url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/08/116375/
သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် အရက်များကို PDF တပ်များက ဖမ်းဆီး
["သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် အရက်များကို PDF တပ်များက ဖမ်းဆီး", "ရန်ကုန်၊ ဩဂုတ် ၄", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် အရက်သယ် ဆောင်သူ များကို PDF တပ်များက ဖမ်းဆီးရမိကြောင်း သိန်းငှက် ပြောက် ကျား တပ်ဖွဲ့ ( Falcon TYC PDF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်း သရက်ချောင်းမြို့နယ်၊ အောက်သရက် ချောင်း ကျေးရွာလမ်းဆုံအနီး ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် စစ်ကောင်စီ က အသစ်ထုတ်ဝေသည့် ငွေကျပ် ၂ သောင်းတန်မသုံးကြရေး အသိပေးမှုများ လုပ်ဆောင်ရင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် အရက်နှင့် မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အရက်သယ်တဲ့ ကုန်ကားက နေ့ခင်းတစ်နာရီမိပါတယ်။။ WY ဆေးမိတဲ့ PCX ဆိုင်ကယ်အနက်နဲ့လူနှစ်ယောက်က နေ့ခင်း ၂ နာရီမှာ မိပါတယ်။ မူးယစ် ဆေးဝါး သယ်တဲ့ လူနှစ်ယောက်ကိုတော့ဖမ်းထားပြီးစစ်နေဆဲပါ။ စစ်ခွေးနဲ့ ဆက်နွယ်နေလို့အသေးစိတ်မေးမြန်းနေပါတယ်။ ကုန်ကားက ထားဝယ်မှ မြိတ်ဘက်ကိုအဆင်းပါ။ အရက်သယ်တဲ့ ကုန်ကားသမားနှစ်ယောက် ကိုတော့ ဆုံးမပြီးကားနဲ့အတူမနေ့ ၂ နာရီလောက်ကပြန်လွှတ်လိုက်ပါတယ်။ ဆေးသယ်တဲ့သူတွေဆီက WY ဆေး အလုံး ၂၀၀ အထုပ်ရေ ၃၆ ထုပ်ပါ ဆေး ၇၂၀၀ လုံးပါ၊ ICE ဆေးထုပ်က နှစ်ထုပ်ပါ။ မီးခြစ် ၄ လုံးနဲ့ ဂျမ်ဘိုခြင်ဆေးခွေ နှစ်ဗူးပါ ဖမ်းမိတယ်။ အရက်ကတော့ အာမီရမ် တစ်ဖာ ၁၂ လုံးပါ ၂၀၀ ဖာ ဖမ်းဆီးရမိပါတယ်။ အဲဒါတွေကို ဖျက်ဆီးလိုက်ပါပြီ။ ဆေးသယ်တဲ့သူတွေဆီက ငွေ ၇ သိန်း ၄ သောင်း ၉ ထောင်သိမ်းဆည်းရမိပါတယ်” ဟု သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ ( Falcon TYC PDF)မှ တာဝန်ရှိသူက ပြောဆိုသည်။", "သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ ( Falcon TYC PDF)အနေဖြင့် သရက်ချောင်း မြို့နယ်အတွင်းတွင် စစ်တပ်ပိုင် ပစ္စည်းများ သယ်ဆောင်ခြင်း၊ နှစ်သောင်းတန် သုံးစွဲခြင်းများကို ပိတ်ပင်ထားပြီး နှစ်သောင်းတန် သုံးစွဲခြင်းနှင့် စစ်တပ် ထုတ် ကုန်ပစ္စည်းများ သယ်ယူမှုများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135298/
သရက်ချောင်းမြို့နယ်တွင် ရန်ကုန်မှ မြိတ်မြို့သို့ ပို့ဆောင်မည့် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါများကို ဖမ်းဆီး ဖျက်ဆီး
["သရက်ချောင်းမြို့နယ်တွင် ရန်ကုန်မှ မြိတ်မြို့သို့ ပို့ဆောင်မည့် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါများကို ဖမ်းဆီး ဖျက်ဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ရန်ကုန်မှ မြိတ်မြို့သို့ ပို့ဆောင်မည့် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါများကို ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း သိန်းငှက် (Falcon TYC PDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရန်ကုန်ဘက်မှ မြိတ်မြို့ကို ပို့ဆောင်မည့် အကြမ်းဖက် စစ်တပ် ထောက်တိုင် မန္တလေး မြနဒီ စက်ရုံထုတ် အရက်ဆီ ပေပါ အလုံး ၅၀ ကို အောက်သရက်ချောင်းရွာနှင့် ပိတောက်ကြီးရွာအကြားတွင် သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စိစစ်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးရမိသော အရက်ဆီ ပေပါအလုံး ၅၀ နှင့်ပက်သက်၍ သက်ဆိုင်ရာ ပကဖ ၊ ပအဖ အဖွဲ့ကို စိစစ်တင်ပြပြီး ဖမ်းဆီးရမိထားသော အရက်ဆီ ပေပါ အလုံး ၅၀ ကို ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီခန့်တွင် ဖောက်သွန် ဖျက်ဆီးပြီး ယာဥ်နှင့်တကွ ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် ၂ ဦးကို ခံဝန် လက်မှတ်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။", "သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Falcon TYC PDF) တပ်ဖွဲ့ တာဝန်ယူထားသည့် နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် ထောက်တိုင်များ ၊ စစ်တပ် ထုတ်ကုန်များနှင့် ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်နေပြီး ကုန်တင်ယာဥ်များအနေဖြင့် ဥပဒေအရတရားဝင်ရှာဖွေ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ပေးကြပါရန် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/111323/
သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တို့ ပစ်ခတ် ခံရပြီး ၂ ဦးသေဆုံး
["သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တို့ ပစ်ခတ် ခံရပြီး ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၅", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ဝင် အဖွဲ့တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dawei information center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ကဇိရွာမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ညိုစိုးကို အမည်မသိ သေနတ် သမားများက နေ အိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံး သွားသော ညိုစိုးသည် စစ်တပ် စစ်ကြောင်းများကို ကိုယ်တိုင် လိုက်ပါ လမ်းပြ ပေးသော ပျူစောထီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။", "ဇူလိုင်လ ၅ ရက်နေ့ နံနက် ၈ နာရီကျော်အချိန် သရက်ချောင်းမြို့နယ်၊ ညောင် ဇင် ရွာတွင် ပျူစောထီး အဖွဲ့ဝင် ဇော်နိုင် သည် စာသင်ကျောင်းအနီး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ နာရေးကူညီမှုအသင်းက အလောင်းလာ သယ်ယူ သွား​ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး အဖွဲ့ဝင် ဇော်နိုင်သည် အကြမ်းဖက် စစ်တပ်နှင့် ချိတ်ဆက်မှုရှိသူ တစ်ဦးဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သည်ကို အတည်မပြုနိုင်သေးကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ​ပြောဆိုသည်။"]
https://yktnews.com/2024/07/174557/
သရက်ချောင်းမြို့နယ်တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်
["သရက်ချောင်းမြို့နယ်တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ဇူလိုင် ၁၉", "သရက်ချောင်းမြို့နယ်လွတ်မြောက်နယ်‌မြေ တစ်နေရာတွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ) စစ်ကြောင်းဖြစ်သော ဒေါင်းညီနောင်စစ်ကြောင်းတို့က ကျင်းပခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားကို ထားဝယ်ခရိုင်ပကဖ အဖွဲ့ဝင်များ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဲဘော်များနှင့် CDM အရာရှိနှင့် ရဲဘော်/ရဲမေများ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ရဟန်းရှင်ပြည်သူများ၊ တိုက်နယ်အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးရွာသူကျေးရွာသားများ၊ စာသင်ကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၈၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။", "အဆိုပါအခမ်းအနားတွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချအ‌လေးပြုခြင်း၊ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားခြင်း၊ အထိမ်းအမှတ်သီချင်းများ သီဆိုခြင်းနှင့် ကဗျာရွတ်ဖတ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။"]
https://yktnews.com/2024/07/171455/
သရက်ချောင်းမြို့နယ်မှ သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြ၊ သပိတ်မှောက်သည့် မြို့နယ် ၂၀ ခုထိ ရှိလာ
["သရက်ချောင်းမြို့နယ်မှ သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြ၊ သပိတ်မှောက်သည့် မြို့နယ် ၂၀ ခုထိ ရှိလာ", "ရန်ကုန်၊ ဇူလိုင် ၄", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ သံဃာတော်များ အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "ယနေ့ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်အာဏာရှင်ကို မလိုလားသော သရက်ချောင်းမြို့နယ်မှ သံဃာတော်များ ဦးဆောင်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။", "သပိတ် ဦးဆောင် သံဃာတော်များနှင့် အတူ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)၊ ကရင်တိုင်းရင်းသားများ အပါအဝင် ဒေသပြည်သူများကလည်း လိုက်ပါ ဝန်းရံ ပူးပေါင်းပေးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ဆောင်မှု ပြုလုပ်ကြရာတွင် ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပေါက်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ကနီမြို့နယ် ၊ ရေဦးမြို့နယ် နှင့် သရက်ချောင်းမြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၂၀ ခုမှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138676/
သရက်ချောင်းမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူလာသော စစ်ကြောင်းကိုပါ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံး၊ ရေတာရှည်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["သရက်ချောင်းမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူလာသော စစ်ကြောင်းကိုပါ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံး၊ ရေတာရှည်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၅", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူလာသော စစ်ကြောင်းကိုပါ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်လူငယ် လက်ရုံးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ ပန်းပြင်ကျေးရွာနှင့် သရက်နှစ်ခွရွအကြားရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားသည့်နေရာကို နံနက် ၁ နာရီ ၄၅ မိနစ်တွင် သရက်ချောင်းမြို့မှ အင်အား ၃၀ ဦးခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ကူသွားရန် ကား ၃ စီးဖြင့် ထွက်ခွာလာစဥ် ကဇိကျေးရွာလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ခြေလျင် ထွက်ခွာလာပြီး ပိန်းတောကျေးရွာကို ရောက်ရှိလာစဥ် လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ကာ ဆက်လက် စစ်ကြောင်းထားပြီး တော်လှန်ရေး တပ်ဖွဲ့များက မိုင်းကွင်းပြုလုပ်၍ အသင့်စောင့်ကြိုနေချိန် ပန်းပြင်ကျေးရွာစာသင်ကျောင်းအနီးတွင် နံနက် ၂ နာရီ ၁၅ မိနစ်၌ ကြားဖြတ်တိုက်ခဲ့ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်ဖွဲ့များဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေး၊ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်အဖွဲ့၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ထားဝယ်နဂါးတပ်ခွဲ(၂) ၊ ထားဝယ်လူငယ်လက်ရုံးတပ် နှင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့များဖြစ်သော လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၊Dawei Defense Team(DDT) ၊ အထူးပြောက်ကျားတပ်အဖွဲ့(SGF) ၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး ၊ထားဝယ်စုပေါင်းစစ်ကြောင်း၊ ကျားသစ်နက် ၊ Eastern Defense Force ၊ ဥသြစစ်ကြောင်း ၊ ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့​ကြောင်း သိရှိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။", "ယနေ့ ဇန်နဝါရီလ ၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က နေ့တွင် ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေး ရွာ အုပ်စု၊ တခွဲကြဲကျေးရွာနှင့် ကွမ်းအုံကျေးရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စီးနင်း လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်ကြာမြင့်ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း ပြောက်ကျားပွိုင့်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်သားများက ကွမ်းအုံကျေးရွာအတွင်းသို့ ၄၀ မမ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ည ၇ နာရီခွဲခန့်တွင်လည်း ရွှေကဇောင်းကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိမည်ထင်သော နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/145615/
သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဒီပဲယင်းမြို့ အဝင်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဒီပဲယင်းမြို့ အဝင်တွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ၄၀ မမ၊ အီနာဂါ ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ဦး သေဆုံးပြီး တပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး ၃ ချက်၊ လက်နက်ငယ် အမြောက်အမြားဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး Drone များ Jammer မိသော်လည်း ပျက်စီး၊ ဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း ဒရုန်းတပ်ဖွဲ့ (T5 WINGS) နှင့် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အဝင်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေဦးမြို့မှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒီပဲယင်းမြို့ အဝင် စစ်ဆေးရေး ဂိတ်အရောက်၌ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF က ဒရုန်းဖြင့် ဗုံးသီး ၁ လုံး၊ စာရင်းစစ်ရုံး အနီးရောက်၌ ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြနိုင်သေးကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/143718/
သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စစ်ကြောင်း စခန်းချရာ သဲချောင်းကြီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သားများက စခန်းကို မီးရှို့ကာ စွန့်ခွာ ထွက်ပြေး
["သရက်ချောင်းမြို့နယ်ရှိ စစ်တပ် စစ်ကြောင်း စခန်းချရာ သဲချောင်းကြီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သားများက စခန်းကို မီးရှို့ကာ စွန့်ခွာ ထွက်ပြေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားသော စစ်တပ် စစ်ကြောင်း စခန်းချရာ သဲချောင်းကြီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးစခန်းကို ရောက်ရှိနေသော အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ပြီး တောင်ပျောက်တိုက်နယ် အတွင်းရှိ ကျေးရွာတချို့ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာနေ ပြည်သူ တချို့ကို ဖမ်းဆီးကာ လူသားဒိုင်း အဖြစ်ခေါ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းကို ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်းနှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ရန် ခံစစ်ပြင်ဆင် စောင့်ဆိုင်းနေစဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တိုက်နယ်အတွင်း ဆက်လက် စစ်ကြောင်းထိုးခြင်းမရှိဘဲ ဖမ်းဆီးထားသော ကျေးရွာနေ ပြည်သူများကို ပြန်လွှတ်ပေးပြီး ၎င်းယာယီစခန်းချရာ သဲချောင်းကြီးစခန်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်း ယာယီစခန်းချရာ သဲချောင်းကြီးစခန်းကို ၆၀ မမ စိန်ပြောင်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြားဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သဲချောင်းကြီးစခန်း၌ ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်တက် စစ်ကြောင်းသည် စခန်းကို မီးရှို့ကာ ပြည်သူများထံမှ ချောဆွဲထားသော ကားများဖြင့် စွန့်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။", "” စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုကတော့ အတည်ပြုလို့မရသေးပါဘူး။ စစ်ကောင်စီ တပ်သားတွေကတော့ စခန်းကို မီးရှို့ပြီး စွန့်ခွာ ထွက်ပြေးသွားပြီ” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော နေရာများကို နွေဦးပြောက်ကျား တပ်ဖွဲ့၊ ဝံပုလွေတပ်စုနှင့် ပူးပေါင်း၍လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း သရက်ချောင်းမြို့နယ်၊ ဝင်းဝတံတားစခန်းကုန်းကို ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့နှင့် ပူးပေါင်း၍ ၆၀ မမ စိန်ပြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/148215/
သရက်ချောင်းမြို့နယ်ရှိ စစ်တပ် တပ်ရင်းများနှင့် စခန်းကုန်းကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး
["သရက်ချောင်းမြို့နယ်ရှိ စစ်တပ် တပ်ရင်းများနှင့် စခန်းကုန်းကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ခမရ ၄၀၃ နှင့် ခမရ ၄၀၄ တပ်ရင်းတို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် သရက်‌ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၃ ၊ ခမရ ၄၀၄ တပ်ရင်းများကို ပြည်သူ့ကာကွယ် ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် စစ်ကာင်စီ တပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“အဲတိုက်ခိုက်မှုကတော့ ၆ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်။ အရာရှိရိပ်သာ ဗဟိုကင်းတဲ စားဖိုဆောင် တွေကိုထိပါတယ်။ ထိခိုက်ပျက်စီးမှုကတော့ တိတိကျကျ အတည်ပြုလို့မရပါဘူး” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ထားခရိုင် အမှတ် ၂ တပ်ရင်း၏ ဒရုန်းတပ်ဖွဲ့ဖြစ်သော T5 Wings အဖွဲ့ကလည်း မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီ၏ ဝင်းဝစခန်းကုန်းကို ဗုံးသီးများဖြင့် အဆက်မပြတ် ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း သိရသည်။", "ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေစိုက်ရာ စခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် မည်သည့်နေရာမှ လုံခြုံမှုမရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128577/
သရက်ချောင်းမြို့နယ်ရှိ ရဲစခန်းနှင့် ပျူစောထီး စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး
["သရက်ချောင်းမြို့နယ်ရှိ ရဲစခန်းနှင့် ပျူစောထီး စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "တနင်္သာရီမြို့နယ်၊ သရက်ချောင်းမြို့နယ်ရှိ ရဲစခန်းနှင့် ပျူစောထီး စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့မရဲစခန်းနှင့် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာရှိ ပျူစောထီးစခန်းငယ်တို့ကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်အဖွဲ့များနှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များက တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲ အတွင်း သရက်ချောင်းမြို့မ ရဲစခန်းတွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး သရက်ချောင်း မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ရင်းများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“သရက်ချောင်းမြို့မ ရဲစခန်းကို တိုက်ခိုက်တာ စစ်ခွေး ၆ ကောင်သေ ၅ ကောင်ဒဏ်ရာရတယ်။ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ဒီထက်ကောင်းတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်မည်ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့် စစ်ရေးအသိ စစ်ရေးသတင်းများ နာစွင့်ပေးကြပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်များကို ပူးပေါင်းလိုက်နာပေးကြပါလို့ ပြောချင်ပါတယ်” ဟု သရက်ချောင်းမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်အဖွဲ့များဖြစ်သော ထားဝယ်နဂါးတပ်ခွဲ(၂) ၊ ဒေါင်းမင်းစစ်ဆင်ရေး ၊ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်အဖွဲ့ ၊ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ထားဝယ်လူငယ် လက်ရုံးတပ် မဟာမိတ်ဖြစ်သော Dawei Defense Team နှင့် ထားဝယ်ပူးပေါင်းစစ်ကြောင်းတို့မှ အတူပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ်များကို ထိမှန်ခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122241/
သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်မှ ခရီးသွား ပြည်သူများဆီက ငွေကြေး တောင်းခံမှု ပိုများလာ၊ ပလောက်မြို့တွင် ညမထွက်ရ အမိန့် ၂ နာရီတိုးမြှင့် သတ်မှတ်
["သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်မှ ခရီးသွား ပြည်သူများဆီက ငွေကြေး တောင်းခံမှု ပိုများလာ၊ ပလောက်မြို့တွင် ညမထွက်ရ အမိန့် ၂ နာရီတိုးမြှင့် သတ်မှတ်", "ရန်ကုန်၊ စက်တင်ဘာ ၁၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်မှ ခရီးသွား ပြည်သူများဆီက ငွေကြေး တောင်းခံမှု ပိုများလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မြိတ်-ထားဝယ် ကား လမ်းပိုင်း၊ သရက်ချောင်းမြို့နယ်ရှိ မြို့မရဲစခန်း အရှေ့တွင် ရဲတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့၍ ခရီးသွား ပြည်သူများထံမှ ငွေကြေး တောင်းရမ်းမှု များပြားနေကြောင်း၊ တရားမဝင်ငွေကြေး တောင်းရမ်းမှုကို သရက်ချောင်းမြို့နယ် ရဲတပ်ဖွဲမှူးနှင့် နယ်ထိန်း ခေါင်းဆောင်တို့က အဆင့်ဆင့် ခိုင်းစေချက် အရ ကောက်ခံနေခြင်း ဖြစ်ကြောင်း ယင်းမြို့၏ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။", "ယင်းဂိတ်များတွင် ယခင်က လူတစ်ဦးလျှင် ၅၀၀၀ ကျပ်သာ ပေးရပြီး လက်ရှိတွင် ၅၀၀၀၀ ကျပ် မှ ၇၀၀၀၀ ကျပ် အထိ ကောက်ခံလာကာ ကားခ ဝန်ဆောင်မှုကိုလည်း စစ်သားနှင့်ရဲများထံ ၃ ဆ မှ ၅ ဆ အထိ ပေးဆောင်နေရကြောင်း သိရှိရသည်။", "အဆိုပါ လိုင်းကြေးငွေ ကောက်ခံနေမှုကို သရက်ချောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် နန်းဝင်း (သရက်ချောင်းမြိုမရဲစခန်း၏ နယ်ထိန်းခေါင်းဆောင်း) ဒု-ရဲအုပ် နန်းဝင်း၊ နယ်ထိန်းများ ဖြစ်သော ရဲတပ်ကြပ် ခင်မောင်ဝင်း၊ ရဲဒုတပ်ကြပ် သုရစိုး၊ ရဲတပ်သားသား စန်းလင်းခိုင်တို့ပါ နယ်ထိန်း အဖွဲ့များ ဖွဲ့ကာ ထားဝယ် မြိတ် ကားလမ်းပေါ်တွင် တရားမဝင် ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။", "တရားမဝင် ငွေကြေး ကောက်ခံမှုများထဲတွင် ခရီးသွား ယာဉ်များကို တားဆီး၍ စစ်ဆေး ကောက်ခံခြင်းဖြစ်ကာ မှတ်ပုံတင် အမှတ် ၆/ အပါအဝင် တခြားသော မြန်မာနိုင်ငံ အထက်ပိုင်းမှ လာသော ခရီးသွား ပြည်သူများ ဖြစ်သော ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့်သူများထံမှ ပိုမိုကောက်ခံလေ့ ရှိကြောင်း သိရှိရသည်။", "ထိုင်းနိုင်ငံသို့ အလုပ် သွားရောက် လုပ်ကိုင်မယ့် သူများသည် မလွဲတောင် စစ်ဆေးရေးဂိတ်မှ ကော့သောင်းမြို့ဝင် ဂိတ် အထိ ၂ သိန်းကျော် ပေးဆောင်ရကြောင်း၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့နယ်သို့ သွားရောက်မည့် ခရီးသည် တစ်ဦးလျှင် သက်ဆိုင်ရာမြို့နယ်အလိုက် ကားခ ကျပ် ၃၀၀၀၀ မှ ၁၀၀၀၀၀ ကျပ် အထိပေးဆောင်ရပြီး စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များကို ကျပ် ၂ သိန်းကျော်ဝန်းကျင်ပေးရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လုံခြုံရေး အကြောင်းပြပြီး အဝေးပြေး လမ်းမပေါ်တွင် စစ်ဆေးရေး ဂိတ်များကို အများအပြားဖွင့်လှစ်ပြီး လက်ရှိတွင် ငွေကြေး တောင်းခံမှုများက အဓိက ဖြစ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ပလောက်မြို့တွင် ညမထွက်ရ အမိန့်ကို ၂ နာရီ တိုး၍ သတ်မှတ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဒေသပြည်သူများကိုလည်း ရပ်ကွက် ကင်းစောင့်တာဝန်များ ယူခိုင်းကြောင်း၊ ပလောက်မြို့တွင် ညမထွက်ရအမိန့်သည် ယခင် ည ၈ နာရီမှ နံနက် ၅ နာရီ အတွင်းဖြစ်ပြီး ယခုတွင် ည ၇ နာရီမှ နံနက် ၆ နာရီ အထိ ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အချိန် ပြောင်းလဲခြင်းကို ပျူစောထီးအဖွဲ့ဝင် ၃ ဦးက ဟိုက်ဂျက်ကား ၁ စီးဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရပ်ကွက်များအတွင်း လိုက်လံ ကြေညာခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ခံထားရတဲ့ ပုလောမြို့နယ်တွင် ပလောက်မြို့၊ ပုလောမြို့၊ ပလမြို့တို့ပါဝင်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ပလောက်မြို့ တစ်ခုတည်းကိုသာ ညမထွက်ရအမိန့် ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ပလောက်မြို့ထဲရှိ ရပ်ကွက်တစ်ခုစီတိုင်းကို ပြည်သူ ၃ ဦး ညဘက် ကင်းစောင့်ရန် အမိန့်ပေးထားသည့် အတွက် ရပ်ကွက်ထဲ မီးကင်းပုံစံမျိုး၊ ရပ်ကွက်ထိပ်များတွင် ကင်းစောင့်နေရကြောင်း သိရှိရသည်။", "Photo – သရက်ချောင်းမြို့နယ်ရှိ မြို့မရဲစခန်း အရှေ့တွင် ခရီးသည် ယာဉ်လိုင်းများအား စစ်ကောင်စီ လက်အောက်ခံ ရဲများက ငွေကြေး တောင်းခံနေစဥ်"]
https://yktnews.com/2023/06/106965/
သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်တပ်က စီးနင်းပြီး ကလေးငယ်များနှင့် ပြည်သူ ၄၀ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
["သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်တပ်က စီးနင်းပြီး ကလေးငယ်များနှင့် ပြည်သူ ၄၀ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား", "ရန်ကုန်၊ ဇွန် ၁၁", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကလေးငယ်များနှင့် ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသကြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၈ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဝင်းဝနယ်မြေရဲစခန်းဘက်မှ တောင်ကြောလမ်းအတိုင်းလာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်က ကမြိုင်ကျေးရွာနှင့် ရငဲရွာကြားတွင် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက တပ်က ဗိုလ်ကြီးဟု ယူဆရသူ တစ်ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦးထက် မနည်း သေဆုံးခဲ့​ပြီးနောက် စစ်တပ်က အနီးအနားရှိ ကနက်သီရိရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ကနက်သီရိရွာကို ဝင်ရောက် စီးနင်းပြီးနောက် သက်ကြီးရွယ်အိုများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄၀ ကျော်ကို ရွာထဲ၌ စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ကနက်သီရိရွာအနီးရှိ ပင်လယ်ပြင်၌လည်း ဆိုက်ကပ်ထားသည့် စစ်သင်္ဘောများကလည်း ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီ တပ်သားများက အဆိုပါ ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွေွှနှောက်က်ခဲ့ကာ ပြည်သူ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ကနက်သီရိရွာ ထိပ်ကဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ဖမ်းထားသော ရွာခံများကို (တောင်သစ်သား) တောင်ပေါ် ကျောင်း၌ ယမန်နေ့ညက ပြောင်းရွေ့ထားပြီး ယနေ့နံနက်ပိုင်းအထိ ပြန်လည် လွတ်ပေးခြင်း မရှိသေးကြောင်းသိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်လည်း ပြည်သူပိုင် နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွာ အဝင် လမ်းကိုလည်း အဝင်၊ ထွက် ပိတ်လိုက်ပြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။", "Photo – သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှ စစ်ဘေးရှောင်ပြည်သူများ"]
https://yktnews.com/2024/05/161762/
သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံး
["သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန် ၊ မေ ၁၀", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၂ စီး ၊ ဂျက်ဖိုက်တာ ၁ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောများဖြင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ကနက်သီရိကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး အလုံး ၂၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "သေဆုံးသူ ၃ ဦးမှာ အသက် ၄၀ ကျော်အရွယ် ဦးနောင်ဂေါ၊ အသက် ၄၀ အရွယ် ဦးနိုင်ကြီး နှင့် အသက် ၄၅ နှစ်ဝန်းကျင် အရွယ် ဦးညီဦးတို့ ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ကနက်သီရိကျေးရွာကို မေလ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၆ နှစ်အရွယ် ကလေး ၂ ဦး သေဆုံးခဲ့ရကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/12/136710/
သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံး
["သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ပါ ကား ၃ စီးဖြင့် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျောင်းကြီးတိုက် ဘုန်းကြီးကျောင်းသို့ရောက်ရှိလာပြီး ရွာမြောက်ပိုင်းမှ ပြည်သူများ၏ နေအိမ်များကို တအိမ်၀င်တအိမ်ထွက် ဧည့်စာရင်းစစ်ခြင်းနှင့် ဖုန်းများစစ်ဆေးခြင်းကိုပြုလုပ်ခဲ့ပြီး နောက် မွန်းလွဲ ၁ နာရီခန့်တွင် ရွာပြင်ရှိ အထက ညောင်ဇင်စာသင်ကျောင်းသို့ ဦးတည်ထွက်ခွာ လာစဉ် ညောင်ဇင်ကျေးရွာ ဈေးနှင့် အထက ညောင်ဇင်စာသင်ကျောင်းကြားအရောက် မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။", "“ရွာအစွန်ဘက် ဈေးနဲ့ စာသင်ကျောင်းကြားမှာ တိုက်ခိုက်ခဲ့တာပါ၊ အခုတော့ ရွာထဲမှာ မရှိတော့ဘူး၊ တိုက်ခိုက်ခံရပြီးတော့ ညနေ ၄ နာရီခွဲလောက်မှာ ရွာအနောက်ဖက် ရထားလမ်းဘက်ကနေ ထွက် သွားပါတယ်၊ သရက်နှစ်ခွ စစ်တပ်ဂိတ်ဖက်ကို ဦးတည်ထွက်သွားတယ်လို့ ယူဆရပါတယ်” ဟု ထား ဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး- DDPDF ရဲဘော်များက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိအောင်မြင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ရေဖြူမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/07/175224/
သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆၀ အရွယ် ဦးမျိုးလွင် ပွဲချင်းပြီး သေဆုံး
["သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၆၀ အရွယ် ဦးမျိုးလွင် ပွဲချင်းပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၀ အရွယ် ဦးမျိုးလွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Rural Community’s United Strike Committee – Thayetchaung အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဂူတံတားဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညောင်ဇင်ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လယ်ထဲတွင် နွားသွားယူနေသည့် အသက် ၆၀ အရွယ် ဦးမျိုးလွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မဖြစ်ခင် နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညောင်ဇင်ရွာဘက်ကို ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/06/105888/
သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မီးရှို့ရှင်းလင်း
["သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မီးရှို့ရှင်းလင်း", "ရန်ကုန်၊ ဇွန် ၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပိဒေါက်ငယ်ရွာရှိ အကြမ်းဖက် စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ် သိန်းဌက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ပိဒေါက်ငယ်ရွာရှိ အကြမ်းဖက် စစ်အုပ်စုပိုင် Mytel တာဝါတိုင်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။", "” စစ်ခွေး အုပ်စုပိုင် Mytel တာဝါတိုင်ကို ၂ ရက်နေ့ ည ၈ နာရီလောက်မှာ မီးရှို့ရှင်းလင်းခဲ့တယ်။ သိန်းငှက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့က ဆောင်ရွက်ခဲ့တာပါ။ စက်ပစ္စည်းအားလုံး ပြာပုံဖြစ်မှ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "သိန်းငှက် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ စစ်ရေး အရှိန်မြှင့်မည် ဖြစ်သောကြောင့် ပြည်သူများမှ မလိုအပ်ဘဲ ခရီးသွားခြင်းများ စစ်တပ်နှင့် ပူးတွဲနေထိုင်မှုများ ရှောင်ရှားကြပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/05/160873/
သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မေ ၅", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီး တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲနေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် နေခြင်းကြောင်း ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ ဘုရားတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။", "“ပဲဒက်ရွာ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ စစ်ခွေးတွေက အနီးအနားရွာတွေကိုပါ လေယာဉ်နဲ့ လိုက်ပစ်နေတာ တိုက်ပွဲဖြစ်တဲ့ နေရာကိုပဲပစ်တာ မဟုတ်ဘူး။ စစ်ခွေးတွေ ပစ်တဲ့ ကျည်တွေက ပဲဒက်ရွာမကျဘူး။ တံခွန်တိုင်ရွာ လာကျတာ တံခွန်တိုင်ရွာက ပြည်သူတွေကတော့ ရွာလုံးကျွတ် ပြေးကုန်ပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2023/06/107858/
သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က မီးတင်ရှို့နေ​ပြီး ပြည်သူ ၂၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
["သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က မီးတင်ရှို့နေ​ပြီး ပြည်သူ ၂၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား", "ရန်ကုန်၊ ဇွန် ၁၆", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ အင်းဗူးရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ အင်းဗူးရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူပိုင် နေအိမ် ၂ လုံး မီးလောင်ကျွမ်းလျက်ရှိကြောင်း၊ ရငဲရွာ ကျေးရွာမှ ပြည်သူ ၂၀၀ ကျော်ကိုလည်း ဖမ်းဆီးထား​ပြီး လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။", "” ရငဲရွာ အင်းဗူးအပိုင်းမှာရှိတဲ့ အင်းဗူးစာသင်ကျောင်အနီး နေအိမ်တွေကို စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်းမှာ မီးတင်ရှို့နေတယ်။ လက်ရှိ နေအိမ် ၂ လုံး ပြာကျသွားပြီလို့ သိရတယ်။ နောက်ထပ် အိမ်တွေကိုလည်း ထပ်ရှို့နေတယ်လို့ကြားတယ်။ ရငဲရွာသား ၂၀၀ ကျော်ခန့်ကို ဖမ်းဆီးထားပြီး လူသားတဒိုင်း အဖြစ် အသုံးပြု ထားတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။", "ရငဲရွာမှ ပြည်သူအများစုသည် ထိုင်းဘက်တွင် အလုပ်လုပ်ကိုင်သူများပြားသောကြောင့် ထိုင်းပစ္စည်းအသုံးအဆောင် ရှိသော နေအိမ်များကို အကြမ်းဖက် စစ်တပ်က ရိုက်ချိုး ဝင်ရောက်ပြီး တန်ဖိုးကြီး ပစ္စည်းများကို မြေသယ်ကား ၂ စီးဖြင့် ခိုးယူလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/06/107322/
သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့
["သရက်ချောင်းမြို့နယ်၊ ရငဲရွာကို စစ်တပ်က ဝင်ရောက်စီးနင်းမီးရှို့ ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့", "ရန်ကုန်၊ ဇွန် ၁၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။", "ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက် စစ် တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ရငဲရွာလည်လမ်းဆုံအနီးရှိ နေအိမ် ၁ လုံး၊ ကျေးရွာစာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်တို့ကို ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ရွာလည်လမ်းဆုံ အရှေ့ဘက်ခြမ်းရှိ နေအိမ်များကို စစ်သားများက ထုဖွင့်ပြီး အဖိုးတန် ပစ္စည်းများကို ရှာဖွေခိုးယူလျက်ရှိကြောင်း၊ ရွာအတွင်း၌လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ပြီး ရငဲရွာ ဘောလုံးကွင်းဟောင်း ဘုန်းကြီးပျံကွင်းအနီးတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲများကြောင့် ရငဲရွာ ပြည်သူများသည် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရပြီး ပြေးလွှားနိုင်ခြင်း မရှိသော သက်ကြီး ရွယ်အို အနည်းစုက ရွာထဲ၌ ကျန်ရှိနေဆဲဖြစ်ကြောင်း၊ ဒဏ်ရာရရှိ​သော သူများရှိခဲ့​ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "ထို့ပြင် သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင်တွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။", "ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ ကိုဝေယံဟိန်းသည် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေရာမှ မိခင်အတွက် လိုအပ်သည့် ဆေးပြန်ယူရန်အတွက် နေအိမ်သို့ ပြန်သွားသောအခါ ရွာထဲတွင် အသင့်စောင့်ဆိုင်း ကင်းပုန်းဝပ်နေသော စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်လိုက်ကြောင်း သိရှိရသည်။", "“သူ့အမေက အရင်ကတည်းက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ သူက သူ့အမေကိုအရမ်းချစ်တာ။ အခုလည်း တားနေရဲ့နဲ့ဆေးသွားယူတာတဲ့ဗျာ” ဟု ကိုဝေယံဟိန်းရဲ့သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။", "စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်ပြီးနောက် အလောင်းကိုတော့ သူ့အိမ်၏အနောက်ဘက်တွင် ထားရစ်ခဲ့သဖြင့် ဒေသပြည်သူတချို့က ကောက်ယူကာ ယနေ့ညနေပိုင်းတွင် မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။", "သရက်ချောင်းမြို့နယ် ရငဲကျေးရွာအနီးတွင် ယနေ့ စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွာခဲ့ပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက ရငဲရွာလယ်လမ်းဆုံအနီးရှိ ကိုဝင်းစိုးအိမ်ဒေါ်လှမြင့်တို့အိမ်ကို မီးတင်ရှို့ပြီး ရွာလယ်လမ်းဆုံ၏အရှေ့ဘက်ခြမ်းရှိနေအိမ်တွေကို ထုဖွင့်၍အဖိုးတန်ပစ္စည်းများရှာဖွေခိုးယူပါတယ်။ ဒါ့အပြင်မှာ ကျေးရွာစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် ဦးစိန်ဝင်းလက်ဖက်ရည်ဆိုင်ကိုလည်း ဒီနေ့ နေ့လယ်မှာ မီးတင်ရှို့ပါတယ်။ ရွာထဲမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီးနေ နေအိမ်တွေကို ဖျက်ဆီးပါတယ်” ဟု ရငဲကျေးရွာသားတစ်ဦးက ပြောဆိုသည်။", "သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီစစ်​ကြောင်းဝင်ရောက်လာခြင်းနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ကနက်သီရိရွာနှင့် ရငဲရွာအပါအဝင် ကျေးရွာ ၆ခုမှ ပြည်သူ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေရကြောင်း သိရှိရသည်"]
https://yktnews.com/2023/07/111111/
သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် တပ်စွဲထားသည့် ခမရ-၄၀၃ တပ်မှ တပ်ကြပ် ကြီး မြဖုန်းရှိန်ကို PDF က ဖမ်းဆီးရမိခဲ့စဉ် သေနတ်လုသဖြင့် ကျည်ထိမှန် သေဆုံး
["သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် တပ်စွဲထားသည့် ခမရ-၄၀၃ တပ်မှ တပ်ကြပ် ကြီး မြဖုန်းရှိန်ကို PDF က ဖမ်းဆီးရမိခဲ့စဉ် သေနတ်လုသဖြင့် ကျည်ထိမှန် သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၄", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာတွင် တပ်စွဲထားသည့် ခမရ-၄၀၃ တပ်မှ တပ်ကြပ်ကြီး မြဖုန်းရှိန်ကို PDF က ဖမ်းဆီးရမိခဲ့စဉ် သေနတ်လုသဖြင့် ကျည်ထိမှန်သေဆုံးသွားကြောင်း Dawei Information Centerမှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။", "ဇွန်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်အချိန် ခမရ-၄၀၃ တပ်မှ တပ်ကြပ်ကြီး မြဖုန်းရှိန်ကို ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်းတပ်ခွဲ ၃ ရဲဘော်များက ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးခဲ့ကြောင်း၊ ၆ ရက်အကြာ စစ်ဆေးမေးမြန်းပြီးနောက် သက် ဆိုင် ရာ တာဝန်ရှိသူများထံသို့ ပို့ဆောင်အပ်နှံရန် ခေါ်ဆောင်လာစဉ် တပ်ကြပ် ကြီး မြဖုန်းရှိန်က လက်နက် ဝင်လုပြီး ကျည်ထိမှန် သေဆုံးသွား ကြောင်း ကစယ်ဒိုဖယ်ဒရယ် စစ်ကြောင်းမှအဖွဲ့ဝင်​တစ်ဦးကဆိုသည်။", "“သူ့ ကိုမိတုန်းက ကျွန်တော်တို့ အေးဆေး စစ်မေးပါတယ်။ သူကလည်း ရွာတွေ ကို မီးရှို့တာ၊ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးတာ၊ ရငဲရွာမှာတပ်စွဲနေထိုင်တာ ဝန်ခံခဲ့ပါတယ်။ စစ်မေးပြီး လို့ ဥပဒေအတိုင်း အရေးယူဖို့ တာဝန်ရှိသူတွေ ထံသို့ခေါ်ဆောင်လာစဥ် လမ်းမှာ သူက သေနတ်ကိုထလုပြီး ခုခံထွက် ပြေးပါတယ်။ကျွန်တော်တို့လည်း ပြန်ခုခံရင်းသူ့ကို သေနတ်နဲ့ ပစ်မိခဲ့တယ်။ သိပ်မကြာခင်မှာ တပ်ကြပ်ကြီး သွေးထွက်လွန်သေဆုံးခဲ့တယ်”ဟု ကစယ်ဒို ဖယ်ဒရယ် စစ်ကြောင်းမှအဖွဲ့ဝင်​တစ်ဦးကဆိုသည်။", "တပ်ကြပ်ကြီး မြဖုန်းရှိန်ကို ဖမ်းမိခဲ့​စဥ်က ရွှေဆွဲကြိုး ၁ ကုံး၊ရွှေလက်စွပ် ၁ ကွင်း၊ရွှေနားကပ် ၁ ရံ၊ နာရီ ၁ လုံး၊ WY တံဆိပ်ပါစိတ်ကြွဆေး ၅၇၆ လုံး၊ ငွေ ၃၅၄၈၀၀ ကျပ်၊ ဖုန်း ၆ လုံးကို ၎င်းထံမှ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "သရက်ချောင်းအခြေစိုက်ခမရ-၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများမှ စစ်ကြောင်း များသည် ကနက်သီရိရွာနှင့်ရငဲရွာမှ ပြည်သူနေအိမ်များစွာကိုမီးရှို့ဖျက်ဆီး၍ ရငဲရွာ နှင့် ကမြိုင်ရွာတို့၌ တပ်စွဲထားကြကြောင်း၊ ဒေသပြည်သူများမှာလည်း ယနေ့အချိန်ထိစစ်ဘေးရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116748/
သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး
["သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး", "ရန်ကုန်၊ သြဂုတ် ၆", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်နှင့် ဒေသပြည်သူများ ထံမှ သိရသည်။", "သြဂုတ်လ ၅ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ ဒေသ ပြည်သူ ၅ ဦးသည် နေအိမ်သို့ ပြန်လာပြီး လိုအပ်သည့် ပစ္စည်းများကို ယူဆောင်နေချိန် အကြမ်းဖက် စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားကြောင်း၊ ရငဲရွာသား အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦး ကို အကြမ်းဖက် စစ်တပ်က နှိပ်စက်ပြီး အမျိုးသမီး ၂ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးရိုက်နှက်သည့် အပြင် ပြည်သူများစီးနင်းလာသည့် ဆိုင်ကယ်များကိုလည်း သိမ်းကာ သရက်ချောင်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၀၃ တပ်ရင်းကို ကားဖြင့် ယူဆောင်သွားကြောင်း သိရသည်။", "ခမရ ၄၀၃ တပ်ရင်းသည် ရငဲရွာနှင့် အနီးတဝိုက်ရှိ ရွာများမှ ပြည်သူပိုင် ပစ္စည်းများဖြစ်သော ဆိုင်ကယ်၊ ဖုန်း၊ ရေခဲသေတ္တာ၊ အဝတ်အစား၊ ပန်ကာ စတဲ့အသုံးဆောင်ပစ္စည်းတွေကို ယူဆောင်ပြီး ပြန်လာရောင်းချလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က ရငဲရွာရှိ မြွေတောင်၌ ၂ လကျော်ကြာ အထိုင်ချ တပ်စွဲထားပြီး လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109727/
သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ နေအိမ်များကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေ
["သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ နေအိမ်များကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေ", "ရန်ကုန်၊ ဇွန် ၂၆", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က ထပ်မံမီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရငဲရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ရွာထဲရှိ အင်းဗူးအပိုင်း လမ်းဆုံနှင့် ရွာတောင်ပိုင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "“အခု နံနက်ပိုင်း ရငဲရွာ အင်းဗူး အပိုင်းလမ်းဆုံမှာ နေအိမ် ၁ လုံးကို မီးစရှို့နေပြီ ရငဲရွာတောင်ပိုင်း ကျော်စိုးမိုးအိမ်နဲ့ ကပ်လျက် နေအိမ် ၁ လုံးကိုလည်း ထပ်ရှို့နေတယ်။ အခုနံနက် ရှို့နေတာ နေအိမ် ၄ လုံးလို့ သိရတယ်” ဟု ပြည်သူ တစ်ဦးက​ ပြောဆိုသည်။", "ရငဲကျေးရွာမှ ဒေသခံ ပြည်သူများ အပါအဝင် ကျေးရွာ ၁၁ ရွာမှ ပြည်သူများသည် ဇွန်လ အတွင်းမှစတင်ကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ဇွန်လ ၁၉ ရက်နေ့တွင် စစ်တပ်က ရငဲရွာ ပြည်သူများကို ရွာထဲ၌ ပြန်လည် နေထိုင်ရန် ခေါ်ဆောင်ခဲ့ပြီး ပြန်လာသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သော ဖြစ်စဥ်ပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/206158/
သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ
["သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကျောက်ခဲ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ် ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၁၀ နှစ်အရွယ် မောင်ဇွဲအောင်ထက် ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်ဟင်ကြူ ၊ အသက် ၅၀ နှစ်အရွယ် ဦးဇော်ဝင်း နှင့် အသက် ၃၇ နှစ်အရွယ် အိုအို (ခ) ကိုသောင်းဆက်အောင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။", "ထိခိုက်ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းများ ဆေးကုသမှု ပြုလုပ်ပေးနေပြီး ပြင်းထန်ဒဏ်ရာ ရရှိထားသော ဦးဇော်ဝင်း နှင့် အိုအို (ခ) ကိုသောင်းဆက်အောင် တို့၏ ဒဏ်ရာအခြေအနေများကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရမောင်ဇွဲအောင်ထက်သည်။", "“ဒီနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က လာကျဲသွားတယ်။ ပြည်သူ ၄ ဦး ထိခိုက်တယ်။ အသက် ၁၀ အရွယ် ကလေး ၁ ဦးပါတယ်။ အမျိုးသမီး ၁ ဦးနဲ့ ကလေးငယ် ကတော့ ဒဏ်ရာမစိုးရိမ်ရဘူး။ ကျန်တဲ့ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ စစ်ခွေးတွေ ဗုံးကျဲသွားတာတော့ ရွာထဲပဲ ပြည်သူတွေ နေအိမ် အကြားကို ဗုံးသီး ကျရောက်ပေါက်ကွဲတာ နေအိမ်မှာနေနေတဲ့ သူတွေပဲ ထိခိုက်ဒဏ်ရာရတာလေ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး။ စစ်ခွေးတွေကတော့ ပြည်သူတွေဘာတွေနားမလည်ဘူး။ ဘယ်သူဘာဖြစ်ဖြစ် ဂရုစိုက်နေမှာ မဟုတ်ဘူး။ စစ်ခွေးတွေက ပြည်သူတွေကို ရန်သူလို သတ်မှတ်ပြီး တိုက်ခိုက်တာ သူတို့လုပ်နေကျ အလုပ်တစ်ခုဖြစ်သွားပြီ သူတို့အတွက် လုပ်ရိုးလုပ်စဉ်ဆိုပေမယ့် ပြည်သူတွေအတွက်တော့ အသက် အန္တရာယ် မလုံခြုံဘူးဆိုတဲ့ အခြေအနေပေါ့” ဟု ဒေါင်းညီနောင်စစ်ကြောင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ကျောက်ခဲ က ပြောဆိုသည်။"]
https://yktnews.com/2024/02/148016/
သရက်ချောင်းမြို့နယ်၊ ဝင်းဝ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
["သရက်ချောင်းမြို့နယ်၊ ဝင်းဝ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သရက်ချောင်းမြို့နယ်၊၀င်း၀ရဲစခန်းမှာ တာ၀န်ကျနေသော သက်၂၀ အရွယ် ရဲတပ်သားတစ်ဦးသည် ပုတီးတစ်လုံးပြောက် ကျားတပ်ဖွဲ့ထံသို့ ဆက်သွယ်ကာ G3 ရိုင် ဖယ် သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကျည်ဆံ ၂၆ တို့နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်း၀င်လာသည့် ရဲတပ်သားကို လုံခြုံစိတ်ချရသည့် နေရာ သို့ ပို့ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ဖက်ဒရယ်စစ် ကြောင်းထံသို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။", "ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့သည့် ဖက်ဒရယ်စစ်ကြောင်းနှင့် ပူးပေါင်းထားသော တပ်ဖွဲ့တစ်ခု ဖြစ်သည်။"]
https://yktnews.com/2023/12/136618/
သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ၃၅ သိန်း ချီးမြှင့်
["သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ၃၅ သိန်း ချီးမြှင့်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သား ၁ ဦး G-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဆုငွေ ၃၅ သိန်း ချီးမြှင့်ခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G3 ရိုင်ဖယ် သေနတ် တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆံ အတောင့် ၂၀၀ နှင့်အတူ ပြည်သူ့ရင်ခွင်ထံ ခိုလှုံခဲ့ခြင်း ဖြစ်ပြီး နွေးထွေးစွာကြိုဆိုကာ ဆုငွေ ၃၅ သိန်းချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။", "သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်သားများအနေဖြင့် ပြည်သူ့ရင်ခွင် ထံအမြန်ဆုံးခိုလှုံဝင်ရောက်ကြရန် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/107747/
သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ စစ်ဘေးရှောင် အဖိုးအို ၁ ဦး အမောဖောက် သေဆုံး
["သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ စစ်ဘေးရှောင် အဖိုးအို ၁ ဦး အမောဖောက် သေဆုံး", "ရန်ကုန်၊ ဇွန် ၁၅", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ စစ်ဘေးရှောင် အဖိုးအို ၁ ဦး အမောဖောက်ကာ သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ယနေ့ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာမှ အသက် ၈၀ ကျော်အရွယ် စစ်ဘေးရှောင် အဖိုးအို ဦးဖေသန်းသည် ရွာဘုန်းကြီးကျောင်း၌ စစ်ရှောင်နေချိန် ရုတ်တရက် အမောဖောက် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော အဖိုးအိုသည် ဝဲရစ်ရွာထဲမှ ယမန်နေ့ ညပိုင်းက ဘုန်းကြီးကျောင်းကို ရောက်ရှိလာချိန် ရုတ်တရက်အမော ဖောက်ကာ သေဆုံးခဲ့ကြောင်း၊ ဦးဖေသန်း ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ရွာသင်္ချိုင်း၌ မြေမြုပ်သဂြိုလ်လိုက်ကြောင်း သိရသည်။", "သရက်ချောင်းမြို့နယ်တွင် ယမန်နေ့ ည ၆ နာရီခွဲ၌ ဝဲရစ်ရွာနှင့် အနီးဝန်းကျင်ရှိ မင်းဒပ်ရွာ၌ နှစ်ဖက် တိုက်ပွဲအပြင်းအထန်​ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးအချက်ရေ ၅၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/10/128001/
သရက်ချောင်းမြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်
["သရက်ချောင်းမြို့မ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့မ ရဲစခန်းကို ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော် အချိန်တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း (ပကဖ) အဖွဲ့နှင့် ဒေသခံများက ပြောသည်။", "အဆိုပါ သရက်ချောင်းမြို့မ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက် တိုက်ခိုက် အချိန်တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ အကြာ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။", "“ပစ်ခတ်မှု ဖြစ်တဲ့ အချိန်မှာ နှစ်ဖက် ထိခိုက်မှုကို မသိရသေးဘူး။ ဒါပေမယ့် အရပ်သား နှစ်ဦး ထိခိုက်မှု ရှိတယ်”ဟု သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။", "ယင်း သရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် အသက်ကြီးပိုင် အမျိုးသား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး မည့်သည့် အဖွဲ့ ပစ်ခတ်ခဲ့သည်ကိုမှု ကြောင်း မသိရှိကြောင်း ဒေသခံများက ပြောသည်။", "“အမျိုးသမီးကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ သူမှာက သေနတ်ကျဉ် နှစ်ချက် ထိတယ်။ နှစ်ယောက်စလုံးကို ဆေးရုံပို့ထားတယ်။ ဘယ်က ပစ်လို့ ထိတယ်ဆိုတာတော့ မသိဘူး”ဟု အမည်မဖော်လိုသည့် မြို့ခံတစ်ဦး က ပြောသည်။", "ထိုသို့ ယင်း ရဲစခန်းအား တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု ရှိခဲ့ပြီး ရဲစခန်း အနီး နေထိုင်သည့် ဒေသခံများသည် နေအိမ် အောက်ထပ်တွင် ပုန်းခိုးနေရပြီး နေအိမ်များထဲကို သေနတ် ကျဉ်ခွံများလည်း ကျရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။", "ထိုအပြင် ယင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရး အဖွဲ့က ပစ်မှတ်ထားပြီး သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မကြာခင် သတင်း ထုတ်ပြန်မည်ဟု မြို့နယ် (ပကဖ) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုထားသည်။", "ရဲစခန်းအား တိုက်ခိုက်ခံရပြီး နောက် ယနေ့ နံနက်ပိုင်းက စစ်ဆေးမှု အနည်းငယ် ပြုလုပ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပုံမှန် အတိုင်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။", "(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/05/164458/
သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
["သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၅", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၅ ရက်နေ့ နံနက် ၅ နာရီ ၅၅ မိနစ်ခန့်မှ ၆ နာရီ ၂၅ မိနစ်ခန့်အထိ သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်သားနှင့် ပျူစောထီးများ ပူပေါင်း၍ မတရား ငွေကြေး တောင်းခံနေသော ပန်းတောဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့်ပျူစောထီး ၇ ဦး သေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ကျွန်တော်တို့ လက်နက်တွေတော့ သိမ်းဆည်းရမိတာ မရှိပါဘူး။ မြို့ထဲမှာဆိုတော့ စစ်ကူမြန်လို့ ပြန်လည်ဆုတ်ခွာခဲ့တယ်” ဟု ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို တပ်မဟာ ၆( တပ်ရင်း၂၇) ၊ ကော်သူးလေအာမီ (KTLA) နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ဒေါင်းညီနောင်စစ်ကြောင်းသည် စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်း၊ စစ်အုပ်စုနှင့် နီးစပ်သော နေရာများကို မဖြစ်မနေ ဖြတ်သန်းသွားလာရမည်ဆိုပါက စစ်ရေး သတိရှိစွာ ဖြတ်သန်းသွားလာကြပါရန် နှိုးဆော်လိုကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/09/124504/
သရက်ချောင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ​သောကြောင့် ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ ပြင်ဝန်းရွာရှိ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
["သရက်ချောင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ​သောကြောင့် ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ၊ ပြင်ဝန်းရွာရှိ စစ်ဘေးရှောင် ပြည်သူများ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးကာ လက်နက်ကြီးများနှင့် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ မိုးရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရငဲရွာထိပ်ရှိ မြွေတောင်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာနှင့် ကျောက်ခမောက်ရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းအတွင်း မိုးသည်းထန်နေသည်မှာ ၃ ရက်ဝန်းကျင်ခန့်ရှိပြီဖြစ်ပြီး ပြည်သူများမှာ မိုးသည်းထန်နေသည့်ကြားမှ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် စစ်ဘေးရှောင်နေရသည်မှာ ကမ်းခြေရွာများ ဖြစ်ပြီး ရက်ဆက်မိုးကြီးနေသည့်အတွက် ပြည်သူများမှာ စစ်ဘေးရှောင်ရန် ရေလမ်းကို အသုံးမပြုနိုင်ဘဲ နေရာထိုင်ခင်းအခက်အခဲများ ရှိနေကြာင်း၊ စစ်ကြောင်းထိုးရာတွင် အကြမ်းဖက်စစ်တပ်မှ ကျွဲမင်းကုန်းရွာရှိ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်းများလည်း လုပ်ဆောင်နေပြီး လက်ရှိအချိန်တွင် ကျွဲမင်းကုန်းရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ်ရှိ ကတွဲရွာကို ဝင်ရောက်၍ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး၍ လက်နက်ကြီးများနှင့် ပစ်ခတ်နေမှုကြောင့် စက်တင်ဘာ ၂၂ ရက်နေ့ကတည်းက ထွက်ပြေးခဲ့ရသည့် တနင်္သာရီမြို့နယ် ပြင်ဝန်းရွာရှိ စစ်ဘေးရှောင်များမှာ လက်ရှိအချိန်တွင် စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူများက ပြောကြားသည်။", "ပြင်ဝန်းရွာမှ စစ်ရှောင်များမှာ ရိက္ခာ ၂ ရက်စာခန့်သာ ကျန်တော့သည်ဟု သိရှိရပြီး ထပ်မံ ရောက်ရှိလာသည့် စစ်ဘေးရှောင်များလည်း ရှိနေကြောင်း သိရှိရသည်။", "တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်မှ ပြင်ဝန်းရွာထဲသို့ သက်တင်ဘာ ၂၂ ရက်နေ့တွင် လက်နက်ကြီးများ အများအပြား ပစ်ခတ်ခဲ့၍ ပြင်ဝန်းရွာရှိ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း၊ ရိက္ခာအကူအညီလိုအပ်ချက်များအပြင် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် နေရာထိုင်ခင်းအခက်အခဲများရှိနေပြီး ထပ်မံ တိုးချဲ့သည်များကို လုပ်ဆောင်နေရကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူများက ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာလအတွင်း ကျေးရွာများဘက်သို့ လက်နက်ကြီးများနှင့် နေ့ည မရွေးပစ်ခတ်နေခြင်းဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်ရှိ အမြောက်တပ် ၃၀၆ မှ လက်နက်ကြီးပစ်ခတ်ခဲ့၍ မော်တုန်းရွာရှိ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/10/126857/
