url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/02/85570/
“ပုကျွန်မခံဘူး” စာသားဖြင့် တောင်ကိုရီးယားတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ
["“ပုကျွန်မခံဘူး” စာသားဖြင့် တောင်ကိုရီးယားတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "တောင်ကိုရီးယား ဆူဝမ်မြို့တွင် Suwon Migrants Center နှင့် Myanmar Community တို့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆန္ဒပြပွဲ ပြုလုပ်နေပြီး ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် “ပုကျွန်မခံဘူး” စာသားနှင့်အတူ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြခြင်းနှင့် စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်မှုများကို ကိုရီးယားပြည်သူများထံ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2025/03/206192/
“ပုဂ္ဂလိက တက္ကသိုလ်” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး “ပုဂ္ဂလိက ကောလိပ်” ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်၊ CDM ဆရာ၊ ဆရာမများကို အလုပ်မခန့်ရဟု အမိန့်ထုတ်
["“ပုဂ္ဂလိက တက္ကသိုလ်” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်းမပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး “ပုဂ္ဂလိက ကောလိပ်” ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်၊ CDM ဆရာ၊ ဆရာမများကိုအလုပ်မခန့်ရဟု အမိန့်ထုတ်", "ရန်ကုန်၊ မတ် ၄", "မြန်မာနိုင်ငံတွင် “ပုဂ္ဂလိက တက္ကသိုလ်” ဟူသော အသုံးအနှုန်းကို သုံးစွဲခြင်း မပြုရန် စစ်ကောင်စီက ပိတ်ပင်လိုက် ပြီး “ပုဂ္ဂလိက ကောလိပ်” ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်ကာ CDM ဆရာ၊ဆရာမများကို အလုပ်မခန့်ရန် အမိန့်ပေး ခြိမ်းခြောက်လာကြောင်း ပုဂ္ဂလိကပညာရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက တက္ကသိုလ်ဟု အမည်တပ်ထား သော ကျောင်းများကို “တက္ကသိုလ် (University) ဆိုသော အသုံးအနှုန်းကို အသုံးပြုခွင့်မရှိကြောင်း၊ ပုဂ္ဂလိက ကျောင်းများအနေဖြင့် အဆင့်မြင့်ဆုံး ကောလိပ်ဟုသာ သုံးစွဲရမည်ဟု အမိန့်ထုတ်ပြန်လာကြောင်း သိရှိရသည်။", "” လွန်ခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ ပုဂ္ဂကလိက တက္ကသိုလ်တွေအနေနဲ့ တက္ကသိုလ် ( University) ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုခွင့်မရှိဘူး။ တက္ကသိုလ်ဆိုတဲ့စကားရပ်ကို နိုင်ငံတော်ကလွဲလို့ ပုဂ္ဂလိကတွေမှာ သုံးစွဲခွင့်မပြုတော့ဘူး။ အဲဒါကြောင့် တက္ကသိုလ်အစား ကောလိပ် ( College) လို့ပဲ သုံးနှုန်းရမယ်လို့ ညွှန်ကြားပါတယ်။", "အဲဒါကြောင့် ကျောင်းတွေအားလုံးက ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေအားလုံးမှာ တက္ကသိုလ်အစား ကောလိပ်ဆိုတာကို ပြောင်းလဲသုံးစွဲရပါတယ်” ဟု ပုဂ္ဂလိကပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "ထို့ပြင် ပုဂ္ဂလိက ကောလိပ်များနှင့် ကျောင်းများတွင် CDM လုပ်ထားသော ကျောင်းဆရာ၊ ဆရာမများ၊ တက္က သိုလ် ဆရာ၊ ဆရာမများကိုလုံး၀ အလုပ်ခန့်ထားခြင်းမပြုရန် ၊ CDM ဆရာ၊ ဆရာမများကို အလုပ်ခန့်ထားကြောင်း စစ်ဆေးတွေ့ရှိရပါက ပုဂ္ဂလိက ကျောင်းနှင့်ကောလိပ်များကို ပိတ်သိမ်းမည်ဖြစ်သည်ဆိုသော အမိန့် တစ်ရပ်ကို ထုတ်ပြန်လာကြောင်း သိရှိရသည်။", "စစ်ကောင်စီက ပုဂ္ဂလိက ကျောင်းနှင့်ကောလိပ်များကို စစ်ဆေးရေးအဖွဲ့များဖြင့် ရှောင်တခင် မကြာခဏ စစ် ဆေးမှုများ လုပ် ဆောင်နေကြောင်း၊ CDM ဆရာ၊ ဆရာမများကိုလည်း ပညာရေးလုပ်ငန်း အသိုင်းအ၀ိုင်း အ တွင်း လုံး၀ ဝင်ရောက်မှုမရှိစေရေး သတင်းပေးပို့ ကြရန်ပါ ပုဂ္ဂလိကပညာရေးလောကသားများကို အမြဲမပြတ် တိုက်တွန်းနှိုးဆော်နေကြောင်း သိရှိရသည်။", "“ပုဂ္ဂလိက ကျောင်းတွေကို စစ်ဆေးရေးအဖွဲ့တွေက မကြာခဏ ဝင်စစ်နေတယ်။ အဲဒီစစ်ဆေးရေးအဖွဲ့မှာ Non-CDM ပါမောက္ခ ချုပ်တွေ ဦးဆောင်ပြီး ရှောင်တခင်စစ်ဆေးတာတွေ လုပ်နေတယ်။ သူတို့က ဘယ်သူတွေ CDM ဆရာ၊ဆရာမတွေဆိုတာ တန်းသိတော့ သူတို့ကို စစ်ဆေးရေးအဖွဲ့တွေကို ဦးဆောင်ခိုင်းနေတာ” ဟု CDM ဆရာမတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/09/185299/
“လူမျိုး ဘာသာမရွေး ဗုံးကျဲသည်”
["“ပုံ/မအလ”", "ကာတွန်း-ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/161991/
“ဗိုလ်မှူးသက်နိုင်စိုးရောက်လာတဲ့အချိန်မှာ မတ္တရာမြို့ပေါ်နေပြည်သူတွေ အများကြီး ထိတ် လန့် နေရတယ်။ ကြောက်ရွှံ့နေရတယ်။ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးတာ ခပ် စိပ်စိပ်လုပ်လာတယ်။ အဲဒါကြောင့် ရှင်းလင်းရေးလုပ်ရတာပါ”
["“ဗိုလ်မှူးသက်နိုင်စိုးရောက်လာတဲ့အချိန်မှာ မတ္တရာမြို့ပေါ်နေပြည်သူတွေ အများကြီး ထိတ် လန့် နေရတယ်။ ကြောက်ရွှံ့နေရတယ်။ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးတာ ခပ် စိပ်စိပ်လုပ်လာတယ်။ အဲဒါကြောင့် ရှင်းလင်းရေးလုပ်ရတာပါ”", "By ရန်ကုန်ခေတ်သစ်", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူး သက်နိုင်စိုးသည် ပြည်သူများကို နှိပ်စက်သတ်ဖြတ်နေသဖြင့် ဧပြီလ ၂၄ ရက်နေ့တွင် မတ္တရာမျိုးမှန်တပ်ဖွဲ့ က လက်ဖက်ရည်ဆိုင်တွင် ရှင်းလင်းခဲ့သည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး မတ္တရာမျိုးမှန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။", "မေး။ ။ ဗိုလ်မှူးသက်နိုင်စိုးက မတ္တရာမြို့နယ်သားလို့ သိရပါတယ်။ သူရဲ့ နောက်ခံ အကြောင်းအရင်း သိထားရသလောက်ပြောပြပေးပါအုံးဗျ။", "ဖြေ။ ။ ဗိုလ်မှူးသက်နိုင်စိုးက မတ္တရာမြို့သားဖြစ်တယ်။ မတ္တရာမြို့၊ ဘုရင့်နောင်အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တယ်။ ဗိုလ်မှူးသက်နိုင်စိုးရဲ့အဖေက မတ္တရာမြို့နယ် ကောက်ရိုးပုံရွာသားပေါ့။ ကောက်ရိုးပုံ ရွာဆိုတာက မတ္တရာရဲ့အနောက်ဘက်မှာရှိတယ်။ မတ္တရာနဲ့ စဉ့်ကူးကြားပေါ့၊ တိတိကျကျပြောရရင် တော့ ယက္ကန်းစင်တောင်ရဲ့ အနီးမှာရှိတယ်။", "ဧရာဝတီမြစ်ရေတက်တဲ့ဒေသတွေပေါ့။ ဗိုလ်မှူးသက် နိုင်စိုးသည် ၁၀ တန်းကို မတ္တရာ အထက မှာတက်ပြီးတော့ ၂၀၀၀ ခုနှစ်မှာအောင်မြင်တယ်။ အောင် မြင်ပြီးတော့ DSA အပတ်စဉ် ၄၆ သင်တန်းဆင်းတစ်ယောက်ဖြစ်တယ်။", "မေး။ ။ ဗိုလ်မှူးသက်နိုင်စိုးမတ္တရာမြို့နယ်ကို ရောက်ပြီး အခြေအနေနဲ့ မရောက်ခင်အခြေအနေ ဘယ်လိုကွာခြားမှုရှိလဲ။", "ဖြေ။ ။ ဗိုလ်မှူးသက်နိုင်စိုး မရောက် ခင်အချိန်က မတ္တရာမှာ လက်နက်ကြီးနဲ့ ရမ်းသမ်းထုခဲ့တာ မျိုး မရှိခဲ့ဘူး။ ဗိုလ်မှူးသက်နိုင်စိုး စစ်ရေး တာဝန်ခံအနေနဲ့ မတ္တရာမြို့နယ်ကို သပိတ်ကျင်း တပ်က နေ ပြောင်းလာတယ်။ ဗိုလ်မှူးသက်နိုင်စိုး ရောက်လာပြီးနောက်ပိုင်းမှာ အဓိကတော့ ဗိုလ်မှူး သက်နိုင်စိုး ရဲ့ အဖေပေါ့နော်။ အဖေရဲ့ဇာတိဖြစ် တဲ့ကောက်ရိုးပုံရွာမှာ ကျနော်တို့ PDF လှုပ်ရှားမှုတွေရှိတယ်။", "ဗိုလ်မှူးသက်နိုင်စိုးရောက်ပြီးတဲ့နောက် ပိုင်းမှာ ဒီကောက်ရိုးပုံကနေစပြီးတော့ ဧရာဝတီမြစ်ကြောင်း တလျှောက်မှာရှိတဲ့ ရွာတွေကို ရွာစဉ် ပတ် မွှေတယ်။ စစ်ကြောင်းတွေထိုးတယ်။ ရွာမှာရှိတဲ့ ပြည် သူတွေကို ဖမ်းဆီးတာတွေရှိတယ်။ နေရာ မှာတင်ပစ်သတ်ခဲ့တာတွေလည်း တွေ့ရတယ်။ ရွာစဉ်ပတ် ပြီး မီးရှို့တာတွေလည်း လုပ်ခဲ့တယ်။ ဗိုလ် မှူးသက်နိုင်စိုးက မတ္တရာသားဖြစ်တယ်ဆိုတော့ မတ္တရာ နယ်မြေကိုကျွမ်းကျင်တယ်။နောက်မတ္တရာရဲ့ အထာကို ကောင်းကောင်းသိတယ်။ ဗိုလ်မှူးသက်နိုင်စိုး ရောက်လာပြီးနောက်ပိုင်းမှာ မတ္တရာ မြို့ ပေါ်ကို ၆၀ မမ လက်နက်ကြီးထိုင်တာတွေ၊ ၈၁ တွေ သုံး တာ တွေရှိလာတယ်။", "အဆိုးဆုံးက တော့ ဗိုလ်မှူးသက်နိုင်စိုးရောက်ပြီး ၂ လအကြာမှာပဲ၊ မတ္တရာမြို့ နယ်ဘောလုံးကွင်းထဲ မှာ ဟောင်ဝှစ်ဇာ လာထိုင်တာရှိတယ်။ နောက်ပြီးတော့ အယ်ဖာလ်ဘိလပ် မြေစက်ရုံဘက်မှာ ဟောင်ဝှစ်ဇာထိုင်တာ တွေရှိတယ်။ ဗိုလ်မှူးသက်နိုင်စိုးရောက်လာပြီး နောက်ပိုင်း မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးပုံက နည်း နည်း လေးပြောင်းလဲသွားတယ်။ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတော့ မြေပုံအတိအကျဆွဲပြီးတော့ မြေပြင်ကနေ စစ်ကြောင်းတွေထိုးတယ်။ နောက်တစ်ခုက စစ် ကြောင်းထိုးတာနဲ့ မသက်ဆိုင်တဲ့ဘက်ကို လက်နက်ကြီးတွေ‌နဲ့ တောက်လျှောက် ရမ်းသမ်း ပစ်ခတ် တာတွေ လုပ်ခဲ့တယ်။", "ကျနော် တို့ ဒီအချက်တွေ တွေ့ရှိရတယ်။ ဗိုလ်မှူး သက်နိုင်စိုး မရောက်ခင် မတ္တရာနယ်မြေကို မရောက်ခင်ပုံစံ နဲ့ ဗိုလ်မှူးသက်နိုင်စိုးရောက်ပြီး နောက်ပိုင်း မတ္တရာ နယ်မြေကို စစ်ကြောင်းထိုးတဲ့ပုံစံမျိုးအများကြီးပြောင်းလဲလာတယ်။ အများကြီးလည်း ရက်စက်လာ တယ်။ ဖမ်းဆီးသတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ လက်နက်ကြီးတွေနဲ့ တောက် လျှောက်ပေါ့၊ မတ္တရာ အရှေ့ခြမ်းတွေရော အနောက်ခြမ်းတွေရော လက်နက်ကြီးတွေနဲ့ ထုတာ တောက်လျှောက်နေ့စဉ်စဉ်ဖြစ်လာတယ်။", "မေး။ ။ သူက မတ္တရာကို ပြန်ရောက်လာတဲ့အချိန် ပြည်သူတွေအပေါ် ဘယ်လောက်အထိ ရက်ရက် စက်စက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြည်သူတွေသိအောင်ပြောပြပေးစေချင်ပါတယ်။", "ဖြေ။ ။ ဗိုလ်မှူးသက်နိုင်စိုးရောက်လာတဲ့အချိန်မှာ မတ္တရာမြို့ပေါ်နေပြည်သူတွေ အများကြီး ထိတ် လန့် နေရတယ်။ ကြောက်ရွှံ့နေရတယ်။ ဗိုလ်မှူးသက်နိုင်စိုးက မတ္တရာမြို့ပေါ်သား၊ မတ္တရာမှာပဲ ကျောင်းတက်၊ မတ္တရာမှာပဲ ကြီးပြင်းခဲ့တဲ့ သူဆိုတော့ မတ္တရာသားတွေအကြောင်းကောင်းကောင်း သိတယ်။ အဲဒါကြောင့် ဗိုလ်မှူးသက်နိုင်စိုးရောက်လာပြီးနောက်ပိုင်း မတ္တရာမြို့ပေါ်မှာ ကျနော်တို့ ရရှိထားတဲ့မှတ်တမ်းတွေအရဆိုရင်တော့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း ဖမ်းဆီးတာ ခပ် စိပ်စိပ်လုပ်လာတယ်။", "အဲလိုတွေလုပ်လာတဲ့အတွက် ကျနော်တို့ရဲ့အထက်မှာရှိတဲ့ ကောင်စီဝင်က နေပြီးတော့ ဗိုလ်မှူးသက်နိုင်စိုးကိုတော့ အရေးယူမှဖြစ်တော့မယ်။ ဗိုလ်မှူးသက်နိုင်စိုးကိုသာ အရေး မယူဘူးဆိုရင် ဒို့မြို့နယ် ဒီထက်ကြေသထက်ကြေဖို့ပဲရှိတော့တယ် ဆိုတဲ့ ညွှန်ကြားစာ ရောက်လာ တယ်။ ရောက်လာတဲ့အခါကျတော့ ကျနော်တို့မြေပြင်မှာသိထားတာ ကလည်း ဗိုလ်မှူးသက်နိုင်စိုး ရောက်လာပြီးနောက်ပိုင်း စကစတွေရဲ့နယ်မြေရှင်းလင်းရေး ပုံစံတွေက အားကောင်းလာတယ်။ နောက်တစ်ခုက တိကျလာတယ်။ နောက်ပြီးတော့ ပိုပြီးတော့ ရက်စက်လာတယ်။", "အဲဒီတော့ ဗိုလ်မှူး သက်နိုင်စိုးကိုသာ အရေးမယူနိုင်ဘူးဆိုရင် ကျနော်တို့ မတ္တရာမြို့နယ်ဒီထက် ကြေသွားနိုင်တယ်ဆို ပြီး တော့ ကျနော်တို့ဘက်ကလည်း မြင်လာတယ်။ အဲဒီအတွက် အထက်ကခေါင်းဆောင်တွေရဲ့ညွှန် ကြားချက်ကို ခံယူတယ်။ ခံယူပြီးတော့ ဗိုလ်မှူး သက်နိုင်စိုးကို ရှင်းလင်းခဲ့တာပါ။", "မေး။ ။ သူ့ကို ရှင်းလင်းဖို့အတွက် အချိန်ဘယ်လောက်ယူခဲ့ရလဲဗျ။ ဘယ်လိုတွေကြို တင်ပြင်ဆင် ခဲ့ရလဲ။", "ဖြေ။ ။ ကြိုတင်ပြင်မှုအပိုင်းက တအားကြီးမကြာဘူးဗျ။ အချိန် ၁၅ ရက်လောက်ပဲ ယူခဲ့ရတယ်။ ဗိုလ် မှူး သက်နိုင်စိုးသည် မတ္တရာမြို့က ဒီလက်ဖက်ရည်ဆိုင်ကို နေ့စဉ်လက်ဖက်ရည်လာသောက် တယ် ဆို တဲ့အချက်အလက် ကျနော်တို့ဆီမှာ ရရှိထားတာဖြစ်တယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကိုယ် တိုင် သွားပြီးတော့အတည်ပြုထားနိုင်တယ်။", "ဆိုတော့ ပြသနာလေးတစ်ခုရှိနေတာက ဒီလက်ဖက်ရည် ဆိုင်ရဲ့အရှေ့ဘက်မီတာ ၂၀၀ အကွာမှာ စကစဘက်က ဘန်ကာ ၃ ခုတည်ဆောက် ထားတာရှိတယ်။ တိတိကျကျပြောရရင် မတ္တရာကနေ လက်ကောင်းလေးရွာကိုသွားတဲ့ မကျည်းသုံးပင်ဆိုတဲ့ လမ်းဆုံ မှာ ဘန်ကာ ၃ ခုတည်ဆောက်ထားတယ်၊ ဆိုတော့ ဒီစစ်ဆင်ရေး လုပ်ဆောင်မယ့် လက်ဖက်ရည် ဆိုင်နဲ့ ဘန်ကာ ၃ ခုနဲ့က မီတာ ၂၀၀ ဖြစ်တဲ့အတွက် တအားကြီးကပ် နေတဲ့ အနေအထားဖြစ်တယ်။ ကျနော်တို့လှုပ်ရှားမယ့်တပ်ဖွဲ့ဝင်တွေအတွက် အန္တရာယ်တော်တော် ကြီးမားတဲ့အနေအထား။", "နောက်တစ်ခုက ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အတည်ပြုတဲ့အခါမှာ ဗိုလ်မှူးသက်နိုင်စိုးသည် လက် ဖက်ရည်ဆိုင်လာထိုင်တဲ့အခါမှာ ၅ နှစ် ၆ နှစ်အရွယ် ကလေးတစ်ယောက်ကို‌ ခေါ်ခေါ်လာ ပြီးတော့ ထိုင်လေ့ရှိတယ်။ ထိုင်လေ့ရှိတော့ ကျနော်တို့ဘက်က တစ်ချက်တွေဝေသွားသေးတယ်၊ ဒီကလေး ပါတဲ့ အနေအထားတစ်ခုမှာ လုပ်ကိုင်ဆောင်ရွက်သင့် မဆောင်ရွက်သင့်ပေါ့။ ကျနော်တို့က လူ့အခွင့် အရေးတွေကို နားလည်နိုင်တဲ့ နှလုံးသားတွေ ဦးနှောက်တွေရှိတယ်။ အဲဒီတစ်ချက်တော့ တွေဝေသွား တာ။ သို့သော်လည်း ဗိုလ်မှူးသက်နိုင်စိုးကို ရှင်းလင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။", "အဓိကအ ကြောင်း အချက်ကတော့ ဗိုလ်မှူးသက်နိုင်စိုးကြောင့် မတ္တရာနယ်မှာရှိတဲ့တော်လှန်ရေးအင်အားစု တွေ တော်တော်များများ ထိခိုက်တယ်။ နောက်ပြည်သူအသက်အိုးအိမ်စည်းစိမ်တွေ အများကြီး ထိ ခိုက်တယ်။ အဓိကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာတွေကြောင့်မလို့ ပြည်သူတွေထိမှန်တာ၊ သေဆုံးခဲ့တာတွေ၊ အိုးအိမ်ပျက်စီးခဲ့တာတွေ၊ တိရစ္ဆာန်တွေ သေကြေခဲ့တာတွေရှိတယ်။ နေ့စဉ် နေ့ စဉ် နေ့စဉ်ပဲ မတ္တရာ အရှေ့ခြမ်းကို ထုလိုက်၊ အနောက်ခြမ်းကို ထုလိုက်နဲ့ တောက်လျှောက် ဒီလက် နက်ကြီးက ဒုက္ခပေး နေတာ။", "ဒီလက်နက်ကြီးတွေရဲ့ အဓိက လက်သည်တရားခံသည် ဗိုလ်မှူး သက် နိုင်စိုး။ အဲဒီတော့ ဗိုလ်မှူးသက်နိုင်စိုးမရှိမှ ဒီမတ္တရာနယ်မြေအတွက်ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆ တဲ့အတွက် ရှင်းလင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။", "မေး။ ။ သူ့ကို ရှင်းလင်းပြီးနောက် စစ်တပ်ဘက်က ဘယ်တုံ့ပြန်တာတွေရှိခဲ့လဲ။", "ဖြေ။ ။ စစ်တပ်ဘက်ကတော့ တော်တော် ပြင်းပြင်းထန်ထန် တုန့်ပြန်တယ်။ မစ်ရှင်လုပ်ပြီးတဲ့အခါမှာ စစ်တပ်က ကျနော်တို့ မတ္တရာမျိုးမှန်တပ်ဖွဲ့က လုပ်တယ်လို့ မထင်ဘူး။ဘာဖြစ်လို့လည်းဆိုတော့ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်တယ်။ ဒီလိုမျိုး ရှင်းလင်းရေးတွေ လုပ်ကိုင် ဆောင်ရွက်လေ့မရှိဘူး။ မရှိတော့ စစ်တပ်ဘက်က ဧရာဝတီမြစ်ကြောင်းဘက်တွေမှာ လုံးဝ လေ ကြောင်းနဲ့ တိုက်ခိုက်တာတွေရှိတယ်။", "နောက်မြေပြင်မှာ အင်အား ၅၀၀ ကျော် ၆၀၀ လောက်သုံး ပြီး တော့ စစ်ကြောင်းတွေ ညှပ်ထိုးခဲ့တာရှိတယ်။ စစ်ကြောင်းမထိုးတဲ့နေရာတွေမှာ ဟောင်ဝှစ်ဇာတွေ လက်နက်ကြီးတွေနဲ့ ၅ ရက်ဆက်တိုက်ထုပြီးတော့ တောက်လျှောက် ပြင်းပြင်း ထန်ထန်တုန့်ပြန်ခဲ့ တယ်။", "မေး။ ။ ဒီမစ်ရှင်နဲ့ ပတ်သက်လို့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။", "ဖြေ။ ။ ဒီမစ်ရှင်နဲ့ပတ်သက်ပြီး ဖြည်စွက်ပြောချင်တာကတော့ ကျနော်တို့အနေနဲ့ ဒီမစ်ရှင်ကိုလုပ်ကိုင် ဆောင်ရွက်ရခြင်းသည် မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့အသက်အိုအိမ်စည်းစိမ်ကို ဒီ ထက်ပိုပြီးတော့ ကာကွယ်ပေးချင်တယ်။ နောက် မတ္တရာနယ်မှာရှိတဲ့ တော်လှန်ရေး အရှိန်အဟုန် ကိုလည်း ဒီထက်ပိုပြီးတော့ ကြီးမားကျယ်ပြန့်စေချင်တယ်။", "ဒီအတွက် ခလုတ်ကန်သင်းတစ်ခုလို ဖြစ် နေတဲ့၊ နောက်တစ်ခုက စကစအတွက် လုပ်ကိုင်နိုင်စွမ်း ကြီးမားတဲ့ ဗိုလ်မှူးသက်နိုင်စိုးကို အရေးယူ ရှင်းလင်းခဲ့ရခြင်းဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုမျိုးပဲ မတ္တရာမြို့နယ်ထဲမှာ စကစဘက်ကနေ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ တော်လှန်ရေးရဲ့ အရှိန်အဟုန်တွေ ပျက်သွားအောင် ဟန့်တားနိုင်တဲ့ အကြီးပိုင်းတွေ၊ အရာရှိတွေ ရှိခဲ့ရင်လည်း ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက် သွားဖို့ ဆုံးဖြတ်ထားတယ်။", "အဲဒီတော့ ပြည်သူတွေကို သိစေချင်တာ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် COC အစီအစဉ် ၂ ရပ်လုံးကို လုံးဝလိုက်နာပြီးတော့မှ စနစ်တကျဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ် တယ်။ ကျနော်တို့အနေနဲ့ မြေပြင်မှာ မဟာမိတ်‌‌ တွေနဲ့ပူးပေါင်းပြီးတော့ တိက်ပွဲကြီးတွေဖော်ဆောင် နေ သလို ယခုလို စကစအတွက် အရေးပါတဲ့ အရာရှိကြီးတွေ ရှင်းလင်းရေးတွေကိုလည်း ဆက် လက် လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။ နောက်ထပ် ဒီထက် ဒီထက်မက လုပ်ကိုင်နိုင် စွမ်းကြီးမားလာဖို့အတွက် ကျနော်တို့ Page ကနေ ဆက်သွယ်ကူညီလှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။"]
https://yktnews.com/2023/02/84514/
“မင်းအောင်လှိုင် လုပ်ချင်တဲ့ အသံတိတ် သပိတ်
["“မင်းအောင်လှိုင် လုပ်ချင်တဲ့ အသံတိတ် သပိတ်”", "ကာတွန်း – ဝေယံ(တောင်ကြီး)"]
https://yktnews.com/2023/03/93873/
“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် “ရှိခဲ့သည်” ရုပ်ရှင်များကို အမေရိကန်နိုင်ငံတွင် မတ် ၂၆ ရက်နေ့တွင် စပြမည်
["“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် “ရှိခဲ့သည်” ရုပ်ရှင်များကို အမေရိကန်နိုင်ငံတွင် မတ် ၂၆ ရက်နေ့တွင် စပြမည်", "ရန်ကုန်၊ မတ် ၂၃", "ဒါရိုက်တာ ဏကြီးရိုက်ကူးထားပြီး ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ ခေါင်းဆောင်ပါဝင်ထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် Voice of PDF မှ ဒါရိုက်တာ ဂိဒေါင် ရိုက်ကူးပြီး ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် “ရှိခဲ့သည်” ဇာတ်လမ်းတိုတို့ကို ပူးတွဲ၍ အမေရိကန်နိုင်ငံတွင် မတ် ၂၆ ရက်နေ့မှ စတင်ပြသသွားမည် ဖြစ်ကြောင်းယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် Movie Press Conference တွင် ပြောကြားသည်။", "အဆိုပါ ဇာတ်ကားနှစ်ကားကို ပူးတွဲ၍ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများအပါအဝင် အနည်းဆုံး နိုင်ငံ ၅ နိုင်ငံတွင် ပြသသွားမည်ဖြစ်ပြီး ပြသမည့် နေရာများကို “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” Facebook စာမျက်နှာဖြစ်သည့်https://web.facebook.com/ourturnshortfilmတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အဆိုပါ ဇာတ်ကားများနှင့် ပတ်သက်၍ ပြည်တွင်းရှိ ပြည်သူများ ကြည့်ရှုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။", "“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ဇာတ်ကားကို တော်လှန်ရေးကာလအတွင်း ကြုံတွေ့ရသည့် အဖြစ်အပျက်များကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ကြောင်းနှင့် ပြည်သူဆီမှ လာသည့် အားနှင့် ဇာတ်လမ်းအမည်ပေးဖြစ်ခဲ့ကြောင်း ဒါရိုက်တာ ကိုဏကြီးက ပြောဆိုသည်။", "“ဒီခေါင်းစဉ်ကတော့ ပြည်သူကပဲ လာတယ်လို့ပဲ ယူဆတယ်။ ဒီခေါင်းစဉ်နဲ့ စာတွေရေးတဲ့ ကိုနေသန်မောင်လည်း ပြောတယ်။ ဒါက တော်လှန်ရေးထဲမှာ ပြည်သူတွေထဲက ထွက်လာတဲ့ ကြွေးကြော်သံတစ်ခုဆိုပြီး ။ ကျွန်တော် အဲဒါကို အားလေးတစ်ခုယူပြီးတော့ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုပြီး ပေးဖြစ်တာပါ။ ဇာတ်လမ်းကတော့ တော်လှန်ရေးကြီးအထဲမှာ တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေက အမြဲကြားနေရတယ်။ ဒီဇာတ်လမ်းကလည်း Inspiration ယူပြီးတော့ ဇာတ်လမ်းလေး တစ်ခုဖြစ်အောင် လုပ်လိုက်တယ်။ သတင်းတွေ၊ Social Media တွေမှာ မြင်ရတာကို Reflect ပြန်လုပ်ဖြစ်တဲ့ Inspiration ယူပြီးတော့ ရိုက်ဖြစ်တာပါ” ဟု ဇာတ်ကား၏ ဒါရိုက်တာ ဏကြီးက ဇာတ်ကားရိုက်ကူးဖြစ်ပုံနှင့် ခေါင်းစဉ်ပေးဖြစ်ပုံကို ရှင်းပြသည်။", "ထို့ပြင် ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ ပါဝင် သရုပ်ဆောင်ထားသည့် “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်လမ်းတိုမှာလည်း ရဲဘော်များ ကြုံတွေ့ရသည့် အဖြစ်အပျက်များကို အခြေခံ၍ ရိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲနားချိန်ရိုက်ကူးရသည်ဖြစ်၍ အခက်အခဲများစွာကြုံရကြောင်း ဒါရိုက်တာ ဂိဒေါင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။", "အဆိုပါ ဇာတ်ကားရိုက်ကူးရန်အတွက် ကိရိယာ အစုံအလင်မရှိဘဲ ဖုန်းတစ်လုံးတည်းနဲ့ ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးရသည့်အတွက် ကတ် တစ်ကတ် တည်းနှင့် တစ်နေကုန် ရိုက်ကူးရသည်များလည်း ရှိကြောင်း၊ မြို့ပေါ်နေရာများအတွက် ရိုက်ကူးရန် နေရာရှာရမှုနှင့် ဇာတ်ဆောင်အမျိုးသမီး၏ မြို့သူ ဇာတ်ရုပ်အတွက်အဝတ်အစားရှာဖွေရသည့် အခက်အခဲများလည်း ကြုံတွေ့ခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဒါရိုက်တာ ဂိဒေါင်က ပြောဆိုသည်။", "ဇာတ်ကားနှင့် ပတ်သက်၍ ရရှိလားသည့် ရန်ပုံငွေများကို မြေပြင်ရှိ တော်လှန်ရေးအဖွဲ့များကို တိုက်ရိုက်စီးဆင်းသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် လှူဒါန်းခဲ့မှုများကို စာရင်းများနှင့် တကွ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” Facebook စာမျက်နှာတွင် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိအချိန်တွင် Normalize (ပုံမှန်အခြေအနေ) ဖြစ်နေသည်ကို ပြသလိုသည့်အနေနှင့် ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ၊ မင်းအောင်လှိုင် သမီးပိုင် 7th sense ထုတ်လုပ်ရေးသည် လက်ရှိအချိန်တွင် ဆက်လက်လုပ်ကိုင်ခြင်း မရှိသော်လည်း တခြားအမည်များ၊ ကုမ္ပဏီခွဲများအသွင်ဖြင့် ငွေများ ပုံအော၍ အကျိုးအမြတ်မရရှိသော်လည်း ဇာတ်လမ်းတွဲများရိုက်ကူးခြင်း၊ ရုပ်ရှင်များ ရိုက်ကူးခြင်းဖြင့် Normalize ဖြစ်သယောင် ဖန်တီးနေခြင်းဖြစ်၍ အနုပညာရှင်များအနေနှင့် ပါးနပ်ရန် လိုကြောင်း ဒါရိုက်တာ ဏကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။", "အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲတွင် သရုပ်ဆောင် ပိုင်ဖြိုးသူ၏ ဇာတ်ကားများကို ထည့်သွင်းထားခြင်းများ တမင်တကာ လုပ်ဆောင်ထားခြင်းဖြစ်ဟန်တူပြီး လက်တွေ့တွင် ၎င်း သရုပ်ဆောင်ထားသည့် ကြော်ငြာများကိုပါ လုံးဝ ပြသခွင့် မရှိအောင် တားမြစ်ထားကြောင်းနှင့် လက်ရှိတွင် အခက်အခဲများ ရှိသော်လည်း လက်မှတ်ထိုး၍ စစ်ကောင်စီလက်အောက်သို့ ပြန်သွားရန် လုံးဝလုပ်ဆောင်မည်မဟုတ်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောကြားသည်။"]
