url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/02/144693/
လွိုင်ကော်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး အပါအဝင် ၆၅ ဦး ပြန်လည် လွတ်မြောက်လာ
["လွိုင်ကော်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး အပါအဝင် ၆၅ ဦး ပြန်လည် လွတ်မြောက်လာ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကျဉ်းထောင်အတွင်းမှ လွတ်ရက်စေ့ကျော်လွန်နေသော နိုင်ငံ ရေးအကျဉ်းသား ၁၂ ဦးအပါအဝင် ၆၅ ဦး ပြန်လည် လွတ် မြောက်လာကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦး က ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တို့ ပူးပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ အပါ အဝင် အခြား အကျဉ်းသားများ လွတ်ရက်စေ့သော်လည်း ထပ်မံထိန်းသိမ်းခံထားနေရကြောင်း ကြေ ညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။", "“ကျနော်တို့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်က စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ တော်တော် လေး ပျံ့သွားတာရယ်၊ သူတို့ဘက်က ရှင်းလင်းချက်ပြန်ထုတ်တာတွေနဲ့ဆိုတော့ အဲဒီတုန်းကတော် တော် လေးဂယက်ရိုက်သွားတာပေါ့၊ အဲဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေကို ၅ ရက်နေ့မှာ ပြန် လွတ်လာတယ်၊ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေက ဝိုင်းဝန််းကူညီပေး ကြသူ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်ပါတယ်၊ ကျနော်တို့အဖွဲ့အစည်းအနေနဲ့လည်း ကျေးဇူးတင်ပါတယ်” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦး က ရန် ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "လွတ်ရက်စေ့ အကျဉ်းသား၊အကျဥ်းသူများကို လွှတ်ပေးလိုက်သည့်အပေါ် ကြိုဆိုပါ ကြောင်း၊ သို့သော် လွိုင်ကော်အကျဉ်းထောင်တွင်း၌ ကျန်ရှိနေဆဲ အကျဉ်းသားများသည် အစားအ သောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မလုံလောက်သည့် အခြေအနေနှင့် ကြုံတွေ့နေရ ကြောင်း သိရသည်။", "လက်ရှိ၌ လွိုင်ကော်အကျဉ်းထောင်တွင်း၌ အကျဉ်းသားများအားလုံးကို ဆန်ကြမ်းနှင့် ငါးပိကိုသာ နေ့စဉ်ရက်ဆက်ကျွေးနေသည့်အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ ယနေ့အထိ နှစ်လ နီးပါးကြာ အကျဉ်းသားများကို အခန်းထဲ၌ ပိတ်လှောင်ထားသဖြင့် ကိုယ်လက်အင်္ဂါများ ချိနဲ့ခြင်းကဲ့သို့ ကျန်းမာရေးထိခိုက်မှုများ ဖြစ်နေကြောင်း သိရသည်။", "ထို့ကြောင့် မတရားဖမ်းဆီးထားထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြား အ ကျဉ်းသားများကို လုံလောက်သောအစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အထူး အလေးထားလုပ်ဆောင်ပေးနိုင်ပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA)တို့က တောင်းဆိုထားသည်။", "လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးမှာ-", "၁။စိုင်းဝဏ္ဏ", "၂။ရဲထွန်းနိုင်", "၃။မောင်ဝိုင်း", "၄။စောအယ်ထောနယ်ဆွီ", "၅။ဆာကာရီးရာ", "၆။ဆာဘလုမူး", "၇။ဆူရယ်", "၈။သန်းကိုစတီးနိုး", "၉။အာကာပေတရု", "၁၀။ကလောရယ်", "၁၁။မြာရယ်", "၁၂။ဒေါ်လင်းလင်းခိုင် တို့ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134005/
လွိုင်ကော်၊ ခလရ ၅၄ တပ်ရင်း၏ လက်နက်တိုက်ကို တပ်တွင်း သတင်းပေးချက်အရ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လက်နက်တိုက် မီးလောင်ပျက်စီး
["လွိုင်ကော်၊ ခလရ ၅၄ တပ်ရင်း၏ လက်နက်တိုက်ကို တပ်တွင်း သတင်းပေးချက်အရ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လက်နက်တိုက် မီးလောင်ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခလရ ၅၄ တပ်ရင်း၏ လက်နက်တိုက်ကို တပ်တွင်း သတင်းပေးချက်အရ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ လက်နက်တိုက် မီးလောင်ပျက်စီး ခဲ့ကြောင်း လွိုင်ကော် PDF က ထုတ်ပြန်သည်။", "ယနေ့ဒီဇင်ဘာလ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က လွိုင်ကော်မြို့ရှိ ခလရ ၅၄ တပ်ရင်းအတွင်းရှိ လက်နက်တိုက်ကို တပ်တွင်း ဖရဲသီးသတင်းပေးချက်အရ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲပြီးနောက် အသံ ကျယ်လောင်စွာ ထွက်ပေါ်လာကာ ၂ နာရီခန့်အကြာ မီးလောင် နေခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Loikaw PDF နှင့် Falcon Wings တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လွိုင် ကော် မြို့ ရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများကို ဒရုန်း ဖြင့် တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း၊ 1111 Operation စစ်ဆင်ရေး ၂၁ ရက်မြောက်နေ့တွင် လွိုင်ကော်မြို့ တဝက်နီးပါးကို ထိန်းချုပ်ထား နိုင်ကြောင်း သိရသည်။", "ခလရ ၅၄ တပ်ရင်းသည် လွိုင်ကော်မြို့၊ မိုင်းလုံးရထားလမ်း၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး လွိုင်ကော် ဒေသကွက်ကဲရေး စစ်ဌာနချုပ်နှင့် အနီးကပ်ဆုံးတပ်ရင်းတစ်ခုဖြစ်ကာ လေကြောင်းမှ လူ၊ လက်နက်၊ ခဲယမ်းဖြည့်တင်းရာ၌ အဓိက အသုံးပြုနေသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရသည်။", "ကရင်နီပြည်နယ် 1111 Operartion စတင်ချိန်မှ မဟာမိတ်တပ်ပေါင်းစုနှင့်အတူ ဦးလည်မသုန် ပါဝင် နေပြီး အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ်တောက်ရေးကို မြေပြင် ဝေဟင် အဆက်မပြတ် ဆင်နွှဲ လျက်ရှိကြောင်း Loikaw PDF X Falcon Wings က ထုတ်ပြန်ထားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်မှုနှင့် မြေပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့နေ ပြည်သူများ ထိခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ လွိင်ကော်မြို့သို ပြန်လည်ဝင်ရောက်ခြင်း မပြု ကြရန် မေတ္တာရပ်ခံထားသည်။", "လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁ ၊ ခလရ ၂၅၀ ၊ ခလရ ၅၄ ၊ အမြောက်တပ်ရင်း ၃၆၂ ၊တပ်မတော်ဆေးရုံ အမှတ် ၇ ၊ ထောက် ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ အမှတ် ၇၂၂ တပ်တို့ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/11/131279/
လွိုင်ကော်၊ ချောင်းဦးနှင့် အင်းလေးတို့တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်
["လွိုင်ကော်၊ ချောင်းဦးနှင့် အင်းလေးတို့တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ရဲစခန်းမှ ရဲအရာရှိ ၁ ဦးလက်နက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း KNDF Battalion-02 က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလအတွင်း လွိုင်ကော်မြို့ ရဲစခန်းမှ ရဲအရာရှိ ၁ ဦးသည် KNDF Battalion-02 တပ်ရင်းထံ ဆက်သွယ်လာပြီး G 3 သေနတ်နှင့် ကျည်တစ်ချို့ယူဆောင်လာကာ အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ရဲအရာရှိနှင့် မိသားစုဝင်များကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့ပြီး လုံခြုံသည့် နေရာတစ်ခုကို ပို့ဆောင်ထားကြောင်း၊ ၎င်းက G3 သေနတ် ၁ လက်နဲ့ ကျည်တစ်ချို့ကိုယူဆောင်လာသောကြောင့် KNDF က ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်လာ​ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ – မီးတောက်တပ်ခွဲက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် အမြင့်စျေးထဲကို ဈေးဝယ် ထွက်လာစဥ် လက်နက်ပါ ယူဆောင်လာပြီး ထွက်ပြေးကာ အလင်းဝင်လာ​ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ရဲတပ်သားသည် MA13 အူဇီဟအမျိုးစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ mm 9 ကျည် ၉၅ တောင့်၊ ကျည်ကာ ၁ ထည် ၊ လက်ကိုင်ဖုန်း ၁ လုံးယူဆောင်လာကာ လက်ရှိချိန်တွင် လွတ်မြောက် နယ်မြေကို ပို့ဆောင်ထားကြောင်း သိရသည်။", "အလားတူ ရှမ်းပြည်နယ်၊ အင်းလေးဒေသတွင် အကြမ်းဖက် စစ်တပ်၏ ဆက်သွယ်ရေးတပ်သား ၂ ဦး အလင်းဝင်လာကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ အတွင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၉ တပ်ရင်းကို အကြမ်းဖက် စစ်တပ်တပ် လက်အောက်ခံ ဆက်သွယ်ရေး တပ်သား ၂ ဦး CDM ပြုလုပ်လာသောကြောင့် ပြည်သူရင်ခွင်အဖွဲ့နှင့် ချိတ်ဆက်ပြီး ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "အင်းလေး ဒေသအတွင်းရှိ စစ်ကောင်စီ ဝန်ထမ်းများ အနေဖြင့် CDM ပြုလုပ်ကြပါရန် တိုက်တွန်းကြောင်း၊ CDM ပြုလုပ်ရန် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲရှိပါက တော်လှန်ရေး သတင်းပေးနှင့် အထောက်အကူပြုလုပ်ငန်းများထမ်းဆောင်နိုင်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊အင်းလေး ပျူစောထီး တပ်ဖွဲ့ဝင်များ၊ PNO ပြည်သူ့စစ်များအနေဖြင့် လက်နက်နှင့် ပူးပေါင်းလာပါက ပါရှိလာသော‌ စစ်လက်နက်ခဲယမ်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ဆုကြေးငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း IPDF က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/142323/
လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဘောလခဲ၊ မိုးဗြဲ၊ ဖယ်ခုံရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်၊ ရွာသစ်မြို့၊ မော်ချီးမြို့နှင့်မယ်စဲ့မြို့နယ်တို့ကို တော်လှန်ရေးတပ်များက အပြီးသတ်ထိန်းချုပ်ရရှိ
["လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဘောလခဲ၊ မိုးဗြဲ၊ ဖယ်ခုံရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်၊ ရွာသစ်မြို့၊ မော်ချီးမြို့နှင့်မယ်စဲ့မြို့နယ်တို့ကို တော်လှန်ရေးတပ်များက အပြီးသတ်ထိန်းချုပ်ရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ကရင်နီပြည်၊ လွိုင်ကော်၊ ဒီမော့ဆို၊ ရှားတော၊ ဘောလခဲနှင့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနှင့်ဖယ်ခုံတို့ရှိ စစ်ကောင်စီတပ်စခန်း ၂၀ ထက်မနည်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး ရွာသစ်မြို့၊ မော်ချီးမြို့နှင့် မယ်စဲ့မြို့နယ်တို့ကို အပြီးသတ် ထိန်းချုပ်ရရှိကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။", "၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက (၁၁.၁၁) စစ်ဆင်ရေးဆင်နွဲခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း(၂၀)အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လွိုင်ကော်အခြေစိုက် ဒကစ အား ဝိုင်းရံ ခြိန်းခြောက် တိုက်ခိုက် နိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့်ဘောလခဲမြို့ အကြားရှိ ၁၂ မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်၍ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် နိုင်ခဲ့ကြောင်း၊ ထို့အတူရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများ အားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့လယ်ဘုရားကုန်းပေါ်တွင် ကျန်ရှိတပ်စွဲ နေသော လက်တစ်ဆုတ်စာ စစ်ကောင်စီတပ်သားများကို ရှင်းလင်း တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။", "လက်ရှိတွင် ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည် ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိ ကြောင်း သိရှိရသည်။", "အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်များအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့၏ တပ်စွဲရာနေရာများ၊စခန်းများအားလုံးကို စွန့်ပစ် ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း၊ ထို့ကြောင့် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ခဲ့ကြောင်း၊ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့မှ စစ်ကောင်စီတပ်များမှာမြို့ကို ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ ၄င်းတို့၏ တပ်ရင်းထဲတွင်သာ ခိုအောင်းတပ်စွဲနိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132065/
လွိုင်ကော်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူ၊ မူဆယ်တွင်လည်း စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသားတစ်ဦး ထိမှန်
["လွိုင်ကော်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူ၊ မူဆယ်တွင်လည်း စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသားတစ်ဦး ထိမှန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဥတ္တရာရုံကျောင်းတိုက်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကိုရင် ၂ ပါး ပျံလွန်တော်မူကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီကျော်အချိန် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာမှ လက်နက်ကြီးကျည် တစ်လုံးသည် လွိုင်ကော်မြို့၊ ဥတ္တရာရုံကျောင်းတိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲကြောင်း၊ လက်နက်ကြီးကျည်ထိမှန်၍ ကိုရင် ၂ ပါး ပွဲချင်းပြီး ပျံလွန်တော်မူကြောင်း သိရှိရသည်။", "“ကိုရင်တစ်ပါးက အခန်းထဲမှာ ပျံလွန်တော်မူတယ်။ အခြားကိုရင်တစ်ပါးက တံခါးမကြီးနားမှာ ရှိနေတုန်း အပေါ်က လက်နက်ကြီးကျလာတော့ လွင့်ထွက်သွားတာ။ ၂ ပါးလုံး ပွဲချင်းပြီး ဆုံးပါတယ်။” ဟု ဒေသသတင်းရင်းမြစ်ရှင်းပြသည်။", "အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင် တပ်စခန်းက ယနေ့ နံနက် ၉ နာရီ ၀၇ မိနစ် အချိန် မန်ဟန်ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် နေအိမ်ထိမှန် ပျက်စီးပြီး အမျိုးသား ၁ ဦး ဦးခေါင်းထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လွိုင်ကော် ၊ ဥတ္တရာရုံကျောင်းတိုက်တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် ကိုရင် တစ်ပါး ပျံလွန်တော်မူနေစဉ်။"]
https://yktnews.com/2024/09/184118/
လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့အုပ်စုတွင် မုန်တိုင်း မိုးသည်းထန်မှုကြောင့် တောင်ကျရေကြီးပြီး ရွာ ၅ ရွာမှ ပြည်သူ ၂၀ ဦးသေဆုံးကာ နေအိမ်အလုံး ၅၀ ကျော် ရေထဲမျောပါ ပျက်စီး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ
["လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့အုပ်စုတွင် မုန်တိုင်း မိုးသည်းထန်မှုကြောင့် တောင်ကျရေကြီးပြီး ရွာ ၅ ရွာမှ ပြည်သူ ၂၀ ဦးသေဆုံးကာ နေအိမ်အလုံး ၅၀ ကျော် ရေထဲမျောပါ ပျက်စီး၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ခေါင်းနွဲ့အုပ်စုအတွင်း၌ မုန်တိုင်းမိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးကာ ကျေးရွာ ၅ ရွာ ရေနစ်မြုပ်သွားပြီး ပြည်သူ ၂၀ ဦးသေဆုံးကာ နေအိမ်အလုံး ၅၀ ကျော် ရေ ထဲမျောပါ ပျက်စီးသွားကြောင်းကျေးရွာပြန်လည်ထူထောင်ရေးအကျိုး ဆောင်နေသူ ခွန်ဝင်းသန်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီခန့်တွင် လွိုင်လင်မြို့နယ်၊ ခေါင်းနွဲကျေးရွာအုပ်စု အတွင်း၌ မုန်တိုင်းမိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးကာ အိမ်ခေတ်ကျေးရွာမှ လူနေအိမ် ၂၅ လုံး၊ စာသင်ကျောင်းဆောင် ၃ ဆောင် ဆုံးရှုံးကာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၃ ဦး ရေနစ်မျောပါသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ၃၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "အလားတူ ခေါင်းနွဲ့ကျေးရွာအုပ်စု၊ ခေါင်းနွဲ့ကျေးရွာအတွင်းမှ လူနေအိမ် အလုံး ၂၀ ရေနစ်မြုပ်သွား ကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့ကြောင်း၊ ခေါင်းနွဲကျေးရွာအုပ်စု နောင်ပိန်ရွာတွင်လည်း လူနေအိမ် ၅ လုံးရေနစ်မြုပ်သွားကာ ရွာသူ၊ ရွားသား ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ခေါင်းနွဲ့ကျေးရွာအုပ်စု လပ်လှိုင်းကုံလွမ်ရွာတွင် လူနေအိမ် ၄ လုံးပျက်စီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။", "ထို့ပြင် နေအိမ် ၃၉ လုံးရှိ နောင်နိမ့်ရွာမှ နေအိမ် ၆ လုံးလည်း မြေပိ၍ ပျက်စီးသွားပြီး ကျေးရွာနေပြည်သူ အားလုံး လွိုင်လင်မြို့ပေါ် တိမ်းရှောင်နေရကာ ပြည်သူများ စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။", "“၁၂ ရက်နေ့ မနက် အစောပိုင်း ၂ နာရီခွဲ ၃ နာရီလောက်မှာ မိုးတအားရွာပြီးတော့ ငလျင်လည်း လှုပ် တယ်။ ငလျင်လှုပ်တော့ တောင်က ပေါက်ကွဲသွားတာ။ အဲဒီပေါက်ကွဲသံကဆိုရင် မိုးခြိမ်းသံလို ထွက် လာတာ၊ မြစ်တွေ၊ ချောင်းတွေကနေ ကြီးတာမဟုတ်ဘူး။ အဲဒီတောင်ပေါ်ချောင်းပဲရှိတာ၊အဲဒီ ချောင်း ကနေ ရေကြီးပြီး ရွာတွေ မြှုပ်သွားတာ၊ ရွာ ၄ ရွာ ပျက်သွားတာ၊ အလောင်းတော့တစ်ချို့တွေ့တယ်၊ မတွေ့တာတွေလည်း ၁၀ ယောက် ကျော်ကျော် လောက်ရှိတယ်။ ကလေးတွေရော၊ အမျိုးသမီးရော အမျိုးသားရောသေတဲ့အထဲပါတယ်။ဆိုင်ကယ်တွေ၊ ကားတွေလည်းရေထဲပါသွားတာရှိတယ်။ ဆိုးဆိုး ရွားရွားကို ဖြစ် သွားတာ၊ အိမ်တွေက လုံးလုံးကို ပြန်မရ တော့ ဘူး။ တအားကြီးဆိုးတာက အိမ်ခေတ် ရွာ၊ ခေါင်းနွဲ့ ရွာ နောင်ပိန် ရွာပေါ့၊ ရေထဲပါသွားတဲ့အိမ်တွေက လုံးလုံးကို မရတော့ဘူး။ ရေနဲ့မျော ချောင်း ထဲရောက် သွားပြီး မြေ ကြီးထဲပါမြုပ်သွားတာ၊ရွာသားတွေကလည်း ရွာပြန်လာလို့မရသေး ဘူး၊ ရွာပြန်ထူထောင်ဖို့တော့ လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့တော့ ပြောလိုပါတယ်” ဟုကျေး ရွာပြန်လည် ထူထောင်ရေးအကျိုးဆောင်နေသူ ခွန်ဝင်းသန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ ရေသင့်ကျေးရွာ ၄ ရွာမှ ပြည်သူများသည် လွိုင်လင်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ သွား ရောက်နေထိုင်ကြရပြီး စုစုပေါင်းခန့်မှန်ခြေ လူဦးရေ ၂၀၀ ကျော်နိုင်ကြောင်း၊ ကျေးရွာများအတွင်း သို့ ပြန်လည်ဝင်ရောက်နိုင်ရန်လည်း လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့ခံထားရကာ စားဝတ်နေရေး ဒုက္ခ ရောက်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/07/111214/
လွိုင်လင်လေးမြို့ အခြေစိုက် ခလရ ၅၃၀ တပ်ကို ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီး
["လွိုင်လင်လေးမြို့ အခြေစိုက် ခလရ ၅၃၀ တပ်ကို ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း ပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၄", "ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်လေးမြို့အခြေစိုက် ခလရ ၅၃၀ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNDF တပ်ရင်း ၁၂ ထံမှ သိရသည်။", "ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက လွိုင်လင်လေးမြို့အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၅၃၀ တပ်အား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ လွိုင်လင်လေးမြို့နယ်၊ လင်ဖုံးကြီး ကျေးရွာနှင့် နမ့်ဟူးကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ရာ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်ကို KNDF B/12 ၊ B/14 ၊ KA တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား မကြခဏ တိုက်ပွဲ များ ဖြစ်ပေါ်နေပြီး အကြမ်းဖက် စစ်သားများကို အားကောင်းစွာ ထိုးနှက်တိုက်ခိုက်နိုင်ရန် ပြည် သူလူထုမှ ထောက်ပို့အားဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် လတ်တလော စစ်ရေးအခြေအနေအရ လွိုင် လင်လေး – ထီးစဲခါး လမ်းပေါ်တွင် စစ်ရေးအသိသတိထား၍ သတိပြုသွားလာကြပါရန် KNDF တပ်ရင်း ၁၂ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/104981/
လွိုင်လင်လေးမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေးငယ် နှစ်ဦးဒဏ်ရာရ
["လွိုင်လင်လေးမြို့နယ်တွင် လက်နက်ကြီးကျည် ထိမှန်ပြီး ကလေးငယ် နှစ်ဦးဒဏ်ရာရ", "ရန်ကုန်၊ မေ ၂၉", "ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်လေးမြို့နယ်၊ ကုန်းမှီရွာတွင် လက်နက် ကြီး တစ်လုံး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည်ထိမှန်သဖြင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရွှေလွိုင် ကော် ပရဟိတ အသင်းမှ ဒုဥက္ကဌ ဦးအောင်မိုးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ မေလ ၂၈ ရက် ည ၈ နာရီခန့်အချိန် မိသားစု ၄ ဦးနေအိမ်အတွင်းရှိနေစဉ် ခြံဝင်းအတွင်းသို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၉ နှစ်အရွယ် မောင်ထွန်းလင်းမှာ ဦးခေါင်းနှင့်ရင်ဘတ်တို့တွင် ယမ်းစ ထိမှန်ဒဏ်ရာရရှိကြောင်း၊ အသက် ၇ နှစ်မောင်ဟန်ထွန်းမှာ ညာလက်ကောက်ဝတ် ယမ်းစထိမှန်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်တာ မရှိပါဘူး၊ ဘယ်ကနေ ပစ်တဲ့လက်နက်ကြီးဆိုတာလဲ မသိရဘူး၊ လမ်းမှာ သွားချိန်းပြီး သယ်လာတာ၊ ဖြစ်တာက မနေ့ညက ဖြစ်တာ၊ ဒီနေ့မနက် ၇ နာရီ လောက်မှာပဲ လမ်းမှာ ကားချိန်းပြီး သယ်လာတာ၊ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး၊ လွိုင်ကော်ဆေးရုံကို တင်ပို့ပေးထားပါတယ်” ဟု ရွှေ လွိုင် ကော် ပရဟိတ အသင်းမှ ဒုဥက္ကဌ ဦးအောင်မိုးမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။"]
https://yktnews.com/2023/02/85586/
လွိုင်​ကော်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရား ကျောင်းနှင့် နေအိမ်အလုံး ၂၀ ကျော် ပျက်စီး
["လွိုင်​ကော်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရား ကျောင်းနှင့် နေအိမ်အလုံး ၂၀ ကျော် ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်းရှိ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျေးရွာများအပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဝမ်းနည်းသော မယ်တော်သခင်မဘုရားကျောင်းနှင့်လူနေအိမ် အလုံး ၂၀ ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၄ ရက် ညပိုင်းက လွိုင်ကော်မြို့တွင်းတစ်နေရာ ၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသခံ ပြည် သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာအကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများအပေါ်သို့ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "“မနေ့ညက ၁၀ ဝန်းကျင်မှာ လွိုင်ကော်၊ ဝါရီကောခူကျေးရွာမှာ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အကြမ်းဖက်စစ် တပ်က ရည်ရွယ် ချက်ရှိရှိ ကျေးရွာလူထုနဲ့ ဘာသာရေးအဆောက်အအုံဖြစ်တဲ့ ဝမ်းနည်းသော မယ်တော် သခင်မဘုရားကျောင်းကို ပစ်ခတ်တာဖြစ်ပါတယ်” ဟု PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၃ ရက်ညနေ ၆ နာရီခွဲခန့်ကလည်း အကြမ်းဖက်စစ်တပ်မှ လွိုင်ကော်မြို့အရှေ့ခြမ်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်စခန်းများနှင့် စာသင်းကျောင်း၊ ဆေး ခန်းများ ထိခိုက်ပျက် စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90447/
လှည်းကူးတွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက် တာဝန်ခံ ဆရာကျောင်း(ခ) ကိုဝင်းစိုး၏ မိသားစုဖြစ်ပြီး ပျူစောထီးများ ကျူးလွန်သော စစ်ရာဇဝတ်မှုအတွက် လက်တုံ့ပြန်မည်ဟုဆို
["လှည်းကူးတွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက် တာဝန်ခံ ဆရာကျောင်း(ခ) ကိုဝင်းစိုး၏ မိသားစုဖြစ်ပြီး ပျူစောထီးများ ကျူးလွန်သော စစ်ရာဇဝတ်မှုအတွက် လက်တုံ့ပြန်မည်ဟုဆို", "ရန်ကုန်၊ မတ် ၂", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော ကလေးငယ် အပါအဝင် မိသားစုဝင် ၅ ဦးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံဆရာကျောင်း(ခ)ကိုဝင်းစိုး၏ မိသားစုဝင်ဖြစ်များဖြစ်ပြီး တရားမျှတမှုအတွက် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း Hawk Revolution Squad – HRSက တရားဝင် သတင်းထုတ်ပြန်သည်။", "မွန်ပြည်နယ်၊ KNU/KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ နယ်မြေတွင် အခြေပြုလှုပ်ရှားလျက်ရှိသည့် Hawk Revolution Squad – HRS ဒရုန်းတပ်ဖွဲ့၏ တွဲဖက်တာဝန်ခံ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား အပါအဝင် မိသားစုဝင် ၅ ဦးကို သတ်ဖြတ်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း HRS တပ်ဖွဲ့က ပြောသည်။", "ဖေဖော်ဝါရီလ ၂၂ ရက် ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊ မေဃဝတီ ၄ လမ်း၊ မြို့ကြီးကုန်းဘက်တွင် နေထိုင်သူ ဆရာကျောင်း(ခ)ကိုဝင်းစိုး၏ ၃ နှစ်အရွယ် သား၊ နီးဖြစ်သူ မဝင်းနွယ်၊ အသက် ၈၅ နှစ်အရွယ် အဖိုးဖြစ်သူ ဦးအောင်မောင်း၊ ယောက္ခမဖြစ်သူ ဒေါ်စန်းနွဲ့၊ ဒေါ်စန်းနွဲ့ ၏ သားဖြစ်သူ ဦးမောင်မောင် တို့ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများမှ နေအိမ်အ တွင်းဝင်ရောက်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယခုကဲ့သို့ အပြစ်မဲ့မိသားစုအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်မှုသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု(Crime Against Hunamity)နှင့် စစ်ရာဇဝတ်မှု(War Crime) ကို ပြောင် ပြောင်တင်းတင်း ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း Hawk Revolution Squad – HRS ထုတ်ပြန်ပြောကြား သည်။", "ဆရာကျောင်း(ခ)ကိုဝင်းစိုးသည် နေအိမ်မှ ထွက်လာခဲ့သည်မှာ ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး အဆက် အ သွယ်မလုပ်ဘဲ ဖြတ်တောက်ထားကြောင်း၊ စစ်မှုထမ်း ဟောင်း ပျူစောထီးများမှ သတ်ဖြတ်ချိန်တွင် ကျောင်းဆရာ PDF မိသားစုဝင်များ ဟုတ်၊ မဟုတ် မေးမြန်းအတည်ပြုကာ သတ်ဖြတ်သွားခြင်းဖြစ် ကြောင်း သိရသည်။", "Hawk Revolution Squad – HRSတပ်ဖွဲ့ဝင် ရဲဘော်ရဲဘက်များနေဖြင့် ဆရာကျောင်း(ခ)ကိုဝင်းစိုးနှင့် မိသးစု ၅ ဦးအတွက် “သွေးကြွေးနှင့်တရားမျှတမှု”ကို မရရအောင် ပြန်တည်တောင်းယူမည်ဖြစ်ကြောင်း ကတိသစ္စာပြုကာ ကြေညာချက်ထုတ်ပြန်ဖြစ်ကြောင်း ဖော်ပြထားသည်။", "အကြမ်းဖက်စစ်ကောင်စီဘက်တော်သား စစ်လော်ဘီများက လှည်းကူးတွင် ကိုဝင်းစိုး၏ မိသားစုဝင် ၅ ဦးကို ပစ်ခတ်သတ်ဖြတ်မှု လုပ်ဆောင်ပြီးနောက် PDF က သတ်ဖြတ်သည်ဟုဆိုကာ သတင်းမှားများ၊ ဝါဒ ဖြန့်မှုများ ချက်ချင်း လုပ်ဆောင်ခဲ့သော်လည်း စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက PDF မိသားစု ဝင်များကို သတ်ဖြတ်သည့် လူသတ်ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က ရက်ပိုင်းအတွင်း အတည်ပြု ဖော် ထုတ်နိုင်ခဲ့သည်။", "ဓာတ်ပုံ- စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးများက သတ်ဖြတ်ခဲ့သော မိသားစုဝင် ၅ ဦး၏ ရုပ်အလောင်းများကို သဂြိုလ်ပြီးနောက် အရိုးပြာအိုးများ။"]
https://yktnews.com/2023/11/132695/
လှည်းကူးမြို့နယ် တရားရုံးကို ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ရုံးပိတ်ပြီး ဝန်ထမ်းတွေ ထွက်ပြေး၊ စစ်တပ်က လာစစ်
