url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/02/89730/
အောင်လံမြို့တွင် ဗိုလ်မှူးကောင်းဇော်ထက်နှင့် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် အောင်မိုးတို့ ပူးပေါင်း၍ လောင်းကစားဝိုင်းများကို လုံခြုံရေးပေး ဆက်ကြေး ကောက်
["အောင်လံမြို့တွင် ဗိုလ်မှူးကောင်းဇော်ထက်နှင့် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် အောင်မိုးတို့ ပူးပေါင်း၍ လောင်းကစားဝိုင်းများကို လုံခြုံရေးပေး ဆက်ကြေး ကောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် ဗိုလ်မှူးကောင်းဇော်ထက် နှင့် မြို့နယ် စစ်ကောင်စီ ဝင်၊ မြို့နယ်ကုန်သည်အသင်းဥက္ကဋ္ဌ အောင်မိုးတို့ ပူးပေါင်း၍ လောင်း ကစားဝိုင်းများကို ဆက်ကြေးကောက်နေကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။", "အောင်လံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ အာဝါးဒေး ဟုခေါ် သည့် လောင်းကစားဝိုင်းများကို ပွဲတော်ကြီးသဖွယ် ကျင်းပနေခြင်း ဖြစ်ပြီး မြို့နယ်စစ်ကောင်စီဝင် ဗိုလ်မှူးကောင်းဇော်ထက် နှင့် အောင်မိုးတို့က လုံခြုံ ရေး တာဝန် ယူပေးကြောင်း၊ အာဝါဒေးဝိုင်းလုပ်ရန် ကန်ထရိုက်ယူ သူများ က ဗိုလ်မှူးကောင်းဇော်ထက်ကို သိန်း ၃၀ ၊ မြို့နယ်ကောင်စီဝင် အောင်မိုးကို သိန်း ၂၀ စီ ပေးရကြောင်း၊ မြို့နယ်နှင့်ရပ်ကွက်ဆိုင်ရာများကိုလည်း အဆင့် အလိုက် လိုင်းကြေးများ ပေးဆောင် ရကြောင်း သိရှိရသည်။", "“လောင်းကစားဝိုင်းကို မဖြစ်ဖြစ်အောင် လုပ်ခိုင်းနေတာပါ။ ဒီဇင်ဘာလက စပြီး အခုအထိပဲ။ ၂ လုံး ၃ လုံးဒိုင်တွေကိုလည်း ခြိမ်းခြောက်ပြီး လိုင်းကြေးတွေ တောင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်ကောင်စီဝင် ဗိုလ်မှူးကောင်းဇော်ထက်နှင့် အောင်မိုးတို့သည့် အောင်လံမြို့ အတွင်းရှိ ဖဲဝိုင်း၊ ဘောလုံးဒိုင်၊ နှစ်လုံး သုံးလုံးဒိုင်များထံသို့လည်း ခြိမ်းခြောက်၍ လိုင်းကြေးများ ကောက်ခံခြင်းအပြင် လိုင်းကြေး မပေးသည့် နေရာများသို့ သွား ရောက် ကာ လူများကို မဖမ်းဘဲ ဝိုင်းအတွင်းရှိ ပိုက်ဆံများကို သိမ်းခြင်း များလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားမှုများနှင့် တော်လှန်ရေး လှုပ်ရှားမှုများကို ငြိမ်သက်သွား စေရန် လောင်းကစား၀ိုင်းများခွင့်ပြုခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ ခြင်း များကို မဖမ်းဆီးတော့ကြောင်း ဒေသပြည်သူများနှင့် ပြည်ထဲရေး သတင်း ရင်း မြစ်များ ထံမှ သိရှိရသည်။", "ဓာတ်ပုံ- အောင်လံမြို့နယ်တွင် လောင်းကစား၀ိုင်းများကို ဆက်ကြေးကောက် နေသည့် ဗိုလ်မှူးနှင့် မြို့နယ်စစ်ကောင်စီဝင်တို့ကို လုံခြုံရေးအပြည့်ဖြင့် တွေ့ရ စဉ်။"]
https://yktnews.com/2024/05/164545/
အောင်လံမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ ငွေညှစ်နေသည့် ပျူစောထီး ခေါင်းဆောင် တင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး
["အောင်လံမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ ငွေညှစ်နေသည့် ပျူစောထီး ခေါင်းဆောင် တင်ဌေး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၂၆", "မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ ငွေညှစ်နေသည့် ပျူစောထီး ခေါင်းဆောင် တင်ဌေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပျူ‌စောထီး ခေါင်းဆောင် တင်ဌေးသည် အောင်လံမြို့နယ်၊ ကျားမွေးရွာရှိ ၎င်းနေအိမ်ကို ပြန်လည် ရောက်ရှိလာစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပါးစပ်နှင့် ဝမ်းဗိုက်တို့တွင် သေနတ်ကျည် ၃ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် တင်ဌေးသည် ကျားမွေးရွာရှိ ပြည်သူများကို မတရား စစ်မှုထမ်း ဥပဒေ အကြောင်းပြ၍ ငွေညှစ်ခြင်း၊ အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းနေခြင်းနှင့် လောင်းကစား ဝိုင်းများ ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။", "“ကျားမွေးကျေးရွာ ပျူစောထီး ခေါင်းဆောင် တင်ဌေး ဒီမနက်အစောပိုင်းမှာ သေနတ်သုံးချက် ပစ်သတ်ခံရ ပါးစပ်ပေါက်ထွက် ၁ ချက် ၊ ဗိုက် ၂ ချက် ဒဏ်ရာနဲ့ သေပြီ အခုထိ နာရေးအတွက် ဘာမှ လုပ်လို့မရဘူး။ စစ်တပ်ကလည်း ရောက်မလာသေး ရဲကလည်းရောက်မလာသေးတော့ ဘယ်သူမှ မထိရဲ မကိုင်ရဲဖြစ်နေတယ်။ ဖုန်းနဲ့ စာရွက်စာတမ်းတော့ သိမ်းဆည်းသွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ပျူစောထီး ခေါင်းဆောင် တင်ဌေးသည် ကျားမွေးရွာတွင် နေထိုင်ရဲခြင်း မရှိသောကြောင့် အောင်လံမြို့တွင် တိမ်းရှောင်နေထိုင်နေခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/189813/
အောင်လံမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့သော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦး ထက်မနည်း သေဆုံး
["အောင်လံမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့သော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦး ထက်မနည်း သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက် ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့ထိ အောင်လံမြို့ အခြေစိုက် အမှတ် (၇၁) ခြေလျင် တပ်ရင်း၊ ကပစ (၁၅)နှင့် ရွှေပန်းတောတိုက်နယ် အထိုင်စခန်းတို့မှ ဗိုလ်ကြီးမျိုးမြင့်လှိုင် ဦးဆောင်သော အင်အား ၅၂ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တလုတ်ပင် အထိုင်စခန်းမှ တဆင့် တောလမ်းကို အသုံးပြု၍ ကရင်မစမ်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "ယင်းစစ်ကြောင်းသည် ကရင်မစမ်းကျေးရွာတွင် အထိုင်ချ တပ်ဆွဲကာ အနီးဝန်းကျင်ရှိ ကျေးရွာများကို ရှာဖွေ ရှင်းလင်းခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်သူပိုင် ကြက်များ၊ ကြက်ဥများနှင့် စားနပ်ရိက္ခာများကို ခိုးယူ စားသောက်သွားကြောင်း သိရှိရသည်။", "ထို့ပြင် ပြည်သူပိုင်အိမ်များအတွင်းသို့ ဝင်ရောက်မွှေနှောက်ရှာဖွေပြီး စားနပ်ရိက္ခာများ၊ ငွေကြေးများကိုလည်း ယူဆောင်သွားကြောင်း၊ ယင်း စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် တလုတ်ပင်အထိုင်စခန်းသို့ ပြန်လည် ရောက်ရှိလာပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် တလုတ်ပင်အထိုင်စခန်းမှ အောင်လံမြို့သို့ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။", "ထို့သို့ အကြမ်းဖက် စစ်ကောင်စီ တပ်သား အောက်လံမြို့ကို ဆုတ်ခွာလာစဉ် စစ်သား ၂၅ ဦးခန့်လိုက်လာသော ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကျောက်ပုံကျေးရွာနှင့် သံပုရာခုံကျေးရွာအကြားတွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်ကောင်စစ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူနဲ့ ဆန့်ကျင်ဘက်အရပ်မှာ နေပြီး ခုလို စစ်ကြောင်း မကြာမကြာထိုးရင် ခုလို အဖြစ်ဆိုးမျိုးတွေ မကြာမကြာ ကြုံရမယ်။ မိသားစု ဘဝတွေ ပျက်စီးတာပဲ အဖတ်တင်မှာ ဖြစ်တဲ့အတွက် ဒီတိုက်ခိုက်မှုဖြစ်စဉ်ကို သင်ခန်းစာယူပြီး ပြည်သူ့ရင်ခွင် ခိုလှုံပါလို့ပဲ ပြောကြားလိုပါတယ်။ ပြည်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံရတာတော့ မရှိပါဘူး။ ပြည်သူတွေ စုဆောင်းထားတဲ့ ငွေလေးတွေ အကုန်ခိုးယူသွားတယ်။ ငွေပါတဲ့သူရှိတယ်။ ကြက်တွေလည်း ခိုးသွားတယ်။ အိမ်တော်တော်များများကို မွှေနှောက်ရှာဖွေသွားတာ ဘာတွေပါလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး။ စစ်ကြောင်းက ၂၆ ရက်နေ့မှာ ကရင်မစမ်းကထွက်ပြီး ညနေပိုင်းမှာ နှောက်စမ်းရွာကို ရောက်တယ်။ နှောက်စမ်းက ပြည်သူ ၄ ဦးကို ဓားစာခံဖမ်းပြီး ရွာတောင်ဘက်က တလုတ်ပင် အထိုင်စခန်းကို ပြန်သွားတာ စခန်းရောက်မှ ပြန်လွှတ်တယ်လို့ သိရတယ်” ဟု အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ နေပြည်တော်တပ်ရင်း ၉၀၂ ၊ နေပြည်တော်တပ်ရင်း ၈၀၄ ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အောင်လံ ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/207616/
အောင်လံမြို့နယ်၊ ကပစ ၁၅ မှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["အောင်လံမြို့နယ်၊ ကပစ ၁၅ မှ ကင်းပတ်ရန် ထွက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၅", "မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကပစ ၁၅ မှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ၉၀၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်အချိန် အောင်လံမြို့ အခြေစိုက် ကပစ ၁၅ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၅ ဦးခန့်သည် သမ္ဘူလကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို ကင်းပတ်ရန် ထွက်လာစဉ် တော်လှန်ရေး ပူးပေါင်းအဖွဲ့များက သမ္ဘူလ တိုက်နယ် အတွင်းရှိ ဖောင်ရိုး-အင်းကြီး-ကျွဲခေါင်း ရွာလမ်းဆုံတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုထိတွေ့ တိုက်ပွဲမှာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာမှ ၅.၅၆ ကျည် ၂ တောင့်၊ MA-2 ကျည်ဘောက် ၁ ခု နှင့် ဦးထုပ် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကပစ ၁၅ မှ အကြမ်းဖက် စစ်တပ်၏ စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အောင်လံ ကပစ ၁၅ ကနေ စစ်ခွေး ၂၅ ကောင် သမ္ဘူလကျေးရွာနဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို ကင်းပတ်ဖို့ ထွက်လာတဲ့ အချိန် သမ္ဘူလတိုက်နယ်အတွင်းက ဖောင်ရိုး-အင်းကြီး-ကျွဲခေါင်း ရွာလမ်းဆုံမှာ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန်က ၁၀ မိနစ်လောက်ရှိတယ်။ စစ်ခွေး ၃ ကောင်သေပြီး ပြင်းထန် ဒဏ်ရာရတဲ့ စစ်ခွေး ၁ ကောင် အပါအဝင် ၇ ကောင် ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ၉၀၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို နေပြည်တော် တပ်ရင်း ၉ဝ၂ ၊ နေပြည်တော်တပ်ရင်း ၈ဝ၄ ၊ သရက်ခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးတောင်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (SMPDF) နှင့် အောင်လံ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/204983/
အောင်လံမြို့နယ်၊ သမ္ဘူလ တိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီး စားသောက်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး
["အောင်လံမြို့နယ်၊ သမ္ဘူလ တိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီး စားသောက်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "မကွေးတိုင်း၊ အောင်လံမြို့နယ်၊ သမ္ဘူလ တိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီး ကို စားသောက်ဆိုင်တွင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် အောင်လံမြို့နယ်၊ သမ္ဘူလတိုက်နယ်ရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီးသည် သမ္ဘူလရွာထိပ် လမ်းဆုံရှိ ဦးလောကြီး စားသောက်ဆိုင်တွင် စားသောက်နေစဉ် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုမှ ဝင်ရောက် ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော နယ်ထိန်း ရဲဒုတပ်ကြပ် မျိုးကြီးသည် သမ္ဘူလတိုက်နယ် နယ်မြေရဲစခန်းတွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ 2 D ၊ 3 D များ ဘောလုံး ဒိုင်များ ထံမှ လိုင်းကြေးများ ကောက်ခံရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကြောင်း သိရှိရသည်။", "“အောင်လံ သမ္ဘူလ တိုက်နယ် ရဲစခန်းက နယ်ထိန်းရဲ ဒုတပ်ကြပ် မျိုးကြီး သမ္ဘူလရွာထိပ် လမ်းဆုံက ဦးလောကြီး စားသောက်ဆိုင်မှာ စားသောက်နေတုန်း ဒေသကာကွယ်ရေးအဖွဲ့တွေက နံနက် ၈ နာရီ အကျော်လောက်က ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့တာ သေဆုံးသွားတယ်။ သေနတ်နဲ့ ခြောက်ချက်ခန့် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရတယ်။ ရဲဒုတပ်ကြပ်မျိုးကြီးရဲ့ ခေါင်း၊ ရင်ဘတ်တွေမှာ ထိမှန်ပြီး သေဆုံးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- အောင်လံမြို့မရဲစခန်းမှ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/04/209719/
အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကို ဆင့်ခေါ်၊ ငလျင်ဒဏ်သင့်သော်လည်း စစ်မှုထမ်းတပ်သားစုဆောင်းမှုများ ဆက်လက် လုပ်နေဆဲ
["အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကို ဆင့်ခေါ်၊ ငလျင်ဒဏ်သင့်သော်လည်းစစ်မှုထမ်းတပ်သားစုဆောင်းမှုများ ဆက်လက် လုပ်နေဆဲ", "ရန်ကုန်၊ ဧပြီ ၁", "မကွေးတိုင်း၊ အောင်လံမြို့နယ်၊မကွေးမြို့နယ်နှင့် ပဲခူးတိုင်း ပြည်မြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ဖမ်းဆီးနေပြီး တချို့ကိုလည်း စစ်မှုထမ်းရန်အတွက် ဆင့်ခေါ်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောင်လံမြို့နယ်တွင် ယခု ဧပြီလအတွက် စစ်မှုထမ်း လူငယ် ၆၀ ဦး ပေးရမည်ဟု အောင်လံမြို့မှ ပျူစောထီး ခေါင်းဆောင် မြင့်လွင် (အငြိမ်းစား အရာခံဗိုလ်)က အသိပေးလာပြီး စစ်မှုထမ်းရန် အလှည့်ကျ မဲပေါက်ထားသူ များ စစ်သင်တန်းကျောင်းသို့ သွားရောက်ရန် ဆင့်ခေါ်ကြောင်း သိရှိရသည်။", "“စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် ကြိုတင်ပြင်ဆင်ထားဖို့ စပြီး ခေါ်နေပါပြီ။ ဒီသင်္ကြန်ကျော်တာနဲ့ သွားရမယ်ဆိုပြီး အသိပေးတယ်။ အဝတ်အစား၊ ဆေး၊ လိုအပ်တာ အကုန်ထုပ်ပိုးပြင်ဆင်ခိုင်းတယ်” ဟု အောင်လံမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ယခင် မတ်လအတွင်းကလည်း အောင်လံမြို့နယ်မှ စစ်မှုထမ်း လူငယ် ၆၀ ဦးကို ပျူစောထီးမြင့်လွင် ဦးဆောင် ခေါ်ယူ ခဲ့ပြီး လူငယ်တချို့မှာမူ မတရားဖမ်း ဆီး ခံရ၍ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း ပြည်မြို့နယ် ဝက်ထီးကန် အရှေ့ဘက် တလုပ်ပင်အုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး သန်းဇော်က လာမည့် စစ်မှုထမ်းအပတ်စဉ် ၁၂ အ တွက် တစ်အုပ်စုလျှင် ငွေကျပ် သိန်း ၇၀ စစ်မှုထမ်းကြေးပေးရမည်ဟု တောင်း ခံလာကြောင်း၊ စစ်မှုထမ်းကြေးပေးမည်ဆိုလျှင် ပေါ်တာမဆွဲရန် အာမခံကြောင်း ပြောဆိုသည်။", "အဆိုပါ တလုပ်ပင်ကျေးရွာအုပ်စုတွင် ယခုဧပြီလတွင် စစ်မှုထမ်းကြေးအဖြစ် အိမ် ထောင်စုတစ်စုလျှင် ငွေကျပ် ၃၀၀၀၀ ပေးအပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။", "ထို့အတူ မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက်နှင့် မြင်းကွင်းတိုက်နယ်တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် လူငယ်များကို စတင်ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "မတ်လ ၂၈ ရက်နေ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါဝင် မြန်မာနိုင်ငံ အလယ် ပိုင်းဒေသများတွင် ငလျင်ဒဏ်သင့်မှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီက စစ်မှုထမ်း တပ်သားများ ဆင့်ခေါ်မှုများကို ရပ်ဆိုင်းသွားခြင်းမရှိဘဲ ဆက်လက် ခေါ်ယူလာခြင်းဖြစ်​သည်။", "ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် စုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သားသစ်များ။"]
https://yktnews.com/2023/09/122825/
အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး
["အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "မကွေးတိုင်း၊ အောင်လံမြို့ရှိ လဝကရုံး၌ ကင်းစောင့်နေသော စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။", "စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အောင်လံမြို့နယ်၊ အောင်လံမြို့၊ လူဝင်မှု ကြီးကြပ်ရေးရုံး (လဝကရုံး) ၌ ကင်းစောင့်နေသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၅ ဦးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို အောင်လံမြို့နယ် အခြေပြု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ပြီး လဝကရုံး မျက်နှာစာရှိ နံရံကပ် မှန်များ ကွဲကြေပျက်စီးကာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/204152/
အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်တွင် လူငယ်တစ်ဦးကို စစ်မှုထမ်း ဆင့်ခေါ်ရန် သွားသည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်၊ အိမ်ရှင်နှင့်မိသားစုဝင်အားလုံး လွတ်မြောက်
["အောင်လံမြို့၊ မကျည်းကုန်းရပ်ကွက်တွင် လူငယ်တစ်ဦးကို စစ်မှုထမ်း ဆင့်ခေါ်ရန် သွားသည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်၊အိမ်ရှင်နှင့်မိသားစုဝင်အားလုံး လွတ်မြောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "မကွေးတိုင်း၊ အောင်လံမြို့နယ်၊ မကျည်းကုန်းရပ်ကွက်တွင် စစ်မှုထမ်းဆင့်ခေါ်ရန် သွားရောက်သည့် ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးကို အိမ်ရှင်က ဓားဖြင့် ခုတ်သတ်လိုက်ပြီး အိမ်ရှင်နှင့်မိသားစုဝင်အားလုံးမှာ ပြည်သူ့ကာကွယ် ရေးတပ်များ ထိန်းချုပ်သော နယ်မြေသို့ ရောက်ရှိ လွတ်မြောက်သွားပြီဖြစ်ကြောင်း မကွေးမြို့မှ ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်း အောင်လံမြို့မှ ရဲတပ်ကြပ်ကြီး ကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးတို့က မကျဉ်းကုန်းရပ်ကွက်သို့ ရောက်ရှိလာပြီး စစ်မှုထမ်းရမည့် လူငယ်တစ်ဦးကို လာရောက် ခေါ်ဆောင်ကြောင်း၊ ထိုအချိန် စစ်မှုထမ်းခေါ်ဆောင်ခံရမည့် လူငယ်၏ နေအိမ်မှ အိမ်ရှင်အမျိုးသားက ဓားဖြင့် ထွက်ရှိလာပြီး ရဲတပ်ကြပ်ကြီးကျော်သူရနှင့် အပေါင်းအပါ ပျူစောထီးတို့ကို ဓားဖြင့် ထွက်ခုတ်ရာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "” ရဲတပ်ကြပ်ကြီး ကျော်သူရ နဲ့ ပျူစောထီးတစ်ဦးက မကျည်းကုန်းရပ်ကွက် ထဲကို စစ်မှုထမ်းဖို့ သွားခေါ်တာ။ လက်နက်လည်း မပါဘူး။ အရပ်ဝတ်နဲ့ပဲ သွားကြတာ။ လူငယ်ရဲ့ မိသားစုကလည်း စစ်မှုထမ်းဖို့ လာခေါ်မယ်ဆိုတာ သိထားတယ်။ အခြေခံလူတန်းစားမိသားစုထဲက ဖြစ်တော့ ရှောင်တိမ်းဖို့ကလည်း အဆင်မပြေဘူး။ အဲဒီတော့ လာခေါ်တဲ့အချိန် ဓားနဲ့ ထွက်ပိုင်းတာ။ ရဲတပ်ကြပ်ကြီး ကျော်သူရနဲ့ ပျူစောထီးကတော့ ပွဲချင်းပြီးပဲ။ ခဏကြာတော့ လူနာတင်ကားနဲ့ စခ၊ ရခတွေ ရောက်လာတယ်။ ခုတ်တဲ့သူရော၊ မိသားစုရော အကုန်လုံး လွတ်မြောက်သွားပါတယ်” ဟု ဖြစ်စဉ်ကို အသေးစိတ်သိရှိထားသော ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓားဖြင့် ခုတ်ခံရ၍ သေဆုံးသွားသော ရဲတပ်ကြပ်ကြီး ကျော်သူရမှာ အသက် ၅၂ နှစ်ရှိနေပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း၊ ၎င်း၏​ အောင်လံမြို့ နေအိမ်တွင်နာရေး ပြင်ဆင်ထားကြောင်း သိရှိရသည်။", "ရဲတပ်ကြပ်ကြီး ကျော်သူရသည် စစ် အာဏာမသိမ်းခင်က လောင်းကစား၊ မူးယစ်ဆေးဖြန့်ဖြူးသူများထံမှ ဆက်ကြေးကောက် ခံနေသူဖြစ်ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်တွင် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သူဖြစ်ကြောင်း၊ ရဲတပ်ကြပ်ကြီး ကျော်သူရ ဓားခုတ်ခံရ၍ သေဆုံးသော သတင်း ထွက်ပေါ်လာချိန်တွင် အောင်လံမြို့တစ်မြို့လုံးမှ ပြည်သူများ ဝမ်းသာနေကြကြောင်း သိရှိရသည်။", "“ရဲတပ်ကြပ်ကြီး ကျော်သူရက နာမည်ဆိုးလွန်းတော့ မနေ့က သူသေပြီလည်း ဆိုရော တစ်မြို့လုံးက ဝမ်းသာတာပေါ့” ဟု ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် လောင်း၍ မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။", "ဓာတ်ပုံ- ဓားဖြင့် အခုတ်ခံရပြီး သေဆုံးသွားသည့် ရဲတပ်ကြပ်ကြီး ကျော်သူရ။"]
https://yktnews.com/2025/04/210399/
အောင်လံမြို့၊ကားဂိတ်ဝင်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်းများကို စစ်တပ်၊ရဲနှင့် စည်ပင်များက အတင်းအဓမ္မ အင်အားသုံး ဝင်ရောက်ဖျက်ဆီး
["အောင်လံမြို့၊ကားဂိတ်ဝင်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်းများကို စစ်တပ်၊ရဲနှင့် စည်ပင်များက အတင်းအဓမ္မ အင်အားသုံး ဝင်ရောက်ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၆", "မကွေးတိုင်း ၊ အောင်လံမြို့ပေါ် ကား ဂိတ်ဝင်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်းများကို စစ်တပ်၊ ရဲနှင့် စည်ပင်များက အတင်းအဓမ္မ ဝင်ရောက်ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ နံနက်ပိုင်း မကွေးတိုင်း၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ ၁၈ လမ်းနှင့် ၁၉ လမ်းအကြား ကားဂိတ်ဝင်းအဟောင်းရှိ လူနေအိမ်ဆိုင်ခန်းများကို ရဲ၊ စစ်တပ်နှင့်စည်ပင်များက ဝင်ရောက်ဖျက်ဆီးရန် ကြိုးစားနေကြောင်း၊ ပြည်သူများက ထိုင်ကန်တော့သည့်အတွက် ဆိုင်ခန်း ၄ ခန်းကိုဖျက်သိမ်းကာ ကျန်ရှိဆိုင်ခန်းများကို ယခုအခါ အတင်းအဓမ္မ ဝင်ရောက် ဖျက်ဆီးနေကြောင်း သိရှိရသည်။", "“ဆိုင်ခန်းနဲ့နေအိမ်က စုစုပေါင်း ၄၂ ခန်းရှိပါတယ်။ အခုတော့ လူမနေတော့တဲ့ ဆိုင်ခန်း ၄ခန်းကို စဖျက်တယ်။ အဲဒီဆိုင်ခန်းတွေက လွန်ခဲ့တဲ့နှစ် ၃၀ လောက်ကတည်းက အခန်းကိုဝယ်ပီး လစဉ်ပိုက်ဆံသွင်းပြီးနေကြတာ။ ဘာလျှော်ကြေးမှ မပေးဘဲ ဖျက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ယနေ့ နံနက်ပိုင်း ဆိုင်ခန်းနှင့်လူနေအိမ်များကို ဖျက်ဆီးရန် စစ်တပ်၊ ရဲနှင့် စည်ပင်များက လက်နက်အပြည်အစုံဖြင့် လမ်းများကို ပိတ်ဆို့ပြီး ဘတ်ဖိုးများ၊ မြေကော်စက်များနှင့်အတူ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ပြည်သူများက အော်ဟစ်ငိုယိုကြပြီး တောင်းပန်နေကြကြောင်း သိရှိရသည်။", "“အမျိုးသမီးတွေကလည်း အော်ဟစ် ငိုယိုပြီး တောင်းပန်ကြတာပေါ့။ နောက်တော့ ညှိလိုက်တာ ဆိုင်ခန်း ၄၂ ခန်းမှာ အခု ၄ ခန်းဖျက်တယ်။ အထက်အမိန့်ဆိုပြီး ရွှေ့ပေးလို့ မရဘူးလည်းပြောနေတယ်။ ပြည်သူတွေမှာ ငလျင်ဘေးကြောင့် ဒုက္ခရောက်နေချိန် ဆိုင်ခန်းတွေလည်း အဖျက်ခံရနဲ့”ဟု ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက အောင်လံမြို့ပေါ်တွင် ပြည်သူများနေထိုင်သော ရပ်ကွက်၊နေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခြင်း၊ ဌာနဆိုင်ရာမြေဟုဆိုကာ ဖျက်ဆီးခြင်းများကို စစ်အာဏာပြီးချိန် ၂၀၂၁ ခုနှစ်မှ စတင်လုပ်ဆောင်လာနေကြောင်း အောင်မြို့ခံ ပြည်သူများက ပြောဆိုကြသည်"]
https://yktnews.com/2025/05/213258/
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ မေ ၂", "ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၂ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။"]
https://yktnews.com/2024/10/186837/
အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ အောက်တိုဘာ ၇", "ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ် စစ်ကြောင်းသည် အောက်တိုဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/189979/
အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
["အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။"]
https://yktnews.com/2022/12/76729/
အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ဆိုင်း ပြီးနောက် ပတ်စ်ပို့ လုပ်ရန် ငွေကျပ် ၈ သိန်းအထိ စျေးပေါက်လာ၊ သွေးနှော များ နိုင်ငံကူးလက်မှတ်ရရန် အလွန် ခက်ခဲ
["အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ဆိုင်း ပြီးနောက် ပတ်စ်ပို့ လုပ်ရန် ငွေကျပ် ၈ သိန်းအထိ စျေးပေါက်လာ၊ သွေးနှော များ နိုင်ငံကူးလက်မှတ်ရရန် အလွန် ခက်ခဲ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "အကြမ်းဖက်စစ်ကောင်စီက အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူး လက် မှတ် လျှောက်ထားမှု အစီ အစဉ် ကို ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်း လိုက်ပြီးနောက် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် မှောင်ခို စျေးကွက်တွင် အနည်းဆုံးငွေကျပ် ၄ သိန်းခွဲမှ ရှစ်သိန်းအထိ စျေးနှုန်းများ ပေါက်နေကြောင်းစုံစမ်းသိရှိရသည်။", "နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။", "QR Code စနစ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ အထိ စနစ်သစ်ဖြစ်သော Online Booking မစတင်နိုင်သေးဘဲ နိုင်ငံကူး လက်မှတ် လုပ်လိုလျှင် အနည်းဆုံးငွေကျပ် ၄ သိန်းခွဲမှ ၈ သိန်းအထိ ပေး၍ လုပ်ကြရ ကြောင်း၊ အလိမ်အညာများစွာဖြင့် အလိမ်ခံရသူများလည်း မြောက် မြားစွာ ရှိနေကြောင်း သိရှိရသည်။", "“QR ပိတ်လိုက်တာ အခု ရက် ၂၀ ရှိလာချိန်မှာ နိုင်ငံကူးလက်မှတ် လုပ်ချင် တဲ့သူတွေ အတော်ကို ဒုက္ခရောက်ကြတယ်။ ရုံးထဲက သူတွေနဲ့ ပွဲစားတွေ ချိတ်ဆက်ပြီး ၄ သိန်းခွဲကနေ ၈ သိန်းအထိ တောင်းတယ်။ အရင်ထက် ပို စျေးကြီးတယ် လုပ်ရတာ။ အလိမ်အညာတွေလည်းများတယ်။ စနစ်သစ် Online Booking နဲ့ ၂၄ နာရီ လျှောက်လို့ရမယ်ဆိုတာ လည်း ဘာမှ ဖြစ် မလာတော့ လုပ်စားဂွင်ကြီးဖြစ်နေတာ” ဟု နိုင်ငံကူးလက်မှတ်ရရှိရေး ကြိုးပမ်းနေသူတစ်ဦးက ပြောသည်။", "နယ်မြို့များသို့ ဆင်း၍ နိုင်ငံကူးလက်မှတ် လျှောက်ထားရယူမှုများ ရှိသော် လည်း နောက်ပိုင်းတွင် စစ်ကောင်စီက နယ်ကျော် နိုင်ငံကူးလက်မှတ် လုပ် ခွင့်များကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။", "နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ ဟိန္ဒူ စ သည်ဖြင့် မှတ်ပုံတင်တွင် ဖော်ပြခံထားရသည့် သွေးနှော နိုင်ငံသားများ အနေ ဖြင့် နိုင်ငံကူး လက်မှတ်ရရှိရန် အလွန်ခက်ခဲပြီး အနည်းဆုံး ငွေကျပ် ၁၃ သိန်းမှ သိန်း ၂၀ အထိ ပေးမှ နိုင်ငံကူးလက်မှတ် ရရှိမှုများလည်းရှိကြောင်း သိရှိရသည်။", "“အိန္ဒိယ၊ ပါကစ္စတန်၊ ဗမာဆိုပြီး မှတ်ပုံတင်မှာ လ၀ကက ရေးပေးထားတာ နိုင်ငံ ကူးလက်မှတ်လုပ်တော့ ပြန်လွှတ်တယ်။ စိစစ်ရမယ်။စာတင်ရမယ်နဲ့။ နောက် တစ်ခေါက်သွားတော့ လက်ခံထားတယ်။ ဘာမှ မပြောဘူး။ ကြာမယ်ပဲ ပြောတယ်။ ပွဲစားကတော့ လိုင်းရှိတယ်ပြောတယ်။ ၁၅ သိန်းလောက် ကုန် မယ်ပြောတယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ အဲဒီလောက် မတတ်နိုင်လို့ ” ဟု ရန်ကုန် မြို့ခံတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် QR Code ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့်စနစ် ရပ်ဆိုင်းလိုက်ပြီးနောက် နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူ ပြည်သူတိုင်း အလွန်ခက်ခဲနေရပြီး အလိမ်အညာများကြောင့် ငွေကြေးဆုံးရှုံးရမှုများစွာ ရှိနေကြောင်း သိရှိရသည်။", "“ပတ်စ်ပို့လုပ်ကြတာ အများစုက ထိုင်း မလေးရှား၊ ဒူဘိုင်း အလုပ်သွားလုပ်ဖို့ တင်ကြတာများတယ်။ အခုက ဘယ်လိုမှ အဆင်မပြေဘူး။ ပတ်စ်ပို့ရုံးကလည်း အခုအချိန်အထိ ဘာမှကို ထပ်မကြေညာသေးတော့ ရန်ကုန် လာစောင့်ပြီး အချိန်ကုန် ငွေကုန်ဖြစ်နေတာ” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပထွက် ခွာသွား သော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည် တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ယခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြောဆိုခဲ့သည်။", "မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာ နေမှု ကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ် စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင် ရွက် ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။", "ထို့ပြင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ လူငယ်များ အနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင်နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရန်ကင်း ပတ်စ်ပို့ရုံးတွင် ကြိတ် ကြိတ် တိုး တန်းစီနေကြသည့် လူငယ်များ။"]
https://yktnews.com/2023/07/114290/
အွန်လိုင်းစျေးရောင်းသူနှင့် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ လိုင်စင်မှတ် ပုံမတင်လျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ၊ ငွေဒဏ် ၅ သိန်းချမှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်
["အွန်လိုင်းစျေးရောင်းသူနှင့် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ လိုင်စင်မှတ် ပုံမတင်လျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ၊ ငွေဒဏ် ၅ သိန်းချမှတ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်", "ရန်ကုန်၊ ဇူလိုင် ၂၂", "မြန်မာနိုင်ငံတွင် အွန်လိုင်းစျေးရောင်းသူ၊ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ လိုင်စင်မှတ်ပုံမတင်လျှင် ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိလည်းကောင်း၊ ငွေ ဒဏ် ၅ သိန်းကိုလည်းကောင်း ချမှတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက အမိန့် ထုတ်ပြန်၍ ခြိမ်းခြောက်သည်။", "Online မှတစ်ဆင့် စျေးရောင်းချသူများ၊ ဝန်ဆောင်မှုလုပ်ငန်းလုပ်သူများ ၆လအတွင်း Online လုပ်ငန်းကိုမဖြစ် မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ မလိုက်နာရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အနည်း ဆုံး ထောင် ဒဏ် ၆လမှ အများဆုံး ထောင်ဒဏ် ၃ နှစ် အပြင်ကျပ်ငွေ ၅သိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ထို့ပြင် တရားရုံးက ပြစ်မှုနှင့်သက်ဆိုင်သော ပစ္စည်းများကို ဖျက်ဆီးရန် (သို့မဟုတ်) နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်း(သို့မဟုတ်) အခြားနည်းစီမံခန့်ခွဲရန် အမိန့်ချနိုင်ကြောင်း သိရှိရသည်။", "“မှတ်ပုံတင်တယ်ဆိုတာက လိုင်စင်လုပ်ခိုင်းတာပါပဲ။ တကယ်တော့ အွန်လိုင်း Shopping တွေဆိုတာ တစ်ပိုင် တစ်နိုင်လုပ်နေကြတာ။ ဖေ့ဘုတ်စ်ကနေ။ ဒါလေးရှိလို့ မိသားစုလေးတွေ အဆင်ပြေနေကြတာ။ မှတ်ပုံတင်ခိုင်းပြီး အခွန် ကောက်မယ်၊ လိုက်ကျပ်မယ်လေ။ စောက်ကျင့်ယုတ်တာပေါ့ စစ်ခွေးတွေက” ဟု ရန်ကုန်မြို့တွင် အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းလ်ဖုန်း Second Hand ရောင်းချနေသူ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/07/174889/
အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြား
["အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် စစ်ကောင်စီက ညွှန်ကြား", "ပစ္စည်းရောင်းချသော Facebook Page များထံသို့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်များ မက်ဆင်ဂျာမှ ပေးပို့ရန် စစ်ကောင်စီပူးပေါင်းအဖွဲ့က လိမ်လည်တောင်းခံပြီး လိုက်လံ ဖမ်းဆီး", "ရန်ကုန်၊ ဇူလိုင် ၂၂", "အကြမ်းဖက်စစ်ကောင်စီက အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှု အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် ညွှန်ကြားလိုက်သဖြင့် Online Page များကို စောင့်ကြည့် ဖမ်းဆီး အရေးယူနေကြောင်း သိရှိရသည်။", "အဆိုပါ ဖမ်းဆီးမှုများကို အဓိကအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ခင်ဇော်က ဦးဆောင်လုပ်ဆောင်ပြီး ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ စစ်တပ်၊ ပြည်တွင်းအခွန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် ဌာနပေါင်းစုံပါဝင်ကြောင်း၊ ယင်းဖမ်းဆီးရေးအဖွဲ့များသည် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ အမိန့်ခံယူ၍ ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အွန်လိုင်းမှ အစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များရောင်းချမှုများကို ဖမ်းဆီးရန်နှင့် Online Page များကို စောင့်ကြည့်ရန် စစ်ကောင်စီ၏ ပူးပေါင်းအဖွဲ့များအကြား Online MediaCase Viber Group ဖွင့်လှစ်ထားပြီး ယင်း Viber Group တွင် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက အရေးယူရာတွင် အစားအသောက်နှင့် ဆေးဝါးများကို အွန်လိုင်းက ရောင်းချသည်ဆိုပါက FDA ၏ လိုင်စင် ရှိ၊ မရှိ၊ ဆေးဝါးနှင့် အလှကုန်၊ လူသုံးကုန်ပစ္စည်းများဆိုပါက သွင်းကုန်လိုင်စင်ရှိ၊ မရှိ စိစစ်ကြောင်း၊ ယင်းနောက် ရောင်းချသည့် လိပ်စာကို စုံစမ်းကာ ယင်းလိပ်စာများအတိုင်း ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယခုကာလအတွင်း အစားအသောက် Online Page ၃၅ ခုကို စိစစ်ပြီး စစ်ဆေးအရေးယူမှု ၃ ခုကို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ဆေးအရေးယူမှု ၃ ခုမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ Cherry Mart BKK Snacks-2 Online Shop ဆိုင်မှ Oishi အမှတ် တံဆိပ် Black Tea များကိုလည်းကောင်း၊ အရှေ့ဒဂုံစက်မှုဇုန်ရှိ Astra Wellness Myanmar Facebook Page မှ She Glow အမှတ်တံဆိပ် ရှဉ့်မတက် ဖြည့်စွက်စာ၊ Fenupro အမှတ်တံဆိပ် ပဲနံ့သာဖြည့်စွက်စာ၊ Testopower+ အမှတ်တံဆိပ် အမျိုးသားကျန်းမာရေးဖြည့်စွက်စာ တို့ကို အရေးယူခဲ့ကြောင်း၊ ထို့ပြင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပန်းဘုရင် နို့နေကြာနှင့် မုန့်မျိုးစုံဆိုင်တွင် သွင်းကုန်လိုင်စင်မရှိသော တရုတ်နိုင်ငံမှ တင်သွင်းသည့် Spicy Gluten တရုတ်အသားပြားများကို ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကောင်စီက ဆေးဝါးရောင်းချသော Online Page ၈ ခုကို စိစစ်ပြီး ၅ ခုကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ FDA နှင့် မှုခင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က သင်္ဃန်းကျွန်းမြို့နယ်တွင် ဆေးဝါး မှတ်ပုံတင် မရှိသော ဆေးများ ရောင်းချနေသည့် ဆိုင်ကိုလည်းကောင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ Evercare ဆေးကုမ္ပဏီ၏ ဆေးဝါးသိုလှောင်ခန်းမှ တရားမဝင် ဆေးဝါးများကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ Dr. S. Thetice အလှအပရေးရာ ဆေးခန်းမှ တရားမဝင် ဆေးဝါး ၂၈ မျိုး အပါအဝင် ဖမ်းဆီးမှု ၅ ခုကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "အွန်လိုင်းမှ ပစ္စည်းရောင်းချသူများကို ဖမ်းဆီးရရှိမှုများကို ဥပဒေနှင့်အညီ အရေးယူပြီး လိပ်စာ စုံစမ်း၍ မရသော အွန်လိုင်းပစ္စည်းရောင်းချသော Facebook Page များကို လူမှုကွန်ရက်မှ ဖြုတ်ချနိုင်ရေး Report ထုခြင်းများ ဆောင်ရွက်ကြောင်း၊ အွန်လိုင်းမှ ပစ္စည်းရောင်းချမှုများကို တရားမဝင် ကုန်သွယ်မှုများအဖြစ် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီ၏ ဌာနဆိုင်ရာများက ဆိပ်ကမ်းများတွင် ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/09/121575/
အွန်လိုင်းလောင်းကစား Page များထူထောင်၍ ငွေကြေးလိမ်လည်သူ တရုတ် နိုင်ငံသား ၁၂၀၇ ဦးကို “၀” ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲအဖွဲ့ထံ လွှဲပြောင်း
["အွန်လိုင်းလောင်းကစား Page များထူထောင်၍ ငွေကြေးလိမ်လည်သူ တရုတ် နိုင်ငံသား ၁၂၀၇ ဦးကို “၀” ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်ရဲအဖွဲ့ထံ လွှဲပြောင်း", "ရန်ကုန်၊ စက်တင်ဘာ ၈", "လူမှုကွန်ရက်များတွင် အွန်လိုင်းလောင်းကစား Page များထူထောင်၍ ငွေကြေး လိမ်လည်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို “၀” ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး ပြီး တရုတ်ရဲအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း UWSA ‘ဝ’ပြည်နယ် ပြင်ပဆက်ဆံရေးရုံးမှ ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။", "စက်တင်ဘာလ ၆ ရက်နေ့နှင့် စက်တင်ဘာလ ၇ ရက်နေ့တို့တွင် “ဝ”ပြည် နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးမိသောဆက်သွယ်ရေး လိမ်လည်မှု ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများ ၁၂၀၇ဦးကို တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း UWSA က တရားဝင် သတင်းထုတ်ပြန်သည်။", "“အွန်လိုင်းလောင်းကစား Page တွေကနေ ငွေလိမ်တဲ့ပြစ်မှု ကျူးလွန်သူ တွေပါ” ဟု ဦးညီရမ်းက ရန်ကုန်ခေတ်သစ်၏ မေးမြန်းချက်ကို ပြန်လည် ဖြေဆိုသည်။", "တရုတ်-မြန်မာနယ်စပ်တွင် အခြေပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည် ခြင်း၊ လောင်းကစားများ ပြုလုပ်သူများကို နှိမ်နင်း ဖမ်းဆီးပေးရန် တရုတ်နိုင်ငံ က မြန်မာနိုင်ငံဘက်သို့ မကြာခဏဆိုသလို ဖိအားပေးတောင်း ဆိုလျက်ရှိ နေချိန်တွင် ယင်းကဲ့သို့ “၀” ပြည်နယ်ရဲတပ်ဖွဲ့က ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်။", "ဩဂုတ် ၂၆ ရက်ကလည်း ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ ၅ ဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်ရဲအဖွဲ့ထံသို့ မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ က လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း၊ ယခုအချိန်အထိ ဆက်သွယ်ရေးလိမ်လည်မှုဖြင့် သံသယရှိသူ စုစုပေါင်း ၂၄ ဦးကို ၄ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွား ခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့် အခြားသက်ဆိုင်ရာအဘက်ဘက်များနှင့်အတူတကွ လောင်းကစားလိမ်လည်မှုများအား ပူးပေါင်းနှိမ်နင်းရန် တရုတ်နိုင်ငံ၏ ခိုင်မာသောရပ်တည်ချက်ကို ပြသနေကြောင်း၊ သက်ဆိုင်ရာအဘက်ဘက် အားလုံး သည် ဒေသတွင်း လောင်းကစားလိမ်လည်မှုများကို နှိမ်နင်းရန် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု၊ ပိုမိုတက်ကြွသော သဘောနှင့် ပိုမိုကျွမ်းကျင်သော လုပ်ဆောင်ချက်များကို အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တရုတ်သံရုံးက ဩဂုတ်လ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2023/03/92135/
ဥက္ကံမြို့ သကြားစက် ဓာတ်အားပေး စက်ရုံ၌ မူးပြီး အိပ်ပျော်နေသည့် စစ်သားများထံမှ သေနတ် ၂ လက်ယူလာသည့် ပြည်သူ ၂ ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်
["ဥက္ကံမြို့ သကြားစက် ဓာတ်အားပေး စက်ရုံ၌ မူးပြီး အိပ်ပျော်နေသည့် စစ်သားများထံမှ သေနတ် ၂ လက်ယူလာသည့် ပြည်သူ ၂ ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်", "ရန်ကုန်၊ မတ် ၁၃", "ရန်ကုန်တိုင်း၊ ဥက္ကံမြို့ သကြားစက် ဓာတ်အားပေး စက်ရုံ၌ မူးပြီး အိပ်ပျော်နေသည့် စစ်သားများထံမှ သေနတ် ၂ လက်ယူဆောင်လာသည့် ပြည်သူ ၂ ဦးကို ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သာယာဝတီမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဥက္ကံမြို့၊ ကျွန်းတောကုန်းအုပ်စုရှိ သကြားစက်ရုံကို မီးပေးနေသည် လျှပ်စစ် ဓာတ်အားပေး စက်ရုံ၌ တပ်စွဲထားသော ဥက္ကံမြို့ အခြေစိုက် အမှတ် ၂၀၁၇ လေကြောင်းရန်ကာကွယ်ရေး တပ် (လကတ ၂၀၁၇) တပ်ရင်းမှ ကင်းစောင့်နေသည့် အရက်မူးပြီး အိပ်ပျော်နေသည့် စစ်သားများ ထံမှ ပြည်သူ ၂ ဦးက MA- 3 ချေမှုန်းရေး ရိုင်ဖယ် ၂ လက်ကို ယူဆောင်လာခဲ့​ကြောင်း သိရသည်။", "အဆိုပါ သေနတ် ၂ လက်နှင့်အတူ ၅.၅၆ ကျည် ၄၀၀ ခန့်ပါ ယူဆောင်လာခဲ့ပြီး သာယာဝတီမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ ငွေကျပ် သိန်း ၆၀ ချီးမြှင့်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့နှင့် ချိတ်ဆက်ပေးသူကို ငွေကျပ် ၅ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "“စစ်ကောင်စီကို ရွံရှာ မုန်းတီးနေတဲ့ ပြည်သူ နှစ်ဦးက ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းအချိန်ကင်းစောင့်နေတဲ့ စစ်သားတွေ မူးပြီး အိပ်ပျော်နေတုန်း စစ်ခွေးတွေထံက MA – 3 သေနတ် ၂ လက်နဲ့ ၅.၅၆ ကျည် ၄၀၀ လောက်ပါ ယူလာနိုင်ခဲ့တယ်။ ကျွန်တော်တို့ လက်ခံရရှိတာက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လောက်တည်းက ရရှိခဲ့တာ ပြည်သူ ၂ ဦးက အခုမှ ဘေးကင်းတဲ့ နေရာရောက်လို့ ထုတ်ပြန်တာပါ။ အဲတာကြောင့် ထုတ်ပြန်ချိန် နောက်ကျခဲ့တာပါ” ဟု သာယာဝတီမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/09/185604/
ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus၊ တရုတ်လက်နက်ကုမ္ပဏီ AVIC နှင့် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများ
["ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus၊ တရုတ်လက်နက်ကုမ္ပဏီ AVIC နှင့် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများ", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "ဥရောပအကြီးဆုံးလေယာဥ်ကုမ္ပဏီကြီး Airbus ၏ မဟာဗျူဟာ မိတ်ဖက်ဖြစ်သော တရုတ်လက်နက်ကုမ္ပဏီ Aviation Industry Corporation of China’s (AVIC) သည် မြန်မာစစ်အုပ်စုထံ လေယာဉ်နှင့် စစ်လက်နက်များ တစိုက်မတ်မတ် ရောင်းချနေကြောင်း Justice For Myanmar နှင့် Info Birmanie အဖွဲ့တို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။ ထိုသို့ရောင်းချမှုများတွင် စစ်တပ်က အဓိကသုံးစွဲနေသည့်Y-12 လေယာဥ်များအပါအဝင် စစ်လေယာဥ်များနှင့်ဒုံးကျည်အမျိုးမျိုးကို ပါဝင်နေကြောင်းကို အထောက်အထားများနှင့်တကွ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခုသတင်းဖော်ပြချက်သည် ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus အနေဖြင့် ၄င်း၏ အဓိကစီးပွားဖက်ဖြစ်သော တရုတ်လက်နက်ကုမ္ပဏီ AVIC မှတဆင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော စစ်ရာဇ၀တ်မှုများနှင့် ပါဝင်ပတ်သက် ဆက်စပ်နေကြောင်းကို ယမန်နေ့ကဖော်ပြခဲ့သောသတင်း၏ နောက်ဆက်တွဲအဖြစ် ဆက်လက်ဖော်ပြခြင်းဖြစ်သည်။", "K-8", "=======", "မြန်မာ့လေတပ်သည် တရုတ်ထံမှ Y-12 အပြင် အခြားလေယာဥ်နှင့် ဆက်စပ်လက်နက်ခဲယမ်းများစွာကို ဝယ်ယူခဲ့သည်။ အဆိုပါဝယ်ယူမှုများအတွင်း တရုတ် Jiangxi Hongdu Aviation Industry Group နှင့် Pakistan Aeronautical Complex တို့ ပူးပေါင်းထုတ်လုပ်သည့် ထိုင်ခုံနှစ်လုံးပါ K-8 လေ့ကျင့်ရေးနှင့် အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များလည်း ပါဝင်ပြီး၊ ၄င်းတို့ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတွင် တပ်တော်ဝင်စေခဲ့သည်။", "ဥရောပလေယာဥ်ကုမ္ပဏီကြီး Airbus က ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီ AviChina သည် k-8 လေယာဥ်ထုတ်လုပ်သူ Jiangxi Hongdu Aviation Industry Group ၏ အစုရှယ်ယာ ၄၃.၇၇ ရာခိုင်နှုန်း အထိကို ပိုင်ဆိုင်ထားပြီး၊ အဆိုပါ K-8 လေယာဉ်များကို CATIC ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် စစ်အုပ်စုက မြန်မာနိုင်ငံတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။", "၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် K-8 လေယာဉ်များကို ကရင်နီပြည်နယ်အတွင်း ၅၇ မမ လောင်ချာများဖြင့် ပစ်ခတ်နေသည့် ရုပ်သံမှတ်တမ်း ရရှိခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ အများအပြားသေဆုံးခဲ့ရသည်။", "ထို့အတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်း နမ့်နိန်ရွာရှိ အရပ်သားပြည်သူ အဆောက်အဦများကို တိုက်ခိုက်မှုတွင်လည်း K-8 လေယာဉ်များကို တွေ့ရှိခဲ့သည်။", "JF-17 Thunder", "==============", "မြန်မာစစ်အုပ်စုသည် JF-17 Thunder လေယာဉ်များကို ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံမှ မှာယူခဲ့သည်။ ယင်းမှာယူမှုသည် CATIC နှင့် သဘောတူညီချက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ CATIC သည် တရုတ်နိုင်ငံမှ မြန်မာစစ်တပ်သို့ လေယာဥ်၊ လက်နက်လွှဲပြောင်းမှုများတွင် အဓိကပါဝင်နေသည့် နောက်ထပ်တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၄င်းကို AVIC က ပံ့ပိုးထားသည်။", "အဆိုပါ ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် JF-17 ကို Pakistan Aeronautical Complex Kamra နှင့် တရုတ်နိုင်ငံမှ Chengdu Aircraft Corporation of China တို့က ပူးတွဲတည်ဆောက်ခြင်းဖြစ်ပြီး၊ Chengdu Aircraft Corporation of China သည်လည်း Airbus ၏ မဟာဗျူဟာမိတ်ဖက် တရုတ် AVIC ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်နေပြန်သည်။", "အကျင့်ပျက်ခြစားမှုများ၏အကျိုးဆက်အနေဖြင့် မြန်မာ့လေတပ်အသုံးပြုနေသည့် JF-17 လေယာဉ်အားလုံးသည် နည်းပညာဆိုင်ရာ ချို့ယွင်းချက်မှု၊ ပြုပြင်ထိန်းသိမ်းမွမ်းမံရေး ကျွမ်းကျင်သူရှားပါးမှုကြောင့် ပျံသန်းနိုင်ခြင်း မရှိတော့ကြောင်း", "၂၀၂၃ ခုနှစ် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေး အချက်အလက်ဆန်းစစ်မှုအရ သိရသည်။", "သို့သော် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ တရုတ်ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ JF-17 Thunder လေယာဉ်အပိုပစ္စည်း အမျိုးအစားများစွာကို ပေးပို့ခဲ့သည်ဟု သိရသည်။", "ထိုသို့ပေးပို့မှုက JF-17 လေယာဥ်ကိစ္စတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍကို ထပ်မံအတည်ပြုခြင်းဖြစ်သလို၊ အတည်မပြုနိုင်သည့် ရှေ့တန်းသတင်းများအရ ထိုသို့ပေးပို့ပြီးနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးအစဖြစ်သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့လေတပ်သည် ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ကို JF-17 လေယာဉ်များ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "Y-8", "========", "၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့လေတပ်သည် Shaanxi Y-8F-200 ဘက်စုံသုံးလေယာဉ်တစ်စင်း (လေယာဉ်အမှတ် ၅၈၂၁) ကို တပ်တော်ဝင်စေခဲ့သည်။ ကုန်စည်နှင့် စစ်သည်သယ်ယူပို့ဆောင်ရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားသည့် အဆိုပါလေယာဉ်သည် Airbus ၏ မဟာဗျူဟာ မိတ်ဖက် AVIC ၏ကုမ္ပဏီခွဲ Shaanxi Aircraft Corporation ကပင် တည်ဆောက်ရောင်းချခဲ့ခြင်း ဖြစ်သည်။", "ထူးခြားမှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကမှ တပ်တော်ဝင်စေခဲ့သည့် Shaanxi Y-8 လေယာဉ်သည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်သားများအား ပြန်လည်ခေါ်ယူရန်သွားရောက်ခဲ့စဥ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်မြို့ရှိ လန်ပူဝီလေဆိပ်၌ လေယာဉ်အဆင်း မတော်တဆမှုဖြစ်ကာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သည်။", "J-7", "======", "၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့လေတပ်သည် Jian-7 (J-7) တိုက်ခိုက်ရေးလေယာဉ်တစ်စင်း (လေယာဉ်အမှတ် ၁၆၆၅) ကိုလည်း တပ်တော်ဝင်ခဲ့သည်။ Airbus ၏ မဟာဗျူဟာ မိတ်ဖက် AVIC ၏ ကုမ္ပဏီခွဲ Chengdu Aircraft Corporation (JF-17 လေယာဉ်များကိုလည်း ပူးတွဲထုတ်လုပ်သည့်ကုမ္ပဏီ) ကပင် ထုတ်လုပ်ခဲ့ပြီး၊ အဆိုပါ J-7 လေယာဉ်သည် ဆိုဗီယက် MiG-21 လေယာဉ်ကို တရုတ်နိုင်ငံက လိုင်စင်ဖြင့် ထုတ်လုပ်သည့် ဗားရှင်းလည်းဖြစ်သည်။", "မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ ခုနှစ်၊ မေလထုတ်အစီရင်ခံစာအရ တရုတ်ကုမ္ပဏီများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခု နှစ်၊ ဒီဇင်ဘာလအတွင်း F-7IIK (Chengdu J-7) လေယာဉ်များအတွက် အပိုပစ္စည်းများစွာကို မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။ ယင်းအချက်သည် အဆိုပါလေယာဥ်များအား လေကြောင်းတိုက်ခိုက်မှုများတွင် ဆက်လက်အသုံးပြုနိုင်ရန် အားပေးကူညီပေးနေသည့် တရုတ်ကုမ္ပဏီများ၏ အခန်းကဏ္ဍကို ထင်ရှားစေပါသည်။", "Airbus က တရုတ် AVIC မှတဆင့် စစ်အုပ်စု၏ နိုင်ငံတကာ ရာဇဝတ်မှုများနှင့် ပတ်သက်နေ", "============", "လက်ရှိအချက်အလက်များအရ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရသည့် မြန်မာစစ်တပ်ကို တရုတ် AVIC နှင့် ယင်း၏ကုမ္ပဏီခွဲများက စစ်လေယာဉ်အမျိုးမျိုးနှင့် ဆက်စပ် စစ်လက်နက်များ ရောင်းချထောက်ပံ့ပေးနေသည်ကို AVIC ၏ မဟာဗျူဟာ မိတ်ဖက်ဖြစ်သော ဥရောပ၏ Airbus ကုမ္ပဏီကြီးက မသိကျိုးကျွံ မျက်ကွယ်ပြုနေသည် ဆိုသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။", "Airbus ၏ မိတ်ဖက် AVIC နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က AVIC နှင့် CATIC တို့သည် မြန်မာစစ်အုပ်စုထံ စစ်လက်နက်များစွာကို ရောင်းချထောက်ပံ့နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြသည့် ၂၀၁၉ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့သည်။", "၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံစာတမ်းတစ်ခုတွင် “၂၀၁၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ တရုတ်ထုတ်ပစ္စည်း ရောင်းချမှုများသည် တိုက်ခိုက်ရေးဂျက်လေယာဉ်များ၊ ဒုံးကျည်များနှင့် ဆက်စပ်လက်နက်ခဲယမ်းများ ဖြစ်ခဲ့သည်”", "“မြန်မာစစ်အုပ်စုနှင့် တရုတ်နိုင်ငံပိုင်စီးပွားရေး လုပ်ငန်း Aviation Industry Corporation of China (AVIC)၊ ပါကစ္စတန်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း Pakistan Aeronautical Complex (PAC) တို့အကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၆၀ တန်ဖိုးရှိ သဘောတူစာချုပ်အရ တရုတ်နိုင်ငံသည် မြန်မာစစ်အုပ်စုထံ JF-17M “Thunder” တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ရောင်းချထောက်ပံ့ခဲ့သည်” ဟု AVIC ကို တိုက်ရိုက်ကိုးကား ဖော်ပြခဲ့သည်။", "မြန်မာစစ်အုပ်စုထံ လွှဲပြောင်းရောင်းချခဲ့သည့် AVIC လေယာဉ်များကို Stockholm International Peace Research Institute ၏ စစ်လက်နက်ရောင်းချမှုဒေတာဘေစ့်တွင်လည်း ဖော်ပြထားသည်။ AVIC ကို Burma Campaign UK ၏ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ဆောင်သော “အမည်ပျက် ကုမ္ပဏီများစာရင်း” တွင် ဖော်ပြထားသည်။", "စင်စစ် Airbus အနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်ဘက်ပစ္စည်းများရောင်းချနေသည့် ၄င်း၏ မဟာဗျူဟာ မိတ်ဖက် AVIC နှင့် ကုမ္ပဏီခွဲများ၏ အခန်းကဏ္ဍကို မျက်ကွယ်ပြု၍ မရနိုင်ပေ။ သို့သော် Airbus အနေဖြင့် AVIC အပါအဝင် ထိုသို့လူသိရှင်ကြား ဖော်ပြခံထားရသည့်ကုမ္ပဏီများကို မိတ်ဖက်အဖြစ်၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီအဖြစ် ဆက်လက်ထားရှိရန် ရွေးချယ်ခဲ့ခြင်းသည် ၄င်း၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ နှင့် နိုင်ငံတကာလူ့ အခွင့်အရေးတာဝန် ဝတ္တရားများ ပျက်ကွက်မှုကို မြင်သာစေခဲ့သည်။", "ထို့အပြင် Airbus ၏ အဓိကရှယ်ယာရှင်များဖြစ်ကြသည့် စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရ တို့၏ အပြောနှင့်အလုပ် တစ်ခြားစီဖြစ်နေသော ကိုယ်ကျိုးစီးပွားရှေးရှု လုပ်ရပ်များကိုလည်း ထင်ထင်ရှားရှား မြင်တွေ့ရသည်။", "Airbus ၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည့် ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ထုတ်ပြန်ချက်တစ်ရပ်တွင် မြန်မာစစ်အုပ်စု၏ “ပြည်သူများအပေါ် လုပ်ဆောင်နေသည့် အကြမ်းဖက်ဖြိုခွင်းမှုနှင့် ဆိုးရွားသောရာဇဝတ်မှုများကို ရှုတ်ချခဲ့ပြီး၊ ပြင်သစ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ တရားဝင်မှုရှိသော သဘောဆန္ဒများကို ပံ့ပိုးကူညီရာတွင် မိမိတို့၏ ဥရောပနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ လုံ့လထုတ် ကြိုးပမ်းမှုများကို မနားမနေ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။", "၂၀၂၁ တရားမဝင်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စပိန်အစိုးရကလည်း “မြန်မာနိုင်ငံရှိ အရပ်သားပြည်သူမျာအပေါ် လုံခြုံရေးအဖွဲ့များ ကျူးလွန်သည့် အကြမ်းဖက်မှုများကို အပြင်းထန်ဆုံး” ရှုတ်ချခဲ့ပြီး၊ “မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ တပ်မတော်နေ့ အထိမ်းအမှတ်ကို ကျင်းပနေစဉ် ၎င်းတို့ကာကွယ်ရမည့် ပြည်သူလူထု၏ ရန်သူတော် ဖြစ်လာခဲ့သည်” ဟု ရေးသားဖော်ပြခဲ့သည်။ စပိန်အစိုးရသည် “ယင်းရာဇဝတ်မှုများအတွက် ကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်တွင် အရေးယူနိုင်ရေးအတွက် မိမိတို့ တက်စွမ်းသမျှ လုပ်ဆောင်သွားမည်” ဟုလည်း ရေးသားဖော်ပြခဲ့သည်။", "သို့သော် လက်တွေ့တွင် စပိန်၊ ဂျာမဏီနှင့် ပြင်သစ်အစိုးရများအနေဖြင့် AviChina တွင် Airbus ၏ ဆက်လက်ရင်းနှီးမြှုပ်နှံမှု၊ AVIC နှင့် ကုမ္ပဏီခွဲများတွင် ပါဝင်ပတ်သက်မှုများကို ခွင့်ပြုပေးထားပြီး၊ ၄င်းမှတဆင့် အကျိုးအမြတ်ရရှိနေမှုများက စိတ်ပျက်ဖယ်ရာဖြစ်သည်ဟု Info Birmanie နှင့် Justice For Myanmar တို့က ဆိုသည်။", "Airbus နှင့် ဆန့်ကျင်ဖက်အနေဖြင့် နော်ဝေအစိုးရပင်စင်ရံပုံငွေအဖွဲ့၏ ကျင့်ဝတ်ကောင်စီ (ကောင်စီ) သည် “မြန်မာနိုင်ငံရှိ စစ်တပ်ထံ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်များရောင်းချမှုကြောင့်” AviChina ကို ၄င်းတို့ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီစာရင်းမှ အလုံးစုံဖယ်ရှားရန် အကြံပြုခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နော်ဝေအစိုးရပင်စင်ရံပုံငွေအဖွဲ့သည် AviChina တွင်ရှိသော ၄င်း၏ရင်းနှီးမြှပ်နှံမှုများအားလုံးကို ဖယ်ရှားခဲ့သည်။", "ထိုသို့ဖယ်ရှားမှုတွင် “စစ်မက်ပြုခြင်းဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများအား ဆိုးရွားကျယ်ပြန့်စွာ ချိုးဖောက်သည့် နည်းလမ်းများဖြင့် လက်နက်များကို အသုံးပြုမည့် တိုင်းပြည်တစ်ခုသို့ ကုမ္ပဏီများအနေဖြင့် စစ်လက်နက်ရောင်းချခြင်းသည် လက်ခံနိုင်ဖွယ်မရှိသည့် အန္တရာယ်ဖြစ်သည့်အတွက်” ဟု ရှင်းလင်းစွာဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများနှင့်ဆက်စပ်၍ AviChina ကို အခြားရင်းနှီးမြှုပ်နှံသူများကလည်း ထုတ်ပယ်ထားသည်။", "သို့သော် Airbus သည် AviChina တွင် အကြီးဆုံးနိုင်ငံခြားရှယ်ယာရှင်အဖြစ် ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံရှိ စစ်ရာဇ၀တ်မှုများတွင် ၎င်း၏ ပါ၀င်ပတ်သက်မှုမှတဆင့် အမြတ်အစွန်းများရရှိနေဆဲ ဖြစ်သည်။", "Airbus အနေဖြင့် မြန်မာစစ်အုပ်စုနှင့် AVIC ၏ စီးပွားရေးပတ်သက်မှုများကို ချက်ချင်းရပ်တန့်ရန် သို့မဟုတ်ပါက Airbus သည် AVIC မှ အလုံးစုံနုတ်ထွက်စေရန် ၎င်း၏ သြဇာအာဏာကို အသုံးပြုခြင်းဖြင့် နိုင်ငံတကာလူ့ အခွင့်အရေးတာဝန် ဝတ္တရားများနှင့်အညီ ဆောင်ရွက်သင့်သည် ဟု JFM အဖွဲ့က ထောက်ပြပြောဆိုထားသည်။", "ထို့အပြင် ဥရောပကုမ္ပဏီကြီးဖြစ်သည့် Airbus အနေဖြင့် ၄င်း၏မဟာဗျူဟာမိတ်ဖက် AVIC နှင့် ၎င်း၏ ကုမ္ပဏီခွဲများက မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းပေးပို့နေမှု၊ ပြုပြင်ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာပံ့ပိုးမှု များအားလုံးကို ရပ်တန့်စေရေး ဖိအားပေးလုပ်ဆောင်ရန် JFM ကတောင်းဆိုထားသည်။", "အကယ်၍ AVIC က မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို အဆုံးသတ်ရန် ငြင်းဆိုပါက Airbus အနေဖြင့် AviChina မှ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်း၍ ဆက်ဆံရေးကို အဆုံးသတ်ရန်အတွက်လည်း ထပ်ဆင့်တောင်းဆိုထားသည်။"]
https://yktnews.com/2025/03/206879/
ဥသျှစ်ပင်မြို့တွင် ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ကိုက ပြည်သူများကို လုပ်အားပေး ထမင်းချက်ခိုင်းကာ ရှေ့တန်းစစ်မြေပြင်သို့ ထမင်းထုပ်များပို့ ဆောင်နေ
["ဥသျှစ်ပင်မြို့တွင် ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ကိုက ပြည်သူများကို လုပ်အားပေး ထမင်းချက်ခိုင်းကာ ရှေ့တန်းစစ်မြေပြင်သို့ ထမင်းထုပ်များပို့ ဆောင်နေ", "ရန်ကုန်၊ မတ် ၉", "ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့ ပဲခူးရိုးမပေါ် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများ ငတ်ပြတ်နေ၍ ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ကိုက ပြည်သူများကို ထမင်းဟင်းများ အတင်းအဓမ္မ ချက်ပြုတ်ခိုင်းပြီး စစ်တပ်ထံ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့ ပဲခူးရိုးမပေါ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဘူးသီးဖတ်နှင့် ငနီတူသုံးကောင်သာ စားသောက်နေရသည်ဆိုကာ ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်ကိုက ရပ်ကွက်အတွင်းရှိ ပြည်သူများကို ထမင်းဟင်းများ အတင်းအဓမ္မ ချက်ပြုတ်ခိုင်းပြီး အကြမ်းဖက် စစ်တပ်ထံ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ပြည်တော်သာ ရပ်ကွက်အတွင်းရှိ ပြည်သူများသည် အုပ်ချုပ်ရေးမှူး အောင်ကို၏ အတင်း အဓမ္မ စေခိုင်းခြင်းကြောင့် ထမင်းဟင်းများ အလှည့်ကျချက်ပြုတ်နေရကြောင်း၊ ထို့ချက်ပြုတ်ထားသော ထမင်းဟင်းများကို အောင်ကိုက အုပ်ချုပ်ရေးမှူးရုံးကို လာရောက် ပို့ဆောင်ခိုင်းကြောင်း သိရှိရသည်။", "“ရိုးမပေါ်တိုက်ပွဲတွေမှာ စစ်ခွေးတွေ ငတ်ပြတ်နေလို့ ပြည်တော်သာ အုပ်ချုပ်ရေးမှူး ဦးအောင်ကို က စစ်ခွေးတွေ ဘူးသီးဖတ်နဲ့ ငနီတူ ၃ ကောင်ပဲ စာရလို့ သနားလို့ စိတ်မကောင်းဖြစ်လို့ ဆိုပြီး ရပ်ကွက်နေ ပြည်သူတွေကို စာရင်းဇယားနဲ့ လမ်းအလိုက် အလှည့်ကြ ချက်ပြုတ်ခိုင်းနေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ရိုးမပေါ်တွင် ဖြစ်ပွားနေသော AA နှင့် အကြမ်းဖက် စစ်တပ်၏ တိုက်ပွဲများသည် အလွန်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားနေကြောင်း၊ တိုက်ပွဲအတွင်း ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများသည်လည်း စိတ်ဓာတ်များကျဆင်းနေပြီး ထွက်ပြေးသူများနှင့် အမိန့်နာခြင်းမရှိဘဲ နောက်တန်းပြန်လာသူများ များပြားနေကြောင်း သိရသည်။", "ထိုသို့ စစ်တပ်ဘက်မှ အထိနာနေသောကြောင့် ဥသျှစ်ပင်မြို့မှ အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူးများနှင့် ပြည်သူများက စစ်တပ်ကို ထောက်ခံအားပေးသည့် ပုံစံဖြစ်စေရန် ရပ်ကွက်အလိုက် ထမင်းထုတ်များ စီစဉ်ခြင်း၊ အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များနှင့် လောင်းကစားသမားများကလည်း အကြမ်းဖက် စစ်သားများကို လှူဒါန်းရန်ဟုဆိုတာ ရေသန့်ဗူး၊ အချိုရည်ဗူး၊ ငါးနီတူခြောက်၊ ငပိထောင်းဗူး၊ ကွမ်းရွက်၊ ခေါက်ဆွဲခြောက်များ အလှူခံနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုနှင့် အကြမ်းဖက် စစ်သားများထံ သွားရောက်လှူဒါန်းများ ပစ္စည်းများ။"]
https://yktnews.com/2023/07/114462/
ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် တော်လှန်ရေး ခရီးအဆုံး ချီတက်မည်ဟု ယာယီသမ္မတ ပြောဆို
["ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် တော်လှန်ရေး ခရီးအဆုံး ချီတက်မည်ဟု ယာယီသမ္မတ ပြောဆို", "ရန်ကုန်၊ ဇူလိုင် ၂၃", "ဦးဂျင်မီ ၊ ကိုဖြိုးဇေယျာသော် ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါ အဝင် ကျဆုံးခဲ့ရသည့် အာဇာနည်များ၏ ပေးဆပ်မှု အချည်းအနှီး မဖြစ်စေရန် စစ်အာဏာရှင် တော်လှန်ရေး ခရီးအဆုံးအထိ ချီတက်မည်ဖြစ်ကြောင်း နိုင်ငံ တော် ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၂၃ ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာ်သော်(ခ)မောင်ကျော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုး အောင်တို့ကို ကြိုးပေးကွပ်မျက်ခဲ့သည့် နှစ်ပတ်လည်နေ့အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီ သမ္မတ ဒူဝါလရှီးလ က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်အုပ်စု၏ နည်းလမ်းပေါင်းစုံဖြင့် ညှင်းပန်းနှိပ်စက်နေသည့်ကြားမှ တော်လှန်ရေးအတွက် အားတင်းရုန်းကန်နေကြသော နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများနှင့် စွန့်လွှတ်အသက်ပေးလှူ ကျ ဆုံးခဲ့ရသော သူရဲကောင်းအပေါင်းတို့၏ ပေးဆပ်မှုများမှာ အချည်းနှီးဖြစ်၍မရပဲ တော်လှန်ရေးတပ်သား အားလုံးနှင့် ပြည်သူလူထုကြီးတစ်ရပ်လုံးက လေးလေးနက်နက်တန်ဖိုးထားကာ နှလုံးသွင်းပြီး အာဇာ နည်၊ သူရဲကောင်း အ‌ပေါင်းတို့ မျှော်မှန်းလျှောက်လှမ်းခဲ့ကြသည့် တော်လှန်ရေး ပန်းတိုင်ကို ရောက်ရှိ ပိုင်ဆိုင်ရသည် အထိ ဆက်လက် ချီတက်ကြရန် နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းထား သည်။", "“ဒီလို အကြမ်းဖက် စစ်အုပ်စုက နည်းပေါင်းစုံနဲ့ နှိပ်စက် ညှင်းပမ်းနေတဲ့ကြားက တော်လှန်ရေး အတွက် အားတင်း ရုန်းကန်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းတွေရဲ့ စွန့်လွှတ်မှုတွေနဲ့ ဦးဂျင်မီ (ခ) ဦးကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) ကိုမောင်ကျော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ အပါအဝင် ကျဆုံးခဲ့ကြရတဲ့ အာဇာနည် သူရဲကောင်း အပေါင်းတို့ရဲ့ ပေးဆပ်မှု တွေဟာ အချည်းအနှီး ဖြစ်လို့မရကြောင်း အလေးအနက် ပြောကြားလိုပါတယ်။ ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေ၊ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော် အပါအဝင် တော်လှန်ရေး တပ်သား အားလုံးနဲ့ ပြည်သူလူထု တစ်ရပ်လုံးက လေးလေးနက်နက် တန်ဖိုးထား နှလုံးသွင်းကြဖို့ လိုပါတယ်။ ဒါ့အပြင် အာဇာနည်၊ သူရဲကောင်း အ‌ပေါင်းက မျှော်မှန်းလျှောက်လှမ်းခဲ့ကြတဲ့ တော်လှန်ရေး ပန်းတိုင်ကို ရောက်ရှိပိုင်ဆိုင်ရတဲ့အထိ ဆက်လက် ချီတက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင် စနစ်အပါအဝင် အာဏာ ရှင်စနစ်ပေါင်းစုံကို ဖယ်ရှားပြီး အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အာမခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး ရောက်ရှိ‌အောင် တော်လှန်ရေး အင်အားစု အားလုံးနဲ့ တော်လှန်ရေး တပ်သား အားလုံးက ညီညီညွတ်ညွတ် ချီတက်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ ပြည်သူလူထု အနေနဲ့ကလည်း တော်လှန်ရေးရဲ့ နိုင်ရာ ကဏ္ဍအသီးသီးမှာ ဆက်လက် ပါဝင်ပူးပေါင်း အား‌ဖြည့် ပေးကြပါလို့ အနူးအညွတ် မေတ္တ ာရပ်ခံအပ်ပါတယ်”ဟု ယာယီသမ္မတက ပြောဆိုသည်။", "၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်အုပ်စုက နိုင်ငံတော် အာဏာ အရပ်ရပ်ကို လက်နက်အားကိုးဖြင့် အဆင်အခြင်မဲ့ လုယူခဲ့ပြီးနောက် အဓမ္မ ဖမ်းဆီး အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသား သူရဲကောင်း ဦးရေကလည်း (၂) သောင်းကျော်နေပြီ ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူလူထု အပေါ် အကြမ်းဖက်နည်းပေါင်းစုံဖြင့် ရက်ရက်စက်စက် နှိပ်စက် တိုက်ခိုက်ခဲ့သဖြင့် ကျဆုံးခဲ့ရသော အပြစ်မဲ့ အရပ်သား ပြည်သူ မြောက်များစွာ ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။", "၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ် ၊ ၄၄ လမ်း၌ အကြမ်းဖက် စစ်အုပ်စု၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် တိုက်ပေါ်မှ ခုန်ချပြီး အဆုံးစီရင်အသက်ပေးသွားခဲ့သည့် မဝေဝေမြင့် အပါအ ဝင် သူရဲကောင်း လူငယ် ၅ ဦး ကိုလည်း အောက်မေ့သတိရကြောင်း၊ ထို့အတူ တော်လှန်ရေးကြီး၏ နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျရာတာဝန်များကို ထမ်းရွက် သယ်ပိုးရင်း အသက်ပေးလှူခဲ့ကြသည့် အညတရ အာဇာနည် ရဲဘော်များလည်း များစွာ ရှိခဲ့ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလ ထည့် သွင်း ပြောကြားထားသည်။", "“တော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက် စစ်အုပ်စုဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်း သားတွေကို ရက်ရက်စက်စက် နှိပ်စက်ညှင်းပမ်းနေတာတွေကို ကြားသိနေခဲ့ကြရ ပါတယ်။ အခု လပိုင်းတွေ အတွင်းမှာဆိုရင် အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို ပိုမို ဆိုးဝါးစွာ နှိပ် စက်နေ သလို ကြက်ကလေး ငှက်ကလေးပမာ သဘောထားပြီး သတ်ချင်သလို သတ်ဖြတ်နေတာတွေနဲ့ အကျဉ်းထောင်အတွင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို အကြောင်းပြချက်မရှိ ပြန် လည်ဖမ်းဆီးတာတွေ၊ သတ်ဖြတ်နေတာတွေကို ဆက်တိုက် ကျူးလွန် နေလျက်ရှိပါတယ်။ ဒါဟာ နိုင်ငံ ရေး၊ စစ်ရေး၊ နိုင်ငံတကာရေး အဘက်ဘက်က အကြပ်အတည်း ဆိုက်လာတဲ့အတွက် အကြမ်းဖက်စစ် အုပ်စုဟာ အကျဉ်းထောင်အတွင်းက ပြည်သူ့သူရဲကောင်း နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံသဖွယ် အငြိုးထား ရက်စက်လာတဲ့ သဘောဖြစ်ပါတယ်။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။", "အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်တော်လှန်ရေး သစ္စာအဓိဌာန်အတိုင်း ဆက်လက်အရှိန်အဟုန် မြှင့်တင်ကာချီတက်သွားမည်ဟု နွေဦးတော်လှန်ရေးကာလကြီးအပါအဝင် တော်လှန်ရေးအဆက်ဆက် က ကျဆုံးခဲ့သည့် အာဇာ နည်၊ သူရဲကောင်းအပေါင်းကို ဦးညွှတ်အလေးပြုကာ နိုင်ငံတော်သမ္မတကြီး ဒူဝါလရှီးလက ကတိသစ္စာပြုထားသည်။"]
https://yktnews.com/2023/07/111117/
ဦးမင်းကိုနိုင်၏ ပြည်တော်ဝင် ပန်းချီကား ကျပ်သိန်း၄၀၀ နီးပါးဖြင့် လေလံ အောင် ပြီး မန္တလေး PDF ရန်ပုံငွေထဲသို့ လှူဒါန်း၊ မန္တလေးကို ပြန်လည် ရယူ မည့် ပြည်တော်ဝင် ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁ သိန်း ၇ သောင်း ကျော်ရရှိထား
["ဦးမင်းကိုနိုင်၏ ပြည်တော်ဝင် ပန်းချီကား ကျပ်သိန်း၄၀၀ နီးပါးဖြင့် လေလံ အောင် ပြီး မန္တလေး PDF ရန်ပုံငွေထဲသို့ လှူဒါန်း၊ မန္တလေးကို ပြန်လည် ရယူ မည့် ပြည်တော်ဝင် ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁ သိန်း ၇ သောင်း ကျော်ရရှိထား", "ရန်ကုန်၊ ဇူလိုင် ၄", "မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDYPDF အတွက် Fundraising Campaign တခုအဖြစ် Spring Myanmar Society နှင့် Lucky2PDF တို့ ပူးပေါင်းစီစဉ်သည့် “ပြည်တော်ဝင်” Project ထံသို့ ၈၈ကျောင်းသားမျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်က “ပြည်တော်ဝင်” ပန်းချီကားလှူဒါန်းခဲ့ပြီး အဆိုပါ ပန်းချီကားမှာ ကျပ်ငွေ သိန်း ၄၀၀ နီးပါးဖြင့် လေလံ အောင်မြင်သွားကြောင်း သိရှိရသည်။", "ဇူလိုင်လ ၃ ရက်နေ့ တွင် အမေရိကန်ဒေါ်လာ ၁၂၃၄၅ ( မြန်မာငွေ ကျပ်သိန်း ၄၀၀ နီးပါးဖြင့်) ဦးမင်းကိုနိုင်၏ ပြည်တော်ဝင်ပန်းချီကားကို ဝယ်ယူသွားခြင်း ဖြစ် ကြောင်း သိရှိရသည်။", "မန္တလေးနန်းတွင်းနှင့် ကျုံးကို မန္တလေးသားများက ပြန်လည်ရယူမည့် ပြည် တော် ဝင် Project တွင် မန္တလေးသူ၊ မန္တလေးသား အများအပြား ပါဝင် ထောက် ပို့ခဲ့ကြပြီး သိန်းရာချီလှူဒါန်းခဲ့ကြသဖြင့် Campaign နောက်ဆုံးရက် မတိုင်မီ အမေစု မွေးနေ့တွင် ရည်ရွယ်ချက် ပမာဏ ဖြစ်သည့်ကျပ်သိန်း ၄၀၀၀ ရရှိခဲ့ကြောင်း၊ Campaign ကာလ ကျော်လွန်သည့်တိုင်အောင် လာရောက် ပါဝင် ထောက်ပို့သူ များ ရှိနေသေးကြောင်း၊ လက်ရှိတွင် “ပြည်တော်ဝင်” ပန်းချီ ကား လေလံအပါအဝင် ပြည်တော်ဝင် Project မှ ရရှိငွေ အမေရိကန်ဒေါ်လာ ၁၇၁,၇၉၁ ရရှိထားကြောင်း၊ MDYPDF အနေဖြင့် ရရှိလာသည့် ထောက်ပို့ငွေ များဖြင့် အကောင်းဆုံး စစ်ဆင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/155627/
မလေးရှားဆက်သွယ်ရေးကုမ္ပဏီ Axiata က လုပ်ငန်းခွဲ EDOTCO Myanmar ကို ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ကြေညာ။ ဦးသိမ်းဝေပိုင် ရိုးမအုပ်စုက ဝယ်ယူခဲ့ဟု သတင်းများ ထွက်ပေါ်နေ
["ဧပြီ ၈၊ ၂၀၂၄", "မလေးရှား စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Axiata သည် ၎င်းတို့ ရှယ်ယာအများစု ပိုင်ဆိုင်ထားသော တာဝါတိုင်လုပ်ငန်းခွဲတစ်ခုဖြစ်သည့် EDOTCO Myanmar ကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖြင့် ရောင်းချရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။", "EDOTCO သည် မြန်မာနိုင်ငံတွင် တာဝါတိုင်ပေါင်း ၃,၀၀၀ ကျော်အား အကောင်အထည်ဖော် ပိုင်ဆိုင် လုပ်ကိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စစ်တပ်ပိုင် MEC ၏ ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော Mytel အပါအဝင် မိုဘိုင်းအော်ပရေတာများသို့ ၎င်းတာဝါတိုင်များအား ငှားရမ်းထားခြင်းဖြစ်သည်။", "လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့ဖြစ်သော Justice for Myanmar (JFM) အဖွဲ့က တာဝါတိုင်လုပ်ငန်းများသည် ၎င်းတိုနှင့် ချိတ်ဆက်ထားသော တယ်လီဖုန်းများ၏ တည်နေရာ အချက်အလက်ဒေတာများကို ခြေရာခံစုဆောင်းနိုင်မှုမှတစ်ဆင့် လူ့အခွင့်အရေးဆိုင်ရာ ခြိမ်းခြောက်မှု အန္တရာယ်များကို ဖြစ်ပေါ်စေသည် ဟု ဝေဖန်ထားသည်။", "၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုအား ဆန့်ကျင်တော်လှန်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများသာမက ၂၀၁၇ ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့စဥ်ကလည်း စစ်အုပ်စုအနေဖြင့် တာဝါတိုင်များကို စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦအဖြစ် အသုံးပြုခဲ့နိုင်သည်ဟု JFM က ထောက်ပြဝေဖန်ခဲ့သည်။", "EDOTCO က စစ်တပ်ဆက်သွယ်ရေး ကုမ္ပဏီ Mytel အတွက် ဝန်ဆောင်မှုများ ပေးနေခြင်းသည်လည်း အကြမ်းဖက်စစ်အုပ်စုများ၏ စစ်ဆင်ရေးများအား ကူညီပံ့ပိုးပေးရာ ရောက်သောကြောင့် Axiata အနေဖြင့် ၎င်းတို့ကြောင့် ထိခိုက်နစ်နာမှုများအား လျော့ပါးသက်သာစေရန်နှင့် ပြန်လည်ကုစားပေးရေး အစီအစဥ်များ ချမှတ်လုပ်ဆောင်ကာ တာဝန်ယူမှုအပြည့်ဖြင့် ပြန်လည်ထွက်ခွာသင့်ကြောင်း JFM ကဆိုသည်။", "အဆိုပါရောင်းချမှုနှင့် ပတ်သက်၍ “လက်ရှိအချိန်မှာတော့ ရောင်းချခြင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပါဘူး” ဟု Edotco ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သော်လည်း၊ Axiata အနေနှင့် ၄င်းပိုင် အစုရှယ်ယာ ၈၇.၅ ရာခိုင်နှုန်းကို ဒေါ်လာသန်း ၁၅၀ နှင့် ဦးသိမ်းဝေပိုင် Yoma Strategic Holdings (ရိုးမအုပ်စု) ထံ ရောင်းချခဲ့သည်ဟု မလေးရှားသတင်းများတွင် ဖော်ပြနေကြသည်။", "Axiata ၏လုပ်ငန်းခွဲ Edotco သည်၂၀၁၄ ခုနှစ်အတွင်းက Digicel Myanmar Tower (MTC) တွင် ရှယ်ယာ ၇၅ ရာခိုင်နှုန်း ဝယ်ယူခဲ့ကာ မြန်မာဈေးကွက်ထဲသို့ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှယ်ယာ ၂၅ ရာခိုင်နှုန်းမှာ MTC တွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည့် ရိုးမအုပ်စုက ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။", "ရိုးမအုပ်စုအနေဖြင့် ၄င်းတို့ပိုင်ဆိုင်ထားသည့် ရှယ်ယာများထဲမှ ၁၂.၅ ရာခိုင်နှုန်းကို ဒေါ်လာ ၂၅ သန်းနဲ့ Edotco ထံ ၂၀၁၆ ခုနှစ်အတွင်းက ရောင်းချခဲ့ပြီး ကျန်ရှိတဲ့ ၁၂.၅ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်မှာ ဂျပန် Sojitz Corporation ထံ ဒေါ်လာ ၅၇.၅ သန်းနဲ့ ရောင်းချခဲ့သည်ဟုလည်း သိရသည်။", "မြန်မာနိုင်ငံမှ ထွက်ခွာတော့မည့် Axiata က “မြန်မာနိုင်ငံမှ မက်ခရိုစီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းလည်ပတ်မှုများတွင် ခက်ခဲ ယိုယွင်းလာခြင်းကြောင့် မြန်မာနိုင်ငံမှထွက်ခွာရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်” ဟု ၄င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "မြန်မာနိုင်ငံသည် တချိန်က ကမ္ဘာတွင် ဆွဲဆောင်မှုအရှိဆုံး ကျေးလက်ဆက်သွယ်ရေး ဈေးကွက်တခုဖြစ်ခဲ့သော်ငြား၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတွင်းအခြေအနေများ ဆိုးရွားလာသည်နှင့်အမျှ Ooredoo၊ Telenor စသည့်ဆက်သွယ်ရေး ကုမ္ပဏီကြီးများအပါအဝင် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုကုမ္ပဏီများ မြန်မာစျေးကွက်မှ အလျိုလျို ပြန်လည်ထွက်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#မလေးရှားဆက်သွယ်ရေးကုမ္ပဏီ Axiata#EDOTCO Myanmar#မြန်မာနိုင်ငံမှထွက်ခွာ#ဦးသိမ်းဝေပိုင် ရိုးမအုပ်စု"]
https://yktnews.com/2023/05/100470/
ဧပြီလတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊ အငြိမ်းစား စစ်အရာရှိ အပါအဝင် ၂၀ ဦးသေဆုံး
["ဧပြီလတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊ အငြိမ်းစား စစ်အရာရှိ အပါအဝင် ၂၀ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂", "စစ်အာဏာရှင် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများ၊ နိုင်ငံတစ်ဝန်း တိုက်ပွဲများနှင့် ပစ်ခတ်ခံရမှုများကြောင့် ဧပြီလအတွင်း ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊အငြိမ်းစား စစ်အရာရှိများအပါအဝင် ၂၀ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ပုလဲတွင် ဗိုလ်မှူး မင်းမြတ်သူ သေဆုံး", "=============================", "ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းပုလဲမြို့နယ်၊ နှောကန်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူ ၂ ဦးတွင် တစ်ဦးမှာ ဗိုလ်မှူး မင်းမြတ်သူ ဖြစ်ကြောင်း သိရှိရသည်။", "မင်းတိုင်ပင်ကျေးရွာတွင် ဗိုလ်မှူး ၁ ဦး သေဆုံး", "=====================================", "ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ နောက်ဘက်သို့ ရှေ့ပြေးကင်း အဖြစ် ထွက်လာသော အ ကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကိုက် ၁၀၀ အတွင်း အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး တစ်ယောက် အပါအဝင် အကြမ်း ဖက်စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရေတာရှည်တွင် ဗိုလ်မှူး ၁ ဦး သေဆုံး", "==============================", "ဧပြီလ ၄ ရက် နေ့လည် ၁၁ နာရီ၀န်းကျင် အချိန်ခန့်က တော်လှန်ရေးအင်အားစုများ နေရာယူထားသော ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မိချောင်းအိုင် ကျေးရွာအုပ်စု၊ ကျောက်ပုံ ကျေးရွာ မြောက်ဘက် တရုတ်ကုန်း သို့ မိချောင်းအိုင် ကျေးရွာအုပ်စု ရွှေသောင် ရွာဟောင်းမှ တဆင့် စစ်တောင်းမြစ် ကမ်းပါးအတိုင်း အင်အား ၁၀၀ ၀န်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၇ နာရီ ကျော် ကြာမြင့်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် (၂၀)ကျော် သေဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော် လှန်ရေးအင်အားစုများ ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ရွှေကူတွင် ဗိုလ်မှူး/ဗိုလ်ကြီး တစ်ဦးသေဆုံး", "===============================", "ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဧပြီလ ၅ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကြောင်းမှူး ဗိုလ်မှူး/ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၃၀ အထက် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရွှေက္ကိုလ်တိုက်ပွဲတွင် စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူး ဒီးဒီ သေဆုံး", "=======================================================", "ဧပြီလ ၅ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသ စခန်းသိမ်းတိုက်ပွဲတွင် BGF တပ်ရင်း(၁၀၁၇) တပ်ရင်းမှူး ဗိုလ်မှူး ဒီးဒီ သေဆုံးခဲ့ပြီး စစ်တပ်ဘက်မှ ၈၅ယောက် သေဆုံးပြီး (၆၀)ခန့် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "မတ္တရာတွင် ဗိုလ်မှူး အောင်မြင့် သေဆုံး", "==============================", "ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့ အထိ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဗိုလ်မှူး အောင်မြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "လှိုင်သာယာဗုံးကွဲတွင် ဗိုလ်မှူးကြီး ဇင်မောင်လွင် မိုင်းထိသေဆုံး", "====================================================", "ဧပြီလ ၁၃ ရက် ည (၈း၁၀)ခန့်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၂)ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက-၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ ကြောင်း၊ ယင်း ပေါက်ကွဲမှုကို စစ်တပ်က သွားရောက် စစ်ဆေးခဲ့ရာ ည ၈ နာရီ ၂၀ အချိန် ပထမ ပေါက်ကွဲသည့် နေရာနှင့် ၁၅ ပေခန့် အကွာ၌ ထပ်မံ ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဗိုလ်မှူးကြီး ဇင်မောင်လွင်၏ ဦးခေါင်းထဲ မိုင်းစမှန်ပြီး သေဆုံးခဲ့သည်။", "သန်လျင်တွင် ဒုဗိုလ်မှူးကြီး အောင်ညီထွန်း (ငြိမ်း) (၄၈-နှစ်) သေဆုံး", "=============================================", "ဧပြီ ၁၈ရက် နံနက် ၁၁နာရီခွဲခန့်က ရန်ကုန်တိုင်း သန်လျင်မြို့ ထန်းပင်ကုန်း ရပ်ကွက်ရှိ အမှတ်(၃)ကျောင်း အနီးတွင် ပစ်ခတ်မှုဖြစ်ပွားရာ ခမရ ၄၅၆ ကွတ်ခိုင် တပ်ရင်းမှူး ဖြစ်ခဲ့သော အငြိမ်းစား ဒုတိယ အောင်ညီထွန်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။", "ဘီးလင်းတွင် ဗိုလ်မှူး/ဗိုလ်ကြီး အေးမင်းဦး သေဆုံး", "ဧပြီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ် ၊ ဘီးလင်းမြို့အနီးရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဖြတ်သန်းလာသည့်ကားများကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဗိုလ်မှူး/ဗိုလ်ကြီး အေးမင်းဦး ဖမ်းဆီးရမိကြောင်း၊ ယင်းနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားစဉ် ယင်းနေ့ ညပိုင်းတွင် အိမ်သာတက်ရန် အကြောင်းပြကာ ထွက်ပြေးရာမှ ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည် ပစ်ခတ် ဖမ်းဆီးရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "ရန်ကုန်တွင် ဒု ဗိုလ်မှူးကြီး (ငြိမ်း) စိုင်းကျော်သူ သေဆုံး", "===========================================", "ဧပြီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဒု ညွှန်ချုပ်လည်းဖြစ်၊ ဒုဗိုလ်မှူးကြီး အ‌ငြိမ်းစား လည်းဖြစ်သူ စိုင်းကျော်သူ ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "ကျောက်ကြီးတွင် ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ၁ ဦးသေဆုံး", "==============================================", "ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် KNU တပ်မဟာ ၃ နယ်မြေတွင် ဧပြီလ ၂၂ ရက်နေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်၏ နောင်ကုန်း စခန်း၊ ရန်မျိုးအောင် စခန်း ၊ ညောင်ကုန်း စခန်း နှင့် ကျွန်းကုန်း စခန်း စသည့် စခန်း (၄)ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာ စခန်း (၂)ခုကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့ပြီး ဒု တပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ (၁၆)ဦး သေဆုံးကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။", "နောင်ချိုတွင် ဒု ဗိုလ်မှူးကြီး မြတ်မင်းထွန်း ‌သေဆုံး", "=====================================", "ဧပြီလ ၂၂ ရက်နေ့ စစ်ကောင်စီတပ် ခလရ ၁၄၇ စခန်းကုန်းကို PDF တပ်များ က သိမ်းပိုက်ခဲ့ကြောင်း၊ ထို့နောက် PDF တပ်များက စခန်း သိမ်းထားစဉ် အိမ်စီးကား (၂)စီး ရောက်ရှိလာရာ ကားပေါ်တွင် စစ်ယူနီဖောင်းဝတ် တစ်ဦး ပါလာသဖြင့် တားမြစ် စစ်ဆေးခဲ့ကြောင်း၊ ကားရပ် မပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ချိန် ကားပေါ်မှ ခလရ ၁၄၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြတ်မင်းထွန်းကို သက်သေခံ ပစ္စည်းများ နှင့်တကွ အသေ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။", "ဖားကန့်တွင် ဗိုလ်မှူး ဇော်​မောင် (ခေါ်) ဇော်မိုင်း ပစ်ခတ်ခံရပြီး သေဆုံး", "====================================================", "ကချင်ပြည်နယ်။. ဖားကန်မြို့ မရှိကတောင် ရပ်ကွက်ရှိ Happy KTV တွင် ဧပြီလ (၂၃)ရက် နံနက် (၄)နာရီခန့်က အရပ်ဝတ်ဖြင့် သီချင်း ဆိုနေသည့် ဗိုလ်မှုး တစ်ဦး အပါအဝင် စစ်ကောင်စီ အရာရှိ သုံးဦးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း၊ Happy KTV အတွင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီ ဗိုလ်မှုး ဇော်မောင် ၊ ကျော်စိုး နှင့် ဘတုတ် ဆိုသူ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရေး-ထားဝယ်လမ်းတွင် ဒု ဗိုလ်မှူးကြီး ကျော်သူဆွေ သေဆုံး", "===============================================", "ဧပြီလ ၂၃ ရက် နံနက် ၆ နာရီခန့်က ရေး-ထားဝယ်လမ်းမပေါ် မောင်မယ်ရှောင် ကျေးရွာ အနီးရှိ ဘုရားမဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ ခမရ ၄၀၆ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ကျော်သူဆွေ အပါအဝင် (၂)ဦး စနိုက်ပါ ထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထီးချိုင့်တွင် ဗိုလ်မှူးကြီး ကိုကိုသက် သေဆုံး", "====================================", "ဧပြီလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကသာ ခရိုင် ထီးချိုင့် မြိုနယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင် စကစတပ်တို တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ကိုကိုသက် ​သေဆုံးခဲ့ပြီး သူ့အလောင်းအား ည​နေ ၇ နာရီ ၁၅မိနစ် ခန့်တွင် Mi 17ရဟတ်ယာဉ် ဖြင့် လာသယ်သွားကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲတွင် ဗိုလ်မှူးကြီး မျိုးမင်းညွန့်သေဆုံး", "======================================================", "ဧပြီလ ၂၄ ရက်နေ့က ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့ ကြား မြောက်စလုံး ကျေးရွာ၌ တပ်စွဲထား သော စကခ ၂ လက်အောက်ခံ ရှမ်းပြည်အခြေစိုက် အကြမ်းဖက် စစ်သားများကို ကရင်နီပူးပေါင်း စစ် ကြောင်းမှ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းညွန့်ပါဝင်ကြောင်း သိရှိရသည်။", "ဗဟန်းတွင် ဗိုလ်မှူး (ငြိမ်း) ရဲမင်းသန်း သေဆုံး", "=====================================", "ဧပြီလ ၂၉ ရက် နံနက် ၁၀ နာရီဝန်းကျင်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကျိုက္ကဆံ ရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်မှာ ဗိုလ်မှူး (ငြိမ်း) ရဲမင်းသန်း သေနတ်နဲ့ ပစ်သတ်ခံပြီး သေဆုံးသွားခဲ့သည်။ ဗိုလ်မှူး(ငြိမ်း) ရဲမင်းသန်းသည် တော်လှန်ရေးရဲဘော်များကို ဖမ်းဆိးရာတွင် စစ်တပ်ကိုသတင်းပေး၍ ဖမ်းဆီးခိုင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "KNU တပ်မဟာ ၆ နယ်မြေတွင် စစ်တပ် ဗိုလ်မှူး ၁ ဦးသေဆုံး", "===============================================", "ဧပြီလ ၂၉ ရက်နေ့တွင် စစ်တပ်က KNU တပ်မဟာ ၆ နယ်မြေ မြ၀တီမြို့နယ် အတွင်းရှိ ကော်ဘရာစစ်ကြောင်း နှင့် မဟာမိတ်တပ်များ ထိန်းချုပ် နယ်မြေ သို့ လက်နက်ကြီး အကြိမ်ရေ (၉၀) အထက်၊ အတွဲလိုက် ဒုံးများ (၈)ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ရန် ကြိုးစားခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ရင်ဆိုင်ထိတွေ့ တိုက်ပွဲများတွင် တပ်ရင်း(၂၀၇) ဗိုလ်မှူး (၁)ဦး စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ (IO) (၁)ဦး အပါအဝင် စစ်တပ် ဘက်မှ (၅)ဦး သေဆုံးပြီး (၆)ဦး ထိခိုက် ဒဏ်ရာရကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2023/06/108769/
ဧရာဝတီ စစ်ဒေသတွင် Ayarwaddy Phoenix PDF တပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ ကျင်းပ
["ဧရာဝတီ စစ်ဒေသတွင် Ayarwaddy Phoenix PDF တပ်ဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ ကျင်းပ", "ရန်ကုန်၊ ဇွန် ၁၉", "ဧရာဝတီ စစ်ဒေသတွင် Ayarwaddy Phoenix PDF တပ်ဖွဲ့က ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/82116/
ဧရာဝတီတိုင်းတွင် ကျေးရွာတစ်ခုလျှင် ရွာသား ၁၀ ဦး စစ်မှုထမ်းရန် စစ် တပ်က တောင်းခံနေပြီး မပေးလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်၊ ဟုမ္မလင်းတွင်လည်း စစ်တပ်က ပေါ်တာဆွဲ
["ဧရာဝတီတိုင်းတွင် ကျေးရွာတစ်ခုလျှင် ရွာသား ၁၀ ဦး စစ်မှုထမ်းရန် စစ် တပ်က တောင်းခံနေပြီး မပေးလျှင် ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်၊ ဟုမ္မလင်းတွင်လည်း စစ်တပ်က ပေါ်တာဆွဲ", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကြာကန်ကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ချောင်း ဖျားစု ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီက ရွာတစ်ရွာလျှင် ရွာသား ၁၀ ယောက်စီ စစ်မှုထမ်းရန် ပေးရမည်ဟု ခြိမ်းခြောက် တောင်းဆိုနေပြီး မပေး လျှင် ရွာကို မီးရှို့မည်ဟု ဆဲဆို ခြိမ်းခြောက်နေကြောင်း ဒေသခံများကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“ တစ်ရွာ ၁၀ ဦး လူအင်အား မပေးရင် မဲနှိုက်ခေါ်မယ်တို့၊ ပြီးရင် ရွာတွေဝင်ပြီး မီးရှို့မယ်၊ သတ်ပစ်မယ်ဆိုပြီး စစ်တပ်က တောင်းနေတယ်။ ဆဲဆိုခြိမ်း ခြောက်နေတာပါဗျ။ ရွာလူကြီးတွေလည်း ထွက်ပြေးစရာ နေရာမရှိတော့ စိတ် ညစ်နေကြရပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်တပ်က ၎င်းတို့ အလိုကျ ခိုင်းရာလုပ်မည့် ပြည်သူ့စစ်ဖွဲ့ရန်အတွက် တစ်ရွာလျှင် လူ ၁၀ ဦး တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ ၏ ခြိမ်းခြောက်တောင်းဆိုနေကြခြင်းကြောင့် ရွာသားများမှာ စိုးရိမ်မှုများစွာရှိနေကြကြောင်း သိရှိရသည်။", "“ရွာတွေထဲမှာ ဆူညံပွက်လောရိုက်နေကြပါတယ်။ ရွာထဲမှာ ၄၀ ကျော် ၅၀ ကျော် လူကြီးတွေက အဲ့ရွာတွေမှာ ကယ်ရီဆွဲပြီး လုပ်ကိုင်စားသောက်နေကြ ရတာပါ။ လူငယ်တွေကတော့ ပုသိမ်မြို့ပေါ် ထွက်ပြေးနေကြပါပြီ” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "ထိုသို့ ကျေးရွာများကို စစ်တပ်က ခြိမ်းခြောက်၍ ရွာသားများကို အတင်းအဓမ္မ ခြိမ်းခြောက်နေကြောင်း၊ ငပုတောမြို့နယ်တွင်းရှိ ကျေးရွာများ အပြင် ချောင်းဝ အု ပ်စုတွင် ပါသည့် ရွာများနှင့် ပင်လယ်အစပ်ရှိ ရေလုပ်ငန်းလုပ်သည့် ရွာမှန် သမျှ စစ်တပ်၏ ခြိမ်းခြောက်မှု ခံနေရကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် SNA ရှမ်းနီတပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်များက လူငယ်များကို စစ်မှုထမ်းရန် အတင်းအ ကျပ် ဖိအားပေး တောင်းဆိုနေကြောင်း သိရှိရသည်။", "“စစ်ခွေးတွေနဲ့ ရှမ်းနီတွေက အတင်းအဓမ္မလူတောင်းနေတယ်။ ဟုမ္မလင်း ၊ သဖန်းကုန်း ကျေးရွာ မှာ SNA ရှမ်းနီတပ်မတော်က ရွာထဲဝင်‌ြီး လူတောင်း နေတယ်။ ကျေးရွာအုပ်ကြီးတွေ အတင်းခန့်နေတယ်။ ရွာဦးကျောင်း ဆရာ တော်ကို သေနတ်နဲ့ထောက်ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခိုင်းဖို့ ရွာသားတွေကို တောင်းနေတာ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့်အစပ် ကသာ ၊ ကောလင်း၊ ထီးချိုင့်၊ ဝန်းသိုတို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေသဖြင့် ကျေးရွာသားများကို စစ်မှုထမ်းများအဖြစ် အတင်းအဓမ္မစုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဧရာ၀တီတိုင်းတွင် ကင်းလှည့်နေသည့် အကြမ်းဖက်များ။"]
https://yktnews.com/2025/02/202300/
ဧရာဝတီတိုင်းတွင် စစ်ရေးအခြေအနေ တင်းမာလာချိန် ပုသိမ်ထောင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ဆေးဝါးနှင့် ဟင်းပါဆယ် ပို့ခြင်းများပါ ကန့်သတ်
