title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ
အသည်းကင်ဆာအဖြစ်နိုင်ဆုံး အကြောင်းရင်းဖြစ်တဲ့အသည်းရောင်အသားဝါ စီပိုးကူးစက်ခံရရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပျောက်ကင်းအောင်ကုသလို့ရလဲဆိုတာ ပြောပြပေးသွားပါ့မယ်။အသည်းရောင်အသားဝါ စီပိုးက ရောဂါပိုးရှိသူရဲ့သွေးကနေတဆင့် အဓိက ကူးစက်ပါတယ်။ နောက်ပြီးဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ၊ လိင်ဆက်ဆံမိရာကနေလည်း ကူးစက်ခံရနိုင်ပါသေးတယ်။ အသည်းရောင် အသားဝါ စီပိုးက ကြောက်စရာကောင်းပေမယ့် ကူးစက်ခံရတဲ့လူတိုင်းလည်း ကုသမှုခံယူစရာ မလိုအပ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့ကိုယ်ခံအားကောင်းတဲ့သူတွေမှာ စီပိုးကို ခန္ဓာကိုယ်က သူ့ဖာသာရှင်းထုတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါမျိုးက ရှားတော့ ရှားပေမယ့် ရှိတတ်ပါတယ်။တကယ်လို့ ခုခံအားက မရှင်းပစ်ရင်ရော။ မရှင်းပစ်ရင်လည်း သိပ်မစိုးရိမ်ပါနဲ့။ ကံကောင်းတဲ့ အချက်က စီပိုးကို ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။အသည်းရောင်အသားဝါ စီပိုးကို ဘယ်လိုကုသလဲ ဆိုတော့ အဓိကနည်းလမ်း (၂) ခုသုံးပြီး ကုသလို့ရပါတယ်။ဗိုင်းရပ်စ်ပိုးတွေကို နှိမ်နင်းပစ်ပြီး ရောဂါပျောက်ကင်းအောင် ကုသတဲ့နည်းနဲ့အသည်းအစားထိုးကုသနည်းတို့ပဲ ဖြစ်ပါတယ်။အရင်တုန်းက သုံးခဲ့တဲ့ အသည်းရောင်အသားဝါစီပိုး ကုသဆေးတွေက အခုလောက် ထိရောက်မှုမရှိသလို ဘေးထွက်ဆိုးကျိုးလည်းများပါတယ်။ ဒီဆေးတွေက ဗိုင်းရပ်စ်ကို နှိမ်နင်းတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ခုခံအားကို မြှင့်တင်ပေးပြီး ဗိုင်းရပ်စ်ကို ပြန်တိုက်ထုတ်နိုင်အောင် အားပေးတာ ဖြစ်ပါတယ်။ဆေးသောက်သုံးသူရဲ့ တစ်ဝက်လောက်ပဲ ရောဂါပျောက်ကင်းတာကို တွေ့ရပြီး နှစ်နဲ့ချီပြီး ဆေးသောက်ဖို့လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ တိုးတက်လာတဲ့ ဆေးဝါးသုတေသနတွေနဲ့ နည်းပညာတွေကြောင့် လအနည်းငယ်လောက်နဲ့တင် ပျောက်ကင်းအောင်ကုသလို့ရနေပါပြီ။အသည်းရောင်အသားဝါစီပိုး ကုသဆေးမျိုးစုံရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အသည်းရောင်အသားဝါ စီပိုး အမျိုးအစားတွေ အများကြီးရှိတာကြောင့်ပါ။ အဖြစ်အများဆုံးကတော့ အသည်းရောင်အသားဝါစီပိုး Type-1 အမျိုးအစားဖြစ်ပါတယ်။အမျိုးအစားအကုန်လုံးကို နှိမ်နင်းနိုင်တဲ့ဆေးရယ်လို့တော့ မရှိပါဘူး။ ကိုယ့်မှာဖြစ်နေတဲ့ အသည်းရောင်အသားဝါ စီပိုးအမျိုးအစားရယ်၊ အသည်း ဘယ်လောက်ထိပျက်စီးနေသလဲဆိုတာရယ် ဒီအချက် (၂) ချက်အပေါ်မူတည်ပြီး သောက်ရမယ့်ဆေးကို ဆရာဝန်က ရွေးပေးမှာဖြစ်ပါတယ်။များသောအားဖြင့် ဒီဆေးတွေက သုံးစွဲသူ ၉၀% ကျော်မှာ ထိရောက်မှုရှိပြီး ဆေးစသောက်ချိန် ၁၂ ပတ်ကနေ ၂၄ ပတ်အတွင်းမှာတင် ကိုယ်ထဲက စီပိုးတွေကိုရှင်းထုတ်ပေးနိုင်တာ ကိုတွေ့ရပါတယ်။ ဆေးကိုသာ ပုံမှန်သောက်မယ်ဆိုရင် ကိုယ်ထဲမှာစီပိုးက မရှိသလောက်ဖြစ်သွားမှာပါ။ မရှိသလောက်လို့ ပြောရတာက ပိုးကောင်ရေ 0 ဖြစ်သွားတာမဟုတ်ဘဲ စစ်ဆေးလို့ မတွေ့နိုင်လောက်အောင် နည်းသွားတဲ့ ပမာဏဖြစ်နေတာကြောင့်ပါ။လွန်ခဲ့တဲ့နှစ်တွေကတော့ စီပိုးကုပြီဆိုရင် ပိုက်ဆံတအားကုန်ပေမယ့် အခုချိန်မှာတော့ Generic ဆေးတွေပါ ထုတ်လုပ်ရောင်းချလာတဲ့အတွက် ကုန်ကျစရိတ်အတော်လေး သက်သာသွားပါပြီ။အသည်းရောင်အသားဝါ စီပိုးကို ပျောက်ကင်းအောင် ကုသနိုင်ပေမယ့် လူတိုင်းအတွက် လက်လှမ်းမှီဖို့ ခက်ခဲနေဆဲပါ။ ၂၀၁၇ ခုနှစ်မှာတင် တစ်ကမ္ဘာလုံးမှာ စီပိုးကူးစက်ခံရသူ သန်း ၇၀ ကျော်ရှိပေမယ့် ဒီအထဲက ၂၀% လောက်ပဲ ကိုယ့်မှာစီပိုးရှိမှန်းသိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။နောက်ပြီး ရောဂါရှိသူတွေထဲက ၅ သန်းလောက်ပဲ စီပိုးကိုပျောက်ကင်းသည်အထိ ကုသမှုခံယူခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကရည်ရွယ်ထားတဲ့ ခုနှစ် ၂၀၃၀ မှာ စီပိုးရောဂါရှိသူ ၈၀% လောက်ကို ရောဂါပျောက်ကင်းအောင် ကုသနိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့တော့ အတော်လေးဝေးကွာနေဆဲလို့ ဆိုရမှာပါပဲ။စီပိုးရှိတိုင်းတော့ အသည်းအစားထိုးစရာမလိုပါဘူး။ စီပိုးကြောင့်နာတာရှည်အသည်းထိခိုက်မှုဖြစ်ပြီး အသည်းပျက်စီးနေရင်တဲ့တော့ အသည်းအစားထိုးဖို့ လိုလာနိုင်ပါတယ်။ အသည်းတစ်ခုလုံး အစားထိုးတာရှိသလို ကျန်းမာတဲ့အသည်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ဖဲ့ပြီး အစားထိုးတာလည်းရှိပါတယ်။တစ်ခုသိထားဖို့လိုတာက အသည်းအစားထိုးလိုက်ရုံနဲ့ အသည်းရောင်အသားဝါ စီပိုးကပျောက်မသွားပါဘူး။ စီပိုးကို သတ်နိုင်ဖို့ ဆေးတွေ ထပ်သောက်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် အစားထိုးထားတဲ့ အသည်းအသစ်လေးပါ စီပိုးကြောင့်ပျက်စီးသွား နိုင်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/treatment-of-hepatitis-c/
ခန္ဓါကိုယ်အမျိုးအစားအလိုက် diet လုပ်နည်းများ
လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်အချိုးအစားတွေမတူကြသလို ဖြစ်ချင်တဲ့ ခန္ဓါကိုယ်ပန်းတိုင်တွေကလည်းမတူကြပါဘူး။တချို့က ပိန်ချင်တယ်၊ ကြွက်သားတွေနဲ့ကျစ်လျစ်ချင်တယ်၊ တချို့ကျတော့လည်း လက်ရှိကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းထားချင်တယ်၊ ယောက်ျားလေးတွေဆိုရင်ကြွက်သားကြီးချင်တယ် စသဖြင့်ဖြစ်ချင်တာတွေအမျိုးမျိုးပေါ့။ပန်းတိုင်မတူကြတဲ့အချိန်မှာ သူများလုပ်နေတဲ့လေ့ကျင့်ခန်းမျိုး စားနေတဲ့အစားအသောက်မျိုးကို ကိုယ်ကသေချာမသိဘဲ လိုက်လုပ်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး။လုပ်နေတဲ့ Diet တွေအောင်မြင်ဖို့ လေ့ကျင့်ခန်းတွေထိရောက်ဖို့အတွက် မိမိခန္ဓါကိုယ်က ဘယ်လိုပုံစံလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ခန္ဓါကိုယ်အချိုးအစားဟာ အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိပါတယ်။ပထမတစ်မျိုးကတော့ Ectomorph ပါ။သူငယ်ချင်းတွေထဲမှာ ဘယ်လောက်စားစားမဝတဲ့သူမျိုး တွေ့ဖူးမှာပေါ့။ ဒီလိုအချိုးအစားပိုင်ရှင်တွေကို လူအများက အားကျကြသလို သူတို့ကိုယ်တိုင်ကလည်း ဝချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိတတ်ကြပါတယ်။Ectomorph လေးတွေဟာ ပုခုံး၊တင်ပါးတွေကျဉ်းပြီး ခြေတံလက်တံရှည်ပါတယ်။ အရိုးအဆစ်တွေဟာ သေးငယ်ပြီး ခန္ဓါကိုယ်အဆီပမာဏနည်းတဲ့သူတွေဖြစ်ကြပါတယ်။ဟောလီးဝုဒ်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်၊ မင်းသား ဘရက်ပစ် နဲ့ မော်ဒယ် ကိတ်မော့စ် တို့ကို ectomorph ခန္ဓါကိုယ်အမျိုးအစားအဖြစ်ဥပမာ ပြလို့ရပါတယ်။ထမင်း၊ ပေါင်မုန့်စားတဲ့ ကစီဓါတ် (carbohydrates) အသားဓါတ် (protein) တွေကိုပိုစားသင့်ပါတယ်။ အဆီကိုတော့ ပိန်တယ်ဆိုပြီး အလွန်အကြူးမစားသင့်ပါ။ သွေးတွင်းအဆီ (Cholestrol) တက်လာနိုင်ပါတယ်။အဆီတက်ဖို့ခက်တဲ့ ခန္ဓါကိုယ်ဖြစ်သလို ကြွက်သားတက်ဖို့လည်း ခက်ခဲပါတယ်။ဝိတ်တင်ချင်တဲ့သူဖြစ်ရင်တော့ အလေးများများကို အခေါက်ရေနည်းနည်းသာ မ ရပါမယ်။ ပြေးစက်ပေါ်မှာပြေးတာ၊ စက်ဘီးနင်းတာစတဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်းတွေကိုတော့ လျှော့ကစားသင့်ပါတယ်။ တစ်ရက်ထဲမှာ အချိန်အကြာကြီး မဆော့မိဖို့လည်း သတိထားရပါမယ်။Endomorph ကတော့ Ectomorph နဲ့လုံးဝပြောင်းပြန်ပါ။ အသက်ရှုလိုက်ရင်တောင် ဝိတ်တက်တယ်ဆိုတဲ့သူမျိုးတွေပေါ့။သူတို့ရဲ့ ခန္ဓါကိုယ်အချိုးအစားကို ကြည့်မယ်ဆိုရင် ခန္ဓါကိုယ်က ဘေးကိုပြန့်ကားတယ် ခန္ဓါကိုယ်အောက်ပိုင်းမှာ အဆီပိုစုတတ်ပြီး လက်တံခြေတံတွေ တိုတိုတုတ်တုတ်ဖြစ်တတ်ပါတယ်။ အဆီပမာဏကလည်းများတတ်ပါတယ်။ဒါကစိတ်ဓါတ်ကျစရာမဟုတ်ပါဘူး။ ကမ္ဘာကျော် ပေါ့ပ် ဘုရင်မ ဂျန်နီဖာလိုပက်ဇ်က Endomorph ခန္ဓါကိုယ်အမျိုးအစားဖြစ်ပါတယ်။ သူမဟာ အသက် ၅၀ ရောက်တဲ့အထိလေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အစားအသောက်ထိန်းတဲ့အတွက် အများအားကျရတဲ့ အဆီကင်းတဲ့ ဂီတာရှိတ်ခန္ဓါကိုယ်လေးကို ပိုင်ဆိုင်ထားပါတယ်။ကစီဓါတ်ကို တတ်နိုင်သလောက် ရှောင်ပြီး အသားဓါတ်များများပိုစားသင့်ပါတယ်။ခန္ဓါကိုယ်ရဲ့အဆီပမာဏကို လျှော့ချဖို့အတွက် နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်း (cardio) ကိုအဓိကထားလုပ်သင့်ပါတယ်။ အဆီကျပြီး အသားကျစ်လျစ်ဖို့အတွက်လည်း အလေးမ အားကစားကို အလေးနည်းနည်းကို အခေါက်ရေများများနဲ့ ကစားသင့်ပါတယ်။ အဆီနေရာတွေမှာ ကြွက်သားတွေနဲ့အစားထိုးဖို့ပါ။နောက်ဆုံးအမျိုးအစား mesomorph ကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ ကံအကောင်းဆုံးလို့ပြောလို့ရပါတယ် အားကစားသမား အများစုဟာ mesomorph ခန္ဓါကိုယ် ကိုပိုင်ဆိုင်ထားသူတွေပါ ခါးနေရာမှာ သိမ်ပြီး ခြေတံလက်တံတွေဟာ ကြွက်သားတွေနဲ့ ကျစ်လျစ်နေတတ်ပါတယ် အဆီပါဝင်မှုပမာဏနည်းပြီး ကြွက်သား အလွယ်တကူတည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ကို ခန္ဓါကိုယ်မှာ ပါပြီးသားပါ။မင်းသားကြီး အာနိုးနဲ့ တင်းနစ်မယ် မာရီယာ ရှာရာပိုဗာတို့ ဆိုရင် လည်း mesomorph ခန္ဓါကိုယ်အမျိုးအစားပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်း (cardio) နဲ့ အလေးမ အားကစား (strength training) ကိုရောပြီးကစားရပါမယ် အလေးမတာကိုတော့ ကျစ်လျစ်ချင်တာလား ကြွက်သား ပိုကြီးချင်တာလား အပေါ်မူတည်ပြီး အလေး အတိုးအလျှော့လုပ်ပြီး ကစားနိုင်ပါတယ်။ခန္ဓါကိုယ်တိုင်းက လှပပါတယ် (Each body is beautiful) ဆိုတဲ့ ဆောင်ပုဒ်ရှိသလို အမြင်လှဖို့သက်သက်မဟုတ်ဘဲ ကျန်းမာရေးအတွက် အစားအသောက်ထိန်းတာနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်ပါတယ်။Gymသွားပြီး လိုချင်တဲ့ ခန္ဓါကိုယ်ရမလာဘူး၊ အစားလျှော့တာပဲမပိန်သွားဘူးဆိုတာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ခန္ဓါကိုယ်အချိုးအစားပေါ်မူတည်ပြီး နေထိုင်စားသောက်တတ်အောင် ဒီစာလေးကိုဝေမျှလိုက်ရပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/%e1%80%81%e1%82%8f%e1%81%b6%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%9c%e1%80%ad/
null
null
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/how-to-improve-eq-in-kid/
null
null
health
health
https://hellosayarwon.com/health/general-health-knowledge/the-hazards-of-gas-stove/
ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ ။ ။
ဝိတ်ကျချင်တဲ့သူတိုင်း အသားလျှော့၊ ထမင်းလျှော့အသီးအရွက်များများစားပေးရမယ် ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ ဒါက မှန်သင့်သလောက်မှန်ပါတယ်။ အသီးအရွက်တွေထဲမှာမှခုပြောပြမယ့် အသီးအနှံတွေကအဆီလောင်ကျွမ်းခြင်းကို မြန်စေပြီးကယ်လိုရီလောင်ကျွမ်းခြင်းကို အားပေးလို့ ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ အသီးအနှံတွေပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ဘလူးဘယ်ရီ။ ရက်စ်ဘယ်ရီ၊စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ အမျှင်ဓာတ်တွေ ပြည့်ဝနေပြီးငှက်ပျောသီးသရက်သီးတို့ထက်စာရင် ကယ်လိုရီနည်းပါးပါတယ်။ ဘယ်ရီသီး တစ်ခွက်မှာ ပါဝင်တဲ့အမျှင်ဓာတ်ကလည်း ၈ ဂရမ်တောင်ရှိတာဆိုတော့ အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ သုံးပုံတစ်ပုံရှိပြီး အမျိုးသားတစ်ယောက် တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကလည်း ကြွယ်ဝတာကြောင့် သရေစာအဖြစ်စားပေးသင့်တဲ့ ကယ်လိုရီနည်းတဲ့ အသီးတွေပါ။ရေဓာတ် ၉၂ ရာခိုင်နှုန်းတောင် ပါဝင်တဲ့ဖရဲသီးက ကိုယ်အလေးချိန်ကို တိုက်ရိုက်ကျဆင်းစေမှာ မဟုတ်ဘဲ ကယ်လိုရီလောက်ကျွမ်းတဲ့နေရာမှာ အရေးပါတဲ့ရေဓာတ်ကို ဖြည့်တင်းပေးမှာ ဖြစ်ပါယတ်။ ပါဝင်တဲ့ကယ်လိုရီကလည်း နည်းတဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် တစ်ခါစားပြီးတာနဲ့ ဗိုက်ပြည့်စေမှာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတိုင်း ဆောင်ထားသင့်တဲ့အသီးတစ်ခုနော်။ပရိုတင်းပမာဏများများနဲ့ သံဓာတ်အများကြီးပါဝင်တဲ့ ပဲ အမျိုးမျိုးဟာ ဝမှာဆိုးလို့ အသားမစားဘဲ ပရိုတင်းလိုချင်သူတွေအတွက် အားထားရတဲ့ အရာတစ်ခုပါ။ နောက်ပြီး ကိုယ်ခန္ဓာ ကျစ်လစ်စေဖို့လည်း အကူအညီပေးတာကြောင့် ဝိတ်ကျချင်တဲ့သူရောကြွက်သားတက်ချင်တဲ့သူရော ပဲစားပေးလို့ရပါတယ်။ဗီတာမင် စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ အများကြီးပါတဲ့ နာနတ်သီး ဟာ သင့်ကိုယ်အလေးချိန် မတက်အောင် ကူညီပေးမယ့် အသီးတစ်ခုဆိုလည်း မမှားပါဘူး။ကယ်လိုရီနည်းတယ်ဆိုပေမယ့် ပါဝင်တဲ့ သကြားပမာဏက အခြားအသီးတွေထက်များတာကြောင့် အချိုကြိုက်တဲ့သူတိုင်း စားပေးလို့ရတဲ့ အသီးတစ်ခုပါ။ နောက်ပြီး နာနတ်သီးမှာbromelainဆိုတဲ့ အရောင်ကျစေတဲ့ ဓာတ်ပေါင်းတစ်ခုပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးလို့ရလာတဲ့ကြွက်သားနာကျင် ကိုက်ခဲမှုတွေကို သက်သာစေမှာပါ။ငရုတ်ပွတွေမှာ ကယ်လိုရီ ၃၇ လောက်သာပါဝင်ပြီး ပရိုတင်း ၂ဂရမ်၊အမျှင်ဓာတ်၁ ဂရမ်နဲ့ သဘာဝသကြားဓာတ် ၅ ဂရမ်လောက်သာပါပါတယ်။ဒီအသီးငါးမျိုးကတော့ဝိတ်ကျချင်တဲ့သူတိုင်း မဖြစ်မနေစားပေးသင့်တဲ့ အသီးတွေဖြစ်ပါတယ်။ ကိုယ်ကလည်း ဝိတ်ကျချင်နေတယ် အသားမစားဘူးဆိုရင်တော့ ဒီအသီးတွေကိုရွေးစားလို့ရပါတယ်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/can-weight-loss-fruits/
သင် ဘာလို့ ခဏခဏ ဖျားနာ နေတာလဲ
လောကမှာ မဖျားတဲ့သူဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲကျန်းမာနေတဲ့ သူတစ်ယောက် ဖြစ်ပါစေ၊ အစာအာဟာရကို ဂရုစိုက်ပြီး စားသုံးနေပါစေ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ပုံမှန် ဖျားတတ်ပါတယ်။ ခဏခဏ ဖျားနာ တဲ့သူတွေမှာတော့ဖျားနာခြင်းရဲ့ ဒဏ်ကို တော်တော်လေး ခံစားရပါတယ်။သူများတွေက တစ်နှစ်လောက်မှ တစ်ခါပဲ ဖျားနေရင် သူတို့က တစ်လကို တစ်ခါလောက် ဖျားနေပြီ၊ ဖျားရင်လည်း အနည်းဆုံး ၃-၄ ရက်ကနေ တစ်ပတ်လောက်ထိပဲ။ ဖျားရင် လူက မလှုပ်ချင်၊ မကိုင်ချင်နဲ့ အလုပ်ကိစ္စတွေ ပျက်မယ်၊ အစားအသောက် ပျက်မယ်၊ ပြုစုပေးတဲ့ သူရော ဖျားနေတဲ့သူပါ ဒုက္ခများ၊ အလုပ်ရှုပ်ရတယ်နော်။ခုဆောင်းပါးမှာ မကြာခဏ ဆိုသလို ဖျားနေသူတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ခဏခဏ ဖျားနာ တတ်သူ‌တွေက ခုခံအားမ‌ကောင်းတာကြောင့်ပါ။ ခုခံအားမကောင်းတာက ရောဂါတွေကြောင့်လည်း ဖြစ်နိုင်သလို ခုဆက်ပြောမယ့် စားသောက်နေထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။၁။ အစာအာဟာရ မျှတခြင်း မရှိလို့။လူ့ခန္ဓာကိုယ်က ပုံမှန်အလုပ်လုပ်ဖို့ အာဟာရ ပေါင်းစုံကို မျှတစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဟိုဟာ မကြိုက်လို့ မစားဘူး၊ ဒီဟာ မကြိုက်ဘူး ဆိုပြီး အစားရွေးနေရင်တော့အာဟာရဓာတ်တွေက လွတ်ဟင်းပြီး ကျန်းမာရေးနဲ့ကိုယ်ခံအားစနစ်ကို သွားပြီး သက်ရောက်မှု ရှိစေနိုင်ပါတယ်။ဒါကြောင့် တစ်နေ့တာ အစာအာဟာရကို အသား၊ ငါး၊ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ နို့၊ ဥ၊ အစေ့အဆန် စသဖြင့် စုံလင်စွာ စားသုံးပေးဖို့ အရမ်း အရေးကြီးပါတယ်။၂။ ရေဓာတ် ခန်းခြောက်ခြင်း။ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိနေတဲ့ ကိုယ်တွင်းအင်္ဂါနဲ့ တစ်ရှူးတွေ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကို အားကိုးရပါတယ်။ ရေသည် ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ အာဟာရဓာတ်၊ သတ္တုဓာတ်တွေကို သယ်ပို့ပေးတယ်။နှာခေါင်း၊ ပါးစပ်၊ လည်ချောင်းကို စိုစွတ်စေလို့ အပြင်ကနေ ရောဂါပိုးတွေ ဝင်လာခဲ့ရင် လည်ချောင်းမှာ ကပ်ငြိခြင်း မရှိအောင် ကာကွယ်ပေးပါတယ်။ဒါကြောင့်ရေသောက်နည်းတဲ့သူတွေဟာ ခဏခဏ ဖျားတတ်တယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။ ဒါကို ကာကွယ်ဖို့ဆိုရင် တစ်နေ့ကို ရေအနည်းဆုံး ၃လီတာ ဝန်းကျင်လောက် သောက်ပေးဖို့တော့ လိုမယ်နော်။၃။ အိပ်ချိန် နည်းလွန်းခြင်း။တစ်ရက်တလေအိပ်ချိန်နည်းသွားတာ ကျန်းမာရေးကို အရမ်းကြီး ဒုက္ခမပေးနိုင်ပေမဲ့ နေ့စဉ်ရက်ဆက်ဆိုသလိုအိပ်ချိန်နည်းတယ်ဆိုရင်တော့ ကိုယ်ခံအားကို သွားပြီး ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းလာရင် ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ရောဂါပိုးတွေကို မတိုက်ထုတ်နိုင်တော့တာကြောင့် လူက အလွယ်တကူ ဖျားနာတော့တာပေါ့။ဒါကြောင့် ဘယ်သူမဆို ညအိပ်ချိန်ကို တစ်နေ့ ၇ နာရီ အနည်းဆုံး ရအောင် အိပ်စက်အနားယူဖို့တော့ လိုပါတယ်။အရာဝတ္ထု ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ထိတွေ့ကိုင်တွယ်နေရတဲ့ ကျွန်တော်တို့ လက်တွေဟာ မျက်လုံးနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှား ပေါင်းစုံ ပြည့်နှက်လို့ နေနိုင်ပါတယ်။ ဒီ မသန့်ရှင်းတဲ့ လက်တွေနဲ့ အစာစားလိုက်မိတာ၊ နှာခေါင်း၊ မျက်လုံးတွေ ပွတ်လိုက်တာ၊ ပါးစပ်ထဲ ထည့်လိုက်မိတဲ့အခါ ရောဂါပိုးတွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်ဝင်သွားအောင် ကူညီပေးလိုက်တာနဲ့ အတူတူပါပဲ။ဒါကြောင့် အမြဲ လက်ကို ရေ၊ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။ အစာမစားခင်၊ စားပြီး၊ အိမ်သာ မတက်ခင်၊ တက်ပြီး၊ အရာဝတ္ထု တစ်ခုခုကို ကိုင်ပြီးတိုင်း လက်ဆေးဖို့ လိုပါတယ်။ ရေမရနိုင်တဲ့ နေရာမှာဆိုရင်တော့ ရေမလိုလက်သန့်စင်ဆေးရည် (Hand Sanitizer) တွေ အသုံးပြုပေးနိုင်ပါတယ်။၅။ သွားနဲ့ ခံတွင်း သန့်ရှင်းရေး အားနည်းခြင်း။သွားနဲ့ခံတွင်းသန့်ရှင်းမှု မရှိတဲ့အခါ အထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားများနေပြီး ကျန်းမာရေး ထိခိုက်တတ်ပါတယ်။ အဲ့တော့ ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေ များလာလေလေ၊ တံတွေးကနေ တစ်ဆင့်၊ သွေးထဲကနေတဆင့် ခန္ဓာကိုယ်အနှံ့ကို ရောက်ပြီး နေထိုင်မကောင်း ဖြစ်တတ်ပါတယ်။ဒါကြောင့် သွားကို မနက်တစ်ကြိမ် ညတစ်ကြိမ် စနစ်တကျ တိုက်ဖို့၊သွားပွတ်ကြိုး အသုံးပြုဖို့၊ သွားဆရာဝန်နဲ့ ၆လ တစ်ကြိမ် ပြသဖို့ အရမ်း အရေးကြီးတယ်နော်။၆။ စိတ်ဖိစီးမှု များလွန်းခြင်း။အလုပ်ကိစ္စ၊ စားဝတ်နေရေး၊ မိသားစု၊ အချစ်ရေး စတဲ့ ကိစ္စမျိုးစုံနဲ့ စိတ်ညစ်နေတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစော်လို့ ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းတွေ ထွက်လာပါတယ်။ဒီဟော်မုန်းတွေဟာ ကျွန်တော်တို့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားကိုလည်း ကျဆင်းစေသလိုကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကိုလည်း လျှော့ချပစ်လိုက်တာကြောင့် ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်စွမ်း မရှိတော့ပါဘူး။ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာ၊ စိတ်ကို အနားပေးတာ၊ခရီးထွက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ တေးဂီတသံစဉ်တွေ နားထောင်တာ စတာတွေ လုပ်ပေးနိုင်ပါတယ်။ရာသီကြောင့် ဓာတ်မတည့်ခြင်း၊ ကျန်းမာရေး ချူချာတဲ့ မိဘမျိုးရိုးက ဆင်းသက်လာခြင်း၊ကိုယ်ခံအားစနစ် ချို့ယွင်းချက်များ ရှိခြင်း စတဲ့ အချက်တွေဟာလည်း ကျွန်တော်တို့ကို မကြာခဏ ဖျားနာစေနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖျားတဲ့ အကြိမ်ရေ များလွန်းနေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ပြဿနာ အရင်းအမြစ်ကို အရင်ဆုံး သိအောင်လုပ်ဖို့ လိုပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/why-you-have-fever-frequently/
အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ
အသီးတွေချည်းစားရတဲ့ Fruit Diet သမားတွေ ဘာကိုသတိထားဖို့လိုမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။အသီးတွေချည်းစားရတဲ့ Fruit Diet စားတော့မယ်ဆိုရင်။ကစီဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လိုရီတွေအကုန်ဖြတ်၊ နို့ထွက်ပစ္စည်းလည်းမပါဘဲ အသီးတွေပဲစား၊ရေပဲသောက်(တစ်ခါတလေ သစ်သီးစိမ်ရေ -detox water ပဲသောက်)တဲ့ အဆီချပလန်တွေပါ။Fruit Diet မှာဆို အသီးအနှံတွေကိုပဲ အဓိကထား စားရတာပါ။ ဒါပေမယ့် ဟင်းသီးဟင်းရွက်(အရွက်သုပ်)၊ အခွံမာသီးနဲ့ အစေ့အဆန်တွေကိုတော့ အနည်းအကျဉ်းစားလို့ရပါတယ်။ဒါပေမယ့် ပဲ အပါအဝင် အပူပေးချက်ပြုတ်စားရတဲ့အစားအစာမှန်သမျှ လုံးဝရှောင်ရတာဖြစ်ပါတယ်။Fruit Diet သီးသန့်စားသုံးတဲ့သူတွေဟာ အာဟာရချို့တဲ့မှုပြဿနာ ခံစားရနိုင်ခြေများတဲ့အတွက် ကိုယ်ဟာ ဒီပလန်နဲ့သင့်တော်ရဲ့လား ကိုယ့်ကျန်းမာရေးနဲ့အရင်ကိုက်ညှိ ချင့်ချိန်သင့်ပါတယ်။ဒီလိုစားသောက်ပုံကို ကူးပြောင်းတော့မယ်ဆိုရင်ဖြည်းဖြည်းချင်းလုပ်တာကောင်းပါတယ်။ ဆိုလိုတာက ပုံမှန်စားသောက်ပုံမှာအသီးအနှံတွေကို ထည့်စားရင်း တဖြည်းဖြည်းတိုးသွားပါ။နောက်ဆုံးမှ အသီးအနှံချည်းပြောင်းစားတာကောင်းပါတယ်။အသီးအနှံတွေက ဗီတာမင်နဲ့သတ္တုဓါတ်တွေကြွယ်ဝပြီး ကျန်းမာရေးအတွက်လည်း တကယ်လိုအပ်တာမှန်ပေမယ့် လူ့ခန္ဓါကိုယ်အတွက် တစ်နေ့တာရသင့်တဲ့ အာဟာရက ဒါနဲ့တင်မလုံလောက်ပါဘူး။ ပရိုတင်းဓါတ်လို အရေးပါတဲ့အာဟာရဓါတ်တွေကို အသီးတွေကနေမရနိုင်ပါဘူး။ ဗီတာမင်စီကြောင့်ကိုယ်ခံအားကောင်းစေတယ်ဆိုလည်း ပင်မအာဟာရတွေမရှိဘဲ ကြာလာရင် အားနည်းလာမှာသေချာပါတယ်။နောက်တစ်ချက်က အသီးတွေချည်းစားလို့ အဆီကျနိုင်ပါတယ်၊ ဒါပေမယ့် ဒီနည်းရဲ့ ဆိုးကျိုးကတော့ လူကအားနည်းမယ်၊Diet plan ရပ်လိုက်တာနဲ့ ကျထားသမျှ ဝိတ်ပြန်တက်လာတာပါပဲ။ ဒါ့ကြောင့်Fruit Diet လုပ်နေရင်းကို အစေ့အဆန်၊ အခွံမာသီးနဲ့ အရွက်နည်းနည်း စားပေးသင့်ပါတယ်။အသီးအနှံတွေကို အဓိကထားတဲ့Diet planတွေလုပ်မယ်ဆိုရင် ဒီအချက်တွေကို သတိထားသင့်ပါတယ် –။ကိုယ်အလေးချိန်တိုးနိုင်တယ်-ဟုတ်ပါ့မလားလို့မပြောနဲ့။ အသီးတွေစားလို့ဝိတ်ကျတယ်ဆိုတာ ဝိတ်ကျစေမယ့်အသီးတွေက သပ်သပ်ရှိတယ်။ ဒါ့ကြောင့် planတွေမှာ အသီးအမျိုးအစားကို သေချာသတ်မှတ်ပေးထားတာပေါ့။ အသီးအနှံတိုင်းမှာ ပမာဏမတူညီတဲ့ သဘာဝသကြားဓါတ်တွေပါကြပါတယ်။ ကိုယ်ကြိုက်ရာအသီးတွေချည်း ဗိုက်ဆာတိုင်းလွှတ်စားရင် မကျတဲ့အပြင် ဝိတ်တောင်ပိုတက်စေနိုင်ပါတယ်။ဥပမာ အချိုများတဲ့အသီးတွေ အလွန်အကျွံစားတာ။ဆီးချို –ဆီးချိုရှိနေတဲ့သူ ဒါမှမဟုတ်ဆီးချိုဖြစ်နိုင်ခြေများနေသူတွေမှာFruit Diet လုပ်ရင် အန္တရာယ်များပါတယ်။ အသီးတွေမှာ သကြားဓါတ်ကပါပြီးသားမို့ ဆီးချိုနဲ့ပတ်သက်ရင် ချင့်ချိန်စားရတာပါ။ ကိုယ့်မှာ ဒီအန္တရာယ်ရှိတာမသိဘဲ၊ သွေးတွင်းသကြားဓါတ်များနေတာမသိဘဲFruit Diet လုပ်ရင် အန္တရာယ် ရှိနိုင်ပါတယ်။ ပန်ကရိယနဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေလည်း သတိထားသင့်ပါတယ်။သွားပျက်စီးခြင်း –အသီးတွေမှာပါတဲ့ သကြားဓါတ်နဲ့ အက်စစ်ဓါတ်တွေ ထိတွေ့တာများလာတဲ့အခါ သွားကြွေလွှာတွေပျက်စီးတာ၊ သွားပိုးစားတာတွေဖြစ်လာနိုင်တယ်။ ပုံမှန်စားနေကျလောက်ကတော့ပြဿနာမရှိပေမယ့်နေ့စဉ်အာဟာရမှာ သူ့ချည်းစားရတဲ့အခါ ဒီပြဿနာစိတ်ပူရတာဖြစ်ပါတယ်။အာဟာရချို့တဲ့ခြင်း –အသီးအနှံသမားတွေမှာ ဗီတာမင် B12၊ ကယ်လ်စီယမ်၊ ဗီတာမင် D၊ အိုင်အိုဒင်း နဲ့ omega-3 fatty acids တို့ ချို့တဲ့မှုတွေ မကြာခဏ ဖြစ်နိုင်ပြီး သွေးအားနည်းတာ၊ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်ခံအားစနစ်ချို့ယွင်းတာတွေဖြစ်လာနိုင်တယ်။ ဒီလိုအာဟာရဓါတ်တွေကို ရရှိနိုင်တာ နို့ထွက်ပစ္စည်းနဲ့ ပရိုတင်းတို့ ဖြစ်ပေမယ့် ဒါတွေကို ဒီပလန်မှာ တားမြစ်ထားတာကြောင့် ရေရှည်မှာ ဆုတ်ယုတ်မှုတွေဖြစ်လာတာပါ။ဒါ့ကြောင့်Diet Planစီစဉ်တဲ့သူတွေက ဟင်းသီးဟင်းရွက် နဲ့ အသားကို မျှတအောင် ထည့်သွင်းပြီးမှ အသီးအနှံတွေကို အချိုးအစားသတ်မှတ်ပေးကြတာ ဖြစ်ပါတယ်။ အမြန်ဝိတ်ကျဖို့ဆိုပြီး ဖြတ်လမ်းနည်းတွေ မသုံးသင့်ပါဘူး။ကိုယ့်ကိုယ်ကို တကယ်ချစ်တယ်ဆိုရင် ရေရှည်ကျန်းမာရေးအတွက် တွေးသင့်ပါတယ်နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/facts-to-know-about-fruit-diet/
အသက်ရှူလမ်းကြောင်း ကို ရောဂါပိုးဒဏ်ကနေ ကာကွယ်ကြမယ်။
အသက်ရှူလမ်းကြောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါပဲ။ အသက်ရှင်ဖို့ လိုအပ်တဲ့အောက်ဆီဂျင်ကို ရှူသွင်းရင်း နောက်မှာ မလိုလားအပ်တဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ရောဂါပိုးတွေပါ ပါလာတတ်ပါတယ်။ ဒါတွေကို အသက်ရှူလမ်းကြောင်းက ရှင်းထုတ်ပေးရတာပါ။အသက်ရှူလမ်းကြောင်းလို့ ပြောရင် တော်တော်များများက အဆုတ်ကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ အသက်ရှူလမ်းကြောင်းက နှာခေါင်းကစလို့ ဟိုးအဆုတ်လေအိတ်ငယ်လေးတွေအထိ ပါပါတယ်။ အဲ့ဒီနေရာအထိ ရောဂါပိုး မဝင်ဖို့ဆိုရင် အသက်ရှူလမ်းကြောင်း အစတည်းက သေချာဂရုစိုက်ရမှာပါ။ ခုချိန်မှာCOVID-19ကလည်း ရှိနေတော့ ပိုလို့တောင် ဂရုစိုက်ရပါဦးမယ်။ သူက အသက်ရှူလမ်းကြောင်းကနေ အဓိက ဝင်တာဆိုတော့လေ။ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာနေဖို့၊ ရောဂါပိုးဒဏ်ကနေ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။လက်မှာ ဖုန်တွေ၊ ရောဂါပိုးတွေ အများကြီး ရှိပါတယ်။ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာဆေးမယ်၊ MEN (mouth, eyes, nose) ကို လက်နဲ့ မထိဘူးဆိုရင် ရောဂါပိုးတွေ အသက်ရှူလမ်းကြောင်းထဲ ဝင်လာတာကို လျှော့ချပေးနိုင်ပါတယ်။ဆိုလိုတာက ဒီလိုနေရာက ရောဂါပိုးတွေနဲ့ နေ့တိုင်းထိတွေ့နေရတာမို့လို့ တစ်ခုခု နေလို့မကောင်းတာနဲ့ အမြန်ကုသဖို့ လိုပါတယ်။ ရောဂါပိုးကို ထားဦး။ ဟိုတလောကလေထုညစ်ညမ်းမှုလေး နည်းနည်းတက်လာလိုက်တာ တော်တော်များများလည်ပင်းနာတာတွေ၊ နှာစေးတာတွေ ဖြစ်လာကြတယ် မဟုတ်လား။ ဒီလိုသာ ခဏခဏ ထိခိုက်နေရင်ခုခံအားက ရောဂါပိုးတွေ တကယ်ဝင်လာတဲ့အခါ ခံနိုင်ရည်မရှိပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်းကို သန့်ရှင်းရေး လုပ်ဖို့ လိုတာပေါ့။တစ်ခုခုဓာတ်မတည့်လို့ ဖြစ်ဖြစ်၊ ပူလိုက်အေးလိုက်ဖြစ်လို့ နှာရည်ယို နှာပိတ်ဖြစ်နေရင် ခုချိန် အိမ်မှာ အလွယ်လုပ်နိုင်တာက ဆားရည်လေးနဲ့ နှာခေါင်းကို ကျင်းပေးတာပါပဲ။  နောက်တစ်ခုကအာသီးရောင်တာပါ။ နွေရာသီမှာ ပူပြီး ခြောက်သွေ့တဲ့ လေကို ရှူမိလို့ပဲ ဖြစ်ဖြစ်၊ ဖုန်တွေ ရှူမိလို့ပဲ ဖြစ်ဖြစ် အာသီးတွေရောင်ပြီး လည်ပင်းတွေ နာလာတတ်ပါတယ်။ ဒီအခါမှာ ဆားရည်လေးနဲ့ အာလုပ်ကျင်းတာက ပိုးသေပြီး လည်ချောင်းနာတာကို မြန်မြန် သက်သာစေမှာပါ။သိပ်မကြာခင်မှာ မိုးတွင်းရောက်လာတော့မှာပါ။ ဒီလိုရာသီဥတု အကူးအပြောင်းမှာ တုပ်ကွေးဖြစ်ပြီး နှာစေးချောင်းဆိုးတာ၊ လည်ပင်းတွေယားပြီး ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ နှာစေးတာ၊ လည်ပင်းနာတာ၊ အာသီးရောင်တာတွေက မြန်မြန်သက်သာအောင် လုပ်ရမှာပါ။ ဒါမှ သူတို့ရဲ့ ခုခံအားလုပ်ငန်းကို မြန်မြန်ပြန်လုပ်နိုင်ပြီး အဆုတ်ထဲထိ ရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်နိုင်မှာပါ။အထူးသဖြင့် ဒီကာလမှာ အပြင်ကို မထွက်မဖြစ် ထွက်ရတော့မယ်ဆိုရင် လူတွေနဲ့ ခပ်ခွာခွာနေပါ။နှာခေါင်းစည်းတပ်ပါ။ ဘာမှ မရှိရင် အနည်းဆုံး အဝတ်နှာခေါင်းစည်းလောက်တော့ တပ်ပါ။ သူများဆီက နှာချေ ချောင်းဆိုးလို့ ထွက်လာတဲ့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ အတန်အသင့်တော့ ကာကွယ်ပေးပါလိမ့်မယ်။ဒီကာလမှာဆေးလိပ်မသောက်ပါနဲ့။ သောက်တဲ့သူတွေကလည်း တတ်နိုင်ရင် ဆေးလိပ် ဖြတ်လိုက်ပါ။ ဆေးလိပ်မှာပါတဲ့ ဓာတ်ပစ္စည်းတွေက အဆုတ်ကို ပျက်စီးစေပြီး ရောဂါပိုးတွေ ဝင်ရလွယ်စေပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါ အသက်ဝဝရှူရတဲ့အတွက် လေတွေက အဆုတ်ရဲ့ လေအိတ်ငယ်တွေအထိ ရောက်သွားပါတယ်။ အားနဲ့ ရှူသွင်း ရှူထုတ် လုပ်နေတာ ဖြစ်တဲ့အတွက် အသက်ရှူလမ်းကြောင်းတစ်လျှောက်က ရောဂါပိုးတွေ အပြင်ကို ရောက်သွားပါတယ်။ နောက်ပြီး ခုခံအားကိုလည်း တက်စေပါတယ်။ကိုယ်ခံအားကောင်းအောင် နေတာက ရောဂါတွေကို တိုက်ထုတ်ဖို့ အသင့်ပြင်ထားသလိုပါပဲ။ ဒါကြောင့် ဒီကာလမှာ ရောဂါပိုးတွေကို ကာကွယ်နိုင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ အစားအသောက်တွေကို စားပြီး ကိုယ်ခံအားကို မြှင့်တင်ထားရပါမယ်။ဒီလိုသာ ပြင်ဆင်ထားမယ်ဆိုရင်  အသက်ရှူလမ်းကြောင်းကနေ ဝင်လာမယ့် ရောဂါပိုးတွေကို အတန်အသင့် ကာကွယ်ထားပြီးသား ဖြစ်သွားမှာပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%80%e1%80%ad%e1%80%af-%e1%80%9b/
မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ
ကလေးမှာ မွေးရာပါအမှတ်လေး ပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့အလေ့အထမြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီ အမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ မွေးရာပါအမှတ်တွေ အကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ တွေကတော့။မွေးရာပါအမှတ်တွေ ဆိုတာမေမေ့ဗိုက်ထဲက မွေးလာကတည်းကဘေဘီလေးရဲ့ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန်အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေးအသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။အခုချိန်ထိ မွေးရာပါအမှတ် ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးတွေ ရှိနေပေမယ့်လည်း အခုချိန်ထိ ဘယ်အချက်က မှန်လဲဆိုတာကို တိတိကျကျသက်သေအထောက်အထားပြနိုင်တာမျိုး မရှိသေးပါဘူး။အမှတ် အများစုကတော့ ကျန်းမာရေးပြဿနာ မဖြစ်စေနိုင်ပါဘူး။ အချို့ အမှတ်တွေဆို အရွယ်ရောက်လာတာနဲ့အမျှ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ ဒါပေမယ့် အမှတ်တိုင်းက နောက်ဆက်တွဲကျန်းမာရေးပြဿနာ မရှိနိုင်တာတော့မဟုတ်ပါဘူး။ အချို့ဆံချည်မျှင်သွေးကြောလေးတွေပါဝင်နေတဲ့ အမှတ်တွေဆိုရင် မအီမသာဖြစ်တာမျိုး၊ ထိမိရင် သွေးထွက်တာကနေတဆင့် အနာဖြစ်ပြီးပိုးဝင်တာနဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တာမျိုးခံစားရနိုင်ပါတယ်။အမှတ်က သူ့အလိုလိုပျောက်သွားတာမျိုးမဟုတ်ဘဲ အခုလို အနေအထားမျိုးတွေ ဖြစ်လာမယ်ဆိုရင် ကုသမှု အမြန်ဆုံးခံယူစေချင်ပါတယ်။မွေးရာပါအမှတ်တွေ အတွက် ကုထုံးတွေက တစ်ခုမက ရှိနေနိုင်ပါတယ်။ တကယ်လို့ အမှတ်ကအမြင်အာရုံ၊ စားတာသောက်တာ၊ အကြားအာရုံ နဲ့ အခြားဆိုးဆိုးရွားရွားထိခိုက်စေတာမျိုးမရှိရင် ဒါမှမဟုတ်ကျန်းမာရေးပြဿနာတစ်ခုခု မဖြစ်ဘူးဆိုရင် ဒီအတိုင်းထားလိုက်တာက အဆင်အပြေဆုံးပါ။ နောက်ဆက်တွဲပြဿနာတွေရှိလာမယ်။ ကြည့်ရဆိုးမယ်ဆိုရင် အခုလိုကုထုံးတွေကို သုံးပြီး မွေးရာပါအမှတ်တွေကို ကုသလို့ရပါတယ်။  အမှတ်အမျိုးအစား၊ အရွယ်အစားနဲ့ ဖြစ်တဲ့နေရာကိုလိုက်ပြီးတော့တော့ ကုထုံးအမျိုးအစားကွာခြားနိုင်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/what-you-need-to-know-about-birthmarks/
ပိုးသတ်ဆေး သောက်ပြီးနောက် ဝမ်းလျှောလာခဲ့ရင်
ပဋိဇီဝပိုးသတ်ဆေး(Antibiotics) ဆိုတာဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ အသုံးပြုတဲ့ ဆေးဖြစ်ပါတယ်။ ဆေးဆိုတဲ့အတိုင်းပဲ ရောဂါကို ကုသပေးနိုင်သလို နောက်ထပ် ဘေးထွက်ဆိုးကျိုး တချို့ကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ဘယ်ဆေးမဆို ဘေးထွက်ဆိုးကျိုးအနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ဝမ်းလျှောခြင်းကတော့ ပိုးသတ်ဆေးသောက်ပြီးနောက် အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးများထဲက တစ်ခုဖြစ်ပါတယ်။ပိုးသတ်ဆေးတွေဟာ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ဆဲလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံချင်း ကွဲပြားတဲ့ဘက်တီးရီးယားဆဲလ်တွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ပါတယ်။ ဘက်တီးရီးယားမှာ ပြင်ပကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးဖို့ ဝင်ရောက်လာတဲ့ အမျိုးအစားရှိသလို အစာခြေစနစ်နဲ့အူလမ်းကြောင်းမှာ သဘာဝအတိုင်း ရှိနေတတ်တဲ့ ကျန်းမာရေးအကျိုးပြုဘက်တီးရီးယားတွေလည်း ပါပါတယ်။ကျန်းမာရေးအကျိုးပြု ဘက်တီးရီးယားတွေဟာအစာခြေစနစ်ကို ကောင်းစွာ အလုပ်လုပ်စေသလိုအူလမ်းကြောင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားခြင်းမဖြစ်စေဖို့ ကူညီပေးပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းရောင်ရမ်းခြင်း၊ဝမ်းလျှောခြင်းတွေကို ဖြစ်စေနိုင်တဲ့ Clostridium difficile လို့ ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ ကြီးထွားနှုန်းကိုလည်း ထိန်းချုပ်ပေးပါတယ်။ဒီတော့ ပိုးသတ်ဆေး သောက်လိုက်တဲ့အခါ ကောင်းတဲ့ ဘက်တီးရီးယားရော၊ မကောင်းတဲ့ ဘက်တီးရီးယားတွေပါ အကုန်သတ်ပစ်လိုက်သလို ဖြစ်သွားတဲ့အတွက် ဝမ်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာရတာပါပဲ။ပိုးသတ်ဆေး စသောက်ပြီး တစ်ပတ်အကြာမှာ ရောဂါဖြစ်စေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေအပြင် ကျန်းမာရေးအကျိုးပြု ဘက်တီးရီးယားလေးတွေပါ နည်းနည်းချင်းစီ သေကုန်ပါတယ်။ ဒါကြောင့် ကုသမှုပြီးသွားတဲ့နောက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဝမ်းလျှောတတ်ပါတယ်။• တစ်နေ့ကို အနည်းဆုံး ၃ကြိမ်ထက်ပိုပြီးဝမ်းသွားခြင်း။• ဝမ်းဗိုက်ထဲက ရစ်ပြီး နာနေခြင်း၊ အောင့်နေခြင်း။•အဖျားအနည်းငယ်တက်ခြင်း။•အစာစားချင်စိတ်နည်းလာခြင်း။•ပျို့အန်တက်ခြင်း စတဲ့ လက္ခဏာတွေကိုပါ တွဲဖက်ပြီး တွေ့ရနိုင်ပါတယ်။ကိုယ်လည်း အစားမမှားပဲနဲ့ ဝမ်းလျှောတယ်ဆိုရင် လက်ရှိသောက်နေတဲ့ ပိုးသတ်ဆေးကြောင့်လား ဒါမှမဟုတ် ကိုယ့်ရဲ့ ရောဂါကြောင့်လားဆိုတာ စဉ်းစားဖို့လိုပါတယ်။ ပိုးသတ်ဆေးကြောင့်ဆိုရင်တော့ ပိုးသတ်ဆေးကို ရပ်တာနဲ့ သက်သာသွားပါတယ်။ ဆုံးရှုံးသွားတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုတော့ ပြန်ဖြည့်ပေးရတာပေါ့။ ဒါပေမယ့် ဘာလို့ ဝမ်းလျှောတာလည်းဆိုတဲ့ အကြောင်းရင်းကို သိဖို့ ဆရာဝန်နဲ့ ပြသပါ။ ပိုးသတ်ဆေးကြောင့်ဆိုရင်တော့ ဆေးပြောင်းပေးလိုက်ပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ်တော့ ဆေးမရပ်ပါနဲ့။တခြားဝမ်းလျှောတာတွေ ကုသလိုပါပဲ။ ဒါပေမယ့် သူ့မှာက အကျိုးပြုဘက်တီးရီးယားတွေ လျော့နည်းကုန်တဲ့အတွက် ဒါကို ပြန်ဖြည့်ပေးဖို့ပါ လိုတယ်ဆိုတာမမေ့ပါနဲ့။ကုသနည်းတွေကတော့။ဝမ်းသွားတဲ့ထဲမှာ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့အတွက် ဓာတ်ဆားရည်သောက်ပေးပါ။ ဘယ်လောက်သောက်ရမလဲဆိုတော့ ဝမ်းသွားချိန်ဆုံးရှုံးတာနဲ့ ကာမိအောင် လုံလုံလောက်လောက်သောက်ပေးပါ။ဒိန်ချဉ်လို အစားအသောက်ကနေ ပြန်ဖြည့်လို့ရသလို ခုဆိုရင် ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရနေတဲ့ ဆေးအမှုန့်ထုပ်လေးတွေ၊ ဆေးလုံးလေးတွေ ရှိနေပြီဖြစ်လို့ ဒါတွေနဲ့ အလွယ်ပြန်ဖြည့်လို့ရပါတယ်။ဝမ်းပိတ်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်စေလိုပါတယ်။ ဝမ်းပိတ်ဆေးဆိုတာ အူရဲ့ လှုပ်ရှားမှုကို နှေးစေလို့ ဝမ်းသိပ်မသွားတော့ဘူးလို့ ထင်ရပေမယ့် ဒါကြောင့်ပဲ အူထဲမှာ အဆိပ်အတောက်တွေ အောင်းနေတတ်ပါတယ်။ ဝမ်းသွားလိုက်ရင်တော့ အဆိပ်အတောက်တွေ အပြင်ကို ပါသွားတာပေါ့။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/antibiotics-diarrhea/
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။
ဗီတာမင် Cကြွယ်ဝတဲ့အချဉ်ဓာတ်ပါတဲ့ အစားအစာတွေကအသားအရေကို ကျန်းမာစေတယ်။ ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား ဆိုတဲ့အကြောင်းလေး နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ခါးတဲ့ အရသာရှိတဲ့ အသီးအရွက်တွေက။ခါးတဲ့ အရသာရှိတဲ့ အသီးအရွက်တွေက။အခါးဓာတ်ပါတဲ့အရာတွေက ဝက်ခြံကို အနည်းနဲ့အများတော့သက်သာစေနိုင်ပါတယ်။ဒီလိုပြောရတာက အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီး၊ တမာရွက်၊ ဖန်ခါးသီး၊ ဇီးဖြူသီး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ကြောင်လျှာသီး၊ ဂွေးတောက်ရွက် စတဲ့ အသီးအရွက်တွေမှာ အရောင်ကျစေတာ၊ ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်တာ၊ အဆီတွေကို ကျစေတာမျိုး လုပ်ပေးပြီး အရေပြားနဲ့ ကြွက်သားတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ခါးတဲ့အရသာရှိတဲ့ အသီးအရွက်တွေ က အစာခြေစနစ်ကို ကျန်းမာစေသလို ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးလည်ပတ်မှု ကောင်းစေသလိုပြည့်ဝတဲ့ အိပ်စက်ချိန်ကို ရရှိစေတာကြောင့် အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးအရေပြားဆဲလ် အသစ်တွေဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။အခါးဓာတ်ပါတဲ့ အရာတွေ ကသွေးလည်ပတ်မှုကို ကောင်းစေပြီး အသည်းကို သန့်စင်ပေးတာကြောင့် ဝက်ခြံတွေကို သက်သာစေသလို ကြည်လင်ပြီး အနာအဆာကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။တစ်နေ့တာမှာ အခါးဓာတ်ပါတဲ့အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို နည်းနည်းစီ စားသုံးပေးတာက အသားအရေကို လိုအပ်တဲ့ ဗီတာမင် C၊ ပိုတက်ဆီယမ်၊သံဓာတ်၊ beta carotene၊ ကယ်လ်ဆီယမ်၊ ရေဓာတ် စတာတွေကို အပြည့်အဝ ထောက်ပံ့ပေးပြီး အရေပြားပေါ်က အဆီပိုတွေကို ဖယ်ရှားပေးသလို ဝက်ခြံဖြစ်စေတဲ့ ဘက်ရီးယားတွေကို တိုက်ဖျက်ပေးနိုင်မှာပါ။အခါးဓာတ်ပါတဲ့ အသီးအရွက်တွေ ရဲ့ နောက်ထပ် အာနိသင်တစ်ခုက အရေပြားကို ဆဲလ်သစ်တွေဖြစ်ပေါ်စေသလိုအသားအရေကို တင်းရင်းစေတာပါ။ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အရေးအကြောင်းတွေကို သက်သာစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ဒါကြောင့် ဝက်ခြံ နဲ့ ဝက်ခြံ အမာရွတ်တွေ သက်သာပြီးအနာအဆာ ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အခါးဓာတ်ပါတဲ့အသီးအရွက်တွေကို ဆေးဖြစ်ဝါးဖြစ် ပမာဏလောက် ပုံမှန် စားပေးဖို့ အကြံပြုပါရစေ။အခါးဓာတ်ပါတဲ့အသီးအရွက်တွေက အချဉ်ဓာတ်ပါတဲ့ အသီးအရွက်တွေလိုပဲ အသားအရေကို ကျန်းမာစေပြီး ဝက်ခြံတွေ နဲ့အခြား အရေပြား ပြဿနာတွေကင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/bitter-foods-to-make-you-radiate-from-the-inside-out/
လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ
ဖိနပ်ပေါက်တဲ့ ကိစ္စက ယောက်ျားလေးတွေရော မိန်းကလေးတွေပါ ကြုံဖူးတဲ့ ကိစ္စ တစ်ရပ်ပေါ့။ ဖိနပ်ပေါက်တာလား။ဖိနပ်အသစ်မို့ပါလို့ ပြောမလို့လား…။ဒါဆို မေးစရာရှိတာက ဖိနပ်ကတော့ စီးနေကျပါပဲ။ အရင်က မပေါက်ပါဘူး။လမ်းများများ လျှောက်လိုက်တဲ့နေကျမှ ဖိနပ်ပေါက်တာမျိုးလေ။ ကြုံဖူးတယ် ဟုတ်။ဒါဆိုရင် လမ်းလျှောက်များလို့ ဖိနပ်ပေါက်တဲ့အခါ သက်သာစေဖို့ ဘာတွေ လုပ်ရမလဲ။ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။လမ်းလျှောက်တာများလို့ ဖိနပ်ပေါက်ပြီ။ ကိုယ်က နောက်နေ့တွေမှာလည်း သွားစရာ လာစရာတွေက ရှိတယ် ဘယ်လို သက်သာအောင် လုပ်ရပါ့မလဲဆိုပြီး စိတ်ပူနေပြီလား…..။ဒါဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေမှာပါ။ ဖိနပ်ဆိုတာက လူတစ်ယောက်အတွက် မရှိမဖြစ် လိုအပ်တဲ့အသုံးအဆောင်တစ်ခုပါ။ ဒါပေမယ့် လမ်းလျှောက်ရတာ များလို့ ဖိနပ် ပေါက်ပြီဆိုရင်တော့အမြန်ဆုံး သက်သာစေဖို့ဒီနည်းလမ်းလေးတွေ အသုံးပြုလို့ ရပါတယ်။ဖိနပ်ပေါက်တဲ့အခါ အများဆုံး လုပ်မိတဲ့ နည်းလမ်းက ဖိနပ်ပေါက်စေတဲ့ ဖိနပ်ကို ဆက်မစီးတာပါ။ ဒါပေမယ့် အမြဲလိုလို လမ်းလျှောက်နေရသူတွေအတွက်တော့ ဒီနည်းလမ်းက အဆင်မပြေပါဘူး။ဒါကြောင့် ဖိနပ်ပေါက်တာ သက်သာစေဖို့ဆိုရင်။ဖိနပ်ပေါက်တာကို ဖြစ်မှ သက်သာအောင် လုပ်တာထက် မဖြစ်ခင်ကတည်းကလည်း ကြိုတင် ကာကွယ်လို့ ရပါတယ်။  ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ် မဟုတ်လား။လမ်းလျှောက်များလို့ ဖိနပ် မပေါက်စေဖို့ဆိုရင် အခုလိုလေး ကြိုတင် ကာကွယ်လို့ရပါတယ်။ကဲ…လမ်းလျှောက်ဖို့လည်း လိုတယ် ဖိနပ်ပေါက်တဲ့ဒဏ်ကြောင့် မလျှောက်နိုင်မှာလည်း စိုးရိမ်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးတည့်စေမှာ အသေအချာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/shoe-bite-treatment/
အသက်ရှူမဝ ဖြစ်စေရတဲ့ အကြောင်းရင်း (၁၀) ခု
အသက်ရှူလိုက်တိုင်း ရှူလို့မဝဘူးလို့ခံစားရတယ်၊ နှာခေါင်းပေါက်ပဲကျဉ်းနေသလိုလေအပြည့်မရသလို၊အောက်ဆီဂျင်မရသလို ခံစားရတာမျိုးဖြစ်ဖူးကြတယ်မလား။ ဒီတော့ အသက်ရှူရင် ငါးကြိမ်မှာ သုံးကြိမ်လောက်က ရှိုက်ရှူရတော့တယ်။ သူများမြင်ရင်တော့ သက်ပြင်းချတယ်ပေါ့။ အမှန်က ကိုယ့်မှာ တစ်ယောက်တည်း အသက်ရှူမဝဖြစ်နေတာ။ အဲဒါဘာကြောင့်ဖြစ်နိုင်မလဲ လေ့လာရအောင် ဖြစ်နိုင်ခြေလေးတွေ စုဆောင်းထားပါတယ်။ အရင်ဆုံးဖြစ်နိုင်တာက –။ပန်းနာရင်ကျပ်ကြောင့် အသက်ရှူလမ်းကြောင်းက ရုတ်တရက်ကျဉ်းပြီးရောင်ရမ်းလာပါတယ်။ ဒါ့ကြောင့်အသက်ရှူလိုက်ရင် ရှူရခက်မယ်၊ ကျပ်မယ်၊ ချွဲထမယ်၊ တရွှီရွှီမြည်နေမယ်။ ဒါ့ကြောင့် အသက်ရှူရပိုကောင်းအောင် inhalerတွေသုံးကြရတာဖြစ်ပါတယ်။ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ တိရစ္ဆာန်အမွေး၊ စတာတွေကို ရှူရှိုက်မိတဲ့အခါ ဓါတ်မတည့်ခြင်းဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေမှာ ဓါတ်မတည့်ခြင်းကနေ ပန်းနာရင်ကျပ်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေကို လေထဲကချည်းရနိုင်တာမဟုတ်ပါဘူး။ ထိတွေ့မိတာတွေ၊ စားမိတဲ့အရာတွေကနေလည်း ရနိုင်ပါတယ်။ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေခံစားရတဲ့အခါ အသက်ရှူရခက်နိုင်ပါတယ်။ ပုံမှန်လူဆို သိပ်ပြဿနာမရှိပေမယ့်COPD လို နာတာရှည်အဆုတ်ရောဂါရှိနေတယ်ဆိုရင်ပြင်းထန်သွားနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိနေသူဆိုရင် ယာဉ်မတော်တဆမှုလိုမျိုး ရုတ်တရက်စိတ်လှုပ်ရှားမှုကြောင့်လည်းပြဿနာဖြစ်သွားနိုင်ပါတယ်။ ကိုယ့်မှာ ဘာရောဂါအခံမှမရှိဘူးဆိုရင်တောင် စိတ်လှုပ်ရှားမှု၊ပူပန်မှုကြောင့် အသက်ရှူမြန်လာပြီးခေါင်းမူး၊သတိလစ်သွားနိုင်ပါတယ်။မီးခိုးခေါင်းတိုင်၊ မီးဖို၊ အခြောက်ခံစက်၊ ကားမီးခိုး စတာတွေကနေထွက်လာနိုင်တဲ့ အရောင်မရှိ၊ အနံ့မရှိတဲ့ဓါတ်ငွေ့ဖြစ်ပါတယ်။ ဒီအခိုးအငွေ့တွေကို နည်းလမ်းမှန်နဲ့စနစ်တကျမစွန့်ထုတ်ခဲ့ရင်လေထုထဲမှာစုနေပြီး အများကြီးရှူမိပါလိမ့်မယ်။ ဒါဆိုရင်သွေးနီဥဆဲလ်တွေက ခန္ဓါကိုယ်အနှံ့အောက်ဆီဂျင်ပေးပို့နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အသက်ရှူမဝဖြစ်မယ်၊ခေါင်းမူးမယ်၊ အားနည်းမယ်၊ မအီမသာဖြစ်မယ်။ အမြင်အာရုံလည်းဝေဝါးပြီး မူးလဲတဲ့အထိဖြစ်လာရင် အသက်အန္တရာယ်ပါရှိနိုင်ပါတယ်။ခြေထောက်မှာသွေးကြောပိတ်တာ၊သွေးခဲပိတ်ဆို့တာတွေက အဆုတ်သွေးကြောကို သွားပိတ်ဆို့စေနိုင်ပြီးသွေးလည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုပိတ်ဆို့သွားရင် အသက်ရှူရခက်တယ်၊ နာကျင်ရတယ်။ တချို့ဆိုချောင်းဆိုးသွေးပါကြပါတယ်။ ပိတ်ဆို့မှုစဖြစ်တဲ့နေရာမှာတော့ရောင်ရမ်းတာ၊ ပူတာ၊ နာကျင်တာတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေက အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက်ဆေးရုံသာပို့သင့်ပါတယ်။ သွေးကျဲဆေးတွေ၊တခြားဆေးဝါးတွေ ဒါမှမဟုတ် ခွဲစိတ်မှုတွေနဲ့ ဆရာဝန်က လိုအပ်သလို ကုသပေးပါလိမ့်မယ်။အဆုတ်မှာရှိတဲ့လေအိတ်လေးတွေကို ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေဝင်တဲ့အခါ အရည်တွေပြည့်လာပြီး အသက်ရှူရခက်စေနိုင်ပါတယ်။ အဖျားတက်ပြီးချောင်းဆိုးတယ်ဆို ပျစ်ခဲတဲ့ သလိပ်တွေ ထွက်စေနိုင်ပါတယ်။ အဆုတ်ရောင် နမိုးနီးယားဖြစ်နေတယ်ဆို ပိုးသတ်ဆေးတွေကိုလိုအပ်သလို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။နာတာရှည်လေပြွန်ရောင်ရောဂါလို့လည်းခေါ်ကြပါတယ်။ဆေးလိပ်သောက်ခြင်းကြောင့်အဖြစ်များတတ်ပါတယ်။ ဒီဝေဒနာဖြစ်တဲ့အခါ အဆုတ်ထဲကလေအိတ်တွေကိုပြန့်ကားစေပြီးလေကိုနေရာရွေ့စေဖို့ခက်ခဲပါလိမ့်မယ်။ ဒီလိုကနေ အသက်ရှူရအဆင်မပြေဖြစ်စေပါတယ်။ ရင်ဘတ်ထဲမှာ ကျပ်နေသလိုခံစားရပြီးချောင်းဆိုးမယ်၊ တစ်ခါတလေ တရွှီရွှီမြည်မယ်။နှလုံးလုပ်ဆောင်ချက်မကောင်းတော့တဲ့အခါ heart failure ရတယ်လို့ပြောကြပါတယ်။ လုပ်သင့်သလောက်သွေးမညှစ်နိုင်တော့တဲ့အခါ အောက်ဆီဂျင်အလုံအလောက်ရနိုင်ဖို့ပိုခက်ခဲစေနိုင်ပါတယ်။လှေကားတက်တာ၊ လမ်းလျှောက်တာ၊ ပစ္စည်းလေးနည်းနည်းသယ်လာတာ စတဲ့လွယ်ကူတဲ့အလုပ်တွေမှာတောင်မောဟိုက်မောကျပ်စေနိုင်ပါတယ်။ခန္ဓါကိုယ်မှာ ကျန်းမာတဲ့ သွေးနီဥဆဲလ်တွေမလုံလောက်တဲ့အခါ တစ်ရှူးတွေဆီကိုအောက်ဆီဂျင်အလုံအလောက်မရောက်နိုင်တော့ပါဘူး။သွေးအားနည်းတဲ့အခါ လူကဖျော့တော့ပြီး ပင်ပန်းလွယ်မယ်။ခေါင်းမူးပြီး အားနည်းနေမယ်၊ခြေဖျားလက်ဖျားတွေအေးစက်ပြီး နှလုံးခုန်မြန်လာနိုင်ပါတယ်။အသက်ရှူမဝတာ၊ အသက်ရှူကျပ်နေတာမျိုးကို မကြာခဏ သို့မဟုတ် အချိန်အတော်ကြာခံစားရတယ်ဆို ကြိတ်မခံစားနေဘဲရောဂါရှာဖွေစစ်ဆေးမှုလုပ်သင့်ပါတယ်။ အကြောင်းရင်းခံကိုသေချာအတည်ပြုပြီးမှ ကျန်းမာရေးအတွက်စိတ်ချရမှာဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%99%e1%80%9d%e1%80%9e%e1%80%9c%e1%80%ad%e1%80%af-%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%90/
ရေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေး
ကိုယ်ခန္ဓါရဲ့ ၇၅ ရာခိုင်နှုန်းခန့်ကိုရေဓါတ်နဲ့ ဖွဲ့စည်းထားပါတယ်။ဒါ့အပြင်ထမင်းအသက် ခုနှစ်ရက် ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးလည်း ရှိပါသေးတယ်။ကျွန်တော်တိုရဲ့ ကျန်းမာရေးနဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေအတွက် ရေဟာ မရှိမဖြစ် အရေးကြီးပါတယ်။ခန္ဓါကိုယ်ကနေ လိုအပ်တဲ့ရေဟာပါးစပ်ကနေပဲ အဓိကဝင်ရောက်ပါတယ်။ ရေဟာအသက်ရှင်ရပ်တည်ရေးအတွက် အရေးပါတယ်ဆိုပေမယ့်ညစ်ညမ်းမှုတဲ့ရေကတော့ ကိုယ်ခန္ဓါကို ထိခိုက်စေပါတယ်။ မိမိတို့နေထိုင်ရာဝန်းကျင်က ရေထုဟာ အကြောင်းအမျိုးမျိုးကြောင့် ညစ်ညမ်းနေရင် လူထုနဲ့ချီတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်ပွားရပါတယ်။ကျွန်တော်တို့ ပတ်ဝန်းကျင်က ရေထုကို ညစ်ညမ်းစေတဲ့ အဓိကအကြောင်းအရာများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ပြုပြင်သန့်စင်ထားခြင်းမရှိတဲ့၊ ညစ်ညမ်းတဲ့ရေကို သောက်မိရင် ကိုယ်ခန္ဓါကနေ ချက်ချင်းတုံ့ပြန်မှု ပြုလုပ်ပါလိမ့်မယ်။ အနည်းဆုံးဗိုက်အောင့်ခြင်း၊ဝမ်းပျက်ခြင်းေတွ ဖြစ်နိုင်ပါတယ်။ အဓိကကတော့ ရောဂါပိုးပါပဲ။ နှစ်စဉ် ကမ္ဘာအဝှမ်းမှာ လူပေါင်း၃သန်းကျော်ဟာ ရေမှတဆင့် ကူးစက်တဲ့ရောဂါတွေကြောင့် သေဆုံးနေရတယ်လို့ သိရပါတယ်။ ရေမှတဆင့် ကူးစက်နိုင်တဲ့ ရောဂါအချို့ကတော့ တိုက်ဖွိုက်၊ကာလဝမ်းရောဂါ၊ ပါရာတိုက်ဖွိုက်၊ ဝမ်းကိုက်ခြင်း၊ အမီးဘားပိုးဝင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ သုတေသနတွေအရ ညစ်ညမ်းနေတဲ့ရေမှာ အောက်ပါ ဓါတ်ပစ္စည်းတွေ ပါဝင်နိုင်ပြီး သုံးစွဲသူတွေအပေါ် ဆိုးကျိုးသက်ရောက်စေပါတယ်။ရေထုညစ်ညမ်းမှုဟာ ကျယ်ပြန့်တဲ့ပြသနာတွေဖြစ်တာမို့ တချို့အပိုင်းတွေဟာ နိုင်ငံတော်အဆင့် အကောင်အထည်ဖော်ရတဲ့ ကဏ္ဍတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ တနိုင်တပိုင် လုပ်ဆောင်နိုင်ပါသလား။ အဖြေကတော့ Yes ပါပဲ။ရှောင်ကြဉ်ရမယ့်အပိုင်းနဲ့ လိုက်နာသင့်တဲ့အပိုင်းဆိုပြီး ရှိပါတယ်။၁။ သင်ရဲ့အမှိုက်တွေကို မြစ်ချောင်းများ ရေကန်များအတွင်း စွန့်ပစ်ခြင်း မပြုပါနဲ့။ ဘယ်အမှိုက်မျိုးမဆိုဖြစ်ပါတယ်။၂။ ဓါတုပစ္စည်းပါနိုင်ခြေရှိတဲ့အရာဝတ္တုတွေကို မြစ်ချောင်းများမှာ ဆေးကြောခြင်း မပြုပါနဲ့။၃။ စက်ရုံအလုပ်ရုံများနဲ့ နီးစပ်တဲ့ မြစ်ချောင်းရေကန်များကရေကို သောက်သုံးခြင်း မပြုပါနဲ့။၄။ အရောင်အနံ့ အရသာပါနေတဲ့ရေကို ရှောင်ကြဉ်ပါ။၁။ အမှိုက်များကို သူ့နေရာနဲ့သူ စနစ်တကျ စွန့်ပစ်ပါ။၂။ မိမိတို့ဝန်းကျင်ရှိ စက်ရုံအလုပ်ရုံများကနေ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းတကျမရှိဘဲ စွန့်ပစ်နေရင် သက်ဆိုင်ရာကို အကြောင်းကြားပါ။၃။ မသန့်ရှင်းဘူးလို့ သံသယရှိတဲ့ရေကို မသောက်ပါနဲ့။ တခြားရေရင်းမြစ်မရှိရင် အနည်းဆုံးကျိုချက်ပြီးမှ သောက်ပါ။၄။ မိမိလက်လှမ်းမီသမျှ ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုဖို့ လှုံ့ဆော်ပါ။..။လူတိုင်းလူတိုင်းဟာ ဒီရှောင်ရန်ဆောင်ရန်အချက်တွေကို အလေးထားဆောင်ရွက်ရင် မိမိကျန်းမာရေး အသက်ရှင်ရေးအတွက် အရေးကြီးလှတဲ့ ရေကို ညစ်ညမ်းစေခြင်းကနေ ထိုက်သင့်သလောက် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။အချုပ်ပြောရရင် ရေဆိုတာ ပေါများပါတယ်။ ဒါပေမယ့် သန့်တဲ့ရေ ရှားပါတယ်။ ကျွန်တော်တို့နေထိုင်ရာ ဝန်းကျင်ကေရအရင်းအမြစ်ကို သန့်ရှင်းအောင် တတ်နိုင်သလောက် လုပ်ဆောင်ကြပါစို့။..။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9b%e1%80%b1%e1%80%91%e1%80%af%e1%80%8a%e1%80%85%e1%80%ba%e1%80%8a%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8/
နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။
