url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2025/01/201246/
အမေရိကန်က ပြည်ပအကူအညီများ ရပ်ဆိုင်းလိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆေးရုံဆေးခန်းများ အားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ချက်ချင်းရပ်ဆိုင်း
["အမေရိကန်က ပြည်ပအကူအညီများ ရပ်ဆိုင်းလိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆေးရုံဆေးခန်းများ အားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများချက်ချင်းရပ်ဆိုင်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံများသို့ ပေးအပ်နေသည့် အကူအညီများအားလုံး ရပ်ဆိုင်းလိုက်သဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဆေးရုံဆေးခန်းများ အားလုံး ကျန်းမာရေးစောင့်ရှောက်မှု ရပ်တန့်လိုက်ရကြောင်း နယ်စပ် အခြေစိုက် ဒုက္ခသည် အကူအညီပေးရေးအဖွဲ့ များက ပြောဆိုကြသည်။", "ဇန်နဝါရီလ ၂၄ ရက်နေ့မှစတင်၍ အမေရိကန်အစိုးရက ပြည်ပအကူအညီများအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ၃ လ စိစစ်ရန် အမိန့်ထုတ်ပြန်လိုက်ရာ အဆိုပါ အမိန့်မှာ ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် လုပ်ငန်းများအပေါ်လည်း သက်ရောက်မှုရှိကြောင်း၊ ဒုက္ခသည်စခန်းများမှ ဆေးရုံနှင့်ဆေးခန်းတချို့လည်း ချက်ချင်းပိတ်သိမ်းလိုက်ရပြီး လူနာများကို ဆေးရုံပေါ်မှ ချက်ချင်းဆင်းခိုင်းကြောင်း သိရှိရသည်။", "“အမေရိကန်၏ ဒုက္ခသည်များ ကျန်းမာ‌ရေးကူညီ‌ပေး‌ရေးအဖွဲ့(IRC-International Rescue Committee)က ရက်ပေါင်း ၉၀ ၃လ အကူအညီတွေ ရပ်ထားမယ်။ ၃ လပြီးရင်လည်း ပေးဖြစ်ချင်မှလည်း ပေးဖြစ်မယ့် အခြေအနေဖြစ်တော့ ဘာမှ မသေချာဘူး။ အဲဒါကြောင့် ဒီနေ့ကစလို့ မယ်လ (ဘဲကလော) ဒုက္ခသည်စခန်းက ဆေးရုံ အပါအဝင် ဒုက္ခသည်စခန်းတွေက ကျန်မာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ချက်ချင်း ပိတ်လိုက်ရပြီ။ အမေရိကန်အစိုးရရဲ့ ပြည်ပအကူအညီတွေ ဖြတ်တောက်မှု ရဲ့ နောက်ဆက်တွဲဖြစ်တာပါ” ဟု နယ်စပ်မှ ဒုက္ခသည်ကူညီရေးအဖွဲ့အစည်းတစ်ခုတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။", "ထိုင်း-မြန်မာနယ်စပ်တွင် နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန်ဒုက္ခသည်စခန်းနှင့် မယ်လဒုက္ခသည်စခန်းများတည်ရှိနေပြီး ယင်းဒုက္ခသည်စခန်းများမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအားလုံး ရပ်တန့်ထားကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ မိခင်နှင့်ကလေး ကာကွယ်ဆေးနှင့် ကျန်းမာရေး အသိပညာပေး အစီအစဉ်များ အပါအဝင် ဒုက္ခသည် ကူညီပေးရေး လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်၍ လူ့အခွင့်အရေး လှုပ်ရှားနေသော အဖွဲ့အစည်းများ၊ အမျိုးသမီးအရေးနှင့် လူနည်းစုများအရေး လှုပ်ရှားနေသောလူမှု အခြေပြု CSO အဖွဲ့အစည်းများမှာလည်း အမေရိကန်၏ ပြည်ပအကူအညီ ဖြတ်တောက်မှုကြောင့် သက်ရောက်မှုရှိနေပြီး တချို့သောအဖွဲ့များမှာ ယာယီရပ်နားသွားရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/143034/
အမေရိကန်က ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့
["အမေရိကန်က ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့", "ဩစတြေးလျက စစ်ကောင်စီလက်အောက်ခံ MFTB ၊ MICB ဘဏ် ၂ ခုနှင့် လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်တွင် အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း ၊ စစ်ကောင်စီနှင့်ဆက်ဆံနေသော ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ပိုင်ရှင်မိသားစု ၄ တို့ကိုဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။", "စစ်အာဏာသိမ်းသုံးနှစ်ပြည့်ချိန်တွင် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာနက စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် (MEHL) နှင့် စီးပွားရေးလုပ်ကိုင်နေသော ရွှေဗျိုင်းဖြူအုပ်စု (SBPG)နှင့် စစ်ကောင်စီ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီ ၂ ခုကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာသည်။", "ထို့ပြင် စစ်တပ်ခရိုနီ ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ဇနီး တင်မင်းလတ်၊ သာသမီး ၂ ဦးဖြစ်သည့် မသိမ့်ဝင်းထက်နှင့် ကိုဝင်းပိုင်ကျော်တို့ ၄ ဦးကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ကြောင်း သိရှိရသည်။", "အလားတူ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့တွင် ဩစတြေးလျအစိုးရကလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB ) ၊ မြန်မာ့စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဘဏ်(MICB ) တို့ကို ပိတ်ဆို့အရေးယူကြောင်း၊ ထို့ပြင် စစ်ကောင်စီထံသို့ လေယာဉ်ဆီ တင်သွင်းပေးနေသော Asia Sun Group ၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/213575/
အမေရိကန်ကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများအတွက် စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့
["အမေရိကန်ကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများအတွက် စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အမေရိကန်အစိုးရကဒဏ်ခတ်ပိတ်ဆို့", "ရန်ကုန်၊ မေ ၆", "အမေရိကန်များကို ပစ်မှတ်ထားဦးတည်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအတွက် စစ်ကောင်စီ လက် အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ကြောင်း တရားဝင် ကြေညာသည်။", "စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် သား ၂ ဦးဖြစ်သည့် စောထူးအယ်မူးနှင့် စောချစ်ချစ်တို့ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း၊ အမေရိကန်ပြည်ထောင်စုကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုမှုများအတွက် ၎င်းတို့ ၃ ဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF က ထိုင်း-မြန်မာနယ်စပ်တွင် ဆိုက်ဘာလိမ်လည်မှု အစုအဖွဲ့များ တည်ရှိရာ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့ကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။", "“KNA က စီမံဆောင်ရွက်သည့် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများက ရာဇဝတ်ခေါင်းဆောင်နှင့် သူတို့ရဲ့ လုပ် ဖော်ကိုင်ဖက်များအတွက် ဝင်ငွေ ဘီလီယံနဲ့ချီ ရရှိစေပါတယ်။ အမေရိကန်ဘဏ္ဍာရေးဌာနအနေနဲ့ အဲဒီလို ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရရှိနေတဲ့ အဲဒီကွန်ရက်ကို တားဆီးဖို့ နည်းလမ်းမျိုးစုံ အသုံးပြုသွားမှာဖြစ်ပါတယ်” အမေရိကန်ဘဏ္ဍာရေးဒုဝန်ကြီး Michael Faulkender က ပြောဆိုသည်။", "ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်၏ မိသားစုနှင့် မဟာမိတ်များမှာ ကြွယ်၀ ချမ်းသာစေသော နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တွင် ဆိုက်ဘာလိမ်လည်သော ဒုစရိုက်လုပ်ငန်းများလုပ် ဆောင်သည့် ခြံဝင်းကြီးများ၊ တရားမဝင် ကာစီနိုရုံများနှင့် တရားမဝင် လောင်း ကစားလုပ်ငန်းများ ပါဝင်ကြောင်း၊ စစ်တပ်နှင့် လက်အောက်ခံ BGF တို့သည် အဆိုပါ တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်ပြီး နိုင်ငံတကာရာဇဝတ်မှုများမှ အပြစ်ပေး အရေးယူခံရခြင်းမရှိဘဲ ကင်းလွတ်စွာ ကျူးလွန် ချမ်းသာနေကြသည်။", "အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် KNA ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့် ၊ ၎င်းတို့မိသားစုနှင့် မဟာမိတ်များ၏ ကြွယ်၀ ချမ်းသာလာပုံများ၊ နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခုကို တည် ဆောက်ထားသည်။", "ဗိုလ်မှူးကြီးစောချစ်သူ (ခ)စံမြင့်တွင်း သား ၂ ဦး၊ သမီး ၁ ဦး ရှိပြီး ဇနီးဖြစ်သူမှာ နန်းခင်လှသူဖြစ်သည်။ စောချစ် သူ၏ သား ၂ ဦးမှာ BGF ဗိုလ်မှူး စောထူးအယ်မှူး အသက် ၃၂ နှစ်၊ ဗိုလ်မှူး စောချစ်ချစ်၊ အသက် ၂၈ နှစ်နှင့် သမီး နန်းနှင်းနန္ဒာအေးအသက် ၂၆ နှစ်တို့ ဖြစ်ကြသည်။", "စံမြင့် (စောချစ်သူ၏ နာမည်လွှဲအဖြစ် အသုံးပြုထားသော နာမည်) နှင့် ၎င်း၏ သားသမီးများသည် BGF ပိုင် ကုမ္ပဏီများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း၊ မိသားစုဝင်များအကြား ရှယ်များခွဲဝေ ပိုင်ဆိုင်ထားခြင်းဖြင့် စံမြင့်(ခ) စောချစ်သူ မိသားစုသည် BGF တပ်၏ စီးပွားရေးလုပ်ငန်း ၆ ခုကို ထိန်းချုပ်ပိုင်ဆိုင်ထားကြကြောင်း သိရှိရသည်။", "ထို့ပြင် နာမည်ဆိုးဖြင့် ကျော်ကြားသော ကျားဖြန့် ခြံဝင်းကြီး ၂ ခုဖြစ်သော Apollo Park နှင့် Yulong Bay Park တို့တွင်လည်း အနည်းစု ရှယ်ယာရှင်အဖြစ် ပိုင်ဆိုင်ထားကြကြောင်း ၊ ယင်းစီးပွားရေးလုပ်ငန်း ၂ ခုလုံးတွင် စံမြင့်၏ သားဖြစ်သူ BGF ဗိုလ်မှူး စောထူးအယ်မှူးသည် ဒါရိုက်တာနှင့် ရှယ်ယာရှင်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။", "စောချစ်သူ၏ သမီးဖြစ်သူ နန်းနှင်းနန္ဒာအေး အသက် ၂၆ နှစ်သည် စင်ကာပူနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့တွင် ပညာသင်ကြားပြီး စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှု ဘွဲ့ရရှိထားကာ BGF ၏ လုပ်ငန်း ၄ ခုတွင် ရှယ်ရှာရှင်နှင့်ဒါရိုက်တာအဖြစ် ပါဝင်နေသည်။", "စောချစ်သူ၏ မိန်းမ နန်းခင်လှသူသည် မိသားစုစီးပွားရေးတွင် ပါဝင်လုပ်ကိုင်မှု ရှိသော်လည်း ရှယ်ယာရှင်နှင့်ဒါရိုက်တာရာထူးများကို ရယူခြင်းမရှိ​ပေ။ သို့ရာတွင် သူမက BGF ၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ် ဖြစ်ထွန်းနေသူလည်းဖြစ်သည်။"]
https://yktnews.com/2024/01/140755/
“စစ်တပ်က ပြိုကွဲနေပြီ။ ဒီစစ်တပ်က ပြည်သူ့အတွက် ကာကွယ်ရေး စစ်တပ် မဟုတ်တော့ဘူး။ မင်းအောင်လှိုင်နဲ့ လူအနည်းစုအဖွဲ့ကို ကာကွယ်ဖို့ လုပ်ထား တာ။ စစ်တပ်က ပြိုတော့မယ်ဆိုတဲ့ ဥစ္စာ သူတို့နားလည် လာတဲ့အခါ ကျတော့ သူတို့ ပြန်ပြီးတော့ ပုန်ကန်ဖို့ ရဲသွားပြီ”
["အမေရိကန်စစ်တပ်မှ ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်နှင့်တွေ့ဆုံခြင်း", "By ရန်ကုန်ခေတ်သစ်", "မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့် တွေအပါအဝင် စစ်သား ထောင်နှင့်ချီ လက်နက်ချ အညံ့ခံ လာတာတွေ ရှိနေ ပါတယ်။", "တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ် စခန်းတွေတိုက်ပြီဆို တာနဲ့ စစ်သား တွေက လက်နက်ချနေကြတာကြောင့် လက်နက်ချတာဟာ တပ်ထဲ မှာခေတ်ရေစီးကြောင်း တစ်ခုလိုဖြစ်လာနေပြီး စစ်တပ်ပြိုကွဲနေတာ အခြေ အနေကို ရောက်ရှိလာပြီလို့ ဆိုရမှာဖြစ်ပါတယ်။", "အဲဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်မှာ ဘာတွေဆက် ဖြစ်လာ နိုင်မလဲ။ တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း ဘာတွေ သတိထားရမလဲ စတာတွေနဲ့ ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်ကို ရန်ကုန် ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါတယ်။", "မေး ။ ။ လောက်ကိုင်မှာ ဗိုလ်မှူးချုပ် ၆ ယောက်နဲ့ စစ်သားတွေရော တပ် မိသားစု တွေရော အပါအဝင် လူ ၄၀၀၀ ကျော်က လက်နက်ချပါတယ်။ ဟိုပန်နဲ့ ပန်လုံမှာ ဆိုရင်လည်လည်း စစ်သားအင်အား ၇၀၀ ကျော်က လက်နက်ချခဲ့ ပါတယ်။ အခုဆိုရင် လက်နက်ချတယ် အညံ့ခံတယ်ပဲ ပြောပြော အလင်းဝင် တယ်ပဲ ပြောပြော တော်တော်လေးကို အင်အားက များလာပါတယ် ရှင့်။ ဆိုတော့ ဒီလက်နက်ချတာက တပ်ထဲမှာ ခေတ်ရေစီးကြောင်းတစ်ခုလို ဖြစ်လာ တယ်လို့တောင် ပြောလို့ရပါတယ်။ အဲဒီအပေါ်ကို ဆရာမကြီးအနေနဲ့ ဘယ်လို မျိုး ဦးစွာသုံးသပ်လိုပါသလဲရှင့်။", "ဖြေ။ ။ ဟုတ်ကဲ့ ကျွန်မ အဲဒီမေးခွန်းကို မဖြေခင် ကျွန်မ ပထမဆုံး Disclaimer လေး ပြောပါရစေ။ ကျွန်မ ဒီနေ့ သုံးသပ်သွားတဲ့ အချက်အလက်တွေ အားလုံးက ကိုယ့်ကိုယ်ကိုယ်တစ်ယောက်တည်း သုံးသပ်တာပါ။ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီးတော့ ပြောတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။", "ဒီလောက်ကိုင်မှာ တွေ့တဲ့ဟာတွေက ကျွန်မအရင်ကတည်းကလည်း ပြောထားတယ်။ ကျွန်မ 1027 operation စကတည်းက ကျွန်မပြောတယ်။ အခု တော်လှန်ရေးဘက်က ဒီ Tipping Point ရောက်သွားပြီလို့ ကျွန်မ ပြောထားတယ်။ Tipping Point လို့ ပြောတဲ့အခါမှာ အချက်အလက်တစ်ခု ကျွန်မတို့ ကြည့်တာက Defection ၊ International pressure ၊ People support ။ အဲဒီအထဲမှာ Defection ဆိုတဲ့ဟာကလည်း ကျွန်မတို့ Unit Level Defection ဖြစ်ဖြစ် Unit level အခုလိုမျိုး အလင်းဝင်လာတာက All surrendered ဖြစ်တာက Tipping Point တစ်ခုရဲ့ ရောက်နေပြီဆိုတဲ့ Evident တစ်ခု မြင်ထားတယ်လို့ ပြောလို့ရတယ်။", "ဒါကြောင့်မို့လို့လည်း ဒီဥစ္စာက သိပ်ပြီးတော့ ကျွန်မတို့အနေနဲ့ အံ့ဩစရာတော့မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဥစ္စာကို အစောကြီးကတည်းက ဖြစ်နိုင်တယ် ဖြစ်လာတော့မယ်လို့ ကျွန်မတို့ Predict လုပ်ထားတာပေါ့။ ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာကတော့ ပြောရတာခက်တယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဥစ္စာအခု ဖြစ်လာတဲ့ ဟာက ကျွန်မတို့အတွက် ဒီလောက်လောက် ဟိုဒင်းမဖြစ်ပါဘူး။ ဒါပေမဲ့လည်း ဒီဥစ္စာ ဘာပြောပြလဲဆိုတော့ ကျွန်မတို့ ပြောထားတာ ဒီစစ်တပ်ထဲမှာ စစ်တပ်က အများကြီး ပြိုကွဲနေပြီ။ အထဲမှာ ပြိုကွဲနေပြီ။", "ဘာကြောင့် ပြိုကွဲလဲဆိုတော့ ကျွန်မ အရင်ကတည်းက ဖြေထားတာတွေ ရှိတယ်။ ဒီ Corruption နဲ့ ပတ်သက်ပြီးတော့ Leadership နဲ့ ပတ်သက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် Fear အနိုင်ကျင့်တာတွေ Fear ဆိုတာ ကြောက်စိတ်ကို အသုံးချပြီးတော့ လုပ်ထားတာတွေ အဲဒီဥစ္စာတွေ အားလုံးပေါင်းပြီးတော့ ကြည့်လိုက်လို့ရှိရင် စစ်တပ်က အခုအချိန်မှာ ပြိုကျနေတယ်ဆိုတဲ့ ဥစ္စာကတော့ အံ့ဩစရာမရှိပါဘူး။", "မေး ။ ။ အခု လက်ရှိမှာ မင်းအောင်လှိုင်အနေနဲ့ ရင်ဆိုင်နေရတာက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားတွေ အပြင် တပ်တွင်းမှာလည်း သူ့ကို မကျေနပ်တဲ့ အသံတွေ တော်တော်ကို ကျယ်လောင်လာပါတယ်ရှင့်။ နောက်ဆုံးမှာ သူ့ကို လော်ဘီလုပ်ပေးနေတဲ့ သူတွေကတောင်မှ မင်းပေါကြီးဆိုပြီး ခေါ်လာတာရှိပါတယ်။ ဆိုတော့ မင်းအောင်လှိုင်အနေနဲ့ ဒီအကျပ်အတည်း အခြေအနေကို ထိန်းနိုင်မယ့် အလားအလာမြင်ရပါသလား။", "ဖြေ။ ။ သူ့မှာ အရည်အချင်း အဲဒီလောက် မရှိဘူး။ ကျွန်မ အစောကြီးကတည်းက ပြောထားတယ်။ စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ အနည်းဆုံးတော့ စစ်တိုက်ဖို့အတွက်က အရည်အချင်းရှိရမယ်။ ဒါပေမဲ့ သူ့မှာ အရည်အချင်းမရှိဘူး။ အစကတည်းက ကျွန်မပြောထားတယ် အရင်အစ ဒီပြဿနာက နိုင်ငံရေးပြဿနာကို ဒီစစ်ဗျူဟာနဲ့ သူ ပြန်သုံးထားတယ်ဆိုတာ အစကတည်းက မှားနေတာ။ အဲဒီထဲက မှားကတည်းက သူ ဘယ်လိုမှ ပြန်ပြီးတော့ မဆယ်နိုင်ဘူး။", "ဆိုတော့ စစ်တိုက်တာတောင်မှ မတတ်ဘူး။ ဒါဆိုလို့ရှိရင် စီးပွားရေးတို့ နိုင်ငံရေးတို့ သံတမန်ရေးတို့ဆို ဝေလာဝေး ။ သူ့မှာ အရည်အချင်းမရှိဘူး။ ကျွန်မတို့မှာ Leadership မှာ လေ့လာရတဲ့ဟာ အမြဲတမ်းပြောတယ် Leader တစ်ယောက်က ကိုယ့်နောက်လိုက်သားတွေ ယုံကြည်ဖို့အတွက်က အချက် ၃ ချက်လိုတယ်။", "ပထမတစ်ခုက Benevolent စေတနာရှိရမယ်။ ကိုယ်နောက်လိုက်သားတွေ အပေါ်မှာ စေတနာရှိရမယ်။ နောက်တစ်ခုကျတော့ Confident အရည်အချင်းရှိရမယ် လုပ်ပိုင် လုပ်နိုင်ရည်ကောင်းရမယ်။ နောက်တစ်ခုကျတော့ Integrity ။ Integrity ဆိုတာ ဂုဏ်သိက္ခာရှိရမယ်။ အဲဒီဟာ ၃ ခု တစ်ခုခုမရှိဘူးဆိုရင်တောင်မှ နောက်က လိုက်တဲ့ လူတွေက မလိုက်ချင်ဘူး။ ဒီခေါင်းဆောင်တစ်ယောက်ကို မယုံကြည်ဘူး။ ဆိုတော့ မင်းအောင်လှိုင်ကို အဲဒီ ၃ ခုနဲ့ တိုင်းပြီးတော့ ကြည့်လိုက်ရင် သူ့မှာ ၃ ခုလုံးမရှိဘူး။ ဆိုတော့ အခုချိန်မှာ သူ့နောက်က လိုက်တဲ့ လူတွေက သူ့ကို ဝေဖန်နေကြတာ မလိုက်တော့ဘူးဆိုတဲ့ ဥစ္စာ ကျွန်မ အနေနဲ့ အံ့ဩစရာမရှိဘူးလို့ ပြောလို့ရပါတယ်။", "မေး။ ။ အခုကတော့ တော်လှန်ရေးစတဲ့အချိန်မှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ စစ်တပ်ဘက်က CDMer လုပ်လာတဲ့ စစ်သားတွေ အများကြီးရှိတယ်။ အခုလက်ရှိမှာ လောက်ကိုင် ဒကစ စစ်ဦးစီးမှူး ပထမတန်း G1 ဒုတိယဗိုလ်မှူးကြီး သက်ပိုင်လင်းနဲ့ အဖွဲ့က သူတို့ သစ္စာခံတဲ့ ဗိုလ်မှုးချုပ် ၆ ဦးကို စစ်ကောင်စီက ပြန်ဖမ်းလို့ ဆိုပြီးတော့ လက်နက်ကိုင်ပြီး တောခိုတယ်ဆိုတာ ဒီရက်ပိုင်းမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ စစ်တပ်ကို ပြန်တိုက်မယ့် စစ်သားတွေက နဂိုကတည်းက ရှိနေရာကနေ အခုဟာက အုပ်စုလိုက်ကို စစ်တပ်ကို ပြန်တိုက်မယ့် အလားအလာရှိနေတာကို မြင်ရတော့ ဒီဖြစ်စဉ်အပေါ်မှာရော ဆရာမကြီးအနေနဲ့ ဘယ်လိုမျိုးသုံးသပ်ချင်ပါသလဲ ။", "ဖြေ။ ။ အဲဒီ ဥစ္စာကတော့ Tipping Point ရောက်သွားပြီလို့ ပြောလို့ရတယ်။ ဟိုတစ်နေ့က တပ်ကြပ်ကြီးလား မသိဘူး သူက စကားပြောနေတာ သူတို့အရင်ကတည်းက နားလည်တယ် သူတို့ကို မတရားခိုင်းထားတာတွေဘသူတို့ကို လူမဆန်သလိုမျိုးဆက်ဆံထားတာတွေ သူတို့ လုံးဝမကြိုက်ဘူး။ အခုချိန်မှာတော့ သူတို့နားလည်သွားပြီ စစ်တပ်က ပြိုတော့မယ်ဆိုတဲ့ ဥစ္စာ သူတို့နားလည်လာတဲ့အခါကျတော့ သူတို့ပြန်ပြီးတော့ ပုန်ကန်ဖို့ ရဲသွားပြီ။", "ဆိုတဲ့အတွက်ကြောင့်လည်း အခုချိန်မှာ ဒီလိုမျိုးတွေ လုပ်ရဲလာတာ။ လုပ်နိုင်လာတာ။ အရင်တုန်းကကျတော့ စစ်တပ်က အရမ်းအားကြီးလွန်းတယ် သူတို့ ဒီလိုမျိုး ပုန်ကန်ဖို့အတွက်ကို။ အခုချိန်မှာတော့ ကျွန်မတို့ ဒီ သုံးသပ်တဲ့ လူတွေကျတော့ ဒီဥစ္စာ Indicator တစ်ခုပေါ့နော်။ Evidence တစ်ခုဖြစ်တယ်လို့ စစ်တပ်ပြိုကွဲနေတဲ့ ဥစ္စာ၊ ပြိုကွဲဖို့ ရောက်နေပြီဆိုတာ ဒီဥစ္စာအခြေခံပဲ။ သုံးသပ်လို့ရတယ်။", "မေး ။ ။ ဆရာမကြီး ပြောသလို စစ်တပ်ကလည်း တကယ့်ကို ပြိုကွဲနေပြီ။ ဆိုတော့ ကျူးဘား တော်လှန်ရေးဟာ ပြည်သူတွေဘက်က မေးနေတာလည်း ရှိပါတယ်။ ကျူးဘားတော်လှန်ရေးဟာ အောင်မြင်ဖို့ ၆ နှစ်ကြာတယ်ပေါ့နော်။ မြန်မာ့တော်လှန်ရေးဟာလည်း ၃ နှစ်ကာလပြီးသွားပြီ။ ၃ နှစ်ကာလပြီးသွားတဲ့ အချိန်မှာ တကယ့်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ တပ်ကလည်း ပြိုဆင်းလာပြီ။ ဒီဘက်က တော်လှန်ရေးက တအားကို ကောင်းနေပြီဆိုတော့ ပြည်သူတွေကလည်း ဆင်းရဲဒုက္ခတွေ အများကြီး ရင်ဆိုင်နေရတာဆိုတော့ ဆရာမကြီး အနေနဲ့ ဒီအခြေအနေအပေါ် ဘယ်လိုမြင်သလဲရှင့်။", "ဖြေ ။ ။ ကျွန်မ အရင်တုန်းကလည်း ၂၂ တုန်းကလည်း ပြောထားတယ်။ တကယ် အောင်မြင် Victory ပေါ့နော်။ တော်လှန်ရေး အောင်မြင်မယ့် အမှုက မင်းအောင်လှိုင်ရဲ့ လက်ထဲမှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ လက်ထဲမှာ။ ဒီ Revolution ဘက်က ပါနေတဲ့ လူတွေ၊ အဖွဲ့တွေ အားလုံးရဲ့ လက်ထဲမှာ ။ တကယ်လို့ ဒီတော်လှန်ရေးကို မြန်မြန်ဆန်ဆန်ပြီးချင်ရင် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်လေလေ ပိုပြီးတော့ အောင်မြင်ဖို့က များလာလေ။", "အခု ညီနောင် ၃ ဖွဲ့ ပြသွားတယ်။ ပူးပေါင်းဆောင်ရွက်ရင် မဖြစ်နိုင်တဲ့ ဥစ္စာတွေ ဖြစ်သွားတယ်။ ဆိုတော့ ကျွန်မပြောမယ် တကယ် နိုင်ချင်စိတ်ရှိရင် ပူးပေါင်းဆောင်ရွက်ချင်စိတ်မွေးရမယ်။ ပူးပေါင်းဆောင်ရွက်နိုင်လို့ရှိရင် ဒီဥစ္စာပြီးသွားမယ်။ မပူးပေါင်း မဆောင်ရွက်ချင်ရင် ဒါ ကိုယ်က မင်းအောင်လှိုင် အလုပ်ကို လုပ်ပေးနေသလိုပဲ။", "ဆိုတော့ အခုချိန်မှာ ပြန်ပြီးတော့ကြည့် တို့ ပူးပေါင်းဆောင်ရွက်နေသလား ပိုပြီးတော့ ဒီထက် ပူးပေါင်းဆောင်ရွက်နိုင်သလား ပူးပေါင်းဆောင်ရွက်ဖို့ကို မရရတဲ့ နည်းနဲ့ လုပ်ရတော့မယ်။ ဘာလို့လည်းဆိုရင် တချို့တွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နဲ့ အမြင်မှားတာတွေ ရှိတယ်။ မတည့်တာတွေ ရှိတယ်။အဲဒီဟာကို Focus လုပ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်း မဆောင်ရွက်တာတွေ ရှိတယ်။", "ဒါပေမဲ့ မှန်မှန် ပြန်ပြီးတော့ ကြည့်လိုက်တော့ တို့တွေ ဘုံရန်သူရှိတယ်။ ဘုံရန်သူ Focus လုပ်လိုက်၊ ဘုံရန်သူ အဓိက ထားလိုက်။ ပြီးလို့ရှိရင် ဘုံရန်သူ ပျောက်သွားလို့ရှိရင် ဒီဥစ္စာကို ဖြေရှင်းရမှာ အများကြီး ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်။ အခုအချိန်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီးလိုအပ်တယ်။ အခုချိန်မှာ Tipping Point ကနေ End point ရောက်ဖို့အတွက် အရေးအကြီးဆုံးအဓိကက ပူးပေါင်းဆောင်ရွက်ဖို့ပဲ။", "မေး ။ ။ ထပ်မေးချင်တာက မင်းအောင်လှိုင် ဘက်မှာရော ထွက်ပေါက်ရှိနိုင်လား။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအတွက် အသေထွက်ပဲ ရှိတယ်လို့ ပြောကြတော့ တကယ်ပဲ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအတွက် ထွက်ပေါက်က အသေထွက်တစ်လမ်းပဲ ရှိတယ်လို့ ပြောလို့ရလား။", "ဖြေ ။ ။ ဒါကတော့ မင်းအောင်လှိုင်အနေနဲ့ သူ ဆုံးဖြတ်ရတော့မယ်။ ဘာလို့ဆို သူ့မှာ ဘယ်သူမှ မရှိတော့ဘူး ဆိုလို့ရှိရင် သူနဲ့ သူ့ရဲ့ အနီးအနားမှာရှိတဲ့ အသိုင်းအဝိုင်းတစ်ခုပဲ ကျန်တော့မယ်။ ဆိုတော့ သူ ဘာထွက်ပေါက်လိုချင်လဲဆိုတော့ သူ့ရဲ့ Decision ပဲလေ။ သူက ဒါ Decide လုပ်ရတော့မယ်။", "မေး ။ ။ အခုဆိုရင် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်ကောင်စီလော်ဘီတွေက တရုတ်ကြောင့် ရှမ်းမြောက်ပိုင်းဒေသ နယ်မြေတွေ ဆုံးရှုံးတာ ၊ တရုတ်ရဲ့ ကျူးကျော်စစ်ဆိုပြီးတော့ အမည်တပ်လာကြတာ ရှိပါတယ်။ အဲဒီအပေါ်မှာရော ဆရာမကြီးအနေနဲ့ ဘယ်လို သုံးသပ်မြင်ပါသလဲ။", "ဖြေ ။ ။ အခုချိန်မှာ စစ်တပ်ဘက်က မင်းအောင်လှိုင်တို့ဘက်က တရုတ်ကို အသုံးချတော့မယ်။ တရုတ်ကတော့ အမြဲတမ်းနိုင်တဲ့ဘက်ကို လိုက်မှာပဲ။ အခုချိန်မှာ အခုတလောတောင်မှ တော်တော်များများ စကားတွေ ပြောလာပြီ။ တရုတ်က လုံးဝ မင်းအောင်လှိုင်ဆီမှာ Confidence မရှိတော့ဘူး။ ယုံကြည်မှု မရှိတော့ဘူး။", "တရုတ်က သူ့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ သူ့ဘာသာသူ လုပ်စရာရှိ လုပ်လိမ့်မယ်။ ဒါပေမဲ့ တော်လှန်ရေးဘက်ကလည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြည်သူလူထုလုပ်ဖို့ လိုအပ်တယ်။ ကျွန်မ ခုန ပြောသွားသလိုပဲ ပူးပေါင်းဆောင်ရွက်လာလို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ရှိလို့ရှိရင် ဘယ်သူမဆို သူတို့ ကျော်လွှားနိုင်တယ်။ ကျွန်မအနေနဲ့ The Best Defense အကောင်းဆုံးကာကွယ်နည်းက တစ်ယောက်နဲ့ တစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က အကောင်းဆုံး Defense ပဲ။", "မေး ။ ။ အခုလက်ရှိ ပြည်သူဘက်ကနေ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုရော ဆရာမကြီးရဲ့ အတွေ့အကြုံကို အခြေခံပြီး ဘယ်လို အကြံဉာဏ်တွေ ဘယ်လိုမျိုးစကားတွေများ သူတို့ကို ပြောကြားဖို့ ရှိပါသလဲရှင့်။", "ဖြေ ။ ။ ကျွန်မ အမြဲတမ်းပြောကြားသလိုပဲ လူတွေက တစ်ခါတလေကျလို့ရှိရင် Focus အရမ်းပဲ အဓိက ထားတာက Weapon။ ဒီဥစ္စာ လက်နက်နဲ့ ကျည်ဆန်နဲ့ ဗုံးနဲ့ပါနဲ့။ အမှန်ကတော့ အရေးအကြီးဆုံးက ဗျူဟာ။ ဗျူဟာကောင်းလို့ရှိရင် တစ်ခါခါကျရင် ဘာမှ သုံးနေစရာမလိုဘူး။ ဆိုတော့ အခု ပြန်ကြည့်လိုက် စစ်တပ်ကို သုံးသပ်လိုက်မယ်ဆိုရင် သူတို့ရဲ့ အားအနည်းဆုံးက သူတို့ရဲ့ Support။ ပြည်သူလူထု Support ထောက်ခံမှုမရှိဘူး။", "သူတို့ထဲမှာ အားလုံးကွဲပြားနေတာရှိတယ်။ ကျွန်မ တချို့ CDM ထွက်လာတဲ့ ဗိုလ်ကြီးတွေ၊ တပ်သားတွေကို အင်တာဗျူးလုပ်လိုက်တဲ့အခါမှာ သူတို့ပြောတယ် ၁၀ ယောက်ထဲက ၇ ယောက်က မတိုက်ချင်တော့ဘူး လုံးဝ စစ်တပ်မှာ နေလည်း မနေချင်တော့ဘူး။ ဆိုတော့ အဲဒီဥစ္စာ တကယ် သူတို့ သေနတ်ကိုင်ပြီး တိုက်မလား ဒါမှမဟုတ် အဲဒီ ၇ ယောက်ကို ဘယ်လိုနည်းနဲ့ ဆွဲထုတ်နိုင်မလဲ။ အဲဒီဟာက တကယ်ဆွဲထုတ်မယ်ဆိုလို့ရှိရင် ကိုယ့်ဘက်ကလည်း သေစရာမလိုဘူး။ ဘာမှလည်း ဒီလိုမျိုးသေနတ်တွေလည်း မလိုအပ်ဘူး။ တကယ်က ကိုယ်က ပိုပြီးတော့ သိလာလေလေ ကိုယ့်ရဲ့ ဗျူဟာက ဘယ်လို အဲဒီဟာ အသုံးချပြီးတော့ လုပ်ရမလဲဆိုတာ ထွက်ပေါ်လာမယ်။", "အဲဒါကြောင့်မို့လို့ အမြဲတမ်းပြောတယ် ဗျူဟာက ပိုအရေးကြီးတယ်။ ဗျူဟာလို့ ပြောတဲ့အခါမှာလည်း ရန်သူအကြောင်း ပိုသိလေ ကိုယ့်ရဲ့ဗျူဟာက ပိုပြီးတော့ ခိုင်မာလေ။ ရန်သူရဲ့ အားသာချက် အားနည်းချက်ကို ပိုသိလာလေလေ ဒါကြောင့်မို့လို့ Intelligence operation တကယ်အဓိကထားပြီး လုပ်ဖို့ လိုအပ်တယ်။ အမြဲတမ်း ပြည်သူလူထုရဲ့ ထောက်ခံမှု ရှိနေအောင်လည်း လိုအပ်တယ်။ တချို့တွေဆိုလို့ရှိရင် နည်းနည်းလေး အာဏာလေးရှိလာပြီဆိုလို့ရှိရင် ပြည်သူလူထုကို ညှဉ်းဆဲတာတွေ လုပ်တတ်တာတွေရှိတယ်။ အဲဒီဟာ လုံးဝ လုံးဝ လုပ်လို့မရဘူး။", "တစ်ခုက ကျတော့ အဲဒီလိုမျိုး ပြည်သူလူထုကို ဖောက်ပြားတာတွေ လုပ်လို့ရှိရင် တော်လှန်ရေးပြီးသွားလို့ရှိရင် သူတို့ရဲ့ နိုင်ငံ တကာ Human Rights Violation နဲ့လည်း အရေးယူခံရလိမ့်မယ်။ နံပါတ် ၂ က ကိုယ်က အဲဒီအနိုင်ကျင့်တဲ့ စ်တပ်က အနိုင်ကျင့်တာကို မကြိုက်လို့ တော်လှန်နေတာ ကိုယ်က အဲဒီလိုမျိုး လိုက်လုပ်လို့ ရှိရင် သူတို့အတိုင်းပဲ ပြန်လုပ်နေပြီလေ။ နံပါတ် ၃ အဲဒီလိုမျိုး လုပ်လာလို့ရှိရင် ပြည်သူလူထု ထောက်ခံမှု ပျောက်လိမ့်မယ်။ ပြည်သူလူထု ထောက်ခံမှုပျောက်လို့ရှိရင် တော်လှန်ရေးဆုံးမှာပဲ။", "People Power is number one လုံးဝ အရေးအကြီးဆုံးပဲ။ People Power မရှိဘဲနဲ့ တော်လှန်ရေးဆိုတဲ့ Revolution ဘယ်တော့မှ မနိုင်ဘူး။ ဆိုတော့ အဲဒီလိုမျိုးလုပ်လာလေလေ ဖြစ်တတ်တယ်။ အရမ်းသတိထားရတယ်။ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်ပြည့်စုံစွာလုပ်ဖို့ လိုအပ်တယ်။ စကစလိုမျိုးလိုက်မတုနဲ့။ သူတို့ ဘာလုပ်လို့ရှိရင် အတုလိုက်မလုပ်နဲ့။ ဘာလို့ဆို သူတို့လုပ်တဲ့နည်းက ဆုံးရှုံးတဲ့ နည်းတွေ။ အဲဒါကြောင့်မို့ သူတို့ ရှုံးနေတာ။ ကိုယ်ပါ သူတို့လိုမျိုးလိုက်လုပ်လိုက်လို့ရှိရင် ကိုယ်ပဲ ဆုံးရှုံးမှာလေ။အဲဒီဥစ္စာ သတိပေးချင်ပါတယ်။", "မေး ။ ။ တော်လှန်ရေးစတဲ့အချိန်မှာ ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေးဆိုတဲ့ ဒီကြွေးကြော်သံ နဲ့ ။ အခုလက်ရှိမှာ အာဏာရှင်ကို တော်လှန်ရင်းနဲ့ အာဏာရှင်အသေးစားလေတွေ မဖြစ်ရေးက အရမ်းအရေးကြီးတဲ့ ကာလရောက်ပြီပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေး နယ်မြေတွေရလာပြီ။ ပြည်သူတွေ ပိုင်စိုးတဲ့ နယ်မြေတွေ အများကြီး ဖြစ်လာပြီဆိုတော့ ဆရာမကြီးအနေနဲ့ အဘာ အကြံပေးချင်လဲ။", "ဖြေ ။ ။ ကိုယ်က နယ်မြေအုပ်ချုပ်ရေးရလာပြီဆိုလို့ရှိရင် ကိုယ်က Democratic တွေ လုပ်ရတော့မယ်။ ကိုယ်က ဒီမိုကရေစီ ပြန်ပြီးတော့ restore လုပ်နေတာကိုး။ ကိုယ်ကိုယ်၌က ဒီလိုမျိုး အာဏာရှင်ဆန်ဆန်လိုက်လုပ်လာပြီဆိုလို့ရှိရင် အားလုံးရဲ့ ဒီလူတွေ အတော်များများအသက်ပေးပြီးတော့ တိုက်သွားတဲ့ လူတွေကို သူတို့ရဲ့ အသက်တွေက ဆုံးရှုံးပြီးတော့ မရဘဲနဲ့ ဒီအာဏာရှင် နောက်ထပ်စနစ်တစ်ခုပြန်ဖြစ်သလိုမျိုး ပြန်ဖြစ်သွားလိမ့်မယ်။ ကိုယ်ကိုယ်၌လည်း ပါလာတဲ့အတွက်ကြောင့် စည်းစိမ်တွေ လွှတ်ထားရတယ်။", "ဘဝတွေလည်း တော်တော်များများပြောင်းသွားပြီ ပျောက်သွားပြီ အဲဒါတွေရှိနေတဲ့ ဥစ္စာကို ပြန်ပြီးတော့ အဲဒီလ်ုမျိုး ပြန်လုပ်လိုက်တဲ့အခါကျတော့ အားလုံးပေးပေ်လိုက်တဲ့ဟာ အလကားလိုမျိုးဖြစ်သွားတယ်။ ဒီနေ့ တကယ် ဒီမိုကရေစီစစ်စစ်ကို လိုလားတယ်၊ လိုချင်တယ်ဆိုရင် ကိုယ်ကိုယ်၌ကလည်း Democratic Credit ကို လုပ်လုပ်မယ်။ အားလုံးကို ပူးပေါင်းပြီး လူတွေရဲ့ Voice ကို နားထောင်ရမယ်။ ပြည်သူလူထုရဲ့ လိုလားချက်ကို ကိုယ်က ဖြည့်စွက်ပေးနိုင်ရမယ်။ တစ်ကိုယ်ကောင်းအတွက် မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ ဥစ္စာပဲလုပ်မယ်။ အဲဒါဆိုလို့ရှိရင် ဒါ အာဏာရှင်စနစ်ပဲ ပြန်ပြောင်းမယ်။ ပြန်ပြီးတောလ ကိုယ်က အဲဒီလိုမျိုး ဖြစ်လာချင်တယ်၊ လုပ်လာချင်တယ်ဆိုရင် ပြန်ပြီးတော့ သုံးသပ်ဖို့ လိုအပ်တယ်။ အဲဒီလိုမျိုးလုပ်လာလို့ရှိရင်လည်း ပြည်သူလူထုရဲ့ Support က ထောက်ခံမှုက ပျောက်မယ်။", "မေး ။ ။ တော်လှန်ရေးက တိုင်းရင်းသား နယ်မြေတွေမှာအရမ်းအားကောင်းတယ်။ တိုင်းရင်းသားနယ်မြေမှာ ပူးပေါင်းတိုက်ပေးတဲ့ အခုဟာက တစ်နေရာမှာ တိုက်တယ်ဆိုရင် အားလုံးက ပူးပေါင်းပြီးတော့ တိုက်ကြတာပေါ့။ ဒီလိုမျိုး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဟာ လက်နက်ရှိတဲ့ လူကို ဘေးကနေ လူအင်အားနဲ့ ဝိုင်းပြီး တိုက်ရတဲ့အခါ ဒီလိုအခြေအနေဟာ မင်းအောင်လှိုင်ကို တုန်လှုပ်စေပြီးတော့ မြန်မြန်ပြိုကျ စေသလား မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို။", "ဖြေ။ ။ ဟုတ်တယ်လေ။ အဲဒါ တုန်လှုပ်စရာပဲ။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်က အစကတည်းက သူတို့မှာ အားအကြီးဆုံးအချိန်တောင်မှ တစ်နိုင်ငံလုံးကို ဖြန့်ပြီးတော့ တိုက်ဖို့အတွက်က မလွယ်ဘူး။ အခုကျတော့ သူ့မှာ အများကြီး ပြိုကွဲနေပြီ ဖြစ်နေတဲ့အချိန်မှာ ဟိုဘက်က အားကောင်းကောင်းနဲ့ တစ်နိုင်ငံလုံး သူ့ကို ပြန်ပြီးတော့ ပုန်ကန်နေတဲ့အခါကျတော့ ဘယ်လိုမှ မလွယ်ဘူး။", "အဲဒါကြောင့်မို့လို့ သူတို့အတွက် ခုခံစစ် ဖြစ်သွားပြီ။ အရင်တုန်းက တိုက်စစ်လုပ်နေတာ။ တိုက်စစ်လုံးဝ မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ရှမ်းမြောက်ကို သွားဖို့ အတွက်တောင်မှ Reinforcements လုံးဝ မပို့ပေးနိုင်ဘူး။ သူ့အတွက် အရမ်းတုန်လှုပ်ခြောက်ခြားဖို့ အချိန်ရောက်လာပြီ။ သူလည်း တုန်လှုပ်ခြောက်ခြားနေမှာပဲ။", "မေး ။ ။ အခုဆိုရင် စစ်တပ်ဘက်က ရာထူးကြီးတွေ အဖမ်းခံရတယ်။ တစ်နေ့က ဆိုရင် တပ်မမှူး။ ဗိုလ်မှူးချုပ် ဝင်းမင်းထွန်းဟာ ဆိုရင် TNLA က ဖမ်းခံထားရတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင် တက်လာပါတယ်ရှင့်။ မင်းအောင်လှိုင်တပ်ရဲ့ အောက်ခြေက လူတွေ ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းဖို့ ဆရာမကြီးအနေနဲ့ တိုက်တွန်းစကားမျိုး ပြောပြပေးပါဦး ။", "ဖြေ ။ ။ တိုက်တွန်းစကားပြောရမယ်ဆိုရင်တော့ သူတို့သိတဲ့အတိုင်းပဲ စစ်တပ်က ပြိုကွဲနေပြီ။ သူတို့ ပြန်စဉ်းစားရမှာက ဒီစစ်တပ်က ပြည်သူ့အတွက် ကာကွယ်ရေး စစ်တပ်မဟုတ်တော့ဘူး။ ဒီဥစ္စာက မင်းအောင်လှိုင်နဲ့ လူအနည်းစုအဖွဲ့ကို ကာကွယ်ဖို့ လုပ်ထားတာ။ ကိုယ်က ပြန်စဉ်းစားရတော့မယ်။ ငါတို့ မင်းအောင်လှိုင်နဲ့ လူတစ်စုကို အသက်ပေးပြီးတော့ လုပ်ပေးချင်တာလား။ ကိုယ့်အသက်က ဒီလောက်လောက်ပဲ တန်ဖိုးရှိသလား ပြန်ပြီးတော့ စဉ်းစားဖို့ လိုအပ်လာပြီ။", "ကျွန်မ စစ်တပ်ထဲမှ ဝန်ထမ်းလုပ်လာတဲ့ လူဆိုတော့ ကျွန်မ အသက်ပေးမယ်ဆိုတာ နိုင်ငံအတွက်ကို အသက်ပေးမှာ။ ပြည်သူ လူထုအတွက်ကို အသက်ပေးမှာ။ ကျွန်မ လူတစ်ယောက်စာ တစ်ဖွဲ့စာလေးကို ပေးဖို့ လုပ်တာ မဟုတ်ဘူး။ များသောအားဖြင့် တကယ်စစ်တပ်ထဲ ဝင်လာတဲ့ လူတိုင်းက အဲဒီလိုပါပဲ။ သူတို့အခုချိန်မှာ ပြန်ပြီးတော့ သုံးသပ်ရမှာ ငါ့ အသက်က တန်ဖိုးရှိတယ်။ လူတိုင်းရဲ့ အသက်က တန်ဖိုးအရှိဆုံးပဲ ။ အဲဒီထက်ပိုပြီး မပေးနိုင်ဘူး။ တစ်သက်မှာ တစ်ခုပဲ ရှိတယ်။ တစ်သက်ပဲရှိတယ်။ အဲဒီ ဥစ္စာကို ဒီလူတွေအတွက်ပေးမှာလား၊", "ပြည်သူလူထုကို ကာကွယ်ဖို့ နိုင်ငံကို ကာကွယ်ဖို့ ပေးမှာလား စဉ်းစားဖို့ လိုတယ်။ နိုင်ငံကို ကာကွယ်ဖို့ဆို အခုအချိန်မှာ နိုင်ငံက ပြည်သူလူထု၊ ပြည်သူလူထုက နိုင်ငံ။ ပြည်သူလူထုက နိုင်ငံကို ဖွဲ့ထားတာ။ လူတစ်စုက လုပ်တာ မဟုတ်ဘူး။ အဲဒါပြန်ပြီးတော့ စဉ်းစားဖို့ လိုအပ်တယ်။ အခုချိန်မှာ အကယ်၍ ထွက်လာချင်ရင် ပြည်သူ့ရင်ခွင်တို့ အမျိုးစုံပဲ။ နည်းမျိုးစုံရှိတယ်။ ပံ့ပိုးမှုတွေလည်း အများကြီးရှိတယ်လို့ ကျွန်မသိရတယ်။ အရင်တုန်းကလို မဟုတ်ဘူး အခုထွက်လာရင် အများကြီး အခြေအနေကောင်းတယ်လို့ ပြောလို့ရတာပေါ့နော်။", "မေး ။ ။ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးဖြစ်တဲ့ စစ်တပ်ကြီး ပြိုကျသွားတဲ့အခါ ဖက်ဒရယ်တပ်မတော်ကြီးက ပေါ်ပေါက်လာနိုင်မလား။ ပေါ်ပေါက်လာမယ်ဆိုရင်ကော သူ့ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲတဲ့အခါ ဘယ်နိုင်ငံတွေကို ဥပမာယူသင့်တယ်ဆိုတာ ဆရာမကြီး အနေနဲ့ အကြံပေးလိုတာတွေ ရှိတယ်ဆိုလို့ရှိရင် ပြောပြပေးပါဦး။", "ဖြေ ။ ။ နိုင်ငံတိုင်းမှာတော့ တစ်မျိုးစီရှိတာပေါ့နော်။ သူတို့ရဲ့ Culture သူတို့ရဲ့ ယဉ်ကျေးမှုအလိုက် သူတို့ရဲ့ အဖွဲ့အစည်းအလိုက် သူတို့မှာ စစ်တပ်တွေ ရှိကြတယ်။ အားလုံးကိုတော့ လေ့လာဖို့ လိုအပ်တယ်။ ဒါပေမဲ့ တကယ်လုပ်တယ်ဆိုရင် မြန်မာနိုင်ငံမှာ အားလုံးလက်ခံနိုင်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရမယ်။ အားလုံးသဘောတူတဲ့ အဖွဲ့အစည်းမျိုးဖြစ်ရမယ်။", "တစ်နေ့ ဖက်ဒရယ်စစ်တပ်ဖွဲ့ချင်တယ်ဆိုလို့ရှိရင် အခုကတည်းက စစ်တိုက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့ အကျိုးဆက်က အခြေခံဖြစ်သွားတာပေါ့။ ဖက်ဒရယ်စစ်တပ်ကို တည်ထောင်ဖို့အတွက်က။ ဆိုတဲ့အတွက်ကြောင့်မို့လည်း ပူးပေါင်းဆောင်ရွက်လို့ရှိရင် စစ်ပွဲနိုင်မယ်၊ မြန်မြန်နိုင်မယ်။အဲဒီဥစ္စာကလည်း ဖက်ဒရယ်ဒီမိုကရေစီရောက်ဖို့အတွက်ကို အများကြီး အခြေခံအချက်အလက်လို ဖြစ်သွားလိမ့်မယ်။", "မေး ။ ။ လက်ရှိမှာ တော်လှန်ရေးက ၃ နှစ်ကျော်အချိန်ကာလရောက်တဲ့အချိန်မှာ တော်လှန်ရေးကလည်း အင်အားကောင်းတယ်။ ကိုယ်ပိုင်စိုးမိုးနယ်မြေတွေ လွတ်လပ်နယ်မြေတွေကလည်း အများကြီး မြို့တွေ အများကြီးကိုလည်း သိမ်းပိုက်နိုင်တဲ့အခြေအနေဖြစ်လာတယ်ဆိုတော့ ဆရာမကြီးအနေနဲ့ တော်လှန်ရေးမှာ ထပ်ပြီးတော့ အရှိန်တွေ ပိုကောင်းအောင် သတိထားသင့်တဲ့ အချက်တွေ မလုပ်သင် အဲဒါမျိုးတွေ ရှိရင် ဆရာမကြီးအနေနဲ့ နောက်ဆုံးအနေနဲ့ အကြံပြုစကား ပြောပြပေးပါဦးရှင့်", "ဖြေ ။ ။ ကျွန်မ ပြန်ပြီးတော့ summarized လုပ်ရမှာပဲ။ ကျွန်မ ခုန ပြောသွားပြီးပြီ Tipping Point ကနေ End Point ရောက်သွားဖို့ အတွက် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ပူးပေါင်းဆောက်ရွက်တာ အများကြီးကောင်းတယ်။ အဲဒီအတွက်ကြောင့်မို့လည်း Tipping Point အထိကို သူတို့ လုပ်လာနိုင်တာ။", "ဒါပေမဲ့ Tipping Point ကနေ End point ကို ရောက်ချင်တယ်ဆိုလို့ရှိရင် ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အရေးအကြီးဆုံးပဲ။ ပြီးလည်း ပြီးရော ပြည်သူလူထု ထောက်ခံမှု။ အမြဲတမ်း ပြည်သူလူထုထောက်ခံမှုကို လိုအပ်တယ်။ အဲဒါကြောင့်မို့ ကိုယ်ထိန်းသိမ်းထားတဲ့ နယ်မြေတွေမှာ Democratic principles တွေနဲ့ မူဝါဒတွေနဲ့ အုပ်ချုပ်ဖို့ လိုအပ်တယ်။", "ပြည်သူလူထုကို ဘယ်တော့မှ အနိုင်ကျင့်တာတွေ လုပ်လို့ မရဘူး။ တချို့ဆို အရင်တုန်းက လက်နက်မရှိဘူး။ အခု လက်နက်ရှိတယ် လက်နက်အသုံးချပြီးတော့ အနိုင်ကျင့်တယ်ဆိုတာ ဒါ ခုနပြောသလို မင်းအောင်လှိုင်တို့လို ပြန်လုပ်တာ ဖြစ်နေပြီ။ ပြည်သူလူထုရဲ့ ထောက်ခံမှု ယုံကြည်မှု ပျောက်လို့ရှိရင် End Point ရောက်ဖို့ ပိုပြီးတော့ ခက်ခဲလာလိမ့်မယ်။ ၂ ခုပဲ။ ပူးပေါင်းဆောင်ရွက်မယ်၊ ပြည်သူလူထုကို အနိုင်မကျင့်ဖို့။ ဒီမိုကရေစီ principles တွေနဲ့ ကိုက်ညီစွာ ဂုဏ်သိက္ခာရှိရှိနဲ့ ထိန်းထားတဲ့ နေရာတွေ အုပ်ချုပ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #DemocraticPrinciples"]