["ဧရာဝတီတိုင်းတွင် စစ်ရေးအခြေအနေ တင်းမာလာချိန် ပုသိမ်ထောင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ဆေးဝါးနှင့် ဟင်းပါဆယ် ပို့ခြင်းများပါ ကန့်သတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ဧရာဝတီတိုင်းတွင် စစ်ရေးအခြေအနေတင်းမာလာမှုနှင့်အတူ ပုသိမ်ထောင်တွင် လုံခြုံရေးတင်းကျပ်ထားပြီး ဆေးဝါးနှင့် ဟင်းပါဆယ် ပို့ခြင်းများကိုပါ စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧရာဝတီတိုင်းအတွင်း စစ်ရေးအခြေအနေတင်းမာလာမှုနှင့်အတူ ပုသိမ်အကျဉ်းထောင်အတွင်း စစ်ဆေးရေးများ တင်းကျပ်နေပြီး ဆေးဝါးပို့ခွင့်နှင့် စာအုပ်ပို့ခွင့်ကန့်သတ်ခြင်းများအပြင် ဟင်း ပါဆယ်ပို့ခြင်းကိုပါ ကန့်သတ်လိုက်၍ အကျဉ်းထောင်အတွင်း စားသောက်နေထိုင်ရေးအပြင် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာနေကြောင်း၊ ဧရာဝတီတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုများလာပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ပုသိမ်မြို့တွင် စစ်ရေးပြင် ဆင်နေရုံသာမက ပုသိမ်အကျဉ်းထောင်အတွင်း၌ စစ်ဆေးရေးများတင်းကျပ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“လက်ရှိပုသိမ်အကျဉ်းထောင်မှာ နဂိုမူလရှိနေပြီးသား နိုင်ငံရေးအကျဉ်းသားတွေအပြင် စစ်တွေအကျဉ်းထောင်မှ ရခိုင် ပြည် နယ်ရဲ့ စစ်ရေးအရ ရွှေ့ပြောင်းလာတဲ့ အင်အားအလုံးအရင်းလည်း ပုသိမ်အကျဉ်းထောင်ကို အဓိက ရောက်လာတယ်။ အဲဒါကြောင့် လက်ရှိမှာ ပုသိမ်အကျဉ်းထောင်မှာ လူဦးရေ ၂ ဆ နီးပါးလောက် မြင့်တက်နေတယ်။ အဲဒီအပေါ်မှာလည်း အခြေခံ ဆေးဝါးတွေ မရရှိတဲ့အပြင် လူဦးရေ ထူထပ်စွာထားတဲ့အတွက် ပွေးဝဲယားနာတွေလည်း ဖြစ်နေတယ်။ ပါဆယ်အခက်အခဲတွေလည်း များစွာ ကြုံနေရပါတယ်။ ဒါကြောင့်မို့လို့ ဒီလို အခြေအနေတွေကို အမြန်ဆုံးရပ်တန့်ဖို့ လိုအပ်တယ်။ လက်ရှိစစ်ရေးအခြေအနေတွေပေါ်မှာ အသုံပြုပြီးတော့မှ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ဖိနှိပ်ဖို့လုပ်နေတဲ့ ကိစ္စတွေက လုံးဝလက်ခံစရာအကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် ပုသိမ်အကျဉ်းထောင်တွင် နေထိုင်မှုအတွက် လိုအပ်ချက်များကို ထောင်အာဏာပိုင်များတွင် တာဝန်ရှိသော်လည်း ၎င်းတို့က ပြင်ဆင်ပေးခြင်း မရှိသည့်အပြင် တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစ ပြု ၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်‌နေကြောင်း သိရှရသည်။", "ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းများကိုလည်း ယခင်ကဲ့သို့ ပေးပို့မရနိုင်အောင် ကန့်သတ်ထားပြီး ဆေးဝါးအပြင် စာအုပ်များပေးပို့ခြင်းကို လုံးဝကန့်သတ်လိုက်ကြောင်း ၊ လက်ရှိအချိန်တွင် ပါဆယ်ပို့ရာတွင်လည်း ဟင်း ၃ မျိုးသာ လက်ခံပြီး ကော်ဖီ ၇ ထုပ်သာ ပေးပို့၍ ရတော့ကြောင်း၊ ပုသိမ်အကျဉ်းထောင်အတွင်းတွင် ဟင်းမလောက်ငမှု ကြောင့် နိုင်ငံရေးအကျဥ်းသားများက ထောင်ဈေးဘားကို ငွေသွင်းကာ မတန်တဆဈေးများဖြင့် ဝယ်စားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။", "နိုင်ငံရေးအကျဉ်းသားများသည် နေရာအခက်ခဲ၊ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေကြရုံသာမက သောက်ရေမရရှိ၍ ချိုး ရေကိုသာ သောက်သုံးနေကြက။ အကျဉ်းထောင်အတွင်း ချိုးရေကန်သည် ခဲဓာတ်ပါသည့် ရေများဖြစ်သဖြင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားများသည် လမ်းမလျှောက်နိုင်သည့်ပြဿနာများ ဖြစ်နေရကြောင်း၊ ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများလည်း မပေး​သော ကြောင့် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာနေသည်ကို စုံစမ်းသိရှိ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန် ရက် (PPNM)က ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- စစ်ကောင်စီလက်အောက် အကျဉ်းထောင်မှ အကျဉ်သားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/06/168021/
ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် ပ.က.ဖ သတင်းပြန်ကြားရေးရုံးအဖွဲ့က စစ်ကောင်စီကို ဆန့်ကျင်‌ ဆန္ဒပြသပိတ်ပြုလုပ်
["ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် ပ.က.ဖ သတင်းပြန်ကြားရေးရုံးအဖွဲ့က စစ်ကောင်စီကို ဆန့်ကျင်‌ ဆန္ဒပြသပိတ်ပြုလုပ်", "ရန်ကုန်၊ ဇွန်၁၇", "ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြ သပိတ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/174801/
ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် ပ.က.ဖ သတင်းပြန်ကြားရေးရုံးအဖွဲ့က စစ်ကောင်စီကို ဆန့်ကျင်‌ဆန္ဒပြသပိတ်ပြုလုပ်
["ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် ပ.က.ဖ သတင်းပြန်ကြားရေးရုံးအဖွဲ့က စစ်ကောင်စီကို ဆန့်ကျင်‌ဆန္ဒပြသပိတ်ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၂၁", "ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/104011/
ဧရာဝတီမြစ်အတွင်း ကုန်တင်သင်္ဘောများက PDF များကို အခွန်ပေး၍ စစ်တပ်ထုတ် ကြံ့နှစ်ကောင် ဘိလပ်မြေများ သယ်ဆောင်
["ဧရာဝတီမြစ်အတွင်း ကုန်တင်သင်္ဘောများက PDF များကို အခွန်ပေး၍ စစ်တပ်ထုတ် ကြံ့နှစ်ကောင် ဘိလပ်မြေများ သယ်ဆောင်", "ရန်ကုန်၊ မေ ၂၃", "မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဧရာဝတီမြစ်အတွင်း အစုန်၊အဆန် သွားလာနေသည့် ကုန်စည်တင်သင်္ဘောများက PDF များကို အခွန်ပေး၍ စစ်တပ်ထုတ် ကြံ့နှစ်ကောင် တံဆိပ် ဘိလပ်မြေများကို တင်ဆောင်နေကြောင်း Bright Star Group Defense Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သည့် ကြံ့နှစ်ကောင် တံဆိပ် ဘိလပ်မြေများကို မင်းသူအောင်- ၁ နှင့် ရေဘုရင်ကြီး ၅ သင်္ဘောများဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များကို စစ်ဆေးရာတွင် တော်လှန်ရေးအဖွဲ့များထံသို့ အခွန်ဆောင်ထားသည့် ပြေစာစာရွက်စာတမ်းများကို တွေ့ရှိရ‌ကြောင်း Bright Star Group Defense Force က ပြောသည်။", "“ ရေလယ်ကျွ န်းအဖွဲ့ဂေါင်းကြီးတွေရဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီ ထောက်တိုင်သင်္ဘောတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလို့ သတိပေးရုံပဲ လုပ်နိုင်ပါတယ် ။ ပြန်မလွှတ်ရင် ပစ်ခတ်မှုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ပါ။ ကျနော်တို့က တော်လှန်ရေးသမားအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ပဲ စုပေါင်းလက်တွဲပြီး တော်လှန်ရေးကို ရှေ့ဆက်လုပ်ဆောင်စေချင် တာ ကြောင့် သတိပေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။ တော်လှန်ရေးအမည်ခံ အဖွဲ့ ဂေါင်းကြီးများရဲ့ ငွေမျက်နှာတစ်ခုကိုကြည့်ကာ ငွေကြေးကောက်ခံထား သော အခွန်စာရွက်ပေါ် မှာ ငွေကျပ် ၂၉ သိန်းနှင့် သိန်း ၂၀ ကျပ် ပြေစာ စာရွက်များ ကို ထပ်ခါထပ်ခါ(အမြဲတ​​​​စေ) စစ်ဆေးတွေ့ရှိရ၍ များစွာစိတ်မကောင်း ဖြစ်မိတယ်” ဟု Bright Star Group Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်ထုတ်ကုန် ၁၉ မျိုးကို သယ်ယူရောင်းချခြင်းများ မပြုလုပ်ရန် တရားဝင်တားမြစ်ချက် ထုတ်ပြန်ထား ပြီးဖြစ်သော်လည်း လက်ရှိတွင် လိုက်နာမှု အားနည်းမှုများရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/156737/
ဧရာဝတီ၊ ကျုံ‌ပျော်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်း ပစ်ခတ်ခံရပြီး သေဆုံး
["ဧရာဝတီ၊ ကျုံ‌ပျော်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၃", "ဧရာဝတီတိုင်း၊ ကျုံ‌ပျော်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – သတင်းပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖိုးဆောင်းကို ရွာသစ်ကုန်းကျေးရွာအနီး လမ်းပိုင်းတွင် ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖိုးဆောင်းသည် စစ်ကောင်စီ၏ မတရားအာဏာသိမ်းပြီး ကာလမှ အုပ်ချုပ်ရေးမှူး ဖြစ်လာသော စစ်ထွက်လူမိုက်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်ခိုင်းစေသည့်အတိုင်း ပြည်သူများကို ခြိမ်းခြောက်အနိုင်ကျင့် ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်ခြင်း၊ စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ကျေးရွာနေပြည်သူများအား မတရားငွေကြေးတောင်းခံခြင်းများပြုလုပ်နေသူလည်း ဖြစ်ကြောင်း သိရှိရသည်။", "ထိုသို့ အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပြည်သူများကို ဒုက္ခပေးနေသည်များကို ဆက်လက် မလုပ်ဆောင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်မှုထမ်းဥပဒေအား ပြတ်ပြတ်သားသားပုံဖော်မည်ဟု ကြွေးကြော်ကာ ဆက်လက်ဆောင်ရွက်နေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – သတင်းပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "ဧရာဝတီတိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများသည် စစ်ကောင်စီ အလိုကျ ပြည်သူ့စစ် ဖွဲ့စည်းရန် ပြည်သူများအား အဓမ္မခြိမ်းခြောက် ဖိအားပေးလုပ်ဆောင်ပါက ဆက်လက် ပစ်ခတ် တိုက်ခိုက်သွားမည်ဟု ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်း#မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်း"]
https://yktnews.com/2023/07/112004/
ဧရာဝတီ၊ ဖျာပုံတံတားရှိ စစ်တပ်ဂိတ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေ
["ဧရာဝတီ၊ ဖျာပုံတံတားရှိ စစ်တပ်ဂိတ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေ", "ရန်ကုန်၊ ဇူလိုင် ၈", "ဧရာဝတီတိုင်း၊ ဖျာပုံတံတားရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာသည့် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ ဖျာပုံတံတား၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်က တံတားပေါ်မှ ဖြတ်သန်းလာသည့် ပြည်သူများထံမှ ယာဥ်မှတ်ပုံတင်များတောင်းကြည့်ကာ ခေါင်းစဥ် အမျိုးမျိုးဖြင့် ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။", "စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သားနှင့် ရဲများသည် ပြည်သူများထံမှ ငွေကြေးတောင်းခံနေသည်မှာ ၇ လ ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း၊ လူတစ်ဦးလျှင် အနည်းဆုံး ၁၀၀၀ မှ ၅၀၀၀ ကြား တောင်းခံပြီး တစ်ရက်လျှင် လူဦးရေ အနည်းဆုံး ၁၀၀ ကို ဖမ်းဆီး ငွေကြေးတောင်းခံကြောင်း သိရှိရသည်။", "“ဖျာပုံ တံတားအဆင်းက ရဲနဲ့စစ်သားက မှတ်ပုံတင်ပါ မပါ စစ်တယ်။ မှတ်ပုံတင် ပါပြန်ရင်လည်း သက်တမ်းတိုးဖို့လိုတယ်ဆိုပြီး ငွေညှစ်တယ်။ ဒီကောင်တွေ အမြဲတမ်း နေ့တိုင်းလိုလိုလုပ်စားနေတာ။ ရန်ကုန်အထည်ချုပ်စက်ရုံက လူငယ်တွေ အိမ်ကို အလည်အပတ်ပြန်ချိန်ဆို ရတဲ့ လစာလေးတွေထဲက မိဘကို မကန်တော့ရသေးဘူး ဒီကောင်တွေက အမြဲဖြတ်ဖြတ်ခုတ်နေတာ။ ကလေးတွေ မျက်နှာလေးတွေဆို သေနတ်ပြ ခြိမ်းခြောက် ငွေညှစ်တော့ အမြဲကြောက်နေကြရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2025/01/199930/
ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွား
["ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ် ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ ဧရာ၀တီတိုင်းနှင့် ဂွမြို့နယ် အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်း ဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ခုခံ တိုက်ခိုက်နေကြောင်း သိရသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြိုနယ် ရွှေသောင်ယံမြိုနယ်ခွဲ ဘောမိဘက်မှ အင်အား ၂၅၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းမှာ သပေါ့ကန်သို တပ်ပြန်ဆုတ်လာကြောင်း ၊ ရွှေသောင်မြို့တပ်ရိပ်သာမှ စစ်တပ်က ဝက်သေနှင် သပေါ့ကန်သို စစ်အင်အားဖြည့်နေကြောင်း သိရှိရသည်။", "ဘောမိကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းပစ်ကူဖြင့် လေယာဉ်ဗုံးကြဲမှုများကြောင့် နေအိမ်များပျက်စီးကာ ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ ထို့ပြင် ဂွမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်စခန်းများမှ အမိန့်မရဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မကြာခဏတပ်ဆုတ်ခြင်း၊ တပ်ပျက်ထွက်ပြေးခြင်း၊ တပ်အချင်းချင်း ထိတွေ့မှုဖြစ်ခြင်းတို့ကြောင့် အကြမ်းဖက် စစ်တပ်၏ ခံစစ် ဖွဲ့စည်းပုံသည် ဖရိုဖရဲဖြစ်နေပြီး လေယာဉ် ပစ်ကူများပါ တောင်း၍ ဘောမိအထက်ဘက် ချောင်းဖျားကို ဗုံးကျဲခဲ့ကြောင်း၊ နေအိမ်များနှင့် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများပါ ပျက်စီးမှုရှိကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်မှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများကို နတခ မဆရ ၄ သို့ ဘုန်းကြီးကားများ၊ လူနာတင်ကားများနှင့် ဝါးကားများပါအသုံးပြု ပို့ဆောင်နေရကြောင်း သိရှိရသည်။", "ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ်ရှိ ကျေးရွာများသို့ ဇန်နဝါရီလ တတိယ အပတ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်နေ၍ သပေါ့ကန်၊ အုန်းချောင်းနှင့် ရွှေသောင်ယံ ရပ်ကွက်မှ ပြည်သူများ ပြောင်းရွေ့နေထိုင်နေရသည်။", "ဘောမိရွာ အောက်ဘက် ရွှေသောင်ယံတပ်ရိပ်သာ ၊ ဝက်သေ၊ တပင်မော် ၊ သပေါ့ကန်ဘက်မှ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က ဘောမိရွာ အထက်ဘက်ကို လက်နက်ကြီးများဖြင့် ခြောက်လန့် ပစ်ခတ်ခြင်း၊ ညအချိန် ကင်းထောက် Drone များ ပျံဝဲနေခြင်း၊ တပင်မှော် အမြောက်တပ်က လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများလည်းရှိကြောင်း၊ ခလရ ၃၀၈ တပ်ရင်းကို ပို့ဆောင်ထားသည့် လက်နက်ကြီးများလည်း ပစ်ခတ်၍ ပြုပြင်နေကြောင်း သိရသည်။", "လက်ရှိအချိန် ပုသိမ်-မကျီးဇင် လမ်းပိုင်းသည် ပြည်သူများ ပုံမှန်သွားလာနေကြသော်လည်း ကျားခေါင်း၊ သစ်ဖြူ၊ သဲဖြူ ဘက်များမှ တပ်ပြေးများ အလွန်များနေသည့်အတွက် ဝါးကားများကို အကြမ်းဖက် စစ်ကောင်စီတပ်က အဓိကထား၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118195/
ဧရာ၀တီရေတပ်စခန်းဌာနချုပ် ၊ရေတပ် ဘုရင့်နောင်ရိပ်သာ ဓမ္မာရုံ ပြင်ဆင်ရန် စစ်အရာရှိများက လုပ်ငန်းရှင်နှင့် ပြည်သူများကို ငွေညှစ်
["ဧရာ၀တီရေတပ်စခန်းဌာနချုပ် ၊ရေတပ် ဘုရင့်နောင်ရိပ်သာ ဓမ္မာရုံ ပြင်ဆင်ရန် စစ်အရာရှိများက လုပ်ငန်းရှင်နှင့် ပြည်သူများကို ငွေညှစ်", "ရန်ကုန်၊ ဩဂုတ် ၁၄", "ရန်ကုန်တိုင်း၊ ဧရာ၀တီရေတပ်စခန်းဌာနချုပ်က ဆောက် လုပ် လှူဒါန်းခဲ့သည့် ဗဟန်းမြို့နယ်၊ ဘုရင့်နောင်ရိပ်သာ ဓမ္မာရုံမှာ ပြိုကျပျက်စီးသွားသဖြင့် ပြန် လည် ပြင်ဆင်ရေး စစ်အရာရှိများ အလှူငွေ ထည့်ရန် ရေတပ်က ညွှန်ကြား လာချိန်တွင် ရေတပ်အရာရှိများက ပြည်သူများနှင့် လုပ်ငန်းရှင်များထံမှ အတင်း အကျပ် ငွေပြန်ညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဗဟန်းမြို့နယ်တွင် ၁၉၉၆ ခုနှစ် ရေတပ်က လှူဒါန်း ဆောက်လုပ်ခဲ့သော ဘုရင့်နောင် ရိပ်သာ ဓမ္မာရုံ ပြိုကျပျက်စီးနေ၍ ပြန်လည် ပြုပြင်ရန် ရေတပ် အရာရှိ ၁၂၅ ဦးက တစ်ဦးလျှင် အနည်းဆုံး အလှူငွေ ၃၀၀၀၀ ကျပ် ထည့်ဝင် ကြရန် ဧရာ၀တီရေတပ်စခန်းဌာနချုပ်က ညွှန်ကြားလာကြောင်း သိရှိရသည်။", "အလှူငွေထည့်ရမည့် အရာရှိများက ပြည်သူများနှင့် လုပ်ငန်းရှင်များကို ခေါ်ယူ ဖိအားပေး၍ ဘုရင့်နောင် ရိပ်သာ ဓမ္မာရုံ ပြင်ဆင်ရန်ဟုဆိုကာ ငွေညှစ် ပြန်လည် တောင်းခံနေကြောင်း သိရှိရသည်။", "“ရေတပ်က အရာရှိတွေကို တစ်ဦး ၃၀၀၀၀ တောင်းတာကို အဲဒီအရာရှိတွေက ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေကို ဓမ္မာရုံ အကြောင်းပြပြီး ငွေပြန်ညှစ်တယ်။ သူတို့ထည့်ရမှာ ၃၀၀၀၀ ကို ပြည်သူတွေဆီက ဓမ္မာရုံ ဗန်းပြပြီး ရသလောက် ငွေပြန်ညှစ်နေတာ” ဟု ရန်ကုန်မှ ဆီတင်သင်္ဘောပိုင်ရှင်တစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2024/08/180770/
ဩစတေးလျနိုင်ငံ မဲဘန်းမြို့တွင် “သတ္တိနှင့် ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ပြပွဲ ပြုလုပ်
["ဩစတေးလျနိုင်ငံ မဲဘန်းမြို့တွင် “သတ္တိနှင့် ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ပြပွဲ ပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၂၇", "ဩစတေးလျ နိုင်ငံ မဲဘန်းမြို့တွင် Support for Myanmar from Australia & Singapore မှ ဦးစီး၍ “သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ” ရုပ်ရှင်ပြပွဲကို ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး တော်လှန်ပရိသတ်များလာရောက် အားပေးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အစားအသောက်များအပါအဝင် အမှတ်တရလက်မှတ်ပါဝင်သော ပစ္စည်းများကို လေလံရောင်းချခဲ့ပြီး ပွဲမှ ရန်ပုံငွေ ဩဇီဒေါ်လာ ၂၆,၀၀၀ ကျော် ရှာဖွေနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125513/
ဩစတြေးလျ Macarthur Bulls ဘောလုံးအသင်းက မြန်မာနိုင်ငံ သွား ရောက် ပြီး ခရိုနီ ခွန်နောင်မြင့်ဝေ ပိုင် ရှမ်းယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်မှု JFM ကန့်ကွက်
["ဩစတြေးလျ Macarthur Bulls ဘောလုံးအသင်းက မြန်မာနိုင်ငံ သွား ရောက် ပြီး ခရိုနီ ခွန်နောင်မြင့်ဝေ ပိုင် ရှမ်းယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်မှု JFM ကန့်ကွက်", "ရန်ကုန်၊ အောက်တိုဘာ ၇", "ဩစတြေးလျ Macarthur Bulls ဘောလုံးအသင်းက မြန်မာနိုင်ငံ သွား ရောက်ပြီး စစ်တပ်နှင့် စီးပွားရေး ဆက်နွယ်နေသော ခရိုနီ ခွန်နောင်မြင့် ဝေပိုင် ရှမ်းယူနိုက်တက် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်မှုအပေါ် Justice for Myanmar (JFM) က ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်သည်။", "မြန်မာနိုင်ငံသို့ ပွဲစဉ်တစ်ခု လာရောက်ကစားရန် ဩစတြေးလျဘောလုံးကလပ် Macarthur Bulls အသင်း တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်သည် ဩစတြေး လျ အစိုးရ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန၏ ခရီးသွား အကြံပြု ချက် ကို ဆန့်ကျင်နေသည့်အပြင် ဩစတြေးလျနိုင်ငံက ဒဏ်ခတ် ပိတ်ဆို့ ထားသည့် မြန်မာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် စီးပွားရေးဆက်နွှယ်မှုရှိနေသည့် ခရိုနီကုမ္ပဏီ ဝမင်းကော်ပိုရေးရှင်းပိုင် ရှမ်းယူနိုက်တက်အသင်းကို ပံ့ပိုး ပေးခြင်း ဖြစ်ကြောင်း JFM က ထောက်ပြသည်။", "Distributed Denial of Secrets (DDoS) က ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၉ ခုနှစ်အထိ နောက်ဆုံးဖြည့်စွက်ထားသော အချက်အလက်များအရ ဝမင်း ကော်ပိုရေးရှင်းသည် ကာကွယ်ရေးဝန်ကြီး ဌာနက ငှားရမ်းထားသည့် မြေနေရာပေါ်တွင် မနော်ဟရီ စီးပွားရေး စုပေါင်း ရုံးနေရာ တည်ဆောက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်ကို ရရှိထား ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လကတည်းက မြန်မာစစ်တပ်၏ ကာကွယ်ရေး ဝန်ကြီး ဌာနကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့ထားပြီး၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန မှတ်ချက် တွင် “လက်နက်ကိုင်တပ်ဖွဲ့ များကို အမိန့်ပေး၊ကွပ်ကဲကာ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးဖြင့် ဖိနှိပ် ချုပ်ချယ်မှုကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် အကြမ်းဖက်၍ ပြန်လည်အသက်ဝင်လာစေခြင်းအတွက်” ဖြစ်သည်ဟု ရေးသားထားသည်။", "စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် မြေနေရာပေါ်ရှိ Yangon River view Complex စီမံကိန်းတွင် ဝမင်းကော်ပိုရေးရှင်းခေါင်း ဆောင် ခွန်နောင်မြင့်ဝေက ရင်းနှီးမြှုပ်နှံသူအဖြစ် ပါရှိကြောင်း ၂၀၁၈ ခုနှစ်တွင် နောက်ဆုံးဖြည့်စွက်ထားသည့် အချက်အလက်များအရ သိရှိရသည်။", "Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ် နဲ့ စီးပွားရေး ဆက်နွှယ်မှုတွေရှိတဲ့အတွက် ဝမင်းကုမ္ပဏီအုပ်စုကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်သင့်ပြီး၊ ရှမ်းယူနိုက်တက်ဘောလုံးအသင်းအပါအဝင် သူတို့ရဲ့ ဝန်ထမ်းတွေကိုလည်း ဩစတြေးလျ ပြည်ဝင်ခွင့်ပေးဖို့ ငြင်းဆိုသင့်ပါ တယ်။ အာရှဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်ဖြစ်တဲ့ ဩစတြေးလျ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ စစ်တပ်က အာဏာသိမ်းကြိုးပမ်းမှု ဆက်ရှိနေသ၍ မြန်မာ အသင်းတွေနဲ့ ဘောလုံးကစားမှုကို တားမြစ်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီ ရပ်တည်သင့်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။", "ဓာတ်ပုံ- မင်းအောင်လှိုင်နှင့် အတူ တွေ့ရသည့် ခရိုနီ ခွန်နောင်မြင့်ဝေ။"]
https://yktnews.com/2024/06/166544/
ဩစတြေးလျနိုင်ငံ Queensland တက္ကသိုလ်တွင် “ပြည်သူ့ခုခံစစ်နှင့် လူထု၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ဆိုင်ရာ” ခေါင်းစဥ်ဖြင့် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တက်ရောက်လာသူများ အပြန်အလှန်ဆွေးနွေး
["ဩစတြေးလျနိုင်ငံ Queensland တက္ကသိုလ်တွင် “ပြည်သူ့ခုခံစစ်နှင့် လူထု၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ဆိုင်ရာ” ခေါင်းစဥ်ဖြင့် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တက်ရောက်လာသူများ အပြန်အလှန်ဆွေးနွေး", "ရန်ကုန်၊ ဇွန် ၈", "ဩစတြေးလျနိုင်ငံ Queensland တက္ကသိုလ်တွင် “ပြည်သူ့ခုခံစစ်နှင့် လူထု၏ ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ဆိုင်ရာ” ခေါင်းစဥ်ဖြင့် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တက်ရောက်လာသူများ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း NUG က ထုတ်ပြန်သည်။", "အဆိုပါဆွေးနွေးပွဲတွင် ဇွန်လ ၇ ရက်ေန့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါ်ဟန်စုယဉ်နှင့် သြစတြေးလျနိုင်ငံ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့အပြင် အထူးဧည့်သည်တော်များအဖြစ် Dr.Jurij Karlovsek, Honorary Consul of Slovenia ၊ Dr.Zongze Ruan, Consul-General of China၊ Ms.Lucy Monaghan, Deputy Consul- General of the United Kingdom နှင့် Alex Aclan, Consular staff representative (Consulate of the Philippines) တို့လည်းတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193630/
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တော်လှန်ရေးရုပ်ရှင်ပြပွဲနှင့် ရန်ပုံငွေရှာဖွေပွဲပြုလုပ်
["ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် တော်လှန်ရေးရုပ်ရှင်ပြပွဲနှင့် ရန်ပုံငွေရှာဖွေပွဲပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် Karenni Federation of Australia နှင့် Support for Myanmar from Australia & Singapore မှ ဦးစီး၍ “Lose & Hope” တော်လှန်ရေးရုပ်ရှင်ပြပွဲကို နိုဝင်ဘာလ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် တော်လှန်ရေးအတွက် လှူဒါန်းထားသော ပန်းချီကားများ လေလံတင်ခြင်းနှင့်အတူ ကရင်နီရိုးရာ အစားအသောက်များ၊ Lose & Hope ၏ အမှတ်တရပစ္စည်းများကို ရောင်းချပေးခဲ့ရာ ရန်ပုံငွေ Australian Dollar ၂သောင်းကျော် ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/210305/
ဩစတြေးလျနိုင်ငံတွင် မြန်မာငလျင်ကူညီရေး ရန်ပုံငွေရှာဖွေရန် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်မည်
["ဩစတြေးလျနိုင်ငံတွင် မြန်မာငလျင်ကူညီရေး ရန်ပုံငွေရှာဖွေရန် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်မည်", "ရန်ကုန်၊ ဧပြီ ၅", "ဩစတြေးလျနိုင်ငံတွင် မြန်မာငလျင်ကူညီရေး ရန်ပုံငွေရှာဖွေရန် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။", "ဧပြီလ ၁၂ ရက်​နေ့ သြစတေးလျနိုင်ငံ ကော့စ်ကမ်းခြေ လူမျိုးပေါင်းစုံ ယဉ်ကျေးမှု အသင်းက ဦးဆောင်ပြီး မြန်မာငလျင်ကူညီရေးအတွက် ဆုတောင်းပွဲ တစ်ခုကို ပြုသွားမည်ဖြစ်ကြောင်း၊ ယင်းပွဲကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် Coffs Harbor မြို့တွင် ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီမှ ည၈နာရီအချိန်ထိ ပြုလုပ်သွားမည်ဖြစ်သည်။", "မြန်မာငလျင်ကူညီရေးအဖြစ် ဆုတောင်းပွဲ၊ ဓာတ်ပုံပြပွဲနှင့် မြို့မိမြို့ဖများ၏ ရန်ပုံငွေ ရရှိရေး ဟောပြောပွဲများပါဝင်မည်ဖြစ်ပြီး ယင်းပွဲကို ဦးဆောင်ကျင်းပမည့် Coffs Coast multicultural Society (ကော့စ်ကမ်းခြေ လူမျိုးပေါင်းစုံ ယဉ်ကျေးမှုအသင်း)မှာ သြစတေးလျနိုင်ငံ မှဌာနေတိုင်းရင်းသားများ အပါဝင် ပြောင်းရွှေ့အခြေချနေထိုင် လာကြသည့် နိုင်ငံတကာ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် အသင်း တစ်ခုလည်း ဖြစ်သည်။", "ထို့ပြင် မြန်မာနိုင်ငံ မြေငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် သြစတြေးလျနိုင်ငံအတွင်း ရန်ပုံငွေ ရှာဖွေနိုင်ရေး Coffs Coast multicultural Society က Myanmar Earthquake Relief (Aid-Me) အဖွဲ့ခွဲငယ်တစ်ခု ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ယင်းအဖွဲ့အနေဖြင့်အရေးပေါ်ရန်ပုံငွေ ရှာဖွေကာ မြန်မာနိုင်ငံမြေပြင်တွင် ကူညီနေသည့် ပြည်တွင်းပြည်ပ အဖွဲ့စည်းများနှင့် သြစတြေးလျ အစိုးရ အသိအမှတ်ပြုသည့် နိုင်ငံတကာ ကူညီရေးအဖွဲ့စည်းများထံသို့ ငွေကြေးများ လှူဒါန်းသွား ဖြစ် ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/166813/
ဩစတြေးလျနိုင်ငံ၊ Adelaide မြို့တွင် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာပြည်ဖွား တိုင်းရင်းသားများ တွေ့ဆုံ
["ဩစတြေးလျနိုင်ငံ၊ Adelaide မြို့တွင် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာပြည်ဖွား တိုင်းရင်းသားများ တွေ့ဆုံ", "ရန်ကုန်၊ ဇွန် ၁၀", "ဩစတြေးလျနိုင်ငံ၊ Adelaide မြို့ရှိ Playford Baptist Church Hall ခန်းမကြီးတွင် NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် မြန်မာပြည်ဖွားတိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တွေ့ဆုံပွဲတွင် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်သည် လက်ရှိနွေဦးတော်လှန်ရေး၏ အောင်မြင်မှုများ၊ စိန်ခေါ်မှုများ၊ တိုင်းရင်းသား လူမျိုးစုများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ အနာဂတ်နိုင်ငံအတွက် မျှော်လင့်ချက်များနှင့် ပတ်သက်၍ မြို့ခံ မြန်မာပြည်ဖွား တိုင်းရင်းသားများကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများ၏ မေးခွန်းများကို အသေးစိတ်ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/141541/
ိုင်းမော်မြို့နယ်၊ ခဇူးရွာနှင့် တဘတ်ယန်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲ၊ ယမန်နေ့ ရွှေညောင်ပင်ကျေးရွာတစ်၀ိုက်တွင် တိုက်ပွဲပြင်းထန်ခဲ့
["ိုင်းမော်မြို့နယ်၊ ခဇူးရွာနှင့် တဘတ်ယန်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲ၊ ယမန်နေ့ ရွှေညောင်ပင်ကျေးရွာတစ်၀ိုက်တွင် တိုက်ပွဲပြင်းထန်ခဲ့", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "ကချင်ပြည်နယ်၊ ိုင်းမော်မြို့နယ်၊ ခဇူးရွာနှင့် တဘတ်ယန်တွင် တိုက်ပွဲဖြစ် ပွား ခြင်း မရှိဘဲ စစ်တပ်က ယနေ့ မွန်းလွဲပိုင်း ဗုံးကျဲချကြောင်း KIA သတင်း ရင်းမြစ် နှင့်ဒေသပြည်သူများက ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ၊ ၀ိုင်းမော်မြို့ နယ်၊ ခဇူးကျေးရွာနှင့် တဘတ်ယန်တွင် တိုက် လေ ယာဉ် ၂ စီးဖြင့် စစ်ကောင်စီ တပ်က ဗုံးကျဲချသွားကြောင်း၊ လတ်တလော အထိအခိုက် အပျက် အစီး အခြေ အနေ မသိရှိရသေးကြောင်း သိရှိရသည်။", "“ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်မှာ ဝိုင်းမော် မြို့နယ် ခဇူး ကျေးရွာ နဲ့ တဘတ်ယန် မှာ ဂျက်ဖိုက်တာ ၂စီးဖြင့်လာရောက်ဗုံးကျဲသွားပါတယ်။ တိုက် ပွဲဖြစ်ပွားခြင်း မရှိပါဘူး။ ထိခိုက်မှုအခြေ အနေမသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "သို့ရာတွင် ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင် ကျေးရွာအနီးတွင် တိုက်ပွဲ တစ်နေကုန်ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်တပ်များကို KIA နှင့် PDF ပူးပေါင်းတပ်များက ၀ိုင်းပန်းပိတ်ဆို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "” မနေ့ တစ်နေကုန် မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ဝိုင်းမော် မြို့နယ် ရွှေညောင်ပင် ရွာတစ်ဝိုက်တိုက်ပွဲပြင်းထန်ခဲ့တယ်။ စကစ စစ်တပ်နဲ့ ဦးရွှေမင်း ပြည့သူ့စစ် ပူပေါင်းအဖွဲ့တွေ လှုပ်ရှားလာလို့ KIA+KPDF ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန့်းပိတ်စို့ တိုက်ခိုက်ခဲ့တာ။ .ဦရွှေမင်း ပြည်သူ့စစ်တပ်ဖွဲ့တွေတော်တော် များ များ အထိနာသွားကြတယ်။ လူနာနဲ့ အလောင်းတွေကိုကား ၃ စီးနဲ့ ဝိုင်းမော် ဘက်သယ်သွားတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/01/138431/
၀ိုင်းမော်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်မှ ဖမ်း ဆီးရရှိထားသည့် ရဟတ်ယာဉ်မှူးမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် အမျိုးတော်စပ်
["၀ိုင်းမော်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်မှ ဖမ်း ဆီးရရှိထားသည့် ရဟတ်ယာဉ်မှူးမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း နှင့် အမျိုးတော်စပ်", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်မှ အရှင်ဖမ်းဆီးရရှိထားသည့် ရဟတ် ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်မှာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် အမျိုးတော်စပ်ကြောင်း မိတ်ဆွေအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချခဲ့ရာ စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဖြစ်သူ DSA အပတ်စဥ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ကို ဒဏ်ရာနှင့်အတူ အရှင် ဖမ်းဆီးရမိထားကြောင်း၊ အဆိုပါ ရဟတ်ယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်သည် စစ်ကောင်စီ၏ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဆွေမျိုး တော်စပ်ကြောင်း သိရှိရသည်။", "” မြစ်ကြီးနားလေတပ် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်က ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက်၊ ဦးချစ်နိုင် – ဒေါ်ခင်မာသိန်း တို့ရဲ့ သားအကြီးဖြစ်ပါတယ်။ သူက ဇော်မဲလုံးရဲ့ ညီမ သင်းသင်းထွန်းရဲ့ ခင်ပွန်း မျိုးမြင့်အောင်ရဲ့ တူအရင်း ဖြစ်ပါတယ်။ ဇော်မဲလုံးရဲ့ ညီမနဲ့ တူတော်စပ်တာပေါ့။ ဇော်မဲလုံး အမျိုးလို့ ပြောလို့ရတယ်။ ဗိုလ်မှူးဇော်မျိုးသန့်ရဲ့ ညီကလည်း စစ်တပ်ထဲမှာပဲ ဗိုလ်အဆင့်နဲ့ တာဝန်ထမ်းဆောင်နေတယ်။ ဇော်မဲလုံး ညီမက ကျောင်းဆရာမပါ။ ပုဇင်းကင်ခံရပြီး ပျက်ကျတော့မှ သူတို့သားလေး၊ သူတို့တူလေး ပါသွားတယ်ဆိုပြီး ကိုယ်ပေါင်ပေါ် မီးခဲကျမှ ပူဆွေး ငိုကြွေးနေကြတယ်” ဟု နီးစပ်သော မိတ်ဆွေတစ်ဦးက ပြောဆိုသည်။", "ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ရာတွင် သေဆုံးသူများတွင် တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်းစံသိန်းပါ ပါဝင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/164007/
၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ကဇူးစခန်းနှင့်ရွှေညောင်ပင် ခလရ ၃၂၁ စခန်းတို့တွင် စစ်သားအလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေကာ အလောင်းကောက်မည့်သူမရှိ
["၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် ကဇူးစခန်းနှင့်ရွှေညောင်ပင် ခလရ ၃၂၁ စခန်းတို့တွင် စစ်သားအလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေကာ အလောင်းကောက်မည့်သူမရှိ", "ရန်ကုန်၊ မေ ၂၂", "ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ကဇူးစခန်းနှင့် ရွှေညောင်ပင် ခလရ ၃၂၁ စခန်းတို့တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား အလောင်း ၁၄၀ ဝန်းကျင် ပြန့်ကျဲနေပြီး အလောင်းကောက်မည့်သူပင်မရှိဖြစ်နေကြောင်း KIAရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။", "မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ အခြေစိုက်ထားသော ကဇူး၊ ဒဘတ်၊ ဂါးရာယန်၊ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်း ၊ ဒိန်ဂါ၊ လိုင်ဖောင်၊ ဘင့်ပူကောင်၊ အောင်မြေ- ၁ အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယင်းနောက် မေလ ၁၉ ရက်နေ့ ည ပိုင်းတွင် စစ်အင်အား ၂၀၀ ခန့်ရှိသော ကဇူးစစ်ကောင်စီတပ်စခန်းကိုလည်းကောင်း၊ မေလ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရွှေညောင်ပင်ကျေးရွာမှ ခမရ ၃၂၁ အခြေစိုက်စခန်းကိုလည်းကောင်း၊ ၀ထောင်ဘွမ် ၊ ရတမ ၄၃၈ စခန်း နှင့် အောင်မြေ ၁ ၊ အောင်မြေ ၂ ၊ ခါးရှီစခန်းတို့ကိုလည်းကောင်း အသီးသီးတိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။", "“၀ိုင်းမော်မြို့နယ် ကဇူးစခန်းနဲ့ ရွှေညောင်ပင် ခမရ ၃၂၁ အခြေစိုက်စခန်းမှာ စစ်သား အလောင်း ၁၀၀ ကျော်တယ်။ ၁၄၀ လောက်ရှိတယ်။ ကောက်မယ့်သူမရှိဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "လတ်တလော ၀ိုင်းမော်မြို့နယ်တွင် ရဲစခန်း၊ မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းနှင့် လီဆူ ပြည်သူ့စစ်တပ်စခန်း တို့သာ ကျန်ရှိတော့ပြီး ၀ိုင်းမော်မြို့မှ ပြည်သူများမှာလည်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“မနေ့ညကလည်း တစ်ညလုံး မီးလုံးကြီးတွေ တက်လာပြီး တစ်ညလုံးပေါက်ကွဲမှုတွေဖြစ်တယ်။ နောက်ဆုံးကျန်တဲ့ တပ်ကလည်း မြို့ထဲမှာဆိုတော့ အားလုံးက စစ်ဖြစ်မှာစိုးရိမ်ပြီး ထွက်ပြေးကြတယ်။ ပိုင်ဆိုင်တာတွေ ထုပ်ပိုးပြီး ဒီမနက် အစောကတည်းက ပြေးကြတာ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- မေလ ၂၀ ရက်နေ့မှ ယနေ့အထိ ၀ိုင်းမော်မြို့မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်ကြစဉ်။"]
https://yktnews.com/2024/05/161505/
၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးသဖြင့် တံတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်
["၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးသဖြင့် တံတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်", "ရန်ကုန်၊ မေ ၉", "ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးသဖြင့် တံတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၈ ရက်နေ့ ညပိုင်းတွင် ၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား -ဗန်းမော်လမ်းပေါ်ရှိ ကဇူးကျေးရွာနှင့် ဒဘတ်ကျေးရွာကို ဆက်သွယ်ထားသော တံတားကို စစ်တပ်က လာရောက်၍ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း၊ ထိုသို့ မိုင်းခွဲဖျက်ဆီးသဖြင့် တံတားမှာ ပျက်စီးသွားပြီး ကားများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း၊ အဓိကအားဖြင့် KIA နှင့် တော်လှန်ရေးတပ်များ မလာရောက်နိုင်စေရန် စစ်တပ်က ရည်ရွယ်၍ ဖျက်ဆီးသည်ဟု ယူဆနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "“မြစ်ကြီးနား-ဗန်းမော်သွားတဲ့ လမ်းပေါ် ကဇူး- ဒဘတ် တံတားကို မနေ့ညပိုင်းမှာ မိုင်းခွဲသွားတာ။ စစ်တပ်က ခွဲသွားတာ။ ကားတွေတော့သွားလို့မရတော့ဘူး။ ဆိုင်ကယ်လောက်ကတော့ ထိန်းသွားရင်ရတယ်။ တံတားက အလယ်နားလောက်မှာ အတော်ကို ထိသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့ စတင်ခဲ့သော စစ်ဆင်ရေးများကြောင့် စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိလာချိန်တွင် စစ်ကောင်စီက ယင်းကဲ့သို့ လမ်းပန်းဆက်သွယ် ရေးများ ဖြတ်တောက်ရန် လမ်းတံတားများကို ဖျက်ဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရှင်းလင်း ပြောဆိုသည်။"]
https://yktnews.com/2024/05/163788/
၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ
["၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ", "ရန်ကုန်၊ မေ ၂၁", "ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၁၈ ရက်နေ့မှစတင်ပြီး ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်စခန်းများကို တောက်လျှောက်ဆိုသလို သိမ်းပိုက်ခဲ့ရာမှ ယနေ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရွှေညောင်ပင်ကျေးရွာမှ ခမရ ၃၂၁ အခြေစိုက်စခန်းကို သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စခန်းက အတော်ကို အခိုင်အမာဆောက်ထားတဲ့ စခန်းကြီးပါ။ ရွှေညောင်ပင်နားမှာ တိုက်ပွဲဖြစ်နေတာက ဇန်နဝါရီ လောက်ကတည်း ကြိုကြားကြိုကြားဖြစ်တယ်။ တကယ်တမ်း စစ်ဆင်ရေးနဲ့ တိုက်တာကတော့ အခုရက်ပိုင်းအတွင်းမှာတိုက်တာ။ စခန်းကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲခုခံတာတွေ လုပ်တဲ့ကြားက သိမ်းဆည်းရရှိပါတယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပါတယ်။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတုန်းမို့ ဘာမှ ပြောလို့မရသေးဘူး” ဟု ရှေ့တန်း KPDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်ရှိတွင် ၀ိုင်းမော်မြို့အနီးတွင်လည်း စစ်ရေးတင်းမာလျက်ရှိပြီး ပြည်သူများ စတင်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132429/
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ စစ်ကောင်စီလက်အောက်မှ ဗိုလ်ကြီး ၄ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး လက်နက်တချို့ပါ ယူဆောင်လျက် ပြည်သူ့ရင်ခွင်ထံ ခိုလှုံ
["၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ စစ်ကောင်စီလက်အောက်မှ ဗိုလ်ကြီး ၄ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦး လက်နက်တချို့ပါ ယူဆောင်လျက် ပြည်သူ့ရင်ခွင်ထံ ခိုလှုံ", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "၁၀၂၇ စစ်ဆင်ရေးစတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ “ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ” သို့ ဆက်သွယ်ပြီး ခိုလှုံလာသော တပ်/ရဲ ဦးရေ (၃၄) ဦးရှိသည့်အနက် ၂၂ ဦးကို လုံခြုံရာသို့ ပို့ဆောင်ပြီးဖြစ်ကာ ၁၂ ဦးအတွက် စီစဉ် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း NUG က ပြောသည်။", "အဆိုပါ ၃၄ ဦးတွင် ဗိုလ်ကြီး ၄ ဦး၊ အရာရှိ ၁ ဦး၊ တပ်ကြပ်ကြီး၄ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၂ ဦး၊ ရဲဘော် ၁၉ ဦး၊ ရထားရဲ ၂ ဦးတို့ပါဝင်ကြောင်း၊ လက်နက်ခဲယမ်းအနေဖြင့် MA-1 ၃ လက်၊ ၉မမ ပစ္စတို ၂ လက်၊ MA-4 ၁ လက်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ လက်ပစ်ဗုံး ၈ လုံးနှင့် ၅.၅၆ နှင့် ၇.၆၂ ကျည် ၁,၀၀၀ နီး ပါး ပါဝင်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ထွက်ခွာလာနိုင်သေးခြင်းမရှိပဲ Pre CDM(ဖရဲသီး) အဖြစ် အ တွင်းမှနေ၍ သတင်းအချက်အလက်များ ပေးပို့ပူးပေါင်းလာသူများ ၆ ဦး ထပ်တိုး ပူးပေါင်းလာမှုရှိ ကြောင်း NUG ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ က ထုတ်ပြန်ထား သည်။", "အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ရည်မှန်းရာပန်းတိုင် ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည် ထောင်နိုင်ရေး အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားလုံးနှင့် ပူးပေါင်းကာ ပြည်သူ့ နွေဦး တော်လှန်ရေးကို ဖြစ်နိုင်သမျှ နည်းနာအစုံအလင်ဖြင့် ကျင့်သုံး၊ ဖော်ဆောင်၊ ဆင်နွှဲလျက်ရှိပါ ကြောင်း သိရသည်။", "ထိုသို့ဆောင်ရွက်ရာတွင် သွေးမြေကျမှုနည်းနိုင်သမျှ အနည်းဆုံး ဖြစ်ရေးကို ဦးတည်လျက် “ပြည်သူ့ရင် ခွင်ခို လှုံရေး အစီအစဉ် အကောင်အထည်ဖော်မှု ကော်မတီ” ကို ဖွဲ့စည်းပြီး အကြမ်းဖက်စစ်အာဏာရှင် လက်အောက်မှ ရုန်းထွက်ကာ ပြည်သူလူထုနှင့် ဓမ္မဘက်ရပ်တည်လာသည့် တပ်မတော်သားနှင့် ရဲတပ် ဖွဲ့ ဝင်များကို ကူညီပံ့ပိုးပေးလျက်ရှိရာ လက်ရှိအချိန်အထိ တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၄,၀၀၀ ဦး ကျော်အား ကူညီဆောင်ရွက် ပံ့ပိုးပေးထားကြောင်း သိရသည်။", "ဓာတ်ပုံ- ယခု နိုဝင်ဘာလအတွင်း လောက်ကိုင်တွင် MNDAA ထံ တပ်ရင်းအလိုက် အလင်းဝင်ခဲ့သည့် ခလရ ၁၂၉ မှ တပ်မိသားစုဝင်များကို ဘေးကင်းရာ ပို့ဆောင်နေစဉ်။"]
https://yktnews.com/2024/07/175612/
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လတာ အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ
["၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လတာ အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူ ၃ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၂၅", "၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ၁ လတာ အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၂၅ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြီး PSLF/TNLA နှင့် မဟာမိတ်တပ်များ ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ သည် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ၁ လ ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁ လတာ အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၂၅ ဦးသေဆုံးကာ ၁၆၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၉၃ အိမ်၊ ဘုန်းကြီးကျောင်း ၈ ကျောင်း နှင့် စာသင်ကျောင်း ၇ ကျောင်း ထိခိုက် ပျက်စီးခဲ့ကောင်း သိရသည်။", "ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ ၁ လတာအတွင်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၄ ဦး၊ အမျိုးသား ၂၄ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် ကလေး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃၇ လုံး ၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အလားတူ နောင်ချိုမြို့နယ်တွင် အရပ်သား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦးသေဆုံးပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးထိခိုက် ဒဏ်ရာရရှိကာ အရပ်သားနေအိမ် ၁၃ လုံး ၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီး သွားခဲ့ကြောင်း သိရသည်။", "ထို့ပြင် မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး ၈ ဦး၊ ကလေး ၉ ဦး၊ အမျိုးသား ၁၁ ဦး သေဆုံးပြီး အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၂ ဦးနှင့် ကလေး ၁၀ ဦးထိခိုက် ဒဏ်ရာရကာ လူနေအိမ် ၂၉ လုံး ၊ ဘုန်းကြီးကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "မိုးမိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ၊ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "လားရှိုးမြို့တွင် အကြမ်းဖက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၂ ဦး ၊ ကလေး ၅ ဦးသေဆုံးပြီး အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၁ ဦးထိခိုက် ဒဏ်ရာရရှိကာ အရပ်သားနေအိမ် ၉ လုံး ၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "သီပေါမြို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၅ ဦး လက်နက်ကြီးစ ထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲ ၁ လတာအတွင်း အကြမ်းဖက် စစ်ကောင်စီက စစ်ရှုံး၍ အရပ်သားပြည်သူများရှိရာကို ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာခဲ့မှုကြောင့် အရပ်သား စုစုပေါင်း ၁၂၅ ဦးသေဆုံးခဲပြီး ၁၆၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဒေသပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171634/
