှီဝဲကြမလဲ
သောက်တတ်စားတတ် ပျော်တတ်ပါးတတ်သူတွေ ဝိုင်းဖွဲ့ကြလို့ ရေချိန်လေး ကိုက်လာရင် အချင်းချင်း အသင်းအပင်းတွေကြား ပြောနေကြစကားလေးရှိတယ်။ “သားကြီး တော်တော့၊ ဒီနေ့တော့ မင်းသောက်တာ အတော်များနေပြီ” ဆိုတာမျိုးပေါ့။ အဲ့တော့ တစ်ဖက်လူက သောက်တာ ရပ်သွားသလား။ နိုးပါ။ အဲ့လိုနဲ့ မိုးလင်းကြရတာပါပဲ။ ဒါကလည်း ယစ်ရွှေရည် နှစ်ခြိုက်သူတွေရဲ့ အလေ့အထလေး တစ်ခုပေါ့။အရွယ်ရောက်ပြီးသူ အတော်များများဟာအရက်ကို အနည်းအကျဉ်းလောက်တော့ သောက်ဖြစ်တတ်ကြတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့။ ဘယ်လိုပမာဏကို များနေပြီလို့ ဆိုမလဲ။ ဘယ်လိုပမာဏမျိုး နေ့စဉ် သောက်လို့ရနိုင်မလဲ။ တစ်ပတ်ကို ဘယ်လောက် ပမာဏမျိုးသောက်လို့ရသလဲ။ အရက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်သုံးလို့ရနိုင်မလား။ဒီမေးခွန်းတွေဟာ ယျေဘုယျဆန်တဲ့ မေးခွန်းတွေပါ။ ဒါပေမယ့် ဒီမေးခွန်းတွေရဲ့ အဖြေတွေကိုတော့ ယစ်ရွှေရည် ကိုမှ နှစ်သက်ကြတဲ့ယမကာလုလင်တိုင်း သိချင်မယ်ဆိုတာ သေချာပါတယ်။ကဲ ပထမဆုံး အရက်ကို ဘယ်လိုသောက်ကြမလဲဆိုတာကို ဖြေကြည့်ရအောင်။ အရေးအကြီးဆုံးအချက်တွေကို ပြောကြည့်မယ်။အထက်ပါအချက်တွေကတော့ အရက်ကို ဘေးကင်းကင်းနဲ့ သောက်သုံးဖို့အတွက် အခြေခံစည်းမျဉ်းတွေဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အားလုံးကို လိုက်နာပြီး သောက်သုံးတာက အကောင်းဆုံးပါပဲ။ National Institute on Alcohol Abuse and Alcoholism ရဲ့ အဆိုအရတော့ အဲ့ဒီ စည်းမျဉ်းတွေကို လိုက်နာသူက ၂% ပဲရှိပါတယ်တဲ့။ အဲ့ ၂% နှုန်းထဲ ကိုယ်ပါဖို့ လိုအပ်တယ်နော်။သူရာကို ဖြူပြာကျအောင် သောက်နေကြတဲ့ အရက်သမား ၁၀၀ ကို တစ်နေ့ ပျမ်းမျှ အရက် ဘယ်နှစ်ခွက်လောက် သောက်သုံးရမလဲလို့ လိုက်မေးကြည့်ရင် တစ်ယောက် တစ်ပေါက် ဖြေကြပါလိမ့်မယ်။ လူတစ်ယောက်ဟာ ပျမ်းမျှ အရက် ဘယ်နှစ်ခွက်လောက် သောက်သုံးရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မသိကြတာများပါတယ်။အရက် ဆိုတာကြီးက များများသောက်ရင် များများကျန်းမာရေးထိခိုက်သလို နည်းနည်းသောက်ရင်လည်း နည်းနည်းထိခိုက်မှာဖြစ်ပါတယ်။ သင့်လျော်တဲ့ ပမာဏဆိုတာ ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ အခြေအနေတစ်ခုကိုသာ ညွှန်းဆိုတာဖြစ်ပါတယ်။တက်ကီလာတို့ဝိုင်တို့လို တစ်ချို့သော အရက် အမျိုးအစားတွေဟာ ကျန်းမာရေးကို ထောက်ကူနိုင်တာမှန်ပေမယ့် သောက်သုံးတဲ့ ပမာဏပေါ်တော့မူတည်ပါတယ်။ ဒါတွေဟာလည်း အလွန်အကျွံမှီဝဲရင် နှလုံးနဲ့ အသည်းကိုထိခိုက်စေမှာပါပဲ။ဒီတော့ ကြိုက်ကလည်း ကြိုက်တတ်တယ်၊ ကျန်းကျန်းမာမာလည်း နေချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီမယ့် အရက် အမျိုးအစားနဲ့ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ပမာဏမျိုးကို ချင့်ချိန်သောက်သုံးဖို့ လိုအပ်မှာဖြစ်ပါတယ်။ Risk နည်းတာဟာ Risk မရှိတာမဟုတ်ဘူးဆိုတာလေးကိုတော့ အမြဲမှတ်ထားဖို့ လိုအပ်ပါတယ်နော်။ယစ်ရွှေရည်ကို ဘယ်လို မှီဝဲကြမလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-drink-alcohol-like-a-pro/
Facial Toner သုံးသင့် မသုံးသင့်
မေလေးတို့ရေ….။အခုခေတ်မယ် များပြားလှတဲ့ skincare products တွေကြား ဘာကို ဘယ်လို သုံးရမှန်းမသိတဲ့ မေလေး တွေရှိကြလား။ အခု နှင်းပြောပြပေးမှာက မျက်နှာသစ်ပြီးတဲ့အခါ ဂွမ်းလေးနဲ့ မျက်နှာ အနှံ့ သုတ်လိမ်းပေးရတဲ့facial tonerလေး အကြောင်းပါပဲ။ ဒီ အဆင့်လေး ကို နှစ်ခြိုက်စွာသုံးစွဲနေကြတဲ့ မေလေးတွေရှိသလို မလိုဘူး ထင်ကြတဲ့ မေလေးတွေလည်း ရှိမှာပါ။ သုံးသင့် မသုံးသင့်ဆိုတာလည်း ကမ္ဘာ့အရေပြားဆိုင်ရာ ပညာရှင်တွေအကြား အငြင်းပွားနေကြဆဲပါ။မေလေးတချို့က Toner ကို မသုံးလည်းရတယ်ဆိုပြီး မသုံးတတ်ကြပါဘူး။  Essence မှာ Toner effect ပါ ပါပြီးသားဆိုပြီး တစ်မျိုးတည်းပဲ သုံးတဲ့ မေလေးတွေလည်းတွေ့ဖူးပါတယ်။ တကယ်က Essence ဆိုတာဟာ ရေဓာတ်ဖြည့်ပေးတဲ့အဆင့်ပဲမို့ Toner သုံးပေးတာနဲ့တော့ တူမှာမဟုတ်ပါဘူး။ ဒီတော့ ဘာလို့ သုံးသင့်တယ် ယူဆ လဲ…. ဘာလို့ မသုံး သင့်ဘူး ယူဆလဲ ဆိုတဲ့ အချက်ကလေးတွေ ကို နှင်းသိသလောက် ဝေမျှပေးလိုက်ပါတယ်။Facial toner သုံးခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို တစ်ချက်ချင်းစီ ယှဉ်ပြောပေးမယ်နော်။အခုခေတ်မှာတော့ alcohol free toner တွေ natural beauty water တွေ အများကြီးပေါ်လာပြီမို့ ဆိုးကျိုးတွေပိုနည်းသွားပြီဆိုပေမဲ့ chemical free တော့ မဖြစ်သေးတာမို့ ကိုယ့်ရဲ့ အသားအရေနဲ့ အရေပြားပြဿနာပေါ်မူတည်ပြီး ရွေးချယ်သုံးစွဲကြဖို့ နှင်းက တိုက်တွန်းချင်ပါတယ်။ Toner မှာ ကိုယ့်အရေပြား အမျိုးအစားနဲ့ ပြဿနာအလိုက် အမျိုးမျိုးရွေးစရာတွေရှိပါတယ် ..။-အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားရေ နဲ့ ဝက်ခြံထွက်လွယ်တဲ့အသားရေ တွေအတွက်ချွေးပေါက်မပိတ်အောင် သန့်စင်ပေးတဲ့ Toner  – Salicylic acid or BHA , Glycolic acid or AHA  ပါတဲ့ Cleansing and ExfoliatingToner။-ရေဓာတ်ဖြည့်ပေးတဲ့ Hyaluronic acid ပါတဲ့ Toner။-အသားရေ ချောမွေ့စေတဲ့ Soothing & Calming လုပ်ပေးတဲ့ Toner ( ပန်းနဲ့လုပ်တဲ့ Toner တွေပေါ့ ! ဥပမာ rosewater လိုမျိုး)။-အသားရောင် ညှိပေးနိုင်တဲ့ Toning Toner။-အသားရောင်လင်းလက်တောက်ပစေမယ့်  Vitamin C ပါတဲ့ Brightening Toner။-အရွယ်တင်ပြီး အရေးအကြောင်းလျော့ပါးစေမယ့် Antioxidants သို့ Retinol စတာတွေ ပါတဲ့ Antiaging Toner။စသဖြင့် အမျိုးမျိုးရှိတာကို တွေ့ရပါတယ်။ဒါပေမယ့် တန်ဆေး လွန်ဘေး ဆိုတာကို မမေ့ပါနဲ့ မေလေးတို့ရေ။ရေးသားသူ – နှင်းရိပ်မှုန်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/facial-toner/
သင် ဝမ်းချုပ် တတ်ပါသလား။ ဘယ်လိုကာကွယ်ရမလဲဆိုတာရော သိပြီလား။
ဝမ်းချုပ်တယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ အသုံးအနှုန်းတစ်ခုပါ။ လူတွေသတ်မှတ်ထားကြတာကတော့ တစ်နေ့ တစ်ခါ အိမ်သာသွားရင်ဝမ်းမှန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဆို သူတို့တွေကို ဝမ်းချုပ် တယ်လို့ ပြောလို့ရပါသလား။တစ်ရက်တစ်ခါ အိမ်သာမသွားတာနဲ့ပဲ ဝမ်းချုပ်နေတယ်လို့ပြောလို့ရမရပါဘူး။ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့သူတွေလည်း အများကြီးပါ။ သူတို့အတွက်တော့ ရက်ခြားသွားနေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ တစ်ရက်တစ်ခါ ဝမ်းမသွားလို့ သူတို့ကို ဝမ်းချုပ်နေပြီလို့ပြောလို့မရပါဘူး။ ဒါဆို ဘယ်နှစ်ရက်လောက်နေမှ ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ခေါ်သလဲ။ ဝမ်းချုပ်တာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ဆက်ကြည့်ရအောင်။ဝမ်းချုပ်တာ တစ်ချိန်မဟုတ်တစ်ချိန် လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခုပြောပြမယ့် သူတွေက ပိုအဖြစ်များနိုင်ပါတယ်။အခန့်မသင့်ရင် လူတိုင်းဝမ်းချုပ်တတ်ကြတာချည်းပါပဲ။ ရံဖန်ရံခါ ဝမ်းချုပ်တာလောက်နဲ့တော့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်နိုင်ပါဘူး။ ဝမ်းခဏခဏချုပ်နေပြီဆိုရင်တော့ ခုပြောမယ့် နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်ဖို့ အလားအလာများနေပါပြီ။ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့။ဝမ်းချုပ်တာအတွက် အကောင်းဆုံးလတ်တလော ဖြေရှင်းနည်းက ဝမ်းနှုတ်ဆေးသောက်တာပဲဖြစ်ပါတယ်။ ဝမ်းနှုတ်ဆေးအရည်၊ ဝမ်းနှုတ်ဆေးပြား၊ ဝမ်းချူဘောလုံးဆိုပြီး ဝမ်းချုပ်တာကို ဖြေရှုင်းနိုင်တဲ့ နည်းမျိုးစုံရှိပါတယ်။ ဆေးလုံးသောက်ရင် နင်တတ်တဲ့သူတွေ ဝမ်းချူဘောလုံးရသုံးတာ လည်း အဆင်မပြေတဲ့သူတွေကတော့ ဝမ်းနှုတ်ဆေး အရည်တွေကို ပိုကြိုက်ကြပါတယ်။ နောက် ဝမ်းပျော့ဆေးဆိုတာလည်း ရှိပါတယ်၊၊။ဒါတွေက ယာယီအတွက်ပဲဖြစ်ပြီး ခဏခဏသုံးဖို့တော့ မသင့်တော်ပါဘူး၊၊။ဝမ်းချုပ်တယ်ဆိုတာ ကြိုတင်ကာကွယ်လို့ရတဲ့ အရာတစ်ခုပါ။ ဝမ်းချုပ်တယ်ဆိုပြီး ဝမ်းနှုတ်ဆေးချည်းပဲ သောက်နေလို့ မရပါဘူး။ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် အဓိကတော့ ဝမ်းချုပ်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ပြီး ကိုယ့်နေထိုင်မှုပုံစံကို ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးကို ဆက်ဖြစ်စေတဲ့ ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ကြည့်ရအောင်။ ။ဒါတွေကတော့ လူတိုင်းနဲ့ မကင်းနိုင်တဲ့ ဝမ်းချုပ်တာကို ကာကွယ်လို့ရမယ့် နည်းလေးတွေ၊ ကုသလို့ရတဲ့ နည်းလေးတွေ ဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲတော့မှာဖြစ်လို့ ဝမ်းချုပ်တာကြောင့် ဖြစ်ရတဲ့ စိတ်အနှောင့်အယှက်တွေ ကင်းဝေးပြီး သာယာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။ ။ရေးသားသူ- Dr Thin Yadanar @Frances။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/can-i-prevent-constipation/
နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ
နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ အကြောင်း ပြောပြပေးချင်ပါတယ်။နာနတ်သီးဖျော်ရည်ဟာ လူကြိုက်များတဲ့ အဖျော်ယမကာစာရင်းဝင်ဖြစ်ပြီး အပူပိုင်းဒေသတွေမှာ ပိုမိုရရှိနိုင်ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကင်ညာ၊ အိန္ဒိယ၊ တရုတ်၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတွေမှာ သောက်သုံးမှု ပိုမိုများပြားပါတယ်။ သာမန်အသီးဖျော်ရည်အနေနဲ့ မဟုတ်ဘဲဆေးဖက်ဝင်တဲ့ သဘောနဲ့ပါ သုံးစွဲတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။လက်ရှိသုတေသနတွေအရ နာနတ်သီးဖျော်ရည်မှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။ အစာချေဖျက်မှုကို အားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ သိပ္ပံနည်းကျသုတေသနပြုလုပ်ရာကနေ တွေ့ရှိထားတဲ့ နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။နာနတ်သီးဖျော်ရည်၏ အကျိုးကျေးဇူးများ ကတော့။၁။အာဟာရဓာတ် ကြွယ်ဝခြင်း။နာနတ်သီးဖျော်ရည်မှာ အာဟာရဓာတ်မျိုးစုံ ပါဝင်နေပါတယ်။ ဖျော်ရည်တခွက် (၂၄၀ မီလီလီတာခန့်) မှာ။• ကယ်လိုရီ။ ၁၃၂။• ပရိုတိန်း။ ၁ ဂရမ်လျော့လျော့။• အဆီဓာတ်။ ၁ ဂရမ်လျော့လျော့။• ကာဘိုဟိုက်ဒရိတ်။ ၃၃ ဂရမ်။• သကြား။ ၂၅ ဂရမ်။• အမျှင်ဓာတ်။ ၁ ဂရမ်လျော့လျော့။• မဂ္ဂနိစ်။ တနေ့တာလိုအပ်ချက်ရဲ့ ၅၅%။• မဂ္ဂနီဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၇%။• ကြေးနီဓာတ်။ တနေ့တာလိုအပ်ချက်ရဲ့ ၁၉%။• ဗီတာမင် B6။ တနေ့တာလိုအပ်ချက်ရဲ့ ၁၅%။• ဗီတာမင် စီ။ တနေ့တာလိုအပ်ချက်ရဲ့ ၁၄%။• သိုင်ယာမင်း။ တနေ့တာလိုအပ်ချက်ရဲ့ ၁၂%။• ဖောလိတ်။ တနေ့တာလိုအပ်ချက်ရဲ့ ၁၁%။• ပိုတက်ဆီယမ်။ တနေ့တာလိုအပ်ချက်ရဲ့ ၇% စတာတွေ ပါဝင်ပါတယ်။အထူးသဖြင့် မဂ္ဂနိစ်၊ ကြေးနီ၊ ဗီတာမင် B6 နဲ့ ဗီတာမင် C ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်များဟာ အရိုးများကျန်းမာရေးကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်မားစေခြင်း၊ အနာကျက်မြန်စေခြင်း၊ စွမ်းအင်ထုတ်လုပ်ပေးခြင်း၊ တစ်သျှူးများ ဖွဲ့စည်းဖြစ်ပေါ်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။၂။ အခြားအကျိုးပြုဓာတ်ပစ္စည်းများပါဝင်ခြင်း။ဗီတာမင်နဲ့ သတ္တုဓာတ်များအပြင် နာနတ်သီးဖျော်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဆိုပါဓာတ်ပစ္စည်းများဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဖိစီးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်သော စားသောက်မှုပုံစံ စတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ free radical လို့ခေါ်တဲ့ ဓာတ်ပစ္စည်းများကို ဓာတ်ပြယ်အောင် စွမ်းဆောင်ပေးပါတယ်။ ဒါ့အပြင် ဘရိုမီလိန်းလို့ခေါ်တဲ့ အင်ဇိုင်းအုပ်စု ပါဝင်ပါတယ်။ အဆိုပါ အင်ဇိုင်းဟာ ရောင်ရမ်းမှုကို ကျစေခြင်း၊ အစာချေဖျက်မှု ကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအား မြင့်စေခြင်း စတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။၃။ရောင်ရမ်းမှုကို ကျစေခြင်း။နာနတ်သီးဖျော်ရည်ဟာ နာတာရှည်ရောဂါပေါင်းစုံရဲ့ လက်သည်တမျိုးဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာလျော့ကျစေအောင် အကျိုးပြုပါတယ်။ ဒါဟာ နာနတ်သီးမှာ ဘရိုမီလိန်းဓာတ် အများအပြားပါဝင်လို့ ဖြစ်ပါတယ်။ သုတေသနအချို့အရ ဘရိုမီလိန်းဓာတ်ဟာ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ (NSAID) လို ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ဘရိုမီလိန်းဟာ ထိခိုက်မိခြင်း၊ ခွဲစိတ်ကုသခြင်း စတာတွေကြောင့် ရရှိလာသော ရောင်ရမ်းမှုကို ကျစေခြင်း၊ အနာများ မီးလောင်ဒဏ်ရာများကို ကျက်စေခြင်း စတဲ့ဂုဏ်သတ္တိတွေရှိကြောင်း သုတေသီများက ဆိုပါတယ်။အားကစားပြုလုပ်ရာမှ ထိခိုက်ဒဏ်ရာရခြင်း၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ အရိုးအဆစ်ရောင်ခြင်း စတာတွေအတွက်လည်း အကျိုးရှိပါတယ်။၄။ကိုယ်ခံစွမ်းအားမြင့်စေခြင်း။နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလိန်းဓာတ်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ အဆုတ်ရောင်ခြင်း၊ ထိပ်ကပ်နာ၊ အဆုတ်လေပြွန်ရောင်ခြင်း စတာတွေကို လျင်မြန်စွာ သက်သာစေပါတယ်။ ပဋိဇီဝဆေးများနဲ့ တွဲဖက်သုံးစွဲချိန်မှာ ပိုမိုသိသာပါတယ်။ ဒါပေမယ့် ဒီအချက်ကို ပိုမိုခိုင်မာစေဖို့ သုတေသနများစွာ ထပ်မံပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။၅။အစာခြေရာတွင် ကူညီခြင်း။နာနတ်သီးဖျော်ရည်မှာ ပရိုတီယေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းတွေ ပါဝင်ပါတယ်။ အဆိုပါအင်ဇိုင်းများဟာ ပရိုတိန်းကို ပိုမိုသေးငယ်တဲ့ အမိုင်နိုအက်ဆစ်များဖြစ်အောင် ဖြိုခွဲပေးပါတယ်။ ဒီနည်းနဲ့ အူလမ်းကြောင်းကနေ အလွယ်တကူစုပ်ယူနိုင်စေပါတယ်။ ဒါ့အပြင် ပန်ခရိယမကောင်းလို့ အစာချေဖျက်တဲ့ အင်ဇိုင်း ကောင်းကောင်းမထုတ်နိုင်သူတွေမှာ ဘရိုမီလိန်း အင်ဇိုင်းများက အစာချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် အူမှာအနာဖြစ်ပြီး ရောင်ရမ်းသူများကို ရောင်ရမ်းမှုလျော့ကျစေပါတယ်။၆။ နှလုံးကျန်းမာရေးကို ကောင်းစေခြင်း။နာနတ်သီးဖျော်ရည်မှာ တွေ့ရတဲ့ ဘရိုမီလိန်းဓာတ်ဟာနှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။သွေးပေါင်ချိန်ကိုကျစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ နှလုံးကြွက်သားမှာ သွေးကောင်းကောင်းမရလို့ ရင်ဘတ်အောင့်ခြင်းကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/pineapple-juice-benefits/
လူကြီးတွေ ကျန်းမာသန်စွမ်းမှုနဲ့ သက်လုံကောင်းစေဖို့ ဘယ်လိုနေထိုင်ရမလဲ