https://yktnews.com/2023/04/96850/
“မယ်တို့ ရွာ သာစခန်း လာလည်စမ်း” လို့ ဖိတ်ခေါ်စရာ မရှိတော့ပါ
["“မယ်တို့ ရွာ သာစခန်း လာလည်စမ်း” လို့ ဖိတ်ခေါ်စရာ မရှိတော့ပါ", "By ဂမ်ထွယ်", "အညာဒေသ၏ နွေခေါင်ခေါင် နေပူပူအချိန်၊ စစ်ကိုင်းတိုင်း၊ တန့်ဆည် မြို့နယ် မြောက်ပိုင်း၊ ပေါင်ဂဒေါင်ချောင်းကမ်းဘေးရှိ ညောင်ပင်ငယ် တစ်ပင်အောက် တွင် လူတစ်ရပ်ခန့်သာ အမြင့်ရှိသော နှီးတဲကလေး ငါးခု ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားသည်။", "ထိုနှီးတဲအစုတွင် မီးဘေးဒုက္ခသည် မိသားစု ၅စု၊ လူဦးရေ ၁၅ဦး ခိုလှုံလျက်ရှိပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ကျန်းမာရေးချူချာသော အသက် ၈၀ အရွယ် အဘွားအိုတစ်ဦးမှသည် အသက်၂ နှစ်အရွယ် လူမမယ်ကလေးငယ် အထိ နေထိုင်ကြသည်။", "စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ ရွာလုံးကျွတ် မီးရှို့မှုများကြောင့် နေအိမ် ဆုံးရှုံးခဲ့ရသည့် ဦးမြင့်တို့မိသားစုလည်း ထိုတဲစုလေးတွေင် နေထိုင် ကြသည်။", "အိမ်ခြေ၃၀ သာရှိသော ဦးမြင့်တို့၏ရွာကို လွန်ခဲ့သည့်တစ်နှစ်ခန့်က အကြမ်း ဖက် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၍ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံပြည်သူများမှာ ရွာကို စွန့်ခွာခဲ့ရပြီး ‌နေရာဒေသအသစ်တွင် တဲအိမ် ကလေး များဆောက်ပြီး ဖြစ်သလို နေထိုင်စားသောက်နေကြရသည်။", "“ဟိုတလောက လေတွေမိုးတွေလာတော့ ဒို့နှီးအိမ်ကလေးတွေ လေထဲ ပါသွား တာ။ နောက်နေ့မှ ပြန်ပြင်ဆောက်ထားရတယ်။ ဒို့ရဲ့အစုမှာ အသက်၈၀ကျော် အ‌မေကြီးရှိတယ်။ ရာသီဥတုက ပူလိုက်အေးလိုက်ဆိုတော့ သူ့ခမျာ နေ မ ကောင်း ခဏခဏဖြစ်တယ်။ စားဖို့ကလည်း မလုံလောက်ဘူး၊ ဆန်ပဲရှိတော့ ဒို့မှာ ဟင်းကို ဖြစ်သလို ရှာ စားနေရတယ်” ဟု နှီးတဲအစုတွင် နေထိုင်သူ ဦးမြင့်က ပြောသည်။", "ကန့်ဘလူ-တန့်ဆည်နယ်စပ် မူးမြစ်ကမ်းဘေးရှိ ရွာတွင် ခိုင်ခံ့‌သော ပျဉ်ထောင် အိမ် ဖြင့် နေထိုင်‌ခဲ့ကြ‌သော ဉီးမြင့်တို့မိသားစုသည် မျိုးရိုးစဉ်ဆက် တံငါလုပ် ငန်း ဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြပြီး စီးပွားရေးအတော်အသင့် အဆင် ပြေခဲ့ကြသည်။", "နေအိမ်မီးရှို့ခံရပြီးနောက် ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားသဖြင့် သူ တို့ မိသားစုနှင့် အခြား မီးဘေးသင့်ပြည်သူများမှာ အလှူရှင်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝ ဘေး အန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် တန့်ဆည် မြို့နယ် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့တို့မှ ထောက်ပံ့သော ဆန်၊ဆီ၊ စားနပ်ရိက္ခာနှင့် အဝတ်အစား စသည်တို့ ဖြင့်သာ ဘဝကိုခက်ခဲစွာ ရပ်တည်ရှင်သန်နေကြရကြောင်း ဦးမြင့်က ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က မတရားအာဏာသိမ်းထားသည့် ၂၅ လတာ ကာလ အတွင်း တန့်ဆည်မြို့နယ်ရှိ ကျေးရွာပေါင်း ၈၄ရွာမှ နေအိမ် ၃၆၄၄ လုံး ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံပြည်သူ ၁၅၆၆၀ ဦးအထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရသည်။", "တန့်ဆည်မြို့နယ်တွင် လူဦးရေ တစ်သိန်းရှစ်သောင်းခန့် နေထိုင်ကြသည့် အနက် လူဦးရေ၏ ၁၀ရာခိုင်နှုန်းဖြစ်သော ပြည်သူ တစ်သောင်း ရှစ်ထောင် ဦးခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။", "ဘ၀ နေထိုင်စားသောက်ရေး ခက်ခဲပြီး သောကများနေကြရသည့်အထဲမှ ဦးမြင့် တို့ ပူပန်နေကြရသည်မှာ ဦးမြင့်၏ မြေးဖြစ်‌သော တတိယတန်း ကျောင်းသား လေး အပါအဝင် ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးကိစ္စပင်ဖြစ်သည်။", "ဦးမြင့်တို့ ဒေသရှိ ကလေးငယ်များမှာ မကြာခဏ စစ်‌ဘေးရှောင် နေကြရသော ကြောင့် ပညာသင်ကြားရန် အခွင့်အလမ်း နည်းပါးသည့်အတွက် ဦးမြင့်တို့တဲ အိမ် အရှေ့ဘက်ရှိ စစ်ဘေးရှောင်တဲစုတွင် စာသင်ကျောင်းငယ်တစ်ကျောင်းကို တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဘုတ်အဖွဲ့က ဦး ဆောင် ဖွင့်လှစ်ပေးလိုက်သည်။", "ဦးမြင့်တို့ နှီးတဲအစု၏ အရှေ့ဘက် ၃ဖာလုံခန့်အကွာတွင် ဆောက်လုပ် ထား သော ထန်းလက်တဲကလေးများမှ ကလေးငယ်တို့၏ စာကျက်သံ၊ စာအံသံ၊ ဆရာ ဆရာမတို့၏ စာသင်ကြားသည့် အသံများက လေထဲတွင် ပျံ့နှံ့လာ လျက်ရှိသည်။", "ထန်းလက်များဖြင့် စုစည်းတည်ဆောက်ထားသော စစ်ဘေးရှောင် စာသင် ကျောင်းကလေးတွင် KGတန်းမှ ဒွါဒဿမတန်းအထိ ကျောင်းသား ကျောင်းသူ ၂၈၅ဦး ပညာသင်ကြားလျက်ရှိသည်ဟု တာဝန်ခံဆရာမတစ်ဦးက ရှင်းပြသည်။", "“ကျောင်းမှာက KG ကျောင်းသားကျောင်းသူတွေချည်းပဲ တစ်ရာကျော်တယ်။ ကလေး တွေကျောင်းမတက်ရတာကြာတော့ KGတက်မယ့်သူတွေများနေတာ။ စာသင် ဆောင်ကိုတိုးချဲ့ထားရတယ်။ ကလေးတွေက အခက်အခဲ တွေကြား ကနေ စာကြိုးစားသင်ယူကြပါတယ်။ သင်ထောက် ကူပစ္စည်း တွေကတော့ မပြည့်စုံဘူးပေါ့။” ဟု တာဝန်ခံ ဆရာမက ပြောသည်။", "ထိုစာသင်ကျောင်းကလေးတွင် တက်ရောက်သင်ယူနေကြသော စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူလေးများမှာ နေ့စဉ်နေ့တိုင်း ဘေးကင်းလုံခြုံမှုဖြင့် အေးချမ်းစွာ ပညာသင်ကြားနိုင်ခြင်းမရှိပေ။", "အကြောင်းမှာ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းကို အကြမ်း ဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဆရာ ဆရာမများနှင့် မူလ တန်း အရွယ် ကလေးငယ်များ အသက်‌ဆုံးရှုံးရသည့် ဖြစ်စဉ် ရှိခဲ့သည့်အတွက် ထန်းလက်တဲစာသင်ကျောင်းကလေးမှ တာဝန်ခံနှင့် ‌ဆရာ၊ ဆရာမများမှာ မြေပြင်စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်အပေါ် စိတ်ပူပန်ကြရပြန်သည်။", "ထို့ကြောင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့်အခါနှင့် စစ်လေယာဉ်များ ဝဲပျံလာသည့်အခါများတွင် ကျောင်းပိတ်ထားပြီး စစ်ဘေးရှောင်ရန် ပြင်ဆင် ကြရကြောင်း စာသင်ကျောင်းကလေးနှင့် စစ်ဘေးရှောင်စခန်းများ၏ တာဝန်ခံ ဦးဝင်းက ပြောပြသည်။", "စာသင်ကျောင်းကလေးကို ငွေ‌ကြေးမပြည့်စုံမှု အခြေအနေအရ ထန်းလက် များ ဖြင့်သာ ကာရံဆောက်လုပ်ထားနိုင်သောကြောင့် မိုးရာသီရောက် ရှိလာသည့် အခါတွင် ကျောင်းသား၊ ကျောင်းသူများ ‌မိုးလုံလေလုံဖြင့် ပညာသင်ကြား နိုင် မည်မဟုတ်ကြောင်း၊ မိုးကာအလှူရှင်များ လိုအပ်နေကြောင်း ဦးဝင်းက ပြောသည်။", "တန့်ဆည်မြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလပညာရေးအစီအစဉ်အရ CDM ဆရာများ ဦးဆောင် ဖွင့်လှစ် ထား သော အခြေခံပညာစာသင်ကျောင်းပေါင်း ၁၅၆ကျောင်းရှိပြီး စာသင်ကျောင်း