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၁ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
["၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၁ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ", "ရန်ကုန်၊ ဇူလိုင် ၅", "ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၁ ရက်မြောက်နေ့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၅ ရက်နေ့တွင် မိုးမိတ်မြိုနယ်၊ လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာ အနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊ PLA PDF ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၂၁ ၊ ခလရ ၃၄၈ ၊ ခလရ ၂၂၃ ၊ ခလရ ၂၇၆ တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။", "အလားတူ နောင်ချိုမြို့တွင် တအာင်းတပ်တော် TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ဒုံးတပ် (၆၀၆) တပ်စခန်းတွင် ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်းကို ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင် Jet Fighter ဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/171315/
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNAL က ထိုးစစ်ဆင် တိုက်ခိုက်နေ
["၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး TNAL က ထိုးစစ်ဆင် တိုက်ခိုက်နေ", "ရန်ကုန်၊ ဇူလိုင် ၃", "ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်းတပ်တော် TNLA က ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၉ ရက်မြောက်နေ့တွင် နောင်ချိုနှင့် မိုးမိတ် မြို့နယ်တို့၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၃ ရက်နေ့တွင် နောင်ချိုမြို၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ဘန့်ဘွေးရွာ ဒေသမှ ဒုံးတပ် (၆၀၆) တပ်စခန်းကို ဟောင်ဝှစ်ဇာ လက်နက်ကြီး အလုံး ၂၀ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အလားတူ မိုးမိတ်မြို့နယ်၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ညောင်နီရွာ ဒေသ၌ တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး တအာင်းတပ်မတော် TNLA ၊ PDF – မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့က ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရွှေသာယာတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/170163/
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများတွင် ရှေ့တန်းမှ ပါဝင်
["၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများတွင် ရှေ့တန်းမှ ပါဝင်", "ရန်ကုန်၊ ဇွန် ၂၆", "မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး) က ပါ ဝင်နေပြီး နောင်ချိုမြို့နှင့် ခမရ ၁၁၅ ကို သိမ်းပိုက်မှု၊ မိုးကုတ်၊ကျောက်မဲ၊ မတ္တရာတို့ရှိ ရှေ့တန်းစခန်းများကိုတိုက်ခိုက်သိမ်းပိုက်မှုတို့တွင် ရှေ့တန်းမှ ပါဝင်နေကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က တရားဝင်ကြေညာသည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ စစ်ဆင်ရေးများကို ဟန်ချက်ညီညီ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာများတွင် မဟာမိတ်များနှင့်လက်တွဲ၍ စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "လက်ရှိအချိန်တွင် နောင်ချိုမြို့နှင့် ခမရ ၁၁၅ တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ ၁၁၄ နှင့် ၆၀၆ အမြောက်တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း ၊ ကျောက်ကြမ်းတောင်စခန်းနှင့် ရေစိုတောင်စခန်းများကို သိမ်းပိုက်ရရှိထားပြီး အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။", "မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကို မဟာမိတ်များနှင့်လက်တွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/139408/
၁၀၂၇ စစ်ဆင်ရေး သို့မဟုတ် ကျားဖြန့်တွေဆီက ဆက်ကြေးကောက်တဲ့ မင်းအောင်လှိုင် စစ်တပ်ရဲ့ကျဆုံးခန်း
["၁၀၂၇ စစ်ဆင်ရေး သို့မဟုတ် ကျားဖြန့်တွေဆီက ဆက်ကြေးကောက်တဲ့ မင်းအောင်လှိုင် စစ်တပ်ရဲ့ကျဆုံးခန်း", "By လမ်းသစ်", "“ခေတ်သစ်ကျွန်ပြုမှုနဲ့အတူ ကမ္ဘာပေါ်က လူများစွာရဲ့ သန်းပေါင်းများစွာသော ငွေကြေးတွေကို လိမ်လည်နေတဲ့ ဒီရာဇဝတ်ဂိုဏ်းတွေဟာ စစ်ရာဇဝတ်မှုတွေ အသောမသတ် ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အောက်မှာ လည်ပတ်နေတယ်ဆိုတဲ့ အချက်ဟာ တုန်လှုပ်စရာ ကောင်းလှပါတယ်”", "=================", "ကျားဖြန့်လို့ အများခေါ်ကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်တာကြောင့် နိုင်ငံရေးအခြေအနေတွေနဲ့ ဆက်စပ်နေသလို အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့လည်း ပတ်သက်ဆက်နွယ်နေပါတယ်။", "မြန်မာစစ်တပ်ဟာ ရာဇဝတ်ဂိုဏ်းသာသာပဲ ဖြစ်တယ်ဆိုတာ တစ်နေ့တစ်ခြား ပိုမိုသိမြင်လာရပါတယ်။", "ကိုးကန့်ဒေသမှာ တရုတ်က အလိုရှိနေတဲ့ ကျားဖြန့်ကိစ္စ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁ဝ ယောက်ထဲမှာ စစ်ကောင်စီကို သစ္စာခံတဲ့ ကိုးကန့်ခေါင်းဆောင်ဟောင်းတွေနဲ့ ကြံ့ခိုင်ရေးအမတ်တွေ ပါနေပါတယ်။ ကျားဖြန့် လုပ်ငန်းတွေကြောင့် ဒေသတွင်းလူကုန်ကူးမှုများ စံချိန်တင် မြင့်တက်လာမှုများ အပါအဝင် တရုတ်လူမျိုးများစွာ အလိမ်ခံရတယ်၊ ကုမ္ပဏီများစွာ ပြုတ်သွားတယ်၊ မိသားစုတွေ ပြိုကွဲခဲ့ကြရပါတယ်။", "ကိုးကန့်မှာ အွန်လိုင်းလိမ်လည်မှုလုပ်နေတဲ့ “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး ၄ ဖွဲ့)” က ဦးဆောင်လို့ ကျားဖြန့်ကုမ္ပဏီတွေ ရာနဲ့ချီပြီး ရှိနေပါတယ်။", "ဒီလုပ်ငန်းတွေကို လူအင်အား တစ်သိန်းကျော်နဲ့ လုပ်ဆောင်နေကြပြီး တစ်နှစ်ကို တရုတ်ငွေ သိန်းပေါင်း တစ်သိန်းကျော်လောက် ရနေတာပါ။ ဒီမိသားစု ၄ခုကို စစ်ကောင်စီက ပြည်သူ့စစ် ဖွဲ့စည်းခွင့်ပြုပြီး အကာအကွယ် ပေးနေပါတယ်။", "ဒီငွေလိမ်ဂိုဏ်းတွေဆီကို တရုတ်လူမျိုးများစွာ ပြန်ပေးဆွဲခံရ၊ လူကုန်ကူးခံရပြီး ရောက်လာခဲ့ကြပါတယ်။ ဒီလူတွေဟာ ညှင်းပန်းနှိပ်စက်ခံရပြီး ၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင် ၇ရက်အလို ကိုးကန့်နယ်မြေထဲမှာ “၁ဝ၂ဝ ဝေါ့ဟူရှမ်းကျွမ်းအရေးအခင်း” ဖြစ်ခဲ့ပါတယ်။", "ငွေလိမ်ဂိုဏ်းကနေ ထွက်ပြေးတဲ့ တရုတ်နိုင်ငံသား ၁ဝ ယောက်ကျော်ကို ပြည်သူ့စစ်တွေက ပစ်သတ်ခဲ့တာပါ။", "တရုတ်ဘက်က တွက်ချက်မှုတွေအရ ဒီရာဇဝတ်ဂိုဏ်းတွေရဲ့ ၃ဝ ရာခိုင်နှုန်း ဝင်ငွေတွေဟာ စစ်ကောင်စီထံ စီးဆင်းနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကို စိတ်ပျက်လာတဲ့ တရုတ်အစိုးရက ဒီပြဿနာကြီးကို ဖြေရှင်းဖို့အတွက် ညီနောင် ၃ဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးကို မီးစိမ်းပြလိုက်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။", "ဒီစစ်ဆင်ရေးကြောင့် တိုက်ပွဲတွေဟာ ကိုးကန့်ဒေသထဲကို ဦးတည်သွားခဲ့ပါတယ်။ တိုက်ပွဲများ အပြင်အထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ကျဆုံးခန်းနဲ့အတူ အဲ့ဒီဒေသကလူတွေ အများအပြား ပြောင်းရွှေ့ကြရချိန်မှာ ကျားဖြန့်ဂိုဏ်းတွေလည်း ပါသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ နယ်ခြားစောင့်တပ်ဖွဲ့တွေကိုလည်း ဖယ်ရှားပြီးသား ဖြစ်သွားခဲ့ပါတယ်။", "တိုက်ပွဲတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေး အပေါ် ထိခိုက်မှုတွေရှိခဲ့သလို မြန်မာနဲ့ဆက်သွယ်ထားတဲ့ ပိုက်လိုင်းအပေါ် စိုးရိမ်ရမှုတွေ ရှိပေမယ့် တရုတ်ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံဖြတ်ကျော်မှုခင်း နှိမ်နင်းရေးဆိုတဲ့ ကိစ္စကတော့ ကြီးကြီးမားမား အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။", "ဒါပေမယ့် ရာဇဝတ်ဂိုဏ်းတွေကို ဖြိုခွဲဖို့၊ ခေါင်းဆောင်တွေကို ဖမ်းမိဖို့ဆိုတဲ့ ကိစ္စတစ်ခုလုံးအနေနဲ့တော့ တရုတ် မျှော်မှန်းထားတဲ့ အခြေအနေကို ရောက်မလာသေးပါဘူး။", "ကိုးကန့်တပ် MNDAA အနေနဲ့ ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျားဖြန့်ရာဇဝတ်ဂိုဏ်းသား ထောင်နဲ့ချီပြီး တရုတ်ထံ လွှဲပြောင်းနိုင်ခဲ့ပေမယ့် အဓိက ခေါင်းဆောင်တွေ လွတ်နေတာဟာ စစ်ကောင်စီက အကာအကွယ် ပေးနေတာကြောင့် ဖြစ်တယ်လို့ MNDAA က ပြောပါတယ်။", "ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်နဲ့ ကျားဖြန့်ခေါင်းဆောင်တွေကို စစ်တပ်က လောက်ကိုင်မြို့ကနေ ရဟတ်ယာဉ်နဲ့ လာကယ်သွားတယ်လို့လည်း MNDAA စစ်ဦးစီးချုပ် ဖုန်တရွှင်က ပြောခဲ့ပါတယ်။", "ငွေလိမ်ဂိုဏ်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ပြန်ပို့တဲ့အချိန်မှာ အဲ့ဒီလူတွေက မြန်မာမှတ်ပုံတင်တွေ ကိုင်ဆောင်ထားတာ တွေ့ရပါတယ်။ ဒါကလည်း စစ်ကောင်စီရဲ့ ဌာနပေါင်းစုံကနေ ပါဝင်ပတ်သက်နေမှုကို ပြသနေပါတယ်။", "တရုတ်က မြန်မာပြည်တွင်းက ကျားဖြန့်လုပ်သားတွေကို ဖမ်းဆီးပေးဖို့အပြင် အဲ့ဒီလူတွေ မြန်မာဘဏ်တွေမှာ အပ်နှံထားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်လည်လွှဲပြောင်းပေးဖို့ စစ်ကောင်စီကို တောင်းဆိုထားတယ်လို့ ဒေသတွင်းသတင်းများကဆိုပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံအတွင်း လူမှုကွန်ရက်တွေမှာလည်း မင်းအောင်လှိုင်ကို ကျားဖြန့်ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေရဲ့ အဓိကခေါင်းဆောင်အဖြစ် စွပ်စွဲရေးသားမှုတွေ ရှိနေခဲ့ပါတယ်။", "ထပ်မံသိရှိရတဲ့သတင်းတွေအရ ရှမ်းမြောက်တိုက်ပွဲတွေကြောင့် ထွက်ပြေးသွားတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်နဲ့ တန့်ယန်းမြို့တွေမှာ ဒေသခံစစ်ဘက်နဲ့ ရဲတွေကို လိုင်းကြေးပေးပြီး ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။", "ဒါ့အပြင် ကရင်ပြည်နယ် မြဝတီဘက်ကို ပြောင်းရွှေ့လုပ်ကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေ ရှိနေပါတယ်။ ဒါကြောင့်လည်း ထိုင်း-မြန်မာ နယ်စပ်အနီးက ဒီငွေလိမ်လုပ်ငန်းတွေကို ရှင်းလင်းပေးဖို့ ထိုင်းဘက်ကလည်း စစ်ကောင်စီကို တောင်းဆိုထားပါတယ်။", "ရှမ်းမြောက်တိုက်ပွဲတွေကြောင့် အခြေပျက်သွားတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ နေရာရွှေ့ပြောင်းလာမှုနဲ့အတူ ပုံစံပြောင်းပြီး၊ တရုတ်နိုင်ငံသားတွေထက် တခြားနိုင်ငံသားတွေကို ပစ်မှတ်ထားလာဖွယ်ရာ ရှိနေပါတယ်။", "၁ဝ၂၇ စစ်ဆင်ရေးကြောင့် တရုတ်နယ်စပ်ဘက်မှာ ဝင်ငွေလျော့နည်းသွားတဲ့ စစ်ကောင်စီဟာ ထိုင်းနယ်စပ်က ငွေလိမ်ဂိုဏ်းတွေနဲ့ နယ်ခြားစောင့်တပ်တွေကို ပိုပြီး ထောက်ပံ့ကာကွယ်ပေးမှုတွေ လုပ်လာနိုင်ပါတယ်။", "မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့ကတော့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်များအပါအဝင် ဒေသတွင်းခေါင်းဆောင်များနဲ့ ပူးပေါင်းပြီး ကျားဖြန့်လုပ်ကိုင်သူတွေနဲ့ မူးယစ်ဆေးရောင်းဝယ်သူတွေကို လိုက်လံပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။", "အချုပ်အားဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ကျားဖြန့်နိုမ်နင်းရေး စစ်ဆင်ရေးဟာ စစ်အာဏာရှင်ဖြုတ်ချရေး ခေါင်းစဥ်တဖြစ်လဲအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာခြင်းဖြစ်ပြီး၊ ဒါဟာ နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်း နှိမ်နင်း‌ရေးလုပ်ငန်းစဥ် ဖြစ်တာကြောင့် တရုတ်နိုင်ငံသာမက ကမ္ဘာ့နိုင်ငံများကပါ လက်သင့်ခံတဲ့ စစ်ဆင်ရေးလို့ ပြောမယ်ဆိုလည်း မများပါဘူး။", "စစ်အာဏာရှင် ဖြုတ်ချရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ တခြားအဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံတကာကပါ လက်သင့်ခံတဲ့ ဒီလိုငွေလိမ်ဒုစရိုက်ဂိုဏ်း ရှင်းလင်းရေးကိစ္စမျိုးကို စစ်အာဏာရှင်ဖြုတ်ချ‌ရေး မိမိတို့ရဲ့ ပင်မရည်မှန်းချက်နဲ့အတူ ဂရုတစိုက် တွန်းတွန်းတိုက်တိုက် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ အကြံပြုမှုတွေ ရှိနေပါတယ်။", "တကယ်လည်း ခေတ်သစ်ကျွန်ပြုမှုနဲ့အတူ ကမ္ဘာပေါ်က လူများစွာရဲ့ သန်းပေါင်းများစွာသော ငွေကြေးတွေကို လိမ်လည်နေတဲ့ ဒီရာဇဝတ်ဂိုဏ်းတွေဟာ စစ်ရာဇဝတ်မှုတွေ အသောမသတ် ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အောက်မှာ လည်ပတ်နေတယ်ဆိုတဲ့ အချက်ဟာ တုန်လှုပ်စရာ ကောင်းလှပါတယ်။", "ကျားဖြန့်ဂိုဏ်းတွေရော၊ အာဏာသိမ်းစစ်တပ်ရော လူ့အသိုက်အဝန်းအတွက် အဆိပ်အတောက်ဖြစ်တာမို့ မရှိအပ်တဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။"]
https://yktnews.com/2024/03/152161/
၀၂၇ စစ်ဆင်ရေး အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ် ၄၀၀ ကျော် အတွက် TNLA က ကျပ်သိန်း ပေါင်း ၄၀၀၀ ကျော် ထောက်ပံ့ လှူဒါန်း
["၁၀၂၇ စစ်ဆင်ရေး အတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ် ၄၀၀ ကျော် အတွက် TNLA က ကျပ်သိန်း ပေါင်း ၄၀၀၀ ကျော် ထောက်ပံ့ လှူဒါန်း", "ရန်ကုန် ၊ မတ် ၂၂", "တအာင်းပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ပျက်စီးသွားသော နေအိမ် ၄၀၀ ကျော်အတွက် PSLF/ TNLA က ကျပ်သိန်းပေါင်း ၄၀၀၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၄၂၁ လုံး ဝန်း ကျင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထိုသို့ ပျက်စီးသွားသော အိမ်ရှင်မိသားစုများကို PSLF/TNLAအုပ်ချုပ်ရေးဌာနမှ ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနှင့် တာဝန်ရှိသူများက မြို့နယ်အလိုက် ထိခိုက်ပျက်စီးသွားသည့် နေအိမ်မှ ကာယကံရှင် မိသားစုများကို တွေ့ဆုံကာ အခမ်းအနားဖြင့် သွားရောက်ထောက်ပံ့ ပေးအပ်‌ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "ထိခိုက်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ထူထောင်ရေးနိုင်ရန်အတွက် ထိခိုက်ပျက်စီးမှုပေါ် မူတည်၍ အဆင့်(A)၊ အဆင့်(B)နှင့် အဆင့်(C) သတ်မှတ်ကာ ပေးအပ်‌ထောက်ပံ့ခြင်း ဖြစ်သည်ဟု ဆိုသည်။", "နေအိမ်များ ပျက်စီးမှုအတွက် ထောက်ပံ့မှုအပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိခိုက်မှုကြောင့်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုဝင်များကိုလည်း သတ်မှတ် ထားသည့် ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ကြောင်း သိရသည်။", "အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ရာတွင် PSLF/TNLA အပြင် တအာင်းအရပ်ဘက် အဖွဲ့ အစည်း တချို့လည်း လိုက်လံ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း၊ PSLF/TNLA၏ ထိန်းချုပ်မှုအောက်၌ ရှိသော ကျန်မြို့နယ်များကိုလည်း ဆက်လက်ပေးအပ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း PSLF/TNLA က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/129501/
၁၀၂၇ စစ်ဆင်ရေး ၈ ရက်တာအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်စခန်းပေါင်း ၉၇ ခု သိမ်းပိုက်ထားပြီး ယနေ့တွင်လည်း စစ်စခန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ထား
["၁၀၂၇ စစ်ဆင်ရေး ၈ ရက်တာအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်စခန်းပေါင်း ၉၇ ခု သိမ်းပိုက်ထားပြီး ယနေ့တွင်လည်း စစ်စခန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၃", "၁၀၂၇ စစ်ဆင်ရေး ၈ ရက်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်စခန်းပေါင်း ၉၇ ခု သိမ်းပိုက်ထားပြီး ယနေ့တွင်လည်း စစ်စခန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်ထား MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်ခန့်တွင် ကိုးကန့်၊ ရှမ်ထုတ်ကျိုင့် နေရာတွင် အခြေချ နေထိုင် သော အကြမ်းဖက် စစ်တပ်၏ လရခနှင့် ရမခ တပ်စခန်းများကို ကိုးကန့်-MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်ညလုံး ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့​ပြီး နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ၎င်းစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်တွင် ဟုန်နီထန်ရှိ စစ် ကောင်စီတပ်စခန်းကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး နံနက် ၇ နာရီ ၄၂ မိနစ်တွင် အပြီးသိမ်းယူခဲ့ကြောင်း သိရသည်။", "အလားတူ ယင်းနေ့ နံနက် ၁၁ နာရီ ၅ မိနစ် တွင် စစ်ကောင်စီ၏ ကွမ်းလုံအနောက်ဘက် တောင်ကုန်း စခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က တိုက်လေယာဉ်ဖြင့် စစ်ပွဲဖြစ်ပွားရာနေရာကို လာ ရောက်ဗုံးကျဲတိုက်ခိုက်ရာ ဒေသနေ ပြည်သူများ၏ နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး ကွမ်းလုံဒေသရှိ စစ်တပ်၏ တပ်စခန်းများကို ကိုးကန့်-MNDAA တပ်ဖွဲ့က တောက်လျှောက် ထိုးစစ်တိုက်ခိုက်လာခဲ့ရာ တပ်စခန်းတစ်ခုကို သိမ်းယူနိုင်ခဲ့သည့်အပြင် စစ်တပ် လက်အောက်ခံ ကွမ်းလုံဒေသ အုပ်ချုပ်ရေး ကော်မတီရုံးကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း၊ စစ်ပွဲ ဒဏ်ကြောင့် ကွမ်းလုံဒေသပြည်သူ အများစုသည် ချင်းရွှေ‌ဟော်ဒေသဘက်ကို စစ်ဘေး တိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။", "ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူများ ချင်းရွှေဟော်ဒေသဘက်ကို ဆက်လက်ရောက်ရှိနေကြောင်း၊ ၎င်း စစ်ဘေးရှောင်သူများကို ကိုးကန့် (MNDAA) မှ “ဝ”ပြည်နန်ကို လုံခြုံစွာ ရောက်ရှိစေရန် စနစ်တကျ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။", "ထို့ပြင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်ကလည်း မူပန်(သိန္နီ)ဒေသရှိ မိုင်းတင် လက်ဖက် တောင်ကုန်းစခန်း ၊ မူပန်(သိန္နီ)ဒေသ ဟိုပန်လမ်းမသစ်၏ (၉ မိုင်) စစ်ဆေးရေးဂိတ် ၊ မာချီ နှော မြောက် ပိုင်းရှိ မေဟန်စစ်ဆေးရေးဂိတ် စသည့် စခန်းများကို ကိုးကန့်(MNDAA) ၊ ဒေသလုံခြုံရေး အဖွဲ့နှင့် ရက္ခိုင့် တပ်တော်(AA)တို့မှ တနေ့လုံး ဒရုန်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး Operation ၏ ၈ ရက်မြောက်နေ့တွင် ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသ သာရွှေထန်ရွာအုပ်စု ၊ ချောက်ပါးကျိုင့် စစ်ကောင်စီ တပ်စခန်း များကို မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) က အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့ ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ အကြီး၊ အသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၉၇ ခုကို အောင်မြင် စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ ချောက်ပါးကျိုင့်နေရာရှိ စစ်ကောင်စီ တပ်စခန်းကို ကိုးကန့်MNDAA က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၈ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် အောင်မြင်စွာသိမ်းယူနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုးကန့်ခရိုင်ရှိ ဝမ့်နင်ကျွမ် ၊ ရှီမိန်ခိုင်နှင့် ကျန်ကြား လယ်ကွင်း တပ်စခန်း ၃ ခု ကို ကိုးကန့် (MNDAA) က နံနက် ၇ နာရီ ၃၃ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ၉ နာ ရီ အချိန်တွင် အပြီးပြတ် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137116/
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်အာဏာရှင်စနစ် လုံးဝဖြုတ်ချနိုင်ရမည်ဆိုသော ယုံကြည်ချက် ခိုင်မာလာပြီး စစ်တပ်၏ ဘီလူးရုပ်ကို ခွာချနိုင်ခဲ့ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ပြော
["၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်အာဏာရှင်စနစ် လုံးဝဖြုတ်ချနိုင်ရမည်ဆိုသော ယုံကြည်ချက် ခိုင်မာလာပြီး စစ်တပ်၏ ဘီလူးရုပ်ကို ခွာချနိုင်ခဲ့ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ပြော", "လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုတစ်ရပ်လုံး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရမည့်အချိန်ရောက်ပြီဟု နှိုးဆော်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်အာဏာရှင်စနစ် လုံးဝဖြုတ်ချနိုင်ရမည်ဆိုသော ယုံကြည်ချက် ခိုင်မာလာပြီး စစ်ကောင်စီ၏ ဘီလူးရုပ်ကို ခွာချနိုင်ခဲ့ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ပြောဆိုလိုက်သည်။", "အောက်တိုဘာလ (၂၇) ရက်နေ့မှစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်ဒေသမှ အစပြုခဲ့သော် လည်း ယခုအချိန်တွင် မြန်မာနိုင်ငံအနှံ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာပြီး စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် မနေထိုင်လိုသောသူတိုင်းသည်လည်း ရရာလက်နက်၊ ရသည့်နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်ကြောင်း၊ အဆိုပါ မြင်ကွင်းနှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် တော်လှန်ရေး အဖွဲအစည်းများ၏ နေ့စဉ်နှင့်အမျှ အောင်ပွဲရလဒ်များကြောင့် ပြည်သူအပေါင်းစိတ်နှလုံးရွှင်ပြုံးရသော အခိုက်အတန့်များ ဖြစ်ပေါ်စေသည်မှာ အမှန်ပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။", "“မဖြစ်နိုင်သည်မှာမရှိ” ဟူသောစကားသည် ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲအစည်းများနှင့် စစ်ကောင်စီကို တော်လှန်နေကြသောသူတိုင်းအတွက် ယုံကြည်မှုခွန်အားကို ပိုမိုရရှိစေကာ “စစ်အာဏာရှင်စနစ်ကို ယခင်က မဖြုတ်ချ နိုင်ခဲ့သော်လည်း ယခုအချိန်တွင် လုံးဝဖြုတ်ချနိုင်ရမည်” ဟူသောယုံကြည်ချက်မှာ တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာ စေခဲ့ကြောင်း၊ ဤသည်မှာ သာ၍ မှန်ကန်ကြောင်း စစ်ကောင်စီ၏ နေ့စဉ်နှင့်အမျှ စွန့်လွှတ်၊ ဆုံးရှုးနေရသော စခန်းကြီး၊ စခန်းငယ်များက သက်သေပြနေခြင်းပင် ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။", "စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကြိုးပမ်းမှုသမိုင်းတလျှောက် ယနေ့အချိန်တွင် “မြန်မာ့တပ်မတော်” ဟု ခေါ်သော “စစ်ကောင်စီ” ကို အမြစ်ပြုတ်မသွားသည့်တိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲအစည်းများ၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီတိုက်ပွဲဖော်ဆောင်နိုင်မှုတို့ကြောင့် ဘီလူးရုပ်ပေါ်သွားအောင် ပြုလုပ်နိုင်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း၊ စစ်အာဏာ ရှင်စနစ်အမြစ်ပြုတ်ရေးအတွက်မူ ယခုထက် ဆက်လက် ကြိုးပမ်းရဦးမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းသည်။", "မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်မှုကြောင့် ပြည်သူတစ်ရပ်လုံးက မလိုလားသော စစ်ကောင်စီကို ယခုထက် ပိုမိုချိနဲ့ အားလျော့သွားစေရန်အတွက် တော်လှန်ရေးအဖွဲအစည်း အဟောင်း၊ အသစ်တို့သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံးကလည်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမည့်အချိန်သို ရောက်လာခဲ့ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။", "ဓာတ်ပုံ- မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှ ‌MNDAA တပ်ဖွဲ့ဝင်များကို ယခုနှစ် ဇန်နဝါရီလအတွင်း လက်နက်များ ပေးအပ် တပ်ဆင်နေစဉ်။"]
https://yktnews.com/2023/11/129865/
၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်နိုင်ငံလုံး အရှိန်မြင့် တက်သွားသော တော်လှန်စစ် နှင့် မရှုမလှ ရှုံးနိမ့်နေပြီဖြစ်သော အကြမ်းဖက်စစ်ကောင်စီ၏ နေဝင်ချိန်
["၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်နိုင်ငံလုံး အရှိန်မြင့် တက်သွားသော တော်လှန်စစ် နှင့် မရှုမလှ ရှုံးနိမ့်နေပြီဖြစ်သော အကြမ်းဖက်စစ်ကောင်စီ၏ နေဝင်ချိန်", "By Igor Blazevic", "၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကာလတွင် စစ်တပ်သည် သပိတ် မှောက်ဆန္ဒပြနေသူများ၊ ခုခံတွန်းလှန်သူများထက် ပိုမိုအင်အားကောင်းခဲ့သည်။ နိုင်ငံတွင်းရှိပြည်သူအများစုသည် အာဏာသိမ်းမှုကို လက်မခံကြဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဒေသအသီးသီးမှ ကြီးငယ်မရွေးလူပေါင်းစုံပါဝင်‌တိုက်ပွဲ၀င်ခဲ့ကြပါသည်။", "သို့သော် စစ်အာဏာရှင်များသည် ပြည်သူများကို အကြမ်းဖက်နည်းလမ်းများဖြင့် ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့သည်။ စစ်တပ်တွင် တနိုင်ငံလုံးကို ချုပ်ကိုင်နိုင်သော အုပ်ချုပ်ရေးအာဏာနှင့် ငွေကြေးနှင့် စီးပွားရေး အရင်းအမြစ်များစွာကို သိမ်းယူဆုပ်ကိုင်ထားနိုင်ခဲ့သည်။", "စစ်အာဏာရှင်များဘက်မှ မည်မျှပင် ကြိုးစားစေကာမူ ခိုင်မာသောစိတ်ဓာတ်ဖြင့် ရဲရင့်သောခုခံမှုများကို မရပ်တန့်နိုင်ခဲ့ပေ။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုဖြင့် ပြည်သူလူထုကို အမိန့်နာခံလာအောင် မခြိမ်းခြောက်နိုင်ခဲ့ပေ။ ယင်းအစား လူထုက ပိုမိုစိတ်ဓာတ်ခိုင်မာလာပြီး မိမိကိုယ်ကို ပိုမိုခုခံကာကွယ်လာနိုင်ခဲ့သည်။", "အချိန်ကြာလာသည်နှင့်အမျှ အခြေအနေသည် အပျက်သဘောကဲသော ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေဖြစ်လာသည်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှ ၂၀၂၃ ခုနှစ် နှစ်အစပိုင်းအထိ စစ်တပ်က တော်လှန်ရေးအင်အားစုများအပေါ်အနိုင်မယူနိုင်သလို တော်လှန်ရေးအင်အားစုများကလည်း စစ်အာဏာရှင်များကို မဖြုတ်ချနိုင်ခဲ့ပေ။ စစ်တပ်က ကျေးလက်နေ ပြည်သူအား ဒုက္ခကြီးစွာ ရောက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရွာများကို ဖျက်ဆီးပြီး လူများကို အိုးအိမ်စွန့်ခွာခိုင်းစေခြင်းကြောင့် ဆိုးရွားသည့်အခြေအနေများ ဖြစ်လာခဲ့ရပါသည်။", "၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ဤအပျက်သဘောကဲသည့်အာဏာချိန်ခွင်လျှာသည် စတင်ပြောင်းလဲခဲ့ပြီး ယခုအခါ အာဏာဟန်ချက်ပြောင်းလဲမှုကြီးကို မြင်တွေ့နေရသည်။ Anthony Davis က သူ၏ဆောင်းပါးတွင် မကြာသေးမှီကပြောခဲ့သည့်အတိုင်း တစ်ဖက်က အခြား တစ်ဖက်ထက် ဖြည်းဖြည်းချင်း ပိုအား‌သာလာခဲ့ပြီး အရေးကြီးဆုံး အချက်မှာ နေပြည်တော်‌စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေးအဖွဲ့များက အားသာလာနေခြင်းပင်ဖြစ်သည်။", "စစ်ဆင်ရေး ၁၀၂၇ သည် အရှိန်အဟုန်ဖြင့် စစ်အရှိန်မြှင့်လာခဲ့ပြီး‌နောက် လပေါင်းများစွာကြာအောင် အားထုတ်မှု၏ ရလဒ်များ တဖြည်းဖြည်း ထင်ရှားစေခဲ့သည်။ နယ်မြေအများအပြားတွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ၏ ထိန်းချုပ်မှု အားနည်းလာကာ အဘက်ဘက်မှာပြိုကွဲ‌ကျဆင်းနေသည်ကို မီးမောင်းထိုးပြနိုင်ခဲ့ဖြစ်သည်။", "စစ်ကောင်စီသည် အကျဘက်တွင် ရှိနေပြီး မင်းအောင်လှိုင်တွင် ထိရောက်သော မည်သည့်အစီအစဉ် ရှိမနေပါ။ ကောင်းမွန်သော ခေါင်းဆောင်မှုစွမ်းရည်နှင့် နည်းဗျူဟာတီထွင်ဖန်တီးမှုစွမ်းရည် အနည်းငယ်မျှပင် မရှိသော မင်းအောင်လှိုင်နှင့်စစ်‌ကောင်စီသည် နည်းဗျူဟာဟောင်းများကိုသာ ထပ်ခါတလဲလဲ အသုံးချလျက်ရှိသည်။", "ယခုအချိန်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့်မှုကိုသာ မျက်ကန်းယုံကြည်‌နေကြသည်။ ကျန်ရှိသော ရင်းမြစ်များကို ကျောက်ခဲရေညစ်သလိုအသုံးပြုလျက် တတ်နိုင်သမျှ ပျက်စီးရေးကိုသာ ကြိုးစားနေပြီး ထိုနည်းဖြင့်အဆင်ပြေမည်ဟု မျှော်လင့်နေကြသည်။", "မင်းအောင်လှိုင်၏အုပ်ချုပ်မှုသည် ဒဏ်ရာရနေသော ကျားနာတစ်ကောင်လိုဖြစ်နေသည်။ ပြင်းထန်စွာ ထိခိုက်မှုကြောင့် သွေးထွက်လွန်ကာ အားပျော့သွားသော်လည်း ထိခိုက်မှုများစွာဖြစ်စေရန်ခွန်အားနှင့် ချွန်ထက်သော ခြေသည်းများ ရှိနေသေးသည်။ ထိုကျားနာ မြန်မြန်‌ကျရှုံးမှသာ မြန်မာပြည်သူပြည်သားများ၏ ဆင်းရဲဒုက္ခများနှင့် တိုင်းပြည်ထိခိုက်ပျက်စီးမှုများ မြန်မြန်ရပ်တန့်မည်ဖြစ်သည်။", "စစ်အာဏာရှင်များကို တွန်းလှန်နေသော တော်လှန်ရေးမဟာမိတ်များအတွက် လက်ရှိစိန်ခေါ်မှုမှာ မရှုံးအောင် ဘယ်လိုလုပ်ရမလဲ ဆိုသည့် မေးခွန်းမျိုးမဟုတ်တော့ပါ။ဘယ်လိုအောင်မြင်အောင်လုပ်မလဲ ဆိုသည့် မေးခွန်းအသစ်ပဲ ဖြစ်ပါသည်။ နိုင်ငံအနှံ့တွင် တော်လှန်ရေးအင်အားစုများသည် ကိုယ်တိုင်ခုခံကာကွယ်ရန်နှင့် အကြမ်းဖက်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်မှုများမှ အရပ်သားများအား ကာကွယ်ရန် အာရုံစိုက်နေရဆဲ ဖြစ်သည်။", "သို့ရာတွင် အရေးကြီးဆုံးအလုပ်မှာ အဆင့်သစ်တစ်ခုကို တက်ရောက်နေပြီ ဖြစ်သည်။ တော်လှန်ရေးအင်အား စုများအတွက် အဓိကရည်မှန်းချက်မှာ ၎င်းတို့၏ကိုယ်ပိုင်တိုက်ပွဲများ သို့မဟုတ် ကမ်းပိန်းများကိုလုပ်ဆောင် ရန်သာ မဟုတ်‌တော့ပါ။ ယခုတာဝန်မှာ မတူညီသောအုပ်စုများကို ပေါင်းစပ်ညှိနှိုင်းသည့်နည်းဗျူဟာဖြင့် စုစည်းရန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းကို ဒေသအဆင့်မှ အစပျိုးလုပ်ဆောင်ပါက ကောင်းမွန်မည်ဖြစ် သည်။", "ထိုအလုပ်သည် စစ်‌ကောင်စီ၏အ‌ရေးပေါ်နည်းဗျူဟာများကို တုံ့ပြန်တိုက်ခိုက်ရန်သာ မဟုတ်ပါ။ တော်လှန်ရေးအဖွဲ့များ စည်းလုံးညီညွတ်ပြီး ပေါင်းစပ်ညှိနှိုင်းသည့်နည်းဗျူဟာဖြင့် လက်တွဲ၍ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များကို စည်းချက်ညီစွာ စုပေါင်းဖန်တီးရန် ဖြစ်ပါသည်။", "နိုင်ငံတဝှမ်းရှိ ရှေ့တန်းစစ်မျက်နှာများတွင် စည်းလုံးညီညွတ်စွာညှိနှိုင်းမှု မရှိမဖြစ်ရှိကိုရှိရမည်ဖြစ်သည်။ သို့သော်လည်း လက်နက် ကိုင်တော်လှန်ရေးသည် အလုံးစုံအနိုင်ရရန်ဗျူဟာ၏ တစ်ခုတည်းသော အစိတ်အပိုင်း မဟုတ်ပေ။ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများအ‌နေဖြင့် အရေးကြီးနယ်ပယ်များတွင် သိသိသာသာ အားနည်းနေသော စစ်‌ကောင်စီအပေါ် ဖိအားများ ဆက်လက်ထားရှိရန် လိုအပ်သည်။", "ထိုနယ်ပယ်များတွင် ဖိအားကိုထိန်းထားရန်နှင့် အရှိန်အဟုန်ရရှိရန် အရေးကြီးသည်။ ၎င်းသည် ရှေ့ဆက်ရာလမ်းကြောင်း တိုးတက်မှုအတွက်လည်း အလွန်အရေးပါသည်။၎င်းတို့မှာ", "– လက်နက်ကိုင်ခုခံမှုကို ဆက်လက်လုပ်ဆောင်ခြင်း – မတူညီသော ရှေ့တန်း တလျှောက်ရှိ စစ်တပ်၏အားနည်းချက်များနှင့် ထောက်ပံ့ရေးလမ်းကြောင်းများပေါ်တွင် တိုက်ခိုက်မှုများကို တလှိုင်းပြီးတလှိုင်း‌ ဖော်ဆောင်နိုင်ရန် ညှိနှိုင်းပါ။ ပြင်းထန်သော စိတ်ဓါတ်စစ်ဆင်ရေးများ၊ သတင်းကမ်းပိန်းများဖြင့် ဤတိုက်ပွဲများ၏အကျိုးသက်ရောက်မှုကို တိုးမြှင့်ပါ။", "– နိုင်ငံရေးမဟာမိတ် – စစ်အာဏာရှင်ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့၏ စည်းလုံးညီညွတ်ပြီး စိတ်ဓာတ်ခိုင်မာသော ပုံရိပ်ကို ဖော်ပြပါ။ ဤမဟာမိတ်အဖွဲ့သည် အောင်နိုင်သူအဖြစ် အားကောင်းပြီး အာဏာအကူးအပြောင်းကို ချောမွေ့စွာ စီမံခန့်ခွဲနိုင်သော စည်းလုံးသောအဖွဲ့အဖြစ် ပုံဖော်ပါ။", "– လူထုပါဝင်မှု – လာမည့် ၆ – ၈ လအတွင်း လူထုခုခံမှုကို ပြသသည့်ပွဲကြီးများကို ပိုမိုပြုလုပ်ပါ။ ပြည်သူလူထု၏ ဆန္ဒအမှန်ကို ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝန်းအားပြသရန် အရေးကြီးပါသည်။ အထူးသဖြင့် စစ်တပ်၏ ဖိနှိပ်ချုပ်ကိုင်မှု မပါဝင်သည့် မြန်မာနိုင်ငံအနာဂတ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိသော ပြင်ပအင်အားစုများအတွက် ဖြစ်သည်။ အလုံးစုံငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတဆင့် စစ်တပ်အား ပြန်လည်အားကောင်းလာစေရန် ထိုပြင်ပအင်အားစုများက ကူညီခြင်းအား ရပ်တန့်ရန်အတွက် ထိုသို့လုပ်ဆောင်ရန်အရေးကြီးပါသည်။", "– စစ်‌ကောင်စီ၏ ငွေကြေးရင်းမြစ်များကို ဖြတ်တောက်ခြင်း- စစ်ကောင်စီသည် ဘဏ္ဍာငွေ အလွန်နည်းလာသည်။ သေချာတိကျသောဒဏ်ခတ်ပိတ်ဆို့မှုများကို နောက်ထပ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အကောင်အထည်ဖော်ခြင်းသည် စစ်‌ကောင်စီအပေါ် ပြင်းထန်သော ဖိအားဖြစ်စေနိုင်သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများအပြင် တော်လှန်ရေးအုပ်စုများသည် စစ်အာဏာရှင်၏ကျန်ရှိသော အဓိကကျသည့်စီးပွားရေးပိုင်ဆိုင်မှုများနှင့် ဝင်ငွေအရင်းအမြစ်များကို ဖြိုခွဲဖျက်ဆီးရန် နည်းလမ်းများ ရှာဖွေသင့်သည်။ (လျိုဝှက်နည်းလမ်း များ၊သွယ်ဝိုက်နည်းလမ်းများ၊ ဘွိုင်းကောက်ခြင်းများစသည်)", "– တော်လှန်ရန်ပုံငွေ ရှာဖွေရေးများကို ထပ်မံစုစည်း‌ ဆောင်ရွက်ပါ – စစ်ပွဲနှင့် တော်လှန်ရေး‌ အောင်နိုင်ရန်အတွက် ငွေသည် မရှိမဖြစ် လိုအပ်ပါသည်။ ပြည်ပအလှူရှင်များသည် အရပ်ဘက်လူ့အဖွဲ့အစည်း၊ လူ့အခွင့်အရေး၊ မီဒီယာ နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပံ့ပိုးပေးနိုင်သော်လည်း တော်လှန်ရေး သို့မဟုတ် စစ်ရေးအောင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့မည်မဟုတ်ပါ။ ထိုကြောင့် ရန်ပုံငွေများသည် ပြည်တွင်းပြည်ပလူထုမှ ကိုယ်ထူကိုယ်ထငွေကြေးထောက်ပံ့ရမည်ဖြစ်သည်။", "– သတင်းအချက်အလက်နှင့် စိတ်ဓာတ်စစ်ဆင်ရေးများ – စစ်အုပ်စုထောက်ခံသူများ၏ စိတ်ဓာတ်ကို အားနည်းသွားစေရန်အတွက် စိတ်ဓာတ်စစ်ဆင်ရေးများ (ဆိုက်ဝါးများ) ကို အ‌လေးထားရန်နှင့် လူထုကို သြဇာလွှမ်းမိုးရန် အလွန်အရေးကြီးလာသည်။", "ဖော်ပြထားသော ချဉ်းကပ်မှုများအားလုံးကို ပေါင်းစပ်ခြင်းဖြင့် တော်လှန်ရေးအင်အားစုများသည် မင်းအောင်လှိုင်၏စစ်ကောင်စီအပေါ် ဖိအားများ တိုးမြင့်လာနိုင်သည်။ သို့ရာတွင် စစ်တပ်ကို အမှန်တကယ် အနိုင်ယူရန်အတွက် ၎င်းတို့အတွင်းစည်းအတွင်း ပြိုလဲရန်လိုပါသည်။ ၎င်းသည် ပိုမိုအောင်မြင်နိုင်‌ချေများလာသည်။ကောင်းစွာစီစဉ်ထားသော ပြင်းထန်သောဆိုက်ဝါးကမ်ပိန်း များသည် ဤလုပ်ငန်းစဉ်ကို အရှိန်မြှင့်နိုင်ပါသည်။", "ဓာတ်ပုံ- TNLA တပ်ဖွဲ့များက နမ့်ခမ်းမြို့နှင့် နမ့်ခမ်းရဲစခန်းကို နိုဝင်ဘာလ ၅ ရက်နေ့ သိမ်းပိုက်ထိန်းချုပ်ထားစဉ်။"]
https://yktnews.com/2023/12/134212/
၁၀၂၇ စစ်ဆင်ရေးကြောင့် နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး နှင့် ဗိုလ်မှူး အဆင့် အရာရှိ ၁၃ ဦးသေဆုံးပြီး စစ် သုံ့ပန်းအဖြစ် ၁၁ ဦး အဖမ်းခံရ
["၁၀၂၇ စစ်ဆင်ရေးကြောင့် နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး နှင့် ဗိုလ်မှူး အဆင့် အရာရှိ ၁၃ ဦးသေဆုံးပြီး စစ် သုံ့ပန်းအဖြစ် ၁၁ ဦး အဖမ်းခံရ", "ဗိုလ်ကြီးအဆင့်တွင်မူ ၆ ဦးသေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းမိ", "ရန်ကုန်၊ ဒီဇင်ဘာလ ၃", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် နိုင်ငံတစ်ဝန်း နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်/ဗိုလ်မှူး ကြီး၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အဆင့် အရာရှိ ၁၃ ဦးသေဆုံးပြီး စစ် သုံ့ပန်း အဖြစ် ၁၁ ဦး အဖမ်းခံရကာ ဗိုလ်ကြီးအဆင့်တွင်မူ ၆ ဦးသေဆုံးပြီး ၄ ဦး ဖမ်းမိကြောင်း နိုဝင်ဘာလအတွက် စစ်တမ်းများအရ သိရှိရသည်။", "၁။ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် (စစ်တက္ကသိုလ် အပတ်စဉ်-၄၁)", "မိတ္တီလာအခြေစိုက် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် (စစ်တက္ကသိုလ် အပတ်စဉ်-၄၁)", "သည် နိုဝင်ဘာလ ၅ ရက်နေ့ ကွမ်းလုံ မြို့၊ ပန်လုံ ဗျူဟာကုန်း တိုက်ပွဲ တွင် သေဆုံးသည်။", "၂။ ခမရ ၁၁၃ ၏ ဒုတပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး/ ဗိုလ်မှူး", "ခမရ ၁၁၃ ၏ ဒုတပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး/ ဗိုလ်မှူး သည် နိုဝင်ဘာလ ၆ ရက်နေ့ ကွမ်းလုံမြို့၊ ပန်လုံ ဗျူဟာကုန်း တိုက်ပွဲ", "၃။ ခလရ ၉၇ ဗိုလ်မှူး", "ခလရ ၉၇ မှ ဗိုလ်မှူးသည် နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ တပ်မ ၄၄ လက်အောက်ခံ (၉၇) တပ်ရင်း နှင့် ဇိနသုခ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဉ်များဖြင့် (၆)ကြိမ် ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ (၉၇) တပ်ရင်းမှ တပ်ခွဲမှူး ၊ Body guard (၁)ယောက် နှင့် စစ်သား (၁)ယောက်တို့ သေဆုံးခဲ့သည်။", "၄။ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး", "နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော တပ်မ(၂၂) လက်အောက်ခံ အင်အား (၅၀)ဦးပါ စစ်ကြောင်းမှ (၂၃)ဦးသည် ပြည်သူ့တော်လှန်ရေးအဖွဲ့များထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် အရာရှိ (၁)ဦး အပါအဝင် (၁၄)ဦး သေဆုံးကြောင်း၊ အရာရှိ (၁)ဦး အပါအဝင် (၅)ဦး အရှင် ဖမ်းမိကြောင်း၊ နောက်ထပ် အရာရှိ (၁) ဦးအပါအဝင် စစ်သား (၈)ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။", "၅။ ခမရ ၄၂၅ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး", "ကရင်နီပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်နေ့လုံး လွိုင်ကော် တက္ကသိုလ်ဝန်းထဲတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူး အပါအဝင် တပ်ရင်း တစ်ရင်းလုံး နီးပါး သေဆုံးခဲ့သလို ခမရ (၆) ၏ အင်အား တစ်ဝက် နီးပါးသေဆုံးခဲ့သည်။", "၆။ ခမရ ၄၂၅ ဗိုလ်မှူး", "ကရင်နီပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်နေ့လုံး လွိုင်ကော် တက္ကသိုလ်ဝန်းထဲတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူး အပါအဝင် တပ်ရင်း တစ်ရင်းလုံး နီးပါး သေဆုံးခဲ့သလို ခမရ (၆) ၏ အင်အား တစ်ဝက် နီးပါးသေဆုံးခဲ့သည်။", "၇။ ဗိုလ်မှူးကြီး တင်အောင်မိုး (စစ်တက္ကသိုလ် ၄၃)", "သေဆုံးရက် (၁၉/၁၁/၂၀၂၃)", "၂၀၂၃ နိုဝင်ဘာ (၁၉)ရက်ညက (PSLF/TNLA)နှင့် ဖြစ်ပွားသည့် မူဆယ်မြို့နယ် (၁၀၅)မိုင် တိုက်ပွဲတွင် စကခ(၁၇) နည်းဗျူဟာမှူး ၊ မိုင်းပန် အခြေစိုက် ဗိုလ်မှူးကြီး တင်အောင်မိုး (စစ်တက္ကသိုလ် ၄၃) ဒရုန်းဗုံး ထိမှန်၍ သေဆုံးသွားခြင်း ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ဝန်ကြီးဌာနက အတည်ပြုထားသည်။ ။", "၈။ ဗိုလ်မှူး အေးချမ်း", "ဒုတပ်ရင်းမှူး ၊ ခလရ(၉၇) ကော့ကရိတ် အခြေစိုက်", "၂၀၂၃ နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ကော့ကရိတ်မြို့ အခြေစိုက် ခလရ(၉၇) တပ်မှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး အေးချမ်း သည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးမြို့ ချက်ပွိုင့် အနီးရှိ Beauty Parlor ဆိုင်တွင် စနိုက်ပါ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဦးခေါင်း ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။", "၉။ ဗိုလ်မှူး စိုးဝင်းထိုက်", "ချင်းပြည်နယ် မတူပီ ခရိုင် လိုင်လင်းပီမြို့ သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်မှူး စိုးဝင်းထိုက် အပါအဝင် (၃)ယောက် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေက အိန္ဒိယဘက်ကို ထွက်ပြေးသွားကြကြောင်း သိရှိရသည်။", "၁၀။ ဒု ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း (စစ်တက္ကသိုလ် ၄၅)", "တပ်ရင်းမှူး ၊ ခလရ(၇၉) မိတ္ထီလာ၊ တပ်မ(၉၉)", "နိုဝင်ဘာလ ၂၆ ရက်နေ့ မူဆယ်မြို့နယ်၊ လုံခန်း တပ်စခန်းသိမ်းတိုက်ပွဲတွင် ဒု ဗိုလ်မှူးကြီး အောင်ဇေယျာဝင်း (စစ်တက္ကသိုလ် ၄၅) တပ်ရင်းမှူး၊ ခလရ ၇၉ သေဆုံါ်သည်။", "၁၁။ ဒု ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း", "တပ်ရင်းမှူး ၊ ခမရ(၅၅၇) တနင်္သာရီမြို့", "မွန်ပြည်နယ် ကျိုက်မရော ချောင်းနှစ်ခွ စစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးမဟာမိတ်တပ်များက ရက်ပေါင်းများစွာ တိုက်ခိုက်လျက်ရှိရာ ဘန်လော -တနင်္သာရီမြို့ အခြေစိုက် ခမရ(၅၅၇) မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း ဦးဆောင်သော တပ်ဖွဲ့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ယခုလလယ်ပိုင်းတွင် ချောင်းနှစ်ခွ စခန်းသို့ ပို့ဆောင်ပြီး စခန်း မကျစေရေး ကွပ်ကဲ တိုက်ခိုက်စေခဲ့စဉ် ဒရုန်း ဗုံးကျဲခံရသဖြင့် ပုခုံးနှင့် လက်မောင်းတွင် ဗုံးစများ ထိမှန်ခဲ့ကြောင်း ၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ပေါင်တွင် စနိုက်ပါ ထိမှန်ပြီး သွေးထွက် လွန်သဖြင့် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် သေဆုံးသွားခဲ့သည်။ သေဆုံးသွားသည့် ဒု ဗိုလ်မှူးကြီး မျိုးကိုကိုဝင်းကို ဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်၍ သီဟသူရဘွဲ့ ချီးမြှင့်ကြောင်း သိရှိရသည်။", "ဒုတိယ ဗိုလ်မှူးကြီး မျိုးကိုကိုဝင်း သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ခမရ(၄၃၂) တပ်ရင်းမှူး တာဝန် ထမ်းဆောင်ခဲ့ချိန်ကလည်း KNU တပ်မဟာ (၆) နယ်မြေ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ဒရုန်းဗုံး ထိမှန်ခဲ့၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း ၊ ယင်းနောက် ခမရ(၅၅၇) တပ်ရင်းမှူး အဖြစ် ပြောင်းရွှေ့ခဲ့သည်။", "၁၂။ခမရ(၅၇၉) မိုင်းဆတ်အခြေစိုက် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး", "TNLA နှင့် ပူးပေါင်းတပ်များက ကျောက်မဲ ဘီးခွန်ဂိတ်ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တိုက်ခိုက်ရာ ခမရ (၅၇၉) တပ်ရင်းမှူး သေဆုံးသွားသည်။", "၁၃။ တပ်နယ်(၄) ၊ ကရင် နယ်ခြားစောင့်တပ် ဗိုလ်မှူး", "မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေး ရဲစခန်းမှ ချောင်းနှစ်ခွ သို့ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းနှင့် နယ်ခြားစောင့်တပ် ပူးပေါင်း စစ်ကြောင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ် ဗိုလ်ကြီး ၁ဦး ၊ နယ်ခြားစောင့်တပ် တပ်နယ်၄ ၏ စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးသေဆုံးသည်။", "ဒဏ်ရရသူ ( ၄ )ယောက်မှာ", "၁။ ခလရ ၁၉ မှ ဒု ဗိုလ်မှူးကြီး ကျော်မင်းထွန်း", "နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ခလရ ၁၉ မှ ဒု ဗိုလ်မှူးကြီး ကျော်မင်းထွန်း ဒဏ်ရာရသည်။", "၂။ ခမရ ၅၅၆ မှ ဒု ဗိုလ်မှူးကြီး ဝင်းနောင်ထွန်း", "နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ခမရ ၅၅၆ မှ ဒု ဗိုလ်မှူးကြီး ဝင်းနောင်ထွန်း ဒဏ်ရာရသည်။", "၃။ ခမရ ၅၅၇ မှ ဒု ဗိုလ်မှူးကြီး ခန့်နောင်", "နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ခမရ ၅၅၇ မှ ဒု ဗိုလ်မှူးကြီး ခန့်နောင် ဒဏ်ရာရသည်။", "၄။ နဗဟ ၂ မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်း", "နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်အချိန် မော်လမြိုင်၊ မြို့ပေါ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းနှစ်ပတ်လည် အခမ်းအနား ကျင်းပ​နေစဥ် ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ Alpha နှင့် နယ်ခံ ERO တပ်ဖွဲ့တို့ ပူး​ပေါင်းပြီး Suicide Drone (၂)စင်း အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ နဗဟ ၂ မှ ဗိုလ်မှူးကြီး ဇော်လင်းထွန်း ဒဏ်ရာရသည်။", "စစ် သုံ့ပန်းအဖြစ်လည်းကောင်း၊ လက်နက်ချသူအဖြစ်လည်းကောင်း အလင်းဝင်သူ စစ်အရာရှိ ၁၁ ဦး ရှိပြီး", "၁။ မင်းပြားမှ ဗိုလ်မှူး", "နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက် (၈)နာရီခန့်တွင် မင်းပြားမြို့နယ်၊ ဖားပြိုအောက်ရွာ အနီးရှိ ပြည်ထောင်စုလမ်းမပေါ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ရခိုင် တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး (၁)ဦးနှင့် ဗိုလ်ကြီး (၁)ဦးကို ရခိုင်တပ်တော် AA က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။", "၂။ ချင်းပြည်နယ်မှ ဗိုလ်မှူး", "ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လက်နက်ချသည်။", "၃။ ခမရ ၄၂၃ မှ ဗိုလ်မှူး/ဗိုလ်ကြီး ဖြိုးမြင့်နိုင်", "နိုဝင်ဘာလ ၁၃ ရက်နေ့ ကရင်နီတိုက်ပွဲတွင် အမှတ် (၄၂၃) ခြေမြန်တပ်ရင်း ဆီဆိုင်မြို့မှ ဗိုလ်မှူး/ဗိုလ်ကြီး ဖြိုးမြင့်နိုင် လက်နက်ချ အညံ့ခံသည်။", "၄။ ခမရ ၆ မှ ဗိုလ်မှူး/ဗိုလ်ကြီး ကောင်းမြတ်ကို", "နိုဝင်ဘာ (၁၄)ရက်နေ့တွင် လွိုင်ကော် တက္ကသိုလ်ဝင်းအတွင်း ကျန်ရှိနေသည့် ခမရ (၆) တပ်ကို တိုက်ခိုက်နေစဉ် တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးသည့် (၃၂) ဦး သည် KNDF ထံ လက်နက်ချ အညံ့ခံခဲ့သည်။", "၅။ ဒု ဗိုလ်မှူးကြီး သူရ", "နိုဝင်ဘာလ ၁၈ ရက်နေ့ ဒုတိယဗိုလ်မှူးကြီး သူရကို MNDAAက ဖမ်းဆီးခဲ့သည်။", "၆။ ဗိုလ်မှူး ခိုင်သန့်မိုး(စစ်တက္ကသိုလ်အပတ်စဉ်- ၄၄ )", "နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကရင်နီ​တပ်​ပေါင်းစုက က ၁၁.၁၁ စစ်ဆင်ရေး အဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပစ်ချနိုင်ခဲ့​သော စစ်တပ်တိုက်လေယာဉ် K-8 မှ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းဆီးနိုင်ခဲ့သည်။", "၇။ ဟားခါး ခလရ ၂၆၆မှ ဗိုလ်မှူး", "နိုဝင်ဘာလ ၂၁ ရက်နေ့ ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၃)ဦး သေဆုံးကာ ဗိုလ်မှူး တစ်ဦး အပါအဝင် (၁၃)ဦး အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-ဇိုလဲန်း(PDF-Zoland) ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။", "၈။ ဗိုလ်မှူး သန်းနိုင်", "စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ရန်ကြီးအောင် ကျေးရွာမှာ တပ်စွဲထားတဲ့ အင်းအား (၅၀)ကျော်ရှိ စစ်ကောင်စီ စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်က ၂၀၂၃-၁၁-၂၃ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား (၂၀) ကျော် ထွက်ပြေးသွားခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၃ ရက် နှင့် ၂၄ ရက်နေ့တွေမှာ လိုက်လံ ရှာဖွေ ဖမ်းဆီးရာ စခန်းတာဝန်ခံ ဗိုလ်မှူး သန်းနိုင် ကို မြိုသာ ကျေးရွာ အနီး လယ်တောထဲမှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။", "၉။ခလရ ၆၉ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး( သိန္နီ)", "နိုဝင်ဘာလ ၂၇ ရက်နေ့ ကိုးကန့် ဒေသ ရှီးစန်းချီး ၊ တာ့ရွှေထန်း ကျေးရွာအုပ်စု ၊ ရှောင်ပိုင်ရန် တိုက်ပွဲမှာ စကခ (၁၆)လက်အောက်ခံ ခလရ(၆၉) တပ်ရင်းမှူးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိသည်။", "၁၀။ ခလရ ၁၂၅ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး (ကုန်းကြမ်းမြို့နယ်)", "နိုဝင်ဘာလ ၂၈ ရက်နေ့ ကိုးကန့်ခရိုင် ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ် ခလရ ၁၂၅ တပ်မှ တပ်ရင်းအလိုက် အလင်းဝင်ရောက်လာရာ တပ်ဖွဲ့ဝင် နှင့် မိသားစုဝင် ၂၇၂ ဦး ရှိကြောင်း (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောဆိုခဲ့သည်။", "၁၁။ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး", "နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသည်။", "ထို့ပြင် စစ်တပ်မှ ဗိုလ်ကြီးအဆင့်တွင်မူ ၆ ဦးသေဆုံးပြီး ၄ ဦး ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရှုံးနိမ့်မှုများစွာ ကြုံနေရသော်လည်း ပွဲတက်မပြတ်သည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ။"]
