url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/12/76350/
ဝမ်းတွင်းတွင် ကျေးရွာ ၇ ခု၏ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် သားဖြစ်သူ တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်း လာစစ်ဆေးသည့် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရ
["ဝမ်းတွင်းတွင် ကျေးရွာ ၇ ခု၏ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် သားဖြစ်သူ တို့ ပစ်ခတ်ခံရပြီး သေဆုံး၊ အလောင်း လာစစ်ဆေးသည့် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်တိုအုပ်စု ၇ ရွာ၏ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် သားဖြစ်သူ စိုင်းမြင့်အောင်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွား သည့် အပြင် ၎င်းတို့၏ အလောင်း ၂ လောင်းကို လာရောက်စစ်ဆေးသည့် စစ် ကြောင်း ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် ညောင်တိုအုပ်စု ၇ ရွာ အုပ်ချုပ်ရေးမှူး ပြေအေးနှင့် ၎င်း၏ သားဖြစ်သူ စိုင်းမြင့်အောင်ပြေ(ခ) ပုလုံးကို Wundwin Township Revolution Force(WTRF)က ပစ်ခတ်ရာမှ သေဆုံးခဲ့ ကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သားအဖ၏ အလောင်းကို လာယူ သည့် စစ်တပ်ကို ရိုးစုကျေးရွာနှင့် ဖုန်းစိုကျေးရွာအကြား လမ်းတွင် ထပ်မံ မိုင်းဆွဲ တိုက်ခိုက် ကြောင်း သိရသည်။", "“ည ၉ နာရီလောက်မှာ ပျူစောထီးသားအဖ ပြေအေးနဲ့ စိုင်းမြင့်အောင်ပြေ (ခ) ပု လုံး အလောင်းလာ ကောက်တဲ့ စခ၊ ရခတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်၊ ငရဲသွားမယ့် စခ၊ ရခတွေကိုတော့ မသိရသေး ပါဘူး” ဟု WTRF က ပြော သည်။", "ညောင်တိုအုပ်စု ၇ ရွာ အုပ်ချုပ်ရေးမှူး ပြေအေးသည် ဝမ်းတွင်မြို့နယ်အတွင်း အကြီးစားပျူစောထီး ခေါင်း ဆောင်ဖြစ်ပြီး မြို့နယ် အတွင်းရှိ PDF တပ်ဖွဲ့ ဝင် များကို ဓာတ်ပုံနှင့်တကွ လိုက်လံဖမ်းဆီးကြောင်း၊ ခင်ကြီးရွာ၊ ကျင်းရွာ၊ တဲစုရွာ၊ သဲတော လေးကျေးရွာ၊ သခွတ်မြင့်ကျေးရွာများသို့ လှည့်လည်၍ PDF များ ရွာထဲအဝင်မခံရန် လော်စပီကာဖြင့် ခြိမ်းခြောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း သဲတောလေးကျေးရွာ အုပ်ချုပ်ရေး မှူး မောင်ရှိန်ကို Wundwin Township Revolution Force(WTRF) က ပစ်ခတ်ရာမှ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဝမ်းတွင်းမြို့နယ်အတွင်း၌ ပြည်သူကို ကိုယ်စားမပြုသည့် အုပ်ချုပ်ရေးမှူးများ အနေဖြင့် နုတ်ထွက်ရန် အ ချိန်တန်ပြီဖြစ်ကြောင်း WTRF က သတိပေး ထား သည်။", "ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူး သားအဖ။"]
https://yktnews.com/2024/07/172836/
ဝမ်းတွင်းတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်များအဖြစ် မိတ္တီလာ တပ်မ ၉၉ သို့ ပို့ဆောင် ၊ ထွက်ပြေးသော လူငယ်များ၏မိသားစုများထံမှ စစ်တပ်က ဒဏ်ကြေး တစ်ဦးလျှင် ၃ သိန်းတောင်း
["ဝမ်းတွင်းတွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်များအဖြစ် မိတ္တီလာ တပ်မ ၉၉ သို့ ပို့ဆောင် ၊ ထွက်ပြေးသော လူငယ်များ၏မိသားစုများထံမှ စစ်တပ်က ဒဏ်ကြေး တစ်ဦးလျှင် ၃ သိန်းတောင်း", "ရန်ကုန်၊ ဇူလိုင် ၁၃", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ်များကို တပ်သားသစ်များအဖြစ် မိတ္တီလာ တပ် ၉၉ ထံသို့ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်၍ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွာတန်းအုပ်စု လျော်ပင်၊ဇောင်ဂျန်းကုန်းတောင်၊ ရွာသစ်၊ ရွာတန်း၊ ဂုံကွေ့ ၊ စိန်ပန်းပင် ကျေးရွာများသို့ စစ်တပ်က အရပ်ဝတ်များဖြင့် ဝင်ရောက်လာပြီး လူငယ် ၃ ဦးကို နေအိမ်အပေါ်ထိ တက်ဖမ်း ပေါ်တာဆွဲကာ မိတ္ထီလာ တပ်မ ၉၉ စစ်သားစုဆောင်းရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀နာရီအချိန် ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ရွာအတွင်းသို့ အိမ်စီးကား ၃စီးဖြင့် စစ်တပ်က ဝင်ရောက်လာပြီး လူငယ် ၄ ဦးကို နာမည်စာရင်းစာရွက်ဖြင့် ဝင်ရောက်ဖမ်းဆီးကြောင်း၊ လူငယ်များ ထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားကြောင်း၊ ယင်းနောက် စစ်တပ်က ကျန်ရှိသော မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သဖြင့် လူငယ် ၁ ဦးလျှင် ငွေကျပ် ၃ သိန်း စစ်တပ်ထံသို့ ဒဏ်ကြေးပေးဆောင်၍ လူငယ် ၄ ဦးကို စစ်တပ်ထဲသို့ ပို့ဆောင်ပေးရကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆နာရီအချိန်တွင်လည်း ဝမ်းတွင်းမြို့နယ်၊ ရွာသစ်ရွာသို့ စစ်တပ်က ထပ်မံ ဝင်ရောက်လာကာ လူငယ် ၁ ဦးကို ထပ်မံ၍ စစ်သားအဖြစ် စုဆောင်းဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "ယခုအခါ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးတွင် လူငယ်များထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ကျေးရွာများတွင် အဓိကအားဖြင့် ညပိုင်း ချည်ထည်လုပ်ငန်းလုပ်ကိုင်ပြီး နေ့ပိုင်း အိပ်စက်ကြသော ကျေးရွာဖြစ်ကြောင်း၊ လူငယ်များမရှိတော့၍ လုပ်ငန်းများမှာလည်း ထိခိုက်မှုများစွာ ကြုံနေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် တပ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များ။"]
https://yktnews.com/2024/12/196597/
ဝမ်းတွင်းတွင် တပ်သားသစ်စုဆောင်းပြီးစစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး
["ဝမ်းတွင်းတွင် တပ်သားသစ်စုဆောင်းပြီးစစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် ရဲဗလ တံဆိပ်ရ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့်မိသားစု ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ လိုက်လံကောက်ခံနေသည့် အကြမ်းဖက် စစ်တပ်က ပေးအပ်ထားသော ရဲဗလ တံဆိပ်ရရှိသူ ပျူစောထီး ခေါင်းဆောင် မောင်လွင်နှင့် မိသားစုဝင် ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ရာ ၃ ဦးလုံး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force (WTRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပျူစောထီး ခေါင်းဆောင်၊ ရဲဗလ တံဆိပ်ရရှိထားသူ မောင်လွင်နှင့် မိသားစုဝင် ၂ ဦးကို WTRF အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော မောင်လွင်ကို ၂၀၂၁ ခုနှစ်က တော်လှန်ရေး ရဲဘော်များ ပထမ တစ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက်မသေဘဲ လမ်းမလျောက်နိုင်သည့် ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက ၎င်းအရှိန်ဖြင့် တမာကန်ရွာ ၊ကျောက်အိုးရွာ၊ မင်းကုန်ရွာနှင့် တောင်ဆည်ရွာမှ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ငွေကျပ် ၁၀၀၀၀ ကောက်ခံခြင်း၊ လူငယ်များရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ငွေကျပ် ၃ သိန်းမှ ၁၀ သိန်းထိ ကောက်ခံခြင်း၊ ပြည်သူများကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။", "ထိုသို့ ပျူစောထီး မောင်လွင်၏ လမ်းစဉ် အတိုင်း ၎င်း၏ သားဖြစ်သူနှင့် မိန်းမဖြစ်သူက လိုက်ပါလုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ ၂ ဦးပါ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ပျူစောထီး ခေါင်းဆောင် မောင်လွင်နဲ့ သူ့မိသားစုက ကျေးရွာတွေအပေါ် အလွန်အကျူး ဖိနှိပ် အနိုင်ကျင့် နေလို့ တော်လှန်ရေးတပ်ဖွဲ့က ပထမ တစ်ကြိမ် ပစ်ခတ်ခဲ့သည့်တိုင် ပြုပြင် ပြောင်းလဲခြင်းမရှိဘဲ လက်အောက်ခံ ပျူစောထီးတွေကို ကိုယ်ရံတော် အစောင့် အဖြစ်မွေးပြီး တမာကန်အုပ်စုအတွင်"]
https://yktnews.com/2023/12/135986/
ဝမ်းတွင်းတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံး
["ဝမ်းတွင်းတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်သားများပါ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝမ်းတွင်းမြို့နယ် ကမ်းပါးနီရွာသား ပျူစောထီးအဖွဲ့ဝင် တင်မင်းကို Wundwin Township Revolution Force (WTRF) အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ သေဆုံးသွားသော ပျူစောထီး အလောင်းကို လာကောက်သည့် စစ်သားများလိုက်ပါလာသော ယာဥ်တန်းကိုလည်း WTRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့​​ရာ ကား ၁ စီး ထိမှန် ပျက်စီးခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အရက်မူးနေသည့် စစ်ဗိုလ် ၁ ဦး ဆိုင်ကယ် မှောက်၍ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမ ဖြတ်လမ်း၊ ဘန့်ဘွေးကုန်းကျေးရွာနှင့် အောင်ဆန်းမြိုင်(ဝံလူး)ကျေးရွာ အကြားရှိ သဲဖြူကွေ့ ကားလမ်းပိုင်းတွင် ကင်းပုန်းဝပ်ပြီး ပြန်လာသည့် အရက်မူးနေသော စစ်ဗိုလ် ၁ ဦး ဆိုင်ကယ်မှောက်၍ သေဆုံးသွားကြောင်း သိရသည်။", "” အဲ့စစ်ခွေးက ၃ ပွင့် ယူနီဖောင်းဝတ် အရက်က မူးနေတာ ဟိုင်းယုလမ်းဆုံကနေ ခလရ ၁ တပ်ကို ပြန်လာရင်း မှောက်တာ အဲ့နေ့ညနေကပဲ ပရဟိတ အသင်းကားနဲ့ လာသယ်သွားတယ်။ PDF တွေ လက်ချက်ကြောင့် သေတာဆိုပြီး သတင်းလွှင့်ထားတယ်။ အလောင်းလာသယ်တော့လည်း သေနတ် ၅ ချက် ဖောက်သွားတယ်” ဟု ဒေသပြည်သူများနှင့် တပ်ရင်း သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2025/01/199151/
ဝမ်းတွင်းမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရ၊ အုတ်ဖိုရှိ ကျေးရွာများတွင်လည်း စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရ
["ဝမ်းတွင်းမြို့တွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရ၊ အုတ်ဖိုရှိ ကျေးရွာများတွင်လည်း စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် လူငယ်များထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ကျေးရွာများမှ လူငယ်များကို အကြမ်းဖက် စစ်တပ်က ၂ ရက် ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၅၀ ကျော် ဖမ်းဆီးခံရကြောင်း Voice of Wundwin မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၉ ရက် နှင့် ၁၀ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဝမ်းတွင်းမြို့နယ်ရှိ ခင်ကြီးရွာမှ လူငယ် ၄ ဦး ၊ ရေဆုံးရွာမှ လူငယ် ၆ ဦး ၊ ကုက္ကိုခါးလရွာမှ လူငယ် ၂ ဦး၊ ညောင်ပင်ကုန်းရွာမှ လူငယ် ၁ ဦး၊ ဒိုင်ကောင်းကုန်းရွာမှ လူငယ် ၁ ဦး၊ ညောင်ပင်သာဆည်ရွာမှ လူငယ် ၄ ဦး ၊ လေးမျက်နှာရွာမှ လူငယ် ၁ ဦး၊ တဲစုရွာမှ လူငယ် ၁ ဦးနှင့် ရွှေတောင်ရွာဘေးရှိ စစ်တပ် စစ်ဆေးရေးဂိတ်မှ လူငယ် ၃၀ ဦး ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "” ၂ ရက်တည်းနဲ့ လူငယ် ၅၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရတာ အဲဒီ အရေအတွက်ဆိုတာကလည်း ကျနော်တို့ဆီ ပေးပို့ရဲတဲ့ ပြည်သူတွေ ပို့တဲ့ စာရင်းပဲရှိသေးတယ်။ ကျန်တဲ့ နေရာတွေမှာလည်း လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရတာရှိသေးတယ်။ အရေအတွက်က ပိုများဖို့ပဲရှိတယ်”ဟု Voice of Wundwin မှ တာဝန်ရှိသူက ပြောဆိုသည်။", "ဇန်နဝါရီ ၉ ရက်နေ့ ရှေ့ပိုင်းကလည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း၊ လက်ရှိ ဖမ်းဆီးခံထားရသည့် ပြည်သူများကို ပြန်ရွေးခိုင်းခြင်း မရှိဘဲ လေ့ကျင့်ရေး သင်တန်းကျောင်းများကို တိုက်ရိုက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာများမှ လူငယ်များကိုလည်း အကြမ်းဖက် စစ်တပ်က နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလပိုင်းမှ စတင်၍ အုတ်ဖိုမြို့ အနောက်ဘက်ရှိ ငါးရှဉ့်ရိုးအုပ်စုမှ ကျေးရွာများ ၊ ဂုံညင်းတန်းကျေးရွာ၊ သရက်ကုန်းအုပ်စုမှ ကျေးရွာများနှင့် ကျက်ဆူတောကျေးရွာများကို အကြမ်းဖက် စစ်တပ်က ညစဉ် ဝင်ရောက်လာပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ကျေးရွာများမှ လူငယ်များသည် နေအိမ်များကို မပြန်ရဲတော့ဘဲ လယ်ကွင်းများ၊ ချောင်း-မြောင်းများတွင် နေထိုင်နေရပြီး အလုပ်အကိုင်များ မရှိတော့သောကြောင့် စားဝတ်နေရေးများလည်း ခက်ခဲလာကြောင်း သိရှိရသည်။", "“လူငယ်တွေကတော့ ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ စစ်ခွေးတွေက ညတိုင်းကို ဝင်ဖမ်းနေတာ လူငယ်တွေ အိမ်လည်း မပြန်ရဲတော့ဘူး။ လယ်ကွင်းတွေ ချောင်းတွေ မြောင်းတွေထဲမှာပဲ ဆင်းဆင်းရဲရဲနေနေကြရတယ်။ အလုပ်အကိုင်တွေလည်း ဘာမှ လုပ်မရတော့ စားဝတ်နေရေး တော်တော်ခက်ခဲနေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အုတ်ဖိုမြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းအောင်၊ မယားဖြစ်သူ မြင့်မြင့်စမ်းနှင့် ထောက်ကြန့်ကွင်းရွာ ရာအိမ်မှူး ရွှေစင်တို့သည် ကျေးရွာအတွင်းရှိ စစ်မှုထမ်းကြေး မပေးနိုင်သည့် လူငယ်များ၏ နေအိမ်များကို စစ်တပ်ခေါ်၍ တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေ၍ အဆိုပါကျေးရွာများမှ လူငယ်များလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်တပ်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံထားရသော စစ်မှုထမ်း လူငယ်များ။"]
https://yktnews.com/2024/01/139530/
ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်နှင့် အမျိုးသမီး ၃ ဦး အပါအဝင် လေးလောင်း ပြိုင် လူသတ်မှု ယနေ့ သဂြိုလ်မည်
["ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်နှင့် အမျိုးသမီး ၃ ဦး အပါအဝင် လေးလောင်း ပြိုင် လူသတ်မှု ယနေ့ သဂြိုလ်မည်", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်နှင့် အမျိုးသမီး ၃ ဦးကို အလုပ် သမားတစ်ဦးက သတ်ဖြတ်ခဲ့ရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားမှု ဖြစ်ပွားခဲ့ပြီး ယနေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဝမ်းတွင်းမြို့၊ အမှတ် ၃ ဗဟိုရပ်ကွက်၌ ယက္ကန်းရုံပိုင်ရှင်နှင့် အလုပ်သမား ဖြစ်သူတို့ စကားများ ရန်ဖြစ်ပြီး ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး ၄ ဦးကို အလုပ်သမား ဖြစ်သူက တူနဲ့ထုသတ်ခဲ့ကြောင်း၊ ယင်းနောက် သတ်ဖြတ်ခဲ့သူ အလုပ်သမားက ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။", "သတ်ဖြတ်ခံရသူ ၄ ဦးမှာ အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည်၊ အသက် ၆၈ နှစ်အရွယ် ဒေါ်မြသွေး၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စန္ဒာနှင့် အသက် ၃၈ နှစ်အရွယ် မဇင်ဇင်အေးတို့ ဖြစ်ကြောင်း သိရှိရသည်။", "” ရဲကဖမ်းတာမဟုတ်ဘူး။ သူကရဲစခန်းကို ဖုန်းဆက်ပြီး အဖမ်းခံတာ သေသွားတဲ့ ဒေါ်မြသွေးနဲ့ဒေါ်ဇင်ဇင်အေးကသားအမိ ဒေါ်ကြည်က လေဖြတ်နေတာ သူတို့အဒေါ် ဒေါ်စန္ဒာက အဲ့အိမ်ကို အကူအလုပ်ပေးဖို့ ရောက်နေတာ ဒေါ်မြသွေးနဲ့ဒေါ်ဇင်ဇင်အေး တို့သားအမိက စက်ယက္ကန်းပိုင်ရှင် ငွေတိုးလည်း ချေးစားတယ်။ အခုဖြစ်တာက အဲ့သတ်တဲ့လူက ငွေယူသုံးထားတာ ကျွန်တော်တို့ဘက်က ယက္ကန်းသမားတိုင်း ခေတ်မကောင်းတော့ အလုပ်ရှင်ဆီက ငွေကြိုထုတ်သုံးကြတယ်။ အဲ့တာကိုမှ အလုပ်ရှိတဲ့အခါ အလုပ်ရှင်က လုပ်အားခကနေ ဖြတ်ယူထားပေါ့။ အခုဖြစ်တာက အဲ့လူက သူ့ကြိုထုတ်ငွေအတွက် အခုရတဲ့ လုပ်အားခထဲက မဖြတ်သေးနဲ့အုန်းပြောတယ် နောက်မှဖြတ်ပေါ့။ ဒါပေမယ် ဟိုကမရဘူး ဖြတ်လို့ သတ်တာတဲ့” ဟု Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ယနေ့ မွန်းလွဲ ၂ နာရီတွင် အသတ်ခံရသူ ၄ ဦး၏ နာရေးကို သဂြိုလ်မည်ဖြစ်ပြီး ဝမ်းတွင်းမှ ပြည်သူတချို့ လိုက်ပါ ပို့ဆောင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #VoiceOfWundwin #ဝမ်းတွင်းမြို့ #လေးလောင်းပြိုင်လူသတ်မှု"]
https://yktnews.com/2024/10/187777/
ဝမ်းတွင်းမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ
["ဝမ်းတွင်းမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ဝမ်းတွင်း ရဲခွေးစခန်းနှင့် ထွေအုပ်ရုံးကို Wundwin Township Revolution Force – WTRF တပ်ဖွဲ့က ၄၀ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ထွေအုပ်ရုံး အတွင်းကို ၄၀ မမ ဗုံးသီး ၁ လုံး နှင့် ရဲခွေး စခန်းအတွင်း ၄၀ မမ ဗုံးသီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“WTRF အဖွဲ့က ပစ်ခတ်ပြီး ပြန်လည် ဆုတ်ခွာစဉ် ရဲခွေးနဲ့ စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အများပြည်သူ နေထိုင်ရာ ရပ်ကွပ်တွေကို ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ တိုက်စစ် အရှိန်မြှင့်တင်ချိန် ဖြစ်တဲ့ အတွက်ကြောင့် အများ ပြည်သူများ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ အကြမ်းဖက် စစ်ခွေးနဲ့ ရဲခွေးတွေ ထိခိုက် သေဆုံးမှု အခြေအနေကို ပြည်သူတွေ အနေနဲ့ VOW ကို သတင်းပေးပို့ဖို့ ပြောချင်ပါတယ်” ဟု Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဝမ်းတွင်းမြို့မှ လူနာတင်ကားတချို့ မိတ္ထီလာ ဆေးရုံဘက်ရောက်ကို ရောက်ရှိလာကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2025/05/213458/
ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က တစ်ရက်တည်း လူငယ်ရာချီကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေဖြင့် ရွေးနိုင်သူများ ပြန်လွှတ်ပြီး မရွေးနိုင်သူများကို စစ်သားစုဆောင်းရေးတပ်သို့ပို့ဆောင်
["ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က တစ်ရက်တည်း လူငယ်ရာချီကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေဖြင့် ရွေးနိုင်သူများ ပြန်လွှတ်ပြီး မရွေးနိုင်သူများကို စစ်သားစုဆောင်းရေးတပ်သို့ပို့ဆောင်", "ရန်ကုန်၊ မေ ၄", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တစ်ရက်ထဲတွင် လူငယ် ၂၀၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယမန်နေ့ မေလ ၂ ရက်နေ့တွင် မြို့ပေါ်ဈေးလာသည့် လူငယ်များ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများကို ထွေအုပ်ရုံးသို့ ခေါ်ဆောင်သွားကြောင်း၊ ဝမ်းတွင်းမြို့တွင် ဖမ်းဆီးခံရသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ တောင်းကာ ပြန်ရွေးခိုင်းနေပြီး မရွေးနိုင်သူများကို တပ်ထဲ ပို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေ၊ အိမ်တွေထဲအထိ ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာသလို ဆိုင်ကယ် ၂ ယောက်စီးသူမှန်သမျှ ဖမ်းဆီးသွားတယ်။ စျေးနေ့ တစ်ရက်တည်းမှာတင် လူ ၂၀၀ နီးပါး ပေါ်တာဆွဲခံရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်‌ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထို့ပြင် ပေါ်တာဆွဲခံရသူများကို မိသားစုဝင်များက ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ပေးကာ ပြန်ရွေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ပြန်မရွေးနိုင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ မိတ္ထီလာ အမှတ် ၁၁၃ အမြောက်တပ်သို့ ပို့ဆောင်လိုက်တာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ယခု မေလအတွင်း စစ်မှုထမ်း အပတ်စဉ် ၁၃ ကို ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ် မေ လကတည်းက စစ်မှုထမ်းအပတ်စဉ်များကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။", "ဓာတ်ပုံ- စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မတ်လအတွင်း လူငယ်များကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/07/112878/
ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံး
["ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၄", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်နှင့် WTRF (Wundwin Township Revolution Force)အဖွဲ့ထံမှ သိရှိရသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် ဝမ်းတွင်းမြို့နယ်၊ ၁ ရပ်ကွက် ၊အောင်မင်္ဂလာရပ်၊ အောင်မင်္ဂလာလမ်းရှိရဲသတင်းတပ်ဖွဲ့ ယာယီရုံးရှေ့တွင် ရဲအုပ် သိန်းဇော်မိုးသည် ရုံးရှေ့ထွက်နေစဉ် လူငယ် ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပါးစပ်မှ နောက်စေ့ ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေရာသို့ စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးဝေယံကျော် ဦးစီးသော စစ်ကြောင်းက လာရောက်ပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“ပစ်ခတ်ခံတဲ့နေရမှာပဲ ရဲအုပ်သိန်းဇော်မိုး ပွဲချင်းပြီး သေဆုံးပါတယ်။ ဝမ်းတွင်းမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်” ဟု ဝမ်းတွင်းဒေသပြည်သူတစ်ဦးက ပြောသည်။", "Wundwin Township Revolution Force၏ ထုတ်ပြန်ချက်တွင်မူ ရဲအုပ် သိန်းဇော်မိုး ကို ပစ်ခတ်မှုသည် ၎င်းတို့၏ လက်ချက် ဖြစ်ပြီး ရဲအုပ် သိန်းဇော်မိုး၏ ဦးခေါင်းကို ကျည်၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲအုပ်သိန်းဇော်မိုး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။"]
https://yktnews.com/2024/04/155300/
ဝမ်းတွင်းမြို့နယ်မှ ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦးလိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု မြို့နယ်မှူးအပါအဝင် ၄ ဦးလုံး သေဆုံး
["ဝမ်းတွင်းမြို့နယ်မှ ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦးလိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု မြို့နယ်မှူးအပါအဝင် ၄ ဦးလုံး သေဆုံး", "ရန်ကုန်၊ ဧပြီ ၆", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲ ၄ ဦး လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မြို့နယ်မှူး အပါအဝင် ၄ ဦးစလုံးသေဆုံးသွားကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၅ ရက် ည ၇ နာရီခန့်က ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာနှင့် ထနောင်ကုန်း ကျေးရွာ ကြား၌ အကြမ်းဖက် စစ်သားနှင့် ရဲများ လိုက်ပါလာသည့် ကားကို WTRF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသည့် စခန်းမှူးအပါအဝင် ၄ ဦးစလုံးသေဆုံးပြီး ကားမှာ လုံး၀ပျက်စီးသွားကြောင်းသိရသည်။", "“ကားပေါ်မှာက ရဲစခန်းက မြို့နယ်မှူးနဲ့ တခြား ၃ ဦးပါလာတာ၊ ကားပေါ်တဲ့ ၄ ဦးလုံးသေတယ်၊ ကားက ပင်းတလဲ -ဝမ်းတွင်းလမ်းပေါ် ပင်းတလဲဘက်ကနေ ဝမ်းတွင်းဘက်ကို ပြန်မောင်းလာတာ နတ်နန်းရွာအကျော် ထနောင်းကုန်းရွာ မရောက်ခင် ကိုင်လိုက်တာ၊ ကားကော၊ လူကော တစ်စစီပဲ၊ အခင်းဖြစ်တဲ့ဘက်ကို ဒရုန်းတွေဝဲနေတယ်၊ ဝမ်းတွင်းမြို့ပေါ်မှာလည်း အရေးပေါ်ကားတွေ ဆူညံ နေတယ်” ဟု Wundwin Township Revolution Force – WTRF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ဓာတ်ပုံ- သေဆုံးသွားသော ဝမ်းတွင်းမြို့နယ်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ။"]
https://yktnews.com/2025/03/209376/
ဝမ်းတွင်းမြို့နယ်အတွင်း ငလျင်ကြောင့် သေဆုံး ၃၆ ဦး စာရင်းရရှိထားပြီး ဘုရားစေတီ၊ လမ်း၊ တံတား အပါအဝင် ထိခိုက်ပျက်စီးမှု များပြား
["ဝမ်းတွင်းမြို့နယ်အတွင်း ငလျင်ကြောင့် သေဆုံး ၃၆ ဦး စာရင်းရရှိထားပြီး ဘုရားစေတီ၊ လမ်း၊ တံတား အပါအဝင် ထိခိုက်ပျက်စီးမှု များပြား", "ရန်ကုန် ၊ မတ် ၂၉", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၃၆ ဦးစာရင်းရရှိထားပြီး ဘုရားစေတီ၊ လမ်း၊ တံတားအပါအဝင် ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း Voice Of Wundwin မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်က စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ဝမ်းတွင်းမြို့ တွင် ပြည်သူ ၁၇ ဦး၊ သဲတောမြို့တွင် ၁၀ ဦး ၊ ကျွဲသားရွာတွင် ၄ ဦး ၊ ခင်ကြီးရွာတွင် ၁ ဦး ၊ တဲစုရွာ တွင် ၁ ဦး ၊ ထီးလှိုင်ရွာတွင် ၁ ဦး၊ မြောက်ဇဂျမ်းကုန်းရွာတွင် ၂ ဦး စုစုပေါင်း သေဆုံးသူ ၃၆ ဦး စာ ရင်း ရရှိထားကြောင်း၊ ယခုရရှိထားသောစာရင်းသည် လက်ရှိကောက်ခံရရှိထားသောစာရင်သာဖြစ် ပြီး ထပ်မံတိုးလာရန်ရှိကြောင်း သိရသည်။", "“သဲတော-ဝမ်းတွင်းဆိုတာက တဆက်တည်းပဲ၊ သဲတောမြို့ပေါ်မှာကတော့ ဦးသန့်ဇင်(ခ) တီးတီး၊ ဒေါ်ညိုညို ၊ ဦးညီညီ ၊ ဆရာမဒေါ်ကြည်အေးနဲ့ သူ့ယောင်းမ ၊ သစ္စာပန်းက ရွှေလုံးနဲ့အသိန်း ဒါတွေ က နာမည်နဲ့ရထားတဲ့စာရင်းပါ။ သေတာက ၁၀ ဦးလောက်ရှိတယ်။ ထပ်တိုးလာဖို့ပဲရှိတယ်၊ ဒဏ်ရာ ရတာနဲ့ အဆောက်အအုံ ပြိုကျပျက်စီးမှုက မရေတွက်နိုင်ဘူး။ မပျက်စီးတဲ့အိမ် မရှိသလောက်ပဲ၊” ဟု Voice Of Wundwin မှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဝမ်းတွင်းမြို့နယ်အတွင်းရှိ ချည်မျှင်နှင့်အထည်စက်ရုံ၊ လေးမျက်နှာရွာရှိ ဘုရားစေတီ ၊ ခင်ကြီးကျေး ရွာရှိ ရှေးဟောင်း ဘုရားစေတီအပါအဝင် လမ်းတံတားများလည်း ပြိုကျပျက်စီးသွားကြောင်း သိရ သည်။", "“ချည်စက်က အကုန်ပြိုကျတာ၊ ဝမ်းတွင်းလေးမျက်နှာရွာက ဘုရားလည်းပြိုကျတယ်၊ ခင်ကြီးရှေး ဟောင်းဘုရား ၊ သဘွတ်ကုန်းဘုရား၊ ဝမ်းတွင်းအမှတ် ၃ သိတာလေးတွေပါ၊ ပျက်တာကတော့ အကုန်နီးပါးပါပဲ၊ နေရာတိုင်းမှာ ပျက်စီးတာ၊ ဖုန်းလိုင်းတွေမရသေးလို့ ၊ လမ်းတွေလည်းပျက်တယ်၊ ရန်ကုန် -မန္တလေး လမ်းဟောင်း ၊ ဝမ်းတွင်းမြို့နယ်ကို ဖြတ်တဲ့လမ်း၊ ရွှေတောင်နားမှာလည်း ပျက် တယ်၊ မြစ်သား -ပြင်စည်လမ်းပိုင်းနဲ့နီးတဲ့ ရန်ကုန် -မန္တလေးလမ်းဟောင်းဘက်လည်း ထိတယ်” ဟု Voice Of Wundwin မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2024/03/150709/
ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၁၄", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ဆင့် ကို Wundwin Township Revolution Force မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းကို ကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး တင်ဆင့် သည် အုပ်ချုပ်ရေးမှူး ရာထူးကို လုပ်ကိုင်လိုသူ မရှိသောကြောင့် ဆက်လက် လုပ်ဆောင်နေရကြောင်း အကြောင်းပြကာ နောက်ကွယ်မှ တော်လှန်ရေး ဘက်တော် သားများနှင့် မိသားစုဝင်များကို စုံစမ်းပြီး သတင်းပေးနေကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ဒီကောင်က အခု အလှူချိန်မှာ ဆောင်းဘောက်တို့ စက်တို့ရွာတွေဘက် အငှါးလိုက်စားရင် ခင်ကြီးရွာ အလှူတစ်ခုမှာ ရောက်နေတာ ခုညနေ အဲ့အလှူအလှည့်ချိန်မှာ လူရှင်းတဲ့နေရာမှာ ခေါင်းကို ၂ ချက်ပစ်ခဲ့တာ ချက်ချင်းသေပါတယ်” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/130501/
ဝါရှင်တန်တွင် ကချင်၊ကယားနှင့်ချင်းတိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID တို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး
["ဝါရှင်တန်တွင် ကချင်၊ကယားနှင့်ချင်းတိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID တို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကချင်၊ကယားနှင့်ချင်းတိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ USAID တို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြကြောင်း သိရှိရသည်။", "ထိုတွေ့ဆုံပွဲသို့ တိုင်းရင်းသားခေါင်း‌ဆောင်များမှ ကချင် အဖွဲအစည်းကိုယ်စား M Tu Aung, Chin Community of USA, Inc. – D.C Area ၊ Zomi Federal Union/PDF-Zoland အဖွဲ့အစည်းများ ကိုယ်စား Pu Dong Khan Khup၊ ကယားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း၊ ထိုအစည်းအဝေးတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏အခြေအနေ အရပ်ရပ်နှင့် Humanitarian aid ပေးရန်ကိစ္စ၊ NDAA ကိစ္စများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/151045/
ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလိုပါက သိန်း ၆၀ ပေးရန် ရွာမှ တောင်းယူပြီးနောက် လူငယ် ၃ ဦးကို စစ်တပ်ထဲပို့
["ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းလိုပါက သိန်း ၆၀ ပေးရန် ရွာမှ တောင်းယူပြီးနောက် လူငယ် ၃ ဦးကို စစ်တပ်ထဲပို့", "ငွေကြေးမတတ်နိုင်သော ဆင်းရဲသည့် အခြေခံလူတန်းစား လူငယ်များမှာ စစ်ထဲအတင်းအကျပ် သွပ်သွင်းခံရသော ပစ်မှတ်များဖြစ်လာ", "ရန်ကုန်၊ မတ် ၁၇", "ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမ ကျေးရွာအုပ်ချုပ်ရေးမှူး လှဝင်းက ကျေးရွာရှိ ပြည်သူများအနေ ဖြင့် စစ်မှုမထမ်းလိုပါက ရွာမှ ပြည်သူများ စုပေါင်း၍ သိန်း ၆၀ ပေးရန် တောင်းယူခဲ့ပြီးနောက် ကတိတည် ခြင်းမရှိဘဲ ကျေးရွာမှ လူငယ် ၃ ဦးကို အတင်းအကျပ် စစ်တပ်သို့ နာမည်စာရင်းပေးလိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "မတ်လ ၁၃ ရက်နေ့မှစတင်ပြီး ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ထီးတန်ရွာမကျေးရွာတွင် စစ်တပ်က စစ်မှုထမ်းမည့် လူငယ်များစာရင်း တောင်းခံမှုများရှိလာကြောင်း၊ ထိုအချိန် ကျေးရွာအုပ်ချုပ်ရေးမှူး လှဝင်းက ရွာမှ ပြည်သူများအနေဖြင့် စစ်မှုမထမ်းလိုပါက စစ်တပ်ထံသို့ ငွေကျပ် သိန်း ၆၀ ပေးပြီးညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြောဆိုလာကြောင်း၊ ထို့ကြောင့် ကျေးရွာမှ ပြည်သူများစုပေါင်းကာ ငွေကျပ် သိန်း ၆၀ အလျှင်အမြန်ပေးလိုက် ကြကြောင်း၊ ထိုသို့ အုပ်ချုပ်ရေးမှူး လှဝင်း တောင်းဆိုသော ငွေကျပ် သိန်း ၆၀ ကို ပေးခဲ့သော်လည်း နောက်ဆုံးတွင် အုပ်ချုပ်ရေးမှူးက ရွာမှ လူငယ် ၃ ဦး၏ နာမည်စာရင်းကို စစ်ထပ်ထံသို့ ပေးပို့ပြီး စစ်တပ်က လူငယ် ၃ ဦးကိုသာ မဖြစ်မနေ ခေါ်ယူမည်ဖြစ်ပြီး ကျန်လူများ မပါဝင်တော့ဟု လှည့်ပတ် လိမ်လည်ပြောဆိုကြောင်း သိရှိရသည်။", "“စစ်မှုမထမ်းချင်လို့ တစ်ရွာလုံးက အုပ်ချုပ်ရေးမှူးနဲ့စစ်တပ်က တောင်းတဲ့ ပိုက်ဆံသိန်း‌ ၆၀ ပေးခဲ့ပါတယ်။ ပိုက်ဆံသိန်း ၆၀ ပေးခဲ့ပေမယ့်လည်း ရွာမှာရှိတဲ့ လူငယ် ၃ ဦးကို လိမ်ညာလှည့်ပတ်ခေါ်သွားတယ်။ မတ်လ ၁၅ ရက်နေ့မှာ ရွာကို အစည်းအဝေးခေါ်တယ်။ မတ်လ ၁၆ ရက်နေ့မှ မနက်မှာ ရွာက လူငယ် ၃ ဦးကို စစ်တပ်ဆီ ပို့တယ်။ အုပ်ချုပ်ရေးမှူးဟာ ငွေ သိန်း ၆၀ ယူပြီးတော့မှ ရွာသူရွာသားတွေကိုလိမ်ညာခဲ့ပါတယ်။ သိန်း ၆၀ တောင်းတုန်းက ရွာသူရွာသားတွေကို စစ်တပ်က တောင်းတဲ့ငွေကို ပေးရင်စစ်မှုမထမ်းရဘူးလို့ ပြောခဲ့တယ်။ အဲဒါကြောင့် ရွာသူရွာသားတွေ စုပေါင်းပြီး ငွေစုပေးခဲ့ကြတာ။ အဲ့ဒီအုပ်ချုပ်ရေးမှူး ပြောခဲ့တာက စစ်တပ် တောင်းတဲ့ပိုက်ဆံပေးရင် ငါတို့ရွာဟာစစ်မှူမထမ်းရဘူး ဆိုပြီး သူ့ပါးစပ်က ပြောခဲ့တာ။ ငွေပေးပြီးတော့ ရွာသူရွာသားတွေက စိတ်ချလက်ချနေတာပေါ့။ အခုတော့ အလိမ်ခံရတယ်ဆိုတော့ ရွာက မကျေနပ်ဘူး။ မကျေနပ်လဲ ဘာမှ လုပ်မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဆယ့်လေးရွာအုပ်စုတွင်လည်း အုပ်ချုပ်ရေးမှူး မြင့်စိုး (ခေါ်) ကိုပိန်က အိမ်ခြေ ၆၀၀ ကျော်ရှိသော ကျေးရွာမှ ပြည်သူများကို စစ်ထဲမလိုက်ရသော အိမ်ထောင်စုများထံမှ လစဉ် ကင်းကြေး ၈၀၀၀ ကျပ်နှင့် လစဉ်ကြေး ၂၀၀၀၀ ကျပ် စုစုပေါင်း ငွေကျပ် ၂၈၀၀၀ စတင်ကောက်ခံနေကြောင်း၊ အရေးပေါ် အစည်းအဝေးခေါ်၍ လစဉ် ငွေကြေးပေးရန် တောင်းခံခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဆယ့်လေးရွာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုပိန်ကနေ ရွာကို အစည်းအဝေးခေါ်ပြီး စစ်ထဲမလိုက်ရတဲ့ အိမ်တွေက တစ်လကို ၂၈၀၀၀ ကျပ် မဖြစ်မနေပေးရမယ်။ မပေးဘဲ နေလို့မရဘူး။ ကွန်းပလိန်မတက်နဲ့။ ဒါ သူ့အမိန့်ပဲလို့ပြောတယ်။ အိမ်ခြေ ၆၀၀ ကျော်တယ်။ ရွာမှာက ပြည်သူတွေ မကျေနပ်ကြဘူး။ ဒါပေမယ့် ကြောက်လို့ မပြောရဲကြဘူး” ဟု ဆယ့်လေးရွာမှ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။", "ထို့အတူ ပဲခူးတိုင်း တောင်ငူမြို့နယ်တွင်လည်း စစ်မှုထမ်းရန် လူငယ်များကို မဲနှိုက်ခိုင်းပြီး ငွေကြေးပေးနိုင်သော လူငယ်များမှာ နာမည်စာရင်းသာရှိပြီး မဲနှိုက်ရသည့်သူများတွင် မပါဝင်ကြောင်း၊ ငွေကြေးမတတ်နိုင်သော ဆင်းရဲသားဝင်ငွေနည်းမိသားစုများမှ လူငယ်များသာ မဲနှိုက်ရပြီး စစ်ထဲဝင်မည့် စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။", "“တောင်ငူမြို့ မဲနှိုက်ရတဲ့ စာရင်းမှာ ငွေမပေးနိုင်တဲ့ ဆင်းရဲတဲ့ သူတွေပဲ ထိပ် ဆုံး က။ ကျန်တဲ့သူဌေး သားသမီး၊ အုပ်ကြီး အမျိုးမှန်သမျှ မပါဘူး။ ဆင်းရဲတဲ့ လူငယ်တွေကိုချည်း ပစ်မှတ်ထားနေတာ။ ချမ်းသာသူတွေနဲ့သူတို့ အသိုင်း အ ၀ိုင်းတွေ ကို တကယ် မပါ တာအံ့သြစရာ။ လူငယ် အမျိုးသား ၅ ဦးလောက်ရှိတဲ့ ငွေရှင်ကြေးရှင်မိသားစုဆိုရင် တစ်ဦးမှ မဲနှိုက်စာရင်းထဲ မထည့်ဘူး။ မဲနှိုက်ခိုင်းတဲ့ လူငယ်တွေ ကြည့်လိုက်ရင် တစ်နေ့ တစ်နေ့စား မိသားစုတွေချည်းပဲ” ဟု တောင်ငူမြို့မှ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကာ ဧပြီလကုန်တွင် စစ်မှုထမ်းရမည့် လူငယ်များကို စတင်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဝါးခယ်မမြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန် စည်းရုံးဟောပြော နေစဉ်။"]
https://yktnews.com/2023/04/95472/
ဝါးခယ်မမြို့ပေါ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးလုံခြုံရေး ၁ ဦး ထိခိုက်ဒဏ်ရာရ
["ဝါးခယ်မမြို့ပေါ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးလုံခြုံရေး ၁ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂", "ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်ရှိ ​မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးလုံခြုံရေး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီလင်းပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် ဝါးခယ်မမြို့ပေါ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ဧရာဝတီစစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့နှင့် ဝါးခယ်မ ပကဖ အဖွဲ့တို့က ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "” ဖောက်ခွဲ တိုက်ခိုက်မှု​ကြောင့် ရုံးလုံခြုံရေး တစ်ယောက် ခြေထောက်ထိသွားတယ်လို့ ကြားတယ်” ဟု ဧရာဝတီလင်းပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ် တောင်သူများကို စိုက်စာရိတ် ပြန်လည်ပေးကြရန် မပေးဆောင်ပါက လယ်သိမ်းမည်ဟု ချိန်းခြောက် အကျပ်ကိုင်တောင်းရမ်းနေသော ဌာနတစ်ခုလည်းဖြစ်ကြောင်း၊ မြို့နယ် စိုက်ဘဏ် မန်နေဂျာ၊ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး ဘဏ်တာဝန်ခံများသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်နေသည် ဆိုပါက မည်သူမဆို ထိရောက်စွာ အရေးယူတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဧရာဝတီလင်းပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/87358/
ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို
["ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆံဒုံး-ကန်ပိုက်တီးလမ်းပိုင်းတွင် စစ်ကောင် စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို KIA တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီဝန်းကျင်အချိန် ဝိုင်းမော်မြို့နယ်တွင် စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်နေသော ရွှေတူးဖော်ရေးလုပ်ငန်းရှင် များကို စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့က သွား ရောက်တွေ့ဆုံပြီး ရွှေလုပ်ကွက်များကို စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် တိတ် တခိုးပြန်လာစဉ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လမ်းမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို KIA တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် စစ်တပ်က စစ် ကြောင်း ထိုးလာကြောင်း၊ အဆိုပါ စစ်တပ် စစ်ကြောင်းကို KIA တပ်ဖွဲ့က စောင့် ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် စစ်တပ်က ပြန်လည်ဆုတ်သွားကြောင်း သိရသည်။", "“ခလရ ၃၈၉ ဒုတပ်ရင်းမှူးနဲ့ အဖွဲ့ကို အိမ်စီးကား တစ်စီး အပြည့်ပဲ ဖမ်းဆီးလိုက်တယ်။ လက်နက်ကော လူတွေကော ဖမ်းမိတာ။ အသေးစိတ်တော့ ထပ် ပြောပေးပါ့မယ်။ ဖမ်းမိတာကတော့ အတည်ပြုနိုင်ပြီ” ဟု KIA တပ်ဘက်က ပြောသည်။", "ဓာတ်ပုံ- ကချင်ပြည်နယ်၊ ပူတာအိုရှိ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တချို့။"]
https://yktnews.com/2024/05/164580/
ဝိုင်းမော်တွင် ဗုံးကျဲလေယာဉ် Y-12 တစ်စီးပျက်ကျဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြောဆို
["ဝိုင်းမော်တွင် ဗုံးကျဲလေယာဉ် Y-12 တစ်စီးပျက်ကျဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြောဆို", "ရန်ကုန်၊ မေ ၂၆", "ကချင်ပြည်နယ်၊ ဝိုင်းမော်တွင် ဗုံးကျဲလေယာဉ် Y-12 တစ်စီးပျက်ကျဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နေ့လယ်ပိုင်း ၀ိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ အရှေ့တောင်ဘက် ငှက်ပျောခင်းထဲသို့ ဗုံးကျဲ Y 12 လေယာဉ် တစ်စီး ပျက်သွားသည်ဆိုသော သတင်းများ ကြားသိရသော်လည်း အတည်မပြုနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။", "“ကျနော်တို့လည်း Y-12 လေယာဉ်ပျက်ကျတယ်ဆိုပြီး သတင်းကြားတယ်။ Confirm တော့မဖြစ်ဘူး။ Confirm မဖြစ်တော့ ပစ်ချတာ၊ ပျက်ကျတာ ဘယ် လိုပြောမလဲ။ အတည်ပြုလို့မရသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လတ်တလော KIA နှင့် စစ်ကောင်စီတပ်များအကြား မံစီမြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်အတွင်းတို့တွင် တိုက်ပွဲများနှင့် ထိတွေ့ပစ်ခတ်မှုများ ရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီ၏ Y-12 လေယာဉ်တစ်စီး။"]
https://yktnews.com/2024/03/150590/
ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀၀၀ ကျော်ကို အရပ်ဘက် အဖွဲ့အစည်းများ ကယ်ထုတ်
["ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀၀၀ ကျော်ကို အရပ်ဘက် အဖွဲ့အစည်းများ ကယ်ထုတ်", "ရန်ကုန်၊ မတ် ၁၄", "ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀၀၀ ကျော်ကို အရပ်ဘက် အဖွဲ့အစည်းများ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၃ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၂ ကျေးရွာနှင့် ရွှေညောင်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ကျော်ကို Peace Creation Group မှ ဦးဆောင်ပြီး ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ ဝိုင်းဝန်းကူညီမှုဖြင့် တွဲကား ၅၀ ခန့်ဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို ဝိုင်းမော်မြို့ကို ခေါ်ဆောင်လာပြီး ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင် ပြည်သူများကို မိုင်းလား IDP စခန်းကို ပို့ဆောင်ထားကြောင်း သိရှိရသည်။", "“ဝိုင်းမော်မြို့ အောင်မြေ ၂ နဲ့ ရွှေညောင် ကျေးရွာက ပိတ်မိနေတဲ့ ပြည်သူတွေ အားလုံးကို ခေါ်ယူထုတ်နိုင်ခဲ့တယ်။ မနေ့က မွန်းလွဲ ၁၂ နာရီလောက်က သွားခေါ်တာ ညနေ ၄ နာရီခွဲ လောက်အထိ ကြာမြင့်ခဲ့တယ်။ စစ်ဘေးရှောင်ပြည်သူတွေက အောင်မြေ ၂ ရဲ့ ဘုန်းကြီးကျောင်းမှာ စုနေတာပေါ့။ ၉ မိုင်ဘုန်းကြီးကျောင်းပေါ့။ ရှမ်းတိုင်းရင်းသားတွေ အများဆုံး ကချင် တိုင်းရင်းသားတွေကတော့ ၄ ပုံ ၁ ပုံလောက် အဲတော့ ရွှေညောင်ပင်ကလည်းဆိုတော့ အကုန်လုံး ပေါင်းလိုက်ရင်တော့ ပြည်သူတွေ ထောင်ကျော်လောက်ရှိတယ်။ ကားတွေလည်း အစီး ၅၀ လောက်ရှိမယ် တွဲကားတွေနဲ့ သွားခေါ်ထုတ်လာတာ ၄ နာရီလောက်မှာ ဝိုင်းမော်မြို့ကို ပြန်ဝင်တယ်။ ရှမ်းတိုင်းရင်းသားတွေကျတော့ မိုင်းလား IDP မှာ အခြေချထားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန်တွင် အောင်မြေ ၁ ကျေးရွာမှ KIA ၊ KPDF ပူးပေါင်း တပ်များက ပြန်လည် ဆုတ်ခွာသွားပြီး အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ လီဆူ ပြည်သူ့စစ်အဖွဲ့က အောင်‌မြေ ၁ ရွာတွင် ပြန်လည် တပ်စွဲထားကြောင်း သိရသည်။"]
https://yktnews.com/2024/01/138412/
ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်းမိ၊ တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်းစံသိန်း သေ ဆုံး
["ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်းမိ၊ တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်းစံသိန်း သေ ဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃", "ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသူ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မောင်း ဖြစ်သူ ဗိုလ်မှူး ဇော်မျိုးသန့်ကို အရှင်ဖမ်းဆီးရမိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် နာဖော့စစ်တပ်စခန်းကို ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချလိုက်ခြင်းဖြစ်ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ရဟတ်ယာဉ်မှူး ဖြစ်သူ DSA အမှတ်စဥ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ကို ဒဏ်ရာနဲ့အတူ အရှင် ဖမ်းဆီးရမိထားကြောင်း သိရသည်", "” ရဟတ်ယာဥ်ပေါ် ပါလာတဲ့ ၆ ကောင်သေတယ်။ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့် ကို ဒဏ်ရာနဲ့အတူ အရှင် ဖမ်းဆီးရမိတယ်” ဟု KIA သတင်းရင်းမြစ်ကပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်ကရရှိထားသော ဓာတ်ပုံများတွင် ပျက်ကျသော ရဟတ်ယာဉ်မှ တွဲဘက် ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ကောင်းစံသိန်းမှာ ဒဏ်ရာများနှင့် သေ ဆုံး နေသည်ကို မြင်တွေ့ရသည်။", "ယနေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် စစ်ကောင်စီရဟတ်ယာဉ်ကို ၀ိုင်းမော်မြို့နယ်တွင် KIA တပ်များက ပစ်ချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2024/06/167140/
ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ၅ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိ
["ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ၅ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၁၁", "ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဆဒုံးဗျူဟာကုန်းစခန်း အပါအဝင် တပ်စခန်း ၅ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၃၀ ကျော် ဖမ်းဆီးရမိကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိထားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဆဒုံးဗျူဟာကုန်းစခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ဝိုင်းမော်-ကမ်ပိုင်တီး လမ်းပိုင်း တစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်စခန်းများ ကင်းစင်သွားပြီဖြစ်ကြောင်း၊ လက်ရှိချိန်တွင် KIA က ဆက်လက် တိုက်ခိုက် သိမ်းပိုက်ရန် ကမ်ပိုင်တီမြို့ စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။", "KIA တိုက်ခိုက်သိမ်းပိုက် လိုက်သော တပ်စခန်း ၅ ခုမှာ ဆဒုံးဗျူဟာကုန်းစခန်း ၊ ဘွမ်တောင် ပြည်သူ့စစ်စခန်း ၊ လဖိုင် ပြည်သူ့စစ်စခန်း ၊ ၁၃ မိုင် စုပေါင်း ဂိတ်စခန်းနှင့် အင်ဝမ့်ယန် BGF စခန်း တို့ဖြစ်ကြောင်း သိရှိရသည်။", "“ဒီနေ့ ၅ နာရီမှာ ဆဒုံးဗျူဟာကုန်းစခန်းကို သိမ်းပိုက်လိုက်ပြီ စုစုပေါင်း စခန်း ၅ ခု ကို ဒီနေ့သိမ်းပိုက်ရရှိပါပြီ။ ဝိုင်းမော်-ကမ်ပိုင်တီးလမ်း တစ်လျှောက် စစ်ခွေးစခန်း ကင်းစင်သွားပါပြီ ကမ်ပိုင်တီမြို့ စခန်းတစ်ခုဘဲ ကျန်တော့တယ်။ ဒီနေ့ဖမ်းဆီးရမိတဲ့ စစ်သား၊ BGFနဲ့ ပြည်သူ့စစ် သုံ့ပန်း ၃၀ ကျော်တယ်။ လက်နက်တွေတော့ အများကြီးပဲ” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/06/167550/
ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ စစ်စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်၊ မံစီမြို့နယ်တွင်လည်း ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး KIA က တင့်ကား ၁ စီးကို ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်ဘက်မှ သေဆုံးသူများပြား
["ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ စစ်စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်၊ မံစီမြို့နယ်တွင်လည်း ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး KIA က တင့်ကား ၁ စီးကို ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်ဘက်မှ သေဆုံးသူများပြား", "ရန်ကုန်၊ ဇွန် ၁၃", "ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို KIA ကထပ်မံ သိမ်းပိုက်လိုက်ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇွန် ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဝိုင်းမော်မြို့နယ်၊ ဆနီခူးရွာရှိ အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားနှင့် ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။", "မံစီမြို့နယ်တွင်လည်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် KIA တို့ ၃ ရက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း KIA ကတင့်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားကြောင်း သိရှိရသည်။", "” ဆနီခူးရွာက စစ်ခွေး စခန်း ၂ ခုကို ဒီနေ့ ထပ်သိမ်းလိုက်ပြီ စစ်ခွေးနဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးသွားတယ်။ နောက်ပြီး မံစီ ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ခွေး စစ်​ကြောင်းနဲ့ ကောင်ဂျာဟန် မှာ တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိပြီ ဒီနေ့ ညနေမှာ တင့်ကား ၁ စီးကိုဖျက်စီးနိုင်ခဲ့တယ်။ စစ်ခွေးတွေအကျအဆုံးများနေတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/09/185756/
ဝိုင်းမော်၊ ရှငေါ်ရွာအနီးမှ စစ်တပ် ပင်မစခန်းနှင့် ကာကင်းစခန်း ၂ ခု ကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် အရှင်ဖမ်းဆီးရရှိသူ များ ရှိ
["ဝိုင်းမော်၊ ရှငေါ်ရွာအနီးမှ စစ်တပ် ပင်မစခန်းနှင့် ကာကင်းစခန်း ၂ ခု ကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် အရှင်ဖမ်းဆီးရရှိသူ များ ရှိ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရှငေါ်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ပင်မစခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းပိုင်း၊ ရှငေါ်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ပင်စခန်းနှင့် ကာကင်းစခန်း ၂ ခုကို KIA ၊ KPDF ပူးပေါင်း တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "“ဝိုင်းမော်မြို့နယ်၊ ချီဖွေလမ်းပေါ် ရှငေါ် ရွာအနီးက အကြမ်းဖက် စစ်တပ်ရဲ့ ပင်မစခန်းနဲ့ ကာကင်းစခန်း ၂ ခုကို KIA၊ KPDF ပူးပေါင်းတပ်တွေက ဒီနေ့ နံနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ” ဟု KIA စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။", "လက်ရှိချိန်တွင် အဆိုပါ တပ်စခန်းများအနီး နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေပြီး စစ်ကောင်စီ တပ်သား သေဆုံးမှုများရှိကာ အရှင်ဖမ်းဆီးထားသူများလည်းရှိ ကြောင်း၊ ထို့ပြင် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများကို စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2025/02/205784/
ဝီဂါ မွတ်စလင် ဒုက္ခသည် ၄၀ ကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် တရုတ်နိုင်ငံသို့ ပြန်ပို့ပြီးနောက် ထိုင်းနိုင်ငံတစ်ဝန်း လက်တုံ့ပြန် တိုက်ခိုက်မှု ဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်
["ဝီဂါ မွတ်စလင် ဒုက္ခသည် ၄၀ ကျော်ကို ထိုင်းအစိုးရက အတင်းအကျပ် တရုတ်နိုင်ငံသို့ ပြန်ပို့ပြီးနောက် ထိုင်းနိုင်ငံတစ်ဝန်း လက်တုံ့ပြန် တိုက်ခိုက်မှု ဆိုင်ရာ သတိပေးချက်များထုတ်ပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "ထိုင်းအစိုးရက နိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံနေသည့် ဝီဂါ မွတ်စလင် ဒုက္ခသည် ၄၀ ကျော်ကို အတင်းအကျပ် တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပြီးနောက် လက်တုံ့ပြန် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်၍ လုံခြုံရေး အထူး သတိပြုကြရန် အမေရိကန်သံရုံးနှင့် ဂျပန်သံရုံးက ထိုင်းနိုင်ငံအတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများထံသို့ သတိပေးကြေညာချက်များ ထုတ်ပြန်လိုက်ကြသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ထိုင်းနိုင်ငံအတွင်း ခိုလှုံနေထိုင်နေသော ဝီဂါမွတ်စလင် ဒုက္ခသည် ၄၅ ဦးကို ထိုင်းအစိုးရက တရုတ်နိုင်ငံသို့ အတင်း အကျပ် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ အတိတ်ကာလကလည်း ယင်းကဲ့သို့ အတင်းအကျပ် ပြန်လည်ပို့ ဆောင်မှုများကြောင့် လက် တုံ့ပြန်တိုက် ခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း ဝီဂါမွတ်စလင်ဒုက္ခသည်များကို တရုတ်နိုင်ငံသို့ ပို့ ဆောင်ခဲ့ပြီးနောက် ဘန်ကောက်မြို့ရှိ Erawan Shrine နတ်နန်းတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ပေါက် ကွဲမှုအတွင်း လူ ၂၀ သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲသော နတ်နန်းမှာ တရုတ်ခရီးသွားများ အများဆုံး လာရောက်လည်ပတ်သောနေရာဖြစ်ကြောင်း သိရှိရသည်။", "ထို့ကြောင့် အမေရိကန်နိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသို့ ခရီးသွားမည်ဆိုပါက လုံခြုံရေး အထူးသတိထားရန်နှင့် ဒေသအာ ဏာပိုင်များ၏ ညွှန်ကြားချက်ကို လိုက်နာကြရန်၊ သတိဖြင့် သွားလာကြရန် အမေရိကန်သံရုံးက သတိပေးချက်ထုတ် ပြန်သည်။", "အလားတူ ဘန်ကောက်ရှိ ဂျပန်သံရုံးကလည်း ထိုင်းနိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများအတွက် လုံခြုံရေး သတိပေးချက်များထုတ်ပြန်ထား သည်။", "ထိုင်းအစိုးရက ဝီဂါမွတ်စလင် ၄၀ ထက်မနည်းကို တရုတ်နိုင်ငံသို့ အတင်းအကျပ် ပို့ဆောင်မှုမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ရှုတ်ချထားသည်။", "ဓာတ်ပုံ- ထိုင်းဝန်ကြီးချုပ်နှင့် ဝီဂါမွတ်စလင်များကို တရုတ်နိုင်ငံသို့ အတင်းကျပ် ပြန်လည်ပို့ဆောင်ရာတွင် အသုံးပြုခဲ့သော အလုံပိတ်ရဲကား။"]
https://yktnews.com/2024/06/166902/
ဝေါနှင့် ကျိုက်ထိုရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
["ဝေါနှင့် ကျိုက်ထိုရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၁၀", "ပဲခူးတိုင်း ဝေါမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် သပြေကန် စစ်ဆေးရေးဂိတ် နှင့် မုပ္ပလင် စစ်ဆေးရေးဂိတ်အနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ညီနောင် ERO များနှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ က ပြင်းအားမြင့် ဗုံးသီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေး အကျအဆုံးတော့ မသိရှိရသေးပါဘူး။ တိုက်ခိုက်မှုအပြီး စစ်ခွေးတွေက ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကားတိုးဂိတ်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၁ မှ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ပြောဆိုသည်။", "ထို့ပြင် ဇွန်လ ၉ ရက်နေ့ကလည်း အထက် အင်္ဂဘိုရွာအနီးရှိ လက်ပံပင် စစ်ဆေးရေးဂိတ်ကို ညီနောင် EROများနှင့်အတ် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ – ၁ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/211520/
ဝေါမြို့နယ်တွင် ကင်းချထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ စလင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သား သစ် ၁ ဦးကို အရှင် ဖမ်းမိ
["ဝေါမြို့နယ်တွင် ကင်းချထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ စလင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သား သစ် ၁ ဦးကို အရှင် ဖမ်းမိ", "ရန်ကုန်၊ ဧပြီ ၁၆", "ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံရွာတွင် ကင်းချထားသော စစ်ကောင်စီ တပ်သားများ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဝေါမြို့နယ်၊ လက်ပံရွာတွင် ကင်းချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "“သူတို့ကင်းချိန်းတဲ့ အျခိန် လှုပ်လှုပ်ရှားရှားဖြစ်တာနဲ့ အတည်ပြုပြီး တခါတည်းဝင်ပစ်ခဲ့တာ။ အဲဒီရွာ မှာက စခတွေ အနေများတယ်။ ကျနော်တို့တောင်ညိုတပ်ရင်းအနေနဲ့ ကျဆုံးရဲဘော်တွေအတွက် ရော၊ မိဘပြည်သူတွေအတွက်ပါ ကျနော်တို့တောင်ညိုတပ်ရင်းရဲ့ ငါတို့တောင်ညို ဘယ်တော့မှ မပြို ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဆက်လက်ကြိုးစားနေမှာပါ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုတပ်ရင်းနှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Peacock Brother Urban Guerrilla အဖွဲ့က ပြောဆိုသည်။", "ဧပြီလ ၁၅ ရက်နေ့တွင် စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး ၀င်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မိုင်း ၁၀ လုံး ထက်မနည်း နင်းမိပြီး အထိနာကာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ စစ်ကြောင်းအတွင်းမှ ထွက်ပြေး လွတ်မြောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးကို ဒဏ်ရာများနှင့် အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အရှင်ဖမ်းဆီးရမိသော စစ်မှုထမ်း တပ်သားသစ်သည် မောင်ဖိုးအေး ဆိုသူဖြစ်ပြီး စစ်မှုထမ်း အပတ် ၅ မှ သင်တန်းဆင်းဖြစ်ကာ မိုင်းထိမှန်ထားသော ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုများ ပြုလုပ်ပေးကာ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့မှ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။"]
https://yktnews.com/2024/04/158996/
