url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/01/83466/
အရာတော်တွင် ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား
["အရာတော်တွင် ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု ပျူစောထီး ၂၀ ဦးသေဆုံးကြောင်း Bee Fighters Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်တွင် အရာတော်မြို့နယ် သလဲဘာရွာရှိ ပျူစောထီး စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရွာအတွင်းရှိ ပျူစောထီး စခန်းအားလုံး သိမ်းဆည်း မီးရှို့ ရှင်းလင်းကာ ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” ဒီနေ့ ကျွန်တော်တို့ BFRA အဖွဲ့က စမ်းသပ် ထုပ်လုပ်တဲ့ အမည်မဖော်လိုသေးတဲ့ လက်နက်ကြီး ၂ လုံးနဲ့ သွားရောက် စမ်းသပ် ပစ်ခတ်တာ ထင်မှတ်မထားတဲ့ ရလဒ် တစ်ခုဖြစ်ခဲ့ပြီး ပျူစောထီးစခန်း အကုန်နီးပါးမီးလောင်ပြာကြခဲ့တယ်။ ကာကွယ်ရေး အဖွဲ့တွေက အနီးကပ် ဝင်ရောက်တိုက်ခိုက်လို့ သလဲဘာရွာ ပျူစခန်းကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တယ်။ တိုက်ပွဲအတွင်းမှာ ပျူစောထီး ၂၀ ကျော် သေဆုံးပြီး အများပြား ထွက်ပြေးသွားတယ်။ သလဲဘာရွာ ပျူစခန်း လုံးဝကျဆုံးကြောင်း တရားဝင် ကြေငြာလိုက်ပါတယ်” ဟု Bee Fighters Revolution Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Bee Fighters Revolution Army BFRA Wet Let အဖွဲ့ ၁မှ Pro Life ဦးဆောင်ကာ BFRA အဖွဲ့ ၂ မဟာမိတ် သိန်းငှက်ပျောက်ကြားအဖွဲ့နှင့် အရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/87162/
အရာတော်တွင် ဗကသ ကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့် နံပြား ကျွေးမွေ
["အရာတော်တွင် ဗကသ ကျောင်းသားများက ဗိုလ်ချုပ်အောင်ဆန် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့် နံပြား ကျွေးမွေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "အရာတော်တွင် အထက မလဲသာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဗိုလ်ချုပ်အောင်ဆန် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဲပြုတ်နှင့် နံပြား ကျွေးမွေးခဲ့ကြောင်း သိရသည်။", "“အခြားလွတ်လပ်သောနိုင်ငံများ ခြေလှမ်းတစ်လှမ်း လှမ်းလျှင်ကိုယ်က ခြေလေး၊ငါးလှမ်း လှမ်းနိုင်မှတော်ရုံရမယ် ဒီလိုမှမလုပ်ရင် ဟိုလူ့ မျက်နှာချိုသွေးရ ဒီလူ့လာ မျက်နှာချိုသွေးရ ၊ ဖာသည်နိုင်ငံဖြစ်မှာပဲ” ၊ ” ကျောင်းသားတွေနိုင်ငံရေး မလုပ်ရင် သူတောင်းစားတွေ သမ္မတ ဖြစ်ကုန်လိမ့်မယ်” စသည့် ဗိုလ်ချုပ် မိန့်ခွန်းပြောဆိုခဲ့သည့် စာသားများလည်း ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/142113/
အရာတော်နယ်ရှိ စစ်ရှောင်စခန်းသို့ မုန့်ဟင်းခါးနှင့် စာနပ်ရိက္ခာများ ထောက်ပံ့
["အရာတော်နယ်ရှိ စစ်ရှောင်စခန်းသို့ မုန့်ဟင်းခါးနှင့် စာနပ်ရိက္ခာများ ထောက်ပံ့", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း အရာတော်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုသို့ ဗိုလ်အောင်မောင်း(မုဆိုးစစ်ကြောင်း)အဖွဲက တာဝန်ခံ၍ နွေဦးတမာန်တော်လှန်ရေးထောက်ပို့အဖွဲ့(စစ်ကိုင်းအဖွဲ့ခွဲ)မှ မုန့်ဟင်းခါးနှင့် စာနပ်ရိက္ခာများ မြေပြင်ထိတိုက်‌ရိုက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/162811/
အရာတော်နှင့် တောင်သာ မြို့နယ်ရှိ ရဲစခန်း၊ တင့်ကားတပ်ရင်းနှင့် စစ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["အရာတော်နှင့် တောင်သာ မြို့နယ်ရှိ ရဲစခန်း၊ တင့်ကားတပ်ရင်းနှင့် စစ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၁၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ မြို့မ ရဲစခန်းနှင့် အမှတ် ၅၀၀၄ တင့်ကား တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။", "မေလ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့မ ရဲစခန်းမှ ရဲတပ်သားများ ထမင်းစား နားနေချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အရာတော်မြို့ အမှတ် ၅၀၀၄ တင့်ကား တပ်ရင်းရှိ လူပျိုဆောင်ကို လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း ရဲစခန်းမှ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ အမှတ် ၅၀၀၄ တင့်ကား တပ်ရင်းမှ စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket အဖွဲ့က ဦးဆောင်၍ အရာတော်မြို့နယ် ပကဖ၊ တိုက်နယ် ၄ ၊ မုံရွာခရိုင်တပ်ရင်း ၁၉ တို့မှ ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ပြသာဒ်ကြီးရွာနှင့် ဇရပ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ထံမှ သိရသည်။", "မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ပြသာဒ်ကြီးရွာနှင့် ဇရပ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မြင်းခြံခရိုင် အမှတ်၈ တပ်ရင်း – NRDF ၏ Drone တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၈ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်၈ တပ်ရင်း – NRDF ၊ မြင်းခြံခရိုင် အမှတ်၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်၄ တပ်ရင်းနှင့် မလှိုင် ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/147017/
အရာတော်မြို့နယ် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံး
["အရာတော်မြို့နယ် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ် ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ၃၆၉ တပ် မှ အရာတော်ဘက်ကို ထွက်ခွာလားသော အင်အား ၅၀ ခန့်ပါဝင်သော အကြမ်းဖက် စစ်တပ်၏ ခြေလျင်စစ်ကြောင်းအား ၅၀၀၄ တင့်ကားတပ်၏ အနောက်တောင်ဘက် ၁ မိုင်ခန့် အကွာအဝေးရှိ တူးကန် ဘုရားကျောင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ် ၁၉ လက် ၊ လက်နက်ကြီး ၁ လက်ဖြင့် မိနစ် ၃၀ ခန့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း ကြားဖြတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲတပ်ကြပ် စောမင်းဦး သေဆုံးပြီး အရာရှိ ၂ ဦးနှင့် တပ်သား ၂ ဦးသည် အရာတော်မြို့ ဆေးရုံကြီးတွင် သေဆုံးကာ တပ်သား ၇ ဦး မှာ ဒဏ်ရာ အပြင်းအထန်ရရှိ၍ အရာတော်မြို့ ဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း သိရသည်။", "“အဲ့တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေးတွေဘက်က သတင်းအရတော့ စစ်ခွေး ၅ ကောင်သေတယ်။ မြေပြင် သတင်းအရတော့ ၇ ကောင်လို့ သိရတယ်” ဟု Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သား များသည် အထိနာသောကြောင့် လေယာဉ်ပစ်ကူ၊ ၅၀၀၄ တင့်ကားတပ်မှ လက်နက်ကြီး ပစ်ကူများ တောင်းခံကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး သေဆုံးသွားသော အရာရှိများ ၊ တပ်သားများ သယ်ဆောင်ကာ အရာတော်မြို့ ထဲကို ဝင်သွားကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ Special Revolution Force ၊ မိုင်းမင်းသားမြေအောက် ပျောက်ကြားတပ်ဖွဲ့နှင့် မုံရွာခရိုင်တပ်ရင်း (၂၇) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင် ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/125109/
အရာတော်မြို့နယ် ၊ ငွေတွင်းရွာတွင် ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ သေဆုံးပျူစောထီး၏ အသုဘ ချနေစဉ် PDF က ဒရုန်းဖြင့် ဗုံး ကျဲ
["အရာတော်မြို့နယ် ၊ ငွေတွင်းရွာတွင် ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ သေဆုံးပျူစောထီး၏ အသုဘ ချနေစဉ် PDF က ဒရုန်းဖြင့် ဗုံး ကျဲ", "ရန်ကုန်၊ အောက်တိုဘာ ၄", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးကျေးရွာတွင် ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး ခဲ့ကာ အဆိုပါ သေဆုံးသွားသော ပျူစောထီးကို အသုဘချနေစဉ် PDF က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Ngwe Dwin Revolution Force – NDRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၃ ရက် နံနက် ၄ နာရီခန့်တွင် ငွေတွင်းကျေးရွာရှိ ပျူအချင်း ချင်း စကားများ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ရာ ပျူတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရ ပျူကို ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း သေဆုံး သွားခဲ့ ကြောင်း၊ ထိုနောက် သေဆုံးသွားသော ပျူစောထီး၏ အသုဘအခမ်းအနား ပြုလုပ်နေ စဉ် ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး၊ Shar Htoo Waw နည်းပညာ ဒရုန်း လေယာဉ်ငယ်ဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပျူအလောင်းထား ရှိရာ နေရာပေါ်သို့ တည့်တည့်ကျရောက်ခဲ့ကြောင်း သိရသည်။", "“စစ်ခွေးစုနေတဲ့နေရာကို တည့်တည့်ကျတာဆိုတော့ သေဆုံးထိခိုက်မှုကတော့ ရှိနိုင်တယ်ဗျ၊ အတိအကျ တော့ မသိရဘူး၊ ငွေတွင်းရွာဆိုတာက ပျူတွေ ဆိုးသွမ်း နေ တဲ့ရွာ၊ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ ငွေတောင်း၊ မိန်းကလေး တွေဆိုရင် မုဒိမ်းကျင့်တဲ့အထိပါ ဆိုးသွမ်းတဲ့ရွာဗျ၊ ရွာဘေး ပတ် ပတ်လည်မှာ ကင်းတွေ အများကြီးရှိတယ်၊ အင်အားက ၁၀၀ လောက်ရှိ တာ” ဟု Ngwe Dwin Revolution Force – NDRF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ထိုသို့ ဗုံးသီးကျဲချတိုက်ခိုက်နေချိန်အတွင်း မြေပြင်မှ ရဲဘော်များကလည်း လက်နက် ကြီး၊လက်နက်ငယ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် အထိနာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ၆၀ မမ၊ ၄၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Ngwe Dwin Revolution Force- NDRF ၊ MRTF ၊ ကျောက် ဆည်ခရိုင် နဂါးနီ တပ်ရင်း ၁ နှင့် Lighting Drone Force မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- Eagle Brigade (AnyarEagles)တပ်ဖွဲ့၏ ဒရုန်းလေယာဉ်တစ်စီး။"]
https://yktnews.com/2023/02/88921/
အရာတော်မြို့နယ်တွင် PDF တပ်ဖွဲ့များ ခုခံတိုက်ခိုက်နေသော မင်းကျေးရွာကို ရဟတ်ယာဥ်ဖြင့် ထိုးစစ်ဆင်ပြီး ရွာကို စစ်တပ်က မီးတင်ရှို့နေ
["အရာတော်မြို့နယ်တွင် PDF တပ်ဖွဲ့များ ခုခံတိုက်ခိုက်နေသော မင်းကျေးရွာကို ရဟတ်ယာဥ်ဖြင့် ထိုးစစ်ဆင်ပြီး ရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဥ်ပါ အသုံးပြုပြီး ထိုးစစ်ဆင်ကာ ရွာကို စီးနင်း မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အရာတော်မြို့နယ် မင်းရွာကို အင်အား ၂၀၀ ကျော်ဖြင့် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ပြီး ကျေးရွာကို ဝင်ရောက် စီးနင်းသော်လည်း PDF တပ်ဖွဲ့များခုခံ တိုက်ခိုက်မှုကြောင့် ဝင် ရောက် စီးနင်းနိုင်ခြင်း မရှိဘဲ ညနေပိုင်းတွင် အကြမ်းဖက် အကြမ်းဖက် စစ်တပ် က တိုက်ခိုက်ရေး ရဟတ်ယာဥ်များပါ အသုံးပြုပြီး ထိုးစစ်ဆင်ကာ ရွာကို စီးနင်း မီးတင်ရှို့နေကြောင်း သိရသည်။", "” မင်းရွာ က နမသင်း ရဲ့ တောင်ဘက် ၃ မိုင်မှာရှိတယ်။ နမသင်း တစ်ရွာလုံး တောင်ဘက်က မင်းရွာထဲ ဝင်ပြေးတယ်။ နမသင်းအရှေ့ရွာ နဲ့ မင်းရွာ တို့က အရာတော် – ထီးဆောင်းလမ်းပေါ် ရှိတယ်။ စက အင်အား ၂၀၀ ကျော်က နံနက်ကတည်းက မင်းရွာ ကို ဝင်ရှို့ဖို့ လုပ်တာ ဝင်မရတော့ လေကြောင်း နဲ့ ဝင်ရှို့ တာ အခု မင်းရွာ မီးတင်ရှို့ခံရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/03/153529/
အရာတော်မြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသပွဲနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်း ပြုလုပ်
["အရာတော်မြို့နယ်တွင် တော်လှန်ရုပ်ရှင်ပြသပွဲနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်း ပြုလုပ်", "ရန်ကုန်၊မတ် ၂၈", "အရာတော်မြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နှင့် အထက(ခွဲ) ကဲဘာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ရုပ်ရှင်ပြပွဲနှင့် မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ရုပ်ရှင်ပြပွဲတွင် နိက္ကမ ဇာတ်လမ်းတိုနှင့် “The Way “ရုပ်ရှင်များကို ပြသခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို အရေးပေါ်တိုက်တွန်းနှိုးဆော်ချက် ဖတ်ကြားပြခြင်း၊ မိုင်းအန္တရာယ်ကာကွယ်ရေးနည်းလမ်းများဆွေးနွေး တင်ပြခြင်း၊သပိတ်တရားများ ဟောကြားခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134987/
အရာတော်မြို့နယ်တွင် ပျူစောထီးများကို မိုင်းထောင်တိုက်ခိုက်မှု ပျူစောထီး ၃ ဦးသေဆုံး
["အရာတော်မြို့နယ်တွင် ပျူစောထီးများကို မိုင်းထောင်တိုက်ခိုက်မှု ပျူစောထီး ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပျူစောထီးများထွက်လာနိုင်သည့် လမ်းကြောင်း များ၌ မိုင်းထောင်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force – NDRF မှ တာဝန်ခံ ကိုစစ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာမှ ပျူစောထီး ၅ ဦးထွက်လာစဉ် မိုင်း ထိ ပြီး ပျူစောထီးကျော်မိုးမှာ ခြေထောက်ဖြတ်လိုက်ရကြောင်း၊ အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့ တွင် သလဲဘာပျူရွာမှ ပျူစောထီးများ ထွက်ခွာလာစဉ် မိုင်းထိပြီး သလဲဘာရွာ ပျူစောထီးခေါင်းဆောင် တောင်ကြီးသားနှင့် အရာ‌ တော်မြို့နယ် အမှတ် ၁၀ လေ့ကျင့်ရေးတပ်မှ တပ်ကြပ်ကြီး ပိုင်စိုး တို့ သေဆုံးခဲ့ကြောင်း သိရသည်။", "“သူတို့လာနိုင်မယ့်လမ်းတွေမှာ မိုင်းထောင်ထားပြီး ဖြတ်တောက်ထားတာ၊ ၃ ရက်အတွင်း ၃ ဦး သေတယ်၊ ခြေထောက်ဖြတ်လိုက်ရတဲ့ ဒဏ်ရာရတာက ၂ ယောက်ပေါ့၊ စုစုပေါင်း ၅ ဦးထိတာ၊ ၅ ရက်နေ့က အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့သေးတယ်” ဟု Ngwe Dwin Revolution Force – NDRF မှ တာဝန်ခံ ကိုစစ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းတွင်‌ ငွေတွင်းကျေးရွာမှ ပျူစောထီး ဦးပုသည် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းကွင်းအတွင်းဝင်ရောက်လာရာ မိုင်းထိသေဆုံးခဲ့ ကြောင်း၊ အဆိုပါ မိုင်းထောင်ပြီး ဆက်သွယ်ရေးဖြတ်တောက်မှုကို Ngew Dwin Revolution Force – NDRF နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသုံးပြုနေသည့် လက်လုပ်မိုင်းတစ်လုံး။"]
https://yktnews.com/2023/08/119771/
အရာတော်မြို့နယ်တွင် ရဲဘော် ဗိုလ်ငယ်လေး ကျဆုံးခြင်း ၈ လပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
["အရာတော်မြို့နယ်တွင် ရဲဘော် ဗိုလ်ငယ်လေး ကျဆုံးခြင်း ၈ လပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ", "ရန်ကုန်၊ သြဂုတ် ၂၅", "အရာတော်မြို့နယ်တွင် ဇေယျာတိုင်းရဲ့၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ရဲဘော် ဗိုလ်ငယ်လေး ကျဆုံးခြင်း ၈ လပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/170577/
အရာတော်မြို့နယ်တွင် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြ
["အရာတော်မြို့နယ်တွင် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဇွန် ၂၉", "အရာတော်မြို့နယ်တွင် သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့်အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "ယနေ့ဇွန်လ ၂၉ ရက်နေ့တွင် ပတ္တနိက္ကုဇ္ဇန ကံဆောင် သံဃာ့သပိတ်ကို အရာတော်မြို့နယ်ရှိ သံယာတော်များက စတင်လိုက်ပြီး အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပူးပေါင်းဝန်းရံပေးခဲ့ကြောင်း သိရှိရသည်။", "ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ကို ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့မှ သံဃာတော်များ ပူးပေါင်းခဲ့ကာ ဇွန်လ ၂၇ ရက်နေ့တွင် မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် နှင့် ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် အရာတော်မြို့နယ်မှ သံဃာတော်များပါ ပူးပေါင်း ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/112504/
အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့နေ
["အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့နေ", "ရန်ကုန်၊ ဇူလိုင် ၁၁", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က အရာတော်မြို့နယ်ရှိ မလဲသာ၊ ကန်ရင်း နှင့် ညောင်ပင် ရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "” ငကင်းရွာကို မီးရှို့ခဲ့တဲ့ စစ်ခွေး စစ်ကြောင်းက အနောက်မြောက် အတိုင်းတက်ပြီး အရာတော်မြို့နယ်ထဲက မလဲသာ၊ ကန်ရင်းနဲ့ ညောင်ပင် ရွာ ၃ ရွာ ကို ဒီမနက် မီးတင်ရှို့နေတယ်။ ပျက်ဆီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှုတော့ မသိရသေးဘူး။ အကုန်လုံး တစ်ကွဲတစ်ပြား ပြေးနေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်မှ အရာတော်မြို့နယ်အတွင်း ဝင်ရောက် လာခြင်းဖြစ်ပြီး ဝက်လက်မြို့နယ်၊ သမရိုးရွာအနီးတွင် စျေးသည် ၇ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်း ဖြစ်ကြောင်းသိရသည်။", "ယင်းစစ်ကြောင်းသည် လက်ရှိချိန်တွင် သံဘိုတောရ ကျောင်း၌ တပ်စွဲထား​ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/02/89580/
အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၅ ရက်ဆက်တိုက် မီးရှို့၊ စာသင်ကျောင်းနှင့် ဆေးရုံကိုပါ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ဖျက်ဆီး
["အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၅ ရက်ဆက်တိုက် မီးရှို့၊ စာသင်ကျောင်းနှင့် ဆေးရုံကိုပါ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ် ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က အကြမ်းဖက် စစ်တပ်က ၅ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော် သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အရာတော် မြို့နယ်ရှိ မင်းရွာ၊ မလဲသာရွာနှင့် ကန်ရင်းရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့​ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းနှင့် ဆေးရုံကိုပါ စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဆေးရုံအတွင်းရှိ ဆေးပစ္စည်းများကိုပါ စစ်သားများက ဖျက်ဆီးသွားကြောင်း သိရသည်။", "” ကျေးရွာ ၃ ရွာကို စစ်ခွေးတွေက ၅ ရက်ဆက်တိုက် စီးနင်း မီးရှို့သွားတာ ဆေးရုံ နဲ့ စာသင်ကျောင်းကိုပါ ရဟတ်ယာဥ်နဲ့ ပစ်ပြီး ဖျက်ဆီးသွားတာ ဆေးရုံထဲက ဆေးတွေ အကုန်လုံးကိုလည်း ဖျက်ဆီးသွားတယ်။ ပျက်စီးဆုံးရှုံးမှု အခြေ အနေနဲ့ အရေအတွက်ကို အခုထိတော့ အတည်မပြုနိုင်သေးဘူး။ ရှင်းလင်းရေးတွေ လုပ်ဆောင်နေတုန်းပဲ” ဟု အရာတော် သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/04/156760/
အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၊ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က အရာတော်မြို့နယ်ရှိ ဘော်ကုန်း၊ စည်သာနှင့် မကျီးစု ကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများ အတွင်း မဝင်ရောက်မီ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။", "“ဒီနေ့ နံနက် စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေက အရာတော်မြို့နယ်ထဲမှာရှိတဲ့ ဘော်ကုန်း၊ စည်သာနဲ့ မကျီးစု ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာထွက်ပြေးနေရတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ ထိခိုက်မှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ အကုန်လုံးက တစ်ယောက် တစ်နေရာပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အရာတော်မြို့နယ်#စစ်တပ်က စစ်ကြောင်းထိုး#နေအိမ်များကို မီးရှို့ #ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး"]
https://yktnews.com/2024/04/156927/
အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲမှု တိုက်နယ်ဆေးရုံ ဆရာဝန် ၁ ဦးသေဆုံး
["အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲမှု တိုက်နယ်ဆေးရုံ ဆရာဝန် ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၄", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲရာ တိုက်နယ်ဆေးရုံ ဆရာဝန် ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် အရာတော်မြို့နယ်၊ တောင်ဘက်ခြမ်းရှိ မလဲသာရွာ၊ ကန်ရင်းရွာ ညောင်ပန်သာရွာ ၃ ရွာကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲခဲ့ကြောင်း၊ အဓိက အားဖြင့် တိုက်နယ် ဆေးရုံကို အဓိကထား ဗုံးကျဲသဖြင့် ဆေးရုံမှ ဆရာဝန် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က အရာတော်မြို့နယ်ရှိ ကျေးရွာများကို ရဟတ် ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "“မလဲသာဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တွေကို ရွေးပြီး ရဟတ် ယာဉ်နဲ့ ပစ်ခတ်ရခြင်းက ဧ​ပြီလ ၁၂ ရက်နေ့ ကမ်းဖြူတိုက်ပွဲမှာ စစ်သားတွေ သေဆုံးတာကြောင့်ပါ။ တိုက်ပွဲမှာ ဒဏ်ရာရ PDF တွေ ဆေးရုံနဲ့ ကျောင်းမှာ ဆေးကုသနေတယ်ထင်ပြီး လာရောက်ပစ်ခတ်သွားတာပါ။ ကန်ရင်းကျေးရွာက အိမ်တွေလည်း အပျက်အစီးများတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "ယင်းနောက် စစ်ကောင်စီ၏ Mi17 ထောက်ပို့ရဟတ်ယာဉ်ဖြင့်လည်း စစ်သားများကို အခေါက်ခေါက် အခါခါ ချထားပေးပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- Mi35 ရဟတ်ယာဉ်များပါဝင်သော စစ်ကောင်စီ၏ စစ်ရေးလေ့ကျင်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အရာတော်မြို့နယ်#တိုက်နယ်ဆေးရုံ"]
https://yktnews.com/2023/04/96388/
အရာတော်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["အရာတော်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၈", "စစ်ကိုင်းတိုင်း၊ အရာတော် မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို တမာရင်ခွင် လူမှုကူညီရေးအသင်းက ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ အသားတုနှင့် အဝတ်အထည်များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/105147/
အရာတော်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["အရာတော်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မေ ၃၀", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ တောင်မွှာရွာရှိ စစ်ဘေးရှောင် ပြည်သူများကို တမာရင်ခွင် လူမှုကူညီရေးအသင်းက ယနေ့ မေလ ၃၀ ရက်နေ့တွင် စားသောက်ကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။", "တောင်မွှာရွာရှိ အိမ်ခြေ ၁၄၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ကြက်သွန်နှင့် အသားတု စသည့် ရိက္ခာ ၆ မျိုးကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89576/
အရာတော်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တိုက်ခိုက်မှု စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦးသေဆုံး
["အရာတော်မြို့နယ်ရှိ ပျူစောထီးစခန်းများကို တိုက်ခိုက်မှု စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း၌ အကြမ်းဖက်စစ်တပ်မှ အင်အား အလုံး အရင်းဖြင့် စစ် ကြောင်းထိုးနေချိန် နောက်တန်းတွင် အင်အားနည်း နေ သော ပျူစောထီးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ စစ် တပ်မှ အရာရှိ တစ်ဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးပြီး စခန်းတချို့ကိုဖျက်ဆီးနိုင်ခဲ့ ကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်မှ အရာတော်မြို့ နယ်တောင်ပိုင်းကို လေ ကြောင်းစစ်ကူပေးကာ မြေပြင်မှ အင်အား အလုံးအရင်း ဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်နေရာ အင်အား နည်းပါးစွာကျန်ရှိနေသည့် နောက် တန်းပျူစောထီးစခန်းများဖြစ်သော စပါးတွင်းကျေးရွာ၊ နောင်ကြီးအိုင် ရဲစခန်း၊သစ်ကျင်းကြီးကျေးရွာပျူစောထီးစခန်းတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၃ ရက် ညနေ ၆ နာရီခန့်က အရာတော်မြို့နယ်၊ စပါးတွင်း ကျေးရွာ ပျူစောထီးခစန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၉ PDF တပ်ရင်းနှင့် မဟာမိတ်တော် လှန်ရေးအင်အားစု များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကျေး ရွာ အ တွင်း ဓားစာခံအဖြစ် အသုံးပြုခံရသော ပြည်သူများကို ကယ်ထုတ် နိုင်ခဲ့ ပြီး ပျူစော ထီးစခန်းတချို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် အရာတော်မြို့ နယ် နောင်ကြီးအိုင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲစခန်း ကိုလည်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်နယ် ၁၊ ၂၊ ၆ ၊ ၈ ရဲဘော်များက ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။", "ထို့ပြင်ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် အရာတော်မြို့နယ် အ မြောက် တပ် ၃၆၉ တပ်ရင်းအနီးရှိ သစ်ကျင်းကြီးကျေးရွာ ပျူစောထီး ခြေကုပ် စခန်းကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာ ခရိုင် အမှတ်၆ PDF တပ်ရင်း နှင့် မုံရွာခရိုင်အမှတ်၁၉ PDF တပ်ရင်းပူးပေါင်းတပ်ဖွဲ့က ဝင် ရောက် စီး နင်းတိုက်ခိုက်ခဲ့ရာ စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/155498/
အရာတော်မြို့နယ်ရှိ ပျူစောထီးများ အထိုင်ချတပ်စွဲထားသော သလဲဘာရွာကို လက်နက်ကြီး အလုံး ၂၀၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၈ ဦးထက်မနည်းသေဆုံး
["အရာတော်မြို့နယ်ရှိ ပျူစောထီးများ အထိုင်ချတပ်စွဲထားသော သလဲဘာရွာကို လက်နက်ကြီး အလုံး ၂၀၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၈ ဦးထက်မနည်းသေဆုံး", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ပျူစောထီးများ အထိုင်ချတပ်စွဲထားသော သလဲဘာရွာကို လက်နက်ကြီး အလုံး ၂၀၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အရာတော်မြို့နယ် အတွင်းရှိ ပျူစောထီးများ အထိုင်ချ တပ်စွဲထား‌သော သလဲဘာရွာကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက For July 16 စစ်ဆင်ရေး အဖြစ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း သလဲဘာ ပျူစောထီးရွာ မီးလောင်ခဲ့ပြီး ပျူစောထီး ၈ ဦးထပ်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း၊ ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ ၊ ၈၀ မမ ၊ Rocket များ စုစုပေါင်း အလုံးရေ ၂၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် အနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) ၊ ဒေါင်းပျောက်ကျားတပ်ဖွဲ့ ၊ တွေ့မရှောင် ပြည်သူကာကွယ်ရေး တပ်ဖွဲ့၊ အညာမြေ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ (ကျောက်ပန်းတောင်း) နှင့်တူ တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ပြည်သူများ အနေဖြင့် မုံရွာ – ချောင်းဦး – မြင်းမူ – စစ်ကိုင်း အဝေးပြေးလမ်းမကို အရေးမကြီးလျှင် အသုံးမပြုကျရန်နှင့် အရေးကြီး ကိစ္စရပ် ရှိပါက အဖွဲ့အစည်းများကို ချိတ်ဆက် သတင်းပေးပို့ပြီး သွားကြရန် Snipe Rangers Force (Local – PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/04/157560/
အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့မ ရဲစခန်းနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့မ ရဲစခန်းနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်၊ မြို့မ ရဲစခန်းနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရာတော်မြို့ အမှတ် ၁၀ စစ် အခြေခံ လေ့ကျင့်ရေးတပ်နှင့် အရာတော်မြို့မ ရဲစခန်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းကို ကျရောက်ခဲ့သော ဗုံးသီးသည် သစ်ပင်နှင့် တိုက်မိ၍ မိုင်းချို့ယွင်းမှုဖြစ်ကာ ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။", "အလားတူ ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ်၊ သစ်ကျင်းကျေး‌ရွာ၌ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ အခြေပြု တပ်စွဲထားသော စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၂ လုံးကို ဒရုန်းဖြင့် ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေး၊ BGS Ayadaw Drone Force နှင့် Ayadaw Rocket ၊ အရာတော်မြို့နယ် ပကဖ၊တိုက်နယ် အမှတ်‌ ၄/၈ ရဲဘော်များ၊ တိုက်နယ် အမှတ် ၄/၁၁ ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့ နှင့် ဒေသခံရဲဘော် တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/178585/
အရာတော်မြို့နယ်ရှိ ၅၀၀၄ တင့်ကားတပ်ရင်းနှင့် ယင်းမာပင်မြို့နယ်ရှိ အောင်ဇေယျ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["အရာတော်မြို့နယ်ရှိ ၅၀၀၄ တင့်ကားတပ်ရင်းနှင့် ယင်းမာပင်မြို့နယ်ရှိ အောင်ဇေယျ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၂", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၀၄ တင့်ကားတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BGS Drone Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၀ ရက်နေ့တွင် အရာတော်မြို့နယ်၊ ၅၀၀၄ တင့်ကားတပ်ရင်းအတွင်း အင်အား ဖြည့်တင်းရန် အကြမ်းဖက် စစ်သား ၄၀ ခန့် ရောက်ရှိနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်း ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings Drone များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ နေထိုင်သည့် ဘန်ကာ ၁ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်သားနှင့် ရဲများလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ULF (စစ်ကြောင်း) နှင့်အတူ KLG PDF (ဗျူဟာ အမှတ် ၄၅) ၊ PDA (ယင်းမာ ပင်ခရိုင် တပ်ရင်း ၃၅) ၊ B 21 PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) ၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ (ယင်းမာပင်ခရိုင် တပ်ရင်း ၂၇) ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၆ (တပ်ခွဲ ၂) နှင့် ဘိုးတော်နီတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အောင်ဇေယျကုန်းရှိ အကြမ်းဖက် စစ်သားများက အနီးအနားရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193352/
အရာတော်မြို့နယ်အတွင်းရှိ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ စွမ်းရည် ပြိုင်ပွဲများ၊ကျောင်းသားနိုင်ငံရေးဆွေးနွေးခြင်းများနှင့် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပြုလုပ်
["အရာတော်မြို့နယ်အတွင်းရှိ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ စွမ်းရည် ပြိုင်ပွဲများ၊ကျောင်းသားနိုင်ငံရေးဆွေးနွေးခြင်းများနှင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်", "ရန်ကုန်၊နိုဝင်ဘာ ၂၅", "အရာတော်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်း၊မြင်းမူမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများတွင် ၅/အရတ အရာတော်လူထုသပိတ်၊မြင်းမူမြို့နယ်သပိတ်တက်ကြွလှုပ်ရှားသူများ အတူပူးပေါင်းဦးဆောင်၍ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ စွမ်းရည် ပြိုင်ပွဲများနှင့် ကျောင်းသားနိုင်ငံရေးဆွေးနွေးခြင်းများ၊ ကျောင်းတွင်း အားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ရဲဘော်များလည်း ပူးပေါင်းဝန်းရံ ခဲ့ကြပြီး ကျောင်းသား ကျောင်းသူများကို အမျိုးသား‌နေ့ ဖြစ်‌‌ပေါ်လာပုံ၊ ကျောင်းသားသမိုင်းများ‌ပြောကြား၍ ကျောင်းသူကျောင်းသူများကို ကျောင်းသားနိုင်ငံရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/84832/
အရာတော်မြို့နယ်၊ ကြွေပုဂံရွာမှ သံဃာ​တော်တစ်ပါးကို ​ထောင်ဒဏ် ၁၁ နှစ်နှင့် ပန်းသည်တစ်ဦးကို ​ထောင်ဒဏ် ၂၂ နှစ် စစ်ကောင်စီက ချမှတ်
["အရာတော်မြို့နယ်၊ ကြွေပုဂံရွာမှ သံဃာ​တော်တစ်ပါးကို ​ထောင်ဒဏ် ၁၁ နှစ်နှင့် ပန်းသည်တစ်ဦးကို ​ထောင်ဒဏ် ၂၂ နှစ် စစ်ကောင်စီက ချမှတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းတိုင်း၊ အရာမြို့နယ်၊ ကြွေပုဂံကျေးရွာမှ သံဃာ​တော် အရှင်အမရ သီရိနှင့် ပန်းရောင်းသည့် ဦးအောင်ရွှေတို့ ကို အကြမ်းဖက်စစ်ကောင်စီက နှစ်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း အရာတော်ပို့စ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဆရာတော် အရှင်အမရသီရိသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ကြွေပုဂံကျေးရွာမှ အရာ တော်မြို့သို့ ကပ္ပိယတစ်ဦးနှင့်အတူ ဆိုင်ကယ်ပြင်ရန် လာရောက်စဉ် အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းခံရပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မုံရွာမြို့ အကြမ်းဖက်စစ်ကောင်စီ တရား ရုံး က ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ဖမ်းဆီးခံရသည့် ကြွေပုဂံရွာခံရွာက ဦးဇင်းတစ်ပါးနဲ့ ရွာသားတစ်ဦးကို အရာတော်မြို့မှခဏချုပ် ထား ပြီးတော့ မုံရွာထောင်ကို ပို့လိုက်တာ၊ မုံရွာရောက်သွားတော့လလည်း မိသားစုတွေတွေ့ခွင့်မရဘူး။ အမိန့်မချခင် ရုံးထုတ်ရက် တစ်ရက်နဲ့ အမိန့်ချပြီးတော့ တစ်ရက်ပဲတွေ့ခွင့်ရခဲ့တာ၊ အခုတော့ မန္တလေးအိုးဘိုထောင်ပို့ လိုက်ပြီ”ဟု မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။", "အလားတူ အရာတော်မြို့နယ်၊ ကြွေပုဂံကျေးရွာသား ပန်းဆိုင်ဖွင့်ထားသူ ဦးအောင်ရွှေသည် လွန်ခဲ့သော ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နေအိမ်မှ အရာတော်မြို့မဈေးရှိ ၎င်း၏ ပန်းဆိုင်သွားသို့ သွားရောက်စဉ် စခတ ၁၀ တပ်ရှေ့အရောက်ဖမ်းဆီးခြင်းခံခဲ့ရပြီး မုံရွာမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "စစ်တပ်က အရှင်အမရ သီရိနှင့် ဦး​အောင်​ရွှေတို့ကိုသက်သေခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတရားရုံးက ပုဒ်မ ၅၂ ၊ ၅၀၅ နှင့် ၅၀ ည တို့ဖြင့် အသက် ၃၅ နှစ်အရွယ် အရှင်အမရသီရိကို ထောင်ဒဏ် ၁၁ နှစ်နှင့် အသက် ၅၄ နှစ်အရွယ်ဦးအောင်ရွှေကို ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/05/214005/
အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာ သယ်ဆောင်ရန် ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
["အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာ သယ်ဆောင်ရန် ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး", "ရန်ကုန်၊ မေ ၉", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာ သယ်ဆောင်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "မေလ ၈ ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာသယ်ဆောင်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲသည် ၄ နာရီ ကျော်ကြာမြင့်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ စစ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အရာတော် လေ့ကျင့်ရေး ၁၀ မှ အင်အား အများအပြားဖြင့် တပ်ကူ ရောက်ရှိလာသည့်အတွက် တော်လှန်ရေး ရဲဘော်များက ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက အင်အား ၅၀ ပါ။ တိုက်ပွဲမှာတော့ စစ်ခွေး ၁ ကောင်သေတယ်။ အဲ့တာ နောက်ဆုံးရတဲ့ သတင်းပါ။ စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတော့ မရှိပါဘူး” ဟု Ngwe Dwin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၂၁) တပ်ရင်း နှင့် တိုက်နယ်(၉၊၁၀၊၁၁) တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119953/
အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဩဂုတ် ၂၇", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီ တပ်ရင်း)မှ ဒုတပ်ရင်းမှူး က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၂၆ ရက် ည ၁၀ နာရီခွဲခန့်က မူးရူးသောက်စားကာ အိပ်ပျော်နေသော ငွေတွင်း ကျေးရွာ စခန်းကို ဒရုန်း ၂ စီးဖြင့် ၄ ကြိမ်ပျံသန်းကျဲချခဲ့ရာ ပျူစောထီးများအိပ်နေရာ ပင်မဆောင်ခေါင် မိုးပွင့် ထွက်သွားပြီး ထပ်မံဗုံးကျဲချမှုကြောင့် အိပ်ပျော်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိ မှန်သေဆုံးကာ အဆောက်အအုံအတွင်းပိုင်းပါ ပျက်စီးခဲ့ပြီး ၃၀ ခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိ ကြောင်း သိရသည်။", "“အင်အား ၃၀ လောက်သေတယ်၊ ဘာကြောင့် အဲလောက်သေရလဲဆိုတော့ သူတို့ မူးရူးသောက်စားပြီး တော့ ပျူစခန်းရဲ့ ပင်မဆောင်ထဲမှာ အိပ်သွားတာ၊ ကျနော်တို့ကလည်း သူတို့အိပ်တဲ့အချိန်ကို စောင့်နေ တာ၊ အဲဒီပင်မဆောင်ကို အချလိုက်တယ်၊ ပင်မဆောင်ထဲမှာ ဝရုန်းသုန်းကားနဲ့ ၂၀ ကျော်လောက်သေ သွားတာ၊ တစ်ချို့တွေက ဘန်ကာတွေထဲ ဝင်ပြေးတာ၊ အဲဒီဘန်ကာတွေထဲကို ထပ်ချခဲ့တာ၊ ဘန်ကာ ထဲမှာလည်း ၄ ကောင်ထပ်သေတယ်၊ အဲဒါတွေကြောင့် စုစုပေါင်း ၃၀ လောက်ဖြစ်သွားတာ၊ ဒဏ်ရာရ တာလည်းများတယ်၊ ဒဏ်ရာရနေတဲ့သူတွေကိုတော့ အရာတော်ဆေးရုံမှာ ဆေးကုနေတယ်လို့ သတင်း ရထားတယ်၊” ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီ တပ်ရင်း)မှ ဒုတပ်ရင်းမှူး က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့မှဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း-၁(နဂါး နီတပ်ရင်း)၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagles Guerilla Force (ဗိုလ်ကောက်ရိုးအဖွဲ့)၊ ဆားတောင် မိုး ကြိုး (Local PDF)၊ Lighting drone force၊ အောင်သပြေ LPDF ၊ မင်းရွာကြီး MRTF LPDF ၊ မိုးညို LPDFတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ကျွန်တော်တို့ ချတာက တစ်ခါချရင် ၂ လုံးကို အပေါ်အောက်တပြိုင်တည်းချတာ၊ ပထမ တစ်လုံးကခေါင်း မိုးကို ဖောက်ဝင်သွားတယ်ဆိုရင် နောက်ကတစ်လုံးက အဲဒီဖောက်ဝင်သွားတဲ့နေရာကနေက အထဲကို ကျပြီးပေါက်ကွဲတာ၊ စက္ကန့်က ဘယ်လောက်မှ မခြားဘူး၊ ရှေ့ဆင့်နောက်ဆင့်ပုံစံမျိုးသွားတာ၊ ကျနော် တို့ဗုံးသီးက တစ်ပိဿာခွဲလောက်ရှိတော့ တော်ရုံတန်ရုံလေလောက်နဲ့ နေရာပြောင်းမသွားနိုင်ဘူး၊ အဲဒါကြောင့် အထဲမှာ အိပ်ပျော်နေတဲ့ကောင်တွေ အများကြီးသေသွားတာ” ဟု ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီ တပ်ရင်း)မှ ဒုတပ်ရင်းမှူး က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/12/134802/
အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ ပျူစောထီးများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ စစ်ကောင်စီ တပ်များကို ပစ်ခတ် တိုက်ခိုက်
["အရာတော်မြို့နယ်၊ ငွေတွင်းရွာရှိ ပျူစောထီးများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ စစ်ကောင်စီ တပ်များကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးကျေးရွာကို ဒရုန်း၊ မိုင်း၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန် ခံလွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၅ ရက် နံနက် ၆ နာရီခန့်က အရာတော်မြို့နယ်၊ ငွေတွင်းပျူရွာစခန်းကို “Shar Htoo WAW”နည်းပညာမြင့် တိုက်ခိုက်ရေး Fixed Wings Drone များ ဖြင့် Air Bomb ၇ လုံး ကျဲချ တိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ ကျဲချပြီးနောက် အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၂၀ ခန့်သည် Fixed Wings Drone များ၏ လမ်းကြောင်း အတိုင်း လိုက်လာခဲ့ရာ အသင့်စောင့် ကြိုနေသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။", "“နေပြည်တော်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံးလာကျဲသွားတာ၊ ကျနော်တို့ ရဲဘော်တွေနဲ့ ဆိုရင် လယ်ကွက် ၃ ကွက်လောက်ပဲခြားတာ၊ နောက်ကနေလည်း စစ်ခွေးတွေ လိုက်လာလို့ ပြန်လည် တိုက်ခိုက်ရတာနဲ့ဆိုတော့ ဒရုန်း ၄ စီးဆုံးရှုံခဲ့တယ်၊ ရဲဘော်တွေအားလုံးကတော့ ကံကောင်းလို့ ဘာမှ မဖြစ်ခဲ့ဘူး” ဟု စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန် ခံ လွင်ဂူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် နေပြည်တော်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပစ်ကူရောက် ရှိလာပြီး ပေါင် ၂၀၀ ဗုံးတစ်လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း၊ ပြန်လည်ဆုတ်ခွာလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနောက် သို့ ထပ်မံလိုက်လာသည့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို အသင့်ပြင်ဆင်ထားသော ပဒေသာ တိုက်မိုင်းများဖြင့် လည်းကောင်း၊ Faw ကားဖြင့် စစ်ကူရောက်လာသော စစ်သား၊ ပျူစောထီးများကို ပဒေသာမိုင်းပွိုင့် ၃ ပွိင့်ဖြင့်လည်းကောင်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးအဖွဲ့မှ ဒု ခေါင်း ဆောင်အပါအဝင် ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် များလည်း ပွန်းပဲ့ထိခိုက်ဒဏ်ရာ အသေးစားရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF/MSDF ၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း – MMU PDF တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ ၊ တပ်စု ၇ ၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း နှင့် မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Fixed Wings Drone ၄ စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့၌ တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ YOUNG WOLF Local PDF အဖွဲ့နှင့် တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/201259/
အရာတော်မြို့နယ်၊ စစ်တပ်ထောက်ခံသော မိသားစုများမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးကို စစ်တပ်စစ် ကြောင်းက သတ်ဖြတ်ပြီး PDF အလောင်းများဟု ဝါဒဖြန့်
["အရာတော်မြို့နယ်၊ စစ်တပ်ထောက်ခံသော မိသားစုများမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးကို စစ်တပ်စစ် ကြောင်းက သတ်ဖြတ်ပြီး PDF အလောင်းများဟု ဝါဒဖြန့်", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာတွင် စခန်းချနေသော စစ်တပ်စစ်ကြောင်းက ၎င်းတို့ ထောက်ခံသည့် မိသားစုမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အရွယ် လူငယ် ၂ ဦးအပါအဝင် ရွာ သား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး PDF အလောင်း ၃ လောင်းရရှိသည်ဟု ဝါဒဖြန့်နေကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ အနီးရှိတောတိုက်ထဲတွင် နေထိုင်သူ သစ်ကျင်းကြီးရွာသား၊ စစ်တပ်ထောက်ခံသူ အသက် ၁၄ နှစ် အရွယ် မောင်ဝတုတ်၊ အသက် ၁၆ နှစ်အရွယ် စန်းသူချစ်နှင့် အသက် ၄၀ အရွယ် ဦးဖိုးဇော် တို့မှာ သစ်ကျင်းကြီးကျေးရွာအတွင်း ရေချိုးပြန်စဉ် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များက ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှ သေဆုံးသွားကြောင်း သိရသည်။", "“ သေတဲ့သူ ၃ ဦးက သူတို့ကို ထောက်ခံတဲ့ သူတွေ၊ သူတို့ ၃ ယောက်က သစ်ကျင်း ကြီးရွာအပြင်ဘက်က တောထဲမှာနေတာပေါ့၊ ရွာနားလေးပဲ။ အဲဒီ ၃ ယောက်က ရွာထဲကို ရေပြန်ချိုး တဲ့အချိန် PDF တွေလာပြီဆိုပြီး သတင်းမှားပေးထားတာရှိတော့ ပျူကင်းပုန်းကနေ PDF တွေဆိုပြီး မှားပစ်လိုက်တာ၊ အဲဒီမှာသေသွားတာ၊ အဓိကတော့ သူတို့အချင်းချင်း သတင်းမှားပေးတဲ့ ပုံစံမျိုးနဲ့ ပစ်ခံလိုက်ရတာပေါ့၊ ဒါကို ကျနော်တို့ PDF တွေပါဆိုပြီးတော့ တင်ထားတာ။ သူတို့အချင်း ချင်း အမှားလုပ်တာကို ဖုံးတာပေါ့။” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "သို့ရာတွင် စစ်ကောင်စီက သေဆုံးသူများမှာ PDF များဖြစ်သည်ဟု စစ်လော်ဘီ တယ်လီဂရမ်များတွင်ဝါဒဖြန့်ကြောင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးရွာ၊ ပြည်သူ့ စစ်စခန်းကို အကြမ်းဖက် PDF များက လက်လုပ်စိန်ပြောင်းဖြင့် လာရောက်ပစ်ခတ်မည်ဖြစ်မည်ဟု တိကျစွာ သတင်းရရှိခဲ့၍ ကင်းပုန်းဝပ် စောင့်ဆိုင်းပစ်ခတ်ခဲ့ရာမှ PDF အလောင်း ၃ လောင်း၊ လက်လုပ် ပစ္စတို ၁ လက်၊ အိုင်ကွန် ၁လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းအမှားများ ဝါဒဖြန့်ထားသည်။", "“ဘာတိုက်ပွဲမှလည်းမရှိဘူး။ ဘယ်သူမှလည်းသွားမတိုက်ကြဘူး။ သူတို့ကို ထောက်ခံနေတဲ့ ပြည်သူ တွေပဲ၊ ဖြစ်တာက နေ့လည် ၁ နာရီခွဲလောက်ဖြစ်သွားတာ၊ အခုလိုမျိုး စကစက သူတို့ကို ထောက်ခံ တဲ့ ပြည်သူတွေကိုလည်း သတ်ဖြတ်နေတာ၊ သူတို့ကို ထောက်ခံနေတဲ့ ပြည်သူတွေ၊ ပျူစောထီးတွေ ရဲ့ မိသားစုကိုယ်တိုင်တောင် လုံခြုံမှုမရှိဘူးဖြစ်နေတယ်၊ ဒါကြောင့် ဘုံရန်သူကို မြင်ပြီး ပြည်သူလူထု နဲ့ ပူးပေါင်းစေချင်တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။", "လတ်တလော အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား စစ်ရေး တင်းမာလျက်ရှိပြီး စစ်တပ်က အရာတော်မြို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် လုံခြုံရေး တင်းကျပ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107667/
အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို စစ်တပ်က တတိယအကြိမ်မြောက် မီးဝင်ရှို့နေ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီး မီးရှို့
["အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို စစ်တပ်က တတိယအကြိမ်မြောက် မီးဝင်ရှို့နေ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီး မီးရှို့", "ရန်ကုန်၊ ဇွန် ၁၅", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို စစ်တပ်က တတိယအကြိမ်မြောက်အဖြစ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇွန်လ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် စစ်တပ်က မကျီးစောက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး တတိယအကြိမ်မြောက် မီးတင်ရှို့ကြောင်း၊ ပထမအကြိမ် မီးရှို့မှုနှင့် ဒုတိယအကြိမ် မီးရှို့မှုတို့တွင် ကျန်ရစ်ခဲ့သော နေအိမ်များကို ထပ်မံ၍ စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ ဒေသပြည်သူများမှာ ရွာအနီးဝန်းကျင်တွင် နေထိုင်နေကြရာ စစ်တပ် ဝင်ရောက်လာသဖြင့် ထပ်မံ ထွက်ပြေးနေရကြောင်း သိရှိရသည်။", "“အရာတော်မြို့နယ် မကျီးစောက်ကျေးရွာ ၃ ကြိမ်မြောက်မီးရှို့နေတယ်။ ဒီနေ့မနက် ၅ နာရီလောက်ဝင်လာပြီး မီးရှို့နေတာ။", "တိုက်ပွဲမဖြစ်ဘဲ ဝင်ရှို့တာ။ ၃ ကြိမ်မြောက်ဝင်ရှို့တာဆိုတော့ ပြည်သူတွေလည်း အတော်ကို ဒုက္ခရောက်နေကြပြီ။ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါး စားနပ်ရိက္ခာကူပေးကြပါ။ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က မေလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း ဒုတိယအကြိမ်အဖြစ် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ရွာရှိ ပြည်သူ တစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ မကျီးစောက်ရွာသည် အိမ်ခြေ ၆၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း ၊ ပထမအကြိမ်အဖြစ် အကြမ်းဖက် စစ်တပ်က ယခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/149062/
အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာတွင် စစ်ကား ၂ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်ကားတစ်စီး ပျက်စီး
["အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာတွင် စစ်ကား ၂ စီးကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်ကားတစ်စီး ပျက်စီး", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝါးတန်းကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံပြားကာ ကား ၁ စီးပျက်စီးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ၄ ရက် နံနက် ၅ နာရီ ၁၆ မိနစ်ခန့်က မုံရွာမြို့ဘက်မှ စစ်ကား ၂ စီး၊ အရာတော်မြို့ ဘက်မှ စစ်ကား ၂ စီးတို့ ထွက်လာပြီး မုံရွာ – အရာတော် လမ်းမပေါ်ရှိ ထူးရာရသေ့ကျောင်းအနီး၌ အပြောင်းအလဲ ပြုလုပ်ကာ အရာတော်မြို့ဘက်သို့ ပြန်ထွက်လာသည့် သံပြားကာ ကား ၂ စီးကို ဝါးတန်းကျေးရွာစာသင်ကျောင်းအနီးမှ စ၍ မန်းကျီးသုံးပင်ကျေးရွာအထိ ပဒေသာမိုင်းပွိုင့် ၃ နေရာ၊ မိုင်းပွိုင့် ၁၅ နေရာတို့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကိုက် ၅၀ အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး ကားပေါ်ပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်လိုက်ပါလာသော အကြမ်းဖက်တပ်သားများက လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူ့ကား ၃ စီးကို ချောဆွဲ၍ ဓားစာခံ ခေါ် ဆောင်သွားခြင်းများပြုလုပ်ခဲ့သည့်အပြင် ၅၀၀၄ တင့်ကားတပ်မှ တင့်ကားတစ်စီးရောက်ရှိလာပြီး ပျက်စီးသွားသော သံပြားကာကားကို ဆွဲယူ၍ အရာတော် စ.ခ.တ – ၁၀ တပ်ထဲသို့ ဝင်ရောက် သွား ကြောင်းသိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF ၊ Ayadaw Rocket LPDF၊ မုံရွာခရိုင်တပ်ရင်း ၂၁ ၊ မုံရွာ ခရိုင်တပ်ရင်း ၂၄ ၊ မုံရွာခရိုင်တပ်ရင်း ၂၇၊ ကျားသစ်နက် တပ်ဖွဲ့၊ အရာတော်ပကဖ တိုက်နယ် ၁၁ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179072/
အရာတော်မြို့နယ်၊ သလဲဘာရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
["အရာတော်မြို့နယ်၊ သလဲဘာရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၅", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၅ နာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃ ဦး၊ ငွေတွင်းရွာမှ ပျူစောထီး ၁ ဦးနှင့် သလဲဘာရွာမှ ပျူစောထီး ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစုများဘက်မှလည်း တပ်ရင်း ၁၉ မှ ရဲဘော် ၁ ဦး နှင့် zero အဖွဲ့ ရဲဘော် ၁ ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“ရန်သူ့ စခန်းပတ်လည် နင်းမိုင်းတွေကြားမှာ ခက်ခဲစွာ ကြိုးစားတိုက်ခိုက်ခဲ့တာပါ။ စခန်းသိမ်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် အရာတော် လေ့ကျင့်ရေး ၁၀ ထိုင်တပ်ကနေ လက်နက်ကြီး ပစ်ကူတယ်။ ငွေတွင်းပျူစောထီး အထိုင်စခန်း ကနေလည်း လက်နက်ကြီး မနားတမ်း ပစ်ကူပေးတာတွေ မြေပြင်ကလည်း စစ်ကူအနေနဲ့ လေ့ကျင့်ရေး ၁၀ ၊ ငွေတွင်း ပျူစောထီးတွေ အများပြား ရောက်ရှိလာတဲ့အတွက် စခန်းသိမ်းနိုင်ခြင်းတော့ မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၂၁ ၊ ၁၉ ၊ ၂၆ ၊ ၂၂ ၊ Zero ဦးဆောင်သော ရွှေဘိုမြိုနယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊ Shwebo Crocodile ၊ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘိုအဖွဲ့၊ စွန်ရဲရွှေဘို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းစစ်သည် အဖွဲ့၊ ရွှေဘိုအားမာန် အဖွဲ့၊ HG FIGHTER ၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Zay Yar Thawed ၊ YAUNG NI ၊ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BO BA Taw (LDF) ရွှေဘိုမြိုနယ် တလရ တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127776/
အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး
["အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၈ ဦးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦးနှင့် ပျူစောထီး ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ GZP -Mandalay ၊ MRTF ၊ NDRA၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ၊ စစ်ကိုင်း ခရိုင် တပ်ရင်း ၂ ၊ Drone အဖွဲ့များ ၊ ဒေသ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက် စီးနင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်"]
https://yktnews.com/2023/02/87715/
အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိများ အပါအဝင် စစ်သား ၆ ဦး သေဆုံး
["အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိများ အပါအဝင် စစ်သား ၆ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ်ကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ ရာ အရာရှိများအပါအဝင် ၆ ဦးသေဆုံးပြီး ယင်းသေဆုံးစစ်သားအလောင်းများကို မီးသင်္ဂြိုလ်ရာ အနီးရှိ ကြာဇံစက်ရုံ ခြံစည်းရိုးအားမီးလောင်ကျွမ်းခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ အမှတ် ၁၀ လေ့ကျင့်ရေးတပ် (အရပ်ခေါ် အရှေ့ တပ်)ကို ၈၀ မမ လက်နက်ကြီးများဖြင့် ၅ ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရ စစ်သားများ အတွင်းမှ ၆ ဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းသေဆုံးစစ်သားများကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နေ့က အရာတော်သုဿန်တွင် မီးသင်္ဂြိုလ်ခဲ့ရာ အနီးရှိ ကြာဇံစက်ရုံခြံစည်းရိုးကို မီးကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“၅ ကြိမ်မြောက်လက်နက်ကြီးနဲ့တိုက်ခိုက်မှုမှာ စစ်ခွေးတပ်က အရာရှိတွေအပါအဝင် ၆ ဦးသေဆုံးတယ် လို့ တပ်တွင်းဖရဲသီး ဆီကသိရပါတယ်၊ မနေ့က နံနက်ပိုင်းမှာ တိတ်တဆိတ်မီသင်္ဂြိုလ်တာ မီးအား ပြင်းပြီးတော့ အနီးအနားက ကြာဇံစက်ရုံခြံစည်းရိုးကို မီးကူးသွားလို့ မီးသတ်ကားတွေနဲ့ မီးငြှိမ်းသတ်ခဲ့ ရတယ်ဆိုတာ အရာတော်မြို့ခံတစ်ဦးဆီက သတင်းရတာ” ဟု Danger Force LPDF မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Danger Force LPDF ၊ ကြယ်နီတပ်ဦး ၊ ပင်လယ်ပျော် သိမ်းငှက် (SFF) ၊ People’s Revolution Force(PRF) ၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့ (APOSTLE) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/104115/
အရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာကျေးရွာကို စစ်တပ်က မီးတင် ရှို့ ဖျက်ဆီးနေ၊ မီးရှို့ရာတွင် ဂတ်စ်ဖြင့် မီးရှို့သည့် လက်နက် အမျိုး အစား အသုံးပြု
["အရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာကျေးရွာကို စစ်တပ်က မီးတင် ရှို့ ဖျက်ဆီးနေ၊ မီးရှို့ရာတွင် ဂတ်စ်ဖြင့် မီးရှို့သည့် လက်နက် အမျိုး အစား အသုံးပြု", "ရန်ကုန်၊ မေ ၂၄", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာကျေးရွာကို စစ် တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၂၃ ရက်နေ့ နံနက်ပိုင်းအရာတော်မြို့နယ်၊ အောင်မြို့သာ(ခ) တောင်မွှာ ကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာချိန် ဒေသတော်လှန်ရေး အင်အား စုများ က ခုခံတိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က စစ်ကား ၃ စီး၊ကားလေး ၃ စီးဖြင့် စစ်ကူများ အင်အား ဖြည့်လာကြောင်း၊ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က အင်အားအလုံး အရင်းဖြင့် ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ ကျေးရွာကို စစ်တပ်က မီးတင် ရှို့ရာတွင် ဂတ်စ်ဖြင့် မီးရှို့ သည့် လက်နက်အမျိုးအစားကို အသုံးပြု၍ ကျေးရွာရှိ နေအိမ်များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မနေ့ မနက်ကတည်းက စစ်တပ်က ရွာဦးဘုန်းကြီးကျောင်း ရောက်လာတယ်။ ဒီနေ့မနက်တော့ ရွာက ဘုန်းကြီးတွေက မီးမရှို့ဖို့မေတ္တာရပ်ခံပေမယ့်လည်း မီးရှို့ နေပါတယ်။ ဂတ်စ်သေနတ်လိုဟာမျိုးနဲ့ မီးရှို့တာ။ ရွာသူ၊ ရွာသား အများစု တွေ ကတော့ တောထဲမှာ ကြိုတင်တိမ်းရှောင်ပေမယ့် မသွားနိုင်၊ မလာနိုင် တဲ့သူ တွေ ရွာထဲမှာပိတ်မိနေပါတယ်။ အခုတော့ မပြေးနိုင်လို့ကျန်ခဲ့တဲ့ ပြည်သူတစ်ဦး ဒဏ်ရာရထားပါတယ်။ ဒဏ်ရာများတယ်” ဟု‌ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရာတော်မြို့ နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များကို စစ်ကြောင်းများ ခွဲ၍ ထိုး စစ်များ အရှိန်အဟုန်မြှင့်တင်နေပြီး ပြည်သူ သောင်းချီ၍ စစ်ဘေးရှောင်ရန် ထွက်ပြေးနေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့် ကျေးရွာ ကို စစ်တပ်က ဖေဖော်ဝါရီ လ ၁၂ ရက်နေ့က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး နေစဉ်။"]
