url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/03/91617/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ပိုက်ဆံ နှင့် စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ပိုက်ဆံ နှင့် စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မတ် ၁၀", "ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို တမာရင်ခွင် လူမှုကူညီရေး အသင်းက ယနေ့ မတ်လ ၁၀ ရက်နေ့တွင် ပိုက်ဆံ နှင့် စားသောက်ကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော စိုင်နိုင်လေးကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀၀၀၀ နှင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥတို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအား ထောက်ပံ့လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် တမာရင်ခွင် လူမှုကယ်ဆယ်ရေး အသင်း၏ page chat box ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2023/04/95379/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂", "ဝက်လက်မြို့နယ်၊ မောက်ကြိုးကျေးရွာနှင့် သားနားကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများကို တမာရင်ခွင်လူမှူ့ ကူညီရေးအသင်းမှ ယနေ့ ဧပြီလ ၂ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်း ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121192/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၅", "ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဟင်းချိုမှုန့်၊ ကြက်ဥ၊ အသားတု၊ အာလူးသီး၊ အကြော်စံနှင့် ခေါက်ဆွဲထုပ်တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။", "စစ်ဘေးရှောင် ပြည်သူများ အခြေခံ လိုအပ်ချက်များစွာရှိနေသောကြောင့် ပြည်သူများ ဝိုင်းဝန်းလှူဒါန်းပေးကြရန် ၀က်လက်မြို့နယ် လူထုတိုက်ပွဲ သပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/115456/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အသုံးအဆောင် ပစ္စည်းများ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အသုံးအဆောင် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၂၉", "ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် စောင်တစ်ထည်၊ ဆပ်ပြာဗူးတစ်ဗူး ၊ ဆပ်ပြာခဲတစ်ခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေခွက်တစ်ခွက် ၊ Biogesic ဆေးကဒ်တစ်ကဒ် ၊ ဆပ်ပြာခြင်း၊ ခေါင်းအုံး ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။", "အဆိုပါ လှူဒါန်းမှုကို လူသားချင်းစာနာ ထောက်ထားရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) နှင့် ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ တို့မှသွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/137361/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အနွေးထည်များနှင့် လေဖြတ်နေသူ ပြည်သူတစ်ဦးကို ဆေးဖိုးစရိတ်ထောက်ပံ့လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အနွေးထည်များနှင့် လေဖြတ်နေသူ ပြည်သူတစ်ဦးကို ဆေးဖိုးစရိတ်ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာနှင့် စမွန်းကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၄၀ ခန့်ကို ယနေ့ ဒီဇင် ဘာလ ၂၅ ရက်နေ့တွင် အနွေးထည်များလှူဒါန်းပေးခဲ့ကြောင်း ရွှေဘိုမြို့ နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ထံမှ သိရသည်။", "ထို့အပြင် လေဖြတ်ပြီး ကျန်းမာရေးမကောင်းဖြစ်နေသူကို လည်း ဆေးဝယ်ယူသောက်သုံးနိုင်ရန် ပါရှိ လာသည့် ငွေသားအနည်းငယ်ကို ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/03/91840/
ဝက်လက်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မတ် ၁၁", "ဝက်လက်မြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများကို တမာရင်ခွင် လူမှုကူညီရေးအသင်းက ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကြက်သွန်နီနှင့် အသားတုများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/92363/
ဝက်လက်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မတ် ၁၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တည်တောကျေးရွာရှိ မီးဘေးသင့် ပြည်သူများကို ယနေ့ မတ်လ ၁၄ ရက်နေ့တွင် တမာရင်ခွင် အသင်းမှ စားသောက်ကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။", "စစ်တပ် မီးရှို့သွားသော တည်တောရွာမှ မီးဘေးသင့် မိသားစု ၇၂ စုအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ အသားတုနှင့် ပလပ်စတစ် ခြင်းတောင်းများ လှူခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/95031/
ဝက်လက်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ မတ် ၃၀", "ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာရှိ မီးဘေးသင့် ပြည်သူများကို ယနေ့ မတ်လ ၃၀ ရက်နေ့တွင် တမာရင်ခွင် လူမှုကူညီရေးအသင်းမှ ဆန်နှင့်ဆီများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။", "ကျန်ရှိနေသည့် မီးဘေးသင့် ကျေးရွာများကို သွားရောက် လှူဒါန်းနိုင်ရေး အလှူရှင်များ၏ အကူအညီများ လိုအပ်လျက်ရှိပြီး လှူဒါန်းလိုသူများ အနေဖြင့် တမာရင်ခွင် လူမှုကူညီရေး အသင်း Facebook Page သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/84281/
ဝက်လက်မြို့နယ်ရှိ ရွာ ၄ ရွာကို စစ်တပ်က တစ် နေ့တည်း မီးရှို့ဖျက်ဆီးပြီး လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်
["ဝက်လက်မြို့နယ်ရှိ ရွာ ၄ ရွာကို စစ်တပ်က တစ် နေ့တည်း မီးရှို့ဖျက်ဆီးပြီး လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်းရှိ ရွာ ၄ ရွာကို အ ကြမ်းဖက်စစ်တပ်က တစ်နေ့တည်း မီးရှို့ဖျက်ဆီးပြီး လူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ဗိုလ်နေမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ဝက်လက်မြို့အခြေစိုက် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံပျူစောထီး တပ်သား အင် အား ၈၅ ဦးကျော်သည် ပြည်သူလူထုနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၁၇ နှစ်အရွယ်ခန့်ရှိ လူငယ်တစ်ဦးကိုလည်း သဖန်းကုန်းရွာထိပ်တွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။", "“မနေ့ ၃၀ ရက်နေ့မှာ စစ်ခွေးတွေက ထွက်လာတယ်၊ ထွက်လာပြီးတော့ အောင်တက်ကုန်းရွာကို မီးရှို့တယ်၊ အောင်တက်ကုန်းရွာပြီးတော့ သဖန်းကုန်းရွာကို ရှို့တယ်၊ သဖန်းကုန်းရွာပြီးတော့ ဖက်သန်းကြီးရွာကို ရှို့တယ်၊ ဖက်သန်းကြီးရွာပြီးတော့ကော်တုံရွာကို ရှို့တယ်၊ အဲဒီတစ်နေ့တည်းနဲ့တင် ရွာ ၄ ရွာကိုရှို့ တာ၊” ဟု ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ဗိုလ်နေမင်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သတင်းရလျှင်ရခြင်း ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ်တားဆီးနိုင်ရန် သွားရောက်ခဲ့သော် လည်း ကော်တုံရွာကို မီးရှို့ပြီးသည့်အချိန် ညနေ ၆ နာရီခန့်တွင်ရောက်ရှိသွားကြောင်း၊ ထိုအချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မီးဝင်ငြှိမ်းပေးခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများမှ ဖက်သန်းကြီးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း၊ ဖက်သန်းကြီးရွာတွင် ညအိပ်တပ်စွဲပြီး သဖန်းကုန်းရွာမှ တဆင့်တခေါင်မင်းရွာဘက်သို့ ဆက်လက်ထွက်ခွာပြီး မီးရှို့နေချိန် ဗိုလ်ကျားကြီးတပ်ဖွဲ့မှ ရဲ ဘော်များက လက် နက် ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့်ရှိသော ဖက်သန်းကြီးရွာနှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော ကော်တုံရွာနှင့် အောင်တက်ကုန်းရွာတို့တွင် တစ်ရွာလုံးနီးပါး မီး လောင်ပျက်စီးခဲ့ကြောင်း၊ ဒေသခံရွာသူ၊ ရွာသူအမြောက် အ များလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။", "“ကော်တုံရွာကလည်း တစ်ရွာလုံးနီးပါပဲ၊ ဆယ့်လေးငါးအိမ်လောက်ပဲ ကျန်တယ်၊ အောက်တက်ကုန်းလဲ အကုန်ကုန်တယ်၊ တိုက်တစ်လုံးပဲကျန်တာ၊ ဖတ်သန်းကြီးလဲ အကုန်ကုန်တယ်၊ သဖန်းကုန်းက အိမ်ခြေ ၂၀ လောက်လောင်သွားတယ်၊ အောင်တက်ကုန်းကလည်း အိမ်ခြေ ၂၀ လောက်ရှိတယ်၊ စစ်ခွေးတွက တမင်သက်သက်ဝင်ပြီး မီးရှို့သွားတာ၊ တိုက်ပွဲလဲ မဖြစ်ပဲနဲ့” ဟု ဗိုလ်ကျားကြီး(Bo Tiger) တပ်ဖွဲ့မှ ဗိုလ်နေမင်း ကပြောကြားသည်။", "ယခုအခါယင်းအကြမ်းဖက်စစ်သားများသည် မကျည်းတုံရွာ၊ တိုက်ကုန်းရွာများမှ တဖန် တခေါင်းမင်းရွာထဲသို့ ပြန်လည်ဝင်ရောက်ကာ မီးရှို့နေကြောင်း၊ ဗိုလ်ကျားကြီး ဟု ဗိုလ်ကျားကြီး (Bo Tiger) တပ်ဖွဲ့အနေဖြင့် ယင်းအကြမ်းဖက်စစ်သားများကို ခုခံတိုက်လိုသော်လည်း လက်နက်ကြီးကျည်ကုန်နေသဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။"]
https://yktnews.com/2023/10/126045/
ဝက်လက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း
["ဝက်လက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲပြီး ရထားသံ လမ်းပြုပြင်နေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာမ၊ ပေါက်ကန် ဘူတာ၊ ညောင်ပင်ကြီးတောရွာ၊ ဇီးဖြူကုန်းကျေးရွာ နှင့် ကန်ရွာမှ စစ်ဘေးရှောင်ပြည်သူများနှင့် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် တိမ်းရှောင်နေကြရသော ပြည်သူ ၁၅၀ ကျော်ကို ဆန်၊ ဆီ၊ ကြက်သွန် ၊ ယမ်ယမ် ခေါက်ဆွဲထုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။", "“အလှူကို လာရောက်ယူဆောင်တဲ့ပြည်သူ ၃၀၀ ကျော်ရှိတယ်၊ မရလိုက်တဲ့ပြည်သူတွေကို နောက်ထပ် လာရောက်လှူဒါန်းပေးပါ့မယ်လို့ ကတိပေး တောင်းပန်ထားခဲ့ရတယ်၊ အခုလှူဒါန်းခဲ့တဲ့ရွာတွေက နေအိမ် ၁၅၀ ကျော်လောက် မီးရှို့ခံခဲ့ရတဲ့ ရွာတွေပါ၊ ပြည်သူ ၁၅ ဦးလည်းခေါင်းဖြတ်သတ်ခံခဲ့ရတဲ့ ရွာ လည်းပါတယ်၊ စစ်ဘေးရှောင်နေရတာ ဆိုရင် ၂ လကျော်လောက်ဖြစ်နေပြီ” ဟု ရွှေဘိုမြို့နယ် လွတ် လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါထောက်ပံ့လှူဒါန်းမှုကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ သွားရောက်ပေးပို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ကောင်းမွန်စွာ လှူဒါန်းမှုပြလုပ်နိုင်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် နန်းတက်မင်းအဖွဲ့မှ လိုက်ပါကူညီစောင့် ရှောက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/136637/
ဝက်လက်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့များကို စောင်နှင့် အနွေးထည်များ ထောက်ပံ့လှူဒါန်း
["ဝက်လက်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့များကို စောင်နှင့် အနွေးထည်များ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့များကို စောင်နှင့်အနွေးထည်များ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ခံ ကိုနေမင်းသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်းရှိ BoTiger ဗိုလ်ကျားကြီးတပ်ဖွဲ့၊ မြင်း ဖြူရှင်ပြောက်ကျား တပ်ဖွဲ့ ၊ ကြောင်လက်သည်းတပ်ဖွဲ့ နှင့် တံတားညီနောင်ပျံလွှားတပ်ဖွဲ့ အစရှိ သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်း မှုများဖြင့် စောင် နှင့် အနွေးထည်များလှုဒါန်းပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/162679/
ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁၇၀ ဦးကျော်ကို ကျန်းမာ ရေးစောင့်ရှောက်မှုပေး
["ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ ၁၇၀ ဦးကျော်ကို ကျန်းမာ ရေးစောင့်ရှောက်မှုပေး", "ရန်ကုန်၊ မေ ၁၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထဲမှလူဦးရေ ၁၇၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ တာဝန်ခံ ကိုနေမင်းခန့်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မွေးနေ့ရှင် မစန်းစန်းလင်းက စစ်ဘေးရှောင် ပြည်သူ များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင် ရန်စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူဖေးမကူ ကွန်ယက်မှ တဆင့် ဆေးဝါးများ ပေးပို့ လှူဒါန်းခဲ့ဖြစ်ပြီး ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ ရေးအဖွဲ့မှ နယ် မြေဆင်းကာ ဆေးကုမှု ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126225/
ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို LPDF တပ်ဖွဲ့များ စုပေါင်းပြီး အိမ်ထောင်စု ၁၆၀ ကို ဆန် ၂ နှုန်း ထောက်ပံ့
["ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို LPDF တပ်ဖွဲ့များ စုပေါင်းပြီး အိမ်ထောင်စု ၁၆၀ ကို ဆန် ၂ နှုန်း ထောက်ပံ့", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို LPDF တပ်ဖွဲ့များ စုပေါင်းကာ အိမ်ထောင်စု ၁၆၀ ကို အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည်နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း နန်းတက်မင်း Local တော် လှန်ရေး အင်အာစု ဝက်လက်မြို့နယ်ထံမှ သိရသည်။", "ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့တွင် နန်းတက်မင်း Local တော်လှန်ရေး အင်အားစု ၊ ကြောင် လက်သည်း Local PDF ၊ Dynamite – 2 Local PDF တို့ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်က စစ် ကြောင်းထိုးကာ မန္တလေး- မြစ်ကြီးနား ရထားသံလမ်းပြုပြင်ဖောက်လုပ်မှုကြောင့် အိုးအိမ်စွန့်ကာ စစ်ဘေးရှောင်နေကြရသော ဝက်လက်မြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာ၊ ညောင်စောက်ကျေး ရွာနှင့် ကန့်ဘဲ့ကျေးရွာတို့မှ အိမ်ထောင်စု ၁၆၀ ကို တစ်မိသားစုလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ကူညီထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/03/154030/
ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး
["ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေး", "ရန်ကုန်၊ မတ် ၃၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်၊ လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၃၀ ရက်နေ့က ဝက်လက်မြို့နယ်၊ စမွန်းရွာ၊ ကျွန်းတောဦးကျေးရွာနှင့် ကျွန်းကြီး ကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေး သူငယ်များကို CDM ကျန်းမာရေး ဆရာ၊ ဆရာမ များက ကျန်းမာရေးစစ်ဆေးကာ ဆေးဝါးကုသမှု ပေးအပ်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ဆေးဝါးကုမှုပေးနိုင်ရန် ဆေးဝါးများလှူဒါန်းပေးပေးသော အလှူရှင်များ၊ CDM ကျန်းမာရေး ဆရာ၊ ဆရာမများနှင့် လုံခြုံရေးလိုက်ပါ ကူညီပေးသော Bo Tiger – ဗိုလ်ကျားကြီး အဖွဲ့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။"]
https://yktnews.com/2023/10/127757/
ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့
["ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင်ပြည်သူများကို အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာ ဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၂၃ ရက် နေ့တွင် ဝက်လက်မြို့နယ်အတွင်းရှိ ထန်းကြီးရွာ၊ ကျောင်းဖြူရွာနှင့် ပဲ့သူကြီးရွာမှ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ကျော်ကို အရေးပေါ်စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ အသားတု၊ ယမ်ယမ်ခေါက်ဆွဲခြောက်များနှင့် ရှုးရှဲလက်ဖက် စသည်တို့ကို ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ ထောက်ပံကူညီဖြင့် သွားရောက်လှူ ဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါသွားရောက်လှူဒါန်းမှုကို ဘေးအန္တရာယ်ကင်းရှင်းစေရန် နန်းတက်မင်းတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့များက လုံခြုံရေးလိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/163167/
ဝက်လက်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေး
["ဝက်လက်မြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေး", "ရန်ကုန်၊မေ ၁၈", "ဝက်လက်မြို့နယ်အတွင်းရှိ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက စစ်ရှောင် ပြည်သူများနှင့် မီးဘေးသင့်ကျေးရွာများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/07/112010/
ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းတစ်ခုတွေ့ရှိရ
["ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းတစ်ခုတွေ့ရှိရ", "ရန်ကုန်၊ ဇူလိုင် ၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရွှေညောင်တော်ရွာနှင့် မင်းရွာကြားတွင် စစ်တပ်က သတ် ဖြတ်ကာ စွန့်ပစ်ထားခဲ့သည့် အမျိုးသားရုပ်အလောင်းတစ်ကို တွေ့ရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အဆိုပါရုပ်အလောင်းကို ဒေသနေပြည်သူများက တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းမှာ ပုပ်ပွနေသဖြင့် နေရာမှတင် သင်္ဂြိုလ်ပေးခဲ့ရကြောင်း၊ ပြီးခဲ့သည့် ရက် ပိုင်းအတွင်းက အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်သွားပြီး ဖမ်းဆီးလာသော ဓားစာခံ ပြည်သူကို သတ်ဖြတ်ကာ စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အလောင်းကတော့ အမျိုးသားရုပ်အလောင်းပါ၊ ကျနော်တို့ အနီးအနားကျေးရွာက လူတော့ မဟုတ်နိုင် ဘူးဗျ၊ စစ်ခွေး စစ်ကြောင်းမှာ ဓားစာခံဖမ်းလာတဲ့ ပြည်သူဖြစ်ဖို့များတယ်၊ ရုပ်က ပုပ်ပွနေတာဆိုတော့ သေချာတောင် ကြည့်လို့မရတော့ဘူး၊ အဲဒါကြောင့် နေရာမှာတင် သင်္ဂြိုလ်ပေးလိုက်ရတယ်၊” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/07/112493/
ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ လှူဒါန်း
["ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၁၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာမှ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာ၊ အဝတ်အ ထည်နှင့် မိုးကားများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇူလိုင်လ ၁၁ ရက်နေ့ တွင် သွားရောက်ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများမှာ မန္တလေးတိုင်း စဉ့်ကူမြို့နယ် ကြက်တူရွေးရွာ၊ ဟင်္သာမရွာ၊ တမာကုန်းရွာ၊ မြစ်ကြမ်းကြီးရွာ စသည့် ရွာ ၅ ရွာပြည်သူများဖြစ်ပြီး လူဦးရေ ၅၀၀ နီးပါးရှိကြောင်း၊ မိဘပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ထောက်ပံ့ကူညီပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ကားတစ်တန်၊ လှေတစ်တန်၊ ဆိုင်ကယ်တစ်ခါ၊ နွားလှည်တစ်လှည့်နဲ့ ခက်ခက်ခဲခဲသွားပြီး လှူဒါန်းခဲ့ရ တာပါ၊ စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်း ထိုးနေတဲ့ကြားထဲကနေ သွားရောက်ခဲ့ရတာ၊ ပြည်သူတွေက တော့ အလှူရှင်တွေမျှော်နေကြတယ်၊ လက်ရှိအခြေအနေက လှူမယ့်သူရှိမှ စားရမယ့်အနေအထား ဖြစ် နေတာ၊ ကျနော်တို့မှာလည်း အလှူရှင်ရှာရခက်နေတယ်၊ သက်ကြီးရွယ်အို အမေကြီးတွေကဆို နောက် တစ်ခါလာလှူရင် ဆေးဝါးလေးတွေပါ လှူပေးကြပါအုံးလို့ အကူအညီတောင်းကြတယ်” ဟု ရွှေဘိုမြို့ နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/04/99703/
ဝက်လက်မြို့နယ်၊ ကျီးကန်တောင်ရွာကို စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရရှိကာ သက်ကြီးရွယ်အို အဘိုးအို နှလုံးရပ်သေဆုံး
["ဝက်လက်မြို့နယ်၊ ကျီးကန်တောင်ရွာကို စစ်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရရှိကာ သက်ကြီးရွယ်အို အဘိုးအို နှလုံးရပ်သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ကျီးကန်တောင်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဒဏ်ရာ ရရှိပြီး သက်ကြီးအမျိုးသားတစ်ဦး နှလုံးရပ် သေ ဆုံးခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "ယနေ့ဧပြီလ ၂၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အနောက်မြောက်တိုင်းစစ် ဌာနချုပ် (နမခ)မှ တက် လာသော Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် အကြောင်း မဲ့ သက်သက် လာရောက်ကာ ကျီးကန်တောင်ရွာ ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် အနီးနားရှိ ရွာတချို့ကို အကြောင်းမဲ့ သက်သက် ဗုံးကျဲ ပစ်ခတ်ခဲ့ရာ အမျိုး သား ၂ ဦး ဗုံးစ ထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး သက်ကြီး အမျိုးသား တစ်ဦး နှလုံး ခုန် ရပ်တန့်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။", "“တိုက်ပွဲက အကြီးကြီးမဟုတ်ဘူး၊ လှတောရဲစခန်းကို ခဏ ဝင်ပစ်တာ၊ ပစ်ပြီး ၁ နာရီလောက်ကြာမှ ရဟတ်ယာဉ် တစ်စီးနဲ့ လှတောရဲစခန်းတောင်ဘက် ကျီးကန် တောင်ရွာ ဘုန်းကြီးကျောင်းကို လာပစ် တာ၊ အဲဒီကျောင်းမှာက ဘုန်းကြီး လည်း ရှိတယ်၊ ဘုန်းကြီးတော့ ထိတယ်မကြားဖူး၊ ဘုန်းကြီးကျောင်း ဓမ္မာရုံကတော့ စုတ်ပြတ်သတ်သွားတာ၊ ကျီးကန်တောင်ရွာက ကောက်ရိုးပုံ လည်း မီးလောင်ပြာကျ သွား တယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လှတောကျေးရွာ၊ ကျီးကန် တောင်ရွာ၊ ကျီးကန်မြောက်ရွာ၊ မဲကုန်းကျေးရွာ၊ ဦးတည်ကုန်းကျေးရွာ၊ ရွာထယ်ကုန်းကျေးရွာ၊ တံတား ဦး ကျေးရွာ၊ ရွာသာကြီး ကျေးရွာ၊ ထုံဘိုကျေးရွာစသည့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေး တိမ်း ရှောင် နေရကြောင်း သိရသည်။"]
https://yktnews.com/2024/06/169795/
ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ခန့်ကို ဆေးဝါးကုသမှုပေး
["ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ခန့်ကို ဆေးဝါးကုသမှုပေး", "ရန်ကုန်၊ ဇွန် ၂၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွှာ မှ စစ်ဘေးရှောင်ပြည်သူ ၁၅၀ ခန့်ကို ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ဆေးဝါးကုမှုပေးခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ ထံမှ သိရသည်။"]
https://yktnews.com/2023/06/109961/
ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ကျေးရွာ ၅ ရွာ​ကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရ
["ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ကျေးရွာ ၅ ရွာ​ကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ ဇွန် ၂၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်ကျော်တွင် အကြမ်းဖက် စစ်တပ်က ငါးပတ်ချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။", "“ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ ပြည်သူတွေတော့ ရွာလုံးကျွတ် ပြေးနေရတယ်။ ဘေးနားက ရွာ ၅ ရွာ ကျောက်က"]
https://yktnews.com/2023/06/106148/
ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသွား၊ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေ
["ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသွား၊ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေ", "ရန်ကုန်၊ ဇွန် ၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁၃ ဦးကို စစ်တပ်က ဖမ်း ဆီးသွားပြီး သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း၊ ညောင်ကန်ကျေးရွာရှိ Urban Guerrilla Force-Mdy ၏ စခန်းကို စစ်တပ်က လာရောက်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း၊ ယင်းသို့ မဖျက်ဆီးခင် ရွာများစွာကို ဖျက်ဆီးပြီး ဇွန်လ ၁ ရက်နေ့တွင် ဆင်နင်းကျေးရွာမှ ဆယ်ကျော်သက်အရွယ် ၁၃ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "“ဆင်နင်းကျေးရွာနဲ့ မင်းရွာကျေးရွာကနေ ထွက်လာတဲ့ စစ်ကြောင်း ၂ ကြောင်း က ပိတောက်ခြုံကျေးရွာကို ဖြတ်လာပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့စခန်းကို မီးရှို့သွားတယ်။ စစ်ကြောင်းမထိုးခင်ရက်က ခွေးတွေဘက်က Drone တွေနဲ့ ညဘက် စခန်းဘေးနိမ့်နိမ့် ပတ်လည်ဝဲပြီး နောက်ရက်စစ်ကြောင်းစထိုးတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ဇွန်လ ၁ ရက်နေ့ ဆင်နင်းရွာထဲသို့ မီးရှို့ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ဆယ်ကျော်သက် မိန်းမငယ်လေး ၁၃ ယောက်ကို ဖမ်းဆီးခေါ်သွားခဲ့ပြီး လက်ရှိအချိန်တွင် မိန်းကလေး ၁၃ ဦး၏ သတင်းမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။", "စစ်တပ်က စစ်ကြောင်းများခွဲထွက်ပြီး အင်းဘဲကြီးကျေးရွာ၊ တောင်ကုန်းကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ညောင်ကန်ကျေးရွာတွင် ယာယီ တပ်ချထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။", "Photo- Agency ။"]
https://yktnews.com/2023/10/126840/
ဝက်လက်မြို့နယ်၊ ထိန်ကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ဝက်လက်မြို့နယ်၊ ထိန်ကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထိန်ကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမျိုးဆက် (PGZ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ မှ ထွက်လာသော အင်အား ၇၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့နယ် အနောက်ခြမ်း ထိန်ကန်ရွာ၌ တပ်စွဲထားစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေ အကျဆုံးတော့များတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ စစ်ဆင်ရေးတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ပြည်သူတွေ အနေနဲ့ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြဖို့ ပြောချင်ပါတယ်” ဟု ဒေါင်းမျိုးဆက် (PGZ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးသတင်း အဖြစ် ဒေါင်းမျိုးဆက် (PGZ) နှင့် ဗိုလ်ချုပ် (ဝက်လက်) မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/105953/
ဝက်လက်မြို့နယ်၊ နဘဲကျေးရွာသား မောင်လှစိုးအောင်ကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာကိုပါ မီးတင်ရှို့ မှု အိမ်ခြေ ၁၀၀ ကျော်ပြာကျ
["ဝက်လက်မြို့နယ်၊ နဘဲကျေးရွာသား မောင်လှစိုးအောင်ကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာကိုပါ မီးတင်ရှို့ မှု အိမ်ခြေ ၁၀၀ ကျော်ပြာကျ", "ရန်ကုန်၊ ဇွန်၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ နဘဲကျေးရွာသား မောင်လှစိုးအောင်ကို စစ်တပ်က ခေါင်းဖြတ်သတ်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်ကာ ကျေးရွာကိုပါ မီးတင်ရှို့လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်တပ်စစ်ကြောင်းက ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၊နဘဲပင်လှကျေးရွာကို ‌ဝင်ရောက်ခဲ့ပြီး ကျေးရွာသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ ကျေးရွာနေ အသက် ၂၂ နှစ်အရွယ် မောင်လှစိုးအောင်ကို ဦးခေါင်းဖြတ်သတ်ကာ အလောင်းကို မီးတင်ရှို့ကြောင်း၊ ထို့နောက် နဘဲကျေးရွာကိုပါ မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။", "ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာတွင် လူသတ် မီးရှို့ခဲ့သည့် စစ်ကြောင်းတွင် အင်အားတစ်ရာကျော်ပါဝင်ပြီး ‌စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ရှိ ပြည်သူအများအပြားကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်သွားကြောင်း၊ ထို့ကြောင်း ဒေသကာကွယ်ရေးတပ်များက အရပ်သားများကို ထိခိုက်မည်စိုးရိမ်၍ စစ်ကြောင်းကို တိုက်ခိုက်ခြင်းမပြုဘဲ လွှတ်ပေးခဲ့ရကြောင်း သိရှိရသည်။", "“စခတွေက ဝက်လက်ကနေ မေလ ၃၁ ရက်ကနေ့ စစ်ကြောင်းစထိုးလာတာ။ ကြိုတင်ပြင်စဉ်ချိန်တွေအများကြီးရတယ်။ မိုင်းကွင်းတွေလည်း ကြိုခင်းထားတယ်ဗျ။ဒါပေမဲ့ဗျာ ခွေးတွေက အရပ်သားတွေဖမ်းလာပြီး လူသားဒိုင်းလုပ်လာလို ကျွန်တော်တို့ ဘာမှမလုပ်ရဘဲနောက်ဆုတ်ခဲ့ရတယ်။ ခွေးတွေက စစ်ကြောင်းရှေ့ကမလာဘဲ ဖမ်းလာတဲ့ ဓါးစာခံတွေကို ရှေ့ကနေ လူသားဒိုင်းလုပ်လာတော့ နောက်ဆုတ်ခဲ့ရတယ်။ အဲဒါကနေ နဘဲပင်လှကျေးရွာကို နံနက်ခင်း ၁၁ ခွဲမှာ ရွာထဲဝင်ပြီးမီးရှို့တယ်။ နောက်ပြီး အသက်၂၂ နှစ်သာရှိသေးတဲ့ မောင်လှစိုးအောင်ကို ခေါင်းဖြတ်သတ်ပြီး မီးရှို့ထားတဲ့အိမ်‌ထဲထည့် အလောင်းဖျောက်မီးရှို့ထားခဲ့ တယ်ဗျ။ အသက်၆၅နှစ်အရွယ်ဦးကျော်ဝင်းကတော့ ကြောက်လန့်ထွက်ပြေးတာကို သေနတ်နဲ့ပစ်လို့ ပေါင်ကျည်ထိမှန်တယ်။ စခတွေရွာကိုမီးရှို့လိုလောင်သွားတာက အိမ်ခြေ အတော်များမီးလောင်ပြာကျသွားတယ်။ကျွန်တော်တို့ ပြည်သူကာကွယ်ရေးစခန်းတစ်ခုလည်း စီနင်းခံရပြီး မီးရှို့ခံလိုက်ရသေးတယ်ဗျ။ဆုံးရှုံးတာကတော့ ထုတ်လုပ်ရေးသုံးပစ္စည်းနဲ့မီးစက်တွေဆုံးရှုံးတယ်”‘ ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့အတူ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၃ ရက်နေ့တွင် ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး ဘုန်းကြီးကျောင်း ၂ ဆောင်နှင့် စာသင်ဆောင် ၁ ဆောင်အပါအဝင် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ဟကော်မတီထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ်၏ မီးရှို့ ဖျက်ဆီးခဲ့သည့် ဘုန်းကြီးကျောင်းဆောင် ၂ ဆောင်သည် ကြားကာလပညာရေးအတွက် ကလေးများကို ပညာသင်ကြားပေးနေသော ကျောင်းများ ဖြစ်ပြီး ဘုန်းကြီးကျောင်းများ၊ စာသင်ဆောင်များ အားလုံး မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးနေမှုကြောင့် ကျေးရွာနေ ပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကာ ကူညီပါဝင် လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ Facebook စာမျက်နှာကို ဆက်သွယ် စုံစမ်း လှူဒါန်းနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128864/
ဝက်လက်မြို့နယ်၊ ပယ်သူကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁ လုံးကျော် ပြာကျ
["ဝက်လက်မြို့နယ်၊ ပယ်သူကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၁ လုံးကျော် ပြာကျ", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ပယ်သူကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင်း နေအိမ် ၁၁ လုံးကျော် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပဒူရွာမှ စတင်ထွက်ခွာခဲ့လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခက်ခကျေးရွာတွင် ညအိပ် တပ်စွဲခဲ့ကြောင်း၊ အောက်တိုဘာ ၂၉ ရက်နေ့တွင် ခက်ခကျေးရွာမှ ထန်းကြီးကျေးရွာကို ဝင်ရောက်ကာ ညအိပ် တပ်စွဲခဲ့ပြီး ပြည်သူပိုင် နွား ၁ ကောင်ကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့၌ ပယ်သူကြီးရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ် ၁၁ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "” ဒီနေ့ ၃၀ ရက်နေ့မှာ ထန်းကြီးရွာကနေ တစ်ဆင့် ပယ်သူကြီးကျေးရွာကို စစ်ခွေး စစ်ကြောင်းက ရောက်ရှိလာပြီး နေအိမ် ၁၁ လုံးကျော်ကို မီးရှို့ ဖျက်ဆီးသွားတယ်။ ခွေးစစ်ကြောင်းက ညောင်ပင်ကြီးတောကျေးရွာကို ဆက်ထွက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/09/121535/
ဝက်လက်မြို့နယ်၊ ပဝင်းတပ်ရွာ၌ တပ်စွဲသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ဝက်လက်မြို့နယ်၊ ပဝင်းတပ်ရွာ၌ တပ်စွဲသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားတိုက်နယ်၊ ပဝင်းတပ်ရွာကို တစ်ညတာ ညအိပ်တပ်စွဲသော အကြမ်းဖက်စစ်ကောင်စီတပ်သားကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၆ နာရီ ၃၅ မိနစ်ခန့်က ဝက်လက်မြို့နယ်အတွင်း ဝင်ရောက် လာသော အကြမ်းဖက်စစ်ကြောင်းသည် ရှိမ်းမကားတိုက်နယ်၊ ပတင်းတပ်ရွာကို တစ်ညတာ ညအိပ် တပ်စွဲစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရ စစ်သားများကို အထမ်း ၂ ၊ ချောဆွဲထားသော စစ်ဘေးရှောင်လှည်း တစ်စီးဖြင့် ပေါက်ကန်ရွာ ဘူတာသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများအနက်မှ ဘူ တာအရောက် ၃ ဦးထက်မံသေဆုံးခဲ့ကြောင်း သိရသည်။", "“ပေါက်ကန်ဘူတာမှာသေတဲ့ ခွေးတွေကို ပေါက်ကန်ဘူတာမှာပဲ မီးရှို့သင်္ဂြိုလ်တယ်၊ ပဝင်းတပ်ရွာမှာ သေတဲ့ ၃ ယောက်ကိုတော့ ရွာထဲကနေအိမ်ထဲမှာ ထည့်ပြီး မီးရှို့သင်္ဂြိုလ်လိုက်တယ်လို့ သိရပါတယ်၊ ဒဏ်ရာရသူတွေကို ထန်းကြီးဘူတာကနေ ရထားနဲ့ စစ်ကိုင်းကို သယ်သွားတယ်လို့ သိရပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုများကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီ ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ မိတ္ထီလာ ပြည်သူ့ ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ ၊ Lightning Drone Forece ၊ Demo Pauk Dwae (ဒီမိုပေါက်ကွဲ) ၊ ဆား တောင်မိုးကြိုးအဖွဲ့နှင့် ရဲဘော် သုံးကျိပ်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121810/
ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာ အနီး ကင်းပုန်းဝပ်နေသာ စစ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၇ ဦးသေဆုံး
["ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာ အနီး ကင်းပုန်းဝပ်နေသာ စစ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၇ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာမြောက်ဘက်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ စက်တင်ဘာလ ၉ ရက် ညနေ ၄ နာရီ ၅၇ မိနစ်ခန့်က အင်အား ၂၀ ခန့်ဖြင့် ပေါက်ကန်ရွာ ဘူတာမြောက်ဘက်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ ဗုံးသီးကျလာသံကြားသဖြင့် ပြေးကပ်ပုန်းခိုရာ ဗုံးသီးကျ သည့် နေရာနှင့် ကွက်တိကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများ လည်းရှိကြောင်း သိရသည်။", "“ခွေးတွေက ဗုံးသီးကျလာတဲ့ လေသံကြားပြီး တောင်ဘက်ကို ပြေးကပ်တာ၊ သူတို့ပြေးကပ်တဲ့ နေရာကို ကွက်တိကျပြီးတော့ ၇ ကောင်သေတယ်၊ ဒဏ်ရာရတာတွေလည်းများတယ်၊ ချပြီးတော့ ဒရုန်းကိုလည်း ချက်ချင်းပြန်ခေါ်လိုက်ရတယ်၊ သူတို့ရထားတွဲပေါ်မှာက ဂျန်ပါအကြီးကြီးပါတော့ မနည်းကြိုးစားချခဲ့ရ တာ၊ ဂျန်ပါရုံးရတော့ ဘက်ထရီဆက်ကြိုးတွေကို ပူသွားတာပါပဲ၊ ပေါက်ကန်ဘူတာမှာ ဂျန်ဘာဖွင့်ထား ပြီးတော့ ရထားသံလမ်းပြင်နေတာ” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ ကျောက် ဆည်ခရိုင် နဂါးနီဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့နှင့် Lightning Drone Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျဲချပြီးနောက် အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "“ကင်းထောက်ဒရုန်း ကိုယ်ပိုင်မရှိတော့ သူများကို ခယပြီးထောက်ခိုင်းရတယ်၊ အခုဗွီဒီယိုထဲမှာဆို အ သက် ရှင်တဲ့သူ နည်းလောက်တယ်၊ အခု ကင်းထောက်ဒရုန်း မှတ်တမ်းရတော့ ကျနော်တို့ ပြည်သူတွေ ကို လိမ်ရာမရောက်တော့ဘူး၊ ခွေးတွေပေါ်ကို တည့်တည့်ကျတာကို ပြည်သူတွေ မြင်စေချင်တာပါ၊ အရင်ပွဲတွေတုန်းကလည်း မြေပြင်သတင်းအတိုင်း ကျနော်တို့ တင်တာပါ၊ ကျနော်တို့အဖွဲ့အတွက် ကင်းထောက်ဒရုန်းတစ်စီး လိုအပ်နေပါတယ်” ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/08/118127/
ဝက်လက်မြို့နယ်၊ ပေါက်ကံရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးဒဏ်ရာရ
["ဝက်လက်မြို့နယ်၊ ပေါက်ကံရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၁၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ပေါက်ကံရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးဒဏ်ရာရှိခဲ့ကြောင်း ပြည်သူ့အစေခံတော်လှန်ရေး -ဝက်လက်မြို့ နယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က တံတားဦးလေဆိပ်မှ တက်လာသော အကြမ်း ဖက်စစ်ကောင်စီ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း၊ နေ အိမ်တစ်လုံးပျက်စီးခဲ့ကာ အိမ် မွေးတိရစ္ဆာန်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ တိုက်လေယာဉ်များက စာသင်ကျောင်းနှင့် ဆေးခန်းကို အဓိက ထားပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ် ကြောင်း သိရသည်။", "“ပေါက်ကံမှာ ဖိုက်တာနဲ့ပစ်တာကတော့ စုစုပေါင်း ၄ယောက်ထိတာ၊ နှစ်ယောက်ကတော့ အပေါ်ယံပဲ ထိခိုက်တာဆိုတော့ ၃ ယောက်ကတော့ ပေါင်တစ်ယောက်၊ ခါးတစ်ယောက်ထိတယ်ဗျ၊ အဲဒီ ၃ ယောက် ကတော့ စိုးရိမ်ရတဲ့အနေအထားပေါ့၊ ၁၁ ရက်နေ့က တလိုင်းမှာရွာမှာ ဖိုက်တာနဲ့ပစ်ခံရတဲ့ပြည်သူတွေ က ပေါက်ကံရွာက ဆေးခန်းမှာ ဆေးကုသတယ်ဆိုတဲ့သတင်းကြောင့် ပစ်တာလို့ ယူဆရတယ်၊ပေါက်ကံ ရွာမက ဆေးခန်းနဲ့စာသင်ကျောင်းကို အဓိကထားပစ်သွားတာ၊ လူနေအိမ်တစ်လုံးတော့ ခေါင်မိုးတွေ ပွင့်ထွက်ကုန်တယ်၊ ရွာထဲပစ်တာက သိပ်မထိခိုက်ဘူး၊ ရွာပြင်မှာ ပစ်သွားတာက ပြည်သူတွေထိခိုက် ဒဏ်ရာရတာ” ဟု ပြည်သူ့အစေခံတော်လှန်ရေး -ဝက်လက်မြို့ နယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စစ်ကောင်စီတပ်က ပေါက်ကံကျေးရွာကို တိုက်လေယာဉ်များဖြင့်လာရောက်ပစ်ခတ်မှုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လာပစ်တာကအ ကြောင်းမဲ့ကို လာပစ်တာ။မြေပြင်မှာလည်း ဘာတိုက်ပွဲမှမရှိဘူးနော်။ သူတို့ပထမလေယာဉ်က ရွာ တောင်ဖျားကို ပစ်တာလို့ ပြောရမယ်။ နောက်တစ်စီးက ရွာပတ်ပတ်လည်ကို ပစ်တာဗျာ။ ထိခိုက်သူကတော့ အမျိုးသား၃ဦးနဲ့အမျိုးသမီးတစ်ဦးရှိတယ်။ တစ်ဦးကတော့ သွေးထွက်ကတော့များတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ပေါက်ကန်ရွာမှ ဒေသပြည်သူများ၏ နေအိမ်များ ပျက်စီးသွားသည့်အပြင် ကျေးရွာ အခြေခံပညာအထက်တန်းစာသင်ကျောင်းလည်း ပျက်စီးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121652/
ဝက်လက်မြို့နယ်၊ ဖိုးဝင်းတပ်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီး
["ဝက်လက်မြို့နယ်၊ ဖိုးဝင်းတပ်ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ဖိုးဝင်းတပ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီး ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ထံမှ သိရသည်။", "စက်တင်ဘာလ ၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ဖိုး၀င်းတပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း၌ အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၆ ကြောင်း ခွဲ၍ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။", "စစ်ဘေးရှောင် ပြည်သူများသည် မိုးတွင်းကာလဖြစ်သည့်အတွက် အမိုးအကာများလည်း အရေးပေါ် လိုအပ်လျက်ရှိပြီး စားနိပ်ရိက္ခာများလည်း ပြတ်တောက်နေကာ ဖျားနာရောဂါများလည်း ခံစားနေရသောကြောင့် ဆေးဝါးနှင့်ဓာတ်ဆားများလည်း လိုအပ်လျက်ရှိပြီး လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ Facebook page ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90274/
ဝက်လက်မြို့နယ်၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာကျေးရွာများကို စစ်တပ်က မီးရှို့မှု အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျ၊ သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် ၁ ဦးကို စစ်တပ်က ပစ်ခတ်သတ် ဖြတ်
["ဝက်လက်မြို့နယ်၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာကျေးရွာများကို စစ်တပ်က မီးရှို့မှု အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျ၊ သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် ၁ ဦးကို စစ်တပ်က ပစ်ခတ်သတ် ဖြတ်", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ၊ မုဆိုးခြုံ၊ ဘိုတဲနှင့်အောင်ချမ်းသာ ကျေးရွာများကို စစ်တပ်က မီးရှို့မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပြာကျသွားပြီး သက်ကြီးရွယ်အို အဘွား ၁ ဦးနှင့် စစ်ဘေးရှောင် အမျိုးသား ၁ ဦး ပစ်သတ်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၂၈ က်နေ့တွင် စစ်တပ်က မုဆိုးခြုံဘူတာကျေးရွာသို့ ဝင်ရောက်လာပြီး မီးရှို့မှုများ လုပ်ဆောင်ကြောင်း၊ ယင်းနောက် ဘိုတဲကျေးရွာကို ဆက်လက် မီးရှို့ခဲ့ကြောင်း ၊ ယင်းနောက် အောင်ချမ်းသာကျေးရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့ကြောင်း၊ ဘိုတဲကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေါ်တင်လှ၊ မုဆိုးခြုံဘူတာကျေးရွာမှ ဦးမြဝင်းတို့မှာ စစ်တပ်က မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုများကြောင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "” မုဆိုးခြုံ ဘူတာရွာကို မီးရှို့သွားတဲ့ စစ်ကြောင်းက အောင်ချမ်းသာရွာကို မတ်လ ၁ ရက်နေ့မှာ မီးတင်ရှို့တယ်။ ရွာလုံးကျွတ်နီးပါး ပြာကျတယ်။ ဘိုတဲက အမေအိုတစ်ဦး ဆုံးတယ်။ မုဆိုးခြုံရွာမအဝင်မှာ ကျေးရွာသား ဦးမြဝင်း", "ခွေးစစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရပါတယ်။ အလောင်းကို ကားလမ်းပေါ်မှာ ထားခဲ့ပြီး ဉီးမြဝင်းရဲ့ဆိုင်ကယ်ကို", "မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မုဆိုးခြုံရွာအနီးက လယ်ကိုင်းရွာမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပါတယ်။ ခွေး ၃ကောင်ကျတယ်လို့လည်း သိရပြီး လယ်ထဲတနေရာမှာ မီးရှို့အလောင်းဖျောက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "လက်ရှိတွင် ဝက်လက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေ ကြောင်း သိရှိရသည်။", "” စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ဝက်လက်နယ်ကို စစ်ခွေးစစ်ကြောင်း ၄ ကြောင်း အလုံးအရင်းနဲ့ ပတ်လည်ဝိုင်းဖိနေတယ်။ အခြေအနေဆိုးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/10/127961/
ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များ၌ အထိုင်ချ တပ်စွဲထား သော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၂ မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်က ဝက်လက်မြို့နယ်၊ ရွာသစ်ကျေးရွာရှိ စာသင် ကျောင်းနှင့် စာသင်ကျောင်းဘေးရှိ နေအိမ်များ၌ မီးရထားသံလမ်းပြုပြင်ရန် လုံခြုံရေးအဖြစ် အစောင့်အဖြစ် ရောက်ရှိတပ်စွဲနေထိုင်သော အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၀ ခန့် ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များမှ ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံး မှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ခွေးသေထိခိုက်မှုတော့ အတိအကျ သတင်းမရသေးပါဘူး၊ ပြည်သူကို တိကျသေချာမှပဲ တင်ပြချင်တာ ပါ၊ပြန်လည်တုန့်ပစ်ခတ်တာမျိုးမရှိဘူး။ အပြင်ကိုလည်း ထွက်လာတာမျိုးမရှိဘူး။ ဒရုန်းနဲ့ ချခဲ့တာဆို တော့ ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။တပ်စွဲထားတာ ထက် ရထားသံလမ်း လုံခြုံရေးအတွက်အစောင့်သဘောမျိုးရောက်ရှိနေတာပါ” ဟု စစ်ကိုင်းခရိုင် တပ် ရင်း ၂ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ ရွှေဘိုခရိုင် တပ်ရင်း ၂ ၊ ပဒူတိုက်နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/203361/
ဝက်လက်မြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၁ ဦး သတ်ဖြတ်၊ နေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီး
["ဝက်လက်မြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၁ ဦး သတ်ဖြတ်၊ နေအိမ် ၁၃၀ ကျော်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦး သတ် ဖြတ် ၍ နေအိမ် ၁၃၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွာသစ်ရွာကို ရှိန်းမကားရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ရှိမ်းမကားခွေးခြံက စစ်ခွေးတွေက လာရှို့သွားတာ ကျနော်တို့ရွာမှာ ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို အကြောင်းမဲ့ လာရှို့သွားတာ နောက်ပြီး ပြည်သူတစ်ဦးကိုလည်း သတ်ဖြတ်ထားခဲ့တယ်” ဟု ရွာသစ်ရွာသား တစ်ဦးက ပြောဆိုသည်။", "ရွာသစ်ရွာသည် အိမ်ခြေ ၁၅၀ နီးပါးခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၃၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း၊ ရွာသစ်ရွာသည် ရှိမ်းမကား အထိုင်စစ်တပ်စခန်းနှင့် ၁ မိုင်နီးပါးခန့်သာ ကွာ‌ဝေးပြီး ရှိမ်းမကားရွာ မြောက်ဘက်တွင် တည်ရှိကြောင်း၊ အဆိုပါကျေးရွာကို စစ်တပ်က အင်အား ၈၀ ခန့်နှင့် စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်တပ်က စစ်တပ်က လက်နက်မရှိတဲ့ရွာကို အလစ်အငိုက်ဝင်ပြီး ရွာကို မီးရှို့တာ အရပ်သား ၁ ဦးကိုသတ်ဖြတ်သွားကြတာပါ။ပြည်သူတွေရဲ့ ဆုံးရှုံးမှုက အိမ်တွေအပြင် ကောက်ပဲသီနှံ နဲ့ဆန်စပါး စားနပ်ရိက္ခာများပါ မီးလောင်ဆုံးရှုံးခဲ့ကြရတာ။ သူတို့က အလစ်အငိုက်ဝင်လာ တော့ ဘာပစ္စည်းမ သယ်နိုင်ခဲကြဘူး။အသက်လုထွက်ပြေးခဲ့ကြရတယ်လို့ ပြောပါတယ်” ဟု ဝက်လက် ဗိုလ်ကျားကြီးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2024/01/138460/
ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး
["ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ် ကောင် စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့ခေါင်း ဆောင် ကိုရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့် ဝက်လက်မြို့နယ်၊ ရွာသာကြီး ပျူရွာစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး လက်လုပ် ၆၀ မမ အချက် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့မှ မီးကျည်အချက် ၂၀ ကျော်အပြင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။", "“လက်နက် ၆၀ မမက အလုံး ၄၀ ကျော်နဲ့ ဒရုန်းနဲ့က ဗုံးသီး ၃ လုံးကျဲချတဲ့တာ၊ သူတို့ဘက်က မီး ကျည် အချက် ၂၀ ကျော်ကောင်တာပြန်ပစ်တယ်၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်တာတော့ တော် တော်များများတယ်၊ အတွင်းလူပြောပြချက်အရ စစ်ခွေး ၆ ကောင်သေတယ်လို့ ၊ ဒဏ်ရာရတဲ့သူ တွေများ တယ်လို့ သိရတယ်၊” ဟု ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့ခေါင်း ဆောင် ကိုရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့၊ တွေ့မရှောင်၊ MRTF ၊ MMU ၊ NDR နှင့် ရွာသာကြီးတိုက်နယ် ပကဖအင်အားစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။"]