ဝေါမြို့နယ်ရှိ စစ်တပ်၏ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ဝေါမြို့နယ်ရှိ စစ်တပ်၏ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၂၃", "ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတား စစ်ဆေးရေးဂိတ်နှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ဝေါမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်တောင်းတံတားစစ်ဆေးရေးဂိတ်ကို ရန်ကုန်တိုင်းပကဖနှင့် ERO ညီနောင်များက ပြင်းအားမြင့် ဗုံးသီး ၉ လုံးထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“သပြေကန် စစ်တောင်း တံတား စစ်ဆေးရေးဂိတ် နဲ့ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာတွေကို ပြင်းအားမြင့် ဗုံးသီး ၉ လုံးနဲ့ ကျဲချတိုက်ခိုက်ခဲ့တာပါ။ ဒီကောင်တွေ ကြောက်နေပါပြီ ကြောက်ကန်ကန်ပြီး လက်နက်ကြီးနဲ့ အပြစ်မဲ့ ပြည်သူတွေရှိတဲ့ နေရာတွေဆီ ပစ်တယ်။ အပြင်တောင် မထွက်ရဲ ကြတော့ဘူး။ သတ္တိရှိတဲ့ စစ်တပ်ဆို ပြည်သူတွေကို မထိခိုက်စေတဲ့ တိုက်ခိုက်မှုပဲ လုပ်ပါလို့ ပြောချင်ပါတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိတယ်။ သူတို့ထိလို့ပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ ကျွန်တော်တို့က ပြင်းအားမြင့်ဗုံး ၉လုံးထက် မနည်း ကျဲချတိုက်ခိုက်ခဲ့တာပါ” ဟု ရန်ကုန်တိုင်း ပကဖ ဆက်သွယ်ရေးနှင့် မီဒီယာ တာဝန်ခံက ပြောဆိုသည်။", "တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးတဝိုက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/140350/
ဝေါမြို့နယ်ရှိ ပျူစောထီးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက်သိမ်းဆည်းရရှိ
["ဝေါမြို့နယ်ရှိ ပျူစောထီးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုတ်ဖို ၃ ကျေးရွာအထွက်ရှိ ပျူစောထီး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ည ၉ နာရီ မိနစ် ၃၀ ခန့်က ဝေါမြို့နယ် အုတ်ဖို – ၃ ကျေးရွာ အထွက် ရှိ ပျူစောထီး ၇ ဦး‌ကျော် လုံခြုံရေး ယူထားသော စစ်ဆေးရေး ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ ကိုးလုံး လက်လုပ် သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် အတွင်းရှိ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သနပ်ပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် အင်းတကော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးများ ပြန်လည်ပစ်ခတ်နိုင်ခြင်း မရှိဘဲ သေဆုံးဖမ်းဆီးခံရပြီး ကျန်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဖမ်းဆီးရမိသော ပျူစောထီး ၃ ဦးကိုလည်း စစ်သုံ့ပန်း ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း Bago Region PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/09/124068/
ဝေါမြို့နယ်ရှိ လက်ပံရွာမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ဝေါမြို့နယ်ရှိ လက်ပံရွာမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၆", "ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ လက်ပံရွာမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၄၃ မိနစ်ခန့်တွင် ဝေါမြို့နယ်၊ လက်ပံကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦး ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ထံမှ G-3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ၊ ၇.၆၂ ကျည် ၆၂ တောင့် နှင့် လက်ပစ်ဗုံး. ၁ လုံး တို့ သိမ်းပိုက်ရရှိခဲ့ကြောင်းသိရှိရသည်။", "အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နံနက် ၁၀ နာရီခန့်တွင်ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သိမ်ဇရပ် အမတ ၃၁၀ မှ ၈၁ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ဝေါမြို့နယ်၊ ပေါက်တန်းရွာရှိ ကျွန်းရွှေဝါ သောင်အတွင်းသို့ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူများ ထိခိုက်မှုမရှိဘဲ စပါးခင်းများ ပျက်ဆီးခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က လက်ပံကျေးရွာကို မြစ်ကျိးစံပြကျေးရွာ မှ တဆင့် ဆိုင်ကယ် ၃ စီး ၊ အိမ်စီးကား ၂ စီး ၊ Faw ကားကြီး ၁ စီး တို့ဖြင့် ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134393/
ဝေါမြို့နယ်၊ ကျောက်ကြီးနှင့် မုန်းမြို့တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦးသေဆုံးပြီး နေအိမ်၊ ဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး၊
["ဝေါမြို့နယ်၊ ကျောက်ကြီးနှင့် မုန်းမြို့တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦးသေဆုံးပြီး နေအိမ်၊ ဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး၊", "မူဆယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၍ ၄ လသား ကလေးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "ပဲခူးတိုင်း ဝေါမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ပိုင်နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ထိခိုက်ပျက်စီးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှစတင်၍ ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ အထက်ကွေ့ကြီးကျေးရွာရှိ စစ်တပ်က ၁၂၀ မမ ဖြင့်လည်းကောင်း၊ လက်ပံကျေးရွာတွင် စစ်တပ်က ၈၁ မမ ဖြင့်လည်းကောင်း ပစ်ခတ်ရာ ခရွဲကျေးရွာ နှင့် ထင်းတဲရပ်ကွက် ရှိ", "အရပ်သား ပြည်သူ များ၏ နေအိမ်များနှင့် အဆောက်အအုံများ ထိမှန်ပျက်စီးခြင်း ၊ ကျေးရွာမီးသွယ်တန်းထားသော မီးကြိုးများ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထင်းတဲရပ်ကွက်ရှိ ဓမ္မာရုံမှာလည်း ၈၁ မမ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဓမ္မာရုံပျက်စီးပြီး လူနေအိမ်အချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ခရွဲရွာ ကျေးလက် ဆေးပေးခန်း ၊ ခရွဲရွာ ဘုရားကုန်းဘုန်းကြီးကျောင်း နှင့် တောင်ကျောင်း ၊ မြောက်ကျောင်းတို့တွင် ၁၂၀ မမ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆေးခန်းနှင့် ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း သိရှိရသည်။", "လက်ပံကျေးရွာ ကမ်းနားပိုင်း မှ စစ်တပ်က ၈၁ မမ ၊ ၄၀ မမ များ ဖြင့်လည်းကောင်း၊ ခမရ ၅၉၈ ကလည်း ၈၁ မမ ဖြင့်လည်းကောင်း၊", "အထက်ကွေ့ကြီး ဝေဠုဝန် ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့်လည်းကောင်း အချက် ၃၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဆေးပေးခန်း ၊ ဘုန်းကြီးကျောင်း အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ နွယ်တန်းရွာတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အိမ်မွေးဝက်များ သေဆုံးကြောင်း၊ မုန်းမြို့ ၁ ရပ်ကွက် တွင် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၈၄ နှစ်အရွယ် အဘွားအို ဗုံးစ ထိမှန် သေဆုံးကြောင်း၊ ပြည်သူ ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ထို့အတူ ဒီဇင်ဘာလ ၂ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြိုနယ်၊ နမ့်ခွမ်ကျေးရွာ၊ စယ်လန့်ကျေးရွာ နှင့် ၁၀၅ မိုင်တွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ လသားအရွယ်ကလေးငယ် ၁ ဦး သေဆုံးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ရပ်ကွက်(၁)မန့်ခမ်းရှိ နေအိမ်များကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150895/
ဝေါမြို့နယ်၊ ငှက်ပျော်တပင်သောင်တွင် စစ်တပ်ထောင်ထားသော မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး သေဆုံးပြီး ၂ ဦးဒဏ်ရာရ
["ဝေါမြို့နယ်၊ ငှက်ပျော်တပင်သောင်တွင် စစ်တပ်ထောင်ထားသော မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး သေဆုံးပြီး ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁၆", "ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ငှက်ပျော်တပင်သောင်တွင် စစ်တပ်ထောင်ထားသော မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၈ မိနစ်အချိန် ပဲခူးတိုင်း ၊ ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု ၊ ငှက်ပျောတပင် သောင် အရှေ့ဘက်ခြမ်း စစ်တပ်ထောင်ထားသော မိုင်းပေါက်ကွဲ၍ ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထိခိုက်ခဲ့သော ကလေးများ မှာ ဝေါမြို့နယ် ၊ အုတ်ဖို ၁ ကျေးရွာ တွင် နေထိုင်သော", "ဦးသောင်းဟန်နှင့် ဒေါ်ကေသီ၏ သား အသက် ၅ နှစ်အရွယ် မောင်ကောင်းပြည့်ဖြိုး နှင့် အခြားကလေး ၁ ဦးတို့ ဖြစ်ကြောင်း၊ အမျိုးသား ၁ ဦးမှာလည်း အနည်းငယ် ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“မောင်ကောင်းပြည့်ဖြိုးက မျက်လုံး နှင့် ကိုယ်လုံး မိုင်းအစ မှန်တယ်။ အဲဒါ ပဲခူးဆေးရုံတင်ပို့တာမှာ မိုင်းထိမှန် ဒဏ်ရာတွေနဲ့ ပဲခူးဆေးရုံမှာ သေဆုံးပါတယ်။ ကလေး မှာ ဗိုက်ကနေ မျက်နှာ အထိ အရေပြားပျက်စီး ပေါက်ပြဲ", "ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူရင်း သေဆုံးပါတယ်။ ကျန်တဲ့ကလေးကတော့ သက်သာပါတယ်။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ကလေးငယ်များကို ထိမှန်သော မြေမြုပ်မိုင်းမှာ ပဲခူး ဘောနက်ကြီး အခြေစိုက် အမြောက်တပ် ၂၀၅ မှ စစ် ကြောင်းက ဇန်နဝါရီလ ၃၁ ရက်နေ့ ဝေါမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးစဉ် ထောင်ထားခဲ့သော မိုင်းဖြစ် ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဝေါမြို့နယ်၊ ကျွန်းရွှေဝါအုပ်စု ၊ ငှက်ပျောတပင် သောင် အရှေ့ဘက်ခြမ်း သို့ စစ်ကြောင်းထိုးပြီး ပြည်သူများ၏ ပစ္စည်းများကို လုယက်ကာ နေအိမ်များကို ဖျက်ဆီးသွားသော စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133788/
ဝေါမြို့နယ်၊ သူရဲသမိန်ရဲစခန်းတိုက်ခိုက်သိမ်းမှု ရဲစခန်းအမှုးအပါအဝင် ၉ ဦးသေဆုံး၊ ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်
["ဝေါမြို့နယ်၊ သူရဲသမိန်ရဲစခန်းတိုက်ခိုက်သိမ်းမှု ရဲစခန်းအမှုးအပါအဝင် ၉ ဦးသေဆုံး၊ ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်စခန်းကိုလည်း ဝင်ရောက်တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ စခန်းမှူးအပါအဝင် ၉ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ဝေါမြို့နယ်၊ သူရဲသူမိန်ကျေးရွာကို အကြမ်းဖက်စစ်သား၊ ရဲ ပူး ပေါင်း အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်တပ်အောက်ခံ ရဲစခန်း ကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် ၄ ဦး၊ စစ်သား ၃ ဦး၊ ပျူစောထီး ၁ ဦးနှင့် ရာအိမ် မှူး တစ်ဦး စုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။", "ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးဆိုသူက အရပ်ဝတ်လဲကာ ထွက်ပြေးသွားကြောင်း၊ အနီးအနားရှိ မြစ်ကျိုး၊ လက်ပံ၊ အညာစု စသည့်ကျေးရွာများတွင် အထိုင်ချ ထားသော စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူပေးခြင်းတို့သဖြင့် စခန်းသိမ်းပိုက်နိုင်သော်လည်း မီးရှို့ဖျက်ဆီးနိုင်ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၂၇ ရက် နံနက် ၅ နာရီခန့်က ဝေါမြို့နယ် တစ်ဖက်ကမ်း ရွှေကျင်မြို့နယ်၊ ကွမ်း ဆိပ် ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်များက တိုက် ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း သိရသည်။"]
https://yktnews.com/2024/01/142174/
ဝေါမြို့နယ်၊ အုတ်ဖို ၃ ရွာရှိ စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အညာစုရွာနှင့် အထက်ဝိုင်းပါတ်ရွာမှ ပြည်သူ ၂၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား
["ဝေါမြို့နယ်၊ အုတ်ဖို ၃ ရွာရှိ စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အညာစုရွာနှင့် အထက်ဝိုင်းပါတ်ရွာမှ ပြည်သူ ၂၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အုတ်ဖို ၃ ရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် အညာစုရွာနှင့် အထက်ဝိုင်းပါတ်ရွာမှ ပြည်သူ ၂၈ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၉ နာရီ ၃ဝ မိနစ်တွင် အင်းတကော်၊ ဝေါ၊ သနပ္ပင်၊ ကဝနှင့် ဒိုက်ဦး မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ဝေါမြို့နယ်၊ အုတ်ဖို ၃ ကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် ၁ ဦး သေဆုံးပြီး စစ်သင်တန်းဆင်း ပျူစောထီး ၃ ဦးကို ကိုးလုံးသေနတ် ၂ လက်နှင့်အတူ အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆင်ရွာဘက်မှ ကား ၁၂ စီးဖြင့်ဆင်းလာပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဝေါမြို့နယ်၊ အညာစုကျေးရွာနှင့် အထက်ဝိုင်းပါတ်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူ ၂၈ ဦးကို ဖမ်းဆီးသွားကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသော အညာစုရွာမှ ပြည်သူ ၂၃ ဦးမှာ ဦးစိန်ထွန်းကြည် ၊ ဦးသန်းဝင်း ၊ ဦးကျော်ဇင်အောင် ၊ ဦးဌေး ၊ ဦးဗလကြီး ၊ ဦးမင်းအောင် ၊ ဦးဘာဘူ ၊ ဦးချစ်ဦး ၊ ဦးဝင်းကို ၊ ဦးညီညီ ၊ ဦးအောင် ၊ ဦးမောင်စန်းလွင် ၊ ဦးနိုင်ဝင်း ၊ ဦးခင်လှိုင် ၊ ဦးမြင့်သောင်း၊ ဦးလင်း ၊ ဦးဝင်းဦး ၊ ဦးဘူးသီး(ခ)ဦးလှဝင်းအောင် ၊ ဦးသန်းဝင်း ၊ ဒေါ်အေးသူဇာ ၊ ဒေါ် ခင်ထွေးနှင့် ၎င်း၏ သမီး ၂ ဦး နှင့် အထက်ဝိုင်းပါတ်ရွာ မှ ဖမ်းဆီသွားသော ပြည်သူ ၅ ဦးမှာ ဦးသန်းဌေး ၊ မောင်မြင့်သန်း ၊ ကိုမြင့်ဝေ ၊ ကိုဖိုးကျော် ၊ ကိုဇင် တို့ ဖြစ်ကြောင်းသိရသည်။", "ယင်းဖမ်းဆီးခံရသူများထဲမှ အညာစုရွာသား ဖြစ်သူ ဦးဘူးသီး(ခ)ဦးလှဝင်းအောင် နှင့် ဦးဝင်းဦး တို့ကို သူရဲသမိန်ရဲစခန်းတွင် ဖမ်းဆီးထားပြီး အထက်ဝိုင်းပါတ်ရွာသား ဖြစ်သူ ကိုဇင် ကို ပျဥ်ပုံကြီး စစ်တပ်စခန်း၌ ဖမ်းဆီထားကာ ကျန်ရှိသောပြည်သူ ၂၅ ဦးကို ဘောနတ်ကြီး ၃၉မိုင်အနီးရှိ အကြမ်းဖက် စစ်တပ်၏ မစခ ၉၀၁ နှင့် အမတ ၂၀၅ ရှိ စစ်ကြောရေးတို့၌ ဖမ်းဆီး ထားကြောင်း သိရှိရသည်။", "Photo – ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးနေစဥ်"]
https://yktnews.com/2023/02/89721/
ဝေါမြို့နှင့်ဖြူးမြို့တို့တွင် ရဲများကို ပစ်ခတ်တိုက် ခိုက် မှုများဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ ၊ ဖြူးတွင် အလှူအိမ်မှ ဆက်ကြေးယူပြီးပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်
["ဝေါမြို့နှင့်ဖြူးမြို့တို့တွင် ရဲများကို ပစ်ခတ်တိုက် ခိုက် မှုများဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ ၊ ဖြူးတွင် အလှူအိမ်မှ ဆက်ကြေးယူပြီးပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ပဲခူးတိုင်း၊ ဝေါမြို့ နှင့် ဖြူးမြို့တို့တွင် ရဲများကို ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် ဝေါမြို့ အရှေ့ဘက် ဘုရားပျိုလမ်းထိပ်တွင် ရဲများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ပါဝင်သော အဖွဲ့ကို ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦးသေဆုံးကြောင်း၊ ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း သိရှိရသည်။", "“ဝေါမြို့ အရှေ့ဘက်ည ၈ နာရီ ၂၀ မိနစ်အချိန် ဘုရားပျိုလမ်းထိပ်မှာ ၅ ဦး အပစ်ခံရတယ်။ ၂ ဦး သေသွားပြီး ၃ကောင် က ဆန့်ငင်ဆန့်ငင် ဖြစ်နေတယ်။ ရာအိမ်မှုးရော ဆယ်အိမ်မှူးရော ပါပါတယ်။ ရဲတွေရော ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို ဖြူးမြိုနယ် ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ‌ခန့်တွင် ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အရှေ့ဘက် ခင်ကြီးရွာနှင့် သရက်ကုန်းရွာအကြား၌ ဘုရားလဟာကျေးရွာမှပြန်လာသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ဖြူးမြို့နယ် ပကဖ မှ ဗိုလ်ကျားကြီး ဦးဆောင်သော အဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ နယ်ထိန်း သန့်စင်အောင် ဦးခေါင်းကျည် ထိမှန်၍ အရေးပေါ် အတွင်းလူနာဖြင့် နေပြည်တော် ဆေးရုံသို့ ပိုဆောင်ခဲ့ရကာ ကျန် ရဲ ၃ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဘုရားလဟာကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသည် ၎င်း၏အလှူအား လုံခြုံရေး ယူပေးရန် စစ်သားများကို ၂ သိန်းကျပ်နှင့် ရဲများကို ၁ သိန်းကျပ်ဖြင့် ငှားရမ်းရကြောင်း၊ ထို ငှားရမ်းခ ဆက်ကြေးယူပြီး ပြန်လာစဥ်၌ ဖြူးမြိုနယ် ပကဖမှ ဗိုလ်ကျားကြီးအဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း မြို့နယ်ပကဖ တပ်ဖွဲ့ဝင်များမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/189232/
ဝေါ၊ ရှမ်းကိုင်းရွာ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်၊ စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထား
["ဝေါ၊ ရှမ်းကိုင်းရွာ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်၊ စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထား", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "ပဲခူးတိုင်း၊ ဝေါမြို့နယ် ၊ ရှမ်းကိုင်းရွာ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်သွားပြီး စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထားကြောင်းဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်ရှိ အကြမ်းဖက် စစ်သား နှင့် ပျူစောထီးများ ရှိနေသော ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်သော ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက် စခန်းဦးစီး အရာရှိက စစ်ကောင်စီ တပ်သားများကို ချန်ခဲ့ပြီးထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အရာရှိ၏ လက်ကိုင်ဖုန်းကို‌ တော်လှန်ရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ပြီး ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပျူစောထီးများ၏ အမည်စာရင်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“စပြီးတော့ တိုက်ပွဲဖြစ်နေတုန်း ၁၀ မိနစ်လောက်မှာ နောက်ဖေး ပေါက်ကနေ ထွက်ပြေးသွားတာ ကျနော်တို့ လှမ်းတော့ပစ်တယ်။ လွတ်သွားတာပေါ့။ အခြေအနေ မလှလို့ ထွက်ပြေးသွားတာ သူ့ဖုန်းကျန်ခဲ့တယ်။ သူ့ဖုန်းထဲမှာ သူ့ဓာတ်ပုံနဲ့ အချက်အလက်တွေပေါ့ အဲတာတွေရတယ်။ ကျနော်တို့ စခန်းဝင်သွားတဲ့ အချိန်မှာ ရဲဘော် ၁ ယောက်လောက်ပဲကျန်တယ်။ အဲတစ်ယောက်လည်းကျသွားတယ်။ ကျန်တဲ့ ပစ်ခတ်နေရင်းနဲ့ ကျကုန်တယ်တဲ့ ရဲဘော်တွေလည်း ကျကုန်ပြီပေါ့။ ပျူတွေရောပေါ့။ သူတို့ အလစ်အငိုက် ခံလိုက်ရတော့ ဝရုန်းသုန်းကား ပြေးတဲ့သူကပြေး ပြန်ပစ်တဲ့သူက ပြန်ပစ်ပေါ့။ သူလည်း ခဏလောက်တော့ ပြေးပုံရတယ်။ ပြီးတော့ပြေးတော့တာပဲ ဖုန်းကို သိမ်းဆည်းရမိတဲ့ အခါကျတော့ သူ့ဖုန်းထဲက မှတ်တမ်း ဓာတ်ပုံတွေ့တာလေ သူ့ရဲ့ တပ်အမည်တော့ မတွေ့ဘူး။ သေနတ်မှာတော့ အပတ လို့ရေးထားတယ်။ ကျနော်ထင်တာ ဝမ်းဘဲအင်းက ပြန်လည်ပြုပြင်ထိန်းသိမ်းရေးမှာ အုံနာကျိုးကမ်းတွေ ထားတဲ့ တပ်က ဖြစ်ဖို့များတယ်။ သူ့ဖုန်းထဲမှာ သူကျန်းမာရေး မကောင်းလို့ ခွဲစိတ်ထားတာတွေတွေ့တယ်။ ရွာတွေက ပျူစောထီး စာရင်းတွေတွေ့တယ်။ အရာရှိသင်တန်းမှာ ဓာတ်ပုံရိုက်ထားတာတွေ သူ့အမျိုးသမီးပုံတွေ တွေ့တယ် ဒီလောက်ပါပဲ” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး ပစ္စတို ၁ လက် ၊ G-3 ၄ လက် နှင့် အူဂျီ ၁ လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149153/
ဟောင်ကောင်တွင် သူနာပြု အလုပ်အကိုင်ရမည်ဆိုကာ Great Synergy Manpower ကုမ္ပဏီက သင်တန်းသား ၉၀ ကျော်ထံမှ ငွေကျပ် သိန်းပေါင်း ၁၂၀၀ ခန့် ငွေကြေးလိမ်လည်
["သင်တန်းသားများကို ငွေကြေး ပြန်လည်ပေးလျော်ရန် SNNM ကျောင်းက ကတိပြုထားသော်လည်း ၁ နှစ်ကျော်ကြာသည် အထိ ငွေပြန်မရ", "ရန်ကုန်၊ မတ် ၆", "ဟောင်ကောင်တွင် ဘိုးဘွားပြုစု စောင့်ရှောက်ရေးလုပ်ဆောင်ရန် သင်တန်းတက်ပြီး ၄၅ ရက်အတွင်း သွားရမည်ဟုဆိုကာ Great Synergy Manpower ကုမ္ပဏီက သင်တန်းသား ၉၀ ကျော်ထံမှ ငွေကျပ် သိန်းပေါင်း ၁၂၀၀ ခန့် ငွေကြေးလိမ်လည်ခဲ့ကာ သင်တန်းသားများကို ငွေကြေး ပြန်လည်ပေးလျော်ရန် SNNM ကျောင်းက ကတိပြုထားသော်လည်း ၁ နှစ်ကျော်ကြာသည် အထိ ငွေပြန်မရသေးကြောင်း ငွေကြေးလိမ်လည်ခံထားရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဟောင်ကောင်ရှိ သက်ရှိရွယ်အိုပြုစုစောင့်ရှောက်ရေးစင်တာများတွင် အလုပ်အကိုင်ရရှိမည်ဆိုကာ Great Synergy Manpower ကုမ္ပဏီက ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး San Nyo Nyo Myint Technical Service ကုမ္ပဏီက အဆိုပါ ကုမ္ပဏီနှင့် ချိတ်ဆက်၍ ၎င်း၏ သင်တန်းမှ သင်တန်းသား ၉၀ ကျော်ကို သင်တန်းပေးခြင်း၊ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ Great Synergy Manpower ကုမ္ပဏီက ဟောင်ကောင်သို့ ပို့ပေးခြင်းမရှိဘဲ ငွေကြေးများ လိမ်လည်ချိန်တွင် San Nyo Nyo Myint Technical Service ကုမ္ပဏီက ၎င်းတို့ ငွေကြေးကောက်ခံထားသည့် သင်တန်းသား ၉၀ ကျော်အတွက် ငွေကြေးများ ပြန်လည်ပေးအပ်မည်ဟု ကတိပေးခဲ့သော်လည်း ၁ နှစ်ကျော်ကြာသည်အထိ ပြန်ပေးခြင်း မရှိကြောင်း ငွေကြေးလိမ်လည်ခံထားရသူများထံမှ သိရှိရသည်။", "” တစ်ဦးကို Register ကြေး ၇ သိန်းကနေ သိန်း ၂၀ အထိ ယူပါတယ်။ ကုမ္ပဏီကို ပေးရမယ်ဆိုပြီး တောင်းတာပါ။ ညီမတို့လည်း ၄၅ ရက်အတွင်း သွားရမယ်ဆိုတော့ တချို့ဆို အတိုးတွေ ယူပြီး လာရတာပါ။ ဖြေရှင်းပေးမယ်ပြောပြီး ခုထိ မသိချင်ယောင်ဆောင်နေပါတယ်” ဟု ကိုယ်တိုင် လိမ်လည်ခံရသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "San Nyo Nyo Myint Technical Service ကုမ္ပဏီ၏ ပိုင်ရှင်သည် စံညိုညိုမြင့် ခေါ် ဒေါ်ညိညိုခန့်ဖြစ်ပြီး ၎င်း သင်တန်းမှ သင်တန်းသား ၉၀ ကျော်ကို ငွေပြန်အမ်းမည်ဟု ကတိပေးကာ အိမ်ရောင်း၍ ကျောင်းသားများ၏ ပိုက်ဆံကို ပြန်အမ်းမည်ဟု ကတိပေးထားသော်လည်း အိမ်လာဝယ်သူများရှိသော်လည်း အိမ်ကို ရောင်းချခြင်းမရှိကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရှိရသည်။", "အဆိုပါ ကိစ္စနှင့် ပတ်သက်၍ SNNM ကျောင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပြီး ‌SNNM ကျောင်း၏ ဒေါ်ညိညိုမြင့်က ကျောင်းသားများ၏‌ ငွေကြေးသည် ၎င်း ရယူထားခြင်း မဟုတ်ဘဲ ငွေပြန်ပေးမည်ဆိုသည်မှာလည်း ကျောင်းသားများကို ကူညီပေးခြင်းသာ ဖြစ်ကြောင်း၊ အချိန်ကြာမြင့်ရသည်မှာလည်း ငွေကြေးလိမ်လည်သွားသည့် Man Power ကုမ္ပဏီက ဇန်နဝါရီ ပထမအထိ ပြန်အိမ်းပေးမည်၊စောင့်ပေးပါဟူ၍ ပြောကြားခဲ့၍ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။", "“အိမ်ရောင်းရတဲ့ ငွေနဲ့မှ ကူညီနိုင်မှာမို့ အိမ်အရောင်း ဆိုင်ထားပါတယ်။ အိမ်လာဝယ်တဲ့ လူရှိရင် ခေါ်လာပေးပါ။ အချိန်မရွေးပါ။ သူတို့ကို သော့တောင် လာယူထားပြောထားပါတယ်။ လာဝယ်တဲ့ လူကို တိုက်ရိုက် သေချာလာဝယ်ခိုင်းပါ။ ကိုယ်ယူထားတဲ့ ငွေမဟုတ်ဘဲ စိုက်ကူညီပေးရမှာတောင် တရားမျှတမှုမရှိဘဲ ပွဲစားတွေ ဈေးအရမ်းနိမ်တာ အချိန်ဆွဲတာ မဟုတ်ပါဘူး။ အခုလည်း အေဂျင်စီတွေ အပ်ထားပါတယ်” ဟု SNNM ကျောင်း တည်ထောင်သူ ဒေါ်ညိညိုမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "Great Synergy Manpower Company ၏ လိမ်လည်ခံရသည်မှာ SNNM ကျောင်းတစ်ခုထဲ မဟုတ်ဘဲ လူထောင်ချီရှိကြောင်း၊ SNNM ကျောင်းအနေနဲ့ တာဝန်ယူဖြေရှင်းပေးရာတွင် ငွေကြေးအကုန်အကျခံ၍ ဟောင်ကောင်အထိသွားကာ Manpower Company နှင့် ကော်စစ်ဝင်ရုံးအထိ သွားခဲ့ပြီး ကျောင်းသားများ၏ Passport များ CID များ သိမ်းထားခြင်းကိုလည်း ပြန်ရအောင် လုပ်ဆောင်ခဲ့ကြောင်း၊ အိမ်ရောင်းချ၍ ရပါက ကျောင်းသားများ၏ ငွေကြေးကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/04/155319/
သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းအများအပြား ကားများဖြင့် အခေါက် ခေါက်အခါခါ သယ်ယူနေရ ၊ စစ်ကားအများအပြားလည်း ရရှိ
["သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းအများအပြား ကားများဖြင့် အခေါက် ခေါက်အခါခါ သယ်ယူနေရ ၊ စစ်ကားအများအပြားလည်း ရရှိ", "ရန်ကုန်၊ ဧပြီ ၆", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အစပ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများမှာ ကားများဖြင့်အခေါက်ခေါက် အခါခါ သယ်ယူနေရကြောင်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ယမန်နေ့ သင်္ကန်းညီနောင် စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းများကို သိမ်းပိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိကြောင်း၊ လက်နက်ခဲယမ်းများမှာလည်း ၁၂၀ မမ အမြောက်များအပါအဝင် လက်နက်ခဲယမ်းများကို ကားများဖြင့် အခေါက်ခေါက် အခါခါ သယ်ယူနေရကြောင်း၊ စစ်ကားများလည်း အများအပြား ရရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "” လက်နက်ကြီးလက်နက်ငယ်တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ ကားတွေနဲ့ အခေါက်ခေါက် အခါခါ သယ်ယူနေရတယ်။ စစ်သုံ့ပန်းအများအပြားရတယ်။ စစ်ကားတွေလည်းရတယ်။ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ ကိုလည်း KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့ထားပြီး ယင်းအထဲတွင် စစ်ကောင်စီတပ်သားအများအပြား ရှိနေကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီကလည်း စစ်ကူစစ်ကြောင်း ၄ ခုထက်မနည်း စေ လွှတ်ပြီး မြ၀တီ၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်နယ်မြေများတွင် အသာစီး ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က တောက်လျှောက် လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/96905/
သင်္ကြန်ကာလ စစ်တပ်က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ပြီး တော်လှန် ရေး အင်အားစုများအပေါ် အပြစ်ပုံချ အထင်လွဲမှားစေရန် ဖန်တီးလာနိုင်သဖြင့် သတိထားကြရန် NUG သမ္မတ သတိပေး