https://yktnews.com/2025/02/204205/
အရာတော်မြို့နယ်၊မုံရွာမြို့နယ်၊ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် ၄ ရက်ဆက်တိုက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် သံချပ်ဖျော်ဖြေ
["အရာတော်မြို့နယ်၊မုံရွာမြို့နယ်၊ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် ၄ ရက်ဆက်တိုက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် သံချပ်ဖျော်ဖြေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အရာတော်မြို့နယ် ၊ မုံရွာမြို့နယ်၊ မြင်းမူမြို့နယ် အတွင်းရှိ ကျေးရွာ အနှံ့အပြားတွင် ဗိုလ်ချုပ်ဆောင်ဆန်း ၁၁၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် သံချပ်ထိုး ဖျော်ဖြေခြင်းနှင့် လူထုဟောပြောခြင်းများကို ဖေ‌ဖော်ဝါရီလ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်နေ့များတွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။", "ဗိုလ်ချုပ်ဆောင်ဆန်း ၁၁၀ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် သံချပ်ထိုး ဖျောဖြေခြင်းနှင့် လူထုဟောပြောခြင်းကို ၅/အရတ အရာတော်လူထုသပိတ်၊ မုံရွာမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူများ အတူပူးပေါင်း၍လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/156176/
အရာတော်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး အောင်ကြည် ပစ်ခတ်ခံရပြီး သေဆုံး
["အရာတော်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး အောင်ကြည် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၀", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး အောင်ကြည်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကြည်သည် လက်ဖက်ရည် ဆိုင်မှ နေအိမ်သို့ ပြန်လာစဉ်လမ်း၌ SIG သေနတ်၂ လက် ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။", "သေဆုံးသူ အောင်ကြည်သည် စ.ခ.တ ၁၀ တပ်တွင် တပ်ကြပ်ကြီးအဆင့်အထိတာဝန်ထမ်းဆောင်ခဲ့ ပြီး အငြိမ်းစားယူကာ အရာတော်မြို့ အမှတ် ၁ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ၎င်းသည် မြို့ပေါ်ရပ်ကွက်မှ လူငယ် ၁၅ ဦးကို စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့ကာ ဖိအား ပေးကာ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်စေရန် တက်ကြွစွာလုပ် ဆောင်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ လုပ်ဆောင်မှုကို Danger Force LPDF၊ အရာတော်မြို့နယ်မဟာမိတ် LPDF တပ်ဖွဲ့ ၂ ဖွဲ့ နှင့် မုံရွာခရိုင်ပကဖ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/01/139680/
အရာတော်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ဆေးရးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["အရာတော်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ဆေးရးဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အထွေ ထွေ အုပ်ချုပ် ရေး မှူးရုံးနှင့် စစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အရာတော်မြို့ ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အစည်းအဝေးပြုလုပ်နေကြောင်း သတင်းရရှိသဖြင့် ၁၂၀ မမ ဗုံးသီးတစ်လုံး၊ အရာတော်မြို့မြောက်ဘက် စစ်ဆေးရေးဂိတ်တွင် ဝါးချွန်များစိုက်ထူပြီး ခံစစ်ပြင်နေသဖြင့် ဗုံးသီး ၁ လုံးတို့ကို ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု ကို စုံစမ်းနေဆဲ ဖြစ်ပြီး အရာတော်မြို့ပေါ်ရှိ စစ်တပ် တပ်ရင်း၊ ကင်းစခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force ဦးဆောင်၍ အရာတော် မြို့ နယ်၊ တိုက်နယ် အမှတ်‌ ၄ ရဲဘော်များ၊မိုင်းမင်းသား ပြောက်ကျားအဖွဲ့၊မုံရွာခရိုင် တပ်ရင်း ၁၉ တို့ပူးပေါင်း ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BGSAyadawDroneForce"]
https://yktnews.com/2023/11/129726/
အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် လဝကရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံး
["အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် လဝကရုံးတို့ကို ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ အရာတော်မြို့၊ စက်မှုလယ်ယာဂိတ်နှင့် လဝကရုံးရှိအ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၅ ဦးသေ ဆုံးပြီး စက်မှုလယ်ယာဂိတ်အနီးရှိ ဂိတ်ကင်းတစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိဝင်ဘာလ ၃ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်အချိန် ပြည်သူများကို ဖမ်းဆီးစစ်ဆေးနေသော စက်မှုလယ် ယာဂိတ်နှင့် လဝကရုံးတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ် ၁ ဦး၊ တပ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ ၏ အထိုင်ချတပ်စွဲထားသော စက်မှု လယ်ယာ ဂိတ် အတွင်းရှိ ဂိတ်တစ်ခုကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲသို့ အရာတော်မြို့နယ်အတွင်းရှိ စခတ အမှတ် ၁၀ လေ့ကျင့်ရေးတပ်မှ ပျူစောထီးများ၊ အကြမ်း ဖက်စစ် ကောင်စီ ၏တပ်သားများက ခြေလျင်ထွက်ခွာလာပြီး အမှတ် (၅၀၀၄)တင့်ကားတပ်မှ အကြမ်း ဖက်စစ် ကောင်စီ၏တပ်သားများက စက်သေနတ်တင်ထားသောကား ၂ စီးဖြင့် တပ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထိုသို့ ဆုတ်ခွာလာပြီးနောက် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များက အရာတော်မြိုအဝင် အထွက်များ ပိတ်ဆို့ထားကာ သေဆုံးသွားသော ဗိုလ် ၊ တပ်သားများ နှင့် ဒဏ်ရာအပြင်းထန် ရရှိသွားသော တပ်သား များ ကို အရာတော်မြို့ဆေးရုံကြီး သို့ ကားများဖြင့် ပို့ဆောင် လိုက်ကြောင်း သိရသည်။", "အဆိုပါတိုက်မှုကို Danger Force LPDF ၊ လင်းယုန်တပ်ဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် သပြေညို ပြောက်ကျားတပ်ဖွဲ့တိုမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200350/
အရာတော်ရှိ ငွေတွင်း ပျူစောထီးရွာကို ရော့ကတ် ၃၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံမြို့ပေါ် ချောင်းဒေါင်း လမ်းဆုံတွင် ဆက်ကြေးကောက်နေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး
["အရာတော်ရှိ ငွေတွင်း ပျူစောထီးရွာကို ရော့ကတ် ၃၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံမြို့ပေါ် ချောင်းဒေါင်း လမ်းဆုံတွင် ဆက်ကြေးကောက်နေသော ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ငွေတွင်း ပျူစောထီးရွာကို ရော့ကတ် ၃၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သပြေညို ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့တွင် ငွေတွင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ လုံး အောင်မြင်စွာ ပေါက်ကွဲခဲ့ပြီး ၃ လုံးသည် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲကာ ကျန် ၃ လုံးသည် စစ်ကောင်စီ တပ်သားများရှိသော ကင်း ၂ ခုကြား ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ငွေတွင်းပျူစောထီးရွာကို ဒုတိယအကြိမ် ရော့ကတ် ၂၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ရော့ကတ် ၂၄ လုံး အောင်မြင်စွာ ပေါက်ကွဲခဲ့ပြီး ၁ လုံးသည် ကျေးရွာ အနောက်စည်းရိုးကို ကျရောက်ပေါက်ကွဲခဲ့ကာ ကျန် ၂၃ လုံးသည် ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အထိအခိုက် ပျက်စီးမှု အများအပြားရှိခဲ့ပြီး ပျူစောထီး ခေါင်းဆောင် ကျော်ဆွေ နေအိမ်လည်း ပျက်စီးခဲ့ကာ ကျော်ဆွေ၏ ယောက်ဖဖြစ်သူလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ အရာတော်မြို့နယ် ပ.က.ဖ ၊ အရာတော်မြို့နယ် တိုက်နယ် ၁၀ နှင် အရာတော်မြို့နယ် တိုက်နယ် ၉ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၂၀ ရပ်ကွက်၊ ချောင်းဒေါင်းလမ်းဆုံတွင် ဆက်ကြေးကောက်နေ သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံမြို့၊ အမှတ် ၂၀ ရပ်ကွက် ချောင်း ဒေါင်းလမ်းဆုံတွင် နေ့စဥ်နှင့်အမျှ ပြည်သူလူထုထံ ဆက်ကြေးကောက်လာနေသော အမှတ် ၂ ရဲ စခန်းမှ ရဲတပ်သား ၅ ဦး အနက် လမ်းတဖက်ရှိ ရဲ ၃ ဦးရှိရာနေရာတစ်ခုသာ Myingyan Black Tiger (MBT)တပ်ဖွဲ့မှ ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။", "“မြင်းခြံမြို့ပေါ်မှာပဲ၊ တစ်ယောက်ကတော့ သေတယ်၊ နှစ်ယောက်ကတော့ ဒဏ်ရာတော်တော် ပြင်းတယ်၊ နောက်ဆက်တွဲတော့ မကြားရသေးဘူး။ တကယ်တမ်းကျတော့ အဲဒီ ၅ ယောက်လုံးကို မိုင်းဆွဲဖို့ မိုင်းက လမ်းရဲ့တဖက်တစ်ချက်မှာ ခင်းထားတာ၊ လမ်းတဖက်မှာ ရခ ၃ ဦး၊ လမ်းတဖက်မှာ က ရခ ၂ ဦးပေါ့၊ ရခ ၂ ဦးရှိတဲ့ဖက်က ပြည်သူတွေရှိနေတာ ဘယ်လိုမှ ခွဲလို့မရဘူး။ ခွဲရင်လည်း ပြည် သူတွေထိမှာဆိုတော့ အဲဒီမှာ တဖက်ထဲကိုပဲ ဦးစားပေးပြီးခွဲခဲ့ရတာ၊ ကျနော်တို့မှာက မစ်ရှင်တစ်ခုကို ကောင်းကောင်းမွန်မွန်လုပ်ချင်တာ၊ စကစ တပ်သားတွေ သေဆုံးသွားတာတော့ရှိတယ်၊ ဒါပေမယ့် ကျေနပ်မှုတော့မရှိဘူး။ အကုန်လုံးကို မိုင်းခွဲပစ်လိုက်ချင်တာ၊ ဒီတော်လှန်ရေးက ပြည်သူ့တော်လှန် ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျနော်တို့နဲ့အတူတူ ပူးပေါင်းပါဝင်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။", "ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သား၊ ရဲ၊ ဝန်ထမ်းများ၊ ထောက်တိုင်များရှိရာ နေရာ၌ သွားရောက်နေထိုင်ခြင်း၊ စကားပြောဆိုခြင်း မပြုလုပ်ကြရန် မေတ္တာ ရပ်ခံထားသည်။"]
https://yktnews.com/2025/02/204004/
အရာတော်ရှိ အမတ ၃၆၉ တပ်ရင်းနှင့် မြိုင် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["အရာတော်ရှိ အမတ ၃၆၉ တပ်ရင်းနှင့် မြိုင် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ် အတွင်းရှိတဲ့ အမတ ၃၆၉ တပ်ရင်း Snipe Rangers Force (Local – PDF) နှင့် မဟာမိတ် တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ၆၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း လက်နက်ကြီးကျည်များသည် အမတ ၃၆၉ တပ်ရင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "” စစ်ခွေးသေဆုံးမှုကိုတော့ မသိရသေးပါဘူး။ လက်နက်ကြီး ၃ လုံး စလုံး တပ်ရင်းထဲကိုတော့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်” ဟု Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) နှင့် Special Revolution Force (ဒေါင်းညီနောင်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ မှ ရဲဘော် MC က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ် ကန်နီရွာရှိ ပျူစောထီး အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အခုက သရက်ကွရွာက ပျူတွေကို ကန်နီမှာ သင်တန်းပေးနေတယ်သတင်းရလို့ ဒရုန်းနဲ့ချတာပါ။ အဲရွာကိုလည်း စစ်ခွေး စစ်ကြောင်းတွေ ရောက်လာတာတွေရှိတော့ စစ်အင်အားကတော့ အတိအကျ မပြောတတ်ဘူး။ စစ်ခွေး သေစာရင်းကတော့ မသိရ‌ပါဘူး။ ဒရုန်း ကလည်း တစ်စီးတစ်ခေါက်ပဲချပြီး Jammer နဲ့ ညှိ ပါသွားလို့ပါ။ စာသင်ကျောင်းထဲနဲ့ စာသင်ကျောင်းဘေးက အိမ်ဝင်းထဲတစ်လုံးကျတယ်လို့ပဲ သိရပါတယ်။ အဆောက်အဦး ပျက်စီးမှုကတော့ မသိရသေးဘူး။ Drone သင်တန်းသားတွေကို လက်တွေ့မြေပြင်မှာ စမ်းသပ်ရင်း စီစဉ်ပြီး လုပ်ဆောင်ခဲ့တာပါ”ဟု ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ ရဲဘော် MC က ပြောဆိုသည်။", "ထိုတိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲ နှင့် မြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/08/29221/
null
["အရာတော်၊ ကောင်းသစ်ရွာမှ ဗိုလ်ကြီးထိန်လင်းနှင့် တပ်ကြပ် ကြီး ကျော်သဲဦးတို့၏ မိသားစုနှင့်ဆွေမျိုး နေအိမ် ၆ လုံး အပါအဝင် ကျေးရွာများနှင့် ပြည်သူပိုင်နေအိမ်များကို စစ်တပ်က ဖျက်ဆီးမီးရှို့၊ ပေါက်နှင့်မြိုင်တွင်လည်း ကျေးရွာ ၁၁ ရွာထက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံရ", "ရန်ကုန်၊ ဩဂုတ် ၂၀", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကောင်းသစ်ကျေးရွာမှ ရုရှားပြန် ဗိုလ်ကြီးထိန်လင်းနှင့် တပ်ကြပ်ကြီး ကျော်သဲဦးတို့၏ မိသားစုဝင် နေအိမ် ၆ လုံးအပါ အဝင်ပြည်သူပိုင်နေအိမ်များကို စစ်တပ်က ဖျက်ဆီးမီးရှို့သွားကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။", "ဩဂုတ်လ ၈ ရက်နေ့ ဒီပဲယင်းမြို့နယ် အင်ပင်နှင့် ယဒင်ကျေးရွာကို ရဟတ် ယာဉ်ဖြင့် ပစ်ခတ်ပြီး စစ်အင်အား ၁၂၀ ခန့်ချသွားကြောင်း၊ အရာတော်မြို့နယ်၊ အောင်စီကျေရွာကိုလည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး အင်အား ၁၀၀ ခန့် ချသွားကြောင်း၊ စစ်ကြောင်း နှစ်ကြောင်းသည် အင်ပင်၊ ယဒင် ရွာကိုဝင်ပြီး ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးပြီ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်သွားကြောင်း၊ ကိုင်းကံရွာမကြီးအုပ် ရွာ အုပ်ရှင်းကြီးရွာများဝင်ရောက်ဖျက်ဆီးပြီးကောင်းသစ်ကျေးရွာမှ ရုရှားပြန် ဗိုလ်ကြီး ထိန်လင်း နှင့် တပ်ကြပ်ကြီး ကျော်သဲဦးတို့၏ မိသားစုဝင် အိမ် ၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။", "အဆိုပါစစ်တပ်က အရာတော်မှ ဒီပဲယင်း ရှေ့တောင်ရပ် လက်လုပ်တောင်ရွာကို လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်ဝင်ရောက်ကာ ပြည်သူပိုင်အိမ်(၂)လုံး မီးရှို့ပြီး အိမ်မွေး ကြက် ဝက်များ သက်ဖြတ်စားသောက်ကြကြောင်း၊ ဩဂုတ်လ ၉ ရက်နေ့ နံနက်လင်းပိုင်း မူးကမ်းကြီးရွာကို လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ပြီး၀င်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၃ ရက်တိတိ ဖျက်ဆီးပြီးနောက် ဩဂုတ်လ ၁၁ ရက်နေ့တွင်ရေဦးမြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ အရာတော်မြို့နယ် ပေါင်းကျ ခင်သာ ဘက် နယ်မြေရှင်းလင်းရေး ၀င်လာသော အခြား စစ်ကြောင်း တစ်ခုကလည်း ကောင်းသစ်ကျေးရွာ ထပ်မံ၀င်ရောက်ခဲ့ကြောင်း၊ ဒီပဲယင်းနယ် လက်လုပ် တောင်ရွာမြောက်ရွာ ၀င်ရောက်လာပြီး ပြည်သူပိုင်အိမ် (၂) လုံး မီးရှို့သွားခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ သြဂုတ်လ ၁၆ ရက်နေ့ထိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဩဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တွင်းမရွာကို ရဟတ်ယာဥ်များဖြင့် ၄ ခေါက် လူချကာ စစ်သား အင်အား ဖြည့်ခဲ့ကြောင်း၊ အဆိုပါ စစ် ကြောင်းသည် အင်အား ၃၀၀ ကျော်ခန့်ဖြစ် ၂ ဖွဲ့ခွဲကာ သြဂုတ်လ ၉ ရက်နေ့တွင် မှ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ကို စစ်ကြောင်း ထိုးခဲ့ကြောင်း၊ ပေါက်မြို့နယ်သို့ ထွက်ခွာလာသော စစ်ကြောင်းသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ရဟတ်ယာဥ်ဖြင့် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း၊ မဆုတ်ခွာခင်လည်း ပတ်ဝန်းကျင် အနီးအနား ကျေးရွာများအားလုံးကို မီးတင်ရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။", "ထို့ပြင် မြိုင်မြို့နယ်သို့ ထွက်ခွာလာသည့် စစ်ကြောင်းသည် ပဒိုင်းတောရွာတွင် ညအိပ်ပြီး ရွာမီးရှို့ဖျက်ဆီးခဲ့ကြောင်း ထို့ပြင် သာစည်ကျေးရွာ၊ နှမ်းဆီကန်၊ သစ်ပု လွေကုန်းရွာနှင့် ရေထွက်ရွာများကိုလည်း ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "သြဂုတ်လ ၁၁၊ ၁၂၊ ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် မြိုင်မြို့နယ်အတွင်း သောင်း ကျန်းနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ပေါက်မြို့နယ်အတွင်းသို့ ရောက်ရှိလာကာ ရှားစေးချက်၊ ထောက်ရှာပင် ၊ တဲကြီး၊ နားသတ်၊ ကမ်းပျိုဘက်ရွာများကို စစ်ကြောင်းထိုးပြီး ထန်းပေါက်ကုန်းရွာ စာသင်​ကျောင်းတွင် ညအိပ်ကာ လမ်းတလျောက် စစ်ဘေးရှောင် ခန်း ၅ ခု မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။", "သြဂုတ်လ ၁၅ ရက်နေ့တွင် ထန်းပေါက်ကုန်းရွာမှ သစ်ကြီးတောဘက်သို့ရောက်ရှိလာပြီး ချိုင်ဇောက်ရွာအထက်စုရွာသို့ ညနေပိုင်းတွင် ရောက်လာပြီး ဒေသကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် ချိုင်ဇောက်အထက်စုရွာ ဘုန်းကြီးကျောင်းတွင် ညအိပ်ပြီး သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၄၀ နီးပါး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချိုင်ဇောက်အောက်စုရွာ ထပ်မံ ရောက်ရှိလာပြီး ကျေးရွာကို ထပ်မံမီးရှို့ဖျက်တီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် သြဂုတ်လ ၁၄ ရက်နေ့ကလည်း ကမ္မဘက်မှ မြိုင်မြို့နယ် ဝါးရင်းချိုင်ကျေးရွာသို့ ဖောကား ၂ စီးဖြင့် အင်အား ၅၀ ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထပ်မံ ရောက်ရှိလာပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် ပေါက်မြို့နယ် ကံသစ်ကျေးရွာ၌ ညအိပ်ခဲ့ကြောင်း၊ သြဂုတ်လ ၁၆ ရက်နေ့တွင် နားသတ်ကျေးရွာအနီးတွင် စစ်ကြောင်းဖျောက်ထားပြီး ပြည်သူများကို ဖမ်းဆီးသတ် ဖြတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။", "ဩဂုတ်လ ၁၉ ရက်နေ့ ပေါက်မြို့နယ်မြောက်ပိုင်းစသိန်းကျေးရွာကို ပစ်ခတ်ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ဩဂုတ်လ ၁၉ ရက်နေ့အထိ ချိုင်ဇောက်အထက်စုရွာမှ ၃၈ အိမ်၊ ချိုင်ဇောက်အောက်စုမှ ၁၀ အိမ်၊ ရေထွက်မှ ၃၈ အိမ်၊ ရှားစေးချက်မှ၂၃ အိမ်၊ ပန်းတိုင်းတောမှ ၁၆ အိမ်၊ သာစည်မှ ၁၂ အိမ်၊ နှမ်းဆီကန်မှ ၇ အိမ် ၊သစ်ပုလွေကုန်းမှ ၁၅ အိမ် ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။", "ဓာတ်ပုံ- ပေါက်မြို့နယ်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ပြည်သူပိုင် နေအိမ်များ။"]
https://yktnews.com/2023/03/94888/
အရာတော်၊ ကြွေပုဂံရွာကို စစ်တပ်က ညပိုင်းအချိန်အထိ အကြောင်းမဲ့ မီးတင် ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
["အရာတော်၊ ကြွေပုဂံရွာကို စစ်တပ်က ညပိုင်းအချိန်အထိ အကြောင်းမဲ့ မီးတင် ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၂၉", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုဂံရွာကို အကြမ်းဖက် စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၉ ရက်နေ့ ည ၆ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကြွေပုဂံ ရွာ ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ ဖျက် ဆီးနေခြင်း ဖြစ်ပြီး လက်ရှိချိန်တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။", "” ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မကြားမိသေးဘူး။ အခုစစ်ခွေးတွေက ရွာထဲမှာ မီးရှို့နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ အကြောင်းမဲ့ကို မီးရှို့ဖျက်ဆီးနေတာ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/02/88752/
အရာတော်၊ နမသင်း အရှေ့ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကာ စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး
["အရာတော်၊ နမသင်း အရှေ့ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးကာ စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နမသင်း အရှေ့ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အရာတော်မြို့နယ်၊ နမသင်း အရှေ့ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က သေဆုံးသွားသော စစ်သား အလောင်းများကို ပြည်သူပိုင် နေအိမ်များထဲသို့ ထည့်ကာ ရွာကို မီးရှို့ဖျက်ဆီးသွား​ကြောင်း သိရှိရသည်။", "“မနေ့ကတည်းက ဖောကား ၂ စီး နဲ့ ကျောက်ပျောက် ဘက်က စစ်ခွေးတွေ ရောက်လာတည်းက ရွာထဲကနေ ပြည်သူတွေက ပြေးကြတာပါ။ နမသင်း အရှေ့ရွာကို စစ်ခွေးတွေက ဒုတိယ အကြိမ် မီးဝင်ရှို့ တာ ပကဖ က ခံပစ်လို့ စခ ၄ ယောက် အရင်သေတယ်။ မီးထဲ ထည့်ရှို့ ပစ်တယ်။ နောက်ထပ် ၅ ယောက် သေတယ်။ နမသင်း အရှေ့ရွာကတော့ ရွာလုံးကျွတ်ပြာကျမယ့် အခြေအနေပဲ တိုက်ပွဲ အတွင်းမှာ စစ်ခွေး ၉ ကောင်သေပြီး ပကဖ ၁ ဦး ဒဏ်ရာရတယ်လို့သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/104556/
အရာတော်၊ မကျီးစောက်ရွာရှိ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ကျေးရွာနေ ပြည်သူများ ဆေးဝါးနှင့် စားနပ်ရိက္ခာတို့ အရေးပေါ် လိုအပ်နေ
["အရာတော်၊ မကျီးစောက်ရွာရှိ ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ကျေးရွာနေ ပြည်သူများ ဆေးဝါးနှင့် စားနပ်ရိက္ခာတို့ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ မေ ၂၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ရွာရှိ ပြည်သူ တစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မကျီးစောက်ရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေပြည်သူ မချိုကို ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "” အရာတော်မြို့နယ်၊ မကျီးစောက်ရွာမှာ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ အမျိုးသမီး ၁ ဦးကို စစ်ခွေးတွေက ပစ်သတ်သွားတယ်။ ပျောက်နေတဲ့ သူတွေလည်းရှိတယ်။ အရေအတွက် တော့ မသိရသေးဘူး။ စစ်ခွေးတွေဖမ်းသွားတာလား လူစုကွဲနေတာလား မသိရသေးဘူး။ ဆေးဝါ၊ စားစရာနဲ့ မိုးကာဝံ အရေးပေါ် လိုအပ်နေတယ်။ ပထမအကြိမ် စစ်ခွေးတွေ မီးရှို့သွားတုန်းက ဘာအကူညီမှ မရခဲ့ဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "မကျီးစောက်ရွာသည် အိမ်ခြေ ၆၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကျေးရွာအတွင်း ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ကာ ယခု ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးခံရသောကြောင့် နေအိမ် ၅၀၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/84337/
အရာတော်၊ မတ္တရာ၊ ရေနံချောင်းနှင့် မိုးမောက်တို့တွင် စစ်ကောစီ တပ်ဖွဲ့များကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["အရာတော်၊ မတ္တရာ၊ ရေနံချောင်းနှင့် မိုးမောက်တို့တွင် စစ်ကောစီ တပ်ဖွဲ့များကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း အရာတော်၊ မန္တလေးတိုင်း မတ္တရာ၊ မကွေးတိုင်း ရေနံချောင်းနှင့် ကချင်ပြည်နယ် မိုးမောက်တို့တွင် စစ်ကောစီ တပ်ဖွဲ့များကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "အရာတော်တွင် စစ်တပ် စခန်းနှင့် ဂိတ် တို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၅ ဦးသေဆုံး", "==================================", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စခန်းနှင့် ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း MRTF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် သလဲဘာကျေးရွာ မူးတံတားထိပ်ရှိ အကြမ်းဖက် စစ်တပ်မှ စစ်သားနှင့် ပျူစောထီးများ စစ်ဆေးရေး လုပ်ဆောင်နေသော ဂိတ်စခန်းနှင့် စပါးတွင်း ကျေးရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၈ ကျဲချ တိုက်ခိုက်ခဲ့ကာ စစ်သားနှင့် ပျူစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Middle Revolutionary Technical Front – MRTF တပ်ဖွဲ့၊ IBEX တပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် -၂၁ တပ်ရင်း တပ်ခွဲ ၂ ၊ NDRF တပ်ဖွဲ့ နှင့် ဝက်လက်မြို့နယ် အမှတ် – ၁ တပ်ရင်း တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "မတ္တရာမြို့နယ်၊ ရှင်လှတောင်ရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်", "================================", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှင်လှတောင်ရွာသို့ ဝင်ရောက်ပြီး တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ယနေ့ ဇန်နဝါရီလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Unicorn-ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က အင်အား ၃၀ ခန့်ဖြင့် မတ္တရာမြို့ပေါ်မှ ချီတက်လာပြီး ရှင်လှတောင် ရွာအတွင်း သေနတ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ရာ ပြည်သူအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများသည် ကျေးရွာအတွင်း တပ်စွဲနေရာယူထားရာ ဒရုန်း ၅ စင်းဖြင့် ဗုံးသီး ၁၄ လုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“၃ လုံးက Error တက်သွားလို့ မကွဲဖူး၊ စစ်ခွေးတွေ အပြင်မထွက်ရဲဘူး၊ ကျနော်တို့လဲ တနေကုန် ပတ် ချောင်းနေတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ တစ်ကောင်ထိတယ်ကြားတယ်၊ ကြိတ်ကုနေတာလို့ ပြောတယ်၊ အတိ အကျတော့ မသိရသေးဘူး၊ မနေ့က ၁၀ နာရီလောက်က ရွာကို ဝင်ပြီး ရမ်းသမ်းပစ်တာ ကောင်မလေး နှစ်ယောက်ထိသွားလို့ ဆေးရုံတင်လိုက်ရတယ်” ဟု Unicorn-ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Unicorn-ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကောင်းကင်၏ တော်လှန်ရေး အင်အားစု၊ ADRF (Mandalay) ၊ Sky Hero (Mandalay)၊ ဒေါင်းစစ်သည် (မတ္တရာ) ၊ Peacok Warrior Force ၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ရေနံချောင်း၊ လက်မှတ်ကုန်း ရဲစခန်းကို PDF တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်", "===============================", "မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း ရဲစခန်းကို PDF တပ်ဖွဲ့များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရေနံချောင်း PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇ နာရီခန့်တွင်ရေနံချောင်းမြို့၊ လက်မှတ်ကုန်းနယ်မြေ ရဲစခန်းကို PDF တပ်ဖွဲ့များက ရဲစခန်းအရှေ့ကို မိုင်း‌ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက် ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“ရဲစခန်းရှေ့ကို မိုင်း‌ဖောက်ခွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ PDF တပ်ဖွဲ့ဝင်တွေတော့ အထိအခိုက် မရှိ ဆုတ်ခွာနိုင်တယ်။ စစ်ခွေးတွေဘက်က ထိခိုက်မှု စာရင်းတော့ စုံစမ်းဆဲပါပဲ” ဟု ရေနံချောင်း PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို People’s Defence Force Yenangyaung (မကွေးခရိုင်အမှတ်-၂ တပ်ရင်း)နှင့် Hunter Dragon Group၊ ဖေကံကောင်းအဖွဲ့ ညီနောင် များက​ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "မိုးမောက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်", "============================", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံရွာဘက်သို့ စစ်ကြောင်းထိုးလှုပ်ရှားလာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်သေဆုံးမှုရှိကြောင်း KIA တပ်နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။", "ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၈ နာရီခန့်က ဗန်းမော်မြို့နှင့် မိုးမောက်မြို့တို့ရှိ အကြးမ်ဖက် စစ်သား များသည် စိန်လုံရွာဘက်သို့ စစ်ကြောင်းချီတက်စဉ် KIA တပ်မဟာ ၃ ၊ အမှတ် ၁၅ တပ်ရင်းတပ်ဖွဲ့ဝင် များမှ စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ အထိနာပြီး မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။"]
https://yktnews.com/2023/10/127708/
