title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား
ဟဲ့ …… ဈေးက ပြန်လာပြီလား။ကိုဗစ်ပါလာဦးမယ်။ ကိုဗစ် ကြောက်တယ်။ဝယ်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်ဆိုလို့အရက်ပြန်ဗူးကြီး ယူပြီး အားရပါးရ စပရေးဖြန်း ပိုးသတ်နေပြီလား……………….။မလုပ်ပါဘူး။ ဒါဆို ထပ်မေးချင်တာက ဆပ်ပြာရည်တွေ အားပါတရဖျော်ပြီး ဝယ်လာတဲ့သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စိမ်ပစ်နေတာလား……… ဒါတွေက ပိုးသေစေတယ်ဆိုပေမယ့် အလွန်အကျွံဆိုရင် အဆင်မပြေတာ အမှန်ပါ။ဒီတော့အစားအသောက်တွေကိုဘယ်လို စနစ်တကျ ပိုးသတ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။အစားအသောက်တွေမှာ ကပ်ညှိလာတဲ့ ပိုးတွေကို။ဆားရည်က ဟင်းသီးဟင်းရွက်တွေမှာ ကပ်ညှိနေတဲ့ ပိုးသတ်ဆေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အသီးအရွက်တွေရဲ့အာဟာရတန်ဖိုးနဲ့ အရသာကိုလည်း မထိခိုက်စေပါဘူး။ပိုးမွှားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဆုံးရေနွေးနွေး၄ ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပြီး မွှေပါ။ ရလာတဲ့အရောထဲကို သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ ထည့်ပြီး မိနစ် ၃၀ လောက်ထားလိုက်ပါ။ ပြီးရင်ဆယ်ပြီး ရေသန့်သန့်နဲ့ ဆေးကြောလိုက်ရုံပါ။ထိခိုက်လွယ်တဲ့ဘယ်ရီသီးလိုမျိုး အသီးတွေကိုတော့ ရေအေးနဲ့ဆားရည် ဖျော်ပြီး ဆေးကြောပေးပါ။နနွင်းရည်ကပိုးမွှားတွေကို သေစေနိုင်ပါတယ်။ အကြောင်းကတော့ နနွင်းမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေလို့ပါ။ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ရေခပ်နွေးနွေးထဲကို နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်မွှေပါ။ နနွင်းပျော်သွားပြီဆိုရင် ဆေးကြောမယ့် အသီးအရွက်တွေကို ထည့်ပြီး ၁၀ မိနစ်လောက် စိမ်ထားပေးပါ။ ပြီးရင် ဆယ်ယူပြီး ရေသန့်သန့်နဲ့ ဆေးချလိုက်ရုံပါ။သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုရောဂါပိုး ကင်းစေဖို့ရှာလကာရည်ကို အသုံးပြုပြီး ဆေးကြောပေးလို့ ရပါတယ်။ ရှာလကာရည် တစ်ဆကို ရေ ၄ ဆနဲ့ ရောပြီး ဖျော်လိုက်ပါ။ဆေးကြောမယ့် အရာတွေကို အဆိုပါ အရောထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင်ဆယ်ယူပြီး ရေသန့်သန့်နဲ့ ဆေးချပေးလိုက်ရုံပါ။အသီးအရွက်တွေကို အ​ကြာကြီး မစိမ်ချင်ဘူး။ အချိန်လည်း မရဘူးဆိုရင် ဒီနည်းလမ်းလေးကို အသုံးပြုပေးလို့ ရပါတယ်။ ဒါကတော့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကိုbaking sodaလက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ၊ ရေတစ်ခွက်စာတို့ကို အချိုးကျရောလို့ သေချာနှံ့အောင် မွှေပါ။ ပြီးရင် စပရေးဗူးထဲထည့်ပြီး အသီးအရွက်တွေကို ဖြန်းပေးပါ။ဖြန်းပြီးရင် ပိုးသေစေဖို့ ၅ မိနစ် ကနေ ၁၀ မိနစ်လောက်ထိ ထားပေးပါ။ ပြီးရင် ရေသန့်သန့်နဲ့ ဆေးချလိုက်ပါ။ကဲ…… သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကိုသဘာဝပစ္စည်းတွေသုံးလို့ ဘေးကင်းကင်းနဲ့ ပိုးသတ် သန့်စင်လိုက်ကြရအောင်လား…………….။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/easy-ways-to-remove-pesticides-from-your-fruits-and-vegetables/
ဆယ်ကျော်သက်သမီးငယ် အားပြည့်နေစေဖို့ ကျွေးပေးသင့်တဲ့ ဖြည့်စွက်အာဟာရများ
ကိုယ့်ရဲ့ သမီးလေးကို အမြဲတက်ကြွလန်းဆန်းတာပဲမြင်ချင်တဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သမီးကို အမြဲတက်ကြွလန်းဆန်းစေချင်တယ်ဆိုတဲ့မေမေတို့သိချင်နေတာတွေကို အကောင်းဆုံး အဖြေထုတ်ပေးနိုင်မှာပါ။နေ့ရက်တိုင်းမှာ ခွန်အားပြည့်ပြီးလိုက်နာနေဖို့လိုအပ်တဲ့ အခြေခံအချက်လေးတွေရှိပါတယ်။ ဒါကတော့ တစ်နေ့ကို သုံးနပ်ပုံမှန်စားပေးဖို့ပါ။ စားပေးတဲ့ သုံးနပ်က အချိန်မှန်ဖို့လိုသလို အာဟာရပြည့်မီဖို့လည်း လိုပါမယ်။ပြီးရင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ရေဓါတ်ပြည့်မီအောင်ဖြည့်ဖို့ပါ။နောက်ဆုံးတစ်ချက်ကတော့ပြည့်ဝတဲ့ အိပ်စက်အနားယူချိန်ပေါ့။ ဒီအချက်တွေ အကုန်လုံးပြည့်မီသွားပြီဆိုရင်တော့ ခန္ဓါကိုယ်က အားအင်ပြည့်နေမယ်ဆိုတာပြောနေစရာတောင်မလိုတော့ပါဘူး။မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်လာပြီဆိုရင် လိုအပ်မယ့် အာဟာရဓါတ်တွေက ပိုများလာပါပြီ။ အရင်ကထက် နှစ်ဆလောက်အဟာရဓါတ်တွေဖြည့်ပေးနိုင်မှ ခန္ဓါကိုယ် အားပြည့်ဖို့အတွက်ရော ကြီးထွားဖွံ့ဖြိုးဖို့နဲ့ပြောင်းလဲလာတဲ့ ခန္ဓါကိုယ် အနေအထားအတွက် အာဟာရလိုအပ်ချက်တွေပြည့်မီစေမှာပါ။ ဒီတော့ သတိထားပြီး သမီးလေးအတွက် ဒီအာဟာရဓါတ်ေတွပြည့်မီအောင်ဖြည့်ပေးပါလို့အကြံပြုပါရစေနော်။ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ အင်အားပြည့်နေစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။ ကြွက်သားတွေကြီးထွားဖို့အတွက်လိုအပ်သလို ဖွံ့ဖြိုးစ ဆယ်ကျော်သက်အရွယ်မှာ ညှက်တာမျိုး ဖွံ့ဖြိုးမှုအားနည်းတာမျိုး မဖြစ်ဖို့အတွက်လည်း လိုအပ်ပါတယ်။ ကျန်းမာတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ဖို့မေ့ထားလို့မဖြစ်တဲ့ အာဟာရတစ်မျိုးပါ။ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ အခွံမာသီးတွေ။ ပဲအမျိုးမျိုးတို့ကနေ ရရှိနိုင်ပါတယ်။ခန္ဓါကိုယ် အင်အားပြည့်နေစေဖို့သွေးအားနည်းရောဂါ ကာကွယ်ဖို့အတွက်လိုအပ်တဲ့ ဓါတ်တစ်မျိုးပါ။သွေးနီဥဆဲလ်တွေကိုကျန်းမာစေပြီး အပျိုဖော်ဝင်စ သမီးငယ်လေးတွေ အမြဲတက်ကြွလန်းဆန်းနေစေဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ အသည်း၊ အနီရောင်အသား၊ ငါး၊ ဟင်းနုနွယ်တို့ကနေရရှိနိုင်ပါတယ်။ အခွံမာသီးတွေ၊ အစေ့အဆန်တွေကနေလည်း ရရှိနိုင်ပါတယ်။ကာဗိုဟိုက်ဒရိတ်။ဦးနှောက်နဲ့ကြွက်သားအတွက် အရေးပါတဲ့ ဓါတ်တစ်မျိုးပေါ့။ ပင်ပန်းမှုမရှိစေဘဲ ခန္ဓါကိုယ်ကို တက်ကြွလန်းဆန်းနေစေမှာပါ။ တစ်နေ့မှာ စားသမျှအနပ်တိုင်းမှာ ကာဗိုဟိုက်ဒရိတ်ပါသင့်ပါတယ်။ ဒါမှ ခန္ဓါကိုယ်က ကျန်းမာပြီး တက်ကြွလန်းဆန်းနေမှောပါ။ ထမင်း၊ပေါင်မုန့်၊ကွေကာအုတ်တို့ကနေ ကာဗိုဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အစာခြေစနစ် ကျန်းမာစေဖို့ အမျှင်ဓါတ်ကအရေးပါပါတယ်။ ဝမ်းမှန်ပြီး ကျန်းမာစေဖို့ရော အူနံရံတွေက အာဟာရဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်ဖို့အတွက်ပါ။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကနေ အမျှင်ဓါတ်ကို ရရှိနိုင်ပါတယ်။ကိုယ်ခံအားကောင်းဖို့၊ရောဂါတွေကို တိုက်ထုတ်ဖို့၊ကာကွယ်ဖို့နဲ့ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်ပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကနေရရှိနိုင်ပါတယ်။ တစ်နေ့ကို ပုံမှန် ဟင်းသီးဟင်းရွက်ကြော်စားတာ၊ သစ်သီး အချိုတည်းတာမျိုးလုပ်ပေးပါ။အရိုးတွေ၊ သွားတွေကြံ့ခိုင်သန်စွမ်းဖို့လိုအပ်ပါမယ်။ နှလုံးနဲ့ကြွက်သားတွေကျန်းမာဖို့အတွက်ရော၊ အာရုံကြောတွေ ကျန်းမာဖို့ပါထောက်ပံပေးနိုင်သေးတဲ့ ဓါတ်တစ်ခုပါ။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ်၊ချိစ်တို့ကနေ အဓိက ရရှိပါတယ်။ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုနေရာယူထားတဲ့ရေဓါတ်ကပြည့်ဝနေမှ ကျန်းမာမယ်ဆိုတာပြောနေစရာ အထွေအထူးမလိုအောင်ပါ။ ဒါကြောင့်နေ့စဉ် သန့်စင်တဲ့ရေ ၇ ခွက်ကနေ ၈ ခွက်အထိတိုက်ပေးဖို့မမေ့ပါနဲ့။ဒီဓါတ်ကတော့ နည်းလည်း မကောင်းသလို များပြန်ရင်လည်း ထိခိုကိနိုင်ခြေက များပါတယ်။ ဒီတော့ အကောင်းဆုံးက မျှတနေဖို့ပါ။ ကလေးကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီမျိုးပဲ အဓိက ထားကျွေးပါ။ အဆီများတဲ့ မုန့်တွေဖြစ်တဲ့ အာလူးကြော်၊ ကြက်ကြော်လိုမျိုး အရာတွေကို သိပ်မကျွေးပါနဲ့။နေ့တိုင်းမှာ ဒီဓါတ်တွေကို ပါအောင်ကျွေးပေးတာက သမီးလေးတွေကို ကျန်းမာဖျတ်လတ်တဲ့ မိန်းမပျိုလေးဖြစ်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဆယ်ကျော်သက်သမီးငယ်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ကြပါစေကြောင်း…..။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/supplements-should-give-teenage-girl/
စပျစ်သီး ချိုချိုလေး စားရင်းရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ
စပျစ်သီး ချိုချိုလေး စားလိုက်ရတာက ထမင်းစားပြီးချိန်ဆိုရင် စိတ်ကျေနပ်မှုတော်တော်လေးရစေတဲ့အချက်တစ်ခုပါ။ သစ်သီးတွေထဲမှာမှ စပျစ်သီးကိုကြိုက်တတ်တယ်ဆိုရင်တော့ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိစေမှာပါ။စပျစ်သီးက ကမ္ဘာပေါ်မှာ လူသိအများဆုံး အသီးတွေထဲက တစ်မျိုးပါ။ အရောင်အသွေးအနံ့အရသာပြည့်စုံတဲ့ အသီးတစ်မျိုးပေါ့။ ခရမ်းရောင်ရင့်ရင့်၊ အနီရောင်။ အစိမ်းရောင်ဆိုပြီး အရောင်အသွေးအမျိုးမျိုးရှိနိုင်ပါတယ်။ စပျစ်သီးက အသားတင် စားကောင်းတာမဟုတ်ပါဘူး။ စပျစ်သီး အစေ့ကလည်းဆေးဖက်ဝင်ပါသေးတယ်။ စပျစ်သီး အစေ့က ဆီးချိုကြောင့်ဖြစ်တဲ့အမြင်အာရုံပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးကခရမ်းချဉ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊ သရက်သီး တိုပထက် ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝပါတယ်။စပျစ်သီးမှာ ဒီလိုအာဟာရဓာတ်တွေ ပါဝင်ပါတယ်။အရသာရော အရောင်အသွေးပါ ပြည့်စုံတဲ့ စပျစ်သီးလေး စားပေးရင်း အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။စပျစ်သီးမှာpolyphenols လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့်နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီးစားသုံးပေးမှုကြောင့်ပြန်ရည်ကြောကင်ဆာ၊အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊ အူမကြီကင်ဆား၊ အရေပြားကင်ဆာ နဲ့သွေးကင်ဆာတို့ကို ကာကွယ်နိုင်မှာပါ။ စပျစ်သီးက ကင်ဆာကျိတ်တွေကြီးထွားမှုကိုလည်း စန့်တားပေးနိုင်စွမ်းရှိပါတယ်။စပျစ်သီးကသွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပြီး ပိုတက်ဆီယမ် ပါဝင်မှုကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီးနှလုံးခုန်နှုန်းကိုလည်း မှန်စေနိုင်ပါတယ်။ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါဝင်တဲ့ စပျစ်သီးကို စားသုံးပေးမှုကလေဖြတ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။အရိုးပါးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါ။နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပြီး နှလုံးကျန်းမာအောင်ထောက်ကူပေးပါတယ်။ စပျစ်သီးရဲ့အမျှင်ဓာတ်ကြွယ်ဝမှုကလည်း ကျန်းမာရေးကို တော်တော်လေး အထောက်အပံ့ဖြစ်စေတာပါ။ရေဓာတ် နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အစာခြေစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်တဲ့ စားပေးသင့်တဲ့ အသီး တစ်မျိုးပါ။ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားမှာဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးတာ၊ မျက်ရည်ကျတာတွေကိုပါ သက်သာစေနိုင်ပါတယ်။၂၀၁၃ ခုနှစ်က လေ့လာမှုအရ စပျစ်သီး စားသုံးပေးတာက အမျိုးအစား- ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုကာကွယ်ဖို့ပဲဖြစ်ဖြစ် ဆီးချိုသက်သာစေဖို့ပဲဖြစ်ဖြစ် စပျစ်သီးတွေကို စားပေးလို့ရပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတာကြောင့် မျက်လုံးကို ကျန်းမာစေနိုင်ပါတယ်။ အမြင်လွှာနဲ့ မျက်ကြည်လွှာတွေကိုပါ ကျန်းမာစေနိုင်တာပါ။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။စပျစ်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က ဝက်ခြံတွေကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဝက်ခြံရှိသူတွေအနေနဲ့ ဝက်ခြံ သက်သာချင်တယ်ဆိုရင် စပျစ်သီးစားပေးလို့ရပါတယ်။စပျစ်သီးက လူတိုင်းနဲ့ တည့်ပါတယ်။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-grapes/
ဆောင်း အအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်
ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ကာလတစ်ခုပါပဲ။ အထူးသဖြင့် အသားခြောက်တဲ့သူတွေအတွက် အရေပြားပြဿနာ အဖြစ်ဆုံး ကာလပဲပေါ့။ဆောင်း တွင်းရဲ့ အအေးဒဏ်ကြောင့် အပြင်လေထုဟာ အေးမြခြောက်သွေ့လာတဲ့အတွက် အရေပြားပေါ်က သဘာဝအဆီတွေကို ခမ်းခြောက်သွားစေတဲ့အတွက်အသားက ခြောက်ကပ်ကပ်ကြီး ဖြစ်လာတော့တာပေါ့။နှုတ်ခမ်းသည်လည်း လူ့အရေပြားအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အပြင်က အအေးဒဏ်ဟာ စိုထိုင်းမှုကို လျော့နည်းသွားစေပြီး ခြောက်သွေ့လာစေတယ်။ နှုတ်ခမ်းခြောက်တဲ့အခါ လူတွေကတံတွေးစွတ်တာ၊ လျှာနဲ့ သပ်တာမျိုး ပိုလုပ်တဲ့အတွက် တံတွေးထဲမှာရှိတဲ့ အက်စစ်ဓာတ်တွေက အစိုဓာတ်ကို ထပ်မံခန်းခြောက်သွားစေကာ နှုတ်ခမ်းကို အက်ကွဲလာစေပါတယ်။နောက်ထပ် ဖြစ်နိုင်တဲ့အကြောင်းရင်းတစ်ခုကတော့ရေသောက်နည်းတာပါ။ လူတော်တော်များများက အပြင်ဘက် ရာသီဥတုသည် အေးချမ်းနေတဲ့အတွက် ခန္ဓာကိုယ်အထဲမှာလည်း အေးမယ်လို့ ထင်နေတတ်ကြတာပါ။ ဒီအတွက် ရေကို ပုံမှန်အချိန်ထက် သောက်တာတွေ နည်းလာပါတယ်။တကယ်တော့ ဒီယူဆချက်က လုံးဝမှားယွင်းပါတယ်။ ခန္ဓာကိုယ်အပြင်ပိုင်းက အအေးဒဏ်ကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့ရင်တောင် ခန္ဓာကိုယ်အတွင်းပိုင်းက ကိုယ်တွင်းကလီစာတွေ၊ အစိတ်အပိုင်းတွေက ပုံမှန်လုပ်ပေးနေရတာဖြစ်လို့ အထဲမှာတော့ ပူလောင်နေဦးမှာပါပဲ။ ဒီအတွက် ကိုယ်တွင်းအပူကျဖို့နဲ့ ရေဓာတ်ခမ်းခြောက်ခြင်း မဖြစ်စေဖို့ ရေကို ပုံမှန်သောက်ပေးဖို့တော့ လိုအပ်ပါတယ်။၁။ ရေများများသောက်ပါ။ရေကို ဆာတော့မှ ထမသောက်ပါနဲ့။ ဆောင်း တွင်းမှာ ရာသီဥတုအေးတဲ့အတွက် လူတွေက ရေသောက်ဖို့ကို မေ့လျော့နေတတ်သလို ထသွားထလာလုပ်ရမှာလည်း တော်တော်ပျင်းပါတယ်။ ဒီအတွက် လီတာရေဘူးထဲ ရေအပြည့်ဖြည့်ပြီး ကိုယ်နဲ့ လက်လှမ်းမီမယ့်၊ ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ထားပေးထားပါ။ နာရီဝက်ခြား တစ်ခါ ရေကို သောက်ပေးပါ။ တစ်နေ့ကို ရေအနည်းဆုံး ၂−၃လီတာသောက်ပေးနိုင်ရင် လုံလောက်ပါတယ်။၂။ နှုတ်ခမ်းကို လျှာနဲ့မသပ်ပါနဲ့။လျှာနဲ့လျက်ပြီး နှုတ်ခမ်းတွေက တံတွေးနဲ့ ပြောင်လက်သွားတဲ့အခါ နှုတ်ခမ်းမခြောက်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းမှာ တံတွေးသည် နှုတ်ခမ်းပေါ်က အဆီနဲ့ စိုထိုင်းမှုတွေကို ဖယ်ရှားလိုက်တာဖြစ်လို့ ခြောက်သထက် ခြောက်အောင်ပိုလုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် နှုတ်ခမ်းခြောက်ရင်နှုတ်ခမ်းအဆီလိမ်းပါ။ ရေများများသောက်ပါ။ လျှာနဲ့ မလျက်ပါနဲ့။၃။ အချဉ်ဓာတ်ပါတာတွေ များများစားပေးပါ။ဗီတာမင် စီအချဉ်ဓာတ်ဟာ အရေပြားကို ကျန်းမာလန်းဆန်းစေပြီး အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ ဆဲလ်တချို့ကို ပြုပြင်ပေးပြီး အရေပြားဆဲလ်အသစ်တွေ ထပ်ပြီးထွက်လာအောင် ကူညီပေးတဲ့အတွက် နှုတ်ခမ်းကွဲတဲ့သူတွေ ပုံမှန်ပန်းနုရောင်နှုတ်ခမ်းမျိုး ပြန်ရအောင် ကူညီပေးနိုင်မှာပါ။ အချဉ်ဓာတ် အရသာရှိတဲ့ အသီးအနှံတွေ၊ သစ်သီးဖျော်ရည်တွေအပြင် ဗီတာမင် စီ အားဆေးတွေကိုလည်း သောက်ပေးလို့ ရပါတယ်။၄။ နှုတ်ခမ်းအဆီကို နေ့စဉ်လိမ်းပေးပါ။နှုတ်ခမ်းခဏခဏ ခြောက်တဲ့သူတိုင်း နှုတ်ခမ်းအဆီ (Lip balm) ကို အမြဲဆောင်သင့်ပါတယ်။ နှုတ်ခမ်းအဆီဟာ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို အစိုဓာတ်ဖြည့်ပေးရုံသာမက အပြင်က ဆောင်း အအေးဒဏ်ကြောင့် နှုတ်ခမ်းထပ်ပြီးမခြောက်စေဖို့ အကာအကွယ်တစ်ထပ် ဖြစ်စေပါတယ်။ နှုတ်ခမ်းနီလို အရောင်မပါဝင်တဲ့အတွက် ယောက်ျားလေးတွေလည်း အသုံးပြုလို့ ရပါတယ်။ မျက်နှာသစ်ပြီးတိုင်း နှုတ်ခမ်းအဆီကို ပါးပါးလေး လိမ်းပေးပါ။ အိပ်ခါနီးအချိန်မှာလည်း သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။၅။မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုပါ။သကြားဖြူကို ပျားရည်နဲ့ သမအောင်ရောမွှေပြီး လက်ညှိုးနဲ့ အနှစ်ကိုယူကာ နှုတ်ခမ်းပေါ် ဖြည်းဖြည်းချင်းပွတ်ပေးရပါမယ်။ ၃မိနစ်လောက် ထားပြီးရင် ရေနဲ့ပြောင်စင်အောင် ပြန်ဆေးပေးလိုက်ရုံပါပဲ။ ထောပတ်သီးအနှစ်ကို သံပရာရည်နဲ့ ရောမွှေပြီး နှုတ်ခမ်းအဆီအနေနဲ့ အသုံးပြုကာ ၅မိနစ်လောက်နေရင် ပြန်ဆေးပေးပါ။ရှားစောင်းလက်ပပ်က ရတဲ့အနှစ်ကို နှုတ်ခမ်းပေါ် သုတ်လိမ်းပြီး တအောင့်နေရင် ရေပြန်ဆေးချတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ဒီနည်းလမ်းတွေနဲ့ ဆောင်း ရာသီမှာ အဖြစ်များတဲ့ နှုတ်ခမ်းကွဲ၊နှုတ်ခမ်းခြောက်ပြဿနာကို ပြန်လည်ကုစားလိုက်ကြရအောင်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/chapped-lips-in-winter/
ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ဒါတွေ စားပါ။
မျက်နှာပေါ်က ဝက်ခြံတွေတော့ သက်သာသွားပါရဲ့။ဝက်ခြံအမာရွတ်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ဆုံးရှုံးပြီး မှန်ကြည့်မိတိုင်း စိတ်ညစ်နေရတဲ့သူလေးတွေ ရှိလား။ဝက်ခြံအမာရွတ်တွေကအလှပျက်စေရုံတင် မကပါဘူး။ ယုံကြည်မှုကိုလည်း ပျက်စီးစေပါတယ်။ ဒီလို ယုံကြည်မှု ပျက်စီးစေတဲ့ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့စားပေးရမယ့် အစားအစာလေးတွေ ရှိပါတယ်။ဘယ်လို အစားအစာလေးတွေ စားပေးရင် ဝက်ခြံ အမာရွတ်တွေ သက်သာစေမလဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။အလှပျက်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေဖို့ဆိုရင်။ပန်းဂေါ်ဖီမှာ။ပန်းဂေါ်ဖီမှာ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ histidine ပါဝင်နေပါတယ်။ ဒီအက်ဆစ်ကအရေပြားကိုခရမ်းလွန်ရောင်ခြည်အန္တရာယ်ကနေ ကာကွယ်ပေးပြီးအလင်းတန်းတွေ၊ နေရောင်တွေကြောင့် ဝက်ခြံအမာရွတ်တွေ ပိုဆိုးမလာစေဖို့ ကူညီပေးပါတယ်။သင်္ဘောသီးမှာ။သင်္ဘောသီးမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုး ပါဝင်နေပြီး ဒီအင်ဇိုင်းကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာ၊ ချွေးပေါက်တွေ ပွင့်စေတာ၊ ဝက်ခြံ အမာရွတ်တွေကို သက်သာစေတာ၊ အရေပြားကို ရေဓာတ် ဖြည့်ပေးတာ၊ ဝက်ခြံထပ်ဖြစ်မလာအောင် ကာကွယ်ပေးတာ စတဲ့ အသားအရေကျန်းမာရေးတွေကို လုပ်ဆောင်ပေးပါတယ်။အရေးအကြောင်းနဲ့ အမဲစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ရွှေဖရုံသီးမှာ။ရွှေဖရုံသီးက အသားလှစေသလိုအသားအရေရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဘက်တီးရီးယားတွေကြောင့် ဝက်ခြံ ဖြစ်တာ၊ ဝက်ခြံအမာရွတ်ဖြစ်တာတွေကို အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။ကန်စွန်းဥမှာ။ဗီတာမင် A ကြွယ်ဝမှုက အသားအရေကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို အရေးအကြောင်းတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ချွေးပေါက်ပိတ်တာကို သက်သာစေပြီး၊ ရောင်ရမ်းတာ၊ ဝက်ခြံ အမာရွတ်ဖြစ်တာတွကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။ကိုက်လန်မှာ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/best-foods-for-treating-acne-scars/
ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား
ယောဂလေ့ကျင့်ခန်းသည် ရုပ်နဲ့ခန္ဓာကျန်းမာရေးအတွက် အထူးကောင်းတဲ့အကြောလျှော့လေ့ကျင့်ခန်းဆိုတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ယောဂလေ့ကျင့်ခန်းကို မိန်းကလေးတွေ လုပ်တာပိုများပြီး အမျိုးသားတွေ ကတော့ သိပ်ပြီး စိတ်ဝင်စားလေ့မရှိပါဘူး။ ယောဂလေ့ကျင့်ခန်းဆိုတာ ယောက်ျားတွေအတွက် မဟုတ်ဘူးတဲ့လား ။ ယောကျာ်းလေးတွေ ယောဂ‌ကစားလို့ မရဘူးလား။ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက် အောက်ပါ ကောင်းကျိုးတွေ ရှိစေပါတယ်။၁။ သွေးလည်ပတ်မှုကောင်းစေခြင်း။သွေးလည်ပတ်မှုကောင်းခြင်းဟာ နှလုံးကျန်းမာစေဖို့ အဓိက သော့ချက်ပါ။ အထူးသဖြင့် အမျိုးသားတွေအသက်ကြီးလာတဲ့အခါနှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေဟာလည်း မြင့်တက်လာပါတယ်။နောက်တစ်ချက်က လိင်ပိုင်းဆိုင်ရာပါ။လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံအတွင်းက သွေးကြောထဲကို ကောင်းစွာ သွေးစီးဆင်းနိုင်မှ ဖြစ်မှာပါ။ယောဂသည် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြင့်တက်စေလို့ လိင်ပိုင်းဆိုင်ရာမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေအတွက် အဆင်ပြေစေမှာပါ။၂။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း။အလုပ်ကြောင့်ဖြစ်စေ၊လေ့ကျင့်ခန်းအပြင်းအထန် လုပ်တာကြောင့်ဖြစ်စေ အမျိုးသားတွေမှာ ကြွက်သားနာကျင်ကိုက်ခဲခြင်းဒဏ်ကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးလာတဲ့အခါ အရိုးများ အားနည်းလာခြင်း၊ ကြွက်သားထုများ လျော့တွဲလာခြင်းကြောင့် ကိုက်ခဲနာကျင်မှုဝေဒနာက ပိုဆိုးလာနိုင်ပါတယ်။ယောဂလေ့ကျင့်ခန်းသည် တင်းနေတဲ့ကြွက်သားတွေကို လျော့ကျစေပြီး ကိုက်ခဲတာကို သက်သာစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးက အကြောအချဉ်များကိုလည်း ပြေလျော့စေလို့ လူက ပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။၃။ စိတ်ကျန်းမာရေးကို အကျိုးပြုခြင်း။အမျိုးသားတွေဟာ ကြွက်သားတင်မကဘဲ စိတ်ခံစားချက်ပိုင်းဆိုင်ရာ တင်းကြပ်မှုကို ပိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် အလုပ်အရမ်းများတဲ့ အမျိုးသားတွေဆိုရင်စိတ်ဖိစီးမှုဒဏ်ကို ပိုခံရတတ်ပါတယ်။ ယောဂသည် စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစော် (Cortisol) ဟော်မုန်းထုတ်လုပ်နှုန်းကို လျော့ကျစေလို့ စိတ်ကို ပေါ့ပါးလန်းဆန်းသွားစေနိုင်ပါတယ်။ဒီအခါမှာ တစ်နေ့တာလုံး စိတ်ကို ကြည်လင်စေသလို လိင်ဆက်ဆံတဲ့အခါမှာလည်းစိတ်ဖိစီးမှုကြောင့် ကိုယ့်ရဲ့လိင်စိတ်ကို အနှောင့်အယှက်ဖြစ်စေတာမျိုး လျော့နည်းသွားမှာပါ။၄။ အာရုံစူးစိုက်မှု ပိုကောင်းလာခြင်း။ဦးနှောက်ကို အသုံးပြုပြီး အလုပ်လုပ်နေရတဲ့ အမျိုးသားတွေ၊ တစ်ခုခုဆို စိတ်အာရုံ ပျံ့လွင့်လွယ်တဲ့သူတွေအတွက်ယောဂလေ့ကျင့်ခန်းက အကောင်းဆုံးပါပဲ။ ပျံ့လွင့်နေတဲ့ စိတ်အာရုံများကို တစ်စုတစ်စည်းတည်း ဖြစ်စေပြီး ကိုယ့်ရဲ့ စိတ်ကို တည်ငြိမ်စေတယ်။စိတ်ကို တင်းထားတဲ့ ဝန်ထုပ်ဝန်ပိုးများကိုလည်း ဖြေလျော့ပေးတဲ့အတွက် လူကို ပေါ့ပါးသွားစေတယ်။ စိတ်အာရုံစုစည်းမှု ကောင်းတဲ့ အမျိုးသားတွေဟာ လုပ်ငန်းခွင်မှာသာမက လိင်ပိုင်းဆိုင်ရာမှာလည်း ကိုယ့်ရဲ့ အဖော်ကို ပိုမိုကောင်းမွန်တဲ့ ကာမသုခကို ပေးစွမ်းနိုင်စေပါတယ်။ကဲ ဒါဆိုရင် ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက်လည်း အကျိုးထူးများစွာ ရစေနိုင်တယ်ဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။ အထူးသဖြင့် တစ်နေ့လုံး အလုပ်လုပ်နေရသူတွေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်နေရသူတွေအနေနဲ့ နေ့တိုင်းမဟုတ်ရင်တောင် တစ်ရက်ခြား တစ်ကြိမ် သို့မဟုတ် တစ်ပတ်ကို နှစ်ကြိမ်လောက်ယောဂလေ့ကျင့်ခန်း လုပ်ပေးနိုင်ရင်ကို ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရစေနိုင်ပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/yoga-is-not-for-men/
လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်
အိမ်မြှောင်ဆိုတာ ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝကတည်းက ယနေ့အချိန်ထိကို အိမ်နံရံတွေမှာ အမြဲမြင်နေရတတ်တဲ့ တွားသွားသတ္တဝါတစ်မျိုးပါ။ တချို့ကလေးတွေအတွက် အိမ်မြှောင်ဟာ ကြောက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လူကြီးတွေအတွက်တော့ သိပ်ပြီး ထူးထူးခြားခြား ဒုက္ခပေးနိုင်လောက်စရာ မရှိဘူးလို့ပဲ မှတ်ချက်ချတတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေကို ပြောပြပေးချင်ပါတယ်။လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေအကြောင်း လေ့လာလိုက်ရအောင်နော်။စားနပ်ရိက္ခာ၊ သောက်ရေ၊ နေစရာအပြည့်အစုံရှိတဲ့နေအိမ်တိုက်ခန်းတွေဟာ အိမ်မြှောင်တွေအတွက်တော့ ကြယ်ငါးပွင့်ဟိုတယ်လိုပါပဲ။ အိမ်မြှောင်တွေဟာ ပူနွေးပြီးစိုစွတ်တဲ့နေရာတွေကို အလွန်ကြိုက်ပြီးမြန်မာနိုင်ငံအနေအထားအရ ကြည့်မယ်ဆိုရင် နွေရာသီနဲ့မိုးရာသီမှာ အကောင်ရေပေါက်ဖွားမှု အများဆုံးဖြစ်တယ်။ ရေကို အများအပြားလိုအပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၃ပုံ ၂ပုံဟာ ရေတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ဒါ့အပြင် အိမ်မြှောင်တွေရဲ့ အကြိုက်ဆုံးအစားအစာဟာအင်းဆက်ပိုးမွှားတွေနဲ့သစ်သီးဝလံ၊ သစ်ရွက်တွေပဲ ဖြစ်ပါတယ်။ ဒီတော့ ခြင်၊ ယင်ကောင်တွေ ပေါတဲ့အိမ်တွေ၊ စားစရာတွေကို လင်းလင်းထင်းထင်း စားပွဲပေါ် တင်ထားတာ၊ ပန်းအိုး၊ ပန်းပင်တွေ စိုက်ထားတဲ့အိမ်တွေဆိုရင် အိမ်မြှောင်ဝင်ဖို့ ပိုလွယ်ကူပါတယ်။နံရံတွေ အက်ကွဲနေတာ၊ ကြမ်းပြင်၊ သစ်သားတွေ ပဲ့နေတာ၊ ပေါက်နေတဲ့ရေပိုက်တွေ၊ မှောင်နေတဲ့ လမ်းကြားတွေမှာ အိမ်မြှောင်တွေဟာ နေထိုင်ပြီး သားဖောက်ဖို့အတွက် ဥ ဥကြပါတယ်။ ဒီဥကနေ အကောင်ပေါက်လာတဲ့ အိမ်မြှောင်လောင်းတွေဟာလည်း အနီးအနားကအင်းဆက်ပိုးမွှားတွေကို စားသုံးပြီး ကြီးပြင်းကြပါတယ်။ စားပွဲအောက်၊ နံရံအက်ကွဲကြောင်း၊ ဖုန်တက်ပြီးမှောင်နေတဲ့ ချောင်ကြား၊ရေချိုးခန်း၊မီးဖိုချောင်တွေမှာ အများဆုံးနေထိုင်ကြပါတယ်။ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် လူတွေကို သိပ်ပြီးဒုက္ခမပေးပါဘူး။ အပေါ်မှာပြောထားခဲ့သလိုပဲ ကလေးတွေကလွဲရင် လူကြီးအများစုက အိမ်မြှောင်ကို မကြောက်ကြသလို သိပ်ပြီးတော့လည်း ဂရုမစိုက်တတ်ပါဘူး။ ကလေးတွေအတွက်တော့ အိမ်မြှောင်ရဲ့ မျက်လုံး၊ အော်သံ၊ နံရံမှာ ကပ်နေတဲ့အနေအထား စတာတွေကို ကြောက်လန့်နိုင်ပါတယ်။အိမ်မြှောင်တွေဟာ လူတွေကို ကိုက်တတ်တယ်ဆိုပေမယ့် တော်တော်လေးကို ရှားပါတယ်။ အသက်အန္တရာယ်ထိခိုက်နေတယ်လို့ ခံစားရမှသာ ရန်မူတတ်ပြီး မကိုက်ခင်မှာ သားရဲတစ်ကောင်လို ရှူးရှူးရှဲရှဲအသံပေးတတ်ပါတယ်။အင်းဆက်ပိုးမွှားတွေ၊ သစ်သီး၊ သစ်ရွက်တွေဆိုရင်တော့ ကိုက်ပြီးမှ စားသုံးတတ်ပါတယ်။တစ်ခါတရံ နံရံကနေ ခေါင်းပေါ်၊ ကိုယ်ပေါ်ကို ပြုတ်ကျလာတတ်တာမျိုး ရှိပေမယ့် ကြွက်တွေလိုမျိုး ခန္ဓာကိုယ်မှာ လူတွေကိုဒုက္ခဖြစ်စေတဲ့ရောဂါပိုးမွှားတွေ သိပ်မများတဲ့အတွက် ဆပ်ပြာ၊ ရေနဲ့ ပြန်ဆေးကြောလိုက်ရင် ရပါတယ်။အဓိက အိမ်မြှောင်တွေ လူကို ဒုက္ခပေးနိုင်တဲ့အချက်ကတော့ နေရာတကာ စွန့်ထားတဲ့မစင်အညစ်အကြေးတွေပဲ ဖြစ်ပါတယ်။ အဲဒီအညစ်အကြေးတွေထဲမှာ ဆော်လ်မွန်နယ်လား (Salmonella) ကဲ့သို့ ဗိုက်အောင့်ဗိုက်နာ၊ အော့အန်တာ၊ ပြင်းထန်တဲ့ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း စတဲ့ လက္ခဏာတွေကို ဖြစ်စေတဲ့ ရောဂါပိုးတွေ အများအပြားပါဝင်ပါတယ်။ အိမ်မြှောင်တွေဟာ နေအိမ်နေရာမရွေး အညစ်အကြေး စွန့်ပစ်နိုင်သလို အိမ်မြှောင်ချေးတွေဟာ အရွယ်အစားအလွန်သေးပါတယ်။ ဆိုလိုတာကတော့ သင့်ရဲ့ ခေါင်းပေါ်၊ ဖုန်း၊ ကွန်ပျူတာ၊ တီဗီ၊ စားပွဲတွေအပြင် စားစရာ၊ ရေခွက်တွေထဲပါ အညစ်အကြေးစွန့်နိုင်တဲ့အတွက် မတော်တဆ ဗိုက်ထဲကို ဝင်သွားတာမျိုး ဖြစ်နိုင်ပါတယ်။အိမ်မြှောင်လိုမျိုး အကောင်သေးတဲ့ တွားသွားသတ္တဝါတွေဟာ ကြက်ဥအခွံ၊ကြက်သွန်ဖြူ၊ အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေး၊ခြင်ဆေး၊ ငရုတ်ကောင်းမှုန့်၊ငရုတ်သီးမှုန့်လိုမျိုး ပြင်းတဲ့ အနံ့မျိုးကို မခံနိုင်ကြတဲ့အတွက် ဝေးဝေးထွက်သွားတတ်ကြပါတယ်။အိမ်မြှောင်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ ၅နှစ်ဖြစ်ပြီး ပိုးသန့်စင်ထားခြင်းမရှိတဲ့ အိမ်တွေ၊ နေစရာ၊ စားစရာအပြည့်ဖြစ်နေတဲ့ အိမ်မျိုးမှာဆို အဲဒီထက်ကြာကြာ အသက်ရှင်နေနိုင်ပါတယ်။ကိုယ့်နေအိမ်နံရံ သို့မဟုတ် ဥယျာဉ်ခြံဝင်းထဲမှာ အိမ်မြှောင် တစ်ကောင်၊ နှစ်ကောင် တွေ့ရတယ်ဆိုတာ သိပ်ပြီးကြီးမားတဲ့ ပြဿနာမဟုတ်ပေမဲ့ အကောင်ရေအရမ်းများလာရင်တော့ သင့်ရဲ့နေအိမ်မှာ အိမ်မြှောင်အသိုက်ရှိနေတာ ဖြစ်နိုင်ပါတယ်။ လူတွေကို ရန်မမူနိုင်ဘူးဆိုပေမယ့် ကျန်းမာရေးအရ ဘယ်လိုကောင်းကျိုးမှ မပေးနိုင်တဲ့အတွက် ကိုယ့်အိမ်မှာ အိမ်မြှောင်နည်းလေ၊ ပိုကောင်းလေပါပဲ။ ဒီအတွက် ဘာတွေလုပ်ပေးလို့ ရမလဲဆိုရင်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-hazards-of-lizards/
ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…
ဘယ်သူမဆို ကိုယ်နေထိုင်တဲ့ အိမ်ကိုသန့်ရှင်းသပ်ရပ်နေတာမျိုးပဲ မြင်ချင်ကြမယ်ထင်ပါတယ်။အမှိုက်တွေ၊ ရှုပ်ပွနေတဲ့အရာတွေ၊ ညစ်ပတ်ပေရေနေတာ၊ဖုန်တက်နေတာတွေက လူတွေရဲ့စိတ်ကို ညစ်ထေးစေတယ်။ စိတ်က ညစ်လာပြီဆိုရင် တစ်နေ့လုံး ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့နေနိုင်မှာမဟုတ်ပါဘူး။လောကမှာ ၂၄ နာရီ အလုပ်လုပ်နေရတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းကအလုပ်လုပ်ချိန်တန် လုပ်၊ အစာစားချိန်တန် စား၊ နားချိန်တန် နားဆိုပြီး လုပ်နေရတာပါပဲ။ အဓိက ကိုယ်က သူများတွေထက် အလုပ်ပိုများတယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာအလုပ်ချိန်၊ အားလပ်ချိန်၊ အနားယူချိန်တွေကို သေချာသတ်မှတ်ထားပြီး ပြည့်ပြည့်ဝဝလုပ်ပါ။ ဆိုလိုချင်တာကတော့ ကိုယ်သတ်မှတ်ထားတဲ့အလုပ်ချိန်မှာ ရှိတဲ့ အလုပ်တွေအကုန်ပြီးပြတ်သွားအောင် အမြန်ရှင်းတာ၊အားလပ်ချိန်မှာ ကိုယ့်နေအိမ်ပတ်ဝန်းကျင်ကို နာရီဝက်၊ တစ်နာရီလောက် ပေးပြီး သန့်ရှင်းရေးလုပ်၊ ပြီးသွားမှ ကောင်းကောင်းအနားယူပေါ့။ကိုယ့်ကိုယ်ကိုယ်တောင်အသားအရေလေး မျက်နှာလေး လှပနေအောင် ပြုပြင်ကြတယ်၊ ခန္ဓာကိုယ်လှပနေအောင်Gymကြေးတွေ သွင်းပြီး အပြင်းအထန် ကစားကြတယ်၊ အနံ့အသက် မွှေးနေအောင် ရေမွှေးတွေ စျေးကြီးပေးပြီး ဝယ်စွတ်ကြတယ်၊ဆံသားတွေ ပုံသွင်းကြတယ်မလား။ ကိုယ်နေတဲ့နေအိမ်၊ ကိုယ်အိပ်တဲ့အိပ်ရာလေး သန့်ရှင်းသပ်ရပ်ပြီး မွှေးပျံ့နေအောင်ရော လုပ်ဖို့ဆိုတာ ငွေကြေးအများကြီး ကုန်ကျတဲ့အရာမဟုတ်သလို အချိန်လည်း သိပ်မပေးရပါဘူး။ အဓိက လုပ်ချင်စိတ်ရှိဖို့ပါပဲ။ပင်ပန်းတယ်ဆိုတာ ငြိမ်ငြိမ်လေးထိုင်နေရတာမဟုတ်ဘဲကြွက်သားတွေကို အားထုတ်နေရလို့၊ ချွေးထွက်နေရလို့ ပြောကြတာပါ။ တကယ်တမ်းက အိမ်သန့်ရှင်းဖို့ အချိန်အများကြီး ပေးစရာမလိုသလို သိပ်ပြီးတော့လည်း အလုပ်မရှုပ်ပါဘူး။ မိသားစုတွေ များနေရင် ပိုပြီးတောင်အိမ်သန့်ရှင်းရေးလုပ်လို့ အချိန်မြန်ပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်အထိုင်များတဲ့သူတွေ အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်စေတယ်။ အိမ်သန့်ရှင်းရေးလုပ်ခြင်းကကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေလိုအဝလွန်နေသူတွေ၊ ကိုယ်အလေးချိန် ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ကလေးတွေက အိပ်ခန်းတွေကို သန့်ရှင်းရေးလုပ်၊ စောင်၊ ခေါင်းအုံးတွေကို ခါရင်ခါ ဒါမှမဟုတ် အစွပ်တွေကို လျှော်မယ့်နေရာမှာ ထားတာမျိုး လုပ်ပေးလို့ ရပါတယ်။ လူကြီးတွေဆိုရင်တော့ အိမ်ကြမ်းပြင်ကို တံမြက်စည်းလှည်း၊ ဖုန်သုတ် ဒါကတော့ အမြန်ပြီးနိုင်တဲ့ အိမ်သန့်ရှင်းရေးအလုပ်တွေပါ။ မီးဖိုချောင်၊အိမ်သာ၊ ရေချိုးခန်းဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက် ပွတ်တိုက်ဆေးကြောလုပ်ပေးရင် ရပါတယ်။ အဓိက လုပ်ချင်စိတ် ရှိဖို့ပါ။ဖုန်တက်ပြီဆိုကတည်းက သန့်ရှင်းရေးမလုပ်ထားဘူးဆိုတာကို ပြနေတာပါပဲ။ လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေဆိုတာ ကိုယ့်ပတ်ဝန်းကျင် နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ ဒီတော့ ပစ္စည်းတစ်ခုက ဖုန်ပါတက်နေပြီဆိုရင် ရောဂါပိုးမွှားတွေ ကပ်နေတာက ဒါ့ထက်တောင် ပိုများရင် များနေမှာပါ။ ဒီလိုမျိုး ရောဂါပိုးမွှားတွေ များနေတဲ့အခါ။နောက်တစ်ခုက စိတ်ကျန်းမာရေးပါ။ မကောင်းတဲ့ အနံ့အသက်၊ ဖုန်နံ့၊ မှိုနံ့တွေကို ရှူရှိုက်နေရတာ၊ မျက်စိရှေ့တည့်တည့်မှာ ရှုပ်ပွနေတဲ့ အရာတွေကို အမြဲလိုလို မြင်နေရရင် စိတ်ကပါ ရှုပ်လာတော့မှာပါပဲ။ မကောင်းတဲ့ ခံစားချက်တွေများလာတဲ့အခါ ခန္ဓာကိုယ်က မကောင်းတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီဟော်မုန်းတွေက လူတွေကို။နေအိမ်ညစ်ပတ်တယ်ဆိုတာ ရောဂါပေါင်းစုံဖြစ်လာစေဖို့ တံခါးပေါက် ဖွင့်ပေးတာနဲ့အတူတူပါပဲ။ ဒါကြောင့် ဒီနေ့ကစပြီးတော့ ကိုယ့်အတွက်ရော ကိုယ့်မိသားစုကျန်းမာရေးအတွက်ပါ အိမ်သန့်ရှင်းရေးကို အလေးထားပြီး ဂရုစိုက်ဆောင်ရွက်ပေးပါ။ တစ်နေ့ကို အချိန်နာရီဝက်လောက်ပဲ ပေးပြီး ကိုယ့်အနီးပတ်ဝန်းကျင်လောက်ကို သန့်ရှင်းပေးနိုင်ရင် အဆင်ပြေပါတယ်။ မလုပ်ချင်ဘူး၊ ပျင်းတယ်ဆိုပြီး ဆင်ခြေပေးတဲ့ အကျင့်ကို စဖျောက်ပါတော့။ အခုလိုမျိုး ကိုဗစ်ရောဂါလိုကပ်ဘေးဆိုက်နေတဲ့အချိန် ဘယ်မှလည်း မသွားရ၊ အချိန်တွေ အားနေမယ့်အတူတူ အကျိုးရှိမယ့်အရာလေး တစ်ခုခု လုပ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%94%e1%80%b1%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%84/
လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။
လိပ်ခေါင်းရောဂါ ဆိုတာ စိတ်ကိုရော နေ့စဉ်လူနေမှု ဘဝကိုပါ နှောင့်ယှက်တတ်တာမျိုးပါ။ သူဖြစ်ပြီဆိုတာနဲ့စအိုနားတစ်ဝိုက်မှာ တင်းနေသလိုလို၊ နာသလိုလို၊ ယားသလိုလိုဖြစ်တဲ့အပြင်ဝမ်းသွားရင်လည်း သွေးတွေပါတတ်တော့ လူတိုင်း လန့်ကြတဲ့ရောဂါတစ်ခုပေ့ါ။ ဒါ့အပြင် သူကလည်း လူမြင်ခံလို့မရတဲ့နေရာမှာဖြစ်နေတာဆိုတော့ ရှက်တတ်တဲ့ မြန်မာလူမျိုးတွေ အနေနဲ့ လိပ်ခေါင်း ဖြစ်ပြီဆို ဆရာဝန် သွားပြဖို့ အင်မတန်မှ ဝန်လေးကြပါတယ်။ ဆရာဝန်ဆီလည်း မသွားရဲ၊ လိပ်ခေါင်းပြန်ဝင်အောင် ဘယ်လိုနည်းလမ်းမှန် နေထိုင်ရမှန်းလည်း မသိနဲ့ ပိုဆိုးသွားကြတဲ့သူတွေ အများကြီးပါ။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ စစချင်းထွက်နေတဲ့ လိပ်ခေါင်းကို ပြန်ဝင်အောင် ဆရာဝန်ဆီ သွားစရာမလိုဘဲ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။ ။လိပ်ခေါင်းရောဂါကို အိမ်မှာတင် သက်သာအောင် လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ။ လိပ်ခေါင်း ဆိုတာ သက်တမ်းနုခါစဆို သူ့ဘာသာ ပြန်ဝင်သွားတတ်တဲ့ သဘောရှိပါတယ်။ လိပ်ခေါင်း ထွက်လာပြီဆိုတာနဲ့ ခွဲစိတ်မှ ပျောက်တာမဟုတ်ပါဘူး။ ကိုယ့် အနေအထိုင် အပြုအမူတွေကို ဆင်ခြင်လိုက်လို့ရှိရင် မခွဲမစိတ်ဘဲ ပြန်ဝင်သွားတတ်ပါတယ်။ ဒါကြောင့် လိပ်ခေါင်း ဆိုတာ သူ့ဘာသာသူ ပျောက်သွားတတ်တဲ့ ရောဂါ တစ်မျိုးပါ။လိပ်ခေါင်းကြောင့် ဖြစ်တဲ့ယားယံတာနဲ့ နာကျင်တာကို သက်သာစေဖို့…………။လိပ်ခေါင်းရောဂါ ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့စအိုနားတစ်ဝိုက်ယားယံတာကို သက်သာစေဖို့အတွက် ရေချိုးကန်ထဲမှာ ရေပူတွေဖြည့်ထားပြီး နွေးနွေးလေးဖြစ်တဲ့ အချိန်ကျ ၁၅ မိနစ်လောက် ရေနွေးဖြည့်ထားတဲ့ ကန်လေးထဲမှာ ရေစိမ်ပါ။ ဒါကို အိမ်သာသွားပြီးတိုင်း ဒါမှမဟုတ် တစ်နေ့ကို နှစ်ကြိမ်လောက်လုပ်ပေးပါ။ း မပြင်းတဲ့ အမွှေးနံ့မပါတဲ့ ဆပ်ပြာရည်သုံးပြီး စအိုနားတစ်ဝိုက်ကို သန့်စင်ပေးပါ။ သန့်စင်ပြီးသွားပြီဆိုရင် ပဝါသန့်သန့်လေးသုံးပြီး ရေခြောက်အောင် ဖွဖွလေးသုတ်ပါ။သစ်အယ်သီးကို အခြေခံပြီး ထုတ်ထားတဲ့ ခရင်မ်တွေက လိပ်ခေါင်းကြောင့်ဖြစ်တဲ့ စအိုနားတစ်ဝိုက် ယားယံခြင်းကို သက်သာစေတဲ့အပြင် အခြားဘေးထွက်ဆိုးကျိုးတွေလည်း မရှိစေပါဘူး။ စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေကျတော့ ယားယံတာကို သက်သာစေပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေပါရှိတဲ့ အတွက်ကြောင့် ဆရာဝန် ညွန်မှ လိမ်းတာအကောင်းဆုံးပါ။ရေခဲဟာ လိပ်ခေါင်းကြောင့် နာတဲ့ အနာကို သက်သာစေမယ့်အပြင် ရောင်နေတာကိုလည်း လျော့စေပါတယ်။ အဝတ်သန့်သန့်လေးထဲမှာ ရေခဲထည့်ပြီး လိပ်ခေါင်းထွက်တဲ့နေရာကို ကပ်ကပ်ပေးပါ။အကိုက်အခဲပျောက်ဆေးတွေဟာ လိပ်ခေါင်းကြောင့် ခံစားရတဲ့ နာကျင်ခြင်းကို သက်သာစေတဲ့အပြင် ရောင်ရမ်းတာကိုလည်း လျော့ကျစေပါတယ်။အစာအိမ်ရောဂါရှိတဲ့သူတွေကတော့ အကိုက်အခဲပျောက်ဆေး မသုံးသင့်ပါဘူး။လိပ်ခေါင်းကြောင့် စအိုနားတစ်ဝိုက် ယားယံနေတာမှန်ပေမယ့် အယားပြေအောင် လက်နဲ့ မကုတ်သင့်ပါဘူး။ ကုတ်လိုက်တာကြောင့် အရေပြားတစ်ဝိုက်ပွန်းသွားပြီးပိုးတွေဝင်သွားနိုင်ပါတယ်။ အညစ်အကြေးတွေ ဖြတ်နေတဲ့နေရာဖြစ်တဲ့အတွက် စအိုနားတစ်ဝိုက် အနာဖြစ်ရင်အနာကျက်ဖို့ ခဲယဉ်းပါတယ်။ဝတ်ရတာ ချောင်ချိပြီး အသားနုတဲ့ချည်သား ဘောင်းဘီတွေကို ရွေးဝတ်ပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ချွေးအိုက်တာကို သက်သာသွားစေမှာပါ။လိပ်ခေါင်းရောဂါကို အပေါ်မှာပြောထားတဲ့ နည်းတွေနဲ့ ထွက်ခါစလိပ်ခေါင်းကို ပိုဆိုးမသွားအောင် ထိန်းမယ်။ ကိုယ့်ရဲ့ အပြုအမူတွေကိုလည်း ဆင်ခြင်လိုက်မယ်ဆိုရင်တော့ ဆေးခန်းသွားပြစရာမလိုဘဲ အိမ်မှာတင် ထွက်နေတဲ့လိပ်ခေါင်းပြန်ဝင်သွားမယ့် အပြင် နောက်ထပ်အသစ်တွေ ထပ်ထွက်မလာအောင်လည်း တားဆီးနိုင်မှာပါ။ ။Dr.Thin Yadanar။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/home-treatment-for-haemorrhoid/
ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ
ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ။တစ်နေ့တာအချိန်ရဲ့  အနည်းဆုံး  ၈ နာရီကို ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ရုံးမှာ အချိန်တွေ ကုန်နေရတယ်ဟုတ်။ အညောင်းမိပြီး အကြောတွေများတောင့်တင်း နေပြီလား။ ဒါဆိုရင်ရုံးစားပွဲမှာ လုပ်လို့ရမယ့် လေ့ကျင့်ခန်း လေးတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ရင်း အတူတူ လုပ်ကြည့်ရအောင်လား။တစ်နေ့တာရဲ့  အချိန် အတော်များများကို ကုန်ဆုံးနေရတဲ့ ရုံးစားပွဲမှာ အခုလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။ အကြောအခြင်တွေ ပြေစေသလို စိတ်ကိုလည်း ကြည်စေပါတယ်။ဒါကဇက်ကြောတွေကို အတော်လေး ပြေလျော့စေပါတယ်။ပခုံးကိုနားရွက်နားထိ မြှင့်လိုက်ပါ။ ၁၀ စက္ကန့်လောက်ထားပါ။ ပြီးရင် ဖြေလျော့လိုက်ပါ။ တစ်ခါလုပ်ရင် ၅ ကြိမ်နဲ့ ၃ ကျော့လောက်လုပ်ပေးပါ။နောက်ကျောတွေ တောင့်တင်းနေတာကို သက်သာစေဖို့ လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းပါ။ အရင်ဆုံး ခုံမှာ ခါးမတ်မတ်ထိုင်ပါ။ ဘယ်ဘက်လက်ကို ဘယ်ဘက်တင်ပါးပေါ်မှာ ထားပါ။ တင်ပါးကိုလက်ဖမိုးနဲ့ ကပ်ထားပါ။ ပြီးရင်ခါးကို ဘယ်ဘက်ကို လှည့်ပါ။ ၁၀ စက္ကန့်နေပါ။ ပြီးရင် ညာဘက်ကိုလည်း အလားတူ လုပ်ပေးပါ။ ၃ ကျော့လောက် လုပ်ပေးပါ။ဒါကတော့ အထိုင်များပြီး ပခုံး နာကျင်သူတွေအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ခုံပေါ်မှာခါးမတ်မတ်ထိုင်ပါ။ လက်နှစ်ဖက်ကို ဦးခေါင်း နောက်ဘက်ကို ယှက်လျက်ထားလိုက်ပါ။ ပြီးရင် လက်ကို ကိုင်းလို့ ခေါင်းကို ငုံ့ပါ။ ပြီးရင် ပြန်ပြီး မော့ပါ။ ပခုံးကကြွက်သားတွေကို ညှစ်ပါ။အသက်မှန်မှန် ရှူပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိ လုပ်ပေးပါ။ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် တော်တော်လေး အထောက်အကူပြုပေးတဲ့ လေ့ကျင့်ခန်းပါ။မတ်တတ်ရပ်ပါ။ လက်ဖဝါးတွေကို စားပွဲခုံး အစွန်းမှာ ပခုံး အကွာအဝေးအတိုင်း ထားပါ။ခြေထောက်ကို စားပွဲကနေ ခပ်ခွာခွာမှာ စုံရပ်ပါ။ ပြီးရင် လက်ကို အားပြုပြီး ကိုယ်ကိုရှေ့ကို ကိုင်းပါ။ ပြီးရင် ပြန်မတ်ပါ။အသက်ကို မှန်မှန်ရှူပါ။ ကိုယ်ကို ကိုင်းချိန်မှာ ရှူသွင်းပြီး ပြန်မတ်ချိန်မှာ ရှူထုတ်ပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။ဖိနပ်ချွတ်ပြီး လုပ်ပေးတာက ပိုအဆင်ပြေပါမယ်။ရုံးစားပွဲမှာ တစ်ချိန်လုံး ထိုင်နေတာကအညောင်းမိသလို အကြောတွေ တောင့်တင်းစေပါတယ်။ ဒါကြောင့် ရေထသောက်ရင်းဖြစ်ဖြစ် အလုပ်ကိစ္စတစ်ခုခုကို ပြောစရာရှိတဲ့အခါ ထိုင်နေရာကနေ ထလို့ လမ်းလျှောက်သွားပြီး ပြောပေးပါ။ရေသောက်လိုက် ရှူးပေါက်လိုက် လုပ်တာကလည်း လမ်းလျှောက်ဖြစ်စေမယ့် နည်းလမ်းကောင်း တစ်ခုပါ။ရုံးမှာနေရင်း ဒီနည်းလေးတွေသုံးပြီး အကြောတွေ ပြေလျော့အောင် လုပ်ကြစို့နော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/office-exercises/
အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားကြမယ်
အသည်းက လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေထဲမှာ အကြီးမားဆုံးအစိတ်အပိုင်းပါ။ အသည်းက ခန္ဓာကိုယ်အတွက် လုပ်ငန်းဆောင်တာပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ပေးနေပါတယ်။ အသည်းလုပ်ငန်းဆောင်တာတွေထဲမှာ ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတာလည်း တစ်ခုအပါအဝင်ပေါ့။အသည်းက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ကျန်းမာတဲ့အစာခြေစနစ်ဖြစ်ပေါ်လာစေဖို့အတွက် သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ အသည်းကျန်းမာနေမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်မှာပါ။ ဒါကြောင့် အသည်းကျန်းမာရေးက မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ အသည်းမှာရောဂါတစ်ခုခုခံစားရပြီဆိုရင် ကိုယ်တွင်း ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းနည်းလာပြီး အမျိုးမျိုးသောရောဂါလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ခန္ဓကိုယ်အတွက် အရေးပါတဲ့အစိတ်အပိုင်းဖြစ်တဲ့ အသည်းမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုရင် –။အသည်းကျန်းမာစေဖို့ အတွက် နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထနဲ့ အစားအစာ အမူအကျင့်လေးတွေကို သတိထားလုပ်ဆောင်ပေးရုံနဲ့ အဆင်ပြေစေနိုင်ပါတယ်။ အသည်းကျန်းမာပြီး အဆိပ်အတောက်ကင်းစင်စေဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာဗီတာမင်B များများပါဝင်အောင်စားသုံးပေးပါ။ဗီတာမင် B ကဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုသလို ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်စေပါတယ်။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဗီတာမင် B များများထည့်သွင်းစားသုံးမယ်ဆိုရင်စွမ်းအင်တွေဖြစ်လာစေဖို့အတွက် ဆဲလ်တွေကအာဟာရဓာတ်တွေ ဖြိုခွဲလုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပြီး အသည်းတဝိုက်မှာ အဆီပိုတွေ စုစည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဗီတာမင် B ကခြေကုန်လက်ပမ်းကျတာကို သက်သာစေပြီး တစ်နေကုန်လန်းဆန်းတက်ကြွနေအောင်လုပ်ဆောင်ပေးမှာပါ။ အဆိပ်အတောက်ကင်းပြီး ကျန်းမာတဲ့ အသည်းဖြစ်စေဖို့ဆိုရင် နေ့စဉ် ဗီတာမင် B ကိုစားသုံးဖို့ မမေ့ပါနဲ့။ဗီတာမင် C ပြည့်ပြည့်ဝဝရရှိအောင် စားသောက်ပါ။ဗီတာမင် C ကစွမ်းအားမြင့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုပါ။ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ဗီတာမင် Cက အသည်းလိုမျိုး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေနဲ့Free radicalsတွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဗီတာမင် C ပါဝင်အောင်စားသုံးပေးမယ်ဆိုရင် အသည်းကို ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။ကိုယ်တွင်းကကိုလက်စထရောတွေကို လျှော့ချဖို့၊ နှလုံးသွေးကြောစနစ်တွေကို ကျန်းမာစေဖို့နဲ့ သွေးပေါင်ချိန်တိုးတာတွေကို လျော့ပါးသက်သာစေဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးက ပိုတက်ဆီယမ်ပါ။ အသည်းကျန်းမာစေဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပေါ့။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာထဲမှာ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ငှက်ပျောသီး၊ခရမ်းချဉ်သီး၊ဟင်းနုနွယ်တို့လိုမျိုး အသီးအရွက်တွေကို ထည့်သွင်းစားသုံးပေးပါ။သံဓာတ်လုံလောက်အောင် စားသုံးပေးပါ။သွေးနီဥဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပေါ့။ အသည်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်တွေကို ထုတ်ပေးရတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။ အသည်းက သံဓာတ်တွေကို စုဆောင်းထားပြီး ခန္ဓာကိုယ် လိုအပ်တဲ့အခါ ထုတ်ပေးတာပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ သံဓာတ်မလုံလောက်တဲ့အခါမျိုးမှာ အသည်းက စုဆောင်းထာတဲ့ သံဓာတ်တွေကို ထုတ်လုပ်ပေးရပါတယ်။ သံဓာတ်ပမာဏကို အများကြီးထုတ်ပေးရတဲ့အခါ အသည်းမှာ ထိခိုက်ပျက်စီးတာတွေဖြစ်လာပါတော့တယ်။ ဒါကြောင့် ကျန်းမာတဲ့ အသည်းဖြစ်ဖို့ဆိုရင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သံဓာတ်ရရှိစေနိုင်မယ့် အစားအစာတွေကို စားသုံးပေးပါ။ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ သန့်စင်ထားတဲ့သကြားတွေကို ရှောင်ပါ။ပြုပြင်ထားတဲ့ အစားအသောက်တွေနဲ့ အချိုများတဲ့ အစားအစာတွေက အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒီအစားအစာတွေထဲမှာတာရှည်ခံဆေးတွေနဲ့ဓာတုပစ္စည်းတွေများစွာ ပါဝင်နေပြီး အသည်းကို ထိခိုက်စေနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လတ်ဆတ်တဲ့ အစားအစာတွေများများပါဝင်အောင် စားသုံးပေးပါ။အသည်းကျန်းမာစေနိုင်မယ့် အားဆေးသောက်သုံးပေးပါ။အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်လို့ရသလို အစားအစာတွေကို စားသုံးမှုကပြည့်စုံမှုမရှိဘူးလို့ ယူဆရင် အသည်းအားဆေးတွေ သောက်သုံးပေးလို့ရပါတယ်။  အသည်းအတွက်လိုအပ်တဲ့ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် B3 နဲ့ Essential phospholipids တွေက အသည်းကျန်းမာရေးကို အနည်းနဲ့ အများတော့ အထောက်အကူပြုပါတယ်။ဒါပေမယ့် ဒါက အတိုင်းအတာ တစ်ခုအထိပဲ ဖြစ်ပြီး ရေရှည်မှာ အသည်းကို ကျန်းမာစေချင်တယ်ဆိုရင် အသည်းကို ထိခိုက်စေမယ့် အချက်တွေကို ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80-%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%a1%e1%80%90%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad/
မျက်နှာပေါင်းတင်ဖို့ Sheet Mask သုံးမယ်ဆိုရင် ဒါတွေသိထားပေးပါ
Sheet Mask ကိုအလှအပဂရုစိုက်တဲ့ ပျိုမေတွေ တော်တော်များများကတော့ သိထားပြီးဖြစ်မယ်ထင်ပါတယ်။ အထုပ်သေးသေးလေးထဲမှာ ဆေးရည်တွေ၊ သစ်သီးအနှစ်တွေ၊ အသားအရေကို နူးညံ့စိုပြေစေတဲ့ အရည်တွေနဲ့ စိမ်ထားတဲ့ မျက်နှာကပ်ခွာလိုမျိုးပါပဲ။• အထုပ်သေးသေးလေးဖြစ်လို့ သယ်ယူထုတ်ပိုးရ လွယ်ကူတယ်။• သွားလေရာဆောင်သွားလို့ရတယ်။ အိတ်ထဲမှာ နေရာမစားဘူး။•ခရီးသွားတဲ့အချိန်ဆိုလည်း အသုံးပြုလို့ရတယ်။• အချိန် ၁၀ မိနစ်လောက်ပေးရုံနဲ့ ကိုယ့်အသားအရေကို ကောင်းကောင်းထိန်းသိမ်းပေးနိုင်တယ်။• နေ့တိုင်းလုပ်လို့ ရသလို ကိုယ်အားတဲ့အချိန်မှ လုပ်ရင်လည်း အဆင်ပြေတယ်။• အလုပ်မရှုပ်ဘူး။ အိမ်မှာ အမှိုက်မပွဘူး။• သုံးပြီးတာနဲ့ ကပ်ခွာကို ယူပြီး အမှိုက်ပုံးထဲ ပစ်လိုက်ရုံပဲ။မနက်စောစော ဒါမှမဟုတ် ညအိပ်ခါနီးမှာ အသုံးပြုတာတော့ အကောင်းဆုံးပါပဲ။ ဘယ်အချိန်ပဲသုံးသုံး အဓိက မျက်နှာကို သေချာသန့်ရှင်းထားဖို့နဲ့ မိတ်ကပ်၊ နေလောင်ကာခရင်မ်၊အစိုဓာတ်ထိန်းခရင်မ်တွေအပြင် တခြားအလှကုန်ပစ္စည်းတွေ လိမ်းထားတာမျိုး မဖြစ်ရပါဘူး။ အကြာကြီးလည်း ကပ်ထားဖို့မလိုပါဘူး။ ၅မိနစ်ကနေ ၁၅ မိနစ်လောက်ပဲ ကပ်ပြီးတာနဲ့ ပြန်ခွာချရမှာပါ။အဓိကကတော့ ကိုယ့်အသားအရေအမျိုးအစား (Skin Type) နဲ့ လိုက်ဖက်တာတွေကို အညွှန်းသေချာဖတ်ပြီး ဝယ်သင့်ပါတယ်။•အဆီပြန်တဲ့သူဆိုရင် (For Oily Skin, Cleansing)။• အသားခြောက်တဲ့သူဆိုရင် (For Dry Skin, Moisturizing)။• ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် (For Sensitive Skin)။•အသားအရေက ညိုညစ်ညစ်ဖြစ်နေတယ်ဆိုရင် (Brightening)။• ပေါင်းစပ်အသားအရေမျိုးဆိုရင် (For Combination Skin)။• နုပျိုတင်းရင်းပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးဖို့ (Anti-aging) ဆိုပြီး အညွှန်းကို သေချာဖတ်ပြီးမှ ဝယ်ပါ။များသောအားဖြင့် Sheet Mask တွေက ပန်းပွင့်၊ သစ်သီးဝလံ၊အစေ့အဆန်က ရတဲ့ အဆီအနှစ်တွေနဲ့ လုပ်ထားတာဖြစ်လို့ ကိုယ်ကြိုက်တဲ့ ရနံ့ကို ရွေးဝယ်လို့လည်း အဆင်ပြေပါတယ်။ အနံ့၊ ပါဝင်ပစ္စည်းမတူတဲ့ Sheet Mask တွေကို ဝယ်သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ ကိုယ်နဲ့ဓာတ်မတည့်တဲ့ အသီးအနှံ၊ ဓာတ်ပစ္စည်းတစ်မျိုးမျိုး ပါဝင်နေတယ်ဆိုရင် မဝယ်ပါနဲ့။၁။ အမြဲတမ်း မျက်နှာသစ်ပြီး ရေခြောက်အောင်သုတ်ပြီးသွားတော့မှ Sheet Mask ကို ကပ်ပါ။ မျက်နှာမှာအလှကုန်ပစ္စည်းတွေ၊ တခြားခရင်မ်တွေ၊ မိတ်ကပ်တွေ ဘာတစ်ခုမှ ရှိမနေဖို့ အရေးကြီးပါတယ်။၂။ မျက်နှာသစ်ပြီးတာနဲ့ Mask ကို တန်းကပ်ပါ။ အကြာကြီး ဒီအတိုင်းထားမိလိုက်ရင် အသားအရေက အစိုဓာတ်နည်းသွားနိုင်သလို ဖုန်တွေလည်း ကပ်နိုင်တဲ့အတွက် အဆင်မပြေစေပါဘူး။၃။ Mask ကိုရေခဲသေတ္တာသို့မဟုတ် အခန်းအပူချိန်မှာ သိမ်းဆည်းထားပါ။ နေရောင်ခြည်အောက်မှာ အကြာကြီးထားရင် အာနိသင်ပျက်ပြယ်သွားနိုင်ပါတယ်။၄။ Mask ကပ်ဖို့အတွက် အထုပ်တွေ ခွာပြီးသွားတဲ့အခါ အပြန့်အတိုင်း ဖြစ်သွားအောင် လက်နဲ့ သေချာခွာပါ။ Mask ကို လက်နဲ့မဖြဲမိစေဖို့ ဂရုစိုက်ပေးပါ။၅။ Mask တိုင်းမှာ မျက်လုံးနဲ့ ပါးစပ်အတွက် အပေါက်နေရာ လုပ်ပေးထားပါတယ်။ အဲ့ဒီအပေါက်တွေမှာ ကိုယ့်မျက်လုံးနဲ့ ပါးစပ်ဝင်သွားဖို့ အရင်စကပ်ပါ။ ပြီးမှ အပေါ်ဘက်၊ ဘေးဘက်၊ အောက်ဘက်ကို ညီအောင် ညှိပေးပါ။၆။ Mask ကပ်ခွာကနေ ပါလာတဲ့ ဆေးရည်တွေကို တစ်သျှူးနဲ့ သုတ်ပစ်စရာမလိုပါဘူး။ လက်၊ လည်ပင်း၊ဒူးခေါင်းနေရာတွေကို ပွတ်လိမ်းလိုက်လို့ ရပါတယ်။၇။ မျက်နှာမှာ Mask ကို နေရာတကျ ကပ်ပြီးသွားပြီဆိုရင် ပက်လက်အနေအထားနဲ့ လှဲနေပါ၊ သို့မဟုတ် ထိုင်နေမယ်ဆိုရင်လည်း မျက်နှာကို မျက်နှာကျက်ဘက် ဦးတည်၍ ဦးခေါင်းကို အပေါ်မော့ထားပါ။၈။ အထုပ်မှာ ပါတဲ့ အညွှန်းအတိုင်း Mask ကပ်ထားလို့ ရပါတယ်။ များသောအားဖြင့် ၁၀ မိနစ်ကပ်ထားပေးရင် လုံလောက်ပါတယ်။ အရမ်း အကြာကြီးတော့ မကပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကြာလွန်းတဲ့အခါ Mask ကပ်ခွာက ခြောက်သွားတဲ့အတွက် မျက်နှာပေါ်မှာ ရှိနေတဲ့ ဆေးရည်တွေကို သူကပြန်စုပ်ယူလိုက်တာကြောင့် မျက်နှာက ရထိုက်တဲ့အာဟာရဓာတ်တွေ နည်းသွားနိုင်ပါတယ်။၉။ Mask ကို ခွာချပြီးတဲ့အခါ မျက်နှာကို ချက်ချင်းမသစ်ပါနဲ့။ ညဘက်မှာ အသုံးပြုတယ်ဆိုရင် ခွာပြီးတာနဲ့ တန်းအိပ်လိုက်ရုံပါပဲ။ မနက်ပိုင်းဆိုရင်တော့ အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ မျက်နှာသစ်တာမျိုး လုပ်သင့်ပါတယ်။၁၀။ Mask ခွာပြီးသွားရင် မျက်နှာကို လက်ဖဝါးနဲ့ ဖွဖွလေး ပုတ်ပေးပါ။ ပွတ်ဆွဲတာမျိုးတော့ မလုပ်ပါနဲ့။ အရည်တွေ မျက်နှာပေါ်မှာ အရမ်းများနေရင်တော့ လက်နဲ့ နည်းနည်းယူပြီး တံတောင်ဆစ်၊ ဒူးခေါင်း၊ လည်ပင်းတွေကို လိမ်းလို့ရပါတယ်။၁၁။ အထုပ်ကိုလည်း ချက်ချင်းလွှင့်မပစ်လိုက်ပါနဲ့။ အထဲမှာ များသောအားဖြင့် ဆေးရည်တွေ အများကြီးကျန်နေခဲ့ပါတယ်။ ဒီဆေးရည်တွေကို မျက်နှာမဟုတ်ဘဲ တခြားကိုယ်လက်အင်္ဂါတွေကို လိမ်းလို့ရပါတယ်။၁၂။ Sheet Mask မကပ်ဖြစ်တဲ့ရက်တွေမှာ ထုံးစံအတိုင်းပဲ မျက်နှာသစ်ပြီးရင် အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ပြီးရင် Eye Cream တွေ ပြန်လိမ်းပေးပါ။ Sheet Mask သုံးပြီးသွားရင်လည်း Moisturizer ပါးပါး လိမ်းပေးလို့ရပါတယ်။ အပြင်ထွက်တော့မယ်ဆိုရင်တော့နေလောင်ကာခရင်မ် (Sunscreen) ကို မဖြစ်မနေ လိမ်းပေးဖို့ လိုပါတယ်။၁၃။ Sheet Mask ကို နေ့တိုင်းသုံးလို့ရပေမယ့် တစ်ရက်ခြား တစ်ကြိမ်လောက် သုံးပေးတာ ပိုကောင်းပါတယ်။နောက်ထပ် သတိထားသင့်တာကတော့ Mask ကပ်နေရင်းနဲ့ မျက်နှာက ယားလာတာ၊ ကိုယ်လက်တွေမှာ အဖုအပိမ့်တွေ၊ အင်ပျဉ်တွေ ထလာတာ၊ အသက်ရှူကျပ်လာတာ၊ ဖောရောင်လာတာမျိုး ဖြစ်ရင် ချက်ချင်းခွာပစ်ပြီး ရေ၊ ဆပ်ပြာနဲ့ ပြန်ဆေးချပါ။ Sheet Mask ဆိုတာက သုံးရတာလည်း လွယ်ကူပြီး အလုပ်မရှုပ်စေသလို ကျား၊ မ အသက်အရွယ်မရွေး သုံးလို့ရတာကြောင့် အလှအပဂရုစိုက်တဲ့ သူတိုင်း သုံးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/sheet-mask/
ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း
ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ လေ့ကျင့်ခန်းလုပ်တာက ဆယ်ကျော်သက်တွေရဲ့ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်မှုမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက မွေးမြူတာက ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ လူကြီး ဖြစ်လာစေမှာပါ။ ဒါကြောင့် ကျန်းမာတဲ့ လူနေမှု ပုံစံကို ပိုင်ဆိုင်ချင်တယ် ဆိုရင်ဆယ်ကျော်သက်အရွယ်မှာကတည်းက လေ့ကျင့်ခန်း လုပ်ဖို့ ပြောပါရစေ။ဆယ်ကျော်သက်တွေ အနေနဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့၊ ထိုက်သင့်တဲ့ကိုယ်အလေးချိန်နဲ့အရပ်အမြင့်ရဖို့၊ အဝမလွန်စေဖို့၊ ကျန်းမာဖျတ်လတ် စေဖို့အတွက် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ဖို့ လိုပါမယ်။ဆယ်ကျော်သက်တွေ အနေနဲ့ တစ်နေ့ကို မိနစ် ၆၀ လောက်နဲ့ တစ်ပတ်မှာ ၄-၅ရက်လောက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ကျန်းမာပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။တစ်နေ့တာမှာ လေ့ကျင့်ခန်းကို သီးသန့် မလုပ်ချင်ဘူးဆိုရင်တောင် မိနစ်၃၀လောက်။ဒါတွေအပြင်။ဆယ်ကျော်သက် အရွယ်ကတည်းက လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက အသက်ကြီး လာတဲ့အခါ ခံစားရနိုင်တဲ့နာတာရှည်ရောဂါတွေကို ကြိုတင် ကာကွယ်ရာရောက်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန် လုပ်မယ်၊ကျန်းမာရေးနဲ့ ညီညွတ်အောင်စားမယ်။ ရေ ပြည့်ပြည့်ဝဝ သောက်မယ်ဆိုရင် ကျန်းမာ ပျော်ရွှင်စရာ ကောင်းတဲ့ လူငယ်ဘဝကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။ဆယ်ကျော်သက် လူငယ်တွေ အနေနဲ့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးမယ်ဆိုရင်။ဒါတင်မကသေးပါဘူး လေ့ကျင့်ခန်း လုပ်တာက။ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း လုပ်ခြင်းက အတူတွဲရှိနေသင့်တာပါ။ တစ်နေ့တာမှာ ၁၅ မိနစ်ကနေ စလို့ ၁ နာရီလောက်အထိ လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး သင်ယူနိုင်စွမ်းနဲ့ မှတ်မိနိုင်မှုစွမ်းရည်ကို တိုးတက်စေမှာပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercise-and-teenagers/
အံသြစရာကောင်းသော ပန်းနာရင်ကြပ်ရောဂါဖြစ်စေသည့် အချက်((၅)ချက်
