url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2025/01/201798/
သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်းဝင်း အတွင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်းဝင်း အတွင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၇ တပ်ရင်းဝင်း အတွင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကျိုက်ထို ပကဖ)က ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ တပ်ဝင်းအတွင်းသို့ ရှော့တိုက်မစ်ဆိုင်းများ၊ Drone များ၊ ၆၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ KNLA၊ အင်းတကော် ပကဖ ၊ ကဝ ပကဖ နှင့် ဝေါ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109270/
သိမ်ဇရပ်မြို့တွင် အမတ ၃၁၀ ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ၏ နာရေးကို အုပ်ချုပ်ရေးမှူးက ငွေကျပ် ၃ သိန်း လာပေးပြီး PDF များ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆို
["သိမ်ဇရပ်မြို့တွင် အမတ ၃၁၀ ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ၏ နာရေးကို အုပ်ချုပ်ရေးမှူးက ငွေကျပ် ၃ သိန်း လာပေးပြီး PDF များ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆို", "ရန်ကုန်၊ ဇွန် ၂၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အမတ ၃၁၀ ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ၏ နာရေးကို အုပ်ချုပ်ရေးမှူးက ငွေကျပ် ၃ သိန်း လာပေးပြီး PDF များ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု Kyaikhto Information Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် သိမ်ဇရပ်မြို့အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ၃၁၀ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူ၏ နာရေးအိမ်ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက ငွေကျပ် ၃ သိန်းလာပေးပြီး PDF ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောဆို၍ လက်နက်ကြီး အကြွင်းအကျန်များကို သိမ်းဆည်းသွားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သိမ်ဇရပ်မြို့ အမှတ် ၁ ရပ်ကွက်၊ ရွာလေး ကွက်သစ်ပိုင်းအတွင်းသို့ ၅ လုံးကျသွားခဲ့ပြီး ၄ လုံး ပေါက်ကွဲခဲ့ရာ အသက် ၃၈ နှစ်အရွယ် ဒေါ်အေးအေးနွယ်တွင် ယာဘက်နံရိုးအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပါးထိရှဒဏ်ရာ ၁ ချက်နှင့် ယာလက်သူကြွယ် ပြတ်ရှဒဏ်ရာ ၁ ချက်တို့ရရှိကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူ ၆ ဦးတွင် ၄ ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အနည်းငယ် ထိခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီခန့် အကွက် ၁ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ သိမ်ဇရပ်မြို့ပေါ် အုပ်ချုပ်ရေးမှူးဟောင်း ဦးထင်ကျော်နှင့် အမည်မသိ လူတစ်ဦးတို့သည် ဇွန်လ ၁၇ ရက်နေ့တွင် နာရေးအိမ်သို့ ရောက်လာပြီး ပေါက်ကွဲခဲ့သော လက်နက်ကြီး ဒလက်အပိုင်းအစများနှင့် မပေါက်ကွဲသေးသော ဗုံးသီးတစ်လုံးကို ပြန်သိမ်းသွားပြီး နားရေးအိမ်ကို ပိုက်ဆံ ၃ သိန်း ပေးသွားကြောင်း၊ ထိုလက်နက်ကြီးကျည်များသည် စစ်တပ်က ပစ်ခတ်ခြင်းမဟုတ်ဘဲ PDF က ပစ်ခြင်းဖြစ်သည်ဟု ပြောဆိုသွားကြောင်း ဒေသပြည်သူများက ပြောပြသည်။", "” နောက်တစ်နေ့ အောင်ကျော်ဦးရယ် အုပ်ပြုတ်ထင်ကျော်ရယ် နောက်လူတစ်ယောက်ရယ် လာပြီးတော့ ကျည်ဆံအပိုင်းအစတွေရယ် မပေါက်ကွဲသေးတဲ့ ဗုံးသီးတစ်လုံးရယ်ကို သိမ်းတယ်။ ငွေ ၃ သိန်းပေးတယ်။ သူတို့လုပ်တာမဟုတ်ဘူး PDF တွေ လုပ်တာလို့လည်း ပြောသွားတယ် ” ဟု Kyaikhto Information Organization အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/07/176349/
သိမ်ဇရပ်မြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံး
["သိမ်ဇရပ်မြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံး", "ရန်ကုန်၊ဇူလိုင် ၂၉", "မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ပေါ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "ဇူလိုင်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် အမှတ် ၃၁၀ အမြောက်တပ်ရင်း စခန်းက သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များထဲကို လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ လူနေရပ်ကွက်များ အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး သိပ်ဇရပ်ရွာလေး ရပ်ကွက် ၇ လမ်းတွင် နေထိုင်သော အသက် ၄၇ နှစ် အရွယ် ကိုလေးစစ်သူ၊ ကိုယ်ဝန် ၄ လ လွယ်ထားရသော အသက် ၄၅ နှစ်အရွယ် မကြည်ကြည်လင်းတို့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပြီး အသက် ၄၁ နှစ် အရွယ် မယှဥ်ဝေလွင်မှာလည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရှိရသည်။", "ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် သိမ်ဇရပ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းကိုလည်း တော်လှန်ရေး အင်အားစုမှ ပြောက်ကျား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၎င်းတို့မှ အရပ်သား ပြည်သူများ အ‌ပေါ် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "အလားတူ ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်၊ ကျောက်တန်းလေးရွာအနီး၌ စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများ နံနက် ၉ နာရီခန့်တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး ကျိုက်ထိုမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အမှတ်-၆၀၂ ဒုံးတပ်ရင်းက ပျဥ်းကတိုးကုန်းရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး (ဟောင်ဝှစ်ဇာ) ၄ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် အရပ်သား ပြည်သူ ၇ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ ကြောင်းသိရှိရသည်။", "သေဆုံးသူများမှာ ကျောက်တန်းလေးရွာနေ သက် ၁၈ နှစ်အရွယ် စိုးထက်ပိုင်၊ အသက် ၁၈ နှစ်အရွယ် ချစ်ကို၊ သက္ကယ်ကုန်း ရွာနေ အသက် ၁၉ နှစ် အရွယ် ငြိမ်းချမ်းအောင် ၊ ပါရမှီဒေါင်းရွာနေ အသက် ၂၉ နှစ်အရွယ် ထွန်းထွန်းဝင်း၊ ကုန်းဘိုရွာနေ အသက် ၂၀ နှစ်အရွယ် အောင်ဇင်ထွေး ၊ သိမ်းဇရပ်နေ အောင်ဆန်း မင်း၊ သိမ်ဇရပ် ပေ ၈၀ ရပ်ကွက်နေ အသက် ၂၄ နှစ် အရွယ်ချစ်သဲတို့ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရခဲ့သူများမှာ အသက် ၄၁နှစ်အရွယ် ကိုလှထွန်းအောင်၊ အသက် ၃၆နှစ်အရွယ် ကိုထက် ထက်မင်း၊ အသက် ၃၀နှစ် အရွယ် မအိဖြူ၊ အသက် ၂၄နှစ်အရွယ် မအေးစန္ဒာ၊အသက် ၃၇နှစ်အရွယ် ကိုအောင်ထူး၊ အသက် ၂၄နှစ်အရွယ် ကိုထင်လင်းဦး၊ အသက် ၅၈နှစ်အရွယ် စောဝင်းနိုင် တို့ဖြစ်ကြောင်းသိရှိရသည်။", "ထိခိုက်သေဆုံးသူများမှာ ရွှေတွင်း အလုပ်သမားများဖြစ်ကြပြီး ကျောက်တန်းလေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားသောကြောင့် မြို့သို့ တိမ်းရှောင်ရန် ထွက်လာစဥ် ပျဥ်းကတိုးကုန်းရွာအရောက်တွင် ၎င်းတို့အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းသိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ အမှတ်-၆၀၂ ဒုံးတပ်ရင်းသည် ယခင်က အမှတ်-၆၀၂ အမြောက်တပ်ရင်း တစ်ခု ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှ ၎င်းဒုံးတပ်ရင်းကို အစားထိုးပြောင်းလဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/02/205283/
သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စလင်းမြို့နယ်ရှိ စစ်တပ် ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စလင်းမြို့နယ်ရှိ စစ်တပ် ကင်းစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်း အပါအဝင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကဝမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် သိမ်ဇရပ်မြို့ရှိ ခမရ ၂၀၇ တပ်ရင်းနှင့် ဟိန်းမြန်မာ ကျောက်မိုင်းအနီးရှိ ကာကင်းစခန်းတို့၌ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အင်အားဖြည့်တင်းထားကြောင်း သတင်းရရှိ၍ အင်းတကော်မြို့ ပကဖ (ဒရုန်းအဖွဲ့) နှင့် ဝေါမြို့နယ် ပကဖ တို့က ဒရုန်းဖြင့် ဗုံးကျဲပြီး ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် KNU/KNLA ဦးဆောင်၍ ကျိုက်ထို ပကဖ ၊ သိမ်ဇရပ် ဒေသ ကာကွယ်ရေးတပ်ဖွဲ့နှင့် ကဝမြို့နယ် ပကဖ ဒရုန်းအဖွဲ့တို့က ဟိန်းမြန်မာကျောက်မိုင်းတွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တိုက်ခိုက်မှုဖြစ်ပွားရာနေရာကို လူနာတင်ကား ၂ စီး အချိန်အပိုင်းခြားဖြင့် ဝင်ရောက်သွားကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ် သစ်ခေါက်တောင်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီး တပ်သားများ ကင်းပုန်းဝပ်နေစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Peacock Brother Urban Guerrilla အဖွဲ့က ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စလင်းမြို့နယ် သစ်ခေါက်တောင်ကျေးရွာရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ကင်းစခန်းအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အကြမ်းဖက် စစ်တပ် ဘက်မှ ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုကို ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့နှင့် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/112759/
သိမ်ဇရပ်ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟက အုပ်ချုပ်ရေးမှူး၏ သမီးမိသားစု အပါအဝင် လူ ၅ ဦးကို အရက်မူးပြီး ကားဖြင့်တိုက်ကာ သေနတ်ဖောက် ခြိမ်းခြောက်
["သိမ်ဇရပ်ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟက အုပ်ချုပ်ရေးမှူး၏ သမီးမိသားစု အပါအဝင် လူ ၅ ဦးကို အရက်မူးပြီး ကားဖြင့်တိုက်ကာ သေနတ်ဖောက် ခြိမ်းခြောက်", "ရန်ကုန်၊ ဇူလိုင် ၁၃", "မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့ ၊ သိမ်ဇရပ် ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟသည် ဇူလိုင် ၁၂ ရက်နေ့တွင် အရက်မူး၍ ကားမောင်းရာ စစ်တောင်း တံတား အဟောင်းထိပ်တွင် ဆိုင်ကယ်စီးလာသည့် မိသားစု ၃ ဦးကို တိုက်မိခဲ့ ပြီးနောက် သေနတ်ဖောက် ရမ်းကား၍ ထွက်ခွာသွားကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။", "ဒုရဲအုပ်မျိုးသီဟ၏ ကားဖြင့် တိုက်မိသည့် မိသားစု ၃ ဦးမှာ အမှတ် (၃) ရပ် ကွက် အုပ်ချုပ်ရေးမှူး သန်းဝင်း၏ သမီး၊ သမက် နှင့် ကလေးတို့ဖြစ်ပြီး ကား ဖြင့် တိုက်မိပြီးချိန်တွင် အုပ်ချုပ်ရေးမှူး သန်းဝင်းရောက်လ်ကြောင်း၊ ဒုရဲအုပ် မျိုးသီဟနှင့် အပြန်အလှန်စကားများခဲ့ပြီး ဒုရဲအုပ်မျိုးသီဟက သေနတ် ပစ်ဖောက်ရမ်းကားခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် ဒုရဲအုပ်မျိုးသီဟသည် ပထမအခင်းဖြစ်ရာမှ ထွက်လာပြီး သာယာ ကုန်း လမ်းတစ်နေရာတွင်လည်း ဆိုင်ကယ် စီးနင်းလာသော အမျိုးသမီး ၂ ဦးကို ထပ်မံကားဖြင့် တိုက်ပြီး မောင်းပြေးသွားခဲ့ကြောင်း၊ ကားဖြင့် အတိုက်ခံ ရသော အမျိုးသမီ ၂ ဦးမှာ သိမ်ဇရပ်ဆေးရုံ တင်ထားရကြောင်း ဒေသပြည် သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "“ဆိုင်ကယ်တွေက တော်တော်ပျက်စီးသွားတယ်။ လူကတော့ တံတားထိပ်က အုပ်ချုပ်ရေးမှူးမိသားစုကတော့ ပွန်းပဲ့ဒဏ်ရာရကုန်တယ်။ ကလေးလည်း ပါးမှာ ဒဏ်ရာရတယ် ။ သိမ်ဇရပ်ဆေးရုံမှာပါ”ဟု ဒေသပြည်သူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဒုရဲအုပ်မျိုးသီဟသည် အရက်မူး ကားဖြင့် ရမ်းကား တိုက်ခဲ့ပြီးနောက် ရဲစခန်း အတွင်းသို့ မောင်းပြေးသွားခဲ့ကြောင်း၊ သိမ်ဇရပ် ရဲစခန်းသို့ ရောက်ချိန်တွင် လည်း ထပ်မံ၍ သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အရက်သောက် မူးယစ်ရမ်းကားလေ့ရှိသည့် ဒုရဲအုပ် မျိုးသီဟသည် သိမ်ဇရပ် မြို့၊ အမှတ် ၁ ရပ်ကွက် ရွာလေးရပ်ကွက်တွင် နေထိုင်သော အသက်မပြည့် သေးသည့် ကျောင်းသား ၂ ဦးကိုလည်း PDF ဟု စွပ်စွဲကာ ပါးရိုက် ထိုးကြိတ် နှိပ်စက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107958/
သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးပြီး ကလေး ၁ ဦး ခြေထောက်ပြတ်မှု အပါအဝင် ၂ ဦးဒဏ်ရာရ
["သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးပြီး ကလေး ၁ ဦး ခြေထောက်ပြတ်မှု အပါအဝင် ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၁၇", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ်၏ ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး သေဆုံးပြီး ကလေး ၁ ဦး ခြေထောက်ပြတ်မှု အပါအဝင် ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အမြောက်တပ်က လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သော ရပ်ကွက်များနှင့်ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သဖြင့် ကလေးငယ် ၂ ဦး၏ မိခင် မအေးအေးနွယ် လက်နက်ကြီးကျည်ထိမှန်သေဆုံးကြောင်း၊ ထို့ပြင် ကလေးငယ် ၁ ဦး ခြေထောက်ပြတ်သွားသည့်အပြင် အမျိုးသား ၁ ဦးလည်း လက်နက်ကြီးကျည်ထိမှန်၍ စိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာလေးကွက်သစ်နေ မအေးအေးနွယ် လက်နက်ကြီးကျည်ထိမှန်သေဆုံးပါတယ်။ မအေးအေးနွယ်က ကလေး ၂ ဦးရဲ့ မိခင် အိမ်ထောင်သည်ပါ။ နောက်ပြီး လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦး ခြေထောက်ပြတ်သွားပါတယ်။ နောက်ထပ် အမျိုးသား ၁ ဦးလည်း လက်နက်ကြီးထိမှန်ပြီး စိုးရိမ်ရဒဏ်ရာရရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်၏ သိမ်ဇရပ် အခြေစိုက် အမြောက်တပ်များက ပြည်သူများနေထိုင်သော ကျေးရွာများ၊ ရပ်ကွက်များကို လက်နက်ကြီးကျည်ကျရောက်ကာ မကြာခဏ ဆိုသလို အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ၊ သေဆုံးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/184030/
သီပေါနှင့် တနင်္သာရီ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ
["သီပေါနှင့် တနင်္သာရီ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "ရှမ်းပြည်နယ်၊ သီပေါမြို့ တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာခဲ့ပြီး ကား ၁စီး မီးလောင် ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ရေး ပစ်မှတ်မဟုတ်သည့် ပြည်သူများတည်ရှိရာ သီပေါမြို့ အတွင်းကို လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အုတ်ကျင်းရပ်ကွက်၊ ဘုရားကြီးကျောင်း အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းကျောင်းဝန်းအတွင်း နေထိုင်သည့် အသက် ၆၀ နှစ် အရွယ် ဒေါ်ငယ် ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ကား၁ စီး နှင့် ကားပေါ် တင် ဆောင် ထားသည့် ကုန်ပစ္စည်းများလည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ထပ်မံ လာရောက် ဗုံးကျဲမှုကြောင့် ပန်တိမ်တောင် (မြောက်) ရပ်ကွက်ရှိ ဝက်ဝံစျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စျေးရောင်းနေသည့် အသက် ၁၄ နှစ်အရွယ် အမျိုး သမီးငယ် ၁ ဦး၏ လည်ပင်းတွင် ဗုံးစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ည ၇ နာရီ ဝန်းကျင်အချိန်တွင် အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ဗုံး ၂ လုံးနှင့် ည ၇ နာရီ ၃၀ မိနစ်ခန့် တွင် Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ နီးပါး လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အများစုသည် မြို့တွင်းရှိ လူနေ ရပ်ကွက် အတွင်းကျရောက် ပေါက်ကွဲခဲ့ကြောင်း TNLA က ပြောဆိုသည်။", "တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှုကြောင့် ပြည်သူလူထု ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "စက်တင်ဘာလ ၁၁ ရက်နေ့တွင် တနင်္သာရီ မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင် ရောက်လာပြီး ကျွဲထိန်းကုန်းကျေးရွာအတွင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ အသက် ၅၇နှစ်အရွယ် ဒေါ်စန်းသီ ၊ အသက် ၄၀နှစ်အရွယ် ဒေါ်စန်းသွယ်၊ အသက် ၁၈နှစ်အရွယ် မဖြူဇင်အေး နှင့်အသက် ၂၁နှစ်အရွယ် မောင်နေနိုင်သူ တို့ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကွင်းသစ်ကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံကျဲတိုက်ခိုက်ခဲ့ရာကျေးရွာနေ ဦးသီဟ၏ နေအိမ် ထိခိုက် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများ အတွင်းနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လက်နက်ကြီးများ ပစ်ခတ်ခြင်း လေကြောင်းဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ထိတ်လန့် ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ အခြေခံ စားနပ်ရိက္ခာ ဆေးဝါး နှင့် နေရာထိုင်းခင်းတို့ အတွက် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုများ ရိက္ခာဝယ်ယူရန်အတွက် အဓိက အသုံးပြုသည့် တနင်္သာရီ− သကျက် လမ်းပိုင်းရှိ ဘောဒိကာ တံတား၌ ပြည်သူလူထု သွားလာခွင့်ကို ပိတ်ဆို့ထား သည့်အတွက် ရိက္ခာဝယ်ယူရန်အခက် အခဲများနှင့်ရင်ဆိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။"]
https://yktnews.com/2024/10/187552/
သီပေါနှင့် နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး
["သီပေါနှင့် နောင်ချိုတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်နှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အများအပြား ပျက်စီးကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် သီပေါမြို့၊ ဇတ်စုရပ်ကွက်နှင့် သီပေါအကျဉ်းထောင်အတွင်း သို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်းပေါင် ၅၀၀ ဗုံး (၃)လုံး လာရောက်ကျဲချခဲ့ပြီး နေအိမ်အများအပြားပျက်စီးသွားခဲ့ကြောင်း၊ ထောင်အဆောက်အအုံနှင့် လူနေအိမ် ၇ လုံးကျော် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်အထိ TNLA နှင့် စစ်ကောင်စီတပ်များ အကြားတိုက်ပွဲဖြစ်ပွားလျက်ရှိသော ခလရ-၂၃ တပ်အနီးတစ်ဝိုက်တွင်းလည်း စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၄၀ နီးပါးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်အထိ လေယာဉ်ဖြင့်င် ထပ်မံ၍ ဗုံးအလုံး", "၄၀ ကျော် လာရောက်ကျဲချခဲ့ကြောင်း၊ နမ့်လန်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ၁၀ လုံးကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ နောင်ချိုမြိုနယ် အင်းဖိုကျေးရွာတွင်လည်း အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံး ၄လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ဘန့်ဘွေရှိစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ၊ ထိုသို လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသ ပြည်သူ ၁ ဦးသေဆုံးပြီး လူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ပြည်သူလူထု၏ အသက်အိုးအိမ်များ သေကြေပျက်စီးစေရန် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများတွင် နေ့စဥ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ကြေညာထားသည်။"]
https://yktnews.com/2023/12/137814/
သီပေါနှင့်နမ္မတူအကြားရှိ မိုးတေချောင်းကူးတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး
["သီပေါနှင့်နမ္မတူအကြားရှိ မိုးတေချောင်းကူးတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် နမ္မတူမြို့အကြားရှိ မိုးတေချောင်းကူးတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများနှင့် TNLA ထံမှ သိရှိရသည်။", "ယနေ့နံနက်ပိုင်း TNLA ၏ ထုတ်ပြန်ချက်တွင် သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ အချိန် စစ်ကောင်စီ၏ ၅၀၃ ၊ ၅၀၄ တပ်က လာရောက်ပြီး မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ မိုးတေချောင်းတံတားသည် သီပေါ – နမ္မတူ – မန်တုံ – နမ့်ဆန်မြိုသို အဓိကဆက်သွယ်ထားသည့် တံတားဖြစ်ကြောင်း", "PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။", "“တံတားက သွားလို့မရတော့ဘူး။ ကားသွားလို့မရတာ ဆိုင်ကယ်တော့ သွားလို့ရသေးတယ်။ ပုံမှန်တော့ အဲဒီလမ်းကြောင်းမှာ သီပေါဘက်က တပ်ကတွေ သွားလာတာတွေ၊ ကင်းပုန်းဝပ်တာတွေလုပ်နေတာပါ။ သီပေါအဝင်ဘက်မှာလည်း တပ်တွေ ကင်းပုန်းဝပ်နေတာတွေ ရှိတယ်” ဟု သီပေါဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "လက်ရှိတွင် သီပေါမြို့နယ်ဘက်သို့ TNLA တပ်များက တိုက်ခိုက်လာမည်ကို စိုးရိမ်၍ စစ်ကောင်စီက စစ်ပြင်မှုများ လုပ်ဆောင်နေပြီး အထူးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ လက်နက်တချို့ ထုတ်ပေးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178515/
သီပေါနှင့်နောင်ချို တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှု ၁၈ ကြိမ်လုပ်ကာ ဗုံး ၁၀၀ ကျော် ကျဲချ
["သီပေါနှင့်နောင်ချို တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှု ၁၈ ကြိမ်လုပ်ကာ ဗုံး ၁၀၀ ကျော် ကျဲချ", "ရန်ကုန်၊ ဩဂုတ် ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့်နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း TNLA က ပြောသည်။", "ယနေ့တွင် နောင်ချိုမြိုနယ် တောင်ခမ်းနှင့် မက်မန်းတော ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲဆက်လက်ဖြစ် ပွားလျက်ရှိကြောင်း၊ တောင်ခမ်းရွာရှီ အမြောက်တပ် ၉၀၂ တပ်နှင့်သော် လည်းကောင်း၊ မက်မန်းတောကျေးရွာတွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၂ တပ်နှင့်သော်လည်းကောင်း၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက် အောက်ခံ ခမရ ၃၂၅ တပ်နှင့်သော်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ ခမရ ၃၀၆ တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "နောင်ချိုမြိုနယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် နှင့် Y-12 ထောက်ပို့လေယာဉ်ဖြင့် ၃ ကြိမ် ဗုံး ၂၀လုံး လာရောက်ကျဲချခဲ့ကြောင်း သိရှိရသည်။", "အလားတူ သီပေါမြို့ ခလရ ၂၃ တပ်စခန်းနေရာတွင်လည်း တိုက်ပွဲဆက် လက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ၁၂ ကြိမ် ဗုံး ၈၅ ကြဲချသည့်အပြင် စစ်ကောင်စီတပ်များအတွက် Y-12 လေ ယာဉ်ဖြင့် ၅ ကြိမ် ထောက်ပိုပစ္စည်းများ လာရောက်ကျဲချပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173438/
လားရှိုး၊ စစ်ကောင်စီ၏ နန်းကျိုင်းစခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကလေးများကို စစ်ရေးအတွက် စစ်တပ်က အသုံးပြုမှု စိစစ်တွေ့ရှိရ
["သီပေါနှင့်မိုင်းရယ်နယ်စပ်ရှိ ခလရ-၂၃ တပ်စခန်းကိုလည်း MNDAA က သိမ်းယူ", "ရန်ကုန်၊ ဇူလိုင် ၁၇", "ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ နန်းကျိုင်းစခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ကလေးများကို စစ်ရေးအတွက် စစ်တပ်က အသုံးပြုမှု စိစစ်တွေ့ရှိရကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။", "ဇူလိုင် ၁၄ ရက်နေ့ MNDAA က လားရှိုးမြို့နယ်၊ နန်ကျိုင်းစခန်းကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများဖမ်းဆီးရရှိကြောင်း၊ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းတွင် အသက် ၁၈ နှစ်မပြည့်သောကင်းထောက်ကလေး ၃ ဦး ပါဝင်သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ပြောဆိုသည်။", "ထို့ပြင် ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် လားရှိုးစစ်ပွဲဇုန်အတွင်းတွင် စစ်ကောင်စီတပ်မှ ဒုတိယတပ်ခွဲမှူး ၁ ဦး အပါအဝင် စ်သုံ့ပန်း ၃၂ ဦး ဖမ်းဆီးရရှိကြောင်း၊ ဒဏ်ရာရ စစ်သုံ့ပန်းများကို လူသားချင်းစာနာမှုဆိုင်ရာ ဆေးဝါးကုသမှုများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ရှမ်းပြည်နယ်၊ သီပေါနှင့် မိုင်းရယ်မြို့နယ်အစပ် ဆင်ကျော့ ကျေးရွာ အုပ်စုရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၃ တပ်စခန်းကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းယူလိုက်ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ ခလရ-၂၃ စစ်စခန်းကို ကိုးကန့်MNDAA က ဝင်ရောက်ပစ်ခတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/09/184896/
သီပေါမြို့ နယ်ရှိ ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရ
["သီပေါမြို့ နယ်ရှိ ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၄", "ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၆ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နားလွယ်ကျေးရွာတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မောင်ကြည်တာ၊ အသက် ၂၁ နှစ်အရွယ် မောင်ဂူသာ၊ အသက် ၅၀ နှစ် အရွယ် ဒေါ်မာလေး နှင့် အသက် ၇၇ နှစ် အရွယ် ဒေါ်အေနွန်တို့ မြေးအဖွား ၄ ဦး လုံး ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "ထို့ပြင် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါဝင် အမျိုးသား ၃ ဦး၏ ဦးခေါင်း၊ ခြေထောက်၊ ပေါင်နှင့် လက်မောင်း တို့တွင် ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။", "နားလွယ်ကျေးရွာရှိ နေအိမ် ၁၀ လုံး ထက်မနည်းလည်း ထိခိုက် ပျက်စီးခဲ့ရပြီး မပေါက်ကွဲသေးသည့် ဗုံး ၁ လုံးလည်း ကျန်ရှိနေသေးကြောင်း၊ အလားတူ ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ် အချိန်တွင်လည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံး အလုံး၂၀ ကျော် လာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီး ဒေသ ပြည်သူလူထုများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြကြောင်းTNLA က ပြောဆိုသည်။"]
https://yktnews.com/2024/05/162072/
သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် စစ်တပ်က မြို့အဝင်အထွက်များကို စစ်ဆေးနေ၊ ဓားပြ တိုက်ခံရသော ရွှေဆိုင် ၃ ဆိုင်ထိရှိလာပြီး တရားခံများကို ဖမ်းမမိသေး
["သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် စစ်တပ်က မြို့အဝင်အထွက်များကို စစ်ဆေးနေ၊ ဓားပြ တိုက်ခံရသော ရွှေဆိုင် ၃ ဆိုင်ထိရှိလာပြီး တရားခံများကို ဖမ်းမမိသေး", "ရန်ကုန်၊ မေ ၁၂", "ရှမ်းပြည်နယ်၊ သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့အဝင်အထွက်များကို စစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်တွင် သီပေါမြို့ ပန်းတိမ်မြောက် ရပ်ကွက်ရှိ ရွှေချိန်ခွင် ရွှေဆိုင်ကို သေနတ် ကိုင်ဆောင်ထားသူများက ဝင်ရောက်လာပြီး ရွှေကောင်တာထဲမှ ရွှေဗန်း ၄ ဗန်းခန့် ဓားပြတိုက် ယူဆောင်သွားကြောင်း သိရသည်။", "“သီပေါမြို့ ပန်းတိမ်မြောက်ရပ်ကွက်က ရွှေချိန်ခွင်ရွှေဆိုင် ဒီနေ့ ၁၁ နာရီကျော်လောက်က ဓားပြတိုက်ခံရပြီး ရွှေကောင်တာထဲက ရွှေဗန်း ၄ ဗန်းပါသွားပါတယ်။ အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ထိ သီပေါမြို့ထဲ ရွှေဆိုင်ဓားပြတိုက်ခံရတာ", "၃ ဆိုင်အထိရှိနေပါပြီ တရားခံတွေ မိတယ်လို့လည်းမကြားပါဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ထိုသို့ ဓားပြတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွှေချိန်ခွင် ရွှေဆိုင်ကို ရောက်ရှိလာပြီး ဓာတ်ပုံရိုက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး မြို့အဝင်အထွက်များကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။", "“ယခင် နန်းလှယဉ်ရွှေဆိုင်နဲ့ ရီရှင်းဆိုင် ဓားပြတိုက်ခံရတုန်းကလည်း မြို့အဝင် မြို့အထွက်တွေကိုစစ်ဆေးပါတယ်။ ဖမ်းမိတယ်လို့တော့ မရှိခဲ့ပါဘူး”ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/09/183672/
သီပေါမြို့ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ
