url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/10/125718/
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၈", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "အောက်တိုဘာလ ၄ ရက် နံနက် ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးပူပေါင်းတပ်စွဲထား သည့် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ ပျူစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ မြေပြင် ချေမှုန်းရေးတပ်ဖွဲ့နှင့် ဝေဟင် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှလည်း မိုင်ခရို ဝိတ်တောင်ပေါ်စခန်းနှင့် ရေတပ်စစ်သင်္ဘောတို့မှ လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြုခဲ့ ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF ၊ နွေဦးပြောက်ကျားဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115424/
လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ အသက် ၆၄ နှစ်အရွယ် စစ်ဘေးရှောင် အဖွားအို တစ်ဦး နှလုံးရောဂါဖြင့် သေဆုံး
["လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ အသက် ၆၄ နှစ်အရွယ် စစ်ဘေးရှောင် အဖွားအို တစ်ဦး နှလုံးရောဂါဖြင့် သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ အသက် ၆၄ နှစ်အရွယ် စစ်ဘေးရှောင် အဖွားအို တစ်ဦး နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် အသက် ၆၄ နှစ်ရွယ် အဖွား ဒေါ်လှအင်သည် နှလုံးရောဂါဖောက်၍ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။", "အဖွားအို၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဇဟာသုဿာန်၌ မီးသင်္ဂြုလ်မည်ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်ရှိ ၎င်း၏ဆွေမျိုး နေအိမ်၌ နာရေးပြုလုပ်နေကြောင်း သိရှိရသည်။", "အဆိုပါ ခမောင်းတောင်ရွာမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဇူလိုင် ၁၂ ရက်က စတင်ကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137299/
လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီး အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး
["လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီး အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီး အရပ်ဝတ်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံး လောင်းလုံးမြို့နယ် ပြည် သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီခန့်က လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအနီးသို့ စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေက အရပ်ဝတ်တွေနဲ့ လာတာ အနီးကပ်ရောက်နေတာကို ကျွန်တော်တို့က ကျွန်တော်တို့ ရဲဘော်တွေပဲ ထင်နေတာ ရဲဘော် ၁ ဦးက သွားခေါ်နေသေးတယ်။ ဒီဘက် နေရာယူဖို့ ဟိုက ဗမာစကားပြောမှ စစ်ခွေးမှန်းသိရတာ အဲမှာ အနီးကပ်ပစ်ကြတာ သိမ်းဆည်းရတာတွေ မရရှိခဲ့ဘူး” ဟု လောင်းလုံးမြို့နယ် ပြည် သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်ပြဲကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ပြည်သူ့နေအိမ်အချို့မှ အဖိုးတန်ပစ္စည်းများနှင့် ဆိုင်ကယ် ၅ စီးကို ခိုးယူသွားကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF ၊ ထားဝယ်နဂါးတပ်ခွဲ ၁ ၊ တပ်ခွဲ ၅ နှင့် Guerilla Dawei တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129150/
လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
["လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ် အချိန်ခန့်တွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာရှိ တာဝါတိုင်အနီး စစ်စခန်းကုန်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲသည် ၃ နာရီ‌ကျော်ကြာမြင့်ခဲ့သည့် စီးနင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား အများအပြားလည်း ထိခိုက်ဒဏ်ရာခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း အနီးရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များ ကျည်ဆံမလုံလောက်သဖြင့် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ Dawei Defense Force (D.D.F) ၊ Dawei Defense Team(D.D.T) နှင့် Guerrilla Dawei တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135808/
လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွား
["လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွား", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွားကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃၀ ခန့်မှ ငွေသား သိန်း ၁၃၀ ကျော်၊ ရွှေ ၉ ကျပ်သား၊ ဆိုင်ကယ် ၆ စီးနှင့် ဘေးတွဲ ဆိုင်ကယ် ၁ စီး၊ ဖုန်းအလုံးရေ ၂၀ ကျော်ကို ဓားပြတိုက် ခိုးယူသွားကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ည ၁၁ နာရီကျော်ခန့်တွင် လောင်းလုံးမြို့ပေါ်မှ ကား ၅ စီးဖြင့် ဆင်းလာပြီး ညင်းမော်ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ည ၁၂ နာရီကျော်ခန့်တွင် လောင်းလုံးမြို့ပေါ်ကို ပြန်တက်သွားကြောင်း သိရှိရသည်။", "“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ စစ်ခွေးတွေက ရာဘာစေးခြစ်ဖို့သွားတဲ့ ပြည်သူတွေကိုတော့ လိုက်ပစ်တာတော့ရှိတယ်။ ထိတော့မထိဘူး အကုန်လုံးလွတ်သွားတယ်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/01/139194/
လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ အောက်ကြောက်ဝပ်ရွာရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ပြီး ဖြိုချဖျက်ဆီး
["လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ အောက်ကြောက်ဝပ်ရွာရှိ နေအိမ်များကိုလည်း စစ်တပ်က မီးရှို့ပြီး ဖြိုချဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု​ကြောင့် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၈ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့၌ အောက်ကြောက်ဝပ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ကာ ဖြိုချဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "” ညောပြင်ရွာကို စစ်ခွေးတွေ မီးရှို့တာ နေအိမ် ၁၀၀ လောက် ပြာကျ ပျက်စီးသွားတယ်။ အတိအကျတော့ မသိရသေးဘူး။ ဒီနေ့ မနက်လည်း အောက်ကြောက်ဝပ်ရွာကို ထွက်လာပြီး နေအိမ် ၁ လုံးကို မီးရှို့ထားတယ်။ ကျန်အိမ်တွေ ရိုက်ဖြိုနေတယ်လို့တော့ သိထားရတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ပါဝင်ပြီး ထပ်မံ အင်အားဖြည့်တင်းကာ ဆက်လက် စစ်ကြောင်းထိုးမည်ကို စိုးရိမ်နေကြောင်း ဒေသပြည်သူများထံမှ သိရသည်။"]
https://yktnews.com/2024/01/139079/
လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၈ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရဘဲကျေးရွာမှ ဖိုးဖိုးကျောက်ကမ်းခြေရောက်ရှိလာပြီး ညနေပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညောပြင်ရွာအတွင်း ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။", "” အဲစစ်ခွေး စစ်ကြောင်းက သကျက်တောရွာက နေအိမ် ၄ လုံးကို မီးရှို့ပြီး အောက်ဘက်ဆင်းလာတာ ရဘဲကျေးရွာကိုလည်း ပတ်မွှေပြီး ၁ ရက်နားကြတယ်။ ဒီနေ့ မနက်မှ ဖိုးဖိုးကျောက် ကမ်းခြေရောက်လာပြီး ညနေပိုင်းမှာ ရွာထဲ ဝင် မီးရှို့တော့တာပဲ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နိုင်လိုက်တယ်။ ထိခိုက်မှုမရှိဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ညောပြင်ရွာ အနီးအဝိုက်တွင် ရှိနေကြောင်း၊ ညောပြင်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၃ မတ်လ တုန်းကလည်းရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်များ ပြန်လည်တည်ဆောက်ထားသည်မှာ မကြာသေးကြောင်း သိရသည်။"]
https://yktnews.com/2024/02/143043/
လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို ဗုံးအလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရကာ ၁ ဦး ခြေထောက်ပြတ်
["လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို ဗုံးအလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်မှု စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရကာ ၁ ဦး ခြေထောက်ပြတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို ဗုံးသီး အလုံး ၄၀ ကျော်ဖြင့် ပစ်ခတ်ရာ အဆောက်အအုံ ၁ လုံး မီးလောင်ပြီး စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရကာ ၁ ဦး ခြေထောက်ပြတ်သွားကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မောင်းမကန် နယ်မြေရဲစခန်းကို ၈၁ မမ စိန်ပြောင်းဖြင့် ဗုံးသီး ၆ လုံး၊ ၄၀ မမ 79 ဗုံးသီး ၄၂ လုံးဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း မောင်းမကန်နယ်မြေရဲစခန်းအတွင်းရှိ အဆောက်အအုံ ၁ လုံး မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကာ ၁ ဦးမှာ ခြေထောက်ပြတ် ထွက်သွားကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "” ၇၉ မမ က ၄၂ လုံးနဲ့ ၈၁ မမ က ၆ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့တယ်။ အဆောက်အအုံ ၁ ခုတော့ မီးလောင်သွားတယ်။ စစ်ခွေး ၂ ကောင် ပြင်းထန်းဒဏ်ရာရပြီး ၁ ကောင် ခြေပြတ်သွားတယ်။ ဗုံးသီးတွေက လက်လုပ်တွေပါ ကျွန်တော်တို့ အစစ်တွေ မဝယ်နိုင်ပါဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန်-(၁) ရွှေသောင်ယံတပ်စု နှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109479/
လောင်းလုံးမြို့နယ်၊ မောင်းမကန်တွင် ကင်းလှည့်နေသည့် ရဲကား ပစ်ခတ်ခံရပြီး ရဲ ၂ ဦးသေဆုံး
["လောင်းလုံးမြို့နယ်၊ မောင်းမကန်တွင် ကင်းလှည့်နေသည့် ရဲကား ပစ်ခတ်ခံရပြီး ရဲ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းမှ ကင်းလှည့်နေသည့် ရဲကား ပစ်ခတ် ခံရပြီး ရဲ ၂ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာထဲ ကင်းလှည့်နေသည့် ရဲကားကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ရဲစခန်းအနီး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၂ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ပစ်ခတ်တိုက်ခိုက်မှု​အတွင်း ဒုရဲအုပ် စစ်အောင်သူထွန်းနှင့် တပ်ကြပ်ကြီး ရဲညွန့်တို့ ပွဲချင်းသေဆုံးခဲ့ပြီး ရဲတပ်သား ဝေလွင်၊ အုပ်ကြီးနှင့် ဇင်ဗိုလ်မင်း တို့ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံ၌ ကုသမှု ခံယူနေရကြောင်း သိရှိရသည်။", "” လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းက ကင်းလှည့်ရဲကားကို ပစ်ခတ် တိုက်ခိုက်တာ ဒုရဲအုပ် စစ်အောင်သူထွန်းနဲ့ ရဲတပ်ကြပ်ကြီးရဲညွန့် တို့ပွဲချင်းပြီးသေတယ်။ ကျန် ရဲ ၃ ဦးကတော့ ကျည်ထိ ဒဏ်ရာတွေနဲ့ ဆေးရုံခေါ်သွားပါတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/04/157025/
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာပို့ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရှိ ဇုန်အသီးသီးမှ ရဲဘော်များက ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဒုတိယမြောက် ကား ၁ စီး ထိမှန်ခဲ့ပြီး မိနစ်အနည်းငယ်မျှ အပြန်လှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသွာသော စစ်သား အလောင်းများကို တောရှည်ရွာ၌ ထားရစ်ကာ ဒဏ်ရာရရှိခဲ့သော စစ်သားများကို ထားဝယ်မြို့ကို ဆက်လက် သယ်ဆောင်သွားကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် တောရှည်ရွာ သင်္ချိုင်း၌ မြှုပ်နှံလိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/109440/
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ ကင်းလှည့်ရဲကားကို ပစ်ခတ်မှု ဒုရဲ အုပ် စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီး ရဲညွန့်တို့ ပွဲချင်းပြီးသေဆုံးပြီး ရဲ ၃ ဦးဒဏ်ရာ အပြင်းအထန်ရ
["လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းမှ ကင်းလှည့်ရဲကားကို ပစ်ခတ်မှု ဒုရဲ အုပ် စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီး ရဲညွန့်တို့ ပွဲချင်းပြီးသေဆုံးပြီး ရဲ ၃ ဦးဒဏ်ရာ အပြင်းအထန်ရ", "ရန်ကုန်၊ ဇွန် ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကရန်ရဲစခန်းမှ ကင်းလှည့်ရဲကား ယမန်နေ့ ပစ်ခတ်ခံရပြီး ဒုရဲအုပ် စစ်အောင်သူထွန်းနှင့် ရဲတပ်ကြပ်ကြီး ရဲညွန့် တို့ ပွဲချင်းပြီးသေဆုံးကြောင်း ရဲကြေးနန်းအရ သိရှိရသည်။", "ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် စစ် အောင်သူထွန်းဦးစီးသော အင် အား ၅ ဦးပါ ယာဉ်အမှတ် 4K 1120 NISSAN NOTE အမျိုးအစား ကင်းလှည့် အဖြူရောင် ယာဉ်သည် မောင်းမကန်ရွာအတွင်းမှ နယ်မြေသတင်းစုံစမ်း ၍ မောင်းမကန်ရွာဘက်မှ ရဲစခန်းသို့ပြန်လာစဉ် ရဲစခန်းမရောက်မီ ကိုက် ၂၀၀ ခန့်တွင် PDF တပ်များက တိုက်ခိုက်ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် စစ်အောင်သူထွန်းတွင် ဝဲဦးခေါင်းကျည်ဖေါက်ဝင်ဒဏ်ရာ ၁ ချက် ဖြင့် သေဆုံး ခဲ့ကြောင်း၊ ရဲတပ်ကြပ်ကြီး ရဲညွန့် မှာလည်း ဝဲနားထင်အနီး ကျည် ဖောက် ဝင်ဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ကြောင်း ၊ ကျန်ရဲ ၃ ဦးမှာ ဒဏ်ရာများရရှိကြောင်း သိရှိရသည်။", "ဇွန်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် တိုက်ခိုက်မှုဖြစ်ပွားရာ နေရာသို့ မောင်းမကန်နယ်မြေရဲစခန်းမှူး ရဲအုပ် ဦးဆောင်သော အင်အား ၇ ဦးခန့်က စစ်ကူ သွားရောက်ပြီး ဒဏ် ရာ အသီး သီးရရှိထားသော ရဲ ၃ ဦးနှင့် သေဆုံးသွား သော ရဲ ၂ ဦး၏ အလောင်းကို ပြန်လည်သယ်ယူခဲ့ကြောင်း ရဲကြေးနန်းအရ သိရှိရသည်။"]
https://yktnews.com/2024/09/185396/
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်
["လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှ ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Democracy Movement Strike Committee – DMSC မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မောင်းမကန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို နေအိမ်ထဲထိ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများ၏ ရုပ်အလောင်းများကို ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ကျေးရွာအနီး ဥယျာဥ်ခြံတစ်ခုထဲတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများ၏ အမည်စာရင်းကို လက်ရှိချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“အဖမ်းမခံရခင် မောင်းမကန် ရဲစခန်းတိုက်ခိုက်ခံရပါတယ် နေ့လယ်လောက်မှာပါ။ ညနေပိုင်းမှာတော့ အခုလိုဖမ်း သွားတာပါ။ အဖမ်းခံရတဲ့လူတွေက သာမန် အရပ်သားတွေပါ ။ သူ့အိမ်မှာသူနေရင်းအဖမ်းခံရတာ”ဟု DMSC မှ တာဝန်ရှိသူက ပြောဆိုသည်။", "သတ်ဖြတ်ခံရသူများသည် အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသား ၂ ဦးနှင့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသား ၁ ဦးတို့ ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီး သတ်ဖြတ်မှုများသည် အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားများ အပေါ် စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း Democracy Movement Strike Committee – DMSC က ထုတ်ပြန်ထားသည်။", "“အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုထပ်မံကျူးလွန်လိုက်တာပါ။ တစ်ဖက်က ငြိမ်းချမ်းရေးစကားပြောပြီး တစ်ဖက်မှာက အခုလိုပြည်သူတွေကို မတရားသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံရေးအရ ဘယ်လိုမှ ယုံလို့မရနိုင်ပါဘူး” ဟု Democracy Movement Strike Committee – DMSC မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2025/01/198999/
လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး အပါအဝင် ၈ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
["လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး အပါအဝင် ၈ ဦးသေဆုံးပြီးတော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့်ရှိသူ ယာယီ စစ်ကြောင်းမှူး အပါအဝင် ၈ ဦး ကျော်သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စမ်းလှမ်းကျေးရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ ယာယီစစ်ကြောင်းမှူး ၁ ဦးအပါ အဝင် ၈ ဦးကျော်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လောင်းလုံးမြို့ထဲက မြို့စောင့်တပ်ပါ။ အဲဒီမြို့စောင့်တပ်က ပတ်ကင်းအမြဲတမ်းထွက်တယ်။ အဲဒါကို ချောင်းမြောင်းပြီးတော့ တိုက်ခိုက်ခဲ့တာ စစ်သင်္ဘောက စမ်းလှမ်း ပင်လယ်ပြင်နားကနေပစ်တယ်။ ခွေးစစ်ကြောင်းက ထွက်လာတုန်းက ၄၀ လောက်ထွက်လာတဲ့အချိန်မှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တော့ ၈ ယောက်က သေသွားတယ်ဆိုတော့ ၃၀ ကျော်လောက် လောင်းလုံးမြို့ထဲပြန်ဝင်သွားတာ” ဟု ထားဝယ်ခရိုင် တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ယင်းတိုက်ပွဲအတွင်း လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအနီးရှိ ပင်လယ်ပြင်၌ နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောမှလည်း လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့ကာ ကျန်အကြမ်းဖက်စစ်သားများမှာ လောင်းလုံးမြို့တွင်းသို့ ပြန်လည် ဆုတ်ပြေးသွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ဦးဆောင်မှုဖြင့် နွေဦးပြောက်ကျား တပ်ဖွဲ့နှင့် အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နွေဦးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် ၁ ဦးသည် တိုင်းပြည် နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။", "ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် ရှေ့ဆက်၍ စစ်ရေးအရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ပြုလုပ်လျက်ရှိသော ကျည်ငါးသောင်းရရှိရေးကမ်ပိန်းတွင် တော်လှန်ပြည်သူများမှ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။"]
https://yktnews.com/2023/11/132802/
လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာရှိ ပြည်သူပိုင် ဆိုင်ကယ် ၂၄ စီးနှင့် တဲအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွှေ၊ ငွေနှင့် တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသွား
["လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာရှိ ပြည်သူပိုင် ဆိုင်ကယ် ၂၄ စီးနှင့် တဲအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွှေ၊ ငွေနှင့် တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသွား", "တော်လှန်ရေး အင်အားစုများကို ထောက်ခံလျှင် ပိုဆိုးမည်ဟု စစ်တပ်က ခြိမ်းခြောက်စာများ ရေးသားခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာရှိ ပြည်သူပိုင် ဆိုင်ကယ် ၂၄ စီးနှင့် တဲအိမ် ၈ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွှေ၊ ငွေနှင့် တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ DDMSC မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်၊ သပြေရှောင်ရွာအတွင်း ရောက်ရှိလာကာ ပြည်သူပိုင် ဆိုင်ကယ် ၂၄ စီးနှင့် တဲအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး ဝင်ရောက်ပြီး နေအိမ် အတွင်းရှိ တန်ဖိုး သိန်းရာချီရှိသော ရွှေ၊ ငွေနှင့် တခြား တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း သိရှိရသည်။", "” စစ်ခွေးတွေ ဝင်လာတုန်းက ဖမ်းဆီးထားတဲ့ ရွာသားတချို့ကို မနေ့က ည ၈ နာရီခွဲလောက်မှာ ပြန်လွှတ်ခဲ့ပါတယ်။ သပိတ်အဖွဲ့နဲ့ PDF တွေကို ထောက်ခံရင် ဒီထက်ပိုဆိုးမယ်လို့ ခြိမ်းခြောက်စာတွေ ရေးခဲ့တယ်။ သိန်းရာချီ တန်ဖိုးရှိ ပြည်သူပိုင် ရွှေ၊ ငွေနဲ့ တခြား တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူသွား​တယ်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ DDMSC မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကျောက်နီမော်ကျေးရွာကို ဆင်းသွားပြီး ကျောက်နီမော်မှ မြတ်ရှင်မော် အထိ အောက်ပိုင်းတစ်ခုလုံးကို ဖုန်းလိုင်းဖြတ်ထားကြောင်း လောင်းလုံး PDF တပ်ဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2023/03/91747/
လောင်းလုံးမြို့နယ်၊ပညစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး
["လောင်းလုံးမြို့နယ်၊ပညစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး", "ရန်ကုန်| မတ် ၁၁", "တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ပါ အင်အား ၅၀ နီးပါးစစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ် အချို့ကို မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။", "စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့တို့သည် ပညစ်ရွာထဲတွင်နေအိမ် ၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခိုးယူသွား​ကြောင်း၊ ရော်ဘာခြံထဲရှိ အလုပ်လုပ်နေသည့် ဒေသခံ ၃ဦး ဖမ်းဆီးကာ အမျိုးသမီး တစ်ဦးကိုမူ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။", "ပညစ်ရွာနေ ဒေသခံတစ်ဦးက”စစ်တပ်က စစ်ကြောင်းထိုး ဝင်လာချိန်မှာ သူပုန်းတွေ ဝင်လာသလိုမျိုး သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာပါ အဲ့ချိန်မှာ ရွာဖက်မှာရှိတဲ့ PDF တွေနဲ့ အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်”ဟု ပြောသည်။", "ထိုပြင် ယင်းကဲ့သို့ စစ်ကောင်စီက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် နေအိမ် ၁၀၀ နီးပါးကို ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။", "“စစ်တပ်က ဝင်လာတဲ့ အချိန်ကစလို့ ရွာခံတွေ အိမ် အကုန်ပိတ်ပြီး ထွက်ပြေးသွားတာပါ၊ ရွာထဲကို သေနတ်နဲ့ ပစ်ခတ်တော့ ဘယ်သူမှ မနေရဲဘူး”ဟု ပညစ်ရွာခံ နောက်တစ်ဦးက ပြောသည်။", "ရွာသားအများစု ရွာလုံးကျွတ်ထွက်ပြေးချိန်တွင် စစ်ကောင်စီက အခွင့်ကောင်းယူပြီး ယင်းကဲ့သို့ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။", "စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပညစ်ရွာတွင် အိမ်ခြေ စုစုပေါင်း ၁၂၀ ဝန်းကျင်ရှိပြီး ယခင် အဆိုပါ ရွာမှာ ပင်လယ်ရွာတစ်ခုလည်း ဖြစ်ကာ ခရီးသွားများ အလည်အပတ်သွားနေသည့် ထင်ရှားသော ကမ်းခြေတစ်ခု ဖြစ်သည်။", "လက်ရှိ စစ်ကောင်စီက လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်ကြီးပိုင်း ပညစ်ရွာခံ အမျိုးသား နှစ်ဦး အခုချိန် အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။", "ပုံစာ-ပညစ်ရွာကျေးရွာရှိ နေအိမ်များ စစ်ကောင်စီ လက်ချက်ကြောင့် မီးလောင်ပျက်စီးခဲ့ပုံ။"]
https://yktnews.com/2024/12/196826/
လောင်းလုံးမြို့နှင့် ထားဝယ်မြို့တွင် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ ဗုံးခို ကျင်းများ တူးထားရန် လောင်းလုံး PDF သတိပေး၊ ဆိပ်ဖြူတွင် ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲ၍ ပြည်သူများ ထွက်ပြေးနေရ
["လောင်းလုံးမြို့နှင့် ထားဝယ်မြို့တွင် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ ဗုံးခို ကျင်းများ တူးထားရန် လောင်းလုံး PDF သတိပေး၊ ဆိပ်ဖြူတွင် ကျေးရွာများကိုစစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲ၍ ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နှင့် ထားဝယ်မြို့ ပေါ်ကို အကြမ်းဖက် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ ပြည်သူများ ဗုံးခိုကျင်းများ တူးထားရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်ပြီး လောင်းလုံးမြို့ပေါ်နှင့် ထားဝယ်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ လေယာဉ်များ ဆက်တိုက် ပျံဝဲနေ၍ အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန်အတွက် အကာအကွယ်နှင့် လုံခြုံသည့်နေရာ အစီအမံများ၊ ဗုံးခိုကျင်းများနှင့် အနီးဆုံးနေရာ သို့မဟုတ် ဗုံးခိုကျင်းများ တွင် ဝင်ရောက်နေထိုင်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။", "” ၂၃ ရက်နေ့တည်းက လောင်းလုံးမြို့ပေါ်မှာ စစ်ရဟတ်ယာဉ်တွေ ဗုံးကျဲ တိုက်လေယာဉ်တွေ နံနက်ပိုင်းမှာ တောက်လျှောက်လာဝဲနေတာ အဲတာကြောင့် လေကြောင်း အန္တရာယ်သတိပေးတာပါ။ ထား၀ယ်မြို့နဲ့လောင်းလုံးမြို့ပေါ်ကို လေယာဉ်က ပတ်ပြီးတော့ ဝဲနေတာ” ဟု လောင်းလုံးမြို့နယ် PDF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။", "အလားတူ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ကပဖ ၂၂ တပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရှိ ကျေးရွာများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်နေမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူ တစ်ကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ ဝင်းအတွင်းရှိ F စက်ရုံ ပေ ၁၀၀ အ ကွာ အဝေးအထိ တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ကာ ထိချက်ပြင်းသော တိုက်မိုင်း အမျိုးစား ၃ လုံးကို ထောင်ထားခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်နံနက်ပိုင်း အကြမ်းဖက်စစ်သား မိုင်းမိပြီး ၃ ဦး သေဆုံးကာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။", "ထိုသို့ မိုင်းထောင် တိုက်ခိုက်ခံရမှုကြောင့် ဒီဇင်ဘာလ ၂၀ ရက်၊ ၂၂ ရက်၊ ၂၃ရက်နှင့် ၂၄ ရက်နေ့တို့ အကြမ်းဖက်စစ် ကောင်စီတပ်သားများက ကပစ ၂၂ ဝင်း အနီး ပတ်ဝန်းကျင်ရှိ ပြည်သူများ နေထိုင်ရာ တောတိုက်များကို ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်များ ပျက်စီး၍ အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "“ဒီနေ့လည်း ထပ်ချနေတယ်။ ဘယ်လုံးနှချလဲတော့ မသိရဘူး။ ပြည်သူတွေလည်း ထွက်ပြေးနေရတာ မနေရဲတော့ဘူး။ အပျက်အစီးတွေတော့ရှိတယ်။ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာလည်းရှိတယ်။ ရွာတည်စတောတိုက်ပေါ့။ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ထင်ပြီးချနေတာထင်တယ်။ ကျနော်တို့က အဲဒီမှာလည်းမရှိတော့ဘူး။ စခတွေက ယုတ်မာနေတာ။ ပြည်သူတွေက ရှောင်နေကြ ရတော့ ဒုက္ခရောက်နေကြတယ်။ ဆက်တိုက်ချနေတော့ တိမ်းရှောင်နေကြရတာ” ဟု ဆိပ်ဖြူ တစ်ကိုယ်တော်ကျားဇိုးက ပြောဆိုသည်။"]
https://yktnews.com/2024/05/161544/
လောင်းလုံးမြို့ပေါ် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်များက တပြိုင်နက်တည်း ဝင်တိုက်နေပြီး စစ်တပ်က လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ခုခံနေ
["လောင်းလုံးမြို့ပေါ် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်များက တပြိုင်နက်တည်း ဝင်တိုက်နေပြီး စစ်တပ်က လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ခုခံနေ", "ရန်ကုန်၊ မေ ၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော် လှန်ရေး တပ်ဖွဲ့များ တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်း၊ ရေ ကြောင်း ပစ်ကူများဖြင့် ခုခံနေကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၉ ရက်နေ့ နံနက် ၆ နာရီခန့်က စတင်ကာ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော လောင်းလုံး မြို့မ ရဲစခန်း၊ စရဖ ရုံး ၊ ထွေ/အုပ် ရုံး နှင့် လက်ခပ်တောင်ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ တာဝါတိုင် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေစဉ် အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်း၊ ရေကြောင်း ပစ်ကူများဖြင့် ခုခံ ပစ်ခတ်နေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများနေထိုင်သည့် လေးသွန်းခံကျေးရွာနှင့် ပန်းတောဝရွာ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“ဒီနေ့ နံနက် ၆ နာရီ ကနေစပြီး ထိုးစစ်ဆင်ခဲ့တာပါ စစ်ခွေးတွေက ရေကြောင်း၊ လေကြောင်းနဲ့ပါ ပစ်ကူနေပါတယ်။ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာ ၄ ခုကို တပြိုင်တည်းဝင်တိုက်တာပေါ့။ ဖြစ်စဉ် အတိအကျတော့ မသိရသေးဘူး။ အခုလက်ရှိချိန်ထိ ထိတွေ့မှုရှိနေသေးတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/197226/
လောင်းလုံးမြို့ပေါ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ မြင်းခြံမြို့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား
["လောင်းလုံးမြို့ပေါ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ မြင်းခြံမြို့တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့တိုက်ပွဲဖြစ်ပွား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် အစောပိုင်းတွင် လောင်းလုံးမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“လောင်းလုံးမြို့ပေါ်ရဲစခန်း တော်လှန်ရေး တပ်ဖွဲ့တွေ ဒီနေ့ နံနက် အစောပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ နံနက် စောစော ၅ နာရီခွဲ ဝန်းကျင်လောက်က စပြီး တိုက်ခိုက်သံတွေ ကြားရတယ်။ ၇ နာရီလောက်မှာတော့ အသံတိတ်သွားတယ်။ ခွေးသေစာရင်းကတော့ မသိရသေးဘူး။ တော်လှန်ရေး တပ်ဖွဲ့တွေတော့ အထိအခိုက်မရှိဘူးလို့ သိရတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။", "လောင်းလုံးမြို့ပေါ် ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်သားများကို လူနာတင်ကားများ ခေါ်ဆောင်၍ ဆေးရုံပို့ဆောင်ခြင်းမရှိဘဲ သေဆုံးသွားမှ စခန်းအတွင်း မြုပ်နှံခြင်းကြောင့် တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိကြေင်း သိရှိရသည်။", "အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမိပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Freedom Fighter Guerrilla Force အဖွဲ့က ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မြင်းခြံမြို့ အရှေ့ဘက် ကျောက်ရံရွာအနီး၌ တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ဆင်ရေး တစ်ခုအတွက် သွားရောက်စဉ် မြင်းခြံမြို့ထဲမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိပ်တိုက်တွေ့မိ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အင်အားမမျှ၍ ပြန်လည် ဆုတ်ခွာခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် အသင့်ထောင်ထားသော မိုင်းကွင်းများအထိ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF) နှင့်အတူ Anyar Federal Task Force ၊ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/204129/
လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
["လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လောင်းလုံးမြို့ပေါ် လဝကရုံးရှေ့တွင် ဂိတ်ချ စစ်ဆေးနေသေ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲ မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကာ အရေအတွက်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“လောင်းလုံးမြို့နယ်၊ လဝကရုံးရှေ့မှာ ဂိတ်ချ စစ်ဆေးနေတဲ့ စစ်ခွေးတွေကို ကျနော်တို့ DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင်သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ အရေအတွက်ကိုတော့ ဆက်လက် စုံစမ်းဆဲနေပါတယ်” ဟု DNLA ဖက်ဒရယ်ဓူဝံကြယ်တပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/212932/
လောင်းလုံးမြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန်လာသည့် စစ်ကောင်စီ တပ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["လောင်းလုံးမြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန်လာသည့် စစ်ကောင်စီ တပ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန်လာသည့် ပျူစောထီး ခေါင်းဆောင် မင်းသိန်း၏ သားဖြစ်သူ နှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသောကားကို တော်လှန်ရေး တပ်ဖွဲ့များက လောင်းလုံးမြို့ပေါ် အထက ကျောင်းရှေ့တွင် RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီးများနှင့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကားကို RPG ထိမှန်ပြီး ဓာတ်တိုင်ကို ဝင်တိုက်ကာ ကားတစ်စီးလုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားနေချိန်တွင်လည်း စမ်းလှန်းရွာ အနောက်ဘက် ပင်လယ်မှ ၅၆၅ စစ်သင်္ဘော ၁ စီးသည်လည်း စမ်းလှန်းရွာ ကမ်းဖက်ကို ကပ်လာကြောင်း၊ လောင်းလုံးရဲစခန်းနှင့် စရဖ ရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံး ခေါင်မိုး ထိမှန်ကာ ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရသည်။", "“ကားက ပျူစောထီး ခေါင်းဆောင် မင်းသိန်းစီးတဲ့ကား ပစ်တဲ့အချိန်က ကားပေါ်မှာ မင်းသိန်းပါမလာဘဲ သူ့သားနဲ့ အဖွဲ့ပါလာတယ်။ အကုန်လုံး ၄ ကောင် သေတယ်လို့သိရတယ်။ လမ်းပေါ်မှာတော့ ၃ ကောင်မှောက်နေတယ်။ တစ်ကောင်တော့ ခြေထောက်မှာ ထိပြီးလွတ်သွားတယ်။ ကားကတော့ ကားနောက်ပိုင်း RPG နဲ့ ထုခံရပြီး ဓါတ်တိုင်ကို ၀င်တိုက်ပြီးတော့ ဓါတ်တိုင်ကျိုးကျပြီး ပိနေတယ်။ ကားလည်းသုံးစားလို့မရ‌တော့ဘူး။ အငိုက်မိသွားပုံရတယ်။ ကျနော်တို့ဘက်ကလည်း အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။"]
https://yktnews.com/2024/03/152300/
လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် PDF တပ်ဖွဲ့က သတိပေးစာများ ဖြန့်ဝေ
["လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် PDF တပ်ဖွဲ့က သတိပေးစာများ ဖြန့်ဝေ", "ရန်ကုန်၊ မတ် ၂၃", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ချ အညံ့ခံရန် PDF တပ်ဖွဲ့က သတိပေးစာများ ဖြန့်ဝေခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၂ ရက်နေ့ ညနေပိုင်းတွင် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံရန် လောင်းလုံးမြို့နယ် ပကဖ ရဲဘော်များက သတိပေးစာများ လိုက်လံ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ သတိပေးစာများတွင် “ပြည်သူများ စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေပါ” ၊ “ပြည်သူသည်သာအဓိက ပြည်သူများအဆုံးသတ်တိုက်ပွဲ ဆင်နွှဲကြ ပါဝင်ကြ” ၊ “မင်းတို့အဘတွေပြေးနေကြပြီ မင်းတို့အသက်နှင့် မင်းတို့လွတ်မြောက်ရာ မင်းတို့ကိုယ်တိုင်ရွေး” ၊ ” အကြမ်းဖက်စစ်ကောင်စီတပ်သားများ လက်နက်ချအညံ့ခံပါ” ၊ “မင်းတို့အဘတွေက သူတို့မိသားစုတွေကို နိုင်ငံခြားမှာပို့ထားပြီးပြီ မင်းတို့ကအသေခံနေတုန်း” ၊ “မင်းတို့အဘတွေပဲ အသက်နဲ့မဟုတ်ဘူး မင်းတို့မှာလည်း အသက်နဲ့ပဲ မသေချင်ရင်ပြေးတော့” ၊ “စစ်ကောင်စီတပ်သားများ စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးစွန့်ခွာပါ” ၊ “မင်းတို့အသက်ပေးတိုက်ခိုက်နေလည်း အဓိပ္ပါယ်မရှိဘူး မင်းတို့မနိုင်တော့ဘူး” စသည့် စာသားများ ရေးသား ဖြန့်ဝေခဲ့ကြောင်း သိရသည်။", "လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူများ အချိန်တိုင်း စစ်ရေးသတိရှိကြရန်၊ ပြည်သူတရပ်လုံး၏ဘုံရန်သူဖြစ်သည့် စစ်ကောင်စီ အန္တရာယ်မှလွတ်မြောက်ရန် သတိဝီရိယရှိရှိ နေထိုင်သွားလာကြရန် အသိပေးတိုက်တွန်းလိုကြောင်း၊ ဆက်လက်၍ စစ်ကောင်စီတပ်သားများ စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးစွန့်ခွာကြရန် ထပ်ဆင့်သတိပေးလိုကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/03/207070/
လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း သေဆုံး
["လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း သေဆုံး", "ရန်ကုန်၊ မတ် ၁၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော လောင်းလုံးမြို့နယ် ရဲစခန်း၊ မြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့နယ် စရဖရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး ထပ်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ အနောက်ဘက် ပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘော ၁ စီးမှ လည်း လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး ထား၀ယ်မြို့ပေါ် ကာစတန်ဆိပ်ကမ်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“၈ ရက်နေ့ နံနက် ၆ နာရီကနေ စတင်ပြီး လောင်းလုံးမြို့ပေါ်က ရန်သူ စခန်းတွေကို ၀င်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဘက်က အထိနာတယ်။ အနည်းဆုံး ၁၀ ဦး ထက်မနည်း သေဆုံးတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းများတယ်။ စစ်တပ်ဘက်နေပြီး စစ်င်္ဘောတွေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေး တိုက်ခိုက်တာရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်းနေရာ‌တိုင်းမှာ အရပ်သားကနေ စစ်မှုထမ်းဖြစ်သွားတဲ့သူတွေ အစားထိုး ၀င်ရောက်လာတာတွေ့ရတယ်။ အဲဒီတော့ တိုက်ပွဲထဲပါလာတဲ့ အခါမှာ ကျနော်တို့က အရပ်သားကနေလာတဲ့သူတွေကို မသေစေချင်ဘူး။ ရုန်းထွက်စေချင်တယ်။ ဒါပေမယ့် အခုချိန်မှာ ရုန်းမထွက်ဘဲ အထဲမှာ အနေသာသလို သာသာယာယာနေနေတဲ့ကောင်တွေ တွေ့လာရတယ်။ နောက်ဆုံးကျမှ လက်နက်ချမယ်ဆိုတဲ့ အခြေအနေအထိတွေးထားကြပုံရတယ်။ အဲလိုအထဲမှာမရုန်းဘဲ နေနေတဲ့ကောင်တွေကျတော့ သေလည်းနားအေးတယ်လို့ပြောရမှာပေါ့။ အိုးထဲက ဖားလိုကောင်တွေ ပြေးစေချင်တယ်။ အလံဖြူထောင်လက်နက်ချစေချင်တယ်။ အဖွဲ့လိုက်လက်နက်ချရင် ကျန်နေတဲ့ကောင်တွေပါနေမရတော့ဘူး။ လွတ်လမ်းကို မရွေးချယ်တဲ့ကောင်တွေ အတွက်အခွင့်အရေး နှစ်ခါမရဘူးလို့ ပြောချင်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင် တပ်ပေါင်းစုနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားဝောာ်လှန်ရေးတပ်ဖွဲ့နှင့် Dawei Defense Team (DDT) တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ယင်းနေ့ မွန်းလွဲ ၁၂ ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။", "ထားဝယ်ခရိုင် တပ်ပေါင်းစု အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များနှင့် ရက်စက်ယုတ်မာမှုများကို အမြန်ဆုံး နိဂုံးချုပ်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/03/206794/
လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က ကမြောကင်းတံတားကို ပိတ်လိုက်ပြီး စစ်အင်အားများ ဖြည့်တင်းနေ
["လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က ကမြောကင်းတံတားကို ပိတ်လိုက်ပြီး စစ်အင်အားများဖြည့်တင်းနေ", "ရန်ကုန်၊ မတ် ၈", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က ကမြောကင်းတံတားကို ပိတ်လိုက်ပြီး စစ်အင်အားများ ဖြည့်တင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ၆ နာရီခန့်မှ စ၍ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် စရဖရုံး တို့ကို တော်လှန်ရေး တပ်ဖွဲ့များ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိတွေ့တိုက်ပွဲဖြစ်ပွားချိန်မှ စတင်၍ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်၏ ရေတပ်နှင့် ထားဝယ်မြို့ပေါ်မှ စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် လောင်းလုံးမြို့နှင့် အနီးအနားရှိကျေးရွာများကို ဆက်တိုက် ပစ်ခတ်နေ၍ ပြည်သူတချို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲများသည် မွန်းလွဲ ၁၂ နာရီခန့်တွင် ပြီးဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားချိန်တွင် အကြမ်းဖက် စစ်တပ်က ထားဝယ်နှင့် လောင်းလုံးကို ဆက်သွယ်ထားသော ကမြောကင်းတံတားကို ပိတ်ချလိုက်ပြီး စစ်အင်အားများ ထပ်မံ ဖြည့်တင်းနေကြောင်း သိရသည်။", "” လောင်းလုံးမြို့ပေါ်က စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာ ၃ ခု တပြိုင်တည်း တိုက်ခိုက်ခံရတာလို့သိရတယ်။ တိုက်ပွဲကတော့ပြီးသွားပြီး စစ်ခွေးတွေကတော့ မပြီးသေးဘူး။ လက်နက်ကြီးတွေနဲ့ အခုချိန်ထိ ပစ်ခတ်နေတုန်းပဲ တောက်လျှောက်ကို ပစ်နေတာ ထားဝယ်ဘက်ကကော ခွေးရေတပ်ကကော ပစ်ခတ်နေတယ်။ ပြည်သူ တချို့တော့ တိမ်းရှောင်နေကြတယ်။ ကမြောကင်းတံတားကိုလည်း စစ်ခွေးတွေက ပိတ်လိုက်ပြီ သွားလာခွင့်မပေးတော့ဘူး။ ထားဝယ်ဘက်က စစ်ခွေးတွေလည်း အင်အား ဖြည့်နေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့အနီးအနားရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်ကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေး အဖွဲ့အစည်းများကလည်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။"]
https://yktnews.com/2023/12/136898/
လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ ရှင်းလင်း
["လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ ရှင်းလင်း", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ မြို့ဝင် အုန်းသီးဆိုင်းဘုတ်အနီး လောင်းလုံးမြို့မှ သဗျာရွာဘက်ကို ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဥ် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တိုး၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ တော်လှန်ရေး ရဲဘော်သံခြေထောက် နှင့် ရဲဘော် ကပ္ပလီ တို့ ကျဆုံးခဲ့ပြီး M-16 သေနတ် ၂ လက် ဆုံးရှုံးကာ ရဲဘော် ၂ ဦးကို အနီးအနားရှိ နေအိမ် အတွင်းထည့်ကာ မီးရှို့အလောင်း ဖျောက်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲနေထိုင်သော လောင်းလုံးမြို့ အထက-စာသင်ကျောင်းကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် စီးနင်းတိုက်ခိုက်ချိန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီး M-16 ကျည် ၅၀ တောင့်၊ ကျည်ဘောက် ၂ ခု၊ ဓား ၁ လက်၊ ယူနီဖောင်းများသိမ်းဆည်း ရမိကာ ယင်း ဂိတ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "အလားတူ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စရဖရုံးနှင့် ကင်းပုန်းဝပ်စောင့်ဆိုင်းနေသည့် နေရာများကိုလည်း တော်လှန်ရေး ရဲဘော်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "” ကျွန်တော်တို့ ရဲဘော် ၂ ဦးကျဆုံးတယ်။ လောင်းလုံးမြို့ပေါ်မှာ ရှိတဲ့ စစ်ခွေးတပ်စွဲထားတဲ့ နေရာတွေကို ဝင်တိုက်တာ ၆ ကောင်သေတယ်။ အထက ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ပုံမှန်ဆို ၁၅ ကောင်နဲ့ ၂၀ ကောင်ကြားရှိတာ ကျွန်တော်တို့ ဝင်တိုက်တော့ အကုန်ထွက်ပြေးကုန်ကြတယ်။ အဲစစ်ခွေးဂိတ်ကိုတော့ မီးရှို့ ရှင်းလင်းခဲ့တယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/104472/
လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ကို တပြိုင်နက်တည်း PDF က ဝင်ရောက် ပစ်ခတ်မှုတွင် Non-CDM ဒုလဝက ဦးစီးမှူး သိန်းမင်း လတ် သေဆုံး
["လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ကို တပြိုင်နက်တည်း PDF က ဝင်ရောက် ပစ်ခတ်မှုတွင် Non-CDM ဒုလဝက ဦးစီးမှူး သိန်းမင်း လတ် သေဆုံး", "ရန်ကုန်၊ မေ ၂၆", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းကို တပြိုင် နက်တည်း ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ Non-CDM ဒုလဝကမှူး သိန်းမင်း လတ် သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တပ်ဖွဲ့(Guerilla Dawei) က ပြော သည်။", "မေလ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် လောင်းလုံးမြို့ပေါ်ရှိ အဆိုပါရုံး ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ ခြင်းဖြစ်ပြီး လဝကရုံးအားဝင်ရောက်စီးနင်းမှုတွင် လဝက ဦးစီးမှူးမှာ ခုခံပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွား ပြီး ဒုလဝက မှူး သိန်းမင်းလတ်မှာ ပြတင်းပေါက်မှ ခုန်ထွက်ရန်ကြိးစား နေချိန် ပစ်ခတ် ရှင်းလင်း ခဲ့လိုက်ကြောင်း သိရသည်။", "“ရဲစခန်းကို 79 ၊ ၄၀ မမ လက်လုပ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်၊ ခွေးတွေ ဘက်ကတော့ မောင်းပြန် တွေနဲ့ ရမ်းသမ်းပစ် ခတ်တာရှိခဲ့တယ်ဗျ၊ စရဖရုံးကို ဝင်ပစ်ခတ်ချိန်မှာတော့ အ ပြန်အလှန်ပစ်ခတ်မှုက တော်အပြင်းထန်တယ်၊ အင်အား မမျှလို့ ပြန်ဆုတ်လာခဲ့ရတာ၊ လဝကရုံးကို ဝင်စီးတဲ့အချိန်မှာ လဝက ဦးစီးမှူးက ပစ္စတိုနဲ့ ပြန်ပစ်လို့ ကျနော်တို့ ရဲဘော်တစ်ဦး ထိခိုက်ခဲ့တယ်၊” ဟု Guerilla Dawei တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။", "ထို့အပြင် စရဖရုံးနှင့် လောင်းလုံးမြို့မရဲစခန်းအား ချဉ်းကပ်ပြီး ၄၀ မမ ဗုံးသီး လောင် ချာဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ လက်နက်အင်အား ကွာဟသဖြင့် ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းနှင့် စရဖရုံးကို ပစ် ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိ ခိုက်သေဆုံးမှု မသိရသေးဟု ဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို ထားဝယ်နဂါးတပ်ခွဲ ၁ Guerilla Dawei -ထားဝယ် ပြောက် ကျားတပ်ဖွဲ့ နှင့် ထား ဝယ်နဂါး တပ်ခွဲ ၅ တို့က နန်းထိုက် အောင်စစ် ဆင်ရေး အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့နေ ပြည်သူလူထုနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။", "ထိုသို့ ထုတ်ပြန်အသိပေးထားသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က မြို့ ပေါ် နေပြည်သူ ၄ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲဖြစ်စဉ်အတွင်း သေဆုံးသွားသော ဒုလ၀ကမှူး သိန်းမင်းလတ်သည် အသက် ၄၅ နှစ်အရွယ်ရှိပြီး မွန်ပြည်နယ် ၊ ဘီးလင်းမြို့မှ ဖြစ်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို မေလ ၂၅ ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/192505/
လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
["လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Guerilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မ ရဲစခန်းအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို Guerrilla Dawei တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ထားဝယ် ပလဖ ၏ မြို့ပြစစ်ဆင်ရေး အဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်မှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး Guerrilla Dawei တပ်ဖွဲ့က ပစ်ခတ်သော ၄၀ မမ ဗုံးသီး ထိမှန်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ပစ်ခတ်သော ကျည်ထိမှန်ပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“အဲတိုက်ခိုက်မှု စစ်ခွေး ၃ ကောင်သေတယ်။ ၅ ကောင်လောက် ဒဏ်ရာရတယ်။ စစ်ရေးအခြေအနေ ပိုမို အားကောင်းလာတဲ့အတွက် ပြည်သူများအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ရှိရာနေရာတွေကို ​လုံးဝမသွားလာကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု Guerilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Guerrilla Dawei တပ်ဖွဲ့သည် စစ်ရေးပိုမိုအရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ် စခန်းများကို သွားလာခြင်းမပြန်လုပ်ရန်နှင့် မိမိရောက်ရှိနေသော နေရာ အနီးပတ်ဝန်းကျင်၌ ပစ်ခတ်သံများကြားရပါက ထွက်ပြေးခြင်း၊ စူးစမ်းခြင်း မပြုလုပ်ဘဲ နီးစပ်ရာ အဆောက်ဦးကို အကာကွယ်ယူ၍ မြေကြီးတွင် မှောက်လျှက်အနေထားဖြင့် နေပေးကြပါရန် မေတ္တာရပ်ခံကြောင်း Guerrilla Dawei (ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/12/136179/
လောင်းလုံးမြို့မ ရဲစခန်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး
["လောင်းလုံးမြို့မ ရဲစခန်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်း အတွင်းတွင် ကျေးရွာ ၂ ရွာမှ ခိုးယူလာသည့် ပြည်သူပိုင် ပစ္စည်းများကို ဝေစုခွဲနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၅ ရက် နံနက် ၆ နာရီခန့်က လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ စစ်ပြဲကျေးရွာနှင့် ပြင်း ထိန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ များထံမှ ရွှေ၊ ငွေ နှင့် ဆိုင်ကယ် ၂၇ စီးကို မတရားယူဆောင်သွားကာ လောင်းလုံးမြို့မရဲစခန်းသို့ ပြန်လည်ရောက်ရှိပြီး စုဝေးကာ ဝေစုခွဲနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဲတပ်သား ၁ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံး ပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” သေသွားတဲ့ ရဲအမည်က ဇင်မင်းကို လောင်းလုံးရဲစခန်းကပါ။ ကျန်တဲ့ ၂ ကောင်က ပျူစောထီးလား စစ်ခွေးလား မသိရသေးဘူး။ ၈ ကောင်ကတော့ ပြင်းထန် ဒဏ်ရာရတယ်” ဟု လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "လောင်းလုံးမြို့နယ်နေ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့် ဆောင်ရွက်နေ သည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများအချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် စစ်ရေး သတိဖြင့် သွားလာနေထိုင်ကြရန် လောင်းလုံးမြို့နယ် PDF က အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/134885/
လောင်းလုံးမြို့မ ရဲစခန်းနှင့် စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
["လောင်းလုံးမြို့မ ရဲစခန်းနှင့် စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မ ရဲစခန်းနှင့် စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့ပေါ်ရှိ လောင်းလုံးမြို့မရဲစခန်း နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးရုံး (စရဖရုံး) တို့၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF နှင့် ထားဝယ်နဂါးတပ်ခွဲ ၅ တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“စစ်ခွေး ၂ ကောင်သေပြီး ၂ ကောင် ဒဏ်ရာပြင်းထန်တယ်။ လက်နက်ခဲယမ်း သိမ်းဆည်း ရမိတာတော့မရှိဘူး။ တိုက်ခိုက်ပြီးတာနဲ့ ပြန်လည်း ဆုတ်ခွာ လာခဲ့တာ” ဟု လောင်းလုံး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိ ဘေးကင်းစွာ ဆုတ်ခွာ နိုင်ခဲ့​ကြောင်း သိရှိရသည်။", "လောင်းလုံးမြို့နယ်နေ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများ အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် အတွက် စစ်ရေး သတိဖြင့် သွားလာ နေထိုင်ကြပါရန် လောင်းလုံး PDF က အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/115602/
လောင်းလုံးမြို့ရှိ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို PDF တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်
["လောင်းလုံးမြို့ရှိ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို PDF တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်", "ရန်ကုန်၊ ဇူလိုင် ၃၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၃၀ ရက်နေ့တွင် အဆိုပါ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို LLPDF တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း၊ ယင်း သင်္ကန်းဝတ်နှင့် ပျူစောထီး ၈ ဦးသည် အကြမ်းဖက် စစ်တပ်နှင့်အတူ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူ့ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ အတူတကွ လိုက်ပါ လုပ်ဆောင်ခဲ့ကြကြောင်း၊ စစ်ကြောင်းထိုးရာတွင် ပျူစောထီးများက စစ်သား ယူနီဖောင်းများ ဝတ်ဆင်ခဲ့ကြပြီး ဘုန်းကြီး ၂ ပါးသည်လည်း လက်နက်များ ကိုင်၍ လိုက်ပါခြင်းတို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။", "” သူတို့ကို ဖမ်းဝရမ်းထုတ်တာပေါ့။ အခုသူတို့တွေ လောင်းလုံး နယ်မြေထဲ မရှိတော့ဘူး ဘယ်ပြေးကုန်ပြီလည်းမသိဘူး။ သူတို့ကို ဘယ်လို ဆက်လက် အရေးယူမယ်ဆိုတာ ဖမ်းဆီးရပြီးမှပဲ ဆက်လက် ထုတ်ပြန်မယ်” ဟု လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ သင်္ကန်းဝတ်နှင့် ပျူစောထီး ၈ ဦးမှာ ဦးဓမ္မာစာရ နခံတောဘုန်းကြီးကျောင်း (သုဘရာဇာ ဒေါက်တာကိုလူချော – Facebook အကောင့်ပိုင်ရှင်) ၊ ခမောင်းတောင်ကျောင်းထိုင်ဆရာတော် ဦးစိန္တိတ၊ ဦးသိန်းလွန်(ခ) ဖိုးကျော့ခိုင်၊ ဦးစိုးတစ်၊ ဦးမွန်အေးနှင့် သား၊ ဒေါ်အုန်းကြွယ်၊ နော်မှတ်တို့ ဖြစ်ကြောင်း၊ ၎င်းတို့ ၈ ဦးကို LLPDF တပ်ဖွဲ့က စစ်တပ်နှင့် မပူးပေါင်းရန် စာပေးပို့ခြင်း၊ ဖုန်းဆက်၍ သတိပေးတားမြစ်ခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာတွင် ပူးပေါင်းသွားလာခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် အဆိုပါ သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးသည် အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ကို လုံခြုံရေးအပြည့်အဝမပေးနိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေကြကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/07/175915/
လောင်းလုံးမြို့၊ လားဘုံးတောင်ရေဒါစခန်းသို့ လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
["လောင်းလုံးမြို့၊ လားဘုံးတောင်ရေဒါစခန်းသို့ လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက် နေ့က လောင်းလုံးမြို့မှ လားဘုံးတောင်ရေဒါစခန်းသို့လာသည့်အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို လျှပ်တပြက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁၀ မိနစ် ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့နောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆက်လက်ထွက်ခွာလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ကြယ်တောင်အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သားများထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“အခုနောက်ပိုင်း စစ်တပ်က စစ်ကြောင်းတွေ လှုပ်ရှားမှုများလာတယ်။ လက်နက် ရိက္ခာအင်အားတွေ ပြန်လည်ဖြည့်တင်းနေပြီး စစ်မှုထမ်း သင်တန်းဆင်းတွေ မြေပြင်မှာ အသုံးပြုလာတယ်။ နောက်ပိုင်းမှာ မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ဖြစ်လာနိုင်တယ်။ ပြည်သူတွေကိုတော့ အမြဲတမ်း စစ်ရေးသတိရှိဖို့ပြောချင်ပါတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ) နှင့် ထား၀ယ်ခရိုင် တပ်ရင်း ၁ ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ကျောင်းသားတော် လှန်ရေး တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/01/140361/
လောင်းလုံးရှိ စစ်ဘေး မီးဘေးသင့်ပြည်သူများကို လောင်းလုံး ပကဖ စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့က စားသောက်ကုန်များ ထောက်ပံ့
["လောင်းလုံးရှိ စစ်ဘေး မီးဘေးသင့်ပြည်သူများကို လောင်းလုံး ပကဖ စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့က စားသောက်ကုန်များ ထောက်ပံ့", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသော မီးဘေး စစ်ဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ ၊ နှင့် အခြေခံစားသောက်ကုန်များကို လောင်းလုံး ပကဖ စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့ က ထောက်ပို့ပြည်သူများ၏ ထောက်ပို့မှုများနှင့်အတူ သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/140168/
လောင်းလုံးရှိ စစ်ဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
["လောင်းလုံးရှိ စစ်ဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ဇန်နဝါရီလ ၁၅", "လောင်းလုံးရှိ နေအိမ် မီးရှို့ဖျက်ဆီးခံရသည့် မိသားစုများအပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် လောင်းလုံးနယ်ထဲရှိ စစ်ဘေးသင့်ပြည်သူများအတွက် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ လူမှုကူညီရေးဆပ်ကော်မတီက ဦးဆောင်ပြီး ဆန်၊ ဆီ ၊ ကြက်သွန်၊ ခေါက်ဆွဲ စတဲ့အခြေခံစားသောက်ကုန်တွေနဲ့ အဝတ်အထည်အချို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြသည်။"]
https://yktnews.com/2023/07/115212/
လောင်းလုံးရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ၊ ဆရာမ ၆ ဦးကို ဖမ်းဆီးခြင်းမဟုတ်ဘဲ CDM ဝင်ကြသဖြင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ပြီဟု LLPDF ပြော
["လောင်းလုံးရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ၊ ဆရာမ ၆ ဦးကို ဖမ်းဆီးခြင်းမဟုတ်ဘဲ CDM ဝင်ကြသဖြင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ပြီဟု LLPDF ပြော", "ရန်ကုန်၊ ဇူလိုင် ၂၈", "တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးရွာရှိ ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ CDM ဝင်ရန် သဘောတူသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ ဆရာမ ၆ ဦးနှင့် ကလေးငယ်တစ်ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဇူလိုင် ၂၇ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။", "Non – CDM ဝန်ထမ်းများကို ဇွန်လ နောက်ဆုံး CDM ဝင်ရန် သတိပေးတောင်းဆိုခဲ့သော်လည်း ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆက်ဖွင့်ထားသည့်အတွက် ဇူလိုင် ၂၀ ရက်နေ့တွင် ကျောင်းအုပ်ကြီးနှင့် သွားရောက်ဆွေးနွေးစဉ် ပညာရေးဝန်ထမ်းများက LLPDF ထံ ပူးပေါင်းလိုသည်ဟု ပြောကြားသည့်အတွက် သွားရောက်ခေါ်၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း ‌ သိရှိရသည်။", "CDM အဖြစ် ပူးပေါင်းလာသူများမှာ ကျောင်းအုပ်ကြီးဒေါ်မြင့်မြင်ခိုင်နှင့် ခင်ပွန်း လက်ထောက်ကထိက ဦးနိုင်ဝင်း၊ သားဖြစ်သူ မောင်အောင်ဟိန်းခန့်၊ ဒုကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ ဒေါ်သန္တာအေး(လထ-ကထိက)၊ ဦးနေဆန်း(ကွင်းဆင်းလက်ထောက်)နှင့် နော်ဖြူဖြူသန့်(ကွင်းဆင်းလက်ထောက်) တို့ပါဝင်ကြောင်း သိရှိရသည်။", "ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းထဲသို့ LLPDF အဖွဲ့ဝင်ရောက်ချိန်တွင် ထွက်ပြေးသည့် ကျောင်းသား၊ ကျောင်းသူများကို တုတ်နှင့် ၂ ချက်စီရိုက်၍ အပြစ်ပေးခဲ့ကြောင်း ၊ ထိုဖြစ်စဉ်အတွင်း ကျောင်းသူတစ်ဦး လက်စွပ်ပျောက်ဆုံးတစ်ကွင်းပျောက်ဆုံးခဲ့၍ တပ်ဖွဲ့ဝင်များပါသည့် ပိုက်ဆံ စုဆောင်း၍ ပြန်ပေးခဲ့ကြောင်း သိရှိရသည်။", "လောင်းလုံးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားနှင့် စစ်ကြောင်းထိုး၍ တိုက်ပွဲရက်ဆက်ဖြစ်နေသည့်အတွက် CDM ဝင်သည့် ဆရာ၊ ဆရာမများကို ပို့ဆောင်ဖို့အချိန်အနည်းငယ်နှောင့်နှေးခဲ့ရပြီး လုံခြုံရေးအရ ယခုမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။", "အကြမ်းဖက်စစ်ကောင်စီကမူ PDF များက ဆရာ၊ ဆရာမများကို ဖမ်းဆီးသွားသည်ဟု ဝါဒဖြန့် သတင်းများဖြန့်ချိခဲ့သော်လည်း လက်တွေ့တွင်မူ PDF များက ဖမ်းဆီးခြင်းမဟုတ်ဘဲ ကျောင်းဆရာ၊ ဆရာမများကို လွတ်မြောက် နယ်မြေသို့ ဘေးကင်းစွာဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/01/78625/