အသက်အရွယ်လေးရလာတာနဲ့အမျှ ခန္ဓါကိုယ်က တစတစယိုယွင်းလာပြီး အရိုးတွေကြွပ်ဆတ်လာ၊ ကြွက်သားတွေကျုံ့လာတာ၊ အရွတ်တွေနဲ့တခြားအစိတ်အပိုင်းတချို့ ထိခိုက်ဒဏ်ရာရပြီးရင်ပြန်ကောင်းနိုင်ဖို့နှေးလာတာတွေဖြစ်လာပါတယ်။ ဒီဝေဒနာတွေရဲ့ တချို့တဝက်က ဇရာရဲ့ပြယုဂ်တွေဖြစ်တယ်ဆိုပေမယ့် အသက်ကြီးရင့်မှုရဲ့ရလဒ်တွေကိုရင်ဆိုင်တွန်းလှန်နိုင်မယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။အသက် ၅၀/၆၀ နားကပ်လာပြီဆို ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်အရွယ်ကလောက် ခွန်အားရှိနေဦးမယ်လို့ ဘယ်သူမှမျှော်လင့်မထားကြပါဘူး။ အသက်အရွယ်ကြောင့် တဖြည်းဖြည်းနဲ့အရာရာနှေးကွေးကျဆင်းလာတာက ပုံမှန်ပါပဲ။ ဒါပေမယ့် တာရှည်နေတဲ့ အပြင်းအထန်မောပန်းအားနည်းတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ အားအင်ပြည့်ဖြိုးဖို့နဲ့ကျန်းမာသန်စွမ်းဖို့က ဘဝအတွက်အရေးကြီးတဲ့အချက်တွေဖြစ်တာကြောင့် လူကြီးအရွယ်တွေမှာ ခွန်အားမြှင့်တင်ပြီးအလုံးစုံကျန်းမာရေးကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို သတ်သတ်မှတ်မှတ်လုပ်ဆောင်ပေးတာက အကောင်းဆုံးဖြစ်တယ်လို့National Institute on Aging အရ သိရပါတယ်။ ဒါပေမယ့် အားကစားခန်းမ သွားပြီး ပင်ပင်ပန်းပန်းကြိုးစားစရာမလိုပါဘူး။ အတော်အသင့်ကနေ အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုကို နာရီဝက်လောက်လုပ်ပေးရုံနဲ့လုံလောက်တယ်လို့ ဆိုပါတယ်။ သွက်သွက်လျှောက်ခြင်း၊ ဥယျာဉ်စိုက်ခြင်း၊ ကခြင်း၊ စက်ဘီးစီးခြင်း၊မြေးငယ်တွေနဲ့ကစားခြင်းတို့ကို လုပ်ပေးတာလည်း အကျိုးရှိမှာပါ။ အရင်တည်းက အငြိမ်သမားဖြစ်ခဲ့ရင်တော့ စစချင်းမှာ ၁၀ မိနစ်- ၁၅ မိနစ်လောက်ပဲ လှုပ်ရှားမှုလုပ်ပေးရင်းဖြည်းဖြည်းချင်းစတင်ပါ။လေ့လာမှုအရ အကြံပြုထားတဲ့အဆင့်လောက်ကိုပဲ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရင် ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းလျော့နည်းစေပြီး အူကင်ဆာအန္တရာယ် ကို ၄၅ ရာခိုင်နှုန်း၊ ငယ်မူပြန်အာရုံကြောရောဂါကို ၃၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းအတွက်လည်း ၃၀ ရာခိုင်နှုန်းနဲ့ နှလုံးရောဂါအန္တရာယ်ကို ၄၀ ရာခိုင်နှုန်းကျော်လျော့နည်းစေပါတယ်။ကျန်းမာရေးလိုက်စားခြင်းက ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာမှာပါ ခံနိုင်ရည်အား တိုးတက်စေနိုင်တာကြောင့် နာမကျန်းဖြစ်တာတွေ၊ မတော်တဆမှုတွေဖြစ်လာတဲ့အခါ ထိခိုက်မှုနည်းပါးစေတဲ့အနေအထားကောင်းတစ်ခုရှိနေမှာပါ။ယောဂကျင့်တာ၊ အိမ်နားတဝိုက်လေးဖြည်းဖြည်းအပြေးလေ့ကျင့်တာ၊ လမ်းသွက်သွက်လျှောက်တာ၊Zumba ကတာ၊ အကြောလျှော့အားကစားသင်တန်းတွေတက်တာ၊ ဒါမှမဟုတ်ရေကူးတာတွေလုပ်နိုင်ရင် လုပ်ကြည့်ပါ။ နောက်ဆုံးမှာသွေးတိုးလည်းကျလာစေနိုင်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ အကြောအခြင်တွေတောင့်တင်းပြီးလှုပ်ရှားရခက်လာတာတွေဖြစ်လာတတ်ပါတယ်။ အထူးသဖြင့်သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာ တွယ်ဆက်တစ်ရှူးဖွဲ့စည်းပုံတွေပြောင်းလဲပြီး ကျုံ့ဆန့်နိုင်အားနည်းလာလေ့ရှိပါတယ်။ ဒါ့ကြောင့် ထိုင်ပြီး စာဖတ်တာ ၊ အလုပ်လုပ်တာ ကြာသွားခဲ့ရင် အချိန်မှတ်ထားပြီး ခဏလောက်ဖြစ်ဖြစ်ထလှုပ်ရှားပေးဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ခန္ဓါကိုယ်မှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ခံနိုင်ရည်အားပိုကောင်းလာစေတာပဲဖြစ်ပါတယ်။ ချွေးစို့ရုံလောက် ေ့လကျင့်ခန်းလှုပ်ရှားမှုတွေကို တစ်ကြိမ်မှာ နာရီဝက်လောက်နဲ့ တစ်ပတ်မှာ ငါးကြိမ်လောက်လုပ်ပေးပါ။ တစ်ပတ်ကို မိနစ်အနည်းငယ်လောက် လှုပ်ရှားပေးရင်ပဲ သက်လုံကောင်းစေနိုင်ပါတယ်။သက်တောင့်သက်သာ ခြေလှမ်းမှန်မှန်နဲ့လမ်းလျှောက်ထွက်ပေးတာကလည်း ကျောဘက်၊ တင်ပါး၊ပေါင် စတဲ့နေရာတွေအပါအဝင် ခြေဆန့်လက်ဆန့်လှုပ်ရှားလို့ကောင်းစေမယ့်လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ပါတယ်။သန်မာခြင်းဆိုတာ ကြွက်သားတွေရဲ့အားပဲဖြစ်ပါတယ်။ အသက်ကြီးလာတဲ့အခါဖြစ်တတ်တဲ့ ချော်လဲခြင်းနဲ့ အရိုးကျိုးအက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ကြွက်သားသန်မာဖို့အရေးကြီးပါတယ်။ ကြွက်သားသန်မာရင် အရိုးအဆစ်တွေကို တည်ငြိမ်အောင်ထိန်းနိုင်ပြီး နှလုံးကျန်းမာရေးလေ့ကျင့်ခန်းတွေကို ခံနိုင်ရည်ပိုကောင်းစေပါတယ်။အသက်ကြီးရင့်လာတာဟာ အိပ်စက်ခြင်းကိုထိခိုက်စေနိုင်တဲ့ အရေးကြီးဆုံးအချက်တစ်ချက်ပါလို့ ပညာရှင်တွေပြောကြပါတယ်။ အသက်ကြီးလာရင် ညအိပ်မပျော်တဲ့ဝေဒနာဖြစ်နိုင်ခြေများလာသလို အိပ်ပျော်ရင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန် နည်းလာတတ်ပါတယ်။ လူကြီးတွေမှာ ညဘက်ကောင်းကောင်းအိပ်ပျော်မှနေ့ဘက်ကျန်းမာရေးကောင်းစေမှာဖြစ်ပါတယ်။နေ့လယ်ခင်း တရေးအိပ်တာကလည်း ညဘက်ရောက်ရင်နုံးခွေနေတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ညဘက်စောစောအိပ်ရာဝင်ပြီး ကြိုးစားအိပ် ကြည့်ပါ။ကျန်းမာရေးနဲ့ညီညွတ်တာတွေ၊ အာဟာရပြည့်တဲ့အစာတွေစားခြင်းက အဓိကကျပြီး အားဖြစ်စေတယ်ဆိုပေမယ့် ပင်ပန်းပြီး အားအင်ကုန်ခန်းနေချိန်မှာတော့ အချိုတွေ၊ အငန်တွေများတဲ့ အာဟာရနည်းအစားအစာတွေကို ပိုတောင့်တလေ့ရှိပါတယ်။ ဒါ့ကြောင့် အာဟာရပြည့်တဲ့အစားအသောက်တွေကိုပဲ ကိုယ့်အနီးမှာထားပါ။ သရေစာအဖြစ် လတ်ဆတ်တဲ့သစ်သီးတွေ၊ အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ ဒိန်ချဉ် သို့မဟုတ် ကြက်ဥပြုတ်တို့ကိုစားပါ။ ပရိုတင်းဓါတ်များတဲ့အစာတွေကို တစ်နေ့တာမှာ နည်းနည်းချင်းစားပေးရင်လည်းကောင်းပါတယ်။အမြဲအလုပ်တစ်ခုခုလုပ်နေပါ။ တစ်နေ့တာလုပ်မယ့်အစီအစဉ်တွေထဲမှာ လှုပ်လှုပ်ရှားရှားနေဖို့အတွက် အချိန်နည်းနည်း ထည့်သတ်မှတ်ထားပါ။နှလုံးခုန်နှုန်းကို သတိထားဂရုစိုက်ပါ။ အသက်ကြီးလာတာနဲ့အမျှသွေးတိုးရောဂါက အဓိကစိုးရိမ်စရာဖြစ်လာတာကြောင့် နှလုံးကျန်းမာရေးအတွက်လည်းလေ့ကျင့်ခန်းတွေလုပ်ဖို့အရေးကြီးပါတယ်။ကြွက်သားအစုတွေကိုမေ့မထားပါနဲ့။ အလေးတုံး မခြင်း ဒါမှမဟုတ် တခြားလေ့ကျင့်ခန်းတွေလုပ်ပြီး ကြွက်သားအစုတိုင်းကို ကြံ့ခိုင်အောင်ေ့လ့ကျင့်ပါ။ နည်းလမ်းကောင်းတစ်ခုကတော့ ၂ပေါင်/၃ပေါင် ရှိတဲ့ weight တုံးတွေနဲ့ တစ်ပတ်ကို အနည်းဆုံး ၂ကြိမ် ကစားပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/active-aging/%e1%80%9c%e1%80%b0%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%81%e1%80%bc%e1%80%94%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b7-%e1%80%9e/
Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့…
ဒီဘက်ခေတ်မှာတော့Gymကစားခြင်း ဆိုတာ ထူးထူးဆန်းဆန်းအရာတစ်ခု မဟုတ်တော့ပါဘူး။ အရင်တုန်းကတော့ Gym ကစားတယ်ဆိုတာကို ပိုက်ဆံဖြုန်းတယ်၊ မော်ဒယ်တွေ အနုပညာရှင်တွေမှ လုပ်သင့်တဲ့အရာ အစရှိသဖြင့် ပြောခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ လူအများစုGymကို တစိုက်မတ်မတ် ကစားလာကြတာကို တွေ့ရတာ ကျန်းမာရေးရှုထောင့်အရတော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။ဒါပေမယ့် လူတော်တော်များများမှာ Gym ကစားခြင်း နဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ ဂျင်းတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်က ဒီလူသိမှားနေတဲ့ ဂျင်းအချက်တွေကို ပြောပြပေးပြီး နားလည်မှုလွဲနေတဲ့အရာတွေကို ပြန်လည်ဖြေရှင်းပေးချင်ပါတယ်။၁။ Gym ကစားရင် ဝက်ခြံတွေ ပိုထွက်လာလိမ့်မယ်။Gym ကစားခြင်း နဲ့ဝက်ခြံထွက်တဲ့ ပြဿနာဟာ တိုက်ရိုက်ဆက်စပ်ခြင်း မရှိပါဘူး။ ဝက်ခြံထွက်ရခြင်း အကြောင်းအများစုဟာ မျက်နှာ သေချာမသန့်စင်ခြင်း၊ အဆီပြန် အသားအရေရှိခြင်း၊ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်း၊ အိပ်ရေးပျက်ခြင်း စတာတွေကြောင့် ဖြစ်ရတာပါ။Gym ကစားပြီး ရေချိုးသန့်စင်ခြင်းမပြုတာ၊ တချို့ပရိုတင်းမှုန့်တွေ သောက်တာ၊ ဟော်မုန်းတွေ အသုံးပြုတာကြောင့် ဝက်ခြံထွက်လာတာမျိုးတော့ ရှိနိုင်ပေမယ့် လူတိုင်းမဖြစ်တတ်ပါဘူး။၂။ ဘော်ဒီလှဖို့ Gym တစ်ခုတည်း ကစားပေးရင် လုံလောက်တယ်။ဒါကတော့ Gym စစချင်း ဆော့ကာစ လူတော်တော်များများ အသိမှားထားတဲ့အချက်ပါ။ ကိုယ်က ကိုယ်အလေးချိန် ကျဖို့၊ တက်ဖို့၊ကြွက်သားတွေတက်ဖို့၊ ဗိုက်အဆီတွေ ကျဖို့ အစရှိတဲ့ ရည်ရွယ်ချက်ကြောင့် ဆော့တာဆိုရင် စားသောက်နေထိုင်မှုပုံစံကိုပါ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်မျိုးရအောင် Gym ကစားခြင်းက ၃၀ ရာခိုင်နှုန်းပံ့ပိုးပေးပြီး စားသောက်နေထိုင်မှုပုံစံက ၇၀ ရာခိုင်နှုန်းထိ ပံ့ပိုးပေးပါတယ်။ ညဘက်အိပ်ချိန်ကို အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပေးဖို့လည်း အရေးကြီးပါတယ်။၃။ ဒီအတိုင်းနေရင် အကောင်း၊ Gym ကစားမှ ပိုဝ၊ ပိုပိန်သွားတတ်တယ်။ဒါကတော့ အပေါ်မှာပြောထားတဲ့ Gym ကိုပဲ သေချာကစားပေးပြီး အစားမဆင်ခြင်တဲ့သူတွေမှာ အဖြစ်များတတ်တဲ့ ပြဿနာပါ။ကိုယ်အလေးချိန်ချချင်တဲ့သူတွေက အဓိက စားပေးရမယ့်၊ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေဆိုတာ ရှိပါတယ်။ ဒါတွေကို ကိုယ့်ကို ထရိန်နင်ပေးနေတဲ့ နည်းပြဆရာနဲ့ တိုင်ပင်လို့ ရပါတယ်။ပိန်တဲ့သူတွေဆိုရင်လည်း ဘယ်အာဟာရဓာတ်ပါတဲ့ အစာအုပ်စုကို အဓိကစားပေးသင့်လဲ။ ဘယ်လောက်ပမာဏ စားပေးသင့်လဲစတာတွေကို အရင်ဆုံး မေးထားပြီး လမ်းညွှန်ပေးတဲ့အတိုင်း စားသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပိန်ချင်တဲ့သူတွေကအဆီတွေ စွတ်စားတာ၊ ဝချင်တဲ့သူတွေက အစာနည်းနည်းပဲ စားတာဆိုရင်တော့ Gym ဘယ်လောက်ဆော့ဆော့ ပိုက်ဆံနဲ့ အချိန်ကုန်တာပဲ အဖတ်တင်ပြီး ထိရောက်မှာမဟုတ်ပါဘူးနော်။၄။ ယောက်ျားလေးတွေ Gym ကစားရင် လိင်အင်္ဂါသေးသွားတတ်တယ်။စိတ်ဝင်စားစရာကောင်းတဲ့အချက်က ယောက်ျားလေးတွေသာမက မိန်းကလေးအများစုကပါ ဒီဂျင်းကို ယုံနေကြတာပါ။ Gym ကစားလို့ အလေးပိပြီးလိင်အင်္ဂါသေးတယ်ဆိုတာ လုံးဝဖြစ်နိုင်ခြေ မရှိတဲ့ ယုံတမ်းစကားဂျင်းသက်သက်ပါပဲ။ကိုယ်ကသာ အသက်ငယ်သေးတဲ့သူဆိုရင် Gym မှန်မှန်ကစားပေးခြင်းဖြင့် ကျားဟော်မုန်းတွေ များများထုတ်လုပ်ပေးနိုင်ပြီးလိင်ပိုင်းဆိုင်ရာမှာတောင် ပိုပြီးသန်စွမ်းစေနိုင်ပါတယ်။ မွေးရာပါ လိင်အင်္ဂါသေးတဲ့သူတွေကတော့ Gym ဆော့ဆော့၊ မဆော့ဆော့ သေးမှာပါပဲ။ Gym ဆော့လို့ ပိုကြီးလာတာ၊ ပိုသေးတာမျိုးတော့ မရှိပါဘူး။၅။ Gym ဆော့ရင် လိင်မှုကိစ္စတွေ ရပ်ဖို့လိုအပ်တယ်။ဒါကတော့အလေးအပင်များများမတဲ့ အမျိုးသားတော်တော်များများ ထင်ထားတတ်ကြတဲ့ အရာလေးတစ်ခုပါ။ တကယ်က Gym မကစားခင်ကို အားအင်ကုန်ခမ်းသွားစေလောက်မယ့် လက်နဲ့ အာသာဖြေတာမျိုး၊ လိင်ဆက်ဆံတာမျိုး မလုပ်သင့်ဘူး၊ အချိန်နည်းနည်း ခြားသင့်တယ်လို့သာ ဆိုလိုတာပါ။ လုံးဝ လိင်မှုကိစ္စကို ရပ်ဖို့ မလိုအပ်ပါဘူး။ လိင်ဆက်ဆံတာ၊သုက်လွှတ်တာမျိုး လုပ်ရင် ကြွက်သားတွေ ကျသွားတယ်၊ အလေးမမနိုင်တော့ဘူးဆိုတာလည်း မဟုတ်ပါဘူး။၆။ အကြိမ်ရေ များများဆော့မှ ကြွက်သားတက်တာမြန်မယ်။ဒီနေရာမှာ အကြိမ်ရေများများဆော့တာထက် အလေးများများဆော့ဖို့၊ လေ့ကျင့်ခန်း လုပ်တဲ့ ပုံစံ၊ အနေအထား မှန်ကန်ဖို့၊ ကိုယ်ဆော့လိုတဲ့ ကြွက်သားကို သေချာအားစိုက်ပြီး ညှစ်ထုတ်ဖို့ အဓိကကျတာပါ။ အကြိမ်ရေ များများဆော့လို့ကြွက်သားတက်တာ မြန်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက် အလေးများများနဲ့ နိုင်သလောက် အကြိမ်ရေအတိုင်း လုပ်တာတော့ အကောင်းဆုံးပါပဲ။ခုပြောပြပေးခဲ့တာကို သေချာဖတ်ကြည့်ပြီးတော့ ကိုယ်ဘယ်အချက်တွေ မှားယွင်းစွာသိထားလဲဆိုတာ သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်။ တကယ်တော့ Gym ကစားတယ်ဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း ရေရှည်မှာ အကျိုးများစွာ ရှိစေနိုင်ပါတယ်။ အကယ်လို့ Gym ကစားဖို့ အချိန်၊ ငွေကြေး မတတ်နိုင်ဘူးဆိုရင်တောင် အိမ်မှာအလေးတုံးမလိုဘဲ လုပ်လို့ရမယ့် လေ့ကျင့်ခန်းတွေ၊ ရေကူးတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ တရားထိုင်တာ စတာတွေ အကုန်လုပ်လို့ ရပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းမယ့် ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/myths-about-gym-training/
နို့တိုက်မေမေတိုင်း လိုက်နာသင့်တဲ့ ရွှေရောင်စည်းမျဉ်းများ
နို့တိုက်နေရတဲ့မေမေတစ်ယောက်အနေနဲ့ အခြားသူတွေထက်အနေအထိုင်အစားအသောက်ဂရုစိုက်ဖို့လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒီတစ်ခေါက်တော့နို့တိုက်မေမေတို့အနေနဲ့ ဘေဘီလေးရော မေမေကိုယ်တိုင်ပါ ကျန်းမာစေဖို့အတွက် မဖြစ်မနေ သတိထားသင့်တဲ့ အကြောင်းလေးတွေကို ပြောပြပေးပါရစေနော်။မိခင်တစ်ယောက်ဖြစ်လာရင် စွန့်လွှတ်အနစ်နာခံရတာက အများကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်ကနေစလို့ ဘေဘီလေး ၂ နှစ်လောက်အထိက မေမေတစ်ယောက်အဖို့ စားချင်တိုင်းမစားရတဲ့ ကာလပါပဲ။ ဒီကာလမှာ မေမေရဲ့စားသောက်မှုပုံစံမှားယွင်းမှုက ကိုယ်တိုင်မှာရော ဘေဘီလေးမှာပါထိခိုက်နိုင်လို့ပါ။ ဒါကြောင့် နို့တိုက်နေရချိန်မှာ မေမေရောဘေဘီလေးပါကျန်းမာဖို့ဆိုရင်တော့။ရွှေရောင်စည်းမျဉ်း (၁) –အာဟာရပြည့်ဝအောင်စားသုံးပါ။ကိုယ်ဝန်ဆောင်ကာလထက် အစားအစာတွေကို ပိုဆင်ခြင်ရတာ နို့တိုက်မေမေအဖြစ် ဘေဘီလေးကိုပျိုးထောင်ရချိန်ပါ။ ဒီအချိန်မှာ ဘေဘီလေးကျန်းမာဖို့အတွက် တာဝန်အရှိဆုံးသူက မေမေဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် ဘေဘီလေးကို စပြီးနို့ချိုတိုက်ရချိန်မှာ တစ်နေ့ကို စားနေကြထက်ကယ်လိုရီ၅၀၀ လောက် ပိုစားသုံးပေးဖို့လိုပါမယ်။ဒါကြောင့် တစ်နေ့တာမှာ လတ်ဆတ်တဲ့သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ၂ ကြိမ်၊ထမင်းကို အသား၊ငါးတို့နဲ့ တစ်နေ့ကို ၂ ကြိမ်က နေ ၃ ကြိမ်အထိစားပေးဖို့လိုမယ်။ နေ့စဉ်စားသုံမှုမှာ အာဟာရပြည့်ဝစွာပါဝင်ဖို့ကလည်း သတိထားရမယ့်အချက်တစ်ချက်ပါ။ ဒါကြောင့် နေ့စဉ်စားသုံးမှုတိုင်းမှာ။နေ့စဉ်စားသုံးမှုမှာ ဒါတွေပါအောင်စားသုံးပေးပါ။ အဟာရမျှတအောင် စားသုံးမှုကမေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်မှာပါ။ရွှေရောင်စည်းမျဉ်း (၂) –ရေဓာတ်ပြည့်ဝအောင်နေပါ။ရေဓာတ်ပြည့်ဝနေမှုက နို့ထွက်များစေမှာပါ။ ဒါကြောင့် တစ်နေ့ကို ရေ ၁ လီတာခွဲကနေ ၂ လီတာလောက်အထိသောက်ပေးပါ။ ရေပဲမသောက်ချင်ဘူးဆိုရင် စွပ်ပြုတ်၊ သစ်သီးဖျော်ရည်တွေကိုလည်း သောက်ပေးလို့ရပါတယ်။ တကယ်လို့ မေမေအနေနဲ့ဝမ်းချုပ်နေမယ်။ ဆီးတွေအရောင်ပြောင်းနေမယ်ဆိုရင် ရေသေက်နည်းနေပြီဖြစ်တာကြောင့် သတိထားပြီး ရေများများသောက်ပေးပါ။ရွှေရောင်စည်းမျဉ်း (၃) – စားသမျှက ဘေဘီလေးကိုသက်ရောက်နိုင်ကြောင်း မမေ့ပါနဲ့။နို့တိုက်နေရချိန်မှာ မေမေစားသမျှက မေမေအတွက်ရော ဘေဘီလေးအတွက်ရောဆိုတာကို မမေ့ပါနဲ့။ အကြောင်းကတော့ မေမေစားလိုက်သမျှတိုင်းဟာ မေမေနို့ကိုသာ အာဟာရအဖြစ်မှီခိုနေရတဲ့ ဘေဘီလေးဆီကိုနို့ရည်ကနေတဆင့်ရောက်သွားနိုင်တာကြောင့်ပါ။ ဒါကြောင့် နို့တိုက်နေရတဲ့ မေမေတစ်ယောက်အနေနဲ့ ကဖင်း၊ အယ်လ်ကိုဟော၊ နီကိုတင်းပါတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ မလိုအပ်ဘဲ ဆေးတွေမသောက်ပါနဲ့။သစ်သီးတွေကို အခွံနွှာစားပါ။ ဟင်းသီးဟင်းရွက်တွေကိုဆားရည်နဲ့စိမ်ပြီးဆေးပါ။ အချိုကဲတဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ကဖင်းများတဲ့သောက်စရာတွေက မေမေရော ဘေဘီလေးရဲ့ အိပ်စက်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ရွှေရောင်စည်းမျဉ်း (၄) –မနက်စာမစားဘဲမနေပါနဲ့။ပုံမှန်လူတစ်ယောက်ဆိုရင်တောင် တစ်နေ့တာရဲ့ လုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်နိုင်စေဖို့အတွက် မနက်စာကို မဖြစ်မနေစားသင့်တာပါ။ ဒါကြောင့် ဘေဘီလေးကို နို့တိုက်နေရချိန်မှာ ပင်ပန်းနွမ်းနယ်တာ၊ စိတ်ဓာတ်ကျတာတွေကိုမဖြစ်စေဖို့ သဘာဝအချိုနဲ့ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာအစားတွေကို စားပေးပါ။ မနက်စာကို ပြည့်ပြည့်ဝဝ စားသုံးမှုက မေမေ့ကျန်းမာရေးရော ဘေဘီလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုကိုပါ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ရွှေရောင်စည်းမျဉ်း (၅) – ကျန်းမာရေးနဲ့ညီညွတ်တဲ့အလေ့အထတွေကို မွေးမြူပါ။နို့တိုက်မေမေတစ်ယောက်အနေနဲ့ ဒီအချက်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ အကြောင်းကတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသောက်နေထိုင်မှုက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်တာကြောင့်ပါ။ နို့တိုက်မေမေတစ်ယောက်အနေနဲ့ အစားကိုအချိန်မှန်မှန်စားမယ်။ အာဟာရပြည့်ဝအောင်စားမယ်၊ ရေဓာတ်ပြည့်ဝအောင်နေမယ်၊စိတ်ဖိစီးမှုတွေကိုဖြေလျှော့မယ်စသဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို မွေးမြူသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/%e1%82%8f%e1%80%ad%e1%80%af%e1%82%94%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%b1%e1%80%99%e1%80%b1%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8-%e1%80%9c%e1%80%ad%e1%80%af/
အသားအရေ ထိန်းသိမ်းမှုရဲ့ အဆင့်တစ်ခု