["သီပေါမြို့ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် လာရောက် ကျဲချတိုက်ခိုက်ခဲ့ရာ ဒေသပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်းTNLA က ပြောဆိုသည်။", "စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ မှ ၁၀ နာရီ အထိ အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ဆက်တိုက် ကျဲချတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာ ပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ရပ်ကွက်အတွင်း ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသ ပြည်သူ ၁ ဦး ဗုံးစမှန် သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက် ည ၉ နာရီ ၁၆ မိနစ်ခန့်တွင်အကြမ်းဖက်စစ် တပ်စွဲထားသည့် တပ်စခန်းက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ရာ သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပြာကျ သွားခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် ပြည်သူလူထုများကို ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိကြောင်း TNLAကပြောဆိုသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "စက်တင်ဘာလ ၁၃ ရက်နေ့တွင် နံနက် ၁၁ နာရီ အချိန်တွင် လယ်ဒိုမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ် ခမရ-၃၀၇ တပ်ရင်း က ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ဇရပ်ခင် ကျေးရွာအတွင်းကျ ရောက် ပေါက်ကွဲခဲ့ပြီးကျေးရွာနေ အသက် ၈၂ နှစ်အရွယ် ဒေါ်လှရွှေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟို ကပြောဆိုသည်။"]
https://yktnews.com/2024/09/181613/
သီပေါမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရ
["သီပေါမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂", "ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ယမန်နေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်ရင်းက ပြည်သူများ ရှိရာ နေရာကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကုံးစုံ (လီဆူ) ရွာရှိ နေအိမ်တစ်အိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ရာ အသက် ၄၇ နှစ်အရွယ် ကိုကျော်မြင့်ဆိုသူ၏ နောက်ကျော၊ ပခုံး၊ လက်နှင့် မျက်နှာ တို့တွင် လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။", "အလားတူ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က ပြည်သူရှိရာ သို့ ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ကိုးပင်ရပ်ကွက်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက်၅၂ နှစ်အရွယ် ဒေါ်စိန်ပွင့်ဆိုသူ နှလုံး တည့်တည့် လက်နက်ကြီး ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "သီပေါမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ ရှိရာကို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ဒေသပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ထိမှန် ဒဏ်ရာရခဲ့ကြောင်း TNLA က ပြောဆိုသည်။"]
https://yktnews.com/2024/10/186676/
သီပေါမြို့ကို စစ်တပ်က လက်နက်ကြီး၊ ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရ
["သီပေါမြို့ကို စစ်တပ်က လက်နက်ကြီး၊ ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၆", "ရှမ်းပြည်နယ်၊ သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဂျက်လေယာဥ်တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ ၁၀ နာရီအထိ အကြမ်းဖက် စစ်တပ်က ဂျက်လေယာဥ်ဖြင့် ပြည်သူများ နေထိုင်သည့်နေရာကို ဦးတည်ပြီး သီပေါမြို့အတွင်း ဆက်တိုက် လာရောက်ဗုံးကျဲခဲ့ကြောင်း၊ ၎င်းဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဇာတ်စုရပ်ကွက် ရဲစခန်းအနီးတွင် ၂ လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် ၁ လုံးနှင့် တောင်မြိုရပ်ကွက် လယ်ကွက်အနီးတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သီပေါမြို စံပြမုန့်ဆိုင်တွင် ညအိပ်စောင့်နေသည့် ကိုနိုင်သိန်း အသက် ၅၁ နှစ်ဆိုသူ သေဆုံးခဲ့ပြီး သီပေါရဲစခန်းတွင် အကျဥ်းကျနေသည့် ကိုရဲနှင့် ကိုဖိုးချို ၂ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိကာ စံပြမုန့်ဆိုင်၏ နှစ်ထပ်တိုက်ဆိုင်ခန်းလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။", "အလားတူ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင်လည်း နမ့်လန်တွင် အခြေစိုက်ထားသည့် အကြမ်းဖက် စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လွယ်ကျိုင်းကျေးရွာနှင့် အေရှာဝေါတိုးဂိတ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လွယ်ကျိုင်းကျေးရွာရှိ မနန်းဆိုင်နွန်းနှင့် ၎င်း၏ ၁၀ လသားအရွယ်နှင့် ၄ နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို့ ၃ ဦးလည်း နဖူး၊ ဒူး၊ လက်၊ ရင်ဘတ်၊ မျက်စိနှင့်နောက်ကျောတိုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဒေသ ပြည်သူများ၏ နေအိမ် အလုံး ၂၀ ကျော်၊ အိမ်စီးကားများ၊ ဆိုင်ကယ်များနှင့် နေအိမ်အတွင်းရှိပ စ္စည်းများလည်း မီးလောင် ဆုံးရှံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/187178/
သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၆၀ ကျော်ကျဲချ တိုက်ခိုက်မှု သီလရှင် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးထက်မနည်းပျက်စီး
["သီပေါမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၆၀ ကျော်ကျဲချ တိုက်ခိုက်မှု သီလရှင် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၁၀ လုံးထက်မနည်းပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၉", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ၊ သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာ များကို စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် ကျဲချခဲ့ရာ သီလရှင် ၁ ပါး ပျံလွန် တော်မူခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၉ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် သီပေါ်မြို့၊ ရွှေကျောင်းရပ်ကွက်နှင့် ပန်း တိမ်တောာင်ရပ်ကွက်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးသီး ၁၀ လုံး ကျဲချခဲ့ရာ ရွှေကျောင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၊ ပြည်သူနေအိမ်များနှင့် ပန်တိမ်တောင်ရပ်ကွက် ရှိ ဦးအိုက်တူး၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ယမန်နေ့ အောက်တိုဘာလ ၈ ရက် ည ၁၀ နာရီကျော်အချိန်တွင် သီပေါမြို့ တောင်မြို့ရပ် ကွက်၊ ပန်တိမ်တောင်ရပ်ကွက်၊ အုတ်ကျင်းရပ်ကွက်နှင့် နမ့်ငုံးကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင် စီတပ်က Y -12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ကျော် ကျဲချခဲ့ရာ နမ့်ငုံးကျေးရွာ ဘုန်းကြီးကျောင်း အတွင်း ကျရောက်ပေါက်ကွဲပြီး သီလရှင် ၁ ပါး ပျံလွန်တော်မူခဲ့ကာ ဦးမြင့်လွင်တို့ လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် တောင်မြို့ရပ်ကွက်၊ ပန်တိမ်တောင်ရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/170659/
သီပေါမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝိုင်းထားပြီး စစ်တပ်က ပြည်သူများကို ထွက်ပြေးခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြု၊ MNDAA တပ်အများစု သီပေါမြို့အနီးသို့ ရောက်ရှိလာ
["သီပေါမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ဝိုင်းထားပြီး စစ်တပ်က ပြည်သူများကို ထွက်ပြေးခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြု၊ MNDAA တပ်အများစု သီပေါမြို့အနီးသို့ ရောက်ရှိလာ", "ရန်ကုန်၊ ဇွန်လ ၃၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ ဝိုင်းထားပြီး စစ်ကောင်စီတပ်က မြို့နေပြည်သူများကို လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားကြောင်း ဒေသ နေပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "၁၀၂၇ စစ်ဆင်ရေး မစတင်မီကလည်းက မြို့အဝင်၊ အထွက်လမ်းများကို အကြမ်း ဖက်စစ်ကောင်စီ တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးကာ ရေလမ်းကြောင်းတစ်ခု သာဖွင့်ပေးထားခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင် ရေးစတင်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်၍ မြို့နေပြည်သူများမှာ ရေလမ်းကြောင်းမှ ထွက်ပြေး တိမ်း ရှောင် နေကြရပြီး ဇွန်လ ၂၉ ရက်နေ့မှစ၍ အဆိုပါရေလမ်းကို သီပေါမြို့ရဲစခန်း မှ ရဲများစောင့် ကာ ထွက်ခွင့်မပေးတော့ ပိတ်ဆို့ထား မြို့နေပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေ ကြောင်း သိရသည်။", "“အရင်ရက်တွေကတော့ စက်လှေနဲ့‌ ပေးလို့ရတဲ့သူတွေက ပြေးလို့ရသေးတယ်၊ ဒီနေ့ကျတော့ စက်လှေဆိပ်တွေကို ရဲတွေလာစောင့်ပြီး ပိတ်ထားတာ။ သီပေါ်မြို့နဲ့ ပတ်ပတ်လည်ရွာတွေကိုတော့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တယ်၊ သီ ပေါ မြို့ပတ်ပတ်လည် ၃ မိုင် ၄ မိုင်လောက်အထိ တိုက်ပွဲ တွေဖြစ်နေတာရှိတယ်၊ သီပေါမြို့ထဲမှာတော့ တိုက်ပွဲမဖြစ်သေးဘူး၊ တစ်မြို့လုံးနီးပါးလို ပိတ်မိနေ တယ်လို့ ပြောရမယ်။ လူဦးရေတော့ ခန်းမှန်းမပြောတတ်ဘူး။ အခုကဘယ်မှ ထွက်မရတာ တစ်မြို့ လုံး ပဲ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "သီပေါမြို့တွင် အထွက်လမ်း ၃ လမ်းရှိပြီး လမ်းတစ်ခုကို တိုက်ပွဲမဖြစ်ခင် ၁၀ ခန့်က ဘတ်ဟိုးဖြင့် တူးကာ ပိတ်ပစ်လိုက်ကြောင်း၊ ကျင်းသီတံတားဘက် အထွက်လမ်းနှင့် အခြားလမ်းတစ်ခုကို စစ် ကောင်စီတပ်သားများက ပိတ်ဆို့ထားကာ သီပေါမြို့ပတ်ပတ်လည်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့ များက ဝိုင်းပတ်ပိတ်ဆို့ထားထားကြောင်း သိရသည်။", "“ကုန်းလမ်းတွေက အကုန်ပိတ်လိုက်တဲ့အခါကျတော့ ပြည်သူတွေထွက်စရာလမ်းက စက်လှေလမ်း တစ်လမ်းပဲရှိတော့တာ။ အဲဒီစက်လှေလမ်းကိုလည်း ဒီနေ့ပိတ်လိုက်တယ်။ သီပေါရဲစခန်းက ရဲတွေ လာစောင့်ပြီးပိတ်ထားတာ။ တပ်ထဲကနေ လက်နက်ကြီးတွေနဲ့ထုနေတာရှိတယ်၊ မြို့ပတ်ပတ်လည် မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတယ်” ဟု သီပေါမြို့နေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လတ်တလော သီပေါမြို့သို့ TNLA တပ်များအပြင် MNDAA တပ်များ ဝင်ရောက် လာကြောင်း၊ TNLA တပ်တချို့က ပြန်လည် ဆုတ်ခွာသွားပြီး MNDAA တပ်များက အစားထိုး ဝင်ရောက်လာသည့် သဘောဖြစ်ကြောင်း၊ ဆွတ်လန်းကျေးရွာတွင်လည်း MNDAA တပ်များရောက်ရှိနေသည်ကို မြင်တွေ့ ရကြောင်း၊ လားရှိုးနှင့် သီပေါ လမ်းကြောတွင် MNDAA တပ်များကို မြင်တွေ့ရကြောင်း သီပေါမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဓာတ်ပုံ- ကိုးကန့်ဒေသတွင် ကင်းလှည့်နေသည့် MNDAA တပ်များ။"]
https://yktnews.com/2024/08/180400/
သီပေါမြို့တွင် ၂၄ ရက်အတွင်း စစ်တပ်က ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၇ ဦးသေဆုံး
["သီပေါမြို့တွင် ၂၄ ရက်အတွင်း စစ်တပ်က ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၇ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ စစ်တပ်၏ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၇ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "သီပေါမြို့ တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်ကောင်စီက အရပ်သားများရှိရာသို့ ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံးပြီး ၅၇ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယမန်နေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် အချိန်အထိ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင် ရာသို့ ဦးတည်ပြီး လက်နက်ကြီး ၆လုံးဖြင့် ပစ်ခတ်ရာ သီပေါမြို့ ရွှေကျောင်းရပ်ကွက်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပြီး အသက် ၆၀ ကျော် အမျိုးသား ၁ ဦး ဦးခေါင်းပြတ် ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "ထိုပြင် အသက် ၅၀ ကျော် အရွယ် အဖွားအို ၁ ဦးနှင့် အသက် ၆၀ ကျော်အရွယ် အဖိုးအို ၁ ဦး ဒဏ်ရာပြင်းထန်မှုရရှိခဲ့ပြီး အဆိုပါ ရွှေကျောင်းအနောက်ဘက်ရှိ အမျိုးသမီး ၁ ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178884/
သီပေါမြို့တွင် ၅ ရက်တာအတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရ
["သီပေါမြို့တွင် ၅ ရက်တာအတွင်း စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ သြဂုတ် ၁၄", "ရှမ်းပြည်နယ်၊ သီပေါမြို့တွင် ၅ ရက်တာအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၂ ဦး ထိခိုက်ဒဏ် ရာရခဲ့ကြောင်း TNLA က ပြောဆိုသည်။", "သြဂုတ်လ ၉ ရက်နေ့ မှ ၁၃ ရက်နေ့အထိ ၅ ရက်တာအတွင်း အကြမ်းဖက် စစ်တပ်က သီပေါမြို့နယ်အတွင်း နေ့စဥ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှု ပြုလုပ်ခြင်းကြောင့် ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာ နှင့် နမ့်ပေါ့ချောင်း တို့ကို လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင် ၁ ပါးနှင့် ကလေးငယ် ၁ ဦးအပါအဝင် ဒေသပြည်သူ ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ယင်းဒေသရှိ မြို့ခံပြည်သူများလည်း ကျောက်မဲမြို့၊ နမ့်လန်၊ ပန်လုံဘက်သို့ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း (ရမခ) အပါအဝင် မြို့များ စွန့်လွှတ်ခဲ့ရခြင်းကြောင့် စစ်ရှုံးနေသည့် အကြမ်းဖက် စစ်တပ်သည် ရှုံးမဲမဲကာ ပြည်သူလူထုကို ဦးတည်၍ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ခဲ့ကြကြောင်း TNLA ကပြောဆိုသည်။"]
https://yktnews.com/2024/10/187016/
သီပေါမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ
["သီပေါမြို့နယ်တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေ", "ရန်ကုန်၊ အောက်တိုဘာ ၈", "ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီမှ ၈ နာရီ ၁၅ မိနစ်ထိ သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်းနှင့် တောင်ခမ်းကျေးရွာနေရာအကို အကြမ်းဖက် စစ်တပ်က ၁၁၂ မမ လက်နက်ကြီး ၂ ကြိမ် ဗုံး ၁၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနေရာကိုလည်း ထောက်ပို့ လေယာဉ် Y12 ဖြင့် ၁ ကြိမ် လက်နက်ခဲယမ်း ၁၂ ထုပ် လာရောက် ကျဲချခဲ့ကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/124913/
သီပေါမြို့နယ်တွင် ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျောက်မီးသွေးတူးရန် ပြည်သူပိုင် လယ်မြေဧက ၅၀၀ ခန့်ကို မတရား သိမ်းယူ
["သီပေါမြို့နယ်တွင် ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျောက်မီးသွေးတူးရန် ပြည်သူပိုင် လယ်မြေဧက ၅၀၀ ခန့်ကို မတရား သိမ်းယူ", "ရန်ကုန်၊ အောက်တိုဘာ ၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူဒေသတွင် ငွေရည်ပုလဲကုမ္မဏီက အကြမ်းဖက်စစ် ကောင်စီနှင့်ပူးပေါင်းပြီး ကျောက်မီးသွေးတူးရန်ဟုဆိုကာ ဒေသနေပြည်သူ လယ်မြေ ဧက ၅၀၀ ခန့်ကို မတရားသိမ်းယူထားကြောင်း သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် နမ္မတူဒေသ၌ ကျောက်မီးသွေးတွင်း တူးရန်ဟုဆိုကာ ငွေရည်ပုလဲကုမ္မဏီ က အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး လုပ်ကွက် ဧက ၃၀၀၀ နီးပါးကို သိမ်းယူခဲ့ကြောင်းခဲ့ ကြောင်း၊ ထိုသို့ သိမ်းယူမှုအတွင်း ဒေသနေပြည်သူများ၏ လယ်ယာမြေ ဧက ၅၀၀ နီးပါးဝင်ခဲ့ပြီး ဒေသနေပြည်သူများက ကန့်ကွက်နေသော်လည်း လယ်ယာခင်းများအတွင်းသို့ စက်ကြီးများချကာ တူးဖော်ရန် ပြင်ဆင်နေကြောင်း သိရသည်။", "“ လယ်မြေ ဧက ၅၀၀ ပါ၊ ရေဝေရေလဲ ဧရိယာက ၄၀၀ ကျော်၊ လောလောဆယ်တော့ ဒေသခံ တွေက ကုမ္မဏီကို လာမတူးဖို့ ကန့်ကွက်နေတယ်၊ ဒါပေမယ့် ဒေသခံတွေရဲ့ လယ်တွေထဲကို သူတို့ စက်ကိရိယာ တွေ အတင်းလာချထားတော့ ဒီနှစ်ရိတ်သိမ်းရမယ့် သီးနှံတွေ ရိတ်သိမ်းလို့မရဘူး၊ အများကြီးဆုံးရှုံးနေ တယ်” ဟု သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆို သည်။", "အဆိုပါ ငွေရည်ပုလဲကုမ္မဏီ၏ ကျောက်မီးသွေးတူးဖော်မှုကြောင့် သဘာဝပတ်ကျင်များစွာထိခိုက်ပျက် စီးမှုရှိခဲ့ပြီး ပြည်သူများမှ အစဉ်တစိုက်ကန့်ကွက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီမှ လူသတ်လက် နက်ဝယ်ယူရန် ငွေရည်ပုလဲ ကုမ္မဏီထံမှ အခွန်များစွာယူဆောင်ကာ ထပ်မံချပေးခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် အောက်တိုဘာလ ၁ ရက် နေ့တွင် ရှမ်းမြောက်ဒေသနေ လူငယ်များမှ သီပေါမြို့ပေါ်တွင် “လူ သတ် လက်နက်ဝယ်ယူရန် စစ်ကောင်စီ ကို ထောက်ပံ့နေသည့် ငွေရည်ပုလဲကုမ္မဏီထုတ်ကုန်များကို သပိတ်မှောက်ကြရန်နှင့် နမ္မတူ ပြည်သူများနှင့်အတူ ရပ်တည်ပေးကြပါရန်တောင်းဆိုကြောင်း” ကမ်ပိန်း တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/133571/
သီပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်နေချိန် စစ်ကောင်စီ၏ မိတ်ဖက် ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး တူးဖော်သယ်ယူမှုများ အကြီးအကျယ်လုပ်နေ
["သီပေါမြို့နယ်တွင် တိုက်ပွဲများဖြစ်နေချိန် စစ်ကောင်စီ၏ မိတ်ဖက် ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး တူးဖော်သယ်ယူမှုများ အကြီးအကျယ်လုပ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ နမ္မဒေသတွင် ဒေသပြည်သူများက ကန့်ကွက်နေသော်လည်း လက်ရှိ တိုက်ပွဲများ ဖြစ်နေသည့်ကြားမှ စစ်ကောင်စီ၏ မိတ်ဖက်ငွေရည်ပုလဲကုမ္ပဏီက ကျောက် မီးသွေးတွင်းသစ်များ တူးဖော်သယ်ယူနေကြောင်မယိန်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယခုနစ် နိုဝင်ဘာလဆန်းမှစတင်၍ စစ်ကောင်စီတပ်၏အကျိုးတူစီးပွားဖက်ကုမ္ပဏီဖြစ်သော ငွေရည်ပုလဲ ကုမ္ပဏီ သည် သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စုတွင် ဒေသခံများ၏ကန့်ကွက်မှုများကို လျစ်လျူရှုကာ ရေဝေဒေသ၌ ကျောက် မီးသွေးတွင်းသစ်တူးဖော်မှုများပြုလုပ်လျက်ရှိရာ ရှမ်းပြည်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာကြောင်း၊ လူဦးရေ ၆၀ ခန့်ရှိသော မြန်မာအလုပ်သမားများသည် ဘတ်ဟိုးကားသုံးစီးကို အသုံးပြုကာ ဟိုနားဖ ရေ၀ေ တော အုပ်တွင် တူးဖော်ခြင်းလုပ်ငန်းများကို စတင်ခဲ့သည်။ ယင်းနေရာသည် နမ္မဒေသခံ ၃၀၀၀ ကျော်အတွက် ရေအ ရင်းအမြစ်ရရှိရာဒေသဖြစ်ပြီး စိုက်ပျိုးမြေဧကရာကျော်ကို ရေပေးနေသော ဒေသဖြစ်ကြောင်း သိရှိရသည်။", "ယင်းကုမ္ပဏီသည် စစ်တပ်အာဏာသိမ်းခြင်းကို အခွင့်ကောင်းယူ၍ ရေ၀ေဒသကို ကာကွယ်ရန် သဘောတူ ညီချက် ကို ပယ်ဖျက်ကာ ဟိုနားဖဒေသတွင် ကျောက်မီးသွေးစမ်းသပ်တူးဖော်ခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့ကြောင်း၊ ယခုနှစ် စက်တင်ဘာလ ၅ရက်နေ့တွင် ယင်းကုမ္ပဏီက နမ္မဒေသခံ ၂၅၀ခန့်ကို အစည်းအဝေးခေါ်ကာ ၎င်း တို့ သည် နမ္မရှိ မြေဧက ၂၇၉၆.၇၅ ဧကတွင် ကျောက်မီးသွေးတူးဖော်ရန် စစ်ကောင်စီထံမှ ၅နှစ် ခွင့်ပြု မိန့်ရ ရှိထား ပြီဖြစ်ပြီး ဒေသခံများသဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆက်လက်တူးဖော်သွား မည်ဖြစ်ကြောင်း ပြော ကြားခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၅ရက်နေ့တွင် ကုမ္ပဏီကိုယ်စားလှယ်သည် နမ္မရှိကျေးရွာလူကြီးများအား ဟိုနားဖတွင် ကျောက် မီးသွေးတူးဖော်ခြင်းကို အောက်တိုဘာလအကုန်တွင် စတင်မည်ဖြစ်ကြောင်းပြောပြီး ထိခိုက်ပျက်စီး မှုများအတွက် ငွေကျပ် သိန်း ၂၅၀ ပေးခဲ့ကြောင်း၊ လယ်ယာမြေဆုံးရှုံးရသော လယ်ပိုင် ရှင်များသည် တဦးလျှင် ငွေကျပ် ၃သိန်း သာ ရရှိပြီး အခြားသောရွာ သားများသည် တဦးလျှင် ငွေကျပ် ၅၀၀၀၀ ရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းကုမ္ပဏီ၏ အစောပိုင်းကျောက်မီးသွေးတူးဖော်မှုမှာပင် အနီးရှိလယ်ယာမြေများ ပျက်စီးဆုံးရှုံးသွားသည်ကို မြင်တွေ့ရပြီး ဒေသခံများသည် ၎င်းတို့၏အဖိုးတန်သော ရေ၀ေဒေသတခုလုံး ပျက်စီးသွားမည်ကို စိုးရိမ်နေ ကြ ကြောင်း၊ ၄င်းနေရာတွင် ကျောက်မီးသွေးတူးဖော်ခြင်းနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ဒေသခံလယ်သမား များ အမှီပြု နေ ရသော ရေအရင်းအမြစ်များ ပိတ်ဆို့ပျက်စီးခဲ့ပြီး သီးနှံအထွက်နှုန်းလျော့နည်းခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ကျောက်မီးသွေးတွင်းသစ်သည် ငွေရည်ပုလဲကုမ္ပဏီကနမ္မတွင် စတုတ္ထအကြိမ်မြောက် လာရောက်တူးဖော်သော တွင်းဖြစ်ကြောင်း၊ ထိုကုမ္ပဏီသည် ကျောက်မီးသွေးတူးဖော်မျုကို ၂၀၀၄ ခုနှစ်တွင် စတင်ခဲ့ပြီး စစ်အစိုးရနှင့် အကျိုး တူဖက်စပ်လုပ်ကိုင်လျက်ရှိသောလုပ်ငန်းဖြစ်ကြောင်း၊ လေထုနှင့် ရေညစ်ညမ်းခြင်း၊ လယ်ယာမြေပျက်စီးခြင်း၊ မြေပြိုခြင်း စသော သက်ရောက်မှုများစွာကြောင့် ဒေသခံများသည် ယင်းကဲ့သို့ ကျောက်မီးသွေးတူးဖော်ခြင်း လုပ် ငန်းများကို ရပ်တန့်ရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့ကြောင်း သိရှိရသည်။", "ယခုနှစ်အစောပိုင်းတွင် ဒေသခံရွာသားများက ယင်းဒေသတွင်လှုပ်ရှားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကို ထိုကျောက်မီးသွေး တူးဖော်ြခင်းလုပ်ငန်းများရပ်တန့်သွားအောင် ကူညီပေးရန် တောင်းဆိုခဲ့ကြောင်း၊ အောက်တိုဘာလတွင် သီပေါမြို့နယ်တဝိုက်ရှိ ဒေသခံလူငယ်များသည် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းရေးနှင့် ပက်သက်သည့် ပိုစတာများ ပြုလုပ်ခဲ့ပြီး ပြည်သူလူထုအား Crown ဘိလပ်မြေနှင့် ဆင်းရွှေလီ သ ကြား အပါအဝင် ငွေရည်ပုလဲကုမ္ပဏီထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၂၇ရက်နေ့၌ ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကိုစတင်ခဲ့ပြီး ရှမ်းမြောက်တွင် တိုက် ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း၊ လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်တွင် စစ်ဘေးရှောင်ရသည်များ ရှိနေသော်လည်း ငွေရည်ပုလဲကုမ္ပဏီသည် ကျောက်မီးသွေးတွင်းသစ်တွင် တူးဖော်မှုများ ဆက်လက်လုပ်ဆောင် နေကြောင်း၊ အောက် တိုဘာလ ၃၀ရက်နေ့တွင် စစ်ကောင်စီက နမ့်ပေါင်ကျေးရွာကို ဂျက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သောကြောင့် လားရှိုး မြို့နယ်တောင်ပိုင်းမှ ဒေသခံ ၄၀၀ ကျော်သည် နမ့်ပေါင်မှ ၅မိုင်ခန့်ကွာဝေးသော နမ္မသို့ စစ်ဘေးရှောင် ထွက် ပြေးခဲ့ရကြောင်း သိရှိရသည်။", "ငွေရည်ပုလဲကုမ္ပဏီအနေဖြင့် ဒေသခံပြည်သူလူထုမျာ၏ ဆန္ဒကို အလေးထားရန်နှင့် နမ္မအပြင် ကျေးသီး ရှိ စစ်တပ် လက်နက်ကုမ္ပဏီကို ထောက်ပံ့ပေးနေသော ပင်းပက် သံသတ္တုတူးဖော်ရေးစက်ရုံ အပါအဝင် ရှမ်းပြည်တဝှမ်းရှိ ဒေသကို ထိခိုက်ပျက်စီးစေသော သယံဇာတတူးဖော်ရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် ၊ မြန်မာပြည်မှ ပြည်သူများကိုလည်း ငွေရည်ပုလဲကုမ္ပဏီထုတ်ကုန်များ အားလုံးကို သပိတ်မှောက် ခြင်းအားဖြင့် ဖိအားပေးရန် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က တောင်းဆိုထားသည်။", "“တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာလည်း တူးနေတယ်။ တူးပြီးတော့မှ ဂုတ်တွင်းလမ်းဖွင့်တဲ့အချိန်ဆို သယ်သွားတဲ့အခါမျိုးတွေလည်း ရှိတယ်။ ကျောက်မီးသွေးကားတွေ။ အဲဒါတွေအပြင် ညဘက်ဆို လက်နက်ကြီးသံတွေ ကြားတယ်။ ဒေသခံတွေက ညဘက်ဆို မအိပ်ရဲကြဘူး ။ စစ်ကောင်စီဘက်က တစ်ဖက်သတ်ပစ်နေတာ။ အဲဒီအခါ မနက်ပိုင်း ကိုယ့်ယာအိမ်ပြန်အလုပ်လုပ်ကြပြီး ညဘက်ဆို ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြရတယ်။ သေချာတာတော့ ကျောက်မီးသွေးသယ်တဲ့ ကားတွေကိုတော့ သူတို့ (စစ်တပ်) လုံခြုံရေး ယူပေးတာ သေချာတယ်ရှင့်။ တော်လှန်ရေးတပ်ဖွဲ့တွေ ကျောက်မီးသွေးတွင်းရှိတဲ့ဘက် မသွားအောင် ညဘက်လက်နက်ကြီးနဲ့ ရမ်းပစ်နေတယ်လို့လည်း ပြောလို့ ရမယ်ရှင့်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူ မယိန်းလျန်းဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဓာတ်ပုံ-‌ စစ်ကောင်စီ၏ မိတ်ဖက် ငွေရည်ပုလဲကုမ္ပဏီ၏ သကြားစက် လုပ်ငန်း။"]
https://yktnews.com/2024/09/182083/
သီပေါမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရ
["သီပေါမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၅", "ရှမ်းပြည်နယ်၊ သီပေါမြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ယမန်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်လန်၌ အခြေချနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူမျာ ရှိရာ နေရာကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျောင်းပြိန်းရွာရှိ နေအိမ်တစ်အိမ်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အသက်၇၃ နှစ်အရွယ် အမျိုးသား ဖြစ်သူ ဦးလုံးစိတ်ဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် အသက် ၇၂ နှစ်အရွယ် ၎င်း၏ အမျိုသမီး ဖြစ်သူ ဒေါ်နန်းရွက်လူ၏ ခြေထောက်နှစ်ဖက်နှင့် ခန္ဓာကိုယ်တို့တွင်လည်း လက်နက်ကြီးကျည်စ ထိခိုက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာကို ဦးတည်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နားမခေါ်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ကွဲကာ အမျိုး သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကျောင်းပြိန်း ကျေးရွာတွင်လည်း ကိုကျော်မြင့်ဆိုသူ လက်နက်ကြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "သီပေါမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ယနေ့ စက်တင်ဘာ ၅ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က အရပ်သားများ ရှိရာ နေရာများကို ဦးတည်ပြီး လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ဒေသပြည်သူ ၂၄ ဦး သေဆုံးကာ ၆၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။"]
https://yktnews.com/2023/12/133928/
သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ စဥ့်အင်ရဲစခန်းကို TNLA က သိမ်းပိုက်မှု လက်နက် ၈ လက်၊ ပစ္စတို ၃ လက်နှင့် ရဲ ၂ ဦး အရှင်ဖမ်းမိ
["သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ စဥ့်အင်ရဲစခန်းကို TNLA က သိမ်းပိုက်မှု လက်နက် ၈ လက်၊ ပစ္စတို ၃ လက်နှင့် ရဲ ၂ ဦး အရှင်ဖမ်းမိ", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ စဉ့်အင်ရဲစခန်းကို တအာင်း TNLA က သိမ်းပိုက်ရရှိပြီး လက်နက် ၈ လက်၊ ပစ္စတို ၃ လက်နှင့် ရဲ ၂ ဦး အရှင်ဖမ်းမိကြောင်း TNLA က ပြောသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် သီပေါမြို့နယ်၊ စစ်ကောင်စီ စဥ့်အင်ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ လက်နက် (၈)လက်၊ ပစ္စတို (၃)လက်၊ ကျည်များစွာ သိမ်းဆည်းရရှိကြောင်း၊ ရဲ ၂ ဦးကိုလည်း အရှင်ဖမ်းမိကြောင်း သိရှိရသည်။", "ထို့ပြင် ယနေ့နက်ပိုင်းတွင် မူဆယ်မြို့နယ်ရှိ နမ့်ပေါ် စစ်ကောင်စီတပ်စခန်းကိုလည်း TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂ ဦး နှင့် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စဉ့်အင်ရဲစခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများနှင့် နမ့်ပေါ် တပ်စခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။"]
https://yktnews.com/2024/09/184170/
သီပေါမြို့နှင့် နောင်ချိုမြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီး
["သီပေါမြို့နှင့် နောင်ချိုမြို့ကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "ရှမ်းပြည်နယ်၊ သီပေါမြို့နှင့် နောင်ချိုမြို့တို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်၍ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။", "စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ ၁ နာရီ ၅၀ မိနစ်ခန့်ထိ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ၎င်းတပ်စခန်းမှ တစ်ဆင့် လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထိုကဲ့သို ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ၏ နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ နောင်ချိုမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီခန့်၌ အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၆၀ ကျော် လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံ အနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြိုများဖြစ်သော ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သား ပစ်မှတ်များကို ဦးတည်ကာ နေ့စဥ် လာရောက် ဗုံးကျဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေကြောင်း TNLAကပြောဆိုသည်။"]