["လှည်းကူးမြို့နယ် တရားရုံးကို ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ရုံးပိတ်ပြီး ဝန်ထမ်းတွေ ထွက်ပြေး၊ စစ်တပ်က လာစစ်", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တရားရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် တရားရုံးဝန်ထမ်းများ၊ အမှုသည်များ၊ ရှေ့နေများ တရားရုံးနှင့်ဝေးရာသို့ ထွက်ပြေးကြကြောင်း သိရှိရသည်။", "ယနေ့ နိုဝင်ဘာလ ၂၃ရက် နေ့လည် ၁၁နာရီကျော်ခန့်အချိန် အဆိုပါ ဖောက်ခွဲတိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးတစ်ဦး ဦးဆောင်သော အင်အား ၁၅ ပါ စစ်ကြောင်းက တရားရုံးသို့ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများနှင့် စောင့်ကြပ် စစ်ဆေမှုများ ပြုလုပ်ခဲ့သည်ဟု လှည်းကူး တရားရုံးအနီးရှိသူတစ်ဦးတစ်ဦးက ဆိုသည်။", "“ဒီနေ့ ၁၁ နာရီကျော်လောက်ကဖြစ်တာ တရားရုံးဗုံးခွဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် အမှုသည်တွေရော တရားရေးဝန်ထမ်းတွေရော ရှေ့နေတွေရော အကုန်ထွက်ပြေးကုန်တယ်။ တရားရုံးရှေ့က ကွမ်းယာဆိုင်တောင် ပိတ်ပြေးတယ်။ ပြီးတော့ စစ်သားတွေ ကားနဲ့ရောက်လာတယ် ဗိုလ်မှူးတစ်ယောက်လည်းပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။", "လှည်းကူးမြို့နယ်တရားရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာချိန်တွင် တရားရုံး၌ မြို့နယ်တရားသူကြီးနှင့် တရားရေးဝန်ထမ်း ၅ ဦးသာ ကျန်ရှိပြီး တရားရုံးအား နေ့လည် ၂နာရီခန့်တွင် ပိတ်ထားလိုက်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လှည်းကူးမြို့နယ် တရားရုံး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/05/214132/
လှည်းကူးမြို့နယ်ရှိ စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်
["လှည်းကူးမြို့နယ်ရှိ စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်", "ရန်ကုန်၊ မေ ၁၁", "ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း YANGON ARMY မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို Yangon Army (YA) မှ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုတိုက်ခိုက်မှု အတွင်း ဂိတ်ကင်းစခန်းထဲကို လက်ပစ်ဗုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။", "“စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိပါတယ်။ ကျနော်တို့Scout သွားရင်း ပစ်လို့ရမယ့် အခွင့်ရေးရှိလို့ တစ်ခါ တည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ လမ်းကြုံလေးပေါ့။ ကျနော်တို့ ရတဲ့နည်းနဲ့ ဆက်လက် တိုက်ခိုက်သွားမယ်” ဟု YANGON ARMY မှ တာဝန်ရှိသူက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်အာဏာရှင်မပြုတ်မခြင်း ဆက်လက်၍ တိုက်ခိုက် ချေမှုန်းသွားမည်ဟု ပြည်သူများကို အသိပေးလိုကြောင်းYANGON ARMY မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/10/125128/
လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ ရဲစခန်းမှူးက ဒေသပြည်သူများကို အမှုဆင်ဖမ်းဆီး ငွေညစ်ပြီး ရဲစခန်း အာမခံ​ကြေး အများအပြား တောင်းခံ
["လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ ရဲစခန်းမှူးက ဒေသပြည်သူများကို အမှုဆင်ဖမ်းဆီး ငွေညစ်ပြီး ရဲစခန်း အာမခံ​ကြေး အများအပြား တောင်းခံ", "ရန်ကုန်၊ အောက်တိုဘာ ၄", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒါးပိန်မြို့ ရဲစခန်းမှူးက ဒေသပြည်သူများကို အမှုဆင်ဖမ်းဆီး ငွေညစ်ပြီး ရဲစခန်း အာမခံ​ကြေး အများအပြား တောင်းခံကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒါးပိန်မြို့ ရဲစခန်း အပိုင် နယ်မြေများအတွင်း ရဲစခန်းမှူးက ကြက်ဝိုင်းများနှင့် နှစ်လုံး ၊ သုံးလုံး လောင်းကစား သမားများကို လိုင်းကြေးတောင်းယူကာ လောင်းကစားဝိုင်းများ ပြုလုပ်ခွင့် ပေးထားကြောင်း၊ ရဲစခန်းမှ အမှုလိုပါက လောင်းကစားလုပ်ငန်းများကို ဖမ်းဆီးခြင်းမရှိဘဲ ဒေသပြည်သူများကို အမှုဆင် ဖမ်းဆီမှုများ ပြုလုပ်ကြောင်း သိရသည်။", "“ဒါးပိန်မြို့ရဲစခန်းက အမှုလိုလာပြီဆိုရင် အသွားအလာဆင်ခြင် ကြည့်နေ ကြည့်ထိုင်တော့ ဘာမှအပြစ်မရှိတဲ့ အရပ်သားတွေ အဖမ်းခံရတော့တာပဲ အမှုဆင်ဖမ်းတာပေါ့ဗျာ ဖဲရိုက်တယ်။ ဖဲဝိုင်းလုပ်တယ်။ မူးယစ်ရမ်းကားတယ်။ အချိန်မတော်သွားတယ်ဆိုပြီး ဒါးပိန်ရဲက အမှုအမျိုးမျိုးတပ် အမှုဆင်ဖမ်းနေပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့သို့ အဖမ်းခံရသည့် ပြည်သူများထံမှ ဒါးပိန်မြို့ ရဲစခန်းမှူးက ရဲစခန်း အာမခံကြေးဆိုကာ သိန်းဆယ်နှင့်ချီပြီး တောင်းခံမှုများ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခြင်းမရှိဘဲ တရားရုံးတင်၍ ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။", "“သူတို့လုပ်ချင်ရာလုပ်နေတဲ့ ခေတ်ဆိုတော့လည်း ဘယ်သူမှ ဘာမှ မပြောရဲကြဘူး။ ဘာမသိညာမသိ အဖမ်းခံရတဲ့လူတွေဆီက ရဲစခန်း အာမခံကြေးဆိုပြီး ငွေကို သိန်းဆယ်ချီတောင်းတယ်။ အဖမ်းခံရတဲ့သူတွေကလည်း သူတို့ကြောက်တော့ ရှိတာပေါင် ရောင်းချပြီး ပေးရတာပေါ့။ ဒါနဲ့ပြီးလားဆိုတော့လည်း မပြီးသေးဘူး အမှုဆင်ပြီး တရားရုံးတင်တယ်။ ထောင်ချဖို့လုပ်တယ်။ အပြစ်လဲမရှိဘူး အဖမ်းလည်းခံရတယ် ငွေလည်း ကုန်တယ် လူပါ ထောင်ချသေးတယ်။ တရားသူကြီးကလည်း ဆင်ခြင်ထုံမရှိဘူး တက်လာတဲ့အမှုတိုင်း ထောင်ချတော့တာပဲ လက်ရှိလှည်းကူးမြို့နယ်တရားသူကြီးက စစ်ကောင်စီ နယ်လုံသမီးလို့ပြောတာပဲ” ဟု ဒါးပိန်မြို့ ရဲစခန်းမှူး၏ အမှုဆင် ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဒါးပိန်မြို့ ရဲစခန်းမှူးက ၎င်းအမှုဆင် ဖမ်းဆီးသူများကို ကျေနပ်မှုမရှိပါက ကြိုက်သည့် PDF အဖွဲ့များကို သွားရောက် တိုင်ကြားနိုင်ကြောင်း စိန်ခေါ်ပြောဆိုလေ့ရှိသည်ဟု သိရှိရသည်။"]
https://yktnews.com/2023/02/85310/
လှိုင်တွင် မဲစာရင်းဦး​ဆောင် ​ကောက်ခံသူ အရန်မီးသတ် ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီး၊ သုံးခွတွင်လည်း အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ
["လှိုင်တွင် မဲစာရင်းဦး​ဆောင် ​ကောက်ခံသူ အရန်မီးသတ် ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီး၊ သုံးခွတွင်လည်း အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် မဲစာရင်း လိုက်လံကောက်ခံခဲ့သည့် စစ်တပ် သတင်းပေး လူအေး ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် လှိုင်မြို့နယ်၊ ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းတွင် မဲစာရင်း လိုက်လံကောက်ခံခဲ့သည့် စစ်တပ် သတင်းပေး မြို့နယ် အရန် မီးသတ် တပ်ဖွဲ့ဝင် လူအေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။", "လူအေး သေဆုံးသွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဇေယျာမင်္ဂလာ ၂ လမ်းကို ယနေ့ ညပိုင်းတွင် ဧည့်စာရင်း ဝင်ရောက် စစ်ဆေးပြီး လမ်းအတွင်းရှိ ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။", "” လှိုင်မှာ လူ ၂၀ လောက် အဖမ်းခံနေရတယ်။ ဧည့်စာရင်းတွေလည်း အစစ်ခံနေရတယ်။ လက်ရှိအခြေအနေက သေဆုံးသူ လူအေး တိုက်နားက တိုက်ခန်းက လူငယ်တွေ", "ပြည်သူ ၂၀ ကျော်လောက် အချုပ်ကားနဲ့ဖမ်းခေါ်သွားပါတယ်။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်လဲ ဖမ်းသွားပါတယ်။ ဧည့်စာရင်းနဲ့ နေတဲ့သူတွေ သိမ်မကြာသေးတဲ့လူတွေ ခေါ်သွားတာပါ။ ခေါင်းရင်းတိုက်ရယ်။ ခြေရင်းတိုက်ရယ်", "မျက်နှာခြင်းဆိုင်တိုက်ရယ် အကုန်လုံးက သူတွေကို ဖမ်းသွားတယ်လို့ သိရတယ်” ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "အလားတူ ရန်ကုန်တိုင်း၊ သုံးခွမြိုနယ်၊ ရေပေါ်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မျိူးလင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရေပေါ်ကန် ကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်မျိုးလင်းကို ၎င်းနေအိမ်ရှေ့၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဦးခေါင်းနှင့် ဝမ်းဗိုက်တို့ ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း သိရသည်။", "Photo – လှိုင်မြို့နယ်တွင် မဲစာရင်း လိုက်လံကောက်ခံခဲ့သည့် စစ်တပ် သတင်းပေး လူအေ"]
https://yktnews.com/2023/01/83999/
လှိုင်တွင် ရွှေဝါဆပ်ပြာစက်ရုံ ဒုမန်နေဂျာ ဗိုလ်ကြီးဟောင်း စိုးမြင့် ပစ်ခတ် ခံရပြီး သေဆုံး၊ မင်းလှတွင် ပထမအကြိမ် ပစ်ခတ်ခံရပြီး မသေခဲ့သော ခွက်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းဝင်း ဒုတိယအကြိမ် ပစ်ခတ်ခံရမှုတွင် သေဆုံး
["လှိုင်တွင် ရွှေဝါဆပ်ပြာစက်ရုံ ဒုမန်နေဂျာ ဗိုလ်ကြီးဟောင်း စိုးမြင့် ပစ်ခတ် ခံရပြီး သေဆုံး၊ မင်းလှတွင် ပထမအကြိမ် ပစ်ခတ်ခံရပြီး မသေခဲ့သော ခွက်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းဝင်း ဒုတိယအကြိမ် ပစ်ခတ်ခံရမှုတွင် သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ရွှေဝါဆပ်ပြာစက်ရုံ၏ ဒုမန်နေဂျာ ဗိုလ်ကြီး ဟောင်း မြင့်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိ ရှိရ သည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊၂ ရပ် ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာ၊ တိုက် ၃/အေ အရှေ့တွင် ဗိုလ်ကြီး ဟောင်း မြင့်စိုး ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လာပစ်တာက ၂ ဦး။ ပွဲချင်းပြီးပဲ ပစ်ခတ်ခံရပြီးတော့ သေဆုံးသွားတာပါ။ ခဏ ကြာ တော့ ရဲရော စစ်တပ်ရော ရောက်လာတယ်။ အလောင်းသယ်သွားတယ်။ အနီး အနားပတ်ဝန်းကျင်တွေ လိုက်စစ်တယ်။ ကားတွေ စစ်တယ်။ အဲဒီ လောက်ပဲ သိပါတယ်” ဟု လှိုင်မြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။", "အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ ခွက်မကျေးရွာအုပ်စု၊ ငလှစမ်းရွာတွင် စစ်ကောင်စီ ဒေါက် တိုင် အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်း ဆောင် ထွန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Bago Region PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။", "ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်အချိန်ထွန်းဝင်း ပါဝင် ကစားနေသော ဖဲဝိုင်းကို သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ (အဖွဲ့-၃) နှင့် မင်းလှ မြို့နယ် ပကဖ တို့ က နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ် ရှင်းလင်း ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ခွက်မကျေးရွာအုပ်ချပ်ရေးမှူး ထွန်းဝင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်၁၀ရက် ယမန်နေ့ ညနေ၆နာရီ ၃၀မိနစ်ခန့်တွင် ဆိုင်ကယ်စီးသွားနေစဉ် ဇရစ်မြောင် ရွာ အနီး အမည်မသိသေနတ်သမားတစ်ဦး၏ သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် ခံရပြီး အသက်မသေဘဲ ဒဏ်ရာရရှိခဲ့သော်လည်း ယခုအခါတွင်မူ ပစ်ခတ်ခံရပြီး သေ ဆုံးသွားခဲ့ခြင်းဖြစ်သည်။", "ထွန်းဝင်းသည် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် ပျူစောထီး ခေါင်းဆောင် အဖြစ်လုပ်ဆောင်နေကာ ပြည်သူလူထုအပေါ် အမျိုး မျိုး ခေါင်းစဉ်တပ် ဖမ်းဆီးနှိပ်စက် ငွေကြေး ကောက်ခံခြင်း၊ လောင်းကစားနည်း အမျိုး မျိုးကို ပြုလုပ်၍ စစ်ကောင်စီထံ ဆက်ကြေးပေးသွင်း နေခြင်း များကို ကျူးလွန်ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ- ပထမအကြိမ် ပစ်ခတ်မှုတွင် မသေခဲ့သော မင်းလှမြို့နယ်၊ ခွက်မ ကျေးရွာ အုပ်ကြီး ထွန်းဝင်း ဒုတိယအကြိမ်ပစ်ခတ်မှုတွင် သေဆုံးခဲ့သည်။ဓာတ်ပုံမှာ ပထမအကြိမ်ပစ်ခတ်မှုတွင် ဒဏ်ရာရရှိထားစဉ်ဖြစ်သည်။ ဒုတိယ ပုံမှာ လှိုင်တွင် ယနေ့ ပစ်သတ်ခံရသည့် ဆပ်ပြာစက်ရုံ ဒုမန်နေဂျာ ဗိုလ်ကြီး ဟောင်း မြင့်စိုးဖြစ်သည်။"]
https://yktnews.com/2024/01/140922/
လှိုင်မြို့နယ်တွင် တော်လှန်ရေးလူငယ်များကို ဖမ်းဆီးခဲ့သူ ရာအိမ်မှူးသန်းမြင့်နှင့် ပြည်သူများကို ခြိမ်းခြောက် ဖိနှိပ်သူ အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျင်ဖျောက်တို့ သေနတ်ဖြင့် ပစ်ခတ် ခံရပြီး သေဆုံး
["လှိုင်မြို့နယ်တွင် တော်လှန်ရေးလူငယ်များကို ဖမ်းဆီးခဲ့သူ ရာအိမ်မှူးသန်းမြင့်နှင့် ပြည်သူများကို ခြိမ်းခြောက် ဖိနှိပ်သူ အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျင်ဖျောက်တို့ သေနတ်ဖြင့် ပစ်ခတ် ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် တော်လှန်ရေးလူငယ်များကို ဖမ်းဆီးခဲ့သူ ရာအိမ်မှူး သန်းမြင့်နှင့် ပြည်သူများကို ခြိမ်းခြောက် ဖိနှိပ်သူ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျင်ဖျောက်တို့ သေနတ်ဖြင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ၊ ညနေ ၆ နာရီအချိန် လှိုင်မြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ် ရေးမှူး ကျင်ဖျောက်နှင့် အုတ်ကျင်း ဘူတာရုံမှ ရာအိမ်မှူး သန်းမြင့် တို့သည် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ် ပန်းခြံကျောင်းလမ်း၊ အလက ၇ ကျောင်းရှေ့အရောက် စက်ဘီးစီး လာသော လူ ၁ ဦးက ၎င်းတို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရာအိမ်မှူး သန်းမြင့်သည် ဦးခေါင်း၊ ဝမ်းဗိုက်၊ ရင်ဘတ်တို့တွင် သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျင်ဖျောက်မှာမူ ဝမ်းဗိုက်၊ ရင်ဘတ်နှင့် ခြေထောက်တို့တွင် ကျည် ၃ ချက် ထိမှန်ပြီး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“သေဆုံးသူ ၂ ဦးစလုံးက အသက် ၇၀ ကျော် အဘိုးကြီးတွေ။ အရင်ကတော့ ရပ်ကွက်ထဲမှာ ကြုံရာ ကျပန်း လုပ်စားကြတဲ့သူတွေပါ။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး လုပ်မယ့်လူ မရှိလို့ သူတို့က တက် လုပ်ကြတာ။ အုပ်ချုပ်ရေးမှူးဆိုရင် အလကားနေရင် ဧည့်စာရင်း တိုင်တဲ့သူတွေကို ငေါက်ငန်း ဆဲဆိုနေတာ။ ရပ်ကွက်ထဲလည်း အမြဲ ဘာကြေး၊ ညာကြောင်း အကြောင်းအမျိုးမျိုးပြ တောင်းတယ်။ ရပ်ကွက်ထဲမှာ ကန်ထရိုက်တိုက်တွေ ဆောက်ရင် သူတို့ကို ငွေကျပ်သိန်း ဆယ်ချီပေးရတယ်။ မပေးရင်လည်း တောင်းတယ်။ သေဆုံးသူ ၂ ဦးစလုံးကတော့ ရပ်ကွက်မှာ ဘာလေးဖြစ်ဖြစ် စစ်တပ်ကို ဖုန်းဆက်သတင်းပို့ အမြဲလုပ်နေကြတဲ့ သူတွေပဲ။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။", "ပစ်ခတ်ခံရပြီး သေဆုံးသူ ရာအိမ်မှူး သန်းမြင့်မှာ စစ်တပ်အာဏာသိမ်းခြင်းအား အပြည့်အဝ ထောက်ခံပြီး အာဏာသိမ်းစအချိန်ကတည်းက ဆန္ဒပြပြည်သူများကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးစေရန်အားပေးကူညီသူတဦးဖြစ်ကြောင်း၊ သားဖြစ်သူမှာ စစ် တပ်မှ အရာရှိဖြစ်ကြောင်း၊ ရာအိမ်မှူး သန်းမြင့်ကြောင့် ဆန္ဒပြအဖွဲ့ဖြစ်သည့် ရေဘဝဲအဖွဲ့မှ လူငယ် ၆ ဦး အဖမ်းခံခဲ့ရပြီး ၃ ဦးမှာထောင်ဒဏ် ၁၃ နှစ်စီကျခံခဲ့ရကြောင်း၊ တော်လှန်ရေးနှင့်ပတ်သက်သူတော်တော်များများ ၎င်း၏သတင်းပေးတိုင်တန်းမှုကြောင့် ယနေ့အထိထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း Hlaing Info ၏ သတင်းဖော်ပြမှု အရ သိရှိရသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #HlaingInfo #လှိုင်မြို့နယ် #တော်လှန်ရေးလူငယ်"]
https://yktnews.com/2024/04/159721/
လှိုင်မြို့နယ်ရဲစခန်းအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်၍ ဖောက်ခွဲ
["လှိုင်မြို့နယ်ရဲစခန်းအနီးတွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်၍ ဖောက်ခွဲ", "ရန်ကုန်၊ ဧပြီ ၂၈", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရဲစခန်းအနီးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိ၍ စစ်တပ် က လမ်းပိတ်ဖောက်ခွဲလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နံနက်အစောပိုင်းတွင် လှိုင်မြို့နယ်ရဲစခန်းရှေ့ ရန်ကုန်-အင်းစိန်ကားလမ်းဘေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့ရကြောင်း၊ ယင်းနောက် စစ်တပ်က လာရောက်ပြီး လမ်းကို ပိတ်ချကာ မပေါက်ကွဲသေးသော ဗုံးကို ယနေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။", "“ဒီမနက် ၈ နာရီ ၆ မိနစ်လောက်မှာ ဗုံးပေါက်တာ။ အတော်ကို အသံကကျယ်တယ်။ ရန်ကုန်-အင်းစိန်လမ်းမကိုပိတ်ပြီး ဗုံးခွဲတယ်လို့ပြောတယ်။ မပေါက်ကွဲသေးတဲ့ဗုံး လှိုင်မြို့မရဲစခန်းနားမှာ တွေ့လို့ ဖောက်ခွဲတယ်ပြောပါတယ်။ အိမ်တွေပါတုန်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ဗုံးတွေ့ရှိပြီးနောက် စစ်တပ်နှင့်ရဲများက ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ရဲစခန်းအနီးတွင်မူ လက်နက်ကိုင်ရဲတချို့ အဆင်သင့် လုံခြုံရေးယူစောင့်ဆိုင်းလျက်ရှိကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Getty Image ။"]
https://yktnews.com/2024/09/184556/
လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး လူနာတင်ကား ၂ စီးဝင်သွား
["လှိုင်မြို့နယ်ရှိ စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး လူနာတင်ကား ၂ စီးဝင်သွား", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "ရန်ကုန်မြို့နယ်၊ လှိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီခန့်တွင် လှိုင်မြို့​နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ထိန်းတပ်ဖွဲ့ဝင်းကို ရန်ကုန် မြို့ပြ UG အဖွဲ့က အဝေးထိန်း နည်းပညာသုံး ဒုံး အသေးစားများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တပ်ထိန်းဝင်းအတွင်းကို ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းပြီး ၂ လုံးကျရောက် ပေါက်ကွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“လူနာတင်ယာဥ်၂စီးဝင်သွားတာတော့မြေပြင်သတင်းရပါတယ်” ဟု ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်မြို့ပြ စစ်ဆင်ရေးများ ဆက်လက်၍ အရှိန်အဟုန်မြှင့် လုပ်ဆောင်မည်ဖြစ်ပြီး မြို့ပြကို နည်းပေါင်းစုံဖြင့် ဖိနှိပ်နေသော အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေ၊ ရဲများ၊ စစ်သားများနှင့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများ၊ စစ်အုပ်စု၏ ယန္တရားလည်ပတ်စေရေး ကူညီဆောင်ရွက်ပေးနေသူအားလုံး ပြည်သူနှင့် အမြန်ဆုံး ပူးပေါင်းရန် ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ယခင်နှစ်များအတွင်း လှိုင်မြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/05/101254/
လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ စစ်ကြောရေးတပ် ခြံစည်းရိုးတွင် “သတိ မိုင်း” ဆိုသော ဆိုင်းဘုတ်များ ထောင်ထား
["လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ စစ်ကြောရေးတပ် ခြံစည်းရိုးတွင် “သတိ မိုင်း” ဆိုသော ဆိုင်းဘုတ်များ ထောင်ထား", "ရန်ကုန်၊ မေ ၇", "ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ အမှတ်(၁) စစ်ကြောရေးနှင့်တည်းခိုရိပ်သာတပ်၏ ခြံစည်းရိုးတွင် “သတိ မိုင်း” ဆိုသော ဆိုင်းဘုတ်များကို စစ်တပ်က ထောင်ထားကြောင်း ရန်ကုန်မြို့ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလဆန်းပိုင်းမှစတင်၍ အဆိုပါ မိုင်း ဆိုသော ဆိုင်းဘုတ်များကို စစ်ကြောရေး တပ်၏ ခြံစည်းရိုးတွင်ထောင်ထား ခြင်းဖြစ်ပြီး အမှန်တကယ်မိုင်းထောင် ထားခြင်းလော၊ ခြံစည်းရိုး မကပ်လာစေရန် ခြောက်လှန့်သည့် သဘောဖြင့် ဆိုင်းဘုတ်ထောင်ထားခြင်းလောဆိုသည်ကို သေချာစွာ မသိရှိဟု ဒေသပြည်သူများက ဆိုကြသည်။", "“ရက်ပိုင်းလောက်ပဲရှိဦးမယ်။ အဲဒီဆိုင်းဘုတ်ကို မြင်ရတာ။ တကယ်ပဲ မိုင်းထောင်ထားလို့လား။ ခြံစည်းရိုးနား မကပ်အောင်လားတော့မသိဘူး။ ရန်ကုန် ပါရမီလမ်းနဲ့ဘုရင့်နောင်လမ်းထောင့်မှာရှိတဲ့စစ်တပ်ဝင်းခြံစည်းရိုးမှာ မိုင်းဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့ရတယ်။ မအလတွေက သူတို့ခြံဝင်းကို လုံခြုံအောင် ထောင်ထားတာလား သေချာမသိဘူး။ မိုင်းဆိုတဲ့ဆိုင်းဘုတ်တွေကို ဘုရင့်နောင်လမ်းဘက်ကဆိုမြင်ရပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ပါရမီလမ်းနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ အမှတ်(၁) စစ်ကြောရေးနှင့်တည်းခိုရိပ်သာတပ်သည် မကြာခဏဆိုသလို ဗုံးခွဲခံရသော တပ်ရင်းတစ်ခုဖြစ်ပြီး ဒရုန်းဖြင့်လည်း ဗုံးကျဲတိုက်ခိုက်မှု ခံခဲ့ရသော စစ်ကောင်စီတပ်ရင်းတစ်ခုဖြစ်သည်။"]
https://yktnews.com/2023/03/93438/
လှိုင်မြို့နယ်၊ ဘုရားလမ်းမီးပွိုင့်တွင် ယာဉ်တိုက်မှုကို ကယ်ဆယ်ရေးသွားသည့် ပရဟိတ အဖွဲ့ကို ဗိုလ်မှူး ဝေယံအောင်က ပါးရိုက်
["လှိုင်မြို့နယ်၊ ဘုရားလမ်းမီးပွိုင့်တွင် ယာဉ်တိုက်မှုကို ကယ်ဆယ်ရေးသွားသည့် ပရဟိတ အဖွဲ့ကို ဗိုလ်မှူး ဝေယံအောင်က ပါးရိုက်", "ရန်ကုန်၊ မတ် ၂၀", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်း၊ ဘုရားလမ်းမီးပွိုင့်တွင် ယမန် နေ့ ညပိုင်း ယာဉ် ၅ စီး တိုက်မှု ဖြစ် ပွားပြီး ယင်းယာဉ်တိုက်မှုကို ကယ်ဆယ် ရေး သွားသည့် ပရဟိတအဖွဲ့ကို လှိုင်မြို့နယ်ဒေသလုံခြုံရေး တာဝန်ယူ ထား သည့် ဗိုလ်မှူး ဝေယံအောင်က ပါးရိုက်သွားကြောင်း သိရှိရသည်။", "မတ်လ၂၀ ရက်နေ့ ည ၁၁ နာရီအချိန် လှိုင်မြို့နယ်၊ အင်းစိန်လမ်း၊ ဘုရားလမ်း မီးပွိုင့် တွင် ယာဥ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံး သွား ခဲ့ကြောင်း၊ ယင်းအခင်းဖြစ်ပွားရာနေရာသို့ ပရဟိတ အသင်းများ လာ ရောက် ပြီး သေဆုံးလူနာနှင့် ထိခိုက်လူနာများကို ရန်ကုန်ဆေးရုံကြီးနှင့် အင်း စိန် ဆေး ရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် လှိုင်မြို့နယ် လုံခြုံရေးတာဝန် ကျ ဗိုလ် မှူး ဝေယံအောင် အရပ်ဝတ်ဖြင့် မူးရူးရောက်ရှိလာပြီး အခင်းဖြစ်ပွား နေသော နေရာမှ ပရဟိတသမားများကို ပါးရိုက်သွားကြောင်း သိရှိရသည်။", "“ပရဟိတ အဖွဲ့ဝင်တွေကို လှိုင်မြို့နယ် ဘောလုံးကွင်းမှာ လုံခြုံရေးယူထား သော ဗိုလ်မှူးဝေယံအောင် ဆိုတဲ့သူက ရောက်လာပြီးတော့ ငါ့ကို မသိဘူးလား၊ မင်းတို့က ငါ့ကို မသိဘူးလားဆိုပြီး မူးရူးသောင်းကျန်းတယ်။ အရပ်ဝတ် နဲ့ လာ ပြီး တော့ ပရဟိတ အဖွဲ့ဝင်တွေကို ပါးရိုက်တယ်။ နားပန်ကျင်းတယ်” ဟု အခင်း ဖြစ်စဉ်ကို တွေ့မြင်ခဲ့ရသူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လှိုင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ညပိုင်း မူးရူး၍ ရမ်းကားပစ်ဖောက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်း အပါအဝင် ရမ်းကားသော လုပ် ရပ် များ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ညပိုင်း လှိုင်မြို့နယ်တွင်ဖြစ်ပွားသော ယာဉ်တိုက်မှု မြင်ကွင်း။"]
https://yktnews.com/2023/10/124802/
လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့် တောင်ဥက္ကလာတို့တွင် ပေါက်ကွဲမှုများဖြစ်ပွား
["လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့် တောင်ဥက္ကလာတို့တွင် ပေါက်ကွဲမှုများဖြစ်ပွား", "ရန်ကုန်၊ အောက်တိုဘာ ၁", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားကြောင်း ရန်ကုန်မြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။", "အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန် လှိုင်မြို့နယ်အတွင်း ပေါက်ကွဲသံ တစ်ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း လှိုင်မြို့နယ် ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "” ည ၉ နာရီလောက်တုန်းက ပေါက်ကွဲသံ အတော်ကို ကျယ်ပါတယ်။ ဘယ်နား ပေါက်လဲတော့မသိဘူး။ ကျနော်တို့ ၁ ရပ်ကွက်ဘက်ကနေ ပီပီသသကြား ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်လည်း ယနေ့ည ၉ နာရီ ၃၇ မိနစ်တွင် လည်းကောင်း ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "“ဒီနေ့ည ၉ နာရီ ၃၀ ကျော်ကျော်လောက် ပေါက်ကွဲသံက တော်တော်ကိုကျယ် တ ယ်။ နေရာမသိပါဘူး။” ဟု ဘေလီတံတားအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများက ရန်ကုန်တွင် စစ်ဆေးမှုများလုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)", "Photo- AFP"]
https://yktnews.com/2023/01/80741/
လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပြီး ပြည်သူများ မူးလဲ၊ ပြည်သူအားလုံး ထွက်ပြေးနေရ
["လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပြီး ပြည်သူများ မူးလဲ၊ ပြည်သူအားလုံး ထွက်ပြေးနေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားယိုစိမ့်မှုဖြစ်ပြီး ပြည်သူများ မူးလဲပြီး ပြည်သူအားလုံး ထွက်ပြေးနေရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်အချိန် လှိုင်မြို့နယ်၊အမှတ် ၁၆ ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် ရေခဲစက်မှ အမိုးနီးယား ယိုစိမ့်မှုဖြစ်ပွားကြောင်း၊ ပြည်သူများမူးလဲပြီး ဆေးရုံကားများ သွားရောက်နေကြောင်း၊ ရပ်ကွက်နေ ပြည်သူများအားလုံးလည်း အနံ့ဆိုးသဖြင့် ထွက်ပြေးနေရကြောင်း သိရှိရသည်။", "“အုတ်ကျင်းဘူတာရုံလမ်း မိုးရေသန့် အမိုးနီယားပေါက်တာ။ ပြည်သူတချို့တော့ မူးလဲ မေ့လဲဖြစ်တယ်။ လူတွေ မူးလဲတာတွေ ဖြစ်ကုန်ပြီ။ မျက်လုံးတွေလည်း စပ်ပါတယ်။ သတိလစ်တဲ့သူလည်းများတယ်။ အခုလက်ရှိဆေးရုံကားတွေတော့ တောက်လျောက်သွားနေတယ်။ ဆေးရုံကားတွေ သွားနေတယ်။ ဆေးရုံကားမီးသတ်ကားတွေလည်းပါတယ်” ဟု အုတ်ကျင်းဘူတာရုံလမ်းမှ ပြည်သူတစ်ဦးက ပြောသည်။", "ဓာတ်ပုံ- ယနေ့ အမိုးနီးယားယိုစိမ့်သဖြင့် ဆေးရုံကား လူနာတင်ကားများ လာရောက်နေကြစဉ်။"]
https://yktnews.com/2023/04/99067/
လှိုင်သာယာ ဗုံးပေါက်ကွဲမှုတွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင် လွင် ဗုံးစ ဦးခေါင်းထဲဝင်၍ သေဆုံးပြီး သေဆုံးမှု သတင်းမဖြန့်ရန် စစ်တပ်က တားမြစ်ပိတ်ပင်
["လှိုင်သာယာ ဗုံးပေါက်ကွဲမှုတွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင် လွင် ဗုံးစ ဦးခေါင်းထဲဝင်၍ သေဆုံးပြီး သေဆုံးမှု သတင်းမဖြန့်ရန် စစ်တပ်က တားမြစ်ပိတ်ပင်", "ရန်ကုန်၊ ဧပြီ ၂၄", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင်သည် ဦးခေါင်းထဲသို့ ဗုံးစဝင်ရောက်သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုသတင်းကို မဖြန့်ရန် စစ်တပ်က တားမြစ်ပိတ်ပင်ထားကြောင်း သိရှိရသည်။", "ဧပြီလ ၁၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာ ယာ (အနောက် ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကို အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး ဇင်မောင်လွင် ဦးဆောင်အဖွဲ့ က သွားရောက်စစ်ဆေးနေစဉ် ထပ်မံ၍ ည ၈ နာရီ ၂၀ မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှ မိုင်းစသည် ဗိုလ် မှူး ကြီး ဇင်မောင်လွင်၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရှိ ရသည်။", "“ဗိုလ်မှူးကြီး ဇင်မောင်လွင်ရဲ့ ဦးခေါင်းထဲကို မိုင်းစက ခေါင်းထဲဝင်ထားတော့ ချက် ချင်းမသေဘူး။ ရက်တော်တော်ကြာ ဆေးကုပြီးမှ သေတယ်။ သူနဲ့အတူ အခြားအဆင့် တပ်သား ၁ ဦးလည်းသေပါတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင်က စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းပါ။ အဲဒါ မိတ် ဆွေ တွေ သူငယ်ချင်းတွေက တစ်နေ့က RIP တွေ တင်ကြတယ်။ ဒါပေမယ့် စစ်တပ် ဘက်က သတင်းမပြန့်စေဖို့ ပုံတွေ RIP ပို့စ်တွေ ပြန်ဖျက်ခိုင်းတော့ အကုန်ပြန် ဖျက် သွားကြတယ်။ ချက်ချင်းမသေဘဲ တမြေ့မြေ့ သေသွားခဲ့တာပါ” ဟု စစ်ဘက် အသိုင်းအ၀ိုင်းက ပြောသည်။", "ရန်ကုန်တွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် မိုင်းထိ မှန် သေဆုံးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဒုညွှန်ချုပ် ဒုဗိုလ်မှူးကြီး (ငြိမ်း) စိုင်း ကျော်သူ ပစ်ခတ်ခံရ၍ သေဆုံးခြင်း၊ သန်လျင်တွင် ဒုဗိုလ်မှူးကြီး (ငြိမ်း) အောင်ညီ ထွန်း ပစ်ခတ်ခံရ၍ သေဆုံးခြင်းများကြောင့် စစ်တပ်အရာရှိများ၊ စစ်မှုထမ်းဟောင်းများ ထိတ်လန့်တုန်လှုပ်လျက်ရှိ ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/214053/
လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်လလျှင် ၅ သိန်း ၁ သောင်းဖြင့် လုံခြုံရေး အလုပ်ခေါ်သဖြင့် သွားရောက်လျှောက်ထားရာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သားစုဆောင်းရေးပို့ဆောင်ခံရ
["လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်လလျှင် ၅ သိန်း ၁ သောင်းဖြင့် လုံခြုံရေး အလုပ်ခေါ်သဖြင့် သွားရောက်လျှောက်ထားရာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးစစ်သားစုဆောင်းရေးပို့ဆောင်ခံရ", "ရန်ကုန်၊ မေ ၁၀", "ရန်ကုန်တိုင်း၊ လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်လလျှင် ၅ သိန်း ၁ သောင်းလစာရရှိမည်ဟု အလုပ်ခေါ်သဖြင့် သွားရောက်လျှောက်ထားရာမှ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သားစုဆောင်းရေးပို့ဆောင်ခံရကြောင်း ဖမ်း ဆီးခံရသော လူငယ်တချို့ ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်မှ အသက် ၂၅ နှစ်အရွယ် လူငယ် ၂ ဦးဖြစ်သည့် မောင်ဇော်ထက်လင်းနှင့် မောင်ရဲနောင်တို့သည် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်လလျှင် ငွေကျပ် ၅ သိန်း ၁ သောင်း ရရှိမည်ဆိုသော အလုပ်ခေါ်စာ လက်ကမ်းကြေညာကို တွေ့ရှိသဖြင့် ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ရန်ကုန်သို့ တက်လာရန် ပြောဆိုကြောင်း၊ ထို့ကြောင့် မေလ ၄ ရက်နေ့ အလုပ်လျှောက်ထားရန် ၎င်းတို့နေထိုင်ရာ သနပ်ပင်မြို့နယ်မှ ရန်ကုန်သို့ လာရောက်ခဲ့ကြပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် မေလ ၈ ရက်နေ့တွင် မောင်ဇော်ထက်လင်းနှင့် မောင်ရဲနောင်တို့က ၎င်းတို့ကို အင်းစိန်မြို့နယ်၊ ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခံထားရသည်ဟု မိသားစုထံ အကြောင်းကြားလာကြောင်း သိရှိရသည်။", "“ရွှေလင်းဗန်းစက်မှုဇုန်မှာ စက်ရုံလုံခြုံရေး လုပ်ရမယ်။ တစ်လ ၅ သိန်း ၁ သောင်းရမယ်။ သင်တန်း ၃ လတက်ပြီးတာနဲ့ လုံခြုံရေး အလုပ်ရမယ်ဆိုလို့ ၂ ဦးသား ရန်ကုန်ကို တက်သွားကြတာ။ မေလ ၄ ရက်နေ့ မနက်အစော ကြီး တက်သွားပြီးတော့ ညနေမှာ သူတို့ ဖုန်းတွေက ခေါ်မရတော့ဘူး။ အဲဒါနဲ့ ၄ ရက်လောက်ကြာတော့ ရဲနောင်ကနေ သူ့အိမ်ကို ဖုန်းဆက်အသိပေးတယ်။ သူရော ဇော်ထက်လင်းရော ဒညင်းကုန်း စစ်သားစုဆောင်းရေး တပ်ကို ရောက်နေတယ်။ သူတို့ကို အလုပ်ဆိုပြီး လိမ်ခေါ်သွားတာ။ လုံခြုံရေးအလုပ်ဆိုပြီး စစ်မှုထမ်းသင်တန်း တက်ရမယ်တဲ့။ ငြင်းလို့လည်းမရတော့ဘူးလို့ ပြောတယ်” ဟု ဖမ်းဆီးခံရသူ လူငယ် ၂ ဦး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။", "မောင်ရဲနောင်နှင့်မောင်ဇော်ထက်လင်းတို့ ၂ ဦးသည် အလုပ်လျှောက်ရန် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်သို့ မသွားမီကတည်းက ၎င်းတို့၏ ကိုယ်ရေးအကျဉ်းနှင့်ဓာတ်ပုံများကို Viber မှတစ်ဆင့် ပေးပို့ခဲ့ကြကြောင်း၊ လှိုင်သာယာ ရောက်ရှိချိန်တွင် ဆိုင်ကယ် ၂ စီးဖြင့် အရပ်ဝတ် အမျိုးသား ၂ ဦးက လာခေါ်ကြောင်း၊ ယင်းနောက် အငှားယာဉ်ဖြင့် ထပ်မံ ခေါ်ဆောင်သွားပြီး ဒညင်းကုန်း စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံရကြောင်း၊ ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများကို သိမ်းယူသွားခဲ့ကြောင်း၊ မေလ ၈ ရက်နေ့ ရောက်သည့်အခါမှ ဒညင်းကုန်းတပ်အတွင်းမှ စစ်သား ၁ ဦး၏ ဖုန်းကို အခကြေးငွေပေး၍ သက်ဆိုင်ရာ မိသားစုများထံသို့ အသိပေးအကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အွန်လိုင်းမှာဖြစ်ဖြစ်၊ လက်ကမ်းကြော်ငြာနဲ့ဖြစ်ဖြစ် လစာကောင်းမယ်၊ အလုပ်ရမယ်ဆိုတာတွေကို မယုံကြည်ကြဖို့ပါ။ လစာ ၅ သိန်း ၁သောင်းပေးမယ်၊ လုံခြုံရေးလုပ်ရမယ်ဆိုပြီး စစ်ထဲ လိမ်ခေါ်ခံရတဲ့ ဖြစ်စဉ်လို အခြားသော လူငယ်တွေ မဖြစ်အောင်ပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။", "လတ်တလော ဖမ်းဆီးခံထားရသော မောင်ရဲနောင်နှင့် မောင်ဇော်ထက်လင်းတို့သည် ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ တွင် တက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179286/
လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို စစ်ပြေးမှုဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ
["လှိုင်သာယာ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို စစ်ပြေးမှုဖြင့် စစ်တပ်က လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၁၇", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို အကြမ်းဖက် စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွင် သိပ္ပံလမ်းတွင် နေထိုင်သော အုပ်ချုပ်ရေးမှူး သန့်ဇင် နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးစဉ် အုပ်ချုပ်ရေးမှူးနှင့် စစ်သားများ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူး သန့်ဇင် သေနတ်ကျည် ၃ ချက် ထိမှန်ခဲ့ကြောင်း သိရသည်။", "အုပ်ချုပ်ရေးမှူး သန့်ဇင်သည် သေနတ်ကျည် ၃ ချက်ထိမှန်ခဲ့သော်လည်း ရှပ်မှန်ခဲ့ခြင်းကြောင့် သေဆုံးခြင်းမရှိဘဲ လက်ရှိချိန်တွင် နေထိုင်၌ ဆေးကုသမှု ခံယူနေကြောင်း၊ ယင်း အုပ်ချုပ်ရေးမှူးသည် ခြောက်လုံးပြူး သေနတ် ကိုင်ဆောင်ထားသူဖြစ်ပြီး အကြမ်းဖက် စစ်သားများကို ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကျည်မထွက်သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရှိရသည်။", "“ဒီနေ့ နေ့လည်ပိုင်းမှာ လှိုင်သာယာ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေတဲ့ သိပ္ပံလမ်း ကျောကပ်က နေအိမ်ကို လှိုင်သာယာ အရှေ့ပိုင်းစစ်ခွေး ဗျုဟာမှူး ကလာပြီး ၂၀ ရုံးအုပ်ကြီးကို စစ်ပြေးဟု တိုင်ထားလို့ လာဖမ်းတာ ခွေးအချင်းချင်း စကားများကြတာ အုပ်ကြီးကိုပစ္စတိုနဲ့ ၃ ချက် ထုတ်ပစ်တာ မသေဘဲ လက်မောင်းတွေကို ရှပ်ထိပြီး ဆေးကုနေရတယ်။ အုပ်ကြီးကလည်း စစ်မှုထမ်းဟောင်းဆိုတော့ ခြောက်လုံးပြူး ရထားတော့ အဲ့တာနဲ့ပြန်ပစ်တာ ကျည်မထွက်ဖူးကြားတယ် ခြောက်လုံးပြူးလေးဆိုတော့ အခု အစစ်အဆေးတွေ ကြမ်းနေတယ်။ အဲ့အိမ်နားမှာ ခု အစစ်အဆေးတွေရှိတယ်။ ဘယ်သူတိုင်လည်းမှ မသိတာ စစ်ပြေးဆိုပြီး အဲ့တာကြောင့် ဟိုကလာဖမ်းတာ သူအိမ်မှာ စကားပြောနေရင်း စကားများပြီး ထပစ်တာ အုပ်ကြီးကတော့ ဆေးကုနေတယ်ကြားတယ်။ မသေဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "စစ်တပ်ဘက်က သတင်းထုတ်ပြန်ချက်တွင်မူ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် လှိုင်သာယာ(န)ပိုင်းမြို့နယ်| ၂၀ ရပ်ကွက်| ဗိုလ်တေဇပတ်လမ်းနှင့် ငွေလမင်းလမ်းထောင့်တွင် အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး သန့်ဇင်ကို အရပ်ဝတ်ဖြင့် လူ ၅ ဦးခန့်က သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လူ ၃ ဦးက အုပ်ချုပ်ရေးမှူးသန့်ဇင်၏ ခြေထောက်ကို ကြိုးဖြင့်တုတ်နေစဥ် ကားတစ်စီးရောက်ရှိလာပြီး ဆေးရုံသို့ ပို့မည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ယမန်နေ့ ပစ်ခတ်မှုကို CCTV မှ မြင်ရစဉ်။"]
https://yktnews.com/2024/12/194814/
လှိုင်သာယာ ၁၁ ရပ်ကွင် အုပ်ချုပ်ရေးမှူး တင့်ဇော်နှင့် မုံရွာတွင် ဆက်ကြေး တောင်းနေသော စစ်ကောင်စီ တပ်သား ၂ ဦးတို့ ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ
["လှိုင်သာယာ ၁၁ ရပ်ကွင် အုပ်ချုပ်ရေးမှူး တင့်ဇော်နှင့် မုံရွာတွင် ဆက်ကြေး တောင်းနေသော စစ်ကောင်စီ တပ်သား ၂ ဦးတို့ ပစ်ခတ်ခံရပြီး ထိခိုက်မှုရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော် ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး တင့်ဇော်သည် စစ်ကောင်စီ အလိုကျ ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျနေသောကြောင့် မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အရပ်သားပြည်သူများ ထိခိုက်မှု မရှိစေရန် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အရ ၎င်း၏ အမျိုးသမီးကို ထိခိုက်မည်စိုး၍ ထိမ်းသိန်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တင့်ဇော်၏ ပေါင်နှင့် ဝမ်းဗိုက်တို့၌သာ ကျည်ရှပ်ထိ ဒဏ်ရာများရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။", "အုပ်ချုပ်ရေးမှူး တင့်ဇော်သည် ယခု တစ်ကြိမ်တွင် ကံကောင်း၍ လွတ်မြောက်သွားနိုင်သော်လည်း နောက်နောင်၌ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တင့်ဇော်ကဲ့သို့ ပြည်သူများကို အနိုင်ကျင့် စော်ကားနေသော ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပြောဆိုထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ငြိမ်းချမ်းရေးလမ်းဆုံတွင် ကားနှင့် ဆိုင်ကယ်များကို တားဆီး၍ ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ​မုံရွာမြို့နယ် စက်မူ-၁ ၊ ငြိမ်းချမ်းရေး လမ်းဆုံတွင် ကားနှင့် ဆိုင်ကယ်များကို ငွေညှစ် တောင်းရမ်းနေသော အကြမ်းဖက် စစ်သား ကျော်ကြီးနှင့် ရဲ ၁ ဦးတို့ကို မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်ထိ ဆေးရုံတွင်ဆေးကုသမှု ခံယူနေရကြောင်း၊ ယင်း စစ်ကောင်စီ တပ်သား ၂ ဦးထံမှ ဖုန်း ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“အခုချိန်ထိ ဆေးရုံမှာလို့ သိရတယ်။ စစ်ခွေး အမည်က ကျော်ကြီးတဲ့ ရဲကတော့ အမည်မသိဘူး။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ ကျနော်တို့ရဲ့ လုံခြုံရေးကြောင့် ခုမှ ထုတ်ပြန်နိုင်တာပါ” ဟု မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ"]
https://yktnews.com/2023/04/97480/
လှိုင်သာယာ ၁၂ ရက်ကွက်ရုံးအနီး ယမန်နေ့ ည ဗုံးပေါက်ကွဲမှုတွင် စစ်တပ်မှ ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦးသေဆုံး
["လှိုင်သာယာ ၁၂ ရက်ကွက်ရုံးအနီး ယမန်နေ့ ည ဗုံးပေါက်ကွဲမှုတွင် စစ်တပ်မှ ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၄", "ရန်ကုန်၊ မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်ရုံးအနီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံး သွားပြီဖြစ်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ် ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၈ မိနစ်ခန့်က လှိုင်သာယာမြို့နယ်အနောက်ပိုင်း အမှတ် ၁၂ ရပ် ကွက်ရုံးအနီးတွင် ပထမအကြိမ်ဗုံးခွဲတိုက်ခိုက်ပြီးနောက် ပေါက်ကွဲရာနေရာသို့ လာရောက် စစ်ဆေး သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ည ၈ နာရီခွဲတွင် ထပ်မံဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်က ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဗိုလ်မှူးကြီးရယ်၊ တပ်သားတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦးဒဏ်ရာရတယ်၊ ဗျူဟာမှူးက ပြောင်း လာတာ မကြာသေးလို့ ပြောတယ်၊ အဲဒီဗျူဟာမှူးက ခမရ ၅၃၂ ထဲမှာနေတာ။ GE တပ်က ဗိုလ်မှူးကြီး နေမှာ၊ တပ်တွင်းသတင်းရင်းမြစ်ကလည်း ဗျူဟာမှူးဗိုလ်မှူးကြီး ဆိုတာ အတည် ပြုထားတယ်၊ စစ် တပ် ဘက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးရာအိမ်မှူးတစ်ဦးလို့ ထုတ်ပြန်ပြီး သတင်းဖုံးထားပါတယ်၊ ဒီနေ့ပဲ တစ်ဦးသေတယ်၊ ဗျူဟာမှူးလား၊ ကျန်တဲ့စစ်ခွေးလားတော့ မသိ သေးဘူး” ဟု ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာပြည်သူများအပေါ် လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်သည့်အပေါ် လက်စားချေတုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း၊ မိဘ ပြည် သူများအနေဖြင့် အကြမ်း ဖက် စစ် သား၊ ၎င်းတို့နေထိုင်ရာ အဆောက်အအုံ၊ ရုံး၊ လက်အောက်ခံ ရပ်ကွက် ရုံးများနှင့် ဝေးဝေး နေထိုင်ကြရန် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက သတိပေးထားသည်။", "အလားတူ ယမန်နေ့ ည ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ်အရှေ့ပိုင်း၊ အမှတ် ၁၅ ရပ်ကွက်ရုံးကို ဖောက်ခွဲရန် စီစဉ်ခဲ့သော်လည်း မိဘပြည်သူများရှိနေသဖြင့် အမှတ် ၁၅ ရပ်ကွက်နှင့် ၂ ရပ်ကွက် အကြားရှိ ပီမိုးနင်း လမ်းပေါင်းကူးတံတားအနီးတွင် ဗုံးဖောက်ခွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို ခြောက်လှန့် ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97561/
လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး
["လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး", "ရန်ကုန်၊ ဧပြီလ ၁၄", "ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊အမှတ် ၁၂ ရပ်ကွက်၊မန္တလေး လမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု အတွင်း အ မှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးသွားကြောင်း ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြား သည်။", "ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုအားလှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဖြိုးပါ အရာရှိ ၃ ဦး၊ အခြားအဆင့် ၁၀ ဦးတို့နှင့်အတူ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းပါ ၁၅ ဦးတို့မှ သွားရောက်စစ်ဆေးခဲ့ရာ ည ၈ နာရီ မိနစ် ၂၀ အချိန် ပထမပေါက်ကွဲသည့်နေရာနှင့် ၁၅‌ ပေခန့်အကွာ၌ ထပ်မံပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝန်းထံမှ သိရသည်။", "“သေတာက ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မောင်လွင်ဆိုတာ အ တည်ဖြစ်သွားပြီဗျ၊ ကျနော်တို့ တိတိကျကျ သတင်းရထားပြီးပြီ၊ မိုင်း စက နားထင်ကို တက်မှန်ဒဏ်တာ၊ ဒဏ်ရာရတဲ့ ၃ ယောက်လုံးက ပြင်းထန် ဒဏ်ရာတွေချည်းပဲ” ဟု ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ပေါက်ကွဲမှုသည် လှိုင်သာယာမြို့မရဲစခန်း အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက် ကွဲမှုကို အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် ဦး စီးပါ အရာရှိ ၂ ဦးနှစ်ဦး အခြားအဆင့် ၆ ဦးမှ လာရောက်မိုင်းရှင်းစစ်ဆေးစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ဗိုလ်မှူးကြီး ဇင်မောင်လွင်၌ ဒဏ်ရာစိစစ်ဆဲဖြင့် လည်းကောင်း၊ အမှတ် ၇၀၅ ခြေမြန်တပ်ရင်းမှ တပ် သား မျိုးသန့်၌ ဒဏ်ရာ စိစစ် ဆဲ ဖြင့်လည်းကောင်း၊ အမှတ် ၁၂ ရပ်ကွက် ရာအိမ်မှူး အသက် ၅၄ နှစ်အရွယ် မျိုးမြင့်၌ ဒဏ်ရာ စိစစ်ဆဲဖြင့် လည်းကောင်း အမှတ် ၁ တပ်မတော် ဆေးရုံကြီး ကုတင် ၁၀၀၀ သို့ ပို့ဆောင်ကုသပေးခဲ့ကြောင်းသိရသည်။", "ထို့အပြင် အခင်းဖြစ်နေရာနှင့် ပေ ၇၀ ခန့်အကွာ၌ နောက်ထပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့ပြီး အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121095/
လှိုင်သာယာတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးကို သတ်ဖြတ်ပြီး ရွှေငွေများ လုယက်မှု စစ်တပ်နှင့်ရဲများ၏ လက်ကိုင်တုတ် ပျူစောထီး လူမိုက်ထောင်ထွက်အုပ်စုများနှင့်ပတ်သက်
["လှိုင်သာယာတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးကို သတ်ဖြတ်ပြီး ရွှေငွေများ လုယက်မှု စစ်တပ်နှင့်ရဲများ၏ လက်ကိုင်တုတ် ပျူစောထီး လူမိုက်ထောင်ထွက်အုပ်စုများနှင့်ပတ်သက်", "ရန်ကုန်၊ စက်တင်ဘာ ၅", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် အသက် ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦးကို သတ်ဖြတ်ပြီး ရွှေငွေများ လုယက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လူသတ်မှုတွင် စစ်တပ်နှင့်ရဲများက PDF နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်ကွပ်ရန် ဖွဲ့စည်းထားသော ပျူစောထီး(ခေါ်)ပြည်သူ့စစ် လူမိုက်ထောင်ထွက်အုပ်စုများနှင့်ပတ်သက်နေကြောင်း ရဲသတင်းရင်းမြစ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ထံမှ သိရှိရသည်။", "စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ အမှတ် ၈၄၁/က အနန္တသူရိယလမ်း၊ အမှတ် ၁၈ ရပ်ကွက်နေအိမ်တွင် ဦးဌေးလွင် ၊ ဇနီးဒေါ်စုလှိုင်ဝင်း နှင့် အသက် ၉ နှစ်အရွယ် သား ဖြိုးမြတ်ကိုကိုတို့သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ နေအိမ်အတွင်းမှ ရွှေငွေနှင့်လ က်ဝတ်ရတနာများစွာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။", "လက်ရှိ လှိုင်သာယာတွင် စစ်တပ်နှင့်ရဲများက လူမိုက်ထောင်ထွက်များကို PDF နှင့် နိုင်ငံရေးလှုပ်ရှားမှုများကို နှိမ်နင်းရေးအတွက် လုံခြုံရေး တာဝန်ခံ ပျူစောထီးအဖွဲ့ များအဖြစ် ဖွဲ့စည်းပေးပြီး ကင်းလှည့်စေခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများ၏ သတင်းများ၊ PDF သတင်းများကို စုဆောင်းခိုင်းစေခြင်းတို့ကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြောင်း၊ လူမိုက်ထောင်ထွက်များသည် ပျူစောထီးများအဖြစ် ရပ်ကွက်နေပြည်သူများကို အနိုင့်ကျင့်ခြင်း၊ အကြွေးတောင်းခြင်း၊ မြေယာပြဿနာများတွင် ငွေကြေးရယူ၍ ဖယ်ရှားရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လောင်းကစား များ လုပ်ပိုင်ခွင့် အခွင့်အရေးများ ရရှိလာကြောင်း သိရှိရသည်။", "“အခု လှိုင်သာယာမှာ မှုခင်းတွေပေါနေတာ၊ လူသတ်မှုတွေ အဖြစ်များလာတာက လူမိုက်ထောင်ထွက်တွေက ပျူစောထီးဆိုပြီး တုတ်၊ ဓားကိုင် ပေါ်ပေါ်တင်တင် ရပ်တည်လာနိုင်တာ။ စစ်တပ်၊ ရဲ က လူမိုက်တွေပေါင်းစားလုပ်စားကြတာ။ လှိုင်သာယာမြို့နယ်မှာတင်မဟုတ်ပါဘူး။ အင်းစိန်မှာဆိုရင် ကျော်ဝင်းစိတ်နဲ့ ကျင်ဟုတ် လိုလူမိုက်တွေက မင်းမူနေတယ်။ စစ်တပ်နဲ့ရဲကလည်း သူတို့အတွက် လုံခြုံရေး ယူပေး၊ PDF အန္တရာယ် ကာကွယ်ဖို့ သုံးကြတာ။ လူမိုက်တွေက တရားဝင် အလုပ်လုပ်ခွင့်ရတယ်။ အကြွေးတောင်းတာ၊ မြောယာပြဿနာတက်နေတဲ့ နေရာမှာ လူမိုက်တွေ သုံးလာတာ။ အများကြီးပေါ့။ အခု လူသတ်မှုကလည်း ထောင်ထွက်တွေနဲ့ပတ်သက်နေတယ်လို့ သိရတယ်။ လိုက်တော့ လိုက်နေကြပြီ” ဟု လှိုင်သာယာမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေး သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။", "လှိုင်သာယာမြိုနယ်တွင် လူမိုက်အဖြစ် ဝင်းနိုင်က ခေါင်းဆောင်ပြီး ပျူစောထီးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ရိုးကြီးရိုးလေး၊ ရွေလင်ဗန်းတို့တွင် တရားဝင် ဗိုလ်ကျ အနိုင်ကျင့်ခွင့်နှင့် မှုခင်း ကျူးလွန်ခွင့်များရရှိနေကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123390/
လှိုင်သာယာနှင့် ရွှေပေါက်ကံရှိ အဆောင်များနှင့် ကျူးကျော်များကို စစ်တပ်က တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် တောင်းခံ
["လှိုင်သာယာနှင့် ရွှေပေါက်ကံရှိ အဆောင်များနှင့် ကျူးကျော်များကို စစ်တပ်က တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် တောင်းခံ", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် နှင့် ရွှေပေါက်ကံမြို့နယ်ရှိ အဆောင်များနှင့် ကျူးကျော်များကို အကြမ်းဖက် စစ်တပ်က တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် တောင်းခံနေကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "လှိုင်သာယာမြို့နယ်၊ ညောင်ကျေးရွာရပ်ကွက်ရှိ အဆောင်များကို အကြမ်းဖက် စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အောင်မြေသာယာဘုရားထီးတင်ရန်ဟုဆိုကာ အဆောင်တစ်ခန်းလျှင် ကျပ် ၁၀၀၀၀ နှုန်း ပေးဆောင်ရန် အတင်း အဓမ္မ ခြိမ်းခြောက် ကောက်ခံခဲ့ကြောင်း သိရသည်။", "ထို့ပြင် သဲကွင်းရှိ ကျူးကျော်အိမ်များကိုလည်း တစ်အိမ်လျှင် ကျပ် တစ်သောင်းနှုန်း ကောက်ခံနေပြီး ကျူးကျော်အိမ်များမှာ ၅၀၀ ကျော်ရှိကြောင်း၊ ညောင်ကျေးရွာရပ်ကွက်တွင် အဆောင်ပေါင်း ၄၀၀ ကျော်ရှိပြီး အဆောင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိကြောင်း ၊ အလှူငွေများကို စက်တင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ရပ်ကွက်ရုံးသို့ လာပေးရန် အတင်းအဓမ္မလိုက်လံ ခြိမ်းခြောက်ပြောဆိုနေခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတသ်စ်သတင်းဌာနသို့ပြောကြားသည်။", "“အလူငွေများကို ၂၄ရက်နေ့ နောက်ဆုံးထားပြီး ရပ်ကွက်ရုံးကို လာဆောင်ရမယ်လို့ အပိုင်ရာအိမ်မှူးများမှ အဆောင်များကို လိုက်လံခြိမ်းခြောက်ပြောဆိုနေပါတယ်။ ညောင်ရွာတစ်ရပ်ကွက်ထဲကောက်တာ မဟုတ်ဘူး။ တစ်မြို့နယ်လုံး ကောက်တာ။ အလှူငွေ မထည့်မနေလို့ မရဘူး၊ မထည့်ရင် တရားစွဲးမယ်လို့ အပိုင်ရာအိမ်မှူးများမှ ပြေားဆိုသွားပါတယ်”ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။", "ထို့ပြင် လှိုင်သာယာမြို့နယ် တစ်ခုတည်းတင်သာမကဘဲ ရွှေပေါက်ကံမြို့နယ်ရှိ အဆောင်များကိုလည်း တစ်လွှာ ၁၀၀၀၀ ပေးရန် ဖိအားပေးပိုက်ဆံကောက်နေကြောင်းလည်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/03/93711/
လှိုင်သာယာမြို့နယ် ထွေအုပ်ရုံးနှင့် အစိုးရဥပဒေလိုင်းခန်း ဗုံးခွဲတိုက်ခိုက်ခံရ
["လှိုင်သာယာမြို့နယ် ထွေအုပ်ရုံးနှင့် အစိုးရဥပဒေလိုင်းခန်း ဗုံးခွဲတိုက်ခိုက်ခံရ", "ရန်ကုန်၊မတ် ၂၂", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူမှတ်တိုင်အနီးရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးရုံးနှင့် ဥပဒေလိုင်းခန်းအား ဗုံး၊ မိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရကြောင်း HTY Scout information မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၂၂ ရက် နံနက် ၅ နာရီခန့်က လှိုင်သာယာမြို့နယ် စုပေါင်းရုံးများအခြေစိုက်ရာ တံတားဖြူမှတ်တိုင်အနီးရှိ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်အစိုးရ ဥပဒေရုံးလိုင်းခန်းအား KM18 – Black Spaciow Squad (BSS) နှင့် Underground Revolution Knights Force( URKF) တို့မှ လက်ပစ်ဗုံး၊အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။", "“ထွေအုပ်ရုံးနဲ့ ဥပဒေရုံးနှစ်ခု ပေါက်ကွဲခဲ့တာ၊ ထိခိုက်မှုကတော့ ကြီးကြီးမားမား မရှိဘူးဗျ၊ ‘အုံး’ ဆိုတဲ့ ပေါက်ကွဲသံက ကြားရတာ တော်ကျယ်တယ်၊ အဲဒီနေရာက ခွေးတွေပုံမှန်အဝင်၊အ ထွက်ရှိတယ်ဗျ၊ ဒီနေ့ နေ့ခင်း လောက်က စပြီး မြို့နယ်ထဲ ဆိုင်ကယ်တွေ ပိတ်ဖမ်းနေတယ်၊” ဟု HTY Scout information မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ဖောက်ခွဲတိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်မိစ္ဆာတပ်မှ စစ်ကိုင်းတိုင်းနှင့် ကရင်နီဒေသများသို့ လက်နက်အင်အားအမြောက်အများအသုံးပြုကာ ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုတို့လုပ်ဆောင်နေသဖြင့် တုံ့ ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားပြည်သူ့ကာ ကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/146367/
လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ယခုနံနက်ပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွား
["လှိုင်သာယာမြို့နယ် အနောက်ပိုင်းတွင် ယခုနံနက်ပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုု့နယ်၊ အနောက်ပိုင်းတွင် ယနေ့ နံနက်အစောပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၅၂ မိနစ်တစ်ကြိမ်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဒုတိယအကြိမ်၊ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တတိယအကြိမ်၊ နံနက် ၅ နာရီ ၂၂ မိနစ်တွင် ၄ ကြိမ်မြောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများသည် အင်အားအလွန်ပြင်းထန်ပြီး အသံအလွန်ကျယ်လောင်ကြောင်း သိရှိရသည်။", "“နေရာ အတိအကျတော့ မသိပေမယ့် လှိုင် သာ ယာရုံးရှေ့နဲ့မြို့နယ်ခန်းမဘက်က ပေါက်ကွဲမှုအသံတွေက လာတာ။ အင်အားပြင်းတယ်။ အရမ်းကျယ်တယ် အသံက ၊ ဗုံးတွေက မိနစ်ပိုင်းပဲခြားပြီး တအုန်းအုန်းကွဲတာ။ လူထိခိုက်မှုရှိလား၊ အပျက်အစီးဘယ်လောက်ရှိလဲ အဲဒါတွေတော့ မသိပါဘူး” ဟု လှိုင်သာယာ မီးခွက်စျေးအနီး နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လှိုင်သာယာမြို့နယ်တွင် ယခုနံနက်အစောပိုင်း ဗုံးများပေါက်ကွဲကြောင်း လှိုင်သာယာမှ ဒေသပြည်သူ ၂၀ ဦးထက်မနည်းကလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုထားကြသည်။", "“လှိုင်သာယာ ၉ ရပ်ကွက် ဘားအံလမ်း တပ်သားစုဆောင်းရေးရုံးရှေ့မှာလည်း ဗုံးပေါက်တယ်။ အခုဘားအံလမ်းကို လမ်းတွေပိတ်ထားတယ်” ဟု အခြား လှိုင်သာယာဒေပြည်သူတစ်ဦးကရှင်းပြသည်။", "ဗုံးပေါက်ကွဲမှုဖြစ်ပွားသည်ဟု လတ်တလော ပြည်သူများက ယူဆနေကြသော လှိုင်သာယာမြို့နယ်ခန်းမသည် အကြမ်းဖက်စစ်တပ်က တပ်စွဲထားသော နေရာဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ်ကာလ ပြည်သူလူထုကို အကြမ်းဖက် စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/162308/
လှိုင်သာယာမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံး
["လှိုင်သာယာမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၁၃", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ် ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး (ခ) အညာသားကို အမည်မသိ သေနတ်သမားများက ဆောက်လုပ်ရေး မှတ်တိုင်အနီး ပစ်ခတ် တိုက်ခိုက်ရာ ဝမ်းဗိုက်ကို သေနတ်ကျည် ၂ ချက်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“ဒီနေ့ မွန်းလွဲ ၂ နာရီက လှိုင်သာယာမြို့နယ် ၆ ရပ်ကွက် ရာအိမ်မှူး နောက်လိုက် ဆယ်အိမ်မှူး အောင်ကျော်ထူး ပစ်ခတ်ခံပြီး သေပြီ ဆောက်လုပ်ရေး မှတ်တိုင်အနီးမှာ ပစ်ခံလိုက်ရတာ ဗိုက်ကို ကျည် ၂ ချက်ထိပြီး ပွဲခြင်းပြီး သေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "သေဆုံးသွားသော ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူးသည် ၂၀၂၂ ခုနှစ်မှ စတင်ကာ ၆ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် ထောက်တိုင် ရာအိမ်မှူး နောက်လိုက် ဆယ်အိမ်မှူး အဖြစ်လုပ်ကိုင်ပြီး ဆန္ဒပြ လူငယ်များ၏ သတင်းများကို စုံစမ်းကာ စစ်တပ်ကိုသတင်းပေးခြင်း၊ ၎င်းကိုယ်တိုင် ဝင်ရောက် ဖမ်းဆီးပေးခြင်း၊ လှိုင်သာယာမြို့နယ် ဆန္ဒပြခေါင်းဆောင် ပရဟိတသမား ကိုသားဇော်ကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင်လည်း အောင်ကျော်ထူး (ခ) အညာသား၏ သတင်းပေးပို့မှုကြောင့်ဖြစ်ကြောင်း ဒေသပြည်သူ တစ်ဦးက ရှင်းပြသည်။", "လက်ရှိချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကားများကို တားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/06/108475/
လှိုင်သာယာမြို့နယ်တွင် ပန်းသည်များနှင့် ပြည်သူများထံမှ ပန်းများကို စစ် တပ်နှင့်ရဲက ဝင်ရောက် သိမ်းဆည်း၊ ပန်းသည်များကို စျေးဆက် မရောင်း ခိုင်း သည့်အပြင် အမျိုးသမီးများ ပန်းမပန်ရန် လိုက်လံ ခြိမ်းခြောက်