["သင်္ကြန်ကာလ စစ်တပ်က အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ပြီး တော်လှန် ရေး အင်အားစုများအပေါ် အပြစ်ပုံချ အထင်လွဲမှားစေရန် ဖန်တီးလာနိုင်သဖြင့် သတိထားကြရန် NUG သမ္မတ သတိပေး", "ရန်ကုန်၊ ဧပြီ ၁၁", "သင်္ကြန်ကာလအတွင်း အကြမ်းဖက်စစ်တပ်က အကြမ်းဖက်လုပ်ရပ်များလုပ်ပြီး PDF များနှင့် တော်လှန်ရေးအင်အားစုများကို အထင်အမြင်လွဲမှားစေနိုင်သော ယုတ်မာကောက်ကျစ်သော လုပ်ရပ်များ ဖန်တီးလာနိုင်သည့်အတွက် သတိ ကြီး ကြီးထားရမည်ဖြစ်ကြောင်း NUG သမ္မတဒူဝါလရှီးလက ပြော ကြားသည်။", "ယနေ့ဧပြီလ ၁၁ ရက် နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့သော အစိုးရ အဖွဲ့ ၁၄ ကြိမ် မြောက် အစည်းအ ဝေးအဖွင့်မိန့်ခွန်းတွင် အထက်ပါ အတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အကြမ်းဖက်စစ်တပ်ဟာ ဒီလို အခါကြီး၊ ရက်ကြီး အချိန်မျိုးတွေမှာ အကြမ်း ဖက် လုပ်ရပ်တွေကို အချိန် ကိုက် လုပ်ဆောင်ပြီး၊ တောင်လှန်ရေး အင်အားစု တွေကို အထင်အမြင်လွဲမှားစေနိုင်တဲ့ လုပ်ရပ်တွေကို ယုတ်မာကောက်ကျစ်စွာ ဖန်တီးနိုင်တာကြောင့် သတိကြီးကြီးထားကြဖို့လိုပါတယ်။ အတင်းအကျပ် လု ယူထားတဲ့ အာဏာကို မထိန်းသိမ်းနိုင်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အရှုံးကို တုံ့ပြန်ဖို့ အ တွက် နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ထဲမှာ အဆိုး ဆုံးက တော့ ပြည်သူနဲ့ ပြည်သူ့ဘက်တော်သား တွေ ကြားမှာ အထင် အမြင် လွဲမှား မှုတွေရအောင် လုပ်ဆောင်နေတာပါပဲ။ “ ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။", "ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်မှ ဘာသာရေး၊ လူမျိုးရေးအရ သွေးခွဲသပ်လျှိုမှုများ၊ ဖိနှိပ်မှု များကို သိသိသာသာ တိုးပြီး လုပ်ဆောင်လာ ကြောင်း၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တဝိုက်ရှိ ဘု ရားကျောင်းအချို့ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု၊ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်- KBC ၏ သိက္ခာတော်ရ ဆရာ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို အီစတာပွဲတော်ရက် မတိုင် ခင် ဥပုသ်ရက် Good Friday ၌ ထောင်ဒဏ် ၆ နှစ် ချလိုက်ခြင်းသည် ဘာသာ ရေးအရ ဖိနှိပ်မှု သက်သက်ဖြစ်သည်ကို အထင် အရှားဖြစ်ကြောင်း သမ္မတဒူဝါလ ရှီးလက ထောက်ပြထားသည်။", "ပြည်သူလူထုအနေဖြင့် စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ကောင်းကောင်း ခံစား သိထားခဲ့ရပြီး သဖြင့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပြည်သူများက လိုအပ်ချက်ကြောင့် မွေး ထုတ်ထားသဖြင့် သွေးခွဲဖို့ကြိုးနေသည့် စစ်ကောင်စီသည် ပြည်သူကို အထင် သေးခြင်းပဲဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို တားဆီးနိုင်ရန်နှင့် တော် လှန်ရေးအဆုံးသတ်နိုင်ရန် နိုင်ငံတကာ၏ အကာ အကွယ် ရရန် အရေးတကြီးလိုအပ်နေပြီး နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူ နိုင်ရန် သက်သေ အထောက်အထားများရရန် အရေးကြီးကြောင်း၊ အကြမ်း ဖက်စစ်ခေါင်းဆောင်နှင့်နောက်လိုက်အပေါင်းပါများကို အကြမ်းဖက်အဖွဲ့များ အဖြစ် ထိထိရောက် ရောက်စွဲချက်တင် အရေးယူနိုင်ရေး ကိစ္စရပ်များကိုလည်း စနစ်တကျဆွေးနွေး အဖြေရှာရန် ယာယီ သမ္မတ ဒူဝါလရှီးလက ဆက်လက် ပြောကြားသည်။", "ဓာတ်ပုံ- ဗဟန်းနှင့် စမ်းချောင်းမြို့နယ်ရှိ သင်္ကြန်ရေကစား မဏ္ဍပ်တစ်ခု။", "Photo- CJ"]
https://yktnews.com/2025/04/211339/
သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တစ်စွန်းတစ်စမှ ထုတ်မပြော
["သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကို တစ်စွန်းတစ်စမှ ထုတ်မပြော", "ရန်ကုန်၊ ဧပြီ ၁၅", "သင်္ကြန်ကာလမှာလည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များက စစ်တပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေဆဲဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ယမန်နေ့ညပိုင်း ထုတ်ပြန်ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးအတွက် အပစ်အခတ်ရပ်စဲထားသော်လည်း KIA ၊ KNU နှင့် PDF အပါအဝင် တိုင်းရင်းသားများနှင့် လက်နက်ကိုင်များက စစ်တပ်စခန်းကို တိုက်ခိုက်နေကြောင်း၊ စစ်တပ်က သင်္ကြန်ကာလ အပစ်အခတ်ရပ်စဲရေးကို ကြေညာထားသော်လည်း တိုက်ခိုက်ခံနေရကြောင်း ဇော်မင်းထွန်းက ဆိုသည်။", "“KIA အနေနဲ့ ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဗန်းမော်မင်းလှရပ်ကွက်မှာရှိတဲ့ လူနေအိမ်ခြေတွေနဲ့ တပ်မတော်ရဲ့ ကင်းစခန်းတစ်ခုကို လာရောက်ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်။ KNPP/KNDF အနေနဲ့ ဧပြီလ ၁၃ ရက်နေ့ မနက် ၇ နာရီမှာ ဘောလခဲမှာရှိတဲ့ လုံခြုံရေးစခန်းတစ်ခုကို ဒရုန်းနဲ့ လာရောက်တိုက်ခိက်ခဲ့တာတွေ့ရပါတယ်။ KNU အနေနဲ့ ဧပြီလ ၁၂ ရက်နေ့ ည ၁၂ နာရီအချိန်လောက်နဲ့ ဧပြီလ ၁၃ ရက်နေ့ ည ၉ နာရီခွဲလောက်မှာ ထီးတာစခန်းကို ဒရော့ဗုံးတွေ ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒရော့ဗုံး ၇၀ ကျော်လောက် ပစ်ခတ်တာတွေ့ရပါတယ်။ ဧပြီလ ၁၃ ရက်နေ့ နေ့လယ် ၁နာရီခွဲမှာ မြင်းမူ အလာကပကျေးရွာမှာ မြင်းမူ PDF အဖွဲ့တွေ့ အလာကပ ကျေးရွာမှာရှိတဲ့ လူနေအိမ်ခြေတွေနဲ့ လုံခြုံရေးစခန်းတစ်ခုကို လာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ အလားတူ စလင်းဘက်မှာ ညနေ ၄ နာရီခွဲလောက်မှာ သစ်ခေါက်တောင် လုံခြုံရေးစခန်းကို ဒရုန်းနဲ့ လာရောက် ပစ်ခတ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။", "သို့ရာတွင် အကြမ်းဖက် စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက စစ်တပ်က စစ်ကြောင်းထိုးနေမှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ၎င်းတို့ကသာ တစ်ဖက်သတ် အတိုက်အခိုက်ခံနေရသည့်ပုံစံ သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။", "အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်အကြိုနေ့မှ စတင်ပြီး သင်္ကြန်အကျနေ့အထိ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်နေဆဲဖြစ်ပြီး အပစ်အခတ်ရပ်စဲသည်ဟု ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူ ၁၀၀ ကျော် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/211384/
သင်္ကြန်အကြတ်နေ့ ကျုံဒိုးမြို့၊ ကမ်းနီ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး သံဃာ ၄ ပါး အပါအဝင် ၂၀ ဦးကျော်ဒဏ်ရာရ
["သင်္ကြန်အကြတ်နေ့ ကျုံဒိုးမြို့၊ ကမ်းနီ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး သံဃာ ၄ ပါး အပါအဝင် ၂၀ ဦးကျော်ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးထက်မနည်းသေဆုံးပြီး သေဆုံးသူအရေအတွက်တိုးလာနိုင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ကမ်းနီကျေးရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပရိုဘောက်ကားတစ်စီးပေါ် ကျရောက်ပြီး ကားမောင်းသူအပါအဝင် ပြည်သူတချို့ ပွဲချင်းပြီး သေဆုံးကြောင်း၊ ထို့ပြင် ဘုန်းကြီးကျောင်းတွင် သင်္ကြန်အကြတ်နေ့ ဥပုသ်သီလ ယူရန် လာရောက်ကြသော ပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။", "“သေဆုံးတာက ပရိုဘောက်ကားပေါ်မှာ ၃ ဦး ။ ဘုန်းကြီးကျောင်းပေါ်မှာ ၃ ဦး အလောင်း ထပ်တွ့တယ်။ သံဃာ ၄ ပါးနဲ့ ဥပုသ်သီလယူနေတဲ့ ပြည်သူ ၂၀ ကျော်ဒဏ်ရာရတယ်။ အခုထက်ထိ လေယာဉ်တွေက ဝဲနေတုန်းပဲ။ တိုက်ပွဲတွေကတော့ ဖြစ်နေတော့ နယ်မြေ မအေးချမ်းသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လတ်တလော ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှ စတင်ကာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးလမ်းပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာ အမြှောက်တင့်ကားတစ်စီးဖြင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် စစ် ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂အနီးရှိ ရင်ကွဲတောင်နေရာ တစ်ဝိုက်ကို KNLA မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ယနေ့ ဧပြီ ၁၅ ရက်နေ့ နံနက်ပိုင်း အထိတိုက်ပွဲ ဆက်လက်ပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်၏ ကျုံဒိုး ခမရ ၅၄၅ တပ်ရင်း နှင့် ခမရ ၅၄၆ တပ်ရင်းတို့က ညပိုင်းတွင် ၎င်းတို့ ထိန်းချုပ်ထားသည့် ရင်ကွဲ တောင်လမ်းပိုင်းမှနေ၍ ပြည်သူများရှိနေသည့် ရေပူကြီး ၊ ကော့ဝါလဲ ၊ ဝင်းပြ ၊ နောင် တမံ ၊ သမိန်ဒွတ်၊ တောင်ကမ္ပရိုက် ၊ မိဂလုံ၊ ကမ်းနီ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/211407/
သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုတ်တွင်းမြို့နယ်ရှိ သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
["သင်္ကြန်အကြတ်နေ့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အုတ်တွင်းမြို့နယ်ရှိ သောင်းတန်းရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၅", "ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အုတ်တွင်းမြို့နယ်၊ သောင်းတန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“သောင်းတန်းရွာကို စစ်ခွေးတွေက လေယာဥ်နဲ့ ဗုံးကျဲတာ နေအိမ် ၁ လုံးပေါ်ကျပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်။ တိုက်ပွဲမဖြစ်ဘဲ လာကျဲသွားတာ ၃ နာရီဝန်းကျင်လောက်က အခုသိရတာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဆုံးသွားပြီလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/211174/
သင်္ကြန်အကြိုနေ့ ကျောက်တော်မြို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားများ ထိခိုက်ပြီး နေအိမ်များပျက်စီး
["သင်္ကြန်အကြိုနေ့ ကျောက်တော်မြို့ကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကျဲမှု အရပ်သားများ ထိခိုက်ပြီး နေအိမ်များပျက်စီး", "ရန်ကုန်| ဧပြီ ၁၃", "ရခိုင်ပြည် ကျောက်တော်မြို့ပေါ်မှ ရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။", "စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ်များလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။", "ဒေသခံတစ်ဦးက “အကြမ်းဖက် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ ကျဲချခဲ့တာ။ လမ်းတစ်နဲ့ ရွာမဘက်တွေမှာ ရွှေကျောင်းအနီးပေါ့ ကျရောက်ပေါက်ကွဲခဲ့တယ်။ ကလေး ၁ ဦးနဲ့ နောက်တစ်ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်။ သေဆုံးသူမရှိဘူးလို့တော့ ပြောပါတယ်။ လူနေအိမ်တော်တော်များများ ပျက်စီးသွားတယ်လို့ သိရတယ်။ အသေးစိတ်တော့ ကျနော်တို့လည်း စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကျနော်တို့ဘက်မှာက အင်တာနက်လည်းမရ၊ ဖုန်းလည်းမရတော့ သတင်းအချက်အလက်ရဖို့က အရမ်းခက်ခဲပါတယ်” ဟု ပြောသည်။", "ဧပြီလ ၁၁ ရက် နံနက်ပိုင်းကလည်း ပေါက်တောမြို့နယ်က မွတ်ဆလင်များ နေထိုင်သည့် အနောက်ရဲ ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချတိုက်ခိုက်ခဲ့သည်။", "စစ်ကောင်စီ၏လေယာဉ်က ကျဲချသော ပေါင် ၅၀၀ ဗုံးနှစ်လုံးမှာ အနောက်ရဲကျေးရွာ အပြင်၌ ကျရောက်ပေါက်ကွဲ ခြင်းကြောင့် ဒေသခံမွတ်စလင်များ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။", "အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်စဲထားကြောင်း ပြောထားသော်လည်း ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။", "စစ်ကောင်စီ၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများနေထိုင်ရာ မြို့နှင့် ကျေးရွာများ၊ အဆောက်အဦများကို အကြမ်းဖက် တိုက်ခိုက်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုကြသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2025/04/211168/
သင်္ကြန်အကြိုနေ့ စစ်ကောင်စီက ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိ
["သင်္ကြန်အကြိုနေ့ စစ်ကောင်စီက ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်ပြီးပျက်စီးဆုံးရှုံးမှုများ ရှိ", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကို ယနေ့ သင်္ကြန်အကြိုနေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုရှိကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေး ရွာကို မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ဆောင်နေသော နေရာကို ထိမှန်ကာ ပြည်သူများ သေဆုံးမှုမရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။", "“သေဆုံးသူမရှိပါဘူး။ ဒဏ်ရာရတာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဆီရောင်းဝယ်ရေး လုပ်နေတဲ့ ပြည်သူတွေ လေယာဉ်နဲ့ ပစ်သွားတာ” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ယခုသင်္ကြန်ကာလအတွင်း ပြည်သူများကို လေကြောင်းတိုက်ခိုက်မည့် စစ်ဆင်ရေး လုပ်ဆောင်နေပြီး လေတပ်မှ အရာရှိနှင့် တပ်သားများကို နားရက်မပေးထားကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။"]
https://yktnews.com/2025/04/211218/
သင်္ကြန်အကြိုနေ့ ညပိုင်းတွင် စစ်ကောင်စီက ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ
["သင်္ကြန်အကြိုနေ့ ညပိုင်းတွင် စစ်ကောင်စီက ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် ဝန်းသိုမြို့နယ်၊ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြောင်းတောင်ရွာ ဘုန်းကြီးကျောင်း ထိမှန် ပျက်စီးခဲ့ပြီး ဆရာတော် ၁ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဂျိုးတောင်ရွာကိုလည်း ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီးမှုရှိသော်လည်း မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "“ဂျိုးတောင် အခြေအနေကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်။ ဂျိုးတောင်ကရွာထဲကို ဗုံးသီးကျရောက် ပေါက်ကွဲပါတယ်။ အခုဟာက ကောလင်းနဲ့ ဝန်းသိုကြားက ဝန်းသိုမြို့နယ်ထဲပါတဲ့ မြောင်းတောင်ရွာ အဲကဘုန်းကြီးကျောင်းထိသွားတယ်။ ဘုန်းကြီး တစ်ပါး ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ကနဦးပေါ့” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/97246/
သင်္ကြန်အကြိုနေ့ နံနက်ပိုင်း သာကေတရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သူမရှိ
["သင်္ကြန်အကြိုနေ့ နံနက်ပိုင်း သာကေတရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သူမရှိ", "ရန်ကုန်၊ ဧပြီ ၁၃", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်း ယာဉ်ထိန်းရဲ ကင်းတဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်သူမရှိကြောင်း ဒေသပြည်သူများက ပြောသည်။", "ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန် သာကေတမြို့နယ်၊ ရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲကင်းတဲတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိသော်လည်း ဗုံးပေါက်ကွဲသံကို ပြည်သူအများစု ကြားသိရကြောင်း ၊ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်နှင့်ရဲများက လှည့်လည်သွားလာနေသည်ကို မြင်ရကြောင်း ဒေသပြည်သူများဆိုကြသည်။", "“လူထိခိုက်တယ်လို့တော့ မကြားဘူး။ ဗုံးတော့ပေါက်သွားတယ်။ အသံလည်းကျယ်တယ်။ အဲဒီနောက်တော့ ခွေးတွေ ဆိုင်ကယ်နဲ့ ကားနဲ့ လှည့်တာတွေ့တယ်” ဟု သာကေတမြို့ခံတစ်ဦးက ဆိုသည်။", "ရန်ကုန်ကင်းထောက်အဖွဲ့ Eagles News ကလည်း သာကေတမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြု သတင်းတစ်ရပ်ကို ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ-သာကေတမြို့နယ်ရုပ်ရှင်ရုံအနီး ယာဉ်ထိန်းရဲကင်းတဲ။"]
https://yktnews.com/2025/04/211210/
သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီက တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံး
["သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီက တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ လယ်မရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်နှင့် မိတ္ထီလာ (ရှမ်းတဲ) လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၃၀ နှစ်အရွယ် မပွားဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဦးညိုလင်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "” တံတားဦးလေတပ်က တက်လာသော Jet Fighter ၁ စီးနဲ့ မိတ္ထီလာ (ရှမ်းတဲ) လေတပ်တက်က တက်လာတဲ့ Mig 29 Jet Fighter ၁ စီးတို့နဲ့ တန့်ဆည်မြို့နယ် လယ်မရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာ အသက် ၃၀ နှစ်အရွယ် မပွားဦး သေဆုံးတယ်။ အသက် ၄၀ နှစ်အရွယ် ဦးညိုလင်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/211507/
သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို Y-12 လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး မနှင်းဦး ပွဲချင်းပြီး သေဆုံး
["သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို Y-12 လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး မနှင်းဦး ပွဲချင်းပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို Y-12 လေယာဥ်ဖြင့် အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး မနှင်းဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့၊ မြောက်ကမ္မရိုက်ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးကျဲခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးကာ ကလေးများအပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အသက် ၃၇ နှစ်အရွယ် ကိုယ်၀န်ဆောင် မနှင်းဦး ကျောဘက်တွင် ထိခိုက် ဒဏ်ရာရရှိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မြောက်ကမ္မရိုက်ကျေးရွာတွင်နေထိုင်သော ဦးဖိုးကျော် ၊ ဦးပန်းသွင် ၊ အသက် ၇ နှစ်အရွယ် သဲပိုးလေး နှင့် အသက် ၉ နှစ်အရွယ် သဲမြတ်နိုး တို့ မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ကောင်မလေး ငယ်ငယ်လေးက ယမ်းစတွေလောင်ထားတာ ခုတော့သက်သာပါပြီ ကျန်တဲ့ သူတွေလည်း ထိခိုက်ဒဏ်ရာမစိုးရိမ်ရပါဘူး။ သေဆုံးသွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးက တစ်ရက် နှစ်ရက်နေရင် မွေးတော့မှာပါ။ နေ့စေ့လစေ့နဲ့ ကိုယ်၀န်သည် အစ်မက ၃ နှစ်ကျော် သားလေးကို ပိုက်ထားပေးရင်း ကျောကို ဖောက်သွားတာပါ အစတွေက သုံးနှစ်ကျော်ကလေးက ဘာမှမဖြစ်သွားပါဘူး။ ဗိုက်ထဲကကလေးကလည်းအသက်မရှင်ပါဘူး” ဟု Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးသတင်းများကို နားစွင့်၍ ဂရုတစိုက်နေထိုင်ပေးကြရန် မေတ္တာရပ်ခံကြောင်း Mon Liberation Army မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/06/110276/
သင်္ဃန်းကျွန်းတွင် အစ္စလမ်ဘာသာဝင်များ၏ အထွဋ်အမြတ် ကုရ်ဘာနီ အီးဒ်နေ့ အတွက် စီစဉ်ထားသော ဆိတ်နှင့်နွားများကို စစ်တပ်က ဝင်ဖမ်း
["သင်္ဃန်းကျွန်းတွင် အစ္စလမ်ဘာသာဝင်များ၏ အထွဋ်အမြတ် ကုရ်ဘာနီ အီးဒ်နေ့ အတွက် စီစဉ်ထားသော ဆိတ်နှင့်နွားများကို စစ်တပ်က ဝင်ဖမ်း", "ရန်ကုန်၊ ဇွန် ၂၉", "ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကုရ်ဘာနီအီးဒ်နေ့ ကျင်း ပနေစဉ် စစ်တပ်၊ရဲ၊ စည် ပင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူး ပေါင်း အဖွဲ့က အီးဒ်နေ့ အတွက် စီစဉ်ထားသော ဆိတ်နှင့်နွားများကို ဝင်ရောက် ဖမ်း ဆီးသွား ကြောင်း ဒေသနေပြည်သူတစ် ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၂၉ ရက် နံနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဂဖူးကွေ့အနီး၌ အစ္စလာမ် ဘာသာဝင်များ၏ ကုရ်ဘာနီ အီးဒ်နေ့ ပြုလုပ်ခွင့်ပေးသဖြင့် ဆိတ်၊ နွားများကို ထုတ်ယူနေစဉ် စစ်တပ်၊ ရဲ၊ စည်ပင်နှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးများက လာရောက်ကာ ဆိတ်၊နွားများ အား လုံးကို သိမ်းဆည်းဖမ်း ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။", "“ဒီနေ့က ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ကုရ်ဘာနီအီးဒ်နေ့ပါ၊ သင်္ဃန်း ကျွန်းမှာ အီးဒ်လုပ်ခွင့် ပေးဆိုပြီး အအီးဒ်နေ့ အတွက် ဆိတ်တွေ၊ နွားတွေ စီစဉ် ထားတာကို ရဲရော၊ စစ်တပ်ရော၊ စည်ပင်ရော၊ ရာအိမ်မှူး ဆယ်အိမ်မှူးက ဝင်ဖမ်းပြီး နွားတွေ၊ ဆိတ်တွေအကုန်သိမ်းသွားတယ်၊ စည်ပင်လည်း လိုင်း ကြေး ပေးပြီး ခွင့်ပြုချက်လည်းရှိပြီးသားကို နွားတွေ ဆိတ်တွေကို သိမ်းသွား တာပါ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဓာတ်ပုံ- စစ်တပ်က ကုရ်ဘာနီ အီးဒ်နေ့ အတွက် စီစဉ်ထားသော ဆိတ်နှင့် နွား များကို ကားပေါ်တင် ဖမ်းဆီး သိမ်းသွားစဉ်။"]
https://yktnews.com/2024/07/173164/
သင်္ဃန်းကျွန်းတွင် အသက် ၅၂ နှစ်အရွယ် ဦးထွန်းလွင် ကာလဝမ်းရောဂါကူးစက်ခံရပြီးသေဆုံးသော်လည်း စစ်ကောင်စီက သေစာရင်းမဖော်ပြဘဲ ဖုံးကွယ်ထား၊ ဝမ်းရောဂါကြောင့် သေဆုံးသူများရှိသော်လည်း စစ်တပ်က သတင်းမထုတ်ပြန်
["သင်္ဃန်းကျွန်းတွင် အသက် ၅၂ နှစ်အရွယ် ဦးထွန်းလွင် ကာလဝမ်းရောဂါကူးစက်ခံရပြီးသေဆုံးသော်လည်း စစ်ကောင်စီက သေစာရင်းမဖော်ပြဘဲ ဖုံးကွယ်ထား၊ ဝမ်းရောဂါကြောင့် သေဆုံးသူများရှိသော်လည်း စစ်တပ်က သတင်းမထုတ်ပြန်", "ရန်ကုန်၊ ဇူလိုင် ၁၅", "ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းတွင် အသက် ၅၂ နှစ်အရွယ် ဦးထွန်းလွင် ကာလ ဝမ်းရောဂါကူးစက်ခံရပြီးသေဆုံးသော်လည်း စစ်ကောင်စီက သေစာရင်းမဖော်ပြဘဲ ဖုံးကွယ်ထားကြောင်း ဒေသပြည်သူများနှင့် အမည်မဖော်လိုသော ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သက်န်းကျွန်း မြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ အနော်ရထာလမ်း ၂ လမ်းတွင် နေထိုင်သော အသက် ၄၉ နှစ်အရွယ် ဦးထွန်းလွင်သည် ပြင်းထန် ကာလဝမ်းရောဂါကူးစက်ခံရကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ တွင် ဆေးရုံတက်ခဲ့ပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် မရပ်မနားဝမ်းများ သွားပြီး ကွယ်လွန်ခဲ့ကြောင်း ၊ ဇူလိုင်လ ၁၃ ရက်နေ့ ရေဝေး သုဿာန်တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။", "“၁၁ ရက်နေ့မှာ စံပြအစိုးရဆေးရုံကို တင်တယ်။ ဝမ်းတွေသွားတာမရပ်ဘူး ဆေးရုံရောက်တော့လည်း။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဆုံးတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာ သဂြိုလ်တယ်။ မိသားစုလိုက်ပို့လို့မရဘူး။ ကိုဗစ်ရောဂါလိုပဲ အလောင်းကိုပဲ သီးသန့်ချလိုက်တာ။ ကူးစက်ရောဂါမို့လို့။ အဲဒါ အဲဒီနေအိမ်ကိုတော့ ဆေးဖြန်းတယ်။ ဒါပေမယ့် ကာလဝမ်းရောဂါကူးစက်ခံရလို့ သေပေမယ့် သေစာရင်းကို စစ်ကောင်စီဘက်က မဖော်ပြဘူး။ ဖုံးကွယ်ထားပါတယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ကာလဝမ်းရောဂါကြောင့် နေ့စဉ် သေဆုံးမှုများရှိပြီး နေ့စဉ် ဝမ်းရောဂါလူနာ ၆၀ မှ ၁၀၀ အကြား ကူးစက်ခံနေရကြောင်း၊ ယင်းတို့ထဲတွင် ပြင်းထန် ဝမ်းရောဂါ(ခေါ်) ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း၊ သေဆုံးမှုများလည်းရှိနေကြောင်း၊ သေဆုံးသူများကို အသုဘအခမ်းအနားလုပ်ခွင့်မပြုဘဲ သီးခြားအလောင်းကို သဂြိုလ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ လက်ရှိတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ရာပေါင်းများစွာရှိနေပြီး သေဆုံးသူတချို့လည်းရှိနေကြောင်း၊ ဆေးရုံဆင်းသူမှာလည်း ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကာလဝမ်းရောဂါကူးစက်ခံရပြီး သေဆုံးသူ ဦးထွန်းလွင်၏ နာရေး ကို ကူးစက်ရောဂါကြောင့် သေဆုံးမှုဖြစ်၍ သီးသန့် သဂြိုလ်စဉ်။"]
https://yktnews.com/2024/12/194866/
သင်္ဃန်းကျွန်းမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း အသက် ၂၇ နှစ်အရွယ် တပ်သားသစ်ကိုဖေရို့စ် ရွှေကျင်တိုက်ပွဲတွင် သေဆုံး၊ အစ္စလမ်ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ရန် အလောင်းပြန်တောင်းသော်လည်း စစ်တပ်က မပေးဘဲ အလောင်းကိုဖျောက်ဖျက်
["သင်္ဃန်းကျွန်းမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း အသက် ၂၇ နှစ်အရွယ် တပ်သားသစ်ကိုဖေရို့စ် ရွှေကျင်တိုက်ပွဲတွင် သေဆုံး၊ အစ္စလမ်ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ရန်အလောင်းပြန်တောင်းသော်လည်း စစ်တပ်က မပေးဘဲ အလောင်းကိုဖျောက်ဖျက်", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၃ သင်တန်းဆင်း အသက် ၂၇ နှစ်အရွယ် တပ်သားသစ်ကိုဖေရို့စ်သည် ပဲခူးတိုင်း၊ ရွှေကျင်တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး အစ္စလမ်ထုံးတမ်းအစဉ်အလာနှင့်အညီ သဂြိုလ်ရန် အလောင်းပြန်တောင်းသော်လည်း စစ်တပ်က မပေးဘဲ အလောင်းကိုဖျောက်ဖျက်လိုက်ကြောင်း ကျန်ရစ်သူမိသားစုနှင့် ရင်းနှီးသော မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သင်္ကန်းကျွန်းမြို့နယ်၊ က ရပ်ကွက်၊ ၄ လမ်းတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် ကိုဖေရို့စ်ကို ဇူလိုင်လအတွင်း စစ်မှုထမ်း အပတ်စဉ် ၃ တက်ရန် အလှည့်ကျသည်ဟုဆိုကာ စစ်တပ်ထဲသို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ပို့ဆောင်လိုက်ကြောင်း၊ ယင်းနောက် စစ်သင်တန်းဆင်းပြီးနောက် ပဲခူးတိုင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခံရကြောင်း၊ နိုဝင်ဘာလအတွင်း ပဲခူးတိုင်း ရွှေကျင်တိုက်ပွဲတွင် သေဆုံးခဲ့ကြောင်း၊ ထိုသို့ သေဆုံးသည်ကို သိရှိရသည်နှင့် မိသားစုက ပဲခူးတိုင်း၊ ရွှေကျင်အထိ လိုက်သွားသော်လည်း စစ်တပ်က အလောင်းပြန်မပေးကြောင်း၊ အစ္စလမ်ဘာသာဝင်ဖြစ်၍ အစ္စလမ်ဘာသာဝင် ထုံးတမ်းစဉ်လာနှင့်အညီ အလောင်းကို သဂြိုလ်သော်လည်း စစ်တပ်က အလောင်းကို ၎င်းတို့ဘာသာ သဂြိုလ်ပြီး ဖျောက်ဖျက်ခဲ့ကြောင်း သိရှီရသည်။", "“ရွှေကျင်ဘက်မှာ တိုက်ပွဲကျသွားတယ်လို့ စစ်တပ်က အိမ်ကိုအကြောင်းကြားတယ်။ အိမ်ကလိုက်သွားတာ အလောင်းတောင်ကြည့်ခွင့်မပေးဘူး။ ပြန်လာလိုက်ရတယ်။ သူကမွတ်စလင်ဆိုတော့ အစ္စလမ်ထုံးတမ်းနဲ့ သဂြိုလ်ဖို့ အလောင်းသွားပြန်တောင်းတာ စစ်တပ်က မပေးပါဘူး ။ ကိုဖေရို့စ်မှာ လူမမယ်သမီးလေးတယောက်နဲ့ ဇနီးကျန်ခဲ့ပါတယ်” ဟု ကျန်ရစ်သူမိသားစု၏ မိတ်ဆွေက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို စတင်ခေါ်ယူချိန်က ရှေ့တန်းပို့မည်မဟုတ်ဘဲ မိမိ၏ ရပ်ရွာများတွင်သာ လုံခြုံရေးဆောင်ရွက်ရမည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း လက်တွေ့တွင်မူ သင်တန်းဆင်း တပ်သားသစ်များအားလုံးကို တိုက်ပွဲဖြစ်ပွားနေသော ရှေ့တန်းစစ်မျက်နှာပြင်များသို့ ပို့ဆောင်နေသဖြင့် အများစုသော သင်တန်းဆင်း တပ်သားသစ်များ တိုက်ပွဲများအတွင်း သေဆုံးနေကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- သင်္ဃန်းကျွန်းမှ စစ်မှုထမ်းအပတ်စဉ် ၃ သင်တန်းဆင်း တပ်သားသစ် ကိုဖေရို့စ် မသေဆုံးမီ မြင်တွေ့ရစဉ်။"]
https://yktnews.com/2025/01/198335/
သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီ စုပ်ထုတ်ရန်သွားသည့် မဇာခြည်ဦး သေဆုံးသွားပြီး အလောင်းစွန့်ပစ်ခံရ ၊ ဆေးခန်းက တာဝန်မယူဘဲ ပိုင်ရှင်အမျိုးသမီး ထွက်ပြေးနေ