https://yktnews.com/2023/12/135757/
၁၀၂၇ စစ်ဆင်ရေးတွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အပြင် အွန်လိုင်းလိမ်လည်မှု နှင့် ကျားဖြန့် ကုမ္ပဏီများ လုပ်ဆောင်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များကို နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်မည်
["၁၀၂၇ စစ်ဆင်ရေးတွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အပြင် အွန်လိုင်းလိမ်လည်မှု နှင့် ကျားဖြန့် ကုမ္ပဏီများ လုပ်ဆောင်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များကို နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်မည်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ကိုးကန့် MNDAA၊ ရခိုင် AA နှင့် တအာင်း TNLA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ဆောင်ရွက်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အပြင် အွန်လိုင်းလိမ်လည်မှုနှင့် ကျားဖြန့် ကုမ္ပဏီများ လုပ်ဆောင်နေသော စစ်ကောင်စီနှင့်ပြည်သူ့စစ်များကို နှိမ်နင်းရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် ကြေညာသည်။", "“၁၀၂၇ စစ်ဆင်ရေး” ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို မိမိတို ညီနောင်မဟာမိတ်သုံးဖွဲမှ စစ်ဆင်ရေး စတင်သည့်နေ့ တွင် တိကျရှင်းလင်းစွာကြေညာခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါကြေညာချက်များထဲတွင် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးသည် တစ်ချက်အပါအဝင်ဖြစ်သကဲ့သို အွန်လိုင်းလိမ်လည်မှုပပျောက် ရေး Online Game (ကျဖျင့်) ကုမ္ပဏီများနှင့် အဆိုပါလုပ်ငန်းများကိုလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲများကို နှိမ်နင်းနိုင်ရေးသည်လည်း တစ်ချက်အပါအဝင် ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။", "စစ်ဆင်ရေး ၄၈ ရက်တာကာလအတွင်း စစ်ကောင်စီ၏ ဗျူဟာကုန်းများ၊ စစ်စခန်းအများအပြားကို ညီနောင် မဟာမိတ်သုံးဖွဲမှ မရပ်မနား ရက် ဆက်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထုအား ဒုက္ခပေးနေသော စစ်ကောင်စီ ၏ လက်နက်ကြီးကုန်းများမှ လက်နက်ကြီးပစ်ခတ်မှုများသည် အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားခဲ့သော်လည်း ကျန်ရှိနေသေးသော လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေသည့် စခန်းများကို ထပ်မံရှင်းလင်းရန် လိုအပ်နေသေးသည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ သို့ရာတွင် စစ်ကောင်စီသည် လေကြောင်းအားကိုးဖြင့် ပြည်သူလူထုများကို မိုက်ရူးရဲစွာ ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရသည့်အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။", "မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အလိုရှိနေသော ကျားဖြန့် ပဲ့ကိုင်ရှင်များ နှင့် ကျားဖြန့် ကုမ္ပဏီမှ လိမ်လည်နေသူများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို အရေအတွက်မြောက်မြားစွာကို အပ်နှံခဲ့ပြီး ဖြစ်ကြောင်း၊ အခြားတစ်ဘက်တွင်လည်း ကျားဖြန့် ပဲ့ကိုင်ရှင်အချို့ အပါအဝင် အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်နေ သူအချိုမှာ ထွက်ပြေးလွတ်မြောက်တိမ်းရှောင်နေသေးသောကြောင့် မည်သည့်နေရာတွင်ရှိနေသည်ကို သေချာစွာစုံစမ်းပြီး လိုက်လံဖမ်းဆီးခြင်းများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "အာဏာလက်လွတ်ရန် ရှိနေသော စစ်ကောင်စီက ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ရေးလှုပ်ရှားရာနေရာများကို တိုက်ခိုက်ခြင်းထက် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ၊ လူနေအိမ်များ၊ စေတီပုထိုး၊ ဘုရားကျောင်းကန်များကို အဓိကထားပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခုရက်များတွင် ဆက်တိုက် တွေ့မြင်နေရကြောင်း၊ ယမန်နေ့တွင် တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်ကောင်စီက ၎င်းတို၏ အရေးပါသောနေရာများ လက်မလွတ်ရေး နှင့် မဆုံးရှုးရရေးတိုအတွက် အသည်းအသန်တိုက်ခိုက်နေသော်လည်း အချည်းနှီးသာဖြစ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကျားဖြန့် လုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ခဲ့၍ တရုတ်က ဖမ်းဆီးထားသော ဖူလိုက်ပိုင်ရှင် ဦးလီကျိန်းချန် (ခ) ဦးလျိုအားပေါက်ကို မင်းအောင် လှိုင်က သာသနာဆိုင်ရာဘွဲ့ ၂၀၂၁ ခုနှစ်တွင် ချီးမြှင့်နေစဉ်"]
https://yktnews.com/2024/02/148235/
၁၀၂၇ စစ်ဆင်ရေးအတွင်း ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး ပြန်လာသော KNDF တပ်ရင်း ၈ ရဲဘော် များကို ပန်းကုံးစွပ်ကြိုဆို
["၁၀၂၇ စစ်ဆင်ရေးအတွင်း ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး ပြန်လာသော KNDF တပ်ရင်း ၈ ရဲဘော် များကို ပန်းကုံးစွပ်ကြိုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ ပါဝင် တိုက်ခိုက် ပြီး အောင်ပွဲနှင့်အတူ ပြန်လာသော KNDF တပ်ရင်း ၈ မှ ရဲဘော်များကို တပ်ရင်းရဲဘော်များနှင့် လူထု က ပန်းကုံးစွပ်ကြိုဆိုခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135295/
၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာလက်နက်ဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း
["၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာလက်နက်ဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း", "ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စတင် ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည်ဖော်နေပြီး ပြည်သူတစ်ရပ်လုံး ရရာနည်း၊ ရရာနည်းလမ်းဖြင့် စစ်ကောင်စီကို တော်လှန်ပုန်ကန်ကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်တွန်း ထုတ်ပြန်ထားသည်။", "၁၀၂၇ စစ်ဆင်ရေးသည် ၄၄ ရက်မြောက်နေ့ကို ရောက်လာသည့် တိုင်အောင် ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စစ်ဆင်ရေးကို တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက် များကို အထမြောက်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး လက်ရှိ ကာလသည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို အကောင်အထည် ဖော်နေခြင်းပင်ဖြစ်ကြောင်း သိရသည်။", "စစ်ဆင်ရေး ဒုတိယအဆင့်တွင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ တော်လှန်ပုန်ကန်ရန် အထူးအရေးကြီးကြောင်း၊ ထို့ကြောင့် ရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် ရောက်ရှိသည့်နေရာမှ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကြရန် တိုက်တွန်း လိုက်ကြောင်း၊ စစ်ဆင်ရေး၏ ဒုတိယအဆင့်၌ ပြည်သူတစ်ယောက်ချင်းစီ၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးပြီး ပြည်သူတစ်ယောက်ချင်းစီမှ ပြည်သူအားလုံး စစ်အာဏာရှင်အား တော်လှန်ပုန်ကန်ခြင်းသည် စစ်ဆင်ရေးဒုတိယအဆင့်၏ အဓိက ရည်မှန်းချက်ဖြစ်ကာ ပူးပေါင်းပါဝင်ကြရန်ကိုလည်း တိုက်တွန်းလိုက်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။", "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မြန်မာပြည်သူလူထု တစ်ရပ်လုံးတွင် တာဝန်ရှိသည်ကို မီးမောင်းထိုးပြလိုက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှသည် ယနေ့အချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်နေပြီးသူဖြစ်နေရမည်ဆိုသည်ကိုလည်း သတိပေး တပ်လှန့်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် နမ့်ခမ်းမြိုနယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် (TNLA) မှ ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နောက်ပိုင်း အချိန်ကတည်းကပင် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က အဆိုပါ စခန်းမဆုံးရှုံးစေရန်အတွက် နမ့်ဖတ်ကာ တပ်စခန်းမှ လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ တစ်ရက်တည်း၌ပင် Mi 35၊ Y12 ဂျက်ဖိုက်တာဖြင့် ၁၁ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယမန်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မန်တုံမြို့ရှိ အကြမ်းဖက် စစ်တပ် ၏ ခလရ -၁၃၀ တပ်စခန်းကို တအာင်းတပ်မတော် TNLA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကွတ်ခိုင် မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ဖတ်ကာတပ်စခန်းနှင့် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကွတ်ခိုင်တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်ကလည်း ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့တပ်စခန်း နှင့် ကျောက်မဲတပ်စခန်းမှ ဟူစွန်ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၁ ကြိမ်၊ ကျောက်မဲမြို့နယ်၊ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းမှ အထက်ညောင်ကုန်း ကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ၁၀ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၈ ရက်နေ့၌ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒု- ညောင်ပင်ကြီးရွာမှ အသက် ၂၂ နှစ်အရွယ် မွတ်ဆလင် အမျိုးသား ဆ ဦး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "ပေါက်တောမြို့တွင်းတိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရက္ခိုင့်တပ်တော်က လိုက်လံ တိုက်ခိုက်ချက်ရှိကြောင်း၊ ပလက်ဝဒေသတွင်လည်း စစ်ကောင်စီ၏ ဗျူဟာစခန်းကုန်းများထဲမှ နှုးဘူးဗျူဟာအား အပြီး သတ်သိမ်းပိုက်ရရှိနိုင်ရေးနှင့် အတူ ပြန့်ကျဲနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံချေမှုန်းလျက်ရှိပြီး ပလက်ဝ ဒေသအတွင်းရှိ ပြည်သူကို အကြောင်းမဲ့ ပစ်ခတ်နေသည့် လက်နက်ကြီးစခန်းကုန်းများကို တိုက်ခိုက် ချေမှုန်းလျက်ရှိကြောင်း သိရသည်။", "ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို တစ်ရက်ပြီး တစ်ရက် ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး ရည်မှန်းချက်များနှင့်အတူ မြန်မာတစ်နိုင်ငံလုံး မျှော်မှန်း ထားသော ရည်မှန်းချက်များကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/129185/
၁၀၂၇ စစ်ဆင်ရေး၏ ၅ ရက်မြောက်နေ့တွင် စစ်စခန်း ၉ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးကာ ၁၆ ဦးအရှင်မိ
["၁၀၂၇ စစ်ဆင်ရေး၏ ၅ ရက်မြောက်နေ့တွင် စစ်စခန်း ၉ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးကာ ၁၆ ဦးအရှင်မိ", "၅ ရက်ကြာ စစ်ဆင်ရေးအတွင်း စစ်စခန်း ၈၇ ခုသိမ်းပိုက်ရရှိပြီး မြို့ ၃ မြို့ကို အလုံးစုံ ထိန်းချုပ်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ရှမ်းပြည်နယ်၊ ကိုးကန့်ခရိုင်၊ သိန္နီမြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့် မုံးကိုးဒေသများရှိ အကြမ်းဖက်စစ် တပ် စခန်း ၉ ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ကာ စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ သိမ်းပိုက်ရရှိသည့် စခန်း ပေါင်း ၈၇ ခုရှိပြီး ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့နှင့် သိန္နီမြို့တို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) စသည့်ဒေသများမှ စစ်ကောင်စီ၏ တပ် စခန်း ၉ ခု ကို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ထပ်မံ တိုက်ခိုက်သိမ်းယူခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ကြီး စတင်ချိန်မှ စ၍ ၅ ရက်အတွင်း စစ်ကောင်စီ၏ တပ်စခန်း အကြီး၊ အသေး‌ စုစုပေါင်း ၈၇ ခုကို အောင် မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "ကိုးကန့်တိုက်ပွဲ", "=============", "အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ ၊ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်ဖွဲ့ ၏ စခန်းကို MNDAA က တစ်ညလုံး အဆက်မပြတ်ထိုးစစ်တိုက်ခိုက်ပြီး အောက်တိုဘာလ ၃၁ ရက် နံ နက် ၈ နာရီ ၂၇ မိနစ်တွင် ၎င်းဒေသရှိ စစ်တပ်စခန်း ၄ ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MNDAA ၏ ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သည် စစ်ယူနီ ဖောင်းချွတ်ကာ စခန်းမှထွက်ပြေးသွားကြောင်း သိရသည်။", "ထို့ပြင် ကိုးကန့်ခရိုင်၊ ရှမ်းဝမ်းဒေသ ရှင်ဖင်ကိုင်ရွာ၊ တရုတ်ဘုရားကျောင်းတွင် အခြေချနေထိုင်သော စစ်ကောင်စီ၏တပ်စခန်းကို MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် အောင်မြင်စွာ သိမ်းယူခဲ့ပြီး စစ်ကောင်စီ ၇ ဦး သေဆုံးကာ လက်နက်ခဲယမ်း အချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။", "မူပန်(သိန္နီ)တိုက်ပွဲ", "===============", "အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်နေ့အထိတွင် မူပန်(သိန္နီ)ဒေသ ဟိုပန်ကျေးရွာအုပ်စု ၊ မိုင်းတင်ရော် ဘာ တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းနှင့် နာတိအခြေချ နေထိုင်သော ပြည်သူ့ စစ်အဖွဲ့စခန်းကို ကိုးကန့်(MNDAA)နှင့်ရက္ခိုင့်တပ်တော်(AA)တို့မှ တိုက်ခိုက်သိမ်းယူခဲ့ပြီး နာတိတပ်စခန်းတွင် ပြည်သူ့ စစ်အဖွဲ့၏ ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးရရှိခဲ့ကာ ၅ ဦး သေဆုံးကြောင်း၊ ပြည်သူ့ စစ်အဖွဲ့ဝင် ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ပစ္စည်း အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။", "ထို့ပြင် စစ်ကောင်စီ၏ မူပန်(သိန္နီ)ခရိုင်၊ ဟော်ပန်ကျေးရွာအုပ်စု၏ လမ်းခွဲတွင် အခြေချထားသော တပ်စခန်းနှင့် နန်ဖုန်းကျေးရွာရှိ တပ်ရင်း ၂၉၁ ၏ တပ်စခန်း ၂ ခု ၊ ကွမ်ယုံနတ်ကျောင်းစခန်းနှင့် ကွမ်း လုံစခန်းများကို MNDAA မှ ထိုးစစ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက် နေ့လည် ၁၂ နာရီမှ ၁ နာ ရီ ကြားတွင် လားရှိုးမှ စစ်ကူလာသော စစ်ကောင်စီ၏ သံချပ်ကာအဖွဲ့ကို ကြားဖြတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "မုံးကိုးတိုက်ပွဲ", "===========", "မုံးကိုးဒေသတွင် သိမ်းပိုက်ထားသောတပ်စခန်းများကို နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်နေ သည့် အပြင် မိုးကိုးခရိုင်၊ ဟုတ်ကျီကျင့်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုလည်း ချေမှုန်းနိုင်ခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။", "နမ့်ခမ်းမြို့နယ်", "============", "အောက်တိုဘာလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်း မြို့နယ်ရှိ စစ်ကောင်စီ၏ “ကံ့ကော်တောင်တပ်စခန်း” ကိုလည်းကောင်း၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် – ပ.သ.စ ပူးပေါင်း တပ် စခန်း ၄၅၆၁ ကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ စစ် ကောင်စီ၏ ဟတ်ယိုင် (ဟဲယိုင်) တပ်စခန်းကိုလည်းကောင်း TNLA တပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "သိန္နီမြို့နှင့် လားရှို့းမြို့နယ် အကြား", "========================", "အလားတူ အောက်တိုဘာလ ၃၁ ရက် နံနက် ၄ နာရီခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၄ စစ်ဒေသ၊ လားရှိုးနှင့် သိန္နီမြို့ကြားရှိ စစ်ကောင်စီ၏ “မိုင်းပါးတပ်စခန်း” ကိုလည်းကောင်း၊ အောက်တိုဘာလ ၂၇ ရက် နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ် ကောင်စီ၏ “ရှုခင်းသာတပ်စခန်း” ကို အောက်တိုဘာလ ၃၁ ရက် နေ့တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၄ ဦးကို လက်နက်အပြည့်အစုံဖြင့် TNLA တပ်မဟာ ၁ မှ ဖမ်းဆီး ရရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။", "ထို့ပြင် တအာင်းတပ်မတော် (TNLA) နှင့် ပူးပေါင်းအဖွဲ့များသည် လားရှိုးမြို့နယ်၊ စစ်ကောင်စီ၏ “မိုင်းကျက် တပ်စခန်း” ကို ၅ ရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကောင်စီမှ စစ်ကူအဖြစ် ဂျက်ဖိုက်တာဖြင့် ၈ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၄ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။", "တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှလည်း ၁၂၀ မမ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်ကြီးများဖြင့် ပန်စံကျေးရွာဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သည် ဟု ဆိုသည်။", "ကိုးကန့်ပြည်နယ်၊ အထူးဒေသ ၁ အတွင်းရှိ အဓိကမြို့ကြီးများဖြစ်သော “ချင်းရွှေဟော်” နှင့် “ဖောင်း ဆိုင်” မြို့များအပါအဝင် “သိန္နီ” မြို့ကိုလည်း အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ရေး ပစ်မှတ်များကို ဟန်ချက်ညီ ဆက်လက် ဆင်နွှဲလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။", "စစ်ကောင်စီ လက်အောက်ခံ မြန်မာ့တပ်မတော်သားများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအနေဖြင့် လက်နက် ချ အလင်းဝင်ရန် အထူးတိုက်တွန်း နှိုးဆော်ထားပြီး ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အ ခြေစိုက်ထားသော ခလရ ၁၄၃ တပ်ရင်းမှ ဒု-တပ်ရင်းမှူး ၁ ဦး နှင့် တပ်ခွဲမှူး ၂ ဦးအပါအဝင် တပ်ရင်း တစ်ရင်း လုံးသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့ထံကို လက်နက်ချ အညံ့ခံခဲ့ကာ စစ်လက်နက်ပစ္စည်းခဲယမ်းများနှင့် တပ်စခန်းကို အပ်နှံ ထားခဲ့သဖြင့် ကောင်းမွန်စွာ ကြိုဆိုလက်ခံခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129259/
၁၀၂၇ စစ်ဆင်ရေး၏ ၆ ရက်မြောက်နေ့တွင် ရင်ကွဲတောင်၊ မန်ခမ်း နှင့် မန်တုံပ စုစုပေါင်း စစ်စခန်း ၃ ခု ထပ်မံ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ
["၁၀၂၇ စစ်ဆင်ရေး၏ ၆ ရက်မြောက်နေ့တွင် ရင်ကွဲတောင်၊ မန်ခမ်း နှင့် မန်တုံပ စုစုပေါင်း စစ်စခန်း ၃ ခု ထပ်မံ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၆ ရက်မြောက် စစ်ဆင်ရေးနေ့တွင် စစ်စခန်း ၃ ခု ထပ်မံ သိမ်းယူနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကိုးကန့်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် မူပန် (သိန္နီ) ဒေသလုံခြုံရေးအဖွဲ့ တို့သည် ကွမ်းလုံမြို့နယ်ရှိ စစ်တပ်၏ “အမြောက်တပ်ရင်း (၁၂၇) စခန်း” ကို စတင် ထိုးစစ်ဆင်ခဲ့ပြီး ၎င်းစခန်း၏ ဒုတိယတန်း ကာကွယ်ရေးစစ်ကြောင်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။", "နံနက် ၇ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ စစ်တပ်၏ “မန်တုံပတပ်စခန်း” ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၉ နာရီ ၈ မိနစ်ခန့်တွင် ကိုးကန့်ခရိုင်၊ မုံးကိုးတိုက်ပွဲအတွင်း မြေပြင် ရှင်းလင်းရေးများ လုပ်ဆောင်နေချိန် စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။", "မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် TNLA တပ်မဟာ ၅ စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ “ရင်ကွဲတောင်တပ်စခန်း” ကို အပြီးသတ် ချေမှုန်း သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။", "မွန်းလွဲ ၄ နာရီ ၄၅ မိနစ်တွင် TNLA တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်-နမ့်ခမ်းမြို့ အဝင်တွင်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ် အဖွဲ့များ ပူးပေါင်း တပ်စွဲထားသော “မန်ခမ်းတပ်စခန်း” ကို အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။", "ညနေ ၄ နာရီ ၃၀ မိနစ် တွင် TNLA တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ အုမ္မခါးဘက်၌ အကြမ်းဖက် စစ်တပ်က စစ်ကား ၂၂ စီးဖြင့် စစ်ကူများ ရောက်ရှိလာသောကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်ရှိ ၅၀၂ တပ်စခန်းက နောင်ပြစ်ကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းခဲ့ပြီး အုမ္မခါးနှင့် ဆမ်မဆယ်ကျေးရွာအနီးကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက်ပစ်ခတ် ဗုံးကျဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် ၁၀၂၇ စစ်ဆင်ရေး ၏ စစ်ရှိန် မြင့်တက်လာခြင်း၊ ရင်ဆိုင်တိုက်ပွဲများတွင် စစ်ရေးပန်းလာခြင်းနှင့် အထက်အမိန့်ကို မဖီဆန်နိုင်၍သာ တာဝန် ထမ်းဆောင်နေရသဖြင့် စိတ်ဓာတ်ရေးရာ ပျက်ပြားလာခြင်းများကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက် တနေ့ထက်တနေ့ များပြားလာကြောင်း သိရှိရသည်။", "ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ စစ်ရှိန်မြင့်နေသော တအာင်းပြည်နယ်အတွင်း နမ့်ခမ်း၊ နမ္မတူ၊ ကွတ်ခိုင်၊ စသည့် နေရာဒေသများရှိ အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ စစ်တပ်က ဂျက်လေယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် ရည်ရွယ်ချက်ရှိရှိ အကြောင်းမဲ့ လုပ်ဆောင်ခြင်းများ ပိုမိုမြင့်တက်လာလျက်ရှိကြောင်း၊ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ ၆ ရက်တာ ကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်း ၈၇ ခုကျော်ကို အပြီးသတ် သိမ်းပိုက်ခဲ့​ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ လက်နက်ကြီးအမြောက်တစ်ခုကို သိမ်းဆည်းရရှိစဉ်။"]
https://yktnews.com/2023/11/129310/
၁၀၂၇ စစ်ဆင်ရေး၏ ၇ ရက်မြောက်နေ့တွင် တုံရှမ်းဒေသရှိ စစ်တပ်စခန်း ၂ နှင့် ရွှေလီကြိုးတံတားရှိ ရဲကင်းတို့ကို တိုက်ခိုက် သိမ်းပိုက်
["၁၀၂၇ စစ်ဆင်ရေး၏ ၇ ရက်မြောက်နေ့တွင် တုံရှမ်းဒေသရှိ စစ်တပ်စခန်း ၂ နှင့် ရွှေလီကြိုးတံတားရှိ ရဲကင်းတို့ကို တိုက်ခိုက် သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး၏ ၇ ရက်မြောက်နေ့တွင် တုံရှမ်းဒေသရှိ စစ်တပ်စခန်း ၂ နှင့် ရွှေလီကြိုးတံတားရှိ ရဲကင်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်သည်။", "ယနေ့နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၆ နာရီ ၁၂ မိနစ် နှင့် ၇ နာရီ ၄၂ မိနစ် တို့တွင် ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခု ကို အပြီးသတ်ချေမှုန်း တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၆ နာရီခန့်တွင် တအာင်းတပ်မတော် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွား အကြား စခန်းချထားသော စစ်တပ် စခန်း ၁ ခုကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် တအာင်းတပ်မတော် TNLA က နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီး အကြား ဆက်သွယ်ထားသော အကြမ်းဖက် စစ် ကောင်စီ၏ “ရွှေလီကြိုးတံတားရဲကင်း” ကို သွားရောက် ရှင်းလင်းခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ သိန္နီနှင့် ကွမ်းလုံမြို့များတွင် စစ်ရှိန်မြင့်တက်နေလျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ထား သည်။", "၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ ယနေ့အထိ ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့၊ သိန္နီမြို့နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို ညီနောင်မဟာမိတ် (၃) ဖွဲ့က အလုံးစုံ ထိန်း ချုပ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ ဖောင်းဆိုင် ဒေသ တွင် ရန်သူ့သံချပ်ကာကား ၁ စီးကို ထပ်မံ သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး ၆ ရက် အတွင်း သံချပ်ကာ ကား စုစုပေါင်း ၆ စီးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/189712/
၁၀၂၇ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်
["၁၀၂၇ နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ဂျပန်နိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှား ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အကြမ်းဖက်စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ် နှင့် အထင်ကရနေရာများတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) နှင့် Revolution Tokyo Myanmar – R.T.M တိုပူးပေါင်းကာ “ရန်ကုန်မှာပြန်ဆုံ မယ်” စာတန်းပါ အင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရ သည်။", "အကြမ်းဖက်စစ်တပ်မှကျူးလွန်နေသည့် အကြမ်းဖက်စစ်ရာဇဝတ်မှု မှတ်တမ်းများအား အထူး အလေးအနက်ထား အရေးယူရန်၊ လွတ်မြောက်ဒေသ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ဆန့်ကျင်တိမ်း ရှောင်နေကြသူများ၊ အကျဥ်းထောင်များမှ နိုင်ငံရေးအကျဥ်းသားများ၊ မြေပေါ်မြေအောက်တော်လှန် ရေးအင်အားစုများနှင့် ရန်ကုန်ရှိမိဘပြည်သူများအားလုံး ရန်ကုန်တွင်ပြန်ဆုံကြစေရန်၊ ရေဘဝဲ၏ ဆောင်ပုဒ်တခုဖြစ်သော ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြရန် ရည်ရွယ်၍ “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှားမှုအား ရန်ကုန်မှ တိုကျိုသို့ဆောင် ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။", "အဆိုပါ “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှုအား ရေဘဝဲမှ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်ခြေရင်းတွင် စတင်ခဲ့ပြီး မြို့လယ်ရှိအထင်ကရနေရာများ၌ လက်နက်မဲ့ နိုင်ငံရေးအန်တုလှုပ်ရှားမှုများပြုလုပ်ခဲ့ရာ ရေဘဝဲရဲဘော် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ဆက်စပ် ၂ ဦးကို စစ်တပ်မှ ဖမ်းဆီးထောင်ချ ထားကြောင်း သိရသည်။"]
https://yktnews.com/2023/08/118661/
၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၃၉ သိန်းနီးပါးရောက်ရှိလာပြီး အမေရိ ကန် တစ်ဒေါ်လာ ၃၈၀၀ ကျပ်ကျော် စျေးများ စံချိန်တင် ထိုးတက်
["၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သား ၃၉ သိန်းနီးပါးရောက်ရှိလာပြီး အမေရိ ကန် တစ်ဒေါ်လာ ၃၈၀၀ ကျပ်ကျော် စျေးများ စံချိန်တင် ထိုးတက်", "ထိုင်းတစ်ဘတ်လျှင်လည်း ငွေကျပ် ၁၀၆ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့", "ရန်ကုန်၊ ဩဂုတ် ၁၇", "ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ယနေ့ ၁၆ ပဲရည် အခေါက်ရွှေတစ် ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းနီးပါးရောက်ရှိလာပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ငွေကျပ် ၃၈၀၀ ကျော်စျေးများ စံချိန်တင် ထိုးတက်လာ ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သား လျှင် ငွေကျပ် ၃၈ သိန်း ၇ သောင်းကျပ်အထိ အမြင့်ဆုံး စျေးထိုးတက်လာ ကြောင်း ၊ အမေရိကန်ဒေါ်လာစျေးနှုန်းမှာ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၈၂၀ ကျပ်ဝန်းကျင်အထိ အမြင့်ဆုံး စျေးထိုးတက်ခဲ့ကြောင်း သိရှိရသည်။", "“ကမ္ဘာ့ရွှေစျေးကတော့ ရွှေတစ်အောင်စကို ဒေါ်လာ ၁၈၉၃ လောက်ရှိတယ်။ ရွှေတစ်အောင်စကို ဒေါ်လာ ၁၉၀၀ အောက်ကို ဆင်းသွားတာ။ မြန်မာ့ရွှေ ကတော့ ပြန်မကျဘူး။ အဓိက ဒေါ်လာစျေးတက်နေလို့ ။ ရွှေစျေးနှုန်းအတွက် ဒေါ်လာကို တစ်ဒေါ်လာ ၃၇၅၀ လောက်မှာ ဖြတ်တယ်။ အပြင် အရွက်စျေး ကတော့ ၃၈၂၀ အထက်မှာ ရှိတယ်။ အလုပ်ကတော့ဖြစ်တယ်။ သူ့ဟာနဲ့သူ ရောင်းသူလည်းရှိတယ်။ ဝယ်သူလည်းများတယ်။ ရွှေစျေးက အခု ၃၈နဲ့ ၇ ( ၃၈ သိန်း ၇ သောင်း)။ အခုစျေးထပ်ပြောင်းတယ်။ ပိုတက်တာ ” ဟု ရန်ကုန်ရွှေကုန် သည် တစ်ဦးက ရှင်းပြသည်။", "နိုင်ငံခြားငွေလဲလှယ်စျေးကွက်တွင် ထိုင်းဘတ်တန်ဖိုးများမှာလည်း ဆက်လက် မြင့်တက်နေခဲ့ပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၆ ကျပ်အထိ စံချိန် တင် မြင့်တက်လာကြောင်း သိရှိရသည်။", "“ထိုင်းဘတ်က ရောင်းစျေး ၊ ဝယ်စျေး ဟတယ်။ ထိုင်းတစ်ဘတ်ကို ၁၀၂ နဲ့ ၁၀၆ ကြားထဲမှာ ရောင်းစျေး ဝယ်စျေးထားတယ်။ ထိုင်းတစ်ဘတ် ၁၀၆ ကျပ်လောက် အထိ စံချိန်တင်သွားတယ်ပြောလို့ရပါတယ်။ မနက်ပိုင်းမှာ ဒီထက်ပိုတက် သွား သေးတယ်။ ကျနော်တို့တော့ စျေးအပြောင်းအလဲ အရမ်းမြန်နေလို့ အရောင်း အဝယ် ခဏပိတ်ထားတယ်” ဟု ရန်ကုန်ငွေလဲဒိုင်တစ်ဦး က ဆိုသည်။"]
https://yktnews.com/2025/02/201840/
၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အစီရင်ခံစာကို Website တွင် ကြည့်သူနည်းနေ၍ ဝန်ထမ်းများ ဝင်ကြည့်ပြီး မှတ်ချက်ရေးရန် စစ်ကောင်စီက အမိန့်ထုတ်
["၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အစီရင်ခံစာကို Website တွင် ကြည့်သူနည်းနေ၍ ဝန်ထမ်းများ ဝင်ကြည့်ပြီး မှတ်ချက်ရေးရန် စစ်ကောင်စီက အမိန့်ထုတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန Website များတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု အစီရင်ခံစာကို လွှင့်တင်ထားရာ ဝင်ရောက်ကြည့်ရှုသူ နည်းပါးနေသဖြင့် ဝန်ထမ်းများ ဝင်ရောက်ကြည့်ရှုကာ ထောက်ခံကြောင်း မှတ်ချက်များ ဝင်ရေးရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၃၁ ရက်နေ့ ဝန်ထမ်းများကို လစာထုတ်ပေးစဉ် ဌာနဆိုင်ရာအကြီးအကဲများက ထိုသို့အမိန့်ထုတ် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး Website များတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုများ ရှိခဲ့သည်ဆိုသော ထောက်ခံချက်များ မှတ်ချက်ပေးကြရန် ဖိအားပေးခြင်းဖြစ်ကြောင်း၊ ဝင်မကြည့်သူနှင့် မှတ်ချက် မပေးသည့် ဝန်ထမ်းများကို ရုံးတွင်း အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။", "“ဝန်ကြီးဌာနတွေကနေ အခု Post တင်ထားတယ်။ ဝန်ထမ်း အားလုံးက comment မှာ ဟုတ်ပါတယ်။ ဟုတ်ကဲ့ပါ။ လို့ မန့်ပေးရမယ်လို့ အမိန့်ထုတ်ထားတယ်။ မနေ့ လစာထုတ်တဲ့ အစည်းအဝေးမှာ ညွှန်ကြားလိုက်ပါတာပါ။ အဲ့လို မှတ်ချက်မပေးဘူးဆိုရင် အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း သိရတယ်” ဟု ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ Website များတွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်” ဟု ဆိုကာ PDF ဖိုင်များဖြင့် ဖော်ပြထားသည်။", "စစ်ကောင်စီက ထုတ်ပြန်ထားသော ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှု PDF ဖိုင်တွင် ရွေးကောက်ပွဲအကြိုကာလတွင် ကြိုတင်ကြံစည်ဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင် ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက် စသည့်အချက်များကို ဖော်ပြထားသည်။", "၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများက NLD ပါတီကိုသာ ပြတ်ပြတ်သားသား မဲပေး ရွေးချယ်ခဲ့သော်လည်း မဲမသမာမှု လုပ်သည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2024/03/154009/
၂၀၂၁ ခုနှစ်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော Mi35 ရဟတ်ယာဉ်၏ ကြွင်းကျန်ရစ်သော အစိတ် အပိုင်းများကို စစ်ကောင်စီတပ်စခန်းမှ ပြန်လည်တွေ့ရှိရ
["၂၀၂၁ ခုနှစ်တွင် KIA ၏ ပစ်ချမှုကြောင့် ပျက်ကျသွားသော Mi35 ရဟတ်ယာဉ်၏ ကြွင်းကျန်ရစ်သော အစိတ် အပိုင်းများကို စစ်ကောင်စီတပ်စခန်းမှ ပြန်လည်တွေ့ရှိရ", "ရန်ကုန်၊ မတ် ၃၁", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း KIA က ပစ်ချခဲ့သဖြင့် ပျက်ကျသွားသော Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်၏ ကြွင်းကျန်ရစ်သော အစိတ်အပိုင်းများကို ယခုရက်ပိုင်းအတွင်း KIA က သိမ်းယူ ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုမှ ပြန်လည် တွေ့ရှိရကြောင်းKIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။", "“အခု ၂၀၂၄ မတ်လမှာ KIA က မိုးမောက်မြို့နယ်ထဲက စခန်းတွေကို သိမ်းတော့မှ ၂၀၂၁ ခုနှစ် ပျက်ကျသွားတဲ့ Mi35P ရဟတ်ယာဉ် အစိတ်အပိုင်းတွေကို ပြန်ရှာတွေ့တာ” ဟု KIA နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။", "KIA ကပစ်ချခဲ့သောကြောင့် ပျက်ကျခဲ့ရသည့် အဆိုပါ Mi35P တိုက်ခိုက်ရေးရဟတ်ယာဉ်သည် အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ကြေးရှိကြောင်း သိရှိရသည်။", "စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား တော်လှန်ရေးတပ်များ၏ ပစ်ချမှုများကြောင့် ရဟတ်ယာဉ်နှင့်လေ ယာဉ် အနည်းဆုံး စုစုပေါင်း ၇ စီး ဆုံးရှုံးပြီး အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၅ သန်း ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/78072/
၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန် စစ်ကောင်စီက ထုတ်ပြန်
["၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန် စစ်ကောင်စီက ထုတ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာလ ၂၉", "၂၀၂၃ ခုနှစ် ကူးပြောင်းမည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများအတွက် တစ်ညတာ ပုဒ်မ ၁၄၄ အမိန့်ပယ်ဖျက်ဟု ရန်ကုန်တိုင်း စစ်ကောင်စီက စာထုတ်ပြန်သည်။", "ရန်ကုန်တိုင်း စစ်ကောင်စီ၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်(Count-Down Party)ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း၊ ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။", "ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်သည်ဟု စစ်ကောင်စီ၏ အမိန့်စာက ဖော်ပြထားသည်။"]
https://yktnews.com/2023/08/120254/
၂၀၂၃ နှစ်ကုန်ပိုင်းရောက်လာသည်နှင့်အမျှ စစ်အာဏာရှင် တော်လှန်ရေး ဘက်ပေါင်းစုံမှ အရှိန်မြင့်နေပြီး လမ်းကြောင်း မယိမ်းမယိုင် စေရန်၊ စုစည်း ညီညွတ်စွာသွားကြရန် NUG သမ္မတနှင့် ဝန်ကြီးချုပ် သတိပေး
["၂၀၂၃ နှစ်ကုန်ပိုင်းရောက်လာသည်နှင့်အမျှ စစ်အာဏာရှင် တော်လှန်ရေး ဘက်ပေါင်းစုံမှ အရှိန်မြင့်နေပြီး လမ်းကြောင်း မယိမ်းမယိုင် စေရန်၊ စုစည်း ညီညွတ်စွာသွားကြရန် NUG သမ္မတနှင့် ဝန်ကြီးချုပ် သတိပေး", "ရန်ကုန်၊ ဩဂုတ် ၂၉", "၂၀၂၃ နှစ်ကုန်ပိုင်းရောက်လာသည်နှင့်အမျှ စစ်အာဏာရှင် တော်လှန်ရေး ဘက်ပေါင်းစုံမှ အရှိန်မြင့်နေပြီး လမ်းကြောင်း မယိမ်းမယိုင် မဖြစ်စေရန်၊ သတိကြီးကြီးဖြင့် စုပေါင်းသွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကသတိပေးပြောဆိုလိုက်သည်။", "ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုလိုက် ခြင်း ဖြစ်သည်။", "လက်ရှိ လက်နက်ကိုင်ထားသူအစုအဖွဲ့များအကြား ပြဿနာများကို အစိုးရ အနေဖြင့် မူဝါဒဖြင့် ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ထား ခြင်း သည် စစ်အာဏာရှင် တော်လှန်ရေးအတွက် ဖြစ်ပြီး ပြည်သူလူထုကို နွေး‌ထွေး လုံ ခြုံစေရန် ဖြစ်ကြောင်း၊ လက်နက်ရှိလာသည်နှင့် ပြည်သူအပေါ် အာဏာပြ ချင် သည့် လူပုဂ္ဂိုလ်မျိုးများ၊ အနိုင်အထက်ပြုကျင့်လိုသူများ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးများ ပါဝင်လာတတ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ကုန် ပိုင်း ရောက်ရှိလာသည်နှင့် တော်လှန်ရေးသည် ဘက်ပေါင်းစုံမှ အရှိန်မြင့်လာ နေကြောင်း ၎င်းက သတိပေးသည်။", "“၂၀၂၃ နှစ်ကုန်ပိုင်းကို ရောက်လာလေလေ တော်လှန်ရေးဟာ ဘက်ပေါင်းစုံ က အရှိန်မြင့်လာလေလေ ဖြစ်တာကြောင့် တော်လှန်ရေး အင်အားစု တွေသွား နေ တဲ့ လမ်းကြောင်း မယိမ်းမယိုင်ရအောင်၊ စုစုစည်းစည်းနဲ့ ဘုံရည်မှန်း ချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် သတိကြီးကြီးထားပြီး သွားကြရမယ့် အချိန် ဖြစ် တယ်ဆိုတာ အားလုံးလည်း နားလည်သိရှိပြီးဖြစ်မယ် လို့ထင် ပါတယ်။ စိန် ခေါ်မှုတွေ ဘယ်လောက်များများ ဒါတွေကို ရင်ဆိုင်ကျော်လွှားပြီး စစ် အာဏာ ရှင်ကို အမြစ်ဖြတ်နိုင်ဖို့၊ ဖက်ဒရယ်နိုင်ငံတော်တည်ထောင်နိုင်ဖို့ ကျွန်တော်တို့မှာ ယုံကြည် ချက်ခိုင်ခိုင်မာမာ ရှိနေတာဟာ ဒီတော်လှန်ရေးကို မဖြစ်မနေ အောင်မြင်စေမယ့် အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။ လွဲချော်ခဲ့မှုတွေ၊ အမှားတွေကနေလည်း သင်ခန်းစာယူပြီး ရှေ့ဆက်နေကြတာ မို့ အမှားကင်းကင်းနဲ့ စစ်ကောင်စီရဲ့ လှည့်ကွက်တွေကို ကျော်လွှားသွားဖို့ အသင့်ဖြစ်နေကြတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် စုစုစည်းစည်း ပေါင်းစပ် ညှိနှိုင်းကြရင်း ဆက်လက် အားထုတ်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သတိထားဖြေရှင်းရမယ့် ကိစ္စတွေကိုလည်း ပြဿနာတွေ မကြီးထွားခင် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ကြမယ်ဆိုရင် အခက်အခဲနည်းမှာ ဖြစ်ပါ တယ်။ အထူးသဖြင့် လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာ တွေ ဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ် မျိုး တွေ၊ အနိုင်အထက်ပြုကျင့်လိုသူ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတတ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဝန်ကြီးဌာနတွေအနေနဲ့ အဆင့်ဆင့် အမိန့်ပေးစနစ်၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကျစ်လစ်သောစုဖွဲ့မှုတွေ ရှိလာဖို့၊ ပြဿနာတွေ ရှိလာရင်လည်း လျင်မြန်စွာ ဖြေရှင်းဖို့ အင်မတန် အရေးကြီးမှာ ဖြစ်ပါတယ်။ တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ ပြည်သူကို လုံခြုံနွေးထွေးအောင် ကာကွယ်ပေးရမယ့်တာဝန်ကို ယူထားကြသူများ ဖြစ်ပါတယ်။ ကာကွယ်ပေး ရမယ့် သူတွေက လမ်းကြောင်းတွေ လွဲလာကြ မယ်ဆိုရင် တော်လှန်ရေးအတွက်လည်း ထိခိုက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်ပါတယ်။ ” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးသည်။", "ယာယီသမ္မတ ဒူဝါလရှီးလကလည်း တော်လှန်ရေးနှင့် အစိုးရ၏ အသက်သွေး ကြော သည် ပြည်သူလူထု၏ ထောက်ခံမှုဖြစ်ပြီး ပြည်သူလူထုနှင့်တစ်သား တည်း ရပ်တည်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက်ချင်း တူညီလျှင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေး ပြောဆိုသည်။", "“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကဏ္ဍအသီးသီးမှာ ပုခုံးထမ်းတာဝန် ဆောင် ရွက်နေကြတဲ့ ရဲဘော်ရဲဘက်များကို ကျွန်တော့်အနေနဲ့ တိုက်တွန်းလို တာက ကျွန်တော်တို့ တော်လှန်ရေးဟာ ပြည်သူနဲ့ ကင်းကွာတဲ့ တော်လှန်ရေး မဖြစ်ရေးဟာ တော်လှန်ရေးသစ္စာတခု ဖြစ်တယ်ဆိုတာ အမြဲဂရုပြု ထားကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ လုပ်ငန်းဆောင်တာတွေ မည်မျှပင် များပြားသည်ဖြစ်ပါစေ ပြည်သူလူထုနဲ့ ချိတ်ဆက်မှု၊ တသားတည်း ဖြစ်မှုတွေကို အမြဲတမ်း ထိပ်ဆုံးမှာ ထားရမှာဖြစ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။"]
https://yktnews.com/2023/10/126131/
၂၀၂၃ခုနှစ် ၉လတာကာလအတွင်း KNUထိန်းချုပ်နယ်မြေ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈၀၀ကျော်သေဆုံးဟု KNU ဗဟိုက ထုတ်ပြန်
["၂၀၂၃ခုနှစ် ၉လတာကာလအတွင်း KNUထိန်းချုပ်နယ်မြေ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈၀၀ကျော်သေဆုံးဟု KNU ဗဟိုက ထုတ်ပြန်", "ရန်ကုန် | အောက်တိုဘာ ၁၂", "ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ၂၀၂၃ နှစ် ဇန်နဝါရီလက စလို့ စက်တင်ဘာလ အထိ ၉ လ တာ ကာလ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၈၆၅ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန် ပါတယ်။", "၂၀၂၃ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၉ လတာအတွင်း KNU နယ်မြေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDO)နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲကြီး၊ တိုက်ပွဲ ငယ်ပေါင်း ၃၅၇၀ ကြိမ်ဖြစ်ပွားခဲ့‌ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈၆၅ ဦးသေဆုံးကြောင်း၊ စစ်သား ၂၂၆၀ ဦး ဒါဏ်ရာရရှိခဲ့တယ်လို့ KNUရဲ့ စာရင်း ဇယား တွေက ဆိုပါတယ်။", "KNLAနဲ့ KNDO တပ်တွေဘက်ကတော့ ၉လတာတိုက်ပွဲတွေအတွင်း တော် လှန် ရေးရဲဘော် ၁၁၂ ဦး ကျဆုံးခဲ့ပြီး ၃၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။", "အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်ကျဆုံးမှု စာရင်းကို လူသိရှင်ကြားထုတ်ပြန်တာတွေ မရှိသလို KNUရဲ့ ထုတ်ပြန်မှုနဲ့ ပတ် သက်ပြီးလည်း တစုံတရာ တုန့်ပြန်ထားတာမရှိသေးပါဘူး။", "ဓာတ်ပုံ- ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ သေဆုံးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦး။"]