အသားအရေဆိုတာက ထိန်းသိမ်းနိုင်မှ အရွယ်တင်လှပမှုကို ခံစားရမှာပါ။ Helloဆရာဝန်ပရိသတ်ကြီးရော အသားလေးကို စိုအိအိလေးနဲ့လှချင်တယ်ဟုတ်။ ဒါဆိုဘာလုပ်မလဲ နည်းလမ်းကရှင်းရှင်းလေးပါ။ အစိုဓာတ်ထိန်းမှာပေါ့။အစိုဓာတ်ထိန်းတယ်ဆိုတာက မဖြစ်မနေလုပ်သင့်တဲ့အသားအရေထိန်းသိမ်းမှုအဆင့်တစ်ခုပါ။ဘာလို့ဒီလိုပြောရတာလဲဆိုတော့ အကြောင်းရှိပါတယ်နော်။အရေပြားရဲ့ ၆၄ ရာခိုင်နှုန်းကရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ။ ကျန်းမာစိုပြည်တဲ့ အသားအရေလေးပိုင်ဆိုင်ဖို့ ရေဓာတ်ကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပေါ့။အသားအရေကခြောက်သွေ့နေမယ်၊ အရေပြားတွေအဖက်လန်နေမယ်၊ ယားယံနေမယ်ဆိုရင် ဘယ်လိုလုပ်လာပြီး ဆွဲဆောင်မှုရှိရှိလှနိုင်ပါတော့မလဲနော်။ ဒီတော့ ဆွဲဆောင်မှုရှိရှိနဲ့လှပဖို့က အသားအရေကို အစိုဓာတ်ထိန်းဖို့ မဖြစ်မနေလိုအပ်လာပြီပေါ့။အသားအရေကိုခြောက်သွေ့စေတဲ့အကြောင်းအရာက တော်တော်လေးတော့များပါတယ်။ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ အစိုဓာတ်ထိန်းခရင်မ်လူးတာပါ။ ဒီနေရာမှာ အစိုဓာတ်ထိန်းခရင်မ်ဆိုတိုင်းလူးလိုက်လို့မဖြစ်ပါဘူး။ အသားအရေကို အမှန်တကယ်ထိန်းသိမ်းပေးနိုင်မယ့် ကောင်းမွန်တဲ့အစိုဓာတ်ထိန်းခရင်မ်တစ်ခုဖြစ်လိုပါမယ်။အစိုဓာတ်ထိန်းပစ္စည်းတွေမှာ။• ခရင်မ်အမျိုးအစား။• လိုရှင်းအမျိုးအစား။• အဆီပါတဲ့ လိမ်းဆေးအမျိုးအစားဆိုပြီး ပုံစံအမျိုးမျိုးရှိပါတယ်။ကောင်းမွန်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဖြစ်ဖို့ဆိုရင် ဒီအချက်လေးတွေနဲ့ကိုက်ညီဖို့တော့လိုမှာပါနော်။• အရေပြားဆရာဝန်တွေထံကနေ ထောက်ခံချက်ရရှိရမယ်။• အမွှေးနံ့ပြင်းတာမျိုးမဖြစ်ဖို့လိုအပ်ပါမယ်။• အော်ဂင်းနစ် စစ်စစ်ဖြစ်ရပါမယ်။• သဘာဝပစ္စည်းတွေနဲ့ထုတ်လုပ်ထားရပါမယ်။• ဆေးဝါးထောက်ခံချက်ရရှိရပါမယ်။• Hypoallergenic ဖြစ်ရပါမယ်။•ချွေးပေါက်တွေကိုပိတ်ဆို့စေတာမျိုးမရှိဘဲ အကောင်းဆုံးရေဓာတ်ဖြည့်တင်းပေးနိုင်ရပါမယ်။လိုအပ်ချက်နောက်တစ်ခုကနေရောင်ဒဏ်ကိုကာကွယ်ပေးနိုင်ဖို့ အနည်းဆုံး SPF 30 ပါဝင်နေဖို့ပါ။ အသားအရောင်မညီတာ၊ ခြောက်သွေ့တာ၊ယားယံတာ နဲ့ အရေပြား အဖတ်လန်တွေကို သက်သာစေရပါမယ်။ အရေပြားခြောက်သွေ့တာက ရာသီမရွေးကြုံတွေ့ရနိုင်တာမို့ ရာသီမရွေးအသုံးပြုနိုင်တာမျိုးဖြစ်ဖို့နဲ့ ကိုယ့်အသားအရေနဲ့ ကိုက်ညီအောင် ရွေးချယ်တတ်ဖို့ကလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူးနော်။ရာသီဥတုဒဏ်ကနေတင်မဟုတ်ဘဲ နေ့စဉ်အိမ်အလုပ်တွေ လုပ်တာကြောင့် ထိတွေ့မိနေတဲ့ ဓာတုပစ္စည်းတွေ အသုံးပြုနေတဲ့ဆပ်ပြာတွေ၊ အလှကုန်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေ ကြောင့် အသားအရေထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်ဖို့ကလည်း အတော်လေးအရေးပါတယ်ပါနော်။ရာသီမရွေး အချိန်တိုင်းမှာ အစိုဓာတ်ပြည့်ဝလို့ ခြောက်သွေ့မှုကင်းစင်တဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ အခုကစပြီး အသားအရေကို အကောင်းဆုံးသော အစိုဓာတ်ထိန်းပစ္စည်းတွေနဲ့ အစိုဓာတ်ထိန်းလိုက်ကြစို့လား Helloဆရာဝန် ပရိသတ်ကြီးရေ……………။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/important-step-of-skin-care/
ဦးနှောက်အကျိတ် (Brain Tumors)
ဦးနှောက်ဆဲလ် ဒါမှမဟုတ် ဦးနှောက်တဝိုက်မှာရှိတဲ့ဆဲလ်တွေ ပုံမှန်မဟုတ်ပွားခြင်းကြောင့် အဖု၊ အကျိတ်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ ထိုအကျိတ်ရှိဆဲလ်တွေက သေမသွားသလို၊ ဆဲလ်အသစ်တွေနဲ့လည်း အစားမထိုးဘဲ ခန္ဓါကိုယ်မှလိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ဆက်လက်ကြီးထွားနေတာဖြစ်တယ်။ ကင်ဆာလည်းဖြစ်နိုင်သလို ကင်ဆာမဟုတ်တဲ့ အဖု၊ အကျိတ်လည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်အကျိတ်တွေဟာ တခြားသောကင်ဆာဆဲလ်တွေကနေ ဦးနှောက်ဆီသို့ ပျံ့လာတာလည်းဖြစ်နိုင်ပါတယ်။အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးတွေမှာဆိုရင် ဦးနှောက်ဆဲလ်အကျိတ်နဲ့ ဦးနှောက်အမြှေးပါးဆဲလ်အကျိတ် တွေကပိုအဖြစ်များပါတယ်။ ဦးနှောက်အကျိတ်ဖြစ်ရန် အားပေးတဲ့အခြေအနေတွေကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။လက္ခဏာများ။ဖော်ပြထားသောလက္ခဏာများအပြင် တခြားလက္ခဏာများလည်းရှိနိုင်တာကြောင့် စိုးရိမ်သည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။တကယ်လို့အထက်လက္ခဏာများတွေ့ရရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်ပြနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓါကိုယ်အလုပ်လုပ်ပုံချင်းမတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဦးနှောက်အကျိတ်ဟာဦးနှောက်ကိုယ်တိုင်မှာ အကျိတ်ပေါ်တာဖြစ်နိုင်သလို၊ တခြားအင်္ဂါအစိတ်အပိုင်းတွေမှ ကင်ဆာဆဲလ်တွေပျံ့လာတာလည်းဖြစ်နိုင်ပါတယ်။ ဦးနှောက်တွင်အကျိတ်ဖြစ်ခြင်းကတော့ ဦးနှောက်နှင့်ကပ်လျက်ရှိသော အမြှေးပါး၊ အာရုံကြောများ၊ pituitary ဂလင်း၊ pineal ဂလင်းတို့ဆီမှ ဆဲလ်များမှဖြစ်နိုင်တယ်။ ဒါမှမဟုတ်ဘဲ တခြားအင်္ဂါအစိတ်အပိုင်းမှ ဦးနှောက်ကိုပျံ့လာတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကင်ဆာရှိခဲ့ဖူးသူတွေမှာ ဦးနှောက်အကျိတ်ကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။ဦးနှောက်ကိုယ်တိုင်မှအကျိတ်ဖြစ်ခြင်းဟာ တခြားနေရာမှကင်ဆာဆဲလ်တွေပျံ့လာတာလောက် အဖြစ်မများပါဘူး။ဦးနှောက်အကျိတ်ဖြစ်ခြင်းကိုအားပေးသောအချက်များ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ခံစားရသောလက္ခဏာများ၊ မိသားစုဆိုင်ရာ ရာဇဝင်များ လိုအပ်သည်များကိုမေးမြန်းပြီး အာရုံကြောဆိုင်ရာ စမ်းသပ်မှုများအပါအဝင် စစ်ဆေးစမ်းသပ်မှုများလုပ်ခြင်းဖြင့် ဦးနှောက်အကျိတ်ကင်ဆာကို ရှာဖွေသိရှိနိုင်ပါတယ်။တခါတရံမှာတော့ တခြားသောစစ်ဆေးမှုတွေလုပ်ရနိုင်တယ်။ စတီစကမ်၊ အမ်အာအိုင်ကဲ့သို့ ပုံရိပ်ရိုက်ကူးမှုများနှင့် ဦးနှောက်အသေးစိတ်ပုံရိပ်ရိုက်ကူးကြည့်နိုင်ပါတယ်။ သွေးပြန်ကြောထဲ ဆိုးဆေးထိုးပြီး ပုံမှန်မဟုတ်သော အကျိတ်များ၊ ပုံမှန်မဟုတ်သောသွေးကြောများကို X-rays ရိုက်ကူးကြည့်သည့် angiogram နည်းဖြင့်လည်း စစ်ဆေးရနိုင်ပါတယ်။ဖြစ်ပေါ်နေသောအကျိတ်မှာ ကင်ဆာဟုတ်မဟုတ်သိရရန် အသားစစစ်ဆေးမှုလည်းလိုအပ်နိုင်ပါတယ်။ ကုသမှုမတိုင်ခင် ဦးခေါင်းခွံတွင် အပေါက်ငယ်လေးမှတဆင့် အပ်ထိုးပြီး လိုအပ်သောအသားစယူကာ ဓါတ်ခွဲခန်းတွင်စစ်ဆေးခြင်းဖြစ်တယ်။များသောအားဖြင့်ခွဲစိတ်ဖယ်ထုတ်ရတတ်ပါတယ်။ ခွဲစိတ်ရန် အဆင်မပြေသောနေရာတွင် အကျိတ်ရှိနေပါက ဓါတ်ရောင်ခြည်နည်း သို့ ဆေးသွင်းသောနည်းဖြင့် ကင်ဆာကျိတ်ကိုသေးသွားစေသောနည်း သုံးတတ်ပါတယ်။ ခွဲစိတ်ပြီးသောအခါမှာလည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကိုဖယ်ပစ်ရန် နည်းနှစ်နည်းသုံးတတ်ပါတယ်။တကယ်လို့အကျိတ်ကဦးနှောက်အတွင်းနက်နက် လက်လှမ်းမမှီသောနေရာတွင်ရှိပါက gamma knife therapy ဟုခေါ်သော အလွန်အနုစိတ်ဦးတည်သည့် ဓါတ်ရောင်ခြည်နည်းသုံးနိုင်ပါတယ်။ကုသမှုရဲ့နောက်ဆက်တွဲဖြစ်နိုင်ချေတွေ၊ ရလဒ်တွေ၊ သက်ရောက်မှုတွေကို သေချာဆွေးနွေးတိုင်ပင်ထားဖို့လိုပါလိမ့်မယ်။ ပြန်လည်နာလံထဖို့အတွက် ကျွမ်းကျင်သူများနဲ့ ဆက်လက်ကုသဖို့လိုပါလိမ့်မယ်။ ဥပမာ- ဟန်ချက်ပြန်ညီဖို့အတွက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ ကုသမှုများ၊ စကားပြောခြင်း၊ ခံစားချက်ကိုထုတ်ဖော်ပြောကြားခြင်း၊ မျိုခြင်းတို့အတွက် စကားပြောလေ့ကျင့်ခြင်းများ။နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/brain-tumors-explained/
အူမကြီးကို ဒီလိုသန့်ရှင်းကြမယ်
ခန္ဓာကိုယ်ကလည်း တကယ်တော့ စက်ယန္တရားတစ်ခုပါပဲ။ အစိတ်အပိုင်းတိုင်းက ကောင်းကောင်းလည်ပတ်နေမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒီတော့ ခေါင်းကနေစလို့ ခြေဖျားအထိ အကောင်းဆုံးဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မြင်ရတဲ့ အစိတ်အပိုင်းတွေကိုက ဂရုစိုက်ရတာလွယ်ပေမယ့် မမြင်ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကိုတော့ ဂရုစိုက်ရတာခက်ခဲပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ကြီး ကျန်းမာဖို့ကတော့ တတ်နိုင်တဲ့ဘက်က ဂရုစိုက်ရမှာပါပဲ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အူမကြီးကို အိမ်မှာပဲ ဘယ်လိုသန့်စင်ရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးပါရစေ။အူမကြီးကအစာခြေစနစ်အဖွဲ့ဝင်တစ်ဦးပါ။ အစာခြေလမ်းကြောင်းတလျှောက် ချေဖျက်မှုအတွင်း မချေဖျက်နိုင်တဲ့ အစားအစာတွေထဲမှာပါတဲ့ ရေဓာတ်၊ ဆားဓာတ်၊ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူတဲ့တာဝန်၊ အူသိမ်ထဲမှာချေဖျက်လို့မရတဲ့ အစားအစာတွေကို ချေဖျက်ဖြိုခွဲမှုနဲ့ ချေဖျက်မရတဲ့အစားအစာတွေကို ပြင်ပကို စွန့်ထုတ်ရတဲ့ တာဝန်တွေကို ထမ်းဆောင်ပေးနေတာပါ။တကယ်လို့ အူမကြီးက အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုရင် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ခက်သလိုခေါင်းကိုက်တာ၊ လေပွတာ၊ လေအောင့်တာ၊ ဗိုက်တင်းတာ၊ ခြေကုန်လက်ပမ်းကျတာ နဲ့ ကိုယ်တွင်းမှာအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေထွက်လာတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပစ်ဖို့နဲ့ အူတွင်း အကျိုးပြုဘက်တီးရီးယားတွေ တိုးလာစေဖို့အတွက် အူမကြီးကိုသန့်စင်ပေးဖို့လိုပါမယ်။အူမကြီးသန့်စင်ကျန်းမာနေပါမှ ကိုယ်တွင်းအဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်မှာပါ။ ဒီတော့ ခန္ဓာကိုယ် ကျန်းမာဖို့လိုအပ်တဲ့ အူမကြီးကိုသေချာဂရုစိုက်ဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုလောက်အောင်ပါ။အူမကြီးကိုသန့်စင်ဖို့ အစားအသောက်တွေနဲ့တင် လုပ်ဆောင်ပေးလို့ရပါတယ်။အုတ်ဂျုံ– အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ဗီတာမင် D တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်စေပြီးဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အူမကြီးအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ စားသုံးသင့်တဲ့ အစားအစာတစ်ခုပေါ့။သောက်ရေ-ရေသောက်ပေးတာက အူမကြီးကို သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ အူမကြီးသန့်စင်စေဖို့ တစ်နေ့ကို ရေ ၁၀ ခွက် ကနေ ၁၂ ခွက်အထိသောက်ပေးပါ။ပန်းသီးဖျော်ရည်– အူမကြီးသန့်စင်စေဖို့အတွက် အကောင်းဆုံး အိမ်တွင်းကုထုံးတစ်ခုပါ။ နေ့စဉ် ပန်းသီးဖျော်ရည်တစ်ခွက်သောက်ပေးတာက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသည်းနဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းမှာ ရံဖန်ရံခါလောက် ပန်းသီးဖျော်ရည်တစ်ခွက်လောက် သောက်ပေးပါ။သံပုရာရည်– ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ၊ ဗီတာမင် C တို့ကြွယ်ဝတဲ့ သံပုရာရည်ကလည်း အူမကြီးကို ထိထိရောက်ရောက်သန့်စင်ပေးနိုင်မှာပါ။ မနက်အိပ်ရာထတဲ့အချိန်မှာ ရေနွေးနွေးလေးထဲကို သံပုရာသီးတစ်စိတ်စာညှစ်ထည့်ပြီး သောက်ပေးလို့လည်း ရပါတယ်။ဟင်းသီးဟင်းရွက်ဖျော်ရည်–မုန်လာဥနီ၊ ကိုက်လန်၊မြင်းခွာရွက်တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေကို ဖျော်သောက်ပေးမယ်ဆိုရင်လည်း အူမကြီးကိုသန့်စင်ပေးနိုင်မှာပါ။အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ– အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ရက်စ်ဘယ်ရီ၊ ပန်းသီး၊ သစ်တော်သီး၊ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကလည်း အူမကြီးသန့်စင်စေဖို့ အထောက်အကူပြုပေးပါတယ်။ဒိန်ချဉ်– အူမကြီးကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအစာတစ်ခုပါ။ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေမှုက အစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပါတယ်။ အူမကြီးအတွင်းနံရံက ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေနိုင်တဲ့ ကယ်လ်ဆီယမ်ပါဝင်နေပြီး အူမကြီးကို သန့်စင်ကျန်းမာစေနိုင်ပါတယ်။ရှားစောင်းလက်ပပ်– အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အူမကြီးကို အကောင်းဆုံးသန့်စင်ပေးနိုင်မှာပါ။ ခေါင်းကိုက်တာ၊ အရေပြားပြဿနာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာနဲ့ အစာအိမ်နာတာတွေအတွက်လည်း ရှားစောင်းလက်ပပ်က ဆေးဖက်ဝင်ပါတယ်။ ရှားစောင်းလက်ပပ်ကို သံပုရာရည်နဲ့ရောပြီးသောက်ပေးလို့ရပါတယ်။ချင်း (ဂျင်း) –လေပွတာကို သက်သာစေပြီး အူမကြီးကိုအကောင်းဆုံးလုပ်ဆောင်နိုင်အောင် အထောက်အကူပြုပေးပါတယ်။ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ထုတ်နိုင်စေဖို့ လုပ်ဆာင်ပေးသလို အစာခြေရည်တွေ ထွက်လာအောင်လည်း လှုံ့ဆော်ပေးပါတယ်။ ချင်းသတ္တုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးတစ်ခွက်စာနဲ့ရောပြီး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိသောက်ပေးပါ။ဒီလို ထိရောက်လွယ်ကူတဲ့ နည်းလမ်းတွေကို သုံးပြီးအစာခြေစနစ်ကျန်းမာအောင်ဂရုစိုက်ပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အူမကြီးကိုသန့်စင်ပေးလို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ…….။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/ways-to-clean-colon/
ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေသူကို ပြုစုနည်း
ပန်းနာရင်ကျပ်ရောဂါသည် အချိန်မရွေး၊ နေရာမရွေး ပြန်ထ နိုင်သော ရောဂါဖြစ်ပါသည်။ ရက်ပေါင်း၊ လပေါင်း များစွာ ငြိမ်နေရာမှ ရုတ်တရက် မွန်းကျပ်သော ဝေဒနာကို ရုတ်တရက် ခံစားရနိုင်ပါသည်။ စတင်၍ ချောင်းဆိုးမည်၊ နှာချေမည် ထို့နောက်တွင်မူ ရုတ်တရက် မွန်းကျပ်လာပါမည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူ လမ်းကြောင်းတစ် လျောက် တွင်ရှိသော ကြွက်သားများ တင်လွန်းသွားပြီး အတွင်းနံရံ တစ်လျောက်တွင်မူ ဖူးယောင်လာသည့် အတွက် လေပြွန်ထဲသို့ လေဝင်နည်း လာပါလိမ့်မည်။အကယ်၍ ပန်းနာရင်ကျပ် ရောဂါ အခံရှိသူ တစ်ယောက်သည် မစားနိုင်၊ မအိပ်နိုင်၊ စကားပင် မပြောနိုင် လောက်အောင် ရင်ကျပ်နေပြီ ဆိုလျင်၊ အသက်ရှူရ ခက်ခဲနေပြီဆိုလျင်၊ လေမှုပ်အား တိုင်းတာချက် နဂိုထက် လျော့နည်းလာပြီ ဆိုလျင် ပန်းနာရင်ကျပ် ပြန်ထလာပြီဟု ပြောနိုင်ပါသည်။ကလေးများတွင် ဆိုလျင် ယင်းလက္ခဏာများအပြင် ဗိုက်အောင့်ခြင်း ဝေဒနာသည် နာရီအနည်းငယ်မှ ရက်အနည်း ငယ်အထိ အစပျိုးနိုင်ပါသည်။ထိုင်၍အနားယူပြီး လေကို ဖြည်းဖြည်းနှင့် ဝအောင်ရှူရန် ကြိုးစားကြည့်ပါ။ တတ်နိုင်သရွေ့ စိတ်ကို လျော့ထားပါ။ အလွန်အမင်း စိတ်လှုပ်ရှားနေခြင်းသည် ရောဂါကို ပို၍ဆိုးရွား စေနိုင်ပါသည်။ ရှူနေကြ ရှူဆေးဘူး (အများအားဖြင့် အပြာရောင်) ကို တစ်ချက်ချင်း ၁၀ချက် အထိ ရှူနိုင်ပါသည်။ အောက်ပါ အချက်များရှိပါက ဆေးရုံကားခေါ်ပါ။၁၅မိနစ် ကြာသည်အထိ ဆေးဝါးအကူအညီ မရနိုင်လျင် ရှူဆေးပြန်ရှူနေပါ။ ဆေးရုံသို့ သွားလျင် လက်ရှိသောက် ဆေးများ အားလုံးယူဆောင်သွားပါ။ အကယ်၍ သက်သာပြီး ဆေးရုံမသွားဖြစ်လျင်ပင် ပြနေကြ ဆရာဝန်နှင့် ပြန်ပြပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%9b%e1%80%84%e1%80%b9%e1%80%80%e1%80%ba%e1%80%95%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%bb%e1%80%95%e1%80%94%e1%80%b9/
နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ
နေရောင်ခြည် ဟာ နေ့စဉ်ထိတွေ့နေရတဲ့ သဘာဝတရားရဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ ကို ဖော်ပြပေးမှာဖြစ်ပါတယ်။နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ ကတော့။ကောင်းကျိုးများ။ကောင်းကျိုးများကတော့။(၁) စိတ်ခံစားမှုကောင်းစေခြင်း။နေဟာ သဘာဝကြီးကပေးသောစိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဖြင့် လူတွေကို စွမ်းအင်ပိုမိုရရှိစေပြီး စိတ်ခံစားမှု ပိုမိုကောင်းမွန်စေပါတယ်။ နေရောင်ခြည်ဟာ ဦးနှောက်တွင်းရှိSerotoninကို ပိုမိုထုတ်လုပ်စေနိုင်တဲ့အတွက် သင့်ကိုပျော်ရွှင်စေဖို့ ကူညီပေးပါတယ်။(၂)စိတ်ကျရောဂါကို သက်သာစေခြင်း။နေရောင်မမြင်ရသော နိုင်ငံတွေရဲ့ ဆောင်းတွင်းဘက်မှာ လူတွေ စိတ်ကျရောဂါအဖြစ်များကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ ဒီလို စိတ်ကျရောဂါဖြစ်နေသူတွေကိုနေရောင်ခြည်နဲ့ ထိတွေ့စေတဲ့အခါ သူတို့ကြုံတွေ့နေရသော စိတ်ကျခြင်းလက္ခဏာတွေ သက်သာလျော့ပါးလာကြပါတယ်။(၃) အိပ်စက်ရာတွင် ကူညီပေးခြင်း။နေရောင်နဲ့ ထိတွေ့ခြင်းဖြင့် အိပ်ပျော်စေသောမယ်လတိုနင်ဟော်မုန်းတွေကို ဦးနှောက်ကနေ ထုတ်လုပ်ပေးရာတွင် တစ်နည်းတစ်ဖုံ သက်ရောက်မှုဖြစ်စေပါတယ်။မှောင်နေတဲ့အချိန်မှာဆိုရင် နောက်နှစ်နာရီအတွင်း အိပ်ပျော်စေမယ့် မယ်လတိုနင်ဟော်မုန်းတွေကို ကိုယ်ခန္ဓာကနေ ထုတ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် နွေရာသီလို နေပူပြင်းတဲ့ ရာသီတွေမှာဆိုရင် တော်တော်နဲ့ အိပ်မပျော်ဘဲ လန်းဆန်းနေတာဖြစ်ပါတယ်။(၄)ဗီတာမင် ဒီ။ဗီတာမင်ဒီဟာ အရိုးနဲ့ သွားတွေကို သန်မာစေပြီး ကိုယ်ခံအားကောင်းမွန်စေတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ဗီတာမင်ဒီ အားဆေးပြားတွေ မှီဝဲခြင်းဖြင့် ဗီတာမင်ဒီအလုံအလောက်ရနိုင်သလို နေရောင်ခြည်ရဲ့ UVအလင်းတန်းတွေဆီကလည်း သဘာဝအတိုင်း ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ လေ့လာချက်တွေအရဆို တစ်နေ့ကို မနက်ခင်းနေရောင်ခြည် ၁၅မိနစ်ခံရုံဖြင့် လုံလောက်တဲ့ ဗီတာမင်ဒီကို ရစေတယ်လို့ သိရပါတယ်။နေရောင်ခြည်ကပေးသော ဆိုးကျိုးများ။ဆိုးကျိုးများကတော့။(၁) မျက်စိကို ထိခိုက်စေခြင်း။အကာအကွယ်မပါဘဲ နေ့စဉ်နေရောင်နဲ့ ရေရှည်ထိတွေ့နေမယ်ဆိုရင်တော့ မျက်စိအတွင်းထဲရှိ အမြင်ပုံရိပ်တွေကို လက်ခံပေးတဲ့ မျက်စိမြင်လွှာကို ပျက်စီးစေနိုင်ပါတယ်။ နောက်ပြီးမျက်စိတိမ်စွဲစေဖို့လည်း အလားအလာများပါတယ်။(၂) အပူကြောင့် လွန်ကဲစွာ ပင်ပန်းနွမ်းလျခြင်း (Heat Exhaustion)။နေပူထဲထွက်တာများခြင်းကြောင့် ချွေးထွက်လွန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ မူးဝေခြင်း၊ စိတ်တိုလာခြင်း၊ ရေဆာခြင်း၊ ကိုယ်ပူချိန်မြင့်လာခြင်း၊ ဆီးနည်းခြင်းစတဲ့ လက္ခဏာတွေကို အပူကြောင့် လွန်ကဲစွာပင်ပန်းနွမ်းလျခြင်းလို့ သတ်မှတ်ပါတယ်။(၃) အပူချိန်ပြင်းထန်မှုကြောင့် သတိလစ်ခြင်း (Heat Stroke)။အပေါ်မှာပြောသွားတဲ့ အပူကြောင့် လွန်ကဲ့သောနွမ်းနယ်ခြင်းကို ကောင်းစွာမကုသဘူးဆိုရင်တော့ အပူကြောင့် သတိလစ်တဲ့အထိဖြစ်စေပြီး အသက်ကိုပါထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ စကားဗလုံးဗထွေးပြောခြင်း၊ ပတ်ဝန်းကျင်ရှိ နေရာ၊ အချိန်နဲ့ လူတွေကို မသိတော့ခြင်း၊ သတိလစ်ခြင်း၊ အရေပြားပူပြင်းခြောက်သွေ့ခြင်း၊ တက်ခြင်းတို့ ဖြစ်ပါတယ်။(၄)နေလောင်ခြင်း။နေပူထဲတွင် အချိန်ကြာကြာနေမိတဲ့အခါ UVအလင်းတန်းများကြောင့် နေလောင်ခြင်းဖြစ်စေပါတယ်။ အရေပြားနီရဲခြင်း၊ နာကျင်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊အရည်ကြည်ဖုများထွက်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်ပေါ်ပါက နေလောင်ဒဏ်ခံရပြီလို့ သတ်မှတ်နိုင်ပါတယ်။ ချက်ချင်းကုသမှုခံယူသင့်ပါတယ်။(၅)အရေပြားကင်ဆာ။နေရောင်နဲ့ နှစ်ရှည်လများထိတွေ့ခြင်းကြောင့် အရေပြားကို ပျက်စီးစေပြီး အရေပြားကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။(၆) အရေးကြောင်းများဖြစ်ခြင်း၊အိုမင်းရင့်ရော်ခြင်း။နေရောင်ခြည်မှာပါတဲ့ UVအလင်းတန်းတွေက ကော်လဂျင်တွေကို ဖျက်စီးပစ်တာကြောင့် အရေပြားကို အိုမင်းရင့်ရော်စေပြီး အရေးကြောင်းတွေကို ပိုမိုဖြစ်စေပါတယ်။ ဒါ့ပြင် တင်းတိပ်နဲ့ အမည်းစက်တွေကိုပါ ဖြစ်ပေါ်စေပါတယ်။နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးခြင်းတွေကို ကာကွယ်ဖို့အတွက် နေပူထဲ မထွက်ခင် မိနစ်၂၀ခန့်ကြိုတင်ပြီး sunscreenလိမ်းပေးပါ။ နေပူထဲတွင်၂နာရီခန့်နေရသောအခါ တစ်ကြိမ်ထပ်လိမ်းပေးသင့်ပါတယ်။ နေပူတဲ့အချိန် အပြင်သွားရပါက ထီး၊ ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီလက်ရှည်ဝတ်ခြင်းတို့ကို လိုက်နာပါ။ သင့်အရေပြားပေါ်မှာ နေရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ရပြီဆိုလည်း ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ အကြံပေးတင်ပြလိုက်ပါတယ်။ရေးသားသူ – Dr Rose။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/pros-and-cons-of-sun/