https://yktnews.com/2024/11/190720/
ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံး
["ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၄ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ် ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၃ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေး ရွာအတွင်း အထိုင်ချတပ်စွဲထား‌သော အကြမ်းဖက်စစ်သားများက ရွာတော်ဘက်အထွက် လေး လမ်းဆုံနှင့် မီတာ ၂၅၀ အကွာ အဝေးရှိ တံခါးပေါက်အား ပိတ်ရန် လာရောက်စဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တံခါးပိတ်ရန် လာရောက်သည့် စစ်သားများအနက် ၃ ဦးသေဆုံးသွားကြောင်း သိရသည်။", "“အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တာ ၁ နာရီလောက်ကြာခဲ့တယ်၊ ကျနော်တို့က ကင်းပုန်းယူပြီး တံခါး လာပိတ်တဲ့ ၂ ဦးကို အရင်ဆုံးဖြုတ်လိုက်တာ၊ နောက်တိုး ၅ ဦးလည်း ပြေးပြေးလွှာလွှားဖြစ်သွားပြီး တော့ တစ်ဦးထပ်သေတာ၊ သူတို့မှာ ၄၀ မမ၊ ၆၀ မမပါတယ်။ ပြီးတော့ ၃ ထပ်တိုက်ပေါ်ကနေလည်း ငါးကြင်းနဲ့ ကုတ်တယ်။ ကျနော်တို့ဘက်ကလည်း အင်အား ၇၀ လောက်နဲ့သွားတာ။ ငါကြင်းသမား ကို ၂၀ လောက်ဖိပြီးတော့ ကျန်တဲ့သူတွေက နောက်တိုးထပ်လာမယ့်သူတွေကို ထောက်ထားတာ၊” ဟု ကြောင်လက်သည်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွာသာကြီးတိုက်နယ် ကြောင်လက်သည်း ဦးဆောင်သောအဖွဲ့နှင့် မဟာမိတ် အဖွဲ့များဖြစ်သည့် မီးတောက် Local pdf ၊ တွေ့မရှောင် Local အဖွဲတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ၁ ရက်နေ့ မြောက်ခင်ရန်းပျူစောထီးကျေးရွာမှ တောင်ခင်ရန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၄ ယောက်သေဆုံးကာ ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "“တိုက်ပွဲဖြစ်တဲ့နေ့က ၂ ယောက်သေတယ်။ နောက်တစ်နေ့ သူတို့ဆေးရုံမှာ နှစ်ယောက်ထပ်သေတယ်ဗျ။ သေတဲ့သူတွေက မြောက်ခင်ရန်းနဲ့ ကုက္ကားရွာက ပျူစောထီးတွေပါ” ဟု ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/132925/
ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာရဲစခန်းကို တိုက်ခိုက်မှုတွင် ရဲစခန်းမှူး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရမိပြီး ၃ ဦးသေဆုံး၊ လက်နက် ၃၁ လက်နှင့် ခဲယမ်းအမြောက်အမြားရရှိ
["ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာရဲစခန်းကို တိုက်ခိုက်မှုတွင် ရဲစခန်းမှူး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရမိပြီး ၃ ဦးသေဆုံး၊ လက်နက် ၃၁ လက်နှင့် ခဲယမ်းအမြောက်အမြားရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာတွင် ရဲစခန်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရမိပြီး ၃ ဦးသေဆုံးကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင်ပြောဆိုလိုက်သည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းကို အမှတ် ၂ ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ မန္တလေးခရိုင်တွင်းရှိ PDF တပ်ရင်း၊ ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့က တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နိုဝင်ဘာလ ၂၁ ရက် နံနက် ၂ နာရီခန့်အချိန် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဝက် လက်မြို့နယ်၊ ရွှေပန်းကုံးတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်တွင် အောင် မြင် စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ရဲစခန်းမှူးအပါအဝင် ၁၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းစခန်းမှ လက်နက်ငယ် ၃၁ လက်၊ ကျည်မျိုးစုံ ၆၄၀၀ ကျော်၊ လက်ပစ်ဗုံး ၃၂ လုံး၊ မိုင်း ၆ လုံး၊ ကျည်အိမ် ၃၈ ခု၊ ငွေကျပ် ၉၀၀,၀၀၀ သိန်းကျော်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "စခန်းသိမ်းတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ၎င်းရဲစခန်းသို့ တံတားဦးမှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် လည်းကောင်း၊ နမခမှ တက်လာသည့် Mi-35 ၁ စီးဖြင့် လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113076/
ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ ဈေးတန်းနှင့်နေအိမ်များကို စစ်တပ်၊ ရဲ ပူးပေါင်းအဖွဲ့က ညဉ့်နက်သန်း ခေါင် အချိန် ဝင်ရောက်မီးရှို့ဖျက်ဆီး
["ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာ ဈေးတန်းနှင့်နေအိမ်များကို စစ်တပ်၊ ရဲ ပူးပေါင်းအဖွဲ့က ညဉ့်နက်သန်း ခေါင် အချိန် ဝင်ရောက်မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇူလိုင် ၁၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာရှိ ဈေးတန်းနှင့်အနီးပတ်ဝန်းကျင်နေအိမ်များကို အကြမ်းဖက်စစ်တပ်၊ ရဲပူးပေါင်းအဖွဲ့မှ ညဉ့်နက်သန်းခေါင်အချိန် ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လိုက်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force)မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၁၄ ရက် ည သန်းခေါင်အချိန်တွင် ရှိန်းမကားရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲများ က ရှိန်းမကားဈေးတန်းအတွင်းသို့ စက်သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ကာ ဈေးဆိုင်ခန်း၊ နေအိမ် စုစုပေါင်း ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ဈေးနှင့် ရှိန်းမကားရဲစခန်းနီးကပ်စွာ တည်ရှိပြီး မီးရှို့ဖျက်ဆီးပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများမှာ စခန်းအတွင်း ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။", "“မနေ့ညက ည ၁၂ နာရီ ၁၅ လောက်မှာ ရှိန်းမကားဈေးတန်းနဲ့ ဈေးတန်းနားက အုတ်တိုက်တွေရောကို ထုချိုးဖျက်ဆီးပြီးတော့ မီးရှို့သွားတာ၊ သူတို့က အရင်ဆုံးစက်လက်တွေနဲ့ဆွဲပြီးတော့ လာပြီးမီးရှို့သွား တာ၊ ဆိုင် ၂ ဆိုင်လောက်ပဲကျန်တော့တာ၊ အကုန်လုံးပြာကျသွားပြီ၊ ရှိမ်းမကားဈေးဆိုတာ ဈေးအကြီး တော့မဟုတ်ဘူး၊ စုစုပေါင်း ဆိုင် ၂၀ လို့ပြောတယ်၊ ဈေးထဲမှာလည်း အုတ်တိုက်လေးတွေ နှစ်လုံးသုံး လုံးရှိတယ်၊ ဈေးဆိုင်ဘေးနားက လူနေအိမ် အုတ်တိုက် နှစ်လုံးသုံးလုံးပါ တူတွေနဲ့ထုပြီး မီးရှို့သွားတာ” ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force)မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အသစ်ရောက်ရှိလာသော ရှိန်းမကားရဲစခန်းမှူးမှာ မတ္တရာမြို့နယ်၊ ထုံးကြီးဘက်မှ ပြောင်းရွှေ့လာ သူဖြစ်ပြီးရဲစခန်းအတွင်း အကြမ်းဖက်စစ်သား၊ ရဲအင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားကြောင်း၊ ရှိန်းမကား ကျေးရွာသည် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိကာ မော်တော်ဆိပ်ကမ်းပါရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ကြောင်း၊ ရဲစခန်းအတွက် စစ်ကူများကို ရွာသာရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကြောင်းမှ စစ်သားနှင့်ပျူစောထီးများကို ခေါ်ယူကြောင်း သိရှိရသည်။", "“ပြည်သူတွေထိခိုက်တာ၊ ဖမ်းဆီးတာမျိုးတော့ မကြားရသေးဘူး၊ အခုလက်ရှိကတော့ ပြည်သူတွေက သူ့ဈေးဆိုင်ကိုယ့်ဈေးဆိုင်သွားကြည့်နေကြတယ်၊ ရဲစခန်းထဲကခွေးတွေက နေ့လယ်နေ့ခင်းဆိုမထွက်ရဲ ဘူး၊ ညကျမှပဲ လက်နက်အားကိုးနဲ့ ငါးကြင်းမြီးနဲ့ရမ်းပြီးတော့ လာရှို့သွားတာ၊” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force)မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/01/138771/
ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး
["ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းကို ဒရုန်း၊လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံတောင်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၅ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ ခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထား သော ရှိန်းမကားစံပြကျေးရွာရှိ ရဲကင်းစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး၊ လက်လုပ် ၆၀ မမ ၁၅ လုံး အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒရုန်းနဲ့ ကျနော်အဖွဲ့က 4kg တစ်လုံးချတယ်၊ မဟာမိတ်အဖွဲ့က ၃ လုံးချတယ်၊ ပြီးတော့ စနိုက်ပါနဲ့ က ၃ ချက်ပစ်ခဲ့တယ်၊ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တော်တော်များများ ပြန်ပစ်တယ်၊ သေနိုင်တဲ့တစ်ယောက်က သေသွားပါတယ်၊ ကျန်တဲ့ ၂ ဦးဒဏ်ရာအပြင်းအထန်ရတယ် လို့ သိရတယ်၊ သူတို့က ရဲစခန်းကုန်းပေါ်မှာပဲနေတော့၊ ကျနော်တို့တပ်ဖွဲ့တွေက ဘေးပတ်ပတ်လည် တွေက ဝိုင်းပိတ်ထားပြီးပြီ” ဟု ပြည်သူ့အစေခံတောင်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၂ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဦး၊ ရွှေဘိုခရိုင်တပ် ရင်း ၁၇ ၊စိန်ပန်းနီနီ မတ္တရာမြို့နယ် ပကဖ၊ ရှိန်းမကားတိုက်နယ်ပကဖနှင့် ကျေးရွာပကဖများပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသည်။"]
https://yktnews.com/2024/03/148546/
ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း SGU ဂဠုန် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ၁ ရက်နေ့က ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းမှ သဲဘုတ်ကြီးကျေးရွာဘက်သို့ အင်အား ၂၅ ဦးခန့်ဖြင့် ထွက်လာသည့် စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှေ့ဆက်တိုးလာခြင်းမရှိတော့ပဲ ရှိန်းမကားရဲစခန်း အတွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။", "“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်ဗျ၊ လောလောဆယ်တော့ စုံစမ်းနေတုန်း၊ တိုက် ပွဲဖြစ်ပြီးတော့အထိုင်ရဲစခန်းဘက်ကို ပြန်ဆုတ်သွားတာ၊ အင်အားကလည်း သိပ်မများဘူး၊ ခန့်မှန်း ၂၅ ယောက်လောက်ပဲ ရှိမှာ၊ အထိုင်ကနေ ထွက်ပြီး စစ်ကြောင်းထိုးတာ” ဟု SGU ဂဠုန် ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ခံ ဗိုလ်နေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို SGU ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ကျားကြီးတပ်ဖွဲ့နှင့် အခြား မဟမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/106534/
ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၇", "စစ်ကိုင်းကိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း လျှပ်စီးပြောက် ကျားတပ်ဖွဲ့- ဝက်လက်မြို့နယ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၄ ရက် မွန်းလွဲ ၁၁ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲ ထားသော ရှိမ်းမကား ရဲစခန်းကို စနိုက်ပါဖြင့် ချောင်းမြောင်းပြီး အပိုင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံး ပြီး ဇွန်လ ၅ ရက်န့တွင် ရွာသင်္ချိုင်း၌ သင်္ဂြိုလ်လိုက်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားရဲများမှ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ရဲစခန်းမှာ စစ်ခွေးရော၊ ရဲခွေးရောရှိတယ်၊ အင်အားက ၃၀ လောက်ဗျ၊ အပိုင်တွယ်ပြီး ပြန်ဆုတ်လာခဲ့ တာ၊ သေသွားတဲ့ စစ်ခွေးကတော့ ဘယ်အဆင့်လဲ မသိရဘူး၊ နောက်ရက်ကျတော့ ရွာသင်္ချိုင်းမှာ သင်္ဂြိုလ် လိုက်တယ်လို့ သိရတယ်၊” ဟု လျှပ်စီးပြောက် ကျားတပ်ဖွဲ့- ဝက်လက်မြို့နယ်တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီး ပြောက်ကျားတပ်ဖွဲ(ဝက်လက်)၊ People’s Servant revolution (Wetlet) Black Wolf PDF တိုမှ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129819/
ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲရွာတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၇ ဦး ဒဏ်ရာရ
["ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲရွာတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၇ ဦး ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲရွာ၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်ကောင်စီတပ် သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးဒဏ်ရာရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ဝက်လက်မြို့နယ်၊ ဝက်လည်ရွဲရွာ၌ ကင်း ပုန်းဝပ်ကာ ရထားသံလမ်းပြုပြင်မှုကို လုံခြုံရေးစောင့်ပေးနေသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး၊ ရော့ကတ်ဖြင့် ၈ လုံး ၅ ရက်ကြာ ပြောက်ကျား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးဒဏ်ရာရရှိခဲ့ပြီး Mi 35 ရဟတ်ယာဉ်ဖြင့် ရိက္ခာပို့လာကာ သယ်ဆောင်သွားကြောင်း သိရသည်။", "“ရထားသံလမ်းပြင်ရင်း ကာကင်းအနေနဲ့ ရွာကို ဝင်ပြီး တပ်စွဲတာ၊ လက်နက်မပြည့်စုံတော့ ရှိတာနဲ့ တိုက်ထုတ်ခဲ့တာပါ၊ မနေ့က တပ်ပြန်ဆုတ်သွားပြီ၊ ဒဏ်ရာရတဲ့သူတွေကို Mi 35 နဲ့ရိက္ခာပို့ရင်း တခါး တည်းတင်သွားတယ်၊ ကျနော်တို့ဘက်က ဒရုန်းတွေနဲ့ချ၊ ရော့ကတ်တွေနဲ့ ပစ်တော့ ငါးကြင်းမြီးနဲ့ ပြန် ပစ်တာရှိတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့၊ ဗိုလ်ပျံလွှား အဖွဲ့၊ နယ်စည်းမခြားအဖွဲ့နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။"]
https://yktnews.com/2023/11/130102/
ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ရွာအနီး ခေါင်းဖြတ်၍ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂ လောင်းတွေ့ရှိ
["ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ရွာအနီး ခေါင်းဖြတ်၍ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂ လောင်းတွေ့ရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာ အနီး၌ ခေါင်းဖြတ်၍ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂ လောင်း တွေ့ရှိခဲ့ကြောင်း Phoenix Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့နိုဝင်ဘာလ ၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ဝက်လူအိုင်ကျေးရွာ အဝင်လမ်း အနီးရှိ ပြောင်းခင်းအတွင်း၌ အားကစား ဘောင်းဘီအတို ဝတ်ဆင်ထားသော ခေါင်းဖြတ်၍ သတ်ဖြတ်ထားသော အမျိုးသား ရုပ်အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူများသည် မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိရသေးဘဲ စုံစမ်းနေ​ပြီး သတ်ဖြတ်ခံထားရသည်မှာ ရက်အတော်အတန်ကြာပြီဖြစ်ကာ အနီးအနား ဝန်းကျင်ကျေးရွာ တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။", "“အားကစား‌ဘောင်းဘီအတိုနဲ့ ဆိုတော့ စစ်ခွေးတွေလဲ ဖြစ်နိုင်သလို အနီးအနားကျေးရွာက ဖမ်းဆီးခံ ပြည် သူတွေလည်းဖြစ်နိုင်တယ်။ စစ်ကြောင်းကလည်း ပြွန်ကြီးရွာမှာ အခြေပြုတပ်စွဲထားတုန်း သေဆုံးမှု ပုံစံကတော့ ရက်အတော်ကြာပြီ၊ အမျိုးသားဆိုတာကတော့ သေချာတယ်ဗျ၊ ဆံပင်တွေ့ရှိချက်အရပေါ့၊ အနီးအနားကျေးရွာက တာဝန်ရှိသူတွေကို ပြည်သူတွေ စိစစ်ဖို့၊ လူဘယ်နှစ်ယောက်အဖမ်းခံရတယ်၊ ပြန်လွှတ်ပေးတယ်ဆိုတာ သိရဖို့ အကူအညီတောင်းခံထားတယ်” ဟု Phoenix Defence Force တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/07/112743/
ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
["ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇူလိုင် ၁၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ကော်မတီထံမှ သိရသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သုံးဆင့်ကန်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် သုံးဆင့်ကန်ကျေးရွာမှ ပြည်သူများသည် အရေးပေါ် စားနိပ်ရိက္ခာနှင့် အမိုးအကားများ လိုအပ်လျက်ရှိ​​​​​ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သုံးဆင့်ကန်ကျေးရွာမှ ပေါက်ကန်ရွာနှင့် ဘူတာဘက်ကို ရောက်ရှိနေ​ကာ ဒေသပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2024/12/195392/
ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
["ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဟန်လင်းပျူမြို့ဟောင်း စစ်ခွေး စခန်းမှာက အင်အား ၅၀ လောက်ရှိတယ်။ ဒီနေ့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ဦး လောက် သေဆုံးမှုရှိတယ်။ ကျွန်တော်တို့ ဒရုန်းသမားတွေ သွေးအေးမနေပါဘူး”ဟု ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114331/
ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေ ဘိုခရိုင်တပ်ရင်း ၁၅ (Eagles Guerilla Force) မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "ယနေ့ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ဟန်လင်းမြို့ဟောင်း၌ တပ်စွဲပြီး အနီးအနားကျေးရွာများကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးလှုပ်ရှားကာ ပြည် သူများကို ဖမ်းဆီးခြင်း၊ နေအိမ် များဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများခိုးယူခြင်းတို့လုပ်ဆောင်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး၊ ရော့ကတ်ဒုံးဖြင့် ကျည် ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“၂ ကောင်သေတယ်၊ ၇ ကောင်ဒဏ်ရာရတယ်၊ ဒရုန်းနဲ့က ဗုံးသီး ၅ လုံး၊ ရော့ကတ်နဲ့က ၈ လုံးတိုက်ခိုက် ခဲ့တာ၊ ခွေးတွေက ၆၀ မမ ၃ လုံး၊ စက်ကလေး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာတွေတော့ရှိတယ်၊ ကျည် ထောက်ပို့လာထားတာက မကြသေးတော့ ခွေးတွေက ကျည်သောင်းဂဏန်းကျော်လောက်ရှိ တယ်၊ ကျည်ထောက်ပို့လုပ်ပြီးတော့ ခွေးတွေလဲ အပြောင်းအလဲလုပ်သွားတယ်လို့ သိရတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagles Guerilla Force) မှ ဗိုလ်ကောက်ရိုးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့)၊ ကျောက် ဆည် ခရိုင် နဂါးနီတပ်ရင်း တပ်ရင်း ၁ ၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့(လေသူရဲဒရုန်းတပ်ဖွဲ့) တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/140581/
ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
["ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီသားများကို တော်လှန်ရေးတပ်ဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင်လည်း လက်နက်ကြီများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "” စစ်ခွေး ၂ ကောင်သေပြီး ၃ ကောင် ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဟံလင်းတိုက်နယ် ပကဖနှင့် ရပ်ကျေး ပကဖများ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း Magway PDF က ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် အထက်မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းကို Magway PDF နှင့် Upper Minhla PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၀င် ၂ ဦး သေဆုံးခဲ့ပြီး ရဲမိသားစု၀င် ၁ ဦးအပါအ၀င် စုစုပေါင်း ၅ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် မင်းလှမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အားအလုံးအရင်းဖြင့် ရှမ်းတပ်ရဲစခန်း ပတ်၀န်းကျင်ကို စစ်ကြောင်းထိုးပြီး ပြည်သူများကို ရမ်းကား သောင်းကျန်းလျက်ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသော ကျေးရွာများနှင့် နီးစပ်ရာဒေသရှိ ပြည်သူများအနေဖြင့် သတိပြု သွားလာ နေထိုင်ကြရန် Magway PDF က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/90411/
ဝက်လက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျ
["ဝက်လက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျ", "ရန်ကုန်၊ မတ် ၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်တပ်က မတ်လ ၁ ရက်နေ့ နံနက်ပိုင်း မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၈ က်နေ့တွင် စစ်တပ်က ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာကျေးရွာသို့ ဝင်ရောက်လာပြီး မီးရှို့မှုများ လုပ်ဆောင်ကြောင်း၊ ယင်းနောက် မတ်လ ၁ ရက်နေ့တွင် ဘိုတဲကျေးရွာကို ဆက်လက် မီးရှို့ခဲ့ကြောင်း ၊အလားတူ မတ်လ ၁ ရက်နေ့တွင်ပင် အောင်ချမ်းသာကျေးရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့ကြောင်း၊ ဘိုတဲကျေးရွာမှ အသက် ၇၀ ကျော်အရွယ် ဒေါ်တင်လှ၊ မုဆိုးခြုံဘူတာကျေးရွာမှ ဦးမြဝင်းတို့မှာ စစ်တပ်က မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုများကြောင်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "“မုဆိုးခြုံက အိမ်ခြေ ၅၀ နီးပါး။ ဘိုတဲက အိမ်ခြေ ၁၀ လုံးနီးပါး။ အောင်ချမ်းသာကျေးရွာက အိမ်ခြေ ၂၀၀ လောက် ပြာကျသွားပါတယ်။ စုစုပေါင်း အိမ်ခြေ ၃၀၀ နီးပါး ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၃ ရက်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ဝက်လက်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေ ကြောင်း သိရှိရသည်။", "” စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ဝက်လက်နယ်ကို စစ်ခွေးစစ်ကြောင်း ၄ ကြောင်း အလုံးအရင်းနဲ့ ပတ်လည်ဝိုင်းဖိနေတယ်။ အခြေအနေဆိုးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/08/117947/
ဝက်လက်မြို့နယ်၊ပယ်သူကြီးရွာတွင် စစ်တပ်က စိတ်ဝေဒနာသည် မောင်ဇင်ကို နှင့် PDF ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်၊ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို တစ်ဦး နှလုံးရပ်သေဆုံး
["ဝက်လက်မြို့နယ်၊ပယ်သူကြီးရွာတွင် စစ်တပ်က စိတ်ဝေဒနာသည် မောင်ဇင်ကို နှင့် PDF ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်၊ အသက် ၇၀ အရွယ် သက်ကြီးရွယ်အို တစ်ဦး နှလုံးရပ်သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပယ်သူကြီးကျေးရွာတွင် စစ်တပ်က စိတ်ဝေဒနာသည် မောင်ဇင်ကိုနှင့် PDF ရဲဘော် ၂ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲနှင့် ဒေသပြည်သူများက ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၁ ရက်နေ့ မွန်းတည့်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ်၊ ပယ်သူကြီးကျေးရွာသို့ ပစ်ခတ် ဝင်ရောက်လာခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်၊တလိုင်းရွာကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ပယ်သူကြီးကျေးရွာမှ ထွက်မပြေးနိုင်သည့် စိတ်ဝေဒနာသည် မောင်ဇင်ကိုနှင့် ရွာအတွင်း ကယ်ဆယ်ရေး လုပ်နေသော PDF ရဲဘော် ၂ ဦးကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "“ဒီနေ့ စစ်တပ်က ရွာထဲကနေ ထွက်သွားလို့ နယ်မြေရှင်းလင်းရေး လုပ်တဲ့ အခါမှာ စစ်တပ်က သတ်သွားတဲ့ ပြည်သူတစ်ဦး အလောင်း တွေတယ်။နောက်ပြီး တော့ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ လန့်ပြီး နှလုံးရပ်သေဆုံးတဲ့ အလောင်း တစ်လောင်းတွေ့တယ်။ ပယ်သူကြီးရွာအတွင်းမှာ အလောင်း ၂ လောင်း‌ တွေ့တာပေါ့။ စစ်တပ်က ပစ်သတ်လိုက်တဲ့ ကလေးက စိတ်ဝေဒနာ ရှင် မသန်စွမ်း ကလေးပါဗျာ။နာမည်က မောင်ဇင်ကိုပါ။ နှလုံးရပ်သေဆုံး တာကအသက် ၇၀ ပါ။ နောက်တစ်ခါ ထန်းကြီးရွာတောင်ဘက်မှာ PDF ရဲဘော်လေး ၂ ဦးကို စစ်တပ်က သတ်ထားခဲ့တယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း၁၈ တပ်ရင်းမှူး ဗိုလ်စွန်ရဲက ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်း စစ်တပ်က ပယ်သူကြီးရွာမှ စစ်ဘေးရှောင်လှည်း၂စီးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ ၇ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97476/