ကြားဖူးကြတာ ရှိမှာပါ။ ကလေးမွေးပြီးနို့တိုက်လို့ရင်တားဆေးတွေ သောက်စရာမလိုဘူး။ကိုယ်ဝန်တားပြီးသား ဖြစ်တယ်ဆိုတဲ့ စကားလေးတွေ။ ဒါအမှန်ပဲလား။ နို့တိုက်ခြင်းက ဘာ့ကြောင့် ကိုယ်ဝန်ကို တားပေးတာလဲ။ ရာသီစက်ဝန်း နဲ့ သန္ဓေအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိလို့လား။ ဒီတစ်ခေါက်တော့ နို့တိုက်မိခင်တိုင်း သိချင်နေလောက်မယ့် နို့တိုက်ခြင်းက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ။ ။ ဆိုတာလေးကို ဆွေးနွေးပေးသွားပါမယ်။နို့တိုက်ခြင်းက ရာသီစက်ဝန်းကို နောက်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ကလေးမွေးပြီး နို့တိုက်တဲ့အခါ ရာသီစက်ဝန်း ၉ လအထိတောင် နောက်ကျတတ်ပါတယ်။ တစ်ချို့ဆို ကလေး တစ်နှစ်ပြည့်ပြီးတဲ့အထိတောင် ရာသီပြန်မလာတတ်တာမျိုး ရှိသလို တချို့ကကျတော့လည်း ရာသီ မမှန်တာမျိုးတွေ ရှိတတ်ပါတယ်။ ဘာ့ကြောင့်လဲ ။ဒါတွေအားလုံးရဲ့ တရားခံဆိုရင်တော့ဟော်မုန်းအပြောင်းအလဲတွေကို အပြစ်တင်ရမှာပါပဲ။မီးဖွားပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ ဟော်မုန်းနဲ့ နို့တိုက်ခြင်း။ကိုယ်ဝန်ဆောင်တည်းက ပြောင်းလဲခဲ့တဲ့ဟော်မုန်းတွေဟာ မီးဖွားပြီးနောက်ပိုင်း နို့တိုက်တဲ့အချိန်အထိပါ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နို့များများထွက်အောင် လှုံ့ဆော်ပေးတဲ့Prolactinဟော်မုန်းက ရာသီစက်ဝန်း အပြောင်အလဲကို အဓိက ဖြစ်စေတယ်လို့ ဆိုရမှာပါပဲ။နို့တိုက်တဲ့အချိန်မှာ ရာသီလာနေရင်ရော။အများစုက နို့တိုက်တဲ့အချိန်ရာသီမလာတတ်တဲ့သူတွေ ဖြစ်တယ်ဆိုပေမယ့် တချို့ လာတဲ့သူတွေလည်း ရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးမလား။ ဒီလို နို့တိုက်နေတဲ့အချိန် ရာသီလာတဲ့အခါ။ဘယ်အချိန်ရာသီစက်ဝန်းက ပုံမှန် ပြန်ဖြစ်မှာလဲ။မီးဖွားပြီးချိန်နို့တိုက်ပြီးချိန် ဘယ်တော့လောက်မှ ရာသီစက်ဝန်း ပုံမှန် ပြန်ဖြစ်မလဲဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ အနည်းဆုံး ၆လကနေ အများဆုံး ၂နှစ်လောက်မထိ ကြာသွားတတ်ပါတယ်။တစ်ခုမှတ်ထားရမှာက ရာသီ မလာတိုင်း သားဥမကြွေဘူးဆိုတာတော့မဟုတ်ပါဘူး။ တချို့အမှတ်မှားနေကြတာက နို့တိုက်နေတဲအချိန် ရာသီမလာတဲ့အတွက် သားဥမကြွေဘူး ကိုယ်ဝန် လုံးဝ မရနိုင်ဘူးလို့ ထင်နေတတ်ကြပါတယ်။ ကိုယ်ဝန် မရနိုင်ဖို့ အလားအလာများပေမယ့် ထတစ်ချကြီး အာမခံလို့တော့ မရပါဘူး။နောက်ဆုံးပြောချင်တာကတော့ နို့တိုက်နေတဲ့ကာလတော်တော်များများမှာ ရာသီစက်ဝန်း မမှန်တာရှိတတ်ပြီး နို့မတိုက်ခဲ့ရင်တော့ မီးဖွားပြီး ၁ လလောက်ကြာတာနဲ့ ရာသီပြန်ပေါ်မှာ ဖြစ်ပါတယ်။ နို့လည်း မတိုက်ဘူး နောက်ထပ်ကိုယ်ဝန်လည်း မရသေးဘဲနဲ့ ရာသီ မမှန်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breastfeeding-and-menstruation/
ဆံပင်ဆေးဆိုးရင်း အရေပြားမှာ စွန်းသွားခဲ့ရင်
ဆံပင် ဖြူနေလို့ပဲ ဖြစ်ဖြစ် ဆံပင်ကို အရောင်လှလှဆေး ဆိုးချင်လို့ပဲ ဖြစ်ဖြစ် ဆံပင်ကိုဆေးဆိုးတဲ့အခါမတော်တဆ အသားမှာ ပေကျံသွားတာမျိုး ရှိနိုင်ပါတယ်။ စာဖတ်ပရိသတ်ကြီးရော ဖြစ်ဖူးလား ……။ဒီလိုဖြစ်တဲ့အခါ ဆိုးဆေးက အချိန်အတော်ကြာတဲ့အထိ အသားမှာ စွဲထင်နေတတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ဆံပင်ဆိုးဆေး အသားမှာ ပေနေတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ဆံပင်ဆေးဆိုးရင်းအရေပြားမှာ စွန်းသွားခဲ့ရင်အခုလို ဖြေရှင်းလိုက်ပါ။ အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖျက်ပစ်ဖို့ဘာတွေ လိုမလဲ။ ဘယ်လို လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖျက်ပစ်ဖို့ ဒါလေးတွေ လိုအပ်ပါမယ်။ဒီနည်းလမ်းလေးတွေ သုံးပြီး အရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖယ်ရှားလိုက်ပါ။မိတ်ကပ်ဖျက်ဆေးရည်– မိတ်ကပ်ဖျက်ဆေးရည် ကို ဂွမ်းစမှာ ဆွတ်ပြီး ဆံပင်ဆိုးဆေး ပေတဲ့နေရာကို ပွတ်တိုက်ပေးပါ။စီးကရက်ပြာ– နောက်တစ်နည်းကတော့ ဆံပင်ဆိုးဆေး ပေသွားတဲ့နေရာကို စီးကရက်ပြာ လိမ်းလိုက်ပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။ မပြောင်မချင်း လုပ်ပေးပါ။သွားတိုက်ဆေး– ဂျယ်လ်မဟုတ်တဲ့ သွားတိုက်ဆေးကို ဆိုးဆေး ပေသွားတဲ့နေရာမှာ ခပ်ပါးပါး လိမ်းလိုက်ပါ။ ပြီးရင် ရေစိုဝတ်နဲ့ စက်ဝိုင်းပုံ သုတ်ပေးပါ။ ပြီးရင် ရေဆေးချပေးပါ။သံပုရာရည်– သံပုရာရည်ကတော့အစွန်းချွတ်ပေးနိုင်တဲ့ သဘာဝ နည်းလမ်းတစ်ရပ်ပါ။ ဆံပင်ဆိုးဆေး ပေနေတဲ့ နေရာကိုသံပုရာရည် ပွတ်ထားပါ။ ပြီးရင် အဝတ်စသန့်သန့်လေးနဲ့ ပွတ်ချလိုက်ပါ။အရက်ပြန်– နောက်တစ်နည်းကတော့ အရက်ပြန်ပါ။ အရက်ပြန်ကို စပရေးဗူးနဲ့ ထည့်ပြီး ဆိုးဆေးပေတဲ့နေရာကို ဖြန်းလိုက်ပါ။ ခဏထားပြီး ဂွမ်းနဲ့ သုတ်ချလိုက်ရုံပါ။ ပြီးရင်တော့ ရေဆေးချဖို့ မမေ့ပါနဲ့။ဆံပင်ဆိုးဆေး– နောက်ဆုံးနည်းလမ်းတစ်ခုကတော့ ဆံပင်ဆိုးဆေးပေပြီး ခြောက်နေတဲ့ နေရာကို ဆိုးဆေး အသစ် လိမ်းလိုက်ပြီး တစ်သျှူးစနဲ့ သုတ်ချလိုက်တာပါ။ ဒါကလည်းအရေပြားမှာ ပေကျံရစ်ခဲ့တဲ့ ဆံပင် ဆိုးဆေးတွေကို ဖယ်ရှားပေးနိုင်မယ့်နည်းလမ်းကောင်း တစ်ရပ်ပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/ways-for-remove-hair-dye-from-skin/
null
null
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%b8-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9e%e1%80%b0/
null
null
health
health
https://hellosayarwon.com/health/health-news/proceessed-food-and-autism/
နေလို့ထိုင်လို့ မကောင်းဘဲ ဗိုက်ထဲ မအီမသာဖြစ်နေပြီလား
တစ်ခါတလေ ရုတ်တရက် အကောင်းကြီး ဖြစ်နေရာကနေ ဗိုက်ထဲမအီမသာနဲ့ လေပွချင်သလို၊အိမ်သာတက်ချင်သလို ခံစားဖူးကြမယ် ထင်ပါတယ်။ ဒီလို ဖြစ်ရတယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအစာတွေကြောင့်လည်း ဖြစ်နိုင်သလိုအစာအိမ်အူလမ်းကြောင်းဆိုင်ရာမှာ ပြဿနာတစ်ခုခု ဖြစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပါစေ၊ အရမ်းကြီးတော့ စိုးရိမ်စရာ မလိုပါဘူး။ ဗိုက်ထဲက တစ်ခုခုရင်ခေါင်းတောင့်သလို ရင်ခေါင်းအောင့်သလို ခံစားနေရပြီဆိုတာနဲ့ ခုပြောပြပေးမယ့် အိမ်တွင်းနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။ချင်းမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့် အာဟာရဓာတ် အများအပြား ပါဝင်ရုံသာမက အစာအိမ်နဲ့အူလမ်းကြောင်းကို အရောင်ကျစေပြီး အစာချေဖျက်ခြင်းကို ကူညီပေးတယ်။ ဗိုက်ထဲမှာဖြစ်နေတဲ့လေပွတာ၊ စားချင့်ရည် ပြန်ကန်တက်တာ၊လေချဉ်တက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ရေနွေးပူပူထဲ ချင်းကို ပါးပါးလေးလှီးပြီး မိနစ်အနည်းငယ် ပြုတ်ကာ ရလာတဲ့ချင်းပြုတ်ရည်ပူပူလေးကို သောက်ပေးခြင်းဖြင့် ဗိုက်မအီမလည် ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည် မဟုတ်ဘဲ ချင်းကို ပါးပါးလေး လှီးပြီး အစိမ်းစားတာ၊ ဟင်းတွေထဲ ချင်းများများ ထည့်ချက်ပြီး စားပေးတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ရေနွေးကြမ်းမှာလည်း ဗိုက်အောင့်ဗိုက်နာကို သက်သာစေပြီး အစာအိမ်နဲ့အူလမ်းကြောင်းကို အရောင်ကျစေနိုင်တဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ပူနွေးနွေး ခံစားချက်အပြင် အခါးဓာတ်ပါဝင်လို့ ဗိုက်ထဲက လေတွေကို ရှင်းပေးနိုင်သလို ပုံမှန်အတိုင်း ကောင်းကောင်း စားသောက်ချင်စိတ် ဖြစ်လာအောင်လည်း ကူညီပေးနိုင်မှာပါ။ရေနွေးကြမ်းထဲမှာတော့ ချာမိုမိုင်းလ် (Chamomile)လက်ဖက်ခြောက်နဲ့ လက်ဖက်စိမ်း (Green Tea) ဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဆိုပေမယ့်လို့ မြန်မာနိုင်ငံမှာ ရှာရခက်တယ်ဆိုရင် ရိုးရိုးလက်ဖက်ခြောက်နဲ့ များများထည့်ပြီး ကျိုထားတဲ့ ရေနွေးကြမ်းကို ပူပူနွေးနွေးလေး သောက်ပေးလို့ ရပါတယ်။ပန်းသီးရှာလကာရည်ကို ဟင်းချက်တဲ့နေရာမှာ အနံ့မွှေးဖို့၊ အသားငါးတွေကို နယ်ဖို့ အသုံးပြုတာ များပါတယ်။ ဒီအတိုင်း သောက်မယ်ဆိုရင်တော့ အရသာနဲ့ အနံ့က နည်းနည်း ပြင်းတဲ့အတွက် မသောက်ကြတာ များပါတယ်။ပန်းသီးရှာလကာရည်ဟာ ဗိုက်ထဲမှာ ကျန်နေတဲ့ကစီဓာတ်တွေကို မြန်မြန်ချေဖျက်နိုင်စေဖို့ ကူညီပေးသလို အူလမ်းကြောင်းမှာ ရှိတဲ့အကျိုးပြုဘက်တီးရီးယားကိုလည်း ကျန်းမာစေပါတယ်။အကယ်လို့ ပန်းသီးရှာလကာရည်ကို ဒီအတိုင်း မသောက်နိုင်ဘူးဆိုရင် ရေနည်းနည်း၊ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် ရောပြီး မွှေသောက်ပေးနိုင်ပါတယ်။ တစ်နေ့ကို ပန်းသီးရှာလကာရည် တစ်ဇွန်းလောက် သောက်ပေးရင် လုံလောက်ပါပြီ။အပူဟာ ခန္ဓာကိုယ်တွင်း ကလီစာတွေ ရောင်ရမ်းတာ ကျစေနိုင်တယ်လို့ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ နောက်တစ်နည်း အနေနဲ့ ရေနွေးဝတ် အထုပ်ကပ်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ အပူရှိန်ဟာ ဗိုက်ထဲမှာ အောင့်တာ၊ နာကျင်ကိုက်ခဲတာ၊လေပွတာတွေကို လျော့နည်းသက်သာသွားစေနိုင်ပါတယ်။ရေနွေးဝတ်ထုပ်ကို ဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ မေးဝယ်လို့ ရသလို၊ အဝတ်သန့်သန့် တစ်ထည်ကိုရေနွေးနဲ့ စိမ်ကာ ညှစ်ပြီးတော့ ဝမ်းဗိုက်မှာ ကပ်ထားလို့ ရပါတယ်။ ရေနွေးနွေးနဲ့ ချိုးတာ၊ ရေစိမ်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဗိုက်အောင့်ဗိုက်နာနေတဲ့အချိန်၊ ဝမ်းဗိုက်ထဲ မအီမသာ ဖြစ်နေတဲ့ အချိန်မျိုးမှာ ပေါ့ပါးပြီး အစာကြေလွယ်လောက်မယ့် အစားအစာတွေပဲ ရွေးစားပေးပါနော်။ အသား၊ ဟင်းခတ်မှုန့် အများကြီး သုံးထားတဲ့ ဟင်းတွေ၊ အဆီအစိမ့်၊ အကြော်အလှော်၊ နို့ထွက်ပစ္စည်းတွေကိုတော့ တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေကို ပုံမှန်အတိုင်းလေးပဲ သောက်ပေးပါ။ တစ်ခါတလေ ဖြစ်တာ ကိစ္စမရှိပေမဲ့ အမြဲတမ်း ဗိုက်ထဲမှာ ဒီလိုမျိုး ခံစားနေရရင် ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကြည့်ပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%94%e1%80%b1%e1%80%9c%e1%80%ad%e1%80%af%e1%80%b7%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
အရိုးတီဘီ ဖြစ်ခဲ့သော်
တီဘီဆိုတာMycobacterium tuberculosisလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါပြင်းထန်ပြီး အသေအပျောက်များတဲ့ ရောဂါထိပ်တန်း ၁၀ခုမှာ ပါပါတယ်။ တီဘီလို့ပြောလိုက်ရင် တော်တော်များများကအဆုတ်မှာ ဖြစ်တယ်လို့ပဲ သိထားကြပါတယ်။ ဒါပေမယ့် တီဘီက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကို အဆုတ်ပြင်ပမှာ ဖြစ်တဲ့ တီဘီလို့ ခေါ်ပါတယ်။ အရိုးတီဘီ ဆိုတာ ဒါတွေထဲက တစ်ခုပါပဲ။တီဘီရောဂါရဲ့ ၁၀ရာခိုင်နှုန်းက အရိုးတီဘီ ဖြစ်တတ်ပါတယ်။ အရိုးတိုင်းမှာ တွေ့နိုင်ပေမယ့် ကျောရိုး၊ အရိုးအကြီးတွေနဲ့ အဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီထဲမှာမှ ကျောရိုးမှာ ဖြစ်တာ အများဆုံးပါပဲ။ Pott’s diseaseရယ်လို့ ခေါ်ကြပါတယ်။အရိုးတီဘီက ခန္ဓာကိုယ်ထဲကို တီဘီပိုး အကူးခံရတယ်။ ပြီးတော့ အဆုတ်ရဲ့ အပြင်ဘက်ကို ပျံ့နှံ့သွားတာကြောင့်ပါ။ တီဘီက လေထဲကနေတစ်ဆင့် လူတစ်ယောက်က တစ်ယောက်ဆီကို ကူးတာပါ။ တီဘီအကူးခံရပြီးရင် အဆုတ်တွေ၊ ပြန်ရည်ကြိတ်တွေမှာ ရှိတဲ့ပိုးက သွေးထဲကနေတစ်ဆင့် အရိုးတွေ၊ အဆစ်တွေ၊ ကျောရိုးတွေကို ရောက်သွားတာပါ။ ကျောရိုးတွေ၊ အရိုးအကြီးတွေက သွေးကြောတွေများပြီး သွေးလည်ပတ်မှုကောင်းလို့ ပိုပြီး မြန်မြန်ပျံ့ပါတယ်။အရိုးတီဘီက အရင်က ဒီလောက်မများပါဘူး။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ တခြား ခုခံအားကျတဲ့ ရောဂါ (ဥပမာAIDS)တွေ အဖြစ်များလာတဲ့အတွက်  အခု ပိုတွေ့လာ ရပါတယ်။ နောက်ပြီး အရိုးတီဘီက အသိနောက်ကျတတ်ပါတယ်။ မကုဘဲထားရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ခုနက ပြောသလိုပဲ အရိုးတီဘီက အသိနောက်ကျတတ်ပါတယ်။ ရောဂါရင့်မှ သိကြတာ များပါတယ်။ အရိုးတီဘီ (အထူးသဖြင့် ကျောရိုးတီဘီ)က ရောဂါရှာရခက်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါနုစဉ်မှာ ဘာလက္ခဏာမှ မပြတတ်လို့ပါ။ နာလည်း မနာပါဘူး။ ဒါကြောင့် တကယ်သိတဲ့ အချိန်ရောက်ရင် ရောဂါရင့်နေပါပြီ။တစ်ခါတစ်လေ ဒါ့ထက်များ ကံဆိုးရင် တီဘီပိုးက အဆုတ်မှာ အောင်းနေပြီး တခြားနေရာကို ပျံ့နေတာတောင်မှ လူနာက ဘာမှမသိပါဘူး။ အရိုးတီဘီလို့ ထင်ရင် စစ်ဆေးကြည့်သင့်တာတွေက အရိုးမှာ (အထူးသဖြင့် ကျောရိုးမှာ)။အရိုးတီဘီ ရောဂါရင့်လာရင်တော့ နောက်ဆက်တွဲအနေနဲ့။အရိုးတီဘီရှိတဲ့သူတွေက အဆုတ်တီဘီကနေ ပျံ့လာတာဖြစ်လို့ အဆုတ်တီဘီရဲ့ လက္ခဏာတွေ ဖြစ်တဲ့။အရိုးတီဘီမှာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိနေပေမယ့် သေချာဆေးကုရင် သက်သာလာနိုင်ပါတယ်။ ကုသနည်းကတော့ ၂နည်း ရှိပါတယ်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/tuberculosis/bone-tuberculosis/
ခြေစွယ် လက်စွယ်ငုပ် ရတဲ့ အကြောင်းရင်းများ
ခြေစွယ် လက်စွယ်ငုပ် တာက အဖြစ်များတဲ့ ခြေသည်း လက်သည်း ပြဿနာ တစ်ခုပါ။ ခြေသည်း လက်သည်းက အပြင်ကို ရှည်ထွက်လာရမယ့်အစား အတွင်းထဲကို ရှည်ထွက်သွားရင်ခြေစွယ်လက်စွယ်ငုပ်တယ်လို့ ခေါ်ပါတယ်။ လက်သည်းရော ခြေသည်းရောမှာ ဖြစ်နိုင်ပေမယ့် ခြေသည်း အထူးသဖြင့် ခြေမမှာ ဖြစ်တာ ပိုများပါတယ်။အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့။ပိုးဝင်သွားပြီဆိုရင်တော့ ဖြစ်တဲ့ ခြေသည်း လက်သည်းက။ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ခြေသည်း လက်သည်းအောက်က အရေပြားက ပျက်စီးလာပြီး ပိုနာတာ၊ ပိုရောင်ရမ်းတာ၊ ပိုပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ကုသနည်းတွေကတော့ အိမ်တွင်းနည်းလမ်းတွေလည်း ရှိသလို ဆေးခန်းမှာ ဆရာဝန်နဲ့ စနစ်တကျ ကုရတာမျိုးလည်း ရှိနိုင်ပါတယ်။ အခြေအနေမဆိုးရင်တော့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ ကုလို့ရပေမယ့်။မကုဘဲ ထားမယ်ဆိုရင် ဒါမှမဟုတ် ဖြစ်နေတာကို သတိမထားမိဘူးဆိုရင် ခြေသည်း လက်သည်းကနေ အောက်က အရိုးထိ ရောက်သွားပြီး အရိုးပါ ပိုးဝင်သွားနိုင်ပါတယ်။ဆီးချိုလိုမျိုး အနာကျက်ခဲတဲ့ ရောဂါမျိုး ရှိရင် ပိုဆိုးပါတယ်။ သာမန် ထိခိုက်ဒဏ်ရာကစလို့ အသားမာတက်တာ၊ ခုလို ခြေစွယ် လက်စွယ်ငုပ်တာကို သေချာ မကုသဘူးဆိုရင် ပိုးဝင်သွားနိုင်ပါတယ်။ ဒီကနေ အနာမကျက်ဘဲ ပိုပိုဆိုးပြီး ခွဲစိတ်ရတာ၊ ခြေထောက်ပုပ်တာတွေထိ ဖြစ်သွားနိုင်ပါတယ်။ခြေသည်း လက်သည်း ညှပ်တဲ့အခါ ခြေချောင်း ဝိုက်သလို ဝိုက်ပြီး မညှပ်ပါနဲ့။ အပြင်က spaတွေမှာ လုပ်ရင်လည်း ဒီလိုပဲ ပြောပေးပါ။ ခြေသည်း လက်သည်းထောင့်တွေကို မညှပ်ပစ်ပါနဲ့။ တည့်တည့်တိတိပဲ ညှပ်ပေးပါ။ခြေသည်း လက်သည်းကို ခြေချောင်း လက်ချောင်းနဲ့ ကွက်တိဖြစ်အောင် ညှပ်ပါ။ တိုတိုလေး ညှပ်ထားရင် ထိပ်ပိတ်ဖိနပ်တွေ စီးတဲ့အခါ ခြေသည်းကို ဖိပြီး အောက်ကို တွန်းဖိသလို ဖြစ်တတ်ပါတယ်။အထူးသဖြင့် ထိပ်ပိတ်ဖိနပ်တွေ၊ ဘေးကနေ ခြေချောင်းတွေကို ညှစ်ထားတဲ့ ဖိနပ်တွေကို စီးတဲ့အခါ ခြေသည်းတွေကို ဖိညှစ်ထားသလို ဖြစ်ပြီး ခြေသည်းက အတွင်းထဲကို ဝင်သွားနိုင်ပါတယ်။ ဆီးချိုလိုမျိုး အာရုံကြောထိနိုင်တဲ့ ရောဂါတွေ ရှိနေရင် ခြေထောက်နာတာကိုလည်း သိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို ဖိနပ်တွေ ဝယ်မယ်ဆိုရင် သက်သောင့်သက်သာဖြစ်တဲ့ ဆိုဒ်ကို ဝယ်ပါ။ ဆီးချိုရှိတဲ့သူတွေက သူတို့အတွက် သီးသန့်ထုတ်ထားတဲ့ ဖိနပ်ကို စီးနိုင်ပါတယ်။လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ မရအောင် လက်အိတ် ခြေအိတ်တွေ၊ အကာအကွယ်တွေ ဝတ်ပါ။အထူးသဖြင့် ဆီးချိုရှိတဲ့သူတွေဆို ခြေစွယ်ငုပ်တာအပါအဝင် တခြားခြေထောက်ရောဂါတွေ ရှိမရှိ နေ့စဉ် စစ်ဆေးသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/causes-of-ingrown-nails/
ကိုယ်အလေးချိန်များရင် အဆုတ်ပျက်စီးမယ်တဲ့နော်
ကိုယ်အလေးချိန်မြင့်မားလွန်းလာတဲ့အခါမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အမျိုးမျိုးအဖုံဖုံ ကြုံဆုံရင်ဆိုင်ရလာတတ်ပါတယ်။ အဝလွန်တာကြောင့်သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာအန္တရာယ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပြီးသားပါ။ခုချိန်မှာတော့ နောက်ထပ်တွေ့ရှိချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလွန်းရင် အဆုတ်ကိုလည်းထိခိုက်ပျက်ဆီးစေနိုင်ပြီး အဆုတ်နဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ၊အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားရစေနိုင်တယ်လို့ သိရှိလာရပါပြီ။အဆုပ်ရဲ့ လုပ်ဆောင်ချက်တွေကျဆင်းပြီး နာတာရှည်ဝေဒနာစွဲကပ်ခံရပြီဆိုရင် လူတွေရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ဒီလိုအရေးပါလှတဲ့ အဆုတ်ဟာ အနေအထိုင် အစားအသောက် မဆင်ခြင်မှုကြောင့် အဝလွန်လာချိန်မှာ ပိုထိခိုက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုလာနေကြပြီဖြစ်ပါတယ်။ဥရောပနဲ့ သြစတြေးလျက အသက်၂၀ နဲ့ ၄၄ နှစ်အကြား လူပေါင်း ၃၇၀၀ ကို ဆန်းစစ်လေ့လာချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလာလေလေ၊ အဆုတ်ရဲ့ အိုမင်းရင့်ရော်မှု ပိုမြန်လာလေလေဆိုတာကို သိရှိလာရပါတယ်။ အဆုတ် ပိုမိုအိုမင်းရင့်ရော်လာတာနဲ့အမျှ စွမ်းဆောင်ရည်နဲ့ ကာကွယ်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ထိလွယ်ခိုက်လွယ် ရောဂါရလွယ်လည်း ပိုဖြစ်လာမှာဖြစ်ပါတယ်။ဒီလေ့လာမှုမှာ သာမန်ကျန်းမာစွာ ဝဖြိုးနေသူ၊ ကိုယ်အလေးချိန်မြင့်မားနေသူနဲ့ အဝလွန်နေသူဆိုပြီး ၃ စု ခွဲခြားလေ့လာခဲ့ရာမှာ ရှိသင့်တဲ့ BMI Score ထက် ကျော်လွန်နေသူတိုင်းမှာရှိတဲ့ ကိုယ်တွင်းအဆုတ်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ နှေးကွေးလေးလံလာနေတာကို Barcelona Institute for Global Health (ISGlobal) က ပညာရှင်တွေက တွေ့ရှိခဲ့ရပါတယ်။ပြင်သစ်ပညာရှင်တွေရဲ့ လေ့လာချက်တွေအရလည်း ခါးအရွယ်အစား ၃၅ လက်မနဲ့ အထက်ရှိတဲ့ အမျိုးသမီးတွေနဲ့ ခါးအရွယ်အစား လက်မ ၄၀နဲ့အထက်ရှိတဲ့ အမျိုးသားတွေဟာ အဆုတ်ထိခိုက်နိုင်ချေမြင့်မားလွန်းပြီး အသက်ရှူလမ်းကြောင်းဆိုရင်ရာ ပြဿနာတွေ မဖြစ်မနေ ကြုံတွေ့ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။BMI Score၂၅ အောက်မှာပဲရှိတဲ့ လူတွေနဲ့ BMI Score ၃၀ နဲ့အထက်မှာရှိနေတဲ့လူတွေအကြား အဆုတ်ပျက်ဆီးနိုင်ခြေကလည်း ၂ ဆ အထိ ကွာဟနေမှာဖြစ်ပါတယ်။ အဝလွန်ခြင်းရဲ့ ဆိုးကျိုးတွေပါပဲ။အဝလွန်နေသူတွေရဲ့ အဆုတ်အလုပ်လုပ်နိုင်စွမ်းဟာ အနှေးကွေးဆုံးဖြစ်နေပြီး ထိခိုက်နိုင်ခြေ အမြင့်ဆုံးလည်း ဖြစ်နေပါတယ်။ ကိုယ်အလေးချိန်မြင့်မားသူတွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရ ခက်ခဲပြီး မောပန်းလွယ်တာဟာ ဒီအချက်ကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။ဒီသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ Barcelona Institute for Global Health (ISGlobal) က ပညာရှင်တွေကတော့ အသက်ရှည်ရှည်နေထိုင်ချင်ပြီး အဆုတ်ကိုလည်း ကျန်းမာစေချင်တယ်ဆိုရင် ကိုယ်အလေးချိန်မမြင့်တက်အောင် ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ သတိပေးစကားဆိုခဲ့ကြပါတယ်။ဒီလိုဖြစ်စေတဲ့ အချက် ၂ ချက်ရှိနိုင်ပြီး ပထမတစ်ချက်ကတော့ ရင်ဘတ်မှာအဆီပိုတွေများလာတာကြောင့် အဆုပ်ရဲ့ အသက်ရှူရှိူက်မှုလုပ်ငန်းစဉ်ကို နှောင့်ယှက်လာတာဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ အဆီပိုတွေကနေ ထွက်ရှိလာတဲ့ ဓာတုဗေဒ ပစ္စည်းတွေက အဆုတ်ကို ရောင်ရမ်းစေကာ၊ အသက်ရှူလမ်းကြောင်းကို ကျဉ်းမြောင်းစေတာပဲဖြစ်ပါတယ်။နောက်ပြီး အဝလွန်နေတဲ့အပြင်ဆေးလိပ်ပါ သောက်သုံးမယ်ဆိုရင်အခြေအနေတွေဟာ ပိုမိုဆိုးရွားလာမှာဖြစ်တယ်လို့လည်း သတိပေးထားကြပါသေးတယ်။လက်ရှိကမ္ဘာပေါ်မှာ အဝလွန်နေသူအရေအတွက်ဟာ နေ့စဉ်နဲ့အမျှတိုးပွားလာနေပြီး ကမ္ဘာ့လူဦးရေရဲ့ ၃၁%ဟာ အဝလွန်ခြင်းပြဿနာနဲ့ ရင်ဆိုင်နေကြရသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း အဝလွန်ရောဂါကို ကပ်ဘေး တစ်ခုအဖြစ် ကျန်းမာရေးအဖွဲ့အစည်းတွေက သတ်မှတ်ထားတာဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိမှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ဘေးကြီးတစ်ခုဖြစ်တဲ့COVID-19 ရောဂါဟာလည်း ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်တာကြောင့် အဝလွန်သူတွေအနေနဲ့ ပိုမိုသတိထားနေထိုင်ကြဖို့ လိုအပ်တဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။အဆုတ်ရောဂါ အခံရှိသူတွေနဲ့ အဆုတ်အားနည်းသူတွေဟာ COIVD-19 ကြောင့် သေဆုံးနိုင်ခြေအမြင့်မားဆုံး လူတွေထဲမှာ ပါဝင်နေပြီး သေဆုံးမှုနှုန်းဟာလည်း ၁၃.၂% အထိ ရှိနေပါတယ်။သုတေသနပြုလုပ်ခဲ့တဲ့ ကျန်းမာရေးပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေမှာတော့ ကိုယ်အလေးချိန်ကို လျှော့ချတာဟာ အဆုတ်ပြန်လည်ကောင်းမွန်လာစေဖို့ အထောက်အကူပြုတယ်လို့ ဆိုထားပြီး ဒါဟာ သတင်းကောင်းတစ်ခုဖြစ်တယ်လို့လည်း သူတို့က ဆိုခဲ့ကြပါတယ်။ကိုယ်အလေးချိန်လျှော့ချဖို့အတွက်စားသောက်နေထိုင်မှုပုံစံတွေကိုပြောင်းလဲဖို့ တိုက်တွန်းထားပြီး အဆုတ်ကျန်းမာနေမယ်ဆိုရင် ဘဝမှာ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အထောက်အကူအများကြီးပြုလိမ့်မယ်လို့ ဆိုထားပါတယ်။ဒါကြောင့် မိမိရဲ့ ကျန်းမာအသက်ရှည်မှုကို ကြာရှည်မြဲမြံစွာ ထိမ်းသိမ်းထားနိုင်ဖို့ဆိုရင် အဆုတ်ကို ကျန်းမာအောင် စောင့်ရှောက်ရမှာဖြစ်ပြီးတော့ ဒီလိုအဆုတ်ကျန်းမာဖို့ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်ပိုမနေဖို့ လိုအပ်မှာဖြစ်ပါတယ်။[covid_19]။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/other-respiratory-issues/weight-gain-is-no-friend-to-aging-lungs/
အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်
ဘယ်သူတော့ အသည်းကင်ဆာ ဖြစ်နေပြီတဲ့၊ ဘယ်သူတော့အသည်းခြောက်နေပြီတဲ့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ မကြာခဏ ကြားနေရမှာပါ။ အဲဒီလို ရောဂါတွေ့တဲ့ အချိန်မှာ ကင်ဆာအဆင့်က အတော်မြင့်နေတာမျိုး အဖြစ်များပါတယ်။အသည်းရောဂါ တွေဆိုတာလည်း အစပိုင်းမှာ သတိမထားမိလောက်တဲ့ လက္ခဏာတွေ ပြတတ်တာမို့ သတိမထားမိဘဲ ရောဂါရင့်မှ သိကြရပါတယ်။ ဒါ့ကြောင့် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်နော်။ အသည်းကင်ဆာ ဖြစ်မလာချင်ဘူး ဆိုရင်ပေါ့။အသည်းကင်ဆာဟာ အဖြစ်များဆုံး ကင်ဆာတွေထဲ ရှေ့ဆုံးက ပါဝင်နေတာမို့ သတိထားကာကွယ်သင့်ပါတယ်။ ဒီလိုကာကွယ်ဖို့ အတွက် အသည်းကျန်းမာရေးကို သတိတရ ဂရုစိုက်စေချင်ပါတယ်။ အသည်းကျန်းမာဖို့အတွက် နေ့စဉ်ဘဝမှာ သိထားသင့်တဲ့ အရေးကြီးအချက်လေးတွေက –။အဝလွန်နေရင် ဒါမှမဟုတ် ကိုယ်အလေးချိန်က များနေရင်အသည်းအဆီဖုံးလာနိုင်တယ်။ အဲဒီကနေ အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါအဆင့်ကို ရောက်လာနိုင်ပါတယ်။ကယ်လိုရီများတဲ့အစားအစာတွေ၊ပြည့်ဝဆီ၊ ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ (ဥပမာ – ဂျုံနုပေါင်မုန့်၊ ဆန်လုံးဖြူ) နဲ့ အချိုတွေကို အများကြီးမစားပါနဲ့။ အခွံမာငါးတွေ၊ ပင်လယ်စာတွေကို အစိမ်း သို့မဟုတ် မကျက်တကျက်တွေမစားပါနဲ့။အမျှင်ဓာတ် များတာ၊ အာဟာရဓာတ် ပြည့်တာတွေ စားပါ။ လတ်ဆတ်တဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ အနီရောင်ရှိတဲ့ အသားလည်း စားလို့ ရပေမယ့် အကန့်အသတ်နဲ့ စားပါ၊ နို့ထွက်ပစ္စည်း (အဆီထုတ်နို့) ၊ အဆီဓာတ်လည်း လိုအပ်ပါတယ် (ဟင်းရွက်ဆီ၊ နေကြာဆီ စတဲ့ အကျိုးပြုအဆီတွေကို သုံးပါ) ။သူတို့မှာ လတ်ဆတ်မှုကို တာရှည်ခံအောင် ထိန်းနိုင်ဖို့ ဓာတုပစ္စည်းတွေ ပါဝင်တတ်လို့ အသည်းကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် အသည်းကို ကျန်းမာစေချင်ရင် တာရှည်ခံဆေးတွေ ပါတဲ့ အသင့်စားတွေ၊ ပြုပြင်စီမံထားတာတွေ၊ စည်သွပ်အစားအစာတွေကို တတ်နိုင်သလောက် လျှော့စားတာ၊ ရှောင်တာ အကောင်းဆုံး ပါပဲ။ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိတယ် ဆိုရင် အဆီပိုတွေကို လောင်ကျွမ်းစေပြီး အသည်းအဆီဖုံးခြင်း ဖြစ်နိုင်ခြေ ကို လျှော့နည်းစေပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးတာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံမက အသည်းအတွက်လည်း ကောင်းပါတယ်။ တစ်ပတ်ကို လှုပ်ရှားမှု မိနစ် ၁၅၀ ပဲ လုပ်ဦးတော့၊ အသည်းအင်ဇိုင်း လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး အသည်းကျန်းမာရေး အတွက် လုံလောက်ပါတယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ပိုးသတ်ဆေးတွေ၊ လေထုညစ်ညမ်းတဲ့ အခိုးအငွေ့တွေလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေက အသည်းဆဲလ်တွေကို သေစေပါတယ်။ သန့်ရှင်းရေးသုံးပစ္စည်းတွေ နဲ့ ဖျန်းဆေးတွေ၊ ဓာတုပစ္စည်းတွေဆီက အဆိပ်အတောက်တွေနဲ့ တိုက်ရိုက် မထိတွေ့မိအောင် ကြိုးစားရှောင်ပါ။ ဥပမာ အခန်းထဲမှာ ခြင်ဆေးဖျန်းလိုက်ရင် လူက ရှောင်နေပါ၊ ဒါမှမဟုတ် နှာခေါင်းစည်း တပ်ပါ။ မရှူမိအောင် ရှောင်ပါ။အရက်ကြောင့် ကျန်းမာရေးပြဿနာတွေအများကြီး ဖြစ်စေနိုင်တဲ့ အပြင် အသည်းဆဲလ်တွေကို ဖျက်ဆီးနိုင်ပြီး အသည်းရွတ် ဖြစ်စေပါတယ်။ အရက်သောက်လိုက်တဲ့ အချိန်မှာ အဆိပ်အတောက် ဓာတ်ပစ္စည်းတွေ အများကြီး ထွက်ရှိလာပြီး အသည်းကို ထိခိုက်စေတာ ဖြစ်ပါတယ်။ အရက်ကြောင့် ဖြစ်တဲ့ အသည်းရောဂါဟာ အတော်ကို အဖြစ်များတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။အသည်းရောင်ရောဂါဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာ ဖြစ်ပြီး အဓိက အဖြစ်များတဲ့ အမျိုးအစား သုံးခုကတော့ အသည်းရောင် A ၊B နဲ့ Cရောဂါတွေ ဖြစ်ပါတယ်။ သုံးမျိုးလုံးက ကူးစက်ပြန့်ပွားလွယ်ပေမယ့် C ဗိုင်းရပ်စ်ကတော့ သွေး သို့မဟုတ် ခန္ဓာကိုယ်က ထွက်တဲ့အရည် ကတဆင့်ပဲ ကူးစက်နိုင်တာဖြစ်ပါတယ်။ A နဲ့ B အတွက်ကတော့ ကာကွယ်ဆေးတွေ ရှိနေပြီ ဖြစ်ပါတယ်။သတိထားနိုင်တာက –။အသည်းရောင် A ပိုးနဲ့ B ပိုး ကာကွယ်ဆေးထိုးထားပါ။ အသည်းရောင် C ဗိုင်းရပ်စ်အတွက်တော့ ကာကွယ်ဆေးမရှိသေးပါဘူး။တစ်ကိုယ်ရေသုံးပစ္စည်းတွေကို တခြားသူတွေနဲ့မျှမသုံးပါနဲ့ – မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံ၊ လက်သည်းညှပ် စတာတွေမှာ မမြင်နိုင်တဲ့ရောဂါပိုးတွေ၊ သွေးအပါအဝင် ခန္ဓာကိုယ်အရည်တွေ ထိပေထားနိုင်ပါတယ်။ ရောဂါပိုးရှိသူ နဲ့ အသုံးအဆောင်ပစ္စည်း အတူသုံးမိတဲ့ အခါ ကူးစက်မိရောပေါ့။ဆေးကို မျက်စိနဲ့ သေချာကြည့်ပြီး သောက်ဖို့ ပြောတာမဟုတ်ဘူးနော်။ ဘယ်ဆေးဖြစ်ဖြစ် ဆေးညွှန်းအတိုင်း သောက်သုံးသင့်တဲ့ ပမာဏ မဟုတ်ဘဲ လွန်ကဲနေရင်၊ ဆေးတွေ ရောထွေးသောက်မိနေရင် အသည်းကို သွားထိခိုက်မှာပါ။ အရက်သောက်ထားရင်လည်း ဆေးသောက်ချိန် နဲ့ မနီးပါစေနဲ့။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%9c%e1%80%ac%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%98/
ခြေစွယ် လက်စွယ်ငုပ်ခြင်း အတွက် အိမ်တွင်းနည်းလမ်းများ
ခြေစွယ် လက်စွယ်ငုပ် တဲ့ ဝေဒနာဟာ အဖြစ်များပြီး ခံရခက်တဲ့ ဝေဒနာပါ။ ခဏခဏလည်း ပြန်ဖြစ်တတ်ပါတယ်။ ခြေစွယ်ငုပ်တာက လက်စွယ်ငုပ်တာထက် ပိုအဖြစ်များပါတယ်။ ခြေမမှာ ဖြစ်တာကို ပိုတွေ့ရပါတယ်။ ခြေစွယ် လက်စွယ်ငုပ်ခြင်း က သာမန်ပဲ၊ ပိုးဝင်ရောင်ရမ်းတာ မရှိဘူးဆိုရင် အောက်ကနည်းလမ်းတွေနဲ့ စမ်းကြည့်နိုင်ပါတယ်။ထပ်ပြောရရင် ရောင်ရမ်းမှု မရှိဘူး။ပြည်တည်မနေဘူး။ ကိုယ်ကအနာကျက်ခဲတဲ့ဆီးချိုရောဂါရှင်မဟုတ်ဘူးဆိုမှ ဒီနည်းတွေနဲ့ စမ်းကြည့်ပါ။ ခြေထောက်မှာ အဖြစ်များလို့ ခြေထောက်ကို ဦးစားပေးပြီး ပြောပါ့မယ်။ လက်ဆိုရင်လည်း တူတူပါပဲ။ဘာတွေ မလုပ်ရဘူးလဲဆိုတော့။အိမ်တွင်းနည်းလမ်းတွေက လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့်။ကုသနည်းတွေကတော့ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။ဘာမှမလုပ်ဘူး။ ဒါမှမဟုတ် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာတာကို ဆရာဝန်နဲ့ မပြဘူးဆိုရင်။တစ်ခါမှ မဖြစ်ဘူးတဲ့သူပဲဖြစ်ဖြစ်၊ ခဏခဏ ပြန်ဖြစ်လို့ နောက်ထပ် မဖြစ်အောင် ကာကွယ်ချင်ရင်ပဲ ဖြစ်ဖြစ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/home-care-for-ingrown-nails/
ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံရတဲ့စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားကြမလဲ
အရွယ်ရောက်လာတာနဲ့အမျှ ရင်ဆိုင်ရတဲ့ အခြေအနေတွေကလည်း ကလေးဘဝကထက် ခက်ခဲလာပါတယ်။ ကလေးတုန်းက ဘယ်လိုနေနေ သင့်တော်ပေမယ့် အရွယ်ရောက်လာရင် အနေအထိုင်ကတော်တော်လေးဂရုစိုက်ရပါတယ်။ ဘယ်လိုနေနေ ဖေဖေမေမေတို့မျက်စိထဲမှ အမြင်မတော်တာတွေ ကြုံတဲ့အခါများဆိုရင် အလိုလိုနေရင်းကို စိတ်ညစ်နေရရောနော်။ ဒီမှာတော့ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာဘယ်လိုပြဿနာမျိုးတွေကို ရင်ဆိုင်ရနိုင်မလဲဆိုတာနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို ပြောပြပေးထားပါတယ်။အရွယ်ရောက်လာတာနဲ့အမျှရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရော၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေပါ ခံစားရပါတယ်။ဒါတွေက တကယ်တော့လည်း စိတ်ညစ်စရာမဟုတ်ပါဘူး။ အရွယ်ရောက်လာတာ နဲ့အညီပြောင်းလဲလာတဲ့ ခန္ဓါကိုယ်ရဲ့ပြောင်းလဲဖွံ့ဖြိုးမှုတွေပါ။ အချို့သောအရာတွေက လက်မခံချင်ရင်တောင် သူ့အလိုလိုရောက်လာမှာဆိုတော့ ကိုယ်ဘက်ကလုပ်နိုင်မှာက ဒီအခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်ဖို့ပါ။အရင်ဆုံးက ဒီပြဿနာကိုဖြေရှင်းဖို့ဆိုရင် ရှောင်လွှဲလို့ မရဘူး ဆိုတာကို အရင်ဆုံး လက်ခံဖို့ လိုပါမယ်။ မဖြစ်မနေ လက်ခံရမယ့် ကိစ္စကို အကောင်းဆုံးကျော်လွှားဖို့က အတွေ့အကြုံရှိသူတွေထံကနေ အကူအညီ ရယူဖို့ လိုပါမယ်။ ကိုယ့်မှာ အစ်မ မရှိဘူးဆိုရင်တောင်မှ အကောင်းဆုံး တိုင်ပင်ဖော်ဖြစ်တဲ့ မေမေရှိနေသေးတယ် ဆိုတာကို သတိရပါ။ပြောင်းလဲလာတဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကောင်းဆုံး တိုင်ပင်ဖော်ဖြစ်တဲ့ မေမေ့ကို တစ်နေ့တာမှာ ခံစားရသမျှကို ရင်ဖွင့်တိုင်ပင်လို့ အကောင်းဆုံး အကြံဉာဏ်တွေ ရယူတာကနေစပါ။လှပကြော့ရှင်းတဲ့ အသွင်အပြင်တစ်ခုဆီကို ယုံကြည်မှုရှိရှိနဲ့ပြောင်းလဲနိုင်စေဖို့အတွက် အခုပြောခဲ့တဲ့ အချက်လေးတွေက အသုံးဝင်မှာပါ။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေမှာ ကြုံရတဲ့စိန်ခေါ်မှုတွေကို အခု ပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း ကျော်လွှားလိုက်ပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/adolescence-health/challenges-can-face-teenager/
ခန္ဓာကိုယ်က နာကျင်မှု ကို အထိရောက်ဆုံးသက်သာစေမယ့် အစားအစာ (၅) မျိုး
နာကျင်မှုကြောင့် တစ်နေ့တာမှာ စိတ်ရှုပ်နေရပြီလား။ ရောင်ရမ်းမှုတွေကြောင့် နာကျင်မှုတွေနဲ့ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ကဲ နာကျင်မှုခံစားနေရတဲ့ Helloဆရာဝန်ပရိသတ်ကြီးရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။အဆစ်အမြစ်တွေ ရောင်ရမ်းတာကြောင့် နာကျင်တာ၊လေ့ကျင့်ခန်းလုပ်တာကြောင့်ကြွက်သားတွေ နာကျင်တာအပါအဝင် ထိခိုက်မှုတွေကြောင့် နာကျင်တာတွေကို ခံစားရနိုင် ပါတယ်။နာကျင်မှုကိုအစားအသောက်ကနေတဆင့် ကုစားလို့ရပါတယ်။ ကဲ…ခံစားနေရတဲ့ ခန္ဓာကိုယ်နာကျင်မှုသက်သာဖို့ ဘာတွေစားပေးရမလဲ ဆက်ကြည့်လိုက်ရအောင်လား။(၁)လက်ဖက်စိမ်းရေနွေးကြမ်း။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အကောင်းဆုံးသောစားစရာတွေထဲကတစ်ခုပေါ့။ လက်ဖက်စိမ်းရေနွေးကြမ်းက နာကျင်တာကိုပဲ သက်သာစေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေနိုင်တာပါ။ နေ့တိုင်းသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ လက်ဖက်စိမ်းရဲ့အခြားကျန်းမာရေး အာနိသင်တွေအနေနဲ့ကတော့ ကင်ဆာ ကာကွယ်ပေးနိုင်တယ်၊ဗိုက်အဆီကျစေနိုင်တယ်၊ စိတ်ဓာတ်ကျနိုင်ခြေနည်းစေတယ်၊ စသဖြင့် အကျိုးပြုတာတွေရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာပြီး နာကျင်မှုကင်းစေဖို့ တစ်နေ့ကို လက်ဖက်စိမ်းရေနွေးကြမ်းတစ်ခွက်သောက်ပေးပါ။(၂)ကြက်သွန်ဖြူ။အစိမ်းလိုက်တို့စားကြသလို ဟင်းထဲမှာထည့်ချက်တာမျိုးလည်းရှိပါတယ်။ ကြက်သွန်ဖြူမှာဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ကင်ဆာတိုက်ဖျက်ပေးသလိုနှလုံးရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသေးတယ်။ တစ်နေ့တာမှာ ကြက်သွန်ဖြူ အရွယ်တော် ၄ မွှာအထိစားပေးသင့်ပါတယ်။(၃)နနွင်း။ဆေးဖက်ဝင်တယ်လို့ ရှေးယခင်ကတည်းက လက်ခံလာခဲ့ကြတာပါ။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါတယ်။ နေ့တိုင်းလိုလို ဟင်းတွေထဲမှာ မပါမဖြစ်ပါနေတတ်တဲ့ နနွင်းကနာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်ပါယ်။ နနွင်းမှာ curcumin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် ခန္ဓာကိုယ်က နာကျင်ရောင်ရမ်းမှုတွေကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။(၄)ပန်းဂေါ်ဖီစိမ်း။ပန်းဂေါ်ဖီစိမ်းက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့အတွက် ဆဲလ်တွေကိုfree radicalsတွေကြောင့် ပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးပြီး ခန္ဓာကိုယ်မှာ နာတာရှည်ရောင်ရမ်းမှုမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးပါသေးတယ်။ ဒါကြောင့် ပန်းဂေါ်ဖီစိမ်းကလည်း ခန္ဓာကိုယ်မှာဖြစ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။(၅) ချင်း (ဂျင်း)။ချင်း (ဂျင်း) ကလည်း နာကျင်ရောင်ရမ်းမှုကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ ရေနွေးစိမ်သောက်လို့ရသလို ချင်း (ဂျင်း) သုပ်စားတာမျိုးလည်းရပါတယ်။ လေးဖက်နာအဆစ်ရောင်ရောဂါရှိသူတွေနဲ့လည်း အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ ချင်း (ဂျင်း) က ကြွက်သားတွေနာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှုတွေ ကင်းချင်ရင်တော့ တစ်နေ့ကို ချင်း (ဂျင်း) ၂ ဂရမ် စားပေးပါ။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလိုနှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။ဗိုက်အောင့်ဗိုက်နာဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။အပန်းလည်း မကြီးဘဲ နေ့တိုင်းစားနေတဲ့ အစားအစာလေးတွေကို စားပေးရုံနဲ့ နာကျင်ရောင်ရမ်းမှု သက်သာစေပြီးခန္ဓာကိုယ်ကို ကျန်းမာစေမယ်ဆိုတော့ ဘယ်လိုလဲ Helloဆရာဝန်ပရိသတ်ကြီးရေ……စားမယ်ဟုတ်………..။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/5-best-foods-for-aches-and-pain/
ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း
ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာဖြစ်မလဲ! အချို့သောအရေပြားပြဿနာတွေက အရေပြားပေါ်မှာတင်ပြီးမသွားပါဘူး။ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို တစ်နည်းနည်းနဲ့ထိခိုက်စေနိုင်ပါတယ်။ ဒီလိုထိခိုက်စေတဲ့အထဲမှာ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ဝဲကလည်း အပါအဝင်ပါ။ ဒီဆောင်းပါးလေးထဲမှာအရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ဝဲက ကျန်းမာရေးကို ဘယ်လိထိခိုက်စေနိုင်လဲဆိုတာကိုပြောပြပေးပါရစေနော်။ဝဲဖြစ်လာရင် သေချာကုသသင့်တဲ့အကြောင်းအရင်း က ဘာများဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ဝဲဆိုတာက Sarcoptes scabiei လို့ခေါ်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ အကောင်လေးတွေကြောင့်ဖြစ်ရတာပါ။ အရေပြားမှာယားယံစေနိုင်ပြီး လူတစ်ယောက်ကနေ တစ်ယောက်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။ အတူတူထိုင်မိရုံ၊ ထိတွေ့မိရုံနဲ့တင် ကူးစက်နိုင်တဲ့ရောဂါတစ်ခုပေါ့။ ကလေးလေးတွေဆိုရင် အတူဆော့တဲ့သူငယ်ချင်းတွေ၊ တစ်တန်းတည်းအတူတူထိုင်ရတဲ့ သူငယ်ချင်းတွေဆီကနေ အလွယ်တကူကူးစက်နိုင်ပါတယ်။အဝတ်အစားတွေမျှဝေဝတ်ဆင်တာကနေလည်း ဝဲကအလွယ်တကူကူးစက်နိုင်ပါတယ်။နေအိမ်တစ်အိမ်မှာမိသားစုဝင်တစ်ဦးကို ဝဲကူးစက်ခံလိုက်ရပြီဆိုတာနဲ့ ကျန်မိသားစုဝင်တွေကို အလွယ်တကူကူးစက်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ဖို့လိုပါမယ်။ ဝဲဖြစ်စေတဲ့ အကောင်လေးတွေက လူတစ်ယောက်ဆီကနေတစ်ယောက်ဆီကို အရမ်းမြန်မြန်ဆန်ဆန်နဲ့ကို ကူးစက်နိုင်တာပါ။ အများသုံးပို့ဆောင်ရေးစနစ်တွေကနေတဆင့်လည်း ဝဲကူးစက်ခံရနိုင်ပါတယ်။ခန္ဓာကိုယ်မှာ ဝဲကူးစက်ခံရတဲ့အခါ အရေပြားပေါ်မှာ။ဝဲဖြစ်စေတဲ့အကောင်လေးတွေက ခန္ဓာကိုယ်ပေါ်ကိုရောက်လာပြီဆိုရင် အရင်ဆုံးဥတွေကို ဥချလိုက်ပါတယ်။ ဥတွေဥချပြီး သိပ်မကြာခင်မှာသေဆုံးသွားပေမယ့် မျိုးဆက်သစ်အကောင်လေးတွေက ပေါက်ဖွားလာပြီး အရွယ်ရောက်ဖို့ ၂ ပတ်လောက် အချိန်ယူကြပါတယ်။ပြီးရင်တော့ သူတို့ရဲ့ သက်တမ်း ၆ ပတ်လောက်အတွင်းမှာ အရေပြားကိုကောင်းကောင်းဒုက္ခပေးတော့တာပါပဲ။ ဝဲဖြစ်တဲ့အခါ စတင်ခံစားရမှာက အရေပြားက တစ်ချိန်လုံးယားယံနေတာပါ။ ဒီလိုယားယံမှုကြောင့်နေ့ရောညပါအရေပြားကို ကုတ်ဖဲ့ရင်းက အရေပြားမှာသွေးထွက်တာအပါအဝင် မလိုလားအပ်တဲ့ အရေပြားပြဿနာတွေခံစားလာရနိုင်ပါတယ်။ဝဲဖြစ်စေတဲ့အကောင်လေးတွေကခြေချောင်းလက်ချောင်းကြားတွေ၊လက်ဖဝါး၊ ခြေဖဝါး၊ လက်ကောက်ဝတ်၊ ချိုင်းကြား၊ ချက်တဝိုက်နဲ့ ရင်သားအောက်တွေမှာ ပိုပျော်ကြတာကြောင့် ဝဲတွေက ဒီနေရာတွေမှာ အဖြစ်များကြပါတယ်။ဝဲတွေက သူ့အလိုလိုပျောက်မသွားတတ်ပါဘူး။ လုံလောက်တဲ့ ကုသမှု ခံယူဖို့လိုအပ်တဲ့ အရေပြားပြဿနာတစ်ခုပေါ့။ တကယ်လို့ ဝဲကို မကူသဘဲထားမယ်ဆိုရင် လက်တွေနဲ့ကုတ်ဖဲ့ရင်းက နှင်းခူလိုမျိုး ပြင်းထန်တဲ့ နောက်ဆက်တွဲအရေပြားပြဿာနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဝဲဖြစ်လာရင် သေချာလေးကုသသင့်ပါတယ်။ဝဲဖြစ်တာက အရေပြားပေါ်တင်ဖြစ်လို့ သူ့ဘာသာပျောက်သွားမှာပဲဆိုပြီး ခပ်ပေါ့ပေါ့လေးမထားလိုက်သင့်ပါဘူး။ အကြောင်းကတော့ ဝဲကိုသေချာမကုသဘဲထားရင် ထိခိုက်လာနိုင်တာက အရေပြားတစ်ခုတည်းမဟုတ်တာကြောင့်ပါ။ ဝဲကြောင့် အရေပြားမှာပြင်းထန်တဲ့ပြဿနာတွေဖြစ်လာနိုင်သလို ခန္ဓာကိုယ်ကို ထိခိုက်မှုအနေနဲ့ကျောက်ကပ်ထိခိုက်တာမျိုးအထိဖြစ်လာနိုင်ပါတယ်။ဝဲကို အချိန်ကြာမြင့်စွာ မကုသဘဲထားလိုက်တဲ့အခါ အနာတွေရင်း၊ ဘက်တီးရီးယားပိုးတွေ ဝင်ပြီး postinfectious glomerulonephritis (PIGN) လို့ခေါ်တဲ့ ကျောက်ကပ်ထဲကသွေးကြောလေးတွေရောင်ရမ်းပြီး ကျောက်ကပ်ထိခိုက်ပျက်စီးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါဆီးသွားရင်သွေးပါတာ၊ ဆီးက အညိုရောင်ရင့်ရင့်ဖြစ်နေတာ၊ ဆီးသွားနည်းလာတာ၊သွေးတိုးတာ၊ လက်တွေခြေတွေ၊မျက်နှာတွေရောင်တာ၊အဖျားတက်တာမျိုးတွေခံစားရနိုင်ပါတယ်။ဒီပိုးတွေက သွေးကြောတွေထဲကနေ ပြန့်နှံ့နိုင်ပါတယ်။ ဒီလိုကူးသက်မှုက အခန့်မသင့်တဲ့အခါ ကိုယ်တွင်း အင်္ဂါတွေကို ထိခိုက်ပျက်စီးစေနိုင်သလိုကိုယ်တွင်းအင်္ဂါတွေကောင်းကောင်းမလုပ်ဆောင်နိုင်မှုကြောင့် အဆိုးရွားဆုံးသော အကျိုးရလဒ်ကတော့ လူကိုသေစေနိုင်တာပါ။ ဒါကြောင့် ဝဲဖြစ်လာပြီဆိုရင် ခပ်ပေါ့ပေါ့မနေဘဲသေချာကုသမှုခံယူဖို့ တိုက်တွန်းပါရစေနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/if-scabies-goes-untreated/
အသက်အရွယ်​ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ
အသက်အရွယ်ရလာချိန်မှာကြွက်သားတွေကလည်း ပြောင်းလဲလာပါတယ်။ အသက်အရွယ်ရလာချိန်မှာ တစ်နှစ်ကိုကြွက်သားထုထည်က ½ to 1% လောက် ဆုံးရှုံးနေကြပါတယ်။  ဒီလို ဆုံးရှုံးမှုက အသက် ၃၀ မတိုင်ခင်မှာ စတင်ဖြစ်ပွားနေတာပါ။ အသက် ၃၀ နောက်ပိုင်း ရောက်လာချိန်မှာ ၁၀နှစ်ကို ကြွက်သားဆုံးရှုံးမှု က 3% ကနေ 8% အထိ ရှိလာမှာပါ။လေ့လာမှု တစ်ရပ်အရ အသက် ၃၀ အရွယ် လူတစ်ဦးဟာ ထိခိုက်မှုကြောင့်ဖြစ်ဖြစ် ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ် တစ်လလောက် အိပ်ရာထဲမှာ မလှုပ်မရှားဘဲ နေမယ်ဆိုရင် ကြွက်သားပမာဏ ၁ ပေါင်လောက် ဆုံးရှုံးရတာကို တွေ့ရပါတယ်။ကြွက်သားတွေ ဆုံးရှုံးလာတယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ သန်စွမ်းမှု ကျဆင်းလာတာပါ။ အဆီုထည်လည်း တိုးပွားလာတာပါ။ ဒီအခြေနေက ချော်ကျတာ၊ ဟန်ချက်ပျက်ပြီး ချော်လဲတာလိုမျိုး အခြေအနေတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ လေ့ကျင့်ခန်း လုပ်လို့ ရတယ်ဆိုပေမယ့် အသက်အရွယ်ရလာချိန်မှာတော့ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် မလုပ်ဆောင်နိုင်တော့တာကြောင့် အစာအာဟာရကို အားကိုးဖို့ လိုအပ်လာမှာပါ။ ဒီတော့ ချစ်ရတဲ့ ဖေဖေမေမေဖိုးဖိုးဖွားဖွားတို့ကို အသက်အရွယ်​ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ ဘာလေးတွေ ပြင်ဆင်ပေးရမလဲဆိုတာ ပြောပြပေးသွားပါမယ်။အသက်အရွယ်​ကြောင့် ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ဖို့ စားပေးသင့်တာလေးများ ကတော့။အသားတွေက ပရိုတင်း ပါဝင်မှု အများဆုံး အစားအစာ တစ်မျိုးပါ။ သက်ကြီးရွယ်အိုတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ အသား တစ်အောင်စကနေပရိုတင်းပမာဏ၇ ဂရမ် အထိ ရရှိတာပါ။ အနီရောင်အသားတွေ နဲ့ ကြက်သားလိုမျိုး အသားတွေက ပရိုတင်းကြွယ်ဝပေမယ့် အသားကမာတာကြောင့် ဝါးဖို့ ခက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရွယ်တော်လေး တုံးပြီး သေချာ နူးနေအောင် ချက်ပေးတာ၊ အသားကို စဉ်းကောလုပ်ပေးတာ လိုမျိုး ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။အဆီများတဲ့ပင်လယ်ငါးတွေမှာ ပရိုတင်း ကြွယ်ဝစွာ ပါသလို နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးတဲ့omega-3 fatty acidလည်း ပါဝင်နေပါတယ်။ ဝါးစားရတာလည်း လွယ်ကူပါတယ်။ ငါးကို ချက်တာမျိုး မကြိုက်တတ်ဘူးဆိုရင် ကင်ပေးတာ ပေါင်းပေးတာတွေကလည်း နည်းလမ်းကောင်းပါ။တယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကာရယ်စတာတွေကို အသီးအရွက်လေးတွေနဲ့ ပြင်ဆင်ပေးတာက လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။အသားမကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတို့အတွက်ကတော့ အပင်ကနေရတဲ့ ပရိုတင်း ပြည့်ဝအောင် ဖြည့်ပေးတာက နည်းလမ်းကောင်းပါ။ တို့ဟူး၊ ပဲပြား၊ ပဲနှပ်၊ ပဲနို့၊ ပဲရေပွ စတာတွေ ပြင်ဆင်ပေးလို့ ရပါတယ်။ ပဲပြားလေးကို ကြော်ပြီး အသုပ်လို သုပ်ပေးတာ၊ ခရမ်းချဉ်သီးလေးနဲ့ ချက်ပေးတာ၊  တို့ဟူး သုပ်ပေးတာတွေ လုပ်ပေးလို့ ရပါတယ်။ ပဲနို့ကို အချိုမပါတာမျိုး တိုက်ပေးလို့လည်း ရပါတယ်။ အဆာပြေ စားစရာအနေနဲ့လည်း ပြင်ဆင်ပေးလို့ ရပါတယ်။ကြက်ဥမှာ ပရိုတင်း ကြွယ်ဝစွာပါဝင်သလို အာဟာရလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်တွင်းမှာ အာဟာရ ပြည့်ဝစေဖိုပ ထောက်ကူပေးပါတယ်။ ကြက်ဥကြီးကြီး တစ်လုံးက ပရိုတင်း ၆ ဂရမ် နဲ့ အရေးပါတဲ့ အမိုင်နိုအက်ဆစ် ပါဝင်နေပါတယ်။ကြက်ဥကို ပြုတ်ကျွေးတာ၊ ပေါင်မုန့် ကြက်ဥကြော်ပေးတာ၊ ကြက်ဥကို ကြက်သွန်နီလေး ဆီလေးနဲ့ သုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။နို့သောက်တာက လုံလောက်တဲ့ ပရိုတင်း ရရှိစေနိုင်သလိုအရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အားဖြည့်ပေးတဲ့ ကယ်လ်ဆီယမ်လည်း ရရှိစေနိုင်ပါတယ်။ နို့တစ်ခွက်က ပရိုတင်း ၈ ဂရမ်အထိ ပါဝင်နေပါတယ်။ နို့ကို ထောပတ်သီး၊ စတော်ဘယ်ရီသီးတွေနဲ့ ဖျော်ပေးလို့ ရပါတယ်။ အုတ်ဂျုံကို နို့ပူပူလေူနဲ့ စိမ်ကျွေးတာကလည်း အာဟာရ ပြည့်ဝတဲ့ မနက်စာ တစ်မျိုးပါ။လူကြီးတွေကို ပရိုတင်း ပြည့်ပြည့်ဝဝ ရရှိစေမယ့် နောက်ထပ် အစားအစာတစ်ခုကတော့ ချိစ်ပါ။ ချိစ်က ပရိုတင်း ကြွယ်ဝတာကြောင့် ကြွက်သားတွေကို အားဖြည့်ပေးနိုင်ပါတယ်။ ပေါင်မုန့်နဲ့ တွဲစားလို့ ရသလို အိမ်လုပ်ပီဇာ၊ အာလူးထောင်း စတာတွေနဲ့လည်း စားပေးလို့ ရပါတယ်။ အခြား ဟင်းသီးဟင်းရွက်တွေနဲ့လည်း တွဲစားပေးလို့ ရပါတယ်။ကြွက်သားဆုံးရှုံးမှု ကာကွယ်ပေးမယ့် နောက်တစ်ခုကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကလည်း နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။  ကြွက်သားတွေကို အားဖြည့်ပေးပါတယ်။ ဒိန်ချဉ်ကို သစ်သီးလေးတွေနဲ့ တွဲစားပေးလို့ ရပါတယ်။ သစ်သီးခြောက်လေးတွေနဲ့ တွဲစားပေးတာကလည်း အာဟာရပြည့်ဝစေဖို့ ထောက်ကူပေးမှာပါ။ပဲအမျိုးမျိုးက ပရိုတင်းရော အမျှင်ဓာတ်ပါ ကြွယ်ဝတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာ တစ်မျိုးပါ။ ကြွက်သားတွေ သန်မာစေသလို အစာခြေစနစ် ကျန်းမာစေပါတယ်။ ကြွက်သားဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးသလို ဝမ်းချုပ်တာလိုမျိုး လူကြီးတွမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သတ္တုဓာတ်တွေ ပါဝင်နေတာကလည်း ကျန်းမာသန်စွမ်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အယ်လ်မွန်စေ့၊ သစ်ကြားသီး၊မက်ကာဒေးမီးယားစတဲ့ အခွံမာသီးတွေက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကိုရော ပရိုတင်းကိုပါ ဖြည့်တင်းပေးနိုင်တာကြောင့် ဖိုးဖိုးဖွားဖွားတို့မှာ ကြွက်သားဆုံးရှုံးမှု မဖြစ်အောင် ကူညီပေးပါတယ်။ အဆာပြေစားစရာအနေနဲ့ စားပေးလို့ ရသလို ဆန်ပြုတ်ထဲထည့်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/best-foods-to-prevent-muscle-loss-in-elderly/
ရေဓါတ်ခမ်းခြောက်နေပြီလားဆိုတာ သင် ဘယ်လိုသိနိုင်မလဲ
တစ်နေ့တာ ရေကိုလုံလောက်စွာ မရတဲ့အခါ ကိုယ်ခန္ဓါကရေဓါတ်ဆုံးရှုံးတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။ အသက်ရှူစနစ်၊ အစာခြေစနစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို ရရှိဖို့လိုအပ်ပါတယ်။ ပူလွန်းတဲ့နေ့မှာ၊ အားကစား၊ လေ့ကျင့်ခန်းလုပ်လွန်းတဲ့အခါ ချွေးထွက်ပြီး ကိုယ်ခန္ဓါက ရေဓါတ်ဆုံးရှုံးပါတယ်။ဖျားနာေနတဲ့အချိန်၊ အန်နေတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အချိန်မှာလည်း ရေဓါတ်နည်းသွားပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို အမြဲကိုယ့်ဘက်က ပြန်လည်ဖြည့်တင်ပေးနေဖို့ လိုအပ်တယ်နော်။ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက်။၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ။၄နှစ်မှ ၈နှစ်အတွင်း ကလေးတွေ = ၁.၇ လီတာ။၉ နှစ်မှ ၁၃နှစ်အတွင်း အမျိုးသားများ = ၂.၄ လီတာ ၊ အမျိုးသမီးများ = ၂.၁ လီတာ။၁၄နှစ်မှ ၁၈နှစ်အတွင်း အမျိုးသားများ = ၃.၃ လီတာ ၊ အမျိုးသမီးများ = ၂.၃ လီတာ။၁၉နှစ်အထက် အမျိုးသားများ = ၃.၇ လီတာ ၊ အမျိုးသမီးများ = ၂.၇ လီတာ ဆိုပြီး ကွဲသွားပါတယ်။ဒီပမာဏဟာ ရေအပြင် တခြားသော ရေအစားထိုးအစားအစာတွေ (အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အရည်မျိုးစုံ) ကနေ ရနိုင်တဲ့ ရေပမာဏကို ဆိုလိုတာဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ရေလုံလောက်စွာ သောက်ပေးဖို့ အရေးကြီးပါတယ်။ ထသွားထလာ လှုပ်ရှားရခက်တာရော၊ဟော်မုန်းအပြောင်းအလဲကြောင့် ရေဓါတ်ကို ပိုပြီးလိုအပ်နေချိန်မှာ ရေသောက်တာနည်းသွားမယ်ဆိုရင် မိခင်ရော ကလေးပါ ထိခိုက်စေနိုင်သလို ကိုယ်ဝန်အစောပိုင်းကာလမှာ ကြုံတွေ့ရတတ်တဲ့ မူးဝေတာ၊ ပျို့အန်တဲ့ဝေဒနာတွေ ပိုဆိုးနိုင်ပါတယ်။ ပြင်းထန်လွန်းတဲ့အခြေအနေမှာ သတ်မှတ်ရက်ထက် ကလေးစောမွေးသည်အထိ ဖြစ်လာနိုင်ပါတယ်။ဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို လုံလောက်စွာ သောက်သုံးဖို့ပါပဲ။ ရေသောက်တဲ့အခါမှာ အကြာကြီးနေမှ တစ်ဘူးလုံးမော့သောက်တာမျိုးမလုပ်ဘဲ ပုံမှန်အတိုင်း သောက်သွားတာပိုအဆင်ပြေပါတယ်။ တခြားအရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးနိုင်ရင်လည်း ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ဖြည့်တင်းပေးရာရောက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%b1%e1%80%9b%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%81%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%94%e1%80%bb%e1%80%95%e1%80%ae%e1%80%9c/
ပြေးလွှားခြင်း က ကယ်လိုရီတွေကို ဘယ်လိုလောင်ကျွမ်းစေနိုင်သလဲ