သံပုရာသီးကပေးတဲ့ ကျန်းမာရေး
ဖျော်ပဲသောက်သောက်၊ အသုပ်၊ အုန်းနို့ခေါက်ဆွဲ၊မုန့်ဟင်းခါးတွေထဲကိုပဲ ညှစ်ထည့်ပြီးစားစား စားရတာ ချဉ်ချဉ်လေးနဲ့ ခံတွင်းရှင်းတဲ့ သံပုရာသီးက ဘယ်လို ကျန်းမာရေး အကျိုးအာနိသင်တွေများရှိလဲဆိုတာကို ကြည့်လိုက်ရအောင်လား…………..။အချဉ်အရသာရှိတဲ့ သံပုရာသီးလေးမှာ။ချဉ်ပြီး ခံတွင်းရှင်းစေတဲ့ သံပုရာသီးကပေးတဲ့ ကျန်းမာရေး ကတော့။ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်။ဆဲလ်တွေကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးပစ္စည်းတွေ များပြားတာက ဆဲလ်တွေကို ပျက်စီးစေနိုင်သလို နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။သံပုရာသီးမှာတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေကိုတင် ကာကွယ်ပေးတာမဟုတ်ဘဲ နာတာရှည်ရောဂါတွေ မဖြစ်အောင်ပါ ကာကွယ်ပေးမှာပါ။ကိုယ်ခံအားကောင်းစေနိုင်တယ်။သံပုရသီးမှာဗီတာမင် Cကြွယ်ဝတာ​ကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က သွေးဖြူဥဆဲလ် ထွက်ရှိမှုကို တိုးစေဖို့ ကူညီပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ဗီတာမင် C က အနာကျက်မြန်စေသလို ရောင်ရမ်းမှုကို သက်သာစေပြီး ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်စေသလို ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။အရေပြား ကျန်းမာစေနိုင်တယ်။သံပုရာသီးက အသားအရေကို ကျန်းမာလှပစေဖို့ အကောင်းဆုံးအားဖြည့်ပေးပါတယ်။ ဗီတာမင် C ပါဝင်သလိုကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။အရေးအကြောင်းဖြစ်တာကို လျော့ပါးစေပြီး အသားအရေခြောက်သွေ့မှုကင်းပြီး အရေပြားပြဿနာ ကင်းစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။နှလုံးရောဂါကာကွယ်ပေးတယ်။နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုပါ။ ဒီပြဿနာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို စားပေးလို့ရပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ကျောက်ကပ်ကျောက်မတည်အောင် ကာကွယ်ပေးတယ်။သံပုရာသီးက ကျောက်ကပ် ​ကျောက်ကပ်မတည်အောင် ကာကွယ်ပေးပါတယ်။ သံပုရာသီးမှာပါတဲ့ citric acid ကကျောက်ကပ် ကျောက်မတည်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။သံဓာတ်စုပ်ယူမှုကို မြှင့်တင်ပေးတယ်။သံဓာတ်က သွေးနီဥဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ်ကို အောက်ဆီဂျင် ထောက်ပံ့တာကို အားဖြည့်ပေးပါတယ်။ ကိုယ်တွင်းမှာ သံဓာတ်နည်းမယ်ဆိုရင် ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူရခက်တာမျိုးတွေ ခံစားရနိုင်သလိုဆံသားနဲ့ အသားအရေတွေ ခြောက်သွေ့ပါတယ်။ဗီတာမင် C ကတော့ ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူမှုကောင်းစေပြီးသွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ကင်ဆာအချို့ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။ကင်ဆာရောဂါကို ကာကွယ်ချင်တယ်ဆိုရင် သံပုရာသီးလိုမျိုး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ လေ့လာမှုတွေအရ သံပုရာသီးက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးသလို၊ကင်ဆာဆဲလ်တွေကြီးထွားမလာအောင် ဟန့်တားပေးနိုင်ပါတယ်။လေ့လာမှုအရ သံပုရာသီးက အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိ ခဲ့ရပါတယ်။သံပုရာသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အများကြီး စားမိရင် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါအခံ ရှိသူတွေ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-limes/
အပူအပုပ်များလို့ ဝမ်းချုပ်တာလား
ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေမှာ စားသုံးတဲ့ အစားအစာတွေထဲမှာ အပူအပုပ်များတာ၊ အမျှင်ဓာတ် အားနည်းတာ၊ ဝမ်းသွားချင်နေချိန်မှာ အောင့်ထားလိုက်တာ၊ ရေအလုံအလောက် မသောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတို့ကိုပဲ လူသိများကြပါတယ်။ ဝမ်းချုပ်တိုင်း အပူအပုပ်များလို့ ဝမ်းချုပ်တာလား လို့ မထင်စေချင်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း ဝမ်းချုပ် နိုင်ပါသေးတယ်။ဒါပေမဲ့ ကိုယ်သောက်သုံးနေရတဲ့ ဆေးဝါးတွေ၊ အားဆေးတွေကြောင့်လိုမျိုး လူသိနည်းတဲ့ တခြားအကြောင်းရင်းတွေရှိနေသလို ဒါမှမဟုတ် ပြင်းထန်တဲ့ရောဂါတွေဖြစ်လာနိုင်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကတော့-။အူရောဂါ။အူရောဂါ (IBD)မှာ Crohn’s Disease နဲ့ ulcerative colitis ဆိုပြီး နာတာရှည်ရောဂါ အမျိုးအစား နှစ်ခုရှိပါတယ်။ နှစ်မျိုးစလုံးဟာ ကြွက်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးဝမ်းသွားခြင်းနဲ့ တခြား ကျန်းမာရေးပြဿနာ တွေဖြစ်စေနိုင်ပါတယ်။လည်ပင်းကြီးရောဂါ။လည်ပင်းကြီးရောဂါကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို နှေးကွေးစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါရှိသူတိုင်း ဝမ်းချုပ်တာ မဟုတ်သလို ဝမ်းချုပ်တိုင်းလည်း လည်ပင်းအကျိတ် ဂလင်းက လုပ်ဆောင်ချက် မကောင်းတာ မဟုတ်ပါဘူးလို့ ဘော့စတွန်မှ ပါမောက္ခ Carla H. Ginsburg က ပြောပါတယ်။အကိုက်အခဲပျောက်ဆေးများ။အကိုက်အခဲပျောက်ဆေးတွေ၊ အထူးသဖြင့် narcotics တွေက ဝမ်းချုပ်စေတတ်ပါတယ်။ချောကလက်။ချောကလက်က ဝမ်းချုပ်စေနိုင်တယ်လို့ လေ့လာမှုတချို့က ဆိုထားပါတယ်။ ၂၀ဝ၅ ခုနှစ် က လေ့လာမှုတစ်ခုအရ ရေရှည်ဝမ်းချုပ်နေသူတွေ ဒါမှမဟုတ် အူရောဂါရှိသူတွေမှာ ချောကလက်ကြောင့် ဝမ်းချုပ်ရတယ်လို့ ပြောလို့ရနိုင်ကြောင်းဖော်ပြခဲ့ပါတယ်။ဗီတာမင်အားဆေးများ။အများအားဖြင့် ဗီတာမင် အားဆေးတွေကြောင့် ဝမ်းမချုပ်စေပေမယ့် ကယ်လ်စီယမ်နဲ့ သံဓာတ်လိုမျိုး ပါဝင်ဓာတ်ပစ္စည်း တချို့ကြောင့် ပြဿနာရှိစေနိုင်ပါတယ်။ဝမ်းနုတ်ဆေး အသုံးများလွန်းတာ။ဝမ်းနုတ်ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသာ သောက်သုံးသင့် ပါတယ်။ ကာလရှည်ကြာ သုံးစွဲမယ်ဆိုရင် ဝမ်းနုတ်ဆေးတွေကိုပဲ အားထားမှီခိုလာရတဲ့ အနေအထား ဖြစ်လာစေနိုင်ပါတယ်။နို့ထွက်ပစ္စည်းတွေ အစားများတာ။ချိစ်နဲ့ တခြား အမျှင်ဓာတ် နည်းတဲ့၊ အဆီများတဲ့ အစားအစာတွေ(ဥနဲ့ အသားတို့လို)ဟာ အစာခြေဖျက်နိုင်စွမ်းကို နှေးကွေးစေနိုင်ပါတယ်။စိတ်ကျဝေဒနာ။စိတ်ကျဝေဒနာကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို အကုန်နှေးကွေးစေတာကြောင့် အူကိုလည်း သက်ရောက်မှုရှိပြီး ဝမ်းချုပ်စေနိုင်ပါတယ်။အစာအိမ် လေဆေးများ။အစာအိမ် လေဆေးတွေဟာ ရင်ပူနာအတွက် ထိရောက်လှပေမဲ့ အထူးသဖြင့် ကယ်လ်စီယမ် ဒါမှမဟုတ် အလူမီနီယမ် ပါဝင်တဲ့ ဆေးတွေမှာ ဝမ်းချုပ်တာလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။သွေးကျဆေးနဲ့ အလာ့ဂျီဆေးများ။ဝမ်းချုပ်တာဟာ သွေးတိုးရောဂါ ကုသတဲ့ အသုံးများတဲ့ ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်နိုင်ပါတယ်။ ဓါတ်မတည့် ဝေဒနာကို ကုသတဲ့ Antihistamines ဆေးတွေကလည်း ဝမ်းချုပ်စေနိုင်တယ်လို့ သိရပါတယ်။ဆီးချိုရောဂါနဲ့ အာရုံကြောရောဂါများ။ဆီးချိုရောဂါဟာ လူတစ်ယောက်ရဲ့ အစာခြေစနစ်မှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေတာကြောင့်အစားအစာချေဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ဆီးချိုရောဂါ အဆင့်မြင့်နေသူတွေ အများစုမှာ ဝမ်းချုပ်ခြင်းကို တွေ့ရတာကြောင့် အမြဲပုံမှန်ဝမ်း ချုပ်နေသူတွေဟာ သွေးတွင်းသကြားဓာတ်ကို စစ်ကြည့်သင့်ပါတယ်။ပါကင်ဆန်ရောဂါ လိုမျိုး အာရုံကြောရောဂါတွေဟာလည်း ဝမ်းချုပ်စေနိုင်တယ်။ကဲ ….. ဝမ်းချုပ်တိုင်း အပူအပုပ်များလို့ ဝမ်းချုပ်တာလား လို့ မတွေးနဲ့တော့နော်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/causes-of-constipation/
ဖောလိတ် ချို့တဲ့ခြင်းအကြောင်း
ဖောလိတ်ဒါမှမဟုတ်ဖောလစ်အက်ဆစ်ဟာ ဗီတာမင်ဘီအမျိုးအစားတစ်မျိုးဖြစ်ပြီး ဒီအန်အေဖွဲ့စည်းခြင်း၊ ဒီအန်အေပျက်စီးမှုကို ပျက်စီးခြင်း၊ သွေးနီဥဆဲလ်များ ထုတ်လုပ်ခြင်း စတဲ့လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ပေးပါတယ်။သင့်ရဲ့အစားအသောက်တွေထဲမှာ ဖောလိတ်ဓာတ် အလုံအလောက်မရှိရင် ဖောလိတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပါတယ်။ အချဉ်ဓာတ်ပါတဲ့ ဖျော်ရည်များ၊ အစိမ်းရင့်ရောင် အသီးအရွက်များ စတာတွေဟာ ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ဖောလိတ်ဓာတ်ကို လုံလောက်စွာ မစားသောက်မိရင် ရက်သတ္တပတ်အနည်းငယ်အတွင်း ချို့ယွင်းမှုလက္ခဏာတွေ ပြတတ်ပါတယ်။ ဖောလိတ်ချို့တဲ့ခြင်းဟာ သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။သွေးအားနည်းခြင်းဆိုတာ သွေးနီဥဆဲလ်တွေ နည်းပါးသွားတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ သွေးနီဥတွေဟာ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတာကြောင့် သွေးအားနည်းတဲ့အခါ တစ်သျှူးကနေ အောက်ဆီဂျင်များ နည်းပါးသွားပါတယ်။ဖောလိတ်ဟာ ကလေးမွေးနိုင်တဲ့အရွယ် အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလိတ်ချို့တဲ့ရင် မွေးရာပါချို့ယွင်းချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်ဆစ် သောက်သုံးသင့်ပါတယ်။ဖောလိတ်ဓာတ်ချို့တဲ့ရင် အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။– ပင်ပန်းနွမ်းနယ်ခြင်း။– ဆံပင်ဖြူခြင်း။– ပါးစပ်အနာပေါက်ခြင်း။– လျှာရောင်ရမ်းခြင်း။– ဖွံ့ဖြိုးကြီးထွားမှု ပြဿနာများကြုံတွေ့ရခြင်း။ဖောလိတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းရဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။– နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း။– အားနည်းခြင်း။– နုံးခွေခြင်း။– အသားအရေဖျော့တော့ခြင်း။– အသက်ရှူမြန်ခြင်း။– သည်းမခံနိုင်ဖြစ်ခြင်း။အစားအသောက်။လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားသုံးမှုနည်းခြင်းဟာ ဖောလိတ်ချို့တဲ့ရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ အစားအစာများကို အလွန်အကျွံချက်ပြုတ်ခြင်းဟာလည်း ဗီတာမင်တွေကို ပျက်စီးစေပါတယ်။ရောဂါ။အစာအိမ်အူလမ်းကြောင်းကနေ အာဟာရဓာတ်များ စုပ်ယူခြင်းကို ထိခိုက်စေတဲ့ ရောဂါများဟာ ဖောလိတ်ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆိုပါရောဂါများကတော့ ခရွမ်းရောဂါ၊ စီးလိယတ်ရောဂါ၊ ကင်ဆာရောဂါအချို့၊ ကျောက်ကပ်ရောဂါ စတာတွေ ဖြစ်ပါတယ်။မျိုးရိုးဗီဇ။လူတချို့မှာ မျိုးရိုးဗီဖောက်ပြန်ခြင်းကြောင့် ကိုယ်ခန္ဓာကနေ ဖောလိတ်ဓာတ်ကို အသုံးချနိုင်စွမ်း လျော့နည်းသွားပါတယ်။ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ။ဆေးဝါးအချို့ဟာ ဖောလိတ်ချို့တဲ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အဆိုပါဆေးဝါးတွေကတော့ phenytoin (Dilantin)၊ trimethoprim-sulfamethoxazole၊ methotrexate နဲ့ sulfasalazine စတာတွေ ဖြစ်ပါတယ်။အရက်သောက်ခြင်း။ အယ်လ်ကိုဟောဟာ ဖောလိတ်စုပ်ယူခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါ့အပြင် ဆီးကနေတဆင့် ဖောလိတ်စွန့်ထုတ်ခြင်းကို ပိုမိုမြင့်မားလာစေပါတယ်။ဖောလိတ် သို့မဟုတ် ဖောလစ်အက်ဆစ်သောက်သုံးပေးနိုင်ပါတယ်။ ဒါ့အပြင် ဖောလိတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးနိုင်ပါတယ်။ အဆိုပါအစားအစာတွေကတော့။– ပန်းပွင့်စိမ်း၊ ဟင်းနုနွယ် စသော အစိမ်းရင့်ရောင် အသီးအရွက်များ။– ငှက်ပျောသီး၊ ဖရဲသီး စသော အသီးအနှံများ။– ပဲအမျိုးမျိုး။– ခရမ်းချဉ်သီး။– ကညွတ်။– ကြက်ဘဲ၊ ဝက်သား။– အခွံမာရေသတ္တဝါများ။– ပေါင်မုန့်၊ cereal စတာတွေဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/folate-deficiency/
ချောင်းဆိုးခြင်း ၇ မျိုးနှင့် သူတို့ဆိုလိုသည့်အရာ
ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက်ခြင်းကို ခန္ဓာကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။ ၎င်းသည် သင့်ကျန်းမာရေးတွင် တစ်ခုခုမှားနေပြီဆိုသော သတိပေး လက္ခဏာတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း လူများစွာသည် ချောင်းဆိုးခြင်းနှင့် ၎င်းနှင့်အတူဖြစ်သော လက္ခဏာများကို လျော့တွက်ကြသည်။ ဤဆောင်းပါးတွင် ချောင်းဆိုးခြင်း ၇မျိုးအကြောင်း နှင့် ၎င်းတို့ အမှန်တကယ် ဘာကိုဆိုလိုသလဲကို ဖော်ပြသွားပါမည်။လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ပြင်ပ အမှုန်များ၊ ရောဂါပိုးမွှားများ၊ ယားယံစေသော အရာများ၊ အရည်များ အကျိအချွဲများ ရှိပါက ရှင်းလင်းသွားစေရန် ချောင်းဆိုးကြသည်။ သို့သော်လည်း ပြင်းထန်ပြီး ဆက်တိုက် ချောင်းဆိုးနေပါက ၎င်းသည် ရောဂါများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ချောင်းဆိုးခြင်း ဖြစ်စဉ်တွင် အဓိက အဆင့် ၃ဆင့် ပါသည်။အဖြစ်များသော အကြောင်းရင်းများမှာ။၄င်းတို့အပြင် တီဘီကဲ့သို့သော အဆုတ်ရောဂါများ၊ စားချဉ့်ပြန်ရောဂါနှင့် သောက်လက်စ ဆေးဝါးများကြောင့်လည်း ချောင်းဆိုးနိုင်ပါသည်။နာတာရှည် ချောင်းဆိုးခြင်းသည် အခြား လက္ခဏာများနှင့် တွဲဖက်ဖြစ်ပေါ်တတ်သည်။ ၎င်းတို့မှာ-။အဖြစ်များသော ချောင်းဆိုးခြင်း အမျိုးအစား ၇ မျိုးနှင့် သင်သိသင့်သော အကြောင်းများကို အောက်တွင် ဖော်ပြထားသည်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/whats-causing-your-cough/
အလဂျိုင်းရောဂါလက္ခဏာစု (သို့) ရှားပါးသော အသည်းရောဂါတမျိုး