["လှိုင်သာယာမြို့နယ်တွင် ပန်းသည်များနှင့် ပြည်သူများထံမှ ပန်းများကို စစ် တပ်နှင့်ရဲက ဝင်ရောက် သိမ်းဆည်း၊ ပန်းသည်များကို စျေးဆက် မရောင်း ခိုင်း သည့်အပြင် အမျိုးသမီးများ ပန်းမပန်ရန် လိုက်လံ ခြိမ်းခြောက်", "ရန်ကုန်၊ ဇွန် ၁၉", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ပန်းသည်များနှင့် ပြည်သူများထံမှ ပန်းများကို စစ်တပ်နှင့်ရဲက ယနေ့နံနက်ပိုင်း ဝင်ရောက် သိမ်းဆည်း ဖမ်း ဆီးကြောင်း သိရှိရသည်။", "ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီ အချိန် လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ အပိုင် ၆ တွင် စစ်ကား၊ ရဲကားနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ပန်းများကို လိုက်လံသိမ်းဆည်းကြောင်း၊ ဘုရားပန်းရောင်းချသူများ၊ ပန်းပန်ထားသူများ၊ ပန်းကိုင်ထားသူများထံမှ ပန်းများကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။", "“လှိုင်သာယာ အနောက်ပိုင်း၂၀ ရပ်ကွက် အပိုင် ၆ ရိုးလေးတံတားနားrမှာ ပန်းသည်တွေ လူတွေဆီက ပန်းတွေကို အကုန်သိမ်းတယ်။ စစ်ကား ရဲကား တွေနဲ့ရာအိမ်မှူးရောအပါအဝင် ရောက်လာပြီးမြင်သမျှပန်းတွေကိုအကုန် အိမ်ထဲထည့်သိမ်းခိုင်းသွားတာ အိမ်ရှေ့မှာ ဘုရားပန်းလဲဖို့အိမ်ရှေ့မှာ ပြင် ဆင်နေတုန်းရှိသေးတယ်” ဟု လှိုင်သာယာမြို့နယ်မှ ပြည်သူတစ်ဦးက ပြော ဆိုသည်။", "အလားတူ လှိုင်သာယာမြို့နယ်အတွင်းရှိ အခြားရပ်ကွက်များတွင် ပန်းသပိတ် လှုပ်ရှားမှု ရှိ၊ မရှိ စစ်ကား၊ ရဲကားနှင့် လက်ပါးစေ ပျူစောထီးနှင့် လူမိုက်များက လိုက်လံစစ်ဆေးကြောင်း၊ ပန်းသည်တချို့ကိုလည်း စျေးသိမ်းခိုင်းကြောင်း၊ ပန်းများ လိုက်လံရောင်းချမှု မလုပ်ရန်လည်း သတိပေးကြောင်း သိရှိရသည်။", "“ဒီနေ့တော့ ပန်းသည်တွေ သိမ်းခိုင်းတယ်။ ဆက်မရောင်းရဘူး။ စျေးမသိမ်းရင် ပန်းတွေ ဖျက်ဆီးခံရမယ်လို့ ပြောတော့ ပန်းသည်တွေလည်း ကြောက် ကြောက် လန့်လန့်နဲ့ ပြန်သိမ်းသွားတယ်။ ခေါင်းမှာ ပန်းပန်သူ အမျိုးသမီး တွေကို ခေါင်းပေါ်က ပန်းတွေဖြုတ်ခိုင်းတယ်။ အဖမ်းခံချင်တာလားလို့လည်း မေးတယ်။ ပန်းတောင် လွတ်လွတ်လပ်လပ် ပန်ခွင့်မရတော့ဘူး” ဟု လှိုင်သာယာမြို့နယ်၊ မီးခွက်စျေးမှ ပြည်သူတစ်ဦးက ဆိုသည်။", "ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ အဖြစ် ပန်းသပိတ် တစ်နိုင်ငံလုံး ဆင်နွှဲနေချိန်တွင် စစ်ကောင်စီဘက်က ပန်းသပိတ်လှုပ်ရှားမှုများကို ပိတ်ပင် တားမြစ်ရန် ကြိုးစားနေခြင်းဖြစ်သည်။", "ဓာတ်ပုံ- အညာဒေသတွင် ယနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ပန်းပန်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်နေကြသော အမျိုးသမီးများ။"]
https://yktnews.com/2024/03/148392/
လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး အင်းစိန်၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ မရမ်းကုန်း၊ ရွှေပြည်သာနှင့် မြောက်ဒဂုံတို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ
["လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက်ကွဲမှု လူ ၂ ဦးသေဆုံးပြီး အင်းစိန်၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ မရမ်းကုန်း၊ ရွှေပြည်သာနှင့် မြောက်ဒဂုံတို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ", "ရန်ကုန်၊ မတ် ၁", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မတ်လ၁ ရက်နေ့ ည ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၃ ထိပ်တွင် ဗုံးပေါက်ကွဲပြီး လူ ၂ ဦး သေဆုံးနေကြောင်း သိရှိရသည်။", "“ဒီည ၇ နာရီ ၄၄ မိနစ်အချိန် လှိုင်သာယာ ၃ထိပ်မှာ ဗုံးပေါက်တာ။ လူ ၂ ယောက်သေနေတယ်။ စက်ဘီးအောက်မှာ တစ်ယောက်၊ လမ်းဘေးမြောင်းနားမှာ တစ်ယောက်က အူတွေပါပွင့်တယ်။ ၂ ဦးလုံးပွဲချင်းပြီး သေနေကြတာ” ဟု မျက်မြင်ဒေသပြည်သူက ရှင်းပြသည်။", "အလားတူ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းတွင်လည်းကောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တို့တွင် လည်းကောင်း ယနေ့ ည ၇ နာရီ ၃၃ မိနစ်မှ ည ၇ နာရီ ၄၄ မိနစ်အထိ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ရန်ကင်းမြို့နယ်တွင် ယနေ့ ည ၇ နာရီ ၄၄ မိနစ် အချိန်တွင်လည်း ကောင်း၊ တောင်ဥက္ကလာမြို့နယ်၊ ၄ ရပ်ကွက်တွင်လည်း ယနေ့ ည ၇ နာရီ ၄၄ မိနစ်အချိန်တွင်လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင်လည်း ယနေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် တွင်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ ပေါက်တာ၀နှင့် အခြားနေရာများတွင်လည်း ယနေ့ည ၇ နာရီ ၄၄ မိနစ်ဝန်းကျင်အချိန်တွင်လည်းကောင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“အင်းစိန် အောင်ဆန်းကျောင်းဂိတ်မှာ ဗုံးပေါက်ပါတယ်။ ကားပါမီးလောင်သွားတယ်။ ဗုံးကွဲအသံ သုံးခါလိုက်ကြားရပြီး ကားမီလောင်တာ။ လူနာတင်ကားအသံတွေလည်း ကြားရတယ်” ဟု​ အင်းစိန်မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ယနေ့ည ၈ နာရီ ကျော်အချိန် ရွှေပြည်သာနှင့် မရမ်းကုန်းမြို့နယ်တို့တွင်လည်း ကောင်း၊ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်းကောင်း ဗုံးများ ထပ်မံ ပေါက်ကွဲနေ ကြောင်း၊ စစ်တပ်က လှိုင်သာယာမြို့နယ်ကို ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ယနေ့တစ်နေကုန် ညပိုင်းအထိ ရန်ကုန်တစ်မြို့လုံးတွင် စစ်ကောင်စီက လုံခြုံရေးများ တင်းကျပ်ထားချိန်တွင် ဗုံးများပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၂ ခုနှစ်၊ စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းမီးပွိုင့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် စစ်တပ်က လမ်းပိတ်ဆို့ထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/147507/
လှိုင်သာယာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီးများ စစ်ဆေးစုဝေး သည့် နေရာ ၂ ခုကို မိနစ်ပိုင်းခြားပြီး ဗုံးခွဲတိုက်ခိုက်မှုဖြစ်
["လှိုင်သာယာမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီးများ စစ်ဆေးစုဝေး သည့် နေရာ ၂ ခုကို မိနစ်ပိုင်းခြားပြီး ဗုံးခွဲတိုက်ခိုက်မှုဖြစ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးနှင့် စစ်သား၊ ပျူစောထီး များ စစ်ဆေး၊ စုဝေးသည့်နေရာ ၂ ခုကို မိနစ်ပိုင်းခြားကာ အဆင့်ဆင့်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် ပကဖ ထံမှ သိရသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီခန့်အချိန် လှိုင်သာယာမြို့နယ်အရှေ့ပိုင်းရှိ အမှတ် ၁၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လည်းကောင်း၊ ည ၈ နာရီ ၅ မိနစ်အချိန် ၅ ထိပ်ရှိ ပေါင်းကူးတံတား အနီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စစ်ဆေးသည့်နေရာကိုလည်း ကောင်း၊ ည ၈ နာရီ ၈ မိနစ်အချိန် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်းကောင်း၊ ည ၈ နာရီ ၁၀ မိနစ်အချိန် ၁ ထိပ် ဘန်ကာ အနီး ပျူစောထီးများ စုဝေးရာနေရာကိုလည်းကောင်း အဆင့်ဆင့်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အဆင့်ဆင့်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။", "“လှိုင်သာယာ အရှေ့ပိုင်း ၁၅ ရပ်ကွက်ရုံးအနီး Active Beer Bar မျက်စောင်းထိုး ကိုရီးယား သင်တန်း ကျောင်းရှေ့ မဥ္ဇူလမ်းထိပ်မှာ မနေ့ ည ၈ နာရီ မိနစ် ၄၀ မှာ အသံဗုံးပေါက်ကွဲခဲ့တယ်၊ တောင်ငူလမ်းမ ကြီးကို ပိတ်ပြီးစစ်ဆေးခဲ့တယ်၊ အထိအခိုက်မရှိဘူး” ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျဖိနှိပ်နေသော အုပ်ချုပ်ရေး အဖွဲ့များ၊ ပျူစောထီးများ နှင့် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများ အနေဖြင့် ရပ်တန်းမှ ရပ်ကြ ရန်နှင့် ရပ်တန့်ခြင်းမရှိပဲ ပြည်သူလူထုကို ဆက်လက် ဒုက္ခပေးနေမည်ဆိုပါက ပြင်းပြင်းထန်ထန် အရေးယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်၊ မြောက်ပိုင်းခရိုင် ပကဖက သတိပေးထားသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ညအချိန် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- AP"]
https://yktnews.com/2023/12/135420/
လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်
["လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင် အိမ်ရာအနီး ရုံးရှေ့ မှတ်တိုင်ရှိ ကြံ့ဖွတ်ပါတီ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရုံးကို DarkShadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစု တို့က ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ရုံးခန်းတွင် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး အရပ်ဝတ် အသွင်ယူများ အမြဲစုစည်း တွေ့ဆုံ ရုံးထိုင်ရာ စားကျက်နေရာဖြစ်ပြီး အပစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အစဉ်တစိုက် အန္တရာယ်ပေးခဲ့သည့် သူများ စုဝေးရှိနေသောကြာင့် စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အထိအခိုက်ရှိနိုင်တယ်။ လူနာတင်ယာဉ်ကားလာတယ်” ဟု DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပြည်သူများအနေဖြင့် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး အရပ် ဝတ်အသွင်ယူများ စုစည်းရာ အဆောက်အဦးများအနီးကို သွားလာခြင်း ရှောင်ကြဉ်ကြရန်နှင့် ယခုကဲ့သို့ ဖြစ်စဉ်များ မိမိနေထိုင်ရောက်ရှိရာ အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ပါက လုံခြုံစိတ်ချရသည့်နေရာမှသာ စောင့်ကြည့်ကြပါရန် မေတ္တာရပ်ခံကြောင်း DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/07/115656/
လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်
["လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၃၀", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အမှတ် ၂၀ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း KMD18-မြို့ပြဝံပုလွေ (Werewolf Unit) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့​ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်း အနော်ရထာလမ်းမပေါ်ရှိ အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြဝံပုလွေအဖွဲ့က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုကြောင့် ထိခိုက်မှုတချို့ရှိပြီး အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ လှိုင်သာယာမြို့ အဝင်အထွက် တံတားများကိုလည်း ပိတ်ဆို့ စစ်ဆေးနေကြောင်း၊ မစ်ရှင်ပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများ အားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။", "အမှတ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ ယခင်အုပ်ချုပ်ရေးမှူး ကြံ့ဖွတ်ပါတီဝင် ရဲထွန်းဦး ပစ်သတ်ခံရပြီးနောက် အသစ်ခန့်ထားသည့် စစ်မှုထမ်းဟောင်း ပျူစောထီး လူမိုက် ဖြစ်သူ အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက် လူမိုက်များသည် ပြည်သူကို နှိပ်စက်ညှင်းပန်း အနိုင်ကျင့်နေပြီး၊ ပြည်သူပိုင်ဆိုင်ကယ်၊ သုံးဘီးများကို အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ ဖမ်းဆီး သိမ်းယူခြင်းများပြုလုပ် လျက်ရှိသောကြောင့် စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KMD18-မြိုပြဝံပုလွေ (Werewolf Unit) မှ “နွေဦးအောင်လံ” စစ်ဆင်ရေး အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး အကြမ်းဖက် ရန်ကုန်မြို့ကို လုံးဝအုပ်ချုပ်ခွင့်မရအောင် ပြင်းထန်စွာ တိုက်ခိုက် သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ် တပ်စခန်းအနီးအနားများ၊ ဘန်ကာများ၊ ကင်းပတ်ကားများကို ရှောင်ကွင်း သွားလာကြရန် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/97377/
လှိုင်သာယာမြို့နယ်၊ ၁၂ ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးနှင့် ရာအိမ်မှူး ၁ ဦးဒဏ်ရာရ၊ အင်းစိန်နှင့်မြောက်ဒဂုံတွင်လည်း ဗုံးများပေါက်ကွဲ
["လှိုင်သာယာမြို့နယ်၊ ၁၂ ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်သား ၂ ဦးနှင့် ရာအိမ်မှူး ၁ ဦးဒဏ်ရာရ၊ အင်းစိန်နှင့်မြောက်ဒဂုံတွင်လည်း ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ ဧပြီ ၁၃", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ၁၂ ရပ်ကွက်ရုံးတွင် ယနေ့ ဧပြီလ ၁၃ ရက် နေ့ ညပိုင်းတွင် ဗုံးပေါက် ကွဲပြီး စစ်သား ၂ ဦး၊ ရာအိမ်မှူး ၁ ဦးဒဏ်ရာ ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ည ၈ နာရီအချိန်၊ ည ၈ နာရီ ၃၀ မိနစ် အချိန် လှိုင်သာယာအ နောက်ပိုင်းမြို့နယ် ၊ ၁၂ ရပ်ကွက်ရုံးအနီးတွင် ဗုံး ၂ ကြိမ် ပေါက်ကွဲပြီး စစ်သား ၂ ဦးနှင့် ရာအိမ်မှူး ၁ ဦး ဒဏ်ရာရရှိကြောင်း၊ စစ်တပ်က အမှတ် ၂ အထက်တန်းကျောင်းအနီးကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။", "“လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၂ ရပ်ကွက်ရုံးအနီးမှာ ပြင်းထန်သော ပေါက် ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက် စီး တယ်။ စစ်ကောင်စီက အ.ထ.က ၂ ကျောင်းပတ်ချာလည်လမ်းတွေကို ပိတ်ဆို့စစ်ဆေးနေပြီး တွေ့ရာ မြင်ရာ လမ်းသွား ပြည်သူတွေကို ရိုက်နှက်နေတယ်။ ည ၈ နာရီ တစ်ကြိမ် အုန်းတယ်။ ည ၈ နာရီ ၃၀ မိနစ် တစ်ကြိမ်ထပ် အုန်းတာ” ဟု ဒေသပြည် သူတစ်ဦးက ပြောဆိုသည်။", "ဗုံးပေါက်ကွဲပြီးနောက် လူနာတင်ကားများ သွားရောက်ပြီး ဒဏ် ရာရရှိသူများကို သယ်ဆောင်သွားကြောင်း ဒေသပြည်သူတ ချို့က ဆိုကြသည်။", "အလားတူ အင်းစိန်နှင့်မြောက်ဒဂုံမြို့နယ်တို့တွင်လည်း ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် အလွန်ကျယ်လောင်သော ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသပြည်သူများနှင့် ရန်ကုန်ကင်းထောက် Eagles News ၏ သတင်း ဖော်ပြချက်အရ သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်မြို့လယ်တွင် စစ်ဆေးနေသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်း ဖြစ်သည်။)"]
https://yktnews.com/2024/02/143691/
လှိုင်သာယာရှိ KNU/ KNLA ( PC )မှ ဗိုလ်မှူး၏ နေအိမ်ကို ဗုံးဖြင့်တိုက် ခိုက်မှု ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ၊ ကျူးကျော် မြေယာရှင်းလင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ကြီးနှင့် ပျူစောထီးတို့က ဗုံးပြန်ခွဲဟုဆို
["လှိုင်သာယာရှိ KNU/ KNLA ( PC )မှ ဗိုလ်မှူး၏ နေအိမ်ကို ဗုံးဖြင့်တိုက် ခိုက်မှု ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ ၊ ကျူးကျော် မြေယာရှင်းလင်းသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ကြီးနှင့် ပျူစောထီးတို့က ဗုံးပြန်ခွဲဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၂ရက်နေ့ညပိုင်း ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ လူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၇ နာရီကျော်အချိန်လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ KNU/ KNLA ( PC ) ဗိုလ်မှူး၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှု မဖြစ်ခင် အဆိုပါ နေအိမ်၌ ဝါဝါဝင်းကုမ္ပဏီ၏ တာဝန်ခံတစ်ဦး နှင့် KNU/KNLA ( PC ) ဗိုလ်မှူးတို့ ဆွေးနွေးစကားပြောနေခဲ့ကြကြောင်း၊ စကားပြောဆိုနေသည့်အချိန် အအေးဘူးခွံအရွယ်အစားနှင့် ကြွပ်ကြွပ်အိတ်အဖြူရောင် ပတ်ထားသည့် လက်လုပ်ဗုံးတစ်ခုဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း၊ ထို ပေါက်ကွဲမှုကြောင့် မြေယာများ သိမ်းဆည်းထားသူ ဝါဝါဝင်းကုမ္ပဏီတာဝန်ခံကိုသက်မှာ ဗိုက်ပေါက်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ဝါဝါဝင်းကုမ္ပဏီမှ ၂ ဦးနှင့် KNU/KNLA(PC) ဗိုလ်မှူး၏ အမျိုးသမီး၊ သမီးငယ်နှင့် တူမ တို့ စုစုပေါင်း ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“သူက နေအိမ်လည်းဟုတ်တယ်။ အရက်ဆိုင်လည်း ဟုတ်တယ်။ ရွှေအိမ်စည်အရက်ဆိုင်။ ဝါဝါဝင်းကုမ္ပဏီက လှိုင်သာယာမှာ သူတို့ ဝယ်ထားတဲ့ မြေယာတွေအတွက် ကျူးရှင်းလင်းရေးလုပ်နေတာရှိတယ်။ အဲဒါ ပျူစောထီးနဲ့ အုပ်ကြီးတွေက မကျေနပ်ဘူး။ ကျူးရှင်းတာ သူတို့ကို မသုံးလို့ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လှိုင်သာယာတွင် ဝါဝါဝင်း ကုမ္ပဏီက ယခုရက်ပိုင်းအတွင်း ကျူးကျော်များကို စီမံကိန်းဖြင့် ရှင်းလင်းနေကြောင်း၊ ထို့ကြောင့် ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီထောက်တိုင် ရပ်ကွက် အုပ်ကြီးနှင့် ပျူစောထီးများက ကျူးကျော်ရှင်းလင်းရာတွင် ၎င်းတို့ကို ကျော်လွန်၍ လုပ်ဆောင်သည့်အတွက် ပြန်လည် ဗုံးဖောက်ခွဲခြင်းဖြစ်သည်ဟု သုံးသပ် ပြောဆိုမှုများရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/146985/
လှိုင်သာယာရှိ Xi Yang စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ စစ်တပ်နှင့်ပတ်သက်နေ၍ တိုက်ခိုက်ဟု Dark Shadow အဖွဲ့ပြောဆို
["လှိုင်သာယာရှိ Xi Yang စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ စစ်တပ်နှင့်ပတ်သက်နေ၍ တိုက်ခိုက်ဟု Dark Shadow အဖွဲ့ပြောဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရှိ Xi Yang စားသောက်ဆိုင်တွင် ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ ဗုံးပေါက်ကွဲမှုသည် Xi Yang စားသောက်ဆိုင်နှင့် စစ်တပ်ပတ်သက်ဆက်နွယ်နေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Dark Shadow တပ်ဖွဲ့မှ တာဝန်ခံ ရဲဘော် အရိပ်(ပန်ဒါ)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၂၁ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်အချိန် လှိုင်သာယာမြို့နယ် အရှေ့ပိုင်း ၊ တပင်ရွှေထီးလမ်း၊ ရွှေညောင်ပင် မှတ်တိုင်အနီးရှိ Xi Yang စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ဗုံးဖောက်ခွဲမှုကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အဲဒီဆိုင်က စစ်တပ်နဲ့ရဲတွေကို သတင်းပေးတယ်။ တော်တော်ဆိုးနေတာကြာပြီ။ သူတို့ဆိုင်က စစ်ခွေး၊ ရဲခွေး၊ ပျူတွေအားလုံး စုစည်း ဆုံစည်းတဲ့နေရာပေါ့” ဟု ရဲဘော်အရိပ်(ပန်ဒါ)က ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါဆိုင်သည် မြို့ပြတော်လှန်ရေးတပ်ဖွဲ့များပြောဆိုသကဲ့သို့ စစ်ကောင်စီတပ်များနှင့် ဆက်နွယ်မှုရှိသည်ကို အတည်ပြုနိုင်ခြင်းမရှိသော်လည်း ဆိုင်ပိုင်ရှင်က လှိုင်သာယာမြို့နယ် အရှေ့ပိုင်းအုပ်ချုပ်ရေးအဖွဲ့ ၊ စစ်တပ်၊ ရဲတပ်ဖွဲ့အတွက် ငွေကြေးထောက်ပံ့မှုများ အမြဲလုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။", "“တပ်၊ ရဲနဲ့ ထွေ/အုပ်ကိုတော့ ဆိုင်ရှင်က အမြဲဝင်ထွက်ပြီး ငွေထောက်ပံ့တာရှိတယ်။ သူ့ဆိုင်မှာ စစ်တပ်နဲ့ရဲ၊ ပျူတွေဆို စိတ်ကြိုက် သောက်စားခွင့်ပေးထားတယ်” ဟု လှိုင်သာယာမြို့ခံတစ်ဦးက ဆိုသည်။", "ယမန်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်တပ်၊ ရဲနှင့် ပျူစောထီးများကို ဆိုင်သို့ ရောက်ရှိလာပြီး စစ်ဆေးရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/195720/
လှိုင်သာယာရှိ ခမရ ၅၃၂ တပ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
["လှိုင်သာယာရှိ ခမရ ၅၃၂ တပ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အကြမ်းဖက်စေစ်ကောင်စီ၏ ခမရ ၅၃၂ တပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိ ခိုက် ဒဏ်ရာရကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၈ နာရီခွဲအချိန် လှိုင်သာယာမြို့နယ်၊ လှိုင်သာယာတံတားဟောင်းအနီးရှိ စစ်ကောင်စီတပ်၏ ခမရ ၅၃၂ တပ်ကို ပြင်းအားမြင့် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး ထိခိုက်မှုရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ အကြမ်းဖက်စစ်တပ်က လှိုင်သာယာတံတားကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးကမူ ဘုရင့်နောင်တံတားထိပ်တွင် ယမန်နေ့ည ၈ နာရီခွဲအချိန် ပေါက်ကွဲသံတချို့ ကြားခဲ့ရပြီးနောက် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ရကြောင်း ပြောဆိုသည်။", "“ဘုရင့်နောင်တံတားထိပ်နားမှာ ပေါက်ကွဲမှုဖြစ်တယ်။ အဲဒါပေါက်ကွဲသံကြားပြီးနောက် စစ်တပ်နဲ့ရဲက ဂိတ်ချစစ်ဆေးတာတွေ လုပ်တာတွေ့ရပါတယ်” ဟု လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာအတွင်း နေထိုင်သူ ပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးနေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/144632/
လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ စစ်တပ်၊ ရဲနှင့် ပျူစောထီးများ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်
["လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ စစ်တပ်၊ ရဲနှင့် ပျူစောထီးများ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ စစ်တပ်၊ရဲနှင့် ပျူစောထီးများ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်အရိပ်(ပန်ဒါ)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့ ပူးပေါင်း အဝေးထိန်းစနစ်ဖြင့် ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာ ဖြစ်သဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ပေါက်ကွဲမှုဖြစ်တာမှန်တယ်။ အိမ်တွေပါတုန်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဗုံးပေါက်ပြီးတော့ ရုတ်ရုတ်သဲသဲတွေတော့ ဖြစ်ကုန်တယ်။ အထိအခိုက်တော့ သေချာမသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သောနေရာများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများကို ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ရှောင်ရှားသွားလာပေးကြရန် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့က သတိပေးထားသည်။", "ဓာတ်ပုံ- ရန်ကုန်၊ တာမွေတွင် ၂၀၂၂ ခုနှစ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/146401/
လှိုင်သာယာအနောက်ပိုင်း၊ ၁၂ ရပ်ကွက် နှင့် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
["လှိုင်သာယာအနောက်ပိုင်း၊ ၁၂ ရပ်ကွက် နှင့် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်", "စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းမှုတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်ပတ်သက်နေမှု ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဟု သတိပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၃လုံး၊ ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း ၃လုံး စုစုပေါင်း မိုင်း ၆လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၅ နာရီဝန်းကျင် အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုအချို့ ရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း မြောက်ပိုင်းခရိုင် ပကဖ၏ တာဝန်ရှိသူက ဆိုသည်။", "အကြမ်းဖက်စစ်တပ်က လတ်တလော ထုတ်ပြန်သော စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို အနိုင်ကျင့် နှောင့်ယှက်နေသော အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၊ ပျူစောထီး နှင့် အကြမ်းဖက်စစ်တပ်လက်ပါးစေများ ရပ်တန်းမှရပ်ရန်၊ ရပ်တန့်မှုမရှိဘဲ ပြည်သူများကို ဆက်လက်ဒုက္ခပေးနေပါက ပြင်းပြင်းထန်ထန် အရေးယူ တိုက်ခိုက် သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက အသိပေးထားသည်။", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုု့နယ်၊ အနောက်ပိုင်းတွင် ယနေ့ နံနက်အစောပိုင်း အနည်းဆုံး ဗုံး ၆ လုံးထက်မနည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၄ နာရီ ၅၂ မိနစ်တစ်ကြိမ်၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ဒုတိယအကြိမ်၊ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တတိယအကြိမ်၊ နံနက် ၅ နာရီ ၂၂ မိနစ်တွင် ၄ ကြိမ်မြောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများသည် အင်အားအလွန်ပြင်းထန်ပြီး အသံအလွန်ကျယ်လောင်ကြောင်း သိရှိရသည်။", "ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က လှိုင်သာယာမြို့နယ် အမှတ် ၇ ရပ်ကွက်၊ ဘိုးရာဇာလမ်းရှိ ဓမ္မာရုံတွင် လူငယ်တချို့ကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လှိုင်သာယာမြို့နယ် ၁၂ရပ်ကွက် နှင့် ၉ ရပ်ကွက်အကြား ဗုံးပေါက်သွားသည့် နေရာဖြစ်သည့် စစ်ကိုင်းလမ်းနှင့် ဘားအံလမ်းလမ်းဆုံကိုလည်း ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2025/05/214937/
လှိုင်သာယာ၊ ချန်းရိ Adidas ဖိနပ်စက်ရုံတွင် တစ်ရက်လျှင် လုပ်အားခ ၁၂၀၀၀ ရရှိရေး ဆန္ဒပြမှုအတွက် စက်ရုံက တစ်ရက်လျှင် လုပ်အားခ ၈၅၀၀ ကျပ်ဝန်းကျင်သာ တိုးပေး၊ အလုပ်သမားထောင်ချီ သဘောမတူဘဲ ကိုယ်စားလှယ်များဖြင့် စာချုပ်ချုပ်
["လှိုင်သာယာ၊ ချန်းရိ Adidas ဖိနပ်စက်ရုံတွင် တစ်ရက်လျှင် လုပ်အားခ ၁၂၀၀၀ ရရှိရေး ဆန္ဒပြမှုအတွက် စက်ရုံက တစ်ရက်လျှင် လုပ်အားခ ၈၅၀၀ ကျပ်ဝန်းကျင်သာ တိုးပေး၊ အလုပ်သမားထောင်ချီသဘောမတူဘဲ ကိုယ်စားလှယ်များဖြင့် စာချုပ်ချုပ်", "ရန်ကုန်၊ မေ ၁၈", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ၊ ချန်းရိ Adidas ဖိနပ်စက်ရုံတွင် တစ်ရက်လျှင် လုပ်အားခ ၁၂၀၀၀ ကျပ်ရရှိရေး အလုပ်သမားများ၏ ဆန္ဒပြမှုအတွက် စက်ရုံက တစ်ရက်လျှင် လုပ်အားခ ၈၅၀၀ ကျပ်ဝန်းကျင်သာ တိုးပေးကြောင်း ဆန္ဒပြအလုပ်သမားများက ပြောဆိုသည်။", "မေလ ၁၄ ရက်နေ့မှစတင်၍ အလုပ်သမား ၆၀၀၀ ကျော်က လုပ်ခလစာတိုးမြှင့်ရရှိရေး ဆန္ဒပြခဲ့ကြပြီး ၄ ရက်မြောက် နေ့တွင် စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ စက်ရုံနှင့် အလုပ်သမားကိုယ် စားလှယ်ဆိုသူတချို့က ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင် တစ်ရက်လျှင် လုပ်အားခ ၁၂၀၀၀ တိုးပေးရန်မှာ မဖြစ်နိုင်ဘဲ နိုင်ငံတော်၏ အနည်းဆုံးလုပ်ခလစာပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ မရကြောင်း၊ ထို့ကြောင့် အပိုဆောင်းအနေဖြင့် စရိတ်တချို့ ထပ်မံပေါင်းပေးကာ တစ်ရက်လျှင် စုစုပေါင်း လုပ်အားခ ၈၅၀၀ ကျပ်ဝန်း ကျင်သာ တိုးပေးကြောင်း သိရှိရသည်။", "“ကျနော်တို့ တောင်းတာက အစိုးရထောက်ပံ့ကြေးမပါ တစ်ရက် လုပ်အားခ ၁၂၀၀၀ ကျပ်ပါ။ မနေ့ကအလုပ် သမား ကိုယ်စားလှယ်ဆိုသူတွေက ပြောတာက အစိုးရထောက်ပံ့ကြေးမပါ အနည်းဆုံး တစ်ရက် လုပ်အားခ ၈၀၀၀ ကျပ် ရမယ်ပြောပြီး အခုကျတော့ အစိုးရထောက်ပံ့ကြေးရော ဘာကြေးညာကြေးပေါင်းမှ လုပ်အားခက တစ်ရက်ကို ငွေကျပ် ၈၅၀၀ ကျပ်ပဲရတယ်။ နောက်ပြီး OTကြေးကလည်း တိုးမပေးထားဘူး။ သဘောတူညီချက် လက်မှတ်ထိုးတာကလည်း အလုပ်သမားအားလုံးကို အသိမပေးဘူး။ နောက်ပြီး စာချုပ်မှာ ၁ နှစ်အတွင်းဆန္ဒမပြရကြီးပါနေတယ်။ အဲဒါတွေက အလုပ်သမားအများစုမသိဘဲ လက်မှတ်ထိုးလိုက်ကြတယ်။ အလုပ် သမားကိုယ်စားလှယ် ၉ ဦးဆိုတာလည်း ဖုန်းခေါ်မရဘူး။ ဖုန်းတွေ ပိတ်သွားကြတယ်” ဟု ဆန္ဒပြအလုပ်သမားတစ်ဦးက ဆိုသည်။", "လက်ရှိ စက်ရုံဘက်က တိုးပေးလိုက်သည့် လုပ်အားခဖြင့်ပင် တစ်လလျှင် အလုပ်သမားများအနေဖြင့် အခြေခံလစာ ၂ သိန်းကျော်သာရရှိပြီး အချိန်ပိုရှိမှသာ လစာ ၃ သိန်း ၈ သောင်းဝန်းကျင်ရရှိကြောင်း၊ လက်ရှိတွင် စက်ရုံက OT အချိန်ပိုမပေးတော့ကြောင်း၊ ထို့ကြောင့် လုပ်ခလစာမှာ အလုပ်သမားတစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှင့် ၂ သိန်းခွဲအကြားတွင်သာရှိ၍ လက်ရှိ ကုန်စျေးနှုန်းဖြင့် မည်သို့မျှ အဆင်မပြေနိုင်ကြောင်း ပြောဆိုကြသည်။", "“အလုပ်သမားတွေကို ချမပြဘဲ သူတို့သဘောနဲ့ သူတို့ လက်မှတ်ထိုးလာကြတယ်။ လိုချင်တာက တစ်ရက် လုပ်အားခက ၁၂၀၀၀ လောက်ရမှ ကျနော်တို့ အသက်ရှုချောင်ရုံပဲ။ အခုဟာက တစ်ရက်ကို ၈၅၀၀ ပဲ ပေးတာ။ ရက်မှန်ကြေးကိုပဲတိုးထားတာ။ ဒါတောင် စာချုပ်မှာ ၁ နှစ်အထိ ဘာမှ ထပ်မတိုးပေးတော့ဘူး။ အလုပ်သမားကိုယ်စားလှယ်ဆိုတဲ့သူတွေက ဖုန်းစက်ပိတ်ထားကြတယ်။ စက်ရုံဘက်ကလည်း လုပ်ခလစာတိုးတာမဟုတ်ဘူး။ ထောက်ပံ့ကြေးဆိုပြီး မဖြစ်စလောက် တိုးလာတာ” ဟု ဆန္ဒပြ အလုပ်သမတစ်ဦးက ဆိုသည်။", "လှိုင်သာယာမြို့နယ်ရှိ ချန်းရိ Adidas ဖိနပ်စက်ရုံမှာ ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်သော စက်ရုံဖြစ်ပြီး အလုပ်သမား စုစုပေါင်း ၆၂၆၉ ဦး အလုပ်လုပ်ကိုင်နေသော စက်ရုံဖြစ်သည်။"]
