url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/04/97973/
အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံနှင့် ကပစ စက်ရုံတို့ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
["အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံနှင့် ကပစ စက်ရုံတို့ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၇", "မကွေးတိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ငွေစက္ကူ ရိုက်ထုတ်သည့် ဝါဇီစက်ရုံနှင့် ကပစ စက်ရုံ တို့ကို ဧပြီလ ၁၆ ရက်နေ့တွင် ရှော့တိုက်ဒုံး ၅ လုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“နံနက် ၆ နာရီဝန်းကျင်က အဖွဲ့ ၃ ဖွဲ့ခွဲလှုပ်ရှားခဲ့ပါတယ်။ ထိခိုက်မှုတော့ ရှိတယ်ဗျ။ အခြေအနေအတိအကျတော့ မသိရပေမယ့် ရှော့တိုက်ဒုံးပစ်တဲ့နေရာကိုတော့ ဝါဇီတပ်က စစ်ခွေးတွေ လာရောက်စစ်ဆေးတာတော့ရှိတယ်” ဟု Black Hawk Seinkphyu Revolution Front အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထို့ပြင် ဆိပ်ဖြူ အနောက်ပိုင်း အုပ်ချုပ်ရေးမှူး အောင်မိုးဝင်း အိမ်ကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့​ပြီး သင်္ကြန် လုံခြုံရေး ယူနေသည့် စစ်သားနှင့် ရဲများ ရောက်လာသည့်အတွက် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Black Hawk Seinkphyu Revolution Front အဖွဲ့နှင့်အတူ စလေမြို့အခြေစိုက် OAK AWE UG အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/11/193247/
အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ကြိုဆို
["အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့က ကြိုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "အကြမ်းဖက် စစ်အုပ်စုကို ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၃ နှင့် အညီ အရေးယူရန် ဆုံးဖြတ်ခဲ့မှု NUG အစိုးရ ၊ အလုပ်သမား ဝန်ကြီးဌာန ဦးဆောင်သော အလုပ်ရှင်နှင့် အလုပ်သမားများဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။", "အကြမ်းဖက် မြန်မာစစ်အုပ်စုက လိုက်နာရန် ပျက်ကွက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ၏ ဆုံးဖြတ်ချက် နှင့် အခြေခံအလုပ်သမား အခွင့်အရေး၊ လူ့အခွင့် အရေး ချိုးဖောက်မှုများ အတွက် ILO စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တိုက်တွန်းချက်များကို ဆက်လက် ကျူးလွန်နေခြင်းကြောင့် ၃၅၂ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ (ILO Governing Body) အစည်းအဝေးက ILO အနေဖြင့် နည်းပညာရပ်ဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မပြုရန်နှင့် စစ်အုပ်စုအား ILO ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၃၃ နှင့်အညီ အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အထူးသဖြင့် မြန်မာ စစ်အုပ်စုသည် အဖွဲ့ဝင်နိုင်ငံများ မဖြစ်မနေ လိုက်နာရန် လိုအပ်သည့် ILO ၏ အခြေခံ ပြဋ္ဌာန်းချက်များအနက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စုဝေးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ (၁၉၄၈) နှင့် အဓမ္မလုပ်အားခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၂၉ (၁၉၃၀) ကို ချိုးဖောက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်အုပ်စုကို ထိရောက်သည့် အပြစ်ပေး အရေးယူမှုများ အမြန်ဆုံး ပြုလုပ်နိုင်ရေး သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်သည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ အနေ ဖြင့် လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ILO သုံးပွင့်ဆိုင်ယန္တရား၌ တရားဝင် ပူးပေါင်းဆောင်ရွက်ခွင့် ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။", "ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ အခြေခံ အလုပ်သမားအခွင့်အရေးကို အစဉ်အလေးထားသော ILO အဖွဲ့နှင့် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီရေး လိုလားသော ILO အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ နှင့် အလုပ်ရှင် အဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်သူများ ဆုံးရှုံးလျက်ရှိသည့် အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကို အမြန် ဆုံး ပြန်လည်ဆောင်ကျဉ်းပေးနိုင်ရေးအတွက် မြန်မာပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့် သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် NUG အစိုးရက တိုက်တွန်းထားသည်။", "အခြေခံအလုပ်သမား အခွင့်အရေး၊ လုပ်ငန်းခွင် ဆက်ဆံရေးနှင့် အလုပ်သမားရေးရာစံနှုန်းများ မြှင့်တင်ရေးတို့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်း ထားရှိပြီး မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အကြမ်းဖက်စစ်တပ်က နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လုယူခဲ့ပြီးနောက် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထု အပါအဝင် ပြည်သူတစ်ရပ်လုံး ဆုံးရှုံးသွားသည့် အခြေခံ အခွင့်အရေးများ ပြန်လည်ရရှိရေး၊ အခွင့်အရေးချိုးဖောက်ကျူးလွန်လျက်ရှိသည့် မြန်မာစစ်အုပ်စုကို ILO အပါအဝင် နိုင်ငံတကာက ထိရောက်စွာ အပြစ်ပေးအရေးယူရေး၊ အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အား ILO မှ ထောက်ခံ အသိအမှတ်ပြုခြင်းဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း NUG အစိုးရက ပြောဆိုထားသည်။"]
https://yktnews.com/2023/06/107898/
အကြမ်းဖက် စစ်အုပ်စုထံ ဩစတြီးယားကုမ္ပဏီက စစ်ထောက်လှမ်းရေး လေယာဉ်အစိတ်အပိုင်း တပ်ဆင်ခြင်းနဲ့ နည်းပညာများ ကူညီပံ့ပိုးနေ
["အကြမ်းဖက် စစ်အုပ်စုထံ ဩစတြီးယားကုမ္ပဏီက စစ်ထောက်လှမ်းရေး လေယာဉ်အစိတ်အပိုင်း တပ်ဆင်ခြင်းနဲ့ နည်းပညာများ ကူညီပံ့ပိုးနေ", "ရန်ကုန်၊ ဇွန် ၁၆", "အကြမ်းဖက် စစ်ကောင်စီထံ ဩစတြီးယား နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Diamond Aircraft Industries က အီးယူရဲ့ လက်နက်ပိတ်ဆို့ ကန့်သတ်မှုတွေကြားထဲက စစ်ဘက်ဆိုင်ရာ နည်းပညာ လွှဲပြောင်း ပေးအပ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။", "ဩစတြီးယားကုမ္ပဏီ Diamond Aircraft Industries နဲ့ မြန်မာစစ်ကောင်စီ အကြား မြန်မာနိုင်ငံအတွင်း DART-450 လေယာဉ်တပ်ဆင်ရေးနဲ့ ထုတ်လုပ်ရေးစီမံကိန်း ကိစ္စရပ်တွေမှာ ပူးပေါင်းပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။", "မြန်မာပြည်သူတွေကို အကြမ်းဖက် စစ်ဆင်ရေးတွေမှာ အသုံးပြုနေတဲ့ လေယာဉ်တွေထဲက DART-450 လေယာဉ်တွေ ကိုအသုံးပြုနိုင်ရေး ကိစ္စရပ်တွေမှာ အဓိက ကူညီပံ့ပိုးခဲ့တာလည်း ဖြစ်ပါတယ်။", "DARR-450 လေယာဉ်တွေဟာ စစ်ကောင်စီအတွက် ဝေဟင်ကနေ ထောက်လှမ်းရေး ကိစ္စရပ်တွေမှာ အဓိက အသုံးချနိုင်တာကြောင့် မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နိုင်ဖို့ အထောက်အကူ ပြုစေတာပဲ ဖြစ်ပါတယ်။", "ဒီလေယာဉ်တွေနဲ့ ပတ်သက်ပြီး နည်းပညာ ရောင်းချလွှဲပြောင်းရေး သဘောတူညီချက်အရ Diamond Aircraft Industries က မြန်မာစစ်အုပ်စု အတွက် လေယာဉ်အစိတ်အပိုင်း ပစ္စည်းတွေနဲ့ အပိုပစ္စည်းတွေကို ရောင်းချပေးအပ်ခဲ့ပါတယ်။", "ဒါ့အပြင် လေယာဉ် ပြန်လည်တပ်ဆင်ရေးနဲ့ အဓိကအစိတ်အပိုင်းတွေ ထုတ်လုပ်ရေးအတွက် မြန်မာနိုင်ငံကို လာရောက်ပြီး နည်းပညာ အကူအညီတွေ ပေးအပ်ခဲ့ပြီး ဩစတြီးယားနိုင်ငံမှာလည်း စစ်အုပ်စုအဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းတွေ ပို့ချပေးခဲတာဖြစ်ပါတယ်။", "Diamond Aircraft Industries က ဩစတြီးယားနိုင်ငံ အခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး၊ ကုမ္ပဏီကို ယူကေဦးပိုင် ကုမ္ပဏီတစ်ခုကတဆင့် တရုတ် ကော်ပိုရေးရှင်း Wanfeng Aviation Industry က ပိုင်ဆိုင်ပါတယ်။", "Wanfeng Aviation Industry ရဲ့ မူရင်းပိုင်ဆိုင်သူက ရှန်ကျန်း စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Zhejiang Wanfeng Auto Wheel Company Limited ဖြစ်ပါတယ်။", "စစ်အုပ်စုအတွက် ပံ့ပိုးပေးမှုတွေကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ကာလတွေ ကိုဗစ်ကာလတွေမှာပါ အကူအညီပေးမှုတွေ စဉ်ဆက်မပြတ်ရှိခဲ့တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။", "မြန်မာနိုင်ငံအပေါ် အီးယူရဲ့ ၂၀၁၃ ခုနှစ် လက်နက်ပိတ်ဆို့မှုတွေအရ အသုံးပြုမယ့် စစ်လက်နက်တွေ၊ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံးပစ္စည်းတွေနဲ့ ပစ္စည်းကိရိယာတွေကို မြန်မာနိုင်ငံကို တင်သွင်းတာဟာ တရားမဝင်လုပ်ရပ်ပဲ ဖြစ်ပါတယ်။", "ဒါ့အပြင် စစ်ရေးအရ စစ်လက်နက် နည်းပညာတွေ မျှဝေတာ၊ သင်တန်းပို့ချခြင်း တွေကိုလည်း EU က ကန့်သတ်ပိတ်ဆို့ထားမှုကို ရဲတင်းစွာ ချိုးဖောက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။", "Justice For Myanmar က ရရှိထားတဲ့ အချက်အလက်တွေအရ ဒီစီမံကိန်းကို အဆင့် ၆ ဆင့် နဲ့ ဆောင်ရွက်ပြီး စစ်အုပ်စုက အဓိက လေယာဉ် ပစ္စည်းအစိတ်အပိုင်းတွေနဲ့ အပိုပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ပြီး ပြည်တွင်းမှာပဲ တပ်ဆင်မယ့် DART လေယာဉ်တွေကို မြန်မာ့လေတပ်က ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။", "မြန်မာနိုင်ငံအတွင်း DART 450 ထုတ်လုပ်ရေးစီမံကိန်းရဲ့ ပထမအဆင့်မှာ ၂၀၁၉ ခုနှစ်အတွင်း DART-450 လေယာဉ် ၆ စင်းကို ဩစတြီးယားနိုင်ငံမှာ ထုတ်လုပ်ပြီး၊ မြန်မာနိုင်ငံကို လေကြောင်းကနေ ထုတ်ပိုးတင်ပို့ပြီး မြန်မာနိုင်ငံမှာ အပြီးသတ် တပ်ဆင်သွားမှာဖြစ်ပါတယ်။", "ဩစတြီးယားနဲ့ ဂျာမဏီနိုင်ငံတို့က ပညာရှင်တွေရဲ့ ကွင်းဆင်း ကူညီမှုတွေနဲ့ မြန်မာနိုင်ငံအတွင်းမှာ လေယာဉ်တစ်စင်းတပ်ဆင်တဲ့ လုပ်ငန်းတွေ ပြီးမြောက်ထားပြီ ဖြစ်ပါတယ်။", "အဲ့ဒီစီမံကိန်းမှာ နိုင်ငံပေါင်းများစွာက ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေပြီး မြန်မာနိုင်ငံ အတွင်း DART-450 စီမံကိန်းအတွက် အသုံးပြုခဲ့တဲ့ အဓိက ပစ္စည်းအစိတ်အပိုင်းတွေကို ဝင်ရောက် ရောင်းချမှုတွေလည်းရှိခဲ့တာပါ။", "မြန်မာနိုင်ငံအပေါ် စစ်လက်နက်တင်ပို့မှုပိတ်ပင်ရေး ပြဌာန်းထားတဲ့ နိုင်ငံတွေမှာ အခြေစိုက်တဲ့ ဥရောပ ကုမ္ပဏီတွေလည်း ပါဝင်ပတ်သတ်ခဲ့တယ်လို့ JFM ရဲ့ အစီရင်ခံစာအရ ဆိုပါတယ်။", "အဲ့ဒီ့ကုမ္ပဏီတွေဟာ ဆွမ်ဇာလမ်၊ ပြင်သစ်၊ အမေရိကန်၊ ယူကေ အစရှိတဲ့ နိုင်ငံတွေမှာ အခြေစိုက်နေတာလည်း ဖြစ်ပါတယ်။", "စစ်ကောင်စီ အသုံးပြုမယ့် DART-450 လေယာဉ်တွေမှာ OTUS-U250 အာရုံခံကိရိယာတွေ တင်ဆင်ဖို့အတွက် Diamond Aircraft Industries နဲ့ ဆွီဒင်ကုမ္ပဏီ DST Control AB တို့ အကြား ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။", "မြန်မာနိုင်ငံက မိတ္တီလာ ရှမ်းတဲလေတပ်ဌာနချုပ်မှာ DART 450 လေယာဉ်တွေ ထုတ်လုပ်တပ်ဆင်ရေးအတွက် အသုံးပြုခဲ့တဲ့ ကွန်ပျူတာ ကိန်းဂဏန်းဆိုင်ရာ ထိန်းချုပ်ရေးစက်တွေရဲ့ မူရင်းထုတ်လုပ်သူ ကုမ္ပဏီတွေကတော့ Schuko (ဂျာမဏီ)၊ Styrotec (Germany) နဲ့ Felder (ဩစတြီးယား) တို့ပဲဖြစ်ပါတယ်။", "ဒီလို လုပ်ငန်းစဉ်တွေမှာ ကြားခံ ပွဲစားအဖြစ် မြန်မာခရိုနီကုမ္ပဏီ စစ်လက်နက်ပွဲစား Miya Win International က Diamond Aircraft နဲ့ စစ်ကောင်စီအတွက် ဝင်ရောက်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။", "ဒါ့အပြင် Miya Win International ကုမ္ပဏီဟာ chiebel Corporation ဆီက မောင်းသူမဲ့ဝေဟင်ယာဉ်တွေ ဝယ်ယူတာ၊ Axis Simulation ဆီက လေယာဉ်မောင်း လေ့ကျင့်ရေးစက်တစ်ခု ဝယ်ယူတာအပါအဝင် ဩစတြီးယားနိုင်ငံက အခြားစစ်သုံးပစ္စည်းတွေ ဝယ်ယူရေးမှာ ပါဝင်ဖူးခဲ့တာ ဖြစ်ပါတယ်။", "ဒီလိုကိစ္စတွေမှာ ပါဝင်ဖူးတာကြောင့် လက်ရှိမှာ Miya Win International ကုမ္ပဏီဟာ ယူကေနိုင်ငံရဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေမှ စာရင်းသွင်းခံထားရပြီး ဖြစ်ပါတယ်။", "Justice For Myanmar အနေနဲ့ Diamond Aircraft Industries က စစ်အုပ်စုအပေါ် ပံ့ပိုးကူညီနေမှုအပေါ် ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထုတ်ဖော်ပြောဆိုရေးနေရာကို ပေးပို့ထားပြီး အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုထားပါတယ်။", "Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က", "“လေယာဉ်တွေကို ပြည်တွင်းမှာတပ်ဆင်နိုင်ဖို့ Diamond Aircraft Industries က ပစ္စည်းတွေရောင်းချပေးအပ်ပြီး၊ မြန်မာစစ်အုပ်စုအဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ဒီဖြစ်ရပ်က သီးခြားဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် တစ်ခုထဲမဟုတ်ပါဘူး”", "“ဩစတြီးယားအနေနဲ့ သူတို့ရဲ့ ကုမ္ပဏီတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုဆီ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေရောင်းချနေတာကို ရပ်တန့်ဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်အားလုံးရဲ့ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ဩစတြီးယားအနေနဲ့ မြန်မာနိုင်ငံအပေါ် အီးယူပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်ခဲ့သူအားလုံးအပေါ် အရေးတကြီး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ဖို့ လိုအပ်ပြီး၊ သူတို့ကို တာဝန်ခံမှုရှိလာအောင် အရေးယူဖို့ လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။"]
https://yktnews.com/2022/12/77839/
အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်နေချိန် လသာမြို့နယ်၊ ထွေအုပ်ရုံးရှေ့ရှိ လုံခြုံရေးကင်းတဲတွင် ဗုံးပေါက်ကွဲ
["အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်နေချိန် လသာမြို့နယ်၊ ထွေအုပ်ရုံးရှေ့ရှိ လုံခြုံရေးကင်းတဲတွင် ဗုံးပေါက်ကွဲ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်နေချိန် ရန်ကုန်မြို့၊ လ သာ မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ လသာလမ်းရှိ လသာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး ရှေ့ရှိ လုံခြုံရေး ကင်းတဲဂိတ်တွင် ယနေ့ ညနေပိုင်း ဗုံးပေါက်ကွဲ ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် လသာမြို့နယ်၊ ထွေအုပ် ရုံးရှေ့ရှိ လုံခြုံရေးကင်းတဲကို လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း Freeland Attack Force (FLA) အဖွဲ့က သတင်း ထုတ် ပြန်သည်။", "လသာမြို့နယ်တွင် ဗုံးပေါက်ကွဲချိန်သည် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်ရှိ၍ လုံခြုံရေး အထူးတင်းကျပ်ထားချိန်တွင် ဗုံးပေါက် ကွဲခြင်းဖြစ်ပြီး စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဗုံးကွဲမှု ကြောင့် တစ်စုံ တစ်ရာ ထိခိုက်မှုမရှိဟု သိရှိရသည်။", "လသာမြို့နယ် ထွေ/အုပ်ရုံး လုံခြုံရေးကင်းတဲ ဗုံးခွဲတိုက်ခိုက်မှုကို Freeland Attack Force (FLA) ၊ Emerald Girls Army(RGA)၊ Revolution of 21 Century အဖွဲ့တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မစ်ရှင် ဖြစ်မြောက် ရေးအတွက် ဝိုင်းဝန်းပံ့ ပိုးပေးကြသော အလှူရှင်များနှင့် Milk Tea Alliance Yangon အဖွဲ့သားများကို ကျေးဇူတင်ရှိပါကြောင်း FLA အဖွဲ့က ပြောသည်။", "ရန်ကုန်မြို့တွင်နေထိုင်သော မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ် ကောင် စီ တပ်သားများရှိသည့်‌‌ နေရာ၊ ဝန်ကြီးဌာန အဆောက်အအုံများနှင့် အကြမ်း ဖက်စစ်ကောင်စီသစ္စာတော်ခံလောက်ကောင်များနှင့် တတ်နိုင်သမျှ ရှောင်ရှားသွားလာကြရန် အသိပေးနှိုးဆော်ထားသည်။", "ဓာတ်ပုံ- လသာမြို့နယ်အတွင်း နေရာတစ်ခု။"]
https://yktnews.com/2023/12/137268/
အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်ရှိနေချိန် မြို့နယ် ၃ ခုတွင် ဗုံးများပေါက်ကွဲ
["အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရန်ကုန်ရောက်ရှိနေချိန် မြို့နယ် ၃ ခုတွင် ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း ၇၆ နှစ်နှစ်ပြည့် ရေတပ်အခမ်းအနားကို ရန်ကုန်တွင် လာရောက် တက်ရောက်စဉ် မြို့နယ် ၃ ခုတွင် ယမန်နေ့ညပိုင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ကျောင်းလမ်းမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "“မနေ့ည ၇ နာရီ ၅၀ မိနစ်လောက်မှာ မြောက်ဒဂုံ၊ ကျောင်းလမ်းမှတ်တိုင်နားမှာ ဗုံးပေါက်ကွဲသံ ကျယ်ကျယ်လောင်လောင်ကြားရတယ်။ ၃ ချက်ဆက်တိုက်ပေါက်တာ။ ပင်လုံအိမ်ရာဘက်က လာတယ်လို့လည်းပြောတယ်။ မြောက်ဒဂုံနေရာတော်တော်များများက ကြားရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ယမန်နေ့ ည ၈ နာရီဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ စစ်တပ်၏ လုံခြုံရေးဘန်ကာအနီးတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က လမ်းတချို့ကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။", "“ကျနော်တို့ Myanmar People Revolutionary Army ,Yangon UGအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၁၆ မိနစ်အချိန် သမိုင်းလမ်းဆုံမှာရှိတဲ့ စစ်ခွေးဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ကျနော်တို့ MPRA Yangonက စစ်ကောင်စီကို အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်တိုက်ခိုက်သွားမယ်လို့ ကတိပြုထားပါတယ်” ဟု Myanmar People Revolutionary Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အလားတူ သာကတေမြို့နယ်တွင်လည်း ည ၁၀ နာရီဝန်းကျင်အချိန် ဗုံးပေါက် ကွဲသံကြားရပြီး နေရာကိုမူ အတိအကျ မသိရှိရကြောင်း၊ အကြမ်းဖက်စစ် ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ခရီးစဉ်အတွက် သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် လုံခြုံရေးထူထူထပ်ထပ် ချထားချိန် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယင်းအပြင် ယမန်နေ့ ညပိုင်း ရန်ကုန်လေဆိပ်ပတ်ဝန်းကျင်တစ်ခုလုံးတွင် လုံခြုံရေးများ ထူထပ်စွာ ချထားပြီး ပြင်ပမှ ကားများ၊ ဆိုင်ကယ်များ ဝင်ထွက် အထူးစိစစ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ရန်ကုန်တွင် ၇၆ နှစ်ပြည့် ရေတပ်အခမ်းအနား တက်ရောက်နေသည့် အကြမ်းဖက် စိုးဝင်း။"]
https://yktnews.com/2024/11/192422/
အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည်
["အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည်", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဘက်စုံသုံးဒရုန်းများ ဝယ်ယူဦးမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၈ ရက်နေ့ တရုတ်နိုင်ငံ၊ ချုံချင်းပြည်နယ်ရှိ စိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်စက်ရုံနှင့် ဒရုန်းထုတ်လုပ်ရေး စက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါ ဒရုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေး၊ ဒရုန်းလေ့လာရေးနှင့် ဒရုန်းဝယ်ယူရေးများကို စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ချုံချင်းပြည်နယ်သို့ရောက်ရှိနေစဉ် Zhongyue Aviation UAV Firefighting-Drone Co.Ltd ၊ Weima Agricultural Machinery Company အပါအဝင် ကုမ္ပဏီနှင့် စက်ရုံများ သို့သွားရောက် လေ့လာခဲ့ခြင်းဖြစ်သည်။", "“ဒရုန်းတွေကို စိုက်ပျိုးရေးနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် စမ်းသပ်အသုံးချကြည့်ဖိုနဲ့ ဝယ်ယူရေးကတော့ ဝန်ကြီးဌာနတွေဘက်က လုပ်ရမယ်လို့ သိရတယ်။ ဘက်စုံသုံး ဒရုန်းတွေကို စမ်းသပ်သုံးစွဲခိုင်းတာ။ ရလဒ်ပေါ်မူတည်ပြီး စိုက်ပျိုးရေးနဲ့ လူမှုကယ်ဆယ်ရေးတွေမှာ ခေတ်မီ နည်းပညာတွေနဲ့ ပေါင်းစပ်ခိုင်းတာ ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "လက်ရှိတွင်လည်း စစ်ကောင်စီက တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးနှင့်ဘက်စုံသုံးဒရုန်းများကို ဝယ်ယူပြီးနောက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များတွင် စစ်ရေးအတွက် အသုံးပြုနိုင်သည်အထိ ပြန်လည် ပြုပြင်ကြောင်း၊ ထို့ပြင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များက ဒရုန်းဖြင့် ဗုံးကျဲရာတွင် အသုံးပြုသည့် ဒရုန်းဗုံးများကိုလည်း အမျိုးအစားအလိုက် တိုးမြှင့်ထုတ်လုပ်နေကြောင်း သိရှိရသည်။", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နှင့်ဗန်းမော်မြို့အကြားတွင် စစ်ကောင်စီတပ်က ထိုးစစ်များ လုပ်ဆောင်နေရာတွင် ဒရုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာပြီး ၁၂၀ မမ လက်နက်ကြီးများ အများအပြား သယ်ဆောင် ဗုံးကျဲနိုင်သည့် အကြီးစား ဒရုန်းများကို အသုံးပြု လာကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/188437/
အကြမ်းဖက် မင်းအောင်လှိုင် နိုဝင်ဘာတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်
["အကြမ်းဖက် မင်းအောင်လှိုင် နိုဝင်ဘာတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ်များကို ကိုးကား၍ အေအက်ဖ်ပီသတင်းဌာနက သတင်းဖော်ပြသည်။", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့်လတွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တပ်မတော်နှင့် နီးစပ်သည့် သတင်းရင်းမြစ်နှစ်ခုက အေအက်ဖ်ပီသို့ ပြောကြားကြောင်း၊ အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့်ဩဂုတ်လကတည်းက စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။", "အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်မည့် အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မကြာသေးမီ ရက်ပိုင်းအတွင်း TNLA က သီပေါမြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်ခဲ့ချိန်လည်းဖြစ်သည်။ ထို့ပြင် စစ်ကောင်စီက လားရှိုးမြို့ အပါ အဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက် မှုများ အရှိန်မြှင့်လုပ်ဆောင်နေသော အချိန်လည်းဖြစ်သည်။", "မကြာသေးမီက အကြမ်းဖက် မင်းအောင်လှိုင်က လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျော ဖြေရှင်းမည်မဟုတ်ဘဲ စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် နှိမ်နင်းရေးလုပ်ငန်းများ ဆက်လက် လုပ် ဆောင်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ၉ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် တရားဝင် ကြေညာထားသည်။"]
https://yktnews.com/2024/06/165404/
အကြမ်းဖက် မင်းအောင်လှိုင် ပုဂံလာရောက်ပြီးနောက် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခံရ
["အကြမ်းဖက် မင်းအောင်လှိုင် ပုဂံလာရောက်ပြီးနောက် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖယ်ရှားခံရ", "ပုဂံ ထီးလိုမင်းလိုဘုရားတွင် မင်းအောင်လှိုင်က ယတြာချေခဲ့ပြီး ပုဂံညောင်ဦးရှိ တိမ်ကောနေသော ရေကန်မှန်သမျှ ပြန် ဆယ်ခိုင်းသည့် ယတြာ ပြုလုပ်သွားဟုဆို", "ရန်ကုန်၊ ဇွန် ၁", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုဂံမြို့သို့ လာရောက်ပြီးနောက် ပုဂံမြို့သစ်၊ မြို့လယ်ဘုရားအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ယမန်နေ့ညပိုင်းတွင် လျှပ်စစ်မီးများ ဖြတ်တောက်၍ ဒေသအာဏာပိုင်များက ဖယ်ရှား ရှင်းလင်းသွားကြောင်း တပ်သတင်းရင်းမြစ်နှင့်ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။", "မေလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကြူကြူလှတို့က ပုဂံ၊ ညောင်ဦးသို့ လာရောက်ခဲ့ကြောင်း၊ ယင်းသို့ လာရောက်စဉ် ပုဂံထီးလိုမင်းလိုဘုရားတွင် ယတြာချေခြင်း၊ ရွှေစင် ၅၀ ကျပ်သား လှူဒါန်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ပုဂံမြို့သစ်သို့ လှည့်ပတ်ကြည့်ရှုသွားခဲ့ကြောင်း၊ မေလ ၃၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ပုဂံမြို့သစ်၊ မြို့လယ်ဘုရားအနီးရှိ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မနေ့ည ၁၁ နာရီလောက်မှာ မီးတွေဖြတ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို သယ်သွားတယ်။ အဲဒီအနားမှာ ရှင်းလင်းပြီး အလှပန်းအိုးတွေချသန့်ရှင်းရေးတွေ လုပ်တယ်။ မနေ့ညနေ ဝန်ထမ်းတွေ အုပ်လိုက်လာကြည့်ပြီးမှ ညပိုင်းမီးဖြတ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို သယ်သွားတာ။ အခု ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်က ဘယ်ကို ရောက်သွားမှန်းကိုမသိတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါဗိုလ်ချုပ်ကြေးရုပ်သည် ၂၀၁၅ ခုနှစ်တွင် NLD က ဦးစီး၍ စိုက်ထူခဲ့သော ကြေးရုပ်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင်သည် ပုဂံမြို့သို့ရောက်ရှိစဉ် ထီးလိုမင်းလိုဘုရားတွင် ယတြာချေမှုများပြုလုပ်ပြီးနောက် ပုဂံနှင့်ညောင်ဦးတွင် ရှိသောတိမ်ကောနေသည့် ရေကန်များအားလုံး ဆယ်ယူရန် မင်းအောင်လှိုင်က ယတြာအဖြစ် အမိန့်ပေးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။", "“ထီးလိုမင်းလိုဘုရားမှာ သူက ရွှေစင်တွေလှူတယ်။ ယတြာတွေချေတယ်။ ပြီးတော့ ပုဂံညောင်ဦးမှာရှိတဲ့ ရေကန်တွေသမျှ အကုန်ဆယ်ခိုင်းတာ။ ချိုင့်ခွက်လောက်ရှိတဲ့ ကန်တောင် ဆယ်ခိုင်းတာ။ ကန်ဆယ်တာဆိုတော့ အညံ့ ပျောက်ဖို့ လုပ်တဲ့ယတြာမျိုးလို့ ပြောတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။", "ဓာတ်ပုံ- မေလ ၂၆ ရက်နေ့ ပုဂံ ထီးလိုမင်းလိုဘုရားတွင် ရွှေစင် ၅၀ ကျပ်သားလှူဒါန်းယတြာချေနေသော မင်းအောင်လှိုင် နှင့် ၂၀၁၅ ခုနှစ် ပုဂံမြို့လယ်တွင် ထားရှိခဲ့သော ဗိုလ်ချုပ်ကြေးရုပ်။"]
https://yktnews.com/2023/07/110988/
အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်သေပါစေ ကျိန်စာတိုက်၊ မင်းအောင်လှိုင်ပုံကို ဖိနပ်အောက်ကပ်၍ ရန်ကုန်မြို့အနှံ့လှည့်လည်
["အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်သေပါစေ ကျိန်စာတိုက်၊ မင်းအောင်လှိုင်ပုံကို ဖိနပ်အောက်ကပ်၍ ရန်ကုန်မြို့အနှံ့လှည့်လည်", "ရန်ကုန်၊ ဇူလိုင် ၃", "ရန်ကုန်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့မှစ၍ မြန်မြန်သေပါစေ ကျိန်စာတိုက်ပြီး မင်းအောင်လှိုင်ပုံကို ဖိနပ်အောက်ကပ်၍ လူငယ်တချို့က ရန်ကုန်မြို့အနှံ့လှည့်လည်ကြကြောင်း သိရှိရသည်။", "Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ယနေ့ ဇူလိုင်လ ၃ရက်၊ လုံခြုံရေးတင်းကျပ်ထားသော ရန်ကုန်မြို့တွင်အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကျွန်တော်တို့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြတ်တနိုးနဲ့ ပန်းလို ခေါင်းပေါ်တင်ခဲ့ကြပေမယ့်၊ အောက်တန်းစား အကြမ်းဖက်သမား မင်းအောင်လှိုင်ကိုတော့ ခြေနဲ့ပဲ တန်လို့ မြေမှာခင်း၊ ခြေမှာနင်းလို့ အပါယ်အမြန်ဆုံးဆင်းဖို့ ဆုတောင်းပေးလိုက်ပါတယ်….”မွေးနေ့.မှစ၍ မြန်မြန်သေပါစေကြောင်း” ဟု သပိတ်ဦးဆောင်လူငယ်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/01/200848/
အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်၊ သု၀ဏ္ဏအားကစားကွင်းတွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော် တက်နေပြီး လုံခြုံရေး တင်းကျပ်ထား
["အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်၊ သု၀ဏ္ဏအားကစားကွင်းတွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော် တက်နေပြီး လုံခြုံရေး တင်းကျပ်ထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရန်ကုန်မြို့ ၊ သု၀ဏ္ဏအားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် တရုတ်နှစ်သစ်ကူးပွဲတော် တက်နေပြီး လုံခြုံရေး တင်းကျပ်ထားထားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ပြုလုပ်သည့် တရုတ် နှစ်သစ်ကူးပွဲသို့ တက်ရောက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သင်္ဃန်းကျွန်းနဲ့ သကေတမှာ မီးလည်းမပြတ်ဘူး။ လမ်းကြောင်းတွေလည်းရှင်းနေတယ်။ ဆိုက်ကား လမ်းဘေးဆိုင် ဆိုင်ကယ်ကယ်ရီတွေ အကုန် ရှင်းထားတယ်။ လမ်းပေါ် ပေးမတက်ဘူး။ လမ်းပေါ်နဲ့ မီးပွိုင့်တိုင်းမှာ စစ်သား၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေချည်းပဲ။ လမ်းတွေလည်း ပိတ်ထားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း အင်လျားလိတ်ဟိုတယ်တွင် တရုတ်နှစ်သစ်ကူးပွဲ လုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်ခဲ့သည်။"]
https://yktnews.com/2023/12/135085/
အကြမ်းဖက် မင်းအောင်လှိုင် လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့အရေးယူ
["အကြမ်းဖက် မင်းအောင်လှိုင် လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့အရေးယူ", "ရန်ကုန်| ဒီဇင်ဘာ ၉", "အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုလက်မှတ်ထိုးတဲ့ ၇၅နှစ်ပြည့် နေ့မှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)က ဗိုလ် မှူးကြီး စောချစ်သူ အပါအဝင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၃ ဦးကို ဗြိတိန်နဲ့ မိတ်ဖက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။", "မြန်မာနိုင်ငံမှ စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူးကြီး စောချစ်သူနဲ့ အတူ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံရသူတွေဟာ ချစ်လင်းမြိုင် ကုမ္ပဏီ ဒါရိုက်တာတဦးဖြစ်တဲ့ စောမင်းမင်းဦးနဲ့ မြန်မာရထိုက် ကုမ္ပဏီက ရှယ်ယာရှင်တဦးဖြစ်တဲ့ ရှီကျွာကျန်း ( She Zhijiang )တို့ ဖြစ်တယ်လို့ သိရပါတယ်။", "မနေ့က ထုတ်ပြန်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ကမ္ဘော ဒီးယား၊ လာအိုနဲ့မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၉ဦးနဲ့ အဖွဲ့အစည်း ၅ ခုပါဝင်လာပြီး ဒီအထဲမှာ ဗိုလ်မှူကြီးစောချစ်သူလည်း ပါဝင်တာဖြစ်ပါတယ်။", "အခုလို ဒဏ်ခတ်ပိတ်ဆို့အရေးယူရတာဟာ အရှေ့တောင်အာရှဒေသ အတွင်းမှာ အတင်း အဓမ္မခိုင်းစေမှုတွေ၊ လူကုန်ကူးမှုတွေ ပြုလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်နေလို့ အရေးယူတာလို့ သိရပါတယ်။", "အခု ပိတ်ဆို့အရေးယူခံရသူတွေနဲ့ အဖွဲ့အစည်းတွေဟာ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတွေမှာ ပါဝင်ခဲ့ပြီး ကျူးလွန်ခံရသူတွေကို အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေမှာ အဓမ္မစေခိုင်းကာ လိမ်လည်မှုလုပ်ငန်းကြီးတွေ ဖြစ်လာစေဖို့ ဦးတည်လုပ်ဆောင်တဲ့နေရာမှာ ပါဝင်ပတ်သက်ခဲ့တာတွေကြောင့်လို့ ဗြိတိန် အစိုးရရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။", "Burma Campaign UK ကတော့ မြန်မာနိုင်ငံ ကရင်ပြည်နယ်မှာရှိတဲ့ လောင်းကစားမြို့တော် ရွှေက္ကိုလ်မြို့သစ်စီမံကိန်းမှာ ပါဝင်တဲ့ စောချစ်သူ၊ စောမင်းမင်းဦးနဲ့ Zhijiang She တို့ ၃ ဦးကို အရေးယူမှုအပေါ် ကြိုဆိုလိုက်ပါတယ်။", "Burma Campaign UK က ကလေးစစ်သားစုဆောင်းမှု၊ အရပ်သားများကို ကွပ်မျက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ အရပ်သားများအပေါ် နိုင်ထက်စီးနင်း ခွဲခြားဆက်ဆံမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆယ်စုနှစ်များစွာကြာ မှတ်တမ်းပြုစုခဲ့ရာမှာ နယ်ခြားစောင့်တပ် ခေါင်းဆောင် စောချစ်သူဟာ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူကုန်ကူးမှု၊ အကျင့်ပျက်စီးပွားရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။", "Burma Campaign UK က ၂၀၀၀ ခုနှစ်မှာ စောချစ်သူ၊ DKBA နှင့် အပေါင်းအပါတွေကို စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် ပါဝင်ပတ်သက်မှုကြောင့် ဗြိတိသျှအစိုးရအနေနဲ့ ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။", "“ချစ်သူဟာ ထောင်ထဲမှာပဲ ရှိသင့်ပြီး ဒီပိတ်ဆို့အရေးယူမှုတွေက သူ့ကွပ်ကဲမှုအောက်က စစ်သားတွေရဲ့ ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူမှုနဲ့ တာဝန်ယူမှု အတွက် အစခြေလှမ်းဖြစ်သင့်ပါတယ်”လို့ Burma Campaign UK ၏ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။", "“ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ ရွှေကိုကိုကိုတင်ပြခဲ့တဲ့ အန္တရာယ်တွေကို သတိပေးဖို့ ကြိုးစားခဲ့တဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်အဖွဲ့ဝင်တွေလို ကရင်အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အောင်ပွဲတစ်ခုပါပဲ။”လို့ သူက ဆက်ပြောပါတယ်။"]
https://yktnews.com/2025/04/210064/
အကြမ်းဖက် မင်းအောင်လှိုင် လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ် Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ ရောက်ရှိ
["အကြမ်းဖက် မင်းအောင်လှိုင် လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေယာဉ် Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ဖြင့် ထိုင်းနိုင်ငံ၊ဘန်ကောက်သို့ ရောက်ရှိ", "ရန်ကုန်၊ ဧပြီ ၃", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း လေတပ်မှ လေယာဉ်မှူး ဒုဗိုလ်မှူးကြီး မင်းမင်းစိုး မောင်းနှင်သော စစ်တပ်အထူးလေ ယာဉ် Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိသည်။", "မင်းအောင်လှိုင်က ယနေ့ ဧပြီလ ၃ ရက်နေ့ စစ်တပ် အထူးလေယာဉ် ဖြင့် နေပြည်တော်မှ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ၏ ဖိတ်ကြားချက်အရ BIMSTEC အစည်းအဝေးတက်ရန် ရောက်ရှိလာခြင်းဖြစ်သည်။", "မင်းအောင်လှိုင်လိုက်ပါမည့် စစ်တပ်အထူးလေယာဉ်Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ကို ဒုဗိုလ်မှူးကြီး မင်းမင်းစိုးက လေယာဉ်မှူးအဖြစ်လည်း ကောင်း၊ ဗိုလ်မှူး နေထွန်းဦးက အကူလေယာ ဉ်မှူး၊ ဗိုလ်ကြီး မင်းမင်းထိုက်က အကူလေယာဉ်မှူး၊ ဗိုလ်ကြီး အောင်ကျော်မြင့်က လေကြောင်းအင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ဗိုလ်ကြီး ဒေါ်ချိုသက်ထားက လေကြောင်းလမ်းညွှန်အရာရှိအဖြစ်လည်းကောင်း လိုက်ပါခဲ့ကြသည်။", "ဘန်ကောက်တွင် အစည်းအဝေးတက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့် မင်းအောင်လှိုင်တို့ ၂ ဦးစလုံးမှာ စစ်တပ်အထူးလေယာဉ်Fokker 70 (F-28-0070) လေယာဉ်အမှတ် 002 ကို တစ်စီးတည်း လူးလားခေါက်ပြန် အသုံးပြုနေကြခြင်းဖြစ်သည်။"]
https://yktnews.com/2023/04/98065/
အကြမ်းဖက် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်တွင် လက်ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး မိသားစုနဲ့ အချိန်ဖြုန်း
["အကြမ်းဖက် မင်းအောင်လှိုင် သင်္ကြန်ကာလ ပြင်ဦးလွင်တွင် လက်ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး မိသားစုနဲ့ အချိန်ဖြုန်း", "ရန်ကုန်၊ ဧပြီ ၁၇", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သင်္ကြန်ကာလ ပြင်ဦးလွင်မှာ နေထိုင်ရင်း လက်ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။", "မင်းအောင်လှိုင်ဟာ သင်္ကြန်တွင်းကာလတစ်ခုလုံး ပြင်ဦးလွင်မှာသာ နေထိုင်ခဲ့ ပြီး သူ ပြင်ဦးလွင်ရှိနေချိန်မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။", "“မေမြို့အနီးစခန်း လေဆိပ်ရှေ့က ရပ်ကွက်မှာ လမ်းတိုင်း စစ်ခွေးနဲ့ရဲခွေး နှစ် ကောင်ကနေ လေးကောင်အထိ ပေအနည်းငယ်ပဲခြားပြီး သင်္ကြန်တွင်း တစ်တွင်း လုံးအစောင့်တွေ ထူထူထပ်ထပ်ချတယ်။ ညဆိုရင် လှည့်ကင်း တွေအပြည့်နဲ့ ။ ရပ်ကွက်ကတော့ မအလ ရောက်နေလို့ ဆိုတာ သိကြတယ်” ဟု မေမြို့ ဒေသပြည်သူတစ်ဦးက ဆိုပါတယ်။", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်စစ်ရုံးရဲ့ သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲနဲ့ အခမ်းအနားတွေကို မတက်ရောက်ခဲ့ဘဲ သူ့အစား ဒုစစ်ခေါင်းဆောင် စိုးဝင်းကပဲ တာဝန်ယူခဲ့ပါတယ်။", "မင်းအောင်လှိုင်ဇနီး ကြူကြူလှကတော့ မန္တလေးဘက်ကို ခဏဆင်းပြီး သင်္ကြန် မဏ္ဍပ်တချို့ကိုသွားကြည့်တာမျိုး နေ့ချင်းပြန် ခဏ သွားလည် တာမျိုးတွေ ရှိခဲ့ပါတယ်။", "မင်းအောင်လှိုင်ဟာ သင်္ကြန်တွင်းတစ်တွင်းလုံး သူ့ဘယ်ဘက်လက် ခွဲစိတ် ကုသမှုခံ ယူပြီး ကြူကြူလှ၊ သားသမီး၊ မြေးတွေနဲ့ အချိန်ကုန်ခဲ့တယ်လို့ သိရပါတယ်။"]
https://yktnews.com/2025/01/200966/
အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို
["အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ၆ လ ထပ်မံသက်တမ်းတိုးမည်ဖြစ်ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက် ပွဲ မလုပ်တော့ဘဲ ၂၀၂၆ ခုနှစ်တွင် ပြုလုပ်ရန် လျာထားဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီကို ယခုလာမည့် ဇန်နဝါရီလကုန်တွင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေး ကောက်ပွဲကိုလည်း ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်ရန် ဆွေးနွေး ပြောဆိုလျာထားကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့ သက်တမ်းကုန်မည့် အကြမ်းဖက်စစ်ကောင်စီကို ယာယီသမ္မတ ခံယူထားသော အကြမ်း ဖက်မင်းအောင်လှိုင် ၆ လ ထပ်မံ သက်တမ်းတိုးမည်ဖြစ်ပြီး ရွေးကောက်ပွဲကိုမူ ယခု ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်ရန် အစား ၂၀၂၆ ခုနှစ်အတွင်း ပြုလုပ်ရန် ပြောဆို ဆွေးနွေးမှုများ ရှိနေကြောင်း၊ လတ်တလော မင်းအောင်လှိုင်၏ သဘောထားအရ ၂၀၂၆ ခုနှစ်အတွင်းမှသာ ရွေးကောက်ပွဲ ဖြစ်နိုင်မည့် အခြေအနေ များရှိနေကြောင်း သိရှိရသည်။", "” ဒီလကုန်မှာ ၆ လ သက်တမ်းတိုးမယ်။ ၂၀၂၆ ​ခုနှစ်အတွင်း အစောဆုံး ဖေဖော်ဝါရီ ​လောက်မှ ​​ရွေး​ကောက်ပွဲလုပ်နိုင်မယ်လို့တော့ လောလောဆယ် ဆွေးနွေးမှုအရ သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ​", "အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာ သိမ်းပြီးနောက် ၆ လ သက်တမ်းတိုးလာခဲ့ပြီး ယခုလာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၈ ကြိမ်မြောက် အဖြစ် ၆ လသက်တမ်းတိုးမည်ဖြစ်သည်။", "လက်ရှိတွင် မင်းအောင်လှိုင်က ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုမှာလည်း ကျန်းမာရေး မကောင်းမမွန်ဖြစ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်မြို့၊ သု၀ဏ္ဏအားကစားတွင် ယမန်နေ့ ပြုလုပ် တရုတ်နှစ်သစ်ကူးပွဲ တက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် ကြူကြူလှ လင်မယား။"]
https://yktnews.com/2024/03/153351/
အကြမ်းဖက် မင်းအောင်လှိုင်က သားနှင့်သမီးကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်သည့်စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးထားဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆို
["အကြမ်းဖက် မင်းအောင်လှိုင်က သားနှင့်သမီးကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်သည့်စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးထားဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆို", "ရန်ကုန်၊ မတ် ၂၈", "အကြမ်းဖက်မင်းအောင်လှိုင်က ၎င်း၏ သားနှင့်သမီးကို ရိုးရိုးသားသား လုပ်ကိုင်စားသောက်ချင်သည့်စိတ်ဓာတ်ဖြစ်အောင် လုပ်ပေးထားကြောင်း ထုတ်ဖော်ပြောဆိုသည်။", "ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံစဉ် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ အင်တာဗျူးကိုလည်း မတ်လ ၂၅ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် အပြည်အစုံ ဖော်ပြခဲ့သည်။", "အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းသည် နိုင်ငံ့ဝန်ထမ်း ၊ တပ်မတော်သားဖြစ်သည့်အတွက် သားနှင့်သမီးကို ရိုးရိုးသားသားလုပ်ကိုင်စားသောက်ခြင်း စိတ်ဓာတ်ကို သူက မွေးမြူ ပြုလုပ်ပေးထားသည်ဟု ပြောဆိုသည်။", "“မကောင်းတဲ့ဟာတွေ မလုပ်နဲ့၊ ကောင်းတဲ့ဟာတွေ လုပ်ပေါ့။ စိတ်ကို သန့်သန့်ရှင်းရှင်းထားပေါ့။ ဒါတွေ မိသားစုမှာ အမြဲတမ်းရှိအောင် ကျနော့်သားသမီးတွေပေါ့။ ဒါတွေ အမြဲ ဆုံးမပေးတာလည်းရှိပါတယ်။ သူတို့ကတော့ ကျနော်က နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်၊ တပ်မတော်သားဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က နယ်တွေသွားနေရတာတွေ ရှိတာပေါ့။ အပြင်သွားနေရတာတွေရှိတာပေါ့။ မိသားစုနဲ့ အနီးကပ်နေဖို့ဆိုတာအချိန်ကတော့ သိပ်မရှိခဲ့ဘူး။ နောက်တစ်ခုကတော့ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ခြင်းပေါ့။ ဒီစိတ်ဓာတ်ကို ကျနော်က လုပ်ပေးထားတယ်” ဟု အကြမ်းဖက်မင်းအောင်လှိုင်က ဆိုသည်။", "သို့ရာတွင် ထိုသို့ မင်းအောင်လှိုင်က ပြောဆိုသော်လည်း လက်တွေ့တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့က လုပ်ကိုင်ကြပြီး စစ်တပ်နှင့် ဝန်ကြီးဌာန၏ တင်ဒါ အများစုကို အောင်ပြည့်စုံလက်အောက်ခံ ကုမ္ပဏီများကသာ ရရှိထားသည်။", "ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များ တစ်နိုင်ငံလုံးတွင် ရှုံးနိမ့်နေချိန် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော ကုမ္ပဏီများက တစ်နေ့တည်းတွင် ဝန်ကြီးဌာန တင်ဒါ ၁၃ ခုအောင်မြင်ရရှိသွားသဖြင့် စစ်ကောင်စီတပ်အတွင်းနှင့် စစ်တပ်အသိုင်းအ၀ိုင်းတွင် တိုင်းပြည်စစ်မီးတောက်၍ စစ်သားများ သေဆုံးမှုများပြားချိန် တင်ဒါများ အုပ်စီးခွယူနေသည့် လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြသည်။", "မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf ၊ Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် နာမည်အမျိုးမျိုးဖြင့် လုပ်ငန်းများစွာ ပိုင်ဆိုင်ပြီး လုပ်ငန်းများ လုပ်ကိုင်နေသည်။", "အထူးသဖြင့် မင်္ဂလာဒုံ တပ်မတော်ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီး၊ ပြင်ဦးလွင် ကုတင် ၅၀၀ ဆန့် ကင်ဆာကုဆေးရုံ၊ မြ၀တီမီဒီယာစင်တာ၊ ဒလ တော်ပီဒိုစက်ရုံ အပါအဝင် စစ်တပ်နှင့် ဝန်ကြီးဌာန ၏ ဆောက်လုပ်ရေး၊ လမ်းဖောက်လုပ်ရေး စသည့် တင်ဒါများအားလုံးကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရရှိထားသည်။", "သမီးဖြစ်သူ ခင်သီရိသက်မွန်မှာလည်း ရုပ်ရှင်ထုတ်လုပ်ရေး၊ အနုပညာနှင့်ဖျော်ဖြေရေးလုပ်ငန်းများ၊ လျှပ်စစ်ကား တင်သွင်းမှုလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ပြီး ဆိုလာလျှပ်စစ်ဓာတ်အားသွင်းစက်များနှင့် ရုံများ တည်ဆောက်ခွင့် တင်ဒါများကိုလည်း ရရှိလုပ်ကိုင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131731/
အကြမ်းဖက် မင်းအောင်လှိုင်က ဧည့်တွေ့မှုများ ၊ ပြင်ပ ပွဲလမ်းသဘင်များ ယာယီ ရွှေ့ဆိုင်းပြီး စစ်ရုံးတွင် အနီးကပ် ကြီး ကြပ်ကွပ်ကဲနေသော်လည်း စစ်ရေးအရ အရှုံးများသာ ကြုံနေ
["အကြမ်းဖက် မင်းအောင်လှိုင်က ဧည့်တွေ့မှုများ ၊ ပြင်ပ ပွဲလမ်းသဘင်များ ယာယီ ရွှေ့ဆိုင်းပြီး စစ်ရုံးတွင် အနီးကပ် ကြီး ကြပ်ကွပ်ကဲနေသော်လည်း စစ်ရေးအရ အရှုံးများသာ ကြုံနေ", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "အကြမ်းဖက်မင်းအောင်လှိုင်က ဧည့်တွေ့ဆုံမှုများ၊ ပြင်ပ ပွဲလမ်းသဘင်များ၊ ခရီးစဉ်များကို ရွှေ့ဆိုင်းပြီး နေပြည်တော် စစ်ရုံးတွင်သာ အချိန်ပြည့် ကြီးကြပ်ကွပ်ကဲနေသော်လည်း နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ရေးအရ အရှုံးများသာ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်သည် မည်သည့် ပွဲလမ်းသဘင်၊ မည်သည့်ဧည့်တွေ့ဆုံမှုမျိုးကိုမှ မလုပ်ဆောင်တော့ဘဲ ရွှေ့ဆိုင်းပြီး နေပြည်တော်စစ်ရုံးတွင် ထိုင်ကာ စစ်ရေးအရ ကြီးကြပ်ကွပ်ကဲမှုများကို တိုက်ရိုက် ဆောင်ရွက်လာကြောင်း၊ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံတစ်ဝန်းမှ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရေးနိမ့်လာမှုများကို မင်းအောင်လှိုင် တိုက်ရိုက် ကိုင်တွယ်နေသော်လည်း ၇ ရက်တာကာလအတွင်း အရှုံးများသာ ကြုံတွေ့နေရကြောင်း သိရှိရသည်။", "“နေပြည်တော် ဇေယျာသီရိ စစ်ရုံးမှာ ရုံးတက်တယ်လို့ သိရပါတယ်။ ညဉ့်နက်နဲ့ မနက်အစောပိုင်း အစည်းအဝေး လုပ်တာတွေလည်းရှိတယ်။ စစ်ဆင်ရေးတွေကိုတော့ အနီးကပ်ကြီးကြပ်ကွပ်ကဲတယ်လို့ သိရတယ်။ ပြင်ပ ဧည့်တွေ့တာတွေ၊ ပွဲလမ်းတွေ တက်တာမျိုးတွေလည်း ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောသည်။", "အကြမ်းဖက်မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်း အဝေး၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း၊ မြန်မာရော်ဘာဖိုရိမ်-၂၀၂၃ ကို တက်ရောက်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့ မှစတင်ပြီး ယနေ့အထိ စစ်ရုံးတွင်သာ ရုံးတက်တော့ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့ ယနေ့အထိ စစ်ရုံးတွင် နေ့စဉ် ရုံးတက် စစ်ဆင်ရေးများကို အနီးကပ်ကြီးကြပ်ကွပ်ကဲနေကြောင်း သိရှိရသည်။", "လက်ရှိနိုင်ငံတစ်ဝန်းရှိ မြို့များဖြစ်သည့် ချင်းရွှေဟော်၊ ခမ်းပတ်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ၊ ဖောင်းဆိုင်၊ ကောလင်း၊ ရိဒ်ခေါဒါရ် စုစုပေါင်း မြို့ ၉ မြို့ကို သိမ်းပိုက်ထားကာ ရှမ်းမြောက် အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်စခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း၊ စစ်ကောင်စီဘက်မှ တပ်ရင်းအလိုက် အလင်းဝင်ခြင်း၊ လက်နက်ချ အညံ့ခံခြင်း၊ တိုက်ပွဲတွင် ဖမ်းဆီးခံရခြင်း၊ ရာချီ၍ စစ်သားများ သေဆုံးခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/124640/
အကြမ်းဖက် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက်တွေ့ဆုံမှု လက်ရှိ KNU နှင့် လုံး၀မပတ်သက်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ပြောဆို
["အကြမ်းဖက် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက်တွေ့ဆုံမှု လက်ရှိ KNU နှင့် လုံး၀မပတ်သက်ဟု ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ပြောဆို", "စစ်ကောင်စီက တော်လှန်ရေး အင်အားချိနဲ့စေရန် သွေးခွဲသည့် မဟာဗျူဟာ ကို သုံးလာ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "မြန်မာနိုင်ငံတစ်ဝန်းမှ အရပ်သား ပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက် တွေ့ဆုံမှုသည် လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှ အရပ်သား ပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုးနှင့်အဖွဲ့ သွားရောက် တွေ့ဆုံမှုသည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် လုံး၀ မပတ် သက်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်း နေပြည်တော်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စောမူတူးစေးဖိုး နှင့်အတူ စောရော ဂျာခင်၊ ပဒိုရွှေမောင်း တို့က သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ အဆိုပါ တွေ့ဆုံပွဲ တွင် အကြမ်းဖက်စစ်ခေါင်းဆောင်က အလွန်ရင်းနှီးသော ပုံစံဖြင့် စောမူတူး စေးဖိုး ကို ဖက်လှဲတကင်း ဓာတ်ပုံ အရိုက်ခံ၍ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိ KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကမူ ယင်းသို့ သွားရောက် တွေ့ဆုံမှုသည် KNU နှင့်လုံး၀ မပတ်သက်ကြောင်း ပြောဆိုသည်။", "“KNU နဲ့ လုံး၀ မပတ်သက်ပါဘူး။ ” ဟု ပဒိုစောတောနီးက ပြောဆိုသည်။", "ပြည်တွင်းတွင် နေထိုင်သော နိုင်ငံရေးသမားတစ်ဦးကမူ အကြမ်းဖက် စစ်ကောင်စီ သည် လက်ရှိတွင် စစ်ရေးအရ မရှုမလှ ရှုံးနိမ့်နေသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုသော်လည်းကောင်း၊ PDF များကိုသော်လည်းကောင်း သွေးခွဲ၍ အင်အားချိနဲ့သွားစေရန် စနစ်တကျ မဟာဗျူဟာဖြင့် လုပ်ဆောင်နေသည်ဟု သုံးသပ်ပြောဆိုသည်။", "“စစ်တပ်က သူတို့ မနိုင်တာလည်း သေချာနေပြီ။ ၃ နှစ်လောက်တိုက်လာတာ စစ်တပ်ကို မုန်းသွားတဲ့ ပြည်သူရဲ့ အမုန်းတရားက လျော့မသွားဘဲ အစိုင်အခဲ ပိုကြီးလာတယ်။ ဒီလို အခြေအနေမှာ သူတို့အနေနဲ့က တော်လှန်ရေးကို ထောက်ပို့နေတဲ့ EAOs တွေ၊ PDF တွေအကြားမှာ သွေးကွဲအောင် သွေးခွဲပြီး အင်အား ချိနဲ့အောင် လုပ်မှသာလျှင် သူတို့ အသာရဖို့ လမ်းရှိတော့တယ်။ ဒါကြောင့် အခု KNU ခေါင်းဆောင်ဟောင်းတွေကို ခေါ်တွေ့ပြီး သွေးကွဲအောင် လုပ်နေတာ လို့ မြင်ပါတယ်” ဟု အဆိုပါ ပြည်တွင်းနိုင်ငံရေးသမားက သုံးသပ် ပြောဆိုသည်။"]
https://yktnews.com/2023/10/127082/
အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ပြည်ပရောက်အလုပ်သမားများနှင့် သင်္ဘောသားများ စစ်ကောင်စီထံတွင် အခွန်မဆောင်လျှင် နိုင်ငံကူးလက် မှတ် သက်တမ်းတိုးမပေးဟု ကြေညာ
["အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ပြည်ပရောက်အလုပ်သမားများနှင့် သင်္ဘောသားများ စစ်ကောင်စီထံတွင် အခွန်မဆောင်လျှင် နိုင်ငံကူးလက် မှတ် သက်တမ်းတိုးမပေးဟု ကြေညာ", "PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ ပြည်ပတွင် နှစ်ရှည်လများ နေထိုင်ပြီး သက်တမ်းတိုးမည်ဆိုလျှင် အခွန်ကင်းရှင်းကြောင်းထောက်ခံစာ လိုအပ်", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ပြည်ပရောက်အလုပ်သမားများနှင့် သင်္ဘောသားများ စစ်ကောင်စီကို အခွန်မဆောင်လျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတော့ကြောင်း စစ်ကောင်စီက တရားဝင် ကြေညာသည်။", "လက်ရှိတွင် ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး အပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးများတွင် ပြည်ပနိုင်ငံသို့ သွားရောက်ခဲ့သည့် အလုပ်သမားများ၊ သင်္ဘောသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုပါက ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးသည့် အခွန်ဆောင်ပြီးကြောင်း တစ်နည်းအားဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာလျှင် ဆက်လက် သက်တမ်းတိုးရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။", "“စက်တင်ဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့် အလုပ်သမားတွေ သင်္ဘောသားတွေအနေနဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်လိုပါတယ်။ ထိုင်း၊ မလေးရှား မြန်မာသံရုံးတွေမှာလည်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်မပါရင် နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးမပေးတော့ပါဘူး။ အဲဒါက PJ Passport for Job နဲ့ Passport for Seaman (PS) တွေတင် မဟုတ်ပါဘူး။ PV (PJ Passport for Visit) တွေလည်း နှစ်ရှည် လများ ပြည်ပ နေထိုင်ခဲ့ရင် ဘာကြောင့် ထွက်ခွာနေထိုင်ခဲ့သလဲဆိုတာ တင်ပြရမယ်။ ပြည်ပမှာ ကျောင်းသား အဖြစ် နေထိုင်ခဲ့ရင် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာတွေ လိုအပ်ပါတယ်။ အဲဒါတွေ မတင်ပြနိုင်ရင် PV တွေလည်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ကင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။", "နိုင်ငံကူးလက်မှတ်များကို အခွန်ကင်းရှင်းကြောင်း မတင်ပြနိုင်လျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးသည့် စီမံချက်မှာ အကြမ်းဖက် မင်းအောင်လှိုင် ၏ ညွှန်ကြားချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။", "အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြု လုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် ပြည်ပသို့ မြန်မာလူငယ်များ သန်းချီ၍ အလုပ်လုပ် ရန် ထွက်ခွာနေကြပြီး အလုပ်သမားများ၏ လစာကို ပြည် တွင်းသို့ မဖြစ်မနေ ပြန်လည် ပို့ဆောင်စီးဝင်စေရေး လုပ်ဆောင်ရန် ခိုင်းစေခဲ့ရာမှ ယခုနောက်ဆုံးတွင်း ယင်းကဲ့သို့ တစ်လလျှင် လစာ၏ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်ပို့ရန် ကန့်သတ်ချက် ထွက်ပေါ်လာခဲ့ကြောင်း၊ ယင်းနောက် အခွန်မဆောင်လျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတော့ဟု ကြေညာလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အေဂျင် စီများ၊ ပြည်ပရှိ မြန်မာသံရုံးများထံသို့ မြန်မာအလုပ် သမား များ၏ လုပ်ခ လစာကို ပြည်ပမှ တရားဝင် ငွေလွှဲပေးပို့နိုင်ရေး ဆောင်ရွက်ပေးရန် ညွှန်ကြားစာကို ပေးပို့နေပြီး ယင်းညွှန်ကြားစာတွင် တစ်လလျှင် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) အများဆုံး ၃ လလျှင် ၁ ကြိမ် ၃ လစာ စုစုပေါင်း အနည်းဆုံး ၂၅ ရာခိုင်နှုန်း ပြန်လည် ပေးပို့ရမည်ဖြစ်ကြောင်း ၊ ယင်းသို့ လစာများ စတင် လွှဲပို့ခိုင်းမှုသည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင် အသက်ဝင်ခဲ့ပြီး စစ်ကောင်စီ၏ စည်းကမ်းချက်ကို မလိုက်နာပါက အလုပ်သမားများကို ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားဆီးမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/181408/
အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားကို တပြိုင် နက်တည်း အပြောင်းအလဲလုပ်နေပြီး ကြံ့ဖွတ်ပါတီအမာခံများနှင့်စစ်တပ်ဘက်တော်သားများကို အုပ်ချုပ်ရေးအသစ်များအဖြစ် ခန့်နေ
["အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားကို တပြိုင် နက်တည်း အပြောင်းအလဲလုပ်နေပြီး ကြံ့ဖွတ်ပါတီအမာခံများနှင့်စစ်တပ်ဘက်တော်သားများကို အုပ်ချုပ်ရေးအသစ်များအဖြစ် ခန့်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁", "အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြားကို တပြိုင် နက်တည်း အပြောင်းအလဲလုပ်ပြီး ကြံ့ဖွတ်ပါတီအမာခံများနှင့်စစ်တပ်ဘက်တော်သားများကိုအုပ်ချုပ်ရေးအသစ်များအဖြစ် ခန့်အပ်နေကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များကို ဦးဆောင်မည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများသည် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုရှိပြီး ဒေသအကျိုးကို ဆောင်ရွက်လိုသူ၊ သစ္စာရှိသူများဖြစ်ရမည်ဟု ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင်က ဩဂုတ်လ ၃၀ ရက်နေ့ ပဲခူးတိုင်းစစ်ကောင်စီနှင့်တွေ့ဆုံပွဲတွင်လည်း ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လိုအပ်ချက်များကို ထည့်သွင်းပြောကြားခဲ့ပြီး အုပ်ချုပ်ရေးမှူး အဆင့်ဆင့်တွင် ဒေသအကျိုးအတွက် အမှန်တကယ် တာဝန်ထမ်းဆောင်လိုသည့် သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲများသည် ပြည်သူများနှင့် မြေပြင်တွင် အမှန်တကယ် ထိတွေ့နေသူများဖြစ်ကြောင်း၊ အဆင့်ဆင့် သတင်းပေးသည့်စနစ်ကိုလည်း ဖော်ဆောင်ရမည်ဖြစ်ကြောင်း ညွန်ကြားခဲ့ကြောင်း သိရှိရသည်။", "မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အပြောင်းအလဲ လုပ်နေပြီး ဃ ရပ် ကွက်အုပ်ချုပ်ရေးနေရာတွင် စစ်ကောင်စီ၏ သတင်းပေး စစ်ရန်နိုင်ကိုလည်း ကောင်း၊ ဆ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေရာတွင် ကြံ့ဖွတ် အမာခံတစ်ဦးကိုလည်းကောင်း ခန့်အပ်လိုက်ကြောင်း သိရှိရသည်။", "“မြောက်ဥက္ကလာပမြို့နယ်မှာ ရပ်ကွက် အုပ်ချုပ်ရေးမူးတွေအပြောင်းအလဲလုပ်နေပြီ။ ဃ ရပ်ကွက်အုပ်ကြီးစန်းလွင်နေရာမှာ လွန်ခဲ့တဲ့နှစ်က ဒလန်လုပ်လို့အပစ်သတ်ခံရတဲ့ နွယ်နီ၃လမ်းမှာနေတဲ့ ကျောင်းဆရာမရဲ့တူ စစ်ရန်နိုင်ဆိုတဲ့ကောင်ကိုလုပ်ခိုင်းတယ်။ ဆ ရပ်ကွက်အုပ်ကြီးထက်ထက်ဝင်းနေရာကိုကြံ့ဖွတ်အမာခံတစ်ဦးကို လုပ်ခိုင်းတယ်။ သူတို့စစ်တပ်လိုအပ်ချက်တွေကို မဖြည့်ပေးနိုင်လို့သုံးမရဘူးဆိုပြီးဖြုတ်ထုတ်ပစ်တာ။ အခြားရပ်ကွက်တွေမှာလည်း အုပ်ချုပ်ရေးမှူးတွေ လူလဲနေပြီ” ဟု မြောက်ဥက္ကလာပမြို့နယ်မှ ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက လွန်ခဲ့သော ဩဂုတ်လအတွင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အဆိုပါ အဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး လုံခြုံရေးအဖွဲ့များကို တပ်ဆင်ကာ လက်နက်များ ပါ တပ်ဆင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။", "ဓာတ်ပုံ- ကြံ့ဖွတ်ပါတီဝင်များနှင့် စစ်တပ်လက်အောက်ခံ ပျူစောထီးများကို တွေ့ရစဉ်။"]
https://yktnews.com/2023/09/121017/
အကြမ်းဖက် မင်းအောင်လှိုင်၏ခိုင်းစေချက်အရ ရန်ကုန်တိုင်းစစ်ကောင်စီက ကုန်သည်နှင့်စီးပွားရေးသမားများကို ခေါ်ယူ၍ ဆန်စျေးနှုန်းချပေးရန် ဖိအားပေးခြိမ်းခြောက်နေ
["အကြမ်းဖက် မင်းအောင်လှိုင်၏ခိုင်းစေချက်အရ ရန်ကုန်တိုင်းစစ်ကောင်စီက ကုန်သည်နှင့်စီးပွားရေးသမားများကို ခေါ်ယူ၍ ဆန်စျေးနှုန်းချပေးရန် ဖိအားပေးခြိမ်းခြောက်နေ", "ရန်ကုန်၊ စက်တင်ဘာ ၄", "အကြမ်းဖက် မင်းအောင်လှိုင်၏ခိုင်းစေချက်အရ ရန်ကုန်တိုင်းစစ်ကောင်စီက ကုန်သည်နှင့်စီးပွားရေးသမားများကို ခေါ်ယူ၍ ဆန်စျေးနှုန်းချပေးရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း သိရှိရသည်။", "ယနေ့စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းစစ်ကောင်စီ ဝန်ကြီးချုပ် စိုးသိန်းက ကုန်သည်နှင့် စီးပွားရေးသမားများကို ခေါ်ယူ၍ ပြည်တွင်းဆန်စျေးနှုန်းများ မြင့်နေသည့်အပြင် လှောင်လက်များက လှောင်ထားပြီး စျေးကိုင်နေကြောင်း၊ လူမှုကွန်ရက်တွင် စျေးနှုန်းအမြင့် စျေးတက်ရန် ဇောင်းပေးရေးသားဖော်ပြနေကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း ဆန်စျေးနှုန်းတည်ငြိမ်ရေး ပူး‌ေါပင်း ဆောင်ရွက် တွေ့ဆုံပွဲ ဖိတ်ကြားကြောင်း သိရှိရသည်။", "“ကုန်သည်တွေလည်း ခက်နေကြပြီ။ စီးပွားရေးသမားတွေလည်း အတော်ကို အကျပ်တွေ့နေပြီ။ စျေးတက်တာ။ စျေးကစားလို့ တက်တယ်ဆိုတဲ့ စစ်တပ်ရဲ့ ယူဆချက်မှာ စျေးကွက်စီးပွားရေး က ပျက်သွားပြီ။ ဒီစစ်တပ် ဆင်းသွားရင် အားလုံး ပုံမှန် အတိုင်း ပြန်ဖြစ်မှာပဲလေ။ သူတို့ မဆင်းလို့ သူတို့ ကြောင့် ဒီပြဿနာဖြစ်နေတာ။ အဲဒါကို ကုန်သည်၊ စီးပွားရေးသမားကို ဝိသမ လောဘ သမားဆိုပြီး တံဆိပ်ကပ်နေတာ။ အကုန်ခက်နေကြပြီ” ဟု UMFCCI မှ ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။", "လက်ရှိတွင် ဆန်စျေးနှုန်း မတက်စေရန် စစ်တပ်က ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ခြင်း၊ စျေးဆိုင်များတွင် ဆန်စျေးနှုန်းများ တင် မရောင်းရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ယခုနောက်ဆုံးတွင် ကုန်သည်နှင့် စီးပွားရေးသမားများကို ခေါ်ယူ၍ ခြိမ်းခြောက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီက စျေးနှုန်းတက်နေသည်ဟုဆိုကာ ရွှေကုန်သည်၊ ဒေါ်လာကုန်သည်၊ ပို့ကုန်သမားများ၊ စားအုန်းဆီတင်သွင်းသူများအပါအဝင် စီးပွားရေးသမား ၂၀၀ နီးပါးကို ဖမ်းဆီး စစ်ဆေး အရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129110/
အကြမ်းဖက် မြန်မာ စစ်တပ်အတွက် လက်နက်တင်သွင်းပြီး ငွေကြေးထောက်ပံ့သူ ဦးတေဇ၏သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီ တို့ကို ဗြိတိန်နိုင်ငံက စီးပွားရေးပိတ်ဆို့ အရေးယူ
["အကြမ်းဖက် မြန်မာ စစ်တပ်အတွက် လက်နက်တင်သွင်းပြီး ငွေကြေးထောက်ပံ့သူ ဦးတေဇ၏သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီ တို့ကို ဗြိတိန်နိုင်ငံက စီးပွားရေးပိတ်ဆို့ အရေးယူ", "ရန်ကုန်၊ နိုဝင်ဘာ ၁", "အကြမ်းဖက် မြန်မာ စစ်တပ်အတွက် လက်နက်တင်သွင်းပြီး ငွေကြေးထောက်ပံ့သူ ဦးတေဇ၏သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီ ကို ဗြိတိန်နိုင်ငံက အမေရိကန်နှင့် ကနေဒါတို့နှင့်ပူးပေါင်း၍ စီးပွားရေးပိတ်ဆို့ အရေးယူလိုက်ကြောင်း တရားဝင် ကြေညာသည်။", "ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဗြိတိန်နှင့် နိုင်ငံတကာ မိတ်ဖက်နိုင်ငံများသည် မြန်မာစစ်အစိုးရအပေါ် ဖိအားများ တိုးမြှင့်လိုက်သည့်အနေဖြင့် စစ်တပ်လုံခြုံရေးတပ်ဖွဲ့များထံ ကန့်သတ်ကုန်ပစ္စည်းများ တင်သွင်းပေးနေသော လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့နေသူများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်မံကြေညာလိုက်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများမှာ ဦးတေဇ၏ သားများ အပါအဝင် လူပုဂ္ဂိုလ် ၅ ဦးနှင့် IGE ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရှိရသည်။", "ဗြိတိန်က စီးပွားရေးပိတ်ဆို့မှု ချမှတ်သူများမှာ –", "၁-မျိုးသစ္စာ – Dynasty International ၏ Procurement & Supply ဌာနမှုးဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊", "၂-ထူးထက်တေဇ- ထူးကုမ္ပဏီများ အုပ်စု (Htoo Group of Companies) ၏ ဒါရိုက်တာဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် ကန့်သတ်နည်းပညာများ နှင့်/သို့မဟုတ် ၄င်းတို့နှင့်ဆက်စပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်း၊ စစ်တပ်လုံခြုံရေးတပ်ဖွဲ့များထံ ငွေကြေး သို့မဟုတ် စီးပွားရေးရင်းမြစ်များကို ထောက်ပံ့ပံ့ပိုးခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ခဲ့ကြောင်း၊", "၃-ပြည့်ဖြိုးတေဇ- Myanmar Avia Services ၊ Yangon Aircraft Engineering Company Limited နှင့် ထူးကုမ္ပဏီများ အုပ်စု (Htoo Group of Companies) တို့တွင် လုပ်ကိုင်ပြီး ကန့်သတ်ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် နည်းပညာများ နှင့်/သို့မဟုတ် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်း၊ စစ်တပ်လုံခြုံရေးတပ်ဖွဲ့များထံ ငွေကြေး သို့မဟုတ် စီးပွားရေးရင်းမြစ်များကို ထောက်ပံ့ပံ့ပိုးခြင်းမှ တဆင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊", "၄-ကျော်မင်းဦး – Sky Aviator Company Limited ၏ ဒါရိုက်တာဖြစ်ပြီး ကန့်သတ်ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် နည်းပညာများ နှင့်/သို့မဟုတ် ၄င်းတို့နှင့်ဆက်စပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းအားဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း၊", "၅-စစ်တိုင်းအောင် – Yatanarpon Aviation Services ၏ ဒါရိုက်တာဖြစ်ပြီး Mottama Holdings နဲ့ လက်တွဲလုပ်ကိုင်သူဖြစ်သည်။ ကန့်သတ် ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် နည်းပညာများ နှင့်/သို့မဟုတ် ၄င်းတို့နှင့်ဆက်စပ်သည့်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းအားဖြင့် မြန်မာ အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း", "၆- International Group of Entrepreneur Services Company Limited (IGE) – စစ်တပ်လုံခြုံရေးတပ်ဖွဲ့များအတွက် ရန်ပုံငွေများ သို့မဟုတ် အခြားစီးပွားရေးရင်းမြစ်များ ပံ့ပိုးပေးခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။", "ဗြိတိန်နိုင်ငံအစိုးရ ၊ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က “ မြန်မာပြည်သူပြည်သားတွေအပေါ် ကျူးလွန်တဲ့ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ယူကေအစိုးရက ပြတ်သားစွာ ရှုတ်ချပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံက လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့နေသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များဖြင့် အပြီးသတ်ပိတ်ပင်လိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရရဲ့ အဓိကရင်းမြစ်နှင့် ၀င်ငွေရရှိနေတဲ့လမ်းကြောင်းတွေကို အကန့်အသတ်ဖြစ်စေပြီး ရက်စက်တဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ယူကေအစိုးရအနေနဲ့ မြန်မာစစ်တပ်အား တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်၊ မြန်မာနိုင်ငံမှာ တရားမျှတမှုရှိစေရန်နဲ့ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီး ဒီမိုကရေစီရှိတဲ့အနာဂတ်ကို လိုလားမျှော်မှန်းကြတဲ့ မြန်မာပြည်သူပြည်သားတွေကို ယူကေက ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။", "မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှုဖြစ်သည့်အချိန်ကတည်းက ယူကေအစိုးရသည် Myanmar Sanctions Regime စနစ်အောက်တွင် လူပုဂ္ဂိုလ် ၂၆ ဦးနှင့် အဖွဲ့အစည်း ၂၉ ခု၊ Global Human Rights Sanctions Regime စနစ်အောက်တွင် စစ်တပ်၏အဓိကလုပ်ငန်းစုကြီးနှစ်ခုနှင့် ၎င်းတို့၏ လုပ်ငန်းခွဲ ၁၁၁ ခုကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း၊ ယူကေသည် စစ်အစိုးရ၏ တရားဝင်မှု မဖြစ်စေရန်၊ ၀င်ငွေနှင့် လက်နက်ရရှိနိုင်မှုကို ကန့်သတ်ရန်အတွက် နိုင်ငံတကာ ကြိုးပမ်းမှုများတွင် ဆက်လက်ဦးဆောင်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။"]
https://yktnews.com/2023/02/85167/
အကြမ်းဖက် မြန်မာစစ်တပ်ကို ICC တရားရုံးပို့ဆောင်ရေးနှင့် ICJ တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများ သို့ အဖွဲ့ ၆၁ ခုက တောင်းဆို
["အကြမ်းဖက် မြန်မာစစ်တပ်ကို ICC တရားရုံးပို့ဆောင်ရေးနှင့် ICJ တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများ သို့ အဖွဲ့ ၆၁ ခုက တောင်းဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေသော မြန်မာစစ်တပ်ကို ICC တရား ရုံးပို့ဆောင်ရေးနှင့် ICJ တရားရုံး တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများသို့ အဖွဲ့ ၆၁ ခုက စာပေးပို့ တောင်းဆို လိုက်ကြောင်း သိရှိရသည်။", "ဥရောပရောက် အဝေးရောက် မြန်မာနိုင်ငံများသား ဦးဆောင်သော အဖွဲ့အစည်း ၆၁ ခုက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး မြန်မာစစ်အာဏာရှင်ကြောင့် ဖြစ်ပျက်နေရသော လူ့အခွင့်အရေးပြဿနာများနှင့် လူသားချင်းစာနာမှု လိုအပ်သောဒုက္ခအဝဝတို့ကို ဝိုင်းဝန်းကူညီတုံ့ပြန်ကြပါရန် နှင့် မြန်မာစစ်တပ်ကို ချက်ချင်း အရေးယူဆောင်ရွက်ရန် ဥရောပသမဂ္ဂနှင့် ဥရော ပနိုင်ငံကြီးများသို့ တောင်းဆိုလိုက်ကြသည်။", "အဖွဲ့ ၆၁ ခုက တောင်းဆိုစာကို ဥရောပသမဂ္ဂ၏ ခေါင်းဆောင် ၄ ဦးဖြစ်သည့် Mr. Charles Michel၊ Dr. Ursula Von der Leyen၊ Mr. Josep Borrell Fontelles၊ Ms. Roberta Metsola တို့ကို လိပ်မူ ပေးပို့ပြီး သက်ဆိုင်ရာ ဥရောပ နိုင်ငံများသို့လည်း ပေးပို့ခဲ့ကြသည်။", "မြန်မာနိုင်ငံတွင် လက်ရှိနာကျင်ခံစားနေရသော ဒုက္ခအပေါင်းကိုလည်းကောင်း၊ ပြည်သူများ၏ အလားတူ ရဲရင့်ပြောင်မြောက်လှသော တော်လှန်ရေးကိုလည်း ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေနှင့် ရှင်းလင်းပြတ်သားသည့် ရပ်တည်ချက်တစ်ခု ချက်မှတ်ပြီး တုံ့ပြန်မှုကို မဆိုင်းမတွဆောင်ရွက်ကြပါရန်နှင့် မြန်မာနိုင်ငံ၏ ပြဿနာကို ဖြေရှင်းရာတွင် ပိုမို တက်ကြွစွာပါဝင်ကြပါရန် တိုက်တွန်းသည်။", "ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အရေး ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း အကြံပြုကြောင်း အဖွဲ့ ၆၁ ခုက ပေးပို့ တိုက်တွန်းထားသည်။", "– NUG, CRPH, NUCC, လူမျိုးစုပြည်နယ်များမှ အတိုင်ပင်ခံကောင်စီများ၊ EROs အသီးသီး၏ နိုင်ငံရေးကိုယ်စားလှယ် အခြားအစုအဖွဲ့နှင့် တိုက်ရိုက်ဆက်ဆံပြီး လက်တွဲဆောင်ရွက်စေလိုပါသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်များတွင် ပံ့ပိုးကူညီပေးစေလိုပါသည်။ ဖယ်ဒရယ်ဒီမိုကရက်တစ်ချာတာကို ထောက်ခံကြသော ထိုကျယ်ပြန့်သည့် မဟာမိတ်အစုအဖွဲ့များကို ထောက်ပံ့ပေးခြင်းကသာ မြန်မာပြည်၏လက်ရှိပဋိပက္ခကို အဆုံးသတ်စေနိုင်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်မီးငြိမ်းနိုင်မည်ဖြစ်သည်။ ထိုအချက်ကသာလျှင် EU ၏ မူဝါဒရေးရာ မျှော်မှန်းချက်လည်းဖြစ်သင့်သည်။", "-မကြာသေးမီအထိ NUG ကိုယ်စားလှယ်များနှင့် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးခဲ့ကြသော ဥရောပသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံများကို များစွာကြိုဆိုပါသည်။ သို့ရာတွင် မြန်မာစစ်တပ်ကို ယခုထက်ပိုမိုပြင်းထန်သောသတင်းစကားမျိုးပေးပို့ရန်၊ မြန်မာပြည်သူတို့နှင့် အတူရှိကြောင်း ပို၍ ထိရောက်စွာအသိပေးနိုင်ရန်အတွက် ယခုအချိန်တွင် ထိုကဲ့သို့သော အစည်းအဝေးများ၌ဝန်ကြီးချုပ်နှင့် သမ္မတအဆင့်များအထိ ပါဝင်လာရန်လိုအပ်ပါသည်။", "– NUG နှင့် EROs များ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးရန်- စစ်တပ်က တမင်တကာ ဖျက်ပစ်ပစ်နေသော ပြည်သူများကို မပေးဘဲ တမင်နေသော ကျန်းမာရေး၊ပညာရေး၊ တရားရေးနှင့် အခြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဤအဖွဲ့အစည်းများအနေနှင့် တစိုက်မတ်မတ်ဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရပြီးဖြစ်ပေသည်။ EU မှ ထိထိရောက်ရောက်ရံပုံငွေ ပေးအပ်နိုင်ပါလျှင် ထို အရေးပေါ်လိုအပ်နေသော ပြည်သူ့ရေးရာ လုပ်ငန်းများ ပိုပြီး ခိုင်မာစွာ လည်ပတ်လာနိုင်မည်ဖြစ်ပြီး လျှင်လျှင်မြန်မြန်ပင် နိုင်ငံတစ်ခု ပြိုလဲပျက်စီးလာနေသည့်အဖြစ်မှ ကာကွယ်နိုင်ပေလိမ့်မည်။", "– ပြည်သူတို့၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM)ကို ငွေကြေးထောက်ပံ့ရန် တိုက်တွန်းလိုပါသည်။ CDM များကို ကူညီခြင်းအားဖြင့် မရှိမဖြစ် အခြေခံပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည် ထူထောင်လာနိုင်ရန် ကူညီနိုင်ပေသည်။ ကူညီလည်းကူညီသင့်ပေသည်။ စစ်အုပ်ချုပ်ရေးပိုင်းသည် ပြည်သူရေးရာဝန်ဆောင်မှုများပြန်လည်ထူထောင်ရာတွင် လိုအပ်နေသော လုပ်ငန်း ကျွမ်းကျင်သူများဖြစ်ကြသည့် CDM များကို အိမ်တိုင်ရာရောက်လိုက်လံရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက် ထိပါးခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ချခြင်းနှင့် သတ်ဖြတ်ခြင်းများပင်ရှိနေပါသည်။", "-မြန်မာနိုင်ငံလူ့အခွင့်အရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးက အကြံပြုထားသည့်အတိုင်း မြန်မာ့လူ့အခွင့်အရေးကိစ္စများကို အားပေးကူညီနိုင်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးကို အစည်းအဝေး ခေါ်ယူဆွေးနွေးပါရန်။ ထိုသို့ဆွေးနွေးရာတွင် ပြည်သူအပေါ် ကြမ်းချင်သလောက်ကြမ်းပြီး ဒီမိုကရေစီလိုလားသော ပြည်သူများကို ဖိနှိပ်အကြမ်းဖက်လိုသည့် စစ်တပ်ဘက်တွင် လက်နက်များ၊ ငွေများ၊ တရားဝင်မှုများမရရှိရလေအောင် ပို၍ တိကျပြတ်သားပြီး၊ အချိတ်အဆက်မိသော၊ မဟာဗျူဟာကျသော လုပ်ငန်းများကိုဆောင်ရွက်ကြပါရန်တောင်းဆိုအပ်ပါသည်။", "– နယ်စပ်မှ ဖြတ်ကျော်ပြီးပေးပို့ခြင်းနှင့် ဒေသခံအကူအညီ‌ပေးရေးအဖွဲ့များနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး အထောက်အပံ့ပေးရန်- တင်းကြပ်သော ဗြူရိုကရေစီယန္တရားကို ဖြတ်စရာမလိုသည့်အပြင် ဒေသခံအရပ်ဘက်လူ့အဖွဲ့အစည်းအပေါ်ကျစေသည့် ဝန်ထုတ်ဝန်ပိုးများကို ဖယ်ရှားပေးခြင်းအားဖြင့် လူသားချင်းစာနာမှု အကူအညီများကို ထောက်ပံ့ပေးအပ်ပါရန်။", "-UNOPSနှင့် INGO များက စီမံခန့်ခွဲနေသော ယခု လက်ရှိ အလှူရှင်စုပေါင်း ရံပုံငွေ စနစ်ကြီးကို အလွန်အကျွံ မှီခိုနေရခြင်းက ထင်သလောက် ခရီးမတွင်ခြင်းများရှိပါသည်။ ထိုသို့ ဖြစ်ရခြင်းကြောင့် အကူအညီကို အလျင်စလို လိုအပ်နေကြသည့် အားနည်းထိခိုက်လွယ်သော လူ့အဖွဲ့အစည်းနှင့် ရပ်ရွာအစုအဝေးများထံသို့ အကူအညီများ မရောက်နိုင်ခြင်းများရှိခဲ့ပါသည်။ အကူအညီအတိုင်းအတာကို ကြီးကြီးမားမား တိုးမြှင့်ပေးရန်လိုအပ်နေသကဲ့သို့ မှတ်ပုံတင်မရှိသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးရေး အစီအစဉ်များကတဆင့် EU သည် တိုင်းပြည်အတွင်း အကူအညီလိုအပ်နေသော သန်း‌ပေါင်းများစွာထံသို့ ထောက်ပံ့မှုများ အရောက်ပို့နိုင်ပါသည်။", "– စစ်အုပ်ချုပ်ရေး၏ တရားဝင်မှုကို ငြင်းပယ်ရန်- ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးထောက်ပံ့မှုဖြင့် ကျင်းပသော အခမ်းအနားများသို့ တရားဝင်မဟုတ်သောနည်းလမ်းများဖြင့် အာဏာကိုယူထားသော အာဏာပိုင်တို့၏ မည်သည့်ကိုယ်စားလှယ်ကိုမဆို ဖိတ်ကြားခြင်းမပြုဘဲ ငြင်းပယ်ကြပါရန် (ဥပ‌မာ- ဂျာမန်ဖယ်ဒရယ်နိုင်ငံခြားရေးရုံး၏‌ ငွေဖြင့် ကျင်းပသော နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးစီမံကိန်းသို့ ပါဝင်ခွင့်မပေးဘဲ ငြင်းပယ်ခြင်း)", "– စစ်တပ်၏ ရွေးကောက်ပွဲအလိမ်အညာကို ဥရောပက ငြင်းဆန်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြားသိစေရန်- အခြားမိတ်ဖက်များကိုလည်း ထိုသို့ မုသားရွေးကောက်ပွဲကို လက်လည်းမခံ၊ ဖြစ်သင့်ကြောင်းလည်း မထောက်ခံကြောင်း သတင်းစကားပါးသင့်ပါသည်။ အထူးသဖြင့် အာဆီယံ။ ရွေးကောက်ပွဲကျင်းပခြင်းသည်လည်း ရွေးကောက်ပွဲအင်္ဂါများနှင့်အညီလွတ်လပ်ပြီးတရားမျှတသော ထုံးစံများနှင့်အညီကျင်းပနိုင်မည်မဟုတ်ပေ။", "-စစ်အာဏာပိုင်များကို ဆန့်ကျင်သော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် ဖမ်းဆီး ထောင်ချပြီး နှိပ်စက်ခံနေရသလို ပြည်ပသို့ တိမ်းရှောင်နေကြရသူများ အသတ်ခံခဲ့ကြရသူများလည်းရှိသည်။ တစ်ချိန်တည်းတွင် ရွေးကောက်ပွဲကိုတစ်နည်းနည်းနှင့် ထောက်ခံခြင်းသည် ‘ဘေးရန်ကင်းကွာစေရေး ‘do no harm’ မူများကိုလည်း ချိုးဖောက်ရာကျပါသည်။ ရွေးကောက်ပွဲတွင် မဲပေးသူစာရင်းကိုကောက်ယူခြင်းအား ဆန့်ကျင်နေကြသည့်အလျောက် လက်နက်ကိုင်လှုပ်ရှားမှုတိုက်ပွဲများပို၍ အရှိန်ပို မြင့်တက်လာသည်ကိုတွေ့မြင်နေကြရသည်။", "-ကုလလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် သို့မဟုတ် မြန်မာနိုင်ငံအတွက် ခုံရုံးတစ်ခုသီးသန့် ဖွင့်လှစ်နိုင်ရန် ကြိုးစားလျှက်ရှိရာ ထိုကိစ္စအတွက် အထောက်အကူများပေးရန်။", "– The Rome Statute ရောမသဘောတူစာချုပ်၏ ပုဒ်မ ၁၂(၃) အရ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးလွန်ခဲ့သည့် စစ်တပ်၏ နိုင်ငံတကာ မှုခင်းများနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ထံ NUG က စွဲဆိုချက်များတင်သွင်းလာလျှင် လက်ခံပေးပါမည့်အကြောင်း ICC ကို EU ကတိုက်တွန်းပေးရန်။", "– အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာကို ဂမ်ဘီယာက တရားစွဲထားသော အမှုကို ဆက်လက် ထောက်ခံပေးပြီး ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများအတွက် အပြည့်အဝတာဝန်ယူမှုရှိစေရေးအတွက် ဆက်လက်အကောင်အထည်ဖော်ခြင်းကို အားပေးရန်။", "– EU နှင့်အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံစစ်တပ်က လေယာဉ်ဆီမရရှိနိုင်ရေးအတွက် ပိတ်ဆို့မှုများရနိုင်သလောက် ဆောင်ရွက်ပေးရန်။ အရပ်သားပြည်သူများအပေါ် ဂျက်လေယာဉ်များ၊ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ထင်သလို ဖြစ်ခတ်နေခြင်းကြောင့် သေဆုံးမှုများထောင်ချီဖြစ်ပေါ်ခဲ့ရသလို လူပေါင်းများစွာမှာ အိုးအိမ်ဆုံးရှုံးခဲ့ရပါသည့်အပြင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာလူမှုဒုက္ခကြီးမားစွာဖြစ်ပေါ်စေပါသည်။", "– တည်ဆဲချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အကောင်အထည်ဖော်ရန်နှင့် စောင့်ကြည့်မှုများကိုတိုးမြှင့်ဆောင်ရွက်ရန်- မြန်မာစစ်တပ်က လက်နက်နှင့် ဝင်ငွေအရင်းအမြစ်များကို ပုံမှန်ထပ်မံပိတ်ဆို့ပေးသည့် လက်ရှိမူဝါဒကို ဆက်လက်ဆောင်ရွက်ရန်နှင့် အရှိန် တိုးမြှင့်အကောင် အထည်ဖော်ပေးပါရန်တိုက်တွန်းအပ်ပါသည်။ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်များကို ချမှတ်ရာတွင် အမေရိကန်နှင့် ယူကေက မိတ်ဖက်များနှင့် အတူပူးပေါင်းကာ သတ်မှတ်ဆောင်ရွက်သင့်ပါသည်။ ထို့အတူ သြစတြေးလျား၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်တို့ကိုပါ ဥရောပသမဂ္ဂ၏ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်များတွင်ပါဝင်ပေးကြပါရန် နားချသင့်ပါသည်။", "-မြန်မနိုင်ငံသို့လက်နက်များရောင်းချနေကြသော ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် ကုမ္ပဏီများကို ပိတ်ဆို့ဒဏ်ခတ်ပေးပါရန် နှင့် အိန္ဒိယနှင့် ပါကစ္စတန်တို့နှင့်အတူ အဆင့်မြင့်အစည်းအဝေးများကျင်းပပြီး မြန်မာစစ်တပ်ကို လက်နက်ရောင်းချခြင်း ရပ်တန့်ပေးသင့်ကြောင်း တိုက်တွန်းပေးရန်အတွက် တောင်းဆိုသည်။", "– စစ်တပ်၏ ဖိနှိပ်ခြင်းကိုခံရသော ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှာလူပုဂ္ဂိုလ်များအား ထောက်ကူပေးသည့်အစီအစဉ်များကို စတင်သင့်ကြောင်း တိုက်တွန်းလိုပါသည်။ ၎င်းတို့ထဲတွင် အိမ်နီးချင်းနိုင်ငံများတွင် မလုံမခြုံနေထိုင်နေကြရသူများလည်း ပါဝင်ပါသည်။ ထိုသူတို့အား ကူညီပေးသည့်အစီအစဉ်များတွင် ၎င်းတို့ ဗီဇာလျှောက်ထားရာတွင် လိုအပ်ချက်များကို ရှင်းလင်းလွယ်ကူအောင်ဖြေလျှော့ပေးခြင်း၊ ပြန်လည်နေရာချထားပေးခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများပေးရာတွင်လည်း လိုရာရည်မှန်းချက်ကို အသေအချာရောက်ရှိပြီး လိုအပ်နေသူများထံ ကွက်တိရောက်နိုင်စေရန် ချိတ်ဆက်ဆောင်ရွက်မှုများရှိသည့်အပြင် လုပ်ငန်းရပ်များကိုလည်း လှေနံဓားထစ်မဟုတ်ဘဲ ပြုလွယ်ပြင်လွယ် သဘောဆောင်စေသင့်ပါသည်။", "– ဥရောပသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံများသည် ဥရောပနိုင်ငံများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အထူးသဖြင့် ပညာသင်ယူနေကြသူများအတွက် လိုအပ်လာလျှင် အကူအညီပေးနိုင်ပါရန် ညှိနှိုင်းသဘောတူထားသော မူဝါဒတစ်ခုကို မဆိုင်းမတွ အကောင်အထည်ဖော်စေလိုပါသည်။ စစ်အုပ်ချုပ်ရေးလက်အောက် မြန်မာသံရုံးများသည် နိုင်ငံကူးလက်မှတ်သက်တမ်းနှစ်နှစ်မျှသာရှိသာ ကိုင်ဆောင်ခွင့်ပြုထားသော ပြည်ပရောက် မြန်မာနိုင်ငံသားများကို စာအုပ်အသစ်လဲလှယ်ခွင့်မပေးတော့ဘဲ ငြင်းပယ်နိုင်သည့် အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်းပြသနေပါသည်။ ထိုသို့ပြုလုပ်လာလျှင် မြန်မာနိုင်ငံသားများသည်တိုင်းပြည်သို့ ပြန်ရာတွင် အန္တရာယ်နှင့်ကြုံတွေ့နိုင်သလို အလိုမတူဘဲ အတင်းအကျပ်ပြန်ခိုင်းသကဲ့သို့ ဖြစ်လာနိုင်ပါသည်။", "– ဥရောပတလွှားတွင်ရှိနေသော မြန်မာနိုင်ငံသားအဖွဲ့အစည်းများ၊ မြန်မာ့အရေး သွေးစည်းလှုပ်ရှား နေကြသော ဥရောပအဖွဲ့အစည်းများနှင့် ဆက်သွယ်တိုင်ပင်နိုင်သော ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်သင့်ရန် တို့ဖြစ်သည်။", "ဓာတ်ပုံ- ဥရောပသမဂ္ဂ၏ ခေါင်းဆောင် ၄ ဦးဖြစ်သည့် Mr. Charles Michel၊ Dr. Ursula Von der Leyen၊ Mr. Josep Borrell Fontelles၊ Ms. Roberta Metsola ။"]