https://yktnews.com/2023/06/109567/
အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် ရွှေစျေးနှင့်ဒေါ်လာစျေးတက်မှုအပေါ် စစ်ကောင်စီက ကုန်သည်များ၊ ပွဲစားများနှင့် လုပ်ငန်းရှင်များကို ခြိမ်းခြောက် ဖမ်းဆီးနေသဖြင့် အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရ
["အမေရိကန်စီးပွားရေးပိတ်ဆို့မှုကြောင့် ရွှေစျေးနှင့်ဒေါ်လာစျေးတက်မှုအပေါ် စစ်ကောင်စီက ကုန်သည်များ၊ ပွဲစားများနှင့် လုပ်ငန်းရှင်များကို ခြိမ်းခြောက် ဖမ်းဆီးနေသဖြင့် အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရ", "ဗဟိုဘဏ်ခိုင်းစေချက်အရ စသုံးလုံးက လူပုဂ္ဂိုလ် ၅၁ ဦးကျော် နှင့် ကုမ္ပဏီ ၃ ခုကို ဖမ်းဆီး တရားစွဲထား", "ရန်ကုန်၊ ဇွန် ၂၅", "စစ်ကောင်စီလက်အောက်ခံ MFTB မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံနှင့်ကုန်သွယ်ရေးဘဏ် MICB တို့ကို အမေရိကန်က စီးပွားရေး ပိတ် ဆို့လိုက်သဖြင့် ရွှေစျေး၊ ဒေါ်လာစျေးမြင့်တက်လာမှုအပေါ် စစ်ကောင် စီက ကုန်သည်များ၊ ပွဲစားများနှင့် လုပ်ငန်းရှင်များကို ခြိမ်းခြောက်ဖမ်းဆီး နေ ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။", "အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန်တစ်ဒေါ်လာလျှင် ငွေ ကျပ် ၃၂၀၀ ကျော်၊ အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ၃၂ သိန်းကျော် ဖြစ် နေချိန်တွင် စစ်ကောင်စီက စျေးနှုန်းတက်မှုမှာ စျေးကစားခြင်း ကြောင့်ဟု ဆိုကာ ကုန်သည်များ၊ ပွဲစားများ၊ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်း၊ တယ်လီဖုန်းများကို စစ်ဆေးခြင်း၊ မီးခံသေတ္တာပါမကျန် ဖွင့်ဖောက်စစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း၊ တချို့ကို မသင်္ကာဟုဆိုကာ အထူးစုံစမ်း စစ် ဆေးရေး(ခ)စသုံးလုံးရုံးများသို့ ညအိပ်ခေါ်ယူ စစ်ဆေးနေကြောင်း သိရှိရသည်။", "“စျေးကွက်က သူ့ဟာ ဝယ်လိုအား ရောင်းလိုအားနဲ့သွားတာ။ စီးပွားရေး ပိတ်ဆို့ မှုကလည်း တကယ်ကို ရှိနေတာပဲ။ ရွှေစျေး ဒေါ်လာစျေးကလည်း စျေးကွက် အရ ဖြစ်လာတာပါ။ အဲဒါကို စျေးကစားလို့ ဆိုပြီး ရွှေ၊ ဒေါ်လာ အရောင်း အဝယ် လုပ်တဲ့သူတွေ နာမည်ရှိတဲ့သူတွေ အကုန်လိုက်ဖမ်း၊ ခေါ်စစ်လုပ်တယ်။ အိမ်က မီးခံသေတ္တာတောင် မကျန်ဘူး ဖွင့်စစ်တာ။ တချို့ရွှေကုန်သည် တွေ လည်း ကျန်းမာရေးမကောင်းလို့၊ ဘုရားဖူးထွက်လို့ ဆိုပြီး ရှောင်ပြေးနေရတယ်။ လုပ် ကိုင်စားလို့မရတော့ဘူး။ စျေးကွက်မှာ လိုအပ်ချက်ကြောင့် ဖြစ်တာကို စီးပွားရေးလုပ်တဲ့သူတွေကို ရန်ရှာနေတယ်။ တကယ်လုပ်တဲ့ လက်ကြီး သမား တွေက သူတို့ ဗိုလ်ချုပ်နဲ့စစ်တပ်အသိုင်းအ၀ိုင်းကလူတွေ။ အခု အဖမ်းခံရတဲ့ သူ တွေ တရားစွဲခံရတဲ့သူတွေက နာမည်ကျော်ဇော်မှုနဲ့ အဖမ်းခံရတာ၊ ဘာ သက် သေမှ မတွေ့ဘူး။ ရှိလည်း မရှိဘူး။ ” ဟု ရန်ကုန်ရွှေ ကုန်သည်တစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီ ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနက လူပုဂ္ဂိုလ် ၅၁ ဦးကျော်နှင့် ကုမ္ပဏီ ၃ ခုကို ရွှေနှင့်ဒေါ်လာ စျေး ကစားမှုဖြင့် အမှုဖွင့် အရေးယူထား‌ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေ ညာ သည်။", "ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် စောင့်ကြည့်ကြီးကြပ် စစ်ဆေးရေး အဖွဲ့နှင့် မြေပြင်ကွင်း ဆင်း စစ်ဆေးရေးအဖွဲ့ တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများ၊ တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်သူများ နှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပြောင်းသူများကို စိစစ်ဖော်ထုတ် အရေးယူခဲ့ကြောင်း၊ မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များနှင့် ရွှေသန့် စင် လုပ်ငန်းအချို့ကို သွားရောက်စစ်ဆေးပြီး ပြည်ပနှင့် တရားမဝင်‌ နိုင်ငံခြား ငွေလွှဲပို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ် အထောက် အထားများကို စစ်ဆေးတွေ့ရှိရပါသဖြင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင်ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယ ဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသောလူပုဂ္ဂိုလ် ၅၁ ဦးနှင့် ကုမ္ပဏီ ၁ ခုတို့ကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း ၊ အင်တာနက်နှင့် ဆိုရှယ်မီဒီယာများပေါ်ရှိ အွန်လိုင်း လောင်းကစား ခြင်းများအတွက် တရားမဝင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံခြင်းများဆောင် ရွက်ခဲ့ ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိရသော လူပုဂ္ဂိုလ်များ နှင့် ကုမ္ပဏီ (၂) ခုအား သက်ဆိုင်ရာဥပဒေများ နှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။", "နိုင်ငံခြားငွေ လဲလှယ်နှုန်းဈေးကစားပြီး မဟုတ်မမှန်သောနည်းလမ်းဖြင့် အကျိုးအမြတ် ရယူရန်ဆောင်ရွက်ခြင်း၊ တရားမဝင်နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်း တို့ကိုဆက်လက်ရှာဖွေ ဖော်ထုတ် ကာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ နှင့်ဆက်စပ်ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ ၏ ဗဟိုဘဏ်က ကြေညာထားသည်။", "ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းကမူ စစ်ကောင်စီလက်အောက်တွင် စျေး ကွက် စီးပွားရေးစနစ် လုံး၀ ပျက်စီးပြိုကျသွားပြီဖြစ်ပြီး အမိန့်အာဏာဖြင့် စီးပွားရေးသမားများကို အနိုင်ကျင့်ခြင်း၊ စစ်တပ်နှင့် နီးစပ်သော သူများသာ လုပ်ပိုင်ခွင့်ရ ချမ်းသာခြင်းဆိုသော အာဏာရှင်ဆန်သော စီးပွားရေးစနစ် ဖြစ် ထွန်း နေသည်ဟု သုံးသပ်ပြောဆိုနေကြသည်။"]
https://yktnews.com/2023/10/126372/
အမေရိကန်ဆိုင်ရာ မြန်မာစစ်သံမှူး ကို အမေရိကန်ရောက် မြန်မာများက ၎င်း၏နေအိမ်အရှေ့အထိ သွားရောက် ဆန္ဒပြမှု ကြောက်လန့်တကြား ကားဖြင့် ထွက်ပြေးသွား
["အမေရိကန်ဆိုင်ရာ မြန်မာစစ်သံမှူး ကို အမေရိကန်ရောက် မြန်မာများက ၎င်း၏နေအိမ်အရှေ့အထိ သွားရောက် ဆန္ဒပြမှု ကြောက်လန့်တကြား ကားဖြင့် ထွက်ပြေးသွား", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ Bethesda မြို့တွင် နေထိုင်သော အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး အောင်သူရိန်၏ နေအိမ်ရှေ့သို့အမေရိကန်ရောက်မြန်မာများက သွားရောက် ဆန့်ကျင်ဆန္ဒပြကြရာ စစ်သံမှူး အောင်သူရိန်မှာ ကားဖြင့် မောင်းပြေးပြီး ထွက်ပြေးသွားကြောင်း ဆန္ဒပြသူများက ပြောဆိုသည်။", "စစ်သံမှူး အောင်သူရိန် နေထိုင်ရာ နေအိမ် နေရာအထိ မြန်မာများက သွား ရောက် ဆန္ဒပြကြခြင်းပြီး စစ်သံမှူး နေအိမ်ကို ပိတ်ဆို့ ထားကြောင်း၊ စစ်သံမှူး အောင်သူရိန်မှာ အမေရိကန်ရဲတချို့ကို ခေါ်ယူခဲ့သော်လည်း ရဲများက လာရောက် ဓာတ်ပုံမှတ်တမ်းကြောင်း၊ ဆန္ဒပြသူများကို ရှောင်ကွင်းမရသဖြင့် စစ်သံမှူး အောင်သူရိန်မှာ ကားမောင်းထွက်ပြေးခြင်းဖြစ်သည်ဟု သိရှိရသည်။"]
https://yktnews.com/2024/03/153450/
အမေရိကန်တစ်ဒေါ်လာ ၃၈၂၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၄၄ သိန်း ၂ သောင်းကျပ်အထိ စံချိန်တင် စျေးများတက်နေ၊ စစ်မှုထမ်းဥပဒေနှင့် နိုင်ငံရေး အကျပ်အတည်း ပိုမိုဆိုးဝါးလာမည့်အရေးကြောင့် အဓိကတက်ဟုဆို
["အမေရိကန်တစ်ဒေါ်လာ ၃၈၂၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၄၄ သိန်း ၂ သောင်းကျပ်အထိ စံချိန်တင် စျေးများတက်နေ၊ စစ်မှုထမ်းဥပဒေနှင့် နိုင်ငံရေး အကျပ်အတည်း ပိုမိုဆိုးဝါးလာမည့်အရေးကြောင့် အဓိကတက်ဟုဆို", "ရန်ကုန်၊ မတ် ၂၈", "ပြည်တွင်းစျေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းများ စံချိန်တင်မြင့်တက်နေပြီး ယနေ့စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၈၂၀ ကျပ်၊ မီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၄ သိန်း ၂ သောင်းကျပ်အထိ စံချိန်တင် စျေးများထိုးတက်နေကြောင်း စျေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။", "“ရွှေစျေးရော ဒေါ်လာစျေးရော မနေ့ကလည်း စံချိန်တင်တယ်။ ဒီနေ့လည်း စံချိန်ထပ်ချိုးတယ်။ အဓိက နိုင်ငံရေး အကျပ်အတည်းက ပိုပြီးတော့ ဆိုးလာဖို့ပဲရှိတယ်။ စီးပွားရေးကလည်း ကောင်းလာဖို့မရှိတော့ဘူး။ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေလည်း အများကြီး ထပ်သေရဦးမယ်။ အားလုံးလည်း ပြည်တွင်း၊ ပြည်ပ ပြေးကြ လွှားကြ ရုတ်ရုတ်သဲသဲ အခြေအနေကြောင့် အဓိက တက်တာပါ။ ဒါက အရှိတရား အမှန်တရားပဲ” ဟု ရန်ကုန်တိုင်း ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ရွှေအရောင်းအဝယ်ကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းများအသင်း၏ ရုံးခန်းတွင် မလုပ်ကြဘဲ ပြင်ပတွင်သာ မိမိ အချိတ်အဆက်နှင့် မိမိ ရောင်းဝယ်ကြကြောင်း၊ စစ်တပ်က ခေါ်ယူ ဖမ်းဆီး စစ်ဆေးသော ရွှေကုန်သည်များလည်း အများအပြားရှိနေကြောင်း၊ နိုင်ငံရေးအခြေအနေ မကောင်းသဖြင့် ရေရှည် စျေးကွက်တွင် ပြင်ပ မှောင်ခိုစျေးကွက်ကသာ အလုပ်ဖြစ်မည့် အခြေအနေ ရှိနေကြောင်း ရွှေကုန်သည်များက ဆိုကြသည်။", "နိုင်ငံခြား ငွေလဲစျေးကွက်တွင်လည်း ထိုင်းဘတ်ငွေသည် အမြင့်ဆုံး စံချိန်တင် တက်နေပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၆ ကျပ် အထိ စျေးတက်လာကြောင်း စျေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။", "“ကျပ်ငွေ တန်ဖိုး စျေးထိုးကျနေတာ။ ကျပ်ငွေ အရောင်းတွေချည်းပဲ။ ဘတ်အဝယ်များတယ်” ဟု ရန်ကုန်နှင့် ဘန်ကောက်ချိတ်ဆက်၍ ဟွန်ဒီငွေလဲလုပ်သူ တစ်ဦးက ဆိုသည်။", "ဓာတ်ပုံ- နေ့စဉ် တန်ဖိုး ထိုးကျနေသော မြန်မာကျပ်ငွေများ။"]
https://yktnews.com/2023/08/119009/
အမေရိကန်တစ်ဒေါ်လာ ၃၉၀၀- ၄၀၀၀ ကျပ်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေ သူများနှင့် သတင်းတင်သူများကို ကုန်စျေးနှုန်းကြီးမြင့်စေရန် လုပ်ဆောင်မှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ပြန်
["အမေရိကန်တစ်ဒေါ်လာ ၃၉၀၀- ၄၀၀၀ ကျပ်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေ သူများနှင့် သတင်းတင်သူများကို ကုန်စျေးနှုန်းကြီးမြင့်စေရန် လုပ်ဆောင်မှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ပြန်", "စီးပွားရေးသမားနှင့်ကုန်သည်များ ပြင်ပဒေါ်လာပေါက်စျေးနှုန်းကို လက်မခံ ကြရန် စစ်တပ်က ဖိအားပေး", "ရန်ကုန်၊ ဩဂုတ် ၂၀", "အကြမ်းဖက်စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာ ၃၉၀၀- ၄၀၀၀ ကျပ်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေသူများနှင့် သတင်းတင်သူများကို ကုန်စျေးနှုန်း ကြီးမြင့် စေရန် လုပ်ဆောင်မှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။", "ယမန်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်ကောင်စီဗဟိုဘဏ်နှင့် UMFCCI အပါအဝင် စီးပွားရေးသမားများ တွေ့ဆုံပွဲတွင် စစ်ကောင်စီဘက်က ထိုသို့ ထုတ်ဖော်ပြောဆို ခြိမ်းခြောက်လာခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ပ စျေးကွက်တွင် ဒေါ်လာ အရောင်း အဝယ် မလုပ်ကြရန်၊ ပြင်စျေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာစျေးနှုန်း အပေါ်မူတည်၍ ကုန်စျေးနှုန်း၊ ဒေါ်လာစျေးနှုန်းတက်အောင် လုပ်ဆောင် နေမှုများ ကို ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ပြင်ပ တရားမဝင် စျေးကွက်၏ ပေါက်စျေးနှုန်းများကို မလိုက်ပါကြရန်နှင့် တရားမဝင် ငွေလဲနှုန်းကို လက်မခံကြရန် တိုက်တွန်း ကြောင်း၊ ပို့ကုန်သွင်းကုန်ကုမ္ပဏီများနှင့် စီးပွားရေး သမားများ၏ ငွေစာရင်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည်။", "“တစ်ဒေါ်လာကို ၃၉၀၀-၄၀၀၀ ပေါက်စျေးနှုန်းတွေနဲ့ လူမှုကွန်ရက်မှာ ကြေညာတာတွေ၊ အဲဒီနှုန်းနဲ့တွက်ချက်ပြီး ကုန်စျေးနှုန်းတက်အောင် လုပ်သူ တွေ အရေးယူမယ်။ Facebook ကနေ ငွေလဲနှုန်းနဲ့ပတ်သက်တဲ့ သတင်း အမှား တွေ ဖြန့်ရင် ရှယ်ရင် အရေးယူမယ်ဆိုတာမျိုးတွေ ပြောတယ်။ နောက်ပြီး ဒေါ်လာ၊ဘတ်၊ ယူရိုကို အရွက် မကိုင်ရဘူး။ အရွက် အရောင်းအဝယ် မလုပ်ရဘူး။ အဲဒါတွေကို လိုက်နာရမယ်။ မလိုက်နာရင် အရေးယူမယ်ပေါ့။ အဓိက စျေးနှုန်းတက်တာ ဒေါ်လာ နဲ့ ရွှေဈေး တက်တာ လုပ်ငန်းရှင် တွေ မရိုးသားလို့ဆိုပြီး‌ ခေါ်ကြိမ်းတာပါ” ဟု ရန်ကုန်စီးပွားရေးသမားက ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ရည်ညွှန်းငွေလဲစျေး အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ် သတ်မှတ်ထားပြီး အရောင်းအဝယ်များကို အမေရိကန်တစ်ဒေါ်လာလျှင် ၂၉၂၀ ကျပ်ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်။"]
https://yktnews.com/2024/06/166858/
အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၈ သောင်းခွဲ စျေးရှိ၊ မြန်မာ့ ရွှေစျေးနိမ့်ပြီး စျေးကွက်ပျက်နေ၍ ပြည် တွင်းရွှေများ အိမ်နီးချင်းနိုင်ငံစျေးကွက်များသို့ စီးဆင်းရန်ရှိနေ
["အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၈ သောင်းခွဲ စျေးရှိ၊ မြန်မာ့ ရွှေစျေးနိမ့်ပြီး စျေးကွက်ပျက်နေ၍ ပြည် တွင်းရွှေများ အိမ်နီးချင်းနိုင်ငံစျေးကွက်များသို့ စီးဆင်းရန်ရှိနေ", "ရန်ကုန်၊ ဇွန် ၁၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဇွန်လ ၁၀ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၂ သိန်း ၈ သောင်းခွဲစျေးဝန်းကျင်ရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးနှင့် နိုင်ငံခြားငွေလဲဒိုင်တချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဒီနေ့ အရွက် စျေး နည်းနည်းကျတယ်။ ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းကျတယ်။ ရွှေစျေးလည်း နည်းနည်းကျတယ်။ အရောင်းအဝယ်ကတော့ စျေးကွက်ပျက်နေတော့ မရှိဘူး။ စျေးတန်းတော့ ဖွင့်ထားတယ်။ ရောင်းမရ ဝယ်မရဖြစ်နေတယ်။ YGEA ရန်ကုန်ရွှေအသင်းစျေးနဲ့လည်း ဘယ်လိုမှ ရောင်းမရ၊ ဝယ်မရပါပဲ” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။", "စစ်ကောင်စီက သတ်မှတ်ပြီး ရန်ကုန်ရွှေကုန်အသင်းက ထုတ်ပြန်သော ရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်း ၅ သောင်းခွဲကျပ် သတ်မှတ်ထားကြောင်း သိရှိရသည်။", "လက်ရှိတွင် ပြည်တွင်းတွင် ရွှေစျေးကွက်ကို စစ်ကောင်စီက ထိန်းချုပ်ပြီး စျေးနှုန်းကိုလည်း အနိမ့်စျေး ဖွင့်လှစ်ထားသဖြင့် မြန်မာ့ရွှေများ အိန္ဒိယ၊ တရုတ်နှင့်ထိုင်းစျေးကွက်များသို့ စီးဆင်းနိုင်ခြေ မြင့်မားနေကြောင်း ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။", "“ပြည်တွင်းမှာက အခု ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး။ ရွှေစျေးကလည်း တအားနိမ့်နေတော့ ပြည်တွင်းရွှေတွေက အိမ်နီးချင်းစျေးကွက်တွေဆီကို မှောင်ခိုနဲ့ရောက်မယ့် အခြေအနေရှိတယ်။ ပြည်တွင်းမှာ ရွှေစျေးက အရမ်းနိမ့်နေတော့ စျေးပိုရမယ့် အိမ်နီးချင်းနိုင်ငံစျေးကွက်တွေဆီကို မကြာခင်တော့ အလုံးအရင်းရောက်ဖို့ရှိနေတယ်” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2024/06/166659/
အမေရိကန်တစ်ဒေါ်လာ ၄၃၂၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲ ဝန်းကျင် စျေးတန်းရှိ
["အမေရိကန်တစ်ဒေါ်လာ ၄၃၂၅ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သား ၅၃ သိန်းခွဲ ဝန်းကျင် စျေးတန်းရှိ", "ရန်ကုန်၊ ဇွန် ၉", "ယနေ့ ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၂၅ ကျပ်ဝန်းကျင်၊ မီးလင်းရွှေ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းခွဲကျပ်ဝန်းကျင် စျေးတန်းရှိကြောင်း ရန်ကုန်ရွှေကုန်သည်တချို့က ပြောဆိုသည်။", "ယနေ့တနင်္ဂနွေနေ့ ဖြစ်၍ စျေးကွက်တွင် အများစု ရပ်နားသော်လည်း စျေးတန်းအနေဖြင့် ဖွင့်လှစ်ထားကြောင်း၊ အရောင်းအဝယ်မှာ မူ ရပ်နားထားကြောင်း၊ ရန်ကုန်ရွှေအသင်း၏ သတ်မှတ်စျေးနှုန်းမှာမူ ယနေ့ စျေးမဖွင့်ကြောင်း သိရှိရသည်။", "ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုတွင် အခေါက်ရွှေ အရောင်းအဝယ် ရပ်နားထားပြီး ၁၅ ပဲရည် လက်ဝတ်ရတနာ အထည်ပစ္စည်းများကိုသာ ရောင်းချကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/174661/
အမေရိကန်တစ်ဒေါ်လာ ၄၉၀၀ ဝန်းကျင်နှင့်အခေါက်ရွှေတစ်ကျပ်သား ၅၉ သိန်း ၈ သောင်းစျေးပေါက်နေ
["အမေရိကန်တစ်ဒေါ်လာ ၄၉၀၀ ဝန်းကျင်နှင့်အခေါက်ရွှေတစ်ကျပ်သား ၅၉ သိန်း ၈ သောင်းစျေးပေါက်နေ", "ရန်ကုန်၊ ဇူလိုင် ၂၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၉၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉ သိန်း ၈ သောင်း ကျပ်ရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ယနေ့ဖြစ်ပေါ်နေသော စျေးနှုန်းများမှာ ယခင်ရက်များနှင့်နှိုင်းယှဉ်လျှင် အနည်း ငယ် ပြန်လည်ကျဆင်းခြင်းဖြစ်ပြီး အခေါက်ရွှေစျေးနှုန်းမှာ ယခင်ရက်ပိုင်းက တစ်ကျပ်သားလျှင် သိန်း ၆၀ စျေးဝန်းကျင်တွင်ရှိနေခဲ့ကြောင်း သိရှိရသည်။", "“ရွှေစျေးကတော့ အဝယ်များတယ်။ ဘဏ်ဂယက်နဲ့ အဝယ်က တောက် လျှောက်များနေတာ။ ဇူလိုင်လ ၁၈ ရက်တုန်း အခေါက်ရွှေတစ်ကျပ်သားကို သိန်း ၆၀ လောက်ပေါက်တယ်။ အဲဒီနောက်မှ ကျလည်း သောင်းဂဏန်းပဲ။ အပြင်မှာ တေ့တေ့ဆိုင်ဆိုင်ဝယ်မယ်ဆိုရင်တော့ တစ်ကျပ်သား သိန်း ၆၀ တော့ပေးရတယ်။ အခေါက်ရွှေလည်း အရောင်း ပါးတယ်။ ဆိုင်တွေမှာလည်း ဝယ်မရဘူး။ အပြင်စျေးကွက်မှာ အချိတ်အဆက်ရှိမှ ဝယ်လို့ရတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "အမေရိကန်ဒေါ်လာမှာလည်း ဆက်လက် စျေးမာနေဆဲဖြစ်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄၉၀၀ ဝန်းကျင်ရှိနေကြောင်း၊ အဝယ်များနေ၍ စျေးမှာ ဆက်လက် မာနေဆဲဖြစကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178308/
အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို
["အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော်ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို", "ရန်ကုန်၊ ဩဂုတ် ၉", "အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၆၀၀၀ ကျော် ဖြစ်လာမှု Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟု ယနေ့ ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။", "နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမဖြစ်စေလိုသည့်ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များ ဖြင့် လူမှုကွန်ယက် စာမျက် နှာများဖြစ်သည့် Facebook၊ Telegram၊ Viber စသည် Online Platform မျိုးစုံမှ အမှန်တကယ် အရောင်း အဝယ်မဖြစ်သည့် ဈေးနှုန်းများဖြင့် အရောင်းအဝယ်မရှိဘဲ ပြည်သူလူထုထင်ယောင်ထင်မှား ဖြစ်စေရန် နှင့် နိုင်ငံခြားငွေဈေးကွက်ပျက် ပြားစေရန် ဆောင် ရွက်လျက်ရှိကြောင်း၊ ဒေါ်လာစျေးဆွဲတင်သည့် NUGGETS စသည့် Viber Group များ၊ Hlaing Htet Arkar(nGa wAi)၊ ယူရိုဒေါ်လာရောင်းဝယ်ပို့ဆောင်သူများဆုံဆည်းရာ၊ ဒေါ်လာရောင်းသူဝယ်သူတိုက်ရိုက် (dollor buyer seller direct)၊ Su Myat Kyaw၊ US vs BURMA Dollar kyat Trade၊ ရွှေမင်းဂံငွေလဲဆိုင်၊ Khit Thit Media စသည့် Facebook Page များ, Group များ၊ Myo Zaw Aung – GOLD & CURRENCY, Khit Thit Media စသည့် Telegram Channel များကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ကြေညာသည်။", "ယနေ့ စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ အထိ မြင့်တက်လာမှုမှာ ပြည်တွင်းတွင် စီးပွားရေးတစ်ခုလုံးပြိုလဲလာခြင်းကြောင့်ဖြစ် ကြောင်း ရန်ကုန်စီးပွားရေးသမားတချို့က သုံးသပ်ပြောဆိုသည်။", "“လက်တွေ့ အကြောင်းအတရား အခြေအနေကို လက်မခံဘဲ အဲဒီလို ပေါတောတောတွေ ကြေ ညာချက်ထုတ်နေသမျှ ကာလပတ်လုံးတော့ ဒီနိုင်ငံရဲ့ ငွေကြေးစနစ် ပျက်စီးနေဦးမှာပဲ။ တကယ်တမ်းဖြစ်နေတဲ့ Root Cause အကြောင်း တရားကို မကြည့်ဘဲ ဟိုလူ့ အပြစ်တင် ဒီလူ့အပြစ်တင်နဲ့တော့ ဒီထက်အခြေ အနေပိုဆိုးဖို့ပဲရှိတယ်” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက သုံးသပ်သည်။", "ယနေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၁၅၀ ကျပ်အထိ စျေးနှုန်းမြင့်တက်ခဲ့ပြီး ညနေပိုင်းတွင် တစ်ဒေါ်လာ ၆၁၀၀ ဝန်းကျင်ဖြင့် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီဗဟိုဘဏ် ဥက္ကဋ္ဌ သန်းသန်းဆွေနှင့် ဘဏ်၏ ကြေညာချက်။"]
https://yktnews.com/2024/05/162613/
အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းခွဲသို့ စံချိန်တင်ထိုးတက်
["အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းခွဲသို့ စံချိန်တင်ထိုးတက်", "ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၁၁ ကျပ် အထိ စံချိန်တင်ရောက်ရှိ", "ရန်ကုန်၊ မေ ၁၅", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၁၀၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၉ သိန်းခွဲသို့ စံချိန်တင် စျေးနှုန်းမြင့်တက်လာကြောင်း ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "မေလ ၈ ရက်နေ့မှစတင်ပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းအထိ မြင့်တက်လာကြောင်း၊ ယင်းနောက် နေ့စဉ် ရွှေစျေးနှုန်းမြင့်တက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ၄၉ သိန်းခွဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကမ္ဘာ့ရွှေစျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၅၀ တစ်ပတ်ချာလည်ပဲ။ ကျလည်း နည်းနည်း ၊ တက်လည်း နည်းနည်းပဲ။ မြန်မာ့ရွှေစျေးထိုးတက်နေတာက ဒေါ်လာစျေးထိုးတက်နေလို့။ ဘာကြောင့် ဒေါ်လာတန်ဖိုးတက်လဲမေးရင်တော့ ဒေါ်လာရှားပါးလာတာ၊ နိုင်ငံရေးမကောင်းတာ၊ ထိုင်း၊ တရုတ်နယ်စပ်တွေ ကုန်သွယ်ရေးရပ်နေတာ၊ အများကြီးပေါ့။ ဒီမှာလည်း စီးပွားရေးက ချွတ်ခြုံကျဖြစ်နေပြီ။ အဲဒါတွေကြောင့်။ ဗဟိုဘဏ်က ဝင်ဟန့်ရင် ခဏ ကျတယ်။ ပြီးရင်ပြန်တက်ပေါ့။ လိုအပ်ချက်က များတယ်။ စီးပွားရေးကလည်း ပြိုနေတာလေ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "ယနေ့ အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ၄၀၃၀ ကျပ်နှင့် ၄၁၀၀ ကျပ်အကြား ရောင်းသူ၊ ဝယ်သူညှိနှိုင်း၍ ရောင်းချနေကြကြောင်း၊ ထိုင်းဘတ်ငွေမှာ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၁၁ ကျပ် ရှိနေကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးမှာ ထိုးကျနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။"]
https://yktnews.com/2024/06/167224/
ပုဂ္ဂလိကဘဏ်များတွင် သိန်းရာချီသော ငွေလွှဲပြောင်းမှုများကို အကြောင်း အရာ ခိုင်လုံမှ လက်ခံလွှဲပြောင်းရန် နှင့် မှတ်တမ်းတင်ထားရန် စစ်ကောင်စီက ညွှန်ကြား
["အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၅၀ ကျပ်၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၃ သိန်းခွဲ စျေးတန်းရှိပြီး အရောင်းအဝယ်ရပ်ဆိုင်းနေ", "ရန်ကုန်၊ ဇွန် ၁၂", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များတွင် သိန်း ၁၀၀ နှင့်အထက် ငွေလွှဲပြောင်းမှုများကို အကြောင်းအရာ ခိုင်လုံစွာ မေးမြန်းပြီးမှ လက်ခံ လွှဲပြောင်းပေးရန် ညွှန်ကြားထားကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "ယခုဇွန်လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီ၏ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များအနေဖြင့် ငွေလွှဲပြောင်းမှုများကို အထူးစိစစ်ရန်နှင့် သိန်းရာချီသော ငွေလွှဲပြောင်းမှုများကို လုပ်ဆောင်မည်ဆိုလျှင် မည်သည့်အတွက်ကြောင့် လွှဲပြောင်းမည်ဆိုသည်ကို ခိုင်ခိုင်မာမာ မေးမြန်း မှတ်တမ်းတင်ထားရန် ညွှန်ကြားလာကြောင်း သိရှိရသည်။", "“အရောင်းအဝယ်ကိစ္စဆိုရင် ဘယ်လိုအရောင်းအဝယ်လဲ။ ဟိုဘက်က လက်ခံမှာ ဘယ်သူလဲ။ ဒီဘက်က ဘာကြောင့် လွှဲမှာလဲ။ အဲဒါတွေကို အတိအကျ မှတ်တမ်းတင်ထားဖို့။ မသင်္ကာဘူးထင်ရင် ငွေလွှဲပြောင်းမှုတွေကို မှတ်သားထားဖို့ ညွှန်ကြားတာတွေရှိပါတယ်” ဟု မရမ်းကုန်းမြို့နယ်မှ KBZ ဘဏ်ခွဲလက်ထောက်မန်နေဂျာတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ထိုသို့ ငွေလွှဲပြောင်းမှုများကို စိစစ်ရန် ညွှန်ကြားသော်လည်း မည်သည့်အတွက် ကြောင့် ညွှန်ကြားသည်ကို အကြောင်းအရာ မဖော်ပြထားကြောင်း၊ တရားမဝင် ငွေလွှဲပြောင်းမှုများ၊ ဟွန်ဒီများ၊ တော်လှန် ရေးအဖွဲ့များထံသို့ ထောက်ပံ့မှုများကို စိစစ်တင်းကျပ် လိုက်လံ စုံစမ်းခြင်းဖြစ်နိုင်ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။", "လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး ထိုးဆင်းသည့်အခြေအနေများဖြစ်ပေါ်နေရာ ယင်းသို့ ထိုးကျမှုများကို ထိန်းကွပ်ရန် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။", "ယနေ့ ပြည်တွင်းစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၃၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်းခွဲ စျေးရှိနေကြောင်း၊ အရောင်းအဝယ်မှာမူ ရပ်ဆိုင်းနေကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/06/167437/
စစ်ကောင်စီက ဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း ဒေါ်လာနှင့်ရွှေစျေးများ ပြန်တက်
["အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၂၀ ကျပ်အထိ စျေးတက်လာပြီး ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ၇ သောင်းကျော်အထိ စျေးတက်", "ရန်ကုန်၊ ဇွန် ၁၃", "အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာနှင့်ရွှေကုန်သည်များကို ဖမ်းဆီးမှုများ လုပ် ဆောင်နေသော်လည်း အမေရိကန် ဒေါ်လာနှင့်ရွှေစျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဇွန်လ ၁၃ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၂၀ ကျပ်စျေးရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၄ သိန်း ၇ သောင်းကျပ်ကျော်အထိ စျေးတက်သွားခြင်းဖြစ်ကြောင်း၊ ပြင်ပစျေးကွက်တွင် ရွှေအရောင်းအဝယ် နှင့် ဒေါ်လာ အရောင်းအဝယ် အနည်းငယ် ပြန်လည် ဖြစ်လာကြောင်း ရန်ကုန်ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလဲဒိုင်တချို့က ပြောဆိုကြသည်။", "“ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းတက်တယ်။ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၂၉ ဒသမ ၈ ရှိတယ်။ အမေရိကန်ဒေါ်လာက ၄၄၀၀ ကျော်အထိ ပြန်တက်လာတယ်။ အခုက ရွှေစျေးကွက်ရော ဒေါ်လာစျေးကွက်ရော ပြင်ပမှာ ဖြစ်နေတယ်။ မှောင်ခိုစျေးကွက်လိုတော့ဖြစ်တာပေါ့။ အရောင်းအဝယ်လည်း ဖြစ်တယ်။ ရွှေစျေးက ၅၄ သိန်း ၇ သောင်းကျော်ရှိတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ရန်ကုန်ရွှေအသင်းက သတ်မှတ်ထားသော အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ၄၆ သိန်း ၇ သောင်းဝန်းကျင်ရှိကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/06/168026/
အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းဝန်းကျင်တွင် စျေးတန်းရှိနေ
["အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းဝန်းကျင်တွင် စျေးတန်းရှိနေ", "ရန်ကုန်၊ ဇွန် ၁၇", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်းဝန်းကျင်တွင် စျေးတန်းရှိနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ဖိအားပေးမှုကြောင့် ရွှေဆိုင်များ၏ အခေါက်ရွှေစျေးကွက်နှင့် မီးလင်းရွှေအရောင်း အဝယ် စျေးကွက်မှာ ပျက်စီးနေကြောင်း၊ အထူးသဖြင့် အခေါက်ရွှေတုံးဝယ်ယူထားသူများသည် ငွေလိုချိန်တွင် ရောင်းချရန် ခက်ခဲသဖြင့် ပြင်ပတွင် အနည်းငယ် စျေးလျှော့၍ ရောင်းချကြကြောင်း၊ ငွေကြေးတတ်နိုင်သော ရွှေကုန်သည်တချို့က ပြင်ပစျေးကွက် ပြန်လည် ဖွင့်လှစ်၍ အဝယ်တော်များဖြင့် အခေါက်ရွှေများ ပြင်ပစျေးကွက်တွင် ပြန်လည် ဝယ်ယူနေကြကြောင်း သိရှိရသည်။", "“ရွှေကုန်သည်တချို့က တိုက်ရိုက်မလုပ်ဘူး။ အဝယ်တော်တွေကတစ်ဆင့် မီးလင်းရွှေတစ်ကျပ်သားကို ၅၄ သိန်းကျော်လောက်နဲ့ ရွှေပြန်ကောက်တယ်။ ရွှေပြန်စုတာပေါ့။ စစ်ကောင်စီရဲ့ သတ်မှတ်စျေး အခေါက်ရွှေတစ်ကျပ်သား ၄၆ သိန်းနဲ့ကတော့ အလုပ်လည်းမဖြစ်ဘူး။ အလုပ်လည်း မလုပ်ကြဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။", "အမေရိကန်ဒေါ်လာမှာလည်း တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်နှင့် ၄၅၀၀ ကျပ်အကြား အနည်းငယ် အတက်အကျ ဖြင့် စျေးတန်းပေါက်နေကြောင်း၊ ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာ အရွက်ကို လိုက်လံဝယ်ယူစုဆောင်း သူများ ပြန်လည် ထွက်ပေါ်လာနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/165071/
အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်း များကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန်
["အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်း များကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန်", "ရန်ကုန်၊ မေ ၃၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ်အထိ စျေးနှုန်းများ မြင့်တက်လာချိန် စစ်ကောင်စီဗဟိုဘဏ်က လိုင်စင်ရ ဘဏ်များ၏ ငွေလဲလှယ်နှုန်းထားကိုသာ ယုံ ကြည် ကြရန်၊ အွန်လိုင်းပေါ်မှ ငွေလဲ လှယ်နှုန်းများကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ယမန်နေ့ညပိုင်း ထုတ်ပြန် ကြေညာသည်။", "Online Social Platform များဖြစ်သည့် Facebook၊ Viber၊ Telegram အစရှိသည်တို့ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့်အကောင့် (Fake Account)များအသုံးပြု၍ ဘဏ်များမှ ငွေလဲ လှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။", "အဆိုပါ Website များကိုလိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ AD လိုင်စင်ရဘဏ်များအနေဖြင့် ဘဏ်၏ တရားဝင် Website များပေါ်တွင် Exchange Counter များ၏ အရောင်းအဝယ်ငွေလဲ လှယ်နှုန်းများကို ကြေညာပေးလျက်ရှိကြောင်း၊ ထို့ကြောင့် KBZ ၊ AYA ၊ MAB ၊UAB ၊ A bank ၊ CB ၊ Yoma၊ MCB ၊ MOB ဘဏ်တို့၏ Website တွင်သာ ငွေလဲလှယ်နှုန်းကို ကြည့်ရှုနိုင်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။", "ထို့ကြောင့် မမှန်ကန်သည့် Website များမှ ငွေလဲလှယ် နှုန်းထားများကိုယုံကြည် မှု မရှိကြရန် စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။", "သို့ရာတွင် စျေးကွက်တွင်မူ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုများမှာ အမှန်တကယ်ပင် ဖြစ်နေပြီး ဝယ်လိုအား အထူးမြင့်တက်လျက်ရှိကြောင်း၊ ယမန်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ်ဝန်းကျင်ဖြင့် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။", "“အရွက်ကတော့ အဝယ်များတယ်။ အရောင်းပါးတယ်။ ဒီနေ့ စျေးတွေ ထပ်တက်နိုင်တယ်။ အဓိက Demand တအားများပြီး Supply က လိုသလောက်မပေးနိုင်ဘူး။ ဒီကြားထဲ ဗဟိုဘဏ်က တစ်ခုခု ကြေညာလိုက်တာနဲ့ ဒေါ်လာ စျေးက ပိုပြီးတော့ တက်လာတယ်။ သူတို့ ကြေညာလို့ ပြန်ကျသွားတာမျိုးမရှိဘူး” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလက်ကြီးဒိုင်တစ်ဦးက ဆိုသည်။", "စစ်ကောင်စီက ခွင့်ပြုထားသော လိုင်စင်ရ ပုဂ္ဂလိကဘဏ်များကမူ မေလ ၂၉ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် အဝယ် ငွေကျပ် ၃၃၂၆ ကျပ်၊ အရောင်း ၃၃၃၁ ကျပ် သတ်မှတ်ထားကြောင်း၊ သို့ရာတွင် ပြည်သူများက အမေရိကန်ဒေါ်လာ လာရောက်ဝယ်ယူလျှင် ရောင်းချပေးခြင်းမရှိဘဲ ပြည်သူများက အမေရိကန်ဒေါ်လာ လာရောက် ရောင်းချမှုကိုသာလျှင် အမေရိကန် တစ်ဒေါ်လာ ၃၃၂၆ ကျပ်ဖြင့် ဝယ်ယူကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171684/
အမေရိကန်တစ်ဒေါ်လာလျှင် ၄၇၇၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်းခွဲအထိ စျေးနှုန်းများ ပြန်လည်မြင့်တက်
["အမေရိကန်တစ်ဒေါ်လာလျှင် ၄၇၇၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်းခွဲအထိ စျေးနှုန်းများ ပြန်လည်မြင့်တက်", "ရန်ကုန်၊ ဇူလိုင် ၆", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၇၇၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၇ သိန်းခွဲအထိ စျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်းစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၇၇၀ ကျပ်ဝန်းကျင် စျေးပေါက်ခဲ့ပြီး အခေါက်ရွှေစျေးမှာမူ တစ်ကျပ်သားလျှင် ၅၇ သိန်း ၈ သောင်းဖြင့် စျေးဖွင့်ခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရွှေစျေးမှာ ၅၇ သိန်း ခွဲသို့ အနည်းငယ် ပြန်လည်ကျဆင်းခဲ့ပြီး ယမန်နေ့ ညနေပိုင်း ၅၇ သိန်းခွဲဝန်းကျင်ဖြင့် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။", "“အရွက်ရော ရွှေစျေးရော စျေးပြန်တက်ပါတယ်။ အဝယ်အရောင်းကတော့ ပြင်ပမှာ အရောင်းအဝယ်ဖြစ်ပါတယ်။ အချင်းချင်း ချိတ်ဆက်ရောင်းဝယ်ကြတယ်။ ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "ယနေ့တွင်လည်း ဒေါ်လာစျေးနှင့် ရွှေစျေးနှုန်းသည် ယမန်နေ့ စျေးအတိုင်း အနည်းငယ်မျှသာ အတက်အကျရှိနိုင်ပြီး ကမ္ဘာ့ရွှေဈးမှာမူ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၆၀ ဝန်းကျင်တွင် စျေးပေါက်နေကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/08/179233/
အမေရိကန်တစ်ဒေါ်လာလျှင် ၆၀၀၀ ကျပ်အထိ ပြန်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၇၃ သိန်းအထိ စျေးပြန်မြင့်တက်၊ ငွေလဲနှုန်း အတက်အကျ အပြောင်းအလဲ အလွန်မြန်ဆန်နေ၍ စီးပွားရေးလုပ်ငန်းများ အခက်တွေ့နေရ
["အမေရိကန်တစ်ဒေါ်လာလျှင် ၆၀၀၀ ကျပ်အထိ ပြန်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၇၃ သိန်းအထိ စျေးပြန်မြင့်တက်၊ ငွေလဲနှုန်း အတက်အကျ အပြောင်းအလဲ အလွန်မြန်ဆန်နေ၍ စီးပွားရေးလုပ်ငန်းများ အခက်တွေ့နေရ", "ရန်ကုန်၊ ဩဂုတ် ၁၆", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၇၃ သိန်းအထိ စျေးပြန်လည်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "အမေရိကန်တစ်ဒေါ်လာလျှင်ငွေကျပ် ၇၀၀၀ ကျော်အထိ ထိုးတက်ခဲ့သော ငွေလနှုန်းသည် ယမန်နေ့တွင် အလွန်အမင်း ကျဆင်းခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၅၅၀၀ ကျပ်ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကြောင်း၊ သို့ရာတွင် ယနေ့တွင်မူ အမေရိကန်ဒေါ်လာစျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး အမေရိကန်တစ်ဒေါ်လာ ၆၀၀၀ ကျပ်အထိ စျေးနှုန်းပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။", "“အခုသိရသလောက်ကတော့ ဗဟိုဘဏ်က ရောင်းပေးမယ်ဆိုတဲ့ ဒေါ်လာ သန်း ၁၀၀ ဆိုတာကို ဆီသမားတွေ မရကြဘူး။ ဆီတင်သွင်းမှု ပမာဏအတိုင်း အပြည့်မရကြဘူး။ ရာခိုင်နှုန်းတစ်ခုအထိပဲရတယ်။ စျေးကလည်း ဗဟိုဘဏ် သတ်မှတ်စျေးထက် မြင့်တယ်။ လိုသလောက်လည်း မရောင်းပေးနိုင်ဘူး။ ဆိုတော့ ဆီက ခဏလောက်ပဲ ပြေလည်မယ့်သဘောပဲ။ အဲဒါတစ်ချက်။ နောက်တစ်ချက်ကတော့ ချေးငွေ အပေါ် ဘဏ် တိုးနှုန်း ၁၅ ရာခိုင်နှုန်း မြှင့်တာက စီးပွား ရေးတွေ ပိုပြီး အထိနာမယ့်အခြေအနေဖြစ်နေတယ်။ စီးပွားရေး ကောင်းမနေဘူး။ အဲဒါကို ချေးငွေဘဏ်တိုးနှုန်း ထပ်တိုးတော့ စီးပွားရေးကောင်းလာဖို့မရှိဘူး။ စစ်ဖြစ်တာနဲ့ လူတွေ ပြောင်းကြ ရွှေ့ကြ အဲဒါတွေကလည်း မငြိမ်ဘူး။ အကြောင်းပေါင်းစုံပါပဲ။ အဲဒါကြောင့် စျေးကွက်မှာ ဒေါ်လာ Injection လုပ်တယ်လို့ သတင်းထွက်ရင် ခဏအကျပြတယ်။ လောက် လောက်လားလားမဟုတ်ရင် တဟုန်ထိုးပြန်တက်တယ်” ဟု UMFCCI မှ အလုပ် အမှုဆောင် စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "UMFCCI အတွင်းတွင်လည်း ဒေါ်လာတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေလဲနှုန်း အကြီးအကျယ် လှုပ်ခတ်နေ၍ စီးပွားရေးများ လည်ပတ်ရန် ခက်ခဲနေသော အခြေအနေများ ဖြစ်ပေါ်နေသဖြင့် “နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ ငွေကြေးစီးဆင်းမှု လုပ်ငန်းလည်ပတ်မှုကို ဖြစ်ပေါ်စေမည့် လုပ်ငန်းစဉ်များနှင့် ဖြစ်သင့်သော ငွေလဲနှုန်းဖြစ်ပေါ်ရေး” စီစဉ်ဆောင်ရွက်ပေးရန် စစ်ကောင်စီထံသို့ တင်ပြထားကြောင်း သိရှိရသည်။", "“ငွေလဲနှုန်းမငြိမ်ရင် ဘာမှ လုပ်လို့မရဘူး။ ငွေလဲနှုန်း စျေးတက်ရင်လည်း အတက်မှာပဲငြိမ်နေလိုက်၊ စျေးကျမယ်ဆိုရင်လည်း အကျစျေးမှာ ငြိမ်နေလိုက်။ ငြိမ်နေမှ စီးပွားရေးက လုပ်လို့ရမှာ။ အခုလိုကြီး တစ်နေ့ တစ်မျိုး တက်လိုက် ကျလိုက်ကြီးက ဘာမှကို လုပ်လို့မရတာ” ဟု ရန်ကုန်မှ ဆေးနှင့်ဆေးဝါးပစ္စည်းတင်သွင်းရောင်းဝယ်သူက ရှင်းပြသည်။", "ထို့ပြင် ရွှေစျေးနှုန်းမှာလည်း မီးလင်းရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၃ သိန်းဝန်းကျင်အထိ စျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း၊ သို့ရာတွင် အဝယ်အရောင်းများ ရပ်တန့်နေကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။"]
https://yktnews.com/2024/08/179322/
အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်အထိ စျေးနှုန်းများ ဆက်တိုက်ပြန်လည် မြင့်တက်၊ ရွှေစျေးမှာ သိန်း ၈၀ ကျော် ပြန်လည်ရောက်ရှိ
["အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်အထိ စျေးနှုန်းများ ဆက်တိုက်ပြန်လည် မြင့်တက်၊ ရွှေစျေးမှာ သိန်း ၈၀ ကျော် ပြန်လည်ရောက်ရှိ", "ရန်ကုန်၊ ဩဂုတ် ၁၇", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၄၀၀ ကျပ်အထိ စျေးနှုန်းများ ဆက်တိုက်ပြန်လည်မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "“မနေ့က တစ်ဒေါ်လာ ၆၀၀၀ ဝန်းကျင်နဲ့ စျေးပိတ်တာ။ ဒီနေ့တော့ ငွေစျေးက တအိ အိကို ပြန်တက်တာ။ အခု တစ်ဒေါ်လာကို ၆၄၀၀ အထိစျေး တက်နေတာ။ စျေးက အတက်ကိုပဲ ပြနေတယ်။ ပိတ်ရက်ကို အတက်ပြနေတာ” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ထိုင်းတစ်ဘတ်လျှင် ၁၈၀ ကျပ်အထိ စျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဟွန်ဒီငွေလဲများတွင် ကျပ်ငွေကို ထိုင်းဘတ်သို့ ပြောင်းလဲမှု အလွန်များပြားကြောင်း သိရှိရသည်။", "“ဘဏ်ကျပ်ငွေ အလွှဲတွေ အရမ်းများတယ်။ ထိုင်းဘတ်ကလည်း တဖြည်း ဖြည်းကို တက်လာတာ။ ကျပ်ပေး ဘတ်ယူ မှာ မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၅၄၀ ဝန်းကျင်မှာရှိတယ်။ ဘတ်ပေး ကျပ်ယူကိုတော့ မြန်မာငွေ ၁ သိန်းကို ၅၈၀ ဘတ် လောက်ရှိတယ်။ အခုက ကျပ်စျေး အကျပဲပြနေတယ်” ဟု ထိုင်း-မြန်မာဟွန်ဒီငွေလွှဲလုပ်သူတစ်ဦးက ဆိုသည်။", "ယခုရက်ပိုင်းအတွင်း အမေရိကန်ဒေါ်လာသည် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၇၀၀၀ ကျပ်ကျော်အထိ ထိုးတက်ခဲ့ပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၂၀၀ အထိ စံချိန်တင်စျေးနှုန်းမြင့်တက်ခဲ့သည်။", "လက်ရှိ ရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း ၈၀ နှင့် ၈၁ သိန်းအကြား စျေးပေါက်နေကြောင်း ၊ စံချိန်တင် ဖြစ်ပေါ်ခဲ့သော ငွေကျပ် ၈၅ သိန်းသို့ ပြန်လည်ဦးတည်နေကြောင်း သိရှိရသည်။", "“ရွှေစျေးက ကမ္ဘာ့စျေးတက်တော့ မြန်မာ့စျေးလိုက်တာ။ အရွက်စျေးရော ရွှေစျေးရော တက်တော့ မြန်မာ့ရွှေစျေးက ပိုတက်နေတာ” ဟု ရန်ကုန်ရွှေကုန် သည်တစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2024/01/142285/
အမေရိကန်တွင် ကွယ်လွန်သော နိုင်ငံကျော် အဆို တော်ကြီး ဒေါ်မာမာအေး၏ နာရေး ပို့ဆောင် မီးသဂြိုလ်
["အမေရိကန်တွင် ကွယ်လွန်သော နိုင်ငံကျော် အဆို တော်ကြီး ဒေါ်မာမာအေး၏ နာရေး ပို့ဆောင် မီးသဂြိုလ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီလ ၈ ရက်နေ့ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၉ ရက်နေ့) ကွယ်လွန်သွားသော နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ယနေ့ ပို့ဆောင်မီးသဂြိုလ်သည်။", "အသက်၈၂ နှစ်ရှိ ဒေါ်မာမာအေး၏ နာရေးအစီအစဉ်ကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၈ ရက်နေ့) အမေရိကန်ပြည်ထောင် စု၊ Indiana ပြည်နယ်၊ Fort Wayne မြို့တွင် ပြုလုပ်ခဲ့ပြီး အမေရိကန်ရောက် မြန်မာနိုင်ငံသားအများအပြား လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။", "ဓာတ်ပုံ- Kan Paw Thar"]
https://yktnews.com/2023/02/88360/
အမေရိကန်တွင် ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်လွှတ်တော်အမတ်တို့ တက်ရောက်
["အမေရိကန်တွင် ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်လွှတ်တော်အမတ်တို့ တက်ရောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "အမေရိကန်ပြည်​ထောင်စု၊ အင်ဒီယန်နားပိုလစ်မြို့တွင် ကျင်းပသည့် ၇၅ နှစ်မြှောက် ချင်းအမျိုးသားနေ့အခမ်းအနားကို NUG အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် လွှတ်တော်အမတ် Todd Young တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။", "Photo- Kingdon Chin TV"]
https://yktnews.com/2024/09/182582/
အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ဝန်းကျင်သို့ စျေးနှုန်းကျဆင်းပြီး ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၆၅ သိန်းအထိ ပြန်လည်ကျဆင်း
["အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ဝန်းကျင်သို့ စျေးနှုန်းကျဆင်းပြီး ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၆၅ သိန်းအထိ ပြန်လည်ကျဆင်း", "ရန်ကုန်၊ စက်တင်ဘာ ၉", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ဝန်းကျင်သို့ စျေးနှုန်းကျဆင်းပြီး ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၆၅ သိန်းအထိ ပြန်လည်ကျဆင်းလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ပြည်ပမှ သွင်းကုန်များ တင်သွင်းရာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ အပါအဝင် ပို့ကုန်ရငွေ နိုင်ငံခြားငွေများဖြင့်သာ တင်သွင်းရမည်ဟု မူဝါဒ ပြောင်းလဲပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ တအိအိ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အခု သွင်းကုန်သမားတွေအရမ်းအကျပ်တွေ့နေတယ်။ လိုအပ်တဲ့ ဆေးဝါး၊ လူသုံးကုန် အပါအဝင် သွင်းကုန်တွေအားလုံးကို ပို့ကုန်ရငွေ ဒေါ်လာနဲ့ပဲ အသွင်းခံတော့ အတော်ကို တိုင်ပတ်ကုန်ကြတယ်။ ပြင်ပစျေးကွက်မှာ ရှိတဲ့ အမေရိကန် ဒေါ်လာက ဝယ်စုဆောင်းတဲ့ သူနဲ့ ထိုင်း အပါအဝင် နိုင်ငံခြားမှာ ရောက်ရှိသုံးစွဲနေသူတွေကပဲ ဝယ်တော့တယ်။ သွင်းကုန်သမားတွေက ပြင်ပ ဒေါ်လာဝယ်ပြီး ပစ္စည်းသွင်းတာမျိုးမရတော့ဘူး။ အဲဒါကတစ်ချက်ပေါ့။ နောက်တစ်ခုကတော့ စက်သုံးဆီနဲ့ စားအုန်းဆီအတွက် ဒေါ်လာကို ဗဟိုဘဏ်က အကန့်အသတ်နဲ့ ဆက်ရောင်းပေးနေတယ်။ ရေတိုအား ဖြင့် ဒေါ်လာအဝယ်ကျဆင်းသွားတယ်ပြောရမယ်။ အဲဒါကြောင့်အဓိကပါ။ လိုအပ်တဲ့သူတွေအတွက်တော့ ဒေါ်လာတန်ဖိုးကျတဲ့အချိန်က အချိန်ကောင်းပါပဲ” ဟု UMFCCI မှ စီးပွားရေးသမားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အလားတူ ရွှေစျေးနှုန်းမှာလည်း ယနေ့တွင် ၆၅ သိန်း ပတ်ချာလည်သို့ စျေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး ပွင့်လင်းရာသီရောက်ရှိနေ ရွှေကုန်ကြမ်းများ စျေးကွက်အတွင်းသို့ ပြန်လည် ဝင်ရောက် မှုရှိကြောင်း သိရှိရသည်။", "Photo- Bloomberg News ။"]
https://yktnews.com/2023/12/134728/
အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားနေ၍ ဒေါ်လာစျေးနှုန်းများ စတင်တက်နေပြီး ရွှေစျေးနှုန်းပါ လိုက်တက်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းခွဲကျော်သို့ ရောက်ရှိ
["အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားနေ၍ ဒေါ်လာစျေးနှုန်းများ စတင်တက်နေပြီး ရွှေစျေးနှုန်းပါ လိုက်တက်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၀၀ ကျပ်ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းခွဲကျော်သို့ ရောက်ရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို ပြင်ပစျေးထက်နိမ့်သော ဗဟိုဘဏ် သတ်မှတ်စျေးဖြင့် ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် ပြည်တွင်းတွင် အမေရိကန်ဒေါ်လာ လိုအပ်ချက်ကြီးမားကာ အမေရိကန်ဒေါ်လာ တန်ဖိုးများ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲနှုန်းကို သတ်မှတ်တော့မည်မဟုတ်ဘဲ စျေးကွက်ပေါက်စျေးအတိုင်း အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ကြေညာပြီးနောက် ဒေါ်လာတန်ဖိုးမှာ တအိအိမြင့်တက်လာကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့ ညပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၅၀ ကျပ်ဝန်းကျင်မှ ၃၅၀၀ ကျပ်ကျပ်ဝန်းကျင်သို့လည်းကောင်း ညတွင်းချင်း ခုန်တက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် ဒေါ်လာစျေး အနည်းငယ်သာ အတက်ပြပြီး ညနေပိုင်းတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၆၀၀ ကျပ်ဝန်းကျင် အထိ မြင့်တက်လာကြောင်း၊ ဒေါ်လာဝယ်လိုအား အလွန်များပြားကြောင်း သိရှိရသည်။", "ပြည်တွင်းရွှေစျေးကွက်တွင်လည်း မီးလင်းရွှေ(ခေါ်) အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၃၇ သိန်းခွဲ ပေါက်စျေးရှိသော်လည်း ရွှေ ဝယ်မရကြောင်း၊ အမှန်တကယ် ရွှေဝယ်လိုပါက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၈ သိန်းကျော် စျေးပိုပေး၍ ဝယ်ယူရကြောင်း ရွှေကုန်သည်တချို့က ဆိုကြသည်။", "လက်ရှိတွင် ပြည်တွင်းစီးပွားရေးအသိုင်းအ၀ိုင်းက စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ နည်းပါးလာသည်ဆိုသော သတင်းများကို တညီတညွတ်တည်း သဘောတူလက်ခံကြပြီး လာမည့်အနာဂတ်တွင် သွင်းကုန်စျေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည်ဟု သုံးသပ်ပြောဆိုကြသည်။"]
https://yktnews.com/2023/06/109934/
အမေရိကန်ဒေါ်လာ သန်းရာချီသော လည်ပတ်ငွေ အပါအဝင် ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးသည့် အတွက် Pact Myanmar အဖွဲ့ မြန်မာနိုင်ငံမှ ပိတ်သိမ်းထွက်ခွာရဟု အဖွဲ့ ဥက္ကဋ္ဌ ရှင်းလင်း
["အမေရိကန်ဒေါ်လာ သန်းရာချီသော လည်ပတ်ငွေ အပါအဝင် ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးသည့် အတွက် Pact Myanmar အဖွဲ့ မြန်မာနိုင်ငံမှ ပိတ်သိမ်းထွက်ခွာရဟု အဖွဲ့ ဥက္ကဋ္ဌ ရှင်းလင်း", "ရန်ကုန်၊ ဇွန် ၂၇", "မြန်မာနိုင်ငံတွင် အသေးစား ချေးငွေလုပ်ငန်း အောင်မြင်လျက်ရှိသော Pact Myanmar ခေါ် Pact Myanmar ခေါ် Pact Global Microfinance Fund ၏ အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို လွှဲပြောင်းပေးရန် စစ်ကောင်စီက ဖိအားပေးတောင်းခံလာသည့်အတွက် လုပ်ငန်းများရုပ်သိမ်းထွက်ခွာခြင်း ဖြစ်ကြောင်း PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က တရားဝင် ‌ကြေညာချက် ထုတ်ပြန်သည်။", "၂၅ နှစ်တိုင်အောင် အမျိုးသမီးတောင်သူများထံ အသေးစားချေးငွေများ ပေးအပ်ခဲ့ သည့် PGMF သည် ဇွန် ၃၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း လုပ်ငန်း လည်ပတ်မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း၊ အဖွဲ့ကို မှတ်ပုံ တင်ခွင့်ပြုရန် စစ်ကောင်စီက ငြင်းဆန်သည့်အပြင် နိုင်ငံကထွက်လျှင် ထွက် ၊ မထွက်လျှင် တရားမဝင်လုပ်ငန်းလည်ပတ်ရန် ဖိအားပေးခဲ့ကြောင်းသူက ပြောသည်။", "“ကျွန်မတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်တော့ ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုဖို့ မြန်မာစစ်တပ်ကို နားချခဲ့ ပါတယ်။ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် စစ်တပ်က နိုင်ငံ ကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအား ပေးခဲ့ပါတယ်။” ဟု PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က ပြောသည်။", "စစ်ကောင်စီက PGMF အဖွဲ့၏ ပိုင်ဆိုင်မှုများနှင့် အကျိုးအမြတ်များကို လွှဲပေး ရန် တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်ကို လိုက်နာရန် မဖြစ်နိုင်သဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းဖြစ်သည်ဟု Pact Myanmar အဖွဲ့က ဆိုသည်။", "မြန်မာနိုင်ငံတစ်ဝန်းမှ ငွေချေးသူ ၈၉၀,၀၀၀ အတွက် ကြွေးမြီ အမေရိကန် ဒေါ် လာ ၁၅၆ သန်းကျော်ကို လျှော်ပစ်ခဲ့ရပြီးနောက် မြန်မာနိုင်ငံရှိ PGMF ကို ပိတ် သိမ်းတော့မည်ဖြစ်ကြောင်း၊ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ခန့်အတွင်း အမျိုးသမီး ချေးငှား သူများ၊ ငွေစုသူများ အများစုပါဝင်သော လူဦးရေ ၂ ဒသမ ၃ သန်းကို ဝန်ဆောင်မှုပေးခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး အသေးစားငွေချေး လုပ်ငန်း ကို ပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့ရသည်မှာ လွယ်ကူသည် မဟုတ်ကြောင်း၊ ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီက ခွင့်ပြုချက်အတွက် အဖိုးအခ အနေ ဖြင့် အဖွဲ့အစည်း၏ အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်တွင် အစိုးရ လက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ အမေရိကန် ပိတ်ဆို့ အရေး ယူမှု ဥပ‌ဒေကို ချိုးဖောက်မှုဖြစ်လာနိုင်သည့်အချက် အပါအဝင် အကြောင်း အရင်းများစွာကြောင့် လိုက်နာရန် မဖြစ်နိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ထုတ်ပြန်သည်။", "စစ်ကောင်စီက PGMFကို ဖောက်သည်များထံ ချေးငွေအသစ် မပေးရန် ပိတ်ပင်ခဲ့ပြီး အဖွဲ့အစည်း၏ အကြီးပိုင်း ခေါင်းဆောင်များ၏ ဗီဇာများကို ပယ်ချခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှုများကို တင်းကျပ်စွာ ထိန်းချုပ် လိုက်ခြင်းကြောင့်လည်း PGMF၏ လုပ်ငန်းလည်ပတ်မှုများကို ထပ်မံ ကန့် သတ်လိုက်သလို ဖြစ်စေကြောင်း၊ ယမန်နှစ်က ပြဋ္ဌာန်းခဲ့သည့် မှတ်ပုံ တင်ခြင်း ဥပဒေ တွင် ရာဇဝတ်မှုပြစ်ဒဏ်များ ချမှတ်ထားပြီး PGMFကဲ့သို့သော အစိုးရ မဟုတ်သော အဖွဲ့အစည်းများအနေဖြင့် အသေးစားချေးငွေများ မပေးရန် ပိတ်ပင်လိုက်ကြောင်း၊ PGMF အဖွဲ့ကို မှတ်ပုံတင်ခွင့် မပြုဘဲ အစိုးရသည် မြန်မာနိုင်ငံမှ ထွက်ခွာလျှင် ထွက်ခွာ သို့မဟုတ် တရားမဝင် လည်ပတ်ရန် ဖိအားပေးလျက် ရှိကြောင်း သိရှိရသည်။", "PGMFသည် မြန်မာနိုင်ငံမှ ရွာပေါင်း ၁၅၀၀၀ နီးပါးနှင့် ဖောက်သည်ပေါင်း ၂ ဒသမ ၃ သန်းအတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့ပြီး ၉၉ ရာခိုင်နှုန်း သည် အမျိုးသမီးများ ဖြစ်ကြောင်း၊ အသေးစားချေးငွေကို မြန်မာနိုင်ငံရှိ အိမ် ထောင်စု ၁၀စုလျှင် ၁စုနှုန်း ထံ လက်လှမ်းမီစေခဲ့ကြောင်း ၊ မြန်မာနိုင်ငံရှိ အသေးစားငွေချေး လုပ်ငန်းကို တည်ဆောက်ရာတွင် အရေးပါပြီး အမျိုးသမီး ဖောက်သည်များ များပြားမှုသည် ကျားမတန်းတူညီမျှမှုနှင့် နိုင်ငံတွင်း ဆင်းရဲမှု လျှော့ချရေးတို့တွင် အထောက်အပံ့ဖြစ်စေခဲ့ကြောင်း အဆိုပါအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2023/06/109282/
အမေရိကန်ဒေါ်လာ အဝယ်ထိုးတက်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် စျေးဖြစ် ပေါ်၊ တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်အထိ စျေးမြင့်တက်ပြီး ရွှေစျေး ၃၂ သိန်း ဝန်း ကျင်ဖြစ်နေ
["အမေရိကန်ဒေါ်လာ အဝယ်ထိုးတက်နေပြီး ကြိုက်ရောင်းကြိုက်ဝယ် စျေးဖြစ် ပေါ်၊ တစ်ဒေါ်လာ ၃၃၀၀ ဝန်းကျင်အထိ စျေးမြင့်တက်ပြီး ရွှေစျေး ၃၂ သိန်း ဝန်း ကျင်ဖြစ်နေ", "ဗဟိုဘဏ်နှင့်ပုဂ္ဂလိကဘဏ်များအကြား ငွေလဲနှုန်းတစ်မျိုး၊ ပြင်ပစျေး ကွက် ငွေလဲနှုန်းတစ်ဖုံ စျေးနှစ်မျိုးဖြစ်ပေါ်နေ", "ရန်ကုန်၊ ဇွန် ၂၃", "ပြည်တွင်းစျေးကွက်တွင် အမေရိကန်ဒေါ်လာ ဝယ်လိုအားထိုးတက်နေပြီး ကြိုက် ရောင်းကြိုက်ဝယ်စျေးကွက်ဖြစ်ပေါ်နေကာ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၃၀၀ ကျပ် ဝန်းကျင်ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့အခြေစိုက် ငွေလဲလှယ်ရေး အရောင်းအဝယ်သမားများထံမှ သိရှိရသည်။", "“အခု ပုဂ္ဂလိက ငွေလဲစင်တာ၊ကောင်တာတွေမှာလည်း ဒေါ်လာ ဝယ်မရဘူး။ အခုလာဝယ်နေတာက ပြင်ပက ကျောင်းလခ သွင်းမယ့်သူ နိုင်ငံခြားသွားဖို့ ငွေဆောင်မယ့်သူ၊ ကိုယ့်ဟာကိုယ် ဒေါ်လာကို ဝယ်စုချင်တဲ့သူ အဲဒီလိုဝယ်လို အားတွေ အတော်ကိုတက်နေတယ်။ မြန်မာငွေကို ကိုင်ထားတဲ့သူတွေလည်း ဒေါ်လာပြောင်းကိုင်ဖို့ လုပ်ကြတယ်။ ငွေလဲလှယ်နှုန်းက နှစ်မျိုးဖြစ်နေတယ်။ တစ်မျိုးက ဘဏ်တွေနဲ့ ဗဟိုဘဏ်က သူ့ဟာသူ အရောင်းအဝယ်လုပ်တဲ့ စျေးနှုန်း။ နောက်တစ်ခုက အပြင်စျေးကွက်မှာ အရောင်း အဝယ်လုပ်တဲ့စျေး။ အပြင်စျေးကွက်က အခု တစ်ဒေါ်လာ ၃၃၀၀ အထိ စျေးပေးဝယ်တယ်။ အဲဒါ တောင် ပစ္စည်း ပြတ် နေလို့ မရဘူး။ အပြင်မှာ‌ စျေးတက်နေတာ” ဟု ရန်ကုန် မြို့၏ လက်ကြီးငွေလဲဒိုင်က ပြောသည်။", "ရွှေစျေးမှာမူ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၂ သိန်း ဝန်းကျင်တွင် ပတ် ချာလည်နေပြီး အရောင်းအဝယ် မရှိကြောင်း၊ ရောင်းသူ နည်းပါးပြီး ဝယ်သူ သာလျှင် များပြားနေကြောင်း၊ ရွှေစျေးနှင့်ဒေါ်လာ စျေးအတက်တွင် ရွှေကုန် သည်များ ဖမ်းဆီးခံရမည်စိုးရိမ်၍ အလုပ်လုပ်မဘဲ ရှောင်တိမ်း နေကြကြောင်း သိရှိရသည်။", "“၀ိုင်းထဲလည်း မသွားကြဘူး။ ရွှေကုန်သည်တွေ။ ရှေ့မှာ ဖမ်းထားတာ ပူပူ နွေးနွေးမှာ အခုလည်း ထပ်ဖမ်းခံရမှာစိုးလို့ မသွားကြဘူး။ ဖုန်းနဲ့ပဲ စျေးတောက်၊ မေးတာ မြန်းတာပဲရှိတယ်။ ထုတ်လည်းမရောင်းကြဘူး။ မိုးတွင်းဖြစ်တော့ ရွှေထည် ပစ္စည်းပြတ်နေတာ ရယ်၊ စျေးကွက်ဝယ်လိုအားကများပြီး ရောင်းလို အားမရှိတာကြောင့် စျေးကွက်မှာ ပစ္စည်းမရှိဘူး။ အဝယ်များတယ်” ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ် MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ ကြောင်း ကြေညာပြီးနောက် အမေရိကန်ဒေါ်လာ အဝယ်အရောင်း စျေးကွက် တစ်ခုလုံးကို ဗဟိုဘဏ်ကသာ ဆုံးဖြတ် လုပ်ကိုင်မည်ဟု ကြေညာကာ တရားဝင် စျေးကွက်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/165118/
အမေရိကန်ဒေါ်လာစျေးနှုန်း အလွန်မြင့်တက်ချိန် ဟွန်ဒီငွေလွှဲလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ခုကို ပိတ်ပင်ဟု စစ်ကောင်စီဗဟိုဘဏ်ပြော
["အမေရိကန်ဒေါ်လာစျေးနှုန်း အလွန်မြင့်တက်ချိန် ဟွန်ဒီငွေလွှဲလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ခုကို ပိတ်ပင်ဟု စစ်ကောင်စီဗဟိုဘဏ်ပြော", "အဖမ်းအဆီးသတင်းများကြောင့် မြန်မာကျပ်ငွေစျေး အနည်းငယ်ပြန်တက်", "ရန်ကုန်၊ မေ ၃၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာစျေးနှုန်းများ အလွန်မြင့်တက်ချိန် ဟွန်ဒီငွေလွှဲလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ကို ပိတ်ပင်လိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။", "USDT အပါအဝင် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုတို့အား ပိတ်သိမ်းလိုက်ကြောင်း၊ ထို့ပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့်ပါ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။", "လက်ရှိတွင် အဖမ်းအဆီးသတင်းများကြောင့် အမေရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းထားတွင် မြန်မာကျပ်ငွေတန်ဖိုး အနည်းငယ်ပြန်တက်လာကြောင်း၊ သို့ရာတွင် အရောင်းအဝယ်မှာ နည်းပါးပြီး ဒေါ်လာဝယ်ရောင်း အများစု တိမ်းရှောင်နေကြကာ လုပ်ငန်း ရပ်ဆိုင်းထားကြောင်း သိရှိရသည်။", "“ဒီနေ့ မွန်းတည့်ပိုင်းမှာ အမြင့်ဆုံး စျေးတက်ခဲ့တယ်။ တစ်ဒေါ်လာ ၄၉၁၀ ကျော်လောက်အထိ တက်တယ်။ ၅၀၀၀ ဆိုတာက ဒေါ်လာ အရွက်လိုချင်တဲ့လူက စျေးပိုပေးဝယ်ရတာ။ ပေါက်စျေးတော့မဟုတ်ဘူး။ အခုတော့ ကျပ်စျေး ပြန်တက်လာတယ်။ အဖမ်းအဆီးသတင်းတွေလည်း အတော်ထွက်နေတယ်” ဟု ရန်ကုန်မှ နိုင်ငံခြားလက်ကြီးငွေလဲဒိုင်က ပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်ရှိ စစ်ကောင်စီ၏ ဗဟိုဘဏ်။", "Photo- Reuters။"]
https://yktnews.com/2024/12/193982/
အမေရိကန်နိုင်ငံ Boston မြို့ တွင် NUG ဝန်ကြီး ဒေါက်တာဆာဆာ တွေ့ဆုံပွဲနှင့် ‘ဖြတ်’ ရုပ်ရှင်ဇာတ်ကား ပြသပွဲ ပြုလုပ်
["အမေရိကန်နိုင်ငံ Boston မြို့ တွင် NUG ဝန်ကြီး ဒေါက်တာဆာဆာ တွေ့ဆုံပွဲနှင့် ‘ဖြတ်’ ရုပ်ရှင်ဇာတ်ကား ပြသပွဲ ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်၊ Boston မြို့ တွင် မြန်မာ မိသားစုများနှင့် NUG အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက် တာဆာဆာ တွေဆုံပွဲ နှင့် ‘ဖြတ်’ရုပ်ရှင်ဇာတ်ကား ပြသပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါပွဲ ၂ ခုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာဆာဆာ က လက်ရှိ တော်လှန်ရေးအခြေအနေများကို ရှင်းလင်းပြောကြားသွားကာ တက်ရောက်လာသော ပရိသတ်များ၏ သိလိုသောမေးခွန်းများကို ဖြေ ကြား ပေးခဲ့သည်။", "ထို့နောက် တော်လှန်ရေး အနုပညာရှင် မင်းမော်ကွန်း ဦးဆောင်ပါဝင်ပြီး ဒါရိုက်တာ စောအေးထူး စီစဉ်တင်ဆက်သည့် ” ဖြတ် ” ရုပ်ရှင်ဇာတ်ကားနှင့်ပတ်သက်သော အမှတ်တရပစ္စည်း ရောင်းချခြင်း၊ လေလံတင်ခြင်းများအပြင် မြန်မာအစားစားများလည်း ရောင်းချခဲ့ကာ ရရှိသော ရန်ပုံငွေ အားလုံးကို တော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/177205/
အမေရိကန်နိုင်ငံတွင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားနှင့် Burma Day အလံတင် အခမ်းအနားပြုလုပ်
["အမေရိကန်နိုင်ငံတွင် ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်မြောက် အခမ်းအနားနှင့် Burma Day အလံတင် အခမ်းအနားပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၄", "အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ ဘာကလေမြို့တွင် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် Burma Day အလံတင်ပွဲ အခမ်းအနားကို ဒီမိုကရေစီအင်အားစုများနှင့်အတူ ကျောင်းသားမျိုးဆက်များ၊ ဗကသ(ဆန်ဖရန်စစ္စကို)တို့က စုပေါင်းကျင်းပခဲ့ခြင်း သိရသည်။", "Burma Day နေ့အဖြင့် ခွပ်ဒေါင်းအလံတော်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံတော်တို့ကို အမေရိကန်အလံတော်နှင့်အတူ တွဲတင်ခဲ့ပြီး အခမ်းအနားကို ကျောင်းသားကျောင်းသူများ၊ မျိုးဆက်သစ်လူငယ်များ၊ ၈၈၈၈ အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ထောက်ပို့ပြည်သူများ တက်ရောက်ခဲ့ကြကာ သမိုင်းအဆက်ဆက် ကျဆုံးသွားသော အာဇာနည်အပေါင်းအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119941/
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်
["အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၂၇", "အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ စက်ကရက်မက်တိုမြို့၌ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။", "အဆိုပါ အခမ်းအနားကို “သွေးစည်းညီညွတ်သော ဖယ်ဒရယ်ပြည်ထောင်စုသစ်ဆီသို့” ခေါင်းစဉ်ဖြင့် Free Burma Action Committee- Sacramento နှင့် တိုင်းရင်းသားမိသားစုများ ပူးပေါင်းကာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတရုပ်ရှင်အက နှင့် စျေးရောင်းပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။", "အခမ်းအနား ပထမပိုင်းတွင် တိုင်းရင်းသား မိသားစုများက ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အထောက်အကူ ဖြစ်စေမည့် တိုင်းရင်းသားရိုးရာ အကများ၊ သီချင်းများ ၊ တေးသရုပ်ဖော်များ နှင့် နှုတ်ခွန်းဆက်စကားများကို မိမိတို့တိုင်းရင်းသားဘာသာစကားများဖြင့် ​ဖျော်ဖြေပေးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နိုင်ငံတကာတွင် ဆုများစွာ ရရှိထားသော ဒါရိုက်တာ လင်းလင်း ရိုက်ကူးသည့် The Way ဂီတရုပ်ရှင်ကို နိုင်ငံတကာသို့ လှည့်လည်ပြသမည့် ပထမဆုံးအစီအစဉ်အဖြစ် ပရိသတ်များကို စတင်မိတ်ဆက် ပြသခဲ့ပြီး၊ The Way ရုပ်ရှင်တွင် ပါဝင်သော အနုပညာရှင်များနှင့် ပရိသတ်တို့ ကို zoom meeting ဖြင့် ရင်းရင်းနှီးနှီးနှုတ်ဆက် ပြောဆိုကြကာ ဂီတရုပ်ရှင်နှင့်ပတ်သက်သော ပစ္စည်းများကို လေလံတင် ရောင်းချကာ ရရှိသော အလှူငွေများကို မြန်မာပြည်သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ယင်းဂီတ ရုပ်ရှင် အက စျေးရောင်းပွဲတော်သို့ မြောက်ပိုင်းကယ်လီဖိုးနီးယားတွင်နေထိုင်သော မြန်မာပြည်ဖွား တိုင်းရင်းသား ၃၀၀ ကျော် ပါဝင်ဆင်နွဲကြကြောင်း သိရသည်။"]
https://yktnews.com/2023/06/106047/
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် ရောင်နီလာရာလမ်း ရုပ်ရှင်ပြသ
["အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် ရောင်နီလာရာလမ်း ရုပ်ရှင်ပြသ", "ရန်ကုန်၊ ဇွန် ၄", "အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ဇွန်လ ၃ ရက်နေ့က ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီလာရာလမ်း ရုပ်ရှင် ပြသခဲ့ကြောင်း သိရသည်။", "ထို့ပြင် စျေးရောင်းပွဲကိုလည်း ပြုလုပ်ခဲ့ပြီး ဒါရိုက်တာ ကိုပေါက်၏ အနုပညာ ပန်းချီကား တစ်ချပ်ကိုလည်း လေလံတင် ရောင်းချခဲ့ကြောင်း၊ ရုပ်ရှင်ပွဲသို့ ထောက်ပို့ပရိတ်သတ် ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး စုစုပေါင်း ခန့်မှန်းခြေ ဒေါ်လာ ၁၅၀၀၀ ရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88469/
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ချင်းအမျိုးသားနေ့ အခမ်းအနားပြုလုပ်
["အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ချင်းအမျိုးသားနေ့ အခမ်းအနားပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ချင်းလူမျိုးများ၊ တိုင်းရင်းသား ပေါင်းစုံတို့နှင့် ရပ်ဝေးမှ ဧည့်သည်တော်များ ပူးပေါင်းကာ ချင်းအမျိုးသားနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အခမ်းအနားကို မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ တက်ရောက်ခဲ့ကြပြီး မြန်မာ အစားအစာမျိုးစုံနှင့် ရိုးရာဝတ်စုံ၊ လက်ဆောင်ပစ္စည်းများလည်း ရောင်းချခဲ့ကြသည်၊ ပွဲအစီအစဉ်တွင် ခေတ်အဆက်ဆက် မြန်မာ့ဒီမိုကရေစီအရေး၌ တက်ကြွစွာပါဝင်ခဲ့သူများ၊ ကျဆုံးသွားကြသော အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်းအစီအစဉ်များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် အခမ်းအနားတွင် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို Pu Bawi Cung မှ ပြောကြားခဲ့ပြီး NUG ၏ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထိန်လင်းအောင်မှလည်း မိန့်ခွန်းပြောကြးခဲ့ကာ Maryland State Delegate တစ်ဦးဖြစ်သော Chao Wu နင့် Maryland State Senator Clarence Lam တို့ ကလည်း မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ အစီအစဉ်တွင် ချင်းတိုင်းရင်းသားအက မျိုးစုံ model၊ ချင်းရိုးရာ fashion show ချင်းရိုးရာသီချင်းမျိုးစုံ၊ ခေတ်ပေါ်တေးဂီတ တို့ဖြင့် ဖျော်ဖြေခဲ့ပြီး မြန်မာပြည်နှင့် ချင်းပြည်နယ် လွတ်မြောက်ရန်အတွက် Rev. Dr. Cin Za Mang ဦးဆောင်ကာ ခရစ်ယာန်ဓမ္မဆရာများနှင့် လူထုအားလုံးက ဆုတောင်းတဲ့ အစီအစဉ်ကိုလည်း ထည့်သွင်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179431/
အမေရိကန်နှင့်ဥရောပက စီးပွားရေးပိတ်ဆို့ထားသဖြင့် မြန်မာနိုင်ငံထုတ် အထည်များ အပါအဝင် ကုန်ပစ္စည်းများကို Made in Thailand တံဆိပ်များ လိမ်လည် ရိုက်နှိပ်ပြီး တင်ပို့နေရဟု UMFCCI ပြောဆို
["အမေရိကန်နှင့်ဥရောပက စီးပွားရေးပိတ်ဆို့ထားသဖြင့် မြန်မာနိုင်ငံထုတ် အထည်များ အပါအဝင် ကုန်ပစ္စည်းများကို Made in Thailand တံဆိပ်များ လိမ်လည် ရိုက်နှိပ်ပြီး တင်ပို့နေရဟု UMFCCI ပြောဆို", "ရန်ကုန်၊ ဩဂုတ် ၁၈", "အမေရိကန်ပြည်ထောင်စုနှင့်ဥရောပက စီးပွားရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံထုတ် အထည်များ အပါအဝင် ကုန်ထုတ်ပစ္စည်းများကို Made in Thailand တံဆိပ်များ လိမ်လည် ရိုက်နှိပ်ပြီး တင်ပို့နေရဟု UMFCCI ပြောဆိုလိုက်သည်။", "UMFCCI ၏ ဇွန်လ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရုံးတွင်း ကန့်သတ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် UMFCCI ၏ ဗဟိုအလုပ်အမှုဆောင် ဦးအောင်မင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "Made in Myanmar ပစ္စည်းများကို စီးပွားရေးပိတ်ဆို့မှုကြောင့် အမေရိကန်နှင့် ဥရောပက လက်မခံသဖြင့် Made in Thailand ဟု တံဆိပ်လိမ်လည်ရိုက်နှိပ်ကာ ထိုင်းနိုင်ငံဘက်မှတစ်ဆင့် တင်ပို့နေရကြောင်း သိရှိရသည်။", "“အဓိကတော့ အထည်ချုပ်တွေပေါ့။ အထည်ချုပ်တွေလည်းပါတယ်၊ အခြားဒီမှာထုတ်တဲ့ပစ္စည်းတွေလည်းပါတယ်။ မြန်မာ့ထုတ်ကုန်တွေလည်းပါတယ်ပေါ့။ Made in Myanmar လို့ တပ်ထားရင် ဂျပန်နဲ့ တရုတ်နိုင်ငံကတော့ လက်ခံတယ်။ ဒါပေမယ့် ဥရောပနဲ့ အမေရိကန်က လက်မခံဘူး။ အဲဒါကြောင့်မို့လို့ Made in Myanmar တွေကို Made in Thailand ဆိုပြီး တံဆိပ်တပ်လိုက်တယ်။ ပြီးတော့ ထိုင်းထဲကို ပို့လိုက်တယ်။ အဲဒီထိုင်းထဲကမှ တစ်ဆင့် နောက်ဆုံးတင်ပို့မယ့် ဥရောပနဲ့ အမေရိကကို ပို့တယ်” ဟု UMFCCI သတင်းရင်းမြစ်က ဆိုသည်။", "လက်ရှိတွင် Made in Thailand တံဆိပ်လိမ်လည်ရိုက်နှိပ်ထားသော မြန်မာပြည်မှ ထုတ်ကုန်များကို နယ်စပ်လမ်းကြောင်းများ ပိတ်ဆို့နေသဖြင့် ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ရနောင်းသို့လည်းကောင်း၊ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ လည်းကောင်း တင်ပို့ခြင်းဖြင့် အမေရိကန်နှင့်ဥရောပစျေးကွက်များသို့ ပို့ဆောင်နေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မြန်မာနိုင်ငံမှ အထည်ချုပ်အလုပ်သမားတစ်ဦး။"]
https://yktnews.com/2024/06/169515/
အမေရိကန်ပြည်ထောင်စု Houston , Austin နှင့် Dallas မြို့များရှိမြန်မာပြည်ဖွားများနှင့် ဒေါက်တာမီမီဝင်းဘတ်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး
["အမေရိကန်ပြည်ထောင်စု Houston , Austin နှင့် Dallas မြို့များရှိမြန်မာပြည်ဖွားများနှင့် ဒေါက်တာမီမီဝင်းဘတ်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး", "ရန်ကုန်၊ ဇွန် ၂၂", "အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ရှိ Houston , Austin နှင့် Dallas မြို့များရှိမြန်မာနိုင်ငံသားများနှင့် ဒေါက်တာမီမီဝင်းဘတ်တွေ့ဆုံပြီး မြန်မာ့အရေးကို ပိုမိုတက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106165/
အမေရိကန်ပြည်ထောင်စုတွင် တော်လှန်ရေး ရုပ်ရှင်ဇတ်ကား ၂ ခု ပြသ ရန်ပုံငွေရှာပြီး မြေပြင် တပ်ဖွဲ့များထံသို့ ပေးပို့မည်
["အမေရိကန်ပြည်ထောင်စုတွင် တော်လှန်ရေး ရုပ်ရှင်ဇတ်ကား ၂ ခု ပြသ ရန်ပုံငွေရှာပြီး မြေပြင် တပ်ဖွဲ့များထံသို့ ပေးပို့မည်", "ရန်ကုန်၊ ဇွန် ၅", "အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ဒါရိုက်တာ ဏကြီး ရိုက်ကူးတင်ဆက်ပြီး အကယ်ဒမီ ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသု့ ပါဝင်သရုပ်ဆောင်သော “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နှင့် ဒါရိုက်တာ ဂိဒေါင်နိုင် Gideon Naing ရိုက်ကူး တင်ဆက်တဲ့ “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်လမ်းတို နှစ်ကားကို Helping Hands for Burma အဖွဲ့က ဦးစီး၍ ပွဲစဉ် ၅ ပွဲ ကို ပြသသည်။", "အဆိုပါ ရုပ်ရှင်ပြသမှုတွင် အမှတ်တရ တီရှပ်၊ ဦးထုပ် နှင့် အိတ် များကို လေလံတင်ရောင်းချ ပြီး ရရှိသော အလှူငွေများကို မြေပြင်ရှိလိုအပ်သောနေရာများကို လှူတန်းသွားမည်ဖြစ်ကြောင်း၊ ရန်ပုံငွေရှာပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့်တကွ မြန်မာပြည်ဖွားတိုင်းရင်းသား ညီအကိုမောင်နှမ ၃၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/115074/
အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် စစ်ကောင်စီဘက်တော်သား သဘာ၀ရိပ်သာဘုန်းကြီးကို အမေရိကန်ရောက် မြန်မာများက ဆန္ဒပြ နှင်ထုတ်
["အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် စစ်ကောင်စီဘက်တော်သား သဘာ၀ရိပ်သာဘုန်းကြီးကို အမေရိကန်ရောက် မြန်မာများက ဆန္ဒပြ နှင်ထုတ်", "ရန်ကုန်၊ ဇူလိုင် ၂၇", "အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် စစ်ကောင်စီဘက်တော်သား သဘာ၀ရိပ်သာဘုန်းကြီးကို အမေရိကန် မြန်မာရောက် မြန်မာများက ဆန္ဒပြ နှင်ထုတ်နေကြကြောင်း အခင်းဖြစ်ပွားသည့် နေရာမှ မြန်မာ San Lin ၏ လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်မှုအရ သိရှိရသည်။", "အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ရဗေးဧရိယာ သို့ လာရောက်သည့် သဘာ၀ တရားရိပ်သာ ဘုန်းကြီးကို အမေရိကန်ရောက် မြန်မာများက သင်္ကန်းခြုံ စစ်မိစ္ဆာ ဘုန်းကြီး Get Out ဟူ၍လည်းကောင်း၊ အိုးခွက်များတီး၍ လည်းကောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပြီး သဘာ၀ တရားရိပ်သာ ဘုန်းကြီးသည် ကားထဲတွင် ၁ နာရီခွဲနီးပါး အပြင်သို့ မထွက်နိုင်ကြောင်း၊ ကားအတွင်းမှ ပြင်ပသို့ ဖုန်းဖြင့် ဆက်သွယ်၍ စကားပြောကြရာတွင် အကြမ်း ဖက် မင်းအောင်လှိုင်ကျူးလွန်သော ပြစ်မှုများအပေါ် မှတ်ချက်မပေးဘဲ နေသဖြင့် ဆန္ဒပြသူများက အမေရိကန်မှ ထွက်သွားရန် ဆန္ဒပြကြကြောင်း၊ အမေရိကန်ရဲကား ၂ စီးလာရောက်ခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကို အားပေး ထောက်ခံပြီး ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။", "“ဒီဘုန်းကြီးနဲ့ပတ်သက်တဲ့သူတွေကို Social Punishment လုပ်ရမယ်။ လူမှုအသိုင်းအဝိုင်း အပြင်ဘက်မှာ နေရမယ်” ဟု ဆန္ဒပြ မြန်မာတစ်ဦးက ပြောဆိုနေသည်။", "သဘာ၀တရားရိပ်သာဘုန်းကြီးသည် စစ်ဗိုလ်ချုပ်များနှင့်တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ အနားယူရန် NLD နာယက ဦးတင်ဦးကို သွားရောက် ပြောဆိုခဲ့သည့်အတွက် အကြီးအကျယ် ဝေဖန်မှုများ ခံခဲ့ရသူလည်း ဖြစ်သည်။", "ဓာတ်ပုံ- သဘာ၀ရိပ်သာဘုန်းကြီး လိုက်ပါသည့် ကားရပ်နားထားပြီး ကားထဲမှ မထွက်နိုင်ဘဲဖြစ်နေစဉ်။"]
https://yktnews.com/2024/12/195680/
အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်တွင် တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ NUG ဝန်ကြီးများနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်
["အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်တွင် တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ NUG ဝန်ကြီးများနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်၊ Philadelphia မြို့ တွင် ပြုလုပ်သော တော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးများနှင့်သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ် Philadelphia မြို့တော်လှန်ရေးရံပုံငွေဈေးရောင်းပွဲတော်သို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ဒေါက်တာဆာဆာ၊ ဦးထင်လင်းအောင်၊ ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်"]
https://yktnews.com/2024/06/169641/
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ခရမ်မဲန်တိုတွင် ရန်ပုံငွေ စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးပွဲတော် ပြုလုပ်
["အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ခရမ်မဲန်တိုတွင် ရန်ပုံငွေ စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးပွဲတော် ပြုလုပ်", "ရန်ကုန်၊ ဇွန် ၂၃", "အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၏ မြို့တော် ဆန်ခရမ်မဲန်တိုတွင် “မြန်မာပြည် ထောက်ပံ့ကူညီရေး နှစ်သစ်ကူးရန်ပုံငွေ စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေရေးပွဲတော်” ကို Free Burma Action Committee – Sacramento နှင့် ဆန်ခရမ်မဲန်တိုမှ တိုင်းရင်းသားမိသားစုများမှ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရှိရသည်", "အဆိုပါ ရန်ပုံငွေပွဲတွင် တိုင်းရင်းသားမိသားစုများ၏ ရိုးရာယဉ်ကျေးမှု့ အကများဖြင့် တင်ဆက်ကပြခဲ့ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ ပြည့်မွေးနေ့ကိုလည်း တက်ရောက်လာသော ထောက်ပို့ပြည်သူများက ဝိုင်းဝန်းပြုလုပ်ခဲ့ကြောင်း၊ ပွဲမှ ရရှိလာသော အလှူငွေများကိုလည်း မြေပြင်သို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/163758/
အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲတွင် စစ်ဘေးရှောင်ပြည်သူ တစ်ဦး လှူဒါန်းထားသော လက်စွပ် အမေရိကန် ၅၄၀၀ ဖြင့် လေလံအောင်
["အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲတွင် စစ်ဘေးရှောင်ပြည်သူ တစ်ဦး လှူဒါန်းထားသော လက်စွပ် အမေရိကန် ၅၄၀၀ ဖြင့် လေလံအောင်", "ရန်ကုန်၊ မေ ၂၁", "အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲတွင် စစ်ဘေးရှောင်ပြည်သူ တစ်ဦး လှူဒါန်းထားသော လက်စွပ် အမေရိကန် ၅၄၀၀ ဖြင့် လေလံအောင်မြင်သွားကြောင်း သိရှိရသည်။", "မေလ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မြို့တွင် “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” တော်လှန်ရေး ရုပ်ရှင်ပြပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ ရုပ်ရှင်ပြသချင်း အပါအဝင် တော်လှန်ရေးအမှတ်တရ ပစ္စည်း တချို့ကို လေလံဆွဲချင်းများလည်း ပြုလုပ်ခဲ့ကြောင်း၊ အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် Artists’ Shelter မှ Merchandise ပစ္စည်းများဖြစ်သည့် ရေဘူးကို အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြင့်လည်းကောင်း၊ Hoodie အနွေးထည်ကို အမေရိကန်ဒေါ်လာ ၁၂၀၀ ဖြင့် လေလံဆွဲလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။", "ထို့ပြင် ယင်းမာပင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူတဦးလှူဒါန်းထားသည့် လက်စွပ်မောင်းကွင်းတခုကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ ဖြင့် စတင်ကာ လေလံဆွဲခဲ့ကြောင်း၊ အဆိုပါ လက်စွပ်သည် နောက်ဆုံးတွင် အမေရိကန်ဒေါ်လာ ၅၄၀၀ ဖြင့် လေလံဆွဲလှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။", "” ဟုတ်ပါတယ်။ လက်စွပ်တကွင်းကို အမေရိကန်ဒေါ်လာ ၅၄၀၀ နဲ့လေလံဆွဲသွားတာပါ။ မြန်မာငွေအခုပေါက်စျေးနဲ့ဆို ကျပ်သိန်း (၂၀၀) ကျော်ပေါ့။ ဒီလက်စွပ်ရဲ့ ကာလပေါက်စျေးကတော့ အများကြီးမရှိပါဘူး။ လေလံအောင်မြင်တဲ့သူကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အမှတ် ၅၄ ကိုရည်ရွယ်ပြီး ဒေါ်လာ ၅၄၀၀ နဲ့ ဝယ်ယူသွားတာပါ။ တကယ်ကို လေးစား အားရ ရပါတယ်” ဟု Artists’ Shelter မှ တာဝန်ရှိသူမှပြောသည်။", "“သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲများကို နိုင်ငံတကာတွင် ရန်ပုံငွေပွဲများအဖြစ် Artists’ Shelter က စီစဉ် ပြုလုပ်လျက်ရှိပြီး ဂျပန်၊နယ်သာလန်၊ကိုးရီးယားနှင့် အမေရိကန်နိုင်ငံရှိမြို့အချို့တွင် ပြသရန်ကျန်ရှိနေသေးကြောင်း သိရသည်"]
https://yktnews.com/2023/10/125615/
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသ၊ ပြည်သူ ၄၀၀ ကျော် တက်ရောက်
["အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသ၊ ပြည်သူ ၄၀၀ ကျော် တက်ရောက်", "ရန်ကုန်၊ အောက်တိုဘာ ၈", "အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် နွေဦးတော်လှန်ရေး ရုပ်ရှင် The Way ဇတ်ကား ပြသပြီး ပြည်သူ ၄၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။", "အဆိုတော်ဒါရိုက်တာ ကိုလင်းလင်း ရိုက်ကူးထားသော THE WAY ရုပ်ရှင်ဇတ် ကားကို Helping Hands for Burma (H2B) အဖွဲ့ က ဦးစီးပြီး နယူးယောက် မြို့ လယ်ခေါင် Manhattan ရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့ စနေနေ့ ၁ နာရီ နဲ့ ၃ နာရီ ပွဲစဉ် ၂ ကြိမ်ခွဲပြီး ပြသသွားကြောင်း၊ Tha Way အမှတ်တရ ပစ္စည်းများ (t-shirt, toe bag, ရုပ်ရှင်သီချင်းပါသော USB stick, နဲ့ key chain) ရောင်းချနိုင်ခဲ့ပြီး မြန်မာပြည်ဖွားတိုင်းရင်းသားညီအကိုမောင်နှမ ၄၀၀ ကျော် ရုံပြည့်ရုံလျှံ ကြည့်ရှု့အားပေးကြကြောင်း၊ မြန်မာအစားအစာများကိုလည်း ရောင်းချခဲ့ကြောင်း သိရှိရသည်။", "ရုပ်ရှင်ပြပွဲ အခမ်းအနားသို့ ဒါရိုက်တာလင်းလင်း၊ ရုပ်ရှင် သရုပ်ဆောင် ချစ်သုဝေ၊ The Way သရုပ်ဆောင်များ ဖြစ်ကြသော ရဲဟိန်း၊ Daniel Saw၊ Daniel Aung၊ မြတ်မင်းခန့်၊ Russel Htet၊ မြတ်နိုးအေး တို့က zoom မှတဆင့် ပရိတ်သတ် များနှင့် တရင်းတနှီး စကားပြောကြားခဲ့ကြောင်း၊ The Way အမှတ်တရ ပစ္စည်းများကို လေလံရောင်းချနိုင်ခဲ့ကြောင်း၊ ရရှိသော ရန်ပုံငွေ အားလုံးကို မြန်မာပြည်​၏ လိုအပ်သော နေရာများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/100059/
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ထောက်ပို့တော်လှန် သင်္ကြန် ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပပြီး ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိ
["အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ထောက်ပို့တော်လှန် သင်္ကြန် ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပပြီး ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိ", "ရန်ကုန်၊ ဧပြီ ၃၀", "အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ယနေ့ ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည် ။", "အဆိုပါပွဲတွင် NYCBC အဖွဲ့၏အထူးအစီအစဉ်အဖြစ် တော်လှန်သင်္ကြန် သံချပ် ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာပြည်မှ ပန်းချီအနုပညာရှင် ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီရေဆေးကားနှင့် အဆိုတော် ကျော်သီဟ ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည် ခဲခြစ်ပုံတူပန်းချီ တို့ကိုရန်ပုံငွေအဖြစ် လေလံတင်ရောင်းချခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် We must win ticket ကံစမ်းမဲဖွင့်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး သရုပ်ဆောင်အနုပညာရှင် ဒေါင်း ကိုယ်တိုင် ရေးဆွဲထားသော ပန်ချီလက်ရာ ပါသော ချည်ထည်အိတ် Collection များကိုလေလံတင်ရောင်းချခဲ့ကြသည်။", "အဆိုပါဈေး​ရောင်းပွဲတော်သို့ အမေရိကန်ရောက် မြန်မာတိုင်းရင်းသား တက် ရောက် အားပေးခဲ့ကြပြီး မြန်မာ့လက်ဆောင်အမျိုးမျိုးနှင့် မြန်မာ အစား အစာ စုံလင်စွာရောင်းချခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86786/
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ အထိ ရောက်ရှိပြီ
["အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် – ၄ အထိ ရောက်ရှိပြီ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူး ပေါင်း သင်တန်းပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင် ရေးသင်တန်း အပတ်စဥ် – ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“အပတ်စဉ် ၁ ကနေပြီးတော့ အပတ်စဉ် ၄ အထိ အမေရိကန် မရိန်းတပ်ဖွဲ့က သင်တန်းဆရာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU သင်တန်းဆရာတွေ ပူး ပေါင်းပြီး အထူးစစ်ဆင်ရေး သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်” ဟု တောင် ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် – ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊ တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F တာဝန်ခံ မှသင်တန်းဆင်းမိန့်ခွန်း ပြောကြားခြင်း၊ သစ္စာဓိဌာန်ပြုခြင်း၊ စစ်ရေးပြလှည့်လည်ခြင်းနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုခြင်းအစီအစဥ်များကျင်းပခဲ့ကြောင်း သိရှိရသည်။", "သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးချုပ်နှင့် စစ်တိုင်းတာဝန်ခံများ၊ ဌာနအသီးသီးမှတာဝန်ရှိသူများ၊ နယ်မြေခံ ERO မဟာမိတ်ခေါင်းဆောင်များ၊ အမေရိကန် မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ တက်ရောက်ခဲ့ကြသည်။", "အပတ်စဉ် ၄ သင်တန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယလပတ်မှ ဒီဇင်ဘာလ ဒုတိယလပတ်အထိ (သုံးလ) သင်ကြားပေးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းဆင်းခဲ့ခြင်းဖြစ်သည်။", "သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေမှူန်းရေး၊ အထူးလက်ဖြောင့်၊ စစ်မြေပြင်ဆေးဝါးကုသခြင်း နှင့် မြို့ပြအထူးစစ်ဆင်ရေးအတွက် အဓိကကျသော စစ်ရေးလေ့ကျင့်မှူများကို စာတွေ့လက်တွေ ၊နေ့ရောညပါ သင်ကြားပို့ချခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133395/
အမေရိကန်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် USIP က မြန်မာနိုင်ငံတွင် ပဋိပက္ခ ကြီးထွားလာစေရန် မီးထိုးပေးနေဟု စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းပြော
["အမေရိကန်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် USIP က မြန်မာနိုင်ငံတွင် ပဋိပက္ခ ကြီးထွားလာစေရန် မီးထိုးပေးနေဟု စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းပြော", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "အမေရိကန်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် USIP ခေါ် United State Institute of Peace သည် မြန်မာနိုင်ငံတွင် ပဋိပက္ခ ကြီးထွားလာစေရန် မီးထိုးပေးနေကြောင်း စစ်ကောင်စီ ပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။", "USIPက သုတေသနစာတမ်းများ ထုတ်ဝေနေပြီး ယင်းစာတမ်းများကို မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြောင်း၊ USIP ၏စာတမ်းများ၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို ပိုပြီး ဆိုးရွားသွားအောင် သုံးသပ်တင်ပြ နေခြင်းဖြစ်ကြောင်း ဇော်မင်းထွန်းက ပြောဆိုသည်။", "“အမေရိကန်အစိုးရရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ USIP(United State Institute of Peace ) ဆိုတဲ့ အဖွဲ့အစည်းကနေ သူရဲ့ သုတေသန စာတမ်းတွေကို အမှီပြုပြီးတော့ အနောက်နိုင်ငံမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေတာမျိုး ရှိပါတယ်။ အဓိက အချက်ကတော့ ဒီထဲမှာ ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မလို့ ဒီအခြေအနေတွေကို ပိုပြီး ဆိုးရွားသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ အရေးကြီးတဲ့ သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ ဒီအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုးဖြစ်မှာမဟုတ်ဘူး။ ဓားပြဆန်ဆန်အဖွဲ့အစည်းမျိုးတွေ ဖြစ်မလာနိုင်ဘူး။ တစုတစည်းတည်းရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားအောင် မီးထိုးပေးတဲ့သဘောပဲဖြစ်ပါတယ်” ဟု အကြမ်း ဖက်ဇော်မင်းထွန်းက ပြောဆိုသည်။", "ထိုသို့ USIP က သုတေသနစာတမ်းများ ထုတ်ပြန်နေခြင်းသည် မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင် ဝင်ရောက် စွက်ဖက်နှောင့်ယှက်လာခြင်းဖြစ်ကြောင်း၊ ပို၍ စွက်ဖက်လာမည်ဖြစ်ကြောင်း၊ အတိတ်တွင်လည်း CIA က မြန်မာ့အရေး စွက်ဖက်ခဲ့ကြောင်း ဇော်မင်းထွန်းက ပြောဆိုထားသည်။", "“MNDAA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ သမိုင်းကြောင်းတွေပြောပြီးဖြစ်တယ်။ ဒီအဖွဲ့ရဲ့ မူရင်းအခြေခံ ဇစ်မြစ်ဟာ စီးပွားရေးလုပ်ငန်းဟာ ဘိန်းမှောင်ခိုကူးခြင်းဖြစ်ပါတယ်။ ကိုးကန့်အမျိုးသမီးတစ်ဦးဖြစ်ခဲ့တဲ့ ကမ္ဘာမှာ ဘိန်းဘုရင်မလို့ နာမည်ကျော်ကြားခဲ့တဲ့သူသည် ဘယ်နယ်မြေက ထွက်ခဲ့တာလဲ။ အမေရိကန် CIA ရဲ့ ဘိန်းပံ့ပိုးမှုနဲ့ပတ်သက်ပြီး ဒီကိုးကန့်ဘိန်းဘုရင်မဆိုတဲ့ အမျိုးသမီးကိုယ်တိုင်က ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။", "USIP ၏ သုတေသနဆောင်းပါးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံတွင် “စစ်အုပ်စုကို ဖြုတ်ချပြီး နွေဦးတော်လှန်ရေး အောင်ပွဲဆင်သောအခါ ” ခေါင်းစဉ်ဖြင့် ဆောင်းပါး ဖော်ပြခဲ့ပြီး အဆိုပါဆောင်းပါးကိုhttps://www.facebook.com/khitthitnews/posts/pfbid0UvQoJWuWESgCmch2XC6ACDFnWC1xugv81wCmgDWedsiDq6fGSXZEowVvh9t6dUTJlတွင်ဖတ်ရှုနိုင်ပါသည်။", "ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ အောင်ပွဲဆင်နိုင်ကြောင်း USIP က သုံးသပ်ထားသည့် ဆောင်းပါး။"]
https://yktnews.com/2023/01/84326/
အမေရိကန်အစိုးရက စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ MOGE အရာ ရှိ ၂ ဦး ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ ၊ ရွေးကောက် ပွဲကော် မရှင် တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ
["အမေရိကန်အစိုးရက စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ MOGE အရာ ရှိ ၂ ဦး ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ ၊ ရွေးကောက် ပွဲကော် မရှင် တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "အမေရိကန်အစိုးရက အာဏာသိမ်း စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းMOGE မှ အရာရှိ ၂ ဦး ၊ အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၊ ရွေး ကောက် ပွဲကော်မရှင်တို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေး ယူ ကြောင်း ယနေ့ ထုတ် ပြန် ကြေညာသည်။", "မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE သည် စစ်တပ်အတွက် အဓိ က ဝင်ငွေရှာပေးနေသော လုပ်ငန်းဖြစ်ပြီး အဆိုပါ ဌာန၏ ဦးဆောင် ညွှန်ကြား ရေးမှူး နှင့် ဒုတိယဦးဆောင်ညွှန်ကြားရေးမှူးတို့ကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ အရေးယူကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် MOGE ဌာနကိုမူ အမေရိကန်က အရေးယူမှု မရှိသေးပေ။", "ထို့ပြင် စစ်ကောင်စီအတွက် စွမ်းအင်လုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်ရေး တင်ပို့ ရောင်းချရေးတွင် ဦးစီး ဆောင်ရွက် နေ သော စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦးကိုလည်း ဒဏ်ခတ် ပိတ်ဆို့ အရေးယူ လိုက် ကြောင်း သိရှိရသည်။", "အမေရိကန်အစိုးရအနေဖြင့် စစ်တပ်လက်အောက်ရှိ အမှတ် ၁ သတ္တုတွင်း လုပ်ငန်း၊ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကိုလည်း ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူသည့်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း သိရှိရသည်။", "အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်တပ် အရာရှိများနှင့် စစ်တပ်အရာရှိ ဟောင်း များကို ဆက်လက် ပစ်မှတ်ထားအရေးယူမည်ဖြစ်‌ပြီး ၎င်းတို့သည် အရပ်သားများ သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင် ပတ်သက် သူများဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်သော စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး။"]
https://yktnews.com/2025/03/208471/
အမေရိကန်အစိုးရက ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို လက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်၊ ရာဇဝတ်မှု ကျူးလွန်သော မြန်မာတချို့ကို ပြန်ပို့ခြင်းဖြစ်နိုင်ဟု အမေရိကန်ရောက် မြန်မာများပြော
["အမေရိကန်အစိုးရက ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို လက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်၊ ရာဇဝတ်မှု ကျူးလွန်သော မြန်မာတချို့ကို ပြန်ပို့ခြင်းဖြစ်နိုင်ဟု အမေရိကန်ရောက်မြန်မာများပြော", "ရန်ကုန်၊ မတ် ၂၂", "အမေရိကန်အစိုးရက ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို လက်ခံမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ သတင်းထုတ် ပြန်သည်။", "သမ္မတထရမ့် ဦးဆောင်သော အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်လျက်ရှိရာ အမေရိကန်က ပြည်နှင်လိုက်သော မြန်မာ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီက လက်ခံမည်ဖြစ်ကြောင်း၊ အဆိုပါ ပြည်နှင်ဒဏ်ခံရသူ ၂ ဦးသည် မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့တို့တွင် လေကြောင်းခရီး ဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီ ရောက်ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။", "အမေရိကန်ရောက် မြန်မာအများစုကမူ ရာဇဝတ်မှုများ ကျူးလွန်သော အမေရိကန်ရောက် ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်အစိုးရအဆက်ဆက်က မကြာခဏ ဆိုသလို မူရင်း မိခင်နိုင်ငံများသို့ ပြန်လည် ပို့ဆောင်မှုများ ရှိကြောင်း၊ ယင်းသို့ ပို့ဆောင်ခံရသူများမှာလည်း သက်ဆိုင်ရာ အမေရိကန်တရားရုံးက ပြန်လည်ပို့ဆောင်ရန် အမိန့်ချထားသူများဖြစ်ကြောင်း၊ ပြန်ပို့ခံရသည့် မြန်မာ ၂ ဦးဆိုသည်မှာလည်း ရာဇဝတ်မှုဆိုင်ရာ ပြစ်ချက်ရှိသူများ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။", "“ပြန်ပို့တယ်ဆိုတာက ရာဇဝတ်မှုကျူးလွန်ရင်တော့ ဘယ်လို ရွှေ့ပြောင်း နိုင်ငံသားမဆိုအမေရိကန်က ပြန်ပို့တာက အရင်ကတည်းက ရှိပါတယ်။ အခု သမ္မတ ထရမ့် လက်ထက်မှ မဟုတ်ပါဘူး။ ဥပမာ- Green Card ရထားသူတွေဆိုရင်တောင် ပြစ်မှုကျူးလွန်ရင်တော့ မူရင်းမိခင်နိုင်ငံကို ပြန်ပို့တယ်။ အမေရိကန် နိုင်ငံသားဖြစ်သွားရင်တော့ အဲဒီလို ပြန်မပို့တော့ဘူး။ အခု ပြန်ပို့တဲ့ မြန်မာ ၂ ဦးဆိုတာကလည်း ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး။ ဒါပေမယ့် ဖြစ်နိုင်တာက ပြစ်မှု တစ်ခုခု ကျူးလွန်တဲ့ အမြဲတမ်းနေထိုင်ခွင့် Green Card ကိုင်ဆောင်ထားသူလည်း ဖြစ်နိုင်သလို Asylum ခိုလှုံခွင့်တောင်းသူတွေလည်း ဖြစ်နိုင်တယ်၊ အမေရိကန်ကိုလာရင်းနဲ့ ဗီဇာ ကျော်လွန်နေထိုင်သူတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီလို အမေရိကန်ရောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်ပို့ဖို့ဆိုတာက လွယ်ကူတဲ့ Process တော့မဟုတ်ဘူး။ သက်ဆိုင်ရာ တရားရုံးတွေရဲ့ အတည်ပြုချက်နဲ့ တရားသူကြီးတွေရဲ့ အမိန့်ချမှတ်မှုတွေလည်း လိုအပ်ပါတယ်” ဟု အမေရိကန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက သုံးသပ်ပြောဆိုသည်။", "အမေရိကန်ပြည်ထောင်စုတွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများစွာ ရောက်ရှိ ခိုလှုံပြီး နွေဦးတော်လှန်ရေးတွင် ထောက်/ပို့များ အဖြစ် ဆက်လက် ပါဝင်လျက်ရှိရာ သမ္မတ ထရမ့်အစိုးရ၏ ပြောင်းလဲလာသော လူဝင်မှု ကြီး ကြပ်ရေး မူဝါဒများက မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများအပေါ် တစ်စုံတစ်ရာ ဖိအားသက်ရောက်မှုများ ရှိနေကြောင်း အမေရိကန်ရောက်မြန်မာများက သုံးသပ်ပြောဆိုကြသည်။", "ဓာတ်ပုံ- အမေရိကန်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ICE အဖွဲ့က တရားမဝင်နေထိုင်သူများကို ဖမ်းဆီး၍ ပြန်လည်ပို့ဆောင်နေစဉ်။"]