ဝက်လက်မြို့ပေါ် ဂျုံ သွားရောင်းသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်
["ဝက်လက်မြို့ပေါ် ဂျုံ သွားရောင်းသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ ဧပြီ ၁၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ် ဂျုံ သွားရောင်းသည့် လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့တွင် ဝက်လက်မြို့နယ် အောင်ချမ်းသာရွာသား ကိုကျော်ခိုင်နှင့် ဘင်တဲရွာသား ကိုဘိုင်ဘိုင် တို့သည် ဝက်လက်မြို့ပေါ်သို့ ဂျုံ သွားရောင်းစဥ် အကြမ်းဖက် စစ်တပ် အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ လူငယ် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့ပေါ်ရှိ ပွင့်လင်းပွဲရုံ အနီးတွင် ဆိုင်ကယ် ၂ ဦးစီးသည်ဆိုကာ အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး မီးသတ်ရုံ အနီးတွင် သတ်ဖြတ်ထားသည့် ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုများထံ ပြန်လည် ပေးအပ်ခြင်းမရှိကြောင်း သိရသည်။", "” ၁၁ ရက်နေ့က အောင်ချမ်းသာ နဲ့ ဘင်တဲရွာက လူငယ် ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တာ အဲ လူငယ်လေးတွေက ကိုရင်ဝတ်ထားတာ ၂ ပတ်လောက်ပဲရှိသေးတယ်လို့ သိရတယ်။ ရွာကနေ ဝက်လက်မြို့ပေါ်ကို ဂျုံပေါ်တဲ့ကာလဆိုတော့ ဂျုံ သွားရောင်းရင်း အသတ်ခံရတာ ဆိုင်ကယ် ၂ ယောက် စီးလို့ဆိုပြီး ဖမ်းပြီး သတ်ဖြတ်ပြီးမှ စစ်ခွေးတွေက PDF ဆိုပြီး သတင်းလွှင့်တာ အဲလူငယ် လေး ၂ ဦးက ဘောင်းဘီနဲ့ သွားတာ မဟုတ်ဘူး။ ပုဆိုးနဲ့သွားတာ စစ်ခွေးတွေ ဓာတ်ပုံရိုက်ပြီး သတင်းလွှင့်တော့ ဘောင်းဘီတွေ ဖြစ်နေတယ်။ စစ်ခွေးတွေက မိသားစုတွေကို အလောင်း ပြန်မပေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/01/83228/
ဝက်လက်မြို့ပေါ် တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးကာ ၂ ဦးဖမ်းဆီးခံရ၊ မုံရွာတွင် စစ်သားများကို ဗုံးပစ်တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ဝက်လက်မြို့ပေါ် တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးကာ ၂ ဦးဖမ်းဆီးခံရ၊ မုံရွာတွင် စစ်သားများကို ဗုံးပစ်တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်တွင် ၇ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးကာ ၂ ဦးဖမ်းဆီးခံရကြောင်း People’s Army to Fight Dictatorship –PADF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဌာနဆိုင်ရုံးများနှင့် အကြမ်းဖက်စစ်သား များ တပ်စွဲထားရာရုံးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ပြီး ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံရုံးများနှင့် အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးလှုပ်ရှားနေသော အကြမ်းဖက် တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဝက်လက်မြို့နယ်၊ ဆည်မြောင်း နှင့်ရေအရင်းအမြစ်အသုံးချမှုစီမံခန့်ခွဲရေးဌာနရုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်တော့ကွန်ပျူတာနှစ်လုံးကို သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။", "“မြို့ပေါ်မှာ ရှိတဲ့ဌာနဆိုင်ရာရုံးအားလုံးကို ဝင်စီးခဲ့တာ၊ လက်နက်ကိုင်တွေနဲ့ တအားနီးတဲ့ ရုံးတွေကိုတော့ မစီးနိုင် ခဲ့ဖူး၊ မြို့ပေါ်ကို ကျနော်တို့တပ်ဖွဲ့က စီးထားတဲ့အခါကျတော့ စစ်သားတွေက မြို့ပေါ်ကို မထိုင်နိုင်ပဲနဲ့ရွာစဉ်တန်း တွေကို စစ်ကြောင်းထိုးမီးရှို့တယ်၊ ကျနော်တို့ရဲဘော်တွေကျတာကတော့ မူးကြီးကို မီးရှို့နေတဲ့အချိန်မှာ တပ်စိပ် တစ်စိပ်က အဲဘက်ကိုသွားတဲ့အချိန် ကင်းပုန်းနဲ့တွေ့ပြီး အပြန်အလှန်ပစ်ခတ်ရာမှာ ကျတာ၊ သူတို့(စစ်ခွေး)တွေ ဘက်ကလည်း တစ်ဦးသေတယ်”ဟု People’s Army to Fight Dictatorship –PADF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့်ဖြင့် မြို့ပေါ်တက်လိုက်၊ ကျေးရွာများကို စစ် ကြောင်း ထိုးမီးရှို့လိုက်လုပ်ဆောင်နေကြောင်း၊ တစ်ပတ်အတွင်း တိုက်ခိုက်မှုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ ၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၂ ဦးဖမ်းဆီးခံရကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဝက်လက်မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို PAFD နှင့် PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ် ၁ ၊ ပျံလွှားအဖွဲ့၊ တပ်စိပ် ၂ ခွပ်ဒေါင်း အဖွဲ့၊ တပ်စိပ် ၃ ဇာမဏီတပ်ဖွဲ့၊ တပ်စိတ် ၄ ငရဲမီးတပ်ဖွဲ့နှင့် PAFD တပ်ခွဲ DKPF –MMU ၊ Eagle Guerilla Force စသည့်မဟာမိတ် အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းလိုအပ်ချက်ရှိနေသဖြင့် မိဘ ပြည်သူများအနေဖြင့် ကူညီပေးကြပါရန် PAFD အဖွဲ့က မေတ္တာရပ်ခံထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အက်တောပြည်တော်သာရပ်ကွက် စာသင်ကျောင်းရှိ အကြမ်းဖက် စစ်သားများကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Fight For People (FFP) ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က အက်တောပြည်တော်သာရပ်ကွက်ရှိ စာသင် ကျောင်းသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား (၂)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။", "အလားတူ နေ့လည် ၁၁ နာရီခန့်တွင်လည်းမုံရွာမြို့၊ သာစည်လမ်း၊ စိန်တောင်ဆီဆိုင်နားသို့ ရောက်ရှိနေ သော အကြ်မဖးက်စစ်သားများကို လက်ပစ်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်အကျအဆုံးမသိရ သေးဟု ဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂ (Chindwin Attack Force) ၊ တပ်ခွဲ ၄ (Fight For People-FFP) ၊ ဗိုလ်ပေါက်ကြား မုံရွာပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ဗျတ်ဝိတို့ ပူးပေါင်းကာတ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128297/
ဝက်လက်မြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ဝက်လက်မြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီး‌‌ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများက မြို့တောင်ဘက်ကို ဆိုင်ကယ်ဖြင့် ထွက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦးမိုင်းမိကာ သေဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။", "” ပျူခွေး ၁ ကောင်ကတော့ မိုင်းဆွဲတဲ့ နေရာမှာပဲ ပွဲချင်းပြီးသေပါတယ်။ အခု သတင်းထပ်ရတယ်။ ဒဏ်ရာရသွားတဲ့ ပျူခွေး ၁ ကောင်လည်း ဆေးကုသနေရင် သေပြီလို့သိရတယ်။ အားလုံးပေါင်း သေတာ ၂ ကောင်ပါ” ဟုလျှပ်စီး‌‌ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ယင်း မိုင်းဆွဲ တိုက်ခိုက်ခံရသော နေရာကို ဝက်လက်မြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက စစ်ကား ၂ စီး ဖြင့် လာရောက်ပြီး ပျူစောထီး အလောင်းနှင့် ဒဏ်ရာရသူများကို ကားဖြင့် သယ်ယူသွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ အစေခံတော်လှန်ရေးတပ်ဖွဲ့၊ နတ်တောင်နဂါးနှင့် လျှပ်စီး‌‌ ပြောက်ကျားအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/82997/
ဝက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်သား ၁၂ ဦးထက် မနည်းသေဆုံး၊ စစ်ကောင်စီ၏ ဌာနဆိုင်ရုံးများကို ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိ
["ဝက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်သား ၁၂ ဦးထက် မနည်းသေဆုံး၊ စစ်ကောင်စီ၏ ဌာနဆိုင်ရုံးများကို ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိ", "ရန်ကုန်၊ ဇန်နဝါရီလ ၂၅", "စစ်ကိုင်းတို်ငး၊ ဝက်လက်မြို့ပေါ်ရှိ ဌာဆိုင်ရာရုံးများ၊ အကြမ်းဖက်စစ်သား၊ ရဲ များ တပ်စွဲထားသည့် နေရာများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဝင် ရောက် တိုက်ခိုက်နေရာ စစ်သား ၁၂ ဦးထက် မနည်း သေဆုံးထားကြောင်း People’s Army to Fight Dictatorship –PADF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်ပြီး ယနေ့အချိန်အထိ PADF တပ်ခွဲမှူး ဗိုလ် လှိုင် ဘွားဦးဆောင် သော မဟာမိတ် တပ်ပေါင်းစုများက ဝက်လက်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက် လျက်ရှိရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး၊ ရဲ ၁၂ ဦးထက် မနည်း သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ လည်း ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။", "“ဇန်နဝါရီ ၂၀ ရက်နေ့ ကနေစပြီး တိုက်လိုက်တဲ့အချိန်မှာ ဆက်လက် တိုက် ခိုက်နေဆဲပဲရှိပါ သေးတယ်၊ အဲဒီပတ်ဝန်းကျင် မှ နေရာ ယူထားဆဲရှိ ပါသေး တယ်၊ အတိုင်း အတာတစ်ခုထိအောင် တော့ သိမ်းထားနိုင်တယ်၊ ဌာနဆိုင်ရာ တွေလည်း တော် တော်များ များ သိမ်းထားတယ်၊ အဲအထဲမှာ အချက် အလက် ပစ္စည်းတွေလည်း ရထားတဲ့ ဟာတွေလည်း ရှိပါတယ်၊ အခု ချိန်မှာ တိုက်ပွဲက မပြီး သေးဘူး ဆို တော့ အသေး စိတ် ထုတ်ပြန် ဖို့တော့ အခုချိန်မှာ မရှိသေး ပါဘူး၊ ဆောင်ရွက် နေတယ် ဆိုတဲ့ အကြမ်းဖျဉ်း လောက်ကို ပြည်သူများကို အသိပေးခြင်း ဖြစ်ပါ တယ်” ဟု PAFD အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို PAFD နှင့် PAFD တပ်ခွဲမှူး ဗိုလ်လှိုင်ဘွား၊ တပ်စိပ် ၁ ၊ ပျံလွှားအဖွဲ့၊ တပ်စိပ် ၂ ခွပ်ဒေါင်း အဖွဲ့၊ တပ်စိပ် ၃ ဇာမဏီတပ်ဖွဲ့၊ တပ်စိတ် ၄ ငရဲမီးတပ်ဖွဲ့နှင့် PAFD တပ်ခွဲ DKPF –MMU စသည့်မဟာမိတ် အဖွဲ့များ ပူး ပေါင်း ကာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်စဉ် အသေး စိတ်ကို ဆက် လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ လက်နက်ခဲယမ်း လိုအပ် ချက် ရှိနေ ပါသဖြင့် ပြည်သူများအနေဖြင့် ကူညီပေးကြပါရန် မေတ္တာ ရပ်ခံလို ကြောင်း PAFD အဖွဲ့က အသိပေး ပြော ဆိုသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်သားများ၏ ပုံရိပ်။"]
https://yktnews.com/2023/12/136718/
ဝက်လက်မြို့ပေါ်နှင့် ဟံလင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ် လွင်မိုးအောင် သေဆုံး
["ဝက်လက်မြို့ပေါ်နှင့် ဟံလင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ် လွင်မိုးအောင် သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်နှင့် ဟံလင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်း နှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "ယမန်‌နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဝက်လက်မြို့ပေါ်တွင် အထိုင်ချ တပ်စွဲထား သော စစ်တပ်စစ်ကြောင်းက ဝက်လက်မြို့မြောက်ဘက် သခွတ္တောကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် လွင်မိုးအောင် သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာ ရရှိသူများကို သယ်ဆောင်ပြီး ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်လက်မြို့ပေါ်သို့ ပြန်ဆုတ်သွား ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ အစေခံတော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံ ပကဖ အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်လက်မြို့နယ်၊ ဟံလင်းပျူ မြို့ဟောင်း၌ တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ နှင့် Black Wolf Army တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/04/99330/
ဝက်လက်မြို့ပေါ်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["ဝက်လက်မြို့ပေါ်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်မှ သခွတ္တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People’s Servant Revilution –Wetlet တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၂၃ ရက် နံနက် ၄ နာရီခန့်က ဝက်လက်မြို့ပေါ်မှ ခမရ ၃၆၄ တပ်မှ စစ်သားများနှင့် ပျူစောထီး အင်အား ၇၀ ခန့်ကို သခွတ္တောကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားအရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ဆွဲမိုင်း ၁ ပွိုင့်၊ တိုက်မိုင်း ၁ ပွိုင့် အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာ ရီကျော်ကြာသည်အထိ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးပြီး ယင်းစစ်သား အလောင်းအား ဘင်တဲကုန်းကျေးရွာကို မီးရှို့စဉ် ထည့်သွင်းမီးရှို့ကာ အလောင်းဖျောက်ပစ်ခဲ့ ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ရာနေရာမှ သခွတ္တောကျေးရွာသို့ ဆုတ်ခွာသွားစဉ်လည်း သေဆုံးအကြမ်းဖက်စစ်သား အ လောင်း ၃ လောင်းနှင့် ဒဏ်ရာရ စစ်သား ၁၀ ဦးကို ဝက်လက်မြို့ပေါ်သို့ သယ်ဆောင်သွားပြီး ကျန် စစ်သားထက်ဝက်ခန့်သည် သခွတ္တောကျေးရွာရှိ လှိုင်ရတနာ ဘုန်းကြီးကျောင်း၌ တပ်စွဲကာ ကျန်နေခဲ့ ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်ပြီးတော့ ခွေးစစ်ကြောင်းက ဝက်လက်မြို့ပေါ်တဝက်၊ လှိုင်ရတနာ ဘုန်းကြီးကျောင်းမှာ တဝက် ကျန်ခဲ့တာ၊ ဝက်လက်မြို့ပေါ်တက်သွားတဲ့ခွေးတွေက အလောင်း ၃ လောင်းဒဏ်ရာရ စစ်ခွေး ၁၀ လောင်းကို သယ်သွားတယ်၊ သခွတ္တောမှာကျန်ခဲ့တဲ့ ခွေးစစ်ကြောင်းက နောက်ရက်ကျတော့ ရွာ အနောက်ကနေ လှတောဘက်ကို ဆုတ်သွားတယ်၊ အဲဒီခွေးစစ်ကြောင်းမှာလည်း ထမ်းစင်တစ်ခုနဲ့ ထမ်းသွားတာ တွေ့တယ်” ဟု People’s Servant Revilution –Wetlet တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ(၁)၊ လျှပ်စီးပြောက်ကျား တပ်ဖွဲ့ တပ် ခွဲ(၃)၊ နတ်တောင်နဂါးပြောက်ကျား တပ်ဖွဲ့၊ တပ်ခွဲ(၄)၊ နွေဦးအောင်ပွဲ တော်လှန်ရေးတပ်ဖွဲ့(ဝက်လက်) – တပ်ခွဲ(၄)၊ ရွှေဘိုခရိုင် တပ်ရင်း(၁၅)၊ ကျေးရွာ ပကဖများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ဟံလင်းပျူမြို့ဟောင်းမှ တပ်ကူလာသော အကြမ်းဖက်စစ်သား ၁၅ ဦး ကိုလည်း ဟံလင်းတိုက်နယ် တော်လှန်ရေးအဖွဲ့များမှ ကြားဖြတ်ဟန့်တား နိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114666/
ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သံတောင်တွင် စစ်ကား ၂ စီးကို ၃ ကြိမ် တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား
["ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သံတောင်တွင် စစ်ကား ၂ စီးကို ၃ ကြိမ် တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဇူလိုင် ၂၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ မီးသတ်ရုံးနှင့် တိုင်းရင်း ဆေးရုံတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင်၊ နဂါးနီတပ်ရင်း ၁ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ ၂၄ မိနစ်က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်း ကာတပ်စွဲထားသည့် မီးသတ်ရုံးနှင့်တိုင်းရင်းဆေးရုံတို့ကို ဒရုန်း ၂ စီးဖြင့် တစ်ပိဿာခွဲခန့်ရှိ ဗုံးသီး ၄ လုံး ဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သား ၂ ဦးကို ပြည်သူများထံမှ မတရားသိမ်းယူပြီး ကြံ့ဖွတ်ရုံးဝန်း အဖြစ်ခြံခတ်ထားသည့်အထဲ၌ ကျင်းတူးမြှုပ်နှံပစ်လိုက်ကြောင်း သိရသည်။", "“တိုင်းရင်းဆေးတိုက်ရယ်၊ မီးသတ်ရုံးရယ်၊ ရဲစခန်းရယ်က ၃ ပွင့်ဆိုင်အနေအထားမှာရှိတာ၊ သေသွားတဲ့ ခွေးနှစ်ကောင်ကို ကြံ့ဖွတ်ရုံး၊ ဧကတွေအများကြီးပဲ ပြည်သူပိုင်တွေကို သိမ်းထားတာ၊ အဲဒီရုံးဝန်းကြီးထဲ မှာ မြှုပ်လိုက်တာ၊ အရာရှိပိုင်းအကြီးပိုင်းထဲက သေမှသာ မီးသင်္ဂြိုလ်တာ၊ သာမန်ရဲဘော်တွေသေရင် အဲဒီဝန်းထဲပဲမြှုပ်တာ၊ ညပိုင်းဗုံးကျဲခဲ့တာကတော့ မသိရဘူး၊ သတင်းအမှောင်ချတဲ့အချိန်နဲ့ ညပိုင်းက လုပ်တဲ့မစ်ရှင်ဖြစ်နေလို့၊ ဒါပေမယ့် ထပ်မြှုပ်ဖို့ ကျင်းတွေတူးနေတယ်လို့ သတင်းရတယ်” ဟု ကျောက် ဆည်ခရိုင်၊ နဂါးနီတပ်ရင်း ၁ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ပြီး ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီးတပ်ရင်း)နှင့် ရွှေဘိုခရိုင်တပ်ရင်း ၁၅ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများ၊ ပျူစောထီးများမှ ဝက်လက်မြို့ကို ပိတ်ဆို့ကာ ပြည်သူများကို ခြိမ်းခြောက်များလည်းရှိခဲ့ ကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူ – လိပ်သိုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီးကား ၂ စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ ရာ စစ်သားအများအပြားသေဆုံးနိုင်ကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ ဇူလိုင် ၂၄ ရက်နေ့တွင် တောင်ငူဘက်မှ လိပ်သိုဘက်သို့ အင်အား ၇၀ ခန့်ပါ အကြမ်း ဖက်စစ် ကောင်စီကား ၂ စီး တက်လာကြောင်း သတင်းအရ သံတောင်မြို့နယ်၊ လေးအိမ်စုကျေးရွာ အနီး ညောင် ကုလားထိုင်ကွေ့၌ နံနက် ၇ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ သံတောင်မြို့နယ်၊ ရင်ခွဲတောင် မုခ်ဦး ကွေ့ တွင် နံနက် ၇ နာရီ ၁၅ မိနစ်တွင်တစ်ကြိမ်နှင့် သံတောင်မြို့နယ်၊ ကော်ဗက်ခြံကျေးရွာအနီးတွင် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်၌တစ်ကြိမ် ရှေ့ထွက်မိုင်းများ၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။", "ယင်းတိုက်ခိုက်မှု ၃ ကြိမ်အတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအ ကျ သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာသို့ အကြမ်းဖက်စစ်တပ်က လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ခွဲ ၁ ၊ သံတောင်မြောက်ပိုင်း Fighter ဆားခဲ အဖွဲ့၊ တောင် ငူခရိုင် တပ်ရင်း ၃၅၀၁ နှင့် ရေတာရှည်မြို့နယ်အခြေစိုက် တပ်ခွဲ ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/212519/
ဝက်လက်မြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းများဖြင့် တပြိုင်နက်တည်း ဗုံးကျဲ
["ဝက်လက်မြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းများဖြင့် တပြိုင်နက်တည်း ဗုံးကျဲ", "ရန်ကုန်၊ ဧပြီ ၂၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ ထွေ/အုပ်ရုံး၊ ကင်း စခန်းနှင့် မီးသတ်ရုံးတို့ကို ဒရုန်းဖြင့် တပြိုင်နက်တည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း People’s Servant Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝက်လက်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင်အား ၁၀၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော ရဲစခန်း ၊ ထွေ/အုပ်ရုံး၊ ကင်းစခန်းနှင့် မီးသတ်ရုံး တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် တပြိုင်နက်တည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ထွေ/အုပ်ဝန်ထမ်းများ ထိခိုက်မှုရှိပြီး သေဆုံးသူတချို့ရှိနိုင်သော်လည်း အတိအကျ မသိရှိရကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုများကို လုပ်ဆောင်ပြီးနောက် တော်လှန် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“နံနက် ၁၀ နာရီလောက်မှာ ခလရ ၄၂ ၊ စခတ ၈ ၊ ရဲ နဲ့ ပျူစောထီး အင်အား ၁၀၀ လောက် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တပြိုင်တည်း ဒရုန်းနဲ့ ဗုံးကျဲတယ်။ ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတယ်။ သေဆုံး စာရင်းတော့ အတည် မပြုနိုင်သေးဘူး။ ထွေအုပ်မှာ ဘယ်သူတွေ ဒဏ်ရာရလည်းဆိုတော့ ထပ်မံ စုံစမ်းဆဲပါ။ ပေါင်း ၅ ဦးလောက် ထိတယ်လို့ ကနဦး သိရပါတယ်။ စစ်ခွေးတွေ ဘက်ကတော့ စက်ကလေး၊ လက်နက်ငယ်တွေကတော့ အဆက် မပြတ် ပြန်ပစ်တယ်။ ဒရုန်းနဲ့ ကျနော်တို့ ဗုံးကျဲတာမှာ ဘဏ်ဝန်ထမ်း လုံခြုံရေး ၁ ယောက်ထိတယ်။ ထွေ/အုပ် ရုံးဘက်ချတဲ့ အသီးတွေကတော့ ထွေ/အုပ် ဝန်ထမ်းနဲ့ အဲဒီမှာ လုံခြုံရေး ထိတယ်လို့ ကြားတယ်။ ထွေအုပ်ရုံးမှာတော့ ဗိုလ်မှူးသိန်းဝင်းက ထိုင်ထားတာ ဆိုတော့ အဲဒီမှာလည်း တပ်ရော ရဲရော လုံခြုံရေး ပျူစောထီးတွေရော ရောထိုင်ထားတာတော့ရှိတယ်။ အဆောက်အဦးအထိအခိုက်ကတော့ တအားကြီး အပျက်အစီးမရှိဘူး” ဟု People’s Servant Revolution – Wetlet မှ တာဝန်ရှိသူက ရှင်းပြသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ၊ လှတော တိုက်နယ် ပကဖ၊ N Sai Naw Drone တပ်ဖွဲ့၊ Phoenix Winds Drone တပ်ဖွဲ့၊ Sn-Warazein ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် R Gyi Drone တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/110317/
ဝက်လက်မြို့မီးသတ်စခန်းနှင့် ကျေးရွာကိုများကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်တပ်မှ အရာရှိတစ်ဦး အပါအဝင် အများအပြားဒဏ်ရာရ
["ဝက်လက်မြို့မီးသတ်စခန်းနှင့် ကျေးရွာကိုများကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်တပ်မှ အရာရှိတစ်ဦး အပါအဝင် အများအပြားဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၂၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ မီးသတ်စခန်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများကို တိုက်လေယာဉ် ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မီးသတ်ရုံး ပြိုကျပြီး စစ်အရာရှိ တစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိကြောင်း ဝက်လက်မြို့နယ်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်က စစ်ကောင်စီက တိုက်လေယာဉ်တစ်စီးဖြင့် ဝက်လက်မြို့မီး သတ်စခန်း၊ မြို့အနီးပတ်ဝန်းကျင်ကျေးရွာများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဝက်လက်မြို့ပေါ်ရှိ မီးသတ်ရုံးပြိုကျပျက်စီးခဲ့ကြောင်း၊ အဆိုပါ မီးသတ်ရုံးတွင် နေထိုင်သည့် စစ်တပ် အရာရှိကြီးတစ်ဦးအပါအဝင် အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲရာတွင် လိမ်ပင်ရွာနှင့် ခေါတောရွာအကြားရှိ ကားလမ်းပေါ်တွင် ဗုံးနှစ်လုံး၊ လိမ်ပင်ရွာအနောက်ဘက်၌ ဗုံးတစ်လုံး၊ ခေါတော ရွာ အရှေ့ ကန်ဘောင်ပေါ်တွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ သခွတ္တောရွာမှ ပြည်သူတစ်ဦးနှင့် ခေါတောရွာပြည်သူ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သခွတ်တောကျေးရွာဘုန်းကြီး ကျောင်းနှင့် ပြည်သူတစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း ၊ ဝက်လက်မြို့နယ်သတင်းမှန်ပြန် ကြားရေးထံမှ သိရသည်။", "ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် စစ်တပ်ဘက်မှ အထိနာပြီး တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။", "“PDF တွေက ဒရုန်းတွေနဲ့ စစ်ဆင်ရေးလုပ်နေကြတာ၊ စစ်ဆေးရေးလုပ်နေလို့ ဝက်လက်မြို့ထဲကနေ လေကြောင်း စစ်ကူ ခေါ်ပုံရတယ်၊ အသံမကြားဘဲနဲ့ ဂျက်ဖိုက်တာက ရောက်လာပြီးတော့ မြို့ပတ် ပတ်လည်တွေအကုန်လုံးကို ပစ်သွားတာ၊ မြင်တော်ကျေးရွာ၊ မင်းကူးရွာ၊ မကျည်းတုံ၊ သခွတ် တောရွာအကုန်လှည့်ပတ်ပစ်သွားတာ” ဟု ဝက်လက်မြို့ နယ်နေ ပြည်သူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၂၈ ရက်နံနက် ၆ နာရီ ၆ မိနစ်မှ နံနက် ၈ နာရီအထိ ဝက်လက်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၂၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ဗိုလ်မှူးကျော်ဝင်းအပါအဝင် ၁၃ ဦးသေ ဆုံး ကြောင်း၊ အများအပြား ဒဏ်ရာရ ရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ဒုတပ်ရင်း မှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။"]