လောင်းလုံးရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က သိမ်းပိုက်၊ ငဖဲတွင် စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြင်းခြံနှင့် မုံရွာတွင် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး
["လောင်းလုံးရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က သိမ်းပိုက်၊ ငဖဲတွင် စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြင်းခြံနှင့် မုံရွာတွင် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးများ ခြေကုပ်စခန်းများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၃၁ ညပိုင်းတွင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များမှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးများ ခြေကုပ်စခန်းများနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်အချို့ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ စစ်ရေး မှတ်တမ်းများ၊ မဘသ အဖွဲ့မှတမ်းများ၊ ပျူစောထီးအဖွဲ့ဝင်မှတ်များ၊ လက်လုပ်လက်နက်များနှင့် စစ်အ သုံး အဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။", "ယင်းသို့ ဝင်ရောက် ရှင်းလင်းစဥ် ပျူစောထီးအဖွဲ့ဝင် စာရင်းဇယားများ၊ ထားဝယ်မျိုးချစ်တပ်မတော်နှင့် ပတ်သက်သည့် စာရင်းဇယားများ၊ ၉၆၉ YMBA နှင့် မဘသ အဖွဲ့ဝင် စာရင်းဇယားများ၊ စည်းရုံးရေးမှတ် တမ်းများ၊ ထားဝယ်ခရိုင် ၄ မြို့နယ်ချိတ်ဆက်ဆောင်ရွက်ထားမှု အစီရင်ခံစာများ၊ စစ်ရေးမှတ်တမ်းနှင့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှတ်တမ်းများ၊ အရေးကြီးမှတ်တမ်းများနှင့် လက်နက်လွှဲပြောင်းမှု မှတ်တံများ သိမ်ဆည်းရရှိခဲ့ကြောင်း သိရသည်။", "ပသစ တံဆိပ်ပါ ပျူစောထီး ယူနီဖောင်းများ၊ တုတ်၊ ဓါး၊ တူမီးလေသေနတ်အပါအဝင် လက် နက် ပစ္စည်း တချို့နှင့် စစ်ရေးအရ ဖော်မပြနိုင်သည့် ထားဝယ် ၄ မြို့နယ် အတွင်း ၎င်းတို့ချိတ်ဆက် လှုပ် ရှားမှု အရေးကြီးစာရွက်စာတမ်းများနှင့် ဓါတ်ပုံမှတ်တမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။", "ထို့ပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PRA – Magway ထံမှ သိရသည်။", "အမှတ် ၉၀၅ အမြောက်တပ်မှ အကြမ်းဖက်စစ်သားများလိုက်ပါလာသော မော်တော်ယာဉ်ကို ပဒေသာ မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိနိုင် သော်လည်း နောက်တွဲအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း People’sRevolution Alliance( PRA- Magway) ကထုတ်ပြန်ထားသည်။", "ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက် နေ့လည် ၁၂ နာရီခန့်ကလည်း ဂုတ်ကြီးကျေးရွာရဲစခန်းမှ လုံခြုံရေးကင်း စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ မြောက်ကုန်းရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းမိုးကို ဒီဇင်ဘာလ ၃၀ နေ့လည် ၁၁ နာရီခန့်က ပစ်ခတ်ရှင်းလင်းရာ သေဆုံးသွားကြောင်း နွားထိုးကြီး PDF ထံမှ သိရသည်။", "အဆိုပါစန်းမိုးသည် PDF လှုပ်ရှားမှုများကို ထောက်လှမ်းသတင်းမှုများ လုပ်ဆောင်နေသည်ကို စုံစမ်း သိရသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ နောက်နောင်လည်း အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် များကို အခါအခွင့်သင့်သလို ဝင်ရောက်သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NRDF) က ထုတ်ပြန်ထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့တော်ခန်းမအတွင်းသို့ New Year အကြို ၄၀ မမ ဗုံးသီးနှစ်လုံးပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း Monywa Lightin PDF ထံမှ သိရသည်။", "ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအရေ ကြာ ကြာနေမသဖြင့် အကြမ်းဖက်စစ်ကောင်စီဘက်တော်သားများ အထိအခိုက်အကျအဆုံးကို မသိရခဲ့ ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/09/183419/
လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ
["လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊စက်တင်ဘာ ၁၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) က ပြောဆိုသည်။", "စက်တင်ဘာလ ၉ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ခန့်တွင် ကျောက်နီမော်ကျေးရွာရှိ ပျုစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ၄ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး ပျုစောထီးနှင့် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကြောင်း သိရသည်။", "အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ကာဘိုင်သေနတ် ၃ လက်၊ M-I6 သေနတ် ၁ လက်၊ အဝေးကြည့်မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ Power Bank ၂ လုံး၊ ဓားမြောင် ၂ လက်၊ လက်ထိပ် ၁ ခု ဘဏ်စာအုပ်နှင့် စာရွက်စာတမ်းအများ သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီး စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန်တိုး မြင့်စွာ ဆောင်ရွက်နေသည့်အတွက် စစ်ရေး အထူး အသိ/သတိ ပြုသွားလာနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) က ပြောဆိုထားသည်။", "အဆိုပါ တိုက်မှုကို ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF)ဖက်ဒရယ်ဓူဝံကြပ်တပ်ဖွဲ့ (Federal Polaris force)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့နှင့် က္လားသစ္ထတ် (ကျားသစ်နက်)တို့က ပူပေါင်းတိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/154931/
လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျူစောထီးများနေထိုင်ရာ စီမံကိန်းဟောင်းနှင့်ဘုရားတောင် ပေါ်ရှိ စစ်တပ်ကို ဒရုန်း ဖြင့် ဗုံးကျဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး
["လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျူစောထီးများနေထိုင်ရာ စီမံကိန်းဟောင်းနှင့်ဘုရားတောင် ပေါ်ရှိ စစ်တပ်ကို ဒရုန်း ဖြင့် ဗုံးကျဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ နေထိုင်ရာ စီမံ ကိန်းဟောင်းနေရာနှင့် ဘုရားတောင်ပေါ်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း နွေဦး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ စီမံကိန်းဟောာင်းနေရာကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး၊ ပျူစောထီးတစ်ဦး ဇနီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“တပ်စွဲထားတဲ့ စစ်ခွေးအင်အားကတော့ ခန့်မှန်းမရဘူးဗျ၊ စီမံကိန်းဟောာင်းဆိုတာ အဆောက်အအုံ တစ်ခုပါပဲ၊ အဲဒီနေရာမှာ စစ်ခွေးတွေရော ၊ ပျူစောထီးတွေရောပေါင်းနေကြတာ၊ ပျူစောထီးလင်မ ယားတွေလည်းရှိတယ်၊ လင်ဖြစ်တဲ့ပျူစောထီးက မထိပဲ သူမိန်းမကိုထိတာ၊ စစ်ခွေးရော၊ ပျူစောထီး မိန်းမရော မသေသေးဘူး၊ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နဲ့ ၂၉ ရက်နေ့က ဗုံးကျဲခဲ့တာက ၃ ကောင်သေ တယ်” ဟု နွေဦး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ ပြီးခဲ့သည့် မတ်လ ၂၆ ရက်ည ၈ နာရီခွဲခန့်က ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီး စခန်းကို တစ်ကြိမ်၊ မတ်လ ၂၉ ရက် ည ၇ နာရီ ၁၈ မိနစ်ခန့်က အကြမ်းဖက်စစ်သားများ ခိုလှုံရာ ဘုရားတောင်ပေါ်သို့ တစ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Nway Oo Guerilla Force – နွေဦးပြောက်ကျား Drone အဖွဲ့မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ရမ်းသမ်းပစ်ခတ်မှုရှိမှုရှိခဲ့သော်လည်း တော်လှန် ရေးတပ်ဖွဲ့ဝင် ရဲဘော်များ၊ မိဘပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။", "အကြမ်းဖက်စစ်သားများက အချိန်မရွေးရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လာနိုင်သည့်အတွက် မိဘ ပြည်သူများ အနေဖြင့် လုံခြုံရေးအထူးဂရုစိုက်နေထိုင်ပေးကြပါရန် နွေဦးပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/07/112674/
လောင်းလုံး၊ ခမောင်းတောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၆ နှစ်အရွယ် မယဥ်မာနွေး သေဆုံး
["လောင်းလုံး၊ ခမောင်းတောင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၆ နှစ်အရွယ် မယဥ်မာနွေး သေဆုံး", "ပြည်သူအချို့ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၁၂", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၆ နှစ် အရွယ် မယဥ်မာနွေး သေဆုံးခဲ့ကြောင်းDawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၆ နှစ်အရွယ် မယဥ်မာနွေး ပွဲချင်းပြီးသေဆုံးခဲ့​ပြီး အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နခံတောကျေးရွာဘက်တွင် ယနေ့ နံနက် အစောပိုင်တွင် စစ်ကား ၄ စီးခန့်ဖြင့် အင်အားအလုံးအရင်း ဝင်ရောက်လာကာ နခံတောကျေးရွာ တောင်ပေါ်မှ နေ၍ လက်နက်ကြီးများဖြင့် အချက်ရေ အများအပြား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ညနေပိုင်းတွင် နခံတောရွာနှင့် ခမောင်းတောင်ရွာရှိ ဒေသပြည်သူ အချို့ကို အကြမ်းဖက် စစ်တပ်က ဓားစားခံဖြင့် ဖမ်းဆီးပြီး ရွှေ၊ ငွေနှင့် တန်ဖိုးကြီးပစ္စည်းများကို ခိုးယူကာ နခံတောရွာတောင်ပေါ်၌ ယာယီစခန်းချထားပြီး၊ ဖမ်းခံရသူများထဲမှ အသက်ကြီးရွယ်အိုများ ပါဝင်ပြီး ကျန်းမာရေးအခြေနေ စိုးရိမ်ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113268/
လောင်းလုံး၊ ခမောင်းတောင်ရွာနှင့် သကျက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ်မှု ၁ ဦးသေဆုံး
["လောင်းလုံး၊ ခမောင်းတောင်ရွာနှင့် သကျက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၆", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာနှင့် သကျက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။", "ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာသား ၁ ဦးဖြစ်သည့် အသက် ၄၀ အရွယ် ဦးသာထူး (ခ) ဦးတင်ထွန်းသည် စစ်ဘေးတိမ်းရှောင်နေရာမှ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာစဥ် စစ်တပ် စစ်ကြောင်းက ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ခမောင်းတောင်ရွာသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း သကျက်တောကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာသား ပြည်သူ ဦးအေးချမ်းဦး သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့သောကြောင့် လက်မောင်းကို ကျည်ထိမှန်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။"]
https://yktnews.com/2023/07/113124/
လောင်းလုံး၊ ခမောင်းတောင်ရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ကျေးရွာ ၈ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ
["လောင်းလုံး၊ ခမောင်းတောင်ရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ကျေးရွာ ၈ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၁၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား​ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နခံတောရွာဘက်သို့ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခမောင်းတောင်ရွာကို ခြေလျင် ဝင်ရောက် စီးနင်းပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။", "” စစ်ခွေးတွေ ဝင်လာတုန်း ရွာထဲက လူငယ်တစ်ဦးက ကြောက်လန့်ပြီး ထပြေးလို့ စစ်သားတွေ သေနတ်နဲ့ လှမ်းပစ်တာ လူတော့ လွတ်သွားခဲ့တယ်။ နောက်တော့ အဖိုးကြီး တစ်ဦးကို စစ်သားတွေထပ် ဖမ်းမိသွားပါတယ်။အဖိုးကြီးရဲ့ အိမ်မှာ သမျှ ပစ္စည်းတွေကို စစ်သားတွေ ခိုးယူပြီး အိမ်ကို အကြောင်းပြချက်မရှိ မီးရှို့သွားတယ်” ဟု Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နခံတောရွာ တောင်ပေါ်၌ ယာယီတပ်စွဲထားပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်နေသောကြောင့် နခံတော ၊ခမောင်းတောင်‌၊ တောင်မင်းပြောင်ပန်းစိပ်၊စခန်းကြီး၊မဲအုံနောက် ၊ဘူချိုင်း၊ကွမ်းအုံဘုံ စသည့် ကျေးရွာ ၈ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ခမောင်းတောင်ရွာမှ စစ်ဘေးရှောင်နေသည့် အသက် ၁၇ နှစ်ရွယ် မယဥ်မာဌေး လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့သည်။"]
https://yktnews.com/2023/04/99980/
လောင်းလုံး၊ ပဉ္စသီမော်ကျေးရွာရှိ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က ကျေးရွာရှိ သံဃာတော် ၄ ပါးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား
["လောင်းလုံး၊ ပဉ္စသီမော်ကျေးရွာရှိ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က ကျေးရွာရှိ သံဃာတော် ၄ ပါးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွား", "ရန်ကုန်၊ ဧပြီ ၂၉", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပဉ္စသီမော်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် မင်းဝါကို ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျည် ၂ ချက် ထိမှန်၍ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Dawei Defense Team – DDT အဖွဲ့မှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ပစ်ခတ် တိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်လာပြီး သံဃာတော် ၄ ပါးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားကာ ကျေးရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ ၃ (ထားဝယ် ပကဖ) မှ ရဲဘော်များ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း သိရသည်။", "လောင်းလုံးမြို့နယ်အတွင်း ပျူစောထီးအဖွဲ့ဝင်များ၊ သတင်းပေးဒလန်များ ၎င်းတို့၏ လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန်နှင့် လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီတပ်သားများ၊ ရဲတပ်သားများနှင့် ပူးပေါင်း၍ ပြည်သူများကို ဆက်လက် ဒုက္ခပေးပါက ထိုက်သင့်သည့် ပြစ်ဒဏ်များ ပေးသွားမည်ဖြစ်ကြောင်း Dawei Defense Team – DDT အဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/85406/
လောင်းလုံး၊ မင်းရပ်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာကို မီးရှို့ဖျက်ဆီး၊ မကွေးတွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီ
["လောင်းလုံး၊ မင်းရပ်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ရွာကို မီးရှို့ဖျက်ဆီး၊ မကွေးတွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၂ နာရီ ကျော်ခန့်တွင် ထားဝယ်ဘက် မှ စစ်သား အပြည့်ဖြင့် ဆင်းလာသော စစ်ကား ၂ စီးသည် လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး အရပ်သား ပြည်သူ ဦးတင်လောင်း ကို ပစ်သတ်ကာ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်သားများသည် မင်းရပ်တောင်ပေါ်၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တောစပ်နေရာများကို ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ ဆိုင်ကယ် ၅ စီးကို ခိုးယူသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ပကဖ (LLPDF) က ထုတ်ပြန်ထားသည်။", "အလားတူ မကွေးတိုင်း၊ မကွေးမြို့နယ်၊ ပုထိုးကျေးရွာအုပ်စုတွင် အကြမ်းဖက်စစ်ကောင်စီဝင်များ ဖေဖော်ဝါရီ ၂ရက်နေ့ ည ၂ နာရီ အချိန်တွင် ဝင်ရောက်၍ ရွာသား ၄ဦးကို အကြောင်းမဲ့ အင်အားသုံးဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဖမ်းဆီးခံရသည့် ရွာသားများမှာ ကိုသန်းမင်းဦး၊ ကိုမြင့်သူ၊ ကိုမင်းနိုင်နှင့် ကိုမျိုးဝင်းနိုင်တို့ ၄ ဦးတို့ ဖြစ်ကြကြောင်း၊ ကိုသန်းမင်းဦးနှင့် ကိုမြင့်နိုင်တို့မှာ ညီအစ်ကိုများဖြစ်ပြီး ဖခင်ဖြစ်သူ အသည်းအသန်ဖြစ်၍ ဘားအံတွင် အလုပ်လုပ်ရာမှ ရွာသို့ ပြန်လာစဉ် မတရားဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“သူတို့အကြောင်းပြချက်က ဘားအံက ပြန်လာတဲ့ ကလေးကို ကရင်ပြည်ပြန်လာတာ အထင်ကြီးပြီး ဖမ်းတာနေမှာပေါ့ဗျ။ အမှန်က အဲ့ကလေးကလည်း သူ့အဖေအသည်းအသန်ဖြစ်လို့ ရွာပြန်လာတာ။ မကွေးက ညအချိန်သွားမရလို့ ရင်းဆိပ်တိုက်နယ်ဆေးခန်းသွားပြပြီး ပြန်အလာ သူ့လိုက်ပို့တဲ့ ဆိုင်ကယ်ကယ်ရီသမားလည်း အဖမ်းခံရတယ်။ ဆိုင်ကယ်အပ်ခဲ့တဲ့ အိမ်က အစ်ကိုလည်း အဖမ်းခံရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ကိုမျိုးဝင်းနိုင်မှာ တိုက်နယ်ဆေးခန်းလိုက်ပို့ပေးသည့် ဆိုင်ကယ်ကယ်ရီသမားဖြစ်ပြီး ကိုမင်းနိုင်မှာ ဆေးခန်းက အပြန် ဆိုင်ကယ်အပ်နှံ့ခဲ့သည့် အိမ်မှ ဖြစ်ကြောင်း လတ်တလောတွင် ကိုမျိုးဝင်းနိုင်ကိုမူ အမှတ် ၁ ရဲစခန်းတွင် ဖမ်းဆီးထားပြီး ကျန် ၃ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ပုထိုးကျေးရွာတွင် ဖမ်းဆီးခံရသူများမှာ သာမန်ပြည်သူများသာ ဖြစ်ကြောင်းနှင့် မတရားစွတ်စွဲဖမ်းဆီးခံရသည့်အတွက် ရွာသားများမှာ စိုးရိမ်ထိတ်လန့်နေကြပြီး တစ်ရွာလုံးကြောက်လန့်နေကြကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2022/12/77955/
လောင်းလုံး၊ မင်္ဂလာဆောင်တစ်ခုတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ စွန်ရဲ အဖွဲ့က ဗုံးထောင်ဖောက်ခွဲမှု ပြည်သူ ၆ ဦးဒဏ်ရာရ၊ ပြည်သူ ကို ထိခိုက် စေသည့် လုပ်ရပ် လောင်းလုံး PDF အပြင်းအထန်ရှုတ်ချ
["လောင်းလုံး၊ မင်္ဂလာဆောင်တစ်ခုတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ စွန်ရဲ အဖွဲ့က ဗုံးထောင်ဖောက်ခွဲမှု ပြည်သူ ၆ ဦးဒဏ်ရာရ၊ ပြည်သူ ကို ထိခိုက် စေသည့် လုပ်ရပ် လောင်းလုံး PDF အပြင်းအထန်ရှုတ်ချ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာရှိ မင်္ဂလာဆောင်တစ်ခု တွင် စစ် ကောင်စီ လက်အောက်ခံ ပျူစောထီး၊ စွန်ရဲအဖွဲ့များက ဗုံးထောင်ဖောက် ခွဲခဲ့ရာ ပြည်သူ ၆ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။", "ယနေ့ဒီဇင်ဘာလ ၂၉ ရက် နံနက် ၈ နာရီခန့်က ဝေဒီရွာရှိ နေအိမ်ခြံဝင်း တစ်ခု အတွင်း မင်္ဂလာဆောင်ပွဲ တစ်ခုကျင်းပနေစဉ် ဗုံးထပေါက်ပြီး မင်္ဂလာဆောင်ပွဲ လာသူ ဦးဖေဝင်း၊ ဒေါ်အေးမူ၊ မရှမ်းမအို၊ မဖြူမာ အောင်၊ မမီးပြည့်တို့နှင့် အခြား ရွာမှ ပြည်သူတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိပြီး အရေးပေါ်လူနာတင်ယာဉ် ဖြင့် ဆေးရုံပို့လိုက်ရကြောင်း သိရသည်။", "“ပျူစောထီးတွေရဲ့လုပ်ရပ်ပါ။ PDF တွေ ဖျက်ဆီးတယ်လို့ ထင်စေမယ့် အကြံနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ပြည်သူနှင့် PDF တွေကို သွေးကွဲအောင် ကြံစည် နေတာပါ။ မင်္ဂလာဆောင် စပီကာ ဘောက်နားကနေ ပေါက်ကွဲတာ လို့သိထား တယ်။ လူနာတွေတော့ ကားနဲ့ခေါ်သွားတာပဲ သိရတယ်၊ ဘယ်ဆေးရုံပို့လိုက် လဲဆိုတာ မသိရဘူး” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန် ရှိ သူတစ်ဦးကပြောသည်။", "ယင်းမိုင်းခွဲမှုအပေါ် လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အပြင်း အထန် ရှုံချကန့်ကွက် ကြောင်း၊ လောင်းလုံးမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့ (LLPDF) နှင့်လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန် ထား သည်။", "တော်လှန်ရေးအချိန်ကာလကြာမြင့်လာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီ သည် လုံးပါးပါးကာ အဖက်ဖက်မှ ပျက်စီးယိုယွင်းနေပြီး ပြည်တွင်း၊ ပြည်ပ ဖိအား အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့လာရသည် နှင့်အမျှ တော်လှန်ရေးပုံရိပ်ကျ ဆင်းစေရန် နည်းလမ်းအမျိုးမျိုးလုပ်ဆောင်လာနေသည်ကို သိသာ ထင်ရှား စွာတွေ့မြင်နေကြောင်း၊ ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံ ဖန်တီး မှုများရှိလာ နေပြီ ဖြစ်၍ ပြည်သူများအနေဖြင့် သတိရှိရန်၊ မင်္ဂလာပွဲများ၊ ပျော် ပွဲ ရွှင်ပွဲများ၊ ကမ်းခြေနှင့် လူစုလူဝေး များ ရှောင်ရှားသွားလာ နေထိုင် ကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန် အသိပေး ထား သည်။"]