https://yktnews.com/2023/12/135837/
အကြမ်းဖက် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ ဗြိတိန်ပိုင်နက် နယ်မြေမှာ မှတ်ပုံတင်ထားတဲ့ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ
["အကြမ်းဖက် မြန်မာစစ်အုပ်စုကို ဘဏ္ဍာငွေ ရှာဖွေပေးနေတဲ့ ဗြိတိန်ပိုင်နက် နယ်မြေမှာ မှတ်ပုံတင်ထားတဲ့ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "အခွန်ရှောင်တိမ်းလိုသူများအတွက် အခွန်နိဗ္ဗာန်ဘုံ လို့ကျော်ကြားတဲ့ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေတစိခုမှာ မှတ်ပုံတင်ထားတဲ့ တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုဟာ မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ခွင့်ရကာ တရားမဝင် စစ်အုပ်စုကို ဘဏ္ဍာငွေကြေးတွေထောက်ပံ့ကူညီနေတယ်လို့ Justice for Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန်လိုက်ပါတယ်။", "ဒါဟာ မြန်မာ စစ်အုပ်စုအပေါ် ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ပြသရာလည်း ရောက်နေပါတယ်။", "တရုတ်နိုင်ငံမှာ ရုံးချုပ်တည်ထားပေမယ့် ဗြိတိန်ပိုင် ခေးမန်းကျွန်းစုမှာ မှတ်ပုံတင်ထားတဲ့ Greenway Mining Group Limited ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာရှိတဲ့ ၄င်းလုပ်ကိုင်နေတဲ့ ခဲ နဲ့ ငွေသတ္တုတွင်း လုပ်ငန်းတွေကနေပြီး ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့တယ်လို့ JFM ကဆိုတာပါ။", "အဆိုပါ ကုမ္ပဏီဟာ အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် အမှတ် (၁) မြန်မာ့သတ္တုတွင်းလုပ်ငန်း (ME-1) ကတဆင့် မြန်မာစစ်အုပ်စုကို အကျိုးအမြတ်တွေ ပေးနေတယ်လို့လည်း ဆိုပါတယ်။", "ယူကေ နိုင်ငံဟာ ၄င်းရဲ့မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အီးယူ နဲ့ ကနေဒါနိုင်ငံတွေလို စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (ME 1) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME 2) တို့ကို ပိတ်ဆို့ အရေးယူထားခြင်း မရှိသေးတာကြောင့် ဗြိတိန်ပိုင်နက်မှာ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့ Greenway သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ အခုလို စစ်အုပ်စုနဲ့ စီးပွားရေး ပူးပေါင်းလုပ်ကိုင်နိုင်နေတာလည်း ဖြစ်ပါတယ်။", "ထိုသို့ အမှတ် (၁) နှင့် (၂) သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန်က အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်းမရှိသေးတဲ့အပေါ် အခွင့်ကောင်းယူပြီး Greenway Mining Group က ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေတွေ ဖြစ်တဲ့ Cayman Islands နဲ့ British Virgin Island (BVI) မှတ်ပုံတင်ကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာကြောင့် အခုလို မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်တာ ဖြစ်တယ်လို့ JFM က ဝေဖန်ထားပါတယ်။", "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းစု ၁၄ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေတွေဟာ အများစုအားဖြင့် ကာရေဘီယံ ပင်လယ်တွင်းမှာ ရှိနေတာပါ.။", "၎င်းနယ်မြေတွေရဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာကိစ္စတွေကို ယူကေနိုင်ငံက ဆက်လက်ထိန်းချုပ်ထားပေမယ့်၊ ကျန်တဲ့အုပ်ချုပ်ခွင့် အာဏာတော်တော်များများကို လွတ်လပ်စွာ ကျင့်သုံးအုပ်ချုပ်လို့ရနေတဲ့ အဆိုပါ ကျွန်းစုအချို့ဟာ လျှို့ဝှက်တဲ့ စီရင်ခွင့်အခြေအနေတွေ ရှိနေတဲ့အပြင် ဝေဖန်ပြစ်တင်မှုတွေရှိပေမယ့် အခွန်ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ နိဗ္ဗာန်ဘုံသဖွယ် အခွင့်အရေးတွေကြောင့် Tax Heaven လို့ ကမ္ဘာမှာ လူသိများ ကျော်ကြားပါတယ်။", "Greenway Mining Group အနေနဲ့ ၂၀၂၂ ခုနှစ်ကစတင်ကာ မြန်မာနိုင်ငံမှာ ရှိတဲ့ ၄င်းတို့ရဲ့လုပ်ငန်းတွေကို တိုးချဲံဖို့ လုပ်ဆောင်ခဲ့ပြီး၊ ၂၀၂၃ အရောက်မှာတော့ ၎င်တို့ရဲ့ သတ္တုတွင်းတွေကို အရွယ်အစားနဲ့ အဆင့်မြှင့်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့အတွက် စစ်အုပ်စုထံမှ ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်နေတယ်လို့ ကြေညာခဲ့ပါတယ်။", "ဒါ့အပြင် ယခင် China Polymetallic Group လို့ သိခဲ့ကြတဲ့ အဆိုပါ Greenway Mining Group ဟာ ရင်းနှီးမြှုပ်နှံသူတွေထံ စာရင်းစစ် အစီရင်ခံစာနဲ့ ဘဏ္ဍာရေးရှင်းတမ်းတွေကို ၂၀၂၀ ခုနှစ်ကတည်းက ပေးအပ်နိုင်ခြင်းမရှိတာကြောင့် ဟောင်ကောင်စတော့အိတ်ချိန်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကုမ္ပဏီကတော့ ထိုသို့ရှင်းတမ်းများ မထုတ်ပြန်နိုင်ခြင်းမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနဲ့ မြန်မာနိုင်ငံတွင်း အာဏာသိမ်းကြိုးပမ်းမှု တွေကြောင့်လို့ အပြစ်လွှဲချခဲ့ပါတယ်။။", "Greenway Mining Group ဟာ ထိုသို့ စတော့အိတ်ချိန်းမှ အရှက်တကွဲ ထုတ်ပယ်ခံခဲ့ရပေမယ့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာတော့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။", "၂၀၂၀ ခုနှစ်ရှေ့ပိုင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ အချက်အလက်များအရ ကုမ္ပဏီရဲ့ ဝင်ငွေရရှိမှုမှာ မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းတွေက အဓိကကျကြောင်း တွေ့ရပါတယ်။ Greenway Mining Group အနေနဲ့ ၂၀၁၈ နှင့် ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ခဲ-ငွေ သတ္တုထုတ်လုပ်မှုမှာ ၈၁ ရာခိုင်နှုန်းနီးပါးထိ ပါဝင်ပတ်သက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ကို ရှာဖွေနိုင်ခဲ့ကြောင်း တွေ့ရပါတယ်။", "ခဲ-ငွေ အပါအဝင် သတ္တုများ ရောင်းချမှုဟာ ၂၀၁၈ မှ ၂၀၁၉ ခုနှစ်အတွင်း ကုမ္ပဏီအုပ်စု၏ အကြီးမားဆုံး ဝင်ငွေအရင်းအမြစ် ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။", "Greenway Mining Group ဟာ ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ ထုတ်လုပ်မှုခွဲဝေရေး သဘောတူ စာချုပ်အရ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းတွင်းနှစ်တွင်းကို လုပ်ဆောင်လျက်ရှိပါတယ်။ ပထမမိုင်းတွင်း Aung Jiujia ဟာ မြေပေါ်ဟင်းလင်းဖွင့် (Open-pit) နှင့် မြေအောက် ခဲ-သွပ်သတ္တုတွင်း ဖြစ်ပြီး၊ ယင်းသတ္တု တွင်းကို Greenway Mining Group က မြန်မာမှတ်ပုံတင် ကုမ္ပဏီခွဲမှတဆင့် ၁၀၀ ရာခိုင်နှုန်းထိ ပိုင်ဆိုင်ထားကာ ၂၀၁၉ ခုနှစ်အတွင်း သတ္တုရိုင်းတန်ချိန် ၁၁၁,၅၅၀ နှင့် ခဲ-ငွေဓာတ်သတ္တုတန် ၄,၇၅၀ ကျော်ကို ထုတ်လုပ်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးစာရင်းများကို အခြေခံပြီး JFM ကဆိုပါတယ်။", "ဒုတိယတွင်း GPS JV ကတော့ မြေအောက် ခဲ-ငွေ Polymetallic သတ္တုတွင်းဖြစ်ပြီး၊ Greenway Mining Group က က British Virgin Islands မှတ်ပုံတင်ကုမ္ပဏီ Venture Million Enterprise Limited မှတဆင့် ၅၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ ၂၀၁၉ ခုနှစ် စာရင်းစစ်ထုတ်ပြန်ချက်အရ သတ္တုရိုင်း ၃၉,၈၀၀ တန်နှင့် ခဲ-ငွေဓာတ်သတ္တု ၄,၄၄၀ တန် ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။", "Greenway Mining Group ရဲ့ အဓိက ရှယ်ယာရှင်တွေအဖြစ် ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ South Manganese Bermuda က အဓိကပိုင်ဆိုင်ပြီး၊ ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေ ဘာမြူဒါမှာ မှတ်ပုံတင်ထားတဲ့ CITIC Dameng Investments Limited နဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ Shi Xizozhou တို့လည်းပါဝင်ကာ၊ အများစုမှာ ဟောင်ကောင် အခြေစိုက်ကုမ္ပဏီများ ဖြစ်ကြပါတယ်။", "Greenway Mining Group ကာ မြန်မာနိုင်ငံတွင်း ၄င်းလုပ်ကိုင်နေတဲ့ သတ္တုတွင်းလုပ်ငန်းတွေကတဆင့် စစ်အုပ်စုအတွက် ဘဏ္ဍာငွေ အမြောက်အများ ရရှိအောင် ကူညီပံပိုးနေတာဖြစ်ပြီး၊ ဒီလိုအခွန်ဘဏ္ဍာများစွာ ရရှိနေတာကြောင့်လည်း စစ်အုပ်စုဟာ ပြည်သူအပေါ် ပြန်လည်ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေနိုင်တာ ဖြစ်တယ်လို့ Justice for Myanmar အဖွဲ့ကဆိုပါတယ်။။", "ဒါကြောင့် Greenway Mining Group အနေနဲ့ လူ့အခွင့်ရေးနဲ့ စီးပွားရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမှုတွေအရ ၎င်းတို့ရဲ့ လူ့အခွင့်ရေးဆိုင်ရာ တာဝန်ဝတ္တရားတွေနဲ့အညီ စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း အားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ Justice For Myanmar က တောင်းဆိုခဲ့ပါတယ်။", "ဒါ့အပြင် မြန်မာစစ်အုပ်စုအပေါ် ယူကေ အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုများ နှေးကွေးနေမှုကို တုန့်ပြန်ဆောင်ရွက်ရန်၊ Cayman Islands နဲ့ British Virgin Island (BVI) အပါအဝင် ဗြိတိန်ရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်နယ်မြေ အာဏာပိုင်တွေအနေနဲ့ ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို အသက်ဝင်စေဖို့အတွက် တွန်းအားပေးရန်နှင့် ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေဗစ်ကင်မရွန်း အနေနဲ့ အမှတ် (၁) နှင့် (၂) သတ္တုတွင်းလုပ်ငန်းများနဲ့ ခင်မောင်ရီ အပါအဝင် စစ်အုပ်စုရဲ့ ‌ဒေါက်တိုင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန် တို့ကို Justice For Myanmar က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။။"]
https://yktnews.com/2023/07/114925/
အကြမ်းဖက် သတင်းရဲတပ်ဖွဲ့ မှ အမျိုးသားရေးအစွန်းရောက်နှင့်မဘသ ထောက်ခံသူအားပေးသူ ရဲမှူးကြီး နိုင်ရဲသူ နှလုံးရောဂါဖြင့်သေဆုံး
["အကြမ်းဖက် သတင်းရဲတပ်ဖွဲ့ မှ အမျိုးသားရေးအစွန်းရောက်နှင့်မဘသ ထောက်ခံသူအားပေးသူ ရဲမှူးကြီး နိုင်ရဲသူ နှလုံးရောဂါဖြင့်သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၆", "အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ သတင်းရဲတပ်ဖွဲ့မှ အမျိုးသားရေး အစွန်းရောက်နှင့်မဘသ ထောက်ခံသူအားပေးသူ ရဲမှူးကြီး နိုင်ရဲသူ သည် နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။", "ပြည်ထဲရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်အရာရှိ ဟောင်း ရဲမှူးကြီး နိုင်ရဲသူသည် ဇူလိုင်လ ၂၃ ရက်နေ့ နှလုံးဖောက်ဝေဒနာဖြင့် စစ်တပ်ပိုင် ကန်သာယာဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံး ချိန်တွင် သားတစ်ဦးနှင့် ဇနီးကျန်ရစ်ကြောင်း သိရှိရသည်။", "နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးသော အသက် ၅၆ နှစ်အရွယ်ရှိ ရဲမှူးကြီး နိုင်ရဲသူကို ဇူလိုင်လ ၂၅ ရက်နေ့ မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်း ၊ ရဲမှူးကြီး နိုင်ရဲသူသည် စစ်တပ်တွင် ဘွဲ့ရ ဗိုလ်လောင်းသင်တန်း OTS ကျောင်းဆင်းဖြစ်ပြီး အရာရှိဘ၀မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "“သူက မဘသ ထောက်ခံ အားပေးသူ စစ်စစ်ပါပဲ။ စစ်တပ်ကနေ ရဲဘက် ပြောင်း လာပြီး ရဲတပ်ဖွဲ့မှာတော့ ဌာနပေါင်းစုံပဲ ရွှေ့ပြီး တာဝန်ယူတယ်။ နောက်ဆုံးသူပြောင်းခဲ့တာက နိုင်ငံဖြတ်ကျော်မှုခင်းဌာနကနေ သတင်း တပ်ဖွဲ့ကိုပဲ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်ထံမှ သိရှိရသည်။"]
https://yktnews.com/2023/03/91960/
အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှုးချုပ် ICANN အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်းခံရ
["အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှုးချုပ် ICANN အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်းခံရ", "ရန်ကုန်၊ မတ် ၁၂၊ ၂၀၂၃", "မက္ကဆီကိုနိုင်ငံတွင် မတ်လ ၁၁ မှ ၁၆ အထိ ကျင်းပမည့် ICANN ၏ ၇၆ ကြိမ်မြောက်ညီလာခံသို့ တက်ရောက်ရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှုးချုပ် မျိုးဆွေအား ဖိတ်ကြားထားမှုအား ကန့်ကွက်ကြောင်း Justice for Myanmar (JFM)အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။", "ICANN (Internet Corporation for Assigned Names and Numbers) သည် ကမ္ဘာ့အင်တာနက် လုံခြုံရေးနှင့် တည်ငြိမ်ရေးရာ ကိစ္စများအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ICANN သည် (IP Address space / DNS စသည့်) အင်တာနက် လိပ်စာများအတွက် အရေးပါသော အကျိုးအမြတ်အတွက် မဟုတ်သော ပုဂ္ဂလိကအဖွဲ့အစည်းကြီးတခု ဖြစ်သည် ။", "မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICANN ၏ အစိုးရပိုင်းဆိုင်ရာ အကြံပေးကော်မတီဝင်အနေနှင့် အစည်းအဝေးတက်ရောက်မည့် မျိုးဆွေသည် မြန်မာပြည်သူများ၏ ဆက်သွယ်‌ရေး အချက်အလက်များကို စောင့်ကြည့်မှုများ ပြုလုပ်ရန်၊ အင်တာနက် ဖြတ်တောက်ရန်နှင့် ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို စစ်တပ်သို့ လွှဲပြောင်းပေးရန် စသည့် ရာဇဝတ်မှုများကို ကျူးလွန်စေရန် မြန်မာနိုင်ငံတွင်းရှိ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအား ညွှန်ကြားခဲ့မှုများအတွက် အဓိက တာ၀န်ရှိသူ တစ်ဦးလည်းဖြစ်သည်။", "တရားမဝင် မြန်မာအကြမ်းဖက် စစ်တပ်ကို အသိအမှတ်ပြုရာရောက်သည့် လုပ်ရပ်များကို ICANN အနေနှင့် ချက်ချင်းရပ်တန့်ရန်နှင့် ၄င်းအစား မြန်မာပြည်သူများ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အား အသိအမှတ်ပြု ဖိတ်ကြားရန် တောင်းဆိုကြောင်း JFM က၄င်းတို့၏ တွစ်တာမှတဆင့် ထုတ်ပြန်ပြောဆိုထားသည်။", "“အင်တာနက်ဖြတ်တောက်မှုမှာ အဓိက တရားခံတဦးဖြစ်သလို၊ စစ်တပ်ရဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက် ကျူးလွန်နေသူတဦးဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်ကို ICANN 76 လို နိုင်ငံတကာ ညီလာခံမျိုးမှာ အသိအမှတ်ပြု ဖိတ်ကြားတာက လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ” ဟု Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ထုတ်ပြန်ပြောဆိုခဲ့သည်။"]
https://yktnews.com/2024/11/193269/
အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်
["အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "တရုတ်အစိုးရပိုင် China EXIM Bank က အကြမ်းဖက်စစ်ကောင်စီအကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့်တရုတ်အကြား အပြန်အလှန် သဘောတူညီထားသော စာချုပ်ပါ အချက်အလက်များအရ သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်မည့် အဆင့်မြှင့်တင်ထားသော E-Government အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) နှင့် မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် (RFID- Developing Vehicle Registration by Radio Frequency Identification System) စီမံကိန်းတို့အတွက် တရုတ်အစိုးရပိုင် China EXIM Bank က အတိုးမဲ့ချေးငွေ ထုတ်ချေးမည်ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ e-Government အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) အတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၂၄ သန်းကို ထုတ်ချေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် နေပြည်တော်နှင့် ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် e-Government အချက်အလက်စင်တာ တည်ဆောက်ရန်ရှိကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် (RFID- Developing Vehicle Registration by Radio Frequency Identification System) စီမံကိန်းအတွက်မူ တရုတ်အစိုးရ၏ China EXIM Bank က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၁၄ သန်း ထုတ်ချေးမည်ဖြစ်ကြောင်း၊ အဆိုပါ မော်တော်ယာဉ်နည်းပညာစနစ်သစ်အတွက် ပြည်နယ်နှင့်တိုင်းအားလုံးရှိ နေရာ ၁၅ ခုတွင် စင်တာများ တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ စီမံကိန်း ၂ ခုစလုံးသည် NLD အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက် ထက်တွင် ပြည်ပမှ ကူညီမည့်သူမရှိ၍ ရပ်နားထားရကြောင်း၊ ယခုအခါ တရုတ်အစိုးရ၏ China EXIM Bank က ပေးအပ်မည့် အတိုးမဲ့ချေးငွေဖြင့် စီမံကိန်း ပြန်လည် စတင်နိုင်မည်ဖြစ်​ကြောင်း သိရှိရသည်။", "” e-GIDC စီမံကိန်းနဲ့ RFID စီမံကိန်း ၂ ခုက ချိတ်ဆက်မယ့် စီမံကိန်းတွေဖြစ်ပါတယ်။ လုပ်မယ့်လုပ်ငန်းစဉ်က ကားတွေကို တစ်နိုင်ငံလုံး ၁၅ နေရာမှာ RFID registration လုပ်ပြီး e-GIDC စင်တာနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ e-GIDC စီမံကိန်းနှင့် RFID စီမံကိန်း သည် အစိုးရအချင်းချင်း (G2G) အကူအညီပေးသည့် စီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားရေးဆက်ဆံရေးဗျူရို (MIFER-FERD) နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဗျူရို (MOTC-ITCSD) တို့က အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်။"]
https://yktnews.com/2023/11/129153/
အကြမ်းဖက်စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ လေယာဉ်ဖြင့် ဗုံးကျဲချ၊ ယမန်နေ့ သိမ်းယူထားသော စစ်စခန်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲ
["အကြမ်းဖက်စစ်ကောင်စီက KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ လေယာဉ်ဖြင့် ဗုံးကျဲချ၊ ယမန်နေ့ သိမ်းယူထားသော စစ်စခန်းကိုပါ လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ နိုဝင်ဘာ ၁", "စစ်ကောင်စီ၏ တိုက်လေယာဉ်များက KIO ဌာနချုပ်၊ ကချင်ပြည်နယ်၊ လိုင်ဇာရှိ KIO ဌာနချုပ်ကို ယနေ့ မွန်းလွဲပိုင်းတွင် ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများနှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် ဝန်းကျင်တွင် KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် ၁ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အပျက်အစီးနှင့်ထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။", "“မနေ့ကလည်း ကျဲတယ်။ အဲဒါက တောင်ကုန်းဘက်ကျတာ အထိအခိုက်မရှိဘူး။ ဒီနေ့လည်း ကျဲတာက နောက်ဆုံးအခြေအနေ မသိရသေးဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့၏ စစ်စခန်းများကို KIA တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နေသည့်အတွက် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဖြစ်ပြီး လေယာဉ်ဖြင့် ဗုံးကျဲရန် တရုတ်နိုင်ငံသို့ အကြောင်းကြားထားပြီဟု ယမန်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ယမန်နေ့ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ရရှိထားသော ကန်တော်ယန်စခန်းကိုပါ ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/209951/
အကြမ်းဖက်စစ်ကောင်စီက ငလျင်လှုပ်အပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ပြီးနောက် ရက် ၂၀ကြာ အပစ် ရပ်ဟု ကြေညာ
["အကြမ်းဖက်စစ်ကောင်စီက ငလျင်လှုပ်အပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ပြီးနောက် ရက် ၂၀ကြာ အပစ် ရပ်ဟု ကြေညာ", "ရန်ကုန်| ဧပြီ ၂", "အကြမ်းဖက်စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်အပြီး နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီးနောက် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကာလကို ယာယီအပစ် ရပ်ကာလအဖြစ် သတ်မှတ်ကြောင်း ယနေ့ ဧပြီလ ၂ ရက် ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။", "ငလျင်ဒဏ်သင့် ပြည်သူလူထုအား စာနာထောက်ထားပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ယင်းကဲ့သို့ အပစ်ခတ် ရပ်စဲခြင်း ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။", "အပစ်ရပ်စဲကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ထိခိုက်ပျက်စီးစေခြင်းများ ပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဆိုသည်။", "ထို့အပြင် ယင်းထုတ်ပြန်ချက်တွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင် ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများပြုလုပ်ပါက တုန့်ပြန်သွားမည်ဟု ဆက်လက်ဖော်ပြထားသည်။", "မတ်လ ၂၉ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို မတ်လ ၃၀ မှ ဧပြီ ၁၂ အထိ ရပ်ဆိုင်းကြောင်း ကြေညာထားသည်။", "မဟာမိတ် သုံးဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ဧပြီ ၁ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။", "စစ်ကောင်စီ၏ ဧပြီ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/11/192466/
အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန်
["အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးသည့်ပြည်နယ်နှင့်မြို့နယ်များ စာရင်း ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ထိုသို့ အသိပေးလာခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာနှင့်မှ အဆိုပါ မြို့နယ်များသို့ စက်သုံးဆီများ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ကြရန်၊ ပိတ်ပင်ထားသော နယ်မြေများမှ သက်ဆိုင်ရာစစ်တပ်နှင့်ရုံးဌာနများအတွက် စက်သုံးဆီများကို အထူးကိစ္စရပ်အဖြစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက စက်သုံးဆီ PO များ လုံး၀ ချထားပေးခြင်းမပြုရသည့် နေရာများတွင် ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့မှ လွဲ၍ မြို့နယ်များအားလုံးပါဝင်နေကြောင်း၊ လားရှိုး၊ နောင်ချို အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံး၊ ချင်းပြည်နယ်ရှိ မြို့နယ်များအားလုံး စက်သုံးဆီ PO လုံး၀ မချထားပေးတော့ကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ ညွှန်ကြားချက်အရ စက်သုံးဆီ ချပေးခြင်းမရှိတော့ဘဲ ပိတ်ပင်လိုက်သည့်မြို့နယ်များမှာ ထီးချိုင့်၊ ပုလဲ၊ ဝက်လက်၊ ဗန်းမောက်၊ မင်းလှ၊ မော်လိုက်၊ ကသာ၊ မိုးမိတ်၊ ချောင်းဦး၊ နောင်ချို၊ လားရှိုး၊ ခမ်းပက်၊ မိုင်းရယ်၊ ကလေး၊ ဆားလင်းကြီး၊ ကျွန်းလှ၊ ရေဦး၊ ဖောင်းပြင်၊ မြင်းမူ၊ နဘား၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ရေနီ၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ကောလင်း၊ ပေါက်(မကွေး)၊ မိုးကုတ်၊ မြင်းခြံတို့ ပါဝင်ကြောင်း သိရှိရသည်။", "“ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာရှိတဲ့ ဆီဆိုင်တွေကို PO စက်သုံးဆီခွဲတမ်းတွေ လုံး၀ ထုတ်မပေးတော့ဘူးလို့ ပြောတာပါ။ PO ချမပေးတော့ဘူး။ ဘာအကြောင်းနဲ့မှ အဲဒီဆီဆိုင်တွေကို ဆီ ထုတ်ပေးစရာမလိုတော့တဲ့သဘောပါပဲ။ ဘာအကြောင်းနဲ့မှ အဲဒီဘက်ကိုဆီသယ်လို့ မရပါဘူး” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။", "စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များနှင့် ကုမ္ပဏီများကို တင်းကျပ်မှုများ လုပ်ဆောင်လာရာတွင် အထူးသဖြင့် စက်သုံးဆီ သယ်ဆောင်ရာတွင် တင်ပြခွင့်ပြုထားသည့် ခရီးဆုံးနေရာအထိ သယ်ယူမည့် စက်သုံးဆီပမာဏအတိအကျကို အလေအလွင့်မရှိဘဲ သယ်ယူရန်၊ ဆီသယ်ယူရာတွင်လည်း တင်ပြခွင့်ပြုထားသည့် ဆီဘောက်ဆာယာဉ်မှလွဲ၍ မည်သည့်အစားထိုးယာဉ်ကိုမှ အသုံးပြုခြင်းမပြုရန်၊ ရောင်းချရန် ခွင့်ပြုထားသည့် စက်သုံးဆီပမာဏအတိုင်း ရောင်းဝယ်ရန်၊ ဆီသိုလှောင်၍ ပြင်ပသို့ ထုတ်ရောင်းခြင်း လုံး၀(လုံး၀) မပြုလုပ်ရန် စည်းကမ်းချက်နှင့် ညွှန်ကြားချက်အသစ်များ ထုတ်ပြန် တင်း ကျပ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဆီဆိုင်များကို ဝင်ရောက်စစ်ဆေးနေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဌာနဆိုင်ရာများ။"]
https://yktnews.com/2024/06/169511/
အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်
["အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဇွန် ၂၂", "အကြမ်းဖက်စစ်ကောင်စီက ပြင်စျေးကွက်ပေါက်စျေးထက် များစွာ လျော့နည်းသော ဆန်စျေးနှုန်းများ သတ်မှတ်ထုတ်ပြန်လိုက်ပြီး သတ်မှတ်စျေးထက် ပိုရောင်းလျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း သိရှိရသည်။", "ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ဆန်ကုန်သည်များ၊ ဆန်စက်များကို ဖမ်းဆီးအရေးယူခြင်းများ၊ ဆန်စက်များ၊ ဂိုဒေါင်နှင့်ပွဲရုံများကို ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ဆန်စပါးစျေးနှုန်းကိုပါ သတ်မှတ်စျေးနှုန်းများ ထုတ်ပြန်လိုက်ကြောင်း၊ ယင်းသတ်မှတ်စျေးနှုန်းထက်ပိုမို၍ ရောင်းချပါက ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။", "စစ်ကောင်စီက ဆန်စျေးနှုန်းများကို သတ်မှတ်ရာတွင် အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်းကို ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀ မှ စတင်သတ်မှတ်ပြီး အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရှိရသည်။", "စျေးကွက်အတွင်း ရောင်းချမည်ဆိုလျှင် ဆန်စျေးနှုန်းများသည် စစ်ကောင်စီက သတ်မှတ်ထားသော ဆန်စျေးနှုန်းထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ ကွာဟရမည်ဖြစ်ကြောင်း၊ စူပါမားကတ်များ၊ မီနီမတ်များတွင် သတ်မှတ်ဆန်စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဖြစ်ကြောင်း စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှတစ်ဆင့် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/125942/
အကြမ်းဖက်စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် ၂၀ နှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ဟုဆို
["အကြမ်းဖက်စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် ၂၀ နှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ဟုဆို", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "အကြမ်းဖက်စစစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင်းထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို ကိုယ်ကျိုးစီးပွားအတွက် အာဏာအလွဲသုံးစားလုပ်ခြင်း၊ စီးပွားရေးသမားများထံမှ တံစိုးလက်ဆောင်ရယူခြင်း စသည့် ပြစ်မှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ နှင့်ညီမျှသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ် ကြောင်း အကြမ်းဖက်စစ်ကောင်စီကယနေ့ညပိုင်း ထုတ်ပြန်ကြေညာသည်။", "ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံ မှု ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်စဉ် နိုင်ငံ၏ နိုင်ငံခြားသုံးငွေ ဆိုင်ရာ မူဝါဒ၊ အရေးကြီး ကုန်စည်မူဝါဒ၊ စီးပွားရေးဆိုင်ရာ မူဝါဒများကို ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ဆောင်ရွက်ခြင်း၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ကျူးလွန်ခြင်း၊ စီးပွားရေးကုမ္ပဏီများထံမှ တံစိုး လက် ဆောင်ရယူခြင်း၊ နိုင်ငံခြားသုံးငွေများ တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်း ဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ခြင်း၍ စစ်တရားရုံးက နှစ် ၂၀ ကာလနှင့်ညီမျှသော ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်သည်ဟု စစ်ကောင်စီက ဆိုသည်။", "ထို့ပြင် ဗိုလ်မှူးချုပ် ရန်နောင်စိုးသည် ကုန်စည် စီးဆင်းမှု မှန်ကန် မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒု‌ ဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းနှင့်ပူးပေါင်း၍ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ဆောင်ရွက်ခြင်း၊ ရာထူးလုပ်ပိုင်ခွင့် အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဒေါ်လာနှင့် ကျပ်ငွေ လက်ခံခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်း ညွှန်ကြားချက်များကို ချိုးဖောက်ခြင်းတို့ကြောင့် စစ်တရားရုံးဖြင့် နှစ် ၂၀ ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ချမှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားသည်။"]
https://yktnews.com/2024/09/185478/
အကြမ်းဖက်စစ်ကောင်စီက နောင်မွန်မြို့နယ်ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားပြည်သူ ၁ ဦး ခြေထောက် ပြတ်
["အကြမ်းဖက်စစ်ကောင်စီက နောင်မွန်မြို့နယ်ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားပြည်သူ ၁ ဦး ခြေထောက် ပြတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို ယနေ့နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး ခြေထောက်ပြတ်သွားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ယနေ့စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်မှ နံနက် ၂ နာရီ ၅၀ မိနစ် အကြားတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်ဖွဲ့က သိန္နီခရိုင်သံလွင်လျင်ဟိုန်ဒေသ နောင်မွန်မြို့နယ်ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးအသေး ၁၀ လုံးထက်မနည်း ကျဲချခဲ့ပြီး အရပ်သားတစ်ဦး၏ ဘယ်ဘက်ခြေဖဝါး ထိခိုက်ပြုတ်ထွက်သွားကာ နေအိမ်များနှင့် လမ်းများ စသည်တို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက MNDAA သိမ်းပိုက်ထားသော နယ်မြေများကို ဆက်တိုက်သလို ဗုံးကျဲလျက်ရှိရာ ၁ လအတွင်း ဗုံးကျဲမှုများကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/100618/
အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ခြွင်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးဟု ကြေညာ
["အကြမ်းဖက်စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ခြွင်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးဟု ကြေညာ", "ရန်ကုန်၊ မေ ၃", "နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) အရ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၁၅၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးဟု အကြမ်း ဖက် စစ်ကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာသည်။", "ထိုသို့ လွှတ်ပေးရာတွင် ပုဒ်မ ၄၀၁ အရ လွှတ်ပေးခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံ ပြစ်မှု ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဆိုသော စည်းကမ်းချက်ဖြင့် လွှတ်ပေးသည်ဟု အကြမ်းဖက် စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။", "ဓာတ်ပုံ- ယခင်လွတ်ငြိမ်းခွင့် ပေးချိန်က အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)", "Photo- Nay Myo"]
https://yktnews.com/2024/01/140640/
အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေမှုကို ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား အရေးယူမည်ဟု PDF တောင်ပိုင်းစစ်ဒေသက ကြေညာ
["အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေမှုကို ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား အရေးယူမည်ဟု PDF တောင်ပိုင်းစစ်ဒေသက ကြေညာ", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေမှုကို ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား အရေးယူမည်ဟု PDF တောင်ပိုင်းစစ်ဒေသက ကြေညာလိုက်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေခွဲကွပ်ကဲရေးရုံးမှ ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ စစ်ဆင်ရေး နယ်မြေအတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့စစ်ဖွဲ့စည်းရန် အကြောင်းပြချက်များဖြင့် ပြည်သူများကို ခြိမ်းခြောက်၍ အင်အားကို အတင်းအဓမ္မ စုဆောင်းနေကြောင်း၊ စစ်မျက်နှာအနှံ့တွင် အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် တပ်ဖွဲ့ဝင်အင်အား ချိနဲ့ ပြုန်းတီးလာခြင်း၊ စိတ်ဓာတ်ရေးရာ ပြိုကျပျက်စီးလာခြင်း ဖြစ်နေသည့်အတွက် ပြည်သူ့စစ်အဖြစ် ပြည်သူများကို လိမ်လည် လှည့်စား စည်းရုံး၍ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းစစ်မျက်နှာ ပို့ဆောင်ခြင်း၊ ပြည်သူအချင်းချင်း ရန်တိုက်ပေးသည့် ယုတ်မာကောက်ကျစ်သော လုပ်ရပ်ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန် ကြေညာသည်။", "“အဓိက အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားကို အတင်းအဓမ္မစုဆောင်းနေတာကို သတိပေးချင်တဲ့သဘောပါ။ ပြည်သူတွေကိုလည်း မေတ္တာရပ်ခံတာပါသလို ဒီကိစ္စကို ဆောင်ရွက်နေသူတွေကိုလည်း ပြင်းပြင်ထန်ထန် သတိပေးတဲ့သဘောပါ။ အကြမ်းဖက်စစ်ကောင်စီက သူတို့အင်အားပြုန်းတီးပြီးတော့ တပ်ပြိုကွဲနေတဲ့အပေါ်မှာ တစ်ဖက်လှည့်နဲ့ ပြည်သူတွေကို အတင်းအဓမ္မ အင်အား စုဆောင်းတာကတော့ ပြည်သူအချင်းချင်းကို ရန်တိုက်ပေးတဲ့ ယုတ်မာတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒါကိုလည်း ကျနော်တို့က ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသားဆောင်ရွက်သွားမှာပါ” ဟု ရဲဘော်တင်ဦးက ပြောဆိုသည်။", "ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရန် ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မစုဆောင်းနေခြင်းများကို နည်းလမ်းမျိုးစုံအသုံးပြု၍ ရှောင်ကြရန်၊ စစ်တပ်၊ လက်ပါးစေများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နီးကပ်စွာ နေခြင်းများ ရှောင်ရှားကြရန် တောင်ပိုင်းစစ်ဒေသက မေတ္တာရပ်ခံထားသည်။", "အကြမ်းဖက်စစ်ကောင်စီ အလို ကျ ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ဖိအားပေး ဆောင်ရွက်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမည်ဟု တောင်းပိုင်းစစ်ဒေသက ကြေညာလိုက်ပြီး လက်ပါးစေများအနေဖြင့် လုပ်ရပ်များကို ရပ်တန်းက ရပ်တန့်ရန်လည်း တောင်ပိုင်းစစ်ဒေသက သတိပေးထားသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #အကြမ်းဖက်စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးတပ်မတော်"]