အလဂျိုင်းရောဂါလက္ခဏာစုဆိုတာ မျီုးရိုးဗီဇရောဂါ တမျိုးဖြစ်ပြီး ကလေးတွေမှာ ကာလကြာရှည် ဖြစ်တတ်တဲ့ အသည်းရောဂါနဲ့ တူပါတယ်။ ဒါပေမယ့် အလဂျိုင်းရောဂါလက္ခဏာစုနဲ့ ကလေးတွေမှာ ဖြစ်တဲ့ တခြားအသည်းနဲ့ သည်းခြေလမ်းကြောင်း ရောဂါတွေကြားမှာ ကွဲပြားမှုတွေ ရှိပါတယ်။အလဂျိုင်းရောဂါလက္ခဏာစုရှိတဲ့ ကလေးတွေဟာ အသည်းထဲမှာရှိတဲ့ သည်းခြေပြွန်မှာ အနာဖြစ်ပြီး အသည်းပြင်ပက သည်းခြေပြွန်ကိုပါ ကျဉ်းသွားစေပါတယ်။ အသည်းထဲမှာ သည်းခြေများ စုမိသွားရင် အသည်းဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီရောဂါရှိတဲ့ ကလေးများရဲ့ ၂၀-၃၀%ဟာ အသည်းမှာ အမာရွတ်ဖြစ်ပြီး အသည်းခြောက်သွားတတ်ပါတယ်။အောက်ပါလက္ခဏာတွေ ရှိပါတယ်။– အသားဝါခြင်း။– ဖျော့တော့ခြင်း။– ဝမ်းပျက်ခြင်း။– မွေးပြီးစ ၃လအတွင်း ဖွံ့ဖြိုးမှုနှေးခြင်း။– ငယ်စဉ်မှာ အသားဝါကြာရှည်ခြင်း၊ ယားယံခြင်း၊ အရေပြားမှာ အဆီစုခြင်း၊ ဖွံ့ဖြိုးကြီးထွားမှုနောက်ကျခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အသက် ၄နှစ်နဲ့ ၁၀နှစ်ကြားထဲမှာ ရောဂါအခြေအနေ သက်သာတတ်ပါတယ်။တခြားပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကိုတော့ နှလုံးနှင့်သွေးကြော၊ ကျောရိုး၊ မျက်စိ၊ ကျောက်ကပ် စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။နှလုံးနဲ့ အဆုတ်ကြားထဲက သွေးကြောတွေကျဉ်းပြီး နှလုံးညဉ်းသံတွေ ကြားရပါတယ်။ ဒါပေမယ့် နှလုံးရဲ့လုပ်ငန်းကိုတော့ သိပ်ပြီးမထိခိုက်ပါဘူး။ ဓါတ်မှန်ရိုက်ကြည့်ရင် ကျောရိုးဆစ်တွေရဲ့ ပုံစံဟာ လိပ်ပြာတောင်ပံနဲ့ တူနေတတ်ပါတယ်။ ဒါပေမယ့် အများစုဟာတော့ အာရုံကြောပြသနာတွေ မဖြစ်စေပါဘူး။အလဂျိုင်းရောဂါလက္ခဏာစုရှိတဲ့ ကလေးများရဲ့ ၉၀%ကျော်ကျော်ဟာ မျက်စိပြသနာရှိတတ်ပါတယ်။မျက်စိစစ်ဆေးမှု သေချာပြုလုပ်မှသာ အမြင်အာရုံ ချို့ယွင်းမှု မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ပြသနာများ ရှိတတ်ပြီး ဆီးနဲ့ကျောက်ကပ်လုပ်ငန်းတွေမှာ အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ဆရာဝန်အများစုဟာ အလဂျိုင်းရောဂါလက္ခဏာစုမှာ ထူးခြားတဲ့ မျက်နှာသွင်ပြင်ရှိလို့ အလွယ်တကူ သိနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သွင်ပြင်များကတော့ နှဖူးကျယ်ပြီးမောက်နေခြင်း၊ မျက်လုံးအိမ်ချိုင့်ခြင်း၊ နှာတံစင်းခြင်း၊ မေးစေ့ချွန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။အလဂျိုင်းရောဂါလက္ခဏာစဟာ ဖခင်ဖြစ်စေ မိခင်ဖြစ်စေ တဦးဦးဆီကပဲ လက်ခံရရှိပြီး ကလေးတိုင်းမှာ ဖြစ်နိုင်ခြေ ၅၀%ရှိပါတယ်။ အလဂျိုင်းရောဂါလက္ခဏာစုဟာ မျိုးရိုးဆက်ခံခြင်းဖြင့် ဖြစ်တတ်ကြောင်း မကြာသေးမီက သိခဲ့ကြပါတယ်။ ရောဂါရှိသူများမှာ ဒီရောဂါလက္ခဏာစုရဲ့ လက္ခဏာ အားလုံး ဒါမှမဟုတ် အနည်းငယ်ကို တွေ့ရပါတယ်။မိသားစုဝင်တွေမှာ ပုံစံဆင်တူရှိကြပါတယ်။ လိပ်ပြာပုံစံ ကျောရိုးဆစ်တွေ ရှိပါတယ်။ ဒါပေမယ့် အသည်းနဲ့ ကျောက်ကပ်များဟာ ပုံမှန်ပါပဲ။အလဂျိုင်းရောဂါလက္ခဏာစုကို ကုသမှုဟာ အသည်းကနေ သည်းခြေစီးဆင်းမှုကို မြှင့်တင်ပေးခြင်း၊ ပုံမှန်ဖွံ့ဖြိုးကြီးထွားမှုကို ထိန်းသိမ်းခြင်း၊ အာဟာရဓါတ် ချို့တဲ့မှုကို ကာကွယ်ကုသခြင်းများပေါ် အခြေခံပါတယ်။ အလဂျိုင်းရောဂါလက္ခဏာစုမှာ အသည်းမှ အူများထဲကို သည်းခြေရည် စီးဆင်းမှုဟာ နှေးသွားတာကြောင့် ursodeoxycholic လို သည်းခြေစီးဆင်းမှုကို မြင့်တက်စေတဲ့ဆေးများ ပေးရပါတယ်။သည်းခြေရည်ပိတ်လို့ဖြစ်တတ်တဲ့ သွေးနဲ့အသားအရေ ယားယံမှုတွေကိုလည်း သက်သာအောင် ကုရပါတယ်။ ယားယံမှုသက်သာစေတဲ့ ဆေးများကို အသုံးပြုရပါတယ် (ဥပမာ Benadryl, Atarax)။ သည်းခြေရည်စီးဆင်းမှုကို မြှင့်တင်ပေးတဲ့ ဆေးဝါးများဟာ သွေးတွင်းကိုလက်စထရောဓါတ်ကို မြင့်တက်စေပါတယ်။ ကိုလက်စထရောမြင့်တက်လာရင် ဒူးခေါင်း၊ တံတောင်ဆစ်၊ လက်ဖဝါး၊ မျက်ခွံနဲ့ တခြားနေရာမှာ သေးငယ်တဲ့ အဝါရောင်အဆီအနှစ်များ စုဝေးလာပါတယ်။ သွေးတွင်းက ကိုလက်စထရောဓါတ်ကို လျှော့ချပေးခြင်းဟာ အရေပြားထဲက ကိုလက်စထရောဓါတ်ကိုလည်း လျော့ကျစေပါတယ်။အလဂျိုင်းရောဂါလက္ခဏာစုရှိတဲ့ ကလေးများရဲ့ မျှော်မှန်းသက်တမ်းကို မခန့်မှန်းနိုင်ပါဘူး။ အကြောင်းအရာမျိုးစုံပေါ် မူတည်ပါတယ်။ အသည်းက အမာရွတ်ရဲ့ ဆိုးရွားမှု၊ အဆုတ်သွေးလွှတ်ကြော ကျဉ်းမြောင်းခြင်း ရှိမရှိကြောင့် နှလုံးနဲ့ အဆုတ်ပြသနာမျး ရှိမရှိ၊ အာဟာရဓါတ် ချို့တဲ့ခြင်း လက္ခဏာများရှိမရှိ စတဲ့အချက်တွေပေါ် မူတည်ပါတယ်။ အလဂျိုင်းရောဂါစုရှိတဲ့ အရွယ်ရောက်ပြီးသူ အတော်များများဟာ ပုံမှန်အသက်ရှင်ကြပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9c%e1%80%82%e1%80%bb%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac%e1%80%85%e1%80%af/
ဝိတ်ချနေတဲ့သင့်ကို လေ့ကျင့်ခန်းနဲ့အတူ ကူညီပေးမယ့် အရာများ ။ ။
လေ့ကျင့်ခန်းတစ်ခုတည်းနဲ့တော့ နည်းမှန်လမ်းမှန် ထိထိရောက်ရောက်နဲ့ ဝိတ်ချနိုင်မှာ မဟုတ်ပါဘူး။ စနစ်ကျတဲ့ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းနဲ့အတူ မှန်ကန်တဲ့ စားသောက်မှုပုံစံတစ်ခုလိုအပ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်မယ် အစားအသောက်ကိုလည်း စနစ်တကျစားမယ်ဆိုရင် အောင်မြင်ဖို့ ၈၀ရာခိုင်နှုန်းတောင်ရှိတာကြောင့် ဝိတ်ချနေတဲ့သင့်ကို ခုပြောပြမယ် အချက်တွေက ကူညီနိုင်မှာပါ ။ ။ရေသောက်ခြင်းဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို တစ်နာရီအတွင်း၂၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်စေတာကြောင့်ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ အစားမစားခင် နာရီဝက်လောက်အလိုမှာ ရေဖန်ခွက် တစ်ဝက်လောက်သောက်ပေးရင်အစားစားချင်စိတ်ေလျာ့သွားပြီး ကယ်လိုရီတွေ အများကြီးလည်း မစားဖြစ်တော့ပါဘူး။မနက်ပိုင်းကို ထမင်းတို့ ဂျုံတို့လို ကောက်ပဲသီးနှံအခြေခံတဲ့ အစားအသောက်တွေ စားခြင်းထက် ကြက်ဥ စားပေးတာက ဝိတ်ချနေတဲ့သူတွေ အတွက် ပိုပြီး အကျိုးရှိစေမှာပါ။ကြက်ဥက ကယ်လိုရီနည်းတဲ့အပြင် ပရိုတင်းဓာတ်လည်း ကြွယ်ဝတာကြော့င် တစ်ချက်လည်းခုတ် နှစ်ချက်ပြတ်ပေါ့။ကော်ဖီမှာပါတဲ့ကဖင်းဓာတ်က ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကို ၁၁ ရာခိုင်နှုန်းလောက်အထိမြင့်တက်စေပြီး အဆီလောင်ကျွမ်းမှုဖြစ်စဉ်ကို ၃၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်စေပါတယ်။ အရေးကြီးတာက ကော်ဖီထဲ သကြားတွေအများကြီးထည့်မသောက်ဖို့နဲ့ ခရင်မ်တွေ ထည့်မသောက်ဖို့ပဲ ဖြစ်ပါတယ်။ကော်ဖီလိုပဲလက်ဖက်စိမ်းရည်မှာလည်း ကဖင်းဓာတ်ကြွယ်ဝလို့အဆီလောင်ကျွမ်းတာနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အားပေးမယ့် အပြင် လက်ဖက်စိမ်းရဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ပြေစေဦးမှာပါ။ခုနောက်ပိုင်း diet လုပ်နေတဲ့သူတွေကြားထဲမှာ အစားတွေ အများကြီး ရှောင်စရာမလိုဘဲ စားချင်တာတွေစားပြီး အချိန်ပိုင်း အစာငတ်တဲ့ နည်းလမ်းက popular ဖြစ်နေပါတယ်။ ၁၆:၈ အချိုးအစားက နာမည်အကြီးဆုံးပါ။ ၂၄ နာရီအတွင်း ၈နာရီလောက်ကို စားပြီး ကျန်တဲ့ ၁၆ နာရီကို ဘာမှ မစားတဲ့နည်းပါ။အချိုကဲတဲ့အစားအသောက်တွေနဲ့ကစီဓာတ်များတဲ့ အစားအသောက်တွေက ကိုယ်အလေးချိန်လျှော့ချနေတဲ့သူအားလုံးရဲ့ ရန်သူပါ။ ဒါကြောင့် ဆီကြော်မုန့်တွေ၊ ကိတ်မုန့်၊ ပေါင်မုန့်တွေကို လျှော့စားပါ။တစ်လုံးတစ်ခဲတည်း အပြည့်အဝစားတာထက်စာရင် အစားကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။ နောက်တစ်ခု အရေးကြီးတာက ကိုယ်စားလိုက်တဲ့ကယ်လိုရီနဲ့ ပြန်လောင်ကျွမ်းတဲ့ ကယ်လိုရီကို ချိန်စားဖို့တော့လိုပါတယ်။ဗိုက်ပြည့်ပြီဆိုတဲ့ အချက်ပြစနစ် အစာအိမ်ကနေ ဦးနှောက်ကို ရောက်ဖို့ မိနစ် ၂၀ လောက်ကြာတာကြောင့် ဖြည်းဖြည်းချင်း ဝါးစားပါ။ ဒါမှ ဗိုက်ပြည့်တဲ့အချိန်ကျရင် ကိုယ်က အများကြီး စားမထားမိတော့မှာပါ။ညဘက်နောက်ကျမှ အိပ်တဲ့အခါ မအိပ်ခင် ဗိုက်ဆာဖူးကြမှာပါ။ နောက်ကျတဲ့အခါ အိပ်ရင်အနားယူရမယ့် ကိုယ်တွင်းကလီစာတွေက အလုပ်လုပ်နေရတာကတစ်ကြောင်း၊အင်ဆူလင်ပမာဏလျော့ကျသွားလို့ ဆာလောင်မှုမြင့်တက်လာက တစ်ကြောင်းနဲ့ နောက်ကျမှ အိပ်လေလေ ပိုစားမိလေလေဖြစ်တတ်ပါတယ်။Diet လုပ်တိုင်း ကောင်းတာ မဟုတ်ပါဘူး။ Diet အတင်းအကြပ်လုပ်လေလေ စားချင်စိတ်ပိုများများလေလေနဲ့ ကြားထဲစိတ်ဖိစီးမှုတွေများနေပါလိမ့်မယ်။ ဒါ့ကြောင့် တစ်နပ်စာ အငတ်ခံတာ တစ်နေ့လုံးနေမှ တစ်နပ်ပဲ စားတာမျိုးတွေ မလုပ်ပါနဲ့။ စားတာကစားပါ။ သင့်တင့်တဲ့ ပမာဏနဲ့ ချင့်ချိန်စားပါ ။ဒါတွေကတော့ ဝိတ်ကျအောင် ကြိုးစားနေတဲ့သူတိုင်းကို ကူညီပေးမယ့် အရာတွေပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလည်းလုပ်မယ် ဒါလေးတွေလည်း လိုက်နာမယ်ဆိုရင် အချိန်တိုအတွင်း ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဝိတ်ကျမှာနော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/weight-loss-tips/
ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ
ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ ဘာကြောင့် ဒီလို ပြောရတာကခွေးလေးတွေနဲ့ ပုံမှန် လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းတွေ တူတူလုပ်တာက ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ ပါပီလေးတွေကိုရော ကျန်းမာစေပါတယ်။ ဒါတင်မကပါဘူး။ ပါပီလေးတွေနဲ့လမ်းလျှောက်ထွက်ရတာ၊လေ့ကျင့်ခန်းလုပ်ရတာက စိတ်လှုပ်ရှားစရာ ကောင်းသလို တော်တော်လေးလည်း ပျော်ဖို့ ကောင်းပါတယ်။ပါပီလေးတွေ ပိုင်ဆိုင်ထားသူတွေက အခြားသူတွေ မရရှိနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးစိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကို ရရှိကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အများစုက ပါပီလေးတွေရဲ့ ပိုင်ရှင်တွေပါ။ ပါပီလေးတွေရဲ့ ပိုင်ရှင်က ပေါင်းသင်းဆက်ဆံရေးတင် ကောင်းတာမဟုတ်ဘဲ သနားကြင်နာတတ်သလို ကူညီရိုင်းပင်းပြီးတက်ကြွလန်းဆန်းနေတတ် ကြပါသေးတယ်နော်။ဒီ တစ်ခေါက်တော့ အချစ်တော် ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။ကမ္ဘာပေါ်မှာရှိသမျှ သတ္တဝါတွေထဲမှာမှ လူသားတွေအပေါ် သစ္စာအရှိဆုံးနဲ့ အကာကွယ်ပေးဆုံး သတ္တဝါလေးတွေက ပါပီလေးတွေပါ။ များသောအားဖြင့် သခင်ကို ချွဲနွဲ့နေတတ်ပေမယ့် အရေးကြုံလာရင် ရှေ့ဆုံးကနေ ကာကွယ်ပေး တတ်ကြသူလေးတွေပါ။ ပါပီလေးနဲ့အတူ လမ်းလျှောက်ထွက်ပါ  ဒီလို လမ်းလျှောက်ထွက်တဲ့အခါ။ပါပီလေးနဲ့ လမ်းလျှောက်ထွက်တာက သဘာဝ လေထုနဲ့ ထိတွေ့ခွင့်ရပြီး လေကောင်းလေသန့် ရရှိစေမယ့် အခွင့်အရေး တစ်ရပ်ပါ။အဆုတ်ကျန်းမာစေသလို သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုးစေပြီး စိတ်ရော ကိုယ်ပါ လန်းဆန်းစေမှာပါ။ဒီလိုမျိုး ပါပီလေးတွေနဲ့ နေ့စဉ် လမ်းလျှောက်ထွက်တာက သူနဲ့ကိုယ့်ကြားမှာ ယုံကြည်စိတ်ချရတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒါက လူသားအချင်းချင်းကြားမှာ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်စေဖို့ အုတ်မြစ်ချရာ ရောက်ပါတယ်။ပါပီလေးကိုရော ကိုယ်တိုင်ပါအပြုအမူပိုင်းဆိုင်ရာတိုးတက်စေဖို့ သင်ယူနိုင်မယ့်အခွင့်အရေးကောင်း တစ်ရပ်ပါ။နေ့စဉ် ပါပီလေးနဲ့ လမ်းလျှောက်ထွက်တာက သူရော ကိုယ်ပါအဝလွန်တာမျိုး မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ကအဆီပိုတွေကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။သွယ်လျလှပတဲ့ ဘော်ဒီလေးကို ပါပီလေးရော ကိုယ်ပါ ပိုင်ဆိုင်ဖို့ နေ့တိုင်း လမ်းလျှောက်ထွက်ပါ။ပါပီလေးတွေကစူးစမ်းလိုစိတ်ပြင်းပြကြပါတယ်။ နောက်တစ်ချက်က သူတို့က ရင်းနှီးလွယ်ကြပါတယ်။ ပါပီလေးက ကိုယ်မသိတဲ့သူကို သိနေတာမျိုးကြောင့် အပေါင်းအသင်း တိုးခဲ့ရတာမျိုး ကြုံဖူးကြမယ်ထင်ပါ။ လမ်းလျှောက်ထွက်ရင်း လူတွေက အချင်းချင်း မမှတ်မိပေမယ့် ပါပီလေးကတော့ မြင်ဖူးကြုံဖူးသူတွေကို မှတ်မိနေတတ်လို့ သူ့​ကြောင့် ကိုယ်ပါ အပေါင်းအသင်း တိုးပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းလာပါလိမ့်မယ်။ပါပီလေးနဲ့ နေ့စဉ် လမ်းလျှောက်ထွက်တာ။ သူနဲ့တည့်တာတွေကို ရွေးချယ်ပေးတာ ကနေစလို့ ကိုယ်တိုင်လည်းကျန်းမာအောင် စားသောက်တဲ့ အလေ့အထကို ရရှိစေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်မှုကို ရနိုင်ပါတယ်။ပါပီလေးက ချစ်စရာလေးတွေ လုပ်ပြတဲ့အခါ သူ့ကို ချစ်တာ၊ ဂရုစိုက်တာတွေလုပ်ပေးရင်း စိတ်အပန်းပြေပြီး စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ပါပီလေးတွေ ရှိတဲ့ အိမ်က ပျင်းနေတာမျိုး စိတ်ညစ်နေတာမျိုး မရှိသလောက်ပါပဲ။ သူတို့အမူအရာလေးတွေကြောင့်အမောပြေပျော်ရွှင်ရတဲ့ ခံစားချက်က စိတ်ကို တော်တော်လေး သက်သောင့်သက်သာ ဖြစ်စေတယ်ဆိုတာ ပါပီလေးတို့ရဲ့ ပိုင်ရှင်တွေပဲ ရရှိနိုင်တဲ့ ခံစားချက်ပါ။ပျင်းနေလို့ စကားခေါ်ပြောရင်တောင် နားထောင်ပေးတတ်တဲ့ ပါပီလေးတွေနော်။ သူတို့က အတူဆော့ပေးတယ်။ ပျော်စရာ ရယ်စရာ အမူအရာလေးတွေ လုပ်ပြတယ်။ ဒါတွေနဲ့တင် အထီးကျန်ဖို့ဆိုတာ အချိန်ကို မရသလောက်ပါ။ တစ်ချိန်လုံး အနားမှာ ချွဲပြီး ချစ်ပေးနေမှတော့ အထီးကျန်တယ်ဆိုတာ ဘာလဲလို့ မေးယူရမလိုပါပဲ။ကဲ… ပါပီလေးရော ကိုယ်တိုင်ပါ ကျန်းမာစေဖို့ ဒီနေ့ပဲ အတူတူ လမ်းလျှောက်ထွက်လိုက်ကြစို့လား………………..။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/benefits-of-walking-dogs-together/
သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း
သိုင်းရွိုက်ဂလင်းဟာ သင့်ရဲ့လည်ပင်းအရှေ့ပိုင်း အသံအိုးရဲ့အောက်မှာ လိပ်ပြာတောင်ပံပုံစံ တည်ရှိပါတယ်။ သိုင်းရွိုက်ဂလင်းကနေဟော်မုန်းတွေထုတ်လုပ်ပေးပြီး သွေးထဲကနေတဆင့် ကိုယ်ခန္ဓာအနှံ့အပြားက တစ်ရှူးတွေဆီ ရောက်ရှိသွားစေပါတယ်။ သိုင်းရွိုက်ဟော်မုန်းများဟာကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေအတွက် အထောက်အကူပြုပါတယ်။ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများကို ပုံမှန်လှုပ်ရှားနိုင်အောင် ထိန်းသိမ်းရာမှာနဲ့ ကိုယ်ခန္ဓာအပူချိန်ကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။တခါတရံမှာ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းများကို အလွန်အကျွံ ထုတ်လုပ်တာကြောင့် ပုံမှန်လုပ်ငန်းတာဝန်တွေကနေ ချွတ်ချော်သွားတာမျိုး ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာလည်း ရောင်ရမ်းခြင်း၊အရည်အိတ်များအကျိတ်များဖြစ်ခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ အဆိုပါ အခြေအနေတွေမှာ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။သိုင်းရွိုက်ခွဲစိတ်ခြင်း အဓိကပြုလုပ်သင့်တဲ့ အကြောင်းအရာကတော့ သိုင်းရွိုက်ဂလင်းထဲမှာ အရည်အိတ်တွေ၊ အကျိတ်တွေ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါတယ်။ အကျိတ်အဖုအများစုကတော့ ကင်ဆာကျိတ်မဟုတ်ပေမယ့် တခါတရံမှာတော့ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ကင်ဆာဖြစ်နိုင်ခြေမရှိတဲ့ အကျိတ်များဟာလည်း ကြီးထွားလာတဲ့အခါ လည်ချောင်းကို ကျဉ်းသွားစေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများကိုလည်း အလွန်အကျွံ ထွက်လာစေတတ်ပါတယ်။ အဆိုပါ အခြေအနေကို သိုင်းရွိုက်အလွန်အကျွံ အလုပ်လုပ်ခြင်း (Hyperthyroidism) လို့ ခေါ်ဝေါ်ပါတယ်။ဂရေ့ဗ်စ်ရောဂါလို့ခေါ်တဲ့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်လို့ဖြစ်တဲ့ပြဿနာမှာလည်း သိုင်းရွိုက် အလွန်အကျွံ အလုပ်လုပ်ခြင်း ဖြစ်လာနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းများ ပိုမိုထွက်ရှိခြင်း မရှိဘဲနဲ့လည်း သိုင်းရွိုက်ဂလင်းကြီးမားလာနိုင်ပါတယ်။လည်ပင်းကြီးရောဂါလို့ လူသိများကြပါတယ်။ လည်ပင်းကြီးရောဂါမှာလည်း လည်ချောင်းကို ပိတ်ဆို့စေတာကြောင့် စားသောက်ခြင်း၊ စကားပြောခြင်း၊ အသက်ရှူခြင်း စတာတွေအတွက် အနှောင့်အယှက်ပေးပါတယ်။အထက်ပါအခြေအနေတွေမှာ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ပြီး ကုသနိုင်ပါတယ်။သိုင်းရွိုက်ခွဲစိတ်မှု အမျိုးအစားပေါင်းများစွာ ရှိပါတယ်။ အများဆုံးပြုလုပ်တဲ့ ခွဲစိတ်မှုတွေကတော့ အခြမ်းလိုက်ဖြတ်ထုတ်ခြင်း (lobectomy)၊ သိုင်းရွိုက်သား အနည်းငယ်ချန်သော ခွဲစိတ်ခြင်း (subtotal thyroidectomy) နဲ့ သိုင်းရွိုက်ဂလင်းတခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (total thyroidectomy) စတာတွေ ဖြစ်ပါတယ်။အခြမ်းလိုက်ဖြတ်ထုတ်ခြင်းကို သိုင်းရွိုက်ဂလင်းတဖက်ဖက်မှာ ရောင်ရမ်းခြင်း၊ အကျိတ်အဖုဖြစ်ခြင်း စတာတွေအတွက် ကုသရာမှာ အသုံးပြုပါတယ်။ တဖက်ခြမ်းကို ဖြတ်ထုတ်ပြီးချိန်မှာ ကျန်ခဲ့တဲ့အခြမ်းကနေ ပုံမှန်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။တခါတရံမှာ သိုင်းရွိုက်ဂလင်းကို ဖယ်ထုတ်ပြီး သိုင်းရွိုက်တစ်ရှူးအနည်းငယ် ချန်ခဲ့တဲ့နည်းကို အသုံးပြုပါတယ်။ အဆိုပါခွဲစိတ်ခြင်းပြုလုပ်ပြီးချိန်မှာလည်း သိုင်းရွိုက်လုပ်ငန်းအချို့ လည်ပတ်နိုင်ပါသေးတယ်။သိုင်းရွိုက်ဟော်မုန်းထွက်တာတော့ နည်းသွားနိုင်ပါတယ်။ အဆိုပါ အခြေအနေမှာ သိုင်းရွိုက်ဟော်မုန်းအားဖြည့်ဆေးတွေ သုံးစွဲရတတ်ပါတယ်။သိုင်းရွိုက်ဂလင်းတခုလုံး ရောင်ရမ်းနေရင်၊ကင်ဆာကျိတ်ဖြစ်ပေါ်နေရင် သိုင်းရွိုက်ဂလင်းတခုလုံးကို ခွဲစိတ်ဖယ်ရှားပါတယ်။သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းဟာ ဆေးရုံမှပဲ ပြုလုပ်ရတဲ့ အကြီးစားခွဲစိတ်မှု ဖြစ်ပါတယ်။ မခွဲစိတ်ခင်မှာ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တို့ကနေ ခွဲစိတ်ဖို့ သင့်တော်တဲ့ အခြေအနေရှိမရှိ ဆုံးဖြတ်ပါလိမ့်မယ်။ ခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်ဆီမှာ ကြိုတင်ပြီး မေးမြန်းနိုင်ပါတယ်။ ခွဲစိတ်မုှမပြုခင်မှာ အနည်းဆုံး ၈နာရီခန့် အစာမစား၊ အရည်မသောက်ဘဲ နေရပါတယ်။ခွဲစိတ်ချိန်မှာ မေ့ဆေးပေးပြီး လည်ပင်းကို ခွဲစိတ်ပြီး သိုင်းရွိုက်ကို ခွဲစိတ်ကုသပါတယ်။ သိုင်းရွိုက်ဂလင်းဟာ သေးငယ်တဲ့အပြင် ဘေးမှာလည်း သွေးကြောနဲ့ အာရုံကြောတွေ များစွာရှိတဲ့အတွက် ခွဲစိတ်မှုဟာ အနုစိတ်ပြီး အနည်းဆုံးနှစ်နာရီခန့် ကြာနိုင်ပါတယ်။ခွဲစိတ်ပြီးချိန်မှာတော့ ခွဲစိတ်ပြီးလူနာများထားတဲ့အခန်းမှာထားပြီး စောင့်ကြည့်ပါလိမ့်မယ်။ အခြေအနေ စိတ်ချသွားရရင် ပုံမှန်အခန်းကို ပြောင်းရွှေ့ပြီး ၂၄-၄၈ နာရီ ထပ်မံစောင့်ကြည့်ကုသပါလိမ့်မယ်။ ခွဲစိတ်ပြီး ရက်အတန်ကြာတဲ့အထိ လည်ပင်းမှာ နာခြင်း၊ ရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း ပြန်လည်ပြသဖို့ လိုပါတယ်။တခြားသော ခွဲစိတ်မှုတွေလိုပဲ ခွဲစိတ်ခြင်းကြောင့်၊ မေ့ဆေးထုံဆေးကြောင့် ကြုံနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ သိုင်းရွိုက်ဂလင်းနဲ့ ကပ်လျက်က အသံအိုးနဲ့ဆက်သွယ်ထားတဲ့ အာရုံကြောကို ထိခိုက်မိခြင်း၊ ပါရာသိုင်းရွိုက်ဂလင်းကို ထိခိုက်မိခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်တာ နည်းသွားနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ သက်ဆိုင်ရာဆရာဝန်နဲ့ ပုံမှန်ပြသသွားဖို့ လိုအပ်ပါမယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/thyroid-gland-remova/