https://yktnews.com/2025/03/207740/
လောင်းလုံး၊ မလှိုင်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ နေအိမ်များနှင့် ကားများ ပျက်စီးဆုံးရှုံး
["လောင်းလုံး၊ မလှိုင်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ နေအိမ်များနှင့် ကားများ ပျက်စီးဆုံးရှုံး", "ရန်ကုန်၊ မတ် ၁၆", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးနှင့် ကား ၁ စီး ပျက်စီး ခဲ့ကြောင်း ဒေသသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၃ ရက်နေ့ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လက်ခတ်တောင် တာဝါတိုင်ကုန်း စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်စဉ် အကြမ်းဖက် စစ်တပ်က လေယာဉ်နှင့် စစ်သင်္ဘောများဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း လက်ခတ်တောင် ဘုန်းကြီးကျောင်းကိုလည်း ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးနှင့် ကား ၁ စီး ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ အရပ်သားပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။", "“တောင်ပေါ်မှာ လပြည့်‌နေ့ ပဌာန်းသိမ်းပွဲရှိလို့ အဲကိုလာတဲ့ လူနည်းနည်းရှိတယ်ပေါ့။ အဲအချိန်မှာ တိုက်ခိုက်ထဖြစ်တော့ သူတို့ အကုန်လုံး ပိတ်မိကုန်တာပေါ့။ စစ်ခွေးတွေ ဘုန်ကြီးကျောင်းကို လေယာဉ်နဲ့ကော စစ်သင်္ဘောနဲ့ကော ပစ်တာ ကျောင်းဝင်းထဲမှာ ရှိတဲ့ အဆောက်အဦးတွေနဲ့ ကား ၁ စီး ပျက်စီးမှုရှိတယ်လို့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေအနေတော့ မရှိဘူးလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက ပြောဆိုသည်။", "ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အစပ်ရှိ သန်းကုန်းရွာ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/183610/
လောင်းလုံး၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["လောင်းလုံး၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လောင်းလုံး ပကဖ ဇုန် (၁) ရွှေသောင်ယံတပ်စု က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“မောင်းမကန်ရဲစခန်းအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ၄၀ မမ ဗုံးသီးနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ရန်သူဘက်မှ ထိခိုက် သေဆုံးမှုကိုတော့ ဆက်လက် စုံစမ်းဆဲဖြစ်ပါတယ်” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/81511/
လောင်းလုံး၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ မီးရှို့ ရှင်းလင်း
["လောင်းလုံး၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့ မီးရှို့ ရှင်းလင်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "လောင်းလုံးမြို့နယ်၊ သကျက်တောရွာ နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက မီးရှို့ ရှင်းလင်းခဲ့ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီ ဝန်းကျင်ခန့်တွင် အဆိုပါ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ရဲစခန်းကို မီးရှို့ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရဲစခန်းတွင် တပ်စွဲထားသော စစ်သားနှင့် ရဲများက စခန်းကို စွန့်ခွာထွက်ပြေးသွားသောကြောင့် လောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)နှင့် ထားဝယ် အထူး ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ရဲစခန်းအတွင်းရှိ ပင်မဆောင်၊ အိပ်ခန်း၊ တန်းလျားများ အပါအဝင် အဆောက်အအုံ ၅ ဆောင်၊ ဘန်ကာ ၂ ခုတို့ကို မီးရှို့ ရှင်းလင်းခဲ့ကြောင်းဘလောင်းလုံးပြည်သူ့ ကာကွယ်ရေးအဖွဲ့ (LLPDF)က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/80412/
လောင်းလုံး၊ ဟင်းချိုတောရွာတွင် စစ်တပ်က ပြည်သူ့နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီး
["လောင်းလုံး၊ ဟင်းချိုတောရွာတွင် စစ်တပ်က ပြည်သူ့နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီလ ၁၁", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ဟင်းချိုတောကျေးရွာရှိ အပြစ်မဲ့ပြည်သူပိုင်အိမ်များကို ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင် ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီဝင်အင်အား ၂၀ ခန့်ဖြင့် ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်။", "“နံနက် ၅နာရီခန့်က လှေနဲ့ကျောက်နီမော်ဘက်က တက်လာကြတယ်။စစ်ခွေး လို့ မထင်မိကြဘူး။ရွာထဲရောက်မှ ဖုန်းတွေကိုမတရားသိမ်းတယ်။အိမ်တွေကို လည်း ဘာအပြစ်မှမရှိဘဲ မတရားမီးရှို့သွားတယ်”ဟု ‌ဒေသခံတစ်ဦးက ပြောကြား သည်။", "ထိုသို့ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကို လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံ ပညာကျောင်းသားများ သပိတ်ကော်မတီက အပြင်း အထန် ရှုတ် ချကြောင်း ‌၎င်းတို့၏ စာမျက်နှာတွင် ဖော်ပြထားသည်။", "ဟင်းချိုတောကျေးရွာရှိ ‌ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်း ဖက် စစ်ကောင်စီဝင်များသည် ကျောက်နီမော်ကျေးရွာမှ စစ်ကောင်စီဝင်များနှင့် ပျူစောထီးများ ဖြစ်ကြကြောင်း ‌ဒေသခံများထံမှ သိရှိရသည်။"]
https://yktnews.com/2023/03/90681/
လောင်းလုံး၊ အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်
["လောင်းလုံး၊ အောက်ကျောက်ဝပ်ရွာသား ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ မတ် ၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ဦးဆောင်ကာ ပျူစောထီး ၅၀ ကျော်ခန့်က ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅ လုံးကို ဝင်ရောက်မွှေနှောက်ပြီး နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ယင်းသို့ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာနေ ပြည်သူ ၆ ဦးကို စစ်သားများက ဖမ်းဆီး နှိပ်စက်ခဲ့ပြီး ပြည်သူ ၅ ဦးသေဆုံးကာ ပြည်သူ ၁ ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။", "” ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက အင်အားသုံးပြီး ကျောက်ဝပ်ပြင်ကျေးရွာ တောင်ကြောအတိုင်းကို စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး အောက်ကျောက်ဝပ်ရွာကို ဝင်စီးတာ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ၅ ဦးကို နှိပ်စက် သတ်ဖြတ်သွားတယ်။ ကျန် ၁ ဦးကလည်း အပြင်းအထန် ဒဏ်ရာတွေနဲ့ ဆေးကုသမှု ခံယူနေရတယ်။ ပြည်သူတွေ အမည်စာရင်းတော့ မသိရသေးဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/03/209432/
လေ့ကေကော် တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ပြီး နေပြည်တော် အခွန်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ ငလျင်ဒဏ်ကြောင့် သေဆုံး
["လေ့ကေကော် တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ပြီး နေပြည်တော် အခွန်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ငလျင်ဒဏ်ကြောင့် သေဆုံး", "ရန်ကုန်၊ မတ် ၂၉", "ကရင်ပြည်နယ် လေ့ကေကော် တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ပြီး နေပြည်တော် အခွန်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်း၏ ဇနီးနှင့် သမီးဖြစ်သူတို့ ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် နေပြည်တော် အခွန် ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်နေသည့် ဗိုလ်မှူး ထင်လင်းဇော်၏ ဇနီးယုဇနကျော် နှင့် သမီးဖြစ်သူတို့ တိုက်ပိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဗိုလ်မှူး ထင်လင်းဇော်သည် ပုသိမ်မြို့ ဖက်တန်းလမ်း အနန္တဂုဏ်ရည် သစ်စက်ပိုင်ရှင်၏ သားမက်ဖြစ်ပြီး လေ့ကေကော်တိုက်ပွဲတွင် သေဆုံးသည်ဟု သတင်းလွှင့်ကာ နေအိမ်တွင် အနားယူနေထိုင်ပြီးမှ ပြည်တွင်းအခွန်ဦးစီးဌာနဘက်သို့ အသွင်ပြောင်းရွေ့သွားသူဖြစ်ကြောင်း သိရှိရသည်။", "“ပုသိမ်မြို့ ဖက်တန်းလမ်း အနန္တဂုဏ်ရည် သစ်စက်ပိုင်ရှင်ရဲ့ သားမက် အကြမ်းဖက် ဗိုလ်မှူး ထင်လင်းဇော်ရဲ့ မိန်းမ ယုဇန ကျော်နဲ့ သမီးဖြစ်သူ နေပြည်တော်မှာ တိုက်ပိပြီးသေဆုံးတာလို့ သိရတယ်။ ရုပ်အလောင်းတွေကတော့ နေပြည်တော်မှာပဲလို့ သိရတယ်။ ပုသိမ်မြို့ကို အခုထိ ပြန်မသယ်သေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/10/188617/
လေးကေ့ကော်ရှိ စွယ်တော်ကုန်း ‌စစ်တပ် အမြောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင် ၁ ဦး ကျဆုံး
["လေးကေ့ကော်ရှိ စွယ်တော်ကုန်း ‌စစ်တပ် အမြောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင် ၁ ဦး ကျဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် လေးကေ့ကော်မြို့သစ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ အ မြောက် တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၁၈ ရက် နံနက် ၅ နာရီခန့်အချိန် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စွယ်တော်ကုန်းခေါ် လက်နက်ကြီးအထိုင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိ ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၍ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် အနီးအနားပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၄ လခန့်အကြာ ဝန်းရံပိတ်ဆို့ထားကာ အောက်တို ဘာလ ၁၈ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှ ၁၂၀ မမစိန်ပြောင်း ၂ လက်၊ ၁၂၀ မမ ပြောင်းအထိုင် ၂ ခု၊ ၁၂၀ မမ ဒေါက် ၃ ခု၊ ၁၂၀ မမကျည် ၂၄ လုံး၊ ၆၀ မမ အထိုင် ၁ ခု၊ ၁၂၀ မမ ပြောင်းရှင်းတံ ၂ ချောင်း၊ ၆၀ မမကျည် ၃၆ လုံး၊ ပွိုင့်5 ၁ လက်၊ ပွိုင့်5 ပြောင်းအပို ၁ ချောင်း၊ ပွိုင့်5 ကျည် ၁၀၀၀ တောင့်၊ MA1 ၁၆ လက်၊ MA 3 ၃ လက်၊ MA4ပူးတွဲ ၁ လက်(ပျက်စီး)၊ ၆၀ မမ(ပြောင်းရှည်) ၁ ချောင်း(ပျက်စီး)၊ 5.56 ကျည် ၂၀၀၀ ခန့်၊ RPG ၁ လက်၊ နာတို(၇.၆၂)ကျည် ၁၅၀၀တောင့်ခန့်၊ တိုက်မိုင်း နင်းမိုင်း ၁၀ ခု၊ စစ်သုံးမြေပုံ ၁ခု၊ Jemmer ၄ ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ကော်ဘရာစစ် ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ် ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံ ကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle ၊ KNU-KNLA၊ Federal Wings ၊ Justice Wings နှင့် Fixed Wings တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/05/214365/
လေးမျက်နှာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် အတင်းအကျပ် ဝင်ရောက် ဖမ်းဆီး
["လေးမျက်နှာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန်အတွက် အတင်းအကျပ် ဝင်ရောက် ဖမ်းဆီး", "ရန်ကုန်၊ မေ ၁၃", "ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားအုပ်စု၊ ချောင်းဖျားကျေးရွာတွင် စစ်တပ်က စစ်ကား ၃ စီးဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ ထို့နောက် ကျေးရွာအတွင်းမှ လူငယ် ၁ ဦး (အမည်သိသော်လည်း ကျန်ရစ်သူမိသားစုများ၏ လုံခြုံရေးအတွက် အမည် မဖော်ပြရန်တောင်းဆိုထားပါသည်)ကို စစ်တပ်က အတင်းအကျပ် ဝင်ရောက် ရိုက်နှက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "” စစ်ကား ၃ စီးနဲ့ အတင်းဝင်လာပြီး လူငယ် ၁ ဦးကို ရိုက်နှက် ဖမ်းဆီးသွားပါတယ်။ စုံစမ်းကြည့်တော့ စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲတာလို့ ပြောပါတယ်။ အခုတော့ ရွာက လူငယ်တွေအားလုံး ပြေးနေရပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ ဧရာ၀တီတိုင်း၊ လေးမျက်နှာ မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာတွင်လည်း လူငယ် အမျိုးသား ၅ ဦးကို စစ်တပ်က အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားကြောင်း၊ ယခုအချိန်အထိ ဖမ်းဆီးထားသည်မှာ ရက်အတော်ကြာမြင့်ပြီဖြစ်သော်လည်း ပြန်လည် လွှတ်ပေးခြင်းမရှိသည့်အပြင် ငွေကြေးနှင့် ရွေးခိုင်းမည့် အခြေအနေ ရှိနေကြောင်း သိရှိရသည်။", "“လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ မှာ အမျိုးသား ၅ ဦးကို စစ်တပ်က ဖမ်းဆီးထားပါတယ်။ အဲဒီအထဲမှာ ချမ်းသာတဲ့ မိသားစုက လူငယ်တချို့လည်းပါတော့ မိသားစုတွေက ငွေနဲ့ ရွေးဖို့ ပြင်ဆင်နေကြတယ်။ ဘာလို့ ဖမ်းတာလဲတော့ မပြောဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဧပြီလ ၂၇ ရက်နေ့ကလည်း စစ်တပ်က လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာထဲ့သို့ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ မိုဘိုင်းလ်ဖုန်းများကို သိမ်းဆည်းသွားကြောင်း၊ အဆိုပါ သိမ်းဆည်းသွားသော မိုဘိုင်းလ်ဖုန်းများကိုလည်း စစ်တပ်က ပြန်လည် ပေးအပ်ခြင်းမရှိကြောင်း ဒေသပြည်သူ အများစုက ပြောဆိုကြသည်။", "အကြမ်းဖက်စစ်တပ်က ယခု မေလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၃ အတွက် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် လူငယ်များကို အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/160723/
လဲချားမြို့မှ မန္တလေးသို့သွားရောက်သည့် လူငယ် ၁ ဦးကို ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်မှုဖြစ်ပွား
["လဲချားမြို့မှ မန္တလေးသို့သွားရောက်သည့် လူငယ် ၁ ဦးကို ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်မှုဖြစ်ပွား", "ရန်ကုန်၊ မေ ၄", "ရှမ်းပြည်နယ်၊ တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးမြို့သို့ သွားရောက်သော လူငယ်တစ်ဦးကို ကားဂိတ်တွင် စစ်တပ်ကဟိုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပေါ်တာဆွဲပြီး ငွေညှစ်မှု ဖြစ်ပွားကြောင်း ဖမ်းဆီးခံရသည့် လူငယ်၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၃ ရက်နေ့ ရှမ်းပြည်နယ်၊တောင်ပိုင်း လဲချားမြို့နယ်မှ မန္တလေးသို့ သွားရောက်သော လူငယ် မောင်ထွန်းမြတ်သည် မန္တလေး ကားကြီးကွင်း ရောက်ရှိချိန် လူတစ်ဦးက “ဘယ်သွားမလဲ” ၊ “ကားငှားမလား” ဟုဆိုကာ သူနှင့်လိုက်ခဲ့ရန် ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် မီနီအိုးဝေဖြင့် ခေါ်ဆောင်ကာ KTV တစ်ခုအတွင်းသို့ ထည့်ထားခဲ့ကြောင်း၊ KTV အတွင်းသို့ ရောက်ရှိသောအခါ လူ ၆ ဦးက လူငယ်၏ အဝတ်ထုပ်များ ပိုက်ဆံအိတ်နှင့် ဖုန်းများကို သိမ်းဆည်းကာ ကိုယ်ရေးအကျဉ်း ရိုက်နှက် စစ်မေးကြောင်း၊ စကားတစ်ခွန်းမေးတိုင်း နားရင်းတစ်ချက် ရိုက်ကြောင်း၊ ရိုက်နှက်သူများက ၎င်းတို့သည် စစ်သားများ ဖြစ်ကြောင်း၊ ဖမ်းဆီးရသော လူငယ်ကို နိုင်ငံရေးလုပ်သည် PDF နှင့်ဆက်သွယ်သည်ဆိုပြီး သတ်ပစ်လို့ရကြောင်း၊ စစ်တပ်ထဲ ပို့နိုင်ကြောင်း ပြောဆိုပြီး မိဘများထံ ဖုန်းခေါ်ခိုင်းကြောင်း၊ မိဘများနှင့် ဖုန်းအဆက်သွယ်ရသောအခါ ပြန်ပေးဆွဲသူများက ငွေကြေးတောင်းခံကြောင်း၊ ငွေလွှဲပေးသည်နှင့် ချက်ချင်း ပြန်လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။", "“မောင်လေးက မန္တလေးကနေ ကျောက်ဆည်ကို ဆက်သွားမလို့။ အဲဒါ ကားကြီးကွင်းမှာ ကားငှားမလားဆိုပြီး လူတစ်ဦးက ဆွဲခေါ်သွားတာ။ KTV ရောက်တော့မှာ လူ ၆ ယောက်လောက်က ၀ိုင်းရိုက်ပြီး ပစ္စည်းတွေ၊ ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ သိမ်းတယ်။ အိမ်ကို ဖုန်းခေါ်ခိုင်းပြီး ငွေညှစ်တယ်။ ငွေကတော့ နောက်ဆုံး မတတ်နိုင်လို့ပါ တောင်းပန်တော့မှ ငွေ ၅ သိန်းချက်ချင်းလွှဲခိုင်းတယ်” ဟု ဖမ်းဆီးခံရသူလူငယ်၏ အစ်မဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပြန်ပေးဆွဲသူများ တောင်းခံသည့် ငွေကို K Pay မှတစ်ဆင့် လွှဲပေးလိုက်ပြီးနောက် တိုင်ကြားခြင်းမပြုလုပ်ရန်၊ အသံဖမ်းမထားရန် စသည်ဖြင့် အကြိမ်ကြိမ် အော်ဟစ် ရိုက်နှက်ပြီး ဖမ်းဆီးထားသူ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။", "“ပိုက်ဆံမပေးခင်က သတ်ပစ်တယ်။ စစ်ကြောရေးပို့မယ်၊ PDF ဆိုပြီး ထောင်ချမယ် အမျိုးမျိုး ပြောတာ။ ငွေလွှဲပေးတော့လည်း မတိုင်ဖို့၊ ဖုန်းပြောတာကို Record လုပ်မထားဖို့ အကြိမ်ကြိမ်ပြောတယ်။ ငွေလွှဲတော့မှ ကလေးကို ရိုက်နှက်ပြီး ပြန်လွှတ်တယ်။ မောင်လေးက ပြောတာတော့ ဖမ်းထားတဲ့သူတွေက ဓားတွေနဲ့လို့ ပြောတယ်။ မောင်လေးပိုက်ဆံအိတ်ထဲကငွေတွေလည်း အကုန်ယူသွားပါတယ်။ ကိုင်တဲ့ဖုန်းတောင် စုတ်ပြီး သိပ်တန်ဖိုးမရှိလို့ ပြန်ပေးလိုက်တာ” ဟု ဖမ်းဆီးခံရသူ၏ အစ်မဖြစ်သူကရှင်းပြသည်။", "ထို့ကြောင့် လူငယ်များအနေဖြင့် ခရီးသွားပါက တစ်ဦးတည်းမသွားဘဲ အဖော်ဖြင့်သွားရန်၊ လာရောက်ခေါ်ဆောင်သူများနောက်သို့ မလိုက်ရန်နှင့် ရွှေငွေများ အများအပြား ယူဆောင်သွားခြင်းမပြုရန် အသိပေးလိုကြောင်း ၎င်းက ပြောဆိုသည်။", "“မောင်လေး ဖြစ်စဉ်ကို ပြောပြတာက လူငယ်တွေ ခရီးသွားရင် သတိထားစေချင်လို့ပါ။ ကျမမောင်လေးလိုလည်း မဖြစ်စေချင်လို့” ဟုပြောဆိုသည်။", "အဆိုပါပြန်ပေးဆွဲ ငွေညှစ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတိုင်ကြားရန် မရှိဘဲ မန္တလေးရောက်ရှိနေသော မောင်ဖြစ်သူ ဘေးကင်းစွာဖြင့် အိမ်ပြန်ရောက်ရန်သာ အဓိက ဖြစ်သည်ဟု မိသားစုဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- ခရီးသည်တင်ကားပေါ် တက်၍ မှတ်ပုံတင်စစ်နေသည့် အကြမ်းဖက်စ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/01/79475/
လျှို့ဝှက်စာတွေ ပေါက်ကြားနေပြန်လို့ ပြည်နယ်/တိုင်း ညွှန်ကြားစာတွေမှာ အသားတံဆိပ်တွေ ထည့်သွင်းခိုင်းပြန်
["လျှို့ဝှက်စာတွေ ပေါက်ကြားနေပြန်လို့ ပြည်နယ်/တိုင်း ညွှန်ကြားစာတွေမှာ အသားတံဆိပ်တွေ ထည့်သွင်းခိုင်းပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၆", "အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်နေတဲ့ လျှို့ဝှက်စာတွေ ပေါက်ကြားမှု မဖြစ်စေဖို့ ပုံစံအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ခဲ့ပေမယ့်လည်း အခု အချိန်အထိ မထိန်းနိုင်တာမို့ ထပ်မံပြီး ပြည်နယ်/တိုင်း အသားတံဆိပ်တွေ စာတွေမှာ ထည့်သွင်းဖို့ ညွှန်ကြားပြန်ပါတယ်။", "နေပြည်တော်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြည်နယ်/တိုင်းစစ်ကောင်စီ တွေ ကို လျှို့ဝှက် ညွှန်ကြားချက်တွေ ပေးပို့ရာမှာ စာတွေ မထိန်းနိုင်ဘဲ ပေါက် ကြားမှု တွေရှိနေတာလည်းဖြစ်ပါတယ်။ မူလက တိုင်း/ပြည်နယ်နဲ့ ဝန်ကြီး ဌာန ညွှန်ကြားတွေမှာ ကုတ်နံပါတ် ဂဏန်းတွေ လျှို့ဝှက် ထည့်သွင်း ပေးပို့ပေ မယ့် အဲဒီလို လျှို့ဝှက်ဂဏန်းတွေ ထည့်သွင်းခိုင်းတယ်ဆိုတဲ့ သတင်းကလည်း ပေါက်ကြားခဲ့ပါတယ်။", "ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြခဲ့တဲ့ လျှို့ဝှက်ပေါက်ကြားစာတွေမှာ လျှို့ဝှက်ကုတ်ဂဏန်းတွေကို ဖယ်ရှားပြီး တင်ပြခဲ့တဲ့နောက်ပိုင်းမှာ အခုလို အသားတံဆိပ် ထည့်သွင်းဖို့ ညွှန်ကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။", "လျှို့ဝှက်ညွှန်ကြားစာတွေမှာ ညွှန်ကြားခံရတဲ့ ပြည်နယ်/တိုင်း အသားတံဆိပ် ထည့်သွင်းခြင်းက ပေါက်ကြားတဲ့ ပြည်နယ်/တိုင်းစစ်ကောင်စီဌာနတွေကို ခြေရာခံနိုင်အောင်ဖြစ်တယ်လို့ သိရပါတယ်။", "“အမိန့်စာတွေ၊ ညွှန်ကြားစာတွေ သတင်းပေါက်ကြားမှု ရှိခဲ့ရင် ပေါက်ကြား တဲ့တိုင်း/ပြည်နယ် သိရအောင် အောင် အောက်ခံ အသားတံဆိပ်တွေတပ် ပေးပို့ရန် စစ်ကောင်စီကညွှန်ကြားတာပါ။ ဥပမာ ရန်ကုန်ဆိုရင် စာရွက်အပြည့် ဘေးတိုက် YGN စာလုံးပါမယ်” လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါ တယ်။", "စစ်ကောင်စီအနေနဲ့ ဖရဲသီးပပျောက်ရေး ဆိုပြီး စီမံချက်တွေ လုပ်ဆောင်နေ ပေမယ့်လည်း သတင်းအချက်အလက်နဲ့ လျှို့ဝှက်စာတွေ ပေါက်ကြားမှုကို အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း ထိန်းသိမ်းနိုင်ခြင်းမရှိသေးပါဘူး။"]