["သင်္ဃန်းကျွန်းမြို့နယ်ရှိ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီ စုပ်ထုတ်ရန်သွားသည့် မဇာခြည်ဦး သေဆုံးသွားပြီး အလောင်းစွန့်ပစ်ခံရ ၊ ဆေးခန်းကတာဝန်မယူဘဲ ပိုင်ရှင်အမျိုးသမီး ထွက်ပြေးနေ", "ရန်ကုန်၊ ဇန်နဝါရီ ၅", "ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော လိုင်စင်မဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာ အဆီ စုပ်ထုတ်ရန်သွားသည့် အသက် ၂၆ နှစ်အရွယ် မဇာခြည်ဦးသည် ဆေးခန်းတွင် သေဆုံးသွားခဲ့ပြီး အလောင်းစွန့်ပစ်ခံခဲ့ရကြောင်း သေဆုံးသူမဇာခြည်ဦး၏ မိတ်ဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း မဇာခြည်ဦးသည် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ သဇင်မင်းရိပ်သာ၊ အမှတ် F-102 တွင် ဖွင့်လှစ်ထားသော IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းသို့ ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ၇ ရက်အကြာ ဇန်နဝါရီလ ၂ ရက်နေ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလောင်းပြန်လည် ရရှိခဲ့ကြောင်း၊ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ပြီးနောက် အလောင်းစွန့်ပစ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဖြစ်တာက သူ အဲဒီ IRIS Beauty Clinic ဆေးခန်းမှာသွားရင်းနဲ့ မေ့ဆေးပေးလွန်ပြီး အသက်မပါလာတော့ဘူး။ ဆေးစစ်ချက်က နှလုံးမှာ တစ်ခုခုတွေ့တယ်။ အတွင်းကလီစာတွေလည်း အကုန်ပါတယ်။ သူဆေးခန်းသွားတဲ့နေ့ ညနေပိုင်း ဂျူတီသမားလုံခြုံရေးက ပြောတယ်တဲ့ အဲဒီနေ့ ညက ဆေးခန်းတိုက်လှေကားအထိ ကားဖင်ထိုးပြီး တစ်ခုခု သယ်တင်သွားတယ်တဲ့။ ပြီးတော့ သွေးစက်တွေ ကျတာတွေကို သန့်ရှင်းရေးကိုလုပ်ခိုင်းတာ ကြားလိုက်တယ်တဲ့” ဟု သေဆုံးသူ မဇာခြည်ဦး၏ မိတ်ဆွေဖြစ်သူက ဆိုသည်။", "ယခုအခါ IRIS Beauty Clinic ပိုင်ရှင် လင်မယားသည် သင်္ဃန်းကျွန်းရှိ ငှား ရမ်းတိုက်ခန်းထားသော တိုက်ခန်းကို ပြန်လည် အပ်နှံပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ အမှုကို သက်ဆိုင်ရာက လိုက်လံစုံစမ်းနေသည်ဟု သိရှိရကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။", "“သူတို့ဆေးခန်းမှာ သေတာကို အလောင်းဖျောက်ပြီး အလောင်းပစ်ပြီး ပြေးတာ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။", "IRIS Beauty Clinic ဆေးခန်း၏ ဖေ့ဘုတ်စ် စာမျက်နှာကို ရန်ကုန်ခေတ်သစ်က စစ်ဆေးကြည့်သောအခါ ခွဲစိတ်ခန်း အင်္ဂါရပ်နှင့် ပြည့်စုံခြင်းမရှိသော ခွဲစိတ်မှုများ လုပ်ဆောင်နေမှုများ၊ လှပရန် လာရောက်ခွဲစိတ်သူများကို နည်းစနစ် ပုံမှန်မသော ခွဲစိတ်မှုများ လုပ်ဆောင်နေသည့် မြင်ကွင်းများစွာကို မြင်တွေ့ရသည်။", "အဆိုပါ အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲသတင်းရင်းမြစ်များကို မေးမြန်းသော်လည်း တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိပေ။", "သေဆုံးသူ မဇာခြည်ဦးသည် ပြည်တွင်းနာမည်ကျော် စားသောက်ဆိုင်ကြီးတစ်ခု၏ အကြီးဆုံးစာရင်းကိုင်ရာထူး လုပ်ကိုင်နေသူဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134534/
သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မ ရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်၊ ဗဟန်းနှင့် သာကေတတွင်လည်း ဗုံးပေါက်ကွဲသံများကြားရ
["သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မ ရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်၊ ဗဟန်းနှင့် သာကေတတွင်လည်း ဗုံးပေါက်ကွဲသံများကြားရ", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ကြောင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်တွင် အကြမ်း ဖက် စစ်ကောင်စီလက်အောက်ခံ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏမြို့မဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)နှင့် မဟာမိတ်တို့ ပူးပေါင်းပြီး ပြင်းအားမြှင့် မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“ဗုံးကွဲသံတော့ ကြားတယ်။ အခု သင်္ဃန်းကျွန်း သု၀ဏ္ဏဘက်မှာ လမ်းတွေပါ ပိတ်ထားတယ်။ စစ်ခွေးကားတွေနဲ့ ရဲကားတွေ တက်သွားတာတွေ့ရတယ်။ မနက်စောစောစီး ခွေးတွေ ရှုပ်ယှက်ခတ်နေကြတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်၏ ရဲ သတင်းရင်းမြစ်တချို့၏ အဆိုအရ ဗုံးပေါက်ကွဲသော နေရာအနီးကို လမ်းပိတ်ပြီး ဗုံးထပ်မံရှိ၊ မရှိ ထပ်မံ ရှင်းလင်းနေကြောင်း၊ လမ်းများပိတ်ချထားပြီး စစ်ကားနှင့်ရဲကားများ ပိတ်ဆို့ထားကြောင်း သိရှိရသည်။", "အလားတူ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းနှင့် သာကေတမြို့နယ်တို့တွင် ယနေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo Credit- Reuters"]
https://yktnews.com/2024/04/159132/
သင်္ဃန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ နှင့် ဗျူဟာကုန်းနေရာများကို KNLA တပ်များကသာ စိုးမိုးထားပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေဟု ဝါဒဖြန့်နေ
["သင်္ဃန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ နှင့် ဗျူဟာကုန်းနေရာများကို KNLA တပ်များကသာ စိုးမိုးထားပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေဟု ဝါဒဖြန့်နေ", "ရန်ကုန်၊ ဧပြီ ၂၄", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ နှင့် ဗျူဟာကုန်းစခန်းနေရာများကို KNLA တပ်များကသာ စိုးမိုးနေရာယူထားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင် ၊ ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လတ်တလော KNLA ဦးဆောင်သော ပူးပေါင်းတပ်များအနေဖြင့် မြ၀တီမြို့ ခလရ ၂၇၅ တစ်ခုတည်းကသာ ဆုတ်ခွာပြီး တပ်များ မရှိတော့ခြင်းဖြစ်ပြီး သင်္ဃန်းညီနောင်ကို စိုးမိုးထားကြောင်း ပဒိုစောတောနီးက ရှင်းပြသည်။", "“ပိုပြီးရှင်းအောင် ပြောချင်တာက ကျနော်တို့ တပ်တွေအကုန်လုံး သင်္ဃန်းညီနောင် ၃၅၅၊ ၃၅၆၊ ၃၅၇ နဲ့ ဗျူဟာကုန်း ထိန်းထားတယ်နော်။ လက်ရှိ ကျနော်တို့ တပ်တွေပဲ ရှိတယ်။ ကျနော်တို့တပ်တွေ မရှိတာက အဲဒီမြို့ထဲက ၂၇၅ တပ်ပဲ။ အဲဒါအားလုံး သိအောင်ပါ” ဟု ပဒိုစောတောနီးက ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် သင်္ဃန်းညီနောင်တွင် နယ်မြေရှင်းလင်း လုပ်ဆောင်နေသည်ဟု စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“သင်္ဃန်းညီနောင်ဘက်တော့မရောက်ဘူး။ အဲဒီထိပ်နားအထိ ကျနော် ဆိုင်ကယ်နဲ့သွားကြည့်တယ်။ စစ်တပ်ဘက်က အရိပ်အရောင်တော့ မတွေ့ရဘူး။ ခလရ ၂၇၅ ဘက်မှာလည်း ကျနော်တို့ မြင်တာတော့ BGF တွေပဲ အဓိက တွေ့တယ်။ စစ်ခွေးတွေက BGF ဝတ်စုံဝတ်ပြီးနေတာဆိုရင်တော့မသိဘူး။ စစ်ကောင်စီယူနီဖောင်းနဲ့တော့ မမြင်မိဘူး” ဟု မြ၀တီမြို့မှ စစ်ရေး သတင်းရင်းမြစ်က ယနေ့ သွားရောက်လေ့လာခဲ့သည့် အခြေအနေကို ရှင်းပြသည်။"]
https://yktnews.com/2025/01/201773/
သင်္ဃန်းညီနောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်၊ ကျုံဒိုးရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
["သင်္ဃန်းညီနောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်၊ ကျုံဒိုးရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ်ရှိ သင်္ဃန်းညီနောင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် သင်္ဃန်းညီနောင်ဘက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၉ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ရွှေမြစနီရပ်ကွက်နှင့် အုပ်ချုပ်ရေးမှူးရုံးတို့ ပေါင် ၅၀၀ ဗုံးထိမှန်ခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်မှုနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ မြဝတီမြို့ပေါ်မှလည်း ပေါက်ကွဲသံများကို ကျယ်လောင်စွာ ကြားရကြောင်း သိရှိရသည်။", "“ဒီနေ့ နံနက် အစောပိုင်းက အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မြဝတီခရိုင် သဃ်န်းညီနောင် မြို့သစ် အတွင်းကို ဗုံး ၉ လုံး ကျဲချသွားတာ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး။ မြဝတီမြို့ပေါ်က ပြည်သူတွေကတော့ ပေါက်ကွဲသံတွေကို ကျယ်လောင်စွာ ကြားရပါတယ်။ ပေါင် ၅၀၀ ဗုံး ထိတာက ရွှေမြစနီ ရပ်ကွက် လည်းပါတယ်။ ရွှေမြစနီ အုပ်ချုပ်ရေးမူးရုံးလည်း", "ထိတယ်ပြောတယ်။ ​မြဝတီ ကုန်သွာရေးဇုန်ဘက်လည်း ထိပါတယ်။ အဆိုးဆုံးကတော့ တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားတတဲ့ သဃ်န်းညီနောင်မြို့သစ်ကို အဓိကထား လာကျဲတာပဲ” ဟု ဒေသပြည်သူများက ပြောဆိုသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်နယ် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အိမ်အသုံးဆောင်ပစ္စည်းများနှင့် နေအိမ် ၂လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ ည ၁၀နာရီခန့်တွင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ကျေးရွာအတွင်းကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက်စစ်တပ် စကခ၁၂ လက်အောက်ခံ တပ်သစ်အမြောက်ကုန်းက ပြည်သူအား ရန်သူသဖွယ်သတ်မှတ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။", "ထိုလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြားအင်း ကျေးရွာနေ မန်းအကျော် နှင့် မန်းစည်သူတို့၏ နေအိမ် ၂ လုံးနှင့် ၎င်းတို့၏ အိမ်အသုံးအဆောင် ပစ္စည်းများ ထိမှန် ပျက်စီး ခဲ့ရကြောင်းသိရသည်။"]
https://yktnews.com/2024/04/155250/
သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရရှိ၊ မြ၀တီ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံး
["သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရရှိ၊ မြ၀တီ ခလရ ၂၇၅ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံး", "မြန်မာဘက်မှ တိုက်ပွဲများ ပြင်းထန်နေ၍ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က လုံခြုံရေး အထူးတိုးမြှင့်ကင်းလှည့်", "ရန်ကုန်၊ ဧပြီ ၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အစပ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "” သင်္ဃန်းညီနောင်ဗျူဟာနဲ့ ခမရ ၃၅၇ မှာ စစ်တပ်ဘက်နေ ၂+၁၆ သေဆုံးစာရင်းရှိပါတယ်။ လက်နက်ကြီးလက်နက်ငယ်တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ စစ်သုံ့ပန်းအများအပြားရတယ်။ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ ကိုလည်း KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်း တိုက်ခိုက်လျက်ရှိရာ လတ်တလော တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ၊ စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးသည်ဟု စစ်ရေးဆိုင်ရာ ကြေးနန်းသတင်းများတွင် ဖော်ပြချက်ထားချက်အရ သိရှိရသည်။", "“ခလရ ၂၇၅ မကျအောင်လည်း လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ အသည်းအသန် ခုခံနေတယ်။ အခုထက်ထိတော့ ခလရ ၂၇၅ ကို မရသေးပါဘူး။ ခလရ ၂၇၅ က မြ၀တီ မြို့စောင့်တပ်ပါ” ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့အတူ ကော့ကရိတ်မြို့နယ်၊ ခလရ ၉၇ ကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ယနေ့ နံနက်ပိုင်းမှ မွန်းလွဲ ၁ နာရီအထိ ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီကလည်း စစ်ကူစစ်ကြောင်း ၄ ခုထက်မနည်း စေ လွှတ်ပြီး မြ၀တီ၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်နယ်မြေများတွင် အသာစီး ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံ၊ မြ၀တီဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထိုင်း စစ်တပ်က ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်အခြမ်းတွင် စစ်အင်အားများ တိုးချဲ့၍ မြေပြင်နှင့် ဝေဟင် ကင်းလှည့်မှုများ လုပ်ဆောင်နေကြောင်း ထိုင်း သတင်းများ၏ ဖော်ပြချက်အရ သိရှိရသည်။", "ဓာတ်ပုံ- ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အားများတိုးချဲ့၍ ကင်းလှည့်နေစဉ်။"]
https://yktnews.com/2024/02/143573/
သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ဦးထက်မနည်း ဒဏ်ရာရ ၊ နေအိမ်များ လက်နက်ကြီးထိမှန်
["သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ဦးထက်မနည်း ဒဏ်ရာရ ၊ နေအိမ်များ လက်နက်ကြီးထိမှန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် နေရာအနှံ့သို့ ပစ်ခတ်သဖြင့် ပြည်သူများထိမှန် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သင်္ဃန်းညီနောင်စစ်ဗျူဟာကနေ လက်နက်ကြီး ၁၇ ကြိမ်ပစ်တယ်။ သင်္ဃန်းညီနောင်ကျေးရွာ၊ ခမုချောင်- သီတာရပ်ကွက်အတွင်းမှာ လက်နက်ကြီး ၂လုံးကျတယ်။ ကလေးငယ်တစ်ဦး သေဆုံးပါတယ်။ အခြား ကလေးတယောက်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရတယ်။ စစ်တပ်က ၁၂၀ မမ ၆ ကြိမ် ပစ်ခတ်တယ်။ သင်္ဃန်းညီနောင်ရွာသစ်ကျေး ရွာထဲမှာ လက်နက်ကြီး ကျည် ၅လုံးကျရောက်ပေါက်ကွဲတယ်။ သင်္ဃန်းညီနောင် ဗျူဟာနှင့် ၂၇၅ တပ်ရင်းတွေကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ နေအိမ် ၈လုံးထိမှန် ပျက်စီးတယ်။ ရွာသစ်ဘက်မှာ ထိတဲ့ လူနာတွေတော့ အခြေအနေ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် PDF တပ်များက အာရှလမ်းပေါ် ၊ ကုန်သွယ်ရေးဇုန်၊ ရွာသစ်ကုန်း၊ သင်္ဃန်းညီနောင် ဗျူဟာနေရာများတွင် ရောက်ရှိနေကြောင်း၊ စစ်တပ်ကလည်း ကျုံဒိုးဘက်မှ စစ်ကူ အင်အား ၅၀၀ ထက်မနည်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/143660/
သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ဦးထက်မနည်း ဒဏ်ရာရ ၊ နေအိမ်များ လက်နက်ကြီးထိမှန်
["သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ဦးထက်မနည်း ဒဏ်ရာရ ၊ နေအိမ်များ လက်နက်ကြီးထိမှန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် နေရာအနှံ့သို့ ပစ်ခတ်သဖြင့် ပြည်သူများထိမှန် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သင်္ဃန်းညီနောင်စစ်ဗျူဟာကနေ လက်နက်ကြီး ၁၇ ကြိမ်ပစ်တယ်။ သင်္ဃန်းညီနောင်ကျေးရွာ၊ ခမုချောင်- သီတာရပ်ကွက်အတွင်းမှာ လက်နက်ကြီး ၂လုံးကျတယ်။ ကလေးငယ်တစ်ဦး သေဆုံးပါတယ်။ အခြား ကလေးတယောက်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရတယ်။ စစ်တပ်က ၁၂၀ မမ ၆ ကြိမ် ပစ်ခတ်တယ်။ သင်္ဃန်းညီနောင်ရွာသစ်ကျေး ရွာထဲမှာ လက်နက်ကြီး ကျည် ၅လုံးကျရောက်ပေါက်ကွဲတယ်။ သင်္ဃန်းညီနောင် ဗျူဟာနှင့် ၂၇၅ တပ်ရင်းတွေကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ နေအိမ် ၈လုံးထိမှန် ပျက်စီးတယ်။ ရွာသစ်ဘက်မှာ ထိတဲ့ လူနာတွေတော့ အခြေအနေ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် PDF တပ်များက အာရှလမ်းပေါ် ၊ ကုန်သွယ်ရေးဇုန်၊ ရွာသစ်ကုန်း၊ သင်္ဃန်းညီနောင် ဗျူဟာနေရာများတွင် ရောက်ရှိနေကြောင်း၊ စစ်တပ်ကလည်း ကျုံဒိုးဘက်မှ စစ်ကူ အင်အား ၅၀၀ ထက်မနည်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/149391/
သင်္ဃန်းညီနောင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ မြဝတီမြို့ပေါ်၌ စစ်တပ်က စစ်ကားများဖြင့် စစ်မှုထမ်းရန် စာရင်းလိုက်ကောက်နေ
["သင်္ဃန်းညီနောင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ မြဝတီမြို့ပေါ်၌ စစ်တပ်က စစ်ကားများဖြင့် စစ်မှုထမ်းရန် စာရင်းလိုက်ကောက်နေ", "ရန်ကုန်၊ မတ် ၇", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် သင်္ဃန်းညီနောင်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က စတင်ကာ မြဝတီမြို့၊ အာရှလမ်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၇၅ တပ်ရင်းက သင်္ဃန်းညီနောင်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“ဒီနေ့ မြဝတီမြို့ သင်္ဃန်းညီနောင် ဘက်မှ မနက် ၁၁ နာရီ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီး အခုထိပါပဲ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိပါဘူး။ အာရှလမ်းမှာရှိတဲ့ ခလရ ၂၇၅ တပ်ရင်းက ပစ်နေတာ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီးပြည်သူ ၁ ဦး သေဆုံးတယ်။ PDF တွေက နယ်မြေဆိုး မိုးထားပေမယ့် ပြန်မပစ်ပါဘူး။ လူထု ထိမှာ ကြောက်လို့ပြန်မပစ်တာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "မတ်လ ၆ ရက်နေ့ က စတင်ကာ မြဝတီမြို့ပြင် နေရာ အများအပြားတွင် အကြမ်းဖက် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး မြို့ပြင် ပတ်လည်ရှိ လူနေရပ်ကွက်များတွင် ကတုတ်ကျင်းများ တူးကာ ကင်းပုံးများချထားကြောင်း သိရသည်။", "ထို့ပြင် မြဝတီမြို့ပေါ်ရှိ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များတွင် စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် စစ်ကား ၃ စီးဖြင့် တစ်အိမ် တက် တစ်အိမ်ဆင်း၍ အမည်စာရင်းလိုက်ကောက်လျက်ရှိကြောင်း သိရှိရသည်။", "“စစ်မှုထမ်းဖို့ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်ထဲမှာ လူစာရင်း လိုက်ကောက်နေပါတယ်။ မနေ့က မြဝတီမြို့ အမှတ် ၃ ကျွန်းတော ရပ်ကွက် ထဲ အုပ်ကြီး အပါအဝင် စစ်ခွေး ဗိုလ်မှူး အဆင့် ရှိသူတွေလည်းပါတယ်။ စစ်ကား ၃ စီးနဲ့ တစ်အိမ် တက် တစ်အိမ်ဆင်း လူစာရင်းလိုက်ကောက်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/101268/
သင်္ဃန်းညီနောင်တွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ စီးကို BGF တပ်ဖွဲ့က ကားနှင့် တိုက်သတ်ပြီး သေနတ်ပစ်ဖောက်
["သင်္ဃန်းညီနောင်တွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ စီးကို BGF တပ်ဖွဲ့က ကားနှင့် တိုက်သတ်ပြီး သေနတ်ပစ်ဖောက်", "ရန်ကုန်၊ မေ ၇", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ စီးကို BGF တပ်ဖွဲ့က ကားနှင့် တိုက်သတ်ပြီး သေနတ်ပစ်ဖောက်သွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၆ ရက်နေ့ ည ၆ နာရီကျော်ခန့်တွင် သင်္ဃန်းညီနောင် ရွာသစ်ဘုန်းကြီးကျောင်းရှေ့တွင် ဆိုင်ကယ်စီးလာသည့် ကိုစေအိုက်ကို BGF တပ်ဖွဲ့များ လိုက်လာသည့် ကားက တိုက်သတ်ပြီးနောက် ယင်းကားနောက်ကို လိုက်ကြည့်သည့် ပြည်သူများကို သေချင် ထွက်ခဲ့ဟု ပြောဆိုပြီး သေနတ် ၂ ချက် ပစ်ဖောက်သွားကြောင်း သိရသည်။", "” ကားက BGF ကား တိုက်သတ်ပြီးတော့ သေနတ် ၂ ချက်ဖောက်သွားတယ်။ BGF က ဘယ် တပ်ရင်းလဲတော့ မသိဘူး။ ကားမောင်းထွက်ပြေးသွားလို့ ပြည်သူတွေက လိုက်ကြည့်တာကို သေချင်တဲ့ကောင် ထွက်လာဆိုပြီး သေနတ်ပစ်ဖောက်သွားတာ ကိုစောအိုက်က စျေးသွားဝယ်ပြီးပြန်လာတာ BGF က ဆေးကြောင်တာလား။ မူးနေတာလား မသိဘူး။ တိုက်သတ်သွားတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/03/149916/
မြ၀တီမြိုနယ်၊ လက်ခတ်တောင်နှင့်သင်္ဃန်းညီနောင်ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစော ပိုင်း တိုက် လေယာဉ်များဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့်ပစ်ခတ်
["သင်္ဃန်းညီနောင်မြိုသစ် ထိခိုက်ပျက်စီးမှု ကြီးမား", "ရန်ကုန်၊ မတ် ၁၁", "ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်၊ လက်ခတ်တောင်နှင့်သင်္ဃန်းညီနောင်ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစော ပိုင်း တိုက်လေယာဉ်များဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့်ပစ်ခတ်နေကြောင်း မြ၀တီမြိုမှ ပြည်သူများနှင့် PDF စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "မတ်လ ၁၁ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန်၊ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်နှင့် နံနက် ၁ နာရီ ၅၀ မိနစ်အချိန် တိုတွင် တိုက်လေယာဉ်များဖြင့် မြ၀တီမြိုနယ်၊ လက်ခတ်တောင်နှင့် သင်္ဃန်းညီနောင် ပတ်ဝန်းကျင်သို တိုက် လေယာဉ်များဖြင့် ဗုံး ၁၂ လုံးထက်မနည်း ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုသည် အသံအလွန်ကျယ်လောင်ပြီး မြ၀တီမြိုတွင် ပင် တုန်ခါ သွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "“ဒီမနက် ၁၂ နာရီ ၅၀ မိနစ်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကျဲတယ်။ ပထမအကြိမ် ၆ လုံးကျဲတယ်။ မြဝတီ မြို တမြိုလုံး တုန် ပေါင် ၅၀၀ ဗုံးတွေထင်ပါတယ်။ တစ်ပြိုင်တည်းကွဲတာ။ နောက်တစ်ကြိမ် ၆ လုံးထပ်ကျဲတယ်။ပေါက်ကွဲသံလာတာက မဲကနယ်၊ သင်္ဃန်းညီနောင် နဲ့ လက်ခတ်တောင်ဘက်က လာပါတယ်။ နံနက် ၁ နာရီ ၅၀ မိနစ်မှာ တတိယအကြိမ် လေယာဉ်နဲ့ ဗုံးလာကျဲတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ထိုပြင် မြ၀တီမြိုနယ်၊ ခလရ ၂၇၅ တပ်ကလည်း အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင်သို ပစ်ခတ်ခဲ့ကြောင်း ၊ ပေါက်ကွဲသံများ ယနေ့ နံနက်အစောပိုင်းကာလတစ်လျှောက် လုံးကြားနေရကြောင်း သိရှိရသည်။", "“နံနက် ၁ နာရီ ၅၆ မိနစ်မှာ မြ၀တီ ခလရ ၂၇၅တပ်ရင်းက လက်နက်ကြီးတွေ စပစ်ပါတယ်။ သင်္ဃန်းညီနောင်နဲ့ လက်ခတ်တောင်ဘက်ကို ပစ်တာ” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။ထိုပြင် မတ်လ ၉ ရက်နေ့ ညနေပိုင်းမှစတင်ပြီး သင်္ဃန်းညီနောင်မြိုသစ်နှင့် ရဲစခန်းကိုလည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်သဖြင့် မီးလောင် ပြာကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။", "မြ၀တီမြိုတွင်မူ စနေ၊ တနင်္ဂနွေ ၂ ရက်လုံး စျေးဆိုင်များ၊ မြိုမစျေးကြီး၊ ကုန်စုံဆိုင်များ ပါ ပိတ်ထားကြကြောင်း၊ မြဝတီ မြိုတွင်းသို စစ်ရှောင် ပြည်သူတချို ဝင်ရောက်လာကြောင်း၊ တိုက်ပွဲဧရိယာသည် ခြေတော်ရာတောင် ၊ပေါ်လော သံပရာတောင်၊ ဝေ့ရှမ်းကျေးရွာများဘက်အထိ ကျယ်ပြန့်လာကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/02/147590/
ရန်ကုန်တွင် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်
["သတင်းဌာနများတွင် ဖမ်းဆီးမှု သတင်းများတက်နေလျှင် အဖမ်းခံထားရသူများ အခက်ဖြစ်လိမ့်မည်ဟု စစ်တပ်က ပြော", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "ရခိုင်သို့သွားမည့် ခရီးသည်တင်ကား ၃ စီးပေါ်မှ ဖမ်းဆီးသွားသော ရခိုင်ပြည်သူများသတင်း လာရောက် စုံစမ်းသူများကို ဖမ်းဆီးမည်ဟု စစ်တပ်က ခြိမ်းခြောက်ကြောင်း ရွှေပြည်သာတပ်တွင် သွားရောက်စုံစမ်းခဲ့သူ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။", "ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၊ နံနက် ၉ နာရီအချိန် ရန်ကုန်၊ အောင်မင်္ဂလာအဝေးပြေးကွင်းမှ ရခိုင်ဘက်သို့ ဦးတည် ထွက်ခွာလာသော အောင်စစ်ခိုင် ခရီးသည်တင်ကား ၂ စီး အပါအဝင် ရခိုင်သို့ ပြေးဆွဲနေသော ခရီးသည်တင်ကား ၃ စီးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ခရီးသည်တင်ကား ၃ စီးကို တပ်ထဲသို့ မောင်းခိုင်းပြီး ခရီးသည်တင်ကားပေါ်မှ ပြည်သူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၇ ရက်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သိရှိရသည်။", "“ရွှေပြည်သာ ကန်သာယာမှတ်တိုင်ရှေ့က တပ်ထဲကို ကားတွေ ဝင်သွားတယ်ဆိုလို့ အဲဒီတပ်ဂိတ်အ၀မှာ သွားမေးတာ။ဘာတွေ လာမေးနေတာလဲ။ ဖမ်းပစ်လိုက်မယ်။ ပြီးရင် သတင်းဌာနတွေ လျှောက်ပြော ဖမ်းခံထားရတဲ့သူတွေ အကုန်သေကုန်မယ်။ နောက် လာမမေးနဲ့။ ဒီမှာ မရှိဘူးဆိုပြီး ပြောလွှတ်တယ်” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရသူ အမျိုးသားတချို့၏ မိသားစုဝင်များက အောင်စစ်ခိုင် ကားဂိတ်သို့ သွားရောက်စုံစမ်းရာ စစ်တပ်က စစ်ဆေးစရာရှိသည်ဟု ဖမ်းဆီးထားသည်ဟု သိရှိရသည်ပြန်လည် ပြောဆိုကြောင်း၊ ရွှေပြည်သာစစ်တပ်ထဲသို့ လိုက်သွားသောအခါ တစ်စုံတစ်ရာ တုံ့ပြန် ပြောဆိုခြင်းမရှိကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက စစ်တပ်သတင်းရင်းမြစ်တချို့ကို ဆက်သွယ်မေးမြန်းရာ ရခိုင်သို့ ပြန်ကြမည့် သူများကို စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်ရန် ညွှန်ကြားမှုများ ရှိနေသည်မှာ မှန်ကန်ကြောင်း၊ ရခိုင်သို့ ပြန်၍ AA နှင့်ပူးပေါင်းကာ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်ကြောင်း ၊ ထို့ပြင် AA က ဖိတ်ခေါ်ထားမှုကြောင့် ရခိုင်တိုင်းရင်းသား လူငယ်များ ရခိုင်သို့ ပြန်၍ စစ်တပ်ကို တိုက်ခိုက်မှုများတွင်ပူးပေါင်း ပါဝင်မည်ကို တားဆီးရန်ဖြစ်ကြောင်း သိရှိရသည်။", "ဖမ်းဆီးခံရသည့် အများစုမှာ အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အတွင်း လူငယ်များဖြစ်ကြပြီး တောင်ကုတ်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များက ဖြစ်ပြီး အမျိုးသားများ အများဆုံး ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။", "အဆိုပါ ဖမ်းဆီးခံစာရင်း ၁၀၀ ကျော်ထဲက ၁၄ ဦးစာရင်းကို နာမည်နှင့်တစ်ကွ ရရှိထားပြီး ၎င်းတို့မှာ မြေပုံမြို့နယ် ယောချောင်းရွာသာယာ ကျေးရွာမှ လူငယ်များဖြစ်သည်ဟု ဆိုသည်။", "၎င်းတို့မှာ ရဲဝင်းလှိုင်၊ ဖြိုးထူးစံ၊ ဘိုစောဟိန်း၊ ဦးဝင်းကျော်၊ စုလင်းရွှေ၊ စိုးမြင့်အောင်၊ အေးချမ်းတင်၊ အေးဆန်းဝင်း၊ ချိုချိုသန်း၊ မိုးထက်သူ၊ ချစ်ဆန်းခင်၊ ဖြူဖြူစိုး၊ အေးသီတာ၊ ခင်သန်းနွယ်တို့ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် လူငယ်များဖြစ်ကြောင်း ရဲဝင်းလှိုင်၏ ဖခင် ဦးဘတင်က ပြောသည်။", "“၂၀ ရက်နေ့ကနေ စစ်ကောင်စီက ဖမ်းသွားတာ။ အခုထိ အဆက်အသွယ် မရသေးဘူး။ သားကို ဖုန်းဆက်ရင်လည်း ဖုန်းကဝင်တယ်။ မကိုင်ဘူး။ ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရဘူး။ ကျနော်တို့ စုံစမ်းရသလောက် လှိုင်သာယာ တပ်မ ၅ မှာ ကလေးတွေကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ကလေးတွေနဲ့ စကားပြောနိုင်ဖို့ ကျနော်တို့ အစွမ်းကုန် ကြိုးစားနေပါတယ်” ဟု ဆိုသည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစဉ် ကား ၃ စီးကို တစ်ခါတည်း တပ်ထဲသို့ ခေါ်ယူသွားခြင်းဖြစ်ပြီး အဆိုပါ ခရီးသည် ရခိုင်တိုင်းသား ၁၀၀ ကျော်ကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် တပ်မ ၅ ၌ ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။", "ဖမ်းဆီးခံရသူများထဲမှ မချိုချိုသန်း မိခင်ဖြစ်သူက ” ကျမတို့ ကလေးတွေအတွက် အရမ်းစိတ်ပူပါတယ်။ သူတို့က ရန်ကုန်မှာ အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်နေကြတာပါ။ ရန်ကုန်မှာ အခြေအနေမကောင်းတော့လို့ ရခိုင်ကို ပြန်လာဖို့ ခေါ်ချတာပါ။ သမီးလေးက အပျိုလေးပါ။ တစ်ခုခု ဖြစ်သွားမှာကို အရမ်းစိုးရိမ်နေပါတယ်။ ပြန်လွှတ်လာအောင် ဘယ်လိုလုပ်ရမလဲ။ ကူညီပေးနိုင်သူများ ကူညီပေးကြဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။", "ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ မိသားစုဝင်များမှာ အာဏာသိမ်း စစ်ကောင်စီမှ အဆက်အသွယ် လုပ်လာမည်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး ငွေကြေးဖြင့် ပြန်ရွေးပါဆိုလျှင်လည်း ငွေကြေးပေးမည်ဟု မြေပုံမြို့နယ် ယောချောင်းရွာသာယာမှ မိသားစုဝင်များက ပြောဆိုနေကြသည်။", "ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသော ၁၀၀ ကျော်မှာ နိုင်ငံရေးနှင့်ဆက်စပ်ဆောင်ရွက်သူ တစ်ယောက်မှ ပါဝင်ခြင်းမရှိဘဲ အများစုက ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေကြသော လူငယ်များဖြစ်ကြောင်း သိရသည်။", "ပြီးခဲ့သည့် တစ်ပတ်ကျော်ကလည်း ရွှေပြည်သာ ထန်းခြောက်ပင်ရပ်ကွက်တွင် အမျိုးသမီးအဆောင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရခိုင်အမျိုးသမီး ၅ ဦးကို ဖမ်းဆီးသွားကာ အရပ်ပေစံချိန်မမီ၍ တစ်ဦးကို ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။", "ကျန် အမျိုးသမီး ၄ ဦးမှာ ယနေ့အချိန်အထိ ပြန်မလွတ်သေးကြောင်းနှင့် ၎င်းတို့မှာ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့က ဖြစ်ကြသည်။", "ယင်းအပြင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညကလည်း ရခိုင်ကိုပြန်သည့် လူ ၂၀ ကျော် ပဲခူးတိုင်း၊ ပြည်မြို့ရှိ တည်းခိုခန်းတစ်ခု၌ ညအိပ်နေစဉ် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ယခုအချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။", "အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်တွင်ရှိနေသော ရခိုင်တိုင်းရင်းသားလူငယ်များကို အဓိက ဦးတည်ဖမ်းဆီးလျှက်ရှိနေပြီး ရန်ကုန်လေဆိပ်တွင်လည်း ရခိုင်ပြန်ကြမည့် အသက် ၁၈ နှစ်နှင့် အသက် ၃၅ နှစ်အတွင်းရှိ ရခိုင်လူငယ်များကို သွားလာခွင့်ပိတ်ပင်နေကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးမှု ခံခဲ့ရသည့် ရခိုင်လူငယ်များ စီးနင်းခဲ့သော အောင်စစ်ခိုင် ကားလိုင်းမှ ခရီးသည်တင်ကားတစ်စီး။", "(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/185922/