သင့်တွင်ပန်းနာရင်ကြပ်ရှိပါက သင့်အနီးအနားရှိအရာများနှင့်ပတ်။သတ်၍ဂရုစိုက်သတိထားပါ။ များပြားလှသောအရာများသည် ပန်းနာရင်ကြပ်ရောဂါအား ဖြစ်ပွားစေပါသည်။ သင်သည် ဖုန်မှုန့်များ၊မှိုများ(သို့)ဆေးလိပ်ငွေ့များကြောင့်ဖြစ်တတ်သည်ကို။သိထားပြီးဖြစ်နိုင်သော်လည်း သင်သိထားရန်လိုအပ်သည့် ပို၍အံ့သြစရာကောင်းသည့်ဖြစ်ပွားစေနိုင်သောအကြောင်းအရင်း။များလည်းရှိသေးပါသည်။စိတ်ဖိစီးမှုသည်သင့်အလုပ်၊သင့်ကလေးများ၊သင့်အချစ်ရေး၊ငွေရေး။ကြေးရေး၊သင့်အိမ်နှင့်မိသားစု စသည်တို့မှလာနိုင်သည်။ ထိုစိတ်ဖိ။စီးမှုသည် သင့်၏ပင်မအာရုံကြောစနစ်၊ခုခံအားစနစ်၊နှလုံးနှင့်သွေးကြောစနစ်၊။ကြွက်သားနှင့်အရိုးစနစ်၊အစာအိမ်နှင့်အူလမ်းကြောင်းစနစ်များကို ထိခိုက်စေနိုင်ပြီး သင့်၏ပန်းနာရင်ကြပ်ရောဂါကိုလည်း ထိခိုက်စေ။နိုင်ပါသည်။စိတ်ဖိစီးမှုသည် ပြင်းထန်သောတုံ့ပြန်မှုများကို ဖန်တီးပေးပြီး အာရုံ။ကြောများကို အလုပ်လုပ်စေကာ အဆုတ်များရှိအသက်ရှူလမ်း။ကြောင်းကြွက်သားများကို ကျုံ့နိုင်စေပါသည်။ ထိုကြွက်သားများ။သည် မာတောင့်လာပြီး တဝှီဝှီမြည်ခြင်း၊ချောင်းဆိုးခြင်း၊ရင်ကြပ်ခြင်း။နှင့် မောခြင်း စသောပန်းနာရင်ကြပ်လက္ခဏာများကို ပိုမိုဆိုးဝါးစေ။နိုင်ပါသည်။ စိတ်ဖိစီးမှုသည် သင့်၏ခုခံအားစနစ်အတွင်းပြောင်းလဲမှု။များကို ဖြစ်ပေါ်စေကာ သင့်၏ပန်းနာရင်ကြပ်ဝေဒနာကို ပိုမိုဆိုးဝါး။စေနိုင်ပါသည်။ သို့သော် ပန်းနာရင်ကြပ်ရောဂါသည် စိတ်ပိုင်းဆိုင်။ရာကြောင့်စတင် ဖြစ်ပွားစေသည့် ရောဂါမဟုတ်သောကြောင့် စိတ်။ဖိစီးမှုသည် ပန်းနာရင်ကြပ်ရောဂါကို မဖြစ်ပွားစေနိုင်ပါ။ ဆိုလိုသည်မှာ သင့်တွင်ပန်းနာရင်။ကြပ်မရှိပါက စိတ်ဖိစီးမှုမှတဆင့်ပန်းနာ ရင်ကြပ်ရောဂါဖြစ်ပွား။မလာစေနိုင်ပါ။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီးသားဖြစ်ပါမှ စိတ်ဖိစီးမှု။သည်သင့်ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဟစ်။ဆူပူခြင်း၊စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်း၊ဒေါသထွက်ခြင်း(သို့)အလွန်အမင်းရယ်မောခြင်းစသော ပြင်းထန်သည့်စိတ်အခြေအနေများ။သည်လည်း ရင်ကြပ်ရောဂါကို ဖြစ်ပွားစေတတ်ပါသည်။ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့်အချို့ဆေးများလည်းရှိသည်။ ထို့။ကြောင့်ပန်းနာရင်ကြပ်ရှိပါကအသုံးပြုသောဆေးဝါးများကို သတိ။ထားပါ။ သို့သော် ဆိုလိုသည်မှာ ဆေးဝါးများအားလုံးကို ရှောင်ကြဉ်။ရန်မလိုအပ်ပါ။ သင့်အားပန်းနာရင်ကြပ်ဝေဒနာဖြစ်စေသည့်အရာ။များကိုရှောင်ကြဉ်ပါ။ ပို၍ပြောရလျှင် အချို့ဆေးများသည် ပန်းနာရင်။ကြပ်ဖြစ်စေနိုင်သည့်ဆေးများမဟုတ်သော်လည်း အသုံးပြုသောအခါသတိထားပါ။ အဘယ်ကြောင့်ဆိုသော် မည်သည့်။အချိန်တွင်မဆို ပြင်းထန်သောတုံ့ပြန်မှုများဖြစ်ပေါ်လာတတ်ပါ။သည်။ သင့်အားရင်ကြပ်ဖြစ်စေနိုင်သည့်ဆေးများညွှန်းခံရပါက ဆရာဝန်အား ပြောပြပါ။ပန်းနာရင်ကြပ်ကို အဖြစ်များစေသော ဆေးများမှာ။သင့်တွင်ပန်းနာရင်ကြပ်ရှိပါက အက်စ်ပရင်နှင့်အခြားသောစတီးရွိုက်မဟုတ်သည့်အကိုက်အခဲပျောက်ဆေးများဥပမာ အိုင်ဘူပရိုဖန်၊နာပရိုဇင်စသည်တို့နှင့်မတည့်တတ်ပါ။ ထို။ဆေးများသည်နာကျင်ကိုက်ခဲခြင်း၊အဖျားတက်ခြင်း၊အအေးမိခြင်းနှင့်တုပ်ကွေးဖြစ်ခြင်းတို့သက်သာရန်သုံးသော။ဆေးများဖြစ်သည်။ ထိုဆေးများကြောင့်ဖြစ်ပွားသည့် ပန်း။နာရင်ကြပ်ရောဂါသည်ဆိုးဝါးပြင်းထန်နိုင်သည်။acetaminophen ပါသောဆေးများသည် အက်စ်ပရင်မတည့်သူများအတွက် အစားထိုးအသုံးပြုရန်။အဆင်ပြေသည်ဟုအချို့ကလည်းဆိုကြသည်။ သို့သော်။အချို့လေ့လာမှုများအရ ထိုacetaminophen နှင့်ပါ ပန်းနာရင်ကြပ်ရောဂါသည်ပတ်သတ်မှုအချို့ရှိကြောင်းသိ။ရသည်။ ထို့ကြောင့်သင့်ဆရာဝန်နှင့် ပြသဆွေးနွေးတိုင်ပင်စစ်ဆေးသင့်ပါသည်။တတ်သည်။အစားအသောက်မတည့်သောအခါတွင်လည်း ပန်းနာရင်ကြပ်ဝေဒနာရှင်များတွင် အပျော့စားမှ ပြင်းထန်သည်အထိရောဂါလက္ခဏာများဖြစ်ပွားလာနိုင်ပါသည်။ ရင်။ကြပ်ရောဂါနှင့်အပတ်သတ်ဆုံးသောအစားအသောက်များတွင် နို့ထွက်ပစ္စည်းများ၊ဥအမျိုးမျိုး၊ပဲအမျိုးမျိုး၊မြေပဲ၊ဂျုံ၊ငါး၊ပုဇွန် နှင့်ဆလပ်ရွက်များပါဝင်သည်။ ပိုပြောရလျှင် အသင့်စားသုံးနိုင်သော။အစားအစာများရှိတာရှည်ခံအောင်ထည့်သည့်ပစ္စည်းအချို့သည်လည်းသင့်၏ ရင်ကြပ်ရောဂါကို ထဖောက်စေတတ်သည်။ ထိုပစ္စည်း။များသည်အစားအသောက်များကို ကာလကြာရှည်စွာထိန်းသိမ်း။ထားနိုင်စွမ်းရှိသည်။ ဓါတ်မတည့်သောဝေဒနာရှင်များတွင်ထို ပစ္စည်းများကြောင့်လည်း ပန်းနာရင်ကြပ်ဖြစ်ပွားတတ်သည်။ အသုံး။များသောအစားအသောက်တာရှည်ခံအောင်လုပ်သည့်ပစ္စည်းများတွင် sodium bisulfite,potassium bisulfite,sodium sulfite,။Sodium metabisulfite နှင့် potassium metabisulfiteတို့ပါဝင်သည်။ အသီးခြောက်များ(နာနတ်၊rasisins၊ apricots)ပါကင်ပိတ်ထားသောအာလူးများ၊ဆီသွပ်ဗူးဟင်းချိုများ၊။ဝိုင်၊ဘီယာ၊လီမွန်ပုလင်းအရည်များ၊နှင့် အချဉ်စိမ်ထားသောအစား။အစာများ စသည်တို့တွင်တွေ့ရနိုင်သည်။အစားအသောက်မတည့်ခြင်း၏အဖြစ်များသောလက္ခဏာရပ်များမှာ။အင်ပျဉ်ထခြင်း၊ပျို့ခြင်း၊အန်ခြင်းနှင့်ဝမ်းလျှောခြင်းတို့ဖြစ်သည်။ သင်။စားလိုက်သောအစားအစာများကြောင့်ရင်ကြပ်ရောဂါဖြစ်လာပါက။လက္ခဏာများတွင် အစားအသောက်မတည့်သည့်လက္ခဏာများ၊။ချောင်းဆိုးခြင်း၊တဝှီဝှီမြည်ခြင်း၊နှင့်လည်ချောင်းနာကျင်ရောင်ရမ်း။ခြင်းစသည်တို့ပါဝင်သည်။အံသြစရာကောင်းသွားသည်။ ကာယလှုပ်ရှားလေ့ကျင့်ခန်းများသည်။အမြဲတမ်းကျန်းမာရေးအတွက်ကောင်းစေသည်ဟု ဆိုကြသော်လည်း ပန်းနာရင်ကြပ်ရောဂါကို မည်ကဲ့သို့ဖြစ်ပွားစေ။သနည်း။ပြင်းထန်သောလေ့ကျင့်ခန်းများ ဥပမာ-ပြေးခြင်း၊လမ်းလျှောက်ခြင်း(သို့)ကြိုးခုန်ခြင်းတို့သည်လည်းသင့်။အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေပြီး ရင်ကြပ်ရောဂါကို ဖြစ်။ပွားစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်စဉ်တွင်သင်သည်သင့်ပါးစပ်ဖြင့်။ရှူနေတတ်ပြီးပုံမှန်အသက်ရှူနေစဉ်ထက်သင်သည်ပိုအေးမြ။ခြောက်သွေ့သောလေများကို ရှူရတတ်သည်။ သင့်အသက်ရှူလမ်း။ကြောင်းများသည် အပူချိန်နှင့်စိုထိုင်းစကြောင့်ဓါတ်မတည့်ဖြစ်ပြီး။ကျဉ်းလာတတ်ကာ တဝှီဝှီမြည်ခြင်း၊ရင်ကြပ်ခြင်း၊ချောင်းဆိုခြင်း၊။မောပန်းနွမ်းနယ်ခြင်း စသော လေ့ကျင့်ခန်းကြောင့်ဖြစ်စေသည့်။ရင်ကြပ်ရောဂါလက္ခဏာများကို ဖြစ်ပွားစေတတ်ပါသည်။သင့်တွင်လေ့ကျင့်ခန်းပြုလုပ်ရာမှဖြစ်ပွားသောရင်ကြပ်ရောဂါရှိပါက။သင်သည် ရင်ကြပ်ခြင်း၊ချောင်းဆိုခြင်း၊လေ့ကျင့်ခန်းစလုပ်ပြီး5မိနစ်။မှ15မိနစ်အတွင်းအသက်ရှူကြပ်ခြင်းစသည်တို့ကို ခံစားရတတ်ပါ။သည်။ သင့်လေ့ကျင့်ခန်းပြုလုပ်အပြီး နောက်ထပ်30မိနစ်မှ 60အတွင်းတွင် ရောဂါလက္ခဏာများသည်ပျောက်သွားတတ်ပါ။သည်။ သို့သော် သင့်တွင် 6 နာရီမှ 10နာရီအတွင်းနောက်ထပ်ရင်။ကြပ်ဝေဒနာဖြစ်နိုင်ချေရှိနေပါသည်။ လေ့ကျင့်ခန်းမလုပ်ခင် သွေးပူ။လေ့ကျင့်ခန်းသေချာစွာလုပ်ခြင်းဖြင့် ရင်ကြပ်ဝေဒနာများကိုကာ။ကွယ်နိုင်ပါသည်။တုပ်ကွေးနှင့်အအေးမိခြင်းကဲ့သို့သောဗိုင်းရပ်စ်(သို့)ဘက်တီးရီးယားပိုးမွှားများသည် သင့်အဆုတ်များကို ထိခိုက်စေပြီး ရောင်ရမ်းခြင်း။နှင့်အသက်ရှူလမ်းကြောင်းများကို ကျဉ်းခြင်းတို့ဖြစ်ပွားစေပါသည်။ထို့ကြောင့် ရောဂါပိုးမွှားလက္ခဏာများကို သတိထားကာ ရင်ကြပ်ဝေဒနာများကို သင်သည်ကာကွယ်နိုင်ပါသည်။ရင်ကြပ်ရောဂါဖြစ်စေသည့် ရောဂါပိုးမွှားလက္ခဏာများမှာ။တစ်ကိုယ်ရည်သန့်ရှင်းမှုကောင်းမွန်ခြင်း၊ကာကွယ်ဆေးများထိုးထားခြင်းနှင့် အသက်ရှူခြင်းအားအကူအညီပေးသည့် ကိရိယာများကို။အသုံးပြုခြင်းတို့သည်လည်း ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့် ရောဂါ။ပိုးမွှားများကို ကာကွယ်ပေးသည်။အဖြစ်များသောဖြစ်ပွားမှုအကြောင်းအရင်းများအပြင် စိတ်ဖိစီးမှုများ။(သို့)ဆေးဝါးများစသော အံ့သြဖွယ်အရာများသည်လည်း သင့်၏။ရင်ကြပ်ရောဂါကိုပြန်ဖြစ်ပွားစေတတ်သည်။ သို့သော် သင်သည်။ရောဂါအားထိန်းချုပ်နိုင်ရန် ဖြစ်ပွားစေသည့်အကြောင်းအရင်းများကို။ရှောင်ကြဉ်ခြင်း(သို့)ကုသခြင်းတို့ပြုလုပ်ခြင်းဖြင့် စနစ်တကျပြုလုပ်ပြီး ပျော်ရွှင်ကျန်းမာစွာနေနိုင်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%a1%e1%80%b6%e1%80%bb%e1%80%9e%e1%80%85%e1%80%9b%e1%80%ac%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%94%e1%80%ac/
ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။
ချမ်းစီးလှတဲ့ဆောင်းတွင်းမှာScrubလုပ်ဖို့ နေနေသာသာ ရေတောင် နပ်မှန်အောင် မနည်းချိုးရတယ်ဆိုရင်တော့ ထားလိုက်ပါတော့။ ဒါပေမယ့်အသားအရေဆိုတာမျိုးက ၁၂ရာသီ ထိန်းသိမ်းရတာဆိုတော့ ဆောင်းတွင်းမှာလည်း သူနဲ့ လိုက်ဖက်နဲ့ နည်းလမ်းတွေနဲ့ ဆက်ထိန်းရနေဦးမှာပါပဲ။ဆောင်းတွင်းမှာ အဖြစ်များတဲ့ အသားအရေပြဿနာတွေကတော့အသားခြောက်တာ၊အသားပပ်တာ၊ နှုတ်ခမ်းသားတွေ ခြောက်သွေ့တာ စတဲ့ ပြဿနာတွေပါပဲ။ ဒီတော့ ဖြေရှင်းနည်းကတော့ အစိုဓာတ်ထိန်းကရင်မ်ကို နိုင်နိုင်လိမ်းတာပါပဲ။ ဒါတင်ပဲလားချေးချွတ်တာရော လုပ်လို့မရဘူးလို့ မေးစရာ ရှိပါတယ်။ လုပ်ရင်ကောင်းမလားလို့လည်း တွေးနေမိမှာပါ။ဆောင်းတွင်းမှာ အသားအရေခြောက်သွေ့ရုံတင် မကပါဘူး။ တခြားအချိန်တွေထက်လည်း ပိုပြီး အထိမခံဖြစ်နေပါတယ်။ ဒါကြောင့် Scrubလုပ်ရင်ကောင်းပါ့မလား။ အသားပပ်တာတွေ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ။ ပိုပြီးတော့ ခြောက်သွေ့သွားမလားပေါ့။အဖြေကတော့ Yesပါ။ တခြားအချိန်တွေလိုပဲ ဆောင်းတွင်းမှာ Scrubလုပ်သင့်ပါတယ်။ လုပ်လို့လည်း ရပါတယ်။ ဘာကြောင့်လည်းဆိုတော့။ဆဲလ်သေဆိုတာ အမြဲတမ်းထွက်နေတာကြောင့် ပုံမှန်သန့်စင်ပေးဖို့လိုပါတယ်။ ဆောင်းတွင်းမှာလည်း ဆဲလ်သေထွက်တာပဲ။ ဒါကြောင့် ချေးချွတ်သန့်စင်ပေးဖို့ လိုပါတယ်။ချေးအထပ်ထပ်နဲ့ အသားအရေက ဘာလိမ်းလိမ်း အာနိသင် အပြည့်မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ်အပြင်ကနေ လိမ်းလိုက်တဲ့အစိုဓာတ်ထိန်းကရင်မ်တို့၊skin careတို့ဆိုတာ အလဟဿဖြစ်သွားနိုင်ပါတယ်။ ချေးချွတ်ပြီး ဆဲလ်သေတွေ မရှိမှ လိမ်းသမျှကို အပြည့်အဝစုပ်ယူနိုင်ပြီး အာနိသင် ရမှာပါ။သာမန်အချိန်တွေမှာ ဆဲလ်သေတွေ စုပုံနေပေမယ့် သိပ်မသိသာပါဘူး။ ဒါပေမယ့် ဆောင်းတွင်းမှာတော့ ဆဲလ်သေတွေများလာလေလေ အသားပပ်တာ ပိုဆိုးလေလေပါပဲ။ အသားပပ်တဲ့ အဖတ်လေးတွေအပြင် ဆဲလ်သေတွေပါ ပုံလာတတ်ပါတယ်။ ပုံမှန်ချေးချွတ်ပေးမယ်ဆိုရင်တော့ အသားပပ်တဲ့ ဆဲလ်တွေရော၊ ဆဲလ်သေတွေပါ ပါသွားပြီး သန့်ရှင်းသွားမှာပါ။ဆောင်းတွင်းမှာ Scrubလုပ်လို့ ရတယ်ဆိုပေမယ့် လိုက်နာသင့်တဲ့ အချက်တွေတော့ ရှိပါတယ်။သာမန်အချိန်တွေမှာတောင် Scrubလုပ်တာ များလွန်းရင် အသားအရေ ပျက်စီးနိုင်တာဖြစ်တဲ့အတွက် ဆောင်းတွင်းမှာပိုပြီး သတိထားသင့်ပါတယ်။ Scrubလုပ်တာများလွန်းရင် အသားခြောက်ပြီး အသားပပ်တာ ပိုဆိုးလာပါလိမ့်မယ်။ တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်ပါနဲ့။အရေပြားက ဒီလိုရာသီဆို ခြောက်သွေ့ပြီး ထိခိုက်လွယ်တာကြောင့် အပြင်းစား Scrubတွေကို ရှောင်ပါ။ အပျော့စားတွေ၊ သဘာဝပစ္စည်းတွေကနေ လုပ်ထားတဲ့ အိမ်လုပ် Scrubတွေ သုံးနိုင်ပါတယ်။Scrubလုပ်ပြီးခါစဆို အသားတွေ သန့်ပြီး ခြောက်နေတာကို သတိထားမိမှာပါ။  ဒီတိုင်းထားလိုက်ရင် သန့်တော့ သန့်သွားပေမယ့် အသားတွေ ခြောက်ပြီး ပျက်စီးတတ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ပြန်ဖြည့်ပေးပါ။ ဒီချိန်လိမ်းရင် ဆဲလ်သေတွေလည်း မရှိတာကြောင့် ကောင်းကောင်းစုပ်ယူနိုင်ပါတယ်။ဆောင်းတွင်းဆို တခြားအချိန်တွေထက် အသားအရေထိန်းသိမ်းဖို့ ပျင်းတာ သူသူကိုယ်ကိုယ်ပါပဲ။ ချွေးလည်း သိပ်မထွက်တော့ သိပ်ပြီး သန့်ရှင်းစရာ မလိုဘူးလို့ ထင်တာလည်း ပါပါတယ်။ ဒါပေမယ့် တူတူပါပဲ။ ဘယ်အချိန်မှာမဆို အသားအရေက အာဟာရဓာတ်တွေ လိုအပ်တာကြောင့် ဆောင်းတွင်းနဲ့ လိုက်ဖက်တဲ့ အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ပါ။ ရေများများသောက်ပါ။ နေရာင်ကာခရင်မ်လိမ်းပါ။Scrubလုပ်ဆို မျက်နှာပဲ ကွက်လုပ်မိတတ်ပါတယ်။ တကယ်တော့ ဆောင်းတွင်းမှာ ဆဲလ်သေတွေ စုပုံတာ၊ အသားခြောက်တာက မျက်နှာတစ်ခုတည်းမှ မဟုတ်တာပဲ။ သေချာ သတိထားကြည့်ရင် ကိုယ့်အသားအရေက တခြားအချိန်ထက် မွဲခြောက်ခြောက် ဖြစ်နေတာကို သတိထားမိမှာပါ။ ဒါကြောင့် မျက်နှာလိုပဲ ကိုယ်လုံးနဲ့နှုတ်ခမ်းကိုလည်း အပျော့စား Scrubလုပ်ပေးပါ။ ပြီးရင် အစိုဓာတ်ထိန်းပေးပါ။ဒါဆိုရင်တော့ ဆောင်းတွင်းမှာလည်း ကြည်လင်သန့်စင်တဲ့ အသားအရေနဲ့ glowနေဦးမှာပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/scrub-in-winter/
အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ
ဆောင်းတွင်းထဲ ရောက်လာပြီဆိုရင် အကြုံတွေ့ရဆုံး ပြဿနာတွေထဲမှာ အသားခြောက်တဲ့ ကိစ္စက ထိပ်ဆုံးကပဲဖြစ်မှာပါ။ အလှအပအနေနဲ့ ကြည့်မယ်ဆိုရင် ခြောက်သွေ့နေတဲ့ အသားအရေဟာ အလွန်ကြည့်ရဆိုးသလိုယားယံတာ၊ အဖတ်ကွာတာ၊ ကွက်ပြီး ဖြူဖတ်ဖြူရော်ဖြစ်စေပါတယ်။ ကျန်းမာရေးရှုထောင့်ကနေလည်း အရေပြားက လိုတာထက်ပိုပြီး ခြောက်သွေ့လာတဲ့အခါ မှိုကြောင့်ဖြစ်တဲ့အရေပြားရောဂါများအပြင် အရေပြားစိုထိုင်းမှုနည်းသွားတဲ့အတွက် ပြင်ပက ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်းမရှိဘဲ အရေပြားပေါ်မှာ ပိုပြီးကပ်ငြိနေနိုင်ပါတယ်။အဖြစ်အများဆုံး အကြောင်းရင်း (၂) ခု ကတော့။မွေးရာပါ အရေပြားသဘာဝအဆီ နည်းလို့ အသားခြောက်တဲ့သူတွေတင်မကဘဲ အဆီပြန်သူတွေ (Oily Skin)ထိခိုက်လွယ်အသားအရေပိုင်ရှင်တွေ (Sensitive Skin) တွေလည်း အခြေအနေပေါ် မူတည်ပြီး အသားခြောက်တတ်သလို ဆောင်းရာသီမဟုတ်ဘဲ နွေ၊ မိုးရာသီတွေမှာလည်းအသားပပ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ တခြားဖြစ်စေနိုင်တဲ့ အကြောင်းရင်းများကတော့။ရေပူနဲ့ ရေချိုးတာဟာကြွက်သားတင်းမာမှုကို ပြေလျော့စေပြီး အကိုက်အခဲ၊ နာကျင်ခြင်းကို သက်သာစေတယ်။နှာစေးနှာပိတ်တာကို သက်သာစေပြီး သွေးလည်ပတ်မှုကို ကောင်းစေတယ်ဆိုပေမယ့် ပူလွန်းတဲ့ရေနဲ့ နေ့တိုင်းရေချိုးရင်တော့ အသားပပ်၊အသားခြောက်တာတွေ ဖြစ်တတ်ပါတယ်။ အကြောင်းရင်းကတော့ ​ရေရဲ့အပူရှိန်ဟာ အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ထုတ်ပစ်လိုက်တာကြောင့်ပါပဲ။ကိုယ့်ခန္ဓာကိုယ်ပေါ်က အရေပြား ခြောက်သွေ့မှုကင်းပြီး အသားအရောင် တောက်ပစိုပြေနေစေဖို့ အစိုဓာတ်ပမာဏ (Moisture Content) မျှတဖို့ လိုအပ်ပါတယ်။ ဒီအတွက်ရေချိုးပြီးတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းခရင်မ် (Moisturizerer) တွေ၊ အသားအရေကို ကျန်းမာစေပြီး အာဟာရဓာတ်ပေးနိုင်တဲ့ Body Lotion မျိုး လိမ်းပေးသင့်ပါတယ်။အခုလိုကိုဗစ်ရာသီမျိုးမှာ လူတိုင်း လက်မကြာခဏဆေးတာ၊ ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြုပြီး လက်ကို ပိုးသန့်စင်တာမျိုးတွေ အလွန်များလာပါတယ်။ကျန်းမာရေးအရ လုပ်ရတဲ့ အမူအကျင့်ဖြစ်ပေမယ့် ဒီအချက်သည်လည်း လက်အရေပြားကို ခြောက်သွေ့အက်ကွဲစေတဲ့ အကြောင်းအရင်းတွေထဲ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်သန့်စင်ဆေးရည်၊ ဆပ်ပြာတွေမှာ ပိုးသန့်စင်ပေးနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အရက်ပြန်တွေ အများအပြား ပါဝင်နေလို့ပါပဲ။အပြင်ပိုင်း အသားအရေစိုပြေဖို့ အစိုဓာတ်ပြည့်ဝဖို့ လိုအပ်သလို အတွင်းပိုင်းအတွက်လည်း ရေဓာတ်ပြည့်ဝမှုက အလွန်အရေးကြီးပါတယ်။ ရေဓာတ်ဟာ သွေးတွင်းအောက်စီဂျင်ကို ခန္ဓာကိုယ်အနှံ့ အရောက်ပို့ဆောင်ပေးသလို အရေပြားနီရဲတာ၊ ယားယံတာကို သက်သာစေပြီး အသားခြောက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်မှု မဖြစ်စေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာ သောက်ပေးဖို့ အရေးကြီးပါတယ်။လူတစ်ယောက် ဝတ်ဆင်တဲ့အဝတ်အစားတွေဟာ သူ့ရဲ့ အရေပြားပေါ်ကို သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ ဥပမာ – တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်တဲ့အခါ အရေပြားနဲ့ ပွတ်တိုက်မှုဖြစ်စေပြီး သဘာဝအဆီ ခမ်းခြောက်လာတာ၊ အသားခြောက်လာတာ၊ ပွန်းပဲ့တာတွေ ဖြစ်စေနိုင်ပါတယ်။ ပူလောင်အိုက်စပ်တဲ့ အဝတ်အစားများ ဥပမာ – ဂျင်းသား၊ နိုင်လွန်သားတွေ ဝတ်ဆင်တဲ့အခါ ချွေးကို အဝတ်အစားထဲ အောင်းထားလိုက်သလိုဖြစ်ပြီး ဘက်တီးရီးယားပိုးများ ပေါက်ဖွားကာ အနံ့ဆိုးထွက်စေသလို အရေပြားကိုလည်း ဒုက္ခဖြစ်စေပါတယ်။လျှာကိုတံတွေးနဲ့ သပ်တယ်ဆိုတာ နှုတ်ခမ်းခြောက်တာကို တံတွေးနဲ့ ခဏတာစိုအောင် လုပ်ရာကနေ အကျင့်ပါသွားတာ၊ စိုးရိမ်ပူပန်လွန်ကဲတာတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အပြုအမူတစ်ခုပါ။ ရုတ်တရက်ကြည့်ရင်တော့ ဘာမှမဖြစ်ဘူးထင်ရပေမဲ့ တံတွေးမှာ အက်စစ်ဓာတ်တွေ ပါဝင်တဲ့နှုတ်ခမ်းရဲ့ စိုထိုင်းမှုကို ပါးသွားစေပြီး နှုတ်ခမ်းပိုခြောက်လာစေပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/causes-of-dry-and-chapped-skin/
ကလေးမှာ ဆင်တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုဂရုစိုက်မလဲ
ကလေးတစ်ယောက်ကျန်းမာနေမှုက မေမေတို့အတွက် ပျော်စရာအကောင်းဆုံးအရာတွေထဲကတစ်ခုပါ။ ကိုယ့်ရဲ့ ကိုယ်ပွားလေးတွေကျန်းမာစေဖို့က မေမေတိုင်းရဲ့ ဆန္ဒဖြစ်မယ်ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာတောင် ခံစားရတော်တော်လေးခက်တဲ့ဆင်တုပ်ကွေးအန္တရာယ်ကနေ ကိုယ့်ရဲ့ကလေးကို ကာကွယ်ဖို့အတွက် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးပါရစေလား……….။ဆင်တုပ်ကွေးက လူကြီးတွေမှာတင်မဟုတ်ပါဘူး။ ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ခြင်ကိုက်ခံရနိုင်ခြေရှိသူတိုင်းမှာဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးက ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး တစ်ခါတလေမှာသွေးလွန်တုပ်ကွေးရောဂါနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဆင်တုပ်ကွေးက အသက်သေဆုံးစေနိုင်တာမျိုးမရှိပေမယ့်အဖျားကြီးတာနဲ့အဆစ်တွေနာတာမျိုးဖြစ်နိုင်ပါတယ်။ ဆင်တုပ်ကွေးရောဂါကြောင့်ဖြစ်တဲ့အဆစ်နာတာက သီတင်းပတ် တစ်ပတ်ကနေ နှစ်ပတ်လောက်အထိကြာနိုင်ပါတယ်။ကလေးမှာဆင်တုပ်ကွေးဖြစ်နေပြီဆိုရင် အခုလိုလက္ခဏာလေးတွေတွေ့ရနိုင်ပါတယ်။ဆင်တုပ်ကွေးအတွက်ကကာကွယ်ဆေးမရှိသလို ပျောက်ကင်းစေတဲ့ဆေးဝါးဆိုတာကလည်း မရှိသေးပါဘူး။ ဒီလိုဆိုတာနဲ့ ဆင်တုပ်ကွေးဖြစ်ရင် မပျောက်တော့ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်လေးတွေကိုတော့ ဂရုစိုက်စေချင်ပါတယ်။အပေါ်မှာပြောခဲ့သလိုပဲ ဆင်တုပ်ကွေးအတွက်က ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါကြောင့် ကလေးကို ဆင်တုပ်ကွေးမဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို ဂရုစိုက်ပေးလို့ရပါတယ်။ကလေးကိုခြင်ထောင်နဲ့ သိပ်ပေးပါ– ခြင်ကနေအဓိကကူးစက်တာဖြစ်တာကြောင့် ခြင်ကိုက်မခံရအောင် ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။ခြင်ဆေးသုံးပါ– ကလေးကို ခြင်ကိုက်မခံရစေဖို့အတွက် ခြင်ဆေးဖြန်းတာမျိုးကလည်း ထိရောက်တဲ့နည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့် ကလေးနေမယ့်အခန်းကို ခြင်ဆေးဖြန်းတာမျိုးလုပ်ပေးပါ။ ကလေးက အရမ်းငယ်မယ်ဆိုရင်တော့ ခြင်ဆေးမသုံးဖို့ ပြောပါရစေ။ကလေးကို လုံခြုံအောင်ဝတ်ဆင်ပေးပါ– ကလေးကို ခြင်ကိုက်ခံရမှုကနေ အထိရောက်ဆုံးကာကွယ်ဖို့အတွက် ချည်သားပွပွချောင်ချောင် လက်ရှည်၊ဘောင်းဘီရှည်လေးတွေ ဝတ်ဆင်ပေးလို့ရပါတယ်။လေဝင်လေထွက်ကောင်းဖို့ဂရုစိုက်ပါ– ခြင်ကိုက်မခံရစေဖို့အတွက် ကလေးကို လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ကောင်းတဲ့နေရာမှာထားပေးပါ။အာဟာရြပည့်ဝအောင်ကျွေးပါ– ဆင်တုပ်ကွေးကိုကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းတစ်ရပ်က ကိုယ်ခံအားကောင်းဖို့ပါ။ ဒါကြောင့် ကလေးကို ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို မျှတအောင်ကျွေးပြီး ကိုယ်ခံအားကောင်းအောင်ဂရုစိုက်ပေးဖို့လိုပါမယ်။ ကလေးရဲ့ နေ့စဉ်စားသုံးမှုကို အာဟာရပြည့်ဝစေဖို့ ဂရုစိုက်ပေးပါ။ ကလေးကိုယ်ခံအားကောင်းစေဖို့အတွက် အရေးပါတဲ့ ဗီတာမင် C၊ ဗီတာမင် A၊ဗီတာမင် Eအပြင် သံဓါတ်ပြည့်ဝနေစေဖို့လည်း ဂရုစိုက်စေချင်ပါတယ်။ ကလေးကို ကိုယ်ခံအားကောင်းစေတဲ့ ဖြည့်စွက်စာတွေလည်း ကျွေးမွေးလို့ရပါတယ်။ပြည့်ဝတဲ့အိပ်စက်ချိန်ရှိပါစေ– ကလေးကို ပြည့်ပြည့်ဝဝအိပ်စက်ချိန်ရှိစေဖို့ ဂရုစိုက်ပေးပါ။ ဒါကလည်း ကိုယ်ခံအားကောင်းစေပြီး ကလေးကို ရောဂါတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ကဲ..အခုပြောခဲ့တဲ့အချက်လေးတွေကို ဂရုစိုက်လို့ ဘေဘီလေးကို ဆင်တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ပေးလိုက်ပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/how-to-prevent-chikungunya-in-children/
စာမေးပွဲဖြေမယ့် ကလေးအတွက် ပြင်ဆင်ပေးသင့်တဲ့ အစားအစာ(၆)မျိုး
ကျောင်းသားအရွယ်မှာ စာမေးပွဲကာလဟာ ကလေးတွေအတွက် အပင်ပန်းရဆုံး၊ အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ စာကျက်ဖို့ ကလေးကိုပဲ တွန်းအားပေးနေတာထက် မေမေ၊ဖေဖေတို့ရဲ့ဘေးကနေကူညီပံ့ပိုးမှုက သိပ်ကိုအရေးပါပါတယ်နော်။ ကလေးကို အားပြည့်အောင် ဆိုပြီး အစားအသောက်တွေစီစဉ်ပေးကြပေမယ့် တကယ်တမ်းအထောက်အကူဖြစ်စေမယ့်အစားအစာတွေ မပါဘဲ လွဲချော်နေရင် အထောက်အကူမဖြစ်ပါဘူးနော်။ဒီတော့ ကလေးရဲ့မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်အတွက်ရော၊ ခွန်အားပြည့်ကျန်းမာနေဖို့အတွက်ရော ဘာတွေကျွေးရမလဲ။ မေမေတို့ ပြင်ဆင်ပေးသင့်တဲ့ အစားအစာ (၆) မျိုးကို ပြောပြပေးမယ်နော်။ကြက်ဥဟာ ခွန်အားရှိစေတဲ့ ပရိုတင်းအရင်းအမြစ်တစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမယ့် ဒီနေရာမှတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်းဓါတ်ကြောင့် ပိုပြီးအကျိုးရှိစေပါတယ်။ ကိုလင်းဓါတ်က မှတ်ဉာဏ်စွမ်းရည်ကိုမြင့်တက်စေနိုင်တဲ့အပြင် ပရိုတင်းဓါတ်ကြောင့် ကလေးကို အားပြည့်လန်းဆန်းစေနိုင်ပါလိမ့်မယ်။ပေါင်မုန့်ကြက်ဥကြော်၊ ကြက်ဥပြုတ်တို့အပြင် ကြက်ဥပါတဲ့မုန့်နဲ့ အစားအစာလေးတွေ ကိုယ်တိုင်စီမံပေးတာက အပြင်ကဝယ်ကျွေးတာထက် ပိုကောင်းပါတယ်နော်။ပရိုတင်း၊ မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအဆီဓါတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်နေတဲ့ အစေ့အဆန်တွေဟာ စိတ်လန်းဆန်းမှုနဲ့ အာရုံကြောစနစ်ကို အကျိုးပြုထောက်ပံ့ပေးနိုင်ပါတယ်။ စာကျက်ရင်း အပျင်းပြေစားဖို့ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ပီစတာချီအိုစေ့ စတဲ့ အစေ့အဆန်လေးတွေ နည်းနည်းပြင်ဆင်ထားပေးပါ။ပရိုတင်းနဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အုတ်ဂျုံက နှလုံးသွေးကြောနဲ့ ဦးနှောက်သွေးကြောတွေကို ရှင်းလင်းစေပါတယ်။ ထိုက်သင့်သလောက် အချိုလေးစွက်ထားတဲ့ ကွေကာအုတ်တစ်ခွက်က ကလေးရဲ့မှတ်ဉာဏ်ကို ပိုကောင်းစေပါလိမ့်မယ်။နွားနို့က ပရိုတင်းအရင်းအမြစ်ဖြစ်သလို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးဖို့လိုအပ်တဲ့ ဗီတာမင်အေလည်း ပါဝင်ပါတယ်။ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးပြုအဆီဓါတ် DHA ပါဝင်တဲ့ အာဟာရနို့မှုန့်တွေကို ရွေးချယ်တိုက်ကျွေးနိုင်ပါတယ်။ တခြားအာဟာရသောက်စရာတွေ မျိုးစုံရှိပေမယ့် အချိုဓါတ်ပါဝင်မှုများလွန်းတာ၊ တကယ်တမ်းအာဟာရအလုံအလောက်မပါတာတွေ ရှိတာမို့ အရည်အသွေးစိတ်ချရတဲ့ ဖြည့်စွက်အာဟာရနို့မှုန့်တွေကို ပိုပြီးအလေးပေးသင့်ပါတယ်။ဒိန်ချဉ်က အရိုးနဲ့ကြွက်သားကျန်းမာရေးအတွက် ကယ်လ်စီယမ်အပြင် အစာခြေစနစ်ကိုကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားတွေလည်း ပေးစွမ်းနိုင်ပါတယ်။ ဒိန်ချဉ်က ဗိုက်ပြည့်တင်းတိမ်စေပြီး သွေးတွင်းသကြားဓါတ်ကိုထိန်းညှိနိုင်လို့ အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်ပါတယ်။ အသီးအနှံလေးနည်းနည်းထည့်ထားတဲ့ ဒိန်ချဉ်အေးအေးလေး တိုက်ကြည့်ပါ။စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ဘလက်ဘယ်ရီသီးတွေကို အချိုတည်းဖို့ စီစဉ်ပေးထားပါ။ ဘယ်ရီသီးတွေက အရောင်ပိုရင့်လေ အာဟာရဓါတ်ပိုများလေပါပဲ။ သူတို့မှာ ဗီတာမင် စီအပါအဝင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုများတယ်လေ။ ဘလူးဘယ်ရီနဲ့ စတော်ဘယ်ရီတို့က ဦးနှော်က်မှတ်ဉာဏ်တိုးတက်စေတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေလည်းရှိပါတယ်။ဒီလောက်ဆို စာကျက်ရင်း ပင်ပန်းနေတဲ့ကလေးတို့ကို မှန်ကန်တဲ့အာဟာရတွေနဲ့ မေမေတို့ ဂရုစိုက်ပေးလို့ရပြီနော်။ အဆီများတဲ့၊ အငန်များတဲ့ အစားအစာတွေ၊ ပြုပြင်စီမံထားတဲ့အစားအစာတွေ၊ အချိုသိပ်များလွန်းတဲ့အစားအစာတွေကို မကျွေးပါနဲ့လို့ သတိပေးချင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/%e1%80%85%e1%80%ac%e1%80%99%e1%80%b1%e1%80%b8%e1%80%95%e1%80%bd%e1%80%b2%e1%80%96%e1%80%bc%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd/
အနာကြီးရောဂါအကြောင်း
အနာကြီးရောဂါ(lepros) ဟာနာတာရှည်ရောဂါတမျိုးဖြစ်ပြီး Mycobacterium leprae လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါတယ်။ ခြေလက်၊ အရေပြား၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း စတဲ့နေရာတွေက အာရုံကြောတွေကို ဦးစွာထိခိုက်နိုင်ပါတယ်။အရေပြားမှာ အနာဖြစ်ခြင်း၊အာရုံကြောထိခိုက်ခြင်း၊ ကြွက်သားများအားနည်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။မကုသဘဲထားလိုက်ရင် ရုပ်ဆင်းအင်္ဂါထိခိုက်နိုင်ပါတယ်။ အနာကြီးရောဂါဟာ ကမ္ဘာပေါ်က ရှေးကျတဲ့ရောဂါတွေထဲမှာ တခုအပါအဝင်ဖြစ်ပါတယ်။ ဘီစီ ၆၀၀ လောက်ကတည်းက တွေ့ခဲ့ရတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အနာကြီးရောဂါဟာ အပူပိုင်းနဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။အနာကြီးရောဂါရဲ့ အဓိကလက္ခဏာတွေကတော့။– ကြွက်သားများအားနည်းခြင်း။– ခြေ၊ လက်၊ လက်မောင်းများ အားနည်းခြင်း။– အရေပြားများ ပျက်စီးခြင်း၊ အနာဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။အရေပြားဟာ အာရုံခံနိုင်စွမ်းကျလာပြီး အပူ၊ နာကျင်ခြင်း၊ ထိတွေ့မိခြင်း စတာတွေကို မသိနိုင်တော့ပါဘူး။ ထိခိုက်ဒဏ်ရာများရလာရင်လည်း အနာဟာ လနဲ့ချီကြာပြီး မကျက်တာ တွေ့ရပါတယ်။ အရေပြားပေါ်မှာ ဖြူဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်အကွက်တွေ ပေါ်လာနိုင်ပါတယ်။Mycobacterium leprae ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပါတယ်။ ရောဂါရှိသူရဲ့ကိုယ်ခန္ဓာအရေပြားက ထွက်လာတဲ့ အရည်များနဲ့ထိမိရင် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်း စတာတွေလုပ်ရင်လည်း ရောဂါပိုးပျံ့နှံ့နိုင်ပါတယ်။ အနာကြီးရောဂါပိုးဟာ ကူးစက်နိုင်ခြေသိပ်မများပါဘူး။ ဒါပေမယ့် ရောဂါရှိသူ၊ မကုသဘဲနေသူနဲ့ လက်ပွန်းတတီးထိတွေ့ဖန်များရင် ရောဂါကူးစက်နိုင်ပါတယ်။ အနာကြီးရောဂါပိုးရဲ့ ပျံ့ပွားနှုန်းဟာလည်း နှေးပါတယ်။ရောဂါပိုးဝင်ရောက်ပြီး ၅နှစ်လောက်နေမှ ရောဂါလက္ခဏာပြတာမျိုးလည်း ရှိပါတယ်။ အနှစ် ၂၀ လောက်အထိ ရောဂါလက္ခဏာ မပေါ်ဘဲလည်း နေနိုင်ပါတယ်။အနာကြီးရောဂါအမျိုးအစား ၃မျိုးရှိပါတယ်။ ရောဂါပေါ်ကိုကိုယ်ခံအားရဲ့ တုံ့ပြန်မှုအရ ခွဲခြားထားခြင်း ဖြစ်ပါတယ်။ ၎င်းတို့ကတော့။– Tuberculoid အမျိုးအစား။ ကိုယ်ခံစွမ်းအား ကောင်းမွန်ပါတယ်။ အရေပြားလက္ခဏလည်း အနည်းငယ်ပဲ ပြပါတယ်။ ရောဂါအခြေအနေလည်း သိပ်မဆိုးပါဘူး။– Lepromatous အမျိုးအစား။ ကိုယ်ခံစွမ်းအား အားနည်းပါတယ်။ အရေပြား၊ အာရုံကြောနဲ့ တခြားအစိတ်အပိုင်းတွေကို ထိခိုက်ပါတယ်။ အဖုအပိန့်များလည်း တွေ့ရပါတယ်။ ဒီအမျိုးအစားဟာ ကူးစက်နှုန်း ပိုများပါတယ်။– Borderline အုပ်စု။ ရောဂါလက္ခဏာတွေအရ အထက်ပါနှစ်မျိုးစလုံး ဖြစ်နိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။တခြားနည်းစနစ်တွေနဲ့ အမျိုးအစားခွဲခြားပုံတွေလည်း ရှိပါသေးတယ်။အနာကြိးရောဂါဟာ အသက်အန္တရာယ်ထိ ကြုံတွေ့နိုင်တဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်စေပါတယ်။ ၎င်းတို့ကတော့။– ရုပ်ဆင်းအင်္ဂါပျက်ယွင်းခြင်း။– ဆံပင်နှင့် အမွေးအမျှင်များကျွတ်ခြင်း။– ကြွက်သားများ အားနည်းခြင်း။– ခြေ၊ လက် အာရုံကြောများ အမြဲတမ်းပျက်စီးသွားခြင်း။– ခြေ၊ လက်များကို အသုံးမပြုနိုင်တော့ခြင်း။– နှာခေါင်းမှ နှာရည်/သွေး အမြဲစိမ့်ထွက်နေခြင်း၊ နှာခေါင်းပုံပျက်သွားခြင်း။– မျက်စိတိမ်စွဲခြင်း၊မျက်စိကွယ်ခြင်း။– အမျိုးသားများ ပန်းသေခြင်း။–ကျောက်ကပ်ပျက်စီးခြင်းစတာတွေ ဖြစ်ပါတယ်။ကူးစက်မှုကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အနာကြီးရောဂါရှိသူနဲ့ ရေရှည်ထိတွေ့ခြင်း မပြုဖို့ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ အနာကြီးရောဂါသည်တွေရှိနေရင် ထိရောက်စွာ ကုသပေးဖို့ ဖြစ်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။အနာကြီးရောဂါဖြစ်ပွားချိန်မှာ ရုပ်ဆင်းအင်္ဂါပျက်ယွင်းခြင်း၊ အရေပြားများပျက်စီးခြင်းကြောင့် လူမြင်မခံဝံ့ဘဲ ထိရောက်စွာမကုသဘဲ ဖြစ်တတ်ပါတယ်။အကောင်းဆုံးကတော့ မိမိမှာ ရောဂါရှိကြောင်း၊ မိမိဝန်းကျင်မှာ ရောဂါဖြစ်ပွားသူရှိကြောင်း သိရရင် ဆေးရုံဆေးခန်းပြသပြီး ထိရောက်စွာကုသဖို့ ဖြစ်ပါတယ်။ အရေပြားမှာ ထုံပြီး အာရုံခံစားမှုမရှိခြင်း၊ အနီကွက်များဖြစ်ပေါ်ခြင်း စတာတွေ ကြုံရရင် နားလည်တတ်ကျွမ်းသူများနဲ့ ပြသသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/leprosy/
နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ရဲ့ လက္ခဏာနှင့် အဆင့်များ
COPDခေါ်နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ လက္ခဏာတွေဟာ အဆုတ်ထိခိုက်ပျက်စီးမှု အတိုင်းအတာပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီရောဂါရဲ့ လက္ခဏာတွေဟာ နှစ်နဲ့ချီပြီး ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ရောဂါအခြေအနေဆိုးရွားလာမှသာ သတိပြုမိကြတာများပါတယ်။ ရောဂါလက္ခဏာတွေက တသမတ်တည်းရှိမနေဘဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေနိုင်ပြီး ပြင်းထန်မှုအတိုင်းအတာလည်း ကွဲပြားနိုင်ပါတယ်။တကယ်တော့ချောင်းဆိုးခြင်းဆိုတာ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်မှာရှိတဲ့ ချွဲသလိပ်၊ အရည်တွေနဲ့ အခြားအနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို ခန္ဓာကိုယ်က ရှင်းထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ချွဲသလိပ်မှာ အရောင်မရှိပေမယ့် COPD ဝေဒနာရှင်တွေရဲ့ ချွဲသလိပ်ကတော့ အဝါရောင်ဖြစ်နေတတ်ပါတယ်။နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေဟာ မနက်ပိုင်းမှာ ချောင်းပိုဆိုးလေ့ရှိပြီး လေ့ကျင့်ခန်းလုပ်ချိန်နဲ့ ဆေးလိပ်သောက်ချိန်တွေမှာလည်း ပိုဆိုးတတ်တယ်။ အအေးမိဝေဒနာ၊ တုပ်ကွေးစတဲ့ ဖျားနာမှုလက္ခဏာတွေ မရှိပေမယ့်လည်း နေ့စဉ်ရက်ဆက် ချောင်းဆိုးမပျောက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ကျဉ်းမြောင်းပိတ်ဆို့နေတဲ့ လေပြွန်တွေကတဆင့် အသက်ရှူထုတ်လိုက်တဲ့အခါ လေချွန်သံလိုလို၊ ဂီတသံလိုလို တရွှီရွှီမြည်သံတစ်မျိုးကို ကြားရမှာဖြစ်ပြီး ဒီအသံကို အင်္ဂလိပ်လို wheezing လို့ခေါ်ပါတယ်။ COPD လူနာတွေရဲ့ အသက်ရှူလမ်းကြောင်းမှာ ချွဲသလိပ်တွေ အများအပြား စုပုံပိတ်ဆို့နေတဲ့အတွက် ၎င်းတို့အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်သံကြားရနိုင်ပေမယ့် ဒီအသံထွက်ရုံနဲ့တော့ သင့်မှာ COPD ရှိတယ်လို့ အတိအကျ မသတ်မှတ်နိုင်ပါဘူး။ Wheezing ဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ဝေဒနာရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ အဆုတ်ထဲက လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းမြောင်းလာတာနဲ့အမျှ အသက်ရှူဖို့လည်း ခက်ခဲလာမှာ ဖြစ်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နေကျ အတိုင်းအတာထက် ပိုပိုသာသာလုပ်မိတဲ့အခါ မောတဲ့လက္ခဏာကို ကောင်းကောင်းသတိပြုမိမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ လမ်းလျှောက်ခြင်း၊ အိမ်မှုကိစ္စဗာဟီရများ ပြုလုပ်ခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်း၊ ရေချိုးခြင်း စတဲ့ နိစ္စဒူ၀ လုပ်ငန်းဆောင်တာတွေ ပြုလုပ်ရာမှာပါ အခက်အခဲဖြစ်လာနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေ ရောက်လာခဲ့ရင်တော့ ဘာမှမလုပ်ဘဲနဲ့ကို မောလာတတ်ပါတယ်။နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ကြောင့် အသက်ရှူရခက်ခဲလာတဲ့အခါ သင့်သွေးထဲမှာ အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိတော့သလို သင့်ကြွက်သားတွေဆီကိုလည်း လိုအပ်တဲ့အောက်ဆီဂျင် ပို့ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲရလဒ်အဖြစ် သင့်ခန္ဓာကိုယ် နှေးကွေးလေးလံလာပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရမှာ ဖြစ်ပါတယ်။သင့်အဆုတ်တွေက အောက်ဆီဂျင်ရယူဖို့၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စွန့်ထုတ်ဖို့ အရင်ထက်ပိုပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်ရတဲ့အတွက်လည်း အားအင်ကုန်ခမ်းပြီး ပင်ပန်းနွမ်းနယ်မှုဝေဒနာကို ဖြစ်ပေါ်စေပါတယ်။နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေဟာ အဆုတ်ထဲက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ညစ်ညမ်းတဲ့အဆိပ်အတောက်၊ ဖုန်မှုန့်နဲ့ အခြားအနှောင့်အယှက်ပေးနိုင်တဲ့အရာတွေကို ဖယ်ရှားဖို့ ခက်ခဲလာတဲ့အတွက် အဆုတ်ပိုးဝင်ပြီးအအေးမိဝေဒနာ၊တုပ်ကွေး၊နမိုးနီးယားစတဲ့ ရောဂါအမျိုးမျိုး အလွယ်တကူ ရလာတတ်ပါတယ်။ ပိုးမဝင်အောင် ရှောင်ကြဉ်ဖို့ ခက်ခဲပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းအားဖြင့် ပိုးဝင်နိုင်တဲ့အန္တရာယ်ကို လျော့ချနိုင်ပါတယ်။COPD ဖြစ်ပွားမှု ကာလကြာမြင့်လာတာနဲ့အမျှ ကိုယ်အလေးချိန်ကျဆင်းလာတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းရင်းကတော့ အသက်ရှူဖို့နဲ့ အဆုတ်ထဲ လေရှူသွင်းရှူထုတ် ပြုလုပ်ဖို့ စွမ်းအင်ပိုမိုလိုအပ်လာတဲ့အလျောက် သင့်ခန္ဓာကိုယ်ကရရှိတဲ့ ကယ်လိုရီပမာဏထက်ပိုပြီး လောင်ကျွမ်းရတဲ့အတွက်ပဲ ဖြစ်ပါတယ်။ မောပန်းမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် ကောင်းကောင်းမစားသောက်နိုင်ဘဲ ကိုယ်အလေးချိန် ကျဆင်းတာမျိုးလည်း ဖြစ်တတ်ပါတယ်။COPD ရောဂါ အဆင့်မြင့်လာတဲ့အခါ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့။COPD ရောဂါကို ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး အဆင့်လေးဆင့် ပိုင်းခြားသတ်မှတ်ထားပါတယ်။ အဆင့်တစ်ဆင့်ချင်းဆီမှာ မတူကွဲပြားတဲ့ လက္ခဏာအသီးသီးရှိပြီး ရောဂါအဆင့်မြင့်လာတာနဲ့အမျှ PFTs လို့ခေါ်တဲ့ အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်း စစ်ဆေးမှုရလဒ်တွေဟာလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ ဒီနေရာမှာ FEV 1 နဲ့ FEV 1/ FVC ဆိုတဲ့ အသုံးအနှုန်းနှစ်ခုကို အနည်းငယ်ရှင်းပြလိုပါတယ်။FEV 1 ဆိုတာက အားစိုက်ပြီး အသက်ရှူထုတ်လိုက်တဲ့ ပထမစက္ကန့်မှာ ထွက်လာတဲ့ လေထုထည်ပမာဏကို ဆိုလိုတာဖြစ်ပြီး FVC ဆိုတာကတော့ အစွမ်းကုန် အသက်ရှူသွင်းလိုက်ပြီး ပြန်လည်အားစိုက်ရှူထုတ်နိုင်တဲ့ လေထုထည်ကို ဆိုလိုတာဖြစ်ပါတယ်။ FEV 1/ FVC ဆိုတာကတော့ ၎င်းလေထုထည်နှစ်ခုကို နှိုင်းယှဉ်ထားတဲ့ တန်ဖိုး ဖြစ်ပါတယ်။အဆင့် ၁ မှာ မောပန်းခြင်း အစရှိတဲ့ အပျော့စားလက္ခဏာတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုအနည်းငယ် (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၈၀ ရာခိုင်နှုန်းအထက်) စတင်ဖြစ်ပေါ်လာနိုင်ပြီး တစ်ခါတရံမှာ ရက်အတော်ကြာသလိပ်ထပြီး ချောင်းဆိုးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ လူနာဟာ သူ့ရဲ့အဆုတ်အလုပ်လုပ်ဆောင်မှု ပုံမှန်မဟုတ်တော့တာကို သတိပြုချင်မှ ပြုမိပါလိမ့်မယ်။ဒီအဆင့်မှာ အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ပိုမိုဆိုးရွားလာပြီး (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၅၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းကြား) လှုပ်လှုပ်ရှားရှားလုပ်လိုက်တိုင်း မောပန်းမှုဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ လူနာအများစုဟာ ဒီအဆင့်ရောက်လာမှ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေနဲ့ ရုတ်တရက် ရောဂါပြင်းထန်မှုတွေကြောင့် ဆေးကုသမှုခံယူကြတာ ဖြစ်ပါတယ်။အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ပိုဆိုးလာတာနဲ့အမျှ (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၃၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်းကြား) မောပန်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စွမ်း ကျဆင်းလာခြင်း စတဲ့ လက္ခဏာတွေပါ ပိုမိုဆိုးရွားလာပြီး ခဏခဏ ရောဂါဖောက်တဲ့အတွက် လူနာရဲ့ ဘဝရှင်သန်မှုအပေါ် မကောင်းတဲ့သက်ရောက်မှု ဖြစ်စေပါတယ်။ဒါကတော့ COPD ရဲ့ နောက်ဆုံးအဆင့်ဖြစ်ပြီး လူနာဟာ တစ်ချိန်လုံးမောနေတဲ့အတွက် ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်ဖို့ သိသိသာသာ ခက်ခဲလာမှာဖြစ်ပါတယ်။ တစ်ခါတရံမှာအသက်ရှူရ ခက်ခဲလွန်းပြီး အသက်အန္တရာယ်ပေးတဲ့အထိ အခြေအနေဆိုးသွားတတ်ပါတယ်။အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု အလွန်ဆိုးရွားတဲ့လူနာတွေ (FEV 1/ FVC – ၇၀ ရာခိုင်နှုန်းအောက်၊ FEV 1 – ခန့်မှန်းချေ ၃၀ ရာခိုင်နှုန်းအောက်)၊ FEV 1 – ခန့်မှန်းချေ ၅၀ ရာခိုင်နှုန်းအောက်နဲ့ ကာလရှည်ကြာအောင် သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းမှုဒဏ် ခံစားနေရတဲ့ လူနာတွေကို COPD နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်နိုင်ပါတယ်။အကယ်၍ FEV 1 – ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်းအထက် ရှိနေခဲ့မယ်ဆိုရင်လည်း ကာလရှည်ကြာ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းမှု ရှိနေရင် ၎င်းကို COPD နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်နိုင်ပါတယ်။COPD ဟာ သင့်ရဲ့ ဘဝရှင်သန်မှုကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဖြည်းဖြည်းချင်း အခြေအနေ ပိုပိုဆိုးလာတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် ရောဂါအဆင့်မြင့်တဲ့ အချိန်ရောက်မှသာ COPD ဖြစ်နေမှန်း သတိပြုမိကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ အသက်ရှူရ ခက်ခဲနေမယ်၊ ဒါမှမဟုတ် ဘာကြောင့်မှန်းမသိ ချောင်းဆိုးဝေဒနာ ခံစားနေရမယ်ဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးသွားရောက် ကုသမှုခံယူသင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/copd-symptoms-and-stages/
ပိုတက်စီယမ်လွန်ကဲ ခြင်းရဲ့ အန္တရာယ် သတိပြုပါ
ပိုတက်စီယမ် ဆိုတာ ဦးနှောက် ၊ နှလုံး နဲ့ ကြွက်သား တို့ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အတော်များများကို အကျိုးပြုတဲ့ သတ္တုဓာတ်ပါ ။ဒါပေမယ့် ဘယ်ဓာတ်မဆို ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏ အတိုင်းအတာကို ရရှိမှ ရသင့်တဲ့ အကျိုးကျေးဇူးကို ရနိုင်မှာပါ ။ မလုံလောက်ရင်လည်း အဆင်မပြေ၊ လွန်ကဲရင်လည်း ဘေးဖြစ်နိုင်တာ အသေအချာ ပါပဲ။ပုံမှန်အားဖြင့် ပိုလျှံတဲ့ ပမာဏတွေကိုကျောက်ကပ်က စွန့်ထုတ်ပေးပြီး ပိုတက်စီယမ် ပမာဏကို ထိန်းညှိပေးတာပါ ။ ဒါပေမယ့် အကြောင်းရင်း တစ်ခုခုကြောင့် သွေးတွင်းမှာ ပိုတက်စီယမ်လွန်ကဲတဲ့အခါ hyperkalemia ဆိုတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ် ။Hyperkalemia အခြေအနေဟာ အန္တရာယ်ရှိတဲ့ နှလုံးခုန်စည်းချက် ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း တစ်ခု ပါ။ ပိုတက်စီယမ်လွန်ကဲ ခြင်းကြောင့် နှလုံးရဲ့ အောက်ဘက် အစိတ်အပိုင်းတွေကို နှလုံးခုန်စည်းချက် မြန်စေနိုင်တယ်။အန္တရာယ်ရှိတဲ့ အဆင့်ထိ ပိုတက်စီယမ်လွန်ကဲ မှုကို မဖြေရှင်းနိုင်ဘဲ ကြာလာရင် နှလုံးခုန်ရပ်ပြီး အသက်ဆုံးရှုံးရတဲ့ အဆင့်ထိ ရောက်နိုင်ပါတယ်။ပိုတက်စီယမ်လွန်ကဲ စေတတ်တဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီးရှိပါတယ် –။ကျောက်ကပ် ပျက်စီးခြင်း ဟာ ပိုတက်စီယမ်လွန်ကဲ ခြင်းရဲ့ အဖြစ်များဆုံး အကြောင်းရင်းတစ်ခုပါ။ ကျောက်ကပ် က ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ပိုတက်စီယမ်တွေကို မဖယ်ရှားနိုင်တော့ဘဲ စုပုံ သွားစေနိုင်ပါတယ်။ကိုယ့်ရဲ့ ရောဂါအခံ၊ ကျန်းမာရေး ပြဿနာအခံ တစ်ခုခုကြောင့်လည်း ပိုတက်စီယမ်လွန်ကဲစေနိုင်ပါတယ် –။သောက်သုံးနေတဲ့ ဆေးဝါးတွေ ကြောင့်လည်း ပိုတက်စီယမ်ပမာဏ ကို လိုအပ်တာထက် လွန်ကဲစေနိုင်ပါတယ်။ ဥပမာ –ကင်ဆာကုထုံးဆေးဝါးတချို့။ပိုတက်စီယမ်ပါတဲ့ အားဆေးတွေ ပိုသောက်မိရင်လည်း ပိုတက်စီယမ်လွန်ကဲစေတတ်ပါတယ်။ ဥပမာ ဖြည့်စွက်အားဆေး၊ အရိုးအားဆေး၊ အာရုံကြောအားဆေး စသည်ဖြင့် ဆရာဝန်မညွှန်ဘဲ အားဆေးမျိုးစုံ သောက်နေတာမျိုးမှာပိုတက်စီယမ်အခါခါ ထပ်ပါနေတာတွေ ရှိနိုင်ပါတယ်။အရက်သောက် တာ များတာ ဒါမှမဟုတ် မူးယစ်ဆေး သုံးတာ ကြောင့် ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီသက်ရောက်မှုကြောင့် ကြွက်သားဆဲလ် တွေကနေ ပိုတက်စီယမ် တွေ အများကြီး သွေးထဲ ထုတ်လွှတ်ပေးပါတော့တယ်။ထိခိုက်မှု ဒဏ်ဖြစ်ခြင်း အမျိုးအစား တချို့ကြောင့် လည်း ပိုတက်စီယမ် ပမာဏ ကို မြင့်တက်စေနိုင်ပါတယ်။မီးလောင်မှု ဒါမှမဟုတ် ယာဉ်တိုက်မှု ဒဏ်ရာတွေမှာ ကြွက်သားဆဲလ်တွေ အများစုကို ထိခိုက်တာကြောင့် ဒီအာနိသင် ဖြစ်လာနိုင်ပါတယ်။လက္ခဏာ ပြတာကတော့ သွေးထဲကပိုတက်စီယမ်ပမာဏ ကို မူတည်ပြီး ကွာခြားနိုင်ပေမယ့် တချို့မှာ လက္ခဏာ မပြတာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့် သွေးထဲပိုတက်စီယမ်ပမာဏ များနေပြီ ဆိုရင်  –။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%95%e1%80%ad%e1%80%af%e1%80%90%e1%80%80%e1%80%ba%e1%80%85%e1%80%ae%e1%80%9a%e1%80%99%e1%80%ba%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%b2/
ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး
ပန်းနာရင်ကြပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကြပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကြပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကြပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း ကျဉ်းပြီး ပန်းနာရင်ကြပ်လက္ခဏာများ အစပျိုး လာသည်။သို့သော်လည်း အားကစားအားလုံးသည် ပန်းနာ ရင်ကြပ်ရှိသူများကို ဆိုးစေသည်ဟု မဆိုလိုပါ။ ကြာရှည်စွာ ဆော့ရသော အားကစားများနှင့် အေးသောနေရာများတွင် ဆော့ရသော အားကစားများကို သာ ရှောင်သင့်ပါသည်။ဆေးလိပ်သောက်ခြင်းသည် မည်သူအတွက်မဆို ကောင်းသော အပန်းဖြေခြင်းတစ်ခု မဟုတ်ပါ။ ပန်းနာရင်ကြပ် ရှိသူများအတွက် ဆေးလိပ်သောက်ခြင်းသည် အလွန်အမင်း အဆိပ်ဖြစ်စေပါသည်။ စီးကရက် အငွေ့တွင် ဓါတုဗေဒ ပစ္စည်းများ၊ အန္တရာယ်ရှိသော အငွေ့များ များစွာပါဝင်သည်။ ထိုအငွေ့များသည် အဆုတ်များကို ရောင်ရမ်းစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းသည် မွေးကင်းစ ကလေးငယ်များတွင် ပန်းနာရင်ကြပ်ဖြစ်စေသည်ဟု သုတေ သနပညာရှင်များက တွေ့ရှိခဲ့သည်။တိရစ္ဆာန်များသည် ချစ်ဖို့ကောင်းပြီး သူတို့ကို ဖက်ရသည် မှာ ခေါင်းအုံးကို ဖက်ရသကဲ့သို့ ခံစားရသည်။ သဘောကောင်း ပြီး အန္တရာယ်မရှိသော်လည်း အိမ်မွေးတိရစ္ဆာန်များ၏ အရေပြား၊ အမွေး၊ တံတွေးနှင့် အညစ်အကြေးများသည် ပန်းနာရင်ကြပ်ကို ဆိုးရွားစေသော စာရင်းတွင်ပါဝင်သည်။ ဖြစ်နိုင်ချေ နည်းစေရန် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း ကို ကြိုးစားရှောင်ပါ။သစ်ပင်များသည် အောက်စီဂျင်ထုတ်ပြီး လေကို သန့်စင် ပေးသည်ကို ကျွန်တော်တို့အားလုံး သိပါသည်။ အိမ်အတွင်း တွင် အပင်များစိုက်ခြင်းသည် သင့်တော်သော ရွေးချယ်မှု တစ်ခုဖြစ်ပုံပေါ်သည်။ အမှန်တော့မဟုတ်ပါ။ အချို့ ပန်းနာ ရင်ကြပ်ရောဂါရှိသူများသည် ပန်းများမှ ဝတ်ဆံမှုန်ကို ဓါတ် မတည့်ကြပါ။ ဝတ်ဆံမှုန်ကို ရှုမိပါက ဆိုးရွားသော ပန်းနာ ရပ်ကြပ်ရောဂါ ဖောက်မှု ဖြစ်စေသည်။ ထို့အပြင် လူအများစု သည် အပင်များကို အမှန်တကယ် ဂရုစိုက်ရန် အချိန်မရှိပါ။ ရေကို အလွန်လောင်းနိုင်သည်။ နေရောင်တိုက်ရိုက်မရဘဲ ထားကာ သစ်ရွက်ဟောင်းများကို ချက်ချင်း လွှတ်ပစ် နိုင်သည်။ ၎င်းသည် မှိုများပေါက်စေပြီး လူတိုင်း၏ ကျန်းမာရေး အခြေအနေအတွက် မကောင်းပါ။ငိုခြင်း၊ အော်ဟစ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်း သို့မဟုတ် စိတ်ဖိစီးခြင်းသည် ပန်းနာရင် ကြပ်ရောဂါ ဖောက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို ပြင်းထန် သော စိတ်ခံစားမှုများသည် သင်၏ နှလုံးခုန်သံကို ပိုမြန်စေ သည်။ အသက်ရှူ ပိုမြန်စေပြီး အသက်ရှူ လမ်းကြောင်းကို ကျုံ့စေသည်။ ငိုခြင်း၊ အော်ဟစ်ခြင်းသာမက အလွန်အမင်း ရယ်မောခြင်းသည်လည်း အလားတူ တုံ့ပြန်ခြင်းကို ဖြစ်စေနိုင်သည်။နိဂုံးချုပ်ဆိုရသော် ပန်းနာရင်ကြပ် ရောဂါ ဖြစ်ပါက သင်သည် အခြားလူများထက် ပတ်ဝန်းကျင်အချက်များကို ပိုပြီး ထိခိုက်လွယ်စေသည်။ သင်သည် သင့်ခန္ဓါကိုယ်ကို ပိုပြီး ဂရုစိုက်ရန် လိုအပ်သည်။ ရောဂါလက္ခဏာများ အားလုံးကို စောင့်ကြည့်ပြီး သောက်ရန် ညွှန်ကြားထားသော ဆေးများကို သောက်ပါ။ အကောင်းမြင်စိတ် ထားပါ။ ပန်းနာရင်ကြပ်သည် သင်၏ အပြင်ထွက်ခြင်း၊ သူငယ်ချင်းများနှင့် ပျော်ပါးခြင်း၊ သက်တမ်းစေ့ နေခြင်းကို မတားဆီးနိုင်ပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%9b%e1%80%84%e1%80%b9%e1%81%be%e1%80%80%e1%80%95%e1%80%b9%e1%80%9b%e1%80%ad%e1%80%bd%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ
လူတစ်ယောက်လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။ ဒါဆိုရင် မေးစရာ ရှိတာက ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတာပါ။ပြေးတယ်ဆိုတာက ပြုလုပ်ရလွယ်ကူပြီး အဆင်အပြေဆုံး လေ့ကျင့်ခန်းတစ်မျိုးလို့ လူတိုင်း သိနားလည်ထားကြပါတယ်။ Work-out တွေ ဘာတွေလုပ်မယ်ဆိုရင် အနည်းဆုံး Gym မှာ သွားသင်ရမယ်၊ ဒါမှမဟုတ်လည်း Youtube တွေဘာတွေ ကြည့်ပြီး လေ့လာရဦးမယ်မဟုတ်လား။နောက်ပြီး ပြေးတာကကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက်ဆိုရင် သိသိသာသာ ထိရောက်မှုလည်းရှိတယ်။ သာမန်လူတွေအတွက်ဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လေ။ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ ဆိုတော့ ပုံမှန်အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ။ဒါကြောင့်မို့လည်း အကောင်းဆုံး လေ့ကျင့်ခန်း နည်းစနစ်လို့ တင်စားခံရတာပေါ့။ဟုတ်ပြီ။ ပြေးမယ်လို့တော့ စဉ်းစားနေပြီ။ ဘယ်လိုပြေးမှာတဲ့တုန်း။ မနက်မိုးလင်းတာနဲ့ ကမန်းကတမ်းထပြီး လမ်းပေါ် ထွက်ပြေးမှာလား။ ဒီလိုလုပ်ရုံနဲ့ ကျန်းမာသွားမှာလား။မှန်သင့်သလောက် မှန်ပေမယ့် နည်းမှန်လမ်းမှန်တော့ မဟုတ်ပါဘူး။ ပြေးတယ်ဆိုရာမှာ စနစ်တကျ နည်းနဲ့လမ်းနဲ့ ပြေးဖို့တော့ လိုအပ်ပါတယ်။ ပြေးဖြစ်ရင်ပြီးရောဆိုပြီး ပြေးနေရင်တော့ အကျိုးကျေးဇူးတွေကို အပြည့်အဝမရနိုင်ပါဘူး။ဒါကြောင့် စပြီး ပြေးတော့မယ်ဆိုရင် အစီအစဉ်ကြိုတင်ဆွဲထားဖို့ လိုအပ်ပါမယ်။သင်ပြေးတာက ကျန်းမာချင်လို့ မဟုတ်လား။ ဒါဆိုရင် စနစ်တကျပြေးပေါ့။ ပြေးဖြစ်ရင်ပြီးရောဆိုပြီး မည်ကာမတ္တပြေးတာမျိုးလည်း မလုပ်သင့်သလို အလွန်အမင်းပင်ပန်းဆင်းရဲအောင်လည်း အပြင်းအထန်တွေ မလုပ်သင့်ပါဘူး။ကျန်းမာဖို့ ပြေးတာမို့ ကျန်းမာရေးမထိခိုက်ပါစေနဲ့။ အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ ကျန်းမာရုံပြေးပါ။ ဒါဆို သင်လိုချင်တဲ့ ပန်းတိုင်းဆီကိုရောက်ပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးပြေးပြီး ကျန်းကျန်းမာမာနေကြပါလို့ တိုက်တွန်းပါရစေ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/running-tips/
သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ
လေ့ကျင့်ခန်းတွေဟာနှလုံးကျန်းမာစေတယ်။ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းနိုင်စေတယ်။ အရိုးတွေကို သန်မာစေတယ်။ ကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။ ကိုယ်လက်ပေါ့ပါးစေတယ် ဆိုတာကို အားလုံး သိထားပြီးဖြစ်မှာပါ။ ဒါဆိုရင် လေ့ကျင့်ခန်း စလုပ်တော့မယ်လို့ စိတ်ကူးနေပြီလား။  လေ့ကျင့်ခန်းဆိုတဲ့နေရာမှာ လေ့ကျင့်ခန်း အမျိုးအစားတွေက အများကြီးပါ။ ဒီလိုလေ့ကျင့်ခန်းတွေထဲမှာမှ ခန္ဓာကိုယ် သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ က ဘာတွေလဲဆိုတာနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများလို့ ဆိုလိုက်ရင် လေ့ကျင့်ခန်းတွေ အားလုံးက အတူတူပဲ မဟုတ်ဘူးလား။ ဘာ​တွေများ ကွာခြားသွားလို့လဲဆိုပြီး မေးစရာရှိပါတယ်။ တကယ်ကတော့ လေ့ကျင့်ခန်း တစ်ခုချင်းစီကို လုပ်ဆောင်ရပုံခြင်း မတူသလို အကျိုးသက်ရောက်မှုခြင်းကလည်း ကွာခြားပါတယ်။ဒီလေ့ကျင့်ခန်းတွေထဲကမှ သန်စွမ်းကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေက ကြွက်သားအုပ်စု တစ်ခုချင်းစီကို သန်မာလာအောင် လေ့ကျင့်ပေးတာဖြစ်ပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။လို့ အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းက ဆိုပါတယ်။ဒီလေ့ကျင့်ခန်းကကြွက်သားတွေကို သန်မာဖွံ့ဖြိုးလာအောင်လုပ်ပြီး ခန္ဓာကိုယ်ကို ပိုမို သန်မာစေတာပါ။ ဒါဆိုရင်Gym ဆော့တာနဲ့ တူသလားဆိုတော့ လုံးဝ အတိအကျ မတူပါဘူး။ ဒီလေ့ကျင့်ခန်းက ကြွက်သားတွေကိုတင် သန်မာစေတာ မဟုတ်ဘဲ အသက်အရွယ်​ကြောင့် ကြွက်သားဆုံးရှုံးမှုတွေ မဖြစ်စေဖို့လညး ကာကွယ်ပေးပါတယ်။ဒီလေ့ကျင့်ခန်းကကျန်းမာရေးအတွက် ဘက်စုံကနေ ထောက်ပံ့ပေးသလို အသက်အရွယ်တိုင်းအတွက အကျိုးကျေးဇူး များပါတယ်။ ဒါ့အပြင် သန်စွမ်းကျ်းမာစေမယ့် လေ့ကျင့်ခန်းတွေက အဝလွန်တာ၊အဆစ်ရောင်နာနဲ့ နှလုံးရောဂါ ရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ဒီလေ့ကျင့်ခန်းကို အသက် ၆ နှစ်လောက်ကစလို့ နေ့စဉ် မိနစ် ၆၀ လောက် တစ်ပတ်ကို ၃ ရက် လုပ်ဆောင်ပေးဖို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ထောက်ခံ အကြံပြုထားပါတယ်။ကြွက်သားတက်အောင်ကစားနေတဲ့ လူလတ်ပိုင်းတွေအနေနဲ့လည်း တစ်ပတ်ကို ၂ ကြိမ်လောက် ပုံမှန် ကစားပေးသင့်ပါတယ်။ကြံ့ခိုင်သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေက။ကြံ့ခိုင်သန်စွမ်းစေမယ့် လေ့ကျင့်ခန်းတွေက။ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်ကို သန်မာစေပြီး ကြွက်သားတွေကို ကြံ့ခိုင်သန်စွမ်းစေတာကြောင့် နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ အသက်အရွယ်ကြောင့်ကြွက်သားဆုံးရှုံးတာကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။အသက် ၃၀ ဝန်းကျင် ရောက်လာတဲ့အခါ ကြွက်သားတွေက ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ဆိုရင် တစ်ပတ်ကို ၂ ကြိမ် တစ်နေ့ကို မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။ဒီလို ပုံမှန် လုပ်ဆောင်ပေးတာကအရိုးသိပ်သည်းဆကို ကောင်းမွန်စေပြီး ကိုယ်နေဟန်ထား မှန်စေသလိုသွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ပေးပါတယ်။  အသက်ရလာတဲ့အထိ အရိုးအဆစ် နဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ကြတဲ့ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာတွေက ကယ်လ်လိုရီ လောင်ကျွမ်းမှုကိုတိုးစေပြီး  ပိုနေတဲ့ ကိုယ်အလေးချိန်နဲ့ အဆီတွေကို လျှော့ချပေးပါတယ်။ဒီလေ့ကျင့်ခန်းတွေက ကိုယ်နေဟန်ထား မှန်စေသလို ခန္ဓာကိုယ်ကို ဟန်ချက်ညီစေပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သန်စွမ်း ကြံ့ခိုင်စေပါတယ်။ ကြွက်သားတွေကို သန်မာစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် အဆီပိုတွေကိုလည်း လောင်ကျွမ်းစေပါတယ်။နေ့စဉ် သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးတာက အဆစ်ရောင်ရောဂါ ခံစားရနိုင်ခြေကို လျှော့ကျစေပြီး အမျိုးအစား (၂) ဆီးချို၊ အပါအဝင် နာတာရှည်ရောဂါတွေ မဖြစ်စေဖို့ ကာကွ်ယ်ပေးပါတယ်။သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေကendorphinsဟောမုန်း တိုးစေတာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ ညဘက်တွေမျာ ကောင်းကောင်း အိပ်ပျော်စေသလို စိတ်ကူးဉာဏ်ကို ရင့်သန်စေနိုင်ပါတယ်။သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေတာကြောင့် အဆီတွေကို အထိရောက်ဆုံး လောင်ကျွမ်းစေနိုင်ပါတယ်။ သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်တဲ့ အလေးမတာက အလေးမနေစဉ်မှာရော အလေးမပြီးချိန်မှာပါ ကယ်လ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုး မဖြစ်စေဖို့ ထိန်းညှိပေးသလို နှလုံးရောဂါ ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ကဲ….. သန်စွမ်းကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေက ဘယ်လောက်ထိ ကျန်းမာရေးကို အထောက်အကူပြုလဲဆိုတာ သိပြီဟုတ်………။သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေတာကြောင့် နေ့စဉ် မလုပ်နိုင်ရင်တောင် တစ်ပတ်ကို ၂ ကြိမ်လောက် မိနစ် ၃၀ ကနေ ၆၀ လောက်အထိ လုပ်ပေးဖို့ လိုပါမယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/strength-training/strength-training-boosts-your-health-and-fitness/
ပိုကောင်းမွန်သော ကျန်းမာရေးအတွက် ရက် ၃၀ Diet