အရာတော်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["အရာတော်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှစတင်ကာ ၆ နာရီ ၃၀ မိနစ်အထိ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ထိခိုက်မှုရှိတာတွေကိုတော့ ကင်းထောက် droneနဲ့ တွေ့ခဲ့ရတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု များနိုင်တယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းမျိုးဆက် (PGZ) ၊ ဗိုလ်ချုပ် (ဝက်လက်) နှင့် နယ်စီးမခြား ဗိုလ်ပျံလွှား မဟာမိတ်အဖွဲ့တို့က ပူး​ပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/84182/
အရာ​တော်မြို့နယ်၊ငွေတွင်းရွာမှ ပြည်သူ ၃ ဦးကို ပျူစောထီးနှင့်စစ်သားများက ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်
["အရာ​တော်မြို့နယ်၊ငွေတွင်းရွာမှ ပြည်သူ ၃ ဦးကို ပျူစောထီးနှင့်စစ်သားများက ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပျူစောထီးနှင့်အကြမ်းဖက်စစ်သားများက ငွေတွင်းရွာသား ၃ ဦးကို ဖမ်းဆီးပြီး တစ်ဦးကို ညတွင်းသတ်ဖြတ်လိုက်ကြောင်း အရာတော်ပို့စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် ည ၈ နာရီခန့်က ငွေတွင်းရွာသားများဖြစ်ကြသည့် ကိုဇော်နိုင်၊ ကိုကျော် မင်းစိုးနှင့် ကိုရှစ်ဗို့ တို့ ၃ ဦးကို ရွာခံပျူစောထီးများနှင့် စစ်သားများက မေးမြန်းစရာရှိသည် ဟု ဆိုကာ ဖမ်းဆီးသွားပြီး အသက် ၂၇ နှစ်အရွယ် ကိုကျော်မင်းစိုးကို နှိပ်စက်သတ်ဖြတ်လိုက်ကြောင်း၊ ရွာသူရွာ သား မျာကိုလည်း ရွာပြင်ထွက်ခွင့်ပိတ်ပင်ကာ ရွာလမ်းမများပေါ်တွင် လက်နက်ကိုင်စောင့်ကြပ် လျက် ရှိကြောင်း သိရသည်။", "“ဇန်နဝါရီလ ၃၀ ရက်နေ့ည ၈ နာရီလောက်က ဖမ်းသွားပြီးတော့ တစ်ညလုံးနှိပ်စက်ရင်း ဒီမနက် သေ သွားတာလို့ သိရတယ်၊ ကျန်နှစ်ဦး အခြေအနေက မသိရသေးဘူး၊သတင်းရတဲ့အချိန်တော့ ပြန် မလွှတ် သေးဘူး။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ က အတည်ပြုပေးထားတာပါ၊ ဒေသခံရွာ တွေရဲ့ ဖုန်းတွေ လည်း သိမ်းသွားလို့ ဆက်သွယ်ပြီး အသေးစိတ် သိရအောင် မေးလို့မရသေးဘူး၊” ဟု အရာတော် ပို့စ်ကရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။", "အဆိုပါငွေတွင်းရွာတွင် ပျူစောထီးခေါင်းဆောင် ကျော်ဆွေက ဦးဆောင်နေပြီး ရွာသား ပျူစောထီး ၅၀ ခန့်နှင့် အကြမ်းဖက်စစ်သား ၁၀ ဦးခန့်မှ တည်စခန်းအခိုင်အမာတည်ဆောက်ကာ အထိုင်ချ တပ်စွဲ ထားကြောင်း၊ ကျေးရွာနေပြည်သူများကို မကြာခဏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လေ့ရှိကြောင် သိရသည်။", "ဓါတ်ပုံ- စစ်တပ်က ပျူ​စောထီးများကို စစ်သင်တန်း​ပေး​နေစဥ်။ (ပုံအ​ဟောင်းဖြစ်သည်။)"]
https://yktnews.com/2023/02/87674/
စစ်ကောင်စီတပ်သား ၇၀၀၀ နီးပါး သေဆုံးသော KNU သတင်းထုတ်ပြန်မှုကို စစ်တပ်၏ ထိပ်တန်းလျှို့ဝှက်ချက်များက အတည်ပြု
["အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်ရင်း တစ်ခု၏ ရှေ့တန်းထွက်အင်အား ၅၀ ကျော် သာရှိပြီး စစ်ကောင်စီ အလွန်အင်အားနည်းနေပြီဟု စစ်တပ်လျှို့ဝှက်ချက်များကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင် ပြော", "———————————————————————", "စစ်ကောင်စီတပ်သား ၇၀၀၀ နီးပါး သေဆုံးသော KNU သတင်းထုတ်ပြန်မှုကို စစ်တပ်၏ ထိပ်တန်းလျှို့ဝှက်ချက်များက အတည်ပြု", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ကရင်ပြည်နယ်၊ မွန်ပြည်နယ်ကို လုံခြုံရေး ဆောင်ရွက်နေသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်း တစ်ခု၏ ရှေ့တန်းထွက်အင်အားမှာ စစ်သား ၅၀ ကျော် သာရှိပြီး စစ်ကောင်စီတပ်တွင် အင်အားအလွန်နည်းနေပြီဟု ပေါက်ကြားလာသော အချက်အလက်များကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။", "အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရှေ့တန်း တပ်များ၏ အင်အားနှင့် တပ်လှုပ် တပ်တည် အင်အားပြ စာများ ပေါက်ကြားနေပြီး ယင်းအချက်အလက်များကို စစ်ဆေးရာတွင် စစ်မှန်သည်ကို တွေ့ရှိရကြောင်း၊ ယင်းအင်အားပြ ဇယားများအရ စစ်ကောင်စီတပ်များသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် သေဆုံးမှုများ ပြားပြီး အင်အား အလွန်လျော့နည်းသွားပြီကို သိသာ ထင်သာမြင်သာစေကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ရှင်းပြသည်။", "အာဏာသိမ်းမှုမတိုင်ခင်က တပ်ရင်းများ၏ ရှေ့တန်းထွက် အင်အားသည် တပ်ရင်းတစ်ခုလျှင် အင်အား ၁၀၀ ကျော် ရှိပြီး လက်ရှိတွင် တပ်ရင်းတစ်ခု၏ ရှေ့တန်းထွက်အင်အားသည် အင်အား ၅၀ ကျော်၊ ၆၀ ကျော်သာရှိတော့သည်ဟု ၎င်းက ပြောသည်။", "“တပ်ရင်း တစ်ရင်းလုံး ရှေ့တန်းထွက်အင်အားက ၆၀ ကျော် ၅၀ ကျော်ပဲရှိတော့တယ်။ အင်အားက လုံး၀ နည်းနေတာ။ တပ်ရင်းတစ်ရင်းလုံးရဲ့ ရှေ့တန်း ထွက်အင်အားက ၆၀ ကျော်၊ ၅၀ ကျော် အဲဒီလောက်ပဲရှိတယ်။ အရင်တုန်းက ဆိုရင်တော့ အာဏာမသိမ်းခင် အခြေအနေတစ်ခုမှာ စစ်တပ်ရဲ့ ရှေ့တန်းထွက် အင်အားက စာရွက်ပေါ်မှာတောင် ၁၀၀ ကျော်ရှိတဲ့ အင်အားက အဲဒါကို အခုအချိန်မှာ စာရွက်ပေါ်မှာ ရှိတဲ့ အင်အားတောင်မှ ၅၀ ကျော်၊ ၆၀ ကျော် ပဲရှိတာကို ကြည့်ရင် ဘယ်လောက်တောင် လျှော့နည်းသွားလဲဆိုတာကို ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ သိဖို့လိုတယ်။ စစ်တပ်အင်အားသည် နည်းနေတယ်ဆိုတာ သိဖို့လိုတယ်။ သေချာတာကတော့ ရှေ့တန်းကို ဖြန့် ခွဲနိုင်တဲ့ အင်အားက လုံး၀ကို နည်းနေတာ သေချာပါတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။", "အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပေါက်ကြားလာသော အချက်အလက်များ က ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာ သိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်ချက်ကို အတည်ပြုလိုက်ခြင်းလည်းဖြစ်သည်။", "မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆ ဦး သေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦးတိုင်း ပြည်အတွက် အသက် ပေး လှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။"]
https://yktnews.com/2023/12/134098/
အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တိုင်းမှူးနေအိမ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ်၊ ရဟတ်ယာဉ်မောင်းများ၏ အိမ်ရာ အပါအဝင် ၄နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တိုင်းမှူးနေအိမ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ်၊ ရဟတ်ယာဉ်မောင်းများ၏ အိမ်ရာ အပါအဝင် ၄နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ တိုင်းမှူးနေအိမ်နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ်နေအိမ် အပါအဝင် ၄နေရာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း စစ်တိုင်းမှူး၏ လျှို့ဝှက်နေအိမ်အပါအဝင် ပစ်မှတ် လေးနေရာကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha bats တပ်ခွဲ) နှင့် မွန်ပြည်နယ်ပကဖ၊ KNDO တပ်ရင်း ၆ တို့ ပူးပေါင်းပြီး Kamikaze drone များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်သည့်နေရာများတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ လျှို့ဝှက်နေအိမ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ နေအိမ်၊ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေသော ရဟတ်ယာဉ်မောင်း ပိုင်းလော့များတည်းခိုသည့်ရိပ်သာ၊ မွန်ပြည်နယ် ရဲတပ်ရင်း ၁၅ ရဲတပ်ရင်းမှူးအိမ် စသည့် ၄ နေရာအား တပြိုင်နယ်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်းမှ ပေါက်ကွဲသံများ ကြားရပြီး အထဲသို့ လူနာတင်ယာဉ်များ ဝင်သွားကြောင်း ဒေသခံ ပြည်သူများထံမှ တဆင့် ပြန်လည်ကြားသိရကြောင်း၊ ထို့အတူ မွန်ပြည်နယ် စကစ ဝန်ကြီးချုပ်နေအိမ်သို့ တိုက်ခိုက်မှုကြောင့် ဝန်ကြီးချုပ်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကြားသိရကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည်မပြုနိုင်သေးပေ။", "ယခုတိုက်ခိုက်မှုသည် ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ တိုက်ပွဲများတွင် အဓိက အမိန့်ပေးညွှန်ကြားနေသော စစ်ကောင်စီ၏ ပြည်နယ်အဆင့် ပုဂ္ဂိုလ်များကို အဓိကပစ်မှတ်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မူလက စစ်တိုင်းမှူးနေအိမ်ကို ဆောင်ရွက်ရန် ပြင်ဆင်ခဲ့သော်လည်း အတွင်းသတင်းရင်းမြစ်တစ်ခုအရ တိုင်းမှူးသည် မူလနေအိမ်တွင် မနေဘဲ နေရာပြောင်းရွှေ့နေလျက်ရှိကြောင်း၊ အဆိုပါနေရာသည် ရတခ အတွင်းရှိ ရေတံခွန်စခန်းနား ကုက္ကိုလ်ပင် ၃ပင်ကြားတွင်ရှိကြောင်း၊ ညဆိုလျှင် ၉နာရီဝန်းကျင်ခန့်မှ ပြန်လာတတ်ကြောင်း၊ ရတခ အတွင်း ကစထမှူးရောက်နေပြီး အနီးကပ်ကွပ်ကဲနေ၍ တိုင်းမှူးမှာ မနက်အစောကြီးသွား၊ ညမိုးချုပ်မှပြန်လေ့ရှိသည်ဟု သတင်းပေးလာသဖြင့် အဆိုပါ လျှို့ဝှက်နေအိမ်အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်နှင့် နေပြည်တော် ဒေသများတွင် fix wing drone တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိပြီး Alpha Bats တပ်ခွဲအနေဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ယခုအကြိမ် တိုက်ခိုက်မှုနှင့်ဆိုလျှင် သုံးကြိမ်တိုင်ခဲ့ပြီဖြစ်ကြောင်း။ ပထမအကြိမ်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက ဆောင်ရွက်ခဲ့ရာ ရတခ အရာရှိရိပ်သာသို့ ကျရောက်ပေါက်ကွဲပြီး ၂ ဦးထိခိုက်သေဆုံးခဲ့ခြင်း၊ ဒုတိယအကြိမ်ကို ပြီးခဲ့သည့် နိုဝင်ဘာလက ဆောင်ရွက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ဗျူဟာမှူးနှင့်တပ်ရင်းမှူးအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114165/
အရှေ့ဒဂုံနှင့်မြောက်ဒဂုံတို့တွင် ရာအိမ်မှူးနှင့် ပျူစောထီးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ်ခံရပြီး သေဆုံး
["အရှေ့ဒဂုံနှင့်မြောက်ဒဂုံတို့တွင် ရာအိမ်မှူးနှင့် ပျူစောထီးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၁", "ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးနှင့် ပျူစောထီးဟု နာမည်ထွက်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀၈ရပ်ကွက် ဦးမြူလမ်းရှိ အောင်သပြေရောင်ခြည်သစ်လက်ဖက်ရည်ဆိုင် ထိုင်၍ ပြန်လာသော စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်လွင်ကို သေနတ်သမား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ဆိုင်ကယ်စီးနေတဲ့ ရာအိမ်မှူးကို ဆိုင်ကယ်ပေါ်ကနေပဲ ပစ်သွားတာ။ ပွဲချင်းပြီး ဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။", "အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြိုနယ်၊ ၃၈ ရပ် ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်တွင် ဘေးတွဲဆိုင်ကယ်မောင်းသူ ကျော်ဆန်းဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ပစ်ခတ်မှုက ရာဇဓိရာဇ်လမ်းနှင့်ခရေလမ်းထောင့်မှာ ဖြစ်တာ။ ပစ်သတ်ခံရတာက ပျူစောထီးလို့ ပြောတယ်။ သတင်းပေးလုပ်နေတဲ့သူလို့လည်းပြောတယ်။ အတိအကျတော့မသိရဘူး။ ပစ်သွားတာကလည်း ဆိုင်ကယ်နဲ့ ပစ်သွားတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "လက်ရှိတွင် အရှေ့ဒဂုံနှင့်မြောက်ဒဂုံဘက်ကတွင် စစ်ကောင်စီတပ်များက လမ်းဆုံလမ်းခွများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဆိုင်ကယ်များကို ဖမ်းဆီးနေကြောင်း၊ ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ်စီးသူများကို ရိုက်နှက် ဖမ်းဆီးသည်အထိ လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128450/
အရှေ့ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် စစ်ကောင်စီ တပ်သားများ ပျော်ပါးနေသည့် ဘီယာဆိုင်တို့ကို ဖောက်ခွဲ တိုက်ခိုက်
["အရှေ့ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် စစ်ကောင်စီ တပ်သားများ ပျော်ပါးနေသည့် ဘီယာဆိုင်တို့ကို ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်ရှိ ထွေအုပ်ရုံးနှင့် စစ်ကောင်စီ တပ်သားများ ပျော်ပါးနေသည့် ဘီယာဆိုင်တို့ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အဖွဲ့က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် အရှေ့ဒဂုံမြို့နယ် ထွေအုပ်ရုံးကို မြောက်ဒဂုံ ပကဖက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ ယနေ့ ညပိုင်းတွင် အရှေ့ဒဂုံမြို့နယ်ရှိ ပျူစောထီးများ နှင့် စစ်ကောင်စီ တပ်သားများ အထိုင်ချ ပျော်ပါး၍ ပြည်သူများကို ဒုက္ခပေးလျက်ရှိသော “အချစ်ရွာ” ဘီယာဆိုင်ကိုလည်း LITTLE HERO (YGN) အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။", "ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ပျူစောထီးများ နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း လက်ရှိချိန် အထိ အတည်ပြုနိုင်သေးကြောင်း သိရသည်။", "တော်လှန်ရေးကာလ ကြာလာသည်နှင့် စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ပါသောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်စွဲထားရာနေရာများ ၊ စစ်ကောင်စီ ထောက်တိုင်များ ဖွင့်လှစ်ထားသော နေရာများကို သွားလာခြင်းမပြုကြရန် တော်လှန်ရေး အဖွဲ့များက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/177166/
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် ထွက်ပြေးပြီဟုဆို၊ အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ရာထူးမှ ဖယ်ရှားခံရပြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် ၂ ကစမှူး အသစ်အဖြစ် အစားထိုးခန့်အပ်
["အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် ထွက်ပြေးပြီဟုဆို၊ အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ရာထူးမှ ဖယ်ရှားခံရပြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် ၂ ကစမှူး အသစ်အဖြစ် အစားထိုးခန့်အပ်", "ရန်ကုန်၊ ဩဂုတ် ၄", "MNDAAက လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် တိုင်းမှူးဖြစ်သော ဗိုလ်မှူးချုပ် စိုးလှိုင်သည် မူဆယ်မှ ထွက်ပြေးသွားပြီဟု ကြားသိရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇူလိုင်လလယ်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ အနားပေးပြီး တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် စိုးလှိုင်ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးသစ်အဖြစ် ခန့်အပ်ခဲ့ကြောင်း၊ ဗိုလ်မှူးချုပ်စိုးလှိုင်သည် တိုင်း မှူး အသစ်အဖြစ် ၁ လပင် တာဝန်မထမ်းဆောင်ရဘဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် ဗိုလ်မှူးချုပ်စိုးလှိုင်သည် မူဆယ်မှ ထွက်ပြေးသွားပြီဟုကြားသိရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "” ဗိုလ်မှူးချုပ်စိုးလှိုင်က တိုင်းမှူးသစ်ဖြစ်တဲ့အချိန်မှာလည်း သူက လားရှိုးကို မသွားဘူး။ မူဆယ်မှာပဲ ထိုင်ပြီး ကွပ်ကဲနေတာ။ သူ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးအသစ်ဖြစ်လိုက်တဲ့ကာလက ၁ လတောင် မရှိဘူး။ တိုင်းမှူးအဟောင်း ဗိုလ်ချုပ်စိုးတင့်ကတော့ လားရှိုးမှာပဲ ရှိနေခဲ့တာ။ အခု ရမခကျသွားတော့ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်စိုးလှိုင်လည်း မူဆယ်ကနေ လစ်ပြီလို့သိရတယ်။ ဆက်သွယ်လို့ မရတော့ဘူးလို့ပြောတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "အခြားတစ်ဖက်တွင်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကွပ်ကဲနေသော အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ရာထူးမှ ဖယ်ရှားခံရပြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို အမှတ် ၂ ကစထမှူးအဖြစ် အစားထိုးခန့်အပ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အရပ်ဝတ်မှာ အမှတ် ၂ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးဖြစ်ပြီး စစ်ဝတ်စုံဖြင့် ဗိုလ်ချုပ်မှာ တြိဂံတိုင်းမှူးဘ၀ မြင်တွေ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ဖြစ်သည်။"]
https://yktnews.com/2024/08/177246/
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး စစ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟု အကြမ်းဖက် ဇော်မင်းထွန်းဝန်ခံ
["အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး စစ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟု အကြမ်းဖက် ဇော်မင်းထွန်းဝန်ခံ", "ဖမ်းဆီးခံလိုက်ရသော တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ ဓာတ်ပုံများ ထွက်ပေါ် လာ", "ရန်ကုန်၊ ဩဂုတ် ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး အရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ နံနက်ပိုင်းတွင် ဝန်ခံပြောဆိုလိုက်ပြီဖြစ်သည်။", "ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး MNDAA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက လားရှိုး ကိုစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၂ ရက်နေ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အနီးရှိ တပ်မတော်စစ်ဆေးရုံကို MNDAA တပ်များက တိုက် ခိုက် ခဲ့ကြောင်း၊ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့ကြောင်း၊ ယင်းနောက် ယခုအချိန်အထိ ဆက်သွယ်ရေး လုံး၀ ပြတ်တောက်သွားကြောင်း၊ လက်ရှိအချိန်တွင် အရာရှိကြီးများ ဖမ်းဆီးခံထားရသည်ဟု သိရှိရကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။", "“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုး သမီး များ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချို့သော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက် ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ် လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု အကြမ်း ဖက် ဇော်မင်းထွန်းက ပြောဆိုသည်။", "လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏ ဓာတ်ပုံများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။", "MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိပြီဟု ကြေညာခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေနှင့် ပင်မရုံးချုပ်ကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင် လက်နက်ချသော စစ်သည်နှင့် တပ်မိသားစုဝင် ထောင်ချီရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- နံပါတ် ၁ မှာ MNDAA က ဖမ်းဆီးရရှိထားသော ရမခ တိုင်းမှူးဟောင်း စိုးတင့် ဖြစ်ပြီး နံပါတ် ၂ မှာ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းဖြစ်ကာ နံပါတ် ၃ မှာ ဗိုလ်မှူးချုပ် သန့်ထင်စိုးဖြစ်သည်။"]
https://yktnews.com/2024/08/177177/
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးမှုအတွက် မင်းအောင်လှိုင်ကို ခေါင်းဆောင် မဖြစ်ထိုက်သူအဖြစ် မဘသ၊ အမျိုးသားရေးအစွန်းရောက်များက ပြင်းပြင်းထန်ထန် ဝေဖန်
["အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးမှုအတွက် မင်းအောင်လှိုင်ကို ခေါင်းဆောင် မဖြစ်ထိုက်သူအဖြစ် မဘသ၊ အမျိုးသားရေးအစွန်းရောက်များက ပြင်းပြင်းထန်ထန် ဝေဖန်", "ရန်ကုန်၊ ဩဂုတ် ၄", "လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က ယမန်နေ့ သိမ်းပိုက်ချိန်တွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်မှာ နေပြည်တော် အမျိုးသားပြတိုက်နှင့် မီးရထားစက်ခေါင်းစက်ရုံသို့ သွားရောက်နေပြီး မင်းအောင် လှိုင်ကို မဘသ၊ အမျိုးသားရေးအစွန်းရောက်များက ခေါင်းဆောင် မဖြစ်ထိုက်သူအဖြစ် ပြင်းပြင်းထန်ထန်ဝေဖန်နေကြသည်။", "၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် လောက်ကိုင်၊ ကွမ်းလုံအပါအဝင် ရှမ်းမြောက်ဒေသရှိ မြို့နယ်အများစုကို ဆုံးရှုံးခဲ့ရကြောင်း၊ ယခု ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ ဆုံးရှုံးလိုက်ရသည့်အတွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘုရားဒကာသာလုပ်သင့်ပြီး စစ်ခေါင်းဆောင် မဖြစ်သင့်တော့ကြောင်း စစ်တပ်ထောက်ခံသူ မဘသ အမျိုးသားရေး ဝါဒီတစ်ဦးက ဆိုသည်။", "“ပေါက်ကိုယ်တော်နဲ့ ဆရာတော်ဦးဝါသ၀လို သံဃာတော်တွေကတောင် မနေလို့ စစ်သားစိတ်ပေါက်ပြီး ဝင်စီမံခန့်ခွဲနေရချိန်မှာ ဦးမင်းအောင်လှိုင်က ဘုန်းကြီးစိတ်ပေါက်နေတယ်။ ဘုရားဒကာပဲလုပ်နေတယ်။ လုပ်သင့်လုပ်တာမျိုး မလုပ်ဘူး။ ဘုရားဒကာလုပ်မယ်ဆိုရင်လည်း နုတ်ထွက်လိုက်။ အခုတော့ သမိုင်းမှာ ရှက်စရာကောင်းတယ်။ တပ်မတော်သမိုင်းအတွက်လည်း ရှက်စရာကောင်းတယ်။ ရမခလို တိုင်းစစ်ဌာနချုပ်တောင် ကျသွားပြီ။ ရှက်ဖို့ကောင်းတယ်။ ဦးမင်းအောင်လှိုင် ခင်ဗျားလက်ထက်မှာ ဒီရမခကြီးဆုံးရှုံးတာ။ ခင်းဗျားရှက်သင့်တယ်။ ခင်ဗျားတို့ တစ်ဖွဲ့လုံး နုတ်ထွက်သင့်တယ်” ဟု စစ်တပ်ထောက်သူ အမျိုးသားရေးဝါဒီတစ်ဦးက တယ်လီဂရမ်မှတစ်ဆင့် ရုပ်သံဖြင့် ဝေဖန်ပြောဆိုထားသည်။", "အမျိုးသားရောက်အစွန်းရောက် ဘုန်းကြီးဆိုသူ ပေါက်ကိုယ်တော်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ပုတီးစိတ်၊ ဘုရားတည်မှုများ ရပ်တန့်ပြီး စစ်ကို စစ်နှင့်တူအောင် တိုက်ရန်၊ ရှေ့တန်းတွင် သေဆုံးနေရသည့် စစ်သားများ၏ အသက်ကို ငဲ့ကွက်ရန် ဝေဖန်ပြောဆိုသည်။", "“လားရှိုးမှာ ဖြစ်ခဲ့တဲ့ အနေအထားတစ်ခုက အရမ်းကို ကြေကွဲစရာကောင်းတယ်။ ကာချုပ်ကြီး ပုတီးစိတ်နေဦးမှာလား၊ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ကနေ ခလုတ်တစ်ချက် နှိပ်လိုက်ရုံပဲ ဆို။ အဲဒီခလုတ်ကြီး ဘယ်တော့နှိပ်မှာလဲ။ ဘာခလုတ်လဲ။ နောက်ဆုတ်မယ့် ခလုတ်လား။ ကာချုပ်ကြီး ဘုရားတည်တာ ခဏရပ်ထားပါဦး။ တပ်ထောက်ခံသူတွေရဲ့ မျက်ရည်တွေကို သုတ်ပေးပါဦး”ဟု ပေါက်ကိုယ်တော်ဆိုသူက ပြောဆို ဝေဖန်ထားသည်။", "ဆက်လက်၍ “ပွင့်ပွင့်လင်းလင်းပြောရရင် အကုန်လုံးက ငွေရရေးပဲ လုပ်နေကြတာ။ တိုင်းပြည်ကိုသူတို့ အဲဒီလောက်မချစ်ဘူး။ သူတို့မှာ မျိုးချစ်စိတ်မရှိဘူး။ တချို့မြို့ပေါ်မှာ ငွေရှာပြီး စားနေကြတာ။ ရှေ့မှာ တပ်မတော်သားတွေကို ထောက်ပံ့ရမှန်းမသိဘူး။ ပကစတွေကို ထောက်ပံ့ရမှန်းမသိဘူး။ ကူညီရမှန်းမသိဘူး။ သူတို့ရှေ့ထွက်တိုက်ရလို့ အားပေးစကားပြောရကောင်းမှန်းမသိဘူး။ ရသမျှငွေ သူတို့အိတ်ထဲထည့်နေတာ ။တစ်ခုချင်းပြလို့ရတယ်။ ဟောဒီမြေကွက်ကြီးက ဘယ်ဗိုလ်မှူးတွေ။အဲဒါကြီးက ဘယ်သူတွေစားတယ်။ အဲဒီမြေကွက်ကြီးက ဘယ်စည်ပင်ကို ဘယ်လောက်ပေးရတယ်။ အဲဒါတွေ ရပ်ကြပါတော့” ဟု ပေါက်ကိုယ်တော်က ဝေဖန်ပြောဆိုသည်။", "တိုင်းရင်းသားလက်နက်ကိုင်များ၏ ဌာနချုပ်များကို ခလုတ်နှိပ်ရုံဖြင့် ချေမှုန်းဖျက်ဆီးနိုင်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုခဲ့ဖူးကြောင်း၊ ယခုအချိန် ယင်းခလုတ်ကို ဘာကြောင့် မနှိပ်သနည်းဟု အမျိုးသားရေးအစွန်းရောက် မပုတုက မေးခွန်းထုတ်ထားသည်။", "” ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကျွန်မမေးမယ်။ အဲဒီခလုတ်ကြီးက ဘယ်အဖုတ်ကြီးထဲ ရောက်နေတာတုန်း။ ဆိုက်ဝါးနဲ့ False News တွေနဲ့ လူထုကို လိမ်မနေနဲ့။ သေနတ်တောင် မကိုင်ဖူးတဲ့ ကျွန်မတို့က လားရှိုးကို သွားလို့မရဘူး။ ပစ္စတိုခါးကြားထိုးပြီး လားရှိုးသွားတဲ့ ခင်ဗျားတို့အဘကြီးကို သွားခိုင်းရမှာ”ဟု အမျိုးသားရေးအစွန်းရောက် မပုတုကဆိုသည်။", "ထို့ပြင် မဘသနှင့် အမျိုးသားရေးအစွန်းရောက် ကျော်စိုးဦးက သူ၏ တယ်လီဂရမ်တွင် လားရှိုးမှ မြင်ကွင်းဗီဒီယိုများကို ရှယ်၍ တောက်လျှောက်ဆိုသလို သူ၏ အမြင်များကို ဖော်ပြထားသည်။", "“ဘယ်ကောင်မှ သတင်းအမှန်တွေ အမှားတွေ ရေးမနေနဲ့။ ခင်ဗျားတို့ ရှင်းရမှာမဟုတ်ဘူး။ သတင်းမှန်က ရှင်းရမှာ။ခင်ဗျားတို့ ကြည့်ရက်တယ်ဗျာ။ မြင်ကြပါစေ၊သိကြပါစေ၊ခံစားတတ်ကြပါစေ”ဟု လားရှိုးတွင် သေဆုံးနေသူများ၏ ဗီဒီယိုများ၊ လားရှိုး ရမခ ကျဆုံးသည့် ဗီဒီယိုများကို ဖော်ပြ၍ တယ်လီဂရမ်တွင် ကျော်စိုးဦးက ရေးသားထားသည်။"]
https://yktnews.com/2025/03/205958/
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ မိုင်းရယ်နှင့် တန့်ယန်း ဗျူဟာမှူးတို့ ကျားဖြန့်ဂိုဏ်းများထံမှ ငွေသိန်းထောင်ချီလာဘ်ယူမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရ
["အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ မိုင်းရယ်နှင့် တန့်ယန်း ဗျူဟာမှူးတို့ကျားဖြန့်ဂိုဏ်းများထံမှ ငွေသိန်းထောင်ချီလာဘ်ယူမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရ", "ရန်ကုန်၊ မတ် ၁", "MNDAA ၏ တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့် တိုင်းစစ်ဌာနချုပ် လက်ကိုင်မရှိသော အရှေ့မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ မိုင်းရယ်နှင့် တန့်ယန်းဗျူဟာမှူးတို့ကို စစ်ကောင်စီက တရုတ်ကျားဖြန့်ဂိုဏ်းများထံမှ ငွေယူမှုဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်သည်ဟုဆိုကာ ယခင် ရမခ(တန့်ယန်း) တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း ၊ရမခ တိုင်းဦးချုပ်၊ မိုင်းရယ် ဗျူဟာမှူး၊တန့်ယန်းဗျူဟာမှူးတို့ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "“တိုင်းမှူးတော်တော်များများ ကျားဖြန့် Case နဲ့ ငြိနေတယ်။ နွယ်နေတယ် ။ ဒီကျားဖြန့်နဲ့နွယ်တဲ့ဟာတွေ စောစော စီးစီးရှင်းထုတ်နေတဲ့သဘောမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ရှမ်း ၄ ရှမ်းလို့ ခေါ်တဲ့ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်း၊ တြိဂံပေါ့ ။ အဲဒီနေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တာဝန်ထမ်းဆောင်ဖူးကြတဲ့ ရာထူးကြီးပိုင်း အတော်များများလည်း ဆက်ပြီးငြိလိမ့်မယ်။ အဲဒီလို ခန့်မှန်းတယ် အထဲထဲမှာ ပြောနေကြတာ လည်းကြားရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်‌ယော်က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "လက်ရှိတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းမှူးများကို စစ်တက္ကသိုလ်ဆင်း၊ တေဇ ခေါ် အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများကို မျှ၍ ခန့်ထားကြောင်း ၊ အဆိုပါ ကျောင်းများသည် တစ်ကျောင်း နှင့် တစ်ကျောင်း နီးစပ်မှုမရှိဘဲ မတည့်သည့် သဘောရှိနေကာ အချင်းချင်း ပြန်စောင့်ကြည့်၍ စစ်သတင်းရရှိရန် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်‌ယော်က ပြောဆိုသည်။", "ဖမ်းဆီးခံရသူများအနက်မှ ရမခ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးမှာ ကျားဖြန့်လုပ်ငန်းများမှ သိန်းထောင်ချီ လစဉ် ရယူခဲ့သည့်အပြင် တပ်တွင်း ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးသည် တန့်ယန်း၊ မန်ကတ် နှင့် မိုင်းရယ် ဒေသများရှိ ကျားဖြန့် လောင်း ကစားလုပ်ငန်းများတွင်ပါဝင် ပတ်သက်နေပြီး တရုတ်ငွေနှင့် မြန်မာကျပ်ငွေ သိန်းထောင်ချီ လစဥ် ရယူခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးမှာ အရက်ကောင်းများကို ပုံမှန် သောက်သုံးပြီး လက်အောက်ငယ်သား စစ်သည်များကို နေ့စဉ် ဆဲဆို ရိုက်နှက် ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူမှာလည်း လက်အောက်ငယ်များကို ဆဲဆို ရိုက်နှက်ပြီး လင်မယား ၂ ဦးလုံး မူးယစ်ဆေးဝါး သုံးစွဲကြကြောင်း သိရှိရသည်။", "ယခင်ကာလက တပ်တွင်း အရာရှိများက ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ထွန်းနိုင်စိုးကို တိုင်ကြားသော်လည်း နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ တူတော်စပ်ခဲ့သဖြင့် အရေးယူခံခြင်းမှ ကင်းလွတ်ခဲ့ကြောင်း သိရှိရသည်။", "” တန့်ယန်းမြို့မှာ ရုံးစိုက်ထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းနိုင်စိုးက ယုတ်မာ ရိုင်းစိုင်းတဲ့ အရာရှိကြီး တစ်ဦးပါ။ လက်အောက်ငယ်သားတွေ အပေါ် ထိုးကြိတ် ရိုက်နှက်တာတွေ အမြဲဆဲဆိုနေတာတွေကြောင့် ရမခ ကွပ်ကဲမှု အောက်မှာရှိတဲ့ အရာရှိစစ်သည်တွေ ဒုက္ခ ရောက်နေကြပါတယ်။ တပ်တွင်းအမှု ဖြစ်စဉ်တွေကိုလည်း ကိုယ်လွတ်ရုန်းပြီး တခြား သူတွေကို ထိုးကျွေးနေပါတယ်။ တပ်တွင်းမှာ မှီခို ရဲမေ စစ်သည်များပါ မကျန် သူတစ်ခွန်းဆို တစ်ခွန်းကြောက်နေရပါတယ်။ မူးယစ်ဆေးဝါးတွေ စိတ် ကြိုက်သုံးစွဲတဲ့အပြင် ကျားဖြန့်လုပ်ငန်းတွေမှာပါ တရုတ်ငွေနဲ့ အိတ်ကပ်ဖောင်းနေခဲ့သူပါ။” ဟု တပ်တွင်း မိသားစုများက ပြောဆိုသည်။", "၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ Online အသုံးပြု၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးတို့အား ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။", "ဓာတ်ပုံ- ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုးနှင့် ရမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်ကျော်ထွန်း။"]