သတင်းပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက်ပြီး သတင်းပေးပို့ကြရန် တိုက်တွန်း
["သတင်းပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက်ပြီး သတင်းပေးပို့ကြရန် တိုက်တွန်း", "ရန်ကုန်၊ အောက်တိုဘာ ၁", "ပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာ တိုက်ပုံးအစီအစဉ် စတင်လိုက်ပြီဖြစ်ပြီး ဝင်ရောက်ပါဝင်ပေးပို့ကြပါရန် ဖရဲသီးစာတိုက်ပုံး အစီအစဉ် တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖရဲသီးစာတိုက်ပုံး ဖရဲသီးစာတိုက်ပုံး ဆိုသည်မှာ စစ်ရှုံးကောင်စီ၏ အတွင်းရေးသတင်းများ၊ ဌာန တွင်း သတင်းများ၊ စစ်ရေးသတင်းများ သတင်းအချက်အလက်များစွာကို တော်လှန်ရေး အင်အား စုများထံသို့ လုံခြုံစိတ်ချရသော လမ်းကြောင်းဖြင့် ပေးပို့နိုင်မည့် နည်းပညာတခုဖြစ်ကြောင်း သိရ သည်။", "ဖရဲသီးစာတိုက်ပုံးကို Time Zone မတူညီသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ IT ပညာဖြင့် သင်ကြား/ လုပ် ကိုင်နေသော မြန်မာကျောင်းသားများမှ IT နည်းပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။", "ဖရဲသီးစာတိုက်ပုံးသည် စစ်ရှုံးကောင်စီ၏ အတွင်းရေးသတင်းများကို တော်လှန်ရေးအင်အား စုများ ထံသို့ အချိန်နှင့်တပြေးညီ ရောက်ရှိသွားအောင် နည်းပညာဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ ချိတ်ဆက်ထားသဖြင့် စကစ၏ ဝန်ကြီးဌာနတွင်း သတင်းများ၊ အကျင့်ပျက်ဝန်ထမ်းများ၏ သတင်းများ၊ စစ်ရေးသတင်းများနှင့် အခြား အရေးကြီးသတင်းများကိုပါ text, image, video files များကို တခါတည်း ပေးပို့နိုင်အောင် စီစဉ်ချိတ်ဆက်ထားကြောင်း သိရသည်။", "“ရုံးတွင်းသတင်းတွေသာမက အရပ်ဘက်သတင်းတွေကို လည်း ပေးပို့နိုင်အောင် ပရိုဂရမ်ရေးဆွဲထား တယ်။ နည်းပညာ အားနည်းသူများအတွက်လည်း လွယ်ကူစွာ သုံးစွဲနိုင်အောင် ထည့်သွင်းရေးဆွဲ ထားတယ်။ ပေးပို့သူ၏ အချက် အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖရဲသီးစာတိုက်ပုံး မှ ရာနှုန်းပြည့်တာဝန်ယူထားတယ်။” ဟု ဖရဲသီးစာတိုက်ပုံအစီအစဉ်တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဖရဲသီး စာတိုက်ပုံး နည်းပညာရှင်များသည် PDF တပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ မြေပြင် သပိတ်အဖွဲ့များ၊ ဝန်ကြီးဌာနအသီးသီးမှ CDM ပြုလုပ်ထားကြသော အရာထမ်း၊ အမှုထမ်း များဖြင့် ချိတ်ဆက် ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး မြန်မာ IT နည်း ပညာရှင်များက တော်လှန်ရေး အတွက် သီးသန့်ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။", "ဖရဲသီးစာတိုက်ပုံး အစီအစဉ်သည် တော်လှန်ရေး၏ အချိုးအကွေ့ တခုအတွက် နည်းပညာဖြင့် ပေါင်း စပ်ကာ အချိန်ကိုက်ထွက်ရှိလာခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပညာသင်ကြားနေသော မြန်မာ IT ကျောင်းသားအများစုသည် စစ်အာဏာသိမ်းမှု စတင်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တည်းကစ၍ တော်လှန်ရေးအတွက် အရေးပါသော ကဏ္ဏမျိုးစုံတွင် မိမိတို့တတ်ကျွမ်းသော နည်း ပညာဖြင့် ယနေ့အထိ ပါဝင်တော်လှန်လျက်ရှိကြောင်း အသိပေးထားသည်။", "ဖရဲသီးစာတိုက်ပုံး အမည်ရ ဝပ်ဆိုဒ်https://thadinpay.com/login(သို့) တယ်လီဂရမ်https://t.me/ThadinpayBotWebsite and Telegram channel ၂ ခုလုံးမှ ဆက်သွယ်၍ သတင်း ပေးနိုင်ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/02/86467/
သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၅ ဦး အပြင်းအထန်ဒဏ်ရာ
["သထုံ ခမရ ၉ တပ်ရင်းမှူး နေအိမ်၊ ဗဟိုကင်းနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စလင်းမြို့နယ် ကံပြားရဲစခန်းကို တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၅ ဦး အပြင်းအထန်ဒဏ်ရာ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ခမရ ၉ တပ်ရင်းမှူးနေအိမ်နှင့် ကင်းပုန်းစစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၇ ရက် နေ့လယ် ၁၂ နာရီခန့်အချိန် စစ်သားများ တပ်စွဲထားသော ခမရ တပ်ရင်း ၉ အတွင်းရှိ တပ်ရင်းမှူးနေအိမ်၊ ဗဟိုကင်းတို့ကို ၆၀ မမ ဗုံးသီး ၄ လုံးအသုံးပြုပြီး ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်း၊ လိုင်းခန်းနှင့် တပ်ရင်းမှူးနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ မိုး ကောင်းဘုရားနှင့် ဖော်ဖကျေးရွာအနီး ကင်းပုန်းဝပ်ရန် လာရောက်သော စစ် သားများကို လည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ကင်းပုန်းကို တပ်စခန်းရော နှစ်နေရာချခဲ့တာ၊ ကင်းပုန်းက မနက် ၁၀ နာရီ ၁၈ မိနစ်မှာချတယ်၊ ခမရ ၉ တပ်က ၁၂ နာရီကျော်မှာ ထပ်ချတာပါ၊ အရင်ကတော့ ဗုံးချပြီဆိုတာနဲ့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြန်ပစ်တာရှိတယ်၊ ဒီတစ်ခါတော့ လက်နက်ငယ်ပစ်သံမကြားရတော့ဘူး၊ အသံကြားတာနဲ့ ပုန်းနေကြတာနေမှာ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း၂ တပ်ခွဲ ၃ နှင့် PDF တပ် ရင်း၂ တပ်ခွဲ၃ တို့ ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံး မှုရှိနိုင်သော်လည်း အတည်မပြုနိုင် သေးကြောင်း၊ ခမရ ၉ တပ်အတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီး ၇ လုံးခန့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“အခုနောက်ပိုင်း သူတို့ခြေကုပ် အထိုင်တပ်ရင်း တပ်စခန်းတွေထဲမှာကိုပဲ သူတို့အတွက် လုံခြုံမှုမရှိတော့ ဘူးဆိုတာ ဒီကောင်တွေသိနေပြီ၊ အဲဒါကြောင့် ဗဟိုကင်းတို့၊ တပ်ရင်းမှူးနေအိမ်တို့လိုမျိုး အဆောက် အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” ဟု Hawk Revolution Squad –HRS တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မုံရွာ- ပုသိမ်လမ်းပေါ်ရှိ ကံပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စလင်း PDF ထံမှ သိရသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၉ နာရီခွဲခန့်က အဆိုပါရဲစခန်းအား RPG လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ် သား၊ ရဲ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းအတွင်းရှိ လိုင်းခန်းကိုလည်း ပြာချပေး ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း တပ်ရင်း -၁ (PDF –Salin) ၊ မင်းဘူးပကဖနှင့် ပွင့်ဖြူပကဖ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သားသေဆုံးမှုရှိခဲ့ကြောင်း၊ ယနေ့နံနက် ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း စလင်းသို့ အချိန်မီပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စလင်း PDF က ဆိုသည်။", "ဓာတ်ပုံ- စစ်ရေးစွမ်းရည်ပြသနေသော တောင်းပိုင်းတိုင်း စစ်ဒေသမှ PDF တပ်များ။"]
https://yktnews.com/2023/06/105815/
သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါ အဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ
["သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါ အဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဇွန် ၂", "မွန်ပြည်နယ်၊ သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါအဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ် များထံမှ သိရှိရသည်။", "ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို KNU နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ဒုရဲမှူး အပါအဝင် ရဲ ၆ ဦးသေဆုံးကြောင်း၊ စစ်တပ်နှင့် BGF ဘက်မှလည်း စစ်ကူလာသော စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးမိုးမင်း အပါအဝင် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကြောင်း သိရှိရသည်။", "သထုံဒူးရင်းဆိပ်တိုက်ပွဲတွင် စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူတချို့ကို နာမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး ယင်းတို့ထဲတွင်", "(၁) ဒုရဲမှူးသီဟဇော်ရတဖ၂၂", "(၂) ရဲတပ်ကြပ်စိုးညွန့်ဝင်း ။", "(၃) ရတပ်သားကျော်ရဲအောင် ။", "(၄) ရတပ်သား ချစ်သူ ။", "(၅) ရဲတပ်ကြပ်အောင်ရဲနိုင်။ ။", "(၆)ရတပ်သားခွန်ဥက္ကာစိုး။ ။", "(၇)ဗိုလ်ကြီးမိုးမင်း တပ်မ ၂၂ အပါအဝင် ၂၀ ကျော် ထက်မနည်းသေဆုံးကြောင်း သိရှိရသည်။", "ထို့ပြင် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်များ သိမ်းဆည်းရမိရာတွင်-", "(၁)G3 ၂ လက်၊ ကျည်၂၁၀တောင့်၊ ကျည်ပေါက်၃ခု", "(၂)MA3 ၁ လက်၊ ကျည်ပေါက် ၂ခု", "(၃) 9MM ပစ္စတို ၁ လက်", "(၄)စက်သေနတ် ၁ လက်၊ ကျည်ပေါက်၂ခု", "(၅)ဖုန်း၂လုံး", "(၆)AKကျည်၃၁၀တောင့် အပါအဝင် လက်နက်ခဲယမ်းနှင့်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။", "နှစ်ဖက်တိုက်ပွဲတွင်း ကျည်ဆန်ထိမှန်၍ သေဆုံးသော အရပ်သားတချို့ရှိခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက် သေဆုံးမှုစာရင်းကို မည်သည့်အဖွဲ့ကမှ အတည်ပြု ထုတ်ပြန်ခြင်းမပြုသေးပေ။"]
https://yktnews.com/2024/01/141183/
သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သားသစ် ၉ ဦး လက်နက်နှင့်အတူ ထွက် ပြေးမှု ၆ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး မသေမရှင်ဖြစ်နေစဉ် မီးရှို့ အလောင်းဖျောက်၊ ၁ ဦးအရှင်ဖမ်းမိပြီး ၂ ဦးလွတ်မြောက်နေဆဲ
["သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သားသစ် ၉ ဦး လက်နက်နှင့်အတူ ထွက် ပြေးမှု ၆ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး မသေမရှင်ဖြစ်နေစဉ် မီးရှို့ အလောင်းဖျောက်၊ ၁ ဦးအရှင်ဖမ်းမိပြီး ၂ ဦးလွတ်မြောက်နေဆဲ", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ တပ်သား သစ် ၉ ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးကြရာ စစ်တပ်က စစ်သား ၆ ဦးကို ပစ်ခတ် ပြန်လည် ဖမ်းဆီးရရှိပြီး သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို မီးရှို့အလောင်းဖျောက်ဖျက်မှုများ လုပ်ဆောင်ကြောင်း တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ် မှ တပ်သားသစ် ၉ ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးကြကြောင်း၊ စစ် တပ်က အဆိုပါ တပ်သားသစ် ၉ ဦးကို လိုက်လံ ဖမ်းဆီးရာ ယမန်နေ့ နေ့လယ် ပိုင်းတွင် တပ်သားသစ် ၂ ဦးကို ပစ်ခတ်လိုက်သဖြင့် အသေဖမ်းဆီးရရှိကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် တပ်သားသစ် ၄ ဦးကို စစ်တပ်က ထပ်မံ ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို သထုံ မြို့ နယ်၊ ကတိုက်ကြီးကျေးရွာ လယ်ကွင်းတွင် မီးရှို့ အလောင်းဖျောက် ဖျက် ကြောင်း သိရှိရသည်။", "“မနေ့မနက်ပိုင်း သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သား ၉ ဦး လက်နက်နဲ့အတူ ထွက်ပြေးကြတာ။ အောက်ကွင်းဇုန်သို့ ထွက်ပြေးကြတယ်။ အဲဒါ နယ်မြေ မကျွမ်း ကျင်တော့ လယ်ကွင်းထဲ ထွက်ပြေးကြတယ်။ အဲဒီမှာ ၂ ဦးကို ပစ်ခတ် ဖမ်းတာ ပွဲချင်းပြီးသေတယ်။ ညနေပိုင်းမှာ ၄ ဦးကို ထပ်ပြီး ပစ်ခတ်ဖမ်းတယ်။ အဲဒီမှာ စစ်သား ၄ ဦးမှာ ၁ ဦးက ဝမ်းဗိုက်ကျည်ထိထားတယ်။ ၂ ဦးက ရင်ဘတ် ကို ကျည်ထိတယ်။ ၁ ဦးက ခေါင်းကိုထိထားတယ်။ အဲဒါ သေဆုံးသူ ၂ ဦးရော၊ မသေမရှင်ဒဏ်ရာရသူတွေကိုပါ တစ်ခါတည်း ရောပြီး မီးရှို့လိုက်တယ်။ ကတိုက်ကြီးကျေးရွာ လယ်ကွင်းထဲမှာ ရှို့တာ” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "သထုံမြို့နယ်၊ လေ့ကျင့်ရေး ၉ တပ်မှ ထွက်ပြေးကြသည့် တပ်သားသစ် ၉ ဦး သည် ပဲခူးနှင့်ဧရာ၀တီတိုင်းမှ ဖြစ်ပြီး ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲ ရောက်ရှိ လာ သည့် တပ်သားသစ်များဖြစ်ကြောင်း၊ အသက် ၂၀ ဝန်းကျင်သာရှိပြီး နယ်မြေ မကျွမ်းကျင်ချိန် ထွက်ပြေးကြရာမှ စစ်တပ်က ပြန်လည် ဖမ်းဆီးရ ရှိခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၁ ဦး အရှင်ဖမ်းမိသွားပြီး ကျန် ၂ ဦးမှာ လွတ် မြောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အမှတ် ၉ လေ့ကျင့်ရေးတပ်မှ တပ်သားသစ်တချို့၏ စစ်ရေးပြ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/12/135389/
သထုံ-ဘီးလင်းလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ် ကောင်စီတပ်သား ၂၀ ကျော် သေဆုံးဟုဆို၊ ကော့ကရိတ်ရှိ စကခ ၁၂ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["သထုံ-ဘီးလင်းလမ်းပိုင်းတွင် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ် ကောင်စီတပ်သား ၂၀ ကျော် သေဆုံးဟုဆို၊ ကော့ကရိတ်ရှိ စကခ ၁၂ အပါအဝင် စစ်တပ်တပ်စွဲ နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "မွန်ပြည်နယ်၊ သထုံ-ဘီးလင်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း Hawk Revolutionary Squad – HRS တပ်ဖွဲ့နှင့် တပင်ရွှေထီစစ်ကြောင်းတို့ထံမှသိရှိရသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်က အကြမ်းဖက်စစ်သားများနှင့် ရိက္ခာသယ်ဆောင်လာ သော ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် အဆိုပါစစ်ယာဉ်တန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သထုံခရိုင် တပ်မဟာ ၁ KNU/KNLA တပ်ရင်း ၂ တပ်ခွဲ ၃ HRS ၊ တပင်ရွှေထီး စစ်ကြောင်းနှင့် မြေပြင်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စကစ ၁၂ အပါအဝင် အကြမ်းဖက်စစ်သားများ တပ်စွဲထား ရာနေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များနေထိုင်ရာ စကခ ၁၂ ၊ လှိုင်ဝလက်နက်ကြီးကုန်း၊ တောင်ပေါ်ကျောင်းနှင့် ညောင်ပင်ဂိတ်တို့ကို ဗုံးသီး အကြိမ် ၂၀ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲက ဖြစ်နေတုန်းပဲ၊ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုက မသိရသေးဘူး၊ အင်တာနက်လိုင်းတွေ လည်း ဖြတ်ခံထားရတယ်” ဟု KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။", "အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို Justice Soldier PDF drone တပ်ခွဲ၊ Kloud ဒရုန်းတပ်ဖွဲ့ တို့မှ Shar Htoo Waw နည်း ပညာမြင့် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Kloud တပ်ဖွဲ့မှ မောင်းသူမဲ့လေယာဉ်ငယ် ၁ စီး မှာ ပြန်အဆင်းလမ်း၌ ပျက်ကျခဲ့ကာ ဆုံးရူံးခဲ့ကြောင်း သိရ သည်။", "ဓာတ်ပုံ- ယမန်နှစ် ကရင်နီပြည်နယ်တွင် မိုင်းထိမှန်ထားသော စစ်ကောင်စီ၏ ယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/11/131611/
သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး
["သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "မွန်ပြည်နယ် သထုံခရိုင်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန် တပ်ရင်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သဲကုန်းရွာနှင့် သုံးအိမ်စုရွာ အကြား ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည်စထိမှန်ကာ သုံးအိမ်စုရွာမှ အသက် ၆၀ နှစ်အရွယ် ဦးဖားကလော ထိခိုက် ဒဏ်ရာရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်းနေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၂၀၆ တပ်ရင်းက လက်နက်ကြီး ၃ လုံး၊ ပိန္နဲတောစခန်းက လက်နက်ကြီး ၁ လုံး၊ ခမရ-၉ တပ်ရင်းက လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ပိန္နဲတော တပ်စခန်းမှ ကျေးရွာများ အတွင်းကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ မင်းလွင်ကျေးရွာ၊ ပိန္နတော အထက်ရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ကျည်စထိမှန်ကာ အသက် ၇၃ နှစ်အရွယ် တီးထစ်နူး နှင့် အသက် ၄၆ နှစ်အရွယ် စောစိုးဝင်းနိုင်တို့ သေဆုံးခဲ့ကြောင်း၊ အသက် ၇၂ နှစ်အရွယ် ယားကေနောနှင့် အသက် ၃၂ နှစ်အရွယ် စောသက်နိုင်တို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့​ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၈ ပိန္နဲတောတပ်စခန်းက သထုံမြို့နယ်၊ မင်းလွင်ကျေးနယ်ရှိ ကျေးရွာကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပြီး ဝမ်းဘဲအင်းရွာအတွင်းကို လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲပြီး အသက် ၆၀ နှစ်အရွယ် ယားပေါမုနှင့် အသက် ၄၈ နှစ်အရွယ် နော်ညွှန့်သန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ ညနေ ၇ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်- ၈ ခြေလျင်တပ်ရင်းမှ ကဒီပုကျေးနယ်ရှိ ကျေးရွာများအတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ ကဒီပုကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ နွား ၃ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်-(၉) ခြေမြန်တပ်ရင်းက လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးနယ်နှင့် ဝီလျော်ကျေးနယ် အတွင်းရှိ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး ၂ လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး မိချောင်းအိုင်မှ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/91272/
သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျည်ထိမှန်၍ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံး
["သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကျည်ထိမှန်၍ ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံး", "ရန်ကုန်၊ မတ် ၈", "မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်သဖြင့် ကျေးရွာတစ်ခုအတွင်း ကျရောက်ပြီး ကလေးငယ် ၂ ဦးသေဆုံးကာ အမျိုးသား ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ၈ ရက်နေ့ နံနက် ၇ နာရီအချိန် သထုံမြို့နယ်၊ ကြာပန်း ခလရ ၂၄ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကျုံမိန်ကျေးရွာအတွင်းသို့ ကျရောက်ပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်(ကျား) ၁ ဦး ၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ်(မ) ၁ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးမှာမူ အပြင်းအထန်ဒဏ်ရာရရှိ ကြောင်း သိရှိရသည်။", "“ဒီမနက် ၇ နာရီ သထုံ ကြာပန်း ခလရ ၂၄ တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာမှာ ကျုံမိန်ရွာထဲကျပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၁ ဦးနဲ့ အသက် ၁၂ နှစ်အရွယ် ကလေး ၁ ဦး စုစုပေါင်း ကလေး ၂ ဦး ပွဲချင်းပြီးသေဆုံးပါတယ်။ အသက် ၄၀ အရွယ်အမျိုးသား ၁ ဦးထိခိုက်ပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ရွာတွေကို ရမ်းသမ်းပစ်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။"]
https://yktnews.com/2023/04/95408/
သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရ
["သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။", "ယနေ့ဧပြီလ ၂ ရက်​နေ့ နံနက် ၈ နာရီ မိနစ် ၃၀ ခန့်အချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခမရ ၉ ဝင်းပ အခြေစိုက်အ ကြမ်းဖက်စစ်တပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် စောချလီးကီးနှင့် အသက် ၁၄ နှစ်အရွယ် စောဖားလေဒေးတို့ လက်နက်ကြီးစထိမှန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "အသက် ၁၅ နှစ်အရွယ် စောချလီးကီးသည် မွေးချင်း ၅ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး ပေါင်တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာဖြင့်လည်းကောင်း၊ အသက် ၁၄ နှစ်အရွယ် စောဖားလေဒေးသည် မွေးချင်း ၆ ဦး အနက် အငယ်ဆုံးသားဖြစ်ပြီး ဒူးခေါင်းတွင် လက်နက်ကြီးစထိမှန်ဒဏ်ရာဖြင့်လည်းကောင်း ဆေးဝါးကုမှုခံယူနေရကြောင်း သိရသည်။"]
https://yktnews.com/2024/09/181568/
သထုံတွင် ညအချိန် ပြောင်းရွှေ့နေသည့် တပ်မိသားစုဝင်များ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး ၄ ဦးထက်မနည်းသေဆုံး ၊ စစ်ကောင်စီက ခရီးသည်တင်ကားကို ပစ်ခတ်ဟု လိမ်လည်သတင်းထုတ်
["သထုံတွင် ညအချိန် ပြောင်းရွှေ့နေသည့် တပ်မိသားစုဝင်များ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး ၄ ဦးထက်မနည်းသေဆုံး ၊ စစ်ကောင်စီက ခရီးသည်တင်ကားကို ပစ်ခတ်ဟု လိမ်လည်သတင်းထုတ်", "ရန်ကုန်၊ စက်တင်ဘာ ၂", "မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ညအချိန် နေရာ ပြောင်းရွှေ့နေသည့် တပ်မိသားစုဝင်များ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး ၄ ဦးထက်မနည်းသေဆုံးကာ စစ်ကောင်စီက ခရီးသည်တင်ကားကို ပစ်ခတ်ဟု လိမ်လည်သတင်းထုတ်ပြန်ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန် သထုံမြိုနယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင် လမ်းမကြီးဘေးရှိ ကမာစိုင်ကျေးရွာအနီးတွင် သထုံဘက်မှ ဘီးလင်းဘက်သို့ မောင်းနှင် နေရာပြောင်းရွှေ့လာသည့် တပ်မိသားစုဝင်များလိုက်ပါသော ကားကို ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ကားပေါ်ပါ လူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“တပ်မိသားစုတွေ ညဘက် ခိုးကြောင်ခိုးဝှက် နေရာပြောင်းကြတာ။ လောလောဆယ် သိရတာ ၄ ဦးသေတယ်လို့ သိရတယ်။ ကားပေါ်ပါသူအားလုံးက တပ်မိသားစုဝင်တွေလို့သိရတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ဖရဲသီးသတင်းအတိအကျပေးလို့ စောင့်ပစ်ခံရတယ်လို့သိရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီလော်ဘီများမှ တစ်ဆင့် ထုတ်ပြန်လာသော စစ်တပ်သတင်းထုတ်ပြန်ချက်များတွင် KNU နှင့် PDF က ခရီးသည်တင်ကားကို ယမန်နေ့ညပိုင်း ပစ်ခတ်ခဲ့သဖြင့် ၂ ဦးသေဆုံးညပီး အများအပြား ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။", "မွန်ပြည်နယ်တွင် KNU နှင့် PDF များက မဟာဗျူဟာမြောက် ထိုးစစ်များ စတင်မည်ဆိုသော သတင်းများထွက်ပေါ်လျက်ရှိသဖြင့် စစ်ကောင် စီတပ်များတွင် လုံခြုံရေးတိုးမြှင့်ခြင်း၊ တပ်မိသားစုဝင်များကို နေရာပြောင်းရွှေ့ခြင်း၊ အမြဲမပြတ် လုံခြုံရေးများ တင်းကျပ်လာခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193113/
သထုံတွင် တပ်မိသားစု ကျောင်းကားအတွက် လုံခြုံရေးလိုက်ပါသော စစ်ကားကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အောင်ဇော် အပါအဝင် ၃ ဦးသေဆုံး
["သထုံတွင် တပ်မိသားစု ကျောင်းကားအတွက် လုံခြုံရေးလိုက်ပါသော စစ်ကားကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အောင်ဇော် အပါအဝင် ၃ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တပ်မိသားစု ကျောင်းကားအတွက် လုံခြုံရေးလိုက်ပါလာသော စစ်ကားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သထုံမြို့ပြ ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် သထုံမြို့နယ်၊ သု၀ဏ္ဏ၀တီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ Denko ဆီဆိုင်ရှေ့တွင် စစ်တပ် မိသားစု ကျောင်းကားလုံခြုံရေးအဖြစ် လိုက်ပါလာသော စစ်သား ၅ ဦးပါ စစ်ကားကို KNLA တပ်ရင်း ၂ တပ်ခွဲ ၃၊ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ HRS ပူပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကားကို ပစ်ခတ်တိုက်ခိုက်စဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားမှာ မောင်းပြောင်းသွားခဲ့ကြောင်း၊ စစ်ကားမှ ယာဉ်မောင်းဖြစ်သူမှာ ရင်ဘတ်နှင့်ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာရ သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူများကို သထုံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် မော်လမြိုင်ဆေးရုံသို့ ထပ်မံ တင်ပို့စဉ် စစ်သား ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ကျောင်းအသွားမှာ ပစ်ခတ်မှုလုပ်ရင် ကျောင်းသားကျောင်းသူများအန္တရာယ်ဖြစ်မှာစိုးလို့ ကျောင်းပို့ပြီးအပြန်ခရီးမှာ ပစ်ခတ်တာပါ။ အခုဖြစ်စဉ်မှာ ယာဉ်မောင်း တပ်ကြပ်ကြီး အောင်ဇော် သေဆုံးပါတယ်။ နောက်ထပ် ၂ ဦးလည်း သေဆုံးပါတယ်” ဟု သထုံမြို့ပြ ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။", "စစ်ကားပေါ်မှ ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး HRS တပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးလည်း စစ်တပ်ပစ်ခတ်သော ကျည်ဆန်ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/03/208479/
သထုံတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ပါဝင်နေသည့် စစ်မှုထမ်းဟောင်း ကြည်ဇော်နှင့် ချွေးမ တို့ ပစ်ခတ်ခံရပြီး သေဆုံး
["သထုံတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ပါဝင်နေသည့် စစ်မှုထမ်းဟောင်း ကြည်ဇော်နှင့် ချွေးမ တို့ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၂", "မွန်ပြည်နယ်၊ သထုံမြို့တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် အကြမ်းဖက် စစ်တပ်အား နေအိမ်များ လိုက်လံပြသနေသည့် စစ်မှုထမ်း ဟောင်း ကြည်ဇော်နှင့် ချွေးမ ဖြစ်သူတို့ကို ဖမ်းဆီးရန်လာစဉ် ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သထုံမြို့ နန်းခဲရပ်ကွက် လေကြောင်းရန် စစ်တပ်နှင့်ကပ်လျက်ရှိသော ဘိုးဘွားရိပ်သာလမ်းရှိ ရာအိမ်မှူး ကျော်သူဟိန်း၏ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဝင်ရောက်ရှာဖွေစဉ် ရာအိမ်မှူး ကျော်သူဟိန်းသည် နေအိမ်၌ မရှိသောကြောင့် လွတ်မြောက်သွားပြီး ၎င်း၏ ဖခင်ဖြစ်သူ စစ်မှုထမ်းဟောင်း ကြည်ဇော်နှင့် ၎င်း၏ အမျိုးသမီးဖြစ်သူ နွယ်နွယ်၀င်း တို့ကို တော်လှန်ရေး ရဲဘော်များက ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးလာစဉ် လမ်းခုလတ်တစ်နေရာ အရောက်တွင် ကြည်ဇော်သည် ပြန်လည်ခုခံပြီး ရဲဘော် ၁ ဦးထံမှ သေနတ် လုယူကာ နွယ်နွယ်ဝင်းမှာလည်း ကားပေါ်မှ ဆင်း‌ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော ကြည်ဇော်သည် စစ်မှုထမ်းဟောင်းဖြစ်ပြီး ရဲသတင်းပေးများအဖြစ် လုပ်ဆောင်နေကာ အကြမ်း ဖက် စစ်တပ်အတွက်လည်း စစ်မှုထမ်းရန် လူငယ်များ စုဆောင်းပေးခြင်းနှင့် လူငယ်များ၏ နေရာများကို လိုက်လံ ပြသနေသူဖြစ်ကြောင်း၊ ထို့ပြင် နွယ်နွယ်ဝင်း သည်လည်း ယောက်ျားဖြစ်သူ ရာအိမ်မှူး ကျော်သူဟိန်း အားကိုးဖြင့် ရပ်ကွက်‌‌နေ ပြည်သူများ အ‌ပေါ် ရမ်းကားခြင်း လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။", "ထိုသို့ ပြည်သူများအပေါ် နည်းမျိုးစုံ ဒုက္ခပေးနေခြင်းများကို အမြန်ဆုံး ရပ်တန့်ရန် တော်လှန်ရေး တပ်ဖွဲ့များက သတိပေးချက်များ နည်းအမျိုးမျိုးနှင့် အကြောင်းကြားပြောဆိုနေသော်လည်း ဆက်လက် ကျူးလွန်နေသော ကြောင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရာအိမ်မှူး ကျော်သူဟိန်း၏ နေအိမ်မှလည်း သက်သေ အထောက်အထားအဖြစ် ကျော်သူဟိန်းကို ရာအိမ်မှူးခန့် အပ်စာ၊ ကြည်ဇော်၏ စစ်ဘက်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများနှင့် နွယ်နွယ်ဝင်း၏ ချဲရောင်းသော မှတ် တမ်းစာရွက်များ၊ ပြည်သူများကို မတရားအတိုးနှင့် ချေးယူထားသော စာရင်းဇယားများ၊ ရွှေဘောင်ချာ အမြောက် အများနှင့် ဆိုင်ကယ် ၁ စီးတို့ကို သက်သေအဖြစ် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "“သူတို့တွေက လူငယ်တွေကို ဖမ်းဆီးတာမျိုးတွေလည်း ရှိတယ်။ လူစုဖို့ အတွက် လူငယ်တွေ နေအိမ်တွေ လိုက်ပြတာမျိုးတွေလည်း ရှိပါတယ်။ သထုံမြို့တွင်းမှာ ဒလန်အုပ်ကြီး တချို့နဲ့ လူငယ်တွေကို အဓမ္မ စစ်မှုထမ်းဖို့ ကူညီနေသူ တချို့ရဲ့ အချက်လက်တွေ အတိအကျ ရရှိထားပြီးဖြစ်လို့ ယခု အချိန်ကစပြီး ရပ်တန့်ဖို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ ကျနော်တို့ အဖွဲ့အနေနဲ့ အလားတူ Mission မျိုးတွေလည်း ဆက်လက် ဖော်ဆောင်သွားမှာပါ” ဟု ပြည်သူ့ဘက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပြည်သူ့ဘက်တော်သားအဖွဲ့သည် လွတ်မြောက်‌နေသော ကျော်သူဟိန်း အပြင် သထုံမြို့တွင်းရှိ ပြည်သူများအပေါ် နည်းမျိုးစုံ ဒုက္ခပေးနေသော ကျန်ရှိနေသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ဒလန် ရပ်ကွက်အုပ်ချုပ်ရေးမှူး တ ချို့ နှင့် လူငယ်များကို စစ်မှုထမ်းရန် အဓမ္မ ဖမ်းဆီး‌နေရာတွင် ပါဝင်ကူ‌ညီပေးနေသူ တချို့ကို ဆက်လက် တိုက် ခိုက် သွားမည်ဖြစ်ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။", "ဓာတ်ပုံ- သိမ်းဆည်းရရှိထားသည့် သက်သေခံ ကတ်ပြားများ။"]
https://yktnews.com/2024/02/147398/
သထုံတွင် လူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးမှု သထုံအထူးပြောက်ကျားတပ်ဖွဲ့ က စစ်ဗိုလ်ဖြစ်၍ ပစ်ခတ်ခြင်းပြောဆိုပြီး ဒေသပြည်သူတချို့က သေဆုံးသူမှာ ရွှေသံလွင်တိုးဂိတ်ဝန်ထမ်း အင်ဂျင်နီယာဟုဆို
["သထုံတွင် လူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးမှု သထုံအထူးပြောက်ကျားတပ်ဖွဲ့ က စစ်ဗိုလ်ဖြစ်၍ ပစ်ခတ်ခြင်းပြောဆိုပြီး ဒေသပြည်သူတချို့က သေဆုံးသူမှာ ရွှေသံလွင်တိုးဂိတ်ဝန်ထမ်း အင်ဂျင်နီယာဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅", "မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုးထွန်းနောင် ဆိုသည့် လူငယ်တစ်ဦး ယမန်နေ့ ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ယင်းသေဆုံးသူသည် စစ်ဗိုလ်ဖြစ်၍ ပစ်ခတ်ခြင်းဟု သထုံအထူးပြောက်ကျားတပ်ဖွဲ့က ပြောဆိုသော်လည်း ဒေသပြည်သူတချို့ကမူ ရွှေသံလွင်တိုးဂိတ်ဝန်ထမ်း အင်ဂျင်နီယာတစ်ဦးဖြစ်သည်ဟု ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီ အချိန် သထုံမြို၊ဂေါ့သန်ကျေးရွာ၊ တိုးဂိတ်အနီးတွင် စိုးထွန်းနောင်ဆိုသူကို သထုံအထူးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ခလရ ၁၁ မှ ခွင့်ပြန်လာသည့် ဗိုလ်ကြီးဖြစ်၍ စိုးထွန်းနောင်ကို အနီးကပ်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၊ သေနတ် ဒဏ်ရာ ၆ ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခြင်းဖြစ်ကြောင်း၊ သထုံအထူးပြောက်ကျားတပ်ဖွဲ့က ဆိုသည်။", "သို့ရာတွင် ဒေသပြည်သူတချို့ကမူ ပစ်ခတ်ခံရ၍ သေဆုံးသူ သည် သထုံမြို့၊ လိပ်အင်းရပ်ကွက်နေ ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ အင်ဂျင်နီယာ အသက် ၃၂ နှစ်အရွယ် ကိုစိုးထွန်းနောင် ဆိုသူဖြစ်ပြီး စစ်ဗိုလ်မဟုတ်ကြောင်း ပြောဆိုကြသည်။", "“စစ်ဗိုလ်တော့မဟုတ်ဘူး။ သေဆုံးသူက ရွှေသံလွင် တိုးဂိတ် ဝန်ထမ်း။ ဒါပေမယ့် ပစ်တဲ့သူတွေက စစ်ဗိုလ်ဆိုပြီး ပြောနေကြတယ်။ ဘယ်လိုတွေဖြစ်လဲတော့ သေချာမသိရသေးဘူး” ဟု သထုံမြို့နယ်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/12/137555/
သထုံနှင့် ဘီးလင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["သထုံနှင့် ဘီးလင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သထုံမြို့နယ်၊ ကော့လှိုင်း ကျေးနယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ အမတ-၄၀၂ တပ်ရင်း၊ အမတ-၅၀၂ တပ်ရင်းနှင့် ခမရ-၂၀၆ တပ်ရင်း တပ်စခန်းတို့က လက်နက်ကြီး ၂၆ လုံး ပစ်ခတ်ခဲ့ရာ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကျုံမိန်ရွာကို လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး နော်ဖောတမဲ လက်နက်ကြီး ကျည်စထိမှန်ကာ သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်း တို့ ထိခိုက်ပျက်စီးပြီး လူဦးရေ ၁၂၀၅ ဦး တိမ်းရှောင်နေရကြောင်း သိရသည်။", "သထုံမြို့နယ်နှင့် ပေါင်မြို့နယ် အစပ်ရှိ သထုံမြို့ပြင် သထုံ-ဖားအံ အမြန်လမ်းမကြီးဘေး တိုင်တစ်ရာ၌ အမတ-၅၀၂ တပ်ရင်း၊ အင်းရှည်ရွာအနီးတွင် အမတ-၄၀၂ တပ်ရင်း ၊ ကြာပန်း ရွာအနီးတွင် ခမရ-၂၀၆ တပ်ရင်းတို့က တပ်စွဲထားပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ-၄၁၀ တပ်ရင်း ဝင်းတာပန်တပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကရင်အမျိုးသားထကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၂ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြားခဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၅ ရက်အတွင်း နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ အရပ်သားများ နေထိုင်ရာ နေရာများကို ပြန်လည် ပစ်ခတ်မှုများကြောင့် ဝင်းတာပန်အထက်ရွာနှင့် ဝင်းတာပန် ရွာကြီးရှိ ပြည်သူလူထု ၁၄၆၈ ဦး တိမ်းရှောင်နေရကြောင်း သိရသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီမှ ၁၁ နာရီထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ ဝင်းတာပန်တပ်စခနက လက်နက်ငယ်၊ လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဝင်းတာပန်ရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ဝင်းတာပန်အထက်ရွာရှိ တမီပလောမှ လူဦးရေ ၅၂ ဦး၊ နို့ဝခို့ပလောမှ လူဦးရေ ၆၅ ဦး၊ ထို့လေ့တေးပလောမှ လူဦးရေ ၇၅ ဦး၊ နော်ကတိုကလိုးနီမှ လူဦးရေ ၈၁ ဦး၊ တာပေါကလိုးနီမှ လူဦးရေ ၆၉ ဦး၊ ကျေးတိုပလောမှ လူဦးရေ ၂၃ ဦး၊ တာပေါကလိုကွာခီးမှ လူဦးရေ ၃၁ ဦး စုစုပေါင်း ၃၉၆ ဦးနှင့် ဝင်းတာပန်ရွာကြီးရှိ ထီးသောဃယ်ကလိုးနီမှ လူဦးရေ ၂၈၂ ဦး၊ သာလည်ကလိုးနီမှ လူဦးရေ ၃၆၂ ဦး၊ ဒေ့လော်ဖိုးဘော်နော်နီမှ လူဦးရေ ၁၇၇ ဦး စုစုပေါင်း လူဦးရေ ၁၀၇၂ ဦး တိမ်းရှောင်နေရ​ကြောင်း သိရသည်။"]
https://yktnews.com/2023/01/80896/
သထုံနှင့် ဟားခါးတို့တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက် နေသော ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးမများ ပစ်ခတ်ခံရပြီး ၃ ဦး သေ ဆုံး ၊ ရဲ ၄ ဦးဒဏ်ရာရရှိ
["သထုံနှင့် ဟားခါးတို့တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက် နေသော ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးမများ ပစ်ခတ်ခံရပြီး ၃ ဦး သေ ဆုံး ၊ ရဲ ၄ ဦးဒဏ်ရာရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "မွန်ပြည်နယ်၊ သထုံမြို့နယ် နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တို့တွင် လူဦးရေနှင့်သန်းခေါင်စာရင်း လိုက်လံကောက်ယူနေသော ရဲတပ်ဖွဲ့ ၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး သွားကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေး တပ်များထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန် အိမ်ထောင်စုစာရင်းကောက်ယူနေသော တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူ စိုးသိမ်း နှင့် စာရေးမ ၁ ဦးတို့ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သထုံပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“စာရေးမက ပွဲချင်းပြီးတယ်။ တောင်စွန်းရွာ ဥက္ကဌတော့ဆေးရုံရောက်မှ သေတယ်။ ၂ယောက်လုံးသေပါတယ်။ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက် ပွဲအတွက် အားတက်သရော လူဦးရေနဲ့ သန်းခေါင်စာရင်း လိုက်ကောက်နေတဲ့အချိန် ပစ်ခတ်ရှင်းလင်းခဲ့တာပါ” ဟု သထုံပကဖက ပြောသည်။", "အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ဇန်န၀ါရီ ၁၃ရက်၊ နံနက် ၁၀ နာရီခန့်အချိန် စျေးဟောင်းရပ်ကွက်တွင် မဲစာရင်းလိုက်ကောက်မှုကို လုံခြုံ ရေးယူ ထားသည့် ရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီး သေဆုံးကြောင်း၊ အခြား ရဲ ၄ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ၊ လက်ရှိတွင် မြို့ကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အိမ်ထောင်စုစာရင်းကောက်ယူနေသော တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူ စိုးသိမ်း နှင့် စာရေးမ ၁ ဦးတို့ကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကပစ်ခတ်ရာမှ သေဆုံးသွားပြီး ကျန်ရစ်ခဲ့သည့် တံဆိပ်တုံးနှင့်ငွေများ။"]
https://yktnews.com/2023/06/110232/
သထုံမြိုနယ် နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ရွှေရောင်ပြရွာအနီး ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျသွားပြီး ကား ၃ စီးပါ ပျက်စီးကာ လူထိခိုက်မှုရှိ
["သထုံမြိုနယ် နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ရွှေရောင်ပြရွာအနီး ကျုံအိတ်တံတား မိုင်းကွဲမှုကြောင့် ပြိုကျသွားပြီး ကား ၃ စီးပါ ပျက်စီးကာ လူထိခိုက်မှုရှိ", "ရန်ကုန်၊ ဇွန် ၂၉", "မွန်ပြည်နယ်၊ ရန်ကုန်- မြ၀တီလမ်းပေါ် သထုံနှင့်ဘီးလင်းမြို့နယ်အကြားရှိ ရွှေရောင်ပြကျေးရွာအနီး ကျုံအိတ်တံတား ယနေ့ နံနက်အစောပိုင်း မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားရာ ကား ၃ စီးပါ ထိခိုက်ကာ လူထိခိုက်မှု ရှိကြောင်း ဒေသ ပြည်သူများက ပြောသည်။", "ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီခွဲအချိန် ဘီးလင်းနှင့်သထုံမြို့နယ်အကြား ရွှေရောင်ပြ ကျေးရွာအနီး ကျုံအိတ်တံတားတွင် မိုင်းကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မိုင်းကွဲမှု ကြောင့် တံတားပြိုကျပြီး ကား ၃ စီးပါ တံတားပြိုကျမှုတွင် ပါဝင်သွားကြောင်း သိရှိရသည်။", "“မနက် ၃ နာရီခွဲ ၄ နာရီလောက်ရှိမယ်။ အုန်းဆိုတဲ့ အသံကြီးနဲ့ တံတားပြို ကျ တာ။ ကျနော်တို့လည်း သွားကြည့်တော့ တံတားအောက်မှာ ကား ၂ စီး တော့ တံတားပြိုတဲ့အထဲပါသွားတယ်။ တံတားပေါ်မှာက ကား ၁ စီးထိထား တယ်။ ခဏ နေတော့ လူနာတင်ယာဉ်တချို့နဲ့ စစ်ခွေးတွေရောက်လာကြတယ်။ လမ်း က တော့ ဖြတ်မရတော့ဘူး။ တံတားကတော့ လုံး၀ သုံးမရတော့ဘူး။ ဒါပေမယ့် ကျန်တဲ့ တံတားတစ်ခြမ်းကနေ ကားတွေတော့ အလှည့် ကျ ဖြည်းဖြည်းလေး တော့ ဖြတ်ခွင့်ပေးနေသေးတယ် ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် စစ်တပ်နှင့် ရဲများက ပြိုကျသွားသည့် တံတားနားတွင် လုံခြုံရေး ထူထပ်စွာ ချထားပြီး ကားတချို့ကို ဖြတ်သန်းခွင့်ပေး နေကြောင်း၊ ကားများ ပိတ်ဆို့နေပြီး တစ်စင်းပြီးမှ တစ်စင်း ဖြည်းဖြည်းသာ မောင်းနှင် ဖြတ်သန်း နေကြောင်း သိရှိရသည်။", "“အဲဒီတံတားက ရန်ကုန်-မော်လမြိုင်-မြ၀တီလမ်းအတွက် အရေး ပါတယ်။ လမ်းတော့ ခဏတော့ ပိတ်ရမယ်ထင်တယ်။ ကုန်ကားတွေတော့ တက်မရ လောက်ဘူး။ ” ဟု ကားသမားတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်များက ရန်ကုန်-မော်လမြိုင်-မြ၀တီ လမ်း ကြောကို စစ်ကြောင်းများ လှည့်လည်ခြင်း၊ ရိက္ခာနှင့်လက်နက်၊ လူအင် အားများ ဖြည့်တင်းခြင်းများအတွက် အဓိက အသုံးပြုလျက်ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/136600/
သထုံမြို့နယ်တွင် ခမရ ၂၄ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိမှန် သေဆုံး
["သထုံမြို့နယ်တွင် ခမရ ၂၄ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး ထိမှန် သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခမရ ၂၄ က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာတစ်ခုအတွင်းကျရောက်ကာ ကိုယ်ဝန် ဆောင် အမျိုးသမီး ၁ ဦး ထိမှန်သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်း သထုံမြို့နယ်အခြေစိုက် ခမရ ၂၄ တပ်က လက် နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ပစ်ခတ်ရာ ကျုံမှိန်ကျေးရွာသို့ ကျရောက်ပြီး အသက် ၂၆ နှစ်အရွယ် နော်ဖေတမော အမည်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ထိမှန်သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးကျည်သည် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ကိုယ်ဝန်ဆောင် အမျိုးသမီး အသက် ၂၆ နှစ်အရွယ် နော်ဖောတမောမှာ ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့ပါသေးတယ်။ ဆုံးတာကတော့ ပွဲချင်းပြီး ဆုံးတာပါ။ တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်ပြီး ဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က သထုံမြို့ပေါ်မှ နေ၍ ကျေးရွာများသို့ လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ပြည်သူများ ထိမှန်သေဆုံးမှုများ၊ နေအိမ်များ ပျက်စီးမှုများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/115215/
သထုံမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး လူသား ဒိုင်းအဖြစ် ပြည်သူများကို စစ်ကောင်စီတပ်က ဆက်တိုက် ဖမ်းဆီးနေ၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရ
["သထုံမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး လူသား ဒိုင်းအဖြစ် ပြည်သူများကို စစ်ကောင်စီတပ်က ဆက်တိုက် ဖမ်းဆီးနေ၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၂၈", "မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး လူသားဒိုင်းအဖြစ် ပြည်သူများကို စစ်တပ်က ဆက်တိုက် ဖမ်းဆီးနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၈ နာရီအကြား စစ်ကောင်စီ၏ ဝီယော်စခန်းမှ တပ်များနှင့် KNLA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီ အမှတ် ၉ စခန်းက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ အရပ်သား ၁ ဦး သေဆုံးကာ ၄ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်၏ အမှတ် ၉ စခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူမှာ ထုံးဘိုလေးကျေးရွာမှ အသက် ၁၈ နှစ် အရွယ် စောအဲ့ကော့ရှီး ဖြစ်ပြီး စောဆာထူး၊ ထို့ကော်ကျိုးကျေးရွာမှ စောဖိုးကျော် ၊ စောပလေးဒေး ၊ နော်အဲ့စိုး အသက် ၁၃ နှစ်တို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“မနက် ၄ နာရီလောက်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဝီယော်စခန်းတို့ ပစ်ခတ်မှုဖြစ်ကြတယ်။ ပြီးတော့ စစ်ကောင်စီအမှတ် ၉ စခန်းကနေ မနက် ၈ နာရီနဲ့ မနက် ၉ နာရီကြားမှာ လက်နက်ကြီး အားလုံးပေါင်း ၄၁ လုံးရွာတွေထဲကို ပြန်ပစ် တာကြောင့် ရွာသား ၄ ယောက် ဒဏ်ရာရပြီး တစ်ဦး သေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ သထုံမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း သို့ပစ်ခတ် ခြင်းစသည့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန် လျက်ရှိကြောင်း၊ ပြည်သူများ သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများနှင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူများရှိနေကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များက ဇူလိုင် ၂၅ ရက်နေ့ တွင် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာပြီး မရမ်းကုန်းရွာနေ ဦးဝါဆိုကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ၊ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်တွင် ချောင်းဇောက် ရွာသား စောမြလောင်းကို လူသားဒိုင်းကာအဖြစ်ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဦးဝါဆိုကိုမူ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထပ်မံဖမ်းဆီးခံရသော စောမြ လောင်းမှာယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး ကြောင်း သိရှိရသည်။", "စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ဇူလိုင်လ ၂၅ ရက်နေ့ မိချောင်းအိုင်ရွာရှိ အိမ်ထောင်စု ၂၀ ကျော်မှ လူဦးရေ ၁၀၀ နီးပါး၊ ခလောက်အင်း ကျေးရွာမှ အိမ်ထောင်စု ၁၀၇ စု စုစုပေါင်းလူဦးရေ ၅၅၆ ဦး နှင့် မရမ်းကုန်းကျေးရွာရှိ အိမ်ထောင်စု ၇၃ စုမှ လူဦးရေ စုစုပေါင်း ၄၁၀ ဦးတို့မှာ နေအိမ်များကိုစွန့်ခွာပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/159847/
သထုံမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၆၇ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံးကာ ရော်ဘာခြံ ၁၅ ဧက မီးလောင်ပျက်စီး
["သထုံမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၆၇ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံးကာ ရော်ဘာခြံ ၁၅ ဧက မီးလောင်ပျက်စီး", "ရန်ကုန်၊ ဧပြီ ၂၉", "မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ဧပြီလ ၂၇ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် သထုံမြို့နယ်၊ အကြမ်းဖက်စစ်တပ်၏ အမတ ၄၀၂ တပ်စခန်းက လက်နက်ကြီး ၂ လုံးပတ်ခတ်ခဲ့၍ အသက် ၆၇ နှစ်အရွယ်ရှိ နောင်ဘိုရွာသား တီးရိုး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်၏ အမတ ၄၀၂ စခန်းကပင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကော့လှိုင်းရွာ အနောက်ဘက်ရှိ ပြည်သူလုပ်ငန်းခွင်ထဲ ကျရောက်ပေါက်ကွဲကာ ပြည်သူပိုင် ရော်ဘာ ၁၅ ဧက မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ အကြမ်ဖက်စစ်တပ်၏ ခမရ ၉ တပ်စခန်းကလည်း ဧပြီလ ၂၇ ရက်နေ့တွင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့သေးကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/159194/
သထုံမြို့နယ်နှင့် ဘားအံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီး
["သထုံမြို့နယ်နှင့် ဘားအံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဧပြီ ၂၅", "မွန်ပြည်နယ် သထုံမြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ ခရိုင် က ထုတ်ပြန်ထားသည်။", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုကျေးနယ်ရှိ ရွာများထဲသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ မရမ်းကျေးရွာအတွင်း လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲကာ နေအိမ် လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှာ တစ်လုံးသည် မရမ်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဦးရာဟု၏ နေအိမ်သည် လက်နက်ကြီး ကျည်စ ထိမှန်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဖားအံမြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ ရွာထဲသို Y12 လေယာဉ်နှင့် လက်နက်ကြီးများပစ်ခတ်ခဲ့၍ ထီးနူရွာနေ အသက် ၁၂ နှစ်အရွယ် နော်ချေမူး၏ ညာဘက် လက်မောင်းနှင့် အသက် ၈၅ နှစ်အရွယ် ဖီးပန်းပု၏ ညာဘက်လည်ပင်းရှပ်ထိ၍ ညာဘက်ခြေထောက် ခြေဖမိုး ခြေကြောပြက်ကာ ဘယ်ဘက်ခြေချောင်း နှစ်ချောင်းတို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ ခရိုင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီခွဲမှ ၉ နာရီအထိ မိနစ် ၂၀ ကြာ လက်နက်ကြီး ၁၇ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ထိခိုက်မှုအပြင် ထီးနူရွာဘုန်းကြီးကျောင်းဝန်းရှိ နှစ်ခန်းတွဲ အိမ်သာ ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ပိန္နဲတောတပ်စခန်းမှ ဧပြီလ ၁၈ ရက်နေ့တွင် သထုံမြို့နယ် မင်းလွင်ကျေးနယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ၄ ပစ်ခတ်ခဲ့၍ ဝမ်းဘဲအင်းကျေးရွာနေ ဦးရဲဝင်း ညာဘက်ခြေသလုံးထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆီပုံး ၅ ပုံးနှင့် ကား ၂ စီး ထိမှန်ပျက်စီးခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူ ခရိုင် က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/136669/
သထုံမြို့နယ်ရှိ ကျုံမှိန်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးကာ နေအိမ်များ ပျက်စီး
["သထုံမြို့နယ်ရှိ ကျုံမှိန်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးကာ နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျုံမှိန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်း၌ သထုံမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၆ ၊ အမတ ၄၀၂ အင်းရှည်နှင့် အမတ ၄၀၂ တိုင် တရာတပ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျုံမှိန်ကျေးရွာနှင့် ရွာပတ်ဝန်းကျင်ကို လက်နက်ကြီး ၂၇ လုံးပစ်ချခဲ့ရာ ၂၃ လုံးပေါက်ကွဲ ပြီးကျေးရွာအတွင်း ၄ လုံး ပေါက်ကွဲခဲ့ကာ အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး နော်ဖေတမော သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကျန်ရှိခဲ့ကြောင်းသိရသည်။", "“ကိုယ်ဝန်ဆောင် အမျိုးသမီး အသက် ၂၆ နှစ်အရွယ် နော်ဖောတမောမှာ ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့ပါသေးတယ်။ ဆုံးတာကတော့ ပွဲချင်းပြီး ဆုံးတာပါ။ တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်ပြီး ဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111157/
သထုံမြို့နယ်ရှိ ကျောက်တောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံး ပျက်စီး၊ သရက်ချောင်းတွင် စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်တပ်က ခိုးယူသွား
["သထုံမြို့နယ်ရှိ ကျောက်တောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၂ လုံး ပျက်စီး၊ သရက်ချောင်းတွင် စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်တပ်က ခိုးယူသွား", "ရန်ကုန်၊ ဇူလိုင် ၄", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပိန္နဲတောတပ်စခန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျောက်တောင်ရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ ပြည်သူပိုင် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားသည့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသနေ ပြည်သူများသည် ကြောက်ရွံ့စွာ အသက်ရှင် နေထိုင်နေရပြီး ယခင်ကလည်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူ၊ နေအိမ်၊ တရိစ္ဆာန်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်များ ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရငဲရွာမြွေတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်များကို ဝင်ရောက် ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။", "” အမြင့်ဘီးတွေ ယိုးဒယားထုတ်ဘီးတွေ ဖြစ်တဲ့ ကလစ်အသစ် PCX Dream 125 ရွှေလိုင်း ဆိုင်ကယ်အသစ်တွေကိုပဲ ယူသွားတာပါ။ စစ်ခွေးတွေက ဘုရားတောင်မှာအခိုင်အမာ လုပ်ပြီး တပ်စွဲထားတယ်။ ရငဲ၊ ကျွဲမင်းကုန်းနဲ့ ကနက်သီရိရွာထဲက စစ်ရှောင်တွေ နေရပ် မပြန်နိုင်သေးဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/118265/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ နေအိမ်များကို ဖျက်ဆီးပြီး ပစ္စည်းများကို ခိုးယူသွား
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ နေအိမ်များကို ဖျက်ဆီးပြီး ပစ္စည်းများကို ခိုးယူသွား", "ရန်ကုန်၊ သြဂုတ် ၁၄", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ နေအိမ်နှင့် ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က သထုံမြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူပိုင် ပစ္စည်းများအား ခိုးယူခြင်း၊ နေအိမ်များကို မွှေနှောက် ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ နေရာများကို ပစ်ခတ်ခြင်းများနှင့် ပြည်သူလူထုကို အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ခလောက်အင်းရွာနေရှိ ပြည်သူ ၃ ဦး၏ ပစ္စည်းများကိုခိုးယူသွားကြောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ရွှေရောင်ပြရွာသား စောဒေါ်လာသည် ရွာထဲကို ဆိုင်ကယ်စီးလာစဥ် အကြောင်းအရင်းမရှိဘဲ ပစ်ခတ်ခဲ့သောကြောင့် သေဆုံးခဲ့ပြီး သြဂုတ်လ ၈ ရက်နေ့၌ ရွာပြင်အနီးနားတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။", "သြဂုတ်လ ၅ ရက် နှင့် ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်သည် ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ မရမ်းကုန်းကျေးရွာမှ ပြည်သူပိုင် ပစ္စည်များကို ထပ်မံ ခိုးယူသွားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ မရမ်းကုန်းကျေးရွာမှ ပြည်သူပိုင်နေအိမ် ၁၀ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/139873/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးကာ ပြည်သူ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးကာ ပြည်သူ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးကာ ပြည်သူ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီမှ ည ၉ နာရီအထိ သထုံမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၀၂ အမြှောက်တပ်ရင်းက လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ဆူးအင်းရွာအတွင်း ၂ လုံး ရွာပြင်တွင် ၃ လုံးကျရောက် ပေါက်ကွဲခဲ့သောကြောင့် နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ ညနေ ၅ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ အမတ-၄၀၂ တပ်ရင်း စခန်းက လက်နက်ကြီး ၄ လုံးထပ်မံ ပစ်ခတ်ခဲ့ရာ ကော့လှိုင်းရွာလေးကုန်းထဲကို လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သောကြောင့် စောရွှေလှဝင်းနှင့် စောမောင်ကျန်ရစ်တို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်စခန်းများမှ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်မှုများကြောင့် ကျုံမိန်နှင့် ကော့လှိုင်းရွာလေးကုန်း ကျေးရွာများရှိ ပြည်သူ ၃၈၂ ဦးသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "ထို့ပြင် ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၈ နာရီ ၂၅ မိနစ်ခန့်ကလည်း အမတ-၂၀၆ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင်လည်း အမတ-၄၀၂ တပ်ရင်းနှင့် အမတ-၄၀၄ တပ်ရင်း တပ်စခန်းတို့က လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #သထုံမြို့နယ် #အကြမ်းဖက်စစ်တပ်"]