https://yktnews.com/2025/01/198228/
လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား ၆၀၀ ဦး ပါဝင်မည်ဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဝန်းကျင်သာ အတည်ပြုနိုင်သေးဟု PPNM ပြောဆို
["လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေး အကျဉ်းသား ၆၀၀ ဦး ပါဝင်မည်ဟု ဇော်မင်းထွန်း ပြောဆိုသော်လည်း လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၁၅၀ ဝန်းကျင်သာ အတည်ပြုနိုင်သေးဟုPPNM ပြောဆို", "ရန်ကုန်၊ ဇန်နဝါရီ ၄", "လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦး ပါဝင်မည်ဟု ဇော်မင်းထွန်း ပြောဆိုထားသော်လည်း အကျဉ်းထောင် ၁၀ ခုမှ လက်ရှိ စုစည်းထားသော စာရင်းများအရ နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက် လာသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပုဒ်မ ၅၀၅ နှင့် တရားစွဲခံရသည့် နိုင်ငံရေးအကျဉ်းသား ၆၀၀ နှင့် ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သူများတွင် ပါဝင်သည်ဟု ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာသူများ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက်လာသေးကြောင်း သိရသည်။", "“ကျွန်တော်တို့ကတော့ စစ်ကောင်စီ ပြောသမျှ စကားအားလုံးကိုတော့ မျက်လုံးမှိတ်လက်ခံဖို့ ခဲယဉ်းပါတယ်။ ဘာလို့လည်းဆိုတော့ အာဏာသိမ်းပြီးကတည်းက လိမ်နည်းပေါင်းစုံနဲ့ လိမ်နေတဲ့ အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့ ပြောစကားအားလုံးကို လက်ခံဖို့ ခဲယဉ်းပါတယ်။ အခုထိ ပြုစုထားတဲ့ စာရင်းတွေအရည အကျဉ်းထောင် ၁၀ ထောင်က နိုင်ငံရေးအကျဉ်းသား ၁၅၀ ဝန်းကျင်လောက်တော့ လွတ်မြောက်လာတာတော့ ကျွန်တော်တို့ ရရှိထားပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီဝင် ဇော်မင်းထွန်း၏ ပြောစကားနှင့် ပတ်သက်၍ စောင့်ကြည့်အတည်ပြုနေဆဲဖြစ်ပြီး မှန်ကန်မှု ရှိ မရှိ စိစစ်ပြီး အထောက်အထားနှင့် တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2025/02/203418/
လွတ်မြောက်နယ်မြေ အညာဒေသတစ်ခုအတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းကို စာရေးကိရိယာနှင့် ဆေးဝါးများလှူဒါန်း
["လွတ်မြောက်နယ်မြေ အညာဒေသတစ်ခုအတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းကို စာရေးကိရိယာနှင့် ဆေးဝါးများလှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "လွတ်မြောက်နယ်မြေ အညာဒေသတစ်ခုအတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတစ်ခုသို့ လူငယ် လွတ်မြောက်ရေး အဖွဲ့-YLA က သွားရောက်၍ ကျောင်းနေ ကျောင်းသား/သူ များအတွက် စာအုပ်၊ဖောင်တိန်၊ခဲတံ၊ခဲဖျက်၊ပေတံ အစရှိသည့် လိုအပ်ပစ္စည်းများနှင့် ကျောင်းသုံးပစ္စည်းများ၊ကျောင်းသူ/သားလေးများအတွက် အဖျားကျဆေး၊သံချဆေး အစရှိသည့် ဆေးဝါးများလည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/110070/
လွတ်ရက်စေ့ချိန် အကျဉ်းထောင်ထဲမရှိတော့ဘဲ မိသားစုနဲ့ အဆက် အသွယ် ပြတ်သွားတဲ့ ဦးသောဘိတ(အလင်္ကာကြယ်)အတွက် အသက်အန္တရာယ် စိုးရိမ်နေရပြီ
["လွတ်ရက်စေ့ချိန် အကျဉ်းထောင်ထဲမရှိတော့ဘဲ မိသားစုနဲ့ အဆက် အသွယ် ပြတ်သွားတဲ့ ဦးသောဘိတ(အလင်္ကာကြယ်)အတွက် အသက်အန္တရာယ် စိုးရိမ်နေရပြီ", "ရန်ကုန် | ဇွန် ၂၈", "စစ်တပ်က အာဏာစတင်သိမ်းယူချိန်ကတည်းက ဖမ်းဆီးသွားခဲ့ပြီး ထောင် သွင်း အကျဉ်းချခံ ထားရတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ လွတ်ရက်စေ့ချိန်မှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ ပျောက်ဆုံး နေပါ တယ်။", "ဆရာတော်က အကျဉ်းထောင် ထဲလည်း မရှိတော့သလို စစ်ကောင်စီက ဘယ်နေရာခေါ်ဆောင်သွားလဲ မသိရတဲ့အတွက် အသက်အန္တရာယ်စိုးရိမ် တယ်လို့ မန္တလေးသံဃသမဂ္ဂက မနေ့က ထုတ်ပြန်ပါတယ်။", "ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်)ကို စစ်တပ်က အာဏာစတင် သိမ်းယူတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ မနက် ၄နာရီအချိန်မှာ ဖမ်း ဆီးသွားခဲ့ပြီး ၂၀၀၈ခုနှစ်က စွဲဆိုထားတဲ့ ပုဒ်မ(၆၆)(ဃ)အမှုနဲ့ အမရပူရ တရားရုံးမှာ ထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့သလို ထောင်တွင်းတရားရုံးကနေ ပုဒ်မ (၅၀၅)(က)နဲ့ နောက်ထပ် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။", "အဆိုပါထောင်ဒါဏ်တွေဟာ လျော့ရက်တွေ ထည့်သွင်းရေတွက်ရင် ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့မှာ လွတ်ရက်စေ့မှာ ဖြစ်ပေမယ့် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အိုးဘိုအကျဉ်းထောင်ထဲမှာမရှိတော့သလို စစ်ကောင်စီက မည်သည့်နေရာကို ခေါ်ဆောင်သွားမှန်းမသိရဘဲ လက်ရှိအချိန်အထိ မိသားစု နဲ့အဆက်အသွယ်ပြတ်နေတာ ၇ရက်ခန့်ရှိနေပြီလို့ မန္တလေးသံဃသမဂ္ဂက ဆိုပါ တယ်။", "အခုလို လွတ်ရက်စေ့ပေမယ့် အကျဉ်းထောင်ထဲမရှိတော့သလို အဆက်အသွယ် ပြတ် တောက်နေတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်)အတွက် အ သက် အန္တရာယ်စိုးရိမ်မိတယ်လို့ မန္တလေးသံဃသမဂ္ဂက ထုတ်ပြန် ထား ပါ တယ်။", "ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)ဟာ တိုင်းပြည် တရားဥပဒေ စိုးမိုး ရေးနဲ့ ပြည်သူလူထု ရပိုင်ခွင့် အခွင့်အရေးတွေအတွက် တစိုက်မတ်မတ် ကြိုး ပမ်း ဆောင်ရွက်ခဲ့တဲ့ အထင်ကရ ရဟန်းတော်တစ်ပါးဖြစ်တာနဲ့အညီ စစ်တပ်နဲ့ အပေါင်းအပါတွေက အရပ်သားဒီမိုကရေစီအစိုးရ လက်ထက်ကတည်းက လုံးဝ မလိုလားဘဲ အငြိုးအာဃာတကြီးနိုင်တယ်လို့ သံဃသမဂ္ဂက ထုတ်ပြန်ချက် ထဲမှာ ထောက်ပြထားပါတယ်။", "“ဆရာတော့် အခြေအနေက အတော်ကို စိုးရိမ်စရာ ကောင်းတယ်။ ပျူစောထီး တွေ၊ မဘသတွေ၊ အမျိုးသားရေး အစွန်းရောက်တွေက လူတွေကို ခေါ်ပြီး သတ် ဖြတ် အလောင်း ဖျောက်လိုက် တာတွေ လည်းရှိတယ်။ ရန်ကုန်မှာဆိုရင်လည်း အဲဒီလိုဖြစ်စဉ်တွေ ဖြစ်နေတော့ ဆရာတော့်အတွက် အရမ်းကို စိုးရိမ်ပါတယ်။ ဆရာတော်ပျောက်နေတာ ၁ ပတ်ကျော်လာတော့ ဆရာတော်အနေနဲ့ လွတ် မြောက် ရင်တော့ ဆက်သွယ်မှာပါပဲ။ အခု ဘယ်လိုမှ အဆက် အသွယ်မ ရ တာ က ဦးဇင်းတို့အတွက် အတော်ကို ရင်လေး စိတ်လေးစရာဖြစ်ရတယ်” ဟု မန္တလေး သံဃာ့သမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။"]
https://yktnews.com/2024/04/154411/
KIA က သိမ်းပိုက်လိုက်သော စိန်လုံတောင်ဗျူဟာစစ်စခန်းမှ အမြောက်များ အပါအဝင် ရရှိသော လက်နက်ခဲယမ်းများ အလွန်များပြား၍ ကားကြီးများဖြင့် အခေါက်ခေါက် အခါခါ သယ်ယူနေရ ၊ ဗျူဟာစခန်းဖြစ်၍ ရဟတ်ယာဉ်ကွင်းပါရှိ
["လွယ်ဂျယ်မြို့ရဲစခန်းတွင် ရဲနှင့်စစ်သားများမရှိတော့ဘဲ တိမ်းရှောင်သွား", "ရန်ကုန်၊ ဧပြီ ၁", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာစစ်စခန်းကို KIA က ယမန်နေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများ အလွန်များပြားစွာ ရရှိထား၍ ကားကြီးများဖြင့် အခေါက်ခေါက် အခါခါ သယ်ယူနေရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဆက်တိုက်ဆိုသလို စခန်းများကို သိမ်းပိုက်ခဲ့ရာ ယမန်နေ့ ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စိန်လုံဗျူဟာစစ်စခန်းကြီးကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အဲဒီစိန်လုံတောင်ဗျူဟာစခန်းမှာက ရဟတ်ယာဉ်ကွင်းပါရှိတယ်။ လက်နက်ခဲယမ်းတွေကတော့ အရမ်းများတယ်။ လက်နက်ကြီးကျည် အလုံးကြီးတွေ၊ အမြောက်တွေလည်း အတော်များတယ်။ မနေ့ကစပြီး သယ်နေတာ ဒီနေ့အထိ နယ်မြေရှင်းလင်းရင်း လက်နက်ခဲယမ်းတွေက သယ်ထုတ်မကုန်ဘူး” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။", "လက်ရှိတွင် ဗန်းမော်-လွယ်ဂျယ်လမ်းနှင့် လွယ်ဂျယ်မြို့ ပတ်ဝန်းကျင်တွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကိုပါ KIA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် ထိန်းချုပ်ရရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။", "ယနေ့တွင် လွယ်ဂျယ်မြို့အနီးသို့ KIA တပ်များက ၀ိုင်းရန်ံ ချည်းကပ်ထားပြီး လွယ်ဂျယ်ရဲစခန်းအတွင်းသို့လည်း ဝင်ရောက်ခဲ့ကြောင်း၊ လွယ်ဂျယ်ရဲစခန်းအတွင်းတွင် စစ်သားနှင့်ရဲများ လုံး၀ မရှိတော့ကြောင်း သိရှိရသည်။", "မတ်လ ၇ ရက်နေ့မှစတင်သော KIA ၏ စစ်ဆင်ရေးသည် ယနေ့အချိန်အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၆၁ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စိန်လုံတောင်ဗျူဟာစစ်စခန်း#လက်နက်ခဲယမ်းများ အလွန်များပြား#ဗျူဟာစခန်းဖြစ်၍ ရဟတ်ယာဉ်ကွင်းပါရှိ"]
https://yktnews.com/2024/04/156619/
လွယ်ဂျယ်မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကို KIA က ဘဏ္ဍာအဖြစ် သိမ်းဆည်း
["လွယ်ဂျယ်မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကို KIA က ဘဏ္ဍာအဖြစ် သိမ်းဆည်း", "ရန်ကုန်၊ ဧပြီ ၁၂", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ၊ လွယ်ဂျယ်မြို့မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကျေကိုာ် ဘဏ္ဍာရေးအဖြစ် KIA က သိမ်းဆည်းထားကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန်သည်။", "KIOဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ် ၆၄ တွင် တိုက်ပွဲရရှိသော ငွေကြေးနှင့် တန်ဖိုးရှီသော ပစ္စည်းများကို ဘဏ္ဍာရေးဌာန သို့ အပ်နှံရန် ပါရှိကြောင်း၊ထို့ကြောင့် သတ်မှတ်ထားသော သတ်မှတ် စည်းမျဉ်များ အတိုင်း လွယ်ဂျယ်မြို့မှ ရရှိထားသော ကျပ်ငွေ သိန်းပေါင်း ၅,၃၅၈,၂၀၀,၀၀၀ ကို ဘဏ္ဍာရေးဌာနသို့ စာရင်းပေးသွင်း ပေးအပ်ပြီဲစ်ကြာင်း သိရှိရသည်။", "ဧပြီလ ၉ ရက်နေ့ ခလရ ၁၄၂ တပ်အတွင်း စစ်ကောင်စီတပ်သားများနှင့် Non- CDM ဝန်ထမ်းများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားပြီးနောက် KIA က တပ်အတွင်း ဝင်ရောက်၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဧပြီလ ၉ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသော ခလရ ၁၄၂ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး တရုတ်ပြည်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ကင်းစင်သော မြို့အဖြစ် KIA က တရားဝင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။", "မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းသို့ KIA က တရားဝင် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/06/170718/
လွိုင်ကော် -မိုးဗြဲ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ် ဒရုန်း ၁ စီးကို PDF တပ်ဖွဲ့များ ပစ်ချ
["လွိုင်ကော် -မိုးဗြဲ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ် ဒရုန်း ၁ စီးကို PDF တပ်ဖွဲ့များ ပစ်ချ", "ရန်ကုန်၊ ဇွန် ၃၀", "ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ် ၊ လွိုင်ကော် – မိုးဗြဲ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး ဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇွန်လ ၁၀ ရက်နေ့တွင် ကရင်နီပြည်နယ်နှင့် ရှမ်း-ကယား နယ်စပ်ကို စစ်ကြောင်းထိုးလားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ လွိုင်ကော် – မိုးဗြဲ လမ်းပိုင်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်း ၁ စီးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။", "“မြေပြင်တိုက်ပွဲတွေက အခုထိလည်း ဖြစ်နေတုန်းပဲ။ မငြိမ်သေးဘူး။ စစ်တပ်ဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်တာမျိုးတွေ တောက်လျှောက်လုပ်နေတာ။ ဇွန်လ ၁၀ ရက်နေ့က လွိုင်ကော် – မိုးဗြဲလမ်း ပိုင်း တိုက်ပွဲမှာတော့ စစ်တပ်ကဘက် ဒရုန်း ၁ စီးကို ပစ်ချနိုင်ခဲ့တယ်။ စစ်သားတွေလည်း ထိခိုက် သေဆုံးမှုတွေရှိခဲ့ပါတယ်” ဟု ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဇွန်လ ၃၀ ရက်နေ့ထိ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။"]
https://yktnews.com/2023/04/97931/
လွိုင်ကော် စစ်ကောင်စီ ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကျဲခံရမှုအပေါ် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်မှုကြောင့် စစ် ဘေး ရှောင် ပြည်သူတချို့ဒဏ်ရာရ
["လွိုင်ကော် စစ်ကောင်စီ ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကျဲခံရမှုအပေါ် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်မှုကြောင့် စစ် ဘေး ရှောင် ပြည်သူတချို့ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၇", "ကယားပြည်နယ်၊ လွိုင်ကော်တွင် စစ်ကောင်စီ ဗဟိုမဏ္ဍပ်ကို ဧပြီလ ၁၅ ရက် နေ့ ဒရုန်းဖြင့် ဗုံးကျဲခံရမှုအပေါ် စစ်ကောင်စီက စစ်ဘေးရှောင်များကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်များဖြင့် လက် တုံ့ပြန် သဖြင့် ပြည်သူ တချို့ဒဏ်ရာရရှိကြောင်း ကရင်နီပြည်နယ် သတင်းရင်းမြစ် KarenniGeneration Youth ထံမှ သိရှိရသည်။", "ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် Loikaw PDF နှင့် Federal Wings တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ ဗဟိုသင်္ကြန် မဏ္ဍနှင့် လုံခြုံးရေးကင်းကို ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိများ အပါအဝင် ၂၈ ဦး ဒဏ်ရာ ရခဲ့ကြောင်း၊ သင်္ကြန် ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကျဲခံရမှုကို လက်တုံ့ပြန်သည့် အနေဖြင့် ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် လွိုင်ကော် အရှေ့ ဘက်ခြမ်းသို့ စစ်တပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် ခဲ့ရာ စစ်ဘေးရှောင် တဲတစ်တဲသို့ လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲ ခဲ့ ကြောင်း၊ ထိုသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲသဖြင့် အသက် ၁၂ နှစ် သာ ရှိသေးသော ကလေးငယ်တစ်ဦး ဒဏ်ရာ စိုးရိမ်ရ ရရှိခဲ့ကာ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။", "အလားတူပင် ဧပြီလ ၁၆ ရက် နံနက် ၂ နာရီခန့်တွင် လွိုင်ကော်အရှေ့ဘက် ခြမ်း ကို စစ်တပ်က တိုက်လေယာဥ်များဖြင့် ၄ ကြိမ်တိုင်တိုင် ဗုံးသီးအမျိုးမျိုး ကျဲချခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကို ယခုအချိန်အထိ ဆက်လက်စုံစမ်း နေကြောင်း Karenni Generation Youthက ဆိုသည်။", "“အခုက ကရင်နီဘက်မှာက နေ့တိုင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထုတယ်။ လေ ယာဉ်တွေနဲ့ လာပစ်တယ်။ ကင်းထောက် လေယာဉ်တွေလည်း မကြာခဏ တက်တာတွေ့ရတယ်။ ကရင်နီရဲ့ မြို့တော်တော်များများက စစ်တပ်ရဲ့ လက် နက် ကြီးနဲ့ ရမ်းသမ်းထုနေတာကြောင့် ပြည်သူတွေ မနေရဲဘဲ ပျက်စီးနေတာပါ။ တိုက်ပွဲတွေနဲ့ ထိတွေ့မှုတွေကလည်း နေ့တိုင်းပါပဲ” ဟု ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်များကို ကူညီနေသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/11/131117/
လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ်ကို ဖမ်းဆီးနိုင်လျှင် အနည်းဆုံး ငွေကျပ် သိန်း ၃၀၀ ဆုချီးမြှင့်မည်
["လွိုင်ကော် ဒကစမှူး ဗိုလ်မှူးချုပ်ကို ဖမ်းဆီးနိုင်လျှင် အနည်းဆုံး ငွေကျပ် သိန်း ၃၀၀ ဆုချီးမြှင့်မည်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ၏ ‌ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်(ဒကစမှူး) ကို ဖမ်းဆီး နိုင်လျှင် အနည်းဆုံးငွေကျပ် ၃၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း CDM ဆရာဝန် ဒေါက်တာကိုထူး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ကရင်နီပြည်နယ်တွင် Operation 1111 အမည်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အချိန်တွင် လွိုင်ကော်မြို့ စစ်ကောင်စီ၏ ဒကစမှူး (ဒေသကွပ်ကဲရေးစစ်ဌာချုပ်မှူး)ကို ဖမ်းဆီးပေးနိုင်သူများကို ဆုချီးမြှင့်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ကိုင်ပေးနေသူ ဒေါက်တာရဲဇော်နှင့် ဒေါက်တာ ကိုထူးတို့က ကြေညာခြင်းဖြစ်သည်။", "အဆိုပါ ဒကစမှူးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကဖြစ်စေ၊ PDFတပ်ဖွဲ့များက ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ အသက်ရှင်လျက်သော်လည်းကောင်း ၊ ပစ်ခတ်နိုင်ခဲ့လျှင်သော်လည်းကောင်း သက်သေပြ၍ ဆုကြေးငွေတောင်းခံနိုင်ကြောင်း သိရှိရသည်။", "“ကျွန်တော်ရယ် ဒေါက်တာရဲဇော်ရယ် ၂ ဦး ပေါင်းပြီးတော့ သိန်း ၃၀၀ ချီးမြှင့်မယ်ပေါ့။ ဒကစမှူးကို အသေသော်လည်းကောင်း အရှင်သော်လည်းကောင်း အသေပစ်ခတ်လာတယ် ဆိုရင်လည်း ကျွန်တော်တို့ ဓာတ်ပုံနဲ့တကွ သက်သေနဲ့တင်လာရင် စစ်ကောင်စီ တပ်သားဖြစ်စေ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး အင်အားစုတွေဘက်ကဖြစ်စေ ကျွန်တော်တို့က ဆုချီးမြှင့်မယ်။ ဓာတ်ပုံတင်လာပြီး ကျွန်တော်တို့ဆီ record ရောက်လာပြီဆိုတာနဲ့ စစ်ဆေးပြီတာနဲ့ သေချာပြီဆိုရင် ကျွန်တော်တို့ ချက်ခြင်း ချီးမြှင့်မယ် စစ်ကောင်စီ တပ်သားတွေ အ​နေနဲ့ ပစ်လည်း ဖမ်းဆီးလာမယ် အရှင်လည်း ဖမ်းဆီးလာမယ်ဆိုရင် ကျွန်တော်တို့က သူ့မိသားစုကော သူ့အတွက်ကော ဘဝ အာမခံချက် လည်းပေးမယ့် ဆုကြေးငွေ သိန်း ၃၀၀ လည်း အနိမ့်ဆုံးပေးမယ်။ အလှူရှင်တွေ ထပ်ရလာရင် ကျွန်တော် တို့ ရသလောက်ငွေကို သိန်း ၃၀၀ ထဲ ထပ်ပေါင်းပြီးတော့ ပေးသွားမယ်” ဟု ဒေါက်တာကိုထူးက ပြောဆိုသည်။", "လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်မြို့ကို သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး ဒကစရှေ့ လမ်းမကြီးကို ဖြတ်သန်းလာသူမည်သူ့ကိုမဆို စစ်ကောင်စစ်တပ်က ပစ်ခတ်မည်ဟု ပြည်သူများကို ခြိမ်း ခြောက် ထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132230/
လွိုင်ကော်တက္ကသိုလ် မှ ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေဟု လူစာရင်းနှင့်တကွ KNDF က ကြေညာ
["လွိုင်ကော်တက္ကသိုလ် မှ ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေဟု လူစာရင်းနှင့်တကွ KNDF က ကြေညာ", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်း၏ ၁၁၁၁ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်က လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့သော်လည်း KNDF က ကယ်ဆယ်ခဲ့ကြောင်း ယနေ့ညပိုင်း တရားဝင်သတင်းထုတ်ပြန်သည်။", "စစ်ကောင်စီတပ်က လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့ကို လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ် အချိန်၌ KNDF က ဘေးကင်းရာသို့ အရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။", "အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက်လုပ်ဆောင်ပေးလျှက်ရှိကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပြောဆိုထားသည်။", "(Facebook ၏ လူမှုကွန်ရက် စည်းမျဉ်းများအရ လူစာရင်း ကို မတင်ပြနိုင်ဘဲ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။ )"]