https://yktnews.com/2024/08/177304/
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် အကြမ်း ဖက်မင်းအောင်လှိုင်က ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် စကားပြောမည်ဟုဆို
["အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် အကြမ်း ဖက်မင်းအောင်လှိုင်က ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် စကားပြောမည်ဟုဆို", "ရန်ကုန်၊ ဩဂုတ် ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အသိမ်းခံရပြီးနောက် အကြမ်းဖက်မင်းအောင်လှိုင်က ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် စကားပြောမည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ ဝါဒဖြန့် မီဒီယာများက ထုတ်ပြန် နေကြသည်။", "အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ အသိပေးပြောကြားချက်ကို ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်မည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဝါဒဖြန့် မီဒီယာများက ဆိုကြသည်။"]
https://yktnews.com/2024/08/177283/
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးနောက် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ် ချုပ် ရဲမြင့်နိုင် တို့ကို စစ်ကောင်စီက ဖမ်းဆီး ၊ ဆက်သွယ်ရေးညွှန်ကြားမှူးနှင့် စစ်ဆေးရေးအရာရှိချုပ်အသစ်များ ခန့်အပ်
["အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဆုံးရှုံးပြီးနောက် အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ် ချုပ် ရဲမြင့်နိုင် တို့ကို စစ်ကောင်စီက ဖမ်းဆီး ၊ ဆက်သွယ်ရေးညွှန်ကြားမှူးနှင့် စစ်ဆေးရေးအရာရှိချုပ်အသစ်များ ခန့်အပ်", "ရန်ကုန်၊ ဩဂုတ် ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကို ဆုံးရှုံးရပြီးနောက် စစ်ကောင်စီက အမှတ် ၂ ကစထမှူး ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးနှင့် ကကဆက်ညွှန်မှူး ဗိုလ်ချုပ် ရဲမြင့်နိုင် တို့ကို ဖမ်းဆီးလိုက်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ကထစ ၂ မှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးကတော့ ရမခ စစ်ဆင်ရေးကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ ရမခ တိုင်းစစ်ဌာနချုပ်ကြီးပါ ကျသွားတဲ့ အနေအထားမှာ အရင်တိုင်းမှူးအဟောင်းလည်း အဖမ်းခံရတယ်။ အဲဒီကိစ္စကြောင့်လို့ ယူဆပါတယ်။ နောက်တစ်ခုကတော့ ဆက်သွယ်ရေးညွှန်ကြားရေးမှုး ဗိုလ်ချုပ် ရဲမြင့်နိုင်၊ ဒီဖြစ်စဉ်မှာကတော့ ရမခ တိုင်းတစ်တိုင်းလုံးနဲ့ စစ်ရုံးချုပ်နဲ့က အဆက်အသွယ်ပြတ်သွားတယ်။ ဇော်မဲလုံးတောင်မှပဲ ဝန်ခံသွားပါတယ်။ အဆက်အသွယ်ပြတ်တာ စဖြစ်တဲ့နေ့ကတည်းက အဆက်အသွယ်ပြတ်သွားတာ။ ယာဉ်တန်း စစ်ကူလိုက်တဲ့နေ့ပေါ့နော်။ အဆက်အသွယ်ပြတ်တောက်မှုပေါ့ ။ မင်းအောင်လှိုင် စိတ်ဆိုးသွားတာ။ သူတို့ရဲ့ စစ်ဗိုလ်ချုပ်တွေက အဲဒီလိုပဲ တကယ့်တကယ်မြေပြင်မှာ ဖြစ်နေရင် ဘယ်သူမှ ဖုန်းအားလည်း မသွင်းနိုင်ဘူး။ ဆက်သွယ်လို့လည်း မရနိုင်ဘူး။ သူတို့ကိုယ်တိုင် သူတို့ရဲ့ ရှင်သန်ရပ်တည်မှုတောင် မနည်းလုပ်နေရတာ။ ဒါပေမဲ့လည်း နောက်ဆုံးမှာ သူတို့တွေ အဖမ်းခံသွားရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၎င်းသဘောမကျသူများကို ရာထူးမှ ဖယ်ရှားပြီးနောက် စစ်တပ် ဆက်သွယ်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် ဗိုလ်မှူးချုပ် ဇေသူရ ကို အသစ်ခန့်အပ်လိုက်ပြီး ဒုဗိုလ်ချုပ်ကြီး နေလင်းအောင်ကိုလည်း တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဟူ၍ အသစ်ခန့်အပ်လိုက်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက အသစ်ခန့်အပ်လိုက်သည့် တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ရာထူးသည် မင်းအောင်လှိုင်ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ် Level အဆင့်ရှိ ရုံးမှန်သမျှကို စိတ်ကြိုက် ဝင်စစ်ခွင့်ရှိသည့် ရာထူးဖြစ်ပြီး မင်းအောင်လှိုင်၏ တပ်တွင်း မယုံသင်္ကာဖြစ်နေကြောင်း၊ သူ၏ လက်အောက်ငယ်သားများက ခိုင်းသည့် အတိုင်း မလုပ်ဆောင်သည်ကို သဘောပေါက်နေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။", "“တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ဆိုတာ သူက မင်းအောင်လှိုင် ကိုယ်စား မထင်ရင် မထင်တဲ့ လူတွေ မှန်သမျှ ကျန်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဗိုလ်ချုပ် Level တွေ အဆင့်ရှိတဲ့ ရုံးတွေ မှန်သမျှ ဝင်စစ်လို့ရတယ်။ စစ်တပ်ထဲမှာ မင်းအောင်လှိုင်က မယုံသင်္ကာဖြစ်နေပြီ။ အခုမှ သူက အတွေးပေါက်တာ။ ဒီကောင်တွေ ငါခိုင်းတဲ့အတိုင်း မလုပ်ဘူး ။ ဖြစ်ချင်တိုင်း ဖြစ်နေကြတာပဲ။ တကယ်က ဖြစ်ချင်တိုင်းဖြစ်နေကြတာ ကြာလှပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီမှ ပြောခွင့်ရ ဇော်မင်းထွန်းက လားရှိုး၊ ရမခတွင် စစ်ကောင်စီတပ်ဘက်မှ အကောင်းဆုံး ပြင်ဆင် ခုခံခဲ့ကြောင်း စစ်သည်၊ အရာရှိနှင့် ရဲမေများ ရွပ်ရွပ်ချွံချွံ ခုခံခဲ့ကြောင်း ၊ နောက်ဆုံးအချိန်အထိ စစ်တပ်က ခုခံခဲ့ကြောင်း၊ စစ်အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။", "ဓာတ်ပုံ- အမှတ် ၂ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ကို ရမခတိုင်းမှူးဘ၀ တွင် မြင်တွေရစဉ် (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/08/180233/
အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ဦးကို MNDAAနှင့် PDFတပ်ပေါင်းစုက ထပ်မံ လွှတ်ပေး
["အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ဦးကို MNDAAနှင့် PDFတပ်ပေါင်းစုက ထပ်မံ လွှတ်ပေး", "ရန်ကုန်၊ ဩဂုတ် ၂၃", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ဦးကို MNDAAနှင့် PDF တပ်ပေါင်းစုက ထပ်မံ လွှတ်ပေးခဲ့ကြောင်း စစ်ရေးသတင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၂၃ ရက်နေ့တွင် အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်မှ ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦး အပါအဝင် ၂၉၇ ကို MNDAAနှင့် PDFတပ်ပေါင်းစုက ထပ်မံ လွှတ်ပေးခဲ့ကြောင်း၊ ထိုသို့ လွှတ်ပေးရာတွင် SSPP အဖွဲ့နှင့် ချိတ်ဆက်၍ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ဒီနေ့ MNDAAနဲ့ PDF တပ်ပေါင်းစုကနေ လားရှိး (ရမခ) ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိခဲ့တဲ့ ဒဏ်ရာရ စစ်သုံ့ပန်း ၈၀ ဦးအပါအဝင် ၂၉၇ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ခုလို ပြန်လွှတ်ပေးတဲ့နေရာမှာ မဟာမိတ် SSPP နဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီး ပို့ဆောင်ပေးခဲ့ပါတယ်” ဟု စစ်ရေးသတင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။"]
https://yktnews.com/2024/01/142679/
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ပေါ် RD ကုန်မာဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ
["အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ပေါ် RD ကုန်မာဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ RD ကုန်မာဆိုင်ရှေ့တွင် ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“ဆိုင်ကယ်ပေါ်မှာ ဗုံးထောင်ထားတာ။ ပေါက်ကွဲသံက နှစ်ချက် အကျယ်ကြီးပဲ။ သွားကြည့်တဲ့အချိန်မှာတော့ လူတော့ ထိခိုက်ထားတာမတွေ့ဘူး။ ဗုံးပေါက်တာက RD ကုန်မာဆိုင်ရှေ့မှာပေါက်တာ။ ဗုံးပေါက်ပြီးတော့ မီးလောင်နေလို့ ကုန် မာ ဆိုင် ဝန်ထမ်းတွေနဲ့ အနားက လူတွေက ရေနဲ့ ဖြန်းပြီး ငြိမ်းတာတွေ့တယ်။ ဗုံးကွဲ အသံတော့ အတော်ကို ကျယ်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လားရှိုးမြို့တွင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်မှုများရှိနေပြီး အဝင်အထွက်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် စစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/108594/
အရှေ့ရိုးမ တပ်ရင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အဖြစ် စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["အရှေ့ရိုးမ တပ်ရင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အဖြစ် စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ ဇွန် ၁၉", "ရှမ်းတောင် အလယ်ပိုင်း စစ်ဒေသတွင် အရှေ့ရိုးမတပ်ရင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ စစ်ဘေးရှောင် ကလေးငယ်များကို ကိတ်မုန့်နှင့် ဟန်ဘာဂါကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/186237/
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာန ဆေးတပ်ဌာနခွဲ တပ်သား သင်တန်းဆင်းပွဲပြုလုပ်
["အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာန ဆေးတပ်ဌာနခွဲ တပ်သား သင်တန်းဆင်းပွဲပြုလုပ်", "ရန်ကုန်၊အောက်တိုဘာ ၃", "ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန ဆေးတပ်ဌာနခွဲက ဦးစီးပြုလုပ်သော ရှေ့တန်းစစ်မြေပြင်ဆေးတပ်သားသင်တန်း သင်တန်းဆင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186970/
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာနမှ ရဲဘော်များက ရေဘေးသင့်ပြည်သူများကို အခြေခံစားသောက်ကုန်များလှူဒါန်း
["အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာနမှ ရဲဘော်များက ရေဘေးသင့်ပြည်သူများကို အခြေခံစားသောက်ကုန်များလှူဒါန်း", "ရန်ကုန်၊အောက်တိုဘာ ၈", "ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊နေပြည်တော်တိုင်းစစ်ဌာနမှရဲဘော်များက စစ်တောင်းမြစ်ဝှမ်းအရှေ့ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေရှိ ရေဘေးသင့်ပြည်သူများကို ဒုတိယအကြိမ် အဖြစ် ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန်များ သိန်း ၁၂၀ ဖိုးခန့် လှူဒါန်းထောက်ပံ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207672/
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ က မွမ်းမံစစ်သင်တန်းဆင်းပွဲ ပြုလုပ်
["အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ က မွမ်းမံစစ်သင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ မတ် ၁၅", "အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် နေပြည် တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ က မွမ်းမံစစ်သင်တန်းဆင်းပွဲ ယနေ့ ပြုလုပ်ကြောင်း သိရှိရသည်။", "သင်တန်းဆင်းပွဲတွင် နေပြည်တော်တိုင်းစစ်ဌာန စစ်ဦးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စစ်ရေးချုပ်က MOD က ပေးပို့သော သဝဏ်လွှာဖတ်ခြင်းကြောင်း၊ တပ်ရင်း ၉၀၁ တပ်ရင်းမှူးက တက်ရောက်လာသူများနှင့် သင်တန်းသားများကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး သင်တန်းသားရဲဘော်များကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109342/
အလိမ်အညာ မုသာဝါဒများ အမြဲပြောဆိုနေသည်ဟု ဝေဖန်ခံရသည့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း နေပြည်တော်တွင် ဘုရားတည်
["အလိမ်အညာ မုသာဝါဒများ အမြဲပြောဆိုနေသည်ဟု ဝေဖန်ခံရသည့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း နေပြည်တော်တွင် ဘုရားတည်", "Non-CDM ဝန်ထမ်းများ မလာမနေရ ဖိအားပေးထားပြီး ဘုရားထီးတင်ပွဲ မလာလျှင် ဝန်ထမ်း စည်းမျဉ်းဖြင့် အရေးယူမည်ဟုခြိမ်းခြောက်", "ရန်ကုန်၊ ဇွန် ၂၃", "အလိမ်အညာ မုသာဝါဒများ အမြဲပြောလေ့ရှိသူအဖြစ် ဝေဖန်ခံရသူ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းသည် နေပြည်တော်၊ ပျဉ်းမနားတွင် ဘုရားတည်ထားထီးတင်မည်ဖြစ်ပြီး ဝန်ထမ်းများ မလာမနေရ ဖိအားပေးခြိမ်းခြောက်ထားကြောင်း သိရှိရသည်။", "ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်မှစတင်၍ အကြမ်းဖက် ဇော်မင်းထွန်းနှင့်ဇနီးတို့က မင်္ဂလာမဟာကန်အောင်စေတီတော်၏ စိန်ဖူးတောင်ကို ကပ်လှူ မည်ဖြစ်ပြီး ယင်းနေ့တစ်နေ့လုံး ဘုရားထီးတောင်တင်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ထီးတော်တင်မည့် စေတီအနီးတွင် မွေးမြူရေးဆိုင် ရာတက္ကသိုလ်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့ တည်ရှိသဖြင့် ယင်းဌာနများမှ ဝန်ထမ်းများအားလုံး ဇော်မင်းထွန်း၏ အလှူသို့ လုံး၀ (မဖြစ်မနေ) လာရောက်ကြရန် ဆင့်ခေါ်ကြောင်း၊ ထီးတော်တင်ပွဲ မလာရောက်လျှင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အရေးယူမည်ဟု ခြိးခြောက်ကြောင်း သိရှိရသည်။", "“ရေဆင်းမှာ ဘုရားလာတည်တာဆိုတော့ တက္ကသိုလ် ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို (ဗိုလ်ချုပ်) ဇော်မင်းထွန်း အလှူကို လာခိုင်းတယ်။ မလာရင် အရေးယူခံရမယ်။ အထက်ကို တင်ပြ အရေးယူမယ်။ ဇော်မင်းထွန်းရဲ့ ဘုရားထီးတော်တင်ပွဲမလာရင်လည်း အကြမ်းဖက်အားပေးဆိုရင် အရေးယူခံရမယ့် ပုံစံမျိုး ပြောလာတယ်။ အလိမ်အလာတွေချည်းပြောနေတဲ့ ဇော်မဲလုံးက ဘုရားတည်မယ်ဆိုတော့ တကယ့်ကို ရယ်စရာကြီးပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲများ၊ ဆက်သွယ်မေးမြန်းချက်များ၊ တွေ့ဆုံ မေးမြန်းမှုများကို စစ်တပ်ကိုယ်စား အမြဲလိုလို လိမ်ညာ ဝါဒဖြန့် ဖြေဆိုနေသော ဇော်မင်း ထွန်းသည် စစ်အာဏာသိမ်းလက်ထက်တွင် စစ်တပ် စိတ်ဓာတ် စစ်ဆင်ရေး နှင့်ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှုရုံး၊ ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးဒုဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်နေသူဖြစ်သည်။", "၎င်း၏ ပြောဆိုမှုများသည် ရိုင်းစိုင်းပြီး မြေပြင်အခြေအနေ အမှန်တရားများကို လိမ်လည်လေ့ရှိ၍ အများစုက ဇော်လိမ်မဲလုံး ဟု နာမည်ပြောင်ပေး၍ ခေါ်ဆိုကြသည်။"]
https://yktnews.com/2023/04/96441/
အလုံ လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်၊ မီးများပြီး ကောင်းကင်ယံမှာ မီးခိုး လုံးတွေ တက်နေ
["အလုံ လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်၊ မီးများပြီး ကောင်းကင်ယံမှာ မီးခိုး လုံးတွေ တက်နေ", "ရန်ကုန်၊ ဧပြီ ၈", "ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အလုံလျှပ် စစ်ဓာတ် အားခွဲရုံတွင် ယနေ့ ညနေ ၆ နာရီ ၃၅ မိနစ်မှ စတင်၍ မီး လောင် ကျွမ်း လျက်ရှိကြောင်း ဒေသပြည်သူများက ပြောသည်။", "”လောင်နေတာက နာရီဝက်လောက်ရှိတော့မယ်။ မီးလည်းကြီးတယ်။ ကောင်း ကင်မှာ မီးခိုးလုံးတွေချည်းပဲ။ မီးသတ်ကားတွေလည်းသွားနေကြတာပဲ။ မီးမမှန် မှန် မပေးနိုင်ဘဲ ဓာတ်အားပေးစက်ရုံက မီးထလောင်တော့ မီးပိုပြတ်မှာ ပေါ့။ မီးလောင်တဲ့နားမှာ CNG ဓာတ်ငွေ့ဆိုင်တွေကော၊ စက်သုံးဆီအရောင်း ဆိုင် တွေ ကောရှိနေတယ်။ ရပ်ကွက်က လူတွေတော့ အထုပ်တပြင်ပြင်ဖြစ် ကုန် ပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကမူ လက်ရှိ မီးလောင်ကျွမ်းမှုကို Level 3 အဆင့် သတ် မှတ်ထားပြီး ရန်ကုန်တိုင်းအတွင်းမှ မီးသတ်ကားအများအပြား ထွက်ခွာ မီးငြိမ်းသတ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121901/
အလောင်းတော် ကဿပဘုရား သွားလမ်းပေါ်ရှိ ဘုရားဖူး များနားနေသည့် ပွင့်ကြီး စခန်းကို စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၍ ဘုရားစေတီ၊ ကျောင်းဆောင် ဇရပ်များ ပျက်စီးပြီး အရပ်သား ၁ ဦး ကျည်ထိမှန်
["အလောင်းတော် ကဿပဘုရား သွားလမ်းပေါ်ရှိ ဘုရားဖူး များနားနေသည့် ပွင့်ကြီး စခန်းကို စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်၍ ဘုရားစေတီ၊ ကျောင်းဆောင် ဇရပ်များ ပျက်စီးပြီး အရပ်သား ၁ ဦး ကျည်ထိမှန်", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော် ကဿပဘုရားသွားလမ်း ပေါ်ရှိ ဘုရားဖူးများနားနေသည့် ပွင့်ကြီးစခန်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်၍ ဘုရားစေတီနှင့် ဇရပ်များ ပျက်စီးသွားကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။", "စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ယင်းကဲ့းသို့ တိုက်ခိုက် ရေး ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဘုရား စေတီ၊ ကျောင်းဆောင် ဇရပ်များ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လေယာဉ်အမျိုးအစားက Mi35 ရဟတ်ယာဉ်အမျိုးအစားဗျ။ ဘာသတင်း ကြားလို့တော့မသိဘူး။ အကြောင်းမဲ့လာပစ်သွားတာ။ ထိခိုက်ပျက်စီးမှုကတော့ ဘုရားတွေနဲ့ကျောင်းဆောင်တွေပျက်စီးတယ်။ လူတစ်ယောက်လည်း ထိမှန်တယ် ဗျ။ ပစ်တာက ဘုရား‌ေကျာင်းနဲ့အနီးအနား ၅ မိုင်ပတ်လည်ကို ပစ်တာ။ သူတို့ပစ်တဲ့ဟာတွေကို ကျနော်တို့ အဝေးကနေအတိုင်းသား မြင်နေရတယ်ဗျ။ အဲဒီ အနီးအနားကို ဘာလို့ လေယာဉ်နဲ့လာပစ်တာလဲဆို တော့ဘုရားအနီးအနားကို ပြည်သူကာကွယ်ရေးအဖွဲ့တွေ ဖြတ်သွား၊ ဖြတ်လာတာ တွေတော့မြင်ဘူးတယ်။ အဲဒါကြောင့်များ အခုလိုလာပစ်ခတ် တာလားမသိဘူး” ဟု ကပိုင်ရွာဒေသခံရွာသားတစ်ဦးက ပြောသည်။", "မေလ၂၉ ရက် နေ့ကလည်း ပွင့်ကြီးစခန်းနှင့် ၆မိုင်ခန့်ကွာဝေးကွာသည့် ပိုင်ရွာနှင့် သီးကုန်းရွာများတွင် PDF စစ်ကြောင်းရှိသည်ဟုဆိုကာ ရဟတ် ယာဉ်ဖြင့် ပစ်ခတ်မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171491/
နောင်ချို၊ ကျောက်​ကြမ်းရွာ တိုက်ပွဲတွင် သေဆုံးခဲ့သော ဒုဗိုလ်မှူးကြီး သန့်ဇော်ခိုင် အပါအဝင် စစ်သည် ၁၂ ဦးကို ပျောက်ဆုံး စာရင်းသွင်းလိုက်ပြီး အသက်အာမခံနှင့် လျှော်ကြေးများ ကျန်ရစ်သူမိသားစုများ မရ
["အသက်အာမခံနှင့် လျှော်ကြေးလိုချင်ပါက အလောင်းများရှာခဲ့ရန် တပ်မှူးက ကျန်ရစ်သူမိသားစုများကို စေခိုင်း", "ရန်ကုန်၊ ဇူလိုင် ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်​ကြမ်းရွာတိုက်ပွဲတွင် သေဆုံးခဲ့သော ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်ကို အလောင်းမပြနိုင်သဖြင့် ပျောက်ဆုံးစစ်သည်များ၏ စာရင်းသွင်းလိုက်ပြီး ကျန်ရစ်သူမိသားစုအနေဖြင့် အသက်အာမခံနှင့် လျှော်ကြေးများ မရရှိကြောင်းသိရှိရသည်။", "မန္တလေးတိုင်း၊ ပြင်ဦးလွင်အခြေစိုက် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်း၊ ဗိုလ်ကြီးဇင်မင်းထွန်း အပါ အဝင် စစ်သည် ၁၂ ဦးသည် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းတိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း အလောင်းပြန်လည် မရရှိခဲ့ကြောင်း၊ ထို့ကြောင့် ပျောက်ဆုံးစာရင်းသွင်းပြီး အသက်အာမခံကြေးနှင့် လျှော်ကြေးကို ကျန်ရစ်သူ မိသားစုများက မရရှိကြောင်း သိရှိရသည်။", "“သေဆုံးအရာရှိ စစ်သည်တွေရဲ့ နယ်က မိဘ​တွေကို တပ်ကိုလာဖို့အ​ကြောင်းကြားပြီး တပ်​ရောက်မှ​သေဆုံး​ကြောင်း​ပြောပါတယ်။ ငိုချင်ရင်တပ်ထဲမှာပဲ ငိုပြီးအပြင်မ​ပေါက်ကြား​စေဖို့ မိသားစုဝင်​တွေကို မှာတယ်။ နာ​ရေးရက်လည် လုပ်အပြီးမှာ ​သေဆုံးသူ​တွေအားလုံးကို ​ပျောက်ဆုံး အ​နေ နဲ့ ​ပဲဆက်လက်တင်ပြတယ်။ အဲဒီတော့ အသက်အာမခံ လျှော်ကြေးလည်း မရတဲ့အပြင် ဂရက်ဂျူတီလိုချင်ရင် အ​လောင်းပြနိုင်မှ ရမယ်ဆိုပြီး ကျန်ရစ်သူ မိသားစုကို ပြောပါတယ်။ အဲဒါကို သသနတပ်မှူး ဗိုလ်ချုပ်စိုးမြင့်​မောင်က စီမံ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု တပ်အသိုင်းအ၀ိုင်းက ရှင်းပြသည်။", "ပြင်ဦးလွင် သသနတပ်မှ သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး သန့်ဇော်ခိုင်မှာ DSA အပတ်စဉ် ၄၃ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ကြီးဇင်မင်းထွန်း -DSTA အပတ်စဥ် ၁၆ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်များတွင် သေဆုံးမှု များပြားနေသည့်အတွက် လက်ရုံးတပ်များ၊ ပညာသည် အရာရှိနှင့် စစ်သည်များကိုပါ ရွေးထုတ်၍ စစ်တိုက်ခိုင်းမှုများကို တောက်လျောက်ဆိုသလို ဆောင်ရွက်လျက်ရှိကြောင်း တပ်အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။", "ဓာတ်ပုံ – နောင်ချိုမြို့တိုက်ပွဲများတွင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/01/84317/
အသံတိတ် သပိတ်နေ့ နံနက် ၃ နာရီမှစ၍ စစ်တပ်နှင့်ရဲများ လုံခြုံရေး ယူမည် ဖြစ်ပြီး မြို့နယ် အားလုံး တွင် စစ်တပ်ထောက်ခံပွဲများဖြင့် လှည့်လည်မည်
["အသံတိတ် သပိတ်နေ့ နံနက် ၃ နာရီမှစ၍ စစ်တပ်နှင့်ရဲများ လုံခြုံရေး ယူမည် ဖြစ်ပြီး မြို့နယ် အားလုံး တွင် စစ်တပ်ထောက်ခံပွဲများဖြင့် လှည့်လည်မည်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီမှစတင် ၍ စစ်တပ်နှင့်ရဲမျးက မြို့ပေါ် လုံခြုံရေး ကင်းပတ်ကြမည်ဖြစ်ကြောင်း ရဲဘက် သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ရန်ကုန် အပါအဝင် မြို့ကြီးအားလုံးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၃ နာရီ မှ စတင်၍ အသင့်အနေအထားဖြင့် လုံခြုံရေး ယူရမည်ဖြစ်ပြီး ကင်းပုန်းများ ချ ထား မည်ဖြစ်ကြောင်း၊ ထို့ပြင် စနိုက်ပါ စစ်သားများကိုလည်း အထပ်မြင့် တိုက် တာများတွင် ချထားပြီး အဓိကအားဖြင့် စစ်တပ်ထောက်ခံပွဲပြုလုပ်မည့် ရန် ကုန် မြို့တော်ခန်းမရှေ့တွင် ပတ်ပတ်လည်ကို စနိုက်ပါ စစ်သားများ ယခုညက တည်းက ချထားကြောင်း သိရှိရသည်။", "ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ထောက်ခံကြိုဆိုပွဲများကို ကျင်းပမည်ဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ၊ ပျူစောထီး(ခေါ်) ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ မဘသနှင့် အမျိုးသားရေး အဖွဲ့ များက မြို့နယ် ထွေ/အုပ်ရုံးများတွင် စုစည်းကြမည်ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီအတွင်း ကားများဖြင့် ရန်ကုန်မြို့အနှံ့ မြို့နယ်များ အလိုက် နေရာများခွဲ၍ လှည့်လည်ကြမည်ဖြစ်ကြောင်း သိရှိရသည်။", "“မြို့နယ် သံဃာအဖွဲ့ဝင်တချို့ပါမယ်။ ရပ်ကွက်အုပ်ကြီးတွေ ရာအိမ်မှုး ဆယ် အိမ် မှူးတွေ ထွေအုပ်၊စည်ပင် ယောက်ျားလေးဝန်ထမ်းတွေကို အရပ်ဝတ်စုံ တွေနဲ့ လူစုခိုင်းထားတယ်။ အိမ်စီးကားမျိုးစုံလည်းအသင့်စုစည်းခိုင်းထား ပြီး အသံတိတ်သပိတ် လုပ်မယ့် နံနက်၁၀ ​နာရီနဲ့ညနေ ၃နာရီကြား ကားတွေနဲ့ လမ်းမ တွေပေါ်လှည့်သွားဖို့ ညွှန်ကြားချက်တွေ ထွက်လာတယ်။ စစ်တပ်နဲ့ ရဲက လုံခြုံရေးပေးမယ်။ ကားတွေပေါ်မယ် မိမိကိုယ်ကို ကာကွယ်ဖို့ တုတ်၊ဓား၊ လေးခွ များဆောင်လာဖို့လည်း မှာထားကြတယ်”ဟု မရမ်းကုန်းမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။", "ရန်ကုန်မြို့လယ်ခေါင်တွင် ပြုလုပ်သည့် စစ်တပ် အာဏာသိမ်းမှု ထောက်ခံကြို ဆိုပွဲ ၂ နှစ်ပြည့် အခမ်းအနားကိုလည်း မြို့နယ်များမှ ကားနှင့်လူများ သွား ရောက် ပူးပေါင်း ကြမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကျင်းပခဲ့သည့် စစ်တပ်ထောက်ခံပွဲ တစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)", "Photo- AP"]
https://yktnews.com/2024/01/142953/
မကွေးမြို့တွင် စည်ပင်က ဖေဖော်ဝါရီလ ၁ ရက်နေ့ ဆိုင်များ မပိတ်ရန်နှင့် အသံတိတ် သပိတ်တွင် မပါဝင်ရန် စျေးဆိုင်ပိုင်ရှင်များကို လက်မှတ်ထိုးခိုင်း
["အသံတိတ်သပိတ် ရှိမှန်း စည်ပင်က လက်မှတ်ထိုးခိုင်းမှ စျေးဆိုင်ပိုင်ရှင်အားလုံး သိရှိပြီး အပြင်မထွက်ရန် ဆုံးဖြတ်ကြ", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "မကွေးမြို့တွင် စည်ပင်သာယာရေးအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စျေးဆိုင်များ မပိတ်ရန်နှင့် အသံတိတ် သပိတ် တွင် မပါဝင် စျေးဆိုင်ပိုင်ရှင်များကို လိုက်လံ လက်မှတ်ထိုးခိုင်းနေကြောင်း သိရှိရသည်။", "ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ယခု သတင်းရေးသားအချိန်အထိ မကွေးမြို့ စည်ပင်သာယာရေးအဖွဲ့က အသံတိတ်သပိတ်တွင် မပါဝင်ရန် စျေးဆိုင်တိုင်းကို လိုက်လံ ပြောဆို လက်မှတ်ရေးထိုးခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မနက်ဖြန် Silent Strike ရှိမှန်း စျေးဆိုင်တွေက မသိဘူး။ မကွေးစည်ပင်က ဆိုင်တွေ မဖွင့်မနေရဖွင့်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းမှ အသံတိတ်သပိတ်ရှိမှန်းသိကြတာ။ စည်ပင်က လမ်းဘေးဝဲယာက ဆိုင်တွေကို မနက်ဖြန် မ‌ဖွင့်မနေရ လက်မှတ်လိုက်ထိုးခိုင်းတယ်။ စျေးဆိုင်တော်တော်များများက မနက်ဖြန်ဘာနေ့မှန်းမသိကြတာကို စည်ပင်က မဖွင့်မ‌နေရ လက်မှတ်လိုက်ထိုးခိုင်းမှ အသံတိတ် သပိတ်ရှိမှန်းသိကြတာ။ ဆိုင်တော့ဖွင့်ကြမယ်။ အပြင်မထွက်ကြမှာကတော့ သေချာပါတယ်” ဟု မကွေးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒေါက်တာတေဇာစန်းအပါအဝင် တော်လှန်ရေး သပိတ်ခေါင်းဆောင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ် ပြုလုပ်မည်ဖြစ်ပြီး ယင်းသပိတ်တွင် ပြည်သူလူထု ပါဝင်နိုင်ရန်အတွက် ရုံးနှင့် ဆိုင်များ ပိတ်ရင်မလိုအပ်ကြောင်း၊ ပုံမှန်အတိုင်း ရုံးတက်၊ ဆိုင်ဖွင့်ပြီး မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လုံး၀ အပြင်မထွက်ဘဲ နေရုံဖြင့် အသံတိတ်သပိတ်တွင် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။", "ဓာတ်ပုံ- မကွေးမြို့မစျေးတွင် ယမန်နှစ် ၂၀၂၃ ခုနှစ်အတွင်း မကွေးစည်ပင်အဖွဲ့က လိုက်လံစစ်ဆေးမှုများ လုပ် ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup"]
https://yktnews.com/2023/01/84070/
အသံတိတ်သပိတ်ကို တန်ပြန်သည့် အနေဖြင့် မြို့နယ်တိုင်းတွင် စစ်တပ် ထောက်ခံ ပွဲများ ပြုလုပ်မည်ဟု ကြေညာ၊ အသံ တိတ် သပိတ် မဖြစ်စေ ရေး ဆက်တိုက် ခြိမ်းခြောက်နေ
["အသံတိတ်သပိတ်ကို တန်ပြန်သည့် အနေဖြင့် မြို့နယ်တိုင်းတွင် စစ်တပ် ထောက်ခံ ပွဲများ ပြုလုပ်မည်ဟု ကြေညာ၊ အသံ တိတ် သပိတ် မဖြစ်စေ ရေး ဆက်တိုက် ခြိမ်းခြောက်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး အသံ တိတ် သပိတ်တွင် တစ်နိုင် ငံ လုံးအတိုင်းအတာဖြင့် ပြည်သူများ ပါဝင်ရန် ပြင်ဆင် နေကြချိန် စစ်တပ်ထောက်ခံသူများက အသံ တိတ် သပိတ်ကို တန်ပြန်မည့် စစ်တပ်ထောက်ခံပွဲများကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ် မည် ဖြစ် ကြောင်း ကြေညာချက်များ ထုတ်ပြန်လာသည်။", "စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့်တော်လှန်ရေးအဖြစ် ဆိုင်ပိတ်စရာမလို၊ ရုံးပိတ် စရာမလိုဘဲ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ဘဲ တိတ်ဆိတ် ငြိမ်သက်ခြင်းဖြင့် အသံတိတ် သပိတ် ပါဝင်ရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်း နှိုးဆော်နေကြချိန် စစ်တပ်ထောက်ခံသူများ ဘက်ကလည်း မြို့နယ် တိုင်းတွင် ပုံမှန်သွားလာကြရန်နှင့် လိုအပ်ပါက စစ်တပ်ထောက်ခံပွဲများ မြို့ နယ် တိုင်း စုပေါင်းပြုလုပ်သွားမည်ဟု ကြေညာခြင်းဖြစ်သည်။", "ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြို့လယ်ခေါင် မဟာဗန္ဓုလ ကားပါကင် တွင် စစ်တပ် ထောက်ခံ ကြိုပွဲတစ်ခုကို မိုက်ကယ်ကျော်မြင့်နှင့် အစွန်းရောက် အမျိုးသားရေးသ မားများက ဦးဆောင် ပြုလုပ်မည်ဖြစ်‌ပြီး ယင်းပွဲကို တက်ရောက်ရန်လည်း စစ်တပ်ထောက်ခံသူများက စည်းရုံး လှုံ့ဆော် နေကြကြောင်း သိရှိရသည်။", "စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ဘညွန့် အစရှိသည့် တယ်လီဂရမ် များတွင် အသံတိတ် သပိတ် ပါဝင်လျှင် ဖမ်းဆီးအရေးယူခံရနိုင်၍ မပါဝင်ကြရန် လည်း ခြိမ်းခြောက်နေပြီး အသံတိတ် ပါဝင်သူများတွေ့ရှိလျှင် သတင်းပေးကြရန် ဆိုသော ပို့စ်များကို ဆက်တိုက်တင်နေကြသည်ကို မြင်တွေ့ရသည်။"]