https://yktnews.com/2024/03/152408/
အမေရိကန်၊ နယူးယောက်မြို့တွင် တိုင်းရင်းသားပြည်သူများနှင့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်တို့ တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဆွေးနွေး
["အမေရိကန်၊ နယူးယောက်မြို့တွင် တိုင်းရင်းသားပြည်သူများနှင့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်တို့ တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ဆွေးနွေး", "ရန်ကုန်၊ မတ် ၂၄", "အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် တိုင်းရင်းသားပြည်သူများနှင့် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်တို့ တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယနေ့ ဆွေးနွေးကြသည်။", "မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်ကူညီနေသော ပါမောက္ခဒေါ်မီမီဝင်းဘတ် နှင့် နယူးယောက်မြို့နှင့်အနီးဝန်းကျင်ရှိ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမများ၏ ယနေ့ တွေ့ဆုံပွဲတွင် လက်ရှိ မြန်မာနိုင်ငံ အခြေအနေ နှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆွေးနွေးကြကြောင်း သိရှိရသည်။", "အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နယူးယောက်မြို့ Queens ရပ်ကွက် ပီတိ လူကြီးများနားခိုရာဂေဟာခန်းမ တွင် မတ်လ ၂၃ ရက်(မြန်မာစံတော်ချိန် မတ်လ ၂၄ ရက်နေ့) မွန်းလွဲ ၂ နာရီ မှ ညနေ ၅နာရီ အထိ ကျင်းပခဲ့ကြောင်း၊ ဒေါက်တာမီမီဝင်းဘတ် နှင့် အတူနယူးယောက်မြို့ရှိ လူငယ် ၄ ဦး မှ လက်ရှိ မြန်မာ့ နိုင်ငံအရေး ကို ဆွေးနွေးကြကြောင်း၊တိုင်း", "ရင်းသား ပြည်သူ ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207639/
အမေရိကန်၊ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း သွားရောက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံ
["အမေရိကန်၊ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း သွားရောက်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်တွေ့ဆုံ", "ရန်ကုန်၊ မတ် ၁၅", "အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း သွားရောက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံကြောင်း သိရှိရသည်။", "အမေရိကန်ပြည်ထောင်စုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့် မွေးနေ့ ကမ်းပိန်းအတွက် ရောက်ရှိနေသော Kim Aris (ခေါ်) ကိုထိန်လင်းက မတ်လ ၁၄ ရက်နေ့ အမေရိကန်စံတော်ချိန် မွန်းလွဲ ၁ နာရီအချိန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးသို့လာရောက်ကာ CDM သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် လာရောက်တွေ့ဆုံသည်။", "ကိုထိန်လင်းက မတ်လ ၁၃ရက်နေ့ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင်ကျင်းပခဲ့သော UN Event မြန်မာနိုင်ငံမှ စစ်ဘေးသင့်အမျိုးသမီးများ၊ ကလေးများခံစားရသည့် Post Trauma Stress Disorder (PTSD) အကြောင်းကို အလေးပေး ဆွေးနွေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိသည့် လက်ရှိမြန်မာနိုင်ငံ၏ အသေးစိတ်အခြေအနေကို တစ်ပါတည်းတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။", "ကိုထိန်လင်းက “ဒီခရီးစဉ်မှာ မေမေနဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ် မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူတွေ အမြန်ဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာနွယ်ဖွားများ၊ ကူညီထောက်ပံ့ပေးသူများနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။” ဟု ပြောဆိုသည်။", "Photo By Kyaw Soe Latt , Terry Win"]
https://yktnews.com/2023/09/123929/
အမေရိကန်၊ မယ်ရီလန်းပြည်နယ်တွင် ပြသသည့် The WAY Musical Film ရုပ်ရှင်ပွဲမှ တော်လှန်ရေးအတွက် အလှူငွေ ကန်ဒေါ်လာ ၁၉၀၇၁ရရှိ
["အမေရိကန်၊ မယ်ရီလန်းပြည်နယ်တွင် ပြသသည့် The WAY Musical Film ရုပ်ရှင်ပွဲမှ တော်လှန်ရေးအတွက် အလှူငွေ ကန်ဒေါ်လာ ၁၉၀၇၁ရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၆", "အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြသခဲ့သည့် The WAY Musical Film ရုပ်ရှင်ပွဲမှ နွေဦးတော်လှန်ရေးအတွက် အလှူငွေ အမေရိကန်ဒေါ်လာ ၁၉၀၇၁ ရရှိခဲ့ကြောင်း အဆိုပါပွဲစီစဉ်သူများထံမှ သိရသည်။", "အဆိုပါပွဲရုပ်ရှင်ပြပွဲတွင် ဒါရိုက်တာ လင်းလင်း၊ သရုပ်ဆောင် ချစ်သုဝေ၊ သရုပ်ဆောင် Russell၊ သရုပ်ဆောင်မြတ်နိုးအေးတို့ လက်မှတ်ရေးထိုးထားသော အကျီ၊ အိတ်၊ ရုပ်ရှင်ရိုက်ကူးရာတွင် ဝတ်ဆင်ခဲ့သည့် အဝတ်အစား၊ ဖိနပ်နှင့် သီချင်းလက်ရေးမူအပါအဝင် USB Stick တို့ကို လေလံဆွဲခဲ့ကြရာမှ အမေရိကန်ဒေါ်လာ ၅၂၅၀ ရရှိကြောင်း ၎င်းတို့ထံမှ သိရသည်။", "The WAY Musical Film ရုပ်ရှင်ပွဲအတွက် လက်မှတ်ရောင်းချရငွေ၊ အလှူငွေ ၊ လေလံဆွဲခြင်း၊ Merchandise စသည့်ပစည်းများအားလုံးပေါင်းရောင်းချရငွေ အလှူငွေ စုစုပေါင်း ဒေါ်လာ ၁၉၀၇၁ ရရှိခဲ့ကြောင်း အဆိုပါပွဲထံမှ သိရပါသည်။", "အဆိုပါအလှူငွေဖြင့် နွေဦးတော်လှန်ရေးအတွင်း စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူများကို ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။", "အဆိုပါရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စုရှိ အခြားပြည်နယ်များတွင်လည်း ဆက်လက်ပြသသွားမည်ဖြစ်သည်။", "ဂီတ၊ အသံ၊ သရုပ်ဆောင်ခြင်းအနုပညာများနှင့်အတူ ပေါင်းစပ်ထွက်ပေါ်လာသည့်အဆိုပါရုပ်ရှင်သည် ကမ္ဘာ့နိုင်ငံအချို့ ၏ ရုပ်ရှင်ပွဲတော်များတွင် ဆုများ ရရှိခဲ့ပြီး မိုဘိုင်းလ် ၂လုံးတည်းနှင့်သာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်"]
https://yktnews.com/2023/05/101939/
အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကို မက္ကဆီကိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထား
["အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကို မက္ကဆီကိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထား", "ရန်ကုန်၊ မေ ၁၀", "မက္ကဆီကိုနိုင်ငံဟာ မြန်မာခရိုနီ စစ်လက်နက်ပွဲစားတဦးဖြစ်သူ စစ်တိုင်းအောင်ကို မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar (JFM) ကထုတ်ဖော် ပြောဆိုလိုက်ပါတယ်။", "စစ်တိုင်းအောင်ဟာ ယခင်က Yatanarpon Aviation Support Company Ltd ကို ဦးဆောင်ခဲ့သူဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက တရားမ၀င် အာဏာသိမ်းဖို့ စတင်ကြိုးပမ်းချိန်ကစလို့ လေယာဥ်အစိတ်အပိုင်းတွေကို အကြမ်းဖက်မြန်မာစစ်တပ်အတွက် တင်သွင်းခဲ့သူပါ။ ဒီအကြောင်းတွေကို Justice For Myanmar က ဖော်ထုတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ သူဟာ အဆိုပါကုမ္ပဏီကနေ နုတ်ထွက်ခဲ့တယ်လို့လည်း JFM ကဆိုပါတယ်။", "စစ်တိုင်းအောင်ဟာ အရင်စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက် သစ်တောဝန်ကြီး အောင်ဖုန်းရဲ့ သားဖြစ်ပြီး သူ့ရဲ့ Suntac ကုမ္ပဏီအုပ်စုဟာ စစ်အုပ်စုနဲ့ ထင်ရှားတဲ့ ပတ်သက်ဆက်နွှယ်မှုတွေကြောင့် EUရဲ့ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံခဲ့ရပါတယ်။", "ဒါ့အပြင် သူဟာ အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူတဦးလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ စစ်တိုင်းအောင်အပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး “စစ်တိုင်းအောင်က သူရဲ့ ကုမ္ပဏီတွေကို မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ငန်းတွေအဖြစ် ရှေ့တန်းကအသုံးပြုခဲ့ပြီး သူက အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်”လို့ ပြောဆိုခဲ့ပါတယ်။", "ဒီအကြောင်းနဲ့ ပတ်သက်ပြီး အငြိမ်းစား သံတမန်တဦးကတော့ အခုလို မှတ်ချက်ပြုပါတယ်။", "“စစ်အရာရှိဟောင်းတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို အခုလို နိုင်ငံတကာမှာ မြန်မာသံအရာရှိ ရာထူးတွေနဲ့ ခန့်အပ်စေလွှတ်နေတာကတော့ အာဏာရှင် ခေတ်အဆက်ဆက်မို့ ထူးခြားတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကိုမှ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားတဲ့ မက္တဆီကိုနိုင်ငံရဲ့ လုပ်ရပ်ကသာ ထူးခြားနေတာပါ။ သူတို့အနေနဲ့ အခြေအနေ အသေးစိတ်ကို မသိတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေအရတော့ စစ်တိုင်းအောင်ကို လက်ရှိရာထူးကနေ မဖြစ်မနေ ဖယ်ရှားသင့်ပြီလို့ ထင်ပါတယ်”", "ဒီအကြောင်းကို ထုတ်ဖော်ခဲ့တဲ့ Justice for Myanmar အဖွဲ့ကလည်း မက္ကဆီကိုနိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ တာဝန်ခံမှုတွေကို တန်ဖိုးထား ကူညီဖို့အတွက်ဆိုရင် စစ်တိုင်းအောင်ကို ၄င်းတို့ ပေးအပ်ထားတဲ့ ရာထူးနဲ့ ဂုဏ်ထူးဆောင် အထောက်အထားတွေ အားလုံးကို ချက်ချင်းရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။", "ဓတ်ပုံ- စစ်တိုင်းအောင် (အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ည တင်သွင်းနေသည့် ခရိုနီ လက်နက်ပွဲစားနှင့် ယခင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် နအဖ အစိုးရ သစ်တောဝန်ကြီး အောင်ဖုန်း၏ သား)"]
https://yktnews.com/2023/12/136182/
အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ကျော်လွှားရေး မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့က AC POLARIS TRADING အမည်ဖြင့် Proxy ကုမ္ပဏီထောင်
["အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ကျော်လွှားရေး မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့က AC POLARIS TRADING အမည်ဖြင့် Proxy ကုမ္ပဏီထောင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ကျော်လွှားရေး မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့က AC POLARIS TRADING အမည်ဖြင့် Proxy ကုမ္ပဏီထူထောင်လိုက်ကြောင်း အဆိုပါကုမ္ပဏီနှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် ကြေးနီထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော မြန်မာဝမ်ပေါင်နှင့် မြန်မာ ယန်စီကုမ္ပဏီတို့သည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပုံမှန် လည်ပတ်၍ မရနိုင်တော့ကြောင်း၊ ထို့ကြောင့် Proxy ကုမ္ပဏီ မှတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်၍ AC POLARIS TRADING အမည်ဖြင့် ကုမ္ပဏီ ထူထောင်လိုက်ကြောင်း သိရှိရသည်။", "ထို့ကြောင့် မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့၏ ကြားခံကိုယ်စား Proxy ကုမ္ပဏီဖြစ်သော AC POLARIS TRADING ကုမ္ပဏီက တင်ပြမည့် ပို့ကုန်/သွင်းကုန် ဆိုင်ရာ လုပ်ငန်းများ၊ လိုင်စင်များ အလွယ်တကူချထားပေးရန် အကြောင်းကြားမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။", "မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာယန်စီကုမ္ပဏီတို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကြေးနီတူးဖော်ရေး စီမံကိးန်များကို စစ်တပ်လက်အောက်ခံ ဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့နှင့်ပူးပေါင်း၍ နှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးပိုင်ကုမ္ပဏီများဖြစ်ကြသည်။"]
https://yktnews.com/2023/08/118623/
အမေရိကန်၏ ဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်ဘဏ်က မြန်မာစစ်တပ် လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ပိတ်ပင်လိုက် ပြီး ငွေစာရင်းတွင် ဒေါ်လာ ၁ ဒသမ ၁ သန်း ရှိနေ
["အမေရိကန်၏ ဖိအားကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်ဘဏ်က မြန်မာစစ်တပ် လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ပိတ်ပင်လိုက် ပြီး ငွေစာရင်းတွင် ဒေါ်လာ ၁ ဒသမ ၁ သန်း ရှိနေ", "မြန်မာစစ်တပ်က ဘဏ်ငွေစာရင်းအကောင့်များ ပြန်ဖွင့်ရန် တောင်းဆို ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက မဖွင့်ပေးနိုင်ဟု ငြင်းပယ်", "ရန်ကုန်၊ ဩဂုတ် ၁၇", "ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အမေရိကန်သံရုံး၏ အကြောင်းကြားမှုကြောင့် ဘင်္ဂလား ဒေ့ရှ် အစိုးရပိုင် Sonali ဘဏ်က မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ပိတ်ပင်လိုက်ပြီး ပိပင်လိုက်သော ငွေစာ ရင်းများတွင် ဒေါ်လာ ၁ ဒသမ ၁ သန်း ရှိနေကြောင်း BenarNews က သတင်း ဖော်ပြသည်။", "အမေရိကန်အစိုးရက မြန်မာစစ်တပ် လက်အောက်ခံ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ် MFTB နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေး ဘဏ် MICB တို့ကို စီးပွားရေးပိတ်ဆို့ခဲ့ပြီးနောက် ယင်းဘဏ် ၂ ခုနှင့် ဆက်စပ် နေသော နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ၊ ဘဏ်ကို အရေးယူမည်ဟု တရားဝင် ကြေညာခဲ့သည်။", "ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ အမေရိကန်သံရုံးက ဘင်္ဂလား ဒေ့ရှ် အစိုးရထံသို့ အမေရိကန်၏ မြန်မာစစ်တပ်အပေါ် စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ လိုက်နာရန် မေတ္တာရပ်ခံလာကြောင်း၊ ထိုမေတ္တာရပ်ခံချက်အရ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် Sonaliဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထားသော MFTB နှင့် MICB ဘဏ်တို့၏ ငွေစာရင်းများကို ထိန်းချုပ်လိုက်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရက ပိတ်ပင်လိုက်သောMFTB နှင့် MICB ဘဏ်စာရင်းတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းရှိနေကြောင်း သိရှိရသည်။", "ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် Sonali Bank ၏ အမှုဆောင်အရာရှိချုပ်နှင့် မန်နေ ဂျင်း ဒါရိုက်တာ Md. Afzal Karim က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်MFTB နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်MICB တို့၏ ငွေစာရင်းများကို အရေးယူထားပြီးဖြစ်ကြောင်း ပြောကြားဆိုသည်။", "“အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် MFTB နဲ့ MICB ဘဏ်နှစ်ခုရဲ့ အကောင့် တွေကို ကျွန်တော်တို့ ပိတ်ပင်ထိန်းချုပ်လိုက်ပါပြီ ” ဟု Karim ကပြောဆိုသည်။", "မြန်မာဘဏ်နှစ်ခုသည် Sonali ဘဏ်တွင် စုစုပေါင်းအပ်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းရှိကြောင်း၊ ယင်းငွေများကို လွှဲပြောင်းခွင့်မပြုဘဲ ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း Karim က ထပ်လောင်းအတည်ပြုသည်။", "Sonali Bank ၏ အကောင့်များကို ပိတ်လိုက်ပြီးနောက်တွင် မြန်မာ စစ်တပ် က ဘင်္ဂလားဒေ့ရှ်အစိုးရကို ငွေစာရင်း အကောင့်များ ပြန်ဖွင့်ရန် တောင်း ဆို သော် လည်း ဘင်္ဂလားဒေ့ရှ်က စီးပွားရေးပိတ်ဆို့မှု မရုပ်သိမ်းလျှင် မဖွင့်ပေး နိုင် ဟု ပြန်လည်ပြောဆိုကြောင်း သိရှိရသည်။", "“အကောင့်ဖွင့်ဖို့ မြန်မာဘက်က တောင်းဆိုထားတယ်။ ဒါပေမယ့် စီးပွားရေး ပိတ် ဆို့ အရေးယူမှု မရုပ်သိမ်းမချင်း ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး” ဟု Karim က ပြောကြား ခဲ့သည်။", "MFTB နှင့် MICB ဘဏ်နှစ်ခုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ် နှုန်း ထိန်းချုပ်‌ပြီး စစ်တပ်အတွက် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူ တင်သွင်းခြင်းအပါအဝင် စစ်တပ်နှင့် နိုင်ငံခြားဈေးကွက်များအကြားတွင် အရောင်း အဝယ်ပြုလုပ်နေသဖြင့် စီးပွားရေးပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်က ကြေညာ ခဲ့သည်။", "ဘင်္ဂလားနှင့်မြန်မာနိုင်ငံ ကုန်သွယ်မှုသည် နည်းပါးပြီး အထူးသဖြင့် မြန်မာ နိုင်ငံ သို့ အာလူး၊ ဘီစကွတ်နှင့် ပလတ်စတစ်ထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ် က အဓိက တင်ပို့ကြောင်း၊ မြန်မာဘက်မှ သစ်၊ အေးခဲငါး၊ ဂျင်းနှင့် ကြက်သွန်နီ စသည့် ကုန်ပစ္စည်းများ တင်သွင်းကြောင်း သိရှိရသည်။။", "၂၀၂၂ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံမှ ဒေါ်လာ ၁၂၈ ဒသမ ၅ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မြန်မာအကြမ်းဖက်စစ်တပ် လက်အောက်ခံ MFTB နှင့် MICB ဘဏ်။"]
https://yktnews.com/2024/11/193746/
အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိ၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ
["အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိ၊ လက်နက် ၂လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦး အရှင်မိကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အနောက်ပိုင်းစစ်ဌာနချုပ် (အမ်း) ကွပ်ကဲမှု လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူး ဇော်ထက်နောင် ဦးစီးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ် ပူးပေါင်းစစ်ကြောင်းက အမ်း-ပဒါန်း လမ်းပိုင်း တစ်နေရာတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၂ လက် နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ဖမ်းဆီး ရမိသော စစ်သုံ့ပန်းများကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် တိုက်ပွဲအတွင်း တပ်ပျက်၍ တကွဲတပြား ထွက်ပြေး​လျက်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့် အတူ အရှိုချင်းကာကွယ်​ရေးတပ်ဖွဲ့ (ACDF) ၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်သည် “ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့” ဦးလည် မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2024/11/193323/
အမ်း-ပဒါန်း လမ်းပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စစ်ကူသွားသည့် စစ်ကားများကို လုံခြုံရေးယူပေးနေသည့် စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["အမ်း-ပဒါန်း လမ်းပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စစ်ကူသွားသည့် စစ်ကားများကို လုံခြုံရေးယူပေးနေသည့် စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီးသေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စစ်ကူသွားသည့် စစ်ကားများကို လုံခြုံရေးယူပေးနေသည့် စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၁၅ မိနစ်ခန့်တွင် ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီး တောရဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အင်အား ၂၀ ကျော်ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မင်းဘူးမြို့ဘက်မှ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ စစ်ကူလာရောက်သည့် စစ်ကားများကို အမ်း-ပဒါန်း လမ်းပိုင်းရှိ ခွန်ဇူရွာလမ်းခွဲတွင် လုံခြုံရေး ယူနေစဉ် Chin Defence Force – Asho တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ကာ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-1 သေနတ် ၁ လက် ၊ ကျောပိုးအိတ် ၁ လုံး၊ တပ်မ ၈၈ တံဆိပ်ပါ စစ်အင်္ကျီနှင့် စစ်ဝတ်စုံအချို့ ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“လတ်တလော အခြေအနေမှာ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်အရ စစ်ဆင်ရေးတွေ တိုက်ပွဲတွေ ဖော်ဆောင်တဲ့ အခါမှာ ပြည်သူတွေ ဆီကနေ စစ်ရေး သတင်းရရှိမှုတွေ နည်းပါးလာတဲ့ အတွက် ဒီလိုမျိုး အားနည်းချက်တွေရှိတယ်။ နောက်တစ်ခု ပြည်သူတွေကို မေတ္တာရပ်ခံလိုတာကတော့ စစ်ဆင်ရေး ဖြစ်ပွားတဲ့ နေရာ အနီးတစ်ဝိုက်မှာပဲဖြစ်စေ၊ စစ်ဆင်ရေးနဲ့ ဝေးကွာတဲ့ နေရာတွေမှာဖြစ်စေ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာမှာ နေထိုင်နေရတဲ့ သူပဲဖြစ်စေ အတတ်နိုင်ဆုံး မိမိနေရပ်ဒေသတွေကို စွန့်ခွာပြီးတော့မှ စစ်ပြေးရှောင်နေတဲ့ တနယ်တခြားတွေကို ပြေးသွားတာမျိုး မိမိနေရာကို စွန့်ပစ်ခဲ့တာမျိုး မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။"]
https://yktnews.com/2024/10/189104/
အမ်းနှင့် မောင်တောတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် တစ်ရက်တည်း ပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ
["အမ်းနှင့် မောင်တောတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် တစ်ရက်တည်း ပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု၊ လေ ကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ တစ်ရက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။", "အမ်းမြို့နယ် လောင်းစပ်ကျေးရွာကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၂ နာရီက စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခဲ့၍ အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့သည်။", "တိုက်ပွဲမရှိသည့် လောင်းစပ်ကျေးရွာကို အရပ်သားသေဆုံးစေလိုသည့် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။", "သေဆုံးသူများမှာ အသက်မပြည့်သည့် ၁၇ နှစ်အရွယ် ကိုဖြိုးမင်းသူ၊ အသက် ၆၀ အရွယ် ဦးညိုနှင့် အသက် ၇၀ အရွယ် ဦးအောင်သိန်းတို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၁၄ နှစ်အရွယ် မချစ်သက်ဝေ၊ အသက် ၃၉ နှစ်အရွယ် ဒေါ်နှင်းအိဖြူ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်စိုးစိုး၊ အသက် ၅၈ နှစ်အရွယ် ဦးတင်သိန်းနှင့် အသက် ၇၀ အရွယ် ဒေါ်တင်နုတို့ ဖြစ်ကြသည်။", "ရွာသားများစစ်ရှောင်နေချိန် အမ်းမြို့နယ် လုံးရွာကိုလည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဝင်ရောက် မီးရှိုးခဲ့၍ ရွာလုံးကျွတ် ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။", "ကျေးရွာအတွင်း မဝင်ရောက်မီ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး နေ့လယ်ခန့်တွင် လုံးကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး တစ်အိမ်မကျန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။", "လုံးကျေးရွာမှာ အိမ်ခြေ ၂၆၀ ခန့်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် နှစ်မိုင်ခန့်သာ ဝေးကွာပြီး ရွာသားများမှာ ပြီးခဲ့သည့် တစ်လကျော်ကစ၍ စစ်ရှောင်နေကြခြင်းဖြစ်သည်။", "ယင်းအပြင် မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာ (ရခိုင်) ကို အောက်တိုဘာလ ၂၁ ရက် နံနက် ၁ နာရီ ၄၄ မိနစ်အချိန်တွင် စစ်ကောင်စီက လေကြောင်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်။", "ဖားဝပ်ချောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေသည့် နခခ ၅ နှင့် ဝေးကွာပြီး အရပ်သားများ သေဆုံးစေလိုသည့် ဆန္ဒဖြင့် စစ်ကောင်စီက လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။", "စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကာ ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "သေဆုံးသူများမှာ အသက် ၂၀ အရွယ် ကိုမောင်မောင်၊ အသက် ၂၆ နှစ်အရွယ် မအေးအေးအောင် (ကိုယ်ဝန်ဆောင်မိခင်)၊ အသက် ၂၆ နှစ်အရွယ် မသီတာ၊ အသက် ၂၉ နှစ်အရွယ် ကိုနေဇော်ဦးနှင့် အသက် ၅၈ နှစ်အရွယ် ဒေါ်လှလှအေးတို့ဖြစ်ကြသည်။", "အောက်တိုဘာလ ၁၉ ရက် နံနက် ၁ နာရီကလည်း မောင်တောမြို့နယ် ဒုညောင်ပင်ကြီး ကျေးရွာကို စစ်ကောင်စီ စစ်သင်္ဘောများက လက်နက် ကြီးပစ်ခတ်၍ အပြစ်မဲ့ မွတ်ဆလင် ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။", "ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ် ရာဘီယာ၊ အသက် ၂၉ နှစ် အယာစ်၊ အသက် ၄၂ နှစ် ဟာဆောင်၊ အသက် ၃၄ နှစ် အီနစ်နှင့် အသက် ၆၅ နှစ် ခေါ်ဘီရ်တို့ဖြစ်သည်။", "တိုက်ပွဲကို အကြောင်းပြု၍ စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)", "Photo- APM။"]
https://yktnews.com/2024/04/159772/
အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ရိက္ခာပို့ဆောင်ရန် မကွေးတိုင်းရှိ ပြည်သူပိုင် ကားများကို ခြိမ်းခြောက် ငှားရမ်းနေ၊ ရိက္ခာပို့ရန် မလိုက်သော ကားပိုင်ရှင်များကို တစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံ
["အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ရိက္ခာပို့ဆောင်ရန် မကွေးတိုင်းရှိ ပြည်သူပိုင် ကားများကို ခြိမ်းခြောက် ငှားရမ်းနေ၊ ရိက္ခာပို့ရန် မလိုက်သော ကားပိုင်ရှင်များကို တစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံ", "ရန်ကုန်၊ ဧပြီ ၂၈", "ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တပ်က ရိက္ခာပို့ဆောင်ရန် မကွေးတိုင်းရှိ ပြည်သူပိုင် ကားများကို ခြိမ်းခြောက် ငှားရမ်းနေပြီး ရိက္ခာပို့ရန် မလိုက်သော ကားပိုင်ရှင်များကို တစ်ဦးလျှင် ငွေကျပ် ၆ သိန်းတောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၀ ရက်ပိုင်းက စတင်ကာ မကွေးတိုင်းအတွင်းရှိ ပြည်သူပိုင် ကုန်ကားများကို အကြမ်းဖက် စစ်တပ်က အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရိက္ခာပို့ဆောင်ရန် လိုက်လံ ခြိမ်းခြောက် ငှားရမ်းနေခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ကုန်ကားများ ငှားရမ်းခြင်းကို မကွေးမြို့ မထသ ဥက္ကဠ မြင့်စိုး၊ မော်တော်ယာဉ် ဥက္ကဠ ကျော်ဆန်းဦး နှင့် အကြမ်းဖက် စစ်တပ် က ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ရိက္ခာပို့ဆောင်ရာတွင် မလိုက်လိုသော ကားပိုင်ရှင်များအနေဖြင့် စစ်တပ်ထံ ၁ ဦးလျှင် ငွေကျပ် ၆ သိန်းပေးဆောင်ရကြောင်း သိရှိရသည်။", "“ခုရက်ပိုင်း အမ်းမြို့ကို စစ်တပ်က ဆန်အိတ်တွေ ပို့ပေးရမှာတဲ့ မကွေး တစ်တိုင်းလုံး က ကားတွေ ချောဆွဲတာပါ။ အဆိုးဆုံးက မကွေးမြို့ပေါ်က မော်တော်ယာဉ်နဲ့ မထသ က ကောင်တွေက ပိုဆိုးနေတာပါ။ မကွေး တတိုင်းလုံးကနေ ရခိုင်ပြည်အတွတ် တပ်ရိက္ခာတွေ ပို့မှာ တတိုင်းလုံး အတိုင်တာနဲ့ဆို ကားအစီးရေ ၈၀ လောက်ရှိမယ်။ မကွေးမြို့မှာ ကားချောဆွဲတဲ့ ကိစ္စက သူတို့က စစ်တပ်နဲ့ပေါင်းပြီး လုပ်စားသလိုဖြစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "မကွေးမြို့ပေါ်တွင် ၁၂ ဘီးကား အစီးရေ ၃၀၀ ကျော်ခန့်ရှိပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်သည့် ၁၂ ဘီးကား ၁၀ စီးသား ငှားရမ်းနိုင်သေးကြောင်း၊ အကြမ်းဖက် စစ်တပ်က ရိက္ခာတင်ကားများ ဖြတ်သန်းသွားမည့် ပဒါန်း-အမ်း လမ်းပိုင်းသည် ရခိုင်တပ်တော်က ပိတ်ပင်ထားသော လမ်းပိုင်းဖြစ်ကြောင်း သိရသည်။", "“မကွေးမြို့မှာ အခုငှားရမ်းလို့ ရတဲ့ကား ၁၀ စီးက စစ်တပ်နဲ့ ဆက်နွယ်တဲ့ ကားပိုင်တွေပဲ သူတို့က မြို့ပေါ်က စစ်တပ်မထောက်ခံဘဲ မလိုက်ချင်တဲ့ ကားပိုင်တွေဆီကနေ မလိုက်ရင် ကား ၁ စီးကို ၆ သိန်းပေးရမယ်လို့ စစ်တပ်နဲ့ အကျပ်ကိုင်ပြီး တောင်းခိုင်းတာ မြို့ပေါ်မှာက ကားအစီး ၃၀၀ ကျော်ရှိတာ အဲငွေတွေကို မထသ ၊ မော်တော်ယာဉ်နဲ့ စစ်တပ်က ကောင်တွေ မျှယူတာ AA အနေနဲ့လည်း ပဒါန်း-အမ်း လမ်းပိုင်းကို ပိတ်ထားတော့ ကားပိုင်ရှင်တွေက မလိုက်ချင်ကြဘူး။ စစ်ခွေးတွေက သူတို့ ကားတွေ မသုံးရဲတော့ ပြည်သူပိုင် ကားတွေကို ချောဆွဲပြီ ပို့ခိုင်းတာ” ဟု ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "ထို့ပြင် ရန်ကုန်မြို့မှ မင်းဘူးကို ပို့ဆောင်ရန် တွဲကား အစီး ၂၀ ခန့်ကိုလည်း စစ်တပ်က ရန်ကုန်မြို့အတွင်း လိုက်လံ ငှာရမ်းနေပြီး ရက်ပိုင်းအတွင်း ပို့ဆောင်မည်ဖြစ်ကာ ဆန်၊ ဆီ၊ ငရုတ်နှင့် စားသောက်ကုန်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/11/190433/
အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ
["အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိထားကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိပြီးနောက် လက်ကျန် စခန်းများနှင့် နပခ ဌာနချုပ်ဝန်းကျင်ရှိ စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှီရသည်။", "ထို့ပြင် မောင်တောရှိ နောက်ဆုံးလက်ကျန် စစ်တပ်စခန်းဖြစ်သော နခခ ၅ ကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဂွမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း ၊ တောင်ကုတ်မြို့နယ်တွင်လည်း အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြီး စစ်စခန်းများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရှိရသည်။", "“တောင်ကုတ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ စခန်းသိမ်းတိုက်ပွဲတွေ စတင်ပါတယ်။အမ်းဘက်မှာလည်း စခန်းတွေ သိမ်းပိုက်ရရှိထားပြီး လက်ကျန်စခန်းကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောအဓိက နေရာ ၄ နေရာတို့ ဖြစ်ပွားလျက်ရှိပါတယ်။​ ဂွ ဘက်မှာကတော့ ဂွမြို့နယ်၊ တိုင်းကျိုးရွာ အရှေ့ဘက်မှာ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်နေပါတယ်။ နေရာတိုင်းတွင် ရန်သူ့ဘက်က လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများပါတယ်။ ဂွဖက်တွင် ရန်သူ အင်အား တိုးချဲ့နေပြီးတော့ စစ်ကူတွေ ထပ်ပို့နေပါတယ်” ဟု AA ၏ ပြော ရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လတ်တလော AA အနေဖြင့် ရခိုင်ပြည်နယ်တွင် ၁၁ မြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်စခန်းအများအပြား သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/196413/
အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ၊ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ
["အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးဒဏ်ရာရ၊ စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ", "ရန်ကုန်| ဒီဇင်ဘာ ၂၁", "ရခိုင်ပြည် အမ်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ကောက်ယူထားခြင်းဖြစ်ကြောင်း HDCO ကဆိုသည်။", "သေဆုံးသူ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။", "အမ်းမြို့နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA ၏ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။", "စစ်ကောင်စီ စစ်တပ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အမ်းပြည်သူများမှာ စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေသည်ဟု HDCO က တောင်းဆိုထားသည်။", "ဧပြီလက ပြင်းပြင်းထန်ထန် စတင်ခဲ့သည့် အမ်းမြို့နယ် တိုက်ပွဲများအတွင်း ဒေသခံပြည်သူ သောင်းနှင့်ချီ အိုးအိမ်စွန့်ခွာခဲ့ရကြောင်းနှင့် ၎င်းတို့အားလုံးမှာ ဖြစ်သလို နေထိုင်နေရကြောင်းလည်း သိရသည်။", "“လတ်တလော စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ အမိုးအကာများ၊အိုးခွက်ပန်းကန်စသော မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ မိခင်နှင့်ကလေးများအတွက် အာဟာရများ၊ခြင်ထောင်များ အပြင် ဆောင်းရာသီ‌တွင်း ဖြစ်သဖြင့် အနွေးထည်များလည်း အရေးပေါ်လိုအပ်လျက်ရှိပါသည်” ဟု HDCO က ဆိုသည်။", "အချို့သော စစ်ရှောင်ပြည်သူများမှာ နေရာ အတည်တကျမရှိဘဲ မြေကွက်လပ်များတွင် ယာယီတဲထိုး၍ စစ်ရှောင်လျက်ရှိပြီး ၎င်းတို့အတွက် အမိုးအကာများလည်း အရေးတကြီးလိုအပ်နေကြောင်း သိရသည်။", "ဓာတ်ပုံ- အမ်းမြို့နယ်အတွင်း အကူညီလိုအပ်နေသော စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။ (ဓါတ်ပုံ – HDCO)"]