သရက်ချောင်းရှိ ရငဲရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီး၊ တနင်္သာရီရှိ မြို့ဟောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
["သရက်ချောင်းရှိ ရငဲရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီး၊ တနင်္သာရီရှိ မြို့ဟောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ယနေ့အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရငဲရွာအတွင်း ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ပထမဆုံး နှစ်ဆောင်အရင်ရှို့တယ်။ မီးခိုးတွေသေချာမြင်ရတယ်။ ထပ်ရှို့ထားသေးတယ်လို့လည်းကြားတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သည့် ပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်သည် ဇွန်လအတွင်း ရငဲရွာကို ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့ကလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ရငဲရွာအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း နေအိမ် ၁၂ ထက်မနည်း ပြာကျခဲ့ကြောင်း သိရသည်။", "ရငဲရွာမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ဇွန်လက စတင်ကာ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး ရငဲအနီးအနားရှိ ဝဲရစ်၊ ကမြိုင်၊ ကျောက်ခမောက် စသည့် ကျေးရွာများမှ ပြည်သူများလည်း နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "ထို့ပြင် တနင်္သာရီမြို့နယ်ရှိ မြို့ဟောင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မော်တုန်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမတ ၃၀၆ အမြောက်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် အချက်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ရာ တပ်ရင်းအနီးရှိတဲ့ မြို့ဟောင်းကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ကိုလာဖွီဒင်ဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။", "ကိုလာဖွီဒင်သည် လက်နက်ကြီးကျည် ထိမှန်ပြီး ဦးခေါင်းပွင့်ထွက်ဒဏ်ရာနှင့် သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသမီး ဖြစ်သူလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် မြို့ဟောင်းရွာသည့် အမြောက်တပ်ရင်းနှင့် ကိုက် ၃၀၀ လောက်ခန့်သာ ကွာဝေးပြီး တပ်ရင်းနှင့် မျက်နှာချင်းဆိုင်၌ရှိသော ကျေးရွာဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မြို့ဟောင်းရွာအပြင် ထုံနွယ်ရွာ၊ အရှေ့စုရွာ၊ အနောက်စုရွာနှင့် အနောက်မော်တုန်းရွာများကိုလည်း ကျရောက်ခဲ့ပြီး လူထိခိုက်မှုအပြင် ဥယျာဉ်ခြံ များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/07/114645/
သရက်ချောင်းရှိ ရငဲရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်၊ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ
["သရက်ချောင်းရှိ ရငဲရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်၊ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ", "ရန်ကုန်၊ ဇူလိုင် ၂၄", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ လယ်ထဲ၌ အလုပ်လုပ်နေသည့် ကျေးရွာသား အမျိုးသား ၄ ဦးဖြစ်သည့် ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဥ်ဦးနှင့် ကိုမဲကျော်တို့ ၄ ဦးကို မြွေတောင်ပေါ်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း စစ်သားများ၏ နှိပ်စက်မှုကြောင့် အသက် ၅၀ ရွယ် ဦးကျော်ဝင်းသည် ဒဏ်ရာ အပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။", "ရငဲရွာ၌ အကြမ်းဖက် စစ်တပ်က ဇွန်လပိုင်းက စတင်ကာ တပ်စွဲထားခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ အချိန်ကြာမြင့်လာသောပြီး မိုးရာသီကာလ ဖြစ်သောကြောင့် ဖျားနာရောဂါများ ခံစားနေရကာ အရေးပေါ် ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ရွာထဲပြန်ဝင်လာသည့် ပြည်သူများကို ဝင်ခွင့်မပေးဘဲ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုများ ပြုလုပ်သောကြောင့် ကျေးရွာနေ ပြည်သူများသည် တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118464/
သရက်ချောင်းရှိ ရငဲရွာအတွင်း စစ်ကား ၂ စီးဖြင့် ဝင်လာသည့် စစ်သားများကို ၂ ကြိမ် တိုက်ခိုက်မှု ၅ ဦးသေဆုံး
["သရက်ချောင်းရှိ ရငဲရွာအတွင်း စစ်ကား ၂ စီးဖြင့် ဝင်လာသည့် စစ်သားများကို ၂ ကြိမ် တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၁၅", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာအတွင်း စစ်ကား ၂ စီးဖြင့် ဝင်လာသည့် စစ်သားများကို ၂ ကြိမ် တိုက်ခိုက်မှု ၅ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ရငဲရွာ အနီးရှိ မြွေတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းကို စစ်ကား ၂ စီးဖြင့် ဆင်းလာသောကြောင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ထိတွေ့တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကစယ်ဒိုကျားတပ်ခွဲ-၂၊ ကစယ်ဒို နယ်မြေခံတပ်ခွဲ-၃နှင့် ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ တို့က ပူးပေါင်း၍ တိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်းသိရသည်။", "ရငဲရွာအနီးရှိ မြွေတောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ရွာထဲရှိ ပြည်သူနေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်ပြန်လာသော ပြည်သူများကို ဖမ်းဆီးခြင်း၊ စိတ်ရောဂါ ခံစားနေရသည့် အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/161534/
သရက်ချောင်း၊ ကနက်သီရိရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး သေဆုံးပြီး ပြည်သူများထိခိုက်ဒဏ်ရာရ
["သရက်ချောင်း၊ ကနက်သီရိရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၂ ဦး သေဆုံးပြီး ပြည်သူများထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၉", "တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိရွာနှင့် အနီးအနားကျေးရွာများကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေး ၂ ဦး သေဆုံးကာ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၈ ရက်နေ့ ညနေ ၅ နာရီအချိန် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်များက ကနက်သီရိကျေးရွာလယ်ကွင်းစပ်မှစ၍ စက်သေနတ်များဖြင့် ပစ်ခတ်လာခဲ့ပြီး ကျေးရွာစာသင်ကျောင်းအနီးအရောက်တွင် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးများ ကျဲချသည့်အတွက် စာသင်ကျောင်းနားရှိ ဘောလုံးကွင်းတွင် ကစားနေသော ကနက်သီရိကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်ပိုင်စိုးသူ နှင့် မောင်ဟိန်းပြည့်ဖြိုးတို့ ၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ပြည်သူများလည်း ရှိကြောင်း Democracy Movement Strike Committee-Dawei မှ တာဝန်ရှိသူက ပြောကြားသည်။", "“ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ဟုတ်ပါတယ်။ တိုက်ပွဲလည်း မရှိသလို တော်လှန်ရေးတပ်တွေ အဲဒီနားလှုပ်ရှားတာမျိုးလည်း မရှိပါဘူးဗျ” ဟု Democracy Movement Strike Committee-Dawei အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်က ကနက်သီရိကျေးရွာနားရှိ ရငဲရွာကိုလည်း လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ရငဲကျေးရွာတိုက်နယ် ဆေးရုံကို ထိမှန်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2025/04/211899/
သရက်ချောင်း၊ ရငဲရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး
["သရက်ချောင်း၊ ရငဲရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၇ အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၀", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၇ အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွာခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် အသက် ၅၀ ကျော် အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲနဲ့ ရငဲရွာကို ဗုံးကျဲ တိုက်ခိုက်တာပါ။ ကလေးငယ် ၁ ဦးနဲ့ ပြည်သူ ၁ ဦး သေဆုံးတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးတာလဲရှိတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ထားဝယ်-မြိတ် ကားလမ်းမပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်းကို ဧပြီလ ၁၈ ရက်နေ့တွင် တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ရှိ ကျေးရွာများကို ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိသည်။"]
https://yktnews.com/2023/06/109057/
သရက်ချောင်း၊ ရငဲရွာသားများကို စစ်တပ်က ရွာထဲ၌ နေထိုင်ရန် ခေါ်ဆောင်ပြီး ပြန်လာသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၊ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ စစ်ရှောင်နေရ
["သရက်ချောင်း၊ ရငဲရွာသားများကို စစ်တပ်က ရွာထဲ၌ နေထိုင်ရန် ခေါ်ဆောင်ပြီး ပြန်လာသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်၊ ကျေးရွာ ၁၁ ရွာမှ ပြည်သူများ စစ်ရှောင်နေရ", "ရန်ကုန်၊ ဇွန် ၂၁", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာသားများကို အကြမ်းဖက် စစ်တပ်က ရွာထဲ၌ နေထိုင်ရန် ခေါ်ဆောင်ပြီး ပြည်လာသူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရငဲရွာသားများကို ကျေးရွာအတွင်း ပြန်လည် နေထိုင်ရန် ပြောဆိုပြီးနောက် ရွာထဲပြန်လာသူများကို စစ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ကြောင်း သိရသည်။", "” ရငဲရွာထဲလာနေထိုင်ပါလို့ စစ်ခွေးတွေက စစ်ရှောင်တွေကို ပြန်ခေါ်နေလို့ ဝင်လာသူတွေကို လိုက်ပစ်သတ်နေတယ်။ အဲတာ ၁၉ ရက်နေ့က ဖြစ်တာ စစ်ရှောင်ရွာက ၁၁ ရွာရှိတယ် တချို့တွေ ပြန်ဝင်တာရှိတယ်။ အခုပြန်ရှောင်နေတာတွေရှိတယ်။ စစ်ခွေးတွေက ရငဲမှာ တပ်စွဲထားတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်သည် ရငဲရွာ အရှေ့ဘက် ဘုရားတောင်တွင် တပ်စွဲနေထိုင်ပြီး အရာရှိဟု ယူဆရသူ ၁ ဦးသည် ရွာအဝင် တံတားအနီးရှိ နှစ်ထပ်တိုက်အိမ်၌ တပ်စွဲထားကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ဝင်းဝ၊ မင်းဒပ်၊ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ကနက်သီရိ စသည့် ကျေးရွာ ၁၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။", "Photo – သရက်ချောင်းမြို့နယ်အတွင်း မိုးထဲရေထဲ စစ်ဘေးရှောင်နေရသော ပြည်သူများ"]
https://yktnews.com/2023/07/111555/
သရက်ချောင်း၊ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူပြီး မြို့ပေါ်၌ ပြန်လည် ရောင်းချနေ
["သရက်ချောင်း၊ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူပြီး မြို့ပေါ်၌ ပြန်လည် ရောင်းချနေ", "ရန်ကုန်၊ ဇူလိုင် ၆", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူသွားပြီး မြို့ပေါ်၌ ပြန်လည် ရောင်းချနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇွန်လပိုင်းက စတင်ကာ သရက်ချောင်းမြို့နယ်၊ ရငဲရွာ ဘုရားတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တက်က ကျေးရွာအတွင်းရှိ ထဘီပါ မကျန် ပြည်သူပိုင် ပစ္စည်းများကို ကားများဖြင့် ခိုးယူပြီး သရက်ချောင်းမြို့ပေါ်၌ ပြန်လည် ရောင်းချ လျက်ရှိကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ရငဲရွာမှ ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငါးခြောက်များ အပါအဝင် အခြေခံ စားသောက်ကုန်များ၊ ချိတ် ထဘီများ၊ အဝတ်အစားများ၊ လဝန်း စတိုးဆိုင်ရှိ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် အသုံးအဆောင် ပစ္စည်း အားလုံးကို ခိုးယူသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ရွာထဲက အိမ်တွေမှာ ဘာမှကို မကျန်တော့တာ အခြေခံ စားကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်ကြက်သွန်၊ ငပိ၊ ငါးခြောက် ကစပြီး ကလေးအဝတ်ပါ မကျန် ခိုးယူနေတာပါ ရငဲရွာမှာရှိတဲ့ လဝန်း စတိုးဆိုင်က ပစ္စည်းတွေ မြန်မာအဝတ်အထည် ချိတ်ပါတိတ် ထဘီတွေ ဘောင်ဘီ၊ စကတ် ၊ အနောက်တိုင်းဝတ်စုံများ. မိန်းကလေး အသုံးအဆောင် မိတ်ကပ်၊ ရေမွှေး၊ ဖိနပ်အဆုံး မှန်ဗီရိုတွေ​ေကော ဆိုင်ကယ်ဖုန်း ၊ လျှပ်စစ် ပစ္စည်းတွေ အကုန်လုံးကို ခိုးပြီး သရင်ချောင်း မြို့ပေါ်မှာ ပြန်ရောင်းတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/07/111256/
သရက်ချောင်း၊ ဥတ္တူရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ပြီး ငွေကျပ် သိန်း ၅၀၀ ကျော်နှင့် ရွှေထည် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွား
["သရက်ချောင်း၊ ဥတ္တူရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ပြီး ငွေကျပ် သိန်း ၅၀၀ ကျော်နှင့် ရွှေထည် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ ဇူလိုင် ၄", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာရှိ နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသွားကြောင်း Dawei information center-2 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထားဝယ်မှဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၆ စီးပါ ယာဥ်တန်းသည် ဥတ္တူရွာအတွင်း ဝင်ရောက်ပြီး ရွာသားတစ်ချို့ကို အကြောင်းမဲ့ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ တန်ဖိုးကြီး ရွှေ၊ ငွေ ပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ လူမရှိသည့် နေအိမ် ၁ လုံးကို ၂ ခါ မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ထဲရှိပစ္စည်းများ အားလုံးပြာကျခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားချိန်၌ ပြည်သူ ၆ ဦးကို​ဖမ်းဆီးသွားပြီး ငွေကျပ်သိန်း ၅၀၀ ကျော်နှင့် ရွှေအများအပြားကို ခိုးယူကာ ထားဝယ်သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။", "သရက်ချောင်းမြို့နယ်၊ ကဇိရွာ၌ အုပ်ချုပ်ရေးမှူး ဦးညိုစိုးသည် နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်၏ ဝါဒဖြန့်ချီရေး Telegram channel များမှ ဥတ္တူရွာအား PDF တပ်ဖွဲ့များဝင်သွားသဖြင့် ၎င်းရွာအား ထိထိရောက်ရောက် နယ်မြေရှင်းလင်းပေးပါရန် အကြမ်းဖက် စစ်တပ်ထံ ကူညီတောင်းခံစာများရေးသားပြီးနောက် အကြမ်းဖက် စစ်တပ်က ဥတ္တူရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88551/
သရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးစေခဲ့သော ဆင်ကော်ရဲစခန်းတိုက်ခိုက်မှု သရက် PDF လက်ချက်ဟု ကြေညာ၊ ရွှေဘိုတွင် ပျူစောထီး ၁ ဦးသေဆုံး
["သရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးစေခဲ့သော ဆင်ကော်ရဲစခန်းတိုက်ခိုက်မှု သရက် PDF လက်ချက်ဟု ကြေညာ၊ ရွှေဘိုတွင် ပျူစောထီး ၁ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "မကွေးတိုင်း၊ သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးစေခဲ့သော ယနေ့ ဆင်ကော်ရဲစခန်းတိုက်ခိုက်မှုနှင့်စစ်ကူစစ်ကြောင်းကို မိုင်းဆွဲမှု သရက် PDF လက်ချက်ဖြစ်ကြောင်း သရက် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန် သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို ၄၀ မမ ဗုံးပစ်လောက်ချာနှင့် ၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ၂ လုံးကျရောက်ပေါက်ကွဲပြီး စခန်းမှူး၊ ဒုရဲအုပ်နှင့် ဒုတပ်ကြပ် ၃ ဦး သေကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သရက်ခရိုင် PDF တပ်ရင်း-၄ (Eagle Force) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "“ကျွန်တော်တို့ ဒီနေ့ ဆင်ကော်ရဲစခန်းကို ၄၀ နဲ့ ပစ်ရာမှာ ၃ ချက်ပစ်တာပေါ့နော် ။ ၁ လုံး ကျော်ကျတယ်။ ၂ လုံး စခန်းထဲကျပြီး ကွဲတယ်။ အဲဒီမှာ ရဲ ၃ ဦး နေရာမှာတင် ဒုတပ်ကြပ်ရယ်၊ ဒုရဲအုပ်ရယ် သေပြီးတော့ စခန်းမှူးနဲ့ နောက်ထပ် ၃ ဦး၊ စုပေါင်း ၄ ဦးက ဒဏ်ရာနဲ့ ဆေးရုံသွားရာမှာ စခန်းမှူးက လမ်းမှာသေတယ်လို့ သိရတယ်။ ဒါကြောင့် ၃ ဦးသေပြီး ၃ ဦး ဒဏ်ရာရတယ်လို့ သိရတယ်” ဟု သရက်ခရိုင် PDF တပ် ရင်း-၄ (Eagle Force) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီ ကပစ ၁၂ မှ အင်အား ၂၅ ဦးခန့်ပါ Light Truck ကားကိုလည်း ပုဏ္ဏားရွာနှင့် တွင်းလည်ရွာကြားတွင် ပူးပေါင်းအဖွဲ့မှ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဝင် ၅ ဦးခန့်သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "“အဲဒီကို စစ်ကူလာတဲ့ စစ်ကောင်စီ ၂၅ ယောက်ခန့်ပါတဲ့ Light Truck ကားကို မိုင်းဆွဲတာတော့ ၅ ယောက် သေတယ်လို့ သိရှိရတယ်။ ထိခိုက် ဒဏ်ရာရတာတွေနဲ့ ဒီဆေးရုံတွေမှာတော့ ရောက်ရှိနေတာတွေ ရှိတယ်လို့ သိရပါတယ်” သရက်ခရိုင် PDF တပ်ရင်း-၄ (Eagle Force) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။", "တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၄ တပ်ရင်းနှင့် မိုးကြိုးပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။", "ထို့ပြင် မင်းတုန်းမြို့နယ် မင်းတုန်းမြို့တွင်လည်း ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ၅၅ မိုင် စစ်ဆေးရေးဂိတ်ကို ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့အတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘိုးနတ်တောင်နှင့် တောင်လှတောင်ပေါ်သို့ ရောက်ရှိ တပ်စွဲနေသော အ ကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက် ပါဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Wetlet Revolution Front တပ်ဖွဲ့ ဗဟို ပြန်ကြား ရေး တာဝန်ခံ ရဲဘော် လွန်းညီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက ရွှေဘိုမြို့နယ်၊ မခေါက်ကျေးရွာနှင့် ဟင်္သာကြီးကျေးရွာမှ အကြမ်း ဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအင်အား ၅၀ ခန့်သည် ရွှေဘိုမြို့နယ် အရှေ့ခြမ်း၊ ကုလားမ လက် ကောက်ကျေးရွာ အနောက်ဘက်ရှိ ဘိုးနတ်တောင်နှင့် တောင်လှတောင်ပေါ်သို့ ရောက်ရှိနေရာယူထား သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "“ ပျူစောထီးနဲ့ စစ်သားနဲ့ပူးပေါင်းထားတဲ့တပ်တွေ၊ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်ကြတာ၊ ကျနော် တို့ရဲဘော်တွေက စနိက်ပါနဲ့တစ်ချက်ပစ်တယ်၊ အဲဒီမှာ ပျူတစ်ကောင်ထီမှန်သွားပြီး သေသွားတာ၊ စစ်ခွေးတွေဘက်လက်နက်ကြီးနဲ့ပစ်လို့ အိမ်တစ်လုံးထိမှန်ပြီး မီးလောင်သွားတာရှိတယ်၊ မနေ့က (ဖေဖော်ဝါရီလ ၁၉) ကလည်းကျနော်တို့ဘက်နေလက်နက်ကြီးသွားပစ်ခဲ့သေးတယ်၊ အထိအခိုက်အကျ အဆုံးကတော့ ရှိနိုင်တယ်လို့ပဲ ပြောလို့ရတာ” ဟု Wetlet Revolution Front တပ်ဖွဲ့ ဗဟိုပြန်ကြားရေး တာဝန်ခံ ရဲဘော် လွန်းညီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှား စစ်ဒေသ)ရဲဘော်များနှင့် Brave Brothers တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/75773/
သရက်မြို့နယ်တွင် GTI ကျောင်းသားကျောင်းသူ ၃ ဦး ဧရာ၀တီမြစ်အတွင်း ရေနစ်သေဆုံး
["သရက်မြို့နယ်တွင် GTI ကျောင်းသားကျောင်းသူ ၃ ဦး ဧရာ၀တီမြစ်အတွင်း ရေနစ်သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "မကွေးတိုင်း၊ သရက်မြို့နယ်တွင် GTI ကျောင်းသားကျောင်းသူ ၃ ဦး ဧရာ၀တီ မြစ် အတွင်း လှေစီးခြင်း၊ ရေကူးကြရာမှ ရေနစ်သေဆုံးကြောင်း ဒေသ ပရဟိတ အဖွဲ့နှင့် ပြည်သူများက ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲကျော်အချိန်တွင် GTI ကျောင်းသား ကျောင်းသူ ၈ ဦးသည် လှေစီး၍ မြစ်အတွင်း ရေဆင်းကူးကြရာမှ ကျောင်းသား ကျောင်းသူ ၃ ဦး ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။", "” GTI ကျောင်းသား မောင်သီဟစိုး၊ ကျောင်းသူ မချောသရဖူစိုး၊ ကျောင်းသူ မမေမြတ်နိုးဝေ ၃ ဦးလုံး ရေနစ်ဆုံးပါးပါတယ်။ ရေက ကျရေ ဖြစ်တော့ ရေစီး လည်း သန်နေတဲ့အချိန်ဖြစ်တာ။ ညနေမှ အလောင်းပြန်ရှာတွေ့တယ်။ သူတို့ က ဧရာ၀တီမြစ်အလယ် ရေလယ်မှာ ကျွန်းတွေပေါ်တဲ့နေရာကို လှေစီးပြီး ရေသွားဆော့ကြတာ။ နည်းနည်းလည်း သောက်ထားကြတယ်ထင်ပါတယ်။ အပျော်လွန်တဲ့သဘောပြောရမှာပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/88519/
သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၊ ရဲနှင့်စစ်သား ၈ ဦးဒဏ်ရာပြင်းထန်
["သရက်မြို့နယ်၊ ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး၊ ရဲနှင့်စစ်သား ၈ ဦးဒဏ်ရာပြင်းထန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "မကွေးတိုင်း၊ သရက်မြို့နယ်၊ ဆင်ကော်နယ်မြေ ရဲစခန်း ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ရဲနှင့်စစ်သား ၈ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ဆင်ကော်ရဲစခန်းကို လက် နက်ကိုင်တပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ဆင်ကော်ကျေးရွာအနီးပတ်ဝန်းကျင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားကြောင်း ၊ လက်ရှိတွင် စစ်တပ်က စစ်ကူများဖြင့် ဆင်ကော်ရဲစခန်းကို အားဖြည့်ပြီး ဆင်ကော်ကျေးရွာ ပတ်ဝန်း ကျင် တစ်ခုလုံးကို ပိတ်ဆို့ ထားကြောင်း သိရှိရသည်။", "” သရက်ဆေးရုံ၊ ရင်ခွဲရုံ ကိုအလောင်း ၄ လောင်းရောက်လာပါတယ်။ ဗိုလ်ကြီး ၁ ဦး၊ ဒုရဲအုပ် ၁ ဦး၊ တပ် သား ၁ ဦး၊ စစ်ကား မောင်းပေးတဲ့ ကားသမား ၁ ဦး စုစုပေါင်း ၄ လောင်းရောက်ပါတယ်။ ရဲ ၁ ဦးနဲ့ စစ်သား ၈ ဦး ဒဏ်ရာတွေနဲပ ဆေးကုသမှု ခံယူနေကြရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။", "ဓာတ်ပုံ- သရက်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က လက်နက်ပစ်ခတ်နည်းသင်တန်းပေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)"]
https://yktnews.com/2023/02/84631/
သရက်မြို့နှင့် ကံမမြို့တွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်
["သရက်မြို့နှင့် ကံမမြို့တွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "မကွေးတိုင်း၊ သရက်မြို့နှင့် ကံမမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/02/86373/
သရက်မြို့ရှိ စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၁၂ နှင့် ရေမျက်ကျေးရွာရဲစခန်း ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်
["သရက်မြို့ရှိ စစ်ကောင်စီ၏ လက်နက်စက်ရုံ ကပစ ၁၂ နှင့် ရေမျက်ကျေးရွာရဲစခန်း ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "မကွေးတိုင်း သရက်မြို့ရှိ သရက်မြို့ ကပစ ၁၂ ကို ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၂ နာရီ ၅၀ မိနစ်အချိန်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သရက်ခရိုင်တပ်ရင်း ၄(Eagle Force) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "ထို့ပြင် သရက်မြို့ရှိ ရေမျက်ကျေးရွာရဲစခန်းကိုလည်း နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ဒရုန်းဖြင့် ဗုံးသီး တစ်လုံးချ၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "“သေဆုံးမှု စုံစမ်းဆဲပါ။ သူတို့ဘက်က ပြန်ပစ်ခတ်တာ မရှိပါဘူး ။ (ဒရုန်းဗုံးသီး) စခန်းဝိုင်းထဲကို ကျခဲ့ပါတယ်” ဟု သရက်ခရိုင်တပ်ရင်း ၄ (Eagle Force) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2025/02/204442/
သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ
["သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကား မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၄ ဦး အပါအဝင် ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "မကွေးတိုင်း၊ သရက်မြို့၊ ကပစ ၁၂ မှ လက်နက်ခဲယမ်းများ သယ်ဆောင်သော စစ်ကားတစ်စီးသည် ယမန်နေ့ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ စစ်သား ၂ ဦး အပါအဝင် လမ်းသွားလမ်းလာ ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရရှိကြောင်း သရက်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း သရက်မြို့ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ ၁၂ )မှ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော စစ်ကားသည် မင်းလှအရောက်တွက် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ စစ်ကားပေါ်တွင် စစ်သား ၈ ဦး လိုက်ပါပြီး နောက်ခန်းတွင် လိုက်ပါသော စစ်သား ၆ ဦးအနက်မှ ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးကာ ကျန် ၄ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ကပစ ၁၂ ကနေ လက်နက်ခဲယမ်းတွေ သွားပို့ဖို့ ထွက်သွားတာ။ မင်းလှနားအရောက်မှာ ပေါက်ကွဲမှုဖြစ်တယ်။ မတော်တဆ ပေါက်ကွဲမှုလို့တော့​ပြောတယ်။ ကားနောက်ခန်းမှာ လိုက်လာတဲ့ စစ်သား ၆ ဦးမှာ ၂ ဦးသေတယ်။ ၄ ဦးက အတော် ဒဏ်ရာ အပြင်းအထန်ရတယ်။ ရှေ့ခန်းက ၂ ဦးကတော့ ဘေးကင်းတယ်” ဟု သရက်မြို့မှ ပြည်သူက ရှင်းပြသည်။", "အဆိုပါပေါက်ကွဲမှုအတွင်း လမ်းသွားလမ်းလာ ပြည်သူတချို့ပါ ထိခိုက်ဒဏ်ရာရရှိပြီး မစိုးရိမ်ရကြောင်း၊ အပြင်းအထန် ဒဏ်ရာရရှိထားသော စစ်သား ၄ ဦးမှာ မင်းလှ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော စစ်ကားကို ပြန်လည် သယ်ယူသွားပြီဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်က အသုံးပြုနေသည့် ခေတ်ဟောင်းစစ်ကားတချို့။"]
https://yktnews.com/2023/10/125097/
သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး မြောက်ဒဂုံ၊ တောင်ဒဂုံတွင်လည်း ဗုံးများပေါက်ကွဲ
["သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး မြောက်ဒဂုံ၊ တောင်ဒဂုံတွင်လည်း ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ အောက်တိုဘာ ၃", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သန်လျင်ရေတပ်ဝင်း၊ မင်္ဂလာဒုံမြို့နယ်၊ လေတပ်အနီးတို့တွင် ယနေ့ ညပိုင်း ပေါက်ကွဲသံတချို့ထွက်ပေါ်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီအချိန် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ Water Boom အနီး ရေတပ်ဝင်းအနီးတွင် ပေါက်ကွဲသံတစ်ချက် ကျယ် လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သာကေတမြို့နယ်မှ ပြည်သူတချို့ ပြောဆို သည်။", "“ပေါက်ကွဲသံကတော့ အတော်ကို ကျယ်ပါတယ်။ ည ၉ နာရီပေမယ့် လမ်းပေါ် မှာ ကား၊ လူသိပ်မရှိတော့ဘူး။ အဲဒီအချိန်ပေါက်တာ။ ရေတပ်ဝင်းနားပဲ” ဟု သာကေတမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။", "အလားတူ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်အချိန် မင်္ဂလာဒုံ မြို့နယ် ၊ လေတပ်ဝင်းအနီးတွင် ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ ကြောင်း ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။", "“မင်္ဂလာဒုံ လေတပ်နားမှာ ဒီည ၁၀ နာရီ ၁၁ မိနစ်မှာ ပေါက်ကွဲသံကြားရတယ်။ ကြားရတဲ့ကတော့ ကျယ်ပေမယ့် အုပ်ပြီးထွက်လာတဲ့အသံမျိုးပဲ။ ကျယ်တာ တော့တော်တော်ကျယ်တယ် ။ ဟိုးအရင် ရှော့တိုက်ဒုံးပစ်သလိုတော့ အသံမ ကျယ်ဘူး။ မပြင်းဘူး။ မြေကြီးတုန်ခါမှုလည်းမရှိဘူး။ အရင်တစ်ခေါက်တုန်းက တော်တော်ပြင်းတယ်။ ပေါက်ကွဲတာက မင်္ဂလာဒုံ လေတပ်စခန်းနား လို့ထင် တယ်” ဟု မင်္ဂလာဒုံလေတပ်အနီး နေထိုင်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ယနေ့ ည ၁၀ နာရီအချိန်တွင် တောင်ဒဂုံတွင်လည်းကောင်း၊ မြောက်ဒဂုံ တွင်လည်းကောင်း ပေါက်ကွဲသံများ အသီးသီးထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကားတစ်စီး။(ပုံအဟောင်းဖြစ်သည်။ )", "Photo- AFP"]
https://yktnews.com/2023/03/92927/
သာကေတတွင် PDF က ပစ်ခတ်သည့် ရဲ ၃ ဦးစလုံး သေပြီ
["သာကေတတွင် PDF က ပစ်ခတ်သည့် ရဲ ၃ ဦးစလုံး သေပြီ", "ရန်ကုန်၊ မတ် ၁၇", "ရန်ကုန်တိုင်း၊ သာကေတတွင် နာမည်ဆိုးဖြင့် ကျော် ကြား သော နယ်ထိန်းရဲ စောလေး ဖော အပါအဝင် ရဲ ၃ ဦးပစ်ခတ်ခံရပြီး ၃ စလုံး ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်း အရှေ့ မိတ္တူဆိုင်တွင် ရှိနေသော ရဲ ၃ ဦးကို သေနတ်သမား များ ကဝင်ရောက်ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲ စောလေး ဖောမှာ ပွဲချင်းပြီး သေဆုံးပြီး ဂတ်စာရေးရဲတစ်ဦးမှာလည်း ရင်ဘတ် ကျည်ထိမှန်ထားကာ သေဆုံးခဲ့ကြောင်း၊ အခြားရဲတပ်သားအသစ်မှာလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ရဲတပ်ကြပ် နယ်ထိန်းနဲ့ ဂတ်စာရေးရဲလည်း ပွဲချင်းပြီးပဲ။ နောက်ထပ် ရဲအသစ်ကတော့ သင်တန်းတောင် မတက်ရသေးဘူး သေတယ်။ လက်ရှိအထိ ပစ်ခတ်သူတွေ လွတ်မြောက်ပါတယ်။ ဒီညတော့ သာကေတမှာ ရဲနဲ့စစ်သားတွေ ဧည့်စာရင်း စစ်ဖို့များပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။"]
https://yktnews.com/2023/02/88376/
သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊ လက်နက်ကိုင် နေမျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သာကေတ တစ်မြို့နယ်လုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေ
["သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊ လက်နက်ကိုင် နေမျိုးအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ သာကေတ တစ်မြို့နယ်လုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်ပြီး စစ်တပ် သတင်းပေး လုပ် ဆောင်နေသူ လူမိုက် ပျူစောထီး၊ မဘသ လက်နက်ကိုင် နေမျိုးအောင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်အချိန် ခိုင်ရွှေဝါလမ်းမကြီးပေါ် သောက်ရေကန်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူမိုက် ထောင်ထွက် နေမျိုးအောင်သည် မဘသ၊ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်သူဖြစ်‌ပြီး ရပ်ကွက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ သာကေတတွင် စစ်တပ်ထောက်ခံသူနှင့် မဘသ တင်လင်းထိုက် လူမိုက် နဂါးလေး၊ လူမိုက် ဝင်းထွဋ်ဝင်းတို့နှင့်အတူ နေမျိုးအောင်က ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့ ဖွဲ့၍ PDF များကို ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ ပြည်သူလူထုကို ရမ်းကား ဖိနှိပ်ခြင်းပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။", "“ပစ်ခံရတာက ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။ သူနေတာက သာလ္လာဝတီ ၁၃ရပ်ကွက် ၂လမ်းဘက်မှာနေတာ။ ခိုင်ရွှေဝါ လမ်းဘက်က သူတို့ ကျက်စားတဲ့ဂွင်တွေ။ နေမျိုးအောင်က ထောင်ထွက် လူမိုက်၊ မဘသ ၊ စစ်တပ်ထောက်ခံသူလည်းဖြစ်တယ်။ လက်နက်လည်းရှိတယ် သူ့မှာ။ ရပ်ကွက်နဲ့ ပြည်သူတွေကို ဒုက္ခပေးနေသူ”ဟု သာကေတပြည်သူတစ်ဦးက ပြောသည်။", "လက်ရှိတွင် စစ်တပ်က သာကေတတစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ၊ သာကေတမြို့နယ်အတွင်းရှိ ကမာကြည်တံတားသာကေတအဝိုင်း၊ ရွှေပုစွန်၊ ရှုခင်းသာ၊ ၁ စျေးကွေ့နား တို့တွင် ပိတ်ဆို့ စစ်ဆေးနေကြာင်း သိရှိရသည်။"]
https://yktnews.com/2023/02/88430/
သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊ လက်နက်ကိုင် နေမျိုးအောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အလောင်း ရင်ခွဲရုံရောက်ရှိ
["သာကေတတွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်သည့် လူမိုက်၊ ပျူစောထီး၊ မဘသ၊ လက်နက်ကိုင် နေမျိုးအောင် ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် အလောင်း ရင်ခွဲရုံရောက်ရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် PDF များကို ဖမ်းဆီးရာတွင် ပါဝင်ပြီး စစ်တပ် သတင်းပေး လုပ် ဆောင်နေသူ လူမိုက် ပျူစောထီး၊ မဘသ လက်နက်ကိုင် နေမျိုးအောင် ယနေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီ ၁၈ မိနစ်အချိန် ခိုင်ရွှေဝါလမ်းမကြီးပေါ် သောက်ရေကန်အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ လူမိုက် ထောင်ထွက် နေမျိုးအောင်သည် မဘသ၊ အမျိုးသားရေး အစွန်းရောက်များနှင့် စစ်တပ်ထောက်ခံပွဲများတွင် ပါဝင်သူဖြစ်‌ပြီး ရပ်ကွက်ကို ခြိမ်းခြောက်နေသူဖြစ်ကြောင်း၊ သာကေတတွင် စစ်တပ်ထောက်ခံသူနှင့် မဘသ တင်လင်းထိုက် လူမိုက် နဂါးလေး၊ လူမိုက် ဝင်းထွဋ်ဝင်းတို့နှင့်အတူ နေမျိုးအောင်က ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့ ဖွဲ့၍ PDF များကို ဖမ်းဆီးခြင်း၊ သတင်းပေးခြင်း၊ ပြည်သူလူထုကို ရမ်းကား ဖိနှိပ်ခြင်းပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။", "“ပစ်ခံရတာက ဦးခေါင်းထိပြီး ပွဲချင်းပြီးသေတယ်။ သူနေတာက သာလ္လာဝတီ ၁၃ရပ်ကွက် ၂လမ်းဘက်မှာနေတာ။ ခိုင်ရွှေဝါ လမ်းဘက်က သူတို့ ကျက်စားတဲ့ဂွင်တွေ။ နေမျိုးအောင်က ထောင်ထွက် လူမိုက်၊ မဘသ ၊ စစ်တပ်ထောက်ခံသူလည်းဖြစ်တယ်။ လက်နက်လည်းရှိတယ် သူ့မှာ။ ရပ်ကွက်နဲ့ ပြည်သူတွေကို ဒုက္ခပေးနေသူ”ဟု သာကေတပြည်သူတစ်ဦးက ပြောသည်။", "လက်ရှိတွင် စစ်တပ်က သာကေတတစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ၊ သာကေတမြို့နယ်အတွင်းရှိ ကမာကြည်တံတားသာကေတအဝိုင်း၊ ရွှေပုစွန်၊ ရှုခင်းသာ၊ ၁ စျေးကွေ့နား တို့တွင် ပိတ်ဆို့ စစ်ဆေးနေကြာင်း သိရှိရသည်။", "ယနေ့ ညနေပိုင်းတွင် သာကေတ လူမိုက် နေမျိုးအောင်၏ အလောင်း ရင်ခွဲရုံသို့ ရောက်ရှိလာကြောင်း သိရှိရသည်။", "(Facebook ၏ လူမှုကွန်ရက် စံချိန်စံညွှန်းများအရ ဖော်ပြနိုင်ခြင်းမရှိသော ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2023/01/81143/
သာကေတတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ရန် တက်ကြွ ဦးဆောင် ရာအိမ်မှူး ထွန်းထွန်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး
["သာကေတတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ရန် တက်ကြွ ဦးဆောင် ရာအိမ်မှူး ထွန်းထွန်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သလ္လာ၀တီ ၁ လမ်းတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေသန်းခေါင်စာရင်း ကောက်ရန် တက်ကြွ ဦးဆောင် ရာအိမ်မှူး ထွန်းထွန်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ထွန်းထွန်းဝင်း သည် ပစ်ခတ်ခံရသည့် ဒဏ် ရာ ဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ထွန်းထွန်းဝင်းသည် ၁၀ တောင် ၁၄ ရပ်ကွက် ရာအိမ်မှူးဖြစ်ကြောင်း၊ စစ်တပ်က ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေး ကောက် ပွဲအတွက် လူဦးရေ သန်းခေါင်းစာရင်း ကောက်ယူမှုများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်နေသူဖြစ်ကြောင်း သိရှိရသည်။", "“အခုထက်ထိ သာကေတထဲမှာ စစ်ခွေးနဲ့ ရဲခွေးတွေ ပတ်နေတုန်းပဲ။ မနက် ရာအိမ်မှူးကို ပစ်သွားတဲ့သူတော့ မမိသေးဘူးလို့ ကြားတယ်” ဟု သာကေတမြို့နယ်၊ ဝက်စုတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။", "အကြမ်းဖက် စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်က လူဦးရေ သန်းခေါင် စာရင်း ကောက်ယူမှုသည် ရွေးကောက်ပွဲတစ်ခုတည်းအတွက်မဟုတ်ဘဲ PDF များကို ဖော်ထုတ် ဖမ်းဆီးရန်နှင့် သတင်းရယူစုဆောင်းရန် ဖြစ်ကြောင်း တရား ဝင် အမိန့် ထုတ်ပြန်ညွှန်ကြားထားခြင်းဖြစ်သည်။", "ဓာတ်ပုံ- သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။", "Photo- EEN ။"]
https://yktnews.com/2023/03/93118/
သာကေတတွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ရဲ ၃ ဦးအနက်မှ ရဲတပ် စာ ရေး စိုးဝင်းနိုင် နာရေးဖိတ်စာတွင် ရာထူးနှင့်အိမ်လိပ်စာ မထည့်၊ စစ်တပ်က သံသယဖြင့် ပြည်သူအများအပြားကို ဖမ်းဆီးနှိပ်စက်နေ
["သာကေတတွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ရဲ ၃ ဦးအနက်မှ ရဲတပ် စာ ရေး စိုးဝင်းနိုင် နာရေးဖိတ်စာတွင် ရာထူးနှင့်အိမ်လိပ်စာ မထည့်၊ စစ်တပ်က သံသယဖြင့် ပြည်သူအများအပြားကို ဖမ်းဆီးနှိပ်စက်နေ", "ရန်ကုန်၊ မတ် ၁၈", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ရဲ ၃ ဦး အနက်မှ ရဲတပ်ကြပ်ကြီး စာရေး စိုးဝင်းနိုင်၏ နာရေး ဖိတ်စာတွင် ရာထူးလုံး၀ မထည့်ဘဲ အရပ်သားပုံစံဖြင့်သာ ဖိတ်စာဝေကြောင်း ရန်ကုန် ကင်းထောက် အဖွဲ့ Eagle News နှင့် ဒေသပြည်သူတချို့ထံမှ သိရှိရသည်။", "မတ်လ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်း အရှေ့ မိတ္တူဆိုင်တွင် ရှိနေသော ရဲ ၃ ဦးကို သေနတ်သမား များ ကဝင် ရောက်ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲ စောလေး ဖော မှာ ပွဲချင်းပြီး သေဆုံးပြီး ဂတ်စာရေးရဲ စိုးဝင်းနိုင်မှာလည်း ရင်ဘတ် ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ အခြားရဲတပ်သားအသစ်မှာလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရဲတပ်ကြပ် စာရေး စိုးဝင်းနိုင်၏ နာရေး ဖိတ်စာတွင် အသုဘချသည့်နေ့ကို ထည့် သွင်းထားခြင်းမရှိဘဲ နာရေး အသုဘအခမ်းအနား လာရောက်ရန် ဖိတ်ခေါ် ထား ခြင်းမရှိကြောင်း၊ နာရေး ရက်လည်အတွက် အိမ်လိပ်စာကိုလည်း ထည့် သွင်း ထားခြင်းမရှိသည်ကို မြင်တွေ့ရသည်။", "ယမန်နေ့ ရဲ ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးမှုအတွက် သာကေတတွင် စစ်တပ်က ရမ်းကား ဖမ်းဆီးမှုများ လုပ်ဆောင်နေ ကာ ပြည်သူများကို စစ်ဆေး ဖမ်းဆီး မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“ပစ်ခတ်ခံရတဲ့ အနားမှာ ရှိနေတဲ့ ထမင်းကြော်ရောင်းတဲ့သူနဲ့ ဆိတ်ကလီစာ ထုတ်ထိုး ရောင်းတဲ့သူ ဖမ်းခေါ်သွားပြီး စစ်ဆေးမေးမြန်း ခံရတယ်။ အလောင်း ဓာတ်ပုံတွေ ခေတ်သစ်မှာ ဖော်ပြလို့ မနေ့ ည ၁၁ နာရီမှာ သာကေတ ၈ ရပ်ကွက် မိုးစက် ပရဟိတ အသင်းဥက္ကဋ္ဌ အိမ်ကို စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ဖမ်းခေါ်သွားတယ်။ အလောင်းသယ်တာက မိုးစက်ပရဟိတကလို့ ပြောတယ်။ ကျန်တဲ့ လူတွေလည်း ဆက်တိုက်ပဲ ဖမ်းနေတာ။ မသင်္ကာသူမှန်သမျှ ဖမ်းနေ တာပါ။ လူမိုက် ပျူစောထီး နေမျိုးအောင်အသတ်ခံရတုန်းကလည်း ဓာတ်ပုံတွေ ခေတ်သစ်မှာ တက်လာလို့ အခု အဲဒီလို မတက်အောင် အကုန်ပုံတွေ လိုက်ဖျက် ခိုင်းတာမှာ သေတဲ့ပုံတွေ ထပ်တက်လာလို့ အဖမ်းခံရတာလို့ ပြောတယ်။ ခေတ် သစ် ကို ပုံပို့တယ်လို့ ယူဆတာလည်းဖြစ်နိုင်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦး က ပြောသည်။"]
https://yktnews.com/2023/03/93247/
သာကေတတွင် ပြည်သူ ၂ ဦးကို မဘသနှင့်ပျူစောထီးအဖွဲ့က ပစ်သတ်
["သာကေတတွင် ပြည်သူ ၂ ဦးကို မဘသနှင့်ပျူစောထီးအဖွဲ့က ပစ်သတ်", "ရန်ကုန်၊ မတ် ၁၉", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ရဲစိန်နှင့် ရန်ဖြစ်ခဲ့ ဖူးသူ ပြည်သူ ၂ ဦးကို မဘသနှင့်ပျူစောထီး တင်လင်းထိုက်၏အဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း ဒေသပြည်သူတချို့က ပြောသည်။", "မတ်လ၁၉ ရက်နေ့ ည ၇ နာရီအချိန် သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ ဧရာဝဏ် လမ်းနှင့် န၀ရတ်လမ်းထောင့် သာသနာ့ရိက္ခတ ဓမ္မာရုံဘေးတွင် ဖွင့်လှစ် ထား သော ရေခဲဆိုင်တွင် ကြံရည်ကြိတ်နေသူ ၂ ဦးကို မဘသနှင့် ပျူစောထီး တင်လင်းထိုက်၏ အဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း သိရှိရသည်။", "“အပစ်ခံရသူ ၂ ဦး ။ ဓမ္မာရုံဘေး ရေခဲဆိုင်မှာ အအေးရောင်းနေတဲ့ အအေး ဆိုင်ပိုင်ရှင် ကိုညိုကြီးနဲ့ ကိုဖြိုးဝေအောင်တို့ကို လာပစ်သွားတာ။ နှစ်ဦးစလုံး သေပါတယ်။ ပစ်သွားတဲ့အဖွဲ့က တင်လင်းထိုက် ဦးဆောင်တဲ့ မဘသနဲ့ ပျူစောထီးအဖွဲ့က အဖွဲ့ဝင်တွေ ။ အဲဒီ အအေးဆိုင်ပိုင်ရှင်က မဘသ ပျူစောထီး အဖွဲ့ဝင် ရဲစိန်နဲ့ ရန်ဖြစ်ဖူးတယ်။ မနှစ်က ဒီဇင်ဘာလမှာ ပျူစောထီး ရဲစိန် အပစ်ခံ ရတာ ကိုညိုကြီးတို့ လက်ချက်ဆိုပြီး သတင်းဖြန့်နေတာ။ အခု တင်လင်းထိုက်အဖွဲ့က ဝင်ပစ်သွားတာ” ဟု သာကေတ သတင်းရင်းမြစ်က ပြောသည်။", "မဘသနှင့်ပျူစောထီးအဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂ ဦးသည် သာမန် ပြည်သူများသာဖြစ်ပြီး သတင်းပေး ဒလန်လည်း မလုပ်ကြောင်း၊ ရိုးရိုးသားသား အအေးရောင်းနေသူများဖြစ်ကြောင်း၊ ပျူစောထီး အဖွဲ့ဝင် ရဲစိန်နှင့် ရန်ဖြစ်ဖူး၍ ရန်ငြိုးကြောင့် မကြာခဏဆိုသလို အကြိမ်းခံနေရရာမှ နောက်ဆုံးတွင် ပစ်သတ် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၈ ရပ် ကွက်၊ နဝရတ် (၁) လမ်းထိပ် တွင် ပျူစောထီး ရဲစိန် ပစ်ခတ်ခံရပြီး ဒဏ်ရာရ ရှိခဲ့သည်။"]
https://yktnews.com/2025/03/208169/
သာကေတတွင် ရွှေဆိုင်ဖွင့်ရန် သွားစဉ် ပြန်ပေးဆွဲခံရသည့် ရွှေဆိုင်ပိုင်ရှင် ဒေါ်စန္ဒာလင်း ပြန်လည်လွတ်မြောက်လာသော်လည်း ရွှေငွေများ လုယက်ခံရ
["သာကေတတွင် ရွှေဆိုင်ဖွင့်ရန် သွားစဉ် ပြန်ပေးဆွဲခံရသည့် ရွှေဆိုင်ပိုင်ရှင် ဒေါ်စန္ဒာလင်း ပြန်လည်လွတ်မြောက်လာသော်လည်း ရွှေငွေများ လုယက်ခံရ", "ရန်ကုန်| မတ် ၁၉", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ရွှေဆိုင်ဖွင့်ရန် သွားစဉ် ပြန်ပေးဆွဲခံလိုက်ရသည့် ရွှေဆိုင်ပိုင်ရှင် ဒေါ်စန္ဒာလင်း ပြန်လည်လွတ်မြောက်လာသော်လည်း ရွှေငွေများ လုယက်ခံလိုက်ရကြောင်း သိရှိရသည်။", "ယမန်နေ့ မတ်လ ၁၈ ရက်နေ့က ရန်ကုန်တိုင်း သာကေတမြို့မှာ ပြန်ပေးဆွဲခံခဲ့ရသည့် ရွှေဆိုင်ပိုင်ရှင် ရခိုင်အမျိုးသမီး ယနေ့ မတ်လ ၁၉ ရက် နေ့လယ်တွင် ပြန်လည် လွတ်မြောက်လာကြောင်း ၊ ရွှေဆိုင်ပိုင်ရှင် ဒေါ်စန္ဒာလင်းမှာ ရခိုင်ပြည် မာန်အောင်မြို့နယ် သိမ္ဗလကျေးရွာ ဇာတိဖြစ်ပြီး ရန်ကုန်တိုင်း သာကေတမြို့နယ် တူပါရုံ ၂၂ လမ်းတွင် နေထိုင်သူဖြစ်ပြီး ရွှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။", "ယမန်နေ့ အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်း သာကေတမြို့နယ် အမှတ် ၁ ဈေးတွင် ဖွင့်လှစ်ထားသည့် လင်းလက်ရွှေစင် ရွှေဆိုင်ကို ဆိုင်ဖွင့်ရန် သွားရောက်စဉ် ထူပါရုံ ၂၂ လမ်းထိပ်အရောက်တွင် မျက်နှာဖုံးစွပ် လူ ၄ ဦးက Alphard ကားအဖြူရောင် ကားတစ်စီးဖြင့် ပြန်ပေးဆွဲသွားခြင်းဖြစ်သည်။", "“မစန္ဒာလင်း ဒီနေ့ နေ့လယ်က ပြန်လွတ်လာပါတယ်။ လူအထိအခိုက်မရှိဘဲ ပြန်လွတ်လာပါတယ်။ ငွေတွေ၊ ပစ္စည်းတွေက ယူထားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်အန္တရာယ်မရှိဘဲ ပြန်လွတ်လာတော့ ဝမ်းသာပါတယ်။ ပြန်ပေးဆွဲတဲ့ သူတွေကို ရဲတွေက ရှာနေပါတယ်။ မနက်ဖြန်မှ စခန်းမှာ ရှင်းရမှာဖြစ်ပါတယ်။ အဲဒီအခါကျမှာ အကြောင်းစုံကို သိရမှာပါ” ဟု ဒေါ်စန္ဒာလင်းနှင့် နီးစပ်သူက ပြောသည်။", "ဒေါ်စန္ဒာလင်းနှင့် အတူပါသွားသည့် ရွှေငွေများကို ပြန်ပေးဆွဲသူများက ယူဆောင်ထားပြီး ပစ္စည်းတန်းဖိုးနှင့် မည်သည့်ပစ္စည်းများ ပါသွားသည်ကို အဆိုပါနီးစပ်သူ ပြောဆိုခဲ့ခြင်းမရှိပေ။", "ဒေါ်စန္ဒာလင်းမှာ ပြန်ပေးဆွဲခံရချိန်က အနီးအနားက လူများကို အော်ဟစ်အကူအညီ တောင်းခံခဲ့သော်လည်း ပြန်ပေးဆွဲသူများက ခြိမ်းခြောက်မှုကြောင့် အနီးအနားက လူများက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ဟု သိရှိရသည်။", "“မစန္ဒာလင်းက ကားပေါ်သို့ ပြန်ပေးဆွဲခံရတဲ့အချိန်မှာ အနီးအနားက ကူပါ၊ ကယ်ပါ။ ကူညီကြပါလို့ အော်ဟစ် အကူအညီ တောင်းခဲ့ကြပါတယ်။ ဘေးနားက လူတွေလည်း ကူဖို့ လုပ်ပေမယ့် ပြန်ပေးဆွဲသူတွေက မဆိုင်သူတွေ ဝင်မပါနဲ့ ထိခိုက်မယ်နော်ဆိုပြီး ခြိမ်းခြောက်လို့ မကူလိုက်နိုင်ကြဘူး။ မျက်နှာဖုံးလည်း စွပ်ထားတော့ ဘယ်သူဘယ်ဝါဆိုတာကို မသိရဘူး” ဟု အဆိုပါ နီးစပ်သူက ဆက်ပြောပြသည်။", "ရွှေဆိုင်ပိုင်ရှင် ဒေါ်စန္ဒာလင်းကို ပြန်ပေးဆွဲမှု မဖြစ်မီ ရက်ပိုင်းအလိုကတည်းက နေ့စဉ်နှင့်အမျှ Alphard ကားအဖြူတစ်စီးက အမြဲ နောက်ယောင်ခံ သွားလာစောင့်ကြည့်မှုများ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/07/171668/
သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားပြီး လူသေဆုံးမှု တချို့ရှိသော်လည်း စစ်ကောင်စီက သတင်း အမှောင်ချ ဖုံးထား
["သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားပြီး လူသေဆုံးမှု တချို့ရှိသော်လည်း စစ်ကောင်စီက သတင်း အမှောင်ချ ဖုံးထား", "သာကေတွင် လမ်းဘေး အစားအသောက်ဆိုင်နှင့် စျေးဆိုင်များအားလုံး ဇူလိုင်လ ၁၂ ရက်နေ့ အထိ ပိတ်ထားရန် စစ်တပ်က ကြေညာ", "ရန်ကုန်၊ ဇူလိုင် ၆", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားပြီး လူသေဆုံးမှုတချို့ ဖြစ်ပေါ်ခဲ့သော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိဘဲ သတင်းကို ဖုံးထားကြောင်း သိရှိရသည်။", "ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားမှုကြောင့် လူသေဆုံးမှုရှိခဲ့သော သာကေတမြို့နယ်တွင် လမ်းဘေး အစားအသောက်စျေးဆိုင်များ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ပိတ်ထားရန် စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင်များက လော်စပီကာဖြင့် ယမန်နေ့ညပိုင်း လိုက်လံ ကြေညာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“သာကေတ ၁၀ ရပ်ကွက်ထဲမှာ လူသေတယ်လို့ပြောတယ်။ မနေ့ညက လမ်းဘေး အစားအစာဆိုင်တွေအားလုံး ပိတ်ဖို့လိုက်ကြေညာတယ်။ နောက်ပြီး ဆေးရုံတွေမှာလည်း ဝမ်းပျက်ဝမ်းလျှောတွေ ပြည့်နေတယ်။ ကျန်းမာ ရေးဌာနဲ့ စစ်တပ်က ကွင်းဆင်းလိုက်စစ်တာတွေလည်း လုပ်နေတယ်။ ဝမ်းပျက်ပြီး လူသေတာကိုတော့ ကြေညာတာမရှိဘူး။ သေတာကတော့ သေသွားပြီ” ဟု သာကေတမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "သာကေတမြိုနယ်ရှိ ရပ်ကွက်တချို့တွင် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိသဖြင့် လက်သုပ်၊ တုတ်ထိုးနှင့် အစားအစာများ ရောင်းချသည့် ဆိုင်များ ဇူလိုင် ၁၂ ရက်ထိ ပိတ်ထားရန် လော်စပီကာဖြင့် လိုက်လံကြေညာကြောင်း၊ ညွှန်ကြားချက်ကို မလိုက်နာပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာသည်ဟု သိရှိရသည်။", "“ဒီနေ့ကစပြီး ဇူလိုင်လ ၁၂ ရက်နေ့အထိ လမ်းဘေး အစားအသောက်ဆိုင် ဘယ်ဆိုင်မှ မဖွင့်ရဘူး။ ဖွင့်ရင် အဖမ်းအဆီးခံရမယ်လို့ပြောတယ်။ ” ဟု သာကေတမြို့နယ်၊ ၇ ရပ်ကွက်မှ စျေးသည်တစ်ဦးက ဆိုသည်။", "သာကေတမြို့နယ်အပါအဝင်မြို့နယ်တချို့တွင် လူသေဆုံးမှုရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု အလွန်များပြားနေသော် လည်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိဘဲ စျေးသည်များကို စျေးပိတ်ခိုင်းခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးစားနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လူသေဆုံးသည်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသော သာကေတမြို့နယ်တွင် ယမန်နေ့ စစ်တပ်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ကွင်းဆင်း စစ်ဆေးနေစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/188957/
သာစည်မြို့နယ် (Thazi pdf) အပတ်စဥ် ၂ သင်တန်းဆင်းပွဲပြုလုပ်
["သာစည်မြို့နယ် (Thazi pdf) အပတ်စဥ် ၂ သင်တန်းဆင်းပွဲပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "မန္တလေးတိုင်း မိတ္ထီလာခရိုင် သာစည်မြို့နယ် (Thazi pdf) အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113336/
သာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး
["သာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၆", "မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်သားဟောင်း ဇော်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း THAZI People’s Defence Force TZ PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် သာစည်မြို့နယ်၊ အမှတ် ၃ ရက်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်သားဟောင်း ဇော်ဝင်း ကို သာစည်မြို့နယ် တော်လှန်ရေးအင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ အလိုကျ လောင်းကစားလုပ်သူများ၊ မူးယစ်ဆေး ရောင်းဝယ်မှု ပြုလုပ်သူများကို ၎င်းကိုယ်တိုင် ဆက်ကြေး ကောက်ခံကာ မပေးသူများကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းကြောင်း၊ နာရေးအိမ်ကအစ ပိုက်ဆံတောင်းခံခြင်း၊ ကောင်းရောင်း ကောင်းဝယ် လုပ်စားနေသူများကို အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးခြင်းကြောင့် ဒေသပြည်သူများက ကာကွယ်ရေး တပ်ဖွဲ့ထံ တိုင်ကြားလာသောကြောင့် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ယင်း လုပ်ဆောင်မှုကို သာစည်မြို့နယ် ပြည်သူ့တော်လှန်ရေး အင်အားစုများမှ လုပ်ဆောင်ခဲ့ခြင်းကြောင်း၊ ထို့ပြင် သာစည်မြို့နယ် အတွင်းမှာရှိ စစ်တပ် ဥက္ကဌများ၊ ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် လက်ပါးစေများ ပြည်သူ့ဘက် အမြန်ဆုံး ရပ်တည်ရန် သာစည်မြို့နယ် ပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ခံ-ဗိုလ်နဂါးလေးမှ သတိပေးပြောဆိုထား​သည်။"]
https://yktnews.com/2023/10/127274/
သာစည်မြို့၊ အမှတ် ၄၂၀ ခြေမြန်တပ်ရင်းမှ အရာရှိ ၆ ဦး အပါအဝင် စစ်သည် ၁၅ ဦး တပ်မှ စွန့်ခွာ ထွက်ပြေး
["သာစည်မြို့၊ အမှတ် ၄၂၀ ခြေမြန်တပ်ရင်းမှ အရာရှိ ၆ ဦး အပါအဝင် စစ်သည် ၁၅ ဦး တပ်မှ စွန့်ခွာ ထွက်ပြေး", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "မန္တလေးတိုင်း၊ မိတ္တီလာအခြေစိုက် တပ်မ ၉၉ လက်အောက်ခံ သာစည်မြို့ အမှတ် ၄၂၀ ခြေမြန်တပ်ရင်းမှ အရာရှိ ၆ ဦး အပါအဝင် စစ်သည် ၁၅ ဦး တပ်မှ စွန့်ခွာ ထွက်ပြေးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၁ခုနှစ် အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်အထိ ခမရ ၄၂၀ တပ်တွင် တပ်သို့ ပြန်မလာတော့သည့် CDM လုပ်သူများ၊ ခွင့်မဲ့ ပျက်ကွက်သူများ အပါအဝင် အရာရှိနှင့် စစ်သည် ၁၅ ဦးရှိနေခြင်းဖြစ်ကြောင်း၊ ခမရ ၄၂၀ ၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီးဇေယျာထွန်းက အရာရှိ ၆ ဦး အပါအဝင် ခွင့်မဲ့ ပျက်ကွက်ပြီး တပ်ကို ပြန်မလာတော့သည့် အရာရှိနှင့် စစ်သည် ၁၅ ဦ၏ လစာများကို ဆက်လက် ထုတ်ယူနေဆဲဖြစ်ကြောင်း ၊ ခွင့်မဲ့ပျက် ကွက်‌ဖြစ်ပေါ်နေသော စစ်သည်များကို တရားဝင်ခွင့်မဲ့ပျက်ကွက်မတင်ဘဲ ၎င်းစစ်သည်တို့ရရှိသော အခြားသော စရိတ်များဖြစ်သည့် ရိက္ခာစိုငွေ၊ စစ်ဆင် ရေးအ ထူးနေ့ထွက်စရိတ်နှင့်ဦးပိုင်အမြတ်‌ငွေများကို ဆက်လက် ထုတ်ယူနေဆဲဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ရှေ့တန်းသို့ စေလွှတ်သည့် စစ်ကြောင်းများတွင် ခွင့်မဲ့ ပျက်ကွက် စစ်သည်များအနက်မှ တချို့ကို တိုက်ပွဲကျဆုံးပြ၍ ထိုစစ်သည်များ၏ အကျိုး ခံစားခွင့်များကိုလည်း ထုတ်ယူသုံးစွဲနေကြောင်း ၊ ထို့ပြင်တပ်တွင်းတွင် အထက် အောက် ဆက်ဆံရေး အဆင်အပြေမှုများရှိနေပြီး အရာရှိနှင့်စစ်သည်များဆဲဆို ကြိမ်းမောင်းခြင်း၊ တပ်ရင်းမှူးကတော်က အရာရှိနှင့်စစ်သည်များ၏ ဇနီးများအပေါ် နှိမ့်ချ ဆက်ဆံမှုများ ဖြစ်‌ပေါ်နေကြောင်း သိရှိရသည်။", "“တပ်ရင်းမှူးက သူနဲ့ အဆင်မပြေတဲ့ အရာရှိတွေကို အပြစ်အမျိုးမျိုးရှာတယ်။ အခြား စစ်သည်တွေရဲ့အရှေ့မှာတင် သူမကြိုက်တဲ့ အရာရှိကို မိမိပါးကိုမိမိပြန်လည်ရိုက်စေတယ်။ သူကိုယ်တိုင် ပါးရိုက်ဆဲဆိုတာတွေလည်းလုပ်တယ်။ အရာရှိတွေလို မဆက်ဆံခံရဘဲ တကယ့်ကို မလျော်ညီစွာ နည်းမျိုးစုံဖြင့် ပြုလုပ်ခံရတာတွေရှိနေတာပါ။ တပ်ထဲမှာ တပ်ရင်းမှူးရော တပ်ရင်းမှူးကတော်ကပါ အရာရှိစစ်သည် တွေနဲ့ ဇနီးတွေအပေါ် နှိမ့်ချ ဆက်ဆံဆဲဆိုမှုတွေ ဖြစ်နေတာ။ အာဏာသိမ်းပြီးမှ အဲဒီလိုတွေ ဖြစ်နေတာ။ တပ်က တကယ့်ကို တပ်ပျက်နေတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။", "ခမရ ၄၂၀ တပ်ရင်းမှူး၏ ရိုင်းစိုင်းသည့် ဆက်ဆံရေးကို မကျေနပ်သည့် အတွက် အကြမ်းဖက် မင်းအောင်လှိုင် အပါအဝင် အထက်ဌာနအဆင့်ဆင့်သို့တိုင်ကြားမှုများရှိသော်လည်း တပ်တွင်းစည်းလုံးရေး မပြိုကွဲရေး ဆိုသော ခေါင်းစဉ်ဖြင့် တပ်မတွင်သာ တိုင်ကြားစာပြီးဆုံးသွားကြောင်း၊ အခြားသော တပ်ရင်းတပ်ဖွဲ့များတွင်လည်း အထက်အောက် ဖိနှိပ်မှုများ အပါအဝင် တပ်တွင်း မညီမျှမှု အခြေအနေများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119183/
သာစည်ရွာကို စစ်တပ်က ၆ ရက်မြောက်နေ့အဖြစ် မီးတင်ရှို့နေပြီး ပြာမှုန်များ ကလေးမြို့ပေါ် ရပ်ကွက်အထိ လွင့်စဥ်
["သာစည်ရွာကို စစ်တပ်က ၆ ရက်မြောက်နေ့အဖြစ် မီးတင်ရှို့နေပြီး ပြာမှုန်များ ကလေးမြို့ပေါ် ရပ်ကွက်အထိ လွင့်စဥ်", "ရန်ကုန်၊ ဩဂုတ် ၂၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၆ ရက်မြောက်နေ့အဖြစ် မီးရှို့နေပြီး ပြာမှုန်များ ကလေးမြို့ပေါ် ရပ်ကွက်အထိ လွင့်စဥ် နေ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာစည်ရွာကို ၆ ရက်နေ့အဖြစ် မီးတင်ရှို့နေပြီး ပြာမှုန်များသည် ကလေးမြို့ပေါ်ရှိ တောင်ဖီလာ ရပ်ကွက်အထိ လွင့်စဥ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“တောင်ဖီလာ အထိကျတယ်။ တောင်ဖီလာနဲ့ သာစည်က ဝေးတယ်။ ပြည်သူတွေက မြို့ထဲနေနေကြတယ်။ တောင်ဖီလာဘုန်းကြီးကျောင်းမှာတွေရော အဆင်ပြေရာနေကြရတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် သာစည်ကျေးရွာကို ဝင်စီးထားပြီး တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ရန် ကြိုးပမ်းသော်လည်း အင်အားအများအပြားနှင့် တရစပ်ပစ်ခတ်နေကြောင်း တော်လှန်ရေး ရဲဘော်များထံမှ သိရှိရသည်။", "“မနေ့က ၃ နာရီကစ သာစည်ကို ပေးလိုက်ရတာ။ ညကကပ်တာမရဘူး အင်အားအရမ်းများတယ် ကျည်ကို တရစပ်ပစ်ပြီး သုံးတာအခု ခွေးနဲ့ပျူတွေက”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2025/02/202348/
သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး၊ မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ပြုလုပ်