https://yktnews.com/2024/01/142934/
ဖေဖော်ဝါရီလ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ်သပိတ်တွင် စျေးဆိုင်များ ပိတ်သိမ်းခြင်းမပြုရန် စစ်တပ်နှင့်စည်ပင်က လိုက်လံ ခြိမ်းခြောက်၊ စျေးဆိုင်ပိတ်လျှင် ထောင်ချမည်ဟုဆို
["အသံတိတ်သပိတ်တွင် ရုံးနှင့်ဆိုင်များ ပိတ်ရန်မလိုဘဲ မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ဘဲ ပြည်သူများ ပါဝင်နိုင်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့ တစ်နိုင်ငံလုံး အသံတိတ် သပိတ်တွင် စျေးဆိုင်များ ပိတ်သိမ်း ခြင်းမပြုရန် ရန်ကုန်နှင့်မန္တလေးမြို့ကြီးများတွင် စစ်တပ်နှင့်စည်ပင်က လိုက်လံခြိမ်းခြောက် ဖိအားပေးလျက်ရှိကြောင်း ရန်ကုန်နှင့် မန္တလေးမှ စျေးဆိုင်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“စည်ပင်နဲ့စစ်သား ၃ ဦးလောက်ပါတယ်။ လက်နက်တွေနဲ့။ ဆိုင်မပိတ်ဖို့နဲ့ ဆိုင်ပိတ်ရင် ထောင်ချခံရနိုင်တယ်ဆိုတာမျိုးပြောတယ်။ ဆိုင်ရှင်နာမည်၊ နေရပ်၊ ဖုန်းနံပါတ်တွေ တောင်းသွားတယ်” ဟု ရန်ကုန်မှ အမည်ဖော်လိုသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ အဆိုပါဆိုင်ပိုင်ရှင်က ဆိုင်တည်ရှိသော မြို့နယ်အမည်ကိုပါ မဖော်ပြရန် မေတ္တာရပ်ခံသည်။", "အလားတူ မန္တလေးတွင်လည်း စျေးဆိုင်တချို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ပိတ်သိမ်းခြင်းမပြုရန် လိုက်လံ သတိပေးမှုများရှိကြောင်း မန္တလေးဆိုင်တချို့က ပြောဆိုသည်။", "“ရပ်ကွက်လူကြီးနဲ့ ရာအိမ်မှူးလာတယ်။ စျေးဆိုင်တွေ မနက်ဖြန် မပိတ်နဲ့။ ပိတ်ရင် အရေးယူခံရလိမ့်မယ်လို့ပြောတယ်။ ဘယ်လို အရေးယူမယ်တော့မပြောပါဘူး။ အဲဒါပဲ ပြောပြီး ပြန်ထွက်သွားတယ်။” ဟု မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။", "ဒေါက်တာတေဇာစန်းအပါအဝင် တော်လှန်ရေး သပိတ်ခေါင်းဆောင်များက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ် ပြုလုပ်မည်ဖြစ်ပြီး ယင်းသပိတ်တွင် ပြည်သူလူထု ပါဝင်နိုင်ရန်အတွက် ရုံးနှင့် ဆိုင်များ ပိတ်ရင်မလိုအပ်ကြောင်း၊ ပုံမှန်အတိုင်း ရုံးတက်၊ ဆိုင်ဖွင့်ပြီး မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လုံး၀ အပြင်မထွက်ဘဲ နေရုံဖြင့် အသံတိတ်သပိတ်တွင် ပါဝင်နိုင်ကြောင်း တိုက်တွန်းထားသည်။", "ထို့ပြင် အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန် ၊ UAE နှင့် Finland နိုင်ငံရောက် ပြည်သူများက လက်ရှိတော် လှန်ရေးကို အားပေးထောက်ခံထောက်ခံကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြု လုပ်မည့် အသံတိတ်သပိတ်တွင် မိဘပြည်သူများ ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြည်သူ့ သပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြည်သူများကို တိုက်တွန်းသည်။", "ဓာတ်ပုံ- ကရင်ပြည်နယ်တွင် ၂၀၂၂ ခုနှစ် အသံတိတ်သပိတ်နေ့ မပါဝင်ရန် စစ်တပ်၊ ရဲနှင့် စစ်ကေင်စီတပ်ဖွဲ့ဝင်များ လိုက်လံ ခြိမ်းခြောက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup"]
https://yktnews.com/2025/05/213545/
အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းရန် နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် စစ်ကောင်စီနှင့် အပစ်ရပ် လက် မှတ် ထိုးထားသော ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခုက တောင်းဆို
["အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းရန် နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် စစ်ကောင်စီနှင့် အပစ်ရပ် လက် မှတ် ထိုးထားသော ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခုကတောင်းဆို", "ရန်ကုန်၊ မေ ၅", "ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အပါအဝင် အချက် ၅ ချက်ကို စစ်ကောင်စီနှင့်အပစ်ရပ် လက် မှတ်ရေးထိုးသော ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခု(7 EAO Alliance) က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။", "ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သော 7 EAO Alliance (၄/၂၀၂၅) ဦးဆောင်အဖွဲ့အ စည်းအဝေးတွင် လက်ရှိ နိုင်ငံအတွင်း ရင်ဆိုင်တွေ့ကြုံနေရသော နိုင်ငံရေးအကျပ် အတည်း ကို ကျော်လွှားနိုင်ရေးအတွက် 7 EAOများ က ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူး ပြောင်း ရေးအစီ အစဥ် ကို ပြန်လည်ပြီး သုံးသပ်ပြင်ဆင်နိုင်ခဲ့ကြပြီး ရှေ့လုပ်ငန်းစဥ်များဆိုင်ရာ လမ်း ညွှန်သဘောထားများ ကို ချမှတ်ကြောင်း သိရှိရသည်။", "7 EAO Alliance ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူး ပြောင်းရေးအစီအစဉ်အဆိုပြုချက်များမှာ ပဋိ ပက္ခတွင် ပါဝင်သူအဖွဲ့များအားလုံးသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်စည်းကမ်း သတ်မှတ် ချက် မရှိဘဲ ပဋိပက္ခတွင်ပါဝင်သည့် အစုအဖွဲ့များအားလုံးက အပစ်ရပ်ကြေညာရန်၊ သက်ဆိုင်သူများ အကြား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုင်ရာ ကတိကဝတ်ပြုရန်၊ ဖက်ဒရယ်ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစိုးရဖွဲ့စည်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲကျင်းပရန်တို့ဖြစ်သည်။", "အဆိုပါ ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ 7 EAO Alliance ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုရန် ငြင်းဆိုကြသည်။", "7 EAO Alliance တွင် ရှမ်း RCSS ၊ မွန်(NMSP)၊ ရခိုင် ALP ၊ ပအို့အဖွဲ့ ၊ လားဟူ (LDU)၊ ကရင် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ပါဝင်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်။"]
https://yktnews.com/2023/08/119608/
အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကလေးငယ်များကို ခွဲစိတ်ကုသပေးခဲ့သည့် ပြည်တွင်း ဆေးရုံများသို့ နိုင်ငံတကာSmile Train INC အဖွဲ့က ကုန်ကျစရိတ် အလှူငွေ ပေးပို့မှု စစ်ကောင်စီ ပိတ်ပင်ပြီး ငွေများ သိမ်းယူ
["အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကလေးငယ်များကို ခွဲစိတ်ကုသပေးခဲ့သည့် ပြည်တွင်း ဆေးရုံများသို့ နိုင်ငံတကာSmile Train INC အဖွဲ့က ကုန်ကျစရိတ် အလှူငွေ ပေးပို့မှု စစ်ကောင်စီ ပိတ်ပင်ပြီး ငွေများ သိမ်းယူ", "ရန်ကုန်၊ ဩဂုတ် ၂၄", "မြန်မာနိုင်ငံတွင် အာခေါင်ကွဲ နှုတ်ခမ်းကွဲကလေးငယ်များကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြသည့် ပြည်တွင်းဆေးရုံ ဆေးခန်း ၄ ခုသို့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Smile Train INC ပရဟိတအဖွဲ့က ကုန်ကျစရိတ် အလှူငွေများ ပေးပို့မှုကို စစ်ကောင်စီက ပိတ်ပင်လိုက်ပြီး ငွေများသိမ်းယူသွားကြောင်း သိရှိရသည်။", "ရန်ကုန်မြို့ရှိ ရွှေလမင်းဆေးရုံ၊ မန္တလေးမြို့ရှိ မန္တလာဆေးရုံနှင့် ရတနာ ဆေးခန်း၊ ရှမ်းပြည်နယ်ရှိ မြတ်တော်ဝင်ဆေးရုံတို့တွင် Smile Train INC တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ်ကုသ ပေးသည့် လုပ်ငန်းများအတွက် Smile Train INC က ကုန်ကျစရိတ် နိုင်ငံခြားငွေများ လွှဲပို့လာကြောင်း၊ ယင်းသို့ လွှဲပို့လာမှုအပေါ် စစ်ကောင်စီက ခွင့်ပြုထားခြင်းမရှိ၍ နိုင်ငံခြားငွေများ လက်ခံခြင်းမပြုရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "“နှုတ်ခမ်းကွဲ အာခေါင်ကွဲတွေကို အဲဒီဆေးရုံဆေးခန်းတွေမှာ အခမဲ့ ခွဲစိတ်ကုသပေးတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေကို Smile Train INC က လွှဲတာလို့ သိရတယ်။ အဲဒါကို ခွင့်မပြုဘူးဆိုပြီး ငွေတွေ သိမ်းသွားတယ်ကြားတယ်။ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေ အခမဲ့ ကုသတာတွေ ရပ်သွားမှာပဲ” ဟု ကျန်းမာရေးဝန်ကြီးဌာနနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။", "Smile Train INC သည် အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့တွင် အခြေစိုက်ထားပြီး နိုင်ငံပေါင်း ၈၇ နိုင်ငံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ ခွဲစိတ် ကုသပေး လျက်ရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။", "စစ်ကောင်စီက လိုင်စင်ရရှိထားသည့် ဆေးရုံ ဆေးခန်းများတွင် နိုင်ငံခြားငွေများ လက်ခံခြင်း မပြုရန် ညွှန်ကြားထား ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85173/
အာဆီယံ ကြားနေမှုဟူ၍ မရှိ
["အာဆီယံ ကြားနေမှုဟူ၍ မရှိ", "By David Hutt", "ကြားနေရေးမူကို ကျင့်သုံးနေသည်ဟု ဆိုပင်ဆိုငြားသော်လည်း အရှေ့တောင် အာရှနိုင်ငံများအဖွဲ့သည် မြန်မာ့အရေးတွင် ကြားဝင်စွက်ဖက်လျက်ရှိသည်။ သို့သော် ထိထိရောက်ရောက် စွက်ဖက်ခြင်းမျိုးကား မဟုတ်ပေ။", "———————-", "ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ထားသော အစိုးရကို ဖြုတ်ချခဲ့သော စစ်တပ်၏ အာဏာသိမ်းမှု နှစ် နှစ်ပြည့်မြောက်ခဲ့သည့် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ၎င်းတို့အနေဖြင့် မည်သည့်ကိစ္စရပ်များအား ဆောင်ရွက်မည် မဟုတ်ကြောင်းကို ပြီးခဲ့သည့်အပတ်အတွင်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့၌ အရှေ့တောင်အာရှဒေသမှ ခေါင်းဆောင်များက ထုတ်ဖော်ပြောကြားရန် ရည်ရွယ်ထားခဲ့ပုံရသည်။", "“အခြားအဖွဲ့ဝင်နိုင်ငံများရဲ့ ပြည်တွင်းနိုင်ငံရေးကိစ္စများမှာ ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပါဘူး” ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Anutin Charnvirakul ကပြောဆိုခဲ့သည်။ အာဆီယံ၏ လူသိများသော ကြားဝင်မစွက်ဖက်ရေး မူဝါဒသည် တစ်နေ့ထက်တစ်နေ့ တတိတတိ လျော့ရဲလာသည်။ ပထမဆုံး သိသာထင်ရှားသည့် အပြစ်အနာအဆာမှာ ယင်းမူဝါဒကို ဖီလာဆန့်ကျင်ပြုလျက် အာဆီယံသည် မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်နေခြင်းပင် ဖြစ်သည်။", "၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအာဏာသိမ်းမှုအပြီး ၃လအကြာမှာပင် အာဆီယံသည် စစ်ကောင်စီနှင့် တူညီဆန္ဒငါးရပ်ဟူသော ငြိမ်းချမ်းရေး အစီအစဉ်တစ်ခုကို သဘောတူညီမှု ရရှိခဲ့သည်။ “မြန်မာပြည်သူများနှင့် ၎င်းတို့၏လူနေမှုဘဝ အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေးအဖြေတစ်ရပ် ရရှိရေး ကူညီပံ့ပိုးရန် အာဆီယံ၏ ကောင်းမွန်ပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍကို ကျွန်တော်တို့ သိရှိနားလည် အသိအမှတ်ပြုလျက် “တူညီဆန္ဒငါးရပ်” ကို ကျွန်တော်တို့ သဘောတူညီခဲ့ကြသည်” ဟု ၂၀၂၁ ခုနှစ် ဧပြီလ ၂၄က ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ အစည်းအဝေးအပြီး အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။", "တူညီဆန္ဒ၏ ပထမအချက်အဖြစ် “မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများကို ချက်ချင်းရပ်ဆိုင်းရမည် ဖြစ်ပြီး သက်ဆိုင်သော အဖွဲ့အားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရမည် ဟု ခေါင်းဆောင်းများအားလုံးက သဘောတူညီခဲ့ကြကြောင်း” ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည် (“ရမည်” ဟု စကားလုံးသုံးနှုန်းထားသည်ကို သတိပြုပါ)။ တတိယ အချက်တွင် “အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီရမည်” ဟု ရေးသားထားသည်။", "လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံမှ အထူးကိုယ်စားလှယ် ဖြစ်လာသော နိုင်ငံခြားရေးဝန်ကြီး Retno Marsudi လက်ထက်တွင်မူ အဆိုပါအခန်းကဏ္ဍမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အစောပိုင်းကာလဖြစ်သော ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof လက်ထက်ကတည်းက စေ့စပ်ဆွေးနွေးရန် စစ်ကောင်စီက စိတ်ဝင်စားပါက အာဆီယံသည် မြန်မာ့အရေးအတွက် မည်သည့်ဆွေးနွေးပွဲမျိုး၌မဆို ကြားဝင်ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ရှိနေခဲ့သည်။", "ယခုအခါ အဆိုပါတူညီဆန္ဒငါးရပ်မှာ (မျှော်လင့်ထားသည့်အတိုင်း) လုံးဝအသုံးမဝင်တော့သည့် နီးပါး ဖြစ်သွားကာ အာဆီယံ၏ ရလဒ်မကောင်းသော ကြားဝင်စွက်ဖက်မှု ပုံစံတစ်ခုအဖြစ် ရုပ်လုံးပေါ်လာလျက် ရှိသည်။ သို့သော်အရေးကြီးသည့်အချက်မှာ အာဆီယံသည် မြန်မာ့အကျပ်အတည်းတွင် အနည်းဆုံး အောက်ထစ်အနေဖြင့် တစ်စုံတစ်ခု ကြားဝင်ဆောင်ရွက်ရန် အားထုတ်ခဲ့သည် ဟူသောအချက် ဖြစ်သည်။", "အကယ်၍ အာဆီယံအရာရှိအများအပြား ပြောဆိုလေ့ရှိသကဲ့သို့ လုံးဝကြားဝင် မစွက်ဖက်ရေးမူကို အတိအကျ လက်ကိုင်ထားကျင့်သုံးမည်ဆိုပါက အာဆီယံခေါင်းဆောင်များသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ တွေ့ဆုံဆွေးနွေးပွဲ၌ အခြားအဖွဲ့ဝင်နိုင်ငံ တစ်ခုအတွင်း ဖြစ်ပွားနေသော ပြည်တွင်းရေး ကိစ္စများအပေါ် ဩဇာလွှမ်းမိုးရန် မိမိတို့ကို မိမိအခွင့်အာဏာ အပ်နှင်းခဲ့ကြလိမ့်မည် မဟုတ်ပေ။", "ထို့အပြင် ယခုနှစ် နှောင်းပိုင်းတွင် စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း မလေးရှားအစိုးရက လူသိရှင်ကြား အတိအလင်း ထုတ်ဖော်ပြောဆိုမှု မျိုးကိုလည်း ထူးထူးခြားခြား တွေ့ရှိလာရပြန်သည်။ အလားတူပင် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သော ရက်စက်မှုများအပေါ် အာဆီယံအရာရှိများက ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာကြသည်ကိုလည်း တွေ့မြင်နေရသည်။", "အခြားတစ်ဖက်တွင်မူ လာမည့်လအတွင်း ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့က ငါးရက်ကြာ ပူးတွဲ ကျင်းပမည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM)နှင့် ရေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနအား ဖိတ်ကြားထားကြောင်း ယခုအပတ်အတွင်း သတင်းများရရှိသည်။ “အာဆီယံ ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပြုသည့်ကိစ္စများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း” အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး Martin Meiners က မြန်မာနောင်းသတင်းဌာနကို ပြောဆိုခဲ့သည်။", "တစ်နည်းအားဖြင့် အဆိုပါဖိတ်ကြားမှုကို ပူးတွဲအိမ်ရှင်ဖြစ်သော ထိုင်းနိုင်ငံက ပြုလုပ်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ထို့အပြင် စစ်ကောင်စီ အကြီးအကဲဖြစ်သူ မင်းအောင်လှိုင်အား အာဆီယံ၏ အရေးအကြီးဆုံး အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ ပိတ်ပင်ထားသော်ငြား အာဏာသိမ်းမှုနောက်ပိုင်း၌ စစ်တပ်အရာရှိများကိုမူ အဆင့်နိမ့် အရာရှိများအစည်းအဝေးသို့ တက်ရောက်ခွင့်ပြုနေဆဲ ဆိုသည့်အချက်ကို သတိပြုသင့်သည်။", "အကယ်၍ အာဆီယံက စစ်ကောင်စီ ကိုယ်စားလှယ်အပြင် ပြည်ပရောက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်ကိုပါ အစည်းအဝေးသို့ ဖိတ်ကြားမည်ဆိုပါက အဆိုပါဖိတ်ကြားမှုသည် အာဆီယံ၏ ကြားနေရေးမူ ကျင့်သုံးနေမှုကို သက်သေထူနိုင်လိမ့်မည် ဖြစ်သည်။", "သို့သော် ပို၍အခြေခံကျကျ အရေးပါနေသောမေးခွန်းတစ်ခုရှိနေသည်။ ၎င်းမှာ ကြားနေရေးမူနှင့် ကြားဝင်မစွက်ဖက်ရေးမူတို့ကို တစ်ပြိုင်နက်တည်း ကျင်းသုံး၍ ဖြစ်နိုင်သလားဟူသော မေးခွန်းဖြစ်သည်။ ဥပမာ လမ်းဘေးတွင် လမ်းလျှောက်သွားရင်း အပြင်းအထန် ထိခိုက်ဒဏ်ရာရထားသော လူတစ်ဦးကို အခြားလူတစ်ဦးက ထိုးကြိတ်ကန်ကျောက်နေသည်ကို သင်တွေ့မြင်နေရသည် ဆိုပါစို့။ ၎င်းရန်ပွဲကို မည်သူက စတင်ခဲ့ကြောင်း သင်မသိပါ။ ဘာကြောင့် ရန်ဖြစ်နေကြသည်ကိုလည်း သင်မသိပါ။ ထိုအချက်က အရေးကြီးချင်မှ ကြီးပေလိမ့်မည်။ ရန်ပွဲကိုရန်တန့်သွားအောင် ကြားဝင်ဟန့်တားရုံ ဟန့်တားပေးဖို့များ သင်စိတ်ကူးဖြစ်မိပါသလား။ ၎င်းမှာ ဖြေရလွယ်သော မေးခွန်းတစ်ခု ဖြစ်သည်။", "အလားတူ အခြေအနေတစ်ရပ်ကို ဆက်လက် စဉ်းစားကြည့်ရအောင်။ မှောက်ရက်လဲနေသူကို ပိုမို အားပြင်းပြင်းဖြင့် ထိုးကြိတ်ကန်ကျောက်နိုင်ရန် ရန်ပွဲတွင် ကိုယ်ထိလက်ရောက် ကျူးလွန်နေသူအား အခြားပုဂ္ဂိုလ်တစ်ဦးက အားဖြည့်အချိုရည်တိုက် ကျွေးနေသည် ဆိုကြပါစို့။ မမျှမတဖြစ်နေပုံရသော ယင်းရန်ပွဲ၌ မည်သည့်ဘက်က အနိုင်ရသည်ဖြစ်စေ ငွေအလုံးအရင်း ချီးမြှင့်မည်ဟု ထိုးကြိတ်နေသူကို အဆိုပါ ပွဲလန့်တုန်းဖျာခင်းသူကပင် ပြောပြနေပြန်သည်။ မှန်ပါသည်၊ ရန်ပွဲတွင် မည်သည့်ဘက်ကနိုင်နိုင် ဂရုမစိုက်ဟု ၎င်းတတိယပုဂ္ဂိုလ်က ဆက်လက်ပြောဆိုနေပေလိမ့်မည်။ အထက်ပါဖြစ်စဉ်သည် ကြားနေရေးမူဝါဒ၏ ပြဿနာ အစစ်အမှန်ကို ရှင်းလင်းပြသသည့် အနည်းငယ် ရိုးအီနေသော ဥပမာတစ်ခု ဖြစ်သည်။", "ထိုင်း၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံများသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံများတွင် အပါအဝင် ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ၌ အများဆုံး မဟုတ်လျှင်ပင် အများအပြား ရင်းနှီးမြှုပ်နှံလျက်ရှိသော နိုင်ငံတစ်ခု ဖြစ်သည်။ ယမန်နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် တူညီဆန္ဒငါးရပ်အား လိုက်နာရန် မြန်မာစစ်ကောင်စီကို ကမ္ဘောဒီးယားက တိုက်တွန်းဆုံးမနေသည့် တစ်ရက်တည်းလိုလိုမှာပင် ဖနွမ်းပင်၌ မြန်မာစစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး အောင်နိုင်ဦးနှင့် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pan Sorasak တို့နှစ်ဦးသားသည် ကုန်သွယ်ရေးစာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည့် အပြောတစ်ခြား အလုပ်တစ်ခြားအနေအထားကို ကျွန်တော်တို့တွေ့မြင်ခဲ့ရသည်။", "ကုန်သွယ်မှု သည် မည်သည့်နည်းဖြင့် ကြားဝင်စွက်ဖက်မှု မဟုတ်ရသနည်း။ စစ်ကောင်စီသည် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်များ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်နေဆဲ မြန်မာနိုင်ငံမှ အဓိကအကျိုးအမြတ် ရရှိသော အဖွဲ့အစည်းဖြစ်နေချိန်၌ ကုန်သွယ်မှုသည် အဘယ့်ကြောင့် ကြားဝင်စွက်ဖက်မှု မဟုတ်ရသနည်း ဟု မေးခွန်းထုတ်စရာ ဖြစ်လာလျက်ရှိသည်။", "(The Diplomat မဂ္ဂဇင်းပါ David Hutt ၏ “There Is No Such Thing as ASEAN Neutrality” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ David Hutt သည် အာရှလေ့လာမှုများဆိုင်ရာ ဗဟိုဥရောပတက္ကသိုလ် (Central European Institute of Asian Studies (CEIAS)) မှ သုတေသီတစ်ဦးဖြစ်ပြီး The Diplomat၏ ပင်တိုင်ဆောင်းပါးရှင်ဖြစ်ကာ Asia Times ၏ သတင်းထောက်တစ်ဦးလည်း ဖြစ်သည်)။"]
https://yktnews.com/2024/01/142306/
အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မတိုင်မီ စစ်ကောင်စီ ကိုယ်စား လှယ်အဖွဲ့ လာအိုသို့ အရေးပေါ် နေ့ချင်းပြန် စစ်လေယာဉ်ဖြင့်သွားရောက်
["အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မတိုင်မီ စစ်ကောင်စီ ကိုယ်စား လှယ်အဖွဲ့ လာအိုသို့ အရေးပေါ် နေ့ချင်းပြန် စစ်လေယာဉ်ဖြင့်သွားရောက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံက ဦးစီးကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ လာအိုသို့ အရေးပေါ် နေ့ချင်းပြန် စစ်လေယာဉ်ဖြင့် သွားရောက်ကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် စစ်ကောင်စီမှ ကိုယ်စားလှယ် ၃ ဦး လာအိုနိုင်ငံသို့ နေ့ချင်းပြန်သွားရောက်ခြင်းဖြစ်ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့တွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်ဖွယ်ရှိကြောင်း သိရှိရသည်။", "“အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က အစီရင်ခံစာတင်ဖို့ရှိတယ်။ အဲဒီကိစ္စ သွားပြီး ညှိနှိုင်းတာဖြစ်ဖ်ို့များတယ်။ မနေ့က တပ်မတော်လေယာဉ်နဲ့ နေ့ချင်းပြန် လာအိုသွားတာမှန်ပါတယ်” ဟု နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "လာအိုင်နိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ စတင်ကျင်းပနေပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကာ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအထူး သံတမန်က အစီအရင်ခံစာ တင်သွင်း အစီရင်ခံမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်မှ လေယာဉ်တစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/11/192904/
အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးမှ စစ်ကောင်စီဝန်ကြီး မြထွန်းဦးကို ဖယ်ရှားရန် တောင်းဆို
["အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးမှ စစ်ကောင်စီဝန်ကြီး မြထွန်းဦးကို ဖယ်ရှားရန် တောင်းဆို", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပမည့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကိုယ် စား လှယ် ဝန်ကြီး မြထွန်းဦးကို ဖယ်ထုတ်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း Defend Myanmar Democracy အဖွဲ့က ပြောသည်။", "၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးချိန်မှ စ၍ အာဆီယံသည် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စုကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ပေးထားသည်ကို ဖယ်ရှားရန် တောင်းဆိုထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များတွင် မြန်မာနိုင်ငံအာဏာသိမ်းမှု ကာလအတွင်း အကြမ်းတန်းစစ်ခေါင်းဆောင်များဖြစ်သည့် မြထွန်းဦးနှင့် တင်အောင်စန်းတို့ ပါဝင်နေကြောင်း၊ ၎င်းတို့အပါအဝင် အကြမ်းဖက်စစ်တပ်ကိုယ်စားလှယ်များကို အာဆီယံအစည်းအဝေးများတွင် ဖယ်ရှားရန် တောင်းဆိုထားသည်။", "အဆိုပါ အိတ်ဖွင့်ပေးစာကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ရှိ ပို့ဆောင်ရေးဝန်ကြီးများထံသို့ ပေးပို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်အုပ်စုသည် တရားမဝင်ရာဇဝတ်အဖွဲ့အစည်းဖြစ်ပြီး လက်ရှိ အာဏာသိမ်းကြိမ်းပမ်းမှုကို လုပ်ထားသည့် အဖွဲ့ဖြစ်ကြောင်း၊ စစ်အုပ်စုသည် မည်သည့်အဓိပ္ပာယ်ဖွင့်ဆိုချင်ဖြင့်မဆို အစိုးရ မဟုတ်သည့်အတွက် အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်သူများသည် အာဆီယံအစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင် မြန်မာပြည်သူများကို ကိုယ်စားပြုရန် တရားဝင်မှု မရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။", "ထို့ကြောင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးအပြင် နောင် အာဆီယံအစည်းအဝေးများနှင့် လှုပ်ရှားမှုအားလုံးတွင် အကြမ်း ဖက် မြန်မာစစ်အုပ်စုကို ဖယ်ထုတ်ရန် Defend Myanmar Democracy အဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။", "အာဆီယံအနေဖြင့် အစည်းအဝေးများတွင် အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်များကို မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခွင့်ပြုခြင်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်နေသူတို့ကို နိုင်ငံရေးတရားဝင်မှု မှားယွင်းစွာ ပေးအပ်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်နည်းလမ်းနှင့် တိုင်းပြည်ကို အပြည့်အဝထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုကို အကူအညီဖြစ်စေနိုင်သလို ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်ပျက်ပြားစေကြောင်း ၊ အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေမှုသည် မြန်မာနိုင်ငံတွင်း တင်းမာမှုများကို ဆိုးရွားစေရုံသာမက သံတမန်ရေးနှင့် ကြားဝင်စေ့စပ်ရေးများအတွက် အာဆီယံ၏ ယုံကြည်ထိုက်မှုကိုပါ ဆိုးရွားစွာ ထိခိုက်စေကြောင်း ထောက်ပြထားသည်။", "အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ် မြထွန်းဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် ဖယ်ရှားခဲ့ပြီး အလှည့်ကျဥက္ကဌအဖြစ် မြန်မာကို မပေးရန်၊ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေးပွဲများမှ စစ်အုပ်စုအား ဖယ်ရှားရန် ဆုံးဖြတ်ခဲ့မှုနှင့် ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်၊ တောင်ကိုးရီးယား၊ ဩစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်ပြည်ထောင်စုတို့အပါအဝင် ဆွေးနွေးဘက်နိုင်ငံများသည် မြန်မာစစ်အုပ်စုပါဝင်သည့် အစည်းအဝေးများကို သပိတ်မှောက်ခဲ့သည့် လုပ်ရန်များကို ကြိုဆိုသော်လည်း အကြမ်းဖက်စစ်တပ်ကို တရားဝင်အစိုးရဖြစ်ကြောင်း အဆိုကို လူသိရှင်ကြား ဆန့်ကျင်ရန်နှင့် NUG ကို မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်လည်း တိုက်တွန်းထားသည်။", "ထို့ပြင် နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆောင်ရွက်သည့်အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ်လည်းကောင်း ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ် ယူနစ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကို အဓိက stakeholder များအဖြစ် လည်းကောင်း အသိအမှတ်ပြုရန်လည်း တောင်းဆိုထားသည်။"]
https://yktnews.com/2024/03/153871/
အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများဖိုရိမ်နှင့် ဆက်စပ်အစည်းအဝေးများတွင် NUG ကို တက်ခွင့်ပေးပြီး စစ်အုပ်စုကို အစည်းအဝေးတက်ခွင့် တားမြစ်ရန် တောင်းဆို
["အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများဖိုရိမ်နှင့် ဆက်စပ်အစည်းအဝေးများတွင် NUG ကို တက်ခွင့်ပေးပြီး စစ်အုပ်စုကို အစည်းအဝေးတက်ခွင့် တားမြစ်ရန် တောင်းဆို", "ရန်ကုန်၊ မတ် ၃၀", "လာအိုနိုင်ငံတွင် ကျင်းပရန်ရှိနေသည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများတွင် NUG ကို တက်ခွင့်ပေးပြီး စစ်အုပ်စုကို အစည်းအဝေးတက်ခွင့် တားမြစ်ရန် Defend Myanmar Democracy၊ Blood Money Campaign နှင့် Global Myanmar Spring Revolution တို့က", "အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ကြသည်။", "အာဆီယံ နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည် ထောင်စုရှိ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများထံသို့ ပေးပို့သော တောင်းဆိုစာတွင် လာအိုနိုင်ငံတွင် ဧပြီလ ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် စပ်လျဉ်း၍ မြန်မာပြည်သူများ၏ လူ့အခွင့်အရေးအတွက် လူကြီးမင်းတို့အနေဖြင့် ထောက်ခံ မှုပေးရန် တောင်းဆိုပါကြောင်း အိတ်ဖွင့်ပေးစာကို စတင်ထားသည်။", "တောင်းဆိုချက်များအနေဖြင့်", "၁။ ဘဏ္ဍာရေးဝန်ကြီးဌာနှင့် ဗဟိုဘဏ်အပါအဝင် မြန်မာနိုင်ငံ၏ အစိုးရ အဖွဲ့အစည်းများကို တရားမဝင် သိမ်းပိုက်ထားသည့် စစ်အုပ်စုနှင့် ၎င်းတို့ ခန့်အပ်ခံရသူများအား ဤအစည်းအဝေးများမှ ဖယ်ထုတ်ရန်၊", "၂။ စစ်အုပ်စု ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ ခန့်အပ်ခံရသူများကို နောင်လာမည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် အစည်းအဝေးများ တက်ရောက်ခွင့်ကို တားမြစ်ရန်၊", "၃။ ဤအစည်းအဝေးများတွင် မြန်မာပြည်သူလူထုကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်များဖြစ်သော အမျိုးသား ညီညွတ်ရေး အစိုးရကို တက်ရောက်ခွင့်ပေးရန် တို့ပါဝင်သည်။", "အကယ်၍ မြန်မာစစ်တပ်ကို ဤအစည်းအဝေးများမှ မဖယ်ထုတ်ပါက၊ မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံသော အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများနှင့် ဆွေးနွေးဖက်နိုင်ငံများအနေဖြင့်", "၁။ မြန်မာစစ်အုပ်စုအား ဖယ်ထုတ်ခြင်းမပြုမချင်း ဤအစည်းအဝေးများနှင့် နောင် အစည်းအဝေးများကို သပိတ်မှောက်ရန်၊", "၂။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အမျိုးသား ညီညွတ်ရေး အစိုးရ၏ အဓိက ကိုယ်စားလှယ်များနှင့် တရားဝင် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှု စတင် လုပ်ဆောင်ရန်၊", "၃။ အထူးသဖြင့် စစ်တပ်ထိန်းချုပ်ထားသော ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် စစ်အုပ်စုအပေါ် ပစ်မှတ်ထားသော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တို့ကို တောင်းဆိုသည်။", "မြန်မာပြည်သူများက ရွေးချယ်ထားသော ရွေးကောက်ခံ ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်များမှ ရရှိလာသည့် လုပ်ပိုင်ခွင့်များအပေါ် အခြေခံ၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့ကြောင့် အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ အပါအဝင် နိုင်ငံတကာ ကဏ္ဍအားလုံးတွင် မြန်မာပြည်သူလူထု၏ သင့်လျော်သော၊ တရားဝင်ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော ကိုယ်စားလှယ်များသည် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဖြစ်ကြောင်း အဖွဲ့ ၃ ၏ တောင်းဆိုစာတွင် ရေးသားထားသည်။", "နိုင်ငံခြားအစိုးရများက စစ်အုပ်စုအား အစိုးရတစ်ရပ် သဖွယ် ဆက်ဆံသည့်အခါဖြစ်စေ၊ စစ်အုပ်စု ခန့်အပ်သူများအားနှင့် ၎င်း၏မိတ်ဖက်များအား နိုင်ငံတကာ ဘဏ္ဍာရေးမူဝါဒ အသိုက်အဝန်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် စေ့စပ်ဆောင်ရွက်ပေးသည့်အခါဖြစ်စေ၊ မြန်မာပြည်သူများအတွက် ကြီးမားသော ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သတိပေးထားသည်။", "မြန်မာစစ်အုပ်စုကို ပေါပေါ့စစ ချဉ်းကပ်မှုသည် အာဆီယံအတွက် ကြီးမားသော စီးပွားရေး ဆုံးရှုံးနိုင်ခြေများ ဖြစ်ပေါ်စေသည်။ အာရှဖွံ့ဖြိုးရေးဘဏ် နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ တို့၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် မြန်မာ့စီးပွားရေးသည် သိသိသာသာ ကျုံ့သွားပြီး စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန် ဆောင်မှု တန်ဖိုး (GDP) တိုးတက်နှုန်းမှာ -၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊ GDP တိုးတက်နှုန်းသည် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်တွင် အနည်းငယ် တိုးလာသော်လည်း အာဏာသိမ်းရန် ကြိုးပမ်းမှုမတိုင်ခင်ကာလ အဆင့်များနှင့် နီးစပ်သည့် အထိတော့ လုံးဝ နာလန်မထူနိုင်တော့ကြောင်း ထောက်ပြထားသည်။", "တစ်ချိန်တည်းတွင်၊ မြန်မာ့ငွေကြေးတန်ဖိုးသည် ဆက်လက်၍ လျော့နည်းလျက်ရှိရာ ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကောင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည်လည်း ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်တွင် ၆၁ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ရလဒ်အနေဖြင့် အိမ်ထောင်စုဝင်ငွေများ ကျဆင်းလာကာ အစားအသောက်၊ လောင်စာဆီနှင့် အခြား အခြေခံလူသုံးကုန် ဈေးနှုန်းများသည် ကိန်းဂဏန်းအလွန်ကြီးမားစွာ မြင့်တက်လာခဲ့ကြောင်း ထောက်ပြထားသည်။", "အာဏာသိမ်းရန် ကြိုးစားချိန်မှစ၍ စားအုန်းဆီဈေးသည် ၃၆၃ ရာခိုင်နှုန်း တက်ခဲ့ပြီး ဆန်ဈေးသည် ၂၅၄ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း၊ ဤငွေကြေးဖောင်းပွမှုကြောင့် ပြည်သူလူထု ၁၈.၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြာင်း၊ မြန်မာပြည်သူများ ဒုက္ခရောက်နေချိန်တွင် အကျင့်ပျက် ခြစားနေသော စစ်အုပ်စုက ပြည်သူလူထုအပေါ် ဆက်လက် တိုက်ခိုက်ရန်အတွက် လက်နက်နှင့် လောင်စာဆီ ဝယ်ယူရန် အစိုးရအရန်ငွေကြေးများထဲမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို အလွဲသုံးစားလုပ်ထားကြောင်း ဝေဖန်ထောက်ပြထားသည်။", "စစ်အုပ်စုသည် အရန်ငွေကြေးများကို လျှော့ချလိုက်ခြင်းကြောင့် ကုန်သွယ်မှုလိုငွေမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမခြောက်လတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ရှိလာခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသော အမေရိကန်ဒေါ်လာ ၆၆ သန်းနှင့် နှိုင်းယှဉ်ပါက ၁၅၀၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ အကယ်၍ စစ်အုပ်စုအား ဆက်လက် ရှိနေခွင့်ပြုပါက မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရများ လုပ်ဆောင်ခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ အရန်ငွေကြေးများကို ဒေဝါလီခံရသည်အထိ လုပ်ကာ နိုင်ငံ၏ စီးပွားရေးကို ဆုံးဆုံးမြုပ်စေမည့် အန္တရာယ် ရှိကြောင်း၊ ယင်းသည် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုအတွက် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်နိုင်ခြေ ရှိကောင်း သိရှိရသည်။", "မြန်မာစစ်အုပ်စုသည် စနစ်တကျ စီမံထားသော အကျင့်ပျက်ခြစားမှုတွင် ပါဝငပတ်သက်နေသည့် ရာဇ၀တ်အဖွဲ့အစည်းတခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း မြောက်များစွာကို စစ်အုပ်စုက ထိန်းချုပ်ထားရုံသာမက ယခင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ကိုလည်း ထိန်းချုပ်ထားကြောင်း သိရှိရသည်။", "အလားတူ စစ်တပ်ကို ဝင်ငွေဘီလီယံပေါင်း များစွာကို ပေးအပ်ပြီး မြန်မာပြည်သူများအပေါ် အကြမ်းဖက် အုပ်ချုပ်နေသော မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် အဓိက စီးပွားရေးလုပ်ငန်းများ အားလုံးသည် လက်ရှိတွင် ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂမှ အစိုးရတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အစိုးရများမှ ပိတ်ဆို့အရေးယူမှုများ ခံနေရသည်။", "ထို့အပြင် နိုင်ငံတကာ ဖွံ့ဖြိုးရေးအကူအညီနှင့် အရေးပေါ်ရန်ပုံငွေများကို စစ်အုပ်စု အသုံးပြုမှုနှင့်ပတ်သက်၍ အရေးကြီးသော မေးခွန်းများ ကျန်ရှိနေသေးကြောင်း၊ ဥပမာ စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ၂၀၂၁ခုနှစ်တွင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ မြန်မာနိုင်ငံကို ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သည့် ချေးငွေထဲမှ အမေရိကန်ဒေါ်လာ ၁၇၁ သန်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ မြန်မာ နိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူက မြန်မာစစ်အုပ်စုသည် အထောက်အပံ့များကို လက်နက်သဖွယ် အသုံးချမည့် အန္တရာယ်နှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းကို သတိပေးထားသည်။", "ဓာတ်ပုံ- ဇန်နဝါရီလကုန် လာအိုနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး။"]
https://yktnews.com/2024/03/148948/
စစ်ကောင်စီကို ရုရှားနိုင်ငံဆိုင်ရာ အာဆီယံ ညှိုနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခြင်းအပေါ် ဝေဖန်မှုများဖြစ်နေ
["အာဆီယံဟာ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အားပေးအားမြှောက် ပြုလုပ်နေဟုဆို", "ရန်ကုန်၊ မတ် ၅", "ကမ္ဘာ့ဗီလိန်ဘွဲ့ ခံယူထားတဲ့ ရုရှားအစိုးရနဲ့ အာဆီယံ ဆက်ဆံရေးအတွက် ညှိုနှိုင်းရေးမှူးအသစ်အဖြစ် အကြမ်းဖက် တရားမဝင် မြန်မာစစ်အုပ်စုကို ခန့်အပ်လိုက်ခြင်းအပေါ် Justice For Myanmar (JFM) က ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။", "အာဆီယံရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံတကာမှာ စစ်အုပ်စုကို မြန်မာအစိုးရအဖြစ် အသိအမှတ် ပြုလိုက်ခြင်း ဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုလိုက်တာပါ။", "ဒီလိုခန့်အပ်ခြင်းဖြင့် အာဆီယံဟာ ကမ္ဘာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ နိုင်ငံနှစ်ခုကို ပိုမိုနီးစပ်စေပြီး အားပေးအားမြှောက် ပြုလုပ်ပေးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Justice For Myanmar က ထောက်ပြဝေဖန်ခဲ့ခြင်း ဖြစ်ပါတယ်။", "အာဆီယံဟာ တရားမဝင် မြန်မာစစ်အုပ်စုကို ၂၀၂၇ လောက်အထိ သက်တမ်းရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ အဆိုပါရာထူးကို ခန့်အပ်လိုက်ခြင်း ဖြစ်ပါတယ်။", "အကျိုးဆက်အနေနဲ့ စစ်အုပ်စုရဲ့ အကြီးဆုံးစစ်လက်နက် ထောက်ပံ့ရောင်းချနေတဲ့ ရုရှားအစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ကူညီပံ့ပိုးပေးရာ ရောက်သွားတယ်လို့ ဆိုလိုက်တာပါ။", "ရုရှားဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးဖြစ်လာတဲ့ စစ်ကောင်စီအနေနဲ့ ရုရှား၊ အာဆီယံအရေး အစည်းအဝေးတွေမှာ ပူးတွဲဥက္ကဌအဖြစ် ဆောင်ရွက်ခြင်း၊ ဆက်ဆံရေးဆိုင်ရာများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆွေးနွေးမှုတွေမှာ အာဆီယံကို ကိုယ်စားပြုဆွေးနွေးခြင်း စတဲ့အခွင့်အရေးတွေကို လုပ်ဆောင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။", "မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ အစီရင်ခံစာအရ ရုရှားနိုင်ငံဟာ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုထံ အမေရိကန်ဒေါ်လာ ၄၀၆ သန်း တန်ဖိုးရှိတဲ့ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို လွှဲပြောင်းရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။", "မြန်မာစစ်အုပ်စုကလည်း ယူကရိန်းစစ်ပွဲအတွင်း ရုရှားအသုံးပြုခဲ့တဲ့ စစ်လက်နက်အချို့ကို ပြန်လည်တင်ပို့ ရောင်းချပေးခဲ့တယ်လို့ JFM ကဆိုပါတယ်။", "ဒါ့အပြင် မြန်မာ စစ်အုပ်စုဟာ ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ စာတိုပေးပို့ဘဏ်စနစ် (SPFS) ကို မကြာသေးမီက စတင်အသုံးပြုခဲ့ပြီး၊ အဲ့ဒီ့စနစ်ကနေ နိုင်ငံတကာ ငွေကြေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားကာ နှစ်နိုင်ငံအကြား တိုက်ရိုက်ငွေပေးချေမှုတွေ လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ JFM က သတိပေးထားပါတယ်။", "ရုရှားနိုင်ငံဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးအဖြစ် မြန်မာစစ်အုပ်စုကို ခန့်အပ်လိုက်ခြင်းဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အကျိုးဖြစ်ထွန်းမှုတွေ ရှိခဲ့ပြီး ဖြစ်တယ်လို့ JFM ကဆိုပါတယ်။", "ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရုရှားနိုင်ငံခြားရေး ဒုဝန်ကြီး နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုရဲ့ အဖွဲ့ဝင်တစ်ချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရုရှားဝါဒဖြန့်ချိရေး သတင်းတွေအရ အဆိုပါခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရုရှား-အာဆီယံ ဆွေးနွေးပွဲ အလားအလာများကို ဆွေးနွေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။", "နေပြည်တော်မှာ ရှိနေစဥ်အတွင်း ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်အုပ်စုနဲ့ စစ်ရေး၊ စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့မြှင့်တင်ရေး ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြတာပါ။", "အဆိုပါဆွေးနွေးမှုများအတွင်း နူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ရေး အစီအစဉ်လည်း ပါဝင်ပါတယ်။ စစ်အုပ်စုနဲ့ရုရှား နှစ်နိုင်ငံလုံးဟာ နိုင်ငံတကာကို ဂရုမစိုက်တဲ့ အာဏာရှင်နိုင်ငံတွေ ဖြစ်တာကြောင့် ဒါဟာ အရှေ့တောင်အာရှမှာ နူကလီးယား ပြန့်ပွားမယ့် အန္တရာယ်ကို ဖန်တီးစေလိုက်ခြင်း ဖြစ်တယ်လို့ JFM ကဆိုပါတယ်။", "ရုရှားအစိုးရနဲ့ အာဆီယံကိုယ်စား ဆက်သွယ်ပြောဆိုဖို့ မြန်မာစစ်ကောင်စီကို ညှို့နှိုင်းရေးမှုးအဖြစ် ခန့်အပ်လိုက်တဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေနဲ့ ဆန့်ကျင်နေပြီး လက်ရှိအချိန်အထိ စစ်အုပ်စုကို အောင်အောင်မြင်မြင် တော်လှန်ပုန်ကန် ဆန့်ကျင်နေတဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားကို လျစ်လျူရှုလိုက်ခြင်း ဖြစ်တယ်လို့လည်း JFM ကဝေဖန်ပါတယ်။", "၂၀၂၃ ခုနှစ်အတွင်း အီးယူဟာ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုလိုတာကြောင့်၊ ၎င်းနဲ့ အာဆီယံ ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှုးတာဝန်ကို မြန်မာစစ်အုပ်စုက ရယူခြင်းအပေါ် ငြင်းပယ်ခဲ့ပါတယ်။", "အဲဒီအကျိုးဆက်အနေနဲ့ စစ်အုပ်စုကို ညှိနှိုင်းရေးမှူးတာဝန်ပေးခြင်း ရပ်စဲရမယ့်အစား အာဆီယံဟာ ညှိနှိုင်းရေးမှူးတာဝန်တွေကို ဘရူနိုင်းနိုင်ငံနဲ့ ပြောင်းလဲ လဲလှယ်တာဝန်ပေးခဲ့ပြီး၊ စစ်အုပ်စုကို ရုရှားနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်ပါတယ်။", "Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာနိုင်ငံအတွင်း အကျပ်အတည်းတွေအပေါ် တုန့်ပြန်ဖြေရှင်းတဲ့နေရာမှာ အာဆီယံဟာ ထိရောက်မှု မရှိသလို၊ အသုံးလည်း ဝင်မနေပါဘူး။ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ပံ့ပိုးကူညီမှုတွေ ပေးအပ်နေတာကြောင့် အာဆီယံဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေမှာ ကြံရာပါပတ်သက်မှု တကယ့်ကို ဆိုးဆိုးဝါးဝါး ရှိနေတာပါ” လို့ ပြောလိုက်ပါတယ်။", "ရုရှားအစိုးရဟာ စစ်တပ်ကို နှစ်ရှည်လများ စစ်လက်နက် အဓိကထောက်ပံ့နေသူတွေထဲက တစ်ဦး ဖြစ်သလို၊ နိုင်ငံရေး ကျောထောက်နောက်ခံမှု ပေးနေပြီး၊ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီပေးနေတယ် လို့လည်း သူမက ဆိုပါတယ်။", "ဒါ့ကြောင့် အာဆီယံအနေနဲ့ မြန်မာ့ အကျပ်အတည်းကို ပိုမိုဆိုးရွားစေတဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့နဲ့ မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာက အရေးယူဆောင်ရွက်နေတာတွေကို ပံ့ပိုးကူညီရမယ့်အချိန် ကျရောက်နေပြီ ဖြစ်တယ်လို့ မရတနာမောင်က ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/09/121870/
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
["အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လှုပ်ရှားမှုကို “တော်လှန်ရေးအောင်ခြင်းဟာ နိုင်ငံရဲ့ အသက်သွေးကြော နိုင်ငံ့အသက်သွေး​ကြောဖြစ်တဲ့တော်လှန်ရေးအောင်ဖို့ အဆုံးထိကြိုးစားကြပါစို့” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76411/
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
["အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လှုပ်ရှားမှုကို “အနိုင်ကျင့်လိုရတိုင်း အနိုင်ကျင့်တတ်တဲ့ ပုဂ္ဂိုလ်ဟာ တရားတော်အရတော့ သံသရာမှာ အရှုံးကြီးရှုံးရမှာပဲ” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179437/
အာဏာရှင်စစ်တပ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်လက်ညီလက်ညီ ပူးပေါင်း တိုက်ပွဲဝင်ကြရန် မွန်တော်လှန်ရေးအဖွဲ့ ၃ ခုက တိုက်တွန်း
["အာဏာရှင်စစ်တပ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တက်လက်ညီလက်ညီ ပူးပေါင်း တိုက်ပွဲဝင်ကြရန် မွန်တော်လှန်ရေးအဖွဲ့ ၃ ခုက တိုက်တွန်း", "ရန်ကုန်၊ ဩဂုတ် ၁၈", "အာဏာရှင်စစ်တပ်ကို ပြည်တွင်း၊ ပြည်ပတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပြီး လှည်းနေ လှေ အောင်းမြင်းဇောင်းမကျန် တက်ညီလက်ညီ တိုက်ပွဲဝင်ကြရန် မွန်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့က တိုက်တွန်းထုတ်ပြန်လိုက်သည်။", "ဩဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန် ရေးနေ့အထိမ်းအမှတ် အဖြစ် မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (MNLA-AD) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့က ပူး တွဲထုတ်ပြန်ကာ တိုက်တွန်းထားခြင်းဖြစ်သည်။", "လက်ရှိ မင်းအောင်လှိုင်၏ အာဏာရှင်စစ်တပ်က မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူဖြစ်ပြီး တစ်မျိုး သားလုံး အင်အားစုအသွင် ဖြင့် စုစည်းတော် လှန်ရန် လိုအပ်သကဲ့သို့ ဘုံရန်သူစစ်အာဏာရှင်အား တိုက်ပွဲဝင်နေသော မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များအားလုံး စုစည်း တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ယနေ့စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် တိုက်ပွဲဝင်နေ ကြသော ဘဝတူတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးနှင့်လည်း မဟာဗျူဟာကျကျ ပူးတွဲတိုက်ပွဲဝင်ရန် လိုအပ် ကြောင်း ထောက်ပြထားသည်။", "ယနေ့ တိုင်းပြည်၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ၊ စစ်ရေးအခြေအနေအရပ်ရပ်သည် အမျိုးသားလွတ် မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲများအတွက် အကောင်းမွန်ဆုံးအချိန်အခါ ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများက မြန်မာပြည်မြောက်ပိုင်း၊ အနောက်ပိုင်း၊ အခြားတိုင်းနှင့်ပြည်နယ်များ တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြပြီး ရန်သူ၏အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပင် သိမ်းပိုက်နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များတွင် ညီညွတ်မှုပျက်ပြား နေ ကာ အာဏာရှင်စစ်တပ်သည်လည်း လွန်စွာယိမ်းယိုင်နေပြီဖြစ်ကြောင်း အသိပေးထားသည်။", "“တော်လှန်ရေးသက်တမ်းရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ဘူးလို့ ပဏာမ ပြောလိုတယ်။ တော် လှန် ရေး သက္ကရာဇ်ကို ဖြို ဖျက်ပစ်ပြီး လွတ်မြောက်တဲ့ သက္ကရာဇ်ကို ငြိမ်းချမ်းစွာ စတင်ရေတွက်သွားဖို့က မွန်တပ်မတော်တွေအားလုံး စုစည်းညီညွတ်စွာနဲ့ မွန်လူထု၊ မွန်ပြည်သူတွေရဲ့ထောက်ခံမှုပါတဲ့ အမျိုး သားရေးမဟာဗျူဟာ ရေးဆွဲပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်တိုက် ခိုက်နေတဲ့ တော် လှန် ရေးအင်အားစုတွေအားလုံး လက်တွဲတိုက်ပွဲဝင်သွားဖို့လိုတယ်လို့ပြောချင်ပါတယ်။ အခုလို အခွင့်အခါကောင်းရချိန်မှာ မွန်တော်လှန်ရေးတပ်တွေအနေနဲ့ တွေဝေမိန်းမော မနေကြတော့ဘဲ ပြတ် ပြတ် သားသား ရဲရဲ ဝံ့ဝံ့ တိက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု MSRF တပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ နိုင်နဂါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့သော အခြေအနေအခွင့်ကောင်းကို အမိအရဆုပ်ကိုင်ပြီး မွန်တို့၏တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေး၊ ငြိမ်းချမ်းရေး၊လုံခြုံရေး၊ သာယာ ဝပြောရေးနှင့် တိုင်းရင်းသားပြည်သူလူထု များအား စိတ်ရောကိုယ်ပါ အမျိုးမျိုးအဖုံဖုံ အခါ မလပ်ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်ချေမှုန်းရန်အတွက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NMSP-AD)၊ မွန်ပြည် တော် လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့်အတူ အကြမ်းဖက်စစ်ကောင်စီ ကို တိုက်ခိုက်နေသော အခြားမွန်နှင့် တော် လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ ရောက် မွန်လူငယ်များနှင့် မွန်ပြည်သူပြည်သားများအားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တက်ညီလက်ညီ တိုက်ပွဲဝင်ကြပါရန် တိုက်တွန်းသည်။", "မွန်အမျိုးသားတို့၏ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မွန်ကြမ္မာမွန်တို့ဖန်တီးခွင့်ရရှိရေးအတွက် ၁၃၁၀ ခု ဝါခေါင်လပြည်နေ့တွင် နိုင်ပန်းသာ၊ နိုင်မောင်သိန်းနှင် မွန်မျိုးချစ်လူငယ် ၂၇ ဦးက ဦးဆောင် စတင် လာခဲ့သည့် မွန်လက်နက်ကိုင်တော် လှန်ရေးသည် ၇၇ နှစ် ပြည့်မြောက်ပြီး ဖြစ်ကြောင်း၊သို့သော် လည်း မွန်တို့လို လားသော အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် ကိုယ် ပိုင်ပြဌာန်း ခွင့် အစရှိသော အခွင့်အရေးများ လက်လွတ်ဆုံးရှုံးနေဆဲ ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စနစ်အပါ အဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှသာလျှင် မွန်တို့လက်လွတ်ဆုံးရှုံးခဲ့ရ သည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်ကြောင်း မွန်တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ထား သည်။"]
https://yktnews.com/2022/12/76764/
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
["အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/118426/
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
["အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၁၅", "အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ သြဂုတ်လ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လှုပ်ရှားမှုကို “လူယုတ်မာစစ်အုပ်စုတွေဆီက ကိုယ်နိုင်ငံနဲ့ ကို့လွတ်လပ်ခွင့်ကို မရရတဲ့နည်းနဲ့ပြန်လု မတရားဘူးဆိုတာမရှိဘူး” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/79945/
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
["အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။", "အဆိုပါ ဆန္ဒပြပွဲတွင် သံဃာတော်များက “စစ်တပ်ဆိုတာ နိုင်ငံရေးထဲမပါသင့်ဘူးလို့ စစ်ခေါင်းဆောင်တွေ ယုံကြည်လက်ခံလာတဲ့တနေ့ကျမှ မြန်မာ့နိုင်ငံရေးပြဿနာ တကယ်ပြီးမှာ။ (ဗိုလ်ကြီးကြည်မောင်)” စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76140/
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
["အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လှုပ်ရှားမှုကို “ဓမ္မဟာ ဦးမော့လာနေပြီ ပို၍စည်းလုံးကြ ပို၍ညီညွတ်ကြ နိုင်ရာဝန်ကိုထမ်းပေးကြ အရှုတ်အရှင်းတွေ ခဏရပ်ပေးကြ တော်လှန်ရေးကို အရှိန်မြှင့်ကြပါ” စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/203383/
အာဏာရှင်ဝါဒပြိုလဲကျရန် လူမျိုးပေါင်းစုံ စုပေါင်းဆောင်ရွက်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း
["အာဏာရှင်ဝါဒပြိုလဲကျရန် လူမျိုးပေါင်းစုံ စုပေါင်းဆောင်ရွက်ကြရန် KNU ဥက္ကဋ္ဌ တိုက်တွန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မြန်မာနိုင်ငံတွင် လက်ရှိ စစ်အာဏာသိမ်းထားသော အာဏာရှင်ဝါဒပြိုလဲကျရန် ကရင်လူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံ စုပေါင်းဆောင်ရွက်ကြရန် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ တိုက်တွန်းသည်။", "ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် ပြောကြား မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။", "မြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ခြင်းဖြင့် တိုင်းပြည်အာဏာကို အဓမ္မလုယူကာ ကရင်အမျိုးသားများနှင့် လူမျိုးစုများ လိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဆန့်ကျင်မျက်ကွယ်ပြုနေကြောင်း၊ ထို့ကြောင့် အာဏာရှင်ဝါဒပြိုလဲစေရန် အားလုံးစုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။", "“ဗမာစစ်တပ်ရဲ့ တိုင်းပြည်အာဏာကို အဓမ္မလုယူအာဏာသိမ်းခဲ့တာဟာ ကရင်အမျိုးသားနဲ့ လူမျိုးစုတွေရဲ့ လိုလားချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်နဲ့ လုပ်ငန်းစဉ်တွေကို ဆန့်ကျင်မျက်ကွယ်ပြုတာပဲဖြစ်ပါတယ်။ လူမျိုးစုတွေဟာ ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်ဝါဒတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသလို ဗမာလူမျိုးတွေဟာလည်း ဒီမိုကရေစီလမ်းစဉ်နဲ့ လူမှုဘ၀ကြီးပွားတိုးတက်ရေးကို မျက်ကွယ်ပြုတဲ့ စစ်အာဏာရှင်ဝါဒီတိုရဲ့ အုပ်ချုပ်ရေးကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အာဏာရှင်ဝါဒပြိုလဲကျဖို့ ကျနော်တို့အားလုံး စုပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။", "KNU အနေဖြင့် မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်ဝါဒကို ကျင့်သုံးနေသူတို့ကို ဆန့်ကျင်ဖယ်ရှားသွားမည်ဖြစ်ပြီး ပြည်သူ လူထု ဖွံ့ဖြိုးတိုးတက်ကြီးပွားခြင်းတို့ကို အဟန့်အတားဖြစ်နေသည့် အာဏာရှင်ဝါဒနှင့် သူ၏ဒေါက်တိုင်များကို ဖြိုချ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ကြေညာသည်။"]
https://yktnews.com/2024/12/194224/
အာဏာရှင်ဟောင်း သန်းရွှေ သမက်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူမှုကွန်ရက်တွင် ရေးသားသူ စုစုပေါင်း ၁၈၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား
["အာဏာရှင်ဟောင်း သန်းရွှေ သမက်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူမှုကွန်ရက်တွင် ရေးသားသူ စုစုပေါင်း ၁၈၄၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထား", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၈၄ဝ ဦး ရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ အရေအတွက်မှာ၂၀၂၂ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော အချက်အလက်များဖြစ်ကြောင်း Data for Myanmar က ယနေ့ ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။", "အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးမှုခံရသူများတွင် အာဏာရှင်ဟောင်း သန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့ကဲ့သို့သော အစိုးရနှင့် စစ်တပ်အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်းပါဝင်ပြီး အရပ်သားပြည်သူအများစုက အဓိက ပါဝင်နေကြောင်း သိရှိရသည်။", "ဖမ်းဆီးခံရသူ ၁၈၄၀ ဦးထဲတွင် ၈၉၆ ဦးက ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသက ဖြစ်ပြီး ၃၆ ရာခိုင်နှုန်းရှိသော အရေအတွက်မှာ အမျိုးသမီးများဖြစ်ကြောင်း အဆို ပါ အချက် အလက်များမှာ ပြည်တွင်းပြည်ပက မူဝါဒချမှတ်သူများအတွက် အထောက်အကူပြုရန် ရည်ရွယ်ကြောင်းလည်း Data for Myanmar က ဆိုသည်။", "၂ဝ၂၂ နှင့် ၂ဝ၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ဦးရေ သိသိသာသာများခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာ ဖမ်းဆီးမှုများ လျော့ကျလာကြောင်းနှင့် ဩဂုတ်လကနေ အောက်တိုဘာလအတွင်း မြို့နယ် ၆၅ မြို့နယ်က အွန်လိုင်း အသုံးပြုသူ ၁၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။", "၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ မြို့နယ်ပေါင်း ၂၂၃ တွင် ဖမ်းဆီးအရေးယူမှုများရှိခဲ့ပြီး ယင်းအထဲမှာ ပဲခူးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် ပြည်မြို့နယ်များကမူ အဖမ်းအဆီးများသော မြို့နယ်များဖြစ်ကြောင်း Data for Myanmar က ပြောသည်။", "ဖမ်းဆီးခံရသူအများစုက Facebook ပေါ်မှာ ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အခြား အွန်လိုင်း ပလက် ဖောင်းများဖြစ်သည့် Tik Tok, Telegram, Viber များပေါ်မှာတွင်လည်း ရေးသားမျှဝေခြင်းကြောင့် အဖမ်းခံရခြင်းလည်းပါဝင်ကြသည်။", "စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း လူထုလှုပ်ရှားများအတွက် အရေးပါသော လူမှုကွန်ယက်နှင့် အွန်လိုင်းပလက်ဖောင်းများကို အကြောင်းအမျိုးမျိုးပြကာ ပိတ်ပင်ထိန်းချုပ်ထားသည်။", "စစ်ကောင်စီက လူမှုကွန်ရက်မှတစ်ဆင့် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ က နှင့် ပုဒ်မ ၅ဝ၅-က တို့ဖြင့် အရေးယူမည်ဖြစ်ပြီး အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်လည်း တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ပြည်သူများကို ဆက် လက် ခြိမ်းခြောက်နေဆဲဖြစ်သည်။", "ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရသော ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်။"]
https://yktnews.com/2023/01/82791/