https://yktnews.com/2024/10/187315/
သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနှင့် နောက်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်း တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
["သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနှင့် နောက်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်း တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနှင့် နောက်ချိုမြို့ရှိ အမြောက်တပ် ၃၅၄ တပ်စခန်း တို့တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနှင့် ညနေ ၅ နာရီ ၈ မိနစ်ခန့်တွင် နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမတ ၃၅၄ တပ်စခန်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၄ ကြိမ်နှင့် Y12 ဖြင့် ၁ ကြိမ် ဗုံး ၆ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး နောင်ချိုမြို့ ဘန့်ဘွေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေမောင်းတန်းရွာနှင့် ဂန့်ကော်ရွာကို ဟောင်၀ှစ်ဇာ လက်နက်ကြီး ၁ ကြိမ် ဗုံးသီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်းနေရာကိုလည်း အကြမ်းဖက် စစ်တပ်က ထောက်ပို့လေယာဉ် Y-12 ဖြင့် ၁၁ ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကျဲချ ခဲ့ကြောင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က စစ်အင်အားပြန်လည် ဖြည့်တင်းရန် ကြိုးပမ်းနေပြီး စစ်တပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/187789/
သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို
["သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး ခံတပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က သိမ်းပိုက်ရရှိဟု တရုတ်သတင်းများတွင် ဖော်ပြ၊ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မရှိတော့ဘဲ ကင်းစင်သွားပြီဟုဆို", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်ခံတပ်စခန်းဖြစ်သော ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA ဦးဆောင်သော တော်လှန်ရေတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းလိုက်ပြီး သီပေါမြို့နယ်တစ်ခလုံးတွင် စစ်ကောင်စီ၏ တပ်စခန်း လုံး၀ မရှိတော့ဘဲ ကင်းစင်သွားကြောင်းတရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ညနေပိုင်းတွင် သီပေါမြိုရှိ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သော ခလရ ၂၃ ကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တရုတ်သတင်းများတွင် စတင်ဖော်ပြနေကြောင်း၊ သီပေါမြို့နယ်တွင် စစ်တပ်စခန်းအားလုံး အရေးနိမ့်သွားပြီဟု သတင်းများက ဖော်ပြထားကြောင်း သိရှိရသည်။", "“ခလရ ၂၃ ရတဲ့ သတင်းနဲ့ သီပေါမှာ စစ်တပ်တွေအကုန် အရေးနိမ့်သွားတယ်ဆိုတာ တရုတ်သတင်းတွေမှာ တောက်လျှောက်တက်လာပါတယ်” ဟု တရုတ်မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "သို့ရာတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနက TNLA ထံသို့ သီပေါမြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၃ ကို တိုက်ခိုက်သိမ်းပိုက်မှုနှင့်ပတ်သက်၍ တရားဝင် ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိပေ။", "သီပေါမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၅၀၃ ၊ ခမရ ၅၀၄ နှင့် ခြေလျင်တပ်ရင်း ခလရ ၂၃ တပ်ရင်းဌာနချုပ်အပါအဝင် စစ်တပ်တပ်ရင်း ၃ ခု အခြေစိုက်ထားပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် သီပေါ မြို့ မြောက်ဘက် ၂ မိုင်အကွာရှိ ခမရ ၅၀၃ နှင့် ခမရ ၅၀၄ တပ်ရင်းတို့ကို TNLA တပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၃ ကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186587/
သီပေါမြို့ရှိ စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ နောင်ချိုရှိ အမြောက်တပ် ၃၅၄ တပ်စခန်းကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံး ၅၉ လုံးကျဲချပြီး ဓာတုဗုံးများပါ အသုံးပြု တိုက်ခိုက်
["သီပေါမြို့ရှိ စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ နောင်ချိုရှိ အမြောက်တပ် ၃၅၄ တပ်စခန်းကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံး ၅၉ လုံးကျဲချပြီး ဓာတုဗုံးများပါ အသုံးပြု တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၅", "ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်လျက်ရှိကြောင်း TNLA က ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားလျက်ရှိသော သီပေါမြို့ရှိ ခလရ ၂၃ တပ်စခန်းနေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၅ ကြိမ် ဗုံး ၈ လုံးနှင့် နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် ၃၅၄ တပ်စခန်းကို Y-12 ဖြင့် ၇ ကြိမ် ဗုံး ၅၉ လုံးနှင့် အဆိပ်ငွေ့ဗုံးများပါ လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နောင်ချိုမြို တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်းကိုလည်း ထောက်ပို့လေယာဉ် Y-8 ဖြင့် ၇ ကြိမ် လက်နက်ခဲယမ်း ၆၀ ထုပ် လာရောက်ကျဲချ ပို့ဆောင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/188088/
သီပေါမြို့ရှိ စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်မှု အတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိ
["သီပေါမြို့ရှိ စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်မှု အတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိ", "စစ်တပ်က အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်မှု အတွင်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၂၀၀ နီးပါး သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သီပေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၃ တပ်စခန်း အားလုံးကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "သီပေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် တိုက်ခိုက်ခဲ့ပြီး ၂ လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများ ဖြစ်သော ခမရ ၅၀၃ ၊ ခမရ ၅၀၄ နှင့် ခလရ ၂၃ တပ်စခန်း၊ ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သော ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်၊ 60 MM ၇ လက်၊ 81 MM ၁ လက်၊ RPG ၂ လက်၊ စက်လက် ၉ လက်၊ မိုင်း ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်သည် သီပေါတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter ၁၀၅ ကြိမ်၊ Y12 ၁၆၇ ကြိမ်၊ လက်နက်ကြီးဖြင့် ၁၈၉၃ ကြိမ်၊ ရော့ကတ်ဒုံးကျည် ၈ ကြိမ်နှင့် ဟောင်၀ှစ်ဇာ ၈ ကြိမ် အသုံးပြု တိုက်ခိုက်ခဲ့ပြီး ထောက်ပို့ လေယာဉ် Y12ဖြင့် ၇၉ ကြိမ်၊ Y8 ၂ ကြိမ်၊ Mi17 ၅ ကြိမ် လက်နက်ခဲယမ်း ၄၄၀ ထုပ် လာရောက်ကျဲချ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က သီပေါမြို့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်နေစဉ်အတွင်း အရပ်သား ပြည်သူများကို ဦးတည်၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သီပေါမြို့ရှိ ဒေသပြည်သူ ၃၃ ဦး သေဆုံးပြီး ၈၀ ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၄၇ လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြနေသည့် ရဲမေ ၇၈ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားချင်း စာနာထောက်ထားသောနေဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။", "အောက်တိုဘာ ၁၃ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း တအာင်းတပ်မတော် PSLF/TNLA က နောင်ချိုမြို၊ မိုးကုတ်မြို၊ မိုးမိတ်မြို၊ ကျောက်မဲမြိုနှင့် သီပေါမြိုကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/186625/
သီပေါမြို့လယ်ခေါင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု နေအိမ်နှင့်ဆိုင်များ မီးလောင်ပြီး လူ ၁ ဦး ပျောက်ဆုံး၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
["သီပေါမြို့လယ်ခေါင်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု နေအိမ်နှင့်ဆိုင်များ မီးလောင်ပြီး လူ ၁ ဦး ပျောက်ဆုံး၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ အောက်တိုဘာ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မြို့လယ်ခေါင်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများကျဲချသဖြင့် နေအိမ်နှင့် ဆိုင်ခန်းများ မီးလောင်ပြီး လူ ၁ ဦးပျောက်ဆုံးကြောင်းနယ်စည်းမခြားပရဟိတ(သီပေါ)မှ ကိုရှားထက်နိုင်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့၊ အနောက်ရပ် မြို့လယ်ခေါင်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များနှင့် ဆိုင်ခန်းများ မီးလောင်ခဲ့ကြောင်း၊ သီပေါမြို့တွင် ကျန်ရစ်နေခဲ့သော ပြည်သူများက မီးကို ငြိမ်းသတ်ခဲ့ရကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲပြီး မီးလောင်ကျွမ်းဖြစ်ခဲ့ပြီးနောက် ဒေသပြည်သူ ၁ ဦးဖြစ်သော ကိုနိုင်သိန်း ပျောက်ဆုံးနေသဖြင့် ရှာဖွေခဲ့ကြသော်လည်း မတွေ့ရကြောင်း၊ လေယာဉ်ဗုံးကြောင့် စံပြမုန့်ဆိုင်အိမ်နှင့် မေ့ပါနိုင် ထမင်းဆိုင်တန်းလျားနေအိမ်များ မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက သီပေါမြို့ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အခြေအနေနှင့်ပတ် သက်ပြီး သီပေါမြို့မှ ပြည်သူများကို ဆက်သွယ်ရန် ကြိုးစားသော်လည်း တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်း၊ အင်တာနက်များ ဖြတ်တောက်ထားခြင်းကြောင့် အဆက်အသွယ်မရရှိပေ။", "အလားတူ ယမန်နေ့ ညပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီးတွင်လည်း ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲမှုများမှာ လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ဖြစ်သည်ဟု ယူဆရကြောင်း လားရှိုးဒေသ သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2023/01/80943/
သီလဝါဆိပ်ကမ်းတွင် ရုရှားကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK ဆိုက်ကပ်ပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများနှင့်စစ်ဘက်သုံးယာဉ်များ ချသွား
["သီလဝါဆိပ်ကမ်းတွင် ရုရှားကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK ဆိုက်ကပ်ပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများနှင့်စစ်ဘက်သုံးယာဉ်များ ချသွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ရုရှားနိုင်ငံမှ ထွက်ခွာလာသော ရုရှားအလံတင် ကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK သည် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းတွင် စစ်လက်နက် ပစ္စည်းများ၊ စစ်ဘက်သုံး ယာဉ်များ ချထားပေးသွားကြောင်း မြန်မာ့ဆိပ်ကမ်းသတင်းရင်းမြစ်များက ပြောသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ ၊ ညနေ ၆ နာရီ ၃၀ အချိန်တွင် ရုရှားကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK ဆိုက်ကပ်လာပြီး စစ်လက်နက်ပစ္စည်းများ၊ စစ်ကားများ ချထားပေးကြောင်း၊ အဆိုပါ ရုရှားကုန်တင်သင်္ဘောသည် ရုရှားနိုင်ငံ VLADIVOSTOK ဆိပ်ကမ်းမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ညနေပိုင်းတွင် ရန်ကုန်၊ သီလဝါဆိပ်ကမ်း ရောက်ရှိခဲ့ကြောင်း၊ စစ်လက်နက်ပစ္စည်းများ၊ စစ်ကားများကို ချထားပေးခဲ့ပြီး စစ်တပ်က လုံခြုံရေး အစောင့်အရှောက် အပြည့်အစုံဖြင့် စစ်လက်နက်ပစ္စည်းများကို သယ်ထုတ်သွားကြောင်း သိရှိရသည်။", "“ရုရှားကုန်တင်သင်္ဘောက မနေ့ညနေက ရောက်ပြီး ညပိုင်း ပစ္စည်းချပြီး ချက် ချင်း ပြန်ထွက်သွားတယ်။ စစ်ကား​တွေနဲ့ စစ်လက်နက် ​သေတ္တာပုံး ​တွေ ချသွားပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းသတင်းရင်းမြစ်က ပြောသည်။", "ရုရှားကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK သည် ရန်ကုန်၊ သီလဝါ ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ၊ Klang ဆိပ်ကမ်းသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရုရှားအလံတင် ကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK ။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2023/03/95027/
သုံးခွမြို့နယ်တွင် အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်
["သုံးခွမြို့နယ်တွင် အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်", "ရန်ကုန်၊ မတ် ၃၀", "ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်မှ အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PDF-Khayan တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် သုံးခွမြို့နယ် အစည်းအဝေးတက်ပြီး ပြန်လာသည့် ရဲ ၂ ဦးကို ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အစပ်ရှိ ကတုံးပေါ်ကျေးရွာနှင့် ကုန်းခလာ ကျေးရွာအကြားတွင် PDF-Khayan တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "” ဒါတောင်ဆက်ဆော်မလို့ဗျ ရဲကားနောက်ကပါလာလို့ မဆော်တော့တာ သေဆုံးသွားတဲ့ ရဲ ၂ ကောင်က သုံးပေါက်ချွန်း နယ်မြေမှာ ပြည်သူများတွေဆီက လိုင်းကြေးကောက်ပြီး လူပါးဝနေတဲ့ကောင်တွေပါ” ဟု PDF-Khayan တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ် နန်းတွင်း တောင်ဘက်ရှိ စစ်းများကို ၂၈ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က လက်ပစ်မိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "“အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းတပ်ခွဲ ၁ ဖြစ်တဲ့ Naungyoe Armyနဲ့ ယင်း ၅ တပ်ခွဲ ၃တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ။ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/01/201238/
သုံးဆယ်မြို့တွင် စစ်မှုထမ်း လူစားထိုးရန် အသည်းရောဂါသည် ကိုအောင်ကျော်စိုးကို ပေါ်တာဆွဲ ဖမ်းဆီး စစ်ထဲသွင်း၊ ဝမ်းတွင်းတွင် ကလေး ၂ ဦး၏ ဖခင် ကိုသန်းမင်းနိုင်ကို စစ်ထဲသွင်းပြီးနောက် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးများ​ ဖြတ်ယူ
["သုံးဆယ်မြို့တွင် စစ်မှုထမ်း လူစားထိုးရန် အသည်းရောဂါသည် ကိုအောင်ကျော်စိုးကို ပေါ်တာဆွဲ ဖမ်းဆီး စစ်ထဲသွင်း၊ ဝမ်းတွင်းတွင် ကလေး ၂ ဦး၏ ဖခင် ကိုသန်းမင်းနိုင်ကိုစစ်ထဲသွင်းပြီးနောက် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးများ​ ဖြတ်ယူ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းက လူစားထိုး စစ်မှုထမ်းခိုင်းရန် အရက်အလွန်အကျွံသောက်၍ အသည်းရောဂါ ခံစားနေရသော ကိုအောင်ကျော်စိုးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲထည့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက်တွင် စစ်မှုထမ်းရမည့် လူငယ် မိသားတစ်ခုထံမှ အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းက ငွေကျပ် သိန်း ၈၀ လက်ခံခဲ့ကြောင်း၊ ထို့နောက် လူစားထိုးရန်အတွက် အရက်အလွန်အကျွံ့သောက်၍ ကျန်းမာရေး မကောင်းသော ကိုအောင်ကျော်စိုးကို နေအိမ်ထဲအထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီး စစ်ထဲထည့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ကိုအောင်ကျော်စိုးမှာ စစ်တပ်ထဲသို့ ဖမ်းဆီးခေါ်ဆောင်ရပြီးနောက် အစားပုံမှန်မစားနိုင်ခြင်းကြောင့် အားပြတ်ကာ ဆိုင်ကယ်နောက်မှ ပြုတ်ကျ၍ သာယာဝတီဆေးရုံတွင် ခေါင်းကွဲဒဏ်ရာဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ ဆေးရုံ တက်ခဲ့သည့် ရက်များအတွင်း ကိုအောင်ကျော်စိုးမှာ အရက်ကြောင် စိတ်ဖောက်ပြန်ပြီး ဆေးရုံအတွင်း အော်ဟစ်ကာ လှည့်ပတ် ပြေးခဲ့ကြောင်း၊ ကိုအောင်ကျော်စိုးမှာ စစ်မှုမထမ်းနိုင်သည့် အခြေအနေဖြစ်သော်လည်း ဆေးရုံမှ ဒဏ်ရာသက်လာပြီးနောက် စစ်ထဲသို့ ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။", "“သုံးဆယ်မြို့ အနောက်လက်ပံခုန်ရပ်ကွက်မှာ နောက်ဆုံး အဖမ်းခံရတဲ့ ကိုအောင်ကျော်စိုးဆိုသူကို ၂၀၂၄ ဒီဇင်ဘာလထဲမှာ အိမ်ထဲအထိဝင်ရောက်ဖမ်းစီး၍ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ ကိုအောင်ကျော်စိုးက အရက်အလွန်အကျွံ့ သောက်သူတစ်ယောက်ဖြစ်တော့ ကျန်းမာရေးမကောင်းတာကို စစ်တပ်ထဲ ဖမ်းဆီးထည့်လိုက်တာ စစ်သင်တန်း မပို့ခင်ရက်ပိုင်းက မိသားစုတွေက စားသောက်စရာတွေသွားပို့ပြီး လူချင်းတွေ့ဖို့ အဝင်ဂိတ်မှာ စောင့်နေတုန်း သူ့ကို လိုက်ပို့တဲ့ ဆိုင်ကယ်နောက်ကနေ ပြုတ်ကျပြီး သာယာဝတီဆေးရုံမှာ ခေါင်းကွဲဒဏ်ရာကို ၈ ချက်ချုပ်ခဲ့ရတယ်။ ဆေးရုံတက်တဲ့ ရက်တွေမှာလည်း ကိုအောင်ကျော်စိုးက စိတ်ဖောက်ပြီး ဆီးတွေကို အရက်ဆိုပြီး သောက်တယ်။ ဆေးရုံထဲမှာလည်း အော်ဟစ် လှည့်ပတ်ပြေးတာတွေ လုပ်တယ်။ သူ့အခြေအနေက စစ်မှုလုံးဝ မထမ်းသင့်တဲ့ အနေအထားပါ။ ဒါပေမယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းက ငွေကျပ် သိန်း ၈၀ ရယူထားလို့ လူစားမထိုးပေးဘဲ စစ်မှုထမ်းဖို့ ထပ်ပို့လိုက်တယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်းမှာ လောင်းကစား တစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်း ဖိအားပေး၍ နည်းမျိုးစုံ ငွေညှစ်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် ထွန်းထွန်းဝင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ NON-CDM ဝန်ထမ်းသည် သုံးဆယ်မြို့မှ လက်ပံတန်းမြို့သို့ အသွားလမ်းတွင် သာယာဝတီခရိုင် PDF ၏ ပစ်ခတ်မှုကြောင့် လင်မယား ၂ ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာတွင် လူမမယ်ကလေး ၂ ဦး၏ဖခင် ကိုသန်းမင်းနိုင်ကို စစ်တပ်ထဲထည့်ပြီး ထောက်ပံ့ငွေကို အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကျော်မြိုင်က ကိုယ်ကျိုးအတွက် သုံးစွဲလိုက်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ညပိုင်း ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာမှ ကိုသန်းမင်းနိုင်သည် အပြင်ထွက်စဉ် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကျော်မြိုင်က မှောင်ရိပ်ခိုသည်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖမ်းဆီးခိုင်းပြီး စစ်မှုထမ်းတွင် ပါဝင်သည်ဟုဆိုကာ စစ်တပ်ထဲ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ကိုသန်းမင်းနိုင်သည် လူမမယ်ကလေး ၂ ဦး၏ ဖခင် ဖြစ်သောကြောင့် ၎င်း၏ အမျိုးသမီး ဖြစ်သူက စစ်မှုထမ်း စာရင်းမှ ပယ်ဖျက်ပေးရန် အသနားခံစာတင်၍ နည်းမျိုးစုံ ကြိုးစားခဲ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိကြောင်း သိရသည်။", "ပန်းကြိုင်ရွာမှ ပြည်သူများက ကိုသန်းမင်းနိုင်၏ ဇနီးဖြစ်သူနှင့် လူမမယ် ကလေးငယ် အတွက် တစ်အိမ်လျှင် ငွေကျပ် ၅၀၀၀ ဖြင့် ထောက်ပံ့ငွေကျပ် ၁၅ သိန်း ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ကျော်မြိုင်က ၁၁ သိန်း ဖြတ်ယူသွားပြီး ငွေကျပ် ၄ သိန်းသာ သွားရောက် ပေးပို့ခဲ့ကြောင်း၊ ကိုသန်းမင်းနိုင်၏ ဇနီးဖြစ်သူက ကျော်မြိုင်လာပေးသော ငွေကျပ် ၄ သိန်းကို လက်ခံခဲ့ခြင်းမရှိဘဲ ရွာသူရွာသားများကိုသာ ပြန်ပေးရန် ပြောဆိုခဲ့သော်လည်း ကျော်မြိုင်က ပြန်ပေးခြင်းမရှိဘဲ သုံးစွဲလိုက်ကြောင်း သိရှိရသည်။", "ကိုသန်းမင်းနိုင်သည် စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခံရပြီးနောက် လက်ရှိ ကျိုင်းတုံမြို့တွင် တာဝန်ကျနေပြီး လတ်တ လော အချိန်အထိ အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။", "“ဝမ်းတွင်းမြို့နယ်၊ ပန်းကြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မြိုင်က လူမမယ်ကလေး ၂ ဦး၏ ဖခင်ဖြစ်သူ သန်းမင်းနိုင်ကို မှောင်ရိပ်ခိုတယ်ဆိုပြီး အတင်းအဓမ္မ ဖမ်းဆီးခိုင်းပြီးတော့ စစ်တပ်ထဲထည့်လိုက်တာပါ။ ကျန်ခဲ့သူ ဇနီးဖြစ်သူက အသနားခံစာနဲ့ နည်းအမျိုးမျိုး လိုက်ထုတ်ပေမယ့် မရပါဘူး။ ကျေးရွာနေ ပြည်သူတွေကလည်း ဇနီးသည်နဲ့ ကလေးတွေအတွက် တစ်အိမ် ၅၀၀၀ ပေးပြီး စုစုပေါင်း ၁၅ သိန်း ထောက်ပံ့တာကို အုပ်ချုပ်ရေးမှူးက ဖြတ်စားတယ်။ မိသားစုဝင်တွေကို ၄ သိန်းပဲပေးတယ်။ ကာယကံရှင်ရဲ့ ဇနီးက ၄ သိန်းထဲဆို မယူဘူး။ ရွာသားတွေကို ပြန်ပေးခိုင်းတာ ပြန်မပေးဘဲနဲ့ သုံးလိုက်တယ်လို့ သိရတယ်။ ကိုသန်းမင်းနိုင်နဲ့ ဟိုတလောကတော့ အဆက်အသွယ် ရတယ်ကြားတယ်။ စစ်သင်တန်းပြီး ကျိုင်းတုံမှာ တာဝန်ကျတယ်ပြောတယ်။ အဲနောက်ရှေ့တန်းသွားတော့မယ်ဆိုပြီးကတည်းက အဆက်အသွယ် မရတော့ဘူး။ သူ့ အမျိုးသမီးလည်း ရွာမှာမရှိတော့ဘူး ပြောင်းသွားပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၉ သို့ ခေါ်ဆောင်ခံရသည့် လူငယ်များ။"]
https://yktnews.com/2023/02/87601/
သုံးဆယ်မြို့ရှိ ပျူစောထီး လောင်းကစားဝိုင်းကို သတိပေး ဖောက်ခွဲ တိုက်ခိုက်
["သုံးဆယ်မြို့ရှိ ပျူစောထီး လောင်းကစားဝိုင်းကို သတိပေး ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့များ ပြုလုပ်သည့် လောင်းကစားဝိုင်းကို သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ချမ်းသာကုန်းနှင့် ညောင်လေးပင်ရွာအကြား သုဿန်အနီးတွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့များ ပြုလုပ်သည့် လောင်ကစားဝိုင်းကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့သို့ အသတိပေး ဖောက်ခွဲ တိုက်ခိုက် ပြီးနောက် ပျူစောထီးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်စဥ် ဂဠုန် တပ်ဖွဲ့ဝင်များက ခုခံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သာယာဝတီမြို့နယ် ပျူစောထီးအဖွဲ့ဝင် ဘိုကျောက်ကို ကျည်ထိမှန်ခံကာ သာယာဝတီ ပြည်သူ့ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ထားရပြီး သေဆုံးခြင်း မရှိကြောင်း သိရသည်။", "“အဲကောင် (ဘိုကျောက်)က ကျွန်တော်တို့ ဂဠုန်တပ်ဖွဲ့ဝင်တွေကို စကေဘာနဲ့ ဝင်ထိုးတာ အဲတာကြောင့် ကျွန်တော်တို့ ပစ်ခတ်ခဲ့ရတယ်။ သေတော့ မသေဘူး။ ဆေးရုံတင်ထားရတယ်လို့ သိရတယ်။ သူတို့က အဖွဲ့လိုက်ကြီး ဝိုင်းချုပ်ဖို့လုပ်တော့ လွတ်နေတဲ့ တစ်ယောက်က ပစ်ခတ်လိုက်တာပေါ့” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ဓာတ်ပုံ- အိမ်မဲမြို့နယ်၊ ကမ်းပြိုအုပ်စု သစ်တိုချောင်းကျေးရွာရှိ ဥပဒေမဲ့ လောင်းကစားဝိုင်း (ပုံအဟောင်း)"]
https://yktnews.com/2023/04/97237/
သုံးဆယ်မြို့ရှိ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဖောက်ခွဲ တိုက်ခိုက်
["သုံးဆယ်မြို့ရှိ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၃", "ပဲခူးတိုင်း၊ သုံးဆယ်မြို့ရှိ ပျူစောထီးများ ဦးဆောင်သည့် လောင်းကစားဝိုင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် သုံးဆယ်မြို့၊ သင်္ကန်းကုန်းနှင့် မြောက်ပန်းဆွဲရွာ အကြားရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လုံခြုံရေးယူထားသော ပျူစောထီးအဖွဲ့များ ဦးဆောင်သည့် လောင်းကစားဝိုင်းကို သာယာဝတီဂဠုန်တပ်ဖွဲ့မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကင်းအဖွဲ့တာဝန် ယူထားသော ပျူစောထီး အဖွဲ့ဝင် ကတုံး ဆိုသူ ပြင်းထန်ဒဏ်ရာ ရရှိခဲ့​ကြောင်း သိရသည်။", "“ထိုးသား ပြည်သူတွေ ပြန်တဲ့ အချိန်အထိစောင့်ပြီး အဝေးထိန်း ရှေ့ထွက်မိုင်းနဲ့ ကျွန်တော်တို့အဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့ ကင်းအဖွဲ့ တာဝန် ယူထားတဲ့ ပျူစောထီးအဖွဲ့ဝင် ကတုံး ဆိုသူ ပြင်းထန်ဒဏ်ရာတွေနဲ့ သာယာဝတီခရိုင် ပြည်သူ့ ဆေးရုံကိုပို့ဆောင်လိုက်ရ​တယ်လို့ သိရတယ်။ သေဆုံးသူတော့ မရှိဘူး” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ အယောင်ဆောင်သင်္ကြန် အတင်းအကြပ် ကျင်းပနေပြီး ပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များရှိရာ နေရာများကို သွားလာနေထိုင်းခြင်း မပြုလုပ်ရန်နှင့် အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဖြစ်​ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/04/97779/
သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ် လုံခြုံရေးရဲတပ်ဖွဲ့ကို မိုင်းခွဲ တိုက် ခိုက်မှု ရဲ ၁ ဦးသေဆုံး
["သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ် လုံခြုံရေးရဲတပ်ဖွဲ့ကို မိုင်းခွဲ တိုက် ခိုက်မှု ရဲ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၆", "ပဲခူတိုင်း၊ သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ်ရှိ လုံခြုံရေး ယူထားသည့် ရဲများကို မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၅ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ် မြို့ ၊ ဗေဒင်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ၏ We Love Thonze မဏ္ဍပ်အနီး လုံခြုံရေးယူ ထားသည့် ရဲများကို သာယာဝတီ ဂဠုန်တပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ၁ ဦးပွဲချင်းပြီး သေဆုံးကာ ရဲ ၄ ဦး ထက်မနည်း မိုင်းစ ထိမှန် ဒဏ်ရာရခဲ့ ကြောင်းသိရသည်။", "” စစ်ခွေးတွေရဲ့ မဏ္ဍပ်ကို လုံခြုံရေး ယူပေးနေတဲ့ ရဲတွေကို ဖောက်ခွဲ တိုက် ခိုက်ခဲ့တာ ၁ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ၄ ကောင် ကတော့ ထိခိုက် ဒဏ်ရာ လောက်ပဲရတယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်မဟာသင်္ကြန်ကာလ လူထုကို ဖိနှိပ်ရေး ကင်းလှည့်နေသည့် အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)", "Photo- AFP ။"]
https://yktnews.com/2024/02/146186/
သုံးဆယ်မြို့၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် စစ်ကောင်စီ တပ် သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ် ခတ်မှု ဖြစ်သွားပြီး ရဲ ၁ ဦီးသေဆုံး
["သုံးဆယ်မြို့၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် စစ်ကောင်စီ တပ် သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ် ခတ်မှု ဖြစ်သွားပြီး ရဲ ၁ ဦီးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲ ၁ ဦီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် သာ ယာ ဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမဘေး (ဆည်မြောင်းတည်-၉ လမ်းထိပ်) ဝတ် ရည်မွန် စားသောက်ဆိုင်ရှေ့တွင် ခလရ ၃၅ တပ်မှ စစ်ဗိုလ် ကြည်မျိုးလွင်၊ သုံးဆယ် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး၊ နယ်ထိန်း အပါ ရဲတပ်ဖွဲ့ဝင် တချို့နှင့် သာယာဝတီဂဠုန်တပ်ဖွဲ့မှတော် လှန်ရေး တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ရဲ ၁ ဦး ကျည်ဆံထိမှန် သေ ဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း လက်ပစ်ဗုံးသီး ၂ လုံး၊ ရှေ့ထွက်မိုင်းနှင့် ဆိုင်ကယ် ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "“ရဲခွေး ၁ ကောင်က သေတယ် ကြားတာ အတည်တော့ မပြုနိုင်သေးဘူး။ ပြည်သူတွေကို ဖမ်းပြီး ငွေညှစ်တဲ့ ခလရ ၃၅ တပ်က စစ်ခွေး ဗိုလ်ကြည်မျိုးလွင် ဆိုသူကတော့ လက်မောင်း ကျည်ရှပ်ထိတယ်။ စစ်ခွေးဗိုလ် သေနတ်မှန်တာတော့ အတည် ပြုနိုင်ပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုသည် ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင် ရေး အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ၃ ရက်ကြာ ပြင်ဆင်ဆောင် ရွက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့် ၄င်းတို့၏ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သုတ်သင်မည်ဟု သာယာဝတီဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/180260/
သုံးဆယ်မြို့၊ အနောက်သပြေကုန်းရပ်ကွက်တွင် ပြည်သူ့လုံခြုံရေးကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးရွေးချယ်လိုက်ပြီး သာယာ၀တီ ခလရ ၃၅ တွင် စစ်သင်တန်း ၁ လတက်ရမည်