["သာပေါင်းတွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံး၊ မြို့မ ရဲစခန်းတွင်လည်း စခန်းမှူးဝင်းနိုင်ဦး၏ ရက်လည်ဆွမ်းသွတ်ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် AA ၏ ထိုးစစ်ကြောင့် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ပုသိမ် မဆရ ၄ သို့ ပို့ဆောင်စဉ် ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာဘက်မှ လူနာတင်ကား ၁ စီး၊ စစ်တပ် Faw ကား ၁ စီးဖြင့် ဒဏ်ရာရ စစ်သား ၄ ဦးကို မကျီးဇင်-သာပေါင်း-လမ်းပိုင်း မှ ပုသိမ်မြို့ရှိ အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းကို အရေးပေါ် ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဒဏ်ရာရရှိသော စစ်သား ၄ ဦးထဲမှ ဗိုလ်ကြီး ၁ ဦးသည် အရေးပေါ် အခြေအနေ ဖြစ်သောကြောင့် သာပေါင်းဆေးရုံသို့ ဝင်ရောက် ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ဗိုလ်ကြီး အလောင်းကို သာပေါင်း ရင်ခွဲရုံရှေ့တွင် အလောင်းပြင်ထားကြောင်း သိရှိရသည်။", "ကျန်ရှိသော ဒဏ်ရာရ စစ်သား ၃ ဦးသည် ထိခိုက်ဒဏ်ရာပြင်းထန်ပြီး အမှတ် ၄ စစ်မြေပြင် ဆေးတပ်ရင်းတွင် ဆက်လက် ကုသမှုခံယူနေသော်လည်း သေဆုံးနိုင်ချေများကြောင်း သိရသည်။", "“သာပေါင်းမှာတော့ ရခိုင်တပ်တော် ထိုးစစ်တွေကြောင့် တိုက်ပွဲတော့ဆက်ဖြစ်နေပါတယ်။ စစ်ခွေးတွေလည်း ထွက်ပြေးနေတာတွေများတယ်။ စစ်ခွေးခံစစ်ကတော့ တောက်လျောက်ကိုပြင်နေတာ စစ်ခွေးတွေဘက်က ဒဏ်ရာရတာတွေလည်း တော်တော်များတယ်။ ထိခိုက်သေဆုံးမှုတွေလည်းများတယ်။ ထိုးစစ်က ဘယ်နေရာကိုရောက်နေလည်းဆိုတော့ မသိနိုင်သေးဘူး။ တိုက်ပွဲတွေရှိနေတော့ မြေပြင်အခြေအနေ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် စနိုက်ပါ ထိမှန်သေဆုံးခဲ့သည့် ဒုရဲမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ်ကို သာပေါင်းမြို့ မြို့မရဲစခန်းတွင် ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သာပေါင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦး၏ ရက်လည် ဆွမ်းသွတ် ပြုလုပ်ခဲ့ကြောင်း၊ သေဆုံးသွားသော စခန်းမှူး နေရာတွင် ငပုတော‌တောင်ပိုင်း ဇာတိ ရဲအုပ်ရင်အေးကို အစားထိုး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။", "ရင်အေးသည် မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ဗုံးစထိမှန်မှုကြောင့် ဆေးခွင့်ယူကာ ငပုတောမြို့ကို ပြန်လည် ရောက်ရှိနေပြီး ငပုတောသို့ ပြောင်းရွှေ့ခွင့် တင်ထားသော်လည်း သာပေါင်းမြို့ကို ရာထူးတိုးဖြင့် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။", "သာပေါင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သစ်ဖြူကျေးရွာ အုပ်စုရှိ စစ်တပ်စခန်းအတွက် ရိက္ခာပို့ရန် သွားရောက်စဉ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "photo credit – သတင်းအထူးတပ်ဖွဲ့ -ပုသိမ်"]
https://yktnews.com/2025/02/203082/
သာပေါင်းမြို့နယ်တွင် တိုင်းဗဟို ၅ မှ တပ်ကြပ် သိန်းထွန်း AA ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးရန် နောက်ဆုံးအခြေအနေ ရောက်ရှိ
["သာပေါင်းမြို့နယ်တွင် တိုင်းဗဟို ၅ မှ တပ်ကြပ် သိန်းထွန်း AA ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးရန် နောက်ဆုံးအခြေအနေ ရောက်ရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် စစ်ကောင်စီ၏ တိုင်းဗဟို ၅ လေ့ကျင့်ရေးတပ်မှ တပ်ကြပ် သိန်းထွန်း AA ၏ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်နေရကာ နောက်ဆုံး အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၇ ရက်နေ့ သာပေါင်းမြို့နယ်အတွင်း ရှေ့တန်းတွင် တပ်ကြပ် သိန်းထွန်းသည် AA တပ်၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကို ခံလိုက်ရခြင်ဖြစ်ပြီး လက်ရှိ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ပုသိမ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ စစ်တပ်က သက်ဆိုင်ရာ မိသားစုကို နောက်ဆုံးအချိန်လာရောက်ရန် ခေါ်ယူထားပြီးဖြစ်ကြောင်း သိရှိရသည်။", "“တပ်ကြပ် သိန်းထွန်းက အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ နွားခြံအုပ်စု ကုန်းတောင်နီရွာသားပါ။ တိုင်းဗဟို ၅ မှာ တာဝန်ကျရင်းနဲ့ သာပေါင်းရှေ့တန်းကို ထွက်ရတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က သာပေါင်းမြို့နယ်၊ ရှေ့တန်းမှာ နောက်ကျောကို AA က စနှိုက်ပါနဲ့ ၂ ချက်ပစ်တယ်။ အခု သေဖို့များတယ်။ သူ့မိန်းမနဲ့ မိသားစုကိုလည်း နောက်ဆုံးခေါ်ယူထားပြီ” ဟု စစ်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာစစ်တပ်စခန်းသို့ ရိက္ခာသွားရောက်ပေးပို့သည့် သာပေါင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်ဦးသည် အာရက္ခတပ်တော်(AA)က ပစ်ခတ်သော စနိုက်ပါကျည်ထိမှန်သေဆုံးသွားခဲ့ပြီး အလောင်း ပင် ပြန်မကောက်ရဲသဖြင့် အလောင်းမပါဘဲ နာရေးရက်လည် ဆွမ်းသွပ်ရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ သပိတ်ကျင်းတိုက်ပွဲတွင် သေဆုံးသွား မန္တလေး ပြည်သူ့စစ် ပြည့်စုံအောင်၏ နာရေး အသုဘ။"]
https://yktnews.com/2023/04/99461/
သာယာဝတီ မြို့နယ် NLD ပါတီရုံးကို စစ်အုပ်စုက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီး
["သာယာဝတီ မြို့နယ် NLD ပါတီရုံးကို စစ်အုပ်စုက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၂၆", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် NLD ပါတီရုံးကို စစ်အုပ်စုက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် သာယာဝတီမြို့နယ် NLD ပါတီရုံးကို စစ်ကောင်စီ၏ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ကြည်မျိုးလွင် (ခ) ကြည်လေး ဦးဆောင်သော စစ်သား၊ ရဲ၊ ကြံ့ဖွတ်ပါတီဝင်များ၊ ပျူစောထီးများ၊ မဘသ အဖွဲ့ဝင်နှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များက အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖျက်ဆီးခဲ့​ပြီး ရုံးအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ဦးဝင်းမြင့် ဓာတ်ပုံတို့ကိုလည်း ခြေဖြင့်နင်းကာ ဆဲဆို သောင်းကျန်းခဲ့ကြောင်း သိရသည်။", "” ညတုန်းက သာယာဝတီမြို့နယ် NLD ရုံးကို စစ်ခွေး အုပ်စုတွေ ဝင်ရောက် ဖျက်ဆီးတယ်။ သာယာဝတီမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို စကစ မှ လူအင်အားများစွာဖြင့် ဝင်ရောက် ဖျက်ဆီးတာပါ။ စစ်ကောင်စီရဲ့ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ကြည်မျိုးလွင် (ခ) ကြည်လေး ဦးဆောင်တဲ့ စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးများနဲ့ မဘသ အဖွဲ့ဝင်တွေ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ပါတယ်လို့ သိရတယ်။ အထဲမှာ အမေစုနဲ့ သမ္မတကြီးပုံကို ခြေနဲ့နင်းပြီး ဆဲဆိုသောင်းကျန်းသွားတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ သာယာဝတီမြို့နယ် NLD ပါတီရုံးသည် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဆရာစံမြို့သစ်၊ လ.၀.က ရုံးဘေးတွင် တည်ရှိကြောင်း၊ ရုံးမျက်နှာစာရှိ မြို့နယ် ပါတီ ဆိုင်းဘုတ်၊ ခရိုင် ပါတီ ဆိုင်းဘုတ်၊ လွတ်တော် ကိုယ်စားလှယ်ရုံးဆိုင်းဘုတ်နှင့် NLD ပါတီ အလံတိုင်တို့ ဖျက်ဆီးသွားပြီး လက်ရှိချိန်ထိ စစ်သားများက ရုံးအနီးအနားတွင် ကင်းပုန်းဝပ်၍ စောင့်ကြည့်နေကြောင်း သိရသည်။"]
https://yktnews.com/2024/11/191540/
သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထား
["သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ပဲခူးတိုင်း၊ သာယာဝတီ အကျဉ်းထောင်တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးခန့်ကို ၂ နှစ်နီးပါးကြာ အကြောင်းမဲ့ တိုက်ပိတ်ထားကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "သာယာဝတီ အကျဉ်းထောင် တိုက် ၅ နှင့် တိုက် ၈ တွင် အင်းစိန်ထောင်နှင့် အိုးဘိုထောင်တို့မှ ပြောင်းရွှေ့လာသည့် နိုင်ငံရေး ကျဉ်းသူ ၁၅ ဦးခန့်ကို ပြစ်မှု ကျူးလွန်ထားခြင်းမရှိဘဲ အကြောင်းမဲ့ တိုက်ထဲတွင် ၁ နှစ်နှင့် ၈ လကြာ ပိတ်လှောင်ထားကြောင်း သိရသည်။", "အကျဉ်းထောင်များရှိ တိုက်များတွင် ထောင်တွင်း ပြစ်ဒဏ်ကျုးလွန်သူများကို ထားရှိရမည် ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသူများကို အကြောင်းပြချက်မရှိဘဲ ပိတ်လှောင်ထားသည်မှာ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ချိုးဖောက်သည့်အတွက် သာယာဝတီထောင်ပိုင် ရဲရင့်နိုင် ဦးဆောင်သည့် ထောင်ဝါဒါ ဝန်ထမ်းများအားလုံးသည် ကြီးမားသည့် ရာဇဝတ်မှုကို ကျူးလွန်နေခြင်းဖြစ်ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။", "သာယာဝတီ အကျဉ်းထောင်တိုက် ၅ နှင့် တိုက် ၈ တွင် အပြစ်မရှိဘဲ ပိတ်လှောင်ခံထားရသည့် နိုင်ငံရေး အကျဉ်းသူများက အကျဉ်းတိုက် တာဝန်ခံ ဒေါ်ဝင့်ဝါချို ကို အကျဉ်းအဆောင်များသို့ ပြောင်းရွေ့နေထိုင်ခွင့်ပေးရန်နှင့် အပြစ်မရှိဘဲ ပိတ်လှောင်ခံရခြင်းများကို မေးမြန်းသော်လည်း အကျဉ်းတိုက် ထောင်တာဝန်ခံ ဒေါ်ဝင့်ဝါချိုက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။", "စစ်တပ်က အာဏာသိမ်းပြီးနောက် အမည်ဆိုးဖြင့် ကျော်ကြားသော သာယာဝတီထောင်တွင် ထောင်အရာရှိ ဒေါ်ဝင့်ဝါချို ပြောင်းရွေ့တာဝန်ယူဆောင်ရွက်ခဲ့ပြီး CDM ပြုလုပ်သည့် ဝန်ထမ်းများကို အပြစ်တင်ကဲ့ရဲ့ခြင်း၊ စစ်တပ်ကို အားပေးထောက်ခံခြင်းနှင့် ထောင်အရာရှိ ရာထူးတိုးမြှင့်ခံရခြင်းအတွက် စစ်တပ်က ခိုင်းစေညွှန်ကြားသည့်အတိုင်း ပြုလုပ်သည့် စစ်တပ်၏ လက်ကိုင်တုတ်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် သာယာဝတီအကျဉ်းထောင်၏ အကျဉ်းတိုက်များအတွင်း အဆိပ်ပြင်းသည့် မြွေများ၊ ကင်းခြေများကောင်များ၊ ကင်းမြီးကောက်များ မကြာခဏ ဝင်ရောက်တတ်ပြီး နိုင်ငံရေးအကျဉ်းသူများက ထောင်ဝန်ထမ်းများကို အကူအညီတောင်းခံသော်လည်း သာယာဝတီထောင်အရာရှိ သန်းဝင်း ဦးဆောင်သောအဖွဲ့က ရောက်ရှိလာပြီး မြွေကို မမောင်းထုတ်ခင် နိုင်ငံရေး အကျဉ်းသူ အမျိုးသမီးများကို ပုံစံထိုင်ခိုင်းခြင်းနှင့် အော်ဟစ်ပါက အခန်းတွင်း ဝင်ရောက် ရိုက်နှက် အပြစ်ပေးမည်ဟု ဆဲဆိုကျိန်းမောင်းခြင်းများကို ပြုလုပ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/134746/
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ ၃ နတ်စစ်သည်မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်
["သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ ၃ နတ်စစ်သည်မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)၊တပ်ခွဲ(၃) နတ်စစ်သည်မှ ရဲဘော်များ မွမ်းမံသင်တန်းဆင်းပွဲကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။", "အဆိုပါမွမ်းမံသင်တန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို ‌အလေးပြုခြင်းအခမ်းအနား၊ စစ်ရေးပြချီတက်ခြင်းအခမ်းအနား၊ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်သည့် သရုပ်ပြအခမ်းအနားများဖြင့် ပြုလုပ်ခဲ့ပြီး တပ်ရင်းမှူးနှင့် တပ်ခွဲ(၃)တပ်ခွဲမှူးမှ မိန့်ခွန်းအမှာစကားများပြောကြား၍ တပ်ရေးတာဝန်ခံမှ ဆုချီးမြှင့်ခဲ့ကြသည်။"]
https://yktnews.com/2023/12/135792/
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မှ တော်လှန်ရေး ရဲဘော်များ နယ်မြေကွင်းဆင်း၍ ဒေသ ပြည်သူများနှင့် တွေ့ဆုံ
["သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မှ တော်လှန်ရေး ရဲဘော်များ နယ်မြေကွင်းဆင်း၍ ဒေသ ပြည်သူများနှင့် တွေ့ဆုံ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တပ်ခွဲမှူး ရဲဘော်ဒေဝ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နယ်မြေကွင်းဆင်း၍ ဒေသ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။", "ထိုသို့ နယ်မြေကွင်းဆင်း တွေ့ဆုံရာတွင် ပြည်သူများအား တိုက်ပွဲများ ဖြစ်ပွားလာလျှင် သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန်များ၊ စကစများ၏ လေကြောင်းတိုက်ခိုက်မှုများ ကြုံလာပါက သတိထားရမည့် အချက်များအား ပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "ပြည်သူများမှလည်း တော်လှန်ရေးရဲဘော်များ မိမိတို့ဒေသကို ယခုလို ရောက်ရှိလာကြ၍ ဝမ်းမြှောက်ဝမ်းသာရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ကျန်းမာပါစေကြောင်း ဆုတောင်းစကားများ ပြောကြားခဲ့ကြပြီး ပြည်သူများ သိလိုသည့် မေးမြန်းချက်များကို တပ်ဖွဲ့တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/198327/
သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၏ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်
["သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၏ အပတ်စဉ် ၂ အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်", "ရန်ကုန်၊ဇန်နဝါရီ ၅", "ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင်တပ်ရင်း ၃ ၊၃၈၀၃ တပ်ရင်း၏အပတ်စဉ်-၂ အခြေခံစစ်သင်တန်းဆင်းပွဲပြု လုပ်ခဲ့ကြကြောင်း သိရှိရသည်"]
https://yktnews.com/2025/02/202733/
သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ အထိနာသော စစ်တပ်က စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီး
["သာယာဝတီခရိုင် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ အထိနာသော စစ်တပ်က စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်ရှိ ပဲခူးရိုးမ အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး အထိနာသော စစ်တပ်က စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အုတ်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ချောင်းဂေါင်းအုပ်စု၊ စင်မြင့်ရွာအနီး၌ အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင် ကား ၂ စီးကို ချောဆွဲ၍ ထန်းပင်ကုန်းရွာကို ရောက်ရှိလာပြီး စင်မြင့်ရွာမှ နေအိမ် ၁၆ လုံးကို မီးရှို့ ဖျက်ဆီးကာ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို ပြန်လည် ခေါ်ဆောင်သွားကြောင်း သိရသည်။", "“ထန်းပင်ကုန်းကနေ တက်လာတဲ့ စစ်ခွေးတွေနဲ့ စင်မြင့်ရွာနားမှာ တိုက်ပွဲဖြစ်တာ နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က လက်နက်ကြီးတွေရော စက်လက်နဲ့ပါ ဆက်တိုက်ပစ်ပေမယ့် နယ်မြေကျွမ်းကျင်တဲ့ ကျွန်တော်တို့ဘက်က အပေါ်စီးက ဆော်တာကြောင့် စစ်ခွေး ၆ ကောင်သေပြီး ၁၅ ကောင် ဒဏ်ရာရပါတယ်။ စစ်ကြောင်း တဝက်လောက်ပြုတ်သွားပြီး အထိနာသွားလို့ ခမရ၆ ကို စစ်ကူခေါ်တာသိလို့ ကျွန်တော်တို့ ပြန်ဆုတ်ရင်း စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးစမှန်လို့ ရဲဘော် ၁ ဦး ဒဏ်ရာရပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဆက်လက်၍လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ မော်တော်ယာဥ်များအား ချောဆွဲခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အသိပေး နှိုးဆော်ထားသည်။"]
https://yktnews.com/2025/01/200821/
သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များ ထွက်ပြေးခြင်း မရှိစေရန် အရက်၊ မူးယစ်ဆေး ဖဲဝိုင်းများ စီစဉ်ပေးထား
["သာယာဝတီခရိုင်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များ ထွက်ပြေးခြင်း မရှိစေရန် အရက်၊ မူးယစ်ဆေး ဖဲဝိုင်းများ စီစဉ်ပေးထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ ထွက်ပြေးမှု မရှိစေရန်အတွက် အရက်နှင့် မူးယစ်ဆေး သုံးစွဲခွင့် အပြင် လောင်းကစားအဖြစ် ဖဲဝိုင်းများပါ စီစဉ်ခွင့်ပြုပေးထားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ် ၊ လက်ပံတန်းမြို့နယ် ၊ မင်းလှမြို့နယ် ၊ အုတ်ဖိုမြို့နယ် ၊ မိုးညိုမြို့နယ် ၊ ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ် နှင့် ဇီးကုန်းမြို့နယ်တို့ရှိ ကျေးရွာများမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ ထွက် ပြေးမှုရှိနေကြောင်း သိရသည်။", "ထို့ကြောင့် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို မြို့နယ်ထွေ/အုပ်ရုံးနှင့် တပ်ရင်းများတွင် ထိန်းသိမ်းထားရှိပြီး အရက်နှင့် မူးယစ်ဆေး သုံးစွဲခွင့်များကို စိတ်ကြိုက် အသုံးပြုခွင့် ပေးထားကြောင်း၊ လောင်းကစားအဖြစ် ဖဲဝိုင်များပါ ခွင့်ပြုပေးထားခြင်းကြောင်း သိရှိရသည်။", "“မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တွေက ပေါ်တာဆွဲ ဖမ်းဆီးလာတဲ့ လူငယ်တွေထားတဲ့ ထွေ/အုပ်ရုံးတွေမှာ အရက်နဲ့ မူးယစ်ဆေးသုံးစွဲခွင့်တွေ ပေးထားတယ်။ နောက်ပြီး ဖဲဝိုင်းတွေလည်း လုပ်ခွင့်ပေးတယ်လို့ပြောတယ်။ နောက်ပြီး ကျန်တဲ့ မြို့နယ်တွေလည်း အဲလိုမျိုးတွေ ခွင့်ပြုပေးနေတယ်လို့ သိရတယ်။ စစ်ခွေးတွေ အဓိကကတော့ လူငယ်တွေ ထွက်မပြေးအောင်ဆိုပြီး မြူဆွယ်တဲ့အနေနဲ့ လူငယ်တွေ ပျော်ရွှင်အောင်ဆိုပြီး ခွင့်ပြုပေးထားတာလို့ သိရတယ်။ သူတို့ ပေါ်တာဆွဲ ဖမ်းတာတွေက နေ့တိုင်းလို ဖြစ်နေတော့ သူတို့ဖမ်းထားတဲ့ နေရာတွေကနေ ပြေးတာတွေလည်းရှိလာတယ်။ အဲလိုပြေးသွားရင်လည်း သူတို့ လိုက်မဖမ်းနိုင်တော့တာ အဲတာကြောင့် မြူဆွယ်တဲ့ အနေနဲ့ လုပ်နေတာလို့ သိရတယ်” ဟု ဒေသ သတင်းရင်းမြစ်ကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်သည် သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာများကို အလှည့်ကျ နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ်အလိုက် လူပြည့်မီအောင် ဖမ်းဆီးနေကြောင်း၊ စစ်မှုထမ်း တပ် သားသစ်များ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိသည့် အတွက် ဖမ်းဆီးထားသည့်လူငယ်များကို မြူဆွယ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်မှုထမ်းသင်တန်းကျောင်းများတွင် မူးရူး ကခုန်နေကြသော စစ်မှုထမ်း တပ်သားသစ်များ။"]
https://yktnews.com/2025/05/214039/
သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် လုံခြုံရေးအရ အမျိုးသား ၂ ဦးတွဲ၍ ဆိုင်ကယ် စီးနင်းသူများကို စစ်တပ်က ပစ်ခတ်မည်ဟု တရားဝင် ကြေညာ
["သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် လုံခြုံရေးအရ အမျိုးသား ၂ ဦးတွဲ၍ ဆိုင်ကယ် စီးနင်းသူများကို စစ်တပ်က ပစ်ခတ်မည်ဟု တရားဝင် ကြေညာ", "ရန်ကုန်၊ မေ ၁၀", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် ဒေါက်တိုင်များ ဆက်တိုက် တိုက် ခိုက်ခံရပြီးနောက် အမျိုးသား ၂ ဦးတွဲ၍ ဆိုင်ကယ် စီးနင်းသူများကို စစ်တပ်က ပစ်မိန့်ပေးထားကြောင်း ထွေ/အုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၆ ရက်နေ့မှစ၍ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက် စစ်ကောင်စီက နယ်မြေလုံခြုံ ရေး အကြောင်း ပြ၍ ဆိုင်ကယ် စီးနင်းရာတွင် အမျိုးသားများ မောင်းနှင်းပါက နောက်တွင် အမျိုးသားတစ်ဦး ထပ်မံတင်ဆောင်ခြင်းမပြုရန် နှင့် အမျိုးသမီး နောက်တွင် အမျိုးသားလိုက်ပါ စီးနင်းခြင်းမပြုလုပ်ရန် အကြမ်း ဖက် စစ်ကောင်စီ၏ စီမံအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ထုတ်ပြန်ခြင်းသည် သာယာဝတီခရိုင် အတွင်းရှိ မြို့နယ်များမှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများ ဆက်လက် တိုက်ခိုက်ခံရမှု မဖြစ်ပွားစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တားမြစ်ထားသည့် ဆိုင်ကယ်စီးနင်းမှုများ လုပ်ဆောင်က ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်နိုင်သည်ဟု အကြမ်းဖက် စစ်တပ် အရာရှိများက ညွှန်ကြားထားကြောင်း သိရှိရသည်။", "“သူတို့က စစ်ဆေးတားမြစ်မယ်ဆိုတာ လူကြားကောင်းအောင် ထုတ်ပြန်ထားတာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းသူတွေကို စစ်တပ် အရာရှိတွေက ပစ်မိန့်ပေးထားတယ်လို့ သိရတယ်။ အခုထိတော့ ပစ်ခတ် ဖမ်းဆီးတဲ့ သတင်းတော့မကြားမိသေးဘူး။ နောက်ပိုင်း ပစ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်။ အုပ်ကြီးတွေနဲ့ သူတို့ ဒေါက်တိုင်တွေ ဆက်တိုက် ပစ်ခတ်ခံရနေရလို့ အရေးပေါ် ထုတ်ပြန်တာလို့ သိရတယ်။ နောက်ပြီးမြို့ပေါ် စစ်တပ်စခန်းတွေလည်း တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ပစ်မှာကိုလည်း ကြောက်နေကျတယ်” ဟု ထွေ/အုပ် သတင်းရင်းမြစ်က ပြောဆိုသည်။", "သာယာဝတီခရိုင်တွင် သာယာဝတီမြို့နယ် ၊ လက်ပံတန်းမြို့နယ် ၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်နှင့် နတ်တလင်းမြို့နယ်တို့ ပါဝင်သည်။", "၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မတ်လ အတွင်း အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်ပံတန်းမြို့နယ်မှ အုပ် ချုပ်ရေးမှူး သန်းဦး၊ အုပ်ချုပ်ရေးမှူး သိန်းဝင်းနှင့် မယားဖြစ်သူ စန်းစန်း ၊ မင်းလှမြို့နယ်မှ ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုး ၊ သတင်းပေး ထွန်းနိုင်၊ ပျူစောထီး ခင်မောင်ဝင်း ၊ အုပ်ချုပ်ရေးမှူး သန်းထွေး ၊ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး၊ သတင်းပေး ဦးရွှေ ၊ အုတ်ဖိုမြို့နယ်မှ သတင်းပေး အေးလွင် ၊ အုပ်ချုပ်ရေးမှူး မြင့်ဦး ၊ ပျူစောထီး တင်နိုင်ထွန်း၊ သတင်းပေး ညိုညိုဝင်း ၊ ပျူစောထီး မြင့်လွင် ၊ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူ ခင်ဝင်း ၊ သတင်းပေး ကံဝင်း ၊ သတင်းပေး သန်းဆွေဦး တပ်မ ၆၆ မှ စေလွှတ်လိုက်သော ဘုန်းကြီးအယောင်ဆောင် သတင်းပေး ၁ ဦး တို့မှာ တော်လှန်ရေး တပ်ဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြသည်။"]
https://yktnews.com/2025/04/212081/
သာယာဝတီတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၄၇ ဦးကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်၊ မင်းလှတွင်လည်း စစ်တပ်က ကျေးရွာများကို စီးနင်းပြီး လူငယ် များကို လိုက်လံ ဖမ်းဆီးနေ
["သာယာဝတီတွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၄၇ ဦးကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်၊ မင်းလှတွင်လည်း စစ်တပ်က ကျေးရွာများကို စီးနင်းပြီး လူငယ် များကို လိုက်လံဖမ်းဆီးနေ", "ရန်ကုန်၊ ဧပြီ ၂၂", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သင်္ကြန်တွင်း ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၄၇ ဦးကို စစ်သင်တန်း ပို့ဆောင်လိုက်ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ သင်္ကြန်ကာလအတွင်း သာယာဝတီမြို့နယ် အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များမှ လူငယ် ၄၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါလူငယ်များကို မြို့နယ် ထွေ/အုပ် ရုံးဟောင်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ဧပြီလ ၁၉ ရက်နေ့တွင် မိသားစုဝင်များထံ အကြောင်းကြားခြင်းမရှိဘဲ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း၊ ဖမ်းဆီးထားသော လူငယ်တချို့ကို စစ်တပ်က ပြန်လွှတ်ပေးမည်ဟုဆိုကာ ငွေကျပ် သိန်းဆယ်ချီ လိမ်လည် တောင်းခံခဲ့ကြောင်း သိရှိရသည်။", "“သာယာဝတီမြို့နယ်ထဲက ကျေးရွာ၊ ရပ်ကွက်တွေမှာ အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းထားတဲ့ လူငယ် ၄၇ ဦးကို ဧပြီ ၁၉ ရက်နေ့ ညပိုင်း စစ်သင်တန်းကျောင်း ပို့ဆောင်ပါတယ်။ စစ်သင်တန်း သွားရမယ့် သတင်းကြားလို့ လာတွေ့ကြတဲ့ မိသားစုဝင်တွေကိုလည်း အတွေ့မခံဘဲ စစ်ကား ၃စီးဖြင့် အတင်းအကျပ် စစ်သင်တန်းကျောင်းကို ပို့လိုက်တာပါ” ဟု ဖမ်းဆီးခံ လူငယ် ၁ ဦး၏ မိသားစုဝင် ပြောဆိုသည်။", "အလားတူ မင်းလှမြို့နယ်၊ ပက်တန်းကြီးကျေးရွာကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက်စီးနင်းခဲ့ကြောင်း ၊ ယင်းနောက် ကျေးရွာအတွင်းမှ ကိုမျိုးမင်းဦး၊ ကိုရဲထက် နှင့် ကိုဝင်းအောင် တို့ကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်ကလည်း မင်းလှမြို့နယ်၊ ဆင်တဲကုန်းရွာ အရှေ့ဘက်ထိပ်နှင့် ဗိုလ်ရုံကုန်းရွာ အနောက်ဘက်ထိပ်ရှိ ကားလမ်းကို ပိတ်ဆို့၍ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ထန်းပင်ကုန်းရွာမှ လူငယ် ၁ ဦး၊ ဗိုလ်ရုံကုန်းရွာမှ ကိုကိုနိုင်၊ ကိုငပြောင်ကြီး၊ ကိုလင်းလင်း၊ ဆင်တဲကုန်းရွာမှ ကိုဝေယံထက်၊ ကိုဖိုးချစ်၊ ဦးငြိမ်း၏ သား ဖြစ်သူ အပါအဝင် စုစုပေါင်း လူငယ် ၈ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။", "ထို့အတူ မင်းလှမြို့နယ်၊ ပန်းတောကျေးရွာကိုလည်း ဧပြီ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ် တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ကိုဖိုးဝဲ၊ ကိုဂျပန်ကြီး၊ ကိုမင်းမင်းအောင် နှင့် ကိုထွန်းထွန်းတို့ ဖမ်းဆီးခံခဲ့ရကြောင်း၊ ထို့ပြင် ဆင်တဲကုန်းအုပ်စုအတွင်းရှိ ကရင်တစ်အိမ်ရွာ နှင့် မစိုးရိမ်ရွာအပါအဝင် အနီး အနား ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် လူငယ်များ နေအိမ်များတွင် မနေရဲတော့ဘဲ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံထားရသည့် လူငယ်များ။"]
https://yktnews.com/2023/05/102880/
သာယာဝတီထောင်တွင် စွန်ရဲဟူသည့် ထောင်တွင်းအကြမ်းဖက်အဖွဲ့က ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသားများကို မတရား ရိုက်နှက် နှိပ်စက်ကာ အလုပ်ကြမ်းများ ခိုင်းစေ
["သာယာဝတီထောင်တွင် စွန်ရဲဟူသည့် ထောင်တွင်းအကြမ်းဖက်အဖွဲ့က ထောင်ပြောင်း နိုင်ငံရေး အကျဉ်းသားများကို မတရား ရိုက်နှက် နှိပ်စက်ကာ အလုပ်ကြမ်းများ ခိုင်းစေ", "ရန်ကုန်၊ မေ ၁၆", "ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် ထောင်ပြောင်းနိုင်ငံရေးအကျဉ်းသားများကို ထောင်ရောက်ရောက်ချင်း မတရားရိုက်နှက်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သာယာဝတီအကျဉ်းထောင်တွင် စွန်ရဲအဖွဲ့ဟူ၍ ထောင်တွင်းအကြမ်းဖက်အဖွဲ့ရှိပြီး အဆိုပါ အဖွဲ့မှ ထောင်ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကို မတရားရိုက်နှက်နေခြင်းဖြစ်ကြောင်း သိရသည်။", "“၄ လပိုင်း ၁၁ ရက်နေ့က ပြည်ထောင်က ပြောင်းလာတဲ့ အမျိုးသမီး ၄ ယောက်ကို စွန်ရဲဆိုတဲ့ ထောင်တွင်းအကြမ်းဖက်အဖွဲ့က ရိုက်တာ မျော့မျော့ပဲ။ တစ်ယောက်ကို မနည်းဆေးကုယူရတယ်။ မန္တလေး အိုးဘိုထောင်ပြောင်း အမျိုးသမီး ၁၆ ယောက်အဖွဲ့ထောင်ပြောင်းလာတာလည်း ရိုက်တာ မကြားဝံ့ဘူး” ဟု သာယာဝတီအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ စွန်ရဲဟူသည့် ထောင်တွင်းအကြမ်းဖက်အဖွဲ့သည် ထောင်ဝန်ထမ်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တန်းစီးများ၊ အခန်းလူကြီးများနှင့် စည်းကမ်းထိန်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကိုသာ ရိုက်နှက်နှိပ်စက်နေခြင်းမဟုတ်ဘဲ အမျိုးသားဆောင်တွင်လည်း ရိုက်နှက်နှိပ်စက်မှုများ ရှိကြောင်း၊ ထောင်ပြောင်းအဖွဲ့များကို တိုက်ပိတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောကြားသည်။", "“သူတို့ထောင်ပြောင်းအဖွဲ့တွေ တိုက်ပိတ်ထားချိန်မှာ ဟိုဘက်တိုက် ဒီဘက်တိက် စာပစ်ပေးလို့ဆိုပြီး ၁၁ ယောက်ကို အသားကုန်ရိုက်နှက်ပြီး ထပ်ပြီး ပြစ်ဒဏ်တိုက်ထဲ ထပ်ပိတ်ထားလိုက်တယ်။ လူတွေကို ရိုက်ထားတာ မျော့မျော့ပဲ ရှိတယ်။ ၃ လပိုင်းအကုန် ရဲရဲဆိုတဲ့ LGBT လေးလည်း ပါတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်း စဝင်သဘ့်အချိန်မှ စ၍ အော်ဟစ်ဆဲဆို ကြိမ်းမောင်းခြင်းများ လုပ်ဆောင်ကြောင်း၊ ၅ ယောက် တစ်တွဲ ထိုင်နေရာမှ မော့ကြည့်မိပါကလည်း အော်ဟစ်၍ နံပါတ်တုတ်ဖြင့် ရိုက်ခြင်း၊ ကျဉ်စက်ဖြင့် တို့ခြင်းတို့ လုပ်ဆောင်ကြောင်း ကိုယ်တိုင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "“ပိုအဆိုးဆုံးက အမျိုးသားထောင်ပြောင်းတွေကို တစ်လတိတိ တနေကုန်ပုံစံသင်တယ်။ တစ်လ သို့ ရက်လေးဆယ်တိတိ ခြေကျင်းဒေါက်လုံးဝမချွတ်ပေးဘူး ။ ညအိပ်လို့ခြေကျင်းအသံမြည်ရင် ပြစ်ဒဏ်ပေးပါတယ်။ နိုင်ကျဉ်းတွေရောက်လာမှ အဓိကပိုလုပ်တာက ထောင်လှန့်တာပါပဲ။ ထောင်လှန့်ချိန်မှာဆို ကမ္ဘာပျက်မလို ရှိသမျှဝန်ထမ်းနဲ့အသံကုန်ဟစ် ညာသံပေး။ ကျင်စက်သံတွေ ပေးပြီး လေးခွလောက်စာလုံးတွေနဲ့ ပစ်ပါတယ်”ဟု သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အမျိုးသား နိုင်ငံရေးအကျဉ်းသားများကို အုတ်ဖုတ်၊ ချီးပုံထမ်း၊ တောင်ယာလုပ်ငန်းနှင့် ရေလောင်းခြင်းကဲ့သို့ အလုပ်ကြမ်းများကိုလည်း လုပ်ဆောင်ခိုင်းကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/02/147463/
သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင်က နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မအလုပ်ခိုင်းစေပြီး အလုပ်မလုပ်လိုလျှင် ငွေပေးရန် မိသားစုထံ ငွေညှစ်‌တောင်းခံနေ
["သာယာဝတီထောင်တွင် ထောင်ပိုင် ရဲရင့်နိုင်က နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မအလုပ်ခိုင်းစေပြီး အလုပ်မလုပ်လိုလျှင် ငွေပေးရန် မိသားစုထံ ငွေညှစ်‌တောင်းခံနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဥ်းထောင်တွင် ထောင်ပိုင် ရဲရင့်နိုင် အပါအဝင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အတင်းအဓမ္မ အလုပ်ခိုင်းစေနေပြီး အလုပ်မလုပ်လိုပါက ငွေပေးရန် မိသားစုထံ ဆက်သွယ်ငွေညှစ်တောင်းခံနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးကပြောဆိုသည်။", "နိုင်ငံရေးအကျဉ်းသားများကို အလုပ်မလုပ်လိုပါက ထောင်အာဏာပိုင်များက ကျပ် ၅ သိန်းမှ ၁၀ သိန်းကျပ်အထိ ပေးရန် တောင်းခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ထောင်အာဏာပိုင်တွေက တစ်ဆင့်သော် လည်းကောင်း၊ အကျဉ်းသားဉ်းသားတွေက တစ်ဆင့်သော်လည်း ကောင်း မိသားစုဝင်တွေဆီ တောင်းတယ်။ အကျဉ်းထောင်ထဲမှာ စိတ်ပင်ပန်းနေရတာကို အလုပ်ကြမ်းပါ ခိုင်းတာ မဖြစ်စေဖို့ ကြိုးစားရှာဖွေ ပေးရတဲ့ မိသားစုတွေ ရှိပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကျဉ်းထောင်များအတွင်း အကျဉ်းသားများအတွက်အိမ်သာသန့်ရှင်းရေးဘုတ်၊တောင်ယာဘုတ်၊ရေချိုးကန်ဘုတ်၊ထမင်းချက်ဖိုကြီးဘုတ် အပါအဝင် အလုပ်ဘုတ်များစွာရှိနေပြီး အဆိုပါ အလုပ်များကို နိုင်ငံရေးအကျဉ်း သားများကို တမင် ဖိအားပေး၍ အတင်းအဓမ္မအလုပ်ခိုင်းစေနေခြင်း ဖြစ်ကြောင်း သိရှိရသည်။", "သာယာဝတီထောင်တွင်း ငွေညှစ်နေသူများမှာ ထောင်ပိုင် ရဲရင့်နိုင်၊ ဦးစီးအရာရှိ သန်းဝင်း၊ဦးစီးအရာရှိ ကျော်လှိုင်မိုးနှင့် လက်ထောက်ကြည့်ကြပ်ရေးမှုး ချမ်းသာတို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံမှ သိရှိရသည်။"]
https://yktnews.com/2024/08/179541/
သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်ကို ထောင်ဝန်ထမ်းများကရိုက်နှက်မှု ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိ ၊ တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရ
["သာယာဝတီထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၄၀ ဦးကျော်ကို ထောင်ဝန်ထမ်းများကရိုက်နှက်မှု ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရရှိ ၊ တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရ", "ရန်ကုန်၊ ဩဂုတ် ၁၉", "ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းရောက်လာသည့် နိုင်ငံ ရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရန်သူသဖွယ် ညဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောကြားသည်။", "ဇူလိုင်လ ၂၁ ရက်နေ့ အင်းစိန်ထောင်မှ သာယာဝတီအကျဉ်းထောင်သို့ နိုင်ငံ ရေး အကျဉ်းသား အများစုပါဝင်သည့် အကျဉ်း သား ၃၀၀ ဦးကို ပြောင်းရွှေ့ပြီးနောက် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို အကြောင်းပြချက်တစ်စုံ တစ်ရာမရှိဘဲ ဦးချိုးသည့်အနေနှင့် ထောင်အဝင်နှင့် ထောင်ဗူးဝတွင် ရိုက်နှက်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ထောင်ပိုင်ရဲရင့်နိုင် ကိုယ်တိုင်က နိုင်ကျဉ်းတွေအပေါ်ဖိနှိပ်ရာမှာ ဦးဆောင်ပါဝင်နေတာတွေ့ရပါတယ်။ သူ့လက်အောက်က အကစ ဝန်ထမ်းငယ်တွေကလည်း ရဲရင့်နိုင်အကြိုက် လိုက်ပြီး နိုင်ကျဉ်းတွေကို ရွေးချယ်ရိုက်နှက်ပြီး မျက်နှချိုသွေးနေကြတယ်။ အခုထိလည်း ထောက်ထဲမှာ ပုံစံဆိုတဲ့စကားကိုအသုံးချပြီး ဖိနှိပ်နေကြပါတယ်။ တပ်ကြပ်စိုးမြင့် ဆိုတဲ့သူက အဓိက နိုင်ကျဉ်း‌တွေကို ရိုက်နှက်ရာမှာ တက်ကြွစွာပါဝင်ပြီး မတရားဖိနှိပ်နေပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကျဉ်းထောင် အာဏာပိုင်များ၏ ရိုက်နှက်မှုများကြောင့် နိုင်ငံရေးအကျဉ်း သား ၄၀ ဦးကျော်တို့သည် ဦးခေါင်းနှင့် အခြားနေရာများတွင် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် ထောင်ပြောင်းနှင့်ရောက်လာသည့် အကျဉ်းသားများကို ပြစ်မှုကျူးလွန်ခြင်းမရှိပါဘဲ ခြေကျင်းဒေါက်များဖြင့်‌ တစ်လကျော်အထိ ကြာမြင့်စွာ ခတ်ထားခြင်းခံခဲ့ကြရကြောင်း၊ ထောင်ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်း သားများအနက် ၎င်းတို့ Blacklist သွင်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော်ကိုလည်း ရိုက်နှက်၍ တိုက်ထဲတွင်သာ ခြေကျင်း ဒေါက်ခတ် ထားကြောင်း သိရှိရသည်။", "နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်သူများထဲတွင် သာယာဝတီထောင်မှ အသက် ၅၀ ဝန်းကျင်အရွယ် ထောင်ဝန်ထမ်း စိုးမင်း ( တပ်ကြပ်)ဆိုသူ အဓိကပါဝင်နေပြီး ယခုလက်ရှိတွင် ပုံစံဟုဆိုကာ ဖိနှိပ်မှုများကို ထောင်အာဏာပိုင်များက ပေါ်ပေါ်တင်တင် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ၊ ထိုသို့ နိုင်ငံရေးအကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် ပတ် သက်၍ ကျူးလွန်သူများကို ထိုက်တန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပေါ်ပေါက်သည်အထိ ‌လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်ချိုးဖောက်ခံနေရမှုများကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ‌ဆက် လက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။", "“ကျနော်တို့ သာယာဝတီထောင်ပိုင် ရဲရင့်နိုင်ရဲ့ လာဘ်စားမှု၊ထောင်တွင်းစီးပွားရှာနေမှုကိုလည်း စနှစ်တကျဖော်ထုတ်နေတယ်ဆိုတာကိုလည်း အသိပေးချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။", "ဓာတ်ပုံ- အကျဉ်းထောင်အတွင်း ထောင်ဆူမှုများကို နှိမ်နင်းရေး သရုပ်ပြ လေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/12/195567/
သာယာဝတီနှင့် နတ်တလင်းရှိ ပဲခူးရိုးမအစပ်တွင် စစ်တပ်က တပ်ဖြန့်ပြီး အင်အားဖြည့်တင်းနေ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် PDF တပ်ဖွဲ့က သတိပေး၊ ရိုးမပေါ် တက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["သာယာဝတီနှင့် နတ်တလင်းရှိ ပဲခူးရိုးမအစပ်တွင် စစ်တပ်က တပ်ဖြန့်ပြီး အင်အားဖြည့်တင်းနေ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် PDF တပ်ဖွဲ့က သတိပေး၊ ရိုးမပေါ် တက်လာသည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်နှင့် နတ်တလင်းမြို့နယ်ရှိ ပဲခူးရိုးမအစပ်တွင် အကြမ်းဖက် စစ်တပ်က တပ်ဖြန့်ပြီး အင်အားဖြည့်တင်းနေ၍ ပြည်သူများ ဂရုပြု နေထိုင်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလပိုင်းက စတင်ပြီး သာယာဝတီခရိုင်နှင့် နတ်တလင်းမြို့နယ် ပဲခူးရိုးမ အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ရိုးမအစပ်တွင် တပ်များဖြန့်ထားကာ စစ်အင်အားများဖြည့်တင်နေကြောင်း သိရသည်။", "ထို့ပြင် ဖုန်းများကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖြတ်တောက်ထားသောကြောင့် ပြည်သူများ အနေဖြင့် စစ်ကြောင်းလှုပ်ရှားမှု အခြေအနေကို ဂရုပြု နေထိုင်ကြရန် ထုတ်ပြန်ထားကြောင်း၊ မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်သုံးဆီများကို လိုက်လံ ပိတ်ဆို့နေပြီး ဆီဝယ်စာအုပ်များပါမှသာ ရောင်းချနေကြောင်း သိရှိရသည်။", "“တယ်လီနောတွေ လုံးဝမရတော့ဘူး။ ရိုးမပေါ်က ပြန်ဆင်းတာ တချို့ရှိပေမယ့် စစ်ကြောင်းဖြန့်တက်နေတာ နတ်တလင်းအရှေ့ဘက် ရိုးမပေါ်ကို ဒီကနေ့ နံနက် ၁၁ နာရီလောက်မှာ စစ်ခွေး အပြည့်နဲ့ ကား ၃ စီး တက်သွားတယ်။ ကြို့ပင်ကောက်ဘက်မှာလည်း တပ်ဖြန့်ထားတယ်။ စစ်ခွေးတွေဘက်က တော်လှန်ရေးအဖွဲ့တွေ မြို့ဘက်ကို ဆင်းမလာအောင် ပိတ်ထားနေတဲ့ပုံစံ ရိုးမပေါ်က ဆင်းတဲ့လမ်းနေရာတွေမှာ စစ်ကြောင်းတွေဖြန့်ထားတာ နောက်ပြီးတော့ စက်သုံးဆီရောင်းတဲ့ ဆိုင်အသေးတွေကိုလည်း ရောင်းချခွင့်ပိတ်လိုက်ပြီ ဆီရောင်းတာတွေ့ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေတယ်။ သူတို့တရားဝင်ဖွင့်ခွင့် ပြုထားတဲ့ဆိုင်ကြီးတွေမှာပဲ ဖွင့်ခွင့်ရတော့တယ်။ ဆီဝယ်ရင် ဆီဝယ်စာအုပ်ပါမှ ရောင်းပေးတော့တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "ထို့ပြင် ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း မင်းလှမြို့နယ်ဘက်မှ လက်ပံတန်းမြို့နယ် အပိုင် ပဲခူးရိုးမ ပေါ်သို့ တက်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ထန်းတောကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသုံးပြု တိုက်ခိုက်မှုကြောင့် တော်လှန်ရေး ရဲဘော်များ နောက်ပြန်ဆုတ်လာချိန် ရမ်းသမ်း တက်လာသော စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦး ၌ပွဲချင်းပြီးသေဆုံးကာ ဖောကားများဖြင့် အလောင်းကောက်ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "“၄ ကောင်နေရာမှာ သေတယ်။ ဆေးရုံမှာ ၂ ကောင် ထပ်သေတယ်ကြားတယ်။ ခွေးအလောင်းနဲ့ ဒဏ်ရာရတဲ့ ကောင်တွေကို ဖောကားနဲ့ သယ်သွားတာ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်။ စစ်ခွေး ကျွန်တော်တို့ဘက်က ထွက်ပြေးတယ်ထင်ပြီး နောက်ကနေအတင်းတက်လာတဲ့အချိန် ရဲဘော်တွေကစောင့်ပြီး ပစ်တော့ ရှေ့ဆုံးက ၄ ကောင်သေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။"]
https://yktnews.com/2024/10/186386/
သာယာဝတီမြို့ စိန်သရဖူ အနှိပ်ခန်းတွင် ရဲချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲအုပ် ဥာဏ်လင်း သေပြီ
["သာယာဝတီမြို့ စိန်သရဖူ အနှိပ်ခန်းတွင် ရဲချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲအုပ် ဥာဏ်လင်း သေပြီ", "ရန်ကုန်၊ အောက်တိုဘာ ၄", "ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဆရာစံမြို့သစ်ရှိ စိန်သရဖူ အနှိပ်ခန်းတွင် ရဲအချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ရဲအုပ် ဥာဏ်လင်း သေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့တွင် သာယာဝတီမြို့၊ ဆရာစံမြို့သစ် လဝကရုံးဘေးရှိ စိန်သရဖူ အနှိပ်ခန်းတွင် ရဲ ၂ ဦး ရန်ဖြစ် စကားများရမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်း ပစ်ခတ်မှုအတွင်း စံရွေးရဲစခန်းမှ ရဲအုပ် ဥာဏ်လင်း ကျည်ထိမှန်ကာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ပြင်းထန် ဒဏ်ရာရရှိခဲ့သော ရဲအုပ် ဥာဏ်လင်းသည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာလ ၃ ရက်နေ့တွင် သေဆုံးခဲ့ပြီး သာယာဝတီမြို့ပေါ်ကို ရုပ်လောင်းပြန်လည် သယ်ဆောင်လာကာ မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။", "“စက်တင်ဘာ ၃၀ ရက်နေ့က ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဥာဏ်လင်းရဲ့ ရုပ်အလောင်းကို မနေ့က သဂြိုလ်လိုက်ပြီလို့ သိရတယ်။ သူကရန်ကုန်မှာ ပြင်းထန်ဒဏ်ရာနဲ့ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာ သာယာဝတီမြို့ကို ရုပ်အလောင်း ပြန်သယ်လာတာလို့ သိရတယ်။ ပဲခူးအရှေ့ပိုင်း တိုက်ပွဲမှာကျတာဆိုပြီး သတင်းတွေလိမ်ထားတယ်” ဟု ဒေသတော် လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ တန့်ဆည်တွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မိုင်းထိ သေဆုံးခဲ့သော ရဲတစ်ဦး မသာချမှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/05/103865/
သာယာဝတီမြို့နယ်၊ ရွာသစ်ရွာတွင် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
["သာယာဝတီမြို့နယ်၊ ရွာသစ်ရွာတွင် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၂", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရွာသစ်ရွာတွင် ရာအိမ်မှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၁ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်၊ ရွာသစ်ရွာမ အကြမ်းဖက် စစ်တပ်ခန့် ရာအိမ်မှူး သန်းထွန်းအောင် နှင့် မယားဖြစ်သူ စိန်မြင့်တို့ကို သာယာဝတီ ဂဠုန်တပ်ဖွဲ့နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းကာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "” သာယာဝတီမှာ ချေးငွေမဆပ်သူတွေကို ရဲနဲ့စစ်တပ်ကဖမ်းနေတာ အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက ခေါ်ဖမ်းခိုင်းတာနေတာ အဲသတင်းကြောင့် ကျန်သူတွေတော့ ငြိမ်သွားမလားမသိဘူး။ မငြိမ်ရင် ဆက်လက် အရေးယူပါ့မယ်။ ရွာသူ ရွာသားတွေ အပေါ် စကစ အားကိုးနဲ့ မိုက်ကြေးခွဲ အနိုင်ကျင့်ဆက်ဆံတယ်။ အခုသေတဲ့ လင်မယားက", "အရမ်းဆိုးတာ သူ့မိန်းမ အဆိုးဆုံးပဲ ပြည်သူကတော့ ဝမ်းသာနေကြတယ်။ အရေးယူဖို့ တိုင်တာ ခဏခဏပဲ သူတို့ကို ပြည်သူကို မနှိပ်စက်ဖို့ ပြောတာ ဂရုမစိုက်ဘဲ ပိုဆိုးလာတာအဲ့ကြောင့် မဖြစ်မနေ အရေးယူလိုက်ရတာပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ ရာအိမ်မှူးသည် ကျေးရွာအတွင်းရှိ NLD ပါတီ ထောက်ခံ သူများကို PDF ဟု စွပ်စွဲပြီး ရဲခေါ် ရှာဖွေဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး လုပ်ဆောင်နေသူ ဟု စွပ်စွဲ လုပ်ကြံ သတ်ဖြတ်ဖို့ အားထုတ်ခြင်း၊ ရွာသစ်ကျေးရွာ မြစိမ်းရောင်ချေးငွေ တာဝန်ခံဖြစ်ပြီး ကျေးရွာပြည်သူများ အပေါ် စစ်တပ် အားကိုးဖြင့် အနိုင်ကျင့် စီးနင်း ဆက်ဆံနေသူဖြစ်ပြီး ချေးငွေ ဆပ်ပြီးသူ ရွာသားများအပေါ်တွင် ၎င်းအမြင်မကြည်လျှင် ချေးငွေထုတ်မချေးသည်များ ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/132322/
သာယာဝတီမြို့ရှိ သုံးဆယ်ရဲတပ်ဖွဲ့စခန်းကို တော်လှန်ရေး အဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဘက်မှ သေဆုံးထိခိုက်မှုရှိ
["သာယာဝတီမြို့ရှိ သုံးဆယ်ရဲတပ်ဖွဲ့စခန်းကို တော်လှန်ရေး အဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု ရဲတပ်ဖွဲ့ဘက်မှ သေဆုံးထိခိုက်မှုရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ပဲခူးတိုင်း သာယာဝတီမြို့နယ် သုံးဆယ်ရဲတပ်တပ်ဖွဲ့စခန်းကို နိုဝင်ဘာ ၂၀ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦးအနည်းဆုံး သေဆုံးနိုင်ပြီး ဒဏ်ရာရသူအချို့ရှိနိုင်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ စစ်ရေးတာဝန်ခံ ကိုတံခွန်က ပြောကြားသည်။", "ရှမ်းမြောက်ညီနောင် သုံးဖော်၏ ၁၀၂၇ စစ်ဆင်ရေးကို ဂုဏ်ပြုကြိုဆိုသည့်အနေနှင့် ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ထံမှ သိရှိရသည်။", "“အင်အားက ခန့်မှန်း ၃၀ ကျော်ပါ။ သူတို့ဘက်က ကျွန်တော်တို့ ပစ်ခတ်ချိန်မှာ အလစ်ဖြစ်သွားတော့ ချက်ချင်း မပစ်ဘဲ ပတ်ပြေးနေကြတာပါ။ ကျွန်တော်တို့ စခန်းထဲထိ ဝင်မတိုက်ပါဘူး။ အပေါက်ဝ တပ်သားတွေကိုပဲ တိုက်ခိုက်ပြီး ဆုတ်ခွာခဲ့ပါတယ်။ ရဲတစ်ဦးကတော့ သေချာပေါက် သေလောက်တဲ့ ဒဏ်ရာရပါတယ်” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ ဂဠုန်စစ်ရေးတာဝန်ခံ ကိုတံခွန်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "တိုက်ခိုက်မှုဖြစ်စဉ်အပြီးနောက် ရဲများသည် လမ်းများပိတ်၍ မသက်ဆိုင်သည့် ကားများကို စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ရဲများ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ၊ ယင်းတိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက်ရဲများ။"]
https://yktnews.com/2025/02/204043/
သာယာဝတီ၊ အသရော်ရွာမှ မပိုးအိနှင့် မနွေးနွေးမြင့်ခိုင် တို့ကို စစ်မှုထမ်း မဲပေါက်သည်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၂၅ သိန်းစီ ခြိမ်းခြောက် တောင်း၍ ပေးလိုက်ရ
["သာယာဝတီ၊ အသရော်ရွာမှ မပိုးအိနှင့် မနွေးနွေးမြင့်ခိုင် တို့ကို စစ်မှုထမ်း မဲပေါက်သည်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၂၅ သိန်းစီ ခြိမ်းခြောက် တောင်း၍ ပေးလိုက်ရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ အသရော်ရွာမှ မပိုးအိနှင့် မနွေးနွေးမြင့်ခိုင် တို့ကို စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ ကျေး ရွာ အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ၂၅ သိန်းစီ ခြိမ်းခြောက် တောင်းခံခဲ့ကြောင်း ငွေတောင်းခံရသူများအမျိုးသမီးမိသားစုများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ သာယာဝတီမြို့နယ်၊ အသရော်အုပ်စုအတွင်းရှိ ကျေးရွာများမှ အမျိုးသမီးများ စစ်မှုထမ်းရမည်ဆိုကာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြင့်သိန်း နှင့် ရာအိမ်မှူး တင်ထူးတို့က ဦးဆောင်၍ မဲနှိုက်ရွေးချယ်မှု လုပ်ဆောင်ခဲ့ကြောင်း ၊ ယင်းနောက် အဆိုပါ မဲနှိုက်ရွေးချယ်မှုအတွင်း အသရော်ရွာမှ မပိုးအိနှင့် မနွေးနွေးမြင့်ခိုင် တို့ကို စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ငွေညှစ်တောင်းခံခဲ့ကြောင်း၊ စစ်မှုမထမ်းလိုပါက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်းဆီ ပေးဆောင်ရမည်ဟု ခြိမ်းခြောက် တောင်းခံခဲ့သောကြောင့် မိသားစုဝင်များက ငွေကြေးပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။", "“အသရော်အုပ်စုအတွင်းက အမျိုးသမီးတွေကို စစ်မှုထမ်းရမယ်ဆိုပြီး အမည်စာရင်း ကောက်ယူမှုတာတွေကို အုပ်ချုပ်ရေးမှူး မြင့်သိန်း နှင့် ရာအိမ်မှူး တင်ထူး တို့က ဦးဆောင်လုပ်ဆောင်နေတာ အဲတာကို တစ်ရွာကို ၂ ဦး စစ်မှုထမ်းရမယ်ဆိုပြီး မဲနှိုက်ရွေးချယ်ခဲ့တာ အသရော်ရွာသူ မပိုးအိ နဲ့ မနွေးနွေးမြင့်ခိုင် တို့ မဲပေါက်တယ်ဆိုပြီး အုပ်ကြီးနဲ့ ရာအိမ်မှူးက ခြိမ်းခြောက် ငွေညှစ်တာ စစ်မှုထမ်း အမည်စာရင်း ပယ်ဖျက်ပေးမယ်ဆိုပြီး တစ်ဦးဆီကို ငွေကျပ် ၂၅ သိန်း ခြိမ်းခြောက် တောင်းတာ မိသားစုတွေကလည်း ကြောက်လန့်ပြီး ပေးလိုက်ရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူများ တစ်ဦးက ပြောဆိုသည်။", "သာယာဝတီမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက အမျိုးသမီး စစ်မှုထမ်း စာရင်းများ လိုက်လံ ကောက်ခံမှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းကလည်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ၎င်းတို့၏ ဝါဒဖြန့် သတင်းစာနှင့် မီဒီယာများမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ အမျိုးသမီးများသည်လည်း စစ်မှုထမ်းရန် အကျုံးဝင်နေပြီး အမျိုးသမီးများကို ဆင့်ခေါ်ရန် အစီအစဉ် မရှိသေးသော်လည်း ခြိမ်းခြောက်မှုများရှိနေကြောင်း ဝန်ခံပြောဆိုထားသည်။", "ဓာတ်ပုံ- သာယာ၀တီတွင် စစ်တပ်နှင့်ရဲများက စစ်မှုထမ်းဥပဒေ အသိပညာပေး စာရွက်များ လိုက်လံဝေငှနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/164073/
သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT ကိုရဲရင့်ကို ကို မုဒိမ်းကျင့်ခဲ့သော သေဒဏ်ရာဇဝတ် သား ပြူးကြီးကို ထောင်အာဏာပိုင်များက အရူးလက်မှတ်ထုတ်ပေးပြီး နိုင်/ကျဉ်းများနှင့်အတူ ထားရှိ
["သာယာ၀တီထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT ကိုရဲရင့်ကို ကို မုဒိမ်းကျင့်ခဲ့သော သေဒဏ်ရာဇဝတ် သား ပြူးကြီးကို ထောင်အာဏာပိုင်များက အရူးလက်မှတ်ထုတ်ပေးပြီး နိုင်/ကျဉ်းများနှင့်အတူ ထားရှိ", "ရန်ကုန်၊ မေ ၂၃", "ပဲခူးတိုင်း ၊ သာယာ၀တီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား LGBT ကိုရဲရင့်ကို (ခေါ် ) ရဲရဲကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သော ရာဇဝတ်ပြစ်မှု အကျဉ်းသား ပြူးကြီးကို အကျဉ်းစီးဌာနက အရူးလက်မှတ်ထုတ်ပေးကာ နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ထားရှိကြောင်း သိရှိရသည်။", "ယခုနှစ်ဖေဖော်ဝါရီလ ပထမအပတ်အတွင်း LGBTQ+ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် အင်းစိန်ထောင်မှ သာယာဝတီထောင်သို့ ထောင်ပြောင်းရွှေ့ခြင်းခံခဲ့ရပြီး သာယာဝတီထောင် (က)ကြီးတိုက်တွင် သီးခြားနေထိုင်ရစဉ် တစ်တိုက်တည်းနေသေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးက နိုင်ငံရေးအကျဉ်း သား ရဲရင့်ကို ခေါ် ရဲရဲကို မုဒိန်းကျင့်ခဲ့ကြောင်း ၊ ရဲရင့်ကို(ခ)ရဲရဲက မုဒိန်း ကျင့်မှုကို ခုခံ ငြင်းဆန်သည့်အတွက် သေဒဏ်ကျအကျဉ်းသားပြူးကြီးက ကျောက်ခဲဖြင့် ဦးခေါင်းကို ရိုက်နှက်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးခေါင်းကွဲပြီး အကျဉ်းထောင်ဆေးရုံတွင် သွားရောက်၍ ခေါင်းကွဲဒဏ်ရာကို ချုပ်ခဲ့ရကြောင်း သိရှိရသည်။", "နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို ခေါ် ရဲရဲသည် ၂၀၂၁ခုနှစ် စက်တင်ဘာလအ တွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မ ၅၀(ဈ)၊ပုဒ်မ ၅၁(ဂ)၊ပုဒ်မ၅၄၊ပုဒ်မ၁၇(၁)အပြင် အခြားလက်နက်ပုဒ်မများဖြင့် ထောင်ဒဏ် ၉၆ နှစ် အမိန့်ချမှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။", "ထို့သို့ နိုင်ငံရေးအကျဉ်းသား ရဲရင့်ကို (ခေါ်) ရဲရဲကို လိင်ပိုင်းဆိုင်ရာ စော်ကားသည် ရာဇဝတ်အကျဉ်း သား သေဒဏ်ကျ ပြူးကြီးကို လိင်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ကျူးလွန်မှုများအတွက် အပြစ် ပေးရမည်ဖြစ်သော်လည်း အကျဉ်းထောင်အာဏာပိုင်များက အပြစ်မပေးသည့်အပြင် အရူးလက်မှတ် ထုတ်ပေးကာ နိုင်ငံရေးအကျဉ်းသားများအပေါ် ရာဇဝတ်မှူများ ဆက်လက် ကျူးလွန်ရန် အားပေး အားမြောက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "“လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ပြူးကြီးကို ထောင်ပိုင်က ထောင်တွင်း ဆရာဝန်ထံမှာ ရူးနေသူဖြစ်ကြောင်းနှင့် အရူးဆေးများသောက်နေရကြောင်း ‌‌ဆေးစာယူထားခိုင်းတယ်။ ဒါ့အပြင် ထောင်တွင်း ဆရာဝန်ကလည်း ပြူးကြီးက စိတ်ပုံမှန်မဟုတ်သည့်အတွက် အပြင် အရူးဆေးရုံတင် ထားရှိရမယ် ဆိုပြီး ထောက်ခံထားတယ်။ ဆရာဝန်၏ အရူးဖြစ်ကြောင်း ထောက်ခံချက် ရရှိထားတဲ့ ပြူးကြီးကို နိုင်ငံရေး အကျဉ်းသားများနဲ့အတူ ထားရှိတယ်။ နိုင်ငံရေးအကျဉ်းသားများတွေ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းစေရန် ရည်ရွယ် လုပ်ကြံနေတာ”ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောဆိုသည်။", "သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား ပြူးကြီးသည် စိတ်ပိုင်းဆိုင်ရာ ရူးနေသူမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း၊ သို့ရာတွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို နှိပ်ကွပ်ရာတွင် ပြူးကြီးကို အသုံးပြုရန် လက်ကိုင်တုတ်အဖြစ် ထားရှိထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "” သာယာ ဝတီထောင်တွင်းရှိ မတရား အနိုင်ကျင့်ခံနေရသော နိုင်ငံရေးအကျဉ်းသားတွေ အတွက် စိုးရိမ်ပူပနေပါတယ်။ ပြူးကြီးက နိုင်ကျဉ်းတွေကို စိတ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ အခုထက်ပိုမလုပ်ဆောင်မီ အားလုံးရှိစေချင်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသား မိသားစုက ရှင်းပြသည်။", "မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသားများထဲတွင် LGBTQ+ များ ပါဝင်ပြီး LGBTQ+ များသည် အကျဉ်းထောင်တွင်း၌ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းများ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ခဲ့သည်။", "LGBTQ+ များသည် အကျဉ်းထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို အခြားနိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ နည်းတူရင်ဆိုင်ကြရသည့်အပြင် အခြားရာဇဝတ်မှုဖြင့် အကျဉ်းကျထားကြသည့် နှစ်ကြီးအကျဉ်းသားများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊အမြတ်ထုတ်ခြင်း(မုဒိန်းကျင့်ခြင်း) အန္တရာယ်များနှင့်ပါ ရင်ဆိုင်ကြရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားသည်။ းသည်။", "ထို့ပြင် အကျဉ်းထောင်များအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုဖြစ်စဉ်အပေါ်တွင် ကျူးလွန်သူ အခြားရာဇဝတ်အကျဉ်းသားများကို အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် ထိရောက်သည့်ပြစ်ဒဏ်ပေးခြင်း အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း အဓမ္မပြုကျင့်ရန် ကြိုးစားနေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဆိုသည်။"]
https://yktnews.com/2023/09/122056/
သာယာ၀တီမြို့နယ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ် မှူးနှင့် ကြံ့ဖွတ် ရပ်/ကျေး ဥက္ကဋ္ဌ များအပါအဝင် ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["သာယာ၀တီမြို့နယ်၊ စဉ့်ကူး၊ သပိတ်ကျင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ် မှူးနှင့် ကြံ့ဖွတ် ရပ်/ကျေး ဥက္ကဋ္ဌ များအပါအဝင် ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၂", "ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်၊ သုံးဆယ်မြို့ ၊ စံရွေးတန်းကျေးရွာမှ စစ်ကောင် စီ ခန့် အုပ်ချုပ်ရေး သိမ့်သိမ့်လွင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သာယာဝတီ ဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် သာယာ၀တီမြို့၊ ခလရ ၃၅ စစ်တပ်အနီး သာယာအေးကျေးရွာ လမ်းမပေါ်တွင် စစ်ကောင်စီခန့် စံရွေးတန်းကျေးရွာအုပ်ချုပ်ရေးမှူး သိမ့်သိမ့်လွင်ကို သာယာဝတီ ဂဠုန် တပ်ဖွဲ့ က သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ရာ လမ်းပေါ်တွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း သိရှိရသည်။", "” အုပ်ချုပ်ရေးမှူး သိမ့်သိမ့်လွင်က မနှစ်က သေနတ်နဲ့ အပစ်ခံရလို့ သေသွားတဲ့ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနေရာမှာ အစားဝင်လာသူဖြစ်ပါတယ်။ သိမ့်သိမ့် လွင် က သူ့ရဲ့ ဖခင် စန်းလွင်နဲ့အတူ စစ်အာဏာသိမ်းမှုကို အင်မတန် လိုလား သူဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲ ကြံခိုင်ရေးပါတီ မဲအပြတ်အသတ် ရှုံးက တည်းက စစ်တပ်က အာဏာပြန်သိမ်းဖို့ ထောက်ခံဆန္ဒပြသူလည်းဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲကာလ ကြံခိုင်ရေးပါတီ ရပ်ကွက်အောင်နိုင် ရေးခေါင်း ဆောင် နဲ့ မဲရုံကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်” ဟု သာယာဝတီ ဂဠုန်တပ်ဖွဲ့မှတာဝန်ရှိသူက ရှင်းပြသည်။", "အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအတွင်းသို့ သေနတ်သမားတချို့က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ရာ ရာအိမ်မှူးတစ်ဦး သေဆုံးကာ ကျေးရွာအုပ်ချုပ် ရေးမှူး ထွန်းရွှေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် မြင့်ဆွေတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "စက်တင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီ ‌၅ မိနစ်အချိန် လက်ပန်လှကျေးရွာ၊ အုပ်ချုပ်ရေးမှူး ရုံးဝင်းအတွင်းသို့ သေနတ်သမား ၃ ဦး ကဝင်ရောက်ပစ်ခတ်ရာ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး မြင့်မော်တွင် နောက်ကျောမှ ဝမ်းဗိုက်သို့ ကျည် ဖောက် ထွက်ဒဏ်ရာ ၃ ချက်ဖြင့် နေရာတွင်် သေဆုံးခဲ့ပြီး ကျေးရွာ အုပ်ချုပ် ရေးမှူး ထွန်းရွှေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင် မြင့်ဆွေတို့၏ မျက်နှာနှင့် ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊သီးကုန်းကျေးရွာတွင် ကြံ့ဖွတ် ပါတီ ရပ်/ကျေးဥက္ကဋ္ဌ အုန်းလှိုင်သည် စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် သတ်ဖြတ်ခံရကြောင်း သိရှိရသည်။", "ထို့ပြင် မန္တလေးတိုင်း မြင်းခြံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ကြံ့ဖွတ် ပါတီ၊ရပ်/ ကျေးဥက္ကဌ တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ဂျုပ္ပင်ကျေးရွာမှ ကြံ့ဖွတ်ပါတီ ရပ်ကျေးဥက္ကဋ္ဌလည်းဖြစ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဝင်းလှိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဝင်းလှိုင် တွင် အောက် နှုတ်ခမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာနဖူး ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်၊ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက် ယာဘက်ခြမ်း ကျည်ဖောက် ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83412/
သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့၏ သတင်းကို လိုက်လံ စုံစမ်း နေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မူးယစ်ဆေးဝါးများနှင့် ပစ္စတို ၂ လက် ဖမ်းဆီးရမိ
["သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့၏ သတင်းကို လိုက်လံ စုံစမ်း နေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ မူးယစ်ဆေးဝါးများနှင့် ပစ္စတို ၂ လက် ဖမ်းဆီးရမိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သာသနာအမှတ်တံဆိပ်ကားဖြင့် ရေးဘီလူးအဖွဲ့ ၏ သတင်းကို လိုက်လံစုံစမ်းနေသော ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး ပြီး မူးယစ်ဆေးဝါးနှင့် ပစ္စတို ၂ လက် ဖမ်းဆီး ရမိကြောင်း ရေးဘီလူးအဖွဲ့ ခေါင်း ဆောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၇ ရက်နေ့မွန်းလွဲ ၃ နာရီအချိန် ရေးမြို့နယ်၊ ဝေမှောင်ရွာ အနီး တွင် ပျူစောထီး ၂ ဦးက ဘုန်းကြီးကားဖြင့် မူးယစ်ဆေးဝါးရောင်းချခြင်း၊ ရေး ဘီလူး အဖွဲ့ အကြောင်း လိုက်လံ စုံစမ်းခြင်းများ ပြုလုပ်နေသဖြင့် ပစ် ခတ် တိုက်ခိုက်ရာမှ သေဆုံး သွား ကြောင်း၊ ကားအတွင်းမှ ပစ္စတိုလက်နက် ၂ လက်၊ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိကြောင်း၊ ၂ ဦးစလုံးသည် ရေးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ လူဆိုးလူမိုက်များဖြစ်ကြောင်း ရေးဘီလူး အဖွဲ့ ခေါင်းဆောင်က ပြောသည်။", "“တစ်ကောင်က ရွှေပြည်သာရွာက ။ မူးယစ်ဆေးဝါး ရောင်းတဲ့ကောင်။ နောက် တစ် ကောင်က အစင်ကျေးရွာက ဝင်းစိုးသွေး။ သူတို့နှစ်ဦးက ဘုန်းကြီး ကားနဲ့ PDF တွေ ၊ရေးဘီလူးအဖွဲ့ သတင်း အဓိက စုံစမ်းထောက်လှမ်း တယ်။ ခွေးတွေ လုံး၀ မွေးထားတဲ့ကောင်တွေ။ မူးယစ်ဆေးဝါးတွေ လိုက်ရောင်းပြီး လူငယ် တွေကို ဖျက်ဆီးတယ်။ ဒီကောင်တွေဆီက မူးယစ်ဆေးဝါးနဲ့ လက်နက် တွေမိ တယ်။ ဒီကောင်တွေကို ဝေဇင်ရွာ မရောက်ခင် ဝေမှောင်ရွာနားမှာ ဒီနေ့ ညနေ က ပစ်ခတ်တိုက်ခိုက်တာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရှင်းပြ သည်။", "အကြမ်းဖက်စစ်ကောင်စီက ရေးမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး အဖွဲ့ဖြစ်သည့် ရေး ဘီလူး ၏ သတင်းများကို ပုံစံအမျိုးမျိုးဖြင့် စုံစမ်းထောက် လှမ်းလျက်ရှိနေပြီး မြို့တွင်းတွင်လည်း ရေးဘီလူးအဖွဲ့ကို ကြောက်လန့်၍ လုံခြုံရေး အတား အဆီး များ ချထားကြောင်း စုံစမ်းသိရှိရသည်။"]
https://yktnews.com/2024/06/169818/
သာသနာ့အမှတ်အသားမပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်၏ကားကို စစ်တပ်က ပစ်ခတ်ခဲ့ရဟု အကြမ်းဖက် မင်းအောင်လှိုင်က တောင်းပန်
["သာသနာ့အမှတ်အသားမပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် ဝင်းနိမ္မိတာရုံဆရာတော်၏ကားကို စစ်တပ်က ပစ်ခတ်ခဲ့ရဟု အကြမ်းဖက် မင်းအောင်လှိုင်က တောင်းပန်", "ဆရာတော်ကြီး ပစ်သတ်ခံရမှု ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာ မဖြစ်နိုင်ဟု ဆရာတော်များတုံ့ပြန်", "ရန်ကုန်၊ ဇွန်၂၄", "နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံကျောင်းတိုက်ဆရာတော်ကြီး လိုက်ပါသော ကားသည် အရပ်အိမ်စီးကားဖြစ်သည့်အပြင် သာသနာ့အမှတ်တံဆိပ်မပါခြင်း၊ အရပ်အိမ်စီးကားဖြစ်ခြင်း၊ ယာဉ်မရပ်တန့်ခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်းတို့ကြောင့် စစ်တပ်က ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ တောင်းပန်လိုက်သည်။", "ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာ တော် ၏ ရုပ်ကလပ် ဈပနာပြုလုပ်နေရာ ကျောင်းတိုက်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကိုယ်စား စစ်ကောင်စီကိုယ်စား လှယ်များက တောင်းပန်လွှာ လာရောက်တင်သွင်းခြင်းဖြစ်သည်။", "“သာသနာ့ရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများမပါရှိသည့် အရပ်ယာဉ်ဖြစ်ပြီး တံဆိပ် အမှတ် အသားမပါဘဲ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ စစ်ဆေးရန်နှင့် မှန်ချမောင်းနှင်ရန် ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြပါသော်လည်းဆက်လက် မောင်းနှင်သွားသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ဘ၀ နတ်ထံ ပျံလွန်တော်မူသွားသည်ကို ဝမ်းနည်းဖွယ်သိရှိရပါသည်ဘုရား။ အရေးယူဆောင်ရွက်မှုများကို အလေးထားဆောင်ရွက်သွားမည်။ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်၏ ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့် အတွက် တပည့်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရသည့်အပြင် အလေးအနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားအပ်ပါသည်” ဟု အကြမ်းဖက်မင်းအောင်လှိုင်က လျှောက်ထားသည်။", "ဆရာတော်ကြီး၏ ဈာပနာကို စီမံဆောင်ရွက်နေသော စီမံရေးဆရာတော်ကြီးများကမူ အကြမ်းဖက် စစ်ခေါင်းဆောင်၏ တောင်းပန်မှုအပေါ် ဝမ်းနည်းဖွယ် ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာ မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။", "“လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ် ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်”ဟု ဈာပနာစီမံရေး ဆရာတော်ကြီးတစ်ပါး ကမိန့်ကြားသည်။", "ဇွန်လ ၁၉ ရက်နေ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ရာမှ ဆရာတော်ကြီး ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။ မူလက စစ်ကောင်စီက PDF က ပစ်ခတ်သည်ဟု လိမ် လည်သတင်းထုတ်ပြန်ခဲ့သော်လည်း မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာ တော်ကြီး က စစ်တပ်က ပစ်ခတ်သတ်ဖြတ်ကြောင်း မိန့်ဆိုမှသာလျှင် စစ်တပ် ၏ လိမ်လည်မှု ပေါ်ပေါက်သွားခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2023/09/124331/
သားဖြစ်သူ အောင်ပြည့်စုံကို ဆောက်လုပ်ခွင့်ချပေးခဲ့သော ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာ စစ်ဆေးရုံကို အဖေဖြစ်သူ မင်းအောင်လှိုင်က အခမ်းအနားဖြင့် ဖွင့်လှစ်မည်
["သားဖြစ်သူ အောင်ပြည့်စုံကို ဆောက်လုပ်ခွင့်ချပေးခဲ့သော ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာ စစ်ဆေးရုံကို အဖေဖြစ်သူ မင်းအောင်လှိုင်က အခမ်းအနားဖြင့် ဖွင့်လှစ်မည်", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "အကြမ်းဖက် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို ဆောက်လုပ် ခွင့်ချ ထားပေးခဲ့သော ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာစစ်ဆေးရုံ ဆောက် လုပ်ပြီးစီးသွားပြီဖြစ်၍ လာမည့် အောက်တိုဘာလ ၂ ရက်နေ့တွင် မင်းအောင် လှိုင် ကိုယ်တိုင် တက်ရောက် အခမ်းအနားဖြင့် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။", "“အောက်တိုဘာ၂ရက်နေ့ ပြင်ဦးလွင်မှာ ကုတင် ၇၀၀ စစ်ဆေးရုံနှစ်တစ်ရာ ပြည့်ပွဲ လုပ်မယ်။ ပြီးရင် ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာစစ်ဆေးရုံဖွင့် ပွဲရှိတယ်။ မအလကိုယ်တိုင်ဖဲကြိုးဖြတ်ဖွင့်မယ်။ ဆေးရုံဝင်းထဲမှာ ပျော်ပွဲ ရွှင်ပွဲကို အောက်တိုဘာ ၉ ရက်နေ့ အထိလုပ်မယ်” ဟု ပြင်ဦးလွင်ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်း ဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ၏ Sky One ဆောက်လုပ်ရေးကုမ္ပဏီထံသို့ ပြင်ဦးလွင် အမှတ် ၁ စစ် တပ် ကင်ဆာကုဆေးရုံဆောက်လုပ်ခွင့်ကို အာဏာသိမ်းပြီးနောက် ချထားပေးခဲ့သည်။", "အကြမ်းဖက် မင်းအောင်လှိုင်သည် သားဖြစ်သူ အောင်ပြည့်စုံ၏ Sky One ဆောက်လုပ်ရေးကုမ္ပဏီကို ရန်ကုန်ရှိ အမှတ် ၁ စစ်ဆေးရုံ အထူးကုစင်တာ၊ ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာကုဆေးရုံ အပါအဝင် စစ်တပ်နှင့်သက်ဆိုင် သော ဆောက်လုပ်ရေး လုပ်ငန်းများအားလုံး ဆက်တိုက် ချထားပေးလျက် ရှိကြောင်း၊ ဒလရှိ တော်ပီဒို စက်ရုံကိုလည်း အောင်ပြည့်စုံပင် ဆောက်လုပ် ခွင့်ပေး ခဲ့သည်။", "အောင်ပြည့်စုံသည် ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာကို နာမည်မျိုးစုံဖြင့် လုပ်ကိုင်နေသူလည်းဖြစ်သည်။"]
https://yktnews.com/2023/07/115221/
သားဖြစ်သူ အောင်ပြည့်စုံအတွက် စီးပွားရေး လုပ်ငန်းများ ထောက်ကူ လုပ် ကိုင် ပေးသည့် Authentic ကုမ္ပဏီမှ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုး ဟိန်းကို မင်းအောင်လှိုင်က ဆုချီးမြှင့်
["သားဖြစ်သူ အောင်ပြည့်စုံအတွက် စီးပွားရေး လုပ်ငန်းများ ထောက်ကူ လုပ် ကိုင် ပေးသည့် Authentic ကုမ္ပဏီမှ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုး ဟိန်းကို မင်းအောင်လှိုင်က ဆုချီးမြှင့်", "ရန်ကုန်၊ ဇူလိုင် ၂၈", "အကြမ်းဖက် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံအတွက် စီပွားရေး လုပ် ငန်းများ ထောက်ကူ လုပ်ကိုင်ပေး နေသည့် Authentic ကုမ္ပဏီမှ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုးဟိန်းကို မင်းအောင်လှိုင်က လူမှုထူးချွန် (ပထမ) အဆင့် ဆုချီးမြှင့် လိုက်ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ထောက်ခံသော ဘုန်းကြီးများ၊ စီးပွားရေးသမားများ ၊ တိုက်ပွဲတွင် သေဆုံးသည့် စစ်တပ်အရာရှိနှင့် စစ်ကောင်စီ အမှုထမ်းများကို ဘွဲ့များ ချီးမြှင့်ပေးအပ်ခဲ့ရာတွင် အောင်ပြည့်စုံအတွက် အလုပ်လုပ်ကိုင်ပေးနေသူ စစ်အင်ဂျင်နီယာဟောင်း အောင်မျိုးဟိန်းကိုပါ မင်းအောင်လှိုင်က လူမှုထူးချွန်(ပထမ) အဆင့် ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။", "Authentic ဆောက်လုပ်ရေးကုမ္ပဏီသည် စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံ အပါအဝင် တပ်ဆောက်လုပ်ရေး လုပ်ငန်း၊ ပရောဂျက်များ၊ စီမံကိန်းမျိုးစုံကို ဆောက်လုပ်ခွင့်ရရှိနေပြီး မင်းအောင်လှိုင်မွေးထုတ်သည့် ခရိုနီကုမ္ပဏီ အသစ်တစ်ခုလည်းဖြစ်သည်။", "Authentic ကုမ္ပဏီပိုင်ရှင်သည် အောင်မျိုးဟိန်းနှင့် နီနီထွန်းတို့ လင်မယား ဖြစ်ကြပြီး နီနီထွန်းသည် ယခင် သွေးကင်ဆာဖြင့်သေဆုံးသွားသော ဝန်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ညီဖြစ်သူ ဗိုလ်ချုပ် တင်ထွန်း၏ သမီးဖြစ်ပြီး အောင်မျိုးဟိန်းသည် စစ်အင်ဂျင်နီယာဟောင်းတစ်ဦးလည်းဖြစ်သည်။", "“နီနီထွန်းဆိုတာ ဦးသန်းရွှေလက်ထက်က ဝန်ကြီးချုပ် စိုးဝင်းရဲ့ အမွှာညီ အစ်ကို GE တပ်က အကြီးဆုံး ဗိုလ်ချုပ်တင်ထွန်းရဲ့ သမီးအလတ်ပါ။ စစ်တပ်အသိုင်းအဝိုင်းကပါပဲ။ Authentic ပိုင်ရှင် နီနီတင်ထွန်းက ​​သွေးကင်ဆာနဲ့ ​သေသွားတဲ့ ဝန်ကြီးချုပ်​ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ အမွှာညီအစ်ကို ​စစ်အင်ယာညွှန်ချုပ် ဗိုလ်ချုပ်တင်ထွန်းရဲ့ သမီး၊ အောင်မျိုးဟိန်းက စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA 1st batch ဆင်း။ GE ထွက်၊ ကြာပြီ စီးပွား​ရေးလုပ်​နေကြတာ” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောသည်။", "မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပိုင် Sky One နှင့် မြန်မာစစ်သူကြီး ကုမ္ပဏီတို့က စစ်တပ် ပရောဂျက်အားလုံးကို ရရှိနေချိန်တွင် Authentic ကုမ္ပဏီကလည်း စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံ တည်ဆောက်ခြင်း၊ စစ်ကောင်စီ၏ စည်ပင်က ချထားပေးသော ရေနှင့်ရေသွယ်တန်းမှုဆိုင်ရာ ပရောဂျက်စီမံကိန်းများ ရရှိခြင်း အပါအဝင် စစ်တပ်ထံမှ စီမံကိန်းနှင့် လုပ်ငန်းများ စွာ ရရှိနေကြောင်း သိရှိရသည်။", "“ဘောက်ထော် စစ်တပ် မှတ်တမ်းရုံးမှာဆိုရင် မိုးကောင်းရတနာဆေးရုံနဲ့ မြ၀တီမီဒီယာစင်တာက တွဲရက်ပဲ။ အဲဒီမှာ မိုးကောင်းရတနာ ဆေးရုံကို Authentic ကဆောက်ခွင့်ရတယ်။ မြ၀တီမီဒီယာစင်တာဆောက်လုပ်ခွင့်ကို Sky One ကရတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဖွင့်လှစ်ခဲ့တဲ့ စစ်တပ်ပိုင် ကန်သာယာ ဆေးရုံဆိုတာလည်း Authentic ကပဲ ဆောက် လုပ်ခဲ့တာ။ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်နဲ့ စစ်ကောင်စီ ပရောဂျက်တွေ တော်တော်များကို Authentic က ရနေတယ်။ စစ်တပ်လက်စွဲ ကုမ္ပဏီတစ်ခုဖြစ်လာပြီ” ဟု စစ်တပ်နှင့်ထိတွေ့ဆက်ဆံနေသော စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။", "Authentic ကုမ္ပဏီကို အင်ဂျင်နီယာ အောင်မျိုးဟိန်းနှင့်နီနီထွန်းတို့က ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဆော က် လုပ်ရေး၊ ရေနှင့်ရေတိုင်ကီထုတ်လုပ်ရေး၊ ရေဆိုးသန့်ရှင်းရေးလုပ်ငန်း၊ မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှု၊ ရေပေးဝေရေးနှင့် အကြီးစားရေပိုက်သွယ်တန်းမှုလုပ်ငန်း ၊ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် သွင်းကုန်နှင့်ကုန်သွယ်ရေးလုပ်ငန်းများ စသည့် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်လျက် ရှိနေကြောင်း၊ Authenticတွင် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေးဟူ၍ ကဏ္ဍ ၃ ခုဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ ကြောင်း သိရှိရသည်။", "“သူတို့က စစ်ဗိုလ်ချုပ်တွေနဲ့ အတော် အဆင်ပြေတယ်။ ဦးအောင်မျိုးဟိန်းရော၊ ဒေါ်နီနီထွန်းရောက လူလတ်ပိုင်းတွေပဲ။ နောက်ထပ် မင်းအောင်လှိုင် လက် ထက်မှာ မွေးထုတ်မယ့် ခရိုနီသစ်တွေ ဖြစ်လာမယ့်သူတွေလို့ပဲ ပြောရမလားပဲ။ သန်းရွှေခေတ်မှာ တေဇ၊ အောင်ကိုဝင်း၊ ဇော်ဇော်တို့ ပေါ်ခဲ့သလို မင်းအောင် လှိုင်ကလည်း သူ့လက်ထက်မှာလည်း ခရိုနီအသစ်တွေ မွေးထုတ်ဖို့ လုပ်နေ တယ်လို့ပြောလို့ရပါတယ်။ အောင်ပြည့်စုံကတော့ ထိပ်ဆုံးကပေါ့” ဟု စီးပွားရေး သတင်းရင်းမြစ်က ဆိုသည်။", "Authentic ကုမ္ပဏီက ၂၀၂၂ ခုနှစ်၏ အောင်မြင်မှုအဖြစ် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ငွေကျပ် ၁၇ ဘီလီယံတန်ဖိုးရှိ ရေပေးဝေရေ စီမံကိန်းကို လုပ်ကိုင်နိုင်ခဲ့ကြောင်း၊ ရန်ကုန်စည်ပင်၊ မန္တလေးစည်ပင်တို့နှင့် ရေပေးဝေရေး ပရောဂျက်များ တွဲဖက်လုပ်ကိုင် နေကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်နေကြောင်း အဆိုပါကုမ္ပဏီ၏ Websiteတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။", "သို့ရာတွင် Authenticကုမ္ပဏီ Website တွင် စစ်တပ်ပိုင် မိုးကောင်းရတနာ ဆေးရုံကို တည် ဆောက်ခြင်း၊ စစ်တပ်ပိုင် ကန်သာယာဆေးရုံကို တည်ဆောက်ခဲ့ခြင်းများ အပါအင် စစ်တပ်နှင့်ပတ်သက် ဆက်စပ် လုပ်ကိုင်နေသော ပရောဂျက်နှင့် စီမံကိန်းများကို လုံး၀ ဖော်ပြခြင်းမပြုဘဲ ချန်လှစ်ထားသည်ကို တွေ့ရသည်။", "အကြမ်းဖက်မင်းအောင်လှိုင်သည် ၎င်း၏ ဆရာ သန်းရွှေ ကဲ့သို့ပင် ခေတ်တစ် ခေတ် ထူထောင်ပြီး ခရိုနီများ မွေးထုတ်ခြင်းကဲ့သို့ စီးပွားရေး လက်ဝါးကြီး အုပ်ခြင်းကို လုပ်ကိုင်လိုစိတ်များ မြင်ရသည်ဟု တပ်သတင်းရင်းမြစ်တချို့က ဆိုသည်။"]
https://yktnews.com/2022/12/77963/
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံး လွှတ် ပေး ရန် တောင်းဆိုနေသည့်ကြားမှ စစ်ကောင်စီက တရားစွဲမည်ဟု ထုတ်ပြန်
["သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အမြန်ဆုံး လွှတ် ပေး ရန် တောင်းဆိုနေသည့်ကြားမှ စစ်ကောင်စီက တရားစွဲမည်ဟု ထုတ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥက္ကဌ ဟောင်း ဖြစ်သော သိက္ခာတော်ရ ဆရာတော်ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတရား အသင်းအက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေများဖြင့် အရေးယူမည်ဟု စစ်ကောင်စီ၏ သတင်းလူမှုကွန်ရက်စာမျက်နှာဖြစ်သော News of Myanmar က သတင်းထုတ်ပြန်သည်။", "KIAဗဟိုဌာနချုပ်လိုင်ဇာတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ ပြုလုပ်သည့် အစည်းအဝေးတွင် တက်ရောက် ခဲ့ သဖြင့် မြစ်ကြီးနားရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (က) ဖြင့် ဒီဇင်ဘာလ ၂၈ ရက်တွင် အမှုဖွင့်ထားပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေ ဖြင့်ပါ ထပ်မံစွဲဆိုမည်ဟုစစ်တပ်ဘက်က သတင်းထုတ်ပြန်သည်။", "ဆရာတော်ကို အမြန်ဆုံး လွှတ်ပေး ရန် လေးနက်စွာ တောင်းဆိုကြောင်း ကချင်ပြည်နယ် အရပ်ဘက် အဖွဲ့ အစည်း များက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။", "ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဆေးကုသရန် ပြည်ပ သို့ ထွက်ခွာစဉ် ပြည်တွင်းလေဆိပ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိ အချိန် အထိ မည်သည့်အကြောင်းအရင်းကြောင့် မည်သည့်နေရာတွင် ဖမ်ဆီး ချုပ်နှောင် ထားသည်ကို မသိရှိရသေးကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။", "ဒေါက်တာ ခလမ်ဆမ်ဆွန်သည် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ဖြစ် သည့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ပြည်သူ (IDPs) များကို လူမျိုး ဘာသာ ဂိုဏ်းဂဏမခွဲခြားဘဲ ကူညီကယ်ဆယ်ထောက်ပံ့ခဲ့ကာ စစ်ဘေး ရှောင် ပြည်သူများကို နေရပ်ပြန်နိုင်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါ ကူးစက်နှုန်း မြင့်မားချိန်များတွင်လည်း ကာကွယ်တားဆီးရေးနှင့် ကုသရေးစောင့်ရှောက်ရေးလုပ်ငန်းများကို တက်ကြွစွာ ဦးဆောင် ခဲ့သူ ဖြစ် ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လူမျိုးဘာသာပေါင်းစုံ ပူးပေါင်း ကာ လူမှုသဟဇာတဖြစ်ပေါ်စေရေးလုပ်ငန်းများကို စဉ်ဆက်မပျက် ကြိုးပမ်း လုပ်ဆောင်နေသူဖြစ်သည်။", "လူသားအကျိုးပြုလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်နေသော ခေါင်း ဆောင် တစ်ဦးကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ဆုံးရှုံးမှုများစွာ ဖြစ်စေကြောင်း၊ ပြည်သူများအနေဖြင့် ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်၏ ကျန်းမာရေးအတွက် လွန်စွာစိုးရိမ်ပူပန်ကြကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/11/131096/
သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ
["သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ရှမ်းပြည်နယ်၊ သိန္နီကို စစ်ကူလာသော စစ်တပ်ယာဥ်တန်းကို TNLA က တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦး အရှင်ဖမ်းမိပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် လားရှိုးမြို့ စစ်ကောင်စီတပ်မှ သိန္နီဘက် ၁၂ မိုင်ကို စစ်ကူပို့ဆောင်ချိန် တအာင်းတပ်မတော် PSLF/TNLA က ပစ်ခတ် ဖြတ်ယူ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီးကို မီးရှို့ပြီးကာ စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦးနှင့် လက်နက် ၂ လက်ဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် PSLF/TNLA က ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီခန့်တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းမှ နမ့်ခမ်းမြို့တွင်း ရဲစခန်းနှင့် စာရေးတန်းရပ်ကွက်၊ ပတ္တမြားခန်းမဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပတ္တမြားခန်းမကို ထိမှန် မီးလောင်ခဲ့ကြောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သာယာကုန်းရပ်ကွက်တွင် လူနေအိမ် ၃ လုံး ထိမှန်‌ မီးလောင်ခဲ့ကြောင်း၊ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ် တွင်လည်း မန်အောင်ကျေးရွာဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်၊ ဆာလူကျေးရွာသို့ ၁ ကြိမ်၊ ဖာလင်ကျေးရွာသို့ ၁ ကြိမ်၊ မန်ဝေါကျေးရွာသို့ ၁ ကြိမ်၊ လွယ်ဟွမ်ကျေးရွာသို့ ၁ ကြိမ်နှင့် မန်လုံကျေးရွာဘက်တွင် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127835/
သိန္နီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ကိုယ်ဝန်ပျက်ကျ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["သိန္နီမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရပြီး ကိုယ်ဝန်ပျက်ကျ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန် ဆောင် အမျိုးသမီးတစ်ဦးထိမှန်ကာ ကိုယ်ဝန်ပျက်ကျခဲ့ရပြီး ပြည်သူ ၁၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင် နေရကြောင်း ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက သန္နီမြို့ အရှေ့ဘက် ၇ မိုင်ခန့်အကွာ သန္နီ – ချင်းရွှေဟော် အ ဝေးပြေးလမ်းမကြီး ကုန်းကော်ရွာအနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA တပ်တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် Hsenwi မှ အင်အား ၅၀ ခန့်ရှိသော အ ကြမ်း ဖက်စစ်ကောင်စီတပ်များ ထရပ်ကားဖြင့် စစ်ကူထွက် နမ္မတူ မြစ်ကို ဖြတ်ပြီး SSPP ထိန်းချုပ် နယ်မြေဝင်ရောက်ခဲ့သဖြင့် ပန်နကျေးရွာတောင်ဘက်၌ SSPP တပ်သားများနှင့် အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ကြား မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ပွဲဖြစ်ပွားပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နမ္မတူမြစ်ကမ်းဘေး၌ တပ်စွဲကာ ဘေးပတ်ပတ်လည်ရှိ တောင်ကုန်းများနှင့် တောတောင်များအတွင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့သဖြင့် ဖိုင်ခမ်းကျေးရွာနေပြည်သူများမှာ ည ၇ နာရီခန့်မှစ၍ ဘုန်းကြီးကျောင်းအတွင်း၌ စစ်ဘေး ရှောင်နေခဲ့ရကြောင်း သိရသည်။", "အောက်တိုဘာလ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဝမ်နောင်မိန်းကျေးရွာအနီး၌ တပ်စွဲထားသော အ ကြမ်းဖက်စစ်ကောင်စီ တပ်ရင်း ၃၂၃ မှ ပ်စခတ်သည့် လက်နက်ကြီးသည် ကွန်ကောက်ဘုန်းကြီး ကျောင်းကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ တချိန်တည်းတွင် ပန်နားနှင့် ကုန်းညောင်ကျေးရွာအနီး တပ် စွဲ ထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း ကွန်ကောက်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပစ်ခတ်သည့် လက်နက်ကြီးများသည် ကွန်ကောက် ဘုန်းကြီး ကျောင်းမြောက်ဘက်၌ တစ်လုံး၊ ကွန်ကောက်ကျေးရွာအတွင်းသို့ တစ်လုံး၊ ကွန်ကောက်ရွာ အပြင်ဘက် ၌တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထို့အပြင် ပိန်းကန်းကျေးရွာသို့လည်း ကျရောက်ပေါက်ကွဲခဲ့ပြီး နွားတင်းကုတ်တစ်လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ကြောင့် ကွန်ကောက်ဘုန်းကြီးကျောင်းမှ ကိုရင်၊ ဘုန်းကြီး အပါ အဝင် ၁၀ ဦးခန့်သည် သိန္နီ – လောက်ကိုင် လမ်းမကြီးကိုဖြတ်၍ ဟိုမိန်းဘုန်ကြီးကျောင်းသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။", "အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ၃၂၃ တပ်သား များနှင့် KIA တပ်သားများအကြား ကွန်ကောက်ကျေးရွာတဝိုက်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး များ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ကိုရင်များနေထိုင် ရာ အဆောက်အအုံ ခေါင်မိုးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အောက်တိုဘာလ ၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကွန်ကောက်ကျေးရွာအတွင်း၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တို့ကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နားကွန်းကျေးရွာရှိ အကြမ်းဖက်စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကွန်ကောက်ကျေးရွာအုပ်စု၊ ကောင်းချိုကျေးရွာအတွင်းသို့ ကျ ရောက်ပေါက်ကွဲပြီး အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျောပြင်တွင် လက်နက် ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့သို့ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ထိမှန်သော လက်နက်ကြီးစ ဖယ်ထုတ်ရာတွင် ဝမ်းဗိုက်အတွင်းရှိ ကလေးငယ်သေဆုံးခဲ့ ကြောင်း သိရသည်။", "“ကိုယ်ဝန်က ၃ လ ရထားတယ်လို့ သိရပါတယ်၊ ယောက်ျားလေး၊ မိန်းကလေး မသိရသေးဘူး၊ လာရှိုး ဆေးရုံမှာ ခွဲစိတ်ပြီးသွားလို့ ဒီအပတ်ထဲမှာပဲ ဆေးရုံဆင်းခွင့်ရတယ်” ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၉ ရက် မေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ တပ်မ ၉၉ ၊ တပ်မ ၈၈ ၊ MOC 12 မှ တင့်ကား ၂ စီးအပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာသို့ စစ်ကူစေလွှတ်ခဲ့ရာ ကောင်းချိုကျေးရွာနေ ပြည် သူ ၁၀၀ ကျော်မှာ ဖိုင်ခမ်းဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင်နေခဲ့ရကြောင်း သိရသည်။", "အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲမှ ၂ နာရီအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ သည် ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲ၍ ဘေးပတ်ပတ်လည်ကိုလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ရွာသူရွာသားများအားလုံး အောက်တိုဘာလ ၁၂ ရက်နေ့တွင် နေအိမ်စွန့် ကာထွက်ပြေးခဲ့ရကြောင်း သိရသည်။", "“တိုက်ပွဲတွေကတော့ လူနေတဲ့ရွာတွေထဲမှာတော့မရှိတော့ဘူးပေါ့နော်၊ တောထဲက တပ်စခန်းတွေနား မှာဖြစ်တော့ ဖြစ်နေသေးတယ်၊ စစ်ရှောင်တွေတချို့ကတော့ နေရပ်ပြန်ကုန်ပြီ၊ အမျိုးသမီးတွေတော့ ကျန်ခဲ့တယ်၊ သူတို့ရွာကနေမှ ပြန်လိုက်လာလိုက်နဲ့ အဲလိုမျိုးတော့ စားနေကြတယ်” ဟု ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကျေးရွာ မြောက်ဘက်ရှိ ဘုရားကုန်းတွင် ယနေ့အချိန်အထိ တပ်စွဲထားပြီး၊ တိုက်ပွဲဖြစ်ပွားရာဒေသသည် သန္နီမြို့ နှင့် ချင်း ရွှေဟော်ကို ဆက်သွယ်ထားသည့် မြန်မာ- တရုတ် အဓိက ကုန်သွယ်ရေး စင်္ကြန်လမ်းကြီး တစ် ခု ဖြစ်ကြောင်း သိရသည်။", "အလားတူ အောက်တိုဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပန်နားရွာသားများသည် စယ်အူဘုန်းကြီး ကျောင်း၌လည်းကောင်း၊ ကုန်းညောင်ရွာသားများသည် လားရှို့မြို့၊ ကွမ်းလုံမြို့၊ ဟိုပန်မြို့ရှိ ဆွေမျိုးများ ထံ၌ လည်းကောင်း၊ ကောင်းချိုရွာသားများနှင့် ဖိုင်ခမ်းရွာသား အချို့သည် ဖိုင်ခမ်းဘုန်းကြီးကျောင်း၌ လည်းကောင်း အသီးသီးထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။"]
https://yktnews.com/2024/10/189553/
သိန္နီမြို့နယ်နှင့်လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများ ကျဲချမှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ၊ မင်းတပ်တွင်လည်း Y12 လေယာဉ်ဖြင့် ဗုံးများကျဲချ