အချို့သော သူတွေက ပြေးလွှားခြင်း ကိုနှလုံးကျန်းမာရေး လေ့ကျင့်ခန်းအနေနဲ့ ရွေးချယ်လုပ်ဆောင်ကြပေမယ့် တချို့တွေက ပြေးလွှားခြင်းရဲ့ကယ်လိုရီကိုလောင်ကျွမ်းစေနိုင်တဲ့ အစွမ်းအပေါ်မှာ စိတ်ဝင်စားကြပြီး ကိုယ်ခန္ဓာလှပအောင် လုပ်ဆောင်နေကြပါတယ်။နှစ်ပေါင်းများစွာအကြာ လေ့လာပြီးနောက် လေ့ကျင့်သူတွေက ပြေးလွှားခြင်းဟာ အဆီတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ သက်သေပြခဲ့ပါတယ်။ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေအတွက် တွက်ချက်နည်းလမ်းကတော့ ၁ မိုင်ပြေးတိုင်း ခန္ဓာကိုယ်မှ ၁၀၀ ကယ်လိုရီလောက် လောင်ကျွမ်းပါတယ်။ လောင်ကျွမ်းတဲ့ ကယ်လိုရီပမာဏဟာ ပြေးတဲ့ အချိန်နဲ့ မဆိုင်ပါဘူး။ဥပမာ သင်ဟာ ၁မိုင်ခွဲကို မိနစ် ၂၀ နဲ့ပြေးတယ်ဆိုရင် လောင်ကျွမ်းတဲ့ ကယ်လိုရီ ပမာဏဟာ ၁၅၀ ဖြစ်မှာပါ။ ဒါပေမယ့် သင်ဟာ ပိုမြန်တဲ့ နှုန်းနဲ့ပြေးမယ်ဆိုရင်တော့ တူညီတဲ့ အချိန် (၂၀ မိနစ်) အတွင်းမှာ နှစ်ဆသော ကယ်လိုရီတွေ( ၃၀၀ ကယ်လိုရီ) လောင်ကျွမ်းနိုင်မှာပါ။ဒါ့ကြောင့် သင့်မှာ အချိန်သိပ်မရှိဘူးဆိုရင်တောင် သင့်ပြေးနှုန်းကို မြှင့်တင်လိုက်ပြီး တူညီတဲ့ ရလဒ်ကို ရရှိနိုင်ပါတယ်။ အပြင်းအထန် အလွန်အကျွံ မလေ့ကျင့်မိအောင်တော့ သတိထားရပါမယ်။ ဘာကြောင့်လည်းဆိုတော့ အလွန်အကျွံလေ့ကျင့်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ပါ။ကိုယ်အလေးချိန်များသူတွေအတွက်ကတော့ ကိုယ်အလေးချိန် နည်းတဲ့ သူတွေထက် ပြေးတဲ့ အခါ ကယ်လိုရီ ပိုလောင်ကျွမ်းနိုင်ပါတယ်။ အခြားတစ်နည်းနဲ့ပြောရမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်ကြီးလေလေ ကယ်လိုရီပိုလောင်ကျွမ်းနိုင်လေလေ ဖြစ်ပါတယ်။ဒါ့ကြောင့် သင်က တစ်ခုခုကို သင့်နဲ့ အတူသယ်ဆောင်ပြီးပြေးမယ်ဆိုရင် သင့် စုစုပေါင်း အလေးချိန်က များသွားတဲ့ အတွက် ကယ်လိုရီလည်း များများ ပိုလောင်ကျွမ်းနိုင်ပါတယ်။ဒီအချက်အလက်တွေက သူတို့ခန္ဓာကိုယ်ကိုတစ်ဖန် ပြန်ပြီး လန်းဆန်းလိုတဲ့ သူတွေ အတွက် အားပေးနိုင်တဲ့ အချက်အလက် တွေ ဖြစ်နိုင်ပါတယ်။သင်မြန်မြန်ပြေးတဲ့ အခါ သင့်ရဲ့နှလုံးခုန်နှုန်းလည်း သိသိသာသာ တက်လာမှာပါ။ ဒါ့ကြောင့် အပြင်းအထန်ပြေးလွှားလေ့ကျင့်ပြီးချိန်မှာ သင့်ခန္ဓာကိုယ်က ပြန်ပြီး ပုံမှန် အခြေအနေပြန်ရလာဖို့ အချိန်ခဏ လိုအပ်နိုင်ပါတယ်။အဲဒီအချိန်မှာ သင်ပြေးတာရပ်သွားသည့်တိုင်အောင် သင့်နှလုံးက ဆက်ပြီးအခုန်မြန်နေသရွေ့ သင့်ခန္ဓာကိုယ်ကလည်း ကယ်လိုရီတွေကို ပိုပိုပြီးသုံးပစ်နေပါတယ်။ အဲလိုနည်းနဲ့ သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေ လောင်ကျွမ်းအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါ့ကြောင့် ဒီလို အချက်ကို အသုံးချပြီး အဆီတွေလောင်ကျွမ်းအောင် အချိန်အပိုင်းအခြားတစ်ခု နားနားပြီးပြေးတာမျိုး လုပ်နိုင်ပါတယ်။ ပြေးပြီးနောက်မှာ ကယ်လိုရီ ဆက်လောင်ကျွမ်းတာကို ဘယ်လို လှုံ့ဆော်ရမယ်ဆိုတာ အောက်မှာ ဥပမာပေးပြီး ဖော်ပြထားပါတယ်။ဒီအပြင် ပြေးပြီးတဲ့အခါ အနည်းဆုံး မိနစ်၃၀ မှ ၁နာရီလောက်ထိ နေပြီးမှ အစာစားသင့်ပါတယ်။ အဲဒါမှ သင့်ခန္ဓာကိုယ်ကနေအဆီပိုတွေကို လောင်ကျွမ်းပစ်နိုင်ဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ အဲလို လုပ်ခြင်းက သင့်ကို ကိုယ်အလေးချိန် မြန်မြန်ကျနိုင်အောင် ကူညီပေးနိုင်ပါတယ်။ကိုယ်အလေးချိန်ချတဲ့ အစီအစဉ်၊ နည်းလမ်း အများစုဟာ အပေါ်မှာပြထားတဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်တဲ့ အင်မတန်အသုံးဝင်တဲ့ နည်းလမ်း တွေကို အသုံးပြုထားပါတယ်။လောင်ကျွမ်းတဲ့ ကယ်လိုရီ ပမာဏ အတိအကျဟာ လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ ကိုယ်ရည်စစ်မှုနဲ့ ခန္ဓာကိုယ် အချိုးအစား (ကြွက်သား ပမာဏ နဲ့ အဆီပမာဏကို အချိုးချထားခြင်း) အပေါ်မူတည်ပါတယ်။အထူးသဖြင့် မပြေးလွှားတာ ကြာပြီ ဖြစ်တဲ့ သူတွေ ဆိုရင် စစချင်းပြေးတဲ့ အချိန်မှာ နှေးနှေးပြေးဖို့က အရေးကြီးပါတယ်။ သင့်ကိုယ်သင် မောပန်းအောင် ၊ အရမ်းပင်ပန်းအောင် လုပ်မယ့်အစား သင်အပြေးလေ့ကျင့်မယ့် အစီအစဉ်ကို တဖြည်းဖြည်း ဆွဲပြီး ဟန်ချက်ညီညီ နဲ့ အစီအစဉ် အတိုင်း အပြေးလေ့ကျင့် သင့်ပါတယ်။တကယ်လို့ သင့်မှာအရိုးအဆစ် ရောဂါ(သို့) ခြေထောက်ဒဏ်ရာရှိနေတယ်ဆိုရင် နာကျင်ခြင်း မဖြစ်လာရအောင် အပြေးမလေ့ကျင့်ခင်မှာကတည်းက သင့်ဆရာဝန်ဆီကကြိုတင်ပြီး အကြံဉာဏ်တောင်း သင့်ပါတယ်။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/how-much-calorie-burnt-by-running/
လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျ လာတဲ့ လက္ခဏာ၅ချက်
အသက်ကြီးလာတာနဲ့အမျှ နှလုံးကအိုမင်းလာပြီး နှလုံးစွမ်းဆောင်ရည် ပိုကျ လာပါတယ်။ နှလုံးနံရံတွေ ထူလာတာ၊ အဆို့ရှင်တွေမာလာတာ၊ သွေးကြောတွေ ကျဉ်းပြီး မာလာတာ၊ နှလုံးခုန်မမှန်တာ စတာတွေကြောင့် နှလုံးညှစ်အား ပိုပိုကျလာတတ်ပါတယ်။ နှလုံးရောဂါအခံရှိတဲ့အခါ ပိုဆိုးပါတယ်။နှလုံးစွမ်းဆောင်ရည် ကျလာတဲ့အခါ နှလုံးက ခန္ဓာကိုယ်က လိုအပ်တဲ့ သွေးကို အလုံအလောက် မညှစ်ပေးနိုင်တော့သလို နှလုံးထဲကိုလည်း သွေးကောင်းကောင်း မဝင်တော့ပါဘူး။ နှလုံးစွမ်းဆောင်ရည်ကျပြီး နှလုံးပျက်စီးလာတာကို နှလုံးအစားထိုးမှပဲ ရမှာပါ။ လက်ရှိမှာ ဆေးဝါးတွေပေးပြီး ကုသနေတယ်ဆိုတာက ပိုပြီး ဆိုးမလာအောင်လို့ရယ်၊ သက်တမ်းစေ့နေနိုင်အောင်ရယ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။နှလုံးစွမ်းဆောင်ရည်ကျတယ်ဆိုတာ အပေါ်မှာ ပြောခဲ့သလိုနှလုံးညှစ်အားကျလာတာပါ။ ဒီတော့ နောက်ဆက်တွဲအနေနဲ့ ခန္ဓာကိုယ်မှာ အရည်တွေ စုပြီး ဖောတာတွေ၊ မောတာတွေ ဖြစ်လာပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ စတာတွေ ရှိနေရင် နှလုံးပေါ် ဝန်ပိတာကြောင့် သွေးကောင်းကောင်းညှစ်နိုင်ဖို့ ပိုခက်ပါတယ်။ဒါပေမယ့် ဆေးကုသမှု သေချာခံယူမယ်ဆိုရင်တော့ နေရတာ သက်သာပြီး အသက်ရှည်ရှည်နေနိုင်မှာပါ။ ဆေးဝါးတွေနဲ့ မှီဝဲတာနဲ့အတူ ကိုယ်အလေးချိန်ထိန်းမယ်၊ လေ့ကျင့်ခန်းလုပ်မယ်၊ ဆားလျှော့စားမယ်၊ စိတ်ဖိစီးမှု လျှော့ချမယ်ဆိုရင် မြန်မြန်သက်သာလာမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့် တစ်ခါတလေမှာ နှလုံးစွမ်းဆောင်ရည် ကျတာက သိပ်ပြင်းထန်တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါဆိုရင်တော့နှလုံးအစားထိုးတာ၊ နှလုံးစက်ထည့်တာတွေ လုပ်ဖို့ လိုလာနိုင်ပါတယ်။နှလုံးစွမ်းဆောင်ရည် ကျတာ မဖြစ်ချင်ဘူးလား။ ဒါဆိုရင်တော့ သူ့ကို ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းတာတွေ၊ သွေးတိုးတာတွေ၊ ဆီးချိုရောဂါနဲ့ အဝမလွန်အောင် ထိန်းတာက အကောင်းဆုံးကာကွယ်နည်းပဲ ဖြစ်ပါတယ်။နှလုံးစွမ်းဆောင်ရည် ကျတာက အမြဲတမ်းလက္ခဏာပြနေတာတော့ မဟုတ်ပါဘူး။ ရောဂါက နုသေးရင်ဖြစ်ဖြစ် ဒါမှမဟုတ် ဆေးသေချာကုနေရင်ဖြစ်ဖြစ် နှလုံးစွမ်းဆောင်ရည်ကျတဲ့ လက္ခဏာကို ခံစားရမှာ မဟုတ်ပါဘူး။ဒါနဲ့ ပြောင်းပြန် ရောဂါရှိတာကို မသိလို့ ပိုဆိုးလာတယ်။ ရောဂါကို သေချာမကုဘူး။ လက်ရှိကုနေတဲ့ ဆေးတွေကို မတိုးတော့ဘူးဆိုရင်တော့ လက္ခဏာတွေ သိသိသာသာ ပြလာမှာပဲ ဖြစ်ပါတယ်။အောက်ပါ လက္ခဏာ ၅ချက်ကို ခံစားနေရပြီဆိုရင် လူကြီးတွေမှာ နှလုံးစွမ်းဆောင်ရည် ပိုကျလာလာဖြစ်နိုင်တဲ့အတွက် ချက်ချင်းဆေးကုသမှု ခံယူဖို့ စီစဉ်သင့်ပါတယ်။ ဒါတွေကို အတိုကောက်FACESလို့ မှတ်ထားနိုင်ပါတယ်။နှလုံးက အောက်စီဂျင်ကြွယ်ဝတဲ့ သွေးတွေကို ခန္ဓာကိုယ်အနှံ့ကို လုံလုံလောက်လောက် ညှစ်ဖို့ ခက်လာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ စွမ်းအင်အလုံအလောက် မရတာကြောင့် နုံးလာပါတယ်။ ဘာမှမယ်မယ်ရရ မလုပ်ပါဘဲနဲ့အားမရှိသလို၊ ပင်ပန်းသလို ခံစားရပါတယ်။နှလုံးစွမ်းဆောင်ရည် ပိုကျ လာတာကို အလွယ်ဆုံး သိနိုင်တဲ့အချက်ကတော့ လုပ်ကိုင်နိုင်စွမ်းတွေ လျော့ကျလာတာပါ။ အထူးသဖြင့် နေ့စဉ်သွားလာလှုပ်ရှားတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်လာပါပြီ။အစကတော့ လမ်းလျှောက်ဆိုလည်း တစ်မှတ်တိုင်စာလောက်ကို အေးဆေး လျှောက်နိုင်တယ်။ ၂-၃ထပ် တိုက်ပေါ်ကိုလည်း လှေကားကနေ တက်နိုင်ပါတယ်။ နှလုံးစွမ်းဆောင်ရည် ပိုကျလာတဲ့အခါကတော့ တစ်မှတ်တိုင်စာလောက်ကနေ ဓာတ်တိုင်တစ်တိုင်စာလောက်ကို ဟောဟဲစိုက်နေပါပြီ။ လှေကားဆိုလည်း၂-၃ထစ် တပ်ပြီးတိုင်း နားနေရပါပြီ။စစချင်းမှာတော့ မောလည်း ခဏလောက်နားပြီး ဆက်လျှောက်နိုင်ပါလိမ့်မယ်။ နောက်ပိုင်းကျရင်တော့ နားပြီလည်း ဆက်မသွားနိုင်တော့ပါဘူး။ပိုဆိုးတာက နေ့စဉ်အိမ်မှာ တစ်ကိုယ်ရည်ကိစ္စတွေလုပ်ရင်တောင် မောလာတာပါ။ အိမ်သာသွားရင် မောမယ်။ ထမင်းစားရင် မောမယ်။ အိမ်ရှေ့ကနေ အိမ်နောက်သွားရင်တော့ လမ်းခုလတ်မှာ နားနေရပါပြီ။ အပေါ်ထပ်က ကိုယ့်အခန်းကို ပြန်ပြီး မအိပ်နိုင်လို့ အောက်ထပ်ကို အိပ်ရာရွှေ့ပေးလိုက်ရပါပြီ။ဒီလိုမျိုး မလုပ်နိုင်မကိုင်နိုင် ဖြစ်နေရတာက နှလုံးစွမ်းဆောင်ရည် ပိုကျလာတဲ့အခါ ပိုနုံးလာပြီး ပိုမောလာတာကြောင့်ပါ။အဆုတ်ထဲမှာ ရေအိုင်လာတဲ့အခါကျတော့ချောင်းဆိုးတာ၊ အသက်ရှူရင် တရွှီရွှီမြည်နေတာ၊ အသက်ရှူရခက်တာတွေ ခံစားရပါတယ်။နှလုံးစွမ်းဆောင်ရည်ကျလို့ ချောင်းဆိုးတာ၊ တရွှီရွှီနဲ့ ကျပ်နေတာက ပန်းနာရင်ကျပ်နဲ့ တော်တော်တူပါတယ်။ ဒါကြောင့် နှလုံးပန်းနာလို့လည်း ခေါ်ကြပါတယ်။ စချင်းမှာတော့ ဒီတိုင်းချောင်းဆိုးပေမယ့် နောက်ပိုင်း အဆုတ်ထဲမှာ ရေများလွန်းလာတဲ့အခါ ညဘက်အိပ်နေရင်း ချောင်းဆိုးလို့ ထထိုင်လိုက်မှ သက်သာသွားတာအထိ ဖြစ်တတ်ပါတယ်။ဒီဆို သာမန်ချောင်းဆိုးနေရာကနေ ရုတ်တရက် ပိုဆိုးလာမယ်၊ ပိုကျပ်လာမယ်၊ ပန်းရောင်သလိပ်တွေပါ ပါလာမယ်ဆိုရင်တော့ ဆေးရုံကို ချက်ချင်းသွားသင့်ပါတယ်။ ဒါက အရေးကြီးတဲ့ လက္ခဏာပါ။နှလုံးစွမ်းဆောင်ရည်ကျပြီး ညှစ်အားမကောင်းတဲ့အခါ အရည်တွေက နောက်ပြန်ပုံလာပါတယ်။ ဒီတော့ သွေးကြောတွေကနေ အရည်စိမ့်ပြီး ဖောလာပါတယ်။အရင်ဆုံးဖောတာကတော့ ခြေကျင်းဝတ်ပါ။ ပြီးရင်တော့ ခြေထောက်ပါ။ ဒီကနေ တဖြည်းဖြည်းနဲ့ အပေါ်ကို တက်လာပြီး ဝမ်းဗိုက်၊ မျက်နှာစတာတွေပါ ဖောလာပါတယ်။ အိပ်ရာထဲမှာပဲ လှဲနေတဲ့သူဆိုရင်တော့ နောက်ကျောဘက် မြီးညောင့်ရိုးနေရာမှာ ဖောနေမှာပါ။တစ်ကိုယ်လုံးဖောလာတဲ့အခါကျတော့ လူက သူ့ဟာသူ ဖောမှန်းတောင် သတိမထားမိတော့ပါဘူး။ သူတို့ကို သူတို့ ဝလာတယ်လို့ ထင်ကြပါတယ်။ ဘယ်လောက်ဝလာလဲလို့ မေးရင် တစ်ရက်တည်းနဲ့ ၃ပေါင်လောက် တက်တာ၊  တစ်ပတ်အတွင်း ၅ပေါင်လောက် တက်တာတွေ ပြောပါလိမ့်မယ်။ ဒါက သာမန်အတိုင်း ဝတာမဟုတ်ဘဲ ဖောလာတာပဲ ဖြစ်ပါတယ်။နှလုံးက သွေးကို ရှေ့ရောက်အောင်  မညှစ်နိုင်တဲ့အခါ အနောက်က အဆုတ်ထဲမှာ ပြန်ဝင်ပြီး အရည်တွေ ပြည့်လာပါတယ်။ ဒီအရည်တွေက အောက်စီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လဲဖို့ အတားအဆီးဖြစ်စေတာကြောင့် လေကောင်းကောင်းမရဘဲ မောလာပါတယ်။ ရေနစ်နေတဲ့ သူတစ်ယောက် လေမဝလို့ မောနေတာနဲ့ ပုံစံတူပါတယ်။အရည်တွေ များလာရင် လှဲအိပ်လို့တောင် မရတော့ပါဘူး။ အိပ်နေရင်း မောလို့ နိုးလာပြီး လေထရှူရတာ၊ လှဲမအိပ်နိုင်လို့ ခေါင်းအုံးတွေထပ်ပြီး အိပ်ရတာ၊ ငုတ်တုတ်လေး ထိုင်အိပ်ရတာတွေ ဖြစ်လာပါတယ်။ ဒီတော့ အိပ်ရေးပျက်ပြီး ပိုနုံးလာပါတယ်။မောတာကလည်း ပိုပိုဆိုးလာတတ်ပါတယ်။ အစကတော့ ပြင်းပြင်းထန်ထန် လှုပ်ရှားမှ မောတယ်။ နောက်ကျ ပုံမှန်အတိုင်း လှုပ်တာကို မောတယ်။ ဒါပေမယ့် နားလိုက်ရင် သက်သာတယ်။ နောက်ပိုင်း နားလည်း မသက်သာဘူး။ နည်းနည်းလေး လှုပ်လိုက်တာနဲ့ မောတယ်။ အဆိုးဆုံးကတော့ ငြိမ်ငြိမ်လေး နေတာတောင် မောနေတာပါပဲ။အသက်ကြီးတဲ့သူတစ်ယောက်နှလုံးစွမ်းဆောင်ရည်ကျတဲ့ရောဂါ ရှိသည်ဖြစ်စေ၊ ကုနေသည်ဖြစ်စေ၊ မသိဘူးဖြစ်စေ ဒီလက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ နှလုံးရောဂါကြောင့်လည်း ဖြစ်နိုင်သလို တခြားရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေက ပုံမှန်မဟုတ်တာကြောင့် အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/5-signs-of-worsening-heart-failure-in-older-adults/
သာကူကပေးတဲ့ အလှအပ
သာကူက စားလို့ ကောင်းသလိုကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ သာကူကလေဒီလေးတို့ရဲ့အလှအပအတွက်လည်း အခုလို ထောက်ပံ့ပေးပါသေးတယ်။ သာကူကပေးတဲ့ အလှအပ က ဘာတွေဖြစ်မလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။သာကူမှာ။စားကောင်းလှတဲ့ သာကူလေးက အလှအပအတွက်လည်း အခုလိုလေး ထောက်ပံ့ပေးပါသေးတယ်။မျက်နှာပေါ်ကဝက်ခြံတွေ သက်သာစေဖို့အတွက်လည်း သာကူကို အသုံးပြုပေးလို့ ရပါတယ်။ သာကူ အဖြူကို ရေနဲ့ရောပြီး အနှစ်ရအောင် ကြိတ်ပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ခြောက်အောင် ထားပေးပါ။ခြောက်သွားတဲ့အထိ ထားပေးပါ။ ပြီးရင်မျက်နှာကို ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် လုပ်ပေးပါ။ ဝက်ခြံတွေ သက်သာလာပါလိမ့်မယ်။လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အသားအရေချင်းက မတူပါဘူး။ အသားအရေက ခြောက်သွေ့တာ၊အဆီပြန်တာအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အသားအရေကို ထိခိုက်စေတဲ့ အရာတွေကလည်း မနည်းပါဘူး။ညစ်ညမ်းမှု၊ နေရောင်၊ ဓာတုပစ္စည်းတွေ စုံလို့ပါ။ဒီလို အရာတွေကြောင့်အသားအရေ ခြောက်သွေ့တာကို သက်သာစေဖို့ဆိုရင် သာကူကို ကြိုက်နှစ်သက်ရာ ခရင်မ် တစ်ခုခုနဲ့ ရောကြိတ်ပြီး အရေပြားပေါ်မှာ လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ပုံမှန် လုပ်ဆောင်ပေးပါ။အရေပြားက နေရောင်နဲ့ မကြာခဏ ထိတွေ့တဲ့အခါ အသားအရေမှာ နေလောင်တာတွေ ဖြစ်လာပါတယ်။ ဒီလို နေလောင်တာကို သက်သာစေဖို့ဆိုရင် သာကူကို အမှုန့်ကြိတ်ပြီး ရလာတဲ့ အမှုန့်ကိုနနွင်းမှုန့်နဲ့ ရောစပ်ပါ။ ပြီးရင်နွားနို့လေး နည်းနည်းရောလိုက်ပါ။ ရလာတဲ့ အနှစ်ကို နေလောင်တဲ့နေရာမှာ လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေဆေးချလိုက်ရုံပါ။အသက်အရွယ် ရလာတဲ့အခါ အရေးအကြောင်းတွေ ဖြစ်လာတာ ရှိသလို အချို့မှာအရွယ်မတိုင်ခင် အိုမင်းမှုကြောင့် အရေးအကြောင်း ဖြစ်တာတွေလည်း ရှိပါတယ်။ ဒီလို အရေးအကြောင်းတွေ ဖြစ်လာတဲ့အခါ သက်သာစေဖို့ဆိုရင် သာကူကို အမှုန့်ကြိတ်လိုက်ပါ။ရလာတဲ့ အမှုန့်ကို ကြက်ဥအနှစ်နဲ့ ရောပါ။ဆန်မှုန့်နည်းနည်းနဲ့ နွားနို့ အစိမ်း နည်းနည်း ထည့်ပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပေးပြီး ခြောက်တဲ့အထိ ထားပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးချပေးလိုက်ပါ။ဆံသားဟာလည်း အရေပြားလိုပဲ ညစ်ညမ်းမှုကြောင့် ထိခိုက်ခံစားရပါတယ်။ ဒီလို ထိခိုက်တဲ့အခါ ဆံသားက အရောင်မွှဲတာမျိုးတွေ ဖြစ်လာပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် သာကူကို အမှုန့်လုပ်ပါ။ပြီးရင်ဒိန်ချဉ်နည်းနည်းနဲ့ ခပ်ပျစ်ပျစ်လေး ရောမွှေပါ။ ပြီးရင် ဆံပင်မှာ နှံ့အောင် လိမ်းပြီး ခဏထားပါ။ ပြီးရင်ခေါင်းလျှော်ရည်ခပ်ပျော့ပျော့လေးနဲ့ လျှော်လိုက်ပါ။ ဒီလို ပုံမှန် လုပ်ပေးတာက ဆံသားကို ပိုတောက်ပြောင်စေမှာပါ။ဆံပင်ကျွတ်တာက အမျိုးသမီးတွေရော အမျိုးသားတွေပါ ရင်ဆိုင်ရတဲ့ ဆံသား ပြဿနာ တစ်မျိုးပါ။ ဒီလို ဆံပင်ကျွတ်တာကို သက်သာအောင် သာကူကို အသုံးပြုပေးလို့ ရပါတယ်။သာကူမှုန့်ကို သံလွင်ဆီနဲ့ ရောပြီး ဆံပင်မှာ လိမ်းပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ ဆံပင်ကျွတ်တာကို သိသိသာသာ သက်သာစေမှာပါ။စားကောင်းတဲ့ သာကူကပေးတဲ့ အလှအပ တရားတွေကတော့ ဒါတွေပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/beauty-benefits-of-sago/
Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)
အသည်းရောင်အသားဝါ အေရောဂါ ဆိုတာ အေ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်လာတဲ့ အလွန်ကူးစက်နိုင်တဲ့ အသည်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါပိုးက အသည်းကိုရောင်စေပြီး အသည်းလုပ်ငန်းစဉ်တွေကို ထိခိုက်စေတဲ့ အသည်းရောင်ရောဂါပိုး အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။လူအများစုမှာတော့ ထွေထွေထူးထူး ရောဂါကြီးကြီးမားမား မပြဘဲ ၂ လ မှ ၆ လ အတွင်း ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမယ့် တချို့အသည်းရောင် အေ ရောဂါတွေမှာအသည်းပျက်စီးသည်အထိ ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။အသည်းရောင်အသားဝါ အေ ရောဂါက တော်တော်များများမှာတော့ ဒီရောဂါအဖြစ်များတဲ့ ဒေသကို ခရီးသွားပြီးနောက် ကူးလာတာ ဒါမှမဟုတ် ကူးလာတဲ့သူနဲ့ အတူနေထိုင်တာ၊လိင်ဆက်ဆံခြင်းတို့ကနေ ကူးစက်ကြပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို ဆင်ခြင်ပြီး ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ အ။ပထမဆုံး သိထားရမှာက လူတိုင်းမှာတော့ရောဂါလက္ခဏာမပြနိုင်ဘူး ဆိုတာပါပဲ။ ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီးနောက် တစ်လအတွင်းပေါ်လာနိုင်ပါတယ်။ဖြစ်တတ်တာတွေကတော့။ဒါ့ပြင် တုပ်ကွေးလိုမျိး လက္ခဏာတွေလည်း ပြနိုင်ပါတယ်။ ဥပမာ။ဒီထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အသည်းရောင် အသားဝါ အေ ရောဂါလက္ခဏာတွေ ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြပါ။မတော်တဆ သင့်မှာ အသည်းရောင်အသားဝါ အေ ပိုးကူးမိတယ်ဆိုရင်တောင် ကူးပြီး ၂ ပတ်အတွင်းဆိုရင် အသည်းရောင် အေ ကာကွယ်ဆေး သို့ immunoglobulin ကုထုံးတို့နဲ့ ကာကွယ်နိုင်ပါသေးတယ်။ဒါ့ပြင် ဒီအချက်တွေ ရှိနေတယ်ဆိုရင်လည်း ဘာဆက်လုပ်သင့်လဲဆိုတာကို ဆရာဝန်နဲ့ ဆွေးနွေးပါ။အသည်းရောင် အသားဝါ အေ ရောဂါကို အသည်းရောင် အေ ဗိုင်းရပ်စ်က ဖြစ်စေပါတယ်။ အသည်းရောင် အေ ဗိုင်းရပ်စ်ကို ကူးစက်စေတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။အသည်းရောင် အသားဝါ အေ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန် အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။သွေးစစ်ခြင်းကနေ သင့်ကိုယ်ထဲမှာ အသည်းရောင် အေ ပိုးရှိမရှိ သိနိုင်ပါတယ်။ ပုံမှန်အားဖြင့် သွေးပြန်ကြောမှ သွေးနမူနာ စုပ်ယူပြီး ဓာတ်ခွဲခန်းပို့ စမ်းသပ်ပါတယ်။အသည်းရောင် အေ ပိုးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကုသမှုရယ်လို့တော့မရှိပါဘူး။ သင့်ခန္ဓာကိုယ်က အလိုအလျောက် ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ပါလိမ့်မယ်။ ရောဂါသည် တော်တော်များများမှာတော့ အသည်းက ခြောက်လအတွင်း ပြန်လည် ကောင်းမွန်နိုင်ပါတယ်။အများစုကိုတော့ အိမ်မှာပဲ ဂရုစိုက် ကုသနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ တခြားလူတွေနဲ့ ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပြီး ဆရာဝန်နဲ့ ပုံမှန် ပြသသင့်ပါတယ်။အသည်းရောင် အေ ပိုးက လူကို နုံးစေတဲ့အတွက် ကောင်းကောင်းအနားယူသင့်ပါတယ်။သစ်သီးဖျော်ရည်သို့ နွားနို့ကဲ့သို့သော အာဟာရဖြစ်စေတဲ့ အစားအသောက်တွေ စားသောက်သင့်ပါတယ်။ဒါ့ပြင် အတူနေပြီး သင့်ကို ပြုစုပေးမယ့်သူတွေက ကာကွယ်ဆေး မထိုးရသေးရင် ၂ပတ်အတွင်း ကာကွယ်ဆေးထိုးသင့်ပါတယ်။အသည်းရောင် အသားဝါ အေ ကာကွယ်ဆေးကဗိုင်းရပ်စ်ပိုး မကူးစက်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ၆လခြားပြီး ၂ကြိမ်ထိုးရပါတယ်။ ဘယ်သူမဆို ထိုးလို့ရပါတယ်။ မဖြစ်မနေထိုးထားသင့်တဲ့သူတွေကတော့။ဒါတွေအပြင် တစ်ကိုယ်ရည်စာ လိုက်နာသင့်တာတွေကတော့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/hepatitis-a-explained/
ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူများ
အီလက်ထရောနစ်ပစ္စည်းတွေမှာ ပါတဲ့ ဓါတ်ခဲသေးသေးလေးတွေ(ဥပမာ -နာရီဓါတ်ခဲအပြားလေးတွေ) ကို ကလေးငယ်တွေမျိုချမိနိုင်ပါတယ်။Nine-volt ဓါတ်ခဲတွေဟာလည်း ပါကင်ဖောက်ပြီးပြင်ပမှာ စက္ကူညှပ်တွေ၊ အိုးတိုက်စတီးမျှင်ထွေးတွေလို သံသတ္ထုတွေနဲ့ထိတွေ့မိရင် အပူရှိန်မြင့်ပြီး မီးထလောင်နိုင်ပါတယ်။ဘယ်သူမဆိုဖြစ်နိုင်ပေမယ့် အထူးသဖြင့် ကလေးငယ်တွေအတွက် ပိုသတိထားသင့်ပါတယ်။ တီဗီတွေကိုအောက်ခြေမငြိမ်တဲ့ ပရိဘောဂတွေပေါ် တင်မထားပါနဲ့။ အခန့်မသင့်လို့ပြုတ်ကျခဲ့ရင် အန္တရာယ်ရှိတဲ့အပြင် လျပ်စစ်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ အံဆွဲတွေပါတဲ့ တီဗီစင်တွေကိုလည်း သတိထားကိုင်တွယ်ပါ။ဂက်စ်မီးဖိုတွေက အိမ်တွေမှာ အသုံးဝင်တဲ့မီးဖိုချောင်အသုံးအဆောင်ဖြစ်ပေမယ့် ကျန်းမာရေးအတွက်ရော၊ မီးဘေးအန္တရာယ်အတွက်ပါ သတိထားရမယ့်အထဲ ထိပ်ဆုံးကပါဝင်ပါတယ်။ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့နဲ့ဖော်မယ်လ်ဒီဟိုက်တွေ ထွက်ရှိတဲ့နှုန်းက ပုံမှန်အသုံးဆို သိပ်မများပေမယ့် နိုက်ထရိုဂျင်အောက်ဆိုဒ်ထုတ်လွှတ်မှုကပြင်ပလေထုအတွက် လက်ခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်နေတယ်လို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအဖွဲ့အစည်းကထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် အလုံပိတ်အခန်းအတွင်းချက်ပြုတ်ရတာ ပုံမှန်ထက်ပိုများတဲ့ စားဖိုမှူးတွေမှာ ဒီအန္တရာယ်ပိုစိတ်ပူရတာပါ။ ဒါ့ကြောင့် ဂက်စ်မီးဖိုနဲ့ချက်တဲ့အခါ အိမ်ထဲမှာ(မီးဖိုနဲ့မနီးကပ်ရပါ) ပန်ကာဖွင့်ထားပါ၊ဖြစ်နိုင်ရင် အိမ်ရှေ့ပြတင်းပေါက်တွေဖွင့်ထားပါ၊ မီးတောက်ကပြာလဲ့လဲ့ဖြစ်ရပါမယ်၊ လိမ္မော်ရောင်သန်းနေခဲ့ရင် မီးဖိုကိုသေချာစစ်ဆေးဖို့လိုနေပါပြီ၊ အရည်အသွေးစိတ်ချရတဲ့မီးဖိုနဲ့ဂက်စ်အိုးတွေကိုပဲသုံးပါ၊ ဂက်စ်အိုးနားမှာ မီးနဲ့ပတ်သက်တာ မယူလာပါနဲ့(ဥပမာ ဖယောင်းတိုင်)၊ ဂက်စ်အိုးနဲ့ပိုက်တွေလုံမလုံ၊ ယိုစိမ့်မှုရှိသလား အမြဲစစ်ဆေးပါ။ဓါးမ၊ ဓါးချွန်၊ ဓါးအသေး စသည်ဖြင့် ဓါးအမျိုးပေါင်းစုံကို စနစ်တကျမထားဘဲ တစ်နေရာစီပစ်ထားမယ်ဆိုရင် အန္တရာယ်များနိုင်ပါတယ်။ အဲလောက်ဓါးတွေများဖို့ မလိုအပ်ဘဲ ဓါးထည့်စင်နဲ့ စီပြီးထားတာလည်းမတော်တဆတိုက်ချမိတာမျိုးသတိထားပါ။ ကလေးတွေမမီတဲေ့နရာမှာထားပါ။ရေကူးကန် သို့မဟုတ်ရေတွင်း၊ရေကန်တွေဟာ ကလေးတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။ရေတွင်း၊ရေကန်တွေတဝိုက်မှာရေညှိတွေနဲ့ချောမနေဖို့၊ သန့်ရှင်းနေဖို့ အမြဲဂရုစိုက်လုပ်ဆောင်နေသင့်ပါတယ်။ ဒါမှလူကြီးတွေပါ အန္တရာယ်ကင်းနိုင်မှာပါ။အိမ်မှာဆေးတွေဆောင်ထားသင့်တယ်ဆိုပေမယ့် သိမ်းဆည်းတဲ့နေရာက အရေးကြီးပါတယ်။ ဆေးအမျိုးအစားတွေကို သီးခြားသပ်ရပ်စွာထားရှိပြီး ကလေးတွေမမီတဲ့နေရာမှာထားသင့်ပါတယ်။ မိသားစုထဲက တစ်ယောက်ယောက်ကဆေးမှားသောက်လိုက်တာ၊ ရက်လွန်ဆေးတွေကိုမစွန့်ပစ်မိလို့သောက်လိုက်မိတာ၊ ကလေးက ယူသောက်လိုက်တာတွေက ကိစ္စကြီးသွားစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မသောက်ဖို့၊ဆေးခန်းကပေးလိုက်တာဆိုလည်း တခြားမိသားစုဝင်တွေရမ်းမသောက်မိစေဖို့ သီးခြားထားသင့်ပါတယ်။မှိုအမှုန်သေးသေးလေးတွေကလေထုထဲပျံ့နှံ့သွားတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာတွေ၊ ပန်းနာရင်ကျပ်နဲ့တခြားဓါတ်မတည့်မှုတွေဖြစ်လာနိုင်ပါတယ်။ ဘယ်ကမှိုလဲဆိုတော့ အိမ်က အစားအသောက်မှာတက်တဲ့မှို၊ အမှိုက်တွေမှာတက်တဲ့မှို၊ အိမ်မျက်နှာကြက် သို့မဟုတ် ကြမ်းပြင်ထောင့်မှာဖြစ်တဲ့မှိုဖြစ်ပါတယ်။ အရောင်စုံဖြစ်လာတတ်တဲ့မှိုအမှုန်လေးတွေက ကျန်းမာရေးအတွက် သိပ်အန္တရာယ်ကြီးပါတယ်။ ဒါ့ကြောင့် အိမ်မှာရေစိမ့်တာလိုမျိုး ယိုစိမ့်မှုတွေ၊ အစိုပြန်ခြင်းတွေကို အမြန်ဆုံးဖြေရှင်းပါ၊ ရက်လွန်အစားအစာတွေကိုလွှင့်ပစ်ပါ၊ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%9b%e1%80%ac%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba/
လူကြီးတွေ ကြက်ဟင်းခါးသီး စားလို့ ရလား .......
ကြက်ဟင်းခါးသီးကိုဆေးဖက်ဝင်တယ်ဆိုတာ သိပေမယ့် အကြောတက်တတ်တယ်။သွေးတိုးတယ်ဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ဒီတော့ ကျန်းမာရေးအတွက် အစစအရာရာ အမှားမခံတဲ့ ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး ကြိုက်လို့ ကြက်ဟင်းခါးသီး စားလို့ ရလား …… ဆိုပြီး သိချင်နေပြီလား။ ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ဒီတစ်ခေါက်တော့ လူကြီးတွေကြက်ဟင်းခါးသီးစားလို့ ရလား …… ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး စားရင် ဘယ်လိုမျိုး ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် အကျိုးပြုတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ လူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခါးတဲ့အရသာရှိတာကြောင့် ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။လူကြီးတွေကြက်ဟင်းခါးသီး စားလို့ ရလား ……. ဆိုတော့ စားလို့ ရပါတယ်။တန်ဆေး လွန်ဘေးဆိုသလို ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားသုံးရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပေမယ့် အတော်အသင့် စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အခုလိုအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ကြက်ဟင်းခါးသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ဘိုးဘိုးဘွားဘွားတွေအနေနဲ့ အခါးဓာတ် ပါတဲ့ ကြက်ဟင်းခါးသီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်း တလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ကြွယ်ဝမှုက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ကြက်ဟင်းခါးသီးရဲ့ ခါးသက်သက် အရသာက အစာစားချင်စိတ်ကို တိုးစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။အမျှင်ဓာတ် ပါဝင်နေသလို ရေဓာတ်လည်း ပါဝင်နေတာကြောင့် အစာကြေစေနိုင်ပါတယ်။ရေဓာတ် ကြွယ်ဝမှုက အသည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ဇင့်ဓာတ် ကြွယ်ဝတာကလည်း အသည်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ကြက်ဟင်းခါးသီး ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တာပါ။အော့အန်တာ၊ အစားမှားတာကြောင့် ပျို့အန်တာကို သက်သာစေဖို့ဆိုရင်လည်း ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးသန့်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး ဆီးချိုကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။ဗီတာမင် C ကြွယ်ဝတာက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ရေဓာတ် ကြွယ်ဝတာကြောင့် ကိုယ်တွင်းရေဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။ဗီတာမင် C နဲ့ ဇင့်ဓာတ်ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ဒါတွေအပြင် ဘိုးဘိုးဘွားဘွားတွေအနေနဲ့ ကြက်ဟင်းခါးသီး စားပေးမယ်ဆိုရင်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/nutrition-for-aging/benefits-of-bitter-gourd-for-senior-citizens/
ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။
၁ နှစ်သား ၂ နှစ်သား ကလေးတွေမှာဝမ်းပျက်နေတယ်ဆိုရင်တော့ သိသာပါတယ်။ သူတို့က တစ်နေ့ကိုမှ တစ်ခေါက်လောက်ပဲ ဝမ်းသွားကြတာမလား။ ဒါပေမယ့် မွေးကင်းစကလေးတွေ ဝမ်းပျက်ချင်ပြီဆိုရင်တော့ ပြောရခက်ပါတယ်။ သူတို့က တစ်နေ့ကို အကြိမ်ရေ တော်တော်များများ ဝမ်းသွားကြတာမလား။ ဘယ်လိုခံစားနေရလဲဆိုတာ မပြောနိုင်သေးတာက တစ်ကြောင်း၊ ဝမ်းပျက်နေတာလား ပုံမှန်ပဲ သွားတာလား မသေချာကတစ်ကြောင်းနဲ့ မွေးကင်းစကလေးတွေ ဝမ်းလျှောနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားတတ်ကြသလို ပုံမှန် သွားနေကျဝမ်းကို ဝမ်းလျှောတယ်ဆိုပြီး အစိုးရိမ်လွန်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ကိုယ့်ဘေဘီလေး ဝမ်းပျက်နေတာလား။ ပုံမှန်ပဲလား ဘယ်လိုသိနိုင်မလဲ။ ဆိုတော့။ပုံမှန် မွေးကင်းစကလေးတစ်ယောက်က တစ်နေ့ကို ဝမ်းဘယ်နှစ်ကြိမ်သွားသလဲ။မွေးကင်းစကလေးတစ်ယောက် ပုံမှန်သွားတဲ့ ဝမ်းက တစ်နေ့ကို ၅ ကြိမ်ကနေ ၈ ကြိမ်လောက်တော့ရှိပါတယ်။ ဒီလိုသွားတဲ့ဝမ်းကပျော့ပျော့လေးဖြစ်ပြီး အရည်တွေ ဖြစ်မနေသင့်ပါဘူး။ နောက်ပိုင်းကျရင် တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်ပဲ ဝမ်းသွားပါတော့မယ်။ ဒါပေမယ့် ကလေးတစ်ယောက်နဲ့ တစ်ယောက်က မတူတဲ့အတွက် ကလေးတစ်ယောက်က တစ်နေ့ကို ပုံမှန် ဝမ်းဘယ်နှစ်ကြိမ်သွားရမလဲဆိုတာ အတိအကျပြောဖို့တော့ခက်ပါတယ်။ကိုယ့်ကလေး ဝမ်းလျှောနေပြီဆိုတာ ဘယ်လို သိနိုင်မလဲ ။ ။ပြင်းထန်ဝမ်းလျှောခြင်း – ၂၄ နာရီအတွင်း ကလေးဝမ်းသွားတာ ၁၀ကြိမ် အထက်မှာရှိနေပြီး အရည်တွေချည်းဖြစ်နေမယ်။အတော်အသင့်ဝမ်းလျှောခြင်း – ကလေးဝမ်းသွားတဲ့အကြိမ်အရေအတွက်များနေမယ် ဒါပေမယ့် ၁၀ကြိမ်ထက်တော့ မကျော်ဘူး။အနည်းငယ်ဝမ်းလျှောခြင်း – ကလေးက ဝမ်းအရည်တွေပဲ သွားနေတတ်ပြီး ၅ ကြိမ်လောက်ပဲသွားတာမျိုးဆိုပြီး ဝမ်းလျှောခြင်းကို အဆင့်တွေ ခွဲလို့ရပါတယ်။ အပေါ်မှာပြောခဲ့တဲ့ အဆင့်၃ ဆင့်ထဲက တစ်ဆင့် ကလေးမှာဖြစ်နေပြီဆိုရင်တော့ ဒါဝမ်းလျှောနေပြီလို့ သတ်မှတ်လို့ရပါတယ်။မွေးကင်းစကလေးတွေမှာ ဘာ့ကြောင့်ဝမ်းလျှောတာ ဖြစ်ရတာလဲ။မွေးကင်းစကလေးတွေကမိခင်နို့ပဲသောက်တာလေ။ အခြားအပြင်စာတွေမှာ မစားရသေးတာ ဘာကြောင့်ဝမ်းလျှောရတာလဲဆိုပြီး အတွေးများစရာရှိပါတယ်။မွေးကင်းစကလေးတွေမှာ ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့။လူကြီးတွေ ဝမ်းလျှောရင်တောင်ရေဓာတ်ခမ်းခြောက်တဲ့ဝမ်းလျှောခြင်းနောက်ဆက်တွဲ ပြဿနာကို စိုးရိမ်ရတာ ကိုယ်ခန္ဓာအရွယ်အစားသေးတဲ့ ကလေးတွေအတွက်ဆို ဒီဝမ်းလျှောဝမ်းပျက်တာကြောင့် ဖြစ်လာမယ့် ရေဓာတ်ခမ်းခြောက်ခြင်း ပြဿနာက ပိုလို့တောင် စိုးရိမ်ရပါသေးတယ်။ ဝမ်းလျှောပြီး ၄၈ နာရီအတွင်းမှာတင်ရေဓာတ်ခမ်းခြောက်တာ ကလေးတွေမှာ ဖြစ်သွားနိုင်လို့ပါ။ကိုယ့်ကလေးမှာ ခုပြောပြမယ့် ရေဓာတ်ခမ်းခြောက်ခြင်း လက္ခဏာတွေရှိရင် ဆရာဝန်ဆီသာ မြန်မြန်ပြေးလိုက်ပါတော့။အသက် ၆ လအောက်ကလေးတွေမှာ ခုပြောပြမယ့် လက္ခဏာတွေရှိပြီဆိုရင်လည်း ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုအပ်ပါတယ်။ဝမ်းလျှောနေတဲ့ မွေးကင်းစကလေးကို ဘယ်လိုပြုစုရမလဲ။အပေါ်မှာပြောထားတဲ့ ပြင်းထန်ရေဓာတ်ခမ်းခြောက်တဲ့ အခြေအနေတွေ ရှိနေပြီဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးပြေးပါ။ ပုလင်းချိတ်တာ၊ အကြောထဲ ဆေးလွှတ်တာစတဲ့ လိုအပ်တဲ့ ကုသမှုတွေကို ဆရာဝန်တွေက သေချာ ဂရုစိုက်ပေးမှာဖြစ်ပြီး မေမေတို့ဘက်က ဂရုစိုက်ရမှာတွေကတော့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-diarrhoea/
ဆယ်ကျော်သက်သမီးတစ်ယောက်ရဲ့မေမေ သိထားသင့်တဲ့အချက် (၅) ချက်
ပိုးမွေးသလိုမွေးလာခဲ့ရတဲ့ ငါ့ကလေးတောင်တော်တော်အရွယ်ရောက်လာပြီပဲလို့ ကိုယ့်သမီးလေးကို ထိုင်ကြည့်ပြီးတွေးမိဖူးလား။ကလေးဘဝကနေ လူကြီးတစ်ယောက်အဖြစ်ကိုကူးပြောင်းဖို့က ဆယ်ကျော်သက် သို့မဟုတ်မြီးကောင်ပေါက်အရွယ်လို့ခေါ်တဲ့ စပ်ကူးမပ်ကူးကာလကိုကျော်ဖြတ်ရပါသေးတယ်။ ငယ်ငယ်က ဘယ်လိုပဲ ဂရုစိုက်ကျွေးမွေးလာခဲ့ပါစေ ဒီအချိန်မှာ ဂရုစိုက်ပျိုးထောင်ပေးတာကသမီးလေးရဲ့နောက်ပိုင်းဘဝအတွက် သိပ်ကိုအရေးကြီးတဲ့ကာလအပိုင်းအခြားပါ။ ဘာလို့ဆို အပျိုဖော်ဝင်တော့မှာကိုး။ ပျိုဖော်ဝင်ရင်ဟော်မုန်းအပြောင်းအလဲတွေဖြစ်မယ်၊ ခန္ဓါကိုယ်မှာအပြောင်းအလဲတွေဖြစ်မယ်၊ လူကြီးတစ်ယောက်ဖြစ်လာဖို့ အပြည့်အဝဖွံ့ဖြိုးတော့မယ့်အချိန်လေ။ဒါသဘာဝပဲ၊ သူ့ဘာသူအချိန်တန်တော့ဖြစ်လာလိမ့်မယ်လို့ မေမေတို့ဘက်က ပေါ့ပေါ့ထားလိုက်ပြီး မသိလိုက်မသိဘာသာနေလို့ မဖြစ်ပါဘူးနော်။မေမေ့မေတ္တာနဲ့နွေးထွေးမှုတွေက သူတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ခွန်အားတွေဆိုတာ မမေ့လိုက်ပါနဲ့။ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သမီးလေးမှာကြုံလာရမယ့် စိတ်ပိုင်းဆိုင်ရာအခက်အခဲ၊ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်တာမေမေပါပဲ။ ဒီလို ကူညီနိုင်ဖို့ ကိုယ့်တုန်းက အတွေ့အကြုံတွေနဲ့ယှဉ်ပြီး သူတို့ကို နားလည်ပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ဆယ်ကျော်သက်အရွယ်သမီးလေးရှိတဲ့မေမေတိုင်း ဒီ (၅) ချက်ကို သတိရသင့်ပါတယ်။ စပ်ကူးမပ်ကူးကာလမှာ ကလေးက –။မိန်းကလေးတွေပျိုဖော်ဝင်တဲ့အခါ ခန္ဓါကိုယ်မှာဖြစ်လာတတ်တဲ့ အပြောင်းအလဲတွေ၊ ဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီး ရှက်ရွံ့တာ၊ နေရထိုင်ရခက်တာ၊ စိတ်ညစ်တာ၊ကြောက်စိတ်ဝင်တာ၊ လူကြားထဲမသွားရဲတာတွေဖြစ်တတ်ပါတယ်။ ဥပမာ ရင်သားဖွံ့ဖြိုးလာတဲ့အခါ အရင်လိုရှင်မီးလေးဝတ်ရတဲ့အစား လူကြီးအတွင်းခံကိုပြောင်းဝတ်ရတာ သူတို့အဆင်မပြေဖြစ်နေတတ်တယ်။ ခန္ဓါကိုယ်ကပြောင်းလဲလာတာတွေကို ဖုံးကွယ်ချင်နေတတ်ပါတယ်။ ဒီလိုပြောင်းလဲတာဟာ စိတ်ညစ်စရာမဟုတ်သလို ဖုံးကွယ်ဖျောက်ဖျက်လို့လည်းမရတဲ့ သဘာဝသာဖြစ်တဲ့အကြောင်းမေမေတို့က နားချရှင်းပြပေးရမှာပေါ့။ လှပတဲ့ပန်းကလေးတွေဖြစ်လာဖို့ ဖူးပွင့်ကာစအချိန်ဖြစ်တဲ့အကြောင်း သမီးလေးတွေ နားလည်သွားတဲ့အထိ။ကလေးမဟုတ်တော့ပေမယ့် လူကြီးလည်းမဖြစ်သေးတဲ့မြီးကောင်ပေါက်အရွယ်မှာ သူတို့ရဲ့အတွေးတွေကလည်း ဟိုလိုလို၊ဒီလိုလို။ စိတ်ခံစားချက်ကလည်း အပြောင်းအလဲမြန်ပါတယ်။ပြောင်းလဲလာတဲ့ကိုယ့်ကိုယ်ကိုယ်စိတ်ရှုပ်တာ၊ အပေါင်းအသင်းသူငယ်ချင်းတွေကြားမှာ အဆင်မပြေတာ၊ ပညာရေးမှာလည်း စိတ်အလိုမကျတာ စတဲ့ စိတ်အတက်အကျတွေလည်းဖြစ်တတ်တဲ့အရွယ်ပါ။ ဒီလိုအချိန် ကလေးကို ဖိအားအတင်းမပေးဘဲ နားလည်ပေးပါ၊ အားပေးပါ။ တစ်ခါတလေ ကိုယ်ပိုင်လွတ်လပ်မှုကို လိုချင်တတ်လို့ သီးခြားနေဖို့လည်းအချိန်ပေးပါ။ရာသီသွေးပေါ်တာကြောက်စရာ၊စိတ်ညစ်စရာမဟုတ်တဲ့အကြောင်း၊ သဘာဝတရားက မိန်းကလေးတွေအတွက်ပေးတဲ့လက်ဆောင်ဖြစ်တဲ့အကြောင်း သမီးလေးကိုပြောပြပါ။ သူတို့လေးတွေမှာဖြစ်တဲ့ အတွေးမှားက ရာသီလာတာကိုစိတ်ညစ်ရတဲ့အတွက် ရာသီသွေးကိုချုပ်စေ ၊ ထိန်စေနိုင်တယ်ဆိုတဲ့အရာတွေ စားပစ်မယ်ဆိုတာမျိုး၊ အအေးမခံနဲ့ ဆိုရင် အအေးထဲတမင်နေကြတာမျိုး၊ ရာသီလာချိန်ဒါတွေမစားနဲ့ဆို စားတယ်မျိုးတွေလုပ်တတ်ကြပါတယ်။ ရာသီသွေးတကယ်ရပ်မရပ်ဆိုတာထက် ကျန်းမာရေးထိခိုက်နိုင်တဲ့အပြုအမူတွေဖြစ်နေမှာကို စိုးရိမ်ရပါတယ်။ အတွေးမှားတွေ၊ လုပ်ရပ်မှားတွေရဲ့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေအကြောင်း နားလည်အောင်ရှင်းပြပေးရပါမယ်။သမီးလေးရဲ့တစ်သက်တာအတွက် အရွယ်ကူးပြောင်းကာစ ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ပေးဖို့လိုနေပါပြီ။ ဥပမာ ရာသီစလာတဲ့အချိန်မှာ ကလေးကသွေးအားနည်းနေလို့မဖြစ်ပါဘူး။ သံဓါတ်မချို့တဲ့အောင်၊ ဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်မယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြည့်အဝရအောင်ထောက်ပံ့ပေးဖို့ကမေမေ့တာဝန်ပါ။ ဒီအရွယ်မှာ ပိုလိုအပ်မယ့် အာဟာရဓါတ်တွေအတွက် ဗီတာမင်နဲ့သတ္တုဓါတ် တွေအပြင် သမီးလေးတို့အတွက် သံဓါတ်မချို့တဲ့အောင်ကာကွယ်ပေးမယ့် ဖြည့်စွက်အားဆေးတစ်မျိုးမျိုးကိုလည်း တိုက်ကျွေးဖို့လိုအပ်ပါတယ်။မြီးကောင်ပေါက်အရွယ်ဆိုတော့ တင့်တင့်တို့အရွယ်ဆိုတဲ့အတိုင်း မနူးမနပ်လေးတွေပါ။ အပြောင်းအလဲတွေကြားမှာ တလွဲစိတ်ကစားမိတာမျိုးမဖြစ်အောင် ထိန်းပေးဖို့လိုပါတယ်။ ထိန်းတယ်ဆိုတာ ထိန်းချုပ်ဖို့ထက် သမီးလေးတွေကို အသိပညာပေးပြီး နားလည်စေတာ အကောင်းဆုံးပါ။ လွတ်လပ်ခွင့်ကိုတောင့်တတတ်တဲ့ဒီအရွယ်မှာ အသိပညာပဲပေးပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်အောင် သင်ပေးပါ။မေမေ့ရင်ခွင်ကနေ လစ်ထွက်မသွားအောင် ရင်းနှီးမှုနဲ့ထွေးပွေ့ထားပါ။သမီးလေးကိုချစ်တဲ့မေမေတွေ ဒီဆောင်းပါးလေးဖတ်ပြီး မိသားစုမှာ ပိုအဆင်ပြေနိုင်ပါစေလို့မျှော်လင့်ပါတယ်နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/%e1%80%86%e1%80%9a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80/
အထိုင်များတဲ့ သူတွေရဲ့ ကျန်းမာရေးအန္တရာယ်
အချိန်နဲ့ အမျှ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူအများစုဟာ လှုပ်ရှားသွားလာပြီး ရုန်းကန်နေရတာထက် ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ အချိန်တွေ ပိုများလာပါတယ်။ ကောင်းတဲ့ဘက်က ကြည့်မယ်ဆိုရင်တော့ သက်တောင့်သက်သာရှိတယ်။ အချိန်ကုန် လူပင်ပန်းမဖြစ်ဘူး။ ဒီလို အထိုင်များလာတဲ့အခါကျန်းမာရေးမှာ ပြဿနာဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို လူတွေက သတိမထားတတ်ကြပါဘူး။ကျောင်းနေအရွယ်မှာလည်း စားပွဲပေါ်မှာပဲ ထိုင်ပြီး စာတွေ လုပ်နေရတယ်။ အိမ်စာတွေ မပြီးမှာ စိုးတဲ့မိဘေတွကကလေးေတွကို အိမ်အောက်ဆင်းပြီး သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားခွင့်မပေးတော့ဘူး။ အသက်ကြီးလာတော့လည်း လုပ်ငန်းခွင်မှာ မနက်ကနေ ရုံးဆင်းတဲ့အချိန်ထိ ငြိမ်ငြိမ်လေး ထိုင်နေရတယ်။ အိမ်ရောက်တော့လည်း အလုပ်ဒဏ်တွေ ပိပြီး လူကလေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိတော့ဘူး။ ခုံပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ရုပ်ရှင်တွေ ကြည့်ကြတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး အထိုင်များလာတဲ့ ဘဝဟာ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးအန္တရာယ်တွေ များစွာ ကြုံလာရနိုင်ပါတယ်။အထိုင်များပြီး လှုပ်ရှားမှုနည်းလာပြီဆိုရင် ရောဂါတွေ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်းက ပိုများလာပါပြီ။၁။အဝလွန်ရောဂါတွေ ဖြစ်လာမယ်။၂။ နောက်ဆက်တွဲအနေနဲ့ အမျိုးအစား (၂)ဆီးချိုရောဂါဖြစ်လာမယ်။၃။ နှလုံးနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ ဖြစ်လာနိုင်တယ်။၄။ကင်ဆာရောဂါတချို့ ဖြစ်နိုင်ခြေ မြင့်လာတယ်။၅။ စောစီးစွာ သေဆုံးသည်အထိ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။လူက လှုပ်ရှားမှုမရှိတဲ့အခါ ခန္ဓါကိုယ်က သွေးတွင်းသကြားဓါတ်ကို မထိန်းချုပ်နိုင်တော့ဘူး၊ သွေးဖိအားကိုလည်း ပုံမှန်မလည်ပတ်စေနိုင်တော့ဘူး။ အဆီနဲ့ ကိုလက်စထရောတွေကိုလည်း ကောင်းကောင်းမချေဖျက်နိုင်တော့ဘူး။ ဒီအခါမှာ ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်ခြေ မြင့်တက်လာပါတယ်။ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ များစွာ ထိခိုက်စေနိုင်ပါတယ်။ လူတိုင်းမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းစရာ ကိစ္စတွေ ရှိပါတယ်။ ကြာလာတဲ့အခါမှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓါတ်ကျရောဂါ အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အထိုင်များပြီးလှုပ်ရှားမှုနည်းတဲ့ သူတွေမှာ ဒီလို စိတ်ရောဂါ ဖြစ်နိုင်ခြေ ပိုပြီးများတာကို လေ့လာတွေ့ရှိထားပါတယ်။ထိုင်ခုံမှာ အကြာကြီး ထိုင်ပြီး အလုပ်လုပ်နေမယ့်အစား နာရီဝက်ခြားတစ်ခါ လမ်းထလျှောက်တာ၊ အိမ်သာသွားတာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ မတ်တပ်ရပ်တာမျိုး လုပ်ပေးပါ။အလုပ်က အိမ်နဲ့ သိပ်မဝေးဘူးဆိုရင်လမ်းလျှောက်ပါ။ ဘတ်စ်ကား စီးနေရတယ်ဆိုရင်လည်း ထိုင်နေမယ့်အစား မတ်တပ်ရပ်နေပါ။အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းလို့ဆိုပြီး လှဲအိပ်လိုက်တာမျိုး၊ ထိုင်ပြီး ရုပ်ရှင်ကြည့်နေတာမျိုး မလုပ်ပါနဲ့။ ကိုယ့်အိမ်မှာ ပန်းကန်ဆေးစရာ၊ အိမ်သန့်ရှင်းရေးလုပ်စရာ၊ ဟင်းချက်စရာ အလုပ်တွေရှိရင် ဝိုင်းကူလုပ်ပေးပါ။ဒါဟာ လူတိုင်း မဖြစ်မနေ နေ့စဉ်လုပ်ပေးရမယ့် ကိစ္စပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာ၊ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်တာ၊ယောဂကျင့်တာ အစရှိသဖြင့် ကိုယ်လက်လေ့ကျင့်ခန်း အများကြီး ရှိပါတယ်။ gym ကို သွားပြီးတော့ စနစ်တကျ လေ့ကျင့်ခန်းလုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ဒါဟာလည်း သွေးပူစေတဲ့ ကိုယ်လက်လှုပ်ရှားခြင်း တစ်မျိုးပါပဲ။ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဟာ စိတ်ရော ကိုယ်ပါ လန်းဆန်းတက်ကြွစေပြီး အထိုင်များသူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ခြေကိုပါ လျှော့ချပေးပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/sedentary-lifestyle/
( Sternocleidomastoid Tumor) မွေးကင်းစကလေးငယ်တွေလည်ပင်းမှာ အကျိတ်တည်ခြင်း ။
အဖုအကျိတ်လို့ဆိုလိုက်တာနဲ့ လူကြီးတွေမှာ အဖြစ်များတာကိုသာ တွေးမိတတ်ကြမှာပါ။မွေးကင်းစကလေးတွေမှာ ဒီလို အဖုအကျိတ်လေးတွေ ဖြစ်မယ်ဆိုတာ ဘယ်သူတွေးမိတတ်မှာတုန်း။ ဒါပေမယ့် ဒီလို မွေးကင်းစကလေးတွေလည်ပင်းမှာအကျိတ်ထွက်တဲ့ပြဿနာ sternocleidomastoid tumor ဆိုတာ ရှိပါတယ်။ ကိုယ့်ကလေးလည်ပင်းမှာ အကျိတ်လေးထွက်နေရင် စိတ်ပူတတ်ကြတာ မိဘတိုင်းပဲလေ။ ဒီတော့ sternocleidomastoid tumor အကြောင်းလေးသိဖို့ လိုလာပြီပေါ့။ဖြစ်ရတဲ့ အကြောင်းအရင်းတိတိကျကျ မရှိပေမယ့် ဖြစ်နိုင်တာကတော့။ကုသမှုကတော့။ဒီတော့ ကိုယ့်ကလေးမှာ ဒီလို လည်ပင်းအကျိတ်လေးပေါ်နေလို့ရှိရင် မပေါ့ဆဘဲ ဆရာဝန်နဲ့သေချာသွားပြပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/sternocleidomastoid-tumor/
ပုစွန်စာရွက် ကပေးတဲ့ အလှအပ
ပုစွန်စာရွက် ကပေးတဲ့ အလှအပ တွေက ဘာတွေများလဲ ……… ပုစွန်စာရွက်လို့ ပြောလိုက်ရင် ဘယာကြော်ထဲမှာ ထည့်ကြော်ထားပြီး ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းတာကို ပြေးမြင်မယ် ထင်ပါတယ်။ နောက်တစ်မျိုးကတော့အာလူးလေးနဲ့ ကြော်စားတာပါ။ စားလိုက်ရင် သဘာဝရဲ့မြေသင်းနံ့လို ခပ်သင်းသင်း ရနံ့လေးကို ခံစားရစေနိုင်ပါတယ်။ စားလို့လည်း ကောင်းသလိုအရသာလေးလည်း တော်တော် ရှိတာပါ။ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာရေးအတွက် အကျိုးများသလိုအလှအပအတွက်လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ ပုစွန်စာရွက်လေးက အလှအပကို ဘယ်လို အားဖြည့်ပေးသလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ပုစွန်စာရွက် ကို တော်တော်များများ မြင်ဖူးကြမယ် ထင်ပါတယ်။ အရွက်စိမ်းရင့်ရင့် ချွန်ချွန်လေးနဲ့ အရိုးလေးက ခပ်ပွပွလေးပါ။ အပွင့်ဖြူဖြူလေးတွေ ပွင့်တတ်ပြီး မြေမှာ ကပ်ပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးပေါ့။ ကန်ဘောင်တွေ၊ လယ်ကန်သင်းရိုးတွေမှာ တွေ့ရများပါတယ်။ပုစွန်စာရွက် ကအလေ့ကျပေါက်ပင်တစ်မျိုးဆိုပေမယ့် အခုလိုမျိုးအသားအရေ ကျန်းမာစေဖို့ထောက်ပံ့ပေးနိုင်ပါတယ်။ ဘယ်လိုများ ထောက်ပံ့ပေးတာလဲ ကြည့်လိုက်ရအောင်လား…….။ပုစွန်စာရွက် သတ္တုရည်ကို သန့်စင်ထားတဲ့ အရေပြားပေါ် လိမ်းပေးတာကအရေပြားကို ကျန်းမာစေပါတယ်။ အကြောင်းကတော့ ပုစွန်စာရွက် မှာဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပြီး အရေပြားကို ကျန်းမာစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။နောက်ထပ် အလှအပ အာနိသင် တစ်ခုကအရွယ်တင် နုပျိုစေတာပါ။ ပုစွန်စာရွက် ကကော်လာဂျင် ထွက်ရှိမှုတိုးအောင် လှုံ့ဆော်ပေးပြီးအရေးအကြောင်း ကင်းလို့ အသားအရေကို တင်းရင်း လှပစေပါတယ်။အသက်အရွယ် ရလာတဲ့အခါ မျက်လုံးအောက်မှာ ဖြစ်လာတတ်တဲ့ မျက်အိတ် ဖောင်းဖောင်းတွေကို သက်သာစေဖို့အတွက်လည်း ပုစွန်စာရွက် ကို အသုံးပြုလို့ ရပါတယ်။မျက်နှာပေါ်က ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ပုစွန်စာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ပုစွန်စာရွက် ကဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝက်ခြံတွေ သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဝက်ခြံကြောင့် နီမြန်းတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး ပိုးဝင်တာကြောင့် ကျန်ရစ်ခဲ့တဲ့အမာရွတ်၊ အမည်းစက်တွေကိုပါ သက်သာစေနိုင်ပါတယ်။အသားအရေတွေ ကြမ်းတမ်းနေတယ်။ နေလောင်ပြီး ပျက်စီးနေတယ်ဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ပုစွန်စာရွက် ပြုတ်ရည်နဲ့ ရေချိုးပေးပါ။ ရောင်ရမ်းတာတွေကို သက်သာစေသလို အသားအရေကို အားဖြည့်ပေးတာကြောင့် အသားအရေကို ချောမွေ့စေမှာပါ။ကဲ……. ပုစွန်စာရွက် ကပေးတဲ့ အလှအပ ဆိုတာ ဘာလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ပုစွန်စာရွက်က စားကောင်းရုံတင် မဟုတ်ဘဲ အခုလိုလေးတွေလည်း အသားအရေကို ထောက်ပံ့ပေးပါသေးတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/knotgrass-beauty-benefits/
အစာအိမ်အူလမ်းကြောင်းရောင်ရမ်းတဲ့အခါ မြန်မြန်သက်သာစေဖို့ ဒါတွေဂရုစိုက်ပါ
အစာအိမ်ရောဂါဖြစ်လာတဲ့အခါ ခံစားရတာ မသက်သာလှပါဘူး။ ဆန်ပြုတ်သောက်ရုံ၊ နားနေရုံနဲ့ သက်တောင့်သက်သာ အမြန်နေကောင်းလာမယ်ထင်ပါသလား။ ပုံမှန်အတိုင်း အစားစားလို့လည်းမရ၊ မစားလို့လည်းမရ၊ စားလိုက်လည်း အစာအိမ်ကသိပ်လက်မခံတာ၊ အန်ချင်လာတာနဲ့ အတော်ခံစားရခက်ပါတယ်။ပြောတော့သာ အစာအိမ်ပြဿနာ၊ တကယ်တမ်းဖြစ်တဲ့ လက္ခဏာကျတော့ ဗိုက်အောင့်ရုံတင်မကဘဲ လက္ခဏာပေါင်းစုံစုပေးထားသလိုမျိုး။ ခေါင်းကိုက်ရင်ကိုက်မယ်၊ မအီမသာလည်းဖြစ်တယ်၊ အဖျားတက်သလို ချမ်းတုန်ရင်တုန်နေမယ်၊ အစာဝင်တာနဲ့ ထအန်ရင်အန်မယ်၊ ဝမ်းလျှောထားတဲ့ လူတစ်ယောက်လို အားကုန်နုံးချိနေမယ်၊ ပူလိုက်အေးလိုက်နဲ့ခန္ဓာကိုယ်အပူချိန်မမှန်တာလည်း ဖြစ်ရင်ဖြစ်မယ်၊ရင်ခေါင်းတွေအောင့်မယ်၊ တစ်ခါတစ်ခါ အလူးအလိမ့်ခံစားရတာတွေက  လူတစ်ယောက်နဲ့တစ်ယောက် လက္ခဏာချင်းမတူနိုင်ပါဘူး။ဒီလိုအချိန်မှာ ဆေးခန်းပြထားတယ်၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသောက်နေတယ်ဆိုပေမယ့်လည်း မြန်မြန်သက်သာအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားမယ်ဆို ခံစားရတဲ့ဒဏ်တွေလျော့တာပေါ့။ချွေးထွက်တာ၊ အန်တာတွေကြောင့် ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့အရည်ဓာတ်တွေ ကို ပြန်ရရှိဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ ရေသောက်ဖို့ အဆင်မပြေသေးဘူးဆိုရင်လည်း ဇွန်းလေးနဲ့ တစ်ဇွန်းချင်းဖြစ်ဖြစ်၊ တစ်ငုံချင်းဖြစ်ဖြစ် အရည်ဝင်အောင် သောက်သင့်ပါတယ်။ ဘာတွေသောက်လို့ရလဲဆိုတော့ –။အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းနေတဲ့အချိန်မှာ နို့ထွက်ပစ္စည်း၊ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ အဆီများတဲ့အစားအစာတွေနဲ့ အပူအစပ်တွေကို ရှောင်ပါ။အစာအိမ်ပြဿနာဖြစ်နေတဲ့အချိန်မှာ နွားနို့နဲ့မတည့်တာက လူတိုင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့မှာတော့ နို့ထွက်ပစ္စည်းတွေကြောင့် အစာကြေဖို့ခက်ခဲပြီး လေပွတာ၊ ဝမ်းပျက်တာတွေ ဖြစ်စေနိုင်ပါတယ်။ဒီအချိန်မှာ အမျှင်ဓာတ်ကို မလိုအပ်ပါဘူး။အဆီများ၊ အငန်များတဲ့ အစားအသောက်တွေက အစာခြေလမ်းကြောင်းကို ဒုက္ခပေးနိုင်တာကြောင့် ရှောင်ပါ။ရောဂါမသက်သာမချင်း ငရုတ်သီးများတဲ့၊ အနှစ်များတဲ့ ဟင်းတွေမစားပါနဲ့။အစာအိမ်ရောင်တဲ့အချိန်မှာ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်ဖို့ အနားယူဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင်အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်းမခံဘဲ နားနားနေနေ နေပါ။ဒါကတော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရင် ရပါတယ်။ ဆေးပုံမှန်သောက်ပြီး ဆင်ခြင်နေထိုင်လိုက်ရုံနဲ့ မြန်မြန်သက်သာနိုင်ပါလိမ့်မယ်။ ကျန်းမာရေးပြန်လည်နာလန်ထူနိုင်ဖို့က ဆရာဝန်ရဲ့ကုသမှုတင်မက ကိုယ့်အပေါ်လည်း မူတည်နေပါသေးတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1/
ကြွက်သားတက်စေဖို့ ပရိုတင်းဖျော်ရည်တွေကို ဘယ်လိုနည်းမှန်လမ်းမှန်သောက်မလဲ ။ ။
ကြွက်သားတက်အောင် ကြိုးစားနေတဲ့သူတိုင်း ပရိုတင်းshake ဆိုတာကို သိကြမှာပါ။ ပိန်ရာကနေ ဘော်ဒီတောင့်အောင်လုပ်ပေးတဲ့နေရာမှာပရိုတင်း shake တွေ ကဆရာကြီးလေ။ ဒီလို သောက်လိုက်ရင် ကြွက်သားတက်အောင် လုပ်ပေးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုအချိန်တွေမှာ သောက်ရမယ် ဆိုတာများရှိဦးမလား။ကြွက်သားတက်ဗလတောင့်ချင်ရင် လိုအပ်တဲ့ပရိုတင်းကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုတယ်ဆိုတာ အားလုံးသိကြမှာပါ။ကြွက်သားတက်ချင်ရင်ပရိုတင်းစားပေးဖို့လိုတယ်ဆိုတာ မှန်ပေမယ့် နည်းသွားရင် အကျိုးမရှိတာမျိုး မဖြစ်တော့သလို များလွန်းပြီး အရမ်းကြွက်သားကြီးနေတာမျိုး မဖြစ်ရအောင် မှန်ကန်တဲ့ ပမာဏတော့ ဖြစ်ဖို့လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီလိုမှန်ကန်တဲ့ပရိုတင်းပမာဏကို စားဖြစ်ဖို့ဆိုတာ အပြောကသာ လွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ကြည့်ရင် မလွယ်ကူလှပါဘူး။ အသားတွေစား ပဲတွေစား ဘယ်လောက့်ပဲ ပြောပြော ချက်လိုက်တာကြောင့် အနည်းငယ်လျော့သွားမယ့်ပရိုတင်းတွေရယ်၊ ချက်ဖို့ပြုတ်ဖို့ မအားလပ်တာရယ်၊ ဘယ်အသားမှာ ပရိုတင်းဘယ်လောက်ပါဘဲ သေချာမသိတာတွေကြောင့် ပရိုတင်းတွေ စားသာစားနေပေမယ့် ကြွက်သားတက်နှေး နေတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ ပရိုတင်း အမှုန်တွေ့၊ ပရိုတင်းအားဆေးတွေ ပေါ်လာရတာဖြစ်ပါတယ်။ သူတို့ကကျတော့ ဘယ်နှစ်ဇွန်း၊ ဘယ်နှစ်ခွက်ဆိုရင် ပရိုတင်းပမာဏ ဘယ်လောက်ရမယ်ဆိုတာတွေ သေချာတွက်ချက်ပြီးသားဖြစ်တာကြောင့်ပါ။ အဲဒီထဲမှာမှ မနက်ပိုင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေက ပရိုတင်းသောက်သင့်ဆုံး အချိန်တွေံပါ။ အသေးစိတ်ကို ထပ်လေ့လာကြည့်ရအောင် ။ ။အမိုင်နိုအက်ဆစ်တွေဆိုတာ ပရိုတင်းရဲ့ အစိတ်အပိုင်းလေးတွေ ဆိုတာအားလုံးသိကြမှာပါ။ ကိုယ်ခန္ဓါကနေ ယူပြီးသုံးစွဲဖို့ ပရိုတင်းက အမိုင်နိုအက်ဆစ်ပုံကို ပြောင်းပေးရပါတယ်။ အိပ်နေတဲ့အချိန်ဆိုရင် ကိုယ်ခန္ဓါကိုယ်ထဲမှာ ဒီ အမိုင်နိုအက်ဆစ်ပမာဏ အနည်းဆုံးရှိနေတာပါ။ နောက်ပြီး ညစာစားခဲ့တဲ့အချိန်နဲ့ နောက်တစ်ရက် မနက်စာစားမယ့်အချိန် ကြားထဲက ကွာခြားမှုဟာ ၁၂ နာရီလောက်တောင်ရှိနေတာကြောင့် မနက်နိုးနိုးချင်းအချိန်က ကိုယ်တွင်းကပရိုတင်းပမာဏ အ နည်းဆုံး ရှိနေတဲ့အချိန်ပါ။ ဒါေ့ကြာင့် မနက်နိုးနိုးချင်း ပရိုတင်းသောက်တာဟာ ကိုယ်ခန္ဓါအတွက် တကယ်ကို အကျိုးရှိတဲ့ အရာတစ်ခုပါ။ ပရိုတင်းချည်းပဲ သောက်ပြီး မနက်စာမစားလို့တော့မဖြစ်ပါဘူး။ မနက်စာမစားတဲ့အခါ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ energy အတွက် ကြွက်သားတွေ၊ အဆီတွေကို ဖြိုခွဲပြီးသုံးရတာကြောင့် တည်ဆောက်၇မယ့် ကြွက်သားတွေ အကုန်ပြိုကွဲကုန်တာကြောင့် မနက်စာလည်းစားပေးဖို့လိုပါတယ်။ကြွက်သားတက်စေဖို့ လေးပင်တဲ့ အလေးတုံးတွေကို မတာ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ရတာကြောင့် ကုန်ခမ်းသွားတဲ့အားအင်တွေကိုပြန်ဖြည့်ဖို့၊ ပြိုကွဲသွားတဲ့ ကြွက်သားတွေကို ပြန်ပြီး တည်ဆောက်ဖို့အတွက် ပရိုတင်းပမာဏ များများ ပြန်စားပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း အချိန်ဟာ ကြွက်သားပြန်တည်ဆောက်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။ကြွက်သားတက်စေဖို့ ကိုယ်သောက်တဲ့အချိန်တွေကလည်း အရေးကြီးသလို ဘယ်လိုပရိုတင်းအမျိုးအစားကို ရွေးချယ်သောက်မလဲဆိုတာကလည်း စကားပြောပါသေးတယ်။ မနက်ပိုင်းအချိန်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအချိန်တွေမှာ ပရိုတင်းမြန်မြန်ဆန်ဆန်ရဖို့လိုအပ်တာကြောင့် အဲဒီအချိန်တွေမှာ fast-absorbing protein supplement အမျိုအစားကို ရွေးချယ်သင့်ပါတယ်။ပဲပိစပ်တို့ casein တို့ကို အခြေခံထုတ်ထားတဲ့ ပရိုတင်းတွေထက်စာရင် ကြက်ဥတွေကို အခြေခံပြီး ထုတ်ထားတဲ့ ပရိုတင်းအမှုန့်တွေက ပိုပြီး စုပ်ယူရ လွယ်ကူမြန်ဆန်ပါတယ်။ဘယ်အချိန်သောက်ရမလဲ၊ ဘာအမျိုးအစားသောက်ရမှာလဲ သိသိပြီးဆိုတော့ ဘယ်လောက်သောက်ရမှာလဲကျန်သေးတာပေါ့။ ကြွက်သားတည်ဆောက်မှုကို အားပေးဖို့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း အချိန်မှာ ပရိုတင်း ၁၅ ဂရမ်လောက်သောက်ပေးဖို့လိုပါတယ်။ အားကစားသမားတွေအတွက်တော့ Training ဝင်ပြီးပြီးချင်း ပရိုတင်း ၃၀ ဂရမ်ကနေ ၄၀ ဂရမ်လောက်အထိ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။.။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/protein/
လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား
ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါပဲ။ ခန္ဓါကိုယ်ကျန်းမာဖို့ နေ့တိုင်း ရေလုံလောက်စွာ သောက်ပေးဖို့လိုတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ လိုတာထက်ပိုပြီး ရေများများသောက်မိရင်လည်း ကိုယ်ခန္ဓါအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။ပုံမှန်အားဖြင့် လူတစ်ယောက်ကို ရေ ၈ဖန်ခွက် (၂လီတာခန့်) သောက်သင့်တယ်လို့ ဆိုထားပေမယ့် တကယ်က လူတစ်ယောက်ရဲ့ အသက်အရွယ်၊စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်အလေးချိန်၊ လိင်၊ ကျန်းမာရေးအပြင် ရာသီဥတု၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မလုပ်ခြင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အသက်။၁နှစ်မှ ၃နှစ်အတွင်း ကလေးတွေ = ၁.၃ လီတာ။၄နှစ်မှ ၈နှစ်အတွင်း ကလေးတွေ = ၁.၇ လီတာ။၉ နှစ်မှ ၁၃နှစ်အတွင်း အမျိုးသားများ = ၂.၄ လီတာ ၊ အမျိုးသမီးများ = ၂.၁ လီတာ။၁၄နှစ်မှ ၁၈နှစ်အတွင်း အမျိုးသားများ = ၃.၃ လီတာ ၊ အမျိုးသမီးများ = ၂.၃ လီတာ။၁၉နှစ်အထက် အမျိုးသားများ = ၃.၇ လီတာ ၊ အမျိုးသမီးများ = ၂.၇ လီတာ ဆိုပြီး ကွဲသွားပါတယ်။ဒီပမာဏဟာ ရေအပြင် တခြားသော ရေအစားထိုးအစားအစာတွေ (အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အရည်မျိုးစုံ) ကနေ ရနိုင်တဲ့ ရေပမာဏကို ဆိုလိုတာဖြစ်ပါတယ်။ရေဓါတ်ဆိုတာ ကိုယ်ခန္ဓါတွင်း အင်္ဂါတွေ၊ သွေးတွေ၊ဇီဝကမ္မဖြစ်စဉ်ေတွ ကောင်းစွာ လည်ပတ်အလုပ်လုပ်ဖို့ မျှခြေကို ထိန်းပေးနေတဲ့ အရာဖြစ်ပါတယ်။ ဒီတော့ ရေကို လိုတာထက်ပိုပြီး သောက်မယ်ဆိုရင်တော့ ဒီမျှခြေစနစ်က ပျက်စီးဖို့ပဲ ရှိပါတယ်။ ရေဓါတ်များလွန်းတဲ့အခါ သွေးထဲမှာရှိတဲ့ ဆိုဒီယမ်တွေ ရုတ်တရက်နည်းသွားပြီး Hyponatremia အခြေအနေကို ရောက်ပါမယ်။ သွေးတွင်းမှာရှိတဲ့ ဆိုဒီယမ်တွေဟာ ဦးနှောက်အတွင်းဆဲလ်တွေကို ပုံမှန်လည်ပတ်စေဖို့ မျှခြေထိန်းပေးတဲ့အရာဖြစ်ပါတယ်။့ ဒီအခြေအနေမှာဆိုရင်။နောက်ထပ်ပြဿနာတွေအနေနဲ့ သွေးတွင်းဆိုဒီယမ်ဓါတ်တွေ နည်းသွားရာမှ ရေဆိပ်သင့်တဲ့အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ မကုသဘဲ ပစ်ထားလိုက်ရင် ဦးနှောက်လုပ်ဆောင်ရည်ကို ထိခိုက်လာပြီး အန္တရာယ်များတဲ့အခြေအနေထိ ရောင်ရမ်းလာနိုင်ပါတယ်။ ဒီရောင်ရမ်းမှုကြောင့် ဝေဒနာခံစားရသူမှာ ကိုမာဝင်တာ၊ အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ပါတယ်။အားကစားသမားတွေ၊လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်သူတွေမှာ တခြားသူတွေထက်ပိုပြီး ရေများများသောက်တတ်ကြပါတယ်။ အထူးသဖြင့် ရာသီဥတုအရမ်းပူလွန်းတာ၊ အပြင်ထွက်ပြီး အမြဲလှုပ်ရှားသွားလာနေရတာ၊ ချွေးအလွန်အကျွံထွက်တဲ့အခါ ရေသောက်လွန်သွားနိုင်တာကို သတိထားဖို့လိုပါတယ်။ သင့်တော်ရုံလောက်ပမာဏက ပြဿနာမရှိပေမဲ့ လိုတာထက်အရမ်းကို များသွားမယ်ဆိုရင်တော့ ပြဿနာက ဖြစ်လာနိုင်တာ သဘာဝပါပဲ။ ကျောက်ကပ်မကောင်းသူတွေမှာလည်း ပိုလျှံနေတဲ့ရေတွေကို ဆီးအဖြစ် အပြင်ကိုမစွန့်ထုတ်နိုင်တဲ့အတွက် ကျန်းမာရေးပြဿနာ ပိုဖြစ်နိုင်ပါတယ်။အကယ်လို့ ရေသောက်လွန်းတဲ့အကျင့်ကြောင့် နာရီဝက်ခြားတစ်ခါလောက် ထပြီးဆီးသွားနေရတာ၊ ညဘက်တွေမှာလည်း အိပ်မပျော်ဘဲ ဆီးသွားနေရပြီဆိုရင် ရေသောက်တဲ့ပမာဏကို လျှော့ဖို့လိုအပ်လာပါပြီ။ဆီးပုံမှန်သွားတယ်၊ ဆီးအရောင်က အဝါဖျော့ရောင်ကို သမ်းနေတယ်၊ ချွေးပုံမှန်ထွက်ပြီး ရေဆာနေတယ်လို့ မခံစားရဘူးဆိုရင် ကိုယ့်မှာ ရေဓါတ်ပြည့်ဝနေတာ သေချာပါပြီ။ ရေဆာတယ်လို့ မခံစားမိရင်တော့ ရေထပ်သောက်ဖို့ မလိုအပ်ပါဘူး။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးရှိတယ်ဆိုတာ သတိထားပေးပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9c%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%91%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%bb%e1%80%95%e1%80%ae%e1%80%b8-%e1%80%b1%e1%80%9b%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9/
ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား (၅) ခု
ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် နဲ့ အမျိုးမျိုး ပြောကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် သိထားတာချင်း လည်း မတူကြဘူး။ အများအားဖြင့် တော့ မှန်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ဒါပေမယ့် အမှန်လိုလို၊ အမှားလိုလို ဇဝေဇဝါ ဖြစ်တတ်တဲ့ အချက်တွေ ကို ကွဲကွဲပြားပြား ဖြစ်အောင် ဒီဆောင်းပါးမှာ ဆွဲထုတ် ဖော်ပြပေးချင်လို့ပါ။သေချာလေး ဆက်ဖတ်ပေးပြီး အမှားကို အမှန်ပြင်ကြရအောင်လား… ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှားတွေကတော့။(၁)စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအား ကို ကျစေတယ်။အချိန်ကြာကြာ စိတ်ဖိစီးမှုခံစားနေရတဲ့အခါ တကယ်ပဲ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အအေးမိ၊ တုပ်ကွေး တို့လို နာမကျန်းမှုတွေ ကအစ ဆီးချို သွေးချို နဲ့ နှလုံးရောဂါ တို့လို နာတာရှည်ရောဂါ တွေအထိ ဖြစ်လွယ်လာနိုင်ပါတယ်။(၂)တုပ်ကွေး ကာကွယ်ဆေးက ကိုယ်ခံအားစနစ် ကို အားနည်းစေတယ်။တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်ရင် ကိုယ်ခံအားကို အားနည်းစေတယ် ဆိုတာ လုံးဝ မှားပါတယ်။ ကာကွယ်ဆေး ဆိုမှတော့ တုပ်ကွေး ဖြစ်မလာအောင် ကိုယ်ခံအားစနစ် က ကာကွယ်နိုင်ဖို့ ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်။(၃) ကိုယ် စားတဲ့ အစားအသောက်က ကိုယ်ခံအားအပေါ် သက်ရောက်မှု ရှိတယ်။ဒါတော့ မှန်ပါတယ်။ အာဟာရ မပြည့်စုံ၊ ကျန်းမာရေး နဲ့ မညီတဲ့စားသောက်မှု ပုံစံက ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှု မကောင်းနိုင်ပါဘူး။ ဗီတာမင်၊ သတ္တုဓာတ်တွေ လို အာဟာရဓာတ်တွေ နဲ့ တခြားခန္ဓာကိုယ်က လိုအပ်သမျှ တွေကို လည်း စုံလင်အောင် စားသင့်ပါတယ်။(၄)အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခံအားစနစ် က အားနည်းလာနိုင်တယ်။အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်က ရောဂါပိုးတွေကို ခုခံတိုက်ထုတ်နိုင်ဖို့ ပိုခက်လာပါတယ်။ အသက်ကြီးသူတွေဟာ ရောဂါဖြစ်လွယ်၊ နေမကောင်းဖြစ်လွယ်ကြပါတယ်။ ကိုယ်ခံအားနည်းတာကြောင့် တုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါ လို ကျန်းမာရေးပြဿနာတွေမှာ ငယ်သူတွေထက် ပိုပြီး ပြင်းထန်တတ်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။(၅)အစားများများ စားရင် ကိုယ်ခံအား ကောင်းတယ်။အစား များများ စား၊ အစုံစားရင် ကိုယ်ခံအားပိုကောင်းစေတယ် လို့ ထင်ကြတယ်။ တကယ်တော့ ကိုယ် စားတဲ့ အစားအသောက်က ကျန်းမာရေး နဲ့ ညီမှအာဟာရဖြစ်ပြီး ကိုယ်ခံအား ကောင်းစေမှာ ဖြစ်ပါတယ်။ များများတော့ စားပါရဲ့၊ အသင့်စား တွေ၊ တာရှည်ခံ တွေ၊ ပြုပြင်ထားတာ တွေ၊ အဆီ များနေတာ တွေချည်းပဲ ဆို ကိုယ်ခံအားကောင်းမလာတဲ့ အပြင် ရောဂါ ပိုထူလာနိုင်တာ သတိထားပါနော်။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/influenza/facts-and-myths-about-immune-system/
အရက် နဲ့ ကင်ဆာ ဆက်နွှယ်နေသလား
အရက် ကြောင့်အသည်းခြောက်လိမ့်မယ်၊အသည်းကင်ဆာဖြစ်လိမ့်မယ် ဆိုတာတော့ သိထားကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်တွေ သတိမထားမိတဲ့ တခြားကင်ဆာအမျိုးအစားတွေကရော အရက်နဲ့ ဆက်နွှယ်နေမှာကို မစိုးရိမ်မိကြဘူးလား။ဘီယာဆိုင်၊ စားသောက်ဆိုင်၊ ဘားထိုင်တာတွေမှာ တွေ့ဆုံပွဲတွေလုပ်ကြတာအပြင် အခုဆို အကင်ဆိုင်၊ ဟော့ပေါ့ဆိုင်တွေမှာပါ အယ်လ်ကိုဟောက အမြဲလိုလို ပါနေတတ်ကြပြီလေ။ လူငယ်၊ လူလတ်တို့အတွက် ခေတ်ရေစီးကြောင်းအရကို အချိုရည်တစ်ခွက်လို ပေါ့ပေါ့ပါးပါးသောက်လို့ရတဲ့ အစဉ်အလာ ဖြစ်လာခဲ့ပြီပဲ။ဒါပေမယ့်အရက်ရဲ့ ကြောက်စရာ ဆိုးကျိုးတွေရယ်၊ ပမာဏ နည်းနည်းလေးပဲ သောက်သုံးမိရင်တောင်အဆိပ်အတောက်ဖြစ်စေနိုင်တာရယ်၊ နောက်ဆုံး ကင်ဆာရောဂါတွေ အထိပါ ဖြစ်လာနိုင်တယ်ဆိုတာကို သိထားဖို့တော့ သင့်ပါတယ်။အယ်လ်ကိုဟောခေါ် အရက်တွေကြောင့် –။(၁)ခံတွင်းကင်ဆာ။(၂)အသံအိုးကင်ဆာ။(၃)အစာရေမျိုကင်ဆာ။(၄)အူမကြီးကင်ဆာ။(၅)အသည်းကင်ဆာ။(၆)ရင်သားကင်ဆာဖြစ်နိုင်ခြေ အလားအလာ ပိုများပါတယ်။ဝီစကီ ဘာညာ ဖြစ်နေမှ အရက်မဟုတ်ပါဘူးနော်။ ဝိုင်ဖြူ၊ ဝိုင်နီ၊ ကော့တေး၊ ဗော့ကာ၊ ဘီယာ စတဲ့ အယ်လ်ကိုဟော ပါတဲ့ သောက်စရာမှန်သမျှ ကင်ဆာနဲ့ ဆက်နွှယ်နေပါတယ်။ ချက်ချင်းတော့မဖြစ်ပေမယ့် သောက်တာ များလေ၊ ကင်ဆာအန္တရာယ် တိုးလေ ဖြစ်မှာပါ။Acetaldehyde ဟာ အရက်သောက်လိုက်တဲ့အခါ ခန္ဓာကိုယ်တွင်း ဇီဝဓာတ်ပြုမှုကနေ ထွက်ပေါ်လာတဲ့ ဓာတ်ပစ္စည်း ဖြစ်ပါတယ်။Acetaldehyde ဟာ အရက်ကိုယ်တိုင်ထက် ပိုပြီး အဆိပ်အတောက်ဖြစ်စေရုံသာမက ခန္ဓာကိုယ်က မျိုးဗီဇဆဲလ်တွေနဲ့ ပရိုတင်းတွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါ။အရက်ဟာ အောက်ဆီဂျင်နဲ့ ဖွဲ့စည်းထားတဲ့ မော်လီကျူးတွေကို ဓာတ်တိုးမှုတွေ ဖြစ်စေနိုင်တယ်။ နောက်ဆုံးရလဒ်ကတော့ ဒီအင်န်အေကို ပျက်စီးစေပြီး ပရိုတင်းနဲ့ ခန္ဓာကိုယ်တွင်းက အဆီတွေကို ထိခိုက်ပျက်စီးစေပါတယ်။အရက်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုမျိုး ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေကို ချေဖျက်တဲ့ လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေပါသေးတယ်။ အမျိုးသမီးတွေမှာတော့ အရက်က အီစထရိုဂျင်တွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။အရက် နဲ့ ဆေးရွက်ကြီး နှစ်ခုစလုံး နဲ့ ထိတွေ့ရတဲ့ ခံတွင်းနဲ့ လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေတွေကို တိုးစေပါတယ်။ အရက်ရော ဆေးလိပ်ပါ သောက်သုံးသူတွေမှာ ခံတွင်းနဲ့ လည်ချောင်းကင်ဆာတွေ ခံစားရနိုင်ပါတယ်။ အရက်နဲ့ ဆေးရွက်ကြီး ပေါင်းစပ်ထိတွေ့မိတဲ့ အနေအထားက ထင်ထားတာထက် ပိုပြီး သေစေနိုင်ပါတယ်။ အရက်နဲ့ ဆေးလိပ်ကို အများအပြား သောက်သုံးတာက ကင်ဆာရောဂါ ခံစားရနိုင်ခြေကို သိသိသာသာ တိုးစေနိုင်ပါတယ်။ဝိုင်နီမှာ ကင်ဆာ တိုက်ဖျက်နိုင်တဲ့ အရာဝတ္ထုတွေ ပါဝင်နိုင်တယ်လို့ တိရစ္ဆာန်တွေမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေက ဖော်ပြခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လေ့လာစမ်းသပ်မှုတွေ လုပ်ဆောင်ပြီးတဲ့ အချိန်မှာတော့ လူတွေမှာတော့ ဝိုင်နီကနေရတဲ့ ကင်ဆာတိုက်ဖျက်နိုင်စွမ်းက အစွမ်းမပြပါဘူး။ဝိုင်အနီ နဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေတို့ ကြားက ဆက်စပ်မှုကို လေ့လာမယ်ဆိုရင် နောက်ထပ် သုတေသန တွေ ထပ်လုပ်ဆောင်ဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘယ်အရက်အမျိုးအစားကိုမဆို အကန့်အသတ်နဲ့ သောက်သုံးကြဖို့ အကြံပြုချင်ပါတယ်။တစ်နေ့ကို အရက် ကို တစ်ခွက်၊ နှစ်ခွက်လောက် သောက်သုံးပေးတာက ကျန်းမာရေးကို ချက်ချင်းတော့ ဆိုးဆိုးဝါးဝါး မထိခိုက်စေပါဘူး။ တကယ်လို့ သင်ဟာအသက်မပြည့်သေးတဲ့သူ၊ ကိုယ်ဝန်ဆောင်မိခင်၊ ဒါမှမဟုတ် အရက်သောက်ရင် ကျန်းမာရေးအန္တရာယ် ရှိလာနိုင်တဲ့ ရောဂါအခံတစ်ခုခု (ဥပမာ-အသည်းရောဂါ) ခံစားရနေတဲ့သူမျိုး ဆိုရင်တော့ အရက်နဲ့ အရက်ပါတဲ့ အဖျော်ယမကာတွေကို မသောက်သုံးခင် အသေအချာ ပြန်စဉ်းစားသင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%a1%e1%80%9b%e1%80%80%e1%80%ba-%e1%80%94%e1%80%b2%e1%80%b7-%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%86%e1%80%80%e1%80%ba%e1%80%94%e1%80%bd%e1%80%be%e1%80%9a%e1%80%ba%e1%80%94/
ဆေးနဲ့အရက် မတည့်တဲ့အခါ ဘာဖြစ်တတ်လဲ ။ ။
ဆေးသောက်ပြီးရင်အရက်သောက်လို့ရလား၊ အရက်သောက်ပြီးရင်ရော ဆေးသောက်လို့ရသေးလား။ ဆေးနဲ့အရက် နီးနီးကပ်ကပ်သောက်မိရင် ဘာဖြစ်တတ်လဲ။ အရက်နဲ့ မတည့်တဲ့ ဆေးတွေက ဘာတွေလဲ ဆိုတဲ့မေးခွန်းတွေ မကြာခဏကြားရတတ်ပါတယ်။ တကယ်တမ်း ဘယ်ဆေးကိုမှ အရက်နဲ့ တွဲမသောက်သင့်ပါဘူး။ ဆေးရဲ့ အာနိသင်ကိုထိခိုက်စေနိုင်ပါတယ်။ အဲ့တာထက် ပိုဆိုးရင် ဆေးနဲ့အရက် မတည့်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာကို ခံစားရတတ်ပါတယ်။ဆေးနဲ့အရက် မတည့်တဲ့အခါ ဘာဖြစ်တတ်လဲ ဆိုတော့ Disulfiram-like reactions ဆိုတာ ဖြစ်တတ်ပါတယ်။အရက်နဲ့ တွဲသောက်လို့ မဖြစ်တဲ့ ဆေးတွေရှိပါတယ်။ အဲဒါကို မသိဘဲ သောက်လိုက်မိရင် ကိုယ်ခန္ဓာမှာ တချို့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါကို ဆေးပညာအရDisulfiram-like reactionsလို့ခေါ်ပါတယ်။ Acetaldehyde syndrome လို့လည်း လူသိများပါတယ်။Disulfiram လို့ခေါ်တဲ့ ဆေးတစ်မျိုးရှိပါတယ်။ အရက်သမားတွေကိုအရက်ဖြတ်အောင် လုပ်တဲ့အခါ အဲ့ဒီ Disulfiram ဆေးကို တိုက်လေ့ရှိပါတယ်။ သူ့ကို သောက်ပြီး အရက်သောက်လိုက်တဲ့အခါ မသက်မသာဝေဒနာတွေ ခံစားရတဲ့အတွက် နောက်ပိုင်း အရက်ကို မသောက်ချင်အောင် လုပ်တာဖြစ်ပါတယ်။Disulfiram-like reactions ဆိုတာ Disulfiram ဆေးပြား မဟုတ်တဲ့ တခြားဆေးတွေကို အရက်နဲ့တွဲသောက်လိုက်ရင် Disulfiram ဆေးပြားနဲ့ အရက်နဲ့သောက်လိုက်တဲ့အခါ ဖြစ်လာတဲ့ ဝေဒနာတွေလိုပဲ ခံစားရတာကို ပြောတာပါ။ ။ကိုယ်ခန္ဓာထဲဝင်လာတဲ့ အရက်ကို ဖြိုခွဲပြီး နောက်ပိုင်းမှာ acetaldehyde လို့ခေါ်တဲ့ အဆိပ်တစ်မျိုး ကိုယ်တွင်းမှာ ထွက်လာပါတယ်။ အဲဒီ ဓာတ်ပေါင်းနဲ့ တစ်ချို့ဆေးတွေ ဓာတ်ပြုပြီး Disulfiram-like reactions ဖြစ်လာရတာပါ။ဆေးနဲ့အရက် မတည့်တဲ့အခါ ဆေးသောက်ပြီး ဒါမှမဟုတ်  အရက်သောက်ပြီး မကြာချင်မှာပဲ။ချက်ချင်းဆေးကုသမှု မခံယူဘဲ ဓာတ်ပြုတာတွေ အရမ်းများသွားတဲ့အခါ။ဒါကြောင့် Disulfiram-like reactions စစဖြစ်ချင်းကတည်းက ဆေးဘက်ဆိုင်ရာ အကူအညီယူတာအကောင်းဆုံးပါ။ဒါကြောင့် ဒီဆေးတွေသောက်ပြီး ၂၄ နာရီကနေ ၇၂ နာရီအတွင်း မှာ အရက်မသောက်သင့်ပါဘူး။ ပြောရမယ်ဆိုရင် ဆေးတွေသောက်နေတဲ့အချိန်မှာ အရက်ကို မသောက်သင့်ပါဘူး။အရက်ဖြတ်တဲ့ဆေးနဲ့ တူတာကြောင့် ကိုယ့်ကိုယ်ကို အရက်ဖြတ်ချင်ရင် ဒီဆေးနဲ့ အရက်နဲ့ တွဲသောက်လိုက်မယ်ဆိုပြီး မလုပ်ရပါဘူး။ ဓာတ်ပြုတာက ပြင်းထန်လွန်းတဲ့အတွက် အခန့်မသင့်ရင် အသက်သေဆုံးနိုင်ပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ အရက်ဖြတ်နိုင်ဖို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာပဲ လုပ်သင့်ပါတယ်။ရေးသားသူ- Dr Thin Yadanar @ Frances။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/alcohol-and-pills/
ကလေးတွေ ဦးနှောက်နှင့် ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးအောင် ဘာတွေစားသင့်သလဲ
၂၁ ရာစုမှာ မိဘတော်တော် များများကလည်း မိမိရဲ့ကလေးတွေဉာဏ်ကောင်းဖို့အတွက်နဲ့ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးအောင် အဖက်ဖက်က လုံးပန်းလာကြပါတယ်။အစားအသောက်နဲ့ တစ်မျိုး အားဆေးနဲ့ တဖုံ နည်းမျိုးမျိုးနဲ့ကို ဆောင်ရွက်လာပါတယ်။အရေးကြီးတာကတော့ ကလေးတွေ ကိုအာဟာရပြည့်အောင် ကျွေးမယ်ဆိုရင် ဉာဏ်ကောင်းရုံသာမကခန္ဓါကိုယ်ကိုလည်း ကျန်းကျန်းမာမာ နှင့် ကြီးထွားဖွံဖြိုးစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွေးတဲ့နေရာ မှာ စနစ်တကျ နဲ့တကယ် အာဟာရဖြစ်မယ့်ဟာကိုရွေးကျွေးသင့်ပါတယ်။ ဘာတွေကို သေချာကျွေးမွေးရမလဲ ကြည့်လိုက်ရအောင်။၁။ပရိုတင်း(ခေါ်)အသားဓါတ်– ကျွန်တော်တို့ မြန်မာလူမျိုး အများစု ဟာ အသားစားတာ အရမ်းနည်းပါတယ်။ တကယ်တော့ အသားဓါတ် ပြည့်ပြည့်ဝဝ စားမှသာ ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီးဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးကာမှတ်ဉာဏ်စွမ်းအားကို တက်စေပါတယ်။ အသားဓါတ် ကို အသား၊ငါး၊ ဥအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း နှင့် ပဲအမျိုးမျိုး တို့မှရရှိနိုင်ပါတယ်။၂။Choline(ကိုလင်းဓါတ်)– မှတ်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါတယ်။ ကိုလင်းဓါတ်ကိုတော့ကြက်ဥအနှစ်မှာ အဓိက တွေ့ရပါတယ်။ အသား၊ ငါး၊ ပင်လယ်စာ၊ အစေ့အဆန်၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်း အမျိုးမျိုး နှင့် ပါင်းနုနွယ် တို့မှာလည်း တွေ့ရပါတယ်။၃။Zinc(ဇင့်ဓါတ်)– ခန္ဓါကိုယ် ဇီဝကမ္မဖြစ်စဉ်တော်တော်များများ မှာ zinc က အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှု အတွက်ရော ဦးနှောက်ဖွံဖြိုးမှု အတွက်ပါ လိုအပ်တဲ့ ဇင့်ဓါတ် ကိုလည်း ပြည့်ဝအောင် စားပေးဖို့လိုပါတယ်။ ဇင့်ဓါတ် ကတော့ဆန်၊ ဂျုံ၊ ပြောင်း၊ အသား၊ ငါး စတာတွေ မှာပါဝင်ပါတယ်။၄။Iron(သံဓါတ်)– မြန်မာနိုင်ငံက ကလေးတော်တော်များများမှာ သံဓါတ်ချို့တဲ့နေတာတွေ့ရပါတယ်။ ဒါကြောင့်လည်း လူကောင်သေးနေတာပါ။ ဒီအပြင် သံဓါတ်ချို့တဲ့ပြီးသွေးအားနည်းကာ ဦးနှောက်ကို သွေးထောက်ပံ့မှု နည်းပြီး ဦးနှောက်ဖွံဖြိုးမှုကို နှောင့်နှေးစေကာမှတ်ဉာဏ်စွမ်းအားကိုပါ လျော့ကျစေနိုင်ပါတယ်။ သံဓါတ် ကတော့ အနီရောင်အသား၊ ကြက်အသည်း၊ ဝက်အသည်း၊ အမဲအသည်း၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ သံဓါတ် ထပ်ထည့်ထားတဲ့ အစားအစာများ (Fortified Food) တွေ စားပေးဖို့လိုပါတယ်။ တစ်ခု သတိထားရမှာ ကတော့ သံဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားတဲ့ နေရာမှာ ဗီတာမင် စီ ကြွယ်ဝတဲ့ အစာအစားတွေ ဖြစ်တဲ့ သံပရာသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွအနီ စတာတွေ နဲ့ တွဲစားပေးရင် သံဓါတ် ကို ခန္ဓါကိုယ်က ပိုစုပ်ယူနိုင်တဲ့ အတွက်ကြောင့် အာနိသင် ပိုကောင်းစေပါတယ်။ သံဓါတ် ကြွယ်ဝတဲ့ အစားအစာ တွေ စားပြီးရင် ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ လက်ဖက်ရည် မသောက်သင့်ပါ။သံဓါတ်စုပ်ယူမှုကို ပိတ်ပင်တဲ့ အတွက်ကြောင့်ပါ။၅။Omega 3 fatty acid(အိုမီဂါသရီး)– ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်ပါတယ်။ မှတ်ဉာဏ်စွမ်းအားကိုပါ ပိုမိုကောင်းမွန်စေပါတယ်။ အိုမီဂါ သရီး ကြွယ်ဝသည့် အစားအစာများ တွေကတော့ ဆော်လမွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ နှမ်းကြတ်စေ့၊ အစေ့အဆန်များ၊ ပဲပုပ်စေ့ စတာတွေ ဖြစ်ပါတယ်။ အိုမီဂါသရီး ကြွယ်ဝသည့် အစားအစာ များကို တပတ် နှစ်ကြိမ် လောက် အနည်းဆုံးစားပေးသင့်ပါတယ်။၆။Calcium(ထုံးဓါတ်)– ကယ်စီယမ်ဓါတ် က ကလေးတွေအတွက် ကြွက်သား ကြီးထွားဖွံ့ဖြိုးစေပြီး အရိုးအဆစ်တွေပါ သန်မာစေတဲ့အတွက် အရေးကြီးတဲ့ အာဟာရဓါတ် တစ်မျိုး ဖြစ်ပါတယ်။ ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အရိုးပါစားလို့ရတဲ့ ငါးသေးသေးလေးများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ စတာတွေ ဖြစ်ပါတယ်။၇။Vitamin D– ကတော့ ကလေးတွေ အရိုးအဆစ် နှင့် ကြွက်သားတွေ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ် တစ်မျိုးပါ။ ဗီတာမင် ဒီ ကိုနေရောင်ခြည်က ရရှိနိုင်ပါတယ်။ ခုနောက်ပိုင်း အစားအစာတွေ မှာလည်း ဗီတာမင် ဒီ ထပ်ထည့်လာတာတွေလည်း တွေ့ရပါတယ်။၈။Vitamin A– ကြွယ်ဝတဲ့ အစားအစာများ ကန်စွန်းဥ အဝါ၊ မုန်လာဥနီ၊ ရွှေဖရုံသီး။အာဟာရပြည့်အောင်ကျွေးတယ် ဆိုပေမယ့် အိမ်သုံးဆား (Table Salt) ထပ်ထည့်ထားတဲ့ အစားအစာများ ကို အသက် နှစ်နှစ်အောက် ကလေးများကို မကျွေးသင့်ပါ။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%81/
မုန်လာဥဖြူ ကြိုက်တဲ့ သူတွေရှိလား
သုပ်ပဲစားစား၊ ချဉ်ရည်ဟင်းပဲချက်ချက်၊ အချဉ်တည်ပြီးပဲစားစား၊ဟင်းချိုပဲချက်ချက် စားကောင်းတဲ့ မုန်လာဥဖြူ ကြိုက်ကြလား။ ဒါဆိုရင်တော့ ကိုယ်ခံတွင်းတွေ့တဲ့ မုန်လာဥဖြူလေးစားရင်း ရရှိစေမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကလည်း မနည်းပါဘူး။မုန်လာဥဖြူဆိုတာက ရိုးတံစိမ်းစိမ်း အရွက်ဖားဖား မုန်လာပင်လေးရဲက အမြစ်ဥပါ။ အရွက်ထက် ဥကို အဓိကထားစားကြပါတယ်။ အဖြူရောင် ရှည်မြောမြောပုံစံရှိသလို ပုဝိုင်းဝိုင်းပုံစံလည်း ရှိပါတယ်။ အရသာက အစိမ်းတိုင်းစားရင် ခပ်စပ်စပ် အရသာရှိပြီး ချက်စားရင်တော့ ချိုပါတယ်။ ချဉ်ရည်ဟင်းချက်စားလို့ ရသလို သုပ်စားတာ၊ ချဉ်ဖတ်ထည့်စားတာ အမျိုးမျိုး စားကြပါတယ်။မုန်လာဥဖြူမှာပါဝင်နေတဲ့အာဟာရဓာတ်တွေကတော့။မုန်လာဥဖြူစားသုံးပေးမှုက။မုန်လာဥဖြူစားသုံးပေးမှုက ကင်ဆာရောဂါဖြစ်နိုင်ခြေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူမှာပါတဲ့ ဒြပ်ပေါင်းတစ်မျိုးက ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကို တိုက်ထုတ်ပေးပြီးခန္ဓာကိုယ်မှာ ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုကအစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလိုသွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ကိုယ်အလေးချိန်ကျစေဖို့လည်း စားသုံးပေးလို့ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက ဝမ်းမှန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။မုန်လာဥဖြူက မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်နဲ့ခံတွင်းတို့မှာ မှိုပိုးကူးစက်တာကို ကာကွယ်ဖို့အတွက် မုန်လာဥဖြူကို စားပေးလို့ရပါတယ်။ရာသီ အကူးအပြောင်းကြောင့်ဖျားနာမှုတွေကနေ ကင်းချင်ရင်တော့ ကိုယ်ခံအား ကောင်းနေမှ ဖြစ်မှာပါ။ ဒီလို ကိုယ်ခံအား ကောင်းစေဖို့က အစားအသောက်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေပြီး ကျန်းမာနေစေဖို့ မုန်လာဥဖြူကို စားပေးလို့ရပါတယ်။မုန်လာဥဖြူက ကျန်းမာရေးနဲ့ ညီညွတ်ပြီး စိတ်ကြိုက် စားလို့ရတဲ့ အစားအစာ တစ်ရပ်ပါ။မုန်လာဥဖြူကို အသက် ၆ လအရွယ် ဘေဘီလေးတွေ ကစလို့ ဘိုးဘိုးဘွားဘွားတွေအထိ အားလုံး စိတ်ကြိုက် စားသုံးလို့ ရပါတယ်။ အလွန်အကျွံ စားရင် အစာမကြေတာမျိုး မဖြစ်အောင်ဘဲ ဂရုစိုက်ဖို့ လိုမှာပါ။ခန္ဓာကိုယ် ကျန်းမာစေဖို့ရော ကိုယ်အလေးချိန် ကျစေဖို့ရော အကောင်းဆုံး ထောက်ပံ့ပေးနိုင်တာကြောင့်အစာလည်း ဆေး၊ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း မုန်လာဥဖြူလေးကို စားသုံးပေးကြပါလို့ Hello ဆရာဝန် ပရိသတ်ကြီးကို တိုက်တွန်းပါရစေနော်………။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-eating-white-raddish/
Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) အကြောင်း သိကောင်းစရာ
ကော်ဖီဟာ ကမ္ဘာတလွှားမှာ လူကြိုက်အများဆုံး တခုဖြစ်တဲ့ စားသုံးကုန်ပဲ ဖြစ်ပါတယ်။ လူအများဟာ ကော်ဖီကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ကဖိန်းသုံးစွဲမှုကို လျှော့ချချင်ကြပါတယ်။ အဆိုပါ စားသုံးသူများအတွက် Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ။ Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) ဟာ ကဖိန်းထုတ်ထားတာကလွဲလို့ ပုံမှန် ကော်ဖီလိုပါပဲ။ယခုဆောင်းပါးမှာတော့ Decaf ကော်ဖီ (ကဖိန်းထုတ်ထားတဲ့ ကော်ဖီ) နဲ့ ပတ်သက်တဲ့ မှတ်သားစရာများကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။Decaf ဆိုတာ Decaffeinated ရဲ့ အတိုကောက်ဖြစ်ပြီး ကဖိန်းဓာတ် ထုတ်ထားတာကို ရည်ညွှန်းပါတယ်။ ကဖိန်းဓာတ်ကို ၉၇%လောက်ထိ ထုတ်ထားပါတယ်။ကော်ဖီစေ့ကနေ ကဖိန်းထုတ်တဲ့ နည်းလမ်းတွေ မျိုးစုံရှိပါတယ်။ အများစုမှာ ရေ၊ အော်ဂဲနစ်ပျော်ရည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် စတာတွေ ပါဝင်ပါတယ်။ ကော်ဖီစေ့တွေကို ပျော်ရည်နဲ့ ထိတွေ့စေခြင်းအားဖြင့်ကဖိန်းဓာတ်ကို ထွက်လာစေပါတယ်။ ပြီးရင် ပျော်ရည်ကို ဖယ်ရှားပစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကျောက်မီးသွေးဆန်ကာ စတာတွေ သုံးပြီးတော့လည်း ကဖိန်းကို ဖယ်ရှားပါတယ်။ကော်ဖီစေ့တွေကို မလှော်ခင်၊ အမှုန့်မကြိတ်ခင် ကဖိန်းထုတ်ခြင်း ဖြစ်ပါတယ်။ ကဖိန်းထုတ်ထားပေမယ့်အာဟာရဓာတ်ပါဝင်မှုကတော့ ပုံမှန်ကော်ဖီတွေလိုပါပဲ။ အနံ့အရသာကတော့ နည်းနည်းအားပျော့သွားပြီး အရောင်အဆင်းလည်း အနည်းငယ်ပြောင်းပါတယ်။ ကဖိန်းထုတ်တဲ့ နည်းလမ်းပေါ် မူတည်ပါတယ်။Decaf ကော်ဖီမှာ ကဖိန်းလုံး၀ မပါဘဲနေတာတော့ မဟုတ်ပါဘူး။ ကဖိန်း အနည်းငယ်ကျန်နေပြီး ယေဘုယျအားဖြင့် ကော်ဖီတခွက်ကို ၃ မီလီဂရမ်ခန့် ပါဝင်ပါတယ်။ လေ့လာချက်တခုအရ Decaf ကော်ဖီတခွက် (၆အောင်စ ဒါမှမဟုတ် ၁၈၀ မီလီလီတာ) မှာ ကဖိန်း ၇မီလီဂရမ်ထိ ပါဝင်နိုင်ကြောင်း သိရပါတယ်။ ပုံမှန်ကော်ဖီတခွက်မှာဆိုရင် ကဖိန်းဓာတ် ၇၀ ကနေ ၁၄၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။Decaf ကော်ဖီမှာ ပုံမှန်ကော်ဖီလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ပုံမှန်ကော်ဖီထက် ၁၅%လောက်ပဲ နညးပါတယ်။ကဖိန်းထုတ်တဲ့ ဖြစ်စဉ်မှာ အနည်းငယ် လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ အဓိကပါဝင်တဲ့ ဓာတ်တိုးပစ္စည်းများကတော့ hydrocinnamic acid နဲ့ polyphenol တို့ ဖြစ်ပါတယ်။အဆိုပါဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်တွေကို ဓာတ်ပြယ်စေပြီး ဓာတ်တိုးခြင်းကြောင့် ပျက်စီးခြင်းများကနေ လျှော့ချပေးပါတယ်။ ဒါကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့အမျိုးအစား ၂ ဆီးချိုစတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် Decaf ကော်ဖီတခွက်မှာ မဂ္ဂနီဆီယမ် တနေ့တာလိုအပ်ချက်ရဲ့ ၂.၄%၊ ပိုတက်ဆီယမ်လိုအပ်ချက်ရဲ့ ၄.၈%၊ နိုင်ယာစင်ရဲ့ ၂.၅% စတာတွေ ပါဝင်ပါတယ်။Decaf ကော်ဖီမှာ ပါဝင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ တခြားဓာတ်ပစ္စည်းများ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးပြုတာတွေ ရှိပါတယ်။ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားနိုင်ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အသည်းအင်ဇိုင်းပမာဏကိုလည်း ထိန်းသိမ်းပေးတယ်လို့ သိရပါတယ်။လေဖြတ်ခြင်း၊နှလုံးရောဂါစတာတွေကြောင့်အရွယ်မတိုင်မီသေဆုံးနိုင်ခြေကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အသက်အရွယ် ကြီးရင့်လာမှုကြောင့် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းလာခြင်းကို လျော့ပါးစေပါတယ်။ Decaf ကော်ဖီ နှစ်ခွက်နဲ့အထက် နေ့စဉ် သောက်သုံးရင်အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ၄၈% လျော့ကျစေနိုင်ပါတယ်။ခြုံပြောရရင်တော့ ကော်ဖီကို ကြိုက်နှစ်သက်ပြီး ကဖိန်းဓာတ်များမှာကို စိုးရိမ်နေသူများအနေနဲ့ Decaf ကော်ဖီကို ရွေးချယ်သင့်ပါတယ်။ ကဖိန်းများခြင်းကြောင့် ဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/decaf-coffee-good-or-bad/
Appendicitis (အူအတက်ရောင်ခြင်း )
Appendicitis ဆိုတာ အူအတက် ရောင်တာကို ပြောတာပါ။ အူအတက်ဆိုတာ အူမကြီးမှာ တွယ်ကပ်နေတဲ့ ပြွန်ပုံစံ အင်္ဂါအစိတအပိုင်း သေးသေးလေးဖြစ်ပါတယ်။ ၎င်းက ဗိုက်အောက်ပိုင်းညာပဘက်ခြမ်းမှာ တည်ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ၎င်းက ဘာမှမလုပ်ပေမဲ့ ပိတ်ဆို့မှု ဖြစ်သွားတဲ့ အခါမှာတော့ ခန္ဒါကိုယ်ကို ဒုက္ခပေးလာနိုင်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။အူအတက်ရောင်တာက အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ သို့သော် အသက် ၁၀ နှစ်မှ ၃၀ ကြားတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဓိကရောဂါလက္ခဏာကတော့ ဗိုက်အောင့်တာဖြစ်ပြီး ချက်ရဲ့ အနီးအပေါ်အလယ်ပိုင်းမှာ စပြီးအောင့်လေ့ရှိပါတယ်။ ၎င်းနာတာက တဖြည်းဖြည်းနဲ့ ဝမ်းဗိုက်၏ ညာအောက်ပိုင်းထောင့်တစ်နေရာထိ ရွေ့သွားတတ်ပါတယ်။ လှုပ်၇ှားမှု၊ ချောင်းဆိုးခြင်း၊ နှင့် ခန္ဒါကိုယ်လိမ်လိုက်တာတို့မှာဆိုလျှင် ပိုဆိုးတတ်ပါတယ်။တခြားလက္ခဏာတွေကတော့။ကုသမှု ခံယူရန်နှောင့်နှေးခြင်းဟာ ရောင်နေတဲ့ အူအတက်ကို ပေါက်ထွက်စေပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။အူအတက်ရောင်သေတာကို အဓိကဖြစ်စေတာကတော့ ပိတ်ဆို့မှုကြောင့်ဖြစ်ပါတယ်။ ပိတ်ဆို့မှုက မစင်ကြောင့်၊ တခြားပြင်ပအရာ သို့ ကင်ဆာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ပိတ်ဆို့မှု ဖြစ်လျှင် ဘက်တီးရီးယားပိုးတွေက ကြီးထွားပြီး ပွားများလာနိုင်ပါတယ်။ ဒီလိုဖြစ်ခြင်းက အူအတက်ကို ရောင်စေပြီး ပြည်တွေနဲ့ ပြည့်စေပါတယ်။ အူအတက်ပေါက်သွားလျှင် ဘက်တီးရီးယားတွေက ပြန့်နှံသွားပြီး ခန္ဒါကိုယ်မှ တခြားအစိတ်အပိုင်းတွေကို ကူးစက်စေပါတယ်။ တချို့လူနာတွေမှာ အူအတက်က ရောဂါပိုးတခုခုကြောင့်လဲ ရောင်တတ်ပါတယ်။Appendicitis( အူအတက်ရောင်ခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်တော်တဲ့ အဖြေရရှိနိုင်ရန် ဆရာဝန်က အောက်ပါစစ်ဆေးမှုတွေကို လုပ်နိုင်ပါတယ်။ဓါတ်မှန်၊ ဝမ်းဗိုက်အက်ထရာဆောင်း သို့ ကွန်ပြူတာဓါတ်မှန်တွေလဲ ရိုက်ကြည့်နိုင်ပါတယ်။အူအတက်ရောင်တာကို ကုသတာကတော့ အူအတက်ကို ဖယ်ရှားခြင်းပဲ ဖြစ်ပါတယ်။ ၎င်းကို အူအတက်ခွဲခြင်း (appendectomy) လို့ ခေါ်ပါတယ်။ အူအတက်ခွဲခြင်းက အများဆုံးလုပ်လေ့ရှိတဲ့ ဝမ်းဗိုက်ဆိုင်ရာ အရေးပေါ်ခွဲစိပ်မှုပဲ ဖြစ်ပါတယ်။ အသုံးများတဲ့ အူအတက်ခွဲခြင်း ၂ မျိုးရှိပါတယ်။ဆရာဝန်တွေက ရောဂါပိုးအတွက် ပဋိဇီဝဆေးများပေးခြင်း၊ အနာသက်သာဆေးများ နှင့် ဝမ်းချုပ်ခြင်းတွေ အတွက် ဝမ်းပျော့ဆေးများပေးနိုင်ပါတယ်။ပုံမှန်ဆိုလျှင် လူနာအများစုက ဆေးရုံမှာ တစ်ရက်လောက်သာနေရပြီး ခွဲစိပ်ပြီးတဲ့နေ့မှာပဲ အိမ်ပြန်လို့ ရလေ့ရှိပါတယ်။ ပိုဆိုးတဲ့ အူအတက်ပေါက်ပြဲသွားတဲ့ အခြေအနေတွေဆိုလျှင်တော့ ဆေးရုံတက်ရက်တွေ ပိုမို ကြာနိုင်ပြီး အကြောထဲသို့ ပဋိဇီဝဆေးတွေ သွင်းရနိုင်ပါတယ်။ ဆရာဝန်က နောက်ဆက်တွဲရောဂါတွေ ရှိမရှိ စောင့်ကြည့်ပါလိမ့်မယ်။သင်ဟာ သင့်ရဲ့အူအတက်ရောင်ရောဂါလက္ခဏာတွေကို ဆရာဝန်အားပြောပြခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ ဆရာဝန်ရဲ့ လမ်းညွှန်မှုတွေဖြစ်တဲ့ ခွဲစိပ်ပြီး ဆေးသောက်နည်းတွေ၊နှင့် အနာကို ဂရုစိုက်နည်းတွေကိုလည်း လိုက်နာသင့်ပါတယ်။ ခွဲစိပ်ပြီးနောက်ဆက်တွဲတွေ ရှိမရှိ သိနိုင်ရန် ပြန်လည် စမ်းသပ်ခြင်းတွေကို ခံယူပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/appendicitis-%e1%80%a1%e1%80%b0%e1%80%a1%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့
မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊သိမြင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းမှုတွေ နဲ့ အထီးကျန်ဆန်မှုတွေက အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ အများဆုံး ခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေပါ။ အသက် ၅၅ နှစ်အထက် ရောက်လာတဲ့ ဖေဖေမေမေ ၂၀ ရာခိုင်နှုန်းက စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခံစားကြရပါတယ်။ အဖြစ်အများဆုံးကတော့ စိုးရိမ်စိတ်များတာ၊ ပြင်းထန်တဲ့ သိမြင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းတာ၊စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျ မြန်တာတွေကို ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲဆိုတာကို ဝေမျှပေးသွားချင်ပါတယ်။စိတ်ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်တဲ့ စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေက  အရွယ်ရလာတဲ့ ဖေဖေမေမေတို့မှာ စိတ်ပိုင်းဆိုင်ရာကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာအပေါ်မှာရော နေ့စဉ်ဘဝရဲ့ ပျော်ရွှင်မှုတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိနေပါတယ်။စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေက ရုပ်ပိုင်းဆိုင်ရာကိုရော စိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာတွေအပေါ်မှာပါ ထိခိုက်စေသလို နောက်ဆက်တွဲအနေနဲ့ လူမှုဆက်ဆံရေးတွေကိုပါ ထိခိုက်လာစေမှာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။အရွယ်ရလာတဲ့ ဖေဖေမေမေတွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာတာကနာတာရှည် ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ်ရလာတဲ့ လူကြီးတွေမှာ အသက်ရလာလေလေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်လာတာ၊ စိတ်ဓာတ်ကျတာ နဲ့ အခြားသောနာမကျန်းမှုတွေ ဖြစ်လာတာက ပုံမှန်ပါပဲ။ဒီနေရာမှာ သတင်းကောင်းတစ်ခုက အရွယ်ရလာချိန်မှာ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းတာ၊မှတ်ဉာဏ်စွမ်းရည်တွေကျဆင်းလာတာက ပုံမှန်ပဲဆိုပေမယ့် ဒီအနေအထားကို ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိတယ်ဆိုတာပါ။ ဒီတော့ ဘယ်လို နည်းလမ်းလေးတွေလည်း ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အရွယ်ရလာတဲ့ ဖေဖေမေမေတို့ စိတ်ခံစားမှု နဲ့ သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေဖို့ ဆိုရင်တော့။အငြိမ်းစား ယူပြီးချိန်မှာ ဖြစ်ဖြစ်၊ မိသားစုထဲမှာ အပြောင်းအလဲတွေ ဖြစ်တာကြောင့် ဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်တာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဖေဖေမေမေတို့ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ဆိုရင်တော့ စိတ်ကျန်းမာစေမယ့် ဂိမ်းလေးတွေ ဆော့ပေးလို့ ပါတယ်။ ဒီလို ဂိမ်းလေးတွေ ဆော့ပေးမယ်ဆိုရင် အရွယ်ရလာတဲ့ ဖေဖေမေမေတို့ကိုမှတ်ဉာဏ်ကောင်းစေဖို့ရော စိတ်ဖိစီးမှု ကင်းစေဖို့ပါ ထောက်ကူပေးနိုင်မှာပါ။ဒီလိုမျိုး စိတ်ကျန်းမာစေဖို့ ဘယ်လိုဂိမ်းလေးတွေ ဆော့ပေးရမလဲဆိုရင် ဆုဒိုကု၊ ပဟေဠိဖြေတာ၊ ဘင်ဂို၊ စာလုံးဆက်တဲ့ ဂိမ်းလေးတွေဆော့တာမျိုး လုပ်ပေးလို့ ရပါတယ်။ နောက်လုပ်ပေးလို့ရတာက ပန်းချီဆွဲတာ လက်မှုတစ်ခုခု လုပ်တာ၊ ကိရိယာတစ်ခုခု တီးခတ်တာမျိုး လုပ်ပေးလို့ ရသလို ဘာသာစကား သင်ကြားပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ယောဂလေ့ကျင့်ခန်း ပုံမှန်တက်တာ နေ့တိုင်း လမ်းလျှောက်ပေးတာမျိုး လုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တက်တက်ကြွကြွနေတာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက အရွယ်ရလာတဲ့ လူကြီးတွေကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။ဒီတော့ မေမေဖေဖေတို့အနေနဲ့ အကြောဆန့်တာ၊ ခန္ဓာကိုယ် ကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။အသက်အရွယ်ရလာချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာက လူကြီးတွေမှာ အထီးကျန်ဆန်မှုကို အတိုင်းအတာ တစ်ခုလောက်အထိ လျှော့ချပေးနိုင်ပါတယ်။ အသက်ရလာလေလေ သူငယ်ချင်းတွေနဲ့ တွေ့ဆုံချိန် နည်းလာပြီး ကင်းကွာလာလေလေ ဖြစ်နိုင်တာကြောင့် ဖေဖေမေမေတို့ကိုအထီးမကျန်စေချင်ဘူးဆိုရင် မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး ရှိအောင် ဂရုစိုက်ပါ။အနားယူပြီးချိန်မှာ လူကြီးတွေအနေနဲ့ တက်တက်ကြွကြွနေဖို့က အတော်လေး အရေးကြီးပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေ ရှိကြပါတယ်။ ဒီလို စိတ်ကူးတွေ ရှိနေမှလည်း နေ့စဉ်ဘဝမှာစိတ်တက်ကြွမှုတွေရရှိမှာပါ။ ဒါကြောင့် ဖေဖေမေမေတို့ကို ဝါသနာပါရာ တစ်ခုခုကို ပေးလုပ်တာ၊ ဝါသနာအသစ် တစ်ခုခုကို ဖန်တီးတာမျိုး လုပ်ပေးပါ။ စိတ်သက်တောင့်သက်သာဖြစ်စေမယ့် ဝါသနာ တစ်ရပ်ရပ်ကို ဖန်တီးပေးတာကလည်း နည်းလမ်းကောင်းပါ။ဖေဖေမေမေတို့နဲ့ လိုက်ဖက်ညီမယ့် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကောင်မွေးပေးထားတာက ဖေဖေမေမေတို့ကို အလုပ်များစေပြီး စိတ်ပျော်ရွှင်မှုကိုလည်း ရရှိစေမှာပါ။ လူတွေနဲ့ တိရစ္ဆာန်တို့ကြားက ချစ်ခြင်းမေတ္တာက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသလို စိတ်ဖိစီးမှုကို လျှော့ချနိုင်သလို စိတ်ပျော်ရွှင်မှုကိုလည်း ရရှိစေနိုင်ပါတယ်။အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေ အနေနဲ့ကတော့ သွေးတိုးကျတာ၊ အထီးကျန်မဆန်တာ၊ လူမှုဆက်ဆံရေး ပိုကောင်းစေတာလိုမျိုး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-mind/ways-to-improve-cognition-emotion-as-we-age/
မျက်ခွံတွေမို့အစ်တာ အလှမပျက်အောင် ဘယ်လိုဖြေရှင်းမလဲ
အိပ်ရေးဝအောင် ပုံမှန်အိပ်မယ်ဆိုရင် မျက်ခွံမို့အစ်တာ သက်သာမှာပါနော်။ တချို့က မျက်တွင်းကျ တတ်ပေမယ့် အိပ်ချိန်နည်းလွန်း၊ အိပ်ချိန်များလွန်းရင်လည်း မျက်ခွံအစ်နေတတ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေဟာ တစ်ညကို ၇ နာရီကနေ ၈ နာရီအတွင်း အိပ်ချိန်ရှိဖို့လိုအပ်ပါတယ်။မျက်လုံးမှာ အရည်တွေမစုစေဖို့ အိပ်တဲ့အခါခေါင်းအုံးလေးမြှင့်ပြီး၊ ခုပြီး အိပ်ပါ။မျက်လုံးမို့အစ်နေတာ ရေဓာတ်ခမ်းခြောက်လို့ ဖြစ်နိုင်ပါတယ်။ နေ့တိုင်း ရေအလုံအလောက်သောက်ပေးမှ အသားအရေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ထိန်းသိမ်းနိုင်မှာပါ။ အကြံပြုချက်တွေအရတော့ တစ်နေ့ကိုရေ ၈ ဖန်ခွက်သောက်သင့်ပါတယ်။အယ်လ်ကိုဟောအပြင် ကိုယ့်ကိုရေဓာတ်ခမ်းခြောက်စေနိုင်တဲ့ တခြားသောက်စရာတွေကိုရှောင်ပါ။အငန်များများစားရင် ခန္ဓာကိုယ်ထဲ အရည်ပိုတွေ စုမိခြင်းဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ နှလုံးရောဂါ ပြဿနာနဲ့ လေဖြတ်ခြင်း အန္တရာယ်တွေပါရှိတယ်။ အရသာပေါ့တာတွေချည်းပဲ စားတယ်ဆိုပေမယ့် ပြုပြင်စီမံထားတဲ့အစားအစာ၊ အသင့်စားအစားအစာ၊ အပြင်ဆိုင်အစားအစာတွေစားရင်လည်း အငန်ဓာတ်ကို မသိမသာနဲ့ များများစားမိနိုင်ပါတယ်။ပိုတက်စီယမ်က ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို လျော့နည်းစေနိုင်တာကြောင့် ပိုတက်စီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ပဲ၊ ဒိန်ချဉ်နဲ့ အစိမ်းရောင်အသီးအရွက်တွေစားပေးပါ။မျက်ခွံမှာ ရေအေးဝတ်လေး ၁၀ မိနစ်လောက် ကပ်ပေးထားပါ။ သခွားသီးလေးတွေ ပါးပါးလှီးပြီးကပ်ထားလည်းရပါတယ်။ ဒီလိုအအေးဓါတ်ပေးခြင်းကြောင့် မျက်လုံးမို့အစ်တာတွေ သက်သာစေနိုင်ပါတယ်။ သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေ ကပ်ပေးလို့လည်းရပါတယ်။အများအားဖြင့်တော့ အိပ်ချိန်မမှန်တာကြောင့်၊ အငန်တွေစားထားတာကြောင့် နောက်တစ်နေ့မှာ မျက်နှာအစ်နေတတ်တာပါ။ ဓာတ်မတည့်မှုရှိရင်လည်း အခုလိုဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီနည်းလေးတွေနဲ့ အမြန်သက်သာသွားလည်းနောက်ကို ဂရုစိုက်ဆင်ခြင်ပြီး ကျန်းမာရေးနဲ့ညီအောင်နေထိုင်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%81%e1%80%bc%e1%80%b6%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%80%85%e1%80%b9%e1%80%90%e1%80%ac-%e1%80%a1%e1%80%9c%e1%80%bd/
ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း
ကြွက်သားဆုံးရှုံးမှု ဆိုလို့ နားစိမ်းနေနိုင်ပေမယ့် ဒါကအသက်အရွယ်ရလာလို့ ကြွက်သားတွေလျော့တွဲလာတာမျိုးပါ။ အရင်ကလောက် လက်မောင်းတွေ မထွားတော့တာ၊ ခြေသလုံးလေးတွေ သေးသွားတာမျိုးပေါ့။ ကြွက်သားဆုံးရှုံးမှုကို အသက်အရွယ်ရလာသူတိုင်းမှာ မလွဲမသွေ ကြုံရနိုင်ပါတယ်။ကြွက်သားဆုံးရှုံးမှုကအသက်အရွယ်ရလာတာနဲ့အမျှပိုများလာတတ်ပါတယ်။ ဒါက ကြွက်သားတွေမှာ အသက်အရွယ်ကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အိုမင်းမှု သဘာဝဖြစ်စဉ်ပါ။ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်အနေနဲ့ကတော့ ကြွက်သားတွေ အားနည်းလာတာပါ။ သိပ္ပံပညာရှင်တွေကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုတွေကြောင့် ဖြစ်ရတာလို့ ကောက်ချက်ချထားကြပါတယ်။အသက်အရွယ်ရလာချိန်မှာ ခံစားရတဲ့ကြွက်သားဆုံးရှုံးမှုကြောင့်နေ့စဉ်လှုပ်ရှားမှုတွေ ဖြစ်တဲ့ လမ်းလျှောက်တာ၊ လှေကားတက်တာ၊ အလေးအပင် မတာလိုမျိုး လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ ခက်ခဲလာတာကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး ကြွက်သားဆုံးရှုံးမှုက သန်စွမ်းမှုကို ထိခိုက်စေပြီး ဟန်ချက်ထိန်းနိုင်စွမ်းကိုပါ ထိခိုက်လာစေပါတယ်။ဒီတစ်ခေါက်တော့ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်နိုင်စေဖို့အတွက် ဖိုးဖိုးဖွားဖွားတို့ကို ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း​ အချို့ကို ဖော်ပြပေးသွားပါမယ်။ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက အိုမင်းမှု ဖြစ်စဉ်ပါ။ အသက်က ၃၀ ကျော် ၄၀ ဝန်းကျင် ရောက်လာချိန်မှာကြွက်သားထုထည်တွေကို တဖြည်းဖြည်းချင်း ဆုံးရှုံးလာပါတယ်။ ဒီဖြစ်စဉ်က အသက် ၆၅ နှစ် နဲ့ ၈၀ အတွင်းမှာ ပိုမြန်လာပါတယ်။ ဆယ်စုနှစ်တစ်ခုကြာတိုင်းမှာ ကြွက်သားဆုံးရှုံးမှုက ၈% လောက်ရှိပါတယ်။ဒီတော့ နေ့စဉ်ဘဝကို ထိခိုက်လာစေနိုင်တဲ့ ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေများဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဖိုးဖိုးဖွားဖွားတို့ ကြွက်သားဆုံးရှုံးမှု ဖြစ်စေတဲ့ အကြောင်းအရင်း ကတော့။ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ နေ့စဉ်ဘဝမှာ အထိုင်များတာတွေက အရွယ်ရောက်လာချိန်မှာ ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်ရလာလို့ လှုပ်ရှားမှု အားနည်းလာတာ၊ လေ့ကျင့်ခန်း မလုပ်ဖြစ်တာတွေကလည်း ကြွက်သားဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊အဝလွန်နေတာတွေက ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့လိုပါတယ်။ ဒီလို ထိန်းတဲ့အခါ အစားအစာ ဂရုစိုက်တာ၊ လေ့ကျင့်ခန်း လုပ်တာရော လုပ်ဆောင်ပေးရမှာပါ။နာတာရှည် လေပြွန်ရောင်ရမ်းတာ (COPD)၊ ကျောက်ကပ်ရောဂါ၊ဆီးချိုနဲ့ HIV ဗိုင်းရပ်စ် ကူးစက်ခံစားနေရသူတွေမှာလည်း ကြွက်သားဆုံးရှုံးမှုကို ခံစားရနိုင်ပါတယ်။လေးဖက်နာ၊အဆစ်ရောင်ရမ်းနာကျန်းမာရေး ပြဿနာ ခံစားနေရခြင်းကလည်း ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ခန္ဓာကိုယ်က အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကျနေတာ၊ အင်ဆူလင် မတုံ့ပြန်နိုင်တာမျိုး အခြေအနေကို ခံစားနေရမယ်ဆိုရင်လည်း အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံးရှုံးမှုကို ခံစားရမှာပါ။ခန္ဓာကိုယ် ကျန်းမာဖို့အတွက် ကိုယ်တွင်းမှာ ဟော်မုန်းပမာဏ မျှတဖို့ လိုပါမယ်။ တကယ်လို့ ဟော်မုန်းပမာဏက ရှိသင့်တဲ့ ပမာဏ မရှိဘဲ ကျဆင်းနေမယ်ဆိုရင်လည်း ကြွက်သားဆုံးရှုံးမှုကို ခံစားရနိုင်ပါတယ်။နေ့စဉ်မှာ အာဟာရ လုံလောက်အောင် မစားတာ၊ ပရိုတင်း ပြည့်ဝလုံလောက်အောင် မစားမိတာကလည်းကြွက်သားတွေရဲ့ သန်စွမ်းမှုကိုထိခိုက်စေပြီး ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။အာရုံကြောဆဲလ်တွေ အရေအတွက် နည်းလာခြင်းက ဦးနှောက်ဆီကနေ ကြွက်သားတွေကို လှုပ်ရှားစေဖို့အတွက် သတင်းအချက်အလက် ပေးပို့မှုကို အနှောင့်အယှက် ဖြစ်စေပြီး ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ဒီအချက်အလက်တွေကို သတိထား ကာကွယ်မယ်ဆိုရင် ကြွက်သားဆုံးရှုံးမှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/aging-body/causes-of-muscle-loss-in-seniors/
အသက်ကြီးလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ နှလုံးနဲ့ သွေးကြောကျန်းမာရေး
နှလုံးနဲ့ သွေးကြောကျန်းမာရေး ကို အဓိက လွှမ်းမိုးနေတဲ့အချက်ကတော့ အသက်အရွယ်ပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ၂၀၃၀လောက်ဆိုရင် လူဦးရေရဲ့ ၂၀%လောက်က အသက် ၆၅နှစ်အထက်အရွယ်တွေ ဖြစ်နေမှာပါ။ ဒီအရွယ်တွေမှာ နှလုံးသွေးကြောရောဂါတွေကြောင့်သေနှုန်းက ၄၀%လောက်ဖြစ်လာပြီး ဒါက အသေအပျောက်အများဆုံး အကြောင်းရင်းတစ်ခုလည်း ဖြစ်လာမှာပါ။အသက်ကြီးလာတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ သဘာဝဖြစ်စဉ်ပါ။ ရုပ်ပန်းသွင်ပြင် အသက်ကြီးလာသလိုမျိုး မွေးတည်းက စည်းချက်မှန်မှန်ခုန်နေရတဲ့ နှလုံးကလည်း အိုမင်းလာနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ရှင်သန်ရေးအတွက်အရေးကြီးတဲ့ တာဝန်ထမ်းထားရတဲ့ နှလုံးက အသက်ကြီးလာတာနဲ့အမျှ စွမ်းဆောင်ရည်လည်း ကျဆင်းလာပါတယ်။အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးကြောတွေက ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိထားမှ နှလုံးရောဂါတွေ မဖြစ်အောင်၊ ပိုမဆိုးအောင် ကြိုတင်ကာကွယ်ထားနိုင်မှာပါ။နှလုံးမှန်မှန်ခုန်နေရတာက နှလုံးမှာရှိတဲ့ စည်းချက်ထိန်းစနစ်ကြောင့်ပါ။ လျှပ်စီးပတ်လမ်းလို လမ်းလေးတွေက နှလုံးကြွက်သားမှာ မြုပ်နေပြီး နှလုံးခုန်တာကို ထိန်းချုပ်ထားတာပါ။ အသက်ကြီးလာတာနဲ့အမျှ ဒီလမ်းကြောင်းတွေ မာလာတယ်။ အဆီတွေ ပိတ်လာတယ်။ ဒါ့ပြင် စည်းချက်ထိန်းစနစ်က ဆဲလ်တွေကလည်း ပိုပိုနည်းလာတယ်။ ဒါတွေပေါင်းလိုက်တဲ့အခါကျတော့ အသက်ကြီးလာတဲ့အခါ အရင်ကထက်နှလုံးခုန်တာ နှေးသွားပါတယ်။နှလုံးရဲ့ ဘယ်ဘက်သွေးလွှတ်ခန်းက တစ်ကိုယ်လုံးကို သွေးတွေ ညှစ်ပေးရတာကြောင့် နဂိုတည်းက နည်းနည်းပိုထူတတ်ပါတယ်။ တစ်သက်လုံး ညှစ်လာရတော့ အသက်ကြီးလာတာနဲ့အမျှပိုထူလာပြီး သွေးလက်ခံတဲ့ ပမာဏလည်း နည်းသွားပါတယ်။ နှလုံးထဲ သွေးဝင်တာလည်း ပိုနှေးသွားပါတယ်။အသက်ကြီးတဲ့သူတစ်ယောက်နဲ့ သာမန်လူငယ်တစ်ယောက်ရဲ့ ECGက မတူနိုင်ပါဘူး။ ရောဂါမရှိရင်တောင် မတူနိုင်ပါဘူး။ အသက်ကြီးလာတဲ့အခါ လျှပ်စီးပတ်လမ်းတွေ ပြောင်းလဲလာတာကြောင့် နှလုံးစည်းချက်တွေလည်း ပြောင်းလဲလာပါတယ်။ နှလုံးခုန်မမှန်တဲ့ နှလုံးတုန်တဲ့atrial fibrillationလိုရောဂါမျိုးက အသက်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် နှလုံးရောဂါအခံ တစ်ခုခုရှိတဲ့အခါမှာပါ။အသက်ကြီးလာတဲ့အခါ lipofuscinဆိုတဲ့ ဓာတ်ပစ္စည်းက နှလုံးဆဲလ်တွေမှာ ပုံလာပါတယ်။ ဒါကြောင့် နှလုံးအဆို့ရှင်တွေ ပိုထူ၊ ပိုမာလာပါတယ်။ သွေးတွေကက အဆို့ရှင်ကို ဖြတ်ပြီး စီးတာကြောင့် အပြင်မှာ ကြားရတဲ့ ‘ဒုတ်၊ ဒုတ်’ ဆိုတဲ့ နှလုံးခုန်သံကို ကြားရတာပါ။ ဒီလို ထူပြီး မာလာတာကြောင့် အသက်ကြီးတဲ့သူတွေမှာ နှလုံးခုန်သံ ပြောင်းလာပါတယ်။Baroreceptors ဆိုတာ လှုပ်ရှားမှု လုပ်တဲ့အခါ၊ အထိုင်အထ လုပ်တဲ့အခါ သွေးပေါင်ချိန်အပြောင်းအလဲဖြစ်တာကို သတိထားမိပြီး ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ထိန်းပေးတဲ့ စနစ်တစ်ခုပါ။ အသက်ကြီးလာတဲ့အခါ ဒီစနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် လူကြီးတွေ အထိုင်အထ လုပ်တဲ့အခါ သွေးပေါင်ကျပြီး ခေါင်းမူးတာဖြစ်ပါတယ်။ဆံချည်မျှင် သွေးကြောတွေ ထူလာတာကြောင့် တစ်ရှူးတွေကို အာဟာရပေးတာ၊ တစ်ရှူးတွေဆီကနေ အညစ်အကြေးတွေ သယ်တာ နှေးသွားပါတယ်။နှလုံးရဲ့ ပင်မသွေးကြောကြီး အပါအဝင် တခြားသွေးကြောတွေက အသက်ကြီးလာတာနဲ့အမျှ ပိုထူ၊ ပိုမာလာပါတယ်။ ဒါက သွေးကြောနံရံတွေက တစ်ရှူးတွေ တဖြည်းဖြည်းပြောင်းလဲလာလို့ပါ။ ဒီတော့ သွေးညှစ်ဖို့ အားသုံးရတဲ့အတွက် သွေးပေါင်ချိန်တက်လာပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့တွေမှာessential hypertensionရောဂါကြောင့် မဟုတ်ဘဲ အသက်ကြီးလို့ ဖြစ်တဲ့ သွေးတိုးရောဂါ အတွေ့ရများပါတယ်။ပုံမှန်ဆိုရင် နှလုံးက ခန္ဓာကိုယ်တစ်ခုလုံးကို လုံလုံလောက်လောက် သွေးညှစ်ပေးနိုင်ပေမယ့် အိုမင်းလာတဲ့ နှလုံးကတော့ ဒီလိုလုပ်ဖို့ ခက်လာပါတယ်။ တစ်ကိုယ်လုံးကို သွေးပို့ဖို့ ပိုပြီး အားစိုက်ညှစ်ရပါတယ်။ဒါတွေအပြင် နှလုံးကို ပိုပြီး ဝန်ပိစေတဲ့ အချက်တွေကတော့။သွေးကြောရောဂါတွေအနေနဲ့ကတော့။အသက်ကြီးလာတာက ပြောင်းလဲလို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးကြောကျန်းမာရေး ယိုယွင်းလာတယ်ဆိုပေမယ့် ဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တခြားပြုပြင်ပြောင်းလဲလို့ရတဲ့ အချက်တွေကို ထိန်းသိမ်းမယ်ဆိုရင် အသက်ကြီးပေမယ့် မပျက်စီးအောင် ကာကွယ်နိုင်ပါတယ်။နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲပါ။ဆေးပုံမှန်စစ်ပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/aging-changes-in-heart-and-blood-vessels/
စိတ်ညစ်တဲ့အချိန်တွေမှာ အစားပိုစားတာကို ဘယ်လိုဖြေရှင်းရမလဲ