https://yktnews.com/2024/09/181618/
အကြမ်းဖက်စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်သော AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာ
["အကြမ်းဖက်စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်သော AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာ", "ရန်ကုန်၊ စက်တင်ဘာ ၂", "အကြမ်းဖက်စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ဖြစ်သော AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာကြောင်း ယနေ့ည ထုတ်ပြန်သည်။", "စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက AA ၊ TNLA နှင့် MNDAA တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာကြောင်း ထုတ်ပြန်လာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ကြေညာမှုတွင် AA ကို သီးခြား ကြေညာချက်တစ်စောင်၊ TNLA နှင့် MNDAA တို့ကို သီးခြား ကြေညာချက်တစ်စောင်ဖြင့် ကြေညာခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ ကြေညာချက်တွင် နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှု ကျူးလွန်သည်ဟုဆိုကာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြ သည်။", "AA နှင့်ပတ်သက်၍မူ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြန်လည် ကြေညာခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားသည်။", "၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော်အာဏာကို လူထုတင်မြှောက်ထားသော အစိုးရထံမှ အကြမ်းဖက် နည်းလမ်းဖြင့် လုယူခဲ့သော အကြမ်းဖက်စစ်ကောင်စီကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်သည်။", "ဓာတ်ပုံ- မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ခေါင်းဆောင် ၃ ဦး။"]
https://yktnews.com/2023/12/136038/
အကြမ်းဖက်စစ်ကောင်စီက ရုရှား SU-30 တိုက်လေယာဉ် ၂ စီးကို လေတပ်တွင် စတင်အသုံးပြုပြီး ပြည်တွင်းစစ်ဆင်ရေးတွင် အသုံးပြုမည်ဟုဆို
["အကြမ်းဖက်စစ်ကောင်စီက ရုရှား SU-30 တိုက်လေယာဉ် ၂ စီးကို လေတပ်တွင် စတင်အသုံးပြုပြီး ပြည်တွင်းစစ်ဆင်ရေးတွင် အသုံးပြုမည်ဟုဆို", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "အကြမ်းဖက်စစ်ကောင်စီက ရုရှားနိုင်ငံလုပ် SU-30 တိုက်လေယာဉ် ၂ စီးကို ယမန်နေ့ တပ်မတော်လေတွင် စတင်အသုံးပြုသည့် အခမ်းအနားကို ပြုလုပ်ခဲ့ပြီး အဆိုပါ လေယာဉ်များကို လက်ရှိဖြစ်ပွားနေသော ပြည်တွင်းတိုက်ပွဲများတွင် အသုံးပြုမည်ဟု မင်းအောင်လှိုင်က ပြောဆိုထားသည်။", "ဒီဇင်ဘာလ ၁၅ ရက်နေ့ နေပြည်တော်လေတပ်စခန်းတွင် တိုက်လေယာဉ် ၂ စီး ကို လေတပ်ထံသို့ လွှဲပြောင်းပေးသည့် အခမ်းအနားပြုလုပ်ခဲ့ပြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်များ တက်ရောက်ခဲ့ကြသည်။", "အဆိုပါ တိုက်လေယာဉ် ၂ စီးကို လွှဲပြောင်းပေးသည့် အခမ်းအနားတွင် မင်းအောင်လှိုင်က လေတပ်အနေဖြင့် သမားရိုးကျ စစ်ဆင်ရေးများ၊ သမားရိုးကျမဟုတ်သည့် စစ်ဆင်ရေးများတွင် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ၊ လက်ရှိ လေတပ်အနေဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ဖြစ်ပွားသည့်တိုက်ပွဲများနှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေ များတွင် ဖြစ်ပွားလျက်ရှိသည့် စစ်ဆင်ရေးများတွင် လေယာဉ်၊ ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုပြီး တိုက်ပွဲဝင်နေကြကြောင်း၊ ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။", "အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ဝယ်ခဲ့ကြောင်း၊ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံး ကျည်များကို ပုံစံမျိုးစုံဖြင့် တပ်ဆင်နိုင်ကာ လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ် တိုက် လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ် ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/142975/
အကြမ်းဖက်စစ်ကောင်စီက အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှု သက်တမ်း ၆ လ ထပ်တိုးပြန်၊ ကာ/လုံတွင် စစ်အင်အား တိုးမြှင့် သုံး၍ ဆုံးရှုံးသော နယ်မြေများ ပြန်သိမ်းရန် ဆွေးနွေးခွင့်ပြုမှုရှိဟုဆို
["အကြမ်းဖက်စစ်ကောင်စီက အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှု သက်တမ်း ၆ လ ထပ်တိုးပြန်၊ ကာ/လုံတွင် စစ်အင်အား တိုးမြှင့် သုံး၍ ဆုံးရှုံးသော နယ်မြေများ ပြန်သိမ်းရန် ဆွေးနွေးခွင့်ပြုမှုရှိဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "အကြမ်းဖက်စစ်ကောင်စီက တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှုကို သက်တမ်း ထပ်မံ ၆ လတိုးလိုက်ကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။", "ယနေ့ကျင်းပသည့် စစ်ကောင်စီ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီအတွင်း လက်ရှိ ဆုံးရှုံးသွားသော ရှမ်းမြောက်ဒေသ ၁၇ မြို့ အပါအဝင် မြို့ပေါင်း ၃၀ ကျော်ကို ပြန်လည် ရယူရန်အတွက် စစ်တပ်က အင်အားများ တိုးမြှင့်သုံး၍ နယ်မြေများ ပြန်လည် သိမ်းယူရန် တင်ပြ ဆွေးနွေးမှု ရှိကြောင်း သိရှိရသည်။", "“ကာ/လုံမှာ ဆွေးနွေးတဲ့အထဲမှာ ဆုံးရှုံးတဲ့နယ်မြေတွေကို မီးကုန်ယမ်းကုန် အင်အားသုံးပြီး ပြန်ယူဖို့ သဘောတူညီမှု ရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဲဒီအချက်ကိုတော့ သူတို့ ထုတ်ပြန်ချက်မှာ ပါတာမတွေ့ရဘူး။ သဘောကတော့ စစ်ဆက်တိုက်ဦးမယ်။ စစ်တိုက်ဖို့ သက်တမ်း ထပ်တိုးပေးပါဆိုပြီး တပ်ချုပ်ဘက်က ပြောတာမျိုးလို့သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/03/93629/
အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် တိုက်ခိုက်နိုင်ရန် CNA နှင့် YPDF တို့ လက်မှတ်ရေးထိုး ပူးပေါင်း
["အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် တိုက်ခိုက်နိုင်ရန် CNA နှင့် YPDF တို့ လက်မှတ်ရေးထိုး ပူးပေါင်း", "ရန်ကုန်၊ မတ် ၂၂", "အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရန် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယော ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦးဆောင်ကော်မတီဥက္ကဌ ရဲဘော်ယောလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြား သည်။", "ယမန်နေ့ မတ်လ ၂၁ ရက် နေ့က ချင်းအမျိုးသားတပ်မတော် (CNA)ဌာချုပ် Victoria Base တွင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန တာဝန်ရှိသူများ၊ ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုဦဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးနှင့် တပ်ဖွဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။", "“အဓိက ကတော့ စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ထုတ်ရာမှာ နယ်မြေချင်းထိစပ်နေတဲ့ တိုင်းရင်းသား အချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့ သဘောပါဗျ၊ နောက်ပြီး သူတို့က တော်လှန် ရေး အတွေ့အကြုံသက်တမ်း ၃၅ နှစ်ပြည့်ပြီ။ ကျနော်တို့က အခုမှ ၂ နှစ်သားပဲ ရှိသေးတယ်၊ အဲဒီအတွက် အတွေ့အကြုံရှိ တဲ့သူကို ဆရာတင်ပြီးပူးပေါင်းဆောင်ရွက်ကြတဲ့ သဘောပါပဲ” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦး‌ဆောင်ကော်မ တီ ဥက္ကဌ ရဲဘော်ယောလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "၎င်းတို့ တပ်ဖွဲ့ နှစ်ဖွဲ့သည် နွေဦးတော်လှန်ရေး ကာလပြီးဆုံးချိန်အထိ စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ထုတ် တော်လှန်ရန်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရန်တို့အတွက် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။", "“နောက်တစ်ခုက ယောနဲ့ချင်းဆိုတာ ဟိုးကတည်းက အေးအ တူပူအမျှ နေလာခဲ့ကြတဲ့သူတွေလည်း ဖြစ်တယ်၊ စစ်ရေးဆိုင် ရာကိစ္စရပ်တွေကို သူတို့ရဲ့ ဦးဆောင်မှု၊ လမ်းညွှန်မှုနဲ့ ကိုယ့်ဒေသ ကိုယ့်လူမျိုး လွတ်မြောက်ရေးကို ပူးပေါင်းလုပ်ဆောင်ကြတာပါ” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ဗဟိုဦးဆောင် ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/11/131562/
အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကို KNDF အပါအဝင် မဟာမိတ်တပ်များက ထိန်းချုပ်
["အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကို KNDF အပါအဝင် မဟာမိတ်တပ်များက ထိန်းချုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကို KNDF အပါအဝင် မဟာမိတ်တပ်များက ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။", "“မောနင်းပါ ကျနော်တို့ လွိုင်ကော်တက္ကသိုလ်ကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုဖယ်ရှားပြီး ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။", "ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ ၄၂၅ နှင့် ခမရ ၆ တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။", "နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း၊", "နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတိုဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။", "လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၂ ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့သည့် KNDF စစ်ကြောင်း၏ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား KNDF ၏ စစ်ဘက်ဆိုင်ရာအက်ဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်း ထားရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/208573/
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေး တက်မည်
["အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေး တက်မည်", "ရန်ကုန်၊ မတ် ၂၃", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။", "BIMSTEC အစည်းအဝေးတက်ရောက်ရန် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့သို့ လာရောက်မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။", "BIMSTEC အစည်းအဝေး၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် မင်းအောင်လှိုင်မှာ ထိုင်းနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းလည်းဖြစ်သည်။", "ယင်းအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်း တက်ရောက်ကြမည်ဖြစ်သည်။", "BIMSTEC အဖွဲ့ဝင်နိုင်ငံများတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည်။"]
https://yktnews.com/2022/12/76844/
အကြမ်းဖက်စစ်တပ် ချေမှုန်းရေး ပြည်ကြီးတံခွန်ဆရာတော်ဦးဆောင်သော ညသပိတ် ပြုလုပ်
["အကြမ်းဖက်စစ်တပ် ချေမှုန်းရေး ပြည်ကြီးတံခွန်ဆရာတော်ဦးဆောင်သော ညသပိတ် ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်သော ဖက်ဆစ်စစ်တပ် ချေမှုန်းရေး အတွက် ပြည်ကြီးတံခွန် ဆရာတော်ဦးဆောင်သော ညသပိတ်ကို ယနေ့ ညပိုင်းတွင် ပြုလုပ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128246/
အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန်၊ စစ်ကောင်စီတပ်များ အားလုံး အလင်းဝင်ကြရန် ကိုးကန့် MNDAA က တိုက်တွန်း၊ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းသည့် စစ်ဆင်ရေး စတင်ပြီဟု ကြေညာ
["အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန်၊ စစ်ကောင်စီတပ်များ အားလုံး အလင်းဝင်ကြရန် ကိုးကန့် MNDAA က တိုက်တွန်း၊ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းသည့် စစ်ဆင်ရေး စတင်ပြီဟု ကြေညာ", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ အထူးဒေသ ၁ နှင့်လောက်ကိုင်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရေး ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်လိုက်ပြီ ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများအနေဖြင့် အလင်းဝင်ရောက်ကြရန် ကိုးကန့် MNDAA က တရားဝင် ကြေညာသည်။", "တစ်နိုင်ငံလုံးရှိပြည်သူတစ်ရပ်လုံးမှလိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ်အားအမြစ်ပြုတ် ချေမှုန်း တိုက်ထုတ် သွားရန်၊ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အား အဆက်မပြတ်ဒုက္ခပေးနေခြင်း၊ ပြည်သူလူထုတစ်ရပ်လုံးအား အကြမ်းဖက်သတ်ဖြတ်နေမှုများမှ ကာကွယ်တားဆီးရန်၊ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် စစ်အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင် တိုက် ခိုက် နေမှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေမှု၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေးပစ်ခတ် တိုက်ခိုက် နေမှုများအပေါ် ဟန့်တားရန် ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ စစ်ဆင်ရေးကြီးကို စတင်လိုက်ကြောင်း ကြေညာထားသည်။", "ထို့ပြင် နိုင်ငံတော်အား ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်း ချမ်းရေး အစရှိသည့်နိုင်ငံရေး လမ်း ကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာစေရန်၊ စစ်မှန်သောကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တော်သစ်ကြီးကို အတူတကွ ထူထောင် ရန်၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေးကိုဆောင်ရွက် နေစဉ် ကာလအတွင်း ပူးပေါင်းတိုက်ဖျက်သည့်အနေဖြင့် မိမိတို့အထူးဒေသ(၁)အတွင်းရှိ Online Game (ကျဖျင်) ကုမ္ပဏီ များနှင့်အဆိုပါ လုပ် ငန်းများကို လုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များကို ဝိုင်းဝန်းဖမ်းဆီးတိုက်ဖျက်နှိမ်နင်းသွားရန်၊ စသည့်အချက်များကိုဆောင်ရွက်ရန် မြန်မာနိုင်ငံ အမှန်တ ရားနှင့် တရားမျှတသောအမျိုးသားပါတီ/ မြန်မာအမ သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) အနေဖြင့် ဆုံးဖြတ်ခဲ့ပြီးနောက် အထက်ပါကိစ္စရပ်များ ကိုထိထိရောက်ရောက် လုပ် ဆောင်နိုင်ရန်အတွက် ဤစစ်ဆင်ရေးကြီးကို စတင်လိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။", "MNDAA အဖွဲ့အစည်းသည် ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသောအထူးဒေသ (၁) ကိုရယူပြီး နိုင်ငံတော်နှင့် အတူ ငြိမ်းချမ်းရေးကိုအတူတကွဖော်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော်လည်း နှစ် (၂၀) ကျော်အကြာတွင် စစ်ကောင်စီသည် နိုင်ငံတော်၏ငြိမ်းချမ်းရေး၊ ပင်လုံစာချုပ်တို့ကို လစ်လျူရှုပြီး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းအသီးသီး တို့၏ ဖွဲ့စည်းပုံကို အတင်းအဓမ္မပြုပြင်ရန် လုပ် ဆောင် ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သဖြင့် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက် နေ့တွင် ၈၈ အရေးအခင်း ကိုဖန်တီးခဲ့ကြောင်း၊ ဤလုပ်ရပ်မှာတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ရုံသာမက တစ်နိုင်ငံလုံးအ တိုင်းအတာ ပြည်တွင်းစစ်ဖြစ်ရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း MNDAA ၏ ပြည်သူလူထုသို့ အိတ်ဖွင့်ပေးစာ တွင်ဖော်ပြထားသည်။", "၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်ကောင်စီမှ ပြည်သူ့အာဏာကို ထပ်မံသိမ်းယူ လိုက်သည်မှာ ငြိမ်းချမ်းပြီး ဒီမိုကရေစီလမ်းစဉ်သို့ ကူးပြောင်းနေသော နိုင်ငံတော်အား ဒုက္ခပင်လယ်နက်ထဲသို့ ထပ်မံ တွန်းပို့လိုက်ခြင်းပင်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြနေသော အပြစ်မဲ့ပြည်သူလူ ထုများ၊ ဒီမိုကရေစီ လိုလားသူများ၊ နိုင်ငံရေးအမြင်ကွဲလွဲသူများ၊ Generation Z ဟုတင်စားထားကြ သော လူငယ်လူရွယ်၊ အမျိုးသမီး၊ ကျောင်းသားထုများအပါအဝင် အလွှာပေါင်းစုံမှ ပြည်သူလူထုများကို မတရားသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်နေခဲ့ကြောင်းMNDAA က ထောက်ပြ ထား သည်။", "ထို့ပြင် ကျေးရွာများ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများစွာ တို့အား လေကြောင်းမှ ဗုံး ကြဲတိုက်ခိုက် ခြင်း၊ မီးရှို့ခြင်း စသည့်ရာဇ၀တ်ကျူးလွန်နေမှုများကို ဆက်တိုက်တွေ့မြင် နေရကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးသည်လည်း စိုးရိမ်သောက၊ ဆင်းရဲဒုက္ခမျိုးစုံတို့ကို နေ့စဉ်ကြုံတွေ့ကာ နိုင်ငံ တော်သည်လည်း ဘက်ပေါင်းစုံမှ ယိုယွင်းကာ ပြိုကွဲပျက်စီးမည့်အနေအထားသို့ ရောက်ရှိခဲ့ရပြီးဖြစ် ကြောင်း ဆက်လက်ပြောကြားသည်။", "ထိုကဲ့သို့သော အခြေအနေများသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးအား လက်နက်ကိုင်တော်လှန်ရေး လမ်း ကြောင်းထဲသို့တွန်းပို့လိုက်ခြင်းဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးကသာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်လိမ့်မည် ဆိုသည်ကိုပိုမိုနားလည်သဘောပေါက်စေခဲ့ကြောင်း၊ ထို့ကြောင့် အလွှာပေါင်းစုံမှ ပြည်သူလူထုတို့သည် လက်နက်ကိုင် တော်လှန်ရေးအား မလွဲမရှောင်သာရွေးချယ်ခဲ့ကြပြီးနောက် နွေဦး တော်လှန်ရေးအဖွဲ့အစည်းများသည်လည်း အဆက် မပြတ်ပေါက်ဖွားလာကာ စစ်ကောင်စီအား အမျိုးသားတော်လှန်ရေးရေစီးကြောင်းထဲတွင် နစ်မျှောစေခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။", "MNTJP/MNDAA သည် မြန်မာနိုင်ငံအတွင်းမှ စစ်ကောင်စီအားတော်လှန်နေသော လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများထဲမှ တစ်ဖွဲ့ဖြစ်သည့်အလျောက် ပြည်သူလူထုတစ်ရပ်လုံး၏ အဓိက ရည်မှန်း ချက်ပန်းတိုင် ဖြစ်သည့် စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေး၊ ငြိမ်းချမ်း ပြီး ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း ပြောဆိုသည်။", "ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်တရားမျှတမှုများကိုလိုလားသော နိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် စစ်ကောင်စီ၏ စစ်ရာဇ၀တ်ကျူးလွန်နေမှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန် နေမှုများကို ဆက်လက်ပြစ်တင်ရှုတ်ချကြရန်၊ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ကြရန် နှင့် တရားမျှတစွာဆင်နွှဲနေသော မြန်မာပြည်သူလူထု၏ တော်လှန်ရေးကို အားပေးထောက်ခံကြရန် MNDAA တပ်ဖွဲ့က တိုက်တွန်းထားသည်။", "MNTJP/MNDAA ၏ စစ်ဆင်ရေးကို စတင်ဖော်ဆောင်ချိန်တွင် တစ်နိုင်ငံလုံးရှိ တော်လှန်ရေး လက် နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း မိမိတို့အချင်းချင်းအကြားတွင် သဘောထားကွဲလွဲမှုများကို ခေတ္တဘေး ဖယ်ထားပြီး မိမိတို့ဒေသအတွင်း၌ Online Game (ကျဖျင်)ကုမ္ပဏီလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ် အဖွဲ့များ၊ ကုမ္ပဏီများကို ဟန်ချက်ညီညီဖြင့် အတူတကွပူးပေါင်း တိုက်ဖျက် ကြရန် တိုက်တွန်းထားပြီး ပူးပေါင်းတိုက်ဖျက် ရန်ကိုလည်း မျှော်လင့်ကြောင်း တောင်းဆိုထားသည်။", "စစ်ကောင်စီ၏လက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသောတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု အား ဆက်လက်ဒုက္ခပေးနေခြင်းမှ ချက်ချင်းရပ်တန့်ပြီး လက်နက်ချအလင်းဝင်ကြရန်၊ စစ်ကောင်စီ၏ လက်အောက်ခံပြည် သူ့စစ်အဖွဲ့များအနေဖြင့်လည်း လက်နက်ချ၍ ပြည်သူလူထု၏ ရင်ခွင်ထဲသို့ ရောက် သည့်နေရာမှ အမြန်ဆုံးဝင် ရောက်ပြီး စစ်ကောင်စီအားအတူတကွ ပူးပေါင်းတိုက်ခိုက် ချေမှုန်းကြရန် ပြည်သူလူထုကိုယ်စား တိုက်တွန်းပြောဆိုထားသည်။", "ထို့ပြင် အထူးဒေသ ၁ အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်ထဲသို့ တက်ကြွစွာပူးပေါင်းပါဝင်လာပြီး (MNTJP/MNDAA) ၏ တရားမျှတ သောလုပ်ဆောင်ချက်ကို အားပေးထောက်ခံကြကာ အထူးဒေသ ၁ ပြန်လည်ထူထောင်ရေးနှင့် စစ်မှန် သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အတူတကွကြိုးပမ်း အားထုတ်ကြပါရန် ဆက်လက်တိုက်တွန်းနှိုးဆော်ထားသည်။", "MNTJP/MNDAA သည် တရားမျှတမှုကို လိုလားပြီး ပြည်သူလူထု၏ အကျိုးကိုဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်၊ အကျိုး စီးပွား နှင့် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ ရင်းနှီးမြှုပ်နှံနေသောသူများ၏ အသက်အန္တရာယ် နှင့် လုံခြုံရေးကို အတတ်နိုင်ဆုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ် ကြောင်း အိတ်ဖွင့်စာ၌ ဖော်ပြထားသည်။", "အဖွဲ့အစည်း၏မူဝါဒများထဲမှ တစ်ခုဖြစ်မှာ “စည်းရုံး၍ရသမျှအင်အားစုများအားလုံးကို စည်းလုံးရန်” ဖြစ်ပြီး လက်နက်ချ၍ အလင်းဝင်ပူးပေါင်းလာသူမှန်သမျှကို သဘောထားကြီးစွာဖြင့် လက်ခံကြိုဆို မည်ဖြစ်ပြီး စစ်ကောင်စီအား နောက်ခံပြုကာ ဆက်လက်ပေကပ်ခေါင်းမာဆန့်ကျင်နေသူများကို ပြင်းထန်စွာတိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။", "စစ်ကောင်စီက စစ်အာဏာသိမ်းပြီးသောနောက်ပိုင်းတွင် နိုင်ငံတွင် အစိုးရမရှိသော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပြီး “ ဆင်းရဲမွဲတေလေ ရှုတ်လေ၊ ရှုတ်လေ ဆင်းရဲမွဲတေလေ“ ဆိုသကဲ့သို့ ဝိုင်းကြီး ပတ် ပတ် လည်နေသော နိုင်ငံဘဝသို့ ရောက်ရှိခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။", "ထို့ကြောင့် နိုင်ငံကို ယခုကဲ့သို့ဆက်သွားရန် ဘယ်လိုမှမဖြစ်နိုင်တော့ဘဲ စစ်ကောင်စီ၏အကြမ်းဖက်မှု များကို အဆုံးသတ်ရန်၊ နိုင်ငံတော်အာဏာကို ပြည်သူလူထုထံသို့ ပြန်လည်အပ်နှင်းရန် ဒီမိုကရေစီ လမ်းကြောင်း ပေါ်သို့ပြန်လည်ဆွဲတင်ရန်နှင့် ပြည်တွင်းစစ်မီးကိုအမြန်ဆုံးချုပ်ငြိမ်းစေရန် တို့အတွက် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း မိမိတို့နှင့်အတူ၊ နွေးဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ စုစည်းညီညွတ်စွာ ဖြင့် တော်လှန်တိုက်ပွဲဝင်ကြရမည်ဖြစ် ကြောင်း အသိပေးထားသည်။", "ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော တော်လှန်ရေး လက်နက် ကိုင်အဖွဲ့ အစည်းအသီးသီးတို့သည် စည်းလုံးညီညွတ်စွာဖြင့် ဟန်ချက်ညီတော်လှန်ရေးတစ်ရပ်ကို ဒေသ အလိုက် ဆင်နွှဲ နိုင်ခဲ့မည်ဆိုပါကစစ်အာဏာရှင်စနစ်ကို မုချသေချာပေါက်အမြစ်ပြုတ်ချေမှုန်းနိုင် မည် ဟု MNTJP/MNDAA အနေဖြင့် အကြွင်းမဲ့ယုံကြည်ကြောင်း ပြောဆိုထားသည်။", "ထို့ပြင် မဟာမိတ်တပ်ပေါင်းစုတစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ရှိသမျှအင်အားများကို တပြိုင်နက် တည်း စုစုစည်းစည်းအသုံးပြုနိုင်ပါက ယခုအချိန်သည် မိမိတို့အဖွဲ့အစည်းအသီး သီး၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်အသီးသီးကို ကျိန်းသေပေါက်အကောင်အထည်ဖော်နိုင်မည့် မဟာအခွင့်အရေး လည်းဖြစ်သည့်အပြင် ပြည်တွင်းစစ်ရပ်တန့်ကာ စစ်မှန်သော နိုင်ငံတော်သစ်ကြီးတစ်ခုကိုလည်း အတူတကွ တည်ဆောက်နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ဆက်လက်ပြောဆိုထားသည်။", "ဓာတ်ပုံ- MNDAA ၏ စစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/12/136185/
အကြမ်းဖက်စစ်တပ်ထံ စက်သုံးဆီနှင့် လေယာဉ်ဆီ တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံ ကုမ္ပဏီများနှင့် သင်္ဘော အေဂျင်စီ များကို အရေးယူပေးပါရန် NUCC တိုက်တွန်း
["အကြမ်းဖက်စစ်တပ်ထံ စက်သုံးဆီနှင့် လေယာဉ်ဆီ တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံ ကုမ္ပဏီများနှင့် သင်္ဘော အေဂျင်စီ များကို အရေးယူပေးပါရန် NUCC တိုက်တွန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "အမေရိကန်နှင့် အင်္ဂလန်နိုင်ငံတို့က စီးပွားရေး ပိတ်ဆို့ထားမှုကို ချိုးဖောက်ပြီး အကြမ်းဖက်စစ် ကောင်စီထံ လောင်စာ ဆီတင်ပို့ရောင်းချနေသော ဘဏ်များ၊ လောင်စာဆီ တဆင့်ခံ သိုလှောင် ပေးသည့် ကုမ္ပဏီများ၊ ရေကြောင်းအာမခံကုမ္ပဏီများနှင့် သင်္ဘောအေဂျင်စီများကို အရေးယူပေးပါရန် NUCC က တောင်းဆိုလိုက်ကြောင်းအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အမေရိကန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပ နိုင်ငံခြားငွေစိစစ်မှုဌာနရုံး (Department of the Treasury, Office of Financial Assets Control (OFAC) of the United States of America) နှင့် ဗြိတိန်နိုင်ငံ၊ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ စီမံခန့်ခွဲမှုရုံး (Office of Financial Sanctions Implementation (OFSI) under the Treasury of HM Government of the United Kingdom) တို့ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက် သူများအတွက် ရေးသားချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့်သုံးရန် အမျိုးသား ညီညွတ်ရေး အစိုးရ အတိုင်ပင်ခံကောင်စီ – NUCC က တောင်းဆိုလိုက်သည်။", "မြန်မာနိုင်ငံရှိ စစ်ကောင်စီထံသို့ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း စက်သုံးဆီဆီတင် သင်္ဘော ၁၂ စီးဖြင့် လောင်စာဆီ တင်သွင်းပို့ဆောင်ပေးခဲ့သော်လည်း အများပြည်သူများအနေဖြင့် လောင်စာဆီ ပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း၊ လောင်စာဆီကို မည်သည့်နေရာသို့ ပို့ဆောင်မည်နည်း ဆို သည့် မေးခွန်းထုတ်မှုများလည်း ရှိနေကြောင်း သိရသည်။", "“စစ်အုပ်စုက‌ လောင်စာတင်သွင်းနေတယ်ဆိုတာကို သူတို့ တိတိလင်းလင်းပြောတယ်၊ သူတို့ ကြေ ညာတယ်၊ ကျနော်တို့က သူတို့ကို စီးပွားရေး အရ ပိတ်ဆို့ရမယ်၊ နောက်တစ်ခါ စစ်အုပ်စုကို အ ထောက်အကူဖြစ်စေမယ့် အာလုံးကို ပိတ်ဆို့ရမယ်၊ ကျနော်တို့တောင်းဆိုတာက အစိုးရနှစ်ခုကိုပဲ တိတိကျကျတောင်းဆိုတာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်အစိုးရက စီးပွားရေး ပိတ်ဆို့မှုချမှတ်ထားတာရှိတယ်၊ ထို့အတူ ဗြိတိန်အစိုးရကလည်း စီးပွားရေးချမှတ် ထားတာရှိတယ်၊ အဲလိုချမှတ်ထားတဲ့အတွက်ကြောင့် စစ်အုပ်စုက ဒေါ်လာနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာရှိတဲ့ သူတို့ငွေတွေကို သုံးလို့မရတော့ တော်တော် ကသောင်းကနင်းဖြစ်တယ်၊ တိုင်းပြည်လဲ ဒုက္ခရောက် ပါတယ်၊ ပြည်သူလဲ ဒုက္ခရောက်တယ်၊ ဒါကိုလည်း ကျနော်တို့သိပါတယ်၊ စက်မှုလက်မှုသမားတွေ လည်း ဒုက္ခရောက်တယ်၊ ဒါကိုလည်း ကျနော်တို့ သိတယ်၊ ပိုပြီးတော့ အခက် အခဲဖြစ်တာက စစ် အုပ်စုပါ၊ စစ်အုပ်စုက နှစ်မျိုးပါ၊ သူ့တပ်က တော်တော်အခက်အဖြစ်သွားတယ်၊ တပ်အခက်အခဲ ဖြစ်တဲ့ အတွက်ကြောင့် မြေပြင်မှာ မထိန်းနိုင်၊ မသိမ်းနိုင် ဖြစ်ပြီးတော့ တိုက်ပွဲတွေမှာ လက်တွေ့ အားလုံးမြင်နေရတဲ့ကိစ္စဖြစ်တယ်၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှင့် မြန်မာနိုင်ငံဗဟိုဘဏ် (CBM) တို့အပေါ် ပိတ်ဆို့မှုများ၊ စင်္ကာပူနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရများက ထပ်ဆင့် ပိတ်ဆို့အရေးယူမှုများ (secondary sanctions) ၏ သက်ရောက်မှု ကြောင့် အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြား ငွေလဲ လှယ်နှုန်းအား ဖရိုဖရဲကိုင်တွယ်နေကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအတွက် ကုန်ကျ စရိတ်များ သိသိသာသာ တိုးမြင့်ခက်ခဲ လာ စေကြောင်း NUCC က ထောက်ပြထားသည်။", "“နောက်တစ်ခုက သူ့ရဲစီးပွားရေးပါ၊ သူ့ရဲ့စီးပွားရေးဆိုတာ နိုင်ငံ့စီးပွားရေး မဟုတ်ပါဘူး၊ သူ့မိသားစု စီးပွားရေးကို တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ သိရတဲ့အတွက်ကြောင့် ဒီတောင်းဆိုမှုကို လုပ်တာဖြစ်တယ်၊ အဲဒီတော့ အမေရိကန်အစိုးရနဲ့ အင်္ဂလိပ်အစိုးရကို တောင်းဆိုတာက သူတို့ စီးပွား ရေးပိတ်ဆို့မှုကို ချမှတ်တယ်၊ ဒါပေမယ့် အခု စစ်အုပ်စုက ကြေညာသလို တင်သွင်းလို့ရသလို အခြား သူတို့ရဲ့ စစ်ပစ္စည်းတွေကို တင်သွင်းလို့ ရနေတယ်ဆိုတာ ရိပ်စားမိတဲ့အတွက်ကြောင့် စီးပွားရေး ပိတ် ဆို့မှုကို ချိုုးဖောက်တဲ့သူကို ဖိဖိစီးစီး အပြစ်ဒဏ်ချပေးပါ၊ အရေးယူပေးပါလို့ ကျနော်တို့ ပြောလိုတာ ဖြစ်ပါတယ်။” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ ဘဏ်များအပေါ်သက်ရောက်မှုကြောင့် အကြမ်းဖက်စစ်အုပ်စုသည် လောင်စာဆီဝယ်ယူရာ တွင် လိုအပ်သော နိုင်ငံခြားငွေကို မထုတ်ပေးနိုင်တော့ပဲ ဂျက်လေယာဥ်လောင်စာဆီ၊ နှစ်မျိုးသုံး လောင်စာဆီဖြစ်စေ (တပ်ဖွဲ့အားလုံး၊ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအားလုံးအတွက် အသုံးပြုနေသော ဒီဇယ်ထရပ်ကားများနှင့် လောင်စာဆီတင် သင်္ဘောများ) လောင်စာဆီ တင်သွင်းမှုများအားလုံး၊ ဆက်စပ် သင်္ဘောစင်းလုံးငှားခ၊ လောင်စာဆီဝယ်ယူမှု၊ ရေကြောင်းပို့ဆောင်မှုအာမခံ စသည့် လုပ် ငန်း အားလုံးသည် နိုင်ငံခြားငွေ လိုအပ်လျက်ရှိကြောင်း သိရသည်။", "“အပြစ်ဒဏ်ချတာကို ဘယ်လိုအပြစ်ဒဏ်ချလဲ မေးစရာရှိပါတယ်၊ အမေရိကန်အစိုးရတို့၊ အင်္ဂလိပ် အစိုးရတို့က သူတို့က စီးပွားရေးပိတ်ဆို့တယ် ဆိုရင်ဆန်ရှင်က ထုတ်လိုက်တယ်ပေါ့၊ အမေရိကဆို ရင် သမ္မတဘိုင်ဒင်က လက်မှတ်ထိုးတာ EO -၁၄၀၁၄ ဆိုတာရှိတယ်၊ နောက်တစ်ခါ UK က လည်း ထုတ်တာတွေရှိတယ်၊ ၂၀၂၁ ကတည်းထုတ်တာတွေရှိတယ်၊ ထုတ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ဘာထွက်လာသလဲ ဆိုတော့ သူတို့ရဲ့သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေပြီး‌‌တော့ ဒီစီးပွားရေးပိတ်ဆို့ ထားမှုကို ချိုးဖောက်တဲ့သူတွေကို အရေးယူဖို့ သတ်မှတ်ချက်တွေကို ထွက်ပါတယ်၊ အဲဒါကိုလည်း ကျနော်တို့စာထဲမှာထည့်ရေးထားပါတယ်၊ အဲဒီသတ်မှတ်ချက်တွေအရ ကျနော်တို့ အရေးယူပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်အုပ်စုသည် စစ်ရေးဆုံးရှုံးမှုများ၊ နိုင်ငံခြားငွေပိတ်ဆို့ခံရခြင်းနှင့် ဆက်စပ်ပြဿနာ များကြောင့် သိသာစွာယိုင်နဲ့ လာနေပြီး မြန်မာနိုင်ငံအပေါ်ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများ ချိုး ဖောက်သူများအပေါ် လက်တွေ့ကျကျ ဒဏ်ခတ်ခြင်းကို ကျင့်သုံးမှသာ စနစ်တစ်ခု အပြောင်းအလဲကို ပံ့ပိုးသည်မှာ ထိရောက် အောင်မြင်မည်ဖြစ်ကြောင်း NUCC က ပြောကြားသည်။", "အပြည်ပြည်ဆိုင်ရာ၏ ဒဏ်ခတ်အရေးယူ ပိတ်ဆို့ ခြင်းကို ညှိနှိုင်းကျင့်သုံးမှုသည် အကြမ်းဖက် စစ်အုပ်စု၏ ကျဆုံးခန်း သို့ လျင်မြန်စွာ ရောက်ရှိစေပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဆီသို့ လမ်းခင်းပေး ရာလည်း ရောက်မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အုပ်စုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုဆိုင်ရာ စည်းမျဉ်းများကို ချိူးဖေါက်သူများအတွက် ဥပဒေပြုချမှတ်ထားသည့် ပြစ်ဒဏ်များကို ချမှတ်ကျင့် သုံးရန် တောင်းဆိုပါကြောင်း NUCC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။", "“ဒီဟာကိုတောင်းဆိုတာ ဖြစ်နိုင်ပါ့မလားဆိုရင်း ဖြစ်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီခေတ် ဒီ အခါ မှာဆိုရင် ရုရှားနဲ့ပတ်သက်ရင် လူတိုင်းသိပါတယ်၊ ရုရှားကို စီးပွားရေးပိတ်ဆို့ထားတယ်၊ ပိတ်ဆို့ထား ပြီး တဲ့ နောက်မှာ ရုရှားကို ဆီသွားပို့တဲ့ သင်္ဘောတွေကို အမေရိကန်ကနေ အရေး ယူတာရှိတယ်၊ အင်္ဂလန်နိုင်ငံကအရေးယူတာရှိတယ်၊ သင်္ဘောတွေကို အာမခံ လုပ်ပေးတဲ့ ကုမ္ပဏီ တွေကို အမေရိကန်နိုင်ငံက အရေးယူတာရှိတယ်၊ အင်္ဂလန်နိုင်ငံက အရေးယူတာရှိတယ်၊ နောက် တစ်ခါ ရုရှားနိုင်ငံကို ငွေအလွှဲအသွင်းလုပ်ပေးတဲ့ စတင်းတက် ချားတစ်ဘဏ်ဆိုတဲ့ ဘဏ်အကြီး ကြီးကို အင်္ဂလန်ကရော အမေရိက ကပါ အရေးယူတာတွေရှိတယ်ဆိုတာ ဥပမာပြောပြ တာပါ၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ဂျက်လေယာဥ်လောင်စာဆီ၊ နှစ်မျိုးသုံးလောင်စာ (သာ မန်အရပ်သုံး နှင့် စစ်ကားသုံး) ကို စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်ယူနိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးသည့် ဘဏ်များ၊ လောင်စာဆီ တဆင့်ခံ သိုလှောင်ပေးသည့် (Bunker) ကုမ္ပဏီများ၊ ရေကြောင်းအာမခံကုမ္ပဏီများနှင့် သင်္ဘော အေဂျင်စီ များအား စီးပွားရေး ပိတ်ဆို့မှုကို ချိုးဖောက်သည့်အတွက် ပြစ်ဒဏ်များ ချမှတ် ပေးရန် NUCC က တောင်းဆိုထားသည်။", "“ဒါ့ကြောင့်မို့လို့ ကျနော်တို့နိုင်ငံမှာကျတော့ ဆန်ရှင်ချတယ် ဆန်ရှင်ချတယ်ဆိုပြီးတော့ ထားတယ်၊ နာမည်သာပျက်တယ်၊ ထိထိရောက်ရောက် ပုံဖော်မှုမရှိပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာနိုင်ငံ သူမြန်မာနိုင်ငံသားတွေကို ဖက်ဒရယ်ဒီမိုကရေစီရောက်ဖို့ကို တကယ်ကူညီချင်တယ်ဆိုရင်တော့ သူတို့ ထုတ်ထားပြီးသား ဆန်ရှင်ရှိတယ်၊ အဲဒီဆန်ရှင်အတွက်ထုတ်ထားပြီးသား အရေးယူမှုတွေရှိ ပါတယ်၊ အဲဒီအရေးယူမှုတွေနဲ့ အခုချိုးဖောက်နေတဲ့ သင်္ဘောတွေကို အရေးယူလိုက်မယ်ဆိုရင်တော် တော်လေး ရှင်းသွားမယ်၊ စစ်အုပ်စုကလောင်စာလည်း ဝယ်လို့မရတော့ဘူး၊ လောင်စာဝယ်ဖို့အတွက် ကိုအရေးကြီးတဲ့ သူတို့မှာ နိုင်ငံခြားမှာရှိတဲ့ငွေတွေအားလုံးကိုနောက်တဆင့်ပိတ်ပေးဖို့ လိုအပ်ပါ တယ်ဆိုတာ‌ တောင်းဆိုတာဖြစ်ပါတယ်၊” အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)မှ ဦးမောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ စက်သုံးဆီ တင်ဆောင်လာသော ဆီတင်သင်္ဘော သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ် ဆီချခဲ့စဉ်။"]
https://yktnews.com/2022/09/40645/
null
["အကြမ်းဖက်စစ်တပ်နှင့် စစ်ရေးတင်းမာနေသော SSPP တပ်ဖွဲ့ကို မိုင်းနောင်မြို့နယ်တွင် RCSS က လာရောက်ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွား", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "အကြမ်းဖက်စစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကြား စစ်ရေးတင်းမာနေသော ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့နယ်တွင် SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကြား စက်တင်ဘာလ ၂၁ ရက် ယ‌နေ့နံနက် ၇ နာရီခွဲခန့်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း SSPP က သတင်းထုတ်ပြန်သည်။", "မိုင်းနောင်မြို့နယ်၊ မိုင်းရဲအုပ်စု၊ နမ့်တောင်းတံတားအနီးရှိ SSPP တပ်ဖွဲ့ကို RCSS ဘက်က လာရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နှစ်ဖက်ထိခိုက်မှုမရှိကြောင်း သိရှိရသည်။", "‘လဲချား – မိုင်းနောင် ကားလမ်းရဲ့အရှေ့ဘက်မှာ လှုပ်ရှားနေတဲ့ RCSS တပ်ဖွဲ့တို့သည် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့လုပ်ရှားနေတဲ့ ကားလမ်း ရဲ့ အနောက်ဘက်ထဲထိကို အင်အား ၂၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်လာပြီး RCSS ဘက်ကစတင်ပစ်ခတ်လို့ နံနက် ၇ နာရီ ၃၀ မိနစ် ကနေ ၊ ၇ နာရီ ၄၈ မိ နစ်အထိ မိုင်းနောင်မြို့နယ် မိုင်းရဲအုပ်စု နမ့်တောင်းတံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရပါသည်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေ RCSS တပ်ဖွဲ့တို့ဘက်က မိုင်းနောင်-လဲချား ကားလမ်းရဲ့ အရှေ့ဘက်ထဲကို ပြန်ဆုတ် သွားလို့ တိုက်ပွဲပြန်ငြိမ်သွားတာဖြစ်ပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမူတော့မရှိပါ။” ဟု SSPP info က သတင်းထုတ်ပြန်ထားသည်။", "လက်ရှိတွင် SSPP လှုပ်ရှားနေသော နေရများတွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ရေးတင်းမာနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း၌ စက်တင်ဘာလ ၁၇ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။", "ယင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ဝမ်ဟိုင်းဌာနချုပ်နှင့် မိုင် ၂၀ ဝန်းကျင်အကွာ မိုင်းရှူးမြို့နယ်ရှိ SSPP ၏ လုံခြုံရေးတပ်စခန်းသုံးခုကို ဇွန်လ ၁၀ ရက် နောက်ဆုံးထားပြီး စွန့်ခွာရန် စစ်ကောင်စီက ပြောဆိုထားသော်လည်း SSPP ဘက်က လက်မခံကြောင်းနှင့် စစ်ရေးအသင့်ပြင်ထားကြောင်း ပြောဆိုထားသည်။", "ရှမ်းပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ရှမ်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေချိန်တွင် ယခုနှစ်ဦးပိုင်းတွင်လည်း ရှမ်းနှစ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။", "ဧပြီလဆန်းပိုင်းတွင် RCSS မှ ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးအပါအဝင် တပ်သား ၃၀၀ ကျော် SSPP ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။", "ဓါတ်ပုံ – SSPP/SSA တပ်ဖွဲ့ဝင်များ"]
https://yktnews.com/2023/08/119901/