ကျန်းမာတဲ့ကိုယ်အလေးချိန်တစ်ခုရောက်အောင် အစာအာဟာရကို သင့်တင့်မျှတစွာ စားသုံးခြင်းကို ခေါ်တာပါ။ ဝတဲ့သူတွေဆိုရင်လည်း ကိုယ်အလေးချိန်ကျအောင်၊ ပိန်တဲ့သူတွေဆိုရင်လည်း ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်အောင် အစရှိသဖြင့်ပေါ့။ ခုပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပအတွက်မဟုတ်ဘဲ ကျန်းမာရေးကောင်းအောင် ကြိုးစားနေသူတွေအတွက် ပြင်ဆင်သင့်တဲ့ Diet plan ပဲဖြစ်ပါတယ်။Whole30 diet လို့အမည်ရတဲ့ ရက် ၃၀Dietဟာ ကျန်းမာရေးအတွက်ကို အဓိကရည်ရွယ်တဲ့ Diet ဖြစ်ပြီး ရက် ၃၀လုံး သတ်မှတ်ထားတဲ့ စားသောက်ပုံစံအတိုင်း မပျက်မကွက်လုပ်ဖို့လိုအပ်ပါတယ်။ဇီဝကမ္မဖြစ်စဉ်ေတွကို ပုံမှန်အတိုင်းအလုပ်လုပ်စေပြီး အစာစားချင်စိတ်ကို ဖြစ်စေဖို့၊ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုကို အစာအာဟာရဖြင့် ကူညီပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းတာ မဖြစ်စေဖို့၊အစာအိမ်အူလမ်းကြောင်း ရှင်းစေဖို့၊ ဟော်မုန်းမျှခြေ ကမောက်ကမ မဖြစ်စေဖို့ ကူညီပေးပါတယ်။နောက်ထပ်ကောင်းတာတွေကတော့ ညဘက်တွေမှာကောင်းစွာအိပ်စက်နိုင်စေလို့ ညအိပ်မပျော်တဲ့ရောဂါရှိသူတွေအတွက် အဆင်ပြေစေတယ်။ မလိုအပ်ဘဲ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ အားကစား၊ လေ့ကျင့်ခန်းလုပ်ရာမှာ ပိုပြီး အားစိုက်ထုတ်နိုင်စေကာ ပိုကောင်းတဲ့ရလဒ်ကိုတွေ့ရစေတယ်။သတိထားဖို့လိုတာကတော့ ရှောင်ရမယ့် အစားအစာတွေကို နည်းနည်းလေးတောင် မစားလိုက်ဖို့ပါပဲ။ ဒီအစားအစာတွေကို Diet လုပ်ပြီး ရက် ၃၀ပြည့်မှသာ နည်းနည်းချင်းစီ ပြန်စားပေးနိုင်ပါတယ်။Dietလုပ်နေစဉ် စားမိသွားရင်တော့ နောက်ထပ် ရက် ၃၀ အစကနေ ပြန်စားရမှာဖြစ်ပါတယ်။ နောက်ထပ်မလုပ်သင့်တဲ့ အရာကတော့ ကိုယ်အလေးချိန်ကို လုံးဝမချိန်ကြည့်ဖို့ပါပဲ။ ကယ်လိုရီကိုတွက်ဆပြီး စားရတဲ့ အလှအပအတွက် Diet မဟုတ်တာကြောင့်ဝိတ်တက်လာပြီဆိုပြီး မစားဘဲနေလိုက်ရင် Diet လုပ်ထားသမျှ အလဟဿဖြစ်သွားနိုင်လို့ပါ။ အရက်အပြင် ဆေးလိပ်ကိုလည်း လုံးဝရပ်လိုက်ဖို့ လိုပါတယ်။ရက် ၃၀ တိတိ ကိုယ်ခန္ဓါအတွက် ကောင်းကျိုးများစွာဖြစ်စေတဲ့ အစားအစာတွေကိုပဲ စားခဲ့ရတာမို့ Diet ပြီးတာနဲ့ အရင်တုန်းကလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားချင်စိတ် နည်းသွားမှာပါ။ ဒီအတွက် အရင်ကစားနေကျပုံစံကို ပြန်ရောက်အောင် ဖြည်းဖြည်းချင်းပဲစားပေးပါ။ အစားအစာတွေကို တစ်ထိုင်တည်းနဲ့ ပမာဏအများကြီးစားတာထက် လိုသလောက်ပမာဏ နည်းနည်းကို အကြိမ်ရေများများ စားပေးပါ။Diet လုပ်ပြီးသွားတဲ့အခါ လျှာရဲ့ အရသာခံစွမ်းနဲ့ ကိုယ်ခန္ဓါက အစားအစာတွေကို တောင့်တမှုတွေဟာ သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။ ဟိုးအရင်တုန်းက စွဲစွဲလမ်းလမ်း ကြိုက်ခဲ့ပါတယ်ဆိုတဲ့ အစားအစာတွေကို Diet ပြီးတော့ ပြန်စားကြည့်လိုက်တဲ့အခါ အရင်ကလောက် အရသာမကောင်းတော့တာ၊ စားချင်စိတ်မဖြစ်ပေါ်တာ၊ ပြီးတော့အရေပြားမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို တွေ့ရမှာပါ။ အစားအစာကိုလည်း ချင့်ချိန်ပြီး စားတတ်လာမယ်။ ဘယ်အစားအစာက ကိုယ်ခန္ဓါအတွက် ကောင်းကျိုးပေးလဲ၊ ဘာတွေကတော့ ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်လဲဆိုတာ တဖြည်းဖြည်းနဲ့ နားလည်လာစေဖို့၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကိုပိုင်ဆိုင်ဖို့ လုပ်တဲ့ Diet ဖြစ်ပါတယ်။ကျား၊ မ အသက်အရွယ်မရွေး လုပ်လို့ရတယ်ဆိုတော့ အသက်ရှည်ရှည် လူတန်းစေ့နေနိုင်အောင် ခုကတည်းက ရက် ၃၀ Diet plan ကို စလိုက်ကြရအောင်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/%e1%80%95%e1%80%ad%e1%80%af%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99/
နာတာရှည်အဆုတ်ရောဂါ (COPD) လူနာများအတွက် ဆေးငွေ့ရှူစက် (nebulizer) အသုံးပြုနည်း
ဆေးငွေ့ရှူစက် (nebulizer) ဆိုတာတာ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ (COPD) စတဲ့ အဆုတ်ရောဂါတွေကို ကုသရာမှာ အသုံးဝင်တဲ့စက်တစ်မျိုး ဖြစ်ပါတယ်။ ဒီစက်ဟာ လူနာရှူရမယ့် ဆေးအရည်ကို အငွေ့ပုံစံပြောင်းလဲပေးမှာဖြစ်ပြီး ရှူဆေးဘူး (inhaler) တွေမှာ ပါဝင်တဲ့ဆေးအမျိုးအစားကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုအတွက် (အထူးသဖြင့် ကလေးငယ်တွေအတွက်) nebulizer ဟာ inhaler ထက် အသုံးပြုရပိုမိုလွယ်ကူတဲ့ ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။စားပွဲပေါ်တင်ထားနိုင်တဲ့ nebulizer အကြီးနဲ့ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ nebulizer အသေးဆိုပြီး nebulizer နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးက အရွယ်အစားကွာခြားရုံကလွဲပြီး ပါဝင်တဲ့ပစ္စည်းအားလုံး အတူတူပဲဖြစ်ပါတယ်။ Nebulizer မှာ လေဖိအားပေးကိရိယာ၊ ဆေးရည်ထည့်ဖို့ခွက်၊ ၎င်းတို့ကြားဆက်သွယ်ပေးထားတဲ့ ပြွန်ငယ်နဲ့ ဆေးရှူဖို့ကိရိယာ တစ်ခုစီ ပါဝင်ပါတယ်။အချို့ကတော့ nebulizer ထက် သွားလေရာသယ်ဆောင်သွားနိုင်တဲ့ inhaler ကို ပိုသဘောကျကြပါတယ်။ နှစ်မျိုးလုံးကတော့ သင့်အတွက်လိုအပ်တဲ့ ဆေးကို ထိရောက်စွာပေးစွမ်းနိုင်ပေမယ့် အသုံးပြုရမယ့် နည်းစနစ်ချင်းယှဉ်လိုက်ရင် nebulizer အသုံးပြုရတာက ပိုမိုရှင်းလင်းလွယ်ကူပါလိမ့်မယ်။ ဘယ်ကိရိယာကို ရွေးချယ်ရမလဲဆိုတာကတော့ အသုံးပြုရမယ့် ဆေးဝါးနဲ့ nebulizer အသုံးပြုရတာက သင့်အတွက် အဆင်ပြေခြင်းရှိမရှိဆိုတာအပေါ် မူတည်ပါလိမ့်မယ်။အထက်မှာပြောခဲ့သလိုပဲ Nebulizer က ဆေးရည်ကို အငွေ့အဖြစ်ပြောင်းပေးပြီး လေဖိအားပေးကိရိယာနဲ့ ဆေးရှူတဲ့ ကိရိယာကတဆင့် သင်ရှူရှိုက်နိုင်အောင် ပြင်ဆင်ဖန်တီးထားတာ ဖြစ်ပါတယ်။ Nebulizer က ရရှိတဲ့ ဆေးကို ခန္ဓါကိုယ်က ဖြည်းဖြည်းချင်းစုပ်ယူမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ ၁၀ မိနစ်ကနေ ၁၅မိနစ်အထိ ငြိမ်ငြိမ်ထိုင်နေဖို့ လိုအပ်ပါတယ်။Nebulizer ဟာ အသုံးပြုရလွယ်ကူတဲ့အတွက် COPD လူနာတွေမှာ အများဆုံးသုံးလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ Inhaler အသုံးပြုဖို့ဆိုရင် အသက်ပြင်းပြင်းရှိုက်ရှူဖို့ လိုတဲ့အတွက် အသက်ပြင်းပြင်းမရှူနိုင်တဲ့ COPD ရောဂါ ရုတ်တရက်ဖောက်တဲ့ လူနာတွေအတွက် nebulizer က ပိုသင့်တော်ပါတယ်။Nebulizer အများစုမှာ လေဖိအားပေးကိရိယာ ပါဝင်ပေမယ့် အသံရဲ့တုန်ခါမှုကို အသုံးပြုတဲ့ ultrasonic nebulizer တွေလည်း ရှိပါတယ်။ ဒီ nebulizer တွေကတော့ အသံဆူညံမှုနည်းပေမယ့် တန်ကြေးပိုကြီးပါတယ်။အဆင့် ၁– လေဖိအားပေးကိရိယာကို မီးပလပ်ပေါက်နဲ့နီးတဲ့ ပြင်ညီမျက်နှာပြင်တစ်ခုပေါ် ချပါ။အဆင့် ၂– Nebulizer ၏ အစိတ်အပိုင်းအားလုံး သန့်ရှင်းမှုရှိမရှိ စစ်ဆေးပါ။အဆင့် ၃– ဆေးဘူးကို မကိုင်တွယ်မီ လက်သေချာဆေးပါ။အဆင့် ၄– ဆေးခွက်ထဲသို့ ဆေးရည်ဖောက်ထည့်ပါ။ အပြင်သို့ မဖိတ်စင်စေရန် ဆေးရည်ခွက်ကို ကျပ်နေအောင်ပိတ်ပြီး ဆေးရှူကိရိယာကို အပေါ်အောက်တည့်တည့်ကိုင်ပါ။အဆင့် ၅– ရောပြီးသားဆေးရည်ဖြစ်လျှင် nebulizer ရဲ့ ဆေးခွက်ထဲ တန်းထည့်ပါ။ မရောရသေးတဲ့ဆေးရည်ဖြစ်ရင် ပမာဏမှန်ကန်အောင် သေချာတိုင်းတာပြီးမှ ဆေးခွက်ထဲထည့်ပါ။အဆင့် ၆– ဆေးငွေ့သယ်ပို့ပေးမယ့် ပိုက်ကို လေဖိအားပေးကိရိယာနဲ့ ချိတ်ဆက်ပါ။အဆင့် ၇– ၎င်းပိုက်ကို ဆေးခွက်၊ ဆေးရှူကိရိယာတို့နဲ့ ချိတ်ဆက်ပါ။အဆင့် ၈– Nebulizer ခလုတ်ဖွင့်ကြည့်ပြီး အငွေ့ထွက်မထွက် စစ်ဆေးပါ။အဆင့် ၉– ဆေးရှူကိရိယာကို ပါးစပ်ထဲထည့်ပြီး နှုတ်ခမ်းဖြင့် လုံနေအောင်အုပ်ပြီး ရှူပါ ဒါမှမဟုတ် mask နဲ့ရှူမယ်ဆိုရင် mask ကို နှာခေါင်းရောပါးစပ်ပါ အကြားအလပ်မရှိ လုံနေအောင်အုပ်ပြီး ရှူပါ။ ဒါမှသာ ဆေးငွေ့အားလုံး အဆုတ်ဆီ ပြည့်ပြည့်၀၀ရောက်ရှိမှာ ဖြစ်ပါတယ်။အဆင့် ၁၀– ဆေးကုန်သွားတဲ့အထိ ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ပါ။ ၁၀ မိနစ်မှ ၁၅မိနစ်ခန့်ကြာအောင် ရှူပေးပါ။ အချို့လူတွေကတော့ နှာခေါင်းကို ညှပ်ထားပြီး ပါးစပ်မှရှူနိုင်အောင် ကြိုးစားကြပါတယ်။အဆင့် ၁၁– ဆေးရည်ထည့်ထားတဲ့ခွက်ကို ဆေးရှူနေတဲ့အချိန်တလျှောက် တည့်တည့်မတ်မတ်ထားပါ။အဆင့် ၁၂– အားလုံးပြီးသွားတဲ့အခါ စက်ကိုပြန်ပိတ်ပါ။Nebulizer အသုံးပြုပြီးတိုင်း ရောဂါပိုးကူးစက်ခံရခြင်းမှ ကာကွယ်ဖို့နဲ့ ဘက်တီးရီးယားပိုးမွှားများ မပေါက်ပွားစေဖို့ nebulizer ကို သေသေချာချာ ဆေးကြောသန့်စင်သင့်ပါတယ်။ Nebulizer ကတဆင့် လေရှူသွင်းရတာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးမွှား အလွယ်တကူကူးစက်ခံရနိုင်ချေ ရှိပါတယ်။ Nebulizer ကို သန့်ရှင်းရေးလုပ်ရာမှာ tubing လို့ခေါ်တဲ့ လေပြွန်ကိုတော့ ဆေးကြောဖို့မလိုပါဘူး။ Tubing ရဲ့ အတွင်းထဲအထိ သန့်စင်အောင်ဆေးကြောဖို့ မလွယ်ကူတဲ့အတွက် tubing အသစ်တစ်ခုနဲ့ ပုံမှန်လဲလှယ်ပေးရင် လုံလောက်ပါတယ်။ Nebulizer ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်အောင် အချိန်ပေးပြီး သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းရေးမလုပ်ခင် ပလပ်ဖြုတ်ထားဖို့လည်း လုံးဝမမေ့ပါနဲ့။Nebulizer အသုံးပြုပြီးတိုင်း အောက်ပါအဆင့်များအတိုင်း လိုက်နာဆောင်ရွက်ပါ။သင့်ဆရာဝန်က ညွှန်ကြားပေးတဲ့ ဆေးရည်တစ်ခုခုထဲမှာဖြစ်စေ၊ ဗီနီဂါအဖြူတစ်စ၊ ရေနွေးသုံးစရောထားတဲ့ ပျော်ရည်ထဲမှာဖြစ်စေ စက်ရဲ့အစိတ်အပိုင်းတွေကို စိမ်ပြီး ပိုးသတ်နိုင်ပါတယ်။ဒါတင်သာမက nebulizer မှာပါတဲ့ filter ကိုလည်း လဲလှယ်ပေးဖို့ လိုအပ်နိုင်ပါတယ်။ ဘယ်အချိန်မှာလဲလှယ်သင့်သလဲဆိုတာ nebulizer စက် အသုံးပြုပုံအညွှန်းမှာ ဖတ်ကြည့်ပြီး လိုက်နာဆောင်ရွက်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-copd-%e1%80%9c%e1%80%b0%e1%80%94/
လမ်းကြာကြာလျှောက် လို့ ဖြစ်လာတဲ့ ဒဏ်တွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။
လမ်းလျှောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လမ်းကြာကြာလျှောက် မယ်၊ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေး အနည်းငယ်ရှိလာနိုင်ပါတယ်။ ဒီတော့ လမ်းကြာကြာလျှောက်လို့ ဖြစ်လာနိုင်တဲ့ ဒဏ်တွေက ဘာတွေလဲ။ ဘယ်လိုတွေ သက်သာအောင် လုပ်မလဲဆိုတာ အကြံပေးချင်ပါတယ်။လမ်းလျှောက်တာက ခန္ဓာကိုယ်က ကြွက်သားတွေ အများကြီး သုံးရတဲ့အတွက် ကြလာတာနဲ့အမျှ အားကုန်လာပြီး နုံးလာပါလိမ့်မယ်။ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင် တဖြည်းဖြည်း အားကုန်ပြီး ပိန်လာမှာပါ။ အကောင်းဘက်က ကြည့်ရင်တော့ ဝိတ်ကျတာပေါ့။တစ်နေကုန်နီးပါးကြွက်သားတွေအားသုံးထားရတာဆိုတော့ အိမ်ပြန်ရောက်ရင် ကြွက်သားတွေ နာနေပါလိမ့်မယ်၊ ခြေသလုံးတွေ၊ လက်မောင်းတွေ၊ ကျောတွေ နာတာခံစားရမှာပါ။အိမ်ပြန်ရောက်တာနဲ့ ခြေသလုံးက ကြွက်သားတွေကို စမ်းကြည့်လိုက်ပါဦး။ ကျောက်ခဲတွေလို မာနေတာကို ခံစားရမှာပါ။ ခြေဖဝါးတွေလည်း မာတင်းနေမှာ အသေချာပါပဲ။ခန္ဓာကိုယ်ရဲ့ အလေးချိန်တစ်ခုလုံးကို ထမ်းထားပေးရတဲ့ ဒူးဆစ်ကတော့ အခံရဆုံး နေမှာပါ။ ဝတဲ့သူဆို ပိုသိသာပါတယ်။ ဒူးတွေ၊ ခြေကျင်းဝတ်တွေ နာနေနိုင်ပါတယ်။လူလွတ်ကြီး သွားတာမဟုတ်ဘဲ ကျောပိုးအိတ်တွေ၊ အထုပ်အပိုးတွေ သယ်ထားမယ်ဆိုရင် အဆစ်အနေနဲ့ ခါးပါ နာမှာပါ။လမ်းလျှောက်လွယ်အောင် ထိပ်ပိတ်ဖိနပ် စီးတဲ့အခါ ကြာလာတဲ့အမျှ ခြေထောက်သွေးကျပြီး ဖိနပ်တွေ ကျပ်လာပါလိမ့်မယ်။ ဒီလိုနဲ့ ခြေချောင်းလေးတွေကို ဖိမိပြီး ဖိနပ်ပေါက်နိုင်ပါတယ်။လမ်းလျှောက်တဲ့အခါ အားမကုန်အောင် မလျှောက်ခင်ထဲက တစ်ခုခုစားထားပါ။ လျှောက်နေရင်းနဲ့လည်း ခဏခဏ ဆာပါလိမ့်မယ်။ ကြေလွယ်တဲ့ အစားအစာတွေကို နည်းနည်းနဲ့ ခဏခဏ စားပေးပါ။ရေဓာတ်ချို့တဲ့ရင် ကြွက်သားတွေ ပိုနာတတ်လို့ တတ်နိုင်သလောက် ရေများများ သောက်ပေးပါ။ အမောလည်း ခံပြီး သက်လုံကောင်းစေပါတယ်။သွားရင်းနဲ့ ခြေထောက်နာလာပြီဆိုရင် ဒဏ်ကြေဆေးလေး ဖျန်းလိုက်ပါ။ မကြာခင်မှာ သက်သာသွားလို့ ပိုကြာကြာလျှောက်နိုင်ပါလိမ့်မယ်။မရှိမဖြစ်ပစ္စည်းတွေပဲ သယ်ပြီး ကျန်တာတွေ ထားခဲ့ပါ။ အလေးကြီး သယ်ရတဲ့အခါ ခန္ဓာကိုယ်က ပိုပြီး ဒဏ်ပိပါတယ်။ဖိနပ်ပေါက်တော့မယ်ဆိုတာနဲ့ ကြိုကပ်ထားပါ။ ဒါ့ပြင် ခြေခလယ်နဲ့ ခြေသူကြွယ်ကို နှစ်ခုပူးပြီး ပလာစတာနဲ့ ကပ်ထားတာကလည်း ဖိနပ်ထဲမှာ ခြေချောင်းတွေ လွတ်လွတ်လပ်လပ် စီးလို့ရစေပါတယ်။ တတ်နိုင်ရင် ဖိနပ်အသစ်ထုတ်မစီးပါနဲ့။ ခြေညှပ်ဖိနပ် အပိုဆောင်ထားပါ။Wet tissueတို့ Snow towelတို့ ဆောင်ထားပါ။ ခြေထောက်ကြွက်တက်တာဖြစ်ဖြစ်၊ ကြွက်သားတွေ နာလာတာဖြစ်ဖြစ် ခဏနားပြီး နာတဲ့နေရတာကို ကပ်ပေးပါ။ ဘာမှမရှိရင် အဝတ်စကို ရေခဲရေစွတ်ပြီး ကပ်ထားပါ။ကြွက်တက်လာရင် ဓာတ်ဆားရည်သောက်ပေးပါ။တစ်နေကုန်လျှောက်ပြီးလို့ အိမ်ပြန်လာရင် တစ်ကိုယ်လုံး ညောင်းကိုက်ပြီး ပင်ပန်း နေလောက်ပါပြီ။ နောက်နေ့တွေမှာ ဆက်လျှောက်နိုင်ဖို့ ဒီနည်းတွေနဲ့ အားမွေးကြပါ။လမ်းကြာကြာလျှောက် တဲ့အခါ ဒီလို ပြဿနာလေးတွေ ကြုံရတတ်တယ်ဆိုပေမယ့် ဒါတွေက ဖြေရှင်းရမခက်ပါဘူး။ အပရိက ပြဿနာလေးတွေပဲ ဖြစ်တဲ့အတွက် ခုပြောထားတာလေးတွေကို လိုက်နာရုံနဲ့တင် သက်သာပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/side-effects-of-prolonged-walking/
မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။
လက်ပ်တော့ကို တစ်ချိန်လုံး အသုံးပြုရလို့ပဲဖြစ်ဖြစ်၊ တစ်ချိန်လုံး ဖုန်းသုံးလို့ဖြစ်ဖြစ်၊ ဂိမ်း တစ်ချိန်လုံး ဆော့လို့ဖြစ်ဖြစ် မျက်ရိုးကိုက်လာပါတယ်။ မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ရှင်းပြပေးမှာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ခေါင်းကိုက်ခြင်းကအမျိုးအစားတွေ တော်တော်များများ ရှိပါတယ်။ ဒီလို ခေါင်းကိုက်မှုထဲမှာ မျက်ရိုးကိုက်တာကလည်းခေါင်းကိုက်ခြင်း တစ်မျိုးပါပဲ။ စာတွေ အကြာကြီး ဖတ်ပြီးချိန် ဒါမှမဟုတ် ကွန်ပျူတာ စခရင်မ်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးတဲ့နောက်မှာ မျက်ရိုးနဲ့အတူ ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ဒီလို မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ခေါင်းကိုက်တာကို ခံစားရတဲ့အခါ မျက်ရိုးကိုက်တာနဲ့အတူ အမြင်အာရုံတွေ ဝေဝါးတာ၊ မျက်သားခြောက်တာ၊ ဇက်ကြောနာတာ၊ ပခုံးတောင့်တင်းတာ၊ မျက်လုံးနောက်ဘက်နားက ကိုက်သလို ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက မျက်လုံးတွေကို အချိန်ကြာမြင့်စွာ မနားမနေ အသုံးပြုပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ ခရီးတာဝေးဝေးကို ကားတောက်လျောက် မောင်းပြီးချိန်နဲ့ ကွန်ပျူတာ အပါအဝင် ဒစ်ဂျစ်တယ်ပစ္စည်းတွေကို အချိန်အကြာကြီး စိုက်ကြည့်ပြီးချိန်မှာ ခံစားရနိုင်ပါတယ်။ နားလည်လွယ်အောင် ပြောကြရင် မျက်လုံးကို အားစိုက်ပြီး လုပ်ရတဲ့ ဘယ်အလုပ်တွေကြောင့်မဆဆို ဖြစ်တတ်ပါတယ်။မျက်ရိုးကိုက်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမယ့် အရမ်းပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ မျက်လုံးကို ပြည့်ပြည့်ဝဝ အနားယူပြီးချိန်မှာမျက်လုံးက နေလို့ထိုင်လို့ ကောင်းသွားပြီး မျက်ရိုးကိုက်တာကနေစတဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်မှာပါ။မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို ခံစားရတဲ့အခါ။မျက်ရိုးကိုက်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာက ပုံမှန်အားဖြင့် အနားယူလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် မျက်လုံးတွေကို အနားမပေးတမ်း အသုံးပြုမယ်ဆိုရင်တော့ ပြန်ဖြစ်နိုင်ပါတယ်။တကယ်လို့ မသက်သာဘူးဆိုရင် ဒီနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ဒီလိုနည်းလမ်းတွေ လုပ်ဆောင်ကြည့်ပေမယ့် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ကြည့်ဖို့ ပြောပါရစေ။ မျက်ရိုးကိုက်တာနဲ့အတူ ခေါင်းကိုက်တာကို ခံစားရမယ်ဆိုရင် သက်သာစေဖို့ သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ တကယ်လို့ သေချာ ဂရုမစိုက်ဘူး ဆိုရင် ရေရှည်မှာ အာရုံစိုက်ဖို့ ခက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/eyestrain-headache/
ရုံးဖွင့်ချိန်မှာ မနက်စာ မလွတ်စေဖို့
သိပ်မကြာခင်မှာ ရုံးတွေ ပြန်ဖွင့်တော့မှာဆိုတော့ ကိုယ်စီကိုယ်ငှ ရုံးပြန်တက်ကြရတော့မယ်။Stay homeမှာ ညဘက်ကို နောက်ကျတဲ့ထိ နေပြီး မနက်ကို နောက်ကျမှ ထခဲ့တော့ ခုဆို တော်တော်အကျင့်ပျက်နေပါပြီ။ ဒီတစ်ခါ ရုံးပြန်ဖွင့်ရင် အရင်လိုပဲ ရုံးကို အချိန်မီရောက်ဖို့ ရုန်းကန်ရဦးမှာပါ။ မနက်ကလည်း မထချင် ရုံးကိုလည်း အချိန်မီသွားချင် ကြားထဲကမနက်စာလွတ်တာတွေ ရှိလာတော့မှာပါ။ တခြားအချိန်ဆို မပြောလိုပေမယ့်ကိုဗစ်ကာလမှာတော့ကိုယ်ခံအားကောင်းနေမှ ဖြစ်မှာ မို့လို့ မနက်စာကိုတော့ သေသေချာချာလေး စားစေချင်ပါတယ်။ ဒီတော့ နည်းလမ်းလေးတွေ ကြည့်လိုက်ရအောင်။တစ်နေ့တာရဲ့ ပထမဆုံးအစားအစာဖြစ်တဲ့ မနက်စာက လူ့ခန္ဓာကိုယ်အတွက် တော်တော်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့။နေ့တိုင်း ရုံးကို အချိန်မီအောင် မနည်းသွားနေရတာ မနက်စာစားဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ။ မနက်စာ ပြင်ဖို့ဆို ဝေလာဝေးပဲ။ဖြေရှင်းနည်း – ဒါဆို ရုံးသွားရင်း ကားပေါ်မှာ စားပါ။ အိမ်မှာ မနက်စာစားဖို့ ပေါင်မုန့်နဲ့ ပဲနို့လိုမျိုး လွယ်လွယ်ကူကူတွေ ဝယ်ထားပြီး ကားပေါ်မှာ စားပါ။ ကားကကြပ်တယ်။ စားဖို့မလွယ်ဘူးဆိုရင်လည်း ရုံးသွားတဲ့ လမ်းမှာ တစ်ခုခု ဝယ်ထားပြီး ရုံးရောက်တာနဲ့ စားပါ။ဒီလိုခေတ်ကြီးမှာတော့ ၁၀မိနစ်လောက် အိပ်ရာထနောက်ကျလိုက်တာနဲ့ ရုံးကို နာရီဝက်လောက် နောက်ကျမှ ရောက်ဖို့ သေချာသလောက်ပါပဲ။ ကားတွေ၊ လမ်းတွေက ကြပ်တာကိုး။ ဒါကြောင့် အိပ်ရာထနောက်ကျရင်တောင် ရုံးချိန်မီဖို့အတွက် မနက်စာလေးကို စွန့်လွှတ်လိုက်ရတာပေါ့။ဖြေရှင်းနည်း – တစ်နေ့ကို ၅မိနစ်လောက်ကစ အကျင့်လုပ်ပြီး စောစောအိပ် စောစောထပါ။ နာရီဝက်လောက်ထိ စောစောအိပ် စောစောထနိုင်ပြီဆိုရင် တော်တော်ဟန်ကျနေပါပြီ။ နာရီဝက်လောက် မနက်စောစောနိုးနေမယ်ဆိုရင် မနက်စာပြင်ဖို့ရော စားဖို့ရော အချိန်ကောင်းကောင်းရနေပါပြီ။ အေးအေး ဆေးဆေး ပြင်ဆင်ချိန်လည်း ရတာကြောင့် မိုးလင်းတာနဲ့ ဝရုန်းသုန်းကား ရုံးသွားရတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။တော်တော်များများထင်ကြတာက မနက်စာကို ဖြတ်လိုက်ရင်ကယ်လိုရီနည်းသွားမယ်လို့ပါ။ တကယ်တော့ ဒါဟာ ပြောင်းပြန်ပါပဲ။ လေ့လာချက်တွေအရ မနက်စာလွတ်ရင် လူက ပိုဆာလာပြီး နောက်အနပ်တွေကျရင် များများစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာ မစားဘဲနေတာက သင့်ရဲ့ ဝိတ်ချတဲ့အစီအစဉ်ကို အထောက်အကူမပြုပါဘူး။ တစ်နေကုန်ဆာလောင်နေပြီး မြင်မြင်သမျှ ပါးစပ်ထဲ ထည့်မိနေမှာပါ။ဖြေရှင်းနည်း – မနက်စာကို အာဟာရှိရှိစားပါ။ နေ့လယ်စာ မစားခင်အထိ အဆာခံနိုင်အောင် စားထားပါ။ ဒါမှ မလိုအပ်ဘဲ တခြားကယ်လိုရီများတဲ့ မုန့်တွေ မစားမိမှာပါ။တော်တော်များများဆီက ဒါမျိုး ကြားဖူးပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ခံစားချက်ပိုင်းဆိုင်ရာတွေကြောင့်ပါ။ ကျန်းမာရေးအရတော့ ညက ၈နာရီလောက် အစာငတ်ထားတဲ့ ခန္ဓာကိုယ်ပဲ။ သေချာပေါက် ဆာလောင်နေတာပေါ့။ သင်နိုးနေတဲ့အချိန် ၈နာရီလုံးလုံး ဘာမှ မစားမသောက်ဘဲ နေကြည့်ပါလား။ ခံနိုင်ရည်ရှိမလားလို့။ဖြေရှင်းနည်း – အစာအိမ်က ကျင့်သားမရသေးပေမယ့် ခန္ဓာကိုယ်က လိုအပ်နေတာမို့လို့ ကြိုးစားပြီး စားကြည့်ပါ။ တစ်ညလုံး ဆာလောင်ထားတာကြောင့် မနက်ခင်းမှာ စားလိုက်တဲ့ မနက်စာက သင့်ကို အားအင်အပြည့် ပေးပါလိမ့်မယ်။ဒါကတော့ နားလည်ပေးလို့ရပါတယ်။ အိပ်ရာက အသည်းအသန်ထပြီး ကိုယ့်ကိုယ်ကိုတောင် မနည်း ပြင်ဆင်နေရတာ မနက်စာပါ ချက်ရဦးမယ်ဆိုရင် ကရိကထများတာပေါ့။ဖြေရှင်းနည်း –  ချက်မနေပါနဲ့။ ရုံးသွားရင်းနဲ့ လမ်းမှာ တစ်ခါတည်း ဝယ်စားသွားလိုက်ပါ။ဒီဆင်ခြေတွေကို ကြည့်မယ်ဆိုရင် ဖြေရှင်းလို့မရတာတွေ မဟုတ်ပါဘူး။ နည်းနည်းလောက် ဝီရီယစိုက်ထုတ်ပြီး ကြိုးစားလိုက်ရင် မနက်တိုင်း မနက်စာ စားနိုင်ပါပြီ။ တခြားနည်းလမ်းတွေလည်း ပြောပြပါဦးမယ်။ပြန်ချုပ်ပေးရရင်။မနက်စာ စားဖြစ်အောင်စားမယ်လို့ ဆုံးဖြတ်ချက်ချထားပါ။ စားရင်း စားရင်းနဲ့ အကျင့်ဖြစ်လာပြီး မစားရ မနေနိုင် ဖြစ်လာပါလိမ့်မယ်။ ကိုယ်တိုင်ပြင်ဆင်ပြီး စားရတဲ့ မနက်စာက သင့်ကို ပျော်ရွှင်ကျေနပ်စေပါတယ်။ ခုလို အချိန်မှာအာဟာရပြည့်ဝတဲ့ မနက်စာစားပြီး ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်ဖို့ အကြံပြုလိုပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%80%96%e1%80%bd%e1%80%84%e1%80%ba%e1%80%b7%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%99%e1%80%94%e1%80%80%e1%80%ba%e1%80%85/
သင့်တင်ကို ကြီးပြီးကိတ်လာစေမယ့် အစားအသောက်တွေ ။ ။
ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ့တင်ပါးလေးကို ဘယ်သူက မလိုချင်ဘဲ ရှိမလဲနော်။ ခုခေတ်က ကိတ်မှ လှတဲ့ခေတ်မလား။ ဒီတော့ တင်ပါးကိတ်လာအောင်လို့လေ့ကျင့်ခန်းတွေ လုပ်ရတာ လူသာပင်ပန်းပြီး ခရီးသိပ်မရောက်ဘဲ ဖြစ်နေပြီလား။ တကယ်တော့ လှပတဲ့ကိုယ်ခန္ဓါတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ကူမှရမှာပါ။ ဒီတော့ ဘယ်လို အစားအသောက်တွေက တင်ပါးကို ကြီးပြီး ကိတ်လာစေမှာလဲ ။ ။ကိုယ်လိုချင်တဲ့ တင်ပါးပြည့်ပြည့်လေးကိုကြွက်သားတွေနဲ့ တည်ဆောက်မှ ရတော့မှာဆိုတော့ပရိုတင်းရှိဖို့လိုတယ်လေ။ကြက်ဥတို့ ဘဲဥတို့ကရတဲ့ ပရိုတင်းလောက် ကျန်းမာရေးကို အထောက်အကူပြုတာ မရှိတဲ့အတွက် ကြက်ဥတွေ ဘဲဥတွေက တင်ပါးကို ကြီးပြီးကိတ်စေမယ့် အစားအသောက်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့။ဝိတ်လျှော့တဲ့သူတိုင်းအတွက်၊ ကြွက်သားတက်အောင် တည်ဆောက်နေတဲ့သူတိုင်းအတွက် ဒီ ကစီဓါတ်ကြွယ်ဝတဲ့ ကန်စွန်းဥလေးက ဆောင်ကိုဆောင်ထားသင့်တဲ့ စားစရာတစ်ခုပါ။ထောပတ်သီးမှာ ပါဝင်တဲ့မပြည့်ဝဆီနဲ့ အမျှင်ဓါတ်တွေ သင့်တင်ကို အလှဆုံးဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် အရာတွေပါ။ နောက်ပြီး ကြွယ်ဝတဲ့ အမျှင်ဓါတ်နဲ့ ပိုတက်ဆီယမ်ဓါတ်တွေက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပေးတဲ့ အရာတွေပါ။ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီဓါတ်တွေကြောင့် သင့်တင် ကိတ်လာမှာ အသေအချာမို့ တင်ပါးကြီးချင်သူတိုင်း ဒိန်ချဉ်ကို စားပေးသင့်တယ်နော်။ဗန်ဒါစေ့၊ နေကြာစေ့နဲ့သစ်ကြားသီးစေ့တွေကို တစ်နေ့ လက်တစ်ဆုပ်လောက်စားပေးရင် သင့်တင်ကို ကြီးလာစေမှာပါတဲ့။ ဘာ့ကြောင့်လဲဆိုတော့ အစေ့အဆံတွေမှာပါတဲ့ မပြည့်ဝဆီတွေနဲ့ ပရိုတင်းဓါတ်တွေက သင့်တင်ပါးက ကြွက်သားတွေကို ကြီးလာစေမှာကြောင့်ပါ။ငါးမှာပါဝင်တဲ့ အဆီမပါတဲ့ ပရိုတင်းနဲ့အိုမီဂါ 3တို့က သင့်တင်ကို ကြီးပြီးကိတ်လာစေမှာအသေအချာပါ။ ငါးစားရင် အသက်ပိုရှည်တယ်ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ တင်ပါးအတွက်ဆိုရင် ငါးထဲမှာ တူနာငါးကသာ အကောင်းဆုံးပါ။ကြက်သားလောက် အဆီမပါတဲ့ ပရိုတင်းဓါတ်ကြွယ်ဝတဲ့အသားမရှိပါဘူး။ ဒါ့ကြောင့် တင်ပါးကြီးချင်လို့ ပရိုတင်းတွေ စားပေးနေရတဲ့သူတွေ အဖို့ ကြက်သားကသာ အစားပေးသင့်ဆုံး အသားတစ်ခုပါ။ပရိုတင်းဓါတ်လည်းကြွယ်ဝ၊ကယ်လိုရီလည်းနည်းပြီး အမျှင်ဓါတ်တွေ အများကြီးပါတဲ့ ပဲ အမျိုးမျိုးဟာ သင့်တင်ပါးကို ကြီးပြီး ကိတ်လာစေမယ့် အစားအသောက်တွေထဲက တစ်ခုပါ ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/bigger-butt/
ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။
မျက်နှာ အသားအရေက တစ်နေ့တစ်ခြား ပိုပြီး မွဲခြောက်ခြောက် ဖြစ်လာတယ်။ ဝက်ခြံတွေလည်း တိုးလာတယ်။ နေရောင်ကြောင့်လို့ ပြောဖို့ရာကလည်း နေရောင်က ခရမ်းလွန်ရောင်ခြည်များတဲ့ အချိန်မျိုးဆိုရင် အပြင်ကို မထွက်ဖြစ်သလောက်ပါပဲ။ ထိတွေ့ဖြစ်တာဆိုလို့ ကွန်ပျူတာကနေ ထွက်တဲ့ Blue Light ပဲ ရှိမှာပါ။ ဒါဆိုရင် ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။ ဆိုတော့ဖုန်းတွေ၊ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue light တွေက အသားအရေကို နေရောင်ကနေလာတဲ့UVA၊UVBတွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုအရ Blue light က အသားအရေကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ မြင်သာတဲ့ လက္ခဏာကအသားအရေကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်တာပါ။Blue light က ဓာတ်တိုးပစ္စည်းတွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး အရေပြားမှာအမည်းစက်တွေကို ဖြစ်စေပြီး ကော်လဂျင်တွေကို ပျက်စီးစေပါတယ်။တချို့တွေမှာ ဝက်ခြံတွေအထိ ဖြစ်စေပါတယ်။ဝက်ခြံ အမာရွတ်တွေကို ပိုဆိုးစေပြီးကော်လာဂျင် ထွက်ရှိမှုနည်းလာတာကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။Blue light က အသားအရေကိုတင် ထိခိုက်စေတာလားဆိုတော့ မဟုတ်ပါဘူး။မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာရှေ့မှာ တောက်လျှောက် ထိုင်နေတာမျိုး မလုပ်ဘဲ မကြာခဏ ထပေးတာ။ သဘာဝ အလင်းရောင်နဲ့ ထိတွေ့တာမျိုးကို လုပ်သင့်ပါတယ်။ကွန်ပျူတာ၊ ဖုန်း၊ တီဗီစတဲ့ မျက်နှာပြင်တွေကနေ ထွက်လာတဲ့ Blue light တွေက မျက်လုံးကိုရော အသားအရေကိုပါ ထိခိုက်စေပါတယ်။နေ့စဉ် ကွန်ပျူတာတွေ၊ ဖုန်းတွေကို မဖြစ်မနေ သုံးရမယ်။ Blue light ကြောင့်လည်းအသားအရေ မပျက်စီးချင်ဘူးဆိုရင်တော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/blue-light-could-be-damaging-your-skin/
တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ
ငါးကင်မှ ငါးကင် အရမ်းကြိုက်ကြတာ တီလားပီးယားငါးကင် ပါနော်။ ငါးသံပရာပေါင်းလည်း ဒီငါးပါပဲ၊ ငါးချိုချဉ်ဆိုလည်း သူပဲ၊ ငါးကြွပ်ဆော့စ် လည်းသူပဲ။ ငါးနဲ့ပတ်သက်တဲ့ လူကြိုက်များတဲ့ ဆိုင်ဟင်းလျာတွေမှာ တီလားပီးယားငါးကိုပဲ သုံးကြပါတယ်။ အသားလည်းနူးညံ့တယ်၊ ချက်ပြုတ်စီမံသမျှ အနံ့အရသာလည်းဝင်တယ်၊ အညှီနံ့နည်းတယ်၊ ချက်ရမြန်တယ်၊ အရိုးနည်းတယ် ဆိုတာတွေက သူ့ရဲ့အားသာချက်တွေပါ။ဒါပေမယ့် သတင်းပြန့်နေတာတစ်ခုက တီလားပီးယားငါးကင် စားရတာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့လေ။ အဆိပ်သင့်မယ် ဘာညာတွေ သတင်းထွက်ခဲ့ပါတယ်။ ကြိုက်နှစ်သက်နေကြတုန်း၊ စားနေကြတုန်းဆိုပေမယ့် စိတ်ထဲလည်း သင်္ကာမကင်းဘဲ စားရမဖြောင့်ဘူးပေါ့။ အခုတော့ ဒီကိစ္စအဖြေထုတ်ဖို့အတွက် တီလားပီးယားက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုလဲဆိုတာ အရင်ပြောကြရအောင်။တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ ကတော့။တီလားပီးယားရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက သူ့ရဲ့အလန်းစား ပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကို ဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓာတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင် တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ပြင် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။တီလားပီးယားငါးမှာ များများပါဝင်နေတဲ့ သတ္တုဓာတ်ကတော့ အရိုးကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖော့စဖရပ်စ်ဖြစ်ပါတယ်။ ဖော့စဖရပ်စ်ကို သွားနဲ့ လက်သည်းကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အားနည်းလျော့ရဲလာတဲ့ အရိုးကျန်းမာရေးနဲ့ အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ဓာတ်လည်း ဖြစ်ပါတယ်။ငါးတော်တော်များများမှာလိုပဲတီလားပီးယားငါးမှာ ဆယ်လီနီယမ်ပါဝင်မှု အရမ်းများပါတယ်။ ဆယ်လီနီယမ်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက သိပ်များသလို ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ရှိပါတယ်။ သုတေသနတွေအရ ဆယ်လီနီယမ်က ဆီးကျိတ်ကင်ဆာအပြင် နှလုံးရောဂါပြဿနာတွေကို ကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားပါတယ်။ Free radicalတွေရဲ့ သက်ရောက်မှုကိုလျော့နည်းစေဖို့ ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ ကာကွယ်ပေးနိုင်တာမို့ ကင်ဆာကာကွယ်နိုင်တာဖြစ်ပါတယ်။တီလားပီးယားမှာ အကျိုးပြုအဆီဓာတ် Omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့ မကောင်းတဲ့အဆီဓာတ်တွေကို လျော့နည်းစေနိုင်ပါတယ်။ Omega-3 fatty acids က နှလုံးသွေးကြောကျဉ်းတာအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်း သွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက် အကျိုးပြုပါသေးတယ်။တီလားပီးယားမှာပါတဲ့ ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကို အောက်ဆီဂျင်ပို့လွှတ်မှု ပိုကောင်းစေပြီး ခန္ဓာကိုယ်အနှံ့ အရည်ဓာတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓာတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောတုံ့ပြန်မှုကိုထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို အာဟာရတွေပို့ပေးတာဖြစ်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင် အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ အလှအပကို ပိုကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ဓာတ်တွေပါ။ တီလားပီးယားမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာ free radicalတွေကြောင့် ထိခိုက်မှုရန်က ကာကွယ်ပေးပြီး အသားအရေကို ထောက်ပံ့ပေးတဲ့ အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ အသားအရေလျော့ရဲတာ၊ အစက်အပြောက်တွေစတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။ဆယ်လီနီယမ်က သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို အားပေးမြှင့်တင်နိုင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်ချက်ထိန်းညှိရာမှာ အရေးပါတဲ့အတွက် ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေ ပိုကောင်းစေတယ်၊ ခန္ဓာကိုယ်ရဲ့ ဓာတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။အစပိုင်းကပြောခဲ့သလိုပဲ တီလားပီးယားက အဆိပ်အတောက်ရှိနိုင်တယ်ဆိုတဲ့အချက်ကို ဆက်ပြောပါမယ်။တီလားပီးယားဟာသူ့စားကျက်နဲ့ နေထိုင်ရာအတွင်း အဆိပ်အတောက်တွေကို ရှင်းလင်းပေးတတ်တဲ့သဘာဝရှိတာမို့ သူတို့ခန္ဓာကိုယ်က စုပ်ယူလာတတ်ပါတယ်။ ငါးမွေးကန်မသန့်တာ၊ မွေးမြူတဲ့နည်းစနစ်မမှန်တာ၊ သေချာဂရုမစိုက်တာတွေကြောင့် ငါးမှာ အဆိပ်အတောက်ပါလာတတ်ပါတယ်။သူ့ဝန်းကျင်က အဆိပ်အတောက်ကင်းမယ်၊ မွေးမြူမှုမှန်ကန်မယ်ဆိုရင် ဘာပြဿနာမှမရှိပါဘူး။ ပြောရရင် ငါးနဲ့မဆိုင်၊ မွေးမြူရေးနဲ့သာဆိုင်တာမို့ ဝယ်ယူတဲ့အခါ ငါးအနေအထားကို သတိထားရွေးချယ်သင့်ပါတယ်။ ညှီတဲ့နံတဲ့ တီလားပီးယားသာဆို သေချာပါပြီ၊ သူရှင်သန်တဲ့နေရာ မသန့်တာ။ လတ်ဆတ်သန့်ပြန့်တဲ့ငါး၊ အရည်အသွေးကောင်းတဲ့ငါးဟာ အာဟာရဓာတ်တွေသာ ပေးမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ သူ့မှာ လွန်ကဲရင်ဘေးဖြစ်နိုင်တဲ့ Omega-6 fatty acids လည်းပါတာကြောင့် နှလုံးရောဂါရှိထားပြီးသားလူတွေအနေနဲ့ အလွန်အကျွံအများကြီးမစားဖို့ သတိပြုသင့်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/tilipia-health-benefits/
သင့်၏ပန်းနာရင်ကြပ်ဝေဒနာများကို လျော့ပါးသက်သာစေနိုင်သည့် ပြောင်းလဲကျင့်သုံးရမည့် အမူအကျင့် ၅ ခု
ပန်းနာရင်ကြပ်ထဖောက်လိုဖောက်ငြား သင်သည် အရေးပေါ်ကုသမှုအား တတ်နိုင်သလောက်မြန်မြန်ရှာဖွေထားရန်လိုအပ်သည်။ ကံမကောင်းစွာဖြင့် ပန်းနာရင်ကြပ်သည် အကြိမ်ကြိမ်ရုတ်တရက်ထဖြစ်နိုင်ပြီး ထိုအချိန်တွင် ဆရာဝန်အားဆက်သွယ်ရန်မှာ ခက်ခဲတတ်သည်။ သို့သော်လည်း သင့်၏အပြုအမူအနေအထိုင်ပြောင်းလဲမှုအချို့သည် ပန်းနာရင်ကြပ်ထဖောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ညွှန်ကြားထားသည့်အတိုင်း သင့်ဆေးများကို သောက်သုံးပါဆရာဝန်ညွှန်ကြားချက်များနှင့်အကြံပေးချက်များကို လိုက်နာရန်ခက်ခဲတတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဝေဒနာရှင်အများစုသည် ညွှန်ကြားထားသည့်အတိုင်း ဆေးများကို မသောက်သုံးနိုင်ကြပါ။ ထိုသို့ဖြစ်ရခြင်းမှာ ဆေးညွှန်းသည်အလွန်ရှုပ်ထွေးများပြားခြင်း၊ဆေးပေးသည်အချိန်ကာလသည် အလွန်ကြာမြင့်ခြင်း၊ဈေးအလွန်ကြီးခြင်း(သို့)ဆေးများကို အချိန်မှီသောက်သုံးရန် မေ့လျော့တတ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ သို့သော်သင့်တွင်ပြဿနာတစ်ခုခုရှိပါက ထိုပြဿနာကို ပြုပြင်ပြောင်းလဲလိုက်ပါ။ သင့်အားညွှန်းထားသောဆေးများကိုသေချာလိုက်နာသောက်သုံးမှုရှိမရှိသည် သင့်၏ ပန်းနာရင်ကြပ်ရလဒ်တွင်အရေးကြီးသည့်နေရာမှပါဝင်သည်။ သင့်၏ထိုဆေးများသည် သင့်၏ပန်းနာရင်ကြပ်ရောဂါအားထိန်းချုပ်နိုင်ရန် ကူညီပြီး ပိုမဆိုးဝါးသွားစေရန်လည်း ကာကွယ်ပေးသည်။ အချို့သောအခြေအနေများတွင် သင့်ကိုယ်သင်ကောင်းနေပြီ၏ဟု ယူဆ၍ သင်သည်ဆေးများသောက်ရန်မေ့နေတတ်သည်။ သို့သော် သင့်တွင်ရင်ကြပ်ဝေဒနာ မဖြစ်သေးခြင်းသည်ရင်ကြပ်ဝေဒနာ သင့်တွင်ဖြစ်မလာနိုင်တော့ဟု မဆိုလိုပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပါက သင့်ကျန်းမာရေးအတွက်ကောင်းပါသည်။ သင့်တွင် ပန်းနာရင်ကြပ်ရှိပါက သင်သည်လှုပ်လှုပ်ရှားရှားနေနိုင်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သင့်နှလုံးနှင့်အဆုတ်များကို သန်မာစေပါသည်။ ပန်းနာရင်ကြပ်သည်အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သည့်ပြဿနာဖြစ်သောကြောင့်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ရောဂါလက္ခဏာများကို သက်သာစေပြီး သင့်၏ရင်ကြပ်ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ အမှန်တွင် သင့်ဆရာဝန်သည် သင့်၏ပန်းနာရင်ကြပ်ရောဂါအားထိရောက်စွာသီးခြား အထောက်အကူပြုနိုင်သည့်လေ့ကျင့်ခန်းများပြုလုပ်ရန်ညွှန်ကြားတတ်သည်။ ညွှန်ကြားချက်များကို လိုက်နာရန်အမြဲသတိရပါ။ အေးသောအပူချိန်တွင်သင်လေ့ကျင့်ခန်းလုပ်ပါက သင့်နှာခေါင်းအား မျက်နှာဖုံးတစ်ခုနှင့်အုပ်ပြီး သင်ရှူသောလေအားနွေးထွေးအောင်လုပ်ပါ။ကျန်းမာရေးနှင့်ညီညွတ်သောကိုယ်အလေးချိန်ဖြစ်ရန် ထိန်းသိမ်းပါ။ ကိုယ်အလေးချိန်လွန်ကဲခြင်း(သို့)အဝလွန်ခြင်းသည်လည်းသင့်၏ရင်ကြပ်ရောဂါလက္ခဏာများကို ပိုမိုဆိုးဝါးစေပြီး သင့်ရောဂါအားထိန်းချုပ်ပေးနိုင်သည့်သင့်၏စွမ်းဆောင်ရည်ကိုလျှော့ချပေးသည်။BMI 30 နှင့် 30အထက်ရှိသူများသည် ရင်ကြပ်ရောဂါရှိရန်ပို၍ဖြစ်နိုင်ချေများသည်။ ရင်ဘတ်နှင့်ဝမ်းဗိုက်အနီးနားရှိလွန်ကဲများပြားနေသာကိုယ်အလေးချိန်သည် သင့်အဆုတ်များကို နှောင့်ယှက်ထိခိုက်စေပြီး ပုံမှန်အသက်မရှူနိုင်အောင်လည်းပြုလုပ်သည်။ ထပ်ပြောရလျှင်အဆီတစ်ရှူးများသည် ပန်းနာရင်ကြပ်အားဆိုးဝါးစေနိုင်သည့် ရောင်ရမ်းစေသောပစ္စည်းအချို့ကိုလည်းထုတ်လွှတ်ပေးသည်။ ပန်းနာရင်ကြပ်ရောဂါအားထိခိုက်စေနိုင်သောစိတ်ကျရောဂါနှင့် obstructive sleep apnea (အိပ်နေစဉ်တွင် အသက်ရှူကြပ်ခြင်း၊ဟောက်ခြင်း စသည်တို့ဖြစ်စေသောရောဂါ) ကဲ့သို့သောအခြားရောဂါများကိုလည်း အဝလွန်သူများသည် ခံစားရနိုင်ပါသည်။ဆေးလိပ်နှင့် အခြားသောမီးခိုးအငွေ့များသည်ပန်းနာရင်ကြပ်နှင့် ကောင်းသောတွဲဖက်မှုမဟုတ်ပါ။ ဆေးလိပ်ဖက်ကြမ်း၊ဖယောင်းတိုင်၊ဗျောက်အိုး၊မီးရှူးမီးပန်း(သို့)ရေနံဆီများမှ အငွေ့များသည် ပန်းနာရင်ကြပ်ဝေဒနာကို ဖြစ်ပွားစေတတ်သည်။ စီးကရက်များသောက်ခြင်းသည်လည်း အဆုတ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊နှလုံးရောဂါ၊သွေးတိုးခြင်းနှင့်အရေပြားရောဂါများ စသောရောဂါများကိုလည်းဖြစ်ပွားစေတတ်ပါသည်။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီး ဆေးလိပ်လည်းသောက်ပါက ဆေးလိပ်ကို တတ်နိုင်သမျှမြန်မြန်ဖြတ်ပါ။ သင့်အနားနှင့် သင့်အိမ်၊သင့်ကား(သို့)သင်ကြာကြာနေသည့် မည့်သည့်နေရာတွင်မဆို မည်သူမျှဆေးလိပ်မသောက်ပါစေနှင့်။မှိုများ၊ဖုန်မှုန့်များနှင့်တိရိဆန်အမွှေးများသည် သင့်တွင် ပန်းနာရင်ကြပ်ရောဂါအားဖြစ်ပွားစေတတ်သည်။ သင့်တွင်အိမ်မွေး။တိရိဆန်ရှိပါက အခြားသို့မွေးရန် ပေးလိုက်ပါ။ သင်သည်အိမ်မွေးတိရိဆန်များဆက်လက်မွေးလိုပါက အိမ်အပြင်တွင်(သို့)သင့်အိပ်ခန်းနှင့်ဝေးရာတွင်ထားခြင်းတို့ကို ပြုလုပ်ပါ။ သင့်၏အိမ်မွေးတိရိဆာန်များကို ပုံမှန်ရေချိုးသန့်စင်ကာအမွှေးများကျွတ်ခြင်းကို လျှော့ချပါ။ လေအေးပေးစက်တခုကို သုံးကာစိုထိုင်းဆကို ထိန်းချုပ်ပြီး ရေမှော်ပင်၊သစ်ပင်နှင့်မြက်ပင်များမှလာသည့် လေထုအတွင်းရှိအမှုန်များကို ဖယ်ထုတ်သန့်စင်ပါ။ လေအေးပေးစက်တပ်ထားခြင်းသည် သင့်အားဖုန်မှုန့်အညစ်အကြေးများထိတွေ့မှုကို လျှော့ချပေးသည်။ မှိုများသည်သင့်ရေချိုးခန်း၊မီးဖိုချောင်(သို့)သင့်မြေအောက်ခန်းထဲတွင်ပေါ်လာနိုင်သည်။ ထိုနေရာများကို ပုံမှန်သန့်ရှင်း၍ မည်သည့်ရေမျှစိမ့်ဝင်ယိုထွက်ခြင်းမရှိရန် ပြုပြင်ပါ။ သင်သည် နှာခေါင်းစည်းတစ်ခုဖြင့် သန့်ရှင်းရေးလုပ်စဉ်တွင် သင့်နှာခေါင်းနှင့်မျက်နှာအား အုပ်ထားပါ။ သင့်တွင်ပန်းနာရင်ကြပ်ရောဂါရှိပါက တစ်သက်လုံးထိုရောဂါနှင့်နေသွားရသည်လည်းဖြစ်တတ်ပါသည်။ နာတာရှည်ရောဂါတစ်ခုဖြစ်သည့်အပြင် ရုတ်တရက်လည်း ဆိုးဝါးစွာထဖြစ်ပွားနိုင်ပါသည်။ သင့်၏အမူအကျင့်များကို ပြောင်းလဲပြီး သင့်တွင်ရုတ်တရက်ဖြစ်လာတတ်သည့် ရင်ကြပ်ဝေဒနာများကိုကာကွယ်နိုင်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/asthma-respiratory-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%81%8f%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%9b%e1%80%84%e1%80%b9%e1%80%bb%e1%80%80%e1%80%95%e1%80%b9%e1%80%b1%e1%81%80%e1%80%92%e1%80%94/
သခွားသီးကပေးတဲ့ အာဟာရတန်ဖိုး
Hello ဆရာဝန်ပရိတ်သတ်တွေထဲမှာ ထမင်းစားတိုင်း တို့စရာ သခွားသီးမပါရင် မစားတတ်တဲ့သူတွေရှိလား။ ဒါဆိုရင် ဒီဆောင်းပါးက သင့်အတွက်ဖြစ်မှာပါ။ အလှအပအတွက်သာမက ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက်ကိုပါ သခွားသီးက ဘယ်လိုအကျိုးပြုနိုင်လဲဆိုတဲ့အကြောင်းကို ရှင်းပြပေးသွားပါမယ်။ကစီဓါတ်၊ အသားဓါတ်၊အမျှင်ဓါတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ် ကြွယ်ဝတယ်။ ကယ်လိုရီနဲ့ အဆီဓါတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓါတ်ပမာဏ ၉၆ ရာခိုင်နှုန်း ပါဝင်လို့ ကိုယ်ခန္ဓါတွင်း ရေဓါတ်ဖြည့်ပေးနိုင်တယ်။ သခွားသီးရဲ့ အာဟာရဓါတ်တွေ အပြည့်အဝရရှိဖို့ အခွံမခွာဘဲ စားပေးရပါမယ်။သခွားသီးမှာ ပါဝင်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။ နှလုံး၊ အဆုတ်ကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ် ဖောက်လွှဲဖောက်ပြန် မဖြစ်စေဖို့ ကူညီပေးတယ်။ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ကိုယ်တွင်းအပူချိန် သဟဇာတဖြစ်ဖို့၊ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် အပြင်ကို စွန့်ထုတ်ပေးဖို့ရေဓါတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ၉၆ ရာခိုင်နှုန်းသော ရေဓါတ်ပါဝင်တဲ့ သခွားသီးဟာ ကိုယ်တွင်း ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးပြီး ဆီးရွှင်စေတယ်။ ကလေးတွေအတွက်လည်း အစာစားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ကယ်လိုရီနဲ့ အဆီဓါတ်ပါဝင်မှုနည်းလို့ များများစားလည်း ကိုယ်အလေးချိန်ကို မတက်စေပါဘူး။ ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေသူတွေ၊ Gym မှာ အပြင်းအထန်ကစားပြီး ချွေးထွက်သွားတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို သခွားသီးနဲ့ အစားထိုးဖြည့်ပေးလို့ ရပါတယ်။ နေ့လည်နေ့ခင်း ဒါမှမဟုတ် ထမင်းစားတဲ့အချိန် အစာကြေလွယ်စေဖို့ သခွားသီးကို ဆလတ်နဲ့ သံပရာရည်ညှစ်ပြီး သုတ်တာ၊ ပေါင်မုန့်၊ ထမင်းနဲ့ တွဲစားလို့လည်း ရသလို အစိမ်းစားလို့လည်း အဆင်ပြေစေပါတယ်။သခွားသီးဟာ သွေးတွင်းသကြားဓါတ်ကို ကျစေလို့ဆီးချိုရောဂါရှိသူတွေအတွက်လည်း စားလို့ အဆင်ပြေစေပါတယ်။ အမျှင်ဓါတ်နဲ့ ရေဓါတ်ပါဝင်မှုများလို့ အစာကြေစေပြီး ဆီးနဲ့ဝမ်းကို မှန်စေတယ်။ ရေဓါတ်ကြောင့် ဝမ်းအမာတွေ မဖြစ်စေဖို့၊ ဝမ်းမချုပ်စေဖို့ ကူညီပေးတယ်။အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ အစိုဓါတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါတယ်။ကဲ ဒီလိုဘက်စုံ အသုံးဝင်တဲ့ သခွားသီးကို အစိမ်းလိုက်ပဲ စားမလား၊ ထမင်းနဲ့ပဲ ရောစားမလား၊ ပါးပါးလေးလှီးပြီး မျက်နှာမှာပဲ ကပ်မလား၊ လိုသလို အသုံးပြုလို့ ရတယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%80%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b%e1%80%90%e1%80%94/
ကိုယ်ခံအားကို အားဖြည့်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ
လူတစ်ယောက်ကို ကျန်းမာစေဖို့ ဘာကများ ထောက်ပံ့ထားတာလဲ…….ကိုယ်ခံအားစနစ်ပါ။ ကိုယ်ခံအားစနစ်က နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးထားတဲ့ အရာပါ။ ဒီတော့ ကိုယ်ခံအားကောင်းဖို့က တကယ်ကို လိုအပ်တာဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် မလိုအောင်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားက သူ့အတွက် အကူအညီလိုအပ်တဲ့အခါ ဘယ်လိုအချက်ပြတတ်လဲ… ဆိုတာကို နည်းနည်းလောက် ပြောပြပေးပါရစေလား…….။ကိုယ်ခံအားဆိုတာခန္ဓာကိုယ်အတွက် ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို ရောဂါတွေမဝင်ရောက်လာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် ကိုယ်ခံအားဆိုတဲ့ ခံတပ်ကြီး တောင့်တင်းနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ကိုယ်ခံအားကောင်းမှ သက်ရှည်ကျန်းမာမှာပါ။ တကယ်လို့ ဒီလက္ခဏာတွေထဲက တစ်မျိုးမျိုး ဒါမှမဟုတ် တစ်မျိုးနဲ့အထက် ခံစားနေရပြီဆိုရင် ကိုယ်ခံအားကို ပြန်လည် ကျန်းမာလာစေဖို့ မွေးမြူဖို့ လိုပါလိမ့်မယ်။လက်တွေ အေးနေမယ်။ရာသီဥတုအေးတာကြောင့် မဟုတ်ဘဲ လက်ဖျားတွေ အေးနေတယ်ဆိုတာက သွေးကြောလေးတွေ ရောင်ရမ်းနေတာကြောင့် လက်ချောင်း၊ ခြေချောင်း၊ နား၊ နှခေါင်းလိုမျိုး နေရာတွေကို သွေးစီးဆင်းရောက်ရှိဖို့ ခက်ခဲနေတာကြောင့်ပါ။ သွေးကြောတွေက သွေးပုံမှန် စီးဆင်းနေမယ်ဆိုရင် အသားအရေက သွေးရောင်သန်းပြီး လက်လေးတွေ ကလည်း နွေးထွေးနေမှာပါ။ဝမ်းပျက်ဝမ်းလျှောခဏခဏဖြစ်မယ်။ဝမ်းပျက်ဝမ်းလျှောတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုဆိုပေမယ့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာက ၂ ပတ် ဒါမှမဟုတ် ၄ ပတ်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်ဆိုရင် အစာအိမ် နဲ့ အူလမ်းကြောင်းမှာ ပြဿနာတစ်ခုခု ရှိနေတာဖြစ်နိုင်သလို အာဟာရပြည့်ဝလုံလောက်စွာ မရရှိမှုကြောင့် ကိုယ်ခံအားမှာလည်း ပြဿနာရှိနေပြီ ဖြစ်ပါတယ်။ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဝမ်းချုပ်တာကကလည်း ကိုယ်ခံအားပြဿနာရှိနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုပါ။ ဝမ်းပြဿနာ ဖြစ်နေတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်နိုင်သလို အခြားသော ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။မျက်လုံးခြောက်တာ။ခန္ဓာကိုယ်အပူချိန်က ရှိသင့်တာထက် ပိုနေမယ် ဆိုရင် ကိုယ်ခံအားစနစ်က တစ်ခုခုကို တုံ့ပြန်တိုက်ထုတ် နေတာပါ။ ကိုယ်တွင်းမှာ ရောဂါပိုး တစ်မျိုးမျိုး ကူးစက်ခံထားရတာ သေချာနေပါပြီ။ခေါင်းကိုက်မယ်။ခေါင်းကိုက်တာက သွေးတိုးတာကြောင့် ဖြစ်နိုင်သလို ရာသီဥတု အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ကိုယ်ခံအား ပြဿနာရှိနေတာပါပဲ။အင်ပြင်တွေဖြစ်မယ်။အရေပြားက ခန္ဓာကိုယ်ရဲ့ ရှေ့တန်းတိုက်စစ်ပါ။ ဓာတ်မတည့်တဲ့ အရာတွေကို ထိတွေ့မိတာ၊ စားမိတာမျိုး၊ သောက်မိတာမျိုးဖြစ်တဲ့အခါမှာ ပထမအဆင့် တုံ့ပြန်မှုအနေနဲ့ အရေပြားပေါ်မှာ အနီရောင် အဖုအပိမ့်တွေထွက်လာပြီး စတုံ့ပြန်ပါတယ်။ ကိုယ်ခံအားက တိုက်ပွဲဆင်နွှဲနေပြီ ဆိုတာကို အချက်ပြတာပေါ့။အရေပြားမှာ ယားယံမယ်၊ ခြောက်သွေ့မယ်၊ နီရဲနေမယ်။ ရောင်ရမ်းနေမယ်။ နာကျင်မှုနဲ့အတူ တော်တော်နဲ့ ပျောက်မသွားဘဲ ဖြစ်နေမယ်ဆိုရင် ကိုယ်ခံအားကို အားဖြည့်ဖို့ လိုနေပါပြီ။အဆစ်တွေနာနေမယ်။အဆစ်တွေက တဆစ်ဆစ်နဲ့ နာမယ်။ တောင့်တင်းနေမယ်။ ရောင်ရမ်းနေမယ် ဒါကတစ်နေရာတည်း မဟုတ်ဘဲ အဆစ်တိုင်းလိုလိုမှာ ဖြစ်နေမယ် မနက်ခင်းဆို ပိုပြင်းထန်မယ် ဆိုရင်တော့ ကိုယ်ခံအားက တစ်ခုခု ပြဿနာ ရှိနေတာပါ။ဆံပင်တွေအထွေးလိုက် ကျွတ်မယ်။ဆံပင်တွေက အထွေးလိုက်၊ အကွက်လိုက်တွေ ကျွတ်မယ်။ ဆံပင်တင် မဟုတ်ဘဲ ခန္ဓာကိုယ် နေရာအနှံ့က အမွှေးတွေပါ ကျွတ်နေပြီဆိုရင်တော့ အရေပြားလေးဖက်နာ လိုမျိုး ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်ကို ခံစားနေရပါပြီ။ဒါတွေအပြင်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/symptoms-of-immune-system-problems/
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက် တတ်သလား။
အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကြောင့် ဒီလိုပဲ ခေါင်းအမြဲကိုက်နေရတယ်ဆိုတာကို ကြားဖူးမှာပေါ့။ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် နေ့စဉ် စိတ်ရှုပ်ထွေးစရာတွေ၊ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက် တာတွေကတော့ အဖြစ်အများဆုံးပါပဲ။ စိတ်ဖိစီးမှုနဲ့ ခေါင်းကိုက်တာကြားမှာ ဘယ်လိုများ ဆက်စပ်မှု ရှိနေပါလိမ့်။ဒီနှစ်ခုရဲ့ ဆက်စပ်မှုက အများကြီး ရှိနေပါတယ်။ ဥပမာ ပြောရရင်။စိတ်ဖိစီးမှု​ကြောင့် ခန္ဓာကိုယ်မှာ fight-flight responseတွေ ဖြစ်လာပြီး ဟော်မုန်းအပြောင်းအလဲတွေ၊ ဓာတုပစ္စည်းတွေ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ ဒါတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းစနစ် (ဥပမာ သွေးကြောတွေမှာ ) သက်​ရောက်မှု ရှိတာကြောင့် ခေါင်းကိုက်လာပါတယ်။စိတ်ဖိစီးတဲ့အခါ တစ်ကိုယ်လုံးက အကြောတွေကို မသိလိုက်ဘဲ တင်းထားမိတတ်ပါတယ်။ ဇက်တွေတောင့်ထားတာ၊ မေးကြောကြီးတွေ တင်းနေတာ၊ ထိုင်တဲ့ ပုံစံ မမှန်တာ၊ ခါးကြီး ကုန်းနေတာ၊ မျက်ကြောတွေ ရှုံ့ထားတာ စတာတွေ လုပ်မိတတ်ပါတယ်။ အချိန်ကြာလာတာတဲ့အခါ ကြွက်သားတွေ ညောင်းပြီး ခေါင်းကိုက်တာတွေ ဖြစ်လာပါတယ်။ဒါကြောင့် ခေါင်းကိုက်တာတင် မဟုတ်ဘဲ ဇက်ကြောတက်၊ နောက်ကျောနာ၊ ခါးနာ၊ မျက်ရိုးကိုက်တာတွေပါ တွဲပြီး ခံစားရတာပါ။စိတ်ဖိစီးမှု များတဲ့အခါ ညဘက်တွေ အိပ်မပျော်တာကြောင့် အိပ်ရေးမဝဘဲ ခေါင်းကိုက်တတ်ပါတယ်။ ဒါတင် မကသေးပါဘူး။ စိတ်ညစ်တဲ့အခါ အစားအသောက်လည်း မမှန်တော့တဲ့အတွက် ရေသောက်နည်း၊ အစားနည်းပြီး သွေးတွင်းသကြားဓာတ်ကျတာကြောင့် ခေါင်းကိုက်လာပါတယ်။ဘာကြောင့်ပဲ ခေါင်းကိုက်တာဖြစ်ပါစေ။ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားရတာလည်း စိတ်ဖိစီးစေပါတယ်။ ဒီတော့ ခေါင်းကိုက်လို့ စိတ်ဖိစီး၊ စိတ်ဖိစီးလို့ ခေါင်းထပ်ကိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။မဟုတ်ပါဘူး။ စိတ်ဖိစီးမှုက ခေါင်းကိုက်စေရုံသက်သက်တင် မဟုတ်ပါဘူး။ နဂိုရှိပြီးသား ခေါင်းကိုက်တာကို ပိုဆိုးစေသလို ကြာကြာလည်း ကိုက်စေပါတယ်။စိတ်ဖိစီးမှုကြောင့် ပိုဆိုးစေတဲ့ ခေါင်းကိုက်ခြင်း အမျိုးအစားတွေကတော့ မိုက်ဂရင်းခေါင်းတစ်ခြမ်းကိုက်တာနဲ့ Tension headache လို့ခေါ်တဲ့ နဖူးကြောတွေ၊ နားထင်ကြောတွေ တင်းနေအောင် ကိုက်တဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက သာမန်နေ့စဉ်ကြုံတတ်တဲ့ ခေါင်းကိုက်ခြင်းတွေကို ဖြစ်စေတာတင် မဟုတ်ဘဲ ဒီလိုခေါင်းကိုက်ရောဂါ အကြီးစားတွေကိုပါ ပိုဆိုးစေတတ်ပါတယ်။လေ့လာချက်တွေအရ စိတ်ဖိစီးမှုက ဘယ်လိုခေါင်းကိုက်ခြင်း အမျိုးအစားကိုမဆို ပိုဆိုးစေတတ်ပြီး ခေါင်းကိုက်ချိန်ကိုလည်း ပိုကြာစေတတ်ပါတယ်တဲ့။ သာမန်ထက် စိတ်ဖိစီးမှု ၁၀% ပိုလာတိုင်းမှာ မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းက ၄.၃% ပိုဖြစ်ပြီးTension headacheကတော့ တစ်လကို ၆.၃% ပိုဖြစ်လာပါတယ်တဲ့။ ဆိုလိုတာက သင့်မှာ စိတ်ဖိစီးမှု များလေလေ ခေါင်းကိုက်တဲ့ ပြဿနာကို ပိုပြီး ကြုံရနိုင်လေလေပဲ ဖြစ်ပါတယ်။ဒီနေရာမှာ နှစ်ပိုင်းရှိပါတယ်။ စိတ်ဖိစီးတာရယ်၊ခေါင်းကိုက်တာရယ်ပါ။စိတ်ဖိစီးတာကို သက်သာစေဖို့ဆိုရင်။ဒါဆို လုပ်ရမှာ များသလား။ လုပ်နိုင်ပါ့မလားဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ပါလိမ့်မယ်။ မိမိနိုင်သလောက်ပဲ လုပ်ပါ။ အလုပ်တွေကြောင့် စိတ်ဖိစီးတဲ့ဒဏ်ကို တတ်နိုင်သမျှ လျှော့ပါ။လေ့ကျင့်ခန်းတွေက တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေသလို စိတ်ဖိစီးမှု သက်သာစေတဲ့ ဟော်မုန်းတွေလည်း ထွက်စေပါတယ်။အသီးအရွက်၊ အသီးအနှံ၊ ကောက်နှံတွေကို မျှတအောင်စားပြီး အာဟာရပြည့်ဝအောင်နေပါ။စိတ်ဖိစီးရင်အိပ်ပျော်ဖို့ ခက်တယ်ဆိုပေမယ့် အိပ်ရေးဝတဲ့အခါ စိတ်ကြည်တာကြောင့် စိတ်ဖိစီးမှုတွေကို ပိုပြီး ကိုင်တွယ်နိုင်ပါလိမ့်မယ်။ခေါင်းကိုက်တာ သက်သာစေဖို့ဆိုရင်တော့။စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အခါ ခဏလေးနားပြီး အသက်ကို ပုံမှန်ပြန်ရှူပါ။ ၁ကနေ ၁၀အထိ ဖြည်းဖြည်းချင်းရေရင်း အသက်ရှူသွင်း ရှူထုတ် လုပ်နေပါ။တင်းနေတဲ့ ဇက်ကြောတွေ ပြေလျော့အောင် ခေါင်းလေးလှည့်ပြီး အကြောလျှော့ပါ။ နားထင်တွေ၊ နဖူးတွေ၊ မျက်ရိုးတွေကို ခပ်ဖြည်းဖြည်း နှိပ်ပေးပါ။နားထင်၊ နဖူးနဲ့ မျက်ရိုးတစ်ဝိုက်ကို ရေခဲဝတ်လေး ကပ်ပေးပါ။ အအေးဓာတ်ကြောင့် လူလည်း လန်းလာသလို ကိုက်ခဲတာတွေလည်း သက်သာလာပါလိမ့်မယ်။ဒါကတော့ အမြန်ဆုံး နည်းလမ်းပါ။ ပါရာစီတမော ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေး တစ်မျိုးကို သောက်ချလိုက်တာကလည်း မိနစ်ပိုင်းအတွင်း အမြန်ဆုံး သက်သာသွားမယ့်နည်းလမ်းပဲ ဖြစ်ပါတယ်။ဖုန်းသုံးတာ၊ screen ကြည့်တာတွေကို ခဏရပ်ပြီး အနားယူပါ။ မိနစ် ၂၀လောက် တစ်ရေးတမော အိပ်လိုက်ပါ။ အထူးသဖြင့် ဆေးသောက်ပြီး ခဏလောက် အိပ်လိုက်ရင် ပြန်နိုးလာတဲ့အခါ သက်သာနေပါပြီ။စိတ်ဖိစီးမှုဆိုတာ ရှောင်ဖို့ခက်ပါတယ်။ ဒါပေမယ့် မကြာခဏ စိတ်ဖိစီးလာတယ်။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မကြာခဏ ခံစားနေရပြီဆိုရင်တော့ စနစ်တကျ ကုသဖို့ လိုပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/how-stress-lead-to-headache/
အသည်းရောဂါရှိတဲ့သူတွေအတွက် သင့်တော်တဲ့ဖြည့်စွက်စာတွေက
အလေးချိန်အရ ၃ပေါင်လောက်ရှိတဲ့အသည်းကခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် အရေးပါတဲ့လုပ်ငန်းစဉ်ပေါင်း ၅၀၀လောက်ကိုနေ့စဉ်နဲ့အမျှတာဝန်ယူဆောင်ရွက်ပေးနေရတာပါ။ တကယ်တော့ ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တိုင်းမှာ အသည်းကမပါမဖြစ်ပါဝင်နေရတာပါ။ စားသုံးလိုက်တဲ့အစားအစာတွေကိုအစာအိမ်နဲ့အူတွေကချေဖျက်ပြီးတဲ့အခါ လိုအပ်မယ့်အာဟာရဓါတ်တွေကိုသွေးကြောတွေကနေတဆင့် အသည်းဆီကိုပို့ဆောင်ပါတယ်။ ဒီအခါမှာ အသည်းက လိုအပ်တဲ့အာဟာရဓါတ်တွေကို သိမ်းဆည်းတာနဲ့ စစ်ထုတ်မှုလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်ပါတော့တယ်။အသည်းကအဆီဓါတ်ကိုဖြိုခွဲပြီး စွမ်းအင်အဖြစ်ထုတ်လုပ်ပေးပါတယ်။နောက်တစ်ခုကတော့အစာခြေစနစ်အတွက်အတွက်လိုအပ်တဲ့ သည်းခြေရည်ကိုထုတ်ပေးတာပါ။ အသည်းရဲ့နောက်တာဝန်တစ်ခုကသွေးကြောတွေအတွင်းကဂလူးကို့စ်တွေကို ဂလိုင်ကိုဂျင်အဖြစ်နဲ့ သိုလှောင်ထားပေးပါတယ်။သွေးတွင်းမှာ သကြားဓါတ်ကျဆင်းလာတဲ့အခါ အသည်းက ဂလိုင်ကိုဂျင်ကို ဂလူးကို့စ်အဖြစ်ပြောင်းလဲထုတ်လုပ်ပေးပြီးသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ဒါတွေတင်မကပါဘူး။ အရက်တွေသောက်လိုက်တဲ့အခါမျိုး၊ အသည်းကိုအဆိပ်အတောက်ြဖစ်စေတဲ့အပြုအမူတွေကိုလုပ်လိုက်တဲ့အခါမျိုးမှာလည်း အသည်းက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြန်ပါတယ်။ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကိုဆီးတွေဝမ်းတွေကနေတဆင့် ခန္ဓါကိုယ်ပြင်ပကို ထုတ်လွှတ်လိုက်ပါတယ်။ အသည်းက ဒီလောက်အထိကို အလုပ်လုပ်ပေးတာပါ။ အသည်းကောင်းမှလည်း လူတစ်ယောက်က ကျန်းမာနေမှာပါ။တကယ်လို့ အသည်းရောဂါတစ်ခုခုခံစားနေရပြီဆိုရင် သက်တမ်းစေ့စေ့နဲ့ ကျန်းကျန်းမာမာနေနိုင်စေဖို့အတွက် အသည်းအတွက်လိုအပ်မယ့် ဖြည့်စွက်အာဟာရတွေကို စားသုံးပေးဖို့လိုအပ်မှာပါ။ ဒါမှပဲ ကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။Milk Thistleစားသုံးပေးပါ။ဒါကသဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။ အသည်းအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကိုပေးသလို အသည်းရဲ့လုပ်ငန်းဆောင်တာတွေအကောင်းဆုံးလုပ်ဆောင်နိုင်အောင်လည်း အထောက်အပံ့ပေးပါတယ်။အသည်းခြောက်တာအပါအဝင် အသည်းရောဂါအမျိုးမျိုအတွက် အထောက်အပံ့ပေးသလိုဆေးဝါးနဲ့ အရက်ကြောင့် အသည်းထိခိုက်ပျက်စီးတာတွေကိုအတွက်လည်း အထောက်အကူပြုပေးပါတယ်။ ပျက်စီးနေတဲ့ အသည်းဆဲလ်တွေနေရာမှာ အစားထိုးတာဝန်ယူနိုင်မယ့်အသည်းဆဲလ်တွေ အသစ်ဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးပါတယ်။Dandelion Root စားသုံးပေးပါ။ဒီအမြစ်ကဆေးဖက်ဝင်အမြစ်တစ်မျိုးဖြစ်ပြီး အသည်း၊သရက်ရွက်နဲ့ပန်ကရိယကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။နောက်ထပ်အားသာချက်တစ်ခုကကျောက်ကပ်မှာကျောက်တည်တာနဲ့ ဆီးအိတ်မှာကျောက်တည်တာတွေကို သက်သာစေနိုင်တာပါ။ အသည်းကို ကျန်းမာအောင်လုပ်ဆောင်ပေးပြီး အသည်းရောဂါတွေကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။ အာဟာရပါဝင်မှုများတဲ့ သဘာဝဖြည့်စွက်စာတစ်ခုပေါ့။ဇီးဖြူသီးအနှစ်သောက်ပါ။ဒါကလည်း အသည်းအတွက် ထိရောက်တဲ့ဓါတ်စာတစ်ခုပေါ့။ ဇီးဖြူသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေသလို နာကျင်ရောင်ရမ်းမှုကိုလျော့ကျသက်သာစေတဲ့ အာနိသင်တွေလည်းပါဝင်နေပါတယ်။ဆေးဝါးတွေနဲ့နေ့စဉ်ထိတွေ့မိနေတဲ့ဓါတုပစ္စည်းတွေကြောင့် အသည်းထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံနည်းကျလေ့လာမှုတွေအရသိရပါတယ်။ ဇီးဖြူသီးမှာဗီတာမင် Cကြွယ်ဝစွာပါဝင်နေပါတယ်။ဗီတာမင် Eသောက်ပါ။ဗီတာမင် E ကဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။အသည်းထိခိုက်ပျက်စီးမှုကိုလျှော့ချပေးနိုင်တယ်၊လို့ လေ့လာစမ်းသပ်မှုတွေအရသိရပါတယ်။ အသည်းရောဂါရှိနေရင်တောင်မှ ဗီတာမင် Eသောက်သုံးပေးမယ်ဆိုရင် အသည်းကျန်းမာအောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဒါကြောင့် အသည်းရောဂါရှိနေသူတွေအနေနဲ့ ဗီတာမင် E ကိုမေ့ထားလို့မဖြစ်ပါဘူး။Omega-3 fatty acidsသောက်ပါ။အသည်းရောဂါရှိသူတွေဖြစ်ဖြစ် မရှိသူတွေဖြစ်ဖြစ်omega-3ငါးကြီးဆီကိုသောက်သုံးပေးလို့ရပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါထိရောက်တဲ့ဖြည့်စွက်စာတစ်မျိုးပေါ့။ Omega – 3 fatty acid က အဆီပိုတွေကို ဖယ်ရှားပေးပြီးသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တာကြောင့် အသည်းရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။အသည်းအားဖြည့်ဆေးတစ်မျိုးမျိုးသောက်ပါ။နေ့စဉ်ထိတွေ့နေတဲ့အရာတွေ၊ စားသုံးနေတဲ့အရာတွေနဲ့ဆေးလိပ်၊အရက်တို့က အသည်းကိုထိခိုက်ပျက်စီးစေပါတယ်။ ဒီလိုထိခိုက်စေတဲ့အရာတွေအားလုံးနဲ့ ခပ်ကင်းကင်းနေဖို့က မဖြစ်နိုင်ဘူးဆိုရင်တော့ အသည်း အားဖြည့်ပေးနိုင်တဲ့ဆေးတစ်မျိုးမျိုးကိုသောက်သုံးဖို့ပြောပါရစေ။အသည်းအတွက် အားဖြည့်တဲ့ဆေးဝါးတွေဝယ်ယူတဲ့အခါ လိုအပ်မယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်တာကို ရွေးချယ်မိဖို့လိုပါမယ်။ အသည်းအတွက်လိုအပ်တဲ့ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် B3 နဲ့ Essential phospholipids တို့ပါဝင်နေမှ အသည်းကျန်းမာစေနိုင်ပြီး အသည်းရောဂါတွေအန္တရာယ်ကနေကာကွယ်ပေးနိုင်မှာပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/supplements-for-liver-diseases/
နာတာရှည်အဆုတ်ရောဂါနဲ့ အောက်ဆီဂျင်ကုထုံးအကြောင်း