https://yktnews.com/2023/11/133630/
အမ်းမြို့နယ်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ ကော့ကရိတ်မြို့နယ်တွင်လည်း စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးဒဏ်ရာရ
["အမ်းမြို့နယ်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ ကော့ကရိတ်မြို့နယ်တွင်လည်း စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အမ်းမြို့နယ်၊ တပ်တောင်တိုက်နယ်၊ လုံးရွာတွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ် ဒေါ်သူဇာနှင့် ၎င်း၏ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ဇွဲနိုင်ထွန်း တို့သည် တပ်တောင်မြို့၊ နယ်မြေ ရဲစခန်းအနီး၌ အုတ်ဖုတ်ရန် တာဝါတိုင်ကုန်းအနီး တောလမ်းအတိုင်းလာစဥ် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိခဲ့ကြောင်း သိရသည်။", "အဆိုပါ မိုင်းနင်းမိသော သားအမိ ၂ ဦးကို ဒေသပြည်သူများက တပ်တောင်တိုက်နယ်ဆီးရုံကို ပို့ဆောင်စဥ် သားဖြစ်သူ မောင်ဇွဲနိုင်ထွန်းသည် ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် ဆေးရုံး၌ပင် သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သူဇာသည် အရေးပေါ်လူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။", "အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေတွင် အခြေစိုက်သော ဝေါ်လေဗျူဟာကုန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်များက ပြည်သူများ နေထိုင်သည့် ကျေးရွာအနီး ဝန်းကျင်တွင် မြေမြှုပ်မိုင်းများ လိုက်လံထောင်ထားသည့်အတွက် နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်၌ ဝေါ်လေကျေးရွာနေ အသက် ၄၅ နှစ်အရွယ်ရှိ ဦးမင်မင်ဦး သပြေခက်များအား လိုက်လံရှာခူး ရောင်းချနေစဥ် မြေမြှုပ်မိုင်း နင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/199891/
အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး
["အမ်းမြို့နယ်နှင့်ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ စစ်ကြောင်းမှ ဗိုလ်မှူးကျော်စိုးနိုင် စနိုက်ပါ ထိမှန်သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ်၏ ခလရ ၁၅ စစ် ကြောင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်သေဆုံးခဲ့ကြောင်း ခလရ ၁၅ တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်တွင် ပိတ်မိနေသော ခလရ ၁၅ တပ်ရင်းမှ ဗိုလ်မှူး ကျော်စိုးနိုင်သည် စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူး ကျော်စိုးနိုင်ဦးစီးသော စစ်ကြောင်းသည် တောတွင်းထဲ ပိတ်မိနေသည်မှာ လနှင့်ချီ ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည်။", "ဗိုလ်မှူး ကျော်စိုးနိုင် သေဆုံးကြောင်းကို ၎င်းနှင့်အတူ တောထဲ၌ ပိတ်မိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တပ်ရင်းကို ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များကို အသိပေးခြင်းရှိ၊ မရှိကို မသိရသေးကြောင်း၊ ဗိုလ်မှူး ကျော်ိစုးနိုင်သည် ပဲခူးတိုင်း ကျောက်ကြီးဇာတိဖြစ်ပြီး ရက္ခိုင်ပြည်သို့ ပို့ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ခလရ ၁၅ က ဗိုလ်မှူးကျော်စိုးနိုင် ရခိုင်မှာ စနိုက်ပါ မှန်ပြီး သေပြီလို့သိရတယ်။ သူက ပဲခူး ကျောက်ကြီး ဇာတိပါ။ ရခိုင်ကို အပို့ခံရပြီး မနေ့က သေတယ်ကြားတယ်။ သူတို့က ရက္ခိုင်မှာ ပိတ်မိနေတာကြာပြီ သေတာတော့ မနေ့ကမှ ကျည်မှန်တာ သူ့အပြင် နောက်ထပ် ပိတ်မိနေတဲ့ စစ်သားတွေရှိသေးတယ်။ သူသေတဲ့သတင်းက သူနဲ့အတူ တောထဲ တောင်ထဲ ပိတ်မိနေတဲ့ သူ့ နောက်လိုက် စစ်သားတွေ လှမ်းသတင်းပို့တာ လို့သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ခလရ ၁၅ သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အခြေစိုက်ထားကြောင်း၊ စစ်ကောင်စီက ရခိုင်ဘက်သို့ စစ်ကူစစ်ကြောင်းများ စေလွှတ်ရာတွင် တိုက်ခိုက်ရေးတပ်များ၊ လက်ရုံးတပ်များ၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်း သင်တန်းတပ်သားများကို စုပေါင်း၍ စစ်ကြောင်းပုံစံ ဖွဲ့စည်း၍ စေလွှတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပြန်လည် ထိုးစစ်ဆင်ရန် မကွေး တိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းကားလမ်းမှတစ်ဆင့် စစ်ကူစစ်ကြောင်းများ ဆက်တိုက် စေလွှတ်လျက်ရှိကြောင်း၊ အများစုသော စစ်ကြောင်းများမှာ တော်လှန်ရေးတပ်များ၏ ချေမှုန်းခံရပြီး စစ်ကြောင်းလိုက်ပျက်စီးမှုများရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/198354/
အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ ဖမ်းရမိ၊ စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ ဖမ်းရမိ၊ စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၅", "မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်မှ ထွက်ပြေးလာသည့် စစ်သား ၁၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံ ဖမ်းရမိပြီးစစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး ခဲ့ကြောင်း Chin Defence Force -Asho တပ်ဖွဲ့မှ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ အမ်းနယ်ကြား ရခိုင်ရိုးမပေါ်ရှိ ဂုတ်စည်းရိုးကျေးရွာအနီးတွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာတို့အနီးရှိ စစ်တပ်စခန်းများမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်သား ၁၁ ဦး ကို လက်နက်ငယ် ၉ လက်၊ ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။", "“မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကြား ရခိုင်ရိုးမကြောပေါ်ပဲ၊ အဲဒီမှာ ရှိတဲ့ ဂုတ်စီးရိုးကျေးရွာရဲ့ အနီးတဝိုက်မှာ ဖမ်းဆီးရရှိခဲ့တာပါ။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့ မရှိပါဘူး။ မကွေးတိုင်းနယ်ဘက်ကို ရောက်လာတဲ့အချိန်မှာ ကျနော်တို့ကြိုတင်နေရာယူထားတဲ့ နေရာကနေ လက်နက်ချဖို့ တားဆီးရတဲ့အဆင့်ပဲရှိပါတယ်။ ပစ်ခတ်ဖမ်းဆီးရတာမျိုးတော့မရှိပါဘူး။ လက်ရှိမှာ တော့ တစ်ရက်၊ နှစ်ရက်ပဲရှိသေးတော့ လုံခြုံအောင် စိတ်ချရတဲ့ကျနော်တို့စခန်းတွေပဲ ခေါ်ယူပြီး တော့ စစ်ဆေးမေးမြန်းနေဆဲပဲဖြစ်ပါတယ်။ အရေးယူဖို့အပိုင်းကတော့ ပြောရခက်သေးတယ်။ ဖမ်းဆီးထိန်းသိမ်း၊ ဆိုက်ကိုတက်တွေခဏခဏ လုပ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်အောင် ပဲချုပ်နှောင်ထားရသေးတဲ့အခြေအနေမှာပဲ ရှိသေးတယ်။ ထွက်ဆိုချက်တွေလည်း မှန်ကန်တယ်လို့ ယူဆလို့မရသလို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှု တွေကလည်း ဘယ်လိုပြစ်မှုတွေလည်းဆိုတာ အတည်ပြုဖို့ ခက်ခဲနေတဲ့ ကာလပဲဖြစ်ပါတယ်။ အဲဒီ တော့ အပြစ်ပေးအရေးယူမှုလတ်တလောတော့ မလုပ်နိုင်သေးပါဘူး။ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ စစ်ဆေးမေးမြန်းနေဆဲကာလပဲဖြစ်ပါသေးတယ်” ဟု Chin Defence Force -Asho တပ်ဖွဲ့မှ ဆလိုင်း ရိုချင်း က ပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ရှေ့တန်းစစ်ကြောင်းများကို ဦးဆောင်နေသူ အရာရှိများကလည်း ကိုယ်လွတ်ရုန်းကာ ထွက်ပြေးနေကြောင်း၊ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသော စစ်သားများ အနေဖြင့် ခြေဦးတည်ရာထွက်ပြေးနေခြင်း မပြုလုပ်ဘဲ တော်လှန်ရေးတပ်ဖွဲ့များကို ချိတ်ဆက်၍ သော်လည်းကောင်း၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်၍သော်လည်းကောင်း အသာတကြည် အလင်းဝင်ကြရန် တိုက်တွန်းထားသည်။", "“လက်ရှိရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကြောင်းမှူးတွေ၊ တပ်မှူးတွေ ကိုယ်တိုင်က မိမိရဲ့ ရဲဘော်တွေကို ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့ ကူညီမျိုး၊ ရိုင်းပင်းတာမျိုး၊ အတူတ ကွထွက်ပြေးဖို့ ဆိုပြီး လုပ်ဆောင်ကြတာမျိုး မလုပ်ဘဲနဲ့ ကိုယ်လွတ်ရုန်း ပြီးတော့ ထွက်ပြေးတာတွေ ကိုလည်း မျက်မြင်ကြုံတွေ့ နေရပြီဖြစ်တဲ့အတွက် ဒါတွေကို ချင့်ချိန်သုံးသပ်ပြီးတော့ မိမိ အသက်ရှင် ရပ်တည်နိုင်ဖို့ ပြီးတော့ ဖမ်းဆီးရရှိတဲ့ သုံ့ပန်းတွေ ခဏခဏဖြေကြားမှုအရ နိုင်ငံခြားကို ထွက်ပြီး တော့ အလုပ်လုပ်ကြမယ် ဆိုတဲ့သူတွေ နိုင်ငံပြင်ပကို ထွက်ပြေးသွားချင်တယ်ဆိုတဲ့သူတွေ အနေနဲ့ တော့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုပဲ ပူးပေါင်းပြီးတော့ အလင်းဝင်ကြပါလို့ပဲ ပြောချင်တယ်။ စစ် တပ်ထဲမှာ ဝါဒဖြန့်ထားတဲ့ သတင်းမှားတွေဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တွေ့ပြီဆိုရင်တွေ့တဲ့ နေရာမှာ ပစ်သတ်ပစ်တယ်ဆိုတာတွေကလည်း မဟုတ်ဘူးဆိုတဲ့ အကြောင်း အချိန်တွေနဲ့ လုပ်ရပ် တွေနဲ့ တွေဆုံမှုတွေနဲ့လည်း သက်သေပြခဲ့ပြီးပြီဖြစ်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာ စီစစ်ပြီးတော့ ယုံကြည်မှုထားပြီး အလင်းဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ဆလိုင်းရိုချင်းက ဆက်လက် ပြောဆိုသည်။", "ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးတွင် စစ်ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှ စေတုတ္တရာ မြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း ထွက်ခွာလာသော စစ် အင်အား ၅၀ ဦးခန့်ပါ စစ်ကား ၂ စီးကိုငဖဲမြို့နယ် ၊ ညောင်ကိုင်းကျေးရွာအနီးအရောက်ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၈ တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) နှင့် Chin Defence Force -Asho တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/03/153921/
အမ်းမြို့နယ်ရှိ တရုတ်ရေနံပိုက်လိုင်းအနီးတွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေဟု ဒေသပြည်သူများပြော
["အမ်းမြို့နယ်ရှိ တရုတ်ရေနံပိုက်လိုင်းအနီးတွင် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေဟု ဒေသပြည်သူများပြော", "ရန်ကုန်၊ မတ် ၃၀", "ရခိုင်ပြည် အမ်းမြို့နယ်အတွင်းမှာရှိသော တရုတ်ရေနံပိုက်လိုင်းနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ နယ်မြေများတွင် စစ်ကောင်စီ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း တစ်မိုင်ကုန်းမှပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ မတ်လ ၂၈ ရက်နေ့ ညအချိန်က ရေနံပိုက်လိုင်းဖြတ်သန်းရာ ဇင်ဂုန်အထက်ရွာနှင့် ဇင်ဂုန်အောက်ရွာသို့ ကျရောက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။", "” မနေ့က ညည့်အချိန် တစ်မိုင်ကုန်းဖက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ။ ရေနံပိုက်လိုင်းအနီးတဝိုက်ကို ကျတယ်။ အဲ့နားမှာ ဇင်ဂုန်အထက်ရွာ၊ အောက်ရွာတွေရှိတယ်။ အဲ့ဒီကျေးရွာဖက်က ဖြတ်သွားတဲ့ ပိုက်လိုင်းဝန်းကျင်တွေမှာ ကျတာ” ဟု သတင်းရင်းမြစ်က ပြောသည်။", "အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး နပခ အနေဖြင့် လက်နက်ချအညံ့ခံရန် ရက္ခိုင့်တပ်တော် AA က သတိပေးထုတ်ပြန်ထားသည်။", "စစ်ကောင်စီတပ်ရင်းများအနေဖြင့် ကျေးရွာများအပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဒေသများကို လက်နက်ကြီးများဖြင့် စဉ်ဆက်မပြတ် ပစ်ခတ်နေကြောင်း အမ်းဒေသခံတစ်ဦးက ဆိုသည်။", "” စိုးရိမ်တာကတော့ လက်နက်ကြီးတွေ အခုလို ဆက်တိုက်ပစ်နေရင် ပိုက်လိုင်းပေါက်သွားမှာကိုပဲ။ သူတို့က လူနေကျေးရွာတွေကိုတောင် ရည်ရွယ်ချက်ရှိရှိ ပစ်နေတာဆိုတော့ ပိုက်လိုင်းပေါက်အောင် မလုပ်ဘူးလို့လည်း မပြောနိုင်ဘူး။ အကယ်၍များ ပေါက်သွားရင် ဒေသနေသူတွေအတွက် အရမ်းအန္တရာယ်များတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှာ စစ်ကောင်စီတပ်ရင်း ၁၄ ခုရှိပြီး ယင်းတို့မှာ အမှတ် ၃၇၁ ခြေမြန်တပ်ရင်း၊ အမှတ် ၃၇၃ခြေ မြန်တပ်ရင်း၊ အမှတ် ၃၇၄ ခြေမြန်တပ်ရင်း၊ အမှတ် ၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက် ပစွည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ) တို့ရှိသည်။", "ထို့ပြင် လုံကောက်အုပ်စုတွင် အမှတ် ၃၇ ၂ခြေမြန်တပ်ရင်း၊ အမှတ် ၈ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမ်းမြို့၊ စျေးရပ်ကွက်မှာ အမှတ် ၉၁၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စု အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)နှင့် လေယာဥ်ကွင်းရပ်ကွက် အမှတ် ၁၀ တပ်ထိန်းတပ်ခွဲတို့လည်း တည်ရှိကြောင်း သိရသည်။", "အမ်းအခြေစိုက် အမှတ် ၃၇၂ ခြေ မြန်တပ်ရင်းမှ ထောက်ပို့ တပ်မိသားစုများသည် မတ်လ ၂၇ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ တပ်ဆုတ်ပြီး ပူးပေါင်းသွားခဲ့ကြောင်း အမ်းမြို့နယ်လူမှုရေးလှုပ်ရှားသူတစ်ဦးက ရှင်းပြသည်။", "နပခ ကို AA ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးမှုများရှိနေပြီး သံတွဲဘက်သို့ ထွက်ပြေးနေကြကြောင်း ၊ မတ်လ ၂၆ ရက်နေ့ စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား ရာထူးမှဖယ်ရှားပြီး ၎င်း၏နေရာတွင် တနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးကို နပခတိုင်းမှူးအဖြစ် တာဝန်ပေးလိုက်ကြောင်း သိရှိရသည်။", "ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့နယ် ၁၀ မြို့နယ်ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအား အစားထိုးခန့်လိုက်ပြီးနောက် AA ကလည်း ရခိုင်တွင် ထိုးစစ်ကို အရှိန်ဟုန်မြှင့်လိုက်ကြောင်း၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက်တွင် မတ်လ ၂၆ ရက်နေ့က စကခ (၅) လက်အောက်ခံ ခမရ (၃၄၆)၊ တခြားတပ်များမှ စုပေါင်းထားသော စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်း၊ လေကြောင်းပစ်ကူမှုနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ရက္ခိုင့်တပ်တော် AA ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။", "ဓာတ်ပုံ – အမ်းမြို့နယ်အတွင်းတွေ့ရသော မြန်မာ-တရုတ်ရေနံပိုက်လိုင်း။"]
https://yktnews.com/2024/11/191531/
အမ်းမြို့နယ်သို့ စစ်ကူလာချသော Mi -17 သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်ကို AA က ပစ်ခတ်ခဲ့မှု ထိမှန်သွားခဲ့ဟုဆို
["အမ်းမြို့နယ်သို့ စစ်ကူလာချသော Mi -17 သယ်ယူပို့ဆောင်ရေး စစ်ရဟတ်ယာဉ်ကို AA က ပစ်ခတ်ခဲ့မှု ထိမှန်သွားခဲ့ဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်သို့ စစ်ကူလာချသော စစ်ကောင်စီ၏ Mi -17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီးကို AA က ပစ်ခတ်ခဲ့ကြောင်း ရခိုင်ဒေသမှ သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မကျစေရေးအတွက် လေကြောင်းဖြင့် အဓိက စစ်ကူအင်အားများ အဆက် မပြတ်ဖြည့်တင်းလျက်ရှိကြောင်း၊ ထိုသို့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်း စစ်ကူ၊ လက်နက်ခဲယမ်းနှင့်စားနပ်ရိက္ခာများ လာရောက်ပေးပို့သည့် စစ်ကောင်စီ၏ လေယာဉ်နှင့် ရဟတ်ယာဉ်များအနက်မှ သယ်ယူပို့ဆောင်ရေး Mi-17 စစ်ရဟတ်ယာဉ်ကို ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုမှာ ထိမှန်သွားခဲ့သော်လည်း ပျက်ကျခြင်းရှိ၊ မရှိကိုမူ သေချာစွာ မသိရှိကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။", "“စစ်ရဟတ်ယာဉ်ကို ပစ်ခတ်လို့ ချက်ကောင်း ထိသွားတယ်ဆိုတာတော့ သေချာတယ်။ ပျက်ကျလား မပျက်ကျလားတော့ မသိရသေးဘူး” ဟု အဆိုပါ ရခိုင်ဒေသသတင်းရင်းမြစ်က ဆိုသည်။", "အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ယမန် နေ့ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်း ရိက္ခာနှင့် စစ်ကူအင်အားအချို့လာပို့သော စစ်ရဟတ်ယာဉ်တစ်စီးကို AA က ပစ်ချနိုင်ခဲ့သည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။", "“AA ဘက်တော့ တရားဝင်မထုတ်ပြန်သေးဘူးပေါ့နော်။ စစ်ကောင်စီဖက်ကတော့ စစ်အင်အား၊ ရိက္ခာတွေ ဒီနေ့လည်း လေယာဉ်တွေနဲ့ လာချတာရှိပါတယ်။ မနေ့ကဆို Y12 နှစ်စီးရယ်၊ ရဟတ် ယာဉ် ၄ စီးရယ် ပစ္စည်းလာချတယ်။ နောက်ပြီး ဂျက်ဖိုက်တာ ၃ စီးလောက်နဲ့လည်း AA ရှိရာနေရာတွေကို ပစ်ခတ်နေတယ်။ AA ကလည်း စစ်ကောင်စီလေယာဉ်တွေကို ပြန်ပစ်ခတ်တာရှိပါတယ်။ သတင်းအရကတော့ မနေ့က နေ့လယ် ၁ နာရီကျော်လောက်မှာ AA က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကြောင့် စစ်ရဟတ်ယာဉ်တစ်စီး ထိသွားတယ်။ မီးခိုးတွေထွက်ပြီး မကွေးဘက်သို့ ပျံသန်းသွားတယ်။ ပျံအားက ဒရုန်းပျံအားလောက်တောင် မရှိဘူးလို့ မြင်ရတယ်လို့ ပြောတယ်။ အလုံးစုံပျက်လား၊ ဘယ်နားကျသွားလဲတော့ အတိအကျ မသိရသေးဘူး” ဟု ပြောသည်။", "လက်ရှိတွင် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် ဗျူဟာကုန်းအများစုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ခမရ ၃၇၁ တပ်ရင်း၊ တပ်ထိန်းတပ်ရင်းနှင့် တိုင်းဌာနချုပ်တို့သာ မသိမ်းရသေးဘဲကျန်ကြောင်း သိရသည်။", "သို့သော်လည်း အာရက္ခတပ်တော် AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခြံဝန်းထဲကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်၊ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို ဆက်တိုက်ပြုလုပ်နေသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေက AA ပစ်ခတ်သော ရှော့တိုက်ဒုံး တိုင်းရုံးချုပ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့၍ အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားသည်ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားကြသည်။", "အကြမ်းဖက် စစ်ဒုခေါင်းဆောင် စိုးဝင်းက အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀ ဆုတ်ခွာခြင်းမပြုရန်နှင့် လုံး၀ လက်လွှတ်မခံရန် ယခု နိုဝင်ဘာလဆန်းပိုင်းတွင် အမိန့်ပေးညွှန်ကြားထားကြောင်း သိရှိရသည်။", "(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)"]
https://yktnews.com/2024/06/169249/
အမ်းမြို့နယ်၊ သဲကမ်းထောင်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
["အမ်းမြို့နယ်၊ သဲကမ်းထောင်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၀", "ရခိုင်ပြည်၊ အမ်းမြို့နယ်၊ သဲကမ်းထောင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။", "ယနေ့ဇွန် ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သဲကမ်းထောင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၇ နှစ်အရွယ် ၁ ဦးနှင့် အသက် ၂၅ နှစ် အရွယ် ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒီနေ့ ၁၁ နာရီလောက်က လေကြောင်းကနေ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမရှိပါဘူ။ ဒီအတိုင်း လာပြီးတော့ ဗုံးကြဲသွားတယ်။ ကျနော်တို့ အိမ်နားက မိသားစုသုံးယောက်ပါ နေရာမှာပဲ သေဆုံးပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ဒဏ်ရာ ရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "သေဆုံးသူ ၃ ဦးလုံးသည် သဲကမ်းထောင်းကျေးရွာမှ မိသားစုဝင်များဖြစ်ပြီး အသက် ၄ နှစ်အရွယ်ရှိ မောင်နေမိုးထက်၊ အသက် ၁၇ နှစ်ရွယ်ရှိ မမေဇင်အေးနှင့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုသန်းဝင်းနိုင်တို့ ဖြစ်ကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူ အသက် ၄၆ နှစ်ရွယ်ရှိ ဦးမောင်ပုနှင့် အသက် ၆၉ နှစ်အရွယ် ပြည်သူ ၁ ဦးတို့လည်း ခန္ဓာကိုယ်အနှံ့တွင် ထိခိုက် ဒဏ်ရာများ ရရှိကာ သဲကမ်းထောင်းရွာမှ နေအိမ် ၄ လုံး ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။", "ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်၊ ပတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "(Western News-WN သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)", "ပုံစာ- အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်များ ပျက်စီးနေစဉ်။Photo Credit- APM"]
https://yktnews.com/2024/11/191280/
အမ်းမြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲများအတွင်း ထွက်ပြေးလာသော ခမရ ၃၇၁ နှင့် ခမရ ၃၇၃မှ စစ်သား ၄ ဦးကို အရှင်ဖမ်းမိ
["အမ်းမြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲများအတွင်း ထွက်ပြေးလာသော ခမရ ၃၇၁ နှင့် ခမရ ၃၇၃မှ စစ်သား ၄ ဦးကို အရှင်ဖမ်းမိ", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း CDF – Asho တာဝန်ရှိသူ ဆလိုင်းရိုချင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ခမရ ၃၇၃ တပ်ရင်းကို အာရက္ခတပ် တော် -AA က တိုက်ခိုက်သိမ်းပိုက်စဉ် စစ်သား ၈ ဦးသာ ကျန်ရှိနေချိန် လက်များစွန့်ပစ်ပြီး ထွက်ပြေး လာသော တပ်သား သက်နိုင်နှင့် သက်နိုင်ဦးတို့ကို အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း၊ အလားတူ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း အစပ် နယ်ခြားဂိတ်အနီးရှိ ကြက်ရေစမ်းရွာအနီးတွင် ရှေ့ တန်း စစ်ကြောင်းအဖြစ် တာဝန်ပေးခြင်းခံရသူ ခမရ ၃၇၁ မှ တပ်သား ရဲမွန်ဦးနှင့် ကျော်မင်းဦး တို့ကို နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်းကောင်း ဖမ်းမိခဲ့ကြောင်း သိရသည်။", "“ဖမ်းမိတာကတော့ အဖွဲ့က ၂ ဖွဲ့လို့ ပြောရမှာပါ။ ၂ ယောက်တွဲ ၂ ယောက်တွဲပြေးလာတာပါ။ ခမရ ၃၇၃ ကတော့အရင်ပြေးလာတာဖြစ်ပါတယ်။ ခမရ ၃၇၃ ကို အာရက္ခတပ်တော် -AA က သိမ်းတဲ့ အချိန် ၃၇၃ ထဲမှာ လူသိပ်မကျန်တော့တဲ့အချိန်မှာ သူတို့ရဲ့ထွက်ဆိုချက်အရတော့ ၈ ယောက်ပဲ ကျန် တော့တဲ့အချိန်မှာ သူတို့နှစ်ယောက်က ကြောက်လန့်ပြီး သေနတ်တွေလွှင့်ပစ်ပြီး တော့မှ လွတ်ရာ လွတ်ကြောင်းပြေးလာတယ်လို့ပြောပါတယ်။ အဲလိုပြေးလာတဲ့အချိန်မှာ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာ စစ်ဆင်ရေးလှုပ်ရှားတဲ့နေရာတွေကို ကျွံပြီးတော့ ဝင်လာတဲ့အတွက်ကြောင့် လက်ရဖမ်းဆီး ထား တာဖြစ်ပါတယ်။ ၃၇၁ ကနေ ပြေးလာတဲ့နှစ်ယောက်ကကျတော့ ရခိုင်ပြည်နယ်နဲ့မကွေးတိုင်း အစပ်ရွာဖြစ်တဲ့ နယ်ခြားဂိတ်နားမှာရှိတဲ့ ကြက်ရေစမ်းဆိုတဲ့ရွာနားမှာ သူတို့ကို ရှေ့တန်းစစ်ကြောင်း အဖြစ် ခမရ ၃၇၁ ကနေပြီးတော့ အဲဒီမှာတာဝန်ပေးထားတာလို့ပြောပါတယ်။ သူတို့ရဲ့ရှေ့ တန်း စခန်းလေးတွေမှာ ကင်းစောင့်တဲ့အချိန် မှာပြေးလာတာလို့ ပြောပါတယ်။” ဟု CDF – Asho တာ ဝန်ရှိသူ ဆလိုင်းရိုချင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho ) အနေဖြင့် ဖမ်းဆီးရမိသောစစ်သုံ့ပန်းများအား နိုင်ငံ တကာ စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းသိမ်းထားကာ အပြစ်ပေးအရေးယူနိုင် ရေးအတွက် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။", "“လက်ရှိအချိန်အထိတော့ စစ်သုံ့ပန်းတွေမှာလည်း စစ်သုံ့ပန်းတွေအတိုင်းပဲ ရှိသင့်တဲ့အခွင့်အရေးတွေ နဲ့အညီဖမ်းဆီးထိန်းသိမ်း ထားပါတယ်။ ဆက်လက်အရေးယူသွားဖို့ဆိုတဲ့အပိုင်းတွေမှာတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ မေးခွန်း တွေကို ပြန်ပြီးတော့ မေးနေရပါသေးတယ်။ ထွက်ပြေးတလာတဲ့ကာလ ဖြစ်လို့ သူတို့ရဲစိတ်ပိုင်းဆိုင် ရာကိုက ပုံမှန်မဟုတ်တဲ့အနေအထားတွေလည်း ရှိနေတာမို့ အဖြေတွေ ကလည်း တိကျမှန်ကန် နိုင် မှာမဟုတ်ဘူး။ တခြားတခြားသောထွက်ဆိုချက်တွေကိုလည်း ယုံကြည် လို့မရသေးတဲ့ အခြေအနေ တွေ ဖြစ်နေပါသေးတယ်။” ဟု CDF – Asho တာ ဝန်ရှိသူ ဆလိုင်းရိုချင်း က ပြောဆိုသည်။"]
https://yktnews.com/2024/12/194918/
အမ်းရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေသဖြင့် လက်အောက်ငယ်သားများ၏ အသက်ကို အလေးမထားတော့ဟုဆို
["အမ်းရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေသဖြင့်လက်အောက်ငယ်သားများ၏ အသက်ကို အလေးမထားတော့ဟုဆို", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ရခိုင်ပြည်၊အမ်းမြို့နယ်ရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချနေကြောင်း AA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက စစ်လေယာဉ်များဖြင့် ဗုံးများ အဆက် မပြတ် ကျဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ပိတ်မိနေသော နပခဌာန ချုပ်ဝင်းအတွင်းအထိပါ စစ်လေယာဉ်များဖြင့် ဗုံးကျဲခြင်းဖြစ်ကြောင်း AA သတင်းရင်းမြစ်က ပြောသည်။", "“နပခတိုင်းစစ်ဌာနချုပ် ဝင်းထဲကိုပါ ဗုံးတွေ လေယာဉ်တွေနဲ့ ကျဲတယ်။ ရော့ကတ်တွေနဲ့ပါ ပစ်တာ။ ပစ်တဲ့နေရာတွေက သူ့လူတွေနဲ့ ဘန်ကာတွေ ရှိတဲ့နေ ရာတွေအထိပါ ကျဲနေတာ ပစ်နေတာလို့ သိရတယ်” ဟု AA သတင်းရင်းမြစ်က ဆိုသည်။", "တပ်သတင်းရင်းမြစ်တစ်ခုကလည်း နပခဝင်းအတွင်းသို့ ဝင်ရောက်လာသော AA တပ်များကို ခုခံရန်အတွက် လေကြောင်းပစ်ကူ အဓိက ထားအသုံးပြုရန် စစ်ကောင်စီထိပ်ပိုင်းက ညွှန်ကြားနေပြီး အဓိကအားဖြင့် နပခ မကျစေရေးအတွက် လေကြောင်းပစ်ကူကို အမြဲမပြတ် ပေးရန် ညွှန်ကြားချက်ရှိကြောင်း ပြောဆိုသည်။", "“နပခဝင်းထဲ ဝင်ပြီး ရှေ့တိုးလာရင် လေကြောင်းပစ်ကူနဲ့ ရှင်းလင်းဖို့ အမြဲမပြတ် လေကြောင်းကနေ ကင်းထောက် ပစ်ကူပေးဖို့ ညွှန်ကြားထားတာရှိပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။", "အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသော တပ်ရေးဗိုလ်ကြီး၏ ဇနီးဖြစ်သူကမူ ၎င်း၏ အမျိုးသားနှင့် ယနေ့ အချိန်အထိ အဆက် အသွယ်မရတော့ကြောင်း၊ ရခိုင်နှင့် ပြည်တွင်းသတင်းဌာနများ၏ သတင်းများတွင် နပခဝင်းအတွင်းသို့ စစ်လေယာဉ်များဖြင့် ဗုံးများကျဲချနေသည်ဟု ဖတ်ရှုရသဖြင့် စိုးရိမ်ကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်၊ စစ်ရုံးသို့ ဆက်သွယ်၍ ခင်ပွန်းဖြစ်သူ၏ အခြေအနေကို မေးမြန်းသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ သက်ဆိုင်ရာ စစ်တပ် တပ်ရင်းကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိကြောင်း၊ စိတ်ပူနေသော တပ်မိသားစုများ၏ မေးမြန်းစုံစမ်းမှုကို မည်သည့် တပ်အရာရှိကမှ ဂရုတစိုက် ဖြေကြားခြင်းမရှိကြောင်း၊လက်အောက်ငယ်သားများ၏ အသက်များကို စစ်ခေါင်းဆောင်များက တန်ဖိုးမထားတော့၍ ထိုသို့ လေယာဉ်ဖြင့် ဗုံးများကျဲချနေခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။", "အမ်းမြို့နယ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လွှဲ၍ တပ်ရင်းများ၊ ဌာနဆိုင် ရာရုံးများနှင့် အမ်းလေဆိပ်တို့ကို အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။", "ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ အမ်းမြို့တွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း တက်ရောက်သော နပခတိုင်းစစ်ဌာနချုပ်မှ အစည်းအဝေး တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/01/201229/
အမျိုးသမီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဖွင့်လှစ်ရန်အတွက် အမျိုးသမီးစာရင်း ကောက်ယူရန် စစ်ကောင်စီက တရားဝင် ညွှန်ကြား၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မတိုင်မီ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများအားလုံး စစ်မှုထမ်းရန် အကျုံးဝင်
["အမျိုးသမီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဖွင့်လှစ်ရန်အတွက် အမျိုးသမီးစာရင်း ကောက်ယူရန် စစ်ကောင်စီက တရားဝင် ညွှန်ကြား၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မတိုင်မီ အသက် ၁၈နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးများအားလုံး စစ်မှုထမ်းရန် အကျုံးဝင်", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "အကြမ်းဖက် စစ်ကောင်စီက အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ရန်အတွက် စစ်မှုထမ်းဥပေဒအရ အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို ကောက်ယူရန် စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဗဟိုက ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ယင်းကဲ့သို့ နိုင်ငံတစ်ဝန်းရှိ စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို စစ်ကောင်စီ၏ စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ညွှန်ကြားလိုက်ခြင်းဖြစ်ပြီး အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို မကြာမီဖွင့်လှစ်သွားရန်ရှိကြောင်း သိရှိရသည်။", "လတ်တလော ခေါ်ယူမည့် အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် အသက် ၂၅ နှစ်မှ အသက် ၂၇ နှစ်ပြည့်ခါနီး အမျိုး သမီးများကို ပထမ ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီး စစ်မှုထမ်းဥပဒေပါ အသက်အရွယ်တွင် ရှိသော်လည်း အိမ်ထောင်သည်အမျိုးသမီးများ ၊အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများမှာမူ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။", "“အခုတော့ ဖေဖော်ဝါရီထဲမှာ အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ စတင်မယ်လို့ သိထားပေမယ့် တရားဝင်တော့ ညွှန်ကြား ချက်တော့ မတွေ့ရသေးဘူး။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မတိုင်မီ အသက် ၁၈ နှစ် အသက် ၂၇ နှစ်အတွင်းရှိတဲ့ အမျိုးသမီးစာရင်းကိုတော့ စတင်ပြုစုခိုင်းနေပါတယ်။ အမျိုးသမီး စစ်မှုထမ်းကတော့ ခေါ်ဖို့ကတော့ သေချာသလောက် ရှိနေပြီလို့ သိထားပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ရှင်းပြသည်။", "လက်ရှိ ရန်ကုန်တိုင်းအတွင်းတွင်လည်း စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများစာရင်းကို အမြန်ကောက်ခံခိုင်းနေကြောင်း သိရှိရသည်။", "“ရန်ကုန်က မြို့နယ်ရပ်ကွက်တွေမှာ အမျိုးသမီး စစ်မှုထမ်းစာရင်းကော အမျိုးသား စစ်မှုထမ်း စာရင်းကော ကောက်ခိုင်းနေပြီ အမျိုးသမီးကတော့ အသက် ၂၇ နှစ်ပြည့်ခါနီး တွေကို ဦးစားပေး စာရင်းတင်ခိုင်းနေတယ်” ဟု ရန်ကုန်တိုင်း ထွေ/အုပ်သတင်းရင်းမြစ်က ရှင်းပြသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အဆိုပါဥပဒေအရ စစ်မှုထမ်းရမည့် အမျိုးသမီးများ၊ အမျိုးသားများ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း အပါအဝင် အသေးစိတ်အချက်အလက်များကို ပြဋ္ဌာန်းထားသည်။", "ဓာတ်ပုံ- စစ်မှုထမ်းရန် အမျိုးသမီးစာရင်း ကောက်ယူရာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မတိုင်မီ အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အတွင်းရှိ စစ်မှုထမ်းရမည့် အမျိုးသမီးစာရင်းကို အဓိက ဦးစားပေးကောက်ယူခိုင်းနေသည့် စာရင်းစာရွက်။"]
https://yktnews.com/2024/07/173402/
အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း KNDO ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်
["အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း KNDO ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁၆", "အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း KNDO ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒုပလာယာခရိုင် ကျုံးဒိုးမြို့နယ် တပ်မဟာ ၆ နယ်မြေ တပ်ရင်း ၆ တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ KNDO ၏ ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို မဟာမိတ်တော်လှန်ရေး အင်အားစုများဖြစ်ကြသည် မွန်ပြည်သစ်ပါတီ ( NMSP-AD) မှ ဗိုလ်မှူးကြီး နိုင်အိမ့်ချမ်း ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ( PSLF) တအောင်းတပ်မတော်(TNLA)မှ ဗိုလ်မှူးကြီး တာဆငည်းလေး၊ ကျားဖြူစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်စစ်ရေးတာ၀န်ခံများ KNDOတပ်ရင်း ၆ တပ်ရင်းမှူး မန်းညွန့်မောင်၊ အမျိုးသားညီညွတ်ရေးအစိုးရပြည့်သူကာကွယ်ရေးတပ်မတော် ဂဠန်စစ်ကြောင်း (၉၉၀၈) ၏ ဒုစစ်ကြောင်းမှူး ဦးစိုး၀င်းတို့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရရှိရသည်။"]
https://yktnews.com/2023/02/86777/
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အမေရိကန်ရောက် မြန်မာပြည်သူများနှင့်တွေ့ဆုံ
["အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အမေရိကန်ရောက် မြန်မာပြည်သူများနှင့်တွေ့ဆုံ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့နှင့် နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲကို နယူးယောက်မြို့ရှိ St.James Episcopal Church တွင် ကျင်းပခဲ့သည်။", "အဆိုပါ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ) မွန်းလွဲ ၂ နာရီမှ ညနေ ၄နာရီအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နယူးယောက်မြို့ရှိ မြန်မာပြည်ဖွားတိုင်းရင်းသား ၃၅၀ ကျော်တက်ရောက်ခဲ့ကြသည်။", "တော်လှန်ရေးတွင် စိတ်အားထက်သန်စွာပါဝင်နေကြသော အမေရိကန်ရောက်တော်လှန်ရေးညီအကိုမောင်နှမများအား ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပြီးလက်ရှိဖြစ်ပေါ်တိုးတက်နေသော နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။", "တက်ရောက်လာကြသူများကလည်း ၎င်းတို့သိလိုသည်များကို မေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဝန်ကြီးနှင့် သံအမတ်ကြီးတို့က အသေးစိတ်ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရပါသည်။"]
https://yktnews.com/2022/10/50108/
“NUG ကသာမြို့နယ်တရားရုံးအနေနဲ့ တရားဥပဒေစိုးမိုးမှုကတော့ မြို့နယ်အတွင်းမှာ ၇၅ ရာခိုင်နှုန်းထိတော့ ရပြီလို့ ပြောလို့တော့ ရပြီ။ အကျဥ်းထောင် ဆောက်လုပ်ရေး ကတော့ အထက်ကနေတော့မှ သူတို့ ညွန်ကြားချက်ပေးတဲ့ အတိုင်းလုပ်ရမှာဆိုတော့ လျာထားချက်ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်တလော စစ်ကြောင်းတွေ ဝင်လာတဲ့ အခါမှာ ပျက်ယွင်းတာရှိပါတယ်”
["အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသာမြို့နယ်တရားရုံး တာဝန်ခံနှင့်ဆက်သွယ်မေးမြန်းချက်", "By ရန်ကုန်ခေတ်သစ်", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG မြို့နယ် တရားရုံးကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် တရားဝင် စတင် ဖွင့်လှစ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ကသာမြို့နယ် တရားရုံး၏ တာဝန်ခံတစ်ဦးကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။", "မေး။ ။ ကသာတရားရုံးက အခု ဘာအမှုတွေကိုင်တွယ်နေလဲ။", "ဖြေ။ ။ လက်ရှိကတော့ ပြစ်မှုက ၃ မှုပေါ့လေ။ မူးယစ်ဆေးဝါးမှု ၃ မှု ပြတ်သွားပြီပေါ့။ တရာမမှုက ၂ မှုပေါ့။ စစ်ဆေးနေတုန်းက ၁ မှုပေါ့။", "မေး။ ။ လက်ရှိ အမှုအရေအတွက် ဘယ်လောက်လောက် စစ်ဆေးပြီးပြီလဲ။", "ဖြေ။ ။ အဲဒါက ကျွန်တော်တို့ စစ်ကြောင်းထိုးလာတဲ့ အပိုင်းတွေနဲ့ကြောင့် ဆိုင်းငံ့ ခဏထားပြီးတော့ အခု ရုံးဖွင့်ပြီးတော့မှ ပြန်လက်ခံရမှာ။ အမှုအရေ အတွက် ဘယ်လောက်ရှိတယ်ဆိုတာ အတိအကျ မသိနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။", "မေး။ ။ တရားရုံး လုံခြုံရေး ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး စီမံထားတာတွေရှိလဲ။", "ဖြေ။ ။ ဒေသခံ ပကဖတွေနဲ့ မြို့နယ် ပကဖ ကာကွယ်ရေး တပ်ရင်းတွေပေါ့။ အဲတာမျိုးတွေက ကူညီပေးပါတယ်။", "မေး။ ။ အချုပ်သား အကျဥ်းသားတွေကို ထားရှိဖို့ အကျဥ်းထောင် ဆောက် လုပ် ထားမှု အခြေအနေတွေကောရှိလား။", "ဖြေ။ ။ အဲဒါကတော့ စီစဥ်ဆောင်ရွက်ဆဲ ပုံစံလောက်ပဲ ရှိသေးတယ်ဗျ။ အကျဥ်းထောင် ကိစ္စက တော့ အထက်ကနေတော့မှ သူတို့ ညွန်ကြားချက်ပေးတဲ့ အတိုင်းလုပ်ရမှာဆိုတော့ လျာထားချက်ရှိတယ်လို့ပဲ ပြောလို့ရမယ်။", "မေး။ ။ လက်ရှိ အများဆုံးစစ်ဆေးနေရတဲ့ အမှုတွေက ဘယ်လိုအမှုမျိုးတွေလဲ။", "ဖြေ။ ။ အများဆုံးကတော့ မူးယစ်မှုတွေပေါ့။ တရားမ မှုတွေ အဲဒါမျိုးတွေပဲ ရှိတယ်။", "မေး။ ။ တရားရုံးရဲ့ စီမံနိုင်မှု အတိုင်းအတာက အားရ ကျေနပ်မှုရှိလား။", "ဖြေ။ ။ အားရ ကျေနပ်သလားဆိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ ခေတ်ကောင်းတုန်းက ဆောင်ရွက်နေတဲ့ ပုံစံမျိုးထိ မရောက်ပေမယ့် ကျွန်တော်တို့ တော်တော်ကြီးကို အောင်မြင်နေပြီလို့ ပြောလို့ရပါတယ်။", "​မေး။ ။ ကသာမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးမှု အတိုင်းအတာ ဘယ် လောက် အထိ ရှိနေပြီလဲ။", "ဖြေ။ ။ တရားဥပဒေစိုးမိုးမှုကတော့ ကျွန်တော်တို့ ပြောမယ်ဆိုရင် ၇၅ ရာခိုင် နှုန်းထိတော့ ရပြီလို့ ပြောလို့တော့ ရပြီ။ ဒါပေမယ့် ကျွန်တော်တို့ လတ်တလော စစ်ကြောင်းတွေ ဝင်လာတဲ့ အခါမှာ ပျက်ယွင်းတာရှိပါတယ်။ ကျန်တဲ့အချိန်တွေက ကျွန်တော်တို့ ဒီအတိုင်းပဲ ဥပဒေတိုင်းပဲ ပကဖ၊ ပအဖ အုပ်ချုပ်ရေး လမ်း ကြောတွေ ကာကွယ်ရေး လမ်းကြောတွေ တပ်ရင်းတွေနဲ့ အကူအညီနဲ့ ပြန်ပြီး လည်ပတ်နိုင်ပါတယ်။", "မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိလဲ။", "ဖြေ။ ။ တော်လှန်ရေးအတွက် တတ်နိုင်သ၍ ကြိုးစားနေတဲ့ဟာတွေ အဲဒါလေးပဲ ပြောချင်ပါတယ်။"]
https://yktnews.com/2025/05/214362/
အမျိုးသားညီညွတ်ရေးအစိုးရက ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ဟု အတိအလင်း ထုတ်ပြန်
["အမျိုးသားညီညွတ်ရေးအစိုးရက ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ဟု အတိအလင်း ထုတ်ပြန်", "ရန်ကုန်၊ မေ ၁၃", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG က နိုင်ငံတစ်နိုင်ငံ ၏ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။", "ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် (၁၀/၂၀၂၅)တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ နီးစပ်ရာညှိနှိုင်းမှုနှင့် အကျပ်၍ ရသည့်အင်အားစုများကို နည်းလမ်းပေါင်းစုံသုံးအတင်းဖိအားပေး ဆွေးနွေးခိုင်းမှုမှာ အကျိုးမရှိဘဲ သွေးကွဲမှုနှင့်တင်းမာမှုများကို ဖြစ်ပေါ်စေနိုင် ကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။", "“နိုင်ငံတနိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုတွေနဲ့ အကြပ်ကိုင်လို့ရတဲ့ အင်အားစုတွေကို နည်းလမ်းပေါင်းစုံသုံး အတင်းဖိအားပေး ဆွေးနွေးစေပြီး အပစ်အခတ်ရပ်စဲစေမှု (forced negotiation) နည်းလမ်းကို အသုံးပြုခြင်းဟာလည်း ရေရှည်အတွက် အကျိုးမရှိဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးစေကာ တိုင်းရင်းသား အင်အားစုတွေအချင်းချင်းကြား သွေးကွဲမှု၊ တင်းမာမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စုစည်းညီညွတ်တဲ့ ကြိုးပမ်းမှုမျိုးကို လမ်းဖွင့်ထားပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။", "လတ်တလော အကြမ်းဖက် စစ်အုပ်စုက ဟန်ပြ အပစ်အခတ်ရပ်စဲရေး ကြေညာနေသော်လည်း ၎င်းတို့ကိုယ်တိုင် ကြေညာထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်နေကြောင်း၊ စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၃၄ ဦး သေဆုံးခဲ့ကြောင်း ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။", "“စစ်အုပ်စုဟာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကနေစပြီး မေလ (၉) ရက်နေ့အထိ တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၃၇၂ ခုပြုလုပ်ခဲ့ပြီး အဲဒီ့ဖြစ်စဉ်တွေကြောင့် ပြည် သူလူထုသေဆုံးသူ ၃၃၄ ဦးရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၅၅၂ ဦးရှိခဲ့ပါတယ်။ ဒီ ၁ လခွဲခန့်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်ခြေ ၅၀၀ ကျော် ၊ စာသင်ကျောင်း ၄၀ ကျော်နဲ့ ဘာသာရေးအဆောက်အဦတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း ၂၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၄ ကျောင်း၊ ဗလီ ၁ လုံးတို့ ထိခိုက်ဆုံးရှုံးပျက်စီးခဲ့ရပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်လေယာဉ် ၊ ဒရုန်း၊ စက်တပ်လေထီး(ပါရာမော်တာ) တွေအပြင် ဂျိုက်ရိုကော်ပတာလို့ခေါ်တဲ့ ရဟတ်ယာဉ်အငယ်စားတွေကိုပါ အသုံးပြုနေတာလည်းဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့လည်း နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိနေသလို စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှု၊ ရွာများသို့ စစ်ကြောင်းထိုး၊ မီးရှို့စသည့် လုပ်ရပ်များကို နေ့စဉ်ရက်ဆက် လက်တွေ့လုပ်ဆောင်နေသော်လည်း တစ်ဖက်တွင် နိုင်ငံတကာ မျက်နှာပန်းလှစေရေးအတွက် ဟန်ပြအပစ်အခတ်ရပ်စဲရေးထုတ်ပြန်ချက်များကို ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။", "အမှန်တကယ် အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု လိုအပ်မည်ဖြစ်ပြီး ချိုးဖောက်သူကို မည်သို့ အရေးယူမလဲဆိုသော အရေးယူမှုများ ပါဝင်ရမည်ဖြစ်ကြောင်း၊ စစ်အုပ်စု၏ ဟန်ပြ အပစ်အခတ်ရပ်စဲရေးသည် ချိုးဖောက်ရန် လွယ်ကူပြီး ချိုးဖောက်မှုများကို စစ်တပ်က ကိုယ်တိုင် ကျူးလွန်နေကြောင်း ၎င်းက ဆိုသည်။", "“အခုစစ်အုပ်စုဘက်ကလုပ်ဆောင်နေတဲ့ ဟန်ပြအပစ်အခတ်ရပ်စဲရေးကြေညာချက်တွေဟာ စည်းနှောင်မှုမရှိ၊ ချိုးဖောက်ဖို့ လွယ်ကူမယ့် အကြောင်းအချက်တွေ ထည့်သွင်းထားတာကိုလည်း သတိပြုကြရမှာဖြစ်ပါတယ်။ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲမှုတွေအတွက် ကျင့်ဝတ်စည်းကမ်း (code of conduct) တွေ၊ သဘောတူညီမှုတွေ လိုအပ်မှာဖြစ်သလို အဲဒီ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ သေချာစေဖို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု (international monitoring mechanism) လိုအပ်မှာဖြစ်ပါတယ်။ သဘောတူထားတဲ့ ကျင့်ဝတ်၊ သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့မယ်ဆိုရင် ချိုးဖောက်သူကို ဘယ်လို အရေးယူမလဲဆိုတဲ့ အရေးယူမှုတွေလဲ ပါဝင်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။", "စစ်တပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ယမန်နေ့တွင် ဒီယဲယင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းသို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ ဦး စုစုပေါင်း ၂၂ ဦးသေဆုံးခဲ့ရသည်။"]
https://yktnews.com/2025/04/211144/
အမျိုးသားညီညွတ်ရေးအစိုးရက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်
["အမျိုးသားညီညွတ်ရေးအစိုးရက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်", "ရန်ကုန်၊ဧပြီ ၁၃", "အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယာယီအပစ်အခတ်ရပ်စဲရေးကာလကို ၁ ပတ်ထပ်မံတိုးမြှင့်လိုက်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။", "မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်သော ခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ရက်သတ္တ နှစ်ပတ်ကြာ မတ်လ ၃၀ ရက်နေ့ မှ ဧပြီ ၁၂ ရက်နေ့အထိ ရပ်ဆိုင်းထားရန်ကြေညာခဲ့ကြောင်း၊ ယင်းနောက် ငလျင်ကြောင့် အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှု ကြီးမားခဲ့သော မြန်မာပြည်သူများအား နှစ်သိမ့်အားပေးမှု ပြုနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီလ ၁၃ ရက်မှ ၂၀ ရက်အထိ ကာလကို “နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ရက်သတ္တပတ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင် ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှါ ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သော ခရိုင်များတွင် ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး ဆက်လက် ရပ်ဆိုင်းထားရန်နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သောအကူအညီနှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက အထူးညွှန်ကြားချက် (၃/၂၀၂၅) ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။", "“ထိုးစစ်ကို ၂ ပတ် ကျနော်တို့ ရပ်နားတာဖြစ်ပါတယ်။ ၂ ပတ်ရပ်နားတာကတော့ ၃၀ ရက်နေ့ (မတ်လ ၃၀ ရက်) ကနေစတယ်ပေါ့။ စပြီးတော့ ကျနော်တို့ ၁၂ ရက်နေ့ဆိုရင် ပြည့်ပြီပေါ့နော်။ ပြည့်တဲ့အတွက်ကြောင့် ကျနော် တို့ နောက်ထပ် ၇ ရက်ပေါ့။ ၇ ရက်တာ ကာလကိုလည်း ကျနော်တို့ နိုင်ငံလုံးဆိုင်ရာ ပြည်သူလူထုဝမ်းနည်းကြေကွဲမှုနေ့ နှစ်သိမ့်အားပေးမယ့် ရက်သတ္တပတ်ဆိုပြီးတော့လည်း ဒါ NUG က ကြေညာထားတာရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ ဒီနောက်ထက်တစ်ပတ်ပေါ့နော် ၁၃ ရက်နေ့ ကနေပြီးတော့ နောက်ထပ်တပတ်ကို ထိုးစစ်ရပ်စဲရေးအတွက် ဆက်လက်ပြီးတော့ ကာလတိုးချဲ့သွားဖို့” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီကလည်း ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ထိုးစစ်များ ဆင်နွှဲခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက် လုပ်ဆောင်နေကာ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/87721/
အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသက နဂါးနီစစ်ကြောင်းအတွက် လက်နက်များ အခမ်းအနားဖြင့် တပ်ဆင်ပေးအပ်
["အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသက နဂါးနီစစ်ကြောင်းအတွက် လက်နက်များ အခမ်းအနားဖြင့် တပ်ဆင်ပေးအပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ် ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များက စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်​၏ နဂါးနီစစ်ကြောင်း ကို လက် နက်များ တပ်ဆင် ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွင်ပြုလုပ်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ဒေသခွဲ အမှတ် ၃ အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များသို့ ရှင်းလင်းပြောကြားခဲ့ပြီး နွေဦးတော်လှန်ရေး၏ ၂ နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုဩဝါဒစကားပြောကြားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106505/
အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူ အဖြစ် စစ်တပ်၏ စွပ်စွဲ ဖမ်းဆီးခံထားရသော ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်
["အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူ အဖြစ် စစ်တပ်၏ စွပ်စွဲ ဖမ်းဆီးခံထားရသော ကိုကောင်းဇာနည်ဟိန်း ၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်", "ထန်းတပင်မြို့နယ် မဘသ ဒုဥက္ကဋ္ဌ လူမိုက် ပျူစောထီး နိုင်ကြီးအဖွဲ့က သတ်ဖြတ်မှုတွင် ဦးဆောင်ပါဝင်ခဲ့", "ရန်ကုန်၊ ဇွန် ၇", "ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင်နှင့် အစ်မ တို့ကို မဘသနှင့်ပျူစောထီးများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်၊ မဘသအသိုင်းအဝိုင်းနှင့် စစ်ဘက်သတင်းရင်းမြစ် တချို့ထံမှ သိရှိရသည်။", "မေလ ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ အစွန်းရောက် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ကိုကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကိုကျော်သူရ(ခ) အီးတီတို့ကို လုပ်ကြံ သတ်ဖြတ်သူများအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။", "“သေနတ်နဲ့ မပစ်ခင်မှာ နှစ်ဦးစလုံးကို စိတ်တိုင်းကျ ရိုက်နှက် ညှဉ်းပန်းတယ်။ မပစ်ခင်ကတည်းက အရမ်းရိုက်နှက်ခံရထားတော့ သေလုမျောပါးဖြစ်တယ်။ ပြီးမှ သေတာသေချာအောင် သေနတ်နဲ့ ပစ်ခတ်သွားတာ။ လိပ်စာအတိအကျနဲ့ကိုလာသတ်သွားတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "ရဲဘက်သတင်းရင်းမြစ်တစ်ခုကမူ ကိုကောင်းဇာနည်ဟိန်း၏ လိပ်စာဖြစ်သော ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ် လိပ်စာကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ပျူစောထီးများထံ ပေးပို့ ရှယ်ခဲ့ကြောင်း ပြောဆိုသည်။", "အမျိုးသားရေးအစွန်းရောက် သတင်းရင်းမြစ်တချို့ကမူ တင့်လွင်နှင့် လီလီနိုင်ကျော်တို့ အသတ်ခံရပြီးနောက် မဘသနှင့်ပျူစောထီးများက NLD ပါတီဝင်များ၊ နာမည်ကြီး နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများ၏ မိသားစုများ ကို လုပ်ကြံသတ်ဖြတ်ရန် အစည်းအဝေးများ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိ ထန်းတပင်မှ အမျိုးသမီး ၂ ဦး အသတ်ခံရမှုသည် ယင်းအစည်းအဝေးများ၏ နောက်ဆက်တွဲ ဟု ဆိုရမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင်နှင့် အစ်မတို့ကို သတ်ဖြတ်သူများမှာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာမှ ပျူစောထီး နိုင်ကြီး(ခ) အရုပ်ကြီး လူမိုက်အဖွဲ့နှင့် အတူ ပါလာသော မဘသ အမျိုးသားရေး အစွန်းရောက်များ ဖြစ်ကြောင်း သိရှိရသည်။", "” ရဲနဲ့စစ်တပ်နောက်လိုက် ပျူစောထီး နိုင်ကြီး (ခေါ်) အရုပ်ကြီးဆိုတဲ့လူမိုက်အဖွဲ့တွေနဲ့အတူပါလာတဲ့အဖွဲ့ပါ။ ပရိုဘောက် ကားနဲ့ဝင်လာတယ်။ အဲဒီကားနဲ့ပြန်ထွက်သွားတယ်။ ပျူစောထီးနိုင်ကြီး(ခေါ်) အရုပ်ကြီး လူမိုက်အဖွဲ့က မဘသတွေလည်းဖြစ်ပါတယ်။ ထန်းတပင်မှာလည်း မဘသ ဒုဥက္ကဌလည်း ဖြစ် တယ်။ ကျေးရွာအတွင်းမှာလည်းထင်တိုင်းကြဲမိုက်ရိုင်းနေတဲ့လူတွေလည်းဖြစ်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/07/112188/
အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကို ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်
["အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကို ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်", "ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်အရ စစ်တပ်က စစ်ကြောရေးတွင် လူငယ် ၂ သီးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့", "ရန်ကုန်၊ ဇွန် ၉", "အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကို ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သော်လည်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုသည်။", "စစ်ကောင်စီ၏ လိမ်လည် သတင်းထုတ်ပြန်ချက်တွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် လီလီနိုင်ကျော်ကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်ဦး(ခ) ကောင်းကောင်းနှင့် ကိုကျော်သူ(ခ) အီးတီတို့ ၂ ဦးကို ခေါ်ဆောင်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၂၉ ရပ်ကွက်၊ မောင်းမကန်လမ်းဘေးခြုံပုတ်အတွင်းတွင် ဝှက်ထားသော လက်နက်နှင့်ခဲယမ်းများကို ရှာဖွေနေစဉ် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးစလုံးဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။", "ရန်ကုန်ခေတ်သစ်၏ စစ်ဘက်နှင့်ရဲဘက် ဖရဲသီးသတင်းရင်းမြစ်ကမူ ကိုကောင်း ဇာနည်ဟိန်း(ခ) လပြည့်ဦး(ခ) ကောင်းကောင်းနှင့် ကိုကျော်သူ(ခ) အီးတီတို့ ၂ ဦးလုံးကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတင်းထုတ်ပြန်ချက် တွင်ပါဝင်သော အချိန်နှင့်နေရာများမှာလည်း မှန်ကန်မှုမရှိကြောင်း ပြောဆိုသည်။", "“စစ်ကြောရေးမှာ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိထားပါတယ်။ ထုတ်ပြန်ထားတာတွေက ဇတ်လမ်းဆင်ထားတာပါ” ဟု စစ်ဘက်နှင့်ရဲဘက် ဖရဲသီးသတင်းရင်းမြစ်က ဆိုသည်။", "ထို့ပြင် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ရာတွင်လည်း ကိုကောင်းဇာနည်ဟိန်း၏ လိပ်စာဖြစ်သော ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ် လိပ်စာကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ပျူစောထီးများထံ ပေးပို့ခဲ့ကြောင်း၊ သတ်ဖြတ်ရာတွင် ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာမှ ပျူစောထီး နိုင်ကြီး(ခ) အရုပ်ကြီး လူမိုက်အဖွဲ့နှင့် အတူ မဘသ၊ အမျိုးသားရေး အစွန်းရောက်များပါဝင်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106655/
အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ယနေ့ အသုဘချမည်ဖြစ်ပြီး နာရေးရက်လည်ကို ကျန်ရစ်သူမိသားစုနှင့် မဘသများက ဦးစီး၍ ဘင်္ဂလားကျောင်းတိုက်တွင် ပြုလုပ်မည်
["အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ယနေ့ အသုဘချမည်ဖြစ်ပြီး နာရေးရက်လည်ကို ကျန်ရစ်သူမိသားစုနှင့် မဘသများက ဦးစီး၍ ဘင်္ဂလားကျောင်းတိုက်တွင် ပြုလုပ်မည်", "ရန်ကုန်၊ ဇွန် ၈", "ရန်ကုန်တိုင်း၊ ရန်ကင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ယနေ့ အသုဘချမည်ဖြစ်ပြီး ၎င်း၏ နာရေး ရက်လည်ကို ကျန်ရစ်သူမိသားစုနှင့် အစွန်းရောက် မဘသများက ဦးစီး၍ ဗဟန်းမြို့နယ်ရှိ ဘင်္ဂလား ကျောင်းတိုက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။", "မေလ၃၀ ရက်နေ့တွင် အမျိုးသားရေး အမည်ခံ အစွန်းရောက် လီလီနိုင်ကျော် ပစ်သတ်ခံရပြီးနောက် သေဆုံးခဲ့သော်လည်း စစ်ကောင်စီက အသက်ရှင်နေသည်ဟုဆိုကာ စစ်ဆေးရုံတွင် ဆေးဝါးကုသမှုများကို ဇွန်လ ၆ ရက်နေ့ အထိ လုပ်ဆောင်ခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် လီလီနိုင်ကျော် သေဆုံးခဲ့သည်ဟု မိသားစုက ကြေညာခဲ့ပြီး နာရေးသဂြိုလ်မှုကို ယနေ့ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်အချိန် မင်္ဂလာဒုံစစ်သင်္ချိုင်း၊ ငြိမ်းအေးဇရပ်တွင် ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။", "လီလီနိုင်ကျော်၏ ရက်လည် နာရေးကို ဇွန်လ ၁၂ ရက်နေ့ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရေခဲဆိုင်မှတ်တိုင် ဘင်္ဂလားကျောင်းတိုက်တွင် ကျန်ရစ်သူ မိသားစုနှင့် မဘသများ ဦးဆောင်၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။", "ဗဟန်းမြို့နယ်၊ ရေခဲဆိုင် မှတ်တိုင်ရှိ ဘင်္ဂလားကျောင်းတိုက်သည် မဘသနှင့် အမျိုးသားရေး အစွန်းရောက် အစည်းအဝေး လုပ်လေ့ရှိသည့် ကျောင်းတိုက်ဖြစ်ပြီး NLD အစိုးရ လက်ထက်တွင် စစ်တပ်ထောက်ခံသော လှုပ်ရှားမှုနှင့် ဆန္ဒပြပွဲများအတွက် ယင်းကျောင်းတိုက်တွင် အစည်းအဝေး လုပ်လေ့ရှိခဲ့သည့်နေရာလည်းဖြစ်သည်။", "ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် မဘသနှင့် အစွန်းရောက် အမျိုးသားရေး သမားများက လီလီနိုင်ကျော် ပစ်သတ်ခံရမှုကို လက်စားချေသည့် အနေဖြင့် လီလီနိုင်ကျော်ကို သတ်ဖြတ်သည်ဟု စစ်တပ်၏ စွပ်စွဲ ဖမ်းဆီးမှု ခံနေရသော ကိုကောင်းဇာနည်ဟိန်း၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111141/
အမြင့်မြို့ဟောင်းမှ မုံရွာသို့ စုန်ဆင်းလာသည့် စစ်တပ် သင်္ဘော ၂ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["အမြင့်မြို့ဟောင်းမှ မုံရွာသို့ စုန်ဆင်းလာသည့် စစ်တပ် သင်္ဘော ၂ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမြင့်မြို့ဟောင်းမှ မုံရွာမြို့သို့ ဆန်တက်လာသည့် စစ်တပ်သင်္ဘော ၂ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၃ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က အမြင့်မြို့ဟောင်းမှ မုံရွာမြို့သို့ ဆန်တက်လာ သည့် Speed Boat နှင့် ဖလက်ခွန်စက်လှေကို မိုးသည်းထည်စွာရွာသွန်းနေသည့် ကြားမှ ပြောင်း တိုက် လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှလည်း စက်သေ နတ် များ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“အမြင့်ကနေ မုံရွာကို ပြန်လာတာပါ၊ မိုးရွာကြီးထဲ ပစ်ခဲ့ရပေမယ့် လက်နက်ကြီးတော်တော်များများကွဲပါ တယ်”ဟု Chindwin Attack Force မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) ၊ တပ်ခွဲ ၄ (5/Teachers People Defense Force PDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ Chindwin Attack Force တပ်ရင်း ၂ ၊ ၃၊ ၄ တို့ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် လက်နက်ခဲယမ်းများစွာလိုအပ် လျက်ရှိ ကြောင်း သိရသည်။"]
https://yktnews.com/2023/01/82931/
အမြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသော စစ်ထောက်လှမ်းရေး ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ် ကြီး မြင့်အောင် အလောင်းများ၊ မီးရှို့ခံထားရသော ကား တို့ ကို စစ်တပ်က ပြန်သယ် သွား၊ ပစ်ခတ်မှုဖြစ်သည့်နေရာတွင် စစ်တပ် ချထား
["အမြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသော စစ်ထောက်လှမ်းရေး ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ် ကြီး မြင့်အောင် အလောင်းများ၊ မီးရှို့ခံထားရသော ကား တို့ ကို စစ်တပ်က ပြန်သယ် သွား၊ ပစ်ခတ်မှုဖြစ်သည့်နေရာတွင် စစ်တပ် ချထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သော အမှတ် ၁ စစ် ဘက် ရေးရာလုံခြုံ ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက (၁) တပ်မှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့၏ အလောင်း များ၊ မီးရှို့ခံရသော ကားများကို စစ်တပ်ကပြန်လည် သယ်ယူသွား ပြီဖြစ် ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်၌ ရန်ကုန် – မန္တလေး အမြန် လမ်း မိုင်တိုင် ၁၆၁ အနီးတွင် UG တော်လှန် ရေးရဲဘော်များကို အသွင် ယူကာ စုံစမ်းဖမ်းဆီးလျက်ရှိသော ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ် မှူးကြီး/ ဗိုလ်မှူး သန်းထွဋ် နှင့် တပ်ကြပ်ကြီးမြင့်အောင်တို့ကို တောင် ငူ ခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆တို့မှ ပူးပေါင်းအဖွဲ့က အသေ ပစ် ခတ် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "“ဗိုလ်မှူး သန်းထွဋ်ကားကို ကျနော်တို့ မီးရှို့လိုက်တယ်။ ကားထဲက စာရွက်မှာ ဖမ်းဆီးထားတဲ့ လူဦးရေနဲ့ လက်နက်စာရင်းရတယ်။ နောက်တစ်စီးက ဘီး ပေါက် ကျန်ခဲ့လို့ လွတ်သွားတာ ။ အခုတော့ ဗိုလ်မှူးအလောင်းနဲ့ တပ်ကြပ် ကြီး အလောင်းပြန်ကောက်သွားပြီ ။ မီးရှို့လိုက်တဲ့ကားကိုလည်းရဲ စခန်းသယ် သွားပြီ။ အခု အဲဒီနေရာမှာ စစ်ခွေး ၁၀၀ ကျော်နဲ့ လုံခြုံရေးချထားတယ်။ အခု ထက်ထိ ရှိနေသေးတယ်” ဟု စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ရေတာရှည် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။", "သေဆုံးသွားသော ဗိုလ်မှူးသန်းထွဋ်ထံမှ ရရှိသော စာရင်းများအရ အာဏာ သိမ်းချိန် မှစတင်၍ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့အထိ စစ် ကောင် စီက UG အဖွဲ့များအဖြစ် အသွင်ယူ၍ ဖမ်းဆီးထားသူ ၁၁၅၅ ဦး၊ ပစ္စတို ၁၂၂ လက်၊ ရိုင်ဖယ်မျိုးစုံ ၁၄၉ လက်၊ သေနတ်ကျည်ခဲယမ်းမျိုးစုံ ၂၈၈၆၃ တောင့်၊ ဖောက်ခွဲရေး ၁၀၁၁ လုံး ၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၆၀၇ ခု ဖမ်းဆီးနိုင်ခဲ့ သည်ဟု ရေးသားထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/194016/
အမှတ် ၁ စစ်ဒေသ ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်း၏ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနားကျင်းပ
["အမှတ် ၁ စစ်ဒေသ ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်း၏ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနားကျင်းပ", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်း၏ တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။", "အဆိုပါအခမ်းအနားတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ တပ်ရေးဗိုလ်တို့က အဆင့်ဆင့် အမှာစကားများပြောကြားခဲ့ပြီး ၂ နှစ်အတွင်း ဖယ်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော အမှတ် ၁၄ တပ်ရင်းက သူရဲကောင်းရဲဘော်များကို သတိရအောက်မေ့ပြီး ဝမ်းနည်းဂုဏ်ယူစွာ အလေးပြုခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/177172/
အမှတ် ၁ စစ်ဒေသ ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက အခြေခံစစ်ပညာသင်တန်းနှင့် မွမ်းမံသင်တန်းဆင်း
["အမှတ် ၁ စစ်ဒေသ ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက အခြေခံစစ်ပညာသင်တန်းနှင့် မွမ်းမံသင်တန်းဆင်း", "ရန်ကုန်၊ ဩဂုတ် ၄", "အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း (NPDF) က အခြေခံစစ်ပညာသင်တန်းနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၃ ရက်နေ့ တွင် ကျင်းပပြု လုပ်ကြောင်း သိရှိရသည်။", "“စစ်မြေပြင် တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲတော့မည့် ကျနော်တို့ ရဲဘော်များအတွက် လက်နက် ခဲယမ်း၊ ကျည်ကာဦးထုပ်နှင့် ကျည်ကာ များ ဝယ်ယူရန်တတ်နိုင်သမျှ ပါဝင်ပေးကြဖို့ မိဘ ပြည်သူများကို မေတ္တာရပ်ခံအပ်ပါတယ်” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း (NPDF) က သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2023/05/104686/
အမှတ် ၁ စစ်ဒေသတွင် မတ်လအတွင်း ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်သား ၆၁၂ ဦး သေဆုံး
["အမှတ် ၁ စစ်ဒေသတွင် မတ်လအတွင်း ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်သား ၆၁၂ ဦး သေဆုံး", "ရန်ကုန်၊ မေ ၂၇", "အမျိုးသားညီညွတ်ရေးအစိုးရ၏ အမှတ် ၁ စစ်ဒေသအတွင်း မတ်လ၌ ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်သား ၆၁၂ ဦး သေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "အမှတ် ၁ စစ်ဒေသ လက်အောက်တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့ပါဝင်ပြီး မတ်လအတွင်း တိုက်ပွဲပေါင်း ၄၃၇ ကြိမ် ဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၆၁၂ ဦး သေဆုံးပြီး ၇၀၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆၀ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ရပြီး ၉၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၂၇ လက် နှင့် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့ များ ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/122831/
အမှတ် ၁ စစ်ဒေသတွင် လူ့အခွင့်အရေးသင်တန်းနှင့် ဖက်ဒရယ်အခြေခံ သင်တန်းများ သင်​ကြားပေး