https://yktnews.com/2023/10/128766/
လှိုင်သာယာ၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် မြောက်ဒဂုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများရှိနိုင်
["လှိုင်သာယာ၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် မြောက်ဒဂုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို ဖောက်ခွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများရှိနိုင်", "၁၀၂၇ စစ်ဆင် ရေးနှင့်အတူ ရန်ကုန်တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု အရှိန်မြှင့်တင်သွားမည်", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ အင်းစိန်၊ လှိုင်မြို့နယ်နှင့် မြောက်ဒဂုံရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် နေရာများကို ယနေ့ညပိုင်း ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း ဒေသပြည်သူများနှင့် ရန်ကုန်တိုင်းတော်လှန် ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။", "အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီခွဲနှင့် ၈ နာရီခွဲအချိန်အကြား ရန်ကုန် တိုင်း လှိုင်သာယာမြို့နယ် မိုးလုံလေလုံအားကစားကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ အင်းစိန်မြို့နယ် ပြည်တော်သာလမ်းနှင့် ၁၄ လမ်းဆုံ ကျောက်ပြားလမ်းပေါ် Star တာယာစက်ရုံရှေ့ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ လှိုင်မြို့နယ် ပါရမီလမ်း တပ်ထိန်းတပ်ဝင်း လုံခြုံရေးဂိတ်ဝင်ပေါက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်၊ တံတားဖြူမှတ်တိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလည်းကောင်း အဝေးထိန်းမိုင်းများဖြင့် တပြိုင်တည်းဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်း ရန်ကုန် တိုင်းမှ ခရိုင်ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“လှိုင်သာယာ ရိုးလေးအနီးတစ်ဝိုက်ကနေ ဒီည ပေါက်ကွဲသံအကျယ်ကြီးတွေ ၃ချက်ဆက်တိုက်ကြားနေရတယ်။ ခဏနေတော့ လူနာတင်ကားတွေ သွားတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိတယ်ကြားတယ်” ဟု လှိုင်သာယာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိ စုံစမ်းမှုများအရ ရန်ကုန်တွင် ယခု ည ဖောက်ခွဲတိုက်ခိုက်မှုများတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး ညပိုင်း ဧည့်စာရင်း စစ်ရန် ပြင်ဆင်မှုများရှိနေကြောင်း သိရှိရသည်။", "“တစ်ချို့စစ်သားတွေဆို ညည အိပ်ရေးတွေပျက်ပြီး စိတ်ရောလူရော ပင်ပမ်းနေကြတာတွေ့ရတယ်၊ သူတို့ဘဝတွေကလည်း မြေစာပင်သာသာရယ်ပါဗျာ၊ စားရဝါးရ စည်းစိမ်ခံစားရတော့ အရာရှိတွေနဲ့ သူတို့သားသမီးတွေ သေစရာရှိသေ လက်ပြတ် ခြေပြတ် ဘဝပျက်စရာရှိ သူတို့ဖြစ်နေတာကို သဘောမပေါက်တာပဲလား သိသိနဲပဲ ရုန်းထွက်မရ ဆက်မိုက်နေကြတာလား ဒါမှမဟုတ် ဓမ္မနဲ့အဓမ္မကို ခွဲခြားသိလောက်တဲ့ ပညာအရည်အချင်းမရှိတဲ့ ငပိန်းငတုံးတွေလားတော့မသိပါဘူးဗျာ” ဟု ရန်ကုန်ပြည်သူတစ်ဦးက ဆိုသည်။", "အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မြောက်ဒဂုံပကဖ က စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်သည့် ဒဂုံအရှေ့မြို့နယ်ထွေအုပ်ရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ပကဖ ရဲဘော်များက ဂန္ဓမာဟိုးဆေးအနီးရှိ စစ်တပ်ပိုင် မြဝတီဘဏ်နှင့် မရမ်းကုန်းမြို့နယ်ရှိ ပျူစောထီးများ စစ်သင်တန်းပေးနေသည့် အောင်သပြေရဲစခန်းဝင်း ဂိတ်ဘန်ကာများအား အဝေးထိန်းမိုင်းများဖြင့်ပ့င် ဖောက်ခွဲတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များအထိနာခဲ့ကြပြီး တောင်ပြေးမြောက်ပြေးဖြစ်ကာ ကမ္ဘာပျက်သကဲ့သို့ ပွက်လောရိုက်ခဲ့ကြကြောင်း သိရှိရသည်။", "မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီ အမြစ်ဖြတ် ရှင်းလင်းရေး စစ်ရေးအရှိန်မြှင့်ချိန်တွင် ရန်ကုန်တိုင်းအတွင်းတွင်လည်း တိုက်ခိုက်မှုများကို အရှိန်မြှင့် သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။", "“မြောက်ပိုင်းမဟာမိတ်၃ဖွဲ့နဲ့ PDF တွေ၊ တော်လှန်ရေးမဟာမိတ်အင်အားစုတွေ စစ်ရေးအရှိန်မြှင့်တင်လုပ်နေသလို ကျနော်တို့ မြို့ပြပကဖရဲဘော်တွေကလည်း မြိုပြတွေမှာ စစ်ကောင်စီအုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး ယန္တရားတွေ လုံးဝ လည်ပတ်လို့မရအောင် နည်းမျိုးစုံနဲ့ တော်လှန်တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ ကျနော်တို့က မြို့ပြမှာ ရန်သူကို မောအောင် ပမ်းအောင် လုပ်မယ်ဗျ၊ ရှေ့တန်းမထွက်ချင်လို့ ရန်ကုန်မှာ ပေကပ်နေရင် သူတို့ အိပ်ရေးပျက်မယ်၊ ကျီးလန့်စာစားနေရမယ်၊ ဘယ်အချိန် ဘယ်အပေါက်က ထစော်မလဲဆိုပြီး ရင်တထိတ်ထိတ်ဖြစ်နေစေရမယ်၊ ပြီးရင် ဘဝပါပျက်မယ်၊ ရှေ့တန်းထွက်လိုက်ရဲရင်လည်း လိုက်ပေါ့၊ ကျေးလက်က PDF နဲ့ ERO တွေက သူတို့ကို အမှုန့်ကြိတ်လိမ့်မယ်၊ စစ်ခွေးနိဂုံး ၂၀၂၃ ဆိုတာ အလကားမဟုတ်ဘူး။ တကယ်ဖြစ်လာတော့မှာပါ ဟု ရန်ကုန်တိုင်း ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက် ရဲတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Agency။"]
https://yktnews.com/2023/01/83891/
လှိုင်သာယာ၊ အမှတ် ၅ ရပ်ကွက်ရုံးကို မိုင်းပစ်တိုက်ခိုက်မှု ပေါက်ကွဲမှုမရှိဘဲ စစ်တပ်က ဖောက်ခွဲ၊ မရမ်းကုန်းတွင်လည်း ဗုံးပေါက်မှုဖြစ်ပွား
["လှိုင်သာယာ၊ အမှတ် ၅ ရပ်ကွက်ရုံးကို မိုင်းပစ်တိုက်ခိုက်မှု ပေါက်ကွဲမှုမရှိဘဲ စစ်တပ်က ဖောက်ခွဲ၊ မရမ်းကုန်းတွင်လည်း ဗုံးပေါက်မှုဖြစ်ပွား", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ အမှတ် ၅ ရပ်ကွက်ရုံးကို လက်ပစ်မိုင်း ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း HTY Scout Information ထံမှ သိရသည်။", "ယနေ့ဇန်နဝါရီလ ၂၉ ရက် ညနေ ၃ နာရီ ၄၄ မိနစ်အချိန်က အဆိပ်ငွေ့ စစ်ဆင်ရေးအဖြစ် ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းမှာ Error ဖြစ်ပြီး ပေါက်ကွဲ မှုမရှိခဲ့ကြောင်း၊ ထိုသို့ ပေါက်ကွဲမှုမရှိခဲ့သော်လည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတိပေးနိုင်ခဲ့ကြောင်း၊ မပေါက်ကွဲသေးသည့် မိုင်းကို အကြမ်းဖက်စစ်တပ်က ရပ်ကွက်ရုံးအနီးရှိ မြေကွက်လပ်တစ်နေရာတွင် ဖောက်ခွဲဖျက်ဆီးလိုက် ကြောင်း သိရသည်။", "“ပြည်သူတွေ အစစအရာရာ ဂရုစိုက်ပြပါ၊ ပြည်သူ့ရဲဘော်အားလုံးနှင့် တစ်သားတည်းရှိနေပေးပါ၊ မြို့ပြ မစ်ရှင်တွေကို မြင်တွေ့ခဲ့ရင်တောင် ရေငုံနှုတ်ပိတ်နေပေးပြီး ပူးပေါင်းပါဝင်ကြပါ”ဟု မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Gods of Death(GOD) နှင့် သွေးသစ္စာအဖွဲ့တို့ပူးပေါင်းကာ လုပ်ဆောင် ခဲ့ခြင်းဖြစ် ပြီး မိုင်းပစ် တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ရဲများက ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။", "အလားတူ ယနေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန် မရမ်းကုန်းမြို့နယ်တွင်လည်း ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပြီး မည်သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရကြောင်း၊ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကိုသာ ကြားရကြောင်း မရမ်းကုန်း၊ ကျိုက်၀ိုင်းလမ်းဘက်တွင် နေထိုင်သူ ပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံတွင် တွေ့ရသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်း ဖြစ်သည်)", "Photo- EPA"]
https://yktnews.com/2024/05/162557/
လှိုင်သာယာ၊ ၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ဆယ်အိမ်မှူး အောင်ကျော်ထူးကို ပြည်သူ၏တိုင်ကြားချက်အရ ရှင်းလင်းဟု Anonymous Force အဖွဲ့က ပြော
["လှိုင်သာယာ၊ ၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ဆယ်အိမ်မှူး အောင်ကျော်ထူးကို ပြည်သူ၏တိုင်ကြားချက်အရ ရှင်းလင်းဟု Anonymous Force အဖွဲ့က ပြော", "ရန်ကုန်၊ မေ ၁၄", "ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူးကို ပြည်သူများ တိုင်ကြားချက်အရ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မြို့ပြပြောက် ကျား Anonymous Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက် ဆယ်အိမ်မှူး အောင်ကျော်ထူး (ခ) အညာသားကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ဆယ်အိမ်မှူး အောင်ကျော်ထူး (ခ) အညာသားသည် တော်လှန်လူငယ်များ၏ သတင်းများကို စစ်တပ် ပေးပို့ခြင်း၊ ကိုယ်တိုင် ဝင်ရောက် ဖမ်းဆီးခြင်းနှင့် စစ်တပ် ထောက်တိုင်အဖြစ် ဆောင်ရွက်ကာ ပြည်သူများကို အကြမ်းဖက် အန္တရာယ်ပြုလျက်ရှိကြောင်း တိုင်ကြားစာ လက်ခံရရှိခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) မှ တာတန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "“သူက ၂ လုံး ၃ လုံးလည်း ရောင်းတယ်။ ကျွန်တော်တို့ အဖွဲ့တွေ ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ သူလဲကျသွားတော့ အိတ်ထဲက လက်ထိပ်ကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ သက်သေအနေနဲ့တော့ လက်ထိပ်ကို ကောက်ယူနိုင်ခဲ့ခြင်တော့ မရှိပါဘူး။ သူက ဆယ်အိမ်မှူး ဆိုပေမယ့်လည်း လက်ထိပ်ကို အမြဲ ကိုင်ဆိုင်နိုင်ခွင့် ရှိနေတဲ့သူပါ” ဟု Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF) မှ တာတန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "ပြည်သူ့တော်လှန်ရေး အင်အားစု၊ ရန်ကုန် စစ်ဒေသခွဲ၊ Anonymous Force အဖွဲ့ အနေဖြင့် အောင်ကျော်ထူး (ခ) အညာသား အပြင် အကြမ်းဖက် စစ်တပ် လက်ပါးစေများကို ဆက်လက်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် “Cheetah Operation” များထဲမှ တစ်ခု အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/191398/
လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူအင်အား ၈၀ ဦး တောင်းခံပြီး လှိုင်းဘွဲ့စစ်ဗျူဟာသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ညွှန်ကြား၊ စုဆောင်းသည့် လူအင်အားများမှာ မြ၀တီနှင့်ကော့ကရိတ်တွင် ထိုးစစ်ဆင်ရန်အတွက် အဓိက ဟုဆို
["လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူအင်အား ၈၀ ဦး တောင်းခံပြီး လှိုင်းဘွဲ့စစ်ဗျူဟာသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ညွှန်ကြား၊ စုဆောင်းသည့် လူအင်အားများမှာမြ၀တီနှင့်ကော့ကရိတ်တွင် ထိုးစစ်ဆင်ရန်အတွက် အဓိက ဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းရန်နှင့် ပြည်သူ့စစ်အဖြစ် အမှုထမ်းရန် လူအင်အား ၈၀ ဦး တောင်းခံပြီး လှိုင်းဘွဲ့စစ်ဗျူဟာသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း လှိုင်းဘွဲ့မြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သော သတင်းရင်းမြစ်များက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယခုနိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီက လှိုင်းဘွဲ့မြို့နယ်အတွင်းတွင် ပြည်သူ့စစ်နှင့် စစ်မှုထမ်း တပ်သားသစ် အင်အား ၈၀ ဦးစုဆောင်းပေးရန် ညွှန်ကြားလာခြင်းဖြစ်ကြောင်း၊ သို့ရာ တွင် လက်ရှိအချိန်အထိ လူ ၉ ဦးသာ ပေးနိုင်ကြောင်း၊ အဆိုပါ စုဆောင်းခိုင်းသည့် စစ်အင်အားများကို မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်း ထိုးစစ်ဆင်ရန်နှင့် လုံခြုံရေးအတွက် နေရာချထားရန်ဖြစ်ကြောင်း သိရှိရသည်။", "“လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ပြည်သူ့စစ်အင်အားစုဆောင်းရေး မြို့နယ်ကော်မတီက လူ ၈၀ ဦးတောင်းခံပါတယ်။ အရေးတကြီးဖြစ်တဲ့အတွက်အပူတပြင်း လူသစ်စုဆောင်းနေသော်လည်း အခုအချိန်အထိ ၉ ဦးသာရရှိပါတယ်။ အဲဒီ ၉ ဦးကိုလည်း ငွေထောက်ပံ့ခြင်း၊ ရွာမြေကွက်လပ် မြေလွတ်မြေရိုင်းတချို့ကို ပေးပြီးတော့ စည်းရုံးနေရပါတယ်။ အခုတော့ မစဖကနေ လှိုင်းဘွဲ့စစ်ဗျူဟာ ကိုပို့ဆောင်ပေးလိုက်ပါပြီ” ဟု လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ သတင်းရင်းမြစ်ကရှင်းပြသည်။", "လှိုင်းဘွဲ့မြို့နယ်တွင် KNU နှင့် တော်လှန်ရေးတပ်များ အားကောင်းသည့် အ တွက် အကြမ်းဖက်စစ်ကောင်စီတပ်များမှာ ပေါ်တာဆွဲရန် ဖမ်းဆီးရန်နှင့် အတင်း အကျပ် အဓမ္မ ခေါ်ဆောင်ရန် ခက်ခဲကြောင်း၊ နယ်မြေစိုးမိုးမှုအရလည်း မြို့ပေါ်တွင်သာ တပ်နှင့် စစ်ကောင်စီဝန်ထမ်းများရှိနေပြီး ကျေးရွာများအားလုံးတွင် တော်လှန်ရေးတပ်များက လွှမ်းမိုးထားကြောင်း သိရှိရသည်။", "“လှိုင်းဘွဲ့မှာက နယ်မြေစိုးမိုးမှုက KNU က အင်မတန်အားကြီးတယ်။ ရွာတွေဘက်ကလည်း ဆင်းပြီး လူစုတာမျိုးက လုပ်ရတာ အကန့်အသတ်ရှိနေတယ်။ စည်းရုံးပြီးတော့ပဲ လုပ်နေရတော့ လူမရဖြစ်နေတာပါ” ဟု လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "လှိုင်းဘွဲ့မြို့နယ်စီမံကော်မတီဥက္ကဌအဖွဲ့က ကျန်ရှိနေသော စစ်မှုထမ်း ၇၁ ဦးကို ရရှီရေး အစည်းအဝေးများ လုပ်ဆောင်နေကြောင်း၊ လတ်တလော စစ်မှုထမ်း စာရင်းကောက်ခံထားသူများ တိမ်းရှောင်ပါကဥပဒေနှင့်အညီအရေးယူရန်၊ စာရင်းကောက်ခံထားရသူ၏ အစ်ကို သိူ့မဟုတ် ညီတော်စပ်သူ တစ်ဦးဦးကို တာဝန်ထမ်းဆောင်စေရန်၊ ညမထွက်ရအမိန့်ကို ဖောက်ဖျက်၍သွားလာနေသူများ ယာဥ်/ လမ်းစည်းကမ်းဖောက်ဖျက်သူများနှင့် လိုင်စင်မဲ့မောင်းနှင်သူများကို အဖွဲ့ဖြင့်စစ်ဆေးပြီး စစ်မှု ထမ်းရေး စည်းရုံးသိမ်းသွင်းရန် လုပ် ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။", "ယခုအခါတွင် လှိုင်းဘွဲမြို့နယ် စစ်မှုထမ်းလိုအပ်နေသည့် ဦးရေ ၈၀ ဦးပြည့်မီအောင် ဆက်လက်တာဝန်ပေးအပ်ခြင်းခံထားရသည့် လှိုင်းဘွဲမြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ကော်မတီဥက္ကဌနှင့်အဖွဲ့မှ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်းစည်း ရုံးသိမ်းသွင်းတိုက်တွန်းကြပြီး ရရှိသူစာရင်းနှင့်အချက်အလက်အပြည့်အစုံ ကို မြို့နယ်ရဲတပ်ဖွဲ့မှူးထံပေးပို့တင်ပြ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မိတ္တူပေးပို့တင်ပြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရှိရသည်။", "ကရင်ပြည်နယ်တွင် ပြည်သူ့စစ်မှုထမ်းများ ခေါ်ယူရာတွင် အဓိကအားဖြင့် ဘားအံမြို့ပေါ် အပါ အဝင် မြို့ပေါ်နေရာများတွင်သာ ခေါ်ယူနိုင်ကြောင်း၊ သို့ရာတွင် မြို့ပေါ်မှ လူငယ်များမှာလည်း ကျေးရွာများနှင့် KNU နယ်မြေများထဲသို့ ပြေးဝင်နေကြသည့်အတွက် ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ် ရရှိမှု အလွန်နည်းပါးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86008/
လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတို့တွင် သေဆုံးသူ ၄၆၀၀ ကျော်ရှိလာ
["လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတို့တွင် သေဆုံးသူ ၄၆၀၀ ကျော်ရှိလာ", "ရန်ကုန်| ဖေဖော်ဝါရီ ၇", "တူရကီနိုင်ငံ အရှေ့ပိုင်းနှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် ပြင်းအား ၇ ဒဿမ ၈ အဆင့်ရှိသည့် ငလျင်ဒဏ်ကြောင့် လူပေါင်း ၄၆၀၀ ကျော်သေဆုံးခဲ့ပြီး ပြိုလဲသွားသည့် အဆောက်အအုံ အပျက်အစီးများကနေ ကျန်ရစ်သူများကို ကယ်ဆယ်ရေးအဖွဲ့က အပူတပြင်း လိုက်လံရှာဖွေနေသည်။", "အဆိုပါ ငလျင်ဘေးအတွက် နိုင်ငံတကာ အကူအညီများ စေလွှတ်ခဲ့သော်လည်း အေးခဲနေသည့် ရာသီဥတုဒဏ်နှင့် နောက်ဆက်တွဲ အပျော့စားငလျင်ပေါင်း ၂၀၀ နီးပါး ဆက်တိုက်လှုပ်ခတ်နေသောကြောင့် ကယ်ဆယ်ရေး အဖွဲ့အနည်းငယ်သာ မြေပြင်တွင် ကြာရှည်နေနိုင်ကြောင်း ဆိုသည်။", "ထို့အပြင် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းက Kahramanmaras ပြည်နယ်ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဒမတ်စကတ်နှင့် ဘေရွတ်မြို့ခံများသည် လမ်းမများပေါ်အမြန်ပြေးတက်ရပြီး ကိုင်ရိုမြို့အထိ အရောက်သွားခဲ့ကြသူများလည်း ရှိကြောင်း သိရသည်။", "ငလျင်ဗဟိုချက်၏ အနောက်တောင်ဘက်ရှိ Hatay ပြည်နယ်တစ်ဝှမ်းတွင် အဆောက်အအုံပေါင်း ၁,၅၀၀ ခန့် ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိသေးခြင်းကြောင့် လူပေါင်းများစွာ ပိတ်မိနေဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။", "Hatay ပြည်နယ်၏ အားကစားစင်တာများနှင့် ရိပ်သာမျာမှာ လူအများအပြား ခိုလှုံနေကြရသလို ငလျင်ဗဟိုချက်၏ ၃၃ ကီလိုမီတာ (၂၀ မိုင်) ခန့်အကွာမှာရှိသော ပြည်နယ်မြို့တော် Gaziantep တွင် လူများသည် စျေးဝယ်စင်တာများ အားကစားကွင်းများ၊ ဗလီများနှင့် ပြည်သူပိုင် အဆောက်အအုံများတွင် ခိုလှုံနေရကြောင်း သိရသည်။", "တူရကီပြည်နယ် ၁၀ ခုတွင် အနည်းဆုံး လူ ၂၉၂၁ ဦး သေဆုံးခဲ့ပြီး ၁၆,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း တူရကီအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။", "အလားတူ ဆီးရီးယားနိုင်ငံ၏ အစိုးရထိန်းချုပ်နယ်မြေများတွင် သေဆုံးသူ ၆၅၆ ဦးအထိ တိုးမြင့်လာပြီး ဒဏ်ရာရသူ ၁,၄၀၀ ခန့်ရှိကြောင်း ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ထို့အပြင် ဆီးရီးယား အနောက်မြောက်ပိုင်းက လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများတွင် လူ ၄၅၀ အနည်းဆုံး သေဆုံးထားပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားထားသည်။", "တူရကီသမ္မတ အာဒိုဂန် က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း ခုနစ်ရက်တာကာလအဖြစ် ကြေညာထားသည်။", "ဆီးရီးယား၏ ၁၂ နှစ်ကြာ ပြည်တွင်းစစ်နှင့် ဒုက္ခသည်ဆိုင်ရာ ပဋိပက္ခများကြောင့် နဂိုရှိနေသည့် အပျက်အစီးများကြား ငလျင်ကြောင့် ပိတ်မိနေသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များ ထိခိုက်မှုရှိပြီး သေဆုံးမှုဦးရေ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။", "Ref: AP", "Photo: AP, AFP"]
https://yktnews.com/2024/02/147856/
ဝက်ထီးကန်မြို့နယ်၊ ဝမ်းကြောင်းရွာတွင် ပျူစောထီး ဖွဲ့စည်းရန် စည်းရုံးနေသည့် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး လက်လုပ် သေနတ် ၁ လက်၊ ဖုန်း ၂၄ လုံးနှင့် မှတ်ပုံ ၁၉ ခုတို့ကို သိမ်းဆည်း
["ဝက်ထီးကန်မြို့နယ်၊ ဝမ်းကြောင်းရွာတွင် ပျူစောထီး ဖွဲ့စည်းရန် စည်းရုံးနေသည့် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး လက်လုပ် သေနတ် ၁ လက်၊ ဖုန်း ၂၄ လုံးနှင့် မှတ်ပုံ ၁၉ ခုတို့ကို သိမ်းဆည်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ပဲခူးတိုင်း၊ ဝက်ထီးကန်မြို့နယ်၊ ဝမ်းကြောင်းရွာတွင် ပျူစောထီး ဖွဲ့စည်းရန် စည်းရုံးနေသည့် အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ဖမ်းဆီးပြီး လက်လုပ် သေနတ် ၁ လက်၊ ဖုန်း ၂၄ လုံးနှင့် မှတ်ပုံ ၁၉ ခုတို့ကို သိမ်းဆည်းခဲ့ကြောင်း ဖရီးဒမ်း ဖက်ဒရယ်စစ်ကြောင်း ၂ စစ်ကြောင်းတာဝန်ခံစောဒေးဗစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်မှ နံနက်စောပိုင်း ၁ နာရီ မိနစ် ၃၀ အချိန်အထိ ဝက်ထီး ကန်မြို့နယ်၊ ဝမ်းကြောင်း ရွာတွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ ဖွဲ့ရန်နှင့်ပျူ စောထီးသင်တန်းတက်ရောက်ရန် လူအင်အားငွေအင်းစု ဆောင်းကူညီ နေသည်ဟု နာမည်ကြီးနေ သော အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦးကို ပိတ်ဆို့ ဖမ်းဆီးပြီး စစ်ဆေးကာ သတိပေးတားမြစ်ကာ လက် လုပ်လေသေနတ် ၁ လက်၊ လက်ကိုင်ဖုန်း ၂၄ လုံး၊ မှတ်ပုံတင် ၁၉ ခုကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "ပဲခူးတိုင်း အနောက်ပိုင်း ကျေးရွာများ၌ အများပြည်သူလက်မခံသည့် အကြမ်းဖက်စစ်ကောင်စီကို လူအား၊ ငွေအား၊ ထောက်ပံ့ခြင်း၊ ပျူစောထီးများ ထပ်မံဖွဲ့စည်းခြင်းတို့ မလုပ်ဆောင်ကြရန် နောက် ဆုံးသတိပေးခြင်းဖြစ်ပြီး သတိပေးချက်အား လိုက်နာခြင်းမရှိပါက အင်အားသုံးပစ်ခတ်ရှင်းလင်း တော့မည်ဖြစ်ကြောင်း ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း ၂ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/09/182375/
ဝက်လက်တွင် ကလေး စစ်သား ၁ ဦးနှင့် ပခုက္ကူမြို့မှ စစ်သား ၁ ဦး လက်နက် ၃ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်
["ဝက်လက်တွင် ကလေး စစ်သား ၁ ဦးနှင့် ပခုက္ကူမြို့မှ စစ်သား ၁ ဦး လက်နက် ၃ လက် ယူဆောင်လာပြီး PDF တပ်ဖွဲ့ထံ အလင်းဝင်၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်", "ရန်ကုန်၊ စက်တင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မရဲစခန်းတွင် တာဝန်ကျ နေသော ကလေး စစ်သား ၁ ဦး လက်နက် ၂ လက်ယူဆောင်ပြီး အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ပေးခဲ့ကြောင်း ရွှေဘို ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၅၀ အချိန်က ဝက်လက်မြို့မရဲစခန်းတွင် ကင်း တာဝန်ကျနေသော အသက် ၁၆ နှစ်အရွယ် ကလေးစစ်သား ၁ ဦးသည် ၎င်း၏ အထက်အရာရှိ ဗိုလ်ကြီး ကျော်မင်း ခိုင် အရက်သောက်မူးပြီး အိပ်ပျော်နေချိန် သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။", "“သူက တပ်စိပ်မှူးအဆင့်ဖြစ်နေပြီ။ ၂၀၂၁ ခုနှစ် အသက် ၁၄ နှစ်သားကတည်းက တပ်ထဲရောက် တာ။ အရင် ဝက်လက်မှာတာဝန်ကျနေတဲ့ ဗိုလ်ကြီး ထက်အောင်ကျော်က ခြိမ်းခြောက်ပြီး စစ်ထဲ ထည့်လိုက်တာ၊ သူတစ်ခုခုလုပ်ရင် မိသားစုကို ဘာလုပ်မယ်၊ ညာလုပ်မယ်ခြိမ်းခြောက်တာနဲ့ပါသွား တာ။ သင်တန်းကို ရွှေဘိုအခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးသင်တန်းကျောင်း စခတ ၈ မှာ ၄ လ တက်ခဲ့ရတယ်လို့ သိရတယ်။ သင်တန်းဆင်းပြီးတော့ ဝက်လက်မှာပဲ ပြန်တာဝန်ချပေးတာ၊ ဝက် လက်နယ်ထဲ စစ်ကြောင်းထိုးတာမှာ အကုန်လိုက်ခဲ့ဖူးတယ်လို့ ပြောတယ်။” ဟု ရွှေဘို ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ အလင်းဝင်ရောက်လာစဉ် AK 47 သေနတ် အမျိုးအစား ၁ လက်၊ ကာဘိုင် အမျိုးအစား သေ နတ် ၁ လက်၊ ကာဘိုင်ကျည် ၁၄၅ တောင့်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၂၀ ယူဆောင်ခဲ့ကြောင်း၊ လက်နက်နှင့်တကွ အလင်းဝင်ရောက်လာနိုင်သည့် စစ်သားကို ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း တာဝန် ရှိသူများက ငွေကျပ် ၆၅ သိန်းချီးမြှင့်ပေးထားကြောင်း သိရသည်။", "အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့က ပြောဆိုသည်။", "စက်တင်ဘာလ ၆ ရက်နေ့တွင် ပခုက္ကူမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ဘောက် နှင့် 5.56 ကျည် ၂၀ တောင့် ယူဆောင်လာပြီး Burma Revolution Rangers တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ အလင်းဝင်ရောက်ခဲ့ခြင်းကြောင့် ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ပြီး လွတ်မြောက် နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများ အနေဖြင့် အကြမ်းဖက် စစ်အာဏာရှင် လက်အောက်တွင် မနေဘဲ ပြည်သူနှင့် အတူ ပူပေါင်း ပါဝင်ပေးကြရန်Burma Revolution Rangers တပ်ဖွဲ့က တိုက်တွန်းထားသည်။"]
https://yktnews.com/2024/12/195307/
ဝက်လက်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ဖြူးမြို့နယ်တွင်လည်း စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်
["ဝက်လက်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ဖြူးမြို့နယ်တွင်လည်း စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း DOUNG NI People Defence Force – DNPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဝက်လက်မြို့နယ် ရှိုန်းမကား ဗျူဟာလမ်းပိုင်း၌ စကျင်ဘက်မှ ပြည်သူပိုင် ကားများကို အတင်းအဓမ္မ လုယူပြီး ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို ဒေါင်းနီ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း ကား ၁ စီးကို ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ပြီး ကားပေါ် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား၂ ဦးနှင့် ပျူစောထီး ခေါင်းဆောင် ၁ ဦးတို့ သေဆုံးကာ လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ကျန် ကား ၂ စီးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက်ရှိ လေးအိမ်စုကျေးရွာအနီး ကင်းပုန်းဝပ်၍ တိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PhyuTownship People’s Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက် လေးအိမ်စုကျေးရွာ အနောက်ဘက်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်၍ တိုးလာစဉ် ဖြူးမြို့နယ် ပကဖ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ချောင်းရိုးအတိုင်း ခင်ဝိုင်းရွာဘက်ကို တပ်ပျက်၍ ထွက်ပြေးသွားပြီး ကျွန်းတောကုန်းရွာလမ်းထိပ် ဇရပ်အထိ ဖြူးမြို့နယ် ပကဖရဲဘော်များက လိုက်လံ ပစ်ခတ်တိုက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "“စစ်ခွေး ထိခိုက်သေဆုံးကတော့ အတည်မပြုနိုင်သေးပါဘူး။ နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု PhyuTownship People’s Defense Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/104342/
ဝက်လက်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လိမ်ပင်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျ
["ဝက်လက်တွင် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လိမ်ပင်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျ", "ရန်ကုန်၊ မေ ၂၅", "စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်တပ်က လိမ်ပင်ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၆၄ မှ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ လိမ်ပင်ကျေးရွာ အရှေ့ဘက်ကို ၃ ဖွဲ့ ခွဲ၍ ဝင်ရောက်လာစဥ် ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ ၁ မှ ကြိုတင် ထောင်ထားသော တိုက်မိုင်းဖြင့် ၃ ပွိုင့် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အထိနာသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် လိမ်ပင်ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီး သွားပြီး ဝက်လက်မြို့ပေါ်သို့ ပြန်ဆုတ်သွားကြောင်း သိရှိရသည်။", "” စစ်ခွေးတွေ နေအိမ် မီးရှို့သွားတာက ခန့်မှန်းခြေ ၁၀ လုံး​ကျော်လောက်ရှိတယ်။ တောင်ပိုင်းနဲ့ အလယ်ပိုင်းကအိမ်တွေ မီးရှို့ခံရတာ စစ်ခွေးထိခိုက်မှုကတော့ ရှိတယ်။ မိုင်းထိမှန်တဲ့သူတွေကို သယ်သွားတယ်။ စစ်ခွေးသေဆုံးမှု အရေအတွက်တော့ မသိရသေးဘူး။ သေသွားတဲ့ စစ်ခွေးတွေကို နေအိမ်ထဲထည့်ပြီး မီးရှို့သွားတာဖြစ်နိုင်တယ်” ဟု ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ ကျန်ရှိနေသော စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊ လိမ်ပင်ကျေးရွာ တောင်ဝတ်ရုံ ဘုန်းကြီးကျောင်းထဲ တွင် တပ်ဆွဲနေရာယူထားကြောင်း သိရသည်။"]