အောက်ဆီဂျင်ကုထုံးဆိုတာ လုံလောက်တဲ့အောက်ဆီဂျင်ရဖို့ ခက်ခဲသူတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းနေသူတွေအတွက် အသုံးပြုတဲ့ ကုထုံးဖြစ်ပါတယ်။ အဆုတ်ရောဂါ ခံစားနေရသူတွေဟာ အောက်ဆီဂျင်ရရှိအောင် အလွန်အမင်းအားစိုက်ကြရတဲ့အတွက် အောက်ဆီဂျင်ဖြည့်ထားတဲ့ စလင်ဒါ ဒါမှမဟုတ် container ကတဆင့် အောက်ဆီဂျင်ရယူရတဲ့ အခြေအနေအထိ ရောက်လာတတ်ပါတယ်။Container ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို အောက်ဖော်ပြပါ ကိရိယာတစ်ခုခုအသုံးပြုပြီး ရယူနိုင်ပါတယ်။လူနာတွေအနေနဲ့ အောက်ဆီဂျင်ကုထုံးကို မိမိနေအိမ်မှာ ဒါမှမဟုတ် ဆေးရုံမှာ ခံယူရရှိနိုင်ပါတယ်။ COPD လို နာတာရှည်ရောဂါ ရှိသူတွေအနေနဲ့ အောက်ဆီဂျင်ကုထုံးကို နေအိမ်မှာပါ ရယူဖို့ လိုအပ်နိုင်ပါတယ်။အောက်ဆီဂျင်ကို အငွေ့ပုံစံနဲ့ရော အရည်ပုံစံနဲ့ပါ ရရှိနိုင်ပါတယ်။ ပုံစံနှစ်မျိုးလုံးကို နေရာရွှေ့ပြောင်းနိုင်တဲ့ tank တွေထဲထည့်ပြီး သိုလှောင်ထားနိုင်ပါတယ်။ အရည်ပုံစံ အောက်ဆီဂျင်ကို သိုလှောင်တဲ့ tank က အငွေ့ပုံစံအောက်ဆီဂျင်ကို သိုလှောင်တဲ့ tank ထက် အရွယ်အစား ပိုမိုသေးငယ်တဲ့အတွက် လှုပ်ရှားသွားလာနိုင်သူတွေ အလွယ်တကူ သယ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းကို စနစ်တကျ အသုံးမပြုဘူးဆိုရင် အချိန်တိုအတွင်း အငွေ့ပျံသွားမှာ ဖြစ်ပါတယ်။သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းတဲ့အခါ ဒါမှမဟုတ် အောက်ဖော်ပြပါ လက္ခဏာတွေ ကြုံတွေ့ရတဲ့အခါ အောက်ဆီဂျင်ကုထုံး အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။သင့်ဆရာဝန်အနေနဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေအရပ်ရပ်ကို စစ်ဆေးပြီး သင့်အတွက်လိုအပ်တဲ့ ကုသမှုနည်းလမ်းကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ အောက်ဆီဂျင်ကုထုံးလိုမလို ဆုံးဖြတ်ဖို့ စမ်းသပ်စစ်ဆေးမှုတွေလည်း ပြုလုပ်ရနိုင်ချေ ရှိပါတယ်။COPD ဝေဒနာရှင် ကလေးငယ်တွေဟာ မကြာခဏဆိုသလို အောက်ဆီဂျင်ကုထုံး ခံယူရလေ့ရှိပါတယ်။ ကလေးရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ ကုသမှုနည်းလမ်းတွေကို ဆရာဝန်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ အကယ်၍ သင့်ကလေးမှာ အောက်ဖော်ပြပါ လက္ခဏာတွေရှိလာခဲ့ရင် ဆရာဝန်ဆီ အမြန်ဆုံးအကြောင်းကြားဖို့ အရေးကြီးပါတယ်။သင့်ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူက သင့်ရဲ့သွေးတွင်းအောက်ဆီဂျင်ပမာဏကို အရင်ဆုံး တိုင်းတာစစ်ဆေးမှာ ဖြစ်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၀ ရာခိုင်နှုန်းအောက် ကျနေပြီဆိုရင်တော့ အောက်ဆီဂျင်ကုထုံး လိုအပ်လာနိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာရာမှာ အများဆုံးအသုံးပြုတဲ့ စစ်ဆေးမှုနှစ်ခုကတော့ oximetry နဲ့ arterial blood gas test တို့ပဲဖြစ်ပါတယ်။Oximetry ဆိုတာ ရိုးရှင်းတဲ့ စစ်ဆေးမှုတစ်ခု ဖြစ်ပါတယ်။ သင့် လက်ချောင်း သို့မဟုတ် ခြေချောင်း သို့မဟုတ် နားသီးမှာ ကိရိယာတစ်ခု တပ်ဆင်လိုက်ပြီး လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်နေစဉ် သင့်သွေးထဲမှာရှိနေတဲ့ အောက်ဆီဂျင်ပမာဏကို တိုင်းတာတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ Arterial blood gas (သွေးလွှတ်ကြောရှိ သွေးထဲမှ ဓါတ်ငွေ့ပမာဏကို တိုင်းတာခြင်း) ကတော့ oximetry ထက် ပိုမိုရှုပ်ထွေးပါတယ်။ သင့်ဆရာဝန်က သင့်လက်ကောက်ဝတ်ကနေ သွေးနမူနာယူပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။အောက်ဆီဂျင်သယ်ပို့ပေးမယ့် ပိုက်တွေ၊ ပြွန်တွေ ယိုစိမ့်နေခြင်းရှိမရှိ၊ အောက်ဆီဂျင်စီးဆင်းမှုရှိမရှိ သေချာစွာစစ်ဆေးပါ။Nasal cannula အသုံးပြုပြီး အောက်ဆီဂျင်ရှူတဲ့အခါ ပိုက်ကို နားရွက်နောက်မှာ ထည့်ထားလေ့ရှိတဲ့အတွက် အရေပြားအနာ ဖြစ်လာနိုင်ပါတယ်။ ပိုက်နဲ့ အရေပြားကြား ဂွမ်းဖက်ထည့်ထားပေးခြင်းအားဖြင့် အရေပြားအနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။Mask အသုံးပြုမယ်ဆိုရင်တော့ သင့်ပါးစပ်၊ နှုတ်ခမ်းနဲ့ နှာခေါင်းတွေ ခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ဖို့။အောက်ဆီဂျင်ကုထုံးအသုံးပြုနေလျက်နဲ့ လုံလောက်တဲ့အောက်ဆီဂျင် မရရှိဘူးဆိုရင်တော့ အောက်ဆီဂျင်ပမာဏ တိုးဖို့လိုမလို သင့်ဆရာဝန်ကို မေးမြန်းတိုင်ပင်သင့်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် အောက်ဆီဂျင်ပမာဏ တိုးရှူခြင်း၊ လျော့ရှူခြင်း မပြုလုပ်သင့်ပါဘူး။အောက်ဆီဂျင်ဟာ မီးလောင်ကျွမ်းမှုကို အားပေးတဲ့အတွက် မီးလောင်လွယ်တဲ့ပစ္စည်းတွေအနား၊ မီးလောင်နေတဲ့အနားမှာ အောက်ဆီဂျင်ကုထုံး အသုံးမပြုသင့်ပါဘူး။အကယ်၍ အောက်ဆီဂျင်ကုထုံး အသုံးပြုနေရင်း အောက်ပါလက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် သင်အသုံးပြုနေတဲ့ ပစ္စည်းကိရိယာအားလုံးကို အရင်ဆုံးစစ်ဆေးပါ။ အားလုံးပုံမှန်ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ကို အမြန်ဆုံးအကြောင်းကြားပါ။အကယ်၍ သင့်ကလေးက အောက်ဆီဂျင်ကုထုံးခံယူနေရင်း အောက်ပါလက္ခဏာတွေ ဖြစ်လာခဲ့ရင် ဆရာဝန်ဆီ ချက်ချင်းအကြောင်းကြားပါ။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/chronic-bronchitis/%e1%80%94%e1%80%ac%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%a1%e1%80%86%e1%80%af%e1%80%90%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%94%e1%80%b2%e1%80%b7-%e1%80%b1/
အရိပ်တကြည့်ကြည့် စောင့်ရှောက်သင့်တဲ့ သင့်အသည်း
အသည်းက လူခန္ဓါကိုယ်ရဲ့အကြီးဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး အရေးကြီးဆုံးအစိတ်အပိုင်းလည်းဖြစ်ပါတယ်။သွေးထဲမှာရှိတဲ့အဆိပ်အတောက်ဓါတ်တွေအားလုံးကို စစ်ထုတ်ပေးတဲ့တာဝန်ကိုယူထားရုံမက စားလိုက်သမျှအစားအစာတွေကိုချေဖျက်ပြီး ခွန်အားအဖြစ်သိုလှောင်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အသည်းဆိုတာ ထိခိုက်လွယ်ဆုံးကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်နေတာကိုရော သင်သိရဲ့လား။ဒီလိုအရေးကြီးတဲ့ အသည်းရဲ့ကျန်းမာရေးအတွက် စားသောက်နေထိုင်မှုပုံစံကို ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ ဒါ့ကြောင့် အသည်းမှာ ရောဂါဖြစ်လာမှ ကုသတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။နေ့စဉ်ဘဝမှာ သတိထားပေးရင်ပဲ အသည်းရောဂါကို ကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေက အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းပါ –အဝလွန်ေနရင် ဒါမှမဟုတ် ကိုယ်အလေးချိန်ကများနေရင်အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးရောဂါအဆင့်ကိုရောက်လာနိုင်ပါတယ်။အာဟာရမျှတစွာ စားသုံးပါ– ကယ်လိုရီများတဲ့အစားအစာတွေ၊ပြည့်ဝဆီ၊ပြုပြင်ထားတဲ့ကာဗိုဟိုက်ဒရိတ်ေတွ(ဥပမာ – ဂျုံနုပေါင်မုန့်၊ ဆန်လုံးဖြူ)နဲ့ အချိုတွေကို အများကြီးမစားပါနဲ့။ အခွံမာငါးတွေ၊ ပင်လယ်စာတွေကို အစိမ်း သို့မဟုတ် မကျက်တကျက်တွေမစားပါနဲ့။ အမျှင်ဓါတ်များတာ၊ အာဟာရဓါတ်ပြည့်တာတွေစားပါ။ လတ်ဆတ်တဲ့အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေပိုစားပါ။ အနီရောင်ရှိတဲ့အသားလည်း စားလို့ရပေမယ့် အကန့်အသတ်နဲ့စားပါ၊နို့ထွက်ပစ္စည်း( အဆီထုတ်နို့ )၊အဆီဓါတ်လည်းလိုအပ်ပါတယ်(ဟင်းရွက်ဆီ၊နေကြာဆီစတဲ့ အကျိုးပြုအဆီတွေကိုသုံးပါ)။ပြုပြင်စီမံထားတဲ့ အစားအစာတွေမှာ လတ်ဆတ်မှုကို ထိန်းနိုင်ဖို့ ဓါတုပစ္စည်းတွေပါဝင်တတ်လို့ အသည်းကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့် အသည်းကိုကျန်းမာစေချင်ရင်တာရှည်ခံဆေးေတွပါတဲ့ အသင့်စားတွေ၊ပြုပြင်စီမံထားတာတွေ၊ စည်သွပ်အစားအစာတွေကိုတတ်နိုင်သလောက်လျှော့စားတာ၊ရှောင်တာ အကောင်းဆုံးပါပဲ။ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ –ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိတယ်ဆိုရင် အဆီပိုတွေကိုလောင်ကျွမ်းစေပြီးအသည်းအဆီဖုံးခြင်းကိုလျှော့နည်းစေပါတယ်။လေ့ကျင့်ခန်းလုပ်ပေးတာက ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ရုံမက အသည်းအတွက်လည်းကောင်းပါတယ်။ တစ်ပတ်ကို လှုပ်ရှားမှု မိနစ် ၁၅၀ ပဲလုပ်ဦးတော့၊ အသည်းအင်ဇိုင်းလုပ်ဆောင်ချက်ကိုပိုကောင်းစေပြီး အသည်းကျန်းမာရေးအတွက်လုံလောက်ပါတယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။တခြားအဆိပ်အတောက်တွေကိုရှောင်ပါ –ပိုးသတ်ဆေးတွေ၊လေထုညစ်ညမ်းတဲ့အခိုးအငွေ့တွေလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကအသည်းဆဲလ်ေတွကိုသေစေပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေနဲ့ ဖျန်းဆေးတွေ၊ ဓါတုပစ္စည်းတွေဆီက အဆိပ်အတောက်တွေနဲ့တိုက်ရိုက်မထိတွေ့မိအောင် ကြိုးစားရှောင်ပါ။ ဥပမာ အခန်းထဲမှာခြင်ဆေးဖျန်းလိုက်ရင် လူကရှောင်နေပါ၊ ဒါမှမဟုတ် နှာခေါင်းစည်းတပ်ပါ။ မရှူမိအောင်ရှောင်ပါ။အရက်သောက် ဆင်ခြင်ပါ –အရက်ကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်စေနိုင်တဲ့အပြင် အသည်းဆဲလ်တွေကို ဖျက်ဆီးနိုင်ပြီး အသည်းရွတ်ဖြစ်စေပါတယ်။ အရက်သောက်လိုက်တဲ့အချိန်မှာ အဆိပ်ဓါတ်ပစ္စည်းတွေအများကြီးထွက်ရှိလာပြီး အသည်းကိုထိခိုက်စေတာဖြစ်ပါတယ်။အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါဟာ အတော်ကိုအဖြစ်များတဲ့အမျိုးအစားလည်းဖြစ်ပါတယ်။အသည်းရောင်ရောဂါကာကွယ်ပါ– အသည်းရောင်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာဖြစ်ပြီး အဓိကအဖြစ်များတဲ့ အမျိုးအစားသုံးခုကတော့ အသည်းရောင် A ၊B နဲ့ Cရောဂါတွေဖြစ်ပါတယ်။ သုံးမျိုးလုံးက ကူးစက်ပြန့်ပွားလွယ်ပေမယ့် C ဗိုင်းရပ်စ်ကတော့သွေး သို့မဟုတ် ခန္ဓါကိုယ်ကထွက်တဲ့အရည် ကတဆင့်ပဲ ကူးစက်နိုင်တာဖြစ်ပါတယ်။ A နဲ့ B အတွက်ကတော့ ကာကွယ်ဆေးတွေရှိနေပြီဖြစ်ပါတယ်။ သတိထားနိုင်တာက –။ကာကွယ်ဆေးထိုးပါ –အသည်းရောင် A ပိုးနဲ့ B ပိုး ကာကွယ်ဆေးထိုးထားပါ။ အသည်းရောင် C ဗိုင်းရပ်စ်အတွက်တော့ ကာကွယ်ဆေးမရှိသေးပါဘူး။တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြားသူတွေနဲ့မျှမသုံးပါနဲ့ –မုတ်ဆိတ်ရိတ်ဓါး၊ သွားပွတ်တံ၊ လက်သည်းညှပ် စတာတွေမှာ မမြင်နိုင်တဲ့ရောဂါပိုးတွေ၊ သွေးအပါအဝင် ခန္ဓါကိုယ်အရည်တွေထိပေထားနိုင်ပါတယ်။ရောဂါပိုးရှိသူနဲ့ အသုံးအဆောင်ပစ္စည်းအတူသုံးမိတဲ့အခါ ကူးစက်မိရောပေါ့။အကာအကွယ်သုံးပါ– အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော်များတာတွေက အသည်းရောင် B နဲ့ C ကူးစက်ခံရနိုင်ခြေ ပိုများစေပါတယ်။ဆေးကို ကြည့်သောက်ပါ –ဆေးကို မျက်စိနဲ့သေချာကြည့်ပြီးသောက်ဖို့ပြောတာမဟုတ်ဘူးနော်။ ဘယ်ဆေးဖြစ်ဖြစ် ဆေးညွှန်းအတိုင်း သောက်သုံးသင့်တဲ့ပမာဏမဟုတ်ဘဲ လွန်ကဲနေရင်၊ဆေးတွေရောထွေးသောက်မိနေရင် အသည်းကိုသွားထိခိုက်မှာပါ။ အရက်သောက်ထားရင်လည်းဆေးသောက်ချိန်နဲ့ မနီးပါစေနဲ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/protect-your-liver/
ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ
ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးရတာက လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာကိုဘေဘီလေးတွေရဲ့ မိဘတိုင်းသိကြမှာပါ။ ကလေးတွေက ခေါင်းလျှော်တဲ့အခါ ခေါင်းပေါ်ကနေရေလောင်းချတာကြောင့် မျက်လုံးဖွင့်မရတဲ့ ခံစားချက်နဲ့ ရေမွန်းတာကိုတော်တော်လေး ကြောက်ကြပါတယ်။ အချို့ကလေးလေးတွေဆိုခေါင်းလျှော်ပေးရင် အော်ငိုတာ၊ လျှောက်ပတ်ပြေးနေတာမျိုးတွေတောင် ရှိတတ်ပါသေးတယ်။ ဒါကြောင့်ခေါင်းလျှော်ရခက်တဲ့ ကလေးကို နည်းစနစ်မှန်မှန်နဲ့ ဘယ်လိုခေါင်းလျှော်ပေးမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။အချို့ကလေးလေးတွေက မွေးကင်းစအရွယ်မှာကတည်းကဆံပင်ပါလာတတ်ပေမယ့် အချို့ကလေးငယ်လေးတွေကတော့ ဆံပင်မပါဘဲ မွေးဖွားလာတာမျိုးရှိကြပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကလေးကို ခေါင်းကတော့ လျှော်ပေးရမှာပါပဲ။ ဆံပင်ရှိရင် ဆံပင်ကိုလျှော်ပေးရမှာဖြစ်ပြီး ဆံပင်မရှိရင်ဦးရေပြားကို လျှော်ပေးရမှာဖြစ်ပါတယ်။၁) ကလေးကို နေ့တိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ကလေးရဲ့ ဆံပင်ကိုနေ့တိုင်းလျှော်ပေးဖို့ မလိုဘူးဆိုတာကိုတော့ သိထားဖို့လိုပါမယ်။ ကလေးငယ်လေးတွေက လေ့ကျင့်ခန်းမလုပ်ကြသလို လူကြီးတွေလိုမျိုး ညစ်ပေတာမျိုးလည်းမရှိပါဘူး။ ကလေးငယ်လေးတွေရဲ့ ဆံပင်က သာမန်အားဖြင့်တော့ လူကြီးတွေထက်သန့်ရှင်းပါတယ်။ ကလေးဆံပင်က အရမ်းညစ်ပတ်နေရင်တော့ လျှော်ပေးရပါမယ်။၂) ကလေးအတွက်အပျော့စားခေါင်းလျှော်ရည်ကို ရွေးချယ်ဝယ်ယူပေးပါ။ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေရဲ့အသားအရေထက် ပိုပြီး ဓာတ်ပြုတုံ့ပြန်လွယ်တာကြောင့် လူကြီးတွေ သုံးတဲ့ခေါင်းလျှော်ရည်နဲ့ လျှော်ပေးတာမျိုးကလည်း မသင့်တော်ပါဘူး။ မျက်လုံးမစပ်စေတဲ့ခေါင်းလျှော်ရည်မျိုးက ရွေးချယ်ဖို့အသင့်တော်ဆုံးပါ။ ကလေးအတွက် ခေါင်းလျှော်ရည်ရွေးတဲ့အခါ အနံ့မပါတဲ့ ခပ်ပျော့ပျော့ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်ပေးတာက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။၃) ခေါင်းမလျှော်ခင် ရေအရင်ချိုးပေးပါ။ကလေးငယ်လေးတွေကို ရေအရင်ချိုးပေးပြီးမှ ခေါင်းလျှော်ပေးတာက အသင့်တော်ဆုံးပါ။ ကလေးငယ်လေးတွေကို ရေနဲ့ ရင်းနှီးအောင် ရေပေးဆော့၊ ရေချိုးပြီးမှ ခေါင်းလျှော်ပေးပါ။ဒီလိုလုပ်ပေးတာက ကလေးကို ပိုပြီးသက်သောင့်သက်သာရှိစေသလို လူကြီးတွေအတွက်လည်းခေါင်းလျှော်ပေးရတာ ပိုလွယ်ကူသွားပါလိမ့်မယ်။၄) ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးမယ်ဆိုရင်။ကလေးငယ်လေးတွေကို ခေါင်းလျှော်ပေးမယ်ဆိုရင် တဘက်ခပ်ထူထူလေးနဲ့ ကလေးကို အနှီးထုတ်သလို ထုတ်လိုက်ပါ။ ပြီးရင် ပေါင်ပေါ်မှာ တင်ထားပြီးခေါင်းကို ရေဖြည်းဖြည်းချင်းစွတ်ပေးပြီး လျှော်ပေးပါ။ ကလေးရဲ့ လည်ပင်းနဲ့ ဦးခေါင်းကို လက်တစ်ဖက်နဲ့ ထိန်းပေးထားဖို့လည်း မမေ့ပါနဲ့။ကလေးက အရမ်းငယ်သေးရင်တော့ ရေသန့်သန့်လေးနဲ့ လျှော်ပေးတာနဲ့လုံလောက်ပါတယ်။ ကလေးက နည်းနည်းလေးကြီးလာပြီဆိုရင်တော့ လက်ခုပ်ထဲမှာ ခေါင်းလျှော်ရည်နည်းနည်းလောက်ထည့်ပြီး ကလေးဦးခေါင်းပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေး လိုက်ပါ။ ပြီးရင်တော့ဦးရေပြားကို လက်ချောင်းထိပ်လေးတွေသုံးပြီးနှိပ်နယ်ပေးရင်း ခေါင်းကိုလျှော်ပေးရပါမယ်။ ကလေးခေါင်းက ချွေးထွက်တာမျိုးရှိနိုင်တာကြောင့် စက္ကန့် ၂၀ – ၃၀လောက်တော့လျှော်ပေးရပါမယ်။၅) ခေါင်းကို ရေဆေးချမယ်။ကလေးက အရမ်းငယ်သေးတဲ့အခါမှာတော့ ပက်လက်အနေအထား ပေါင်ပေါ်တင်ထားရတာက သိပ်ပြဿနာမရှိပေမယ့် ကလေးက ထိုင်တဲ့အရွယ်၊ သွားလာနိုင်တဲ့အရွယ်ဆိုရင်တော့ ရေချိုးဇလုံထဲမှာ ပေးထိုင်ပြီး ခေါင်းလျှော်ပေးရတာဖြစ်တာကြောင့် မျက်လုံးထဲ ခေါင်းလျှော်ရည်တွေ၊ ရေတွေဝင်တာနဲ့ နားထဲရေဝင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးခေါင်းကိုထိန်းပေးပြီးမျက်လုံးထဲရေမဝင်စေဖို့အတွက် အနောက်ဘက်ကို နည်းနည်းလေးစောင်းထားပေးရပါမယ်။ ရေကိုဖြည်းဖြည်းချင်းလောင်းပေးရပါမယ်။ ကလေးခေါင်းမှာ ခေါင်းလျှော်ရည်တွေ ပြောင်စင်သွားတဲ့အထိ ဆေးကြောပေးရပါမယ်။၆) ခေါင်းရေသုတ်ပေးမယ်။ကလေးကို ခေါင်းရေသုတ်ပေးတဲ့အခါ လူကြီးတွေလုပ်နေကျအတိုင်း ခေါင်းတစ်ခုလုံးပေါ်  တဘက်အုပ်လိုက်ပြီး သုတ်တာမျိုးမလုပ်ပါနဲ့။ ခြောက်သွေ့နေတဲ့ တဘက်ကို သုံးပြီး ကလေးငယ်ရဲ့ ခေါင်းကို ဖြည်းဖြည်းချင်းသုတ်ပေးရပါမယ်။ ကလေးဆံပင်ခြောက်အောင်ဆိုပြီး အားသုံးပြီး သုတ်တာမျိုးမလုပ်ပါနဲ့။ ကလေးလန့်သွားတာမျိုး မတော်တဆနာသွားတာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ ပြီးရင်တော့ ကလေးရဲ့ ဦးရေပြားနဲ့ ဇက်ကြောကို လက်တစ်ဖက်နဲ့ ဖြည်းဖြည်းချင်းနှိပ်နယ်ပေးရပါမယ်။မွေးကင်းစကလေးငယ်လေးတွေကိုတော့ ခေါင်းကို ခေါင်းလျှော်ရည်မသုံးဘဲ ရေသန့်သန့်လေးနဲ့ပဲ လျှော်ပေးလို့လည်း ရပါတယ်။ တချို့ကလေးတွေမှာ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးတဲ့အခါ ဦးရေပြားခြောက်သွေ့ပြီး အဖတ်လန်တာမျိုးတွေ ဖြစ်နိုင်တာကြောင့်ပါ။ ဒါမှမဟုတ် မွေးစကလေးတွေအတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ပဲ လျှော်ပေးပါ။ကလေးကို ခေါင်းခဏခဏ လျှော်ပေးတာက ဦးရေပြားခြောက်သွေ့တာနဲ့ ဦးရေပြားယားယံကျိန်းစပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အသက်အရွယ်အလိုက် ဘယ်လိုခေါင်းလျှော်ပေးသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/easy-ways-care-for-your-childs-hair/
စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ
စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုတွေကိုတောင် မလုပ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ အသက်ရှူဖို့ မေ့နေပြီး အသက်ရှူ မဝတော့မှ အသက်ကို ရှိုက်ပြီး ရှူတာမျိုးပါ။ဒီလိုကနေခေါင်းကိုက်တာ၊ကြွက်သားတွေ ကိုက်ခဲတာကို ခံစားလာရနိုင်ပါတယ်။ ဒါတွေက စိုးရိမ်မှု လွန်ကဲတာ​ကြောင့် ရလာတဲ့ထိခိုက်မှုတွေပေါ့။ ဒီစိုးရိမ်မှု လွန်ကဲတာကြောင့် ခံစားလာရမယ့် ထိခိုက်မှုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာနဲ့ ကြွက်သားကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာပါ။စိုးရိမ်ပူပန်မှု လွန်ကဲနေချိန်မှာစိတ်လက်ပေါ့ပါးစေဖို့လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုကတော့အသက်ရှူလေ့ကျင့်ခန်းပါ။ အသက်ဝဝရှူလိုက်တာကသွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေပြီး စိုးရိမ်မှုကို ပြေလျော့စေပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေ အရမ်းများလာပြီဆိုရင် အသက်ရှူလေ့ကျင့်ခန်း လုပ်လိုက်ပါ။နည်းလမ်း (၁)– အသက်ရှူလေ့ကျင့်ခန်း လုပ်တာက စိတ်ကို ငြိမ်းချမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းလေး စလုပ်ဖို့ အသက်ကို ဖြည်းဖြည်း ရှူသွင်းပါ။ အသက်ရှူရင်းနဲ့ စိတ်ထဲက ၁ကနေ ၄ အထိ ရေတွက်ပါ။ ပြီးရင် လေကို ဝနေအောင် ရှူသွင်းရင်း စိတ်ထဲကနေ ၅ ကနေ ၈ အထိ ရေတွက်ပါ။ ပြီးရင် လေကို ရှူထုတ်ရင်း ၉ ကနေ ၁၂ အထိ ရေတွက်ပါ။နည်းလမ်း (၂)– နောက်တစ်နည်းကတော့ တိတ်ဆိတ်တဲ့နေရာမှာ ခါးကို မတ်မတ်ထားလို့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြေလျော့ပြီး ထိုင်ပါ။ ပြီးရင် အသက်ကို မှန်မှန်လေး ရှူသွင်းရှူထုတ်လုပ်ပါ။ ဒီလို လုပ်နေချိန်မှာ အသက်ရှူတဲ့အပေါ်မှာပဲ အာရုံစိုက်ထားပြီး အခြားကို အာရုံ မရောက်နေစေဖို့ သတိထားပါ။နည်းလမ်း (၃)– ဒီနည်းလမ်းကတော့ ထိုင်နေလို့ ရသလို လှဲလျောင်းပြီး လုပ်ပေးလို့လည်း ရပါတယ်။ ဒီအသက်ရှူလေ့ကျင့်ခန်း လုပ်တဲ့အခါလက်တစ်ဖက်ကို ဝမ်းဗိုက် နံရိုး အောက်ဘက်နားမှာ ထားပြီး နောက်လက်တစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ထားပေးပါ။ ပြီးရင် ပါးစပ်ကနေ လေဝဝ ရှူသွင်းပါ။ ဗိုက်လေး ချပ်သွားတဲ့အထိပေါ့။ ပြီးရင်တော့ ၄ စက္ကန့်လောက် အောင့်ထားပြီး ဗိုက်လေးဖောင်းလာတဲ့အထိ လေကို နှာခေါင်းရော ပါးစပ်ကနေပါ မှုတ်ထုတ်လိုက်ပါ။ဒီ အသက်ရှူလေ့ကျင့်ခန်းတွေကို စိတ်ထဲ နေလို့ ကောင်းသွားတယ်လို့ ခံစားရတဲ့အထိ ၃ ကြိမ် ကနေ ၇ ကြိမ်လောက်အထိ လုပ်ပေးပါ။စိုးရိမ်မှု များလာတာတဲ့အခါ ခေါင်းကိုက်တာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရပြီး တစ်ကိုယ်လုံးက တောင့်တင်းနေတတ်ပါတယ်။ ဒီပြဿနာကို ပြေလည်စေပြီး စိုးရိမ်မှု လျော့ပါးစေဖို့ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကကြွက်သားတွေကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာပါ။ဒီလို လုပ်ဆောင်တဲ့အခါ အကြောလျှော့လေ့ကျင့်ခန်း၊ယောဂ၊ ထိုက်ချိ၊Zumbaစတဲ့ လေ့ကျင့်ခန်းတွေထဲက နှစ်သက်ရာကို လုပ်ဆောင်လို့ ရပါတယ်။ဒီနည်းလမ်းတွေထံကမှ အလွယ်ကူဖြစ်စေမယ့် ကြွက်သားတွေပြေလျော့စေမယ့် နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။ ဒါကတော့။ဒီလေ့ကျင့်ခန်းကို ၃ ကြိမ်ကနေ ၇ ကြိမ်လောက်အထိ လုပ်ပေးပါ။ ဒီလို ကြွက်သားတွေ ပြေလျော့စေမယ့် လေ့ကျင့်ခန်း လုပ်နေစဉ်မှာ အသက်ဝဝ ရှူဖို့ မမေ့ပါနဲ့။ ဒါမှ ကြွက်သားတွေဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး စိုးရိမ်ပူပန်မှုကြောင့် ကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေမှာပါ။စိုးရိမ်ပူပန်မှုတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ အရာတွေ ဖြစ်တာကြောင့် စိုးရိမ်ပူပန်မှုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်လိုက်ရအောင်နော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/relaxation-techniques/
အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ပါ
အသက် ၂၀ ပြီးလို့ အသက် ၃၀ ထဲကို ဝင်လာပြီ။ ကိုယ်ဟာလုပ်ငန်းခွင်မှာရော၊ နယ်ပယ်တစ်ခုမှာပါ ထိုက်သင့်တဲ့အရည်အချင်းတွေ၊ လုပ်သက်တွေနဲ့ နာမည်ကောင်းတွေ ရသလောက် ဖြစ်နေပြီ။ ကိုယ့်ဘဝအတွက်လည်းအောင်မြင်မှုလမ်းစပေါ် ရောက်နေပြီလို့ ဆိုနိုင်တဲ့ အရွယ်ပါ။ ဒီလိုအရွယ်မှာလည်း ကိုယ့်အသက် ၂၀ တုန်းကလိုပဲ ဆက်ပြီးကြိုးစားဖို့ လိုတဲ့အပြင် ဘဝနေထိုင်မှုပုံစံတွေကိုပါ နည်းနည်း ပြောင်းလဲဖို့ လိုလာပါတယ်။ အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ဖို့ လိုလာပါပြီ။အဓိကကတော့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီလိုအရွယ်ဟာ ငယ်ရွယ်နုပျိုမှုတွေ ကျဆင်းလာသလို ကိုယ့်ရဲ့ မိသားစုဘဝလေးကို စတင်အကောင်အထည် ဖော်ရမယ့် အချိန်ရောက်နေလို့ပါပဲ။ ဒီအချိန်မှာမှ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရင်တော့ ရောဂါတွေ ရဖို့လွယ်နိုင်သလို ကိုယ့်မှာ လက်ရှိပိုင်ဆိုင်နေတဲ့ အောင်မြင်မှုတွေကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ဘာတွေ အဓိက ပြင်ဆင်သင့်လဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ပါ ။ ဘာတွေကို စတင်ရမလဲဆိုတော့။၁။ ဆေးလိပ် ဖြတ်ပါ။ဘာကောင်းကျိုးမှ မပေးနိုင်တဲ့ဆေးလိပ်ကို ဆယ်ကျော်သက်နဲ့ အသက် ၂၀လူငယ်ဘဝမှာ စွဲစွဲလမ်းလမ်း သောက်ခဲ့ဖူးရင်တောင် အသက် ၃၀ ကျော်လာပြီဆိုရင်တော့ ဖြတ်ဖို့ လိုအပ်လာပါပြီ။ ဆေးလိပ်ဟာအဆုတ်ကို ကောင်းကောင်းဒုက္ခပေးနိုင်လို့ အသက်ကြီးလာတာနဲ့အမျှ သက်လုံမကောင်း၊ အမောမခံနိုင်ရင် အလုပ်ကောင်းကောင်း လုပ်နိုင်တော့မှာ မဟုတ်ဘူးနော်။ရုတ်တရက်ကြီး မဖြတ်ချနိုင်ရင်တောင် ကိုယ်သောက်နေကျ ပမာဏထက် တစ်နေ့ကို နည်းနည်းစီ ဖြတ်တာမျိုး လုပ်ပေးနိုင်ပါတယ်။၂။ ညဘက်ကို စောစောပြန်အိပ်နိုင်အောင် အကျင့်ပြန်မွေးပါ။လူငယ်ဘဝတုန်းကညဘက်တွေ နောက်ကျအိပ်တာ၊ ညနဲ့ မနက်မှားအိပ်လည်း ဘာမှ မဖြစ်ခဲ့ဘူးလို့ ထင်ရပေမယ့် အသက်ကြီးလာရင်တော့ ဒါတွေက နောက်နေ့မှာ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အရွယ်လည်း ကျလာနိုင်သလို ရုပ်ရည်အိုမင်းရင့်ရော်လာနိုင်တယ်။ကိုယ်ခံအားတွေ ကျလာပြီး လူက ပိန်သွားတတ်တယ်။ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ မောပန်းနေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့အိပ်ချိန်ကို အနည်းဆုံး ၇ – ၈ နာရီ ရအောင် အိပ်စက်အနားယူပါ။ နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်စက်ခြင်းဟာ ပြည့်ဝတဲ့အိပ်စက်ခြင်းအတွက် အထောက်အကူ မဖြစ်ပါဘူး။၃။ လေ့ကျင့်ခန်းကို နေ့တိုင်းပုံမှန်လုပ်ပါ။အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ ကြွက်သား၊ အရိုးအဆစ်တွေက အားနည်းလာနိုင်ပါတယ်။ အထူးသဖြင့် အသက် ၃၀ အရွယ်တွေဟာ လူငယ်တွေထက် ပိုပြီး အထိုင်များတတ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခု သို့မဟုတ် အားကစားလိုက်စားတဲ့ အကျင့်ကို ပြန်မွေးဖို့ လိုအပ်လာပါပြီ။Gymမှာ နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်လို့ ရသလို ကိုယ့်ဘာသာ လမ်းလျှောက်တာ၊ ပြေးတာ၊ရေကူးတာမျိုး၊ ဘောလုံးကန်တာတွေ လုပ်ပေးလို့ရပါတယ်။ အဓိကကတော့ လေ့ကျင့်ခန်း လုပ်ဖို့ ဒီလိုအရွယ်မှာ မဖြစ်မနေ စတင်ဖို့ပါပဲ။၄။ ပိုက်ဆံ စုပါ။နောက်ပိုင်း အသက်ကြီးလာတဲ့အခါ ကိုယ်ပိုင် အိမ်၊ ကားနဲ့ တစ်မိသားစုလုံး သက်သောင့်သက်သာ ဖြစ်ဖို့ ပိုက်ဆံစုထားဖို့ အရေးကြီးပါတယ်။ အဲ့လိုမဟုတ်ရင်လည်း ကိုယ်ပိုင် လုပ်ငန်းတစ်ခု စတင်ဖို့ အလုပ်စလုပ်ကတည်းက နည်းနည်းချင်းစီ ပိုက်ဆံ စုထားရမှာပါ။ရသမျှ ပိုက်ဆံ အကုန်သုံးပစ်တယ်ဆိုတာ လူလတ်ပိုင်းအရွယ်မှာ လုပ်သင့်တဲ့ အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ တစ်ခုခုဆိုရင် အနာဂတ်အတွက်၊ မိသားစုအတွက်ကို ထည့်တွေးပြီး ဒီပိုက်ဆံကို သုံးသင့်လား၊ သုံးဖို့ လိုအပ်လား၊ ဘာအကျိုးရှိနိုင်လဲဆိုတာ အမြဲ စဉ်းစားပေးပါ။၅။ ကိုယ့်ရဲ့ လက်ရှိဘဝမှာ ပျော်ရွှင်နိုင်အောင် စိတ်မွေးပါ။အသက် ၂၀ ဘဝမှာ အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုရင် အသက် ၃၀ အရွယ်မှာ အတိုင်းအတာတစ်ခုလောက်ထိ အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနေနိုင်ပါပြီ။ ဒီတော့ အရမ်းလောဘတက်တာမျိုး မဟုတ်ဘဲ ကိုင်ပိုင်ဆိုင်နေတဲ့ အရာတွေ၊ ကိုယ့်ရဲ့ လက်ရှိရောက်နေတဲ့ အနေအထားကို ကျေနပ်ပျော်ရွှင်နိုင်ဖို့၊ ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ နေရာတစ်ခုမှာ ရောက်နေနိုင်ပြီဆိုတာကို လက်ခံတတ်ဖို့ အရေးကြီးပါတယ်။၆။ မိမိကိုယ်ကိုယ် တခြားသူတွေနဲ့ မယှဉ်ပြိုင်ဖို့ ကြိုးစားကြည့်ပါ။သိမ်ငယ်စိတ်ရှိတဲ့ သူအများစုဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ့်မှာ ရှိတဲ့ ပိုင်ဆိုင်မှု၊ ရာထူး၊ အရည်အချင်း စတာတွေကို တခြားသူတစ်ယောက်နဲ့ အမြဲ ယှဉ်ပြိုင်နေတတ်ပါတယ်။ ဒီအကျင့်က တကယ်တော့ တော်တော်မကောင်းတဲ့ အချက်ပါ။အငုံ့စိတ်အခံကနေ မနာလိုစိတ် အဖြစ်ပြောင်းသွားတဲ့အခါ လူမှုပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ နာမည်ကို ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ကြိုးစားခဲ့တယ်ဆိုတာ အမြဲတွေးပါ။ တခြားသူတစ်ယောက်ရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေကို လိုက်ပြီး ယှဉ်ပြိုင်နေဖို့ မလိုအပ်ဘူးဆိုတဲ့ အသိ ဝင်အောင်လုပ်ပါ။၇။ စာဖတ်ပါ။အသက် ၃၀ ဆိုတဲ့ ရင့်ကျက်တည်ငြိမ်တဲ့ လူလတ်ပိုင်းအရွယ်မှာ ကိုယ့်အသက်နဲ့ သင့်တော်တဲ့ ရင့်ကျက်မှုတွေ၊ အရည်အချင်းတွေ၊ တာဝန်ယူမှုတွေ၊စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းနဲ့ ဘဝအတွေ့အကြုံတွေကို စာဖတ်ခြင်းကနေ ရနိုင်ပါတယ်။ ဒါ့အပြင် စာဖတ်တဲ့ သူတွေဟာ ဦးနှောက်နဲ့ တွေးခေါ်ပိုင်းဆိုင်ရာမှာ သူများထက်ပိုပြီး ထူးချွန်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/habits-that-changes-after-30s/
သင့်ကလေးအတွက် အကောင်းဆုံးအာဟာရ
ကျန်းမာပျော်ရွှင်ပြီးဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေချင်တယ်ဟုတ်။ ဒါဆိုမေမေ့ဘက်က ဘာတွေပြင်ဆင်ပေးဖို့လိုမယ်ထင်လဲ။ ဘာတွေများလဲလို့ စဉ်းစားနေပြီလား။ စဉ်းစားရင်း ခေါင်းမရှုပ်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းအရွယ်ရောက်လာစေဖို့။ကိုးလလွယ်လို့ ဆယ်လဖွားပြီး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့တဲ့ ကိုယ်ပွားလေးကျန်းမာစေဖို့အတွက်ဆိုရင် ကလေးကိုအာဟာရြပည့်ဝအောင်ကျွေးဖို့လိုသလို သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။အာဟာရပြည့်ဝစေဖို့ ဘယ်လိုဂရုစိုက်ပေးမလဲ…..။ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့ ကလေးတစ်ယောက်ကို အာဟာရပြည့်ဝစေဖို့ နေ့ရက်တိုင်းမှာ အခုလိုမျိုးပြင်ဆင်ပေးသင့်ပါတယ်။ပရိုတင်း။ကြွက်သား နဲ့ ခန္ဓါကိုယ်ကတစ်ရှုးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ကိုယ်ခံအားကောင်းစေဖို့အတွက်လည် အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ– အသက် ၂ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်း ၃ အောင် စကနေ ၅ အောင်စ၊ အသက် ၁၀ နှစ် ကနေ ၁၂ နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်း ၅ အောင်စ ကနေ ၈ အောင်စလိုအပ်ပါတယ်။ဘာတွေကနေရရှိနိုင်လဲ– ငါး၊ ကြက်သား၊ ကြက်ဆင်၊ အဆီမပါတဲ့အသား၊အခွံမာသီးတွေ၊ ဥအမျိုးမျိုး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊ မြေပဲထောပတ် စတာတွေကျွေးပေးလို့ရပါတယ်။သံဓါတ်။သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ကလေးကြီးထွားဖို့အတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တဲ့ ကိုယ်တွင်းမှာ အောက်ဆီဂျင်ရောက်ရှိစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ– အသက် ၄ နှစ်ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို သံဓါတ် ၁၀ မီလီဂရမ် လိုအပ်မှာဖြစ်ပြီး ၈ နှစ်အထက် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို သံဓါတ် ၈ မီလီဂရမ် အထက်လိုအပ်မှာဖြစ်ပါတယ်။ဘာတွေကနေရရှိနိုင်လဲ –အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ တူနာငါး၊ ဥအမျိုးမျိုး၊ သံဓါတ်ဖြည့်စွက်ထားတဲ့ စားစရာတွေ ပြင်ဆင်ပေးပါ။ဗီတာမင် D။ဖွံ့ဖြိုးမှု စတင်နေတဲ့ ကလေးတစ်ယောက်အတွက်အရိုးတွေကြံ့ခိုင်သန်စွမ်းစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ– ကလေးတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ဗီတာမင် D 600 international units per day လိုအပ်ပါတယ်။ဘာတွေကနေရရှိနိုင်လဲ –အစားအစာကနေ ရရှိနိုင်မှုနည်းပါတယ်။ ဗီတာမင် D ဖြည့်စွက်ထားတဲ့နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကွေကာအုတ်စတာတွေကနေရရှိနိုင်ပါတယ်။ ဗီတာမင် D ရရှိနိုင်တဲ့ သဘာဝ အရင်းအမြစ်ကတော့နေရောင်ခြည်ပါ။ကယ်လ်ဆီယမ်။အရိုး နဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့အတွက် အရေးပါပါတယ်။တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ –အသက် ၄ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ်၊ အသက် ၉ နှစ်ကနေ ၁၃နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ် ၁၃၀၀ မီလီဂရမ် လိုအပ်မှာဖြစ်မှာပါ။ဘာတွေကနေရရှိနိုင်လဲ– နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့၊ ပဲပြား၊ ကွေကာအုတ် တို့ကနေရရှိနိုင်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီတွေ –အဆီဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီက ကလေးရဲ့ဦးနှောက်နဲ့အာရုံကြောတွေဖွံ့ဖြိုးဖို့အတွက် အရေးပါပါတယ်။ အထူးသဖြင့် ကလေးတွေမှာခန္ဓါကိုယ်က လိုအပ်တဲ့ ဗီတာမင်တွေကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့၊ ဇီဝတွင်းဖြစ်စဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေဖို့အတွက်၊ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ –တစ်နေ့တာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ (အထူးသဖြင့် မပြည့်ဝဆီ) ၃၀ ရာခိုင်နှုန်း ပါရှိအောင်စားသုံးဖို့လိုပါမယ်။ဘာတွေကနေရရှိနိုင်လဲ–မိခင်နို့၊ သံလွင်ဆီ၊ ပြောင်းဖူးဆီ၊ ပဲပိစပ်ဆီ၊ ငါး၊ ကြက်သား၊ ဆယ်လ်မွန်ငါး၊ သစ်ကြားသီးတို့ကနေရရှိနိုင်ပါတယ်။ဗီတာမင် C။ကလေးရဲ့ ဦးနှောက်နဲ့ကိုယ်ခံအားစနစ်ကောင်းစေဖို့ ထောက်ပံ့ပေးပါတယ်။ အနာကျက်စေနိုင်သလိုခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူနိုင်စေဖို့အကောင်းဆုံးထောက်ပံ့ပေးပါတယ်။တစ်နေ့တာမှာ လိုအပ်မယ့်ပမာဏ –အသက် ၄ နှစ် ကနေ ၈ နှစ်အရွယ် ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင် C ၂၅မီလီဂရမ် ၊ အသက် ၉ နှစ် ကနေ ၁၃ နှစ်အရွယ်ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ၄၅ မီလီဂရမ် လိုအပ်မှာဖြစ်ပါတယ်။ဘာတွေကနေရရှိနိုင်လဲ– လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ပန်းဂေါ်ဖီစိမ်း၊ ကီဝီသီး၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွ၊ သစ်သီးဖျော်ရည်တွေကနေရရှိနိုင်ပါတယ်။နေ့စဉ်စားသုံးမှုမှာ ကလေးကို ဒါလေးတွေပါဝင်အောင် ဂရုစိုက်ပြီး ကျွေးပေးသင့်ပါတယ်။ ဒါတွေအပြင် ကလေးကို ပြည့်ဝတဲ့အိပ်စက်ချိန်နဲ့ သင့်တင့်မျှတတဲ့ကိုယ်လက်လှုပ်ရှားမှုတွေရှိအောင် ဂရုစိုက်ပေးဖို့လည်း မမေ့ပါနဲ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nutrition-for-kids/
ကလေးတော်တော်များများစားမိနေတဲ့ သကြားဓာတ်များတဲ့ အစားအစာတွေ
အရာရာဖွံ့ဖြိုးဖို့အားယူနေဆဲ ကလေးအရွယ်မှာ နေ့စဉ်အစားအသောက်တွေထဲ အာဟာရဖြစ်မယ့်အရာတွေချည်း ပါနေသင့်တဲ့အပြင် ဆိုးကျိုးဖြစ်စေမယ့်အရာတွေ ကင်းနေမှဖြစ်မှာပါ။ ဖေဖေမေမေတို့ကတော့ အာဟာရပြည့်စေဖို့၊ ဖွံ့ဖြိုးမှုမြန်စေဖို့၊ ကလေးစိတ်ကျေနပ်စေဖို့အန္တရာယ်ကင်းမယ့် အကောင်းဆုံးတွေကို ရွေးချယ်ပေးကြမှာပါပဲ။ ဒါပေမယ့် တချို့သောကလေးအစားအသောက်တွေရဲ့ နောက်ကွယ်မှာ အသံတိတ်အန္တရာယ်တစ်ခု ရှိနေခဲ့တာ သတိပေးပါရစေ။ အဲဒါကတော့ သကြားဓာတ်များနေတဲ့ အစားအသောက်တွေပါပဲ။ကိုယ့်ကလေးစားမိနေတဲ့ အစားအသောက်တွေထဲ အချိုဓာတ်များတာတွေ ပါဝင်နေနိုင်တာကို မိဘတွေ သတိထားမိဖို့ အရေးကြီးပါတယ်။ မေမေတို့ သတိထားလို့ရအောင်လို့ သကြားဓာတ်များနေနိုင်တဲ့ ကလေးကြိုက်အစားအသောက်တွေကို ဥပမာ ဖော်ပြပေးလိုက်ပါတယ် –။ဒါတော့ အသိသာဆုံးပါနော်။ သကြားလုံးကတော့ အရွယ်ကြီးတဲ့အထိ ကလေးတိုင်း ကြိုက်တဲ့ထဲ ထိပ်ဆုံးကပေါ့။ သကြားလုံးနဲ့ ဂျယ်လီတွေမှာ ကလေးအတွက်လိုအပ်တဲ့ဓာတ်တွေ ဘာတစ်ခုမှမပေးတဲ့ အပြင် ကယ်လိုရီလည်း မပါရှိပါဘူး။ အဆိုးဆုံးက သူတို့ကို စားတာများရင် ကလေးကို သွားပိုးစားစေနိုင်တယ်၊ အဝလွန်စေနိုင်တယ် ဆိုတဲ့ ဆိုးကျိုးတွေ ပေးပါလိမ့်မယ်။ချောကလက်က ကျန်းမာရေးအတွက် ဘယ်လိုကောင်းတယ် ဘာညာ ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေဟာ အချိုမပါတဲ့ ချောကလက်စစ်စစ်ကိုသာ ဆိုလိုပါတယ်နော်။ ဘယ်ကလေးကများ အချိုမပါတဲ့ ချောကလက်ကို ကြိုက်ပါ့မလဲ။ ချိုဆိမ့်သက်နေတဲ့ ချောကလက်ကိုသာ မက်မောတတ်တဲ့ ကိုယ့်ကလေးကို ဆင်ဆင်ခြင်ခြင်ကျွေးသင့်ပါတယ်နော်။ကလေးတွေအတွက် မသင့်တော်ဆုံးက ဒီအချိုရည်တွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ သကြားဓာတ်များတဲ့အပြင် –။ဘူးအချိုရည်တွေ မတိုက်ပါဘူး၊ သဘာဝအသီးတွေနဲ့ အချိုရည်ပဲတိုက်တယ်ဆိုတဲ့ မေမေတို့ သတိထားကြဖို့ပါ။ ကလေးကို အသီးဖျော်ရည်ပုလင်းတွေဖျော်တိုက်တာ၊ အချိုထပ်စွက်ထားတဲ့ သဘာဝအသီးဖျော်ရည်တွေတိုက်တာလည်း အချိုဓာတ်စားသုံးမှုလွန်ကဲစေနိုင်ပါတယ်။ကလေးအတွက် အားဖြည့်အချိုရည်တိုက်တာက ပေးလာမယ့် အာဟာရဓာတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။ အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏတစ်ပုံတစ်ပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓာတ်တွေပါနိုင်သေးတယ်။ ပိုဆိုးတာက ကဖင်းဓာတ်များရင်ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာ အာရုံစူးစိုက်နိုင်စွမ်းနဲ့လေ့လာမှတ်သားနိုင်စွမ်း ကို ထိခိုက်စေနိုင်ပါတယ်။ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ပရိုတင်းကို အပြည့်အဝရနိုင်တဲ့သောက်စရာ တစ်မျိုးဖြစ်ပေမယ့် အချိုပါဝင်မှုများတဲ့အထဲ ပဲနို့လည်းပါဝင်ပါတယ်။ ပဲနို့ကိုဈေးကွက်မှာ အသင့်သောက်ဘူးလေးတွေနဲ့ တွေ့ရတာများပါတယ်။ အသင့်သောက်ပဲနို့တွေမှာ ပါဝင်တဲ့အချိုဓာတ်က မနည်းတာကြောင့် အာဟာရအတွက် တိုက်မယ်ဆို စဉ်းစားချင့်ချိန်ပြီး အကန့်အသတ်နဲ့ တိုက်သင့်ပါတယ်။ကလေးဖွံ့ဖြိုးကြီးထွားမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ဖြည့်စွက်ပေးနိုင်တဲ့အာဟာရသောက်စရာတွေကို ပိုပြီးအားကိုးတတ်ကြပါတယ်။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ကော်ဖီတွေမတိုက်ဘူးဆိုပြီး မုယောစပါးအာဟာရပြည့်သောက်စရာတွေ ကိုရွေးချယ်လိုက်ပါလေရော။ အဲဒီအခါကျမှ သူတို့မှာပါတဲ့ အချိုပမာဏကြောင့် ကလေးရဲ့နေ့စဉ်အာဟာရမှာ သကြားဓါတ်လွန်ကဲနိုင်တာ သတိထားသင့်ပါတယ်။ဒါတွေမှာသကြားဓာတ်များလို့ဆိုပြီး လုံးဝကြီးအပြတ်ဖြတ်ဖို့တော့ မဟုတ်ပါဘူးနော်။ ကလေးဆိုတာ တားမှ ပိုစားချင်တတ်တာမို့ တစ်ခါတလေမှ အကန့်အသတ်နဲ့ ကျွေးပါ။ ကလေးအတွက် အာဟာရပြည့်စေချင်ရင်တော့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်မယ့်ဓာတ်တွေ ပါဝင်ပြီးသား အာဟာရနို့မှုန့်တွေ၊ ဖြည့်စွက်အာဟာရတွေကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ ဦးနှောက်နဲ့အမြင်အာရုံအတွက် အရေးပါတဲ့DHA (အကျိုးပြုအဆီဓာတ်တစ်မျိုး)၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် သကြားဓာတ်ပါဝင်မှုနည်းတဲ့ အမှတ်တံဆိပ်တွေကို တိုက်ကျွေးသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/worst-foods-for-child/
ကိုယ့်အသားအရေအမျိုးအစားအလိုက် အားဖြည့်ပေးမယ့် ကြက်ဥမျက်နှာပေါင်းတင်နည်း
အသားအရေကို အားဖြည့်ပေးမယ့် ပေါင်းတင်နည်းတွေမှာ ကြက်ဥက အမြဲလိုလိုပါတတ်ပါတယ်။ အသုံးများတာကတော့ ကြက်ဥအကာပါပဲ။ ကြက်ဥ အကာမှာပါတဲ့ ပရိုတင်းက အသားအရေကို တင်းရင်းစေပြီး အဆီပြန်တာတွေကို စုပ်ယူဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ကြက်ဥနဲ့ပတ်သက်တဲ့ ပေါင်းတင်နည်းတွေ အများကြီးရှိပေမယ့် ကိုယ့်အသားအရေနဲ့မလိုက်တဲ့နည်းကို လုပ်မိရင် ထိရောက်သင့်သလောက်မထိရောက်တော့ပါဘူး။ ဒါ့ကြောင့် အဆီပြန်တဲ့အသားအရေ၊ ခြောက်သွေ့တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေတို့အတွက် ကြက်ဥပေါင်းတင်နည်းလေးတွေ ဘယ်လိုလုပ်မလဲဆိုတာလေး ပြောပြချင်တာပါ။ နည်းနည်းလေးပဲကွာခြားတာနဲ့တောင် ရလဒ်က သိသာမှာနော်။ဒီနည်းက အဆီပြန်အသားအရေအတွက်မို့ ဘက်တီးရီးယားပိုးတွေသေစေနိုင်တဲ့ သံပရာရည် ပါဝင်ပါမယ်နော်။ဒီနည်းကို တစ်ပတ်သုံးကြိမ် အထိ သုံးနိုင်ပါတယ်။ဒီနည်းကတော့ အသားအရေကို တင်းရင်းစေပြီးချွေးပေါက်တွေထိန်းညှိပေးနိုင်ပါလိမ့်မယ်။ဒီနည်းကတော့ ခြောက်သွေ့တဲ့အသားအတွက် ရေဓာတ်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။စပျစ်စေ့ရဲ့အဆီကြောင့် အသားအရေကို အားဖြည့်ပေးရာမှာ အကျိုးကျေးဇူးပိုကောင်းစေပါတယ်။သတိထားရမှာက ဘယ်နည်းပဲလုပ်လုပ် မျက်နှာသစ်ပြီးတဲ့အခါmoisturizerလိမ်းသင့်ပါတယ်။ မိတ်ကပ်မလိုတဲ့ သဘာဝအလှကို ပိုင်ဆိုင်နိုင်ကြပါစေနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%b1%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%85%e1%80%ac/
အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။
ကျွန်ုပ်တို့ရဲ့ အရေပြားမှာ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ရေဓာတ်ဖြည့်ပေးနိုင်ဖို့အတွက် အဆီတွေ ထုတ်ပေးနိုင်တဲ့ အဆီဂလင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ အဆီဂလင်းတွေတွေက လိုအပ်တာထက်ပိုပြီး အများကြီးထွက်လာလာတဲ့အခါဝက်ခြံတွေကို ဖြစ်လာစေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက်အဆီပြန်တတ်တဲ့သူတွေ၊အသားခြောက်တတ်တဲ့သူတွေ၊ပေါင်းစပ်အသားအရေရှိတဲ့သူတွေ စသဖြင့် အသားအရေ အမျိုးမျိုးကွဲပြားကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဆီပြန်တတ်တဲ့ အသားအရေရှိတဲ့သူတွေရော၊ ပေါင်းစပ်အသားအရေရှိတဲ့သူတွေရောမှာ အဖြစ်များတဲ့ T-zone တဝိုက်မှာ သာမာန်ထက် ပိုပြီး အဆီပြန်၊ ဝက်ခြံတွေထွက်တဲ့ ပြသနာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားပါမယ်။T-zone ဆိုတာကတော့ နှဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့ပါဝင်တဲ့ မျက်နှာရဲ့ T ပုံစံဖြစ်နေတဲ့ နေရာကိုခေါ်ပါတယ်။ မျက်နှာရဲ့ အခြားအစိတ်အပိုင်းတွေထက် T-zone က အဆီထုတ်တဲ့ ဂလင်းတွေအများကြီးပိုရှိတာကြောင့် လူအတော်များများမှာ T-zone က အဆီပိုပြန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် အဆီတွေရယ်၊ ဆဲလ်သေတွေရယ်၊ ဖုန်စတဲ့ အညစ်အကြေးတွေရယ် ပေါင်းလိုက်တဲ့အခါချွေးပေါက်တွေပိတ်ပြီး ဆားဝက်ခြံ( blackhead)၊ အဆီဖု (whitehead) တွေနဲ့ ဝက်ခြံတွေကို ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် T-zoneကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။၁။ မျက်နှာပုံမှန်သစ်ပါ။အဆီပြန်တဲ့ T-zone ကို ထိန်းချုပ်ဖို့ အကောင်းဆုံးအချက်ကတော့ မနက် အိပ်ရာနိုးနိုးချင်း၊ ချွေးထွက်ပြီး (သို့) လေ့ကျင့်ခန်းလုပ်အပြီးနဲ့ ညအိပ်ရာမဝင်ခင် အချိန်တွေမှာ မျက်နှာကို သေသေချာချာသစ်ပေးဖို့ပဲ ဖြစ်ပါတယ်။ မျက်နှာသစ်ဖို့ မျက်နှာသစ်ဆေးရွေးချယ်တဲ့အခါ oil-free, အမြှုပ်(သို့) foam type နဲ့ mild ဖြစ်တဲ့ မျက်နှာသစ်ဆေးမျိုးကို ရွေးချယ်ဖို့လိုအပ်ပါတယ်။Alcohol က အသားအရေကို ခြောက်သွေ့သွားစေနိုင်တာကြောင့် အဆီဂလင်းတွေကို အဆီပိုထွက်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် alcohol ပါတဲ့မျက်နှာသစ်ဆေးမျိုးကို သတိထား ရှောင်ကြဉ်သင့်ပါတယ်။၂။ Moisturizer အမြဲလိမ်းပါ။တချို့က အဆီပြန်နေတဲ့ မျက်နှာကို moisturizer ထပ်လိမ်းလိုက်ရင် ပိုပြီး အဆီပြန်သွားမယ်လို့ထင်ပြီး မလိမ်းကြတာမျိုး ရှိပါတယ်။ အဲဒီ အယူအဆက လုံးဝကို မှားယွင်းနေပါတယ်။ ရေဓာတ်မပြည့်ဝနေရင် အဆီဂလင်းတွေက အဆီပိုထုတ်နိုင်တာကြောင့် အထူးသဖြင့် အဆီဂလင်းများတဲ့ T-zone လိုနေရာမျိုးကို moisturizer နေ့တိုင်းပုံမှန်လိမ်းပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။T-zoneအတွက်moisturizerသုံးတဲ့အခါမှာလည်း oil free ဖြစ်ပြီး cream type တွေထက်စာရင် gel type မျိုးကို အသုံးပြုသင့်ပါတယ်။ ပေါင်းစပ်အသားအရေအမျိုးအစားမို့ T-zoneမဟုတ်တဲ့ အခြားနေရာတွေမှာ အဆီမပြန်ဘူးဆိုရင် အခြားနေရာတွေအတွက် cream type မျိုးသုံးနိုင်ပါတယ်။၃။  မိတ်ကပ်လိမ်းတဲ့အခါ powder type make up မျိုးသုံးပါ။မိတ်ကပ်အမျိုးအစားရွေးချယ်တဲ့အခါ cream တွေ၊ liquid type တွေ သုံးမယ့်အစား အမှုန့်(သို့) powder type လေးတွေ သုံးမယ်ဆိုရင် အဆီပြန်ခြင်းကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။၄။ အဆီပြန်ခြင်းကို သက်သာစေမယ့် ပါဝင်ပစ္စည်းမျိုးကို ရွေးချယ်ပြီးသုံးပါ။Green tea (သို့) လက်ဖက်စိမ်းရွက်မှာပါတဲ့ polyphenol က အဆီထွက်ခြင်းကို လျော့နည်းစေနိုင်တယ်လို့ လေ့လာချက်တွေက အခိုင်အမာ ပြောထားတာကြောင့် green tea ပါတဲ့ product တွေကို သုံးတာကလည်း အဆီပြန်တဲ့ T-zoneကို control လုပ်နိုင်ဖို့ အကြံကောင်းတစ်ခုဖြစ်ပါတယ်။ Polyphenol က အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ရုံတင်မကဘဲ anti-oxidant တွေပါဝင်ပြီး ဘက်တီးရီးယားပိုးတွေကိုလည်း ဖျက်ဆီးပေးနိုင်တာကြောင့် ဝက်ခြံပြသနာကိုလည်း လျော့နည်းစေနိုင်ပါတယ်။Clay (သို့) ရွှံ့စေးနဲ့ ထုတ်လုပ်ထားတဲ့ product တွေ (ဥပမာ- mask, facial cleanser) ကလည်း အဆီပြန်တတ်တဲ့ T-zone အတွက် အသုံးတည့်ပါတယ်။ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံသုံးမိမယ်ဆိုရင် အသားအရေ ခြောက်သွေ့သွားတာမျိုး ဖြစ်နိုင်တဲ့အတွက် တစ်ပတ်ကို တစ်ခါ၊ နှစ်ခါထပ်ပိုပြီး အသုံးမပြုဖို့၊ product အညွှန်းကိုသေချာဖတ်ဖို့ အကြံပေးချင်ပါတယ်။၅။ အဆီစုပ် စက္ကူ (သို့) blotting paper အသုံးပြုပါ။အဆီပြန်လာတဲ့အခါ oil control paper လေးနဲ့ အသာအယာဖိပြီး အဆီတွေကို ဖယ်ရှားနိုင်ပါတယ်။ မျက်နှာကိုအဆီစုပ်စက္ကူနဲ့ အရမ်းပွတ်ပြီး သုတ်တာမျိုး၊ ခဏခဏ အသုံးပြုတာမျိုးကိုတော့ ရှောင်ဖို့အကြံပေးချင်ပါတယ်။ဒီနည်းလမ်းလေးတွေက အဆီပြန်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ T-zoneအတွက် အဆီပြန်ခြင်းကို ထိန်းချုပ်ပေးနိုင်ပြီး ကျန်းမာတဲ့ အသားအရေရဖို့ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/t-zone-acne/
ပဲနီလေး စားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး
ပဲနီလေး လို့ ပြောလိုက်ရင် မျက်လုံးထဲမှာ လိမ္မော်ရောင်ရင့်ရင့် ပဲစိသေးသေးလေးတွေကိုပြေးမြင်မယ်ထင်ပါတယ်နော်။ ကုန်ခြောက်ဆိုင်တွေမှာ အလွယ် တကူဝယ်ယူလို့ရနိုင်သလို ရာသီမရွေးစားသုံးလို့ရတဲ့ ပဲအမျိုးအစားတစ်မျိုးပါ။ ဟင်းရည်ချက်စားကြသလို ပဲနီလေးကိုကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့နှပ်စားတာမျိုးလည်းရှိပါတယ်။ စားရတာနူးနူးညံ့ညံ့နဲ့စားကောင်းတဲ့ ဟင်းတစ်မျိုးပါ။ပဲနီလေး စားသုံးပေးရင်းရရှိမယ့် အာဟာရဓာတ်တွေက။ပဲနီလေး စားသုံးပေးမယ်ဆိုရင်ခန္ဓာကိုယ်မှာ အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ပဲနီလေးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့အမျှင်ဓာတ်၊ဖောလစ်အက်ဆစ်နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဒါတွေအပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ပဲနီလေးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့်သွေးပေါင်ချိန်ကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။ပဲနီလေးမှာ ဖောလိတ် ပါဝင်နေတာကြောင့် ဘေဘီလေးကို ကျန်းမာစေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်း စားသုံးမယ်ဆိုရင်ဖောလစ်အက်ဆစ်ကို ကြွယ်ဝစွာ ရရှိစေမှာပါ။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မေမေရောဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် ပဲနီလေးစားသုံးပေးလို့ရပါတယ်။ပဲနီလေးမှာ ဆီလီနီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကင်ဆာကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို ကာကွယ်ပေးနိုင်သလို ကင်ဆာကျိတ်တွေကို ကြီးထွားမလာစေဖို့ ကာကွယ်ပေးပါတယ်။ကိုယ်ခံအားကကင်ဆာဆဲလ်တွေကို တိုက်ဖျက်အောင် လှုံ့ဆော်ပေးပါတယ်။အသည်းအင်ဇိုင်းတွေကို အကောင်းဆုံး လုပ်ဆောင်ပေးနိုင်စေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကင်ဆာမဖြစ်အောင် အကောင်းဆုံး တားဆီးပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေတာကြောင့်အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်တာကို အဓိကဖြစ်စေတဲ့ အချက် တစ်ချက်က သံဓာတ်အားနည်းတာပါ။ လူနေမှုပုံစံ ပြောင်းလဲလာတာကြောင့် အခုနောက်ပိုင်းမှာ လူတော်တော်များများဟာ သံဓာတ် အားနည်းလာမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။ ပဲနီလေးက ပရိုတင်းဓာတ်ကို ပေးနိုင်သလို သံဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံး စွမ်းဆောင်ရည် ရရှိစေနိုင်ပါတယ်။ဝမ်းချုပ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးသလို အူနံရံတွေကိုလည်း အာဟာရဓာတ်တွေ အကောင်းဆုံး စုပ်ယူနိုင်အောင် ပံ့ပိုးပေးပါတယ်။ အမျှင်ဓာတ်က ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး ကိုယ်အလေးချိန်များလို့ ဝိတ်ချချင်သူတွေအတွက်လည်း အထူး သင့်တော်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/lentils-benefits/
Obstructive jaundice (ပြွန်ပိတ်အသားဝါရောဂါ)
ပြွန်ပိတ်အသားဝါရောဂါဆိုတာက အသည်းကနေထွက်တဲ့ သည်းခြေရည်ပြွန်ပေါက် ပိတ်တာကနေဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ပိုနေတဲ့သည်းခြေရည်တွေနဲ့ သည်းခြေပစ္စည်းတွေ သွေးထဲကိုကန်ထွက်လာပြီး သည်းခြေရည်စွန့်ထုတ်မှုကို အပြည့်အဝမလုပ်နိုင်တော့ပါဘူး။ သည်းခြေရည်မှာ သွေးနီဥတွေကိုဖျက်တာကနေလာတဲ့ ဘီလီရူဘင် ရောင်ခြယ်ပစ္စည်းပါဝင်ပါတယ်။ ဘီလီရူဘင်က အဝါရောင်ပါ။ ဒါကြောင့် အသားဝါရောဂါဖြစ်တဲ့အခါ အသားရေ၊ မျက်လုံးနဲ့ အမြှေးပါးတွေ အဝါရောင်ဖြစ်လာပါတယ်။အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ပြွန်ပိတ်အသားဝါရောဂါ ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့။အခြေအနေဆိုးလာတာနဲ့ တခြားလက္ခဏာတွေလည်း ပေါ်လာပါတယ်။ပြွန်ပိတ်ရတဲ့အောက်ခံအကြောင်းရင်းပေါ်မူတည်ပြီး လက္ခဏာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ မောပန်းနေသလို ခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ပြွန်ပိတ်အသားဝါရောဂါက အသည်းကနေ အူဆီကို သည်းခြေရည်စီဆင်းတဲ့လမ်းကြောင်းပိတ်သွားပြီး သွေးထဲရောက်သွားတာကနေ ဖြစ်လာပါတယ်။ ပိတ်ရတဲ့အကြောင်းရင်းတွေမှာ သည်းခြေကျောက်တည်တာ ဒါမှမဟုတ် သည်းခြေပြွန်နဲ့ အူသိမ်ဦးဆက်တဲ့နေရာတစ်ဝိုက်မှာ အကျိတ်ဖြစ်တာတွေပါဝင်ပါတယ်။ ဒီလိုအကျိတ်ဖြစ်တာက ကင်ဆာလည်းဖြစ်နိုင်ပါတယ်။မုန့်ချိုအိတ်ကင်ဆာက ဆက်တဲ့နေရာဖြစ်တဲ့ ampulla of Vater (မုန့်ချိုအိတ်နဲ့ အူသိမ်ဦးကိုဆက်သောနေရာ) မှာ အဖြစ်များတာကြောင့် သူကလည်း အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။ ပြွန်ပိတ်အသားဝါရောဂါဖြစ်နိုင်တဲ့ တခြားအခြေအနေတွေကတော့ သည်းခြေပြွန်ကို ဖိအားများစေတဲ့ ပြန်ရည်ကျိတ်ရောင်ခြင်း၊ (ယခင်က ပိုးဝင်ဖူးခြင်း သို့မဟုတ် ခွဲစိတ်ဖူးခြင်းမှ) အမာရွတ်တစ်ရှူးဖြစ်ခြင်း သို့မဟုတ် အရည်အိတ်တည်ခြင်းတို့ ဖြစ်ပါတယ်။အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။ပြွန်ပိတ်အသားဝါရောဂါက ပြင်းထန်တဲ့ရောဂါဖြစ်ပြီး သေနှုန်းမြင့်တဲ့အတွက် စောစောသိဖို့က အရေးကြီးပါတယ်။ စောစောသိရတဲ့အခါ ပိတ်ရတဲ့အကြောင်းကို ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် လက္ခဏာတွေကိုသက်သာစေမယ့် ကုသမှုတွေကိုသာပေးနိုင်မှာဖြစ်ပြီး တစ်သက်လုံးဆေးသုံးစွဲနေရပါမယ်။ပြွန်ပိတ်အသားဝါရောဂါကို စစ်ဆေးမှုအမျိုးမျိုးနဲ့ အတည်ပြုနိုင်ပါတယ်။ ဘီလီရူဘင်လယ်ဗယ်ကို သွေးစစ်ကြည့်ခြင်းအပြင် အသည်းနဲ့သည်းခြေပြွန် အာထရာဆောင်းရိုက်ကြည့်ခြင်းက ပြွန်ပိတ်ရတဲ့အကြောင်းရင်းကို သိနိုင်ပါတယ်။ CT scan ကလည်း ပိတ်ရတဲ့အကြောင်းရင်းကို ရှာဖွေတဲ့အခါမှာ အထောက်အကူရပါတယ်။အောက်ခံအကြောင်းရင်ပေါ်မူတည်ပြီး သည်းခြေကျောက်ကြောင့်ဆိုရင်တော့ ဆရာဝန်က ကနဦးမှာ အနာသက်သာဆေးတွေ၊ ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။Percutaneous Transhepatic Cholangiography (PTC) ဆိုတဲ့ လုပ်ထုံးနဲ့တွဲပြီး အရေပြားကနေတစ်ဆင့် သည်းခြေရည်ဖောက်ထုတ်ခြင်းလုပ်ထုံးကိုလုပ်ဖို့ အကြံပြုပါလိမ့်မယ်။ အသည်းမှာစုပုံနေတဲ့ သည်းခြေရည်တွေကို ဒီနည်းနဲ့ ထုတ်ပေးနိုင်ပါတယ်။ အတိအကျကုသမှုတွေကတော့ အသားဝါရောဂါဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပါတယ်။သည်းခြေကျောက်ကြောင့်ဆိုပါက မှန်ပြောင်းကြည့်ပြီး သည်းခြေပြွန်ကနေကျောက်ဖယ်ထုတ်တာကို လုပ်နိုင်ပါတယ်။ ခွဲစိတ်မှုမစခင်မှာ သည်းခြေပြွန်ပိတ်တာကို ခဏတာသက်သာစေဖို့ မှန်ပြောင်းကနေစတင့် လမ်းကြောင်းလွှဲတာမျိုး၊ ပိုးဝင်တာသက်သာစေဖို့ ဆေးပေးတာမျိုး လုပ်ထားနိုင်ပါတယ်။ အဲ့ဒီနောက် ဝမ်းခေါင်းတွင်းကြည့် မှန်ပြောင်းကနေတစ်ဆင့် သည်းခြေအိတ်ကို ဖယ်ထုတ်ပစ်ဖို့ အကြံပြုနိုင်ပါတယ်။ပြွန်ပိတ်အသားဝါရောဂါရောဂါရဲ့ဇစ်မြစ်က ကင်ဆာအကျိတ်ကြောင့်ဆိုရင် အကျိတ်ကိုခွဲထုတ်မှသာ လူနာအတွက် ရေရှည်အခြေအနေကောင်းပါလိမ့်မယ်။ကံဆိုးတာက ကင်ဆာကျိတ်ရှိတဲ့လူနာအများစုက ခွဲစိတ်မှုလုပ်ဖို့မသင့်တော်ကြဘူး။ ဒါကြောင့် ဓါတုကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံးတွေကို ရွေးချယ်ရပါတယ်။ ဒီလိုလူနာတွေအတွက် ပြွန်ပိတ်အသားဝါရောဂါကို သက်သာစေနိုင်တာက ကင်ဆာဆိုတာသချာတာနဲ့ မှန်ပြောင်းကိုသုံးပြီး ဒါမှမဟုတ် ဓါတ်မှန်ကိုသုံးပြီး လမ်းလွှဲပြွန်ထည့်တာမျိုး ဖြစ်ပါတယ်။သည်းခြေကျောက်တည်ပြီး အသားဝါရောဂါမရဖို့ ကျန်းမာသော မျှတသောအစားအသောက်တွေကို စားသုံးပါ။ အဆီများတာတွေ အရက်တွေကိုရှောင်ပါ။တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/obstructive-jaundice-%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%9d%e1%80%ab%e1%80%9b%e1%80%b1%e1%80%ac%e1%80%82/
ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး
ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေဖို့ ငယ်စဉ်အရွယ်ကတည်းက အစားအစာကိုသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးမှုက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဒီတော့ဘေဘီလေးကို စိတ်ရောကိုယ်ပါကျန်းမာသူဖြစ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့်အစားအစာတွေနဲ့ မိတ်ဆက်ပေးလိုက်ရအောင်လား………..။(၁)နို့။အရိုးတွေကိုသန်မာစေနိုငိတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် Dတို့ဝင်နေသလိုဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။ တကယ်လို့ ကလေးက နို့ကို မကြိုက်ဘူးဆိုရင်တောင်မှ နို့မှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးမျိုးကိုလည်း တိုက်ပေးလို့ရပါတယ်။(၂)ဥအမျိုးမျိုး။ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် B12၊ သံဓါတ် အပြင် ကလေးတွေရဲ့ ခန္ဓါကိုယ် နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့omega-3 fatty acidsပါဝင်နေပါတယ်။(၃)ဆယ်လ်မွန်ငါး။ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ထက်မြက်ဖို့အတွက်ပါအရေးပါတဲ့omega-3 fatty acids အပြင် ကိုယ်ခံအားကောင်းစေနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် D တို့လည်း ပါဝင်နေပါတယ်။(၄)ပဲအမျိုးမျိုး။ပဲအမျိုးမျိုးမှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေသလို ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့အစာခြေစနစ်ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် B တို့ ကြွယ်ဝစွာပါဝင်နေမှုကလည်း ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။(၅)အဆီမပါတဲ့အသား။သံဓါတ်ပါဝင်နေတာကြောင့်သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးပြီး ဦးနှောက်ဆီကို အောက်ဆီဂျင် အပြည့်အဝရရှိအောင်ထောက်ပံ့ပေးပါတယ်။ ပရိုတင်းပါဝင်တာကြောင့်အရိုးနဲ့ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခံအားကိုလည်းကောင်းစေနိုင်ပါတယ်။ သိမြင်မှုစွမ်းရည်ကို တိုးစေနိုင်ပြီး အာရုံစိုက်နိုင်စွမ်းကိုလည်းကောင်းစေနိုင်ပါတယ်။ကလေးကို ကျန်းကျန်းမာမာနဲ့ ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်လာစေဖို့ ဒီအစားအသောက်လေးတွေကို ငယ်စဉ်ကတည်းကသေချာလေးပြင်ဆင်ပေးစေချင်ပါတယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/foods-for-your-childs-brain-development/
အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ
အားကစားတစ်ရပ်ရပ်ကို လုပ်ဆောင်တဲ့အခါ အားကစားလုပ်တာကြောင့်ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်နေသူတွေအနေနဲ့လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဖြစ်ရတာက။အားကစားလုပ်ရင်း ထိခိုက်နိုင်တဲ့ ထိခိုက်မှုတွေကတော့ အများကြီးပါ။ ထိခိုက်ဒဏ်ရာအလိုက် လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။ အဖြစ်အများဆုံး အားကစားလုပ်ရင်း ထိခိုက်မိနိုင်တဲ့ ထိခိုက်မှုတွေကတော့။အရွတ်စုတ်ခြင်း– လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ၊ နာကျင်နေတာကို မနားဘဲ လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်တာကြောင့် အရိုးနှစ်ခုကို တွယ်ဆက်ပေးထားတဲ့ အရွတ်တွေ စုတ်ပြဲတာ၊ ထိခိုက် သွားတာမျိုးပါ။ကြွက်သားနာကျင်ခြင်း– ရေလုံလောက်အောင် မသောက်တာ၊ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာပါ။ ကြွက်သားမှာ ဒဏ်ဖြစ်တာ၊ စုတ်ပြဲတာမျိုးတွေပါ ခံစားရနိုင်ပါတယ်။ဒူးနာခြင်း– အားကစားလုပ်တာကြောင့် အများဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုက ဒူးပါ။ ဒူးနာတာက ဒူးဆစ် ထိခိုက်မိတာကနေစလို့ တစ်ရှူးတွေ၊ အရွတ်နဲ့။ ကြွက်သားတွေ ထိခိုက်မှုအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ကြွက်သားရောင်ခြင်း– ကြွက်သားရောင်တာက ထိခိုက်မှုတွေကြောင့် ဖြစ်နိုင်သလို ကြွက်သားကို လုံလောက်တဲ့ နားနေမှု မပေးတာ၊ အာဟာရနဲ့ ရေမပြည့်ဝတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ခြေချင်းဝတ်အရွတ်စုတ်ခြင်း– ခြေချင်းဝတ်က အရွတ်က ပါးလွှာပေမယ့် ခိုင်ခန့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ အရွတ်စုတ်ပြဲနိုင်သလို ရုတ်တရက် ခြေခေါက်လဲတာကြောင့်လည်း အရွတ်စုတ်ပြဲ နိုင်ပါတယ်။ ဒီအရွတ်စုတ်ပြဲတဲ့အခါ လမ်းလျှောက်ဖို့ ခက်တာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။အရိုးကျိုးခြင်း– အရိုးကျိုးတာကတော့ ထိခိုက်မှုတွေကြောင့် ဖြစ်တာများပါတယ်။အဆစ်လွဲခြင်း– အရိုးတွေ ပုံစံတကျ မရှိတဲ့ အနေအထားမျိုးပါ။ အရေိုးကို အားနဲ့ ထိခိုက်မိတဲ့အခါ အဆစ်လွဲတာမျိုး ဖြစ်နိုင်ပါတယ်။ အဆစ်လွဲတဲ့အခါ အဆစ်လွဲတဲ့နေရာက ရောင်ရမ်းတာ၊ အားပြုဖို့ခက်တာမျိုး ခံစားရနိုင်ပါတယ်။အားကစားလုပ်ရင်းဖြစ်တဲ့ ထိခိုက်မှုတွေက ပုံမှန်အားဖြင့် မပြင်းထန်ဘူးဆိုရင် အိမ်တွင်းကုထုံးလေးတွေလုပ်ရင်း သက်သာသွားတာ များပါတယ်။ထိခိုက်မိပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ ထိခိုက်မိတဲ့နေရာကို အနားပေးပါ။ဒီလိုတွေ လုပ်ပေမယ့် သက်သာလာမရှိဘူး၊ ထိခိုက်တဲ့နေရာက ပိုနာလာမယ်ဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့ ပြောပါရစေ။အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရတာ ကင်းစေဖို့အတွက်။အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်မှုတွေလုပ်သင့်သလို ဖြစ်လာခဲ့ရင်လည်း သေချာလေး သက်သာအောင် လုပ်ဆောင်ပေးပါ။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/sport-injuries/
အရက်အလွန်အကျွံသောက်ရင် အသည်းကိုဘယ်လိုထိခိုက်စေသလဲ
အရက်ကို တစ်ခါတရံလောက်ပဲ သောက်ရာကနေ ရေရှည်စွဲသွားတာမျိုး၊ မသောက်ရမနေနိုင် ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် အရက်သောက်ခြင်းဟာ သေချာစဉ်းစားရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ အရက်ကို ရေရှည် အလွန်အကျွံ သောက်ရင် လူမှုရေးပြဿနာများသာမကပဲကျန်းမာရေးလည်း ထိခိုက်လာနိုင်ပါတယ်။ အထူးသဖြင့်အသည်းရောဂါများ ဖြစ်ပါတယ်။အရက်သောက်ချိန်မှာ အရက်ကိုအစာအိမ်နဲ့အူလမ်းကြောင်းမှတဆင့် သွေးကြောတွေထဲကို စုပ်ယူလိုက်ပါတယ်။ အစာလမ်းကြောင်းကလာတဲ့ အရက်များဟာ နှလုံးဆီမရောက်ခင် အသည်းကို ဖြတ်ရပါတယ်။ ဒါကြောင့် အသည်းမှာ အရက်ပမာဏ အများဆုံးစုဝေးပါတယ်။ အသည်းရဲ့ဆဲလ်တွေမှာ အရက်ကို အင်ဇိုင်းစနစ်ရဲ့ ဓါတုဖြစ်စဉ်အဆင့်များစွာနဲ့ ပြောင်းလဲအပြီးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ထွက်လာစေပါတယ်။ ပြီးရင်ဆီးထဲနဲ့အဆုတ်ထဲ ရောက်သွားပါတယ်။ဒါပေမယ့် အသည်းမှာလည်း အကန့်အသတ်ရှိပါတယ်။ နာရီတိုင်းမှာ အတိုင်းအတာတစ်ခုအထိပဲ ချေဖျက်ပေးနိုင်ပါတယ်။ သုတေသနတွေအရ တစ်နေ့ကို အပြည်ပြည်ဆိုင်ရာယူနစ် ၁ ယူနစ်ကနေ ၂ယူနစ်ထိပဲ ထောက်ခံထားပါတယ်။ ၁ ယူနစ်မှာ ၂၅ မီလီလီတာ သို့မဟုတ် တစ်ပက်ရှိပါတယ်။ ဒီတော့ တစ်နေ့ကို တစ်ပက်ကနေ နှစ်ပက်ထိပဲသောက်သင့်ပါတယ်။တစ်ဖက်မှာလည်း အရက်စွဲသူများ၊ အလွန်အကျွံ သောက်သူများမှာ နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့အသည်းအဆီဖုံးခြင်း၊အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း စတဲ့ အရက်နဲ့ဆက်စပ်နေတဲ့ အသည်းရောဂါတွေပေါ်လာပြီး ကြာလာတာနဲ့အမျှ ဆိုးရွားလာပါတယ်။အသည်းအဆီဖုံးခြင်း။အသည်းအဆီဖုံးခြင်းဆိုတာ အသည်းဆဲလ်တွေမှာ အဆီများစုဝေးလာခြင်းဖြစ်ပြီး အရက်အလွန်သောက်သူတွေမှာ ဖြစ်တတ်ပါတယ်။ အရက်သောက်ခြင်းကို ရပ်လိုက်ချိန်မှာတော့ ပျောက်သွားတတ်ပါတယ်။ ဆက်ပြီးသောက်နေရင်တော့ အသည်းရောင်တဲ့အဆင့် ရောက်သွားပါတယ်။ အရက်ကြောင့် အသည်းရောင်ခြင်းဟာ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ ဆိုးရွားတဲ့ အခြေအနေထိ ရှိပါတယ်။သိပ်မပြင်းထန်သေးချိန်မှာ လက္ခဏာမပြတတ်ဘဲ သွေးစစ်မှသာ ပုံမှန်မဟုတ်တဲ့ အင်ဇိုင်းတွေကို တွေ့ရမှာဖြစ်ပါတယ်။ တချို့မှာတော့ ရောဂါကြာသွားပြီး အသည်းဆဲလ်တွေ တဖြည်းဖြည်းပျက်စီးသွားတဲ့အခါ အသည်းခြောက်ခြင်းအထိ ဖြစ်စေပါတယ်။ ပိုဆိုးတဲ့ အခြေအနေတွေမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အသားဝါခြင်း၊ အသည်းအောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ရုတ်တရက် အသည်းရောင်တဲ့အခါ အသည်းရောင်ခြင်းမှတဆင့် ကိုမာသတိမေ့ခြင်း၊ အသားဝါခြင်း၊ သွေးမခဲခြင်း၊ သိမြင်မှုအားနည်းခြင်း၊ သတိမေ့ခြင်း၊ အူလမ်းကြောင်း သွေးယိုခြင်း စတာတွေဖြစ်ပြီး သေဆုံးမှုလည်း မြင့်မားပါတယ်။ဒီရောဂါဖြစ်ရင်အာဟာရဓါတ်မျှတအောင် စားရပါတယ်။ ဒါမှမဟုတ် အစာပြွန်ထည့်ပေးခြင်း၊ စတီးရွိုက်ပေးခြင်း စတာတွေ ပြုလုပ်ရပါတယ်။အသည်းခြောက်ခြင်း။အသည်းခြောက်ခြင်းဆိုတာ အသည်းမှာ ဖိုင်ဘာတစ်ရှုးများ ပြောင်းလဲသွားပြီး အလုပ်မလုပ်နိုင်တော့ခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ပိုမိုဆိုးရွားသွားတတ်တဲ့သဘောရှိပြီး ဖိုင်ဘာတစ်ရှုးတွေဟာ အသည်းဆဲလ်တွေရဲ့ ပုံမှန်တည်ဆောက်ပုံနဲ့ အသစ်ပြန်ဖြစ်ခြင်းအပေါ် ထိခိုက်မှုဖြစ်စေပါတယ်။ အသည်းဆဲလ်တွေဟာ ထိခိုက်သေဆုံးသွားပြီး တစ်သျှူးတွေဟာ အစားထိုးလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အသည်းဟာ ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တော့ပါဘူး။ ဖိုင်ဘာတစ်ရှုးတွေဟာ အသည်းဆီ ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက် ပေးလာပါတယ်။အမာရွတ်တစ်ရှုးများပေါ်လာပြီး အရင်လိုပြန်မဖြစ်တော့ပါဘူး။ ပထမပိုင်းမှာ အသည်းဆဲလ်တွေဆုံးရှုံးခြင်းဟာ လူကို မထိခိုက်စေပါဘူး။ ဒါပေမယ့် အသည်းဆဲလ်တွေ ပိုမိုပျက်စီးလာတာနဲ့အမျှ ဖိုင်ဘာတစ်ရှုးတွေ များသထက် များလာပါတယ်။ အသည်းရောင်ခြင်းနဲ့ ပတ်သက်တဲ့လက္ခဏာတွေနဲ့တူတဲ့အပြင် နောက်တဖြည်းဖြည်းနဲ့ အသည်းခြောက်လာပါတယ်။ အချိန်ကြာကြာ အသည်းခြောက်နေသူများနဲ့ အသည်း သွေးပြန်ကြောပိတ်သူများမှာရေဖျဉ်းစွဲခြင်းပါ ဖြစ်လာပါတယ်။ အသည်းခြောက်ခြင်းရဲ့ အဆိုးအရွားဆုံး အခြေအနေကတော့ အသည်းကင်ဆာကို ဦးတည်နေခြင်းပဲ ဖြစ်ပါတယ်။အသည်းခြောက်ခြင်းဟာ ဗိုင်းရပ်စ်ပိုးများ၊၊ မျိုးရိုးဗီဇရောဂါများ၊ ဇီဝဖြစ်ပျက်မှုပြဿနာများ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အမြင့်ဆုံးကတော့ အရက်ကို ၁၀နှစ်အထက် သောက်ခဲ့သူတွေဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။အထက်ဖော်ပြပါလက္ခဏာတွေအပြင် တခြား စစ်ဆေးနည်းတွေကလည်း ရောဂါရှာဖွေနိုင်ပါတယ်။ ALT နဲ့ ALP မြင့်တက်ခြင်း၊ အယ်လ်ဗျူမင်နည်းခြင်း၊ သွေးတွင်းဘီလီရူဘင် ပါဝင်မှုများခြင်း စတာတွေကို သိနိုင်ဖို့ သွေးစစ်ခြင်း၊ အသည်းပျက်စီးမှုကို သိနိုင်တဲ့ အာထရာဆောင်းရိုက်ခြင်း၊ အသည်းဆဲလ်များကို နမူနာစယူ စစ်ဆေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။အရက်ဖြတ်ဖို့ လိုပါတယ်။ ပြီးရင် အစားအသောက် အာဟာရမျှတအောင်စားဖို့၊ ဗီတာမင်နဲ့ သတ္တုဓါတ် ဖြည့်စွက်စာတွေကို အချိန်အတိုင်းအတာတစ်ခုအထိစားသုံးဖို့ လိုပါတယ်။ရေဖျဉ်းရှိတဲ့ လူနာတွေမှာ ဆီးဆေးနဲ့ ပဋိဇီဝဆေးတွေ ပေးဖို့ လိုအပ်ပါတယ်။ အသည်းဟာ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် တစ်ခုတည်းသော နည်းလမ်းကတော့ အသည်းအစားထိုးခြင်းပဲ ဖြစ်ပါတယ်။ကာကွယ်နိုင်ရေးအတွက်ဆိုရင်တော့ နေထိုင်မကောင်းဖြစ်ရင် အရက်မသောက်ပါနဲ့။ အရက်ကိုဖြတ်ပါ။ ဒါမှမဟုတ် လျှော့ပါ။ အကန့်အသတ်နဲ့လုပ်ပါ။ အမျိုးသားတွေမှာ တစ်နေ့ကို ၄ယူနစ်နဲ့ တစ်ပတ်ကို ၂၁ယူနစ်ထက် ပိုမသောက်ပါနဲ့။ အမျိုးသမီးတွေဆိုရင် တစ်နေ့ကို ၃ယူနစ်၊ တစ်ပတ်ကို ၁၄ယူနစ်ထက် ပိုမသောက်ပါနဲ့။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ လုံးဝမသောက်ပါနဲ့။ သောက်နေသေးတယ်ဆိုရင်လည်း တစ်ပတ်ကို ၁-၂ယူနစ်အောက်ပဲ သောက်ပြီး မမူးပါစေနဲ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/over-drinking-and-liver-health/
ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့
နွေပူမှခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်း ကိုက်တာ မဟုတ်ပါဘူး။ရာသီဥတုအရမ်းအေးရင်လည်း ခေါင်းကိုက်တာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ရာသီဥတု အေးလာတဲ့အခါဆီရိုတိုနင်အပါအဝင် ဦးနှောက်ထဲက chemical တွေက မညီမမျှဖြစ်ပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေပါတယ်။ ရာသီဥတု အေးလို့ ခေါင်းတစ်ခြမ်းကိုက်တာက လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ ခေါင်းထဲက ပြင်းပြင်းထန်ထန် နာကျင်သလိုမျိုး ခံစားရတာပါ။ ခေါင်းတစ်ခြမ်းကိုက်တာက ခေါင်းထဲက နာကျင်တာအပြင် မအီမသာဖြစ်တာ၊ အလင်းကို မခံနိုင်တာ၊ အသံတွေကြောင့် နားဆူတာကို မခံနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ရာသီဥတု ပြောင်းလဲတာ အထူးသဖြင့် ရာသီဥတု အေးလာတဲ့အခါမျိုးမှာ ဦးနှောက်ထဲက  ဓာတုပစ္စည်းတွေ ပြောင်းလဲတာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ရတာပါ။ ရာသီဥတု ပြောင်းလဲတဲ့အခါ လေထုက ခြောက်သွေ့တာ အပါအဝင်အပူချိန် မြင့်လွန်းတာ၊ အေးလွန်းတာ၊ နေရောင် စူးလွန်းတာ၊ လေထုထဲမှာစိုထိုင်းဆ မြင့်လွန်းတာတွေက ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ဒီလို ရာသီဥတု ပြောင်းလဲတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဘာတွေ လုပ်ပေးလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ခေါင်းတစ်ခြမ်းကိုက်တော့မယ်ဆိုတာကို ကြိုသိနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုကြိုတင်လက္ခဏာအနေနဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို မခံစားရခင် ၄၈ နာရီ အလိုလောက်မှာအစောပိုင်း လက္ခဏာတွေအနေနဲ့ ခေါင်းကိုက်တာကို ပြင်းပြင်းထန်ထန် မခံစားရခင်မှာ။ရာသီဥတု အေးတာကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေမှာပါ။လာဗင်ဒါဆီကို ရှူပေးတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့လာမှု တစ်ခုအရတော့ လာဗင်ဒါဆီကို လက်ဖဝါးထဲမှာ ပွတ်ရှူပေးတာက ၁၅ မိနစ်အတွင်း ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ယောဂလေ့ကျင့်တာက ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ လျှော့ချပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ချင်း (ဂျင်း) က ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် ချင်း (ဂျင်း) ရေနွေးကြမ်း သောက်တာကလည်း နည်းလမ်းကောင်းပါ။ ချင်း (ဂျင်း) မှုန့်ကို စားပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် နည်းလမ်းကောင်းပါ။ရေဓာတ်နည်းနေတာကလည်း ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ဆိုရင် ရေအေးအေးလေး တစ်ခွက်လောက် သောက်ပေးလိုက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ခေါင်းတစ်ခြမ်း ကိုက်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုက အိပ်ရေးပျက်တာ များတာကြောင့်ပါ။ ဒါကြောင့် ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် အိပ်ရေးဝဝလေး အိပ်ပေးတာမျိုး လုပ်ပေးပါ။ အိပ်ရေးဝတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း နောက်တစ်ခုကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး ဝင်လေထွက်လေကို မှတ်ရင်း အသက်မှန်မှန်ရှူတာပါ။ခေါင်းတစ်ခြမ်း ကိုက်လာပြီဆိုရင် အခုပြောပြတဲ့ နည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်ကြည့်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/home-remedies-for-headache-due-to-cold-weather/
စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ
အရေပြားကို ပျက်စီးစေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။အရေပြား ပြဿနာတွေများသလို အရေပြားကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေကလည်း ဒုနဲ့ဒေးပါ။ ဒီတစ်ခေါက်တော့ စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးတဲ့အခါ ဘာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။အကြောင်းကတော့ အသားအရေ ထိခိုက်စေနိုင်တဲ့ အရာတွေ အများကြီးထဲမှာမှလေဒီလေးတွေကို အသားအရေ အထိခိုက်စေဆုံး အကြောင်းအရာက စတီးရွိုက်ပါပဲ။စတီးရွိုက်ပါတဲ့ အလှကုန်တွေက ဈေးကွက်ထဲမှာ ဈေးပေါပေါနဲ့ ရောက်ရှိနေပြီး လူးစမှာ သက်သာလာတာကြောင့် ဆက်တိုက်လူးရင်းက နောက်ဆုံးမှာအသားအရေ ပျက်စီးတာပါ။ နောက်တစ်ချက်က စတီးရွိုက်ပါတဲ့ အလှကုန် အများစုက ပါဝင်ပစ္စည်းနေရာမှာ စတီးရွိုက်လို့ ထည့်မရေးထားတာကြောင့်လည်း ပါတာပေါ့။အချိုဆိုဝက်ခြံတွေ ထိန်းမနိုင်အောင် ထွက်လာမှ စတီးရွိုက်ထိထားတာထင်တယ်ဆိုတာမျိုးတောင် ရှိပါတယ်။ ဒီတော့ စတီးရွိုက်ထိရင် ဘယ်လို လက္ခဏာတွေ တွေ့ရနိုင်လဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။အရေပြားက စတီးရွိုက်ထိတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာချင်းတော့ မတူနိုင်ဘူးပေါ့။စတီးရွိုက်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာက စောစောသိလေ ပိုကောင်းလေပါ။ ဒါမှလည်း အသားအရေ ထိခိုက်မှု နည်းတော့မှာပေါ့။ဒါကြောင့် အပေါ်မှာ ပြောတဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင်။စတီးရွိုက် ပါတဲ့ဆေးကို ရပ်လိုက်တဲ့အခါ မျက်နှာပေါ်က အဖုအပိမ့်တွေက ကန်ထွက်လာသလို အများကြီး ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် အသားအရေကို ထပ်မပျက်စီးစေဖို့တော့ ရပ်သင့်ပါပြီ။ ရပ်လိုက်တဲ့အခါ ပြန်ကန်တာကို ကြုံရမှာပါ။ ဒါကြောင့် ဒီတိုင်းရပ်လိုက်ရုံတင် မဟုတ်ဘဲ အရေပြား ဒါမှမဟုတ် အလှအပဆိုင်ရာ ဆရာဝန်နဲ့ပါ ပြသသင့်ပါတယ်။ဆရာဝန်နဲ့ အမြန်ပြပါ။ကိုယ့်ဘာသာကိုယ် ဘာမှထပ်မလုပ်၊ ထပ်မလိမ်းပါနဲ့တော့။ တတ်ကျွမ်းတဲ့ အရေပြားဆရာဝန် ဒါမှမဟုတ် အလှအပဆရာဝန်နဲ့သာ ပြပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။ ရမ်းပြီး လုပ်လို့ ထပ်ပျက်စီးသွားရင် ကုရတာ ပိုခက်သွားမှာပါ။ရေခဲ ကပ်ပေးတာ၊ရေအေးဝတ်ကပ်ပေးတာက စတီးရွိုက်ကြောင့်အရေပြား ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။ သတိထားရမှာက အေးလွန်းတယ်ဆိုရင်လည်း အသားအရေခြောက်ပြီး ပိုယားလာနိုင်ပါတယ်။ ဒါကြောင့် အဝတ်သန့်သန့်လေး ခံပြီး ကပ်ပေးပါ။ ကိုယ်ခံနိုင်တဲ့ အအေးလောက်နဲ့ပဲကပ်ပါ။စတီးရွိုက်ကြောင့် အသားအ​ရေ ထိခိုက်တဲ့ လက္ခဏာတွေကို သက်သာစေဖို့ဆိုရင်Antihistamine ဆေးဝါးတွေကို အသုံးပြုရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကတော့ ဆရာဝန်က ညွှန်းပေးပါလိမ့်မယ်။ပိုးသတ်ဆေးတွေကတော့ စတီးရွိုက်ကြောင့် အသားအရေ ပျက်စီးပြီး ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ အဓိကကတော့ ရောင်ရမ်းတာ၊ ပြည်တည်နာ၊ ပေါက်ပြဲတာတွေကနေ ပိုးဝင်တာကို သက်သာစေတာပါ။လိုအပ်တဲ့အခါ အရေပြားဆရာဝန်တွေကစတီးရွိုက်ကြောင့် အသားအရေ ထိခိုက်တာကို သက်သာစေဖို့ စတီးရွိုက် သောက်ဆေးကို ကာလတို တစ်ခုအထိ ပေးတတ်ပါတယ်။ ဒီလို သောက်သုံးမှုက လက္ခဏာတွေကို ပိုမဆိုးစေဘဲခန္ဓာကိုယ်မှာ ခံစားနေရတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေတာကြောင့်ပါ။ စတီးရွိုက်ရပ်လိုက်တာကြောင့် ပြန်ကန်တာကိုလည်း ထိန်းချုပ်ဖို့အတွက် ဖြစ်ပါတယ်။စတီးရွိုက်က အင်မတန်အသုံးဝင်တဲ့ ဆေးဝါးပါ။ အရေပြားရောဂါတွေ အပါအဝင် တခြားသော ကျန်းမာရေးပြဿနာတွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ မသုံးတဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးများစေတာကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသုံးသင့်ပါဘူး။ အလှကုန်တွေဆိုရင်လည်း စိတ်ချရတဲ့အမျိုးအစားတွေကိုပဲ သုံးသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/topical-steroid-damaged-skin/
DHA နဲ့ ကျန်းမာရေး
နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတိုင်းမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်နေသလို အာဟာရ တစ်ခုချင်းစီတိုင်းက ခန္ဓာကိုယ်ကို များစွာ အကျိုးပြုနေပါတယ်။ ဒီတစ်ခေါက်တော့ ဦးနှောက် နဲ့ အမြင်အာရုံ ကျန်းမာရေး ကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့အတွက် အရေးပါတဲ့ DHA  က ခန္ဓာကိုယ် အတွက် ဘယ်လို အကျိုးပြုလဲ ဆိုတာကို ပြောပြပေးပါရစေ။DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီးomega-3 fatty acidတစ်မျိုးပါ။ omega-3 fat ကDHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ အဆီများတဲ့ ငါးတွေအထူးသဖြင့် ဆယ်လ်မွန် နဲ့ တူနာတို့မှာ အတွေ့ရများပါတယ်။ခန္ဓာကိုယ်က DHA ပမာဏ နည်းနည်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ DHA ပမာဏကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် အစားအသောက် ကနေတဆင့် ဒါမှမဟုတ် ဖြည့်စွက်အာဟာရတွေကို အားကိုးရပါမယ်။ DHA နဲ့ EPA တို့ကို ပြည့်ဝလုံလောက်စွာ ရရှိမှ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီးနှလုံးရောဂါလိုမျိုးနာတာရှည်ရောဂါတွေကို သက်သာစေနိုင်မှာပါ။ DHA ကဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပြီး မျက်လုံးကို ကျန်းမာစေနိုင်မှာပါ။မရှိမဖြစ် အရေးပါတဲ့ အာဟာရ တစ်မျိုးဖြစ်တဲ့ DHA ကို ပြည့်ဝလုံလောက်အောင် စားသုံးပေးမယ်ဆိုရင်။နှလုံးကျန်းမာစေနိုင်တယ်။Omega-3 fats ကို ပုံမှန်အားဖြင့် နှလုံး ကျန်းမာရေးကို အများကြီး ထောက်ပံ့ပေးပါတယ်။ လေ့လာမှုတွေအရ DHA ကသွေးတွင်းအဆီဓာတ်ကိုကျဆင်းစေပြီး အကျိုးပြုကိုလက်စထရော ပမာဏကို တိုးစေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ DHA ပြည့်ဝမှုက နှလုံး ကျန်းမာရေးကို ကောင်းစေပြီးရုတ်တရက် နှလုံးရပ်ပြီး သေဆုံးတာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။Attention deficit hyperactivity disorder (ADHD) ကို သက်သာစေနိုင်တယ်။တစ်ခုခုကို အာရုံစူးစိုက်လုပ်ဆောင်ဖို့ ခက်ခဲတဲ့ အခြအနေတစ်ရပ်ကို (ADHD) လို့ ခေါ်ပါတယ်။ ကလေးဘဝမှာ စတင်ခံစားရတတ်ပြီး အရွယ်ရောက်တဲ့အထိ ဆက်လက်ခံစားရနိုင်ပါတယ်။DHA က ဦးနှောက်ဆီသွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို အာရုံစူးစိုက်မှု ကောင်းစေပြီး သင်ယူနိုင်စွမ်းကို တိုးစေနိုင်ပါတယ်။ လေ့လာမှုအရ ကလေးတွေကို တစ်နေ့ကို DHA ၆၀၀ mg ပုံမှန် တိုက်ကျွေးတာက အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေကို ကျဆင်းစေတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေအနေနဲ့ DHA ကို ပုံမှန် သောက်သုံးပေးမယ်ဆိုရင် ကလေးကျန်းမာရေး ကောင်းသလို လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေနည်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ တစ်နေ့ကို DHA  ပမာဏ ၈ အောင်စလောက် ပုံမှန် စားသုံးပေးဖို့လိုပါမယ်။အစားအသောက် ကနေဖြစ်ဖြစ်၊ ဖြည့်စွက်အာဟာရ ကနေဖြစ်ဖြစ်ပေါ့။ ဒါကြောင့် ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေဖို့ဆိုရင် DHA  ပမာဏ လုံလောက်စွာ စားသုံးပေးဖို့ လိုပါမယ်။နာကျင်ရောင်ရမ်းမှုကို သက်သာ စေနိုင်ပါတယ်။DHA မှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ DHA ပမာဏကို ပြည့်စုံလုံလောက်အောင် စားသုံးမှုက အသက်အရွယ်ကြောင့်ဖြစ်တဲ့ နာတာရှည်ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချနိုင်သလို နှလုံး နဲ့ သွားဖုံးရောဂါတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကိုလည်း သိသိသာသာ သက်သာစေနိုင်မှာပါ။ အဆစ်ရောင်ဝေဒနာခ့စားနေရသူတွေကို သက်သာစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ကြွက်သား နာကျင်မှုကို သက်သာစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေ နာကျင်တာ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တာက DHA ပါ။ နေ့စဉ် လှုပ်ရှားမှုကြောင့် ကြွက်သားနာကျင်တာတွေကို သက်သာစေဖို့ဆိုရင် DHA ကို အသုံးပြုပေးလို့ရပါတယ်။တစ်ပတ်ကို DHA ၃၀၀၀ mg  စားသုံးပေးတာက ကြွက်သားတွေ နာကျင်မှု ခံစားရနိုင်ခြေကို ၂၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။မျက်လုံး နဲ့အမြင်အာရုံကျန်းမာစေနိုင်တယ်။DHA က အသက်အရွယ်ကြောင့် ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ နောက်တစ်ချက်က မျက်လုံးခြောက်တာ၊ ဆီးချိုရောဂါကြောင့် အမြင်အာရုံ ထိခိုက်တာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ရေတိမ်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ မျက်လုံး ကျန်းမာပြီး အမြင်အာရုံ ပြဿနာ ကင်းစေဖို့ မဖြစ်မနေ စားပေးသင့်ပါတယ်။ကင်ဆာကာကွယ်ပေးနိုင်တယ်။နာတာရှည် ရောင်ရမ်းမှုတွေက ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ DHA ကို လုံလောက်စွာ စားသုံးတာက အူမကြီးကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ ရင်သား ကင်ဆာ နဲ့ ဆီးကျိတ် ကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် ကင်ဆာကို ကာကွယ်ဖို့ဆိုရင် DHA ကို ပြည့်ဝ လုံလောက်စွာ စားသုံးမိဖို့ လိုပါမယ်။နောက်ထပ်အားသာချက်တစ်ခုက DHA က ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားပေးနိုင်တာပါ။ ကင်ဆာတိုက်ဖျက်တဲ့ ဆေါ်ဝါးတွေကို ထိရောက်မှု ပိုကောင်းစေသလို ကင်ဆာဆဲလ်တွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့ပါ DHA ကို အသုံးပြုပေး လို့ရပါတယ်။အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်။DHA ကဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါသလို အာရုံကြော စနစ်တွေကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမား အပါအဝင် မှတ်ဉာဏ် ထိခိုက်တဲ့ ရောဂါ အများစုကို ဖြစ်စေရတဲ့ အကြောင်းအရင်းက ဦးနှောက်ထဲမှာ DHA ပမာဏ နည်းတာပါ။ဒါကြောင့် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် DHA ပြည့်ဝဖို့ လိုပါမယ်။သွေးပေါင်ချိန်ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကောင်းစေနိုင်တယ်။DHA ကသွေးကြောတွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးလို့ သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။သွေးစီးဆင်းမှု ကောင်းတာက ရုတ်တရက် နှလုံးရပ်နိုင်ခြေ ကိုရော လေဖြတ်နိုင်ခြေကိုပါ လျှော့ချပေးနိုင်ပါတယ်။ဘေဘီလေးရဲ့ အမြင်အာရုံ နဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ကောင်းစေတယ်။DHA က ဘေဘီလေးရဲ့ ဦးနှောက် နဲ့ အမြင်အာရုံ ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက မေမေက DHA  ပြည့်ဝစွာ စားသုံးပေးမယ်ဆိုရင် ဘေဘီလေးကို အကောင်းဆုံးဖွံ့ဖြိုးစေမှာပါ။ဒီလိုပြည့်ဝမှုက လမစေ့ဘဲ မွေးဖွားလာနိုင်ခြေကိုလည်း အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။စိတ်ကျန်းမာရေးကောင်းစေတယ်။DHA နဲ့ EPA ပမာဏ မျှတမှုက စိတ်ဖိစီးမှု ခံစားရနိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ DHA က serotonin ပမာဏကို ထိန်းညှိပေးပါတယ်။ အာရုံကြောဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကင်းစေဖို့နဲ့စိတ်ဓာတ်ကျမှုကင်းစေဖို့ဆိုရင် DHA  ကို သောက်သုံးပေးလို့ ရပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-benefits-of-dha/
မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်
ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ဦးခေါင်းနဲ့ ဇက်ကြောတစ်ဖက်တည်းကနေ တဆစ်ဆစ်နာကျင်ပြီး ကိုက်ခဲသလို ခံစားရတဲ့ အခြေအနေပါ။ သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်းပြင်းထန်တဲ့ အခြေအနေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်တာက ကြီးကောင်ဝင်ချိန်မှာ စပြီး ခံစားရတာ များပါတယ်။ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်ပြီး အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသား ၁၅ ဦးမှာ ၁ ဦးနှုန်း အဖြစ်များပါတယ်။ ဒီတစ်ခေါက်တော့ မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အခြေခံအကျဆုံး လက္ခဏာကတော့ ခေါင်းကိုက်တာပါ။ ခေါင်းတစ်ခြမ်းတည်းက ကိုက်နေပြီး လှုပ်လိုက်တိုင်း၊ ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဆောင်လိုက်တိုင်းမှာ ခေါင်းကိုက်တာက ပိုဆိုးလာတတ်ပါတယ်။အခြားသော လက္ခဏာတွေ အနေနဲ့။ဒီခေါင်းတစ်ခြမ်းကိုက်တဲ့ လက္ခဏာတွေက ၄ နာရီကနေ ၃ ရက်လောက်အထိ ကြာမြင့်တာမျိုး ရှိနိုင်ပါတယ်။  အရမ်းကို ပင်ပင်ပန်းပန်း ခံစားရနိုင်ပါတယ်။ခေါင်းတစ်ခြမ်း ကိုက်တာက တော်တော်လေး နေရခက်သလို အရမ်းလည်း ပင်ပန်းတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေ အတွက် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအနေနဲ့ အခုပြောပြမယ့် အချက်လေးတွေကို သေချာလေ ဂရုစိုက်ပေးစေချင်ပါတယ်။ပုံမှန်ချိန်မှာ ခေါင်းတစ်ခြမ်းကိုက်နေတာကို ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ခေါင်းတစ်ခြမ်းကိုက်နေချိန်မှာ သက်သာစေဖို့ပဲဖြစ်ဖြစ် အမြန်ဆုံးနဲ့ အလွယ်ဆုံး နည်းလမ်းက ရေဝဝသောက်လိုက်တာပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက်ပြည့်အောင် သောက်ပေးတာက ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝစေပြီး ရေဓာတ်နည်းတာကြောင့် ခေါင်းကိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရာသီဥတုက ပူနေမယ်ဆိုရင် ရေကို ပိုပြီးပြည့်ဝအောင် သောက်ပေးပါ။ကျန်းမာတဲ့ကိုယ်အလေးချိန်က ခန္ဓာကိုယ် ကျန်းမာစေဖို့ ထောက်ကူပေးသလို မကြာခဏ ခေါင်းတစ်ခြမ်း ကိုက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အဝလွန်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာတွေက ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ကိုယ်အလေးချိန်ကလည်း များနေမယ်၊ ခဏခဏလည်း ခေါင်းတစ်ခြမ်း ကိုက်နေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ‌ ကျန်းမာတဲ့ နည်းလမ်းနဲ့ ကိုယ်အလေးချိန် လျှော့ပါ။နေ့စဉ် စားသုံးမှုမှာ အာဟာရပြည့်ဝပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်တဲ့ လတ်ဆတ်တဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စားပေးတာက ခေါင်းတစ်ခြမ်း ကိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့ နိုက်ထရိတ်တွေ၊ tyramine၊ beta-phenylethylamine၊ လူလုပ်အချိုဓာတ်တွေ ပါဝင်နေသလို တာရှည်ခံအောင် ပြုပြင်ထားမှုတွေက အာဟာရတန်ဖိုးလျှော့ကျစေပြီး ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေနိုင်ပါတယ်။လူတိုင်းမှာ အတိုင်းအတာတွေ မတူပေမယ့် စိတ်ဖိစီးမှုတွေက ရှိနေနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေက များလာလေလေခေါင်းတစ်ခြမ်းကိုက်တာအပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျော့နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားလုပ်ဆောင်ရင်း စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။လက်ဖက်ရည်တွေ၊ ကော်ဖီတွေနဲ့ ဆိုဒါတွေမှာပါတဲ့ ကဖင်းက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ ကဖင်းက သင့်တင့်တဲ့ ပမာဏပဲ သောက်မယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာကိုတောင် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် များများသောက်မယ်၊ သောက်လက်စကို ရုတ်တရက် ရပ်လိုက်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာ ပိုဆိုးသွားနိုင်ပါတယ်။အလုပ်တွေ များလို့ ဆိုပြီး မနက်စာမစားတာ၊ အလုပ်တွေ လုပ်ရင်း အချိန်ကျော်သွားလို့ဆိုပြီး နေ့လယ်စာနဲ့ ညစာ ပေါင်းစား လိုက်တာတွေက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အချိန်အကြာကြီး အဆာခံပြီးနေတာက ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်သလို တစ်ကြိမ်တည်းမှာ အများကြီးစားတာကသွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် အစားအစာကို အချိန်မှန်မှန်နဲ့ နည်းနည်းချင်းစီ အကြိမ်ရေများများလေး စားပေးပါ။မိုက်ဂရင်း ရှိသူတွေမှာ ကိုယ့်လက္ခဏာတွေနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ထားသင့်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာ ဘယ်ရက်က ခေါင်းကိုက်တယ်။ ဘာလုပ်လိုက်တာကြောင့် ကိုက်တယ် (ဥပမာ ကော်ဖီတွေ အများကြီး သောက်မိတာ၊အိပ်ရေးမဝတာ)၊ ဘာဆေးတွေ သောက်လိုက်ရတယ်  စသဖြင့်။ ဒီလိုမှတ်ထားတာက ကိုယ့်ရဲ့ ရောဂါအခြေအနေကို ထင်သာမြင်သာ ရှိစေပြီး ဘာတွေရှောင်ရမလဲဆိုတာကို အလွယ်တကူသိစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေ မတူညီကြလို့ပါ။မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက်ရောဂါကို အပြီးပျောက်အောင် ကုသလို့ မရသေးပါဘူး။ ဒီတော့ ကိုယ့်ကို ဖြစ်စေတဲ့ အရာတွေကို ရှောင်ဖို့ရယ်၊ ကိုက်လာတဲ့အခါ သက်သာအောင် နေဖို့ရယ်ပဲ တတ်နိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်လာပြီဆိုရင်သက်သာစေဖို့အတွက် ရေသောက်တာ၊ ခေါင်းကိုက်တာနဲ့ ကိုက်ခဲတာတွေကို သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်ပေးတာ၊ ပြည့်ပြည့်ဝဝ အနားယူတာ၊ တိတ်ဆိတ်ပြီး အလင်းရောင်မဝင်တဲ့ အခန်းထဲမှာ အေးအေးဆေးဆေး အနားယူတာ၊ ဝင်လေထွက်လေမှတ်တာမျိုးတွေလုပ်ဆောင်တာတွေကို လုပ်ဆောင်ပေးပါ။ခေါင်းတစ်ခြမ်း ကိုက်တတ်သူတွေအနေနဲ့ အခုပြောခဲ့တဲ့ အချက်လေးတွေအပြင် အချိုမှုန့်ပါဝင်တဲ့ အစားအစာတွေကို လျှော့စားတာ၊ အိပ်ရေးဝဝအိပ်တာ၊ ဆေးလိပ်ဖြတ်တာ၊ တဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မှုတွေကို တတ်နိုင်သမျှ ရှောင်ပေးမယ်ဆိုရင် ခေါင်းတစ်ခြမ်းကိုက်တာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေ ကင်းဝေးမှာပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/migraine-dos-and-donts/
ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ
ဘေဘီလေးတစ်ယောက်ကို ကောင်းမွန်ကြီးပြင်းလာစေဖို့ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ထားရသူမေမေ တစ်ယောက်ရဲ့အကြီးမားဆုံးဆန္ဒက ဘာများဖြစ်မလဲ…….. ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတာကိုကျွေးဖို့ပေါ့။ ဒီလိုကွေးဖို့ဆိုရင်  ဘေဘီလေးကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအာဟာရတစ်ခုဖြစ်ဖို့ လိုအပ်မယ့် လိုအပ်ချက်တွေကို သိဖို့လိုပါမယ်။ ဒီတော့ မေမေ့ရဲ့ ဆန္ဒပြည့်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့် ဖြည့်ပေးပါရစေလား….။အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးကို ပြင်ဆင်ပေးမယ့်အစားအစာတွေထဲမှာ။ပရိုတင်း– အရိုးနဲ့ကြွက်သားတွေသန်မာစေဖို့၊ ကိုယ်ခံအားကောင်းဖို့ နဲ့ ကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။သံဓာတ်– သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ဖို့ အာရုံစူးစိုက်နိုင်စွမ်းကောင်းမွန်စေဖို့ နဲ့ ကိုယ်ခံအားကောင်းစေဖို့လိုအပ်ပါမယ်။ကယ်လ်ဆီယမ်-အရိုးနဲ့သွားတွေအကောင်းဆုံးဖွံ့ဖြိုးစေဖို့ လိုအပ်ပါတယ်။ဗီတာမင် C– ကိုယ်ခံအားကောင်းစေဖို့ နဲ့ အရေပြားပြဿနာတွေကင်းစေဖို့ အရေးပါပါတယ်။ဗီတာမင် D– ကယ်လ်ဆီယမ်စုပ်ယူမှုအားကောင်းစေဖို့ စိတ်ခံစားမှုကောင်းစေဖို့ အရေးပါတဲ့ ဗီတာမင်တစ်ရပ်ပါ။Omega-3 fatty Acid– ဦးနှောက်နဲ့အမြင်အာရုံအကောင်းဆုံးဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ဖောလစ်အက်ဆစ်– ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ အမြင်အာရုံအပါအဝင် ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေးပါပါတယ်။Prebiotics(အကျိုးပြုဘက်တီးရီးယားအာဟာရ)– ဘေဘီလေး တစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရတွေပြည့်ဝစေဖို့ အစာခြေစနစ်က အာဟာရတွေကိုအကောင်းဆုံးစုပ်ယူနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ဘေဘီလေးက အသက် ၆လကျော်ရင် ဖြည့်စွက်စာ စစားလို့ရပါပြီ။ ဒီအခါ ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ ….. ဆိုတော့ ဒီအချက်လေးတွေကို ဂရုစိုက်ဖို့ လိုပါမယ်။ကဲ.. ဘေဘီလေးအတွက် ဘေးအကင်းဆုံးအစားအစာ ဘယ်လိုရွေးမလဲ ….. ဆိုတာ သိသွားပြီဆိုတော့ ဘေဘီလေးတွေအတွက် စားဖို့တစ်ခုခုရွေးပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေး ဖြစ်အောင် ပျိုးထောင်ပေးနိုင်ကြပါစေကြောင်း……….။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/tips-for-buying-healthy-baby-food/
ရင်သွေးလေးနဲ့အတူ အစားအစာပြင်ဆင်ခြင်း
ဘေဘီလေးအရွယ်ရောက်လာတဲ့အခါမေမေဖွားဖွားတို့နဲ့အတူ မီးဖိုခန်းထဲဝင်ပြီးပြင်ဆင်ချက်ပြုတ်တာက အဆန်းတကြယ်တော့မဟုတ်လှပါဘူး။ ဒီလိုချက်ပြုတ်မှုကပဲ မိသားစုရဲ့ ဟင်းချက်မှုပုံစံ၊ သုံးစွဲတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို မျိုးဆက်တစ်ဆက်စီကနေ တစ်ဆက်စီကို လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါက ဒီလောက်နဲ့တင်ပြီးသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ဘေဘီလေးကို ကိုယ်နဲ့အတူ ဟင်းလျာတွေပြင်ဆင်တာကဘေဘီလေးကို အစားကောင်းကောင်းစားစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဘေဘီလေးနဲ့အတူ အစားအသောက်တွေကိုပြင်ဆင်တော့မယ်ဆိုရင် ဒီအချက်တွေက အသုံးတည့်မှာပါ။ဘာတွေချက်မလဲပြင်ဆင်ပါ။ဘေဘီလေးကို ချက်ပြုတ်ဖို့အတွက် ဟင်းလျာတွေ စီစဉ်တဲ့အခါ ပါဝင်ဆွေးနွေးခိုင်းပါ။ ဒီလိုလုပ်တာက ကလေးကိုကျန်းမာတဲ့အစားအစာတွေစားသုံးတတ်သူဖြစ်လာအောင် ပျိုးထောင်ပေးရာလည်းရောက်ပါတယ်။ ဒါကြောင့် ကလေးကို တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အနည်းဆုံး ဟင်းလျာစီစဉ်သူဖြစ်ခွင့်ပေးလိုက်ပါ။အတူတူဈေးဝယ်ထွက်ပါ။ကလေးကို ကိုယ်နဲ့အတူဈေးဝယ်ခေါ်သွားပါ။ ဒီလိုလုပ်ပေးတာက ကလေးကိုမိသားစုတွေအတွက် ဟင်းလျာပြင်ဆင်ရာမှာ အကောင်းဆုံးကူညီပေးနိုင်သူအဖြစ် သူ့ကိုယ်သူမြင်လာစေပြီး သူ့ကိုယ်သူအရေးပါတဲ့သူအဖြစ် အသိအမှတ်ပြုလာစေပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကလေးနဲ့အတူတူဈေးဝယ်ထွက်တဲ့အခါ ကလေးကို အထုတ်တွေစစ်ခိုင်းတာ ဝယ်ရမယ့်ပစ္စည်းတွစုံရဲ့လား စစ်ခိုင်းတာမျိုးလုပ်ပေးပါ။ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်သင့်တာတွေကို သင်ပေးပါ။ကလေးကိုဈေးဝယ်တဲ့အခါမှာဖြစ်ဖြစ်ဟင်းလျာတွေပြင်ဆင်ချက်ပြုတ်တဲ့အခါမှာဖြစ်ဖြစ် ဂရုစိုက်ရမယ့်ဘေးကင်းလုံခြုံရေးတွေကိုသေချာလေးသင်ထားပေးပါ။ အပူတွေကိုင်တဲ့အခါ လက်ခုအသုံးပြုရမယ်ဆိုတာကနေစလို့ဈေးဝယ်ထွက်တဲ့အခါ လတ်ဆတ်တဲ့အရာတွေဖြစ်အောင် ဘာတွေကို သတိထားရွေးချယ်သင့်လဲဆိုတာအထိ သင်ပြပေးထားဖို့လိုပါမယ်။ဟင်းမြည်းခိုင်းပါ။ကလေးကို အရသာမြည်းခိုင်းပြီး ဘာလိုနေသေးလဲဆိုတာကိုမေးမြန်းပါ။ ဒီလိုလုပ်တာက ကလေးကို သူ့စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ဟင်းလျာဖြစ်တယ်ဆိုတဲ့ ခံစားချက်ရစေပြီး သူ့ကိုယ်သူ ယုံကြည်မှုတိုးစေသလို အစားကောင်းကောင်းစားစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ထမင်းစားခန်းကိုပြင်ဆင်သူဖြစ်ခွင့်ပေးလိုက်ပါ။ကလေးက စားဖိုမှူးတစ်ဦးဖြစ်ဖို့အရမ်းငယ်သေးတာကြောင့် စားဖိုမှူးလုပ်ခိုင်းဖို့မဖြစ်နိုင်ဘူးဆိုရင် ထမင်းစားခန်းကို စီစဉ်သူတော့ဖြစ်ခွင့်ပေးလိုက်ပါ။လက်သုတ်ပဝါကို တိရစ္ဆာန်ရုပ်လေးတွေခေါက်စေတာ (သို့မဟုတ်) ပုံစံအမျိုးမျိုးခေါက်စေတာမျိုးခေါက်ခွင့်ပေးလိုက်ပါ။ မိသားစုဝင်တွေကို ထမင်းစားဖို့အသင့်ပြင်ပြီးတဲ့အကြောင်း အသိပေးခိုင်းတာ နဲ့ အဓိကဟင်းလျာကဘာလဲဆိုတာမျိုးကိုကြေညာခွင့်ပေးလိုက်ပါ။ကလေးအကြိုက်ရွေးချယ်ခွင့်ပေးလိုက်ပါ။ကလေးကို အမြဲမဟုတ်တောင်မှ တစ်ခါတလေ ဘာချက်ရမလဲဆိုတာကို သူတို့သဘောကျ လုပ်ပေးလိုက်ပါ။ ဘာတွေထည့်ချက်ရမလဲဆိုတာကို သူတို့စိတ်ကြိုက်ပေးထည့်လိုက်ပါ။ မိသားစုထမင်းပွဲပြင်ဆင်ရာမှာလည်း ပါဝင်ခွင့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ကလေးငယ်ပြင်ဆင်ထားတဲ့ အစားအသောက်ကိုကောင်းကောင်းစားပေးလိုက်ပါ။ဒါတွေအပြင် သတိထားသင့်တဲ့အချက်လေးတွေကတော့။ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ရင်းဘေဘီလေးနဲ့အတူ မိသားစုတွေအတွက် ဟင်းလျာတွေပြင်ဆင်ပေးလိုက်ပါ………..။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/cooking-with-your-children/
အကြောဖြေလျှော့ လေ့ကျင့်ခန်းများ
အကြောဖြေလျှော့ တယ်ဆိုတာက အဆစ်တွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းပါ။ အဆစ် တစ်ခုချင်းစီ အလိုက် ဖြစ်နိုင်သလို အဆစ်တွေ အားလုံးလည်း ဖြစ်နိုင်ပါတယ်။ အဆစ်တွေရဲ့ လှုပ်ရှားမှု ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ လေ့ကျင့်မှု တစ်မျိုးပါ။အ​ကြောဖြေလျှော့မှု လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ  ကြွက်သားတွေကို ဆန့်စေမယ့် အကြောလျှော့လေ့ကျင့်ခန်းတွေ နဲ့ အကြောတွေကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်ကြတဲ့ယောဂ၊ ထိုက်ချိလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ ပါဝင်နေပါတယ်။ အကြောတွေကို ပုံမှန် ဖြေလျှော့ပေးတာက လှုပ်ရှားမှုကို ပိုမို အဆင်ပြေစေပြီး တစ်နေ့တာမှာ အကောင်းဆုံး သွားလာ လှုပ်ရှားနိုင်မှာပါ။အကြောဖြေလျှော့ လေ့ကျင့်ခန်းလို့ ပြောလိုက်ရင် သိသားပဲလို့ ယူဆစရာ ရှိပါတယ်။ အကြောဖြေလျှော့ လေ့ကျင့်ခန်းဆိုတာက ခြေထောက်ကို ပခုံး အကျယ်အတိုင်း ခွဲထားပြီး ခါးကို ကိုင်းရင်း လက်ကို ဆန့်ထုတ်ထားရမယ်။ ဒီ ဆန့်ထုတ်ထားတဲ့ လက်ဖျားက ခြေမထိပ်ကို ထိရမယ်။squatထိုင်နိုင်ရမယ် ဒါက အကြောဖြေလျှော့ လ့ကျင့်ခန်းတွေရယ်လို့ပေါ့။တကယ်ကတော့ အကြောဖြေလျှော့ လေ့ကျင့်ခန်းဆိုတာ  ပုံမှန် လုပ်နေကျ အကြောလျှေ့တာထက် ပိုပြီး နက်နဲပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ အကြောဖြေလျှော့ လေ့ကျင့်ခန်းဆိုတာက တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေရောအဆစ်တွေကိုပါ ပြေလျော့စေပြီး လှုပ်ရှားမှု ကောင်းစေဖို့ ဟန်ချက်ညီစေဖို့ လုပ်ဆောင်ပေးပါတယ်။သဘောကတော့ ခန္ဓကိုယ်မှာ အဆစ်တွေရော ကြွက်သားအုပ်စု များစွာ ပါဝင်နေ ပါတယ်။ လှုပ်ရှားမှု တစ်ခုစီတိုင်းအတွက် မတူညီတဲ့ ကြွက်သားအုပ်စုတွေ လှုပ်ရှားရပါတယ်။ ဒီလို လုပ်ဆောင်မှုတိုင်း ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ကြွက်သား အားလုံးကို ပြေလျော့နေစေဖို့ လုပ်ဆောင်ရပါမယ်။ ကြွက်သားတွေက တင်းနေမယ်။ လှုပ်ရှားရ အဆင်မပြေဘူးဆိုရင် ကြွက်သားနာကျင်တာ၊ အဆစ်ထဲက နာတာလိုမျိုး ပြဿနာတွေ ခံစားရနိုင်ပါတယ်။မြင်သာအောင် ပြောပြရရင် ခြေသလုံးကြောက တောင့်နေတာ၊ ခါးနာတာ၊ နောက်ကျောတွေ တောင့်တင်းနေတာမျိုး ခံစားရနိုင်ပါတယ်။ တစ်နေကုန် အလုပ်လုပ်နေရတာ ထိုင်နေရတာတွေကြောင့် နောက်ကျောတွေ တောင့်တင်းနေတာမျိုး ခံစားရနိုင်ပါတယ်။အကြောလျှော့တာက တစ်ကိုယ်လုံးက ကြွက်သားတွေနဲ့အဆစ်တွေကို ပြေလျော့စေပြီး လှုပ်ရှားသွားလာရတာကို ပိုအဆင်ပြေစေပါတယ်။ ဒါကြောင့် အကြောလျှောပတာကို နေ့စဉ် လုပ်ဆောင်တာမျိုး လုပ်ပေးဖို့ လိုပါမယ်။အကြောဖြေလျှော့တဲ့ လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အရင်ဆုံး သွေပူလေ့ကျင့်ခန်း လုပ်ရပါမယ်။ ဒီလိုမျိုး ခန္ဓာကိုယ် အပူချိန် မြင့်တက်လာအောင် လုပ်ပြီးမှ ခြေဖျား၊ ခြေသလုံး၊ တင်ပါး၊ ခါးတစ်ကိုယ်လုံးကို အကြောတွေ ပြေလျော့အောင် လုပ်ဆောင်ရပါမယ်။ နောက်ဆုံးမှာတော့ ဇက်ကြော နဲ့ ဦးခေါင်းက အကြောတွေကိုပါ လျှော့ရပါမယ်။အဓိကထား အကြောဖြေလျှော့မယ့် ကြွက်သားကို ဆန့်ထုတ်ပြီး ၁၅ စက္ကန့် ကနေ စက္ကန့် ၆၀ ကြာတဲ့အထိ ပုံစံကို ထိန်းပြီး နေရပါမယ်။ တစ်ချက် သတိထားရမှာက ဒီလို လေ့ကျင့်ခန်း လုပ်နေစဉ်မှာ ကြွက်သားတွေဆီ သွေး နဲ့ အောက်ဆီဂျင်တွေ ရောက်ရှိစေဖို့ အသက်ကို မှန်မှန်ရှူရပါမယ်။ဒီလို ပုံမှန် လုပ်ဆောင်ပေးတာက ရုတ်တရက် အကြောညပ်တာ၊အကြောတင်တာတွေကို မဖြစ်စေဖို့ ကာကွယ်ပေးသလို ကြွက်သားဒဏ်ဖြစ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။  ခန္ဓာကိုယ်ကို ဟန်ချက်ညီစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။နေ့စဉ်ပုံမှန် အကြောလျှော့ပေးမယ်ဆိုရင်။ပုံမှန် အကြောလျှော့ပေးတာက ကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ နေ့စဉ် ပုံမှန်အကြောလျှော့ပေးတာက ခန္ဓာကိုယ်ကိုတင် ပြေလျော့စေတာမဟုတ်ဘဲနေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုလည်း အဆင်ပြေပြေနဲ့လုပ်ဆောင်နိုင်စေမှာပါ။အသက်အရွယ်ရလာတာကြောင့် ခံစားရနိုင်တဲ့ အဆစ်နာတာကိုလည်း သက်သာစေနိုင်ပါတယ်။အကြောပုံမှန်လျှော့ပေးတာကအဆစ်တွေနဲ့ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပြီး နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ သွားလာရတာ ပေါ့ပါး သွက်လက်ချင်တယ်ဆိုရင်တော့ အကြောပုံမှန် လျှော့ပေးပါ။ကိုယ်လက်လှုပ်ရှားမှုတွေမလုပ်ခင်မှာ အကြောလျှော့လေ့ကျင့်ခန်းကို အရင်လုပ်ပါ။ ဒီလိုလုပ်ပေးခြင်းက ကြွက်သားတွေဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းစေသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ကြွက်သားတွေ အဆစ်တွေ ထိခိုက်နာကျင်တာမျိုးမဖြစ်စေဘဲ အကောင်းဆုံးလှုပ်ရှားနိုင်စေမှာပါ။အကြောလျှော့လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာက ကြွက်သွားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး ကြွက်သားတွေ နာကျင်တာ၊ ကြွက်သားစုတ်ပြဲတာမျိုးတွေ မဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါ။ ကြွက်သားတွေ တောင့်တင်းနာကျင်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။အကြောပုံမှန် လျှော့ပေးတာက ကြွက်သားတွေကိုပြေလျော့စေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်မှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်ကို ဟန်ချက်ညီညီလှုပ်ရှားနိုင်စေမှာပါ။ပုံမှန်အကြောလျှော့ပေးတာက နောက်ကျောနဲ့ ခါးကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေနိုင်ပြီး ခါးမနာအောင် ကာကွယ်ပေးနိုင်ပါတယ်။ ခါးကြွက်သားတွေကို သန်မာစေနိုင်သလို ခါးနာနေတာကိုလည်း သက်သာစေနိုင်ပါတယ်။စိတ်ဖိစီးမှုများတဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာကို ကြုံဖူးမှာပေါ့။ အကြောင်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကြွက်သားတွေက တောင့်တင်းလာတတ်ကြပါတယ်။ များသောအားဖြင့်တော့ စိတ်ဖိစီးတဲ့အခါ ဇက်ကြော၊ပခုံးနဲ့ နောက်ကျောက ကြွက်သားတွေ တောင့်တင်းနေတတ်ကြပါတယ်။ ဒါကြောင့် အကြောလျှော့ပေးတာက စိတ်ဖိစီးမှုကို သိသိသာသာပြေလျော့စေမှာပါ။ပုံမှန်အကြောလျှော့ပေးတာက ကြွက်သားတွေကိုတင်ပြေလျော့စေတာမဟုတ်ပါဘူး ။ စိတ်ဖိစီးမှုကိုလည်း ပြေလျော့စေနိုင်ပါတယ်။ အကြောလျှော့ပေးတဲ့အခါဝင်သက် ထွက်သက်မှန်မှန်ရှုပေးပါ။ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်။တစ်ခါတလေမှာ ခေါင်းကိုက်နောတာကကြွက်သားတွေတောင့်တင်းနေတာကြောင့်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာတဲ့အခါ သင့်တင့်တဲ့ အစားအစာကို စားပေးတာ၊ရေဓာတ်ပြည့်ဝအောင် ရေသောက်ပေးတာ၊ပြည့်ပြည့်ဝဝအနားယူပေးတာတွေအပြင် အကြောလျှော့ပေးတာကလည် ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ အကြောင်းကတော့ ကြွက်သားတွေ ပြေလျော့သွားတာကလည်းခေါင်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/flexibility/
ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ
ခေါင်းကိုက်တာသက်သက်က အရေးပေါ်ကျန်းမာရေး ပြဿနာ တစ်ခု မဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ကျန်းမာရေး ပြဿနာဆိုပေမယ့် တစ်နေ့တာ လုပ်ဆောင်မှုတွေကို ကောင်းကောင်း အာရုံမစိုက်နိုင်လောက်အောင် အနှောင့်အယှက်ဖြစ်စေတာတော့ အမှန်ပါ။ဒီလို ခေါင်းကိုက်တဲ့အခါ အာရုံ စုစည်းဖို့ ခက်သလို လုပ်နေကျ ကိစ္စတွေကိုတောင် လုပ်ဆောင်ဖို့ ခက်ခဲတာတော့ အမှန်ပါ။ ခေါင်းကိုက်လာတဲ့အခါ ဆေးလည်း မသောက်ချင်ဘူး။ ဒါပေမယ့်လည်း ခေါင်းကိုက်တာကို မြန်မြန်လေးတော့ သက်သာသွားစေချင်တယ် ဆိုတဲ့သူလေးတွေ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ဒီဆောင်းပါးလေးထဲမှာ ခေါင်းကိုက် သက်သာစေဖို့ ဘာတွေ စားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ခေါင်းကိုက်တယ်ဆိုတာကဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်ကကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ရာသီဥတုအပြောင်းအလဲ၊ကဖင်း နဲ့ အယ်လ်ကိုဟောများသွားတာ၊ရေဓာတ်နည်းတာ၊ အစားအစာတွေ၊ အိပ်ချိန်မပြည့်ဝတာတွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ခေါင်းကိုက် သက်သာစေဖို့ဘာတွေ စားရမလဲ ဆိုတော့ ဒါလေးတွေ စားပေးလို့ ရပါတယ်။ခေါင်းအရမ်းကိုက်နေပြီဆိုရင် ခေါင်းကိုက် သက်သာစေဖို့ ငှက်ပျောသီး စားပေးလို့ ရပါတယ်။ ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် ခေါင်းကိုက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။နောက်တစ်ချက်က ငှက်ပျောသီးမှာရေဓာတ်၇၄ ရာခိုင်နှုန်း ပါဝင်နေတာပါပဲ။ခန္ဓာကိုယ်မှာ ရေဓာတ် လိုအပ်နေရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်လာရင် အမြန်ဆုံး ရေတစ်ခွက်လောက် သောက်ပေးပါ။ ရေအေးအေးလေး သောက်လိုက်တာက ကိုယ်တွင်းမှာ လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးရာရောက်သလို ခေါင်းကိုက်တာကိုလည်း သက်သာစေမှာပါ။ဒါကြောင့် ခေါင်းကိုက်လာပြီဆိုရင် ရေဝဝ သောက်လိုက်ပါ။ဖရဲသီးက ရေဓာတ် ကြွယ်ဝတာကို အားလုံး သိထားပြီး ဖြစ်မှာပါ။ ဖရဲသီးက ရေဓာတ် ဘယ်လောက်ထိ ကြွယ်ဝလဲဆိုရင် ဖရဲသီးမှာ ရေဓာတ်က ၉၂ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ခေါင်းကိုက်နေချိန်မှာ ဖရဲသီး စားပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပြီး ခေါင်းကိုက်တာ ကို ထိထိရောက်ရောက် သက်သာစေမှာပါ။အမျှင်ဓာတ်နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစေ့အဆန်တွေ နဲ့ အခွံမာသီးတွေက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းကိုက်လာပြီဆိုရင် ဖရုံစေ့၊ နေကြာစေ့တို့ကို စားပေးလို့ ရသလို အယ်လ်မွန်စေ့၊ သစ်ကြားသီးတို့ကို စားပေးလို့လည်း ရပါတယ်။မဂ္ဂနီဆီယမ် ကြွယ်ဝမှုက ခေါင်းကိုက်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ခေါင်းအရမ်း ကိုက်လာပြီဆိုရင် ကော်ဖီ တစ်ခွက်လောက် သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။ ကော်ဖီ ပူပူလေး တစ်ခွက်က စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေနိုင်သလို ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ကော်ဖီမှာပါတဲ့ ကဖင်းက ခေါင်းကိုက် သက်သာစေဖို့ အထိရောက်ဆုံး ထောက်ပံ့ပေးမှာပါ။ခေါင်းကိုက်တာ ကို သက်သာစေမယ့် နောက်ထပ် စားစရာ တစ်ခုကတော့ ချောကလက်ပါ။ ချောကလက်က စိတ်ခံစားမှုကို ကောင်းစေသလို ခေါင်းကိုက်တာ  သက်သာစေဖို့လည်း ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ ဘယ်ရီသီးတွေ ဖြစ်ကြတဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတွေ ခေါင်းကိုက် သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒိန်ချဉ်က ရေဓာတ် ပါဝင်သလို ကယ်လ်ဆီယမ် နဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေနိုင်သလို ခေါင်းကိုက်တာ ကိုလည်း သက်သာစေနိုင်ပါတယ်။ကဲ ….. ခေါင်းကိုက်နေပြီဆိုရင် အခုပြောပြခဲ့တာလေးတွေကို စားပေးလို့ ရပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/good-foods-for-headaches/
အရေပြားပေါ်မှာဘာကြောင့် အရည်ကြည်ဖုလေးတွေ ပေါက်ပြီး နီနေရတာလဲ။
ပြောရမယ်ဆိုအရေပြားဆိုတာ ပြဿနာများစွာရှိနေနိုင်တဲ့နေရာတစ်ခုပါ။ ကိုယ်ခန္ဓာရဲ့ အပြင်ဘက်ဆုံး အပိုင်းလည်းဖြစ်၊ ပတ်ဝန်းကျင်က လေထုတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာလည်း ဖြစ်တယ်လေ။ ပြီးတော့ အရေပြားပေါ်မှာ မွှေးညှင်းပေါက်လေးတွေ၊ မွှေးညှင်းနုလေးတွေ အများကြီးရှိတော့ ပိုးမွှားတွေ ရောဂါတွေအတွက် တောခိုစရာ နေရာဖြစ်နေတော့တာပေါ့၊၊ ဖြစ်လိုက်တဲ့ အရေပြားပြဿနာတွေကလည်း စုံလို့။ မှိုရောဂါဖြစ်လိုက်၊ အင်ပြင်ထလိုက်၊ ယားနာတွေဖြစ်လိုက်၊ အရည်ကြည်ဖုလေးတွေ ဖြစ်လိုက်နဲ့ စုံနေတာပဲ။ ဒီဆောင်းပါးထဲမှာ ပြောချင်တဲ့ အကြောင်းအရာကတော့ အရည်ကြည်ဖုတွေ ဖြစ်ရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။( ၁ ) ရေကျောက်။ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ဒီရေကျောက် ပြဿနာဟာ လေထဲကနေကူးစက်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားပေါ်မှာ အရည်ကြည်ဖုတွေပေါက်ခြင်းက သူ့ရဲ့ အဓိက လက္ခဏာတစ်ခုပါ။ ဝေဒနာခံစားနေရသူရဲ့အရည်ကြည်ဖုလေးတွေ ပေါ်က အရည်တွေနဲ့ ထိတွေ့မိရာကနေလည်း ကူးစက်နိုင်တဲ့ရောဂါတစ်ခုပါ။( ၂ ) Shingles (herpes zoster) ဆင်ရေယုန်။ရေယုန်ရောဂါ အပြင်းစားတစ်မျိုးဖြစ်ပြီး ရေကျောက်ကိုဖြစ်စေတဲ့ ဗိုင်းရပ်ရဲ့ မျိုးစိတ်ကွဲတစ်ခုကြောင့် ဖြစ်ရတဲ့ ပြဿနာတစ်ခုပါ။ စစချင်းလက္ခဏာတွေကတော့ အရေပြားမှာ စပ်ဖျင်းဖျင်းဖြစ်တာ၊ ယားယံတာနဲ့ကိုယ်လက်ကိုက်ခဲနုံးခွေတာတွေဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်က အာရုံကြောအတွင်း စခန်းချတာကြောင့် ဗိုင်းရပ်စ်ရှိနေတဲ့ အာရုံကြောသွားတဲ့ အရေပြားနေရာတွေမှာ အရည်ကြည်ဖုလေးတွေပေါက်တတ်ပါတယ်။ ထွက်လာတဲ့ အရည်တွေကနေတစ်ဆင့် အခြားနေရာတွေကို ပြန့်သွားတတ်သလို အခြာသူတစ်ယောက်ဆီကိုလည်း ကူးစက်သွားနိုင်ပါတယ်။( ၃ ) Rhus dermatitis။တချို့အပင်တွေမှာပါတဲ့ အစေး (poison ivy, poison oak, and poison sumac)နဲ့ ထိတွေ့မိပြီး အရေပြားလောင်တာကို Rhus dermatitis လို့ခေါ်ပါတယ်။ မြင်သာအောင် ပြောရရင်သရက်သီး အစေးလောင်သလိုပဲပေါ့။ အဲဒီ လောင်စေတတ်တဲ့ အစေးထိတွေ့တဲ့နေရာမှာ အရေပြားရဲ့ တုံ့ပြန်မှု အနေနဲ့ အရည်ကြည်ဖုလေးတွေကို တွေ့နိုင်ပါတယ်။( ၄ ) လိင်အင်္ဂါရေယုန်။Herpes simplex virus 2 ကြောင့်ဖြစ်တဲ့ ဒီ လိင်အင်္ဂါရေယုန်ဟာ စစချင်းမှာတော့ ယားယံတဲ့ အရည်ကြည်ဖုလေးတွေ အဆင့်လောက်ပဲ ရှိသေးပေမယ့် နောက်ပိုင်း သေချာမကုသရင် အနာတွေဖြစ်တဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ လိင်အင်္ဂါပတ်လည်မှာဖြစ်တတ်တာကြောင့် လိင်ဆက်ဆံရာကတစ်ဆင့် အခြားတစ်ယောက်ဆီကို ကူးစက်သွားတတ်ပါတယ်။( ၅ )Dyshidrotic eczema( နှင်းခူ)။နှင်းခူရောဂါတစ်မျိုးဖြစ်တဲ့Dyshidrotic eczemaဟာ အရည်ကြည်ဖုလေးတွေ ပြင်လိုက်ထွက်တဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ခြေထောက်နဲ့ လက်တွေမှာ အတွေ့များပါတယ်။ ခုခံအားကျဆင်းနေတဲ့သူနဲ့ အခြား နှင်းခူအမျိုးအစားရှိတဲ့သူတွေမှာ အတွေ့များတတ်ပါတယ်။( ၆ )ဝဲ။သေးငယ်တဲ့ ပိုးမွှားတွေ အရေပြားအောက်ဝင်ရာကနေဖြစ်တဲ့အဖြစ်များတဲ့အရေပြားရောဂါတစ်မျိုးပါ။ အရေပြားပေါ် အရည်ကြည်ဖုလေးတွေ ပေါက်နေတတ်ပြီး ယားလွန်းလို့ တစ်ချိန်လုံး ကုတ်နေရတတ်ပါတယ်။ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို အတွင်းခံတွေကနေ တဆင့်၊ ဝဲပေါက်နေတဲ့ နေရာနဲ့ ထိတွေ့မိရာကနေတဆင့် ကူးစက်သွားနိုင်ပါတယ်။( ၇ ) Impetigo ( အနာစက်)။ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အရေပြားအပေါ်ဆုံးအလွှာမှာ အရည်ကြည်ဖုလေးတွေ၊ အဖုသေးသေးလေးတွေ ပေါက်စေပါတယ်။ မျက်နှာနဲ့ ခြေလက်တွေမှာ အတွေ့များပြီး ထိလိုက်ရင် နာနေတတ်ပါတယ်။( ၈ )ပွေး။အရည်ကြည်ဖုလေးတွေလည်းဖြစ်နေတယ်၊၊ ယားလည်းယားနေမယ်၊၊ အရေပြားပေါ်မှာ အဝိုင်းကွက်လေးတွေလည်း ဖြစ်နေတယ်ဆိုရင် ပွေးကိုချန်ထားလို့တော့ မရဘူးနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/rashes-with-blisters/
Pinworms (ကပ်ပါးတုတ်ကောင်ကူးစက်ခြင်း )