အကြမ်းဖက်စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ် နေပြီး ဒုတိယဗိုလ်မှူးကြီးများ ၊ ဗိုလ်ကြီးများနှင့်တပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးခဲ့
["အကြမ်းဖက်စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ် နေပြီး ဒုတိယဗိုလ်မှူးကြီးများ ၊ ဗိုလ်ကြီးများနှင့်တပ်သားများ ပစ်ခတ်ခံရပြီး သေဆုံးခဲ့", "ရန်ကုန်၊ ဩဂုတ် ၂၇", "အကြမ်းဖက်စစ်တပ်အတွင်း အချင်းချင်း ပစ်ခတ်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ် နေပြီး ဒုတိယဗိုလ်မှူးကြီးများ ၊ ဗိုလ်ကြီးများ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။", "စစ်ဗိုလ်ချုပ်ကြီးများ၏ ကိုယ်ကျိုးစီးပွားအာဏာအတွက် တိုင်းပြည်ကို ဖျက်ဆီး နေသည့် စစ်ကောင်စီတပ်မှာ အထက်အောက်ဖိနှိပ်ရက်စက်မှု၊ အဂတိ လိုက် စား ခေါင်းပုံဖြတ်မှု၊ တပ်တွင်းမညီမျှမှုတွေကြောင့် အချင်းချင်း ရဲဘော် ရဲဘက် စိတ် ကင်းမဲ့ပျောက်ဆုံးလာကြောင်း၊ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက် ပိုင်းမှာ စစ်ကောင်စီတပ်တွင်းက အထက်အောက်မကျေနပ်မှု အကွဲအပြဲများ အဆမ တန် များပြားလာခဲ့ပြီး တပ်ပျက်နေသည့် အခြေအနေဆီသို့ ဦးတည် လာ ကြောင်း၊ စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့က တော်လှန်ရေး အင်အားစု များ၏ ခုခံ တိုက်ခိုက်မှုများကြောင့် စစ်ရေးအထိအခိုက် အကျအဆုံးများလာခြင်း၊ စစ်ရေး အမိန့်ဖီဆန်မှုတွေ များလာခြင်း၊ တပ်အတွင်းမှာ အထက်အောက် နှိပ်စက် အနိုင်ကျင့်ခြင်း၊ အထက်အောက်အချင်းချင်း သေနတ်ဖြင့် ပစ်ခတ် သတ် ဖြတ်မှုများဖြင့် တပ်တွင်းပြိုကွဲမှုများ များပြားလာကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၀ ရက်နေ့က ခမရ ၅၅၃ ရှေ့တန်းတပ်စခန်းမှ တပ်သားများသည် မူးယစ်သောက်စားပြီးနောက် တပ်သားချမ်းအောင်သည် ၎င်းကိုင်ဆောင်ထား သည့် သေနတ်ဖြင့် တပ်သားဇော်လွင်အား ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးတိုင်း တပ်မ ၆၆ လက်အောက်ခံ ခမရ ၆ တပ်ရင်းတွင် တပ်သားတစ်ယောက်က သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် တပ်ခွဲမှူး ဗိုလ်ကြီးအောင်မျိုးသူ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း ပြင်ဦးလွင် အီလက်ထရောနစ် ဆက်သွယ် ရေးကျောင်းမှာ ကင်းသားစစ်သည်က အထက်အောက် ဖိနှိပ်မှုများ ကို သည်းမခံနိုင်သဖြင့် ဒုကျောင်းအုပ်ကြီးဖြစ်သူ ဒုဗိုလ်မှူးကြီးကျော်သူစိုးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ၊ထို့ပြင် ချင်းပြည်နယ် မတူပီမြို့အခြေစိုက် စစ်ဗျူ ဟာ အဖွဲ့အခြေချ မတူပီရှိ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ်၏ ဖိနှိပ်ခေါင်းပုံဖြတ်အနိုင်ကျင့်သည့် လုပ်ရပ်များကို မကျေနပ်သည့် အဆိုပါ ဗျူဟာမှူးခရီးစဉ်ကို CDF (Matupi)ထံ ပေးပို့ခဲ့ကြောင်း၊ ထို့ကြောင့် မေလ ၅ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် မတူပီမြို့မှ အပြန်လမ်းကြောင်းတွင် ခြုံခို တိုက်ခိုက်ခံရပြီး ယာဉ်ပေါ်ပါ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စိုးမင်းလတ်နှင့် အင်ဂျင် နီယာ ဗိုလ်ကြီး ၁ ဦးတို့ သေဆုံးခဲ့ကာ လုံခြုံရေးတပ်စုမှူး ဗိုလ်ကြီးဝင်းရွှေ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ခမရ ၅၅၃ မှ တပ်ခွဲမှူးအရာရှိ ဗိုလ်ကြီးတင်မင်းထွဋ် (စတသ-၅၅) က နယ်မြေလုံခြုံရေးကနေ တပ်ရင်းသို့ပြန်ရောက်စဉ် သစ်မှောင်ခိုပိုက်ဆံများ ခိုးယူခံခဲ့ရသဖြင့် တပ်ရင်းရှိစစ်သည်များအား စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ၎င်း ၏ လက်အောက်မှ တပ်စိတ်မှူးဖြစ်သူ တပ်ကြပ်မင်းမင်းစိုးကို ခိုးယူသည်ဟု သံသယ ဖြင့် ကန်ကျောက် ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ-အချင်းချင်းပစ်ခတ်မှုကြောင့် သေဆုံးသည့် တပ်သားတစ်ဦး။"]
https://yktnews.com/2024/06/167768/
အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ
["အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာနေဟု ကုလသမဂ္ဂတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ", "ရန်ကုန်၊ ဇွန် ၁၅", "မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူဦးရေ မြင့်တက်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။", "ဇွန်လ ၁၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံများ၏ ၁၇ ကြိမ်မြောက် ကွန်းဖရင့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းထားသည့် စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် မဆင်မခြင်တိုက်ခိုက်မှုများကြောင့် မသန်စွမ်းသူများဦးရေ မြင့်တက်လာခဲ့ကြောင်း၊ ကလေးငယ်များနှင့် လူငယ်လူရွယ်များ၊ အထူးသဖြင့် ပဋိပက္ခအတွင်း ကျရောက်နေသူများအနေဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆုံးရှုံးကာ မသန်စွမ်းသူများ ဖြစ်လာခဲ့ရကြောင်း၊ ထိုသို့သော ကြေကွဲဖွယ်ရာ အခြေအနေ များမှာ လူကဖန်တီးသော အခြေအနေများဖြစ်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ် သော စစ်တပ်ကြောင့်ပင်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။", "သို့သော် ထိရှလွယ်သောအုပ်စုများအတွက် ယနေ့အချိန်အထိ လုံလောက်သော၊ လိုအပ်သော ထောက်ပံ့ကူညီမှုများ မရရှိသေးကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် တရားမဝင် စစ်အာဏာသိမ်းမှု ကြောင့် အဆင့်မြင့် နည်းပညာထောက်ပံ့မှုနှင့် အခြားသော တီထွင်ဖန်တီးမှုများ၊ လူမှုအသိုက်အဝန်းအတွင်း မသန်စွမ်းသူများ ပါဝင်ရေး၊ ပညာရေး၊ အလုပ်အကိုင် ဖန်တီးမှု၊ ရေရှည်တည်တံ့ခိုင်မြဲသော လူနေမှုဘဝအတွက် မူဘောင်များ ချမှတ်ခြင်း စသည်တို့တွင် နောက်ကျကျန်ရစ်လျက်ရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက် ပြောဆိုသည်။", "အမျိုးသားညီညွတ် ရေး အစိုးရအနေဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ မကြာသေး မီက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် မသန်စွမ်းသူများ ဖြစ်လာခဲ့ရသူများ အပါအဝင် မသန်စွမ်းသူများကို ထောက် ပံ့ကူညီမှုများ ပေးအပ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြိုးပမ်းဆောင် ရွက်မှုများအနက် မြေမြှုပ်မိုင်း၏ သားကောင်များအတွက် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းလည်း ပါဝင်ကြောင်း၊ အဓိကအားဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများသည် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအား ကာကွယ်နိုင်ရန် စစ်တပ်မှ အသုံးပြုထားသည့် ပေါက်ကွဲမှုပြင်းထန်သော မြေမြှုပ်မိုင်းများအား ဖယ်ရှား နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။", "မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ အပါအဝင် ပြည်သူများအနေဖြင့် ဒုက္ခအခက်အခဲများ ကြုံတွေ့နေရလင့်ကစား စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေးအတွက် ပြတ် သားသောစိတ်ဓါတ်ဖြင့် ကြံ့ကြံ့ခံကာ ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိ၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၊ ပြည်သူများ၏ အသက် အိုးအိမ်များအား ကာကွယ်ရေးကြိုးပမ်းမှုများ၊ မသန်စွမ်းသူများနှင့်တကွ ပြည်သူတစ်ရပ်လုံး၏ အနာဂတ်အား ပြန်လည်ဆောင်ကြဉ်းပေးနိုင်ရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးကို မြှင့်တင်ကာကွယ်ရေးတို့အတွက် ထိရောက်သော အကူအညီများ ပေးအပ်ရန် သံအမတ်ကြီးက တောင်းဆိုသွားသည်။"]
https://yktnews.com/2024/10/187441/
အကြမ်းဖက်စစ်အုပ်စု လေယာဥ်ဆီရရှိနေမှုကို ဖြတ်တောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်ရန်လိုအပ်နေ
["အကြမ်းဖက်စစ်အုပ်စု လေယာဥ်ဆီရရှိနေမှုကို ဖြတ်တောက်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်ရန်လိုအပ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ကချမှတ်ခဲ့ပြီးဖြစ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအရ အာဏာသိမ်းစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချထောက်ပံ့ရာတွင် ပါဝင်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို ဒဏ်ခတ်ပိတ်ဆို့ခွင့်ရှိသွားပြီဖြစ်သော်လည်း၊ အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးအစီအစဉ်ကိုအားကောင်းသက်ဝင်ရေးအတွက် ဆောင်ရွက်မှုကင်းမဲ့နေသည်ဟု The Sentry နှင့် Justice For Myanmar အဖွဲ့တို့က ယမန်နေ့ကထုတ်ပြန်ပြောဆိုလိုက်သည်။", "မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချထောက်ပံ့ရာတွင် ပါဝင်သူများအား အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခွင့်ပြုလိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း OFAC ကတိုးချဲ့ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသို့ချမှတ်ခဲ့ပြီး တနှစ်ကျော်ကြာသည််အထိ အဆိုပါဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေးအစီအစဉ်မှာ အသက်မဝင် အလုပ်မဖြစ်‌နေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်‌နေနိုင်ခြင်းဖြစ်သည်ဟု ၄င်းအဖွဲ့များက ဝေဖန်ပြောဆိုသည်။", "မြန်မာစစ်အုပ်စု၏ လေကြာင်းမှ ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာတားဆီးနိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် လေယာဥ်ဆီရောင်းချပေးနေသည့် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ် ဆောင်ရွက်ရမည်ဟုလည်း Justice For Myanmar ကဆိုသည်။", "ထို့အပြင် အမေရိကန်နှင့် စိတ်သဘောထားတူညီသော မိတ်ဖက်နိုင်ငံများအနေနှင့်လည်း အလားတူ လေယာဉ်ဆီပိတ်ဆို့မှုများကို ချမှတ်ကျင့်သုံးရန်အတွက် တွန်းအားပေးလုပ်‌ဆောင်မှုများ လုပ်ဆောင်ရန် လိုအပ်နေသည်ဟုလည်း ဆိုသည်။", "အထူးသဖြင့် အရေးယူရမည့်စာရင်းတွင် မြန်မာနိုင်ငံသို့ လေယာဉ်ဆီပေးပို့မှုများ အကြိမ်ကြိမ်ပြုလုပ်ထားသော တရုတ်နိုင်ငံအလံလွှင့် ရေနံဆီသင်္ဘော HUITONG78 နှင့် လေယာဥ်လောင်စာဆီ ပို့ဆောင်ရာတွင် ဦးတည်လမ်းကြောင်းကို ဖုံးကွယ်အသုံးပြုခဲ့သည့် ဗီယက်နမ်နိုင်ငံတောင်ပိုင်း ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုမှ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။", "အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အနေဖြင့် Justice For Myanmar နှင့် ပူးပေါင်း၍ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကမ္ဘာတဝန်း လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်က အားပေးကူညီနေသော လေကြောင်းတိုက်ခိုက်မှုဖြင့် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများစွာကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။", "သွေးစွန်းလေယာဉ်ဆီ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးအဝန်းအဝိုင်းတစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထိရောက်အသက်ဝင်အောင် အလေးအနက်ထားဆောင်ရွက်ခြင်းသည် စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများနှင့် အရပ်သားများနေထိုင်ရာ ကျေးရွာများအပေါ် စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ထိရောက်စွာ တားဆီးနိုင်မည်ဟု The Sentry နှင့် Justice For Myanmar အဖွဲ့တို့က ထုတ်ပြန်ပြောဆိုခဲ့သည်။"]
https://yktnews.com/2024/10/188468/
အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးထောင်ဒဏ်ချမှတ်ထားသည့် ရှေ့နေဒေါ်ရွက်နုအောင် ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရပြီး NUG ဝန်ကြီးက ကိုယ်စားတက်ရောက် ဆုလက်ခံမည်
["အကြမ်းဖက်စစ်အုပ်စုက မတရား ဖမ်းဆီးထောင်ဒဏ်ချမှတ်ထားသည့် ရှေ့နေဒေါ်ရွက်နုအောင် ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရပြီး NUG ဝန်ကြီးက ကိုယ်စားတက်ရောက် ဆုလက်ခံမည်", "ရန်ကုန် ၊ အောက်တိုဘာ ၁၈", "အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်ခံထားသည့် ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024) ဆုချီးမြှင့်လိုက်ကြောင်း သိရှိရသည်။", "အီတလီနိုင်ငံအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE) Via Emilio de’ Cavalieri အဖွဲ့အစည်းက ၂၀၂၄ ခုနှစ် လူ့အခွင့်အရေးဆု (XXVIII International Human Rights Award Ludovic Trarieux 2024 ) ကို ရှေ့နေ ဒေါ်ရွက်နုအောင်ကို ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ၊ ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ရွက်နုအောင်၏ လွတ်လပ်သော တရားရေးဆိုင်ရာ လုပ်ငန်းများလုပ် ဆောင်နေမှု၊ နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ တက်ကြွစွာ လူ့အခွင့်အရေး ကာကွယ် လုပ်ဆောင်နေမှုကို အကြောင်းပြု၍ ယခုကဲ့သို့ လူ့အခွင့်အရေးဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း ဆုချီးမြှင့်သူများဘက်က ထုတ်ဖော်ပြောဆိုထားသည်။", "ဒေါ်ရွက်နုအောင်သည် ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ မန္တလေးအိုးဘိုထောင်တွင် တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်ကာ ဆုကို လာရောက်လက်ခံယူနိုင်ခြင်းမရှိသဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းက ကိုယ်စားဆုလက်ခံရယူသွားမည်ဖြစ်ကြောင်း သိရသည်။", "စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်ဟောင်းများ၏အမှုများကို ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက် ပေးခဲ့သည့်တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီက ပုဒ်မ- ၅၀ (ည) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80066/
အကြမ်းဖက်စစ်အုပ်စုအလိုကျ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် သတင်းပေးမှုများနှင့် ဖိနှိပ်တိုက်ခိုက်မှုများ ရပ်တန့်ရန် Non-CDM များကို ပြင်းထန်စွာသတိပေး
["အကြမ်းဖက်စစ်အုပ်စုအလိုကျ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် သတင်းပေးမှုများနှင့် ဖိနှိပ်တိုက်ခိုက်မှုများ ရပ်တန့်ရန် Non-CDM များကို ပြင်းထန်စွာသတိပေး", "ရန်ကုန် ၊ ဇန်နဝါရီ ၉", "Non-CDM များအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုများနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးကြောင်း ကျန်းမာရေးအင်အားစုများမှ ထုတ်ပြန်သည်။", "ငြိမ်းချမ်းစွာ အာဏာဖီဆန်ခဲ့ကြသော CDM ကျန်းမာရေးဝန်ထမ်းသူရဲကောင်းများကို အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေသည်မှာ ယနေ့ထက်တိုင်ပင် ဖြစ်ကြောင်း အကြမ်းဖက် စစ်အုပ်စု ထောက်တိုင် Non-CDM. ကျန်းမာရေးဝန်ထမ်းများကလည်း စစ်ကောင်စီအလိုကျ၊ စစ်ကောင်စီနှင့် အလိုတူအလိုပါ CDM ကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်နေသည်မှာ သက်သေနှင့်တကွ အထင်အရှားဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။", "အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့မှု အဆင့်အလိုက် Non-CDM ဝန်ထမ်းများကို ပြည်သူ့တရားစီရင်ရေး ဥပဒေများနှင့်အညီ ပြစ်မှုပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။", "အကြိမ်ကြိမ်ထုတ်ပြန်သတိပေးထားသည့်ကြားမှ CDM. ကျန်းမာရေးဝန်ထမ်းများအပေါ် အကြမ်းဖက် စစ်အုပ်စုအလိုကျ ဆက်လက်ဖိနှိပ်နေမည်ဆိုပါက အလိုတော်ရိ အကြမ်းဖက်စစ်အုပ်စုထောက်တိုင် Non-CDMဝန်ထမ်းများကို လက်ပိုက်၍ ကြည့်နေတော့ မည်မဟုတ်ဘဲ အပြင်းထန်ဆုံး တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ယင်းကြောင့် Non-CDM များအနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများ အပေါ် အကြမ်းဖက်စစ်အုပ်စုအလိုကျ သတင်းပေးတိုင်ကြားမှုများနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ကြရန် ပြင်းထန်စွာ သတိပေးလိုသည်ဟု ဆိုသည်။", "CDM ဝန်ထမ်းများကို အလုပ်အကိုင်အခွင့်အလမ်းများအပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိရောက်သော ကူညီထောက်ပံ့မှုများ ပေးအပ်ကြရန် ပြည်သူလူထုကို အထူးတိုက်တွန်းလိုပြီး တော်လှန်ရေးကို ဦးဆောင်လျက်ရှိကြသော အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်း CDM မူဝါဒ (CDM policy) ကို နှောင့်နှေးခြင်းမရှိဘဲ အမြန်ဆုံး ဆုံးဖြတ်အတည်ပြု ပေးကြရန် အလေးအနက်တိုက်တွန်းလိုသည်ဟု ကျန်းမာရေးအင်အားစုများမှ ပူးပေါင်းထုတ်ပြန်ထားသည်။", "အဆိုပါထုတ်ပြန်ချက်ကို ကျန်းမာရေးမိသားစု – မန္တလေး ၊ CDM ဆေးပညာကွန်ရက် ၊ ရန်ကုန်ဆေးပညာကွန်ရက်၊ ချင်းတွင်းဆေးပညာကွန်ရက် ၊ ကရင်နီသားဖွားဆရာမများရပ်ဝန်း၊ ကရင်နီသူနာပြုအစည်းအရုံး၊ ကရင်နီဆရာဝန်များရပ်ဝန်း CDM ကွန်ရက် ၊ CDM Network (Chin State) တို့ကပူးပေါင်းထုတ်ပြန်ထားခြင်းဖြစ်သည်။"]
https://yktnews.com/2024/02/145070/
အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းခံရခြင်းမှ ရုန်းထွက်ကြရန် နိုင်ငံရေးပါတီများ ကို NUCC နှင့် NUG တို့က သတိပေး
["အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းခံရခြင်းမှ ရုန်းထွက်ကြရန် နိုင်ငံရေးပါတီများ ကို NUCC နှင့် NUG တို့က သတိပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးအဖြစ် သွတ်သွင်းခံရခြင်းမှ ရုန်းထွက်ကြရန် နိုင်ငံရေးပါတီများ ကို NUCC နှင့် NUG တို့က ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ကာ သတိပေးထား သည်။", "တိုင်းပြည်အာဏာကို မတရားလုယူသိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ တရားမဝင်ပြဌာန်းထားသည့် ဥပဒေအရ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံရေးပါတီများ အနေဖြင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူများအား “သတင်းပေး ပို့ရန်” ပြောကြားခဲ့ကြောင်း သိရသည်။", "ထို့သို့ ပြောကြာခြင်းမှာ နိုင်ငံရေးပါတီများနှင့် ပါတီဝင်များအား အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေး ယန္ထရားတွင် ထောက်တိုင်အဖြစ် အသုံးချရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း NUCC နှင့် NUG တို့က သုံးသပ်ထားသည်။", "နိုင်ငံရေးပါတီများဆိုသည်မှာ နိုင်ငံရေးကိုယ်စားပြုခြင်း၊ နိုင်ငံရေးသမားများ လေ့ကျင့်သင်ကြားခြင်း၊ နိုင်ငံရေးပါဝင်မှုမြှင့်တင်ခြင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက အစိုးရဖွဲ့ခြင်း၊ မူဝါဒရေးရာများ အဆို ပြုခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်း၊ နိုင်ငံရေးအသိပညာပေးခြင်းနှင့် ရွေးကောက်ပွဲများ တွင် ပါဝင်ယှဉ်ပြိုင်ခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရသော နိုင်ငံရေးအဖွဲ့အစည်းများဖြစ် ကြောင်း သိရသည်။", "ထိုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်၏ ပြောကြားချက်သည် အဆိုပါ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးရာ လုပ်ငန်းတာဝန်များကို အသိအမှတ်ပြုခြင်း မရှိသည့်အပြင် နိုင်ငံရေးပါတီ ခေါင်းဆောင် များနှင့် ပါတီဝင်များကို အကြမ်းဖက်စစ်အုပ်စု၏ သတင်းပေးများသဖွယ် အသုံးပြုရန် ကြိုးပမ်းနေ ခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ “ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ကာကွယ်ရေးစနစ်” အမည်ခံ လက်ကိုင် တုတ်များအဖြစ် အသုံးပြုရန် ရည်ရွယ်ခြင်း၊ ဒီမိုကရေစီကို ပုံဖျက်သည့် သမိုင်းတရားခံပါတီများ အ ဖြစ်သွတ်သွင်းခြင်းဖြစ်သည်ကို ထင်ရှားပေါ်လွင်လျက ရှိကြောင်း NUCC နှင့် NUG တို့က ထောက်ပြ ထားသည်။", "သို့ဖြစ်ရာ အကြမ်းဖက်စစ်အုပ်စုမှ ဖွဲ့စည်းထားသော အတုအယောင်ရွေးကောက်ပွဲကော်မရှင်ထံတွင် နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအနေ ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများတွင် သတင်းပေးများအဖြစ် ပါဝင်ဆောင်ရွက် ၍ ပြည်သူ့သစ္စာ ဖောက်ဘဝဖြစ်နေရခြင်း၊ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားအတွင်း အစိတ် အပိုင်းအဖြစ် ပါဝင်သွားနိုင်ခြင်း၊ သမိုင်းတရားခံ ဖြစ်နေရခြင်းတို့မှ လွတ်မြောက်ရေးအတွက် နိုင်ငံ ရေးပါတီများ အဖြစ်မှ မှတ်ပုံတင်မှု ရုတ်သိမ်းခြင်း၊ ပါတီဝင်များအဖြစ်မှ နှုတ်ထွက်ခြင်း၊ ကင်းကွာ ပါတီ ဝင်များအဖြစ် ပြုမူနေထိုင်ခြင်းတို့ ပြုလုပ်ကာ နိုင်ငံရေး ဂုဏ်သိက္ခာ (Political Integrity) ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် သတိပေးတိုက်တွန်းထားသည်။"]
https://yktnews.com/2022/12/76190/
အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်နှင့် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်ပူးပေါင်း ချီတက်
["အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်နှင့် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်ပူးပေါင်း ချီတက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်နှင့် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်ပူးပေါင်း၍ ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၆၅၃ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဒီဇင်ဘာလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။"]
https://yktnews.com/2023/12/135904/
အကြမ်းဖက်မင်းအောင်လှိုင် မနက်ဖြန် ရန်ကုန် လာရောက်ပြီး သန်လျင် တံတားအမှတ် ၃ တံတားသစ် တည်ဆောက်မှု တံတားဘောင်ချိတ်ဆက်မှု မူလီတပ်အခမ်းအနားတက်မည်၊ ရန်ကုန်တွင် ယနေ့ည ဗုံး ၂ ကြိမ်ကွဲ
["အကြမ်းဖက်မင်းအောင်လှိုင် မနက်ဖြန် ရန်ကုန် လာရောက်ပြီး သန်လျင် တံတားအမှတ် ၃ တံတားသစ် တည်ဆောက်မှု တံတားဘောင်ချိတ်ဆက်မှု မူလီတပ်အခမ်းအနားတက်မည်၊ ရန်ကုန်တွင် ယနေ့ည ဗုံး ၂ ကြိမ်ကွဲ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်သို့ လာရောက်ပြီး သန်လျင်တံတား အမှတ် ၃ တည်ဆောက်ဆောက်ရေး လုပ်ငန်းခွင်ကို စစ်ဆေးကာ တံတားဘောင်ချိတ်ဆက်မှု မူလီတပ်အခမ်းအနား တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။", "“မနက်ဖြန် မနက် ၇ နာရီကနေ ၁၀ နာရီအတွင်းလာမယ်။ သန်လျင်တံတားအမှတ် ၃ တည်ဆောက်ရေးလာစစ်မယ်။ တံတားရဲ့အလယ်ဘောင်ဆက်မယ်။ အလံစိုက်ထားတယ်။ဆေးလည်းသုတ်ထားတယ်။ မူလီတပ်မှာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၅ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်လာရောက်ရန်အတွက် ရန်ကုန်မြို့တစ်ဝန်း လုံခြုံရေးများ တိုးမြှင့်ထားချိန် ယနေ့ ည ပိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နှင့် မြောက်ဥက္ကလာပတို့တွင် ဗုံးများ ပေါက်ကွဲကြောင်း ဒေသပြည်သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။", "လက်ရှိ ယနေ့ ည ၁၂ နာရီဝန်းကျင်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဦဝီစာရလမ်းကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။"]
https://yktnews.com/2024/09/183362/
အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို
["အကြမ်းဖက်မင်းအောင်လှိုင်က ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ရန် ပြောဆို", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေကြီးရေလျှံမှုကြောင့် ပြည်ပ နိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် ပြောဆိုလာကြောင်း သိရှိရသည်။", "ယမန်နေ့ နေပြည်တော်နှင့်အနီးတစ်၀ိုက်သို့ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ် လာသော ပျက်စီးမှုများကို အကြမ်းဖက် မင်းအောင်လှိုင်က သွားရောက် ကြည့် ရှုစဉ် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။", "တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက် ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန် အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုသည်။", "လက်ရှိ ရေကြီးမှုများ ကြုံတွေ့နေရသည့် ရမည်းသင်း၊ တောင်ငူ ၊ နေပြည်တော် တပ်ကုန်း၊ ဇေယျာသီရိ။ မြ၀တီ၊ တာချီလိတ်၊ ဟိုပုံး၊ ကလော၊ ပျော်ဘွယ်၊ အောင် ပန်း၊ ညောင်ရွှေ၊ ပျဉ်းမနား၊ ပဲခူး၊ ဘားအံ၊ မြစ်သား၊ တံတားဦး၊ လှိုင်းဘွဲ့၊ အုတ်တွင်း။ ကျောက်ဆည်၊ လယ်ဝေး၊ ပေါက်ခေါင်း၊ ကျိုင်းတုံ အပါအဝင် မြို့ပေါင်း ၃၀ ထက်မနည်းတွင် ရေကြီးမှုများ ကြုံတွေ့နေရသော်လည်း အကြမ်း ဖက် စစ်ကောင်စီက ထိရောက်စွာ ကူညီပေးနိုင်ခြင်းမရှိဘဲ ပြည်သူများ အချင်း ချင်းသာ ကူညီမှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ရေကြီးမှုများကို သွားကြည့်နေသည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်"]
https://yktnews.com/2023/07/113464/
အကြမ်းဖက်မင်းအောင်လှိုင်က သူတည်ထားတဲ့ ဘုရားကို စစ်ဗိုလ်ချုပ်ဟောင်းတွေကို ခေါ်ကြွား
["အကြမ်းဖက်မင်းအောင်လှိုင်က သူတည်ထားတဲ့ ဘုရားကို စစ်ဗိုလ်ချုပ်ဟောင်းတွေကို ခေါ်ကြွား", "ရန်ကုန်၊ ဇူလိုင် ၁၇", "အကြမ်းဖက်မင်းအောင်လှိုင်က နေပြည်တော်မှာ သူတည်ထားတဲ့ ကျောက်ဆစ်ဘုရားရုပ်တု မာရဝိဇယ ရုပ်တုကို စစ်ဗိုလ်ချုပ်ဟောင်းတွေကို ခေါ်ယူပြသ ကြွားလုံးထုတ်ပါတယ်။", "အဲဒီလို ခေါ်ယူ ပြသ ကြွားရာမှာ လက်ရှိ မင်းအောင်လှိုင်က ခန့်အပ်ထားတဲ့ ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၊ သမ္မတဟောင်း သိန်းစိန်နဲ့ အရင် စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ဟောင်းတွေ တော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။", "အိုမင်းနေကြပြီတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ယာယီသမ္မတ အမည်ခံ မြင့်ဆွေ၊ ဗိုလ်ချုပ်ဟောင်း သမ္မတဟောင်း သိန်းစိနအပါအဝင် ဗိုလ်ချုပ်ဟောင်းတွေ တော်တော်များများက မင်းအောင်လှိုင် ပြသနေတဲ့ ဘုရားဆင်းတုကို ကြည့်ရှုပြီး ဓာတ်ပုံရိုက်ခံခဲ့ကြပါတယ်။", "စစ်ဗိုလ်ချုပ်ဟောင်း ယာယီသမ္မတ အမည်ခံ မြင့်ဆွေကတော့ ဘုရားဆင်းတုလာကြည့်ချိန်မှာ အလွန်အိုမင်းရင့်ရော်နေတာကိုလည်း မြင်တွေ့ရပါတယ်။", "မင်းအောင်လှိုင်က သူတည်ထားတဲ့ဘုရားဘေး ပတ်လည် လုံခြုံရေးအတွက် ဘုန်းကြီးကျောင်းတွေ ၊ ကျေးရွာတွေနဲ့ လူနေအိမ်တွေ အများအပြားကို အတင်းအဓမ္မဖျက်သိမ်းခဲ့ပါတယ်။"]
https://yktnews.com/2023/04/97463/
အကြမ်းဖက်မြန်မာစစ်ကောင်စီ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံထံမှ စစ်လက်နက်တွေ တိတ်တဆိတ် ဝယ်ယူခဲ့
["အကြမ်းဖက်မြန်မာစစ်ကောင်စီ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံထံမှ စစ်လက်နက်တွေ တိတ်တဆိတ် ဝယ်ယူခဲ့", "ဧပြီ ၁၄၊ ၂၀၂၃", "အကြမ်းဖက်မြန်မာစစ်ကောင်စီဟာ ၂၀၂၂ ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံဆီကနေ စစ်လက်နက်တွေ တိတ်တဆိတ် ဝယ်ယူခဲ့တယ်လို့ NK News က ကြည့်ရှုခဲ့တဲ့ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အစီရင်ခံစာကို အခြေခံပြီး Justice for Myanmar (JFM) အဖွဲ့က ပြောကြားလိုက်ပါတယ်။", "ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ Korea Mining Development Trading Corporation ကနေ အမျိုးအစား အတည်ပြုနိုင်ခြင်းမရှိတဲ့ စစ်လက်နက်တွေကို စစ်ကောင်စီက ဝယ်ယူခဲ့တာဖြစ်ပြီး၊ အဲ့ဒီဝယ်ယူမှုတွေမှာ မြန်မာကုမ္ပဏီ Royal Shune Lei Compnay က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို့ JFM ကဆိုတာပါ။", "Justice For Myanmar အဖွဲ့အနေနဲ့ Royal Sune Lei ကုမ္ပဏီကို မြန်မာစစ်တပ်အတွက် ရုရှားနဲ့ ဆားဘီးယားနိုင်ငံတွေကနေ စစ်လက်နက်ဝယ်ယူမှုတွေမှာ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးနေကြောင်း ထုတ်ဖော်ခဲ့ပြီး၊ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ အခုအချိန်အထိ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခြင်း မရှိသေးဘူး လို့လည်း ဆိုပါတယ်။", "Royal Shune Lei ကုမ္ပဏီ အုပ်စုဟာ စင်ကာပူနိုင်ငံမှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပွဲစားအဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် စင်ကာပူမှတ်ပုံတင်ကုမ္ပဏီ Triple Phoenix Pte Ltd ကိုတည်ထောင်ကာ လုပ်ငန်းတွေတိုးချဲ့ခဲ့ပါတယ်။ ဒါကို Justice For Myanmar က ရှာဖွေဖော်ထုတ်နိုင်ခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ (၂၀၂၂ ခုနှစ်အတွင်း) အဆိုပါ ကုမ္ပဏီကို ပိတ်သိမ်းခဲ့ပါတယ်။", "ဒါပေမဲ့ Triple Phoenix ကုမ္ပဏီကို မြန်မာနိုင်ငံမှာ ဆက်လက် မှတ်ပုံတင်ထားဆဲ ဖြစ်ပါတယ်။", "၂၀၂၁ ခုနှစ်အတွင်း Royal Shune Lei ကုမ္ပဏီရဲ့ ဆက်နွှယ် စင်ကာပူကုမ္ပဏီ TRD ရဲ့ ဒရုန်းဖျက်လက်နက်ကို မြန်မာစစ်အုပ်စု ရဲတပ်ဖွဲ့က အသုံးပြုနေကြောင်း JFM ကပဲ ထုတ်ဖော်အပြီးမှာတော့ TRD က မြန်မာနိုင်ငံကို ၎င်းတို့ရဲ့ရောင်းချမှုတွေ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။", "Triple Phoenix နဲ့ TRD တို့ရဲ့ ပူးတွဲ ပိုင်ဆိုင်သူ Ong Soon Huat Sam ဟာ စင်ကာပူစစ်တပ်မှာ ကာလရှည်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အမေရိကန် မရိန်းတပ်ဖွဲ့ဆိုင်ရာ စင်ကာပူဆက်ဆံရေး အရာရှိတစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။", "ဒီတွေ့ရှိချက်ဟာ နိုင်ငံတကာဥပဒေကို စစ်ကောင်စီက အကြိမ်ကြိမ် လိမ်လည်ချိုးဖောက်နေမှုတွေရဲ့ နောက်ထပ် သက်သေ အထောက်အထားဖြစ်ပြီး၊ ဒါတွေကို ရပ်တန့်ရပါမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေနဲ့ စစ်လက်နက်ရလမ်းတွေကို ဖြတ်တောက်နိုင်ဖို့အတွက် ညီညွတ်အားကောင်းတဲ့ နိုင်ငံတကာအရေးယူ ဆောင်ရွက်မှုတခု လုပ်ဆောင်ဖို့ လိုအပ်နေတာပါ။။", "မြန်မာစစ်အုပ်စုထံ စစ်လက်နက်ရောင်းချဖို့အတွက် စင်ကာပူနိုင်ငံရဲ့ အချုပ်အခြာနယ်မြေနဲ့ ငွေကြေးစနစ်တို့ကို အသုံးပြုခြင်း မရှိစေဖို့အတွက် အရေးယူဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို ဆက်လက်တိုက်တွန်းကြောင်း Justice for Myanmar ကဆိုပါတယ်။ Royal Shune Lei ကုမ္ပဏီရဲ့ ဒါရိုက်တာတွေ၊ ရှယ်ယာရှင်တွေနဲ့ ဆက်စပ်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့အတွက် JFM က ထပ်မံတောင်းဆိုထားပါတယ်။"]
https://yktnews.com/2023/01/80400/
အကြွေးဖြင့် ဝယ်ထားသည့် ဒရုန်းနှစ်စီးအတွက် မဲလက်မှတ်များ ဝယ်ယူကူညီပေးပါရန် UNICorn တပ်ဖွဲ့ မေတ္တာရပ်ခံ
["အကြွေးဖြင့် ဝယ်ထားသည့် ဒရုန်းနှစ်စီးအတွက် မဲလက်မှတ်များ ဝယ်ယူကူညီပေးပါရန် UNICorn တပ်ဖွဲ့ မေတ္တာရပ်ခံ", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်ရာတွင် အသုံးပြုရန် အကြွေးဖြင့် ဝယ်ယူ ထားသော ဒရုန်းနှစ်စီးအတွက် ကံစမ်းမဲလက်မှတ်များကို ကူညီဝယ်ယူပေးကြပါရန် မေတ္တာရပ်ခံ ပါကြောင်း UNICorn -ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ တော်လှန်ရေးရဲဘော်တစ်ဦး၏ ဆွဲကြိုးကို မဲလက်မှတ် အနေဖြင့် ပြန်လည်ရောင်းချခဲ့ရာ လက်မှတ် ပေါင်း ၆၀၀ နီးပါးရောင်းချထားပြီး ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်မီ အမြန်ပြည့်ပြီး အကြွေးရှင်းပေးနိုင်ရန် လိုအပ်နေသဖြင့် အမြန်ဆုံး ဝယ်ယူ ကူညီပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုရခြင်းဖြစ်ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောဆိုသည်။", "“ဒရန်းတွေက အကြွေးနဲ့ ၂ စီး ဝယ်ပြီးပြီ။ တိုက်ပွဲ လဲ ဝင်နေပြီ၊ မဲလက်မှတ်က ရက် ၂၀ လောက်ပဲကျန် တော့တယ်၊ ဒီရက် ၂၀ အတွင်းအမြန်ကုန်မှ အဆင်ပြေမှာ၊ ဒရန်း ဗုံးသီးအတွက်ကလည်း ဒီလက်မှတ် ရောင်းချရတဲ့ငွေနဲ့ ပြန်ရင်းမှာ၊ အဲဒါကြောင့် မိဘပြည်သူတွေကို အကူအညီတောင်းခံနေရတာပါ” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောကြား သည်။", "မဲလက်မှတ် တစ်စောင်လျှင် တစ်သောင်းကျပ် သတ်မှတ်ထားကြောင်း၊ လက်မှတ်စုစုပေါင်း တစ်ထောင် ရောင်းချမည်ဖြစ်ပြီး မဲလက်မှတ်များကို K Pay ၊ Wave Pay ၊ NUG Pay များဖြင့်https://www.facebook.com/117276104299943/posts/194590019901884/?app=fblPage Messenger မှတဆင့် ဝယ်ယူအားပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။", "“မဲလက်မှတ် ၁၀ စောင်ဝယ်ရင် ဒရုန်းဗုံးသီးမှာ နာမည်ထိုးစေချင်ရင် ထိုးပေးမယ်၊ ခွေးရူးကောင်တွေ သတ်တဲ့ပွဲမှာ ကိုယ်တိုင်ပါဝင်ခွင့်ရသလိုပေါ့၊ ဒါကြောင့်မို့ ပါဝင်အားဖြည့်ကူညီပေးကြပါအုံး” ဟု ယူနီ ကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံက ပြောကြားသည်။"]
https://yktnews.com/2023/05/104641/
အခေါက်ရွှေ တစ်ကျပ်သား သိန်း ၃၀ ကျော်လာချိန် ရွှေစျေးကွက်တွင် ငွေကျပ် သိန်းပေါင်း ၇၅၀၀၀ ကျော် ရွှေများ လိမ်လည်မှုဖြစ်ပွား
["အခေါက်ရွှေ တစ်ကျပ်သား သိန်း ၃၀ ကျော်လာချိန် ရွှေစျေးကွက်တွင် ငွေကျပ် သိန်းပေါင်း ၇၅၀၀၀ ကျော် ရွှေများ လိမ်လည်မှုဖြစ်ပွား", "ရန်ကုန်၊ မေ ၂၇", "ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား ငွေကျပ်သိန်း ၃၀ ကျော် လာချိန် ရွှေစျေးကွက်တွင် သိန်းပေါင်း ၇၅၀၀၀ ကျော်တန်ဖိုးရှိ အခေါက် ရွှေများ လိမ်လည်မှုဖြစ်ပွားကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ သိရှိရသည်။", "စစ်ကောင်စီထံတွင် အမေရိကန်ဒေါ်လာ ငွေ နည်းပါးလာချိန် ဒေါ်လာ ပြတ်လပ်များရှိလာကြောင်း၊ ယင်းသို့သော အခြေအနေများကြောင့် အမေရိကန် တစ်ဒေါ်လာလျှင် ၂၈၅၀ ကျပ်ဝန်းကျင် ရှိနေရာမှ ယခုအခါ ၂၉၀၀ ကျော်လာ ပြီး မေလ ၂၆ ရက်နေ့ တွင် အမေရိကန်တစ်ဒေါ်လာ ၂၉၅၀ ကျပ် ရှိလာ ကြောင်း၊ ဒေါ်လာစျေးမြင့်တက်လာသဖြင့် ရွှေစျေးမှာလည်း မြင့်တက်လာ ကြောင်း၊ လက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၁ သိန်း နီးပါးရှိလာ ကြောင်း သိရှိရသည်။", "“မနေ့က အခေါက်ရွှေစျေး ၃၀၇၀၀၀၀ လောက်ရှိတယ်။ အလုပ် သေချာ မလုပ်ရဲ ကြဘူး။ စီမံချက်ရှိတယ်။ တစ်ဒေါ်လာ ငွေကျပ် ၂၉၅၀ ရှိတယ်။ ဒေါ်လာ မြောက် လာတော့ ရွှေလည်း ပါလာတာ။ ဒေါ်လာလိုအပ်ချက် များနေ တယ် ဆို ပြီး အဝယ်လိုက်လာတယ်။ အရောင်းများတယ်။ ဈေးတက် တော့လေ ရွှေအ ရောင်း များလာတယ်” ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။", "အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၁ သိန်းနီးပါး ဖြစ်လာချိန် ရန်ကုန် ရွှေစျေးကွက်တွင် ငွေကျပ် သိန်း ၇၅၀၀၀ ကျပ် တန်ဖိုးရှိ ရွှေများ လိမ်လည်မှု ဖြစ်ပွားကြောင်း သိရှိရသည်။", "“ရွှေလောကမှာ သိန်း၇၅၀၀၀လိမ်ပြီးထွက်ပြေးသွားတယ်။ ရွှေရောင်းမယ်ဆိုပြီး ငွေအရင်ယူပြေးသွားတာ လိမ် တာ ကလည်း ရွှေကုန်သည်လူရင်းပဲ။ သူက ရွှေ ကုန်သည်တွေဆီက တစ်ယောက် အပိုင်း၂၀ အပိုင်း၃၀ အရင်ပေးလိုက် ကြတာ။ ကုန်သည်လက်ကြီးက လိမ်လည်တာ” ဟု ရွှေကုန်သည်တစ်ဦးက ပြောဆို သည်။"]
https://yktnews.com/2024/02/147342/
အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲအထိ ရောက်ရှိ
["အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲအထိ ရောက်ရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းခွဲသို့ ရောက်ရှိလာကြောင်း ရန်ကုန်မှ ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။", "“ကမ္ဘာ့ရွှေစျေးလည်း တက်တယ်။ မြန်မာ့ရွှေစျေးတက်တာက ဒေါ်လာစျေးမာနေတာရယ်၊ နောက်ပြီး နိုင်ငံရေး အခြေအနေက သိတဲ့အတိုင်းပဲ။ စစ်မှုထမ်းဥပဒေတွေနဲ့ဆိုတော့ စီးပွားရေးတွေလည်း အလှုပ်အခတ်များတယ်။ စျေးကွက်မငြိမ်ဘူး။ အကြောင်းတရားတွေက တစ်ခုတည်းကိုတော့ ပြောလို့မရဘူး။ အဝယ်အရောင်းကတော့ အဝယ်ရှိတယ်။ ဒီနေ့ စနေပေမယ့် အဝယ်များတယ်။ ဒီစျေးတန်းမှာပဲ အပေါ်ထပ်တက်နိုင်သေးတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။", "ကမ္ဘာ့ရွှေစျေးကွက်တွင်လည်း ရွှေတစ်အောင်စလျှင် ယနေ့ အမေရိကန်ဒေါ်လာ ၂၀၃၅ ဖြင့် စျေးဖွင့်ခဲ့ပြီး ၂၀၅၁ အထိ အမြင့်ဆုံးတက်ခဲ့ကာ လက်ရှိတွင် ၂၀၄၅ ဒေါ်လာ စျေးပေါက်နေကြောင်း သိရှိရသည်။", "အမေရိကန်ဒေါ်လာမှာမူ တစ်ဒေါ်လာလျှင် ၃၆၁၀ ကျပ်နှင့် ၃၆၅၀ ကျပ်အကြား အရောင်းအဝယ်ကိုလိုက်၍ စျေးအနည်းငယ်အတက်အကျရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109164/
အခေါက်ရွှေစျေး ၃၂ သိန်းဖြင့် စျေးစဖွင့်၊ အမေရိကန်တစ်ဒေါ်လာ ၃၁၀၀ ကျော်စျေးပေါက်သော်လည်း ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေ
["အခေါက်ရွှေစျေး ၃၂ သိန်းဖြင့် စျေးစဖွင့်၊ အမေရိကန်တစ်ဒေါ်လာ ၃၁၀၀ ကျော်စျေးပေါက်သော်လည်း ကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြစ်နေ", "ရန်ကုန်၊ ဇွန် ၂၂", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ အခေါက်ရွှေစျေး ငွေကျပ် ၃၂ သိန်း ဖြင့် စျေးစတင်ဖွင့်ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB တို့ကို အမေရိကန်က စီးပွားရေး ပိတ်ဆို့မှု ချမှတ်ပြီးနောက် စျေးကွက်တွင် စျေးဖွင့်ချိန် နောက်ကျခဲ့ပြီး ရွှေကုန် သည်နှင့် ရွှေလုပ်ငန်းရှင်အများစု လူမစုံကြောင်း၊ စျေးစဖွင့်ချိန်တွင် ၃၂ သိန်း ဖြင့် ဖွင့်ခဲ့သော်လည်း စျေးဖွင့်ပြီးနောက် ၃,၁၉၀,၀၀၀ စျေးအနည်းငယ် ကျသွား ကြောင်း၊ စျေးကွက်တွင်မူ အရောင်းအဝယ် နည်းပါးပြီး စောင့်ကြည့်နေသူ များ ပြား ကြောင်း သိရှိရသည်။", "“ဈေးကွက်ကတော့ ပျောက်သလောက်ပဲ။ မလုပ်ရဲကြတဲ့သူများတယ်။ မကြာ ခင် ကလည်း အဖမ်းခံထားရတဲ့ ရွှေကုန်သည်တချို့ရှိနေတယ်။ အဲဒါတွေ ကိုစစ် ဆေးနေတော့ ကျန်တဲ့သူတွေပါ ရှောင်နေရတာ” ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "အမေရိကန်ဒေါ်လာမှာမူ ၃၁၀၀ ကျော်တွင် စျေးဖွင့်ထားသော်လည်း ကြိုက် ရောင်း ကြိုက်ဝယ် စျေးကွက်ပုံစံဖြစ်ကြောင်း၊ ထိုင်း-မြန်မာငွေလဲစျေး ကွက်၊ တရုတ်-မြန်မာငွေလဲစျေးကွက်တွင်မူ မြန်မာကျပ်ငွေ တန်ဖိုးကျမှု မတည် ငြိမ်ဘဲ စျေးနှုန်းအပြောင်းအလဲ များပြားနေကြောင်း၊ အတက်အကျ ကြမ်း သည့်အတွက် စောင့်ကြည့်သူများပြားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118605/