https://yktnews.com/2024/06/168010/
၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံး
["၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံး", "ရန်ကုန်| ဇွန် ၁၇", "အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဗမာ ဖက်ဆစ် နှင့် အမျိုးသားရေးဝါဒီ လှုပ်ရှားမှု စောင့်ကြည့်အစီအစဉ် (Burma Fascism and Nationalism Watch –BFNW)ရဲ့ သုတေသန စာရင်းတခုအရသိရပါတယ်။", "၂၀၂၄ခုနှစ် ဇန်နဝါရီလကနေ မေလအထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က တပ်စခန်းပေါင်း ၂၁၈ခု လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။", "ဒီစခန်းပေါင်း ၂၀၀ကျော် လက်လွှတ်ဆုံးရှုံးရမှုဟာ အာဏာသိမ်း စစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၂၀၀၀ကျော်အတွင်း စစ်ကောင်စီတပ်က တပ်စခန်းဆုံးရှုံးခဲ့ရမှုတွေဖြစ်ပါတယ်။", "ကချင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၁၀၃ခု၊ ရခိုင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၆၃ခု အပါအဝင် ချင်း၊ ကရင်၊ ရှမ်း၊မွန်၊ကရင်နီ့(ကယား)ပြည်နယ်နဲ့ စစ်ကိုင်း၊မကွေး၊တနင်္သာရီ၊ပဲခူးတိုင်းတွေက တပ်စခန်းအများအပြားကို စစ်ကောင်စီတပ်က ၅လအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။", "ဒီလို တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၂၈၆၉ ဦးသေဆုံးပြီး ၂၈၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ BFNWက ဆိုပါတယ်။", "တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ၄၀၅ ဦးသေဆုံးပြီး ၉၀၃ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။", "စခန်းသိမ်းခံရတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၀၀ကျော်ဖမ်း ဆီးခံခဲ့ရပြီး ဘက်ပြောင်းအလင်းဝင်လာသူအရေအတွက်ကလည်း ၄၁၀၁ ဦးအထိရှိခဲ့တယ်လို့ BFNWက ဆိုပါတယ်။", "ဒီကာလအတွင်း နှစ်ဖက်တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၁၅၃ ဦးသေဆုံးခဲ့ရသလို ၁၁၉၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။"]
https://yktnews.com/2024/01/142634/
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တစ်လတည်းတွင် စစ်ကောင်စီ၏ လေယာဉ်နှင့်ရဟတ် ယာဉ် ၄ စီး ပစ်ချခံရခြင်း၊ ပျက်ကျမှုများ ဖြစ်ပေါ်
["၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တစ်လတည်းတွင် စစ်ကောင်စီ၏ လေယာဉ်နှင့်ရဟတ် ယာဉ် ၄ စီး ပစ်ချခံရခြင်း၊ ပျက်ကျမှုများ ဖြစ်ပေါ်", "စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်အတွင်း စစ်ကောင်စီက လေယာဉ်နှင့်ရဟတ်ယာဉ် ၇ စီး ဆုံးရှုံးပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၂ ဒသမ ၅ ဆုံးရှုံး", "By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အပါအဝင် စုစုပေါင်း ၄ စီးဟာ ဇန်နဝါရီလ တစ်လတည်းမှာ ပျက်ကျတာ၊ ပစ်ချခံရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။", "အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေတပ်ဟာ ပြည်သူတွေ ရာချီသေဆုံးစေခဲ့တဲ့ ဗုံးကျဲမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ကို စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ပြည်သူတွေရဲ့ မုန်းတီးမှုနဲ့ ကျိန်စာတိုက်မှုတွေ ခံခဲ့ရတာလည်းဖြစ်ပါတယ်။", "အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တစ်လတည်းမှာတော့ လေတပ်ရဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တွေ စုစုပေါင်း ၄ စီး ပျက်ကျသွားတယ်။ အဲဒီ ပျက်ကျမှုတွေဟာ ပြည်သူတွေရဲ့ ကျိန်စာ သင့်တာလို့ ပြောဆိုသုံးသပ်မှုတွေ ရှိနေပြီး တော် လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း", "၁-ကချင်ပြည်နယ်တွင် Mi-17 ရဟတ်ယာဥ် ပစ်ချခံရခြင်း", "=================================", "၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကနေ ဝိုင်းမော်မြို့နယ် နာဖော့စခန်းကို ရိက္ခာနဲ့လက်နက်လာပို့တဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဥ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့တယ်။ ရဟတ်ယာဉ်ပေါ်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း၈ ဦး သေဆုံးခဲ့ပါတယ်။", "လက်ရှိစျေးကွက်မှာ ရုရှားနိုင်ငံထုတ် Mi17 ရဟတ်ယာဉ်တစ်စီးရဲ့ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ သန်း ဝန်းကျင်ရှိနေတယ်လို့ သိရှိရပါတယ်။", "၂-တရုတ်လုပ် FTC 2000G တိုက်လေယာဉ် ပစ်ချခံရခြင်း", "================================", "၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကျဲခဲ့တဲ့ စစ်ကောင်စီရဲ့ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့တယ်။ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပါတယ်။", "တရုတ်လုပ် FTC 2000 G တိုက်လေယာဉ် တန်ဖိုးကတော့‌ အမေရိကန်ဒေါ်လာ ၈ သန်းခွဲ တန်ကြေးရှိပါတယ်။", "၃-အိန္ဒိယမှာ စစ်ကောင်စီရဲ့ တရုတ်လုပ် Shaanxi Y-8 ပြေးလမ်းချော် ပျက်စီး", "===========================================", "၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးသွားတဲ့ စစ်သားတွေကို မြန်မာနိုင်ငံပြန်ခေါ်ဖို့ သွားတဲ့ စစ်ကောင်စီရဲ့ Y8 လေယာဉ်က မီဇိုရိမ်ပြည်နယ်ရဲ့ လေဆိပ်မှာ ပြေးလမ်းချော်ပြီး ပျက်စီးသွားပါတယ်။ လေယာဉ်ဟာ ၃ ပိုင်းကျိုးသွားတာမို့ ရစရာမရှိအောင် ပျက်စီးသွားပါတယ်။", "စစ်ကောင်စီရဲ့ Shaanxi Y-8 လေယာဉ်တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ သန်း ၄၀ ဖြစ်ပါတယ်။", "၄-စစ်ကောင်စီရဲ့ Eurocopter 365 ရဟတ်ယာဉ် ပစ်ချခံရခြင်း", "===================================", "၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီရဲ့ Eurocopter 365 ရဟတ်ယာဉ်တစ်စီးကို ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်မှာ ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ပျက်ကျသွားခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ဟာ အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကမှ တပ်တော်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။", "အဲဒီရဟတ်ယာဉ်မှာ လိုက်ပါတဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် အရာရှိ ၅ ဦးသေဆုံးခဲ့ပါတယ်။", "၅- ကချင်ပြည်နယ်မှာ Mi 35 ရဟတ်ယာဉ် ပစ်ချခံရခြင်း", "===============================", "၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့ ၂၀၂၁ ခုနှစ် မိုးမောက်မြို့ မြို့သစ်နဲ့ ကုန်းလောကြားမှာ စစ်ကောင်စီရဲ့ Mi35 ရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်‌ မတော် KIA က ပစ်ချခဲ့ပါတယ်။ ရဟတ်ယာဉ် ပျက်ကျပြီးတော့ လေယာဉ်မှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။ အဲဒီရဟတ်ယာဉ်ကတော့ အမေရိကန်ဒေါ်လာ ၃၆ သန်းတန်ကြေးရှိပါတယ်။", "၆-ကရင်နီ ဘော်လခဲမှာ စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချ", "==================================", "၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ ကရင်နီ ပြည်နယ်၊ ဘော်လခဲခရိုင်၊ ရွာသစ်မြို့အခြေစိုက် BGF တပ်ရင်းအမှတ် (၁၀၀၅) အနီးမှာ စစ်ကောင်စီရဲ့ လေယာဉ်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ချခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ပြောပါတယ်။ ဒါပေမယ့်လည်း တိုက်လေယာဉ် အပျက်အစီးမရရှိခဲ့တာမို့ အဲဒါကို စစ်ကောင်စီက တိုက်လေယာဉ်ပစ်ချခံရတာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။", "၇-ကရင်နီမှာ K8 တိုက်လေယာဉ်ကို ပစ်ချခြင်း", "==========================", "၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ကရင်နီဒေသမှာပဲ စစ်ကောင်စီရဲ့ K8 တိုက်လေယာဉ်ကို ပစ်ချခဲ့ပါတယ်။ တိုက်လေယာဉ်မှူး ၂ ဦး လေထီးနဲ့ ခုန်ထွက်ခဲ့ပြီး လေယာဉ်ပိုင်းလော့ ဗိုလ်မှူးခိုင်သန့်မိုးကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးရရှိခဲ့ပါတယ်။", "ပျက်ကျသွားတဲ့ K8 တိုက်လေယာဉ်ကတော့ အမေရိကန်ဒေါ်လာ ၁၃ သန်း တန်ဖိုးရှိပါတယ်။", "၃ နှစ်အတွင်း စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့်လေယဉ် ၇ စီး ဆုံးရှုံး", "====================================", "စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ရဟတ်ယာဉ်နှင့်လေ ယာဉ် စုစုပေါင်း ၇ စီး ဆုံးရှုံးပြီး အမေရိကန်ဒေါ်လာ ၁၂၂ ဒသမ ၅ သန်း ဆုံးရှုံးကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/154041/
၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်များကို MRTV 4 နှင့် Channel 7 ရုပ်သံလိုင်း ပိုင်ရှင် Forever Group ကုမ္ပဏီက အဓိက ကူညီပေးနေ
["၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်များကို MRTV 4 နှင့် Channel 7 ရုပ်သံလိုင်း ပိုင်ရှင် Forever Group ကုမ္ပဏီက အဓိက ကူညီပေးနေ", "ရန်ကုန်၊ မတ် ၃၁", "၂၀၂၄ ခုနှစ်၏ သက်ရှိ စည်းရိုး ဇတ်ကား အပါအဝင် MRTV-4 နှင့် Channel-7 ကို ထုတ်လွှင့်နေသည့် Forever Group က အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်ရာတွင် အဓိက ကူညီပံ့ပိုးပေးနေသည်ဟု သိရှိရသည်။", "၂၀၁၉ခုနှစ်မှ စ၍ အကြမ်းဖက်စစ်တပ်၏ ဝါဒဖြန့် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းများကို ရိုက်ကူးရာတွင် ကက(ပြည်)နှင့် Forever Group တို့ နာရီ ၁၁၀ ဇာတ်ကား အတူပူးပေါင်း ရိုက်ကူးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ‘တစစ်တမက် ကိုယ်နှင့် သက်ကို ‘အမည်ရ ဇာတ်ကားကို MRTV-4 ၏ ဇာတ်ဆောင် Talents များစွာနှင့် ရိုက်ကူးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင်လည်း ‘ကြယ်နှင့်အတူ’ ဇာတ်လမ်းတွဲ၊ ၂၀၂၂ ခုနှစ်တွင် ‘အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့’ ဇာတ်လမ်းတွဲ၊ ၂၀၂၃ ခုနှစ်တွင် ‘စောင်နီလေးတစ်ထည်’ ရုပ်ရှင်’၊ ၂၀၂၃ ခုနှစ် ရေတပ် ၇၅ နှစ်ပြည့်အတွက် ‘ကြယ်ညွှန်ရာသစ္စာ’ ဇာတ်လမ်းတွဲ စသည်တို့တွင် ပါဝင်သည့် သရုပ်ဆောင်များနှင့် ရိုက်ကူးရေးပိုင်းများတွင် Forever Group MRTV-4 က အဓိကပံ့ပိုးကူညီရိုက်ကူးထားခြင်း ဖြစ်ကြောင်း ရုပ်ရှင်အသိုင်း အဝိုင်းက ပြောကြားသည်။", "ထို့ပြင် ၂၀၂၄ ခုနှစ်တွင်လည်း ‘သက်ရှိစည်းရိုး’ ဇာတ်ကား၊ ‘တွဲလက်တူစုံ ချစ်ရိပ်မြုံ’ ဇာတ်ကား၊ ‘တုနှိုင်းမမီသည့် စံ’ စသည့် အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်ချိရေးရုပ်ရှင်ဇာတ်ကား အားလုံး၏ ရိုက်ကူးရေးပိုင်းနှင့် သရုပ်ဆောင်များသည် MRTV-4 က အဓိက ပံ့ပိုးကူညီရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ် ဝါဒဖြန့်ဇတ်ကားများကို ကူညီရိုက်ကူး ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်း စစစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် ကြေညာခဲ့ပြီး စစ်တပ် ဝါဒဖြန့် ‘တွဲလက်တူစုံ ချစ်ရိပ်မြုံ’ ဇာတ်ကား၏ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာစာရင်းတွင် ရိုက်ကူးထုတ်လုပ်ရေးအဖြစ် ဒေါက်တာဟိန်းထက်အေး(Forever Group) မည်ကို ဖော်ပြခဲ့သည်။", "Forever Group ၏ CEO သည် ဦးဝင်းမော်ဖြစ်ပြီး ၎င်းကို လတ်တလောတွင် လူမြင်ကွင်းတွင် သိပ်မတွေ့ရဘဲ ဦးဝင်းမော်၏ သမက် ဖြစ်သူ ဒေါက်တာဟိန်းထက်အေး ကို အဓိက ပွဲထုတ်နေခြင်းဖြစ်သည်။", "ထို့ပြင် Forever Group သည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် ၏ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုဖြစ်သည့် Media 7၊ အာဏာရှင်ဟောင်း သန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့်နှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်(မြတ်မေတ္တာမွန်ဆီဆိုင်) ၏ သား ထွဠ်ခိုင်ဝင်းတို့အတူလုပ်ကိုင်သည့် Hey play entertainment Appတို့နှင့်အတူပူပေါင်းပြီး Forever Group ၏ ရုပ်သံ Channel 7 တွင်လည်း ဇာတ်လမ်းတွဲများထုပ်လွှင့်ပြသလျက်ရှိသည်။", "၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲတွင်လည်း Forever Group က အဓိကပါဝင်ကူညီခဲ့ပြီး MRTV-4မှ Talents ဇာတ်ဆောင်များ၊,MRTV-4 ၏ ဝါရင့်အစီအစဉ်တင်ဆက်သူများက အကယ်ဒမီပေးပွဲ အစီအစဉ်ကြေညာသူများအဖြစ် ပါဝင်ခဲ့ကြသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်ကို အာဏာဖီဆန်သည့်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များကို ၅၀၅-က ဖမ်းဝရမ်းထုတ်ပြန်ကြေညာချက်ထွက်လာသည့်အခါတွင်လည်း ဖမ်းဝရမ်းကို ပယ်ဖျက်လိုသည့် အနုပညာရှင်များကို ခံဝန်ထိုးရန် စီစဉ်ပေးသူများတွင်လည်း Forever Group ပါဝင်ကြောင်း သိရှိရသည်။", "စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၏ တူမအရင်းစုလင်းရှိန်သည် MRTV-4 ၏ ဇာတ်ဆောင်(Talents) တစ်ယောက်ဖြစ်ကြောင်း၊ အာဏာရှင်ဟောင်း သန်းရွှေလက်ထက်တွင် မြန်မာ့ရုပ်ရှင်ကို အဟန့်အတားအဖြစ်ရှိခဲ့သည့် ဆင်ဆာအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးသိန်းထွန်းအောင် သည် လက်ရှိတွင် Forever Group MRTV-4 ၏ ထုတ်လုပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။", "လက်ရှိတွင် နိုင်ငံရေးလှုပ်ရှားမှုများကို အနုပညာနှင့် အာရုံလွှဲရန် MRTV-4 က ဇာတ်လမ်းတွဲများထုတ်လွှင့်ပြသပြီး နိုင်ငံရေးလှုပ်ရှားမှုတွင် ပြည်သူများ စိတ်ဝင်စားမှုမရှိစေရန် ပြုလုပ်လျက်ရှိသည်။", "ဓာတ်ပုံ- Forever Group ကုမ္ပဏီက အဓိက ကူညီထုတ်လုပ်ပေးနေသည့် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်ဇတ်ကားများ။"]
https://yktnews.com/2024/09/181528/
၂၀၂၅ ရွေးကောက်ပွဲတွင် နိုင်သူ/အကုန်ယူ FPTP စနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီထံတင်ပြထားပြီး နယ်မြေမငြိမ်းချမ်းမှုနှင့် အချိန်ကာလ တိုတောင်းမှုကြောင့် အချိုးကျ ကိုယ်စားပြု PR စနစ် သုံးရန် မသင့်တော်သေး၊ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ ဆုံးဖြတ် ချက်ကို စောင့်ဆိုင်းနေဆဲဟုဆို
["၂၀၂၅ ရွေးကောက်ပွဲတွင် နိုင်သူ/အကုန်ယူ FPTP စနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီထံတင်ပြထားပြီး နယ်မြေမငြိမ်းချမ်းမှုနှင့် အချိန်ကာလ တိုတောင်းမှုကြောင့် အချိုးကျ ကိုယ်စားပြု PR စနစ် သုံးရန် မသင့်တော်သေး၊ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ ဆုံးဖြတ် ချက်ကို စောင့်ဆိုင်းနေဆဲဟုဆို", "ရန်ကုန်၊ စက်တင်ဘာ ၂", "အကြမ်းဖက်စစ်ကောင်စီက တင်ပြရန် ရှိနေသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် နိုင်သူ အကုန်ယူ စနစ်ဖြစ်သော FPTP (First-Past-The-Post) စနစ်ဖြင့်သာ ရွေးကောက်ပွဲ ကျင်းပရန်ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီထံ တင်ပြထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း သိရှိရသည်။", "လက်ရှိ တိုင်းပြည်၏ အခြေအနေများနှင့် နယ်မြေ စိုးမိုးမှု ခက်ခဲနေခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်တွင် အလွယ်ကူဆုံး​ စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပရန်မှာ FPTP ခေါ် နိုင်သူအကုန်ယူစနစ်သာဖြစ်ကြောင်း၊ PR စနစ်ခေါ် Proportional Representation အချိုးကျကိုယ်စားပြု စနစ်ကို အကောင်အထည်ဖော်ရန်အတွက်မှာ အဆိုပါစနစ်ကို အကောင်အထည်ဖော်မည့် တိုင်းရင်းသားဒေသများ အပါအဝင် နယ်မြေအများစုမှာ ငြိမ်းချမ်းမှုမရှိခြင်းနှင့် လုံခြုံရေး အားနည်းနေခြင်း ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြင်ဆင်ရန် လိုအပ်ခြင်း၊ လက်ရှိ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်များက PR စနစ်ကို သိရှိနားလည် ကျွမ်းကျင်လာစေရန် ပြင်ဆင်မှုများ လိုအပ်ခြင်း၊ PR နှင့်ပတ် သက်သော မဲပေးမှုဆိုင်ရာ အသိပညာပေးမှုများ အချိန်ထပ်မံ ယူရန် လိုအပ်ခြင်း၊ ရှုပ်ထွေးမှုများ ရှိလာနိုင်ခြင်း စသော ပြဿနာများစွာ ရှိနေကြောင်း သိရှိရသည်။", "“ကောင်စီဝင်တချို့နဲ့ ရွေး/ကော်ဘက်ကတော့ FPTP စနစ်နဲ့ပဲ ရွေးကောက်ပွဲ အမြန်လုပ်နိုင်မယ် ဆိုတာ တင်ပြထားတယ်။ PR စနစ်နဲ့ ဆိုရင်တော့ အချိန်က သိပ်မကျန်တော့ဘူး။ ဥပဒေပြဋ္ဌာန်းပြင်ဆင်ရမယ်။ လေ့ကျင့်သင်ကြားရမယ့် အစီအစဉ်တွေနဲ့ အချိန်ကြာနိုင်တယ်။ ဘယ်ဟာကို ဆုံးဖြတ်မလဲတော့ မသိရသေးဘူး။ သူ့ဆုံးဖြတ်ချက်(မင်းအောင်လှိုင်)ကိုပဲ စောင့်ဆိုင်းနေကြတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ယခုလာမည့် အောက်တို ဘာလအတွင်းတွင် သန်းခေါင်စာရင်းနှင့်မဲစာရင်းများကို ပြုစုမည်ဖြစ်ကြောင်း ကြေညာထား သည်။", "လက်ရှိ စစ်ကောင်စီက စစ်ရှုံးနေသော အခြေအနေများအရ ရွေးကောက်ပွဲ ကျင်း ပမည်ဆိုပါက တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ တစ်ပြိုင်နက်တည်း ကျင်းပရန် မဖြစ်နိုင်ဘဲ အပိုင်းလိုက်ကျင်းပမည်ဟု စစ်ခေါင်းဆောင်က ပြော ဆိုထားသကဲ့သို့ ရွေးကောက်ပွဲကော်မရှင်ကလည်း သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်များ၏ လုံခြုံရေး၊ မဲရုံများ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း၊ ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရုံးများကို ဦးတည်တိုက်ခိုက်လာမည်ကို စိုးရိမ်လျက်ရှိသဖြင့် နယ်မြေလုံခြုံရေး သေချာစွာ စီစဉ်ပေးနိုင်သော နေရာများတွင်သာ ရွေး ကောက်ပွဲကို ဦးစားပေး ကျင်းပပေးရန် ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း လိုလားလျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မြန်မာ့ ရွေးကောက်ပွဲကာလ ဆန္ဒမဲများ ရေတွက်နေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)", "Photo- Agency ။"]
https://yktnews.com/2024/07/171657/
၃ နှစ်ကျော်ကြာသည်အထိ ဖရဲသီးနှိမ်နင်းရေးစီမံချက် မအောင်မြင်၍ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ်အရေးယူရမည်ဟု မင်းအောင်လှိုင် အမိန့်ထပ် ပေးပြန်
["၃ နှစ်ကျော်ကြာသည်အထိ ဖရဲသီးနှိမ်နင်းရေးစီမံချက် မအောင်မြင်၍ လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကို စုံစမ်းဖော်ထုတ်အရေးယူရမည်ဟု မင်းအောင်လှိုင် အမိန့်ထပ် ပေးပြန်", "ရန်ကုန်၊ ဇူလိုင် ၆", "အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုးပမ်းခဲ့မှုသည် ၃ နှစ်ကျော်ကြာလာပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ သတင်းများ ပြင်ပသို့ ပေါက်ကြားစေရေး ကူညီပေးနေသော ဖရဲသီးများ နှိမ်နင်း ရေး မအောင်မြင်သည့်အတွက် လုံခြုံရေးဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားအောင် ပြုလုပ်သူများကိုစုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ရန် အကြမ်းဖက် မင်းအောင်လှိုင်က အမိန့် ပေးပြန်သည်။", "နေပြည်တော်တွင် ယမန်နေ့ ကျင်းပ ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ အစည်းအဝေး အမှတ် ၅ / ၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ လုံခြုံရေး၊ စစ်ရေး အပါအဝင် ဝန်ကြီးဌာနဆိုင်ရာ သတင်းများ မကြာ ခဏ ပေါက်ကြားခဲ့သည့်အတွက် စစ်ကောင်စီအတွင်း ဖရဲသီးနှိမ်နင်းရေး စီမံချက်တစ်ရပ်ကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းကာလတွင် စတင် အကောင်အထည်ဖော်ခဲ့ကြောင်း၊ သို့ရာတွင် ၃ နှစ်ကျော်ကြာချိန်အထိ ဖရဲသီးနှိမ်နင်းရေး မအောင်မမြင်ဖြစ်ခဲ့ရ၍ ယမန်နေ့ စစ်ကောင် စီအစည်းအဝေးတွင် ဖရဲသီးနှိမ်နင်းရေးအတွက် မင်းအောင်လှိုင်က ထပ်မံ၍ အမိန့် ပေး ညွှန်ကြားခြင်းဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "ယမန်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်း အောင်လှိုင်က လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ဌာနအလိုက် လုံခြုံရေးဆိုင်ရာ အချက်အလက်များ မပေါက်ကြားစေရန် အလေးထားဆောင်ရွက်စေလိုကြောင်း၊ လုံခြုံရေးဆိုင်ရာ အချက် အလက်များ ပေါက်ကြားအောင် ပြုလုပ်သူများကိုလည်း ဖော်ထုတ်၍ အရေး ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမိန့်ပေး ပြောဆိုသွားသည်။", "ထို့ပြင် နိုင်ငံတစ်ဝန်း လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများအားလုံးအနေ ဖြင့် စနစ်တကျ ကြိုတင်ပြင်ဆင်ခြင်း၊ စနစ်တကျနေထိုင်ခြင်းများကို လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် ဆောင်ရွက်ကြမည်ဆိုပါက လုံခြုံရေးကျိုးပေါက်မှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။", "စစ်ကောင်စီက ဖရဲသီးနှိမ်နင်းရေးစီမံချက်ဖြင့် ဝန်ကြီး နှင့် ဌာနဆိုင်ရာ အရာရှိကြီးတချို့ကို အရေးယူခဲ့ရာတွင် အဆင့်မြင့်ဆုံးစစ်ဗိုလ်ချုပ်တစ်ဦးကို အရေးယူမှုအဖြစ် ပြည်ထဲ ရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်ကိုအကြမ်း ဖက်မှုတားဆီးတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အစည်းအဝေး မှတ်တမ်းပေါက်ကြား မှုအတွက် တာဝန် ရှိသည်ဟုဆိုကာ ရာထူးမှ ထုတ်ပယ် အရေးယူ ထောင်ချမှု များ ဆောင်ရွက်ခဲ့သည်။"]
https://yktnews.com/2023/03/92018/
၃ ပတ်နီးပါး ကြာမြင့်သော ပင်လောင်းတိုက်ပွဲတွင် စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း PNO အဖွဲ့ဘက်မှ သေဆုံးမှုများပြား
["၃ ပတ်နီးပါး ကြာမြင့်သော ပင်လောင်းတိုက်ပွဲတွင် စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း PNO အဖွဲ့ဘက်မှ သေဆုံးမှုများပြား", "ရန်ကုန်၊ မတ် ၁၂", "ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရက်သတ္တပတ် ၃ ပတ်နီး ပါး ကြာမြင့်သည့် တိုက်ပွဲတွင် စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဘက်မှ သေဆုံးမှုများပြားကြောင်း သိရှိရသည်။", "စစ်တပ်နှင့် စစ်ကောင်စီ လက်အောက်ခံ PNO ပအိုဝ်း ပြည်သူစစ်များက ပင် လောင်းမြို့နယ်အတွင်းသို့ ၃ ပတ်ခန့် ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်တပ်နှင့် PNO ဘက်မှ သေဆုံးမှု များပြားကြောင်း၊ မတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပင်လောင်းမြို့နယ်အတွင်းရှိ ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသည့် နမ်းနှိမ်ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသည့်ပြင် သံဃာ ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်ဘက်မှ သေဆုံးမှု များပြားသဖြင့် ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် ဘုန်းကြီးကျောင်း၊ နေအိမ်များကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။", "နေပြည်တော် PDF ၈၀၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကမူ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊ နမ်းနိမ်ကျေးရွာအတွင်း၌ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက်အဦးများကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များကို မတ်လ ၁၁ ရက်နေ့ တွင် KRU၊Demoso PDF၊ နေပြည်တော် PDF ၈၀၄ တပ်ရင်းတို့ ပါဝင်သော စနိုက်ပါတပ်ပေါင်းစုအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြရာ နေပြည်တော် PDF ၈၀၄ တပ်ရင်း စနိုက်ပါအဖွဲ့က စစ်သား ၆ ဦးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။"]
https://yktnews.com/2023/03/90055/
၃ ရက်အတွင်း နိုင်ငံကူးလက်မှတ် လူ ၅၂၀၀၀ ကျော် လျှောက်ထားပြီးနောက် အသစ် လျှောက်ထား မှုများ ထပ်မံ ရပ်ဆိုင်းပြန်၊ နိုင်ငံကူးလက်မှတ်ရုံး ထဲ တွင် လည်း လာဘ်ပေး လာဘ်ယူမှုနှင့် ညှဉ်းဆဲမှုများဖြစ်
["၃ ရက်အတွင်း နိုင်ငံကူးလက်မှတ် လူ ၅၂၀၀၀ ကျော် လျှောက်ထားပြီးနောက် အသစ် လျှောက်ထား မှုများ ထပ်မံ ရပ်ဆိုင်းပြန်၊ နိုင်ငံကူးလက်မှတ်ရုံး ထဲ တွင် လည်း လာဘ်ပေး လာဘ်ယူမှုနှင့် ညှဉ်းဆဲမှုများဖြစ်", "ရန်ကုန်၊ မတ် ၁", "အကြမ်းဖက်စစ်ကောင်စီက Online Booking ဖြင့် နိုင်ငံကူးလက်မှတ်များ လျှောက် ထား ခွင့်ပြုထားရာ ၃ ရက်အတွင်း နိုင်ငံကူးလက်မှတ် လူ ၅၂၀၀၀ ကျော် လျှောက်ထားပြီးနောက် အသစ် လျှောက်ထားမှုများကို ထပ်မံ ရပ် ဆိုင်း လိုက်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ၈၀၄၉ ဦး၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက် နေ့အထိ ၄၄၈၀၁ ဦး စုစုပေါင်း ၃ ရက်အတွင်း လူပေါင်း ၅၂၈၅၀ ဦး နိုင်ငံကူး လက် မှတ်လျှောက်ထားပြီး မတ်လ ၂၈ ရက်နေ့ အထိ ရက်ချိန်းများ ခွင့်ပြု ပေး ထားကြောင်း၊ ယခုအခါ ငွေပေးချေမှုစနစ်ကို ပြန်လည် ပြင်ဆင်နေသည့် အတွက် ရက်ချိန်းအသစ် ရယူခြင်းကို ပြုလုပ်နိုင်မည်မဟုတ်ဘဲ ငွေပေးသွင်းပြီး ရက်ချိန်းမရသူများသာ ရက်ချိန်း ပြန်လည် ရယူနိုင်မည်ဖြစ်ကြောင်း ‌ကြေညာ ထားသည်။", "ထို့ပြင် နိုင်ငံကူးလက်မှတ် လျှောက်ထားပြီး သွားရောက် ပြုလုပ်သူများလည်း နေ့စဉ် နံနက် ၆ နာရီမှ ည ၁၂ နာရီအချိန် အထိ ရုံးထဲတွင် ခက်ခက်ခဲခဲတန်းစီ လုပ်ဆောင်နေရပြီး အတွင်းတွင် တန်းမစီလိုသူများအနေဖြင့် ငွေကြေးထပ်မံ ပေးသွင်းရခြင်း၊ လာဘ်ပေးလာဘ်ယူလုပ်ရကြောင်း၊ သာမန် ငွေမပေးဘဲ တန်း စီကြသည့် ပြည်သူများမှာ တာဝန် ရဲများ၏ ညှဉ်းဆဲ အချိန်ဆွဲခြင်းများ ကြုံ နေရကြောင်း သိရှိရသည်။", "“အွန်လိုင်းမှာ လျှောက်ပြီးတော့ ရုံးမှာ မနက်ခင်း ၆နာရီတည်းကတန်းစီတာ ည ၁၁ နာရီ ၄၅ မိနစ်မှ ပြန်ရပါတယ်။ တန်းစစီတည်းကပိုက်ဆံ ၃သောင်းပေးရင် ရှေ့ခေါ်မယ် လည်ပတ်ဆွဲပေးမယ် တန်းဝင်လို့ရမယ်လိုက်ပြောပါတယ်။ အိတ် တွေကို ရုံးထဲမယူခိုင်းပါ။ အထဲမှာတန်းစီရတာဘာစည်းစနစ်မှမရှိပါ။ တန်းစီ ချင် သလိုစီရန်ဖြစ်နေကြတာမနည်းပါ။ ရဲတွေဘာအလုပ်မှမလုပ်ပါ။ အထဲမှာ ပိုက်ဆံ မပေးရတော့ အရမ်းညှင်းပါတယ်။ သရုပ်ဆောင် လွင်မိုးနဲ့ သူမြေးတန်း မစီပါဘူး။ တေးရေးဆရာ စောခူဆဲ တန်းမစီပါဘူး။ ဒါနာမည်ကြီးလူတွေပါ။ တစ်ယောက်က်ု နာရီဝက်လောက်ကြာအောင်အချ်န်ဆွဲပါတယ်။ ကင်မရာ ရိုက်တဲ့အခန်း ၈ခန်းလောက်ရှိပေမယ့် ၂ခန်းပဲ ဖွင့်ပါတယ်။ အလုံပိတ် အခန်း ထဲမှာ ပန်ကာလေး၂လုံးပဲဖွင့်ထားပါတယ်။ လူထောင်ချီရှိပါတယ်။ ချွေးနံ့တွေ လူနံ့တွေ အမှိုက်တွေ စုတ်ပြတ်နေတာပါပဲ။ အပြင်မှာ အိတ်အပ်ထားတာ လျှောက်ထားတာတွေက ညဘက်မှပြီးတော့ အိတ်အပ်ထားတဲ့ စျေးသည် တွေမ ရှိတော့ပါ။ အိတ်အပ်ထားသူတွေ အိတ်ပြန်မရတော့ပါ။ အိတ်တွေပဲ ပုံနေအောင်အပ်ထားတာရမှာပါ။ လုပ်စားဂွင်ပါ။ ညဘက်မှ အချ်န်ဆွဲ ပြီးအောင် လုပ်ပြီး အိတ်တွေဖြောင်လိုက်တယ်ထင်ပါတယ် မနက်စောစော လာလည်း ည နက်မှပြန်ရတာပါ။ ရုံးထဲမှာ လဖက်ထမင်းရောင်းသူ ထမင်းသုပ် ရောင်းသူ ရေသန့်ဗူးရောင်းသူတွေက သူတို့ဝန်ထမ်းတွေပါပဲ။ ပိုက်ဆံမပေးရလို့ လူတွေ ကိုသက်သက်ညှင်းထားတာပါ” ဟု နိုင်ငံကူးလက်မှတ် သွားရောက် လျှောက် ထားပြီး အခက်အခဲ ကြုံတွေ့ရသူ ပြည်သူတစ်ဦးက ပြောသည်။", "ဓာတ်ပုံ- နိုင်ငံကူးလက်မှတ် ရပ်ဆိုင်းသည့် ကြေညာချက်နှင့် ရုံးထဲတွင် ည ၁၂ နာရီထိုးအထိ တန်းစီစောင့်ဆိုင်းနေရသည့် ပြည်သူများ။"]
https://yktnews.com/2025/02/201895/
၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်များက လူအခွင့်အရေးချိုးဖောက်မှုများကို မကြုံစဖူး အဆင့်သို့ တိုးမြှင့်ကျူးလွန်လာဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြေညာ
["၄ နှစ်တာကာလအတွင်း မြန်မာစစ်ခေါင်းဆောင်များက လူအခွင့်အရေးချိုးဖောက်မှုများကို မကြုံစဖူး အဆင့်သို့ တိုးမြှင့်ကျူးလွန်လာဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြေညာ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "မြန်မာစစ်ခေါင်းဆောင်များက အာဏာသိမ်း ၄ နှစ်တာကာလအတွင်း လူအခွင့်အရေးချိုးဖောက်မှုများကို မကြုံစဖူး အဆင့်သို့ တိုးမြှင့်ကျူးလွန်လာမှုကို တွေ့ရှိရကြောင်း ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။", "၂၀၂၄ ခုနှစ် တစ်လျှောက်လုံး၏ ပဋိပက္ခအခြေအနေ အပေါ် လေ့လာဆန်းစစ်မှုအရ မြန်မာစစ်တပ်က အာဏာလက်ဝယ်ထိန်းချုပ်မှု ယိမ်းယိုင်လာသည်နှင့်အမျှ လက်တုံ့ပြန်သည့်သဘောဖြင့် အရပ်သားပြည်သူများနှင့် အရပ်သားများနေထိုင်များဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း၊ လူငယ်ထောင်ပေါင်းများစွာကို စစ်မှုထမ်းရန် အတင်းအကျပ် စေခိုင်းခဲ့ကာ တရားလက်လွတ်ဖမ်းဆီးမှုများနှင့် တရားစွဲဆိုမှုများအပြင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခွင့်ကိုလည်း ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။", "မြန်မာစစ်တပ်က ၄ နှစ်အတွင်း အရပ်သားပြည်သူ အနည်းဆုံး ၆၂၃၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ယင်းတို့အနက်မှ အမျိုးသမီး ၁၁၄၄ ဦး၊ ကလေးငယ် ၇၀၉ ဦး ပါဝင်ကြောင်း၊ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် လူပေါင်း ၁၈၂၄ ဦး သေဆုံးခဲ့ပြီး ယင်းတို့အနက် အမျိုးသမီး ၅၁၃ ဦးနှင့် ကလေးငယ် ၂၄၈ ဦးပါဝင်ကြောင်း၊ ၂၀၂၃ ခုနှစ် ၏ သေဆုံးသူ အရေအတွက်ဖြစ်သော ၁၆၃၉ ဦးထက် သိသိသာသာ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။", "“စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူလူထု၏ အခြေအနေမှာ နေ့စဉ်နဲ့အမျှ ပိုမို ဆိုးရွားလာနေတာကို တွေ့ရလို့ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာစစ်တပ်က အာဏာ ယိမ်းယိုင်လာတာနဲ့အမျှ ရက်စက်ကြမ်းကြုတ်မှုနဲ့ အကြမ်းဖက်မှုမှာလည်း ပိုမိုကျယ်ပြန့် ပြင်းထန်လာပါတယ်” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့၏ အကြီးအကဲ Volker Turk က ပြောဆိုသည်။", "မြန်မာစစ်တပ်က လူထုကို ထိန်းချုပ်ရန်၊ ခြိမ်းခြောက်ရန်နှင့် အပြစ်ပေးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။", "” အဲဒီလို ရက်စက်ကြမ်းကြုတ်မှုကို ချက်ချင်း ရပ်တန့်စေဖို့နဲ့ ကျူးလွန်သူအပေါ် အရေးယူ တာဝန်ခံစေခြင်း မရှိဘူးဆိုရင် အရပ်သားပြည်သူတွေရဲ့ သေဆုံးမှုနှုန်းက ဆက်လက်မြင့်တက်လာမှာ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေရဲ့ အခြေအနေက အဘက်ဘက်မှာ မလွဲမသွေ ဆက်လက်ဆိုးရွားလာမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။", "လက်ရှိတွင် မြန်မာစစ်တပ်က ကျူးလွန်သူများကို အပြစ်ပေးအရေးယူခြင်းမရှိဘဲ ခေါင်းဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ သေဒဏ်စီရင် ကွပ်မျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ အပါအဝင် အလွန်အမင်းရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို အရပ်သားများ အပေါ် ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။", "မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆုံးသတ်စေရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အပြည့်အ၀နှင့် အဟန့်အတားမရှိ ပေးအပ်နိုင်ရေး၊ နိုင်ငံရေး အကြောင်းပြချက်ဖြင့် ဖမ်းဆီးထားသူ အားလုံးလွှတ်ပေးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးသော အဖွဲ့အစည်းများနှင့် အဓိပ္ပာယ် ပြည့်၀စွာ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှဉ်းပန်းမှုများမှ တိမ်းရှောင်လာသူများအတွက် နိုင်ငံတကာ အသိုက်အ၀ိုင်းက အကာအကွယ် ရရှိရေး နိုင်ငံတကာအစိုးရများ အထူးသဖြင့် ဒေသတွင်း နိုင်ငံအစိုးရများက နှစ်ဆတိုးမြှင့်ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းသည်။", "ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အပြစ်ပေးခြင်းမှ ကင်းလွတ်နေမှုကို အဆုံးသတ်ရေးသည်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်း၏ တာဝန်ဖြစ်ကြောင်း၊ မြန်မာပြည်သူများအနေဖြင့် လွန်ခဲ့သော ၄ နှစ်တာကာလ အတွင်း ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ရာ အခြေအနေများကို​ နောင်တွင် ကြုံတွေ့ရင်ဆိုင်မှု မရှိစေရေး အတွက် ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက်တိုင်းသည် တရားမျှတမှုနှင့် တာဝန်ခံမှုတို့အပေါ် အခြေခံရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့၏ အကြီးအကဲ Volker Turk က တိုက်တွန်း တောင်းဆိုသည်။"]
https://yktnews.com/2024/09/182786/
၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌ ကို ဗြောင်လိမ်ပြော
["၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌ ကို ဗြောင်လိမ်ပြော", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "မြန်မာနိုင်ငံတစ်ဝန်းတွင် ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေသည်ဟု ICRC ဥက္ကဋ္ဌ ကို ယမန်နေ့ တွေ့ဆုံမှုတွင် ဗြောင်လိမ် ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "ICRCဥက္ကဋ္ဌ Ms. Mirijana Spoiljarc Egger နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ယမန်နေ့ တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ ဗြောင်လိမ်ခဲ့ခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ခေါင်းဆောင်က စစ်တပ်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် မသက်ဆိုင်သူများထံသို့ ရောက်ရောက်ရှိစေရေး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွ က်နေသည်ဟု ဗြောင်လိမ်ခဲ့သော်လည်း လက်တွေ့တွင်မူ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့အထိ ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲ၍ သတ်ဖြတ်ခဲ့သည်။", "စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ၊ ဆရာမများနှင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ရသည်။", "စက်တင်ဘာလ ၆ရက်၊ နံနက် ၁ နာရီ ၃၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးသို့ ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ရာ ကလေးများအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရသည်။", "စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး၊ အမျိုး သမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရသည်။", "စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ညနေ ၆ နာရီ ၅၅ မိနစ်အချိန်တို့တွင် အကြမ်း ဖက် စစ်ကောင်စီက ရက္ခိုင်ပြည်၊ ပေါက်တောမြို့ နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အ ကျဉ်း သားများကို ဆေးကုသပေးနေသော နေရာတစ်နေရာကို ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုး ရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ရခိုင်ပြည်၊ မောင်တောမြို့ လေးမိုင် (နခခ-၂) စခန်းကို ဗုံးကျဲချခဲ့ရာ လူပေါင်း၅၀ ကျော်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေဟု ICRC ဥက္ကဋ္ဌ ကို ဗြောင်လိမ်ပြော", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "မြန်မာနိုင်ငံတစ်ဝန်းတွင် ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲသတ်ဖြတ်ခဲ့သော မင်းအောင်လှိုင်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ စစ်တပ်က ဆောင်ရွက်နေသည်ဟု ICRC ဥက္ကဋ္ဌ ကို ယမန်နေ့ တွေ့ဆုံမှုတွင် ဗြောင်လိမ် ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "ICRCဥက္ကဋ္ဌ Ms. Mirijana Spoiljarc Egger နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ယမန်နေ့ တွေ့ဆုံစဉ် မင်းအောင်လှိုင်က ထိုသို့ ဗြောင်လိမ်ခဲ့ခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ခေါင်းဆောင်က စစ်တပ်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း၊ ICRC အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရာတွင် မသက်ဆိုင်သူများထံသို့ ရောက်ရောက်ရှိစေရေး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်က ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွ က်နေသည်ဟု ဗြောင်လိမ်ခဲ့သော်လည်း လက်တွေ့တွင်မူ စက်တင်ဘာလ ၅ ရက်နေ့မှ စက်တင်ဘာ ၉ ရက်နေ့အထိ ၅ ရက်အတွင်း လူပေါင်း ၉၃ ဦးကို လေကြောင်းဖြင့် ဗုံးကျဲ၍ သတ်ဖြတ်ခဲ့သည်။", "စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ်များ၊ ဆရာမများနှင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ရသည်။", "စက်တင်ဘာလ ၆ရက်၊ နံနက် ၁ နာရီ ၃၅မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးသို့ ပေါင် ၅၀၀ ဗုံးများကျဲချခဲ့ရာ ကလေးများအပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရသည်။", "စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး၊ အမျိုး သမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရသည်။", "စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်နှင့် ညနေ ၆ နာရီ ၅၅ မိနစ်အချိန်တို့တွင် အကြမ်း ဖက် စစ်ကောင်စီက ရက္ခိုင်ပြည်၊ ပေါက်တောမြို့ နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အ ကျဉ်း သားများကို ဆေးကုသပေးနေသော နေရာတစ်နေရာကို ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့မှုကြောင့် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုး ရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ရခိုင်ပြည်၊ မောင်တောမြို့ လေးမိုင် (နခခ-၂) စခန်းကို ဗုံးကျဲချခဲ့ရာ လူပေါင်း၅၀ ကျော်သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113624/
၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူအနေဖြင့် ကိုယ်စား လွမ်းသူပန်းခွေ ချခွင့်မရ
["၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူအနေဖြင့် ကိုယ်စား လွမ်းသူပန်းခွေ ချခွင့်မရ", "ရန်ကုန်၊ ဇူလိုင် ၁၉", "ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူအနေဖြင့် ကိုယ်စား လွမ်းသူပန်းခွေချခွင့် မရကြောင်း သိရှိရသည်။", "နေပြည်တော် အကျဉ်းထောင်တွင် အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည်နေ့ အခမ်းအနား တက်ခွင့်မရသည်မှာ ၃ နှစ်မြောက်ရှိလာပြီဖြစ်သည်။ ယနေ့ အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဖြစ်သူ အောင်ဆန်းဦးက လွမ်းသူပန်းခွေကို ကိုယ်တိုင်တက်ရောက်ချသွားသည်ကို မြင်တွေ့ရသည်။", "၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဦးဆောင် တက်ရောက်ခဲ့ပြီး ယခင်နှစ်များထက် အဆင့်နှိမ့်ချ ကျင်းပပြုလုပ်လာသည်ကို မြင်တွေ့ရသည်။", "ဓာတ်ပုံ- NLD အစိုးရလက်ထက် အာဇာနည်နေ့ အခမ်းအနားတက်ရောက်ခဲ့သော လူထုခေါင်းဆောင်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။"]
https://yktnews.com/2022/12/75879/
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက် ခက်အောင် နှင့် ကိုမြတ်သူတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချမှတ်
["၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက် ခက်အောင် နှင့် ကိုမြတ်သူတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချမှတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက် ခက်အောင်နှင့် ကိုမြတ်သူတို့ကို အကြမ်းဖက် စစ်ကောင်စီက ထောင် ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကျိုက် မရော ထောင် တရားရုံးက ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းမှ မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီက မနုနုအောင်၊ မခက်ခက်အောင်နှင့် ကိုမြတ်သူ တို့ ကို ပုဒ်မ – ၅၀ ည အတွက် ထောင်ဒဏ် – ၁၀နှစ်၊ ပုဒ်မ – ၅၁ (ဂ) အတွက် ထောင် ဒဏ် ၅ နှစ် အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနုနုအောင်နှင့် မခက် ခက်အောင် ၊သားဖြစ်သူ ကိုမြတ်သူ တို့ကို စစ်ကောင်စီ တရားရုံးက ပုဒ်မ- ၅၀ (ည) နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁(ဂ) နဲ့ ထောင်ဒဏ် ၅ နှစ် စီ ဒီဇင် ဘာ ၂၃ ရက် နေ့ အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။", "“သူတို့ဟာ ကျန်းမာရေး မကောင်းလို့ ဘားအံမှာ ဆေးသွားကုရင်း ဧပြီလ ၂၆ ရက်နေ့က စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ၁၂ ရက်ကြာ စစ်ကြောရေးခံခဲ့ရပါတယ်။ စစ်ကြောရေးကတဆင့် မော်လမြိုင် မြို့မ ရဲစခန်း ကို ရောက်ရှိခဲ့ပြီး မော်လမြိုင် မြို့မ ရဲစခန်းမှူး ဦးလှထွန်းက တရားလို ပြုလုပ် ကာ ပုဒ်မ- ၅၀(ည) ၊ ၅၁(ဂ) တို့နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မော်လ မြိုင်ခရိုင်တရားရုံးမှာ ရမန်ယူပြီး ဒီနေ့ ကျိုက်မရောထောင်ကို ပို့ဆောင် လိုက် တာ။ မနုနုအောင်ဟာ ခြေထောက် အရွတ်ပြဲ အကြောရောင်ရောဂါနဲ့ လမ်း ကောင်းကောင်းမလျှောက်နိုင်သလို မခက်ခက်ဟာလည်း အာရုံကြော အား နည်း ရောဂါနဲ့ ခန္ဓာကိုယ် အောက်ပိုင်း ချိနဲ့ နေတာဖြစ်ပါတယ်။ မခက်ခက် အောင် သားကိုမြတ်သူကတော့ သူ့မိခင်ဆေးခန်းပြရာမှာ အဖော် အဖြစ် လိုက် ပါ ရင်း စစ်ထောက်လှမ်းက သူ့ကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု အမှုဖြစ်စဉ် အကြောင်း သေချာသိရှိထားသူ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/01/197754/
ဗန်းမော်မြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲမှု အလုံးစုံပျက်စီးသွားပြီ
["​", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ အဆက်မပြတ်ကျဲချရာမှ ဘုရားနှင့် ကျောင်းပရဝဏ်ဝင်းတစ်ခုလုံး အလုံးစုံ ပျက်စီးသွားပြီဖြစ်ကြောင်းဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တစ်နေ့လုံး အကြမ်းဖက်စစ်တပ်က ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်လုပ်ဆောင်ခဲ့ပြီး မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းထဲသို့ စစ်လေယာဉ်ဖြင့် ဗုံး ၈ ကြိမ်ခန့် ကျဲချခဲ့ကြောင်း၊ ထိုသို့ ကျဲချမှုကြောင့် မဟာသိမ်တော်ကြီး ဘုရားဝင်းအတွင်းရှိ စေတီတော်နှင့် ဝင်းတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။", "“သိမ်တော်ကြီးဘုရားကျောင်းဝင်းထဲ ၈ ကြိမ်ဗုံးကျဲခဲ့တယ်။ အကုန်ပျက်စီးကုန်ပြီ။ ပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်”ဟု ဒေသပြည်သူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "KIA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ပြင်းထန်နေကာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် ဗန်းမော်မြို့တွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးနေကြောင်း၊ မြို့မှာလည်း လုံး၀ ပျက်သလောက်နီးပါးဖြစ်နေပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ဓာတ်ပုံ – မပျက်စီးမီက မြင်တွေ့ရသည့် ဗန်းမော်မြို့၏ အထင်ကရ မဟာသိမ်တော်ကြီးဘုရား။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/01/140753/
အပစ်ရပ်ရေး သဘောတူညီချက်ကို မလိုက်နာခဲ့လျှင် ညီနောင် ၃ ဖွဲ့က မြို့ကြီး များကို သိမ်းပိုက်ပြီး ဖြစ်လိမ့်မည်ဟု ထုတ်ပြန်