တုတ်ကောင်ကူးစက်တယ် ဆိုတာ လူတွေရဲ့ အူထဲမှာ ကပ်ပါးကောင်ကူးစက်တဲ့ အမျိုးအစားတွေထဲ က အဖြစ်များတဲ့ ဖြစ်စဉ်တစ်ခုအဖြစ်ယူဆ ကြပါတယ်။ တုတ်ကောင်ဆိုတာ အလွန်သေးငယ်ပြီး ချည်မျှင်လို ပါးလွှာတဲ့ ကပ်ပါးကောင်တွေ ဖြစ်ပါတယ်။ အဖြူရောင်ရှိပြီး လက်မဝက်လောက်တောင် မရှည်ပါဘူး။ တုတ်ကောင်ကူးစက်ခံရတာကို enterobiasis ဒါမှမဟုတ် oxyuriasis လို့ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ အတွေ့ရအများဆုံး ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။ တုတ်ကောင်ကူးစက်မှုဟာ ပျံ့နှံ့လွယ်ပါတယ်။ အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား အသင်းအဖွဲ့နဲ့ ပုံမှန် ထိတွေ့ ဆက်ဆံနေရတဲ့ ကလေးတွေများ အဖြစ်များပါတယ်။ နောက်တစ်ကြိမ်ပြန်ကူးစက်တာမျိုး ရှိနိုင်ပေမယ့် ကုသတဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ ဆေးသောက်တာပဲ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ဆင့်ပွားရောဂါတွေနဲ့ နာတာရှည် ဝေဒနာတွေ ခံစားရတာမျိုးကတော့ ရှားပါးပါတယ်။တုတ်ကောင်ကူးစက်တာက ကမ္ဘာတစ်ဝန်း နေရာတိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါ ဖြစ်လာစေမယ့် အမူအကျင့်တွေကို ဂရုစိုက်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။တုတ်ကောင်တွေ ရှိနေပြီလို့ သိနိုင်တဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။အတွေ့ရအများဆုံး ရောဂါလက္ခဏာတွေကတော့။အပေါ်မှာ ပါဝင်တဲ့ လက္ခဏာတွေထဲ ကျန်ခဲ့တာမျိုးလည်း ရှိနေနိုင်ပါတယ်။ ဒီလက္ခဏာတွေ တွေ့နေရတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ် အလုပ်လုပ် မှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။တုတ်ကောင်တွေက အရမ်းကူးစက်လွယ်ပါတယ်။ တုတ်ကောင်ဥတွေ မျိုချမိတယ် ဒါမှမဟုတ် ရှုသွင်းမိတယ် ဆိုရင် ဒါမှမဟုတ် ရောဂါကူးစက်ခံရတဲ့ လူတွေ၊ အရာဝတ္ထုတွေ နဲ့ ထိတွေ့မိတယ်ဆိုရင် ကူးစက်ခံရနိုင်ပါတယ်။ ကူးစက်တဲ့ စက်ဝန်းဟာ တုတ်ကောင်ဥတွေ မျိုချမိတဲ့ အဆင့်ကနေ စပါတယ်။တုတ်ကောင်ဥတွေက ခန္ဓါကိုယ်ထဲရောက်လာတာနဲ့ အူထဲမှာ တွယ်ကပ်နေပြီး တဖြည်းဖြည်းကြီးလာပါတယ်။ အရွယ်ရောက်လာတဲ့ အခါမှာတော့ တုတ်ကောင် အမတွေဟာ အူမကြီးထဲဝင်ရောက်ပြီး မစင်နဲ့ အတူခန္ဓါကိုယ်ပြင်ပရောက်သွား ပါတယ်။ တုတ်ကောင် အမတွေဟာ စအိုအနီးက အရေပြားခေါင်တွေထဲမှာ ဥတွေ ဥထားခဲ့တဲ့ အတွက် တစ်ခါတစ်လေ စအိုအနားမှာ ယားတာ၊ နေမထိထိုင်မသာတာတွေ ဖြစ်တတ်ပါတယ်။တုတ်ကောင်ဥတွေရှိနေတဲ့ နေရာကို ကုတ်မိတဲ့ အခါ ဥတွေက လက်ချောင်းတွေနဲ့ အတူပါလာပါတယ်။ ဥတွေဟာ လက်ချောင်းတွေပေါ်မှာ နာရီပေါင်းများစွာ အသက်ရှင်နိုင်ပါတယ်။ လက်မှာ ဥတွေရှိနေတဲ့အခါ အိပ်ရာ၊ အဝတ်၊ အိမ်သာခုံ၊ အရုပ် ဒါမှမဟုတ် တခြား အိမ်သုံးပစ္စည်းတွေကို ကိုင်မိတဲ့ အခါ အဲ့ဒီ ပစ္စည်းတွေ ဆီကို ဥတွေရောက်သွားပြန်ပါတယ်။ အဲ့ဒီ ပစ္စည်းတွေပေါ်မှာ ဆိုရင် တုတ်ကောင်ဥတွေဟာ ၃ ပတ်အထိ အသက်ရှင်နိုင်ပါတယ်။ကလေးငယ်တွေဟာ ပစ္စည်းတွေကို ပါးစပ်ထဲ အလွယ်တကူထည့်လေ့ရှိတဲ့ အတွက် တုတ်ကောင်ဥတွေက ကလေးတွေဆီ ကူးစက်သွားတာ ဖြစ်ပါတယ်။ အစားအစာနဲ့ ဖျော်ရည်တွေဆီကိုလည်း လက်ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ လူကြီးတွေဆိုရင် တုတ်ကောင်ပိုးရှိနေတဲ့ အိပ်ရာခင်း၊ ပုဝါ၊ အဝတ်တွေကို ခါတဲ့ အခါ လေကနေတစ်ဆင့် အသက်ရှုသွင်းတဲ့ အခါ ကူးစက်နိုင်ပါသေးတယ်။ဘာတွေက တုတ်ကောင်ကူးစက်ဖို့ အခြေအနေပိုများသလဲ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကူးစက်ခံနေရပြီလို့ သံသယ ရှိရင် ကိုယ်ခန္ဓါကိုယ်စစ်ဆေးကြည့်ပါလိမ့်မယ်။ ဆရာဝန် ညွှန်ကြားတဲ့ တခြားလိုအပ်တဲ့ ဆေးစစ်ချက်တွေ လည်း လုပ်ရပါလိမ့်မယ်။ တိပ်ကပ်ပြီး စစ်ဆေးမှုဟာ အမှန်ကန်ဆုံး တုတ်ကောင်စစ်ဆေးချက် ဖြစ်ပါတယ်။ အကြည်ရောင် တိပ် အမျိုးအစား ဖြစ်ပြီး စအိုအနားတစ်ဝိုက်မှာ ကပ်ထားလို့ရပါတယ်။ ကူးစက်ခံထားရသူအနေနဲ့ စအိုမှာ ဒီတိပ်ကို ကပ်ပြီး အိပ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဥတွေရှိနေမယ်ဆိုရင် မနက်ကျရင် ဥတွေက တိတ်မှာ ကပ်နေမှာ ဖြစ်ပါတယ်။ တိပ်ကို ဆရာဝန်ဆီယူသွားပြီး ဥတွေ ပါမပါကို မိုက်ခရိုစကုပ်အောင်မှာ ကြည့်ရပါမယ်။ ပုံမှန်လုပ်နေကျ ဖြစ်တဲ့ ရေချိုးတာ၊ အိမ်သာတက်တာတွေကလည်း အရေပြားပေါ်ကနေ ဥတွေကို ကွာကျသွားစေပါတယ်။ ဒါကြောင့်အိပ်ရာက နိုးနိုးချင်း စမ်းသပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ CDC ရဲ့ အကြံပေးချက်အရ တိပ်ကပ်တာကို အနည်းဆုံး ၃ ကြိမ်၊ ၃ ရက်ဆက်တိုက်လုပ်သင့်ပြီး တုတ်ကောင်ဥတွေတွေ့နိုင်ခြေ ပိုများပါတယ်။တုတ်ကောင်ကူးစက်မှုကို ကုသဖို့ အတွက ်ဆရာဝန်က အိမ်တွင်းဆေး pyrantel pamoate (Reese’s Pinworms Medication, Pin-X) ဒါမှမဟုတ် ဆေးစာကို မိသားစုဝင်တွေ အတွက် ရေးပေးပါလိမ့်မယ်။တုတ်ကောင်တွှေအတွှက် ပေးရတဲ့ ဆေးစာတွေမှာ အောက်ပါဆေးအမျိုးအစားတွေ ပါဝင်ပါတယ်။ကုသဆဲကာလမှာ ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းတွေမှာ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ဆိုရင် တုတ်ကောင်တွေ လုံး၀ ကင်းစင်သွားအောင် ဆေး ၂ ကြိမ် အထိ သောက်ဖို့ လိုအပ်ပါလိမ့်မယ်။တုတ်ကောင်ကူးစက်မှုကနေ ကာကွယ်နိုင်မယ့် နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။အောက်မှာဖော်ပြထားတဲ့ အချက်တွေက ကူးစက်မှုကို ကာကွယ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။တုတ်ကောင်တွေဟာ ညပိုင်းမှာ ဥဥချတဲ့ အတွက် မနက်ပိုင်း စအိုအနားတစ်ဝိုက်ကို ဆေးကြောပေးမယ်ဆိုရင် တုတ်ကောင်ဥတွေကို လျော့ကျသွားစေနိုင်ပါလိမ့်မယ်။ ရေချိုးခြင်းကလည်း မသန့်စင်တာတွေကို ဆေးကြောလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ဥတွေကို ဖယ်ရှားဖို့ အကူအညီဖြစ်ပါတယ်။အိပ်ရာခင်း၊ ညဝတ်အကီၤျ၊ အတွင်းခံ၊ ရေလဲ နဲ့ ပုဝါတွေကို ရေပူနဲ့ လျှော်တာကလည်း တုတ်ကောင်တွေကို သေစေနိုင်ပါတယ်။ အပူချိန်မြင့်မြင့်ထားရပါမယ်။စအိုနားတစ်ဝိုက်ကို မကုတ်မိပါစေနဲ့။ တုတ်ကောင်ဥတွေ မခိုအောင်းနိုင်စေဖို့ ကလေးရဲ့ လက်သည်းတွေကို ညှပ်ပေးပါ။ လက်သည်းမကိုက်ပါစေနဲ့။တုတ်ကောင်ကူးစက်မခံရစေဖို့ အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါ လဲပြီးတိုင်း၊ အစားမစားခင်တိုင်း လက်ကို သေချာဆေးပါ။မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/pinworms-%e1%80%80%e1%80%95%e1%80%b9%e1%80%95%e1%80%ab%e1%80%b8%e1%80%90%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9-%e1%80%80%e1%80%b0%e1%80%b8%e1%80%85%e1%80%80%e1%80%b9/
ဗီတာမင် စီ အားနည်းနေတာ သိသာတဲ့ လက္ခဏာ (၇) ခု
ချိုချဉ်ဖန်ခါး အစားတွေစုံအောင်စားတိုင်းအာဟာရမပြည့်ပါဘူးနော်။ခန္ဓာကိုယ်ကမရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေကို လုံလောက်တဲ့ပမာဏနဲ့ ညီညီမျှမျှ ရရှိနိုင်မှ ဖြစ်မှာပါ။ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးထဲကမှ ဗီတာမင် စီ အကြောင်း သင်ဘယ်လောက်သိထားပြီးပြီလဲ။ဟိုရောဂါ၊ ဒီရောဂါတွေကူးစက်ခံရမှာ စိုးရိမ်နေကြတဲ့ ခုလိုချိန်မျိုးမှာ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ ဗီတာမင် စီကို ကိုယ့်မှာ အလုံအလောက်ရရှိနေရဲ့လားဆိုတာ သိထားဖို့လိုပါတယ်။အရွယ်ရောက်ပြီးသား (ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မဟုတ်တဲ့) အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ဗီတာမင်စီ ၇၅ မီလီဂရမ် ၊ အမျိုးသားတွေက ၉၀ မီလီဂရမ် လိုအပ်ပါတယ်။ ဗီတာမင် စီကို ခန္ဓာကိုယ်က ကြာရှည်ထိန်းသိမ်းမထားနိုင်တာကြောင့်အစားအသောက်ကနေ နေ့တိုင်းရရှိဖို့ လိုအပ်ပါတယ်။ဗီတာမင်စီချို့တဲ့မှုဖြစ်နိုင်ခြေအများဆုံးသူတွေကတော့ အစားရွေးသူတွေ၊ ကျန်းမာရေးနဲ့ညီအောင် မစားသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ အရက်သောက်တာများသူတွေနဲ့ဆေးလိပ်သောက်သူတွေ ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ ဖြစ်လာတဲ့free radicalsတွေကြောင့် ထိခိုက်မှုကို ကာကွယ်နိုင်ဖို့ ပုံမှန်ထက် ဗီတာမင် စီ၅ မီလီဂရမ် ပိုပြီးလိုအပ်တတ်ပါတယ်။ဗီတာမင် စီနည်းနေရင် ဒဏ်ရာကြီးတွေ မပြောနဲ့၊ ထိခိုက်ရှနာ သေးသေးလေးဖြစ်ရင်တောင် အရေပြားက အနာကျက်ဖို့ အတော်ကြာတတ်ပါတယ်။ဗီတာမင် စီက သွေးကြောတွေကို ကျန်းမာစေပြီး သွေးခဲနိုင်စွမ်းကို ကောင်းစေပါတယ်။ လေ့လာမှုအရ သွားဖုံးရောဂါရှိတဲ့သူတွေက ဂရိတ်ဖရုသီး ၂ ပတ်လောက်စားပြီးတဲ့အခါ သက်သာပျောက်ကင်းသွားတာ တွေ့ရပါတယ်။ဗီတာမင် စီမလုံလောက်ခြင်းနဲ့ အဆီတက်ခြင်း(အထူးသဖြင့် ဗိုက်အဆီ)ဆက်နွှယ်မှုကို သုတေသနက တွေ့ရှိထားပါတယ်။ဗီတာမင် စီလုံလောက်တဲ့သူတွေက အသားအရေချောမွတ်ပြီး နူးညံ့ကြပါတယ်။ ဗီတာမင် စီကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တာမို့ အရေပြားကို free radicals တွေရန်က ကာကွယ်ပေးတာ ဖြစ်နိုင်ပါတယ်။ဗီတာမင် စီအားနည်းတဲ့သူ ၇ ယောက်မှာ ၆ ယောက်က ပင်ပန်းနွမ်းနယ်မှုကို ခံစားရတယ်လို့ တွေ့ရှိထားပါတယ်။ သိပ်မလှုပ်ရှားဖြစ်လည်း နုံးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဗီတာမင် စီက ကိုယ်ခံအားစနစ်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေ အတော်များများရှိပါတယ်။ ဒါ့ကြောင့် ကိုယ်က မကြာခဏနေမကောင်းဖြစ်လွယ်တယ်၊ နေပြန်ကောင်းဖို့ ကြာတတ်တယ်ဆိုရင် ဗီတာမင် စီ ဓာတ် နည်းနေတာဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားအပေါ် သက်ရောက်မှုရှိတဲ့ ဗီတာမင် စီက အဆုတ်ရောင်ရောဂါအပါအဝင် ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ဗီတာမင် စီနဲ့ တခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မလုံလောက်ရင် အသက်အရွယ်ကြောင့် သဘာဝအတိုင်း မျက်စိမှုန်လာတဲ့ဖြစ်စဉ်တောင်မှ ပိုဆိုးလာနိုင်တယ်။ အစားအသောက်ကနေ ဗီတာမင် စီအလုံအလောက် ရရှိမှ မျက်စိကျန်းမာရေးကို ပိုကာကွယ်နိုင်ပါလိမ့်မယ်။ဗီတာမင် စီချို့တဲ့လွန်းတဲ့သူတွေဟာ ကြာလာရင် သွားဆုံးရှုံးရလွယ်တာ၊ လက်သည်းကျိုးပဲ့လွယ်၊ ပိုးဝင်လွယ်တာ၊အဆစ်နာတာ၊ အရိုးကြွပ်ဆတ်တာ စတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် စီပြန်လည်ဖြည့်တင်းလိုက်မယ်ဆိုရင်တော့ ဒီလက္ခဏာတွေက ရက်ပိုင်းအတွင်း သက်သာလာပြီး ၃ လအတွင်း လုံးဝကောင်းမွန်သွားနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba-%e1%80%85%e1%80%ae/
null
null
health-fitness
health-fitness
https://hellosayarwon.com/health-fitness/%e1%80%92%e1%80%8f%e1%80%ba%e1%80%9b%e1%80%ac%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%9d%e1%80%b1%e1%80%b8-%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1/
ချပ်ရပ်နေတဲ့ ခါးဆိုဒ်လေးဖြစ်ဖို့ ပျိုမေဘာတွေလုပ်မလဲ
တစ်ကိုယ်လုံးက အဆီတွေထဲ အဆိုးဆုံးက ဗိုက်နားတဝိုက်ကအဆီတွေပါပဲ။မြန်မာဝတ်စုံလှလှလေးဝတ်မယ်ဆိုရင်ပဲကြည့်၊ ခါးတုတ်နေတာ ဒါမှမဟုတ် ဗိုက်အဆီရှိနေတာဆို ကိုယ့်စိတ်ကြိုက်လှနိုင်ပါ့မလား။ အဆီပိုမရှိ ချပ်ရပ်နေတဲ့ခါးဆိုဒ်လေးကို ပျိုမေတွေ အားလုံးဆန္ဒရှိကြမှာပဲလေ။ ဒါဆို ဘာလေးတွေသတိထားရမလဲ ဆိုတာ ဒီဆောင်းပါးမှာ အကြံပေးချင်ပါတယ်။အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေ၊ ဂျုံကြမ်း၊ အစေ့အဆန်တွေ၊ ပဲတောင့်ရှည်တို့လို အမျှင်ဓါတ်များတာတွေ စားပေးလို့ရတယ်။ ဗိုက်အဆီဆိုတာ အသည်း၊ ပန်ကရိယနဲ့ကျောက်ကပ်အပါအဝင် အရေးပါတဲ့ကိုယ်တွင်းအင်္ဂါတွေအနားတဝိုက်မှာရှိနေတာမို့ အန္တရာယ်များတဲ့အဆီတွေဖြစ်ပါတယ်။ဗိုက်အဆီတွေကိုလောင်ကျွမ်းစေပြီး ဖတ်ခနဲဗိုက်ချပ်သွားစေမယ့် စူပါအစားအစာဆိုတာ မရှိပါဘူး။ အခုလုပ် အခုချက်ချင်းဗိုက်ချပ်စေမယ့်လေ့ကျင့်ခန်းလည်းမရှိပါဘူး။ စားသောက်ပုံအမူအကျင့်နဲ့ လှုပ်ရှားမှုတွေအတွက် အချိန်နည်းနည်းပေးရပါမယ်။ဖြတ်လမ်းနည်းနဲ့လုပ်တဲ့ဆေးတွေ၊နည်းတွေက ဆိုးကျိုးများပါတယ်။ တစ်ပတ်စာချင်း တွက်ချက်ပြီး စားသောက်၊လှုပ်ရှားပါ။အဆီပါသမျှကို လုံးဝရှောင်စရာမလိုပါဘူး။ ဒါပေမယ့် တိရစ္တာန်အဆီတွေလိုပြည့်ဝဆီတွေ၊ အဆီပြည့်နို့ထွက်ပစ္စည်းတွေကို ကန့်သတ်စားပါ။ ပုံမှန်စားလေ့ရှိတာထက်လျှော့စားလိုက်ပါ။ ကိုယ်စားမယ့်အစားအစာမှာ ကယ်လိုရီဘယ်လောက်၊ အဆီဘယ်လောက်ပါလဲ label မှာအရင်ကြည့်ပါ။ ဆယ်လမွန်၊တူနာ တို့လို အကျိုးပြုအဆီomega-3 ပါတဲ့ငါးနဲ့ အပင်ထွက်အစားအစာတွေကိုရွေးချယ်ပါ။ဝိတ်တက်မတက် ဆိုတာနဲ့ပတ်သက်ရင် အိပ်စက်ခြင်းက အသွားနှစ်ဖက်ရှိပါတယ်။ အိပ်ချိန်နည်းလွန်းရင်(၅ နာရီအောက်) ဗိုက်အဆီပိုတက်တယ်။ ဒါပေမယ့် များသွားရင် (၈ နာရီထက်ကျော်)လည်း ဗိုက်အဆီတက်တာပါပဲတဲ့။ ဒီအန္တရာယ်ကလွတ်နိုင်တာက အိပ်ချိန် ၆ နာရီနဲ့ ၈ နာရီကြားမှာ ရှိတာအကောင်းဆုံးပါပဲ။ ပျိုမေ အခု အိပ်ချိန်မမှန်ဘူးဆိုရင် အခုပဲပြောင်းလဲလိုက်ပါတော့။စောစောအိပ်ပါ၊ အိပ်ချိန်မတိုင်ခင် အရင်အနားယူဖြေလျှော့ပါ၊ အိပ်ချိန်မှာ ဖုန်းပွတ်မနေနဲ့တော့ပေါ့။အမျိုးသမီးတွေက စိတ်ပူပန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ အတွေးတွေပိုများတတ်ပါတယ်။ စိတ်ဖိစီးမှုရှိနေရင် အဆီတွေ၊အချိုတွေ ပိုစားမိမယ်၊ စိတ်ဖိစီးမှုဟော်မုန်းကော်တီဆောတွေကြောင့် ဗိုက်အဆီတက်မယ်။ စိတ်ကညစ်နေတဲ့အခါ အိပ်လည်းမပျော်၊ လှုပ်ရှားမှုလည်းမလုပ်ဖြစ်၊ အထိုင်များနေမယ်ဆိုတော့ အဆီပိုတက်နိုင်တယ်။ စိတ်အပန်းပြေမယ့်အရာတွေရှာပါ၊ သီချင်းတွေနားထောင်ပါ၊ စိတ်ကိုပြေလျော့စေမယ့် နည်းလမ်းတွေလုပ်ကြည့်ပါ။ပျိုမေရဲ့အလှအတွက်ဆိုရေပဲသောက်ပါနော်။ အလွန်ဆုံး ပိုလှချင်ရင် Detox waterလောက်ပေါ့။ ဒါတောင်အမြဲကြီး စွဲမသောက်သင့်ပါဘူး။ကော်ဖီ၊ အချိုရည်တွေကထားတော့ ဘီယာနဲ့ဝိုင်ကို မကြာခဏဟဲနေတတ်တယ်ဆို အခြေအနေမကောင်းပါဘူး။ တတ်နိုင်သလောက်လျှော့သင့်ပါတယ်။အဆီကျချပ်ရပ်ပြီး လှပချင်တဲ့ ပျိုမေတို့အတွက် အကျိုးရှိစေမယ့် သတိပေးအကြံပြုချက်လေးတွေဖြစ်ပါစေလို့မျှော်လင့်ပါတယ်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/how-to-get-flat-belly/
သတိလက်လွတ် မနေသင့်တဲ့ Dementia ရဲ့ အစောပိုင်း လက္ခဏာများ
အသက် ဘယ်လောက်ရှိပြီလဲ …… ၃၅ နှစ်လား….. ၅၅ နှစ်လား….. ၇၅ နှစ်လား ……. ပြီးရင် နောက်ထပ် မေးစရာ တစ်ခု ရှိနေတာက အိမ်နီးနားချင်းတွေရဲ့ နာမည်တွေနဲ့ သူတို့အိမ်က ခွေးလေး၊ ကြောင်လေးတွေရဲ့ နာမည်တွေကို သေသေချာချာ မှတ်မိရဲ့လား ……. ပြောပြဖို့ တော်တော်လေး စဉ်းစားနေရသလား …..။တစ်ခုခုကို စဉ်းစားလိုက်တိုင်း ပါးစပ်ဖျားတင် မေ့နေတယ်ဆိုပြီး ဖြစ်နေပြီလား ……. ဒါဆိုရင်တော့ နည်းနည်း စိတ်ပူစရာ ကောင်းလာပါပြီ။ လူတွေက အသက် ၃၀ ကျော်လာတဲ့အခါဦးနှောက်က တဖြည်းဖြည်းချင်း ကျုံ့လာပါတယ်။ အရမ်းကို နှေးကွေးလှတဲ့ နှုန်းနဲ့ပေါ့။ ဒီ ကျုံ့လာတဲ့ ရလဒ်အနေနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက နှေးလာပါတယ်။ မေ့တတ်လာပါတယ်။ ကိစ္စတော်တော်များများကို မှတ်လိုက်တယ်ဆိုပေမယ့် ပြန်သတိရဖို့ အတော်လေး အချိန်ယူ စဉ်းစားရပါတယ်။အသက်အရွယ်ရလာတဲ့အခါ လူတော်တော်များများကDementiaလို့ခေါ်တဲ့ မှတ်ဉာဏ် နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုက သာမန်အနေအထားထက် ကျော်လွန်ပြီး ကျဆင်းလာတဲ့ အခြေအနေကို ခံစားကြရပါတယ်။Dementia ဖြစ်တဲ့အခါဦးနှောက်ရဲ့ သိမြင်မှုစွမ်းရည်ကောင်းမွန်စေဖို့ လုပ်ဆောင်နေတဲ့ တစ်ခုမကသော ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေက စွမ်းဆောင်ရည်တွေ ကျဆင်းသွားပြီး နေ့စဉ်ဘဝမှာ ထိခိုက်တာတွေ ရှိလာပါတယ်။ အစပိုင်းမှာမှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရတယ်ဆိုပေမယ့် နောက်ပိုင်းမှာ ဘာသာစကားစွမ်းရည် ထိခိုက်တာ၊အမြင်အာရုံ ထိခိုက်တာ၊ စီမံခန့်ခွဲနိုင်စွမ်း ထိခိုက်တာ၊ လုပ်ငန်းတွေ အများကြီးကို တစ်ချိန်တည်းမှာ စီမံခန့်ခွဲနိုင်တဲ့ စွမ်းရည် ကျလာတာမျိုးတွေ ခံစားရနိုင်ပါတယ်။အသက် ၆၀ နဲ့အထက် လူကြီးပိုင်းတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က Dementiaရောဂါကို ခံစားနေကြရပါတယ်။ ဒီလို Dementiaကို ခံစားနေရတယ်ဆိုပေမယ့် အမျိုးအစားတွေ မတူကြပါဘူး။ ဒီတော့ Dementia အမျိုးအစားတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……။တစ်မျိုးထက်မကတဲ့ Dementiaလက္ခဏာကို ခံစားနေရတဲ့အခါမျိုးမှာ mixed Dementiaလို့ ခေါ်ပါတယ်။ အချို့သော သတိမေ့တာ၊ အာရုံတွေ ရှုပ်ထွေးတာက ဗီတာမင် ချို့တဲ့တာ၊သိုင်းရွိုက်ဂလင်း ပုံမှန် မဟုတ်တာတွေ၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ စိတ်ဓာတ်ကျတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး သေချာ ကုသမှု ခံယူရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ရောဂါ အတော်များများမှာ အစောပိုင်း လက္ခဏာတွေရှိသလို Dementiaမှာလည်းအစောပိုင်း လက္ခဏာတွေရှိပါတယ်။ Dementia ခံစားနေရပြီဆိုရင် အစောပိုင်း လက္ခဏာအနေနဲ့ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။သတင်းအချက်အလက်အသစ်တွေကို မှတ်ထားဖို့ အခက်အခဲရှိလာတယ်။ ဒီလို မေ့လာတာက နေ့စဉ်ဘဝမှာ အနှောင့်အယှက် ဖြစ်လာပါတယ်။ တွေ့ရများတဲ့ လက္ခဏာ အနေနဲ့ ရင်းနှီးရတဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို မေးပြီးသား စကားတွေကို ထပ်ခါ ထပ်ခါ မေးမိနေတာပါ။ဇာတ်လမ်းတွဲတွေကို ကြည့်ပြီးရင် အသေးစိတ် မှတ်မိဖို့ ခက်တာ။ လုပ်ငန်းအသစ်တွေကို လုပ်ဆောင်ဖို့ ခက်ခဲလာတာ၊ အရာရာတိုင်းကို သေသေချာချာ မှတ်မိနိုင်စေဖို့အတွက် သေချာ ရေးမှတ်ထားရတာမျိုးတွေ လုပ်ဆောင်လာရတာပါ။ငွေကြေးတွေကို စီမံဖို့ ခက်လာတာ၊ ဘေလ်တွေကို အချိန်မီ ပေးဆောင်ဖို့ ပျက်ကွက်လာတာ၊ တိတိကျကျ တွက်ချက် မှတ်မိဖို့ ခက်လာတာ၊ ငွေကြေးတွေကို စိစစ်သုံးစွဲဖို့ ခက်ခဲလာတာတွေက Dementiaရဲ့ အစောပိုင်း လက္ခဏာ တစ်ရပ်ပါ။မှတ်ဉာဏ် ပျောက်ဆုံးလာတာ၊ အမြင်အာရုံ ထိခိုက်လာတာတွေကြောင့် သိနေကျ အရာတွေကို မေ့တတ်လာပြီး လမ်းလျှောက်သွားရင်း ဖြစ်ဖြစ် ကားမောင်းသွားရင်း ဖြစ်ဖြစ် သွားနေကျနေရာတွေ အကြိမ်ရေ ရာနဲ့ ချီပြီး သွားဖူးတဲ့နေရာတွေကို လမ်းမသိတော့တာမျိုးကလည်း Dementiaရဲ့ အစောပိုင်း လက္ခဏာ တစ်ရပ်ပါ။Dementiaကို ခံစားရတဲ့အခါ တစ်နေ့တာရဲ့ အချိန်တွေကို အမှတ်မှားလာတာ၊ ရက်စွဲတွေ၊ လတွေ နှစ်တွေကို မှတ်မိဖို့ ခက်ပြီး လက်ရှိကာလကို မေ့နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဦးနှောက်က အမြင်အာရုံပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကို ပေးပို့နိုင်ဖို့ ခက်ခဲလာတာကြောင့် အမြင်အာရုံနဲ့ ခန့်မှန်းမှုတွေ လွဲချော်ပြီး ချော်လဲကျတာ၊ လွတ်မယ်ထင်ပြီး ဝင်ရင်း မလွတ်ဘဲ ထိခိုက်မိတာတွေ ခံစားလာရနိုင်ပါတယ်။Dementiaဖြစ်တဲ့အခါ အချက်အလက်သစ်တွေကို သင်ယူဖို့ ခက်ခဲလာသလို နေ့စဉ် ပြောနေကျ စကားလုံးတွေ ဖြစ်တဲ့ ရေခဲသေတ္တာ၊ အဲလ်ကွန်းလိုမျိုး ပြောနေကျ စကားလုံးတွေကိုပါ မေ့လာတာမျိုး ဖြစ်နိုင်ပါတယ်။ကားသော့တွေ၊ ရီမုခ်တွေကို အထားမှားတာက လူတိုင်း ဖြစ်နေကျပါ။ သေချာ ဆက်စပ်စဉ်းစားရင် ပြန်တွေ့တာ များပါတယ်။ Dementiaဖြစ်နေမယ်ဆိုရင်တော့ ပစ္စည်းတွေကို ဘယ်နာ ထားမိလဲဆိုတာ ပြန်တွေးမိဖို့ ခက်သလို ပစ္စည်းတွေက ပျောက်ဆုံးသွားတာမျိုးတွေ ဖြစ်လာပါမယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/early-warning-signs-of-dementia/
Rotavirus Infection (ရိုတာဗိုင်းရပ်စ်)
Rota virus ဟာ ဝမ်းလျှောစေတတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ကူးစက်ရောဂါထိန်းချုပ်မှု ဗဟိုဌာနအရ တကမ္ဘာလုံးမှ မွေးကင်းစနဲ့ ကလေးများအားလုံးတို့ ဝမ်းလျှောခြင်းရဲ့ အဖြစ်များဆုံး အကြောင်းအရင်းလို့ ဆိုပါတယ်။ ကာကွယ်ဆေးမပေါ်ခင်အချိန်က အမေရိကန်ပြည်ထောင်စုရှိ ကလေးများဟာ အသက်၅နှစ်အရွယ်မှာ Rota virus ကြောင့် အနည်းဆုံးတစ်ကြိမ် ဝမ်းလျှောပြီးဖြစ်နေတတ်ပါတယ်။Rota virus ကူးစက်ခြင်းဟာ စိတ်ညစ်ညူးဖွယ်ဖြစ်ပေမယ့် အိမ်မှာပဲ ရေဓါတ်မခမ်းခြောက်စေရန် အရည်များများတိုက်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တခါတရံ ပြင်းထန်စွာရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတက်ပြီး ဆေးပုလင်းချိတ်ဖို့ လိုနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ Rota virus ကူးစက်ခြင်းရဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်။ကာကွယ်ဆေးထိုးခြင်းဖြင့် သင့်မွေးကင်းစကလေးကို Rota virus ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ခြေနည်းတဲ့ ပိုကြီးသော ကလေးများနှင့် အရွယ်ရောက်ပြီးသူများမှာ လက်ကိုမကြာခဏဆေးခြင်းဟာ အကောင်းဆုံးကာကွယ်နည်းပါပဲ။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Rota virus ကူးစက်ခြင်းဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး နှစ်ပတ်အကြာမှာ စဖြစ်ပါတယ်။ အစပိုင်းမှာ ဖျားခြင်း၊ အန်ခြင်းတို့ ဖြစ်ပြီး ၃ရက်မှ ၇ရက်အတွင်းမှာ ဝမ်းလျှောပါတယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ကျန်းမာတဲ့လူကြီးများမှာတော့ ရောဂါလက္ခဏာ နည်းနည်းပဲပေါ်တာနဲ့ လုံးဝမပေါ်တာလည်း ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ကလေးမှာ။လူကြီးမှာရောဂါဖြစ်လျှင်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။Rota virus ဟာ ရောဂါရှိသူရဲ့ ဝမ်းထဲမှာ ရောဂါလက္ခဏာ မပေါ်ခင် သုံးလေးရက်ကနေ ပျောက်ပြီး ၁၀ရက်လောက်အထိ ရှိနေနိုင်ပါတယ်။ ဒီအချိန်မှာ လူနာမှာရောဂါလက္ခဏာမရှိနေပေမယ့် လက်နဲ့ပါးစပ်ထိတွေ့ရာကနေ ဗိုင်းရပ်စ်ဟာ အလွယ်တကူ ပြန့်ပွားနိုင်ပါတယ်။သင့်မှာ Rota virus ရှိနေပြီး အိမ်သာတက်ပြီး လက်မဆေးလျှင်၊ သင့်ကလေးမှာ Rota virus ရှိနေပြီး သင်က ကလေးအနှီးလဲပေးပြီး အိမ်သာတည်ပေးပြီး လက်မဆေးလျှင် ဗိုင်းရပ်စ်ပိုးဟာ အစားအစာ၊ အရုပ်၊ အသုံးအဆောင်များစသဖြင့် သင်နဲ့ထိမိတဲ့အရာတိုင်းကို ကပ်ငြိသွားနိုင်ပါတယ်။ အခြားလူတစ်ယောက်က သင့်ရဲ့ မဆေးရသေးတဲ့ လက်ကိုဖြစ်စေ၊ ဗိုင်းရပ်စ်ပိုးကပ်နေတဲ့ အရာတစ်ခုခုကိုဖြစ်စေ ထိကိုင်မိပြီးသူ့ပါးစပ်သူထိမိပါက ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ မျက်နှာပြင်တစ်ခုအပေါ်မှာ ထိုနေရာကို ပိုးမသတ်သရွေ့ ရက်သတ္တပါတ်နှင့်ချီပြီး အကြာကြီးရှိနေနိုင်ပါတယ်။Rota virus အမျိုးမျိုးရှိတဲ့အတွက် သင်ကာကွယ်ဆေးထိုးထားလည်းပဲ တစ်ကြိမ်ထက်ပို ကူးစက်ခံရနိုင်ပါတယ်။ သို့ပေမယ့် ထပ်ဖြစ်တဲ့ရောဂါပိုးတွေဟာ သိပ်မပြင်းထန်တတ်ပါ။ကလေးအသက် ၃လမှ ၃နှစ်အတွင်း အထူးသဖြင့် ကလေးထိန်းနေရာများမှာ Rota virus ကူးစက်ခြင်းဖြစ်ပွားနိုင်ချေများပါတယ်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စောင့်ရှောက်သူများမှာလည်း အဖြစ်များပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ့Rota virus ကူးစက်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်ခြင်းတို့မှ သိနိုင်ပါတယ်။ အတည်ပြုရန် ဝမ်းနမူနာကို ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်နိုင်ပါတယ်။Rota virus ကူးစက်ခြင်းအတွက် သီးသန့် ကုသမှုမရှိပါ။ ပဋိဇီဝဆေးနှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများနှင့်လည်း မကုသနိုင်ပါ။ ၃ရက်မှ ၇ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်နေစဉ် ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ အရည်များများသောက်ပါ။ သင့်ကလေးမှာ ဝမ်းအလွန်လျှောနေလျှင အထူးသဖြင့် ရက်အနည်းငယ်ထက် ပိုကြာအောင်ဝမ်းလျှောနေလျှင် ဆရာဝန်ထံ Pedialyte ကဲ့သို့ဓါတ်ဆားထုတ်တောင်းပါ။ကလေးများအတွက် ဓါတ်ဆားရည်က ရေနဲ့ အခြားအရည်များထက် ကုန်ခမ်းသွားတဲ့ သတ္တုဓါတ်များကို ပိုမိုထိရောက်စွာ ဖြည့်တင်းပေးနိုင်ပါတယ်။ အပြင်းအထန် ရေဓါတ်ခမ်းခြောက်ပါက ဆေးရုံမှာ ဆေးပုလင်းချိတ်ဖို့ လိုနိင်ပါတယ်။Rota virus ကူးစက်ခြင်းအတွက် ဝမ်းပိတ်ဆေးများ မပေးရပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကRota virus ကူးစက်ခြင်းကို ကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် Rota virus ကူးစက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ရောဂါပိုးပြန့်နှံ့ခြင်းကို လျှော့ချဖို့ လက်ကိုသေချာစွာ မကြာခဏဆေးပါ အထူးသဖြင့် အိမ်သာတက်ပြီး၊ ကလေးအနှီးလဲပြီး၊ ကလေးကို အိမ်သာတည်ပြီး။ သို့သော် လက်သေချာဆေးခြင်းက လုံးလုံးလျားလျားတော့ အာမခံမပေးနိုင်ပါ။Rota virus အတွက် ကာကွယ်ဆေး၂မျိုးရှိပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/rotavirus-infection-%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%ba/
သရက်သီးဖျော်ရည် သောက်ကြမယ်
ရာသီဥတု ပူနေချိန်မှာသရက်သီးဖျော်ရည်ချိုချိုအေးအေးလေး သောက်လိုက်ရတက တော်တော်လေး အရသာရှိမှာနော်။ သရက်သီးမှည့်မှည့်လေးကို ကြိတ်စက်ထဲထည့်ဖျော်ပြီး သောက်တာက သဘာဝအရသာကိုရသလို အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေကိုပါ ပေးပါသတဲ့။သရက်သီးဖျော်ရည် ချိုချိုလေးမှာခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ချိုချိုအေးအေး သရက်သီးဖျော်ရည်လေးကို သောက်သုံးပေးမယ်ဆိုရင်။ကင်ဆာကာကွယ်ပေးတယ်။သရက်သီးမှာ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေဖြစ်ကြတဲ့ astragalin၊ methylgallat၊ isoquercitrin၊ fisetin၊ quercetin နဲ့ gallic acid တို့ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းတွေက ရင်သားကင်ဆာ၊အူမကြီးကင်ဆာ၊ သွေးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။သရက်သီးမှာပါတဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ဖြစ်တဲ့ pectin က ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပြီး lupeol က ဆီးကျိတ် ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။သွေးတွင်း ကိုလက်စထရောကျစေတယ်။သရက်သီးဖျော်ရည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် C ပမာဏကို လုံလောက် ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ပါတယ်။ သရက်သီးမှာပါတဲ့ အာဟာရတွေဖြစ်တဲ့ ဗီတာမင် C နဲ့  pectin ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။သွေးပေါင်ချိန်ထိန်းညှိပေးတယ်။သံဓာတ်ကြွယ်ဝတာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ နေ့စဉ် သရက်သီးဖျော်ရည်တစ်ခွက် ပုံမှန် သောက်သုံးတာက လိုအပ်တဲ့ သံဓာတ်ကို ပြည့်ဝစေပြီး သွေးအားနည်းရောဂါ ကင်းစေမှာပါ။မျက်လုံးကျန်းမာစေတယ်။သရက်သီးမှာ အမြင်အာရုံကျန်းမာစေတဲ့ အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သရက်သီး ပုံမှန်စားပေးတာက မျက်လုံးခြောက်တာ၊ ကြက်မျက်သင့်တာ နဲ့အမြင်အာရုံပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာပါ။သရက်သီးဖျော်ရည် သောက်သုံးပေးတာက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ဝက်ခြံသက်သာစေနိုင်သလို အရေပြား ပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။ဆီးချိုသက်သာစေနိုင်တယ်။သကြားထပ်မထည့်ထားတဲ့သရက်သီးဖျော်ရည်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပါတယ်။အစာကြေစေတယ်။သရက်သီးကအစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့် ဝမ်းမှန်စေပြီးအူနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။ကိုယ်ခံအားကောင်းစေတယ်။ဗီတာမင် C၊ ဗီတာမင် A နဲ့ carotenoids တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့်  သရက်သီးဖျော်ရည်လေးက ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင် ပါသေးတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/best-benefits-of-mango-juice/
ဝိတ်ကျစေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေကဘာတွေဖြစ်မလဲ
ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။(၁)ဗီတာမင် B–ဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် B1)၊ ရီဗိုဖလာဗင် (ဗီတာမင် B2)၊ နီကာဆင် (ဗီတာမင် B3)၊pantothenic acid(ဗီတာမင် B5)၊pyridoxine(ဗီတာမင် B6)၊ ဘိုင်အိုတင် (ဗီတာမင် B7)၊ဖောလိတ် (ဗီတာမင် B9)၊cobalamin (ဗီတာမင် B12) တို့ပါဝင်နေတာပါ။ ဗီတာမင် B အုပ်စုတွေကကိုယ်တွင်းက ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်စေပြီးစားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့အဆီတွေကို အကောင်းဆုံးဖြိုခွဲပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ဝိတ်ကျစေဖို့ အကောင်းဆုံးတွန်းအားပေးနိုင်မှာပါ။ဘာတွေစားရမလဲ….ပဲအမျိုးမျိုး၊ပဲနီလေး၊ နို့၊ ဥအမျိုးမျိုး၊ အဆီမပါတဲ့အသား၊ အာလူး၊ငှက်ပျောသီးတို့ကို စားသုံးပေးသင့်ပါတယ်။(၂)ဗီတာမင် D–ကိုယ်ခံအားကောင်းစေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပေါ့။ ယနေ့ခေတ်မှာ လူတော်တော်များများကနေရောင်နဲ့ ထိတွေ့မှုနည်းလာကြပါတယ်။ ဒါကြောင့်လည်း ဗီတာမင် D ရရှိဖို့ ခဲယဉ်းလာကြပါတယ်။ ဗီတာမင် D ကိုရရှိနိုင်တဲ့ အဓိကရင်းမြစ်ကနေရောင်ခြည်ပါ။ ဗီတာမင် D ရရှိမှုနည်းပါးတာက အဝလွန်စေနိုင်သလို စိတ်ဓါတ်ကျမှုကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D ကိုလုံလောက်စွာရရှိအောင်လုပ်ဆောင်နိုင်မှုကလည်း ဝိတ်ကျစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ဘာတွေစားရမလဲ…..ဗီတာမင် D ကို အဓိကရရှိစေနိုင်တာကနေရောင်ခြည်ပါ။ ဒါပေမယ့် ဆာဒင်းငါး၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ကြက်ဥအနှစ်၊ ဗီတာမင် Dဖြည့်စွက်ထားတဲ့ နို့နဲ့ဒိန်ချဉ်တွေကိုစားပေးလို့လည်းရပါတယ်။(၃)သံဓါတ်–စားလိုက်တဲ့ အစာအာဟာရတွေကို စွမ်းအင်အဖြစ်ပြောင်းလဲဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓါတ်က ခန္ဓါကိုယ်ကဆဲလ်တွေဆီကိုအောက်ဆီဂျင်ရောက်ရှိအောင်ပို့ဆောင်ပေးသလို ကြွက်သားတွေဆီကို လည်းအောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။ သံဓါတ်ရဲ့နောက်ထပ်အားသာချက်တစ်ခုက အဆီတွေကိုလောင်ကျွမ်းစေနိုင်တာပါပဲ။ဘာတွေစားရမလဲ…….အဆီမပါတဲ့ အသား၊ အခွံမာပင်လယ်စာတွေ၊ ပဲအမျိုးမျိုး၊ဟင်းနုနွယ်ရွက်တို့ကို စားပေးလို့ရပါတယ်။(၄)မဂ္ဂနီဆီယမ်–ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့၊သွေးပေါင်ချိန်ထိန်းညှိဖို့၊ အရိုးတွေ သန်မာစေဖို့၊ အာရုံကြောစနစ်တွေ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ်ကို မလိုအပ်ဘဲ ကိုယ်အလေးချိန်မတက်စေဖို့ဆိုရင် ဒီသတ္တုဓါတ်ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။ဘာတွေစားရမလဲ…….အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ပဲတောင့်ရှည်၊ ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကိုစားပေးဖို့လိုပါမယ်။(၅)ကယ်လ်ဆီယမ်–ငယ်စဉ်ကတည်းကစပြီး အသက်ကြီးတဲ့အထိ ကယ်လ်ဆီယမ်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ထောက်ပံ့ပေးသလို ကယ်လ်ဆီယမ်ကို လိုအပ်တဲ့ ပရိုတင်းနဲ့ သင့်တင့်မျှတအောင်စားသုံးပေးမယ်ဆိုရင် ကယ်လ်လိုရီတွေကို အထိရောက်ဆုံးလောင်ကျွမ်းပေးနိုင်မှာ အသေအချာပါ။ ကယ်လ်ဆီယမ်ကို ကယ်လ်လိုရီနည်းတဲ့ အစားအသေကာ်တွေနဲ့ တွဲဖက်စားသုံးပေးမှုကလေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓါကိုယ်က အဆီတွေကိုလောင်ကျွမ်းစေနိုင်မှာပါ။ ဒါကြောင့်ကိုယ်အလေးချိန်ကိုလျှော့ချချင်တယ်ဆိုရင် ကယ်လ်ဆီယမ်ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။(၆)Omega-3 fatty acids–ဝိတ်ကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။omega-3 fatty acids က ကိုယ်တွင်းကအဆီပိုတွေကိုဖယ်ရှားပေးတဲ့အပြင် နှလုံးကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီးရောဂါတစ်ခုခုကြောင့်နှလုံးနဲ့ သွေးကြောလေးတွေ ထိခိုက်မှုမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဘာတွေစားရမလဲ…….ဆယ်လ်မွန်၊ မက်ကာရယ်၊ ထရောက်ငါး၊ ဆာဒင်း၊ တူနာ တို့ကို စားသုံးပေးလို့ရပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/%e1%80%9d%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1/
အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation
အမြဲလိုလိုလေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ လိုအပ်မယ့် အချက်တွေက အများကြီးပါ။ ပန်းတိုင် သတ်မှတ်တာ၊ ပြင်ဆင်မှုတွေ လုပ်တာ၊ စည်းမျဉ်းတွေ ချမှတ်တာ၊ ဆုံးဖြတ်ချက်ချမှတ်တာတွေပါ။ ဒီအချက်တွေအပြင် အရေးအကြီးဆုံး အချက်တစ်ခုက အားကစားလုပ်ဖို့ရာမှာ လိုအပ်တဲ့ စိတ်အားထက်သန်မှု motivation ရှိနေဖို့ပါ။တစ်ခါတလေ ဖြစ်တတ်တာက လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် စိတ်မပါလို့ မလုပ်ရတာမျိုးပါ။ ဒီနေ့တော့ အိပ်ရာမနိုးလို့ ပင်ပန်းနေလို့ နောက်နေ့မှ လုပ်တော့မယ်ဆိုတာမျိုးပေါ့။ တကယ်က ဒီလိုဖြစ်နေတာက ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ အခြားသူတွေလည်း အဲ့လိုပါပဲ။လေ့ကျင့်ခန်းလုပ်တဲ့အခါ အောင်မြင်ဖို့ဆိုရင် မဖြစ်မနေ လိုအပ်မှာကစိတ်အားထက်သန်မှုပါ။ ဒီလို စိတ်အားထက်သန်မှု ဖြစ်စေဖို့ အနာဂတ်စီမံကိန်းတွေ ချမှတ်တာရှိသလို ဝိတ်ကျသွားတယ် အချိုးအစား လှပသွားမယ်စတဲ့ အချက်တွေကို ကြိုတင်စိတ်ကူးကြည့်တာမျိုးလည်း ရှိပါတယ်။ဒီလိုတွေးကြည့်တာကလည်းလေ့ကျင့်ခန်းလုပ်ဖြစ်စေဖို့အကောင်းဆုံး တွန်းအားပေးနိုင်ပါတယ်။Motivationဆိုတာက အရမ်းကို ရိုးစင်းတဲ့ စကားရပ်တစ်ခုပါ။ သတ်မှတ်ထားတဲ့ ပန်းတိုင်၊ အောင်မြင်မှုဆီကို ရောက်ရှိအောင် ပို့ဆောင်ပေးမယ့်စိတ်ခွန်အားတစ်မျိုးပေါ့။ စိတ်အားထက်သန်မှုဆိုလည်း မမှားပါဘူး။လေ့ကျင့်ခန်း လုပ်တဲ့အခါရလာမယ့် ရလဒ်ကို လိုချင်တဲ့ စိတ်နဲ့ လေ့ကျင့်ခန်း လုပ်တာရှိနိုင်သလို လေ့ကျင့်ခန်းလိုက်တဲ့အခါ ပေါ့ပေါ့ပါးပါး ဖြစ်သွားတာကို သဘောကျတဲ့စိတ်နဲ့ လေ့ကျင့်ခန်း လုပ်တာမျိုးလည်းရှိပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါ ရရှိလာတဲ့အကျိုးကျေးဇူးတွေကို သဘောကျတာကြောင့် လေ့ကျင့်ခန်းကို မလုပ်မနေရလုပ်ချင်တဲ့ဆန္ဒကို Motivationလို့ ခေါ်ပါတယ်။လူတစ်ယောက်အတွက် အရေးအကြီးဆုံး အချက်တစ်ခုက သူ့အတွက် Motivationက ဘယ်ကနေလာလဲဆိုတာကို သိဖို့ပါ။ Motivation က အပြင်က အရာတွေကနေ လာနိုင်သလို ကိုယ့်ခန္ဓာကိုယ်အတွင်းပိုင်းကနေလည်း လာတတ်ပါတယ်။ဒီ Motivationမျိုးက လေ့ကျင့်ခန်းလုပ်တဲ့အပေါ်ကနေ အခြေခံပြီးဖြစ်လာတဲ့ Motivationမျိုးပါ။ မြင်သာအောင် ပြောပြရရင်။နောက်ထပ် Motivation အမျိုးအစားတစ်ခုကတော့ ခန္ဓာကိုယအတွင်းပိုင်းကလာတဲ့ Motivationပါ။ မြင်သာအောင် ပြောပြရရင်။လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားမထက်သန်ရတဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ မဖြစ်မနေကျော်လွှားရမယ့် အတားအဆီးတွေကတော့။ဒီလိုတွေဖြစ်တဲ့အခါ လေ့ကျင့်ခန်း လုပ်ချင်စိတ် မပျောက်စေဖို့ ကိုယ်တစ်ယောက်တည်းမှ ဒီအခြေအနေ ကြုံနေရတာ မဟုတ်ဘဲ အခြားသူတွေမှာလည်း ဒီအနေအထားမျိုး ကြုံနေရတယ်ဆိုတာကို စဉ်းစားစေချင်ပါတယ်။ဒီအခြေအနေတွေကို အကောင်းဆုံးကျော်လွှားနိုင်မှ လေ့ကျင့်ခန်း လုပ်နိုင်မှာဖြစ်ပြီး လေ့ကျင့်ခန်း လုပ်တာကနေရမယ့် အကျိုးကျေးဇူးတွေကိုလည်း ခံစားနိုင်မယ်ဆိုတဲ့ စိတ်ကလေး မွေးစေချင်တာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါ အပေါ်ကအချက်တွေအပြင် ဒီအချက်တွေကလည်း အတားအဆီးဖြစ်စေနိုင်ပါသေးတယ်။ ဒါကတော့ ကြောက်စိတ်၊ စိတ်ရှုပ်ထွေးတာ၊ နာကျင်တာ။ ထိခိုက်ခံစားရတာ၊ ပျင်းတာ၊ အားမလိုအားမရဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်ရတာကို သဘောမတွေ့တာတွေပါ။လေ့ကျင့်ခန်း လုပ်တဲ့အခါ တွေ့ကြုံရနိုင်တဲ့ အခက်အခဲ အတားအဆီးတွေကတော့ အများကြီးပါ။ ဒီအတားအဆီးတွေကို အကောင်းဆုံး ကျော်ဖြတ်ဖို့ဆိုရင်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/motivation-for-fitness/
New year resolutions တွေ ပျက်ပျက်ကုန်တာ ဘာကြောင့်လဲ။
နှစ်ကုန်ခါနီးပြီဆိုတော့ မနှစ်က ချမှတ်ထားတဲ့ New year resolutions တွေထဲမှာ ဘယ်နှခုများ ပြည့်မီခဲ့သလဲဆိုတာ စစ်ကြည့်ပြီးပြီလား။ ပြည့်တာတွေလည်း ရှိသလို မပြည့်တာတွေလည်း ရှိမှာပါ။ New year resolutions တွေအကုန် ပြည့်မီတဲ့သူဆိုတာ ရှားပါတယ်။ ၁နှစ်လုံးပုံမှန်လုပ်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲကိုး။ ဒီနှစ်တင် New year resolutions မပြည့်တာ မဟုတ်ပါဘူး။ ရှေ့နှစ်တွေကလည်း ဒီလိုပဲမလား။ ဘာလို့များ New year resolutions တွေ ပျက်ပျက်ကုန်တာ လဲ။ကိုယ်မှန်းထားတာတွေ ဖြစ်မြောက်အောင် မလုပ်နိုင်လို့ စိတ်ဓာတ်မကျပါနဲ့။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ဒီတော့ ဘာမှစိတ်မညစ်ပါနဲ့။ သင်ပဲ ဖြစ်နေတာ မဟုတ်ပါဘူး။နှစ်စမှာ plannerလေးနဲ့ ဘာလုပ်ချင်တယ်။ ဘာဖြစ်ရမယ် တေးထားပေမယ့် တကယ်တမ်းကျတော့ ဘာလို့ ပြီးတဲ့အထိ မလုပ်နိုင်ရတာလဲ။ ဒီအချက်တွေထဲက သင်နဲ့ ဘယ်နှချက်များ ကိုက်ညီနေသလဲဆိုတာ စစ်ဆေးကြည့်ရအောင်။(၁) စိတ်မရှည်တာ။ခုလေ့ကျင့်ခန်းလုပ်မယ် ခုပိန်ရမယ်ဆိုတာမျိုးတော့ ဘယ်ရှိပါ့မလဲ။ ဒီလို စိတ်မရှည်ဘဲ ခုလုပ် ခုဖြစ်ချင်နေတော့ တစ်ပတ်လောက်နေတော့ မပြောင်းလဲတဲ့အခါ စိတ်တွေညစ်ပြီး ဆက်မလုပ်ဖြစ်တော့ဘူးပေါ့။ ဒီတော့ “အချိန်တိုအတွင်း မပြောင်းလဲနိုင်ဘူး။ စိတ်ရှည်ရမယ်” ဆိုတဲ့ အမှန်တရားကို သိထားဖို့ လိုပါတယ်။(၂) မကြိုက်တာကို လုပ်နေရတာ။ပိန်ချင်လိုက်တာ၊ အစားမရှောင်ချင်ဘူး။ လှချင်တယ်၊ skin careရမှာ ပျင်းလိုက်တာဆိုတာမျိုး ကြုံဖူးမှာပါ။ ကိုယ်မကြိုက်တဲ့ အလုပ်ဆို ပိုပြီးတောင် မလုပ်ချင်သေး။ ဒါကြောင့် ကိုယ့်ရဲ့ အစီအစဉ်တွေကို ပျော်စရာကောင်းအောင် ပြင်ထားဖို့ လိုပါတယ်။ ဥပမာ အစားရှောင်မယ့်အစားကယ်လိုရီသိပ်မတက်တဲ့ မုန့်လေးတွေ စားကြမယ်။ ဆိုင်အသစ်လေးတွေ ရှာကြမယ်ဆို မိုတီရမှာပါ။(၃) ကိုယ့်ကိုယ်ကို ညှဉ်းဆဲလွန်းတာ။ငါပိန်မှရမယ် ဘာမှမစားဘူး။ ဘာနေနေ အဆာခံမယ်ဆိုပြီး ကိုယ့်ကိုယ်ကို တွန်းအားပေးလွန်းတဲ့အခါကျတော့ ကျန်းမာရေးတွေ ထိခိုက်၊ စိတ်တွေညစ်ပြီး ပလန်လေးလည်း ပက်လက်လန်သွားတာပေါ့။(၄) အချိန်ဆွဲတာ။ငါအစားလျှော့မယ် ဒီနေ့တော့ စားလိုက်ဦးမယ်ဆိုတာမျိုးတွေ လုပ်ဖူးမှာပါ။ တကယ်က စိတ်မပြတ်လို့ပါ။ ပိန်ချင်တာမှန်ပေမယ့် အစားကလည်း မရှောင်ချင်၊ New year resolutions ဆိုတာကြီးကိုလည်း လုပ်ချင်တာဆိုတော့ လုပ်တော့လုပ်မယ်။ ဒီနေ့ မဟုတ်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို လှည့်စားလိုက်ရော။ ဒီလိုနဲ့ ဇန်နဝါရီ ၁ရက်နေ့တည်းက ရွှေ့လိုက်တာ ဒီဇင်ဘာ ၃၁ရက်နေ့ထိ ရောက်သွားတာပါပဲ။(၅) တိကျတဲ့ ရည်ရွယ်ချက်မရှိတာ။ဒီနှစ်မှာ ဘာသာစကား အသစ်တစ်ခုသင်မယ်လို့ ဆုံးဖြတ်တယ်။ ကိုရီးယားစာ သင်တယ်။ ခက်တယ်ဆိုပြီး တစ်လလောက်နေတော့ တရုတ်စာ ပြောင်းလေ့လာတယ်။ တော်ပါပြီ ဂျပန်ပဲ သွားတော့မယ်ဆိုပြီး နောက်တစ်ခုထပ်သင်တယ်။ ဒီတော့ နှစ်လည်းကုန်ရော ဟိုလိုလို ဒီလိုလိုတွေ ဖြစ်ကျန်ခဲ့တော့တာပါပဲ။(၆) ပတ်ဝန်းကျင် အခြေအနေမပေးတာ။ပိန်ချင်ပေမယ့် ညနေဆို အိမ်အောက်ကနေ အကင်နဲ့တွေ ရနေတာ၊ Gymနဲ့ အိမ်နဲ့က ဝေးလွန်းတာ စတာတွေကလည်း ကိုယ့်ရဲ့ New year ပလန်တွေကို ပျက်စေတဲ့ တစ်စိတ်တစ်ပိုင်းသော အကြောင်းရင်းပါ။(၇) ပျင်းတာ။အကြောင်းရင်းတော့ ရေရေရာရာ မရှိပါဘူး။ ပျင်းလို့ မလုပ်တာဆိုတာတွေကို အများကြီးကြုံဖူးပါတယ်။ Gymဖိုးတွေ သွင်းပြီး မိုးရွာလို့ နေပူလို့ မသွားတာ၊ ဟိုဟာ ဒီဟာဖြစ်တာ စသဖြင့် အကြောင်းမျိုးစုံပြပြီး ကိုယ့်ရဲ့ ပလန်တွေကို ဖျက်ဆီးနေမိတာပါ။ တကယ်က ဇွဲမရှိတာ၊ စိတ်အားထက်သန်မှု မရှိတာပါပဲ။ဒီ(၇)ချက်ကြောင့် နှစ်တိုင်း ကိုယ့်ရဲ့ New year resolutions တွေ ပျက်ပျက်ကုန်တာပါ။ ကိုယ်နဲ့ တိုက်ဆိုင်တာတွေများ တွေ့သွားကြလား။ဒီတစ်ခါ New year ပလန်တွေ ဆွဲတဲ့အခါ ခုပြောမယ့်အချက်တွေကိုပါ ထည့်စဉ်းစားကြည့်ပါ။ဝိတ်လည်းကျချင်၊ အသားအရေကလည်း လှချင်၊ ဘာသာစကား အသစ်နှစ်ခုလောက်ကလည်း သင်ချင်၊ ဟိုဟာလည်း ဖြစ်ချင် ဒီဟာလည်း ဖြစ်ချင်ပြီး ဖြစ်ချင်သမျှကို ပလန်ထဲ ထည့်ဆွဲရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ်အဖြစ်ချင်ဆုံး ၂ခု၊ ၃ခုလောက်ကိုပဲ ရွေးပြီး ဇောက်ချလုပ်ပါ။ လောဘကြီးရင် အာရုံစိုက်မရဘဲ အားလုံးပျက်စီးသွားပါလိမ့်မယ်။ဝိတ်ချမယ်လို့ ဆုံးဖြတ်ပြီးရင် ဘယ်နှလအတွင်းမှာ ဘယ်နှပေါင်ချမယ်။ ဒီလိုချဖို့ အပြင်စာစားတာကို တစ်ပတ်ကို ဘယ်နှရက်ပဲ ခွင့်ပြုမယ်။ လေ့ကျင့်ခန်းကတော့ တစ်ပတ်ကို ဘယ်နှရက်လုပ်သင့်တယ်။ တစ်ခါလုပ်ရင် ဘယ်နှမိနစ်ကြာအောင် လုပ်မယ်။ Cardio ဘယ်နှရက်၊ ကြွက်သားတက်စေတာ ဘယ်နှရက်။ Gymမှာဆော့မှာလား၊ အိမ်မှာပဲလား။ Gymဆို ဘယ်Gymကို သွားမယ်။ဘာသာစကား အသစ်သင်မယ်ဆိုရင်လည်း ဘယ်ဘာသာကို သင်မှာလဲ။ ဘယ်နှလအတွင်းမှာ အဆင့်ဘယ်လောက် တက်ရမလဲ။ ဘယ်သင်တန်းမှာ တက်မှာလဲ။ဒီလိုမျိုး တိတိကျကျ ဆွဲနိုင်လေလေ ကိုယ့်ရဲ့ resolutionsက ပုံပေါ်လေလေ ပိုပြီး လုပ်နိုင်လေပါပဲ။ ဘာလုပ်ရမလဲဆိုတာ သိသွားပြီကိုး။ဒါပြီးရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ targetတွေ ပြည့်မပြည့်ကို ပုံမှန်လေး သုံးသပ်ပါ။ ဝိတ်ချနေတဲ့သူဆိုရင် ခဏခဏ မချိန်ဘဲ တစ်လနေရင်ချိန်မယ်။ ဘယ်နှပေါင်ကျရမယ်ဆိုတာမျိုး။ စာသင်နေတဲ့သူတွေဆိုရင်လည်း testလေးတွေ ဖြေကြည့်တာမျိုးပေါ့။ဒီလိုစစ်ဆေးကြည့်ပြီးလို့ မပြည့်ဘူးဆိုရင် ဘာတွေ လွဲနေလဲဆိုတာ သုံးသပ်ပါ။ မပြည့်ဘူးဆိုတာနဲ့ လက်လျှော့ဖို့ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ နည်းတွေ လွဲနေလား။ ဘယ်လိုပြန်ပြင်မလဲဆိုတာ စစ်ဆေးဖို့ပါပဲ။ ဥပမာ Gym ပျက်ရက်တွေ များနေလို့ ဝိတ်က ထင်သလောက် မကျဘူးဆိုရင် Gym မှန်မှန်ရောက်ဖို့ ဘာလုပ်ကြမလဲပေါ့။နေ့တိုင်း ပုံမှန်လုပ်ဖြစ်ဖို့ဆိုတာ အကျင့်လိုပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပလန်မှာပျော်နေဖို့ လိုပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို စိတ်မညစ်ပါစေနဲ့။ ဒီအပတ်ထဲမှာ တစ်ရက်ကို ၁၀မိနစ် လေ့ကျင့်ခန်းလုပ်မယ်။ နောက်အပတ်ဆို ၁၅မိနစ် စသဖြင့် တိုးတိုးသွားပါ။ အစားရှောင်တဲ့သူဆိုရင်လည်း တန်းပြီး ရှောင်လိုက်တာမျိုး မဟုတ်ဘဲ နည်းနည်းစီ လျှော့စားသွားပါ။ပျင်းတဲ့ရက်တွေ၊ cheat လုပ်ချင်တဲ့ ရက်တွေ ရှိမှာပါ။ တစ်နှစ်တာခရီးစဉ်ဖြစ်တဲ့အတွက် ဒီလိုပဲ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ အနားယူပါ။ ပြီးရင် ပြန်စပါ။ သိသာတဲ့ ရလဒ်မြင်ရဖို့ ဇွဲရှိပြီး ပုံမှန်လုပ်မှရမှာပါ။ ကောက်ရိုးမီးမလုပ်ပါနဲ့။တစ်ခါတလေ ကိုယ်လည်း ပုံမှန်လုပ်နေပါရက်နဲ့ သိသိသာသာ မတိုးတက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါက စိတ်ပျက်စရာ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်မှ မတူတာပဲလေ။ အထူးသဖြင့် ကိုယ်ချသလောက် ဝိတ်မကျတဲ့အခါ စိတ်ဓာတ်ကျတတ်ပါတယ်။ ဆက်မလုပ်ချင်ဘူးဆိုပြီး တွေးတတ်ပါတယ်။ဒါမျိုးဆို အကောင်းမြင်ပါ။ ဝိတ်မကျရင်တောင် ဒီကြားထဲမှာ သေသေချာချာ ရွေးပြီး စားတယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်တယ်ဆိုရင် အမြတ်ပါပဲ။ ဝိတ်မကျပေမယ့် ကျန်းမာတယ်လေ။ နောက်ပြီး ကိုယ့်စိတ်ကို ထိန်းနိုင်သွားပြီလေ။ မစားဘူးဆို မစားဘူး။ လုပ်မယ်ဆို ဖြစ်အောင် လုပ်မယ် စတဲ့ အကျင့်ကောင်းတွေလည်း ရသွားတာပဲ။ ကိုယ့်အတွက် အရှုံးမရှိပါဘူး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/why-your-new-year-reolutions-keep-failing/
သိပ္ပံနည်းကျ ဗိုက်ချကြမယ်
သိပ္ပံနည်းကျ ဗိုက်ချကြမယ်။သင့်ဗိုက်က အဆီတွေအများကြီး လျော့သွားအောင်လုပ်တယ်ဆိုတာ တကယ်တော့ စစ်ပွဲတစ်ခုကို တိုက်နေရသလောက်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့်လည်း၀မ်းဗိုက်အဆီတွေဆိုတာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါအပြင် တခြားနာတာရှည်ရောဂါအမျိုးမျိုးကို ဖိတ်ခေါ်ပေးနေတဲ့အဓိကသော့ချက်ဖြစ်တဲ့အပြင် ဖောသွပ်သွပ်နဲ့ ကိုယ့်အသွင်အပြင်ကိုယ်လည်း စိတ်ပျက်အားလျော့စေတတ်ပါတယ်။ ဒါပေမယ့် အရမ်းစိတ်မပျက်လိုက်ပါနဲ့ဦး။ သင့်ခါးဆိုဒ်ကို တကယ်ထိထိရောက်ရောက်ပြောင်းလဲလျော့သွားစေမယ့် သိပ္ပံနည်းကျနည်းလမ်းတချို့ရှိပါတယ်။သိပ္ပံနည်းကျ ဗိုက်ချကြမယ် ဆိုရင် ဒီအချက်လေးတွေက လိုက်နာဖို့ လိုပါမယ်။ဒါပေမယ့် လုံးလုံးကြီးဖြတ်လိုက်တာမျိုးတော့မလုပ်ပါနဲ့။ လူတိုင်းသိပြီးသားပါပဲ။ ကိုယ့်တနေ့တာ အစားအသောက်တွေကရတဲ့ ကယ်လိုရီကိုလျှော့ချရင် ဝိတ်ကျစေတယ်ဆိုတာ။ တစ်နေ့ကို ကယ်လိုရီ ငါးရာကနေ တစ်ထောင် လျှော့ချစားသုံးမယ်ဆိုရင် တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်အထိကျစေပါတယ်။ ဒါပေမယ့် ကယ်လိုရီတွေအများကြီးလျှော့ချခြင်းဟာ ဘေးထွက်ဆိုးကျိူးတွေကိုဖြစ်စေပါတယ်။ ဥပမာအားဖြင့် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းကိုလျော့ကျစေပါတယ်။ အရင်လိုကယ်လိုရီအများကြီးပြန်စားရင်တောင် ဇီ၀ကမ္မဖြစ်ပျက်မှုနှုန်းက ဆက်လက်နှေးကျန်နေခဲ့တတ်ပါတယ်။ဒါကြောင့် ကယ်လိုရီအများကြီးကို အကြာကြီးလျှော့ချတာဟာ သိပ်မကောင်းလှပါဘူး။ရေမှာပျော်၀င်နိုင်တဲ့ အမျှင်ဓာတ်တွေဟာ ရေပမာဏအများကြီးကို စုပ်ယူထားနိုင်ပြီး အစာလမ်းကြောင်းတစ်လျှောက်အစာ ဆင်းသွားတာကိုနှေးစေပါတယ်။ ရလဒ်အနေနဲ့ အစာအိမ်ထဲက အစာသွားတာကိုနှေးစေပြီး ပြည့်အင့်တဲ့ခံစားမှုကို အချိန်ကြာကြာပေးနိုင်ပါတယ်။ ဒါကြောင့်တော်ရုံနဲ့ အစာထပ်မစားစေအောင်လုပ်ပေးပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ဟာ အစားအသောက်ကနေ ကယ်လိုရီစုပ်ယူနိုင်စွမ်းကိုလည်း ကျစေပါတယ်။အမျှင်ဓာတ်များများစားပေးခြင်းအားဖြင့် ကိုယ်တွင်းအင်္ဂါတွေဘေးမှာ အဆီစုတာကိုလည်း တားဆီးပေးပါတယ်။ ခါးဆိုဒ်ကိုလည်း သေးစေပြီး ရောဂါတွေအမျိုးမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ထောပတ်သီး၊ အုတ်ဂျုံ၊ ရွှေဖရုံသီး၊ ပဲပင်ပေါက်၊ ဘလက်ဘယ်ရီသီး စတာတွေမှာ အမျှင်ဓာတ်အများကြီးပါ၀င်ပါတယ်။ပရိုဘိုင်အောတစ်ဆိုတာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ လျှော့ချခြင်းမှာ အရေးကြီးတဲ့ သက်ရှိဘက်တီးရီးယားတွေဖြစ်ပါတယ်။ ဝတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ အူထဲမှာရှိတဲ့ ဘက်တီးရီးယားအချိုးအစားဟာ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေနဲ့ ကွဲပြားနေတာ တွေ့ရပါတယ်။ ပရိုဘိုင်အောတစ်ကို မှန်မှန်သောက်ပေးခြင်းဖြင့် အူထဲက အကျိုးပြုဘက်တီးရီးယားတွေများလာစေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ ပရိုဘိုင်အောတစ်ကို ဆေးဝါးအနေနဲ့သောက်လို့ရသလို ဒိန်ချဉ်၊ ကင်ချီ၊ ချဉ်ဖတ်စတဲ့ အစားအသောက်တွေကလည်း ရနိုင်ပါတယ်။ကာဒီယို ဒါမှမဟုတ် အေရိုးဗစ်လေ့ကျင့်ခန်းတွေကို တနေ့အနည်းဆုံးမိနစ်နှစ်ဆယ်ကနေ နာရီ၀က်လောက်လုပ်ပေးခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ဒီလိုလုပ်ခြင်းဟာ ဇီ၀ရုပ်ဖြစ်ပျက်နှုန်းကို တိုးမြင့်စေပြီး အစာစားချင်စိတ်ကို လျော့နည်းစေတာကြောင့် အထူးသဖြင့် ခန္ဓာကိုယ်အလယ်ပိုင်းက အဆီတွေကို လျော့နည်းစေပါတယ်။ သုတေသနတွေက အသားဓာတ်ဟာ ခါးအရွယ်အစားကို သိသိသာသာပြောင်းလဲလျော့ကျစေနိုင်ကြောင်းဖော်ပြနေပါတယ်။ ကြက်ဥပြုတ်၊ အသား၊ ငါး၊ ပဲ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းဓာတ်ပါ၀င်ပါတယ်။အကျိုးပြုအဆီတွေဟာ အန္တရာယ်အများဆုံးအဆီဖြစ်တဲ့ ၀မ်းဗိုက်အဆီကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကျန်းမာရေးအတွက်ကောင်းကျိုးတွေလည်း ပေးပါတယ်။ သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆံတွေနဲ့ အခွံမာသီးတွေမှာ အကျိုးပြုအဆီတွေပါ၀င်ပါတယ်။လေ့လာမှုတွေအရ ကစီဓာတ်လျော့နည်းတဲ့ အစားအသောက်တွေဟာ ကိုယ်တွင်းအင်္ဂါဘေးမှာ အဆီစုတာကိုတားနိုင်ပြီး ခါးကိုလည်း သေးစေနိုင်ပါတယ်။ ဘာမှမပြုမပြင်ထားတဲ့ ကစီဓာတ် (ဥပမာ ဂျုံကြမ်း) ကိုစားတာမျိူးဟာ ပြုပြင်ထားတဲ့ ကဆီဓာတ် (ဥပမာ ပေါင်မုန့်)လိုမျိူးအရာတွေကို စားတာထက် လူကို ပိုအကျိူးပြုပါတယ်။ပန်းသီးရှာလကာရည်ဟာ အထင်ကြီးစရာကောင်းလောက်အောင်ပဲ ကျန်းမာရေးအတွက်ကောင်းကျိူးတွေပေးပါတယ်။ သူ့မှာ အက်ဆစ်တစ်အက်ဆစ်လို့ခေါ်တဲ့ ပါ၀င်ပစ္စည်းကြောင့်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အက်ဆစ်တစ်အက်ဆစ်ဟာ ခန္ဓာကိုယ်မှာ အဆီစုတာကို လျော့နည်းစေပါသတဲ့။ဒါပေမယ့် ကိုယ်နဲ့ မတည့်ဘူး။ သောက်ပြီး ရင်ပူတယ်လို့ ခံစားရရင် ဒီအဆင့်ကို ကျော်နိုင်ပါတယ်။အစားအသောက်အနည်းငယ်လျှော့ချခြင်းကို လေ့ကျင့်ခန်းနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် ဝိတ်မြန်မြန်ကျစေပြီး ကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။ စိတ်၀င်စားစရာကောင်းတာတစ်ခုက ကျန်းမာရေးကောင်းကျိုးတွေရဖို့ သင့်အနေနဲ့ မဖြစ်မနေ အပြင်းအထန်လုပ်စရာမလိုဘူးလို့ဆိုပါတယ်။ တစ်နေ့ကို နာရီ၀က် (ခြေလှမ်းခုနစ်ထောင့်ငါးရာ) လျှောက်ခြင်းဟာ ဗိုက်ချပ်စေတဲ့အပြင် ကျန်းမာလှပစေမှာပါ။ရေးသားသူ- Dr Sein Moe  Satt။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/scientific-ways-to-lose-belly-fat/
ဝမ်းလျှောခြင်းကို အိမ်တွင် သက်သာစေရန် အကောင်းဆုံး နည်းလမ်းများ
ဝမ်းလျှောခြင်းသည် ဘဝတွင် အကြိမ်ရေများစွာ ခံစားရ သော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ ဝမ်းလျှော ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သော်လည်း အချိန်မီ သေချာမကုသပါက ဆိုးကျိုးများစွာ ဖြစ်စေနိုင်သည်။ဝမ်းလျှောပါက ဆရာဝန်ညွှန်ကြားသော ဆေးများ သောက်ခြင်းဖြင့် ဖြေရှင်းနိုင်သည်။ ထို့အပြင် ဝမ်းလျှောခြင်းကို သက်သာစေနိုင်သော အိမ်သုံးကုထုံးများစွာ ရှိပါသည်။ဝမ်းလျှောခြင်းနှင့်တွဲသော အဖြစ်အများဆုံး ပြဿနာမှာ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်သည်။ ၎င်းကို သက်သာစေရန် အောက်ပါ အဆင့်များကို လိုက်နာပါ။ဝမ်းလျှောခြင်းကို သက်သာစေသော အလွယ်ဝယ်၍ ရသော ဆေးများ ရှိပါသည်။ အောက်ပါ လမ်းညွှန်ချက်များကို ဂရုတစိုက် လိုက်နာပါ။အောက်ပါတို့ ဖြစ်ပါက ဆရာဝန်ထံမှ အကူအညီ ရယူပါ။အစာအဆိပ်သင့်ခြင်းသည် ဝမ်းလျှောခြင်းကို ဖြစ်စေ သော အဓိကအကြောင်းရင်းဖြစ်သည်။ အစာ အဆိပ်သင့်ခြင်း မဖြစ်အောင် အောက်ပါအဆင့်များကို လိုက်နာပါ။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90/
အစိုဓာတ်ထိန်းစက် ကပေးတဲ့ ကျန်းမာရေး
ရေနွေးငွေ့လေးတွေထွက်နေတဲ့ အစိုဓာတ်ထိန်းစက်ကအသားအရေကို ထိန်းသိမ်းပေးရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပေးပါတယ်။ အခုနောက်ပိုင်းကျန်းမာရေးအတွက် အသုံးပြုသင့်တဲ့အိမ်တွင်းကုထုံးနည်းတွေထဲမှာ အစိုဓာတ်ထိန်းစက်ကလည်း တစ်ခုအပါအဝင်လိုတောင် ဖြစ်လာပါပြီ။ ဒီတော့အသုံးများလာတဲ့ အစိုဓာတ်ထိန်းစက်လေးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေများ ပေးလို့လဲလို့ မေးစရာရှိမယ်ထင်ပါတယ်။ ဒီမေးခွန်းလေးအတွက် အဖြေကတော့……………။အစိုဓာတ်ထိန်းစက်ဆိုတာက ရေနွေးငွေ့ပေးတဲ့ စက်ကလေးပါ။ စက်ထဲကို ရေနဲ့ အမွှေးဆီတစ်ခုခုထည့်ထားပြီး ပလပ်ထိုးလိုက်ရုံနဲ့ရေနွေးငွေ့လေးတွေထွက်လာစေပြီးပတ်ဝန်းကျင်ကို အစိုဓာတ်ရရှိအောင် လုပ်ပေးတဲ့စက်တစ်မျိုးပေါ့။ခြောက်သွေ့မှုတွေကို သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းစက်ကို အသားအရေခြောက်သွေ့တာ၊ နှာခေါင်းခြောက်တာ၊လည်ချောင်းခြောက်တာနဲ့နှုတ်ခမ်းခြောက်တာတွေအတွက် အသုံးပြုလို့ရသလိုဖျားနာတာ နဲ့တုပ်ကွေးဖြစ်တာတွေအတွက်လည်းအသုံးပြုပေးလို့ရပါတယ်။အစိုဓာတ်ထိန်းစက်လေးက ကျန်းမာရေးအတွက်ရောအလှအပအတွက်ပါ အကျိုးကျေးဇူးများပါတယ်။ အစိုဓာတ်ထိန်းစက်လေးက ပေးတဲ့ ကျန်းမာရေး အာနိသင်တွေကတော့။တုပ်ကွေးကာကွယ်ပေးတယ်။အစိုဓာတ်ရှိနေတာကအအေးမိတုပ်ကွေးမဖြစ်စေဖို့ကာကွယ်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အအေးမိတုပ်ကွေးရာသီမှာ ကိုယ်တိုင်ကိုရောမိသားစုဝင်တွေကိုပါ တုပ်ကွေးအန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် နေအိမ်မှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ထားပေးဖို့လိုပါမယ်။ အစိုဓာတ်ထိန်းစက်ဖွင့်ထားတာက အအေးမိတုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေကို ၄၀ ရာခိုင်နှုန်းနဲ့အထက်လျှော့ချပေးနိုင်ပြီး ကူးစက်ခံရနိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်မှာပါ။ချောင်းဆိုးသက်သာစေနိုင်တယ်။ခြောက်သွေ့တဲ့လေထုက ချောင်းဆိုးနိုင်ခြေကို များစေပါတယ်။လေထုထဲမှာ အစိုဓာတ်ရှိနေတာကလည်ချောင်းအပါအဝင် အသက်ရှူလမ်းကြောင်းတလျှောက်မှာ အစိုဓာတ်ရစေနိုင်ပြီး ချောင်းဆိုးမှုခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ချောင်းဆိုးတာအပြင်အသက်ရှူလမ်းကြောင်းကိုပါ အစိုဓာတ်ထိန်းပေးတာကြောင့် အသက်ရှူလမ်းကြောင်းကနေတဆင့် ပိုးဝင်ကူးစက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်မှာပါ။လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။လည်ချောင်းနာတာက ပတ်ဝန်းကျင်က လေထုခြောက်သွေ့တာကြောင့်ဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်းကို ပိုးဝင်ကူးစက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတဲ့အခါ သက်သာစေဖို့အတွက် ရေဓာတ်ပြည့်ဝအောင် သောက်သုံးပေးတာ၊ အာဟာရပြည့်ဝအောင်စားသုံးတာ၊အိပ်ရေးဝအောင်အိပ်တာ၊ ငုံဆေးငုံတာ၊ဆားရည်နဲ့ ပလုတ်ကျင်းတာအပြင် အစိုဓာတ်ထိန်းစက်ဖွင့်ပြီး ပတ်ဝန်းကျင်က အစိုဓာတ်ကို ထိန်းထားတာမျိုးလုပ်လို့ရပါတယ်။ဟောက်တာကို သက်သာစေနိုင်တယ်။အိပ်တဲ့အခါ ဟောက်ရတဲ့ အကြောင်းအရင်းတစ်ရပ်ကပတ်ဝန်းကျင်ကလေထုမှာ အစိုဓာတ်နည်းနေတာကြောင့်ပါ။ လေက ခြောက်သွေ့တဲ့အခါ အသက်ရှူလမ်းကြောင်းက ခြောက်သွေ့သွားပြီး အိပ်ရင်းဟောက်တာကို ဖြစ်လာစေပါတော့တယ်။ ဒီတော့ ဟောက်တာကိုသက်သာစေဖို့ဆိုရင် အကောင်းဆုံးက လေထုမှာ အစိုဓာတ်ရှိနေစေဖို့  အစိုဓာတ်ထိန်းစက်ဖွင့်တာပါ။အသားအရေကျန်းမာစေတယ်။ဆောင်းတွင်းလိုမျိုး အေးမြခြောက်သွေ့တဲ့ ပတ်ဝန်းကျင်အနေအထားက အသားအရေကို ထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ်။ ပတ်ဝန်းကျင်လေထုမှာ အစိုဓာတ်နည်းပြီး ခြောက်သွေ့တဲ့အခါ အသားပပ်တာ၊ အသားခြောက်တာ၊ အသားအရေက ထိခိုက်လွယ်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုက သေချာမထိန်းသိမ်းဘဲ ထားတဲ့အခါအရေပြားပိုးဝင်ကူးစက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီတော့ ရာသီဥတုကြောင့်အသားအရေခြောက်သွေ့တာ ထိခိုက်တာကနေ ကင်းဝေးစေဖို့ဆိုရင် လုံလောက်တဲ့ အသားအရေထိန်းသိမ်းမှုလုပ်ဖို့လိုပါမယ်။ ဒီလုံလောက်တဲ့ အသားအရေထိန်းသိမ်းမှုဆိုတဲ့အထဲမှာ အစိုဓာတ်ထိန်းစက်ဖွင့်တာကလည်း တစ်ခု အပါအဝင်ပါ။ဦးရေပြားနဲ့ဆံသားကို ကျန်းမာစေတယ်။လေထုထဲမှာ အစိုဓာတ်နည်းတဲ့အခါ အရေပြားလိုပဲ ဆံသား နဲ့ ဦးရေပြားကလည်း ခြောက်သွေ့ပျက်စီးနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါဗောက်ထတာအပါအဝင် ဆံသားခြောက်သွေ့တာ၊ ကျိုးပျက်တာလိုမျိုး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်ဆံသားပျက်စီးမှုကင်းချင်တယ်ဆိုရင်လည်း အစိုဓာတ်ထိန်းစက်လေးဖွင့်ထားတာက အဆင်ပြေပါတယ်။နှာခေါင်းပိတ်တာ။နှာခေါင်းပိတ်တာက ကြီးမားတဲ့ ပြဿနာတစ်ခုမဟုတ်ပေမယ့် ခံရခက်တာကတော့ အမှန်ပါပဲ။ ညဘက်အိပ်တဲ့အခါ ကောင်းကောင်းအိပ်လို့မရသလို အသက်ရှူရတာလည်း အခက်အခဲရှိပါတယ်။ ဒီပြဿနာကို အဆင်ပြေစေဖို့ဆိုရင်အစိုဓာတ်ထိန်းစက်လေးဖွင့်ပေးလို့ရပါတယ်။ ဒါက နှာခေါင်းပိတ်တာကို သက်သာစေမယ့် ချန်မထားသင့်တဲ့ အိမ်တွင်းကုထုံးတစ်ခုပေါ့။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/benefits-of-using-a-humidifier/
လေပြွန်ရောင်ခြင်း