ခန္ဓာကိုယ်ထဲမှာ ဘာ ကျောက် တွေ တည်နိုင်လဲ
ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။(၁) ကျောက်ကပ်။ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ် အပါအဝင် သတ္တုဓာတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါး နဲ့ နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီး သွားရင် သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ ကျောက်က သေးရင် ဆီးထဲမှာ သူ့အလိုလို ပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။(၂) လည်ချောင်း။အာသီးဆိုတာ ရောဂါပိုးမွှားတွေကို စစ်ထုတ်ဖယ်ရှားဖို့ ကူညီပေးတဲ့ လည်ချောင်း အနောက်ဘက်က တစ်ရှူးအစု နှစ်ခု ဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာ ကပ်ကျန်နေနိုင်ပြီး tonsilloliths လို့ ခေါ်တဲ့ ကျောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေ ခံစားရနိုင်တယ်။ ဒီကျောက်တွေကို သွားပွတ်တံနဲ့ ဒါမှမဟုတ် ဂွမ်းစလေး နဲ့ အသာအယာ ဖယ်ရှားနိုင်တယ်၊ ဆားရည် နဲ့ ပလုပ်ကျင်းလို့ရတယ်။ မရရင်တော့ ဆရာဝန်ပြသင့်ပါတယ်။(၃) ဆီးအိမ်။ဆီး ကောင်းကောင်း မသွားနိုင်တဲ့အခါ ဆီးကျောက်တည် လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေ များနေပြီး တခြားဓါတ်တွေ နည်းနေလို့လည်း ဖြစ်နိုင်တယ်။ ဒီကျောက်တွေက သူ့အလိုလိုဖြစ်လာတတ်တယ် ဒါမှမဟုတ် ကျောက်ကပ်ကျောက်လေးတွေက ဆီးအိမ် ဆီကို ကျလာပြီး ကြီးလာတာမျိုးလည်း ဖြစ်နိုင်တယ်။ ဆီးက နောက်နေတာ၊ သွေးပါနေတာ ဒါမမဟုတ် ဆီးသွားရင် ဗိုက်အောက်ပိုင်းက အောင့်တာတွေ ဖြစ်နိုင်တယ်။ သောက်ဆေး၊ လေဆာ သို့မဟုတ် ခွဲစိတ်မှု နဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။(၄) သည်းခြေအိတ်။ဝမ်းဗိုက် ညာဘက်အပေါ်ပိုင်းမှာရှိတဲ့ သည်းခြေအိတ်လေးမှာ အစာချေဖျက်တဲ့ သည်းခြေရည်တွေကို သိုလှောင်ထားပေးပါတယ်။ သည်းခြေရည်မှာ ပါတဲ့bilirubin ဆိုတဲ့ ဒြပ်ပေါင်းရယ်၊ ကိုလက်စထရောတွေရယ် ကနေ ကျောက်တည်စေနိုင်ပါတယ်။ ဒီကျောက်တွေကသေးငယ်လွန်းလို့ နာကျင်မှုတွေ၊ ကုသမှု လိုတာတွေ သိပ်မရှိတတ်ပါဘူး။ နာကျင်လာပြီ ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်လာနိုင်ပါတယ်။(၅) ဆီးကျိတ်။အမျိုးသားတွေမှာ သုက်ပိုးကို ကာကွယ်ပေးတဲ့ အရည်တွေ ထုတ်ပေးတဲ့ ဆီးအိမ်အနီးက ဂလင်းငယ်လေး ဖြစ်ပါတယ်။ ဘိန်းစေ့လောက်ပဲအရွယ်အစားရှိတဲ့ ဒီကျောက်တွေက သတ်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းမှာ ပိုအဖြစ်များပါတယ်။ ပုံမှန်အားဖြင့်တော့ လက္ခဏာမပြတတ်သလို ကုသမှုလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် သူတို့မှာ ရောဂါပိုး ဝင်ရင်တော့ဆီးကျိတ်ကို ရောင်ရမ်းစေနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ ပဋိဇီဝ ပိုးသတ်ဆေး ဒါမှမဟုတ် တခြားကုသမှုတွေ လိုအပ်လာနိုင်ပါတယ်။(၆)ခံတွင်း။အကြောင်းရင်း အတိအကျ မသိရပေမယ့် ခံတွင်းမှာလည်း ကျောက်တည်နိုင်ပါတယ်။ နာကျင်စေနိုင်တယ်၊ ရောင်ရမ်းစေနိုင်တယ်။ အစာစားလိုက်တဲ့အခါ တံတွေးထုတ်ပေးတဲ့ ပြွန်တွေကို ပိတ်ဆို့စေနိုင်တယ်။ လျှာအောက်မှာ အဖြူရောင် ကျောက်တည်တာလည်း တွေ့ရနိုင်တယ်။ ပုံမှန်အားဖြင့်တော့ မပြင်းထန်တတ်ဘဲ ရေပိုသောက်ပေးရင်၊ အချဉ်ကို စုပ်ပြီး စားပေးရင် လျော့ပါး ပျောက်ကင်းစေနိုင်ပါတယ်။(၇) ပန်ကရိယ။သည်းခြေအိတ်ကနေ ကျောက်တွေက ပန်ကရိယဆီ ရောက်လာပြီး ရောင်ရမ်းစေတဲ့အခါ ကိုယ်ပူမယ်၊သွေးခုန်နှုန်းမြန်မယ်၊ မအီမသာဖြစ်မယ်၊ ဗိုက်အောင့်မယ်၊ အစားစားပြီးရင်ပိုဆိုးမယ်။ကျောက်တည်တာနဲ့ပတ်သက်ရင် ဆရာဝန်ပြပြီး ကုသမှုခံယူဖို့လိုပါတယ်။(၈) ဗိုက်။ဖြစ်ခဲတယ်ဆိုပေမယ့်အစာခြေစနစ်ထဲမှာလည်း ကျောက်တည်နိုင်ပါတယ်။diverticulitis သို့မဟုတ်inflammatory bowel diseaseတို့လို အူရောင်ရောဂါတွေကြောင့် ဖြစ်စေနိုင်ပါတယ်။ရောဂါကြောင့်၊ မျိုးဗီဇကြောင့် ဒါမှမဟုတ်ခွဲစိတ်ကုသမှုခံယူဖူးတာကြောင့် အစာအိမ်နဲ့အူထဲမှာ အပြောင်းအလဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် ခွဲစိတ်ကုသမှု ခံယူရနိုင်ပါတယ်။ဒီလိုအကျိုးမပေးတဲ့ ကိုယ်တွင်းကျောက်တွေကလည်း သူ့ဟာသူဆို တန်ဖိုးမရှိပေမယ့်ဆေးကုသစရိတ်တန်ဖိုးတော့မနည်းဘူးနော့။ တန်ဖိုးကြီးကြီးပေးရတဲ့ ကုသမှုတွေလိုအပ်မှာဆိုတော့ ဒါတွေဖြစ်မလာစေဖို့ ကျန်းမာရေးနဲ့ညီအောင် အစားအသောက်၊အနေအထိုင်၊ လှုပ်ရှားမှုတွေကို ဂရုစိုက်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/where-stones-form/
ဦးခေါင်းသေး သေး ကလေးလေး
မွေးကတည်းက ခေါင်းသေးသေးနဲ့ ကလေးတွေကို မြင်ဖူးပါသလား။ ဒါမှမဟုတ် ကိုယ့်ကလေးခေါင်းက ရွယ်တူ ကလေးတွေရဲ့ ခေါင်းနဲ့ ယှဉ်ရင် သေးတယ်လို့ ထင်ပါသလား။ ကလေးတွေမှာမွေးရာပါချို့ယွင်းချက်အနေနဲ့ ဦးခေါင်းသေး တတ်ပါတယ်။ ဒီလိုကလေးတွေက တခြားကလေးတွေလို ပုံမှန်ဖွံ့ဖြိုးမှုရှိမှာမဟုတ်ပါဘူး။ ဒီကလေးတွေအကြောင်း လေ့လာကြည့်ရအောင်။ကလေးတွေမှာ အသက်အလိုက် ရှိရမယ့် ဦးခေါင်းအတိုင်းအတာဆိုတာ ရှိပါတယ်။ Head circumference လို့ခေါ်ပါတယ်။ ဦးခေါင်းပတ်ချာလည်ကို တိုင်းတာပါ။  အမေ့ဗိုက်ထဲမှာတုန်းက ကလေးလေးရဲ့ဦးနှောက်ကြီးထွားလာတာနဲ့အမျှ ဦးခေါင်းလည်း ကြီးလာပါတယ်။ ဦးခေါင်းသေးတယ်ဆိုတာက အမေ့ဗိုက်ထဲမှာ ဦးနှောက်ကောင်းကောင်း မဖွံ့ဖြိုးလို့ ဒါမှမဟုတ် မွေးပြီးတဲ့အချိန်မှာ ဦးနှောက်ဖွံ့ဖြိုးမှု မရှိတော့လို့ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ တခြား ဘာချို့ယွင်းချက်မရှိဘဲ ဦးခေါင်းသေးတာသက်သက်ပဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တခြားချို့ယွင်းချက်တွေနဲ့ ပေါင်းပြီး တွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။တချို့ကလေးတွေကျ ဦးခေါင်းသေးပေမယ့် ကျန်းကျန်းမာမာနဲ့ပုံမှန်ဉာဏ်ရည်အတိုင်း ကြီးပြင်းလာပါတယ်။ ဒါပေမယ့် ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ဘယ်လောက်ပြင်းထန်လဲပေါ်မူတည်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေကတော့။ဦးခေါင်းသေးတဲ့ ပြဿနာက ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်လို့ပါ။ မွေးရာပါလည်း ဖြစ်နိုင်သလို မွေးကင်းစမှာ ဖြစ်တဲ့ အကြောင်းရင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။မျိုးရိုးလည်း လိုက်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေကတော့။ခုနကပြောခဲ့တဲ့ ဦးခေါင်းရိုး စောဆက်တာကြောင့်ဆိုရင်တော့ ခွဲစိတ်ကုသလို့ရပေမယ့် တခြားအကြောင်းကြောင့်ဆိုရင်တော့ တိကျတဲ့ ကုသမှုနည်းလမ်း မရှိပါဘူး။ သေးနေတဲ့ ကလေးဦးနှောက်ကို ကြီးအောင် လုပ်လို့မှမရတာဘဲ။ တခြားနည်းလမ်းတွေကတော့ နောက်ဆက်တွဲတွေကို ကုသတာပါ။ ဖွံ့ဖြိုးမှုနောက်ကျရင် တတ်နိုင်သလောက် ကူညီပေးလို့ရမယ်။ အတက်ရောဂါတွေ၊ အတက်ကြွလွန်တာတွေ ဖြစ်လာရင် ဆေးနဲ့ ထိန်းပေးလို့ရမယ်။ ဒီလောက်ပါပဲ။ကာကွယ်နည်းတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါပိုး မကူးအောင်နေမယ်။ အာဟာရပြည့်အောင်စားမယ်။ ကိုယ်ဝန်ကို ထိခိုက်နိုင်တာတွေကို ရှောင်ကြဉ်ရပါမယ်။ ဒါပေမယ့် မျိုးရိုးကြောင့်ဖြစ်တာ၊ ခရိုမိုဇုန်းကြောင့် ဖြစ်တာဆိုရင်တော့ သင်လည်း ဘာမှမတတ်နိုင်ပါဘူး။ဦးခေါင်းသေးတာက ရှားပါးတဲ့ အခြေအနေပါ။ လေ့လာချက်တွေအရ အမေရိကန်နိုင်ငံမှာ ကလေး ၈၀၀ကနေ ၅၀၀၀လောက်မွေးမှ တစ်ယောက်ပါတတ်တာပါ။ ဒါပေမယ့် ဖြစ်လာခဲ့ရင် ကလေးအတွက် ဘဝတစ်လျှောက်ခက်ခဲနိုင်ပါတယ်။ စောစောသိနိုင်တာကတော့ အမေ့ဗိုက်ထဲမှာဆိုရင် Ultrasoundရိုက်ရင်း သိနိုင်မယ်။ မွေးလာရင်တော့ ကလေးရဲ့ ဦးခေါင်းပတ်ချာလည် အတိုင်းအတာကို တိုင်းခြင်းနဲ့ သိနိုင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%a5%e1%80%ae%e1%80%b8%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%b1%e1%80%b8-%e1%80%9e%e1%80%b1%e1%80%b8-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8/
ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝလား
ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရည်းစားမရှိတဲ့ လူပျို၊ အပျိုလေးတွေ အမြဲတင်ဖြစ်နေကျတော့ ဒီစာလေးတစ်ကြောင်းကို မှတ်မိကြမယ်ထင်ပါတယ်။ အဓိကကတော့ နှုတ်ခမ်းတွေ ကွဲခြောက်နေတဲ့အကြောင်းရယ်၊ ချစ်သူရည်းစားမရှိလို့ လိုချင်တဲ့အကြောင်းရယ်ကို ရောပြီးတင်ကြတာပေါ့ဗျာ။ ရုတ်တရက်ကြည့်ရင်တော့ မှန်တယ်လို့ ထင်ရပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ တော်တော်လေးကို မှားနေတဲ့ စာကြောင်းတစ်ကြောင်းပဲဗျ။နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုသည် နှုတ်ခမ်းကိုလျှာနဲ့ မကြာခဏ သပ်လို့၊ လျက်နေတာကြောင့်ပါပဲ။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အရေပြားတွေလိုမျိုး သဘာဝအဆီလည်း မထွက်ပါဘူး။ စိုထိုင်းမှုတစ်ခုတည်းဖြင့်သာ နှုတ်ခမ်းခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။လူရဲ့တံတွေးထဲမှာ အက်ဆစ်ဓာတ်တွေ၊ ဘက်တီးရီးယားပိုးတွေ ပါဝင်တဲ့အတွက် နှုတ်ခမ်းကို အမြဲတမ်းလျက်နေတဲ့အခါ ပါးစပ်ထဲက တံတွေးတွေက နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းရဲ့စိုထိုင်းမှုကိုပါ ခမ်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း နှုတ်ခမ်းခြောက်လို့ လျှာနဲ့ များများလျက်လေ၊ နှုတ်ခမ်းက ပိုခြောက်ပြီး ကွဲလာဖို့ပဲ ကျန်တော့တာပေါ့။နမ်းတာလည်း အတူတူပါပဲ။ သူစိမ်းတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ စုပ်ယူနမ်းရှုံ့နေရတဲ့အခါ ကိုယ့်ပါးစပ်ထဲက တံတွေးရော၊ ကိုယ့်ချစ်သူရဲ့ တံတွေးတွေပါ နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းကို ပိုပြီးတော့တောင် ခြောက်သွေ့ကွဲအက်စေနိုင်ပါတယ်။ ဒီတော့ နမ်းရမယ့်သူမရှိလို့ဆိုပြီး အရမ်းတော့ အထီးမကျန်စေချင်ပါဘူးနော်။၁။ရေများများသောက်ပါ။ရေပုံမှန်သောက်ပေးတဲ့အခါ နှုတ်ခမ်းရဲ့ အတွင်းသားကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးတယ်။ ရေဓာတ်ဟာ အရေပြားကို ခြောက်သွေ့ကြမ်းတမ်းစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ရေကို တစ်နေ့ ၂-၃ လီတာ အနည်းဆုံး သောက်ပေးဖို့တော့ လိုပါမယ်။၂။ နှုတ်ခမ်းကို ဘာမှမလိမ်းဘဲ မပစ်ထားပါနဲ့။တစ်ကိုယ်လုံးကို အစိုဓာတ်ထိန်းခရင်မ်တွေ၊ နေလောင်ကာခရင်မ်တွေ၊ Body Lotion တွေ လိမ်းပြီး အသားအရေထိန်းသိမ်းသလိုပါပဲ၊ နှုတ်ခမ်းကိုလည်း လိုအပ်တဲ့ အစိုဓာတ်ရရှိအောင်Lip Balmတွေ လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီအမြဲလိမ်းနေရတဲ့ မိန်းကလေးတွေ Lip Balm ကို အောက်ကနေ တစ်ထပ်အရင်လိမ်းပေးပြီးမှ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီကို အပေါ်ကနေ ပြန်ဆိုးပေးခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်သလို နှုတ်ခမ်းနီအရောင်ကိုလည်း ပိုပြီးထင်ဟပ်ပေါ်လွင်စေနိုင်ပါတယ်။၃။ အချဉ်ဓာတ်ပါဝင်တဲ့ အသီးတွေ များများစားပေးပါ။ဗီတာမင်စီကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးအနှံများဖြစ်တဲ့ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သံပရာသီး၊ သံပရိုသီး၊ စပျစ်သီး စတဲ့ အသီးအနှံတွေကို ဆောင်းတွင်းကာလမှာ များများစားပေးပါ။ ဗီတာမင်စီဓာတ်သည် အသားအရေကိုလည်း အစိုဓာတ်ဖြည့်တင်းပေးနိုင်သလိုကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်လို့ ဖျားနာခြင်းကင်းပြီး ရောဂါပိုးမွှားတွေကို ကောင်းစွာ တိုက်ထုတ်ပေးနိုင်မှာပါ။၄။ ရေအေးဖြင့်သာ ရေချိုးပေးပါ။ဆောင်းရာသီမှာ ရာသီဥတုအေးတော့ လူတော်တော်များများက ရေချိုးရမှာ ပျင်းသလို၊ ရေချိုးတဲ့အခါမှာလည်း ရေပူနဲ့ ရေချိုးကြတာ များပါတယ်။ ရေပူနဲ့ရေချိုးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေလည်း ရှိတယ်ဆိုပေမယ့်အသားခြောက်တတ်သူတွေ၊ နှုတ်ခမ်းအမြဲခြောက်ပြီး အက်ကွဲနေသူတွေအတွက်တော့ ရေပူနဲ့ ချိုးတာကို တတ်နိုင်သလောက်ရှောင်ပြီး ရေအေးနဲ့သာ ချိုးပေးသင့်ပါတယ်။ အကယ်လို့ ရေအေးမဟုတ်ဘဲ ရေကျက်နွေးနဲ့ ချိုးမယ်ဆိုလည်း ရပါတယ်။ ရေချိုးချိန်ကို နာရီဝက်ထက် မပိုစေဖို့သာ သေချာဂရုစိုက်ပေးပါ။ရည်းစားမရှိလို့ဆိုပြီး အားငယ်နေကြတဲ့ ဆင်ဂယ်လေးတွေလည်း သိပ်ပြီး အားမငယ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်တယ်ဆိုတာ ရည်းစားမရှိလို့ ခြောက်တာမဟုတ်ဘဲ ကိုယ့်ဘာသာ လျှာနဲ့ ခဏခဏသပ်နေလို့၊ ရေများများမသောက်လို့၊ ဆောင်းရာသီကြောင့်မို့လို့သာ ဖြစ်ရတာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tips-for-dry-lips/
ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် ၉ မျိုး။ ။
ဝမ်းချုပ်တယ်။ ဆေးလည်းမသောက်ချင်ဘူး။ သဘာဝအတိုင်းပဲဝမ်းမှန်ချင်တယ်၊ဝမ်းသွားရတာလည်း လွယ်ချင်တယ်ဆိုရင် သင့်ပြဿနာကို ဖြေရှင်း ပေးဖို့ အစားအသောက်တွေလောက် ကောင်းတဲ့အရာမရှိတော့ပါဘူး။ ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် နွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ဝမ်းဆိုတာလည်း အစားအသောက်တွေရဲ့ နောက်ဆုံးဖြစ် အကြွင်းအကျန်ပဲမဟုတ်လား။ ။ ဝမ်းချုပ်ခဲ့ရင် အတော်လေး နေရခက်ပါတယ်။ ဝမ်းချုပ်တာကိုဖြေရှင်းပေးမယ့် စူပါ အစားအသောက် တွေက ဘာတွေလဲ ဆိုတော့။အမျှင်ဓါတ်တွေ ကြွယ်ဝတဲ့ဘယ်ရီသီးတွေကြောင့် သင်ဝမ်းမှန်မယ့်အပြင် ဘယ်ရီသီးတွေမှာ ပါတဲ့ဗီတာမင် Cရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့်အူမကြီး ကင်ဆြာဖစ်တာကိုလည်း သူတို့က ကြိုတင်ကာကွယ်ပေးဦးမှာပါ။သစ်တော်သီးမှာဗီတာမင်နဲ့ သတ္တုဓါတ်ေတွကြွယ်ဝတဲ့ အပြင်အမျှင်ဓါတ်နဲ့ ရေဓါတ်လည်း အများကြီးပါတာကြောင့် သင်ဖြစ်နေတဲ့ ဝမ်းချုပ်တဲ့ ပြဿနာကို သူက အကောင်းဆုံးဖြေရှင်းပေးမှာပါ။ သစ်တော်သီး တစ်လုံးမှာကယ်လိုရီ၆၀ သာပါတဲ့အတွက် ဝိတ်တက်မှာလည်း စိတ်မပူနဲ့နော်။ ။ရုပ်ရှင်ကြည့်မှ ပြောင်းဖူးပေါက်ပေါက်စားရတာ မဟုတ်ပါဘူး။ ပြောင်းဖူးပေါက်ပေါက်ကို အချိုတွေ၊အငန်ေတွ အများကြီးမထည့်ထားသရွေ့ သူက အချိန်မရွေးစားလို့ရတဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သရေစာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ပြောင်းဖူးမှာပါတဲ့ အမျှင်ဓါတ်ကလည်း သင့်ကို ဝမ်းမှန်စေမှာပါ။ ဒါကြောင့် ကိုယ်ကဝမ်းချုပ်တတ်လို့ရှိရင် ပြောင်းဖူးပေါက်ပေါက်ကို သရေစာ အဖြစ် စားပေးလို့ရပါတယ်။ဖရဲသီးမှာ အမျှင်ဓါတ်အများကြီးမပါပေမယ့် ပါဝင်တဲ့ ရေဓါတ် ၉၂ ရာခိုင်နှုန်းက အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းစေမှာပါ။ဗီတာမင် AC E တို့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ဖရဲသီးမှာ ကြွယ်ဝစွာပါပါတယ်။ ဒါ့အပြင် ဖရဲသီးအောက်ခြေနားက အဖြူအသားကို စားပေးရင်ဆီးကျောက်တည်တာကိုလည်း ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါတယ်။အုတ်ဂျုံဟာ လူတိုင်းရွေးချယ်ပြီး စားသင့်တဲ့ မနက်စာတစ်ခုပါ။ သူ့မှာ အမျှင်ဓါတ်တွေ အများကြီးပါတဲ့အပြင် ရေဓါတ်စုပ်ယူမှုကိုလည်း ကောင်းစေလို့ ဝမ်းမှန်စေပါတယ်။အစာခြေစနစ်ကို အားပေးလို့ အစာကြေလွယ်တဲ့အပြင်ပရိုတင်းဓါတ်၊ကယ်လ်ဆီယမ်နဲ့သံဓါတ်ေတွလည်း ကြွယ်ဝစွာပါဝင်လို့ အာဟာရနဲ့ ပြည့်စုံတဲ့ အစားအသောက်တစ်ခုပါ။အာလူးကြော်ကသာ ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ပြုတ်ထားတဲ့ အာလူးတစ်လုံးမှာတော့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ကစီဓါတ်တွေ အများကြီးတဲ့အပြင်အူအတွင်းမှာအကျိုးပြု ဘက်တီးရီးယားတွေ ပိုပေါက်ပွားစေဖို့အတွက်လည်း သူကအားပေးပါတယ်။ပဲဆိုတာ အမျှင်ဓါတ်ရော ပရိုတင်းဓါတ်ရော နှစ်မျိုးလုံး ကြွယ်ဝတဲ့ တစ်ခုတည်းသောအရာဖြစ်ပါတယ်။ ပဲများများစားရင် ဝမ်းသွားတယ်ဆိုတာ ပြောပြစရာ မလိုအောင်လူတိုင်း သိနေတဲ့ အရာတစ်ခုပါ။ဒိန်ချဉ်က အူအတွင်းမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေလို့ ဝမ်းကို မှန်စေတဲ့ အပြင် ခုခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။ဝမ်းသွားဖို့အတွက်ဆို အူမကြီးကနေ ရေတွေကို စုပ်ယူရပါတယ်။ ဒါမှ အူကို လှုံဆောင်သလိုဖြစ်ပြီး ဝမ်းထဲလည်း ရေတွေရောသွားလို့ ဝမ်းသွားရတာလည်း လွယ်ကူစေမှာပါ။ ဝမ်းမှန်စေဖို့ ရေကို အသောက်ပေးသင့်ဆုံး အချိန်ကတော့ မနက်အိပ်ရာက နိုးနိုးချင်းဖြစ်ပါတယ်။ဒါတွေကတော့ သင်ဖြစ်နေတဲ့ ဝမ်းချုပ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် စူပါ အစားသောက် ၉ မျိုးပဲဖြစ်ပါတယ်။ ကိုယ့်နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဒီ ၉ မျိုးထဲက တစ်နေ့ကို တစ်မျိုးလောက်ထည့်စားပေးရုံနဲ့တင် သင်ဖြစ်နေတဲ့ ပြဿာနာတွေ ပြေလည်သွားမှာပါ။ အစာလည်းဆေး၊ ဆေးလည်း အစာပဲလေနော်။ ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/food-for-constipation/
အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသပြီးနောက် အစားဘယ်လိုပြန်စားကြမလဲ။
အစာအိမ်ကင်ဆာကိုခွဲစိတ်ပြီး ကုသမယ်ဆိုရင်ကင်ဆာအလုံးကိုဖယ်ဖို့အတွက် အစာအိမ်တစ်စိတ်တစ်ပိုင်းကိုဖြတ်ပြီး ကျန်တဲ့အပိုင်းတွေဆက်လိုက်တာဖြစ်ဖြစ်၊ အစာအိမ်တစ်ခုလုံးကို ထုတ်လိုက်တာမျိုးဖြစ်ဖြစ် ကိုယ့်ရောဂါ အခြေအနေပေးမူတည်ပြီး ခွဲစိတ်လိုက်ရတာမျိုးတွေ ရှိပါတယ်။ ဆေးပညာအရဒီလိုမျိုးအစာအိမ်ဖြတ်ပြီး ပြန်ဆက်တဲ့ ကုသမှုကို gastrectomy လို့ခေါ်ပါတယ်။ဒီလို gastrectomy ကုသမှု ခံယူထားတဲ့ လူနာတစ်ယောက်ဟာ အခြား သာမာန်ခွဲစိတ်မှုလုပ်ထားတဲ့ လူတွေနဲ့ မတူတော့ပါဘူး။ အစာအိမ်ကို ဖြတ်တောက်ပြီး ပြန်ဆက်ထားရတာဖြစ်တဲ့အတွက် စားသောက်မှုအပိုင်းမှာ ပိုဂရုစိုက်ရတော့မှာပဲဖြစ်ပါတယ်။ ဘာတွေစားမလဲဆိုတာရော ဘယ်လိုအချိန်တွေမှာ စားရမလဲဆိုတာတွေရော အသေးစိတ်အကုန်လုံးပေါ့။ ။ကင်ဆာကိုယ်တိုင် ဝိတ်ကျစေတာရောကင်ဆာဆေးတွေသွင်းနေရတော့ အစားအသောက်ပျက်ပြီး မစားနိုင်တာတွေရော ပေါင်းပြီးအဲဒီအချိန် ကိုယ်အလေးချိန်ကျနေမှာတော့ အသေအချာပါ။ အစာအိမ်ကိုအသားကျအောင် အနားပေးရမှာ ဖြစ်တာကြောင့် ခွဲစိတ်ပြီးပြီးချင်း ပါးစပ်က အစားတွေပြန်စားလို့မရသေးချိန် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရတွေကို IV လိုင်းတွေက နေတစ်ဆင့် ( ဒါမှမဟုတ်) ဗိုက်မှာအပေါက်ဖောက်ပြီး အာဟာရတွေ ထည့်ပေးတာမျိုးတွေ လုပ်ပေးရပါတယ်။ခွဲစိတ်ပြီး ရက်ပိုင်းလောက်ကြာရင် အရည်စသောက်လို့၇မှာဖြစ်ပြီး ၂ ပတ်လောက်ကြာရင်တော့ အစားပျော့ပျော့လေးစစားပြီး နောက်ပိုင်းကျမှ တဖြည်းဖြည့်းပြန်ကျင့်သွားရမှာ ဖြစ်ပါတယ်။အစာအိမ်တစ်စိတ်တစ်ပိုင်း၊ ဒါမှမဟုတ် တစ်ခုလုံးကို ဖြတ်ထားတာဖြစ်တဲ့အတွက် အစာစားရင် ခဏလေးနဲ့ ဗိုက်ပြည့်သွားတတ်သလို ပုံမှန်လိုမျိုး အာဟာရစုပ်ယူမှု အပိုင်းတွေမရှိတော့ဘဲ လျော့သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး စားလိုက်တဲအစာတွေကိုအစာခြေတဲ့အပိုင်းမှာလည်း အရင်လိုမျိုးနဲ့မတူတော့ဘ ဲကွာခြားချက်တွေရှိနေပါလိမ့်မယ်။ဥပမာ အစာအိမ်ခွဲစိတ်ပြီးနောက်ပိုင်း သကြားအစားများသွားတဲ့အခါမျိုးမှာ dumping syndrome, လို့ခေါ်တဲ့ ပြဿနာဖြစ်နိုင်ပါတယ်။ dumping syndrome ဆိုတာ စားလိုက်တဲ့သကြားတွေက ရေတွေ အများကြီးကိုပါ ဆွဲယူလာသလိုဖြစ်သွားပြီး အစာဖြတ်ချိန်ကို မြန်စေကာ ဝမ်းလျှောတာမျိုးကိုဖြစ်စေတာကို ပြောတာပါ။ အစားစားပြီးပြီးချင် မိနစ် ၂၀ လောက်ဆို ဒီ dumping syndrome, ပြဿနာဖြစ်တတ်ပါတယ်။ ဒါဟာ lactose intolerant လို့ခေါ်တဲ့နို့သကြားဓာတ်မစုပ်နိုင်တဲ့ ရောဂါနဲ့ အလားသဏ္ဍန်တူပါတယ်။ သကြားတင်မဟုတ်ပါဘူး အဆီကိုခြေဖျက်တဲ့အပိုင်းမှာလည်း အားလျော့သွားတာလေးတွေ ရှိပါတယ်။ ဒီတော့ ဒီလို အသေးစိတ်က အစ ဂရုစိုက်ဖို့လိုတာကြောင့် အစာအိမ်ခွဲစိတ်ပြီးတဲ့သူတိုင်း ဘာတွေကိုတော့ လုပ်သင့်တယ် ဘယ်ဟာမျိုးကိုတော့ရှောင်သင့်တယ်ဆိုတာလေးတွေ သိထားဖို့လိုလာတာပေါ့။• အရင်တုန်းကလိုမျိုး တစ်နေ့ သုံးကြိမ် အပြည့်အသိပ် စားလို့မ၇တော့ပါဘူး။ တစ်နေ့ ၃ ကြိမ်စားမယ့်အစား နည်းနည်းနဲ့ အကြိမ်ရေများများစားပေးဖို့လိုပါတယ်။• အစာကို မြန်မြန်မစားဘဲ ဖြည်းဖြည်းချင်းနဲ့ ကြေညက်အောင်ဝါးပါ။• ရေကတော့ ပုံမှန်လိုပဲ တစ်နေ့ကို ၈ ဖန်ခွက်လောက်သောက်ပေးပါ။ ဒါပေမယ့် အစားစားနေချိန် ရေအများကြီးသောက်တာကိုတော့ရှောင်ရပါလိမ့်မယ်။ ကာဘွန်ပါတဲ့အချိုရည်တွေနဲ့ ဆိုဒါပါတဲ့ အချိုရည်တွေကိုတော့ ရှောင်ရပါလိမ့်မယ်။• နောက်ပိုင်း အစာအိမ်က နည်းနည်းအသားကျသွားပြီဆိုမှ အပေါ်မှာပြောခဲ့တဲ့သကြားနဲ့ အဆီတွေကို ဖြည်းဖြည်းချင်းပြန်ကျင့်စားပေးရမှာပါ။•အမျှင်ဓာတ်များများပါတာလည်း စားလို့မရပါဘူး။ ဗိုက်ကိုကယ်စေပြီး အစာအကြေဖြစ်စေတာကြောင့်ပါ။• နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။•ကယ်လိုရီများ၊ အာဟာရလည်းပြည့်ပြီး သကြားပါဝင်မှုနည်းတဲ့ အစားအသောက်တွေကို ပိုရွေးချယ်စားပေးပါ။• ကိုယ်အလေးချိန်ကလည်း ကျနေတယ် အစားလည်းရွေးစားရတယ်ဆိုတော့ အာဟာရသိပ်မရမှာစိုးရင် ဗီတာမင် သတ္တုဓာတ် ဖြည့်စွက်စာတွေသောက်ပေးလို့ရပါတယ်။• အထူးသဖြင့် အစာအိမ်တစ်ခုလုံး ဖြတ်ထုတ်ထားရတဲ့သူတွေဆို ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်ဖို့လိုအပ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ပုံမှန်ဗီတာမင် B12ဆေးသွင်းပေးဖို့လည်းလိုပါတယ်။• အစာအိမ်တစ်ပိုင်းလောက်ပဲ ဖြတ်ထားတယ်ဆိုရင်တော့ သံဓာတ်၊ ကယ်လ်ဆီယမ် ၊ဗီတာမင် စီနဲ့ ဗီတာမင် စီ ဓာတ်တွေ များတဲ့ အစားအစာတွေကို အဓိက ထားပြီး စားပေးရပါမယ်။• နောက်ပြီး သွေးစစ်မှုတွေကိုလည်း ပုံမှန်လုပ်ပေးဖို့လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ဆီမှာ ဘယ်လိုဓာတ်တွေ ချို့တဲ့မှုရှိလဲဆိုတာကို ဆရာဝန်တွေက အဖြေရှာပေးပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးနိုင်မှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/stomach-cancer-cancer/gastric-cancer/
လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား
ကိုယ်လက်လှုပ်ရှားမှုပြုခြင်းဟာ စွမ်းအင်တိုးလာစေပါတယ်။ နှလုံးခုန်နှုန်းကို မြန်စေပြီးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး လူကိုလည်း နိုးကြားစေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပင်ပန်းလာနိုင်ပါတယ်။ အင်အားသုံးလေ ပိုပင်ပန်းလေပါပဲ။လေ့ကျင့်ခန်းလုပ်အပြီး ပင်ပန်းလာတဲ့အခါ ခဏလောက် မှေးချင်စိတ်ပေါ်လာတတ်ပါတယ်။ ယခုဆောင်းပါးမှာတော့ လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား ။ ကောင်းသလား ဆိုးသလား ဖော်ပြသွားမှာ ဖြစ်ပါတယ်။လေ့ကျင့်ခန်း (Workout) လုပ်အပြီး ခဏမှေးသင့်သလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ယေဘုယျအားဖြင့် လေ့ကျင့်ခန်းလုပ်အပြီး အိပ်ချင်စိတ်ပေါ်တာဟာ စိုးရိမ်စရာကိစ္စတော့ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ အသုံးချလိုက်လို့ ပင်ပန်းနွမ်းနယ်လာခြင်းပဲ ဖြစ်ပါတယ်။ ပြင်းထန်ပြီး အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေဆိုရင် ပိုသိသာပါတယ်။လေ့ကျင့်ခန်းလုပ်အပြီး မောပန်းနွမ်းနယ်ခြင်းဟာ အောက်ပါအချက်များပေါ်လည်း မူတည်ပါသေးတယ်။လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ဆောင်နေချိန်မှာ သင့်ကိုယ်ခန္ဓာရဲ့ သက်ဆိုင်ရာကြွက်သားအုပ်စုများဟာ ဆက်တိုက် ကျုံ့ဝင်လှုပ်ရှားနေပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ATP လို့ခေါ်တဲ့ မော်လီကျူးကို အသုံးပြုပါတယ်။ ATP မော်လီကျူးဟာ ဆဲလ်တွေအတွက် စွမ်းအင်ကို ထောက်ပံ့ပေးပါတယ်။လေ့ကျင့်ခန်းလုပ်ဆောင်နေချိန်မှာ ATP ဟာ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ ဒါကြောင့် ကြွက်သားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းဟာလည်း လျော့ကျလာပြီး ပင်ပန်းလာတတ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ချိန်မှာဗဟိုအာရုံကြောစနစ်ကနေ အချက်ပြမှုတွေ ဆက်တိုက်ထုတ်လွှတ်ပေးပြီး ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို လှုံ့ဆော်ပေးပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးချိန် တမှေးမှေးမယ်ဆိုရင် အောက်ပါအကျိုးတွေ ရနိုင်ပါတယ်။ကြွက်သားများပြန်လည်အားပြည့်ခြင်း။ တမှေးခန့်အိပ်စက်လိုက်မယ်ဆိုရင် ပီကျူထရီဂလင်းကနေကြီးထွားမှုဟော်မုန်းတွေ ထုတ်ပေးပါတယ်။ အဆိုပါဟော်မုန်းဟာ တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။အိပ်ရေးဝခြင်း။ လူတစ်ယောက်ရဲ့ တစ်နေ့တာအိပ်စက်သင့်တဲ့နှုန်းကို အားဖြည့်ပေးရာ ရောက်ပါတယ်။ ဦးနှောက်ရဲ့ သိမှတ်မှုပိုင်းဆိုင်ရာ စွမ်းရည်နဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုကို လျော့ပါးစေခြင်း။ လေ့ကျင့်ခန်းလုပ်စဉ်မှာ ပင်ပန်းခဲ့သမျှကို တမှေးခန့် အိပ်စက်ပြီး ပြန်လည်အားဖြည့်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ပြည့်စေခြင်း။ ရုပ်ပိုင်းဆိုင်ရာလိုပဲ စိတ်ပိုင်းဆိုင်ရာလည်း လန်းဆန်းတက်ကြွစေပါတယ်။ ပြန်လည်အားပြည့်စေပါတယ်။ဘယ်နေရာမှာမဆို ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေသလိုပဲ လေ့ကျင့်ခန်းလုပ်ပြီးချိန် အိပ်စက်ခြင်းကြောင့် အောက်ပါဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ကောင်းစွာ မအိပ်စက်နိုင်ခြင်း။ လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အင်ဒေါ်ဖင်ဟော်မုန်းနဲ့ ကိုယ်အပူချိန် တက်လာနိုင်ပါတယ်။ အဆိုပါအချိန်မှာ ဦးနှောက်နဲ့ ကိုယ်ခန္ဓာကို နိုးကြားလာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် ပင်ပန်းတာကြောင့် ခဏတာ မှေးလိုက်ပေမယ့် အဆိုပါနိုးကြားမှုကလည်း ကျန်နေသေးရင် အိပ်ရေးကောင်းကောင်းမဝတာ ဖြစ်နိုင်ပါတယ်။မလန်းဆန်းခြင်း။ မှေးပြီး ပြန်ထချိန်မှာ မူးနောက်နောက်နဲ့ မလန်းဆန်းဘဲ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို ဆက်လက်ပြီး အိပ်ချင်စိတ်ပေါ်ခြင်း (sleep inertia) လို့ ခေါ်ပါတယ်။ညအချိန် အိပ်မပျော်ခြင်း။ ခဏတာမှေးစက်ခြင်းအားဖြင့် တစ်နေ့တာလိုအပ်တဲ့အိပ်ချိန်ကို ဖြည့်တင်းပေးရာ ရောက်ပေမယ့် ညအချိန်အိပ်စက်ခြင်းအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ညကျမှ အိပ်မပျော်တာမျိုး ကြုံနိုင်ပါတယ်။မိနစ်နှစ်ဆယ်ခန့်သာ အိပ်သင့်ပါတယ်။ နာရီဝက်ကျော်ရင် sleep inertia အခြေအနေ ကြုံနိုင်ပါတယ်။ မအိပ်ခင် ရေအဝသောက်သင့်ပါတယ်။နံနက်စောစောလေ့ကျင့်ခန်းလုပ်ပြီးချိန်ဆိုရင် အိပ်သင့်ပါတယ်။ ဒါပေမယ့် ညနေပိုင်း လေ့ကျင့်ခန်းလုပ်ရင်တော့ ပြန်မှေးတာမျိုးမလုပ်ဘဲ ညကျမှ ခပ်စောစော အိပ်သင့်ပါတယ်။ မအိပ်ခင်မှာ အကြောလျှော့သင့်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/sleep-after-workout/
သရေစာစားခြင်းကို ရပ်တန့်လိုက်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေကို ခံစားရနိုင်မလဲ
သရေစာစားခြင်းကို ရပ်တန့်လိုက်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေကို ခံစားရနိုင်မလဲ ……. လူတော်တော်များများ သတိပြုမိနေတဲ့အရာပါ။ မိဘတွေဟာလည်း ကလေးတွေကို အာဟာရမပြည့်ဝတဲ့ မုန့်တွေ (သရေစာ)တွေကို မစားခိုင်းပါဘူး။ကိုယ်အလေးချိန်တက်လာခြင်းကို ရှောင်ချင်တယ်ဆိုရင်လည်း ဒီလိုသရေစာ တွေကို ရှောင်ရပါမယ်။သရေစာတွေမှာ ကယ်လိုရီပိုလျှံပြီး မကောင်းတဲ့အဆီတွေ၊ ဆိုဒီယမ်ဆားတွေ ပါဝင်သလိုအာဟာရပြည့်ဝမှုကလည်း သုညရာခိုင်နှုန်းသာ ရှိပါတယ်။ဒီလိုဆိုးကျိုးတွေရှိမှန်းသိနေပေမဲ့လည်း သရေစာစားသုံးမှုဟာ ကမ္ဘာနဲ့အဝှမ်းမြင့်တက်လျက်ရှိပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ ဒီအစားအစာတွေဟာ အလွယ်တကူလျင်မြန်စွာရနိုင်သလို ချက်ပြုတ်ဖို့မလိုပါဘူး။ ဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ စျေးနှုန်း သင့်တင့်သလို အရသာလည်းရှိပါတယ်။    (သရေစာဆိုတဲ့နေရာမှာ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အသင့်စားမုန့်ထုပ်တွေနဲ့ အစရှိတာတွေ) ပါဝင်ပါတယ်။သရေစာကို မကောင်းမှန်းသိပေမယ့် ဖြတ်ဖို့မလွယ်ကူ လှပါဘူး။ ချက်ချင်းဆိုသလို ဖြတ်လိုက်မယ်ဆိုရင် ခေါင်းကိုက်ခြင်းတွေ၊ အားအင်ကုန်ခန်းခြင်းတွေ၊ မောပန်းခြင်းတွေဖြစ်လာနိုင်တယ်လို့ အာဟာရဆရာဝန်တစ်ဦးက ဆိုထားပါတယ်။ ချက်ချင်းမဖြတ်ပစ်ဘဲ ဖြည်းဖြည်းချင်းစီ အကျင့်လုပ်လျှော့စားသင့်ပါတယ်။ အကျိုးရလဒ်ကတော့ သင့်ရဲ့မလိုအပ်တဲ့ကယ်လ်လိုရီတွေလျော့ကျသွားပြီး ကိုယ်အလေးချိန် ကျဆင်းသွားမှာပါ။ကိုယ်အလေးချိန်ကျဆင်းမှုရဲ့ နောက်ကွယ်မှာတော့ကိုလက်စရောLevel ကျဆင်းမှုတွေ၊ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကျလာခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်မှုကျဆင်းလာခြင်းတွေကပါ အကျိုးခံစားလာနိုင်မှာပါ။ သရေစာလျှော့စားခြင်းနဲ့ ဖြတ်တောက် လိုက်ခြင်းရဲ့နောက်ကွယ်မှာ သင့်ခန္ဓာကိုယ်ကဘာတွေဖြစ်ပွားလာနိုင်သလဲဆိုတာကို အာဟာရ ဆရာဝန်တစ်ဦးက ဒီလိုပြောထားပါတယ်။သရေစာစားခြင်းကို ရပ်တန့်လိုက်တဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေကို ခံစားရနိုင်မလဲ ဆိုတော့။(၁)ကိုယ်အလေးချိန် ကျဆင်းလာမယ်။သရေစာတွေကို မစားတော့ဘဲဖြတ်လိုက်တာနဲ့ သင့်ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ကယ်လိုရီပမာဏများစွာဟာ ကျဆင်းသွားပြီး အကျိုးဆက်အနေနဲ့ကတော့ လှပကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ အာလူးကြော်၊ ချိစ်နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်လိုက်ရုံနဲ့ အတော်လေးသိသာပါတယ်။(၂)အာဟာရပြည့်လာမယ်။သရေစာတွေအစား အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံးမိမှာပါ။ အသီးအရွက်တွေ၊ အသားဓာတ်၊ ပဲဓာတ်နဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို သရေစာအစားထိုးအဖြစ် စားသုံးလာမိမှာပါ။(၃)ကျန်းမာရေးပြဿနာတွေနည်းပါးလာမယ်။အာလူးချောင်းကြော်၊ ဟမ်ဘာဂါနဲ့ ကြက်ကြော်အစရှိတာ တွေဟာ နှလုံးရောဂါ၊ ကိုလက်စရောမြင့်မားမှုနဲ့ ဆီးချိုရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဆိုဒီယမ်ဓာတ် များစွာပါဝင်မှုကြောင့်လည်း ကျောက်ကပ်ရောဂါနဲ့ သွေးပေါင်ချိန်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သရေစာ တွေကို ဖြတ်လိုက်ခြင်းဟာ နာတာရှည်ကျန်းမာရေးပြဿနာတွေကို တားဆီးပြီးသား ဖြစ်မှာပါ။(၄)အသားအရေကောင်းလာမယ်။သင်ဘာတွေစားသုံးနေလဲဆိုတာဟာ သင့်အသားအရေမှာ ပေါ်လွင်ပါတယ်။ အသားအရေကောင်းခြင်းနဲ့ ဆံပင်သန်စွမ်းကောင်းမွန်ခြင်းဟာ သင့်ရဲ့အစားအသောက်ရွေးချယ်မှု မှန်ကန်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးပါ။ သရေစာတွေကို မစားတော့တာနဲ့ အသားအရေဟာ ဝင်းမွတ် ကြည်လင်လှပလာမှာပါ။ Glow လာမှာပါနော်။(၅)တက်ကြွလန်းဆန်းလာမယ်။သရေစာတွေဟာ အီဆိမ့်ထိုင်းမှိုင်းစေပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ တက်ကြွလန်းဆန်းပြီး အလုပ်လုပ်ရာမှာ အဆင်ပြေချောမွေ့ နေမှာပါ။(၆)နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူနိုင်မယ်။သကြားဓာတ်များတဲ့ အစားအစာတွေ အဆီများတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန် တက်ရုံသာမကဘဲ အိပ်စက်ခြင်းစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ နှစ်ခြိုက်စွာအိပ်စက်လို့ မရနိုင်ဘဲဖြစ်တတ်ပါတယ်။ သရေစာတွေကို လျှော့စားလိုက်ခြင်းအားဖြင့် အိပ်စက်အနားယူရာမှာ ကောင်းမွန်လာနိုင်သလို နောက်တစ်နေ့ကိုလည်း လန်းဆန်းစွာဖြတ်သန်းလာနိုင်မှာပါ။(၇)ကြွက်သားတွေအတွက်လည်းကောင်းမွန်ပါတယ်။သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ခြင်းဟာ ကြွက်သားတွေကို သန်မာစေမှာပါ။ ကြွက်သားတွေ ကျန်းမာသန်စွမ်းလာခြင်းကြောင့် သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ အဆင်ပြေချောမွေ့လာနိုင်မှာပါ။သရေစာကိုဖြတ်ဖို့ သင့်မှာအစီအစဉ်ရှိပြီ ဆိုရင်တော့ ချက်ချင်းကြီး မဖြတ်လိုက်ပါနဲ့နော်။ ဖြည်းဖြည်းချင်းစီလျှော့စားရင်း သင့်ခန္ဓာကိုယ်ရဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ရင်ဆိုင်ကြည့်လိုက်ပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-when-stop-eating-junk-foods/
ပင်ပန်းနွမ်းနယ်နေတာ ကို သက်သာစေဖို့