["‌", "စစ်ကောင်စီက အပိုးမကျိုးဘဲ အပစ်ရပ်ရေး သဘောတူညီမှုကို ဆက်လက် ချိုး ဖောက်နေပြီး ညီနောင်မဟာ ၃ ဖွဲ့အနေဖြင့် မြန်မာပြည်သူများ လိုလား သော ဘုံရည်မှန်းချက်အတွက် ပုံမှန် အလုပ်လုပ်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "တရုတ်၏ ကြားဝင်စေ့စပ်ပေးထားမှုဖြင့် သဘောတူညီထားသော အပစ် ရပ် ရေး သဘောတူညီချက်ကို မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အနေ ဖြင့် လိုက် နာခြင်းမရှိဘဲ မြို့သိမ်းတိုက်ပွဲများ ဆက်လက် အကောင်အထည် ဖော် ခဲ့လျှင် မြို့ကြီးများကို သိမ်းပိုက်ပြီးဖြစ်လိမ့်မည်ဟု ညီနောင် ၃ ဖွဲ့က တရား ဝင် သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှု ကြောင့် ရရှိခဲ့သော “အပစ်ရပ်ရေး ဟိုင်ဂင် သဘောတူညီမှု” ကို စစ်ကောင်စီက အပိုးမကျိုးဘဲ ယခင်ရက်များအတိုင်း လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ဆက် လက်လုပ်ဆောင်ကာ ချိုးဖောက်နေဆဲဖြစ်ကြောင်း၊ “ဟိုင်ဂင် သဘော တူညီ မှု” ရရှိခဲ့သည့်နေ့မှ ယနေ့အချိန်အထိ ညီနောင် ၃ ဖွဲ့က သဘောတူညီခဲ့ သည့် အတိုင်း အပစ်ရပ်ထားမှုကို လိုက်နာနေ၍သာ မလိုလားအပ်သော အခြေ အနေများ ဖြစ်ပေါ် မလာရ ခြင်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။", "အကယ်၍ ညီနောင်မဟာမိတ် ၃ ဖွဲ့က စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ အပစ် ရပ် ရေး ဟိုင် ဂင် သဘောတူညီချက်များကိုလည်း လိုက်နာခြင်းမရှိဘဲ သွေဖည် နေမည် ဆိုပါ က သတ်မှတ်ထား သည့်အတိုင်း စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့ သိမ်း တိုက်ပွဲ များကို အကောင်အထည်ဖော်ထားခဲ့ပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ဥပမာ (——-) ကဲ့သို့ သော မြို့ ကြီးများမှာလည်း ညီနောင် ၃ ဖွဲ့၏ လက် အောက် သို့ ကျ ရောက် နေခဲ့ လိမ့်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ပြော ဆိုသည်။", "အပစ်ရပ်ရေး သဘောတူညီကြောင့် ၁၀၂၇ ၏ စစ်ဆင်ရေးအရှိန်မှာ အနည်းငယ် ရပ်တန့်သွားသည်ဟုထင်ရသော်လည်း မပြောင်းလဲသော ကိန်းသေ အလျှင် နှုန်း ဖြင့် ၁၀၂၇ စစ်ဆင်ရေးသည် ဆက်လက်ရွေ့လျားလျက်ရှိကြောင်း၊ မြန် မာ ပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘုံရည်မှန်းချက်များအတွက် ညီ နောင် ၃ ဖွဲ့က ပုံမှန်အလုပ်လုပ်လျက်ရှိကြောင်း ထုတ်ပြန်ပြောဆိုထားသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ သံချပ်ကာကားတစ်စီးကို သိမ်းပိုက်ထားသော ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တပ်ဖွဲ့ဝင်များ။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ညီနောင်၃ဖွဲ့ #စစ်ကောင်စီ"]
https://yktnews.com/2024/08/177163/
အယ်ဒီတာ့အာဘော်
["——————–", "ပြည်သူလူထု မုန်းတီးစက်ဆုပ်ရွံ့ရှာသော မင်းအောင်လှိုင် စစ်တပ် ဆုံးရှုံးခြင်းသာ အမြဲရရှိတော့မည်", "By ရန်ကုန်ခေတ်သစ်", "လူသတ် အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ လူထု ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်အစိုးရ အာဏာကို အတင်းလုယူ အာဏာသိမ်းခဲ့ပြီးနောက် တစ်နိုင်ငံလုံးနှင့် တစ်ယောက်ဆိုသလို လူထု၏ အင် အားကြီးမား သော ဆန္ဒပြလှိုင်းကြီးများကို စစ်ခေါင်းဆောင်များ ကြုံတွေ့ခဲ့ရသည်။", "စစ်တပ်၏ အာဏာသိမ်းမှုကို ပြည်သူလူထုက လုံး၀ မထောက်ခံကြောင်း ငြိမ်း ချမ်းစွာ ဆန္ဒပြခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးဖြင့် ပြည်သူများကို သတ်ဖြတ်ပြသည်။ “ခေတ်ကို ပြောင်းချင်ရင် ခေါင်းကိုပစ်”၊ “သေရဲတဲ့ကောင် ထွက်ခဲ့” ဆိုသော လူထုကို စိန်ခေါ်သော စကားများဖြင့် အကြမ်း ဆုံး အရမ်းဆုံး အရက်စက်ဆုံးဖြင့် ပြည်သူထောင်ပေါင်များစွာကို ကလေး၊ လူငယ် ၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်ပါ မကျန်စစ်တပ်က သတ်ဖြတ်ခဲ့သည်။", "လူထုချစ်ခင်သော တော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် တော်လှန်ရေးရဲဘော်များကို ကြိုးပေးသတ်ဖြတ်ပြ သည်။ လူထုကို အကြောက်တရားဖြင့် ငြိမ်သက်သွားစေရန် ဖိနှိပ်ပြခဲ့သည်။", "သို့သော် လူထုက ကြောက်မသွားဘဲ စစ်ကောင်စီကို ဆန္ဒပြခြင်း၊ လက် နက်ကိုင်ခြင်း၊ ဘူးသပိတ်များ ဆင်နွှဲခြင်း၊ စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ခဲ့ကြသည်။ လက်နက်အားကိုးသော စစ်တပ်ကို အသက်၊ သွေးများစွာ ရင်း၍ တက်ကြွသော လူငယ်ထုက လက်နက်ကိုင်လမ်းစဉ်ဖြင့် စတင် တော်လှန်ခဲ့ကြသည်။ စစ်တပ်သည် လူထု၏ မုန်းတီးမှုရေချိန်ကို အမြင့်မားဆုံး ရင်ဆိုင်ရသည်။", "ယနေ့ လူထု၏ ထောက်ခံမှု မရှိဘဲ နာကျဉ်း မုန်းတီး စက်ဆုပ်ရွံ့ရှာမှုကိုသာ ပိုင်ဆိုင်ထားသော စစ်တပ်သည် ရှေ့တန်းစစ်မျက် နှာပြင်မှန်သမျှတွင် ရှုံးနိမ့်မှုများစွာ ကြုံလာရပြီး ယခုနောက်ဆုံး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကဲ့သို့သော တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုပါ ၁ လအတွင်း ကျရှုံးသွားခဲ့ရပြီဖြစ်သည်။", "စစ်သည်ထောင်ပေါင်းများစွာ လက်နက်ချ အညံ့ခံကြရပြီး ဗိုလ်မှူးချုပ်အဆင့်မှစ၍ အရာရှိများစွာ ထွက်ပြေးခြင်း၊ တိုက်ပွဲအတွင်း သေဆုံးခြင်းများ ကြုံရလေသည်။ ထိုမတိုင်ခင်က လောက်ကိုင်၊ ကွမ်းလုံ၊ ကျောက်ကြမ်းကဲ့သို့ စစ်ဒေသဗျူဟာဌာနချုပ်ကြီးများလည်း ကျဆုံးခဲ့ရပြီးဖြစ်သည်။", "အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းမှာ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုကို တော်လှန် ရေးတပ်များက မြန်မာ့သမိုင်းတွင် ပထမဦးဆုံး သိမ်းယူရရှိခြင်းလည်းဖြစ်သည်။", "၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့အထိ ၁၀၂၇ ပထမလှိုင်းနှင့်ဒုတိယလှိုင်း ၁၀ လနီးပါး ကာလအတွင်း လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ သီပေါ၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ် စသည့် ရှမ်းမြောက်ဒေသတစ်ခုလုံးသည် MNDAA ၊ TNLAA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များ၏ လက်ထဲသို့ အလုံးစုံ ကျရောက်ခဲ့ပြီဖြစ် သည်။", "ရှမ်းမြောက်တစ်ခုတည်းသာမဟုတ် ရခိုင်တွင် မြို့နယ်အများစုကို AA က သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်သည်။ ကချင်ပြည်နယ်တွင်လည်း KIA က မြို့နယ်အများစုနှင့် နယ်မြေအများစုကို သိမ်းပိုက်နေသည်။ ချင်းပြည်နယ်တွင်လည်း နယ်စပ်ဂိတ်များမှစ၍ မြို့ကြီးများအထိ ချင်းတော်လှန်ရေးတပ်များက သိမ်း ပိုက်နေသည်။ ကရင်နီပြည်နယ်တွင်လည်း နယ်မြေအများစုကို ကရင်နီတော် လှန်ရေးတပ်များက သိမ်းပိုက်ထားပြီဖြစ်သည်။ ကရင်ပြည်နယ်၊ တနင်္သာ ရီတိုင်းတို့တွင်လည်း အလားတူပင် နယ်မြေစိုးမိုးမှု အများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။", "ထို့ပြင် မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ မိုးကုတ်မြို့နယ်တို့ကိုလည်း မန္တလေး PDF တပ်များက သိမ်းပိုက်ထားနိုင်ပြီဖြစ်ရာ စစ်ကောင်စီတပ်များသည် တစ် နိုင်ငံလုံး မည်သည့် စစ်မြေပြင်တွင်မှ အနိုင်ရရှိခြင်းမရှိဘဲ အရှုံးနှင့်သာ ကြုံတွေ့နေရသည်။", "ပြည်သူလူထုကို သတ်ဖြတ်ဖိနှိပ်ခဲ့သော စစ်တပ်၏ အရှုံးကို တစ်နိုင်ငံလုံးမှ ပြည်သူများ ဝမ်းသာကြသည်။ စစ်တပ်၏ ဆုံးရှုံးမှုကို ပြည်သူများက ပျော်ရွှင်မြူးတူး ကြသည်။ ပြည်သူလူထုထောက်ခံမှုမရှိသော စစ်ကောင်စီနှင့်စစ် တပ်သည် ဆုံးရှုံးခြင်းသာရရှိမည်ဖြစ်ပြီး မန္တလေး၊ ရန်ကုန် ၊နေပြည်တော်မြို့ကြီးများမှာလည်း မကြာမီ ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်သိမ်း ပိုက်မှု အောက်သို့ အနှေးနှင့် အမြန် ကျရောက်မည်မှာ လုံး၀ သေချာနေပြီဖြစ်သည်။ပြည်သူလူထုကို သတ်ဖြတ်ဖိနှိပ်ခဲ့သော စစ်တပ်၏ အရှုံးကို တစ်နိုင်ငံလုံးမှ ပြည်သူများ ဝမ်းသာကြသည်။ စစ်တပ်၏ ဆုံးရှုံးမှုကို ပြည်သူများက ပျော်ရွှင်မြူးတူး ကြသည်။ ပြည်သူလူထုထောက်ခံမှုမရှိသော စစ်ကောင်စီနှင့်စစ် တပ်သည် ဆုံးရှုံးခြင်းသာရရှိမည်ဖြ"]
https://yktnews.com/2022/08/26548/
မင်းအောင်လှိုင်ကို “ဂုဏ်သရေရှိ ဝန်ကြီးချုပ်” ဟု အမည်တပ် စာပေးပို့သည့် အဖွဲ့ ၁၂ ခုကို အရပ်ဘက် အဖွဲ့ ၃၈၆ ခုက ကန့်ကွက်၊ မြန်မာပြည်သူများကို တောင်းပန်ရန် တောင်းဆို
["————————————————————", "စာပေးပို့သူ HRW အဖွဲ့က မင်းအောင်လှိုင်ကို အသိအမှတ်မပြုဘဲ စာမှားယွင်းပေးပို့မှု အဖြစ်တောင်းပန်၊ အဖွဲ့ ၁၁ ဖွဲ့၏ သဘောထားမပါဘဲ စာပေးပို့ခဲ့ဟု ဝန်ခံပြီး စာပေးပို့မှုကို ပြန်လည်ရုပ်သိမ်းဟုကြေညာ", "ရန်ကုန်၊ ဩဂုတ် ၁၃", "ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှု ဆိုင်ရာ ညီလာခံမတိုင်မီ ကလေးတိုင်း အရည်အသွေးမြင့် ပညာရေး သင်ကြားနိုင်ရေး အသိအမှတ်ပြုကြရန် နှိုးဆော်ထားသည့် စာတစ်စောင်ကို နိုင်ငံတကာအဖွဲ့ ၁၂ ခုက နိုင်ငံတကာအစိုးရများထံ ပေးပို့ရာတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂုဏ်သရေရှိ ဝန်ကြီးချုပ်ဟု အမည်တပ်မှုအပေါ် အရပ်ဘက်အဖွဲ့ ၃၈၆ ဖွဲ့က ကန့်ကွက်ကာ မြန်မာပြည်သူများကို တောင်းပန်ရန် တောင်းဆိုလိုက်သည်။", "နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က အကြမ်းဖက် လူသတ် မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟုသုံးနှုန်းလိပ်မူ၍​ရေး​​သောစာကို ပြည်တွင်းပြည်ပနှင့်နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၃၈၆ ဖွဲ့က ကန့်ကွက်ကြောင်း ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် စာထုတ်ပြန်လိုက်ပြီး ယင်းစာတွင် မြန်မာပြည်သူများကို ပြန်လည်တောင်းပန်ရန် တောင်းဆိုထားသည်။", "Amnesty International ၊ Avaaz ၊Campaña Latinoamericana por el Derecho a la Educación ၊ Defense for Children International၊ Global Campaign for Education၊ Human Rights Watch၊ KidsRights၊ Malala Fund", "Plan International၊ Save the Children၊ World Organization for Early Childhood Education (OMEP)", "World Vision International စသည့် နိုင်ငံတကာ အဖွဲ့ ၁၂ ခုက မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်ဟု အမည်တပ်၍ စာပေးပို့ခဲ့ကြခြင်းဖြစ်သည်။", "ပြည်တွင်းပြည်ပ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၃၈၆ ဖွဲ့က လူမဆန်သော တရားမဝင်အာဏာသိမ်းမှုမှတဆင့် မြန်မာစစ်တပ်၏ အာဏာသိမ်းရန်ကြိုးစားမှုကို ဘ၀များစတေးခံခုခံနေသော မြန်မာပြည်သူလူထုကို စော်ကားလိုက်ခြင်း ဖြစ်ပြီး စစ်ကောင်စီသည် တရားဝင်အစိုးရမဟုတ်သကဲ့သို့ အစိုးရ၏ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း၊ ပြည်သူလူထုက အသိအမှတ်ပြု အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံသို့သာ လိပ်မူပေးပို့သင့်ကြောင်း၊ မြန်မာပြည်သူများကို တောင်းပန်ရန် တောင်းဆိုထားသည်။", "စာကို ဦးဆောင်ပေးပို့ခဲ့သည့် HRW-Human Right Watch အဖွဲ့ကြီးက ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတကာအစိုးရ ၁၉၃ ခုကို စာပေးပို့ခဲ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ပါ စီမံခန့်ခွဲမှုက မှားယွင်းပေးမိကြောင်း ၊ စာမှားယွင်းပေးပို့မှုတွင် အခြားအဖွဲ့ ၁၁ ခု၏ သဘောထားမပါဝင်ဘဲ ပေးပို့မိကြောင်း၊ ယင်းအတွက် တောင်းပန်ပါကြောင်းနှင့်စာကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာသည်။", "ဓာတ်ပုံ- HRW အဖွဲ့၏ တောင်းပန်စာ။"]
https://yktnews.com/2022/08/25839/
စစ်အာဏာရှင်ထိန်းချုပ်ထားသည့် ရန်ကုန်ကို သိမ်းနိုင်ရေး တစ်နှစ်ကျော် အချိန်ယူ ကြိုးပမ်း ရမည်
["————————————————————–", "စစ်တပ်ဒေါက်တိုင် ဖောက်ခွဲ ရေးမစ်ရှင်များကို ကိုယ်တိုင် မလုပ်ဘဲ ခိုးယူ အမည်ခံ အလှူငွေ ရှာသည့် အဖွဲ့တချို့ကို ပြည်သူများ သတိထားရန် အသိပေး", "ရန်ကုန်၊ ဩဂုတ် ၇", "စစ်အာဏာရှင်ထိန်းချုပ်ထားသည့် ရန်ကုန်ကို သိမ်းနိုင်ရေးမှာ တစ်နှစ်ကျော် အချိန်ယူ ကြိုးပမ်း ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း တပ်မဟာအဖွဲ့က ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။", "ရန်ကုန်တိုင်း တပ်မဟာအဖွဲ့သည် ရန်ကုန်ရှိ အကြမ်းဖက် ဖက်ဆစ် စစ် အာဏာရှင်ကို တိုက်ခိုက်နေသည့် အဖွဲ့ပေါင်း ၁၆ ဖွဲ့ဖြင့် ပေါင်းစု ထား ခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့များအနေနှင့် ရန်ကုန် သီးသန့် Mission ကို လုပ်ဆောင်နေခြင်းဖြစ်သည်။", "“ကျွန်မတို့က Rosy Wave, Eagle Wave, Dragon Wave ဆိုပြီး လှိုင်းသုံး လှိုင်းနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်မှာပါ။ Rosy Wave မှာဆိုရင် Justic lady mission ဆိုပြီး တရားရုံးတွေ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ဖောက် ခွဲတဲ့ အလုပ်တွေ လုပ်ပါမယ်။ နှင်းဆီလိုင်းပြီးရင် Eagle Wave ကတော့ Rosy Wave ထက်ပိုပြင်းထန်ပြီး ပစ်ခတ်တာတွေ ပါလာမယ်။ ဒေါက်တိုင်တွေ၊ နောက်လိုက် စစ်သားတွေ ရဲတွေ ပစ်မယ်။ အဲဒီ Eagle Wave လုပ်ရင်းလည်း Rosy Wave ကို တွဲလုပ်သွားပါမယ်။ ပြီးရင်တော့ Last Wave ဖြစ်တဲ့ Dragon Wave မှာ ရန်ကုန်တိုင်းကို အပြီးသိမ်းလိုက်မယ်။ ပိုပြီး ပြင်းထန်မယ်၊ ရန်သူ့ စခန်းတွေကို အဓိကထားပြီး ချေမှုန်းမယ်၊ စစ်ကားတွေကို အစီး လိုက် ဖောက် ခွဲပစ်တာတွေ လုပ်မယ်” ဟု ရန်ကုန်တိုင်းတပ်မဟာအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မဗီဗီယန်က ပြောကြားသည်။", "ရန်ကုန်တိုင်းတပ်မဟာအဖွဲ့အနေနှင့် လက်ရှိအချိန်တွင် Rosy Wave လှိုင်းကို လုပ်ဆောင်နေသော်လည်း Dragon Wave ဖြစ်သည့် ရန်ကုန်တိုင်းကို သိမ်း ပိုက်နိုင်သည်အထိကိုမူ တစ်နှစ်ကျော်အတွင်း လုပ်ဆောင်နိုင်ရန် ကြိုးပမ်း သွား မည်ဟု မဗီဗီယန်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "ရန်ကုန်တိုင်း တပ်မဟာအဖွဲ့သည့် NUG နှင့်လည်း ချိတ်ဆက် ဆောင်ရွက် နေပြီး EROs အဖွဲ့ကြီး နှစ်ဖွဲ့နှင့် လက်တွဲ လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရှိရသည်။", "ရန်ကုန်တိုင်း တပ်မဟာအဖွဲ့ရှိ အဖွဲ့ပေါင်း ၁၆ ဖွဲ့ရှိ အဖွဲ့ဝင်များသည် လက်လုပ် သေနတ် များ အသုံးမပြုတော့ဘဲ မောင်းပြန်သေနတ်များ အသုံးပြု၍ မစ်ရှင် များကို ဆောင်ရွက်နေပြီဖြစ်သော်လည်း အဖွဲ့ဝင်တိုင်း လက်နက်များ တပ်ဆင် ပေးနိုင်ခြင်း မရှိသေးကြောင်း၊ ပြည်သူများ၏ ထောက်ပံ့ကူညီမှုများ လိုအပ် နေ ကြောင်းနှင့် ရန်ကုန်တိုင်းအတွင်း မစ်ရှင် များ ဆောင်ရွက်ရာတွင် ပြည်သူ များ ထိခိုက်မှု မရှိစေရေး အဓိကထား ဆောင်ရွက်နေကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။", "ထို့ပြင် ရန်ကုန်ရှိ စစ်တပ်ဒေါက်တိုင် ဖောက်ခွဲရေးမစ်ရှင်များကို ကိုယ် တိုင် မလုပ်ဘဲ ခိုးယူအမည်ခံ အလှူငွေရှာသည့်အဖွဲ့များကို ပြည်သူများ သတိ ထား ရန် ရန်ကုန်တိုင်းတပ်မဟာက အသိပေးသည်။", "မစ်ရှင်ခိုးယူခံရမှုမှာ ဩဂုတ်လ ၂ ရက်နေ့ ည ၈ နာရီ ၁၅မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် တရားရုံးကို ဗုံးခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်း တပ်မဟာမှ Justice Lady Mission အနေနှင့် လုပ်ဆောင်ခဲ့သော်လည်း United Resistance Force အမည်နှင့် စုပေါင်းတော်လှန်ရေးတပ်ဖွဲ့ဟု အမည် တပ် ထားသည့် အဖွဲ့မှ ၎င်းတို့ လုပ်ဆောင်သည်ဟု သတင်း ထုတ် ပြန်ခဲ့ခြင်း ဖြစ်သည်။", "“ဒီ Mission အတွက် ၃ ရက်လောက် နေ့နေ့ညည Scout ထောက်ရတယ်။ ဘေးမှာ ထွေအုပ်ရုံးရှိလို့။ Mission အောင်မြင်ပေမယ့် ပိုဖိမှာ စိုးလို့ စာမ ထွက်ဘူး။ သေချာ ခက်ခက်ခဲခဲ Plan ချပြီး ကိုယ်လုပ်ပေမယ့် သူများက ဒီလို စာထုတ်တာ မတရားဘူး” ဟု ရန်ကုန်တိုင်း တပ်မဟာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။", "United Resistance Force ဟူ၍ မစ်ရှင် များကို ခိုးယူသည့် သူမှာ အောင် ဇေယျ အမည်ရှိသူက လုပ်ဆောင်ခဲ့သည်ဟု စုံစမ်းသိရှိရပြီး ၎င်းးမှာ မည်သည့် Mission ကိုမှ ဝင်ရောက် လုပ်ဆောင်ဖူးခြင်းမရှိဘဲ အလှူငွေ အတွက် ရည်ရွယ်၍ အခြားအဖွဲ့များ၏ မစ်ရှင်များကို ခိုးယူခဲ့ခြင်းဖြစ်သည်ဟု သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် United Resistance Force ၏ အမြင်သ ဘော ထား ကို ရရှိရန် ဆက်လက် မေးမြန်းလျက်ရှိပြီး တုံ့ပြန်ချက်ရရှိပါက ဖော်ပြ သွားမည်ဖြစ်သည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်ကင်းလှည့်နေစဉ်။", "Photo- AFP"]
https://yktnews.com/2022/08/25632/
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေး လျနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံး ဖွင့်လှစ်၊ ဩစတြေး လျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်
["—————————————————————", "The Australian Greens ပါတီက NUG ကို မြန်မာ့တရားဝင်အစိုးရအဖြစ် သတ်မှတ်ဟု ကြေညာ", "ရန်ကုန်၊ ဩဂုတ် ၄", "အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကို ဩဂုတ်လ ၃ ရက်နေ့တွင် ဖွင့်လှစ်လိုက်ပြီး ဩစတြေးလျနိုင်ငံမှ လွှတ်တော်အမတ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိများ တက်ရောက်ကြကြောင်း NUG ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။", "NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၏ သဝဏ်လွှာနှင့် တရားရေးဝန်ကြီး ဦးသိန်းဦး၏ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ Mr Peter Khalil MP (Labor Party, Senator the Hon David Fawcett (Liberal Party), Senator Jordon Steele-John (the Greens Party) စသည့် နိုင်ငံရေးပါတီအသီးသီး၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၏ မိန့်ခွန်းများ၊ CRPH/NUG Support Group (Australia) ၏ ပြည်နယ်ကိုယ်စားလှယ်အစုအဖွဲ့၏ ကိုယ်စားလှယ်၊ တိုင်းရင်းသားအတိုင်ပင်ခံကောင်စီ၏ ကိုယ်စားလှယ်တို့ကလည်း မိန့်ခွန်းများ ပြောကြားသည်။", "မြန်မာမိသားစုများကိုယ်စား ပါမောက္ခဒေါက်တာအက်စ်သာမြင့်၊ Mr Christopher Lamb (President of Australia Myanmar Institute)၊ အကယ်ဒမီ မင်းမော်ကွန်းတို့ကလည်း နွေဦးတော်လှန်ရေးဆိုင်ရာ အတွေးအမြင်များကို ဖလှယ်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ကျေးဇူးတင်စကား ပြောကြားကြောင်း သိရှိရသည်။", "ဤအခမ်းအနားတွင် သြစတြေးလျ၏ အင်အားကြီးပါတီတခုဖြစ်သည့် The Australian Greens ပါတီက အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အပြင် သြစတြေးလျ၏ အခြားနိုင်ငံရေးပါတီများကလည်း အလားတူ အသိမှတ်ပြုကြောင်း ကြေညာကြရန် တိုက်တွန်းကြောင်း သိရှိရသည်။", "ဖွင့်ပွဲအခမ်းအနားသို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းအရာရှိကြီးများအပြင် နယူးဇီလန်နိုင်ငံ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ဒုတိယမဟာမင်းကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/10/51264/
ဝမ်းတွင်းမြို့တွင် မြို့နယ်ထွေ/အုပ်အုပ်ချုပ်‌ရေးမှူး ၊ မြို့နယ်ရဲစခန်းမှူး ပစ်သတ်ခံရပြီးနောက် Non-CDM ဝန်ထမ်းအားလုံး စိုးရိမ်ကြောက်လန့်၊ ဝန်ထမ်းတချို့ရာထူးမှ နုတ်ထွက်ပြီး တချို့ထွက်ပြေး
["——————————————————————————————————————", "စစ်ကောင်စီ ဖွဲ့စည်းပေးထာသည့် ကျေးရွာမီးလင်းရေး ကော်မတီ အဖွဲ့ ဖျက်သိမ်းပြီး ပြည်သူများ မီတာခများ ပြန်လာ ယူရန် လော်စပီကာဖြင့်ကြေညာပြီး Facebook မှ Live လွှင့်", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် မြို့နယ်ထွေ/အုပ်အုပ်ချုပ်‌ရေးမှူး ၊ မြို့နယ်ရဲစခန်းမှူး ပစ်သတ်ခံရပြီးနောက် Non-CDM ဝန်ထမ်းအားလုံး စိုးရိမ်ကြောက်လန့်နေကြကာ ဝန်ထမ်းတချို့ရာထူးမှ နုတ်ထွက်ပြီး တချို့ထွက်ပြေးကြကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် ဝမ်းတွင်းမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် စောနိုင်ဦး(ခ)ဗိုလ်စောကိုလည်းကောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကျော်မိုးဦး ကိုလည်းကောင်း ဝမ်းတွင်း မြို့ပြပျောက်ကျားတပ်ဖွဲ့WTRF ကရှင်းလင်းသဖြင့် သေဆုံးသွားကြကြောင်း သိရှိရသည်။", "“အခု မြို့ပေါ် ဌာနဆိုင်ရာ ဝန်ထမ်းတွေ အကုန်ကြောက်နေကြတယ်။ အပြင်ထွက်ဖို့တောင်မဝံ့မရဲ ဖြစ်ကုန်တယ်။ တချို့ ဝန်ထမ်းတွေလည်း အဝေးသင်ဆိုပြီး ပြန်မလာတာတွေလည်းရှိတယ်။ တချို့လည်း ခွင့်ဆိုပြီး ခဏရှောင်သွားတာတွေလည်းရှိတယ်။ အရေအတွက် အတိအကျနဲ့တော့ ဘယ်လောက်ရှိမယ်မှန်းတော့မသိဘူး။ တချို့ ကျောင်း ဆရာ၊ ဆရာမတွေလည်း ရှောင်တာတွေကုန်ကြပြီ” ဟု ဝမ်းတွင်း ဌာနဆိုင်ရာ ဝန်ထမ်းသတင်းရပ်ကွက်က ပြောသည်။", "ထို့ပြင် ဝမ်းတွင်းမြို့နယ်၊နဘဲကန်စံပြကျေးရွာမှ စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် ကျေးရွာ ကျေးလက်မီးလင်းရေး အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး မီတာကြေးများပေးသွင်းကြရန်နှင့် မပေးဆောင်ပါက မီတာပုံးများဖြုတ်သိမ်းမည်ဟု ပြောခဲ့သူများဖြစ်ကြသည့် နဘဲကန်ကျေးရွာနေမှ ဦးဝင်းကျော်၊ ဦးဝင်းဇော်၊ ဦးလှဝင်းနှင့်ဦးအောင်မျိုးဝင်းတို့ကလည်း ကျေးရွာမီးလင်းရေးကော်မတီမှ နုတ်ထွက်ကြောင်း၊ ကောက်ခံထားသော မီတာခများကို ပြည်သူများ ပြန်လာယူကြရန် လော်စပီကာဖြင့် အော်ပြီး Facebook မှလည်း Live လွှင့်ကြောင်း Voice Of Wundwin ထံမှ သိရှိရသည်။"]
https://yktnews.com/2023/06/105682/
‘ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်လမ်းဆုံ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု ဒုရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
["‘ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် မုပ္ပလင်လမ်းဆုံ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု ဒုရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီးရှိ ဒုံသမိတံတား စစ်ဆေးရေးဂိတ်နှင့် ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင် စစ်တပ်ဂိတ်ကို KNU နှင့် PDF ပူးပေါင်းတပ်များက ယမန်နေ့ ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။", "ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို KNU နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ဒုရဲမှူး အပါအဝင် ရဲ ၆ ဦးသေဆုံးကြောင်း သိရှိရသည်။", "“အသေးစိတ်တော့ ကြေးနန်းသတင်းမရသေးဘူး။ တိုက်ပွဲဖြစ်ပွားတာနဲ့ ရဲတွေဘက်က သေတာတွေ ဟုတ်တယ်” ဟု KNU တပ်မဟာ ၁ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "ဒေသပြည်သူတချို့၏ အဆိုအရ ဒုသမိတံတားဂိတ်တွင် ကားတစ်စီးပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။", "အလားတူ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပွဲချင်းပြီး သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း Kyaikhto Revolution Force (KRF) ထံမှ သိရှိရသည်။", "တိုက်ခိုက်မှုကို KRF နှင့်အတူ KNU/KNLA ၊ Nighthawks ၊ ကျိုက်ထိုပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ KRF အဖွဲ့အနေနှင့် ပြည်သူများအပေါ် ထိခိုက်နစ်နာစေမည့် ဖောက်ခွဲမှု ၊ ပစ်ခတ်မှုများ အလျဉ်းမရှိပါကြောင်း၊ စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီထောက်တိုင်များကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း KRF မှ ပြောကြားသည်။", "ဓာတ်ပုံ- ဒုံသမိတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအပြီး မြင်ကွင်း။", "Photo- CJ/ C8 News"]
https://yktnews.com/2024/09/181531/
“PDF ဆိုတာ ခွေးလောက်တောင် ဂရုစိုက်စရာမလိုဘူး” ဟု စိန်ခေါ်ခဲ့သော လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ပစ် ခတ်ခံရပြီး သေဆုံး
["“PDF ဆိုတာ ခွေးလောက်တောင် ဂရုစိုက်စရာမလိုဘူး” ဟု စိန်ခေါ်ခဲ့သော လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ပစ် ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် “PDF ဆိုတာ ခွေးလောက် တောင် ဂရုစိုက်စရာမလိုဘူး” ဟု စိန်ခေါ်ခဲ့သော ပျဉ်းကတိုးကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင်သေဆုံးသွားကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယမန်နေ့ စက်တင်ဘာလ ၁ ရက် ည ၁၁ နာရီခန့်က လက်ပံတန်းမြို့နယ်၊ အ နောက် ဘက်ခြမ်း ဧရာ ဝတီမြစ် ကမ်းဘေးရှိ ပျဥ်းကတိုးကုန်းကျေးရွာတွင် နေထိုင် သည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ် ရေးမှူး ဌေးနိုင်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်နဲ့ ၁ ချက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ သေ ဆုံးသွားကြောင်း၊ ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီခန့်တွင် အကြမ်း ဖက်စစ်တပ် လက်အောက်ခံရဲများ‌ ရောက်ရှိလာပြီး အလောင်းကို သယ်ဆောင်သွားကြောင်း သိရသည်။", "“ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ရခတွေ အဲဒီရွာကို‌ရောက်လာပြီး မနက် ၈ နာရီခွဲလောက်ကြတော့ မြို့ကို အလောင်းသယ်သွားတယ်လို့ သိရပါတယ်။ သူ့ကို ကျနော်တို့က ၂၀၂၂ခုနှစ်ကတည်းက သတိပေးစာထုတ်ဖူးပါတယ်။ သူက ပျူခေါင်းဆောင်လည်းဖြစ်သလို စကစရဲ့အဓိကထောက်တိုင်ပါ။ လောင်းကစားဝိုင်းတွေလုပ်ပြီး ငွေရှာပေးတယ်။ ဆေးခြောက်စိုက်ခင်းတွေ စိုက်ပြီး ငွေရှာပေးတယ်။ စစ်မှုထမ်းအကြောင်းပြပြီး ပြည်သူလူထုအပေါ် ငွေတောင်းခံတာတွေလုပ်တယ်။ သူ့ကြောင့်အပြစ်မဲ့ ပြည်သူ ၁၀ ဦးထက်မနည်းဖမ်းဆီးခံရဖူးပါတယ်” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အုပ်ချုပ်ရေးမှူး ဌေးနိုင်ဟာ စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး ၎င်းင်း ၏ သတင်းပေးတိုင် ကြား မှုကြောင့် ဒေသခံ ပြည်သူ ၁၀ဦးထက် မနည်း ဖမ်း ဆီးခံရကာ ပြည်သူတချို့ တိမ်းရှောင် နေ ရခြင်း၊ စစ်ကောင်စီအလိုကျ ပြည် သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေး ခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ လောင်းကစားဝိုင်းများကို ဦးဆောင်လုပ်ကိုင်၍ ဆက် ကြေးကောက် ခံခြင်း၊ ဆေးခြောက်ပင်များကို ကိုယ်တိုင်စိုက်ပျိုးသည့်အပြင် အခြားသူများကိုလည်း ငွေကြေးယူ၍ စိုက်ခိုင်းခြင်း၊ ပြည်သူပိုင် မြေနုကျွန်းများကို ဒေသခံများအား တရားမျှတစွာ ခွဲဝေပေးခြင်းမရှိဘဲ ပျူစောထီးခေါင်း ဆောင် ဌေးအောင်၊ ရဇိန်ဆိုသူတို့နှင့်ပေါင်းကာ မတရားသိမ်းယူ၍ ရောင်း စားနေ ခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။", "“၂၀၂၂ က စာထုတ်သတိပေးတာကို စစ်တပ်က သူ့ကိုကာကွယ်ပေးထားလို့ PDF ဆိုတာ ခွေးလောက်တောင်ဂရုစိုက်စရာမလိုဘူးပြောတယ်။ PDFတွေကိုလည်း လူသိထင်ရှား စိန်ခေါ်ထားတာ။ သူ့အိမ်မှာ ညက သေနတ်နဲ့၁ချက်ဝင်ပစ်တာပွဲချင်းပြီးသေဆုံးတယ်။ သူက ပျူစောထီး ဌေးအောင်ရှိန်နဲ့ ပေါင်းပြီး မြေနုကျွန်းတွေကို မတရားသိမ်းယူပြီး ရောင်းစားနေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဌေးနိုင်ကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နွေဦးရောင်ခြည်စစ်ဆင် ရေးအဖြစ် ရှင်းလင်းခဲ့ ခြင်းဖြစ်ပြီးကြောင်း သိရသည်။"]
https://yktnews.com/2022/12/76557/
“PTT စစ်အာဏာရှင်တွေကို ငွေပေးတာ ချက်ချင်းရပ်” စာတန်းကိုင်ဆောင်ကာ လောင်းလုံး ပြည်သူများ ဆန္ဒပြ
["“PTT စစ်အာဏာရှင်တွေကို ငွေပေးတာ ချက်ချင်းရပ်” စာတန်းကိုင်ဆောင်ကာ လောင်းလုံး ပြည်သူများ ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "လောင်းလုံးမြို့နယ် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် “PTT စစ်အာဏာရှင်တွေကို ငွေပေးတာ ချက်ချင်းရပ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/167887/
ILO အုပ်ချုပ်ရေးရာ အဖွဲ့ဝင် Worker Deputy Member ဒေါ်ဖြိုးစန္ဒာစိုးနှင့် တွေ့ဆုံခြင်း အပိုင်း ၁
["“Sanction လုပ်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ကို ထိခိုက်မှုတွေ ရှိနေတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ မြန်မြန်ပြုတ်ကျဖို့လိုတယ်။ ဒါမှသာလျှင် ပြည်သူကို ဆက်ပြီးတော့ မသတ်နိုင်မှာ။ အဲဒါကြောင့်မို့လို့ မြန်မြန်ပြုတ်ကျချင်တယ်ဆိုရင် Article 33 ကို သုံးပြီးတော့ လုံးဝကို အလုံးစုံ ပိတ်ချလိုက်ဖို့က အရေးကြီးတယ်”", "ILO အုပ်ချုပ်ရေးရာ အဖွဲ့ဝင် Worker Deputy Member ဒေါ်ဖြိုးစန္ဒာစိုးနှင့် တွေ့ဆုံခြင်း အပိုင်း ၁", "By ရန်ကုန်ခေတ်သစ်", "မြန်မာနိုင်ငံတွင် ပြည်သူများကို သတ်ဖြတ်ပြီး အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေသော အကြမ်းဖက်စစ်ကောင်စီကို အလုံးစုံ စီးပွားရေးပိတ်ဆို့မှု လုပ်ရန် အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ် ILO က ဆွေးနွေးမှုများရှိနေရာ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ILO အုပ်ချုပ်ရေးရာ အဖွဲ့ဝင် ဒေါ်ဖြိုးစန္ဒာစိုးကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံမေးမြန်းထားပါသည်။", "မေး။ ။ ပထမဆုံးမေးခွန်းအနေနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ILC ၁၁၂ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ပါရဲ့လား။ သူတို့က တကယ်လို့ တက်ခွင့်မရဘူးဆိုရင် ဘယ်လိုအခြေအနေတွေကြောင့် သူတို့ကို တက်ခွင့် ပိတ်ထားတာလဲ။ ပြီးတော့ NUG က ကိုယ်စား လှယ်တွေအနေနဲ့ ဘယ်သူတွေ တက်နေလဲ။", "ဖြေ။ ။ ကျွန်မတို့ ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံမှာ ပြည်သူ့အစိုးရ National Unity Government ကနေပြီးတော့ အစိုးရအလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်တက်ဖို့အတွက်ကို အမည်စာရင်းတင်ထားပါတယ်။ ပြီးတော့ အကြမ်းဖက်စစ်တပ်ဘက်ကလည်း သူတို့ရဲ့ ကိုယ်စားလှယ် အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကို အမည်စာရင်းတင်ထားတယ်လို့ ကျွန်မတို့ ကြားသိရပါတယ်။ ဆိုတော့ နှစ်ဖက်လုံးကတော့ ဒီမှာ အမည်စာရင်းတင်ကြတယ်ပေါ့နော်။", "သို့သော် ကျွန်မတို့မှာ ဘာကောင်းတာလဲဆိုရင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမား သမဂ္ဂတွေက ပြည်သူ့အစိုးရကို ထောက်ခံ အားပေးတယ်။ အဲဒီအခါမှာ ပြည်သူ့အစိုးရအနေနဲ့ ကျွန်မတို့ NUG ကနေ တင်သွင်းတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကိုတော့ ဒီ ကုလသမဂ္ဂအထွေထွေညီလာခံကနေတော့ ဘယ်ဘက်အခြမ်းကိုမှ အသိအမှတ်ပြုထားတာ မရှိသေးဘူး။", "ဆို‌တော့ ILO ကတော့ ကုလသမဂ္ဂရဲ့ အေဂျင်စီတစ်ခုဖြစ်တယ်။ သူ့မှာလည်း လွတ်လပ်တဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းတော့ ရှိတယ်။ သူ့ရဲ့ ဖွဲ့စည်းပုံနဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ သူဆုံးဖြတ်လို့ရတာတွေတော့ ရှိတယ်။ သို့သော် အခုအချိန်မှာ သူက ဘယ်ဘက်က ကိုယ်စားလှယ်ကို လက်ခံရမယ်ဆိုတာကို သူတို့အနေနဲ့ ဆုံးဖြတ်ချက်မချထားရသေးပါဘူး။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံကနေပြီးတော့ ။ အဲဒီတော့ NUG က တင်သွင်းတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကိုရော အကြမ်းဖက်စစ်တပ်ဘက်က တင်ထားတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်ကိုရော အဲဒါကို နိုင်ငံရဲ့ ကိုယ်စားပြုခွင့် ဘယ်ဘက်ခြမ်းကိုမှ မပေးထားသေးဘူး။", "သို့သော် ကျွန်မတို့မှာ တစ်ခုအားကောင်းတာက အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂတွေက NUG ကို ထောက်ခံအားပေးတာဖြစ်တဲ့အတွက် ကျွန်မတို့သည် ဒီ ILC ကို နိုင်ငံကိုယ်စားပြုတော့ တက်ခွင့်ရတာ မဟုတ်ပေမယ့် ဒီမှာ ကျွန်မတို့ တက်ခွင့်ရအောင်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂတွေက ကူညီဆောင်ရွက်ပေးတယ်။ ပေးပြီးတော့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေး NUG တင်သွင်းတဲ့ အစိုးရ အလုပ်ရှင် အလုပ်သမား ၃ ပွင့်ဆိုင် ကိုယ်စားလှယ်သွားကြပြီးတော့ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေး အားလုံးကြိုးပမ်းကြပါတယ်။", "တကယ်ကတော့ NUG က ပြည်ထောင်စုဝန်ကြီး တစ်ဦး တက်ဖို့အတွက်ကို အားလုံးပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သို့သော်လည်းပဲ ကျွန်မတို့ ရွေးချယ်ထားတဲ့ အမည်စာရင်းတင်ထားတဲ့ ပြည်ထောင်စုဝန်ကြီးက ကျန်း မာရေးအခြေအနေ သူ ခဏ အနားယူရမှာဖြစ်တဲ့အတွက်ကြောင့် သူ အဲဒီမှာ လိုက်ပါနိုင်ခြင်းမရှိဘူး။ သို့သော် NUG အစိုးရ ကိုယ်စားလှယ်တစ်ဦးပါပါတယ်။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ လူမူရေးမိတ်ဖက်ဖြစ်တဲ့ အလုပ်ရှင်ကိုယ်စားလှယ် ၃ ဦးပါပါတယ်။", "ပြီးတော့ ကျွန်မတို့ အလုပ်သမား သမဂ္ဂကိုယ်စားလှယ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂကိုယ်စား လှယ်တွေရယ် ပြီးတော့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစုက တင်သွင်းထားတဲ့ အလုပ်သမားကိုယ်စားလှယ် ၂ ဦးပါပါတယ်။ စုစုပေါင်း ၆ ဦးကနေပြီးတော့ ဒီ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေးအတွက် ဒီညီလာခံမှာ ဆောင်ရွက်နေပါတယ်လို့ တင်ပြချင်ပါတယ်။", "မေး။ ။ ဆရာမကို ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ထောက်ခံမဲ ၉၃ မဲနဲ့ ရွေးချယ်ခံရတဲ့အတွက်ကြောင့် ဘယ်လိုအားသာချက်တွေ ရှိမလဲ၊ ဘာတွေလုပ်နိုင်လဲ။ နောက်ပြီးတော့ စစ်တပ်ကိုယ်စားလှယ်ကို ပယ်ချဖို့အတွက်ရော ဘယ်လောက်အထိ အားသာမှုတွေ ရှိနိုင်မလဲ။ အဲဒါလေး ရှင်းပြပေးပါ။", "ဖြေ။ ။ ကျွန်မတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ဒီ ITUC လို့ခေါ်တဲ့ International Trade Union Confederation အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်မှာ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ် တယ်။ အဲဒီအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်မတို့က ILO ရဲ့ ဖွဲ့စည်းပုံစနစ်အရ အလုပ်သမားကိုယ်စားလှယ်အဖြစ် အမည်စာရင်း တင်သွင်းခံပိုင်ခွင့်ရှိတယ်။", "ITUC က တင်သွင်းတယ်ဆိုရင် တင်သွင်းခံပိုင်ခွင့်ရှိတယ်။ အဲဒါကြောင့်မို့လို့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် တစ်ကမ္ဘာလုံးက အားလုံး အလုပ်သမားသမဂ္ဂတွေက အားပေးထောက်ခံကြတာဖြစ်တဲ့အတွက်ကြောင့် မြန်မာ့အရေးကို ဇောင်းပေးပြီးတော့ အထူးအာရုံစိုက်နိုင်ဖို့ရာ သမဂ္ဂတွေကြားထဲမှာလည်း ပေါ်လစီကျထားပြီးသား ဆုံးဖြတ်ချက်တွေ ကျထားပြီးသား တကယ့်ကို သူတို့ရဲ့ ညီလာခံတွေကနေ ဆုံးဖြတ်ချက်ချထားပြီးသားပေါ့နော်။", "မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အရေးယူနိုင်ရေးအတွက် အဲဒါကြောင့် သူတို့ မြန်မာ့အရေးကို ကျွန်မ ဇောင်းပေးလုပ်နိုင်ဖို့အတွက်ကို သူတို့ အမည်စာရင်းတင်ပေးတယ်။ တင်ပေးပြီးတော့ နိုင်ငံတွေကနေ ရွေးချယ်၊ ရွေးကောက်တင်မြှောက်တယ်။ ပြီးခဲ့တဲ့ သက်တမ်းမှာလည်း ကျွန်မ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ သို့သော် အဲဒီတုန်းက ကျွန်မက မြန်မာနိုင်ငံတည်းမှာပဲ ရှိသေးတယ်။ အကြမ်းဖက်စစ်တပ်က ကျွန်မတို့တွေကို ဖမ်းဝရမ်းထုတ်ထားတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ ပုဒ်မ ၁၂၄ က နဲ့။ ဒီ့အပြင်ကို ကျွန်မတို့ရဲ့ Passport ကို ပျက်ပြယ်ကြောင်း တစ်မ္ဘာလုံးမှာရှိတဲ့ မြန်မာသံရုံးတွေကို လိုက်ပို့ထားတော့ ကျွန်မတို့က အဲဒီအချိန်မှာပြည်တွင်းထဲမှာ ပုန်းရှောင်တိမ်းရှောင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ အစည်းအဝေးတွေကို မတက်နိုင်ခဲ့ဘူး။", "မတက်နိုင်တဲ့အခါကျတော့ ဘာဖြစ်လဲဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မြေပြင်မှာ ဖြစ်နေတဲ့ အလုပ်သမား အခွင့်အရေး လူ့အခွင့်အရေးအခြေအနေကို ကျွန်မတို့ ကိုယ်တိုင် ထိစပ်ပြီး ပြောဖို့ရာမှာ အားနည်းချက်ရှိခဲ့တယ်။ အဲဒါကြောင် ကျွန်မ နယူးဇီလန်နိုင်ငံအစိုးရကို ကျွန်မကို ခရီးသွားလက်မှတ် ကျွန်မကို ကူညီပေးဖို့အတွက်ကို တောင်းခံတယ်။ တောင်းခံတော့ နယူးဇီလန်အစိုးရက ဒါကို သဘောတူတယ်။", "ILO ရဲ့ ညွှန်ချုပ်နဲ့ ပေါင်းပြီးတော့ ကျွန်မ အပြင်ထွက်လို့ရအောင် အစည်းအဝေးတက်လို့ရအောင် သူတို့ဆောင်ရွက်ပေးပါတယ်။ အဲဒီတော့ ကျွန်မ အစည်းအဝေးတက်ခွင့်ရတယ်။ တက်ခွင့်ရတာကတော့ ၂ ကြိမ်ပဲ ရှိသေးတယ်။ အဲဒီမှာ တက်ခွင့်ရခြင်းအားဖြင့် ဘာအခွင့်အလမ်းတွေ ပိုရလာလဲဆိုတော့ အစိုးရတွေ အလုပ်ရှင်တွေကို ကျွန်မကိုယ်တိုင် ကျွန်မလိုက်ပြီးတော့ စကားပြောနိုင်တယ်။ အမှုကိစ္စတွေကို မြန်မာ့အခြေအနေ မြေပြင်အခြေအနေမှာ ဖြစ်နေတဲ့ လက်တွေ့အခြေအနေတွေကို ကျွန်မကိုယ်တိုင် ပြောနိုင်တယ်။ ပြီးတော့ Connection ပေါ့ အချိတ်အဆက်တွေ ရလာတယ်။", "အဲဒီအခါမှာ ကိုယ့် ဒီမိုကရေစီ အင်အားစုတွေက ပြောစေချင်တဲ့အသံတွေ၊ အလုပ်သမားထုတွေက ပြောစေချင်တဲ့အသံတွေ၊ သမဂ္ဂတွေက ပြောစေချင်တဲ့အသံတွေကို ကျွန်မတို့ ကိုယ်တိုင် လူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီးတော့ ပြောခွင့်ရတဲ့ အခွင့်အရေးက ဒါကကို ကြီးမားတဲ့ ရလဒ်တစ်ခုဖြစ်တယ်။ ပြီးတော့ ကျွန်မအစည်းအဝေးတက်ပြီးတော့ ဒါတွေ လိုက်ပြောနိုင်တယ်။ အဲဒီတော့ Government Body မီတင်မှာပါခြင်းအားဖြင့် Government Body ကနေ ဆုံးဖြတ်ချက်ချက်မယ့် ဆုံးဖြတ်ချက်တွေမှာ ဆုံးဖြတ်ချက်စာသားအတိအကျက အစ ဒါတွေကို ကျွန်မတို့ ပါဝင်ဆောင်ရွက်နိုင်တယ်။", "ဥပမာဆိုရင် ILO က အစည်းအဝေးတစ်ခုမှာ မူကြမ်းမှာ သူတို့ မှားပြီးတော့ စကားလုံးအရ Military Government လို့ သူတို့ မှားပြီးတော့ သုံးမိတယ်။ ကျွန်မကိုယ်တိုင်ပါတဲ့အခါကျတော့ ကျွန်မက စစ်တပ်ကို ငါတို့ရဲ့ အစိုးရအဖြစ် အသိအမှတ်မပြုထားဘူး အဲဒီစကားလုံး ပယ်ဖျက်ပေးပါဆိုတာကို ကျွန်မတို့ တင်ပြနိုင်ခဲ့တယ်။ ဒါက ဆုံးဖြတ်ချက်တွေ အားလုံးမှာ Government ဆိုတဲ့ အသုံးအနှုန်းမပါအောင်ကို ကျွန်မတို့ လိုက်လုပ်လို့ရတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုထားဘူး။ ဒါကြောင့်မို့လို့ အဲဒီ ကိစ္စနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကျွန်မတို့ တင်ပြနိုင်ခဲ့တယ်။ တားဆီးနိုင်ခဲ့တယ်။ ဒါက လုပ်နိုင်ခဲ့တဲ့ဟာပေါ့။", "ပြီးတော့‌ ရှေ့ဆက်လုပ်မယ့် ကိစ္စရပ်တွေမှာလည်း အကြမ်းဖက်စစ်တပ်က စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘာမှတိုးတက်ပြောင်းလဲမှု မရှိဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို ဆက်ပြီး ကျူးလွန်နေဆဲပဲ၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို ကျူးလွန်နေဆဲပဲ ။ ဒီအပြင်ကို စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းပြီးတော့ လူငယ်တွေကို အတင်းအဓမ္မစုဆောင်းတယ်ဆိုတဲ့ ဟာတွေ ဒါတွေကို တင်ပြနိုင်ခဲ့တယ်။ တင်ပြပြီးတော့ အဆောတလျင် လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲနဲ့ အရေးယူဖို့ ဆိုတဲ့ဟာကို လူကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီးတော့ ဆောင်ရွက်နိုင်တဲ့ဟာက ဒါက ကျွန်မအတွက် ကြီးမားတဲ့ ၊ ကျွန်မတို့ အဖွဲ့အစည်းအတွက်၊ သမဂ္ဂအတွက်၊ အင်အားစုအတွက် ကြီးမားတဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ကျွန်မ ပြန်ပြောချင်ပါတယ်။", "မေး။ ။ စစ်ကောင်စီကို ILO ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ဆိုတာ တောက်လျှောက် အရေးယူဖို့ တောင်းဆိုနေတာ တွေ့တယ်လေ။ အဲဒီလိုမျိုး အရေးယူလိုက်မယ်ဆို ဘာတွေ ဖြစ်မလဲ၊ ဒီလို အရေးယူလိုက်လို့ရှိရင်ကော စစ်ကောင်စီကို ဘယ်လောက်အထိ ထိခိုက်သွားမလဲ အဲဒီဟာလေးတွေကိုရော ပြည်သူလူထုသိအောင် ရှင်းပြလို့ရမလား ။ ဒီဟာက ဘယ်လောက် အတိုင်းအတာအထိ အရေးယူခံရရင်။", "ဖြေ။ ။ ပြည်သူလူထုအားလုံးသိကြတယ်။ ကျွန်မတို့ ပြည်သူတွေ လိုလားတောင့်တနေတာက အကြမ်းဖက်စစ်တပ်ကို လူရာမသွင်းဖို့၊ ဒါကြောင့် အစည်းအဝေးတိုင်းမှာ အကြမ်းဖက်စစ်တပ်မပါနိုင်အောင် ကျွန်မတို့ အင်အားစုတစ်ရပ်လုံးက တွန်းတွန်းတိုက်တိုက်ကို ကြိုးစားတယ်။ ILO က လုပ်တဲ့ မီတင်တွေမှာ ၊ ကုလသမဂ္ဂက လုပ်တဲ့ အစည်းအဝေးတွေမှာ လူထုကိုယ်တိုင် သိပါတယ်။ ကုလသမဂ္ဂအေဂျင်စီတွေက အကြမ်းဖက်စစ်တပ်နဲ့ တွေ့ရင်တောင်မှ ပြည်သူလူထုသည် ဒေါသထွက်တယ်၊", "ဘာဖြစ်လို့လဲဆိုတော့ ဒီလို လူသတ်ကောင်တွေနဲ့ နင်တို့ တွေ့ရသလားဆိုတဲ့ဟာမျိုး ကျွန်မတို့က ဖြစ်နေကြတာ ရှိတယ်။ နောက်တစ်ခုက အကြမးဖက်စစ်တပ်နဲ့ စီးပွားရေး လာလုပ်တယ်ဆိုရင် ဒါ အကြမ်းဖက်စစ်တပ်ကို အလုပ်ရှင်တွေက အသိအမှတ်ပြုရတယ်။ သူတို့နိုင်ငံက အစိုးရတွေက ဒီအကြမ်းဖက်စစ်တပ်နဲ့ စကားလာပြောရတယ်။ ဒါကို ကျွန်မတို့ ပြည်သူလူထုက မလိုချင်ဘူးဆိုတာ သိတယ်။ အမြဲတမ်းပဲ တောက်လျှောက် ကန့်ကွက်နေတာ။ Article 33 နဲ့ အရေးယူခြင်းအားဖြင့် ကျွန်မတို့ အဲဒီအောက်မှာ ဘာကို ဆက်ပြီးတော့ Action အနေနဲ့ လုပ်သွားမှာလဲဆိုရင် ကုလသမဂ္ဂအေဂျင်စီတွေ အားလုံးက ဒီအကြမ်းဖက်စစ်တပ်နဲ့ အလုပ်မလိုဖို့၊ UN Sanction ပေါ့နော်။", "ကုသသမဂ္ဂက တကယ့်ကို ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားစာနာမှုတွက် ပေးတဲ့ ပိုက်ဆံတွေကို လုံးဝ အကြမ်းဖက်စစ်တပ်ကနေ မဖြတ်သန်း မစီးဆင်းဖို့ ဒါတွေကို ဆောင်ရွက်နိုင်တယ်။ နောက်တစ်ခုက စီးပွားရေးပိတ်ဆို့မှု ၊ ဒီလူသတ်ကောင်က နိုင်ငံခြားငွေရတဲ့အခါမှာ ကျွန်မတို့ကို သတ်ဖို့အတွက်ကို အခုပဲ ကြည့် လေယာဉ်ဆီဝယ်နိုင်တယ်၊ လေကြောင်းကနေ ဗုံးကျဲဖို့အတွက် ။ နောက် သူတို့ လိုအပ်တဲ့ ကျည်ဆန်တွေ သူတို့ ဝယ်နိုင်တယ်။ အဲဒီလို သူတို့ မဝယ်နိုင်အောင် ၊ ကျွန်မတို့ရဲ့ ပြည်သူလူထုကို မသတ်နိုင်အောင် သူတို့ရဲ့ ဝင်ငွေ ရပေါက်ရလမ်းကို ပိတ်ဆို့တဲ့ဟာက တော်လှန်ရေး အင်အားစုတွေ အားလုံး လုပ်နေတဲ့ ကိစ္စဖြစ်တယ်။", "ဒါပေမဲ့ ကုမ္ပဏီတစ်ခုချင်းစီကို ကျွန်မတို့က လိုက်လုပ်နေတယ်ဆိုရင် ကျွန်မတို့က ပင်ပန်းတယ်။ ပြောမယ်ဆိုရင် သိပ်ပြီးတော့ မထိရောက်ဘူး။ လုပ်တော့ လုပ်နေတယ်။ လိုချင်တဲ့ အတိုင်းအတာအထိ မရောက်ဘူး သို့သော် လက်ရှိကိုပဲ နိုင်ငံတကာကနေ ပိတ်ဆို့ထားတဲ့ Sanction ကြောင့် သူတို့သည့် အရှက်ရနေတယ်။ ဥပမာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေ၊ မိသားစုတွေကို ဗီဇာ Ban တာ၊ မပေးတာတို့။ သူတို့ရဲ့ သားသမီးတွေ နိုင်ငံခြားမှာ ကျောင်းရင် သူတို့ရဲ့ သားသမီးတွေကို လက်မခံဘူး။ ကျွန်မတို့ ပြည်သူတွေကတော့ ဘာမှ မတတ်နိုင်ဘူး ဒုက္ခတွေ ရောက်နေတယ်။", "ဒါပေမဲ့သူတို့ရဲ့ သားသမီးတွေကကျတော့ နိုင်ငံခြားမှာ ကျောင်းတက်၊ သူတို့ရဲ့ ဆွေမျိုးတွေက နိုင်ငံခြားမှာ Shopping ထွက် အဲဒါမျိုးတွေလုပ်တဲ့အခါမှာ ကျွန်မတို့တွေက ဗီဇာ Ban တွေ လုပ်တဲ့အခါ ဒါတွေကလည်း အကြမ်းဖက်စစ်တပ်ကို ဝိုင်းကျဉ်တာ ဝိုင်းဖယ်တဲ့ကိစ္စတွေပေါ့။ အတိုင်းအတာတစ်ခုအထိတော့ ရောက်လာပြီ။ ဒါကြောင့် အကြမ်းဖက်စစ်တပ်က ထောက်ခံအားပေးထားတဲ့ နိုင်ငံရေးပါတီ ၂၅ ခုက စီးပွားရေးပိတ်ဆို့အရေးယူတာတွေ မလုပ်ဖို့ နိုင်ငံတကာကို တောင်းဆိုတဲ့စာ ပြီးခဲ့တဲ့ အပတ်က ထပ်တာ အားလုံး သိကြမှာပေါ့။", "Sanction လုပ်ခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ကို ထိခိုက်မှုတွေ ရှိနေတယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး။ မြန်မြန်ပြုတ်ကျဖို့လိုတယ်။ ဒါမှသာလျှင် ပြည်သူကို ဆက်ပြီးတော့ မသတ်နိုင်မှာပေါ့နော်။ အဲဒါကြောင့်မို့လို့ မြန်မြန်ပြုတ်ကျချင်တယ်ဆိုရင် Article 33 ကို သုံးပြီးတော့ လုံးဝကို အလုံးစုံ ပိတ်ချလိုက်ဖို့က အရေးကြီးတယ်။ အဲဒါကို ကျွန်မတို့ ကြိုးစားနေတာ ဖြစ်တယ်။ ဒါကို မြန်မာနိုင်ငံက ၂၀၀၀ ခုနှစ်မှာလည်း လုပ်ခဲ့ဖူးတယ်။ အကျိုးသက်ရောက်မှု အများကြီးရှိခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်အတွက်တော့ အဲဒါကြောင့်မို့ ဒီဟာကို အစဉ်တစိုက် အလုပ်သမား သမဂ္ဂတွေက တောင်းဆို တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ ပြည်သူ့ အ စိုးရရော ကျွန်မတို့ရဲ့ လူမူရေးမိတ်ဖက် အလုပ်ရှင်ကိုယ်စားလှယ်တွေကရော ဒါကို တစ်သံတည်း ညီပြီးတော့ အကုန်လုံးအတူတူ တောင်းဆိုနေတာ ဖြစ်ပါတယ်လို့ ပြန်ပြောချင်ပါတယ်"]