အများစုတွင် ကျောင်းသားမိဘများ၏ ထောက်ပံ့ငွေဖြင့် ဆရာ၊ဆရာမများ၏ လစာလိုအပ်ချက်ကို ဖြေရှင်းလျက်ရှိသည်။", "စစ်ဘေးရှောင်စခန်းများရှိ စာသင်ကျောင်းများတွင်မူ မြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးအဖွဲ့နှင့် ပညာရေးဘုတ်အဖွဲ့၏ ရန်ပုံငွေဖြင့် ဆရာ၊ဆရာမများကို လစဉ် ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိပြီး သင်ထောက်ကူပစ္စည်းများကိုလည်း ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ အကူအညီဖြင့် ဖြည့်ဆည်းပေး လျက်ရှိ ကြောင်း ပညာရေးဘုတ်အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။", "စစ်ကောင်စီတပ်သည် ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲ များ တွင် ၎င်းတို့အထိနာလာသည်နှင့်အမျှ အပြစ်မဲ့ ပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူတို့ကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူပိုင် ပစ္စည်း များကို ခိုးယူသိမ်းဆည်းခြင်းစသည့် အကြမ်းဖက်မှုများကို ပိုမိုလုပ်ဆောင် လာ လျက် ရှိသည်။", "အာဏာသိမ်းစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းမျိုးစုံ အသုံး ပြု၍ ပြည်သူလူထုကို ကြောက်ရွံ့ပြီး စိတ်ဓာတ်ပျက်ပြားစေရန် ရည်ရွယ် လုပ်ဆောင်လျက်ရှိသော်လည်း ၎င်းတို့အပေါ် ပြည်သူလူထု၏ မုန်းတီး နာ ကျည်း စိတ်နှင့် ခုခံတွန်းလှန်လိုစိတ်တို့မှာ ပိုမို တိုးပွားလာလျက်ရှိနေသည်။", "“စစ်‌ခွေးတွေက ဒို့ပြည်သူတွေ ကြောက်အောင် အကြမ်းဖက်တယ်၊ မီးရှို့တယ်။ သူတို့မီးရှို့တာနဲ့အမျှ သူတို့ကို တွန်းလှန်တဲ့သူတွေ ပိုများလာတယ်လေ။ မတရား တဲ့ သူတွေက ရှုံးမှာပဲ၊ တရားတဲ့ ဒို့ဘက်က နိုင်မှာ” ဟု နေအိမ်မီးရှို့ခံ ထားရသည့် ဦးမြင့်က ပြောသည်။", "ခုခံတွန်းလှန်မှု အားကောင်းသော အညာဒေသသည် စစ်ကောင်စီတပ်၏ အကြမ်း ဖက်မှုဒဏ်ကို အလူးအလဲခံနေရသော်လည်း ပြည်သူများသည် မီးလောင်ပြင်မှ ကုန်းရုန်းထနေဆဲ၊ စစ်ဘေးရှောင်စခန်း စာသင်ကျောင်းများမှ ကလေးငယ်တို့၏ စာအံသံများသည် လေထဲတွင် လွင့်ပျံနေဆဲပင် ဖြစ်သည်။", "တချိန်က “မယ်တို့ရွာ သာစခန်း လာလည်စမ်းပါ မိတ်ဆွေတို့ရာ ” ဆိုသော တေးသံပျံလွင့်ခဲ့သော အညာဒေသသည် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ မီးရှို့မှုများကြောင့် ကျေးရွာ၊ ရပ်ကွက်နှင့် နေအိမ်များစွာ ပျက်စီးဆုံးရှုံးသွားရပြီး ဧည့်သည်ကိုပင် ဖိတ်ခေါ်စရာ နေရာမရှိတော့သကဲ့သို့ အိမ်ရှင်ဒေသပြည်သူ များ ကိုယ်တိုင်ပင် အတည်တကျမရှိသော တဲစုတ်သာသာ နေရာလေး များတွင် ပင် ရွှေ့ပြောင်းနေထိုင်နေကြရသည်။"]
https://yktnews.com/2024/04/155823/
“မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ပြည်သူတွေက အစိုးရနဲ့ စစ်တပ်ဆီကနေ အဖြေစောင့်နေပါတယ်” ဟု ထိုင်းအတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ် ပီတ မေးခွန်းထုတ်
["“မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ပြည်သူတွေက အစိုးရနဲ့ စစ်တပ်ဆီကနေ အဖြေစောင့်နေပါတယ်” ဟု ထိုင်းအတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ် ပီတ မေးခွန်းထုတ်", "ရန်ကုန်၊ ဧပြီ ၈", "ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများဆုံး အနိုင်ရရှိထားသော Move Forward ပါတီ ခေါင်းဆောင် လွှတ်တော်အမတ် ပီတက မဲဆောက်လေဆိပ်တွင် စစ်ကောင်စီ လေယာဉ် ယမန်နေ့ညပိုင်း ဆင်းသက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး မဲဆောက်လေဆိပ်တွင် ဘာတွေ ဖြစ်ခဲ့သလဲဟု ထိုင်းအစိုးရနှင့် စစ်တပ်ကို မေးခွန်းထုတ်လိုက်သည်။", "ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်း ရန်ကုန်မှ မဲဆောက်သို့ အသွားအပြန် စစ်ကောင်စီ​ လေယာဉ်တစ်စင်း လာရောက်ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ လေယာဉ်ဆင်းသက်မှုတွင် မည်သည့်အတွက် ကြောင့် ဆင်းသက်သနည်းဟု ပီတက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။", "“မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ပြည်သူတွေက အစိုးရနဲ့ စစ်တပ်ဆီကနေ အဖြေစောင့်နေပါတယ်။ စစ်ဘေးဒုက္ခသည်ကူညီဖို့ဆိုတာက လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အခြေခံရပါ့မယ်။ ဒါက အုပ်စုတစ်ခုရဲ့ အကျိုးစီးပွားအတွက် မဖြစ်ရပါဘူး။ လက်နက်တွေနဲ့ ဥစ္စာပစ္စည်းတွေ ပို့ဆောင်က မြန်မာစစ်တပ်ကို ကူညီတာလို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရပါ့မယ်” ဟု ပီတက လူမှုကွန်ရက်မှတစ်ဆင့် မေးခွန်းထုတ် ထားသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ကို မဲဆောက်လေဆိပ်တွင် ဆင်းသက်ခွင့်ပြုလိုက်ခြင်းသည် လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြည်သူများအကြား ထိုင်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ မြင့်တက်နေပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်လည်း အတိုက်အခံများက ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ဝေဖန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133257/
“ရန်ကုန်မှာပြန်ဆုံမယ် ” စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းကို ရွှေတိဂုံ စေတီတော် အရှေ့ဘက်စောင်းတန်းတွင် ချိတ်ဆွဲ၊ အရပ်ဝတ်များက လိုက်လံဖမ်းဆီးသော်လည်း လူငယ်များ လွတ်မြောက်
["“ရန်ကုန်မှာပြန်ဆုံမယ် ” စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းကို ရွှေတိဂုံ စေတီတော် အရှေ့ဘက်စောင်းတန်းတွင် ချိတ်ဆွဲ၊ အရပ်ဝတ်များက လိုက်လံဖမ်းဆီးသော်လည်း လူငယ်များ လွတ်မြောက်", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော၊ အရှေ့ဘက်စောင်းတန်းတွင် “ရန်ကုန်မှာပြန်ဆုံမယ် ” စာတန်းကို ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က ချိတ်ဆွဲခဲ့ပြီး အရပ်ဝတ်များက လိုက်လံဖမ်းဆီးသော်လည်း လူငယ်များ လွတ်မြောက်ခဲ့ကြောင်း ရေဘဝဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့လုံခြုံရေးအထူးတင်းကျပ်ထားသည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)က ရန်ကုန်မှထွက်ခွာ၍ နိုင်ငံတော်တဝှမ်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို ရောက်ရှိနေကြသောတော်လှန်ရေးရဲဘော်ရဲဘက်များ၊အကျဥ်းထောင်အသီးသီးသိုရောက်ရှိနေကြသော နိုင်ငံရေးအကျဥ်းသားရဲဘော်ရဲဘက်များ နှင့် ရန်ကုန်ပြည်သူလူထုများ ရန်ကုန်တွင်ပြန်ဆုံကြမည်ဟူသော ရည်ရွယ်ချက်ဖြင့်ရန်ကုန်လူထုနှင့်အတူ “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းအားချိတ်ဆွဲနေစဥ် ဂေါပကအဖွဲ့ဝင်လုံခြုံရေးများ၏လှုံ့ဆော်မှုဖြင့် အနီးဝန်းကျင်ရှိ အရပ်ဝတ်များက အော်ဟစ်ဆဲဆိုကာ လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း ရေဘဝဲအဖွဲ့မှ လူငယ်များ ဘေးကင်းလွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/82805/
ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်နှင့် ဆက် သွယ် မေးမြန်းချက်