အခေါက်ရွှေစျေး ၃၈ သိန်း ၁ သောင်းကျော်ရောက်ရှိပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ငွေ ၃၇၅၀ ကျပ်ကျော်ထိုးတက်လာ
["အခေါက်ရွှေစျေး ၃၈ သိန်း ၁ သောင်းကျော်ရောက်ရှိပြီး အမေရိကန် တစ်ဒေါ်လာ လျှင် ငွေ ၃၇၅၀ ကျပ်ကျော်ထိုးတက်လာ", "စသုံးလုံးနှင့် စစ်ထောက်လှမ်းရေးများ၏ လိုက်လံ ဖမ်းဆီးမှုများကြောင့် ဒေါ်လာနှင့်ရွှေ လက်သိပ်ထိုး ချိတ်ဆက် ရောင်းဝယ်နေရ", "ရန်ကုန်၊ ဩဂုတ် ၁၇", "အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းစျေးကွက်တွင် ရွှေစျေးနှင့် ဒေါ်လာ စျေး မတက်စေရေးအတွက် အမျိုးမျိုးသော ဖမ်းဆီးဖိနှိပ်မှုများ လုပ်ဆောင် နေလင့် ကစား ပြည်တွင်းစျေးကွက်တွင် ၁၆ ပဲရည် မီးလင်းရွှေ ၁ ကျပ်သားလျှင် ငွေကျပ် ၃၈ သိန်း ၁ သောင်းကျော်သို့ ရောက်ရှိသွားပြီး အမေရိကန်ဒေါ် လာ မှာလည်း တစ်ဒေါ်လာလျှင် ၃၇၅၀ ကျပ်ကျော် အထိ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဩဂုတ်လ ၁၆ ရက်နေ့ စျေးကွက်ပိတ်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်း ၁ သောင်းကျော်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၅၀ ကျပ်အထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ စျေးကွက်တွင် စသုံးလုံးနှင့် စရဖ ခေါ် စစ်ထောက် လှမ်းရေးအဖွဲ့များက ဒေါ်လာဝယ်ရောင်း၊ ရွှေဝယ်ရောင်းများကို လိုက်လံ ဖမ်း ဆီးမှုများ ရှိနေသည့်အတွက် စျေးကွက်အတွင်းသို့ ပြင်ပ တစိမ်းများ အဝင် မခံဘဲ အချင်းချင်း မိတ်ဆွေများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူလာမှုများကို သာလက်ခံကြောင်း သိရှိရသည်။", "“စသုံးလုံးနဲ့ စရဖက ရွှေစျေးတက်၊ ဒေါ်လာစျေးတက်ရင် ရန်ကုန်မှာဆိုရင် ရွှေဘုံသာလမ်း၊ ရန်ကုန်တိုင်း ရွှေအသင်းရုံးမှာ ခြေရှုပ်ပြီ။ လာလိုက် ထွက် သွားလိုက်။ တွေ့ကရာ ပွဲစား ဖမ်းသွားလိုက်လုပ်တယ်။ အဲဒီတော့ စျေး ကွက်မှာက ဖုန်းနဲ့ချိတ်ဆက်ပြီး အရောင်းအဝယ်လုပ်ဖို့ ပြန်ချိန်းတယ်။ ကိုယ်မသိတဲ့ တစိမ်းဆိုရင်လည်း အရောင်းအဝယ် မလုပ်ဘူး။ အဲဒီတော့ ရွှေလိုချင်ရင် ကုန်သည်တွေနဲ့ သိတဲ့သူဆိုရင်တော့ အဲဒီကုန်သည် ဆီက နေတစ်ဆင့် လက်ကြီးသမားတွေကို ချိတ်ဆက်ပြီး ရွှေရှာပေးတာမျိုး လုပ်ပေးတယ်။ အပြင်တစိမ်းဆို ရောင်းလည်း မရောင်းဘူး၊ ဝယ်လည်း မဝယ်ဘူး။ စသုံးလုံးနဲ့စရဖတွေကလည်း ရွှေဝယ်သလိုလို၊‌ ရွှေရောင်းသလိုလိုနဲ့ စျေးစုံစမ်းတာ၊ ထောင်ချောက်ဆင် ဖမ်းတာမျိုးရှိခဲ့လို့ပါ။ ဒီကောင်တွေ လက်ထက်မှ ရွှေရောင်းရတာ ဘိန်းရောင်းနေရသလိုပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "အခြားသောတစ်ဖက်တွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးမှာ အမြင့်ပိုင်း တွင်ပင် ဆက်လက် မြင့်တက်နေပြီး ဒေါ်လာ ဝယ်လိုသူများအနေဖြင့် စျေး ကွက်ပေါက်စျေးပို၍ စျေးပေးဝယ်ယူရမှသာလျှင် ရရှိနိုင်ကြောင်း သိရှိရသည်။", "“စျေးကွက်ပေါက်စျေးက တစ်ဒေါ်လာ ၃၇၀၀ ဆိုရင် ကိုယ်က ဝယ်ချင်ရင် ၃၇၅၀ လောက်စျေးပိုပေးရတယ်။ စျေးကွက်ပေါက်စျေးက ၃၇၅၀ ဆိုရင် ဝယ်လိုရင် တစ်ဒေါ်လာ ၃၈၀၀ လောက် စျေးပိုပေးရတယ်။ ကိုယ်က ရောင်း ရင်လည်း‌ စျေးကွက်ပေါက်စျေးထပ် ၃၀ လောက်နိမ့်တယ်။ ရောင်းစျေး ဝယ် စျေး ကို တအားဟထားတာ။ အခုတော့ တစ်ဒေါ်လာကို ၃၇၅၀ လောက် စျေး ပေါက်နေတယ်။ ဆက်တက်ဦးမယ်လို့ မှန်းပါတယ်” ဟု လိုင်စင် ပိတ်ပင် ခံ လိုက် ရသော နိုင်ငံခြားငွေလဲကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်မှု အမျိုးမျိုးဖြင့် ရွှေစျေးကွက်နှင့် ဒေါ် လာစျေးကွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း လက်တွေ့တွင် အောင် မြင်ခြင်းမရှိဘဲ ဝယ်လိုအားနှင့်ရောင်းလိုအားပေါ်မူတည်၍ ဖြစ်ပေါ်နေသော စျေးကွက်ပေါက်စျေးနှုန်းသာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118706/
အခေါက်ရွှေစျေး ၃၉ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်သော်လည်း ဝယ်ယူ လိုသူ အလွန် များပြားသဖြင့် ရွှေကုန်သည်များနှင့်ရွှေဆိုင်များက အခေါက်ရွှေ အတုံး များကို အရောင်း ပိတ်ကြပြန်
["အခေါက်ရွှေစျေး ၃၉ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်သော်လည်း ဝယ်ယူ လိုသူ အလွန် များပြားသဖြင့် ရွှေကုန်သည်များနှင့်ရွှေဆိုင်များက အခေါက်ရွှေ အတုံး များကို အရောင်း ပိတ်ကြပြန်", "ရန်ကုန်၊ ဩဂုတ် ၁၈", "ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက်တွင် ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၉ သိန်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့သော်လည်း ဝယ်ယူလိုသူ အလွန် များပြားသဖြင့် ရွှေဆိုင်နှင့် ရွှေကုန်သည်များက အခေါက်ရွှေအတုံး များကိုမူ အရောင်းပိတ်လိုက်ကြ ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်း သိရှိရ သည်။", "ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား ၃၈ သိန်း ၈ သောင်းကျပ်အထိ စျေးနှုန်းမြင့် တက်ခဲ့သော်လည်း ရွှေစျေးကွက်တွင် ရွှေဝယ်လိုသူအလွန်များပြားခဲ့ကြောင်း၊ သို့ရာတွင် ရွှေဆိုင်နှင့် ရွှေကုန်သည်များထံတွင် ပစ္စည်း ပြတ်လပ်သည်အထိ ရောင်းချပေးခဲ့ရ သော်လည်း ဝယ်ယူလိုသူများ ကြိတ်ကြိတ်တိုးသဖြင့် အရောင်းရပ်လိုက် ရကြောင်း သိရှိရသည်။", "“အရင်ဆိုရင် ရွှေစျေးတက်ရင် ရောင်းသူတွေက စျေးအမြင့်ရတယ်ဆိုပြီး ပြန်ရောင်းကြတာ။ အခုကတော့ ရွှေစျေးက စံချိန်တင် တက်နေလည်း ဝယ်သူပဲရှိတယ်။ ရောင်းသူဆိုတာ ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေကပဲ ရောင်း ပေးနေရတာ။ ရွှေဝယ်ထားတဲ့သူ၊ ရွှေဝယ်စုတဲ့သူတွေက ပြန်ထုတ် ရောင်းတာမျိုး မရှိဘူး။ အဲဒါကတော့ အတော်ထူးခြားတယ်။ ရွှေဝယ်တယ် ဆိုတာကလည်း မီးလင်းရွှေရော အထည်တွေရော ဝယ်နေကြတာ။ အဓိက ကျပ်ငွေ တန်ဖိုး ကျမှာကြောင့် ရွှေကို ဆက်တိုက် ဝယ်နေကြတာ။ ရွှေအထည် ကတော့ ဆိုင်တွေမှာ ဝယ်လို့ရပေမယ့် ရွှေတုံး အခေါက်ရွှေအတုံးကတော့ အရောင်းပိတ်ထားကြတယ်” ဟု ရန်ကုန်ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။", "လတ်တလော ကမ္ဘာ့ရွှေစျေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၈၈၉ အထိ စျေးနှုန်း အမြင်ဆုံး ထိုးကျနေသော်လည်း မြန်မာ့ ရွှေစျေးနှုန်းမှာမူ ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းကြောင့် အမြင့်ဆုံးကို စံချိန်တင် ထိုးတက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "လတ်တလော စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၈၃၀ ကျပ်နှင့် ရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်း နီးပါး စျေးပေါက် နေကာ စျေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိနေကြောင်း စျေးကွက် ကျွမ်းကျင်သူ ရွှေကုန်သည်နှင့်ဒေါ်လာ ဝယ်ရောင်းများက ခန့်မှန်းပြော ဆိုကြသည်။", "ဓာတ်ပုံ- ရန်ကုန်ရှိ အောင်သမာဓိရွှေဆိုင်တွင် ရွှေဝယ်ကြသူများ။ (ပုံအဟောင်း ဖြစ်ပါသည်။)"]
https://yktnews.com/2024/04/156145/
အခေါက်ရွှေစျေး ၄၈ သိန်း ၄ သောင်းဖြင့် စံချိန်ထပ်ချိုးပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၉၀၀ ကျပ်ကျော်သို့ ရောက်ရှိ
["အခေါက်ရွှေစျေး ၄၈ သိန်း ၄ သောင်းဖြင့် စံချိန်ထပ်ချိုးပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၉၀၀ ကျပ်ကျော်သို့ ရောက်ရှိ", "ရန်ကုန်၊ ဧပြီ ၁၀", "ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေစျေးသည် တစ်ကျပ်သားလျှင် ၄၈ သိန်း ၄ သောင်း (၄,၈၀၄,၀၀၀) ကျပ်သို့ ရောက်ရှိနေကြောင်း ရန်ကုန်ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၇ သိန်း ၄ သောင်းကျော်ဖြင့် စျေးဖွင့်ခဲ့ရာမှာ ညနေ ၃ နာရီဝန်းကျင်အချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၈ သိန်း ၄ သောင်းကျပ်သို့ စျေးတက်လာခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေ စျေးမြင့်တက်မှုနှင့်အတူ ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်းကြောင့်မြန်မာ့ ရွှေစျေး စံချိန်တင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "အမေရိကန်ဒေါ်လာမှာမူ တစ်ဒေါ်လာလျှင် ငွေကျပ် ၃၈၇၀ ကျပ်ဝန်းကျင်မှ ၃၉၂၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာကြောင်း၊ လက်ရှိတွင် အရွက်ဝယ်လိုအားများနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "“ရွှေကတော့ ကမ္ဘာ့စျေးတက်တာရော အရွက်စျေးတက်တာရောကြောင့် ဒီနေ့ အမြင့်ဆုံးရှိပါတယ်။ ကမ္ဘာ့စျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၇၃ ရှိပါတယ်။ ဒေါ်လာ အရွက်စျေးကလည်း ၃၉၀၀ ကျော်ရှိတယ်။ အဲဒါကြောင့် မြန်မာ့ရွှေစျေးလိုက်တက်တာ။ ကမ္ဘာ့စျေးစံချိန်တင်နေရင်တော့ မြန်မာ့စျေးက လိုက်တက်နေဦးမှာပါပဲ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2024/07/172671/
ပုဂ္ဂလိကဘဏ် ဂယက်ကြောင့် အမေရိကန် တစ်ဒေါ်လာလျှင် ၄၉၆၀ ကျပ်အထိရောက်ရှိပြီး အမှန်တကယ် ဝယ်ယူချိန် တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကျော်ပေးရ၊ ကျပ်ငွေတန်ဖိုး တဟုန်ထိုး ဆက်တိုက်ဆင်းနေ
["အခေါက်ရွှေစျေးမှာ ၅၉ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ယနေ့ သိန်း ၆၀ အထိ စံချိန်ချိုး မြင့်တက်မည်ဟုဆို", "ရန်ကုန်၊ ဇူလိုင် ၁၂", "ပြည်တွင်းပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက အရေးယူမှု၏ နောက်ဆက်တွဲ ဘဏ်များတွင် ငွေသားထုတ်ယူမှု အကန့်အသတ်များ ဖြစ်ပေါ်လာချိန် မြန်မာကျပ်ငွေတန်ဖိုးမှာ တဟုန်ထိုး ကျဆင်းလျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၄၉၆၀ ကျပ်သို့ ရောက်ရှိလာကြောင်း၊ သို့ရာတွင် အမှန်တကယ် ဝယ်ယူချိန်တွင် အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကျော်ပေးနေရကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁၀ ရက်နေ့ ပုဂ္ဂလိကဘဏ်ပိုင်ရှင်များကို နေပြည်တော်သို့ ခေါ်ယူပြီး ပုဂ္ဂလိက ဘဏ်များ၏ လတ်တလော စည်းကမ်းဖောက်ဖျက်မှုများသည် စစ်ကောင်စီ၏စီးပွားရေး မူဝါဒများကို ထိပါးလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်နေသည်ဟု ထုတ် ဖော်ပြောဆိုလာကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့်ဒါရိုက်တာများကို ဆက် လက် ဖမ်းဆီးထားခြင်း၊ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေများထုတ်မရဘဲ အကန့်အသတ်ဖြင့်သာ ဆက်လက် ထုတ်ပေးနေခြင်းတို့ကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍတစ်ခုလုံးတွင် ဂယက်ရိုက်မှုများ ပြင်းထန်နေကြောင်း၊ အဆိုပါဂယက်များကြောင့် ဒေါ်လာတန်ဖိုး တဟုန်ထိုးတက်ကာ မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက် ထိုးဆင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မနေ့ညပိုင်းအထိကို ဒေါ်လာနဲ့ထိုင်းဘတ် အဝယ် အရမ်းကိုတက်တာ။ ဒေါ်လာအရွက်က တကယ် လက်တွေ့ဝယ်ရင် တစ်ဒေါ်လာ ၅၀၀၀ စျေးရောက်သွားတယ်။ ဝယ်/ရောင်းက ကောက်တာက ၄၉၀၀ နဲ့ ကောက်နေတာ။ အဝယ်တွေချည်းပါပဲ။ ဒီတစ်ခေါက် ပုဂ္ဂလိကဘဏ်တွေရဲ့ ဂယက်က ရိုက်ခတ်မှု အရမ်းပြင်းတယ်။ စျေးကွက်ပေါက်စျေးက တစ်ဒေါ်လာကို ၄၉၆၀ ကျပ် လောက်ရောက်နေပြီ။ ဒီနေ့ တစ်ဒေါ်လာကို ၅၀၀၀ ကျော်စျေး ရောက်ရှိဖို့များပါတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ပြောဆိုသည်။", "မြန်မာကျပ်ငွေတန်ဖိုးသည် တန်ဖိုးမှာ ဆက်လက် ထိုးကျနေရာတွင် ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၃၇ အထိ စံချိန်တင်စျေးပေါက်နေကြောင်း သိရှိရသည်။", "လတ်တလော ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ ယမန်နေ့ ညနေပိုင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၉ သောင်းနှင့် ၅၉ သိန်းအကြား စျေးပိတ်ခဲ့ကြောင်း၊ အရောင်းအဝယ်အပိုင်းတွင်လည်း အဝယ်အလွန်များပြား နေကြောင်း၊ ယခုအခါ ကမ္ဘာ့ရွှေစျေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၂၆ အထိ ထိုးတက်ခဲ့သဖြင့် ဇူလိုင်လ ၁၂ ရက်နေ့ ရွှေစျေးနှုန်းမှာ စံချိန်တင် အခေါက်ရွှေတစ်ကျပ်သား သိန်း ၆၀ ကျော်သို့ ရောက် ရှိမည်ဖြစ်ကြောင်း ရွှေကုန်သည်များက ဆိုကြသည်။", "“ကမ္ဘာ့ရွှေစျေးက ဒေါ်လာ ၂၄၂၀ ကျော်ကို ထိုးတက်တယ်။ ပြည်တွင်းမှာ ဒေါ်လာတန်ဖိုးကလည်းတက်၊ ကမ္ဘာ့ရွှေစျေးကလည်း တက်နေတော့ ဒီနေ့ မီးလင်းရွှေက တစ်ကျပ်သားကို သိန်း ၆၀ ကျော်ဖို့ရှိတယ်။ အရောင်းအဝယ်အပိုင်းကတော့ အဝယ်များတယ်။ အရောင်းမရှိဘူး” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်ရှိ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေသားထုတ်မပေးနိုင်တော့ဘဲ ဘဏ်စာရင်းတစ်ခုလျှင် ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးနိုင်တော့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ – စံချိန်တင် တဟုန်ထိုး တန်ဖိုး ထိုးကျနေသော မြန်မာကျပ်ငွေများ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/06/107542/
အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၁ သိန်းကျော်လာချိန် မန္တလေးနှင့်ရန်ကုန်တွင် ရွှေဆိုင်နှင့် ရွှေကုန်သည်တချို့ကို စစ်တပ်က ဖမ်းဆီးတရားစွဲ
["အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၃၁ သိန်းကျော်လာချိန် မန္တလေးနှင့်ရန်ကုန်တွင် ရွှေဆိုင်နှင့် ရွှေကုန်သည်တချို့ကို စစ်တပ်က ဖမ်းဆီးတရားစွဲ", "ရန်ကုန်၊ ဇွန် ၁၄", "မြန်မာ့ရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၁ သိန်းကျော်လာချိန် မန္တလေးနှင့်ရန်ကုန်တွင် ရွှေဆိုင်နှင့် ရွှေကုန်သည်တချို့ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့မှ ၂ ရက်နေ့များတွင် မန္တလေးရှိ ရွှေဆိုင်များ၊အခေါက် ရွှေရောင်းချသည့် ဆိုင်တချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ဒေါ်လာနှင့်ငွေကြေးကစားခြင်း၊ တရားမဝင် ရွှေ တင်သွင်း၊ တင် ပို့ခြင်း လုပ်ငန်းများ လုပ်ကိုင်ခြင်းရှိသည်ဟုဆိုကာ ရွှေဆိုင်နှင့်ရွှေကုန် သည်တချို့ကို စစ်တပ်က ဖမ်းဆီး အရေးယူခဲ့ကြောင်း ၊ အလားတူ ရန်ကုန်တွင်လည်း ရွှေကုန်သည်တချို့ကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေးမှုများရှိနေပြီး ငွေကြေးခဝါချမှုနှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း သိရှိရသည်။", "ဖမ်းဆီးခံရသည့် ရွှေဆိုင်နှင့်ရွှေကုန်သည်တချို့ကို ဆက်လက်စစ်ဆေးနေပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အရေးယူသွားဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။", "စစ်ကောင်စီက ရွှေဆိုင်နှင့်ရွှေကုန်သည်တချို့ကို ဖမ်းဆီးတရားစွဲဆိုချိန်တွင် ၁၆ ပဲရည် မီးလင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၃၁ သိန်း ၃ သောင်း စျေးပေါက်လာကြောင်း ၊ အမေရိကန်ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ နီးပါး ရှိနေကြောင်း သိရှိရသည်။", "“ဒေါ်လာက အရွက်လိုက်ဝယ်ရင်တော့ ၃၀၀၀ နဲ့ ၃၁၀၀ အကြားမှာရှိတယ်။ ရွှေစျေးကွက်မှာတော့ တစ်ဒေါ်လာ ၂၉၇၈ ကျပ်နဲ့စျေးဖြတ်ပြီး ရွှေစျေးတွက်တယ်။ အရောင်းအဝယ်ကတော့ ရွှေစျေးကွက်မှာ အရောင်းပဲများတယ်။ အဝယ်နည်းတယ်။ ဒေါ်လာစျေး တက်လို့ ရွှေစျေးလိုက်တာ” ဟု ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/06/167616/
ပြည်တွင်းတွင် စီးပွားရေးလုပ်ရန် အလွန်ခက်ခဲလာပြီး ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းမည့် အခြေ အနေ များဖြစ်ပေါ်နေ
["အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်နှင့် အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ် စျေးတန်းဖွင့်", "ရန်ကုန်၊ ဇွန် ၁၄", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့ အခေါက်ရွှေတစ်ကျပ်သား ၅၅ သိန်းကျပ်ဝန်းကျင်၊ အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၅၀ ကျပ်ဝန်းကျင်တွင် စျေးတန်းရှိနေကြောင်း ရန်ကုန်ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလဲဒိုင်ထံမှ သိရှိရသည်။", "“ဒီမနက်ပိုင်းတော့ ကမ္ဘာ့ရွှေစျေးလည်း နည်းနည်းတက်တယ်။ ပြည်တွင်းရွှေစျေးကတော့ အရွက်စျေး ပြန်မာလာတာရယ်၊ ကမ္ဘာ့ရွှေစျေးလည်း မာနေတာရယ်ကြောင့် ကျရိပ်မမြင်ရဘူး။ အရောင်းအဝယ် တွေကတော့ ပြင်ပမှာ ပြန်ဖြစ်နေပြီ။ ကျပ်ငွေတန်ဖိုးကတော့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး Report ထွက်လာတော့ ကျပ်ငွေတန်ဖိုး ပြန်တက်ဖို့လမ်း မမြင်တော့ဘူး။ ကျပ်ငွေတန်ဖိုးက ဆက်ပြီး ကျဖို့ပဲရှိပါတယ်” ဟု ပြည်တွင်းရွှေကုန်သည်က ရှင်းပြသည်။", "လက်ရှိ စစ်ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များကို ငွေအထုတ်အသွင်း၊ ငွေလွှဲပြောင်းမှုများနှင့် ပတ်သက်၍ အထူးစိစစ်ရန် ညွှန်ကြားထားမှုများကြောင့် ကျပ်ငွေတန်ဖိုး ထပ်မံ ကျဆင်းရန် အခြေအနေများ မြင်နေရသည်ဟု ပုဂ္ဂလိကဘဏ်အသိုင်းအ၀ိုင်းက ဆိုကြသည်။", "ထို့ပြင် ပြည်တွင်းတွင် စစ်ကောင်စီ၏ ရမ်းကားမှုများကြောင့် စီးပွားရေး လုပ်ရန် မလွယ်ကူတော့ဘဲ စီးပွားရေးသမားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ငွေကြေးနှင့် ပိုင်ဆိုင်မှုများ လွှဲပြောင်းရန် ဆောင်ရွက်မှုများလည်း တွေ့မြင်လာရကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/08/178362/
အခေါက်ရွှေတစ်ကျပ်သား ၇၅ သိန်းဝန်းကျင်အထိ စံချိန်တင် စျေးတက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ရှိနေ
["အခေါက်ရွှေတစ်ကျပ်သား ၇၅ သိန်းဝန်းကျင်အထိ စံချိန်တင် စျေးတက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ရှိနေ", "ရန်ကုန်၊ ဩဂုတ် ၁၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၇၅ သိန်းဝန်းကျင်အထိစံချိန်တင် စျေးတက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ဝန်းကျင်စျေးရှိနေကြောင်း ပြည်တွင်းစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဩဂုတ်လ ၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာတန်ဖိုးများ ဆက်တိုက်မြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခဲ့ကြောင်း၊ ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် ရွှေစျေးနှုန်းပါလိုက်ပါ မြင့်တက်လာကြောင်း ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။", "“ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ဒေါ်လာ ၂၄၀၀ တစ်ပတ်ချာလည်မှာပဲရှိတယ်။ မြန်မာ့စျေးက စံချိန်တင်တာက အရွက်စျေး တက်သွားလို့။ ဒေါ်လာစျေးတက်လို့ ။ မနေ့က ရွှေစျေးတအားတက်တော့ ဒီနေ့ အဖမ်းအဆီးရှိမှာ​ ကြောက်တာရယ်၊ ရွှေအသင်းကလည်း အစည်းအဝေးခေါ်တော့ ကုန်သည်တွေတော့ နည်းနည်း ရှောင်ကြတယ်။ အရောင်းအဝယ် သိပ်မလုပ်ရဲဘူး။ ရွှေအသင်းစျေးနဲ့ပဲ စျေးမေးလာရင် ဖြေကြတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားတွင်မူ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၆၀၀၀ တွင် ဆက်လက် တည်ရှိနေပြီး လာမည့်ရုံးဖွင့်ရက် စျေးကွက် ပြန်လည် စတင်ချိန်တွင် ထပ်မံမြင့်တက်ဖွယ်ရှိနေကြောင်း၊ အဓိကအားဖြင့် ဒေါ်လာအဝယ်များ များပြားနေဆဲဖြစ်ကြောင်း စျေးကွက်အတွင်းမှ ကုန်သည်နှင့်ငွေလဲအေးဂျင့်များထံမှ စုံစမ်းသိရှိရသည်။"]
https://yktnews.com/2023/08/118753/
အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ နီးပါးရောက်ရှိပြီး အမေရိ ကန် တစ်ဒေါ်လာလျှင် ၃၉၀၀ ကျော်အထိ စံချိန်တင် ထပ်မံ စျေးမြင့် တက်
["အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ နီးပါးရောက်ရှိပြီး အမေရိ ကန် တစ်ဒေါ်လာလျှင် ၃၉၀၀ ကျော်အထိ စံချိန်တင် ထပ်မံ စျေးမြင့် တက်", "ထိုင်းတစ်ဘတ်လျှင် ငွေကျပ် ၁၀၉ ကျပ်ဝန်းကျင်စျေးပေါက်", "ရန်ကုန်၊ ဩဂုတ် ၁၈", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၄၀ နီးပါးရောက်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၃၉၀၀ ကျော်အထိ စံချိန်တင် ထပ်မံ စျေးမြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။", "ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၉ သိန်းခွဲ ပေါက်စျေးနှုန်းရှိပြီး လက်တွေ့ ဝယ်ယူမည်ဆိုပါက သိန်း ၄၀ အထိ စျေးပေး၍ ဝယ်ယူရကြောင်း၊ ရွှေဝယ်လိုအား ဆက်လက် မြင့်တက်နေဆဲဖြစ် ပြီး ရောင်းလိုအား အလွန်နည်းပါး ကြောင်း၊ မြန်မာ့ရွှေစျေးကွက်ရှိ ပေါက် စျေးနှုန်း များသည် ကမ္ဘာ့ရွှေစျေးကွက်၏ စျေးနှုန်းများနှင့် ဆန့်ကျင် ဘက်ဖြစ် နေကြောင်း သိရှိရသည်။", "“ပုံမှန် ဒေါ်လာစျေးငြိမ်ရင်တော့ ကမ္ဘာရွှေတက်ရင် မြန်မာရွှေလိုက်တက်၊ ကမ္ဘာ့ရွှေကျရင် မြန်မာ့ရွှေစျေးက လိုက်ကျတယ်။ အခုက ကမ္ဘာ့စျေးက အကျချည်းပဲ မြန်မာ့ရွှေစျေးက မကျဘူး။ မကျတာက အဓိက ဒေါ်လာစျေးက မငြိမ်ဘဲ ဆက်တိုက် နေ့တိုင်း စံချိန်တင်တက်နေလို့။ အခု ဒေါ်လာ ၃၉၁၀ လောက် ပေါက်လာတယ်။ ပြည်တွင်းမီးလင်းရွှေက ၃၉ သိန်းခွဲ၊ ကိုယ်ဝယ်မယ် ဆိုရင် စျေးပိုပေးဝယ်မှရမယ်။ တကယ်ဝယ်ရင်တော့ မီးလင်းရွှေက သိန်း ၄၀ လောက်ပေးဝယ်ရမယ်။ ရွှေဆိုင်တွေက ဝယ်စျေး၊ ရောင်းစျေး ဟထားလို့ပါ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "နိုင်ငံခြားငွေလဲလှယ်သည့်စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၉၀၀ ကျော်ဝန်းကျင်တွင် စျေးရှိနေပြီး ထိုင်းဘတ်ငွေမှာလည်း ဆက်လက် စံချိန်တင်မြင့်တက်နေကြောင်း၊ အဓိကအားဖြင့် ပြည်တွင်း ဝယ်လိုအား မြင့် တက်နေခြင်းကြောင့် ပစ္စည်းပြတ်လပ်နေသဖြင့် စျေးနှုန်းများ ဆက်တိုက် အတက် ပိုင်းတွင် ရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဘာလို့ စျေးတွေ တက်နေတာလဲ ပြောရရင် ဝယ်လိုအားများနေတာပဲ။ အဝယ် ချည်းပဲ။ ဝယ်မယ့်သူရှိသလောက် ပစ္စည်းမရှိဘူး” ဟု ရန်ကုန်၊ ဗိုလ်တ ထောင်မြို့ နယ်မှ ဒေါ်လာဝယ်ရောင်း စီးပွားရေးသမားတစ်ဦးကဆိုသည်။", "လက်ရှိစျေးကွက်တွင် ထိုင်းငွေ တစ်ဘတ်လျှင် ငွေကျပ် ၁၀၉ ကျပ်ဝန်းကျင် စျေးရှိနေကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ရွှေနှင့်ဒေါ်လာ စျေးကစားသည်ဟုဆိုကာ အဖမ်း အဆီးများ လုပ်ဆောင်၍ ဥပဒေအရ အရေးယူမည်ဟု ကြေညာထား သည့် အတွက် ပြည်တွင်းတွင် ပုံမှန်စျေးကွက်များတွင် အရောင်းအဝယ် မရှိကြ ဘဲ ဖုန်းဖြင့် ချိတ်ဆက်၍ စျေးကွက် ပြင်ပသာ အရောင်းအဝယ် လုပ်နေ ကြ ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- တန်ဖိုး တရှိန်ထိုးကျနေသော မြန်မာကျပ်ငွေ။"]
https://yktnews.com/2024/04/155802/
အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်းအထိ စံချိန်တင်မြင့်တက်လာသော် လည်း စစ်တပ်က ပြဿနာရှာ ဖမ်းဆီးနေသဖြင့် စျေးကွက်တွင် ရွှေကုန်သည်များ တိမ်းရှောင်နေရ
["အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၆ သိန်းအထိ စံချိန်တင်မြင့်တက်လာသော် လည်း စစ်တပ်က ပြဿနာရှာ ဖမ်းဆီးနေသဖြင့် စျေးကွက်တွင် ရွှေကုန်သည်များ တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၈", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၆ သိန်းအထိ စံချိန်တင် ထိုးတက်သွားကြောင်း ပြည်တွင်းရွှေကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဧပြီလ ၈ ရက်နေ့ ညနေပိုင်းတွင် မီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၆ သိန်းအထိ စံချိန်တင်မြင့်တက်သွားရခြင်းမှာ ကမ္ဘာ့ရွှေစျေး စံချိန်တင်ထိုးတက်နေခြင်းကြောင့်အဓိကဖြစ်ပြီး မြန်မာ့ရွှေစျေးမှာ စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုများကြောင့် အလွန်အမင်းထိုးတက်ခြင်းမရှိကြောင်း၊ စစ်တပ်နှင့်စသုံးလုံးက ဖမ်းဆီးမှုများ လုပ်ဆောင်နေသဖြင့် ရွှေကုန်သည်တချို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ကမ္ဘာ့ရွှေစျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၄၈ အထိ ထိုးတက်နေတယ်။ မြန်မာ့ရွှေစျေးက အများကြီး ထိုးမတက်နိုင်ဘူး။ အရွက်စျေးလည်း ငြိမ်နေတယ်။ အဓိက စစ်တပ်နဲ့ စသုံးလုံးက လိုက်ဖမ်းနေတာကြောင့် စျေးမတက်နိုင်တာ။ အရောင်းအဝယ်ကလည်း မီးလင်းရွှေကို အရောင်းအဝယ်မလုပ်ရဲကြဘူး။ ရွှေကုန်သည်တွေ တချို့ တိမ်းရှောင်နေရတယ်။ ခင်ဗျားတို့လည်း ကြားမှာပေါ့ ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်တဲ့ ဖိုတွေ အရေးယူခံနေရတာ။ အခု ရွှေစျေး ၄၆ သိန်းဆိုတာက တကယ်ဆိုရင် သိန်း ၅၀ အထိက အသာလေး တက်မယ့် အခြေအနေ။ စစ်တပ်က စျေးကွက်ကို ဝင်ပြီး ထိန်းချုပ်ထားလို့ ကုန်သည်တွေ လန့်ပြီး ပြေးနေရတော့ အရောင်းအဝယ်တွေက ရပ်သလောက်ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။", "လတ်တလော ရွှေဆိုင်များတွင်လည်း ရွှေအရောင်းအဝယ်လုပ်ရာတွင် အခြေအနေကို ကြည့်၍ အရောင်းအဝယ်လုပ်နေရပြီး နီးစပ်သော စသုံးလုံးနှင့် စစ်တပ်ကို လာဘ်ငွေပေး၍ အရေးယူခံရမှုမှ ကင်းလွတ်ရေး လုပ်ဆောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204019/
အခြေခံ စစ်ပညာ သင်တန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများ စစ်မှု ထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်မှုထမ်းရမည်
["အခြေခံ စစ်ပညာ သင်တန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားများ စစ်မှု ထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ တိုက်ရိုက်ဝင်ရောက် စစ်မှုထမ်းရမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "အကြမ်းဖက် စစ်ကောင်စီက စစ်သင်တန်းပေးနေသည့် တက္ကသိုလ်ကျောင်း သား များအနေဖြင့် စစ်မှုထမ်းရန် အလှည့်ကျလျှင် စစ်တပ်ထဲသို့ ဝင်ရောက် စစ်မှုထမ်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်တိုက်ရိုက်ပတ်သက်နေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံ စစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်း သားကျောင်းသူနှင့် ဆရာ၊ ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေးနေရာတွင် ယင်းသင်တန်းသို့ တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသားအနေဖြင့် စစ်မှုထမ်းရန် အလှည့်ကျပါက စစ်မှုထမ်းသင် တန်း တက်ရန်မလိုဘဲ တိုက်ရိုက်စစ်တပ်ထဲတွင် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုမထမ်းလိုသေးပါက ယာယီအားဖြင့် ရွှေ့ဆိုင်းခွင့် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။", "” စစ်မှုထမ်းအလှည့်ကျလာရင်တော့ တက္ကသိုလ်ကျောင်းသားပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် ဆင့်ခေါ်ခံရမှာဖြစ်ပါတယ်။ အခုမြို့နယ်ကနေ စစ်မှုထမ်းစာရင်းထဲကနေ အလှည့်ကျ သတ်မှတ်ပြီး ခေါ်နေတာပါ။ တက္ကသိုလ်ကျောင်းသားတွေနဲ့ အလုပ် သမားတွေက ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းကာလ ရွှေ့ဆိုင်းခွင့် လျှောက်ထားရင်တော့ မြို့နယ်က အတည် ပြု ပြီး ရွှေ့ဆိုင်းခွင့်ပြုပေးတာရှိပါတယ်။ အခု တက္ကသိုလ်လေ့ကျင့်ရေးတပ်ရဲ့ စစ်သင်တန်းတက်ရောက်နေတဲ့ တက္ကသိုလ်ကျောင်း သားတွေအနေနဲ့ကတော့ စစ်မှုထမ်းဖို့ အလှည့်ကျလာရင်တော့ စစ်မှုထမ်းသင်တန်းတက်စရာမလိုတော့ဘဲ တိုက်ရိုက် တပ်မတော်မှာ အမှုထမ်းရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ဆီမှာ တာဝန်ထမ်းဆောင်ရုံပဲ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့်တိုက်ရိုက်ဆက်ဆံနေရသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က စစ်သင်တန်းများ ဖွင့်လှစ်ပို့ချနေရာတွင် ချက်ချင်း စစ်မှုထမ်းရန် မလိုအပ်ဟုဆိုကာ စစ်တပ်က ပြောဆိုစည်းရုံး စစ်သင်တန်းတက်ခိုင်းခဲ့ခြင်ဖြစ်ကြောင်း သင်တန်းတက်ရောက်နေသော တက္ကသိုလ်ကျောင်းသားတချို့က ဆိုကြသည်။", "အခြေခံစစ်ပညာသင်တန်း တက်ရောက်နေသည့် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည် စစ်တပ် ၏ အရန်တက္ကသိုလ် လေ့ ကျင့်ရေးတပ်ဖွဲ့ဝင်များအဖြစ်လည်း သတ်မှတ်ခံရမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်များအနေဖြင့် ပုံမှန် စစ်မှု ထမ်းရန် အလှည့်မကျသည့်တိုင် စစ်တပ်က အချိန်မရွေး တိုက်ရိုက် ခေါ်ယူစစ်မှုထမ်းခိုင်းနိုင်ကြောင်း သိရှိရသည်။", "“တပ်မတော်ရဲ့ အရန်အင်အားထဲမှာ စစ်မှုထမ်းဟောင်းတွေပါတယ်။ ဖောင်ကြီးတက်ရောက်ပြီးသား အစိုးရအရာရှိတွေပါတယ်။ တက္ကသိုလ် လေ့ကျင့်ရေးတပ်တွေပါတယ်။ အရန်အင်အားတပ်ဆိုတာက အချိန်မရွေး တပ်မတော်က အလိုရှိရင် တိုက်ပွဲဝင်ဖို့ ခေါ်ယူလို့ရတယ်။ ဒါက သက်ဆိုင်ရာ တပ်မတော်အက်ဥပဒေတွေမှာလည်း ပြဋ္ဌာန်းထားပြီးသားဖြစ်ပါတယ်” ဟု စစ်မှုထမ်း ဟောင်းအရာရှိတစ်ဦးက ရှင်းပြသည်။", "တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီ က လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်ပြီး အခြေခံပညာကျောင်းများတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မိတ်ဆက်သင်ကြားခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။"]
https://yktnews.com/2023/11/132912/
အခွန်မဆောင်သူများ ပြားလွန်း၍ ဝန်ကြီးဌာနတိုင်း အခွန်ကောက်ခံပေးရန် မင်းအောင်လှိုင် လျှို့ဝှက် ညွှန်ကြား
["အခွန်မဆောင်သူများ ပြားလွန်း၍ ဝန်ကြီးဌာနတိုင်း အခွန်ကောက်ခံပေးရန် မင်းအောင်လှိုင် လျှို့ဝှက် ညွှန်ကြား", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "အကြမ်းဖက်စစ်ခေါင်းဆောင်က အခွန်မဆောင်သူ များပြားလွန်းနေ၍ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာန အခွန်အပြည့်အ၀ ရရှိစေရေး ကောက်ခံပေးရန် လျှို့ဝှက် ညွှန်ကြား လိုက်ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးအမှတ်စဉ် ၆ / ၂၀၂၃ တွင် မင်းအောင်လှိုင်က “အစိုးရတစ်ရပ်အနေဖြင့် အခွန်ပေါ်မူတည်ပြီး လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် တာဝန်ရှိသည့် ပြည်ထောင်စုဝန်ကြီးဌာနများက အခွန်ကို ဖိဖိစီးစီးနှင့် အပြည့်အ၀ ရရှိအောင် ကောက်ခံပေးရန် ညွှန်ကြားကြောင်း သိရှိရသည်။", "“အခွန်ကိစ္စဆိုတာက ဝန်ကြီးဌာနတိုင်းမှာ တာဝန်ရှိတယ်။ အခွန်ဌာနပဲ တာဝန်ရှိတာမဟုတ်ဘူး။ အခွန်တွေ ရအောင် ကောက်ပေးကြဖို့ ညွှန်ကြားတာပါ။ ဝန်ကြီးဌာနတိုင်းကို ညွှန်ကြားတာ။ အခု အခွန်တွေမရလို့ အခက်အခဲ အရမ်းဖြစ်နေတယ်။ ဒါကို ပြေလည်အောင်လုပ်ဖို့ ဝန်ကြီးဌာနတိုင်းက အခွန်ကောက်ပေးဖို့ ညွှန်ကြားချက်ထုတ်တယ်။ ညွှန်ကြားတာကတော့ ဝန်ကြီး ဌာနတိုင်းကို နစက ဥက္ကဋ္ဌ ကနေ လျှို့ဝှက် ညွှန်ကြားပါတယ်” ဟု နေပြည် တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဖရဲသီးသတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခွန်မဆောင်သူများကို ပြစ်ဒဏ်ပေးခြင်းဖြင့် အခွန်များ ဆောင်လာစေရေး လုပ်ဆောင်ရန်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် အခွန်ရရှိရေးအတွက် ဥပဒေအပြင် အခြား နည်းလမ်းပေါင်းစုံ အသုံးပြုရန် လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126425/
အင်အားကြီးလာသော တော်လှန်ရေး တပ်ဖွဲ့များကို တန်ပြန်ပြောက် ကျားစနစ်ဖြင့် အရှင်မထားဘဲ သုတ်သင်ပြီး အသက် ၆ နှစ်အတွင်းရှိ ကလေးများ၊ ရူးပေါနေသူများ၊ PDF ကို စိတ်နာနေသူများကို သတင်းပေး အဖြစ် အသုံးပြုရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား
["အင်အားကြီးလာသော တော်လှန်ရေး တပ်ဖွဲ့များကို တန်ပြန်ပြောက် ကျားစနစ်ဖြင့် အရှင်မထားဘဲ သုတ်သင်ပြီး အသက် ၆ နှစ်အတွင်းရှိ ကလေးများ၊ ရူးပေါနေသူများ၊ PDF ကို စိတ်နာနေသူများကို သတင်းပေး အဖြစ် အသုံးပြုရန် စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြား", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရမိသည့် PDF မှန်သမျှ အရှင်မထားဘဲ သုတ်သင်ပြီး အသက် ၆ နှစ်အတွင်းရှိ ကလေးများ၊ ရူးပေါနေသူများ၊ PDF ကို စိတ်နာနေသူများကို သတင်းပေး အဖြစ် အသုံးပြုရမည့် တန်ပြန်ပြောက်ကျားစနစ် ကျင့်သုံးရန် လျှို့ဝှက်ညွှန်ကြားထားကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော လျှို့ဝှက် ညွှန်ကြားစာအရ သိရှိရသည်။", "PDF များက ပြည်သူလူထုကို အခြေပြုထားသော ပြောက်ကျားစစ်ဆင်ရေးကို အသုံးပြုနေသည့်အတွက် စစ်ကောင်စီတပ်က တန်ပြန် ပြောက်ကျားစစ်ဆင်ရေးကို ကျင့်သုံးရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ တပ်မများနှင့် တပ်ရင်း၊ တပ်ဖွဲ့များကို ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။", "တန်ပြန်ပြောက်ကျားစစ်ဆင်ရေးသည် အင်အားကြီး မားသော တစ်ဖက်တပ်ဖွဲ့များ၏ စစ်ဆင်မှုကို တားဆီးနှောင့်ယှက်ရန်၊ လျှို့ဝှက် ဖျက်ဆီးရန်၊ နှေင့်နှေးစေရန်၊ ကွပ်ကဲဆက်သွယ်မှုစနစ်ကို ဖျက်ဆီးရန်၊ သတင်းရယူရန်၊ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ရန်၊ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းနှင့် အဆောက်အဦးများကို ဖျက်ဆီးရန်၊ ရည်ရွယ်ထားသော တိုက်စစ်ဆင်မှုအတွက် ရှေ့ပြေး စမ်းသပ်တိုက်ခိုက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လျှို့ဝှက် ညွှန်ကြားချက်တွင် ရေးသားထားသည်။", "ပြောက်ကျားစနစ်သည် ပစ်၊ ပြေး ဟူသော အချက်အပေါ် အခြေခံထားကြောင်း၊ တန်ပြန်ပြောက်ကျားစနစ်သည် နည်းဗျူဟာဖြင့် တိုက်ခိုက်နေသော ရန်သူကို စနစ်တကျ ဖွဲ့စည်းထားသော လေ့ကျင့်သား ပြည့်၀သည့် တပ်ဖွဲ့တစ်ခုက ကြံ့ခိုင်သည့် စိတ်ဒာတ်၊ မှန်ကန်သော ကွပ်ကဲခေါင်းမှုတို့ဖြင့် အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသည့် စစ်နည်းဗျူဟာပင်ဖြစ်ကြောင်း ရှင်းလင်းထားသည်။", "စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် ပြောက်ကျားနည်းစနစ် နည်းဗျူဟာကို အကောင်အထည်ဖော်ရမည့် အသေးစိတ် နည်းလမ်းများကို ညွှန်ကြားထားသည်။", "လက်ရှိတွင် စစ်ကောင်စီက တန်ပြန်ပြောက်ကျားစနစ် အဖြစ် အထူးတပ်များဖြင့် ချေမှုန်းနည်း၊ သက်နှက်သွင်းနည်း၊ မုန်တိုင်းတပ်ဖြင့် တိုက်ခိုက်ချေမှုန်းခြင်းဖြင့် PDF စခန်းများကို ဝင်ရောက်စီးနင်းပြီး PDF မှန်သမျှကို သုတ်သင်နေကြောင်း စစ်တပ် သတင်းရင်းမြစ်က ဆိုသည်။", "ထို့ပြင် ကြွက်ထောင်ချောက်နည်း ဟုခေါ်ဆိုသော ရန်သူကို ကုန်နှင့်လူမပါသော ကားခွံ့များ၊ ရိက္ခာစခန်းငယ်များ၊ ကျည်ဆန်များ မရှိတော့သည့် ကျည်ဆန်ပုံများ၊အမြောက်ဆံပုံးများကို မျှားထားသော ကျည်သိုလှောင်စခန်း ငယ်များ၊ ဓာတ်ဆီ သိုလှောင် ဌာနငယ် အစရှိသည့် နေရာများကို အစောင့်အရှောက်နည်းနည်းထားပြီး ကြွက်ထောင်ချောက် အသုံးပြုနိုင်ကြောင်း၊ အဆိုပါစခန်းများကို ရန်သူက လာရောက် မတိုက်မီ စစ်တပ်များကို တိုက်ပွဲဖြစ်ပွားမည့်နေရာ အနှံ့အပြားသို့ စိမ့်ဝင် နေရာယူထားပြီး လာရောက်တိုက်ခိုက်ချိန်၊ ရန်သူက တိုက်အားအရှိန်လျှော့သွား သောအခါ စိမ့်ဝင်ထားသော တပ်များက ၀ိုင်းဝန်းတိုက်ခိုက် ချေမှုန်းမည့် နည်းလမ်းကိုလည်း အသုံးပြုနေကြောင်း သိရှိရသည်။", "လက်ရှိအခြေအနေများအရ စစ်ကောင်စီတပ်က မြူဆွယ်တိုက်နည်း၊ အလစ်အငိုက်ဖမ်းတိုက်နည်းများကို လည်း ကျင့်သုံးနေကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ဆင်ရေးအတွက် သတင်းထောက်လှမ်းရာတွင် အသက် ၆ နှစ်အတွင်း ကလေးငယ်များကို မုန့်ကစားစရာ၊ ပိုက်ဆံများပေး၍ လည်းကောင်း၊ မြှောက်ပင့်ချော့မော့၍ လည်းကောင်း သတင်းရယူရန်၊ ရူးပေါသူများကို မြှောက်ပင့်ချော့မော့၍ လည်းကောင်း၊ ပေးကမ်းကျွေးမွေးခြင်းဖြင့်လည်းကောင်း၊ သတင်းရယူရန်၊ တစ်ဖက် PDF အပေါ် စိတ်နာကျဉ်းနေသူများကို စုံစမ်းရှာဖွေ ရင်းနှီးအောင် ပေါင်းကာ ၎င်းတို့မှတစ်ဆင့် သတင်းရယူရန် ဖြစ်ကြောင်း၊ သတင်းရယူသည့် သတင်းရင်းမြစ်များကို ရေရှည် အသုံးချရမည်ဖြစ်ကြောင်း လျှို့ဝှက် ညွှန်ကြားထားသည်။"]
https://yktnews.com/2023/04/99043/
အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင် ဗုံးဖောက်ခွဲပြီး စစ်ကောင်စီတပ်သားများ လာ စစ်ဆေးချိန် ဗုံးများ ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်မှု စစ်သားနှင့်ရဲများ သေဆုံး မှု များပြားနိုင်
["အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင် ဗုံးဖောက်ခွဲပြီး စစ်ကောင်စီတပ်သားများ လာ စစ်ဆေးချိန် ဗုံးများ ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်မှု စစ်သားနှင့်ရဲများ သေဆုံး မှု များပြားနိုင်", "ယနေ့နံနက် ၁ နာရီ ၅၅ မိနစ်အချိန် အင်းစိန်တွင် ပေါက်ကွဲမှု အကြီးကျယ် ထပ်ဖြစ်", "ရန်ကုန်၊ ဧပြီ ၂၄", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင် ဗုံး ၂ လုံးဖောက်ခွဲပြီး စစ်ကောင်စီတပ်သားများ လာစစ်ဆေးချိန် ဗုံးများ ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်မှု စစ်သားနှင့်ရဲများ သေဆုံးမှုများပြားနိုင်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။", "ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၂ မိနစ်တွင် တစ်ကြိမ်၊ ည ၁၀ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် အင်းစိန် CID တပ်ဖွဲ့ရုံးအနီးတွင်မိုင်း ၂ လုံးဖောက်ခွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ လာရောက်စစ်ဆေးချိန် ည ၁၁ နာရီ ၄၂ မိနစ်တွင် ထပ်မံ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိ သေဆုံးနိုင်ကြောင်း သိရပါသည်။", "” ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်ကျော်ခန့်က အင်းစိန်မြို့နယ်၊ CID ရုံးနှင့် အင်းစိန်ရွာမ ရဲခန်းကြား၌ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ ပထမ ပေါက်ကွဲမှုမှာည ၁၀ နာရီ မိနစ် ၄၂ မိနစ်အချိန် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၅ မိနစ်အကြာ ည ၁၀ နာရီ ၄၇ မိနစ်အချိန်မှာ ဒုတိယ အကြိမ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးတဝိုက်သို့ စစ်ကား Double Cub အပါအဝင် စစ်သား အင်အားအများအပြားနဲ့ ရောက်ချလာပြီး CID ရုံး (ရုံးနီ) ရှေ့က လမ်းကိုပိတ်ချလိုက်ကာ ခွေးအင်အားအများအပြားဖြင့် ရှာဖွေမှုများပြုလုပ်ခဲ့ပါတယ်။ ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရှာဖွေ စစ်ဆေး မှတ်တမ်း ယူမှုများ ပြုလုပ်နေချိန်အတွင်း ည ၁၁ နာရီ ၄၂ မိနစ်၌ ပေါက်ကွဲမှု နှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ လွင့်စင်မှုများ ဖြစ်ပွားခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာများ ရရှိကြခဲ့ပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။", "ဗုံးပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားနေချိန်အတွင်း သေနတ်ပစ်ဖောက်မှု အချက် ရေ ၅၀ နီးပါးခန့် စစ်ကောင်စီက ပစ်ခတ်ခြောက်လှန့်ခဲ့ကြောင်း၊ စစ်သားများ သေဆုံးထိခိုက်မှုဖြစ်စဉ်ကို စစ်ကောင်စီက သတင်းဖုံးရန် ကြိုးပမ်းနေပြီး တပ်တွင်း၌ သတင်းထိန်းရန် ဖန်တီးနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ် များက ဆိုသည်။", "ထို့ပြင် ဧပြီလ ၂၄ ရက်နေ့ နံနက် ၁ နာရီ ၅၅ မိနစ်အချိန် အင်းစိန်တွင် နောက် ထပ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/99040/
အင်းစိန် CID မှုခင်းတပ်ဖွဲ့ ရုံးနှင့် ရွာမရဲစခန်းအနီးတွင် ဗုံး ၆ လုံး ဆက်တိုက် ပေါက်ကွဲ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် မြောက်ဒဂုံတို့တွင်လည်း ဗုံး များပေါက်ကွဲ
["အင်းစိန် CID မှုခင်းတပ်ဖွဲ့ ရုံးနှင့် ရွာမရဲစခန်းအနီးတွင် ဗုံး ၆ လုံး ဆက်တိုက် ပေါက်ကွဲ၊ မြောက်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် မြောက်ဒဂုံတို့တွင်လည်း ဗုံး များပေါက်ကွဲ", "ရန်ကုန်၊ ဧပြီ ၂၄", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ CID မှုခင်းတပ်ဖွဲရုံးနှင့် ရွာမ ရဲစခန်းအနီးတို့တွင် ယနေ့ ညပိုင်း ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၄၇ မိနစ်အချိန် အင်းစိန်မြို့နယ်၊ CID မှုခင်း တပ် ဖွဲ့ရုံးနှင့် ရွာမရဲစခန်းအနီးတွင် ဗုံး ၂ လုံးဆက်တိုက်ပေါက် ကွဲခဲ့ ကြောင်း၊ ယင်းနောက်ည ၁၁ နာရီ ၄၂ မိနစ်တွင်လည်း ဗုံး ၄ လုံး ထပ်မံ ပေါက်ကွဲခဲ့ ကြောင်း သိရှိရသည်။", "“ပထမည ၁၀ နာရီ ၄၀ ကျော်အချိန်မှာ ဗုံး၂လုံးပေါက်တယ်။ ပထမအသံက နည်းနည်းကျယ်တယ်။ နောက်အသံကတိုးတယ်။ နောက်ထပ် ပေါက်တာက ည ၁၁ နာရီ ၄၀ လောက်မှာ အသံကို အရမ်းကို ကျယ်တာ။ အိမ်တွေပါ တုန် တယ်။ ရဲတွေ စစ်ကားတွေတော့ သွားလာတာ မြင်ရတယ်။ ပေါက်ကွဲသံ အားလုံးက ပထမရော ဒုတိယပါ ၆ ချက်ရှိတယ်” ဟု အင်းစိန်ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ မြောက်ဥက္ကလာပမြို့နယ်တွင်လည်း ယနေ့ ည ၁၀ နာရီ ၄၇ မိနစ် ဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲသံများ ကြားရကြောင်း မြောက် ဥက္ကလာပ မြို့နယ် အ၀ိုင်းအနီးနေထိုင်သူတစ်ဦးက ပြောသည်။", "ထို့ပြင် ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၀၅ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့ နယ် တွင် လည်းကောင်း၊ မြောက်ဒဂုံမြို့နယ်၊ ၄၆ ရပ်ကွက်တွင် ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ CID မှုခင်းတပ်ဖွဲ့ရုံး။"]
https://yktnews.com/2024/11/191534/
အင်းစိန် အောက်မင်္ဂလာဒုံလမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖောက်ခွဲ တိုက်ခိုက်
["အင်းစိန် အောက်မင်္ဂလာဒုံလမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း DARK SHADOW အဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အချိန် အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံ လမ်းပိုင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ Dark Shadow အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုသည် ကရင်နီပြည်၏ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) တွင် ပါဝင်ဆင်နွှဲနေသော တော်လှန်ရေး အင်အားစုများကို ဂုဏ်ပြုသည့်အနေဖြင့် Dark Shadow အဖွဲ့သားများက မြို့ပြတွင်လည်း အာဏာရှင် အမြစ်ပြတ်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်နေကြောင်း ပြသသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ပစ်မှတ်များကိုလည်း ဆက်တိုက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ ရဲများ ၊ စစ်သားများနှင့် ပျူ စောထီးများ၊ အရပ်ဝတ်စစ်ခွေးများ စုဝေးရာ နေရာများကို သွားလာခြင်း မပြုလုပ်ရန် DARK SHADOW အဖွဲ့က သတိပေးသည်။", "ဓာတ်ပုံ- မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို လုံခြုံရေး အတားအဆီးများ လုပ်ထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/12/135114/
အင်းစိန်ကမ်းနားမှ ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန် ကြည့်မြင်တိုင်တွင် ဓားခုတ်ခံရပြီး သေဆုံး
["အင်းစိန်ကမ်းနားမှ ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန် ကြည့်မြင်တိုင်တွင် ဓားခုတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ရန်ကုန်တိုင်း၊ အင်းစိန်ကမ်းနားမှ ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန်သည် ကြည့်မြင်တိုင်မြို့နယ်တွင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်တွင် အင်းစိန်မှ ပျူစောထီးခေါင်းဆောင် လူမိုက်ကျော်ဝင်းစိန်သည် ကြည့်မြင်တိုင်မြို့နယ်တွင် ဓားခုတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်း လူမိုက်ကျော်ဝင်းစိန်၏ နေအိမ်ဖြစ်သော အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ ပတ္တမြားရပ်ကွက်တွင် သက်ပျောက်ဆွမ်းကပ်ရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။", "“အင်းစိန်လူမိုက်ကျော်ဝင်းစိန် ညက ‌ကြည့်မြင်တိုင်မှာ ဓားခုတ်ခံရပြီး သေသွားခဲ့ပြီ လို့သိရပါတယ်။ အင်းစိန်မြို့နယ်ကမ်းနားအလယ်ရပ်ကွက်၊ ပတ္တမြားလမ်း သူ့နေအိမ်မှာသက်ပျောက်ဆွမ်းကပ်ဖို့လုပ်နေပြီ။ ရင်ဘတ်ကို ဓားခုတ်ပြီး ထိုးသွားတာလို့ ပြောတယ်။ ကျော်ဝင်းစိန်ရဲ့လူတစ်ယောက်က ကြည့်မြင်တိုင်ကလူမိုက်ငမျိုးတပည့်တစ်ယောက်နဲ့ ငွေကြေးအရှုပ်ရှင်းပြဿနာဖြစ်တယ်။ ကြည့်မြင်တိုင်လူမိုက်တွေ အင်းစိန်ကမ်းနားဆင်းလာပြီးတော့ ပြဿနာရှင်းကြတယ်။ ရှင်းပြီးပြန်သွားတော့ ကျော်ဝင်းစိန်ကမကျေနပ်လို့ သူ့လူလေးယောက်ခေါ်ပြီး သွားဖြဲတာဟိုဘက်ကကျော်ဝင်းစိန်တယောက်တည်းကိုဝိုင်းခုတ်သတ်လိုက်တယ်။ ကျန်တဲ့လူတွေကိုတော့ပြန်လွှတ်လိုက်တယ်လို့သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်ုတိုင်း၊ အင်းစိန်မြို့နယ်တွင်၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုများဖြင့် ထောင်ဒဏ် ၇၀ နှစ်ကျော် ကျခံနေရသည့် အင်းစိန်လူမိုက် မူးယစ်ရာဇာ ကျော်ဝင်းစိန်နှင့်အဖွဲ့ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ထောင်မှ ပြန်လွှတ်ပေးပြီး ပျူစောထီးများအဖြစ် စစ်တပ်နှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်ခိုင်းထားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "အင်းစိန်လူမိုက် ကျော်ဝင်းစိန်နှင့် ညီဖြစ်သူ ကျင်ဟုတ်တို့သည် စစ်ကောင်စီလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်တပ်၏ လက်ကိုင်တုတ် ပျူစောထီးများဖြစ်လာကြောင်း၊ အင်းစိန် ကမ်းနားအလယ်၊ အောင်ဇေယျာအိမ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးမြင့်၊ ရာအိမ်မှူး ပိုကြီးတို့နှင့်အတူ ပြည်သူများကို ညှဉ်းပန်းနှိပ်စက် လျက်ရှိကြောင်း၊ နိုင်ငံရေးလုပ်သူ၊ စစ်တပ်ဆန့်ကျင်သူများကို မိသားစု အလိုက် သတ်ဖြတ်မည်ဟု လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။", "လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် ဆက်ကြေးကောက်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုများကို စစ်တပ်၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်၍ ငွေကြေးချမ်းသာလာခဲ့ကြကြောင်း သိရှိရသည်။", "အင်းစိန်၊ ကမ်းနားဘက်တွင် လူမိုက် ကျော်ဝင်းစိန်၊ ကျင်ဟုတ် တပည့်များကို စစ်တပ်က လက်နက် တပ်ဆင်ထားပြီး ညအချိန် ခေမာတောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ပတ္တမြားရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ခြင်း၊ ဧည့်စာရင်းမတိုင်ပါက အိမ်သားအားလုံးကို ရိုက်နှက်ပြီး အဖိုးတန်ပစ္စည်းများလုယူခြင်း၊ ငွေကြေးတောင်းခြင်းများ လုပ်ဆောင်ကြောင်း၊ အင်းစိန်အောင်ဇေယျတံတားနှင့် လျှပ်စစ်မီတာရုံးတွင် ကျော်ဝင်းစိန်လူမိုက်အဖွဲ့နှင့် စစ်တပ်က ပူး‌ပေါင်းလုံခြုံရေးယူခဲ့ကြကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် အင်းစိန်မြို့နယ်မှ ပြည်သူတချို့ကို စစ်တပ်နှင့် လူမိုက်ကျော်ဝင်းစိန်အဖွဲ့ကဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးခံရသည့် ပြည်သူတချို့သတင်းအစအနမရရှိဘဲ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။", "လူမိုက်ကျော်ဝင်းစိန်ကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် တွံတေးတွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ ဖြင့် အရွေးခိုင်းခဲ့မှု၊ လုယက်မှု များ ကျူး လွန်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ပင် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်တရားရုံးများက လုယက်မှု၊ ဓားပြမှုများ၊ မူးယစ်မှုများဖြင့် ထောင် ဒဏ် ၆၅ နှစ်၊ ၃ လ ချမှတ်ခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။", "လူမိုက်ကျော်ဝင်းစိန်သည် ထောင်ဒဏ်ကျခံနေရချိန် မုပ္ပလင်ကျောက် ထုတ် လုပ်ရေး စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်ကျော် ထပ်မံ ချမှတ်ခံရသဖြင့် နှစ်ပေါင်းထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည် လွတ် မြောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150925/
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ခြေကျင်းဒေါက်ခတ်ပြီး ၃ လကြာ သည်အထိ တိုက်ပိတ်ထား
["အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ခြေကျင်းဒေါက်ခတ်ပြီး ၃ လကြာ သည်အထိ တိုက်ပိတ်ထား", "ရန်ကုန်၊ မတ် ၁၆", "ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို ခြေကျင်း ဒေါက် ခတ်ပြီး ၃ လကြာသည်အထိ တိုက်ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ၈၈ မျိုးဆက်နိုင်ငံရေးအကျဉ်းသား ဖြစ်သည့် ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း ၊ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၄ ဦးကို တရားမဝင်ပစ္စည်းများကိုင် ဆောင် သည် ဟုအကြောင်းပြ၍ ထောင်အာဏာပိုင်များက မျက်နှာကို ခေါင်းစွပ်များစွပ်ကာ လက်ထိပ်‌နောက် ပြန်ခတ်ခေါ်ဆောင် ရိုက်နှက်ပြီး ခြေကျင်းနှင့်ဒေါက်ခတ်ကာ ယနေ့အထိ တိုက်ပိတ်ထားခဲ့ကြောင်း သိရသည်။", "လက်ရှိ ခြေကျင်းခတ်ခံရသူများထဲတွင် အသက်၂၀ နှစ် မှ ၆၀ နှစ် အတွင်း နိုင်ငံရေးအကျဉ်းသားများ ပါဝင်ပြီး မတရား ပုဒ်မ ၅၄(က)၊ ၅၂(က)၊ ၁၉(စ)၊ ဖောက်ခွဲ(၃) တို့ဖြင့် အမိန့်ချခံထားရသူများဖြစ် ကြောင်း ၎င်းတို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ ယနေ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့အထိ ရက်ပေါင်း ၁၃၀ ကျော်ကြာ‌သည့်တိုင်အောင် သံခြေကျင်း‌ဒေါက်များခတ်ကာ အ လုပ်ကြမ်း များလည်း ခိုင်းစေလျက်ရှိ‌ကြောင်း သိရသည်။", "အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ (၅၇)တွင် မည်သည့် အကျဉ်းသားကိုမဆို ရက်ပေါင်း ၉၀ ထက် ကျော်သည့် ခြေကျင်းခတ်ခြင်းများကို မပြုလုပ်ရန် ပြဠာန်းထားပြီး ပုဒ်မ ၅၈ တွင် အရေးပေါ်ကိစ္စမှ အပ ထောင်မှူးသည် အကျဉ်းသားများအား ခြေကျင်းမခတ်ရ ဟု ထောင်လက်ဆွဲဥပဒေတွင် တရား ဝင် ပြဌာန်းထားကြောင်း၊ သို့ သော်လည်း အာဏာသိမ်းပြီးချိန်မှ စ၍ ထောင်အာဏာပိုင်များက အ ကျဉ်းထောင်လက်ဆွဲ ဥပဒေကို လိုက်နာတော့ခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အ ကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ပြောကြားသည်။", "“အကျဉ်းထောင်ရဲ့ လက်စွဲဥပဒေတွေကို အဓိကချိုးဖောက်နေတာက ထိန်းသိမ်းခံထားရတဲ့ အကျဉ်း သားတွေမဟုတ်ပဲနဲ့ အဲဒီအကျဉ်းထောင်မှာ တာဝန်ယူအုပ်ချုပ်နေတဲ့ ထောင်အာဏာပိုင်တွေနဲ့ တာဝန်ခံအရာရှိ ထောင်ဝန်ထမ်းတွေဖြစ်တယ်ဆိုတာ ပြည်သူတွေကို အသိပေးချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်- PPNM မှ ကိုသိုက်ထွန်းဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် ထောင်အာဏာပိုင်များသည် လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ လူ့အခွင့်အရေးချိုးဖောက် မှုများကို ပေါ်ပေါ်တင်တင်ကျူးလွန်လျက်ရှိနေကြဆဲဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကြေညာစာတမ်း ၏အပိုဒ် ၄ တွင် မည်သူ့ကိုမျှ အတင်းအကျပ် ကျွန်ပြုခြင်း ခိုင်းစေခြင်း မပြုရ ဟူ၍လည်းကောင်း၊ အပိုဒ် ၅ တွင် မည်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန် စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှုမပြုရ သို့တည်းမဟုတ် မတရား ပြစ်ဒဏ်ပေးခြင်းများ မပြုရဟူ၍ လည်းကောင်းကြေညာထားကြောင်း သိရသည်။", "ယခုကဲ့သို့ ရာထူးအာဏာကို အသုံးချ၍ မတရားခြေကျင်း နှင့် ဒေါက်များခတ်၍ အလုပ်ခိုင်းစေခြင်း သည် လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ် ၄ နှင့် ၅ ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေခြင်း ဖြစ်ကြောင်း၊ အကျဉ်း ထောင်များအတွင်းတွင် လူ့အခွင့်အရေးဆုံးရှုံးမှု၊ အကျဉ်းသားအခွင့်အရေးဆုံးရှုံး မှု များသည် မြန်မာပြည်တစ်ဝန်း အကျဉ်းထောင်များ၌ ဖြစ်ပွားလျက်ရှိနေကာ လျော့ကျသွားခြင်း မရှိဘဲ ပို၍ပင် ဆိုးရွားလျက်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/175898/
အင်းစိန်ထောင်တွင် မင်းအောင်လှိုင် မွေးနေ့အဖြစ် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသားများကို သိုးနေသည့် ဟင်းများ ကျွေးမှု အကျဉ်းသားအရေအတွက် ရာဂဏန်းကျော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ
["အင်းစိန်ထောင်တွင် မင်းအောင်လှိုင် မွေးနေ့အဖြစ် နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသားများကို သိုးနေသည့် ဟင်းများ ကျွေးမှု အကျဉ်းသားအရေအတွက် ရာဂဏန်းကျော် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ", "ရန်ကုန်၊ ဇူလိုင် ၂၇", "ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဇူလိုင်လ ၃ ရက်နေ့တွင် မင်းအောင်လှိုင်မွေးနေ့ အဖြစ် ထောင်အာဏာပိုင်များ အတင်းအဓမ္မကျွေးသည့် ကြက်သားနှင့် သိုးနံ့ထွက်နေသည့် ပဲဟင်း စားပြီးနောက်တစ်နေ့တွင် အကျဉ်းသား ၁၀၀ ကျော် ထောင်တွင်း ဝမ်းလျောဝမ်းပျက်ရောဂါ ကူးစက်မှုများဖြစ်ပေါ်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မင်းအောင်လှိုင် မွေးနေ့တွင် အိမ်မှ ပို့သည့် အစားအသောက်များကို စားသုံးခွင့်မပြုဘဲ အကျဉ်းသားများကို ကြက်သားနှင့်ပဲဟင်းကိုသာ ဖိအားပေးစားစေကြောင်း ၊ စားသောက်ရချိန်တွင် စားရသည့် ပဲဟင်းနှင့်ကြက်သားမှာ လတ်ဆက်ခြင်းမရှိဘဲ သိုးသည့် အနံထွက်နေခဲ့သဖြင့် အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများက တင်ပြပြောဆိုခဲ့သော်လည်း လက်မခံဘဲ ထောင်မှကျွေးသည့် အစားအသောက်ကိုသာ စားသောက်ရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "“တကယ်ဆို အကျဉ်းထောင်‌တွေကနေ အကျဉ်းသားတွေကို လုံလောက်တဲ့ အစားအသောက် ကျွေးမွေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် မိသားစုတွေ ပို့တဲ့ ထောင်ဝင်စာကို အားပြုစားသောက်နေကြရတာ ဖြစ်ပါတယ်။ ထောင်အနေနဲ့ တစ်ပတ်ကို အသားဟင်း ကြက်၊ ဝက် ဟင်းလေးတုံးပဲ ကျွေးတယ်။တကယ်စားသောက်ရရင် ဟင်းလေးတုံးက နှစ်ရက်စားလိုက်ရင် ကုန်ပြီ။ကျန်ရှိတဲ့ ငါးရက်စာ စားသောက်ဖို့က မိသားစုပါဆယ်ကို အားပြုစားသောက်ရတာဖြစ်တဲ့အတွက် အခုလို ပါဆယ်ပို့ခွင့်မှာ ပို့ဆောင်သည့် အစားအသောက်တချို့ကို ကန့်သတ်ခြင်းဟာ အကျဉ်းသားတွေ လက်ရှိခံစားနေရတဲ့ ဝေဒနာကို ပိုပြီးခံစားရအောင်လုပ်နေခြင်းဖြစ်တယ်လို့ပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများသည် ထောင်မှကျွေးသော စားသောက်ရသည့် အစားအသောက်များ(ပဲဟင်း)အသိုးများကို ဖိအားပေးခံရပြီး စားသောက်ခဲ့ရ၍ ဇူလိုင်လ ၄ ရက်နေ့မှစ၍ အကျဉ်းသား/အကျဉ်းသူ ၁၀၀ ကျော် ဝမ်းပျက် ဝမ်းလျောရောဂါကို ခံစားခဲ့ရပြီး ထောင်တွင်း ဝမ်းလျောဝမ်းပျက်ရောဂါ ကူးဆက်မှုများဖြစ်ပေါ်ခဲ့သော်လည်း လုံလောက်သည့် ဆေးဝါးများပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် ဇူလိုင်လ ၂၀ ရက်နေ့အထိ နေ့စဉ် အကျဉ်းသား ၅ ဦးမှ ၁၀ ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရကာ ဝမ်းပျက်ဝမ်းလျောရောဂါခံစားရသူ အနည်းဆုံး ၁၅၀ ဝန်းကျင်ခန့် ရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အင်းစိန်ထောင်အာဏာပိုင်များက သတင်းဖုံးထားသည့်အပြင် မိသားစုဝင်များပို့သည့် အစား အသောက်များကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်သယောင် ပြောဆို၍ မိသားစုပို့သည့်ထောင်ဝင်စာများကို ကန့်သတ်ခြင်းများကို ပြုလုပ်လာနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။"]
https://yktnews.com/2025/04/212686/
အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရ
["အင်းစိန်ထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရ", "ရန်ကုန်၊ ဧပြီ ၂၇", "အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်မှာ ကျန်းမာရေးဆိုးရွားနေပြီး စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ပြောဆိုသည်။", "စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံနေရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားနေပြီး အင်းစိန်ဆေးရုံတွင် ထပ်မံ၍ အရေးပေါ် ပို့ဆောင်ကုသနေရကြောင်း၊ သို့ရာတွင် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ခွင့်မရရှိမည်ကို စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ် ပြန်သည်။", "ဧပြီလ ၂၅ ရက်နေ့ညပိုင်းတွင် မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ၍ အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း၊ မဝတ်ရည်အောင်သည် စစ်ကြောရေးတွင် မတရားညှင်းပမ်းနှိပ်စက်ခံရ၍ ဦးခေါင်းအတွင်း ဒဏ်ရာရရှိကာ မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အရေးပေါ်အခြေအနေမှသာ အင်းစိန်ထောင်မှ ဆေးရုံပို့ဆောင်ပေးကြောင်း၊ ယင်းနောက် အကျဉ်းထောင်အတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "မဝတ်ရည်အောင်သည် ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက် တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရသည်။ ယင်းနောက် စစ်ကောင်စီက သူမကို ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ထပ်မံ၍ ပုဒ်မ ၅၂ (က) ဖြင့်လည်း ထောင်ဒဏ် ၄ နှစ်ချထပ်မံချမှတ်ခဲ့သည်။"]
https://yktnews.com/2023/07/114157/
အင်းစိန်ထောင်ထွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော အရှေ့ပိုင်းကျောင်း သားသမဂ္ဂမှ ကျောင်းသား ၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံ ချမှတ်
["အင်းစိန်ထောင်ထွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော အရှေ့ပိုင်းကျောင်း သားသမဂ္ဂမှ ကျောင်းသား ၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံ ချမှတ်", "ရန်ကုန်၊ ဇူလိုင် ၂၁", "ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော အရှေ့ပိုင်းကျောင်းသားသမဂ္ဂ ကော်မတီ တာဝန်ခံ အပါအဝင် ကျောင်းသား ၅ ဦးကို ယမန်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သက်ဆိုင် ရာ ကျောင်းသားသမဂ္ဂများထံမှ သိရှိရသည်။", "၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်း သား ၅ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် ထပ်မံ၍ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခံထားရတဲ့ ကျောင်းသား ၅ ဦးကို မနေ့က ပုဒ်မ ၅၀ (ဈ)၊ ပုဒ်မ ၅၄ နဲ့ထောင်ဒဏ်၁၀နှစ် ထပ်မံ ချမှတ်ပါတယ်” ဟု ကျောင်းသားများနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။", "စစ်ကောင်စီက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ ​မြေပြင်သပိတ်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ ကုန်ထုတ်ဓာတုဗေဒ) ၊ ကိုသီဟအောင် (အဝေးသင်ဥပဒေ၊ ဒုတိယနှစ်) ၊ ကိုဟိန်းထက်ဇော် (အဝေးသင် မြန်မာစာ၊ ဒုတိယနှစ် နှင့် ကိုဖြိုးကောင်းထိုက် တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ – ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၂၆ နှစ်၊ ကိုအေးမင်းထိုက် (အဝေးသင်ဓာတုဗေဒ၊ တတိယနှစ်)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ယမန်နှစ် ဒီဇင်ဘာလတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။", "ကျောင်းသား ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-စျ/၅၄ တို့ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီထပ်မံချမှတ် လိုက်ခြင်းဖြစ်သည်။", "ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ မတရား ဖမ်းဆီးခံကျောင်းသား (စာရင်းအရ) ၁၆ ဦးရှိသည့်အနက်မှ ၁၂ ဦးသည် မတရားထောင်ဒဏ် အသီးသီးကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တရားရုံးအမည်ခံများမှ ချမှတ်ထားပြီးဖြစ်သည်။"]
https://yktnews.com/2024/09/184535/
အင်းစိန်ထောင်နှင့် မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို မိသားစုဝင်များအား အသိမပေးဘဲ ထောင်ပြောင်းရွှေ့၊ မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်သင်္ဘောများဖြင့် တင်ဆောင်ပြီး ခေါ်ဆောင်သွား
["အင်းစိန်ထောင်နှင့် မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို မိသားစုဝင်များအား အသိမပေးဘဲ ထောင်ပြောင်းရွှေ့၊ မုံရွာထောင်မှ နိုင်ငံရေးအကျဉ်းသားများကို စစ်သင်္ဘောများဖြင့် တင်ဆောင်ပြီး ခေါ်ဆောင်သွား", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "အင်းစိန်အကျဉ်းထောင်နှင့် မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို အကြမ်းဖက်စစ်ကောင်စီက မိသားစုဝင်များကို အသိမပေးဘဲ ထောင်ပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ၏ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများကို စက်တင်ဘာလ ၂၂ ရက်နေ့တွင် သာယာဝတီထောင်သို့ ကား ၅ စီးဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး မုံရွာအကျဉ်းထောင်မှ အကျဉ်းသားများကိုမူ စက်တင်ဘာ ၂၁ ရက်နေ့တွင် ရေကြောင်း ဖလက်အမြန်ယာဉ်များဖြင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးများစွာယူကာ ထောင်ပြောင်းရွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်က လုံခြုံရေးများစွာယူပြီး ရေကြောင်းကနေပြောင်းရွှေ့ခြင်းခံခဲ့ရပါတယ် မိသားစုတွေကို အသိမပေးပဲ ပြောင်းရွေ့ခဲ့သည့်အတွက် အားလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ၏ ဦးဆောင်ကော်မတီ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၀၀ ဝန်းကျင်ကို ထောင်ပြောင်းရွှေ့ရာတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောများ၊ ဖလက်ယာဉ်များနှင့် တင်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန် အင်းစိန်အကျဉ်းထောင်။"]
https://yktnews.com/2024/11/193892/
အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို သာယာဝတီထောင်သို့ ကြိုတင်အသိမပေးဘဲ ရုတ်တရက် ပြောင်းရွှေ့
["အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို သာယာဝတီထောင်သို့ ကြိုတင်အသိမပေးဘဲ ရုတ်တရက် ပြောင်းရွှေ့", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို သာယာဝတီထောင်သို့ ကြိုတင် အသိပေးခြင်းမရှိဘဲ ထောင်ပြောင်းရွှေ့နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ခင်းအစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၅၀၀ ဝန်းကျင်ကို ထောင်ပြောင်းရွှေ့ရန် လုပ်ဆောင်နေသည်ကို ကနဦးသိရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။", "“ပထမအချက်အနေနဲ့ နိုင်ကျဉ်းတွေရဲ့ မိသားစုဝင်တွေ စပြီးခက်ခဲတယ်။ တစ်လတစ်ကြိမ် ပါဆယ် ပုံမှန်ပို့ဖို့တောင် ခက်ခဲနေတဲ့ မိသားစုဝင်တွေက အခုဆိုရင် လမ်းခရီစရိတ်တွေပါ ထပ်တိုးလာလို့ တစ်လတစ်ကြိမ် ပုံမှန်ပို့နေတဲ့ အခြေအနေကနေမှ ၃ လတစ်ကြိမ် ပုံမှန်ပို့နိုင်ဖို့တောင် မနည်းကြိုးစားရတာတွေ ဖြစ်လာတယ်။ ဒီအခြေအနေတွေကို သိလာတဲ့ အကျဉ်းဦးစီးဌာနကလည်း သူတို့ကို အမြဲတမ်းဆန့်ကျင်ကန့်ကွက်တဲ့လူတွေ၊ အဖိနှိပ်ခံရတဲ့ နိုင်ကျဉ်းတွေဘက်က ရပ်တည်နေတဲ့ ဦးဆောင်သူတွေ၊ ပြည်သူသပိတ်လှုပ်ရှားမှုတွေကို ထောင်ထဲမှာ ပူးပေါင်းပါဝင်ကြသူတွေကို အဓိက ရွေးချယ်ပြီး မိသားစုနဲ့ အဝေးဆုံးထောင်တွေကို ရည်ရွယ်ချက်ရှိရှိ ပို့ဆောင်နေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် ပြောင်းရွှေ့ရသည့် သာယာဝတီထောင်သည် အကျဉ်းသားများ ရောက်ရှိလာချိန် ထောင်ဝင်ဝတွင်ပင် အကျဉ်းသားများကို ရိုက်နှက်သည့် ထောင်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို သီးသန့်ဖိနှိပ်ရန် ပြင်ဆင် ကြံရွယ်နေသည့် ထောင်တစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် သာယာဝတီထောင်သည် ဒုတိယကမ္ဘာစစ်ကာလတွင် ဂျူးများကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ရန် တည်ဆောက်ထားသည့် နာဇီအကျဉ်းစခန်းများနှင့် ထပ်တူသည့် ထောင်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။", "“အုပ်ချုပ်တဲ့ ထောင်ပိုင် ရဲရင့်နိုင် ကအစ စစ်တပ်ဘက်မှ အသွင်ပြောင်းရောက်လာတဲ့ မိုးကျရွှေကို တစ်ဦးဖြစ်ပြီး နိုင်ကျဉ်းတွေကို ဖိနှိပ်ရာမှာ သူကိုယ်တိုင်ဦးဆောင်နေတဲ့အတွက် ရှေ့လျောက် ဒီထက်ပိုပြီး သာယာဝတီထောင်ကို ပိုပြီးအာရုံစိုက် စောင့်‌ကြည့်သွားပေးကြဖို့ ပြည်သူတွေ တော်လှန် ရေးအင်အားစုတွေ လူ့အခွင့်အရေးအဖွဲ့တွေကို တိုက်တွန်းပါရစေ” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူ ၂၀၀၀၀ နီးပါးကို ဖမ်းဆီးပြီး ပုဒ်မမျိုးစုံဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ကာ ထောင်တွင်းတွင်လည်း ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးကို ကျူးလွန်နေကြကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204187/
အင်းစိန်ထောင်မှ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား နှင့် အမျိုးသမီး ၉၃၆ ဦးကို စစ်တပ်က စစ်တွေသို့ ပို့ဆောင်မည်၊ ရိုဟင်ဂျာအမျိုးသားများကို စစ်မှုထမ်း စစ်သားများအဖြစ် အသုံးပြုနိုင်ခြေရှိနေ
["အင်းစိန်ထောင်မှ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား နှင့် အမျိုးသမီး ၉၃၆ ဦးကို စစ်တပ်က စစ်တွေသို့ ပို့ဆောင်မည်၊ ရိုဟင်ဂျာအမျိုးသားများကို စစ်မှုထမ်းစစ်သားများအဖြစ် အသုံးပြုနိုင်ခြေရှိနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "အင်းစိန်ထောင်အတွင်းရှိ လွတ်ရက်စေ့ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား/အမျိုးသမီး ၉၃၆ ဦးတို့ကို အကြမဖက် စစ်တပ်နှင့်ရဲတပ်ဖွဲဝင်များက Express (ခရီးသည်တင်ယာဉ်)များဖြင့်ခေါ်‌ထုတ်၍ ရခိုင်ပြည်နယ် စစ်တွေသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစ၍ လွတ်ရက်စေ့ ရိုဟင်ဂျာ ကလေးသူငယ်များ၊ အမျိုးသား/အမျိုး သမီး ၉၃၆ ဦးတို့ကို ခေါ်ထုတ်နေခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်လည်း လဝက ဝန်ထမ်း ၅၀ ဦးကျော်က ရုံးပိတ်ရက်ဖြစ်သော်လည်း အကျဉ်းထောင်တွင်း လာရောက်၍ အထောက်အထားကတ်များ ပြုလုပ်ပေးခဲ့‌ကြောင်း သိရှိရသည်။", "“အခုလိုခေါ်ထုတ်သွားတာဟာ ရိုဟင်ဂျာတွေအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့်တော့ လူသားတံတိုင်းအနေနဲ့ အသုံးပြုခံရနိုင်တဲ့ အခြေအနေရှိသလို လက်နက်ကိုင်ပြီး ရှေ့တန်းစစ်မျက်နှာကို ပို့ခံရနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီအခြေအနေဟာ လူမျိုးရေး ပဋိပက္ခတွေကို တွန်းပို့နေတဲ့ အခြေအနေဖြစ်သလို စစ်မှုထမ်းအဖြစ် အသုံးပြုနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အင်းစိန်ထောင်မှ ခေါ်ထုတ်ခံရသည့် ရိုဟင်ဂျာလူမျိုးများကို ပင်လယ်ရေကြောင်း အသုံးပြု၍ စစ်တွေသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ စစ်တွေ အကျဉ်းထောင်တွင် လုံခြုံရေး မပေးနိုင်၍ ရိုဟင်ဂျာများကို ထောင်ပြောင်းခဲ့သည့် အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာအမျိုးသားများကို စစ်မှုထမ်း တပ်သားများအဖြစ် အသုံးပြုနိုင်ကြောင်း ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "“စစ်တွေကို ပို့ဖို့ လုပ်နေပြီ။ စစ်တွေမှာ လက်ရှိ အာရက္ခတပ်တော်ကလည်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ အခုလို ပို့တာက စစ်မှုထမ်းခိုင်းဖို့ ရိုဟင်ဂျာတွေကို စစ်သားအဖြစ်အသုံးပြုဖို့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက် ဖြစ်မယ်ဗျ”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အင်းစိန်အကျဉ်းထောင်အတွင်းမှ ခေါ်ထုတ်သွားခြင်းခံထားရသည့် ရိုဟင်ဂျာ ၉၃၆ ဦးသည် အင်းစိန်အကျဉ်းထောင်တစ်ခုအတွင်းမှ ရိုဟင်ဂျာများသာ မဟုတ်ဘဲ စစ်ကောင်စီလက်အောက်ရှိ အကျဉ်းထောင်အသီးသီးမှ ဖမ်းဆီးချုပ်နှောင်ထားသည့် ရိုဟင်ဂျာများကို ပြီးခဲ့သည့် ရက်များအတွင်း ၎င်းတို့အား ချုပ်နှောင်ထားသည့်အကျဥ်းထောင်များမှတဆင့် အင်းစိန်‌ထောင်သို့ ပို့ဆောင်ခြင်းခံထား ရသူများလည်းပါဝင်နေခြင်း ဖြစ်ကြောင်း PPNM ထံမှ သိရှိရသည်။", "ထို့ပြင် စစ်တပ်က လွတ်ရက်စေ့သော်လည်း အချိန် ကြာမြင့်စွာ မလွှတ်ပေးခဲ့သော ရိုဟင်ဂျာများရှိနေပြီး တချို့ရိုဟင်ဂျာများမှာ တစ်နှစ်ခွဲကျော်သည်အထိ အကျဉ်းထောင်တွင်း ထပ်မံချုပ်နှောင်ခံခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178527/
အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ် တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်း၍ နှိပ်စက် ညှဉ်းပန်း
["အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ် တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်း၍ နှိပ်စက် ညှဉ်းပန်း", "ရန်ကုန်၊ ဩဂုတ် ၁၂", "ရန်ကုန်၊ အင်းစိန်ထောင်မှ ပဲခူး သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ်တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်း၍ နှိပ်စက်ညှဉ်းပန်းနေကြောင်းအကျဉ်းသားများနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၂၅ ရက်နေ့ အင်းစိန် အကျဥ်း‌ထောင်မှ သံ‌ချေးတက်နေ‌သော ခြေချင်းများဖြင့် အကျဉ်းသားများကို နှစ်‌ယောက်တွဲ ခြေကျင်းခတ်ကာ သာယာဝတီ အကျဉ်းထောင်သို့ ပြောင်း‌ရွှေ့ခဲ့ကြောင်း၊ အကျဉ်းထောင်ရောက်ရှိချိန် အကျဥ်းသားများ အားလုံးကို ကားပေါ် မှ ဆင်းဆင်းချင်း ထောင်အာဏာပိုင်များက ဝါးလုံးများဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။", "ယင်းနောက် ထောင်ပြောင်းလာသော အကျဉ်းသားများကို ဘူးဝ ထောင်တံခါး ၂ ချက် အကြားရှိ နေရာတွင် ခေါင်းတွေငုံ့ထားဟု ထောင်ဝန်ထမ်းများက အော်ဟစ် ဆဲဆိုကာနံပါတ် တုတ်များဖြင်းဝိုင်းရိုက်ကြောင်း၊ ခြေထောက်များဖြင့် ကန်ပြီး အကျဉ်းထောင်ထဲအတွင်းသို့ ရောက်ရှိချိန်တွင်လည်း အကျဉ်းသားများကို ပြေးခိုင်းကာ နောက်မှတုတ်ဖြင့် လိုက်ရိုက်ခြင်း ၊ ခြေထောက်ဖြင့်ကန်ခြင်းများ ကို ထောင်ဝန်ထမ်းများက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "နိုင်ငံရေး အကျဥ်းသားများကို ဘာအမှုလဲဟုမေးကာ ထောင်ဝန်ထမ်း တပ်ကြပ်စိုးမင်းက မော်တာပူလီကြိုးဖြင့် ရိုက်နှက်ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလျှင် အချက် ၃၀ မက ရိုက်နှက် နှိပ်စက်ခံရကြောင်း၊ မျက်မှန်တပ်ထားသော နိုင်ငံရေးအကျဉ်း သားများကိုလည်း “စာအရမ်းဖတ်တဲ့ကောင်တွေ မင်းတို့ဆို ပိုပြီးရိုက်မယ်” ဟု ပြောဆိုကာ အချက်ပေါင်းမရေတွက်နိုင် နှိပ်စက်ညှင်းပန်းရိုက်နှက်ခဲ့ကြောင်း သိရသည်။", "နောက်ရက်များတွင်လည်း ထောင်ဝန်ထမ်းများက သာယာဝတီထောင်သည် ထောင်သချိုင်း ဟုပြောဆို၍ အကျဥ်းသားများကို နေပူပူ တွင် ခြေချင်းများဖြင့် ရက်ပေါင်း ၃၀ ခန့် ဒဏ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် သာယာဝတီအကျဥ်းထောင်မှ အကျဥ်းသား ရဲရဲ ဆိုသူကို ထောင်ဝန် ထမ်း များက အမျိုးသားချင်း လိင်အကြမ်း ဖက်ရန် ကြိုးစားခဲ့ကြောင်း၊ အကျဉ်းသားရဲရဲက မလိုက်လျော၍ ထောင်ဝန်ထမ်းများက ကျောက်ခဲများကို ပုဆိုးထဲထည့်ကာအကျဉ်းသားကို ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။", "သာယာဝတီ အကျဥ်းထောင်မှ ထောင်ပိုင်နှင့် ထောင်ဝန်ထမ်းများသည် အကျဥ်းသားများကို အကြမ်းဖက် ဖိနှိပ် ရိုက်နှက်ခြင်း၊ အလုပ်ကြမ်းများ ခိုင်းစေခြင်း နေ့စဥ် ဆဲဆိုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကျဉ်းထောင်အတွင်း ထောင်ဆူမှုများကို နှိမ်နင်းရေး သရုပ်ပြ လေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/12/137574/
အင်းစိန်ထောင်ရှေ့တွင် ဗုံးပေါက်ကွဲပြီး ကား ၂ စီးပျက်စီး၊ လူထိခိုက်မှု အခြေအနေ မသိရသေး
["အင်းစိန်ထောင်ရှေ့တွင် ဗုံးပေါက်ကွဲပြီး ကား ၂ စီးပျက်စီး၊ လူထိခိုက်မှု အခြေအနေ မသိရသေး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်ရှေ့တွင် ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ကား ၂ စီးပျက်စီးကာ လူထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် အင်းစိန်ထောင်နှင့်မျက်နှာချင်းဆိုင် ကားပါကင်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး ကား ၂ စီးခန့် ပျက်စီးသွားကြောင်း၊ ယခုအခါ စစ်တပ်နှင့်ရဲက လမ်းများ ပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသ ပြည်သူများက ပြောဆိုကြသည်။", "“ဒီနေ့ နေ့လည်တစ်နာရီဝန်းကျင်မှာအင်းစိန်ထောင်ရှေ့ မျက်နှာချင်းဆိုင် ကားရပ်နားရာနေရာမှာ ဗုံပေါက်တယ်ဗျ။အသံတော်တော်ကျယ်တယ်။ရပ်ထားတဲ့ကား နှစ်စီးလောက်ပျက်စီးတယ်။လူ အထိအခိုက်တော့မသိရဘူး။ အခုတော့လမ်းတွေပိတ်ပြီးစစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အင်းစိန်ထောင်အနီး နေထိုင်သူတစ်ဦးကမူ ဗုံးပေါက်ကွဲပြီးနောက် အင်းစိန် ထောင်အနီးဝန်းကျင်မှ ဆိုင်ခန်းများ ပိတ်သိမ်းသွားပြီး အသွားအလာ နည်းပါးသွားကြောင်း၊ စစ်တပ်က လမ်းသွားလမ်းလာလူငယ်တချို့ကို ခေါ်ယူ ဖမ်းဆီးသွားမှုလည်းရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နှစ် အင်းစိန်ထောင်ဝင်စာခန်းမတွင် ဗုံးပေါက်ကွဲစဉ် ရဲနှင့်စစ်တပ်က ပိတ်ဆို့စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- AP"]
https://yktnews.com/2023/06/106491/
အင်းစိန်ထောင်လုံခြုံရေး စစ်တပ်ကို ဗုံး ၅ လုံးဖြင့် တိုက်ခိုက်၊ အရှေ့ဒဂုံနှင့်လှိုင်မြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ
["အင်းစိန်ထောင်လုံခြုံရေး စစ်တပ်ကို ဗုံး ၅ လုံးဖြင့် တိုက်ခိုက်၊ အရှေ့ဒဂုံနှင့်လှိုင်မြို့နယ်တို့တွင်လည်း ဗုံးပေါက်ကွဲပြီး ပစ်ခတ်သံများကြားရ", "ရန်ကုန်၊ ဇွန် ၆", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ဘေးရှိ လုံခြုံရေးတပ်ဖွဲ့ကို ဗုံး ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တစ်ခုထံမှ သိရှိရသည်။", "ဇွန်လ ၆ ရက်နေ့ ည ၈ နာရီ ၄၈ မိနစ် အင်းစိန်အကျဉ်းထောင် မင်းစေတီ ဘေးဝင်ပေါက်အနီးတွင် ပထမ ဗုံးစတင်ပေါက်ကွခဲ့ပြီး စစ်ကောင်စီတပ်များလာရောက် စစ်ဆေးချိန် ည ၈ နာရီ ၅၁ မိနစ်တွင် ဒုတိယဗုံး၊ ည ၈ နာရီ ၅၆ မိနစ်တွင် တတိယဗုံး ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က ကျန် ဗုံး ၂ လုံးကို ရှာဖွေတွေ့ရှိပြီး ရမ်းကားပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“အင်းစိန်ထောင်ဘေးမှာ စစ်တပ်ကို ဗုံး ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်” ဟု ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။", "အလားတူ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်လည်း ယနေ့ ည ၈ နာရီ ၄၈ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ည ၁၀ နာရီ ၂၅ မိနစ်အချိန် လှိုင်မြို့နယ်ရဲတပ်ဖွဲ့က သေနတ်ဖြင့် ၆ ချက်ထက်မနည်း ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့လယ်တွင် ညအချိန် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။ (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/09/123965/
အင်းစိန်ထောင်အတွင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဥ်းသား ကိုမင်းဟိန်းခန့်သည် ဆေးကုသခွင့် မရဘဲ နှလုံးရောဂါဖြင့် သေဆုံး
["အင်းစိန်ထောင်အတွင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဥ်းသား ကိုမင်းဟိန်းခန့်သည် ဆေးကုသခွင့် မရဘဲ နှလုံးရောဂါဖြင့် သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံထားရသော နိုင်ငံရေး အကျဥ်းသား ကိုမင်းဟိန်းခန့်သည် ဆေးကုသခွင့်မရဘဲ နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း ဒီမိုကရက်တစ် လူငယ်ကောင်စီ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့တွင် အင်းစိန်ထောင်အတွင်း၌ ထောင်ဒဏ် ၂၇ နှစ်ချမှတ် ခံထားရသည့် အသက် ၂၂ နှစ်အရွယ် ကိုမင်းဟိန်းခန့်သည် နှလုံးရောဂါဖြင့် အချိန်မီ ဆေးကုသခွင့် မရသောကြောင့် သေဆုံးခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။", "” ဒီမိုကရက်တစ် လူငယ်ကောင်စီအနေဖြင့်လည်း မိသားစုနှင့် ထပ်တူဝမ်းနည်းရပြီး ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ၏ ဆေးကုသခွင့်ရရှိပိုင်မှုနှင့် ပတ်သတ်ပြီး အထူးစိုးရိမ်လျှက်ရှိပါတယ်” ဟု ဒီမိုကရက်တစ် လူငယ်ကောင်စီ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ကိုမင်းဟိန်းခန့်သည် ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းစဥ် တိုက်ပေါ်မှ ခုန်ချသွားသည့် လူငယ် ၅ ဦး အမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရကာ အကြမ်းဖက် စစ်တပ်က ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အင်းစိန်ထောင်အတွင်း ထောင်ဝင်စာများ ကန့်သတ်လိုက်ခြင်းကြောင့် လိုအပ်သည့် ဆေးဝါးများ သွင်းခွင့်မရဘဲ ရောဂါအခံရှိသူများ သေဆုံးရန်သာရှိကြောင်း၊ စစ်ကောင်စီက အကျဥ်းသား အခွင့်အရေး ချိုးဖောက်နေမှုကို နိုင်ငံတကာအနေနှင့် ဝိုင်းဝန်းဆန့်ကျင်ပေးရန်နှင့် နိုင်ငံရေး အကျဥ်းသားများကို မေ့မထားရန် လိုအပ်ကြောင်း၊ လက်ရှိချိန်တွင် အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ၏ ဆေးကုသခွင့်နှင့် ပတ်သတ်၍ အထူးစိုးရိမ်နေရကြောင်း ဒီမိုကရက်တစ်လူငယ်ကောင်စီအဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/80946/
အင်းစိန်ထောင်အတွင်းမှ ခရီးသည်တင်ဘတ်စ်ကား ၈ စီး ထွက်ခွာသွားပြီး အကျဉ်းသားများ ထောင်ပြောင်းဖွယ်ရှိ၊ ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၆၄ ဦးကို စစ်တပ်က ထောင်ဆူမှုဖြင့် တရားထပ်စွဲ
["အင်းစိန်ထောင်အတွင်းမှ ခရီးသည်တင်ဘတ်စ်ကား ၈ စီး ထွက်ခွာသွားပြီး အကျဉ်းသားများ ထောင်ပြောင်းဖွယ်ရှိ၊ ပုသိမ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၆၄ ဦးကို စစ်တပ်က ထောင်ဆူမှုဖြင့် တရားထပ်စွဲ", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းမှ ယနေ့ နံနက်အစောပိုင်း ခရီးသည်တင်ဘတ်စ်ကားကြီး ၈ စီး ထွက်ခွာသွားပြီး အကျဉ်း သားများကို ထောင်ပြောင်းသည့်သဘောဟု ယူဆရကြောင်း အင်းစိန်ထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "“ဒီနေ့ မနက် ၅ နာရီ ၃၀ ဝန်းကျင်မှာ အင်းစိန်ထောင်အတွင်းမှ ခရီးသည်တင် Express ကားကြီး ၈ စီး ထွက်လာပါတယ်။ ကားပေါ်မှာ အကျဉ်းသားတွေပါတယ်။ ထောင်ပြောင်းတယ်လို့ ထင်ရပါတယ်။ ကား၈ စီးမှာ အမျိုးသားတွေချည်းပဲက ၇ စီး။ အမျိုးသမီးက ၁ စီး စုစုပေါင်း ၈ စီး ထွက်ခွာသွားပါတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။", "အလားတူ ဧရာဝတီတိုင်း၊ ပုသိမ် ထောင်တွင် ဇန်နဝါရီလ ၆ ရက်နေ့ ဖြစ်ပွားခဲ့သော ထောင်တွင်း စစ်တပ်နှင့်ရဲတပ်ဖွဲ့က နိုင်ငံရေးအကျဉ်းသားများကို အကြမ်း ဖက် ရိုက်နှက်သတ်ဖြတ်မှုဖြစ်စဉ်များအတွက် ဒဏ်ရာရရှိထားသော နိုင်ငံရေး အကျဥ်းသား ၆၄ ဦးကို စစ်ကောင်စီက တရားစွဲဆိုမှုများ ထပ်မံပြုလုပ်ကြောင်း သိရှိရသည်။", "ပုသိမ်ထောင်အတွင်း ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်း ခေါ်ယူ စစ်ဆေးခံရသည့် နိုင်ငံရေး အကျဥ်းသားများနှင့် ဇန်နဝါရီလ ၆ ရက်နေ့ ပစ်ခတ်မှု ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာရရှိသော နိုင်ငံရေး အကျဥ်းသား ၆၄ ဦးကို ဇန်နဝါရီလ ၁၈ ရက်၊ ၂၀ ရက်နှင့် ၂၅ ရက်နေ့တို့တွင် ပြန်လည် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ပြီး ထောင်တွင်းအမှု ထပ်တိုး တရားစွဲဆိုထားကြောင်း သိရသည်။", "“အခုထောင်တွင်း အခြေအနေက ထောင်ဝင်စာပို့လို့လည်း မရဘူး။ အထဲမှာ အစားအသောက် ခက်ခဲနေကြတယ်။ လူတွေလည်း ခွဲလိုက်တယ်။ အဆောင်တွေ ပြောင်းလိုက်တယ်။ စစ်ခွေးတွေ ဝင်ပစ်တဲ့နေ့က ထိခိုက်ဒဏ်ရာရရှိထားတဲ့ နိုင်ငံရေး အကျဥ်းသား ၆၄ ဦး အခြေနေက စိုးရိမ်ရပါတယ်” ဟု ပုသိမ်အကျဥ်းထောင် သတင်းရင်းမြစ်များက ပြောဆိုသည်။", "နိုင်ငံရေး အကျဥ်းသား ၆၄ ဦးကို ခြေထိပ်၊လက်ထိပ်များ ခတ်ထားကြောင်း၊ အမိန့်မချရ‌သေးသော နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကိုလည်း ယခု ဇန်နဝါရီ လကုန်ပိုင်းတွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း ပုသိမ်အကျဥ်းထောင် သတင်းရင်းမြစ်များက ဆက်လက်ပြောဆိုသည်။", "ထို့ပြင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ပုသိမ်ထောင်သို့ လာရောက် စစ်ဆေးခဲ့ပြီး အကျဉ်းသားများကို ရိုက်နှက်သတ်ဖြတ်ခဲ့သော အကျဉ်ထောင်ဝန်ထမ်းများကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်တိတိပေးပြီး အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင်သော ထောင်မှူးအသစ်ကို ချီးမွမ်းသွားကြောင်း၊ ထိုထောင်မှူးအသစ်သည် စစ်တပ်မှလာသော ရခိုင်ပြည်သားဖြစ်ပြီး ပုသိမ်သို့ မပြောင်းလာခင် တွံတေး၌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။", "ဇန်နဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ပုသိမ်အကျဉ်းထောင်အတွင်း စစ်တပ်နှင့်ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်မြင်ကွင်း။"]
https://yktnews.com/2024/12/197522/
အင်းစိန်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော လူငယ်များကို စစ်တပ်က ဝင်ဖမ်းခြင်း၊ လှည့် ကင်းကားဖြင့် လမ်းသွားလမ်းလာ လူငယ်များကို အမေးအမြန်းမရှိ ဖမ်းဆီးခြင်းများ ဖြစ်ပွားနေ
["အင်းစိန်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော လူငယ်များကို စစ်တပ်က ဝင်ဖမ်းခြင်း၊ လှည့် ကင်းကားဖြင့် လမ်းသွားလမ်းလာ လူငယ်များကို အမေးအမြန်းမရှိဖမ်းဆီးခြင်းများ ဖြစ်ပွားနေ", "ရန်ကုန်၊ဒီဇင်ဘာ ၃၀", "ရန်ကုန်မြို့ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းတွင် လူငယ် ၁၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကာ ပိုက်ဆံဖြင့် ပြန်ရွေးလာသော လူငယ် ၁၂ ဦး ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဖမ်းဆီးခံရသူ လူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ် ၁၂ ဦးကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထို့အတူ အနောက်ကြို့ကုန်း ပန်းဈေးအနီးရှိ ရတနသိင်္ခဘုန်းကြီး ကျောင်းတွင် နေထိုင်သည့် လူငယ် ၃ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များဖြစ်ကြောင်း သိရှိရသည်။", "” လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း ဖမ်းဆီးခံရသူတွေက ဘယ်လောက်ပေးရလဲတော့ မသိဘူး ပိုက်ဆံနဲ့ရွေးမှ လူငယ် ၁၂ ဦး ပြန်လွတ်လာတယ်။ ဘုန်းကြီးကျောင်းနေတဲ့ လူငယ်တွေက နာမည်အတိအကျနဲ့ လာဖမ်းသွားတာ။ ပြီးတော့ အဲဒီ ဖမ်းခံရတဲ့ ၃ ယောက်ထဲက တစ်ယောက်ရဲ့ အဖေနဲ့ အမေကိုလည်း ထပ်ဖမ်းသွားတယ် “ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။", "လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရဆဲ လူငယ်များနှင့်ပတ်သက်ပြီး သတင်းအစအနမရရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုသည်။", "ထို့အတူ မြောက်ဥက္ကလာပမြို့နယ်ရှိ ပုရွက်ဆိတ်ကုန်းဘူတာ (ကြံခင်းစု ရပ်ကွက်) နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နေရာ အများစုတွင် အကြမ်းဖက် စစ်တပ်၏ လှည့်ကင်းကားများက လူငယ်များကို ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး အရပ်ဝတ်ဖြင့် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "ဖမ်းဆီးခံရသော လူငယ်များကို စစ်တပ်က ၎င်းတို့ တပ်စွဲထားသော နေရာများသို့ ခေါ်ဆောင်သွားပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပွဲစား လုပ်ကာ မိသားစုဝင်များထံမှ ငွေကြေးဖြင့် တောင်းခံခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လူငယ် ၁ ဦးကို ငွေကျပ် သိန်း ၅၀ ဖြင့် ရွေးထုတ်ခိုင်းကြောင်း၊ ထို့ပြင် ငွေကြေးမပြည့်စုံသည့် လူငယ်များကို စစ်မှုထမ်း စုဆောင်းရေးစခန်းများထံ ပို့ဆောင်ကြောင်း သိရှိရသည်။", "ယခုဒီဇင်ဘာလ အတွင်း မြောက်ဥက္ကလာမြို့နယ်တွင် ဝေဘာဂီရပ်ကွက်မှ လူငယ် ၄ ဦး၊ ဂ ရပ်ကွက်မှ လူငယ် ၅ ဦးနှင့် ဌ ရပ်ကွက်ထဲမှ လူငယ် ၃ ဦး ဖမ်းဆီးခံပြီး ပျောက်ဆုံးနေသည့် လူငယ်အများအပြားရှိကာ စာရင်းအတိအကျ ပြုစုရန် ခက်ခဲနေကြောင်း သိရသည်။", "“မြောက်ဥက္ကလာမှာ ပေါ်တာဆွဲ အဖမ်းအဆီးခံရတာ အရမ်းများနေပါတယ်။ အထူးသဖြင့် စစ်ခွေးတွေက မနက်ပိုင်း ကင်းပတ်ချိန်တွေနဲ့ ညနေပိုင်း ကင်းပတ်ချိန်မှာ အဖမ်းများတယ်။ အရပ်ဝတ်ကော ယူနီဖောင်း အပြည့်အစုံကော ကင်းပုန်းချပြီးကို ဖမ်းဆီးနေတာ ညနေ ၆ နာရီကျော်ရင် အတော်လေး စိတ်မချရတော့ပါဘူး။ ကြံခင်းစုရပ်ကွက်မှာ အများဆုံးပဲ ဖမ်းဆီးခံရတဲ့သူတွေ ဒီဇင်ဘာလ ဒုတိယပတ်ကစပြီး ပေါ်တာဆွဲခံရတာတွေနဲ့ ပျောက်ဆုံးလာတဲ့ လူငယ်တွေက ပိုများလာတယ်။ စစ်ခွေးတွေက လူပြန်ရွေးခိုင်းရင် ငွေကျပ် ၁၀ သိန်းကနေ သိန်း ၅၀ ထိ တောင်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ပတ်နေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီး။"]
https://yktnews.com/2023/10/128062/
အင်းစိန်မြို့နယ် စုပေါင်းရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မြောက်ဒဂုံတွင်လည်း ဗုံးပေါက်၊ ရန်ကုန်မြို့တော်တစ်ဝန်း စစ်တပ်က လုံခြုံရေး တိုးမြှင့်ထား
["အင်းစိန်မြို့နယ် စုပေါင်းရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မြောက်ဒဂုံတွင်လည်း ဗုံးပေါက်၊ ရန်ကုန်မြို့တော်တစ်ဝန်း စစ်တပ်က လုံခြုံရေး တိုးမြှင့်ထား", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "ရန်ကုန်တိုင်း၊ အင်းစိန်မြီု့နယ်၊ စုပေါင်းရုံးဝင်းအတွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းတွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူတချို့နှင့် ရန်ကုန်အခြေစိုက် ကင်းထောက်ချန်နယ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။", "အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် အင်းစိန်မြို့နယ်၊ စုပေါင်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း၊ စစ်တပ်က ညနေ ၅ နာရီခွဲ ဝန်းကျင်မှစတင်၍ ည ၉ နာရီအထိ အင်းစိန်မြို့နယ် နေရာတစ်ဝန်းတွင် ဂိတ်များချ၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း အင်းစိန်မြို့နယ်မှ ဒေသပြည်သူတချို့နှင့် ကင်းထောက် Eagles News ထံမှ သိရှိရသည်။", "“မနေ့ ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်တာတော့ မှန်ပါတယ်။ ပေါက်ကွဲသံလည်း ကြားရတယ်။ ဗုံးပေါက်ပြီးတော့ ကုန်းတံတားအတက်အဆင်းဘက်မှာ လမ်းတစ်လမ်းကို ယာယီပိတ်ပြီး ကားတစ်စီးချင်းစီ ပေးဖြတ်ပြီး စစ်တပ်က ရှာဖွေ စစ်ဆေးတယ်။ ဆေးရုံလမ်းမှာလည်း ခွေးတွေ စစ်တယ်။ စစ်တပ် DC ကားနဲ့ ရဲကားတွေလည်း ပတ်နေတာပဲ။ ညပိုင်း တောင်သူကုန်းဘက်မှာ အိမ်တချို့ကို ဧည့်စာရင်းဆိုပြီး ဝင်ရှာတာမျိုးရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် မြောက်ဒဂုံတွင် ဗုံးပေါက်ကွဲသံကြားရကြောင်း ကင်းထောက် Eagle News က ဖော်ပြပြီး ရန်ကုန်မြို့တစ်ဝန်းတွင် အောက်တိုဘာလ ၂၅ ရက်နေ့ လုံခြုံရေးများ နေရာတိုင်းတွင် တွေ့ရပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း ရန်ကုန်မြို့ ပြည်သူများက ဆိုသည်။", "“မနေ့ကရယ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ရယ် ရန်ကုန်မြို့ နေရာတော်တော်များများမှာ ရဲနဲ့ စစ်သားတွေ တွေ့ရတယ်။ ဒီရက်ပိုင်း နေရာတိုင်းမှာ ခပ်စိပ်စိပ် တွေ့နေရတယ်။ ဘာရှိလို့လဲတော့မသိဘူး။ လမ်းဆုံလမ်းခွတွေ မှာလည်း ရှိတယ်။ ယာဉ်ထိန်းရဲကင်းတဲတွေမှာလည်း ဒီကောင်တွေရှိတယ်။ ကားတွေနဲ့ကတော့ အမြဲတမ်း ပတ်နေတာတွေ့ရတယ်” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။", "ထို့အတူ ရန်ကုန်မြို့ ၊ မြို့နယ်တော်တော်များများတွင် ဧည့်စာရင်း တိုင်ရန်နှင့် ညပိုင်း ဧည့်စာရင်းစစ်မှုများ များပြားနေကြောင်း သိရှိရသည်။", "“မှော်ဘီဘက်မှာတော့ အောက်တိုဘာ ၂၂ ရက်နေ့ မှော်ဘီလေတပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခံရပြီးကတည်းက ဧည့်စာရင်း စစ်တာများလာတယ်။ ရပ်ကွက်တွေနဲ့ ရွာအုပ်စုတွေဘက်မှာ တော်တော်စစ်တယ်။ ခြံတွေကိုပါ ဝင်စစ်နေတာ။ ဧည့်စာရင်း မတိုင်လို့ မိရင်လည်း ရှင်းလို့မရဘူး။ တစ်ခါတည်း ထောင်ထဲထည့်တယ်” ဟု မှော်ဘီမြီု့နယ် ဝါးပတောကျေးရွာအုပ်စုမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းချစစ်ဆေးမှုတချို့ကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/08/118072/
အင်းစိန်မြို့နယ် ထွေအုပ်ဝန်ထမ်း အိမ်ရာဝင်း အတွင်း ဖွင့်လှစ်ထားသော ဖူဆယ် ဘောလုံးကွင်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးပြင်းထန် ဒဏ်ရာရ
["အင်းစိန်မြို့နယ် ထွေအုပ်ဝန်ထမ်း အိမ်ရာဝင်း အတွင်း ဖွင့်လှစ်ထားသော ဖူဆယ် ဘောလုံးကွင်းကို ဗုံးခွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ သြဂုတ် ၁၃", "ရန်ကုန်၊ အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ဝန်ထမ်း အိမ်ရာ ဝင်းအတွင်း ဖွင့်လှစ်ထားသော ဖူဆယ် ဘောလုံးကွင်းကို ဗုံးခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း UDF (YGN) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၆ နာရီ ၅၅ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်း ရပ်ကွက်၊ ဘိုကုန်း၊ ထွေအုပ်ဝန်ထမ်း အိမ်ယာဝန်းအတွင်း စစ်ကောင်စီက စီစဥ်ပြုလုပ် ဖွင့်လှစ်ထားသည့် စစ်ကောင်စီ အသိုင်းအဝိုင်းများ ကစားကြသော ဖူဆယ်ဘောလုံးကွင်းကို ပြင်းအားများ ဗုံး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "” ကွင်းထဲထိ ဝင်ထောင်ခဲ့ရတာပါ။ ဒီဖူဆယ်ကွင်းက ဖွင့်တာမကြာသေးဘူး။ စကစ အကြီးပိုင်းကပဲလာဖွင့်ပေးသွားတာ သူတို့ စကစ လူတွေနဲ့ ထွေအုပ် ကလူတွေကန်ကြတာ သေချာတယ်လို့ သတင်းရထားပါတယ်။ ပွဲကန်နေရင် လည်း စကစ စစ်ကားတွေစောင့်ပေးတယ်။ အဲ့ဒီကားတွေ လာမယ့် လရက်ကို သေချာထောင်တာပါ။ ကားတွေနားမှာ ပွဲကြည့်တဲ့ ပြည်သူတွေရှိနေတတ်လို့ ကွင်းထဲထိဝင်ထောင်လိုက်ရတယ်။ နှစ်လုံးကွဲတယ်။ ဒုတိယတလုံးမှာ ရန်သူ နှစ်ယောက်ထိတယ်လို့ကြားသိရပါတယ်” ဟု ရန်ကုန် UG အင်အားစု အဖွဲ့တစ်ခုဖြစ်သည့် UDF (YGN) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/11/193309/
အင်းစိန်မြို့နယ်ရှိ အ.ထ.က ၇ ကျောင်းရှေ့တွင် “အမျိုးသား‌နေ့ကို အောင့်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲအလံနီထောင်ကာ စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
["အင်းစိန်မြို့နယ်ရှိ အ.ထ.က ၇ ကျောင်းရှေ့တွင် “အမျိုးသား‌နေ့ကို အောင့်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” ဘန်နာချိတ်ဆွဲအလံနီထောင်ကာ စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ရန်ကုန်မြို့‌ အင်းစိန်မြို့နယ်ရှိ အထက ၇ ကျောင်းရှေ့တွင် လုံခြုံရေးတင်းကြပ်သည့်ကြားမှ “အမျိုးသား‌နေ့ကို အောင့်မေ့ကြ အာဏာရှင်ကို အမြစ်ဖြတ်ကြ” လူထုလှုံဆော်မှု ကြွေးကြော်သံဖြင့် ဘန်နာချိတ်ဆွဲပြီး အလံနီထောင်ကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ လှုပ်ရှားမှုကို မျိုးဆက်သစ်လူငယ်သပိတ်‌ကော်မတီ – NGYSC နှင့် ရွှေပြည်သာသပိတ်‌ကော်မတီ (SPTSC) တို့ပူးပေါင်း၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်ကျရောက်သော ၁၀၄ နှစ်ပြည့် ပထမကျောင်းသားသပိတ် (ဝါ) အမျိုးသားနေ့ အတွက်ရည်စူးကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/165376/
အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွား
["အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွား", "ရန်ကုန်၊ ဇွန် ၁", "ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်များ ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Together Urban Force အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။", "မေလ၃၀ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေ ကို အသက်သွင်းပြီး ရပ်ကွက်နေပြည်သူများအပေါ် ဆက်ကြေးကောက်နေသော အနောက်ကြို့ကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Together Urban Force အဖွဲ့မှ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်ပါစေအုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ ၏ ထိ ခိုက်မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ကျနော်တို့ရဲဘော်တွေ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်တဲ့နေရာမှာ မိဘပြည်သူတွေရဲ့ အကူညအညီလိုအပ်နေပါတယ်။ အဓိကလိုအပ်နေတာကို ကူညီပေးစေချင်ပါတယ်” Together Urban Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ လုံး၀အုပ်ချုပ်ခွင့်မရရန် စစ် ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဖြစ်ပြီး ပြည်သူအနေဖြင့် စစ်ကောင်စီနှင့် ပက်သက် သော ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် အသိပေး မေတ္တာရပ်ခံထားသည်။", "ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် တွေ့ရသည့် ဘန်ကာတချို့။"]
https://yktnews.com/2025/04/211050/
အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
["အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၂", "ရန်ကုန်မြို့၊့ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမပေါ်ရှိ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Operation Flame အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၃၇ မိနစ်ခန့်တွင် အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာ လမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ် အိမ်ထောင်သည် လိုင်းခန်း အစောင့်ကင်းဂိတ်ကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်းခန်း အတွင်းကို လူနာတင်ကားများနှင့် စစ်ကားများ ဝင်ရောက်သွားကြောင်း သိရှိရသည်။", "“အင်းစိန် သီရိမင်္ဂလာလမ်းပေါ်က လေတပ် အိမ်ထောင်သည်လိုင်းခန်း ဂိတ်ကင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ လက်ပစ်ဗုံး ၂ လုံး ပစ်ထည့်ခဲ့တာပါ။ အနည်းဆုံး အစောင့်ခွေး ၂ ကောင်ထိခိုက်မှုရှိနိုင်ပါတယ်။ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်။ တိုက်ခိုက်မှုဖြစ်ပြီးတော့ Ambulance တွေရော ခွေးကားတွေရော အစစ်အဆေးတွေ ပြုလုပ်နေပါတယ်” ဟု Operation Flame အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။", "တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး အဆိုပါ စစ်ဆင်ရေးကို Operation Flame မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/103952/
အင်းစိန်ရွာမနှင့် မှော်ဘီ အမှတ် ၄ လမ်းမ စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲ
["အင်းစိန်ရွာမနှင့် မှော်ဘီ အမှတ် ၄ လမ်းမ စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်ကွဲ", "ရန်ကုန်၊ မေ ၂၂", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်နှင့် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီး စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၃ မိနစ်အချိန် အင်းစိန်မြို့နယ်၊ ရွာမ ရပ်ကွက် အနီးတွင် အင်အားပြင်းသော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အင်းစိန် မြို့နယ်မှ ပြည်သူများ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "“အိမ်မှာ ဖုန်းပြောနေတုန်း အုန်း ဆိုတဲ့ အသံအကျယ်ကြီးပဲ။ ဗုံးပေါက်တာ။ ဘယ်ကို ဖောက်လဲတော့မသိဘူး။ အသံက အရမ်းကိုကျယ်တာ။ နောက်တော့ စစ်ခွေးကားတွေ လမ်းပေါ်မှာ သွားလာ ကင်းလှည့်နေတာတွေ့တယ်။ နေရာအတိအကျနဲ့ ထိခိုက်ဒဏ်ရာရရှိမှုကိုတော့မ သိပါဘူး။ အင်းစိန် ထောင်နားကဆိုရင် ကောင်းကောင်းကြားရတယ် ဗုံးကွဲသံကို” ဟု ဒေသပြည်သူ တစ်ဦးက ဆိုသည်။", "အလားတူ ရန်ကုန်တိုင်းမှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမ၊ စစ်ဆေးရေးဂိတ် အနီး တွင်လည်း ယနေ့ ည ၈ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် ဗုံးပေါက်ကွဲမှု ပြင်းထန်စွာ ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောသည်။", "“စစ်တပ်က လုံခြုံရေးဂိတ်ချထားတာ ရှိတယ်။ အမှတ် ၄ လမ်းမနားမှာ ။ အဲဒီဂိတ်နား ပေါက်တယ်ထင်တာပဲ။ ပစ်ခတ်သံလည်းကြားရတယ်။ ဗုံးပေါက်သံလည်းကြားရတယ်။ ဗုံးကွဲသံမကြားရတာတောင် တော်တော်ကြာနေပြီ” ဟု မှော်ဘီမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။", "ရန်ကုန်မြို့တွင် အကြမ်းဖက် မင်းအောင်လှိုင်၊ အကြမ်းဖက် စိုးဝင်း တို့ လာ ရောက် နေချိန် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံ ရမှုဖြစ်ပွားခဲ့‌ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2023/11/133722/
အင်းစိန်ရှိ စစ်တပ်ပိုင် ဦးပိုင်ကားဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်တပ်က အင်းစိန်ကို ပိတ်ဆို့ စစ်ဆေး
["အင်းစိန်ရှိ စစ်တပ်ပိုင် ဦးပိုင်ကားဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်တပ်က အင်းစိန်ကို ပိတ်ဆို့ စစ်ဆေး", "ရန်ကုန်တွင် စစ်ဆင်ရေးအရှိန်မြှင့်ရန် အနက်ရောင်အလံ စတင်လွှင့်ထူပြီဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "အင်းစိန်မြို့နယ်ရှိ စစ်တပ်ပိုင် ဦးပိုင်ကားဝင်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြစစ်ဆင်ရေး Urban Special Operation မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် အင်းစိန်မြို့နယ်ရှိ စစ်ကောင် စီ ၏ ဒေါက်တိုင်ဖြစ်သော ဦးပိုင်ကားဝင်းကို USO ၏ စစ်ဆင်ရေး အဖြစ် ၄၀ မမဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“ထိခိုက်ပျက်စီးမှုတော့မ သိရသေးဘူး” ဟု Urban Special Operation မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယင်းနောက် စစ်တပ်က အင်းစိန်မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။", "ယခုအချိန်မှစ စစ်ဆင်ရေး အ‌ခြေစိုက်မြိုများတွင် တော်လှန် ရေး သင်္ကေတတစ်ခုဖြစ်သည့် အနက်ရောင် အလံအားစတင် လွှင့်ထူပြီဖြစ်ကြောင်း ၊ ပြည်သူများအပေါ် မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်ကောင်စီ ၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက် ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/93972/
အင်းစိန်အကျဉ်းထောင်ဂိတ်အနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်၊ ကြည့်မြင် တိုင် တရားရုံးတွင်လည်း ဗုံးပေါက်ကွဲဖြစ်
["အင်းစိန်အကျဉ်းထောင်ဂိတ်အနီး ဗုံးပေါက်ပြီး ပစ်ခတ်မှုဖြစ်၊ ကြည့်မြင် တိုင် တရားရုံးတွင်လည်း ဗုံးပေါက်ကွဲဖြစ်", "ရန်ကုန်၊ မတ် ၂၄", "ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင် ဂိတ် ၂ အနီးတွင် ယနေ့ နံနက်ပိုင်း ဗုံး ပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ဘုရင့်နောင်လမ်းမကြီး ဘက်မှ အင်းစိန်အကျဉ်းထောင် ဂိတ် အမှတ် ၂ အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ကြောင်း၊ ယင်းနောက် သေနတ်ပစ်ခတ်သံ ၃ ချက် မနည်းကြားရကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။", "“အင်းစိန် အကျဥ်းထောင် ဂိတ်၂ အပေါက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ အထဲမှာ သေနတ်ဖောက်သံ ၃ ချက်ကြားရတယ်ဗျ။ ထောင်ဘူးဝ အပေါက်မဟုတ်ဘူး။ ဘုရင့် နောင်လမ်းမပေါ်အနားက ထောင်အပေါက်။ နံနက် ၁၁ နာရီ ၃၀ လောက် ဖြစ်မယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "အလားတူ မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ကြည့်မြင်တိုင် မြို့နယ်၊ မ ကျည်း တန်းတောင် အနောက်ရပ်ကွက်၊ ကမ်းနားလမ်းပေါ်ရှိ မြို့နယ် တရား ရုံး ပေါက်ကွဲမှုဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က လမ်းကို ပိတ်ဆို့ပြီး စစ်ဆေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85975/
အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝါဝါဝင်းနှင့် နိုဘယ်လ် နီနီထွေးတို့ကို ၁၅ ရက်အထိ တိုက်ပိတ်ထား၊ မန္တလေး အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသူများ တိုက်ခိုက်ခံရပြီး ဒဏ်ရာရ
["အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝါဝါဝင်းနှင့် နိုဘယ်လ် နီနီထွေးတို့ကို ၁၅ ရက်အထိ တိုက်ပိတ်ထား၊ မန္တလေး အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသူများ တိုက်ခိုက်ခံရပြီး ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝါဝါဝင်း၊ နိုဘယ်လ်နီနီထွေးတို့ကို ထောင်ပိုင်၏ စစ်ဆေးရေး လမ်းကြောင်းရှိချိန် အဆင်မပြေမှုများ၊ ထောင်ဝန်ထမ်းများ၏ ပြုမူမှုများအပေါ် မကျေနပ်ချက်များ ထုတ်ဖော်သဖြင့် တိုက်ပိတ်ထားကြောင်း သိရှိရသည်။", "“ထောင်ပိုင်လမ်းကြောင်းမှာ မကျေနပ်ချက်နဲ့ အဆင်မပြေတာတွေကို တင်ပြလို့ တိုက်ပိတ်ခံရထားတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့ကနေ စပြီး တိုက်ပိတ်ခံရတာ။ ထောင်ပိုင်ကြီးကို လိုအပ်ချက်တွေကို တင်ပြလို့ အပိတ်ခံရတာ။ အခုအင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းတာ အရမ်းဆိုးနေတယ်။ ပစ္စည်းတွေ တောင်မယူရဘူး” ဟု အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောသည်။", "အလားတူ မန္တလေးတိုင်း၊ အိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများကို ဖေဖော်ဝါရီ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် အကျဉ်းထောင်ဝန်ထမ်းများက အကြောင်းပြချက်မရှိ သံတုတ်များနှင့် ဝင်ရိုက်နှက်မှုနှင့် လေးခွများနှင့် ပစ်ခတ်ခြင်းစသည့် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထိုသို့ အကြမ်းဖက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ ‌‌သွေးထွက်သံယိုဖြစ်သည်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။", "” ထောင်ဆူတာ လုံးဝ မဟုတ်ဘူး ဝင်ရိုက်တာပါ။ ၃ ရက်နေ့က နေ့လယ် ၃ နာရီကနေ ၄ နာရီခွဲထိ ဆက်တိုက် အကျဆောင်နဲ့ ထောင်မကြီးထဲမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားမိန်းက‌လေးတွေကို အကြောင်းပြချက်မရှိဘဲ သံတုတ်တွေနဲ့ ရိုက်ချက် လေးဂွနဲ့ပစ်ပြီး ကျဉ်စက်တွေပါ ရိုက်နှက်နှိပ်စက်ပြီး အကြမ်းဖက်တာ တော်တော်ဆိုးဝါးခဲ့ပြီး မေ့လဲသူတွေ၊ လေးဂွနဲ့ပစ်လို့ မျက်လုံးထိမှန်/ခန္တာကိုယ်ပေါက်ပြဲဒဏ်ရာရပါတယ်။ သံတုတ်နဲ့အရိုက်ခံရတဲ့ မိန်းကလေးတွေဆို မျက်နှာနဲ့ခေါင်းတွေထိပြီး သွေးထွက်သံယိုတာတွေ တော်တော်ထိခိုက်ခဲ့ပါတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသမီးအကျဉ်းထောင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့(တန်ဆောင်မုန်းလပြည့်နေ့)ကလည်း အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ ရှိခဲ့ပြီး အမျိုးသားအဆောင်ဘက်မှ သံတိုင်များကို သံတုတ်များနှင့် ရိုက်၍ ခြောက်လန့်ခဲ့သည့်အတွက် လူထိခိုက်မှု မရှိခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင် လည်း ထပ်မံ၍ အကြောင်းပြချက်မရှိဘဲ အကျဉ်းထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသူများကို ဝင်ရောက် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်အင်းစိန်ထောင်ကို အပေါ်စီးမှ မြင်တွေ့ရစဉ်။"]
https://yktnews.com/2024/02/144673/
အင်းစိန်အကျဉ်းထောင်နှင့်မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစ်စီး ပျက်စီး
["အင်းစိန်အကျဉ်းထောင်နှင့်မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစ်စီး ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်နှင့် မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ အင်း စိန်ထောင်နှင့် အင်းစိန်မီးသတ်အနီးတွင် ရှိနေသည့် စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ပရိုဘောက် Taxi တစ်စီး ပျက်စီးသွားကြောင်း ၊ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။", "“ဗုံးပေါက်တယ်။ စျေးကုန်း အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ‌ ပေါက် ကွဲမှုဖြစ်တာ။ ကားတစ်စီးပျက်စီးတယ်။ လူထိခိုက်မှု မရှိပါဘူး။ အခုတော့ ရဲကားတွေ ရောက်နေပြီးတော့ စစ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/07/174821/
အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားနှင့် အကျဉ်းသူ အများအပြားကို ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်များကို ပြောင်းရွှေ့
["အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားနှင့် အကျဉ်းသူ အများအပြားကို ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်များကို ပြောင်းရွှေ့", "ရန်ကုန်၊ ဇူလိုင် ၂၁", "ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားနှင့် အကျဉ်းသူ အများအပြားကို ဒိုက်ဦး အကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်သို့‌ ထောင်ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇူလိုင် ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများနှင့် အကျဉ်းသူများကို ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဒိုက်ဦးအကျဉ်းထောင်ကို အမျိုးသား ၂၀၀ ဦးနှင့် အမျိုးသမီး ၆၀ ဦး ပြောင်းရွှေ့ခဲ့ကြောင်း၊ သာယာဝတီ အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်သည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်ကို ရရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။", "“လက်ရှိနိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို ထောင်ပြောင်းရွှေ့မှုတွေ ပြုလုပ်‌နေတာဟာ အကျဉ်းဦးစီးဌာက စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ သေချာအကွက်ချ စီမံထားတဲ့ ထောင်ပြောင်းရွေ့မှုတွေ ဖြစ်ပါတယ်။ ဇွန် ၁၉ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကနေစပြီး လာမယ့် ဩဂုတ်လ ၈ ရက်နေ့ ၈၈၈၈ အထိ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ ထောင်တွင်းလှုပ်ရှားမှုတွေ ပြုလုပ်တာမျိုး မဖြစ်ပေါ်အောင် လူစုခွဲနေခြင်းဖြစ်ပါတယ်။ သူတို့ဘယ်လောက်ပဲ ထောင်ပြောင်းလုပ်လုပ် ရောက်တဲ့အကျဉ်းထောင်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြည်သူနှင့်အတူ လှုပ်ရှားမှုတွေကို အမြဲလှုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတာကိုလည်း အကျဉ်းဦးစီးဌာနကို ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "ထိုသို့ ထောင်အပြောင်းအရွေ့များ လုပ်ဆောင်သည့်အတွက် မိသားစုဝင်များ ထောင်ဝင်စာပို့ရာတွင် ယခင်ကထက် ပိုမိုခက်ခဲလာမည်ဖြစ်ပြီး ပါဆယ််ပို့ရန်အတွက် ပုံမှန် တစ်သိန်းသုံးရသည့် အခြေခံ လူတန်းစားမိသားစုတစ်စုဆိုပါက ယခုအချိန်တွင် ပါဆယ်ပို့ရန်အပြင် ကားခနှင့် တည်းခိုစရိတ်ပါ ထပ်ပိုးကုန်ကျတော့မည်ဖြစ်၍ ပုံမှန်ပို့နိုင်ရန် မလွယ်ကူသည့် အခြေအနေများနှင့် ကြုံရနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/12/138032/
အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းနှင့် ပုသိမ်အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံတို့ ကျန်းမာရေးချို့ယွင်းစဉ် ဆေးကုသခွင့် မပေးသဖြင့် ကွယ်လွန်
["အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းနှင့် ပုသိမ်အကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုစံလင်းစံတို့ ကျန်းမာရေးချို့ယွင်းစဉ် ဆေးကုသခွင့် မပေးသဖြင့် ကွယ်လွန်", "၂၀၂၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ဆေးကုသခွင့်မရ၍ ကွယ်လွန်ခဲ့ရ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ဆန့်ကျင်သော ပြည်သူများကို ထောင်သွင်းအကျဉ်းချထားရာ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းနှင့် ပုသိမ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားကိုစံလင်းစံတို့ ကျန်းမာရေးချို့ယွင်းစဉ် ဆေးကုသခွင့်မပေးသဖြင့် ကွယ်လွန်ခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပုဒ်မ၅၀(ည)ဖြင့် အကျဉ်းကျခံနေရသည့် အသက် ၂၃ နှစ်အရွယ်နိုင်ငံရေးအကျဉ်းသူ မချယ်ရီဝင်းသည် အကျဉ်းထောင်တွင်းဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိသည့်အပြင် ထောင်ပြင်ပ ဆေးရုံသို့ အချိန်မှီပို့ဆောင်‌ပေးခဲ့ခြင်းမရှိသည့်အတွက် ကွယ်လွန်ခဲ့ရကြောင်း၊ မချယ်ရီဝင်းသည် ဒီဇင်ဘာလ ၁၈ ရက်‌နေ့နှင့် ၁၉ ရက်‌နေ့တို့ တွင် အဖျား ၁ဝ၆° ဖာရင်ဟိုက်အထိ ရှိနေ၍ ဆေးကုသခွင့်တောင်းခံရာ အကျဉ်းထောင်တွင်းသို့ လူကြီးလမ်းကြောင်းလာရန်ရှိသည်ဟုဆိုကာ ဆေးဝါးကုသမှုကိုချက်ခြင်းမပြုလုပ်ပေးခဲ့သဖြင့် မချယ်ရီဝင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ ပုသိမ်အကျဉ်းထောင်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၊ ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား အသက် ၃၀‌ အရွယ် ကိုစံလင်းစံသည် မူလရောဂါအခံကြောင့် ဦးခေါင်းခွဲစိတ်ခံထားရသူဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုများ‌ကြောင့် ဦးခေါင်း ဒဏ်ရာ ပို၍ဆိုးရွားလာသဖြင့် အောက်တိုဘာလမှ စ၍ ပုသိမ်ထောင်တွင်း၌ ဆေးဝါးကုသမှု ခံနေခဲ့ရကြောင်း ၊ သို့သော်အကျဉ်းထောင်တွင်း၌ ဆေးဝါး‌စောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းကြောင့် ဦးခေါင်းဒဏ်ရာမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ဆိုးရွားလာကာ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်ကောင်စီက အကျဉ်းထောင်သို့ မိသားစုဝင်များ ပေးပို့သည့်ပါဆယ်ထဲတွင်အခြေခံလိုအပ်သော အင်္ဂလိပ်ဆေးဝါးများကိုပို့ဆောင်ခွင့်မပြုခြင်း၊အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း၊အရေးကြီးလူနာများကို အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခြင်းကို အချိန်နှင့်တပြေးညီ မခံခဲ့ကြရသည့်အတွက် ၂၀၂၃ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၇)ဦးအထိအသက်သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "“ဒီဇင်ဘာလတစ်လအတွင်းမှာပဲ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိသည့်အတွက် အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်း သား ၁ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁ ဦး၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး၊ ပုသိမ်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ ဦး စုစုပေါင်း၄ဦးရှိနေပါပြီ။ ကွယ်လွန်သွားတာ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူက ရှင်းပြသည်။", "လတ်တလော အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကို အခြားရာဇဝတ်အကျဉ်းသားများက အနိုင်ကျင့် ဗိုလ်ကျ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများကို ဝင်ရောက် ရိုက်နှက်သတ်ဖြတ်ခြင်း အပါအဝင်စသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝ တ်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]