သင်စိတ်ညစ်နေတဲ့အချိန်မျိုးတွေမှာဆိုရင် ထမင်းစားလို့ဗိုက်ဝသွားတာတောင် အချိုပွဲလေးတော့ ဆက်ကြိတ်လိုက်ဦးမဟဲ့ဆိုပြီး ဖိုးစားချင်၊ မယ်စားချင် ဖြစ်နေရင် ဒီလိုအခြေအနေမျိုးကို စိတ်ခံစားချက်ကြောင့် အစာစားခြင်းလို့ခေါ်ပါတယ်။ စိတ်ညစ်လို့ ပိုစားတယ်ပဲဆိုပါတော့။ ဒီလိုစားတာဟာ တကယ်ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်သက်သာရာရအောင်၊ စိတ်ဖိအားတွေလျော့နည်းသွားအောင် ဒါမှမဟုတ် စိတ်အပြောင်းအလဲဖြစ်အောင် အစာစားတာမျိုးကို ဆိုလိုပါသတဲ့။ ဒီအခြေအနေနဲ့ရင်ဆိုင်နေရသူတွေဟာ အစာစားချင်စိတ်ပေါ်လာပြီဆိုရင် ဘယ်လိုမှစိတ်ထိန်းလို့မရပါဘူး။ စားပစ်လိုက်ရမှကို နေသာသွားတာပါ။ အဲဒီလိုအချိန်မှာ သူတို့အတွေးထဲမယ် တစ်ခုပဲရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ အစားအသောက်ပါ။အစာလေးဝင်သွားရင် ခဏတဖြုတ်လောက်တော့ နေသာထိုင်သာရှိကောင်းရှိမှာပါ။ ဒါပေမယ့် စိတ်ကြောင့်ဆာတာကို အစားအသောက်နဲ့ ဖြည့်လို့မရနိုင်ပါဘူး။ ကယ်လိုရီတွေ တက်လာတဲ့အတွက် မစားခင်ကထက်တောင် နေရတာပိုဆိုးကောင်းဆိုးသွားနိုင်ပါသေးတယ်။ အကျိုးဆက်အနေနဲ့ သင်ဟာ စိတ်ဖိစီးမှုတွေကိုရင်ဆိုင်ဖို့တခြားသောအကျိုးရှိပြီး ပိုကောင်းတဲ့နည်းလမ်းတွေကို မလေ့လာတော့ဘဲ အစားပဲလှိမ့်စားနေတဲ့အတွက် ပိုပိုလည်းဝလာမှာဖြစ်ကာ နောက်ဆုံးတော့စိတ်ညစ်တာလည်းမပျောက်တဲ့အပြင် ဝလာတာပဲအဖတ်တင်လာမှာ ဖြစ်ပါတယ်။ ဝလာတော့ ပိုပြီးစိတ်ညစ်ပြန်ရော။ ဒီလိုနဲ့ပဲ သံသရာလည်သွားပါလိမ့်မယ်။ဒီလိုအခြေအနေတွေကနေ ရှောင်ရှားနိုင်ဖို့အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။စိတ်ညစ်တဲ့အချိန်၊ စိတ်ဖိစီးတဲ့အချိန်မှာ အစာစားလိုက်မယ်ဆိုရင် တဒင်္ဂတော့နေသာထိုင်သာရှိသွားပြီး စိတ်ကျေနပ်သွားပါလိမ့်မယ်။ ပြီးရင် စိတ်ဖိစီးမှုက တခါပြန်ဖြစ်လာ၊ ထပ်စားနဲ့ ပြီးမှာမဟုတ်တော့ပါဖူး။ ဒါကိုအဆုံးသတ်ဖို့အတွက် လုပ်ရမယ့်အချက်က စိတ်ညစ်စရာတွေရှိလာတဲ့အခါ ထွက်မပြေးပါနဲ့၊ မရှောင်ပုန်းပါနဲ့။ ရဲရဲကြီး ရင်ဆိုင်လိုက်ပါ။ ခံစားလိုက်ပါ။ ဘယ်အရာကိုမဆို ထွက်ပြေးနေတာထက် ရင်ဆိုင်တွေ့လိုက်တာက ပိုပြီးအကျိုးရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို အမြဲသတိပေးပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်ခန္ဓါကိုယ်ကလည်း ဒီအနေအထားကို သဘောပေါက်လာမှာဖြစ်ပြီး စိတ်ညစ်စရာတွေကို အစားအစာတွေနဲ့ခဏတဖြုတ်ဖုံးကွယ်ပေးဖို့ ကြိုးစားတော့မှာ မဟုတ်ပါဖူး။ ဒါ့အပြင် သင်တကယ်တမ်းလိုအပ်နေတာဘာလဲဆိုတာကို အသေအချာဆန်းစစ်ပါ။ စိတ်ထွက်ပေါက်ပေးဖို့အပန်းဖြေစရာ၊ ဝါသနာပါတာလေးတွေကို ပြုလုပ်ပေးပါ။စိတ်ညစ်လို့ အစာစားခြင်းဆိုတာ သင့်ခန္ဓါကိုယ်ကို တနည်းတဖုံဖျော်ဖြေပေးနေတာ ဖြစ်တဲ့အတွက် ဒီလိုမဖြစ်ရစေဖို့ တခြားသောပျော်စရာလေးတွေ သင့်ခန္ဓါကိုယ်အတွက် ဖန်တီးပေးထားပါ (စားတာက လွဲလို့ပေါ့)။ ဥပမာ-သက်တောင့်သက်သာရှိတဲ့ အဝတ်အစားလေးတွေဝတ်ထားတာ၊ စိတ်ဝင်စားစရာလေ့ကျင့်ခန်းလေးတွေလုပ်တာ စသဖြင့်ပေါ့။စိတ်ညစ်လို့ အစာစားလေ့ရှိသူတချို့ဟာ တကယ်ဗိုက်ဆာတဲ့အချိန်မှာ ကောင်းကောင်းစားလေ့မရှိပါဘူး။ ဒီတော့ နောက်ပိုင်းမှာ ပိုဆာလာရော။ ဒါကြောင့် သင်တကယ်ဗိုက်ဆာပြီဆိုတဲ့အချိန်မှာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပြည့်ပြည့်ဝဝ စားပေးရပါမယ်။ဥပမာသင့်အနေနဲ့ အထီးကျန်နေတဲ့အချိန်တွေမှာ အစာစားချင်လာတော့မယ်ဆိုတာ ကြိုသိထားရင် ဒီလိုမဖြစ်ခင်ကြိုပြီး သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်တာမျိုး ဒါမှမဟုတ် ဝါသနာပါရာတခုခု လုပ်တာမျိုးနဲ့အာရုံလွှဲဖို့ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ခံစားမှုတခုခုကြောင့် အစာစားချင်စိတ်ပေါ်လာတာဟာ သင့်ခန္ဓါကိုယ်အနေနဲ့တခုခုကိုလိုချင်တောင့်တနေတာကို ပြန်လည်တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်စိတ်ကို အပြောင်းအလဲဖြစ်ပြီး လန်းဆန်းစေဖို့ လုပ်စရာအသစ်အဆန်းတွေကို ဖန်တီးပါ။ အသစ်အဆန်းတွေ ပြုလုပ်ဖို့ ပြက္ခဒိန်မှာ ကြိုတင်မှတ်သားထားပါ။ ကိုယ်လက်ဖြေလျှော့တဲ့အချိန် သေသေချာချာပေးဖို့လည်း မမေ့ပါနဲ့။သင်ဘယ်လောက်လှတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိတယ်မလား။ ဒါဆိုရင် အစားတစ်လုတ်က ဒီအလှတရားကိုဖျက်ဆီးခွင့်မပေးပါနဲ့။ စိတ်ဖိစီးမှုတွေဟာလည်း အစာစားလိုက်တာနဲ့ပျောက်သွားမှာမဟုတ်တဲ့အတွက် ဘယ်လောက်ပဲစိတ်ညစ်စရာရှိရှိ အစာတွေနင်းကန်မစားဖို့လည်း ကိုယ့်ကိုယ်ကိုဆုံးမပါ။အပေါ်မှာဖတ်ခဲ့ရတဲ့အချက်တွေဟာ ပြောတော့လွယ်ပေမယ့် လက်တွေ့ကျင့်သုံးဖို့တော့ အနည်းငယ်ခက်ခဲမှာဖြစ်ပြီး စိတ်ဓါတ်အင်အားနဲ့အလေ့အကျင့်လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အောင်မြင်စွာလိုက်နာကျင့်သုံးနိုင်ခဲ့မယ်ဆိုရင်တော့ စိတ်ဆောင်လို့အစာလိုက်စားရတာကို ရပ်တန့်နိုင်ရုံသာမက ကျန်းမာပျော်ရွှင်တဲ့နေထိုင်မှုဘဝကိုလည်း ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%8a%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%bd%e1%80%ac/
Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း)
salmonellosis ဆိုတာဘာလဲ။Salmonellosis ဆိုတာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် salmonella ဘက်တီးရီးယားရောဂါ ဝင်ရောက်ကူးစက်ခြင်းကို ခေါ်ပါတယ်။ ဒီရောဂါက အစာအိမ်ရောင်ရောဂါနဲ့ ဆင်တူပါတယ်။ သိပ်မပြင်းထန်တဲ့ လူနာတော်တော်များများကတော့ ၄ ရက်ကနေ ၇ ရက်အတွင်း ဘာကုသမှုမှ မပါပဲ ပျောက်ကင်းတတ်ကြပါတယ်။ ရောဂါ ပြန့်ပွားမှုကတော့ လူတွေ ရောဂါရှိတဲ့ အစားအစာကို စားမိပြီးလျှင် ဖြစ်တတ်ပါတယ်။(စားသောက်ဆိုင်တစ်ဆိုင်ထဲမှာ စားမိခြင်း) တချို့ ဝမ်းလျှောရောဂါ အခြေအနေဆိုးတဲ့ သူတွေကတော့ ဆေးရုံတက်ပြီး ဓါတ်ဆားရည်နှင့် ပဋိဇီဝဆေးရည်များ သွင်းရပါတယ်။salmonellosis ရောဂါသည်တော်တော်များများက ဆင်းရဲတဲ့ ပတ်ဝန်းကျင်၊ လေထုညစ်ညမ်းမှု၊ မသန့်ရှင်းမှု နှင့် ဘက်တီးရီးယားရောဂါများတဲ့ နေရာတွေမှာ နေထိုင်နေကြသူများ ဖြစ်ကြပါတယ်။ ထို့ပြင် သင်က ရောဂါရှိတဲ့ သူနဲ့ ထိတွေ့မိလျှင်လည်း ရောဂါကူးစက်နိုင်ပါတယ်။ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ နှင့် ကိုယ်ခံအားမကောင်းသူတွေမှာလည်း salmonellosis ဖြစ်နိုင်ချေများပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် salmonellosis ပိုဖြစ်ကြပါတယ်။အဓိက ရောဂါလက္ခဏာကတော့ ဝမ်းလျှောတာပဲ ဖြစ်ပါတယ်။ လက္ခဏာတွေက မပြင်းထန်ပဲ တစ်ရက်မှာ နှစ်ကြိမ်မှ ၃ ကြိမ်ထိ ဝမ်းသွားနိုင်ပါတယ်။ ဒီလက္ခဏာက နောက်ပိုင်းမှာ ပိုပြင်းထန်တဲ့ ၁၀ မိနစ်ခြား၊ ၁၅ မိနစ်ခြားတစ်ခါ ဝမ်းသွားခြင်းတွေနဲ့ တွဲပြီး ဖြစ်လာနိုင်ပါတယ်။ တခြားရောဂါလက္ခဏာတွေ အနေနဲ့ ဝမ်းတွင်း သွေးပါခြင်း၊ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သင်ဟာ salmonellosis ရောဂါကို အစာ စားခြင်း ဖြင့် ဥပမာ ဥများ၊အမဲသား၊သားစား ကြက်ငှက်များ၊ အသီး သို့ မသန့်ရှင်းတဲ့ ရေ သို့ နို့တွေစားသောက်မိခြင်းဖြင့် ကူးစက်နိုင်ပါတယ်။ ချက်ပြုတ်ပြီး စားခြင်းက ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်သော်လည်း လုံးဝမဖြစ်လာနိုင်တာတော့ မဟုတ်ပါ။Salmonellosis က အိမ်သာတက်ပြီး လက်မဆေးခြင်းကြောင့် လူတစ်ယောက်မှ တစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ Salmonellosis က လူတွေကို အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ လိပ် နှင့် inguanas တွေမှလဲ ကူးစက်နိုင်ပါတယ်။salmonellosis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ရောဂါလက္ခဏာတွေ အပေါ်မူတည်ပြီး ရောဂါကို အတည်ပြုပါမယ်။ ထို့ပြင် သင့်ရဲ့ မစင်၊ သွေးနှင့် ဆီးတို့ကိုလည်း ပိုပြီးသေချာအောင် စစ်ဆေးနိုင်ပါတယ်။ သွေးစစ်ခြင်းဖြင့် တခြားသော ရောဂါတွေကို စစ်ထုတ်ြီးသား ဖြစ်သင့်ပါတယ်။Salmonellosis အပျော့စားတွေက ကုသမှု မလိုအပ်ပါဘူး။ လူနာအများစုကတော့ ၂၄ နာရီကနေ ၄၈ နာရီအတွင်း သူ့ဖာသာ ပြန်ကောင်းနိုင်ပါတယ်။ သင့်ကိုယ်သင် သီးခြားရောဂါခြေချုပ်ဖြင့် နေသင့် သည် သို့မဟုတ် သီးခြားအိမ်သာကို အသုံးပြုပါ။ ရောဂါပိုးများ မပြန့်နှံ့စေရန် လက်ဆေးကြောဖို့ အရေးကြီးပါတယ်။သင့်မှာ အဖျားရှိနေပြီး တိုက်ဖိုက်လိုမျိုး အန္တရာယ်ရှိတဲ့ ရောဂါမျိုးရှိနေလျှင် ပဋိဇီဝဆေးကုသမှု လိုအပ်ပါတယ်။ ရေဓါတ်ဆုံးရှူံးမှုအတွက် ရေများများသောက်သင့်ပါတယ်။ ဝမ်းလျှော်တာ သက်သာသည် အထိ Gatorade or Pedialyte အရည်တစ်မျိုးထဲ သောက်ပြီး အစားအသောက်ကို ထိန်းထားပါ။ အဲ့ဒီနောက်မှာ ပုံမှန် အစားအစာ ပြန်စားနိုင်ပါတယ်။ နို့ထွက် ပစ္စည်းတွေက ဝမ်းလျှော်တာကို ပိုဆိုးစေတာမို့ ရက်အနည်းငယ်လောက် မသောက်ပဲ နေသင့်ပါတယ်။ ဝမ်းလျှော်တာ က ဆိုးလျှင် အကြောဆေးသွင်းဖို့ လိုပါလိမ့်မယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် salmonellosis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• အသားနဲ့ ကြက်၊ငှက်တို့ကို ချက်ပြုတ်ပြီးမှ စားသုံးပါ။• အစားအစာကို သေချာ သိမ်းဆည်းပါ။ ဥပမာ အရွက်သုတ်တွေနဲ့ မယောနိစ်တွေနဲ့ကို အခန်းအပူချိန်မှာ အချိန်အကြာကြီး ထားတာမျိုးမလုပ်ရပါ။• ပိုးသတ်ထားတဲ့ နို့ကိုသာ သောက်ပါ။• ခရီးသွားလျှင် ရေသန့်ဘူးသာ ဝယ်သောက်ပါ။• Salmonella ရောဂါဖြစ်နိုင်ချေရှိတဲ့ တိရာစ္ဆန် နှင့် လူများကို ရှောင်ပါ။• ရောဂါမပြန့်ပွားစေရန် အိမ်သာတက်ပြီးတိုင်းရေဆေးပါ။• ဓါတ်ဆားပါတဲ့ ရေကို ဝမ်းလျှော်တာ ရပ်တဲ့ အထိသောက်ပါ။• ဝမ်းလျှော်တာ ရပ်သွားပြီးတဲ့နောက် ကယ်လိုရီနည်းတဲ့ အစားအသောက်တွေကိုသာ စားပါ။• သင့်မှာ ရေဓါတ်ခမ်းတဲ့ လက္ခဏာတွေ (အသားအရေ တွန့်ခြင်း၊ ခြောက်သွေ့ခြင်း၊ ဆီးနည်းခြင်း) သို့ ၄၈ နာရီကြာအောင် ဖျားနေခြင်း၊ ဝမ်းလျှောအလွန်ဆိုးခြင်း၊ အသားဝါခြင်း သို့ မျက်စိဝါခြင်းများဖြစ်နေလျှင် ဆရာဝန်ကို ခေါ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
digestive-health
digestive-health
https://hellosayarwon.com/infectious-diseases/foodborne-infections/salmonellosis-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ ။ ။
မွေးကင်းစကလေး တစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာ တကယ်ကို မလွယ်ကူပါဘူး။ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ရပြီး စကားမပြောတတ်သေးတဲ့ သူတို့အတွက် အမူအရာတွေက အသက်ပါပဲ။ ဒီထဲမှာ ကလေးငိုတဲ့ပုံ၊ ဝမ်းသွားဆီးသွားတဲ့ပုံတွေက အရေးကြီးတာပေါ့။ ဒါပေမယ့် ကိုယ့်ဘေဘီလေးကဝမ်းပျက်နေတာလား ပုံမှန်ပဲလား ဆိုတာ မသဲကွဲတဲ့မေမေတို့ရှိပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာမွေးကင်းစကလေးတစ်ယောက်က ဘယ်လိုပုံစံမျိုးဝမ်းသွားလဲဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။မေမေတိုင်းသိထားသင့်တဲ့ မွေးကင်းစကလေးတွေရဲ့ ဝမ်းသွားမှုပုံစံ ကတော့။မွေးကင်းစကလေးတွေအတွက် အနှီးတွေ ခဏခဏလျှော်ရသေးခံတွေ ခဏခဏလဲပေးရတာကို လူတိုင်းသိကြမှာပါ။ မွေးပြီးပြီးချင်းဆို ကလေးတစ်ယောက်က တစ်နေ့ကို ဝမ်း ၂ ကြိမ်လောက်ပဲ သွားတတ်ပေးမယ့် မွေးပြီး ၁ပတ်သားလောက်ဖြစ်လာတဲ့အခါမှာတော့ တစ်နေ့ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် ဝမ်းသွားပါလိမ့်မယ်။နို့တိုက်ပြီးတိုင်း ဝမ်းသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်း ၁ လပြည့်လောက်ကျမှ ဝမ်းသွားတဲ့ အကြိမ်အရေအတွက် နည်းသွားပါလိမ့်မယ်။၁ လနောက်ပိုင်းမှာတော့ဝမ်းသွားတာ ကျဲသွားတတ်ပြီး တစ်နေ့ကို တစ်ခါလောက်တောင် သွားချင်မှ သွားပါလိမ့်မယ်.။ ဒီလို အခါမျိုးကျ ကလေးဝမ်းချုပ်မချုပ်ကို သေချာသိဖို့ လိုလာပြန်ပါတယ်။မွေးကင်းစကနေ အပတ်သား လသားလေးတွေမှာသွားတဲ့ ဝမ်းက မတူနိုင်ပါဘူး၊ အရောင်လည်းကွဲနိုင်တဲ့အပြင် အပျော့အမာလည်း ကွဲဦးမှာ ဖြစ်ပါတယ်။ကလေးဖြည့်စွက်စာ စစားပြီဆိုတာနဲ့ ပြောင်းလဲလာတဲ့ ဝမ်းပုံစံကို မြင်တွေရမှာပါ။ဝမ်းပုံစံ။ဝမ်းအရောင်။မိဘတော်တော်များများက ကလေး ဝမ်းအရောင်နဲ့ ပက်သက်ပြီး တော်တော်စိုးရိမ်ကြပါတယ်။ ဒါပေမယ့် ကလေးစားတဲ့အစားအစာတွေပေါ်မူတည်ပြီးဝမ်းအရောင်က ပြောင်းသွားတတ်တာကြောင့် ခုပြောပြမယ့်ဟာလေးတွေ ဖတ်ကြည့်စေချင်ပါတယ်။မွေးကင်းစဘေဘီလေးတွေရဲ့ ဝမ်းက အမြဲပြောင်းနေတာ ဖြစ်တဲ့အတွက် ကလေးဆီမှာ ဘယ်လိုပြဿနာတွေရှိနေလဲ ဆိုတာ ပြောပြဖို့တော့ ခက်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-bowel-movement/
ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ဆိုတာ
အသက်လေးရလာတဲ့သူတိုင်းမှာ အရင်ကလောက် မဖျတ်လတ်တော့တာတော့ အမှန်ပါ။ ဒါပေမယ့် အသက်ရလာတဲ့အခါမှာ တက်တက်ကြွကြွ ဖျတ်ဖျတ်လတ်လတ်နဲ့ အိုမင်းချင်တဲ့ ဆန္ဒ (ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ဆိုတဲ့ ဆုတောင်းလေး) ရှိကြစမြဲပါ။ ဒါက ဆုတောင်းဖို့ထက် တကယ်ကတော့ အဓိက လုပ်ဆောင်ဖို့ လိုတာပါ။ကျန်းမာပျော်ရွှင်စွာ အသက်ကြီးချင်တဲ့ ဆန္ဒကို ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။အမေရိကန် ပြည်ထောင်စုက သူတွေ၊ ဂျပန်နိုင်ငံကလူတွေက အခြားနိုင်ငံတွေကသူတွေထက် အသက်ပိုရှည်ကြပါတယ်။ ဒါကြောင့်လည်း ဒီနိုင်ငံတွေမှာ အသက်အရွယ်ကြီးရင့်သူတွေ အများအပြား ရှိနေတာပါ။ တစ်နည်းအားဖြင့်ပြောရရင် လူ့သက်တမ်းရှည်တဲ့ နိုင်ငံတွေပေါ့။သူတို့တွေ သက်တမ်းရှည်တာကဘဝနေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြောင်းလဲထာထားတာကြောင့်ပါ။ အချို့သောနေထိုင်စားသောက်မှု ပုံစံတွေကို ပြောင်းလဲလိုက်တာက သက်တမ်းရှည်စေနိုင်ပါတယ်။အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာလေးကို ပြန်ဆက်ရရင် ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်းဆိုတာက အသက် ၅၀ ကျော်ပြီး လူကြီးတန်းကို ရောက်လာတဲ့ အသက်အပိုင်းအခြား အရွယ်မှာရောဂါကင်းပြီး သန်သန်မာမာ ဖျတ်ဖျတ်လတ်လတ် ရှိနေတာကို ဆိုလိုတာပါ။ရောဂါဆိုတဲ့နေရာမှာ တစ်ခါတလေသွေးတိုးတာ၊ခေါင်းကိုက်တာမျိုးကတော့ ရှိနိုင်တာပေါ့။အသေးစား ဖျားနာမှုကလွဲလို့ ကြီးကြီးမားမား ဖျားနာမှု မရှိတာကို ဆိုလိုပါတယ်။ကျန်းမာပျော်ရွှင်စွာ အသက်ကြီးဖို့ လိုက်နာရမယ့် အချက်တွေကတော့။အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေက ကွာခြားနိုင်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အာဟာရ လိုအပ်ချက် ပြည့်မီအောင်စားသောက်မှုပုံစံကို ပြောင်းလဲရပါတယ်။ ဒါကြောင့် အသက်အရွယ်ရလာတဲ့ ဖိုးဖိုးဖွားဖွားတို့ကိုအာဟာရ လိုအပ်ချက်ပြည့်မီစေဖို့အတွက် အခုလိုလေး စားသောက်မှုပုံစံကို ပြောင်းလဲ ပေးဖို့ လိုပါမယ်။လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိစေနိုင်ဖို့ ထောက်ကူပေးပြီး နာတာရှည် ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား မနေဘူး။ကိုယ်လက်လှုပ်ရှားမှုမရှိဘူးဆိုရင် ကြာလာလေလေ လှုပ်ရှားမှု နည်းလာပြီး ရောဂါတွေ ခံစားလာရနိုင်သလို ဖျတ်လတ်မှုတွေလည်း လျော့ကျလာမှာပါ။တစ်နေ့တာမှာ လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်း ပမာဏကတော့ အသက်အရွယ်အလိုက် ကွာခြားနိုင်ပါတယ်။အဝလွန်နေတာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာစွာ စားသောက်တာ၊ လေ့ကျင့်ခန်းတွေကို ပုံမှန် လုပ်တာတွေ လုပ်ဆောင်ပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ လိုပါမယ်။စိတ်ပျို ကိုယ်နုဆိုတဲ့ စကားအတိုင်း အသက်အရွယ်ကြီးတဲ့ အထိ ဖျတ်ဖျတ်လတ်လတ် တက်တက်ကြွကြွ နေနိုင်စေဖို့ဆိုရင် စိတ်ကိုလည်း တက်တက်ကြွကြွ ဖြစ်အောင် နေပါ။မှတ်ဉာဏ်ကောင်းစေမယ့်အလေ့အထလေးတွေကို မွေးမြူပါ။ အသစ်အသစ်တွေကို သင်ယူပါ။ စာဖတ်ပါ။ ဂိမ်းတွေ ကစားပေးပါ။အသက်အရွယ် ရလာတာနဲ့အမျှ စိတ်ပိုင်ဆိုင်ရာ ကျန်းမာကြံ့ခိုင်ပိုက ပိုပြီး အရေးပါလာပါတယ်။ ဒါကြောင့် နေ့စဉ် တရားထိုင်တာ၊ စိတ်အပန်းပြေစေမယ့် အလုပ်တွေ လုပ်တာ၊ ကျေးဇူးတင်စကား ဆိုတာလိုမျိုး စိတ်ကျန်းမာစေဖို့ အထောက်အကူပြုနိုင်တဲ့ အလေ့အထတွေကို လုပ်ပေးပါ။စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ မိသားစုကို ရင်ဖွင့်တိုင်ပင်တာမျိုး လုပ်ပေးပါ။ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ဆောင်တဲ့သူတွေ၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေသူတွေ၊ စိတ်အပန်းပြေစေမယ့် အလေ့အထတွေကိ မွေးမြူထားသူတွေက စိတ်ပိုင်းဆိုင်ရာ ပိုမို ကျန်းမာကြပါတယ်။ဒီလိုတွေ လုပ်ဆောင်ပေးတာက ပိုမို ပျော်ရွှင်စေပြီး တွေးခေါ်နိုင်စွမ်း ပိုကောင်းစေပါတယ်။အသက်အရွယ် ရလာတဲ့သူတွေမှ မဟုတ်ပါဘူး။ လူတိုင်းက ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီလို လုပ်ဆောင်တာက ဖြစ်လာနိုင်ခြေရှိနေတဲ့ ကျန်းမာရေး ပြဿနာတွေကို ကြိုတင် ကာကွယ်ခွင့်ရသလို ရောဂါတွေကို စောစောသိ စောစောကုသတာကြောင့် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်မှာပါ။တကယ်လို့ ဆေးလိပ်သောက်တတ်မယ်ဆိုရင် ကျန်းမာပျော်ရွှင်စွာ အသက်ကြီးနိုင်ဖို့အတွက် ဆေးလိပ်ကို ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်တာက အချို့သော ကင်ဆာတွေ ဖြစ်နိုင်ခြေကို လျှော့ချရာရောက်ပါတယ်။ နှလုံး နဲ့ အဆုတ် ထိခိုက်နိုင်ခြေကို လျှော့ချရာ ရောက်ပါတယ်။အသက်အရွယ်ရလာတဲ့အခါ ချော်လဲနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။ အသက်ရလာလို့ ချော်လဲတဲ့အခါ အရိုးတွေက ကျိုးလွယ်သလို ပြန်ဆက်ဖို့ကျ တော်တော်လေး ခက်ပါတယ်။ ဒါကြောင့် သွားတဲ့လာတဲ့အခါ သေချာလေး ဂရုစိုက်စေချင်ပါတယ်။ နေအိမ်ကိုလည်း ဘေးကင်းအောင် သေချာလေး ပြင်ဆင်ဖို့ လိုပါမယ်။အခုပြောပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာလုပ်ဆောင်ပြီး ကျန်းမာပျော်ရွှင်စွာ အသက်ကြီးလိုက်ပါ။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရယူတာ စစ်ဆေးတာတွေကို ပုံမှန်လုပ်ဆောင်တာ၊ အသက်အရွယ်နဲ့ လိုက်ဖက်မယ့် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တာ၊ အာဟာရ မျှတအောင် စားတာတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/about-healthy-aging/
မူးလဲစေတတ်တဲ့ အကြောင်းရင်း (၈) ခု
ရုတ်တရက် မူးလဲတယ်၊သတိလစ်တယ်ဆိုတာ အဖြစ်များကြပါတယ်။ ဦးနှောက်ကိုသွေးရောက်ရှိမှုနည်းတဲ့အခါ(အောက်ဆီဂျင်မလုံလောက်တဲ့အခါ) ရုတ်တရက်သတိမေ့သွားတာဖြစ်ပါတယ်။ စိတ်ထိခိုက်သွားလို့လား၊ အားနည်းသွားလို့လား၊ ဘာလို့မူးလဲရတာလဲ ဆိုတဲ့မေးခွန်းကို ဒီဆောင်းပါးက အဖြေပေးပါလိမ့်မယ်။ မူးလဲရတဲ့အကြောင်းရင်းက –။ရေလုံလောက်အောင်မသောက်ရင်၊ အရည်ဓါတ်တွေအများကြီးဆုံးရှုံးထားရရင်ရေဓါတ်ခန်းခြောက်နိုင်ပါတယ်။ ဒါဆိုသွေးပေါင်တွေကျပြီး အာရုံကြောစနစ်ကကောင်းကောင်းမထိန်းချုပ်နိုင်တော့ သတိလစ်မေ့မျောသွားနိုင်ပါတယ်။ အကောင်းဆုံးကရေကို လုံလောက်အောင်သောက်ပါ၊ အထူးသဖြင့် အပြင်မှာ အပူချိန်ပြင်းတဲ့အခါ ပိုဂရုစိုက်ပါ။ ဆီးက မကြည်ဘဲနောက်နေတယ်ဆိုရင်ရေပိုသောက်သင့်တဲ့ လက္ခဏာပါ။သွေးတွင်းသကြားဓါတ်ကျဆင်းတဲ့အခါခေါင်းမူးတာ၊ တုန်ရီတာ၊ နုံးတာ၊ အမြင်အာရုံဝေဝါးတာတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ အချိုရည် ဒါမှမဟုတ် သကြားလုံးတွေနဲ့ အမြန်ဖြေရှင်းလိုက်သင့်ပါတယ်။ မဟုတ်ရင် မူးလဲနိုင်ပါတယ်။ဆီးချိုတက်တဲ့အခါမှာလည်းမူးတတ်တာကြောင့် မူးမေ့တဲ့အခါသွေးဖိအားကိုပုံမှန်ထိန်းပေးတဲ့ အာရုံကြောတွေကိုထိခိုက်စေပါတယ်။ ဒါ့ကြောင့်မူးလဲတဲ့အခါသွေးပေါင်တအားကျသွားတာမျိုးဖြစ်စေနိုင်လို့ အန္တရာယ်ရှိပါတယ်။သွေးကျဆေးနဲ့ ဆီးချိုဆေးတွေလို သောက်သုံးနေရတဲ့ ဆေးဝါးတချို့ကြောင့်လည်း မူးလဲနိုင်ပါတယ်။ ဥပမာသွေးပေါင်ကျနေချိန်မှာသွေးကျဆေးသောက်မိတာမျိုး၊နေ့လယ်စာမစားဘဲ ဆီးချိုဆေးတွေသောက်မိတာမျိုး။ အသက်ကြီးတဲ့လူတွေမှာဆိုပိုဆိုးပါတယ်။ထိုင်နေရာကဖြစ်ဖြစ် အိပ်နေရာဖြစ်ဖြစ် ရုတ်တရက်အမြန်ထလိုက်တဲ့အခါ postural orthostatic tachycardia syndrome (POTS)လို့ခေါ်တဲ့ အခြေအနေဖြစ်စေနိုင်ပါတယ်။ မတ်တတ်ရပ်လိုက်တဲ့အခါသွေးခုန်နှုန်းပိုတိုးစေတာပဲဖြစ်ပါတယ်။ မူးနေမယ်၊ တုန်ရီမယ်၊ချွေးတွေထွက်မယ်၊ နှလုံးစည်းချက်မမှန်တော့ဘဲ မိုက်ခနဲလဲကျနိုင်ပါတယ်။ ဒီလိုဖြစ်တတ်ရင် အရည်များများသောက်၊ ကဖင်းနဲ့ အရက်တွေရှောင်၊ လှုပ်ရှားရင် ဝုန်းခနဲမလုပ်ဘဲဖြည်းဖြည်းချင်း လှုပ်ရှားသင့်ပါတယ်။နှလုံးကြွက်သားပျက်စီးခြင်း၊ သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းနဲ့ တခြားနှလုံးနဲ့ဆိုင်တဲ့ရောဂါတွေက ဦးနှောက်ကိုအောက်ဆီဂျင်ပမာဏ အလုံအလောက်မရောက်ရှိနိုင်တဲ့နေအထားတွေဖြစ်စေပါတယ်။ ဒါတွေကို နှလုံးခုန်မူမမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မောဟိုက်ခြင်းနဲ့တခြားလက္ခဏာတွေနဲ့ သတိထားမိနိုင်ပါတယ်။သွေးတွေမြင်လိုက်ရတာ၊ ရုတ်တရက်ပြင်းထန်တဲ့စိတ်ခံစားချက်(ပျော်တာ၊ဝမ်းနည်းတာ)၊ ထိတ်လန့်မှုတွေကြောင့် ခန္ဓါကိုယ်ရဲ့ လွန်ကဲတဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ဒီလိုဖြစ်ရင် နှလုံးခုန်နှုန်းကနှေးသွားပြီးခြေထောက်မှာပဲသွေးတွေရောက်နေကာ ဦးနှောက်ကို မရောက်တော့ပါဘူး။ အဲဒီအချိန်မှာ လူကအေးစက်နေမယ်၊ဖြူဖျော့နေမယ်၊ မအီမသာဝေဒနာတွေခံစားရနိုင်ပါတယ်။ ရှော့ခ်ရလို့ မူးလဲတဲ့အခါ လှဲနေပြီးခြေထောက်ကိုမြှင့်ထားပါ။အသက်ရှူမဝဘူး၊လှောင်ပိတ်နေတယ်လို့ခံစားရတဲ့အခါ ပိုပြီးမြန်မြန်အသက်ရှူဖို့ကြိုးစားပါတယ်။ အဲဒီအခါ ဦးနှောက် သွေးကြောတွေက ကျုံ့သွားပြီးအောက်ဆီဂျင်မလုံလောက်တော့ဘဲ မူးမေ့လဲတဲ့အထိဖြစ်စေနိုင်ပါတယ်။ တချို့ဆို ဘတ်စ်ကားကျပ်ရင် မူးလဲသွားတာမျိုးဖြစ်ကြပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/%e1%80%99%e1%80%b0%e1%80%b8%e1%80%9c%e1%80%b2%e1%80%85%e1%80%b1%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b/
ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး
လိပ်ခေါင်းရောဂါက ကျား၊မ မရွေးဖြစ်ပွားနိုင်ပြီး လူသိများတဲ့ ရောဂါတစ်ခုပါ။ Hemorrhoids လို့ ခေါ်တဲ့ ဒီရောဂါဖြစ်တာကို ရှက်စရာလို့ လူတစ်ချို့က ရှုမြင်တတ်ကြပါတယ်။ ရောဂါဖြစ်မှာကို ကြောက်ကြပေမယ့် ဘာကြောင့်ရောဂါဖြစ်နိုင်တယ်၊ ဘယ်လိုလက္ခဏာတွေ ပြသတတ်တယ်ဆိုတာမျိုးကိုတောင်မှ မသိချင်တတ်ကြပါဘူး။ ဒီတစ်ခေါက်တော့ ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး အကြောင်းလေး ပြောပြပေးချင်ပါတယ်။ရောဂါဖြစ်လာရင် ဆရာဝန်ကိုတင်ပါးလှန်ပြရပြီး နှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးရလေ့ရှိတယ်ဆိုတာနဲ့တင် အလွန်ရှက်စရာကောင်းတဲ့ကိစ္စလို့ ထင်မြင်ယူဆသွားကြတာပါ။တကယ်တော့ လိင်ခေါင်းရောဂါဆိုတာက စအို ဒါမှမဟုတ်အူမကြီးရဲ့ အောက်ဘက်က သွေးပြန်ကြောတွေ ရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀% လောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။ဒီတော့ အသက်ကြီးလာရင် မဖြစ်ချင်လည်း ဖြစ်နိုင်ခြေ ၅၀% ရှိတယ်ဆိုတဲ့ သဘောမျိုးပါ။ ဒီလိုဆိုရင်တော့ဖြင့် ရောဂါကိုဖြစ်စေနိုင်တဲ့ ဝေဒနာတွေကို သိရှိထားဖို့ လိုအပ်လာပါတယ်။ လိပ်ခေါင်းဖြစ်ရတာဟာ အထိုင်များတာ၊ ဝမ်းသွားရာမှာ စနစ်မကျတာနဲ့ အသက်အရွယ်တွေကြောင့်ပါပဲ။လိပ်ခေါင်းရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ရောဂါမျိုးမဟုတ်ပါဘူး။ လူ့သဘာဝအရ ဖြစ်တတ်ပေမယ့် ကူးစက်နိုင်စွမ်းလည်းမရှိပါဘူး။ ဒီအတိုင်းကျန်းမာအောင်နေရင်း အလိုလိုတောင် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးပါ။ ကုသနိုင်တဲ့ ဆေးဝါးတွေကလည်း အလွယ်တကူရရှိနေပါပြီ။ဒါပေမယ့် ကိုယ့်မှာလိပ်ခေါင်း ရှိနေမနေကိုတော့ စောလျင်စွာ သိရှိထားဖို့ လိုအပ်ပါတယ်။ ရောဂါဝေဒနာဆိုတာမျိုးက အချိန်ကြာလေလေ ပိုဆိုးရွားလေလေ ဖြစ်သွားနိုင်တယ်မဟုတ်လား။ခုဖော်ပြပေးမယ့်အချက်တွေကတော့ အဖြစ်များပြီး ရုတ်တရက် သတိမမူမိတတ်ကြတဲ့ လိပ်ခေါင်းလက္ခဏာ ၇ မျိုး အကြောင်းပါ။ ဒါတွေကတော့။စအိုဝယားယံတာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပေမယ့် လိပ်ခေါင်းဝေဒနာကြောင့် ပိုဖြစ်နိုင်ပါတယ်။ သိသိသာသာ သတိမထားမိကြပေမယ့် လိပ်ခေါင်းရောဂါသည်တွေရဲ့ အဖြစ်အများဆုံး လက္ခဏာလို့ဆိုလို့ရပါတယ်။အတွင်းလိပ်ခေါင်းသမားတွေ ကြုံရတတ်တဲ့ ပြဿနာပါ။ အတွင်းလိပ်ခေါင်းဟာ အူမကြီးအောက်ပိုင်းဝန်းကျင်မှာဖြစ်လေ့ရှိပြီးတော့ စအိုကနေတဆင့် မနာကျင်ပဲနဲ့ သွေးယိုစီးတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အတွင်းလိပ်ခေါင်းဆိုတာ သိနိုင်ပါတယ်။ကိုယ့်ရဲ့ စအိုဝကိုတော့ ကိုယ်တိုင်မမြင်တွေ့နိုင်ကြဘူးပေါ့။ ဒါပေမယ့် သန့်ရှင်းတယ်၊ မသန့်ရှင်းဘူးဆိုတာကို ကိုယ်တိုင် ခံစားမိတတ်ကြပါတယ်။ စနစ်တကျသန့်စင်ပေမယ့် သန့်စင်တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုးမရပဲ မကြာခဏညစ်ပတ်နေတယ်၊ စိုတိုတိုခံစားမိတယ်ဆိုရင်တော့ လိပ်ခေါင်းဆိုတာ သေချာပါပြီ။စအိုကနေ ယိုစိမ့်လာတဲ့ အညစ်အကြေးတွေကြောင့်အတွင်းခံတွေဟာ အမြဲတစေ စွန်းနေတာတွေ၊ အနံ့ဆိုးစွဲထင်နေတာတွေဖြစ်နေတယ်ဆိုရင် လိပ်ခေါင်းလက္ခဏာဖြစ်နိုင်ပါတယ်။ လိပ်ခေါင်းဝေဒနာရှိနေရင် စအိုဝကို ပြည့်ပြည့်ဝဝမပိတ်ထားနိုင်တာကြောင့် ခုလိုဖြစ်ရတာပါ။လိပ်ခေါင်း ဝေဒနာရှိတဲ့သူအများစုမှာ ဝမ်းမကြာခဏချုပ်တာ၊ ဒါမှမဟုတ်ကာလရှည်ဝမ်းချုပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ ဝမ်းသွားတိုင်း အားရတယ်လို့မခံစားရပဲ ဝမ်းထဲမှာ စားကြွင်းစားကျန်တွေ ရှိနေသေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရနေတာပါပဲ။စအိုထိပ်ဝနေရာ ပတ်ပတ်လည်မှာ ရောင်ရမ်းတာ၊ နာကျင်နေတာမျိုးတွေ ဖြစ်လာခဲ့ရင်လည်း လိပ်ခေါင်းလက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဒီလိုလက္ခဏာမျိုးက ဘဝတစ်လျှောက်လုံး အိမ်သာကို အကြာကြီးတက်တာမျိုး၊ အိမ်သာတက်ချင်စိတ်ကို ချုပ်တည်းထားတာမျိုး မကြာခပြုလုပ်တတ်သူတွေမှာ အဖြစ်များပါတယ်။စအိုနဲ့ အနီးအနားမှာ အသားပိုတွေ ထွက်လာရင်တော့ လိပ်ခေါင်းဆိုတာ သေချာနေပါပြီ။ တချို့က ဒီလက္ခဏာမျိုးကို အရေပြားရောဂါတစ်စုံတစ်ရာအဖြစ် အမှတ်မှားတတ်ကြပါတယ်။ တကယ်တမ်းက လိပ်ခေါင်းရောဂါရဲ့ လူသိနည်းတဲ့ လက္ခဏာတစ်ရပ်သာဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/7-subtle-signs-youve-had-hemorrhoids/
လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ
အသက်အရွယ် ရလာတဲ့အခါနှလုံး နဲ့ နှလုံးသွေးကြောတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ တော်တော်များများ ပြောင်းလဲမှုတွေက အသက်အရွယ်ကြောင့် ဖြစ်လာတာဆိုပေမယ့် အချို့သောအချက်တွေကြောင့် နှလုံးကျန်းမာရေး အခြေအနေတွေက ပိုဆိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မကုသဘဲ ထားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာတော့မှာပါ။ ဒီတစ်ခေါက်တော့ လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကို ပြောပြပေးချင်ပါတယ်။နှလုံးက သန်မာတဲ့ ကြွက်သားဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ဆီကို သွေးတွေညှစ်ထုတ်ပြီး ပေးပို့ပေးနေတဲ့ အစိတ်အပိုင်းပါ။ ပုံမှန်အားဖြင့်တော့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ နှလုံးဟာ လက်သီးဆုပ်အရွယ်လောက်ပဲ ရှိပါတယ်။မြင်သာအောင် ပြောပြရရင်နှလုံးက ကားတစ်စီးရဲ့ အင်ဂျင်လိုပါပဲ။ အင်ဂျင်က ကားရွှေ့လျား မောင်းနှင်နိုင်အောင် လုပ်ဆောင်ပေးသလို နှလုံးက ခန္ဓာကိုယ် လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။နှလုံးမှာ အပိုင်း ၂ ခု ပါရှိပါတယ်။ အထက်ပိုင်းမှာ သွေးပြန်ခန်း နဲ့ အောက်ဘက်ပိုင်းမှာ သွေးလွှတ်ခန်း ပါရှိပါတယ်။ ညာဘက်ခြမ်းက သွေးတွေကို အဆုတ်ဆီ ညှစ်ထုတ်ပြီး အောက်ဆီဂျင် ရရှိနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။  ဘယ်ဘက်ခြမ်းကတော့ အဆုတ်ဆီကနေ အောက်ဆီဂျင်ကြွယ်ဝတဲ့ သွေးတွေကိုရယူပြီး သွေးကြောတွေကနေတဆင့် ခန္ဓာကိုယ်အနှံ့ကို ပို့ဆောင်ပေးပါတယ်။နှလုံးမှာ ရှိတဲ့ electrical system ကနှလုံးစည်းချက်နဲ့ သွေးခုန်နှုန်းကို ထိန်းညှိပေးပြီး နှလုံးက အခန်းတွေရဲ့ ကျုံ့ဆန့်မှုကို  စည်းချက်ညီ လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။အသက် ၆၅ နှစ်ကျော်လာတဲ့အခါ အသက်ငယ်စဉ်ကထက်ရုတ်တရက် နှလုံးရပ်နိုင်ခြေက ပိုများလာပါတယ်။ လေဖြတ်နိုင်ခြေ များလာသလို၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ နှလုံး စွမ်းဆောင်ရည် ကျဆင်းလာတာလိုမျိုး နှလုံးရောဂါတွေ ခံစားရနိုင်ခြေ ပိုများလာပါတယ်။နှလုံးရောဂါက သက်ကြီးပိုင်း အများစုကို မသန်စွမ်း ဖြစ်စေတဲ့ အကြောင်းအရင်း ဖြစ်သလို လှုပ်ရှားနိုင်စွမ်းကိုရော ရှင်သန်မှုကိုပါ ထိခိုက်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။အသက်အရွယ်ရလာတဲ့အခါ နှလုံး နဲ့ သွေးကြောတွေက ပြောင်းလဲတာပါတယ်။ ဥပမာ – ပြောပြရရင် ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးချိန်တွေ နဲ့ စိတ်ဖိစီးတဲ့ အခါမျိုးတွေမှာ နှလုံးခုန်နှုန်းက ငယ်ငယ်ကလောက် မမြန်တော့ပါဘူး။ ဆိုလိုတာက ခန္ဓာကိုယ်က လိုတာကို နှလုံးက လိုက်မလုပ်ပေးနိုင်တော့တာပါ။ တစ်မိနစ်အတွင်း ရှိသင့်တဲ့ နှလုံးခုန်နှုန်းကတော့ သိသိသာသာ ပြောင်းလဲတာမျိုး မရှိပါဘူး။အသက်အရွယ်အလိုက် နှလုံးကျန်းမာရေး ပြောင်းလဲမှုတွေက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အကြောင်းအရင်းပါ။ အသက်ကြီးလာချိန်မှာ နှလုံးထိခိုက်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်း တစ်ခု ရှိပါသေးတယ်။ ဒါကတော့ သွေးကြောတွေနဲ့ နံရံတွေမှာ နှစ်ရှည်လများ စုပုံလာခဲ့တဲ့ အဆီတွေ အနယ်အနှစ်တွေကြောင့်နှလုံးသွေးကြောတွေ ကျဉ်းလာပြီး နှလုံးရောဂါ ဖြစ်ရတာပါ။နှလုံးရောဂါ အဖြစ်များစေတဲ့ အကြောင်းအရင်းကတော့ သွေးကြောတွေထဲမှာ အဆီအနှစ်တွေ စုပုံပြီး ကာလရှည်ကြာ အနယ်ထိုင်လာတာကြောင့်ပါ။  နှလုံးသွေးကြောတွေက နှလုံးအပြင်ဘက်ကနေ ဝန်းရံထားပြီးနှလုံးကြွက်သားတွေဆီကို အာဟာဓာတ်တွေ နဲ့ အောက်ဆီဂျင်တွေ ပါဝင်နေတဲ့ သွေးတွေ ထောက်ပံ့ပေးပါတယ်။သွေးကြောတွေထဲမှာ အနယ်အနှစ်တွေ များလာပြီး သွေးကြောတွေ ကျဉ်းလာတဲ့အခါ သွေးစီးဆင်းမှု နည်းသွားပြီး နှလုံးဆီ အောက်ဆီဂျင် ရောက်ရှိမှုလည်း နည်းသွားမှာပါ။ ဒါ့အပြင် သွေးကြောနံရံမှာ ကပ်နေတဲ့ အနယ်တွေက ရုတ်တရက် ကြွေကျပြီး သွေးကြောထဲမှာ ပိတ်ဆို့သွားမယ်ဆိုရင် ရင်ဘတ်အောင့်တာ ဒါမှမဟုတ် ရုတ်တရက် နှလုံးရပ်တာမျိုး ခံစားရနိုင်ပါတယ်။နှလုံးကြွက်သားတွေကအောက်ဆီဂျင်နဲ့ သွေးတွင်းက အာဟာရဓာတ်တွေကို လုံလုံလောက်လောက် မရရှိတဲ့အခါ နှလုံးကြွက်သားတွေ အားနည်းတာ၊ သေဆုံးတာတွေ ဖြစ်လာပြီး နှလုံးရဲ့ သွေးညှစ်ထုတ်နိုင်စွမ်း ကျဆင်းလာပြီး ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိမှု နည်းသွားနိုင်ပါတယ်။လူကြီးတွေမှာ အဖြစ်များတဲ့ နှလုံးကျန်းမာရေး အခြေအနေများ ကတော့။ဒါတွေအပြင်။နှလုံးရောဂါက တစ်ခါတလေ စဖြစ်စမှာ လက္ခဏာ လုံးဝမပြတာမျိုး ရှိသလို အနည်းအကျဉ်းလောက်ပဲ တွေ့ရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ပုံမှန်လေး စစ်ဆေးတာကတော့ အကောင်းဆုံးပါ။အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နှလုံးရောဂါ ခံစားနေရတာပါ။[embed-health-tool-bmi]
healthy-aging
healthy-aging
https://hellosayarwon.com/healthy-aging/common-aging-conditions/common-heart-problems-in-elderly/
ကဖိန်းပါတဲ့ အရည်များဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား
ရေဟာ သက်ရှိတို့အတွက် မရှိမဖြစ် ဇီဝဓာတ်ဖြစ်ပါတယ်။အာဟာရဓာတ်များ ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အဆစ်များကို ချောမွေ့စေခြင်း၊ ကိုယ်ခန္ဓာအပူချိန်မျှတစေခြင်း စတဲ့ အကျိုးကျေးဇူးများ ပေးစွမ်းပါတယ်။ယနေ့အခါမှာကဖိန်းပါဝင်တဲ့ အရည်များကို သောက်သုံးလာခြင်းဟာ လူကြိုက်များတဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့်စွမ်းအင်ဖြည့် အချိုရည်တွေ ဖြစ်ပါတယ်။ ကဖိန်းဟာ အသင့်အတင့် သုံးစွဲရင် စိတ်ချရပေမယ့် တချို့ကတော့ ရေငတ်စေပြီး ကျန်းမာရေးနဲ့ မညီညွတ်စေဘူးလို့ ငြင်းခုန်ကြပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကဖိန်းပါတဲ့ အရည်တွေအကြောင်းနဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံပဲ ဖြစ်ပါတယ်။ကဖိန်းအရည်ဆိုတာ ကဖိန်းဓာတ်ကို ထည့်သွင်းထားတဲ့ အဖျော်ရည်မျိုးစုံဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်ပေးပြီး ခန္ဓာကိုယ်ရဲ့ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ ဂုဏ်သတ္တိရှိပါတယ်။ကဖိန်းဓာတ်ကိုကော်ဖီစေ့၊ လက်ဖက်ရွက်၊ ကိုကိုးစေ့၊ ကိုလာစေ့၊ ဂွာရာနာဘယ်ရီ စသဖြင့် အပင်တွေကနေ သဘာဝအလျောက် တွေ့ရှိရပါတယ်။ ဓာတုဗေဒနည်းအနေနဲ့လည်း ယူရီးယားနဲ့ ကလိုရိုအက်ဆစ်တစ်အက်ဆစ် စတာတွေကနေ ထုတ်လုပ်ပြီး သဘာဝကဖိန်းဓာတ်နဲ့ အလားတူ အစွမ်းသတ္တိရှိပါတယ်။ကဖိန်းအရည်မှာ သဘာဝအလျောက် ဒါမှမဟုတ် ထုတ်လုပ်ထားတဲ့ ကဖိန်းဓာတ်အပြင်သကြားဓာတ်နဲ့ ကယ်လိုရီတွေ ပါဝင်ပါတယ်။ ကဖိန်းပါဝင်နှုန်းကလည်း ၃၄ – ၁၂၅ မီလီဂရမ်ထိ ရှိပါတယ်။ သံဗူး၊ ပုလင်း စတာတွေနဲ့ ရောင်းချနေတဲ့ အရည်ပမာဏကတော့ ၁၂-၁၆.၉ အောင်စထိ ပါဝင်ပါတယ်။ အောက်ပါ အရည်အမျိုးအစားနဲ့ ကဖိန်းဓာတ်ပါဝင်မှုနှုန်း ဖြစ်ပါတယ်။– ကော်ဖီ။ တစ်ခွက်လျှင် ၉၆ မီလီဂရမ် (၂၄၀ မီလီလီတာ)။– ပုံမှန်အားဖြည့်အချိုရည်။ တစ်ခွက်လျှင် ၇၂ မီလီဂရမ် (၂၄၀ မီလီလီတာ)။– Green Tea။ တခွစ်က်လျှင် ၂၉ မီလီဂရမ် (၂၄၀ မီလီလီတာ)။– အချိုရည်။ တစ်ဘူးလျှင် ၃၄ မီလီဂရမ်။ကဖိန်းနဲ့ ပတ်သက်ရင် ယနေ့တိုင် အပြင်းပွားစရာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ သွေးပေါင်ချိန်တက်လာစေခြင်း၊ အရည်ဓာတ်ခမ်းခြောက်စေခြင်းနဲ့ တုန်ခြင်း၊ ဂနာမငြိမ်ခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် အဆိုပါဘေးထွက်ဆိုးကျိုးတွေဟာ အများအပြား သုံးစွဲမှ ဒါမှမဟုတ် သောက်သုံးနေကြမဟုတ်သူတွေ သောက်သုံးချိန်မှာ ကြုံတတ်တာ ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကဖိန်းဓာတ် ၄၀၀ မီလီဂရမ်ကို စိတ်ချဘေးကင်းစွာ သုံးစွဲနိုင်ကြောင်း သိရပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆိုရင်တော့ တစ်နေ့ကို ၂၀၀ မီလီဂရမ်ထက်ကျော်ပြီး မသုံးစွဲသင့်ဘူးလို့ ဆိုပါတယ်။ စိတ်ပူပန်တတ်သူတွေ၊ အစာမကြေလေချဉ်တက်သူတွေနဲ့ အသည်း၊ ကျောက်ကပ်ပြဿနာရှိသူများအနေနဲ့လည်း ကဖိန်းသောက်သုံးမှုကို လျှော့ချသင့်ပါတယ်။ကဖိန်းဓာတ်ဟာ သင့်တော်တဲ့ အချိုးအဆနဲ့ သုံးစွဲရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများပါတယ်။ ဥပမာအားဖြင့် လေ့ကျင့်ခန်းဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကိစ္စများ၊ နာကျင်မှုသက်သာစေခြင်း စတဲ့အာနိသင်တွေ ရှိတယ်လို့ ဆိုပါတယ်။ ကော်ဖီကို စနစ်တကျသောက်သုံးရင် နှလုံးနဲ့ ကင်ဆာရောဂါတချို့ကို ကာကွယ်နိုင်ကြောင်းလည်း ဆိုထားပါတယ်။တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် (၆၄ အောင်စ သို့မဟုတ် ၁.၉ လီတာ) အနည်းဆုံး သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ရေလိုအပ်ချက်ဟာ သင်ဘယ်ဒေသမှာ နေထိုင်သလဲ၊ ဘယ်လိုလှုပ်ရှားနေသလဲ၊စားသောက်ပုံ၊ ကိုယ်ခန္ဓာအရွယ်အစား၊ အသက်အရွယ် စတာတွေပေါ် မူတည်ပြီး ပြောင်းလဲမှု ရှိနိုင်ပါတယ်။ တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေကနေ ရေဓာတ်ကို ၂၀%ရရှိပြီး ၈၀%ကိုတော့ ရေသောက်ခြင်းအပြင် နေ့စဉ် သောက်သုံးတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ဖျော်ရည်၊ အချိုရည် စတာတွေကလည်း ရရှိပါတယ်။ကဖိန်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊လက်ဖက်ရည်၊ ဖျော်ရည် စတာတွေဟာ လူသားတို့ နေ့စဉ် သောက်သုံးနေကြဖြစ်ပါတယ်။တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း အလွန်အကျွံမဖြစ်အောင် သတိပြုသောက်သုံးသွားရင် ကျန်းမာရေးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%96%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%80/
မျက်ကွင်းညိုနေရင် ဒီလို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလိုက်ပါ။
မှန်ထဲကြည့်လိုက်ရင်မျက်ကွင်းညိုလို့ အသက်ကြီးတဲ့ရုပ်ပေါက်နေပြီး စိတ်ညစ်နေပြီလား။ အပြင်သွားခါနီး မျက်လုံးအောက်ကို မိတ်ကပ်တွေ ဖို့နေရလို့ အလုပ်ပိုတယ်ဆိုပြီး စိတ်ရှုပ်နေပြီလား။ သူများတွေရဲ့ မျက်လုံးပြည့်ပြည့်တောက်တောက်လေးတွေကို အားကျနေပြီလား။ ဒါတွေလုပ်ကြည့်ပါ။ညိုနေတဲ့မျက်ကွင်းြပဿနာကို ဖြေရှင်းဖို့ သဘာဝနည်းလမ်းများ။ညိုနေတဲ့ မျက်ကွင်းပြဿနာကို ဖြေရှင်းချင်တယ်၊ ဓါတုပစ္စည်းတွေလည်း မသုံးချင်ဘူး ပိုက်ဆံ အကုန်အကျလည်း မများချင်တဲ့သူတွေအတွက် ငွေကုန်လည်းသက်သာ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိတဲ့ သဘာဝနည်းလေတွေ ပြောပြပေးချင်ပါတယ်။အုန်းဆီမှာပါဝင်တဲ့ဗီတာမင် Eနဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေက ပျက်စီးနေတဲ့မျက်လုံးအောက်က အသားအရေကို ပြန်အားဖြည့်ပေးနိုင်မှာပါ။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်ရှိစေတဲ့အတွက် မျက်လုံးအိတ်ဖောင်းခြင်းကိုလည်း သက်သာစေမှာပါ။လုပ်ရမယ့်နည်းကတော့ အိပ်ခါနီး မျက်လုံးအောက်မှာ သဘာဝအုန်းဆီလေးလိမ်းပြီး မနက်ကျမှ မျက်နှာပြန်သစ်ပါ။မျက်လုံးနဲ့ ပက်သက်လာရင် မျက်လုံးအေးစေဖို့၊ ေညာင်းနေတဲ့ မျက်လုံးတွေ အကြောပြေစေဖို့၊ မျက်ကွင်းညိုခြင်းကို ြေ့ဖရှင်းဖို့နဲ့ မျက်လုံးတစ်ဝိုက်ရေဓါတ်ပြန်ဖြည့်ပေးတဲ့ နေရာမှာ သခွားသီးလောက် ဆရာကျတဲ့သူမရှိပါဘူး။လုပ်ရမယ့် နည်းကတော့ သခွားသီး ပါးပါးလေးတွေလှီးပြီး ရေခဲသေတ္တာထဲ နာရီဝက်လောက်ထည့်ထားပြီး။ ပြီးရင် မျက်လုံးပေါ် ၁၅ မိနစ်လောက် ကပ်ပေးပါ။ အေးတဲ့အထိအတွေ့ကြောင့် မျက်လုံးဖောင်းတာ၊ ညောင်းနေတာတွေ သက်သာစေမယ့်အပြင်ရေဓါတ်ကိုလည်း ပြန်ဖြည့်ပေးဦးမှာပါ။နွားနို့မှာပါဝင်တဲ့Lactic acidက မျက်ကွင်းညိုတဲ့ ပြဿနာတွေနဲ့ မျက်လုံးအောက် ဖောင်းတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ။လုပ်ရမယ့်နည်းကတော့တိုနာသုံးဂွမ်းဖတ်လေးတွေမှာ နွားနို့အေးလေးကို စွတ်ပြီး မျက်လုံးပေါ် ၁၅ မိနစ်လောက်ကပ်ပေးပါ။ ပြီးရင်ရေပြန်ဆေးချပါ။မဲပြီးညိုညစ်နေတဲ့ အသားအရေတွေကို ပြန်ဝင်းလာအောင်လုပ်ပေးတဲ့နေရာမှာခရမ်းချဉ်သီးက ဆရာတစ်ဆူပါ။ အရောင်ချွတ်တဲ့ အာနိသင်ရှိတာကြောင့် မျက်လုံးအောက်ပိုင်းမှာ ဖြစ်နေတဲ မျက်ကွင်းညိုတာ မျက်ကွင်းမဲတာတွေကို သူက သက်သာစေမှာ အသေအချာပါ။လုပ်ရမယ့် နည်းကတော့ ခရမ်းချဉ်သီး ပါးပါးလေးလှီးပြီး မျက်လုံးမှာ ကပ်လို့ရသလို ခရမ်းချဉ်သီး အရည် လက်ဖက်ရည်စွန်း တစ်ဇွန်းနဲ့သံပရာရည်လက်ဖက်ရည်စွန်း တစ်ဝက်ကိုရောပြီး မျက်လုံးအောက်မှာ လိမ်းပေးလို့ရပါတယ်။ မိနစ် အနည်းငယ်လောက်ထားပြီး ရေပြန်ဆေးချပါ။ ဒီနည်းကို တစ်ပတ် ၂ ကြိမ်လောက် လုပ်ပေးပါ။လက်ဖက်ခြောက်အိတ်လေးတွေက မျက်လုံးအောက်ပိုင်းကမျက်အိတ်ဖောင်း နေတာ၊ မျက်ကွင်းညိုနေတာတွေအတွက် အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ အရာတွေပါ။လက်ဖက်ရည်ဖျော်ပြီးကျန်ခဲ့တဲ့လက်ဖက်ခြောက်အိတ်လေးတွေကို ဘူးသန့်သန့်လေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာထည့်ထားပါ။ မိနစ် ၂၀ လောက်ကြာတဲ့အချိန်ကျရင် အိတ်လေးတွေကိုပြန်ထုတ်ပြီး ကျန်နေတဲ့အရည်တွေကို ညှစ်ချပါ။ ပြီးရင် လက်ဖက်ခြောက်အိတ်လေးကို မျက်လုံးပေါ် နာရီဝက်လောက်တင်ထားပါ။အာလူးမှာရှိတဲ့ အရောင်ချွတ်ခြင်း အစွမ်းအာနိသင်က မျက်ကွင်းညိုတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ အသေအချာပါ။လုပ်ရမယ့်နည်းက လွယ်လွယ်ပေးပါ။ အာလူးလေးတွေကို ပါးပါးလှီးပြီး မျက်လုံးအောက်ပိုင်းမှာ ကပ်ထားပေးလိုက်ရုံပါပဲ။ဒါတွေကတော့ အကုန်အကျလည်းသက်သာ၊ လုပ်ရတာလည်း လွယ်ကူ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိတဲ့ မျက်ကွင်းညိုတာကို သက်သာစေတဲ့နည်းလေးတွေပါ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%80%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%8a%e1%80%ad%e1%80%b3%e1%80%b1%e1%80%94%e1%80%9b%e1%80%84%e1%80%b9-%e1%80%92%e1%80%ae%e1%80%9c%e1%80%ad%e1%80%af/
အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့
အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့ က ဘာတွေများ ဖြစ်မလဲ!။ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သလို ခန္ဓါကိုယ်ရဲ့ ခံတပ်ဆိုလည်း ဟုတ်တဲ့အရေပြားကျန်းမာမှ ခန္ဓါကိုယ်လည်း လှပကျန်းမာမှာအသေအချာပါနော်။ ဒီလောက်ညွှန်းနေရအောင် အရေပြားက ဘာများလုပ်ပေးနေလို့လဲလို့ဆိုပြီး အတွေးဖြစ်မိနေရင် ဒီဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါနော်။ခန္ဓါကိုယ်ကိုနေရာလပ်မကျန်ဖုံးအုပ်ထားတဲ့ အပေါ်ယံအရေပြားလွှာက ခန္ဓါကိုယ်ကို အခုလိုစောင့်ရှောက်ပေးပါတယ်။အရေပြားကျန်းမာစေဖို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်အချို့ ကတော့ –။နေရောင်ကနေ ကာကွယ်ပေးပါ။နေရောင်ခြည်က ဗီတာမင် D ကို ပေးစွမ်းပေမယ့် ခရမ်းလွန်ရောင်ခြည် ပါဝင်မှုကြောင့် အသားအရေကို ထိခိုက်နိုင်ပါသေးတယ်။နေရောင်ကို တိုက်ရိုက်ထိတွေ့မှုက အရေးအကြောင်းတွေ၊ အမဲစက်တွေနဲ့ အရေပြားကင်ဆာ အပါအဝင် အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေစဉ် နေလောင်ကာခရင်မ် လူးပေးဖို့ မမေ့ပါနဲ့။ အပြင်သွားတိုင်း အင်္ကျီလက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုးလုပ်ပေးပါ။ရေချိုးချိန်ကို ကန့်သတ်ပါ။ရေအကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကို မလိုအပ်ဘဲ ဖယ်ရှားသလို ဖြစ်တာကြောင့် အရေပြားခြောက်သွေ့တာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေကို အချိန်အကြာကြီး ချိုးတာ၊ ရေနွေးနဲ့ရေချိုးတာတွေကို မလုပ်သင့်ပါဘူး။ဆပ်ပြာအပြင်းစားတွေ မသုံးပါနဲ့။ဆပ်ပြာအပြင်းစားတွေ အသုံးပြုတာက အသားအရေကို ခြောက်သွေ့ထိခိုက်နိုင်ခြေများစေပါတယ်။ ဒါကြောင့် အသားအရေအတွက် ဆပ်ပြာ သုံးမယ်ဆိုရင် အရမ်းပြင်းတာ၊ အနံ့ပြင်းတာနဲ့ အရောင်တောက်တာမျိုးကို မရွေးပါနဲ့။ရေခြောက်အောင်သုတ်ပါ။ရေချိုးပြီးရင်ဖြစ်ဖြစ်၊ လက်ဆေးပြီးရင်ဖြစ်ဖြစ်၊ခြေထောက်ဆေးပြီးရင်ဖြစ်ဖြစ် ရေခြောက်အောင်သုတ်ပေးပါ။ ရေခြောက်အောင် မသုတ်တာက အရေပြားကို အစိုဓါတ်လျော့စေပြီး အသားအရေ ခြောက်သွေ့နိုင်ခြေ ပိုများစေနိုင်ပါတယ်။အစိုဓါတ်ထိန်းပါ။အရေပြားကို အစိုဓါတ်ထိန်းတာကလည်း ကျန်းမာရေးကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့်အရေပြားကို အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခုလူးဖို့ မမေ့ပါနဲ့။ကျန်းမာရေးနဲ့ညီညွတ်အောင်စားပေးပါ။အသားအရေကျန်းမာစေဖို့အတွက်သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ အဆီပါဝင်မှုနည်းတဲ့အသားတွေစားပေးပါ။ အဆီပါဝင်မှုများတဲ့ ပင်လယ်ငါးတွေစားပေးပါ။ရေများများသောက်ပေးပါ။စိတ်ဖိစီးမှုကိုဖြေလျော့ပါ။စိတ်ဖိစီးမှု များလွန်းတာက အသားအရေကို ထိခိုက်စေနိုင်သလိုဝက်ခြံတွေ၊ အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြား ကျန်းမာစေဖို့အတွက် ဖြစ်နိုင်သမျှ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့လိုပါမယ်။ ဒါကြောင့် သီချင်း နားထောင်တာ၊တရားထိုင်တာနဲ့ပေါ့ပေါ့ပါးပါး လုပ်လို့ရတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/reasons-you-should-take-care-of-your-skin/
လိပ်ခေါင်းရောဂါ (Hemorrhoids)
လိပ်ခေါင်းရောဂါ(Hemorrhoids )ဆိုသည်မှာ စအို သို့မဟုတ် အူမကြီး၏ အနှောင်းပိုင်း အောက်ဘက် အနီးရှိသွေးပြန်ကြောများ ရောင်ရမ်းခြင်းဖြစ်သည်။ အူမကြီး နောက်ဆုံးအပိုင်း သို့မဟုတ် စအိုဝပတ်လည်တွင် ဖြစ်ပွားနိုင်ပါသည်။ ၎င်းသည် ဝမ်းသွားရာတွင် အားစိုက်၍ ညစ်ခြင်းကြောင့် ဖြစ်ပွားနိုင်ပါသည်။ လိပ်ခေါင်းရောဂါသည် ဖြစ်ပွားရာနေရာပေါ် မူတည်၍ အမျိုးအစား ကွဲပြားပါသည်။လိပ်ခေါင်းရောဂါသည် များသောအားဖြင့် မပြင်းထန်ပါ။ ကူးစက်ခြင်းလည်း မဖြစ်နိုင်ပါ။  သူ့အလိုလို  သို့မဟုတ် ဆေးသောက်ခြင်းဖြင့် အလွယ်တကူ ကုသနိုင်ပါ သည်။လိပ်ခေါင်းရောဂါသည် အလွန်အဖြစ်များပါသည်။ အသက် ၅၀ အရွယ်များကို လေ့လာချက်အရ တစ်ဝက်နီးပါး တွင် လိပ်ခေါင်းဖြစ်ပွားမှုရှိကြောင်း တွေ့ရသည်။ လိပ်ခေါင်းရောဂါသည် အမျိုးသားများရော အမျိုးသမီးများတွင်ပါ ဖြစ်ပွားနိုင်သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ရက်ရှည်ဝမ်းချုပ်ခြင်းသို့မဟုတ် ဝမ်းလျှောခြင်းဖြစ်သော လူနာများတွင် ပို၍ အဖြစ်များပါသည်။လိင်ခေါင်းရောဂါရဲ့ အဖြစ်များသော ရောဂါလက္ခဏာ များမှာ။နာကျင်မှုအများစုသည် အပြင်လိင်ခေါင်းရောဂါတွင် ဖြစ်ပွားတတ်ပါသည်။ အတွင်းလိပ်ခေါင်းရောဂါသည် များသောအားဖြင့် နာကျင်မှုကို မဖြစ်စေပါ။အောက်ပါတို့မှ တစ်ခုခုဖြစ်ပွားပါက ဆရာဝန်အား အကြောင်းကြားပါ။လိင်ခေါင်းသည် ပြင်းထန်သောရောဂါ၏ လက္ခဏာတစ်ခု ဖြစ်နေနိုင်သည်။ ဒါကြောင့် မသက်သာဘူးဆိုရင် ဆရာဝန်နှင့် စစ်ဆေးမှုခံယူရန် အရေးကြီး ပါသည်။လိင်ခေါင်းရောဂါသည် အူမကြီးမှ သွေးပြန်ကြောများ ဖိအားများခြင်းကြောင့် ရောင်ရမ်းလာခြင်းဖြစ်သည်။ ထိုဖိအားကို တက်စေသော အချက်များမှာ-။လိင်ခေါင်းရောဂါ ဖြစ်နိုင်ခြေကို မြင့်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-။သင့်တော်သော ရောဂါအဖြေ ရရှိရန်အတွက် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။လိင်ခေါင်းရောဂါ အချို့သည် သူ့အလိုလို သက်သာသွားနိုင်ပါသည်။ သို့သော် အချို့ လိပ်ခေါင်းများသည် ကုသမှုခံယူရန် လိုအပ်ပါသည်။ ထိုကုသမှု နည်းလမ်းများမှာ-။အောက်ပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် လိင်ခေါင်းရောဂါကို မြန်မြန်သက်သာစေနိုင်ပါသည်။လိပ်ခေါင်းရောဂါ သည် များသောအားဖြင့် အန္တရာယ်မရှိပါ။ နေထိုင်စားသောက်ပုံပြောင်းလဲပြီး ပုံမှန်အတိုင်း သောက်ဆေး၊ လိမ်းဆေးများနဲ့ အလွယ်တကူသက်သာနိုင်ပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/hemorrhoids-explained/
ကင်ဆာ ဆိုတိုင်း သေရမှာလား။ အထိရောက်ဆုံး ကုထုံးတွေ ရှိနေပါပြီ။
ကင်ဆာ ဖြစ်နေပြီ လို့ပြောလိုက်တာနဲ့ စိတ်ထဲ ဂိတ်ဆုံးတွေးမိတတ်ကြတာ အနည်းနဲ့ အများ ပါပဲ။ သေမိန့်ကျလိုက်သလိုလို၊ မျှော်လင့်ချက်မရှိတော့ဘူး၊ ကုလို့မရတော့ဘူး လို့ တွေးထင်ပြီး စိတ်ဓာတ်ကျ မသွားပါနဲ့။ ကင်ဆာနဲ့ ပတ်သက်တဲ့ အထူးကုသမှုတွေ ရှိနေပါပြီ။ကင်ဆာရောဂါတိုင်းက သေစေနိုင်မှာ မဟုတ်ပါဘူး။ ကုသလို့ ရနိုင်ပါတယ်။ ရောဂါကို စောစောတွေ့ရှိလေ ရောဂါသက်သာပြီး သက်တမ်းစေ့နေရနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ကင်ဆာရှိ၊ မရှိ အစောပိုင်းအဆင့်မှာ စစ်ဆေးတွေ့ရှိခဲ့ရင် ရွေးချယ်စရာ ကုသမှုတွေ ပိုများပါတယ်။ ဥပမာ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ စတာတွေမှာ သူများတန်းတူ သက်တမ်းစေ့ နေနိုင်စေမယ့် ကင်ဆာအထူးကုသမှုတွေ ရှိနေပါပြီ။ဒီနေ့ခေတ်မှာ နည်းပညာ အဆင့်မြင့်လာတာမို့ ကုသနည်းတွေကလည်း ပိုကောင်းလာတာပေါ့။ အဖြစ်များတဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေအတွက် ဒီလို ရွေးချယ်စရာ ကုသမှုတွေ ရှိနေတာ သင်သိထားပြီးပြီလား –။နောက်ဆုံးပေါ် ကင်ဆာ ကုထုံးများ။ကင်ဆာ ရောဂါအတွက် အဓိကကုသနည်းတွေက ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) နဲ့ ဓာတ်ရောင်ခြည်ပေးကုသခြင်း (Radiotherapy) နဲ့ ခွဲစိတ်ကုသခြင်း တို့ဖြစ်ပါတယ်။ ဆေးပညာကုထုံးတွေ အဆင့်မြင့်လာတာနဲ့အမျှ လူနာကို ထိခိုက်မှု၊ ဘေးထွက်ဆိုးကျိုး၊ နာကျင်မှုနည်းနိုင်သမျှနည်းပြီး အကျိုးရလဒ်ကောင်းနိုင်သမျှ ကောင်းစေမယ့် နောက်ဆုံးပေါ် ကင်ဆာကုသမှုအမျိုးအစားတွေ ပေါ်ပေါက်လာပါတယ်။ကင်ဆာဆေးသွင်းကုသခြင်း။ဓာတ်ရောင်ခြည်ပေးကုသခြင်း။ခွဲစိတ်ကုသခြင်း။ကင်ဆာက နုလည်း နုသေးတယ်၊ အရွယ်လည်း သေးတယ်ဆိုရင် ခွဲစိတ်ပြီး အပြီးဖယ်ရှားတဲ့ နည်းလမ်းရှိပါတယ်။ ကုသမှုနည်းပညာတွေ တိုးတက်လာတဲ့အခါ သမားရိုးကျ ခွဲစိတ်ကုသမှုတွေထက် မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း (အပေါက်ငယ်မှတဆင့် ခွဲစိတ်ကုသခြင်း) နည်းလမ်းကို ပိုမို အသုံးပြုလာကြပါတယ်။ ဒါဟာ ကင်ဆာကုထုံးတွေထဲ နောက်ဆုံးပေါ်ကုသမှုတစ်မျိုးလည်း ဖြစ်ပါတယ်။ဒီခွဲစိတ်ကုသမှုဟာ ဘေးထွက်ဆိုးကျိုးတွေ နည်းပါးတဲ့ အပြင် သမားရိုးကျ အကြီးစားခွဲစိတ်မှုတွေထက် အမာရွတ်လည်း သေးငယ်လွန်းပါတယ်။ စင်တီမီတာ ဝက် (သို့မဟုတ်) တစ်စင်တီမီတာ အပေါက်ငယ်လေးများမှ တဆင့် အထူးပြုလုပ်ထားတဲ့ ကိရိယာ အသေးလေးများကို အသုံးပြုပြီး ခွဲစိတ်ရတာမို့ သမာရိုးကျ ခွဲစိတ်မှုတွေထက် စာရင် ပိုသေးငယ်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ဒါ့ကြောင့်ပဲ နာကျင်မှု ပိုနည်းပါးသလို ပိုပြီးမြန်မြန် ပြန်လည် သက်သာကျန်းမာလာနိုင်တဲ့အတွက် လူနာအနေနဲ့ နေ့စဉ်ပုံမှန် ဘဝကို အမြန်ဆုံးပြန်လည် ရရှိနိုင်ပါတယ်။ ကင်ဆာရောဂါတွေအတွက် ဒီကုထုံးတွေကို Mount Elizabeth ဆေးရုံကြီးမှာ ခံယူရရှိနိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%b1%e1%80%99%e1%80%9a%e1%80%b7%e1%80%ba%e1%80%9b%e1%80%b1/
Body Lotion ရွေးတော့မယ်ဆိုရင်
ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းကို ဂရုစိုက်ဖို့များမေ့နေလား Hello ဆရာဝန်ပရိသတ်ကြီးရေ…. ဒါဆိုရင်တော့ အခုပဲ စဂရုစိုက်လိုက်တော့နော်။အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သလို ကိုယ်တွင်းကိုရောဂါပိုးတွေဝင်မလာအောင်လည်း အကောင်းဆုံးတားဆီးပေးတဲ့အရာပေါ့။ နောက်ပြီးတော့ အလှတရားကို တိုးစေတဲ့ အရာတစ်ခုဆိုလည်း ဟုတ်ပါတယ်။ ကဲ..ဒီတော့ မစောင့်ရှောက်သင့်ပေဘူးလား………….။အရေပြားကို စောင့်ရှောက်တော့မယ်ဆိုရင် မဖြစ်မနေသတိထားရမယ့် တစ်ချက်က Body Lotion လူးဖို့ပါ။ လေဒီတော်တော်များများကမျက်နှာအသားအရေကို ဂရုစိုက်တတ်ကြပေမယ့် ခန္ဓာကိုယ် အသားအရေကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ မျက်နှာအသားအရေလိုပဲ ခန္ဓာကိုယ် အသားအရေကလည်း အရေးကြီးပါတယ်။ အသားအရေကို သေချာလေးဂရုစိုက်ဖို့အတွက်က အသားအရေနဲ့လိုက်ဖက်မယ့်Body Lotionကို သေချာလေးရွေးဖို့လည်း လိုပါမယ်။ Body Lotionတွေက များပေမယ့် အာသးအရေနဲ့လိုက်ဖက်အောင်ရွေးတတ်ဖို့ကတော့ ခက်ပါတယ်။ ဒါကြောင့် အသားအရေနဲ့လိုက်ဖက်အောင် ဘယ်အချက်တွေဂရုစိုက်ရမလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်လား…….။အရင်ဆုံးအသားအရေကို ဆန်းစစ်ရပါမယ်။ ခန္ဓာကိုယ်အသားအရေကို အားလုံးအတူတူပဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အရေပြားအသားအရေက မျက်နှာ အသားအရေလိုပဲ အမျိုးအစားကွဲပြားပါတယ်။အရေပြားအမျိုးအစား ဆန်းစစ်ရအောင်။ခြောက်သွေ့တဲ့ အသားအရေ– ဒါကတော့ အသားအရေက အမြဲလိုလိုခြောက်ကပ်ကပ်ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေမှာ အရေပြားက အဖက်ကလေးတွေလန်တာမျိုးတောင်ရှိနိုင်ပါတယ်။ မျိုးရိုးကြောင့်၊ ပတ်ဝန်းကျင်က ထိတွေ့နေတဲ့အရာတွေကြောင့်၊နေထိုင်စားသောက်မှုပုံစံကြောင့်၊ဟော်မုန်းအပြောင်းအလဲကြောင့်၊ ရာသီဥတုအခြေအနေတွေကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။ အဆီပါဝင်နေတဲ့ Body Lotion အမျိုးအစားကအဆင်ပြေဆုံးဖြစ်မှာပါ။ဆဲလ်သေတွေခဏခဏဖယ်ရှားတာမျိုးက အဆင်မပြေနိုင်ပါဘူး။ပုံမှန် (ဒါမှမဟုတ်)ပေါင်းစပ်အသားအရေ– အသားအရေက အဆီထွက်တယ်ဆိုပေမယ့်ခြေထောက်တွေ၊လက်တွေခြောက်တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်ဆဲလ်သေတွေဖယ်ရှားပေးတာက အကောင်းဆုံးသော အသားအရေထိန်းသိမ်းမှုပါ။ အဆီများတဲ့ Body Lotion ကတော့ သိပ်အဆင်မပြေလှပါဘူး။ ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် ထိခိုက်နိုင်ခြေရှိနေတဲ့ အသားအရေအမျိုးအစားတစ်ခုပေါ့။အဆီပြန်တဲ့အသားအရေ– ဒါကတော့ ပုံမှန်ထက်ခြေဆီလက်ဆီတွေထွက်နိုင်ပါတယ်။ အသားအရေက အခြားအမျိုးအစာတွေထက် စိုပြည်နေနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဝက်ခြံဖြစ်နိုင်ခြေတော်တော်လေးများတဲ့ အသားအရေပေါ့။ ဒါကြောင့် အဆီပါဝင်မှုနည်းပြီးရေဓာတ်ဖြည့်ပေးနိုင်တာမျိုးရွေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးနိုင်လေ အသားအရေကျန်းမာလေလေပါ။ထိခိုက်လွယ်တဲ့အသားအရေ– ပတ်ဝန်းကျင်က အရာတွေကြောင့်ထိခိုနိုင်ခြေအများဆုံးဖြစ်သလို အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးတဲ့အခါမှာလည်းသေချာလေးဂရုစိုက်ရမယ့် အသားအရေအမျိုးပေါ့။ သဘာဝပစ္စည်းတွေကို အခြေခံထုတ်ထားတဲ့ Body Lotion မျိုးကိုရွေးသင့်ပါတယ်။ လက်ခုံပေါ်မှာ အရင်စမ်းကြည့်ပြီး အဆင်ပြေမှ လူးသင့်ပါတယ်။ နီးမြန်းလာမယ်၊ ယာယံလာမယ်ဆိုရင်တော့ မတည့်ဘူးဆိုတာပြောနေစရာတောင်မလိုအောင်ပါ။အသင့်တော်ဆုံးဖြစ်မယ့် Body Lotionရွေးကြမယ်။ဒီနေရာမှာ သတိထားရမှာတစ်ချက်က အသားအရေအမျိုးအစားကို အရင်သိအောင်လုပ်ဖို့ပါ။ပြီးရင်တော့ အညွှန်းစဖတ်လို့ရပြီပေါ့။ တစ်ခါတလေမှာ ရာသီဥတုကြောင့် အသားအရေအမျိုးအစားကို အတိအကျမှန်းရခက်နေတာမျိုးလည်းရှိနိုင်တာကြောင့်သေချာလေးသတိထားစေချင်ပါတယ်နော်။ အရမ်းအေးတဲ့ ရာသီဥတုအခြေအနေမျိုးမှာတော့ အဆီပါတဲ့ Body Lotion ကအဆင်ပြေဆုံးဖြစ်မှာပါ။နေ့တိုင်းလည်း Body Lotion ကိုမှန်မှန်လူးပေးဖို့လိုပါမယ်။ တစ်နေ့ကိုမနက်ခင်းအပြင်မသွားခင်တစ်ကြိမ်နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်လူးပေးရင်ကို အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးဖြည့်ပေးနိုင်မှာပါ။ Body Lotion လူးတဲ့အခါခြေထောက်၊ခြေဖနောင့်နဲ့ လက်ဖဝါးတွေကိုမေ့ထားလို့ မဖြစ်ပါဘူး။နောက်ဆုံးသတိထားရမယ့်အချက်က အရေပြားဆရာဝန်တွေဆီကနေထောက်ခံချက်ရရှိထားလားဆိုတာနဲ့ အရောင်နဲ့ အနံ့မပြင်းတာကိုအသားအရေပိုင်ရှင်တိုင်း သတိထားသင့်တဲ့ အချက်ပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-to-choose-body-lotion/
ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။
မှန်ထဲကြည့်လိုက်တဲ့အချိန်မျက်လုံးအောက်က မည်းမည်း အချိုင့်တွေကြော့င် ရှိရင်းစွဲ အသက်ထက် ပိုကြီးနေသယောင် ထင်ကြရတယ်ဟုတ်။ သူများတွေကို ကြည့်လိုက်ရင် မျက်လုံးလေးတွေ တောက်တောက် ပြည့်ပြည့်လေးတွေ။ ကိုယ့်ကျမှ ဘာကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ။ ။ဘာ့ကြောင့် မျက်ကွင်းတွေညိုနေရတာလဲ ….. Panda eyes, Raccoon eyes , eyes rings ဆိုပြီး အမျိုးမျိုးခေါ်ကြတဲ့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့။( ၁ ) အိပ်ရေးမဝလို့ပါ။လူတိုင်းသိပါတယ်။အိပ်ရေးမဝတဲ့ရက်တွေများလာရင်မျက်ကွင်းညိုတတ်တယ်ဆိုတာကို။ ဒါက မျက်ကွင်းညိုတာ ၊မျက်တွင်းချိုင့်တာကို အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ အိပ်ရေးမဝလို့ မျက်ကွင်းညိုတာကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသော အဖြေကအိပ်ချိန်လုံလောက်စွာ အိပ်စက်ဖို့ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး အိပ်ချိန် ၇ နာရီရှိပါစေ။ အိပ်ခါနီးဖုန်းသုံးတာ ၊ကဖင်းဓာတ်များတာတွေသောက်တာမျိုးကို အဓိက ရှောင်ကြဉ်ပါ။( ၂ ) အာဟာရချို့တဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဗီတာမင်တွေထဲမှာဆိုဗီတာမင် Kချို့တဲ့တဲ့သူ အများစုက မျက်ကွင်းညိုတဲ့ ပြဿနာကိုခံစားရတတ်ပါတယ်။ ဒါကြောင့်ဗီတာမင် Kကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ကိုက်လန်၊ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊ ငါး၊ အသားအမျိုးမျိုးနဲ့ ဥတွေကို မျှတအောင်စားပေးပါ။ ဗီတာမင် Kပါ တဲ့ Eye cream တွေဝယ်သုံးလို့လည်း ရပါတယ်။( ၃ )ဆေးလိပ်အရက်သောက်တဲ့သူတွေ ။ဆေးလိပ်တို့ အရက်တို့ဆိုတာ လူကို ရှိရင်းစွဲ အသက်ထက်ပိုရင့်သွားစေတဲ့တရားခံတွေပါ။ ကိုယ့်မှာ အစောတည်းကမျက်ကွင်းညိုတဲ့ ပြဿနာရှိရင် ညိုနေတဲ့ မျက်ကွင်းကို ပိုဆိုးသွားစေတတ်တဲ့အပြင် ဘာကောင်းကျိုးမှ မရှိတာကြောင့် ဆေးလိပ် အရက်ကို ဖြတ်ဖို့ ကြိုးစားသ့င်ပါတယ်။( ၄ ) နှာစေး နှာပိတ်ဖြစ်ခြင်း ။နှာစေးနှာပိတ်တဲ့အခါ sinuses လို့ခေါ်တဲ့ နှာခေါင်းတွင်းပိုင်းရှိ အခန်းလေးတွေနဲ့ မျက်လုံးကိုသွားတဲ့ သွေးပြန်ကြောတွေ ပိတ်သွားတာကြောင့် မျက်ကွင်းညိုတဲ့ ပြဿနာတွေ ပိုဖြစ်တတ်ပါတယ်။ ခုလို မိုးရာသီဆို၊ အမှုန်အမွှားများတဲ့ ဆောင်းတွင်းလိုရာသီတွေမှာ ဓာတ်မတည့်တဲ့ပြဿာနာတွေ ပိုဆိုးတတ်တာကြောင့် နှာစေးနှာပိတ်ရာကနေ မျက်ကွင်းညိုတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။( ၅ ) အသက်ကြီးလာခြင်း။အသက်ကြီးလာတဲ့အခါ ရေဓာတ်တွေခမ်းခြောက်လာပြီး အရေပြားတွေ ပါးကုန်တာကြောင့် သွေးကြောတွေ ပိုထင်းလာပြီး မျက်ကွင်းညိုသွားတတ်ပါတယ်။ ဒါကိုသက်သာစေဖို့ဆို အသက်ကြီးတဲ့သူတွေအတွက်ထုတ်ထားတဲ့ eye cream တွေသုံးပေးလို့ရပါတယ်။( ၆ ) နေပူထဲ အသွားများတဲ့ သူတွေ။နေရောင်ထဲကခရမ်းလွန်ရောင်ခြည်တွေက အသားအရေတွေကို မည်းစေတယ်ဆိုတော့ နုနယ်တဲ့မျက်လုံးအောက်က အရေပြားလေးတွေဆို ပိုဆိုးတာပေါ့။ ဒါ့ကြောင့် နေပူထဲ သွားတိုင်း နေကာမျက်မှန်ဆောင်သွားဖို့ လိုအပ်ပါတယ်။( ၇ ) မျိုးရိုးဗီဇကြောင့်ပါ။ကိုယ့်မျိုးရိုးကိုတည်းက မျက်ကွင်းညိုတတ်တဲ့ သူတွေဖြစ်ခဲ့ရင် ကိုယ်မှာလည်း ဒီ မျိုးရိုးဗီဇပါလာမှာ ဖြစ်ပါတယ်။ ဒီလို မျိုးရိုးကြောင့် ဖြစ်တာဆိုရင်တော့ ဘာမှလုပ်ဖို့ မတတ်နိုင်ပေမယ့် ညိုနေတဲ့ ကိုယ့်မျက်လုံးလေးတွေကို ကွန်စီလာ(concealer) မိတ်ကပ်နဲ့ ဖုံးကွယ်ပေးလို့တော့ ရပါတယ်။( ၈) ကိုယ်သောက်နေတဲ့ဆေးတွေ။ကိုယ်ဝန်တားဆေးသောက်ဆေးတွေက သွေးကြောတွေကိုကျယ်စေတဲ့ အာနိသင်ရှိတာကြောင့် သူတို့ကလည်း မျက်ကွင်းညိုစေတဲ့ တရားခံတွေကတစ်ခုပါ။ လူတိုင်းတော့ မဖြစ်ပေမယ့် သူ့ကြောင့် မျက်ကွင်းညိုတဲ့သူတွေလည်း မနည်းပါဘူး။ဒါတွေကတော့ မျက်ကွင်းညိုခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေပါ။ ဒီထဲက တချို့အကြောင်းအရင်းတွေကို ပြောင်းလဲလို့မရပေမယ့် ဖြစ်နေတဲ့ မျက်ကွင်းညိုတဲ့ ပြဿနာကို လျော့ပါးအောင် ဖြေရှင်းလို့တော့ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/undereye-darkening/
ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။
တချို့ မိသားစုတွေ ရှိပါတယ်။ ဖေဖေ မေမေတို့က ကားမမူးတတ်ဘူး။ သားသားမီးမီးလေးတွေ ကျမှကားမူးတတ်နေတော့ ခရီးသွားဖို့ အဆင်မပြေ။ မသွားမဖြစ်လို့ ခေါ်သွားပြန် ရင်လည်း ကားပေါ်မှာ ကလေးတွေက မူးပြီးအန်၊ တစ်ချိန်လုံး ဂျီကျပြီး ငိုနဲ့ ကားပေါ်ပါလာတဲ့ သူတွေ ဝိုင်းနှာခေါင်းရှုံ့တာ ခံရမယ့် အပြင် ခရီးစဉ် တစ်လျှောက်လုံး တစ်ချက်မှ နားရမှာကို မဟုတ်ဘူးနော်။ ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အောက်က အချက်တွေကို လိုက်နာကြည့်ပါနော်။ကားမူးတယ် ဆိုတာ ကိုယ်ခန္ဓာက လှုပ်ရှားမှုကိုဦးနှောက်ဆီ ပေးတဲ့ အခါ မျက်လုံးက ပေးပို့တဲ့ အချက်ပြစနစ်၊ နားအတွင်းက ပေးပို့တဲ့ အချက်ပြစနစ်တို့ မညီမျှလို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒီတော့ ဒီစနစ်ကို ပြန်ထိန်းနိုင်မှာ ကားမူးတာ သက်သာမှာ ဖြစ်ပါတယ်။ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်နေပြီ ဆိုရင်တော့ ဒီအချက်လေးကို ပြင်ဆင်လိုက်ပါ။အစား များရင် ပြန်အန်ချင်သလို ဘာမှ မစားထားတဲ့ ဗိုက်ဟောင်းလောင်း ကလည်းမူးဝေပျို့အန်ခြင်းကို ပိုဖြစ်စေဦးမှာပါ။ ဒီတော့ သင့်တင့်တဲ့ ပမာဏ ကလေးကို ကျွေးဖို့ လိုအပ်ပါတယ်။ဒီနည်းလမ်းလေးတွေနဲ့ဆိုရင် ကိုယ့်ကလေးက ကားမူးတတ်လို့ ခရီးသွားရမှာ စိတ်ညစ်ဖို့ မလိုတော့ပါဘူး။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/neurological-diseases/motion-sickness-child/
Cholecystitis (သည်းခြေအိတ်ရောင်ခြင်း )
Cholecystitis (သည်းခြေအိတ်ရောင်ခြင်း ) အကြောင်း လေ့လာလိုက်ရအောင်လား။သည်းခြေအိတ်သည် အသည်း၏အောက်တွင် ရှိသော အိတ်အသေးတစ်ခု ဖြစ်ပါသည်။ အသည်းမှ ထုတ်လုပ်လိုက် သော သည်းခြေရည်ကို သိမ်းဆည်းပေးပြီး အစာစား သောအခါ သည်းခြေရည်များကို အူများဆီသို့ ပို့ပေးပါသည်။ သည်းခြေရည်သည် အစာတွင်းမှ အဆီများကို ချေဖျက်ရန် ကူညီပေးပါသည်။ သည်းခြေအိတ်ရောင်ခြင်းကို သည်းခြေ အိတ်ရောဂါဟုလည်း ခေါ်ပါသည်။ သည်းခြေအိတ်ရောင် ခြင်းသည် များသောအားဖြင့် သည်းခြေအိတ်မှ သည်းခြေ ရည်များကို အူသို့သယ်ယူသော ပြွန်တွင် သည်းခြေကျောက် များ ပိတ်ဆို့သောကြောင့် ဖြစ်ပါသည်။သည်းခြေအိတ်ရောင်ခြင်းသည် အဖြစ်များပါသည်။ အ မျိုးသားများထက် အမျိုးသမီးများတွင် ပို၍ဖြစ်ပွားပါသည်။ အသက်ကြီးသောသူများတွင် ပို၍ဖြစ်ပွားပါသည်။ သည်းခြေ အိတ်ကြောင့် မဟုတ်သော သည်းခြေအိတ်ရောင် ရောဂါ သည် အမျိုးသားများတွင် ပို၍ဖြစ်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။သည်းခြေအိတ်ရောင်ခြင်း၏ အဖြစ်များသော ရောဂါ လက္ခဏာများမှာ ဝမ်းဗိုက် အပေါ်ညာဖက်ခြမ်းတွင် နာကျင် ခြင်း ကြွက်တက်ခြင်းတို့ ဖြစ်ပါသည်။ အခြား ခန္ဓါကိုယ် အစိတ်အပိုင်းများကိုလည်း ထိခိုက်စေပါသည်။ အခြား ရောဂါ လက္ခဏာများမှာ-။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ။ ပြင်းထန်စွာ အစာအိမ်အောင့်ပြီး မလှုပ် ရှားနိုင်ပါက ဆရာဝန်ကို အမြန်ခေါ်ခိုင်းပါ။သည်းခြေအိတ်ရောင်ခြင်းသည်သည်းခြေကျောက်ကြောင့် ဖြစ်ပွားပါသည်။ သည်းခြေရည်ပြုလုပ်ရာ နှင့် သည်း ခြေအိတ်တွင် သိမ်းဆည်းရာတွင် ပြဿနာ ဖြစ်သောကြောင့် လည်းဖြစ်နိုင်ပါသည်။ အခြားအမျိုးအစားမှာ ကျောက်မရှိဘဲ ရောင်ခြင်း ဖြစ်သည်။ အခြား ဖြစ်စေသော အကြောင်းအရင်း များမှာ သွေးနီဥများ တံစဉ်ပုံကဲ့သို့ ဖြစ်သောရောဂါ၊ ရောဂါပိုး ကူးစက်မှုများ နှင့်ဆီးချိုသွေးချိုတို့ ဖြစ်ပါသည်။ ကျောက် မရှိဘဲ ရောင်ခြင်းသည် အသက်ကြီးသူများ၊ အလွန်ဖျားနာ သူများနှင့် အိပ်ယာထဲလှဲနေရသော အသက်ကြီးသူများတွင် တွေ့ရပါသည်။သည်းခြေအိတ်ရောင်ခြင်းကို မြင့်စေသော အချက်များ မှာ သည်းခြေကျောက် ဖြစ်စေသော အချက်များပင် ဖြစ်သည်။ အသက်၊ အမျိုးသမီးဖြစ်မှု၊ အချို့လူမျိုးအုပ်စုများ (ဥပမာ- ဒေသခံအမေရိကန်)၊ အဝလွန်ခြင်း၊ အစာငတ်ခံ ခြင်း၊ အဆီများသော အစားအစာများ၊ ကိုယ်အလေးချိန် ကျလွန်းခြင်း တက်လွန်းခြင်း၊ ဆေးများ နှင့် ကိုယ်ဝန် တို့ ပါဝင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း နှင့် ဆေးစစ်ခြင်း တို့ပြုလုပ်ပြီး ရောဂါအဖြေရှာနိုင်ပါသည်။ ဓါတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း နှင့် ultrasonography များလုပ်၍ ရောဂါ အဖြေကို အတည်ပြုနိုင်ပါသည်။ Ultrasonography ရလဒ် သည် မရှင်းလင်းပါက အထူး ဓါတ်မှန်ရိုက်ခြင်း (HIDA scan) လုပ်ကြည့်ပါ။သည်းခြေအိတ်နှင့် သည်းခြေကျောက်ကို ခွဲစိတ်ကုသ ခြင်းဖြင့် ဖယ်ထုတ်ပစ်နိုင်ပါသည်။ အသေးစား ခွဲစိတ်၍ ဖယ်ထုတ်ခြင်း နည်းလမ်းကို အသုံးပြုကြ ပါသည်။ ထိုနည်း သည် ပြန်လည်ကောင်းမွန်ရန် မြန်ဆန်ပြီး ဆေးရုံ ရောက်ရောက်ချင်း ခွဲစိတ်ကုသနိုင်ပါသည်။ အသေးစား ခွဲစိတ်ခြင်းဖြင့် ဖယ်ထုတ်ခြင်းတွင် ခွဲစိတ်ဆရာဝန်သည် ဝမ်းဗိုက်တွင် သေးငယ်သော လှီးဖြတ်ရာ လေးခု ပြုလုပ်ပါ သည်။ ခွဲစိတ်ဆရာဝန်သည် ကိရိယာများဖြင့် ထိုလှီးဖြတ်ရာ များမှ သည်းခြေအိတ်ကို ဖယ်ထုတ်ပါသည်။အသေးစား ခွဲစိတ်၍ဖယ်ရှားခြင်းကို ပြုလုပ်မရပါက ဆေးရုံကြာကြာတက်ရန် လိုသော စံပြု ထားသော ခွဲစိတ်မှု ဖြင့် ပြုလုပ်နိုင်သည်။ သည်းခြေအိတ်အား ဖယ်ထုတ်ခြင်း သည် ပုံမှန်ဘဝကို ထိခိုက်ခြင်း မရှိပါ။ တစ်ခါတစ်ရံတွင် သည်းခြေအိတ် ဖယ်ထုတ်ပြီး ၆-၁၂ လကြာပြီးနောက် အဆီ များသော အစားအစာများစားပြီးအစာမကြေခြင်း ဖြစ် တတ်ပါသည်။ကျောက်ပျော်စေရန် ဆေးသောက်ခြင်း ပြုနိုင်ပါသည်။ သို့သော် ထိုဆေးများသည် ကျောက်ပျော်ရန် လများ နှစ်များ ကြာနိုင်သောကြောင့် အသုံးပြုခဲပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် သည်းခြေအိတ် ရောင်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် သည်းခြေအိတ် ရောင်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/cholecystitis-explained/
သင့်အမျိုးသမီး ယောဂလုပ်နေစဉ် မပြောသင့်သည့်စကားများ
ကျန်းမာရေးအကျိုးကျေးဇူး များသောကြောင့် ယောဂကို အမျိုးသမီးများက ရွေးချယ်ကြသည်။ ယောဂသည် ခန္ဓါကိုယ် အနေအထားပုံစံများ၊ ထိန်းချုပ်အသက်ရှုခြင်းနှင့် တရားမှတ်ခြင်းတို့မှ ကိုယ်၊ စိတ်၊ ဝိဉာည် သုံးပါးစလုံးအား ဆက်သွယ်ပေးနိုင်၏။သို့သော် အစပိုင်းတွင် ကိုယ်ဟန်ပုံစံများသည် အလွန်ခက်သောကြောင့် သင့်အမျိုးသမီးသည် မကျေမနပ်ဖြစ်နေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် သင်၏အားပေးမှုကို လိုအပ်တတ်၏။ ထို့ကြောင့် သူမကို ပိုဆိုးဝါးသွားစေမည့် စကားများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ယခုမှယောဂလုပ်မည်သူများသည် တစ်ရက်တည်းနှင့် ကျွမ်းကျင်အဆင့် မရောက်နိုင်ပါ။ သူမ၏အမျိုးသားဖြစ်သည်နှင့်အညီ သင်ဖက်ကလည်း “ဒီလောက်လွယ်တာကို ဘာလို့မလုပ်နိုင်ရန်တာလဲ” “အရမ်းခက်တယ် ယောဂနဲ့မင်းနဲ့ မသင့်တော်ဘူးထင်တယ်” စသည့် အပျက်ဆန်ဆန်စကားများကို ရှောင်ပါ။ ထိုစကားများသည် သူမကို မချစ်ကြောင်း နာကျင်စေကြောင်း ခံစားသွားစေပြီး သင့်ကိုစိတ်ဆိုးသွားပါလိမ့်မည်။သင့်အမျိုးသမီးမှ ယောဂလုပ်ရန်ရွေးချယ်လိုက်ပြီဆိုပါက သူမ၏ခေါင်းထဲတွင် ပန်းတိုင်ကို သတ်မှတ်ပြီးသားပင်။ ကိုယ်အလေးချိန် ကျချင်တာမျိုး သို့မဟုတ် ပိုပြီး ပျော့ပြောင်းလိုခြင်း သို့မဟုတ် ဒီတိုင်းကျန်းမာရေးကောင်းလိုခြင်းသာ ဖြစ်မည်။ တစ်ခါတစ်ရံတွင် သူမအတွက်ခက်ခဲလွန်သောကြောင့် မရနိုင်သည့် ရည်မှန်းချက်မျိုးကို သင်တွေ့ရနိုင်သည်။သို့သော်လည်း တွေ့သည်နှင့် သင့်အမျိုးသမီးအတွက် အထောက်အကူမရစေသည့် စကားများကို ပြောရမည်ဟုမဆိုလိုပါ။ သူမကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်သင့်ကြောင်း လေ့ကျင့်ခန်းပုံစံများကို အဆင့်မြှင့်သင့်ကြောင်းတို့ကိုသာ အကြံပြုပေးပြီး သူမကိုဂရုစိုက်ကြောင်းသိနိုင်မည့် မေးခွန်းများကိုသာ မေးပေးပါ။ သူမအတွက် တခြားအရာများထက် သင့်စကားက ပိုပြီး စိတ်တက်ကြွစေနိုင်ပါသည်။သင့်အမျိုးသမီး ယောဂလုပ်နေခြင်းကို အကူအညီပေးလိုပါက သူမကို ဖိအားများများမပေးမိဖို့ ဂရုစိုက်သင့်ပါသည်။ သူမလေ့ကျင့်နေသည့် အခြေအနေနှင့်ပါတ်သတ်ပြီး နှောက်ယှက်နေပါက သူမအတွက် ဖိစီးမှုပိုများလာနိုင်ပါသည်။ ဇွတ်တွန်းတတ်သည့်သူများကို ဘယ်သူမှမကြိုက်ပါ။ အထူးသဖြင့် ယောဂလုပ်ပြီးနောက် ပင်ပန်းနေသည့်အခါမျိုးတွင် ပိုတောင်မကြိုက်ပါ။အမျိုးသမီးများသည် အလုပ်၊ ကလေး၊ အိမ်အလုပ်စသည့် အလုပ်ပေါင်းများစွာကို တာဝန်ယူထားရ၏။ ယောဂလုပ်ပြီးနောက် သူမပင်ပန်းနေပါလိမ့်မည်။ အထူးသဖြင့် ခုမှစလုပ်သူဆို ပိုဆိုး၏။ သူမ၏ဖိစီးမှုများ လျော့ကျသွားစေရန်အတွက် ပန်းကန်ဆေးပေးထားတာမျိုး အဝတ်ကူလျှော်တာမျိုး လုပ်ပေးနိုင်ပါသည်။ ဘာလို့အလုပ်မပြီးသေးတာလဲဟု မမေးပါနှင့်။ သူမအတွက် ဖိအားများစေပြီး စိတ်ဖိစီးမှုများ ပိုလာစေနိုင်ပါသည်။ကိုယ်မသိသော အသစ်အဆန်းတစ်ခုကို စလုပ်ရာတွင် ခက်ခဲပါသည်။ ထူးခြားသော ကိုယ်ဟန်ပုံစံတစ်ခုအား သူမ အောင်မြင်သွားပါက သင့်ကို မျှဝေခံစားချင်ပါလိမ့်မည်။ သူမ အောင်မြင်ခဲ့ပုံကို ပြောပြနေစဉ်တွင် အသံတိတ်နေတာမျိုး အထင်သေးတာမျိုး မလုပ်ပါနှင့်။ သင်ပါပျော်ရွှင်ရကြောင်း အရေးစိုက်ကြောင်းကို ပြသပေးပါ။ သူမ၏အားစိုက်မှုသည် သင့်ကိုပါပျော်ရွှင်စေကြောင်း သိသွားပါက ပိုပိုပြီးလုပ်ချင်လာကာ စိတ်ဓါတ်တက်ကြွလာပါလိမ့်မည်။ယောဂစလုပ်ရသည်မှာ မလွယ်ကူသော်လည်း သူမအတွက် အောင်မြင်မှုများကိုတော့ ရစေနိုင်မည်ဖြစ်သည်။ သင်ရော သင့်အမျိုးသမီးတို့သည် စဉ်းစားကြည့်လျှင် အဖွဲ့တစ်ခုဖြစ်သည်။ သင်၏အားပေးမှုကို သူမလိုအပ်၏။ အထက်ပါအချက်များကို လိုက်နာပြီး သင့်မေတ္တာ၊ ဂရုစိုက်မှုတို့ကို ပြသလိုက်ပါ။ သူမတစ်ဦးတည်း လုပ်နေတာမဟုတ်ကြောင်း သဘောပေါက်အောင် ပြသလိုက်ပါ။ ထို့မှ သင့်ပါတနာကို စိတ်ဓါတ်တက်ကြွစေပြီး သင်တို့နှစ်ဦးကြား ဆက်ဆံရေးကိုပါ ခိုင်မြဲပါစေလိမ့်မည်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8-%e1%80%b1%e1%80%9a%e1%80%ac%e1%80%82%e1%80%9c%e1%80%af%e1%80%95%e1%80%b9/
ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား
ထမင်းစားပြီး ရေမချိုးနဲ့နော်။ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ လိမ့်မယ်တဲ့။ ငယ်ငယ်တည်းက ကြားခဲ့ရတဲ့ သတိပေးစကား။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့ ရှေးထုံးမပယ် အစဉ်အလာအရ ယုံကြည်နေကြဆဲပါ။ ဟုတ်ရဲ့လား လို့ တွေးမိခဲ့ပေမယ့် ရေဖျဉ်းဗိုက်ပူပူကြီး ကို မြင်ယောင်ပြီး တကယ်လို့ဟုတ်နေခဲ့ရင် ဆိုတဲ့ ကြောက်စိတ် နဲ့ လိုက်နာခဲ့ကြတာပါပဲ။ ဒီလိုဆိုတော့ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ ဟုတ်လား ဆိုတာကို ကြည့်လိုက်ရအောင်နော်။တကယ်တော့ ရေဖျဉ်းဆိုတာ အပြင်က ရေတွေ ဗိုက်ထဲဝင်သွားတာ မဟုတ်ပါဘူး။ ဝမ်းဗိုက်အတွင်းက အမြှေးပါး နှစ်လွှာကြားမှာ အရည်တွေ စုလာတာဖြစ်ပါတယ်။ အရည်ပမာဏ အနည်းငယ်ပဲဆို ပုံမှန် ဖြစ်ပေမယ့် အသည်းက ပုံမှန် အလုပ်မလုပ်တဲ့အခါ အရည်တွေ စုလာတတ်ပါတယ်။အများစုကအသည်းအရွတ်ဖြစ်ခြင်းကြောင့် ရေဖျဉ်းစွဲတတ်ပါတယ်။ အသည်းခြောက်တဲ့အခါ အသည်းရဲ့ သွေးကြောတွေ အတွင်းမှာ ဖိအားဖြစ်စေရာကနေ ဗိုက်ထဲမှာ အရည်တွေ စုပုံစေတာ ဖြစ်ပါတယ်။ ရေဖျဉ်းဖြစ်စေတဲ့ အသည်းထိခိုက်မှုတွေထဲမှာ အသည်းခြောက်ခြင်း၊ အသည်းရောင် ဘီ နဲ့ စီရောဂါတွေနဲ့ အရက်သောက်ခြင်းတို့ အဓိက ပါဝင်ပါတယ်။ရေဖျဉ်းဖြစ်နိုင်ခြေ များစေတဲ့ တခြားအကြောင်းရင်းတွေကတော့ –။ရေဖျဉ်း ဖြစ်လာစေတဲ့ အကြောင်းရင်းကို မူတည်ပြီး ရေဖျဉ်း လက္ခဏာတွေက ရုတ်တရက်လည်း ပေါ်လာနိုင်သလို တဖြည်းဖြည်းချင်းလည်း ပေါ်လာနိုင်ပါတယ်။ လက္ခဏာတွေက အမြဲတော့ အရေးပေါ် အခြေအနေ မဖြစ်နေပေမယ့် အောက်ပါအချက်တွေ ဖြစ်လာရင် ဆရာဝန် ချက်ချင်း ပြသင့်ပါတယ် –။အမှန်က အစားစားပြီးရေချိုးလိုက်တဲ့အခါ အစာကို ချေဖျက်ဖို့ လုပ်ဆောင်ချက်မှာ နှေးသွားစေပါတယ်။ အစာမကြေမှာ စိုးတဲ့အတွက် ရှေးလူကြီးတွေက ရေဖျဉ်းကို ဆွဲထည့်ပြီး ဖြဲခြောက်လိုက်ပုံ ရပါတယ်။ အစားစားပြီး ရေချိုးလိုက်ရင်ပဲ ဗိုက်ကြီးပွပြီး ရေဖျဉ်းဖြစ်လာတော့မလို ကြောက်စိတ်ကြောင့် ချက်ချင်း ရေမချိုးတော့ပါဘူး။ တချို့သူတွေမှာ ရေချိုးလိုက်ရင် ‌အအေးဓာတ်ကြောင့် အစာအိမ်ကို သွေးရောက်တာ နည်းသွားပြီး အစာမကြေတာမျိုး ဖြစ်တတ်ပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတဲ့ အဖြေမှန်ကို ခုလောက်ဆိုရင် သိသွားလောက်ပါပြီ။ ထမင်းစားပြီးရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ် ဆိုတာ မဟုတ်ပါဘူး။ ရေဖျဉ်းဆွဲတာ ရေချိုးတာနဲ့ မဆိုင်ဘဲ ရောဂါကြောင့်သာ ဖြစ်ပါတယ်။ ထမင်းစားပြီး ရေချိုးလို့ရလားဆိုတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်က မတူတာကြောင့် ထမင်းစားပြီး ရေချိုးလည်း ဘယ်လိုမှ မခံစားရဘူးဆိုရင် ချိုးပါ။ အစာမကြေဘူးဆိုရင်တော့ အချိန်ခြားပြီးမှ ချိုးပါ။ ချိုးချိုး မချိုးချိုး အသက်အန္တရာယ်ထိခိုက်လောက်တဲ့ ကိစ္စမဟုတ်လို့ စိုးရိမ်စရာ မရှိပါဘူး။ ဒီလောက်ဆို ချိုးရမလား မချိုးရဘူးလား အဖြေရလောက်ပါပြီ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/can-shower-after-eating-cause-ascites/
ကင်ဆာဝေဒနာဆိုးကို ကျော်လွှားပြီးသည့်နောက်
ကင်ဆာဟာ ကုသရခက်ခဲပြီး ဆိုးရွားတဲ့ဝေဒနာတစ်မျိုးအဖြစ် မှတ်ယူခြင်းခံရလေ့ရှိပါတယ်။ ကင်ဆာအမျိုးအစားတစ်ချို့ဟာ ပျောက်ကင်းအောင်ကုသရခက်ခဲနေဆဲပါ။ဒါပေမယ့် တစ်ချို့သော ကင်ဆာအမျိုးအစားတွေကိုတော့ စောလျှင်စွာ သိရှိမယ်ဆိုရင် ပျောက်ကင်းအောင် ကုသလို့ရနေပါပြီ။ ရင်သားကင်ဆာ၊ဆီးကျိတ်ကင်ဆာ၊ဝှေးစေ့ကင်ဆာ၊ သိုင်းရွိုက်ကင်ဆာ၊အရေပြားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတို့လို အမျိုးအစားတွေပေ့ါ။ကင်ဆာဟာ ကြောက်စရာဝေဒနာတစ်မျိုးလို့ မှတ်ယူထားကြတာကြောင့် ကင်ဆာရောဂါကို ကျော်လွှားနိုင်ခဲ့ကြသူတွေဟာ ကုထုံးတွေ ပြီးစီးချိန်မှာ နာလန်ထူလာစေဖို့ အပြင်းအထန်ကြိုးပမ်းကြလေ့ရှိပါတယ်။တကယ်တမ်းမှာတော့ ကနဦးနာလန်ထစေဖို့ ချမှတ်ပေးထားတဲ့ အစီအမံတွေ (Initial Recovery) ကို ကျော်လွန်ပြီး လုပ်ဆောင်တာမျိုးမလုပ်မိဖို့ လိုအပ်ပါတယ်။Initial Recovery လုပ်ဆောင်ချက်တွေဟာ ရေရှည်ကျန်းမာရေးအတွက် အထူးအရေးပါတဲ့ လုပ်ဆောင်ချက်တွေဖြစ်ပြီးတော့ ကင်ဆာအလွန် ပျော်ရွှင်ကျန်းမာဖွယ် ဘဝအတွက် ကနဦးခြေလှမ်းတွေလို့လည်း ဆိုနိုင်တာပေါ့။ကင်ဆာဝေနာကနေ ပြန်လည်သက်သာလာသူတွေကို မှန်ကန်သင့်လျော်စွာ ပြုမူနေထိုင်ဖို့၊ စားသောက်မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ကို အာဟာရမျှတစွာ စားသောက်စေတာ၊ အရက်သေစာ ဖြတ်ခိုင်းတာမျိုးတွေပေါ့။ဆရာဝန်တွေလမ်းညွှန်ထားချက်တွေအရဆိုရင်တော့ ကင်ဆာဝေဒနာကို ဖြတ်ကျော်နိုင်ခဲ့ပြီးပြီဆိုရင် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်ပါတယ်တဲ့။ လေ့ကျင့်ခန်းပြုလုပ်တာဟာ ရောဂါပြန်မဖြစ်အောင် ကာကွယ်ပေးနိုင်သလို စိတ်ခံစားချက်ကောင်းမွန်လာအောင်လည်း အကျိုးပြုနိုင်တာကြောင့်ပါပဲ။နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်တာက ကင်ဆာကနေပြန်လည်သက်သာလာသူတွေအတွက် ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရစေနိုင်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေကို နေ့စဉ်အချိန်မှန်ပြုလုပ်ပေးတာမျိုးကို ဆိုလိုတာပါ။ကင်ဆာဝေဒနာကနေ သက်သာလာသူတွေ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့အခါ ကင်ဆာဝေဒနာသည်တွေကို ဒုက္ခပေးနိုင်ခြေအများဆုံး ပြဿနာဖြစ်တဲ့ ကိုယ်အလေးချိန်ပုံမှန်မဖြစ်တဲ့ ပြဿနာကိုလည်း လျှော့ချနိုင်စေမှာဖြစ်ပါတယ်။ကင်ဆာကြောင့် ပြန်လည်ကျန်းမာလာသူတွေဟာကိုယ်အလေးချိန်ကို ထိမ်းသိမ်းဖို့ အခက်တွေ့တတ်ကြပြီး ကိုယ်အလေးချိန် ပြန်တက်မလာတာ၊ ဒါမှမဟုတ် ရုတ်တရက် အလွန်အမင်းဝလာတာတွေဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း ဘေးထွက်ဆိုးကျိုးတွေ အများအပြား ရင်ဆိုင်ကြရတတ်ပါတယ်။လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်မယ်ဆိုရင် ဒီပြဿနာတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပြီးတော့ ကျန်းမာတဲ့ ဘဝကို ပြန်လည်ပိုင်ဆိုင်ဖို့ ပိုမိုနီးစပ်သွားစေမှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/cancer-survivor/
Hiatal Hernia (ရင်ခေါင်းတွင်းသို့ အစာအိမ်ကျွံဝင်ခြင်း)
ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ဆိုသည်မှာ အ စာအိမ် အပေါ်ပိုင်းသည် ရင်ဝမ်းတားကြွက်သား ၏ အပေါက် မှ ကျွံထွက်သော အခြေအနေကို ခေါ်ပါသည်။ ရင်ဝမ်းတား ကြွက်သားသည် အစာအိမ်ကို ရင်ခေါင်းမှ ခြားထားသော ကြွက်သား အကာအယံတစ်ခု ဖြစ်ပါသည်။ရင်ဝမ်းတားကြွက်သားသည် အစာရေမြိုပြွန်အတွင်းသို့ အစာအိမ်တွင်းမှ အက်စစ်များ တက်မလာအောင် ကူညီ ပေး ပါသည်။ ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ရှိပါက အက်စစ်များ တက်လာရန် ပို၍လွယ်ကူစေပါသည်။အစာအိမ် မှ အက်စစ်များ အစာရေမြိုပြွန် အတွင်းသို့ လျှံတက်ခြင်းကို gastroesophageal reflex disease (GERD) ဟု ခေါ်ပါ သည်။ ဤရောဂါသည် အစာအိမ်နှင့် လည်ချောင်းတွင် ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။အသက်အရွယ်အရွေး မည်သူမဆို ဤရောဂါ ဖြစ်နိုင် ပါသည်။ သို့သော်လည်း ရင်ခေါင်းတွင်းသို့ အစာအိမ် ကျွံဝင်ခြင်း သည် အမျိုးသမီးများ၊ အဝလွန်သူများနှင့် အသက် ၅၀ ကျော်သော သူများတွင် ပို၍ ဖြစ်ပွားပါသည်။အန္တရာယ်ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် အစာ အိမ်ကျွံဝင်ခြင်း ကို ဖြစ်ပွားမှုနည်းအောင် ပြုလုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။ရောဂါလက္ခဏာ မပြတတ်သော်လည်း အစာစားပြီး တစ် နာရီအကြာလောက်တွင် ရောဂါလက္ခဏာများ ပေါ်လာတတ် ပါသည်။ ရင်ပူခြင်း၊ ရင်ဘတ်နာခြင်း၊ အန်ခြင်း နှင့် မြိုချရာ တွင်ခက်ခဲခြင်းတို့ ဖြစ်တတ်ပါသည်။ခါးကုန်းပါက သို့မဟုတ် လဲလျောင်းပါက ရင်ပူခြင်း ပို၍ ဆိုးစေပါသည်။အစာရေမြိုပြွန် ရောင်၍ သွေးထွက်ခြင်း ဖြစ်နိုင်ပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ဖြစ်ပါက ရင်ဘတ် နှင့် ဝမ်းဗိုက်တွင် ပြင်းစွာနာခြင်း ဖြစ်ပါမည်။ ပျို့တက်ကာ အော့အန်ခြင်းပါသည်။ ဝမ်းသွားခြင်းနှင့်လေလည်ခြင်း မလုပ် နိုင်တော့ပါ။ ထိုသို့ဖြစ်ပါက သင်သည် ညစ်၍ကျွံခြင်း သို့မ ဟုတ် ပိတ်ဆို့ခြင်း ဖြစ်သောကြောင့်ဖြစ်ပြီး အရေးပေါ်ကုသ ရန် လိုပါသည်။ဆရာဝန်ကို ချက်ချင်းခေါ်ဆိုပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။အကြောင်းရင်းကို မသိရှိသေးပါ။ ရင်ဝမ်းတားကြွက်သား သည် ပုံမှန်အားဖြင့် အစာရေမြိုပြွန် ဖြတ်သွားသော အပေါက် သေးသေး တစ်ပေါက်ရှိပါသည်။ ထိုအစာရေမြိုပြွန်သည် အ စာအိမ်နှင့် ဆက်ထားပါသည်။ အစာအိမ်သည် ထို အပေါက် မှတစ်ဆင့် ဆွဲတင်ခံရ၍ရင်ခေါင်းတွင်းသို့ အစာအိမ် ကျွံဝင်ခြင်း ကိုဖြစ်စေပါသည်။ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်းသည် အောက်ပါတို့ ကြောင့် ဖြစ်နိုင်ပါသည်။ပတ်ဝန်းကျင်ရှိကြွက်သားများတွင် ဖိအားများခြင်း။ ဥပမာ- ချောင်းဆိုးခြင်း၊ အန်ခြင်း၊ ဝမ်းညစ်ခြင်း၊ လေးလံသော ပစ္စည်းများ မခြင်း။ကိုယ်ဝန်ဆောင်ခြင်း၊ အဝလွန်ခြင်း၊ ချောင်းဆိုးခြင်း နှင့် ဝမ်းညစ်ခြင်း စသည်တို့သည် ဝမ်းဗိုက်ပေါ်တွင် ဖိအားကို များ စေကာ ရင်ခေါင်းတွင်းသို့ အစာအိမ် ကျွံဝင်ခြင်း ဖြစ်နိုင်စေကို များစေပါသည်။ ထို့အပြင် အသက် ၅၀ကျော်သူများသည် လည်း ရင်ခေါင်းတွင်းသို့ အစာအိမ် ကျွံဝင်ခြင်း ဖြစ်နိုင်ချေ များပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ရင်ခေါင်းတွင်းသို့ အစာအိမ် ကျွံဝင်ခြင်း ကို အတည်ပြုရန် ပြောင်းသွင်း၍ကြည့်ခြင်း နှင့် ဘေရီယမ် ဆေး ရည်သောက်ပြီး ဓါတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။ပြောင်းသွင်း၍ကြည့်ခြင်းတွင် အစွန်းတွင် ကင်မရာငယ်ပါဝင် သော ပြွန်အသေးကို အစာရေမြိုမှဖြတ်စေ၍ ကျွံခြင်းကို ကြည့်ခြင်းဖြစ်သည်။ အစာရေမြိုနှင့် အစာအိမ် ထိသော နေရာတွင် ဖိအားနည်းကြောင်း သိစေရန် ဖိအားတိုင်းခြင်း (manometry) ကိုအသုံးပြုနိုင်ပါသည်။ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများကို ထိန်း ချုပ်ရန်နှင့် ဆိုးကျိုးများကို ကာကွယ်ရန် ဖြစ်သည်။ နေထိုင်မှု ပုံစံနှင့် အစားအသောက်ကို ပြောင်းလဲရပါမည်။ ကုတင် ခေါင်းရင်းကို ၄-၆ လက်မ မြှောက်ထားခြင်း ( သစ်သားတုံး သို့မဟုတ် အုတ်ခဲဖြင့်) ဖြင့် အိပ်နေစဉ်တွင် အစာအိမ်မှ အက်စစ်များ အစာရေမြိုသို့ ရောက်ခြင်းကို ကာကွယ်နိုင် ပါသည်။ ရောဂါလက္ခဏာများကို ပိုဆိုးစေသော အစားအစာ နှင့် ဖျော်ရည်များကို ရှောင်ပါ။ထိုပြောင်းလဲမှုများသည် မလုံလောက်ပါက အောက်ပါ ဆေးများ အသုံးပြုနိုင်သည်။ရောဂါလက္ခဏာများအား ထိန်းချုပ်၍ မရပါက သို့မဟုတ် အမာရွတ်ဖြစ်ခြင်း၊ ပြည်တည်ခြင်း နှင့် သွေးထွက်ခြင်း စသော ဆိုးကျိုးများ ဖြစ်ပါက အစာအိမ် ကျွံခြင်းကို ပြုပြင်ရန် ခွဲစိတ်ကုသမှု လိုအပ်ပါမည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ရင်ခေါင်းတွင်းသို့ အစာအိမ်ကျွံဝင်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/hiatal-hernia-%e1%80%9b%e1%80%84%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%af%e1%82%94-%e1%80%a1%e1%80%85/
ခြေဗလာနဲ့ လမ်းလျှောက်ခြင်းကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ပထဝီဓါတ်ယူပါ။မြေကြီးဓါတ်ယူပါလို့ပြောတာကိုကြားဖူးကြမှာဖြစ်ပါတယ်။ ဒီလိုမျိုးမြေကြီးဓါတ်ပြည့်ဝစေဖို့အတွက်လုပ်ဆောင်နိုင် မယ့်အရိုးစင်းဆုံးနည်းလမ်းကတော့ခြေဗလာနဲ့လမ်းလျှောက်တာပဲဖြစ်ပါတယ်။ခြေထောက်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့ပြီးလျှောက်ပေးတာက ခန္ဓါကိုယ်ကို ကမ္ဘာမြေဆီကနေnegative electronsတွေကို စုပ်ယူနိုင်စေသလို ခန္ဓါကိုယ်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို စည်းချက်ညီစေပြီး ကိုယ်တွင်းကbioelectrical ဝန်းကျင်ကိုလည်းဟန်ချက်ညီအောင်လုပ်ဆောင်ပေးပါတယ်။တိုးတက်လာတဲ့ လူနေမှုဘဝပုံစံကြောင့် ကျွန်မတို့ဟာ မိခင်ကမ္ဘာမြေကြီးနဲ့ ထိတွေ့ခွင့်ကိုတော်တော်လေးကိုဆုံးရှုံးနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ပေးပြီး ကမ္ဘာမြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုကို ခံစားကြည့်လိုက်ပါ။ သင်ထင်မှတ်မထားတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာအသေအချာပါပဲ။ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေခြင်း။ခြေဗလာနဲ့ လမ်းလျှောက်တာကခြေထောက်ကို သဘာဝအတိုင်းလှုပ်ရှားနိုင်ခွင့်ရရှိစေတာကြောင့်ခြေချင်းဝတ်နဲ့ခြေဖဝါးတွေကို သန်မာစေပါတယ်။ ရှုးဖိနပ်တွေက ကြွက်သားတွေကိုချည့်နဲ့စေပြီးခြေဖဝါးတွေကို အားနည်းစေပါတယ်။ခြေချင်းဝတ်တွေနဲ့ခြေဖဝါးတွေက ကြွက်သားတွေကိုမြေကြီးနဲ့မှန်မှန်ထိတွေ့စေမယ်ဆိုရင်ခြေထောက်နဲ့ ဦးနှောက်ကြားက ချိတ်ဆက်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ခန္ဓါကိုယ်ကို ပိုမိုဟန်ချက်ညီလာစေပြီး ပိုမိုသန်မာလာစေသလို ထိခိုက်ဒဏ်ရာရမှုတွေကနေလည်းပိုမိုခံနိုင်ရည်ရှိစေပါတယ်။နာကျင်မှု နဲ့ ရောင်ရမ်းမှုကိုလျော့ပါးစေနိုင်ခြင်း။လေ့လာမှုတစ်ရပ်အတွင်း ၈ ပတ်ဆက်တိုက်မြေကြီးမှာခြေဗလာနဲ့ လမ်းလျှောက်စေခြင်းက နာကျင်မှုဗတွကိုလျော့ပါးသက်သာစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေနိုင်သလို အိပ်ပျော်စေပါတယ်။ စမ်းသပ်မှုကာလပြီးဆုံးတဲ့နောက်လေ့လာမှုမှာပါဝင်သူတွေမှာကော်တီဇော ပမာဏကျဆင်းနေတာကို သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ပါတယ်။ခြေဗလာနဲ့ ပုံမှန်လမ်းလျှောက်သူတွေကခြေဗလာနဲ့ လမ်းမလျှောက်တဲ့သူတွေထက် ပိုမိုအိပ်ပျော်တာကိုတွေ့ရှိခဲ့ရပါတယ်။ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ခြင်း။ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးဖြူဥဆဲလ်အရေအတွက်ကိုကျဆင်းစေပြီးသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်တာကြောင့် ကိုယ်ခ့အားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ခြင်း။ခြေဗလာနဲ့ လမ်းလျှောက်တာကသွေးနီဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီးသွေးနီဥဆဲလ်တွေရဲ့surface charge ကိုတိုးစေနိုင်တာကြောင့်သွေးပျစ်နိုင်ခြေကိုလျော့ကစေပါတယ်။သွေးပျစ်တဲ့ပမာဏမြင့်တက်လာမှုက နှလုံးရောဂါဖြစ်နိုင်ခြေနဲပ တိုက်ရိုက်ဆက်စပ်နေပါတယ်။မြေကြီးပေါ်မှာခြေဗလာနဲ့ လမ်းလျှောက်တာက နှလုံးရောဂါဖြစ်နိုင်ခြေကိုသိသိသာသာလျော့ကျစေနိုင်ပါတယ်။အာရုံကြောစနစ်ကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှု နဲ့ ပူပန်မှုတွေကိုလျော့ကျစေနိုင်ခြင်း။မြေကြီးပေါ်မှာခြေဗလာနဲ့လမ်းလျှောက်တာက စိတ်ခံစားမှုကို ထိန်းညှိပေးပြီး အာရုံကြောစနစ်တွေကို ထိန်းညှိရာမှာလည်း အထောက်အကူပြုပါတယ်။ ခန္ဓါကိုယ်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေခြင်းက စိတ်ပူပန်မှုကိုလျော့ကျစေပြီး စိတ်ဖိစီးမှုကိုပါလျော့ကျစေပါတယ်။ ကမ္ဘာမြေကြီးမှာnegative charge ရှိနေပြီး ခန္ဓါကိုယ်မှာpositive charge ရှိနေတာကြောင့်နေ့စဉ် ကမ္ဘာမြေကြီးနဲ့ထိတွေ့မှုက လျှပ်စစ်သံလိုက်လှိုင်းတွေကို ထိတွေ့စေသလိုဖြစ်စေတာကြောင့်မြေကြီးနဲ့အချိန်များများပေးပြီး ထိတွေ့ပေးတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အထောက်အကူရရှိစေပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုလျော့ပါးသက်သာစေနိုင်ခြင်း။မြေကြီးနဲ့တိုက်ရိုက်ထိတွေ့မှုက နာကျင်မှုဝေဒနာတော်တော်များများကိုသက်သာစေပါတယ်။ခြေဗလာနဲ့လမ်းလျှောက်တာက ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်းလျေ့ပါးသက်သာစေပါတယ်။ စိတ်ဖိစီးမှု နဲ့ စိတ်တွင်းခံစားချက်တစ်ရပ်ရပ်ကြောင့် နာကျင်မငကိုခံစားရတာဖြစ်ပြီး စိတ်ခံစားမှုကလည်း ရာသီလာစဉ်နာကျင်ကိုက်ခဲမှုအပေါ်မှာတော်တော့်ကိုသက်ရောက်မှုရှိနေပါတယ်။ နာကျငမှုခံစားလာရပြီဆိုရင် တံခါးဖွင့်ပြီး အိမ်အပြင်ဘက်ထွက်လိုကိပါ။ ဖိနပ်ချွတ်ပြီးမြေကြီးပေါ်လျှောက်လိုက်ပါ အကိုက်အခဲပျောက်ဆေးသောက်စရာမလိုဘဲ နာကျင်မှုကိုလျော့ပါးသက်သာစေမှာသေချာပါပဲ။မြေကြီးကဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ နာကျင်မှုကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ကြွက်သားတွေကိုပြေလျော့စေပြီးခေါင်းကိုက်တာကို သက်သာစေခြင်း။ရှေ့ပြေးလေ့လာမှုတစ်ရပ်အရမြေကြီးပေးမှာ ဖိနပ်မစီးဘဲလျှောက်တာကလေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ခံစားရတတ်တဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်သလို တစ်နေကုန် အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရတာကြောင့် ခံစားရတတ်တဲ့ ကြွက်သားတောင့်တင်းနာကျင်မှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဓါတ်ရောင်ခြည်တွေနဲ့ အချိန်ကြာမြင့်စွာထိတွေ့မှုကြောင့်ဖြစ်ပါတယ်။ ခန္ဓါကိုယ်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေလိုက်မယ်ဆိုရင် ကိုယ်တွင်းကfree radicalတွေကို ကျဆင်းသွားစေပြီးခေါင်းကိုက်တာကိုလည်းလျော့ပါးသက်သာစေပါတယ်။စွမ်းအင်တိုးစေနိုင်ခြင်း။ခန္ဓါကိုယ်ကိုမြေကြီးနဲ့တိုက်ရိုက်ထိတွေ့စေခြင်းက သဘာဝတရားကထုတ်လွှတ်တဲ့ ကြိမ်နှုန်းတွေကို ခန္ဓါကိုယ်ကပိုမိုရရှိပြီး စွမ်းအင်တွေတိုးလာစေနိုင်ပါတယ်။ခေတ်သစ်လူနေမှုပုံစံက သင့်ရဲ့ရှင်သန်ဖြစ်တည်မှုအပေါ်မှာ ထိခိုက်စေမှုတွေ မလွဲမသွေကြုံတွေ့ရစေနိုင်တာကြောင့်မြေကြီးကို သဘာဝအတိုင်းထိတွေ့မှုကို အချိန်ပေးပြီးလုပ်ဆောင်ပေးပါ။Free Radicalတွေကိုလျော့ကျစေနိုင်ခြင်း။မြေကြီးနဲ့ထိတွေ့လိုက်တဲ့အခါ ကမ္ဘာမြေကနေfree electronတွေကို ခန္ဓါကိုယ်က လက်ခံရရှိသွားတာကြောင့် ကိုယ်တွင်းကfree radicalတွေကိုလျော့ကျသွားစေပါတယ်။Free radicalတွေက ကခန္ဓါကိုယ်ပေါ်က ကျန်းမာတဲ့ဆဲလ်တွေကိုပျက်စီးစေနိုင်သလို အိုမင်း ရင့်ရော်မှုကိုဖြစ်စေနိုင်ပါတယ်။နေ့စဉ်မြေကြီးနဲ့ထိတွေ့ပေးတာနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးတာက ခန္ဓါကိုယ်မှာFree radical ကင်းစင်စေအောင်လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးသောနည်းလမ်းပဲဖြစ်ပါတယ်။သန့်ရှင်းတဲ့မြေကြီးပေါ်မှာခြေဗလာနဲ့လမ်းလျှောက်ရင်း ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဓါတ်တွေကိုငွေကုန်ကြေးကျမများဘဲ ရရှိနိုင်ကြစေဖို့ တစ်နေ့ကို အချိန်အနည်းလောက်ပေးပြီး လမ်းလျှောက်ပေးဖို့တိုက်တွန်းလိုပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%81%e1%80%bc%e1%80%b1%e1%80%97%e1%80%9c%e1%80%ac%e1%80%94%e1%80%b2%e1%80%b7-%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bc/
ဒိုးနတ် စားသင့် မစားသင့်
ဒိုးနတ် (Doughnut/Donut) လို့ပြောလိုက်ရင် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ အရသာမျိုးပေးစွမ်းနိုင်တဲ့ ဂျုံမုန့်ဝိုင်းတစ်မျိုးကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒိုးနတ်တွေဟာ ဒီကနေ့ခေတ်မှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ မုန့်အချိုတစ်မျိုးအဖြစ်လည်း ညွှန်းဆိုခံရလေ့ရှိပါတယ်။၁၉ ရာစုအစောပိုင်းကာလတွေမှာ စတင်ပေါ်ထွက်လာတဲ့ ဒိုးနတ်တွေဟာ အမေရိကန်ယဉ်ကျေးမှုရဲ့ သရုပ်သကန်တစ်ခုအဖြစ် မှတ်ယူခံရပါတယ်။ ချိုချိုရဲရဲ ဝိုင်းဝိုင်းစက်စက် ဒီမုန့်တွေဟာ ပထမကမ္ဘာစစ်နဲ့အတူ ဥရောပမြေကို ခြေချလာခဲ့တာဖြစ်ပြီးတော့ ခုချိန်မှာတော့ ကမ္ဘာတစ်လွှား လူကြိုက်အများဆုံး အစားအစာတစ်မျိုးဖြစ်လို့နေပါပြီ။ကမ္ဘာပေါ်မှာ ဒိုးနတ်ကို အကြိုက်ဆုံး တိုင်းပြည်ကတော့ အမေရိကန်ပြည်ထောင်စုဖြစ်ပေမယ့် နိုင်ငံအလိုက် အစားဆုံးတိုင်းပြည်ကတော့ ကနေဒါပါ။ကော်ဖီ၊နို့စတာတွေနဲ့ တွဲဖက်သုံးဆောင်ကြတာဟာ ဒိုးနတ်စားသုံးမှုရဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီးတော့ ဒီမုန့်တွေဟာ သမားရိုးကျ ကိတ်မုန့်တွေကို ခွဲထွက်လာတဲ့ မျိုးကွဲတစ်မျိုးဖြစ်ပါတယ်။သကြားပါဝင်မှုများပြီးချောကလက်၊ cinnamon ၊ sprinkles အမှုန်လေးတွေနဲ့ သစ်သီးအရသာတွေ ဖြည့်စွက်ထားတဲ့ ဒိုးနတ်မုန့်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပဲ ကိုယ်အလေးချိန်တိုးစေနိုင်တယ်လို့ အမြဲ ဝေဖန်ခံရလေ့ရှိပါတယ်။တကယ်တမ်းမှာတော့ ကြိုက်နှစ်သက်သူတွေက ဆက်လက်စားသုံးနေမြဲဖြစ်ပြီး ဒိုးနတ်စားသုံးမှုနှုန်း ကျဆင်းလာခြင်းမရှိတာက ဒီအချက်ကို ထောက်ပြနေပါတယ်။ဒိုးနတ်စားရင် ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ဝလိမ့်မယ်လို့ လူအတော်များများပြောတတ်ကြပါတယ်။ ဘာကြောင့် ဝတာလဲ၊ တကယ် ဝစေတာလားဆိုတာကို သိထားဖို့ လိုအပ်မယ်ထင်ပါတယ်။ဒိုးနတ်တွေမှာ thiamine ၊ riboflavin နဲ့ niacin လို ဓာတုဒြပ်ပေါင်းတွေ ပါရှိနေပါတယ်။ တစ်ဖက်မှာလည်းfiberလို လူကိုအကျိုးပြုတဲ့ ဓာတ်တွေလည်း ပါဝင်နေပြန်ပါတယ်။ သကြားဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန် တိုးစေနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒိုးနတ်ကို အလွန်အကျွံစားသောက်ရင် ကိုယ်အလေးချိန် သိသိသာသာတိုးလာမှာဖြစ်ပါတယ်။ဒိုးနတ်ဖန်တီးရာမှာ ဂျုံမှုန့်အပြင် သကြားအများအပြား၊ ပြန်လည်ပြုပြင်ထားတဲ့ အရသာမှုန့်တွေနဲ့ပြည့်ဝဆီတွေပါဝင်နေပါတယ်။ ဒါကြောင့် ဒိုးနတ်တွေဟာ ကယ်လိုရီပါဝင်မှု များပြားပါတယ်။ ပုံမှန်အရွယ်အစား ဒိုးနတ်တစ်ခုမှာတင်ကယ်လိုရီ၂၀၀ နဲ့အထက် ပါဝင်ပြီး အဆာပလာများရင်များသလို ကယ်လိုရီ ၃၀၀ ဝန်းကျင်အထိ မြင့်တက်လာနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် အလွန်ကျွံစားသုံးရင် ဝစေတာပါ။ဒါပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်တွေမှာတော့ ဒိုးနတ်တွေကို လုံးဝမစားရဘူးလို့ တားမြစ်ထားတာမျိုးမရှိပါဘူး။ ကိုယ့်မှာရှိနေတဲ့ ကိုယ်အလေးချိန်နဲ့ ကိုက်ညီပြီး သင့်လျော်ရုံစားသုံးဖို့သာ လမ်းညွှန်ထားကြပါတယ်။ဒိုးနတ်တွေဟာ ဆီးချို၊ သွေးချိုသမားတွေ၊ နှလုံးသွေးကြောကျဉ်းရောဂါသည်တွေနဲ့ ကိုက်ညီမှုမရှိတာကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ ဒိုးနတ်တွေဟာ သွားရည်စာမုန့်ဖြစ်တာမို့ ကော်ဖီစတာတွေနဲ့ တွဲဖက်ပြီး တော်ရုံသင့်ရုံသာ စားပေးသင့်တဲ့ မုန့်မျိုးဖြစ်ပါတယ်။ဒီမုန့်တွေကို အလွန်အကျူး စားတာမျိုးက ကိုယ်အလေးချိန် တက်စေဖို့ လမ်းစဖြစ်တာ မှန်ပေမယ့် တော်ရုံသင့်ရုံစားပေးတာကလည်း စိတ်ကျေနပ်တဲ့ ခံစားမှုမျိုးရစေတယ်လို့ စစ်တမ်းတွေကဆိုကြပါတယ်။ ဒါကြောင့် ဒိုးနတ်စားတာဟာ မကောင်းဘူးလို့ချည်း ယတိပြတ်မယူဆထားစေချင်ပါဘူး။ အရာရာက တန်ဆေး လွန်ဘေးဖြစ်ပါတယ်။ ဒိုးနတ်စားခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိနေပါသေးတာကို သတိထားစေချင်ပါတယ်။ဒါတွေကတော့ –။ဒိုးနတ်ကို အစောပိုင်းခေတ်တွေတုန်းကတော့ “oily cakes” လို့ ခေါ်ခဲ့ကြဖူးပါတယ်။ ကိတ်မုန့်ဖန်တီးတာထက် ပိုပြီး အဆီများများနဲ့ ဖန်တီးထားတာကြောင့်ဖြစ်ပါတယ်။ ဒီလို အဆီတွေ သကြားတွေများတာမို့ ဝိတ်ချသူတွေရဲ့ မျက်မုန်းကျိုးစရာ မုန့်တစ်မျိုးဖြစ်လာခဲ့တာပါ။တစ်ဖက်မှာလဲ ဒိုးနတ်မုန့်တွေဟာ တစ်ကမ္ဘာလုံးနှစ်သက်ရတဲ့ သွားရည်စာမုန့်တစ်မျိုးဖြစ်နေဆဲပါ။ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတဲ့ သက်သေပြချက်တွေက နေ့စဉ်နဲ့အမျှ ပေါ်ထွက်လို့လာနေသလို ကြိုက်နှစ်သက်သူတွေအတွက်ကျတော့လည်း စွဲမက်စရာ အစားအစာတစ်မျိုးဖြစ်နေပါသေးတယ်။အထက်မှာ ပြောပြခဲ့သလိုပဲ တန်ဆေး လွန်ဘေးသာဖြစ်ပါတယ်။ ဘယ်အစားအစာမဆို သင့်တင့်လျောက်ပတ်စွာစားသောက်တာက ကျန်းမာရေးအတွက် အကောင်းဆုံး နည်းလမ်းဆိုတာကို မမေ့လျော့ကြစေချင်ပါဘူး။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-effects-of-doughnuts/
ဆေးရွက်ကြီးသောက်သုံးမှုရဲ့စွဲလမ်းစေတဲ့ပုံစံများ
ဆေးလိပ်စွဲမှုက အခုခေတ်ခါမှာတော်တော် လေးခေတ်စားလာပါတယ်။ လူငယ်တွေအကြား မှာပိုခေတ်စားလာပါတယ်။ အခုခေတ်မှာ တီထွင်လိုက်တဲ့ဆေးလိပ် အစားထိုးနည်းလမ်းတွေက စီးကရက်ထက်ပိုပြီးသဘာဝဆန်ပြီး ဘေးကင်းတယ်လို့ ယူဆနေကြပေမယ့် တကယ်တော့မဟုတ်ပါဘူး။Hookahs၊ narghiles၊ shishas ဒါမှမဟုတ် gozas လို့သိကြတဲ့ Waterpipes ဟာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ တွေ့ရများပါတယ်။ ကမ္ဘာတလွှားက လူငယ်တွေအကြားမှာ ပိုပြီးလူသိများပါတယ်။ Waterpipes ကိုဆေးရွက်ကြီးသုံးစွဲမှုဆိုင်ရာ ပုံစံအသစ်တစ်ရပ်အနေနဲ့ သတ်မှတ်ယူဆနေကြတာဖြစ်ပါတယ်။ Waterpipes မှာအသုံးပြုထားတဲ့ ဆေးရွက်ကြီးကို ပျားရည်လိုမျိုး ချိုတဲ့အရာတွေနဲ့ ရောစပ်ထားပါတယ်။ ဆေးရွက်ကြီးကို Waterpipes ရဲ့ခွက်ထဲကိုထည့်ပြီးအပူပေးတာက နေထွက်လာတဲ့အငွေ့ကို ရှုရှိုက်သွင်းတာဖြစ်ပါတယ်။Waterpipe အငွေ့ရှူရှိုက်နည်း က လူမှုအလေ့အထ တစ်ရပ်လိုတောင်ဖြစ်နေပါတယ်။ ကော်ဖီဆိုင် တွေ၊ဘားတွေမှာ သူငယ်ချင်းတွေစုပြီး Waterpipe smoking လုပ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကိုဘေးကင်းတဲ့ ဆေးရွက်ကြီး သုံးစွဲနည်းလို့မှတ်ယူထားကြ ပေမယ့် မဟုတ်ပါဘူး။ Waterpipe smoking လုပ်တာက ပုံမှန်ဆေးလိပ်သောက်တာထက်အချိန်ပိုကြာ ပါတယ်။ သဘောတော့ ခန္ဓါကိုယ်တွင်ကို ဆေးလိပ်ငွေ့ရောက်ရှိမှုကပုံမှန်ဆေးလိပ်သောက် တာကြောင့်ခန္ဓါကိုယ်ထဲက ဆေးလိပ်ငွေ့ ဝင်ရောက်မှုထက်ပိုပြီးဝင်ရောက်နိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ Waterpipe smoking ကဆေးလိပ် ငွေ့ ကိုပိုပြီးရှိုက်ရှုမိစေတာကြောင့် အဆုတ်ရောဂါ ပိုမိုခံစားရစေနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးမှု ကြောင့်ဖြစ်ပေါ်ခံစားရနိုင်တဲ့ ဝေဒနာတွေ ဖြစ်နိုင်ခြေကိုတိုးစေပါတယ်။ Waterpipe smoking ကစီးကရက်ထက် ကာဗွန်မိုနောက်ဆိုဒ် နဲ့ထိတွေ့မှုပိုများစေပါတယ်။ Waterpipe ထဲမှာအသုံးပြုထားတဲ့ ဆေးရွက်ကြီးမှာ cadmium လိုမျိုး အန္တရာယ်ရှိတဲ့ ဓါတ်ပစ္စည်း တွေအများအပြားပါဝင်နေပါတယ်။ Waterpipe smoking လုပ်တဲ့အခါ ဆေးတံကိုအတူမျှသုံးတာကြောင့် ကူးစက်ရောဂါဖြစ်နိုင်ခြေ ပိုများစေပါတယ်။လေးညှင်း စီးကရက်လို့သိကြတဲ့ Kreteks ကို အင်ဒိုနီးရှားနိုင်ငံကနေ အများဆုံးတင်သွင်း တာဖြစ်ပါတယ်။ လေးညှင်းစီးကရက်တွေမှာ များသောအားဖြင့် လေးညှင်း ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း နဲ့ဆေးရွက်ကြီးက ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ ဒီဆေးတံ တွေမှာ လေးညှင်းဆီနဲ့အခြားစွဲလမ်းစေတတ်တဲ့ အရာတွေပါဝင်နေပါတယ်။ လေးညှင်းစီးကရက် တွေမှာ စီးကရက်ထက် နီကိုတင်း၊ ကတ္တရာစေးနဲ့ကာဗွန် မိုနောက်ဆိုဒ်တွေ ပိုမိုပါဝင်နေပါတယ်။ လေးညှင်းစီးကရက် သောက်သုံးမှုက အဆုတ်ကင်ဆာနဲ့ အခြားအဆုတ်ရောဂါတွေကို ဖြစ်ပေါ်ခံစားရနိုင် စေပါတယ်။ဆေးပေါ့လိပ်ဆိုတာက အရှေ့တောင် အာရှမျိုးရင်းပင် တစ်မျိုးဖြစ်တဲ့ temburini အရွက်ထဲမှာ အရသာထည့်သွင်းထားတဲ့ ဆေးရွက်ကြီး ဒါမှမဟုတ် အရသာ မထည့် ထားတဲ့ ဆေးရွက်ကြီးကို ထည့်ပြီး လက်နဲ့ လိပ်ထားတဲ့ ရှည်ရှည်သွယ်သွယ် စီးကရက်တစ်မျိုးပဲဖြစ်ပါတယ်။ ထိပ်နှစ်ဖက်ကို ကြိုးနှင့် ချည်ထားပါတယ်။ သူတို့မှာ သရက်သီး၊ ဗနီလာနဲ့ စတော် ဘယ်ရီလိုမျိုး အရသာအမျိုးမျိုးထည့်သွင်း ပြုလုပ် ထားပါတယ်။ လူငယ်ဆေးလိပ်သောက်သုံးသူ တွေဟာ သည်စီးကရက်ကို အခြားစီးကရက် ထက် ဈေးသက်သာတာကြောင့် အပျော်သဘော နဲ့သောက်သုံးကြပါတယ်။ဆေးပေါ့လိပ် သောက်သုံးမှုကနေရလာတဲ့ ဆိုးကျိုး ကတော့ရယ်စရာမဟုတ်ပါဘူး။ ဒီ စီးကရက်လေး တွေကပုံမှန်စီးကရက်တွေထက် အရွယ်အစား သေးပေမယ့် ဆေးလိပ်ငွေ့ကိုရှိုက်တဲ့အခါ ပုံမှန်ဆေးလိပ်ထက် ၃ ဆလောက်ပိုများ နေပါတယ်။ အဆုတ်ထဲကိုဆေးလိပ်ငွေ့ရောက်ရှိ တဲ့ပမာဏပိုများပါတယ်။ သည်ဆေးလိပ်မှာ ဆေးရွက်ကြီးပါဝင်မှုနည်းတာကြောင့် ကတ္တရာစေး၊ အမိုနီးယားနဲ့ကာဗွန်မိုနောက်ဆိုဒ် ကလိုမျိုး အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ ဆေးပေါ့လိပ် သောက်သုံး သူတွေမှာ အခြား စီးကရက်သောက်သူတွေလိုပဲ ရောဂါတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။အီးစီးကရက် က အရည် နီကိုတင်းကို အငွေ့အနေနဲ့ ပြောင်းလဲ ရှိုက်သွင်းတာဖြစ်ပါတယ်။ လူကြိုက်များ တာကတော့ တအားပါပဲ။ အချို့ဆေးလိပ်သမား တွေက အပြောင်းအလဲအနေနဲ့ အီးစီးကရက် ကိုသောက်သုံးကြပါတယ်။ ဆေးလိပ်ဖြတ်ဖို့အထောက်အကူပြုတဲ့အနေနဲ့ သောက်သုံးကြတာလည်းဖြစ်ပါတယ်။လေ့လာမှုနှစ်ရပ်အရ ၆လ အတွင်းဆေးလိပ် ဖြတ်တဲ့ ခါ အီးစီးကရက် သုံးတဲ့နှုန်းက နီကိုတင်းမပါသော ဗလာဆေးပြားများကို သုံးသူတွေထက် ပိုများနေတာကိုတွေ့ရှိရပါတယ်။ လေ့လာမှုတစ်ရပ်မှာ အီးစီးကရက် ကို ၆ လကြာသောက်သုံးမှုက ဆေးရွက်ကြီး ဆေးပြား ငုံသလိုမျိုးပဲ ထိခိုက်မှုရှိတာကိုတွေ့ရ ပါတယ်။ အီးစီးကရက် သောက်တာက ဆေးလိပ်ဖြတ်နိုင်အောင် အထောက်အကူပြုနိုင်မှု နှင့် ဘေးအန ္တရာယ်ကင်းမှုကို လုံလောက်သော အထောက်အထားများကို မတွေ့ရှိရပါ။ဆေးပြင်းလိပ် ပဲဖြစ်ဖြစ်၊ လေးညှင်းစီးကရက်ပဲဖြစ်ဖြစ် မည့်သည့်စီးကရက်ကမှ ဘေးကင်းစိတ်ချရမှု မရှိပါ။ ဆေးလိပ်ငွေ့မထွက်တဲ့ နည်းတွေ တောင်မှ အန ္တရာယ် ရှိနေပါသေးတယ်။ သင်ယခု ဆေးလိပ်သောက်နေတယ်ဆိုရင် ဘေးကင်းအောင်လုပ်လို့ရတဲ့ နည်းလမ်းမရှိပါဘူး။ နီကိုတင်းအစားထိုးတဲ့နည်းလမ်းတွေ ရွေးရွေး၊ မတူကွဲပြားတဲ့ နည်းလမ်းသစ်တွေပဲ ရွေးရွေး တကယ်တမ်းတော့ သင့်အတွက် အကောင်းဆုံးရွေးချယ်မှုက ဆေးလိပ်ဖြတ်ခြင်းပဲဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/addiction/%e1%80%86%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%99%e1%80%be/
ဒေါက်မြင့်ဖိနပ်စီးခြင်းရဲ့ကျန်းမာရေးဆိုးကျိုးများ