["“ရုံးတွေ မီးလောင်နေတဲ့အချိန် စစ်ခွေးတွေ စခန်းကုန်းကနေတောင် ထွက် မလာရဲဘူး။ Non-CDM ဝန်ထမ်းတွေအနေနဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်ပါက မည် သူ တစ်ဦး တစ်ယောက်ကမှ ကာကွယ် ပေးနိုင်ခြင်း မရှိတာကို မနေ့ညက တွေ့ မြင် ခဲ့ရပြီဖြစ်ပါတယ်။N၀n-CDM တွေ အမြန်ဆုံးCDM ဝင်ကြပါ။ စစ် ကောင် စီ ထောက်တိုင် တွေအနေနဲ့ ဒီနေ့မှ စပြီး မိမိတို့လုပ်ရပ်တွေကို ရပ်တန့် ဖို့ သတိ ပေးပါတယ်”", "ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်နှင့် ဆက် သွယ် မေးမြန်းချက်", "By ရန်ကုန်ခေတ်သစ်", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်း စရဖရုံး၊ ထွေအုပ်ရုံး၊ လ၀ကရုံးနှင့် စည်ပင်ရုံးများကို ပြည် သူ့ ကာကွယ်ရေးတပ်မတော် တော်လှန်ရေးအင်အားစုများက မီးရှို့ရှင်း လင်း လိုက်ပြီး မြို့ပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ စစ်ဆင် ရေး နှင့်ပတ်သက်ပြီး ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ် လင်းယုန်ကို ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။", "မေး။ ။ မနေ့ညပိုင်းက ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီရုံးတွေ မီးရှို့မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစစ်ဆင်ရေး အကြောင်း ပြောလို့ရသလောက် ပြောပေးပါ။", "ဖြေ။ ။ ဘုရားသုံးဆူ လူဝင်မှုကြီးကြပ်ရေးရုံး ၊ အထွေထွေအုပ်ချုပ်ရေး မှူး ရုံး၊ စည်ပင်ရုံးတို့ကို ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က မီးရှို့ ရှင်းလင်းခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ လက် အောက်မှာ တာဝန်ထမ်းဆောင်နေ Non-CDM ဝန်ထမ်းတွေအနေနဲ့ အမြန် ဆုံး ပြည်သူတွေနဲ့ လက်တွဲ CDM ပြုလုပ်ဖို့ တိုက်တွန်းပါတယ်။", "ဘုရားသုံးဆူမြို့ မှာ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ တစ်စုံတစ်ခု ဖြစ်ပေါ်ပါက မည်သူ တစ်ဦး တစ် ယောက် ကမှ ကာကွယ် ပေးနိုင်ခြင်းမရှိတာကို မနေ့ညက တွေ့မြင်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ လက်အောက်မှာ တာဝန် မထမ်းဆောင် တော့ဘဲ အမြန်ဆုံးပြည်သူနဲ့ လက်တွဲ CDM ပြုလုပ်ကြဖို့ တိုက်တွန်းပါတယ်။", "စစ်ကောင် စီ အတွက် သတင်းပေးနေတဲ့ စစ်ကောင်စီ ထောက်တိုင် ဆိုင်ကယ် ကယ်ရီသမားများ ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ဒီနေ့မှ စပြီး မိမိတို့လုပ်ရပ်တွေကို ရပ်တန့် ဖို့ သတိပေးပါတယ်။", "မေး။ ။ မနေ့ညက စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံး ၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊စည်ပင်ရုံးတွေကို မီးရှို့တော့ စစ်တပ်က ဘယ်ရောက်နေလဲ။", "ဖြေ။ ။ ရုံးတွေ မီးလောင်နေတဲ့အချိန် စစ်ခွေးတွေက စခန်းကုန်းထဲက နေတောင် ထွက်မလာရဲဘူး။ သူတို့ပြန်ပစ်တာက ကျနော်တို့ ဆုတ်လမ်းကို ပစ်တာပါ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။", "ကျနော်တို့ မစ်ရှင်က Non-CDM ဝန်ထမ်းတွေကိုပါ အရှင်ရရင် ဖမ်းမလို့။ အဓိက ထွေအုပ်ရုံးက အုပ်ကြီး ဇော်မိုးကိုဝင်ဖမ်းဖို့။ ‌ ကျန်တဲ့ CDM မဝင် တဲ့ဝန်ထမ်းတွေကိုပါ ဖမ်းမလို့ပေါ့။ ဇော်မိုးကအဓိကပါ။ သူတို့ရဲ့ အုပ်ချုပ် ရေး ယန္တရားကြီးကိုရပ်စေချင်ဝာာပါ။ ဇော်မိုးက စစ်တပ်ထဲကိုဝင်ပြေးသွားတာ။ မနေ့ညက ဖြစ်စဉ်မှာ Non-CDM တွေ ဖမ်းဆီးရမိတာ မျိုးမရှိခဲ့ပါဘူး။", "ကျနော်တို့အနေနဲ့က မြို့နေပြည်သူအထိခိုက်နည်းရအောင် အဲဒီအချိန်ကိုပဲ ရွေးလိုက်တာ။ ဘာလို့ဆိုတော့ ပြည်သူတွေခက်ခဲနေကြတယ်။ စည်ပင်ရုံးကို မီးရှို့တာက အခွန်ကောက်ကြမ်းတယ်ဆိုပြီး ကျနော်တို့ကို တိုင်ထားလို့ပါ။", "မေး။ ။ မနေ့ညက စစ်ကောင်စီရုံးတွေကို မီးရှို့တာက မဟာမိတ်တွေ ဘယ်နှစ်ဖွဲ့ လောက် ဆောင်ရွက်တာပါလဲ။", "ဖြေ။ ။ အားလုံးကတစ်ဖွဲ့တည်းပါပဲ။ မြို့ပြပျောက်ကျားတပ်ပေါင်းစု အနေ နဲ့ပဲ ဆောင်ရွက်တာပါ။ အဓိကရည်ရွယ်ချက်ကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ် ရေး ယန္တရား ရပ်တန့်စေချင်တာ။ Non-CDM တွေကို ပြည်သူတွေ နဲ့ပူးပေါင်းပြီး CDM ဝင်စေချင်တာပါ။ ပြည်သူ့ ဘက်ကိုမျက်နှာမူတဲ့ ပြည်သူ့ ဝန်ထမ်း တွေပဲ ဖြစ်စေချင်တာပါ။ ကျနော်ပြောချင်တာကတော့ Non-CDM တွေ အမြန်ဆုံးCDM ဝင်ကြပါ။", "ဓာတ်ပုံ- ယမန်နေ့ညပိုင်း မီးလောင်ပြာကျသွားသော ဘုရားသုံးဆူမြို့ စရဖရုံး၊ လ၀ကရုံး၊ စည်ပင်ရုံး၊ ထွေ/အုပ်ရုံး။"]
https://yktnews.com/2023/01/79590/
“လွတ်လပ်ရေး အနှစ်သာရခံစားဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့” စာတန်း ကိုင်ဆောင်ကာ ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဆန္ဒပြ
["“လွတ်လပ်ရေး အနှစ်သာရခံစားဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့” စာတန်း ကိုင်ဆောင်ကာ ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဆန္ဒပြ", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် “လွတ်လပ်ရေး အနှစ်သာရခံစားဖို့ စစ်တပ်ထုတ်ကုန်သပိတ်မှောက်စို့” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126572/
“ဝ” ပြည်နယ်က တရုတ်နိုင်ငံသား အွန်လိုင်းငွေကြေးလိမ်လည်သူ ၂၃၅၀ ဦး တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်
["“ဝ” ပြည်နယ်က တရုတ်နိုင်ငံသား အွန်လိုင်းငွေကြေးလိမ်လည်သူ ၂၃၅၀ ဦး တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "ရှမ်းပြည်နယ်၊ “ဝ” ပြည်နယ်အာဏာပိုင်များက တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်မှုလုပ်သူ ၂၃၅၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်ကြောင်း “၀” တပ်ဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။", "ဝပြည်နယ်တရားစီရင်ရေးကော်မရှင်က Bangkang၊ Mengbo နှင့် Mengng တို့တွင် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂုဏ်း ၂၀ ကျော်ကို တစ်ပြိုင်နက် ဖြိုဖျက်ခဲ့ကြောင်း ‘ဝပြည်နယ်’ ရုပ်မြင်သံကြားက အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။", "အွန်လိုင်းလိမ်လည်သည့် ရာဇဝတ်ဂိုဏ်းများတွင် ပါဝင်ပတ်သက်သူ စုစုပေါင်း ၂၆၈၀ ဦး ကို ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား ၂၃၅၀ ဦး၊ ဒေသခံ ၁၃၀ နှင့် အခြားနိုင်ငံသား ၂၀၀ အပါအဝင် ဖမ်းမိခဲ့ကြောင်း၊ ကွန်ပျူတာ ၁၃၇၀ လုံးနှင့် မိုဘိုင်းလ်ဖုန်း ၅၂၀၇ လုံး စသည့် ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "၀ တပ်ဖွဲ့က လွှဲပြောင်းပေးခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်သူ တရုတ်နိုင်ငံသား ၂၃၅၀ ဦးရှိသည့်အနက် တရုတ်နိုင်ငံသား ၁၂ ဦးအပါအဝင် Bangkang အတွင်းတွင် လူ ၂၂၄ ဦး၊ တရုိီစာတစ်စောင်ဖြင့် ဖမ်းဆီးရန် တောင်းဆိုသော ဆက်သွယ်ရေးလိမ်လည်သူများ၊ Mengbo Woodian တွင် လူ ၄၀၂ ဦး၊ Mengeng တွင်းတွင် လူ ၁၇၂၄ ဦး ရှိကြောင်း သိရှိရသည်။", "တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပြည်သူ့လုံခြုံရေး ဗျူရိုတို့အကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အရ ဝပြည်နယ် တရားရေးကော်မရှင်က ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းနှင့် အခြား မှုခင်းကိရိယာများ အပါအဝင် အီလက်ထရွန်နစ် အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သော တရုတ်နိုင်ငံသား ၂၃၅၀ ဦးအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94407/