https://yktnews.com/2023/06/110358/
ဝက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှု ၅ ဦးသေဆုံး
["ဝက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံး၊ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ မီးသတ်ရုံးနှင့် ပျူစောထီးအိမ်များကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့​ကြောင်း ရွှေဘိုခရိုင်တပ်ရင်း၁၅ (Eagle Guerrilla Force)အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။", "ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်တပ်က ဂျက် ဖိုက်တာတိုက်လေ ယာဉ် ၁ စီးဖြင့် ဝက်လက်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော မီးသတ်ရုံးကို ဗုံးကျဲတိုက်ခိုက်ခဲပြီး စစ်သား ၁၂ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယနေ့ နံနက် ၅ နာရီ ၅၄ မိနစ်ခန့်တွင် အကြမ်းဖက် စစ်သား၊ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ပျူစောထီးခေါင်းဆောင်တင်ထွန်းနေအိမ်တို့ကို ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“ပွဲပြီးလို့ မိနစ် ၂၀ လောက်အကြာမှာ ခွေးတွေဘက်က ဂျက်ဖိုက်တာနဲ့ လာပစ်တယ်၊ သူတို့အချင်းချင်း မီးသတ်ရုံးကို မှားပစ်တာ၊ ပျူတွေရော၊ စစ်ခွေးတွေရော ၁၂ ဦးသေတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ လည်းများတယ်လို့ ဖရဲသီးဆီကနေ သိရတယ်၊ မီးသတ်ရုံးနားမှာက ပျူအိမ်တွေရှိတာ၊ မီးသတ်ရုံးထဲ ကရော၊ ပျူအိမ်တွေထဲကရော ကယ်ကြပါအုံးဆိုတဲ့ အော်သံတွေကြားရတယ်လို့ နီးစပ်တဲ့သူတွေက ပြောပါတယ်” ရွှေဘိုခရိုင်တပ်ရင်း၁၅(Eagle Guerrilla Force)အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း၁၅၊ မြင်းခြံခရိုင် တပ် ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ကျောက်ဆည် ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဆားတောင်မိုးကြိုး (Local PDF)MRTF Drone Force အဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2023/06/107884/
ဝက်လက်မြို့၊ သခွတ်တောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး
["ဝက်လက်မြို့၊ သခွတ်တောရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ ဇွန် ၁၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ သခွတ်တောရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့နယ်၊ အနောက်ဘက် ဘက်စုံမူးဘောင်အနီး မာလကာခြံမှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် သခွတ်တောရွာကို ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ ကိုရဲမောင်၏ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“သခွတ်တောရွာသားပါ နာမည်က ကိုရဲမော်ပါဗျ။ လက်နက်ကြီး ပစ်တာ ခေါင်းထိပြီး သေရတာပါ။ လယ်ကွင်းနှံ ကျဲနေတုန်း ရမ်းပစ်လို့ သေရတာပါ” ဟု Wetlet Information Network မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများရှိရာ ကျေးရွာများကို အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2023/08/116199/
ဝက်လက်မှ ကျောင်းသား ရဲဘော်ဇင်လင်းအောင် စစ်တပ်၏ ဖမ်းဆီးမှု ခံရပြီးနောက် သတင်းပျောက်ဆုံးနေ၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုသူ သေဆုံးဟု စစ်တပ်က အကြောင်းကြား
["ဝက်လက်မှ ကျောင်းသား ရဲဘော်ဇင်လင်းအောင် စစ်တပ်၏ ဖမ်းဆီးမှု ခံရပြီးနောက် သတင်းပျောက်ဆုံးနေ၊ ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ကိုသူ သေဆုံးဟု စစ်တပ်က အကြောင်းကြား", "ရန်ကုန်၊ ဩဂုတ် ၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂ(ဗ.က.သ များအဖွဲ့ချုပ်)မှ ကျောင်းသား ရဲဘော် ဇင်လင်းအောင်သည် စစ်တပ်၏ ဖမ်းဆီး မှုခံရပြီးနောက် သတင်းပျောက်ဆုံးနေကြောင်း ၎င်း၏မိတ်ဆွေတချို့က ပြော ဆိုသည်။", "ဇူလိုင်လ ၂၂ ရက်နေ့ စစ်တိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ကံတလူစစ်ဆေးရေးဂိတ် တွင် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗ.က.သ များ အဖွဲ့ချုပ်) မှ အဖွဲ့ဝင်ရဲဘော် ရဲဘော်ဇင်လင်းအောင်ကို စစ်အုပ်စုက ဖမ်းဆီး ခဲ့ကြောင်း၊ ဖမ်းဆီးပြီးနောက် သတင်းအစအန စုံစမ်းမရဘဲ ပျောက်ဆုံး နေကြောင်း သိရှိရသည်။", "“ဖမ်းသွားတဲ့နေ့ကတည်းက သတင်းက မရဘူး။ ဘယ်ကို လိုက်လို့ ဘယ်ကို စုံစမ်းရမှန်းမသိဖြစ်နေတယ်။ သေသလား ရှင်သလား ဆိုတာလည်း မသိဘူး။ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာတော့ အတည်ပြုလို့ရတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှ ထောင်ပြောင်းဟုဆိုကာ နိုင်ငံရေး အကျဉ်းသား ၃၃ ဦးကို ခေါ်ထုတ်သွားခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ကိုသူ လည်း ပါဝင်ခဲ့ပြီး ယခုအခါ ကိုသူ သေဆုံးသွားပြီဖြစ်ကြောင်း စစ်တပ်က အကြောင်းကြားလာကြောင်း မိတ်ဆွေတစ်ဦးက ပြောသည်။", "“ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်သွားတဲ့ထဲက ပဲခူးမြို့ ကျောက်ကြီးစု ရပ်ကွက် သား ကိုသူ တို့အိမ်ကို ရပ်ကွက်လူကြီးက ကိုသူ အတွက် နာရေး ရက်လည်လုပ်ပေးလိုက်ပါလို့ လာပြောသွားပါတယ်။ ခေါ်ထုတ် သွားတည်းက သတင်းပျောက်နေတာပါ အခုမှ ရက်လည် လုပ်ဖို့ လာပြောတာ။ သေဆုံးကြောင်းလည်းစာမပို့ပါဘူး” ဟု မိတ်ဆွေက ရှင်းပြသည်။", "ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကို အင်းစိန်ထောင်နှင့် သာယာ၀တီထောင် ပြောင်းရွှေ့မည်ဟုဆိုကာ စစ်တပ်က အများအပြားကို ပစ်ခတ်သဖြတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119949/
ဝက်လက်ရှိ ကျီးကန်‌ မြောက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်
["ဝက်လက်ရှိ ကျီးကန်‌ မြောက်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်", "ပြည်သူပိုင် ပစ္စည်းများ၊ ရွှေနှင့် ငွေကြေးများကိုလည်း စစ်သားများက ခိုးယူသွား", "ရန်ကုန်၊ သြဂုတ် ၂၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျီးကန်‌ မြောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ကာ အမျိုးသား ၃ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။", "သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ရွာသာကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် ကျီးကန်‌မြောက်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးထံမှ ငွေကျပ် ၅၁၅ သိန်းနှင့် ပြည်သူ ၁ ဦးထံမှ ငွေကျပ် ၄ သိန်းနှင့် ရွှေဆွဲကြိုး ၁ကုံး ၊ဖုန်းအလုံး ၂၀ ထက်မနည်း ယူဆောင်သွားပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။", "ဖမ်းဆီးသွားသော ပြည်သူ ၄ ဦးကို ကျီးကန်မြောက်ရွာနှင့် လှတောရွာ အကြား သက်ရက်ခြံထဲတွင် ဖမ်းဆီးလာသည့် အမျိုးသမီး ၁ ဦးကို စစ်သားများက မုဒိမ်းကျင့်ကာ လည်ပင်းကို ဓားဖြင့် လှီးသတ်ခဲ့ပြီး ကျန်အမျိုးသား ၃ ဦးကိုလည်း လည်ပင်းကိုဓားဖြင့် လှီးသတ်ခဲ့ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လှတောရွာကို ဝင်ရောက် သွားကြောင်း သိရှိရသည်။", "သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လှတောရွာ အရှေ့ဘက်ကို ထွက်လာပြီး ပင်းဇင်းရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာပြီး ဝက်လက်မြို့ထဲသို့ ပြန်ဝင်သွားကြောင်း သိရသည်။", "Photo – Wetlet Informational Network"]
https://yktnews.com/2023/01/83200/
ဝက်လက်ရှိ ကျေးရွာ ၃ ခုကို စစ်တပ် မီးရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ ဒီပဲယင်းရှိ အုံးတပင်ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ
["ဝက်လက်ရှိ ကျေးရွာ ၃ ခုကို စစ်တပ် မီးရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ ဒီပဲယင်းရှိ အုံးတပင်ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်အတွင်းရှိ မကျီးတုံကျေးရွာ၊ ပင်းဇင်းကျေးရွာနှင့် မူးကြီးကျေးရွာတို့ကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "“၂၃ ရက်နေ့မှာ စစ်ခွေးတွေ မီးရှို့လို့ မကျီးတုံကျေးရွာက နေအိမ် ၆၀ ပြာကျတယ်။ ၂၄ ရက်နေ့မှာ ပင်းဇင်းရွာကို မီးထပ်ရှို့တယ်။ ပျက်စီးသွားတဲ့ နေအိမ် အရေအတွက်တော့ မသိရသေးဘူး။ ၂၅ ရက်နေ့မှာ မူးကြီးကျေးရွာရှိကို မီးထပ်ရှို့တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။", "အလားတူ အကြမ်းဖက် စစ်တပ်သည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အုံးတပင်ရွာကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "လက်ရှိချိန်တွင် အင်္ဂါမြင့်ကျေးရွာ၊ တောက္ကရှပ်ကျေးရွာ၊ တက်ကောင်းကျေးရွာ၊ တနယ်ကြီးကုန်းကျေးရွာနှင့် ဆပ်သွားကျေးရွာများမှ ဒေသခံပြည်သူများကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။", "“နံနက် ၈ နာရီလောက်က အုံးတပင်ရွာ အရှေ့ဘက် ချောင်းကမ်းဘေးမှာ ၁ နာရီလောက် တိုက်ပွဲ ဖြစ်ခဲ့တယ်။ အထိခိုက် ကျဆုံးကတော့ မသိရသေးပါဘူး။ လက်နက် အင်အား မမျှလို့ နောက်ဆုတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ အခုတော့ စစ်ခွေးတွေက ရွာကို မီးရှို့နေကြတယ်။ အုံးတပင်ရွာတွေကော ဘေးပတ်ဝန်းကျင်က ပြည်သူတွေပါ အကုန်လုံး ထွက်ပြေးနေရပါတယ်။ အုံးတပင်ရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။", "Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဝက်လက်မြို့နယ် မကျီးတုံကျေးရွာမှ ပြည်သူပိုင် နေအိမ်များ"]
https://yktnews.com/2023/09/121275/
ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ဝက်လက်ရှိ ကျေးရွာများကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၆ ရက်နေ့တွင် နံနက်ပိုင်းက စတင်ကာ ၀က်လက်မြို့နယ်၊ သရက်ကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၃၀၀ ကျော်ဖြင့် သေနတ်များ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး အနီးအနားရှိ ကျေးရွာများပါ သေနတ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။", "“၀က်လက်မြို့နယ် သရက်ကြီးကျေးရွာကို နံနက်က စစ်သား ၃၀၀ လောက်က အနီးနား ရွာတွေပါမကျန် လိုက်လံပစ်ခတ်နေတယ်။ ရွာသူရွာသားတွေလည်း ထွက်ပြေး စစ်ရှောင်နေရတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေ လက်ရှိထိ ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် သရက်ကြီးရွာ၊ ပေါက်တောရွာနှင့် ပြွန်ဦးရွာမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သရက်ကြီးရွာထဲ၌ ရှိနေသေးကြောင်း သိရသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော အဖွားအို ၁ ဦး (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/03/90564/
ဝက်လက်ရှိ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ကျေးရွာနှင့် ရွှေဘိုရှိ ဘုန်းဘွဲရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၆၅ လုံးနှင့် စပါးတင်းပေါင်း ၁၀,၀၀၀ မီးလောင်ပျက်စီး
["ဝက်လက်ရှိ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ကျေးရွာနှင့် ရွှေဘိုရှိ ဘုန်းဘွဲရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၆၅ လုံးနှင့် စပါးတင်းပေါင်း ၁၀,၀၀၀ မီးလောင်ပျက်စီး", "ရန်ကုန်၊ မတ်် ၃", "စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ စိုင်နိုင်ကြီးကျေးရွာနှင့် စိုင်နိုင်လေး ကျေးရွာနှင့် ရွှေဘိုမြို့နယ်ရှိ ဘုန်းဘွဲ့ရွာတို့ကို အကြမ်းဖက်စစ်ကောင်စီမှ မတ်လ ၃ ရက်နေ့တွင် ဝင်ရောက်၍ ပြည်သူနေအိမ်် ၁၆၅ လုံး နှင့် စပါးကျီများကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "စစ်တပ်က နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် စိုင်နိုင်ကြီး ကျေးရွာသို့ ဝင်ရောက်၍ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်မှုပြုကာ စပါးကျီများနှင် ပြည်သူ့နေအိမ် ၅၆လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် စိုင်နိုင်လေးကျေးရွာဘက်သို့လည်း ခြေလျှင်စစ်ကြောင်းဖြင့် ထပ်မံစစ်ကြောင်းထိုး၍ ပြည်သူ့နေအိမ် ၉ လုံးကို ထပ်မံမီးရှို့ ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "“စပါးကျီတွေ မီးရှို့ထားခဲ့တာပါ။ စပါးတင်းရေ ၁၀,၀၀၀ လောက် မီးထဲပါသွားတာပါ။ ဒုန်းဝင်ပြီး ပစ်ပစ်ရှို့ရှို့လုပ်သွားတာပါ။ နှစ်ရွာလုံးရဲ့ စပါးတွေပါ။ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာကိုလည်း အိမ်ခြေ ၁၀၀ ခန့် မီးရှို့သွားပါသေးတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။", "စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့တော်လှန်ရေးအဖွဲ့များက မတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရွှေဘိုမန်းလေးလမ်းကြောအတိုင်းတွဲကားဖြင့် မြောက်သို့ မောင်းနှင်လာသော(စကစ)ကားကို သားနားကျေးရွာနှင့်စိုင်နိုင်ကွေ့ကြားတွင် ပဒေသာမိုင်း ၅ လုံး ၁ပွိုင့်ဖြင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)များမှပထမအကြိမ်ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားနောက်ပိုင်းထိမှန်ခဲ့ကာ စိုင်နိုင်ကြီးရွာဘက်သို့ မောင်းနှင်ပြေးသွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် စိုင်နိုင်လေး ကျေးရွာမှ မြောက်ဘက်ဘုန်းဘွဲ့ကျေးရွာ(ရွှေဘိုမြို့နယ်)ဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို စိုင်နိုင်လေးနှင့် ဘုန်းဘွဲ့ကြား မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မဟာမိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)များမှ ဒုတိယအကြိမ် ပဒေသာမိုင်း ၁၂ လုံးဖြင့် ၃ပွိုင့်ခွဲ၍ ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင် ၅ ဦးသေကာ ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "တိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပ.က.ဖ)၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ် ရေးတပ်ခွဲ(ပ.က.ဖ)၊ ဇာမဏီသွေးပြည်သူ့ကာကွယ် ရေး တပ်ခွဲ (ပ.က.ဖ)၊ နဂါးမင်းပြည်သူ့ကာကွယ်ရေးတပ်ခွဲ (ပ.က.ဖ)၊ ဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ)၊ အောင်ဘော်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ‌မဟာမိတ်ပြည်သူ့ကာကွယ်ရေအဖွဲ့(ပ.က.ဖ)ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/08/119245/
ဝက်လက်ရှိ ရှိမ်းမကား ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကျုံဒိုးမြို့ရှိ တောင်ကြာအင်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ဝက်လက်ရှိ ရှိမ်းမကား ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကျုံဒိုးမြို့ရှိ တောင်ကြာအင်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၂၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရှိမ်းမကား ရဲစခန်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Servant Revolution – Wetlet အဖွဲ့ထံမှ သိရသည်။", "သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခမရ ၇၀၁၊ ရဲ နှင့် ပျူစောထီး အင်အား ၅၀ ခန့် အထိုင်ချ တပ်စွဲထားစဥ် ပြည်သူ့အစေခံ ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ ၃ လျှပ်စီးပြောက်ကျားအဖွဲ့၊ Drone အဖွဲ့နှင့် နယ်မြဖွဲ့ခံ ပကဖ၊ Local PDFများပူးပါင်းတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "သြဂုတ်လ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်ရှိ ပဒူ၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော ကျေးရွာများမှ ရထားပြေးဆွဲရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်တပ်က ခက်ခကျေးရွာမှ ပြည်သူပိုင် ဆိုင်ကယ်၊ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများကို ပဒူကျေးရွာသို့ ခိုးယူသွားကြောင်း၊ စစ်ကိုင်း-ဝက်လက် အစပ် သံလမ်းဘေး တစ်လျှောက် ကျေးရွာများရှိ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးပြီး၊ သံလမ်းပြင်ရန် ခိုင်းစေချင်များ ပြုလုပ်နေသောကြောင့် ပြည်သူများ ရှောင်ရှားကြရန် People’s Servant Revolution – Wetlet အဖွဲ့က ထုတ်ပြန်ထားသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၆ မှ စစ်သားများကို တော်လှန်ရေး တပ်ပေါင်းစုက ၃ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။", "သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး ၊ ဒုတိယဗိုလ် ၁ ဦး နှင့် တပ်ကြပ် ၁ ဦးတို့ သေဆုံးပြီး ၁၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း၊ Spring UAV Force G3 (Fixed Wings) တပ်ဖွဲ့ ၊ GD2 Drone Force တပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း လက်နက်ကြီးတပ်ဖွဲ့ တို့နှင့် အတူ မဟာမိတ် SDDF Drone တပ်ဖွဲ့ ၊ ကျားဖြူတပ်ခွဲ – ၃ (ပျံလွှားတပ်ခွဲ) Drone တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် တောင်ကြာအင်းစံပြကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး ပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားနှင့် အိမ်မွေးတိရိစ္ဆာန်တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90465/
ဝက်လက်၊ ကျီးကန်ရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ တချို့ မီးရှို့သတ်ဖြတ်ခံရ၊ အနည်းဆုံး ပြည်သူ ၇ ဦး အထိ အသတ်ခံထားရဖွယ်ရှိ
["ဝက်လက်၊ ကျီးကန်ရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ တချို့ မီးရှို့သတ်ဖြတ်ခံရ၊ အနည်းဆုံး ပြည်သူ ၇ ဦး အထိ အသတ်ခံထားရဖွယ်ရှိ", "ရန်ကုန်၊ မတ် ၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ တချို့ မီးရှို့သတ်ဖြတ်ခံရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က ကျီးကန်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ မတ်လ ၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံးမှု များနိုင်ကြောင်း၊ ထို့ပြင် ပြည်သူ တချို့ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“စစ်ခွေးတွေ မီးရှို့နေတာ ပျက်စီး ဆုံးရှုံးမှု များနိုင်တယ်။ နေအိမ် အရေအတွက် ဘယ်လောက် ဆုံးရှုံးလဲ ဆိုတာတော့ မသိရသေးဘူး။ စာရင်း ကောက်နေတုန်း ပြည်သူ တချို့ မီးရှို့ သတ်ဖြတ်ခံရတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေး ဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ဝက်လက်ဒေသမှ ဒေသပြည်သူတချို့က အသတ်ခံရသည့် ပြည်သူ အနည်းဆုံး ၇ ဦး ရှိနိုင်ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/02/85888/
ဝက်လက်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ လောင်းလုံးတွင် ပျူစောထီးများ လိုက်ပါလာသည့် သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်
["ဝက်လက်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ လောင်းလုံးတွင် ပျူစောထီးများ လိုက်ပါလာသည့် သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက် PRF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကွေ့ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်သား ၂ ဦး သေဆုံးကာ ပြည်သူ့ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်PRF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ယင်းတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်PRF) ရဲဘော်များနှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် GZ Special Task Force၊ တော်ဝင်ဖီးနစ်၊ ရွှေဘိုခရိုင်တပ်ရင်း၂၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသည့် သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း LLPDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်နှင့် စမ်းလှမ်းကျေးရွာ လမ်းမကြီးပေါ်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“စမ်းလှမ်းရွာမှာ ဘုရားပွဲကျင်းပဖို့ ဘုရားထီး ပင့်ဆောင်လာတဲ့ ပျူစောထီးအဖွဲ့ရဲ့ ရှေ့​တော်ပြေး မောင်းနှင်းလာတဲ့ စမ်းလှမ်း ပျူစောထီးခေါင်းဆောင် လိုက်ပါလာတဲ့ သုံးဘီးယာဥ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ ထိခိုက်သေဆုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/04/95837/
ဝက်လက်၊ စိုင်နိုင်လေးရွာအနီး စစ်တပ်က PDF ရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်
["ဝက်လက်၊ စိုင်နိုင်လေးရွာအနီး စစ်တပ်က PDF ရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်", "ရန်ကုန်၊ ဧပြီ ၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာအနီး အကြမ်းဖက် စစ်တပ်က PDF ရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရင်းတောကျေးရွာမှ ပြည်သူ ၆ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး စိုင်နိုင် တိုက်နယ် အတွင်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် ခမရ ၃၆၄ နှင့် တပ်မ ၃၃ မှ စစ်သားများကို ကျေးသီးကျေးရွာအဝင်၌ ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာတိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး ထိခိုက် သေဆုံးမှု ရှိ​သော်လည်း အရေအတွက် အတည်မပြုနိုင် သေးကြောင်း သိရသည်။", "ယင်းစစ်ကြောင်းသည် နံနက် ၈ နာရီ ၂၅ မိနစ်တွင် စိုင်နိုင်ကွေ့မှ စိုင်နိုင်ကြီး ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာစဥ် စိုင်နိုင်လေးကျေးရွာအနီး လယ်ကွင်းပြင်တစ်နေရာအရောက်၌ လက်နက်ကြီး ပစ်ကူပေးရန် ရောက်ရှိနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၇ ဦးနှင့် ထိပ်တိုက်တွေ့ဆုံကာ အကြမ်းဖက် စစ်တပ်က လိုက်လံပစ်ခတ် ဖမ်းဆီးသောကြောင့် ၆ ဦးဖမ်းဆီးခံရပြီး စစ်တပ်က ဖမ်းဆီးရမိသည့် နေရာ၌ပင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။", "“မိတဲ့ ၆ ဦးကို ခေါင်းတေ့ပြီး ပစ်သတ်သွားတာ၊ ဘယ်အဖွဲ့ကမှန်း မသိရသေးဘူး။ လောလောဆယ်သိရ သလောက်တော့ GZ Local PDF အဖွဲ့ကလို့တော့ သိရတယ်၊ အတည်တော့မပြုနိုင်သေးဘူး၊ သူတို့က လက်နက်ကြီးပစ်ကူလာတာ၊ စစ်ကြောင်းရှေ့က ရောက်သွားတဲ့အချိန် စစ်ခွေးတွေက လိုက်ပစ်တာလို့ သိရတယ်၊ ရဲဘော်တွေက မပြေးနိုင်တော့ မိပြီးခေါင်းတေ့ပစ်သတ်ခံလိုက်ရတာပါ” ဟု သိဒ္ဓိရှင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် ယင်း အကြမ်းဖက် စစ်ကြောင်းကို စိုင်လေးကျေးရွာနှင့် စိုင်နိုင်ကြီးကျေးရွာအကြားတွင် ပဒေသာမိုင်း ၁၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် လယ်တောအတိုင်း ဘုန်းဘွဲ့ကျေးရွာဘက် သို့ ဆက်လက်ဝင်ရောက်လာစဥ် မူးခွလမ်းဆုံ၌ ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကျောပိုးသယ်ဆောင်ကာ ဘုန်းဘွဲ့ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း သို့ ဝင်ရောက်လာစဥ် ၁၀ မိနစ်ခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။", "“ခွေးတွေက ၄၀ မမတွေရော၊ ၅ ဒသမ ၅၆ ကျည်ထည့်ပစ်ရတဲ့ MA တွေနဲ့ပါ လိုက်ပစ်တယ်၊ ကျဆုံး ရဲ ဘော်တွေရဲ့အလောင်းတွေကိုတော့ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ အဖွဲ့တွေက ကောက်သွားတယ်၊ စစ်ခွေးတွေက ဒီနေ့ညအထိ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာထဲမှာ အထိုင်ချတပ်စွဲထားတယ်” ဟု သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "ယင်းအကြမ်းဖက်စစ်ကြောင်းကို သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Super Light တပ်ခွဲ၊ ဇာမဏီသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းတမာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာ ကွယ် အဖွဲ့၊ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းလေး (Local PDF) ၊ Buffalo Solider (Local PDF) အောင်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပျံလွှားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း ၁ ၊ ၂ ၊ ၃ တို့အပါအဝင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/01/199023/