["သုံးဆယ်မြို့၊ အနောက်သပြေကုန်းရပ်ကွက်တွင် ပြည်သူ့လုံခြုံရေးကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးရွေးချယ်လိုက်ပြီး သာယာ၀တီ ခလရ ၃၅ တွင် စစ်သင်တန်း ၁ လတက်ရမည်", "သက်ကြီးပိုင်း အမျိုးသားများ စစ်သင်တန်းတက်နေစဉ် လစာ ၁ သိန်းရရှိမည်ဖြစ်ပြီး သင်တန်းဆင်းလျှင် တစ်ရက်လျှင် နေ့တွက် ၆၈၀၀ ကျပ်ပေးမည်ဟုဆို", "ရန်ကုန်၊ ဩဂုတ် ၂၄", "ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ၊ အနောက်သပြေကုန်းရပ်ကွက်တွင် ပြည်သူ့လုံခြုံရေးကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်း သက်ကြီးပိုင်း အမျိုးသား ၁၀ ဦးကို ရွေးချယ်လိုက်ပြီး သာယာ ၀တီမြို့နယ်၊ ခလရ ၃၅ တွင် စစ်သင်တန်း ၁ လတက်ရမည်ဖြစ်ကြောင်း အနောက်သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်သိန်းက ပြောဆိုလိုက်သည်။", "ဩဂုတ်လ ၂၁ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန် အနောက်သပြေကုန်းရပ် ကွက်မှ အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အတွင်းရှိ သက်ကြီးပိုင်း အမျိုးသား ၃၆ ဦးကို ဆင့်ခေါ်၍ အစည်းအဝေးလုပ်စဉ် အနောက်သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။", "အနောက်သပြေကုန်း ရပ်ကွက်အတွင်းမှ အမျိုးသား ၁၀ ဦးကို ရပ်ကွက်လုံခြုံ ရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် ပါဝင်ရန် ခေါ်ယူမည်ဖြစ်ကြောင်း၊ ရပ်ကွက်တစ်ခုလျှင် အမျိုးသား ၁၀ ဦးနှုန်းဖြင့် ရပ်ကွက်လုံခြုံရေးနှင့် အကြမ်း ဖက် နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန် အထက်က အမိန့်ပေးလာကြောင်း ၊ လူ ၁၀ ဦးကို မိမိဆန္ဒဖြင့် စာရင်း ပေးလျှင် ပိုကောင်းပြီး စာရင်းပေးသူမရှိလျှင် မဲနှိုက် ရွေးချယ်မည်ဖြစ်ကြောင်း၊ ရွေးချယ်ခံရသူများသည် သာယာ၀တီမြို့နယ် ခလရ ၃၅ တပ်ရင်းတွင် စစ်သင်တန်း ၁ လတက်ရောက်ရမည်ဟု အုပ်ချုပ်ရေးမှူး မြင့်သိန်းက ပြောဆိုအသိပေးခဲ့ကြောင်း သိရှိရသည်။", "ရပ်ကွက်အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ တွင် ပါဝင်သည့် အမျိုးသားများသည် စစ်သင်တန်းတက်နေစဉ် လစာအဖြစ်တစ်လ ၁ သိန်း ရရှိမည်ဖြစ်ကြောင်း၊ စစ်သင်တန်းဆင်းလျှင် တစ်ရက်လျှင် နေ့တွက်ကြေး ၆၈၀၀ ကျပ်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။", "ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ၊ အနောက်သပြေကုန်းရပ်ကွက်၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်အဖြစ် အမျိုးသား ၁၀ ဦးကို ရွေးချယ်ရာတွင် စာရင်းပေးသူ ၁၀ ဦးရှိသည့်အတွက် မဲနှိုက်ခြင်းမရှိကြောင်း၊ စာရင်းပေးသူများတွင် စိတ်ပါလက်ပါ စာရင်းပေးသူးများရှိသကဲ့သို့ အရွယ်ရောက်သားသမီးများ စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ရရန်မျှော်လင့်ချက်ဖြင့် စာရင်းပေးသူများလည်းရှိကြောင်း သိရှိရသည်။", "ထို့နောက် အနောက်သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးမြင့်သိန်းက စစ်သင် တန်းတက်ရောက်သူများကို ထောက်ပံ့ရန်အတွက် ရပ်ကွက်အတွင်းမှ ကျန်သူများက တစ်ဦးလျှင် လစဉ် ၂၀၀၀၀ကျပ်ပေးဆောင်ရန် ဆုံးဖြတ်ကြောင်း၊ သုံးဆယ်မြို့ရှိ ရပ်ကွက် ၁၃ ခုတွင် အနောက်သပြေကုန်းရပ်ကွက်သည် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲ့စည်းသော ပထမဆုံး ရပ်ကွက်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီ ဆင့်ခေါ်မှုကြောင့် တပ်သားများအဖြစ် ပြန်လည် ပါဝင်နေရသော သက်ကြီးပိုင်း စစ်မှုထမ်းဟောင်းတချို့။"]
https://yktnews.com/2023/09/123070/
သေနတ်နဲ့ချိန်ပြီး ဘီယာရောင်းခိုင်းနေတဲ့ ဒေါ်စိန်အေး ကျောင်းထွက် ဗိုလ်ချုပ်ကြီးများ
["သေနတ်နဲ့ချိန်ပြီး ဘီယာရောင်းခိုင်းနေတဲ့ ဒေါ်စိန်အေး ကျောင်းထွက် ဗိုလ်ချုပ်ကြီးများ", "By လမ်းသစ်", "အရင်က ဘီယာဆိုင်တွေမှာ ကောင်မလေးတွေ စကတ်အတိုလေးတွေ လှတပတ ဝတ်ပြီး ဘီယာ ပရိုမိုးရှင်း ဆင်းကြတာ မြင်ဖူးကြမှာပါ။ အခုတော့ ခေတ်ဆိုး စနစ်ဆိုး စစ်မျိုးတွေ လက်အောက်မှာ ပရိုမိုးရှင်းပုံစံတွေလည်း ပြောင်းလာပါပြီ။ သေနတ်ကြီးတွေ တကားကားနဲ့ ဘီယာလိုက်ရောင်းနေတာ ပြည်သူတွေ အားလုံးလည်း သိကြမှာပါ။", "စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာတွေကို ဆိုင်တွေမှာ မဖြစ်မနေ ရောင်းဖို့ လိုက်ပြီး ဖိအားပေးနေကြပါတယ်။ ဈေးကွက်ထဲ ကာလရှည်ကြာ စိုးမိုးထားနိုင်ခဲ့တဲ့ မြန်မာဘီယာဟာ ပြည်သူတွေရဲ့ စစ်အာဏာရှင် ရွံရှာမုန်းတီးစိတ်နဲ့အတူ ရောင်းအားတွေ ထိုးကျသွားတာကြောင့် သူတို့ မခံမရပ်နိုင် ဖြစ်နေကြတာပါ။", "တစ်ကျော့ပြန် စစ်အာဏာသိမ်းချိန်ကစလို့ ပြည်သူတွေက စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့ကြပါတယ်။ အဲ့ဒီကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Adman Gold ဘီယာတွေ တင်လာတဲ့ ကားတွေကို ဖမ်းဆီးပြီး ဘီယာတွေကို ဖျက်ဆီးပစ်တာတွေ လုပ်ခဲ့ပါတယ်။", "တော်လှန်ရေး ပြောက်ကျားအဖွဲ့တွေကလည်း မြန်မာဘီယာရောင်းချတဲ့ ဆိုင်တွေနဲ့ ဂိုဒေါင်တွေကို တိုက်ခိုက်ခဲ့ပြီး အဲ့လို စစ်တပ်ထုတ်ကုန် ရောင်းချတဲ့ဆိုင်တွေမှာ မထိုင်ကြဖို့ ပြည်သူကို သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။", "အာဏာသိမ်းမှု စတင်တဲ့ ၂ဝ၂၁ ခုနှစ်မှာပဲ ပေါ်ပေါက်ခဲ့တဲ့ စစ်တပ်ထုတ်ကုန်တွေ မသုံးစွဲရေး၊ မရောင်းရေး၊ မဝယ်ရေး လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်း ပိုအားကောင်းလာပါတယ်။", "မြန်မာဘီယာရဲ့ ပံ့ပိုးမှုပါတဲ့ ဖျော်ဖြေပွဲမျိုးတွေအထိပါ ဆန့်ကျင်ကြဖို့ တွန်းအားပေးလာကြပါတယ်။ မြေပြင်အခြေအနေအရ တော်လှန်ရေး အင်အားစုတွေဘက်က စစ်ရေးအသာစီး စတင်ရရှိလာတဲ့အခြေအနေမှာ ဘဏ္ဍာရေးစစ်မျက်နှာကိုလည်း အနိုင်တိုက်နိုင်ဖို့ ပိုအရေးကြီးပါတယ်။", "စစ်တပ်ရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်နိုင်မှ တိုက်ပွဲမှာ ရန်သူဟာ ပိုပြီး အားနည်းလာမှာ ဖြစ်ပါတယ်။ စစ်တပ်ထုတ်ကုန် ရောင်းချလို့ရတဲ့ ငွေတွေဟာ ပြည်သူတွေကို သတ်ဖို့ ကျည်ဆန်တွေ၊ ခဲယမ်းတွေ ဖြစ်လာတာ မဟုတ်လား။", "ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ ဘဏ္ဍာရေးထောက်တိုင်မှန်သမျှကို ဖြိုလှဲပစ်ရပါမယ်။ နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်မှုတွေနဲ့ ဖိအားပေးနေသလို နိုင်ငံအတွင်းက ပြည်သူတွေအနေနဲ့လည်း စစ်တပ်ထုတ်ကုန်တွေနဲ့ ကင်းကင်းနေတာဟာ တော်လှန်ရေးမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။", "လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်အသုံးစရိတ်ရနေတဲ့ စစ်တပ်ထုတ်ကုန် ၈မျိုးကို တင်းတင်းကြပ်ကြပ် သပိတ်မှောက်ကြဖို့ NUG နဲ့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားကြပါတယ်။", "ဒီ စစ်တပ်ထုတ်ကုန် ၈မျိုးကတော့", "၁။ မြန်မာဘီယာ", "၂။ Andaman Gold ဘီယာ၊ အရက်၊ အချိုရည်", "၃။ Dagon ဘီယာ၊ အရက်၊ အချိုရည်", "၄။ Mandalay ဘီယာ၊ ရမ်", "၅။ Black Shield Stout", "၆။ Army Rum", "၇။ Red Ruby စီးကရက်", "၈။ Premium Gold စီးကရက်", "အထက်ဖော်ပြပါ စစ်တပ်ထုတ်ကုန်တွေရဲ့ ရောင်းအား ၇ဝ ရာခိုင်နှုန်းအထိ ထိုးကျသွားဖို့ ရည်ရွယ်ခဲ့ကြတာပါ။", "တကယ်လည်း လက်ရှိအချိန်မှာ ရောင်းအား ၇ဝ ရာခိုင်နှုန်းကျော် ကျဆင်းနေပြီး ဝယ်သူမရှိ၊ ရောင်းသူမရှိ၊ သောက်သုံးသူ မရှိသလောက် ဖြစ်နေတယ်လို့ ပြည်ထဲရေး ဖရဲသီးတစ်လုံးက ပြောထားတာ တွေ့ရပါတယ်။", "အခြေအနေမဟန်တော့တဲ့ အာဏာရှင်တွေဟာ မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်တွေကို အတင်းအဓမ္မ ဆိုင်တွေမှာ လိုက်တင်ပါတော့တယ်။ မြန်မာဘီယာ မရောင်းတဲ့ ဘီယာဆိုင်တွေကို အနည်းဆုံး ၁ဝ သိန်းနီးပါး ဒဏ်ငွေဆောင်ခိုင်းခဲ့ပါတယ်။", "ဒီသပိတ်ဟာ စစ်ခေါင်းဆောင်တွေကို အကြီးအကျယ် ဒုက္ခရောက်စေတယ် ဆိုတာ အထင်အရှား မြင်တွေ့လာရပါတယ်။ အခုဆိုရင် မြန်မာဘီယာ အပါအဝင် စစ်တပ်ထုတ်ကုန်တွေကို ပြန်လည်ရောင်းချနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် ဦးဆောင်နေပါတယ်။", "စစ်တပ်ထုတ်ကုန်တွေ ဈေးကွက်ပေါ် ပြန်ရောက်ရေးအတွက် စူပါမားကတ်တွေ၊ စတိုးဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေကို စစ်ဆေးပြီး လိုင်စင် ရုတ်သိမ်းမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လုပ်နေကြပါတယ်။ တချို့ဆိုင်တွေဆိုရင် မြန်မာဘီယာကို ဟန်ပြသဘောမျိုး ဆိုင်မှာ တင်ထားပေမယ့် မဝယ်ကြဖို့ တိုက်တွန်းစကား ဆိုကြပါတယ်။", "မြန်မာဘီယာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ယမကာလုလင် ပြည်သူတချို့တောင် စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဆက်နွယ်လာတဲ့အခါ မဝယ်ဘူးဆို မဝယ်ဘူး၊ မသောက်ဘူးဆို မသောက်ဘူးပဲ စိတ်ပြတ်သားကြပါတယ်။", "ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာ တရုတ်တန်း ၁၉ လမ်းထဲကို စစ်တပ်နဲ့ စည်ပင်တို့ ဝင်လာပြီး ဘီယာဆိုင်တွေကို သူတို့ရဲ့ ထုတ်ကုန်တွေရောင်းဖို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။", "အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရေး အောင်မြင်နေပြီ၊ နွေဦးတော်လှန်ရေး အတော်လေး ခရီးပေါက်နေပြီဆိုတာ အထင်အရှားပါပဲ။", "ဒေါ်စိန်အေး (DSA) သားသမီးတွေရဲ့ စီးပွားရေးဗျူဟာတွေနဲ့ မားကတ်တင်း ဆင်းနည်းအသစ်တွေကတော့ သြချလောက်ပါပေတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့ တိုက်ရိုက်အမိန့်နဲ့ သေနတ်နဲ့ချိန် ဘီယာရောင်းတယ်ဆိုတာ မြန်မာ့သမိုင်းမှာရော ကမ္ဘာ့သမိုင်းမှာပါ ရှားပါးဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းတင်လောက်ပါပေတယ်။"]
https://yktnews.com/2023/10/127234/
သဲကုန်း မြို့နယ်၊ ရင်းတိုက်မှော်ကျေးရွာတွင် ပျူစောထီး လုပ်မည်ဆိုလျှင် တစ်လ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာနှင့်ငွေကျပ် နှစ်သောင်းပေးမည်ဟု စစ်တပ်နှင့်ကြံ့ဖွတ်ပါတီက စည်းရုံးပြီး စစ်သင်တန်း တက်ခိုင်း
["သဲကုန်း မြို့နယ်၊ ရင်းတိုက်မှော်ကျေးရွာတွင် ပျူစောထီး လုပ်မည်ဆိုလျှင် တစ်လ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာနှင့်ငွေကျပ် နှစ်သောင်းပေးမည်ဟု စစ်တပ်နှင့်ကြံ့ဖွတ်ပါတီက စည်းရုံးပြီး စစ်သင်တန်း တက်ခိုင်း", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ရင်းတိုက်မှော်ကျေးရွာတွင် ပျူစောထီးအဖြစ် စစ်သင်တန်းမည်ဆိုလျှင် လူတစ်ဦး တစ်လ ဆန်တစ်အိတ်၊ ဆီတစ်ပိဿာနှင့်ငွေကျပ် နှစ်သောင်း လစဉ်ပေးမည်ဟု စစ်တပ်နှင့်ကြံ့ဖွတ်ပါတီက စည်းရုံးလျက်ရှိကြောင်း‌ ဒေသပြည်သူများက ပြောဆိုသည်။", "ရင်းတိုက်မှော်ကျေးရွာ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အေးကို နှင့် တပ်မ ၆၆ မှ ဗိုလ်တစ်ဦးတို့က ကျေးရွာအတွင်း ပျူစောထီးများ စုဆောင်းပြီး စစ်သင်တန်းပေးပေးမည်ဖြစ်ကြောင်း၊ စစ်သင်တန်းတက်ရောက်မည့်သူများအနေဖြင့် တစ်လ ဆန်နှင့်ဆီ ၊ ငွေကျပ် နှစ်သောင်း လစဉ်ပေးအပ်မည်ဖြစ်ကြောင်း၊ အနီးအနားပတ်ဝန်းကျင် ကျေးရွာများမှလည်း မည်သူမဆို လာရောက် စစ်သင်တန်းတက်နိုင်ကြောင်း ပြောဆို စည်းရုံးလျက်ရှိကြောင်း သိရှိရသည်။", "“တပ်မ၆၆ကဗိုလ်တယောက်နဲ့ရင်းတိုက်မှော်ကျေးရွာကကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အေးကိုတို့ပူးပေါင်းပြီး စစ်သင်တန်း စီစဉ်တယ်။ တက်ဖို့ ရွာတွေက လူတွေကို စည်းရုံးတယ်။ ပျူစောထီး သင်တန်း တက်ပြီးသားသူတွေထဲက လူတွေလည်း လိုက်သွားကြတယ်။ တစ်လ ဆန်တစ်အိတ်နဲ့ဆီတစ်ပိဿာ၊ ငွေနှစ်သောင်းပေးမယ်လို့ပြောပြီ ခေါ်ပါတယ်။ ရွာသစ်ကုန်းကျေးရွာက လူ ၉ ဦး၊ ကျပ်ကုန်းကျေးရွာက ၂ ဦး ၊ ကျန်တဲ့ရွာတွေက လူတွေလည်း ၂ ဦး၊ ၃ ဦး ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် စစ်သင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်လျက်ရှိပြီး ရွာသစ်ကုန်းရွာ ရှမ်းစုပရင်း၊ ကျပ်ကုန်းရွာ၊ မအူပင်ကွေ့ကျေးရွာ အပါအဝင် အခြားသော ကျေးရွာများမှ ပြည်သူများ စစ်သင်တန်း လာရောက် တက်ကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ပျူစောထီးများကို စစ်သင်တန်း ပို့ချနေမှုမြင်ကွင်း။"]
https://yktnews.com/2023/04/97139/
သဲကုန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး ပြင်းထန် ဒဏ်ရာရ၊ သထုံတွင် စစ်တပ် ပြုလုပ်မည့် သင်္ကြန်ပွဲအား သတိပေး ဖောက်ခွဲ တိုက်ခိုက်
["သဲကုန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦး ပြင်းထန် ဒဏ်ရာရ၊ သထုံတွင် စစ်တပ် ပြုလုပ်မည့် သင်္ကြန်ပွဲအား သတိပေး ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၂", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဂျပန်ဂိုးပြိုင်ပွဲမှ ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၁၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် သဲကုန်းမြို့နယ်၊ ရွာထောင်ကုန်းရွာတွင် ပြုလုပ်နေသည့် ရဲ့ရဲ့ကန်ဂျပန်ဂိုးပြိုင်ပွဲတွင် လုံခြုံရေးယူပြီး ဆိုင်ကယ် ၆ စီးဖြင့်ပြန်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နွေဦး အဖွဲ့မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။", "ပြည်သူများ အနေဖြင့် သင်္ကြန်ပွဲတော် ကာလတွင် စကစတပ်ဖွဲ့ဝင်များ ရှိသည့် နေရာများကို သွားရောက် ပျော်ပါးခြင်း မပြုကြရန်၊ စစ်ကောင်စီနှင့် နီးစပ်သော နေရာများတွင် နေထိုင်ခြင်းမပြုကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နွေဦး အဖွဲ့က ထုတ်ပြန်ထားသည်။", "မွန်ပြည်နယ်၊ သထုံမြို့ရှိ နောင်ကုလားရွာနှင့် ကျောင်းကုန်းရပ်ကွက်တို့တွင် အကြမ်းဖက် စစ်တပ် ပြုလုပ်နေသည့် သင်္ကြန်ပွဲအား သတိပေးသည့် အနေဖြင့် ဗုံးဖောက်ခွဲခဲ့ကြောင်း သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ သွေးစွန်း သင်္ကြန်ပွဲအား သတိပေးသည့် အနေဖြင့် နောင်ကုလားကျေးရွာတွင် ဗုံး ၁ လုံးဖောက်ခွဲခဲ့​ကြောင်း၊ ဧပြီလ ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သထုံမြို့ ကျောင်းကုန်းရပ်ကွက်နှင့် မီတာရုံးအနီးတွင် ထပ်မံ ဖောက်ခွဲ သတိပေးခဲ့ကြောင်း သိရှိရသည်။", "သထုံနေမြို့ ပြည်သူများ အနေဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်တပ်နှင့် ဝေးဝေးနေကြပါရန်၊ စစ်ကောင်စီ၏ သင်္ကြန်ဖြစ် မြောက်ရေး အတွက် အားဖြည့် ကူညီပေးသည့် လုပ်ငန်း ရှင်များနှင့် ပါဝင် ပတ်သက်သူ အားလုံးကို စားရင်း ဇယားနှင့်တကွ ထိရောက်စွာ အရေးယူရန်၊ သင်္ကြန်အတွင်း အဆပေါင်းများစွာ ပြင်းထန်သည့် စစ်ရေးဦးတည်ချက်များ ရှိသည့်အတွက် ပြည်သူများ အပျော်အပါးကို မပါဝင်ကြရန်၊ ပြည်သူများကြောင့် ဖျက်သိမ်းခဲ့ရသည့် မစ်ရှင် များပြားခဲ့သောကြောင့် ရှေ့ဆက်၍ လိုက်နာမှု မရှိသော ပြည်သူများ ထိခိုက်ပါက တာဝန်ယူမည် မဟုတ်ကြောင်း သထုံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/78499/
သဲကုန်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာလာဖြုတ်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး
["သဲကုန်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာလာဖြုတ်သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းထိပြီး ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ လာဖြုတ် သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး မိုင်းထိပြီး ၁ ဦး သေဆုံးသွားကြောင်း ပဲခူးတိုင်း PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် သဲကုန်းမြို့နယ်၊ ပုတီး ကုန်း သွားသော တာဂွနှင့်ပွဲပြည့်ရွာလမ်းမပေါ်တွင် “စစ်ခွေးလုပ်မယ့် ရွေး ကောက်ပွဲ လူထုအားဖြင့် တွန်းလှန်ကြ” ပိုစတာကို လာရောက် ဖြုတ်ယူ သည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပဲခူးတိုင်း PDF တပ်ရင်း ၃၆၀၁ ၊ တပ်ခွဲ ၃ တိုင်းလုံးကျော် အဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဦးခေါင်းထိမှန်သေဆုံးကြောင်း၊ ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိကြောင်း သိရှိ ရသည်။", "စစ်ကောင်စီတပ်ဖွဲ့များကိုအမြစ်ပြတ်ချေးမှုန်းတိုက်ခိုက်သွားမည်ဖြစ်၍ ပြည် သူ များအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့်နေရာများကို ရှောင်တိမ်း သွားလာကြရန် ပဲခူးတိုင်း PDF က မေတ္တာရပ်ခံထားသည်။", "အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၈ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ပါဆယ်မိုင်းထောင် ထား ချိန် စစ်တပ်က စစ်ဆေးရန်ဝိုင်းအုံလာစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် က အပြင်းအထန်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော် များ မှာအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်မှု ရှိသည်ဟု သိရှိရသော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲ ဖြစ် ကြောင်း People’s Army To Fight Dictatorship(PAFD)၊ တပ်ခွဲDK PDF (MMU) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှုကို People’s Army To Fight Dictatorship (PAFD)၊ တပ်ခွဲDK PDF(MMU)၊ People’s knight Defense Force Myinmu (PKDF-MMU) TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယနေ့ နံနက် သဲကုန်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာ ချိတ်ဆွဲထားစဉ်။"]
https://yktnews.com/2023/04/98460/
သဲကုန်းတွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်၊ ကျည်များ နှင့် ဆိုင်ကယ် သိမ်းဆည်းရမိ
["သဲကုန်းတွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်၊ ကျည်များ နှင့် ဆိုင်ကယ် သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၂၀", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရ ပြီး သေဆုံးသွားကြောင်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ပြော သည်။", "ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် သဲကုန်းမြို့နယ်၊ ဗြဟ္မာ့ ကျေး ရွာ အုပ်စု တာဝန်ကျ နယ်ထိန်းရဲတပ်သား ဇေယျာအောင်ကို နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ကွင်းကြီး ကျေးရွာအနီး တောစပ် တစ်နေရာတွင် ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း သိရှိရသည်။", "နယ်ထိန်း ရဲတပ်သား ဇေယျာအောင် သည်၄င်း နယ်ထိန်းတာဝန်ကျသော ကျေးရွာ အုပ်စု အတွင်းတွင် အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်း၍ လောင်းကစား ဝိုင်းများ ပြုလုပ်ပြီး ဆက်ကြေး ကောက်ခံခြင်း၊ ကျေးရွာ အုပ်စုအတွင်းရှိ တောင် သူများ ထံမှ စိုက်ဘဏ် ချေးငွေများ၊ သမဝါယမ ချေးငွေများကို အ​ကြမ်းဖက် စစ်ကောင်စီ ၏ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍အတင်းအ​​ကျပ် တောင်း ခံပေးခြင်း၊ ကျေးရွာအုပ်စုအတွင်းသစ်မှောင်ခိုလုပ်ကိုင်သူ များထံမှ ငွေကြေး ကောက်ခံ၍တရားမဝင်ခွင့် ပြုလုပ်ကိုင်စေခြင်း ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ကျေးရွာအုပ်စု အတွင်းရှိ စစ်ကောင်စီ ထောက်ခံသူများနှင့်ပူးပေါင်း၍ ပျူစောထီးအဖွဲ့များကို ၎င်းကိုယ်တိုင်ဦးဆောင်၍ စည်းရုံးဖွဲ့စည်း ဆောင်ရွက် ရန် ကြိုးစားနေခြင်း အပါအဝင် စစ်ကောင်စီအလိုကျ လိုက်ပါ ဆောင် ရွက် လုပ် ကိုင် ပေးနေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း နယ်ထိန်း ဇေယျာအောင် နှင့်ပတ်သက်သော အချက်အလက်များကို စိစစ်ရာ တွင် မှန်ကန် သည့်အတွက် ၄င်းလာရာလမ်းကြောင်းမှစောင့်၍ ပစ်ခတ် ရှင်းလင်း ခဲ့ရာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "” ကျနော်တို့က သူ့ကိုအရှင်ဖမ်းပြီး သူ့ဆီက သဲကုန်းမြို့နယ် အတွင်း စစ်ကောင် စီ ၏ လုပ်ဆောင်နေသောလျှို့ဝှက်လုပ်ငန်းများ စစ်ဆေး မေးမြန်း ရန် လက် နက် ချခိုင်းသော်လည်း သူကအသင့်ပါလာသော G3 သေနတ် ဖြင့် စပြီး ပြန် လည် ခုခံ ပစ်ခတ်တဲ့အတွက် ကျနော်တို့က လက်ဦးမှုရယူပြီး ဆီး စပ် ကို တစ်ချက်၊ နားထင် တစ်ချက်၊ရင်ညွန့် တစ်ချက် စုစုပေါင်းကျည် ၃ တောင့် ဖြင့် ၃ ချက်​ပစ်ခတ်ရှင်းလင်းလိုက်ရ​ပါတယ်” ဟု သဲကုန်းမြို့နယ် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။", "သေဆုံးသွားသော နယ်ထိန်း ရဲတပ်သား ဇေယျာအောင်ထံမှ G3​သေနတ် ၁ လက်၊ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၉ တောင့် ၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး ၊လက်ထိပ် ၁ ခု၊ ဘေးလွယ်အိတ် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ သည်။", "အကြမ်းဖက်စစ်ကောင်စီအလိုကျပူးပေါင်းဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်များ ၊အကြမ်းဖက်စစ်သားများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအလိုကျ ပူးပေါင်း ဆောင်ရွက်ခြင်းမပြုရန်၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဌာန၏လုပ်ငန်းများ အဆင်ပြေ ရေးကိုဦးစားပေး၍ပြည်သူကိုငဲ့ညှာမှုမပြုဘဲ ဆောင်ရွက်ပေးနေခြင်း၊တို့ကို အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။", "အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍လုပ်ကိုင်ရမည့်မည်သည့်လုပ်ငန်းများကိုမဆို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်၊ စစ်ကောင်စီ အလိုကျ ဆောင်ရွက် သူ များ အနီးတွင် နေထိုင် သွားလာ ဆက်ဆံခြင်း မပြုရန် ထပ်မံသတိပေး အပ် ကြောင်း၊ အကယ်၍ ထိုသို့တားမြစ်နေသည့်ကြားမှ စစ်ကောင်စီ၏ လုပ်ငန်း များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊ အများပြည်သူ အကျိုး ကိုငဲ့ကြည့် မှုမရှိဘဲ မိမိ ကိုယ်ကျိုးစီးပွား အတွက်သာကြည့်ပြီး ပြည်သူလူထုကို မဖိနှိပ်ရန် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသော မည်သူကိုမဆို အရေးယူ ရှင်းလင်း သွားမည် ဖြစ်ကြောင်း TPDF သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ခွဲ ၄၊ တပ်ခွဲမှူး ဗိုလ်ဆူးထက်က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/02/203805/
သဲကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် မောင်ပြုံး (ခ) ဓါးငပြုံး ပစ်ခတ်ခံရပြီး သေဆုံး
["သဲကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် မောင်ပြုံး (ခ) ဓါးငပြုံး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် မောင်ပြုံး (ခ) ဓါးငပြုံး ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ ရပ်ကွက် ၂ ၊ အားကစားကွက်သစ် အမှတ် ၄၇ စူဌမုနိလမ်းတွင် နေထိုင်သော မောင်ပြုံး (ခ) ဓါးငပြုံးသည် ဓါးသွေးကျောက်ရွာရှိ ၎င်း ယောက္ခမ နေအိမ်အရောက်တွင် တော်လှန်ရေး ရဲဘော်များက ပိတ်ဆို့ဖမ်းဆီးစဉ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေနတ်ကျည် ၄ ချက်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ဓါးငပြုံး သည် ပျူစောထီး အပါတ်စဉ် ၁ သင်တန်းကို အင်းမ ခမရ-၅ တပ်ရင်းထဲတွင် ၁၄ ရက်ကြာ တက်ရောက်ခဲ့သူဖြစ်ပြီး ၄င်းနှင့်အတူ သဲကုန်းမြို့နယ် ရပ်ကွက် ၁ ၊ ၂ ၃ ၄ တို့မှ အင်အား ၅၀ ဦးခန့်ပါ တက်ရောက်ခဲ့ကြောင်း၊ ထို့ပြင် ဓါးငပြုံးသည် မြို့ပေါ်နှင့် တောထဲပါ မကျန် တော်လှန်ရေးတပ်ဖွဲများ၏ လှုပ်ရှားမှု သတင်းများကို ထောက်လှမ်းပြီး တပ်မ ၆၆ လက်အောက်ခံ အင်းမ ခမရ ၅ တပ်ရင်းထဲကို သတင်းပေးပို့နေပြီး ပြည်သူများကို လည်းဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ ၁ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် သေဆုံးသွားသော ဓါးငပြုံး ထံမှ ပျူစောထီး ဝတ်စုံ ၁ စုံ၊ ပျူစောထီး ဦးထုပ် ၁ လုံး၊ ကျည်ခွံ များလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/12/194886/
သဲကုန်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး
["သဲကုန်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်းကို သဲကုန်းမြို့နယ် ပကဖ နှင့် ပေါင်းတည်မြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ရာအိမ်မှူး အေးထွန်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တက်ကြွစွာ ပူးပေါင်းပြီး မမှန်သတင်းပေး တိုင်တန်းခြင်း၊ ပြည်သူများကို မတရားဖမ်းဆီး နှိပ်စက်ခြင်း၊ တော်လှန်ရေးရဲဘော်များကို စောင့်ကြည့် ဖမ်းဆီးခြင်း၊အဓမ္မ စစ်သားစု‌ဆောင်းရေးအကြောင်းပြ၍ မတရားငွေကြေးမျာ းတောင်းယူခြင်း၊ ၎င်းနှင့် အဆင်မပြေသူများကို အကြမ်းဖက် စစ်တပ် အလိုကျ စစ်မှူထမ်း အဖြစ် အဓမ္မ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေပြီး ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ရာအိမ်မှူး အေးထွန်းက စစ်ခွေး၊ ရဲခွေးတွေနဲ့ တက်ကြွစွာ ပူးပေါင်းပြီး သူ့ရဲ့ ကိုယ်ကျိုးအတွက် ပြည်သူလူထုအပေါ် နည်းမျိုးစုံ မတရားမှုတွေ ပြုလုပ်‌နေတဲ့သူပါ ပြည်သူတွေ သတင်းပေး တိုင်ကြားချက်တွေလည်း လက်ခံရရှိခဲ့ပါတယ်။ ကျန်တော်တို့ အချိန်ယူစောင့်ကြည့် စုံစမ်းစစ်‌ဆေးချက်များအရ တိုင်ကြားချက်များ မှန်ကန်တဲ့အတွက် သူ့ကို ချက်ခြင်းရပ်တန့်ဖို့ သတိ‌ပေးခဲ့ပါတယ်။ အဲတာကို လိုက်နာခြင်းမရှိဘဲ ဆက်လက် ကျူးလွန်နေတဲ့ အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက ပြောဆိုသည်။", "သဲကုန်းမြို့နေ ပြည်သူများကို အကြမ်းဖက် စစ်တပ် အလိုကျ မတရားဖိနှိပ်အုပ်ချုပ်ခြင်း၊ ရပ်ကွက်နှင့် ကျေးရွာများ အပါအဝင် ခရီးသွား ပြည်သူများကို စစ်မှူထမ်းအဖြစ် ပေါ်တာဆွဲခြင်း၊ မတရားဖမ်းဆီးငွေညှစ်ခြင်း လုပ်ရပ်များဖြင့် ပြည်သူ့တော်လှန်ရေးကိုနှောက်ယှက်တားဆီးလျှက်ရှိ‌သော အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် စစ်ကောင်စီ တပ်သားများ အပါအဝင် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများကို အပြစ်ပေးရန် အမြဲစောင့်ကြည့်လျက်ရှိသောကြောင့် မတရားစစ်မှုထမ်း စုဆောင်းခြင်း၊ ငွေကောက်ခံခြင်း၊ အကြမ်းဖက် စစ်ကောင်စီနှင့်ပူးပေါင်း၍ မည်သည့်နည်းလမ်းဖြင့်မဆို ပြည်သူလူထုကို ဒုက္ခပေးခြင်းများ လုံးဝ မပြုလုပ်ရန် သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက သတိပေး ပြောဆိုသည်။"]
https://yktnews.com/2024/10/186652/
သဲကုန်းမြို့နယ်တွင် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["သဲကုန်းမြို့နယ်တွင် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၆", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသူ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ ရွာသစ်ကုန်းရွာမှ အကြမ်းဖက် စစ်တပ်ကို သတင်ပေး၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော ဂျက်မ ဆိုသူကို PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းသိရသည်။", "သေဆုံးသွားသော ဂျက်မဆိုသူသည် အကြမ်းဖက် စစ်တပ်နှင့် ရဲများထံ သတင်းပေး၍ ရွာသစ်ကုန်းရွာအတွင်း နေထိုင်သော ပြည်သူများကို နည်းမျိုးစုံ ဒုက္ခပေးခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "အကြမ်းဖက် စစ်တပ်နှင့် ရဲများထံ သတင်းပေး၍ စစ်တပ် ထောက်တိုင် အဖြစ် ဆက်လက်လုပ်ဆောင်နေသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း PPDF 3601 တပ်ခွဲ ၃ wisdom 2 အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2024/06/170539/
သဲကုန်းမြို့နယ်တွင် စစ်တပ်၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံး
["သဲကုန်းမြို့နယ်တွင် စစ်တပ်၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ မိုင်းဆွဲခံရမှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၉", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်တပ်၊ ရဲ၊ ထွေအုပ်၊ စည်ပင် တို့ပါဝင်သော မိုးရာသီ လမ်းဘေးသစ် ပင်စိုက် ပျိုးပွဲကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စေခိုင်းမှုကြောင့် ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ဆင်မြီးဆွဲတိုက်နယ် အပိုင် ဇီးကုန်းကျေးရွာအနီးတွင်စစ်တပ်၊ရဲ၊ထွေအုပ်၊စည်ပင်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လမ်းဘေး သစ်ပင်စိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လမ်းဘေးသစ်စိုက်ပျိုးပွဲကို အဝေးထိန်းမိုင်းဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ်နဲ့ ဌာနဆိုင်ရာတွေက ဆင်မြီးဆွဲဘက်ကနေ ဇီးကုန်းရွာအနီးမှာ ကား ၈ စီးနဲ့ လမ်းဘေးဝဲယာ ဟန်ပြသစ်ပင်စိုက်ဖို့ လုပ်နေတဲ့အချိန် အသင့်ထောင်ထားတဲ့ မိုင်းကို အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်း၏ သတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။", "မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦး သေဆုံးသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း၊ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို ကားများဖြင့် သဲကုန်းမြို့နယ်ဘက်သို့သယ်ဆောင်၍ သဲကုန်းမြို့နယ်မှတစ်ဆင့် ရွှေတောင်မြို့နယ် ကုတင် ၁၀၀ စစ်ဆေးရုံသို့ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ မိုင်းခွဲမှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdomအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များကို ပြင်း ပြင်း ထန်ထန်အရေးယူဆောင်ရွက်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်နှင့်နီးစပ်ရာနေရာများကို ရှောင်တိမ်းသွာလာကြပါရန် တော်လှန်ရေးတပ်က သတိပေးချက်ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့သော​ နေပြည်တော်သစ်ပစ်စိုက်ပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/164104/
သဲကုန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော အင်ပင်လှရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်း ပစ်ခတ်ခံရပြီး သေဆုံး
["သဲကုန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော အင်ပင်လှရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၂၃", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော အင်ပင်လှရွာ အုပ်ချုပ်ရေးမှူး မျိုးထွန်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် အင်ပင်လှရွာ နေအုပ်ချုပ်ရေးမှူးမျိုးထွန်း၏ နေအိမ်အနီးတွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၃ Wisdom (2) အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး မျိုးထွန်းသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ စစ်မှူ့ထမ်း စုဆောင်းရာတွင် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများကို အတင်း အဓမ္မ ခေါ်ယူ စုဆောင်းပေးခြင်း၊ကျေးရွာအုပ်စုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများ နေထိုင်၍ မရစေရန် စစ်တပ် ထံသတင်းပေးပို့ခြင်း၊ ကျေးရွာအုပ်စုအတွင်း လောင်းကစားဝိုင်းများ ထောင်ကာ အကြမ်းဖက် စစ်ကောင်စီကို ထောက်ပံ့နေသူဖြစ်ကြောင်း သိရှိရသည်။", "ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေပြီ ဖြစ်သောကြောင့် ကျန်ရှိနေသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများလည်း ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းကြရန် ၃၆၀၁ PPDF တပ်ရင်း မှ ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံက ဆက်လက် ပြောဆိုသည်"]
https://yktnews.com/2024/06/170569/
သဲကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["သဲကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၂၉", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် 3601 (PPDF) တပ်ရင်း တပ်ခွဲ ၃ (Wisdom 2) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ဆင်းမြီးဆွဲမြိုတိုက်နယ်၊ ဇီးကုန်ကျေးရွာအနီး ပေါ်တာဆွဲရန် လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် 3601 (PPDF) တပ်ရင်း တပ်ခွဲ ၃ (Wisdom 2) အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ညအချိန် ကျေးရွာတွေအတွင်း ဧည့်စရင်းစစ်ဖို့ အကြောင်းပြပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲနေတာကြောင့် အခုလို လုပ်ရခြင်းဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ တပ်သားတွေ အနီး နီးကပ်စွာမနေဘဲ ရှောင်တိမ်းသွားလာကြဖို့ ပြောချင်ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် 3601 (PPDF) တပ်ရင်း တပ်ခွဲ ၃ (Wisdom 2) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်း ခရိုင် ဒရုန်းတပ်ရင်း-SDDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဇွန်လ ၂၅ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်မှ ၆ နာရီ ၃၀ မိနစ်အချိန်အထိ စစ်ကိုင်းမြို့နယ်၊ ဆား တောင်မြို့မရဲစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် 1.5 kg AIR BOMB ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း-SDDF ၊ GTR အမှတ် ၂ တပ်ရင်း နှင့် Phoenix SGG တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109754/
သဲကုန်းမြို့နယ်တွင် ရဲ ၂ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ရေးမြို့တွင်လည်း ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံး
["သဲကုန်းမြို့နယ်တွင် ရဲ ၂ ဦးပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ရေးမြို့တွင်လည်း ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇွန် ၂၆", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃၆၀၂ ၊ သဲကုန်း​မြို့နယ် TPDF တပ်ခွဲ ၄ ထံမှ သိရသည်။", "ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် သဲကုန်းမြို့နယ်၊ ဆီမြီးဆွဲမြို့တွင် နယ်ထိန်းရဲ ဦးကျော်ကျော်နှင့် အငြိမ်းစားရဲအရာရှိ ဦးစိုးသက်အောင်တို့ ဆိုင်ကယ်စီးလာစဥ် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။", "ပစ်ခတ် တိုက်ခိုက်မှုအတွင်း အငြိမ်းစား ရဲအရာရှိ ဦးစိုးသက်အောင်မှာ ကျောပေါက်ဒဏ်ရာဖြင့် နေရာတွင်ပင်သေဆုံးခဲ့ပြီး ဆင်မြီးဆွဲမြို့ရဲစခန်းမှ နယ်ထိန်း ဦးကျော်ကျော်မှာ ပြင်းထန်ဒဏ်ရာများဖြင့် ပြည်ဆေးရုံသို့ ပို့ဆောင်ထားရ​ကြောင်း သိရှိရသည်။", "နယ်ထိန်းကျော်ကျော်သည် ခရီးသွား ပြည်သူတွေများ၏ ဆိုင်ကယ်များကို ဖမ်းဆီးပြီး ငွေတောင်းခံ​​ခြင်း၊ မရှိဆင်းရဲပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ မတရားအမှုဆင်ထောင်ချခြင်း စသည့် စစ်တပ် အလိုကျ ပြည်သူများအပေါ် မတရားဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေကြောင်း ပြည်သူများ၏ တိုင်ကြားမှုကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၆၀၂၊ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၄ TPDF နှင့် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၃၆၀၁ PPDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် စိုးအောင်ကို ရေးဘီးလူး တပ်ဖွဲ့က ဇွန်လ ၂၆ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရေးဘီးလူး တပ်ဖွဲ့ထံမှ သိရသည်။", "သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် စိုးအောင်သည် အစင်ရွာ၊ ကျားတန်း၊ ဇီဖြူသောင်ရွာ၊ ဓမင်ဆိပ်ရွာ၊ ပင်လယ်ဝဆိတ်ကလေးရွာ၊ အဘော်ရွာ၊ ဒူးယားရွာရှိ ပြည်သူများကို အနိုင်ကျင့်ကာ ငွေကြေးတောင်းရမ်း စားသောက် နေသူဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186738/
သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး ဒဏ်ရာအလွန်ပြင်းထန်
["သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး ဒဏ်ရာအလွန်ပြင်းထန်", "ရန်ကုန်၊ အောက်တိုဘာ ၇", "ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသွင် ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရရှိသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDFတပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၅ ရက်နေ့ ည ၇ နာရီအချိန် ပဲခူးတိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ပုတီးကုန်း ဝင်းဘရားသားရပ်ကွက်နေ စစ်သားဟောင်း အုပ်ချုပ်ရေးမှူးမင်းသွင်ကို ရပ်ကွက်အလှူခံ မဏ္ဏပ်တွင် ပျူစောထီးများနှင့်အတူရှိနေစဉ် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က သွားရောက်ပစ်ခတ်ရှင်းလင်းရာ အုပ်ချုပ်ရေးမှူး မင်းသွင်၏ ပေါင်နှင့်ဆီးစပ်ထိမှန်ပြီး ညတွင်းချင်းရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံသို့တင်ဆောင်ကုသခဲ့ကြောင်း၊ ဒဏ်ရာမှ မသက်သာသဖြင့် ထိုမှတဆင့်ရန်ကုန်ဆေးရုံသို့အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ကြောင်း ၊ သေဆုံးခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။", "“အုပ်ချုပ်ရေးမှူးမင်းသွင်က စစ်ထွက် တစ်ဦးဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး ရပ်ကွက်နေ ပြည်သူတွေကိုစစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မခေါ်ဆောင်ခြင်း၊ငွေကြေး ကောက်ခံပါတယ်။ ပေါ်တာဆွဲရာမှာ စစ်ကောင်စီနဲ့ အတူလိုက်တဲ့အပြင် သန်းခေါင်စာရင်းကောက်ယူရာမှာလည်း အားတက်သရောလုပ် ဆောင်ပေးနေသူဖြစ်ပါတယ်” ဟု ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။", "ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDFတပ်ရင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနှင့်ရဲများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်သန်း ခေါင်စာရင်းကောက်ယူပေးနေသောဌာနဆိုင်ရာဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ်အဓိကထားအရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် PPDFတပ်ရင်းက တရားဝင် သတိပေးထားပြီဖြစ်သည်။"]
https://yktnews.com/2023/12/136217/
သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီခန့်တွင် သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်ကျေးရွာတွင် နေထိုင်သော အုပ်စု အုပ်ချုပ်ရေးမှူး ကျော်ဝင်း(ခ)ကျော်ကြီး ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း၊ တပ်ခွဲ (၃) Wisdomအဖွဲ့နှင့် တပ်ခွဲ (၅) နွေဦးအဖွဲ့တို့က ၎င်းနေအိမ်ဝင်းအတွင်း ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကျော်ဝင်း(ခ)ကျော်ကြီးသည် ပျူစောထီးဖွဲ့ရန် လူငယ်များကို စည်းရုံးခြင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းကာ စစ်တပ်ထံပေးပို့ခြင်း၊ သစ်သမားများနှင့် လောင်းကစားဒိုင်များဆီမှ လိုင်းကြေးကောက်ကာ စစ်ကောင်စီ တပ်သားများကို ထောက်ပံ့ပေးနေသူဖြစ်ကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးမှူး ကျော်ဝင်း(ခ)ကျော်ကြီးထံမှ အကြမ်းဖက် စစ်တပ်နှင့် ဆက်သွယ်ထားသော လက်ကိုင်ဖုန်း ၁ လုံးကိုလည်း သိမ်းဆည်း ရရှိထားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ စစ်တပ်နှင့် ပူးပေါင်းနေသောရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို နုတ်ထွက်ကြပါရန် အကြိမ်ကြိမ်အခါခါ သတိပေးထားပြီးဖြစ်ကြောင်း၊ နုတ်ထွက်ခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်း၍ ဆက်လက် လုပ်ဆောင်နေသောရပ်/ကျေး အုပ်ချုပ်ရေးမှူးများကိုလည်း ယခုကဲ့သို့ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/02/205688/
သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး
["သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ် တယ်သီးပင် ရပ်ကွက် ဆရာအတတ်သင် ၁ လမ်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများနှင့်တိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ နေရာတွင်ပင် အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ အထိအခိုက်အန္တရာယ်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ကျနော်တို့ ဝင်ရောက် ပစ်ခတ်တာကလည်း ရဲဘော် ၆ ဦးတည်းနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ အခုဝင်ပစ်တဲ့ နေရာက ရဲစခန်းနဲ့ နီးနီးလေးပါ။ စစ်ခွေးတွေက ဘန်ကာထဲကနေ ကျနော်တို့ကို ပြန်ပစ်နေလို့ လက်နက်တောင် မကောက်ခဲ့ရဘူး။ မသေဘဲ ကျန်တဲ့ စစ်ခွေးတွေက သေတဲ့ကောင်ဆီက လက်နက်ပါယူပြီး လိုက်ပစ်သေးတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာပြီဖြစ်၍ ပြည်သူများ အကြမ်းဖက်စစ်သားများနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ ဆိုင်ကယ်များ ငှားရမ်းခြင်းများ မပြုလုပ်ကြပါရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) က အသိပေးနှိုးဆော်ထားသည်။"]
https://yktnews.com/2023/10/126168/
သဲကုန်းမြို့ပေါ်တွင် ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["သဲကုန်းမြို့ပေါ်တွင် ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "ပဲခူးတိုင်း၊ သဲကုန်းမြို့ပေါ်တွင် ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် PDF နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က သဲကုန်းမြို့လယ်ဈေးအနီး၌ ကြံ့ဖွတ်အမတ်ဟောင်း ပျူစောထီး ခေါင်းဆောင် စိုးအောင်ကို ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ပျူစောထီး ခေါင်းဆောင် စိုးအောင်သည် ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ စည်းခြင်း၊ စစ်သင်တန်းပေးခြင်းတို့အတွက် လူအင်အား ရှာဖွေစုဆောင်းခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း များကို အဓိက ဦးဆောင်၍ စုဆောင်း လုပ်ဆောင်ပေးနေသူဖြစ်ကြောင်းသိရသည်။", "“သူက ၂၀၁၀ တုန်းက ကြံ့ဖွတ်အမတ် စစ်သင်တန်းလည်းဆင်းထားတယ်။ အမည်ဆိုးနဲ့ လူသိများတဲ့သူပါ။ လူငယ်တွေကို နိုင်ငံချစ်စိတ်ရှိတဲ့သူဆိုရင် ပြည်သူ့စစ်သင်တန်းတက်ကို တက်ထားရမယ်ပြောပြီး စည်းရုံးနေတာ” ပြည်ခရိုင် PDF နှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ပျူစောထီး ခေါင်းဆောင် စိုးအောင်ကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ ၊ တပ်စု ၃ (Wisdomအဖွဲ) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို၏ ထောက်တိုင် ပျူများနှင့် အတူတကွ နေထိုင်သွားလာခြင်း မပြုလုပ်ဘဲ ရှောင်ကွင်းသွားလာကြရန်၊ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို တော်လှန်ရေးတပ်ဖွဲများထံ အချိန်မီ သတင်းပေးပိုခြင်းဖြင့် တော်လှန်ပြည်သူများအဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2025/04/210444/
သဲတောမြို့တွင် ငလျင်ဒဏ်ကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရကာ အဆောက်အဦးများ ပြိုကျ ပျက်စီးခြင်းကြောင့် ပြည်သူ ၇၀၀ ကျော် နေထိုင်ရေး အခက်တွေ့နေ
["သဲတောမြို့တွင် ငလျင်ဒဏ်ကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရကာ အဆောက်အဦးများ ပြိုကျ ပျက်စီးခြင်းကြောင့် ပြည်သူ ၇၀၀ ကျော် နေထိုင်ရေး အခက်တွေ့နေ", "ရန်ကုန်၊ ဧပြီ ၆", "မန္တလေးတိုင်း၊ သဲတောမြို့တွင် ငလျင်ဒဏ်ကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရကာ အဆောက်အဦးများ ပြိုကျ ပျက်စီးခြင်းကြောင့် ပြည်သူ ၇၀၀ ကျော် နေထိုင်ရေး အခက်တွေ့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် သဲတော်မြို့တွင်လည်း ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး နေအိမ်များ ပြိုကျမှုကြောင့် လူ ၁၃ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် မြို့ပေါ်နေ ပြည်သူ ၇၀၀ ကျော်သည် အဆောက်အဦးများ ပြိုကျပျက်စီးခြင်းနှင့် ကုန်ဈေးနှုန်းများလည်း ကြီးမြင့်နေသောကြောင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရှိရသည်။", "“ငလျင်ဒဏ်ကြောင့် သေဆုံးသူက ၁၃ ဦးရှိတယ်။ တိုက်ပိပြီး သေဆုံးတာပါ။ တိုက်ပြိုတာက အလုံးရေ ၅၉ လုံး ရှိတယ်။ လုံး၀ ဖြိုဖျက်ရမယ့် နေအိမ်က ၅၉ လုံးရှိတယ်။ ကယ်ဆယ်ရေးလိုတော့ မလာသေးဘူး။ ကျွန်တော်တို့ဆီမှာ လာလှူတာတော့ အခုလောလောလတ်လတ် လာလှူတာကတော့ ၂ ဖွဲ့ ၃ ဖွဲ့လောက်တော့ ရှိသွားပြီ အသင်းအဖွဲ့တွေ လာလှူတာ အားနည်းနေတယ်လို့ ပြောရမှာပေါ့။ အခက်အခဲကတော့ ဆုံးရှုံးသွားတဲ့ အိမ်တွေ အတွက်ရော ကုန်စျေးနှုန်းတွေ အဆမတန်ကြီးတာတွေ လျှပ်စစ်မီးလည်း အခုအချိန်ထိ မလာသေးတာ အဲဒါမျိုးလေးတွေ အခက်အခဲရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/02/203057/
သံတောင်- တောင်ငူလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး စစ်ကားတစ်စီးတိမ်းမှောက်ပျက်စီး
["သံတောင်- တောင်ငူလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး စစ်ကားတစ်စီးတိမ်းမှောက်ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင် -တောင်ငူလမ်းပိုင်း ၊ တောပြာကြီးလမ်းခွတွင် စစ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး စစ်ကားတစ်စီးတိမ်းမှောက်ပျက် စီးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း၅ Thawthikho မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် အခြေစိုက်တပ်စခန်းမှ တောင်ငူဘက်သို့ ဆင်းလာသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ယာဥ် ၁၀ စီးပါ ယာဉ်တန်းကို တောပြာကြီးလမ်းခွရောက်ရှိချိန် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကားတစ်စီး တိမ်းမှောက်သွားကာ ယာဉ်ပေါ်ပါ စစ် သား ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပစ္စည်းတွေ မသိမ်းနိုင်ခဲ့ပါဘူး။ ကျန်တဲ့ကားတွေက လာခေါ်သွားတာပါ။ အပြန်အလှန်ပစ်ခတ်မှု လည်း ဖြစ်ခဲ့ပါတယ်” ဟု KNLA တပ်မဟာ ၂ တပ်ရင်း၅ Thawthikho မှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ၊ တပ်ခွဲ ၃ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး တိမ်းမှောက် ပျက်စီးနေစဉ်။"]
https://yktnews.com/2024/06/168315/
သံတောင်-တောင်ငူ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံး
["သံတောင်-တောင်ငူ လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၁၈", "ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ် သံတောင်-တောင်ငူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thaw thi kho) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့် သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်စခန်းမှ ဆင်းသက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁၀ စီးကို သံတောင်-တောင်ငူ လမ်းပိုင်းရှိ ၆ မိုင်နှင့် ၇မိုင် အကြားတွင် KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ကြားဖြတ်တိုက်ခိုက်တာပါ။ ရန်သူဖက်က အင်အားများတော့ လက်နက် မကောက်နိုင်ခဲ့ဘူး။ ရန်သူ့ကားအပြန်ကို စောင့်ပြီးတိုက်ခတ်ခဲ့တာပါ” ဟု KNLA တပ်မဟာ ၂ တပ်ရင်း ၅ (Thaw thi kho) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/03/208511/
သံတောင်-တောင်ငူ လမ်းပိုင်းတွင် ရဲတပ်ရင်း ၁၁ မှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
["သံတောင်-တောင်ငူ လမ်းပိုင်းတွင် ရဲတပ်ရင်း ၁၁ မှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၂", "ပဲခူးတိုင်း၊ တောင်ငူမြို့ သံတောင်-တောင်ငူ လမ်းပိုင်းတွင် ရဲတပ်ရင်း ၁၁ မှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သံတောင်-တောင်ငူ လမ်းပိုင်း၌ အမှတ် ၁၁ ရဲတပ်ရင်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ရဲများကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သားများနှင့် ရဲများ ရောက်ရှိလာပြီး သေဆုံးသွားသော ရဲတပ်သား အလောင်းကို ကောက်ယူကာ သံတောင်-တောင်ငူ လမ်းပိုင်းကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်သွားကြောင်း သိရှိရသည်။", "“မနေ့က ပစ်ခတ်ခံရတာလို့ သိရတယ်။ ရဲတွေ ဆိုင်ကယ်နဲ့ ထွက်လာတဲ့အချိန် ပစ်ခံရတာ ပစ်ခတ်မှုဖြစ်ပြီး သိပ်မကြာဘူး။ စစ်ခွေးရော ရဲရောရောက်လာပြီး အလောင်းလာကောက်သွားတယ်။ စစ်ခွေးတွေက သံတောင်-တောင်ငူ လမ်းပိုင်းကို ပိတ်ဆို့ပြီး နည်းနည်း ပါပါးလောက်ပါပဲ ရှာဖွေတာတွေလုပ်ပြီး ပြန်သွားကျတယ်လို့ သိရတယ်။ မနေ့က စာမေးပွဲဖြေဆိုချိန်ဆိုတော့ ကျောင်းအနီးအနားက လမ်းတွေ ပိတ်ထားကြတာတော့ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/02/203348/
သံတောင်ကြီးတိုက်ပွဲတွင် ခလရ ၂၉ မှ ဒုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထား
["သံတောင်ကြီးတိုက်ပွဲတွင် ခလရ ၂၉ မှ ဒုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "ကရင်ပြည်နယ်။ သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်စစ်ခန်းသို့ စစ်ကူလာသည့် ခလရ ၂၉ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထားထားကြောင်း KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်၍ တော်လှန်ရေးတပ်များက သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့ ခဲ့ပြီးနောက် နေ့စဉ်နေ့တိုင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက် ကြီးပစ်ကူများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျေးကတော့တပ်စခန်းမှ စစ်ကူ စစ်ကြောင်းက ပိတ်ဆို့ခံထားရသော ရှမ်းလယ်ပြင်စစ်တပ်စခန်းသို့ စစ်ကူ လာကြောင်း၊ အဆိုပါစစ်ကြောင်းကို KNLA ဦး ဆောင်သော တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။", "“ဖေဖော်ဝါရီလ ၇ ရက်နေ့ တိုက်ပွဲမှာ သေဆုံးတဲ့ စခ ၁၅ ကောင်မှာ တစ်ဦးက ခလရ ၂၉ ဒုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းသန်းဖြစ်ပါတယ်။ သူ့အလောင်းရော ကျန်တဲ့ အလောင်းတွေ စုစုပေါင်း ၁၅ လောင်းကို လာလည်း မကောက်ကြဘူး။ သေဆုံးသူတွေထဲမှာ အင်ဂျင်နီယာတပ်က မိုင်းဆရာ တပ်ကြပ်ကြီး၊ အခြားတပ်ကြပ်တစ်ဦးလည်း ပါတယ်။ အဲဒီလူတွေက ပညာရှင်တွေမို့ တပ်တွင်းမှာ ဆုံးရှုံးမှုကြီးတယ် ဆိုပြီး လုပ်နေကြတယ်” ဟု KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူက ရှင်းပြသည်။", "လက်ရှိအချိန်အထိ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ရှမ်းလယ်ပြင် စစ်တပ်စခန်းကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ၊စစ်ကောင်စီတပ်များဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မှုများရှိနေကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့ရာတွင် KNLAတပ်မဟာ ၂ အထူးတပ်ရင်း KNDO တပ်ခွဲ ၄ နှင့်အတူ NPTF (806) တို့က ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း ပါဝင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121135/
သံတောင်ကြီးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
["သံတောင်ကြီးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၅", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း​ Than Daung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တောင်ငူ- သံတောင်လမ်းပိုင်းရှိ ပျားစခန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် အသက် ၅၂ နှစ် အရွယ် ပြည်သူ ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။", "“၈နာရီဝန်းကျင်မှာ ပစ်ခတ်သံတွ ဖြစ်ပွားပြီး ၇ မိုင် စစ်တပ် စခန်းကနေ လက်နက်ကြီးတွေ လှမ်းပစ်တာ တောင်ငူ-သံတောင် လမ်းပိုင်းမှာရှိတဲ့ ပျားစခန်းရွာထဲ ကျလို့ အသက် ၉ နှစ်ကလေးငယ် ၁ ဦးနဲ့ အသက် ၅၂ လူကြီး ၁ ဦးသေဆုံးတယ်။ ၂ ဦး ဒဏ်ရာရရှိတယ်။ စိုးရိမ်စရာတော့ မရှိဘူး” Than Daung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ယင်းသို့ ပစ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ်၏ ၄ မိုင်၊ ၇ မိုင်ရှိ ဂိတ်စခန်းများတွင် စစ်ဆေးရေး တင်းကြပ်ထားပြီး ဒေသ ပြည်သူများ အနေဖြင့် သတိထား သွားလာကြရန် Than Daung Mupoe အဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/91176/
သံတောင်ကြီးတွင် စစ်တပ်ကို တိုက်ခိုက်မှု ခလရ ၆၀၄ တပ်ရင်းမှူး ဟိန်းဇံထွန်း အပါအဝင် စစ်သား ၈ ဦး သေဆုံး
["သံတောင်ကြီးတွင် စစ်တပ်ကို တိုက်ခိုက်မှု ခလရ ၆၀၄ တပ်ရင်းမှူး ဟိန်းဇံထွန်း အပါအဝင် စစ်သား ၈ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၇", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို တိုက် ခိုက် ရာ ခလရ ၆၀၄ တပ်ရင်းမှူး ဟိန်းဇံထွန်း အပါအဝင် စစ်သား ၈ ဦး သေ ဆုံး ခဲ့ကြောင်း People Defense Forces Thandaung က သတင်းထုတ် ပြန်သည်။", "မတ်၂ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်၊ ဘိုတဲကုန်းကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို People Defense Forces Thandaung က တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်တပ်က ရွာအတွင်းရှိ ဆိုင်ကယ် ၅ စီးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ထို တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး မစိုးရိမ် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ မတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီ၄၀မိနစ်အချိန် စနိုက်ပါ ဖြင့်သွား ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ ၆၀၄ တပ်မှ တပ်ရင်းမှူး ဟိန်းဇံထွန်း သေဆုံးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ကယားကုန်းအောက်တွင် ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီဘက်မှ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ၃ပွင့် အရာရှိ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ပွဲ၌ တော် လှန်ရေး ရဲဘော် ၁ ဦး လက်နက်ကြီးအစမှန်၍ မစိုးရိမ်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၂ ရက်နေ့နှင့် မတ်လ ၄ ရက်နေ့ တိုက်ပွဲများတွင် ခလရ ၆၀၄ တပ်မှ တပ်ရင်း မှူး ဟိန်းဇံထွန်း အပါအဝင် စစ်ကောင်စီ တပ်သား၈ ဦး သေဆုံးပြီး ၃ ပွင့် အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88062/
သံတောင်ကြီးနှင့် ပုလဲတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ မြိုင်တွင် ခြေလျင်စစ်ကြောင်းကို ပီပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး
["သံတောင်ကြီးနှင့် ပုလဲတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ မြိုင်တွင် ခြေလျင်စစ်ကြောင်းကို ပီပါမိုင်း ၂ လုံးဖြင့် မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သံတောင်ကြီးမြို့နယ် ကျေးကတော့မြို့သစ်မှ ရှမ်းလယ်ပြင်ကျေးရွာအတွင်း ထွက်ခွာလာသော အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက် ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "“ကျေးကတော့မြို့သစ် ကနေ ရှမ်းလယ်ပြင် ကျေးရွာနယ်မြေအတွင်း ထွက်ခွာလာတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်တာ ၅ ဦး သေသွားတယ်။ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ် ကြောင်း ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Pale Joker အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အင်းမထီး ပျူစခန်းကို အင်းကြင်းစု ကျေးရွာမှ လှည်အစီး ၂၀ ခန့်ဖြင့် ရိက္ခာများသယ်ယူလာပြီး အင်းမထီးပျူစခန်းတွင် အထိုင်ချ ညအိပ်စဥ် pale joker အဖွဲ့မှ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကိုင်းတွင်းရွာသို့ ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးကာ မင်းတိုင်ပင်ရွာသို့ ထွက်ခွာသွားကြောင်း၊ ညပိုင်းတွင် စစ်ကြောင်းသည် မင်းတိုင် ပင်ရွာ၌ အထိုင်ချ တပ်စွဲပြီး ည ၈ နာရီ ၃၀ မိနစ်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျောက်ဖြာကန်ရွာသို့ ကျရောက်ကာ ကျေးရွာနေ ပြည်သူများ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင် ခဲ့ရကြောင်းသိရသည်။", "ထို့အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်း၊မြိုင်မြို့တောင်ဘက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ပီပါ မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုင်မြို့နယ်၊ သပြေတော ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူ ဆရာချမ်းက ပြောဆိုသည်။", "“မြိုင်မြို့တောင်ဘက်မှာ ကျနော်တို့ ကင်းပုန်းဝပ်တဲ့နေရာကို သတင်းရလာဝိုင်းတဲ့ သဘောရှိတယ်ဗျ။ အဲဒီနေရာကို ကျွန်တော်တို့အဖွဲ့တွေက ၃ရက်ရှိပြီ ကင်း ပုန်းဝပ်နေတာ။ ပထမ ဖောကားနဲ့အင်အား ၃၀ နဲ့မြို့ပြင်ထွက်လာတယ်။ ခဏနေတော့ ကင်းပုန်းရှိတဲ့ဘက်ကို ခြေလျင် ပဆောက်ပုံနဲ့ ကျွန်တော်တို့ဘက်ကို ချဉ်းကပ်လာတယ်။ကျွန်တော်တို့ကလည်းကြိုသိလို့ ပီပါမိုင်း အကြီး၂ လုံးထောင်ပြီးနောက်ဆုတ်လိုက်တယ်။ ခဏနေတော့ စစ်ခွေးတွေ မိုင်းကွင်းထဲရောက်လာလို့ မိုင်းဆွဲလိုက်တယ်။ ခွေး‌၈ကောင်ကတော့ လေပေါ်မြောက်တပ်သွားတယ်။ တခြားစစ်သားတွေလည်းသေဆုံးတာတွေရှိနိုင်တယ်” ဟု သပြေတော ပကဖတာဝန်ရှိသူ ဆရာချမ်းက ပြောဆိုသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုကို သပြေတောပကဖ၊ မြိုင်မြိုနယ်ပကဖကတပ်ရင်း ၁၊ တပ်ခွဲ၃၊ Royal Seven Revolution Force ၊ အညာမြေပြောက်ကြားအဖွဲ့၊ DOER အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မြိုင်ပကဖ၏ ပီပါမိုင်း ၂ လုံး။ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2025/04/211200/