ခေါင်းထဲကပဲ ကိုက်နေသလိုလို၊ ခြေလက်တွေပဲ ညောင်းကိုက်နေသလိုလို၊ မကြည်မလင်နဲ့ညီးစီစီဖြစ်နေလို့ နေရထိုင်ရ မသက်မသာဖြစ်နေပြီလား။ ပင်ပန်းနွမ်းနယ်နေတာ တွေ  ခံစားနေရပြီလား။ ဘာကြောင့်မှန်းမသိ အားမရှိသလိုဖြစ်နေရင် ပင်ပန်းနွမ်းနယ်နေတာ ကို သက်သာစေဖို့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။လူတွေမှာ ခံစားရတဲ့ ပင်ပန်းနွမ်းနယ်မှု အတော်များများကစိတ်ဖိစီးတာ၊အိပ်ရေးမဝတာ၊ အစား မမှန်တာတွေကနေ စလာတာပါ။ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အနားယူလိုက်ရင်ကို သက်သာသွားတတ် ကြပါတယ်။ ဒီတော့ပင်ပန်းနွမ်းနယ်လာပြီဆိုရင်။တစ်ခါတလေ အရမ်းပင်ပန်းပြီး ခြေကုန်လက်ပမ်းကျလာပြီဆိုရင် ရေတစ်ခွက်သောက်ချလိုက်ပါ။ ခန္ဓာကိုယ်မှာရေဓာတ် ခမ်းခြောက်ရင်လည်း လူက ပင်ပန်းနိုင်ပါတယ်။ ဒီတော့ တအား ပင်ပန်းလာရင် ငြိမ်ငြိမ်လေး ထိုင်ပြီး ရေတစ်ခွက်ကို သောက်လိုက်ပါ။ပင်ပန်းလွန်းတာ၊ခြေကုန်လက်ပမ်းကျတာက လုံလောက်တဲ့ အနားယူမှု မရှိတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အရမ်းပင်ပန်းပြီး မအီမသာဖြစ်လာပြီဆိုရင် သီချင်း နားထောင်တာ၊ ရယ်စရာ ရုပ်ရှင်တစ်ခုခုကို ကြည့်ပြီး အနားယူပေးပါ။စိတ်ဖိစီးမှု များရင်လည်း လူက ပင်ပန်းပြီး မအီမသာဖြစ်နိုင်ပါတယ်။ ဒါကြောင့် တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ ခွေးလေးတွေနဲ့ ဆော့တာလိုမျိုး အပန်းပြေစေမယ့် ကိစ္စလေးတွေ လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျှော့လိုက်ပါ။အစားမစားဘဲ အလုပ်ကိုပဲ မဲလုပ်နေရင်းကလည်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး မအီမသာတာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လက် မအီမသာဖြစ်လာပြီဆိုရင် ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံတို့လိုမျိုး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေမယ့် အစားအစာလေးတွေကို စားပေးပါ။ကော်ဖီ၊ လက်ဖက်ရည်နဲ့အားဖြည့်အချိုရည်တွေက လူကို လန်းဆန်းစေတယ်ဆိုပေမယ့် ရေရှည်မှာ ခန္ဓာကိုယ်ကို အားအင်ကုန်ခမ်းပြီး ခြေကုန်လက်ပမ်း ကျစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပါတာတွေကို လျှော့ပါ။အရမ်း ပင်ပန်းနေရင် ကိုယ်လက်လေ့ကျင့်ခန်း ထလုပ်လိုက်တာက ပင်ပန်းနွမ်းနယ်နေတာ ကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အပေါ့စား လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ လမ်းလျှောက်တာဖြစ်ဖြစ်၊ အကြောလျှော့တာဖြစ်ဖြစ် လုပ်ပေးလိုက်ရုံပါ။အရမ်းပင်ပန်းလာရင် ဘာမှ မစဉ်းစားဘဲ အိပ်ပစ်လိုက်တာကလည်း ပင်ပန်းတာကို သက်သာစေပြီး လူကို လန်းဆန်းစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ဒါကြောင့် ပင်ပန်းပြီး ခြေကုန်လက်ပန်းကျလာပြီဆိုရင် အိပ်ရေး ဝဝသာ အိပ်လိုက်ပါ။ဒါတွေအပြင် အရက်ဖြတ်မယ်။ ဆေးလိပ်ဖြတ်မယ်။အစားကို အချိန်မှန်မှန် စားမယ်။ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားမယ်ဆိုရင်လည်း ခြေကုန်လက်ပန်းကျတာကို သက်သာစေနိုင်မှာပါ။ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။အလုပ်လုပ်နေတဲ့သူတွေက ပင်ပန်းနွမ်းနယ်တာကို မကြာခဏခံစားရတတ်ပြီး အနားယူလိုက်ရင် ပြန်ကောင်းသွားတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပင်ပန်းနွမ်းနယ်တာနဲ့အတူ။ဒီလိုလက္ခဏာတွေက သာမန်ပင်ပန်းတာကြောင့် မဟုတ်ဘဲ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်လို့ပါ။ ဒါ‌ဆိုရင်တော့ ရောဂါရှာဖွေကုသမှုပဲ သက်သာမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/home-remedies-for-fatigue/
လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ
လေ့ကျင့်ခန်းကို သေချာပြန်လုပ်တော့မယ်လို့ တွေးထားပြီဆိုရင် အဓိကပြင်ဖို့ လိုအပ်တာက စားသောက်နေထိုင်မှုပုံစံပါပဲ။ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားမျိုး ရဖို့အတွက် လေ့ကျင့်ခန်းသည် ၃၀ ရာခိုင်နှုန်း၊ စားသောက်နေထိုင်မှုပုံစံက ၇၀ ရာခိုင်နှုန်း သက်ရောက်မှုရှိပါတယ်။ ဒီတော့ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ ဆိုတာကိုရော သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ အခုပဲ ကြည့်လိုက်ရအောင်နော်။လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိက စားသင့်လဲ ဆိုတော့။ကိုယ်စားလိုက်တဲ့ အစားအစာတွေ၊ စားတဲ့ပမာဏ၊အာဟာရဓာတ်တွေ၊ လေ့ကျင့်ခန်းနဲ့ အချိန်ဘယ်လောက်ခြားထားလဲဆိုတာပေါ် မူတည်ပြီး ခန္ဓာကိုယ်အချိုးအစားအလိုက် အဆင်ပြေသလို ညှိသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါအားအင်တွေကို အသုံးပြုရတာဖြစ်တဲ့အတွက် ခွန်အားဖြစ်စေမယ့် ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် ပါတဲ့အစားအစာတွေကို အဓိက စားပေးဖို့ လိုအပ်ပါတယ်။ နွားနို့၊ အသား၊ အာလူး၊ ကြက်ဥ၊ ထောပတ်သီး၊ကန်စွန်းဥ၊ ပဲ၊ ထမင်း စတာတွေကို များများစားပေးရပါမယ်။ ပရိုတင်းနို့မှုန့် ဖြည့်စွက်စာကိုပါ တွဲသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။အားအင်တွေနဲ့အတူ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုဖြစ်စေတဲ့အတွက် လေ့ကျင့်ခန်းမလုပ်ခင်မှာရော၊ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်းမှာလည်း ရေများများသောက်ပေးသင့်ပါတယ်။ရေဓာတ်က ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေပြီး နှလုံးကို အားဖြစ်စေတယ်။ ပင်ပန်းမှုကို ပြေပျောက်စေပြီး ချွေးအဖြစ်နဲ့ ခန္ဓာကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းပေးနိုင်ပါတယ်။စားတဲ့ပမာဏသည် လေ့ကျင့်ခန်းလုပ်မယ့်အချိန်နဲ့ စားမယ့်အချိန်ပေါ် မူတည်ပါတယ်။ ကိုယ်က မနက်ခင်းအစောကြီး လေ့ကျင့်ခန်းလုပ်မယ့်သူဆိုရင်။ညနေဘက်မှာလေ့ကျင့်ခန်းလုပ်မယ့်သူဆိုရင် ကိုယ်လေ့ကျင့်ခန်း လုပ်မယ့်အချိန်နဲ့ အနည်းဆုံး အချိန်တစ်နာရီခြားပြီး အစာတစ်ခုခု စားထားဖို့ လိုအပ်ပါတယ်။လေ့ကျင့်ခန်းမလုပ်မီ ၃နာရီအလိုမှာ။လေ့ကျင့်ခန်းမလုပ်မီ ၂နာရီအလိုဆိုရင် ထမင်း၊ အသားလိုမျိုး ဗိုက်အလွန်ပြည့်စေမယ့်အစားအစာတွေကို ပါတယ်ဆိုရုံလောက်သာ စားပေးပြီး အရည်တွေကို များများသောက်ပေးသင့်ပါတယ်။သစ်သီးဝလံ၊ နွားနို့တွေဆိုရင် ပိုအဆင်ပြေပါတယ်။လေ့ကျင့်ခန်းလုပ်ချိန်နဲ့ အစာစားချိန် အရမ်းကပ်သွားခဲ့ရင် (၁နာရီအလို) နွားနို့တစ်ခွက်ကိုပရိုတင်းမှုန့်နဲ့တွဲသောက်ပြီး သစ်သီးဝလံ သို့မဟုတ် ကြက်ဥပြုတ်တစ်လုံးလောက်ပဲ စားပေးပါ။ အပြင်းအထန် လေ့ကျင့်ခန်းတွေ မလုပ်သေးဘဲ ဗိုက်ထဲကစားထားတာတွေအတွက် အချိန်အနည်းငယ်စောင့်ပြီး လမ်းလျှောက်၊ ပြေးတာမျိုး၊ အကြောလျှော့တာမျိုး လုပ်ပေးလို့ ရပါတယ်။ကိုယ်က Gym မှာ ကစားတဲ့သူဆိုရင် ရေဘူးကို ကိုယ့်အနားမှာ ဆောင်ပြီး ချွေးအလွန်အကျွံထွက်တဲ့အချိန် ၁၅ မိနစ်ခြားတစ်ခါလောက် ရေသောက်ပေးသင့်ပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းက ကိုယ့်ရဲ့ လေ့ကျင့်ခန်းလုပ်ဖို့ အားအင်စိုက်ထုတ်နိုင်စွမ်းကို လျော့ကျစေလို့ပါ။ကြွက်သားထုတက်ဖို့ အလေးအပင်မတဲ့သူတွေဆိုရင် ပရိုတင်းမှုန့် ဖြည့်စွက်စာကို နွားနို့ သို့မဟုတ် ရေနဲ့ရောဖျော်ပြီး တစ်ငုံစီ သောက်ပေးလို့ ရပါတယ်။Zumbaကတာ သို့မဟုတ် အကတိုက်တာမျိုး၊ အပြင်မှာ လမ်းလျှောက်ထွက်တာ၊ ပြေးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလောက်ပဲ လုပ်မယ်ဆိုရင် ကဖင်းဓာတ်ပါဝင်မှုများတဲ့ ကော်ဖီတစ်ခွက်လောက်ကို နည်းနည်းစီ သောက်ပေးလို့ ရပါတယ်။၁။အိပ်ချိန်ကို သေချာဂရုစိုက်ပေးပါ။ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ ကိုယ်လိုချင်တဲ့ကြွက်သားနဲ့ ခန္ဓာကိုယ်အချိုးအစားမျိုးရဖို့ အိပ်ချိန်ကို အနည်းဆုံး ၇-၈နာရီ ရအောင် အိပ်စက်အနားယူပေးဖို့ လိုအပ်ပါတယ်။၂။ တစ်နေရာတည်းမှာ ငြိမ်ငြိမ်ထိုင်နေတာမျိုးထက် စိတ်ကို နိုးနိုးကြားကြားဖြစ်စေအောင် လမ်းပုံမှန်လျှောက်ပေးတာမျိုး၊ အကြောလျှော့တာမျိုး လုပ်ပေးပါ။၃။အလေးမတဲ့အခါ အကြိမ်ရေဦးစားမပေးဘဲ အလေးများများဖြင့် ကစားပေးပါ။၄။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို မျှမျှတတ ကစားပြီး အသုံးချပါ။၅။ လေ့ကျင့်ခန်းနည်းလမ်းတွေကို နည်းပြဆရာအကူအညီဖြင့် ပုံမှန်ပြောင်းလဲပေးပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/foods-before-exercise/
အသည်းရောဂါရှိနေရင် ဒီအစားအစာတွေကိုရှောင်ပါ
ရောဂါဆိုတာက မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ဖြစ်လာပြီဆိုရင်ဆေးသောက်ရမယ်၊ အနေအထိုင်ဂရုစိုက်ရတယ်။ စိတ်ရှိတိုင်းလုပ်လို့မရတဲ့ အချက်တွေကတော်တော်လေးတော့များသွားပြီပေါ့။ အရာရာကို သတိထားရပြီလေ။ ခံစားရတဲ့ရောဂါက နာတာရှည်ဆိုနေ့စဉ်နဲ့အမျှ သတိထားနေထိုင်ရတဲ့ ပုံစံကို မဖြစ်မနေမွေးမြူရပြီလေ။ ဒီတစ်ခေါက်တော့ အခုနောက်ပိုင်းမြန်မာနိုင်ငံမှာရော ကမ္ဘာတဝှမ်းမှာပါ ခံစားရများလာတဲ့ အသည်းရောဂါအကြောင်းလေးပြောပြပေးချင်ပါတယ်။အသည်းကခန္ဓာကိုယ်တစ်ခုလုံးကျန်းမာနေစေဖို့ အလုပ်အများဆုံးကို တာဝန်ယူပေးထားတဲ့ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒီလိုအရေးကြီးတဲ့ အစိတ်အပိုင်းကို ဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ အသည်းမကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့အရာတွေအများကြီးပါ။ ဒါကြောင့် အသည်းကျန်းမာရေးကိုသေသေချာချာဂရုစိုက်ဖို့လိုပါမယ်။အသည်းမကျန်းမာတဲ့အခါ –။အသည်းက ဒီတာဝန်တွေကို ယူထားရတာပါ။အချိုများတဲ့ အစားအစာတွေ– သကြားလုံးတွေ၊ ကွတ်ကီး နဲ့ အချိုကဲတဲ့အစားအစာတွေ၊ အချိုရည်တွေ။ သစ်သီးဖျော်ရည်ဗူးလိုမျိုး အချိုကဲတဲ့သောက်စရာတွေ ကို အသည်းရောဂါရှိနေရင် မစားသုံးသင့်ပါဘူး။ အသည်းမှာအဆီတွေပိုဖြစ်စေနိုင်တာကြောင့်ရှောင်ပေးပါ။ဆီကြော်စာတွေ– အဆီနဲ့ ကယ်လိုရီပါဝင်မှုများတာကြောင့် အသည်းအတွက်မကောင်းပါဘူး။ ဒါကြောင့် အဆီပါဝင်မှုများတဲ့ အစားအစာတွေကိုလျှော့စားပါ။ ဆီစားသုံးမှုကိုတတ်နိုင်သမျှလျှော့ပါ။အငန်ကဲတဲ့ အစားအစာတွေ–အငန်ဓာတ်ကလည်း အသည်းကို ထိခိုက်စေနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် အလွန်အကျွံမစားသင့်ပါဘူး။ ငန်မှခံတွင်းတွေ့တတ်တဲ့ အကျင့်ကိုပြင်ဆင်ပေးပါ။ အငန်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။အနီရောင် အသားတွေ– အနီရောင်အသားမှာ ပြည့်ဝဆီပါဝင်မှုများတာကြောင့် အသည်းရောဂါရှိနေတယ်ဆိုရင်တော့ အနီရောင်အသားမစားပါနဲ့။ကဖင်းပါတဲ့ သောက်စရာတွေ–ကဖင်းဓာတ်ပါဝင်မှုများတဲ့ သောက်စရာတွေက အသည်းရောဂါကို ပိုဆိုးစေနိုင်ပါတယ်။အယ်လ်ကိုဟော– အယ်လ်ကိုဟောပါဝင်နေတဲ့ သောက်စရာတွေက အသည်းကို ထိခိုက်စေနိုင်တဲ့အရာတွေဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် အသည်းရောဂါခံစားနေရပြီဆိုရင်တော့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို မဖြစ်မနေရှောင်ကြဉ်ပေးပါ။ပေါင်မုန့်၊ထမင်း–ပေါင်မုန့်ကြမ်းက အဆင်ပြေပေမယ့် ဂျုံအနုနဲ့လုပ်ထားတဲ့ပေါင်မုန့်ကတော့ အသည်းရောဂါခံစားနေရသူတွေနဲ့ မသင့်တော်ပါဘူး။ ထမင်းကလည်း အများကြီးမစားတာကအကောင်းဆုံးပါ။အသင့်စားအစားအစာတွေ–အသင့်စားအစားအစာတွေက ဖြစ်နိုင်ရင် မစားတာအကောင်းဆုံးပါ။ အသည်းရောဂါရှိသူတွေအနေနဲ့ ဆိုရင်တော့ မဖြစ်မနေကိုရှောင်သင့်တဲ့ စားစရာတွေပေါ့။ အချိုအငန်ကဲတဲ့အပြင် ကယ်လိုရီနဲ့ အဆီပါဝင်မှုလည်းများပါတယ်။အသည်းရောဂါခံစားနေရပေမယ့် ရောဂါအခြေအနေ ပိုဆိုးမလာစေဖို့နဲ့၊ သက်တမ်းစေ့စေ့နေထိုင်နိုင်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/cirrhosis-diet-plan/
ခန္ဓာကိုယ် အပူချိန်ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ
ခန္ဓာကိုယ်ရဲ့ အပူချိန် (Body Temperature) ဟာ လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြပေးနိုင်တယ်လို့ လူသိများပါတယ်။ တကယ်တော့ Body Temperature ဆိုတာဟာ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အရာတစ်ခုပါ။သူ့မှာ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ Body Temperature ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးသွားမှာပါ။လူတစ်ယောက်ရဲ့ သာမန်အပူချိန်ကို ၉၈.၉ ဒီဂရီ ဖာရင်ဟိုက်လို့ သတ်မှတ်ထားကြောင်း U.S. National Library of Medicine ကဆိုထားပါတယ်။ ၉၇ နဲ့ ၉၉ ဒီဂရီ ဖာရင်ဟိုက်အကြားပမာဏကို ပုံမှန်အပူချိန်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အပူချိန်ဟာရာသီဥတု၊ပတ်ဝန်းကျင်အပူချိန်နဲ့ အချိန်ကာလတွေပေါ်မှာမူတည်ပြီးလည်း ပြောင်းလဲနေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။လူတစ်ယောက်နာဖျားတဲ့အခါခန္ဓာကိုယ်ရဲ့ ပူချိန်ဟာ မြင့်တက်လာပါတယ်။ ခန္ဓာကိုယ်အပူချိန် ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုရင် ဖျားတယ်လို့ မှတ်ယူပါတယ်။ နာဖျားတဲ့အခါမျိုးမှာ ကိုယ်ပူချိန်မြင့်တက်တာအပြင်။ဒါပေမယ့် လူကြီးတွေနဲ့ ငယ်ရွယ်နုနယ်လွန်းတဲ့ ကလေးတွေအကြား မတူညီတဲ့အချက်က လူကြီးတွေမှာ ကိုယ်ပူချိန်မြင့်မားလွန်းတာဟာ ဖျားနာတာဖြစ်နိုင်ပေမယ့် ကလေးတွေမှာဆိုရင်တော့ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်ခံရတာဖြစ်နိုင်တာပါပဲ။Mayo Clinic ရဲ့ အဆိုအရ ကိုယ်ပူချိန်တက်ပြီး ဖျားခြင်းကို တိုက်ထုတ်နိုင်တာက ကောင်းတဲ့အချက်လို့ဆိုထားပါတယ်။ အဖျားကိုတင်မက ကူးစက်ရောဂါတေါွကို တိုက်ထုတ်နိုင်အောင် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးသလိုဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။COVID-19ရောဂါရှိမရှိသိရအောင် ကနဦးအားဖြင့် ကိုယ်အပူချိန်တိုင်းကြပါတယ်။ ကိုဗစ်ဝေဒနာရှင်တချို့ဟာ ဖျားနာတတ်ကြတာကြောင့်ပါ။ ဒါပေမယ့် COIVD-19 ရဲ့ လက္ခဏာတွေမှာ ဖျားနာတာဟာ လက္ခဏာကြီးတစ်ခုဖြစ်ပေမယ့် ချောင်းဆိုးတာ၊ အနံပျောက်တာနဲ့ ဘာလက္ခဏာမှမပြတာတွေကလည်း အဓိက လက္ခဏာတွေဖြစ်တယ်ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ အမေရိကန် CDC ကတော့ ကိုယ်ပူချိန်တိုင်းတာကို အားပေးထားပြီး တစ်နေ့ ၂ ကြိမ်တိုင်းတာဖို့နဲ့ ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်ထက် နည်းနေဖို့ အရေးကြီးတယ်လို့ ဆိုထားပါရဲ့။အသက်အရွယ်ကြီးရင့်လာချိန်မှာ ခန္ဓာကိုယ်အပူချိန်ဟာ ပိုပြီးကျဆင်းလာတတ်ပါတယ်။ အသက်ကြီးလာလေလေ ကျဆင်းနှုန်းပိုများလေလေပါပဲ။ အသက် ၇၄ နဲ့ အသက် ၈၅ အကြားမှာတောင် တော်တော်လေး ကွာဟချက်ကြီးပါတယ်။ အသက် ၈၅ အထက် လူကြီးတွေရဲ့ ကိုယ်အပူချိန်ဟာ ၉၃.၅ ဒီဂရီ ဖာရင်ဟိုက်အထိ ကျဆင်းသွားတတ်ပါတယ်။အင်္ဂလိပ် စကားပုံတစ်ခုရှိပါတယ်။ “အေးစက်တဲ့လက်နဲ့ နွေးထွေးတဲ့နှလုံးသား” ဆိုပြီးပေါ့။ အမျိုးသမီးတွေကို ရည်ရွယ်ပြောဆိုတာပါ။ Lancet ရဲ့ သုတေသနပြုချက်အရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပျမ်းမျှ ကိုယ်အပူချိန် ဝ.၄ ဒီဂရီလောက် ပိုမြင့်တတ်ပါတယ်တဲ့။ တစ်ကိုယ်လုံးကိုခြုံငုံပြောတာပါ။ လက်ချည်းပဲတိုင်းတာမယ်ဆိုရင် အမျိုးသမီးတွေရဲ့ လက်အပူချိန်ဟာ အမျိုးသားတွေထက် ၂.၈ ဒီဂရီအထိပိုပူပါတယ်။အပြင်သွားချိန် ဦးထုပ်ဆောင်းသွားရင် အပူဒါဏ်ကို ကာကွယ်နိုင်တယ်ဆိုတာက တကယ်တမ်းတော့ အတိအကျမှန်ကန်မှုမရှိပါဘူး။ ဦးထုပ်ကြောင့် မျက်နှာနဲ့ဦးခေါင်းကို UV ဓာတ်ကနေသာကာကွယ်ပေးနိုင်ပြီးတော့ အပူဒါဏ်ကိုတော့ မကာကွယ်ပေးနိုင်ဘူးလို့ BMJ ဆေးဝါးဂျာနယ်က လေ့လာဖော်ပြခဲ့ပါတယ်။“Pinocchio effect” လို့ခေါ်ပါတယ်။ ရုပ်သေးရုပ်ကလေး ပီနိုခီယိုဟာ လိမ်ပြောတိုင်း နှာခေါင်းရှည်ရှည်ထွက်လာသလိုပေါ့။ ၂၀၁၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရဆိုရင် လူတွေဟာလိမ်ပြောလိုက်တဲ့ အခါတိုင်း ကိုယ်အပူချိန် ပိုပိုကျဆင်းလာတတ်ပါတယ်တဲ့။ အထူးသဖြင့် နှာခေါင်းတစ်ဝိုက်မှာပါ။ ဒါပေမယ့် နဖူးတဝိုက်မှာတော့ ပိုတိုးသွားပါတယ်တဲ့ဗျာ။အစပ်တွေစားရင်ပူတာစပ်တာတင်မက ခန္ဓာကိုယ်ရဲ့ မူလအပူချိန်ကိုပါ တိုးသွားစေတတ်တာပါ။ ဇီဝကမ္မဖြစ်စဉ်အပေါ် သက်ရောက်မှုရှိတဲ့သဘောပါပဲ။ ဒါကြောင့်လည်း အစပ်စားတာဟာ ကိုယ်အလေးချိန်လျော့ကျစေဖို့ အထောက်အကူဖြစ်စေပါတယ်တဲ့။Therapeutic hypothermia ဆိုတဲ့ ကုထုံးက နှလုံးကို တည်ငြိမ်အေးဆေးစေတဲ့ ကုထုံးတစ်မျိုးပါ။ ဒီလို နှလုံးကို အေးချမ်းစေတာက ဦးနှောက်ကိုလည်း အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ နှလုံးစိတ်ဝမ်းအေးချမ်းဖို့လိုတယ်လို့ ရှေးလူကြီးသူမတွေက ဆုံးမကြတာ ဒီသဘောတရားကြောင့်ဖြစ်နိုင်ပါတယ်။လူတစ်ယောက်က သေဆုံးခါနီးအချိန်မှာ ခန္ဓာကိုယ်ကနေ အပူထုတ်လွှတ်နိုင်စွမ်းကျဆင်းသွားတတ်ပါတယ်။ တဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကြီးက အေးစက်လာတတ်တာပါ။ ဒါကို လက်တင်ဘာသာနဲ့ Algor Mortis (The coldness of death) လို့ ဆိုတာပါ။ သိပ္ပံနည်းကျလေ့လာချက်တွေအရဆိုရင် လူတွေ သေဆုံးခါနီး ဒါမှမဟုတ် ရောဂါပြင်းထန်လာချိန်မှာ ကိုယ်အပူချိန် ကျဆင်းလာတယ်လို့ လေ့လာတွေ့ရှိထားတာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/fascinating-facts-about-body-temperature/