“သတ်မ​တော်သည်သာ သူခိုး သတ်မ​တော်သည်သာ ဓါးပြ၊ ရဲ​ဘော်မ​သေ ​သေ​သော် ငရဲသွား”
["“သတ်မ​တော်သည်သာ သူခိုး သတ်မ​တော်သည်သာ ဓါးပြ၊ ရဲ​ဘော်မ​သေ ​သေ​သော် ငရဲသွား”", "ကာတွန်း-ကချင်​လေး"]
https://yktnews.com/2022/12/76813/
“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်း ကိုင်ဆောက်ကာ ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ
["“သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်း ကိုင်ဆောက်ကာ ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "ကနီမြို့နယ်တွင် ကျေးလက် သူပုန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/81829/
“အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ” ဟု မင်းအောင်လှိုင် ကို အင်ဒိုနီးရှား ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitanက မေးခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း
["“အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ” ဟု မင်းအောင်လှိုင် ကို အင်ဒိုနီးရှား ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitanက မေးခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် “အရည် အချင်းမရှိဘဲ ဘာ ကြောင့် သမ္မတဖြစ်သင့်တာလဲ” ဟု အင်ဒိုနီးရှားအစိုးရ၊ ရေ ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ဝန်ကြီး လည်းဖြစ်၊ အင်ဒိုနီးရှား တပ်မတော် မှ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ LuhutPanjaitan က မေးခွန်း ထုတ်လိုက် ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွား လာခြင်း ကြောင့် ယိုယွင်းနေသည့် နိုင်ငံကို အရည် အချင်းပြည့်မီသော ခေါင်းဆောင် များ အုပ်ချုပ်ခွင့် ပေးရန်နှင့် မြန်မာ စစ်တပ် အနေဖြင့် နိုင်ငံရေးမှ နောက်ပြန်ဆုတ်ရန် အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီး ဟောင်းက တိုက်တွန်းသည်။", "မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏နမူနာကို ယူသင့်ကြောင်း၊ အင်ဒိုနီးရှား တွင် စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးမှ ဆုတ်ခွာသွား သည့် လမ်းကြောင်း လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်။", "“အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေအများကြီးရှိပါတယ်။ ဒါပေ မယ့် အရည်အချင်း မပြည့်မီရင်တော့ မင်း ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ။ အင်ဒိုနီးရှား နမူနာကို ယူပြီး မြန်မာ နိုင်ငံကို အရည်အချင်းပြည့်မီတဲ့ ခေါင်း ဆောင် ကို အုပ်ချုပ်ခွင့်ပေးလိုက်ပါ” ဟု ဆွစ်ဇာလန်တွင်ပြု လုပ် သည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ်တွင် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရည်ညွှန်း၍ အင်ဒိုနီးရှား ဝန်ကြီး က ထောက်ပြ ပြောဆိုသည်။", "အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၆ ခုနှစ် အာဏာသိမ်းခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဆူ ဟာ တိုကို ၁၉၉၈ ခုနှစ်တွင် ဖြုတ်ချပြီးနောက် ဒီမိုကရေစီသို့ ပြန်လည် ရောက် ရှိခဲ့ပြီး အင်ဒိုနီးရှား စစ်တပ်သည် နိုင်ငံ ရေးမှ လုံး၀ ထွက်ခွာသွားခဲ့သည်။"]
https://yktnews.com/2023/12/133921/
“အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး ” လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းပြုလုပ်
["“အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး ” လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "အကျဉ်းဦးစီးနှင့် အကျဉ်းထောင်များမှ ထောင် အာဏာပိုင်‌များ အနေဖြင့်လည်း အကျဉ်းသားများကို လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ထောင်ဆေးရုံတွင် ဆေးဝါးအစုံအလင်ထားရှိပေးရန်နှင့် အရေးပေါ် ဆေးကုသခွင့်များကို ပိတ်ပင်တားဆီးခြင်းမရှိဘဲ ခွင့်ပြုရန် ရည်ရွယ်သည့် “အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး” လှုပ်ရှားမှုဓာတ်ပုံ ကမ်ပိန်းကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်နှင့်မိတ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြသည်။", "“အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး ” လှုပ်ရှားမှု ဓာတ်ပုံကမ်ပိန်းပြုလုပ်ရသည့် အဓိက အကြောင်းအရင်းများမှာ အကျဉ်းထောင်တွင်း ဆေးဝါးကုသခွင့်အချိန်မီမရရှိသဖြင့် သေဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားများ ထပ်မံမပေါ်ပေါက်စေရန်၊ ဆေးဝါးအလုံအလောက်မရှိသည့် ထောင်ဆေးရုံများ လူသတ်သည့်နေရာ (လူသတ်ကွင်း ) ဖြစ်နေခြင်း ကွယ်ပျောက်ကွယ်သွားရန်၊ အကျဉ်းထောင်တွင်း လူတစ်ဦး၏ အသက်သည် တိရစ္ဆာန်တစ်ကောင်လောက်တန်ဖိုးထားခြင်း မခံရခြင်းများကို သိရှိစေရန်နှင့်အရေးပေါ်လူနာများ ပြင်ပဆေးရုံများတွင် အချိန်မီ ဆေးဝါးကုသခွင့် မရ၍ သေဆုံးခဲ့ရသည့် ဗိုက်ကြီးသည် နိုင်ကျဉ်းမိခင်များ၊ မွေးဖွားပြီးကာစ ကလေးငယ်များ သေဆုံးရခြင်းများ ထပ်မံမဖြစ်ပေါ်စေရန်တို့ ရည်ရွယ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/84275/
“အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” စာသားနှင့် YBS ယာဥ်များနှင့် ကားမှတ်တိုင်များတွင် စတစ်ကာကမ်ပိန်းပြုလုပ်
["“အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” စာသားနှင့် YBS ယာဥ်များနှင့် ကားမှတ်တိုင်များတွင် စတစ်ကာကမ်ပိန်းပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ရွှေပြည်သာသပိတ်ကော်မတီနှင့် ရွှေပြည်သာ ကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့်", "“အာဏာရူးတို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြ ဆန့်ကျင်ကြ” ခေါင်းစဥ်ဖြင့် ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် အင်းစိန်လမ်းမပေါ်ရှိ YBS ယာဥ်များနှင့် ကားမှတ်တိုင်များတွင် စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့​ကြသည်။"]
https://yktnews.com/2022/10/47822/
ဗိုလ်မှူးချုပ်အုန်းသွင်နှင့် သားမက်ကို ပစ်ခတ်ခဲ့သော ပြောက်ကျားရဲဘော်များ လွတ်မြောက်နယ်မြေရောက်ရှိပြီး သိမ်းဆည်းခဲ့သော ဖုန်း ၂ လုံးအတွင်းမှစစ်ဘက် လျှို့ဝှက်အချက်အလက်များ ရရှိ