ဒေါက်မြင့်ဖိနပ်တွေဆိုတာက အမျိုးသမီးတွေခေတ်မီဆန်းသစ်တဲ့အဆင်တန်ဆာတစ်ရပ်အဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ မာရီလင် မွန်ရိုး ကနေစလို့Carrie Bradshawခေတ်အထိကိုဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျတာကို နှစ်သက်တဲ့ အမျိုးသမီးတွေက ဝတ်ဆင်လာခဲ့တာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒေါက်မြင့်ဖိနပ်တွေကို ဖက်ရှင်ကျဖို့အတွက်သာမက အဆင်တန်ဆာတစ်ရပ်အနေနဲ့ပါ ဝတ်ဆင်အသုံးပြုလာကြပါတယ်။စီးတဲ့ ဖိနပ်ရဲ့အရည်အသွေးပေါ်မှာမူတည်ပြီးတော့ ခန္ဓါကိုယ်အပေါ် သက်ရောက်မှုပုံစံကွာခြားပါတယ်။ အမြဲလိုလို ၃ လက်မ (သို့) ၃ လက်မထက်နိမ့်တဲ့ဒေါက်ကို စီးနေတာက သိပ်ပြီးပြဿနာမရှိနိုင်ပေမယ့် အဆိုပါအမြင့်ထက် ပိုမြင့်တာကိုစီးမယ်ဆိုရင်တော့ လမ်းလျှောက်တဲ့အခါ ခန္ဓါကိုယ်အပေါ်သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေ စီးတဲ့အခါဖြစ်ပေါ်ခံစားရနိုင်တဲ့ ကျန်းမာရေးအခြေအနေအချို့ကိုမျှဝေပေးလိုက်ပါတယ်။ခါးမှာဒဏ်မရှိဘဲ ဘာကြောင့်မျန်းမသိခါးနာနေပြီဆိုရင်တော့ သင့်ရဲ့ဒေါက်မြင့်ဖိနပ်ကြောင့်ဆိုတာသိလိုက်ပါ။ဒေါက်မြင့်ဖိနပ်စီးတဲ့အခါခြေဖဝါးပေးမှာ ဝန်ပိစေပြီး တင်ပါးဆုံရိုးက အရှေ့ဘက်ကိုရောက်စေပါတယ်။ အဆိုပါအနေအထားမျိုးမှာ ခန္ဓါကိုယ်ကို ဟန်ချက်ညီအောင် ခါးကပုံမှန်ထက်အားစိုက်ပြီး ထိန်းရသလိုဖြစ်တာကြောင့် ခါးနာတာမျိုးခံစားရနိုင်ပါတယ်။ဒေါက်ပိုမြင့်လေလေ ခါးကပိုအားစိုက်ရလေလေဖြစ်တာကြောင့် အရမ်းမြင့်တဲ့ဒေါက်ဖိနပ်တွေက ခါးပိုနာစေပါတယ်။အာရုံကြောစနစ်က ခန္ဓါကိုယ်ရဲ့ အရမ်းကိုနူးညံ့တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ မိမိစီးတဲ့ ဖိနပ်တွေက အာရုံကြောအပေါ်မှာတော်တော်ကို အကျိုးသက်ရောက်မှုရှိပါတယ်။ အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေက ကျောရိုးဆစ်တွင်းက အာရုံကြောကျဉ်းမြောင်းလာတာ (foraminal stenosis) လို့ခေါ်တဲ့ အာရုံကြောဆိုင်ရာရောဂါတစ်မျိုးကိုခံစားရနိုင်ပါတယ်၊ လို့Spine Health Institute ရဲ့ အစီရင်ခံစာဖော်ပြပါရှိပါတယ်။အဆိုပါအခြေအနေ အပြင် တင်ပါးကနေစလို ပခြေထောက်အောက်ပိုင်းတစ်လျှောက်လုံးမှာ နာကျင်တာ၊ ကြွက်တက်တာ၊ တစစ်စစ် နာကျင်တာ၊ ကြွက်သားထဲမှာ အားမရှိသလိုဖြစ်တာ၊ ကိုက်ခဲတာ၊ ထုံကျဉ်တာနဲ့ စူးခနဲအောင့်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။ဒေါက်မြင့်ဖိနပ် စီးတာကြောင့် အသံကြိုးတွေကိုထိခိုက်စေနိုင်တယ်ဆိုတာကတော့တော်တော်ကို အံ့အားသင့်စရာကောင်းပါတယ်။ ဒါပေမယ့်ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ အသက်ရှုသွင်း ရှုထုတ်တာကပုံမှန်အနေအထားမဟုတ်တာကြောင့် အရမ်းကိုနူးညံ့တဲ့ အသံကြိုးတွေကို ထိခိုက်စေနိုင်တာဖြစ်ပါတယ်။ တစ်နေ့တာလုံးဒေါက်ဖိနပ်စီးထားတဲ့အခါ အသက်ရှုတာက ပုံမှန်ထက်မြန်မြန်နဲ့ ခပ်ပြတ်ပြတ်ဖြစ်နေတာကြောင့် အသံကြိုးတွေကို ထိခိုက်စေတာဖြစ်ပါတယ်။အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်တွေကဒူးနာကျင်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒေါက်မြင့်ဖိနပ်တွေက အရိုး – အရိုးချင်းအပေါ်မှာ ဖိအားတွေများစေနိုင်ပါတယ်။ အထူးသဖြင့် ဒူးပေါ်မှာ ဖိအားအရမ်းများစေတာဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ဒူးအဆစ်မှာ (osteoarthritis) အရိုးအဆစ်ရောင်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်၊ လို့ သုတေသီတွေကတွေ့ရှိထားပါတယ်။အရမ်းမြင့်တဲ့ဒေါက်မြင့်ဖိနပ်စီးတဲ့အခါချော်လဲတာမျိုးမဖြစ်အောင်ခြေထောက်ကို ကုတ်အားယူထားရတာကြောင့်ခြေချောင်းလေးတွေ ပုံသဏ္ဍာန်ပျက်ယွင်းတာ ၊ အသားမာဖြစ်တာ၊ အနာစိမ်းဖြစ်တာနဲ့ခြေဖနောင့်နာရောဂါ လိုမျိုးခြေထောက်မှာ ဒဏ်ပိတဲ့ဝေဒနာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးခြင်းက ကင်ဆာဖြစ်တာနဲ့ဆက်စပ်မှုရှိနေပါတယ်၊လို့ ကင်ဆာ အထူးကုဒေါက်တာDavid Agus ကပြောပြပါတယ်။ဒေါက်မြင့်ဖိနပ်တွေကရောင်ရမ်းမှုကိုဖြစ်စေပြီး ကင်ဆာအပါအဝင် အခြားပြင်းထန်တဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။အချို့သောရောင်ရမ်းမှုတွေက နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s)၊ ဆီးချိုရောဂါတွေအပါအဝင် နာတာရှည်ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားရနိုင်သလို ကင်ဆာဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်းသိသိသာသာတိုးစေနိုင်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးတဲ့အခါခြေသလုံးကြွက်သားက အရမ်းကိုခက်ခက်ခဲခဲလုပ်ဆောင်ရတာကြောင့်ခြေသလုံးကြွက်သားက အားနည်းလာတာမျိုးခံစားရနိုင်ပါတယ်။ခြေသလုံးကြွက်သားကိုသက်တောင့်သက်သာဖြစ်စေဖို့အတွက်ဒေါက်မြင့ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးတာမျိုးကိုရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ဒေါက်မြင့်ဖိနပ်ကိုအချိန်ကြာမြင့်စွာစီးထားတဲ့အခါ ခြေထောက်နောက်ဘက်ကကြွက်သားတွေက စီးထားတဲ့ဖိနပ်နဲ့ လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲလုပ်ဆောင်ထားရတာကြောင့်ခြေသလုံးကြွက်သားတွေထဲမှာ ကျုံ့အားတွေလျော့ကျလာပြီး ကြွက်သားတွေထဲမှာ အားမရှိသလို ခံစားရတာဖြစ်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးသူတွေဟာခြေထောက်အဆစ်တွေအပေါ်မှာ ဖိအားအပိုတွေသက်ရောက်မှုကို ခံစားရနိုင်ခြေကတော်တော့်ကိုများပါတယ်။အဆစ်တွေကိုဖွဲ့စည်းမှုမျာ အဆိုပါဖိအားသက်ရောက်မငတွေကို ကာကွယ်နိုင်စာမ်းမပါရျိထားတာကြောင့် ရုတ်တရက် ခလလုတ်တိုက်တာမျိုးချော်လဲတာမျိုးဖြစ်တဲ့အခါခြေထောက်အဆစ်လွဲတာမျိုးဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ ခြေသည်းတွေကို သန့်စင်အောင်ထားတာထက်ကို ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးသူတွေမှာ ပုံမှန်ထက်ခြေစွယ်ငုပ်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ဒေါက်ဖိနပ်စီးတဲ့အခါ ဖိအားသက်ရောက်မှုကခြေထောက်တစ်ခုလု့းကကြွက်သားတွေအဆစ်တွေပေါ်အပြင်ခြေသည်းတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ခြေမခြေသည်းက အရေပြားထဲကို ကုတ်ဝင်နေတာမျိုးဖြစ်ပေါ်ခံစားရနိုင်သလိုခြေသည်းတွေမှာ မှိုပိုးဝင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။ဒေါက်ကို ၃ လက်မခွဲ (သို့) ၃လက်မခွဲအထက်စီးသူတွေမှာ အရိုးအဆစ်ရောင်ရောဂါ (osteoarthritis) ခံစားရနိုင်ခြေပိုများနေသလို မစန်မစွမ်းဖြစ်တာမျိုးအထိဖြစ်ပေးခံစားရနိုင်ပါတယ်။ဒေါက်မြင့်မြင့်ဝတ်လေလေ အရိုးအဆစ်ရောင်ရမ်းမှုကိုခံစားရနိုင်ခြေများလေလေပဲဖြစ် ပါတယ်။အထက်ပါအကြောင်းအရာလေးတွေကို ဖတ်ရှုပြီး ဒေါက်ဖိနပ်ကြိုက်နှစ်သက်သူတွေအနေနဲ့ မိမိမှာခံစားနေရတဲ့ ဒေါက်ဖိနပ်ကြောင့်ဖြစ်တဲ့လက္ခဏာတွေကိုသတိထားနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%92%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%99%e1%80%bc%e1%80%84%e1%80%b7%e1%80%ba%e1%80%96%e1%80%ad%e1%80%94%e1%80%95%e1%80%ba/
ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ဆောင်ရန်၊ ရှောင်ရန်များ
လူတိုင်းဝမ်းပျက်ဝမ်းလျှော ဖြစ်ဖူးကြမှာပါ။ ပုံမှန်အားဖြင့် တစ်နှစ်ကို အနည်းဆုံး ၁ကြိမ်မှ ၂ကြိမ်ထိဝမ်းလျှောတတ်ပြီး ရက်အနည်းငယ်အတွင်းမှာ ဝေဒနာ သက်သာသွားနိုင်ပါတယ်။ စိုးရိမ်စရာ ရောဂါဝေဒနာမျိုးတော့ မဟုတ်ပေမယ့် ခံစားရတဲ့သူအတွက်တော့ အစားပျက်၊အအိပ်ပျက်၊ နေရထိုင်ရခက်နဲ့ တော်တော်လေးကို စိတ်ကသိကအောက် နိုင်တဲ့ ကိစ္စပါ။ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် တတ်နိုင်သလောက် အိမ်မှာ ကောင်းကောင်းအနားယူပါ။အစားအသောက်ဟာ ဝေဒနာကို ပိုဆိုးစေနိုင်သလို မြန်မြန်လည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ပုံမမှန်တဲ့ ဝမ်းသွားခြင်း၊ အစိုင်အခဲထက် အရည်ဝမ်းသွားခြင်း၊ မကြာခဏ ဝမ်းသွားခြင်း၊ ဝမ်းအပျော့သွားခြင်း ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းအစာခြေစနစ်နဲ့လည်း အများကြီး သက်ဆိုင်မှုရှိပါတယ်။ ပုံမှန်အားဖြင့် အနည်းဆုံး ၃ရက်ခန့် ကြာတတ်ပြီး စားသောက်နေထိုင်မှု ပုံစံမမှန်တဲ့သူတွေမှာ မကြာခဏ ဝမ်းလျှောတတ်ပါတယ်။၁။ဗိုက်အောင့်ဗိုက်နာ ဖြစ်ခြင်း။၂။ ဝမ်းဗိုက်မှာ ဖောရောင်ပြီး ရေတွေနဲ့ ပြည့်နေသလို ခံစားရခြင်း။၃။ ဝမ်းမအောင့်နိုင်ခြင်း၊ ရုတ်တရက် မထိန်းနိုင်လောက်အောင် ဝမ်းသွားချင်လာခြင်း။၄။ မူးဝေအော့အန်ခြင်း။၅။အဖျားတက်ခြင်း တို့ပဲ ဖြစ်ပါတယ်။ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အစားအစာကို သေချာ ရွေးဖို့ လိုအပ်ပါတယ်။ တချို့သော အစားအစာတွေဟာ ဝေဒနာကို အလျင်အမြန်သက်သာစေပြီး ဝမ်းကို မာစေတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ဝမ်းလျှောနေချိန်မှာ လူက အားနည်းပြီး နုံးချိနေမှာ ဖြစ်တဲ့အတွက် အားရှိစေမယ့် အစားအစာမျိုးတွေ ရွေးချယ်စားပေးဖို့ လိုအပ်ပါတယ်။နူးညံ့တဲ့ အစားအစာတွေဖြစ်တဲ့ အုတ်ဂျုံ၊ ဆန်ပြုတ်၊ငှက်ပျောသီး၊ ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ ပေါင်မုန့်မီးကင်၊ အာလူးပြုတ်၊ ခရက်ကာမုန့်တို့ကို စားပေးပါ။ အစာခြေစနစ် အလွန်အကျွံ အလုပ်မလုပ်မိစေဖို့၊ ဝမ်းမှန်စေဖို့နဲ့ ဝမ်းကို ပြန်မာစေဖို့ ကူညီပေးနိုင်ပါတယ်။အရည်ဝမ်းတွေ သွားနေတာဖြစ်တဲ့အတွက် ခန္ဓါကိုယ်က ရေဓါတ်တွေ ကုန်ခမ်းမှာ အသေအချာပါပဲ။ ဒါကြောင့် ရေများများသောက်ပေးပါ။ ဝမ်းသွားပြီးတဲ့အချိန်တိုင်း ရေတစ်ခွက်လောက် သေက်ပေးပါ။ ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ပေးပြီး ကိုယ်ခန္ဓါထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးနိုင်ပါတယ်။ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည် ပူပူလေးတွေ သောက်ပေးပါ။ဝမ်းပျက်ဝမ်းလျှော ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ခန္ဓါကိုယ်က အလုပ်လုပ်နေတဲ့အချိန်မှာ တချို့သော အစားအစာတွေက ဝေဒနာပိုဆိုးစေနိုင်ပြီး ပျောက်ကင်းဖို့ အချိန်ပိုကြာစေနိုင်ပါတယ်။ဆီများတဲ့ အစားအစာတွေ၊ အကြော်အလှော်တွေ၊ အပူအစပ်တွေကို ဝမ်းလျှောနေတဲ့အချိန်အတွင်း တတ်နိုင်သလောက် ရှောင်ပါ။ အချိုများတဲ့ မုန့်တွေ၊ သကြားလုံးနဲ့ အအေး၊ ဖျော်ရည်တွေ၊ သစ်သီးတွေကို ရှောင်ပါ။အမျှင်များတဲ့ အစားအစာတွေဟာ ပုံမှန်နေကောင်းတဲ့အချိန်မှာ အစာခြေစနစ်ကို အထောက်အကူဖြစ်စေပေမယ့် ဝမ်းလျှောနေတဲ့အချိန်မှာတော့ ဝေဒနာကို ပိုဆိုးသွားစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ အစေ့အဆန်တွေ၊ အခွံမာသီးတွေကိုလည်း မစားသင့်ပါဘူး။ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တာရှည်ခံ အစားအစာတွေ၊ ဟင်းသီးဟင်းရွက် အစိမ်းတွေ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ ချဉ်လွန်းတဲ့ အသီးအနှံတွေ၊ ငါး၊ ဝက်သား၊ အမဲသား၊ နို့ထွက်ပစ္စည်းတွေကို ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့အချိန်အတွင်း မစားသင့်ပါဘူး။ကဖင်းဓါတ် ပါဝင်တဲ့ အအေးတွေ၊ကော်ဖီ၊ လက်ဖက်ရည်၊ အရက်တွေကိုလည်း မသောက်သင့်ပါဘူး။၁။ အိမ်မှာ ကောင်းကောင်းအနားယူပေးပါ။၂။ အိပ်ချိန်ပြည့်ဝစွာ အိပ်ပါ။၃။ ကိုယ်လက်လေ့ကျင့်ခန်းတွေ၊ အားကစား လုပ်တာ နားထားပါ။၄။ ရေဓါတ်မခမ်းခြောက်စေဖို့ ရေများများသောက်ပေးပါ။ပုံမှန်အားဖြင့်တော့ ဆရာဝန်နဲ့ ပြသစရာမလိုပဲ အိမ်မှာပဲ ရက်အနည်းငယ်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။ ဝမ်းမှာ သွေးတွေ၊ အချွဲတွေ ပါရင်၊ လုံးဝမသက်သာလာဘူးဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။ အဖျားကြီးလွန်းရင်၊ ကိုယ်အလေးချိန် အရမ်းကျသွားရင်လည်း ဂရုစိုက်ပေးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-for-diarrhea/
အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ
နည်းပညာတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အိမ်ရော ရုံးတွေမှာပါမကျန်အဲကွန်းတွေ တပ်လာကြတာ သတိထားမိမှာပါ။ ကျွန်တော်တို့နိုင်ငံကလည်း နဂိုကတည်းက ရာသီဥတုပူတဲ့ နိုင်ငံဖြစ်တာဆိုတော့ လူတွေ အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ်နိုင်အောင်ဆိုပြီး မနက်ရုံးတက်၊ ညရုံးဆင်း တောက်လျှောက်ကို အဲကွန်းဖွင့်ထားတတ်ကြပါတယ်။ အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။အဲကွန်းခန်း ထဲမှာ အမြဲနေတဲ့သူတွေ အသားအရေကို ဒီလိုပြန်ထိန်းသိမ်းပါ ဆိုတာက ဒါကြောင့် ပြောရတာပါ။အဲကွန်းနဲ့ ပတ်သက်ပြီး လူတိုင်းအကြိုက်ဆုံးအရာကတော့ အေးစိမ့်နေတဲ့ ခံစားချက်မျိုးပါပဲ။ ဘယ်သူမဆို ပူပူလောင်လောင် နေရတာကို မကြိုက်ကြဘူးမလား။ ရုံးမှာဆိုလည်း ရုံးမှာမို့လို့၊ အိမ်မှာကျတော့လည်း မိသားစုဝင်တွေ ပူလောင်အိုက်စပ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ပန်ကာနဲ့ မတူတဲ့အချက်ကတော့ အခန်းကို အလုံပိတ်ထားပြီး အခန်းတွင်းမှာရှိတဲ့လေကို လည်ပတ်ကာ အေးမြစေတဲ့အချက်ပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း အဆင်ပြေသလို လေဖြတ်နိုင်ခြေကိုလည်း လျော့နည်းသွားစေတာပေါ့။သိထားရမှာတစ်ခုက အရာရာတိုင်းသည် အကောင်းနဲ့ အဆိုးအမြဲ ဒွန်တွဲနေတဲ့အချက်ပါပဲ။ အဲကွန်းရဲ့ အေးမြစေတဲ့ ကောင်းကျိုးမှာလည်း လူတွေထင်မထားမိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ရှိနေပါတယ်။ ဒါကတော့အသားခြောက်တာပါ။ အဲကွန်းလေက အရေပြားရဲ့ အစိုဓာတ်ကို နည်းသွားစေသလို ရေဓါတ်ကိုလည်း ခမ်းခြောက်သွားစေတယ်။ ပြီးတော့ လူက ဒီအဲကွန်းလေနဲ့ အမြဲထိတွေ့နေရတဲ့အခါ အပြင်ထွက်ပြီးနေရောင်နည်းနည်းခံလိုက်တာနဲ့ အသားက ယားလာတယ်၊ နီရဲလာတယ်၊ ပျက်စီးဖို့ ပိုလွယ်သလို သူများတွေထက် ပိုပြီးပူနေတယ်လို့လည်း ခံစားလာရပါတယ်။ အရေပြားအနေနဲ့ အသားခြောက်လာမယ်၊အသားပပ်မယ်၊ အသားဖတ်တွေ လန်ပြီး ကွာကျလာမယ်။ ကိုယ့်အရေပြားကို သေချာကြည့်လိုက်ရင် ပက်ကြားအက်နေသလို အက်ကွဲကြောင်းအရာလေးတွေပါ ထင်နေမယ်။ အဆီနည်းသွားတာကြောင့် ကြည့်လိုက်ရင် လူက မွဲခြောက်ခြောက်နဲ့ နဂိုအသားအရောင်ပါ မှိန်လာတော့တာပေါ့။ကိုယ့်အိမ်မှာဆိုရင်တော့ အဲကွန်းကို ပိတ်ထားလိုက်လို့ရပေမယ့် ရုံးမှာကျတော့ ကိုယ်အဆင်မပြေဘူးဆိုတိုင်း ပိတ်လို့ရတာမှ မဟုတ်တာ။ ဒီတော့ အဲကွန်းခန်းထဲမှာ နေရင်းနဲ့ ကိုယ့်အသားအရေကို သိပ်မပျက်စီးအောင် ဒီနည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။၁။ ရေဘူးဆောင်ထားပါ။ နာရီဝက်ခြားတစ်ခါ ရေသောက်ပါ။ လူက အေးနေတယ်လို့ခံစားရရင် ရေသောက်ဖို့ကို မေ့နေတတ်ပါတယ်။ အထူးသဖြင့် အေးလွန်းတဲ့အခါ ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးမှုဖြစ်နေပြီး ကိုယ်မသိလိုက်ခင်မှာပဲ အရေပြားက ရေဓာတ်ခမ်းခြောက်နေပါပြီ။ ဒါကြောင့် ရေသောက်ဖို့ကို မမေ့နဲ့နော်။၂။ နေ့လည်နေ့ခင်း ဗိုက်ဆာရင် သစ်သီးတွေ လှီးစိတ်ပြီး စားလိုက်ပါ။ အဆီများတဲ့ မုန့်တွေ၊ အကြော်အလှော်တွေကို ရှောင်ပါ။၃။ ဘယ်သူမဆို အဲကွန်းခန်းထဲ အေးစိမ့်နေတဲ့အချိန်ကော်ဖီပူပူလေးတစ်ခွက်လောက် သောက်လိုက်ရမှ နေသာထိုင်သာ ရှိတတ်ကြတယ်မလား။ ဒါပေမယ့် ဒီကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အသားခြောက်စေတယ်ဆိုတာ မေ့လို့ မဖြစ်ဘူးနော်။ ဒါကြောင့် နေ့တိုင်းလိုလို ကော်ဖီသောက်တာထက် တစ်ရက်ခြား တစ်ခွက်လောက် သောက်ပေးတာ ပိုအဆင်ပြေမှာပါ။၄။ မျက်နှာကို စပရေးအမြဲဖျန်းပေးပါ။ မျက်နှာအတွက် သီးသန့်ထုတ်ထားပြီး အမွှေးနံ့သိပ်မပြင်းတဲ့ အစိုဓာတ်ထိန်း စပရေးမျိုးဆိုရင်တော့ အကောင်းဆုံးပါပဲ။၅။ အစိုဓာတ်ထိန်းခရင်မ်ကို အိမ်ကနေ မထွက်ခင်ကတည်းက တစ်ကိုယ်လုံး လိမ်းထားပါ။၆။ ရုံးမှာလည်း နို့ ဒါမှမဟုတ် အဆီတစ်မျိုးမျိုးပါတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ဆောင်ထားပါ။ လက်ဖဝါး၊ လည်ပင်း၊ တံတောင်ဆစ်၊ ပေါင်တံ၊ ခြေသလုံးတွေကို ၂နာရီ တစ်ခါလောက် လိမ်းပေးရပါမယ်။၇။ အဲကွန်းခန်းထဲမှာ အချိန်ပြည့်နေတာထက် ခဏတစ်ဖြုတ် အပြင်ထွက်ပြီး အိမ်သာသွားတာ၊ လမ်းလျှောက်ထွက်တာ၊ အပြင်က လေကောင်းလေသန့်ရှူရှိုက်တာမျိုး လုပ်ပေးပါ။၈။ အပြင်ကနေ အဲကွန်းခန်းထဲ မဝင်ခင် ခဏလောက်စောင့်ပေးပါ။ ချွေးတိတ်ပြီး ခန္ဓာကိုယ်တွင်း အပူချိန်ငြိမ်သွားပြီဆိုမှ ဝင်ပါ။ အဲကွန်းခန်းကနေ အပြင်ထွက်တော့မယ်ဆိုရင်လည်း တန်းမထွက်လိုက်ပါနဲ့။ ခဏလောက်တော့ ကိုယ်ထဲကို အအေးဓါတ်တွေ လျော့သွားအောင် စောင့်သင့်ပါတယ်။၉။ အဲကွန်းကို အေးစိမ့်နေအောင် အအေးမမြှင့်ထားပါနဲ့။၁၀။ အိမ်မှာ ရေချိုးပြီးသွားပြီဆိုရင် တစ်ကိုယ်လုံးကို Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ် ပြန်လိမ်းပေးပါ။ အထူးသဖြင့် အိပ်ခါနီးအချိန်မှာ မျက်နှာ၊ လက်၊ ခြေထောက်တွေကို သေချာလေး လိမ်းပြီးမှ အိပ်ပါ။၁၁။ အားလပ်ရက်တွေမှာ အိမ်တွင်းပစ္စည်းတွေဖြစ်တဲ့ ကြက်ဥ၊ပျားရည်၊ ထောပတ်သီး၊သကြားညို၊ စတာတွေနဲ့ အသားအရေကို ပြန်ပြီး နူးညံ့ချောမွေ့အောင် ထိန်းသိမ်းပေးပါ။ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာမယ်ဆိုရင် အဲကွန်းထဲမှာ အမြဲရှိနေလည်းအသားအရေပျက်စီးမှာကို ပူစရာမလိုတော့ဘူးပေါ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tips-to-maintain-hydrated-skin-in-an-air-conditioned-room/
စိတ်ဓာတ်ကျချိန်မှာ ဘာတွေစားသင့်သလဲ
စိတ်ဓာတ်ကျခြင်းဟာ နေ့စဉ် လူနေမှုဘဝကို ထိခိုက်နိုင်ပါတယ်။ ကာယကံရှင်ကိုသာမကပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် အလေးထားသင့်တဲ့စိတ်ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ဆေးဝါးကုသမှုအပြင် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ညီညွတ်မျှတစွာ စားသောက်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။စိတ်ဓာတ်ကျခြင်းအတွက် သီးသန့်စားသောက်ရမယ့် ပုံစံ မသတ်မှတ်ထားပေမယ့်အစားအစာတချို့ဟာတော့ စိတ်ဓာတ်ကျချိန်မှာ ပိုမိုအထောက်အကူပြုတာကို တွေ့ရရပါလိမ့်မယ်။ ယခု ဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ စိတ်ဓာတ်ကျဆင်းချိန်မှာ စားသုံးသင့်တဲ့ အစားအသောက်များနဲ့ ဘယ်လိုအစားအစောက်တွေကို ရှောင်ကြဉ်ရမယ်ဆိုတာပဲ ဖြစ်ပါတယ်။၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ စိတ်ကျခြင်းဝေဒနာ ခံစားနေရသူများဟာ အာဟာရ စားသုံးမှုနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ကာ စနစ်တကျ စားသုံးပြီးနောက်မှာ သက်သာမှု ရှိလာတာကို တွေ့ရပါတယ်။ဆီလီနီယမ်ဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက်ကောင်းမွန်စေပြီး စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်းကို လျော့နည်းစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျဆင်းနေချိန်မှာ ပိုမိုလိုအပ်ပါတယ်။ ဆီလီနီယမ်ပါတဲ့ အစားအသောက်တွေကတော့ မပြုပြင်ထားတဲ့ အစေ့အဆန်များ၊ အခွံမာသီး၊ ပင်လယ်စာ၊အသည်းကဲ့သို့သော ကလီစာ စတာတွေ ဖြစ်ပါတယ်။ဖြည့်စွက်စာအနေနဲ့လည်း ရရှိနိုင်ပါတယ်။ဗီတာမင် ဒီဟာ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကို သက်သာစေတယ်လို့ သိရပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရရှိနိုင်ပြီး အစားအသောက်တွေကလည်း ရရှိနိုင်ပါတယ်။ ဗီတာမင်ဒီရရှိနိုင်တဲ့ အစားအသောက်တွေကတော့ အဆီများတဲ့ငါး၊ ဗီတာမင်ဒီအားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းများ၊ အမဲအသည်း၊ ဥအမျိုးမျိုး စတာတွေပဲ ဖြစ်ပါတယ်။သုတေသနအချို့အရ Omega-3 ဟာ စိတ်ကျရောဂါခံစားနေရသူတွေအတွက် အထောက်အကူ ပြုပါတယ်။ ထပ်မံပြီး သုတေသနတွေပြုလုပ်ဖို့ လိုပါသေးတယ်။Omega-3 ဟာ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုစွမ်းဆောင်နိုင်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာရုံကြောတွေအပေါ် ဖုံးအုပ်ပေးထားတဲ့ အကာလွှာကို ထိန်းသိမ်းပေးပါတယ်။ Omega-3 ရရှိနိုင်တဲ့ ရင်းမြစ်တွေကတော့ ဆယ်လ်မွန်၊ ငါးသေတ္တာ၊ တူနာ၊ မက်ကရယ် စတဲ့ ငါးများ၊ နှမ်းကြတ်စေ့၊ ချီယာစေ့၊ သစ်ကြားသီး စတဲ့အစေ့အဆန်များပဲ ဖြစ်ပါတယ်။ အားဖြည့်ဓာတ်စာတွေ အနေနဲ့လည်း ရရှိနိုင်ပါတယ်။ဗီတာမင် B12 နဲ့ B9 (ဖောလိတ်၊ ဖောလစ်အက်ဆစ်) ဟာ ဦးနှောက်အပါအဝင် အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ စိတ်ကျခြင်း အပါအဝင် အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို တိုးတက်ကောင်းမွန်စေပါတယ်။ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကတော့ ဥအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ကြက်ဘဲ၊ ငါးအမျိုးမျိုး၊ ကမာကောင်၊ နို့ စတာတွေပဲ ဖြစ်ပါတယ်။ဖောလိတ်ပါဝင်တဲ့ အစားအစာတွေကတော့ အရောင်ရင့်သော အသီးအရွက်များ၊ အသီးဖျော်ရည်များ၊ အခွံမာသီး၊ ပဲ၊ အလွန်အကျွံမပြုပြင်ရသေးတဲ့ အစေ့အဆန်များ၊ နို့ထွက်ပစ္စည်းများ၊ အသားအမျိုးမျိုး၊ ကြက်ဘဲ၊ ပင်လယ်စာ၊ ဥအမျိုးမျိုး စတာတွပဲ ဖြစ်ပါတယ်။ဇင့်ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး စိတ်ဓာတ်ကျဆင်းမှုကိုလည်း သက်သာရာရစေပါတယ်။ စိတ်ကျခြင်းဝေဒနာခံစားနေရသူတွေကို လေ့လာကြည့်ရာမှာ ဇင့်ဓာတ်နည်းပါးနေကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဇင့်ဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ သိပ်ပြီး မပြုမပြင်ရသေးတဲ့ အစေ့အဆန်များ၊ ကမာကောင်၊ အမဲသား၊ ကြက်၊ ဝက်၊ အခွံမာသီး၊ ဖရုံစေ့ စတာတွေပဲ ဖြစ်ပါတယ်။ယခုဖော်ပြခဲ့တာတွေကတော့ စိတ်ဓာတ်ကျဆင်းချိန်မှာ ဦးစားပေး စားသုံးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေကတော့အရက်သေစာ၊ စားကောင်းအောင် အလွန်အကျွံ ပြုပြင်ထားတဲ့ အစားအစာများ၊ ကဖိန်း၊ ပြည့်ဝဆီ စတာတွေပဲ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%ac%e1%80%90%e1%80%bd/
ပိန္နဲသီး ကြိုက်သူလေးတွေအတွက် သတင်းကောင်း
ချိုချိုလေးနဲ့ ဝါးလိုက်တိုင်း အရသာရှိတဲ့ပိန္နဲသီးလေးကအစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားလေးအတိုင်း ကျန်းမာရေးအတွက် အထောက်အကူ ပြုပေးနိုင်ပါသတဲ့။အပေါ်ခွံမှာဆူးတုံးတုံး စိပ်စိပ်လေးတွေရှိပြီး အခွံကို လှီးလိုက်တဲ့အခါ အဖြူရောင် အစေးလေးတွေထွက်ပါတယ်။ အထဲမှာတော့ အမျှင်လေးတွေနဲ့ အသားပြည့် အဝါရောင် ပိန္နဲမွှာ ချိုချိုလေးတွေပါ ပါတယ်။ အိမ်မာ နဲ့ အိမ်ပျော့ဆိုပြီး ကွာခြားပေမယ့် ပေးတဲ့ကျန်းမာရေး အာနိသင်ကတော့ အတူတူပါပဲ။စားရတာ အရသာရှိတဲ့ ပိန္နဲသီးလေးမှာ။စားလိုက်တိုင်း အရသာရှိတဲ့ ပိန္နဲမွှာ ချိုချိုလေးတွေက။ကင်ဆာသက်သာစေတယ်။ပိန္နဲသီး မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေမှုက အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အရေပြား ကင်ဆာ နဲ့ ဆီးကျိတ် ကင်ဆာတွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်တွေ ပျက်စီးမှုကို ကုသပေးပြီး ဆဲလ်တွေကို ခံနိုင်ရည်တိုးစေဖို့ အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။ကိုယ်အလေးချိန်ကျစေနိုင်တယ်။တစ်နေ့ထက်တစ်နေ့ အဝလွန်တဲ့နှုန်းက ပိုများလာပါတယ်။ ဒီပြဿနာကို အရသာရှိရှိ ဖြေရှင်းချင်တယ်ဆိုရင်တော့ ပိန္နဲသီး စားပေးပါ။အမျှင်ဓာတ်ကြွယ်ဝသလို အခြားအာဟာရဓာတ်တွေလည်း ပြည့်ဝစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။သွေးတိုးကျစေနိုင်တယ်။ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးတိုး မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ သွေးတိုးကျတာက ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ကင်းစေမှာပါ။အစာကြေစေနိုင်တယ်။အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗိုက်အောင့် ဗိုက်နာ ကင်းစေနိုင်သလို ဝမ်းမှန်စေနိုင်ပါတယ်။ အူမကြီးက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အူတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။အိပ်ပျော်စေတယ်။ညဘက်တွေ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ပိန္နဲသီး စားပေးလို့ရပါတယ်။ မဂ္ဂနီဆီယမ် နဲ့ သံဓာတ် ကြွယ်ဝမှုက ကောင်းကောင်းအိပ်ပျော်စေဖို့ အားဖြည့်ပေးပါတယ်။ အိပ်ရေးပျက်တာကြောင့် သွေးအားနည်းရောဂါ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဆီးချိုသမားတွေသင့်တော်တယ်။ပိန္နဲသီး က အချိုများတယ်ဆိုပေမယ့် သကြားဓာတ်က ရုတ်တရက် မြင့်တက်သွားတာမျိုး မဖြစ်စေပါဘူး။ အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေနိုင်တာကြောင့် အမျိုးအစား (၁) ဆီးချို ဝေဒနာရှင်တွေရော အမျိုးအစား(၂) ဆီးချို ဝေဒနာရှင်တွေပါ စားသုံးလို့ရပါတယ်။အမြင်အာရုံကောင်းစေတယ်။ဗီတာမင် A ကြွယ်ဝစွာ ပါဝင်မှုကြောင့် အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကာကွယ်ပေးနိုင်သလို မျက်စိမှာ အတွင်းတိမ်၊ ရေတိမ်တွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါ တယ်။အသားအရေကျန်းမာစေတယ်။ဗီတာမင် A ကြွယ်ဝတဲ့ ပိန္နဲသီး ကို စားပေးမယ်ဆိုရင် အသားအရေကို ကျန်းမာစေပြီး အရွယ်မတိုင်ခင် အိုမင်းတာ၊ နေရောင်ကြောင့် အသားအရေထိခိုက်တာနဲ့အရေးအကြောင်းတွေမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ပါးစပ်ထဲက အနာကိုသက်သာစေတယ်။ပါးစပ်ထဲမှာ အနာဖြူဖြူလေးတွေ ပေါက်တာကြောင့် စားရသောက်ရ အခက်အခဲဖြစ်နေမယ်ဆိုရင် ကုသနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ပါးစပ်ထဲက အနာတွေကို အမြန်ဆုံး သက်သာစေနိုင်တဲ့ ပိန္နဲသီး စားပေးတာပါ။ပိန္နဲသီးက နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ပိုးတွေကို သေစေနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကခံတွင်းအနာတွေကို မြန်မြန်သက်သာစေမှာပါ။အရိုးတွေသန်မာစေနိုင်တယ်။ကယ်လ်ဆီယမ်ကြွယ်ဝမှုကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။ ကယ်လ်ဆီယမ် အပြင် ဗီတာမင် C နဲ့ မဂ္ဂနီဆီယမ် ပါဝင်မှုကလည်း  ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။အာရုံကြောစနစ်ကို ကျန်းမာစေတယ်။ပိန္နဲသီးက သီရာမင်း နဲ့ နီကာစင်လိုမျိုး ဗီတာမင်တွေ ပါဝင်နေတာကြောင့် နေ့စဉ်စားသုံးပေးမယ်ဆိုရင်ကြွက်သား အားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ၊ စိတ်ဖိစီးမှုများတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။အနာကျက်စေနိုင်တယ်။ဗီတာမင် C ကြွယ်ဝစွာ ပါဝင်မှုက ကော်လာဂျင်ထွက်ရှိအောင် လှုံဆော်ပေးပြီး အရေပြား၊ အရိုး နဲ့ တွယ်ဆက် တစ်ရှူးတွေကို ကျန်းမာစေနိုင်သလို သွေးကြောတွေ နဲ့အရိုးနုတွေကို ကျန်းမာစေနိုင်ပါတယ်။ ဒီ ကော်လာဂျင်က အနာကျက်စေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-jack-fruit/
အသားဖတ်တွေ ကွာနေတဲ့ ခြေထောက်ကို ဒီလိုကုစားကြရအောင်
လူတော်တော်များများက မျက်နှာနဲ့ ကိုယ်ခန္ဓာအလှအပကိုပဲ ဂရုစိုက်ရင်းနဲ့ ခြေထောက်လေးတွေကို သေချာပြုစုပေးဖို့ မေ့တတ်ကြတယ်နော်။ တကယ်တော့ ဒီခြေထောက်လေးတွေက ဘယ်ပဲသွားသွား ကျွန်တော်တို့ရဲ့ ကိုယ်အလေးချိန်တစ်ခုလုံးကို ဟန်ချက်ညီအောင် ထိန်းပေးရတဲ့ ထောက်တိုင်တွေပါ။ အပြင်က အမြဲတမ်းသွားလာတာ၊ ဒေါက်ဖိနပ်တွေ၊ ကျပ်လွန်းတဲ့ ဖိနပ်တွေ၊ ပြေးလွှားလှုပ်ရှားရတဲ့ အားကစားလုပ်လွန်းတာ၊ နေရောင်ခြည်ဒဏ်ကြောင့် ခြေထောက်တွေက အစိုဓာတ်ခမ်းခြောက်ပြီး ကြာလာရင် အသားဖတ်တွေ ကွာလာတတ်တယ်နော်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ခြေထောက်အသားပပ်တာ၊ အက်ကွဲပြီး ခြောက်နေတာ၊ ခြေဖနောင့် ကြမ်းနေတာ၊ အရောင်မညီ မည်းညစ်နေတာတွေကို ကုစားပေးမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ပြောပြပေးမယ်နော်။လွယ်လွယ်ပြောရမယ်ဆိုရင်တော့ အသားခြောက်လို့ပါပဲ။ သဘာဝအတိုင်း နူးညံ့ချောမွေ့နေစေဖို့ အရေပြားက သဘာဝအဆီဖြစ်တဲ့ sebum ကို အမြဲထုတ်လုပ်ပေးရပါတယ်။ ဒီအဆီတွေ ခမ်းခြောက်သွားတဲ့အခါ ခြေထောက်အသားက မွဲခြောက်ခြောက်ဖြစ်လာတယ်။ ဖိနပ်အကျပ်တွေစီးပြီး တစ်နေကုန် အပြင်ထွက်သွားလာတယ်။ ပြီးရင် ဒီပျက်စီးနေတဲ့ ခြေထောက်ကို အသားအရေပြုပြင်ထိန်းသိမ်းတာတွေ ဘာမှပြန်မလုပ်တော့ ဆဲလ်အသေတွေ စုမိပြီး အသားကကြမ်းခြောက်လာကာ အသားဖတ်တွေ အမြဲကွာကျနေတော့တာပေါ့။၁။ ရေချိုးတဲ့အချိန်မှာ ခြေထောက်ကို သေချာတိုက်ချွတ်ဆေးကြောဖို့ မမေ့ပါနဲ့။ ခြေသည်း၊ ခြေချောင်းကြား၊ ခြေဖဝါး၊ ခြေဖနောင့်၊ ခြေဖမိုး နေရာအစုံကို ဆပ်ပြာတိုက်ပြီးသွားရင် ချေးတွန်းကျောက်နဲ့ဖြစ်ဖြစ် ဖြည်းဖြည်းချင်း တိုက်ပေးပါ။၂။ ရေချိုးပြီးသွားတဲ့အခါ ခြေထောက်လိမ်းခရင်မ် တစ်ခုခု လိမ်းလို့ရပါတယ်။ အစိုဓာတ်လည်း ထိန်းပေးနိုင်မယ်၊ အာဟာရဓာတ်လည်း ဖြည့်ပေးနိုင်မယ်၊ အသားကို နူးညံ့သွားစေနိုင်တဲ့ ပစ္စည်းတွေ သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။၃။ ညအိပ်တဲ့အခါ ခြေဗလာမအိပ်ပါနဲ့။ Lotion ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ်နဲ့ ခြေထောက်တစ်ခုလုံး နှံ့နေအောင် လိမ်းပြီးသွားရင် ခြေအိတ်အပါးလေး ဝတ်အိပ်ပေးပါ။၄။ အားလပ်ရက် အချိန်ပေးနိုင်တယ်ဆိုရင် ရေနဲ့ ရှာလကာရည်ရောပြီး ခြေထောက်ကို ဆယ်မိနစ်လောက် စိမ်ထားပေးလို့ ရပါတယ်။၅။ ဒေါက်မြင့်ဖိနပ်၊ အားကစားဖိနပ်တွေကို အကြာကြီး မစီးပါနဲ့။ ခြေထောက်အတွက် လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာဖြစ်စေမယ့် ခြေညှပ်ဖိနပ်အပါးတွေကိုပဲ စီးပေးပါ။၆။ ကိုယ်ခန္ဓာအတွက် ကြေးချွတ်တဲ့နေရာမှာ သုံးတဲ့ Scrub တွေကို ခြေဖဝါးအတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ တစ်ခုသတိထားရမှာကတော့ Scrub တိုက်ပြီး ကြေးချွတ်တာကို တစ်ပတ် ၂ကြိမ်သာ အများဆုံးလုပ်ပေးရမှာဖြစ်ပြီး ကြေးချွတ်ပြီးသွားတဲ့အခါမှာလည်း ခြေထောက်ကို အစိုဓာတ်ပြန်ထိန်းပေးဖို့ပါ။၇။ ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ဗီတာမင် စီ အားဆေးတွေကို သောက်ပေးပါ။ဒီနည်းလမ်းတွေသာ မှန်မှန်လုပ်ပေးမယ်ဆိုရင် အသားပပ်ပြီး ကြမ်းခြောက်နေတဲ့ ခြေထောက်လည်း နဂိုအတိုင်း နူးညံ့ချောမွေ့သွားမှာ အသေအချာပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%96%e1%80%90%e1%80%b9%e1%80%b1%e1%80%90%e1%80%bc-%e1%80%80%e1%80%bc%e1%80%ac%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%b1%e1%80%bb%e1%80%81%e1%80%b1/
မှိုနဲ့ ဘက်တီးရီးယားကူးစက်ရောဂါတွေကို သဘာဝနည်းလမ်းတွေနဲ့ ဘယ်လိုကုသမလဲ
မှိုနဲ့ ဘက်တီးရီးယားကူးစက်ရောဂါတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက ဝက်ခြံပေါက်ခြင်း၊candida မှိုစွဲခြင်းနဲ့ လိင်အင်္ဂါကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ဒီလိုမျိုးတွေဖြစ်လာရင် ခရင်မ်၊လိုးရှင်း နဲ့ ဆေးပြားတွေကို သုံးစွဲမယ့်အစား အဆိုပါ ဘက်တီးရီးယားပိုးမွှားတွေကို အောက်ဖော်ပြပါ သဘာဝနည်းလမ်းတွေကို သုံးပြီး နှိမ်နင်းနိုင်ပါတယ်။မကောင်းတဲ့ ဘက်တီးရီးယားတွေရန်က ကင်းဝေးစေဖို့အတွက် carbohydrate ဓါတ်(ကစီဓါတ်)နဲ့ အချိုတွေကို လျှော့စားရပါမယ်။ ဘာလို့လဲဆိုတော့ အဆိုပါ အစားအစာတွေဟာ ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားအောင် အားပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ဒါပေမယ့် နေ့စဉ်စားသောက်မှုပုံစံထဲကနေ အချိုဓါတ်ကို လုံးဝဖယ်ထုတ်ပစ်ဖို့ကျတော့ လူအများစုအတွက် ခက်ခဲပါတယ်။ အချိုဓါတ်(သကြား)ဟာ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေအားလုံးနီးနီးမှာ ပါဝင်နေပါတယ်။ဒါကြောင့် သင့်အနေနဲ့ သကြားလုံးတွေ၊အချိုတွေ၊ဆိုဒါတွေ၊ချိုတဲ့ အစားအစာတွေ နဲ့ အစာအိမ်ထဲမှာ ချေဖျက်ပစ်လိုက်တဲ့အခါ သကြားဓါတ်အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အစားအစာတွေ(ဥပမာ အဖြူရောင် ပတ်စတာ ခေါက်ဆွဲ၊ပေါင်မုန့်ဖြူ နဲ့ အနှံတွေ အားလုံးနီးပါး)ကို တတ်နိုင်သမျှ လျှော့စားရမှာ ဖြစ်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေဟာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ဒြပ်ပေါင်းတွေဖြစ်ပြီး ချဉ်တဲ့အသီးတွေ၊လက်ဖက်စိမ်း၊ကော်ဖီနဲ့ ချောကလက်တွေမှာ တွေ့ရှိနိုင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေဟာ ကင်ဆာရောဂါ၊အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း အစရှိတဲ့ ကျန်းမာရေးပြဿနာတွေကို ရှောင်ရှားနိုင်အောင် ကူညီပေးတယ်လို့ ယုံကြည်ရပါတယ်။ ဒါတင်မကသေးပါဘူး၊သူတို့ဟာ ခန္ဓါကိုယ်အတွင်းရှိ ကျန်းမာနေတဲ့ ဆဲလ်အကောင်းတွေ ဖျက်ဆီးခံရပြီး free radicals လို့ခေါ်တဲ့ အဆိပ်အတောက်တွေအဖြစ် ပြောင်းလဲသွားခြင်းကို ကာကွယ်ပေးပါသေးတယ်။ဒါ့အပြင် ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေဟာ မှိုနဲ့ (မကောင်းတဲ့)ဘက်တီးရီးယားတွေအားလုံးကို ဖယ်ရှားရှင်းလင်းပေးနိုင်တာကြောင့် သင့်ခုခံအားစနစ်ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။candida နဲ့yeast မှိုစွဲခြင်းတို့ကို ထိရောက်စွာ ကာကွယ်ကုသပေးနိုင်မယ့် နည်းလမ်းတခုကတော့ တနေ့ကို oregano အဆီ လေးစက်ခန့် စားပေးခြင်းပဲ ဖြစ်ပါတယ်။oregano ဟာ မကောင်းတဲ့ ဘက်တီးရီးယားအတော်များများကို ရှင်းလင်းဖယ်ရှားပစ်နိုင်ပါတယ်။Colloidal silver ဟာ ပိုးမွှားတွေကို ကုန်စင်အောင် ဖယ်ရှားကုသပေးမယ့် သဘာဝပိုးသတ်ဆေးတမျိုးဖြစ်ပြီး ခုခံအားစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ ဒါပေမယ့် တခါသောက်ရင် လက်ဖက်ရည်ဇွန်းတဇွန်းနှုန်းနဲ့ တနေ့သုံးကြိမ်သောက်ရင် လုံလောက်ပြီဖြစ်ပါတယ်။ ရှိသမျှ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။အချို့သော အကျိုးပြုဘက်တီးရီးယားတွေဟာ မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပေမယ့် ၎င်းတို့ဟာ သင့်ခန္ဓါကိုယ်ထဲမှာ အမြဲတစေ ရှိမနေပါဘူး။ ဒီလိုအခြေအနေမျိုးမှာ Probiotics တွေကို ဖြည့်စွက်ပေးဖို့ လိုပါတယ်။Probiotics အနည်းငယ် သုံးစွဲပြီးတဲ့အခါ မှိုရောဂါတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ လေ့လာကြည့်ပါ။ ဒါ့အပြင် Probiotics တွေဟာ အစာချေအင်္ဂါအဖွဲ့အစည်းနဲ့ ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ပဋိဇီဝပိုးသတ်ဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်(ဆေးစာ)ပါမှသာ ရောင်းချပေးမှာဖြစ်တဲ့အတွက် အလွယ်တကူ ဝယ်လို့တော့ မရနိုင်ပါဘူး။ သူတို့ဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကိုသာ ပျောက်အောင် လုပ်ပေးနိုင်ပါတယ်။တကယ်လို့ သင်ဟာ ပဋိဇီဝဆေးတွေကို အလွန်အကျွံအသုံးပြုမယ် ဒါမှမဟုတ် တလွဲသုံးမယ်ဆိုရင် ဆေးယဉ်ပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် အကျိုးပြုဘက်တီးရီးယားတွေကိုပါ မတော်တဆ ဖယ်ရှားရှင်းလင်းပစ်မိတတ်ပါသေးတယ်။ဗီတာမင် D ဟာ ဆံပင်၊လက်သည်း၊ခြေသည်းတွေနဲ့ အရေပြားတို့ကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင် သင့်အစာချေလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ ပိုမိုများပြားလာအောင်လည်း ပြုလုပ်ပေးပါသေးတယ်။နေပူထဲမှာ နေ့စဉ်တနာရီလောက် နေပေးခြင်း၊ဗီတာမင် D ပါတဲ့ အစားအစာတွေကို ပိုမိုစားပေးခြင်း ဒါမှမဟုတ် ဗီတာမင် D ဖြည့်စွက်အားဆေးများ စားသုံးခြင်းအားဖြင့် ဗီတာမင် D ပိုမိုရရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%99%e1%80%ad%e1%82%88%e1%80%94%e1%80%b2%e1%82%95-%e1%80%98%e1%80%80%e1%80%b9%e1%80%90%e1%80%ae%e1%80%b8%e1%80%9b%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%80%e1%80%b0%e1%80%b8%e1%80%85/
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Cervarix
သားအိမ်ခေါင်းကင်ဆာ အကြောင်း ညီမငယ်တို့ ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေအတွက် သိပ်ကို အဖြစ်များပြီး အန္တရာယ်များတဲ့ ဒီရောဂါကို ကြိုတင် ကာကွယ်လို့ ရတယ်ဆိုတာရော သိထားပြီးပြီလား။ ဒီအကြောင်းကို ပြောပြချင်လို့ Cervarix ကာကွယ်ဆေးကို ဥပမာပေး ရှင်းပြသွားပါမယ်နော်။Cervarix ဆိုတာသားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့Human papillomavirus (HPV)ဗိုင်းရပ်စ်အမျိုးအစားတွေ ဖြစ်တဲ့ HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၆ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့် ကူးစက်နိုင်တဲ့ရောဂါပိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာသားအိမ်ခေါင်းကင်ဆာမဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေ ရှိနိုင်ပါသေးတယ်။Human papillomavirus (HPV) ဗိုင်းရပ်စ်က လိင်အင်္ဂါကြွက်နို့အပြင် သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊ အပြင်ယောနိမှာ ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။Cervarixကို HPVကူးစက်မှု မရှိသေးတဲ့ သူတွေမှာ ထိုးပါတယ်။ တကယ်လို့ မသေချာရင် HPV စစ်ဆေးမှု သို့မဟုတ်Pap Test(သားအိမ်ခေါင်းချွဲမြှေးယူစစ်ဆေးမှု) တို့လုပ်ဆောင်ပြီး ရောဂါပိုးကူးစက်ခံခြင်း မရှိရင် Cervarix ကို ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးက HPVကြောင့်ဖြစ်တဲ့ တခြားကင်ဆာရောဂါတွေကို မကုသနိုင် သလို HPV ကူးစက်ခံရပြီးသူတွေကိုလည်း ကုသနိုင်မှာမဟုတ်ပါဘူး။Cervarix ကHPV အမျိုးအစား 16 နဲ့ 18 တို့ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုပဲ ကာကွယ်နိုင်တာဖြစ်ပြီး တခြား HPVတွေကို မကာကွယ်နိုင်ပါဘူး။HPV ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ အကြံပြုကြတဲ့အသက်အရွယ်ကတော့ အသက် ၁၁ နှစ်- ၁၂နှစ်အရွယ် မိန်းကလေးတွေဖြစ်ပါတယ်။ အသက် ၉နှစ်ကစပြီးလည်း ထိုးနိုင်ပါတယ်။ဒီအသက်အရွယ်ပိုင်းမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်ရတဲ့အကြောင်းရင်းကတော့ လိင်ဆက်မှုမရှိခင် ကာကွယ်ဆေးထိုးပေးဖို့ လိုတာကြောင့်ပါ။မိန်းကလေးငယ်တစ်ယောက် သို့မဟုတ် အမျိုးသမီးတစ်ယောက်မှာ ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီးသားဖြစ်နေရင် ကာကွယ်ဆေးက သိပ်ပြီးအကျိုးထူးမှာမဟုတ်လို့ဖြစ်ပါတယ်။ငယ်ငယ်တုန်းက မထိုးခဲ့ရတဲ့သူတွေ အနေနဲ့လည်း အသက် ၁၃ နှစ်နဲ့ ၂၆ နှစ်အတွင်း မိန်းကလေးတွေ ကာကွယ်ဆေးထိုးလို့ရသေးတယ်လို့ သိရပါတယ်။HPV ကာကွယ်ဆေးထိုးတဲ့အခါ အဆင့် ၃ ဆင့်ရှိပါတယ် –။HPV ကာကွယ်ဆေးထိုးတဲ့အချိန်မှာ တခြားကာကွယ်ဆေးတွေလည်းထိုးနိုင်ပါတယ်။HPV ကာကွယ်ဆေးကို မထိုးသင့်တဲ့လူတွေ သို့မဟုတ် ဆေးထိုးဖို့ အချိန်စောင့်ဆိုင်းသင့်တဲ့သူတွေကတော့။ဒီ Cervarix ဆေးကို လက်မောင်း ကြွက်သားမှာ ထိုးပေးတာဖြစ်ပြီး သုံးကြိမ် ထိုးရပါတယ်။ ပထမအကြိမ်ကို အသက် ၉ နှစ်ကနေ ၂၆ နှစ်အတွင်း ဘယ်အချိန်မှာ ထိုးခဲ့ပါစေ၊ ထိုးပြီး ၁ လအကြာမှာ ဒုတိယအကြိမ် ထပ်ထိုး ရပါတယ်။ ပထမဆေး ထိုးပြီး ၆ လအကြာမှာတော့ နောက်ဆုံး တစ်ကြိမ် ဆေးထိုးရတာ ဖြစ်ပါတယ်။ ၂၆နှစ်အထက်တွေကတော့ ဆေးထိုးမယ်ဆိုရင် အာနိသင်ရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီ အဆင့် အတိုင်း မပျက်မကွက် ဆေးထိုးဖို့တော့ လိုပါတယ်။ မဟုတ်ရင် ရောဂါ ကာကွယ်နိုင်စွမ်း အပြည့်အဝ မရရှိနိုင်ပါဘူး။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/hpv-vaccine-cervarix/
Tetralogy of Fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါ ။ ။
ကလေးလိုချင်တဲ့ မိဘတိုင်း လောကထဲ ရောက်လာမယ့် ကိုယ့်ကလေး ခြေလက်အဂါစုံဖို့၊ မွေးရာပါ ပြဿနာတွေ မရှိစေဖို့ ဆုတောင်းကြတဲ့သူချည်းပါပဲ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ တစ်ချို့ကလေးလေးတွေဟာမွေးရာပါပြဿနာ တစ်ခုခုနဲ့ ချို့ယွင်းချက်ရှိစွာ မွေးဖွားလာခဲ့ကြရပါတယ်။ ဒီလို မွေးရာပါချို့ယွင်းချက်တွေထဲမှာ ခုပြောမယ့် Tetralogy of fallot မွေးရာပါ ပြာနှမ်းတဲ့နှလုံးရောဂါကလည်း တစ်ခု အပါအဝင်ပေါ့။ဒီနေ့ပြောပြမယ်ဆောင်းပါးကတော့ ဒီလို မွေးရာပြါပါနှမ်းတဲ့ နှလုံးရောဂါနဲ့ မွေးဖွားလာတဲ့ ရင်သွေး ပိုင်ဆိုင်ထားရတဲ့ မိခင်တိုင်းအတွက် ရည်ရွယ်ပါတယ်။Tetralogy of Fallotဆိုတာ tetra ဆိုတဲ့အတိုင်းနှလုံးချို့ယွင်းချက် ၄ ခုပေါင်းထားတဲ့ ပြဿနာတစ်ခုပါ။ ဒီလို ချို့ယွင်းချက်ကြောင့် နှလုံးပုံစံမမှန်တော့တဲ့အပြင် သွေးထဲ အောက်ဆီဂျင်ပါဝင်လည်းနည်းသွားပြီး ေအာက်ဆီဂျင်နည်းတဲ့သွေးတွေ တစ်ကိုယ်လုံးမှာ လှည့်ပတ်စီးနေစေလို့ ပြာနှမ်းစေတဲ့ နှလုံးပြဿနာတစ်ခုပါ။ကလေးကို ကိုယ်ဝန်ဆောင်တဲ့အချိန် မိခင်အာဟာရြပည့်ပြည့်ဝဝမစားတာ၊ ဗိုင်းရပ်စ်နဲ့ဆိုင်တဲ့ ရောဂါပိုးတွေ ဝင်သွားတာ နဲ့ မွေးရာပါ ဗီဇ ချို့ယွင်းချက်တွေရှိတာ နဲ့ အခြား အကြောင်းအရင်းမသိရတဲ့ ပြဿနာတွေကြောင့် ကလေးနှလုံးဖွံ့ဖြိုးမှုထိခိုက်သွားပြီး Tetralogy of Fallot ဆိုတဲ့ နှလုံးရောဂါဖြစ်လာပါတော့တယ်။ ဖြစ်နိုင်တာတွေကတော့။ညာဘက်သွေးလှောင်ခန်းကနေ အဆုတ်ဆီ သွေးဘယ်လောက်သွားလဲပေါ်မှာ မူတည်ပြီး Tetralogy of Fallot ရဲ့ လက္ခဏာတွေ အများကြီးရှိနိုင်ပါတယ်။တစ်ချိန်လုံး ဂျီကျငိုနေတတ်ပြီး ငိုနေတဲ့အချိန် ပြာလာတာ ပိုဆိုးလာတဲ့ အခိုက်အတန့်ကို tet spells လို့ခေါ်ပါတယ်။ ငိုပြီး ဂျီကျတဲ့ ၂ လ ၄ လအ ရွယ်ကလေးတွေမှာ ပိုဖြစ်တတ်ပြီး လမ်းလျှောက်တတ်ခါစ ကလေးတွေမှာတော့ ပြေးရင်းဆော့ရင်း ခုလို အသက်ရှူရကြပ်လာတဲ့အခါ ဆောင့်ဆောင့်ထိုင်လိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒီလို ဆောင့်ဆောင့်ထိုင်ခြင်းဟာ အဆုတ်ဆီကို သွေးစီးဆင်းမှုပိုကောင်းစေလို့ ကလေးတွေ ခံစားနေရတဲ့ အသက်ရှူရကြပ်ခြင်းတွေ ပြေသွားစေကြောင့်ပါ။tetralogy of Fallot ဆိုတာ ခွဲစိတ်ပြီး ကုသမှု ခံယူသင့်တဲ့ရောဂါတစ်မျိုးပါ။၊ မကုဘဲထားတာဖြစ်ဖြစ်ကြာလာရင် နောက်ပိုင်းဝင်လာနိုင်တဲံ နောက်ဆက်တွဲ ပြဿနာတွေကတော့။ဆရာဝန်ဆီ သွားနေတဲ့ လမ်းမှာ ကလေးကို ဘေးစောင်းထားပြီး ကလေး ဒူးခေါင်းနဲ့ ရင်ဘတ်ထိအောင် ကွေးခိုင်းထားပါ။ ဒါမှ အဆုတ်ဆီရောက်တဲ့ သွေးများပြီး ပြာနေတာတွေ၊ အောက်ဆီဂျင်နည်းတာတွေ သက်သာသွားမှာ ဖြစ်လို့ပါ။ခွဲစိတ်မှုမှာ။ဒီ Tetralogy of Fallot ရောဂါဟာ မွေးပြီးပြီးချင်း ( ဒါမှမဟုတ်) ကလေးတွေမှာ တန်းသိနိုင်တဲ့ပြဿနာတစ်ခုပါ။ စောစောသိလေ ပိုကောင်းလေဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ကုသမှုအဖြစ် ခွဲစိတ်မှုခံယူလိုက်တဲ့အခါ သာမာန်လူကောင်းတစ်ယောက်လို ပြန်ဖြစ်သွားစေမှာပါ။ ဒါပေမယ့် သူတို့ ဘဝတစ်လျှောက်လုံး ဆေးကုသမှုခံယူဖို့၊ တစ်ချို့လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုတွေကိုတော့ သတိထားလုပ်ရမှာ ဖြစ်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/tetralogy-of-fallot/
ခန္ဓာကိုယ်ရဲ့ ခုခံအားနဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိထားလဲ။ ခုခံအား တက်အောင် ဘာလုပ်ကြမလဲ။
ခုလို ရောဂါပိုး အသစ်တွေ ပေါ်လာတဲ့အချိန်မှာ “ခုခံအားကောင်းအောင်နေ” ဆိုတဲ့ စကားလေး မကြာမကြာ ကြားလာရပါတယ်။ ဘာလို့ပြောတာလဲဆိုတော့ ရောဂါပိုးတစ်ခုဝင်လာရင် ခုခံအားကပဲ တိုက်ထုတ်ပေးတာပါ။ ရောဂါပိုးတွေ ဝင်မလာအောင်လည်း ခုခံအားကပဲ ကာကွယ်ပေးတာပါ။ ဒါကြောင့် ခုခံအား ကောင်းအောင်နေလို့ ပြောကြတာပေါ့။ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ဘယ်လို အလုပ်လုပ်တာလဲ။ ခုခံအား တက်အောင် ဘာတွေ လုပ်ရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးပါ့မယ်။ခန္ဓာကိုယ်မှာရောဂါပိုးတစ်ခုခု ဝင်လာတဲ့အခါ တိုက်ထုတ်ဖို့ ခုခံအား ၂ခု ရှိပါတယ်။ Innate immune response လို့ ခေါ်တဲ့ အလိုအလျောက် တုံ့ပြန်တဲ့ ခုခံအားစနစ်နဲ့ Adaptive immune response လို့ ခေါ်တဲ့ မှတ်ဉာဏ်နဲ့ တုံ့ပြန်တဲ့ ခုခံအားစနစ်ဆိုပြီး ၂ခု ရှိပါတယ်။ သူတို့ ဘယ်လို အလုပ်လုပ်လဲဆိုတာ ဆက်ကြည့်ရအောင်။Innate immune response။ကိုယ်ထဲကို အပြင်က ရောဂါပိုး တစ်ခုခု ဝင်လာပြီဆိုပါစို့။ ပထမဆုံးတွေ့မှာ ဒီခုခံအား စနစ်နဲ့ပါ။ ဒီစနစ်ရဲ့ ကောင်းတဲ့အချက်က မြန်မြန်တုံ့ပြန်နိုင်တာပါ။ ဥပမာ ပြောရရင် အရေပြားမှာ ဒဏ်ရာရလို့ ပိုးဝင်လာခဲ့ရင် သူတို့က အရင်ဆုံးတိုက်ပါတယ်။ မြန်မြန်တိုက်ပါတယ်။ ဒါကြောင့်ထိခိုက်ရှနာဖြစ်တိုင်း အလွယ်တကူ ပိုးမဝင်တာပေါ့။ ဒါပေမယ့် ခုခံအားက ခဏပဲ ခံတဲ့အတွက် သူတို့က ဒီပိုးကို မှတ်မထားလိုက်နိုင် ပါဘူး။ ဒီခုခံအားစနစ်မှာ ပါဝင်တဲ့ တိုက်ခိုက်ရေး ပစ္စည်းတွေကတော့။အရေပြားနဲ့ အချွဲလွှာ။အရေပြားနဲ့ အချွဲလွှာက ပြင်ပက ရောဂါပိုးတွေ ကိုယ်ထဲဝင်မလာအောင် အရင်ဆုံးကာကွယ်ပေးတဲ့ ခံတပ်ပါ။ ဒါ့ပြင် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ မျက်စိနဲ့ မမြင်ရတဲ့ အမွှေးတွေ၊အချွဲလွှာတွေ၊ အူလမ်းကြောင်းမှာရှိတဲ့  အချွဲလွှာ၊ အကျိုးပြုဘက်တီးရီးယားတွေ၊ အစာချေ အက်စစ်တွေကလည်း ပထမဆုံး ခံတပ်အဖြစ် ကာကွယ်ပေးပါတယ်။သွေးဖြူဥဆဲလ်။ဒီခံတပ်ကို ကျော်ဖြတ်ပြီး ဝင်လာရင် အထဲမှာ သွေးဖြူဥဆဲလ်တွေက အသင့်စောင့်နေပါတယ်။ သူတို့မှာ ရှိတဲ့ အင်ဇိုင်းတွေ၊ ပိုးသေစေတဲ့ အဆိပ်တွေကို ထုတ်ပြီး တိုက်ခိုက်ပါတယ်။သွေးနဲ့ ကိုယ်တွင်းအရည်မှာပါတဲ့ ခုခံအား ပစ္စည်း။သူတို့ကို ကူပြီးတိုက်ပေးတာက သွေးနဲ့ ကိုယ်တွင်းအရည်မှာပါတဲ့ အင်ဇိုင်းတွေ၊ ပရိုတိန်းတွေပါပဲ။ ဒါ့ပြင် natural killer cellလို့ ခေါ်တဲ့ ဆဲလ်တစ်မျိုးကလည်း ပိုးဝင်ထားတဲ့ ဆဲလ်တွေကို လိုက်ရှာပြီး အဆိပ်အတောက်တွေနဲ့ နှိမ်နင်းပစ်ပါတယ်။Adaptive immune response။ခုနက innate immune responseက ၄ရက်ကနေ ၇ရက်အတွင်း ရောဂါပိုးကို မသုတ်သင်နိုင်တဲ့အခါ မှတ်ဉာဏ်နဲ့ တုံ့ပြန်မယ့် တိကျတဲ့ ခုခံအားစနစ် ဝင်လာပါပြီ။ ဒီခုခံအားစနစ်က နောက်မှ ဝင်လာပေမယ့် ရောဂါပိုးကို တိတိကျကျလိုက်ရှာပြီး တိုက်ထုတ်နိုင်ပါတယ်။ ဒီထဲမှာ ထပ်ကောင်းတဲ့အချက်က ရောဂါပိုးကို မှတ်ထားတဲ့အတွက် နောက်တစ်ခါဝင်လာရင် တန်းပြီး တိုက်ထုတ်နိုင်ပါတယ်။  Adaptive immune responseမှာ ပါတာတွေကတော့ သွေးဖြူဥဆဲလ် ၂မျိုးပါ။ T lymphocytes နဲ့B lymphocytes လို့ ခေါ်ပါတယ်။T lymphocytes။T lymphocytesတွေက ကိုယ့်ဆဲလ်လား  ရောဂါပိုးလားဆိုတာကို တိတိကျကျခွဲခြားနိုင်ပြီး တိုက်ထုတ်နိုင်တာပါပဲ။ ဒါ့ပြင် ရောဂါပိုးကိုလည်း မှတ်ထားပါသေးတယ်။B lymphocytes။B lymphocytesရဲ့ အလုပ်က သွေးထဲမှာ ရောဂါပိုးနဲ့ လိုက်ဖက်တဲ့ပဋိဇီဝပစ္စည်း(antibodies)ကို ထုတ်ပေးတာပဲ ဖြစ်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း။ခုခံအား အကြောင်းပြောရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းကို ချန်ထားလို့ မရပါဘူး။ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း ဆဲလ်တွေအလုပ်လုပ်ရာကနေ ဓာတ်တိုးပစ္စည်း (free radicals) တွေ ထွက်သလို ပတ်ဝန်းကျင် ညစ်ညမ်းတာ၊ ဆေးလိပ်သောက်တာ၊ နေရောင်ခံတာတွေကြောင့်လည်း ထွက်တတ်ပါတယ်။ ဒီပစ္စည်းတွေက ဆဲလ်တွေ၊ အင်ဇိုင်းတွေ၊ DNAတွေကို ပျက်စီးစေပါတယ်။ ဒီထဲမှာ ခုခံအား ဆဲလ်တွေ၊ အင်ဇိုင်းတွေ ပါသွားခဲ့ရင် ကိုယ်ခံအားစနစ်ကို ထိခိုက်လာမှာပါ။ ဒါကြောင့်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ရောဂါပိုးကို ကာကွယ်ဖို့ အရေးကြီးပါတယ်။ခုခံအားစနစ်ကို သိပြီးပြီဆိုတော့ ခု ခုခံအားတက်အောင် ဘာလုပ်နိုင်မလဲဆိုတာ ဆက်ကြည့်ရအောင်။ ခုခံအားတက်အောင် လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာ သိပြီးသားပါ။ ခုလို အိမ်တွင်းအောင်းနေတဲ့ ကာလမှာတော့ ကိုယ်ခံအား တက်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းက အာဟာရပြည့်အောင် စားတာပါပဲ။ ဘာတွေကို ဘယ်လိုရွေးချယ်စားမလဲဆိုတာ ဆက်ကြည့်ရအောင်။ကိုယ်ခံအား မြှင့်တင်ပေးမယ့် အာဟာရများ။အသားဓာတ်က အနာကျက်စေဖို့နဲ့ ပြန်ပြီးနာလန်ထဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် အသားဓာတ်ပါဝင်မှုများတဲ့ အနီရောင် အသား၊ အဖြူရောင်အသား၊ ပင်လယ်စာ၊ ပဲအမျိုးမျိုးကို စားပေးရပါမယ်။ဗီတာမင်အေက အရေပြား၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊အသက်ရှူလမ်းကြောင်းမှာ ရှိတဲ့ ခုခံအားကို တက်စေတာကြောင့် အပြင်က ရောဂါပိုးတွေ အလွယ်တကူ ဝင်မလာအောင် တားပြီးသားဖြစ်သွားပါတယ်။ ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကန်စွန်းဥ၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ဗီတာမင်အေ ဖြည့်စွက်ထားတဲ့ အာဟာရမှုန့်တွေ၊ cerealတွေပဲ ဖြစ်ပါတယ်။ဗီတာမင်စီက ပဋိဇီဝပစ္စည်းတွေကို ထွက်စေတာကြောင့် ရောဂါဝင်လာတာနဲ့ တိုက်ဖို့ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်ထားပြီးသား ဖြစ်တာပေါ့။ ဒါ့ပြင် နာမည်ကြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ဖြစ်ပါသေးတယ်။ ရနိုင်တဲ့ အစားအစာတွေကတော့ လိမ္မော်သီး၊ စပျစ်သီး၊ ခရမ်းချဉ်သီးနဲ့ ဗီတာမင်စီ ထည့်သွင်းထားတဲ့ အစားအစာ (ဥပမာ cereal)တွေကနေ ရနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဗီတာမင်အီးဟာ ခုခံအားဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ခုခံအားဆဲလ်တွေ ကောင်းနေမှ ရောဂါကို  တိုက်ထုတ်နိုင်မှာပါ။ ဗီတာမင်အီးကို နေကြာဆီ၊ ဗာဒံစေ့၊ မြေပဲထောပတ်တွေကနေ ရနိုင်ပါတယ်။ဇင့်က ခုခံအားစနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့နဲ့အနာကျက်မြန်စေဖို့ ကူညီပေးပါတယ်။ ဇင့်ဓာတ်ကို အသား၊ ပင်လယ်စာ၊ ပဲတွေ၊ အစေ့အဆန်တွေကနေ ရနိုင်ပါတယ်။တခြားလိုအပ်တဲ့ အာဟာရတွေကတော့။ဗီတာမင် B6၊ B12၊ အဖောလိတ်၊ ဆီလီနီယမ်နဲ့ သံဓာတ်တို့ပဲ ဖြစ်ပါတယ်။ သူတို့တွေက ခုခံအားကို ထက်စေနိုင်တဲ့ အာဟာရတွေပါပဲ။အစားအစာ တစ်မျိုးထဲကနေ ပြီးပြည့်စုံတဲ့ အာဟာရကို မရနိုင်ပါဘူး။ မျှတစုံလင်အောင် စားပေးရမှာပါ။ ကျန်းမာရေး အခြေအနေကြောင့်ဖြစ်ဖြစ်၊ အသက်ကြီးလို့ဖြစ်ဖြစ် စားဖို့ အခက်အခဲ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးဖြည့်စွက်အာဟာရတွေ စားတာ၊ အားဆေးတွေ သောက်တာမျိုး လုပ်လို့ရပါတယ်။ကိုယ်ခံအားတက်စေဖို့ အာဟာရပြည့်အောင် စားတာအပြင် အိပ်ရေးဝဝအိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ဆေးလိပ်ရှောင်တာ၊ လူထူတဲ့ နေရာမသွားတာ၊ မကြာခဏ လက်ဆေးတာတွေနဲ့လည်း ရောဂါပိုးကို ကာကွယ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
respiratory-health
respiratory-health