https://yktnews.com/2024/11/193300/
“ကမ္ဘာကြီး၏ မေ့လျော့ခံ မြန်မာ”
["“ကမ္ဘာကြီး၏ မေ့လျော့ခံ မြန်မာ”", "ကာတွန်း-ဝေယံ(တောင်ကြီး)"]
https://yktnews.com/2025/05/214329/
“ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့ ဒီရက်ပိုင်းတွင်းမှာက စာမေးပွဲရှိတယ်။ စာမေးပွဲရှိတော့ ကလေးတွေအကုန်စုနေကြတာ သူတို့ သုံးတဲ့ လက်နက်က နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတွေ သုံးသွားတာ Cluster Bomb အမျိုးအစားပါ”
["“ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့ ဒီရက်ပိုင်းတွင်းမှာက စာမေးပွဲရှိတယ်။ စာမေးပွဲရှိတော့ ကလေးတွေအကုန်စုနေကြတာ သူတို့ သုံးတဲ့ လက်နက်က နှစ်ဆင့်ကွဲသုံးဆင့်ကွဲတွေ သုံးသွားတာ Cluster Bomb အမျိုးအစားပါ”", "ယနေ့ မေလ ၁၂ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင် ကျောင်းကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်သူ ၂၂ ဦး သေဆုံးခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းထားသည်။", "မေး။ ။ ဒီနေ့ ဘယ်အချိန်လောက်က လေကြောင်းနဲ့ဗုံးကျဲ ခံရတာလဲ ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲ။", "ဖြေ။ ။ ဒီနေ့ နံနက် ၉ နာရီ ၃၅ ဝန်းကျင်နေမှာပေါ့။ လေယာဉ်စတင်ဝဲပြီး ပစ်ခတ်သွားပါတယ်။ ကလေးတွေက ဘယ်လို စုရပ်ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့ ဒီရက်ပိုင်းတွင်းမှာက စာမေးပွဲရှိတယ်။ စာမေးပွဲရှိတော့ ကလေးတွေအကုန်စုနေကြတာ။", "မေး။ ။ လေယာဉ်နဲ့ ပေါင် ဘယ်လောက်ဗုံးကျဲသွားတာလဲ။", "ဖြေ။ ။ ဂျက်ဖိုက်တာနဲ့ ပစ်သွားတယ်။ ပေါင် ကတော့ ကျွန်တော်တို့ ပြောမရဘူး သူတို့ သုံးတဲ့ လက်နက်က နှစ်ဆင့်ကွဲ သုံးဆင့်ကွဲ တွေ သုံးသွားတာ များပါတယ်။ ကျောင်းပေါ်မှာ ပစ်ပြီးတော့ မြေပြင်ပေါ်မှာက ပြန့်ကျဲသွားတဲ့ ပုံစံရှိပါတယ်။ ကျသွားတဲ့ နေရာကနေ ထပ်ဆင့်ကွဲတာတွေလည်း ရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်။", "မေး။ ။ Cluster Bomb အမျိုးအစားလား။", "ဖြေ ။ ။ ဟုတ်ကဲ့ Cluster Bomb အမျိုးအစားပါ။", "မေး။ ။ အခုလက်ရှိ သေဆုံးသူနဲ့ ဒဏ်ရာရသူစာရင်း ဘယ်လောက်အထိ ကောက်ခံရရှိထားလဲ။", "ဖြေ။ ။ သေဆုံးသူအ‌‌ရေအတွက်စာရင်းကို မြေပြင်မှာ ကျွန်တော်တို့ ကွင်းဆင်းပြီး ကောက်ခံရရှိချက်အရ ၂၂ ဦး ပွဲချင်းပြီး သေသွားပါတယ်။ ဒဏ်ရာရတာကတော့ ၄၀ ကျော် ရှိပါတယ် ။ အဲဒါတွေကတော့ အရေအတွက်ကို အတိအကျဖော်ပြလို့ မရသေးပါဘူး။", "မေး။ ။ ဒဏ်ရာရ ၄၀ ထဲမှာ ပြင်းထန်ဒဏ်ရာရသူတွေ ပါလား။", "ဖြေ။ ။ ပြင်းထန်ဒဏ်ရာရသူတွေ အများကြီး ပါဝင်ပါတယ်။", "မေး။ ။ သေဆုံးတဲ့ထဲမှာ အငယ်ဆုံး အသက်ဘယ်လောက်လောက် ကလေးလေးတွေ ပါဝင်လဲ။", "ဖြေ။ ။ ၈ နှစ်က စပြီး အငယ်ဆုံးပါဝင်ပါတယ်။ ၁၇ ၊ ၁၈ က စပြီး ကလေး သူငယ်ထဲမှာတော့ အကြီးဆုံးပါဝင်ပါတယ်။ Volunteer ဆရာမတွေအနေနဲ့ကတော့ ၂၃ ၊ ၂၄ ပါဝင်ပါတယ်။", "မေး။ ။ ဒီလိုမျိုးအကြမ်းဖက်လုပ်ရပ်နဲ့ ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးပြောချင်တာရှိလဲ။", "ဖြေ။ ။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို စကစအနေနဲ့ ကျူးလွန်တာက တစ်ကြိမ်လည်း မဟုတ်တော့ဘူး ၊ ‌နှစ်ကြိမ်လည်း မဟုတ်တော့ဘူး ပြည်သူတွေ အားလုံးနေ့စဉ်နဲ့အမျှ ခံစားနေရတဲ့ ဒါက ဒုက္ခဆိုးကြီးပဲ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့ စကစကို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်နိုင်တော့ဘူးလား၊ ဒါမှမဟုတ်လို့ ရှိရင် သူ့ကို ထောက်ခံပေးနေတဲ့ နိုင်ငံတွေကို ဒီလောက်ကြီးထိ ကြမ်းတမ်းယုတ်မာနေတဲ့ လုပ်ရပ်တွေကို မမြင်ဖူးလား ။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့သားတွေအနေနဲ့ကတော့ ကျွန်တော်တို့နဲ့ ထပ်တူခံစားပြီးတော့ ဒီကိစ္စကို အစွမ်းကုန်တရားမျှတမှုရရှိသွားအောင်ပါဝင်သွားပါမယ်လို့ ပြောချင်ပါတယ်။"]
https://yktnews.com/2023/12/134717/
“ကျည် ၅၀၀၀ ကူ၊ ငါတို့အညာမြေကို ငါတို့ပြန်ယူ” ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် နွားထိုး ကြီး PDF မေတ္တာရပ်ခံ
["“ကျည် ၅၀၀၀ ကူ၊ ငါတို့အညာမြေကို ငါတို့ပြန်ယူ” ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် နွားထိုး ကြီး PDF မေတ္တာရပ်ခံ", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အခြေစိုက်၊ မြင်းခြံ ခရိုင်အမှတ် ၄ တပ်ရင်းက ပြုလုပ်လျက်ရှိသည့် “ကျည် ၅၀၀၀ ကူ၊ ငါတို့အညာမြေ ငါတို့ပြန်ယူ” ကမ်ပိန်းကို ပူးပေါင်းပါဝင်ပေးကြပါရန် နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့် မေတ္တာရပ်ခံထား သည်။", "မကြာမီဆောင်းရာသီကျော်ဖြတ်ပြီး နွေရာသီကာလ ရောက်ရှိလာပါက သစ်ရွက်များကြွေကျပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခိုကပ်စရာနေရာမရှိသည်ကို အခွင့်ကောင်းယူကာ စစ်တပ်က စစ် ကြောင်းထိုးလာတော့မည်ဖြစ်ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာချိန်တွင် ပြန်လည်ခုခံတိုက်ခိုက်နိုင် ရန်ကြိုတင်ပြင်ထားခြင်းဖြစ်ကြောင်း သိရသည်။", "“ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက် မန္တလေးတိုင်းထဲမှာ ဆောင်းတွင်းကာလကျော်ဖြတ်ပြီးရင် ပွင့်လင်း ရာသီဖြစ်တဲ့ နွေရာသီရောက်လာတော့မှာဖြစ်ပါတယ်၊ နွေရာသီရောက်လာတာနဲ့အမျှ စစ်ကြောင်း တွေက ဝင်လာတော့မှာပါ၊ ကျနော်တို့မှာက တောတောင်ထူထပ်တဲ့နေရာမရှိသလို တော နက်တာ တွေ လည်းမရှိပါဘူး၊ မရှိမဲ့ ရှိမဲ့တောတောင်လေးတွေမှာ ခိုကပ်နေရတာဖြစ်တဲ့အတွက် ပွ့င်လင်း ရာသီဖြစ်တဲ့ နွေရာသီရောက်လာလို့ရှိရင် သစ်ပင်တွေကလည်း အရွက်တွေဘာတွေ ကြွေကျပြီး ခိုကပ်စရာနေရာမရှိဖြစ်တော့မှာပါ၊ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး စစ်ကြောင်းထိုးလာခဲ့ရင် အဓိက ကျနော်တို့အနေနဲ့ ကျည်အင်အားလုံလုံလောက်လောက်ဖြည့်တင်းပြီးတော့ တိုက်နိုင်တဲ့ စစ် ကြောင်းတွေဆိုရင် တိုက်ထုတ်ချင်တာပါ၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်း ပြသည်။", "အဆိုပါ ကမ်ပိန်းကာလကို ဒီဇင်ဘာလ ၁ ရက်နေ့နမှ စ၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး Natogyi People Defence Force မြင်းခြံခရိုင်အမှတ်- ၄ တပ်ရင်း၏ ပထမဦး ဆုံးအကြိမ် ကမ်ပိန်းဖြစ်ကြောင်း သိရသည်။", "“ပြည်သူတွေအနေနဲ့လည်း ရှမ်းပြည်နယ်မြောက်ပိုင်းက အောင်မြင်တာမျိုးကို လက်ပိုက်ကြည့်နေလို့ မပါဘူး၊ ကျနော်တို့ကိုယ်၌ကလည်း ကျနော်တို့မြို့နယ်တွေ၊ ခရိုင်တွေ၊ တိုင်းတွေက ပြည်သူတွေက ကိုယ့်နယ်မြေအတွင်းမှာရှိတဲ့ အဖွဲ့လေးတွေကို ထောက်ပံ့ဖို့လိုမယ်၊ ခဲယမ်းအင်အားဖြည့်ပေးဖို့လိုပါ တယ်၊ ခဲယမ်းအင်အားမရှိရင် ကျနော်တို့ ဘာမှ လုပ်လို့မရပါဘူး၊ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ တစ်တောင့် တတ်နိုင်ရင် တစ်တောင့် ပေါ့၊ ပါဝင်မှ ကျည် ၅၀၀၀ ထောင်ကမ်ပိန်းဆိုတာလည်း အောင်မြင်မှာပေါ့၊ ကျနော်တို့ဒေသက ရှမ်းမြောက်ဒေသတွေကို လက်နက်ခဲယမ်းဆိုတာလည်း လွယ် လွယ်ကူကူဖြစ်လာတာ မရှိတော့ အချိန်ယူပြင်ဆင်ရတာရှိတယ်၊ အဲဒီအတွက် ပြောလိုတာက ကျ နော်တို့ အလယ်ပိုင်းဒေသကလည်း လှုပ်ရှားပေးနေမှ တခြားသောဒေသတွေကလည်းချောင်မှာပေါ့၊ အဲဒါကြောင့် နေရာ တိုင်းမှာထောက်ပံ့ပေးဖို့လိုပါတယ်၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပါဝင်ကူညီပေးမည့် မိဘပြည်သူများအနေဖြင့် –", "https://www.facebook.com/profile.php?id=100091812066518", "Page Messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/11/131158/
“ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှု ကမ္ဘာအနှံ့ပြုလုပ်
["“ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှု ကမ္ဘာအနှံ့ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "“ငါတို့လုံချည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုကို ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းအပြင် Australia၊ Ukraine၊ New York၊ Czech Republic အစရှိသည့် ကမ္ဘာအနှံ့အပြားရှိ နေရာများတွင်ပါ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေး အရှိန်ဟုန်ပြင်းပြင်းနှင့် ဆက်လက်ချီတက်​နေသည့် ကာလဖြစ်ပြီး ပန်းတိုင်သည် မဝေးသော တစ်နေရာတွင်ရှိနေပြီ ဖြစ်၍ ပြည်သူများအနေနှင့် ရရာနည်းလမ်း​ပေါင်းစုံနှင့် အားဖြည့်ပါဝင် တွန်းလှန်ကြရန် ပြည်သူများကို “ငါတို့လုံခြည် ငါတို့အောင်ပွဲ” လှုပ်ရှားမှုတွင် ပါဝင်သူများက တိုက်တွန်းလိုက်ပြီး မကြာမီကာလတွင် အားလုံးပါဝင်နိုင်သည့် “ငါတို့လုံချည် ငါတို့အောင်ပွဲ” နှင့် ပတ်သက်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရှိရသည်။"]
https://yktnews.com/2024/01/138428/
“စစ်ကောင်စီကို ယခုအချိန် မည်သည့်နေရာတွင် တိုက်တိုက် အနိုင်ရရန် အခြေ အနေ ကောင်းသည်”ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ပြောဆို
["“စစ်ကောင်စီကို ယခုအချိန် မည်သည့်နေရာတွင် တိုက်တိုက် အနိုင်ရရန် အခြေ အနေ ကောင်းသည်”ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ပြောဆို", "ပလက်၀ရှိ စစ်ကောင်စီ၏ တပ်ရင်း ၈ ခုနှင့် ဗျူဟာကုန်း ၂ ခုကို AA ထိုးစစ်ဆင် တိုက်ခိုက်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၄", "အကြမ်းဖက်စစ်ကောင်စီကို ယခုအချိန် မည်သည့်နေရာတွင် တိုက်တိုက် အနိုင်ရရန် အခြေအနေကောင်းသည့် အနေအထားနှင့် စိတ်ဓာတ်ခွန်အားများကို ၁၀၂၇ စစ်ဆင်ရေး က‌ ပေးအပ်နေကြောင်း မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်း ထုတ်ပြန်ပြောဆိုသည်။", "မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးများကို ချိန်ကိုက်လိုက်ပါဆင်နွှဲနေကြသည့် အခြားသော တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းအချို့တို့သည်လည်း နှစ်ဆန်းတွင်ပို၍ အားစိုက်လာသည်ကိုတွေ့ရှိရရကြောင်း၊ ထို့အတူ နေရာတိုင်းတွင် စစ်ကောင်စီအား အပြတ်အသတ်အလဲထိုးပြီး အောင်ပွဲများကို တစ်ခုပြီးတစ်ခု ရယူနိုင်သည်များကို ဆက်တိုက်တွေ့လာရကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။", "ထိုသို့ အောင်ပွဲရသည့် အခြေအနေများဆက်တိုက် ဖြစ်ပေါ်လာခြင်းသည် ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေး၏ အနှစ်သာရပင် ဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးမှ ပေးလိုက်သည့် စိတ်ဓာတ် ခွန်အားမြှင့် မာတီဗီတာမင်မှာ “စစ်ကောင်စီအား ယခုအချိန်၌ မည်သည့်နေရာတွင်တိုက်တိုက် အနိုင်ရရန် အခြေအနေ ကောင်းသည်” ဟူသော Motivation ဖြစ်ကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။", "လတ်တလော တစ်ရက်ပြီးတစ်ရက် အခြေအနေဆိုးဝါးလာနေသော စစ်ကောင်စီကို ကြမ္မာငင်ခွင့်သာပေးပြီး မိမိတို့အပေါ် တန်ပြန် တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှပေး၍မရဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအရ ကောင်းစွာသိနားလည်ထားခြင်းသည်ပင်လျှင် လက်ရှိရရှိထားသော အောင်မြင်မှုများ ထက် ပို၍အရေးကြီးကြောင်း ညီနောင် ၃ ဖွဲ့က ထောက်ပြထားသည်။", "ညီနောင်မဟာမိတ် ၃ ဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သော AA က ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ စစ်ကောင်စီ၏ စခန်းများဖြစ်သော", "(၁) ခလရ- ၂၃၃", "(၂) ခမရ- ၃၇၄", "(၃) ခမရ- ၃၇၆", "(၄) ခမရ- ၃၀၈", "(၅) ခမရ- ၂၁၁", "(၆) ခမရ- ၂၁၇", "(၇) ခလရ- ၂၈၉", "(၈) ခမရ- ၂၂၀ တို့ကိုလည်း နှစ်ဆန်းရက်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ချဉ်းကပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။", "AA က ချင်းပြည်နယ်၊ ပလက်ဝ အတွင်းရှိ “ချင်းလက်ဝစခန်းကုန်း” ကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက်န‌ေ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းကုန်းကို ၃ ရက်ခန့်သာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းများကို ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း” များကိုပါ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိကြောင်း၊ ပလက်ဝဒေသအတွင်း၌ သာမက ရက္ခိုင်ဒေသအတွင်းတွင်ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ချင်းပြည်နယ်၊ ထန်တလန်တွင် ယမန်နှစ်၊ ဩဂုတ်လအတွင်း ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး။"]
https://yktnews.com/2023/02/85281/
CDM ဗိုလ်ကြီး လင်းထက်အောင်နှင့်တွေ့ဆုံခြင်း
["“စစ်တပ်ရဲ့ လုပ်နိုင်စွမ်းက ကုန်သွားပြီ။ ဒီထက်ပိုလုပ်နိုင်မှာက လူအစုလိုက် အပြုံလိုက်သေစေမယ့် လက်နက်မျိုးတွေ သုံးလာမယ့် အခြေအနေပဲရှိတော့တယ်။ စစ်တပ် မြေပြင်တပ်ဖွဲ့တွေရဲ့ စိုးမိုးနိုင်စွမ်းက ကုန်သလောက်ဖြစ်သွားပြီ။ အင်အား လျော့နည်းလာတယ်။ စိတ်ဓာတ် ကျဆင်းလာတယ်။ ချမှတ်တဲ့ နည်းဗျူဟာတွေကို လိုက်ပါ ဆောင်ရွက်နိုင်စွမ်း မရှိတော့ဘူး”", "CDM ဗိုလ်ကြီး လင်းထက်အောင်နှင့်တွေ့ဆုံခြင်း", "By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီက နိုင်ငံတော်အာဏာကို နောက် ထပ် ၆ လ သက်တမ်းတိုးခြင်း၊ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းများ ဆောင်ရွက်နေပြီး ယင်းအခြေအနေများနှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် စစ်ရေး အခြေအနေများကို CDM ဗိုလ်ကြီး လင်းထက်အောင်နှင့် ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေးမြန်းထားပါသည်။", "မေး။ ။ စစ်ကောင်စီက ကာ/လုံအစည်းအဝေးမှာ သူတို့ အခြေအနေကို ထိန်းဖို့ လိုနေသေးတယ်။ လက်ရှိမှာ မတည်ငြိမ်သေးဘူးဆိုပြီး ထုတ်ပြောရတဲ့အထိဖြစ်လာတယ်။ ဒီအခြေအနေကို ဘယ်လို မျိုး သုံးသပ်ပါလဲ။", "ဖြေ။ ။ ၆ လသက်တမ်းတိုးတဲ့အချိန်မှာ သူတို့ ထုတ်ပြန်တဲ့ မထိန်းနိုင်တဲ့အချက်တွေ အခြားသော အချက်အလက် တွေ ကြည့်မယ်ဆိုရင် စစ်တပ်က ပိုပြီးတော့ ဆိုးတဲ့ အချက်အလက်တွေ အခြေအနေတွေကို သူတို့ကိုယ်တိုင် လက်ခံထားပုံရတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော်ကျော် ၃ ပုံ ၂ ပုံလောက်က စစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိတော့ဘူးလို့ ကျနော်က မြင်တယ်။ ဒါက မျက်မြင်ပဲလေ။", "သူတို့ ထိန်းချုပ်မှုအောက်မှာရှိတယ်ဆိုရင် အခုအချိန်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားနိုင်မှု အခြေအနေတွေကို သူတို့ ထိန်းချုပ်နိုင်မှာပဲလေ။ ဒါပေမယ့် ရန်ကုန်မြို့လို မြို့ကြီးတွေမှာတောင်မှ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်နိုင်စွမ်းတွေက ရှိနေတယ်။ အခြားသော Silent Strike လုပ်မလား တစ်ပြည်လုံးပါတာပဲလေ။ အဲဒီအခါကျတော့ သူတို့ရဲ့ မထိန်းချုပ်မှုကတော့ သူတို့ ကြေညာတဲ့ စာရင်းဇယားထက်တောင် ပိုမယ်လို့ ကျနော်က မြင်တယ်။", "၆ လ သက်တမ်းတိုးတယ်ဆိုတာက နိုင်ငံရေး အရ ကျနော် မသုံးသပ်တတ်ပေမယ့် ပုံမှန်သူတွေလို သုံးသပ်ရမယ်ဆိုရင်တော့ ဒီအခြေအနေက မင်းအောင်လှိုင်အနေနဲ့ သူတို့ ဆက်ပြီး အာဏာယူနေမှာပဲ ။ ၆ လမှ မဟုတ်ဘူး။ ၁ နှစ်လည်း သူတို့ ယူလို့ရအောင် နည်းလမ်းကတော့ သူတို့ ရှာမှာပဲ။ ယူလို့မရရင် သူတို့ ဥပဒေက အစ ဖျက်ပြီးတော့ သူတို့ဘာသာ အသစ်ပြန်လည် ပြန်ဆွဲပြီးတော့ လုပ်မှာပဲ။ ဒါကတော့ ကျနော်တို့ အားလုံး ခန့်မှန်းပြီးသား ထပ်ယူမယ်ဆိုတာ အားလုံးသိပြီးသားပဲ။ ဒါကိုကတော့ အထူးအထွေ မပြောချင်ဘူး။", "ဒီလို အခြေအနေမျိုးမှာ စစ်တပ်အနေနဲ့ ကောင်စီတွေ စစ်တပ်တွေကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းတာတွေ တွေ့ရတယ်။ ဒီလို ပြင်ဆင်ဖွဲ့စည်းတဲ့အချိန်မှာ လူပုဂ္ဂိုလ်တွေ အများ‌ကြီး အပြောင်းအလဲ လုပ်ထားတာတွေ့ရတယ်။ ရှိပြီးသားသူတွေကို အကြံပေးအဖြစ်၊ မပါသေးတဲ့သူတွေကို ဆွဲထည့်တာ တွေ့ရတယ်။ ပြောရမယ်ဆိုရင် သူတို့ရဲ့ အသိုင်းအ၀ိုင်းထဲကို သူတို့နဲ့ မပူးပေါင်း တဲ့သူတွေကို အတင်းအကျပ် ဆွဲထည့်ထားတဲ့စကားသံတွေကိုပါ ကျနော်တို့ကြားရတယ်။ သူတို့ရဲ့ အသိုင်းအ၀ိုင်းကို အတင်းအဓမ္မချဲ့ထွင်တဲ့ နည်းလမ်းလို့ ကျနော်ကတော့ မြင်မိတယ်။", "မေး။ ။ စစ်ကောင်စီက ကာ/လုံအစည်းအဝေးမှာ သူတို့ မထိန်းနိုင်တာတွေ။ နိုင်ငံခြားငွေမရတာ၊ CDM ဝင်သွားတာတွေ သူတို့ရဲ့ မအောင်မြင်မှုတွေကို ထုတ်ဖော်ပြာတယ်။ တကယ်တော့ စစ်တပ်ဆိုတာ ဘယ်တုန်းကမှ သူတို့ရဲ့ ကျရှုံးမှုတွေကို ထုတ်ပြောခဲ့တာမဟုတ်ဘူးမလား။ ပုံမှန်ဖြစ်ပြီလို့ အမြဲ ဝါဒဖြန့်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား။ ဒါက ထူးခြားမနေဘူးလား။", "ဖြေ။ ။ ခေတ်အဆက်ဆက်မှာလည်း သူတို့ရဲ့ ရပ်တည်နိုင်စွမ်း အမှန်တွေကို တောက်လျှောက် ဖုံးကွယ်ခဲ့တာပဲ။ ဒါပေမယ့် အရင်ခေတ်တွေမှာတော့ ဖုံးကွယ်နိုင်စွမ်းက ရှိတယ်။ မီဒီယာ အားနည်းတာ။ ပြီးတော့ ဆိုရှယ်မီဒီယာလို မပေါ်လာသေးတာကြောင့် ဖုံးကွယ်နိုင်ခဲ့တယ်။ ဒီဘက်ခေတ်မှာတော့ မရတော့ဘူး။ အဓိက ကျနော်တို့ ပြည်သူကိုလည်း လိမ်လို့မရသလို သူတို့ဘက်က ထောက်ခံသူတွေကိုလည်း လိမ်လို့မရတော့ဘူး။ ဖြစ်စဉ် ဖြစ်ရပ်တွေက သက်သေပြပြီးပြီ။", "ဥပမာ- Silent Strike နေ့မှာ သူတို့ထောက်ခံသူတွေ လမ်းပေါ် ထွက်လာတယ်။ တကယ့်ကို နည်းနည်းလေး။ သူတို့ဘက်မှာ ဘယ်လောက်တောင် ထောက်ခံသူ နည်းသွားလဲဆိုတာ မြင်ရတယ်။ ရန်ကုန်၊ မန္တလေးလို လူသန်းပေါင်းများစွာ နေတဲ့မြို့တွေမှာတောင်မှ သူတို့ ထောက်ခံတဲ့ သူတွေ ပွင့်ပွင့်လင်းလင်းပြောပြီး မထွက်လာရဲကြဘူး။ ဒလန်၊ သူလျှိုတွေလိုတော့ နေကြလိမ့်မယ်။", "ကျနော်တောင် အဲဒီနေ့မြင်မိတယ်။ Silent Strike မှာ ဒီလောက်မြို့ကြီးက ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ မမျှော်မှန်းထားဘူး။ အဲဒီအချိန်မှာ သူတို့ ထောက်ခံသူတွေတောင်မှ အဲဒီအခြေအနေကို ကြည့်ပြီးတော့ မသွားရဲလောက် တော့တာမျိုးလို့ ကျနော်ကတော့ မြင်တယ်။ အဲဒါကျတော့ သူတို့ဘက်က သူတွေကိုလည်း သူတို့ လိမ်လို့မရတော့ဘူး။ သူတို့တပ်ဖွဲ့တွေကိုယ်တိုင်တောင်မှ သူတို့ပြောတဲ့ အချက်အလက်တွေကို လက်မခံတော့ဘူး။ ဒါကြောင့်မို့လို့ သူတို့ ဒီလိုအခြေအနေကို ထုတ်ဖော်ပြောရတာလို့ ကျနော်မြင်တယ်။", "ဒါတောင်မှ သူတို့ ၃ ပုံ ၁ ပုံလောက်ပဲ အမှန်တရား အခြေအနေကို သူတို့ ထုတ်ပြောထားတာ။ အကုန်မပြောဘူး။ အဲဒီဟာက မချပြလို့ မရတော့ဘူး။ သူတို့ လက်အောက်မှာ အလိမ်အညာအားလုံးကို မြောက်ကိုရီယားစတိုင် ဖမ်းထားပေမယ့်လည်း မရတော့ဘူး ဆိုတဲ့ အခြေအနေတစ်ခုကို သူတို့သိသွားတယ်။ လက်အောက်မှာလည်း ဒါတွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေများလာတယ်။ ဒါကြောင့်မို့လို့ ဒီလိုအခြေအနေတွေကို ထုတ်ပြောတာလို့ ကျနော်ထင်တယ်။", "မေး။ ။ တိုင်း/ပြည်နယ် ၈ ခုမှာရှိတဲ့ မြို့နယ် ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာတယ်။ နောက်ပြီး စစ်အုပ်ချုပ်ရေးက ကြောက်ဖို့ကောင်းတယ်လို့ စစ်လော်ဘီတွေက ခြောက်လှန့် ခြိမ်းခြောက်နေကြတယ်။ ဒီအပေါ်မှာလည်း ဘယ်လို သုံးသပ်လဲ။", "ဖြေ။ ။ စစ်တပ်ရဲ့ လုပ်နိုင်စွမ်းက ကုန်သလောက် ဖြစ်နေပြီ။ တကယ်ကို ကုန်သလောက် ဖြစ်နေပြီ။ မတရားအာဏာ သိမ်းခဲ့တဲ့ ၂ နှစ်အတွင်းမှာ လူတွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ သတ်ပြပြီးပြီ။ အမျိုးသမီးတွေကိုလည်း မုဒိမ်းကျင့်သတ်တယ်။ ရွာတွေကို မီးရှို့တယ်။ အခြားသော ကြောက်လန့်စေမယ့် နည်းလမ်းပေါင်းစုံနဲ့ ပြည်သူလူထုကို ခြိမ်းခြောက်တယ်။ လုပ်လည်း လုပ်ပြီးသွားပြီ။", "သူတို့ရဲ့ အကြမ်းဖက် နည်းလမ်းက အစွမ်းကုန်တော့ လုပ်ပြီးသွားပြီ။ ဒါပေမယ့် ပြည်သူက အင်အားလျော့သွားဆိုတော့ လျော့မသွားဘူး။ သူတို့က ပြည်သူကို ထောင်ထဲထည့်တယ်။ ပြည်သူက ထောင်ထဲကနေ Strike တွေနဲ့ မျိုးစုံ ပြန်တုံ့ပြန်ကြတာအများကြီးရှိတယ်။ ၂၀၂၂ အတွင်းမှာ ထောင်တွင်း တိုက်ပွဲတွေ အများကြီးတွေ့ခဲ့ရတယ်။", "နောက်ပြီးတော့ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာကို သူတို့ရဲ့ လူတွေကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက စီရင်တာတွေ အများကြီးလုပ်နိုင်တယ်။ အခု စစ်အုပ်ရေး ကြေညာတဲ့ မြို့နယ်တွေမှာဆိုရင်လည်း မြေပြင်သူတို့ရဲ့ စစ်တပ်ရဲ့ တပ်ဖွဲ့တွေ ရဲ့ လုပ်နိုင်စွမ်းက ကုန်သလောက် ဖြစ်သွားပြီ။ သူတို့ ဗျူဟာတွေက ဘယ်လိုသုံးသုံး အသုံးမဝင်တော့ဘူးလို့ ကျနော်မြင်တယ်။", "ဒါကိုလေ ကျနော်က တချို့တွေက ထင်လိမ့်မယ် ရန်သူကို အထင်မသေးနဲ့ပေါ့။ ကျနော် ရန်သူကို အထင်လည်း မသေးဘူး။ အထင်လည်း မကြီးဘူး။ စစ်တပ်ကို အထင်လည်းမကြီးဘူး အထင်လည်း မသေးဘူး။ စစ်တပ်ရဲ့ လုပ်နိုင်စွမ်းက ကုန်သွားပြီ။ ဒီထက်ပိုလုပ်နိုင်မှာက လူအစုလိုက် အပြုံလိုက်သေစေမယ့် လက်နက်မျိုးတွေ သုံးလာမယ့် အခြေအနေပဲရှိတော့တယ်။ ဒါသူတို့ရဲ့ လုပ်နိုင်စွမ်းက ကုန်သလောက်ဖြစ်သွားပြီ။ မြေပြင်တပ်ဖွဲ့တွေရဲ့ စိုးမိုးနိုင်စွမ်းက ကုန်သလောက်ဖြစ်သွားပြီ။ တကယ်ကို ထိန်းချုပ်နိုင်တယ်ဆိုရင် ၂၀၂၂ ကတည်းက မြို့နယ်တွေကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါ့။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ ထပ်ပြီးတော့ ထိန်းချုပ်နိုင်မယ့် အခြေအနေလည်း မရှိတော့ဘူး။ သူတိုရဲ့ မြေပြင်တပ်တွေသည် အင်အား လျော့နည်းလာတယ်။ စိတ်ဓာတ် ကျဆင်းလာတယ်။ ချမှတ်တဲ့ နည်းဗျူဟာတွေကို လိုက်ပါ ဆောင်ရွက်နိုင်စွမ်း မရှိတော့ဘူး။ အဲဒါကိုတော့ သူတို့ဆီက ခေါင်းဆောင်တွေလည်း လက်မခံချင်လည်း လက်ခံရတော့မယ်။ ဘာဖြစ်လဲ ဆိုတော့ သူတို့ သုံးတဲ့ ဗျူဟာတွေ အောင်မှ မအောင်မြင်တာ။", "နောက်ပြီး သူတို့ လက်အောက်တပ်တွေရဲ့ စွမ်းရည်တွေ ကျဆင်းတာကို သူတို့ခေါင်းဆောင်တွေကိုယ်တိုင် လက်ခံတယ်ဆိုတာတွေ့ရတယ်။ ဒါကြောင့်မို့ မင်းအောင်လှိုင်အနေနဲ့ စစ်ခေါင်းဆောင်တွေကို ပြောင်းလဲပြီး အမျိုးမျိုးကျင့်သုံး တယ်ဆိုတာ သွားတွေ့ရတယ်။", "မနှစ်တစ်နှစ်အတွင်းမှာပဲ ခေါင်းဆောင်တွေ တိုင်းမှူးတွေ ခဏခဏ အပြောင်းအလဲလုပ်တယ်။ ဒါလည်း မအောင်မြင်ဘူး။ စစ်တပ်တွေကို ဟိုရွှေ့ ဒီရွှေ့နဲ့ ကစားကြည့်တယ်။ မအောင်မြင်ဘူး။ သူတို့ရဲ့ စွမ်းအားပစ်ခတ်နိုင်မှု စွမ်းအားနဲ့ လေကြောင်း အရေးသာမှု ဒါပဲရှိတော့တယ်။ မြေပြင်မှာ လူ လူချင်းတိုက်တဲ့ စစ်ပွဲမှာ သူတို့ လူတွေက ဘာမှ အသုံးမဝင်တဲ့သူတွေ ဖြစ်သွားတဲ့အတွက် ဒီလို မာရှယ်လော ထုတ်ပြန်တဲ့အရာသည် နိုင်ငံရေး စစ်ရေး နည်းလမ်းအရ စာရွက်ပေါ်က အရာတစ်ခုပဲ ဖြစ်တယ်။ မြေပြင်ပေါ်မှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ကျနော်ကတော့ မြင်မိတယ်။", "မေး။ ။ မာရှယ်လော ထုတ်လို့ ပြည်သူတွေကို ရက်စက်နိုင်မယ်လို့ မြင်သလို စစ်တပ်အသိုင်းအ၀ိုင်းဘက်မှာလည်း သူတို့ရဲ့ စစ်သည်တွေ စစ်သားတွေ ပိုပြီး တိုက်ခိုက်ခံရမယ် အသေခံရမယ်လို့ သုံးသပ်တာတွေလည်းရှိတယ်။ စစ်တပ်အတွင်းမှာရော မာရှယ်လော ထုတ်တဲ့အပေါ် ဘယ်လို ဖြစ်နိုင်လဲ။", "ဖြေ။ ။ စစ်လော်ဘီ တစ်ဦးက ၆ လအတွင်း ကြမ်းပြလိုက်ရင် ထိန်းနိုင်မယ်ဆိုပြီး ပြောလာတာမျိုးတွေရှိတယ်။ ဒါပေမယ့် အဲဒီလို ကြမ်းနိုင်မယ့် အခြေအနေမျိုး သူတို့မှာ မရှိတော့ဘူး။ လေယာဉ်ပေါ်က ဘယ်လောက် ပစ်ပစ် မြေပြင်မှာ စစ်တပ်မရှိရင် ဘာမှ လုပ်မရဘူး။ သူတို့ပစ်လည်း သူတို့ပစ်တဲ့နေရာကို စစ်တပ်တွေက ရောက်လာနိုင်မှာမဟုတ်ဘူး။ သူတို့ အဲဒီနေရာကို စိုးမိုးအောင် လေကြောင်းက ဘယ်လိုပဲပစ်ပစ် မြေပြင်တပ်တွေရဲ့ စွမ်းအောင်နိုင်မှုက လျော့သွားပြီဖြစ်တယ်။", "မြေပြင်တပ်တွေ ပိုကျဆုံးဖို့ ပိုများလာမယ်။ သူတို့ရဲ့ ဗျူဟာတွေက အောင်မြင်မှာမဟုတ်ဘူး။ ဒါက လုံးစ ကြိမ်းသေတယ်။ နောက်ပြီးတော့ သူတို့ရဲ့ မြေပြင်တပ်တွေကို တော်လှန်ရေး တပ်တွေက ထိန်းချုပ်ထားနိုင်ပြီ။ သူတို့ကို လိုသလို ကစားနိုင်တဲ့ အခြေအနေတွေ တော်လှန်ရေး တပ်တွေမှာ ရှိနေပြီ။ အဲဒီတော့ သူတို့ ဘက်က အကျအဆုံးကတော့ အရင်နှစ်တွေထက် ပိုများလာဖို့ပဲရှိတယ်။ အခု ဇန်နဝါရီ ၊ ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်တပ်ဘက်က ဒုတိယဗိုလ်မှူးကြီး အဆင့် ၂ ဦး၊ ၃ ဦး ကျသွားတယ်။ ဒါ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြုလုပ်လိုက်တဲ့ စစ်ဆင်ရေးတွေကြောင့် ဖြစ်တယ်။ ဇန်နဝါရီလအတွင်းမှာဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အောင်မြင်တဲ့ တိုက်ပွဲတွေ အများကြီးရှိတယ်။", "အထိအခိုက်ကတော့ နှစ်ဖက်စလုံးမှာရှိတယ်။ ဒါပမေယ့် စစ်တပ်ဘက်ကတော့ ပိုပြီး အထိအခိုက် သေဆုံးတာများတယ်။ ဒါသည် ရိုင်ဖယ်ကိုင်တိုက်တဲ့ တော်လှန်ရေးတပ်တွေကို မနိုင်တော့တဲ့ အခြေအနေမှာ သူတို့ရဲ့ အကျအဆုံးသည် စစ်ခေါင်းဆောင်တွေရဲ့ ထင်ရာလုပ်မှုအပေါ်မှာ ပိုပြီးတော့ ဆိုးလာဖို့ပဲရှိတယ်လို့ မြင်ပါတယ်။", "မေး။ ။ သက်တမ်းတိုးတဲ့ ၆ လအတွင်းမှာ တိုင်းပြည်မှာ ဘယ်လို အခြေအနေတွေ မြင်ရနိုင်လဲ။", "ဖြေ။ ။ စစ်တပ်ကတော့ အခုအချိန် ဗျူဟာတွေ အမျိုးမျိုးပြုပြင်ပြောင်းလဲ ကျင့်သုံးနေပေမယ့် သူတို့ရဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်က ကျဆင်းနေတော့ သူတို့ရဲ့ ဗျူဟာတွေကတော့ အောင်မြင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ တော်လှန်ရေးတပ်တွေက ဗျူဟာနဲ့ စစ်တိုက်တတ်လာပြီ။ ကျနော်တို့ ဇန်နဝါရီလအတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကို ပြန်လေ့လာကြည့်မယ်ဆိုရင် ဗျူဟာနဲ့တိုက်တဲ့ စစ်ပွဲတွေ များလာပါပြီ။ မြို့နယ်အသေးလေးတွေမှာက အစ ပစ်တဲ့ ခတ်တဲ့ တိုက်ပွဲ ပုံဖော်တာက ဗျူဟာနဲ့ ပုံဖော်တာဖြစ်သွားပါပြီ။ ဒီ ၆ လအတွင်းမှာ စစ်တပ်က အင်အား ကုန်သလောက် ဖြစ်သွားပြီ။ တပ်ဖြန့်ခွဲနိုင်မှု အင်အားက ကုန်သလောက် ဖြစ်သွားပြီ။ ဟိုနားဒီနားထုတ်နုတ်နိုင်တဲ့ အင်အား ကလည်း ကုန်သလောက်ဖြစ်သွားပြီ။ အဲဒီကျတော့ ဒီရှိတဲ့အင်အားနဲ့ ဒီထုတ်ပြန်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာတဲ့ နေရာတွေကို ထိန်းနိုင်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းရည်တွေသည် တက်လာတာနဲ့အမျှ တိုက်ပွဲတွေသည် ပိုမိုပြင်းထန်လာဖို့ ပဲရှိတယ်လို့ ကျနော်က မြင်မိတယ်။ ဒတော်လှန်အဖွဲ့အစည်းတွေ NUG အစိုးရကိုယ်တိုင်က ဒီ ၂၀၂၃ အတွင်းမှာ သူတို့ လုပ်နိုင်တာတွေကို လုပ်မယ်ဆိုတာ ပြောထားတာရှိတယ်။ ဒီ ၆ လအတွင်းမှာ တိုက်ပွဲ တွေ ပြင်းထန်လာနိုင်ပြီးတော့ တော်လှန်ရေး တပ်တွေရဲ့ အရေးသာမှု ပိုမြင်ရဖို့ရှိတယ်လို့ ကျနော်ကတော့ ပြောချင်တယ်။ အဲဒီအတွက်ကြောင့်မို့ ပြည်သူတွေ သတိထားရမှာတွေ လိုက်ပါဆောင်ရွက်ပေးရမှာတွေ အများကြီးရှိတယ်။ ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ စဉ်ဆက်မပြတ် စောင့်ကြည့်ပြီးတော့ လိုက်ပါ ဆောင်ရွက်ဖို့က ပြည်သူတွေအတွက် အရေးပါတယ်။ နောက်ပြီး တော်လှန်ပြည်သူတွေက လုပ်ပေးရမှာတွေကို နှစ်ဆ ပိုတိုးပြီးတော့ လုပ်ပေးဖို့ ပြောချင်ပါတယ်။"]
https://yktnews.com/2024/02/146604/
“စိတ််နာတယ်စစ်တပ်ကို။ အမျိုးသားကို ထွက်ပြေးဖို့ ပြောတော့ သူ့အဖွဲ့အစည်းကို သစ္စာမဖောက်ဘူးဆိုပြီး ပြောခဲ့တာ။ အခုတော့ စစ်တပ်က သူ့ကို သစ္စာ ဖောက်သွားပြီ”
["“စိတ််နာတယ်စစ်တပ်ကို။ အမျိုးသားကို ထွက်ပြေးဖို့ ပြောတော့ သူ့အဖွဲ့အစည်းကို သစ္စာမဖောက်ဘူးဆိုပြီး ပြောခဲ့တာ။ အခုတော့ စစ်တပ်က သူ့ကို သစ္စာ ဖောက်သွားပြီ”", "(ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပျောက်ဆုံး စစ်သည်၏ ဇနီးမှ ပေးစာ)", "ညီမက စကခ ၁၇ လက်အောက်ခံ တပ်တစ်ခုက စစ်သည်တစ်ဦးရဲ့ ဇနီးဖြစ်ပါတယ်။ ညီမမှာ လသားအရွယ် ကလေးလေး မွေးထားတာမကြာသေးပါဘူး။ ညီမ အမျိုးသား(စစ်သည်) က ရှမ်းပြည်မြောက်ပိုင်း၊ ၁၀၅ မိုင်တိုက်ပွဲမှာ ပျောက် ဆုံးတယ်ဆိုပြီး တပ်ဘက်က ပြောပါတယ်။ သေသလား၊ ရှင်သလား မသိသေးပါဘူး။", "မနှစ် ၁၁ လပိုင်းကတည်းပါ။ ၁၂ လပိုင်းမှာ ညီမက အမျိုးတွေဆီကို ခဏပြန်ပါတယ်။ အဲဒီမှာ လိုင်းခန်း အပိတ်ခံလိုက်ရပါတယ်။ ညီမ အမျိုးသားရဲ့ လစာ တစ် ဝက်ဆိုတာကလည်း တပ်ထဲမှာ နေမှ ရမယ်လို့ ပြောပါတယ်။", "တပ်ဘက်က ပြောချင်တာက တပ်ထဲမှာ လာနေပြီး ဖက်ထိပ်လုပ်နိုင်မှ ပျောက်နေတဲ့ ညီမ အမျိုးသားရဲ့ လစာ တစ်ဝက်ကို ရမယ့်သဘောပါ။ တပ်ကိုလှမ်းပြီး အမျိုးသားသတင်းမေးတော့လည်း အဖမ်းခံရတယ်ပဲပြောတယ်။ လစာလိုချင်ရင် တပ်ကိုပဲ ပြန်လာနေဖို့ပဲ ပြောနေတယ်။", "“စိတ််နာတယ်စစ်တပ်ကို။ တပ်က ထွက်ပြေးတဲ့လူတွေကျတော့ ပြန်လက်ခံပြီး တိုက်ပွဲဖြစ်ပြီးပျောက်နေတဲ့အခါကျတော့ ရှာဖွေမှုလည်းမလုပ်ပေးခဲ့ပါဘူး။”", "“ညီမ အမျိုးသားကိုထွက်ပြေးဖို့ ပြောခဲ့တယ်။ သူက သူ့ အဖွဲ့အစည်းကို သစ္စာမဖောက်ဖူးတဲ့။ အခုအဲဒီ သူ့အဖွဲ့အစည်း စစ်တပ်က သူ့ ကိုသစ္စာဖောက်သွားပြီ။”", "အဖမ်းခံရတယ်ဆိုရင်လည်း အခုအချိန်လိုင်းပေါ်မှာ တွေ့ရမယ့်ဟာကို။ တစ်ယောက် တည်း လူကွဲသွားလို့ သေနေလား၊ ဘာလားလဲ မသိဘူး။"]
https://yktnews.com/2023/02/85604/
“တရားမဝင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ခေါင်းစဥ်ဖြင့် ဆန္ဒထုတ်ဖော်
["“တရားမဝင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ခေါင်းစဥ်ဖြင့် ဆန္ဒထုတ်ဖော်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "မကွေးတိုင်းပခုက္ကူမြို့နယ်၊ ပခုက္ကူလူထုတိုက်ပွဲကော်မတီ (PPRC)၊ Be GSC ၊ ဗမာနိုင်ငံလုံး ဆိုင် ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(ဗ.ကသ)နှင့် အများပြည်သူတို့ပူးပေါင်းကာ “တရား မဝင်တဲ့ရွေးကောက် ပွဲလူထုအားဖြင့်တိုက်ဖျက်ကြ” “ဖက်ဆစ်စစ်တပ်အမြစ်ပြတ်”ဟူသော ကြွေးကြော်သံများဖြင့် စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ပခုက္ကူမြို့နယ်၊မြိုင်မြို့ နယ် ဒေသ ကာကွယ်ရေးတပ်များ မှ လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135088/
တာမွေတွင် ဆန္ဒပြလူငယ် ၂ ဦး ပစ်သတ်ခံရမှုကို မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
["“တာယာမီးရှို့ပြီး ကားလမ်းကူး ပြေးတဲ့အချိန်မှာ အရပ်ဝတ်တွေက သေနတ်တွေနဲ့လိုက်ပစ်တာ။ လဲကျပြီး သေနတ်မှန်သွားတဲ့အချိန်မှာလည်း သွေးတွေ ထွက်နေတာတောင် ဘာမှ မလုပ်ဘဲ အကြာကြီး ပစ်ထားတာ။ သွေးထွက်လွန်တာနဲ့တင် သေမယ့်အခြေအနေ”", "တာမွေတွင် ဆန္ဒပြလူငယ် ၂ ဦး ပစ်သတ်ခံရမှုကို မျက်မြင်တွေ့ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်", "By ရန်ကုန်ခေတ်သစ်", "ရန်ကုန်၊ မြို့နယ်တချို့တွင် ယမန်နေ့ညနေပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ကားလမ်းပေါ် တာ ယာ မီးရှို့ဆန္ဒပြကြရာ တာမွေမြို့နယ်၊ သီတာလမ်းထိပ် ဆန္ဒပြပွဲတွင် ဆန္ဒပြ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သဖြင့် ကျဆုံးကာ သပိတ်အဖွဲ့ဝင်လူငယ်တချို့ အဖမ်းခံခဲ့ရသည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူတစ်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။", "မေး။ ။ မနေ့ က တာမွေမှာ လူငယ်တွေ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကို မြင်ခဲ့သလောက်ပြောပေးပါဦး။", "ဖြေ။ ။ ဖြစ်တာက ညနေ ၆ နာရီကျော်ပြီ ၇ နာရီဝန်းကျင်လောက်ရှိမလား မသိဘူး။ အချိန်အတိအကျတော့ မမှတ်မိဘူး။ လူငယ်လေးတွေ ၅ ဦးလောက်ရှိမယ်ထင်တယ်။ ကားလမ်းပေါ်တက်လာပြီး မီးရှို့တယ်။ တာယာကွင်းတစ်လုံးချတယ်။ ပြီးတော့ ချက်ချင်း သူတို့ ပြန်ပြေးသွားတာ။ အဲဒီအချိန် အရပ်ဝတ်တွေနဲ့ လူတွေ ၈ ဦးလောက်ရှိမလားပဲ။", "နေရာပေါင်းစုံက ထွက်လာပြီး နောက်ကနေ လိုက်တာ။ ညာသံပေးလိုက်တာ။ သေနတ်တွေလည်းပါတယ်။ ကားလမ်းမကြီးပေါ်ကနေ လမ်းထဲ မရောက်ခင်မှာ စပစ်တာပဲ။ ဖြစ်တဲ့နေရာက တာမွေရဲစခန်းနဲ့ အတော်နီးတဲ့နေရာမှာ ရှိနေတာ။", "မေး။ ။ ပစ်တော့ ထိသွားလား။", "ဖြေ။ ။ ပစ်တာက ဆက်တိုက်ပဲ။ ပထမ ပစ်ပစ်ချင်း မထိဘူး။ နောက်အချက်တွေမှာ ထိပြီး လူငယ်လေးတစ်ဦးလဲသွားတယ်။ အဲဒီအချိန်က လမ်းပေါ်မှာကားလည်း ရှင်းနေတယ်။ လူတွေလည်း ရှင်းနေတယ်။ ကျနော်မြင်လိုက်တာကတော့ လူငယ် ၁ ဦးထိပြီး လဲသွားတယ်။ အဝေးကနေ လှမ်းကြည့်တာတော့ ကျည်ထိသွားတဲ့ လူငယ်က လှုပ်ကို မလှုပ်တော့ဘူး။ အဲဒီလူငယ်ကို အရပ်ဝတ်တွေက ပစ်ထားပြီး နောက်ထပ် လူငယ်တွေကို ပြေးလိုက်တယ်။ သေနတ်သံတွေလည်း ထပ်ကြားရတယ်။ သေနတ်သံက မရှိဘူးဆိုရင် အနည်းဆုံး ၄ ၊ ၅ ၊ ၆ ချက်ပဲ။", "မေး။ ။ လူငယ် ၂ ဦး သေတယ်လို့ သတင်းတွေသိထားတာ ၁ ဦးပဲ ထိတာ မြင်လိုက်တာလား။", "ဖြေ။ ။ လူငယ် ၂ ဦး ထိတာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ပြေးနေတဲ့ လူငယ်တွေကို နောက်ကနေ သေနတ်နဲ့ ချိန်ပြီး ဆက်တိုက် ပစ်တာ။ ကျနော့်အထင် ရုပ်ရှင်တွေထဲမှာလို ဆက်တိုက် အော်တို အချက်ပေါင်းများစွာ ပစ်လို့ရတဲ့ သေနတ်မျိုးတွေ။ သေနတ်က ဆက်တိုက် ပစ်တာ။ ကျနော်မြင်လိုက်ရတဲ့ လူငယ်တောင် ထိတာနဲ့ ခွေကနဲ လဲကျသွားတာ။ မလှုပ်ဘူး။ အဲဒါကို ပစ်ထားပြီး ထွက်ပြေးတဲ့ အခြားလူငယ်တွေကို ညာသံပေးပြီး လိုက်ပစ်တာဆိုတော့ လူငယ် ၂ ဦး ထိပြီး သေတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။", "ကျနော်မြင်လိုက်တာကတော့ ၁ ဦးတည်း လဲကျသွားပြီး မလှုပ်တော့တာပဲ မြင်တယ်။ သေနတ်သံတွေ ထပ်ကြားရတော့ နောက်ထပ်လူငယ် ၁ ဦး ထပ်ထိပြီး သေတာဖြစ်နိုင်တယ်။ သူတို့ ပြေးလိုက်သွားပြီး ပစ်တာကို ကျနော် လိုက်ပြေးကြည့်လို့မရဘူးလေ။ တကယ်တမ်း ပစ်တဲ့အချိန်မှာ အကုန်လုံး အနားက လူတွေပါ ပြေးကုန်ကြတာ။ ကျနော်က ကားရပ်ထားတာရယ်၊ ကျနော်ရပ်နေတဲ့ နေရာက မြင်ကွင်းကို သေချာမြင်နေရတာရယ်ကြောင့်ပါ။", "မေး။ ။ ဒီဖြစ်စဉ်ကို ဘယ်လိုမြင်လဲ။", "ဖြေ။ ။ လူငယ်လေးတွေမှာ ဘာလက်နက်မှ လည်း မပါဘူး။ တာယာမီးရှို့ ဆန္ဒပြပြီး ထွက်ပြေးတာ နောက်ကနေ အမဲလိုက်သလို အော်တိုသေနတ်တွေနဲ့ပစ်တာ။ အရမ်းရက်စက်တယ်။ လူငယ်လေးတွေက ကျနော့်အထင် ၁၈ နှစ်အောက်လေးတွေ ဖြစ်မယ်။ ၉ တန်း ၊ ၁၀ တန်းကျောင်းသားလေးတွေလောက်ပဲ ဖြစ်မယ်။ အရပ်နဲ့ အရွယ်ကို မှန်းကြည့်ရတာ။ စိတ်ထဲတော့ အဲဒီမြင်ကွင်းက အခုအချိန်အထိ မထွက်သေးဘူး။"]
https://yktnews.com/2024/04/157609/
အယ်ဒီတာ့အာဘော်
["“နှစ်သစ်၏ အဓိဋ္ဌာန်” (သို့မဟုတ်) “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိပါ”", "By ရန်ကုန်ခေတ်သစ်", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံကို အကြမ်းဖက် မင်းအောင်လှိုင်ခေါင်းဆောင်သော ဖက်ဆစ်စစ် တပ်က မတရားအာဏာ လုယူလိုက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူ လူထု ထောင်ပေါင်းများစွာကို လမ်းမများပေါ်တွင် ဦးခေါင်းကို ချိန်၍ ရက်ရက်စက်စက် ပစ်ခတ် သတ် ဖြတ်ခဲ့ကြသည်။", "ပြည်သူလူထုကို သတ်ဖြတ်ရာတွင် မင်းအောင်လှိုင်က “မလုပ်ရဲတာ ဘာတခုမှ မရှိဘူး၊ အကုန်လုပ်ရဲ တယ်” ဆိုသော စကားအတိုင်း ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ရန် အမိန့်ပေးခဲ့သကဲ့သို့ အောက် လက်ငယ်သားများကလည်း “သေရဲတဲ့ ကောင် ထွက်ခဲ့” ဆိုသော လူမိုက်စကားဖြင့် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို စာနာစိတ် ကင်းမဲ့စွာဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြသည်။", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ လက်ရှိ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင် များ၏ ဖက်ဆစ် ဆန်သော အမိန့်များဖြင့် ပြည်သူလူထုအပေါ် အလွန် ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ခြင်း၊ မူကြိုကျောင်း နှင့်ကလေးငယ်များကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများနှင့်INGO ဝန်ထမ်းများကို ကားပေါ်တွင် စုပုံ ပစ်ခတ်သတ်ဖြတ်မီးရှို့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ကြိုး ပေးသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော တေးဂီတဖျော်ဖြေပွဲကို တိုက် လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ရေးပစ်မှတ် မဟုတ် သော မိုင်းတွင်းကို ဗုံးကျဲခြင်း၊ ပြည်သူများကို မုဒိမ်းကျင့်ခြင်း အစရှိသည့် လူမဆန်သော စစ်ရာဇဝတ် မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ကြသည်။", "စစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် ဓာတ်ပုံ၊ ဗီဒီယို သက်သေအထောက် အထားများစွာ ရှိနေပြီဖြစ်ပြီး ဗမာတိုင်းရင်းသားများကိုယ်တိုင် ဗမာစစ်တပ် ၏ ယုတ်မာမှုများကို အပြောမဟုတ်ဘဲ ကိုယ်တိုင် မျက်ဝါး ထင်ထင် မြင်တွေ့၊ ကြုံတွေ့ခံစားကြရသည်။", "မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များက ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေ သည့်တိုင် အောင် ပြည်သူလူထုက ကြောက်ရွံ့သွားခြင်းမရှိဘဲ စစ်အာဏာရှင်စနစ်၊ ဖက်ဆစ် စစ်တပ်ကို အမြတ်ဖြတ်လိုစိတ်များ တစ် နေ့ တစ်ခြား ပိုမိုကြီးထွားလာနေသည်။", "ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်အတူယှဉ်တွဲနေထိုင်ရေးကို လုံး၀(လုံး၀) မလိုလားကြ တော့ဘဲ စစ်တပ်ဖျက်သိမ်းရေး၊ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြသည့် စစ်ရာဇဝတ် ကောင် မင်းအောင်လှိုင်၊ စစ်ခေါင်း ဆောင်များကို အပြစ်ပေး အရေးယူ စီရင်ရန်သာ ဆန္ဒရှိကြတော့သည်။", "စစ်အာဏာရှင်စနစ်နှင့် ဖက်ဆစ်စရိုက်ရှိနေသည့် စစ်တပ်ကို မြန်မာ့မြေပေါ်မှ လုံး၀ ကွယ်ပျောက်ရေး သည် ပြည်သူ လူထု၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်လာသည်။", "မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များသည် ၂ နှစ်နီးပါးကြာမြင့်လာချိန်တွင် ၎င်းတို့ ၏ အာဏာသိမ်းမှု သည် လုံး၀ မအောင်မြင်တော့ဘဲ ပြည်သူလူထုတစ်ရပ်လုံး၏ စစ်အာဏာရှင်နှင့် စစ်တပ် ဆန့်ကျင်ရေး အရှိန်အဟုန် ကြီးထွားလာနေမှုကို စိုးရိမ်ထိတ်လန့် နေကြသည်။ လက်ရှိတွင်လည်း အခြေအနေကို မထိန်းနိုင်သကဲ့သို့ အနာဂတ်တွင်လည်း ထိန်းသိမ်းရန် မလွယ်ကူတော့သည်ကို စစ်ခေါင်းဆောင်များ သိရှိ စိုးရိမ်နေကြပြီဖြစ်သည်။", "၎င်းတို့အတွက် နောက်ဆုံးထွက်ပေါက်ဖြစ်သည့် ၂၀၂၃ ခုနှစ် အမည်ခံ ရွေးကောက်ပွဲကိုလည်း ပြည်သူလူတစ်ရပ်လုံးနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၊ ပြည်တွင်းပြည်ပ မည်သူကမှ လက်မခံကြသည်ကို အကြမ်းဖက်စစ်တပ်က ကောင်း ကောင်း နားလည်သည်။", "လက်နက် နှင့် အာဏာ မာန်တက်ပြီး သဘောထားတင်းမာစွာဖြင့် “မည်သူနှင့်မျှ မဆွေးနွေး”၊ “နိုင်ငံတကာကို အဖက် လုပ်စရာမလို”၊ “မိတ်ဆွေနိုင်ငံ အနည်းငယ်နှင့်သာ ရှေ့ဆက် သွားမည်” ဟု ကြွေးကြော်ခဲ့သော အကြမ်း ဖက် စစ်တပ်သည် ချောင်ပိတ်မိနေပြီဖြစ်သည်။", "ချောင်ပိတ်မိနေသော စစ်ခေါင်းဆောင်နှင့်စစ်တပ်က ယမန်နေ့တွင် ရာသီဥတု ပူပြင်းမှုကို အကြောင်းပြ၍ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်များမှ နေရာရွှေ့ပြောင်း ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ သို့ရာတွင် မည်သည့်နေရာကို ရွှေ့ပြောင်း သည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ သဘောထားပျော့ပြောင်းလိုသည့် အခြေအနေတချို့ကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးလာသည်။", "အာဏာစတင်သိမ်းချိန်က ခါးခါးသီးသီးဖြင့် တွေ့ဆုံဆွေးနွေးရေး သဘောထားတင်းမာခဲ့သော စစ်တပ်က ယခုအခါ တွေ့ဆုံဆွေးနွေးရန်လည်း အသင့်ရှိသည်ဆိုသော သန္ဓေမမှန်သော စရိုက်လက္ခဏာများဖြင့် နိုင်ငံတကာကို လိမ် လည် လှည့်ဖြားမည့် အခြေ အနေများကို ဖန်တီး လာသည်။", "သို့ရာတွင် မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်များနှင့်စစ်တပ် နားမလည်သည်က လက်ရှိတွင် စစ်တပ်အနေဖြင့် အမှန်တကယ် တွေ့ဆုံဆွေးနွေး လိုလျှင်တောင်မှ အချိန်အခါအားဖြင့် များစွာ နောက်ကျခဲ့ပြီးဖြစ်သည်။ ပြည်သူလူထုသည် စစ်တပ်ကို လက်မခံ၊ မမြင်၊ မတွေ့ ၊ မကြားလိုတော့သည်အထိ မုန်းတီးနာကျည်းနေခဲ့ကြပြီဖြစ်သည်။", "မင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်များနှင့် ဖက်ဆစ်စစ်တပ်သည် လူမိုက်၊ လူသတ်ဂိုဏ်းမျှသာဖြစ်ပြီး ဆွေးနွေးပွဲ စားပွဲ၀ိုင်းပေါ် ထိုင် ၍ မြန်မာပြည်သူများနှင့် နိုင်ငံတော်၏ အနာဂတ်ကို နိုင်ငံရေးအရ ဆုံးဖြတ် ဆွေးနွေးခွင့် ရှိသူများမဟုတ်ပေ။", "မတရား အာဏာ လုယူထားသော အကြမ်းဖက်စစ်တပ်အနေဖြင့် နောင်တရ၍ နိုင်ငံနှင့် ပြည်သူကို ကောင်းစေလိုသည့် ဆန္ဒရှိပါလျှင် လုပ်ရန် နည်းလမ်းတစ်ခုသာ ရှိပါသည်။ သိမ်းယူထားသော အာဏာကို လူထုအစိုးရထံ ချက်ချင်းလွှဲပြောင်း၊ စစ်တပ်ကို ဖျက်သိမ်း၍ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ပြည်သူ့ခုံရုံးရှေ့တွင် ဝန်ခံ ပြစ်ဒဏ်စီရင်ခံရန်သာဖြစ်သည်။", "အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများသည် များပြားလွန်းလှပြီး အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအတွက် တရားမျှတမှု အတွက် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကိုယ်တိုင် အသိစိတ်ရှိရှိဖြင့် မိမိကျူးလွန်ခဲ့သော ပြစ်မှုများကို ဝန်ခံ၍ ပြစ်ဒဏ်ခံယူကြရန်သာဖြစ်သည်။", "အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေးဆွေးနွေးဘက်မဟုတ်ဘဲ မပိုင်ဆိုင်သော အာဏာကို လုယူခဲ့သည့် ရာဇဝတ် အပြစ်သား စစ်တပ်သာဖြစ်သည်။ စစ်တပ်သည် ပြည်သူထောင်ပေါင်းများစွာကို နှိပ်စက်ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် လူသတ်စစ်တပ်သာလျှင်ဖြစ်သည်။ လူမျိုးတုန်းသတ်ဖြတ်မှုများကျူးလွန်သော သွေးစွန်းနေသည့် စစ်တပ်သာဖြစ်သည်။", "အကြမ်းဖက်စစ်တပ် မချုပ်ငြိမ်းသမျှ ကာလပတ်လုံး မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ် အဆုံးသတ်ရန် မဖြစ်နိုင်ပေ။ နိုင်ငံတကာနှင့်ကုလသမဂ္ဂအနေဖြင့် နားလည်ရမည်မှာ တွေ့ဆုံဆွေးနွေးရေး စကား၀ိုင်းများသည် မင်းအောင်လှိုင်စစ်တပ်နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေး မြေဩဇာထည့်ပေးသကဲ့သို့ ဖြစ်ပေလိမ့်မည်။", "ဖက်ဆစ် သန္ဓေ အပြည့်ပါသော စစ်တပ်သည် ဘယ်သောအခါမှ စကား၀ိုင်း ဆွေးနွေးပွဲဖြင့် ပြောင်းလဲနိုင်မည့် စစ်တပ် မဟုတ်ပေ။", "“ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုသည့်အတိုင်း ယုတ်မာရိုင်းစိုင်းသော စစ်တပ်သည် ၎င်းအကျပ်အတည်း ကြုံနေချိန် နိုင်ငံ တကာထောက်ခံမှု ရရှိရေး စကား၀ိုင်း၊ ဆွေးနွေးပွဲများကို ဟန်ပြ ၊ လုပ်ပြခြင်းဖြင့် လိမ်လည်လှည့်ဖြားခဲ့ပြီး ဖြစ်သည်။ ထပ်မံလည်း လိမ်လည်လှည့်ဖြားရန် ပြင်ဆင်နေခြင်းဖြစ်သည်။ စစ်တပ်သည် အချိန်တန်လျှင် ပြန်လည် ယုတ်မာရိုင်းစိုင်းရန် ဝန်လေးမည်မဟုတ်ဘဲ မည်သူ့ကိုမှလည်း ဂရုစိုက် နေမည်မဟုတ်ပေ။", "အခြားတစ်ဖက်တွင်လည်း မြန်မာပြည်သူများအနေဖြင့် စစ်တပ်၏ ရက်စက်ယုတ်မာ လူမဆန်သော ကျူးလွန်မှုများကြောင့် ဆုံးရှုံးနစ်နာခဲ့ရသော အသက်များ၊ ဘ၀များ အတွက် သွေးကြွေးဆပ်ရန် လိုလားနေကြသည်။ “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” ဆိုသော စကားရပ်မှာ ပြည်သူလူထု၏ ရင်တွင်းမှ ပေါက်ဖွားလာသော ဆန္ဒစကားလုံးများ ဖြစ်သည်။", "မြန်မာပြည်သူများအတွက် တစ်ခုတည်းသော နိုင်ငံရေးထွက်ပေါက်နှင့် အဖြေမှာ မင်းအောင်လှိုင်နှင့် စစ်ခေါင်း ဆောင်များကို ပြစ်ဒဏ် စီရင်ရေး၊ အကြမ်းဖက်စစ်တပ် ဖျက်သိမ်းရေး မှတပါး အခြားမရှိဘဲ သွေးကြွေးတွင် ဆွေး နွေးစရာ လုံး၀(လုံး၀) မရှိကြောင်း သတိချပ်စေနိုင်ရေး တိုက်တွန်းနှိုးဆော်လိုက်သည်။", "လက်ရှိတွင် မင်းအောင်လှိုင်ရှိနေသော နေပြည်တော်နှင့် ပြင်ဦးလွင်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း၊ အသေခံဒရုန်းများ ဖြင့် လုပ်ဆောင်ခဲ့သဖြင့် မင်းအောင်လှိုင်မှာ သူရှိနေသည့်နေရာကိုပင် မပြောရဲတော့ဘဲ ထွက်ပြေးပုန်းရှောင်နေရသည်။ အာဏာသိမ်းမှု အချိန်ကြာလသည်နှင့်အမျှ မင်းအောင်လှိုင်အတွက် ပြေးစရာ မြေမရှိ ဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#နှစ်သစ်၏ အဓိဋ္ဌာန်#သွေးကြွေးမှာ ဆွေးနွေးစရာ မရှိပါ"]