https://yktnews.com/2023/03/91240/
ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်မှု စစ်သား ၁၈ ဦးခန့်သေဆုံး
["ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်မှု စစ်သား ၁၈ ဦးခန့်သေဆုံး", "ရန်ကုန်၊ မတ် ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပြွန်ဦးရွာနှင့် ဘုရားပြန်ကျေးရွာ အကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ရာ စစ်သား ၁၈ ဦး ခန့်သေဆုံးကြောင်း မန္တလေးခရိုင် တပ်ရင်း ၃ ထံမှ သိရသည်။", "မတ်လ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ရွာသာကြီးကျေးရွာမှ အကြမ်းဖက်စစ်သား များသည် သရက်ကြီး ကျေးရွာ၊ ပြွန်ဦးကျေးရွာနှင့် ဘုရားပြန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာ​ကြောင်း၊ ပြည်သူ့ကာ ကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ပြွန်ဦးရွာနှင့်ဘုရားပြန်ကျေးရွာအကြားတွင် စစ်​ကြောင်းကို တိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၈ ဦးခန့်သေ ဆုံး ကာ ၁၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်တပ်ရင်း ၃ ၊(MDY –PDF) ၊ မန္တလေးခရိုင် တပ်ရင်း ၄ -SAF ၊ Generation Z Power – GZP (ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့) ၊ 96 Soldiers –PDF (အညာဒေသတပ်ခွဲ) ၊ MTG(ဝလ)- လက်နက်ဖွဲ့၊ ABRF(မတ္တရာ) အဖွဲ့နှင့် UGF – MDY တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/121667/
ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ နယ်မြေရှင်းလင်းစဉ် စစ်သား အလောင်း ၁ လောင်းတွေ့ရှိ
["ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ နယ်မြေရှင်းလင်းစဉ် စစ်သား အလောင်း ၁ လောင်းတွေ့ရှိ", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး ဖိုးဝင်းတပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် မြှုပ်နှံထားသည့် စစ် အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း လျှပ်စီးပြောက်ကျားတပ်ဖွဲ့(ဝက်လက်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၇ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က အင်အား ၁၀၀ ခန့်ဖြင့် ၀က်လက်မြိုနယ်၊ ဖိုး၀င်းတပ် ကျေးရွာသို့စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်တိုက်ပွဲဖြစ်ခဲ့ပြီး ကျည်မလုံလောက်သဖြင့် ပြည်လည်ဆုတ်ခွာခဲ့ရ ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ ဖိုးဝင်းတပ်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။", "စက်တင်ဘာလ ၈ ရက် နံနက် ၉ နာရီခန့်တွင် ၎င်း စစ်ကြောင်းသည် မြောက်ဘက်မှ ထိုးလာသော အင်အား ၁၀၀ ပါ စစ်ကြောင်းဖြင့် ဖိုး၀င်းတပ် ကျေးရွာကို မီးရှို့ခဲ့သော စစ်ကြောင်းတို့ ပူးပေါင်းပြီး မင်းကုန်းလေးကျေးရွာဘက်မှ ရှိန်းမကားကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားချိန် ပြောက်ကျား စနစ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံး ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီး ပြောက်ကျားတပ်ဖွဲ့(၀က်လက်)၊ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့၊ People’s Servant Revolution force(Wetlet) တို့မှ ဦးဆောင်၍ ဒေသ ပ.က.ဖ များနှင့် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းထွက်ခွာသွားပြီးနောက် ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ဖိုးဝင်းတပ်ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်း အရှေ့ဘက် ၌ မြှုပ်နှံထားသော စစ်သား အလောင်းတစ်လောင်းနှင့်အတူ အကြမ်းဖက်စစ်သားများ အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများတွေ့ရှိခဲ့ရကြောင်း လျှပ်စီး ပြောက်ကျားတပ်ဖွဲ့(၀က်လက်)ထံမှ သိရသည်။"]
https://yktnews.com/2023/10/126613/
ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြင်းခြံတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ဝက်လက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြင်းခြံတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာမှ စိုင်နိုင်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်သားများကို Buffalo soldier ၊ နဂါးမင်းပျောက်ကြားတပ်ဖွဲ့၊ Revolution soldier နှင့် ဒေသခံပကဖအဖွဲ့များက မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်နှင့် နံနက် ၈ နာရီ ၂၀ မိနစ်တို့တွင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို", "စိုင်နိုင်လေးရွာ တောင်ဘက် မိုးကောင်းကင်ဆီဆိုင် အနီးတွင် ၁ ကြိမ် ၊ စိုင်နိုင်ကြီးရွာထိပ် ကုက္ကိုပင် အောက်တွင် ၁ ကြိမ် ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် NaungYoe Army (တပ်ခွဲ၁) က မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“မိုင်းပွိုင့်ပေါ် စစ်ခွေးတွေ ရောက်လာတုန်း မိုင်း ၅ လုံးတွဲပဒေသာမိုင်းပွိုင့် ၂ ပွိုင့်နဲ့ ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ရှေ့ပြေး စစ်ခွေး ၃ ကောင်လေပေါ် ပျံဝဲပြီး သေသွားတယ်။ ၅ ကောင်ကတော့ အပြင်းအထန် ထိခိုက် ဒဏ်ရာရတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MDY-PDF တပ်ဖွဲ့ထံမှ သိရသည်။", "အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်အတွင်း အထိုင်ချ တပ်စွဲထားသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ်၏ ပတ်ကင်းစစ်ကြောင်းကို မန္တလေးခရိုင် အမှတ် ၃ တပ်ရင်းမှ ရဲဘော်များက ပဒေသာမိုင်း ၇ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/91882/
ဝက်လက်တွင် စစ်တပ် စစ်ကြောင်းများကို PDF တပ်များက ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ
["ဝက်လက်တွင် စစ်တပ် စစ်ကြောင်းများကို PDF တပ်များက ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိ", "ရန်ကုန်၊ မတ် ၁၂", "စစ်ကိုင်းတိုင်း ဝက်လက်မြိုနယ် ဟန်လင်းရွာ အနီး တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်နှင့် ပျူစောထီးများ မတ်လ ၁၁ ရက်နေ့တွင် ပြည်သူပိုင် နေအိမ်တစ်လုံးကို ဖျက်ဆီးနေစဉ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီဝင်နှင့် ပျူစောထီးများ ထိခိုက်မှု ရှိနိုင်ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။", "ထို့ပြင် မတ်လ ၁၁ ရက်နေ့ ညပိုင်းတွင်လည်း ဟန်လင်းရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများသည် ပြည်သူပိုင် နေအိမ်တိုကို ဖျက်ဆီးလျက်ရှိကြောင်း သတင်းရရှိသဖြင့် လက်နက်ကြီးကျည် ၁၂ လုံးဖြင့် မတ် ၁၁ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF – ARMY တပ်ဖွဲ ဝင်များမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဝင်များ၏ ထိခိုက်မှုကို မသိရသေးပေ။", "အလားတူ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဆားတောင်နှင့်ဝက်လက်မြို့အကြား တိုက်ပွဲသို့ စစ်ကူလာသော တပ်မ၃၃မှ စစ်ယာဉ်တန်းကို နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် ဆားတောင် မိုးကြိုး အဖွဲ့ က ပဒေသာမိုင်း ပွိုင့် ၂ ပွိုင့်ထား၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ထိုးရပ်သွားပြီး ကားပေါ်တွင် ပါလာသော စစ်သား ထိခိုက်သေ ဆုံးမှုများရှိကြောင်း၊ မိုင်းဆွဲခံရပြီးနောက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များ ဖြင့် ပြန်လည်ပစ်ခတ်ကြကြောင်း၊ စစ်ကူရန် သွားရောက်သော စစ်ကားမှာ စစ်ကူမသွားနိူင်တော့ဘဲ မတ် လ ၁၀ ရက်နေ့ ညပိုင်းတွင် ပျက်စီးနေသော စစ်ကားများကို ပြန်လည် ဆွဲယူသွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဝက်လက်ဒေသမှ PDF တပ်ဖွဲ့ဝင်တစ်ဦး။"]
https://yktnews.com/2023/08/120205/
ဝက်လက်တွင် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး မအင်္ဂါထဲသို့ Royal D အချိုရည်ဘူး ထိုးသွင်းခဲ့မှု၊ အမျိုးသား ၃ ဦး ကိုလည်း သတ်ဖြတ်ခဲ့မှု ဖြစ်စဉ်ကို ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေး ယန္တရား သို့ ပေးပို့
["ဝက်လက်တွင် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး မအင်္ဂါထဲသို့ Royal D အချိုရည်ဘူး ထိုးသွင်းခဲ့မှု၊ အမျိုးသား ၃ ဦး ကိုလည်း သတ်ဖြတ်ခဲ့မှု ဖြစ်စဉ်ကို ကုလသမဂ္ဂ စုံစမ်းစစ် ဆေးရေး ယန္တရား သို့ ပေးပို့", "ရန်ကုန်၊ သြဂုတ် ၂၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး မအင်္ဂါထဲသို့ Royal D အချို ရည် ဘူး ထိုးသွင်းခဲ့သည့် လူသတ်မှု၊ အမျိုးသား ၃ ဦးကိုပါ ရက်ရက်စက်စက် သတ် ဖြတ် ခဲ့သည့်စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (Independent Investigative Mechanism for Myanmar) ပေးပို့ထားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၂၅ ရက်နေ့၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာ မြောက်ဘက်ရှိ သိမ်ကျောင်းဘက်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ မှ အင်အား ၁ဝဝ ခန့်ပါ စစ်ကြောင်းသည် ဝက်လက် မြို့နယ်၊ အနောက်ခြမ်း မင်္ဂလာရေစင်ကျေးရွာမှ တဆင့် ရွာသာကြီးရွာ၌ တပ်စွဲခဲ့ကြောင်း၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ရွာသာကြီးမှ နံနက် ၄ နာရီခွဲခန့်တွင် မြောက်ဘက်အရပ်သို့ ထွက်ခွာပြီး ကျီးကန်မြောက်ရွာသို့ ဝင်ကာ ပြည်သူ ၂ ဦးထံမှ ငွေကျပ် ၅၁၅ သိန်း၊ ပြည်သူ ၁ ဦးထံမှ ငွေကျပ် ၄ သိန်း၊ ဆွဲကြိုး ၁ ကုံးနှင့် ပြည်သူများထံမှ ဖုန်း အလုံး ၂၀ ထက် မနည်းလုယူသွားကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျီးကန် တောင်ရွာနှင့် မြောက်ရွာ အကြား စစ်ဘေးရှောင်နေသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးကို နံနက် ၅ နာရီခန့်တွင် ဖမ်းဆီး ခေါ်ဆောင်ကာ အမျိုးသား ၃ ဦးကို ကျီးကန်မြောက်ရွာနှင့် တောင်ရွာကြားရှိ သရက်ခြံထဲတွင် ရက်စက်စွာ လည်လှီး သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ဖြစ်သူကိုလည်း အဓမ္မပြုကျင့်ကာ လည်ပင်းလှီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ကိုယ်ဝန်ဆောင် အမျိုးသမီး၏ မအင်္ဂါအတွင်းကို ရိုင်ရယ်-ဒီ (Royal-D) အချို ရည်ဗူးထိုးထွင်းထားခဲ့​ကြောင်း၊ သတ်ဖြတ်ခံရသူများထဲမှ ကိုနိုင်လင်းဆိုသူမှာ စိတ်ကျန်းမာရေးချို့ယွင်းသူ တစ်ဦးဖြစ်​ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လုံတောရွာ အရှေ့ဘက်သို့ ထွက်ခွာလာပြီး ပင်းဇင်းကျေးရွာ ထဲကို လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ပြီးနောက် ဝက်လက်မြို့အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် သတ်ဖြတ်သွားသူ ၄ ဦးမှာ အသက် ၂၀ နှစ်အရွယ် မနှင်းဆီ (အမည်လွှဲ) ကိုယ်ဝန်ဆောင် အမျိုးသမီး၊ အသက် ၃၇ နှစ်အရွယ် ဦးနိုင်လင်း (စိတ်ကျန်းမာရေးချို့ယွင်းသူ)၊ အသက် ၅၆ နှစ်အရွယ် ဦးဟန်ရွှေနှင့် အသက် ၅၅ နှစ်အရွယ် ဦးတင်ဆန်းတို့ ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဖြစ်စဥ် အသေးစိတ် အချက်အလက်များကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (Independent Investigative Mechanism for Myanmar) ကို ပေးပို့ထားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထံမှ သိရှိရသည်။", "လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူ ညီမျှမှုရ ရှိ ရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက် များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/109184/
ဝက်လက်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး
["ဝက်လက်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၂၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ကျေးရွာ ၂ ရွာရှိ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘို ခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ဇွန် ၂၂ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဝက်လက်မြို့မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သဖန်းကုန်းကျေးရွာနှင့် တကောင်းမင်းကျေးရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် တကောင်းမင်းကျေးရွာမှ ဆိတ်ကျောင်းနေသော အသက် ၃၀ ရွယ် ကိုနိုင် စိုးကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးကာ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက်သတ်ဖြတ်ခဲ့ရာ ဦးခေါင်း ၃ ခြမ်းကွဲပြီး သေဆုံးသွားကြောင်း၊ ထို့အပြင် သစ်ပင်ပေါ်၌ တက်ရောက်ပုန်းနေသော အသက် ၅၀ အရွယ်ခန့်ရှိ ဦးစိန်မြင့်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သစ်ပင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။", "“နိုင်စိုးဆိုတဲ့ ကလေးက ဆိတ်ကျောင်းနေတာ၊ သူ့ကိုမိသွားတော့ သေနတ်နဲ့ ပစ်ဖောက်ပြီးတော့ ခေါင်း ကို သေနတ် ဒင်တွေနဲ့ ထုသွားတာ ၃ ခြမ်းကွဲသွားတယ်တဲ့၊ ဦးစိန်မြင့်ကကျတော့ သစ်ပင်ပေါ်တက်နေ တာ၊ ခွေးတွေက သိသွားပြီးတော့ပစ်ချသွားတာ၊ ဖိနပ်ပဲ သစ်ပင်အောက်မှာ တွေ့တာတဲ့၊ လူက ကန် ပေါင်ရိုးပေါ်ပြုတ်ကျနေတာ၊ အဲဒီနှစ်ယောက်က တကောင်းမင်းရွာက စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူ ၂ ဦးပါ” Eagle Guerrilla Force. ဗိုလ်ကောက်ရိုး ရွှေဘို ခရိုင်အမှတ် ၁၅ တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်၏ မီးရှို့မှုကြောင့် တကောင်းမင်းရွာမှ နေအိမ်​ ၁၂ လုံး၊ ကျီးကန်ကျေးရွာမှ နေအိမ် ၃ လုံး ပြာကျခဲ့ပြီး စစ်ကြောင်းက လှတောကျေးရွာသို့ ဝင်ရောက်သွားကြောင်း၊ လှတောကျေးရွာမှ တဆင့် ကျီးကန်ကျေးရွာဘက်သို့ ပြန်လည်ဝင်ရောက်သွားပြီး ထပ်မံမီးရှို့နေကြောင်း သိရသည်။", "Photo – ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ကျေးရွာ တစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်"]
https://yktnews.com/2023/07/111508/
ဝက်လက်တွင် စစ်တပ်က သမာရိုးရွာသို့ ဝင်ရောက် ပစ်ခတ်မှု‌ကြောင့် ပြည်သူ ၇ ဦး ကျည်ထိမှန် သေဆုံး
["ဝက်လက်တွင် စစ်တပ်က သမာရိုးရွာသို့ ဝင်ရောက် ပစ်ခတ်မှု‌ကြောင့် ပြည်သူ ၇ ဦး ကျည်ထိမှန် သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၆", "စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊ရွာသာကြီးရွာသို့‌ရောက်နေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၆ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ခြေလျင် စစ်ကြောင်း ထိုးပြီး သမားရိုးရွာသို့ ဝင်ရောက်ပစ်ခတ်ရာ ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုး သမီး ၄ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရ သည်။", "အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် သမားရိုး ကျေး ရွာမှ ဒေသပြည်သူ များမှာ ပြည်သူများ ဖြစ်ကြပြီး သမားရိုးရွာမှ ဒေါ်နှင်းလှိုင် (အသက် ၅၀ နှစ်) ၊ ဒေါ်အေးနုဝင်း (အသက် ၄၀ နှစ်)၊ မမွေလီ (အသက် ၄၀ နှစ်) ၊ ဦးဖိုးလွင် (အသက် ၅၀နှစ်) ၊ ဦးသိန်းလှိုင် (အသက် ၆၀နှစ်)၊ ကူတိုး ကိုင်း ရွာမှ ဒေါ်ဖြူ (အသက် ၄၀ နှစ်)၊ ရွှေပန်းကုန်းရွာမှ ကိုဝေမိုး (အသက် ၃၀ နှစ်) တို့ ဖြစ်ကြကြောင်း Wetlet Informational Network မှ တာဝန်ရှိသူမှ ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“၇ လပိုင်း ၅ ရက်နေ့က ဝက်လက်မြို့နယ် ရွာသာကြီး အထိုင်စခန်းကို ဝင်လာ တယ်ဗျ။ ကား ၃ စီးနဲ့ ဝင်လာတာ ။ ဝင်လာတဲ့တစ်လျှောက်လက်နက်နဲ့ ပစ်ပြီး ဝင်သွားတာ။ ဒီနေ့မနက် ၄ နာရီလောက်ကျတော့ စစ်တပ်က အနောက်ဘက် ကို ခြေလျင်စစ်ကြောင်းထိုးတယ်ဗျ။ သူတို့ထိုးတာ ဘယ်သူမှလည်း မသိဘူး။ ဒီတိုင်းပဲ သွားရင်းလာရင်း ရမ်းသမ်းပစ်တာ ရမ်းသမ်းပစ်ရာကနေမှ ဈေးဝယ်တဲ့ ပြည်သူတွေ မှန်တာပဲဗျ” ဟု Wetlet Informational Network မှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။", "အကြမ်းဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းသည် အရာတော်မြို့နယ်ဘက်သို့ ကူးသွားပြီး ကူးတိုးကိုင်းရွာသို့‌ ရောက်ကာ ကူးတိုးကိုင်းရွာရှိ ပြည်သူ့နေအိမ် ၁လုံးကို မီးရှို့၍ အနောက်ဘက်သို့ ဆက်၍ စစ်ကြောင်းထိုးကာ မကျီးစောက်ရွာ အနောက်ဘက်မှ နေ၍ လက်နက်ကြီးများဖြင့် ငါးရဟိုးရွာသို့ ပစ်ခတ်နေကြာင်း ဒေသပြည်သူများထံမှသိရှိရသည်။"]
https://yktnews.com/2023/03/94377/
ဝက်လက်တွင် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မင်းကင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာသဖြင့် စစ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက် ခိုက်
["ဝက်လက်တွင် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မင်းကင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာသဖြင့် စစ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ် တိုက် ခိုက်", "ရန်ကုန်၊ မတ် ၂၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ် ရွာသာကြီးရွာ မှ စိုင်နိုင်ကြီးရွာသို့ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။", "” မိုင်း ၁၀လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၂ ကောင် သေတယ်။ ဒဏ်ရာ ရရှိသူ အများအပြား ရှိနိုင်တယ်။ ဆေးရုံမှာ တွေ့မြင်ခဲ့ရတဲ့သူတွေဆီက ပြော ပြချက်အရ သိတယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းတပ်ခွဲ၁ နှင့် ဒေသ ပကဖ တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု များပြားကြောင်း ဒေသတွင်း PDF တပ်ဖွဲ့ သတင်းရင်းမြစ်ထံမှ သိရသည်။", "မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မင်းကင်းမြို့နယ်၊ ကပြစ်ရွာရှိ ရွှေမျောများကို မီးရှို့ပြီး ပြန်လာသည့် မော်လိုက်အခြေစိုက် ၃၆၅ တပ်မှ စစ်သားများသည် ကလေးဝ ဘက်သို့ စစ်ကြောင်းထိုးလာစဥ် တောင်တွင်းချောင်း ကျေးရွာအုပ်စု၌ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တောင်တွင်းချောင်း ကျေးရွာအုပ်စုအတွင်းသို့ Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့သော်လည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များ အချိန်မှီ တိမ်းရှောင်နိုင်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။", "” ကပြစ်ရွာမှာရှိတဲ့ ရွှေမျောတွေက စစ်ခွေး G1 အဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီး သီဟဝင်းနဲ့ ရှယ်ယာအတူ လုပ်တဲ့ ဇော်မင်းဆိုတာရှိတဲ့ သူက G1 ဆီက သိန်း ၆၀၀၀ ကျော်လိမ်သွားလို့ G1 က ရွှေမျောတွေကို မီးရှို့ခိုင်းတာ။ အဲကနေ မီးရှို့ပြီး ပြန်လာတဲ့ စစ်ခွေးကြောင်းနဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာ။ စစ်ခွေးတွေ သေဆုံးမှုများနိုင်တယ်။ Mi 35 ရဟတ်ယာဥ် ၁ စီးနဲ့ လှည့်ပတ်ပစ်ခတ်သွားတယ်။ အချိန်မှီရှောင်နိုင်လို့ ဒဏ်ရာရသူ မရှိဘူး” ဟု ဒေသတွင်း PDF တပ်ဖွဲ့ သတင်း ရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/03/90766/
ဝက်လက်တွင် စစ်တပ်ကို ၂ ရက် ဆက်တိုက် မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦး အပါ အဝင် ၄ ဦးသေဆုံး
["ဝက်လက်တွင် စစ်တပ်ကို ၂ ရက် ဆက်တိုက် မိုင်းဆွဲမှု စစ်အရာရှိ ၁ ဦး အပါ အဝင် ၄ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက် ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် ၄ ဦးသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မုဆိုးခြုံ ဘူတာရွာ မှ ထွက်ခွာလာသော ရွှေဘို ခလရ ၄၂၊ ခမရ ၃၆၄မှ စစ်သားများနှင့် ပျူစောထီး အဖွဲ့ဝင် အင်အား ၈၀ ခန့်သည် အလယ်ကိုင်းရွာ သို့ ဝင်ရောက်၍ အောင်ချမ်းသာ ကျေး ရွာဘက်သို့ ထွက်ခွာလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက အဝေးထိန်း မိုင်း ၂ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ် များ ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကာ ဟံလင်းမြို့ဟောင်း၌ တပ်စွဲထားသော စစ်သားများက ဟံလင်းကျေးရွာ တောင်ဘက်ပိုင်း မှ ထွက်လာပြီး ကာကွယ် ရေး တပ်ဖွဲ့များကို မူးဘောင်ပေါ်မှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များစက် လက်များဖြင့် လာရောက် ပစ်ကူခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အောင်ချမ်းသာကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အောင်ချမ်းသာကျေး ရွာ ၏ အနောက်ဘက် မူးဘောင်အရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက အဝေးထိန်း မိုင်း ၃ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သခွတ်တောကျေးရွာဘက်သို့ ထမ်းစင် ၅ ခုဖြင့် ထွက်ခွာလာချိန် သခွတ်တောကျေးရွာအဝင်၌ ကာကွယ်ရေး တပ်ဖွဲ့များမှ စနိုက်ပါဖြင့် ၂ ချက်၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ၂ ရက်ဆက် တိုက်ခိုက်မှုကို ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့ (ဝက်လက်)၊ နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေး ပျောက်ကျားတပ်ဖွဲ့ (တပ် ခွဲ ၄ )၊ လျှပ်စီးပျောက်ကျားတပ်ဖွဲ့ ( တပ်ခွဲ ၃ )၊ ဇာမဏီ ပြည်သူ့ကာကွယ် ရေး တပ် ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း နတ်တောင်နဂါး ပြောက် ကျားတပ် ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/03/90918/
ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးနိုင်
["ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးနိုင်", "ရန်ကုန်၊ မတ် ၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားပြန်ရွာနှင့် ပြွန်ဦးရွာအကြားတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက် စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း Special Attacking Force-Upper Burma-SAF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "ယနေ့မတ်လ ၅ ရက်​နေ့ နံနက် ၁၀ နာရီခန့်အချိန် ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာဘက်မှ အင်အား ၈၀ ခန့်ဖြင့်ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများသည် ကန်ထူးရွာ၊ သရက်ကြီးရွာတို့ကို ဝင် ရောက် ပြီးနောက် ပြန်လည်ထွက်လာရာ ဘုရားပြန်ရွာနှင့် ပြွန်ဦးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“တိုက်ပွဲက ၁၀ မိနစ်လောက်ပဲကြာတယ်၊ စနိုက်ပါအနေနဲ့က စစ်ခွေးနှစ်ကောင်သေတာ အတည်ပြုလို့ ရတယ်၊ ကျန် ၇ ဦးကျော်က လဲကျသွားတာတွေ၊ မသေတောင် အပြင်းအထန်ဒဏ်ရာရတာပါ၊ အခု လက်ရှိ အဲဒီစစ်ခွေးတွေက ဘုရားပြန်ရွာမှာပဲ ရှိနေကြသေးတယ်” ဟု Special Attacking Force-Upper Burma-SAF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် (၄) တပ်ရင်း (Special Attacking Force-Upper Burma-SAF)၊ အမှတ်(၃)တပ်ရင်း၊ Generation Z Power၊ ၀လမင်းသားကြီးအဖွဲ့၊ 96 Soldiers အဖွဲ့တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/02/85567/
ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ သံဖြူဇရပ် လဝက ရုံးကိုဖောက်ခွဲ တိုက်ခိုက်
["ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ သံဖြူဇရပ် လဝက ရုံးကိုဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း GZ Special Task Force – Wet Let အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အနောက်ခြမ်း မန်ကျီးတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို GZ Special Task Force – Wet Let အဖွဲ့မှ လက်နက်ကြီးများဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "” ၁၁ နာရီကျော်လောက် တိုက်ပွဲစဖြစ်တာ စစ်ခွေးတွေ ဘက်က ၅ ဦးသေတယ်။ စစ်ခွေးတွေဘက်က ပြန်ပစ်တာရှိတယ်။ ရဲဘော်တွေ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု GZ Special Task Force – Wet Let မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန်သို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို GZ Special Task Force မှ တပ်ခွဲဖြစ်သော တပ်ခွဲ ၄ ၊ မိုင်းဘီလူးတပ်ခွဲနှင့် ရေကြက်တပ်ဖွဲ့၊ ဒေါင်းဘုရင်တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ လဝကရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သံဖြူဇရပ်ပြောက်ကျားတပ်ဖွဲ့ (TGF)ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် သံဖြူဇရပ်မြို့ လဝကရုံးကို သံဖြူဇရပ်ပြောက်ကျားတပ်ဖွဲ့(TGF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရုံးထိခိုက် ပျက်ဆီးမှုရှိပြီး စစ်ကောင်စီတပ်သား တချို့နှင့် ရုံးအစောင့်များလည်း ထိခိုက်မှုရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/122191/
ဝက်လက်တွင် ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံး ၊ ပြည်ခရိုင်တွင် Alpha One Drone တပ်ဖွဲ့က စစ်တပ်၏ ပစ်မှတ် ၁၃ ခုကို ဒရုန်းဖြင့် ဗုံး အလုံး ၉၀ ကျဲချနိုင်ခဲ့
["ဝက်လက်တွင် ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံး ၊ ပြည်ခရိုင်တွင် Alpha One Drone တပ်ဖွဲ့က စစ်တပ်၏ ပစ်မှတ် ၁၃ ခုကို ဒရုန်းဖြင့် ဗုံး အလုံး ၉၀ ကျဲချနိုင်ခဲ့", "ရန်ကုန်၊ စက်တင်ဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦး သေဆုံးကြောင်း Brave Brother (ပကဖ) ပြောက်ကျားတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃ ရက်နေ့ ရွှေဘိုမြို့နယ်၊ အရှေ့ခြမ်း တောင်လှ ဘုရားပေါ်တွင် တပ်စွဲထားသော ပျူစောထီးများနှင့် ခမရ ၁၂ မှ စစ်ကြောင်းက ဝက်လက် မြို့နယ် ထုံးဘို ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ပြည်သူများကို ဖမ်းဆီး၍ ပြည်သူပိုင်နေအိမ်နှင့် ရွာများကို မီးရှို့ ဖျက်ဆီးနေခဲ့ကြောင်း၊ ထို့ကြောင် PDF မဟာမိတ်တပ်များက ယင်းစစ်ကြောင်းကို တိုက်ခိုက်ကြရာ ၂ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီး ၇ ဦးသေဆုံးကြောင်း သိရှိရသည်။", "ထိုစစ်တပ်စစ်ကြောင်းကို Brave Brothers နှင့်အတူ ဝိဇ္ဖာ ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီကို ပြောက်ကျားတပ်ဖွဲ့၊ နတ်တောင်နဂါး၊ တပ်ရင်း ၂၃ ၊ စဉ့်ကူးမြို့နယ် (ပကဖ)၊ စဉ့်ကူးမြို့နယ် တပ်ရင်း အမှတ် ၁၂၂၂၊ တပ်ရင်းအမှတ် ၅၁၀ ၊ ဒေါင်းတို့အားမာန်၊ ဥဒေါင်းမင်း၊ Acid အဖွဲ့၊ နယ်မြေခံ ပကဖများ၊ LPDF များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်တွင် ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၅)၏ Drone အဖွဲ့ဖြစ်သော Alpha One Drone အဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဩဂုတ်လ ၁ ရက်နေ့ အထိ စစ်ကောင်စီပစ်မှတ် ၁၃ နေရာကို ဗုံး အလုံး ၉၀ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ ဗျူဟာမှူး ၁ ယောက်အပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း၊ လက်ရှိ တွင် KNU/KNLA တပ်မဟာ(၂)၊ တပ်ရင်း(၅)၊ ‌အလယ်ပိုင်းတိုင်း အထူးစစ်ဆင် ရေးအဖွဲ့၊ နေပြည်တော် PDF တို့နှင့် ပူးပေါင်း၍ စစ်ဆင် ရေး ဆောင်ရွက် လျက်ရှိကြောင်း Alpha One Drone အဖွဲ့က သတင်း ထုတ် ပြန်သည်။"]