သံတောင်ကြီးနှင့် ရေတာရှည်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး ၃ ဦးအလင်းဝင်၊ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများပြားခဲ့
["သံတောင်ကြီးနှင့် ရေတာရှည်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး ၃ ဦးအလင်းဝင်၊ တိုက်ပွဲအတွင်း စစ်တပ်၏ လေကြောင်းဖြင့်မှားယွင်းပစ်ခတ်မှုကြောင့် သေဆုံးသူများပြားခဲ့", "ရန်ကုန်၊ ဧပြီ ၁၃", "ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် နှင့် ပဲခူးတိုင်း ရေတာရှည်မြို့နယ်တို့တွင် ၃၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်သား ၇၈ ဦးသေဆုံးပြီး စစ်သား ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီ တပ်စခန်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ ပိတ်ဆို့ခဲ့ထားခဲ့ရာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျေးကတော စစ်ကောင်စီ တပ် စခန်းမှ ရှမ်းလယ်ပြင် တပ်စခန်းသို့ အင်အား ၃၀ ကျော်ပါ စစ်ကူစစ်ကြောင်းထွက်လာသဖြင့် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၈၀၆ ၊ KNLA တပ်မဟာ ၂ အထူးတပ်ရင်း KNDO တပ်ခွဲ ၄ တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း ခလရ ၂၉ တပ်ရင်းမှ ဒုတပ်ရင်းမှူး သိန်းသန်း အပါအဝင် စစ်ကောင်စီ တပ်သား ၁၆ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်အချို့နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်မြင့်ရွာမ ကျေး ရွာသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန တပ် ရင်း ၉၀၁ ၊ တပ်ရင်း ၈၀၄ ၊ တပ်ရင်း ၈၀၇ ၊ တပ်ရင်း ၈၀၈ RTC စစ်ကြောင်း၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ နှင့် KNDO တပ်တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၂ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။", "မတ်လ ၂၃ ရက် ညနေ ၅ နာရီတွင် နေပြည်တော်မှ စေလွှတ်သည့် စစ်ကောင်စီ၏ တပ်မ ၈၈ လက် အောက်ခံတပ် အင်အား ၃၀၀ ခန့် သည် အင်အား ၁၀၀ ခန့်စီပါ စစ်ကြောင်း ၃ ကြောင်းဖြန့်ကာ ရေနီ မြို့နယ်၊ မိအိကလေး ကျေးရွာ အနီးသို့ ဝင်ရောက်လာသဖြင့် နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၈၀၄ ၊ တပ်ရင်း ၈၀၇ ၊ တပ်ရင်း ၈၀၈ RTC စစ်ကြောင်း ၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ နှင့် KNDO တပ် တို့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီအချိန်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။", "မတ်လ ၂၄ ရက် နံနက် ၈ နာရီမှ ၁၁ နာရီ အထိ ရေတာရှည်မြို့နယ်၊ ဘောဓိကုန်းကျေးရွာ အနီး၌ အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်က အင်အား ၁၀၀ ပါ စစ်ကြောင်း ၃ ကြောင်းဖြန့်ခွဲ၍ ရှေ့တိုး လာခဲ့ရာ ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ဆက် လက် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၁ စီး၊ MI-35 ၁ စီး အ သုံး ပြုကာ ဗုံးကျဲခြင်း၊ ပွိုင့် ၈ မော်တာသေနတ် များဖြင့် ပစ်ကူခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရ သည်။", "ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချိန်သည် တောင်ယာမီးခိုးများ ထူပြောနေချိန်ဖြစ်၍ စစ်ကောင်စီတပ်သား များအပေါ် ဂျက်ဖိုက်တာက မှားယွင်းကာ တစ်ကြိမ်ဗုံးကျဲခဲ့သည်ဟုဆိုသည်။", "မတ်လ ၂၅ ရက် နံနက် ၉ နာရီမှ ၁၀ နာရီအထိ အချိန်အထိ ရေနီမြို့နယ်၊ ကြို့ချောင်းကျေးရွာအနီး စစ်ကောင်စီတပ်သား အင်အား ၆၀၀ ခန့်ဖြင့် ထပ်မံ စစ်ကြောင်းထိုးလာသောကြောင့် အသင့်ရောက် ရှိနေသော ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "မတ်လ ၃၀ ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ သံတောင်မြောက်ပိုင်း မြောက်နန်းချိုကျေးရွာအနီး သို့ အင်အား ၈၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပူးပေါင်း တပ်ဖွဲ့ များ က အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။", "ဧပြီလ ၂ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်အထိ သံတောင်မြောက်ပိုင်း ရွာ တန်း ရှည်ကျေးရွာမှ မြောက်နန်းချိုကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။", "နေပြည်တော်မှ စေလွှတ်လိုက်သော တပ်မ ၈၈ လက်အောက်ခံ စစ်တပ်စစ်ကြောင်းနှင့် နေပြည် တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁ ၊ တပ်ရင်း ၈၀၄ ၊ တပ်ရင်း ၈၀၇ ၊ တပ်ရင်း ၈၀၈ RTC စစ်ကြောင်း၊ သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့၊ KNDO တပ်တို့အကြား ၃၃ ရက်အတွင်း ပြင်းထန်တိုက်ပွဲ ၆ ကြိမ်နှင့် ကာကင်းအတွင်း အသေးစားတိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် စစ်သား အလောင်း ၆၂ နှင့် လက်နက်ခဲယ်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "ထို့ပြင် စစ်ကောင်စီတပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား ၃ ဦး လည်း လက်နက် ၂ လက်၊ ခဲယမ်း အချို့တို့ဖြင့် အလင်းဝင် လာခဲ့ကြောင်း သိရသည်။", "တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှလည်း တပ်ရင်း ၈၀၄ မှ ရဲဘော်ကျားလေး ပေါင်နှစ်ချောင်း ကျည် ဖောက်ဝင် ဒဏ်ရာ၊ KNDO ရဲဘော် ၁ ဦး လက်မောင်းရိုးကျိုး ဒဏ်ရာ၊ KNDO ရဲဘော် ၁ ဦး ၆၀ မမ ကျည်စ ဖောက်ဝင်ဒဏ်ရာ၊ KNDO ရဲဘော် ၁ ဦး ၄၀ မမ ၇၉ ကျည်ထိ နှုတ်ခမ်းပြတ်ရှ ဒဏ်ရာ၊ တပ် ရင်း ၈၀၇ မှ ရဲဘော် အားသယ် ခြေကျင်းဝတ် ကျည်ထိမှန် အရိုးကျေဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။", "ယခုအချိန်တွင် ရန်သူစစ်ကောင်စီမှ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင် တွင်မူ စစ်ကြောင်းများ အင်အား ဖြည့်တင်းခြင်း၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်းတို့ နေ့စဉ်နှင့်အမျှ အမြဲမပျက် လုပ်ဆောင်လျက် ရှိကြောင်း နေပြည်တော်တိုင်းစစ်ဌာန ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က ထုတ်ပြန်ထားသည်"]
https://yktnews.com/2023/11/131029/
သံတောင်ကြီးမြို့နယ်တွင် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
["သံတောင်ကြီးမြို့နယ်တွင် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်၏ အပျက်အစီးများ တွေ့ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။", "ယနေ့နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာနှင့် မရောပိုလီရွာ အကြားရှိ တောင်ယာတဲအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ်၏ အပျက်အစီးများကို တွေ့ရှိပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ပစ်ကူပေးခဲ့ပြီး ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပစ်ခတ်ခံရကာ ထိမှန်ပျက်ကျခဲ့သော လေယာဉ် အပိုင်းအစများကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/05/213988/
သံတောင်ကြီးမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး
["သံတောင်ကြီးမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး", "ရန်ကုန်၊ မေ ၉", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် စစ်ယာဉ်တန်းနှင့် စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ် သား ၆ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၂ တပ်ရင်း ၅ နှင့် ကီးကူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။", "မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၃၀မိနစ်အချိန်အထိ သံတောင်မြို့ ၁၃ မိုင်မှ သံတောင်ကြီးမြို့သို့ တက်လာသော စစ်ကောင်စီ၏ ကား ၃ စီးယာဉ်တန်းကို ၃ ကြိမ်တိုင်တိုင် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီ တပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟ ၂ တပ်ရင်း ၅ မှ လမ်းကင်းလုံခြုံရေးယူထားသော ရဲဘော် က တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။", "ထို့အပြင် မေလ ၅ ရက်နေ့ ည ၉ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ သံတောင်ကြီးမြို့နယ်၊ ၇ မိုင် စခန်း အ တွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေ ဆုံးပြီး ၆ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "မေလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ကလည်း သံတောင်ကြီးမြို့နယ် ၊ ၁၃ မိုင်မြို့အဝင်ဂိတ်၌ လမ်းကင်းယူရန် စုဝေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၂ လုံးပစ် ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။", "အလားတူ မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ ၃၉ မိုင်စခန်းတွင် အသင့်ပြင်ဆင်ထားသော စစ်ကောင်စီယာဉ်တန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၃ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် နာရီ ဝက်ခန့် အကြာတွင် ၃၉ တပ်အတွင်းသို့ လူနာတင်ယာဉ် ၂ စီး ဝင်ရောက်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ကီးကူစစ်ကြောင်း ၊ KNU တပ်မဟာ ၂ အထူးကွန်မန်ဒိုအဖွဲ့နှင့် KNLA တပ်ရင်း ၅ လက်အောက်ခံအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီယာဉ်တန်းကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်ထားစဉ်။"]
https://yktnews.com/2025/02/203070/
သံတောင်ကြီးမြို့နယ်တွင် ရှမ်းလယ်ပြင်စစ်စခန်းသို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ
["သံတောင်ကြီးမြို့နယ်တွင် ရှမ်းလယ်ပြင်စစ်စခန်းသို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ရှမ်းလယ်ပြင်စစ်စခန်းသို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိကြောင်း KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ ကတည်းက တော်လှန်ရေးတပ်များက သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့ ခဲ့ပြီးနောက် နေ့စဉ်နေ့တိုင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက် ကြီးပစ်ကူများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျေးကတော့တပ်စခန်းမှ စစ်ကူစစ်ကြောင်းက ပိတ်ဆို့ခံထားရသော ရှမ်းလယ်ပြင်စစ်တပ်စခန်းသို့ စစ်ကူ လာကြောင်း၊ အဆိုပါစစ်ကြောင်းကို KNLA ဦး ဆောင်သော တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။", "“ရှမ်းလယ်ပြင် စစ်တပ်စခန်းကို ဇန်နဝါရီလ ၂၉ ကတည်းက ဖြတ်တောက်ပိတ်ဆို့လုပ်ထားတာ။ တိုက်ပွဲတွေက နေ့တိုင်းပဲ။ စစ်တပ်က လေကြောင်းပစ်ကူတွေနဲ့ လက်နက်ကြီးအကူတွေနဲ့ပါ ခုခံနေတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ သူတို့စစ်ကူအင် အားဖြည့်ဖို့လာရင်း ကြားဖြတ်တိုက်ခိုက်တာ။ စခ တော်တော်များများ ထိခိုက်ဒဏ်ရာရကြပြီး ၁၅ ဦးထက်မနည်းသေဆုံးတယ်။ အလောင်းတွေ ပြန်မသယ်နိုင်ဘဲ အလွတ်ရုန်းပြေးကြတယ်။ စစ်ကူလာတဲ့ တပ်ရင်းက ခလရ ၂၉ တပ်ရင်းပါ။ မနေ့ကအထိ မငြိမ်သေးဘူး။ အခုတော့ နည်းနည်းငြိမ်နေတယ်။ ပြည်သူတွေကို ပြောချင်တာက ဆက်ပြီး အားတင်းထားပါ။ အောင်ပွဲတွေ နီးလာပါပြီ” ဟု KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းကို KNLAတပ်မဟာ ၂ အထူးတပ်ရင်း KNDOတပ်ခွဲ ၄ နှင့် NPTF (806) ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "(အကြမ်းဖက်စစ်သားများ သေဆုံးနေသည့်ဓာတ်ပုံများကို ဆင်ဆာမပါဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2024/05/162503/
သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
["သံတောင်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ", "ရန်ကုန်၊ မေ ၁၄", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းပေါ်ရှိ ၆ မိုင်တွင် စစ် ကောင်စီ တပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း KNLA ၏ Thawthikho သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၁၃ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ ဦးကို တောင်ငူ -သံတောင် လမ်း၊ ၆ မိုင်တွင် MA 11 အမျိုးအစား သေနတ် ၁ လက်၊ ကျည်အတောင့် ၃၀၀ ၊ ကျည်ဘောက် ၂ ခုနှင့်အတူ KNLA တပ်မဟာ ၂ တပ်ရင်း ၅ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည့်အပြင် စစ်ရေးအရ နှစ်ဖက်တင်းမာမှုများ မြင့်တက်နေကြောင်း၊ စစ်ကောင်စီကလည်း သံတောင်ကြီးမြို့နယ်အတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ ဒေသနေပြည်သူများ ထောင်ချီ၍ စစ်ဘေးရှောင် နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/212107/
သံတောင်ကြီးမြို့နယ်မှ တောင်ငူသို့ ဆင်းလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို
["သံတောင်ကြီးမြို့နယ်မှ တောင်ငူသို့ ဆင်းလာသော စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို", "ရန်ကုန်၊ ဧပြီ ၂၂", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ဘက်သို့ ဆင်းလာသော အကြမ်း ဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီးမြို့နယ်မှ တောင်ငူမြို့ဘက်သို့ ဆင်း လာသော စစ်သားအင်အားပြည့်ပါ စစ်ကား ၆ စီးကို တောင်ငူ -လိပ်သို -သံတောင်လမ်းပိုင်းတနေရာ ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း သိရသည်။", "“သံတောင်ကြီးဘက်ကနေ တောင်ငူဘက်ကို ဆင်းလာတာ၊ အင်အားက ကား ၆ စီးအပြည့်ပါတယ်။ စခထိခိုက်သေဆုံးမှုကတော့ အခုထိစုံစမ်းနေတုန်းပဲ၊ တောင်ငူ – လိပ်သို ၊ တောင်ငူ – သံတောင်ကြီး လမ်းပိုင်းတွေမှာ စခကင်းပုန်းတွေ ဝပ်နေတာရယ်၊ စစ်ကြောင်းထိုးနေတာတွေရယ်ရှိလို့ မိဘပြည်သူ တွေအနေနဲ့ သတိထားပြီး သွားလာနေထိုင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်းဖက်စစ် ကောင်စီတပ် ခလရ ၃၉ တပ်ထဲသို့ လူနာတင်ယာဥ်နှစ်စီးဝင်သွားကြောင်း၊ ထိခိုက်သေဆုံးမှု အရေ အတွက် သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကီးကူစစ်ကြောင်းနှင့် KNU တပ်မဟာ ၂ တပ်ရင်း ၅ ကွန်မန်ဒို အဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/162010/
သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးသေဆုံး၊ နဘူးမြို့နယ်၊ စောဟဲကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၈လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
["သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးသေဆုံး၊ နဘူးမြို့နယ်၊ စောဟဲကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၈လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မေ ၁၂", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့်ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါသည်။", "မေလ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သံတောင်ကြီးမြို့နယ် ကလေ့လို အရှေ့ဘက်ခြမ်း ဒေသရှိ ဘဲခလေးခိုကျေးရွာနှင့် သေ့ခူဒဲ ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ဘဲခလေးခိုကျေးရွာအတွင်း လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေ့ခူဒဲကျေးရွာအတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ကျေးရွာအတွင်းရှိ ဘုရားကျောင်းနှင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ နဘူးမြို့နယ်၊ စောဟဲကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "နဘူးမြို့နယ်ရှိ စောဟဲကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်၏ ခမရ−၉၇ နှင့် ခလရ−၂၃၀ တပ်ရင်းမှ စစ်သားများက မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၈ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာ ကာလ တန်ဖိုး ငွေကျပ် ၁၁၈၉ သိန်း ခန့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သာများ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် စောဟဲကျေးရွာ အတွင်းရှိ ဦးကျီဝေ့ဝေါ်၏ နေအိမ်၊ ဆိုင်ကယ်၊ စတီး နှင့် ပရိဘောဂ ၊ ဦးတပ်ကမွီး၏ ဒိုင်နမို၊ ထွန်စက်၊ တိုက်သား ၅ တန်၊ ပရိဘောဂ နှင့် နေအိမ်၊ ဦးတင်လှ၏ နေအိမ်၊ စက်ဘီး ၃ စီး၊ ဆိုင်ကယ်၊ ပရိဘောဂ နှင့် ဆေးဝါးပစ္စည်းများ၊ ဒေါ်သန်းရင်၏ နေအိမ် နှင့် အိမ်အသုံးအဆောင်ပစ္စည်း ၊ ဒေါ်မြသိမ်း၏ နေအိမ်၊ ဦးအက်ထူး၏ စက်ဘီး ၂ စီး၊ ဆိုင်ကယ်၊ အိမ်အသုံးအဆောင်ပစ္စည်း၊ စပါးကျီ၊ တစ်လုံးထိုးဆန်ကြိတ်စက်၊ စပါးတင်း ၂၀၊ နှင့် နေအိမ် ဦးရွှေကျေး၏ နေအိမ်၊ စက်ဘီး ၁ စီး၊ ဆိုင်ကယ်၊ စတီး၊ စပါးကျီ နှင့် စပါးတင်း ၅၀၊ ဦးစိုးမင်းအောင်၏ နေအိမ် နှင့် ပရိဘောဂတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အကြမ်းဖက် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ် ကျူးလွန်လျှက်ရှိသောကြောင့် ကော်သူးလေအုပ် ချုပ်နယ် မြေအတွင်းနေထိုင်သော ပြည်သူများ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ရုပ်ပိုင်းဆိုင်ရာ မလုံ ခြုံမှုများ ခံစားနေရကာ ပြည်သူလူထုအမြောက်အများမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်"]
https://yktnews.com/2023/09/123898/
သံတောင်ကြီးမြို့နယ်၊ ယာဒိုပရယ်စောရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး
["သံတောင်ကြီးမြို့နယ်၊ ယာဒိုပရယ်စောရွာကို စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း Thandaung Mupoe အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် သံတောင်ကြီး မြို့နယ်ရှိ ယာဒိုပရယ်စောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှတစ်ဆင့် တိုက်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲခဲ့​သော​ကြောင့် အသက် ၈၀ အဖွားအို ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိူးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ အသက် ၈၀ အရွယ် အဖွားအို သည် ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် အသက်န္တရာယ်စိုးရိမ်ရ​ကြောင်း သိရှိရသည်။", "သံတောင်ကြီး မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအတွက် စိုက်ပျိုး ရိတ်သိမ်း ကာလ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာ များကို အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ​လေကြောင်း တိုက် ခိုက်မှုများနှင့် မြေမြုပ်မိုင်းများ ထောင်သွားသောကြောင့် ပြည်သူများ နေရပ် မပြန်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2024/02/143950/
သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရရှိ
["သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကရင်ပြည်နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မစစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော် သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တို့ ပူးပေါင်းကာ ၃ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရာ မီးရှို့ဖျက်ဆီးထားသော စစ်သားအလောင်း ၇ လောင်းအပါအဝင် စစ်ကောင်စီတပ်မှ တပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးကျည်၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/143824/
သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံး
["သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံး", "ရန်ကုန်၊ဖေဖော်ဝါရီ ၄", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက လိပ်သိုမြို့ကို ၂၀၂၄၂၂ စစ်ဆင်ရေးတစ်ရပ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း၊", "အဆိုပါစစ်ဆင်ရေးတွင် KNLA တပ်မဟာ ၂ အထူးတပ်ရင်းအထူးတပ်ဖွဲ့ဖြစ်သော Sniper Forceနှင့်အလယ်ပိုင်းတိုင်း နေပြည်​​ေတာ် PDF တပ်ရင်း (၈၀၆)ပူးပေါင်း Spring Hero Column (နွေဦးသူရဲကောင်းများစစ်ကြောင်း)တို့က လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းစခန်းနှင့် လိပ်သိုလ်မြို့ မ(ရဲစခန်း)တို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၉ မိနစ်အချိန်တွင် လိပ်သိုမြို့မ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၁ မိနစ်အချိန်တွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ခမရ ၆၀၃ တပ်ရင်းစခန်းကို နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများတွင် လိပ်သိုမြို့မ ရဲစခန်းမှ စခန်းမှူး အပါအဝင် စစ်သားနှင့်ရဲ ၂၀ ကျော် သေဆုံးပြီး များအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။", "လိပ်သိုမြို့မရဲစခန်းတိုက်ခိုက်နေစဉ် လိပ်သိုစစ်တပ် ဗျူုဟာနှင့်မိတာ ၁၀၀၀ ခန့်သာ ကွာဝေးသဖြင့် လက်နက်ကြီး အများအပြားဖြင့် ပစ်ကူပေးပြီး တောင်ငူဘက်မှလည်း စစ်ကူအင်အားအလုံရင်းဖြင့်တက်လာသောကြောင့် တော်လှန်ရေးတပ်များက ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ဆင်ရေးတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/09/182798/
သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အစပ် သံတောင်ကြီးမှ တောင်ငူသို့ ခြေလျင်ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း KNLA တပ်မဟာ(၂) တပ်ရင်း(၅) Thawthikho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံတောင်ကြီးမှ တောင်ငူ ဘက်ကို ခြေကျင် ဆင်းလားသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ရွှေညောင်ပင်အောက် ရောက်ရှိလာချိန် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် တပ်မဟာ(၂) တပ်ရင်း(၅) လက် အောက်ခံ ပြောက်ကျားစစ်ကြောင်းများက ကြားဖြတ် တိုက်ခိုက်ရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“သံတောင်ကြီးကနေ တောင်ငူဘက်ကို ခြေလျင် ပြန်ဆင်းလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရွှေညောင်ပင်အောက် ရောက်ရှိချိန် ထိတွေ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက် သေဆုံးမှု ၂၀ ဦးထက်မနည်းရှိတယ်လို့ သိရတယ်” ဟု KNLA တပ်မဟာ(၂) တပ်ရင်း(၅) Thawthikho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/114626/
သံတောင်ကြီးရှိ ယာဒိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
["သံတောင်ကြီးရှိ ယာဒိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီး", "ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၂၄", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သံတောင်ကြီးမြို့နယ်ရှိ ယာဒိုကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာရှိ ကက်သလစ် သီလရှင်​ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "” ရှမ်း-ကရင် နယ်စပ်က ယာဒိုကျေးရွာကို ၂၃ ရက်နေ့မှာ စစ်ခွေးတွေက တိုက်လေယာဥ်နဲ့ ယာဒိုကျေးရွာ ကက်သလစ် သီလရှင်ကျောင်းကို ဗုံးလာကျဲသွားတယ်။ နေအိမ်တွေပါ ထိခိုက်ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာအနီး ဇူလိုင်လ ၁၁ ရက်နေ့က စတင်ကာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းနေပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်"]
https://yktnews.com/2024/05/160713/
သံတောင်ကြီး၊ တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["သံတောင်ကြီး၊ တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ မေ ၄", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်စခန်း ၂ ခုကို စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သံတောင် PDF တပ်ဖွဲ့က ပြောဆိုသည်။", "မေလ၁ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့် တောင်ငူ-လိပ်သို လမ်းပိုင်းတွင်ရှိသော ကျောက် လုံးကြီး စခန်းကို တောင်ငူခရိုင် တပ်မဟာ ၂ တပ် ရင်း ၅ လက်အောက်ခံ – People Defense Force Thandaung က စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။", "ထို့ပြင် ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၂၃ မိနစ်တွင် တောင်ငူ လိပ်သို လမ်းပိုင်းရှိ ၇ မိုင် အကြမ်းဖက်စစ်တပ်စခန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အလားတူ ဧပြီလ ၈ ရက် ည ၈ နာရီခွဲနှင့် ည ၁၀ နာရီအချိန် တောင်ငူ – လိပ်သိုလမ်းပိုင်းရှိ ၇ မိုင် စခန်းကုန်းကို ၇၉ မမ လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/160494/
သံတောင်ကြီး၊ မုံရွာနှင့် ဖားကန့် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ
["သံတောင်ကြီး၊ မုံရွာနှင့် ဖားကန့် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ", "ရန်ကုန်၊ မေ ၂", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သံတောင် ၁၃ မိုင်စခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပျားစခန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံးထိမှန်ကာ အသက် ၁၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၇၀ အရွယ် အဖွားအို ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“သံတောင်ကြီး ပျားစခန်ရွာထဲ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ကျလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၁ လုံး ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေကို တောင်ငူဘက် ဆေးရုံပို့ထားတယ်။ အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရတယ်။ သံတောင် ၁၃ မိုင် စစ်တပ် စခန်းကပစ်တာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မေလ ၁ ရက်နေ့ ညပိုင်းတွင် မုံရွာ- မန္တလေး လမ်းပိုင်းရှိ မအူစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက လယ်ဇင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူ အသက် ၆၀ ကျော်အရွယ် ဒေါ်ကွင့်နှင့် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မေလ ၁ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးသည် ဆိပ်မူကျေးရွာရှိ စမ်းသီတာကုန်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၁ လုံး ထိမှန်ကာ အသက် ၃၅ နှစ် အရွယ် မအိမာနှင့် အမည်မသိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကာ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/105452/
သံတောင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ ခင်ဦးတွင် စစ်ကြောင်းနှင့် ရိက္ခာကားကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["သံတောင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၃ ဦးသေဆုံး၊ ခင်ဦးတွင် စစ်ကြောင်းနှင့် ရိက္ခာကားကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃၁", "ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်မြို့၊ သင်္ချိုင်းကုန်းအနီးတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း People Defence Force – Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၂၉ ရက် ညနေ ၅ နာရီ မိနစ် ၂၀ က လမ်းကင်းယူပြီးပြန်လာသော အကြမ်းဖက်စစ်သားများကို သံတောင်မြို့၊ သင်္ချိုင်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ၂ ပွင့်ဗိုလ်တစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်ဖးက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို People Defence Force – Thandaung တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရိက္ခာကားကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Khin U Specialforce Organization _ KSO အဖွဲ့က ပြောဆိုသည်။", "မေလ ၃၀ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခင်ဦးမြို့ အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သား ၁၀ ဦးခန့်သည် အင်းပတ်ကွေ့တောင်ဘက် ကြက်ခြံ အနီးထိ ဓာတ်မီးများဖြင့် ခြေလျင်တိုးလာစဥ် KSO တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများက ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် မိုင်း ၄ လုံးတွဲ ထပ်မံ ပေါက်ကွဲကာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ယနေ့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့မှ အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်း အထိုင်ချထားသော စစ်သားနှင့် ပျုစောထီးများ နှင့် ရွာသစ်ကုန်း ပျူစောထီးများ ပူးပေါင်းကာ ရေဦး-ခင်ဦး ကားလမ်းပိုင်းရှိ မူးတိမ်ချောင်း တံတားသို့ ပျဥ်ထောင်ပျူရွာပျူစောထီးများမှ လှည်းအစီးရေ ၂၀ ကျော်ဖြင့် လာပို့သော စပါး အပါအဝင် ရိက္ခာကား ၈ စီးဖြင့် သယ်ယူနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားမျာစ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သနရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Khin U Specialforce Organization_KSOနှင့်အတူ Fire Dragon (Khin U) ၊ Khin U Local Guerilla Force(KUGF)၊ D. U. G. F(khin U)၊ Wolf Guerrilla Force(YE U)၊ Burmese Revolutin Youths နှင့် အခြား မဟာမိတ် အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/99495/