["“အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့် Lock မချထားတော့ ဖုန်းထဲကအချက် အလက်တွေရဖို့ အထူးတလည် အားစိုက်စရာမလိုခဲ့ ဘူး၊ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကို ပို့ပြီး အဲဒီက နည်းပညာ ရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ်”", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "ဗိုလ်မှူးချုပ်အုန်းသွင်နှင့်သားမက် ဗိုလ်ကြီးရဲတေဇတို့၏ ဖုန်းများအတွင်းမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်အချက်အလက်များရရှိထားကြောင်း Inya Urban Force (IUF) အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။", "အကြမ်းဖက်စစ်တပ်မှ အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နှင့် ၎င်း၏ သားမက်ကို နေအိမ်၌ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည့် Inya Urban Force (IUF) မှ ပြောက်ကျားရဲဘော်များသည် လက်ရှိအချိန်တွင် လွတ်မြောက်နယ်မြေ ရောက်ရှိနေပြီး ပစ်ခတ်ရှင်းလင်းမှု ဖြစ်စဉ်တွင် သိမ်းဆည်းခဲ့သော ဖုန်း ၂ လုံးကို ဩစတြေးလျ နိုင်ငံသို့ ပို့ဆောင်ကာ လျှို့ဝှက်အချက်အလက်များကို ဆက် လက်ဖော်ထုတ်နေကြောင်း IUF က ထုတ်ပြန်သည်။", "” ဗိုလ်ချုပ်အုန်းသွင်ဖုန်းနဲ့ သူ့သားမက် ရဲတေဇဖုန်း​ကို မစ်ရှင်လုပ်ရင်းတပါတည်း ကျွန်တော်တို့သိမ်းယူခဲ့တယ်၊ အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့် Lock မချထားတော့ ဖုန်ထဲကအချက်အလက်တွေရဖို့ အထူးတလည် အားစိုက်စရာမလိုခဲ့ ဘူး၊ သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကို ပို့ပြီး အဲဒီက နည်းပညာရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရတယ် အချက်အလက်အကုန်မဟုတ်ပေမယ့် တော်တော်များများကို ကျွန်တော်တို့ရထားပါတယ်။ စကစ ဘက်ကလူတွေကတော့ iPhone ကိုခြေရာခံလိုက်ပြီး ကျွန်တော်တို့ကိုမိပါပြီလို့ သတင်းလွှင့်နေတာက သူ့လူတွေကိုပါ ဝါဒပြန်ဖြန့်ပြီး အားပေးနေရတဲ့သဘောရှိတယ်။ အခုဖုန်းထဲကအချက် အလက်တွေကိုအခြေခံပြီး စကစထောက်တိုင်တွေကို ဖြိုချ ဖျက်ဆီးဖို့ ကျွန်တော် တို့ကိုယ်တိုင်လည်း လုပ်သင့်လုပ်ထိုက်တာဆက်လုပ်မယ် ၊ တခြားအဖွဲ့အစည်းတွေကိုလည်း ဒီဖုန်းထဲက သတင်းအချက်အလက်တွေကို မျှဝေမယ် ကျွန်တော်တို့ ပြည်သူတွေအတွက် တရားမျှတမှု ပြန်ရှာမယ် ”ဟု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကေ ပြာသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗိုလ်ချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇကို ၎င်းတို့နေထိုင်သည့် လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်အတွင်းရှိ နေအိမ်၌ IUF နှင့် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုတို့က ပူးပေါင်းရှင်းလင်းခဲ့ပြီး ၎င်းတို့ထံမှ ဖုန်း ၂ လုံးကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။", "လက်ရှိတွင် အဆိုပါ ဖုန်းများကို ဩစတြေးလျနိုင်ငံသို့ ပို့ဆောင်ထားပြီး IT ပညာရှင်များအကူအညီဖြင့် ဖုန်းအတွင်းမှ အချက်အလက်များ၊ လျှို့ဝှက်သတင်းများ၊ ၎င်းတို့နှင့် ဆက်စပ်သော စစ်ကောင်စီ ခေါင်းဆောင်များ၊ ထောက်တိုင်များကို ဆက်လက်ရှာဖွေနေကြောင်း IUF က ထုတ်ပြန်ထားသည်။", "ပစ်ခတ်ရှင်းလင်းခဲ့သည့် ပြောက်ကျားရဲဘော်များသည် လက်ရှိတွင် လွတ်မြောက်နယ်မြေတွင် ရောက်ရှိနေပြီး စစ်ကောင်စီလော်ဘီများကမှု အဆိုပါ လူငယ်များကို ဖမ်းဆီးရမိထားကြောင်း သတင်းများ မဟုတ်မမှန်ထုတ်လွှင့်နေကြောင်း IUF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။"]
https://yktnews.com/2024/04/157917/
“၀”ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားသို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်
["“၀”ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားသို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်", "ရန်ကုန်၊ ဧပြီ ၁၈", "“၀” ပြည်နယ် ၊ပန်ခမ်းမြို့တွင် ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့တွင် “၀” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု ၃၅ နှစ်ပြည့်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ကိုယ်စားလှယ်များ စုံစုံညီညီ တက်ခဲ့ကြကြောင်းအခမ်းအနားတက်ရောက်ခဲ့ကြသူတချို့ထံမှ သိရှိရသည်။", "ထို့ပြင် “၀”ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားသို့ NUG နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်များက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။", "“ဝ” ပြည်နယ်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံက တိုင်းရင်းသားများတွင် စံပြနမူနာဖြစ်သည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သဝဏ်လွှာတွင် ပြောဆိုခဲ့သည်။", "‘ဝ’ပြည်နယ် ငြိမ်းချမ်းစွာ ထူထောင်ရေး ၃၅ နှစ်မြောက် အထိမ်းအမှတ် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က UWSA ထံသို့ ပေးပို့သော သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "‘ဝ’ပြည်နယ်ကို ငြိမ်းချမ်းစွာ ထူထောင်လာသည်မှာ ၃၅ နှစ်မြောက်ဖြစ်လာ၍ နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုကြောင်း၊ ဝ ပြည် နယ်အတွက် ၃၅ နှစ်တာ ခမ်းနားပြီး ခက်ခဲကြမ်းတမ်းသော ခရီးဖြစ်ကြောင်း၊ ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် ခေါင်းဆောင်များ၏ ထူးကဲသောဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိဖြင့် ထူးကဲသောအောင်မြင်မှုများကို ဖန်တီးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း အများအပြားတွင် ဝ ပြည်နယ်၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံသည် စံပြနမူနာ တစ်ခု ဖြစ်ကြောင်း၊ ၃၅ နှစ်တာ ကာလအတွင်း ဝပြည်နယ်သည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်မလိုက်ဘဲ၊ မည်သည့်ပြည်တွင်းစစ်တွင်မျှ မပါဝင်ခဲ့ဘဲ ကြားနေသဘောထားကို အမြဲထိန်းသိမ်းထားခဲ့ကြောင်း၊ ထိုသို့ မဟာဗျူဟာအမြင်ကြောင့် ဝပြည်နယ် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဖိုးတန် အခွင့်အလမ်းများ ရရှိခဲ့ကြောင်း၊ ၀ တိုင်းရင်းသားခေါင်းဆောင်၏ ဦးဆောင်မှုအောက်တွင် “ဝ” ပြည်တပ်မတော်နှင့် အရပ်သားတို့သည် တစည်းတလုံးတည်း စည်းလုံးညီညွတ်ကြပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။", "‘ဝ’ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီနှင့် “ဝ” ပြည်တပ်မ တော်၏ ဆောင်ရွက်ချက်များကို အစဉ်အမြဲ ထောက်ခံပါကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/03/94663/
“​​စောင်နီ​လေးတစ်ထည် နှင့် လှည်း​လေး ၃ စီး”
["“​​စောင်နီ​လေးတစ်ထည် နှင့် လှည်း​လေး ၃ စီး”", "ကာတွန်း-နီး"]
https://yktnews.com/2022/08/25968/
အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်းကျော်ရောက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၂၇၅၀ ကျပ်စျေးပေါက်နေ၊ ရွှေနှင့်ဒေါ်လာ စျေးအမြင့်ပေးလျှင်ပင် ဝယ်မရ တော့
[]
https://yktnews.com/2022/11/65398/
ယနေ့ တောင်ကလေး ရဲစခန်းတွင် သေဆုံးနေသည့် ဗိုလ်မှူး၏ အလောင်းပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက မတ်တပ်ရပ်နေစဉ်။
[]
https://yktnews.com/2022/05/20159/
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တာဝန်ကျ ဗိုလ်ကြီး က ဆေးကွဲပြီး အခြားဗိုလ်ကြီးနှင့်စစ်သားများကို ပစ်ခတ်မှု​ကြောင့် ပစ်ခတ်ခံရသူ ဗိုလ်ကြီးသေဆုံးပြီး ၃ ဦးဒဏ်ရာရသည့် ဖြစ်စဥ် ရဲ​ကြေးနန်း​ပေါက်ကြားလာသည်။
[]