https://yktnews.com/2024/05/163253/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ မေ ၁၉", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေး ၁ ဦးနှင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "မေလ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်း တပ်စခန်းက ဝီယော်တိုက်နယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သုံးအိမ်စုရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် နော်မြထူး လက်နက်ကြီး ကျည်စ ထိမှန်ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြရွာနှင့် အဝန်းကြီး ရွာ အကြား ရော်ဘာခြံအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။", "မေလ ၁၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်က ဝီယော်တိုက်နယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးရွာ အထက်ရှိ ရော်ဘာခြံအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဝင်းပရွာကြီးနေ အသက်၄၀ နှစ်အရွယ် စောဝင်းမြင့် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်းက လက်နက်ကြီး ၂ လုံး၊ မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138766/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၆", "မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁ ရက် နံနက် ၁ဝ နာရီ မိနစ်၂၀ အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ အမှတ် ၉ ခြေမြန်တပ်ရင်းမှ သထုံမြို့နယ်၊ ဝီးယောက်ကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးရွာ၌ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၉ နှစ်အရွယ် စောကောင်းခန့်ကျော်၏ ဘယ်ခြေသလုံးကို လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ကလည်း အာဏာသိမ်းအကြမ်းဖက် စစ် ကောင်စီတပ် တိုင်တရာ အမတ-၄၀၂ တပ်ရင်းမှ သထုံမြို့နယ်၊ အစူးအင်းကျေးရွာထဲသို့ လက်နက် ကြီး ၇ လုံးပစ်ခတ်ခဲ့ရာ လူနေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး နွား ၂ ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ ခလရ ၈ တပ်ရင်းနှင့် အမတ ၃၁၄ တပ်ရင်းတို့မှ သထုံမြို့နယ်၊ ဒေါက်ရပ်ကျေးရွာထဲသို့ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/140987/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန်တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ကော့လှိုင်းရွာလေးနှင့် ကုလားကုန်းရွာ အကြား လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျိုက်ကော်မှ စျေးဝယ် ပြန်လာသည့် ကော့လှိုင်းရွာသား အသက် ၅၇ နှစ်အရွယ် စောသန်းမြင့်နှင့် အသက် ၅၅ အရွယ် နောကူးကူးတို့ လက်နက်ကြီးကျည်စ ထိမှန်ကာ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကို လက်ရှိချိန်တွင် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှု ခံယူနေကြောင်း ထိခိုက်ဒဏ်ရာရရှိထား သော ပြည်သူ ၁ ဦးသည် ယာဘက်ခြေထောက် ဖြတ်တောက်လိုက်ရကြောင်း သိရှိရသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNU #စစ်တပ် #လက်နက်ကြီး #စစ်တပ်"]
https://yktnews.com/2023/07/115398/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီး
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၂၉", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်၊ ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင် KNU-ဗဟိုထံမှ သိရသည်။", "ဇူလိုင်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ အမှတ် ၉ စခန်းက လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် ခလောက်အင်းရွာသား အသက် ၃၇ နှစ်အရွယ် စောစောဦး နှင့် ထို့ကော်ကျိုးကျေးရွာသား အသက် ၄၈ နှစ်အရွယ် ကြည်ထွန်းတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အမှတ် ၉ စခန်းမှ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်မှုကြောင့် ဝီယော်ကျေးရွာရှိ လူနေအိမ် ၁၃ လုံးနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း၊ ကား ၂ စီး ထိခိုက် ပျက်စီးကာ နွား ၁ ကောင်သေပြီး နွား ၅ ကောင် လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/122673/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပိန္နဲတောတပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပိန္နဲတောအလယ်ရွာ ကုလားတန်းအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မောင်ဇော်ဖြိုးဦး ညာဘက်ဒူး ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။", "ထို့ပြင် ပိန္နဲတောတပ်စခန်းက လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ ဝမ်းဘဲအင်းကျေးရွာအတွင်း ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၈ နှစ်အရွယ် နော်ခိုင်ခိုင်၏ ခြေသလုံး ထိမှန်ကာ အရိုးကျိုးခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့​ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်ကလည်း ပိန္နဲတောတပ်ခန်းမှ လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ကျုံမိန်ရွာ အနီးနားကျရောက် ပေါက်ကွဲခဲ့ကာ ကျေးရွာနေ ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/162815/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံး
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံး", "ရန်ကုန်၊မေ ၁၆", "မွန်ပြည်နယ်၊ သထုံမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားပါသည်။", "မေလ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်း က ရွှေရောင်ပြရွာနှင့် မရမ်းကုန်းရွာ ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ မရမ်းကုန်းရွာမှ ဦးဖိုးဒင်၊ နော်နန္ဒာလှိုင်၊ ဒေါ်မစံနှင့် ဒေါ်မိုးကြည်တို့၏ နေအိမ်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "ယင်းနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့် အထိ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၄ လုံး၊ ခမရ-၉ တပ်ရင်းက လက်နက်ကြီး ၃ လုံးနှင့် နံနက် ၁၀ နာရီခန့်တွင် ခမရ-၉ တပ်ရင်း က လက်နက်ကြီး ၄ လုံး၊ ခမရ-၉ လက်အောက်ခံ ဝီယော်စခန်းက လက်နက်ကြီး ၂ လုံး၊ ခမရ-၉ က လက်နက်ကြီး ၄ လုံး ၊ ခမရ-၉ လက်အောက်ခံ ဝီယော်စခန်းက လက်နက်ကြီး ၂ လုံး၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အမတ-၃၁၄ တပ်နှင့် ခလရ-၈ တပ်၊ ဘီးလင်းတိုးဂိတ်စခန်းတို့က လက်နက်ကြီး ၃ လုံး ၊ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၁ လုံး၊ ခလရ-၈ တပ်ရင်းက လက်နက်ကြီး ၁ လုံး၊ ဘီးလင်းတိုးဂိတ်စခန်းက လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မေလ ၈ ရက်နေ့ ည ၉ နာရီ ၄၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်စခန်းက သထုံမြို့နယ် အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မိချောင်းအိုင်ကျေးရွာ အနီး လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲပြီး မိချောင်းအိုင်ရွာမှ ကျွဲ ၁ ကောင်းသေဆုံးခဲ့ကြောင်း သိရသည်"]
https://yktnews.com/2024/08/179544/
သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
["သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၁၉", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "သြဂုတ်လ ၁၇ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၃၅ မိနစ်ခန့်တွင် ဘီးလင်း မြင်သာတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ-၈ တပ်ရင်းရှိ လက်နက်ကြီးကုန်း စခန်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ရာ ဒေါက်ရပ်ကျေးနယ်ရှိ တောင်ကလေးရွာနှင့် ရွှေအင်ဒုံရွာ ထဲကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တောင်ကလေးရွာ နတ်ကြီးချောင်အပိုင်းတွင် နေထိုင်သော အသက် ၂၄ နှစ် အရွယ် နော်မိုးမိုးအေး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် စောကွယ်ဒူး ၊ အသက် ၅၇ နှစ်အရွယ် စောဒုံးပျံ၊ အသက် ၆၀ အရွယ် နော်မနွဲ့ ၊ အသက် ၄၀ နှစ်အရွယ် နော်မငယ် နှင့် ရွှေအင်ဒုံရွှာတွင်နေထိုင်သော အသက် ၆၃ နှစ်အရွယ် ဒေါ်မတုတ် တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယင်းနေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်ကလည်း တောင်ကလေးရွာ မစောတံတား အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်နေချိန် တောင်ကလေးရွာမှ ငါးထပ်ကြီးအပိုင်းတွင် နေထိုင်သော ကိုစောမောင်နိုင် သည် ငါးပိုက် ဖော်ရန် တိုက်ပွဲဖြစ်ပွားသည့် အနီးတွင်ရှိနေစဥ် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော သေနတ်ကျည် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114406/
သထုံမြို့နယ်၊ ကဇိုင်းကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးနေရ
["သထုံမြို့နယ်၊ ကဇိုင်းကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ဒဏ်ရာရပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၂၃", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကဇိုင်းကျေးရွာနှင့်အနီးအနားကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ် ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး ပြည်သူ ၃၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ကြာပန်းအမြောက်တပ် (အမတ ၂၀၆) တပ်ရင်းမှ ပြည်သူလူနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ရာ သထုံမြို့နယ်၊ အစူးအင်းကျေးနယ်၊ ကဇိုင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြိး အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်း ဘယ်ဘက်ခြေသလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့အပြင် ဇူလိုင်လ ၂၁ ရက် ည ၈ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ၇ လုံး ထပ်မံပစ်ခတ်ရာ သထုံမြို့နယ်၊ ကော့လှိုင်းကျေးနယ်၊ ကျုံမိန်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ သည် ဟု ဆိုသည်။", "အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၉ တပ်ရင်းနှင့် (အမတ-၃၁၄)တပ်ရင်း များသည် မကြာခဏ လက်နက်ကြီး ပစ်ခတ်လျက်ရှိပြီး ထိုသို့လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်တွင်းရှိ ရွှေရောင်ပြကျေးရွာ၊ ဇီးဝန်းကျေးရွာ၊ အဝင်းကြီးကျေးရွာ များရှိ အရပ်သား အိမ်ထောင်စုပေါင်း ၅၀၁ စု မှလူဦးရေ ၂၈၉၂ ဦးခန့် ထွက်ပြေးတိမ်းရှောင်နေကြ ရ သည့်အပြင် ခလောက်အင်း၊ မိချောင်းအိုင်၊ မရမ်းကုန်း၊ ဒေါင်းရွာ၊ ပန်းအောင်ကုန်း စသည့် ကျေးရွာများ မှ ပြည်သူအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "ဓာတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူလူထုများ။"]
https://yktnews.com/2023/07/112523/
သထုံမြို့နယ်၊ ခမရ ၁ တပ်ရင်းသို့ အရာရှိကြီးတချို့ လာရောက်ချိန် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် တိုက်ခိုက်မှု အရာရှိ တချို့ ထိခိုက်မှုရှိနိုင်
["သထုံမြို့နယ်၊ ခမရ ၁ တပ်ရင်းသို့ အရာရှိကြီးတချို့ လာရောက်ချိန် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် တိုက်ခိုက်မှု အရာရှိ တချို့ ထိခိုက်မှုရှိနိုင်", "ရန်ကုန်၊ ဇူလိုင် ၁၁", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ ခြေမြန်တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သထုံမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၁ ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "” ခမရ ၁ တပ်ကို လူကြီးလမ်းကြောင်းရှိနေတဲ့ချိန် ဒရုန်းနဲ့ ၄၀ မမ AK ခွင်းဗုံး သွားရောက် ကျဲချ တိုက်ခိုက်ခဲ့ပါတယ်။ အထိအခိုက်ရှိပြီး အတိအကျမသိရသေးဘူး” ဟု သထုံမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့​ပြီး အရာရှိ တချို့ ထိခိုက်မှုရှိနိုင်ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။", "” မောင်းသူမဲ့လေယာဉ်တွေ စတင်တာဝန်ထမ်းဆောင်နေပါပြီ။ မြဝတီမြို့ရှိ ၂၇၅ ထဲကိုမှာ အရာရှိ ၂ ဦး ထိခိုက်မှုရှိတယ်ဆိုတဲ့ သတင်းကြားရပါတယ် ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။"]
https://yktnews.com/2024/01/141232/
သထုံမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ နေအိမ် ၆ လုံးနှင့် စာသင်ကျောင်းဆောင်များလည်း ပျက်စီး
["သထုံမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ နေအိမ် ၆ လုံးနှင့် စာသင်ကျောင်းဆောင်များလည်း ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တက်တူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သထုံမြို့နယ်၊ တက်တူကုန်းရွာကို အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၄ အမြောက်တပ်ရင်း တပ်စခန်းက နံနက် ၁၁ နာရီ ၈ မိနစ်တွင် လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ စောတင်အုန်း၏ နေအိမ်ခေါင်မိုးအပေါ် လက်နက်ကြီး ကျည် ကျရောက်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်တွင် ကျေးရွာနေ ပြည်သူ တီးဖိုးတီ နေအိမ်ရှေ့၌ လက်နက်ကြီး ၁ လုံး ထပ်မံ ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ကျည်စ ထိမှန်ကာ ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်စထိမှန်၍ သေဆုံးသူများမှာ တက်တူးကုန်းရွာမှ ယားနော်မူ (ခ) နော်ယဥ်ယဥ်ဌေး အသက် ၄၉ နှစ် နှင့် နော်စန္ဒာ အသက် ၂၂ နှစ်၊ ကြက်ခြေခတ်ရွာနေ နော်ကော်လာမု အသက် ၃၅ နှစ် နှင့် ဒေါက်ရပ်ရွာမှ စစ်ဘေးရှောင်ပြည်သူ ဒေါ်တောသား အသက် ၄၆ နှစ်တို့ ဖြစ်ကြောင်း သိရသည်။", "ထိခိုက် ဒဏ်ရာရသူများမှာ တက်တူးကုန်းရွာမှ ဒေါ်ခင်သန်း (ပြင်းထန်ဒဏ်ရာ) အသက် ၆၈ နှစ်၊ မဝါဝါသင်း (ပြင်းထန်ဒဏ်ရာ) အသက် ၂၆ နှစ်၊ မောင်ရဲရင့်နောင် (ပြင်းထန်ဒဏ်ရာ) အသက် ၂ နှစ်၊ ကဒီပုရွာမှ စောမျိုးဇော် (ပြင်းထန်ဒဏ်ရာ) အသက် ၄၃ နှစ်၊ ဒေါ်ခင်ဝင်းလှိုင် (မစိုးရိမ်ရဒဏ်ရာ) အသက် ၄၀ နှစ် နှင့် တောင်စွန်းရွာမှ အသက် ၂၂ နှစ်အရွယ် အမည်မသိ ခရီးသွား ၁ ဦး(မစိုးရိမ်ရ) တို့ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် လူနေအိမ် ၆ လုံး၊ တက်တူ ကုန်းရွာမှ အခြေခံ မူလတန်းကျောင်း အဆောက်အဦး ၂ လုံး၊ ရေစဥ် ၁ လုံးနှင့် နတ်စင် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/95101/
သထုံမြို့နယ်၊ တောင်ကလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ
["သထုံမြို့နယ်၊ တောင်ကလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ မတ် ၃၁", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်ကလေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့​ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုထံမှ သိရသည်။", "မတ်လ၂၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းမှ သထုံမြို့နယ်၊ တောင်ကလေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၁ လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ၅ နှစ်အရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇၅ နှစ်ရှိ ဒေါ်မသောင်း၊ အသက် ၄၀ နှစ်ရှိ ဒေါ်နောပျို၊ အသက် ၁၄ နှစ်ရှိ ညီညီဇော်၊ အသက် ၅နှစ်ရှိ ချစ်မိုးအောင်၊ အသက် ၅ နှစ်ရှိ ချစ်မိုးသူနှင့် အသက် ၁၄ နှစ်ရှိ နော်စံပယ်ဖြူတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၈ ရက်၊ ၁၇ ရက်၊ ၁၈ ရက်၊ ၂၄ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် ခမရ-၉ ၊ ခလရ-၈ ၊ ခလရ-၂၄ ၊ အမတ-၄၀၂ ၊ ခမရ-၃၁၄ နှင့် အမတ-၃၁၄ တပ်ရင်းများမှ ကေအဲန်ယူ-သထုံမြို့နယ်အုပ်ချုပ်မှု နယ်မြေအတွင်းရှိ ကျေးရွာများကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း​၊ အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ခရီးသွားလာသော အရပ်သားများ၏ပစ္စည်းများကို အဓမ္မခြိမ်းခြောက်လုယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုထံမှ သိရသည်။"]
https://yktnews.com/2023/07/112326/
သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝ တို့ ထိမှန်ပျက်စီး
["သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝ တို့ ထိမှန်ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၁၀", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝ တို့ ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "ဇူလိုင်လ ၇ ရက်နေ့ ည ၁ဝ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး ထုံးဘိုလေးကျေးရွာကို ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ထိမှန်ကာ ဦးနောင်ဆိုင်း၏ နေအိမ် ၁ လုံး၊ ရွာဘုန်းကြီးကျောင်းမုဒ်ဝနှင့် ရွာလမ်းဘေး ဓာတ်မီးတိုင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင်လက်နက်ကြီး ၄ လုံး နှင့် ညနေ ၆ နာရီ ၂ မိနစ်တွင် လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ညထီးကြိုးကွင်း (ဒေသအခေါ်အဝေါ်) တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဝီယော်ကွင်းတွင်လည်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်ကြောက်ရွံ့နေပြီး မကြာခဏ တိမ်းရှောင်နေကြရကာ လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့် ထုံးဘိုလေးကျေးရွာတွင် ယခင်ကလည်း လက်နက်ကြီး အလုံးရေများစွာ ပစ်ခတ် ခံခဲ့ရသည့်အပြင် အကြမ်းဖက် စစ်တပ်က ရွာထဲဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/142356/
သထုံမြို့နယ်၊ ဓနုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင် ၁ လုံး ပျက်စီး
["သထုံမြို့နယ်၊ ဓနုရွာ ဘုန်းကြီးကျောင်းကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင် ၁ လုံး ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန်တပ်ရင်း တပ်စခန်းက သထုံမြို့နယ်၊ ဓနုကျေးရွာကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ဓနုရွာဘုန်းကြီးကျောင်းဝင်းအတွင်း ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဆောင် ၁ လုံး လက်နက်ကြီးကျည်စ ထိမှန်ကာ ပျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများ အကြမ်းဖက် စစ်တပ်၏ အမတ-၄၀၂ က ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီခန့် တွင် လက်နက် ကြီး ၁ လုံး၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ကြောင်း၊ အလားတူ အမတ-၃၁၄ က နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး၊ အမတ-၄၀၂ နှင့် ခမရ-၂၀၆ မှလည်း ညနေ ၆ နာရီ ၄၄ မိနစ်တွင် လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ပိန္နဲတောတပ်စခန်းကလည်း ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၁၂ နာရီ ၂၅ မိနစ်တွင် လက်နက်ကြီး ၃ လုံး၊ ခမရ-၉ က မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် လက်နက်ကြီး ၃ လုံး၊ အမတ-၃၁၄ နှင့် ခလရ-၈ က ည ၇ နာရီခန့်တွင် လက်နက်ကြီး ၁၆ လုံး၊ အမတ-၄၀၂ က ည ၇ နာရီ ၄၄ မိနစ်တွင် လက်နက်ကြီး ၁၀ လုံးတို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/93781/
သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာတွင်လည်း စစ်တပ် တပ်စွဲထားသောနေရာကို ဝင်ရောက် တိုက်ခိုက်
["သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာတွင်လည်း စစ်တပ် တပ်စွဲထားသောနေရာကို ဝင်ရောက် တိုက်ခိုက်", "ရန်ကုန်၊ မတ် ၂၂", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစု(TPDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယနေ့မတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စကခ ၈ ရှေ့တန်းစခန်းကို KNLA၊ PDF၊ KRF နှင့် TPDF Drone ယူနစ်တို့ ပူးပေါင်းကာ ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်​ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ပိန္နဲတောစခန်းကတော့ ပြန်မပစ်ဖူးဗျ၊ သူ့ဘေးမှာရှိတဲ့ လှုပ်ရှားတပ်ခွဲကတော့ လက်နက်ငယ်တွေနဲ့ ပြန် ပစ်တာရှိတယ်၊ ဒါလဲအချက်ရေနည်းနည်းလောက်ပဲ ပြန်ပစ်တာ၊ ဒရုန်းနဲ့ချတာဆိုတော့ သူတို့ရှိတဲ့နေရာ သိမှာစိုးလို့ထင်တယ်၊ ကျနော်တို့ကလည်း သူတို့ရှိတဲ့နေရာတွေ့ရင် ထပ်ချမှာပါ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး” ဟု သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစု(TPDF) မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့​ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ မုံရွာနတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့နယ် လယ်ဇင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း၂၂ မုံရွာနတ်ဆိုး တပ်ရင်းနှင့် မုံရွာခရိုင် တပ်ရင်း၂၄ Monywa Ranger Group Truth Army တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ မုံရွာနတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/07/111976/
သထုံမြို့နယ်၊ ရွှေရောင်ပြရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး
["သထုံမြို့နယ်၊ ရွှေရောင်ပြရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၈", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပြီး ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲကာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးမှာ အသက် ၅ နှစ်အရွယ် စောစင်မင်းဦး၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေ၊ အသက် ၁၈ နှစ်အရွယ် နော်မိထူး၊ အသက် ၅၇ နှစ်အရွယ် နော်တင်အေး၊ အသက် ၂၅ နှစ်အရွယ် စောကူ၊ အသက် ၉ နှစ်အရွယ် နော်သင်္ကြန်ဖော တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၄ အမြောက်တပ်ရင်းသည် ကေအဲန်ယူ-သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ဇီးဝန်းကျေးရွာအနောက် နီးနား ကဇိုင်း/ထီးဖိုးညလိ့ တွင် တပ်စွဲထားခြငမး ဖြစ်ကြောင်း ကေအဲန်ယူ-ဗဟို ထံမှ သိရသည်။"]
https://yktnews.com/2024/04/156111/
သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျ
["သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျ", "ရန်ကုန်၊ ဧပြီ ၁၀", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက်တွင် ကျောက်ရထား ၁ စီး မိုင်း ထိမှန်ပြီး လမ်းချော်ကျမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ တံတားအမှတ် ၇၉ အနီးတွင် ကျောက်ရထား ၁ စီး မိုင်းထိမှန်ခဲ့ပြီး ရထားတွဲအချို့ လမ်းချော်ကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ လမ်းချော်သွားသော ကျောက်ရထား စက်ခေါင်းကို ပြန်လည် မတင်ရန် အမှတ် ၇ ရန်ကုန် မလွှကုန်း စက်ခေါင်းစက်ရုံ မှ ဝန်ထမ်းများက မလွှကုန်းစက်ရုံမှ T60 ကရိန်း ရထားနှင့် တွဲပြင်အဖွဲ့များ၊ စက်မှုအဖွဲ့များ ယနေ့ နံနက် ၁၀ နာရီခန့် တွင် ရန်ကုန်မှ သထုံကို ထွက်ခွာသွားကြောင်း သိရှိရသည်။", "“ဧပြီလ ၁၀ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ ရထားလမ်းမိုင်တိုင် အမှတ်-၁၂၅/၂ နှင့် ၁၂၅/၃ အကြား တံတားအမှတ် ၇၉ အနီး မိုင်းထိခဲ့၍ ရထားတွဲအချို့ လမ်းချော်ကျမှုဖြစ်ကာ ရပ်တန့်ခဲ့ကြောင်း သတင်းရရှိပါတယ်။ မလွှကုန်းစက်ရုံမှ T60 ကရိန်း ရထားနဲ့အ ခြားတွဲများ တွဲပြင်အဖွဲ့နဲ့ စက်ခေါင်းမတင်ရန် မလွှကုန်း စက်ရုံမှ စက်မှုအဖွဲ့ သားများ အခင်းဖြစ်တဲ့ နေရာသို့ ဒီမနက် ၁၀နာရီတွင် ရန်ကုန်မှ ထွက်ခွာသွားပါတယ်။ သင်္ကြန် နားနီးတော့ အထူးရထားထွက်ဖို့ ရှိပါတယ်။ ရထားလက်မှတ်တွေက သုံးရက်ကြိုရောင်းထားတွေ ရှိတယ်။ မီးရထားက သတင်းဖုံးထားပါတယ်” ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ပြောဆိုသည်။", "ယင်းမိုင်းထိမှန်သော မီးရထား စက်ခေါင်း အမှတ်မှာ DF-1373 ဖြစ်ပြီး T/60 ကရိန်း ရထား စက်ခေါင်းအမှတ်မှာ DF-1361 ဖြစ်ကြောင်း မြန်မာ့မီးရထားနှင့် နီးစပ်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/09/184630/
သထုံမြို့၊ ဂေါ့ရွာကြီးရွာမှ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရဲထောက်လှမ်းရေး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး
["သထုံမြို့၊ ဂေါ့ရွာကြီးရွာမှ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရဲထောက်လှမ်းရေး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "မွန်ပြည်နယ်၊ သထုံမြို့၊ ဂေါ့ရွာကြီးရွာမှ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရဲထောက်လှမ်းရေး လင်မယား ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ပြည်သူ့ဖက်တော်သားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဂေါ့ရွာကြီးရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသည့် ရဲထောက်လှမ်းရေး ကျော်ဟိန်းနှင့် ဒေါ်သင်းသင်းမြတ်တို့ကို ပြည်သူ့ဖက်တော်သားအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "“ပြည်သူလူထုအပေါ် ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့ပါတယ်။ မတရားခြိမ်းခြောက်ငွေညှစ်တာတွေ၊ ရဲနဲ့ စအဖတို့ကို မမှန်သတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးစေခိုင်းတာ စတဲ့ အမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်လို့ ပြည်သူတွေဆီက သိရပါတယ်” ဟု ပြည်သူ့ဖက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ပြည်သူများ၏ တိုင်ကြားချက်ကို သေချာစွာစိစစ်ပြီး ကျူးလွန်ကြောင်း သေချာသည့်အတွက် သတိပေးခဲ့ကြောင်း၊ သတိပေးချက်များကိုအကြိမ်ကြိမ် ဖောက်ဖျက်ပြီး ကျူးလွန်မြဲအတိုင်း ကျူးလွန်နေသောကြောင့် ပြည်သူများ၏ တောင်းဆိုချက်များအရ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင် ဒလန်များနှင့် ပြည်သူအပေါ်စိတ်ဒုက္ခပေးသူများကိုလည်း ပြည်သူများ တောင်းဆိုလာလျှင် သတင်းမှန်မမှန် သေချာ စိစစ်စုံစမ်းပြီး ရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ဖက်တော်သားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]