သံတောင်မြို့နယ်တွင် ကင်းပုန်းဝပ် နေသည့် စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး
["သံတောင်မြို့နယ်တွင် ကင်းပုန်းဝပ် နေသည့် စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၆", "ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ၇ မိုင်(ကျောက်တိုင်လမ်းခွဲ)ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုနှင့် ကင်းပုန်းနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ၁ ပွင့်ဗိုလ်အပါ အဝင် ၃ ဦးသေဆုံးခဲ့ကြောင်း People Defence Force – Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၅ ရက် ည ၇ နာရီခန့်က အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းနှင့် ကင်းပုန်းစစ်သားများ အား People Defence Force – Thandaung အဖွဲ့မှ လက်နက်ကြီး ၃ လုံးဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ၁ ပွင့်ဗိုလ် တစ်အပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ ကျနော်တို့ တိုက်ခိုက်ပြီ တော့ စစ်ခွေး တွေဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာရှိတယ်၊ လက်နက်ကြီးပစ်တာ ၈ လောက်ရှိမယ်၊ စစ်ခွေးတွေဘက်က ပစ်တဲ့လက်နက်ကြီးစထိမှန်ပြီးတော့ အဖွားတစ်ဦး ဒဏ်ရာရတယ်၊ ဒဏ်ရာကတော့ သက်သာတယ်လို့တော့ ကြားပါတယ်၊ တခြား ထိခိုက် ပျက်စီးမှုတော့ မသိရသေးဘူး” ဟု People Defence Force – Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "သံတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်မှ သံတောင်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် အသက် ၆၀ အရွယ် အဖွားတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့သည့်အပေါ် များစွာ စိတ် မကောင်းဖြစ်ရကြောင်း People Defence Force – Thandaung တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/104525/
သံတောင်မြို့ရှိ ရဲစခန်း၊ ၁၃ မိုင် ဂိတ်နှင့် စစ်တပ် ကင်းပုန်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး
["သံတောင်မြို့ရှိ ရဲစခန်း၊ ၁၃ မိုင် ဂိတ်နှင့် စစ်တပ် ကင်းပုန်းတို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၆", "ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်မြို့ရဲစခန်း၊ ၁၃ မိုင်ဂိတ်နှင့် မြို့အဝင်ဂိတ်ရှိ ကင်းပုန်းစစ် သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးပြီး အချုပ်သား ၂ ဦးထွက်ပြေးလွတ် မြောက် သွားကြောင်း People Defence Force Thandaung တပ်ဖွဲ့ထံမှသိရသည်။", "မေလ ၂၄ ရက် ည ၆ နာရီ မိနစ် ၅၀ ခန့်တွင် သံတောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲစခန်း ရှိလက်နက်တိုက်နှင့် အချုပ်ခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်တိုက်နှင့်အချုပ် ခန်းထိခိုက်ပျက်စီးပြီး ရဲ ၂ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ အချုပ်ခန်းအတွင်း မတရား ဖမ်းဆီးခံထားရသော လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။", "မေလ ၂၂ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က သံတောင်မြို့နယ်၊ ၁၃ မိုင်ရှိ အကြမ်းဖက်စစ်တပ်စခန်း နှင့် သံတောင်မြို့အဝင်ဂိတ်အနီး၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ တပ်စခန်းတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီးမြို့အဝင်ဂိတ်တိုက်ပွဲတွင် အ ကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Armed Revolutionary Force – KU အဖွဲ့ထံမှ သိရသည်။", "မေလ ၂၅ ရက်နေ့တွင် ရွှေဘို-ခင်ဦး-မြစ်ကြီးနား လမ်းဆုံတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့​ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြေနီလျိုကျေးရွာကို မီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုလေ့ကျင့်ရေးတပ်သို့ ဦးတည် ထွက်ခွာသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85487/
သံတောင်မြို့၊ ၁၃ မိုင်ရှိ ပြည်သူပိုင် အိမ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့
["သံတောင်မြို့၊ ၁၃ မိုင်ရှိ ပြည်သူပိုင် အိမ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ သံတောင်မြို့ ၁၃ မိုင်ရှိ ပြည်သူပိုင်နေအိမ်များကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ မီးတင်ရှို့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်များက သံတောင်မြို့ ၁၃ မိုင်ဘက်သို့ တက်လာပြီး နေအိမ် ၃ လုံးထက်မနည်းကို မီးတင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးတင်ရှို့နေချိန်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း ဝဲပျံခဲ့ကြောင်း ၊ နေအိမ်များကို မီးရှို့ရာတွင်လည်း တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ မီးတင်ရှို့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“ဒီနေ့ မွန်းလွဲပိုင်းမှာ သံတောင်မြို့ ၁၃ မိုင်မှာရှိတဲ့ နေအိမ်တွေကို မီးစရှို့တယ်။ လေယဉ်ကလည်းဝဲနေတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ အကြောင်းမဲ့ကို အိမ်တွေကို လာရှို့တာပါ။ ပြည်သူတွေကတော့ ရှောင်နေကြတာများတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "သံတောင်မြို့သစ် ၁၃ မိုင်ပတ်ဝန်းကျင်တွင် စစ်တပ်များ ရှိနေပြီး ကင်းပုန်းများစွာချထားကြောင်း၊ စစ်ရေးအရ အသင့်နေရာယူထားသဖြင့် အချိန်မရွေးတိုက်ပွဲများဖြစ်ပွား နိုင်သည့် အခြေအနေ မြင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။"]
https://yktnews.com/2024/06/167817/
သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ခန့်အထိတိုးလာ
["သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူ ၂၅,၀၀၀ ခန့်အထိတိုးလာ", "ရန်ကုန်| ဇွန် ၁၅", "ရခိုင်ပြည် သံတွဲမြို့နယ် ဂေါ့ကျေးရွာအနီး ဂေါ့တောင်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေသေးကြောင်း စစ်ရေးအခြေအနေသိသူများထံမှ သိရသည်။", "ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။", "” ဂေါ့တောင်တိုက်ပွဲကတော့ ဆက်ရှိနေပါသေးတယ်။ မနေ့ကတောင် သံတွဲလေဆိပ်အနီးမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ ဟိုး အရင်ရက်တွေတုန်းကလောက် တိုက်ပွဲက သိပ်မပြင်းဘူး။ ဒီ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက တိုက်ပွဲကတော့ ဖြစ်ကြတာ မကြားမိဘူး။ ” ဟု စစ်ရေး အခြေအနေ သိသူက ပြောသည်။", "ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတစ်ဝိုက်နှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲက စစ်ကောင်စီတပ်စခန်းများမှာ သံတွဲမြို့အနီးသို့ ဆုတ်ခွာလာကြောင်းနှင့် AA က ယင်းဒေသကို ထိန်းချုပ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။", "ဧပြီလတတိယအပတ်ကစတင်ခဲ့သည့် သံတွဲတိုက်ပွဲမှာ တစ်ရက်ထက်တစ်ရက် တိုက်ပွဲပြင်းထန်လာပြီး စစ်ရှောင်အရပ်သားပြည်သူများမှာလည်း အိုးအိမ်မဲ့နေရပ်စွန့်ခွာရသူ တိုးလာနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။", "” တိုက်ပွဲကတော့ နေ့စဉ်ရှိနေတာပေါ့နော်။ တိုက်ပွဲမရှိလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းလား၊ လေယာဉ်နဲ့လားမသိဘူး။ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတော့ ပြည်သူတွေက ဘေးကင်းမယ်ထင်တဲ့ နေရာတွေကို သွားကြတာပေါ့။ စစ်ရှောင်အရေအတွက်ကတော့ တိုးတိုးလာနေတယ်။ ကျမတို့ ခန့်မှန်းတာက ၂၅,၀၀၀ လောက်တောင်ရှိတယ်လို့ ပြောတယ်။ အကူအညီတွေကတော့ မရဘူးလို့ပြောရမယ်။ ဖြစ်သလို စားသောက် နေထိုင်နေရပါတယ်။ အကူအညီရရင်တော့ သိပ်ကောင်းမှာပေါ့နော်။ ” ဟု သတင်းရင်းမြစ်က ပြောသည်။", "ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာက ပိတ်မိနေသော အရပ်သားပြည်သူများ ထောင်နှင့်ချီကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် စစ်ကောင်စီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရာချီပစ်ခတ်တိုက်ခိုက်ခဲ့သည်။", "ထိုတိုက်ခိုက်မှုကြောင့် ဆင်ခေါင်းရွာသား ၁၄ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂၄ ဦးထက်မနည်းရှိခဲ့ကြောင်းနှင့် နေအိမ် ၁၀၀ ကျော်မှာလည်း လုံးဝပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။", "ဆင်ခေါင်းရွာမှ သေဆုံးသူ ၁၄ နှင့်ပေါင်းလျှင် သံတွဲတိုက်ပွဲအတွင်း အရပ်သားပြည်သူ သေဆုံးသူ ၃၉ ဦးအထိရှိလာနေပြီး အဆိုပါစာရင်းမှာ နာမည်၊ အသက်နှင့်တကွ အတည်ပြုနိုင်သော စာရင်းများဖြစ်သည်။", "ရခိုင်ပြည်အတွင်း လက်ကျန်မြို့များအနက် သံတွဲ၊ မောင်တောနှင့် အမ်းမြို့နယ်တို့က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ တပ်စခန်းများကို အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး မောင်တောမြို့နယ်က မောရဝတီဌာနချုပ်အပါအဝင် တပ်စခန်း ၁၀ ခုကို ဇွန်လ နှစ်ပတ်အတွင်း AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။"]
https://yktnews.com/2024/08/178114/
သံတွဲ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၇၂ ဦးကို အာရက္ခတပ်တော်က ဘေးလွတ်ရာ ကယ်ထုတ်ပြီးနောက် နိုင်ကျဉ်းများကို နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေး
["သံတွဲ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၇၂ ဦးကို အာရက္ခတပ်တော်က ဘေးလွတ်ရာ ကယ်ထုတ်ပြီးနောက် နိုင်ကျဉ်းများကို နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေး", "ရန်ကုန်၊ ဩဂုတ် ၈", "ရခိုင်ပြည်နယ်၊ သံတွဲ အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၃၇၂ ဦးကို အာရက္ခတပ်တော်က ဘေးလွတ်ရာကို ကယ်ထုတ်ပြီးနောက် နိုင်ကျဉ်းများကို နေအိမ်များသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း AA က ပြောဆိုသည်။", "ရခိုင်ဒေသအတွင်းရှိ သိမ်းပိုက်ရန် ကျန်ရှိနေသေးသော သံတွဲမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ တပ်စခန်းများ အားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုကို အာရက္ခတပ်တော်က ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့ အကျဉ်းထောင်၌ ပိတ်မိနေသော အကျဉ်းသားများ ၃၇၂ ဦးကို အာရက္ခတပ်တော်က ဘေးကင်းလုံခြုံရာကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။", "သံတွဲအကျဉ်းထောင်မှ အကျဉ်းသား စုစုပေါင်း ၃၇၂ ဦးအနက် ၇ ဦးမှာ ကယ်ထုတ်နေစဉ် အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီး ကျည်စထိမှန်ကာ ၅ ဦးသေဆုံးခဲ့ပြီး ကျန် ၂ ဦးသည်လည်း ပြင်းထန် ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ကယ်ထုတ်လာခဲ့သော အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးပါဝင်ပြီး ၂ ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း သေဆုံးခဲ့ကြောင်း၊ ကျန်နိုင်ငံရေး အကျဉ်းသား ၄၁ ဦးထဲတွင် ရောဂါ၊ ဒဏ်ရာဖြင့် ပါလာသူများနှင့် ကျန်းမာရေး စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေသောသူ ၁၇ ဦးတို့ကို အာရက္ခတပ်တော်က ကောင်းမွန်စွာ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။", "ယခင်ရက်ပိုင်းများ၌ အကြမ်းဖက် စစ်တပ်၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်း အပြင် လက်နက်ဖြင့် ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို လိုက်လံရှင်းလင်း နေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားပေးခဲ့ကြောင်း၊ ယခုချိန်တွင် လုံခြုံရေး အာမခံချက် အတိုင်းအတာ တစ်ခုထိ ရှိပြီဖြစ်သောကြောင့် ၎င်းနိုင်ငံရေး အကျဉ်းသားများ အားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံကို ဩဂုတ်လ ၆ ရက်နေ့မှ စတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။", "အဆိုပါ အကျဉ်းသား ၄၁ ဦးကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူ စိစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာ‌ရေး စောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ရာဇဝတ်မှု ကျုးလွန်ထားသော အကျဉ်းသားများကို မိမိတို့အနေဖြင့် ဆက်လက် ထိန်းသိမ်းထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း အာရက္ခတပ်တော်ကပြောဆိုသည်။"]
https://yktnews.com/2024/07/175902/
သံတွဲ ၊ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကျော်လွန်နေ၍ ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AAက အရေးပေါ်သတိ ပေး
["သံတွဲ ၊ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကျော်လွန်နေ၍ ရေစီးဆင်းရာလမ်းကြောင်းရှိ ကျေးရွာများ အမြန်ဆုံးရွှေ့ပြောင်းရန် AAက အရေးပေါ်သတိ ပေး", "ရန်ကုန်| ဇူလိုင် ၂၇", "ရခိုင်ပြည် သံတွဲမြို့၊ “သူဌေးချောင်း ဆည်” သည် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် အနီရောင်အဆင့် ကို ကျော်လွန်လာနေပြီဖြစ်ကြောင်း အာရက္ခတပ်တော် AA က အရေးပေါ်သတိပေးချက် ထုတ်ပြန် သည်။", "ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလား အလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ “အမြန်ဆုံး” ချက်ချင်း ရွှေ့ပြောင်းပေးကြရန် AA က သတိပေးသည်။", "ယခုရက်များအတွင်း ရခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသော မိုးများကြောင့် မိုးရေ ချိန်အမှတ်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်သည်။", "လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲ့ကြောင်းနှင့် ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု AA က ပြောသည်။", "ဒေသခံပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း AA က အလေးအနက် တိုက်တွန်းနေသည်။", "ရခိုင်ပြည် တောင်ပိုင်းဒေသတွင် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံနေသလို အမ်းမြို့နယ်တွင်လည်း ရေကြီးနေကြောင်း စုံစမ်းသိရသည်။"]
https://yktnews.com/2024/06/169609/
သံတွဲတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် စစ်အင်အား ထပ်မံဖြည့်တင်းနေပြီး AA က သံတွဲနှင့် ငပလီကို ပိတ်ဆို့ထား
["သံတွဲတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် စစ်အင်အား ထပ်မံဖြည့်တင်းနေပြီး AA က သံတွဲနှင့် ငပလီကို ပိတ်ဆို့ထား", "ရန်ကုန်၊ ဇွန် ၂၃", "ရခိုင်ပြည်၊ သံတွဲတွင် စစ်ကောင်စီက လေကြောင်းနှင့် ရေလမ်းများမှ တစ်ဆင့် စစ်အင်အားများဖြည့်တင်းနေပြီး AA က သံတွဲနှင့် ငပလီကို ပိတ်ဆို့ထားကြောင်း ဒေသသတင်းရင်းမြစ်များနှင့် စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။", "လတ်တလော သံတွဲမြို့နှင့် ငပလီမြို့တွင် နှစ်ဖက်တိုက်ပွဲများ နေ့စဉ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး ယင်းနှစ်မြို့လုံးကို အာရက္ခတပ်တော် AA က ဝိုင်းရံ ပိတ်ဆို့ထားကြောင်းနှင့် စစ်ကောင်စီတပ်များကလည်း ခုခံစစ်ဖြင့် တိုက်ခိုက်နေကြောင်း သိရှိရသည်။", "စစ်ကောင်စီက ထပ်ဖြည့်အင်အားများမှာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ ပါဝင်သည့်အပြင် အတင်းဓမ္မ စစ်သားစုဆောင်းခံရသူများလည်း ပါဝင်ကြောင်း လက်ရှိတွင် ၎င်းတို့ကို ဂွတပ်စခန်းများနှင့် သံတွဲ လေဆိပ် တပ်စခန်းများတွင် ထားရှိကြောင်း သိရသည်။", "“ဧရာဝတီဖက်က မြန်အောင်၊ ကြံခင်းဖက်က တပ်အင်အားတွေ ထပ်ဖြည့်လာတယ်။ ပြီးတော့ ပြည်ဖက်က ပါတယ်။ လေကြောင်းက လာတာတွေ၊ ပြီးတော့ ရေကြောင်း သင်္ဘောနဲ့ လာချပေးတာတွေရှိနေတယ်။ သူတို့က ၅၅ တပ်ရင်းမှာ ဆင်းတာတွေရှိတယ်။ ဂွ င/သိုင်းချောင်းဖက်က လာတာတွေရှိတယ်။ ကုန်းလမ်းကတော့ လာလို့ မရဘူး။ အဲ့ဒီလမ်းတွေကို AA က ပိတ်ဆို့ထားတာရှိတယ်” ဟုဒေသသတင်းရင်းမြစ်က ပြောသည်။", "စစ်ကောင်စီတပ်က လက်နက်အင်အား တပ်အင်အားများကို ငပလီ ခလရ ၅၅ တပ်ရင်းနှင့် ငပလီ လေဆိပ်အနားက ခမရ ၅၆၆ တပ်ရင်းတို့ကို ဖြည့်တင်းနေခြင်းဖြစ်ပြီး ခမရ ၅၆၆ တပ်ရင်းကို ခံစစ်အနေဖြင့် ပြင်ဆင်ထားကြောင်း သိရှိရသည်။", "တပ်အင်အားကို ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့ စတင်၍ ဖြည့်တင်းလာခြင်းဖြစ်ပြီး ယခု ရက်ပိုင်းများမှာ တဖြည်းဖြည်း အင်းအား ပိုပြီး ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ယခု ရက်ပိုင်းများမှ နှစ်ဖက်တိုက်ပွဲများ ပိုမို့ ပြင်းထန်လာနိုင်ကြောင်း သိရသည်။", "“သုံးရက်လောက် ရှိပြီ။ လေကြောင်းကမလာတာ။ အကြောင်းတစ်ခုခုရှိနေလိမ့်မယ်။ AA ဘက်က လေဆိပ်နားမှာ တိုက်ပွဲ ဖော်နေတယ်။ အဲ့ဒါကြောင်းများလား အရင်ကလို လေယာဉ်မဆင်းတော့ဘူး။ အဲ့ဒီလေဆိပ် ဝန်းကနေ လက်နက်ကြီးနဲ့ တစ်လျှောက် ပစ်နေတယ် “ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။", "ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆နှင့် ခလရ ၅၅ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဉ်တစ်စီး။"]
https://yktnews.com/2024/05/162287/
သံတွဲနှင့် ကျောက်တံခါး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် အန္တရာယ် စိုးရိမ်ရ
["သံတွဲနှင့် ကျောက်တံခါး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် အန္တရာယ် စိုးရိမ်ရ", "ရန်ကုန်၊ မေ ၁၃", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အောက်နတ်မော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "မေလ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇီးကျွန်းရွာဘက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က AA တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည်ဟုဆိုကာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် အောက်နတ်မော်ကျေးရွာရှိ ဦးသံလုံး နေအိမ်ကို လက်နက်ကြီးကျည် ထိမှန်ကာ ဦးသံလုံးနှင့် အမည်မသိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "“ဇီးကျွန်းဘက်က စစ်ခွေးတွေက လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်နေတယ်။ သူတို့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ဇီးကျွန်းရွာကျော်ပြီး အောက်နတ်မော်ကျေးရွာမှာရှိတဲ့ ဦးသံလုံး နေအိမ်ကို လက်နက်ကြီးကျည် ၁ လုံးကျတာ ဦးသံလုံး လည်ပင်းကို လက်နက်ကြီး ကျည်စထိမှန်တယ်။ ဒဏ်ရာရထားတာ ၂ ဦး လို့သိရတယ်။ သံတွဲ ဆေးရုံကို သယ်ဖို့ လုပ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် မေလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဇီးကျွန်းရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာတွင် အပကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာရပြီး ၁ ဦးမှ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။", "မေလ ၁၂ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ကြိမ်ခါးကုန်းကျေးရွာမှ စစ်ဘေးရှောင် ပြည်သူ ၂ ဦးသည် အိမ်သန့်ရှင်းရေး ပြန်လုပ်စဉ် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် အသက် ၄၃ နှစ်အရွယ် မစုစုမာ နှင့် အသက် ၄၀ အရွယ် ကိုသန်းနိုင်စိုး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစုစုမာသည် ဦးခေါင်းကို ကျည်စထိမှန်ခြင်းကြောင့် အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။", "“ကြိမ်ခါးကုန်းကျေးရွာတွင် အိမ်သန့်ရှင်းရေးပြန်လာလုပ်တဲ့ မစုစုမာ နဲ့ ကိုသန်းနိုင်စိုး စစ်တပ်က ရမ်းသမ်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်တယ်။ မစုစုမာ ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရထားတယ် အသက်အန္တရာယ် အထူးစိုးရိမ်ရတယ်။ ကိုသန်းနိုင်စိုးကတော့ ကျောဘက်ကို ထိခိုက်ဒဏ်ရာ ရသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ကြိမ်ခါးကုန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ဖြစ်သော အင်ကုန်းရွာ၊ သင်နှီးကောင်းရွာများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်"]
https://yktnews.com/2024/07/172984/
သံတွဲနှင့် ငပလီမှ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် အကူအညီများ လိုအပ်နေ
["သံတွဲနှင့် ငပလီမှ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် အကူအညီများ လိုအပ်နေ", "ရန်ကုန်| ဇူလိုင် ၁၄", "ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ငပလီမြို့က ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် စစ်ရှောင် ၂,၀၀၀ ကျော် ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။", "စစ်ရှောင်ပြည်သူများ၏ အခြေအနေသိသူတစ်ဦးက ” သံတွဲမြို့နယ်နဲ့ ငပလီမြို့ဘက်က နေရပ်စွန့်ခွာလာကြတဲ့ စစ်ရှောင်တွေ ဂွမြို့နယ်နဲ့ ကျိန္တလီမြို့တွေမှာ ဖြစ်သလို နေနေရပါတယ်။ တချို့အိမ်တွေမှာ တောင်းစားနေရတာတောင် မြင်ခဲ့ရတယ်။ တော်တော်လေး အခက်အခဲဖြစ်နေကြတာပါ။ နေစရာမရှိ စားစရာမရှိ။ တတ်နိုင်တဲ့သူတွေ ကူညီထောက်ပံ့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ” ဟု ပြောသည်။", "သံတွဲမြို့နယ် ကျေးလက်ဒေသရွာများတွင် စစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး သံတွဲမြို့ထဲတွင် ၅၀၀ နှင့်အထက်ရှိကာ ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စစ်ရှောင် ၂,၀၀၀ နှင့်အထက် ရှိကြောင်း စစ်ရှောင်ကူညီရေးဆောင်ရွက်သူများက ပြောဆိုကြသည်။", "သံတွဲမြို့နယ်က စစ်ရှောင်များအား ကူညီနေသူ ကိုတေဇာအောင်က ” စစ်ရှောင်တွေရဲ့ ဒုက္ခကတော့ ပြောစရာမလိုဘူး။ အရမ်းအခက်အခဲဖြစ်နေကြတယ်။ စားရေးသောက်ရေး နေရေးထိုင်ရေးပေါ့။ ကျနော်တို့က အလှူရှင်တွေရဲ့ အကူအညီနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးနေတယ်။ အခက်အခဲဖြစ်တာက ဆန်ဝယ်လို့မရတဲ့ ပြဿနာပါ။ စပါးတွေပဲရှိကြတယ်။ ဆန်တွေက ရောင်းမယ့်သူ မရှိဘူး။ ဆန်စက်တွေကလည်း ပိတ်ထားတော့ အရမ်းခက်ခဲနေတယ်။ ” ဟု ပြောသည်။", "စစ်ရှောင်များကို စားဝတ်နေရေးအပြင် ဆေးဝါးများ ထောက်ပံ့ပေးချင်သော်လည်း ဆေးဝါးဝယ်ယူ၍မရသည့် ပြဿနာ ရှိနေကြောင်း ကိုတေဇာအောင်က ပြောသည်။", "သံတွဲ၊ ငပလီ၊ ဂွနှင့် ကျိန္တလီဒေသတို့တွင် ဖြစ်သလို နေထိုင်စားသောက်နေကြရသည့် စစ်ရှောင်များအတွက် တစ်ပိုင်တစ်နိုင် သို့မဟုတ် တသီးပုဂ္ဂလ အလှူရှင်များ၊ အစုအဖွဲ့များ၏ အလှူငွေများဖြင့်သာ ထောက်ပံ့ပေးနေရပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရရှိခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။", "ထို့ပြင် သံတွဲမြို့ထဲနှင့် ငပလီမြို့ထဲက ရပ်ကွက်အချို့တွင် ဆက်လက်ရှိနေကြသည့် ဒေသခံပြည်သူများအနေဖြင့် စစ်ပွဲဇုန်ထဲ၌ မနေထိုင်ကြရန် လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက တိုက်တွန်းထားသည်။", "“သံတွဲမြို့နယ်အတွင်း ရပ်ကွက်သူ/သားတွေနဲ့ ကျေးရွာသူ/သားတွေဟာ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ချက်တွေကို လိုက်နာပြီတော့ စစ်ပွဲဇုံအတွင်းမှ ယာယီထွက်ခွာပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ” ဟု ၎င်းက ပြောသည်။", "စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေ ကျေးရွာများနှင့် စစ်ရှောင်ကျေးရွာများအား လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်များကို နေ့စဉ်ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုများနေသည်ဟု သိရသည်။", "အာရက္ခတပ်တော် AA ကလည်း သံတွဲမြို့သိမ်းတိုက်ပွဲအား ပြင်းပြင်းထန်ထန် မတိုက်ခိုက်ချိန်က သံတွဲမြို့နယ်ထဲက ပြည်သူများအနေဖြင့် ဘေးကင်းရာနေရာများသို့ ထွက်ခွာကြရန် ထုတ်ပြန်တိုက်တွန်းခဲ့သည်။", "လက်ရှိတွင် AA က ငပလီမြို့ထဲရှိ စစ်ကောင်စီတပ်ရင်း နှစ်ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်စခန်းများနှင့် လက်ရှိ စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေကြောင်း သိရသည်။"]
https://yktnews.com/2024/07/171301/
သံတွဲမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး၊ ဆီဆိုင်တွင် PNO အဖွဲ့က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်
["သံတွဲမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး၊ ဆီဆိုင်တွင် PNO အဖွဲ့က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်", "ရန်ကုန်၊ ဇူလိုင် ၃", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အမျိုးသမီး ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သံတွဲမြို့နယ်၊ မြုံပြင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁၄ နှစ်အရွယ် မယုယမြင့်မွန်၊ အသက် ၁၈ နှစ်အရွယ် မကြည်ဖြူခင်၊ အသက် ၂၁ နှစ်အရွယ် မဝေဝေထွေး၊ အသက် ၄၅ နှစ်အရွယ် ဒေါ်မြလေးစိန်၊ အသက် ၇၆ နှစ်အရွယ် ဒေါ်သိန်းဟန်တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ကျေးရွာအနီးမှာ ဘာတိုက်ပွဲမှ မရှိဘဲ လေကြောင်းက ဗုံးလာကျဲတာ။ စစ်ကောင်စီက သံတွဲမြို့နယ်တစ်လျှောက် အရပ်သားတွေနေတဲ့ ကျေးရွာတွေကို တောက်လျှောက် နေ့တိုင်း ဗုံးလာကျဲတယ်။ ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာက စစ်တိုက်တာ မဟုတ်တော့ဘူး။ စစ်တိုက်ချင်ရင် လက်နက်ရှိတဲ့သူတွေကို သွားတိုက်ပါလား။ အခုက ပြည်သူတွေ သေအောင် တမင်သက်သက် သတ်နေတာဖြစ်တယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ တော်တော်လေးကို ငိုကြွေးနေရတယ်။ ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "သံတွဲမြို့၊ ငပလီမြို့နှင့် တောင်ကုတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ စစ်ရေး ပြင်းထန်လျှက်ရှိနေပြီး ဇွန်လကုန်ပိုင်းက သံတွဲမြို့နှင့် ငပလီမြို့အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ အာရက္ခတပ်တော် AA သည် ရခိုင်ပြည် စစ်ကောင်စီ လက်အောက်က လွတ်မြောက်ရေးနှင့် ကွန်ဖန်ဒရိတ်ထက် မနိမ့်သော အဆင့်ဖြင့် အုပ်ချုပ်ခွင့်ရရှိရေး မြန်မာစစ်တပ်ကို တိုက်ခိုက်နေပြီး လက်ရှိတွင် မြို့ ၁၀ မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီ ဖြစ်သည်။", "ထို့ပြင် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO ပြည်သူ့စစ်က ထမ်းယံတိုင်ကျေးရွာသား ၁ ဦးကို ရွာလယ်ခေါင်တွင် ပစ်သတ်ခဲ့ကြောင်း PNLA က ပြောဆိုသည်။", "ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီတွင် ထမ်းယံတိုင်ကျေးရွာမှ ဒေသပြည်သူ ခွန်တငွေသည် ရပ်ရွာထဲရှိ အသုဘအိမ်တွင် အသုဘစောင့် အိပ်ပေးရာမှ နေအိမ်ကို ပြန်လာစဉ် ကျေးရွာအတွင်း တပ်စွဲ ထားသည့် PNO အဖွဲ့က ဖမ်းဆီးခဲ့ပြီး ရွာလယ်ခေါင်တွင် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ခွန်တငွေ၏ ရုပ်အလောင်းကို လက်ရှိအချိန်ထိ PNO အဖွဲ့က မိသားစုဝင်များကို သယ်ယူခွင့် မပေးဘဲ ရွာလယ်ခေါင်တွင် ထားရှိထားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်ပါးစေ ပြည်သူ့စစ်များသည် လက်ရှိချိန်ထိ ထမ်းယံတိုင်ကျေးရွာအတွင်း တပ်စွဲထားလျက်ရှိပြီး ဒေသပြည်သူများကိုလည်း ရွာပြင် ထွက်ခွင့်ပိတ်ပင်ထားဆဲဖြစ်ကြောင်း PNLA က ပြောဆိုသည်။"]