https://yktnews.com/2023/09/121512/
ဝက်လက်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ ငါန်းဇွန်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ဝက်လက်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ ငါန်းဇွန်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန် ၊ စက်တင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း People’s Servent Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံ သို့ပြောကြားသည်။", "စက်တင်ဘာလ ၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ဝက်လက်မြို့နယ်၊ ထုံးဘိုရွာအနီး၌လည်းကောင်း၊ စက်တင်ဘာလ ၅ ရက် နေ့က ရွှေဘိုမြို့နယ်မှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ ကို ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာအုပ်စု၊ လှေပို့ဆိပ်ကျေးရွာ အနောက် ဘက်၌လည်းကောင်း၊ စက်တင်ဘာလ ၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ငါးပတ်ချောင်းကျေးရွာ၊ သစ္စာရဘုရား အနောက် ဘက်၌ လည်းကောင်း၊ စက်တင်ဘာလ ၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် စစ်ကိုင်း မြို့နယ်မှ စစ်ကြောင်း ထိုး လာသော အကြမ်းဖက်စစ်တပ်ကို ဝက်လက်မြို့နယ်၊ မင်းကုန်းလေးကျေးရွာ အနောက်ဘက်၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "“ဒီစစ်ကြောင်းထွက်လာတာ ကျောက်မြောင်း မခေါက်ဘက်ကနေတဆင့်ထွက်လာတာ၊ ထုံဘိုဘက်မှာ အသင့်စောင့်ပြီးတော့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တာ၊ အဲဒီတိုက်ပွဲဖြစ်နေရာတွေကို ရှင်းလင်းရေးဝင်တော့ ဦးထုပ်တွေကျန်ခဲ့တယ်၊ ပြီးတော့ ဆေးကုထားတဲ့၊ ဆေးထိုးထားတဲ့ သွေးစသွေးနတွေကျန်ခဲ့တယ်၊ အဲတုန်းက ထုံဘိုတက်ကို တက်လိုက်၊ အနောက်တောကြီးဘက်ကို ပြန်ခေါက်သွားလိုက်၊ နောက်ရက် ပြန်တိုးလာလိုက် ထိတွေ့မှု ၂ ခါ ၃ ခါဖြစ်တာ၊ အဲဒီတုန်းက ကျည်ကုန်လို့ လို့ပြောတယ်၊ ည ၂ နာရီ လောက်ကြီးတက်လာတာ၊ ငါးပတ်ချောင်းအနောက် သစ္စာရ ဘုရားရောက်တော့ အရှေ့ဘက်ကမ်း စဉ့်ကူးဘက်က အရပ်သားလှေတွေနဲ့ ရိက္ခာဖြည့်ပြီးတော့ ပြန်ထွက်လာတာ၊ သစ္စာရဘုရား တောင် ဘက် ဖြတ်တက်တဲ့အချိန်မှာ တောင်ကုန်းအမြင့်ကနေ စောင့်ပစ်တာ၊ တိုက်ပွဲဖြစ်ပြီးတော့ ဘောင်းဘီ ၃ ထည်ရယ်၊ အောက်ခံ ဘစ်တွေရယ်၊ ဦးထုပ်တွေရယ်၊ သွေးစသွေးနတွေရယ်တွေ့တယ်၊” ဟု People’s Servent Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြော ကြားသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲအပါအဝင် ဒေသ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေ ဆုံး မှုရှိနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက် ဖိုက်တာ ဖြင့် အဆက်မပြတ်ပျံဝဲနေကြောင်း သိရသည်။", "“ဂျက်ဖိုက်တာကတော့ တောက်လျှောက်ဝဲတာ၊ စစ်ကြောင်းထိတွေ့မှုဖြစ်တာနဲ့ ဂျက်ဖိုက်တာက လာ ပြီးသား ၂ စီး ၃ စီး၊တစ်စီးပြီးတစ်စီး တက်တက်ဝဲတာ၊ ဒီစစ်ကြောင်းအများကြီးထိုးတဲ့အထဲမှာတော့ အပေါ်ကနေ ပစ်ခတ်မှုတော့မရှိသေးဘူး၊ အရင်တုန်းကတော့ တောက်လျှောက်ပစ်တာ၊ ကျနော်တို့ ဝက်လက်က လေကြောင်းနဲ့ပဲဖြစ်ဖြစ်၊ စစ်ကြောင်းနဲ့ပဲဖြစ်ဖြစ် စံနမူနာအနေနဲ့ အရင်လုပ်ခံရတဲ့ နေရာ ဖြစ်နေတာ၊ စစ်ကြောင်းမှာလည်း ထိတာများတယ်၊ စစ်ကြောင်းဖြစ်နေလို့ မသိရသေးတာ၊ ပြီးတော့ ရွာမီးရှို့တဲ့အထဲမှာလည်း ထည့်ပြီးတော့ မီးရှို့သွားတာရှိတယ်၊ ဒါပေမယ့် စစ်ကြောင်းကတောက် လျှောက်ထိုးနေတော့ နယ်မြေရှင်းလင်းရေးမဝင်နိုင်တဲ့အနေအထားတွေဖြစ်နေတာ၊ စစ်ကြောင်း နေတော့ မသိရသေးတော၊ အလောင်းမတွေ့ရသေးတာပေါ့၊ သစ္စာရဘုရားတောင်ဘက်မှာ ဖြစ်တဲ့ တိုက် ပွဲမှာဆိုရင်လည်း ယူနီဖောင်းတွေအများကြီးချွတ်ထားခဲ့တာ၊ ကျည်ကာတွေရော ဦးထုပ်တွေရော၊ ပြီး တော့ လက်ဝါးကပ်တိုင်ပုံစံလေးတွေ လုပ်ထားခဲ့တာတွေလည်းရှိ တယ်၊ အဲဒါတွေလည်း မတူး ရဲသေး ဘူး၊ ဒီအတိုင်းပစ်ထားတာ၊ နင်းမိုင်းတွေဘာတွေထည့်သွားမလားဆို ပြီးတော့၊” People’s Servent Revolution – Wetlet မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြော ကြားသည်။", "ဝက်လက်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းသည်လည်း တိုက်မိုင်းမိကာထိလိုက်သေဆုံးမှု ရှိပြီး စက်တင်ဘာလ ၆ ရက်နေ့က တစ်ဦး၊ စက်တင်ဘာလ ၇ ရက်နေ့က ၂ ဦးသင်္ဂြိုလ်လိုက်ကြောင်း ၊ စစ်တပ်စစ်ကြောင်းများအတွင်း ထိခိုက်ဒဏ်ရာရစစ်သားများကို စက်တင်ဘာလ ၇ ရက်နေ့ညပိုင်းက စစ်ကိုင်းမြို့ဘက်သို့ မီးရထားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင်ကျေးရွအနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြား သည်။", "ယမန်နေ့ စက်တင်ဘာလ ၇ ရက် မွန်းလွဲ ၁ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ဘေးဆောင်ရွာမှ ညောင်လေး ပင်ရွာသို့ ပြန်လည် ဆုတ်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားအများအပြား ထွက်ပြေးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရှိကာ သေဆုံးမှစာရင်းသိ ရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ငါန်းဇွန် ပ.က.ဖ )၊ T.G.R People Defence Force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊T.G.R Women Drone Force ၊ Black Eagle Defence Force – MMU၊ Black Eagle Drone force ၊ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ငန်းနက်ပျောက်ကျားအဖွဲ့၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက် တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ နှင့် 925 ပျောက်ကျားအဖွဲ့ တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90927/
ဝက်လက်တွင် ၆ ရက်အတွင်း ပြည်သူ ၈ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီး
["ဝက်လက်တွင် ၆ ရက်အတွင်း ပြည်သူ ၈ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၆၀၀ ကျော်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီလ၂၈ရက်မှ မတ်လ ၅ ရက်အထိ အကြမ်းဖက်စစ်တပ်က နေအိမ်၆၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၈ ဦးကို အကြမ်းဖက်သတ်ဖြတ်ခဲ့သဖြင့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း ဝက်လက်မြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေး ဆောင်ရွက်နေသူများက ပြောသည်။", "ဝက်လက်မြို့နယ်တွင် စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်က တည်တောရွာမှ နေအိမ် ၆၅ လုံး၊ မုဆိုးခြုံဘူတာရွာမှ ၅၁လုံး၊ ဘိုတဲရွာမှ ၃လုံး၊အောင်ချမ်းသာမှ နေအိမ်၁၀၀ကျော်၊ ကျီးကန်တောင်ရွာမှ ၁၁၀လုံး၊ ကျီးကန်မြောက်ရွာမှ ၁၈၀လုံး၊ စိုင်နိုင်ကြီးရွာမှ ၅၆လုံး၊ စိုင်နိုင်လေးရွာမှ ၉လုံးနှင့် သခွတ္တောရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်က ‌ကျီးကန်ရွာမှ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံ ၄ ဦး၊ မုဆိုးခြုံဘူတာရွာမှ ဒေသခံတောင်သူ ၁ ဦးတို့ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ဘိုတဲရွာမှ အဘွားအို ၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ဝက်လက်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်တိုးကြေညာပြီးချိန်မှစ၍ အကြမ်းဖက်ထိုးစစ်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် စစ်ဘေးရှောင်ပြည်သူ အရေအတွက် တိုးလာနေပြီး နေအိမ်မီးရှို့ခံခဲ့ရသော ပြည်သူများအတွက် အကူအညီများ လိုအပ်လျက်ရှိကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီမှ ကိုလွင်မိုးသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "“ကျ‌နော်တို့ သပိတ်ကော်မတီအနေနဲ့ နီးစပ်ရာ ပြည်ပအလှူရှင်တွေ၊ အရပ်ဖက်ကူညီရေး အဖွဲ့အစည်းတွေဆီကနေ အလှူခံပြီး မီးဘေးသင့်ရွာတွေ ပြန်လည် ထူထောင်ရေးအတွက် ခွဲတမ်းကျ ထောက်ပံ့‌ပေးနေပါတယ်။ ဆေးအဖွဲ့လည်း ဖွဲ့စည်းထားပြီး ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်‌ပေးနေပါတယ်။ မီးရှို့ခံရတဲ့အိမ်ထောင်စုက များလွန်းတော့ ရတဲ့ရန်ပုံငွေနဲ့က မလောက်မငှ ဖြစ်နေတယ်။ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပါတယ်” ဟု ကိုလွင်မိုးသန့်က ပြောသည်။", "နေအိမ်၆၅လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသော တည်တောရွာ ဒေသခံများကို တစ်အိမ်ထောင်လျှင် ဆန်၃ပြည်စီ ထောက်ပံ့ကူညီခဲ့ပြီး နောက်ထပ်မီးရှို့ခံထားရသောရွာများ ကျန်နေသေးသည့်အတွက် ဝိုင်းဝန်းကူညီကြစေလိုကြောင်း၊ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် အလှူငွေများ ပါဝင်ကူညီနိုင်ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/05/214086/
ဝက်လက်နှင့် စစ်ကိုင်း မြို့နယ်ရှိ ဆီဆိုင်နှင့် တလိုင်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ
["ဝက်လက်နှင့် စစ်ကိုင်း မြို့နယ်ရှိ ဆီဆိုင်နှင့် တလိုင်းရွာ အနီးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၁၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် နှင့် စစ်ကိုင်းမြို့နယ်ရှိ ဆီဆိုင်နှင့် တလိုင်းရွာ အနီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Networkက တာဝန်ခံ ကို နဂါးလေး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၈ မိနစ်နှင့် ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာ အနောက်ဘက် ပြည်ရှိန်း‌အောင်ပန့်ဆိုင်နားနှင့် စစ်ကိုင်းမြို့နယ် မြောက်ခြမ်း တလိုင်းရွာ အနီးကို မိတ္ထီလာလေတပ်မှ တက်လာသည့် J-Frighter ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်ရှိန်း‌အောင်ပန့်ဆိုင်မှာလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ထိခိုက်ဒဏ်ရာရရှိတာ ခရီးသွားပြည်သူလို့ သိရတယ်။ သပိတ်ကျင်းမြို့နယ် ဘက်ကို ခရီးသွားပြည်သူလို့ ကနဦးသိရတယ်။ ဗုံးစက ခါးအရိုးကို မှန်သွားတာလို့သိရတယ်။ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ သက်သက် လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေ အနေဖြင့် လေကြောင်းအထူးသတိထားဖို့ ပြောချင်ပါတယ်” ဟု Wetlet Informational Networkက တာဝန်ခံ ကို နဂါးလေး က ပြောဆိုသည်။"]
https://yktnews.com/2024/09/182816/
ဝက်လက်နှင့် စလင်းတို့တွင် စစ်တပ် အထိုင်းချထားသော နေရာနှင့် ကင်းလှည့်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["ဝက်လက်နှင့် စလင်းတို့တွင် စစ်တပ် အထိုင်းချထားသော နေရာနှင့် ကင်းလှည့်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ အတွင်း အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆက်ကြေးကောက်နေသည့် နေရာမှ အဆောက်အဦးများ အတွင်း ထွက်ပြေးတိမ်းရှောင်သွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့ နှင့်အတူ Drop for justic SHAR HTOO WAW Team (6) ဒရုန်းတပ်ဖွဲ့ ၊ ဇာမဏီနဂါး တပ်ဖွဲ့ ၊ ဉပဒေ မီးတောက် တပ်ဖွဲ့ တို့နှင့်အတူ နယ်မြေခံ ပကဖများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ မိုးဝင်း-သရက်ချဉ်ကျေးရွာ လမ်းပိုင်းတစ်နေရာတွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဆိုင်ကယ် ၅ စီးကို ပစ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ၊ မိုးဝင်း-သရက်ချဉ်ကျေးရွာ လမ်းပိုင်းတစ်နေရာတွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဆိုင်ကယ် ၅ စီးကို ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တော်လှန်ရေး ရဲဘော်များ ထိခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း ၊ အထိုင်ချရာ နေများကို သွားလာခြင်းများ ရှောင်ရှားကြပါရန် ဒေါင်းစစ်အောင် ( LPDF ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/09/121789/
ဝက်လက်နှင့် ရွှေဘို နယ်စပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်
["ဝက်လက်နှင့် ရွှေဘို နယ်စပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွာသစ်ကုန်း ရွာနှင့် စခန်းသာရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က စခန်းသာရွာကို မီးရှို့ပြီး ပြန်လည် ထွက်ခွာလာစဥ်တွင် ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကာ မြေမြုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည်ထွက် ခွာသွား ပြီးနောက် စက်တင်ဘာလ ၈ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အတူ ပြည်သူ တချို့က နယ်မြေရှင်းလင်းရေး ပူးပေါင်း ပြုလုပ်နေစဥ် စစ်တပ် က ထောင် ထားသည့် မြေမြုပ်မိုင်း နင်းမိပြီး ၁ ဦး ထပ်မံ သေဆုံး ခဲ့ကြောင်း သိရှိရ သည်။", "“စခန်းသာရွာကနေ မီးရှို့ပြီး ထွက်လာတဲ့ ခွေးစစ်ကြောင်းက ရွာထိပ်မှာတွေ့တဲ့ ၁၅ နှစ်အရွယ် လူငယ် ၁ ဦးကို ပစ်သတ်သွားတယ်။ အသက် ၄၀ ကျော် အရွယ် ပြည်သူတစ်ဦးကလည်း ကျည်ထိမှန်ပြီး အချိန်မီ ကယ်ဆယ်နိုင်ခဲ့တယ်။ နင်းမိုင်းမိတဲ့ ကောင်လေးကလည်း ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ရှင်းလင်းရေး လုပ်ပေးနေပြီး ခဏနားတဲ့အချိန် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်။ နောက်ပြီး အမျိုးသမီးငယ် ၁ ဦးလည်း မိုင်းနင်းမိပြီး ခြေတောက်တစ်ချောင်း ဆုံးရှုံးသွာတယ်။ အခုဆေးကုသမှု ခံယူနေတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ ဗိုလ်ရန်ကြီးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က ပြည်သူလူထု အများဆုံး အသုံးပြုနေသည့် လမ်းဆုံ လမ်းခွများ၊ နေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ စာသင်ကျောင်းများ နှင့် အားကစားကွင်းများပါမကျန် မြေမြုပ် နင်းမိုင်းများကို စနစ်တကျ အများအပြား ထောင်ထားခဲ့သောကြောင့် ပြည်သူများ ထိခိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့် စစ်သားများ ဝင် ရောက်ခဲ့သည့် နေရာများကို တော်လှန်ရေး တပ်ပေါင်းစုများက နယ်မြေ ရှင်းလင်း ဆောင်ရွက်မှုများ ပြုလုပ်ပြီးမှသာ ပြန်လည် ဝင်ရောက်ကြပါရန်နှင့် သံသယဖြစ်စရာ တစ်စုံတစ်ရာတွေ့ပါက သက်ဆိုင်ရာ အဖွဲ့စည်းများထံ ချက်ခြင်းလာရောက်တင်ပြကြရန် ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းက ထုတ်ပြန် ထားသည်။"]
https://yktnews.com/2025/05/214417/
ဝက်လက်နှင့် ရွှေဘိုရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ
["ဝက်လက်နှင့် ရွှေဘိုရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၁၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ စခန်းသာကျေးရွာနှင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းရှိ ငါးပိအိုးရွာကို တံတားဦးလေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ J-Frighter ၁ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စခန်းသာရွာမှ အသက် ၂၀ ကျော်အရွယ် ကိုအောင်လှိုင်ဝင်းနှင့် အသက် ၃၅ နှစ်အရွယ် ဒေါ်ယဉ်ယဉ် တို့ ပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသည့် နွား ၂ ကောင်လည်း သေဆုံးပြီး နေအိမ် တချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။", "“သေဆုံးသူ ၂ ဦးက အမျိုးသား အသက် ၂၀ ကျော် အရွယ်နဲ့ အမျိုးသားက အသက် ၃၅ နှစ်အရွယ်တွေလို့ သိရပါတယ်။ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာ သေဆုံးသူ ၂ ဦးလုံးက စခန်းသားရွာကပါ” ဟု Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။"]
https://yktnews.com/2023/08/116841/
ဝက်လက်နှင့်စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မိသားစုများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများထောက်ပံ့လှူဒါန်း
["ဝက်လက်နှင့်စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် မိသားစုများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဩဂုတ် ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့ နယ်အတွင်းရှိ စစ်ဘေးရှောင် မီးဘေးသင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က ဝက်လက်မြို့နယ်အတွင်းရှိကျေးရွာအချို့နှင့် စဉ့်ကူးမြို့နယ်၊ ကြက်တူးရွေးကျေးရွာ၊ မြစ် ကမ်းကြီးကျေးရွာ၊ တမာကုန်းကျေးရွာ၊ ဟင်္သာရွာမကျေးရွာ၊ ပိတောက်ကုန်းကျေး စသည့်ကျေးရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် စစ် ဘေးရှောင်မိသားစု ၄၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှု နှင့်လိုအပ်သော ဆေးဝါးများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။", "အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို CDM ကျန်း မာရေးဆရာမများ၊ ဆရာဝန်များမှ စစ်ဆေးပေးခဲ့ခြင်းဖြစ်ပြီး ပြည်ပမှ အလှူများ၏ ထောက်ပံ့ကူညီမှုဖြင့် ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ ဦးဆောင်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/11/193229/
ဝက်လက်မြို့ ရဲစခန်း၊ စစ်တပ်ဂိတ်နှင့် ယင်းမာပင်မြို့ပေါ်ရှိ စုပေါင်းရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["ဝက်လက်မြို့ ရဲစခန်း၊ စစ်တပ်ဂိတ်နှင့် ယင်းမာပင်မြို့ပေါ်ရှိ စုပေါင်းရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊နိုဝင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ ရဲစခန်းနှင့် စစ်တပ်ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဝက်လက်မြို့ ရဲစခန်း နှင့် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးနှင့် ၈၁ မမ ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စခန်းထဲကခွေးတွေတော့ ထိခိုက်မှုရှိနိုင်တယ်။ လက်နက်ငယ် တော်တော်လေးပြန်ပစ်တယ်။ စစ်ခွေးသေဆုံးမှု စာရင်းတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ဇာမဏီဒရုန်းတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ် မြို့နယ် ပကဖ ဒရုန်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စုပေါင်းရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း National People Defence Force-Yinmarbin-NPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထိသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စုပေါင်းရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "“စစ်ခွေး အထိအခိုက် အကျအဆုံး မသိရသေးဘူး။ ဗုံးသီး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့တာ” ဟု National People Defence Force-Yinmarbin-NPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် Drone တပ်ဖွဲ့၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၇၊ National People Defence Force-Yinmarbin (NPDF) ၊ SBDF ၊ တောသားကြီး ၊ အာဠာဝက Local PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/105736/
ဝက်လက်မြို့တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးခန့်သေဆုံး၊ ကျိုက်ထိုတွင် အသုဘအိမ်၌ ဖဲလာရိုက်သည့် စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်
["ဝက်လက်မြို့တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးခန့်သေဆုံး၊ ကျိုက်ထိုတွင် အသုဘအိမ်၌ ဖဲလာရိုက်သည့် စစ်သားများ လိုက်ပါလာသော ကားကို မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "မေလ၃၀ ရက်နေ့တွင် ကျောက်မြောင်းမြို့နယ်မှ ထွက်လာသော အင်အား ၆၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ဝက်လက်မြို့နယ် ထနောင်းသာ ကျေးရွာသို့ရောက်ရှိလာကြောင်း၊ ထနောင်းသာ ကျေးရွာ ဘုန်းကြီးကျောင်းမှ မွန်းလွဲ ၂ နာရီခန့်တွင် စစ်တပ် စစ်ကြောင်း ထွက်ခွာလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ အစေခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ တပ်ခွဲ ၄ နတ်တောင်တပ်ခွဲ၊ Black Wolf PDF အဖွဲ့၊ ရွှေဘို ခရိုင်တပ်ရင်း ၂၃ ၊ ရွှေဘိုကျားကြီး တိုက်နယ် ပကဖနှင့် ရွှေဘို ဓူဝံ LDF တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် Drone များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ မြသိန်းတန်ဘုရားအရှေ့ဘက် အသုဘအိမ်တွင် ဇွန်လ ၁ ရက်နေ့ ညပိုင်း၌ ဖဲလာရိုက်သည့် အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၀ မှ တစ်ပွင့်ဗိုလ် တင်မောင်အေးနှင့် တပ်ကြပ်ကြီးအပါအဝင် ၃ ဦးကို စီးလာသည့် ကားကို ၎င်းတို့ ဖဲရိုက်နေစဉ် မိုင်းဆင်ထားပြီး ၎င်းတို့ ပြန်ချိန်တွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Soul Takers – Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“ သေ မသေ မသိရသေးဘူး။ ကျွန်တော်တို့ အမြန်ပြန်ဆုတ်လာတာဆိုတော့လေ။ သတင်းရထားလို့ သူတို့အထဲဝင်နေတုန်း ကားမှာ ဆင်ပြီး စောင့် ခွဲချလိုက်တာမျိုး ခင်ဗျာ။ သူတို့တက်လာချိန် စောင့်ပြီးတော့ ခင်ဗျာ” ဟု Soul Takers – Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "စစ်ကောင်စီဘက်မှ မီးလောင်ပျက်စီးသွားသည့် ကားကို ညတွင်းချင်းဆွဲထုတ်သွားပြီး ပတ်ဝန်းကျင်ရှိ ပြည်သူများကို ကားဝါယာရှော့ဟု ပြောဆိုရန် ခြိမ်းခြောက်ထားကြောင်း၊ အခြေအနေအရ မိုင်းဖောက်ခွဲချိန်တွင် ကားပေါ်လာလာသည့် လက်နက်များ ပျက်စီးသွားခဲ့ပြီး ထိခိုက်မှုကို အတည်မပြုနိုင်သေးကြောင်း Soul Takers – Yangon Underground Force မှ သိရှိရသည်။", "“ ကားဝါယာရှော့ဖြစ်တယ်ဆိုပြီး သူတို့ကားကို ချက်ချင်း လာဆွဲသိမ်းသွားတာ။ အဲဒီ အနီးအနားက ပြည်သူတွေကို ဘာမှမပြောနဲ့ ကားဝါယာရှော့ပဲဆိုပြီး ပြောသွားကြတာပါခင်ဗျာ” ဟု Soul Takers – Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2023/06/109175/
ဝက်လက်မြို့တွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ယင်းမာပင်ရှိ စစ်တပ် ကင်းပုန်းဝပ်လေ့ရှိသော ပျူစောထီး နေအိမ်ကို မီးရှို့ဖျက်ဆီး
["ဝက်လက်မြို့တွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ယင်းမာပင်ရှိ စစ်တပ် ကင်းပုန်းဝပ်လေ့ရှိသော ပျူစောထီး နေအိမ်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၂၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Eagle Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် ခန့်တွင် ဝက်လက်မြို့မှ ထွက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သဖန်းကုန်းရွာနှင့် တကောင်းမင်းရွာ အကြားအရောက်တွင် အဆင်သင့် ထောင်ထားသော မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ပြီး စစ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း မိုင်းဆွဲ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အရပ်ခေါ် ဝက်သိုးချောင်းပေါ့၊ အဲနားကို ဆွဲတာ၊ ၄ ယောက်သေတာ မျက်လုံးနဲ့ကို မြင်လိုက်တာ၊ တစ် ပွိုင့်က၊ လွင့်စင်ကိုသွားတာ၊ ကျန်တဲ့ ၂ လုံးကလည်းထိတာက ထိတယ်၊ ပွိုင့်ဆွဲတဲ့ ရဲဘော်က ပြောမယ် ဆိုလို့ရှိရင် ဆွဲပြေးပြေးရတာ၊ ဘာဖြစ်လို့လဲ ဆိုရင် မြင်တော့ တောက်လျှောက်ပစ်တော့ ကိုယ်ဆွဲတဲ့မိုင်း ကို အသံပဲကြားလိုက်တာ၊ လှည့်ကို မကြည့်နိုင်ဘူး၊ ၄ ကောင်ကတော့ သေချာပေါက်သေတယ်” ဟု Eagle Guerrilla Force ဗိုလ်ကောက်ရိုး ရွှေဘို ခရိုင်အမှတ် ၁၅ တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်း ဝပ်လေ့ရှိသည့် ပျူစောထီး နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Fighter Brotherhood Guerrilla Army ထံမှ သိရသည်။", "ဇွန်လ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ဘန့်ဘွေးရွာမပျူစောထီးရွာ အနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းဝပ်လေ့ရှိသော ပျူစောထီး နေအိမ်ကို Fighter Brotherhood Guerrilla Armyနှင့် ညီနောင်မဟာမိတ်များဖြစ်ကြသော ဝင်္ကပါပြောက်ကျားတပ်ဖွဲ့ ၊ Black Team ခရိုင်ရင်း၂၇ တပ်ခွဲ ၄ နှင့် Infinite Revolution Force (IRF) ခရိုင်ရင်း ၃၂ တပ်ခွဲ ၁ တို့က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/182349/
ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
["ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixedwings ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ် အထိုင်စခန်းထဲကို ဗုံးသီး ၄ လုံးကျရောက် ပေါက်ကွဲခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း စခန်းအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အဲတိုက်ခိုက်မှုက စစ်ခွေး ၃ ကောင်သေတယ်။ ၄ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့ ၊ ဇာမဏီနဂါး တပ်ဖွဲ့ ၊ ဥပဒေ မီးတောက် တပ်ဖွဲ့နှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/87109/
ဝက်လက်မြို့နယ် ဒေသခံ ပြည်သူများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ဝက်လက်မြို့နယ် ဒေသခံ ပြည်သူများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီနှင့် ဒေသခံပြည်သူများ ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114487/
ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၈ မှ စစ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်
["ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၈ မှ စစ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်", "ရန်ကုန်၊ ဇူလိုင် ၂၃", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၈ မှ စစ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်လာကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။", "ဇွန်လ ၂၅ ရက်နေ့က ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးလျက်ရှိသော အကြမ်းဖက် စစ်တပ်၏ စကခ ၁၀ လက်အောက်ခံ ဖောင်းပြင်မြို့ အခြေစိုက် ခမရ ၃၆၈ မှ တပ်သား ၃ ဦးသည် လက်နက်များနှင့် တကွ CDM ပြုလုပ်လာကြောင်း သိရသည်။", "ပြည်သူ့ရင်ခွင်ဝက်လက်သို့ ခိုလှုံရောက်ရှိလာသူများ၏ တပ်ရင်းမှူးမှာ ဒုဗိုလ်မှူးကြီး မျိုးချစ် ဟု သိရှိရပြီး စစ်ကြောင်းမှူးမှာ ဗိုလ်ကောင်းထက်ဇော် ဟု သိရှိရကာ အဆိုပါ အရာရှိ ၂ ဦး၏ မိသားစုနောက်ကြောင်းကို တော်လှန်ရေးရဲဘော် အချင်းချင်း ချိတ်ဆက်ဖော်ထုတ်လျက်ရှိကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်ထံမှ သိရှိရသည်။", "ဝက်လက်မြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော အကြမ်းဖက် စစ်တပ်အဖွဲ့ဝင်၊ ရဲတပ်ဖွဲ့နှင့် ဆက်စပ်တပ်ဖွဲ့များ အတွင်းရှိ တပ်ဖွဲ့ဝင်များ၊ ပြည်သူကိုမျက်နှာမူပြီး အမှန်တရားကို ချစ်မြတ်နိုး၍ ဓမ္မကိုလိုလားသော်လည်း အခြေနေမပေး၍ ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်ရန် ခက်ခဲသည့် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ဝက်လက်မြို့နယ်ပြည်သူ့ရင်ခွင်အနေဖြင့် ကြေငြာချက်အမှတ် (၁)၊ (၂)၊ (၃) တို့ကို သီးခြားစီထုတ်ပြန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာသူအများအပြားအား နွေးထွေးစွာ လက်ခံခဲ့ပြီး မိသားစုဝင်များပါ ကာကွယ်စောင့်ရှောက်ပေးလျက် ရှိကြောင်း သိရှိရသည်။", "ထို့ပြင် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသူအများစုသည် စစ်အာဏာရှင်နှင့် အပေါင်းအပါများကို ပြည်သူလူထုနှင့် အတူ လက်တွဲ၍ တိုက်ခိုက်ရေးကိစ္စ၊ ရဲလုပ်ငန်းကိစ္စ၊ PDF တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခြင်း ကိစ္စများတွင် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။", "ပြည်သူ့ ရင်ခွင်-ဝက်လက်သည် မြန်မာတစ်နိုင်ငံလုံးရှိ CDM ပြုလုပ်လိုသူ တပ်ဖွဲ့ဝင်တိုင်းကို နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်ကြောင်း၊ ရောက်ရှိရာ မြို့နယ်တိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပြီး အန္တရာယ်ကင်းရှင်းရန် အထူးဂရုစိုက် ကယ်ထုတ်ပေးမည် ဖြစ်ကြောင်း ပြည်သူ့ရင်ခွင်-ဝက်လက်မှ တာဝန်ရှိသူမှ ပြောကြားသည်။", "ထို့ပြင် လက်နက်နှင့်အတူ CDM ပြုလုပ်လာသူတိုင်းအား ထိုက်ထိုက်တန်တန်ဆုငွေချီးမြှင့်ပေးလျက် ရှိပြီး ပြည်သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင်သို့ ရောက်ရှိအကူညီတောင်းခံလာပါက သက်ဆိုင်ရာ ရပ်ကျေး (ပကဖ)၊ (ပအဖ) အဖွဲ့ဝင်များကို အကြောင်းကြား၍ လိုအပ်သလို ကူညီ‌ဆောင်ရွက်ပေးကြပါရန်လည်း ဝက်လက်မြို့နယ်ပြည်သူ့ရင်ခွင် မှ မေတ္တာရပ်ခံ အပ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/212692/