လေပြွန်နဲ့ ပတ်သတ်ပြီး ရောင်ရမ်းခြင်းတွေထဲမှာ လေပြွန်ရောင်ခြင်းဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ လေပြွန်နံရံမှာ ရောဂါပိုးဝင်ခြင်းကြောင့် အများဆုံးဖြစ်ရပါတယ်။ လေပြွန်ရောင်တဲ့အခါ အဆုတ်ဆီ အောက်ဆီဂျင်ရောက်ရန် ခက်သွားတာကြောင့် အသက်ရှူမဝတာဖြစ်တတ်ပါတယ်။ ညစ်ညမ်းတဲ့လေနဲ့ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေကို ကြာရှည်ထိတွေ့ရှူရှိုက်ခြင်းကလည်း လေပြွန်ရောင်စေတဲ့အချက်တွေ ဖြစ်ပါတယ်။လေပြွန်ရောင်ခြင်းက ရေတိုလည်း ဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရက်လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အအေးမိခြင်းတို့နဲ့ ဆက်နွယ်နေတတ်ပြီး လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ တခါတရံအသက်ရှူမဝခြင်း စသည်ဖြင့် သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ရုတ်တရက် လေပြွန်ရောင်ခြင်းဟာ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကောင်းသွားတတ်ပြီး နာတာရှည်ကတော့ ပိုပြင်းထန်ကာ ပိုဆိုးပါက နှစ်နဲ့ချီ ကြာတတ်ပါတယ်။အချိန်ကြာ ချွဲထခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ ခံစားရတတ်ပြီး တခါတလေမှာ ချွဲသလိပ်အထွက်များတတ်ပါတယ်။ အသက်ရှူရလည်း ခက်နိုင်ပါတယ်။ COPD ခေါ်နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါအထိ  ဖြစ်သွားနိုင်ပါတယ်။ယေဘုယျအားဖြင့်တော့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ တခြားအချက်တွေကြောင့် လေပြွန်ရောင်နိုင်ပါတယ်။ အတိအကျဆိုရရင် ရုတ်တရက် လေပြွန်ရောင်ခြင်းက ဘက်တီးရီးယားပိုးဝင်ခြင်း (သို့) မတည့်တာ တစ်ခုခုနဲ့ ထိတွေ့ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ မီးခိုး၊ အမှုန်များ၊ ဖုန်များနဲ့ စက်ပစ္စည်းတို့မှ စွန့်ထုတ်ပစ္စည်းတွေက အဆုတ်ကို ထိခိုက်စေနိုင်ပြီး ရုတ်တရက် လေပြွန်ရောင် စေနိုင်တယ်။ဒါတွေကို မကြာခဏထိတွေ့တဲ့အခါ အဆုတ်နဲ့ လေပြွန်များ အချိန်ကြာကြာ ထိခိုက်ပြီး နာတာရှည် လေပြွန်ရောင်ခြင်း ဖြစ်လာနိုင်ပါတယ်။ ရုတ်တရက် လေပြွန်ရောင်ခြင်းလိုပဲ ဖုန်များ၊ မီးခိုးငွေ့များနဲ့ ညစ်ညမ်းသောလေထုကို မကြာခဏရှူရှိုက်ရသူတွေမှာ နာတာရှည်လေပြွန်ရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းနဲ့ မကြာခဏလေပြွန်ရောင်သူတွေမှာလည်း နာတာရှည်လေပြွန်ရောင်နိုင်ချေ များပါတယ်။အချိန်ကြာချောင်းဆိုးခြင်း၊ အဝါရောင် သို့ အစိမ်းရောင် ချွဲများထွက်ခြင်းတို့ ခံစားရနိုင်ပါတယ်။ ရုတ်တရက်လေပြွန်ရောင်ခြင်းက လည်ချောင်းနာခြင်း၊ ရင်ဘက်အောင့်ခြင်း၊ နာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်းတို့လိုမျိုး အအေးမိလက္ခဏာတွေလည်း ခံစားရတတ်ပါတယ်။ တချို့လူတွေမှာ လေလမ်းကြောင်း ရောင်ရမ်းနေခြင်းကြောင့် အသက်ရှူလည်းကျပ်နိုင်ပါတယ်။ ကံကောင်းတာက ရုတ်တရက်လေပြွန်ရောင်ခြင်းက အချိန်မကြာတတ်တာကြောင့် ချောင်းဆိုးခြင်းအပါအဝင် တခြားသောလက္ခဏာတွေဟာ ရက်ပိုင်းအတွင်းပြန်ကောင်းသွားပါတယ်။နာတာရှည်လေပြွန်ရောင်သူတွေမှာ ချောင်းဆိုးခြင်း၊ ရင်ဘက်တင်းကျပ်ခြင်း၊ ချမ်းတုန်ခြင်းနဲ့ ဖျားခြင်းတို့ကဲ့သို့ လက္ခဏာများ ထပ်ကာထပ်ကာခံစားရပြီး တခြားသော အချိန်ကြာချွဲကျပ်ခြင်း၊ ချောင်းဆိုးခြင်းကဲ့သို့ နာတာရှည်လေပြွန်ရောင်ခြင်းလက္ခဏာတွေကိုလည်း ခံစားရနိုင်ပါတယ်။ လပေါင်းများစွာ သို့ နှစ်နဲ့ချီပြီးတောင် ကြာနိုင်ပါတယ်။များသောအားဖြင့် ရုတ်တတရက်လေပြွန်ရောင်ခြင်းက သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် နာတာရှည်လေပြွန်ရောင်တာ ဒါမှမဟုတ် ရုတ်တရက်လေပြွန်ရောင်တာ အချိန်ကြာနေပြီဆိုရင် ဒါမှမဟုတ် နေရထိုင်ရမသက်သာဘူးဆိုရင်တော့ ဆေးကုသမှုခံယူသင့်တယ်။ဆေးဝါးများ –ဆရာဝန်က ပိုးသတ်ဆေး၊ ချောင်းဆိုးပျောက်ဆေးနဲ့ အခြားသောနောက်ဆက်တွဲအခြေအနေတွေအတွက် လိုအပ်တဲ့ ဆေးများပေးပါလိမ့်မယ်။အခြားကုသမှု– နာတာရှည်လေပြွန်ရောင်ပါက အဆုတ်ပြန်လည်သန်စွမ်းရေးဟုခေါ်သော ကုသနည်းကို ခံယူရနိုင်ပါတယ်။ ပိုသက်သောင့်သက်သာအသက်ရှူနည်းကို သင်ပေးကာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားနိုင်စွမ်းလည်း ပိုကောင်းစေမှာဖြစ်တယ်။လေပြွန်ရောင်ခြင်းကို ကာကွယ်ရန် အကောင်းဆုံးနည်းမှာ တကိုယ်ရည်သန့်ရှင်းရေးကောင်းရန် ဖြစ်ပါတယ်။ အပြင်မှ ပြန်လာတိုင်း သို့ ဓာတုပစ္စည်းများနဲ့ ထိတွေ့ပြီးတိုင်း ပိုးမွှားကင်းစေရန် လက်ကို သေချာသန့်စင်သင့်ပါတယ်။ ဆေးလိပ်ကိုလည်း ဖြတ်သင့်ပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုနဲ့ ဗိုင်းရပ်စ်မဝင်စေရန် ဆေးလိပ်သောက်နေသော နေရာများလည်း ရှောင်သင့်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/bronchitis/bronchitis-briefly-explained/
သွေးမြင် ရင် မူးလဲတတ်တာ ဘာကြောင့်လဲ
လူတိုင်းကတော့ သွေးမြင် ရင် မူးတတ်ကြတာ မဟုတ်ပါဘူး။ တချို့သူတွေကတော့ သွေးမြင်ရင် ခေါင်းထဲမှာ ချက်ချင်းဆိုသလို မူးလာပြီးချွေးစေးတွေပြန်မူးလဲတော့မလို ဖြစ်တတ်ကြပါတယ်။ တချို့ကျတော့လည်း ဆေးထိုးအပ်မြင်လို့ကို မရ။ မြင်တာနဲ့သတိလစ်ချင်သလို ဖြစ်ကြတဲ့သူတွေ ရှိပါတယ်။ ဒီလိုမျိုး သူများတွေနဲ့ မတူဘဲ အလွန်အကျွံတုံ့ပြန်နေတာ ဘာကြောင့်ပါလဲ။ခန္ဓာကိုယ်မှာ သူမနှစ်မျို့တဲ့ အနေအထားတစ်ခုခုကို ကြုံရတဲ့အခါ ကိုယ်တွင်းလုပ်ငန်းစဉ်တွေကို နှေးချလိုက်တာမျိုး ရှိပါတယ်။ သွေးခုန်နှုန်းကို နှေးချလိုက်တာ၊ သွေးဖိအားကို ချလိုက်တာမျိုးပါ။ ဒီလိုမျိုး ဖြစ်ဖို့ဆိုရင် ခန္ဓာကိုယ်မှာရှိနေတဲ့Vagus nerveလို့ ခေါ်တဲ့ အာရုံကြောကို လှုံ့ဆော်ရပါတယ်။ ဒါက လူတိုင်းမှာ ရှိပါတယ်။ ဒီအာရုံကြောရော ဒီစနစ်ရောက လူတိုင်းမှာ ရှိပြီးသားပါ။ ဒါပေမယ့် တချို့လူတွေမှာ လွန်လွန်ကဲကဲ တုံ့ပြန်ပါတယ်။ ဒါကြောင့် မူးလဲတတ်တဲ့Vasovagal syncopeလို့ ခေါ်ပါတယ်။သွေးမြင်တာနဲ့တန်းပြီး မူးလဲတတ်တဲ့သူရှိသလို မမူးလဲသည့်တိုင် နေလို့ မကောင်းဘဲ လဲပြိုတော့မတတ် ဖြစ်ကြတဲ့သူတွေ ရှိပါတယ်။ အပေါ်မှာပြောခဲ့တဲ့Vagus အာရုံကြောကို လှုံ့ဆော်တဲ့အခါ အောက်ပါ အချက်၂ချက် ဖြစ်လာပါတယ်။ဒါကြောင့်ဦးနှောက်ကို သွေးကောင်းကောင်း မရောက်တော့ဘဲ သတိလစ်ချင်သလို ဖြစ်လာတာပဲဖြစ်ပါတယ်။တချို့ကျတော့လည်း ဒီလောက်မဆိုးပေမယ့်။Vasovagal syncopeကတော့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု ဖြစ်လို့ စိုးရိမ်စရာ မရှိပါဘူး။ မူးမေ့မလို ဖြစ်တတ်ပေမယ့် ကိုယ်မနှစ်မျို့တာကနေ ဝေးဝေး ရှောင်လိုက်ရင်တော့ ခဏနေရင် သက်သာသွားပါတယ်။ ဒါပေမယ့်မူးလဲခဲ့မယ်ဆိုရင်တော့ မတော်တဆ ထိခိုက်ဒဏ်ရာတွေ ရနိုင်သလိုအသက်အန္တရာယ်ထိခိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဥပမာ လှေကားပေါ်က ပြုတ်ကျတာ၊ ကားမောင်းနေရင်းနဲ့ မတော်တဆဖြစ်တာမျိုးပါ။အများစုကတော့ ၁မိနစ်လောက်ပဲ ခံစားရပြီး သက်သာလာကြပါတယ်။ ဒါပေမယ့် သက်သာလာပြီဆိုပြီး ချက်ချင်းထ၊ ပုံမှန်လှုပ်ရှားလို့ မဖြစ်သေးပါဘူး။ အနည်းဆုံး ၁၅မိနစ်၊ နာရီဝက်လောက် နားပြီးမှ ပြန်ထစေချင်ပါတယ်။သွေးမြင် တဲ့အခါ မမူးလဲအောင် လုပ်နိုင်တာတွေကတော့ ရင်ထဲမှာ နေလို့ မကောင်းဘူးဆိုတာနဲ့။-မတ်တပ်ရပ်နေတယ်ဆိုရင် အန္တရာယ်ကင်းတဲ့ နေရာမှာ ထိုင်ချလိုက်ပါ။-တတ်နိုင်ရင် လှဲပြီး ခြေထောက်ကို အနည်းငယ် မြှင့်ထားပါ။-လှဲဖို့ အဆင်မပြေဘူးဆိုရင် ဒူးထောင်ပြီး ဒူးနှစ်လုံးကြားထဲကို ခေါင်းထည့်ထားပါ။-ခြေလက်က ကြွက်သားတွေကို တောင့်ထားပါ။ သွေးပေါင်ပြန်တက်လာအောင်ပါ။ဒီလိုမျိုး မမူးလဲအောင်တော့ ကြိုတင်ကာကွယ်လို့ မရပါဘူး။ ကိုယ်က သွေးမြင် တာနဲ့ လန့်တတ်တယ်။ မူးတတ်တယ်ဆိုရင် သွေးမမြင်အောင် နေတာက အကောင်းဆုံးပါပဲ။ ဥပမာ ဆေးခန်းသွားလို့ သွေးဖောက်ရမယ်ဆိုရင်တောင် ဆရာဝန်၊ ဆရာမကို ကြိုပြောပြီး တတ်နိုင်သမျှ မမြင်ရအောင် ဖောက်တာ၊ မူးမလဲအောင် လှဲပြီး ဖောက်တာမျိုး လုပ်သင့်ပါတယ်။Vasovagal syncopeက ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှု တစ်ခုဖြစ်လို့ လုံးဝမဖြစ်အောင် ကာကွယ်ဖို့ ခက်ပါတယ်။ ကိုယ်မနှစ်မျို့တာကို ရှောင်ကြဉ်ဖို့ရယ်၊ မရှောင်နိုင်လို့ မူးလာပြီဆိုရင် လဲမသွားအောင် ထိန်းထားဖို့ရယ်ပဲ တတ်နိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/syncope-after-seeing-blood/
ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ
မိုးရာသီကို ကျော်လွန်လို့ဆောင်းရာသီထဲကို စတင်ချဉ်းနင်းလာနေပါပြီ။ ဒီလို ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ ။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။ဘာလို့စက်ဘီးစီးဖို့ တိုက်တွန်းတာလဲဆိုရင် မြန်မာအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲ လူတွေရှိကြသလို နေအိမ်တွေမှာလည်း စက်ဘီးပိုင်ဆိုင်တဲ့လူတွေ အများအပြားရှိနေကြတာမို့ပါ။နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီး စီးတဲ့ အလေ့အထ ပြန်လည် ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ရန်ကုန်မှာလည်း တချို့နေရာတွေမှာ စက်ဘီး သီးသန့်လမ်းလေးတွေ ရှိနေပါပြီ။ နောက်ပြီး စက်ဘီး အေးအေးလူလူထွက်စီးလို့ရတဲ့ နေရာတွေလည်း ရှိပါရဲ့။စက်ဘီး စီးတာကကျန်းမာရေးအကျိုးကျေးဇူးတွေ များပါတယ်။ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာကို ပြောပြပါရစေ။စက်ဘီးစီးတာဟာစိတ်ပိုင်းရော၊ ရုပ်ပိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ စက်ဘီးစီးတဲ့အလေ့အထဟာ အိမ်တွင်းအောင်းနေရတာကြောင့် စိတ်ဓာတ်ကျနေတဲ့လူတွေ၊ စားလိုက်အိပ်လိုက်နဲ့နေနေရတာမို့ အဝလွန်နေတဲ့လူတွေကို ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ပုံမှန်အားဖြင့် စက်ဘီးစီးတာဟာကိုယ်အလေးချိန်လျှော့ချတာအပြင်နှလုံးရောဂါ၊ကင်ဆာရောဂါ၊ သွေးတိုး၊ ဆီးချို၊ အရိုးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ သက်သာစေဖို့ အကျိုးပြုနိုင်ပါတယ်။ သက်လုံလည်း ကောင်းစေနိုင်ပါသေးတယ်။မနက်ခင်း စောစောလေးတွေထပြီး အေးအေးလူလူ စက်ဘီး စီးပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ အောက်ပါအတိုင်း အကျိုးထူးတွေ ခံစားလာရမှာပါ။တကယ်လို့ သင်က ပုံမှန် စက်ဘီးစီးနေတဲ့ သူတစ်ယောက် ဆိုပါစို့။ ဒါဆိုရင်တော့ စက်ဘီး ပုံမှန် စီးတာကြောင့် ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ အကျိုးကျေးဇူးအများအပြား ရရှိလာမှာပါ။ ဘာတွေလဲ ဆိုရင်တော့။စက်ဘီးကို အလှစီးတာ မဟုတ်ဘဲ ကုန်ကျစရိတ် သက်သာစေဖို့၊ ဘေးအန္တရာယ် ကင်းစေဖို့၊ သွားလာရေး လွယ်ကူစေဖို့၊ ကျန်းမာစေဖို့ ရည်ရွယ်ပြီး စီးသင့်ပါတယ်။ကိုဗစ်ကာလကြီးအတွင်း စိတ်ရောကိုယ်ပါ ကျန်းမာဖို့နဲ့ အသုံးစရိတ် တွက်ခြေကိုက်ဖို့အတွက် စက်ဘီးစတဲ့ အလေ့အထကို ပြန်လည်အသုံးချလာပါတယ်။ ပြောရရင် စက်ဘီး စီးတာက ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာနေပါပြီ။တကယ်လို့ ကိုယ့်ကျန်းမာရေး တစ်ခုတည်းအတွက်ပဲ ရည်ရွယ်ပြီး တစ်နေ့ကို ၂ နာရီလောက် အချိန်ပေးပြီး စက်ဘီး စီးမယ်ဆိုရင်တောင်မှ သိပ်မကြာခင်မှာ သင့်ရဲ့ ကျန်းမာရေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာမှာပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/happen-when-you-ride-in-winter/
အဆီများပေမယ့် ကျန်းမာရေးအတွက် အကျိုးရှိစေတဲ့ အစားအစာ (၅) မျိုး
အစားအစာတွေကို အဆီများတယ်ဆိုပြီးရှောင်စားနေတာတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဆုံးဖတ်ကြည့်လိုက်ပါနော်။ အချို့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများနေတတ်လို့ပါ။ဒီအစားအစာကိုတွေကိုအဆီပါဝင်မှုများလို့ကျန်းမာရေးနဲ့မညီညွတ်လောက်ဘူးလို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် တကယ်တော့ကျန်းမာချင်တယ်ဆိုရင် ဒီအစားအစာတွေကို စားပေးဖို့ လိုအပ်ပါမယ်နော်။(၁)ထောပတ်သီး။ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ အဆီပါဝင်မှုများပါတယ်။ထောပတ်သီးမှာ အဆီပါဝင်မှုက ၇၇ ရာခိုင်နှုန်းအထိရှိပြီး အသားတွေမှာပါဝင်နေတဲ့ အဆီပမာဏထက်များနေပါတယ်။ ဒါပေမယ့်ထောပတ်သီးကပိုတက်ဆီယမ်ပါဝင်မှုမြင့်မားသလိုအမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုကိုလက်စထရောကိုကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ဖို့ စားပေးသင့်ပါတယ်။အကျိုးမပြုကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။(၂)ချိစ်။(၃)အနက်ရောင်ချောကလက်။အနက်ရောင်ချောကလက်က အရသာရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အစားအစာတစ်ခုပေါ့။ အဆီပါဝင်မှုကတော့ ၆၅ ရာခိုင်နှုန်းအထိရှိပါတယ်။ အမျှင်ဓါတ်က ၁၁ ရာခိုင်နှုန်း ပါဝင်နေပြီးသံဓာတ်၊ မဂ္ဂနီဆီယမ်၊ကော့ပါး နဲ့ မဂ္ဂနိစ်တို့ ကြွယ်ဝစွာပါဝင်နေတာကြောင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေနိုင်ပြီးနေလောင်ဒဏ်ကြောင့်အရေပြားထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေး ပါတယ်။ တစ်ပတ်ကို အနက်ရောင် ချောကလက် ၅ ကြိမ်ထက်ပိုစားသုံးသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလောက်အထိလျှော့ချနိုင်ပါတယ်။ နှလုံးသွေးစီးဆင်းမှုကိုကောင်းစေနိုင်သလို နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုမဖြစ်အောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။(၄)ဥအမျိုးမျိုး။တော်တော်များများက ဥအမျိုးမျိုးကို ကျန်းမာရေးနဲ့မညီညွတ်ကြဘူးလို့ ယူဆတတ်ကြပါတယ်။ ဥအမျိုးမျိုးမှာ အနှစ်က ကိုလက်စထရော နဲ့ အဆီများစွာပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့မညီညွတ်ဘူး၊လို့ ယူဆသူတွေရှိနေကြပါတယ်။ ကြက်ဥတစ်လုံးမှာ ကိုလက်စထရော ၇၁ ရာခိုင်နှုန်းပါဝင်နေပြီး အဆီက ၆၂ ရာခိုင်နှုန်းအထိပါဝင်နေပါတယ်။တွေ့ရှိချက်အရကတော့ ဥအမျိုးမျိုးမှာပါတဲ့ ကိုလက်စထရောကသွေးတွင်းကိုလက်စထရောအပေါ်မှာ သက်ရောက်မှုမရှိပါဘူး။နောက်တစ်ခုက ဥအမျိုးမျိုးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်နေတာပါ။ ဥအမျိုးမျိုးမှာအမြင်အာရုံကိုကောင်းမွန်စေနိုင်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။နောက်တစ်ခုက ဦးနှောက်အတွက်လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်တဲ့ ကိုလင်းဓါတ်ပါဝင်နေတာပါ။ ပရိုတင်းကြွယ်ဝစွာပါဝင်နေတာကြောင့် ဝိတ်ချနေသူတွေအတွက်တောင် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပါ။omega-3လည်းကြွယ်ဝတာကြောင့် ကြက်ဥ၊ဘဲဥတွေကိုစားတဲ့အခါ အနှစ်ရော အကာကိုပါစားပေးပါနော်။အခုပြောခဲ့တဲ့ အစားအစာတွေက အဆီများသလောက် ကျန်းမာရေးအတွက်လည်း အကျိုးများတာကြောင့် ထိုက်သင့်သလောက်တော့ စားသုံးကြပါလို့ Hello ဆရာဝန်ပရိသတ်ကြီးကို တိုက်တွန်းပါရစေလား……………..။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%86%e1%80%ae%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%95%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1/
အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ
တစ်နေကုန်အထိုင်များလို့ ဖြစ်ဖြစ်၊ အိမ်အလုပ်တွေ၊ ရုံးအလုပ်တွေကို ဇယ်ဆက်သလို လုပ်ရလို့ ဖြစ်ဖြစ်ခါးတွေက ညောင်းနေတာပဲ။ ကိုက်ခဲနေတာပဲ။ အနှိပ်ခံ ချင်လိုက်တာ၊ နှိပ်ပေးမယ့်သူက မရှိဘူးဆိုသူလေးတွေရှိလား။ ဒါဆို အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ ကို ပြောပြပေးမယ်နော်။ ဖတ်ရင်း ကိုယ်တိုင် လိုက်လုပ်ကြည့်လို့ ညောင်းညာနေမှုတွေကို ဖြေလျှော့လိုက်ရအောင်လား…………….။အနှိပ်ခံလိုက်ရသလို ခါးအညောင်းပြေစေမယ့် လေ့ကျင့်ခန်းများ က ဘာတွေဖြစ်မလဲ။ ဖတ်ရင်း လိုက်လုပ်ကြည့်လိုက်ရအောင်လား။ဒီလေ့ကျင့်ခန်းမှာ အဓိကထားမယ့် အစိတ်အပိုင်းတွေကခါးရိုးနဲ့ ဇက်ကြောပါ။ကိုယ်နေဟန်ထားမှန်စေဖို့ထောက်ပံ့ပေးသလိုသွေးစီးဆင်းမှုကိုလည်း ကောင်းစေမှာပါ။ဒီလေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ခြေထောက်ကို ပခုံးအကျယ်တိုင်းထားပြီး ခြေဖဝါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။ပြီးရင် လက်နှစ်ဖက်ကို အပေါ်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် လက်နှစ်ဖက်ကို ယှက်ပြီး ဦးခေါင်းနောက်ဖက်မှာ ထားလိုက်ပါ။ လေကို တဝရှူသွင်းပါ။ ပြီးရင် လက်ကနေ ဖိအားပေးရင်းခန္ဓာကိုယ်ကို အရှေ့ကို ဖြည်းဖြည်းချင်း ကိုင်းချရင်း အသက်ရှူထုတ်ပါ။ ခဏနေပြီး ဖြည်းဖြည်းချင်း ပြန်မတ်ပါ။ ပြန်မတ်ရင်း လေကို ရှူသွင်းပါ။၅ ကျော့လောက် လုပ်ပေးပါ။ဒီလေ့ကျင့်ခန်းမှာ အဓိကထားမယ့် အစိတ်အပိုင်းက ခါးအောက်ပိုင်းပါ။ ခါးအောက်ပိုင်းတင်ပဆုံက ကြွက်သားတွေကို ပြေလျော့စေပြီး အနေအထား မှန်စေဖို့ပါ။ဒီလေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ပထမ လေ့ကျင့်ခန်းလိုပဲ ခုံပေါ်မှာ မတ်မတ်ထိုင်ပါ။ လက်နှစ်ဖက်ကို ဒူးပေါ်မှာ သက်သောင့်သက်သာ အနေအထားနဲ့ ထားပါ။ပြီးရင်လေကို ဝအောင် ရှူသွင်းပြီးခန္ဓာကိုယ်ကို အရှေ့ဘက်ကို ဖြည်းဖြည်းချင်း ကိုင်းလိုက်ပါ။ ခဏလေးနေပါ။ ပြီးရင်ပခုံးတွေကို ပြန်မတ်ပါ။ ပြန်မတ်နေချိန်မှာ လေကို ရှူထုတ်ပါ။၈ ကျော့လောက် လုပ်ပေးပါ။ဒီလေ့ကျင့်ခန်းက ခါးအောက်ပိုင်းနာကျင်တာကို သက်သာစေပြီးအစာခြေစနစ်ကို ကောင်းစေပါတယ်။လေ့ကျင့်ခန်းကို စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ဒီလေ့ကျင့်ခန်းအတွက် နောက်မှီပါတဲ့ ထိုင်ခုံက အဆင်အပြေဆုံးပါ။ ခြေထောက်ကို ပခုံးအကျယ်တိုင်းထားပြီး ခြေဖဝါးကို ကြမ်းပြင်မှာ အပြားလိုက် ချထားပါ။အရင်ဆုံး အရှေ့တည့်တည့်ကို မျက်နှာမူ ထိုင်ပြီး လေကို ရှူသွင်းပါ။ ပြီးရင်ခုံနောက်မှီကို ကိုင်ပြီး ခါးကို ဘယ်ဘက်ကို လှည့်ပါ။ စက္ကန့် ၃၀ နေပါ။ လေကို ရှူသွင်း ရှူထုတ် ၅ ကြိမ် လုပ်ပေးပါ။ ပြီးရင် ရှေ့တည့်တည့် ပြန်ထိုင်ပါ။ နောက်တစ်ဖက် လုပ်ပါ။တစ်ဖက်ကို ၃ ကြိမ်စီ လုပ်ပေးပါ။ဒီလေ့ကျင့်ခန်းကသွေးလည်ပတ်မှုကို ကောင်းစေပြီးဗိုက်ကြွက်သားနဲ့ ရင်ဘတ် ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။လေ့ကျင့်ခန်း စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ မတ်မတ်လေး ထိုင်ပါ။ လက်တစ်ဖက်ကို ထိုင်ခုံ အထိုင်ပြားကို ကိုင်ပါ။ လေကို တဝရှူသွင်းပါ။ နောက်တစ်ဖက်ကို မြှောက်လို့ ဆန့်ကျင်ဘက်ကို ကိုင်းလိုက်ပါ။ စက္ကန့် ၃၀ လောက်နေပါ။ လေကို ရှူထုတ်ပါ။ပြီးရင် ပြန်မတ်ပါ။ လေကို ရှူသွင်းပါ။ နောက်တစ်ဖက်ကို ကိုင်းပါ။ ၁၀ ကျော့စီလောက် လုပ်ပေးပါ။ခြေဖဝါးတွေကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ခါးအောက်ပိုင်း ကြွက်သားတွေကို ပြေလျော့စေတယ်။လေ့ကျင့်ခန်း စတော့မယ်ဆိုရင် ထိုင်ခုံပေါ်မှာ ခါးမတ်မတ်ထိုင်ပါ။ ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး အခြားတစ်ဖက်ပေါ် တင်လိုက်ပါ။ ဒူးပေါ်ကို ခြေချင်းဝတ်တင်လိုက်တဲ့ သဘောပါ။ပြီးရင် ခြေထောက်ကို လက်နဲ့ ကိုင်ရင်း အသက်ကို ဝအောင် ရှူပြီး ခန္ဓာကိုယ်ကို အရှေ့ကို ကိုင်းနိုင်သမျှ ကိုင်းပါ။ စက္ကန့် ၃၀ လောက်နေပါ။ ပြီးရင် ပြန်မတ်ပါ။ နောက်တစ်ကျော့လုပ်ပါ။ဒီလေ့ကျင့်ခန်းတွေကို လုပ်ရတာခက်တယ်ဆိုရင်တော့ Youtubeမှာ လေ့ကျင့်ခန်း နာမည်လေးတွေနဲ့ ရှာပြီး လုပ်ပုံလုပ်နည်း အသေးစိတ်ကို ကြည့်ရှုနိုင်ပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/back-exercises-to-make-you-feel-like-youve-just-had-a-massage/
ဆင်တုပ်ကွေးအနီစက်လေးတွေကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ် ပျောက်ကင်းစေမယ့်နည်းလမ်း (၉) ခု
Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကို ခံစားဖူးတယ်ဆိုရင် အရေပြားမှာယားလိုက်ရတဲ့ အနီစက်၊ အနီဖုလေးတွေကို သတိရမှာပေါ့။ တုပ်ကွေးသက်သာသွားတဲ့အခါ အများစုက ဒါတွေပျောက်သွားပြီး အဆစ်နာဝေဒနာသာ ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးသူတချို့မှာတော့ အနီစက်လေးတွေကခြင်ကိုက်ဖုလိုလိုဖြစ်ကျန်ခဲ့ပြီးခြောက်သွားတဲ့အခါ အမာရွတ်ကျန်ခဲ့ပါတယ်။ဒီတစ်ခါတော့ အဲဒီအမာရွတ်တွေကို ကုစားပေးဖို့ သဘာဝနည်းလမ်းလေးတွေပြောပြပေးချင်တာပါ။ အမာရွတ်ပျောက်ဆေးတွေရှိပေမယ့်လည်း ခန္ဓါကိုယ်အနှံ့က(အထူးသဖြင့် လက်နဲ့ခြေထောက်မှာရှိနေတဲ့) အစက်ကလေးတွေကို လိုက်လိမ်းရတာ မွဲသွားနိုင်တယ်လေ။ အဖိုးနည်းပေမယ့် အစွမ်းထက်တဲ့ နည်းလမ်း (၉) ခုကတော့ –။သတိပြုဖို့က။ဒီနည်းတွေအကုန်လုံးကို အနာပေါ်သုံးလို့မရပါဘူးနော်။ အနာပေါက်မရှိတဲ့ အမာရွတ်နဲ့တဝိုက် အသားအရေကိုသာသုံးပေးရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ဓါတ်မတည့်တဲ့ပစ္စည်းပါရင် မသုံးရပါ။ဆေးတွေလို ချက်ချင်းကြီး ရက်တိုအတွင်းအမာရွတ်ပျောက်စေမှာမဟုတ်ပေမယ့် ဘေးမရှိဘဲ တဖြည်းဖြည်းချင်းသိသာလာတာ သဘာဝပစ္စည်းလေးတွေရဲ့အစွမ်းပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%86%e1%80%84%e1%80%b9%e1%80%90%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%a1%e1%80%94%e1%80%ae%e1%80%85%e1%80%80%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90/
အိမ်သာအထ မှာ မူးသွားတာ ဘာကြောင့်လဲ။
အိမ်သာသွားတုန်းကအကောင်း ပြန်လည်းထရောခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတာကို ကြုံဖူးမှာပါ။ မူးမေ့သွားတော့မတတ် ခံလိုက်ရတာကြောင့် စိတ်ထဲမှာ တော်တော်ကြောက်သွားမှာပါ။ ဒီလို ဖြစ်ရတာ ဘာကြောင့်လဲ။ တော်ကြာ အိမ်သာအထ မှာ မူးရာကနေ အသက်ပါပါသွားရင် ဘယ်လိုလုပ်မလဲ။အိမ်သာအထ မှာ မူးသွားရတဲ့ အကြောင်းရင်းတွေက အများကြီး ရှိပါတယ်။ တချို့ကလည်း အိမ်သာအထမှမဟုတ် ဘယ်အချိန်မှာမဆို ဖြစ်နိုင်တာတွေလည်း ရှိပါတယ်။အာရုံကြောစနစ်တစ်ခုလို့ပဲ အလွယ်ပြောရအောင်ပါ။ ဒီဟာက လူတိုင်းမှာ ရှိပါတယ်။ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။Vasovagal reflexဆိုတာ ခန္ဓာကိုယ်မှာ ရှိတဲ့ vagus nerveကို လှုံ့ဆော်တဲ့ စနစ်တစ်ခုပါ။ သူက အာရုံကြောစနစ်အပြင် နှလုံးနဲ့ သွေးလှည့်ပတ်မှုအပေါ်မှာပါ သက်ရောက်မှု ရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် vagus nerveကို လှုံ့ဆော်လိုက်တဲ့အခါ ဦးနှောက်ကို အချက်ပြတဲ့အတွက် ရုတ်တရက် သွေးပေါင်နဲ့ နှလုံးခုန်နှုန်းတွေ ထိုးကျပြီး မူးမေ့ချင်သလို ဖြစ်လာပါတယ်။Vasovagal မှာ Vaso ဆိုတာ သွေးကြောပါ။ Vagalဆိုတာ vagus nerve ဆိုလိုတာပါ။  လူတိုင်းမှာ ရှိပေမယ့် တချို့သူတွေမှာ ပိုပြီး sensitiveဖြစ်ပါတယ်။ဒါနဲ့ အိမ်သာတက်တာနဲ့ ဘာဆိုင်လဲဆိုတော့ အထူးသဖြင့် ဝမ်းချုပ်တဲ့သူတွေက ဝမ်းညှစ်တဲ့အခါ vagus nerve ကို လှုံ့ဆော်သလို ဖြစ်သွားပါတယ်။ တချို့ဆို လည်ပင်းကြောတွေပါ တင်းလာတဲ့အတွက် လည်ပင်းနားမှာရှိတဲ့ ဖိအား receptorsတွေကို လှုံ့ဆော်လိုက်သလို ဖြစ်တဲ့အတွက် ခုနကပြောတဲ့ Vasovagal reflex လည်သွားပြီးသွေးပေါင်တွေကျမူးလာတာ ဖြစ်ပါတယ်။ဝမ်းချုပ်တဲ့အခါ အသက်ကို ပြင်းပြင်း ရှူ၊ အသက်အောင့်ပြီး ဝမ်းကို အားရပါးရ ညှစ်လေ့ရှိပါတယ်။ ဒါကြောင့် ကြွက်သားတွေ တင်းလာပြီး နှလုံးကို သွေးပြန်ရောက်တာ နည်းသွားပါတယ်။ ဒါကြောင့် သွေးပေါင်ကျပြီး မူးလာပါတယ်။အထူးသဖြင့် ဝမ်းသွားနေတဲ့သူတွေဆိုရင် ခဏခဏ အိမ်သာဝင်ရတဲ့အခါ ရေဓာတ်ဆုံးရှုံးပြီး သွေးပမာဏ နည်းလာပါတယ်။ ဒါကြောင့် မူးလာပါတယ်။ ဒါ့ပြင် နွေရာသီလိုမျိုးမှာ အိမ်သာက အလုံပိတ်တက်ရတဲ့အတွက်ချွေးထွက်များပြီး မူးတာလည်း ဖြစ်နိုင်ပါတယ်။လိပ်ခေါင်းရောဂါရှိတဲ့သူ၊ အူမကြီးသွေးယိုတတ်တဲ့သူတွေကလည်း သွေးက နည်းနည်းနဲ့ ခဏခဏ ထွက်နေဦးတော့။ ကြာလာရင် သွေးအားနည်းပြီး မူးလာမှာပါ။ တချို့ဆို သွေးဝမ်းသွားတဲ့အခါ အိမ်သာထဲမှာ တစ်ခါတည်း ပမာဏအများကြီး သွားလိုက်တဲ့အတွက် ပြန်လည်းထရော မူးနေတာမျိုး ဖြစ်တတ်ပါတယ်။ဒီလို ရေဓာတ်ဆုံးရှုံးတာ၊ သွေးဝမ်းသွားတာတွေကျ အိမ်သာအထမှာမှ မဟုတ်ပါဘူး။ ဘယ်အချိန်မှာမဆို မူးတတ်ပါတယ်။မူးတာရဲ့ နောက်ဆက်တွဲကတော့ မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တာပါ။သူက ပုံမှန်ရှိပြီးသား အာရုံကြောစနစ်ဖြစ်နေတဲ့အတွက် ကာကွယ်လို့ မရပါဘူး။ တစ်ခုရှိတာက ဒီလိုမျိုး ရုတ်တရက် ကြုံလာရပြီဆိုရင် အောက်ပါနည်းလမ်းကို လုပ်ကြည့်ပါ။-ထလို့ မူးနေပြီဆိုရင် ချက်ချင်း ပြန်ထိုင်ချလိုက်ပါ။ ခြေထောက်နှစ်ဖက်ကို လိမ်ထားလိုက်ပါ။ လက်သီးဆုပ်ပြီး လက်နဲ့ လက်မောင်းက ကြွက်သားတွေကို တင်းထားလိုက်ပါ။-ခေါင်းကို ရှေ့နည်းနည်း ငိုက်ထားပါ။-ဒီလို လုပ်တာက နှလုံးကို သွေးတွေ ပြန်ရောက်စေလို့ သွေးပေါင်ချိန် ပြန်တက်လာပါလိမ့်မယ်။-စိတ်မလှုပ်ရှားပါနဲ့။ ဒီလိုဖြစ်တဲ့အချိန်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ သိပါတယ်။ အတတ်နိုင်ဆုံး သတိလေးကပ်ထားပါ။ဝမ်းချုပ်တာကလိပ်ခေါင်းအပါအဝင် ခုလိုမျိုး ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လို့ တတ်နိုင်သမျှ ဝမ်းမချုပ်အောင်နေပါ။ ရေများများသောက်ပါ။ အထိုင်မများပါစေနဲ့။ အသီးအရွက်များများစားပါ။အထူးသဖြင့်ဝမ်းလျှောနေတဲ့ အချိန်ဆို ဓာတ်ဆားသောက်ဖို့ မမေ့ပါနဲ့။ ရေဓာတ်ဆုံးရှုံးလို့ မူးနေတာတစ်မျိုး၊ ပိုတက်စီယမ်တွေ နည်းသွားလို့ ခြေမခိုင်တာတစ်မျိုးနဲ့ အိမ်သာထဲမှာတင် လဲသွားပါလိမ့်မယ်။ နွေရာသီဆိုရင်လည်း အိမ်သာထဲမှာ အကြာကြီးမထိုင်ပါနဲ့။ဒီလိုမျိုး အူလမ်းကြောင်း ရောဂါတွေ ရှိနေရင်တော့ ရောဂါကို မွေးမထားဘဲ အမြန်လေး ကုသစေချင်ပါတယ်။ အိမ်သာထဲမှာ မူးတာအပြင် တခြားနောက်ဆက်တွဲ ဆိုးကျိုးတွေပါ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/defecation-syncope/
တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း
တက်တူး ထိုးခြင်းဟာ နောက်ပိုင်းမှာ လူငယ်ပိုင်းရော လူလတ်ပိုင်းမှာပါ စိတ်ဝင်စားလာတဲ့အရာ ဖြစ်ပါတယ်။ ယခင်က တက်တူးထိုးခြင်းဟာအေအိုင်ဒီအက်စ်ရောဂါအပါအဝင် ရောဂါတချို့ကို ကူးစက်နိုင်ခြေရှိတာကြောင့် လူအများက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းစနစ်တွေကြောင့် ရောဂါပိုးကူးစက်ဖို့ကို စိတ်ပူစရာ မလိုတော့ပါဘူး။ ကဲ ….. ဒီတစ်ခေါက်တော့ တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။အပေါ်မှာပြောခဲ့သလို တက်တူးထိုးတာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဂရုစိုက်မယ်ဆိုရင် ရောဂါပိုးကူးစက်နိုင်ခြေ နည်းသွားပြီဆိုပေမယ့် တက်တူး ထိုးခြင်းကြောင့်ရောဂါပိုးဝင်ပြီး အနာဖြစ်နိုင်ခြေရှိနေတုန်းပါပဲ။ တခါသုံးပစ္စည်းတွေကြောင့် တခြားသူဆီကနေ ရောဂါမကူးစက်တော့ပေမယ့် တက်တူးထိုးတဲ့အပ်ကြောင့် ပတ်ဝန်းကျင်ကရောဂါပိုးများဝင်ရောက်နိုင်ခြေ၊ ရောဂါပိုးဝင်နိုင်ခြေတော့ ရှိပါသေးတယ်။အမြင်သာဆုံးကတော့ တက်တူးတဝိုက်မှာနီရဲရောင်ရမ်းလာတာပါပဲ။ အပ်နဲ့ထိုးထားတဲ့ နေရာမှာ နာကျင်မှုဟာ တော်တော်နဲ့ မပျောက်ဘဲ ရှိတတ်ပါတယ်။ ရက်အနည်းငယ်လောက်ဆိုရင် နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်းဟာ ပျောက်သွားသင့်ပါတယ်။ တပတ်လောက်နေလို့မှ မပျောက်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ဒါ့အပြင် အောက်ပါလက္ခဏာအချို့ကို တွေ့မြင်ရရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။များသောအားဖြင့်Staph ဘက်တီးရီးယားဝင်တတ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားပိုးဝင်ခြင်းဟာ ကုသလို့ပျောက်ကင်းနိုင်ပေမယ့် တခါတရံမှာ ပဋိဇီဝဆေးယဉ်ခြင်းကြောင့် ဆေးဝါးများသောက်သုံးရာမှာ မထိရောက်ဘဲ ဖြစ်တတ်ပါတယ်။ ဆေးယဉ်တဲ့ ဘက်တီးရီးယားတွေ သွေးထဲကို ရောက်သွားတဲ့အခါ သွေးဆိပ်တက်ခြင်း၊ အဆစ်ရောင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။Staph ပိုးဝင်ရာမှာ တွေ့ရများတဲ့ လက္ခဏာအချို့ကတော့။သာမန်အနာဖြစ်တာလောက်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ပဋိဇီဝလိမ်းဆေးများ လိမ်းခြင်း၊ ဆေးထည့်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့ လက္ခဏာပေါ်လာပြီး ပြည်တည်နာလို ဖြစ်လာရင်တော့ ဆရာဝန်ပြသဖို့ လိုပါတယ်။ပဋိဇီဝဆေး သောက်သုံးတာအပြင် အနာကို ဖောက်ထုတ်ပစ်ဖို့ လိုပါတယ်။ အနာ ဝန်းကျင်က တစ်ရှူးများ မကောင်းတော့ရင် လှီးဖြတ်ဖယ်ထုတ်ဖို့ လိုပါတယ်။တက်တူး နေရာမှာ ဖောင်းပြီး ယားယံနေခြင်းဟာ တော်တော်နဲ့ မပျောက်ရင် မိုင်ကိုဘက်တီးရီးယားကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်ပဋီဇီဝဆေးကို အချိန်ကြာကြာ စွဲသောက်ဖို့ လိုနိုင်ပါတယ်။သင့်အနေနဲ့ တက်တူး ထိုးပြီးချိန်မှာ နီရဲရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဖျားနာခြင်း စတာတွေ ကြုံလာရရင် ရောဂါပိုး ဝင်ခြင်း ဖြစ်နိုင်တာမို့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ပဋိဇီဝဆေးများဟာ ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သုံးစွဲသင့်တဲ့ အပြင် လိုအပ်ရင် အနာကို ဖောက်ထုတ်ခြင်း၊ လှီးထုတ်ခြင်း စတာတွေ ပြုလုပ်သင့်လို့ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/tattoo-infection/
Viral gastroenteritis (ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း )
virus အမျိုးအစား အများကြီးထဲက တစ်ကောင်ကြောင့် အစာအိမ်နဲ့ အူတွေ ရောငိတာပါ။stomach flu လို့လည်းသိထားကြပါတယ်။ လူတိုင်းကိုလည်း ကူးစက်နိုင်ခြေရှိပါတယ်။ ရောဂါဖြစ်နေတဲ့လူနဲ့ ထိတွေတာမျိုး အစားအစာ ညစ်ပတ်တာနဲ့ရေမသန့်ကနေ ဒီကူးစက်မြန်တဲ့ရောဂါကပြန့်နိုင်ပါတယ်။ စုနေရတဲ့နေရာတွေ ဥပမာ မူကြိုတွေ ,ကျောင်း၊ ဆေးရုံတွေနဲ့ သင်္ဘောပေါ်မှာ ပြန့်နိုင်ပါတယ်။မတူညီတဲ့ virus တွေဟာ သူ့ရာသီအလိုက် ရောဂါပေးနိုငိပါတယ်။ အဖြစ်များတာတွေကတော့။Rotavirus။မွေးကင်းစ ကလေးတွေနဲ့ ကလေးငယ်တွေမှာဖြစ်တတ်ပြီး အခြားကလေးတွေရော အရွယ်ရောက်ပြီးသားလူငယ်တွေကိုပါ ကူးစက်တတ်ပါတယ်။ ဒီvirus ဟာပါးစပ်ကနေကူးပါတယ်။ ဆိုလိုချင်တာက ခန္ဓါကိုယ်ထဲကို ပါးစပ် .အစာရေပြွန်တို့ကနေ ဝင်ရောက်တာဖြစ်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ ၂ရက်အကြာမှာဖြစ်တတ်ပြီး အန်ခြင်း ၊ အစာစားခြင်းစိတ်ကျဆင်းခြင်း၊ နဲ့ ဝမ်းရေကျဲသွားခြင်း တို့ဖြစ်ပါတယ်။Centers for Disease Control and Prevention (CDC) ရဲ့အဆိုအရ ဒီဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလနဲ့ ဇွန်လမှာ အဖြစ်များပါတယ်။Norovirus။ဒီ virus ကတော့ ကူးစက်မြန်ပြင်းထန်ပြီးတော့ အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပါတယ်။ ဒီvirus ဟာ ညစ်ညမ်းတဲ့ အစာ၊ရေ၊ ပစ္စည်းတွေနဲ့ ရောဂါဖြစ်နေတဲ့လူတွေဆီကနေ ကူးစက်ပါတယ်။ လူတွေ စုနေရတဲ့နေရာတွေ ဥပမာ ဆေးရုံ , မူကြိုတွေ နဲ့ ကျောင်းတွေမှာ ပြန့်နိုင်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ မူးဝေခြင်း၊ ဝမ်းလျောခြင်း၊ အဖျားနဲ့ ကိုယ်လက်ကိုက်ခဲခြင်း စတာတွေဖြစ်ပါတယ်။ အမေရိကန်မှာ ဗိုင်းရပ်စ် outbreak ဖြစ်တဲ့ကာလကတော့ နိုဝင်ဘာနဲ့ ဧပြီကြားမှာဖြစ်ပါတယ်။National Center for Biotechnology Information (NCBI) ရဲ့အဆိုအရ ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း ဟာ လူငယ်တွေနဲ့ ကလေးတွေမှာ ဆိုးရွားတဲ့ ဝမ်းလျောခြင်း ကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။ ၅နှစ်အောက်ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ ဝမ်းလျောခြင်း ဖြစ်နိုင်ချေများတဲ့သူတွေဖြစ်လာပါတယ်။ဗိုင်းရပ်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း။ဖြစ်စေတဲ့ virus တွေ သင့်ကိုကူးတာနည်းစေဖို့ သင်လုပ်နိုင်တဲ့ အချက်တွေရှိပါတယ်။ ဒါတွေကတော့ လက်မကြာခဏဆေးတာနဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေရှောင်ကြဉ်တာပဲဖြစ်ပါတယ်။ 2006 ခုနှစ်မှာတော့ ကလေးများမတွက် ကာကွယ်ဆေးထုတ်ပြန်ခဲ့ပါတယ်။ ကလေးငယ်တွေမှာ ဆိုးရွားတဲ့ virus ရောဂါမဖြစ်စေဖို့ ကာကွယ်ဆေးကထိုးသင့်ပါတယ်။လူအများစုကတော့ ၂ရက် ၃ရက်နဲ့ သက်သာကြပြီး ဘာဆိုးကျိုးမှလည်း မကျန်ခဲ့ပါဘူး။အတော်လေး အဖြစ်များပြီး မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပိုကူးစက်ခံရနိုင်ချေ များပါတယ်။ အသကိအရွယ်မရွေးလည်း ထိခိုက်နိုင်ပါတယ်။ ဖြစ်နိုင်ချေတွေကိုတော့ လျော့ချနိုင်ပါတယ်။ အခြားအချက်များအတွက် သင့်ဆရာဝန်နဲ့ တိုင်ပငိပါ။အဖြစ်များတဲ့ လက္ခဏာတွေကတော့ –။တစ်ချို့အခြေအနေတွေက ရောဂါပိုးကူးပြီး တစ်ရက်နှစ်ရက်နေမှ ပြသပါတယ်။လက္ခဏာတွေကတော့ ၁ရက် ကနေ ၁၀ရက်ကြား ကြာတတ်ပါတယ်။အထက်ပါလက္ခဏာတွေမှာ မပါတာတွေရှိနိုင်ပါသေးတယ်။ သင်သိလိုတဲ့ အချက်အလက်တွေရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။virus အမျိုးအစား အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေများတဲ့ လူတွေကတော့ –။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ပတ်ဝန်းကျင်မှာ ကူးစက်မှုတွေဖြစ်နေပြီဆိုရင် physical exam ကတော့ အခြေခံလုပ်ရမယ့်အရာဖြစ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ သင့်အဖျားရောဂါဟာ ကပ်ပါးပိုးကြောင့်လား virus ကြောင့်လားဆိုတာသိဖို့ ဝမ်းနမူနာတောင်းပါလိမ့်မယ်။အဓိက ကတော့ ရေဓါတ်ဆုံးရှုံးတာကို ကာကွယ်နိုင်အောင် အရည်များများသောက်သင့်ပါတယ်။ အချို့အရမ်းဆိုးတဲ့အခြေအနေတွေမှာ ဆေးရဲုတင်တာနဲ့ အကြောဆေးသွင်းတာတွေ လုပ်သင့်ပါတယ်။CDC အနေနဲ့ Pedialyte လိုဓါတ်ဆားမျိုးကိုကလေးငယ်ရှိတဲ့ အိမ်တိုင်းမှာဆောင်ထားဖို့ ညွှန်ကြားထားပါတယ်။ ဓါတ်ဆားရည်ဟာ ဆုံးရှုံးသွားတဲ့ အရည်နဲ့ဓါတ်ဆားတွေကို ဖြည့်တင်းပေးဖို့ မျှတတဲ့ ရေနဲ့ ဓါတ်ဆားအရောဖြစ်ပြီး ကလေးတွေရဲ့ အစာအိမ်အတွက်စုပ်ယူရလွယ်ကူပါတယ်။ ဒီဓါတ်ဆားတွေဟာ ဆေးဆိုင်တွေမှာ ဆရာဝန်ညွှန်ကြားချက်မပါပဲနဲ့လည်း ဝယ်ယူရနိုင်ပါတယ်။ ဒါပေမယ့် အညွှန်းကိုတော့ သေချာ ဂရုစိုက်ဖို့လိုပါလိမ့်မယ်။antibiotics ( ပဋိဇီဝဆေးတွေ) က virus ကိုမသတ်နိုင်ပါဘူး။ လွယ်လွယ်ရနိုင်တဲ့ ဆေးတွေကို မသုံးခင် ဆရာဝန်တစ်ယောက်နဲ့ စစ်ဆေးကြည့်တာအကောင်းဆုံးပါ။အောက်ပါ နေထိုင်မှုပုံစံတွေက viral encephalitis နဲ့ သင့်တော်ပါတယ်။သင့်မှာရောဂါဖြစ်နေတယ်ဆိုရင် အောက်ပါကုသနည်းတွေရှိပါတယ်။အစာစားနေဆဲရော မစားခင်ကြားမှာပါ ရေများများသောက်ပါ။ သင့်အတွက်သောက်ရတာခက်ခဲနေရင် နည်းနည်းခြင်းဆီ ဒါမှမဟုတ် ရေခဲတုံးတွေ စမ်းကြည့်နိုင်ပါတယ်။သစ်သီးဖျော်ရည်တွေကိုရှောင်ပါ။ သူတို့က ရေဓါတ်ပြန်မဖြည့်ပေးနိုင်ရုံမက ဝမ်းသွားတာကိုပါ များစေပါတယ်။ကလေးလူကြီးတွေအနေနဲ့ sport drink တွေသောက်ပြီး ဆားဓါတ်ပြန်ဖြည့်နိုင်ပါတယ်။ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေကတော့ အထူးဖော်မြူ လာထုတ်ထားတဲ့ ဓါတ်ဆားရည်တွေ သောက်သင့်ပါတယ်။များများအနားယူပါ။ သင့်အနေနဲ့ပင်ပန်းနေနိုင်ပါတယ်။ဆေးကုသမှုမခံယူမီ ဒါမှမဟုတ် ကလေးတွေကို မတိုက်ခင် သင့်ဆရာဝန်နဲ့ သေချာစစ်ဆေးပါ။virus ဝင်နေတဲ့ ကလေးတွေကို asprin မတိုက်ပါနဲ့။ အသက်အန္တရာယ်ရှိတဲ့ REYE’S Syndrome ဖြစ်သွားနိုင်ပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/viral-gastroenteritis-%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%85%e1%80%ac/
ကော်လာဂျင် နဲ့ ဝက်ခြံ
လူငယ် တော်တော်များများ ရင်ဆိုင်နေရတဲ့အရေပြားပြဿနာတစ်ခု ပါ။ အစားအသောက်ကြောင့်၊ဟော်မုန်းအပြောင်းအလဲကြောင့်နဲ့ ထိတွေ့နေတဲ့အရာတွေ အသုံးအဆောင်တွေကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဝက်ခြံပျောက်ကင်းစေမယ့် နည်းလမ်းလေးတစ်ခုအကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ ဒါကတော့ အရေပြားရဲ့ သက်စောင့်ဓာတ်လို့ ဆိုရမယ့် ကော်လာဂျင် ပါ။ဝက်ခြံ ဖြစ်ရတဲ့ အကြောင်းအရာက တစ်ခုမက ရှိနေနိုင်ပါတယ်။ ဝက်ခြံ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုကအဆီတွေ၊ဆဲလ်သေတွေက ချွေးပေါက်ကို ပိတ်ဆို့သွားတာ ကြောင့်ပါ။အရေပြားကSebumကို လိုတာထက် ပိုပြီး ထုတ်လုပ်တဲ့ အခါမျိုးမှာလည်း ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အရေပြားမှာ ဆဲလ်သေတွေ၊ အဆီတွေ ရှိနေတာက ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီယားတွေကို အားဖြည့်ပေးနေသလို ဖြစ်နေပါတယ်။ ဘက်တီးရီးယားကြောင့် ဝက်ခြံတွေ နီမြန်းရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံက အရွယ်ရောက်လာတာကြောင့် ဖြစ်နိုင်သလိုစိတ်ဖိစီးတာ၊ ဟော်မုန်းပြောင်းလဲတာ၊ အသုံးပြုနေတဲ့အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။အရေပြားမှာ ဝက်ခြံဖြစ်တာက အရေပြား အတွင်းပိုင်းရဲ့ ဖွဲ့စည်းမှုကို အားနည်းစေပြီးအသားအရေကို အတွင်းပိုင်းထိပါ ထိခိုက်စေနိုင်ပါတယ်။ ဒီလို အခြေအနေမှာ မဖြစ်မနေ လုပ်ရမှာက အသားအရေရဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ ပါပဲ။ ဒီလိုအပ်တဲ့ အာဟာရကို အဓိက ဖြည့်ပေးနိုင်မယ့် အရာကတော့ အရေပြား ပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မယ့် ကော်လာဂျင်ပါ။ ကော်လာဂျင်က ဝက်ခြံကြောင့် အသားအရေ ပျက်စီးတာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပြီးတွယ်ဆက်တစ်ရှုးတွေကို ကျန်းမာစေနိုင်သလို အသားအရေကို ကျန်းမာပြီး တင်းရင်း လှပစေနိုင်ပါတယ်။ဝက်ခြံက အသားအရေကို တော်တော်လေး ထိခိုက်စေနိုင်တဲ့အရေပြားပြဿနာတစ်ခုပါ။ ဒါကြောင့် ဝက်ခြံ ဖြစ်လာတဲ့အခါ သေချာဂရုစိုက်ဖို့ လိုပါမယ်။ ဝက်ခြံကင်းပြီး ပြီးပြည့်စုံတဲ့ အလှကို ရရှိစေဖို့ ကော်လာဂျင်ရဲ့ အကူအညီကို ရယူဖို့လိုပါမယ်။ လေ့လာချက်တွေအရ ဒီအချက်တွေကြောင့် ကော်လဂျင်က ဝက်ခြံအတွက် ဒီလို အကျိုးပြုပါတယ်တဲ့။အမိုင်နိုအက်ဆစ် ပါဝင်တယ်။ကော်လာဂျင်မှာ proline နဲ့ glycine လိုမျိုးအမိုင်နိုအက်ဆစ်တွေပါဝင်နေတာကြောင့် ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင်ကို ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေကိုပါ သက်သာစေနိုင်စွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်နေတဲ့ အသားအရောင် မညီညာမှုတွေကိုလည်း သိသိသာသာ သက်သာစေပြီး အသားအရေကို ပြုပြင်ပေးသလို လိုအပ်တဲ့ အာဟာရတွေကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။ဝက်ခြံ ဖြစ်လာရင် စိတ်ထဲမှာ အရမ်းညှစ်ချင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေမှာ မညှစ်မိစေဖို့ ဂရုပြုစေချင် ပါတယ်။ အကြောင်းကတော့ ဝက်ခြံကို ညှစ်လိုက်တဲ့အခါ အသားအရေက ပိုပြီးထိခိုက်ပျက်စီးသွားနိုင် တာကြောင့်ပါ။ဒီလိုအခြေအနေမှာ ကော်လာဂျင်ကို သောက်သုံးပေးတာက ဝက်ခြံကြောင့်ဖြစ်တဲ့အရေပြားတစ်ရှူးတွေထိခိုက်ပျက်စီးသွားတာကို အကောင်းဆုံး ပြုပြင်ပေးနိုင်မှာပါ။ ဒီလို လုပ်ဆောင်ပေးမှုက ဝက်ခြံကို ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်ခံရမှုကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ကော်လာဂျင်က အရေပြားတစ်ရှူးတွေကိုတင် ပြုပြင်ပေးတာမဟုတ်ပါဘူး။ အသားအရေကို အနာအဆာကင်းပြီး ကျန်းမာစေအောင်လည်း လုပ်ဆောင်ပေးပါတယ်။ အသားအရေလေး ချောမွေ့ပြီး စိုပြေတင်းရင်းစေမှာ အသေအချာပါ။အသက်အရွယ် ရလာတာနဲ့အမျှ ကော်လာဂျင်ပမာဏက သိသိသာသာ လျော့ကျလာပြီး အသားအရေ ပိုပါးလာသလို အသားအရေ တင်းရင်းမှုကလည်း ပိုနည်းလာပါတယ်။ဒီလိုအပ်ချက်ကို ဖြည့်တင်းနိုင်မှ အသားအရေကတင်းရင်းမှာပါ။ ဒါ့ကြောင့် တင်းရင်းပြီး ဝက်ခြံကင်းတဲ့ အသားအရေ ပိုင်ရှင်လေး ဖြစ်စေဖို့အတွက် ကော်လာဂျင် လုံလောက်မှု ရှိစေဖို့ ကော်လာဂျင် ဖြည့်စွက်တာမျိုး လုပ်ဖို့ လိုပါမယ်။ကော်လာဂျင် သောက်သုံးပေးမှုက အသားအရေအတွက် လိုအပ်တဲ့အာဟာရကို ဖြည့်တင်းရာ ရောက်သလို ဝက်ခြံကင်းစေပြီး ခန္ဓာကိုယ် အသားအရေကို ပါကျန်းမာလှပ လာစေမှာပါ။ပတ်ဝန်းကျင်ကညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် အသားအရေ ထိခိုက်ပျက်စီးတာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ဒါကြောင့် ဝက်ခြံကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ လုပ်နေကျအသားအရေထိန်းသိမ်းမှုတွေထဲမှာ ကော်လာဂျင် သောက်သုံးမှုကိုပါ ထည့်သွင်းစဉ်းစားကြပါလို့ အကြံပြုလိုက်ပါရစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/collagen-and-acnes/
Shingles (ဆင်ဖြူတော်ရေယုန်)
ရေခြောက်ကိုဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားနာကျင်စေတဲ့အဖုအပိမ့်တွေထွက်လာခြင်းဖြစ်ပါတယ်။ ရေခြောက်ကူးက်ပိုးက သက်သာသွားပေမယ့် ဗိုင်းရပ်က အာရုံေကြောအဖွဲ့အစည်းထဲမှာ ဆင်ဖြူတော်ရေယုန်အဖြစ်ပြန်ထလာခြင်းမရှိခင် နှစ်ပေါင်းများစွာနေနိုင်ပါတယ်။ ခါးပတ်ရေယုန်လို့လည်းခေါ်ပါတယ်။ ခန္ဓါကိုယ်မည့်သည်နေရာမှာမဆို ပေါ်လာနိုင်ပေမယ့်လည်း အများဆုံးပေါ်လာလေ့ရျိတာကတော့ ရင်အုပ်နှစ်ခြမ်းလုံးပတ်လည်မှာ အရေကြည်ဖုအမြောင်းလိုက်ကြိးအနေနဲ့ပေါ်လာပါတယ်။အသ်ကကြီးသူတွေနဲ့ ခုခံအားနည်းတဲ့သူတွေမှာ စိတ်ဖိစီးမှု၊ ထိခိုက်ဒဏ်ရာ၊ အချို့သောဆေးများ သို့ အခြားအကြောင်းအချက်တွေရှိနေတာကြောင့် ပိုပြီးဖြစ်နိုင်ချေများပါတယ်။အသက်အန္တရယ်မပေးနိုင်ပေမယ့် အလွန်နာကျင်စေပါတယ်။ တတ်နိုင်သမျှမြန်မြန်သိရှိဖို့လိုပြီး စောစောကုသမှုခံယူခြင်းက ကူးစက်ပိုးကိုမြန်မြန်သက်သာစေပြီး နောက်ဆက်တွဲဖြစ်နိုငချေကိုနည်းစေပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆင်ဖြူတော်ရေယုန် ရဲ့ပထမဆုံးစပြတဲ့လက္ခဏာတွေကတော့ နာကျင်တာနဲ့ပူစပ်ပူလောင်ခံစားရတာဖြစ်ပါတယ်။ နာကျင်မှုက ခန္ဓါကိုယ်တစ်ခြမ်းမှာဖြစ်လေ့ရှိပြီး အကွက်သေးသေးလေးတွေဖြစ်ပေါ်လာပါတယ်။ အနီဖိမ့်တွေဖြစ်လာပါတယ်။ အဖိမ့်တွေရဲ့ထူးခြားချက်ကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါလက္ခဏာတွေထဲက တစ်ခုခိုများရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဆင်ဖြူတော်ရေယုန်ကို အဓိကဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်က ရေခြောက်ကိုလည်းဖြစ်စေပါတယ်။ ရေခြောက်ပေါက်ဖုူးသူတွေမှာဆင်ဖြူတော်ရေယုန်ဖြစ်လာနိုငပါတယ်။ ရေခြောက်သက်သာသါားပြီးနောက်မှာ ဗိုင်းရပ်ကအာရုံကြောအဖွဲ့အစည်းထဲကို ဝင်သွားပြီး နှစ်ပေါင်းများစာ နေနိုင်ပါတယ်။ နောက်ဆုံးမှာ ပြန်လည်ထကြွလာပြိး နာဗ်ကြောလမ်းကြောင်းကတစ်ဆင့် အရေပြားတွေဆီရောက်ပြီး ရေယုန်စြဖ်စေပါတယ်။အချို့သောဆေးတွေက ဗိုင်းရပ်ပိုးပြန်ထကြွစေပြီး ရေယုန်အဖုအပိမ့်တွေကိုဖြစ်စေပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဗိုင်းရပ်တဖန်ပြန်ထကြွလာတဲ့အခါမျာ ရေယုန်ကိုသာဖြစ်စေပြီးရေခြောကိကို ပြန်မဖြစ်စေတော့ပါဘူး။ဆင်ဖြူတော်ရေယုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အဖုအပိမ့်နဲ့ အရည်ကြည်ဖုတွေကို စမ်းသပ်ကြည့်ခြင်းဖြင့် ရောဂါအတည်ပြုနိုင်ပါတယ်။ ဆရာဝန်က သင့်ကျန်းမာရေးရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။အရေပြားနမူနာဒါမှမဟုတ် အရေကြည်ဖုကနေအရေည်တွေကို စမ်းသပ်ဖို့လည်းလိုနိုင်ပါတယ်။ အလွန်တော့ရှားပါတယ်။ တစ်ရှူးနမူနာအရည်နမူနာကိုယူဖို့အတွက် သန့်စင်ပိုးသတ်ထားတဲ့ဂွမ်းတံကိုအသုံးပြုရပါတယ်။ နမူနာတွေကို ကျန်းမာရေးဓါတ်ခွဲခန်းကိုပို့ပြီး ဗိုင်းရပ်ပိုးပါတာကိုအတည်ပြုနိုင်ပါတယ်။အိမ်သုံးကုထုံးတွေက လက္ခဏာတွေကိုသက်သာစေပါတယ်။အိမ်သုံးကုထုံးတွေကတော့။အနားယူခြင်း။အအေးကပ်ပေးခြင်း၊ အဖုအပိမ့်ကိုအအေးပေးခြင်းက နာကျင်မှုနဲ့ယားယံခြင်းကို သက်သာစေပါတ်ယ။ယားယံခြင်းကုသက်သာစေဖို့ ကယ်လမင်းလိုရှင်းလိမ်းပေးခြင်း။နာကျင်မှုနဲ့ယားယံခြင်းကသက်သာစေဖို့ အုတ်ဂျုံနဲ့ရေချိုါ်ခြင်း။ပျေက်ကင်းအောင်မကုသနိုင်ပါဘူး။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားထားတဲ့ ဗိုင်းရပ်ကိုတိုက်ထုတ်ပေးတဲ့ဆေးတွေနဲ့ ချက်ချင်းကုသမှုပေးခြင်းက မြန်ြန်ပျောက်ကင်းစေပြီး နောက်ဆက်တွဲတွေဖြစ်နိုငချေကိုနည်းစေပါတယ်။ ဆေးတွေကတော့-။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဆင်ဖြူတော်ရေယုန်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကာကွယ်ဆေးထုးခြင်းက ပြင်းထန်ရေယုန်လက္ခဏာတွေကနေကာကွယ်ပေးပြီး နောက်ဆက်တွဲတွေမဖြစအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ ကူးစက်တတ်ပါတယ်။ ကူးစက်ခံရပြီဆိုရင် ကူးစက်ပိုးပျံ့နှံ့ခြင်းမရှိအေင်ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေကိုလိုက်နာရပါမယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/herpes/shingles-%e1%80%86%e1%80%84%e1%80%ba%e1%80%96%e1%80%bc%e1%80%b0%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%9b%e1%80%b1%e1%80%9a%e1%80%af%e1%80%94%e1%80%ba/
ကော်လာဂျင်သုံးပြီး ဖြေရှင်းနိုင်မယ့် အရေပြားပြဿနာ ၅ ခု
အပြစ်အနာအဆာကင်းတဲ့ အသားအရေလေးပိုင်ဆိုင်ချင်လား။ ဒါဆိုရင် အသားအရေလှပခြင်းအတွက် ဆရာတစ်ဆူဖြစ်တဲ့ကော်လာဂျင်နဲ့ရောတွေ့ပြီးရဲ့လား။အရေပြားပြဿနာတော်တော်များများကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်မှာကကော်လာဂျင်ပါ။ အရင်ကသိပ်ခေတ်မစားပေမယ့် အခုနောက်ပိုင်းမှာတော့လေဒီတွေကြားမှာကော်လာဂျင်ကတော်တော်လေးခေတ်စားလာပါတယ်။ကော်လာဂျင်ကိုနေ့စဉ်စားသုံးတဲ့အစားအစာတွေကနေရနိုင်တယ်ဆိုပေမယ့် လုံလောက်စွာရရှိဖို့တော့ ခက်ပါမယ်။ခန္ဓါကိုယ်မှာ ကော်လာဂျင်ကို အသုံးပြုနေတဲ့ အရင်းအမြစ်ကအရေပြားတစ်ခုတည်းမဟုတ်ပါဘူး။ အဆစ်တွေကျန်းမာစေဖို့၊အစာခြေစနစ်နဲ့အူလမ်းကြောင်းကျန်းမာစေဖို့ အနာတွေကျက်စေဖို့အတွက်လည်းကော်လာဂျင်က စွမ်းစွမ်းတမံလုပ်ဆောင်ပေးနေသေးတာပါနော်။ ဒီဆောင်းပါးလေးထဲမှာတော့ကော်လာဂျင်ကို အသုံးပြုပြီး သက်သာစေနိုင်မယ့် အရေပြားပြဿနာ ၅ မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်။ငယ်ရွယ်တဲ့သွင်ပြင်၊ ကျန်းမာပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်စေဖို့အတွက်ကော်လာဂျင်ကို အသုံးပြုပေးလို့ရပါတယ်။ ကော်လာဂျင်က အသားအရေအတွင်းပိုင်းအထိကိုပြုပြင်ပေးတာပါ။ ဒါကြောင့် အနာအဆာကင်းပြီးGlowအသားအရေလေးပိုင်ဆိုင်ချင်တယ်ဆိုရင်ကော်လာဂျင်ကို အသုံးပြုကြည့်သင့်ပါတယ်။(၁)အရေးအကြောင်းပြဿနာ။သက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေ၊ အသားအရေလျော့တွဲတာတွေ၊ အရွယ်မတိုင်ခင်ဖြစ်တတ်တဲ့အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို တင်းတင်းရင်းရင်းလေးနဲ့ လှနေစေဖို့ဆိုရင်ကော်လာဂျင်ကိုသောက်ပေးလို့ရပါတယ်။ကော်လာဂျင်က အသားအရေကိုတင်းရင်းစေပြီး ကျန်းမာနုပျိုတဲ့ သွင်ပြင်ကိုရရှိစေမှာ အသေအချာပါ။(၂)ဝက်ခြံ။ဝက်ခြံကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေကို သက်သာစေနိုင်သလို အသားတွေကိုပြန်ပြည့်စေနိုင်ပါတယ်။ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ နီမြန်းရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဝက်ခြံကြောင်းအမာရွတ်တွေမကျန်ခဲ့အောင်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။(၃)နှင်းခူ။ပြင်းထန်တဲ့အရေပြားပြဿနာပေါ့။ နှင်းခူကြောင့် အရေပြားမှာဖြစ်တဲ့ ကြည့်ရဆိုးတဲ့ ဒဏ်ရာတွေကို သက်သာချင်တယ်ဆိုရင်တော့ကော်လာဂျင်ကို ပုံမှန်အသုံးပြုပေးလို့ရပါတယ်။အနာကျက်စေနိုင်သလို အမာရွတ်တွေကိုလည်း သက်သာစေဖို့ထောက်ပံ့ပေးပါတယ်။ နှင်းခူကြောင့်ဖြစ်တဲ့နာကျင်ရောင်ရမ်းမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။(၄)အသားအရေခြောက်သွေ့ခြင်း။အသားအရေခြောက်သွေ့မှုကနောက်ဆက်တွဲပြဿနာများစွာကိုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေခြောက်သွေ့မှုကင်းအောင်ရေများများသောက်ပေးတာ၊ အရည်ရွှမ်းတဲ့သစ်သီးတွေစားပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ ဒါ့အပြင်နောက်ထပ်လုပ်လို့ရတဲ့နည်းလမ်းတစ်ခုက အသားအရေခြောက်သွေ့မှု ကင်းစေဖို့ကော်လာဂျင်သောက်တာပါ။ ရာသီဥတုကြောင့်ဖြစ်ဖြစ်ပတ်ဝန်းကျင်ကထိတွေ့မိတဲ့အရာတွေကြောင့်ဖြစ်ဖြစ် အရေပြားခြောက်သွေ့မှုကို အထိရောက်ဆုံးဖြေရှင်းချင်တယ်ဆိုရင်ကော်လာဂျင်သောက်ပေးပါ။(၅)CELLULITE။Cellulite ဆိုတာက အရေပြားမှာ အကြောပြတ်ရာတွေဖြစ်တာမျိုးပါ။ အရေပြားမှာ ကြည့်ရဆိုးတဲ့ပြဿနာတစ်ခုပေါ့။ ဝတဲ့သူမှာရော ပိန်တဲ့သူမှာပါဖြစ်နိုင်တဲ့အရေပြားပြဿနာပါ။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းချင်တယ်ဆိုရင်ကော်လာဂျင်ကို အသုံးပြုပေးလို့ရပါတယ်။ တဖြည်းဖြည်းချင်းနဲ့ သက်သာလာစေမှာပါ။ကဲ… အရေပြားပြဿနာကို အထိရောက်ဆုံးဖြေရှင်းချင်တယ်ဆိုရင်တော့ကော်လာဂျင်ကို အားကိုးဖို့မမေ့ကြနဲ့နော်။ အရည်အသွေးကောင်းတာမျိုးဖြစ်ဖို့ကတော့ လိုမှာပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%b1%e1%80%80%e1%80%ac%e1%80%b9%e1%80%9c%e1%80%ac%e1%80%82%e1%80%ba%e1%80%84%e1%80%b9%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8-%e1%80%b1%e1%80%bb%e1%80%96%e1%80%9b/
Measles (ဝက်သက်ရောဂါ)
ဝက်သက် ဒါမှမဟုတ် ဂျိုက်သိုး ရောဂါဟာ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းဖြစ်ပါတယ်။ ဝက်သက်ရောဂါဆိုတာ တအားကိုကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး ၎င်းက ပိုးရှိတဲ့ချွဲတွေ သွားရည်တွေကနေတစ်ဆင့် ပြန့်နှံကူးစက်ပါတယ်။ ဒီရောဂါပိုးရှိသူဟာ သူတို့ချောင်းဆိုးချိန် နှာချေချိန်မှာ လေထဲကိုပိုးတွေ ထုတ်လွှတ်လိုက်သလိုဖြစ်တတ်ပါတယ်။ဝက်သက် ဗိုင်းရပ်စ် ရောဂါပိုးဟာ မျက်နှာပြင်အမျိုးမျိုးမှာ အချိန်အကြာကြီး ရှင်သန်နေပါတယ်။ ပိုးရှိတဲ့ အမှုန်လေးတွေက လေထဲတွေ မျက်နှာပြင်အမျိုးမျိုးတွေမှာ ကျလာခြင်းကြောင့် အဲ့ဒီအမှုန်တွေနဲ့ နီးကပ်စွာရှိနေမယ်ဆို ပိုးကကူးစက်နိုင်ပါတယ်။ ကူးစက်ခံထားရတဲ့လူရဲ့ သောက်ပြီးသားခွက် ဒါမှမဟုတ် သူစားသောက်ထားတဲ့ ပန်းကန် အသုံးအဆောင်တွေကို အတူတူ သုံးမိမယ်ဆိုပါက ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ ဝက်သက်ရောဂါဟာ ကလေးသေနှုန်းရဲ့ ထိပ်ဆုံးအကြောင်းအရင်းတွေထဲမှာပါနေပါတယ်။ ၂၀၁၄မှာ ဝက်သက်ရောဂါကြောင့်သေဆုံးမှုဖြစ်တဲ့ ၁၁၄၉၀၀ ယောက်သေဆံးမှုမှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အစီရင်ခံတင်ပြထားတာက ဒီသေဆုံးမှုမှာ အများဆုံးခံရတဲ့သားကောင်တွေကတော့ အသက်၅နှစ်အောက်ကလေးငယ်တွေဖြစ်ပါတယ်တဲ့။(တစ်ခြား သတင်းအချက်အလက်တွေသိရှိရဖို့ သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။ဝက်သက်ရောဂါရဲ့ လက္ခဏာတွေဟာ ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီး ၁၄ရက်အတွင်းမှာ များသောအားဖြင့်ပြတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့။တစ်ကိုယ်လုံးမှာအနီစက်တွေပေါ်လာတယ်ဆိုတာကတော့ ဝက်သက်ရောဂါရဲ့ အကောင်းဆုံးလက္ခဏာပါပဲ။ ဒီလိုအနီစက်တွေက ၇ရက်အထိကြာတတ်ပြီး များသောအားဖြင့် ဗိုင်းရပ်စ်နဲ့ထိတွေ့ပြီး ၃ရက်ကနေ ၅ရက်အတွင်းပေါ်လာတတ်ပါတယ်။ ဝက်သက်ရောဂါရဲ့ အနီစက်တွေဟာ နီရဲမယ် ယားတဲ့အဖုလေးတွေထမယ် အများအားဖြင့် ခေါင်းပိုင်းမှာစဖြစ်တတ်ပြီး တစ်ကိုယ်လုံးကို တစ်ဖြည်းဖြည်း ပြန့်သွားတတ်ပါတယ်။(အပေါ်မှာ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။)။အောက်မှာပြောပြတဲ့အချက်တွေသင့်ဆီမှာ ရှိနေတယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့တွေ့သင့်ပါတယ်။(အပေါ်မှာ ပြောတဲ့ လက္ခဏာတွေ သင့်ဆီရှိခဲ့တယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းမေးစရာတွေရှိခဲ့တယ်ဆိုပါက သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်က ပုံစံမတူစွာတုံ့ပြန်တတ်ပါတယ်။ အဲ့ဒါကြောင့် သင်နဲ့ ဘယ်အရာက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။)။ဝက်သက်ရောဂါကို ရူဘီးအိုလာ လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ် ပိုးက ပိုးကူးစက်ခံရတဲ့ ကလေးတွေ ဒါမှမဟုတ် လူကြီးတွေရဲ့ နှာခေါင်း နဲ့လည်ပင်းထဲက ချွဲတွေမှာ နေထိုင်ပါတယ်။ ရောဂါပိုးကူးစက်ပုံတွေကတော့။ဝက်သက်ရောဂါကို ဘာတွေကြောင့်အန္တရာယ် ပိုဖြစ်စေသလဲ။ဝက်သက်ရောဂါက အဓိကအားဖြင့်တော့ ကာကွယ်ဆေးမထိုးတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ကြပါတယ်။ တစ်ချို့သောကလေးမိဘတွေက သူတို့ရဲ့ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ ကြောက်ကြပါတယ် ကာကွယ်ဆေးကနေရမယ့် ဘေးထွက်ဆိုးကျိုးတွေကိုကြောက်ကြလို့ဖြစ်ပါတယ်။ ဒါပေမယ့်ဝက်သက်ကာကွယ်ဆေးထိုးထားတဲ့ကလေးတွေနဲ့ လူကြီးတော်တော်များများကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို သိပ်ကြုံတွေ့ရတာမျိုးမရှိပါဘူး။ ဗီတာမင်အေ ဓါတ်ချို့တဲ့ခြင်းကလည်း ဝက်သက်ရောဂါဖြစ်စေတဲ့ အန္တရာယ်အချက်တစ်ခုဖြစ်ပါတယ်။ ဗီတာမင်အေ ချို့တဲ့ နေတဲ့ကလေးတွေမှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရဖို့ အခြေအနေပိုများတတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဝက်သက်ရောဂါလို့ ဘယ်လိုနာမည်တပ်ကြမလဲ။သင့်ရဲ့ဆရာဝန်က သင့်ရဲ့ အရေပြားကအနီစက်တွေကို စမ်းသပ်ကြည့်ရှုပြီးတော့ ဝက်သက်လို့ အတည်ပြ ုနိုင်ပါတယ် ဒါ့အပြင် ဝက်သက်ရဲ့လက္ခဏာတွေဖြစ်တဲ့ ပါးစပ်ထဲမှာအဖြူစက်ရှိခြင်း၊ဖျားခြင်း၊ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်းတို့ကနေလည်း သိနိုင်ပါတယ်။ တကယ်လို့ စမ်းသက်ကြည့်ရှုရုံနဲ့ ရောဂါနာမည်တပ်ဖို့ မသေချာဘူးဖြစ်နေတယ်ဆိုရင် သင့်ရဲ့ ဆရာဝန်က ဝက်သက်ရောဂါဗိုင်းရပ်စ် ရှိမရှိကို သွေးစစ်ခိုင်းပါလိမ့်မယ်။ဝက်သက်ရောဂါပျောက်ဖို့အတွက်ဆေးဆိုပြီး မရှိပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေဟာ ၂ပတ် ကနေ ၃ပတ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ သို့သော်လည်း သင့်ဆရာဝန်က အကြံပေးပါလိမ့်မယ်။အောက်မှာပြောပြမယ့် လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကနေ သင့်ရဲ့ ဝက်သက်ရောဂါကို ခံနိုင်ရည်ရှိအောင် ကူညီပေးမှာပါ။(တကယ်လို့ သင့်ဆီမှာ မေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံး အဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/measles-%e1%80%9d%e1%80%80%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
လက်သည်းကိုက် ခြင်းရဲ့ ဆိုးကျိုးတွေ ကြောက်စရာကောင်းတာ သင်သိရဲ့လား