ဝက်လက်၊ ဆောနှင့် ပခုက္ကူ တို့တွင် စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး PDF ထံ အလင်းဝင်
["ဝက်လက်၊ ဆောနှင့် ပခုက္ကူ တို့တွင် စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး PDF ထံ အလင်းဝင်", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ မကွေးတိုင်း ဆောမြို့နယ်နှင့် ပခုက္ကူမြို့နယ်တို့ အတွင် စစ်ကောင်စီ တပ်သား ၅ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝက်လက်မြိုနယ်၊ ရှိမ္မကား ကျေးရွာတွင် ယာယီ တပ်စွဲထားသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးသည့် ခမရ-၁၃ တပ်ရင်းမှ ပြည်သူ့စစ် တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ MA ကျည် ၄၆၀ တောင့် ယူဆောင်လာပြီး ရွှေဘိုခရိုင် တပ်ရင်း-၂ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၉ ရက်နေ့တွင် ဆောမြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G-3 သေနတ် ၁ လက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ် ၂ ခုတို့ ယူဆောင်လာပြီး ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယင်းနေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေး စခန်းမှ တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ နာနတ်သီးဗုံး ၂ လုံး၊ MA ကျည် ၁၆၆ တောင့်၊ ပိုကျည် ၅ တောင့်၊ ကျည်အိမ် ၁၀ ခု တို့ယူဆောင်လာပြီး ပခုက္ကူခရိုင် တပ်ရင်း-၈ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88117/
ဝက်လက်၊ ထုံးဘိုကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၁ လုံးထိမှန်ပျက်စီး
["ဝက်လက်၊ ထုံးဘိုကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၁ လုံးထိမှန်ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးထိမှန် ပျက်စီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် စဥ့်ကူးမြို့နယ် ခက်သင်ရွာနှင့် ဆယ်ပင်ကျွန်းရွာအကြားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "” စဥ့်ကူးနယ် သက်သင်ရွာန​ဲ့ ဆယ်ပင်ကျွန်းရွာ အကြားမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ဝက်လက်နယ် ထုံးဘိုကုန်းရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူပိုင်နေအိမ် ၁ လုံးထိမှန်ပြီး မီးလောင်သွားတယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2022/11/59976/
null
["ဝက်လက်၊ ပိတောက်ခြုံရွာကို စစ်တပ် ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၆၁ လုံးပြာကျ", "ရန်ကုန်၊ နိုဝင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို အကြမ်းဖက် စစ်တပ် ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၆၁ လုံး ပြာကျခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပိတောက်ခြုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး နေအိမ် ၆၁ လုံးကို လုံး၀ ပြာကျ ပျက်စီးသွားကြောင်း ဒေသံများက ပြောဆိုကြသည်။", "စစ်တပ်က ပိတောက်ခြုံရွာကို မဝင်ရောက်မီ ရွာသစ်ကျေးရွာတွင် တပ်စွဲ ညအိပ်ခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာကို ဝင်ရောက် စီးနင်းချိန်တွင် ဒေသခံ ပြည်သူများမှာ နေအိမ်ရှိ ပစ္စည်းများ ယူဆောင်ချိန်မရဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသောကြောင့် လက်ရှိအချိန်တွင် အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။", "” အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းချိန်မှာ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနိုင်ခဲ့ပါတယ်။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၆၁ လုံးပြာကျခဲ့တယ်။ သူတို့ ထွက်ပြေးချိန်မှာ ဘာပစ္စည်းမှ ယူချိန်မရတော့ စားဝတ်နေရေး တော်တော် ခက်ခဲနေတယ်။ ဝက်လက် နယ်ထဲမှာ မီးရှို့ ဖျက်ဆီးခံရတဲ့ ရွာတွေကတော့ အများကြီးပဲ သောင်းနဲ့ချီတဲ့ ပြည်သူတွေကတော့ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ လိုအပ်နေပါတယ်” ဟု GZ Special Task Force – Wetlet အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/03/90036/
ဝက်လက်၊ မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယခုည ညဉ့်နက်ပိုင်း မီးတင်ရှို့နေပြီး မီးလောင်ကျွမ်းမှု အလွန် များပြား၊ ပြည်သူ သောင်းချီ ထွက်ပြေးနေရ
["ဝက်လက်၊ မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယခုည ညဉ့်နက်ပိုင်း မီးတင်ရှို့နေပြီး မီးလောင်ကျွမ်းမှု အလွန် များပြား၊ ပြည်သူ သောင်းချီ ထွက်ပြေးနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံဘူတာကျေးရွာကို စစ်တပ်က ယနေ့ ည ညဉ့်နက်ပိုင်းတွင် မီးတင်ရှို့နေပြီး မီးအလွန်များနေကာ ပြည်သူ သောင်းချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သမိုင်းဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့နယ်မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယနေ့ ညပိုင်းတွင် ရွာကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကျနော်တို့ ဘက်မှာ အင်တာနက်လိုင်းတွေလည်းဖြတ်ထားတော့ အခုလို ရွာမီးရှို့ခံရတာ ဘယ်သူမှ မသိကြဘူး။ ဒီညတွင်းချင်းကို မုဆိုးခြုံဘူတာကျေးရွာကို စစ်တပ်က မီးတင်ရှို့နေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်။ ပြည်သူတွေကတော့ ညတွင်းချင်း ထွက်ပြေးနေရတယ်။ ရွာကို မီးရှို့တာ မီးက အတော်ဝေးဝေးကတောင် မြင်နေရတယ်။ မီးအတော်ကို ကြီးနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "ဝက်လက်မြို့နယ်၊ မုဆိုးခြုံ ဘူတာကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လက်ရှိ စစ်တပ်၏ မီးရှို့နေမှုကြောင့် မည်မျှ မီးလောင်ကျွမ်းသည်ကို မသိရှိရသေးဟု ဒေသပြည်သူများက ဆိုကြသည်။", "ယ​နေ့ ဝက်လက်မြို့နယ်တွင် စစ်တပ်က ပစ်ခတ်ဝင်ရောက်လာသဖြင့် သပြေသာ၊ ရွှေတာင်၊ ဖွင့်လိုင်း၊ ဘိုတဲ ၊မုဆိုးခြုံ၊ ကံသာ ၊တည်းကြီး ကျေးရွာ ၇ ရွာမှ ပြည်သူ သောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90066/
ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်
["ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်", "ရန်ကုန်၊ မတ် ၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်း တွင် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ယနေ့ နံနက်ပိုင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။", "“ပြေးရင်းလွှားရင်းနဲ့ပဲ ဖမ်းမိပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ကိုပါ မီးရှို့သွား တယ်။ ခေါင်းကို တည်ပြီး ပစ်သတ်သွားတာ။ ပြည်သူတွေမှာ ပြေးစရာ မြေမရှိ ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "ထို့ပြင် ယနေ့ နံနက်အစောင်ပိုင်းဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ပြီး သပြေ သာ၊ ရွှေတာင်၊ ဖွင့်လိုင်း၊ ဘိုတဲ ၊မုဆိုးခြုံ၊ ကံသာ ၊တည်းကြီး ကျေးရွာ ၇ ရွာမှ ပြည်သူ သောင်းချီ စစ်ဘေးရှောင် ထွက်ပြေးနေ ရကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုး ဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံးလက်နက် ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေး တပ်များအ ကြား တွင် လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်တပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူထောင် သောင်း ကျော် ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ လက်ရှိ စစ်ဘေးရှောင် ပြည်သူ များ ထွက်ပြေးနေရသည်မှာ ၄ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း၊ စစ် တပ်က ကျေးရွာအတွင်းရှိ နေအိမ်များသို့လည်း ‌ဖောက်ထွင်း၍ ပြည်သူပိုင် ပစ္စည်များကို ခိုးယူ မွှေနှောက်ယူခြင်း၊ ကြက်ဝက်များကို သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "” ကျနော့်အိမ်မှာရှိတဲ့ လက်စွပ် ဆွဲကြိုးတွေပါ ယူသွားကြတယ်။ ပြည်သူတစ်ဦး ကျည်ထိမှန် ဆေးရုံရောက်တယ်။ နောက်ပြည်သူ ၂ ဦး အိမ်ထဲမှာ အသတ်ခံရ တယ်။ အလောင်းမကောက်ရသေးဘူး။ ကျည်ထိတာ မတင်တင်ညိုလို့ ခေါ်ပါ တယ်။ အသတ်ခံရတာက မနေ့ည (ဖေဖော်ဝါရီ ၂၇) ရက်နေ့ကပါ။ အသက်ခံရ တဲ့ အမျိုးသားနှစ်ယောက်ရဲ့ နာမည်က ကျော်မိုးဝင်းနဲ့ ကြာပေါ်လို့ ခေါ်ကြတယ်။ အိမ်ထဲမှာအသတ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာ နသို့ ဆက်လက်ပြောဆိုသည်။", "လက်ရှိအချိန်တွင် စစ်တပ်က ညောင်ပင်သာရွာရှိ စာသင်ကျောင်းထဲတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "” နေ့တိုင်း ပစ်နေတာ။ အခုတောင် ပစ်နေတုန်းပါခင်ဗျာ။ အသတ်ခံရတာ မနေ့ညက ညောင်ပင်သာကပဲ။ အမျိုးသား နှစ်ယောက်။ အခြားရွာတွေဘက် ကတော့ အသေအပျောက် မသိရသေးဘူး။ ဘယ်မှလည်း မထွက်ရဲဘူး။ ကျေးရွာ ၆ ရွာ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အတွက် ထွက်ပြေး ပုန်းရှောင်နေကြရသည့် ကျေးရွာများမှာ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာ၊ ဆင်ဆိပ်ရွာ ‌စသည့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90499/
ဝက်လက်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက် ခိုက်
["ဝက်လက်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက် ခိုက်", "ရန်ကုန်၊ မတ် ၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မုဆိုးခြုံကျေးရွာအတွင်းသို့ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်လုပ်လက်နက်ကြီး အလုံး ၄၀ ကျော်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်သား ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“မုဆိုးခြုံရွာက နေအိမ်တစ်လုံးကို မီးရှို့သွားတယ်။ ပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားတယ်။ လေဖြတ် နေတဲ့ အဖိုးကြီးကို သတ်သွားတာ ဘုန်းဘွဲ့၊ အုန္နဲပုတ်ကျေးရွာဘက်ကနေ စစ်ကြောင်း ထိုးလာတာ နောက်ရက်တွေမှာတော့ သခွတ်တောကျေးရွာကို မီးထပ်ရှို့သွားတယ်။ အိမ်ခြေ ဘယ်လောက်ပါ သွားလဲတော့ အတိအကျမသိရသေးဘူး။ စစ်ကြောင်းက ပြန်မထွက်သေးဘူး” ဟု Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Burma Rangers (Shwe Bo) ၊ ရွှေတောသား Local ပြောက်ကျားတပ်ဖွဲ့၊ X Force Army တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ မိုးကာအုပ် ကားအကြီး ၁၀ စီးနှင့် D.C ပွိုင့်ကား ၄ စီးကို ယနေ့ မတ်လ ၃ ရက်နေ့ ၁ နာရီ ၄၉ မိနစ်အချိန်တွင် မုံရွာ ချောင်း ဦးလမ်းပိုင်း တစ်နေရာ၌ ပဒသာမိုင်း ၄ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့ထံမှ သိရသည်။", "အဆိုပါ မိုးကာအုပ် ကားကြီး ၁၀ စီး၏ ၄ စီးမြောက်ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်တန်းမှာ ခေတ္တ ထိုးရပ်သွား​ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်များ စစ်ကောင်စီ၏ ကင်းပုန်းများ​ကြောင့် ပိတ်မိနေသော်လည်း နယ်မြေကျွမ်းကျင်မှုကြောင့် အထိ အခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့က ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ရွှေတောသား Local ပြောက်ကျားတပ်ဖွဲ့။"]
https://yktnews.com/2025/05/214135/
ဝက်လက်၊ ရွာတော်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံး၊ ရွှေပန်းကုန်းကျေးရွာစာသင်ကျောင်းကိုလည်း ယနေ့နံနက် ပေါင် ၅၀၀ ဗုံး လေယာဉ်ဖြင့် ကျဲချ
["ဝက်လက်၊ ရွာတော်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံး၊ ရွှေပန်းကုန်းကျေးရွာစာသင်ကျောင်းကိုလည်း ယနေ့နံနက်ပေါင် ၅၀၀ ဗုံး လေယာဉ်ဖြင့် ကျဲချ", "ရန်ကုန်၊ မေ ၁၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာတော်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိတ္ထီလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။", "“ဝက်လက်မြို့နယ် အနောက်ခြိမ်းက ရွာတော်ကုန်းရွာထဲကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်သွားတာပါ။ ကျနော်တို့ သိရတာတော့ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရရှိတာ ၈ ဦးရှိတယ်။ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်း ပါဝင်တယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။", "အလားတူ ယနေ့ မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်း တိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးစာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဒီမနက် လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကို ရွှေပန်းကုံးစာသင်ကျောင်းကို ကျဲချသွားတယ်။ လူတွေ ထိခိုက်လားဆိုတာ မသိရသေးဘူး။ လေယာဉ်က ထပ်ဝဲနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/07/110746/
ဝက်လက်၊ ရွှေကျင်ရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှု များပြား
["ဝက်လက်၊ ရွှေကျင်ရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှု များပြား", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ခွဲ ၃ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်ဒင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေကျင်ကျေးရွာ အရှေ့ဘက် ဘုရားကုန်း စခန်းချ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုန်းကျဲ တိုက်ခိုက်ခဲ့​ကြောင်း၊ တိုက်ခိုက်မှု အတွင်း စစ်သား ၁၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကာ အကြမ်းဖက် စစ်တပ်ဘက်မှလည်း စနိုက်ပါဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်သားများသည် ဇွန်လ ၂၆ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ စဥ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးပြီး PDF ရဲဘော် ၁၄ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင်တပ်ရင်း-၁၅၊ ကျောက်ဆည်ခရိုင်တပ်ရင်း-၁ (နဂါးနီတပ်ရင်း) ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ (လေသရဲဒရုန်းတပ်ဖွဲ့)၊ ဆားထောင်မိုးကြိုး နှင့် ရွှေဘိုခရိုင်တပ်ရင်း ၁၅ (တပ်ခွဲ ၃) Eagle- ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/110884/
ဝက်လက်၊ ရွှေကျင်ရွာအနီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ဦး-မြင်းခြံလမ်းပေါ်ရှိ စစ်တပ်ဂိတ်ကို ဗုံးခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး
["ဝက်လက်၊ ရွှေကျင်ရွာအနီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ဦး-မြင်းခြံလမ်းပေါ်ရှိ စစ်တပ်ဂိတ်ကို ဗုံးခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေကျင်ရွာအရှေ့ဘက်ရှိ ရွှေညောင်တော်ဘုရား၌တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုး)အဖွဲ့မှ တာဝန်ရှိ သူတစ် ဦး ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇူလိုင်လ ၂ ရက် ညနေ ၃ နာရီခွဲမှ ၅ နာရီ မိနစ် ၂၀ အထိ အကြမ်းဖက်စစ်သား ၇၀ ခန့်ဖြင့် ယာယီ တပ်စွဲပြီး ပြည်သူလူထုပိုင်ရိက္ခာဆန်များ ခိုးယူပြီး တပ်ပြန်ဆုတ်ရန် ကားပေါ်တင်နေစဉ် ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လည်း ဒရုန်း ၃ စီးဖြင့် အပြင်၊ စနိုက်ပါ ၊ လက်နက်ကြီးများဖြင့်ပါ ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ဒီနေ့က ဒရုန်းစစ်ဆင်ရေးလိုကို တိုက်ခဲ့ရတာဗျ၊ ပထမ ကားပေါ်ကို ပြည်သူတွေဆီကခိုးထားတဲ့ ဆန်အိတ်တွေ ကားပေါ်တင်နေတုန်း ဒရုန်းနဲ့ ဗုံးသီးချခဲ့တာ၊ စစ်ခွေးတွေကဘက် ဒရုန်း ၃ စီးနဲ့ ပြန် တိုက်တယ်၊ စနိုက်ပါတွေရော၊ ၉၀ မမ လက်နက်ကြီးတွေရောပဲ၊ ကျနော်တို့မှာလည်း တစ်ခါချလိုက်၊ နေရာရွှေ့လိုက်နဲ့ချခဲ့ရတာ၊ ထိခိုက်သေဆုံးမှုတော့ ရှိတယ်၊ အတိအကျမသိရဘူး၊ အခုညပိုင်းကတော့ စစ်ခွေးတွေ တပ်ဆုတ်သွားပြီ၊ မရှိတော့ဘူး” ဟု ရွှေဘို ခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုး)အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုး)တပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့ (လေသူရဲ ဒရုန်း တပ်ဖွဲ့) ၊ ဆားတောင်မိုးကြိုးတပ်ဖွဲ့နှင့် ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ တပ်ခွဲ ၃ Eagle ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာအနီး၌ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁၂ ဦးကို သတ်ဖြတ်ခဲ့သည့်စစ်ကြောင်းဖြစ်သဖြင့် လက်စားချေတုန့်ပြန်နိုင်ရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။", "အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-မြင်းခြံလမ်းမပေါ်တွင် ပိုက်ဆံကောက်နေသော အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း Bagan Ogre Force( ပုဂံပြည် ဘီလူးတပ်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။", "ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီခန့်က ညောင်ဦး- မြင်းခြံလမ်းမပေါ်တွင် အကြမ်းဖက်စစ်သား၊ ပျူ စောထီး ပူးပေါင်းပြီး ပြည်သူများအပေါ် အတင်းအဓမ္မပိုက်ဆံကောက်နေသော ကျောစီစစ်တပ် စစ်ဆေး ရေးဂိတ်ကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။", "အဆိုပါတိုက်ခိုက်မှုကို ညောင်ဦးခရိုင်တပ်ရင်း ၅ အရိန္ဒမာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပုဂံပြည်ဘီလူး တပ်(Bagan Ogre Force) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်တပ်ယာဉ်တန်းများ၊ စစ်တပ်ထောက်တိုင်အပေါင်းပါများနှင့်အတူ နေထိုင်စားသောက်ခြင်းများ ဝေးဝေးရှောင်နေကြရန် သတိပေးမေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/05/101533/
ဝက်လက်၊ ရှိမ္မကား ဗျူဟာကုန်းမှ စျေးထွက်ဝယ်သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ မုံရွာရှိ စေသူရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး ပစ်ချခံရ
["ဝက်လက်၊ ရှိမ္မကား ဗျူဟာကုန်းမှ စျေးထွက်ဝယ်သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ မုံရွာရှိ စေသူရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်း ၁ စီး ပစ်ချခံရ", "ရန်ကုန်၊ မေ ၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကား ဗျူဟာကုန်းမှ စျေးထွက်ဝယ်သည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း ကျားသစ်နက် – ပြောက်ကျားအဖွဲ့ထံမှ သိရသည်။", "မေလ၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ရှိမ္မကား ဗျူဟာကုန်းမှ ရွာထဲသို့ စျေးဆင်းဝယ်သည့် စစ်​သားများကို ကျားသစ်နက် – ပြောက်ကျား တပ်ဖွဲ့က အဝေးထိန်းပါဆယ် မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး၊ စစ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စေသူကျေးရွာကို ဒရုန်း ဖြင့် ဗုံးလာကြဲသည့် အကြမ်းဖက်စစ်တပ် ဒရုန်းတစ်စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွတ် မြောက်ရေးတပ်ဦး (ဗဟို) -ULF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မေလ ၇ ရက် ညနေ ၄ နာရီခွဲခန့်က အ နောက် မြောက်တိုင်း စစ်ဌာရချုပ်ရှိရာ အလုံမြို့ ၊ စစ်ပင်ဆိပ်မှ သံပြားကာကား (၃)စီးဖြင့် လွှတ်တင်ခဲ့သော ရုရှားနိုင်ငံထုတ် တိုက်ခိုက်ရေး Drone ဟုယူ ဆရသော ၂ စီးထဲမှ တစ်စီးကို ပစ်ချခဲ့ရာ ချင်းတွင်း မြစ်အတွင်း ပြုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်တာ မရှိဘူး၊ စေသူရွာကို အရင်နေ့က တစ်ခါ ဗုံးလာချတယ်၊ အဲဒါကြောင့် ကျနော်တို့ ULF တပ်ပေါင်းစုက စောင့်ကြည့်နေခဲ့တာ၊ တစ်စီးတော့ ပစ်ချနိုင်ခဲ့တယ်၊ နောက်တစ်စီးက ပြန်လှည့်ပြေးသွားတာ၊ ဗုံးသီးလဲ ချမသွားနိုင်ဘူး” ဟု ပြည်ထောင် စုလွတ် မြောက်ရေးတပ်ဦး (ဗဟို) -ULF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ပျက်ကျသွားသော ဒရုန်းကို ချင်းတွင်းမြစ်အတွက် လိုက်လံရှာဖွေဆယ်ယူရာ Drone ကိုယ်ထည်နှင့် ဗုံးသီးကို ရှာဖွေတွေ့ရှိခြင်း မရှိပဲ Drone ​ဒေါက် နှစ်ခုသာရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ဒရုန်းများအား ပစ်ချခဲ့သည့် Drone Catcher မှာ ကျောက်မျက်တောင် စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သော ပစ္စည်းဖြစ်ကြောင်းပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး (ဗဟို)ထံမှ သိရသည်။"]
https://yktnews.com/2023/03/93141/
ဝက်လက်၊ သမ္မာရိုးရွာမှ အဘွားအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်း အပါအဝင် နေအိမ် ၂၆၉ လုံးကို မီးရှို့ဖျက်ဆီ