["အမှတ် ၁ စစ်ဒေသတွင် လူ့အခွင့်အရေးသင်တန်းနှင့် ဖက်ဒရယ်အခြေခံ သင်တန်းများ သင်​ကြားပေး", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "အမှတ် ၁ စစ်ဒေသရှိ မကွေးတောင်းပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပေါက်တောင်ပိုင်း ကျန်းမာရေး၊ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း(အခြေခံ) Human Right Basic Training နှင့် Federalism Basic သင်တန်းများအား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။", "လူ့အခွင့်အရေး၏ အခြေခံ အယူအဆ သဘောတရားများကို နိုင်ငံသား ၁ ဦးခြင်းစီက သိရှိနားလည်စေရန်၊ လူ့အခွင့်အရေး အကြောင်းအရာများကို ပြန်လည်မျှဝေနိုင်ရန် နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်နိုင်စေရန်၊ ပတ်ဝန်းကျင်တွင် လူ့အခွင့်အရေးလချိုးဖောက်မှုများရှိပါက စနစ်တကျ မှတ်တမ်းတင် ကောက်ယူထားနိုင်စေရန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအတွက် တရားမျှတမှု ရှာဖွေရာတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်တွင်းအဆင့်၊ နိုင်ငံတကာအဆင့်အထိ တိုင်ကြားနိုင်စေရန် စသည့် ရည်ရွယ်ချက် ၄ ချက်နှင့် ဖက်ဒရယ်အခြေခံသဘောတရားများကို သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123413/
အမှတ် ၁ စစ်ဒေသတွင် ဩဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၃၃၀ ဦးသေဆုံး၊ ဒရုန်း နှင့်လက်နက်များ သိမ်းဆည်းရရှိ
["အမှတ် ၁ စစ်ဒေသတွင် ဩဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၃၃၀ ဦးသေဆုံး၊ ဒရုန်း နှင့်လက်နက်များ သိမ်းဆည်းရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသအတွင်း၌ ဩဂုတ်လ အ တွင်း တိုက်ပွဲပေါင်း ၄၃၀ ဖြစ်ပြီး အကြမ်းဖက်စစ်သား ၃၃၀ ဦးသေဆုံးကာ ဒရုန်း ၄ စီး၊ သေနတ် ၈ လက် အပါအဝင် ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေအထိ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် တိုက်ပွဲပေါင်း ၄၃၀ ဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦး သေဆုံးပြီး ၄၅၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဦး တိုင်းပြည်နှင့် ဖက်ဒရယ်ဒီမိုကရေစီ စနစ် အတွက် အသက်ပေးလှူခဲ့ရကာ ၅၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၅၆ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၁၁ ကြိမ်၊ ထိတွေ့တိုက်ပွဲဆင်နွှဲမှု ၆၅ ကြိမ်၊ ပစ်ခတ်တိုက်ခိုက်မှု ၁၈၉ ကြိမ်ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ရှိကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ဒရုန်း ၄ စီး၊ မိုင်း ၁၃ လုံး၊ ဗုံး သီး အလုံး ၅၀ ၊ ကျည် ၁၀၅၄ တောင့်နှင့် လက်နက်မျိုးစုံ ၈ လက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။", "ယင်းတိုက်ခိုက်မှုများကို အမှတ် ၁ စစ်ဒေသကွက်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပကဖ နှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/11/191466/
အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းက မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်း အခမ်းအနားပြုလုပ်
["အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းက မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်း အခမ်းအနားပြုလုပ်", "ရန်ကုန်၊နိုဝင်ဘာ ၁၀", "အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် ၁ စစ်ဒေသ ပခုက္ကူခရိုင် P1-4019 တပ်ရင်းက မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်း အခမ်းအနားကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် တပ်ရင်းမှ တာဝန်ရှိသူများ၊ တပ်ခွဲမှူးများ ၊ ဦးစီးခေါင်းဆောင်များ အသီးသီးမှ ရဲဘော်များကို မိန့်ခွန်းပြောကြားပြီး သင်တန်းအတွင်း ထူးချွန်ရဲဘော်များကို ဆုချီးမြင့်ခြင်း ၊ ရဲဘော် ရဲမေများက သင်တန်းဆင်းရဲဘော်များကို ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/152257/
အမှတ် ၁၀၀၈ တပ်ရင်း SSRY Eagle Force တပ်ခွဲ ၁ က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်
["အမှတ် ၁၀၀၈ တပ်ရင်း SSRY Eagle Force တပ်ခွဲ ၁ က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ မတ် ၂၃", "အမှတ် ၁၀၀၈ တပ်ရင်း SSRY Eagle Force တပ်ခွဲ ၁ က စီစဥ်ပြုလုပ်သည့် ‘ရှမ်းတောင်ကိုကြုံးမယ့် ရှမ်းတောင်ကတုံးလေးများ’သင်တန်းအပတ်စဥ် ၂ သင်တန်းဆင်းပွဲကို မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ သင်တန်းသည် အခြေခံစစ်ပညာသင်တန်းဖြစ်ပြီး အဆင့်မြင့်စစ်ပညာသင်တန်း၊ စွမ်းရည်မြှင့်သင်တန်း၊စစ်ရေးနှင့် ဆက်စပ်ပတ်သက်သည့် နည်းပညာများကို ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း အမှတ် ၁၀၀၈ တပ်ရင်း SSRY Eagle Force တပ်ခွဲ ၁ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/09/183320/
အမှတ် ၁၁၀၆ တပ်ရင်း တည်‌ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ
["အမှတ် ၁၁၀၆ တပ်ရင်း တည်‌ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ", "ရန်ကုန်၊စက်တင်ဘာ ၁၃", "အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန အလယ်ပိုင်းတိုင်း၊ ကရင်နီ စစ်ဒေသခွဲ ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁၁၀၆ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ၂ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြကြောင်း သိရှိရသည်။", "အခမ်းအနားတွင် တပ်ရင်းရှိ ရဲဘော်များ ၊ မဟာမိတ်တပ်ရင်းရှိရဲ‌ဘော်များ တတ်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို ‌အလေးပြုခြင်း၊ ကျဆုံးခဲ့သော အာဇာနည်သူရဲ ကောင်းများ ကို အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်တပ်မတော် သစွာဓိဋ္ဌာန် ၄ ချက်ရွတ်ဆိုခြင်း၊ တပ်ရင်းမှူးနှင့် အခြားတာဝန်ရှိသူများ အမှာစကားနှင့် အားပေး စကား ပြောကြားခြင်း၊ ကျဆုံးရဲဘော်များကို ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့သည့် ရဲဘော်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းနှင့် တပ်ရင်းရှိ ထူးချွန်တဲ့ရဲဘော်များများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/170542/
အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်းမှ CDM ဝန်ထမ်း ၁၀၆ ဦး ချေးယူခဲ့သည့် လစာ ၂ ဆ ချေးငွေ သိန်း ၄၀၀ နီးပါးကို Non CDM များက စိုက်ထုတ်ပေးဆပ်ရန် စစ်ကောင်စီက ညွှန်ကြား
["အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်းမှ CDM ဝန်ထမ်း ၁၀၆ ဦး ချေးယူခဲ့သည့် လစာ ၂ ဆ ချေးငွေ သိန်း ၄၀၀ နီးပါးကို Non CDM များက စိုက်ထုတ်ပေးဆပ်ရန် စစ်ကောင်စီက ညွှန်ကြား", "ရန်ကုန်၊ ဇွန် ၂၉", "အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၂ အကြီးစားစက်မှုလုပ်ငန်း၊ ရုံးချုပ်နှင့် စက်ရုံများမှ CDM ဝန်ထမ်း ၁၀၆ ဦးက ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် ချေးယူခဲ့သော လစာ ၂ ဆချေးငွေဖြစ်သော ငွေကျပ် သိန်း ၄၀၀ နီးပါးကို ပြန်လည် ပေးဆပ်ခြင်းမရှိဘဲ ပျက်ကွက်နေ၍ Non CDM များက စိုက်ထုတ် ပေးဆပ်ရန် စစ်ကောင်စီကညွှန်ကြားလိုက်ကြောင်း သိရှိရသည်။", "CDM ဝန်ထမ်း ၁၀၆ ဦးမှ ချေးငွေ ပြန်ပေးဆပ်ရန် ပျက်ကွက်နေမှုကို ချေးငွေရယူစဉ်တွင် လျှောက် လွှာတွင် အာမခံပေးထားသည့် အာမခံ ဝန်ထမ်း ၂ ဦးမှ စိုက်ထုတ်ပေးဆပ်ရန် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၏ ဦးဆောင် ညွှန်ကြားရေးမှူး က ဇွန်လ ၄ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ လစာ ၂ ဆ ချေးငွေကို ဇွန်လအတွင်း အပြီး ပေးသွင်းရမည်ဖြစ်၍ ရုံးချုပ်နှင့် စက်ရုံများရှိ CDM ဝန်ထမ်းများအတွက် အာမခံထားသည့် ဝန်ထမ်းများက အပြီးပေးလျော်ရန်၊ ဌာနနှင့် စက်ရုံများ အားလုံးသို့ အပြီးပေးသွင်းရန် စာဖြင့် အကြောင်းကြားထားခြင်းဖြစ်ပြီး စုစုပေါင်း ပြန်လည် ပေးဆပ်ရမည့် ချေးငွေမှာ ၃၉,၅၄၃,၉၀၀ ကျပ် ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169064/
အမှတ် ၃၁ စစ်ဗျူဟာ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ပြုလုပ်
["အမှတ် ၃၁ စစ်ဗျူဟာ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဇွန် ၁၉", "အမှတ် ၃၁ စစ်ဗျူဟာ ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/01/79453/
အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးအုပ်မှ ပိုင်းလော့များ၏ လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သတင်း များပေါက်ကြား၍ တိုက်လေယာဉ်ဖြင့် စစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့
["အမှတ် ၆၂ YAK-130 တိုက်ခိုက်ရေးအုပ်မှ ပိုင်းလော့များ၏ လျှို့ဝှက် အမည် များကို ယက္ခ မှ စစ်မင်း ဟု ပြောင်းလဲ၊ တိုက်လေယာဉ် အတက်အဆင်း သတင်း များပေါက်ကြား၍ တိုက်လေယာဉ်ဖြင့် စစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့", "ရန်ကုန်၊ ဇန်နဝါရီ ၆", "အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တိုင်းရင်းသားနယ်မြေများနှင့် စစ်ကိုင်း၊ မကွေး၊ ပဲခူးကဲ့သို့သော တိုင်းဒေသကြီးများကို အဆက်မပြတ် ဗုံးကျဲနေသည့် အမှတ် ၆၂ Yak-130 တိုက်ခိုက်ရေးလေယာဉ်အုပ်စုမှ ပိုင်းလော့များ၏ လျှို့ဝှက် အမည်များကို ယက္ခမှစစ်မင်းသို့ ပြောင်းလဲ လိုက်ကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 လေယာဉ်မှူးများ၏ အမည်များကို ယက္ခဟု ပြောင်းလဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှို့ဝှက် အမိန့်စာ ပေါက်ကြားခဲ့သဖြင့် ယက္ခ အမည်ဝှက်များကို စစ်မင်း အမည်ဝှက်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် တံတားဦးလေတပ်၊ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှ Yak-130 မှ ပိုင်းလော့များကို ယခင်က မှော်ဘီသို့ စစ် ဆင် ရေးအဖြစ် လအလိုက် အလှည့် တာဝန်ရွှေ့ပြောင်းထမ်းဆောင်းခိုင်းရာမှ ယခုရက်ပိုင်းအတွင်း မှော်ဘီအစား နေပြည်တော်၊ အေလာသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းကြောင်း သိရှိရသည်။", "“အခုက ဗျူဟာပြောင်းတယ် အရင် စစ်ဆင်ရေးအတွက် မှော်ဘီလေတပ်ကို ၃လ ၁ ကြိမ် သွားရတာ။ Yak-130 အဖွဲ့ ၆၂ အုပ်က။ အခုတော့ စစ်ဆင်ရေး ၃ လ ၁ ကြိမ်ကို အလှည့်ကျကို နေပြည်တော်၊ အေလာကို စစ်ဆင်ရေး ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခိုင်းတယ်။ မှော်ဘီမသွားရတော့ဘူး။ မှော်ဘီကို စိတ်မချတော့ဘူး။ အခုက တံတားဦးကနေ တိုက်ရိုက် စစ်ဆင်ရေးနေရာကို မသွားဘူး။ ဒီဘက်က လေယာဉ်တက်တာနဲ့ သတင်းပေါက်နေလို့ဆိုပြီး", "အေလာဘက်ကို ဝင်ပြီးမှ စစ်ဆင်ရေးနေရာကို သွားတယ်။ အပြန်လည်း တိုက်ရိုက်ပြန်မလာဘူး။ အေလာကို ဝင်ပြီးမှ ပြန်လာတယ်” ဟု နေပြည်တော် လေတပ်သတင်းရင်းမြစ်က ပြောသည်။", "တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးမှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်းပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/181331/
အမှတ်၁ စစ်ဒေသ စစ်ကိုင်းတိုင်း မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များ မွမ်းမံတန်းမြှင့်သင်တန်းဆင်း အခမ်းအနားပြုလုပ်
["အမှတ်၁ စစ်ဒေသ စစ်ကိုင်းတိုင်း မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များ မွမ်းမံတန်းမြှင့်သင်တန်းဆင်း အခမ်းအနားပြုလုပ်", "ရန်ကုန်၊ဩဂုတ် ၃၁", "ပြည်သူကာကွယ်ရေးတပ်မတော် အမှတ်၁ စစ်ဒေသ စစ်ကိုင်းတိုင်း မုံရွာခရိုင်အမှတ်၃ တပ်ရင်းမှ ရဲဘော်များ၏ မွမ်းမံတန်းမြှင့်သင်တန်းဆင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။", "အဆိုပါသင်တန်းတွင် သင်တန်းသားရဲဘော်ဦးရေ ၅၅ ဦးသင်ကြားလေ့ကျင့်ခဲ့ပြီး သင်တန်းကာလ ၃ လကြာမြင့်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131559/
အရပ်ဘက် အလုပ်သင်ဆရာဝန်နှင့် ဆရာဝန်အသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်ပေး၍ ရှေ့တန်းထွက်ခိုင်း ၊ မူလက ဆေးတပ်နှင့် စစ်ဆေးရုံတွင်သာ တာဝန်ထမ်းခိုင်းမည်ဆိုသော သဘောတူညီချက်ကို ဖောက်ဖျက်ဟုဆို
["အရပ်ဘက် အလုပ်သင်ဆရာဝန်နှင့် ဆရာဝန်အသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်ပေး၍ ရှေ့တန်းထွက်ခိုင်း ၊ မူလက ဆေးတပ်နှင့် စစ်ဆေးရုံတွင်သာ တာဝန်ထမ်းခိုင်းမည်ဆိုသော သဘောတူညီချက်ကို ဖောက်ဖျက်ဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အရပ်ဘက် အလုပ်သင်ဆရာဝန်များနှင့် ဆရာဝန်အသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်တပ်ပေး၍ ရှေ့တန်းထွက်ခိုင်းနေကြောင်း ဆရာဝန်တချို့က ပြောဆိုသည်။", "ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့ရ ဖောင်ကြီးသင်တန်းဆင်း အလုပ်သင်ဆရာဝန်များနှင့် ဆရာအသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်တပ်ပေး၍ ရှေ့တန်းခိုင်းကြောင်း၊ မူလ စတင်ခေါ်ယူချိန်က ဆေးတပ်များနှင့် စစ်ဆေးရုံများတွင်သာ အလုပ်လုပ်ရမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ ရှေ့တန်း စစ်မျက်နှာပြင်များသို့ ထွက်ရမည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။", "“မူလတုန်းက ပြောတာက ရှေ့တန်းသွားစရာမလိုဘူးလို့ ပြောတယ်။ ဆေးတပ်တွေနဲ့ စစ်ဆေးရုံတွေမှာ လုပ်ရမှာ။ အခုမှ ရှေ့တန်းကို သွားခိုင်းတယ်။ ရှေ့တန်းဆိုပေမယ့် ရှေ့တန်းရဲ့ နောက်တန်းမှာ ဒဏ်ရာရသူတွေကို ဆေးကုရပေးမယ်လို့ ပြောတယ်။ ရှေ့တန်းဆိုရင်တော့ မသွားချင်သူများတယ်။ အခု လားရှိုးဘက်ကို အရပ်ဘက် စစ်ရာထူးခန့် ဆရာဝန်တွေ အဖွဲ့လိုက် အသုတ်လိုက် ခွဲလွှတ်နေပြီ” ဟု ဆရာဝန်တစ်ဦးက ဆိုသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ ဆရာဝန်များကို ဗိုလ်အဆင့်ခန့်အပ်ကာ တပ်မတော် (ကြည်း) အရန်အင်အားအဖြစ် တာဝန်ပေးသည့်အခမ်းအနားကို နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် စစ်တပ်ဘက်မှ ထိပ်တန်း စစ်ဗိုလ်ချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/105483/
အရပ်ဝတ်ဖြင့် သွားလာနေသော တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ မှ ဒုဗိုလ်မှူးကြီး ရဲနိုင်ကို PDF က ပစ်သတ်နိုင်ခဲ့ပြီး ဖုန်းနှင့် ဆိုင်ကယ် သိမ်းဆည်းရမိထား
["အရပ်ဝတ်ဖြင့် သွားလာနေသော တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ မှ ဒုဗိုလ်မှူးကြီး ရဲနိုင်ကို PDF က ပစ်သတ်နိုင်ခဲ့ပြီး ဖုန်းနှင့် ဆိုင်ကယ် သိမ်းဆည်းရမိထား", "ရန်ကုန်၊ ဇွန် ၁", "ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် ၁၀၁၅ မှ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်သတ်နိုင်ခဲ့ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းရမိထားကြောင်း ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၃၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် အမြန်လမ်း ၁၅၄ မိုင် ၈ ဖာလုံတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးသွား လာသော အမှတ် ၁၀၁၅ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူး‌ကြီး ရဲနိုင်ကို ရေတာရှည်ပြည်သူ့ကာကွယ် ရေးတပ် အမှတ် ၃၅၀၁ တပ်ခွဲ ၆ မှ ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ၎င်း၏ ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဗိုလ်ကြက်သွန်က ပြောဆိုသည်။", "“သူက လုံး၀ အရပ်ဝတ်နဲ့ပဲ လျှောက်ပတ်သွားနေတာ။ ယူနီဖောင်းလုံး၀ မဝတ်ဘူး။ ကျနော်တို့ သူ့ကို ဘယ်လောက်ချောင်းရလဲဆိုရင် လူမှားမှာစိုးလို့ တစ်ခေါက် သူဟုတ်ပါလျက်နဲ့တောင် ရှောင်ခဲ့ရတယ်။ ၇ ရက်လောက်တော့ ကြာတယ်။ သူ့ကို လိုက်ချောင်းရတာ။ မစ်ရှင်အောင်မြင်ဖို့။ သူက PDF သတင်းတွေကို လိုက်မေးနေတာ။ ကျနော်တို့ သတင်းရင်းမြစ်က တိတိကျကျ သတင်းပေးမှ လုပ်ကြံရတာ” ဟု ဗိုလ်ကြက်သွန်က ဆိုသည်။", "အမြန်လမ်း ၁၅၄ မိုင်တွင် စစ်တပ် စစ်ဆေးရေးဂိတ်ရှိပြီး ၁၅၈ မိုင်တွင်လည်း စစ်တပ်စစ်ဆေးရေး ဂိတ်တစ်ခုရှိကြောင်း၊ ယင်းကြားထဲတွင် လေကြောင်းရန်ကာကွယ်ရေးတပ်ရှိပြီး လုံခြုံရေး အထူးသတိပြုခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94296/
အရာတော် နှင့် ဝက်လက်အကြားရှိ သမရိုး တံတားတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး၊ ရေစကြိုမြို့ ပေါ် စစ်တပ်တပ်စွဲနေရာနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["အရာတော် နှင့် ဝက်လက်အကြားရှိ သမရိုး တံတားတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး၊ ရေစကြိုမြို့ ပေါ် စစ်တပ်တပ်စွဲနေရာနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၆", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ် အကြားရှိ သမရိုးတံ တား တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁၇ ဦး ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မ တော် (Chindwin Attack Force) တပ်ရင်း ၂ ၊ ၃ ၊ ၄ မှ သတင်းနှင့်ပြန်ကြားရေးတာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဝက်လက်မြို့နယ်၊ သမရိုးတံတား ကို ဖြတ်ကူးနေသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အချိန် ၁ နာရီခွဲ ခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၁၇ ဦး ထက်မ နည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ ကြောင်း သိရသည်။", "“မအလ မုံရွာလာတဲ့အချိန် လုံခြုံရေးယူပေးဖို့ ရွှေဘိုကနေလာတဲ့ စစ်ခွေးတွေဗျ။ အင်အား ၃၀၀ လောက် ရှိတယ်၊ ၂၀၀ လောက်က ရွှေပန်းကုန်းရွာကို ရောက် သွားတယ်၊ အခုတိုက်ခဲ့တဲ့အဖွဲ့က အင်အား ၁၀၀ လောက်ရှိတယ်၊ သမရိုးကနေ ကတို့ကုန်းကို ကူးတာ၊ ကူးနေတဲ့အချိန် ဝင်ဖြတ်တိုက်တာ၊ တံတားက အရာတော် မြို့နယ်နဲ့ ဝက်လက်မြို့နယ်ကို ကူးတဲ့တံတားပါ” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) တပ်ရင်း ၂ ၊ ၃ ၊ ၄ မှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) တပ် ရင်း ၃ ၊ တပ်ခွဲ ၃ ဂဠုန်နက် PDF ၊ 9 One PDF ၊ ယက္ခညီနောင် LPDF ၊ ဒေါင်းညီနောင် LPDF ၊ အောင် စစ်သည် LPDF ၊ တိုက်နယ်ပကဖ ၊ AK 2(ပကဖ) Danger (ပကဖ)၊ Generation Defence Force Ayardaw (ပကဖ)၊ တာနော(ပကဖ)နှင့် တော်လှန်ရေးအင်အားစုများ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။", "အလားတူ မတ်လ ၂၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ရေစ ကြို မြို့ပေါ်ရှိ ကပ်ကျော် ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ် ကြောင်း၏ ရှေ့ကင်းဘန်ဘာကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း ၊ မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန် ရေစကြိုမြို့ပေါ်ရှိ ထင်းတန်းစာသင်ကျောင်းတွင် အထိုင်ချ တပ်စွဲ နေသော စစ်ကြောင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးကြောင်း၊ မတ်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် ရေစ ကြို မြို့ရဲစခန်း နောက်ကျော သို့ ၆၀ မမ လက်လုပ် အမြောက် ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ရေစကြို မြို့ပေါ် တိုက်ခိုက်မှုများကို Southern YSO PDF၊ Urban Underground Revolution Force (UURF-YSO) နှင့် Myingyan Black Tiger တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှု ခံရသော ရေစကြို မြို့ ပေါ် ရဲစခန်း။"]
https://yktnews.com/2023/05/101801/
အရာတော် မြို့နယ်တွင် ကျေးလက် လူထု ဟောပြောပွဲ နှင့် မသောက်မိသော မိုးခါးရေ ရုပ်ရှင် ပြသ
["အရာတော် မြို့နယ်တွင် ကျေးလက် လူထု ဟောပြောပွဲ နှင့် မသောက်မိသော မိုးခါးရေ ရုပ်ရှင် ပြသ", "ရန်ကုန်၊ မေ ၉", "အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီမှ ဦးဆောင်ကာ နည်းပညာ တက္ကသိုလ် (မုံရွာ) ကျောင်းသားများသမဂ္ဂ နှင့် ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့်ပတ်သတ်သည့် အခြေခံ သဘောတရားများ ဟောပြောခြင်း၊ လေကြောင်းအန္တရာယ်နှင့် ပတ်သတ်သည့် ကြိုတင် သတိပေးခြင်း နှင့် မသောက်မိသော မိုးခါးရေ ရုပ်ရှင် ဇာတ်ကား ပြသခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2023/04/95792/
အရာတော် မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["အရာတော် မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၄", "အရာတော် မြို့နယ်ရှိ ကျေးရွာ ၄ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/96251/
အရာတော် မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["အရာတော် မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/04/97616/
အရာတော် အမြောက်တပ်မှ ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး၊ မုံရွာ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကြောင်း ကို တိုက်ခိုက်မှု ၃ ဦးသေဆုံးနိုင်
["အရာတော် အမြောက်တပ်မှ ထွက်လာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး၊ မုံရွာ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကြောင်း ကို တိုက်ခိုက်မှု ၃ ဦးသေဆုံးနိုင်", "ရန်ကုန်၊ ဧပြီ ၁၅", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။", "ယမန်နေ့ ဧပြီလ ၁၄ ရက် နံနက် ၆ နာရီ ၅၂ မိနစ်က သစ်ကျင်းကြီး ကျေးရွာ အနီးရှိ အမတ ၃၆၉ တပ်အ တွင်းမှ ခြေလျင်ထွက်လာသော အကြမ်းဖက် စစ် သား ၅၀ ခန့်ကို အရာတော်မြို့အနောက်ဖက် ခမြင့် လမ်းခွဲအနီးအရောက် ပဒေသာ မိုင်း ၃ လုံး၊ တူမီးရှေ့ထွက်ပြောင်းကြီး ၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ် ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသသည်။", "အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Danger Force LPDF ၊ ကြယ်နီတပ်ဦး တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ အရာတော်မြို့မှ စစ်ကားအကြီး ၂ စီးဖြင့် ရောက်ရှိလာပြီး ဒဏ်ရာစစ်သားများကို သယ်ဆောင်သွားကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း ၊မုံရွှာမြို့နယ် အတွင်း စီးပွား​ရေး တက္ကသိုလ်တွင် အထိုင် ချ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာ ရီ ၁၅ မိနစ် အချိန် Snipe Rangers Force (S.R.S.F) တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးနိုင်ကြောင်း သိရှိရသည်။", "ယင်းတိုက်ခိုက်မူတွင် စစ်ကောင်စီက လက်နက်ကြီး ၊ လက်နက်ငယ်တို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ PDF တပ်ဖွဲ့က ၆၀ မမ ၊ ၈၀ မမ ၊ ၉၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေးဆုံးမူ များနိုင်ကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ သေဆုံးဒဏ်ရာရမူကို အတည်မပြုနိုင်သေးသော်လည်း စစ် ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသည်ဟု သတင်းရရှိကြောင်း Snipe Rangers Force (S.R.S.F) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "“စစ်ကောင်စီ ဘတ်က လက်နက်ကြီး ၊လက်နက်ငယ် ၊စက်လတ် တို့ဖြင့် ကောင် တာ ပြန်ခဲ့သော် လည်း ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Snipe Rangers Force (S.R.S.F) တပ်ဖွဲ့က ဆိုသည်။", "အဆိုပါ တိုက်ခိုက်မူကို Snipe Rangers Force (S.R.S.F)တပ်ဖွဲ့ ၊ နွေဦးရဲဘော် တပ်ဖွဲ့ ၊ Peacock King တပ်ဖွဲ့ ၊ Black Dragon P.D.F ပျောက်ကျားတပ်ဖွဲ့၊ မုံရွှာ အမှတ် (၁) တပ်ရင်း ခွဲ ၄ (MPDF) ၊ မုံရွှာခရိုင် ရင်း ၂၇ ခွဲ ၂ ၊ God Of Snike တပ်ဖွဲ့ တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/105193/
အရာတော်တွင် Danger Force LPDF တပ်စခန်းကို စစ်တပ်က စီးနင်း မီးရှို့ဖျက်ဆီး၊ ရဲမေ ၁ ဦးကျဆုံးကာ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ လက်နက်ပစ္စည်းများ ဆုံးရှုံး
["အရာတော်တွင် Danger Force LPDF တပ်စခန်းကို စစ်တပ်က စီးနင်း မီးရှို့ဖျက်ဆီး၊ ရဲမေ ၁ ဦးကျဆုံးကာ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ လက်နက်ပစ္စည်းများ ဆုံးရှုံး", "ရန်ကုန်၊ မေ ၃၀", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကမ်းဖြူရွာနှင့် မြောက်ကုန်းကျေးရွာအကြားရှိ Danger Force LPDF တပ်စခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အရာတော်မြို့နယ်၊ ကျောက်ပျောက်ရွာ၊ မြောက်ကုန်းကျေးရွာသို့ ရောက်ရှိလာသော အကြမ်းဖက် စစ်သား ၆၀ ခန့်ပါစစ်ကြောင်းသည် ကမ်းဖြူရွာနှင့် ဝါးရောင်းကျေး ရွာဘက်သို့ စစ်ကြောင်းထိုးဝင် ရောက်လာပြီး Danger Force LPDF တပ်စခန်းရှိရာသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရ သည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း လက်နက်အင်အား မမျှသောကြောင့် တပ်စခန်းကို စွန့်လွှတ်ခဲ့ရပြီး တော်လှန် ရေး ရဲမေ ၁ ဦးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်သီတာမြင့် ကျဆုံးခဲ့ကာ တပ်စခန်းတဲများနှင့်အတူ ရုပ် အလောင်းကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး နံနက် ၁၀ နာရီခန့်တွင် တုံးတင်ကန်ရွာ၏ အနောက်ဘက်သို့ ဦးတည် ထွက်ခွာသွားသည်ဟု ဆိုသည်။", "အကြမ်းဖက် စစ်တပ်က စခန်းအတွင်းရှိ ပိုက်ဆံ ၁၈ သိန်း ၊ မိုင်း အလုံး ၃၇ လုံး ၊ ၇.၆၂ အမျိုး အ စား ကျည် ၄၀၀ တောင့်၊ ၅.၅၆ အမျိုးအစားကျည် ၁၅၀ တောင့် ၊9mm အမျိုးအစားကျည် ၅၀ တောင့် ၊ 9ball အမျိူးအစားကျည် ၁၀၀ တောင့် နှင့်အတူ ဆိုင်ကယ်သုံးစီး ၊ ကားတစ်စီးနှင့် အခြား ဆက်စပ် ပစ္စည်းများစွာ ကာလတန်ဖိုး ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "စခန်းစီးနင်းခံရမှုကြောင့် တော်လှန်ရေး လုပ်ငန်းများ ရပ်တန့်သွားမည်မဟုတ်ပဲ တော်လှန်ရေး လုပ် ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျဆုံးခဲ့ရသော တော်လှန်ရေးရဲမေ အသက် ၅၀ အရွယ် ဒေါ်သီတာမြင့် အား ဝမ်းနည်းကြေကွဲစွာဖြင့် အလေးနီပြုပါကြောင်း Danger Force LPDF က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/82366/
အရာတော်တွင် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး ထိခိုက်သေဆုံး
["အရာတော်တွင် စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်၊ တန့်ဆည်တွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး ထိခိုက်သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၇ မိနစ်တွင် အရာတော်မြို့ အနောက်ဘက် အထွက်လမ်းမ ပေါ်ရှိ စက်မှု လယ်ယာ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက Drone ဖြင့် ၂ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” ဗုံးသီးချ တိုက်ခိုက်မှု အပြီးမှာ စစ်ခွေးတွေက လမ်းကြိုလမ်းကြားတွေအထိ လိုက်လံပြီး သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်။ အရာတော်မြို့က လူနာတင်ကား ၁ စီး ရောက်ရှိလာပြီး ဒဏ်ရာ အပြင်းအထန် ရသွားတဲ့ စစ်သား ၃ ဦးကို ဆေးကုပေးနေ​တယ်လို့ သိရတယ်။ စစ်ခွေး ၃ ကောင် သေမသေတော့ အခုထိ အတည်မပြုနိုင်သေးဘူး” ဟု Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF၊ Ngwe Dwin Revolution Force(NDRF)နှင့် MRTF တပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို PDF တပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက် သေဆုံးမှုရှိကြောင်း တန့်ဆည် PDF တပ်ဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် တန့်ဆည်မြို့နယ်၊ အက်တောရွာအနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် တန့်ဆည် PDF ရွှေဘိုခရိုင်တပ်ရင်း ၇ ကင်းပုန်းတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။"]
https://yktnews.com/2025/02/205792/
အရာတော်တွင် စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ
["အရာတော်တွင် စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Twenty-four Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်း ပျူစောထီးရွာ စစ်တပ် အထိုင်စခန်းနှင့် ရိက္ခာထွက်ယူသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သား ၂ ဦးကို အရာတော်ဆေးရုံသို့ ပို့ဆောင်ထာပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း၊ အကြမ်းဖက် စစ်တပ်၏ အရာတော် လေ့ကျင့်ရေး ၁၀ တပ်ဘက်မှလည်း လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုင်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ဗုံးသီး ၂၂ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာပါ။ Fixed wing drone ၂ စီးပျက်စီးဆုံးရှုံးတယ်။ ပျူစောထီး ၂ ကောင် အရာတော် ဆေးရုံအရေးပေါ် ရောက်နေတယ်” ဟု Twenty-four Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၄ တပ်ရင်းဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ပြီး၊ မုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ (၁)၊ SSTF/ ဗျူဟာ(၄၄) တပ်ရင်း (၁၄၊၁၅)၊ KLG/ ဗျူဟာ(၄၂) ဗျူဟာ(၄၅) ဗျုဟာ(၄၇) ၊ Red Wing တပ်ရင်း(၃၅)တပ်ခွဲ(၃) ၊ Brave Heart Army (Local) Chindwin Dynamite (Local) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94044/
အရာတော်တွင် စစ်သားများ ပါဝင်သည့် ၁၂ ဘီးကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ဆားလင်းကြီးရှိ ကျားတက် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["အရာတော်တွင် စစ်သားများ ပါဝင်သည့် ၁၂ ဘီးကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်၊ ဆားလင်းကြီးရှိ ကျားတက် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ မတ် ၂၄", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီး ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၃ ရက်နေ့ နံနက် ၆ နာရီ ၅၉ မိနစ်ခန့်တွင် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာချုပ်မှ အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့ စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၅ စီးဖြင့် ထွက်ခွာလာကြောင်း သိရသည်။", "စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၅ စီးကို အရာတော်မြို့နယ် တုံးတင် က န်ကျေးရွာနှင့် ကမ်းဖြူကျေးရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့ များက ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လက်နက် ငယ်များဖြင့် ကိုက် ၅၀ အကွာအဝေးမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။", "” မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်တာ စစ်ခွေး တွေ ထိခိုက်သေမှုရှိတယ်။ အရေ အတွက် တော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက လက်နက်ကြီး တွေနဲ့ ပြန်ပစ်တာတွေ ပေမယ့် ကျွန်ုပ်တို့ ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Danger Force LPDF နှင့် လင်းယုန် တပ်ဖွဲ့တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျားတက် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "မတ်လ ၂၃ ရက်နေ့ ည ၇ ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းကို ဆားလင်းကြီး (ပကဖ) မှ ဦးဆောင်ကာ လက်နက်ကြီးများဖြင့် မိနစ် ၃၀ ကြာ‌ ‌သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို National Revolutionary Guards (NRG/Salingyi)၊ Chindwin Dynamiteနှင့် WI AG ထုတ်လုပ်ရေးနှင့်တိုက်ခိုက်ရေးတပ် တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]