အာဏာလု မြန်မာစစ်ကောင်စီ နှင့် စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် များနှင့်အတူ ရပ်တည်ဟု ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ ပါလီမန်များ အဖွဲ့ IPU က ဆုံးဖြတ်
["အာဏာလု မြန်မာစစ်ကောင်စီ နှင့် စစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ် မပြုဘဲ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် များနှင့်အတူ ရပ်တည်ဟု ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ ပါလီမန်များ အဖွဲ့ IPU က ဆုံးဖြတ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "မြန်မာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရအဖွဲ့ကို လက် နက်အားကိုးဖြင့် ဖမ်းဆီးပြီး တိုင်းပြည်အာဏာကို မတရားသိမ်းပိုက် လုယူ ခဲ့သော စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်သည်ဟု နိုင်ငံ တကာ ပါလီမန်များ အဖွဲ့IPU က ဆုံးဖြတ်ခဲ့ကြောင်း CRPH ၏ ထုတ်ပြန် ချက်အရ သိရှိရသည်။", "၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၌ ကျင်းပခဲ့သော ၁၄၅ ကြိမ်မြောက် နိုင်ငံ တကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံ အကြိမ် ၂၁၀ မြောက် အမှုဆောင် ကော်မတီ အစည်းအဝေးက ထိုသို့ ဆုံး ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လွန်ခဲ့သည့် ညီလာခံနောက်ပိုင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် တိုး တက် မှုမရှိသည်ကို ဝမ်းနည်းစွာ မှတ်သားရပါကြောင်း၊ လွှတ်တော် ကိုယ် စား လှယ်အချို့အား သေဒဏ်ပေးမှုကြောင့် အခြေအနေသည် ပိုမိုဆိုးဝါးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အာဏာ သိမ်းစစ်ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပါကြောင်း၊ ထို့ကြောင့် မြန်မာရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များနှင့် အတူရပ်တည်သည့်အနေဖြင့် အာဏာသိမ်း စစ်ကောင်စီအား အသိအမှတ်မပြုရန် အမှုဆောင်ကော်မတီက ဆုံးဖြတ်ပါ ကြောင်း” ဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ၁၄၅ ကြိမ် မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံ ၂၁၀ ကြိမ်မြောက် အမှုဆောင်ကော်မတီအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။", "IPU သည် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၈၈၉ ခုနှစ်တွင် စတင် ထူထောင်ခဲ့သော နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၇၉ နိုင်ငံမှ ပါလီမန်များနှင့် ဒေသတွင်းပါလီမန် ၁၃ ကလည်းကောင်း အဖွဲ့ဝင် အဖြစ် ပါဝင်လျက်ရှိသည်။", "လက်ရှိတွင် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မြန်မာရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များကို IPU က အစည်းအဝေးများတွင် မဲပေးခွင့်မရှိသော လေ့လာသူအဖြစ် တက်ရောက်ခွင့်ပြုခြင်းဖြင့် အသိအမှတ်ပြုထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- IPU ၏ ၁၄၅ ကြိမ်မြောက် ညီလာခံမြင်ကွင်း။"]
https://yktnews.com/2024/05/163842/
AA က ရိုဟင်ဂျာများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းမပြုလုပ်ဟု ကြေညာထားသော်လည်း မြေပြင်တွင် ကျူးလွန်မှု ရှိသည်ဟု စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ ၁၉၄ ခုက တောင်းဆို
["အာရကန်ဒေသ လွတ်မြောက်ရေး ထောက်ခံမည်ဖြစ်ပြီး AA နှင့် ရိုဟင်ဂျာများအကြား တွေ့ဆုံဆွေးနွေး ရန်တိုက်တွန်း", "ရန်ကုန်၊ မေ ၂၂", "ရခိုင်တပ်တော် (AA) က ရိုဟင်ဂျာလူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ဟု ကြေညာထားသော် လည်း မြေပြင်တွင် AAစစ်သားတချို့က ကျူးလွန်သည်ဟု စွပ်စွဲမှုများရှိနေ၍ ယင်းအမှုများကို စုံစမ်းစစ်ဆေးပေးရန် တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့ ၁၉၄ ခုက တောင်းဆိုလိုက်သည်။", "အာရက္ခ တပ်တော် (AA) က ရိုဟင်ဂျာ လူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မြေပြင်တွင် တပ်တော် လက်အောက်ခံ စစ်သားများက ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေကြောင်း၊ ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မြောက်ပိုင်း မောင်တောမြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊ ဖမ်းဆီးခေါ်ဆောင် ခံရပြီး လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများနှင့် မတရား ဖမ်းဆီးခေါ်ဆောင်နေမှုများ ရှိနေသည်ဟု ထုတ်ပြန် ထားသော သတင်းများအရ သိရှိရသည်။", "ဘူးသီးတောင်မြို့၏ နေရာအများစုကို အာရက္ခ တပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ရက် ညအချိန် ၁၀နာရီခန့်တွင် ရိုဟင်ဂျာ အရပ်သား အများစု နေထိုင်သည့် ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များအား AA က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ဤဖြစ်စဥ်သည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း၊ အဆိုပါကိစ္စရပ်များကို အာရက္ခ တပ်တော် (AA) အနေဖြင့် လွပ်လပ်သော စုံ စမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများ အမှန်တကယ် ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူရန် တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုသည်။", "အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရိုဟင်ဂျာလူမျိုးစုအား ဖိနှိပ်ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများကို အစဉ်တစိုက် ကျူးလွန်ခဲ့ပြီး လက်ရှိတွင်လည်း မတရား စစ်မှု မထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စစ်သားများအဖြစ်၊ လူသားဒိုင်းများအဖြစ်၊ စစ်အုပ်စုကိုယ်စား အကြမ်းဖက်မှု ကျူးလွန်သူ များ အဖြစ် အသုံးပြုနေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြကြသည်။", "သိသာထင်ရှားသည့် သက်သေအနေဖြင့် ယခုနှစ် မတ်လအတွင်း ရခိုင်ဒေသ၊ ရသေ့တောင်မြို့နယ်၊ အငူမော်တွင် အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက် စစ်အုပ်စုတို့အကြား တိုက်ပွဲတွင် စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ရိုဟင်ဂျာ ၁၀၀ နီးပါး အစုအလိုက် အပြုံလိုက် သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် စစ်အုပ်စု အနေဖြင့် လက်ရှိတွင်လည်း ဘူးသီးတောင်နှင့် စစ်တွေရှိ IDP- အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ၏ စခန်းများ မှ ရိုဟင်ဂျာများကို အတင်းအကြပ် ဖိအားပေးကာ အာရက္ခ တပ်တော် (AA) ကို ဆန္ဒပြခိုင်းခြင်းများကို ပြုလုပ်နေပြီး ရိုဟင်ဂျာများအပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန်နှင့် လူမျိုးရေး ပဋိပက္ခများ ထပ်မံ ဖြစ်ပွားစေရန် လှုံ့ဆော်နေကြောင်း တော်လှန်ရေးနှင့်အရပ်ဘက်အဖွဲ့များက ပြောဆိုသည်။", "ယခုနှစ် ဧပြီလတွင် ရခိုင် ဒေသ ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင် လူမျိုးစုများ၏ နေအိမ် ၂၀၀ ကျော်ကို အကြမ်း ဖက် စစ်အုပ်စုက မီးရှို့ဖျက်ဆီးရာတွင် စစ်မှုမထမ်းမနေရ အမိန့်ဖြင့် အတင်းအဓမ္မ ဖိအားပေး၍ စုဆောင်းထားသော ရိုဟင်ဂျာ များကို အသုံးပြုပြီး ရခိုင် နှင့် ရိုဟင်ဂျာ လူမျိုးစုကြား လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိဖြင့် စတင် ဖန်တီးခဲ့ကြောင်း၊ ယခုကဲ့သို့ လူမျိုးရေး ပဋိပက္ခဖြစ်အောင် စစ်အုပ်စုက လုပ်ဆောင်နေခြင်း အပြင် ရွေးချယ်ခွင့်မရသော ရိုဟင်ဂျာလူထု၏ အခြေအနေနှင့် နှစ်များစွာ ဖိနှိပ် ပိတ်လှောင်ခံရမှုကြောင့် အကြမ်းဖက်စစ်အုပ်စု ပုံဖော်ချင်သည့်ပုံစံများ အကြား ကြုံတွေ့နေရသည့် အခြားလူမျိုးစုများနှင့် မတူသော အကျပ်အတည်းများကို တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထု အနေဖြင့် အထူး သတိထားပြီး နားလည်သိရှိထားကြရန် သတိပေးထားသည်။", "ယခုအခြေအနေတွင် အဖွဲ့အစည်းများ၊ မီဒီယာများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ရိုဟင်ဂျာအားလုံးကို စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ပုံစံမျိုး ပုံဖော်မှုများ ရှိနေသည့်အပြင် “ဘင်္ဂါလီ အကြမ်းဖက်များ”၊ “မွတ်စ်လင်မ် အကြမ်းဖက်သမား” စသော အမုန်းစကားပါသည့် ဝေါဟာရများကို တွင်တွင်သုံးနေကြသည်ကိုလည်း တွေ့ရှိနေရကြောင်း၊ အဆိုပါအခြေအနေသည် လူမျိုးတစုလုံးနှင့် ၎င်းတို့ ကိုးကွယ်ယုံကြည်သည့် ဘာသာတရား တခုလုံးကို သိမ်းကျုံးစွပ်စွဲမှုများသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ လူထုကြား အမုန်းတရား ကြီးမားလာစေရန် တွန်းပို့ခြင်းဖြစ်သည်ဟု ထောက်ပြသည်။", "တခြားသော လူမျိုးစုများနည်းတူ ရိုဟင်ဂျာ လူမျိုးစု အတွင်းတွင်လည်း အကြမ်းဖက် မြန်မာ စစ်အုပ်စုနှင့် ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းသောသူများ ရှိနေသော်လည်း တချိန်တည်းတွင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသော ရိုဟင်ဂျာများ မြောက်များစွာ ရှိနေသည့်အချက်ကို အထူးသတိပြုရမည် ဖြစ်ဟု အရပ်ဘက် အဖွဲ့များက ထောက်ပြသည်။", "လက်ရှိတွင် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းနေသည့် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စုများဖြစ်သော Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA)နှင့် Rohingya Solidarity Organization (RSO) တို့သည် ရိုဟင်ဂျာ လူမျိုးစု ပြည်သူ တဦးချင်းစီကို လုံးဝ ကိုယ်စားမပြုကြောင်း၊ အားလုံး အနေဖြင့်နားလည်သိရှိပြီး အသေအချာ ခွဲခြားမြင်ရန် အထူးလိုအပ်ကြောင်း ထောက်ပြထားသည်။", "အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းပြီး ပြည်သူလူထုကို အဓမ္မ အနိုင်ကျင့်သည့် ရိုဟင်ဂျာ လက်နက်ကိုင် အပါ အဝင် မည့်သည့် လူမျိုးစု လက်နက်ကိုင် အုပ်စုကို မဆို မိမိတို့အနေဖြင့် လုံးဝ ရှုံ့ချ ဆန့်ကျင် ကန့်ကွက်ကြောင်း၊", "အကြမ်းဖက် စစ်အုပ်စုနှင့်ပူးပေါင်းနေသည့် ARSA အလားတူ အခြားလူမျိုးစု လက်နက်ကိုင်များရှိနေပြီး ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ လူမျိုးစုများကို ကိုယ်စားပြုသယောင် ပြောဆိုနေသည်လည်း အရပ်ဘက်အဖွဲ့များအနေဖြင့်ကောင်းစွာ သိရှိနားလည်ထားကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့ ကတည်းက ရိုဟင်ဂျာလူမျိုးစု အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများအနေဖြင့် ARSA သည် ရိုဟင်ဂျာလူမျိုးစုကို မည်သို့မျှ ကိုယ်စားမပြုကြောင်း အတိအလင်း သဘောထား ထုတ်ပြန်ချက် ကြေငြာခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။", "လူမှုသဟဇာတ ဖြစ်ရေး အပါအဝင် ဒေသလူထုအတွက် တာဝန်ယူ၊ တာဝန်ခံသည့် အခြေအနေမျိုးကို အာရက္ခ တပ်တော် (AA) အနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း၊ ။ ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားသည့်ဥပဒေ (IHL) တို့ကို လိုက်နာပြီး ပြည်သူများ နေထိုင်ရာ နေရာများတွင် တိုက်ပွဲ မဖော်ဆောင်ရန်နှင့် ရိုဟင်ဂျာ ရွာများမှ ရွာသူ၊ ရွာသားများကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းခြင်းများ မပြုလုပ်ရန်လည်း လိုအပ်ကြောင်း ထောက်ပြထားသည်။", "အရပ်သားများကို အကာအကွယ်ပေးရမည့် တာဝန်သည် စစ်ပွဲအတွင်း အထူး လိုက်နာရမည့် (နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ) ကျင့်ဝတ်၊ တာဝန်ဖြစ်ပြီး အာရက္ခ တပ်တော် (AA) အနေဖြင့် ဒေသတွင်း မှီတင်း နေထိုင်သော ရခိုင်လူမျိုးစု ၊ ရိုဟင်ဂျာလူမျိုးစု အပြင် အခြားသော လူမျိုးစုနှင့် ဘာသာဝင်များကိုလည်း စစ်ပွဲအတွင်း ပစ်မှတ် မထားရန်နှင့် လွတ်လပ်သော နိုင်ငံတကာ သတင်းမီဒီယာများနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ဝင်ခွင့်ပေးရန် အာရက္ခ တပ်တော် (AA) အား အထူးတိုက်တွန်း တောင်းဆိုထားသည်။", "အကြမ်းဖက် စစ်အုပ်စုနှင့် အာရက္ခ တပ်တော် (AA) တို့ကြား ပြင်းထန်နေသော တိုက်ပွဲများအတွင်း ရခိုင်ဒေသ ရှိ ပြည်သူများ အားလုံး၏ လုံခြုံရေးကို အထူး စိုးရိမ်မိကြောင်း၊ အကာအကွယ် မဲ့နေသော အဖိနှိပ်ခံ အသုံးချခံ ရိုဟင်ဂျာ လူမျိုးစု အပေါ် နောက်တကြိမ် ဂျီနိုဆိုက်လူမျိုးတုံး သတ်ဖြတ်မှုများ ထပ်မံမဖြစ်လာစေရန် မြန်မာနိုင်ငံရှိ တော်လှန်ရေး နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများအပြင် ပြည်သူလူထု တစ်ဉီးချင်းစီအနေဖြင့်လည်း အရပ်သား ကာကွယ်ရေး၊ လူ့ ဂုဏ်သိက္ခာ ကာကွယ်ရေး အခြေခံအပေါ် ရပ်တည်ဖို့ အထူး အရေးကြီးကြောင်း၊ ဒေသတွင်းတာဝန်ရှိသည့် အာရက္ခ တပ်တော် (AA) သည်လည်း ရခိုင်ဒေသ အတွင်း မှီတင်းနေထိုင်နေကြသော ပြည်သူလူထုများ အားလုံးကို ကာကွယ်ပေးရန် အထူးတာဝန်ရှိကြောင်း ဝေဖန်ထောက်ပြထားသည်။", "အာရက္ခ တပ်တော် (AA) ခေါင်းဆောင်များနှင့် ရိုဟင်ဂျာ ခေါင်းဆောင်များလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းကြောင်း၊ အထက်ပါစိုးရိမ်ချက်များအား အပြုသဘောထောက်ပြခြင်းဖြစ်ပြီး အနာဂတ် အာရကန်၏ လူမျိုးစုံ၊ ဘာသာစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ရေရှည်တည်ငြိမ်မှုကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်များအား အားဖြည့်သွားမည် ဖြစ်ကြောင်း၊ အာရကန်ဒေသ တခုလုံးတွင် မှီတင်းနေထိုင်ကြသည့် လူထုတရပ်လုံး လွတ်မြောက်ရေးကို မျှော်မှန်းသည့် တော်လှန်ရေးကိုလည်း ဆက်လက်ဝန်းရံ ထောက်ခံသွားမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်ကြေညာသည်။", "ဓာတ်ပုံ – ဘူးသီးတောင်မြို့ပေါ်အမှတ် ၅ ရပ်ကွက်ရှိ နေအိမ်များကို ဧပြီလအတွင်း စစ်တပ်က မီးရှို့ပြီး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခဲ့စဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/08/116895/
အာရှလမ်းမကြီး ရင်ခွဲတောင်အနီးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပြိုကျ
["အာရှလမ်းမကြီး ရင်ခွဲတောင်အနီးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းပြိုကျ", "ရန်ကုန်၊ ဩဂုတ် ၇", "ကရင်ပြည်နယ်၊ အာရှလမ်းမကြီး ကော့ကရိတ်နှင့်မြ၀တီလမ်းပိုင်း ရင်ခွဲတောင်၊ တောနော်ရေတံခွန်အနီးတွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်း ပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“ကော့ကရိတ်-မြဝတီ ရင်ခွဲတောင်အကျော်နားမှာ လမ်းက အချက်လိုက် ပြိုကျသွားတယ်။ တောင်ကျ ချောင်းရေကြောင့်ပြိုတာ။ လမ်းပန်းဆက်သွယ်ရေးက လုံး၀ ပြတ်တောက်သွားပြီ။ မြ၀တီမြို့ အဝင် မြေနီကုန်းမှာလည်း ရေ တွေ အရမ်းကြီးနေတယ်။ ကားတွေ သွားလို့မရတော့ဘူး” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "အာရှလမ်းမကြီး၏ လမ်းပြိုကျပျက်စီးမှု အခြေအနေသည် ပြုပြင်ရန် ခက်ခဲပြီး လနှင့်ချီ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားမည့် အခြေအနေဖြစ်သည်ဟု မြ၀တီမြို့ခံ ပြည်သူတချို့က သုံးသပ်ပြောဆိုသည်။", "“အခုက လမ်းပိုင်းတွေက ရင်ခွဲတောင်နားတင်မဟုတ်ဘူး။ အခြားလမ်းပိုင်းတွေလည်း ပျက်တယ်ကြားတယ်။ အခြေအနေကတော့ အတော်ကို ဆိုးတယ်” ဟု ရန်ကုန်-မြ၀တီပြေးဆွဲနေသော ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။"]
https://yktnews.com/2022/12/75988/
အားမာန်သစ် လူထု သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["အားမာန်သစ် လူထု သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် “ဗိုလ်အောင်ကျော် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76866/
အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် “ရင်ဘတ်ချင်းတူမှ တော်လှန်ရေး‌ အောင်မြင်မည်” စာသားကိုင်စွဲကာ ကလေးတောင်ပိုင်းဒေသ နတ်ချောင်းခံတပ်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်းများ၏ တစ်နှစ်ပြည့်ဝမ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားနှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။"]
https://yktnews.com/2022/12/76525/
အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "အားမာန်သစ် လူထုလူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် “ရင်ဘတ်ချင်းတူမှ တော်လှန်ရေး‌ အောင်မြင်မည်” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123154/
အားမာန်သစ် သပိတ် အင်အားစုက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ
["အားမာန်သစ် သပိတ် အင်အားစုက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ်‌ စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့၌ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121196/
အားမာန်သစ် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
["အားမာန်သစ် သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ", "ရန်ကုန်၊ စက်တင်ဘာ ၅", "ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ်‌ စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၅ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114205/
အားမာန်သစ် သပိတ်စစ်ကြောင်းက ရဲဘော် မင်းမင်းထက် ကျဆုံးခြင်း ၁ လ ပြည့်နေ့အဖြစ် ချီတက် အလေးပြု
["အားမာန်သစ် သပိတ်စစ်ကြောင်းက ရဲဘော် မင်းမင်းထက် ကျဆုံးခြင်း ၁ လ ပြည့်နေ့အဖြစ် ချီတက် အလေးပြု", "ရန်ကုန်၊ ဇူလိုင် ၂၁", "ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် သပိတ်စစ်ကြောင်းက ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ရဲဘော် မင်းမင်းထက် ကျဆုံးခြင်း ၁ လ ပြည့်နေ့အဖြစ် ချီတက် အလေးပြုခဲ့ကြောင်း သိရသည်။", "ချီတက် အလေးပြု အခမ်းအနားကို Salingyi Border Task Force – SBTF တပ်ဖွဲ့နှင့် ဒေသ ပြည်သူများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/127117/
အိန္ဒိယ-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း
["အိန္ဒိယ-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "အိန္ဒိယ-မြန်မာ နယ်စပ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/95770/
အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်ရှိ မြန်မာ စစ်ဘေးရှောင် ပြည်သူများကို Refugee card များထုတ်ပေးရန် စာရင်းကောက်ခံနေ
["အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်ရှိ မြန်မာ စစ်ဘေးရှောင် ပြည်သူများကို Refugee card များထုတ်ပေးရန် စာရင်းကောက်ခံနေ", "ရန်ကုန်၊ ဧပြီ ၄", "အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ် အစိုးရက မြန်မာ စစ်ဘေးရှောင် ပြည်သူများကို ဒုက္ခသည် အသိအမှတ်ပြုကတ်ပြား (Refugee card) များ ထုတ်ပေးရန် စာရင်းကောက်ခံလျက်ရှိကြောင်း သိရသည်။", "မြန်မာ စစ်ဘေးရှောင်ပြည်သူများကို Refugee card များ ပြုလုပ်ပေးပြီး စားနပ် ရိက္ခများ ထောက်ပံ့ကာ ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးမည်ဟု မဏိပူပြည်နယ် အစိုးရအဖွဲ့က ပြောဆိုသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/209484/
အိန္ဒိယမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မန္တလေးငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်
["အိန္ဒိယမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ မန္တလေးငလျင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်", "ရန်ကုန်၊ မတ် ၃၀", "မန္တလေး ၇၈ လမ်းတွင် တည်ရှိသော Great Wall Hotel အဆောက်အဦ ပြိုကျပျက်စီးသည့်နေရာတွင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၃၅)ဦးတို့သည် အိန္ဒိယနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မတ်လ ၃၀ ရက်နေ့ မနက် ၇ နာရီမှစတင်ကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ကြေညာသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် Mandalay Great Wall Hotel မှာ တစ်ခြမ်းပြိုကျခဲ့ပြီး လူပေါင်းများစွာ ပိတ်မိနေဆဲဖြစ်သည်။", "အဆိုပါဟိုတယ်အတွင်း လူ ၈၀ နီးပါးခန့် ပိတ်မိနေသည်ဟုလည်း ဒေသခံများက ခန့်မှန်းပြောကြားသည်။", "အဆိုပါဟိုတယ်ပြိုကျမှုအတွင်း ပိတ်မိနေသူများကို ကယ်တင်ပေးကြရန်အတွက် ဆွေမျိုးမိတ်ဆွေများက လူမှုကွန်ယက်ကနေတစ်ဆင့် အကူအညီတောင်းခံနေကြသည်။", "အိန္ဒိယနိုင်ငံမှ အဖွဲ့ဝင် ၁၁၈ ဦးပါ အိန္ဒိယတပ်မတော်အရေးပေါ်ကူညီကယ်ဆယ်ရေး ဆေးတပ်ဖွဲ့နှင့် အဖွဲ့ဝင် ၈၀ ဦးပါ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့ကို မြန်မာနိုင်ငံသို့ မတ်လ ၂၉ ရက်တွင် စေလွှတ်လိုက်ပြီဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က ၎င်း၏ X စာမျက်နှာတွင် ဖော်ပြထားသည်။", "ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း တန်ချိန် ၄၀ ကို တင်ဆောင်ကာ အိန္ဒိယရေတပ်မှ INS Satpura နှင့် INS Savitri သင်္ဘောများသည် ရန်ကုန်ဆိပ်ကမ်းသို့ ဦးတည်ထွက်ခွာသွားကြောင်းလည်း ရေးသားဖော်ပြထားသည်။", "အိန္ဒိယနိုင်ငံသည် မြန်မာငလျင်ဘေးအတွက် တုံ့ပြန်ကူညီဆောင်ရွက်မှုအဖြစ်Operation Brahma စီမံချက်အမည်ဖြင့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီများ မတ်လ ၂၉ ရက်တွင် စတင်ပေးပို့နေပြီဟုလည်း သိရသည်။"]
https://yktnews.com/2023/11/132832/
အိန္ဒိယသို့ ထွက်ပြေးပြီးနောက် စစ်ကောင်စီထံသို့ ပြန်ပို့ခံရသည့် စစ်သားများ ရှေ့တန်းပြန်ထွက်ရသဖြင့် အလံဖြူထောင်ပြီး PDF ထံတွင် အလင်းဝင်
["အိန္ဒိယသို့ ထွက်ပြေးပြီးနောက် စစ်ကောင်စီထံသို့ ပြန်ပို့ခံရသည့် စစ်သားများ ရှေ့တန်းပြန်ထွက်ရသဖြင့် အလံဖြူထောင်ပြီး PDF ထံတွင် အလင်းဝင်", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ချင်းပြည်နယ်၊ အိန္ဒိယ – မြန်မာ နယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခံရပြီး အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသွား သော စစ်သားများကို မြန်မာစစ်တပ်က ပြန်လည်ခေါ်ယူကာ ရှေ့တန်းသို့ ပြန်ပို့သဖြင့် အလံဖြူထောင်ကာ PDF ထံတွင် အဆိုပါ စစ်သားများ အလင်းဝင်လာကြကြောင်း တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ အိန္ဒိယမှ ပြန်လည်ရောက်ရှိသော စစ်ကောင်စီတပ်မှ တပ်သား ကျော်လင်းထိုက်၊ ကောင်းထက်အောင် တို့ ၂ ဦးသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် PDF ထံသို့ အလံဖြူထောင် အလင်းဝင်ရောက်လာကြကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ တမူးမြို့နယ်တွင် ပန်းသာပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် NLA တပ်တော်၊ Fighter police၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ တို့ ပူးတွဲစစ်ဆင်ရေးလုပ်နေစဉ် စစ် ကောင် စီတပ်သား ကျော်လင်း ထိုက်သည် MA 2 သေနတ်ဖြင့်လည်းကောင်း၊ တပ်သား ကောင်းထက် အောင် သည် MA 4 သေနတ်ဖြင့် လည်း ကောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ တပ်ရင်း – ၄ ထံသို့ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူတို့ပြောတာတော့ ရိဒ်ခေါဒါရ်မြို့ကို ချင်းတပ်မတော်က ဝင်တိုက်တယ်၊ သူတို့က ပြေးရ တယ်၊ ပြေးပြီး တော့ အိန္ဒိယစစ်တပ်က ကူညီပေးထားတယ်၊ အဲဒီကနေမှ တမူးနယ်စပ် မိုးရေးမြို့ကို ပို့လိုက်တယ်၊ မိုးရေးမြို့ကနေ မြန်မာပြည်ဘက်ကို ပြန်ပို့လိုက်တာ၊ အဲဒီစစ်သားတွေကို၊ အပ်ပြီးတော့ သူတို့ကို တစ်ခါတည်း စစ်ကြောင်း ပြန်ထိုးခိုင်းတာ၊ အဲဒီအချိန်မှာ သူတို့ကလည်း အရမ်းပင်ပန်းနေပြီပေါ့၊ နယ်ခံတွေလည်း မဟုတ်ဘူး၊ အခုလိုကြီးစစ်ကြောင်းပဲ ထိုးခိုင်းနေတာဆိုပြီး သူတို့ကလည်းအရမ်းပဲ စိတ်ဓာတ်ကျပြီး တော့ ပြောတယ်၊ နောက်ထပ်လည်း သူတို့ဘက်က ၁၀ ယောက် ၁၅ ယောက်လောက် ရှိသေးတယ်လို့ ပြောတယ်၊” ဟု တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အလင်းဝင်လာသည့် စစ်သား ၂ ဦးနှင့်အတူ အခြားစစ်ကောင်စီတပ်သား ၁၅ ဦးခန့်သည် အလင်းဝင်ရောက်ရန် လာခဲ့သော်လည်း ဖုန်းအချိတ်အဆက် ရရှိထားမှုမရှိခြင်း၊ အလံဖြူ မပြမိပါက ပစ်မိမည်ကို စိုးရိမ်ခြင်း တို့ကြောင့် အလင်းဝင်နိုင်ခြင်း မရှိကြောင်း၊ စစ်ကောင်စီတပ်များတွင် စစ်တိုက်ချင်သူမရှိတော့ဘဲ အလင်းဝင်ရောက်နေသူ များပြား လျက်ရှိကြောင်း တမူး PDF တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "“သူတို့ ပြောတဲ့ ပုံစံဆိုရင် စစ်သားတွေက မတိုက်ချင်တော့ဘူးပေါ့၊ ဖြစ်နိုင်ရင် ဘာမှ မဖြစ်ချင်တော့ဘူး၊ တိုက်လည်း မတိုက်ချင်တော့ဘူး၊ လွတ်လွတ်လပ်လပ်ပဲ နေချင်တော့တယ်လို့ ပြောတယ်၊ သူတို့နှစ်ယောက် ကိုတော့ သဘောကျတယ်၊ သူတို့ရဲ့ မျက်နှာတွေကြည့်တာနဲ့ ကလိမ်ကကျစ်မျက် နှာတွေတွေမဟုတ် ဘူးဗျ၊ သူတို့မှာ အလံဖြူပြစရာဘာမှမရှိလို့ ကြွပ်ကြွပ်အိတ်လေးကို တုတ်ထိုးပြီးတော့ အလံဖြူပြပြီး ဝင်လာတာ၊ ကျနော်တို့အရင်တုန်းက စခန်းချခဲ့တဲ့ တဲလေးတစ်တဲ ရှိတယ်၊ တောင်ယာပြင်မှာ အဲဒီတဲ လေး ကို အိမ်ရှင်တို့ အိမ်ရှင်တို့ အော်နေတာ၊ သူတို့က ကျနော်တို့ ယူနီဖောင်း အစုတ်လေးတွေ ကျန်ခဲ့ တာကို တွေ့ပြီး၊ ဒါဆိုရင် PDF တွေရှိမှာပဲ ဆိုပြီး ဒီအတိုင်း ဗြုန်းစားကြီးဝင်လာတာ၊ ဝင်လာတော့ ကျနော်တို့ ကင်းပုန်းနဲ့တွေ့ပြီး”အလင်းဝင်ချင်လို့ပါဗျ၊” အော်တာ၊ ကျနော်တို့ကလည်း ဘာတွေအော် တာလည်း မသိဘူးဆိုပြီး ၊ ပစ်ရတော့ မလား၊ အမိန့်ပေးဖို့ စောင့်နေရင်း “အလင်းဝင်မှာဆိုရင် အလံဖြူပြ” ဆိုတော့ သူတို့ဆီမှာက အလံဖြူပြစရာ ပိတ်စတွေ၊ ဘာတွေ ပါမလာဘူး၊ ပိတ်စအဖြူစတွေဘာတွေ ယူလာရင် အရာရှိအရာခံတွေက ရိပ်မိမှာစိုးလို့ မယူရဲဘူးတဲ့၊ အဲဒါဆိုတော့ ဘေးကတွေ့တဲ့ ကြွပ်ကြွပ် အိတ်လေးကို တုတ်တိုးပြီးအလံဖြူပြ အလင်းဝင်လာတာ၊ အဲဒါနဲ့ ကျနော်တို့ကလည်း လက်နက်တွေ အဲဒီမှာ ချထားခဲ့ပြီး လူတွေ ဒီဘက်ကို လာခဲ့ဆိုတော့ သူတို့ဆီက ပါတဲ့လက်နက်တွေ၊ ကျည်တွေ အကုန်ချထားခဲ့တယ်၊ အဲလို ဝင်လာတာဆို တော့ ကျနော်တို့လည်း နွေးနွေးထွေးထွေးကြိုဆိုလိုက်တယ်၊ “ ဟု ၎င်းက ရှင်းပြသည်။", "ဓာတ်ပုံ- ရိဒ်ခေါဒါရ်မြို့ စစ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို အိန္ဒိယပိုင်နက်အခြမ်းတွင် စုစည်းထားစဉ်။"]
https://yktnews.com/2024/01/141528/
အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ် လမ်းချော်မှု လေယာဉ်အမှုထမ်း မြန်မာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး ဒဏ် ရာရ
["အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ် လေယာဉ် လမ်းချော်မှု လေယာဉ်အမှုထမ်း မြန်မာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး ဒဏ် ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၉၂ ဦးကို သွားခေါ်သည့် မြန်မာစစ်တပ်လေယာဉ်သည် ယနေ့ နံနက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ် တွင် လမ်းချော်သွားကြောင်း အိန္ဒိယ အခြေစိုက် The Lairam Times က သတင်း ဖော်ပြ သည်။", "အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Lengpui လေဆိပ်သို့ အိန္ဒိယစံတော်ချိန် ယနေ့ နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန် ဆင်း သက်သည့် မြန်မာစစ်လေယာဉ်တွင် စုစု ပေါင်း ပိုင်းလော့ အပါအဝင် လေယာဉ် အမှုထမ်း လေတပ် တပ်ဖွဲ့ဝင် ၁၄ ဦး လိုက်ပါကြောင်း၊ စစ် လေယာဉ် ပြေးလမ်း ချော်မှု ကြောင့် လေယာဉ် အမှုထမ်း မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ၆ ဦးမှာ ဘေးကင်း ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၂၇၆ ဦး အိန္ဒိယသို့ ထွက် ပြေးသွားသည့်အတွက် ယမန်နေ့ တွင် ၁၈၄ ဦးကို မြန်မာစစ်တပ်က လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ယနေ့တွင် ကျန်ရှိနေသော စစ်သား ၉၂ ဦးကို ပြန်လည်ခေါ်ဆောင်ရန် သွားရောက်စဉ် စစ်လေယာဉ် ပြေးလမ်း ချော်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်"]