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Servant Revolution – Wetlet မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဝက်လက်မြို့ စောင့်တပ်ကမှ ပြည်သူ့စစ် ၁ ဦးသည် AK သေနတ် ၁ လက် နှင့် ကာဘိုင် သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ အကူစစ်ကြောင်းသည် ရှိမ်းမကား ရဲစခန်းကို ရောက်လာပြီးနောက် စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-1 သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "ယင်းနောက် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဝက်လက်မြို့တွင်းသို့ ရောက်ရှိနေသည့် ဒတရ ၆၁၀ မှ စစ်ကောင်စီ တပ်သား ၁ ဦး သည် MA-1 သေနတ် ၁ လက် ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နလခ မှ ဝက်လက်မြို့တွင်း တာဝန်ကျနေသော စစ်ကောင်စီ တပ်သား ၂ ဦးသည် MA-11 နှင့် MA-2 သေနတ်များ ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "“စုစုပေါင်း အလင်းဝင်လာတာက ၆ ဦးပေါ့။ သူတို့ဘက်က ချိတ်ဆက်တဲ့အခါ ကျနော်တို့ အနေနဲ့ သွားရောက် ခေါ်ထုတ်ပေးရတာမျိုးလည်းရှိတယ်။ ဆုကြေးငွေ‌ချီးမြှင့်တာကတော့ ကျနော်တို့ စစ်ဒေသ ညွှန်ကြားချက်နဲ့ အညီ လုပ်ဆောင်ပေးရတာမျိုးရှိတယ်” ဟု People’s Servant Revolution – Wetlet မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/119595/
ဝက်လက်မြို့နယ်တွင် စစ်ကြောင်းများ​ကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေ
["ဝက်လက်မြို့နယ်တွင် စစ်ကြောင်းများ​ကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေ", "ရန်ကုန်၊ သြဂုတ် ၂၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်ကြောင်းများ​ကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ် လူထု သပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။", "သြဂုတ်လအတွင်း ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မီးရထား သံလမ်း ပြုပြင်ခြင်းများကြောင့် ဒေသပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် သုံးဆင့်ကန်၊ ထန်းကြီး၊ ပေါက်ကန်ဘူတာ၊ ပေါက်ကန်၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ပဒူနှင့် ညောင်ပင်ကြီးတော စသည့် ကျေးရွာ ၉ ရွာက ပြည်သူ ၁၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေရကြောင်း သိရသည်။", "စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် လယ်ကွင်းများအတွင်း တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121660/
ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး
["ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း နတ်တောင်နဂါး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ထုံးဘိုကုန်းရွာနှင့် ရှားကွဲရွားအကြားတွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၆ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိတွေ့ တိုက်ပွဲသည် ၂၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်ခြင်း​ကြောင့် လက်နက် အင်အား မမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သားများ ၁၃ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များ ပေးပို့မှုအရ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် တိုက်ပွဲ ကြေညာခြင်းနောက်ကြရခြင်းသည် နယ်မြေမငြိမ်းချမ်းခြင်းများ နှင့် နယ်မြေ ရှင်းလင်းနေရမှုကြောင့် ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ နယ်မြေခံ ပကဖ ၊ Local PDF များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94897/
ဝက်လက်မြို့နယ်တွင် စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့သည့် သမ္မာရိုးရွာမှ ပြည်သူ ၁၂၀၀ ကျော်အတွက် စားနိပ် ရိက္ခာများ လိုအပ်နေ
["ဝက်လက်မြို့နယ်တွင် စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့သည့် သမ္မာရိုးရွာမှ ပြည်သူ ၁၂၀၀ ကျော်အတွက် စားနိပ် ရိက္ခာများ လိုအပ်နေ", "ရန်ကုန်၊ မတ် ၃၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ မီးရှို့ ဖျက်ဆီး မှုကြောင့် နေအိမ် ၃၀၀ ကျော် ပြာကျခဲ့သည့် သမ္မာရိုးရွာမှ ပြည်သူ ၁၂၀၀ ကျော် အတွက် စားနိပ် ရိက္ခာများ လိုအပ်လျက်ရှိကြောင်း တမာရင်ခွင် လူမှုကူ ညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။", "မတ်လ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ သမ္မာရိုးရွာကို အကြမ်းဖက် စစ်တပ် က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၀၀ ကျော်နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ပြာကျခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူ ၁၂၀၀ ကျော်သည် လက်ရှိချိန်တွင် စားနိပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။", "“၂၈ ရက်နေ့က သမ္မာရိုးကျေးရွာမှာရှိတဲ့ မီးဘေးသင့် ပြည်သူ ၁၂၀၀ ကျော်ကို ကျွန်တော်တို့ အဖွဲ့က စာနိပ်ရိက္ခာအတွက် ငွေကြေး ၇၂၅၀၀၀ ကျပ်တိတိကို သွားရောက်ကူညီခဲ့တယ်။ အဲက ပြည်သူတွေက အခုချိန်ထိ ကျွန်တော်တို့ အဖွဲ့ ကူညီတာ တစ်ခုပဲရှိသေးတယ်။ စားနိပ်ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်” ဟု တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ဝက်လက်မြို့နယ်အတွင်းတွင် စစ်တပ်က ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ စစ်ကြောင်းများခွဲကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113254/
ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ တုပ်ကွေး ရောဂါဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ
["ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ တုပ်ကွေး ရောဂါဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ", "ရန်ကုန်၊ ဇူလိုင် ၁၆", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ တုပ်ကွေး ရောဂါဖြစ်ပွားနေပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း ဝက်လက်မြို့နယ်လူထု သပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီထံမှ သိရသည်။", "ဇူလိုင်လအတွင်း ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဒေသပြည်သူများသည် မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရသောကြောင့် ကလေး၊ လူကြီး အားလုံး တုပ်ကွေးမိကာ ဖျားနာလျက်ရှိကြောင်း သိရှိရသည်။", "ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဝက်လက်မြို့နယ် သုံးဆင့်ကန်အနီးရှိ ကျေးရွာ မီးရှို့ဖျက်ဆီးခံရသော စစ်ရှောင်ပြည်သူ ၅၂ ဦးကို ဝက်လက်မြို့နယ် လူထုသပိတ် တိုက်ပွဲဦးဆောင် ကော်မတီက ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် တုပ်ကွေးရောဂါ ခံစားနေရသော ပြည်သူများကို ကုသပေးရန် ဆေးဝါး အလုံအလောက်မရှိကြောင်း၊ ထို့ပြင် ရိက္ခာ၊ အမိုးအကာနှင့် အခြေခံလိုအပ်ချက်များ ရှိနေသည့်အတွက် ပြည်သူများ အနေဖြင့် အကူညီ လှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဝက်လက်မြို့နယ်လူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/03/149776/
ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ အဖျားရောဂါခံစားနေရပြီး ဆေးဝါးများ အရေးပေါ် လိုအပ်နေ
["ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ အဖျားရောဂါခံစားနေရပြီး ဆေးဝါးများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ မတ် ၁၀", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ အဖျားရောဂါ ခံစားနေရပြီး ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ရွှေဘိုမြို့နယ် လွတ် လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာ သို့ပြောဆိုသည်။", "မတ်လ၈ ရက်နေ့နှင့် မတ်လ ၉ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေရပ်ပြန်ရန် နေအိမ်မရှိတော့သော ကျေးရွာ ၄ ရွာမှ ပြည်သူများကို ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ သွားရောက် ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "သဲဘုတ်ကြီးရွာ၊ ရှိမ်းမကားရွာ၊ ရွာသစ်ရွာနှင့် အင်ဒေါင်းရွာမှ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သောနေရာများကို CDM ကျန်းမာရေးဆရာ၊ ဆရာမ များက သွားရောက် ကုသမှု ပြုလုပ်ပေးခဲ့ပြီး ပြည်သူ အများအပြားသည် အဖျားရောဂါ ခံစားနေရကာ ဆေးဝါး မလုံလောက်သောကြောင့် အရေးပေါ် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "” ၈ ရက်နေ့က လူ ၁၈၀ ကျော် ၉ ရက်နေ့က ၂၀၀ ကျော် ကုသပေးခဲ့တာပါ။ နောက်ထပ်လည်း ကုသဖို့ရှိပါတယ်။ ဆေးဝါးတွေ ပြတ်ထွက်သွားလို့ မနိုင်တော့လို့ ရပ်လိုက်ရတာပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ နာတာရှည်တွေ ကလေတွေ ဖျားနာတာတွေကို ကုသပေးခဲ့တာပါ။ တချို့က အားနည်းတာ အချို့က အကြောဆေးသွင်းရတာတွေ ဖျားနာတာတွေရှိပါတယ်။ ဖျားတာတွေများတယ်။ နေပူထဲနေကြရတော့ အပူရှပ်ကြတာ စစ်ရှောင်တွေက အိမ်တွေမရှိ မီးရှို့ခံရတော့ တောထဲတွေ ဘုန်းကြီးကျောင်းတွေ မြစ်ကမ်းဘေးတွေမှာ တဲထိုးနေရတယ်” ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ဆီးချိုသွေးချို၊ သွေးတိုး၊ ရောဂါများလည်း ပါဝင်ပြီး အနာကြီးရောဂါ ခံစားနေရသူမျးလည်း ရှိကြောင်း၊ စစ်ရှောင် ပြည်သူ အရေအတွက် များပြားခြင်းကြောင့် ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့၏ ရန်ပုံငွေဖြင့် မလုံလောက်သောကြောင့် ပြည်တွင်း ပြည်ပမှ အလှူရှင်များ အနေဖြင့် ဆေးဝါးများ အရေးပေါ် လှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/04/157079/
ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကို ကျန်မာရေးစောင့်ရှောက်မှုပေး
["ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကို ကျန်မာရေးစောင့်ရှောက်မှုပေး", "ရန်ကုန်၊ဧပြီ ၁၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများထဲမှ Leprosy ရောဂါ ဖြစ်ပွားနေသည့် အဘိုးနှစ်ဦး ၊ အဘွားတစ်ဦး စုစုပေါင်း ၃ ဦးတို့ကို ၁ လစာဆေးဝါးများနှင့် မုန့်၊ ပိုက်ဆံ ၁၀,၀၀၀ ကျပ်တို့ကို ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့က ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့တွင်သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/151891/
ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာများလှူဒါန်း
["ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာများလှူဒါန်း", "ရန်ကုန်၊မတ် ၂၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက စစ်ဘေးရှောင်ပြည်သူများအတွက် မိုးကာများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2023/03/91328/
ဝက်လက်မြို့နယ်တွင် စစ်ဘေးသင့် ပြည်သူများအတွက် စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ဝက်လက်မြို့နယ်တွင် စစ်ဘေးသင့် ပြည်သူများအတွက် စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မတ် ၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ပြည်သူများကို တမာရင်ခွင် လူမှုကူညီရေးအသင်းက စား သောက်ကုန် ပစ္စည်းများ လှူဒါန်းသည်။", "စစ်ဘေးသင့် မိသားစု ၅၆ စုအ​တွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ လက်ဖက် (ရှူးရှဲ)နှင့် ကြက်သွန်နီများကို တမာရင်ခွင် လူမှုကူညီရေးအသင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/211802/
ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး
["ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပြည်သူများ လိုက်ပါလာသော စက်လှေ ၁ စီးကို စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်အချိန် ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာမှ အကြမ်းဖက် စစ်တပ်က ဝေလ်မာသကြားသံခွန်ကို သေနတ်ပစ်ဖောက်၍ ကမ်းကပ်ခိုင်းစဉ် သံခွန်အနီး ကပ်ပါလာသော စက်လှေ ၁ စီးကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် မော်တော်တွင် လိုက်ပါလာသော မတ္တရာမြို့နယ်၊ ရှင်လှကျေးရွာမှ အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးကာ အသက် ၂၇ နှစ် အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“သကြားသံခွန်ကို စစ်ခွေးတွေက သေနတ်ပစ်ခတ်ဖောက်ပြီး တားတာကနေ သံခွန်နဲ့ ကပ်ပါလာတဲ့ မော်တော်ကို ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးတယ်” ဟု ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/107590/
ဝက်လက်မြို့နယ်တွင် အခြေခံပညာ ကျောင်းသားများ သမဂ္ဂထပ်မံ ဖွဲ့စည်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
["ဝက်လက်မြို့နယ်တွင် အခြေခံပညာ ကျောင်းသားများ သမဂ္ဂထပ်မံ ဖွဲ့စည်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဇွန် ၁၄", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဗ.က.သ များ အဖွဲ့ချုပ်မှ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်) ထပ်မံဖွဲ့စည်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လှုပ်ရှားမှုကို ဝက်လက်မြို့နယ် အတွင်းရှိ ကြားကာလ ပညာရေး ကျောင်းတစ်ကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲပြုလုပ်ကာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ ကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/138016/
ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး
["ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီး ပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီး ပျူရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများကို မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်ဖြင့် ဗုံးသီး ၃ လုံး၊ ညနေ ၄ နာရီခွဲခန့်တွင် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစော ထီးများက ၆၀ မမ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "“ရွာကလမ်းဘေးမှာဆိုတော့ ဗုံးကျကွဲပြီး နှစ်ယောက်တော့ သွေးတွေ ဒလဟောထွက်ပြီး ဆွဲသွား တာကို မြင်တယ်လို့ ကင်းထောက်တွေဆီက သိရတယ်၊ ပြန်ပစ်တာက ၆၀ မမ ၂ လုံးပါ၊ ကျနော်တို့ ဆီမရောက်ဘူး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာလဲရှိတယ်၊” ဟု Ngwe Dwin Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Ngwe Dwin Revolution Force ၊ MRTF ၊ MMU ၊ ကျားညီနောင် LPDF နှင့် ရွာသာကြီးတိုက်နယ်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီးရှိ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းမှ အရာရှိတိုက်ခန်းနှင့် လိုင်းခန်းများကို ဒရုန်းလေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းအဖွဲ့မှ ကိုတာတေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာ ၂၉ရက်နေ့ မွန်းတည့် ၁၂နာရီအချိန် အုန်းတောရွာအနီးတွင် ပြည်သူပိုင် နေအိမ်များနှင့်ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်လေ့ရှိသော အမှတ် ၆၀၀၅ တင့်ကား တပ်ရင်း အတွင်းရှိ အရာရှိတိုက်ခန်းများနှင့် လိုင်းခန်းများပေါ်သို့ ဒရုန်းလေယာဉ်များဖြင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ချိန်အတွင်း စစ်တပ်က တန်ပြန်ပစ်ခတ်မှုများရှိသော်လည်း မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "အဆိုပါ စစ်ဆင်ရေးကို နယ်စည်းမခြား စစ်ကိုင်းသား အဖွဲ့၊တောတွင်း တွတ်ပီအဖွဲ့၊မန္တ‌လေးခရိုင် အမှတ် ၅ တပ်ရင်း၊ တပ်ခွဲ ၄၊ အညာညီနောင် တပ်‌ပေါင်းစုတို့က ပူပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။"]
https://yktnews.com/2024/06/170467/
ဝက်လက်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၈ ခုအထိ ရှိလာ
["ဝက်လက်မြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၈ ခုအထိ ရှိလာ", "ရန်ကုန်၊ ဇွန် ၂၈", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ သံဃာတော်များက ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မှု စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။", "ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ကို ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံ ဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဇွန်လ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့မှ သံဃာ တော်များ ပူးပေါင်းခဲ့ကာ ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် မုံရွာမြို့နယ်နှင့် မြိုင်မြို့နယ်တို့မှ သံဃာတော်များပါ ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၂၈ ရက်နေ့တွင် ဝက်လက်မြို့နယ်မှ သံဃာတော်များကပါပူးပေါင်းပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာ တော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/05/214173/
ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ယနေ့ နံနက် အစောပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရ
["ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ယနေ့ နံနက် အစောပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၁၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် အစောပိုင်းမှ စတင်၍ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း မိန်းကလေးငယ် ၁ ဦး ဦးခေါင်းကို ထိခိုက် ဒဏ်ရာရရှိကာ အသက် အန္တရာယ် စိုးရိမ်ရပြီး လက်ရှိချိန်တွင် ဆေးခန်း၌ ကုသမှု ခံယူနေရကြောင်း သိရသည်။", "အလားတူ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဝက်လက်မြို့နယ် ၊သစ်စိမ့်ကျေးရွာကို တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၃၀၀ ဗုံးသီး ၁ လုံး အကြောင်းမဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နံနက် ၁၁ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ မဲတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတက်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီး ၂ လုံး အကြောင်းမဲ့ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ရွှေပန်းကုံးရွာက မိန်းကလေးငယ် ၁ ဦး ဦးခေါင်း ဒဏ်ရာရပါတယ်။ စိုးရိမ်ရတယ် အခုတော့ ဆေးခန်းမှာ ကုသနေပါတယ်။ သစ်စိမ့်ရွာကလည်း ပြည်သူ ၂ ဦး ဒဏ်ရာရ မစိုးရိမ်ရဘူးလို့သိရတယ်။ ဒီနေ့ တစ်ရက်တည်း ဗုံးကျဲ တိုက်ခိုက်ခံရတာ ကျေးရွာ ၃ ရွာရှိသွားပြီ မဲတောကုန်းရွာကတော့ ပြည်သူ ၆ ဦးလည်း ထိခိုက် ဒဏ်ရာရရှိတယ်လို့ သိရတယ်” ဟု နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ – ဝက်လက်မြို့နယ်၊ ရွှေပန်းကုံး ကျေးရွာကို အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို တွေ့ရှိရစဉ်။"]
https://yktnews.com/2024/03/149360/
ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးကုသမှုပေး
["ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ စစ်ဘေးရှောင်ပြည်သူများကို ဆေးဝါးကုသမှုပေး", "ရန်ကုန်၊ မတ် ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာ၊ သဲဘုတ်ကြီးကျေးရွာ၊ ရွာသစ်ကျေးရွာတို့မှ စစ်ဘေးရှောင်နေရသည့် အသက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိူးသမီးများနှင့် ကလေးသူငယ် များကို CDM ကျန်းမာရေး ဆရာဝန်းများက ဆေးဝါးကုသပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2023/03/91899/
ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၆ ဦးကို သတ်ဖြတ်၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀၀ ကျော်ပြာကျ
["ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၆ ဦးကို သတ်ဖြတ်၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀၀ ကျော်ပြာကျ", "ရန်ကုန်၊ မတ် ၁၂", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ် တပ်က ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၀ ကျော်ပြာခဲ့ကြောင်း တမာရင်ခွင် လူမှုကူညီရေး အသင်းက တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ဝက် လက်မြို့နယ်အတွင်းရှိ မုဆိုးခြုံဘူတာရွာ၊ တည်တောရွာ၊ ဘိုတဲရွာ၊ အောင်ချမ်းသာရွာ၊ ကျီးကန်းတောင်ရွာ၊ ကျီးကန်းမြောက်ရွာ၊ စိုင်နိုင်ကြီးရွာ၊ စိုင်နိုင်လေးရွာနှင့် ဘုန်းဘွဲ့ရွာ တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုဆိုးခြုံဘူတာရွာသား ၁ ဦး၊ ဘိုတဲရွာက အဖွားအို ၁ ဦးနှင့် ကျီးကန်း တောင်/မြောက် ကျေးရွာသား ၄ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေ မီးရှို့သွားတဲ့ရွာတွေက ပြည်သူတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်။ ကျွန်တော်တို့ အညာရင်ခွင် လူမှုရေးအသင်းကတော့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေးနဲ့ ဘုန်းဘွဲ့ ရွာတွေကိုတော့ လှူတန်းပြီးပြီ တခြားရွာတွေလည်း လှူတန်းဖို့ လိုအပ်နေသေးတယ်။ အလှူရှင်တွေ အနေနဲ့လည်း အညာရင်ခွင် လူမှုရေး အသင်း facebook page ကို ဆက်သွယ်လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု တမာရင်ခွင် လူမှုကူညီရေး အသင်းက တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/08/118397/
ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်၊ ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံး
["ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်၊ ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံး", "ရန်ကုန်၊ သြဂုတ် ၁၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်​ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၂ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပယ်သကြီးရွာနှင့် ထန်းကြီးရွာတွင် တပ်စွဲထားပြီး ပယ်သကြီးရွာသား အသက် ၃၀ အရွယ် မသန်စွမ်း အမျိုးသား ၁ ဦးကို သေနတ်နှင့် ဦးခေါင်းကို ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦးမှာလည်း နှလုံးရပ်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထန်းကြီးရွာသား ပြည်သူ ၂ ဦးကိုလည်း ပစ်သတ်ကာ စိတ်မနှံ့သည့် အမျိုးသမီး ၁ ဦးကိုလည်း သေနတ်ဒင်ဖြင့် ဦးခေါင်းကို ရိုက်နှိပ်ခဲ့​ပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။", "“ပယ်သကြီးရွာက အသက် ၃၀ အရွယ် ပိုလီရိုသမားလေးကို ခေါင်းကို သေနတ်နဲ့ နားထင်တေ့ပစ်သွားတယ်။ နောက်တစ်ခါ အသက် ၅၀ အရွယ်အမျိုးသားဗျ သူကတော့ နှလုံးရပ်ပြီး သေသွားတယ်”ဟု Wetlet Informational Network မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/09/121120/
ဝက်လက်မြို့နယ်ရှိ စခန်းသာရွာကို စစ်တပ်က မီးတင်ရှို့နေ၊ စစ်ဘေးရှောင် ပြည်သူ ၁ ဦး စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး စိုးရိမ်ရ
["ဝက်လက်မြို့နယ်ရှိ စခန်းသာရွာကို စစ်တပ်က မီးတင်ရှို့နေ၊ စစ်ဘေးရှောင် ပြည်သူ ၁ ဦး စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး စိုးရိမ်ရ", "ရန်ကုန်၊ စက်တင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စခန်းသာရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စခန်းသာရွာကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ယမန်နေ့က ရွာသစ်ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော ဂွေးကုန်း၊ မောင်းတက် ဘက်မှ လာသော ခမရ ၁၂ တပ်ရင်းမှ စစ်သားများဖြစ်ကြောင်း သိရသည်။", "” ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်း အရှေ့ဘက်က စခန်းသာရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ မနေ့က ရွာသစ်ကုန်းရွာကို မီးရှို့ခဲ့တဲ့ ဂွေးကုန်း မောင်းတက် ဘက်က စစ်ကြောင်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရွာသစ်ကုန်းကျေးရွာအတွင်း ဝင်ရောက်လာစဥ် ထွက်ပြေးတိမ်းရှောင်သည့် အသက်၁၉ နှစ် အရွယ် အမျိုးသမီးငယ် ၁ ဦး စစ်တပ်က ထောင်ထားသည်းမိုင်းနင်းမိပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။"]
https://yktnews.com/2023/09/120989/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေး", "ရန်ကုန်၊ စက်တင်ဘာ ၄", "ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဝက်လက်မြို့နယ် သပိတ်ကော်မတီအဖွဲ့က ဦးဆောင်ကာ ယနေ့ ဆေးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်ထိ နယ်မြေလုံခြုံမှု မရှိသောကြောင့် တောထဲနှင့် နီးစပ်ရာ ရွာများတွင် တိမ်းရှောင်နေရသည်မှာ ၁ လ ကျော်ကြာမြင့်ပြီဖြစ်သောကြောင့် အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါးတချို့ လိုအပ်လျက်ရှိပြီး ဝိုင်းဝန်းလှူဒါန်းပေးရန် ဝက်လက်မြို့နယ် သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/115286/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၂၈", "ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) တို့မှ ဓာတ်ဘူး၊ စတီးချိုင့် ၊မျက်နှာသုတ် ပုဝါ၊ လျက်ဆားဘူး ၊ ငါးပိဘူး စသော စားနက်ရိက္ခာများနှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/104566/
ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မေ ၂၆", "ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၇၀ စာအတွက် ဆန်၊ ဆီ၊ ဆား၊ ငါးခြောက်၊ ကြက်သွန်နှင့် အသားတု တို့ကို တမာရင်ခွင် လူမှုကူညီရေး အသင်းက ယနေ့ မေလ ၂၆ ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း အတွင်းရှိ မီးဘေးသင့်၊ စစ်ဘေးရှောင် ပြည်သူများကို ကူညီပေးနိုင်ရန် တမာရင်ခွင် လူမှုကူညီရေး အသင်းကို အလှူရှင်များ အနေဖြင့် NUG Pay မှ တစ်ဆင့် ကူညီလှူဒါန်းပေးရန် မေတ္တရပ်ခံ​​ထားကြောင်း သိရှိရသည်။"]