လစ်တာနဲ့လက်သည်းလေးတွေကိုက်နေတတ်တာ ဘယ်သူတွေရှိလဲ။ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့ပဲဖြစ်ဖြစ်၊ အတွေးတွေများနေတုန်းပဲဖြစ်ဖြစ် လက်သည်းကိုက် နေရရင် ကျေနပ်နေတာမျိုး။ ဘာတဲ့..လက်ကို စင်အောင်ဆေးပြီး ကိုက်ရင် ဘာပိုးမှမဝင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကလည်းပြောကြသေးတယ်။သေချာပြီလား ဘာဆိုးကျိုးမှမဖြစ်နိုင်ဘူးဆိုတာ…။လက်သည်းကိုက်ရာကနေဒါတွေဖြစ်နိုင်တယ်နော်–။လက်သည်းကိုက်ရင် လက်သည်းပဲ့မှာပဲ။ လက်က ဘယ်လောက်သန့်တယ်ဆိုဆို ပိုးတွေက ရှိနေတုန်းပါပဲ။ လက်သည်းအပြင် လက်သည်းပတ်လည်က အရေပြားမှာပါ ပိုးတွေ ရှိနေနိုင်ပါတယ်။နောက်ပြီး လက်သည်းကိုက်ခါနီးတိုင်း သွားတိုက်၊ ပါးစပ်ဆေးပါသလား။ လက်သည်းရဲ့အောက်က အရေပြားနုလေးပေါ်လာရင် ပါးစပ်ထဲက ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့နိုင်တယ်။ ခံတွင်းဆိုတာ စားကြွင်းစားကျန်တွေ ကပ်ငြိနေတတ်တဲ့ ဘက်တီးရီးယား အသိုက်ကြီး တစ်ခုဆိုတာ မသိလေရော့သလား။လက်သည်းကို ပိုးဝင်ရာကနေ ရုပ်ပျက်တဲ့ အနာတွေ၊ ပြည်တည်တာတွေ၊ သွေးတစိုစို ဖြစ်လာတာ၊ အနာရင်းပြီး လက်ထိပ်တွေ ပျက်စီးရတာတွေ အထိ ဖြစ်လာနိုင်တယ်။ လက်သည်း ထိပ်တွေ နီရဲ၊ ရောင်ရမ်းလာတာ၊ နာကျင်ရတာ၊ ပြည်တွေ တည်တာ ဖြစ်လာနိုင်ပါတယ်။တံတွေးရဲ့ ဓာတုပစ္စည်း ပါဝင်မှုကြောင့် အဆီနဲ့ တခြား အစားအစာ မော်လီကျူးတွေကို ဖြိုခွဲပေးနိုင်တာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကအစာခြေစနစ်ကို အကူအညီပေးတယ် ဆိုပေမယ့် လက်ကို ပါးစပ်ထဲ ထည့်ထည့်ထားမယ် ဆိုရင် လက်ချောင်းထိပ် အရေပြားကို ထိခိုက်ရောင်ရမ်းစေနိုင်တယ်။ဥပမာပြရရင် နှုတ်ခမ်းကို လျှာနဲ့တံတွေး ဆွတ်တာက နှုတ်ခမ်းခြောက်ပြီး ကွဲစေနိုင်တာ သိကြတယ်မလား။ တံတွေးက အရေပြားကို ဆိုရင် တိုက်စားသွားနိုင်တယ်လို့ ပညာရှင်တွေကပြောပါတယ်။လက်မှာပါတဲ့ ဘက်တီးရီးယားတွေ ပါးစပ်ထဲ ရောက်သွားတာက တကယ်ဆိုးပါတယ်။ လက်သည်း ကြားက မမြင်ရတဲ့ရောဂါပိုးမွှားတွေ ပါးစပ်ထဲကတဆင့် ဗိုက်ထဲရောက်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်သလဲ။လက်သည်း မကိုက်ခင် လက်ဆေးတယ်ဆိုတာ ဆယ်ကြိမ်မှာ တစ်ကြိမ်လောက်ပဲ ဖြစ်နိုင်မှာပါ။ ဘယ်သူမှ ရည်ရွယ်ပြီး လက်သည်းကိုက် တာမဟုတ်၊ အမှတ်တမဲ့ လက်သည်း ကိုက်မိကြတာပဲလေ။ အဲဒီထဲမှာ ဘာပိုးမှန်း၊ ဘာဘက်တီးရီးယားမှန်းမသိ အစုံအလင်ကို တစ်ချီတည်း ရသွားနိုင်တော့ ဝမ်းပျက်မလား၊ ဝမ်းကိုက်မလား၊ ဖျားမလား ကြိုက်ရာဖြစ်လို့ ရပြီလေ။လက်သည်းမှာ matrix လို့ခေါ်တဲ့ လက်သည်းအိမ်အလွှာရှိပါတယ်။ လက်သည်းကိုက် တဲ့အကျင့်က ဒီအလွှာကို ထိခိုက်ပျက်စီးစေ၊ ပိုးဝင်စေပြီး လက်စွယ်ငုတ်တာ၊ လက်သည်း ပိုးဝင်တာ၊ လက်သည်းပုံ ပျက်ယွင်းတာ၊ အနာရင်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအကျင့်ကြောင့် ရုပ်ပျက်ဆင်းပျက် လက်သည်း ပျက်စီးလာရင် ဘယ်လိုလုပ်ရပါ့မလဲ။Herpetic whitlow လို့ခေါ်တဲ့ လက်ချောင်းမှာဖြစ်တဲ့ ရေယုန်ဗိုင်းရပ်စ်ဟာ လက်သည်း ပန်းကုံးကနေ ပိုးဝင်တာဖြစ်ပါတယ်။ နှုတ်ခမ်းမှာ ရေယုန်ဖြစ်တယ်ဆိုရင် ၄၀ ရာခိုင်နှုန်းလောက်က လက်ချောင်းကို ဒီဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ကာလတာရှည် လက်သည်းကိုက်ခြင်းကြောင့် သွားရဲ့အမြစ်တွေကို ပုံစံပျက်ယွင်းစေနိုင်၊ ပျက်စီးစေနိုင်လို့ သွားတွေကို ယိုင်နဲ့စေနိုင်ပါတယ်။ လက်သည်း ကိုက်ခြင်းကြောင့် သွားတွေကို ကျိုးပဲ့တာတွေဖြစ်စေနိုင်ပြီး သွားဖုံးရောဂါတွေလည်းဖြစ်စေနိုင်တယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/cons-of-nail-biting/
မာဆတ်သွားကြမယ်
မာဆတ်သွားကြမယ် ဆိုလို့ ခေါင်းစဉ်ကို ကြည့်ပြီး Hello ဆရာဝန်က ဘာတွေပေါက်ကရ ရေးမှာလဲလို့ တွေးနေပြီလား။ ကျွန်တော်တို့နိုင်ငံမှာက မာဆတ်ဆိုတဲ့ စာလုံးမြင်တာနဲ့ မကောင်းတဲ့အရာကြီးတခုလို ရုတ်တရက် မြင်သွားတတ်ကြပါတယ်။ ဒါပေမယ့် အခုဆောင်းပါးလေးမှာတော့အနှိပ်ခံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာပါ။မာဆတ်သွားကြမယ် ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိမှာပါ။(၁) ကိုယ်စိတ်ဖြေလျှော့မှု ရှိစေခြင်း။သင့်စိတ်နဲ့ ခန္ဓာမှာ တင်းကျပ်မှု၊ ဖိစီးမှုတွေရှိနေပြီ၊ နွမ်းနယ်နေပြီဆိုရင် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ခန္ဓာကိုယ်ကနေ ထုတ်ပေးပါတယ်။ ဒီဟော်မုန်းထွက်ရှိလာခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ ကိုယ်အလေးချိန်တက်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာမကြေခြင်း၊ ခေါင်းကိုက်ခြင်း အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဦးတည်လာစေပါတယ်။အနှိပ်ခံခြင်းဟာ သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကော်တီဇောဟော်မုန်းပမာဏကို လျှော့ချပေးတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်အနေနဲ့ ဖိစီးမှုမျိုးစုံကနေ အနားရသွားမှာဖြစ်တဲ့အတွက် စိတ်နဲ့ ခန္ဓာကို ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။(၂) စိတ်ခံစားမှုကောင်းစေခြင်း။အနှိပ်ခံခြင်းဟာ လတ်တလော စိတ်နဲ့ ခန္ဓာဖိစီးမှုတွေကို လျှော့ချပေးနိုင်ရုံသာမက ကာလကြာရှည်စွာ ပုံမှန်အနှိပ်ခံပေးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်ရဲ့ လှုပ်ရှားသွားလာလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အပြင် စိတ်ခံစားမှုကိုလည်း ကြည်လင်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။(၃) သွေးပေါင်ကျစေခြင်း။ပုံမှန်အနှိပ်ခံခြင်းအားဖြင့် သွေးပေါင်ကျစေတာကို တွေ့ရှိရပါတယ် (အပေါ်သွေးရော၊အောက်သွေးရောကိုပါ ကျစေတာပါ)။ ဒါ့အပြင် အထက်မှာပြောခဲ့တဲ့အတိုင်း အနှိပ်ခံခြင်းဟာ ကော်တီဇောဟော်မုန်းပမာဏကိုလည်း ကျဆင်းစေတဲ့အတွက် သွေးပေါင်ချိန်ကို ကျစေပြန်ပါတယ် (ကော်တီဇောက သွေးပေါင်တက်စေပါတယ်)။ပုံမှန်အနှိပ်ခံခြင်းဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ ရန်လိုဒေါသထွက်မှုတွေ၊ တင်းကျပ်မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သွေးပေါင်ကို ပုံမှန်အတိုင်းအတာထဲမှာ ထိန်းပေးထားခြင်းအားဖြင့် နှလုံးရောဂါ၊ ကျောက်ကပ်ပြဿနာနဲ့ လေဖြတ်ခြင်းအပါအဝင် အခြားသော ကျန်းမာရေးပြဿနာတွေကိုလည်း သွယ်ဝိုက်သောနည်းနဲ့ လျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။(၄) ကြွက်သားတွေကို ပျော့ပြောင်းစေခြင်း။အနှိပ်ခံခြင်းဟာ သင့်ခန္ဓာကိုယ်ကကြွက်သားတွေကို ပျော့ပြောင်းစေပါတယ်။ နှိပ်နယ်ပေးခြင်းကြောင့် မာတောင့်နေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေပြီး ခန္ဓာကိုယ်တခုလုံးလည်း ပိုမိုပေါ့ပါးလန်းဆန်းတာကြောင့် လှုပ်လို့ရှားလို့ ပိုကောင်းလာမှာဖြစ်ပါတယ်။ နှိပ်နယ်ခြင်းဟာ ကြွက်သားတွေဆီ သွေးအသွားအလာကိုလည်း ပိုမိုကောင်းမွန်စေတဲ့အတွက် အာဟာရဓာတ်နဲ့ အောက်ဆီဂျင်လုံလောက်စွာရရှိစေပါတယ်။ ဒါကြောင့် ကြွက်သားတွေဟာ သက်ဆိုင်ရာတာဝန်တွေကို ထိထိမိမိ ပေါ့ပေါ့ပါးပါး လုပ်ဆောင်လာနိုင်မှာပါ။အဆစ်အမြစ်နာကျင်ရောင်ရမ်းကိုက်ခဲနေသူတွေအဖို့လည်း အဆစ်တွေ ပျော့ပြောင်းပြီး လှုပ်ရှားရလွယ်ကူလာတဲ့အတွက် နာကျင်ခြင်းဝေဒနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် မာဆတ်လုပ်ပေးခြင်းအားဖြင့် အန်ဒေါ်ဖင်း လို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို သင့်ခန္ဓာကိုယ်ထဲကနေ ထွက်လာစေပြီး အဆိုပါဟော်မုန်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒိုပါမင်းနဲ့ ဆီရိုတိုနင် ဟော်မုန်းတွေရဲ့ ပမာဏကို များစေပြန်ပါတယ်။ ဒိုပါမင်းနဲ့ ဆီရိုတိုနင် ဟော်မုန်းတွေဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓာကို လန်းဆန်းကောင်းမွန်စေဖို့ အထောက်အကူပြုပါတယ်။(၅) သွေးလည်ပတ်မှု ကောင်းစေပါတယ်။နှိပ်နယ်ခြင်းဟာ သွေးအသွားအလာကို ကောင်းစေပါတယ်။ နှိပ်နယ်ခြင်းဖိအားကြောင့် ခန္ဓာကိုယ်ရဲ့ အချို့သော တစ်ရှူးနေရာတွေမှာ ဆို့နေတဲ့ အကြောတွေ၊သွေးကြောတွေကို ပွင့်သွားစေပြီး သွေးအသွားအလာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါဆိုရင် ကြွက်သားတွေထဲက မလိုလားအပ်တဲ့ အညစ်အကြေးဓာတ်ပစ္စည်းတွေကို အမြန်ဖယ်ရှားပစ်နိုင်ပြီးအာဟာရဓာတ်တွေ၊ အောက်ဆီဂျင်ဓာတ်တွေကို ပိုမိုရရှိလာမှာဖြစ်တဲ့အတွက် အလွန်အကျိုးထူးလှပါတယ်။(၆) တောင့်တင်းမာကျောမှုတွေ သက်သာစေခြင်း။ကျွန်တော်တို့တတွေဟာ ကွန်ပျူတာအကြည့်များကြတယ်၊ ဖုန်းအသုံးများကြတယ်၊ တီဗွီဆိုလည်း ကြည့်လိုက်ကြတာပါပဲ။ ဒီတော့ ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အာရုံစူးစိုက်မှုတွေ များလာတဲ့အခါ ဇက်ကြောတက်တာ၊ မျက်ရိုးကိုက်တာ အစရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတော့တယ်။ဒါ့အပြင် ကွန်ပြူတာရှေ့ထိုင်တဲ့အခါ ထိုင်တဲ့အနေအထားမမှန်တာ၊ ထိုင်ခုံနဲ့ စားပွဲအနေအထားမမှန်တာတွေကြောင့် ကျောတောင့်တာ၊ နာတာမျိုးတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။ ကြာလာတော့ ကြွက်သားတွေမှာ ဒဏ်ဖြစ်လာပြီး တောင့်တင်းလာ၊ နာကျင်လာပါတော့တယ်။ နှိပ်နယ်ခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် သင့်ရုံးနဲ့ အိမ်မှာ ခံစားခဲ့ရသမျှ ကြွက်သား၊ အဆစ်အမြစ်နဲ့ အကြောအခြင် တောင့်တင်းမာကျောမှုတွေကို သက်သာစေပါလိမ့်မယ်။အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေကတော့အနှိပ်ခံခြင်းအားဖြင့် ရရှိလာနိုင်တဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအကျိုးကျေးဇူးတွေကို သိသာထင်ရှားစွာရရှိဖို့နဲ့ ဆိုးကျိုးတွေဖြစ်ပေါ်မလာစေဖို့အတွက် အမှန်တကယ် တတ်ကျွမ်းနားလည်တဲ့ အနှိပ်ပညာရှင်တွေထံမှာ အနှိပ်ခံဖို့တော့ အထူးပဲလိုအပ်လှပါတယ်။ဒီလိုမှ မဟုတ်ရင် ‘ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ဆေးအတွက်လေး’ ဆိုသလို ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဘယ်အရာမဆို အခုလုပ်၊ အခုအကျိုးဖြစ်ထွန်းတာမျိုးမဟုတ်တဲ့အတွက် စိတ်ရှည်ရှည်ထားပြီး ပုံမှန်လေး အနှိပ်ခံဖို့လည်း လိုအပ်ပါသေးတယ်။ သင့်အားလပ်ရက်တွေ ဒါမှမဟုတ် စိတ်ဖိစီးနေတဲ့အချိန်တွေမှာ သာယာငြိမ့်ညောင်းတဲ့ တေးသံလေးနားဆင်ရင်း အနှိပ်ခံကာ အပန်းဖြေခြင်းအားဖြင့် စိတ်ရောကိုယ်ပါ ဖြေလျှော့လိုက်ပါ။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/massage-health-benefits/
အသားမစားဘဲ အသီးအရွက်ချည်းစားပြီး ဝိတ်ချတော့မယ်ဆို ဒါတွေသိထားဖို့လိုပါတယ် ။
အသားဟင်းတွေ ကကယ်လိုရီတွေ တက်လွန်းဆိုပြီးအသီးအရွက်တွေချည်းစားပြီးဝိတ်လျှော့ဖို့ စဉ်စားနေပါသလား။ အသီးအရွက်တွေစားက ကျန်းမာရေးအတွက် သင့်တော်တ,f ဆိုပေမယ့် နည်းလမ်းမမှန်တဲ့အခါ မဖြစ်သင့်တဲ့ ဗီတာမင် ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့သတ်သတ်လွတ်စားတဲ့သူတွေရော၊ အသီးအရွက်ချည်းပဲစားပြီး ဝိတ်ချဖို့ စဉ်းစားထားတဲ့သူတွေ ရော ခုပြောမယ့်အချက်လေးတွေကို သိသင့်တယ်နော်။ ။တစ်နေ့လုံး အသီးအရွက်ချည်းစားရုံနဲ့တော့ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အားအင်တွေ ပြည့်မှာ မဟုတ်ပါဘူး။ ဒီတော့ အားရှိဖို့အတွက် ကစီဓါတ်ကြွယ်ဝတဲ့ ထမင်း၊အာလူးကန်စွန်းဥတို့ စားပေးသင့်ပါတယ်။ တကယ်တော့ အသီးအရွက်တွေကရတဲ့ အမျှင်ဓါတ်ဆိုတာလည်း ကာဘိုဟိုက်ဒရိတ် တစ်မျိုးပါပဲ။ ဒါပေမယ့် ထမင်းမှာပါတဲ့ကစီဓါတ်ကိုကျ ကိုယ်ခန္ဓါက ဖြိုခွဲပေမယ့် အသီးအရွက်ကပါတဲံ အမျှင်ဓါတ်တွေကိုတော့ အစာခြေစနစ်အားကောင်းအောင် အတွက် သိမ်းထားလေ့ရှိပါတယ်။ လူတစ်ယောက်တစ်နေ့လိုအပ်တဲ့အမျှင်ဓါတ်တွေက အမျိုးသမီးတွေဆိုရင် တစ်နေ့ ၂၅ ဂရမ်လောက်ဖြစ်ပြီး အမျိုးသားတွေကတော့ တစ်နေ့ ၃၈ ဂရမ်လောက်စားပေးရမှာဖြစ်ပါတယ်။အသားကရတဲ့ ပရိုတင်းကို မစားဘူးဆိုရင်တော့ အသီးအရွက်တွေကရတဲ့ ပရိုတင်းကိုစားပေးဖို့လိုပါလိမ့်မယ်။ ပရိုတင်းဆိုတာ ကိုယ်ခန္ဓါအားအင်အတွက် လိုအပ်တဲ့ ဓါတ်တစ်မျိုးပဲလေ။ ပရိုတင်းဓါတ်ချို့တဲ့ရင် အားမရှိသလို ခံစားရတတ်တော့ ပရိုတင်းကြွယ်ဝတဲ့ ပဲ အမျိုးမျိုး၊ အစေ့အဆံတွေ၊ နဲ့ ကောက်ပဲ သီးနှံတို့ကို စားပေးပါ။ အသီးအရွက်တွေကနေထုတ်ထားတဲ့ ပရိုတင်းအမှုန့်တွေလည်း ရနေပြီဖြစ်တာကြောင့် အသီးအရွက်စားပြီး ဝိတ်ချချင်တဲ့သူတွေ အတွက် အဆင်ပြေတယ်နော်။အသီးအရွက်စားပြီးဝိတ်ချြခင်းရဲ့ ကောင်းကျိုးတစ်ချက်က မကောင်းတဲ့အဆီတွေဖြစ်တဲ့ ပြည့်ဝဆီနဲ့ trans fats တွေကို မစားသုံးမိစေတဲ့အပြင် ထောပတ်သီး၊ အစေ့အဆံတွေနဲ့ သံလွင်ဆီတို့ကနေရတဲ့ မပြည့်ဝဆီတို့ရဲ့ အာနိသင်ကြောင့် နှလုံကျန်းမာရေးကိုပါ အထူးကောင်းမွန်စေဦးမှာပါ။အသီးအရွက်ချည်းစားပြီး ဝိတ်ချမယ်ဆိုပေမယ့် ရှောင်သင့်တဲ့ အစားအစာတွေကိုပါ ရှောင်နိုင်မှ တကယ်ထိရောက်မှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲ။အသားတော့ရှောင်ပါရဲ့။အားလူးကြော်တို့ ကွတ်ကီးတို့ကို စွတ်စားနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဝိတ်ချတဲ့ ခရီးလမ်းမှာ ဘယ်မှ မရောက်ဘဲ ကြန့်ကြာနေပါလိမ့်မယ်လ။ဈေးကွက်ထဲက အသားအစားထိုး စားစရာတွေထဲမှာအငန်တွေ သကြားတွေ အလွန်အကဲ ထည့်ထားတာကြောင့် သူတို့ကလည်း ရှောင်သင့်တဲ့ အစားအစာတွေထဲပါပါတယ်။အချိုတွေမှာ ပါတဲ့ ဆော်ဒါနဲ့ သကြားတို့ဟာ ကိုယ်အလေးချိန်ကို တဟုန်ထိုးတက်လာစေခြင်းရဲ့ တရားခံတွေ ဖြစ်တာကြောင့် အသီးအရွက်ချည်းစားပြီး ဝိတ်လျှော့ပေမယ့် အချိုရည်တွေ စွတ်သောက်နေရင် တော်တော်နဲ့ ဝိတ်မကျတဲအ့ပြင် ထပ်တောင် တက်လာပါဦးမယ်။နောက်ပြီးသတ်သတ်လွတ်သမား။ အသီးအရွက်ချည်းပဲ စားတဲ့သူတွေ သထိထားသင့်တဲ့အချက်လည်းရှိပါသေးတယ်။ ဒါကတော့ အာဟာရ ချို့တဲ့မှုပါ။ ဘာတွေလဲဆိုတော့သံဓါတ်တို့၊ ဗီတာမင် b12 တို့၊ ကယ်လ်ဆီယမ်သတ္တုဓါတ်နဲ့ ပရိုတင်း ချို့တဲ့မှုတို့ပဲ ဖြစ်ပါတယ်။ ဒီတော့ဖြည့်စွက်အားဆေးလေးသောက်ပေးတာမျိုးနဲ့ အာဟာရချို့တဲ့မှုတွေကို ကာကွယ်ဖို့တော့ လိုပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/vegetable-diet/
ငယ်ငယ်သေးသေး အရွယ်လေးထဲက ရေကူးသင်ပေးခြင်းရဲ့ ကောင်းကျိုးများ။
You Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ ေမွးကင်းစကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေစွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့ မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။အကျိုးကျေးဇူးအကြောင်း အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက်၆ လကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာမဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ေဘဘီလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေကတော့။(၁ )ကလေးတွေက မေမေတို့ ဗိုက်ထဲမှာဆိုရေမြွှာရေတွေထဲ အမြဲ ကန်လိုက်၊ ခြေထောက်ဆန့်လိုက် နဲ့ ကူးနေကြတာမလား။ ။ ဒါပေမယ့် အပြင် ရောက်တော့ ခြေထောက်ကို အနှီးတွေနဲ့ထုတ်ထားတော့ ကန်တယ်ဆိုတာ ခြေထောက်ဆန့်တယ်ဆိုတာ ဘယ်လိုလဲဆိုတာ သူတို့မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ၆ လအရွယ်မှာ သူတို့ကို ရေကူးပြန်သင်ပေးလိုက်ရင် အသက်ကြီးမှ ရေကူးသင်တဲ့သူတွေထက်ပိုအတတ်မြန်ပါတယ်။(၂ )- ရေကန်ထဲမှာ ခေါင်းလေးပဲ ငြိမ်ပြီး အ ခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေက လှုပ်ရှားနေရတဲ့အတွက် ကလေးရဲ့ ကြွက်သား၊ အဆုတ်နဲ့ နှလုံးတို့ သန်မာစေဖို့ သူက အကူအညီပေးပါတယ်။( ၃ ) – ရေကူးခြင်းကြောင့် ကလေးရဲ့ စိတ်ပိုင်းနဲ့ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း အခြားသူတွေထက် မြန်တာကြောင့် အခြားကလေးတွေထက် သင်္ချာစွမ်းရည်နဲ့ ဘာသာစကားပိုင်းဆိုင်ရာတွေမှာ ပိုပြီး တော်လေ့ရှိပါတယ်။( ၄ ) –ရေကူးတယ်ဆိုတာ မိသားစုတစ်ခုလုံး ပါဝင်လို့ရတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် ကလေးနဲ့ မိသားစုကြား ရင်းနှီးမှုတွေပိုလာမှာ ဖြစ်ပါတယ်။( ၅ ) ေရကူးကန်ထဲမှာ ဟန်ချက်ညီအောင်ထိန်းရတာ မြေပြင်ပေါ်ခြေချရတာထက်ပိုခက်ပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲမှာ ဟန်ချက်ညီညီနဲ့ ကိုယ်ဖော့ပြီး မျောနေတတ်တဲ့ကလေးလေးတွေက အခြားရွယ်တူကလေးတွေထက်လမ်းလျှောက်ချိန် ဟန်ချက်ညီအောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။( ၆ ) ကလေးကို ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လူကြီးတွေတောင် ရေကူပြီးပြန်လာရင် တစ်ကိုယ်လုံး ညောင်းပြီး အိပ်လို့အရမ်းကောင်းတာ တစ်ချိန်လုံး အိပ်ချင်နေတဲ့ကလေးတွေဆိုပိုဆိုးတာပေါ့။ ကလေးများ ကောင်းကောင်းမအိပ်လို့ကတော့ ရေကူးသာသင်ပေးလိုက်။( ၇ ) အစားလည်းများများစားဝင်စေပါတယ် – ရေကူးချိန်ကယ်လိုရီတွေ လောင်ကျွမ်းသွားတာကြောင့် ဘေဘီလေးတို့ ဗိုက်ဆာနေကြမှာ ကျိန်းသေပါတယ်။ အဆော့မက်ပြီး အစားကြေးများတဲ့ကလေးတွေကို ဘယ်လိုမှ အစာကျွေးလို့မရရင် ရေကူးသာ သင်ပေးလိုက်။ ကိုယ်ကျွေးသမျှ လုံးဝကြေးများတော့မှာ မဟုတ်တော့ဘူးနော်။( ၈ ) ကလေးရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို တိုးတက်စေပါတယ်။ – ကလေးတွေကို ထိန်းသင့်တဲ့ နေရာရှိပေမယ့် တစ်ချို့နေရာတွေမှာ သူတို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပြီး လုပ်ခွင့်ပေးထားလို့ သူတို့လေးတွေ လုပ်နိုင်သွားတဲ့အခါ၊ တတ်မြောက်သွားတဲ့အခါ ရလာတဲ့ ကိုယ်ပိုင်ယုံကြည်မှုလောက် ဘယ်အရာမှ မချိုမြိန်ပါဘူး။( ၉ ) လောကကြီးမှာ မမြင်နိုင်တဲ့ အရာတွေက အများကြီးလေ။ အခန့်မသင့်လို့ ရေဘေးနဲ့ ကြုံလာတဲ့အခါမျိုးတွေမှာ ကိုယ့်ကလေးက ငယ်ငယ်လေးထဲရေကူးတတ်နေတော့ သူတို့ အသက်အန္တရယ်ဘေးကနေ စိတ်ချလို့ရတာပေါ့။ဘေဘီလေးတွေ အရွယ်တည်းက ရေကူးသင်တာ ကောင်းတာတွေများတယ်ဆိုပေမယ့် ကလေးရေမွန်းအောင် ၊ ရေမနစ်အောင် ဘေးကနေ သေချာ ဂရုစိုက်ပေးဖို့ကလည် း အရေးကြီးပါသေးတယ် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/swimming/
ကလေးထိန်း ပြီး ဝိတ်ချမလား
ခေါင်းစဉ်ကို ဖတ်ပြီးချိန်မှာ ဒေါင်းတောက်နေအောင် လျှောက်ပြေးနေမယ့်ရင်သွေးလေးတစ်ယောက်နောက်ကို ကလေးထိန်း ဖို့ အူလျားဖားလျားလျှောက်လိုက်နေရမယ့်မေမေတစ်ယောက်ကို ပြေးမြင်မိသွားကြမယ်ထင်ပါတယ်။ဒီကနေ့ခေတ်မှာ လူအတော်များများကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ကိုယ်အလေးချိန် မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာနဲ့ အစားအသောက်ကို စနစ်တကျ မှီဝဲစားသောက်မှုမရှိတာတွေက အဓိက အကြောင်းတရားတွေပါပဲ။ဒီလို လုပ်ဆောင်ချက် ၂ ခုလုံးကို တစ်ပြိုင်နက်တည်းပြင်ဆင်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ကလေးထိန်းတာပါပဲ။ ရင်သွေးတွေကို ထိန်းကျောင်းတာဟာ ကိုယ်လက်ကျန်းမာစေနိုင်တဲ့ နည်းနာတစ်ခုပါ။ စိတ်ပါလက်ပါနဲ့သာ အချိန်ပေးနိုင်မယ်ဆိုရင် ကိုယ်အလေးချိန်ပါ လျော့ကျစေနိုင်ပါတယ်။ပျမ်းမျှခြင်းအားဖြင့် သာမန်ကိုယ်ခန္ဓာမျိုးရှိတဲ့ မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကိုကယ်လိုရီ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါဟာ တစ်နေ့ကို ၂ မိုင်လောက် လမ်းလျှောက်တာနဲ့ ကယ်လိုရီလောင်ကျွမ်းမှုခြင်း အတူတူပါပဲ။ အချိန်ပြည့်ဂရုစိုက်ပြီး ကလေးနဲ့ တစ်သားတည်းကျနေအောင် ဆော့ကစားထိန်းကျောင်းတဲ့သူမျိုးဆိုရင် ဒီထက်ပိုတဲ့ အကျိုးကျေးဇူးမျိုး ရမှာဖြစ်ပါတယ်။ကလေးထိန်း တာက မေမေတွေ၊ ဖေဖေတွေ ကိုယ်အလေးချိန်ကျအောင် ကူညီနိုင်သလိုဘိုးဘိုးဘွားဘွားတွေကိုယ်လက် ကျန်းမာပျော်ရွှင်အောင်လည်း ကူညီနိုင်ပါတယ်။ ဘိုးဘိုးဘွားဘွားတွေ မြေးထိန်းကြတဲ့အခါ ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်၊ နေ့စဉ်ကျန်းမာတာတွေ စားဖြစ်အောင်လည်း အထောက်အကူဖြစ်စေပါတယ်တဲ့။ဘိုးဘိုးဘွားဘွားတွေပဲဖြစ်ဖြစ် ဖေဖေမေနေတွေပဲဖြစ် ရင်သွေးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာကို မမောနိုင် မပမ်းနိုင် စိတ်ကျေနပ်ဖွယ် တာဝန်ဝတ္တရားတစ်ခုအဖြစ် မှတ်ယူထားတတ်ကြတာမျိုးပါ။ ကိုယ်လက်လှုပ်ရှားပြီး ထိန်းကျောင်းနေရတတ်တာမျိုးလည်း ရှိတာမို့ တစ်ခါတလေ ပင်ပန်းတာမျိုးလည်း ရှိတန်သလောက်တော့ရှိတာပေါ့။ဒီလို ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ပဲ ကယ်လိုရီတွေ လောင်ကျွမ်းပြီး ကိုယ်အလေးချိန်လျော့ကျကာ ကျန်းမာစေတာဖြစ်ပါတယ်။ ဒါကြောင့် ပင်ပန်းတယ်ဆိုဦးတော့ ရင်သွေးလေးတွေကို မငြိုငြင်ပါနဲ့။ ဖေဖေ မေမေတို့ ဝိတ်မတက်အောင် သားသားမီးမီးလေးတွေက တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာမို့ပါ။ဒါပေမယ့်လည်း သုတေသနပြုချက်တွေအရဆိုရင် ရင်သွေးတွေ၊ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်တဲ့ အလေ့အထဟာ ကိုယ်အလေးချိန် ထိန်းချုပ်ရာမှာ အကျိုးပြုရုံတင်သာမက အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်လို့ သိလာရပါပြီ။ဒါတင်မကပါဘူး။ချစ်စဖွယ် တီတီတာတာ ရင်သွေးလေးတွေကို ထိန်းသိမ်းပြုစုတာဟာ ကျန်းမာရေးဆိုင်ရာ၊ ဘဝနေထိုင်မှုဆိုင်ရာ အကျိုးကျေးဇူးတွေ အမြောက်အများရစေရုံတင်မဟုတ်ပါဘူး၊သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် အဖော်မဲ့မှုနဲ့အထီးကျန်မှုကိုလည်း လျှော့ချပေးနိုင်တာမို့ စိတ်ရော ကိုယ်ပါ ကျန်းမာစေမယ့် နည်းလမ်းကောင်းတစ်ခုလို့ ဆိုရပါလိမ့်မယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/weight-loss-with-child-caring/
အယ်ဇိုင်းမားရှိသူ တစ်ယောက်ကို အိမ်မှာဘယ်လိုပြုစုမလဲ။
အယ်ဇိုင်းမားဆိုတာ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါပါ။ နာတာရှည်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။မှတ်ဉာဏ်ချို့ယွင်းနေတာက လွဲပြီး ကြီးကြီးမားမား နာမကျန်းဖြစ်တာမျိုး မဟုတ်တဲ့အတွက် အိမ်မှာပဲ ပြုစုပေးလို့ရပါတယ်။ ဒါပေမယ့် အယ်ဇိုင်းမားရှိသူ ရဲ့ နေ့စဉ်အလုပ်တွေ၊ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကို အစစအရာရာ ဂရုစိုက်ပေးရမှာဖြစ်တဲ့အတွက် ရေရှည်မှာ အဆင်ပြေဖို့ နည်းလမ်းလေးတွေ လိုအပ်ပါတယ်။စစချင်းမှာတော့ လူနာက သူ့ဟာသူ အလုပ်လုပ်နိုင်ဦးမှာပါ။ နောက်ပိုင်းမှာ သူ့ရဲ့မှတ်ဉာဏ်ထိခိုက်လာတာနဲ့အမျှ တစ်ကိုယ်ရည် အလုပ်တွေ လုပ်ဖို့တောင် အခက်အခဲ ရှိလာမှာပါ။ ဒါဆိုရင် ဘေးလူက ကူပေးရပါပြီ။အယ်ဇိုင်းမားရှိတဲ့ လူကြီးတွေကသတိမေ့တတ်တဲ့အတွက် သူတို့နဲ့ ပြောဆိုဆက်ဆံရတာ နည်းနည်းတော့ ခက်ခဲနိုင်ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း စိတ်မရှည်ဘဲ ဘေးကလူတွေကို ဒေါသထွက်တတ်ပါတယ်။ သူတို့က တစ်ခုခုပြောခါနီးရင် စကားလုံးတွေကို မေ့နေတဲ့အတွက် စကားပြောဖို့ ကြာနေတတ်ပါတယ်။ ဒါကို မသိထားဘူးဆိုရင် ပြုစုပေးတဲ့သူက စိတ်မရှည်ဘဲ အောာ်ဟစ်မိတတ်ပါတယ်။ဒါကြောင့် သူတို့နဲ့ ပြောဆိုဆက်တဲ့အခါ အဆင်ပြေစေဖို့။အယ်ဇိုင်းမားရှိတဲ့ လူကြီးတွေက သတိမကောင်းရုံက လွဲပြီး တခြားရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မရှိဘူးဆိုရင် လှုပ်လှုပ်ရှားရှားနေလို့ရပါတယ်။ အာဟာရပြည့်အောင်စားပြီး လှုပ်လှုပ်ရှားရှားနေတာက သူတို့အတွက် ပိုကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရောဂါပိုဆိုးလာရင်တော့ လုပ်ရတာ ခက်ပါတယ်။ ဒါဆိုရင်တော့။အိမ်မှာ အယ်ဇိုင်းမားရှိတဲ့ လူကြီးရှိတယ်ဆိုရင် သူတို့ အန္တရာယ်ကင်းဖို့ ဦးစားပေးရပါမယ်။ သူတို့ သွားရင်းလာရင်း ထိခိုက်မိနိုင်တာတွေကို ကြိုတင်ဖယ်ရှားထားရပါမယ်။ ဒါတွေကို သတိထားပါ။အယ်ဇိုင်းမားရောဂါက နာတာရှည်ရောဂါဖြစ်တဲ့အတွက် တစ်သက်လုံး ပြုစုစောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။အယ်ဇိုင်းမားရှိသူတစ်ယောက်ကို ပြုစုရတာက လွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ လူနာကိုလည်း အဆင်ပြေအောင် ပြုစုဖို့ လိုသလို ကိုယ့်ကိုယ်ကိုလည်း အချိန်ပေးပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/tips-for-caregiver-with-alzheimer-patient/
သကြားညိုနှင့် အသားအရေထိန်းသိမ်းခြင်း လျှို့ဝှက်ချက်
ကျွန်တော်တို့မြန်မာပြည်မှာတော့ သကြားညိုကို အသုံးပြုတာ ရှားပါတယ်။ သူက အချိုဓါတ်အရသာ ပေးစွမ်းပေမယ့် သကြားအဖြူလိုမျိုးဆီးချိုေရာဂါဖြစ်စေတဲ့အထိတော့ ဒုက္ခမပေးပါဘူး။ ဟင်းချက်တဲ့နေရာမှာရော၊ မုန့်ဖုတ်တဲ့နေရာမှာပါ အသုံးပြုလို့ရတဲ့ သကြားညိုဟာ အသားအရေထိန်းသိမ်းတဲ့ နေရာမှာလည်း သုံးလို့ရနိုင်တယ်ဆိုရင် စိတ်ဝင်စားကြမလား ပျိုမေတို့ရေ။၁။ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ခြစ်ထုတ်တဲ့နေရာမှာ သကြားညိုကို အသုံးပြုနိုင်ပါတယ်။ နူးညံ့အိစက်တဲ့ အထိအတွေ့လေးနဲ့ အစိုဓါတ်ပါထိန်းပေးလို့မျက်နှာကြေးချွတ်ြပီးသွားရင်တောင် အသားအရေကို ခြောက်သွားတာမျိုး မဖြစ်စေဘဲ အေးမြစိုပြေစေပါတယ်။၂။ ချွေးပေါက်ထဲမှတစ်ဆင့် အရေပြားအောက်အလွှာတွေအထိ အစိုဓါတ်နဲ့ရေဓါတ်ကို ဖြည့်ပေးလို့ အသားအရေမွဲခြောက်နေတာမျိုး မရှိဘဲ ကြည်ကြည်လေးနဲ့ သန့်နေစေပါတယ်။၃။ အမြဲတမ်း အသုံးပြုပေးမယ်ဆိုရင် နဂိုအသားအရေထက် ဝင်းမွတ်တောက်ပလာပြီး နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတဲ့ဒဏ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။၄။ဝက်ခြံ၊ အဖုအပိမ့်၊ အမာရွတ်တွေကိုလည်း သက်သာပျောက်ကင်းစေတယ်။ ဘက်တီးရီးယားပိုးကိုလည်း သေစေလို့ အရေပြားပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။၅။ ခန္ဓါကိုယ်ရဲ့ မယ်လနင်ထုတ်လုပ်နှုန်းကို ထိန်းညှိပေးလို့ အသားမည်းသွားတာ၊ မွဲခြောက်ခြောက်နဲ့ ကြမ်းနေတာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ အရေးအကြောင်းထင်တာတွေကို ကာကွယ်ပေးပါတယ်။၆။ ဘယ်လိုအသားအရေမျိုးအတွက် မဆို အဆင်ပြေစေပြီး အရမ်းလည်း မကြမ်းတာမို့ သုံးပြီးတာနဲ့ အသားအရေပွန်းပဲ့မှာ၊ ဓါတ်မတည့်ဖြစ်မှာကို ပူစရာမလိုပါဘူး။၁။ပျားရည်နဲ့ သကြားညိုကို ဆတူရောစပ်ပြီး သမအောင် မွှေပေးပါ။ လာဗင်ဒါ သို့မဟုတ် စံပါယ်ပန်းအဆီအနှစ် နည်းနည်းလောက် ထပ်ရောပြီးရင် ရလာတဲ့ အနှစ်ကို မျက်နှာ၊ လည်ပင်းနေရာအနှံ့ကို သုတ်လိမ်းပြီး သကြားတွေ အရေပြားပေါ်မှာ အရည်ပျော်သွားတဲ့အထိ နှိပ်နယ်ပေးပါ။ ၅မိနစ်လောက်ထားပြီးသွားရင် ရေကျက်နွေးနဲ့ ပြောင်စင်အောင် ဆေးလိုက်ပါ။၂။ သကြားညိုထဲကို အုန်းဆီလိုသလောက်ထည့်ပြီး သမအောင်မွှေပေးပါ။ စေးပျစ်ပျစ် အနှစ်မျိုးရလာပြီဆိုရင် အရေပြားအနှံ့ကို သေချာပွတ်လိမ်းပေးပါ။ ဝက်ခြံ၊ အဖုအပိမ့်တွေရှိရင်တော့ ဖြည်းဖြည်းချင်း စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေးရပါမယ်။ ပြီးသွားပြီဆိုရင် ရေကျက်နွေးနဲ့ ပြန်ဆေးချလိုက်ပါ။ အုန်းဆီအစား သံလွင်ဆီ၊ အော်လ်မွန်စေ့အဆီကို အသုံးပြုလို့လည်း ရပါတယ်။၃။ အသားအရေအတွက် နတ်ဆေးတစ်ပါးလို့ခေါ်တဲ့ရှားစောင်းလက်ပပ်မှရတဲ့ အနှစ်ကို သကြားညိုရောပြီး အသုံးပြုလို့လည်း အဆင်ပြေပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပျားရည်၊ နွားနို့၊ သံပရာရည်နဲ့လည်း ရောမွှေပြီး လိမ်းလို့အဆင်ပြေပါတယ်။ဒီနည်းလမ်းတွေကို တစ်ပတ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်လုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ နေ့တိုင်းလိုလို လုပ်တာထက် နှစ်ရက်ခြား တစ်ခါလောက် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒီကိုယ်တိုင်လုပ် Scrub လေးတွေ အသုံးပြုပြီးသွားရင် အသားအရေကို အစိုဓါတ်ထိန်းခရင်မ်နဲ့ ပြန်လိမ်းပေးနိုင်ရင်တော့ အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကောင်းကို ပိုင်ဆိုင်ရမှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%81%be%e1%80%80%e1%80%ac%e1%80%b8%e1%80%8a%e1%80%ad%e1%80%b3%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%91%e1%80%ad/
ဝက်ခြံရှိသူလေးတွေလုပ်ပေးသင့်တဲ့ ယောဂပို့စ်
မျက်နှာလှလှလေးပိုင်ဆိုင်ချင်ပေမယ့်ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတဲ့ Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိလား။ ဝက်ခြံကတော်တော်များများခံစားနေရတဲ့အရေပြားပြဿနာတစ်ခုဖြစ်သလိုအလှအပကိုရော ယုံကြည်မှုကိုပါထိခိုက်စေနိုင်တဲ့အရာတစ်ခုပေါ့။ဆေးတွေသောက်တယ်၊ Skincareတွေအမျိုးမျိုးသုံးပေမယ့် ဝက်ခြံကမသက်သာဘူးဆိုရင်တော့ ဒီယောဂပို့စ်လေးတွေကိုလေ့ကျင့်ကြည့်စေချင်ပါတယ်နော်။ဝက်ခြံကိုဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ယောဂလုပ်ပေးတာကခန္ဓါကိုယ်ကိုသွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးသလို ဝက်ခြံကင်းပြီးအသားအရေကိုလည်း ကြည်လင်စေနိုင်ပါတယ်။ဒီပို့စ်လေးလုပ်တော့မယ်ဆိုရင် ခန္ဓါကိုယ်ကိုဖြောင့်ဖြောင့်လေးရပ်ပါ။ လက်နှစ်ဖက်ကို တင်ပါးပေါ်ကိုထောက်လို့ အသက်ကိုဝအောင်ရှုသွင်းလိုက်ပါ။ပြီးရင် အသက်ရှုထုတ်ရင်း ခန္ဓါကိုယ်ကို အရှေ့ပိုင်းကိုဖြည်းဖြည်းချင်းကိုင်းချပေးပါ။ လက်နှစ်ဖက်ကိုခြေထောက်အနောက်ဘက်ထိသိုင်းပြီး ပိုက်ထားပေးပါ။ မျက်နှာကိုဒူးနှစ်ဖက်ဆီကို ကပ်နိုင်သမျှကပ်ပေးပါ။ပြီးရင်ဖြည်းဖြည်းချင်းပြန်ပြီး ပုံမှန်အနေအထားအတိုင်းပြန်နေပေးပါ။Legs Up on the Wall Pose။ဒီပို့စ်ကိုပုံမှန်လုပ်ပေးတာက သွေးစီးဆင်းမှုကောင်းစေသလိုမျက်နှာဆီကိုလည်းအောက်ဆီဂျင်ပိုမိုရောက်ရှိစေမှာပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီးfree radicalsတွေကြောင့် အသားအရေပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နံရံတစ်ခုရှေ့မှာ နံရံကိုမျက်နှာမူပြီးထိုင်လိုက်ပါ။ပြီးရင်ကြမ်းပြင်ပေါ်ကိုကျောကိုဖြည်းဖြည်းချင်းချပြီးခြေထောက်နှစ်ချောင်းကို နံရံကို ကပ်လို့ အပေါ်ကို မတ်မတ်လေးမြှောက်ပေးပါ။ လက်နှစ်ဖက်ကိုဘေးဘက်ကို ခပ်တန်းတန်းဆန့်ထုတ်ပေးပါ။မျက်လုံးကိုမှိတ်လို့ အသက်မှန်မှန်ရှုပေးပါ။Cobra Pose။အသက်ရှုတာကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်တဲ့ယောဂပို့စ်တစ်ခုပါ။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဟော်မုန်းတွေကို ထိန်းညှိပေးပြီးနေလောင်တာ၊အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာ၊ ဝက်ခြံဖြစ်တာအပါအဝင် အရေပြားပြဿနာတော်တော်များများကို ထိထိရောက်ရောက်သက်သာစေနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာမှောက်လျက်အနေအထားနဲ့နေပါ။ခြေထောက်တွေကို ဆန့်ထုတ်ထားပါ။ လက်မောင်းကိုအားပြုလို့ ခန္ဓါကိုယ်အပေါ်ပိုင်းကို အပေါ်ကို ဆန့်ထုတ်ပေးပါ။ ခန္ဓါကိုယ်ကို အပေါ်ကို ဆန့်ထုတ်ချိန်မှာ အသက်ကိုရှုသွင်းလို့ ခန္ဓါကိုယ်ကို ကြမ်းပြင်နဲ့ပြန်ထိချိန်မှာ ရှုထုတ်ပေးပါ။Head-to-Knee Pose။ဒီပို့စ်က ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိပေးပါ။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ မျက်နှာကြွက်သားတွေဆီကိုသွေးနဲ့အောက်ဆီဂျင်ရောက်ရှိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကြမ်းပြင်ပေါ်မှာခြေထောက်နှစ်ချောင်းကို ဆန့်လို့ ခါးမတ်မတ်လေးထိုင်ပေးပါ။ ဘယ်ဘက်ခြေထောက်တစ်ဖက်ကို ဒူးကွေးပြီး ညာဘက်ပေါင်ကိုခြေဖဝါးနဲ့ထိပေးပါ။ ပြီးရင်ခြေဖျားကိုလက်နှစ်ဖက်ကိုင်ပြီး ဦးခေါင်းကို ဒူးနဲ့ထိအောင် ကိုင်းညွှတ်ပေးပါ။ ၈ စက္ကန့် ကနေ ၁၀ စက္ကန့်အထိထားပေးပြီးနောက်တစ်ဖက်ကိုလည်း အလားတူလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်နေစဉ်မှာ အသက်မှန်မှန်ရှုဖို့လည်း မမေ့ပါနဲ့။Shoulder Stand Pose။ဒီပို့စ်က လည်ပင်း၊ပခုံးနဲ့ ဦးခေါင်းအနောက်ပိုင်းမှာ အဓိကအားပြုရတဲ့ယောဂပို့စ်တစ်ခုပါ။သွေးစီးဆင်းမှုကိုကောင်းစေနိုင်ပြီး မျက်နှာကြွက်သားတွေဆီအောက်ဆီဂျင်နဲ့သွေးရောက်ရှိမှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ကြမ်းပြင်ပေါ်မှာ လှဲလိုက်ပါ။ပြီးရင်ခြေထောက်ကို အပေါ်ကိုထောင့်မှန်အနေအထားမြှောက်ပေးပါ။ ခါးကိုလက်နဲ့ထောက်ထားပေးပါ။ ဒီပို့စ်ကို ၁၀ စက္ကန့်လောက်အထိထိန်းထားပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%9b%e1%80%bd%e1%80%ad%e1%80%9e%e1%80%b0%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%b1/
ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝအတွက် အစားအသောက် (၇)မျိုး။
ကျန်းမာခြင်းအစ အစားအသောက်က ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် နေ့တိုင်း အစာစားပေးနေဖို့လိုပါတယ်။ ဒီလို အသက်ရှင်နေထိုင်တယ်ဆိုတဲ့နေရာမှာ ကျန်းမာတဲ့ ဘဝကို ပိုင်ချင်လား၊ နေထိုင်မကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ရမလားဆိုတာကတော့ ကိုယ်ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေ အပေါ်မှာ မူတည်နေပါတယ်။ နေမကောင်းဖြစ်ချင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီတော့ ကိုယ်နေ့စဉ် စားနေတဲ့ ဘယ်အစားအစာတွေကကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတာလဲ ။ ဘယ်လိုအစားအစာတွေကို ဦးစားပေးစားရမလဲ ဆိုတာကို သိထားရင် တကယ်ကို ဒေါင်ဒေါင်မြည်တဲ့ ကျန်းမာရေးတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာတွေ စားရမလဲ ။ ။ငါး –ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးလူမျိုးတွေ နေထိုင်တဲ့ ဂျပန်နိုင်ငံဟာ ငါးကို အဓိကထား စားသုံးတဲ့ နိုင်ငံတစ်ခုပါ။ ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ပရိုတင်းဓါတ်တွေ အပြင်အိုမီဂါ ၃အဆီဓါတ်လည်း ကြွယ်ဝတာကြောင့် ငါးဆိုတာ နေ့စဉ်စားပေးသင့်တဲ့ အစားအစာတစ်ခုဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ဒိန်ချဉ်–ကယ်လ်ဆီယမ်ဆိုတာ အရိုးနဲ့ သွားတွေ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကြွက်သားတွေ အားကောင်းစေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုပါ။ အသက်ကြီးလာချိန်မှာ အရိုးသန်စွမ်းမှု အားနည်းနေတာမျိုး မဖြစ်ချင်ရင်တော့ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေ များများစားပေးဖို့လိုပါတယ်။ဒိန်ချဉ်ဟာ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေထဲက နာမည်အကြီးဆုံးတစ်ခုဖြစ်ပါတယ်။ချော့ကလက်–မကြိုက်တဲ့သူရှားလှတဲ့ ဒီနာမည်ကြီး အစားအသောက်လေးဟာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ flavanols တွေလည်း အများကြီးပါဝင်တာကြောင့် ချော့ကလက်ဟာ သွေးတိုးရောဂါ၊ဆီးချိုရောဂါနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ချော့ကလက်ကြိုက်တတ်တဲ့သူတွေ အတွက် ဝမ်းသာစရာ သတင်းတစ်ခုနော်။ နို့ချောကလက်ထက်စာရင် အနက်ရောင် ချော့ကလက်က ပိုပြီး ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။အစေ့အဆံတွေ –မပြည့်ဝဆီဆိုတာ ကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုတဲ့ဆီတစ်မျိုးဖြစ်ပါတယ်။ ကိုယ်နေ့စဉ် ဟင်းချက်နေတဲ့ဆီတွေထဲမှာ အများဆုံးပါတာ ကျန်းမာရေးကို ဆိုးကျိုးပေးနိုင်တဲ့ ပြည့်ဝဆီတွေ ဖြစ်နေတာကြောင့် မပြည့်ဝဆီတွေကို ပြန်စားပေးဖို့ လိုအပ်ပါတယ်။ မပြည့်ဝဆီတွေ ကြွယ်ဝတဲ့ အစားအသောက်ဆိုရင်တော့ အစေ့အဆံတွေကိုသာ သတိရလိုက်ပါ.သစ်ကြားသီး၊ သစ်အယ်သီး နဲ့ ဗန်ဒါစေ့၊ တို့မှာ မပြည့်ဝဆီတွေ ကြွယ်ဝတဲ့အပြင် ဓါတ်တိုးဆန့်ကျင်ပေးတဲ့ ပစ္စည်းတွေလည်းပါတာကြောင့် အိုမင်းရင့်ခြင်းကိုလည်း သူတို့က အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။သံလွင်ဆီ–ဟင်းချက်ဆီတွေထဲမှာ သံလွင်ဆီကသာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အရာတစ်ခုပါ။ သူ့မှာမပြည့်ဝဆီတွေ အများကြီးပါဝင်လို့ နှလုံးရောဂါ နဲ့ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးဦးမှာပါ။ ဒါပေမယ့် သံလွင်ဆီရဲ့ကယ်လိုရီပမာဏက များနေတာကြောင့် တစ်နေ့ကို စားပွဲတင်ဇွန်း ၂ ဇွန်းလောက်သာ စားပေးသင့်ပါတယ်။ဥ အမျိုးမျိုး –အလွယ်တကူ ဝယ်ယူလို့ရပြီး ဈေးလည်းသက်သာအာဟာရဓါတ်တွေလည်း အများကြီးကြွယ်တဲ့ အစားအသောက်ဆို ဥ တွေကိုသာ အရင်ဆုံး ညွှန်ပြရပါလိမ့်မယ်။ ဦးနှောက်နဲ့ အာရုံကြောအတွက် အဓိက လိုအပ်တဲ့ ဗီတာမင် B အပြင် အခြားပရိုတင်း၊ အမိုင်နိုအက်ဆစ် တွေလည်း အများကြီးပါဝင်တာကြောင့် အရွယ်သေးပေးမယ့် အစွမ်းမသေးတဲ့ ဥ လေးတွေပါ။ဘလူးဘယ်ရီသီး – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။ ဘလူးဘယ်ရီကို ပွဲလယ်တင့်နေအောင် လုပ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း anthocyanin ဟာ သင့်အသားအရေကို လည်း အများကြားမှာထင်ပေါ်စေမှာပါ။ ပတ်ဝန်းကျင်ကြောင့်၊စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ အသားအရေ အိုမင်းရင့်ရော်လာခြင်းကို တားဆီးပေးနိုင်တာ သူ့လောက်ကောင်းမယ့်သူ မရှိတော့ပါဘူး။ကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာကိုတိုက်ထုတ်ပေးနိုင်တဲ့ ဒီ စူပါ အစားအစာ ၇ မျိုးဟာ သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ သင့်ကို ကူညီပေးမှာ အသေအချာပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/food/
ဆေးလိပ်ငွေ့ နဲ့ ဘေဘီလေးကျန်းမာရေး
ဘေဘီလေးတွေက နုနယ်လွန်းတဲ့အရွယ်ဆိုတာကို ပြောပြနေစရာမလိုအောင် လူတိုင်း သိထားပြီးဖြစ်မှာပါ။ နုနယ်တဲ့ဘေဘီလေးတွေက အထိအခိုက်ခံနိုင်စွမ်းကလည်း တော်တော်လေးနည်းကြပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေချင်တယ်ဆိုရင်ကိုယ်ဝန်ဆောင်ထားချိန်မှာကတည်းက သတိထားရမယ့် အချက်လေးရှိပါတယ်။ ဒါကတော့တဆင့်ခံဆေးလိပ်ငွေ့နဲ့ ထိတွေ့မှုမရှိအောင်နေတာပါပဲ။စီးကရက်ကို မီးညှိထားတာကြောင့်ထွက်လာတဲ့ အငွေ့နဲ့ ဆေးလိပ်သောက်သူက ရှုထုတ်လိုက်တဲ့ အငွေ့တွေပေါင်းစပ်ပြီး တဆင့်ခံဆေးလိပ်ငွေ့ဖြစ်လာရပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်းအမျိုးပေါင်း ၇၀၀၀ ကျော်ပါဝင်နေပြီး ဒီဓါတုပစ္စည်းတွေထဲက ရာပေါင်းများစွာက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး အမျိုးပေါင်း ၇၀ လောက်ကကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒီအငွေ့တွေဟာ လေထုထဲမှာ ၄ နာရီလောက်ထိရှိနေနိုင်ပြီး စက္ကန့်တိုင်း မိနစ်တိုင်းမှာ ကျန်းမာရေးကို ဒုက္ခပေးနေပါတယ်။ဘေဘီလေးက တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ။ဘေဘီလေးအနေနဲ့ တဆင့်ခံဆေးလိပ်ငွေ့ကို ထိတွေ့မိတဲ့အခါ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှုရှိုက်မိတာကြောင့်။နေရာတိုင်းမှာ တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်တယ်ဆိုပေမယ့် ဘေဘီလေးကို တဆင့်ခံဆေးလိပ်ငွေ့အများဆုံး ထိတွေ့မိနိုင်ခြေအများဆုံးရှိတဲ့ နေရာတွေကတော့။ဘေဘီလေးကို တဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မိနိုင်ခြေ လျှော့ချနိုင်စေဖို့ဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။ကဲ…ဘေဘီလေးကျန်းမာပျော်ရွှင်ဖို့ တဆင့်ခံဆေးလိပ်ငွေ့ အန္တရာယ်ကနေ ကာကွယ်လိုက်ကြစို့လား……………..။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%86%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%84%e1%80%bd%e1%80%b1%e1%80%b7-%e1%80%94%e1%80%b2%e1%80%b7-%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%80/
လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ။ ။
လိပ်ခေါင်းထွက်တယ်ဆိုတဲ့ ပြဿနာဟာ တစ်ကယ်ကို နေရထိုင်ရ ခက်ပြီး သက်တောင့်သက်တာ မရှိစေတဲ့ ရောဂါတစ်ခုပါ။လိပ်ခေါင်းထွက်ရတဲ့ အကြောင်းအရင်းကတော့ အားလုံးသိကြတဲ့အတိုင်း ဝမ်းချုပ်တာကြောင့် အများအားဖြင့် ဖြစ်ရတာပါ။ ဒီတော့ဝမ်းချုပ်စေတဲ့ အကြောင်းအရာ အာလုံးဟာ လိပ်ခေါင်းထွက်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အစားအသောက်က အရေးကြီးဆုံးပါ။ဝမ်းမှန်စေတဲ့ စားသောက်မှုပုံစံမျိုး ကိုယ့်မှာ မရှိတာကြောင့် ဝမ်းချုပ်သွားခဲ့ရင် လိပ်ခေါင်းအပြင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ရောဂါတွေက အများကြီးပါ။ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အရေးကြီးသလို လိပ်ခေါင်းဖြစ်နေတဲ့သူတွေမှာလည်း ဖြစ်နေတဲ့ လိပ်ခေါင်းပိုဆိုး မသွားအောင် ရှောင်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ကဖင်းပါတဲ့ အစားအသောက်တွေ–ကော်ဖီတို့ လက်ဖက်ရည်တို့၊ အားဖြည့်အချိုရည်တို့မှာပါတဲ့ကဖင်းဓာတ်ဟာ ဝမ်းချုပ်စေပြီး ဝမ်းကိုခြောက်စေတဲ့ အာနိသင်ရှိတာကြောင့် လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတတ်ပါတယ်။တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ– တာရှည်ခံအောင် လုပ်ထားတဲ့ အသားတွေ၊ ငါးတွေ၊ အသင့်စား အစားအစာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက သင့်အစာခြေစနစ်ပို ပိုဆိုးသွားအောင်လုပ်တဲ့ အရာတွေ ဖြစ်လို့ ဒီလို အစားအသောက်တွေကို လိပ်ခေါင်းဖြစ်နေတဲ့ သူတိုင်းရှောင်သင့်ပါတယ်။ဖုတ်ထားတဲ့ မုန့်တွေ– ကိတ်မုန့် ပေါင်မုန့်တို့လိုမျိုး သကြားတွေ ၊ ဂျုံမှုန့်တွေနဲ့ ဖုတ်ထားတဲ့ မုန့်တွေမှာအမျှင်ဓါတ်ပါဝင်မှုက သုညဖြစ်လို့ ဝမ်းပိုချုပ်စေပြီး လိပ်ခေါင်းကိုပိုးဆိုးစေမှာပါ။နို့နဲ့နို့ထွက်ပစ္စည်းတွေ– နို့နဲ့နို့ထွက်ပစ္စည်းတွေက လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတာတော့မဟုတ်ပေမယ့် အဆီမထုတ်ထားတဲ့ နို့တွေကတော့ ဝမ်းချုပ်ခြင်းကို ပိုဆိုးစေမှာပါ။ဆီကြော်မုန့်တွေ– ဆီကြော်မုန့်တွေကို အစာအိမ်က ချေဖျက်ရခက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေနိုင်သလို အမျှင်ဓာတ်ပါဝင်မှုလည်း နည်းတဲ့အတွက် ဝမ်းချုပ်စေပြီး လိပ်ခေါင်းရောဂါကို ပိုဆိုးစေပါတယ်။အစပ်များတဲ့ အစားအသောက်တွေ– ပူစပ်လွန်းတဲ့ အစားအစာတွေ စားပြီးနောက်သွားတဲ့ ဝမ်းဟာလည်း ပူနေတတ်တာကြောင့် နဂိုတည်းကမှ သူ့ဟာသူနေရင်တောင် နာနေတဲ့ လိပ်ခေါင်း ပိုနာသွားတတ်ပါတယ်။သံဓာတ်ဖြည့်အားဆေး– သံဓာတ်ဖြည့်အားဆေးတွေဟာ ဝမ်းချုပ်စေတတ်တာကြောင့် လိပ်ခေါင်းရှိနေတဲ့သူတွေ သံဓာတ်ဖြည့်အားဆေး သောက်မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။အစားအသောက်တွေနဲ့တင် မပြီးသေးပါဘူး။ လိပ်ခေါင်းရှိသူတွေ လိုက်နာရမယ့် အချို့အချက်တွေ ကျန်ပါသေးတယ်။အလေးအပင်မ ရင် သတိထားပါ။အလေးအပင်မ ရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။အောင့်မထားပါနဲ့။အန္တရာယ်မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေအောင့်ထားရင်ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန်အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကို အားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင်အောင့်မထားပါနဲ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/piles/
Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း
Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း အကြောင်းလေး ကြားဖူးကြပါသလား! မသိသေးဘူးဆိုရင်တော့ တူတူ ဖတ်လိုက်ရအောင်နော်။“မျက်စိမှိတ်ထားသော်ငြား သူ့အရိပ်ထင်နေတာ။နှလုံးသားကို နားဆင်ငြား စကားတွေပြောနေလိုက်တာ” ဆိုတဲ့ အလှရဲ့သစ္စာတရား သီချင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ သီချင်းလေးထဲကမျက်စိလေးကို မှိတ်လိုက်ချိန်မှာချစ်သူရဲ့ပုံရိပ်တွေမြင်ယောင်နေတယ်ဆိုတဲ့အကြောင်း ရေးဖွဲ့ထားတာလေးက ကြည်နူးစရာ။ဒါဆို သင်လည်း မျက်လုံးကို မှိတ်ကြည့်လိုက်ပါ။ ပြီးရင် တစ်စုံတစ်ခုကို စိတ်ကူးပုံဖော်ကြည့်ပါ။ ချစ်ရသူကိုပဲ ဖြစ်ဖြစ်ပေါ့။ လူသားတွေရဲ့မှတ်ဉာဏ်ဟာ မျက်လုံးမှိတ်ထားချိန်မှာတောင် ပုံရိပ်တွေ ခံစားပုံပေါ်လာအောင် ဖန်တီးပေးနိုင်ပါတယ်။ ဒါပေမယ့် သင်မြင်ယောင်ချင်တဲ့ တစ်စုံတစ်ရာက သင့်စိတ်ထဲမှာ ပုံသဏ္ဍာန်ပေါ်နေရဲ့လား။သင့်ချစ်သူပုံရိပ် ပေါ်မလာဘူးဆိုရင်တော့ သင့်မှာ ပြဿနာရှိနေပါပြီ။ သင့်ချစ်သူရဲ့ စိတ်ဆိုးမှုတင်မဟုတ်ပါဘူး။အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုကိုပါ ရင်ဆိုင်နေရတာပါ။လူတိုင်းက စိတ်ကူးထဲမှာ ပုံရိပ်ဖော်နိုင်စွမ်းမရှိပါဘူး။ လေ့လာချက်တွေအရ လူတိုင်း ခုလိုမျိုး စိတ်ထဲမှာ စိတ်ကူးပုံဖော်နိုင်စွမ်းမရှိကြဘူးလို့ သိလာရပါတယ်။ ဒီအဖြစ်အပျက်တွေကို စတင်တွေ့ရှိခဲ့တာက ၁၈၈၀ ခုနှစ်ကတည်းကပါ။ ဒါပေမယ့် ပိုပြီးတွင်တွင်ကျယ်ကျယ်သိလာရတာကတော့ ၂၀၁၀ ခုနှစ်မှလို့ ဆိုရပါလိမ့်မယ်။၂၀၁၅ ခုနှစ်မှာတော့ ရောဂါတစ်ခုအဖြစ် လက်ခံလာကြပြီး နာမည်လည်းမှည့်ခေါ်ခဲ့ကြပါတယ်။ Aphantasia တဲ့။Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း ဆိုတာက လူသိနည်းလှတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ဦးနှောက်အာရုံကြောနဲ့သက်ဆိုင်ပေမယ့် စိတ်ကျန်းမာရေးပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။သူ့ရဲ့ နာမည်ကလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ ဂရိဘာသာစကားဖြစ်တဲ့ စိတ်ကူးပုံဖော်ခြင်းဆိုတဲ့ Phantasia ကို A ထပ်ပေါင်းပြီး Aphantasia လို့ မှည့်ခေါ်ထားတာပါ။ မှဆင်းသက်လာခြင်းဖြစ်ပြီး စိတ်ကူးပုံရိပ်ဖော်နိုင်စွမ်း မရှိခြင်းပေါ့။Aphantasia ရှိနေသူတွေဟာ ကိုယ့်ရဲ့စိတ်ကူးထဲမှာ ဘယ်လိုအရာကိုမှ မြင်နိုင်စွမ်းမရှိပဲ ဗလာကင်းမဲ့နေတတ်တာမျိုးပါ။ စိတ်ကူးထဲမှာ အရာဝတ္ထုပစ္စည်း၊ နေရာဒေသ၊ လူပုံရိပ်တွေကို အကောင်အထည်ဖော်နိုင်စွမ်း၊ မြင်နိုင်စွမ်းလုံးဝရှိနေမှာ မဟုတ်ပါဘူး။ဥပမာ ကိုယ့်လက်ထဲမှာဖုန်းတစ်လုံးကိုင်ထားတယ်ဆိုပါစို့။ မျက်လုံးမှိတ်ကြည့်ပြီး ပြန်မြင်ယောင်ကြည့်ပါ။ သင့်အမြင်အာရုံက မှောင်မဲနေတာကိုပဲ မြင်ရပါလိမ့်မယ်။ စိတ်ကူးရှိသလို အသွင်သဏ္ဍာန်မျိုးစုံ ပုံပေါ်ကြည့်နိုင်ဖို့ဝေးစွာ မူလကြည့်လိုက်တဲ့ ပုံစံအတိုင်းတောင် မမြင်နိုင်တာပါ။Aphantasia ဝေဒနာက မှတ်ဉာဏ်ချို့တဲ့တာမျိုးမဟုတ်ပါဘူး။ ဦးနှောက်ရဲ့ ပုံရိပ်ဖော်လုပ်ဆောင်ချက်တွေ ကောင်းကောင်းအလုပ်မလုပ်တာပါ။ ဒီဝေဒနာကို ကြီးလာမှကြုံရတာမျိုးရှိသလို တစ်ချို့တွေဆိုရင်မွေးရာပါအနေနဲ့ ကြုံရတတ်ပါတယ်။ ကြီးလာမှကြုံရတာတွေကတော့ ခွဲစိတ်မှုတွေနဲ့ ပတ်သက်နေတတ်ပါတယ်။ပုံမှန်အားဖြင့် Aphantasia လူနာတွေရဲ့ ဦးနှောက်ဟာ သာမန်လူတွေနဲ့ တူညီပေမယ့်MRIရိုက်ပြီး စစ်ဆေးကြည့်ရာမှာတော့ တစ်စုံတစ်ခုကို ပုံရိပ်ဖော်ဖို့ ကြိုးစားချိန်တွေမှာ ဦးနှောက် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းတို့ရဲ့ လှိုင်းရွေ့လျားမှုပုံစံတွေဟာ သာမန်ကျန်းမာသူတွေနဲ့ တူညီခြင်းမရှိပါဘူး။ဒီဘက်ခေတ်လေ့လာချက်တွေအရ ထပ်ပြီးသိလာရတာကတော့ ဒီကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရသူတွေဟာ ပုံမှန်အချိန်မှာ မှတ်ဉာဏ်ကို ပြန်ပြီး ပုံရိပ်ဖော်ဖို့ ခက်ခဲနေကြပေမယ့် အိပ်ပျော်နေစဉ် အိပ်မက် မက်စဉ်မှာတော့ ပုံရိပ်တွေ မြင်ယောင်နိုင်တယ်ဆိုတာပါပဲ။Aphantasia ဖြစ်လာရတဲ့ အကြောင်းအရင်းကို ယနေ့အချိန်အထိ တိတိကျကျမသိရသေးသလို ကုသနိုင်တဲ့ ကုထုံးနည်းလမ်းတွေလည်း မရှိသေးပါဘူး။ နေ့စဉ် လူနေမှုဘဝထဲက လုပ်ငန်းဆောင်တာတွေကို ကြီးကြီးမားမားထိခိုက်တာမျိုးမဖြစ်စေပေမယ့် လူမှုဆက်ဆံရေးမှာ တစ်ခါတစ်ရံတော့ အခက်ကြုံရတာမျိုး ဖြစ်ရတတ်ပါတယ်။နောက်ပြီး မိမိမှာ ဒီလိုဝေဒနာမျိုးရှိနေတယ်ဆိုတာကို သိသွားရချိန်မှာ တစ်ချို့လူနာတွေကတော့ အားငယ်တာ၊ စိတ်ဓာတ်ကျတာ၊ သိမ်ငယ်တာမျိုးတွေ ခံစားသွားရတတ်တာမျိုးလည်း ရှိတတ်ပါတယ်။နောက်ဆုံး သိလာရတဲ့ လေ့လာချက်တွေအရဆိုရင်တော့ Aphantasia ဝေဒနာရှိသူတွေဟာ စိတ်ကူးထဲမှာ ပုံရိပ်မဖော်နိုင်ရုံတင်မကဘဲ လူတွေရဲ့မျက်နှာတွေကို မှတ်မိနိုင်စွမ်းလည်း အားနည်းတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သူတို့တွေကို “Bind in their mind eyes” (စိတ်မျက်စိကွယ်နေကြသူတွေ) လို့ ခေါ်ကြတာပါ။တစ်ဖက်မှာလည်း ဒီဝေဒနာဟာ အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး။ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာချက်အရဆိုရင် Aphantasia သမားတွေဟာ မှတ်ဉာဏ်ထဲက ပုံရိပ်ကိုပြန်ဖော်နိုင်စွမ်းမရှိတာကြောင့် “False memories” လို့ခေါ်တဲ့မှတ်ဉာဏ်အမှားတွေကို ရှောင်လွှဲနိုင်ပြီး ပိုပြီးတိတိကျကျ လုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ Spatial memory လိုမျိုး ဦးနှောက်က အလိုအလျောက်သိမှတ် တုန့်ပြန်နိုင်စွမ်းလည်း သာမန်လူတွေထက် ပိုမြင့်မားကြပါတယ်တဲ့ဗျာ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/aphantasia-the-inability-to-visualize-images/
ဘာကြောင့်ဆေးပုံမှန်စစ်သင့်တာလဲ။ ဘာတွေစစ်ကြမလဲ။
အသက်ကို ဉာဏ်စောင့်တယ်။ ဒီစကားလေးက ငယ်ငယ်ကတည်းက လူကြီးတွေပြောတာကို ကြားဖူးနေလောက်တဲ့စကားလေးတစ်ခွန်းပေါ့။ တကယ်ကိုလည်းမှန်ပါတယ်။ ကျန်းမာနေစေဖို့ဆိုရင်ခန္ဓာကိုယ်ကို လုံလောက်တဲ့ အာဟာရပေးဖို့လိုသလို ထိုက်သင့်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်းမေ့ထားလို့ မဖြစ်ပြန်ပါဘူး။ အချို့သောရောဂါတွေက အစောပိုင်းအဆင့်တွေမှာ သိရှိကုသနိုင်မယ်ဆိုရင်ပျောက်ကင်းအောင်ကုသနိုင်တာမျိုးတွေရှိတာကိုး။ရောဂါတွေကိုစောစောသိရှိကုသကာကွယ်နိုင်မယ့်နည်းလမ်းလေးတစ်ခုကို ဒီဆောင်းပါးလေးမှာပြောပြပေးထားလို့ ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေချင်သူလေးတွေ ဖတ်ကြည့်ကြဖို့ပြောပါရစေ။ဒီအဖြေလေးကတော့ ရှင်းပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဆိုတဲ့ စကားကိုလိုက်နာတဲ့အနေနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပေါ့။ ကျန်းမာရေးစစ်ဆေးမှုလုပ်တာက အပိုငွေကုန်တာလို့ ထင်စရာရှိပေမယ့် တကယ်ကတော့ ကိုယ့်အတွက်ကိုယ်ရင်းနှီးမြှုပ်နှံတာပါ။ ဒီတော့ Helloဆရာဝန်ပရိသတ်ကြီးကိုဖြစ်နိုင်ရင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်စေချင်ပါတယ်။ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တဲ့ အကြောင်းအရင်း။ဆရာဝန်ဆီကိုပုံမှန်သွားပြီးလိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်တာကကောင်းတဲ့အချက်တစ်ခုပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်တာကြောင့်။ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာတွေကို သိရှိနိုင်တယ်– တစ်နှစ်တစ်ခါပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ဆောင်တာကနောက်တစ်ချိန်မှာဖြစ်လာနိုင်တဲ့ရောဂါတွေရဲ့ အစပျိုးနေတဲ့ လက္ခဏာတွေကို သိရှိနိုင်ပြီး ကြိုတင်ကာကွယ်ဖို့ အခွင့်အရေးရစေပါတယ်။လက်ရှိကျန်းမာရေးအခြေအနေကို သိနိုင်တယ် –ကိုယ်မသိလိုက်ဘဲ လက်ရှိကာလမှာ ခံစားနေရတဲ့ရောဂါလက္ခဏာတွေကို သိရှိပြီး သင့်တော်တဲ့ ကုသမှုခံယူနိုင်ခွင့်ရရှိစေနိုင်တယ်။ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရနိုင်တယ်– သတိထားဆင်ခြင်ရမယ့် အချက်တွေကိုသိရှိပြီးနေ့စဉ်ဘဝမှာ ကျန်းမာတဲ့ လူနေမှုပုံစံကို ဖန်တီးခွင့်ရစေနိုင်တယ်။လိုအပ်တဲ့ကာကွယ်ဆေးထိုးနှံမှုတွေလုပ်နိုင်တယ် –ရာသီတုပ်ကွေးကာကွယ်ဆေး၊အသည်းရောင် အသားဝါ Aကာကွယ်ဆေး၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ဝက်သက်ကာကွယ်ဆေး၊ ရေကျောက်ကာကွယ်ဆေးအပါအဝင်အခြားနှစ်စဉ်ထိုးနှံဖို့လိုအပ်မယ့် ကာကွယ်ဆေးတွေကိုလည်း မမေ့မလျော့ထိုးနှံမိစေမှာပါ။ကျန်းမာရေးကုန်ကျစရိတ်သက်သာစေနိုင်တယ်– မဖြစ်ခင်က ကြိုတင်သိရှိကာကွယ်နိုင်မှုကြောင့်ရောဂါခံစားရတာ သက်သာသလိုဆေးကုသမှုကုန်ကျစရိတ်လည်း သက်သာစေမှာ အမှန်ပါ။အသက်အရွယ်အလိုက်လုပ်ဆောင်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုအကြိမ်ရေ။အသက်အရွယ်အလိုက် ကျန်းမာရေးစစ်ဆေးမှုခံယူရမယ့် အကြိမ်ရေလည်း ကွာခြားနိုင်ပါတယ်။ကဲ…ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ပျော်ပျော်ရွှင်ရွှင် အသက်ရှည်ရှည်နေနိုင်စေဖို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့စိတ်ဝင်စားလာပြီလား။ ဒါဆိုရင်တော့ မဖြစ်မနေစဉ်းစားရမှာတစ်ခုကကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးပေးနိုင်ပြီး စိတ်ချရတဲ့နေရာမှာ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုခံယူဖို့ပေါ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/medical-checkup-%e1%80%98%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%ac%e1%80%9c/
ဆံသား နဲ့ မာလကာရွက်
ဆံသား နဲ့ မာလကာရွက်။မာလကာရွက်က ဆံသားအတွက် တော်တော်လေးသင့်တော်တဲ့ သဘာဝ ပစ္စည်းတစ်ခုပေါ့။ မာလကာရွက်ကို ရေနွေးထဲထည့်ပြီးသောက်သုံးပေးလို့ရသလို မာလကာရွက်ပြုတ်ရည်ကိုဆံသားနဲ့ ဦးရေပြားကျန်းမာစေဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကို ဆံသားနဲ့ဦးရေပြားအတွက်တင်မဟုတ်ဘဲ ဝမ်းလျှောတာ၊ ချောင်းဆိုးတာနဲ့သွားဖုံးရောဂါ၊ နားဝေဒနာတွေအတွက် အသုံးပြုလို့ရပါတယ်။ မာလကာရွက်ကိုဗောက်သက်သာစေဖို့ သုံးလို့ရသလို အရွယ်မတိုင်ခင် ဆံပင်ဖြူတာမျိုး မဖြစ်စေဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။ဆံပင်တွေကျွတ်ပြီး ဆံပင်ပါးလာလို့ စိတ်ညစ်နေတာလား လေဒီ။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တဲ့ မာလကာရွက်က Oxidative stress တွေကြောင့် ဆံပင်ကျွတ်တာကို သက်သာစေပါလိမ့်မယ်။ သုတေသနတွေအရ မာလကာရွက်မှာရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ဖလေဗာနွိုက် ပါဝင်ပြီး ဆံသားမွေးညှင်းအိတ်လေးတွေကို ကျန်းမာစေပြီး ဆံပင်တွေကို ပေါက်စေပါတယ်။မာလကာရွက်ကို စားသုံးပေးမယ်ဆိုရင်ကင်ဆာကြောင့် ဓာတ်ရောင်ခြည်ကုထုံးခံယူနေရတာကြောင့် ဆံပင်ကျွတ် တာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။မာလကာရွက်ပြုတ်ရည်ရရှိစေဖို့အတွက် ပါးပါးလှီးထားတဲ့ မာလကာရွက် လတ်လတ်ဆတ်ဆတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို ရေနွေးဆူဆူထဲထည့်ပြီး ၁၀ မိနစ်ခန့်ပြုတ်ပေးပါ။ အအေးခံပြီး ဆံသားနဲ့ ဦးရေပြား ကိုနှံ့စပ်အောင်လိမ်းပေးလိုက်ပါ။ ပြီးရင် ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ပေးပါ။ဗောက်တွေကလည်း အလှပျက်စေတဲ့ အရာတစ်ခုပါ။ ဗောက်က ဦးရေပြားကိုယားယံစေသလို ဆံသားအလှအပကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဗောက်တွေကြောင့် စိတ်ညစ်နေရလို့ ခေါင်းလျှော်ရည်အမျိုးမျိုး ပြောင်းလျှော်ကြည့်ပေမယ့် အဆင်မပြေဘူးဖြစ်နေတယ်ဆိုရင်တော့ သဘာဝဆေးတစ်လက်ဖြစ်တဲ့ မာလကာရွက်ကို သတိရလိုက်ပါနော်။ မာလကာရွက်က ဦးရေပြားယားယံတာ၊ ဆံပင်ကျွတ်တာနဲ့ ဗောက်တွေကို သက်သာစေနိုင်ပါတယ်။ မာလကာရွက်ကို သံလွင်ရွက်နဲ့ရောကြိတ်ပြီး အသုံးပြုပေးမယ်ဆိုရင်ဦးရေပြားကို ယားယံစေတဲ့ ဗောက်တွေကို သက်သာစေပြီးမှိုပိုးတွေနဲ့ ရောင်ရမ်းမှုတွေကိုပါသက်သာစေမှာ အသေအချာပါ။မာလကာရွက် နဲ့ သံလွင်ရွက်တို့ကို ကြိတ်ပြီး ရေအနည်းငယ်နဲ့ ရောစပ်လိုက်ပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားမှာလူး ပြီး နာရီဝက်လောက်ထားလိုက်ပါ။ ပြီးရင်ရေဆေးချပြီးခေါင်းလျှော်လိုက်ပါ။ တစ်လလောက်လုပ်ပေး မယ်ဆိုရင် ဗောက်သိသိသာသာပျောက်ကင်းသွားမှာပါ။မာလကာရွက် မှာပါတဲ့ quercetin လို့ခေါ်တဲ့ ဖလေဗာနွိုက်တစ်မျိုးက အရွယ်မတိုင်ခင် ဆံပင်ဖြူတာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ လေ့လာမှုတစ်ရပ်အရ မာလကာရွက်က မယ်လာနင်ထုတ်လုပ်မှုကို တိုးတက်စေနိုင်တာကြောင့် ဆံပင်မဖြူအောင်ကာကွယ်ပေးနိုင်တယ်၊လို့သိရပါတယ်။ပြုတ်ထားတဲ့ပျဉ်းတော်သိမ်ရွက်အရွက် ၂၀၊ မာလကာရွက် ၅ ရွက်၊ ပါးပါးလှီးထားတဲ့ဇီးဖြူသီး၁ လုံးတို့ကိုအုန်းဆီစစ်စစ် ၂၀၀ မီလီလီတာထဲကိုရောထည့်ပြီး သမအောင်မွှေပါ။ ပြီးရင်အပူပေးလိုက်ပါ။ ပြီးရင်တော့ ဆီကို စစ်ပြီး ဖန်ပုလင်းအနက်ရောင်ထဲထည့်ထားပါ။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမဖြစ်အောင်ဂရုစိုက်ပါ။ ဒီဆီကို တစ်ပတ် တစ်ခါလူးပေးပါ။ဆံကေသာလေးက ကျော့ရှင်းလှပပြီး ကျန်းမာနေစေဖို့ မာလကာရွက်ကို အခုပြောပြခဲ့တဲ့ နည်းလေးတွေအတိုင်း အသုံးပြုပေးလို့ ရပါတယ်။ ဒီတော့ ကြုံတွေ့နေရတဲ့ ဆံသား ပြဿနာတွေကို အခုပဲ ဖြေရှင်း လိုက်ရအောင်လား……..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/guava-leaf-for-hair/