["ဝက်လက်၊ သမ္မာရိုးရွာမှ အဘွားအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်း အပါအဝင် နေအိမ် ၂၆၉ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၁၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမ္မရိုးရွာရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂၆၉ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အဘွားအို ၁ ဦး ကို မီးရှို့သတ်ဖြတ်ခဲ့​ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီက သတင်းထုတ်ပြန်သည်။", "မတ်လ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဝက် လက်မြို့နယ်၊ သမ္မရိုးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်း ၁ ကျောင်း နှင့် ပြည်သူပိုင် နေအိမ် ၂၆၉ လုံးကို မီးရှို့ဖျက်ဆီးကာ အဖွားအို ၁ ဦးကို မီးရှို့ သတ် ဖြတ်သွားကြောင်း သိရသည်။", "“ဝက်လက်မှာ ဆိုရင် စစ်တပ် စစ်ကြောင်းတွေက ၃ ကြောင်း ၊ ၄ ကြောင်း လောက် နေရာအစုံကို ပြိုင်တူ ထိုးနေတာ။ ရွာတစ်ရွာကို ဝင်ရင် အရင်လို စစ် ကြောင်း တစ်ကြောင်းတည်း ဝင်တာမျိုးမဟုတ်ဘဲ ရွာကို ပတ်ပတ်လည်လည် စစ်ကြောင်းလေး‌ တွေ ခွဲပြီး ဝင်တယ်။ ပြီးတော့ ဝင်တာလည်း အရမ်းမြန်တယ်။ ဘာမှ ယူချိန်မရဘူး။ ရွာဝင်ပြီဆိုရင် လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်တယ်။ သူတို့ဝ င်လာတဲ့အချိန် လမ်းမှာ တွေ့သမျှ အကုန်ပစ်တယ်။ သက်ကြီး ရွယ်အို တွေ၊ ကလေးတွေ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည်၊ နာတာရှည် ရောဂါသည် တွေကျတော့အချိန်မီ ပြေးဖို့ခက်တော့ မကြာခဏ ဆိုသလို သတ်ဖြတ်ခံ နေရ တယ်” ဟု ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီနေသူ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ဝက်လက်မြို့နယ်၊ သမ္မရိုးရွာမှ မီးဘေးသင့် ပြည်သူများအတွက် အမိုးအကာ၊ ဝါးများ၊ ထရံများ၊ တိုင်များ ၊ ထန်းရွက်များ လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် ဆန် ၊ ဆီ ၊ ဆား စသည့်စားနပ်ရိက္ခာများ ဒန်အိုး၊ ဒန်ခွက်များ နှင့် ပန်းကန်ပြား များလည်း အရေးပေါ်လိုအပ်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98190/
ဝက်လက်၊ ဟံလင်းရွာမှ ၆ လကြာ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ ၁၀၀၀၀ ကျော် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ
["ဝက်လက်၊ ဟံလင်းရွာမှ ၆ လကြာ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ ၁၀၀၀၀ ကျော် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းရွာမှ ၆ လကြာ ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူ ၁၀၀၀၀ ကျော် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် ပျူမြို့ဟောင်းဖြစ်သည့် ဟံလင်းရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်နေ့မှ စတင်ကာ တပ်စွဲထားသည့်အတွက် ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရသည်မှာ ၆ လနီးပါး ကြာမြင့်ပြီဖြစ်ပြီး သောက်သုံးရေ အခက်အခဲ အပါအဝင် အစားအစာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရှိရသည်။", "ထို့ပြင် ဟန်လင်းရွာရှိ ရှေးဟောင်းအဆောက်အအုံများပေါ်တွင် လက်နက်ကြီးများနှင့် နေရာယူ ပစ်ခတ်ခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“ဝက်လက်မြို့နယ် ဟန်လင်း ပျူမြို့ဟောင်း ကျေးရွာကြီးက ကမ္ဘာ့အမွေအနှစ်ကျေးရွာကြီးပါ။ ၁၀ လပိုင်း ၂၁ ရက်နေ့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဟံလင်းရွာကြီးကို ပစ်ပြီးတော့ တပ်စွဲခြင်းခံလိုက်ရပါတယ်။ ည ၁ နာရီဆိုတော့ ပြည်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးရတာ ဘာမှ မသယ်နိုင်ခဲ့ဘူးဗျ။ ကလေးတွေ အရမ်းဆာလောင်နေကြတယ်။ စိတ်မကောင်းဘူး ထမင်းထုတ်က ၁၅၀၀ ပဲ လှူနိုင်တယ်။ ထမင်းထုတ်မရတဲ့သူ ၇၀၀၀ ဦးရေလောက် ကျန်သေးတယ် ” ဟု ဟံလင်းရွာရှိ စစ်ရှောင်ပြည်သူများထံသို့ သွားရောက်၍ ထမင်းထုပ်အလှူပြုခဲ့သည့် ဟံလင်းရွာ အမှန်တရားချစ်မြတ်နိုးသူများအဖွဲ့ဝင်တစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ဟန်လင်းကျေးရွာကြီးသည် အိမ်ခြေ ၂၀၀၀ ကျော် သည့် ကျေးရွာကြီးဖြစ်ပြီး ဘုန်းကြီးကျောင်း ၁၆ ကျောင်းနှင့် လူဦးရေက သောင်းဂဏန်းကျော် နေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများမှာ အကြမ်းဖက်စစ်ကောင်စီ ဝင်ရောက်သည့် အချိန်မှ စ၍ နီးစပ်ရာ လယ်ကွင်းများ၊ တောများတွင် ထွက်ပြေးတိမ်းရှောင်၍ စစ်ဘေးရှောင်နေရသည့်မှာ လာမည့် ၃ ရက်ဆိုလျှင် ၆ လပြည့်တော့မည်ဖြစ်ကြောင်း၊ အင်တာနက်အခက်အခဲကြောင့် မီဒီယာများသို့ သတင်းပေးပို့နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိအချိန်တွင် ရှေးဟောင်းအဆောက်အအုံများပေါ်တွင် နေရာယူ၍ လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ကမ္ဘာ့အမွေအနှစ်ရွာဖြစ်သည့်အတွက် ရွာကို မီးရှို့ခြင်းကဲ့သို့ ထင်သာမြင်သာသည့်လုပ်ရပ်များကို မလုပ်ဆောင်သော်လည်း ရွာပြင်ရှိ အိမ်အချို့ကို မီးရှို့ခြင်းများလုပ်ဆောင်နေပြီး ရွာအတွင်းရှိ အိမ်များကိုမူ လွှစက်များနှင့်ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်ဟု သိရှိရကြောင်း ၊ လက်ရှိအချိန်တွင် ဟံလင်းကျေးရွာရှိ စစ်ဘေးရှောင် ပြည်သူများမှ စားဝတ်နေရေးအပြင် ကျန်းမာရေးအတွက် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“ ယနေ့ချိန်ထိ တောထဲမှာ ပြေးနေရပါတယ်။ ခွေးတွေက ပါးတယ်ဗျို့။ ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့အမွေနှစ်ရွာကြီးဖြစ်သည့်အတွက် ရွာလုံးကျွတ် မီးမရှို့ဘူး။ အိမ်ထောင်ပေါင်းများစွာကို ချိန်းဆော လွှစက်တွေနဲ့ ဖျက်ပုံတာဗျို့။ ရွာမပြန်ဘဲ စစ်အာဏာရှင်အောက်မှာ ဒူးထောက်မခံဘဲ ဒုက္ခများစွာနဲ့ တောထဲမှာထွက်ပြေးရတဲ့ ဟံလင်းရွာစစ်ရှောင်တွေဟာ ရေအခက်အခဲ ၊စားဝတ်နေရေးအခက်ခဲ ကျန်းမာရေး အတွက် ဆေးဝါးတွေ အရမ်းလိုအပ်နေပါတယ်။ ကလေးငယ်များ သက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်မိခင်များ အရမ်း ဒုက္ခရောက်နေရပါတယ်” ဟု ဒေသခံ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဟံလင်းရွာထဲ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် ရိက္ခာပျက်ချိန်များတွင်လည်း ရွာထဲရှိ စပါး၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်မှတ်သမျှကို ခိုးယူစားသောက်နေကြောင်းနှင့် ဒေသခံပြည်သူများမှာလည်း နွေရာသီစပါး ဧက ၅၀၀၀ ကျော်ကို စိုက်ပျိုးခွင့်မရဘဲ စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ရွာတွင်းရှိ ပြည်သူများ၏ နေအိမ်များမှ အဖိုးတန်ပစ္စည်းများကိုလည်း ဝက်လက်ရှိ ပျူစောထီးများနှင့် ပူးပေါင်း၍ ကားကြီး ကားငယ်များနှင့် သယ်ယူခြင်းတို့ ပြုလုပ်ကြောင်းလည်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။"]
https://yktnews.com/2023/04/98181/
ဝက်လက်၊ အရာတော်နှင့် စစ်ကိုင်းမြို့ရှိ ရေကစား မဏ္ဍပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး
["ဝက်လက်၊ အရာတော်နှင့် စစ်ကိုင်းမြို့ရှိ ရေကစား မဏ္ဍပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၈", "ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်နှင့် စစ်ကိုင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရေကစား မဏ္ဍပ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၁၃ ရက်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ လှတောရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့​ပြီး အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့ ဗဟိုရေကစား မဏ္ဍပ်ကို ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရာတော်မြို့နယ် ငွေတွင်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ရေကစားမဏ္ဍပ်ကို ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ ဦးထိခိုက်ဒဏ်ရာရရှိကာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်း ၃ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကို Shar Htoo WAW အဖွဲ့ ၏ နည်းပညာဖြင့် CDSOM အနောက်ပိုင်း တိုက်ခိုက်ရေး 001 တပ်ဖွဲ့၊ စစ်ကိုင်းခရိုင်း တပ်ရင်း(4) MSPDF၊ အညာသားပြောက်ကျား တပ်ဖွဲ့၊ ဝက်လက် အနောက်ခြမ်း ဗိုလ်ချုပ်ပြောက်ကျားတပ်ဖွဲ့၊ GZP တပ်ဖွဲ့၊ NDRF တပ်ဖွဲ့၊ MRTF တပ်ဖွဲ့နှင့် စစ်ကိုင်းခရိုင် ကွပ်ကဲရေးရုံး တို့မှ ညီနောင် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/01/198422/
ဝက်လက်၊ အုန္နဲဘုတ်ကျေးရွာသို့ ဝင်ရောက်စီးနင်းသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ
["ဝက်လက်၊ အုန္နဲဘုတ်ကျေးရွာသို့ ဝင်ရောက်စီးနင်းသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူအရှင်ဖမ်းမိ", "ရန်ကုန်၊ ဇန်နဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာသို့ ဝင်ရောက်စီးနင်းသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ အကြမ်းဖက်စစ်သား ၇၀ ခန့်သည် ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာသို့ ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်သား ၂၀ ကျော် သေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။", "“ ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းမှာ ဒီအုန္နဲဘုတ်ရွာကို ဝင်ရောက်စီးနင်းတာ။ ရွာထဲကနေ ပြည်သူတွေ ထွက် ပြေး ရတယ်။ အဲဒီနေ့က ရွာထဲမှာ ညအိပ်တာ။ ထွက်ပြေးလို့ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း ခိုးယူစားသောက်နေလို့ ၅ ရက်နေ့ မနက်အစောကြီးမှာ ဝင်တိုက်ခဲ့တာ။ လက်ရှိ လက်ကျန် စခတွေ က အုန္နဲဘုတ်ကနေ ထွက်ပြေးသွားပြီးတော့ တောထဲမှာ လော လောဆယ် အခြေပြုနေတယ်လို့ သတင်းရတယ်၊ ကျနော်တို့လည်း ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့အပြင် အကြမ်းဖက်စစ်သားများ အသုံးပြုသော MA 1 အမျိုးအစား သေနတ် ၅ လက် ၊ လက်ပစ်ဗုံး ၂ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး ၊ မြင်းခွာနင်းမိုင်း ၄ လုံး၊ ဒရုန်းဖြတ်စက် ၁ ခု ၊ ၆၀ မမဗုံးသီး ၃ လုံး နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လေကြောင်းမှ အကြိမ် ၂၀ ကျော် ပစ်ကူပေးတိုက်ခိုက်ကာ အကြမ်းဖက်စစ်သားများက အုန္နဲဘုတ်ကျေးရွာအတွင်းမှ ဆုတ်ခွာ သွားကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများကို လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း -နယ်စည်းမခြားတော်လှန်ရေးအင်အားစု ၊ရွှေ ဘိုခရိင်အမှတ် ၂၃ တပ် ရင်း ၊ ကြောင်လက်သည်း တပ်ဖွဲ့၊ တပ်ရင်း ၁၈ တပ်ခွဲ ၁ ၊ ဝက်လက်မင်းသား ကြီးအဖွဲ့၊ တပ်ခွဲ၂ ProLife အဖွဲ့၊ တပ်ခွဲ ၃ ဗိုလ်သင်္ချိုင်းအဖွဲ့၊ တပ်ခွဲ ၄ ဗိုလ်ကျားကြီးအဖွဲ့၊ ဝက်လက် ဒေါင်းနီအဖွဲ့နှင့် ဒေါင်းစစ်သည်အဖွဲ့ များ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76082/
ဝက်လက်‌ ဒေသတွင် ကျောင်းသားထု အစည်းအဝေးနှင့် စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲ ပြုလုပ်
["ဝက်လက်‌ ဒေသတွင် ကျောင်းသားထု အစည်းအဝေးနှင့် စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ဝက်လက်ဒေသတွင် ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီမှ ဦးဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျောင်းသားထု အစည်းအဝေးနှင့် စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "“စစ်ကိုင်းဒေသမှာ ရှိတဲ့ အခြေခံပညာ ကျောင်းသား လူငယ်တွေကို စစ်အာဏာရှင် ဆန့်ကျင်ရေးနဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ သမိုင်းအစဥ်အလာ‌ အကြောင်းအရာတွေနဲ့ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေကြတဲ့ လုပ်ငန်းစဉ်တွေ၊ ရှေ့လျှောက် လုပ်ဆောင်မယ့် နိုင်ငံရေးပညာရေး လုပ်ငန်းစဉ်တွေကို အတူပူးပေါင်း လုပ်ဆောင်နိုင်ဖို့အတွက် ဟောပြော စည်းရုံးခဲ့ကြပြီးတော့ အခြေခံပညာကျောင်းသားသမဂ္ဂတရပ်ကို ဒီမိုကရေစီနည်းတကျဖွဲ့စည်းပေးခဲ့တာလည်းဖြစ်ပါတယ်” ဟု ဗကသ ကျောင်းသား တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/04/159215/
ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာများဖြင့် ထွက်ပြေး ၊ စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သည့်ကား၂ စီးကို မီးရှို့ရှင်းလင်း
["ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားနှင့် ရဲများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာများဖြင့် ထွက်ပြေး ၊ စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သည့်ကား၂ စီးကို မီးရှို့ရှင်းလင်း", "ရန်ကုန်၊ ဧပြီ ၂၅", "မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ် သား၊ ရဲများကို တိုက်ခိုက်ခဲ့ရာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားသဖြင့် ကျန်ရစ်ခဲ့သော ကား ၂ စီးကို မီးရှို့ ရှင်းလင်း ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းမှ အိမ်စီးကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲများကို ဝက်လူးကျေးရွာအတွင်း၌ ပစ်ခတ် တိုက် ခိုက်ခဲ့ရာ စစ်သား၊ ရဲများမှာ ဒဏ်ရာများဖြင့် ထွက်ပြေးကြကြောင်း၊ ထို့ပြင် ၎င်းတို့ စီးနင်းလာသော ကားများကိုလည်း ထားပြီး ထွက်ပြေးသွားသဖြင့် ကျန်ရှိနေသည့် ကား ၂ စီးပေါ်မှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံးနှင့် ငွေသားအချို့သိမ်းဆည်းရရှိကြောင်း၊ ကား ၂ စီး လုံးကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။", "“ကားပေါ်မှာက ၂ စီးဆိုတော့ ၈ ကောင်လောက်တော့ပါမယ်။ စခရော၊ ရခ ရောပါမှာပေါ့။ သူတို့ ဘက်က ရမ်းပစ်ခတ်တာလောက်ပဲရှိတယ်။ ဘာမှ ပြန်မပစ်ဘဲနဲ့ ထွက်ပြေးသွားတာ။ ထိခိုက်မှုကတော့ များနိုင်တယ်။ သေဆုံးတာရှိ၊ မရှိကတော့ စုံစမ်းဆဲပါပဲ” ဟု မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ Natogyi People Defense Force နှင့် နွားထိုးကြီး ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်သားနှင့်ရဲများ ကျန်ရစ်ခဲ့သော ကား ၂ စီးကို တော်လှန်ရေါ်တပ်များက မီးရှို့ ရှင်းလင်းစဉ်။"]
https://yktnews.com/2024/06/169503/
ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှု မန္တလေးသံဃ သမဂ္ဂက ရှုတ်ချပြီး ဆရာတော်၏ တပည့် စာသင်သားဟောင်းများက ရဟန်းနှင့် ပြည်သူ လက်တွဲ၍ စစ်တပ်ကို ဟန့်တားရေး နှိုးဆော်
["ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှု မန္တလေးသံဃ သမဂ္ဂက ရှုတ်ချပြီး ဆရာတော်၏ တပည့် စာသင်သားဟောင်းများက ရဟန်းနှင့် ပြည်သူ လက်တွဲ၍ စစ်တပ်ကို ဟန့်တားရေး နှိုးဆော်", "ရန်ကုန်၊ ဇွန် ၂၂", "နိုင်ငံတော် သံဃမဟာနာယက(ငြိမ်း) ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို အာဏသိမ်းစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ မန္တလေးသံဃသမဂ္ဂက မနေ့က ထုတ်ပြန်ပါတယ်။", "ဆရာတော် စီးနင်းလိုက်ပါလာတဲ့ ကားကို ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ အကြမ်း ဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ဆရာတော်ဘုရားကြီး အခင်းဖြစ်ရာ နေရာမှာတင် ပျံလွန်တော်မူခဲ့ရခြင်းအပေါ် လွန်စွာ ဝမ်းနည်းကြေ ကွဲရတယ်လို့ ဆိုပါတယ်။", "ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာဟာ ဗုဒ္ဓသာသနာတော်နဲ့ နိုင်ငံ တော်အတွက် လွန်စွာ ကြီးမားလှတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်စေခဲ့တယ်လို့ မန္တလေး သံဃသမဂ္ဂက ဆိုပါတယ်။", "အခုလို ရဟန်းရှင်လူပြည်သူလူထုတစ်ရပ်လုံး လေးစား ဂုဏ်ယူကြည်ညိုရတဲ့ သံဃနာယကဆရာတော်တစ်ပါးကို ဆင်ခြင်မှုကင်းမဲ့စွာ ပစ်ခတ်သတ်ဖြတ်မှုဟာ လွန်စွာ ထိတ်လန့်ဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး သတင်းလိမ်လည်ထုတ်ပြန်တာဟာလည်း စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မန္တလေးသံဃသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။", "ဒါ့အပြင် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်တွေက စစ်အာဏာရှင်ကြောင့် တစ်နေ့တစ်ခြားယုတ်လျော့ ကျဆင်း လာတဲ့ သာသနာတော်ကို ပြန်လည် တည့်မတ်စေဖို့နဲ့ စစ်အာဏာရှင်တို့ကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ပြည်သူတွေအပေါ် မေတ္တာရှေ့ထားပြီး ဆောင် ရွက်ဖွယ်ရာ ပရိကံဆောင်ခြင်းအမျိုးမျိုးကို ဝိနည်းတော်နဲ့အညီ ဆောင်ရွက်ကြဖို့ အချိန်ကျရောက်လာပြီလို့ မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။", "ရဟန်းနဲ့ ပြည်သူ လက်တွဲပြီး ဆရာတော်ဘုရားကြီးနဲ့ တကွ နိုင်ငံအနှံ့ရှိ ပြည်သူတွေကို စစ်တပ်က သတ်ဖြတ်နေတာတွေကို အဆုံးသတ်နိုင်ရေး အတူ လက်တွဲ ဆောင်ရွက်ကြဖို့ နှိုးဆော်ထားပါတယ်။"]
https://yktnews.com/2024/06/169710/
ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှု သည်းခံစရာ အကြောင်းမရှိဟု မြောင်မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမများက သီတဂူနှင့်စစ်ကောင်စီကို ဆန္ဒပြ
["ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှု သည်းခံစရာ အကြောင်းမရှိဟု မြောင်မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမများက သီတဂူနှင့်စစ်ကောင်စီကို ဆန္ဒပြ", "ရန်ကုန်၊ ဇွန် ၂၄", "နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်သတ်မှု သည်းခံစရာ အကြောင်းမရှိဟု မြောင်မြို့နယ်မှ ကျောင်းဆရာ၊ ဆရာမများက သီတဂူနှင့်စစ်ကောင်စီကို ဆန္ဒပြကြကြောင်း သိရှိရသည်။", "သီတဂူက ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုအပေါ် သည်းခံကြရန်၊ ခွင့်လွှတ်ကြရန်နှင့် မေ့ပစ်ကြရန် ပြောကြားခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူများ စိတ်ဆိုးဒေါသထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။", "သီတဂူနှင့် စစ်ကောင်စီကို ဆန္ဒပြကြသူများမှာ မြောင်မြို့နယ် ပညာရေး ကျောင်းပေါင်း ၃၀မှ ပ/ဒုတာဝန်ခံ ဆရာ ဆရာမများ ဖြစ်ကြပြီး အသတ်ခံလိုက်ရသည့်ဆရာတော်အတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/105358/
ဝင်းရေမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး
["ဝင်းရေမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃၁", "ကေအဲန်ယူ ဒူးပလာယာ ခရိုင် တပ်မဟာ ၆ နယ်မြေရှိ ဝင်းရေမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ တစ်ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "မေလ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝင်းရေမြို့နယ်အတွင်းရှိ အောင်သပြေကျေးရွာကို အကြမ်းဖက် စစ်တပ်၏ သံဖြူဇရပ်မှ ဆင်းလာသော စကခ ၁၉ လက်အောက်ခံ ခလရ ၅၉၁ က လက်နက်ကြီး လက်နက်ငယ် များဖြင့် အကြိမ်ရေများစွာ ပြည်သူ လူထုများ နေထိုင်သည့် နေရာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် အောင်သပြေကျေးရွာနေ အသက် ၅၁ နှစ်အရွယ် စောမောင်စံသွင် က လက်နက်ကြီး ကျည်စ ထိမှန်၍ နေအိမ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လူမဆန်သော ရက်စက်ယုတ်မာမှုကြောင့် အပြစ်မဲ့ ပြည်သူ လူထုများသည် နေ့စဥ်နှင့်အမျှ ကလေးပါမကျန် အသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ထိခိုက် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/02/146774/
ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ
["ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေး က ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဝယ်ကလီ အမတ ၃၁၅ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဝင်းရေးမြို့နယ် လို့ရှားကျေးရွာနေ အသက် ၅၃ နှစ်အရွယ်ရှိ နော်ကော့ကော် ဦးခေါင်းကို ဗုံးကျည် ထိမှန် ဒဏ်ရာရပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ဝယ်ကလီ အမတ ၃၁၅ တပ်ရင်းက နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲပစ်ခတ်ရာ ဝင်းရေးမြို့နယ် စံပြကျေးရွာနေ နော်ဆာ့ဘေး၏ ရော်ဘာခြံကို ကျရောက် ပေါက်ကွဲခဲ့ပြီး နော်ဆာ့ဘေးမှာ ဆီးခုံကို ဗုံးသီး ကျည်ထိမှန်ပြီး မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း၊ ထိုဗုံးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နော်ဆာ့ဘေး၏ ကွမ်းသီးပင် တချို့ နှင့် ရော်ဘာပင် တချို့သည်လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လေ့ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/06/108982/
ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်နှင့် ပစ္စည်းများ ထိခိုက်ပျက်စီး
["ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်နှင့် ပစ္စည်းများ ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဇွန် ၂၁", "ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်ရှိ တံခွန်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်နှင့် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။", "ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၃၂ မိနစ်ခန့်တွင် အမတ ၃၁၈ အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီး ၁ လုံးဖြင့် ကေအဲန်ယူ – ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ပြီး တံခွန်တိုင်ကျေးရွာ အမှတ် ၁ ရပ်ကွက်နေရှိ နေအိမ် ၁ လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့​ကာ ပြည်သူပိုင် ပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိသည်။", "တံခွန်တိုင် ကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်များက ၂၀၂၃ ခုနှစ် နွေရာသီ မှ စ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက် အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် တံခွန်တိုင်ကျေးရွာအုပ်စု အတွင်း နေထိုင်သည့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကာ နေအိမ် ၅ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/172036/
ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ၏ လျှို့ဝှက်အမိန့် နှင့်ညွှန်ကြားချက်များ Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး ရာပြည့် အမိန့်ထုတ်တားဆီး
["ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ၏ လျှို့ဝှက်အမိန့် နှင့်ညွှန်ကြားချက်များ Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး ရာပြည့် အမိန့်ထုတ်တားဆီး", "ရန်ကုန်၊ ဇူလိုင် ၈", "အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ လျှို့ ဝှက် အမိန့်များနှင့် ညွှန် ကြား ချက်များသည် Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများကို လုံး၀ မပြုလုပ်ရန် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး ရာပြည့်က အမိန့်ပေးလိုက်ကြောင်း သိရှိရသည်။", "ဇွန်လ ၂၆ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပခဲ့သည့် ၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် သီးခြားတွေ့ဆုံစဉ် ဝန်ကြီးဒုဗိုလ်ချုပ်ကြီးရာပြည့်က ထိုသို့ Viber အသုံးပြု၍ သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် အမိန့်ပေး ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ပြည်ထဲရေးဝန်ကြီးက လမ်းညွှန်ချက်အနေနဲ့ သတင်းလုံခြုံရေးနဲ့ လက်တွေ့ လုံခြုံရေး မကျိုးပေါက်စေဖို့ Viber အသုံးပြု သတင်းပို့တာတွေ ရပ်တန့်ဖို့ အမိန့်ပေးတယ်။ အထူးသဖြင့်တော့ ခင်ဗျားတို့ ခေတ်သစ်မီဒီယာဆီကို လျှို့ ဝှက် ညွှန်ကြားချက်နဲ့ အမိန့်တွေ ပေါက်ကြားနေတာကို လုံး၀ ရပ်တန့်ရမယ်လို့ ပြောသွားတယ်” ဟု ပြည်ထဲ ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒုဗိုလ်ချုပ်ကြီးရာပြည့်၏ ပြောဆိုချက်မှာ “ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများတွင် ဝန်ထမ်းတချို့၏ သစ္စာမရှိမှုကြောင့် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ အရေးကြီးသော ကိစ္စ လျှို့ဝှက်သင့်သည်ကို အပိုင်းလိုက် ခွဲခြားပြီး ညွှန်ကြားရန်၊ သတင်းနှင့်စာရွက်စာတမ်းများ၏ လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေးအတွက် Viber အသုံးပြု ပေးပို့ခြင်း လုံး၀ မပြုလုပ်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် ပြောဆိုခဲ့သည်။", "ထို့ပြင် ခေတ်သစ်မီဒီယာနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ပြောဆိုရာတွင် ” Viber Group မှတစ်ဆင့် ခေတ်သစ်မီဒီယာတွင် သတင်းပေါက်ကြားမှု ရှိသဖြင့် အမှုမဲ့ အမှတ်မဲ့ ဖြစ်နိုင်၍ ဂရုစိုက် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းအပြောင်း အရွှေ့ကိစ္စများ ခေတ်သစ်မီဒီယာက အားလုံး သိနေသဖြင့် စာရွက် စာ တမ်း လုံခြုံရေး ၊ သတင်းလုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရန် အမိန့်ပေးသွားသည်။", "မကြာသေးမီကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ကြီးဌာနများအတွင်း လျှို့ဝှက်ချက်များကို ပေါက်ကြားစေသူများကို ဖော်ထုတ်အရေးယူရမည်ဖြစ်ကြောင်း စစ်ကောင်စီအစည်းအဝေးတွင် ထုတ် ဖော်ပြောဆိုသွားခဲ့သည်။"]