https://hellosayarwon.com/respiratory-health/common-cold/preventing-illness-support-your-health-with-nutrition/
သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ
သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေ သတိထားနိုင်စေဖို့အတွက် သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ အကြောင်း မျှဝေပေးလိုက်ပါတယ်။သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်သော မေးခွန်းလေးများ ကတော့။သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက အမျိုးသမီးတိုင်းနဲ့ သင့်တော်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးသွားပြီ ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာစစ်ဆေးတဲ့နည်းက ပိုထိရောက်မှု ရှိမှာပါ။ အကယ်၍အပျိုဖော်အရွယ်သမီးရှိရင်တော့ သူ့ကို ဉီးစားပေးလိုက်တာက ပိုသင့်တော်ပါတယ်။ ကာကွယ်ဆေးဆိုသည့်အတိုင်း လိင်ဆက်ဆံမှု မရှိခင် ထိုးတာက ပိုမို ထိရောက်နိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်းဆိုတာကင်ဆာမဖြစ်ခင် အကြို စစ်ဆေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးလည်း စိတ်ချထားလို့ မရပါဘူး။ အိမ်ထောင် ကျပြီးတဲ့ အမျိုးသမီးများ တစ်သက်တာလျှင် အနည်းဆုံး တစ်ကြိမ် စစ်ဆေးမှု ခံယူသင့်ပါတယ်။စစ်ဆေးနည်း အမျိုးမျိုးရှိရာ တစ်ခုနဲ့ တစ်ခု အားသာချက် အားနည်းချက် မတူပါဘူး။ မစစ်ခင် နီးစပ်ရာ ဆရာ၀န် နဲ့ တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံးပါ။ကိုယ်ဝန်ဆောင်တွေနဲ့ ကာကွယ်ဆေးက သင့်တော်လားဆိုတာ ဘယ်သူမှ တိတိကျကျမပြောနိုင်ပါဘူး။ အကယ်၍အခုမှ စထိုးတာဖြစ်စေ ထိုးနေရင်းနဲ့ ကိုယ်ဝန်ရသွားတာဖြစ်စေ ကလေးမွေးဖွားပြီးတဲ့အထိ စောင့်လိုက်တာကတော့ အကောင်းဆုံးပါ။စစ်ဆေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီးသွားရင်လည်း သားအိမ်ခေါင်းကင်ဆာ မဖြစ်နိုင်တော့ဘူးဆိုပြီး စိတ်ချထားလို့ မရတဲ့အတွက် ပုံမှန်စစ်ဆေးမှု(သားအိမ်ခေါင်းကင်ဆာအကြို အဆင့်စစ်ဆေးမှု) ခံယူသင့်ပါတယ်။အခု စျေးကွက်ထဲမှာ ဝယ်လို့ရတဲ့ ကာကွယ်ဆေးတွေကတော့ အဖြစ်များတဲ့HPV(Human Papillomavirus) နှစ်မျိုးကနေ လေးမျိုးထိပဲ ကာကွယ်ပေးနိုင်ပါတယ်။ အဖြစ်များတဲ့ ပိုးအမျိုးအစားကြောင့်ဖြစ်တဲ့ သားအိမ်ခေါင်းအပြင် မိန်းမကိုယ်နှုတ်ခမ်း၊ မွေးလမ်းကြောင်း၊ စအို နဲ့ လေပြွန်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။အကယ်၍သာ အမျိုးသမီးတစ်ယောက်က ကာကွယ်ဆေးမထိုးခင် တစ်မျိုးထက်ပိုတဲ့HPVအမျိုးအစားကူးစက်ခြင်း ခံရပြီးသားဆိုရင်တော့ ကာကွယ်ဆေးက အပြည့်အ၀ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ကာကွယ်ဆေးကနေ ကာကွယ်ပေးနိုင်တဲ့ပိုးကြောင့် မဟုတ်ဘဲ အခြား ကြွက်နို့ပိုးအမျိုးအစားကြောင့် ဖြစ်သော ကြွက်နို့ဖြစ်စေ၊ အခြားလိင်ကနေ ကူးစက်နိုင်သော‌ရောဂါများကိုဖြစ်စေ ကာကွယ်မပေးနိုင်ပါ။ပုံမှန်အားဖြင့်တော့ နှစ်ကြိမ် (တချို့ ၃ကြိမ်)အပြည့် ထိုးပြီးသွားရင် ထပ်ထိုးဖို့မလိုတော့ပါဘူး။ တာရှည်ကာကွယ်ပေးပါတယ်။‌ယောကျ်ားလေးတွေလည်းထိုးလို့ရပါတယ် Gardasil or Gardasil.9 ဆိုတဲ့ အမျိုးအစားကို လူပျိုဖော်ဝင်ချိန် ၉ နှစ်အရွယ်ကစပြီး အိမ်ထောင်မကျခင် အရွယ် ၂၆ နှစ်လောက်အထိ ထိုးလို့ရပါတယ်။ အကယ်၍သာ ‌ယောကျ်ားလေးတွေ ထိုးနိုင်ရင်တော့ မိမိလက်တွဲဖော်ကို ကာကွယ်ပြီးသား ဖြစ်မှာပါ။ရေးသားသူ – Dr. Z။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/common-ques-for-cervical-cancer/
စားလို့ကောင်းတဲ့ ကြာစွယ်လေးကပေးတဲ့ ကျန်းမာရေး အာနိသင်
မာလာဟင်းထဲမှာဖြစ်ဖြစ်၊ မာလာရှမ်းကော ဒါမှမဟုတ်ဟော့ပေါ့ထဲမှာ ထည့်စားတတ်ကြတဲ့ ကြာစွယ်လေးက ခပ်ကြွပ်ကြွပ်လေးနဲ့ ဝါးစားလို့ကောင်းရုံတင်မဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ကြာပင်ရဲ့ အမြစ်ပါ။ ပင်စည်မှာ အပေါက်လေးတွေ ပါနေပြီး စားလိုက်ရင် ခပ်ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။ အပြင်ခွံက အဝါရောင် ဒါမှမဟုတ် အညိုရော်င ခပ်ဖျော့ဖျော့ဆိုပေမယ့် အတွင်းသားကတော့ ဖြူပါတယ်။ ဟင်းတွေထဲမှာ ထည့်ချက်စားသုံးကြသလို ရှေးယခင် ကာလတွေတုန်းက တရုတ်လူမျိုးတွေကတိုင်းရင်းဆေးအဖြစ် အသုံးပြုခဲ့ကြပါ သေးတယ်။စားလို့ ကောင်းတဲ့ ကြာစွယ်လေးကို စားသုံးပေးမယ်ဆိုရင်။ကြာစွယ်လေးကို စားသုံးပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူး ရရှိစေနိုင်ပါတယ်။အသားအရေကို ကြည်လင်စေတယ်။ကြာစွယ်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။အရေပြားကို ဗီတာမင် C ကအကောင်းဆုံး အားဖြည့်ပေးပြီးကော်လာဂျင်တွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ကော်လာဂျင်ထွက်ရှိမှုကခရမ်းလွန်ရောင်ခြည်နဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြား ထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။အရေပြားပေါ်က အစက်အပျောက်တွေကို သက်သာစေနိုင်ပါတယ်။ အမဲစက်တွေ အသားအရောင်မညီတာတွေကို သက်သာစေနိုင်တယ်။ဦးနှောက်ကျန်းမာစေနိုင်တယ်။အမဲအသည်း၊ နေကြာစေ့၊ သီဟိုဠ်စေ့ တို့နည်းတူ ကြာစွယ်မှာ ကော့ပါး ကြွယ်ဝစွာပါဝင်နေပါတယ်။ ကော့ပါးက ခန္ဓာကိုယ်ကိုတင် အားရှိစေတာ မဟုတ်ပါဘူး။ အရိုးတွေကို သန်မာစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေနိုင် ပါတယ်။ဦးနှောက်ကျန်းမာရေးကောင်းစေနိုင်သလိုသိမြင်မှု စွမ်းရည်တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးနိုင်သလို စိတ်ခံစားမှု ကောင်းမွန်စေနိုင်ပါတယ်။အာရုံကြောစနစ်ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။အင်အားပြည့်စေတယ်။ကြာစွယ်က သံဓာတ်ပမာဏကို တိုးစေနိုင်တဲ့ အာနိသင်ရှိပါတယ်။သံဓာတ်က ဆဲလ်တွေဆီကို အောက်ဆီဂျင်ရောက်ရှိစေဖို့ ထောက်ပံ့ပေးပါတယ်။ကြာစွယ်စားသုံးပေးတာက သံဓာတ် အားနည်းမှုကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ၊အာရုံစူးစိုက်နိုင်စွမ်း နည်းနေတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဆဲလ်နဲ့ ကြွက်သားတွေရဲ့ အောင်ဆီဂျင် ပမာဏကို တိုးစေနိုင်ပြီး အစာခြေစနစ်က ပရိုတင်းကို ပိုမိုစုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါသေးတယ်။အစာခြေစနစ်ကို ကျန်းမာစေတယ်။ကြာစွယ်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့်  ဝမ်းမှန်စေပြီး အူနံရံတွေကို အာဟာရဓာတ်တွေအကောင်းဆုံး စုပ်ယူနိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။ ဝမ်းလျုပ်တတ်သူတွေ စားပေးသင့်ပါတယ်။အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ချချင်သူတွေ အတွက်လည်း အထူးသင့်တော်မှာပါ။နှလုံးကျန်းမာစေနိုင်တယ်။ကြာစွယ်မှာ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေသလိုသွေးပေါင်ချိန်ကို ထိန်းညှိပေးပြိးသွေးတွင်းကိုလက်စထရောကျဆင်းစေပါတယ်။ပိုတက်ဆီယမ် ကြွယ်ဝမှုက နှလုံးစည်းချက်မှန်စေနိုင်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်ဆီယမ်ကြွယ်ဝမှုက ဆဲလ်တွေထဲမှာ အရည်ပြည့်ဝနေစေပြီး သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံးသွေးကြောမကျဉ်းအောင် ကာကွယ်ပေးပါတယ်။ကိုယ်ခံအားကောင်းစေတယ်။ကြာစွယ်မှာဗီတာမင် Cကြွယ်ဝစွာပါဝင်နေတာက ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစေပါတယ်။ ဒီအချက်ကပဲ ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကိုယ်ခံအားကောင်းနေစေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။အရသာရှိတဲ့ ကြာစွယ်လေး စားသုံးပြီး ကိုယ်ရော စိတ်ပါ ကျန်းမာနိုင်ကြပါစေကြောင်း………….။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-lotus-root/
နေမကောင်းဖြစ်နေချိန် သောက်သင့်တဲ့ အားဖြည့်ဖျော်ရည်တွေ
ခုလိုရာသီဥတုက လူတော်တော်များများဖျားနာနေမကောင်းဖြစ်တတ်ကြတာ သတိထားမိမှာပါ။ လေထဲမှာက ရောဂါပိုးမွှားတွေ အမြဲပျံ့နှံ့နေတာဆိုတော့ ဘယ်လောက်ပဲ ကျန်းမာပြီး ဒေါင်ဒေါင်မြည်နေတဲ့သူပဲဖြစ်ဖြစ် တစ်ခေါက်လောက်ကတော့ ဖျားလိုက်ကြတာပါပဲ။ ဖျားတော့ဘာဖြစ်မလဲ၊ နောက်ဆက်တွဲအနေနဲ့ ကိုယ့်အလုပ်၊ တာဝန်၊ ပညာရေးကို ထိခိုက်လာမယ်၊ ဖျားတဲ့သူရော၊ မိသားစုဝင်တွေပါ စိတ်ရောကိုယ်ပါ ဒုက္ခရောက်ရတယ်နော်။ ဒီလိုမျိုးဖျားနေတဲ့အချိန်မှာ အစာစားချင်စိတ်ကလည်း မရှိဆိုတော့ ပိုဆိုးတာပေါ့။ ဒါကြောင့် ဖျားနေတဲ့အချိန်မှာ ကိုယ်ခံအားကိုလည်းမြှင့်တင်ပေးပြီး အဖျားတာတိုစေမယ့် ဖျော်ရည်တွေ အကြောင်းကို ပြောပြပေးချင်ပါတယ်။ဒီဖျော်ရည်တွေကို အိမ်မှာရှိတဲ့ သဘာဝဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနဲ့ အလွယ်တကူကြိတ်ပြီး ဖျော်လို့ရတဲ့အတွက် မိသားစုဝင်တွေအတွက်လည်း ချက်ပြုတ်ပြင်ဆင်ရတာ သက်သာစေတာကြောင့် အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။ ဒါဆို စလိုက်ကြရအောင်နော်။မုန်လာဥနီရဲ့ အချိုအရသာ၊ လိမ္မော်သီးရဲ့ အချဉ်အရသာနဲ့ပန်းသီးရဲ့ ကျန်းမာစေတဲ့ ဂုဏ်သတ္တိဟာ နေမကောင်းဖြစ်နေတဲ့သူတွေအတွက်တော့ အကောင်းဆုံးဓာတ်စာပါပဲ။ ပုံမှန် ဒီအတိုင်းကိုက်စားရတဲ့အသီးကို ကြိတ်ပြီးဖျော်သောက်လို့ရတယ်ဆိုတော့ နေမကောင်းဖြစ်နေတဲ့သူအတွက်လည်း သောက်ရတာ သိပ်ခက်မယ်မထင်ပါဘူး။ အဓိကပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် အေ၊ ဘီ-၆၊ စီ၊ ပိုတက်စီယမ်ဓာတ်၊ ဖောလစ်အက်ဆစ်ဓာတ်တွေပဲဖြစ်ပါတယ်။လတ်ဆတ်တဲ့ ခရမ်းချဉ်သီးကိုမှ အစေ့တွေဖယ်ထုတ်ပြီး ပါးပါးလေးလှီး၊ ပြီးသွားရင် ကြိတ်စက်နဲ့ ကြိတ်ပြီးရလာတဲ့ ဖျော်ရည်ကို ဆား၊ သကြား၊ ဘာဆို ဘာမှထပ်မထည့်ဘဲ သောက်ပေးပါ။ ခရမ်းချဉ်သီးမှာ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်သတ္တိတွေ ပါဝင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင် စီ၊ အေ၊ သံဓာတ်၊ ဖောလစ်အက်ဆစ်တွေ အများအပြားပါဝင်ပါတယ်။နံနံပင်ဆို အရမ်းမုန်းတယ်ဆိုတဲ့သူတွေကလွဲရင် တော်တော်များများ ကြိုက်ကြမယ်ထင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုများလို့ ဝမ်းကိုမှန်စေပြီး ကိုယ်တွင်းမှာရှိတဲ့ အပူအပုပ်တွေကို ငြိမ်းစေတယ်။ အရက်နာကျနေတဲ့သူတွေအတွက်လည်း ခေါင်းမူးခေါင်းကိုက်အော့အန် ဝေဒနာတွေကို သက်သာစေတဲ့ ဖြေဆေးတစ်ခွက်ဖြစ်ပါတယ်။သဘာဝအချိုဓာတ်နဲ့အချဉ်ဓာတ်ကို ပေါင်းစပ်ထားတဲ့ ဒီဖျော်ရည်ကို ဖျားနေတဲ့အချိန် တစ်နေ့တစ်ခွက် သောက်ပေးရုံနဲ့ ဝေဒနာကို လျင်မြန်စွာ သက်သာစေရုံသာမက အစာစားချင်စိတ်ကိုပါ ဖြစ်ပေါ်စေပါတယ်။ သရက်သီးမှာ ပါတဲ့ ဗီတာမင် အီးဓာတ်ကကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး နာမကျန်းဖြစ်နေတဲ့ လူကြီးတွေဆို ပိုလို့တောင် သောက်ပေးသင့်ပါတယ်။ကိုယ်ခံအားစနစ်အတွက်သာမက ကြွက်သားနာကျင်ကိုက်ခဲတာတွေကို သက်သာစေတယ်။ ရေဓာတ်ကို ဖြည့်တင်းပေးလို့ ဆီးနဲ့ ဝမ်းမှန်စေတယ်။ဖရဲသီးတစ်မျိုးတည်း ကြိတ်ပြီးဖျော်သောက်လို့ ရသလို ပန်းသီး၊ လိမ္မော်သီးတွေနဲ့ ရောကြိတ်လို့လည်း အဆင်ပြေပါတယ်။ အစေ့တွေကိုတော့ ဖယ်ထုတ်ရမှာဖြစ်ပါတယ်။နာမကျန်းဖြစ်နေတဲ့အချိန်ဆိုရင် ကိုယ်ခံအားစနစ်က ကျဆင်းသွားတတ်ပြီး တခြားရောဂါတွေ ဝင်လာဖို့ လွယ်ကူတာကြောင့် ခုပြောပြခဲ့တဲ့ ဖျော်ရည်တွေကို တိုက်ပေးခြင်းဖြင့် အဖျားတာတိုစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းအောင် လုပ်သင့်တယ်နော်။ လူနာကို ပြုစုစောင့်ရှောက်နေရတဲ့ မိသားစုဝင်တွေအတွက်လည်း ပြင်ဆင်လုပ်ရတာ လွယ်ကူမယ်လို့ မျှော်လင့်မိပါတယ်။ ဒီဖျော်ရည်တွေက ဖျားနေတဲ့အချိန်မှာသာမဟုတ်ဘဲ ပုံမှန်နေကောင်းနေတဲ့အချိန်မှာ သောက်ပေးရင် ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ ပိုမိုဖြည့်စွမ်းပေးနိုင်တာကြောင့် အကျိုးတော့ မယုတ်ပါဘူးနော်။ အားလုံးပဲ ပျော်ရွှင်စရာမုတ်သုံရာသီမှာ ဖျားနာခြင်းကင်းဝေးကြပါစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%b1%e1%80%94%e1%80%99%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%94%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9-%e1%80%b1%e1%80%9e/
အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ
သွေးသားနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်မှာ ဖျားနာတာကရှောင်လွှဲဖို့ မဖြစ်နိုင်တဲ့အရာပါ။ မဖျားမနာဖူးတဲ့သူရယ်လို့ မရှိပါဘူး။ အခုလိုရာသီဥတုမျိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ အအေးမိနဲ့တုပ်ကွေးတွေ အဖြစ်များနေပြီလေ။ ကိုယ်တိုင်ဖျားနာတာက ပြဿနာမရှိဘူး။ လူကြီးဆိုတော့ ကိုယ့်ဘာသာ ဂရုစိုက်နိုင်မယ်။ လိုအပ်မယ်ထင်တာတွေပြင်ဆင်နိုင်တယ်လေ။ ဒါပေမယ့် ကလေးတွေဖျားနာပြီဆိုရင်တော့ ကိုယ်တိုင်ဖျားနာတာထက် ပိုဆိုးပါတယ်။ အထူးသဖြင့် အဖျားကြီးပြီဆိုရင် အန္တရာယ်လည်း ပိုနိုင်တယ်လေ။ ကလေးအဖျားတက်လာတာက နေ့ခင်းပိုင်းလိုမျိုးဆို နီးစပ်ရာဆေးခန်းမှ ပြသကုသပေးလို့ရပေမယ့် အချိန်မတော်ကြီးဖြစ်တဲ့ အခါမှာတော့ ကိုယ်တိုင် ပြုစုမှဖြစ်မှာပါ။ ဒီလိုပြုစုဖို့အတွက် အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတာကို သိထားသင့်ပါတယ်။ကလေးတွေက လူကြီးတွေလောက်ခံစားရတဲ့ ဝေဒနာကို စီကာပတ်ကုံးမပြောနိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေဖျားနာတဲ့အခါ မိဘတွေအနေနဲ့ အစစအရာရာကိုသတိထားကြရပါတယ်။ ကလေးမှာ ဒီလိုလေးတွေဖြစ်နေပြီဆိုရင်တော့ ဖျားနေပြီလို့ ဆိုရပါမယ်။ကလေးတွေက လူကြီးတွေထက်စာရင် အလွယ်တကူ အအေးမိဖျားနာနိုင်ပါတယ်။ အိမ်မှာ သာမိုမီတာလေးတစ်ခုဝယ်ထားပြီး ကလေးဖျားနေတယ်လို့ သံသယရှိတဲ့အခါ တိုင်းကြည့်တာကလည်း အဆင်ပြေစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။အဖျားကြီးနေတဲ့ကလေးကို အရေးပေါ် ဘယ်လိုပြုစုပေးမလဲ ဆိုတော့ –။ကလေးမှာ အခုပြောပြမယ့် အခြေအနေတွေ ဖြစ်နေပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။ဒီလိုပြောထားတဲ့ လက္ခဏာတွေ မဖြစ်လာသေးပေမယ့်လည်း မိဘတွေရဲ့ အမြင်မှာ စိုးရိမ်စရာ ကောင်းတဲ့ အနေအထား ရှိတယ်လို့ ထင်မြင်မိရင် ဆေးရုံဆေးခန်းကို မြန်မြန်ဆန်ဆန် သွားရောက်ပြသသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/emergency-taking-care-of-your-baby-when-they-have-high-fever/
ကလေးတွေမှာ ဖြစ်တဲ့ တီဘီ ရောဂါ
တီဘီရောဂါဟာMycobacterium tuberculosisဆိုတဲ့ဘက်တီးရီးယားကြောင့်ဖြစ်လာတာပါ။ အဓိကအားဖြင့် အဆုတ်ကိုထိခိုက်စေတယ်ဆိုပေမယ့် တခြားကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်စေပါတယ်။တီဘီရှိတဲ့သူကချောင်းဆိုး၊ နှာချေလိုက်ရင်လေထုထဲလွင့်ထွက်လာတဲ့ အမှုန်လေးတွေထဲရောဂါပိုးတွေပါလာ ပျံ့နှံ့နိုင်ပါတယ်။ ဒါတွေကိုရှူသွင်းမိတဲ့သူတွေမှာ တီဘီရောဂါရသွားနိုင်တာပေါ့။ ဒါလူတိုင်းနီးပါးသိထားပြီးသားပါ။ဒါဆို ကလေးတွေမှာဖြစ်တဲ့ တီဘီရောဂါကရော ဘယ်လိုမျိုးလဲ။အသက်အရွယ်နဲ့ အနေအထားတွေကိုမူတည်ပြီး ကလေးတစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေမတူတတ်ကြပါဘူး။ ကလေးတွေမှာ တွေ့ရတတ်တဲ့ တီဘီလက္ခဏာတွေကတော့ –။ကိုယ်ပူတာ။ကြီးထွားဖွံ့ဖြိုးမှုနှေးတာ။ဂလင်းတွေရောင်တာ။ဆယ်ကျော်သက်ကလေးတွေမှာ အဖြစ်များတဲ့ တီဘီလက္ခဏာတွေက –။ရင်ဘတ်အောင့်တာ။ချွဲသလိပ်မှာ သွေးပါတာ။အားနည်းတာ။ပင်ပန်းနွ်မ်းနယ်တာ။ကိုယ်အလေးချိန်ကျတာ။ဖျားတာ။ချမ်းတုန်တာ တို့ခံစားရနိုင်ပါတယ်။ကလေးမှာ ဒီလက္ခဏာတွေသံသယရှိတာနဲ့ တီဘီရှိမရှိ ကနဦးဆေးစစ်ဖို့နဲ့ ကုသဖို့ ဆရာဝန်ကဆေးရုံကိုညွှန်းပေးမှာပါ။ အထူးသဖြင့် ကလေးက –။ဒါပေမယ့် တီဘီရှိတဲ့ကလေးအများစုကိုပြင်ပလူနာအဖြစ်ကုသပေးပြီးနေအိမ်မှာပဲပြုစုစေတာများပါတယ်။ ပုံမှန်အားဖြင့်သောက်ဆေးတွေနဲ့ကုသလေ့ရှိပါတယ်။ ကုသမှုက လနဲ့ချီပြီးကြာမြင့်တယ်ဆိုပေမယ့် ညွှန်ကြားထားတဲ့အတိုင်း တသဝေမတိမ်းလိုက်နာပြီးဆေးကိုအချိန်မှန်၊ပြီးပြတ်အောင်တိုက်ကျွေးဖို့ အရေးကြီးပါတယ်။တီဘီရောဂါဆိုတာ မကုသရင် နှစ်ပေါင်းများစွာကျန်ရှိနေတတ်တဲ့ နာတာရှည်ရောဂါပါ။ ကုသမှုခံယူတဲ့အခါ ၆ လကနေ ၉လ အထိဆေးပုံမှန်သောက်သုံးရပါတယ်။ကလေးမှာ ဒီလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ် –။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%90%e1%80%ae%e1%80%84%e1%80%ba%e1%80%b9/
Liver Abscess (အသည်းပြည်တည်နာ)
အသည်းပြည်တည်နာဆိုသည်မှာအသည်းတွင် အပေါက်သေးများဖြစ်ကာ ပြည်တည်ခြင်းဖြစ်သည်။ အ သည်းသည် စွမ်းအင်၊ ပရိုတိန်းသိုလှောင်ခြင်း၊ ခန္ဓါကိုယ်မှ အန္တရာယ်ဖြစ်စေသောပစ္စည်းများကိုစွန့်ထုတ်ခြင်းစသောလုပ်ငန်းများစွာဖြင့် အရေးပါသောကိုယ်အင်္ဂါတစ်ခု ဖြစ်ပါ သည်။ အသည်းတွင် ကပ်ပါးပိုးဝင်ပါက ပြည်များဖြင့် အ ပေါက်ငယ်များပေါ်လာပါသည်။ရောဂါသည် အပူပိုင်းဒေသတွင် နေထိုင်သောလူများတွင် အဖြစ်များပါသည်။ ရောဂါသည် အမျိုးသားများရောအမျိုးသမီးများရောတွင် ဖြစ်ပွားနိုင်ပါသည်။ အန္တရာယ် ဖြစ်စေသောအချက်များကိုလျော့ချ ခြင်းဖြင့် ရောဂါကိုထိန်းချုပ်နိုင်ပါသည်။ ပိုမိုသောအချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ရောဂါ၏ မည်သည့်ပုံစံဖြစ်ပါစေရောဂါလက္ခဏာများသည် ချက်ချင်းမပေါ်လာပါ။ ရောဂါလက္ခဏာများပေါ်ပါကအဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးပြန်ခြင်း၊ မအီမသာဖြစ် ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်၏ အပေါ်ပိုင်းညာဘက်တွင် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ အခြားအဖြစ် နည်းသောရောဂါလက္ခဏာများလည်းရှိပါသည်။ ၎င်းတို့မှာရင်ဘတ်နာခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ အရေပြားနှင့် မျက်စိအဖြူသားများ ဝါခြင်းတို့ဖြစ်ပါသည်။အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အထက်ဖော်ပြပါ ရောဂါလက္ခဏာများရှိပါကသို့မဟုတ် ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ ဆက်တိုက် အဖျားအလွန် တက်ခြင်းစသောလက္ခဏာများ ဖြစ်ပေါ်ပါကဆရာဝန်အားခေါ်ပါ။ လူတစ်ယောက်နှင့် တစ်ယောက် ရောဂါ အ ခြေအနေချင်းမတူပါ။ ရောဂါအဖြေရှာရန် နည်းလမ်းများ၊ ကုသခြင်းများအတွက် ဆရာဝန်နှင့် အမြဲတန်းတိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံးကုသမှုကိုရယူပါ။အသည်းပြည်တည်နာ ဖြစ်စေသောအကြောင်းရင်းများကိုအဓိကအားဖြင့် ၃မျိုး ခွဲခြားထားပါသည်။ဘတ်တီးရီးယားကြောင့်ဖြစ်သောအသည်းပြည်တည်နာကို pyogenic liver abscess ဟုခေါ်သည်။ အူအတက် ရောင်ခြင်း၊ သည်းခြေအိတ်ရောင်ခြင်း၊ အူမကြီရှိ အဖတ်များရောင်ခြင်းစသောရောင်ရမ်းသောအခြေအနေများသည် အသည်း ပြည်တည်နာကို ဖြစ်စေသည်။အမီးဗားကဲ့သို့ အင်းဆက် ကပ်ပါးများသည်လည်း ပြည်ထွက်ခြင်းကို ဖြစ်စေသည်။ အများစုသည် သန့်ရှင်းရေးနည်းပါးမှုကြောင့် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် အသည်းပြည်တည်နာအဖြစ် များပါသည်။အသည်းပြည်တည်နာ ဖြစ်နိုင်ချေကို မြင့်တက်စေသောအချက်များစွာရှိပါသည်။ ၎င်းတို့မှာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် အသည်းပြည်တည်နာရောဂါကိုရှာဖွေ ဖော်ထုတ်ရန် ultrasound ရိုက်ခြင်း (အသည်း၏ ပုံရိပ်များကိုရယူရန် အသံလှိုင်းများအသုံးပြုခြင်း) ကို ပြုလုပ်နိုင်ပါ သည်။CT scan ရိုက်ခြင်းနည်းကိုလည်းအသုံးပြုနိုင်သည်။ ပဋိဇီဝဆေးဖြင့် ကုသမှုသည် မထိရောက်ပါကဆရာဝန် သည် အပ်ဖြင့် ဝမ်းဗိုက်တွင်းထိုးသွင်းကာတစ်ရှူးစယူခြင်းကို ပြုလုပ်နိုင်ပါသည်။ ထိုတစ်ရှူးစကိုအဏုကြည့်မှန်ပြောင်း ဖြင့် စစ်ဆေးနိုင်ပါသည်။ တိကျသောအကြောင်းရင်းကိုသိပါကအစားထိုးကုသမှုကိုလည်း ပြုလုပ်နိုင်ပါသည်။အကောင်းဆုံးကုသမှု နည်းလမ်းသည် ပြည်များကိုဖယ် ထုတ်ပြီးပဋိဇီဝဆေးများပေးခြင်းဖြစ်သည်။ လူနာအများစုသည် ပဋိဇီဝဆေး ၂ မျိုး ၃မျိုးလောက် လိုအပ်ပါသည်။ များသောအားဖြင့် ပဋိဇီဝဆေးများကိုအဖျားနှင့် ရောင်ရမ်းမှု မပျောက်မချင်းအကြောထိုးဆေးအနေဖြင့် ပေးရပါသည်။ ဆရာဝန်သည် အသည်း ပြည်တည်နာထဲသို့ အပ်ဖြင့် ထိုးသွင်း ပြီးရောဂါပိုးကူးစက်မှုကိုစုပ်ထုတ်ခြင်း ပြုလုပ်နိုင် ပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် အသည်း ပြည်တည်နာကိုထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/liver-abscess-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%94%e1%80%ac/
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးရင် ကင်ဆာဆက်စစ်ဖို့ လို၊ မလို
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားတာက တကယ်ကို ကောင်းပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့သားအိမ်ခေါင်းကင်ဆာကို အထိုက်အလျောက်ကာကွယ်ပေးနိုင်လို့ ထိုးကို ထိုးထားသင့်ပါတယ်။ တစ်ခုရှိတာက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ဆရာဝန်တွေက သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်လုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါက ဘာကြောင့်များပါလဲ။ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း ဆေးစစ်ဖို့က လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ပါအချက်တွေကြောင့်ပါပဲ။မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးထားပေမယ့် ဆေးစစ်ရမယ်ဆိုတာက ကာကွယ်ဆေးတွေက မစွမ်းလို့ မဟုတ်ပါဘူး။ ကာကွယ်ဆေးတွေက စွမ်းပါတယ်။ ထိထိရောက်ရောက်လည်း ကာကွယ်နိုင်ပါတယ်။ကာကွယ်ဆေးတွေက သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ၉၀ရာခိုင်နှုန်းလောက်ထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် HPVဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်တဲ့ မွေးလမ်းကြောင်းနဲ့ မိန်းမကိုယ်ကင်ဆာတွေ၊စအိုကင်ဆာတွေ၊လိင်အင်္ဂါကြွက်နို့တွေ မဖြစ်အောင်လည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် ကာကွယ်ဆေးတွေက ထိုးထားသင့်ပါတယ်။ ဆေးစစ်တယ်ဆိုတာက ကျန်တဲ့ ဖြစ်နိုင်တဲ့အချက်တွေကို လွတ်မသွားစေချင်လို့ ထပ်ဆောင်းကာကွယ်တဲ့ သဘောပဲ ဖြစ်ပါတယ်။စစ်ဆေးတာကတော့ တခြားအမျိုးသမီးတွေလို အတူတူပဲ ဖြစ်ပါတယ်။2020 ACS guidelinesအရဆိုရင်။သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးပြီဖြစ်စေ၊ မထိုးရသေးဘူးဖြစ်စေ အသက် ၂၅နှစ်ကနေ စစစ်သင့်ပါတယ်။HPV testကို ၅နှစ်တစ်ခါ စစ်ရပါမယ်။ HPV test မရရင်တော့ ၃နှစ်တစ်ခါ Pap test စစ်ချင်စစ် ဒါမှမဟုတ် ၅နှစ်တစ်ခါ HPV/Pap cotest ကို စစ်နိုင်ပါတယ်။  ၅နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ဆိုပေမယ့် အဖြေမှာ ပုံမှန်မဟုတ်တာတွေ့ရင် ခပ်စိပ်စိပ်လေး စစ်ဖို့ လိုပါတယ်။HPV testဆိုတာ သားအိမ်ခေါင်းအချွဲကနေ HPVဗိုင်းရပ်စ်ကို ရှာတာပါ။Pap testဆိုတာကတော့ သားအိမ်ခေါင်းအချွဲကနေ ပုံမှန်မဟုတ်တဲ့၊ ကင်ဆာပြောင်းနိုင်တဲ့ ဆဲလ်တွေ ပါမပါ ရှာတာပါ။ HPV/Pap cotest ကတော့ ၂မျိုးပေါင်း စစ်တာပါ။သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကို အသက် ၉နှစ်ကစပြီး ထိုးနိုင်ပါတယ်။ အမျိုးသမီးရော၊ အမျိုးသားပါ ထိုးလို့ရတယ်ဆိုပေမယ့် အမျိုးသမီးတွေကိုပဲ ဦးစားပေးပြီး ထိုးပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ၄မျိုးစပ်ကာကွယ်ဆေး Quadrivalent vaccine ထိုးကြတာများပါတယ်။အသက်၄၅နှစ်အထိ ထိုးလို့ရတယ် ဆိုပေမယ့် ၂၇နှစ်နဲ့ ၄၅နှစ်ကြားဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြန်တိုင်ပင်သင့်ပါတယ်။ အထူးသဖြင့် ဒီအရွယ်တွေက အိမ်ထောင်ကျပြီးသား၊ လိင်ဆက်ဆံမှု ရှိပြီးသားဆိုရင် ကောင်းကျိုး သိပ်မရမှာ စိုးလို့ပါ။ ဒီတိုင်း ထိုးမယ်ဆိုရင်လည်း ထိုးနိုင်ပါတယ်။ လူနာမှာ ကျန်းမာရေးအရ ထိခိုက်တာမျိုးတော့ မရှိပါဘူး။သားအိမ်ခေါင်းကာကွယ်ဆေးက ထိုးထားသင့်တဲ့ ကာကွယ်ဆေးပါ။ ကာကွယ်ဆေးထိုးထားပြီးပေမယ့်လည်း ထပ်ဆောင်းကာကွယ်မှုရအောင်သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/cervical-cancer-cancer/cervical-cancer-screening-after-hpv-vaccination/
မိခင်နို့တိုက်တဲ့ မေမေတွေ ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း
နို့တိုက်နေတဲ့ မေမေတွေ ပိုပြီး တိုက်ချင်စိတ်ဖြစ်လာအောင်၊ တိုက်ရင်ကောင်းမလား မကောင်းမလား ဝေခွဲမရဖြစ်နေတဲ့ မေမေတွေကို တွန်းအားပေးသလိုဖြစ်အောင် သတင်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်။ ဒါကတော့ နို့တိုက်တဲ့ မေမေတွေက သာမန်အမျိုးသမီးတွေထက်ရင်သားကင်ဆာ ဖြစ်နိုင်ခြေနည်း တယ်ဆိုတာပါပဲ။သိကြတဲ့အတိုင်း ရင်သားကင်ဆာနဲ့သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေ အစိုးရိမ်ဆုံး ကင်ဆာ ၂ခုပါ။ သားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေး ရှိတယ်ဆိုပေမယ့် ရင်သားကင်ဆာမှာ မရှိပါဘူး။ ဒါပေမယ့် ရင်သားကင်ဆာကတော့ အရေပြားအောက်တင် အကျိတ်ဖြစ်တာဆိုတော့ ပုံမှန်စမ်းမယ်ဆိုရင် စောစောသိနိုင်ပါတယ်။ ဒါပေမယ့် အကောင်းဆုံးကတော့ ဖြစ်နိုင်ခြေကို လျှော့ချထားတာပါပဲ။မိခင်နို့က ကလေးအတွက် အကောင်းဆုံး အာဟာရဆိုတာ မေမေတိုင်း သိကြပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ရင်းနဲ့ပဲ မေမေပါ အမြတ်ရတာတွေ ရှိပါတယ်။ ဥပမာ ပြောရရင် ခုလိုမျိုး ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတာပေါ့။ မိခင်နို့တိုက်ရင် ဘာကြောင့် ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းတာလဲဆိုတဲ့ တိကျတဲ့ အကြောင်းရင်းကို ရှာနေကြဆဲပါ။ ဖြစ်နိုင်တာတွေကတော့။(အီစထရိုဂျင်က ရင်သားကင်ဆာဆဲလ်တွေ ပွားလာအောင် အားပေးနိုင်ပါတယ်။ ဒါ့ပြင်သားဥအိမ်ကင်ဆာကိုလည်း အားပေးပါတယ်။ ဒါကြောင့် မိခင်နို့တိုက်တာက ရင်သားကင်ဆာရော သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေပါတယ်။)။ဒီအချက်တွေ စုပေါင်းလိုက်တဲ့အခါကျတော့ နို့တိုက်တဲ့ မေမေတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။အနည်းဆုံးတော့ ကလေးအတွက် ၆လတိတိ မိခင်နို့ကလွဲပြီး ရေတောင် မတိုက်ရဘူးဆိုတာ မေမေတို့ သိထားပြီးသားပါ။ ရင်သားကင်ဆာကာကွယ်ဖို့ ဆိုရင်တော့ ဒီထက်ပိုပြီး ကြာကြာလေး တိုက်သင့်ပါတယ်။ ကြာကြာတိုက်လေ ကောင်းလေလို့တော့ ပြောကြပါတယ်။မေမေတို့အနေနဲ့ ကလေးအသက် ၁နှစ်လောက်အထိဖြည့်စွက်စာကျွေးရင်းနဲ့ တိုက်ဖို့ အကြံပေးလိုပါတယ်။ မေမေလည်း တိုက်နိုင်တယ်။ ကလေးကလည်း နို့စို့သေးတယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကြာကြာတိုက်နိုင်ပါတယ်။ရင်သားကင်ဆာအပေါ် ဟော်မုန်းသက်ရောက်မှုကို လေ့လာတဲ့ အဖွဲ့တစ်ခုအဆိုအရ မိခင်နို့ကို ၁၂လတိုင်တိုင် တိုက်သူတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ ၄.၃ ရာခိုင်နှုန်း နည်းသွားပါတယ်။ တစ်နှစ်ပြည့်လို့ နောက်ထပ် ၁၂လထပ်တိုက်ရင် နောက်ထပ် ၄.၃ ရာခိုင်နှုန်း ထပ်လျော့သွားပါတယ်။ ဒါက မိခင်နို့ လုံးဝမတိုက်သူတွေနဲ့ နှိုင်းယှဉ်ထားတာပါ။သြစတေးလျမှာ လုပ်တဲ့ လေ့လာချက်မှာတော့ ၁၃လနဲ့အထက် မိခင်နို့တိုက်သူတွေက ၇လအောက် တိုက်သူတွေထက် သားဥအိမ်ကင်ဆာဖြစ်နှုန်း ၆၃ ရာခိုင်နှုန်း နည်းသွားပါတယ်တဲ့။ အမြွာလေးတွေလည်း ဖြစ်မယ်။ ၃၁လနဲ့အထက်လည်း တိုက်မယ်ဆိုရင်တော့ ၁၀လအောက် တိုက်သူတွေထက် သားဥအိမ်ကင်ဆာဖြစ်နှုန်း ၉၁ ရာခိုင်နှုန်း နည်းသွားတာကို တွေ့ရပါတယ်။ဒါကို ကြည့်ရင် မိခင်နို့က မေမေတွေ ကင်ဆာမဖြစ်အောင် တော်တော်ကြီး လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။မိခင်နို့သောက်တဲ့ကလေးတွေက အဝလွန်တာဖြစ်နိုင်ခြေ နည်းပါတယ်။ကလေးဘဝမှာ အဝလွန်တာက ကြီးလာတဲ့အခါ ဆက်ပြီး အဝလွယ်စေပါတယ်။ ဒီလိုဆိုရင် ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ စအိုကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတွေ ဖြစ်လာနိုင်ပါတယ်။ကလေးဘဝမှာတည်းက မိခင်နို့သောက်ပြီး အဝမလွန်ဘူးဆိုရင် ကြီးလာတဲ့အခါ ဒီလိုကင်ဆာဖြစ်နိုင်ခြေတွေ အလိုလိုနည်းသွားမှာပါ။ဒီလောက်ဆို မိခင်နို့ကို တိုက်ရင်ကောင်းမလားလို့ စဉ်းစားနေတဲ့ မေမေတွေလည်း ဆုံးဖြတ်နိုင်လောက်ပြီလို့ ထင်ပါတယ်။ မိခင်နို့တိုက်တာက ထင်သလောက် မလွယ်ပါဘူး။ နှစ်ဖက်လုံး မျှတိုက်ရမှာ ဖြစ်သလို မကြာခစလည်း တိုက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်သူဆီက နည်းနာယူသင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/breastfeeding-can-reduce-breast-cancer-risk/
ရင်သွေးလေးကို သင်ပေးသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထများ
စမတ်ကျလှပတဲ့ လူငယ်လေး၊ လှပကြော့ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးအဖြစ် ကိုယ့်ရဲ့ရင်သွေးလေးကို ကြီးပြင်းလာစေချင်တဲ့မေမေဖေဖေတွေများရှိလား။ ဒါဆိုရင်တော့ စမတ်ကျလှပတဲ့အရွယ်ရောက်သူလေးဖြစ်လာစေဖို့ ကိုယ့်ရဲ့ရင်သွေးလေးကို ငယ်ငယ်ကတည်းက ဘာတွေသင်ကြားပျိုးထောင်ပေးဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ကိုယ့်ရဲ့ ရင်သွေးလေးကို ငယ်စဉ်ကနေစပြီး ဒီအလေ့အကျင့်လေးကို ပျိုးထောင်ပေးပါ။ ဒါမှ ကျန်းမာပြီး စမတ်ကျတဲ့လူငယ်လေး၊ လှပကြော့ရှင်းတဲ့လေဒီလေးအဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။လက်ဆေးတတ်အောင်သင်ပေးပါ။လက်ကနေတဆင့်ရောဂါပိုးတွေကအများကြီးကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးရှိနေအောင် ပျိုးထောင်ပေးထားသင့်ပါတယ်။ ကလေးကို ညစ်ပေတာတွေကိုင်တွယ်ပြီးတိုင်း၊ အစားမစားခင်၊ အစားအသောက်တွေမပြင်ဆင်ခင်၊ အသားစိမ်း၊ငါးစိမ်းတွေကို ကိုယ်တွယ်မိချိန်၊ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေဖြစ်ကြတဲ့သွေး၊ဆီး၊ တံထွေးနဲ့အခြားသောအရာတွေကို ထိတွေ့ပြီးတိုင်း၊ တိရစ္ဆာန်လေးတွေကိုထိတွေ့ပြီးတိုင်း၊ နှာချေပြီးတိုင်း၊ နှပ်ညှစ်ပြီးတိုင်း၊ချောင်းဆိုးပြီးတိုင်း၊ အိမ်သာကဆင်းတိုင်း၊အစားစားပြီးတိုင်းမှာ လက်ဆေးတတ်တဲ့ အလေ့အကျင့်လေးကိုမွေးမြူပေးပါ။ ဒါကရောဂါပိုးမွှားတွေကို ကာကွယ်ရာရောက်လို့ ကလေးကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ရေပုံမှန်ချိုးတတ်တာကလည်းတစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးပါတဲ့ အချက်တစ်ခုပါ။ ဒါကြောင့်ဘေဘီလေးကို ပုံမှန်ရေချိုးတတ်တဲ့ အလေ့အကျင့်လေးရအောင် ပျိုးထောင်ပေးပါ။ရေချိုးတာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ပုံမှန်ခေါင်းလျှော်တဲ့အလေ့အထပျိုးထောင်ပေးပါ။ကလေးတွေကရေချိုးရတာကို ကြိုက်ကြပေမယ့်ခေါင်းလျှော်ရတာကိုတော့ မကြိုက်ကြပါဘူး။ ဒါပေမယ့်ခေါင်းလျှော်တာကလည်း ဂရုစိုက်သင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဖြစ်တာကြောင့်ဘေဘီလေးဘဝကတည်းက ပုံမှန်တစ်ပတ်ကို တစ်ကြိမ်ခေါင်းလျှော်တဲ့ အလေ့အကျင့်လေးလုပ်ပေးပါ။ အသက်အရွယ်အလိုက်ခေါင်းလျှော်တဲ့ အကြိမ်ရေကိုတိုးပေးဖို့လည်း မမေ့ပါနဲ့။လက်သည်းခြေသည်းညှပ်တတ်တဲ့အလေ့အထလုပ်ပေးပါ။လက်သည်းခြေသည်းတွေရှည်နေတာက မလိုအပ်ဘဲရောဂါတွေဝင်လာစေဖို့ အားပေးနေသလိုဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက လက်သည်ရှည်နေရင်ဘာတွေဖြစ်တတ်တယ်ဆိုတာ နားလည်အောင်ပြောပြပြီး လက်သည်းခြေသည်းတွေညှပ်တတ်တဲ့ အလေ့အထလေးကိုမွေးမြူပေးပါ။အသားအရေထိန်းသိမ်းတတ်အောင်သင်ပေးပါ။အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတော်တော်လေးသက်ရောက်မှုရှိနေပါတယ်။ ဒါကြောင့်ကလေးကို တစ်နေ့မှာ ၃ ကြိမ်လောက်မျက်နှာသစ်ဖို့လိုတဲ့အကြောင်းပြောပြဖို့လိုသလို မျက်နှာကို လက်နဲ့ကုတ်ဖဲ့တာ၊ ဆိတ်တာမျိုးတွေမလုပ်ဖို့လည်းပြောပြဖို့လိုပါလိမ့်မယ်။ ဒါမှ အနာအဆာကင်းစင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ချိုင်းသန့်ရှင်းဖို့လိုကြောင်းပြောပေးပါ။ငယ်စဉ်မှာအရေးသိပ်မကြီးပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ချိုင်းချွေးနံ့နံလာနိုင်တာကြောင့် စမတ်ကျတဲ့လူငယ်လေး၊လှပကြော့ရှင်းတဲ့လေဒီလေးဖြစ်ဖို့ အနှောင့်အယှက်ဖြစ်နိုင်တာကြောင့် ချိုင်းကို ပုံမှန်သန့်ရှင်းဖို့လိုကြောင်းနဲ့ လိုအပ်မယ်ဆိုရင်ချွေးနံ့ပျောက်အောင် တစ်ခုခုလိမ်းဖို့ လိုအပ်တဲ့အကြောင်းပြောပြပေးထားပါ။ခြေထောက်ကိုသန့်ရှင်းတတ်အောင်ပြောပြပေးပါ။ခြေထောက်ကကအနံ့ဆိုးထွက်တာမျိုးမဖြစ်စေဖို့အတွက်ခြေထောက်ကိုသေချာသန့်ရှင်းဖို့လိုသလိုခြေစွပ်၊ ဖိနပ်တွေကိုသေချာလေးသန့်စင်ဖို့လိုအပ်ကြောင်းကိုလည်းသေချာလေးပြောပြပေးဖို့လိုပါမယ်။ဒါတွေအပြင်ကလေးကို အဝတ်အစားနဲ့အသုံးအဆောင်တွေကို သေချာဂရုတစိုက်အသုံးပြုသင့်တဲ့အကြောင်းနဲ့ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်တတ်ဖို့ပါလေ့ကျင့်ပေးထားသင့်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ အပျိုဖော်ဝင်လာတဲ့ သမီးလေးတွေကို တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ဖို့နဲ့ကျောင်းသွားတဲ့အခါမျိုးမှာ လစဉ်သုံးပစ္စည်းကို အပိုဆောင်သွားသင့်တဲ့အကြောင်းလေးသင်ကြားပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးခြင်းက သမီးလေးကို လှပကြော့ရှင်းတဲ့လေဒီလေးအဖြစ်ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9e%e1%80%84%e1%80%ba%e1%80%95%e1%80%b1%e1%80%b8%e1%80%9e%e1%80%84%e1%80%ba/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/irritable-bowel-syndrome/irritable-bowel-syndrome-ibs/
ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ထဲမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းကို လျော့ကျစေနိုင်ခြင်းနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း တိုးစေနိုင်ပါတယ်။ရယ်မောခြင်းက ကြွက်သားအုပ်စုတော်တော်များများအတွက် သဘာဝလေ့ကျင့်ခန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ရောဂါတွေကို တိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ရယ်မောသူတွေက မှတ်ဉာဏ်စွမ်းရည်တိုးတက်သလို တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်ပါတယ်။“ပိုပြီး ရယ်မောနိုင်ဖို့ကြိုးစားပါ။” သုတေသီအချို့က ရယ်မောခြင်းက အကောင်းဆုံးသောဆေးဝါးတစ်ရပ်လို့ သတ်မှတ်ထားကြသလို ရယ်မောခြင်းက ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်လို့ လက်ခံယုံကြည်ထားကြပါတယ်။ ရယ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပြောင်းလဲသွားပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး သွေးဖိအားနဲ့ သွေးခုန်နှုန်းကိုလည်း ကောင်းမွန်စေပါတယ်။ အသက်ရှူနှုန်းပိုမြန်လာပြီး ကိုယ်တွင်း တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေ ပိုမိုရောက်ရှိစေပါတယ်။ရယ်မောခြင်းက လူသားအားလုံးအတွက် ဆေးတစ်လက်ပါ။ ရယ်မောခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဟော်မုန်းတွေကို ကျဆင်းစေပြီး၊ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသလို၊ ဖန်တီးနိုင်စွမ်းကိုလည်း မြင့်တက်စေတဲ့အပြင် အကျိုးကျေးဇူးတော်တော်များများကိုလည်း ရရှိစေနိုင်ပါတယ်။ ရယ်မောခြင်းကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ကတော့။ရယ်မောခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဟော်မုန်းတွေထဲက ဓာတုပစ္စည်းတွေကို အချို့သောအခြေအနေမျိုးမှာ ခန္ဓာကိုယ်အတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ အသုံးပြုစရာမရှိဘဲ ပမာဏအရမ်းများလာတဲ့အခါမျိုးမှာတော့ ကိုယ်တွင်းမှာ ဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီး အပြုအမူပိုင်းဆိုင်ရာတွေမှာ ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။အဆိုပါဟော်မုန်းတွေကို immunosuppressant hormoneတွေလို့ ခေါ်ပြီး ကိုယ်ခံအားစနစ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ အဆိုပါ ဟော်မုန်းပမာဏလျော့ကျဖို့ဆိုရင် ရယ်မောဖို့လိုအပ်ပါတယ်။ ရယ်မောတာက ကျန်းမာရေးကောင်းစေသလို အကျိုးလည်းရှိစေပါတယ်။ရယ်မောခြင်းကြောင့် ခန္ဓာကိုယ်တွင်းက endorphins လိုမျိုး အကျိုးပြုဟော်မုန်းအရေအတွက်ကို တိုးစေပါတယ်။ ကိုယ်တွင်းမှာ endorphins တိုးလာတာက နာကျင်မှုကို လျော့ပါးသက်သာစေနိုင်သလို နာကျင်မှုဆီကနေ အာရုံလျော့စေပါတယ်။Endorphinsဟော်မုန်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ နာကျင်မှုတွေကို သက်သာစေပါတယ်။ Neurotransmitterတွေ တိုးလာတာကလည်း ဦးနှောက်က လုပ်ငန်းဆောင်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်ပြီး ပိုမိုလျင်မြန်စွာ ချိတ်ဆက်လာနိုင်တာကြောင့်  တွေ့ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းလည်း တိုးလာသလို ပိုပြီးလည်း လျင်လျင်မြန်မြန်ဖြေရှင်းလာနိုင်ပါတယ်။ရယ်မောခြင်းက ကျန်းမာစေပါတယ်။ လေ့လာမှုတွေအရ ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုကတဆင့် ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး antibody တွေကို ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ ဖွံ့ဖြိုးလာစေဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ Antibody တွေတိုးလာတယ်ဆိုတာက ဖျားနာမှုတွေကို တိုက်ဖျက်ပေးနိုင်သလို ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက် မခံရအောင်လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ရယ်မောတာက ခန္ဓာကိုယ်တွင်းမှာ ထိရောက်မှုရှိစေရုံမက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြွက်သားအုပ်စုအမျိုးမျိုးအတွက် လေ့ကျင့်လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရယ်မောနေတဲ့အချိန်မှာ ခိုးခိုးခစ်ခစ်ပဲ ရယ်ရယ် ၊ တဟားဟားပဲရယ်ရယ် ရယ်မောတဲ့ လှုပ်ရှားမှုအတွက် ကြွက်သားတွေက လှုပ်ရှားရပါတယ်။ရယ်မောနေစဉ်အတွင်း ရင်ဝမ်းခြားကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားစနစ်တွေက ကျုံ့ လိုက်ဆန့်လိုက်လုပ်ရတာကြောင့် သဘာဝလေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာကြွက်သားတွေအတွက်လည်း လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားပါတယ်။ ရယ်မောတဲ့ ပုံစံပေါ်မှာ မူတည်ပြီး ရယ်မောခြင်းက ခြေထောက်၊နောက်ကျော၊ ပခုံးနဲ့ လက်မောင်းကြွက်သားတွေအပေါ်မှာပါ သက်ရောက်မှုရှိစေပါတယ်။ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းက IFN (Interferon-gamma) ပမာဏကို တိုးစေပြီး ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင် ပါတယ်။ IFN က B ဆဲလ်၊ T ဆဲလ်၊ NK ဆဲလ်တွေနဲ့ immunoglobulinတွေကို လှုံ့ဆော်ပေးပါတယ်။ ဆဲလ်တွေကြီးထွားဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။ ဒီဒြပ်ပေါင်းတွေက ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ နေ့စဉ်ရယ်မောခြင်းက ကျန်းမာစေပါတယ်။သွေးတိုးနေသူတွေအနေနဲ့ ရယ်မောကြည့်လိုက်ပါ။ သွေးပေါင်ချိန်ကျသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အရယ်အမောကင်းမဲ့တာက သွေးဖိအားကို တိုးစေပြီး ရယ်မောခြင်းက သွေးလည်ပတ်မှု ကောင်းစေတာကြောင့် သွေးတိုးကျဆင်းသွားတာဖြစ်ပါတယ်။ သွေးဖိအားမြင့်တက်တာက နှလုံးရောဂါတွေကို ဖြစ်စေနိုင်သလို နှလုံးဆိုင်ရာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ရယ်မောတာက အသက်ရှူနှုန်းကိုမြန်စေပြီး အသက်ရှူစနစ်ကို ခပ်မြန်မြန်အလုပ်လုပ်စေတာကြောင့် နှလုံးခုန်နှုန်းကို ခဏတာမျှမြန်လာစေပြီး ဦးနှောက်ဆီကို သွေးစီးဆင်းမှုပမာဏ  တိုးတက်စေပါတယ်။ ဦးနှောက်အတွင်းမှာအောက်ဆီဂျင်ပမာဏတိုးလာတာက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ရယ်မောတာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေနိုင်သလို မှတ်ဉာဏ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။လေ့လာမှုတွေအရ ရယ်မာခြင်း (သို့) ပြုံးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီး ပျော်ရွှင်မှုတွေကိုလည်း တိုးပွားစေပါတယ်။ ရယ်မောခြင်းက နာကျင်မှုတွေကိုတောင် လျော့ပါးစေနိုင်တာကြောင့် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ရယ်စရာတစ်ခုခုကြောင့် ရယ်တာမျိုးမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ရယ်မောခြင်းကတောင် စိတ်ခံစားမှုကိုတိုးတက်စေနိုင်ပါတယ်။ရယ်မောခြင်းက ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းစဉ်တွေအပေါ်မှာ တော်တော်ကို သက်ရောက်မှုရှိပါတယ်။စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကျဆင်းမှုနဲ့ endorphins ဟော်မုန်းတိုးတက်မှု အနေအထားနှစ်ရပ် ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းနဲ့ ဦးနှောက်အတွင်းမှာ အောက်ဆီဂျင်ပမာဏတိုးလာပြီး ဖန်တီးနိုင်စွမ်းလည်းကောင်းလာပါတယ်။ရယ်မောခြင်းရဲ့ ဆိုးကျိုးက မရှိသလောက်ပါပဲ။ ကြံဖန်ပြီး ပြောရရင်။ကြွက်သားတွေ နာကျင်ညောင်းညာစေခြင်း။အချိန်အကြာကြီး ပင်ပင်ပန်းပန်းရယ်လိုက်ရတဲ့ အခါမျိုးမှာဝမ်းဗိုက်ကြွက်သားတွေနာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ရယ်မောပြီးနောက် ခဏကြာတဲ့အထိ နာကျင်နေနိုင်ပါတယ်။ အချိန်အကြာကြီးနာတာတော့ မဟုတ်ပါဘူး။ ရယ်မောခြင်းက အကျိုးရှိတဲ့လေ့ကျင့်ခန်းတစ်ရပ်ပါ။နှလုံးရောဂါအခံရှိသူတွေနဲ့ ခွဲစိတ်ကုသမှုခံယူထားသူတွေမရယ်သင့်ပါဘူး။ပြင်းထန်တဲ့ နှလုံးရောဂါရှိသူတွေမှာ ရယ်မောတဲ့အချိန်မှာ ယာယီသွေးပေါင်ချိန်မြင့်တက်မှုက အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာမျိုးကလွဲလို့ ရယ်မောခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတွေမတွေ့ရပါဘူး။ ဝမ်းဗိုက်မှာ ခွဲစိတ်ကုသမှုခံယူထားသူတွေအနေနဲ့လည်း ရယ်မောတဲ့အခါ ခွဲစိတ်ထားတဲ့ ချုပ်ရိုးကို ခွဲစေနိုင်တာကြောင့် အားရပါးရမရယ်သင့်ပါဘူး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/health-benefits-of-laugh/
အိပ်ရာထလို့ မျက်လုံးမို့အစ်နေတာမျိုး မဖြစ်ချင်ရင် ဒါတွေကိုရှောင်ပါ
မနက်အိပ်ရာနိုးလို့ အားရပါးရသမ်းပြီး ကိုယ့်မျက်နှာကိုယ် မှန်ထဲကြည့်လိုက်တဲ့အချိန် မျက်လုံးနှစ်ဖက်လုံး မို့အစ်နေတာမျိုး တော်တော်များများ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်နေတဲ့ ကိုယ့်မျက်နှာကိုယ် ပြန်ကြည့်ရတာ အရမ်းစိတ်ညစ်စရာကောင်းတယ်နော်။ ရုတ်တရက်ကြီးဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ အပြင်ထွက်တော့လည်း ကိုယ့်စိတ်ကိုယ်မလုံနဲ့ တအားဒုက္ခရောက်ရတာပေါ့။ ဒီတော့ ဘယ်လိုအကျင့်တွေက မျက်လုံးမို့အစ်တာကို ဖြစ်စေလဲ၊ ဘယ်လိုကာကွယ်လို့ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးမယ်နော်။ပုံမှန်အားဖြင့်တော့ မျက်လုံးမို့အစ်တယ်ဆိုတာ ညဘက်အိပ်ချိန်နောက်ကျတာကြောင့် ဖြစ်တာကြောင့် ဒီအကျင့်ကို ရအောင်ဖျောက်နိုင်ရင်တော့ အဆင်ပြေသွားမှာပါ။မနက်အိပ်ရာကထထချင်း မျက်လုံးမို့အစ်နေတယ်လို့ သတိထားမိတယ်ဆိုရင် အရင်ဆုံး မျက်စဉ်းခတ်လိုက်ပါ။ ပြီးသွားရင် သခွားသီးကို ပါးပါးလေးလှီးစိတ်ပြီး မျက်လုံးပေါ်မှာ အုပ်ထားလိုက်ပါ။ အအေးဓာတ်က မျက်လုံးမို့အစ်နေတာကို သက်သာစေနိုင်ပါတယ်။ သခွားသီးမဟုတ်ဘဲနဲ့ ရေခဲဝတ်ကပ်ပေးတာ၊ အအေးခံထားတဲ့ ရေနွေးကြမ်းအိတ်ကလေးတွေ အုပ်ပေးလို့လည်း ရပါတယ်။မနက်ပိုင်းမှာ ရေအေးအေးနဲ့ ရေချိုးပေးပါ။ ရေများများသောက်ပါ။ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီးကို များများစားပေးပါ။ အပြင်သွားခါနီး မိတ်ကပ်မလိမ်းခင် မျက်လုံးကိုပါ နေလောင်ကာခရင်မ် ပါးပါးလေးလိမ်းပေးပါ။ ညဘက်မှာ စောစောပြန်အိပ်ပါ။ အိပ်ရေးဝအောင် ပြန်လုပ်ပါ။ အဲ့ဒါဆိုရင်တော့ မျက်လုံးမို့အစ်တဲ့ ပြဿနာကို ကာကွယ်ပေးနိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tips-to-avoid-puffiness-of-eyes/
အသားတွေ ယားနေတယ် ဘာလို့လဲ..............
အသားတွေ ယားနေတယ် ဆိုတိုင်း ဓာတ်မတည့်တာများစားမိလို့လား၊ဓာတ်မတည့်တာတစ်ခုခုနဲ့များ ထိတွေ့မိလို့လားလို့ အရင်ဆုံးတွေးမိတတ်ကြပါတယ်။ တကယ်ကတာ့အသားယားတာက ဓာတ်မတည့်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဒီပြဿနာလေးတွေရှိနေရင်လည်း အသားယားတတ်ပါတယ်။ ဘာတွေများဖြစ်မလဲ……။အသားတွေ ယားနေတာက ဒီအချက်တွေကြောင့်ပါ။(၁) အသား ခြောက်နေလို့–အသားခြောက်တာက သင့်ကို အသားယားတာတွေ ဖြစ်စေနိုင်ပါတယ်။ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ရေပူနဲ့ချိုးတာများတာကြောင့်ဖြစ်ဖြစ် အသားယားနိုင်ပါတယ်။ဘယ်လိုသက်သာအောင် လုပ်မလဲ….။ရေချိုးပြီးတိုင်း အသားကိုအစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ သွေးထွက်တဲ့အထိ အသားခြောက်ပြီး ကွဲအက်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။(၂)ပိုးကောင်ကိုက်ခံရတာ– ခြင်ကနေစလို့ ပိုးကောင်တွေကိုက်ခံရတဲ့အခါမျိုးမှာလည်း အသားယားတတ်ပါတယ်။ခြင်ကိုက်တာကြောင့် အသားယားတာကတော့ ခဏလောက်နဲ့ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ ကြမ်းပိုး၊ သန်းစတာတွေကိုက်ရင်တော့ အချိန်တော်တော်ကြာတဲ့အထိ အသားယားနေတာမျိုးဖြစ်နိုင်ပါတယ်။ဘယ်လိုသက်သာအောင်လုပ်မလဲ ……..။ပိုးကောင်ကိုက်ရင် လိမ်းလို့ရတဲ့ ဆေးတစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။သနပ်ခါးရေကျဲလေးလိမ်းပေးလည်းရပါတယ်။(၃)အရေပြားကင်ဆာ– တစ်ခါတလေမှာ အသားတွေယားတာက အရေပြားကင်ဆာရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာဖြစ်တဲ့အခါ အသားအရေကပြောင်းလဲလာတာမျိုးရှိသလို အသားမှာအစက်အပြောက်တွေထွက်လာတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီအစက်အပြောက်တွေက ယားတာမျိုးရှိနိုင်ပါတယ်။ဘယ်လိုသက်သာအောင်လုပ်မလဲ…….။အသားအရေမှာ အစက်အပြောက်တွေလည်း ဖြစ်မယ်။ အသားကလည်း ယားမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။(၄)ကိုယ်ဝန်ရှိနေတာ– ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၂ ဦးလောက်က အသားယားတဲ့ ပြဿနာကို ခံစားကြရပါတယ်။ အရေပြားမှာ အဖုအပိမ့်ထွက်တာကစလို့ ဒီထက့်ပြင်းထန်တဲ့ အခြေအနေမျိုးတွေအထိဖြစ်နိုင်ပါတယ်။ဘယ်လိုသက်သာအောင်လုပ်မလဲ….။ရေနွေးဝတ်လေးကပ်ပေးတာ၊ ရေခဲဝတ်လေးကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ သိပ်ပြင်းထန်ရင်တော့ ဆရာဝန်နဲ့ ပြပါ။(၅) အရေပြားဓာတ်မတည့်မှုဖြစ်တာ–ဓာတ်မတည့်တာတစ်ခုခုကို စားမိတာ၊ ထိမိတာတွေကြောင့်လည်း အသားတွေယားနိုင်ပါတယ်။ အချို့ဆိုရင် အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထတာမျိုးရှိနိုင်ပါတယ်။ အဝတ်စတွေ၊ အလှကုန်တွေကြောင့်လည်း အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။ဘယ်လိုသက်သာအောင်လုပ်မလဲ…..။မကုတ်ပါနဲ့။ ရေအေးဝတ်ကပ်ပေးတာ၊ ရေနွေးဝတ်ကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ ပြင်းထန်လွန်းရင်တော့ ဆရာဝန်နဲ့ပြသပါ။(၆)အရေပြားပြဿနာတွေ–အချို့သော အရေပြားပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေမှာလည်း အသားယားတာက တစ်ခုအပါအဝင်ပါ။ဘယ်လိုသက်သာအောင်လုပ်မလဲ……။အရေပြားပြဿနာက မြန်မြန်သက်သာအောင်လုပ်မှ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာဖြစ်တာကြောင့် ဆရာဝန်နဲ့ သေချာပြသတာက အကောင်းဆုံးဖြစ်မှာပါ။(၇) ကိုယ်တွင်းရောဂါတွေရဲ့ အစောပိုင်းလက္ခဏာတွေ– တစ်ခါတလေမှာ ခန္ဓာကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်းအသားယားတတ်ပါတယ်။ဘယ်လိုသက်သာအောင်လုပ်မလဲ……။အသားတွေယားနေတယ်။ ပြင်ပလက္ခဏာတစ်စုံတရာ မတွေ့ရဘူးဆိုရင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို လုပ်ကြည့်တာက အကောင်းဆုံးဖြစ်မှာပါ။(၈) အသက် ၆၅ နှစ်အထက်ဖြစ်နေတာ– အသား​ခြောက်တာကသက်ကြီးရွယ်အိုတော်တော်များများမှာဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရေပြားကပိုပါးလာပြီးရေသောက်နည်းတာကြောင့် အသားခြောက်နိုင်လို့ပါ။ဘယ်လိုသက်သာအောင်လုပ်မလဲ…….။အသားခြောက်တာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ရေများများသောက်ပါ။ အသားခြောက်လွန်းတယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ပြောပါရစေ။(၉) သောက်သုံးနေရတဲ့ဆေးဝါးတွေ–သွေးပေါင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ အပါအဝင်အချို့သောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။ ကင်ဆာကုထုံးရဲ့ နောက်ဆက်တွဲအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။ဘယ်လိုသက်သာအောင်လုပ်မလဲ……..။သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် အသားယားတာဆိုရင်တော့ အကောင်းဆုံးက ဆေးညွှန်းပေးတဲ့ ဆရာဝန်နဲ့တိုင်ပင်တာပါ။(၁၀)အာရုံကြော ပြဿနာ– အာရုံ​ကြောက ကေင်းကောင်းမလုပ်ဆောင်နိုင်တဲ့အခါမှာလည်း အသားတွေ ယားနိုင်ပါတယ်။ ရောဂါကြောင့် ဒါမှမဟုတ် ထိခိုက်မှုတစ်ခုခုကြောင့်အာရုံကြောထိခိုက်ပျက်စီးတာတွေဖြစ်နေတဲ့အခါမျိုးမှာလည်း အသားယားတာမျိုးဖြစ်နိုင်ပါတယ်။ အာရုံကြောကြောင့် အသားယားတဲ့အခါ အသားမှာ အနီရောင် အဖုအပိမ့်တွေဖြစ်လာနိုင်ပါတယ်။ဘယ်လိုသက်သာအောင်လုပ်မလဲ…..။အာရုံကြောတွေနာနေမယ်။ ခြေလက်တွေထုံမယ်၊ အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်နေမယ်ဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့ ပြသဖို့ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/why-do-i-feel-so-itchy/