["သိန္နီမြို့နယ်နှင့်လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးများ ကျဲချမှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ၊ မင်းတပ်တွင်လည်း Y12 လေယာဉ်ဖြင့် ဗုံးများကျဲချ", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်နှင့်လားရှိုးမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ညပိုင်း လေ ယာဉ် ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လားရှိုးမြို့ ပြန်လည် ထူ ထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ အောက်တိုဘာလ ည ၇ နာရီ ၅၅ မိနစ်အချိန် စစ်ကောင်စီက သိန္နီမြို့နယ်၊ ကောင်းဟော်ချင်ကျေးရွာအုပ်စုပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံး ၂ လုံး အပါအဝင် ဗုံး ၄ လုံး လေယာဉ်ဖြင့် ကျဲချခဲ့ကြောင်း၊ပေါက်ကွဲမှုကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ရသည့်အပြင် လမ်းများလည်း ပျက်စီးခဲ့ကြောင်း၊ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ ၄ ဦးမှာ ဒာဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။", "အလားတူ ယမန်နေ့ ည ၈ နာရီ ၅ မိနစ်အချိန် စစ်ကောင်စီလေတပ်က လားရှိုးမြို့ ရပ်ကွက် ၁၂ ရပ်ကွက် အောင်သစ္စာကွက်သစ် ရင်ကျားကျေး‌ရွာပေါ်သို့ ပေါင် ၅၀၀ တစ်လုံး ကျချခဲ့ရာ အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန်မှ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်အထိ ချင်းပြည်နယ်မင်းတပ်မြို့ပေါ်သို့ မကွေးလေတပ်မှ Y-12 ဗုံးကျဲလေယာဥ်က ဗုံး ၇၀ ဝန်းကျင်ခန့် ကျဲချတိုက်ခိုက်သွားကြောင်း​ ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/11/133078/
သိန္နီမြို့နယ်ရှိ ခမရ ၅၆၇ နှင့် ခမရ ၅၆၈ တပ်ရင်း၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၁၇၂ ခု သိမ်းပိုက်ရရှိထား
["သိန္နီမြို့နယ်ရှိ ခမရ ၅၆၇ နှင့် ခမရ ၅၆၈ တပ်ရင်း၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၁၇၂ ခု သိမ်းပိုက်ရရှိထား", "ရှမ်းမြောက်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး စစ်သား ၃၁ ဦးကို အရှင်ဖမ်းမိကာ သံချပ်ကာကား ၊ ဟောင်ဝစ်ဇာအမြောက်များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ခမရ ၅၆၇ နှင့် ခမရ ၅၆၈ တပ်ရင်း၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ စခန်းပေါင်း ၁၇၂ ခု သိမ်းပိုက်ရရှိထားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်လိုက်ကြောင်း၊ MNDAA က သိမ်းယူ တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များမှာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ မုံးကိုးနယ်စပ်ကုန်သွယ်ရေးဂိတ်၊ ပန်းဆိုင်(ကြူကုတ်) နယ် စပ်ကုန်သွယ်ရေးဂိတ်၊ ယခုနောက်ဆုံး ကျင်းစန်းကျော့နယ်စပ်ကုန် သွယ်ရေး ဂိတ်တို့ကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်", "ထို့ပြင် နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် သိန္နီမြို့နယ်ရှိ နမ့်စလပ်တွင် ခမရ ၅၆၇ နှင့် ၅၆၈ တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာတွင် ခမရ ၅၆၇ နှင့် ၅၆၈ တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ ၁၆ ဦး ထက်မနည်း သေဆုံးပြီး ၃၁ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း၊ သံချပ်ကာယာဉ် ၁ စီး၊ ၁၅၅ မမ ဟောင်ဝှစ်ဇာ အမြောက် နှစ်လက်နှင့် အမြောက် မျိုးစုံ၊ လက်နက်ခဲယမ်းမီးကျောက်များ အပါအဝင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် သီပေါနှင့်ကျောက်မဲအကြားရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ နမ့်ခမ်းမြို့နယ်တွင်လည်း စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၉ ဦးဆေသုံးပြီး စစ်ဘက်ဆိုင်ရာပစ္စည်းများကို သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131584/
သိန္နီမြို့နယ်ရှိ မန်လွင် ပြည်သူ့စစ် စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား
["သိန္နီမြို့နယ်ရှိ မန်လွင် ပြည်သူ့စစ် စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်ရှိ မန်လွင် ပြည်သူ့စစ် စခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်တွင် သန္နီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မန်လွင် ပြည်သူ့စစ် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်တွင် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ လမ်းခွဲ၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က နမ့်ဖက်ကာနှင့် နောင်ချိုမြို့နယ်ရှိ ဟိုမောကျေးရွာ နှင့် ဆင်ဖြူရေးကျေးရွာ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128792/
သိန္နီမြို့နယ်ရှိ မိုင်းလီ စစ်ကောင်စီတပ်စခန်းကို TNLA က သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိ၊ ကွတ်ခိုင်နှင့်လားရှိုးတွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်နေ
["သိန္နီမြို့နယ်ရှိ မိုင်းလီ စစ်ကောင်စီတပ်စခန်းကို TNLA က သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိ၊ ကွတ်ခိုင်နှင့်လားရှိုးတွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်နေ", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ စစ်ကောင်စီ၏ မိုင်းလီ တပ်စခန်း ၁ ခုကို ယမန်နေ့ ညပိုင်းတအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီထံ သေနက် ၁၄ လက်၊ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ 40 MM ဗုံးသီး ၁၂ လုံး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိကြောင်း သိရှိရသည်။", "အလားတူ အောက်တိုဘာလ ၃၀ရက်နေ့ န့နက် ၄ နာရီ ၁၅ မိနစ်အချိန် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်ကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ရှမ်းပြည်နယ် မြောက် ပိုင်း၊ ကွတ်ခိုင်-နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားရှိ စစ်တပ်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်း ထန် နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/07/174449/
သိန္နီမြို့နှင့် လားရှိုး မြို့ပြင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦး သေဆုံး
["သိန္နီမြို့နှင့် လားရှိုး မြို့ပြင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၉", "ရှမ်းပြည်နယ်၊ သိန္နီမြို့နှင့် လားရှိုး မြို့ပြင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း MNDAA က ပြောဆိုသည်။", "ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၇ မိနစ်ခန့်တွင် သိန္နီမြို့ လူနေရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၅ ဦးမှာ ဒဏ်ရာ အခြေအနေ ပြင်းထန်ပြီး ကျန် ၃ ဦးသည် ထိခိုက် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် သိန္နီခရိုင်ကော်မတီနှင့် ဒေသ ကာကွယ်ရေးတပ်များက ကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်စွာ စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ဒဏ်ရာရသူများကို မဟာမိတ်တပ်များက နောက်တန်းဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် အစောပိုင်းတွင် လားရှိုးမြို့ပြင် ၁၃ မိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နံနက် ၄ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် သိန္နီခရိုင်အတွင်းရှိ ကြယ်ဝှဒေသကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စပါးခင်းများ ၊ သီးနှံများ နှင့် အရပ်သား နေအိမ် ၄ လုံး အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/189773/
သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း အပါအဝင် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြား
["သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း အပါအဝင် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြား", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်း အပါ အဝင် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများပြားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်နှင့် ည ၉ နာရီ ၅၃ မိနစ်အချိန် အကြမ်း ဖက် စစ်ကောင်စီတပ်၏ လေယာဉ်များက သိန္နီမြို့သို့ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးများ ကျဲချမှုကြောင့် သိန္နီ မြို့ ရှိ KBC ခရစ်ယာန် ဘုရားကျောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ နေအိမအများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“သိန္နီမြို့ပေါ်မှာတော့ ခရစ်ယာန်ဘုရားကျောင်းကတော့ အတော်ပျက်စီးတယ်။ ထွေ/အုပ်ရုံးနဲ့ နေအိမ် တွေပျက်စီးတာရှိတယ်။ လူအထိအခိုက် မရှိဘူးလို့ ကြားပေမယ့် အသေအချာ သိဖို့ ထပ်မေးနေတုန်းပဲ။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အဲဒီဘက်မှာ သိပ်မလွယ်ဘူး” ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အလားတူ ယမန်နေ့ညပိုင်း နောင်ချိုမြို့နယ်၊ သပြေရေရပ်ကွက်အပါအဝင် နေရာတချို့ကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးများ ကျဲချခဲ့ပြီး လူထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။", "“မနေ့ညပိုင်း နောင်ချိုကို လေယာဉ်နဲ့ ဗုံးကျဲတာမှာ ပထမအကြိမ် ၂ လုံးကျဲတယ်။ ဒုတိယအကြိမ်က ဗုံး ၈ လုံးတွဲကျဲချတယ်။ နောင်ချို သပြေရေရပ်ကွက်မှာ ဗုံးတွေကျလို့ အသေအပျောက်ရှိတယ်။ ပျက်စီးမှုလည်းများတယ်လို့ သိရတယ်” ဟု နောင်ချိုမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်ဖြစ်သော ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်က လောက်ကိုင်မြို့နှင့် နမ့်ခမ်းမြို့များကို လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ညပိုင်း သိန္နီမြို့ပေါ်သို့ စစ်လေယာဉ်က ဗုံးကျဲချသဖြင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးနေစဉ်။"]
https://yktnews.com/2025/01/197961/
သိန္နီမြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် အများအပြား ပျက်စီး
["သိန္နီမြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ် အများအပြား ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂", "ရှမ်းပြည်နယ်၊ သိန္နီမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီ ၁၉ မိနစ်ခန့်တွင် MNDAA ထိန်းချုပ်ထားသော သိန္နီမြို့၊ အမှတ် ၃ ရပ်ကွက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိသော်လည်း ဗုံးတိုက်ရိုက်ထိမှန်သည့် နေအိမ်မှာ လုံးဝ ပြိုကျပျက်စီးသွားကြောင်း၊ ထို့ပြင် အနီးအနားရှိ နေအိမ်အများအပြားလည်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း သိန္နီမြို့နယ်၊ နမ့်ပေါင်ကျေးရွာနှင့် သံလွင်စံပြ ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီးနောက် ၃၈ ရက်အကြာပြန်လည် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သည် တည်ငြိမ်အေးချမ်းလာပြီဖြစ်သော အထူးဒေသ ၁ နယ်မြေအတွင်းရှိ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသော လူနေရပ်ကွက်အတွင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသနေ ပြည်သူများမှာ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/10/128795/
သိန္နီမြို့ရှိ နမ္မတူ မြစ်ကူးတံတား မိုင်းခွဲလိုက်သဖြင့် ပြိုကျပျက်စီးသွား၊ သိန္နီမြို့ပြင် ပတ်ဝန်းကျင်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား
["သိန္နီမြို့ရှိ နမ္မတူ မြစ်ကူးတံတား မိုင်းခွဲလိုက်သဖြင့် ပြိုကျပျက်စီးသွား၊ သိန္နီမြို့ပြင် ပတ်ဝန်းကျင်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ နမ္မတူ မြစ်ကူးတံတားသည် မိုင်းခွဲခံရသဖြင့် ပျက်စီးသွားကြောင်း ဒေသပြည်သူများနှင့် စစ်တပ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ယနေ့အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်အစောပိုင်းတွင် သန္နီမြို့အထွက်ရှိ နမ္မတူ မြစ်ကူးတံတား မိုင်းခွဲခံရခြင်းဖြစ်ပြီး တံတားမှာ သုံးမရသည်အထိ ပျက်စီးသွားကြောင်း သိရှိရသည်။", "“အဲဒီ နမ္မတူ တံတားက တိုက်ပွဲတွေဖြစ်တိုင်း မိုင်းခွဲခံရတဲ့ တံတားပါ။ ၂၀၁၂၊ ၂၀၁၆ ကာလ မတည်မငြိမ်ဖြစ်တုန်းကလည်း မိုင်းခွဲခံရတယ်။ အဲဒီတောက်လျှောက်မှာလည်း ခဏခဏ မိုင်းမိတာ၊ ပစ်ခတ်မှုဖြစ်တာတွေဖြစ်တယ်။ အဓိက အဲဒီတံတားက အရေးပါတဲ့ တံတားတစ်ခုဖြစ်တယ်။ စစ်တပ်ရဲ့ ထောက်ပို့အတွက် အရေးကြီးတယ်။ သန္နီ မြို့အဝင်အထွက်အတွက် အရေးကြီးတဲ့ တံတားမို့ အခုလည်း မိုင်းထပ်ခွဲခံရတာပါ” ဟု သိန္နီမြို့ခံတစ်ဦးက ရှင်းပြသည်။", "လက်ရှိတွင် သိန္နီမြို့ ပတ်ပတ်လည်ရှိ စခန်းများ၊ ဗျူဟာကုန်းများ၊ တပ်ဂိတ်များ၊ မြို့အဝင်ဂိတ်များအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး မြို့တွင်းထဲသို့လည်း တဖြည်းဖြည်း ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138272/
သိန္နီ၊ ပန်းလော်ဒေသနှင့် နောင်ချို၊ ဆမ္မဆယ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ
["သိန္နီ၊ ပန်းလော်ဒေသနှင့် နောင်ချို၊ ဆမ္မဆယ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့ပြင်ရှိ ပန်းလော်ဒေသကို အကြမ်းဖက် စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလ​ေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁ ရက်နေ့တွင် သိန္နီခရိုင်၌ အခြေချနေထိုင်သော အကြမ်းဖက် စစ်ကောင်စီ တပ်က သိန္နီမြို့ပြင်၊ ပန်းလော်ဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ အိမ်လုံး ပေါ်ကျရောက်ပေါက်ကွဲကာ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့တွင် လက်နက်ကြီးကျည် ထိမှန်ခဲ့သော ပြည်သူများမှာ ထမင်းစားနေစဥ် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်က နေအိမ်မီးဖိုခန်းထဲသို့ ကျရောက်ပေါက်ကွဲခြင်း​ဖြစ်ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသော ပြည်သူ ၃ ဦးကို MNDAA ၏ နောက်တန်းဆေးခန်းသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် ဆက်လက် ကုသပေးလျက်ရှိကြောင်း သိရသည်။", "၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် ရှမ်း ပြည်နယ် အထူးဒေသ ၁ ကိုးကန့်နယ်မြေ အတွင်း ပြည်သူ ၆၉ ဦး ထိမှန်သေဆုံးခဲ့ရပြီး ၇၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာရှိ သကြားစက်ရုံကို အကြမ်း ဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ အမှတ် ၁ ဆင်းရွှေလီ သကြားစက်ရုံကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် စက်ရုံ ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/108210/
သိန်းနီမြို့အနီး တရုတ်နိုင်ငံမှ လာသည့် စစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ၁၂ ဘီးကား တိမ်းမှောက်ပြီး စစ်သား ၂ ဦးသေဆုံး
["သိန်းနီမြို့အနီး တရုတ်နိုင်ငံမှ လာသည့် စစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ၁၂ ဘီးကား တိမ်းမှောက်ပြီး စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၁၈", "ရှမ်းပြည် မြောက်ပိုင်း၊ သိန်းနီမြို့အနီး တရုတ်နိုင်ငံမှ လာသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်းများ တင်ဆောင်လာသော ၁၂ ဘီးကား တိမ်းမှောက်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံမှလာသည့် အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်းများ သယ်ဆောင်လာသော ၁၂ ဘီးကားသည် သိန်းနီမြို့ အနီး သဲတောင်အဆင်းတွင် တိမ်းမှောက်ကာ အရပ်သား ကားဆရာအဖြစ် အယောင်ဆောင်လာသည့် စစ်သား ၂ ဦး ကားခေါင်းခန်းတွင် ညှပ်၍ သေဆုံးသွားကြောင်း သိရသည်။", "“သိန်းနီမြို့အနီး သဲတောင်အဆင်းမှာ ၁၂ ဘီးကား မှောက်တယ်။ ကား သမား ဟန်ဆောင်ထားတဲ့ စစ်သား ၂ ဦး ခေါင်းခန်းမှာ ညှပ်သေတယ်။ ထူးတာက စကစအတွက် လက်နက်ခဲယမ်းတင်လာတဲ့ ကားဖြစ်နေတယ်။ တရုတ်ကနေ တင်လာတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ ၁၂ ဘီးယာဉ် ကားမှောက်သည့်အချိန်တွင် ပုံမှန်အတိုင်း လူမှုကူညီရေးအသင်းကားများကို မခေါ်ဘဲ ဆေးရုံကား၊ မီးသတ်ကားများနှင့် ကြိတ်သယ်ကြောင်း ၊ ကားမောင်းသူများမှာ စစ်ကောင်စီဝင်များ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“ပုံမှန် သဘောရိုး ကားမှောက်ရင် လူမှုကူညီရေးအသင်းကားကို ခေါ်တယ်။ လိုင်းပေါ်တင်တယ်။ ခုက ဆေးရုံကား မီးသတ်ကားနဲ့ ကြိတ်သယ်တာ” ဟု ဒေသပြညသူတစ်ဦးက ပြောပြသည်။", "ဇွန်လ ၁၇ ရက်နေ့ကလည်း ၁၂ ဘီးကား ၁၅ စီးသည် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၆ ခြေလျင်တပ်မဟာထဲကို မောင်းဝင်သွားပြီး လက်နက်ခဲယမ်းများ ဖြစ်ဟန်တူကြောင်း၊ ကားအားလုံးသည် အရပ်သားကားများ ဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2025/02/203581/
သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းနှင့် ချောင်းဦးရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်းနှင့် ချောင်းဦးရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Taung Nyo Column – တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၉ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် အင်းတကော် (ပကဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ကံကြီးကုန်းရွာရှိ စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က အထိုင်ချ တပ်စွဲထားသော အင်းအား ၁၀၀ ခန့်ရှိသော ကံကြီးကုန်းရွာ စစ်စခန်းကို ဒရုန်း အစီး ၂၀ ကျော်ဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "“စစ်ခွေး သေစာရင်းမသိရသေးဘူး။ ကျွန်တော်တို့ကိုလည်း မဟာမိတ်တွေက လှမ်းမပြောသေးဘူး။ သူတို့ ခွေးကုန်း အထိုင်ချတဲ့နေရာတွေကို စစ်ခွေး စစ်တပ် အင်အားမှန်းလို့တော့ မရဘူး။ သူတို့က ပျူတွေနဲ့ ရောနေတာဆိုတော့ ပထမ စခန်းသိမ်းတော့လာပို့တဲ့ အကောင်တွေရော ရှိတာဆိုတော့ စစ်ခွေးအင်အားကတော့ ကျွန်တော်တို့ ခန့်မှန်းတာကတော့ ၁၀၀ လောက်ရှိမယ်။ ပျူတွေရောဆိုရင် အဲဒီရွာကများမှာပါ။ ဒရုန်းကတော့ များတယ်။ အစီး ၂၀ လောက်ရှိမယ် နှစ်နေရာခွဲပြီးတိုက်ခိုက်ခဲ့တာ” ဟု ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်ကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒရုန်း ဆုံးရှုံးမှုများ ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ဒရုန်း ပြန်လည် တပ်ဆင် ဝယ်ယူနိုင်ရန်အတွက် ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ဆက်လက် ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Salingyi)၊ ယင်းမာပင်ခရိုင်တပ်ရင်း၃၅၊တပ်ခွဲ၃တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့(Salingyi)၊ မုံရွာခရိုင်တပ်ရင်း(၂၄)၊ မုံရွာခရိုင်ပကဖ၊ မုံရွာခရိုင်တပ်ရင်း(၁)SGFတပ်ခွဲ၊ တပ်ရင်း(၁၂)တပ်ခွဲ(၄)၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈)ဓါးမဆိုင်းတပ်မတော်၊ ဒရုန်းမဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ ကြောင်းသိရှိရသည်။"]
https://yktnews.com/2025/02/203285/
သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းနှင့် ရေဦးမြို့ ထွေ/အုပ် ရုံးတွင် အစည်းအဝေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းနှင့် ရေဦးမြို့ ထွေ/အုပ် ရုံးတွင် အစည်းအဝေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Federal Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA ဦးဆောင်မှုဖြင့် Yangon Federal Army ( Y.F.A ) ၊ အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တောင်ညိုစစ်ကြောင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ Yangon Federal Army (Y.F.A) အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည့် အချိန်အထိ စွမ်းစွမ်းတမံ ထိရောက်စွာ တော်လှန်ရေးမဟာမိတ် အဖွဲ့များနှင့် ထိရောက်သော စစ်ဆင်ရေးများကို ဆက်လက် ဖော်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း Yangon Federal Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ထွေ/အုပ်ရုံးတွင် အစည်းအဝေးပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ရေဦးမြို့ ထွေ/အုပ်ရုံး အတွင်း အစည်းဝေးပြုလုပ်နေသော စစ်သားများနှင့် ပျူစောထီးများကို ရေဦးမြို့နယ် ပကဖ drone အဖွဲ့က ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်ခွေး သေစာရင်းက စုံစမ်းနေပါတယ်။ သူတို့က ကျွန်တော်တို့ကို drone တွေကိုလိုက်ပစ်လို့ ဗုံးသီး ၃ လုံးပဲ ချခဲ့ရတယ်။ စစ်ခွေးနဲ့ပျူစောထီး အင်အားက ၅၀ခန့် လိုပဲ သိရတယ်။ပထမတော့ သူတို့က အစည်းဝေးကို အထက ၁ ထဲမှာ လုပ်မယ်ဆိုပြီး၊ အစည်းဝေး စခါနီးမှာ ထွေအုပ်ဘက်ပြောင်းလုပ်တာ။ စခ တွေဘက်က ကျွန်တော်တို့ ဒရုန်းတွေကို လိုက်ပစ်တာ။ အထိအခိုက်ကတော့ အနည်းဆုံးတော့ ဒဏ်ရာတော့ ရမှာပါလို့ပဲ ပြောချင်ပါတယ်”ဟု ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောဆိုသည်။"]
https://yktnews.com/2023/12/137132/
သိမ်ဇရပ် အမြောက်တပ် ၃၁၀ မှ တပ်ကြပ် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကားကို လက်နက်ငယ်၊ ၄၀ မမ ဖြင့် ပစ်ခတ်မှု ၃ ဦးသေဆုံး
["သိမ်ဇရပ် အမြောက်တပ် ၃၁၀ မှ တပ်ကြပ် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကားကို လက်နက်ငယ်၊ ၄၀ မမ ဖြင့် ပစ်ခတ်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေး ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကားကို လက်နက်ငယ်၊ ၄၀ မမ ဖြင့် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ် ၊ သိမ်ဇရပ်မြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ရွာလေးရွာ၊ စစ်ပစ်ကွင်း သွားသော လမ်းထိပ် တွင် အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေး အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသည်", "ဟွန်ဒါဖစ်အမဲရောင် ကား ဖြင့် ထွက်ခွာလာစဥ် တော်လှန်ရေးအင်အားစု က လက်နက်ငယ် နှင် ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအနက်မှ ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ ၁ ဦးမှာ လွတ်မြောက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "” ကားပေါ်ပါ စစ်သား. ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ တင်မောင်အေး တပည့် ပျူစောထီး အာကာက ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာနဲ့ ပဲခူးဆေးရုံရောက်တဲ့အချိန် သေတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေးမှာ လွတ်မြောက်သွားပြီး ၄ ကြိမ်မြောက် ပစ်ခတ်ခံရမှု လွတ်မြောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေး သည် သိမ်ဇရပ် တခွင် တွင် မှောင်ခို ၊ လောင်းကစား ၊ တရားမဝင် အလုပ်များ လုပ်ကိုင်နေသူဖြစ်ပြီး တစ် နေ့လျှင် သိန်းတစ်ရာ ဝန်းကျင် ဝင်ငွေရနေသူဖြစ်ကြောင်း၊ ပြည်သူများကို ဖမ်းဆီးပြီး PDF အမှုဆင်မှုများ၊ တချို့သော သူများကို စစ်ကြောရေးတွင် သတ်ဖြတ်မှုများ ကျူးလွန်ထားကြောင်း၊ ထို့ပြင် အလောင်းဖျောက်မှုများကိုပါ ကျူးလွန်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီ အမြောက်တပ်မှ စစ်သည်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/10/187717/
သိမ်ဇရပ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ
["သိမ်ဇရပ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၁ မိနစ်အချိန် မွန်ပြည်နယ် ၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်က လက်နက်ကြီး ၂ လုံးဖြင့် လူနေရပ်ကွက်များသို့ ဦးတည်ပစ်ခတ်ခဲ့ရာ သိမ်ဇရပ်မြို့ပေါ် အကွက် ၅ ၊ ၄ လမ်းသို့ ကျရောက်ပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်ရာနေရာများသို့ ဦးတည်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "” လက်နက်ကြီးပစ်ခတ်လို့ အကွက် ၅ ၊ ၄ လမ်း မှာ နေတဲ့ အသက် ၇၆ နှစ်အရွယ် ဦးသန်းမောင် ဘယ်ခြေကို လက်နက်ကြီးအစ ထိမှန်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဒေါ်ဌေးဌးလည်း ဘယ်ခြေကို လက်နက်ကြီးအစ ထိမှန်ပါတယ်။ အသက် ၁၂ နှစ်အရွယ် မမိုးသင်ဇာဟိန်းကတော့ ညာခါင်းစောင်းကို လက်နက်ကြီးအစ ထိမှန်ပါတယ်။ ၃ ဦးလုံးတော့ အသက် အန္တရာယ်မစိုးရိမ်ရပါဘူး။ တိုက်ပွဲမရှိဘဲ ပြည်သူတွေ နေတဲ့နေရာကို ရမ်းသမ်းပစ်ခတ်တာဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်များက မကြာခဏဆိုသလို ပြည်သူများနေထိုင်သော ကျေးရွာများနှင့် ရပ်ကွ့က်များသို့ လက်နက်ကြီးများ ဦးတည်ပစ်ခတ်နေသဖြင့် သိမ်ဇရပ်မြို့နယ်အတွင်းတွင် ပြည်သူများ ထိခိုက်သေဆုံးမှုများ မကြာခဏဆိုသလိုဖြစ်ပေါ်နေကြောင်း​ ဒေသပြည်သူများက ပြောဆိုကြသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/07/111108/
သိမ်ဇရပ်တွင် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ဆားလင်းကြီးတွင် စစ်တပ်နှင့်ပျူစောထီးများလိုက်ပါသော ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက်
["သိမ်ဇရပ်တွင် စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊ ဆားလင်းကြီးတွင် စစ်တပ်နှင့်ပျူစောထီးများလိုက်ပါသော ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၄", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း တော်လှန် ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဇူလိုင် ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် သိမ်ဇရပ်မြို့၊ အမြောက် တပ် ၃၁၀ အနောက်ဘက်နားရှိ စစ်တပ်စစ်ဆေးရေးဂိတ်ဖြစ်သော စက္ကူစက်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦးဒဏ် ရာရရှိကြောင်း သိရှိရသည်။", "တိုက်ပွဲဖြစ်ပွားချိန်သည် ၈ မိနစ်ဝန်းကျင်ရှိပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း၊ အမြောက်တပ် ၃၁၀ က ၈၁ မမ ၈ လုံးဖြင့်ဘုရားလေး ဆူ ၊ စစ်ကွင်း ၊ မုက္ကမော့ ၊ အခိုင် ၊ ဝါးဂေါက်ကွင်းလမ်းဘက်သို့ ပစ်ခတ်ခဲ့ပြီး လူနေရပ် ကွက်များဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဇူလိုင်လ ၃ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မှ ထွက်လာသော စစ်တပ် နှင့် ပျူစောထီး အင်အား ၈၀ ခန့်သည် ဆားလင်း ကြီးမြို့နယ် ပေါင်း၀ ဆိပ်ကမ်းမှ မုံရွာမြို့သို့ အမြန်ယာဉ် တစ်စီးဖြင့် ဆန်တက် လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်းတိုက်ခိုက်ခဲ့ ကြောင်း Hero Fighter (Salingy) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "စစ်တပ်စစ်ကြောင်းကို Hero Fighter (Salingyi) ၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force (Salingyi) ၊ တောင်ပံနီပြောက်ကျားတပ်ဖွဲ့နှင့် တခြားသော ညီနောင်မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာမြစ်ကမ်းတစ် လျှောက် ရှေ့ထွက်ပြောင်းတိုက် အပါအ၀င် လက်နက်ကြီး/ငယ် များဖြင့် မိနစ် ၃၀ အကြာ ပစ်ခတ်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန် ရေကြောင်းတိုက်ပွဲ ဖြစ် ပွား ခဲ့ပြီး ဖြစ်စဉ်တွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရှိရ သည်။", "ဓာတ်ပုံ-မြစ်အတွင်းသွားလာနေသည့် စစ်ကောင်စီတပ်၏ ရေယာဉ်တစ်စီး။( ယမန်နှစ်ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/02/203119/
သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမြောက်တပ်ကို ပဲခူးခရိုင် အင်းတကော် (ပကဖ) ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ဝေါ (ပကဖ) မှ တော်လှန်ရေးရဲဘော်များ ဦးဆောင်၍ အမှတ် ၃၁၀ အမြောက်တပ်ရင်းကို ၆၀ မမ စိန်ပြောင်း ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“တပ်ရင်းထဲကို လူနာတင် ကားဝင်သွားတယ်။ ထိခိုက်တာရှိပါတယ်။ သိပ်မကြာခင်ဘဲ အမြှောက်တပ်ထဲကနေ ပြန်ထုတာတွေရှိလာပါတယ်” ဟု ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သးများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]