https://yktnews.com/2023/12/135771/
ဝန်ကြီးဟောင်း စိုးထွဋ်၏ လူယုံ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်သီဟ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ
["ဝန်ကြီးဟောင်း စိုးထွဋ်၏ လူယုံ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်သီဟ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "အကြမ်းဖက်စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ်များချမှတ်ပြီးနောက် နောက်ဆက်တွဲအဖြစ် စိုးထွဋ်၏ လူယုံ သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကိုလည်း ထောင်ဒဏ် ၃ နှစ် ပြစ် ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကို နိုင်ငံကူးလက်မှတ်အတွက် အဂတိလိုက်စားမှုများ ပေါ်ပေါက်ခြင်း၊ နိုင်ငံ တော်ဆိုင်ရာဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်မှု ရရှိနိုင်ရေး လုပ်ငန်းရှင်များထံမှ လာဘ်ယူခြင်း၊ သတင်းရဲတပ်ဖွဲ့ ၏ ရန်ပုံငွေ အလှူငွေများကို အလွဲသုံးစားခြင်းတို့ဖြင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရဲမှူးချုပ်ကျော်သီဟကို ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ၊ ရဲမှူးချုပ်ကျော်သီဟသည် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်အတွက် အဓိက ငွေရှာပေးခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "“ရဲမှူးချုပ်ကျော်သီဟက ဝန်ကြီး ဦးစိုးထွဋ်အတွက် အဓိက ငွေရှာပေးခဲ့တဲ့သူလို့ ဆိုရမယ်။ လူယုံသဘောမျိုး ငွေရှာပေးတာ။ သူကိုယ်တိုင်လည်း ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ရက် တွင် ရာထူးများမှ ရပ်ဆိုင်းခံရပြီးနောက် စစ်ကောင်စီ ၏ စစ် တရားရုံးဖြင့် ရုံးတင် စစ်ဆေးခြင်းကို ခံရကာ နိုဝင်ဘာ ၁၀ ရက်တွင် ထောင် ၅နှစ် ချမှတ်ခံခဲ့ရသည်။", "စစ်ကောင်စီ က ဝန်ကြီးဟောင်း စိုးထွဋ်ကို မြန်မာနိုင်ငံကူးလက်မှတ် ဝန် ဆောင် မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြုခြင်း၊ တံစိုး လက် ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက် သာချောင် ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင် ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ရာထူးမှ ဖယ်ရှား ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2023/12/137799/
ဝန်းသို ၅ မိုင်ဂိတ်တွင် ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်နှင့်ခရီးသည်တချို့ကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်
["ဝန်းသို ၅ မိုင်ဂိတ်တွင် ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်နှင့်ခရီးသည်တချို့ကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဝန်းသိုမြို့နယ်အကြား ၅ မိုင်ဂိတ်တွင် ညအိပ်ရပ်နားနေသော ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်များနှင့်ခရီးသည်တချို့ကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စစ်တပ်က အမည်တပ် လိမ်လည်သတင်းထုတ်ပြန်လာကြောင်း ပစ်သတ်ခံရသူတချို့၏ မိသားစုနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ကောလင်းနှင့် ဝန်းသိုအကြား ၅ မိုင်ဂိတ်တွင် ကားရပ်နားပြီး ညအိပ်နေကြသည့် ကားသမားများ၊ စျေးဆိုင်ပိုင်ရှင်နှင့်ခရီးသည်တချို့ကို ဖမ်းဆီးခေါ်ဆောင်ပစ်သတ်လိုက်ကြောင်း၊ ယင်းနောက် PDF များ ဖမ်းဆီး ရရှိသည်ဟုဆိုကာ သေနတ်များ၊ လက်လုပ် စိန် ပြောင်းများကို အလောင်းများ ဘေးနားချထားကာ ဓာတ်ပုံရိုက်ယူ သတင်း ထုတ်ပြန်လာကြောင်း သိရှိရသည်။", "“မနေ့ညပိုင်း ကောလင်း နဲ့ ဝန်းသိုကြား ၅ မိုင်ဂိတ် ကားတွေညအိပ်နားတဲ့ ထ မင်းဆိုင်မှာ မနေ့ညက ညအိပ်နားနေသူရော ဆိုင်ရှင်တွေကိုရော အကုန် အိပ်နေချိန် နှိုးတယ်။ ပြီးတော့ စစ်တပ်က အားလုံးကို ပစ်သတ်သွားတယ်။ ကျနော့်မိတ်ဆွေ ဘတ်ဟိုးကားသမား ကိုအောင်ကြီး လည်း ပစ်သတ်ခံရတဲ့အထဲပါ သွားပါတယ်” ဟု ဝန်းသိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားသူ အနည်းဆုံး ၁၀ ဦးအထက်ရှိပြီး ပိုက်ဆံအိတ်များ၊ ငွေကြေးများနှင့် နာရီများ တန်ဖိုးရှိသော ပစ္စည်းများကို လုယက်သွားကြောင်း၊ ဆိုင်ကယ်နှင့်ကားများကိုပါ လုယူသွားကြောင်း သိရှိရသည်။", "စစ်တပ်၏ယမန်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ဝန်းသိုမြို့နယ်တွင် PDF အလောင်း ၁၄ လောင်းနှင့်အတူ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ အမ်-၂၂ ကျည် ၃၅၂ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အိုင်ကွန် ၅ လုံး၊PDF တံဆိပ်ပါအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ပြောက်ကျားကျောပိုးအိတ် ၆ လုံး၊ ဆိုင်ကယ် ၅ စီး၊ ကား ၁ စီး တို့ကို သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။"]
https://yktnews.com/2024/01/138931/
ဝန်းသိုမြို့နယ်တွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသည့် ပြည်သူ ၁၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ၊ စစ်ကောင်စီ တပ်သားများက ပြည်သူများကို သတ်ဖြတ်ပြီး ကားနှင့် စပါးများ ယူဆောင်သွား
["ဝန်းသိုမြို့နယ်တွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသည့် ပြည်သူ ၁၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ၊ စစ်ကောင်စီ တပ်သားများက ပြည်သူများကို သတ်ဖြတ်ပြီး ကားနှင့် စပါးများ ယူဆောင်သွား", "ရန်ကုန်၊ ဇန်နဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဒေသအခေါ် ၅ မိုင်တွင် အကြမ်းဖက် စစ်တပ် က ဖမ်းဆီးသတ်ဖြတ်ထားသော ပြည်သူ ၁၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း Kawlin Revolution – KR အဖွဲ့ ထံမှ သိရသည်။", "ယနေ့ဇန်နဝါရီလ ၇ ရက်နေ့တွင် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဒေသအခေါ် ၅ မိုင်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ထားသော ပြည်သူအလောင်း ၁၉ လောင်းကိုတွေ့ရှိခဲ့ပြီး အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦးဖြစ်ကြောင်း၊ ၎င်းတို့ ၁၉ ဦးအနက် ကောလင်းမြို့နေ စပါးပွဲစား ဒေါ်ခင်စိန်၊ ဦးသိန်းဌေး၊ ဦးဟိန်းဇော်၊ ဦးထွန်းဇော်လှိုင် နှင့် ဦးငထွန်းတို့သာ အတည်ပြုနိုင်သေးပြီး ကျန်သူများမှာ မည်သူ မည်ဝါအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "ဇန်နဝါရီလ ၅ ရက်နေ့က ဝန်းသိုမြို့ ခမရ ၁၂၀ တပ်အနီး လေဘိုကျေးရွာ၊ ဒေသအခေါ် ကျောက်စိမ်း ဘုရားအနီးတွင် စပါးကုန်သည်များနှင့် ကားသမားများကို အကြမ်းဖက်စစ်ကောင်စီတပ်က ခမရ ၁၂၀ တပ်အတွင်းသို့ ဖမ်းဆီးသွားပြီး ပြည်သူများ၏ ကားများကိုလည်း ယူဆောင်သွားကာ စပါးများကိုလည်း ဝန်သိုမြို့အတွင်းရှိ ဆန်စက်သို့ပို့ဆောင်ကာ ကြိတ် ခွဲပြီး ဆန်ထုတ်ယူသွားကြောင်း သိရသည်။", "ထို့နောက် စပါးကုန်သည်နှင့် ကားသမားများကို ပစ်ခတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ရုပ်လောင်းများတွင် ရင်ဘတ် နှင့် ဦးခေါင်းတို့၌ သေနတ် ဒဏ်ရာများတွေ့ရှိပြီး အလောင်း များအနီးတွင်လည်း ကပစ ထတ်ု ၅ ဒသမ ၅၆ ကျည်ဆံအခွံများ တွေ့ရှိခဲ့ကြောင်း၊ ထို့အပြင် သေဆုံး သူ ရုပ်အလောင်းများ၌ ခြေကျင်းဝတ်နှင့် လက်ပြန်ကြိုးတုပ်လျက်အနေအထား တွေ့ရှိရကြောင်း Kawlin Revolution – KR က ထုတ်ပြန်ထားသည်", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2023/12/135210/
ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ
["ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျောက်တိုင်ကျေးရွာ၊ အာမခံကျေးရွာ၊ ဇီးဖြူပင်ကျေးရွာ၊ ကြို့ကုန်းကျေးရွာနှင့် မြိုင်ဇေယျာကျေးရွာတို့ကို ၂ ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသနေပြည်သူ များနှင့် The Guys Of Wuntho အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၈ ညနေ ၃ နာရီခန့်တွင် ဝန်းသိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၇၀၁ ၊ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ခန့်သည် ကျောက်တိုင် ကျေးရွာမှ ပြည်သူ့ နေအိမ် ၄ လုံး၊ ညနေ ၅ နာရီ ကျော်တွင် အာမခံကျေးရွာကို ဝင်ရောက်ခဲ့ပြီး ညအိပ်တပ်စွဲကာ ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက် ၇ နာရီခန့်က စတင်၍ ညနေ ၂ နာရီ မိနစ် ၄၀ အထိ အာမခံကျေးရွာကို မီးရှို့ခဲ့ကြောင်း၊ ထို့နောက် ၂ နာရီ ၅၉ မိနစ်တွင် ငါးရံ့ချောင်းကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။", "“ဒီနေ့ ဝန်းသိုမြို့နယ် ဇီးဖြူပင်၊ ကြို့ကုန်း၊ မြိုင်ဇေယျာ၊ အာမခံ၊ ကျောက်တိုင် ရွာတွေမှာ ခွေးတွေက မီးရှို့ဖျက်ဆီးလို့ ပြည်သူတွေ အတိဒုက္ခရောက်နေကြတယ် အနီးအနားကရွာတွေကိုလည်း မွှေနှောက် ရှာဖွေဖျက်ဆီးတာတွေလုပ်ကြတယ်ဗျ၊ ကျောက်တိုင် အာမခံ ဇီးဖြူပင် မြိုင်ဇေယျာ ကြို့ကုန်း မနေ့ က နဲ့ ဒီမနက်မီးလောင်နေပါတယ် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်တဲ့အနေအထားပါ၊ PDF အဖွဲ့တွေက တပ်ကို တိုက်မလား။ တပ်ကပဲ PDF အဖွဲ့တွေကို တိုက်မလား၊ ဘာမှန်းမသိရတဲ့ အခြေအနေပါ။ ပြည်သူတွေ တော်တော်များများကတော့ ရှောင်ဖို့လည်းမလွယ် ၊နေဖို့လည်း ခက်တဲ့အခြေအနေပါ” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီခန့်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသော ခမရ ၃၆၉ နှင့် ခမရ ၁၂၀ ပူးပေါင်း စစ်ကြောင်းသည် ဝန်းသိုမြို့နယ်၊ ဇီးဖြူပင်ကျေးရွာ ကို မီးရှို့ပြီး ညနေ ၅ နာရီခန့်တွင် ချယားကုန်းကျေးရွာကို ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဝန်းသိုမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း The Guys Of Wuntho အဖွဲ့က ထုတ်ပြန်ထားသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/09/124396/
ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်နေသည့် ကလေးငယ် ၁၈ ဦးဒဏ်ရာရ
["ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်နေသည့် ကလေးငယ် ၁၈ ဦးဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ဘုန်းကြီးကျောင်းကို အကြမ်း ဖက်စစ်တပ်က လက်နက်ကြီး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၌ စာသင်ကြားနေသူ ကလေး ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။", "ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၀၂ တပ်မှ ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ကျောင်းတိုက်အတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း၌ စာသင်ကြားနေ သူ ကလေးငယ် ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူ ကလေးများထဲတွင် ၆ ဦးမှာ အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သည် ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းကြီးကျောင်းကိုပင် ပစ်ခတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေပြီး အရပ်ဖက် စစ်ဘက် ခွဲခြားမှုမရှိပဲ အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/124456/
ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်နေသည့် ကလေးငယ် ၁၈ ဦးဒဏ်ရာရ
["ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်နေသည့် ကလေးငယ် ၁၈ ဦးဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာ၊ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ဘုန်းကြီး ကျောင်းကို အကြမ်း ဖက်စစ်တပ်က လက်နက်ကြီး ၃ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၌ စာသင် ကြားနေသူ ကလေး ၁၈ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။", "ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ ၏ ခမရ ၁၀၂ တပ်မှ ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဂျိုးထောင် ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမ ကျောင်းတိုက်အတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်း၌ စာသင်ကြားနေ သူ ကလေးငယ် ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာ ရရှိသူ ကလေးများထဲတွင် ၆ ဦးမှာ အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သည် ကလေးငယ်များ ပညာသင်ယူနေသည့် ဘုန်းကြီးကျောင်းကိုပင် ပစ်ခတ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေပြီး အရပ်ဖက် စစ်ဘက် ခွဲခြားမှုမရှိပဲ အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန် နေခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/211917/
ဝန်းသိုမြို့နယ်၊ နန်းချိုရွာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်
["ဝန်းသိုမြို့နယ်၊ နန်းချိုရွာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၂၀", "စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းချိုရွာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဝန်းသိုမြို့နယ်၊ နန်းချိုရွာ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“မနေ့က ညက ဝန်းသိုမြို့နယ် နန်းချိုရွာကို ဂျက်ဖိုက်တာနဲ့ ၂ ချက်ပစ်တာ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံ ပျက်သွားတယ်။ ထိခိုက်သူ မရှိဘူးလို့ သိရှိရတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/210772/
ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး
["ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး", "ရန်ကုန်၊ ဧပြီ ၉", "စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးကြောင်း ကနဦးသိရသည်ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ (ဂျိုးတောင် နမ်းခမ်း) ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယနေ့ ညနေ ၆ နာရီခန့်တွင်လည်း နမ်းခမ်းရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးသည်ဟု ကနဦး သိရပြီး သေဆုံးသူ အရေအတွက် အတိအကျကို ထပ်မံ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ အခု ကနဦး သိရတာက လူ ၂၀ ကျော် သေဆုံးတယ်လို့ သိရတယ်။ အရေအတွက်အတိအကျကိုတော့ ထပ်မံ သိရှိနိုင်ဖို့ အတည်ပြုနေပါတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/12/136735/
ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို စစ်တပ်က ပစ်ခတ်၍ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေ
["ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို စစ်တပ်က ပစ်ခတ်၍ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေကြောင်း Kawlin Revolution-KR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ဝန်းသိုမြို့ အခြေစိုက် အကြမ်း ဖက် စစ်တပ်၏ ခမရ ၁၂၀ တပ်ရင်းက ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို ပစ်ခတ် ဝင်ရောက်လာပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက် ဆီး လျက်ရှိကြောင်း သိရသည်။", "” ပြည်သူတွေ ထိခိုက်မှု ရှိ ၊ မရှိတော့ မသိရသေးဘူး။ စစ်ခွေးတွေရွာထဲမှာ မီးစရှို့နေပြီး မီးညွှန့်စတက်လာတာပဲ မြင်နေရတုန်းပါ” ဟု Kawlin Revolution-KR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ​ပြောဆိုသည်။", "Photo – ဒီဇင်ဘာလ ၂ ရက်နေ့က ထီးချိုင့်မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်"]
https://yktnews.com/2024/07/170912/
ဝမ်းတွင်း ရွှေတောင်ရဲစခန်းနှင့် မြင်းခြံ သစ်ရုံရွာလမ်းဆုံရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ဝမ်းတွင်း ရွှေတောင်ရဲစခန်းနှင့် မြင်းခြံ သစ်ရုံရွာလမ်းဆုံရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "” ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စု ရဲစခန်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရတယ်။ ဒီနေ့ ညနေ ၄ နာရီလောက်က တိုက်ခိုက်ခံရတာ စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ ဒရုန်းက ရွှေတောင်နဲ့ ရွာနီးချင်း ကျွက်ကန် ဘက်ကနေလာတယ်ဆိုပြီး ကျွက်ကန်ရွာဘက်ကို စစ်ခွေးတွေ လိုက်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ သစ်ရုံရွာလမ်းဆုံတွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၈ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာ လမ်းဆုံတွင် ခရီးသွား ပြည်သူများကို အနိုင်ကျင့် ရမ်းကားကာ ‌လက်ဝတ်ရတနာနှင့် ငွေကြေးများကို လုယက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119922/
ဝမ်းတွင်းတွင် PDF စခန်းကို စုံစမ်းနေသည့် တပ်ဖွဲ့ကို ဖမ်းဆီးရာမှ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံးကာ စစ်ဗိုလ် ၂ ဦး ဒဏ်ရာရ
["ဝမ်းတွင်းတွင် PDF စခန်းကို စုံစမ်းနေသည့် တပ်ဖွဲ့ကို ဖမ်းဆီးရာမှ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံးကာ စစ်ဗိုလ် ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၂၇", "မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒေါင့်အိုင်ကျေးရွာအနီး တောတွင်း တစ်နေရာ တွင် PDF စခန်းကို လိုက်လံစုံစမ်းနေသည့် စစ်ဗိုလ် ၂ ဦးနှင့် ပျူစောထီး ၂ ဦး ကို ဖမ်းဆီးရာ ပြန်လည် ခုခံသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၂ ဦး သေဆုံးကာ ဗိုလ် ၂ ဦးဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ကြောင်း Wundwin Township Revolution Force မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် ဝမ်းတွင်းမြို့နယ် အနောက် ခြမ်းတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (WTRF) ကို လိုက်ရှာနေသည့် အကြမ်း ဖက် စစ်တပ်မှ ဗိုလ် ၂ ဦးနှင့် ပျူစောထီး ၂ ဦးကို စောင့်ကြို ဖမ်းဆီးရာ စစ် ဗိုလ် ၂ ဦးက ၎င်းတို့ပါလာသည့် ပစ္စတိုသေနတ်များဖြင့် ပြန်လည် ခုခံထွက် ပြေးသွား ကြောင်း၊ သို့ရာတွင် ပျူစောထီး ၂ ဦးမှာမူ ကျည်ထိမှန်သေဆုံးခဲ့ပြီး စစ်ဗိုလ် ကောင်းမြတ်ဇော်တွင် သေနတ် မှန် ဒဏ်ရာ ၂ ချက်၊ ကျန် စစ်ဗိုလ် တစ်ဦးတွင် ဆူးခြစ်ဒဏ်ရာများ အသီးသီးရရှိကာ လွတ်မြောက်သွားကြောင်း သိရသည်။", "“ဆိုင်ကယ်နဲ့လာကြတာ၊ ဆိုင်ကယ်ကို တနေရာမှာ ထားခဲ့ပြီးတော့ တောထဲကို ခြေလျင်လိုက်ရှာတာ၊ ကြွက်ထောင်သွားတယ်ဆိုတဲ့ခေါင်းစဉ်နဲ့၊ အရပ်သားပုံစံ ဟန်ဆောင်ထားတာ၊ ဗိုလ် ၂ ယောက်မှာက ပစ္စတို တစ်ယောက်တစ်လက်နဲ့၊ ပျူ ၂ ယောက်မှာက ဘာမှ မပါဘူး၊ လောက်လေးနဲ့ လွယ်အိတ်ပဲ ပါတယ်၊ ဗိုလ်တစ်ဦးကတော့ ဆူးခြစ်ရာ၊ ဆူးရှရာ ဗရပွနဲ့၊ တစ်ဦးကတော့ သတင်းဖုံးပြီး ကုသနေတယ်၊ မသေဘူးလို့ သိရတယ်” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "သေဆုံးသွားသော ပျူစောထီး ၂ ဦးအလောင်းများကို မိတ္ထီလာမှ စစ်ကူကား ၃ စီးဆင်းလာပြီး ရွှေတောင် ရဲစခန်း၊ ဝမ်းတွင်းရဲစခန်း၊ ပင်းတလဲရဲစခန်းတို့က အင်အားဖြင့် အကုန်ကွင်းဆင်းပိတ်ဆို့ကာ လာရောက် ကောက်ယူသွားကြောင်း သိရသည်။", "ဝမ်းတွင်းမြို့နယ်အတွင်းသို့ မန္တလေးတိုင်း တိုင်းမှူးကိုယ်တိုင် မကြခဏ ကွင်း ဆင်း လာကာ Wundwin Township Revolution Force တပ်ဖွဲ့သတင်းကို သိရှိနိုင်ရန် ဖိအားပေးစေခိုင်းနေကြောင်း၊ သို့သော် လည်းသဲလွန်စ ပင်မရရှိသ ဖြင့် နေရာအနှံအုပ်စုခွဲကာ အရပ်သားပုံစံအမျိုးမျိုးဖြင့် လိုက်လံရှာဖွေနေ သည်မှာ ၁၈ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း၊ ၎င်းတို့လာရာလမ်းကို မိုင်းထောင် တိုက် ခိုက်ရန် ပြင်ဆင်ခဲ့ သော် လည်း ပြည်သူများကို ထိခိုက်မည်စိုးရိမ်သဖြင့် အကြမ်းဖက်စစ်အုပ်စုများ ကျော်သွားပါကပြန်လည် ဖြုတ်သိမ်းယူခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ကျွန်တော်တို့ကမိုင်းထောင်ထားရင်လည်း သေချာစောင့်ကြည့်ပြီးလုပ်တာပါ ပြည်သူကို ထိမှာစိုးလို့ ဒီ တိုင်း ထောင်ပြီးထားခဲ့တာမျိုးလုံးဝမလုပ်ပါဘူး။ ဒီစကား ကိုဘာလို့ပြောရလဲဆို စကစဟာ ကျွန်တော် တို့ ကိုနာမည် ဖျက်ဖို့ အမျိုးမျိုး လုပ်လာနိုင်တာကြောင့်မို့ပါ၊ ဒါပေမယ့် မိတ္ထီလာလို စစ်ထောက်ခံ တဲ့သူများပြီး တပ်ပေါင်း ၄၀ ကျော်ရှိတဲ့ မြို့နားမှာရှိနေပေမယ့် ကျွန်တော်တို့ ဝမ်းတွင်းမြို့နယ်ကပြည်သူတွေဟာ အရမ်း သတ္တိရှိကြပါတယ်၊ တော်လှန်ရေး ရဲ့ဒဏ်ကိုလည်းအတော်လေးခံရပါတယ် ပြီးတော့ တော်လှန် ရေး ပါး နပ် မှုလည်းရှိနေကြပြီ၊ မပြောသင့်တာကိုမပြောဘူး တော်ရုံဆိုမမြင်ချင် ယောင် ဆောင် ပေးသွားတယ်။ ကာပေးသွားတယ် သူတို့သိသွားတဲ့အရာတွေဆို အခြားသူ နားကို လုံးဝရောက်မသွားဘူး။ ကိုယ့်မိသားစု ဝင်တွေကို တောင် ပြန်မပြောကြဘူး။ ဒီလိုပြောနိုင်တာဟာ အများကြီးကြုံခဲ့ဖူးလို့ပါ ကျေးဇူး တင်ပါတယ် လို့လည်း ပြောချင်ပါတယ်” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောကြားသည်။", "ဝမ်းတွင်းမြို့နယ်တွင် ထူးခြားဖြစ်စဉ် ဖြစ်ပေါ်တိုင်း ပြည်သူများကို စစ်တပ်က ဖမ်းဆီးငွေညှစ်ခြင်း၊ မီးဖြတ်ခြင်း၊ ဆိုင်ကယ် နှစ်ဦးမစီးရဟုဆိုတာ ကန့်သတ် ချုပ်ချယ်သည့်အပြင် တစ်ဦးတည်းစီးပါကလည်း အပြစ် မရှိ အပြစ်ရှာခြင်း၊ ဆိုင်ကယ်ပေါ်၌ အထုပ်ပါလာပါက ကားလမ်းပေါ်တွင် ဝမ်းလျားမှောက် စစ် ဆေးခြင်း၊ ဖားခုန်၊ ထိုင်ထ လုပ်ခြင်း၊ ညနေ ၆ နာရီကျော်ပါက အပြင်မထွက် ရဟုဆိုကာ ကန့်သပ်ချုပ်ခြင်းတို့ ဖြင့် ပြည်သူလူထုအပေါ် စစ်တပ်က ညှင်း ပန်း နှိပ်စက်လျက်ရှိကြောင်း သိရသည်။", "“သူတို့က ဘာလို့ ဒီလိုလုပ်တာလဲဆိုတော့ ပြည်သူတွေ တော်လှန်ရေး စိတ်မရှိ ကြတော့ပဲ၊ စားဝတ်နေ ရေးဘက်ကို လှည့်သွားအောင်လုပ်တာ၊ ကျနော်တို့ ကြောင့် ဒီလိုဖြစ်ရတာဆိုတာမျိုး ဖန်တီးချင်တာ၊ ဒါပေမယ့် ကျနော်တို့ ဝမ်း တွင်း မြို့နယ်က လူထုဟာ အခုထိသွေးကြောင်မသွားကြပါဘူး” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။", "ဓာတ်ပုံ- ဝမ်းတွင်းမြို့အဝင်မှ စစ်ဆေးရေးဂိတ်တစ်ခု။"]