https://yktnews.com/2024/06/169821/
သံတွဲမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်နေ၍ ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာသဖြင့် လူသူမရှိတော့ဘဲ မြို့တစ်ခုလုံး ခြောက်ကပ်သွား
["သံတွဲမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်နေ၍ ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာသဖြင့် လူသူမရှိတော့ဘဲ မြို့တစ်ခုလုံး ခြောက်ကပ်သွား", "ရန်ကုန်| ဇွန် ၂၄", "ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်နေ၍ ပြည်သူအားလုံးနီးပါး မြို့ကိုစွန့်ခွာသဖြင့် လူသူမရှိ ခြောက်ကပ်သွားကြောင်း သိရှိရသည်။", "ယခုရက်ပိုင်းအတွင်း စစ်ရေးအလွန်ပြင်းထန်နေသည့် သံတွဲမြို့နှင့် ငပလီမြို့မှ ပြည်သူများမှာ အားလုံးနီးပါး မြို့ကိုစွန့်ခွာသွားကြပြီဟု တိမ်းရှောင်သူများအား ကူညီပေးနေသူများက ပြောဆိုကြသည်။", "” ကျနော် ဒီနေ့ သံတွဲမြို့ထဲကနေ ဂွဘက်ကို ထွက်လာတာ။ မြို့ထဲက ထွက်မယ့်သူတွေကို သွားခေါ်တာပေါ့နော်။ သံတွဲမြို့ထဲမှာ ၈၀ ရာခိုင်နှုန်းလောက်က မရှိတော့ဘူး။ ၂၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ မြို့က တိတ်ဆိတ်သွားပါပြီ။ ငပလီမြို့လည်း အဲဒီလိုပဲ ကြားပါတယ်။ ” ဟု စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။", "ငပလီမြို့ထဲက ပြည်သူများနှင့် သံတွဲမြို့ထဲက ပြည်သူများမှာ ဘေးကင်းရာနေရာများ၊ တိုက်ပွဲနှင့်ဝေးရာနေရာများနှင့် ဂွမြို့နယ်ဘက်သို့ အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရပြီး လူဦးရေ သိန်းချီရှိနေသည်ဟု သိရသည်။", "ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က သံတွဲမြို့နှင့်ကပ်လျှက်ရှိသည့် ရွှေကျောင်းပြင်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင်လည်း မြို့ထဲသို့ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းများရှိခဲ့သည်။", "ငပလီမြို့ထဲက သံတွဲလေဆိပ်နှင့် ခမရ ၅၆၆ တပ်ရင်းကို AA က သိမ်းလိုက်ပြီဟု ယမန်နေ့က သတင်းထွက်ပေါ်ပြီးနောက် ယနေ့တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး AA က ငပလီမြို့မှ စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။", "စစ်ကောင်စီဘက်မှ AA ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန်ခုခံနေသော်လည်း အာရက္ခတပ်တော် AA က သံတွဲတိုက်ပွဲတွင် စစ်ရေးအသာစီးရနေကြောင်း သံတွဲစစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။", "” သံတွဲ၊ ငပလီ စစ်ရေးအခြေအနေတွေက သတင်းတွေက အမျိုးမျိုးထွက်နေကြတယ်။ မဇင်လေဆိပ်ကို AA က သိမ်းလိုက်တာတော့၊ စစ်ကောင်စီ နေဗီတစ်စီးကို နစ်မြှုလိုက်တာတော့ အမျိုးမျိုးထွက်နေတယ်။ မမှန်ဘူးလို့လည်း ပြောလို့မရဘူး။ သေချာတာကတော့ AA က ငပလီမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ တပ်ရင်းအနီးကို ရောက်နေပြီဆိုတာကိုတော့ အတည်ပြုလို့ရပါတယ်။ ခမရ ၅၆၆ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ ခလရ ၅၅ တပ်ရင်းသို့ ဆုတ်ခွာသွားတယ်လို့ သိရတယ်။ AA က စစ်ရေးအသာစီးရနေတယ်လို့ ပြောလို့ရတယ်။ ” ဟု ပြောသည်။", "သံတွဲနှင့် ငပလီမြို့က စစ်ရေးအခြေအနေများမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲကြောင့် အတည်ပြုရန် ခက်ခဲနေပြီး AA ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသော်လည်း တုန့်ပြန်ခြင်းမရှိသေးပေ။", "စစ်ကောင်စီက သံတွဲမြို့နယ်တစ်ဝိုက်နှင့် ငပလီမြို့တစ်ဝိုက် ဒေသများအားလုံးကို လက်နက်ကြီးများဖြင့် ယမ်းသန်းပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံပြည်သူများမှာ ရွှေ့လျားစစ်ရှောင်ပုံစံမျိုးဖြင့် နေရာအနှံ့ ပြေးလွှားနေရကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။"]
https://yktnews.com/2025/01/198486/
သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ကျေးရွာများမှ စစ်ရှောင်ပြည်သူများအတွက် အလှူရှင်များ အရေးပေါ်လိုအပ်
["သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ကျေးရွာများမှ စစ်ရှောင်ပြည်သူများအတွက် အလှူရှင်များ အရေးပေါ်လိုအပ်", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ကျေးရွာများမှ ဧရာဝတီတိုင်း ဟင်္သာတခရိုင်လေးမျက်နှာမြို့နယ်ရှိ ကွင်းကြီးအုပ်စုလဲခုံကြီးကျေးရွာတွင် တဲထိုးနေထိုင်နေကြရသည့် စစ်ရှောင်ပြည်သူများကို လေးမျက်နှာမြို့နယ် မှန်တန်းကျေးရွာကျောင်းထိုင်ဆရာတော် ဦးသောဘိတ က အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။", "စစ်ရှောင်ပြည်သူများသည် ကွင်းကြီးအုပ်စုလဲခုံကြီးကျေးရွာချောင်းသဲခုံပေါ်တွင် တဲထိုးနေထိုင်နေကြရပြီး အလှူရှင်များ အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။", "စစ်ဘေးရှောင် ပြည်သူများသည် စုစုပေါင်း အိမ်ထောင်စု ၆၀ ၊ လူဦးရေ ၁၅၀ ရောက်ရှိနေပြီး စားသောက်နေထိုင်ရေးအလွန်ခက်ခဲနေကြသည့်အပြင် ဆေးဝါးအပါအဝင် အနွေးထည်နှင့်စောင်များပါလိုအပ်လျက်ရှိနေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံမှ သိရှိသည်။"]
https://yktnews.com/2024/07/172665/
သံတွဲမြို့နယ်ရှိ စစ်တပ်လက်ကျန်စခန်း ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး မြို့တွင် ခုခံနေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်မည်၊ မောင်တောရှိ စခန်းများကို သိမ်းပိုက်ပြီး စစ်သား ၃၀ ဘင်္ဂလားဒေ့ရှ် ပြေး
["သံတွဲမြို့နယ်ရှိ စစ်တပ်လက်ကျန်စခန်း ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး မြို့တွင် ခုခံနေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်မည်၊ မောင်တောရှိ စခန်းများကို သိမ်းပိုက်ပြီး စစ်သား ၃၀ ဘင်္ဂလားဒေ့ရှ် ပြေး", "ရန်ကုန်၊ ဇူလိုင် ၁၁", "ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်တပ်လက်ကျန်စခန်း ခလရ ၅၅ တပ်ရင်းကို သိမ်းပိုက်ရရှိပြီး မြို့တွင် ခုခံနေသော စစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း AA ကတရားဝင် သတင်းထုတ်ပြန်သည်။", "အာရက္ခဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီး တစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ယခုရက်များ၌ အဓိကတိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများထဲမှ သံတွဲမြို့နယ် နှင့် မောင်တောမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း (၂) ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် သံတွဲမြိုနယ်အတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ ၅၅ တပ်ရင်းအား ထိုးစစ်ဆင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ ၅၆၆ ကို ဇွန်လ ၂၇ ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသောစစ်သားများ၊ စစ်ကူလာပေးသော စစ်တပ် နှင့် သံတွဲမြို့ထဲမှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတွဲမြို နှင့် သံတွဲမြိုအနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွဲမည်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ ၅ မြို့သူကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ စစ်ကောင်စီကလည်း မောင်တောမြို့ကို မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ကို ဝိုင်းရံပိတ်ဆိုထားပြီး မောင်တောတစ်မြိုလုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄ မိနစ်အချိန် မောင်တော၊ နခခ ၅ ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို စစ်သားအလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ မကျည်းချောင်း စခန်းတွင် စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ ၂၆၃ တပ်ရင်း နှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲဝင်များ၊ နယ်ခြားစောင့်ရဲများရှိနေကြောင်း၊ ထို့ပြင် ခန့်မှန်း စစ်သား ၃၀ ဦးခန့် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို စစ်လှေအချို့ဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/170828/
သံတွဲမြို့နယ်၊ ငပလီတွင် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းနေ
["သံတွဲမြို့နယ်၊ ငပလီတွင် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းနေ", "ရန်ကုန်| ဇူလိုင် ၁", "ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ဖောက်ထွင်းယူဆောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။", "ငပလီဒေသခံ တစ်ချို့မှာ တိုက်ပွဲများကြောင့် နီးစပ်ရာများသို့ တိမ်းရှောင်နေချိန်တွင် ဂျိတ္တော၊ မဇင်လေဆိပ်နားက အိမ်များနှင့် ငပလီ မီးပွိုင့်နားက နေအိမ် အချို့ကို ဖောက်ထွင်း ခိုးယူခံရမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။", "“အခု က ငပလီ နေရာတော်တော်များများ အဲ့လို ဖြစ်နေတယ်။ တစ်ချို့ ဒေသခံက ရှိနေတယ်။ တစ်ချို့ ကြောက်ပြီးတော့ ထွက်ပြေးနေကြတဲ့အချိန်မှာ အဲ့လို လာလုပ်တယ်။ စစ်ကောင်စီတပ်သားတွေက လာပြီး ဖောက်ထွက်ကြတယ်။ ဂျိတ္တော အောင်သိန္ဓိစေတီအနီးက နေအိမ်ကိုလာဖောက်ထွင်းကြတယ်။ အစောင့်ကို သံတုတ်နဲ့ရိုက်တယ်။ လဲသွားတဲ့အခါ ဝိုင်းဝန်းထိုးကန်တာတွေ လုပ်ကြတယ် “ဟုပြောသည်။", "ဒေသခံများ၏ ပြောဆိုချက်များအရ ဂျိတ္တောရပ်ကွက်ရှိ “ခန့်”ဖုန်းအရောင်းဆိုင်အနီးရှိ ရွှေဆိုင်ကိုလည်း ဖောက်ထွင်းခြင်းများပြုလုပ်ခဲ့ကြသည့်အပြင် လူနေအိမ်တစ်ချို့ကိုလည်း ဖောက်ထွင်းခံရမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။", "“အဲ့ဒီနေရာက စစ်ကောင်စီတပ်စွဲထားနေရာတွေရှိတယ်။ စစ်ကောင်စီတပ်သားတွေ ပူပေါင်းပြီးတော့ ဖောက်ထွင်းတာပါ။ သူတို့မပါရင် ဒီအိမ်တွေကို ဘယ်လို့လုပ် ဖောက်ထွက်လို့ ရနိုင်မလဲ။ အိမ်တော်တော်များများဖောက်ထွင်းခံရမှုတွေ ရှိတယ်။ ရွှေဆိုင်တွေဖောက်ထွင်းခံရတယ်။ ဘာမှ မရှိတော့ အကုန် ဖျက်စီးသွားကြတယ်”ဟုပြောသည်။", "ငပလီတွင် ဂေါ့ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ လင်းသာရပ်ကွက်၊ ဂျိတ္တောရပ်ကွက်၊ မြပြင်ရွာ၊ ဇီးဖြူကုန်းရွာ၊ ဝါးတောင်ကွင်းရွာ၊ မဇင်ရွာ၊ စပါးကြီးရွာ၊ မှိုဟင်းပြင်ရွာတို့တွင် ဖောက်ထွင်ခံရမှု ရှိသလို ရွှေကျောင်းပြင်တို့တွင်လည်း ကျွဲနွားများနှင့် ဝက်များကို ယူဆောင်သွားမှုရှိကြောင်း သိရသည်။", "ရွှေကျောင်းပြင်ဒေသခံတစ်ဦးက “ဖောက်ထွင်းခံရတာတွေက ရွှေကျောင်းပြင်တို့၊ မဇင်တို့၊ ရွှေလှေတို့ ဂျိတ္တောစတဲ့ ဖောက်ထွင်းခံရတဲ့အိမ်တွေအများကြီး ရှိတယ်။ မသိတဲ့ဟာတွေလည်း အများကြီး ရှိနေတယ်။ ဂျိတ္တောမှာက စစ်ကောင်စီတပ်စွဲထားတာရှိတယ်။ သူတို့လုပ်တယ်လို့ ပြောကြတယ်။ ရွှေကျောင်းပြင်းမှာဆိုရင် ဝက်တွေ အတင်းယူသွားတာတွေ၊ နွားတွေ ယူသွားတာတွေရှိတယ်”ဟုပြောသည်။", "ငပလီတွင် စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းတို့ ရှိပြီး ယင်းတပ်ရင်းများကို AA ကလက်နက်ချ အညံ့ခံဖို့ ပြောဆိုထားသော်လည်း စစ်ကောင်စီဖက်က လက်နက်မချသည့်အတွက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြာင်း သိရသည်။", "လက်ရှိတွင် သံတွဲမြို့အထွက် စာနီတောင်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များ အထိုင်ချထားပြီး ယင်းမှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။", "သံတွဲနှင့် ငပလီကို လက်ရှိတွင် အာရက္ခတပ်တော် AA ကလည်း ဝိုင်းရံပိတ်ဆို့ထားပြီး ငပလီရှိ စစ်ကောင်စီတပ်များကို AA က တိုက်ခိုက်နေပြီး လက်ရှိ တိုက်ပွဲများလည်း ပြင်းထန်နေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)", "Photo- AFP။"]
https://yktnews.com/2024/06/166875/
သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူပြည်သူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ များစာရင်းထုတ်ပြန်
["သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူပြည်သူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ များစာရင်းထုတ်ပြန်", "ရန်ကုန်၊ ဇွန် ၁၀", "ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူပြည်သူ ၁၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ များ၏ စာရင်းကို AA ရခိုင်တပ်တော်က ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စ၍ ညနေ ၄ နာရီ အထိ အကြမ်းဖက် စစ်တပ်က ဆင်ခေါင်းရွာကို တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် ရေတပ်မှ လက်နက်ကြီး အလုံးရေ ၆၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ချောစုလှိုင် အသက် ၂၃ နှစ် ၊ ဦးသိန်းရွှေ အသက် ၅၈ နှစ် ၊ ဦးသာကျော် အသက် ၃၄ နှစ် ၊ ဒေါ်ခင်ဌေးဝင်း အသက် ၃၅ နှစ် ၊ ဦးအောင်ချစ်စိန် အသက် ၆၃ နှစ် ၊ ဦးသန်းအောင်ယောက္ခမ အသက် ၇၅ နှစ် ၊ ဦးအောင်ကျော်ဇော အသက် ၂၇ နှစ် ၊ ဒေါ်ဟေမာန်ဦး အသက် ၂၉ နှစ် ၊ ဒေါ်တင်တင် အသက် ၃၈ နှစ် ၊ ကိုမဲ အသက် ၂၇ နှစ် ၊ ကိုမောင်ပြည့်စုံ အသက် ၁၇ နှစ် ၊ မခင်သီရီကျော် အသက် ၁ နှစ် ၃ လ ၊ ဦးဌေးလင်း အသက် ၄၁ နှစ် နှင့် မောင်အေးနိုင်ဦး အသက် ၁၁ နှစ် တို့ သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ဦးဝင်းဌေး အသက် ၄၉ နှစ် ၊ ဒေါ်အေးသိန်းနု အသက် ၅၅ နှစ် ၊ မောင်ချစ်ဇော်ဖြိုး အသက် ၉ နှစ် ၊ ဒေါ်အေးအေးငြိမ်း အသက် ၄၃ နှစ် ၊ ဒေါ်ပုတင် အသက် ၇၀ နှစ် ၊ ဦးခင်ဝင်းမောင် အသက် ၃၉ နှစ် ၊ ဦးမောင်သိန်းဝင်း အသက် ၅၃ နှစ် ၊ ဦးထွန်းထွန်းနိုင် အသက် ၃၆ နှစ် ၊ ဒေါ်ဖြူဖြူဝင်း အသက် ၂၇ နှစ် ၊ မြင့်မြင့်ဝင်း အသက် ၁၉ နှစ် ၊ မောင်ခိုင်မင်းဦး အသက် ၇ နှစ် ၊ ဒေါ်သန်းသန်းစိုး အသက် ၅၄ နှစ် ၊ ဒေါ်ကြည်စင် အသက် ၈၈ နှစ် ၊ ဒေါ်ခင်ရီ အသက် ၅၁ နှစ် ၊ ဒေါ်စိုးဝင်းရီ အသက် ၃၁ နှစ် ၊ ဒေါ်စန်းစန်းဦး အသက် ၅၀ နှစ် ၊ မောင်ခင်ဇော် ယောက္ခမ ၊ မောင်ခင်ဇော် သား ၊ ဦးကလေး ၊ ငြိမ်းငြိမ်း ၊ ကက်ဆက်မ ၊ အောင်သန့် ၊ ဂွက်ထော် နှင့် စံသိန်း တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရှိသူများ ၏ အမည်စာရင်းများသည် ရခိုင် တပ်တော် မှ ရရှိထားသော စာရင်းများဖြစ်ပြီး ဆင်ခေါင်းရွာထဲတွင် မေးမြန်း အတည်ပြုရန် ရွာသူရွာသားများ မရှိခြင်းကြောင့် အတည်မပြုနိုင်သော သေဆုံးသူများရှိကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ နေရာများကို ထွက်ပြေး တိမ်းရှောင်တိမ်းနေရခြင်းကြောင့် အတည်မပြုနိုင်သော ထိခိုက်ဒဏ်ရာ ရရှိသူများရှိနိုင်ကြောင်း AA က ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ဆင်ခေါင်းရွာမှ ပြည်သူပိုင် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/180516/
သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံး၊ AA၏ ပစ်ခတ်မှုကြောင့် ရေတပ်ရေယာဉ်များ ထိခိုက်ပျက်စီး
["သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်မှု ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံး၊ AA၏ ပစ်ခတ်မှုကြောင့် ရေတပ်ရေယာဉ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၂၆", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံးသွားကြောင်း ရေတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သပြုချိုင်ရှိ ရေတပ်သင်္ဘောများလည်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီး ပစ္စည်းတင်သည့် သင်္ဘောတစ်စီးလည်း ပျက်စီးသွားကြောင်း၊", "“မနေ့က သံတွဲ၊မောင်ရွှေလေးရေတပ်စခန်း အတိုက်ခံရတယ်။ ရေတပ်က အတော် သေဆုံးမှုများတယ်။ တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးဖြိုးမောင်မောင်လည်း သေ ဆုံးပါတယ်။ ဗိုလ်မှူးဖြိုးမောင်မောင်က DSA အပတ်စဉ် ၄၆ ကျောင်းဆင်းပါ။ ကျန်ရစ်သူ မိသားစုက စင်ကာပူသံရုံးနားမှာရှိတဲ့ ဘုရင့်နောင်ရေတပ်ရိပ်သာမှာနေတယ်၊ အခုမိသားစုကို ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ခိုင်းဘူး။ ဘယ်သူမှလည်းလာတွေ့ခွင့်မရှိဘူး။ ဗိုလ်မှူးဖြိုးမောင်မောင်မှာ ကလေး ၂ ယောက်ကျန်ခဲ့တယ်၊၁၀နှစ် ၁ယောက်၊ ၁နှစ်ခွဲ၁ယောက်” ဟု ရေတပ်သတင်းရင်းမြစ်က ရှင်းပြသည်။", "ထို့ပြင် AA ၏ တိုက်ခိုက်မှုကြောင့်သပြုချိုင်ရေတပ်စခန်းတွင် ရှိနေသည့် ရေတပ်သင်္ဘောများ ထိခိုက်ပစ္စည်းမှုရှိပြီး ပစ္စည်းသယ်ယူသည့် သင်္ဘောတစ်စီးလည်း ထိခိုက်သွားကြောင်း၊ ရေတပ်တွင် ကျည်ဆန်ခဲယမ်းမလုံလောက်သည့် ပြဿနာကြုံတွေ့နေရကြောင်း ရေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "“သပြုချိုင် မှာရှိနေတဲ့ ရေတပ်ရေယာဉ်တွေလည်း အပစ်ခံရပြီးတော့ ထိတယ်။ ရေတပ်ကကျည်တွေမလောက်တာဖြစ်နေတယ်။ ပစ္စည်းတင်တဲ့သင်္ဘောတစ်စီးလည်း ထိခိုက်ထားတယ်။ ရေတပ်မိသားစုတွေအကုန်ထိတ်လန့်နေကြပြီ၊ဗိုလ်တထောင်သံလျက်စွန်းရေတပ်နဲ့ ဘုရင့်ရိပ် သာကသူတွေက ရခိုင်ရောက်နေတာဆိုတော့ အထိများတယ်၊ မောင်ရွှေလေးရေတပ်က သူတွေ မောင်းတောကိုပို့ထားတာ အကုန်လုံးနီးပါးသေတယ်၊ရတဲ့အလောင်းတွေစစ်တွေမှာယူပြီးပြန်သင်္ဂြိုလ်တယ်၊မောင်ရွှေလေးက အင်အားမရှိဘူး၊ပင်လယ်ထဲကျောက်ချနေတဲ့ရေတပ်သ င်္ဘောကပစ်ကူပေးတယ်။ ကင်းဝိုင်း၊သပြုချိုင်၊ မောင်ရွှေလေးက ရေတပ်နယ်မြေတွေဖြစ်ပါတယ်” ဟုရေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ- AA ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/162675/
သံတွဲမြို့နယ်၊ ရွှေလှေတံတား အနီး တပ်စွဲထားသော စစ်သားများကို လေယာဉ်ဖြင့် ရိက္ခာများ ကျဲချပေး၊ စစ်စခန်းအနီး ရိက္ခာများ မရောက်ဘဲ တောစပ်ကို ကျရောက်သောကြောင့် စစ်သားများ ထွက်မကောက်ရဲ
["သံတွဲမြို့နယ်၊ ရွှေလှေတံတား အနီး တပ်စွဲထားသော စစ်သားများကို လေယာဉ်ဖြင့် ရိက္ခာများ ကျဲချပေး၊ စစ်စခန်းအနီး ရိက္ခာများ မရောက်ဘဲ တောစပ်ကို ကျရောက်သောကြောင့် စစ်သားများ ထွက်မကောက်ရဲ", "ရန်ကုန်၊ မေ ၁၅", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေတံတား အနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာများ ကျဲချပေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်တွင် သံတွဲမြို့နယ် ရွှေလှေတံတား အနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာများ ကျဲချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ စစ်လေယာဉ်က ကျဲချပေးခဲ့သော ရိက္ခာများသည် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ကျရောက်ခြင်းမရှိဘဲ တောစပ်အနီး ကျရောက်ခဲ့သောကြောင့် စစ်သားများ သွားရောက်ကောက်ယူခြင်းမရှိသေးကြောင်း သိရှိရသည်။", "” Y12 လို့ ယူဆရတဲ့ စစ်လေယာဉ်နဲ့ ရိက္ခာချပေးနေတာ သူတို့ ရိက္ခာချပေးတဲ့ နေရာက စခန်းနားကို မကျဘဲ တောစပ်နားကို ကျသွားတယ်။ စစ်သားတွေတော့ အခုထိ သွားကောက်တာမတွေ့သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/06/169443/
သံတွဲမြို့နယ်၊ ရွှေလှေရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၃ ဦး သေဆုံး
["သံတွဲမြို့နယ်၊ ရွှေလှေရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၃ ဦး သေဆုံး", "ရန်ကုန်၊ ဇွန် ၂၁", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဇွန်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ရွှေလှေတိုက်နယ် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၀ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် သံတွဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်းများက အမြောက်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ရွှေလှေရွာကို ပစ်ခတ် ခဲ့ရာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်းနှင့် အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီ တို့သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်နှင့် အသက် ၇၀ အရွယ် ဒေါ်မငယ်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှ နေအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ငပလီမြို့အနီး စစ်တပ် တပ်ရင်းအနီးတစ်ဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။", "(Western News-WN သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)"]
https://yktnews.com/2024/05/162569/
သံတွဲမြို့နယ်၊ လင်းသီရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ ပြင်းထန်နေ
["သံတွဲမြို့နယ်၊ လင်းသီရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ ပြင်းထန်နေ", "ရန်ကုန်၊ မေ ၁၅", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီရွာကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "မေလ၁၄ ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့နယ်၊ လင်းသီရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“မနေ့က ညနေပိုင်းက လင်းသီရွာကို စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေလည်း များတယ်။ ဒဏ်ရာရတဲ့ သူတွေကို ဆင်ခေါင်းဘက်က တဆင့် ရေလမ်းက သယ်သွားတယ်လို့ သိရတယ်။ အခုဖြစ်တဲ့ နေရာက စစ်တပ် တပ်စွဲထားတဲ့ ဘက်အခြမ်းမဟုတ်ဘူး။ အလယ်ဘက်နဲ့ ရဲစခန်းအနီးအခြမ်းမှာဖြစ်တာ ရွာအလယ်ပိုင်းမှာ ၂ ယောက်သေတယ်။ ရဲစခန်းနားမှာ ကလေး ၂ ယောက်နဲ့ လူကြီး ၃ ယောက်သေတယ်။ ဆေးရုံမှာ ၂ ယောက်ထပ်သေတယ်။ ထပ်သိရတာက အဖွားအို ၁ ဦးလည်း ကျည်စမှန်ပြီး ဆုံးပြီလို့ သိရတယ်။ အားလုံးပေါင်း သေဆုံးသူ ၁၀ ဦး ရှိပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် သံတွဲမြို့နယ်၊ လင်းသီကျေးရွာအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက ဒရုန်းများ၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် လင်းသီကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ရခိုင်ပြည်သူတစ်ဦး။"]
https://yktnews.com/2024/07/172934/
သံတွဲမြို့နှင့် မောင်တောမြို့တွင် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး စစ်သားများ တပ်စွဲခဲ့သော နေရာ၊ ဆုတ်ခွာသွားသော လမ်း တစ်လျှောက်နှင့် မြို့အဝင်အထွက်များတွင် မိုင်းများ ထောင်ထားခဲ့
["သံတွဲမြို့နှင့် မောင်တောမြို့တွင် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး စစ်သားများ တပ်စွဲခဲ့သော နေရာ၊ ဆုတ်ခွာသွားသော လမ်း တစ်လျှောက်နှင့် မြို့အဝင်အထွက်များတွင် မိုင်းများ ထောင်ထားခဲ့", "ရန်ကုန်၊ ဇူလိုင် ၁၃", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် မောင်တောမြို့တွင် အကြမ်းဖက် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး စစ်သားများ တပ်စွဲခဲ့သော နေရာ၊ ဆုတ်ခွာသွားသော လမ်း တစ်လျှောက်နှင့် မြို့အဝင်အထွက်များတွင် မိုင်းများ ထောင်ထားခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။", "လက်ရှိတိုက်ပွဲဖြစ်ပွားလျက်ရှိသော သံတွဲမြို့နှင့် မောင်တောမြို့များတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခံစစ် ပြင်ဆင်နေပြီး မြို့တွင်းကို ဝင်ရောက်နိုင်သည့်နေရာများ၊ တံတားများနှင့် ၎င်းတို့ စခန်းချခဲ့သော နေရာများတွင် မိုင်းများ ထောင်ခဲ့ကြောင်း သိရ သည်။", "ထို့ပြင် ရခိုင့်တပ်တော်က အလုံးစုံ သိမ်းပိုက်ထားပြီးဖြစ်သော မြို့များရှိ စစ်ကောင်စီ၏ အခြေစိုက် တပ်စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခ ဌာနချုပ်၊ ၎င်းတပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွား လမ်း၊ စာသင်ကျောင်း၊ စားကျက်မြေများတွင်လည်း အကြမ်းဖက် စစ်တပ်က စွန့်လွှတ်မိုင်းများချန်ခဲ့ရာ ၎င်း မိုင်းများကို နင်းမိပြီး အရပ်သားပြည်သူလူထုများမှာ နေ့တိုင်းနီးပါး အသက်သေဆုံးခြင်း၊ ကိုယ်လက် အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ကလည်း သံတွဲမြို့၊ နံတော်တောင် တံတား(နန်းချောင်းတံတား)ကို ဖောက်ခွဲ ဖျက်ဆီးရန် တံတားပေါ်၌ မိုင်းထောင်ခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့ဆုတ်ခွာရာ လမ်းကြောင်းတ‌စ် လျှောက်နှင့် ၎င်းတို့ စခန်းချရာနေရာအနီးပတ်ဝန်းကျင်များတွင်လည်း စွန့်လွှတ်မိုင်းများစွာကို ထောင်ထားခဲ့ကြောင်း သိရသည်။", "ထို့ကြောင့် ပြည်သူများအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများ ကို သိရှိအောင် ပြုလုပ်ထားခြင်း၊ စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ် ကောင်စီ (ယာယီ)စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင် ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကို လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် ရခိုင့်တပ်တော်က ပြောဆိုသည်။"]
https://yktnews.com/2024/05/163217/
သံတွဲမြို့နှင့် ၈ မိုင်အကွာ လင်းသီရွာတိုက်ပွဲတွင် စစ်တပ်ဘက် အများအပြားသေဆုံးပြီး စစ်ကောင်စီ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၉ ဦးသေဆုံး
["သံတွဲမြို့နှင့် ၈ မိုင်အကွာ လင်းသီရွာတိုက်ပွဲတွင် စစ်တပ်ဘက် အများအပြားသေဆုံးပြီး စစ်ကောင်စီ၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၉ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၉", "ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ၈ မိုင်ခန့်အကွာရှိ လင်းသီရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အများ အပြားသေဆုံးပြီး စစ်တပ်၏ လေကြောင်း၊ ရေကြောင်းတို့မှတစ်ဆင့် တန်ပြန်တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၁၆ ရက်နေ့ ညနေ ၄ နာရီခန့်မှ စတင်ခဲ့သည့် လင်းသီရွာတိုက်ပွဲသည် မေလ ၁၈ ရက်နေ့ ညနေပိုင်း အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားအများအပြားသေဆုံးကာ ကျန်ရှိအကြမ်းဖက်စစ် သားများမှာ သံတွဲမြို့ဘက်သို့ ဆုတ်ပြေးသွားကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်၊ Y12 လေယာဉ် ၂ ဖြင့် တစ်ကြိမ် အပြင် ရေကြောင်းအတွင်းရှိ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးပစ်ကူပေးခဲ့ရာ နတ်တောင် မော်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ လင်းသီကျေးရွာတွင် လည်း နေအိမ် တစ်လုံးနှင့် လင်းသီရွာတံတားတဖက်ကမ်းရှိ ကျောင်းကုန်းရွာ တွင် လည်း နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "“စစ်ကောင်စီက ကုန်းပေါ်ကရော စစ်သင်္ဘောပေါ်ကရော ပစ်ကူပေးတယ်၊ ဂျက်ဖိုက်တာက ၂ ကြိမ်၊ Y12 လေယာဉ် နဲ့ကတော့ ၂ စင်းလာပြီး ၂ နာရီလောက် ဗုံးကျဲတယ်။ နတ်တောင်မော်ဘက်ကိုလည်း ကျဲတယ်။ နတ်တောင်မော်ဆိုတဲ့နေရာမှာ ပြည်သူ ၉ ဦးသေတယ်။ ကျောင်းကုန်းဖက်ကမ်းမှာက အိမ် တွေတော်တော်များများ မီးလောင်တယ်။ လင်းသီမှာက တိုက်ပွဲဖြစ်ပေမယ့် နေအိမ်တစ်လုံးမီးလောင် တယ်လို့ပြောတယ်။ ပြည်သူတွေ သေတာ မကြားရမိဘူး။ လင်းသီမှာ လောလောဆယ် စစ်တပ်မရှိ တော့ဘူး။ ကျန်တဲ့ စစ်တပ်က သံတွဲဖက်ကို တဖြည်းဖြည်းဆုတ်သွားပြီ” ဟု ဒေသနေပြည်သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "တိုက်ပွဲပြီးဆုံးသွားသော်လည်း ရွာသူရွာသားများမှာ လက်နက်ကြီး၊ မိုင်း အန္တရာယ်ရှိသဖြင့် ပြန်လည် ဝင်ရောက်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း၊ သံတွဲမြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်များဖြတ်တောက်ခံထားရပြီး လျှပ်စစ်မီးလည်း ဖြတ်တောက်ခံထားရကြောင်း သိရသည်။", "ဓာတ်ပုံ- သံတွဲမြို့နယ်၊ လင်းသီရွာတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးထိမှန်ခဲ့သည့် လူနေအိမ်တစ်လုံး။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Dwayarwad Community Base News Agency"]
https://yktnews.com/2024/12/196028/
သံတွဲမြို့ပေါ် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရ
["သံတွဲမြို့ပေါ် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် သံတွဲမြို့ပေါ် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် မြို့ပေါ် ၇ ရပ်ကွက်မှ အသက် ၆၉ နှစ်အရွယ် ဒေါ်ခင်မေရီ မျက်နှာတွင် ဗုံးစ ထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း လူနေအိမ် ၅ လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က သံတွဲမြို့နယ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ရာနှင့်ချီ သေဆုံးခဲ့ကြောင်း သိရသည်။"]