https://yktnews.com/2023/11/131398/
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဆရာ၊ ဆရာမ ၊ ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ်များက ကယ်ထုတ်
["လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဆရာ၊ ဆရာမ ၊ ဝန်ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ်များက ကယ်ထုတ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဆရာ၊ ဆရာမ ၊ ဝန် ထမ်း ၁၃၄ ဦးနှင့် မိသားစုဝင် ၆၄ ဦးကို ကရင်နီတော်လှန်ရေးတပ်များက ကယ်ထုတ်ပေးခဲ့ရကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ၊ ပြည်ထဲရေးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။", "လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း၊ နောက်ဆက်တွဲ လုပ်ငန်းစဉ်အဖြစ် Non-CDM များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးသားပြုစုထားသည့် CDM နိုင်ငံ့ဝန်ထမ်းဆို်ငရာ မူဝါဒ စာတမ်းပါ Non-CDM ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုးကား၍ သော်လည်းကောင်း၊ လူ့အခွင့်အရေးကို အခြေခံ၍ သော်လည်းကောင်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။", "အကြမ်းဖက်စစ်ကောင်စီကမူ ကရင်နီတော်လှန်ရေးတပ်များက လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများကို အရပ်ဘက်ပစ်မှတ် အဖြစ် တိုက်ခိုက်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်နေချိန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယင်းသို့ သတင်းထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132848/
လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်ထားသော Non CDM ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့
["လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်ထားသော Non CDM ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်အတွင်းမှ ကယ်ထုတ်ထားသော Non CDM ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသည်။", "လွိုင်ကော်တက္ကသိုလ်အတွင်းမှ ကယ်ထုတ်ထားသော Non CDM ဝန်ထမ်း နှင့် မိသားစုဝင် ၂၀၄ ဦးတို့ အား “Non-CDM ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့”မှ လိုအပ်သည့် စစ် ဆေး မေးမြန်းမှုများ ပြု လုပ်ခဲ့ပြီးဖြစ်သဖြင့် စစ်ကောင်စီနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွယ်ခြင်း မရှိသူများကို Non-CDM ဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန်ခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရား မှန်သမျှတွင် ပါဝင် ဆောင်ရွက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ခံဝန်ကတိကို လက်မှတ်ရေးထိုး စေခဲ့ကြောင်း သိရသည်။", "ယင်းခံဝန်ကတိလက်မှတ်ရေးထိုးပြီးသော ဝန်ထမ်း ၇၀ ဦးနှင့် မိသားစုဝင် ၃၇ ဦးကို နိုဝင်ဘာလ ၂၃ ရက် နေ့တွင် နေရပ်ပြန်နိုင်ရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း များမှ စီစဉ်ပေးခဲ့ကြောင်း သိရသည်။", "ကျန်ရှိနေသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်း မှုများ ပြုလုပ်ပြီးပါက နေရပ်ပြန်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီက အသိပေးထားသည်။", "၁၁၁၁ စစ်ဆင်ရေးစတင်ချိန်တွင် လွိုင်ကော်တက္ကသိုလ်အတွင်း၌ ပိတ်မိနေခဲ့သည့် လွိုင်ကော်တက္ကသိုလ် နှင့် စက်မှုလက်မှုသိပ္ပံကျောင်းမှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်စုစုပေါင်း ၂၀၄ ဦးကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများမှ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ် ရေးကောင်စီမှ ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/11/133611/
လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်လာသည့် Non CDM ဝန်ထမ်းနှင့် မိသားစုဝင်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး စစ်တပ်နှင့် ပတ်သက် ဆက်နွယ်မှုမရှိသော ၁၉၃ ဦးကို ခံဝန်ထိုးခိုင်းကာ နယ်နှင်ဒဏ်ပေး
["လွိုင်ကော်တက္ကသိုလ်မှ ကယ်ထုတ်လာသည့် Non CDM ဝန်ထမ်းနှင့် မိသားစုဝင်များကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး စစ်တပ်နှင့် ပတ်သက် ဆက်နွယ်မှုမရှိသော ၁၉၃ ဦးကို ခံဝန်ထိုးခိုင်းကာ နယ်နှင်ဒဏ်ပေး", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်ခဲ့သည့် Non CDM ဝန်ထမ်းများနှင့် မိသားစုဝင်များကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှုများ စိစစ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုမရှိသည့် Non-CDM ၁၉၃ ဦးကို ကတိဝန်ခံလက်မှတ်ရေးထိုးကာ ကရင်နီပြည်နယ်ပြင်ပသို့ နယ်နှင်ဒဏ်ပေးလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်သည်။", "စုံစမ်းစစ်ဆေးရာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို ကရင်နီပြည်ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်တရားစွဲကာ သက်ဆိုင်ရာ တရားစီရင်ရေးဌာနသို့ လွှဲပြောင်းပြီး ဥပဒေနှင့် အညီတရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်နွှယ်ပတ်သက်နေသည့် တပ်မိသားစုဝင် ၃ ဦးကိုမူ စက်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်းကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်မှု မရှိသည့် Non CDM များကို ပထမအကြိမ် အမှုထမ်း ၇၀ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၃၇ ဦး၊ ဒုတိယအကြိမ် အရာထမ်း ၅၉ ဦးနှင့် ၎င်းတို့၏ မိသားစုဝင် ၂၇ ဦး၊ စုစုပေါင်း ၁၉၃ ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်၊ ကျောင်း ရုံးနှင့်လည်း အဆက်အသွယ်မပြုလုပ်ရန်၊ ပြည်သူ့ဆန္ဒနှင့် အညီတစ်သားတည်းရပ်တည်သွားရန် စသည့်တို့ ပါဝင်သည့် ကတိဝန်ခံချက်တွင် လက်မှတ်ရေးထိုးစေကာ ကရင်နီပြည်နယ် ပြင်ပသို့ နိုဝင်ဘာ ၂၈ ရက်‌နေ့တွင် အပြီးသတ် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "စစ်ရေးအရှိန် ယခုထက် ပို၍ မြင့်လာဦးမည်ဖြစ်၍ စစ်တပ်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများအားလုံး ပြည်သူနှင့် တစ်သားတည်းရပ်ကာ တော်လှန်ရေး အင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းရန်လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ နှိုးဆော်ထားသည်။"]
https://yktnews.com/2023/11/133780/
လွိုင်ကော်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မြို့တစ်ဝက်နီးပါး ထိန်းချုပ်ထားပြီး စစ်တပ်က စစ်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ဆက်တိုက်ကျဲချနေ
["လွိုင်ကော်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မြို့တစ်ဝက်နီးပါး ထိန်းချုပ်ထားပြီး စစ်တပ်က စစ်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ဆက်တိုက်ကျဲချနေ", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက မြို့ထက်ဝက်နီးပါး ထိန်းချုပ်ထားနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးအများအပြား အသုံးပြုကာ ကျဲချတိုက်ခိုက်နေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ အတည်ပြုပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု များပြား ကာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုအချို့ရှိကြောင်း၊ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နံနက်ပိုင်းမှ ည ၉ နာရီခန့် အထိ လွိုင်ကော်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး အများအပြား အသုံးပြုကာ တိုက်ခိုက်နေပြီး ဗုံးသီး ၁၀ လုံးထက်မနည်းကျဲချခဲ့ကြောင်း သိရ သည်။", "“တမြန်နေ့က မလာတော့ ၊မနေ့ကတော့ အသံပြန်ကြားတယ်၊ ဘယ်နှစ်လုံးလဲတော့ မသိဘူး၊ ပေါင် ၅၀၀ ဗုံးကျဲနဲ့ ကျဲချတာဆိုတော့ မီးလောင်တာတွေရှိတယ်၊ ဖုန်းလိုင်းက အဖြတ်ခံထားရတော့ မြို့ထဲနဲ့ က အ ဆက် အသွယ်မရဘူး၊ တိုက်ပွဲကတော့ ပြင်းထန်၊ မြို့တဝက်လောက်မှာက ကျနော်တို့လူတွေရှိတယ်၊ ပြောမယ်ဆိုရင် မြို့တဝက်လောက်ကတော့ ထိန်းထားနိုင်တယ်ပေါ့၊ အဓိက ကျန်တာက ပြည်နယ်ထွေ အုပ်၊ ခရိုင်ထွေအုပ်တို့ ဒကစ၊ နောက်တပ်ရင်းလောက်ပဲ ကျန်တော့တာ၊” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းမှ ညပိုင်းအထိ လွိုင်ကော်မြို့ပေါ်ရပ် ကွက်များဖြစ်သည့် ဒေါဥခူ ၊ ပန်းသီရိတော၊ နောင်ယားရပ်ကွက်များအပါ အဝင် မြို့ပေါ်ရပ်ကွက်များကို အကြမ်းဖက်စစ်‌ ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင် ၅၀၀ ဗုံး ၁၀ လုံးထက်မနည်းအသုံးပြုကာ ကျဲချတိုက် ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ထို့သို့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက် ပျက်စီးမှုရှိကြောင်း၊ အကြမ်း ဖက်စစ်တပ်က ပစ်ခတ် ခံရသည့် ပြည်သူ့အချို့ ရုပ် လောင်းများကျန်ရှိနေပြီး နှစ်ဘက်တိုက်ပွဲပြင်းထန်နေသဖြင့် ကောက်ယူရန် ခက်ခဲနေကြောင်း ၊ ပြီးခဲ့ သည့်နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ပိတ်မိနေသည့် စစ်ဘေးရှောင်ပြည်သူ များ ကို ကယ်ထုတ်စဉ် အ ကြမ်းဖက်စစ်တပ်က ပစ်ခတ်ခံရပြီး ကယန်းပြည်သစ်တပ်ဖွဲ့၀င် စောနေမှူး နှင့် အောင်မျိုးသန့်တို့ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "“စစ်ဘေးမရှောင်ပဲ ကျန်နေတာက ပြည်သာယာရပ်ကွက်နဲ့ နန်းပေါ်ရွာရပ်ကွက်ရယ်ပဲ ရှိတော့တာ၊ တ ခြားသူ တွေက တယောက်တစ်ပေါက်ဆီပြေးကြတာ၊ အခြား ပြည်နယ်ဘက်တို့၊ ရှမ်းပြည်ဘက်တို့ တောင်ကြီးဘက်တို့ နောက်ပြီးတော့ လွိုင်ကော်အရှေ့ခြမ်းတို့၊ ဒီးမော့ဆိုတို့ဘက်ကို ပြေးတဲ့သူတွေ လည်းရှိတယ်ပြောတယ်၊ လွိုင်ကော်မြို့ပေါ်မှာ မပြေးတာဆိုလို့ နှစ်ရပ်ကွက် လောက်ပဲကျန်တယ်၊ တ ခြားရပ်ကွက်ကလူတွေလည်း ပြည်သာယာနဲ့ နန်းပေါ်ရွာရပ်ကွက်မှာ ပြောင်းနေကြတာရှိတယ်၊” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆို သည်။"]
https://yktnews.com/2023/04/97647/
လွိုင်ကော်တွင် စစ်ကောင်စီ ဗဟို သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကယားစစ်ကောင်စီ ညွှန်ကြားရေးမှူး၊ ကျေးလက်ဦးစီးဌာနနှင့်စက်မှုလယ်ယာ ပြည်နယ်မှူးနှင့် လွိုင်ကော်ပါမောက္ခချုပ်တို့ စိုးရိမ်ရ
["လွိုင်ကော်တွင် စစ်ကောင်စီ ဗဟို သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကယားစစ်ကောင်စီ ညွှန်ကြားရေးမှူး၊ ကျေးလက်ဦးစီးဌာနနှင့်စက်မှုလယ်ယာ ပြည်နယ်မှူးနှင့် လွိုင်ကော်ပါမောက္ခချုပ်တို့ စိုးရိမ်ရ", "ရန်ကုန်၊ ဧပြီ ၁၅", "ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည် နယ်အစိုးရအဖွဲ့ရုံးက ကျင်းပပြုလုပ်သော သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ခန့် အစိုးရ အဖွဲ့အရာရှိများအပါအဝင် ၂၄ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "“ကယားပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းထဲမှာ လုပ်တဲ့သကြန်မဏ္ဍပ် မှာ လက်နက် ကြီး တစ်လုံးကျတယ်။ ကယားပြည်နယ် အစိုးရအဖွဲ့ ညွှန်မှူး ဦးကျော်ကျော် အုန်း၊ ကျေးလက်ပြည်နယ်မှူး ဦးစောဒီဒီး၊ စက်မှုလယ်ယာပြည်နယ်မှူး ဦးခင် မောင်ဝင်း လွိုင်ကော်တက္ကသိုလ် ပါချုပ်တို့ ဗုံးမှန်ပါတယ်။ ထိတဲ့ ဝန်ထမ်း ၂၀ ကျော်မှာ ထွေအုပ်ဝန်ထမ်းတွေ အများဆုံးထိ။ ညွှန်ကြားရေးမှူးနဲ့ အရာရှိ ကြီးတွေ စိုးရိမ်ရပါတယ်” ဟု ကယားစစ်ကောင်စီ သတင်းရင်းမြစ်က ပြောသည်။", "ယနေ့ ဧပြီလ ၁၅ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုရှိနိုင်သော် လည်း အတိအကျ မသိရ သေး ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်သည်မှာ မှန်ကန်ကြောင်း ကရင်နီ စစ်ဖက် ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။", "“ဒရုန်းနဲ့ချတယ်ဆိုတာ မှန်တယ်၊ မနက်ပိုင်းက၊ ရာထူးကြီးကြီး တွေထိတယ် ၊ ဘယ်သူတွေထိတယ်ဆိုတာ မသိရသေးတာ၊ အားလုံး ၂၄ ယောက် ထိတယ်၊ ထိခိုက်သေဆုံးမှု အတိအကျ သိရဖို့ စုံစမ်းနေတုန်းပဲ၊ ဒရုန်းဆိုတော့ ပူးပေါင်းအဖွဲ့ပါပဲ၊ “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။", "ဓာတ်ပုံ- ဒဏ်ရာရရှိသူတစ်ဦး။"]
https://yktnews.com/2023/04/97631/
လွိုင်ကော်တွင် စစ်ကောင်စီ ဗဟို သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကယားစစ်ကောင်စီမှ အရာရှိများ အပါအဝင် ၂၄ ဦး ဝန်းကျင် ဒဏ်ရာရ
["လွိုင်ကော်တွင် စစ်ကောင်စီ ဗဟို သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကယားစစ်ကောင်စီမှ အရာရှိများ အပါအဝင် ၂၄ ဦး ဝန်းကျင် ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၅", "ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့ရုံးက ကျင်းပပြုလုပ်သော သင်္ကြန်မဏ္ဍပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ခန့် အစိုးရ အဖွဲ့အရာရှိများအပါအဝင် ၂၄ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဧပြီလ ၁၅ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ကယားပြည်နယ်အစိုးရရုံး သင်္ကြန်မဏ္ဍပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးမှုရှိနိုင်သော် လည်း အတိအကျ မသိရ သေးကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်သည်မှာ မှန်ကန်ကြောင်း ကရင်နီ စစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။", "“ဒရုန်းနဲ့ချတယ်ဆိုတာ မှန်တယ်၊ မနက်ပိုင်းက၊ ရာထူးကြီးကြီး တွေထိတယ် ၊ ဘယ်သူတွေထိတယ်ဆိုတာ မသိရသေးတာ၊ အားလုံး ၂၄ ယောက် ထိတယ်၊ ထိခိုက်သေဆုံးမှု အတိအကျ သိရဖို့ စုံစမ်းနေတုန်းပဲ၊ ဒရုန်းဆိုတော့ ပူးပေါင်း အဖွဲ့ပါပဲ၊ “ ဟု ၎င်းက ဆက်လက်ပြောကြားသည်။"]
https://yktnews.com/2023/11/131428/
လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်များနှင့်တကွ လက်နက်ချ အညံ့ခံ၊ ခမရ ၄၂၅ နှင့် ခမရ ၆ မှ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၁၀ ကျော် သေဆုံး
["လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်များနှင့်တကွ လက်နက်ချ အညံ့ခံ၊ ခမရ ၄၂၅ နှင့် ခမရ ၆ မှ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၁၀ ကျော် သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်များနှင့်တကွ လက်နက်ချ အညံ့ခံကြောင်း KNDF က တရားဝင်သတင်းထုတ်ပြန်သည်။", "ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ ၄၂၅ နှင့် ခမရ ၆ တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း၊", "နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတိုဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။", "လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း ၂ ရင်းအား ချေမှုန်းတိုက်ခိုက်ခဲ့သည့် KNDF စစ်ကြောင်း၏ စစ်ဆင်ရေးတွင် စစ်ကောင်စီ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် ၁၁၀ ကျော်အား သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက် နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား မိမိတို့ KNDF ၏ စစ်ဖက်ဆိုင်ရာအက်ဥပဒေ နှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်း ထားရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/196049/
လွိုင်ကော်တွင် စစ်တပ်က တပ်သားသစ် အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်
["လွိုင်ကော်တွင် စစ်တပ်က တပ်သားသစ် အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး KNDF ထံ အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရသူ ၄ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွိုင်ကော်မြို့နယ် ရှေ့တန်းနေရာ တစ်ခုတွင် ရောက်ရှိနေသည့် အတင်းအဓမ္မစစ်သားစုဆောင်းခြင်းခံရသူ တပ်သား ၄ ဦးသည် MA 1 အမျိုးအစား သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်ကာ ထွက်ပြေးလာပြီး KNDF တပ်ရင်းတပ်ဖွဲ့များထံ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် လူတစ်စု ကောင်း စားရေး အတွက် ပေးဆပ်လုပ်ကိုင်နေသောဘဝနှင့် ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ကြဘဲ လွတ်လပ်မျှတသော စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရန် ပြည်သူသို့မျက်နှာမှု၍ ယုံကြည်စွာဖြင့် ဘက်ပြောင်းခိုလှုံကြရန် KNDF ဗဟိုက တိုက်တွန်းထားသည်။"]
https://yktnews.com/2024/11/191451/
လွိုင်ကော်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံး
["လွိုင်ကော်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လွိုင်ကော်မြို့ဘက်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ဒေါစဲရွာနှင့် ရေကန်ရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၂ ဦး၊ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "ထို့ကြောင့် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းများ လှုပ်ရှားမှုရှိနေသည့် အတွက် စစ်ဘေးရှောင် ပြည်သူများ အထူးဂရုစိုက် နေထိုင်ကြရန်နှင့် လက်နက်ကြီး၊ လေကြောင်း အန္တရာယ်များကိုလည်း ကြိုတင်ကာကွယ်မှု ပြုလုပ်ထားကြရန် ဒေသတွင်း အဖွဲ့အစည်းများက သတိပေးတိုက်တွန်းထားသည်။"]
https://yktnews.com/2023/05/101264/
လွိုင်ကော်တွင် ဆန်၊ဆီ၊ ဆား အခြေခံ စားကုန် ရိက္ခာနှင့် ဆေးဝါးများ သယ်ယူမှုကို စစ်တပ်က တားမြစ်ပြီး ကုန်ပစ္စည်းများကို မတရား ဖမ်းဆီးသိမ်းဆည်း၊ ဂိုဒေါင် ၃ လုံးအပြည့် ပြည်သူပိုင်များ ဖမ်းဆီးခံရပြီး စစ်တပ်က ပြန်ရောင်း
["လွိုင်ကော်တွင် ဆန်၊ဆီ၊ ဆား အခြေခံ စားကုန် ရိက္ခာနှင့် ဆေးဝါးများ သယ်ယူမှုကို စစ်တပ်က တားမြစ်ပြီး ကုန်ပစ္စည်းများကို မတရား ဖမ်းဆီးသိမ်းဆည်း၊ ဂိုဒေါင် ၃ လုံးအပြည့် ပြည်သူပိုင်များ ဖမ်းဆီးခံရပြီး စစ်တပ်က ပြန်ရောင်း", "ရန်ကုန်၊ မေ ၇", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် စစ်တပ်က ဆန်၊ ဆီ၊ ဆား အခြေခံ စားကုန်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူမှု တားမြစ်ပြီး ပြည်သူပိုင် ကုန်ပစ္စည်းများကို မတရား ဖမ်းဆီးသိမ်းဆည်းထားကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။", "စစ်ကောင်စီက ကရင်နီပြည်နယ်သို့ အဝင် လွိုင်ကော်တွင် ဂိတ်များစွာ ချထားပြီး အခြေခံ စားကုန်ရိက္ခာများ နှင့် ဆေးဝါးများ၊ စက်သုံးဆီများ သယ်ယူမှုများကို တားမြစ်ခြင်း၊ ဖမ်းဆီး သိမ်းဆည်းခြင်းများ ဆက်တိုက် ပြုလုပ်သည့်အပြင် စျေးကာများ၏ ရောင်းကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းကြောင်း၊ ဒကစ(လွိုင်ကော်)တွင် ဂိုဒေါင် ၃ လုံးအပြည့် ပြည်သူပိုင် ကုန်ပစ္စည်းများကို သိမ်းဆည်းထားကြောင်း ၊ ယင်းပစ္စည်းများကို စစ်တပ်က ပြန်လည် ထုတ်ရောင်း မှုများ ရှိနေကြောင်း သိရှိရသည်။", "“ဒကစ(လွိုင်ကော်)မှာ ပြည်သူစျေးကားတွေ၊ အိမ်းစီးကား၊ ကုန်းကားတွေက သိမ်းဆည်းရမိတဲ့ ကုန်ပစ္စည်းတွေကိုပြန်လည်ရောင်းချနေတယ်။ သူတို့စစ်တပ်က။ ပစ္စည်းတွေ သိမ်းတာက G1 ဝေလင်းစိုး ဦးဆောင် သိမ်းတယ်။ လွိုင်ကော်ဒကစရုံး အောက်က ဂိုဒေါင် ၃ ခုမှာ ပစ္စည်းတွေအပြည့်ထားရှိပါတယ်။ ပြည်သူတွေရဲ့မျက်ရည်တွေပါ။ အဲဒါတွေကို ပြန်ထုတ်ရောင်းနေတာ” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောသည်။", "အကြမ်းဖက်စစ်ကောင်စီက ကရင်နီပြည်နယ်တွင် ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ၊ ဆေးဝါး သယ်ဆောင်မှုများကိုတားမြစ်ခြင်း၊ ဖုန်းလိုင်းနှင့်အင်တာနက်များ ဖြတ်တောက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ဖြတ်တောက်ခြင်း၊ ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင် လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131445/
လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ၊ စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကိုပါ လေယာဥ်ဖြင့် ပစ်ခတ်
["လွိုင်ကော်တွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ၊ စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကိုပါ လေယာဥ်ဖြင့် ပစ်ခတ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်ကာ လွိုင်ကော်မြို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ်မှ ပြည်သူ ၅၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်လာပြီး စစ်ဘေးရှောင် ပြည်သူများကိုလည်း အကြမ်းဖက် စစ်တပ်က လေ​ယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "“ဒီကနေ့မှာဆိုရင် မနက် ၇ နာရီထိုးလောက်ကနေ အခုအချိန်အထိ လွိုင်ကော်မြို့ပေါ်က ပြည်သူလူထုတွေက မြို့လုံးကျွတ်နီးပါးကို စစ်ရှောင်လာကြတယ်။ စစ်ရှောင်လာကြတာကလည်း တော်လှန်ရေးရဲဘော်တွေက သူတို့ရဲ့ တော်လှန်ရေးလုပ်နေတဲ့ အချိန် အကူအညီဖြစ်စေဖို့၊ တော်လှန်ရေးသမားတွေ တော်လှန်ရေးလုပ်နေတဲ့အချိန် အေးအေးချမ်းချမ်းလုပ်နိုင်ဖို့ ထွက်လာကြတာဖြစ်ပါတယ်။ ပြည်သူတွေက ခန့်မှန်းခြေ ၅ သောင်းနဲ့ ၅ သောင်းအထက် ရှိမယ်လို့ ခန့်မှန်းရပါတယ်” ဟု ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောဆိုသည်။", "လက်ရှိအချိန်တွင် ပြည်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်ကားများ ၊ ဆိုင်ကယ်များနှင့် စစ်ဘေးရှောင်နေကြသလို ပရဟိတအဖွဲ့ပေါင်းစုံ၏ ကူညီကယ်ဆယ်ရေးကားများနှင့်လည်း စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/184443/
လွိုင်ကော်တွင် ဘီလူးချောင်းရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ဆိုးလာသော်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါး ဟု ဒေသပြည်သူများပြောဆို
["လွိုင်ကော်တွင် ဘီလူးချောင်းရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ဆိုးလာသော်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါး ဟု ဒေသပြည်သူများပြောဆို", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "ကရင်နီပြည်၊ လွိုင်ကော်တွင် ဘီလူးချောင်းရေတက်မှုကြောင့် ရေကြီးမှု အခြေအနေ ဆိုးလာသော်လည်း ကူညီကယ်ဆယ်ရေး အလွန်နည်းပါးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ဘီလူးချောင်းမှ ရေများတက်နေခြင်းဖြစ်ပြီး ယခုအခါ ရေတက်မှု အခြေအနေ ပိုမိုဆိုးဝါးလာကြောင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါး အခက်အခဲရှိပြီး အကူအညီများ လိုအပ်နေသော်လည်း လာရောက်ကူညီသူ နည်းပါးကြောင်း ပြောဆိုသည်။", "ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း ရေကြီးမှုကြောင့် မြင်တွေ့ရသော လွိုင်ကော်မြို့မြင်ကွင်းများ။", "“ရေတက်နေတာက ၆ ရက်လောက်ရှိနေပြီ။ ရေမြုပ်တဲ့အိမ်တွေက အကုန်မြုပ်တဲ့သဘောဖြစ်နေပြီ။ အကူအညီလည်း သိပ်မလာဘူး။ အဓိက သွားလာမရ၊ အလုပ်တွေမရှိနဲ့ စားနပ်ရိက္ခာလိုပါတယ်။ ဆေးဝါးလည်း လိုအပ်တယ်” ဟု လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ရေကြီးမှုကြောင့် နေအိမ်နစ်မြုပ်သွားသော ပြည်သူများ ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ နေထိုင်နေသော်လည်း စားနပ်ရိက္ခာအခက်အခဲ အလွန်ဖြစ်နေရသည်ဟုသိရှိရသည်။", "“ဘ၀မှာ တစ်ခါမှ ဒီလောက်ကြီး ရေတက်တာမျိုး မမြင်ဖူးသေးဘူး။ ကိုယ့်ဘ၀မှာ အဆိုးဆုံးမြင်ဖူးတာပဲ” ဟု လွိုင်ကော်မြို့မှ အသက် ၄၅ နှစ်အရွယ် ဒေသပြည်သူ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2024/09/185439/
လွိုင်ကော်တွင် မိုးဗြဲရေကာတာမှ ရေများလွှတ်ချနေသဖြင့် ရေများ ဆက် လက်မြင့်တက်နေပြီး အကူအညီလိုသော ကျေးရွာများ ပိုမိုများပြားလာ၊ နေ အိမ် တချို့ အိမ်ခေါင်မိုးပါ နစ်မြုပ်သည်အထိ ရေကြီးမှု ဆိုးရွားဟုဆို
["လွိုင်ကော်တွင် မိုးဗြဲရေကာတာမှ ရေများလွှတ်ချနေသဖြင့် ရေများ ဆက် လက်မြင့်တက်နေပြီး အကူအညီလိုသော ကျေးရွာများ ပိုမိုများပြားလာ၊ နေ အိမ် တချို့ အိမ်ခေါင်မိုးပါ နစ်မြုပ်သည်အထိ ရေကြီးမှု ဆိုးရွားဟုဆို", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် မိုးဗြဲရေကာတာမှ ရေများလွှတ်ချနေသဖြင့် ဘီလူးချောင်းရေများ ဆက် လက်မြင့်တက်နေပြီး အကူအညီလိုသော ကျေးရွာများ ပိုမိုများပြားလာကြောင်း ဒေသပြည်သူတချို့နှင့် အကူ အညီပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၆ ရက်နေ့ ဝန်းကျင်မှစတင်၍ လွိုင်ကော်တွင် ရေကြီးမှုများ ကြုံတွေ့နေရကာ ရေမှာ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း၊ မိုးရွာသွန်းမှုကြောင့် ဘီလူးချောင်းရေမြင့်တက်လျက်ရှိသည့်အပြင် မိုးဗြဲရေကာတာမှလည်း ရေများ လွှတ်ချနေသဖြင့် ရေကြီးမှု ပိုမို ဆိုးရွာလားကြောင်း သိရှိရသည်။", "“ရေတက်တာကတော့ ဆက်တက်နေတုန်းပဲ။ မှုံပြာ၊ ဘုရားဖြူ၊ ဘုရားနီ၊ နမ့်ကွတ် အဲဒီရွာတွေတော့ တစ်ရွာလုံးရေမြုပ်ကြတယ်။ အကူအညီတွေ လိုအပ်နေတာအများကြီးပါပဲ” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လွိုင်ကော်ရေဘေးကူညီနေသော ပရဟိသမားတစ်ဦးကမူ ရေများ ဆက်လက်မြင့်တက်နေရာတွင် မြေနိမ့်ပိုင်းမှ အိမ်များမှာ တစ်အိမ် ခေါင်မိုးပင်နစ်မြုပ်သွားကြောင်း ပြောဆိုသည်။", "လွိုင်ကော်မြို့နယ်အတွင်းတွင် ရေကြီးမှုကြောင့် နေအိမ် နစ်မြုပ်သွားသော ပြည်သူများ ရေဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ နေထိုင်နေသော်လည်း စားနပ်ရိက္ခာအခက်အခဲ အလွန်ဖြစ်နေရကြောင်း၊ ကူညီရေး များရှိသော်လည်း လုံလောက်မှုမရှိကြောင်း သိရှိရသည်။", "“ဘ၀မှာ တစ်ခါမှ ဒီလောက်ကြီး ရေတက်တာမျိုး မမြင်ဖူးသေးဘူး။ ကိုယ့်ဘ၀မှာ အဆိုးဆုံးမြင်ဖူးတာပဲ” ဟု လွိုင်ကော်မြို့မှ အသက် ၄၅ နှစ်အရွယ် ဒေသပြည်သူ အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။", "ဓာတ်ပုံ- လွိုင်ကော်တွင် ယနေ့ ရေကြီးနေသည့်မြင်ကွင်းနှင့် ယမန်နေ့ အလှူရှင်တချို့က ကူညီနေစဉ်။"]
https://yktnews.com/2023/10/125212/
လွိုင်ကော်တွင် ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ်သား ရဲထက်ကျော် စစ်တပ် ထောင်ထား သော မိုင်းကို ဖြုတ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ပွဲချင်းပြီး သေဆုံး၊ ဖြစ်စဉ်ကို ဝန်တင်တပ်ခွဲမှူးက ဖုံးကွယ်ပြီး လားထွက် ကျောင်း ရင်း မိုင်းနင်းမိသေဆုံးဟု အထက်သို့ လိမ်ညာသတင်းတင်ပြ
["လွိုင်ကော်တွင် ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ်သား ရဲထက်ကျော် စစ်တပ် ထောင်ထား သော မိုင်းကို ဖြုတ်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ကာ ပွဲချင်းပြီး သေဆုံး၊ ဖြစ်စဉ်ကို ဝန်တင်တပ်ခွဲမှူးက ဖုံးကွယ်ပြီး လားထွက် ကျောင်း ရင်း မိုင်းနင်းမိသေဆုံးဟု အထက်သို့ လိမ်ညာသတင်းတင်ပြ", "ရန်ကုန်၊ အောက်တိုဘာ ၄", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ် သား ရဲထက်ကျော်သည် စစ်တပ်က ထောင်ထားသော မိုင်းကို ဖြုတ် ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ဝန်တင် တပ်ခွဲမှူးက အထက်သို့ လိမ်ညာ အစီရင်ခံ တင်ပြထားကြောင်း စစ်တပ် သတင်း ရင်းမြစ်က ပြောသည်။", "စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် လွိုင်ကော်မြို့နယ်ရှိ ဝန်တင် တပ်ရင်း ၂ ၏ တပ်ခွဲ ၂ မှ တပ်သား ရဲထက်ကျော်သည် အမှတ် ၇၂၂ ထောက်ပို့ တပ်ခွဲက ထောင်ထားသော မိုင်းကို သွားရောက် ဖြုတ်ယူကြည့်ရာမှ မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါဖြစ်စဉ်ကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်သို့ အစီရင်ခံစာရာတွင် ဝန်တင် တပ်ရင်း ၂ ၊ တပ်ခွဲ ၂ ၏ တပ်ခွဲမှူး ဗိုလ်မှူး ထွန်းထွန်းဇော်က အရေးယူခံရမည်ကို သိရှိ၍ လိမ်လည် အစီရင်ခံထားကြောင်း၊ တပ်သား ရဲထက်ကျော်သည် လားထွက် ကျောင်းစဉ် မိုင်းနင်းမိ၍ သေဆုံးသည်ဟု သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ထံသို့ တပ်ခွဲမှူးက လိမ်လည် အစီရင်ခံခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ်က ထောင်ထားတဲ့ မိုင်းကိုဖြုတ် ကြည့်ရာကနေ ပွဲချင်းပြီး သေသွားပါ တယ်။ အဲဒါကိုဝန်တင်တပ်ခွဲမှူးဗိုလ်မှူးထွန်းထွန်းဇော်က သူရာထူးပြုတ် မှာစိုးတဲ့အတွက် အထက်လူကြီးတွေကို လားထွက်ကျောင်းနေရင်း ရေနီကန် သင်္ချိုင်း ဘက်မှာ စွန့်ပစ်မိုင်းနင်းမိပြီး သေသွားတယ်လို့ ညာခိုင်းထားပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဝန်တင်တပ်ရင်း ၂ ၏ တပ်ခွဲ ၂ တပ်ခွဲမှူး လက်ထက်တွင် တပ်သား ၂ ဦး KNDF ထံသို့ အလင်းဝင်သွားမှုကိုလည်း တပ်မှ ထွက်ပြေးသွားသည်ဟုလည်း ကောင်း လိမ်လည် တင်ပြကြောင်း၊ တပ်မှ ရဲဘော်များ ထွက်ပြေးမည်စိုးရိမ်၍ လစာများကို ထုတ်မပေးဘဲ သိမ်းဆည်းထားကြောင်း သိရှိရသည်။", "“အခုလက်ရှိ တပ်ခွဲမှူးက သူအုပ်ချုပ်နေစဥ် တပ်သား ၂ ဦး KNDF ဆီ အလင်းဝင် တယ်။ သူရာထူးပြုတ်မှာစိုးတဲ့အတွက် တပ်သား ၂ ဦး ရိုးရိုးထွက် ပြေးသွားတယ်လို့ညာခိုင်းထားပါတယ်။ နောက်တခါရဲဘော် တွေရဲ့လစာ ကိုလည်းတပြားမှထုတ်မပေးဘဲ အကုန်လုံးသိမ်းထားပြီး စျေးဝယ်စရာရှိရင် သူ့ဆီကပဲသူရောင်းတာပဲဝယ်ရပါတယ်။ လကုန်ရင်မင်းတို့ ပိုက်ဆံမရှိတော့ ဘူးလို့ပြောပြီးအကုန်သိမ်းနေပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။", "အမှတ် ၂ ဝန်တင် တပ်ရင်းသည် ပင်လုံတွင် တည်ရှိပြီး လွိုင်ကော်မြို့တွင် အမှတ် ၂ ဝန်တင်တပ်ရင်း ၏ တပ်ခွဲ ၂ ကို ထားရှိထားကြောင်း၊ အဆိုပါ တပ်ကို လားများ မွေးမြူရသည့် တပ်အဖြစ် လားတပ်ဟုလည်း ခေါ်ဝေါ်ကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဆားလင်းကြီးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ရှင်းလင်းခဲ့ရ သည့် စစ်တပ်ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး။ (ပုံအဟောင်းဖြစ် ပါသည်)"]
https://yktnews.com/2025/01/200985/
လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ
["လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အပြင်ဘက်ရှိ ထီးစဲခါးကင်းစခန်း တစ်ခု ၌ တာ ဝန်ကျနေသော ခလရ ၂၄၇ တပ်ရင်းမှ တပ်သား ၄ ဦးသည် MA-3 အမျိုးအစား သေ နတ် ၃ လက် ၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိ ခိုလှုံခဲ့ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခု၌ တာဝန်ကျနေ သော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၄၃၀ တပ်ရင်းမှ တပ်းသား ၃ ဦးတို့ လက် နက်မဲ့ ထွက်ပြေးလာကာ KNDF သို့ ဝင်ရောက် ခိုလှုံလာခဲ့ကြောင်း သိရသည်။", "ထိုသို့ အလင်းဝင်ရောက်လာသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဝင်ရောက်ရန် လုံးဝ ဆန္ဒမရှိကြပဲ စစ်တပ်က‌ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်တပ်အတွင်း ဆွဲသွင်းခြင်း ခံရကာ ကရင်နီ ပြည်နယ်တွင်းရှိ ရှေ့တန်းစစ်ဆင်ရေးများသို့ ပို့ဆောင်ခြင်းခံရသူများဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်ကို စွန့်ခွာပြီး ခိုလှုံဝင်ရောက်လာသူများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNDF က ပြောဆိုသည်။", "စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသောတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု ၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF ဗဟိုသတင်းနှင့် ပြန် ကြားရေးဌာနက တိုက်တွန်းထားသည်။"]
https://yktnews.com/2023/12/137199/
လွိုင်ကော်ထောင်တိုက်ပွဲတွင် စစ်သား ၄၀ ခန့်သေဆုံးပြီးနောက် စစ်တပ်က လွိုင်ကော်မြို့ကို မီးရှို့နေ
["လွိုင်ကော်ထောင်တိုက်ပွဲတွင် စစ်သား ၄၀ ခန့်သေဆုံးပြီးနောက် စစ်တပ်က လွိုင်ကော်မြို့ကို မီးရှို့နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ကရင်နီပြည်နယ်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ လွိုင်‌ကော် ထောင်တိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံးပြီးနောက် စစ်တပ်က လွိုင်ကော် မြို့ပေါ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ခွန်းဖရန်စစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထား သော လွိုင်ကော်မြို့ရှိ အကျဉ်းထောင်ကို ကရင်နီတော်လှန်ရေး အင်အားစုတို့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကျဉ်ထောင်ကို တဝက်နီးပါးအထိ စီးနင်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကရင်နီတော်လှန်ရေး အင်အားစု ဘက်မှလည်း ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း၊ ယင်းနောက် စစ်သားများက လွိုင်ကော်မြို့ပေါ်ရှိ နေအိမ်များနှင့်ရပ်ကွက်များကို ယနေ့အထိ မီးရှို့နေကြောင်း သိရသည်။", "“မနေ့က ညနေ ဗဟိုဈေးကို မီးလောင်ဗုံးနဲ့ ထုတာ၊ ၃ လုံးပေါ့၊ အဆောက်အအုံတွေမီးလောင်နေတာ ဒီမနက်အထိပဲ၊ သူတို့ရှိတဲ့နေရာတိုင်းမှာ မီးရှို့နေတာ၊ ဒီမနက်လည်း ရှို့တယ်၊ အခြားရက်တွေတုန်း ကလည်း ရှို့တယ်၊ အခုပို့ပေးတာ Video ဆိုရင် ဗဟိုဈေးနေရာပေါ့၊ ဗဟိုဈေးနေရာကတော့ လက် နက်ကြီးနဲ့ လှမ်းထုတာပေါ့၊ ဒီလိုမျိုးနေ့တိုင်းပဲ ရှို့နေတာ၊ သူတို့ခြေကုပ်ယူထားတဲ့ ဘေးပတ်ဝန်းကျင် က ပြည်သူ့နေအိမ်တွေကို ရှို့နေတာ၊ မြို့ထဲဆိုတော့ ဆုံးရှုံးမှုက သိန်းထောင်ချီရှိတာပေါ့၊ အဓိက မီးလောင်တဲ့နေရာက ဆိုင်ခန်းတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဆုံးရှုံးမှုက များတာပေါ့၊” DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့်ပြန် ကြားရေး တာဝန်ခံ ခွန်းဖရန်စစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အကျဉ်းထောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ခြေကုပ်ယူကာ ခံစစ်ပြင်ဆင်ထားပြီး အနီးအနားပတ်ဝန်းကျင်ရပ်ကွက်အတွင်းရှိ ပြည်သူ့နေအိမ် များကိုလည်း နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးနေကြောင်း၊ ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ခံစစ်ပြင်ဆင်ကာ ၎င်းတို့တပ်စွဲထားရာ နေရာပတ်ဝန်းကျင်ရှိ ပြည်သူ့နေအိမ်များကို မီးလာင်ဗုံးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများနေ့ စဉ်နှင့်အမျှ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "“လောလောဆယ်တော့ အနည်းအကျဉ်းထိတွေ့မှုတော့ ရှိတယ်၊ ဘီလူးချောင်း ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းထိတွေ့မှုရှိသလို နောက်ပြီးတော့ ထောင်အနီး တဝိုက်မှာလည်း ထိတွေ့မှုတော့ရှိတယ်၊ အပြင်းအထန်တော့မဟုတ်ပေါ့၊ အနည်းအကျဉ်းပါပဲ၊ ဒီ နှစ်ရက် သုံးရက်တော့ ဟယ်ရီကော်ပတာ လာတာတော့တွေ့တယ်၊ လူလာပို့တာလား၊ လက်နက်ခဲ ယမ်းထပ်ဖြည့်တာလားတော့ ကျနော်တို့ လည်း မသိဘူး” ဟု DMO Local PDF တပ်ဖွဲ့မှ သတင်းနှင့် ပြန် ကြားရေး တာဝန်ခံ ခွန်းဖရန်စစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။", "ထို့ပြင် စစ်ရေးမသက်ဆိုင်သည့် ဘာသာရေးအဆောက်အအုံများ၊ ပြည်သူ့နေအိမ်များကို ခြေကုပ် ယူထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်မှ စစ်ကူပို့ဆောင်နိုင်ခြင်းမရှိသဖြင့် ရဟတ် ယာဉ်ဖြင့် လက်နက်ခဲယမ်းများ ပို့ဆောင် ဖြည့်တင်းခြင်းတို့လုပ်ဆောင်နေကြောင်း သိရသည်။"]
https://yktnews.com/2023/02/84502/
လွိုင်ကော်နှင့် ဆင်ဖြူကျွန်းတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်
["လွိုင်ကော်နှင့် ဆင်ဖြူကျွန်းတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ကယားပြည်နယ် လွိုင်ကော်မြို့နှင့် မကွေးတိုင်း ဆင်ဖြူကျွန်းတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/11/131758/
လွိုင်ကော်မြို့ တရားရုံးတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး တရားရုံးကို မီးရှို့ ရှင်းလင်း
["လွိုင်ကော်မြို့ တရားရုံးတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး တရားရုံးကို မီးရှို့ ရှင်းလင်း", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ကရင်နီပြည်နယ်၊ မြို့တော် လွိုင်ကော်မြို့ရှိ တရားရုံးတွင် တပ်စွဲထားသော စစ်တပ်ကို ကရင်နီတော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး တရားရုံးကိုပါ မီးရှို့ရှင်းလင်းလိုက်ကြောင်း ကရင်နီ ရှေ့တန်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။", "“တရားရုံးမှာ တပ်စွဲထားတဲ့ စစ်ကြောင်းကို ဝင်တိုက်ပြီး တရားရုံးကို မီးရှို့လိုက်တယ်။ အခု မနက် ၁၀ နာရီ လောက်မှာ တရားရုံးမီးလောင်သွားပြီ။ တိုက်ပွဲကတော့ အဲဒီအစောပိုင်းမှာဖြစ်တာ။ တရားရုံးစောင့် စစ်ခွေးတွေတော့ ပြေးတဲ့သူ ပြေး သေတဲ့သူသေပဲ။ တရားရုံးတော့ ရသွားပြီ” ဟု ကရင်နီရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။", "လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးတပ်များက စစ်တပ်များ တပ်စွဲထားသော လွိုင်ကော်တက္ကသိုလ်ကိုလည်း အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။", "ဓာတ်ပုံ- လွိုင်ကော်မြို့တွင် ယနေ့ နံနက် တရားရုံး မီးလောင်နေစဉ်။"]
https://yktnews.com/2023/11/132010/
လွိုင်ကော်မြို့ အခြေစိုက် UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များကို ဘေးကင်းရာ ရွှေ့​ပြောင်း ပေးနိုင်ခဲ့သော်လည်း မြို့တွင်း၌ ပိတ်မိနေသော ပြည်သူများ ကျန်ရှိနေ
["လွိုင်ကော်မြို့ အခြေစိုက် UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များကို ဘေးကင်းရာ ရွှေ့​ပြောင်း ပေးနိုင်ခဲ့သော်လည်း မြို့တွင်း၌ ပိတ်မိနေသော ပြည်သူများ ကျန်ရှိနေ", "စစ်ဘေးရှောင် ပြည်သူ ၃၅၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "ကယားပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များကို ဘေးကင်းရာ ရွှေ့​ပြောင်း ပေးနိုင်ခဲ့သော်လည်း မြို့တွင်း၌ ပိတ်မိနေသော ပြည်သူများ ကျန်ရှိနေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ပူးတွဲ ထုတ်ပြန်ချက်အရ သိရသည်။", "လွိုင်ကော်မြို့ အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ (United Nations-UN) နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) ၏ ဝန်ထမ်းများနှင့် မိသားစုဝင်ပေါင်း ၂၂၈ ဦးကို ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းနိုင်ရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံမှ စစ်ဆင်ရေးမှူးများ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့အကြား ညှိနှိုင်း၍ ပစ်ခတ်တိုက်ခိုက်မှုကို လျော့ချကာ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။", "ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှု လျော့ချပေးခြင်းကြောင့် UN နှင့် INGO ဝန်ထမ်းများနှင့် မိသားစုဝင်များလိုက်ပါသော မော်တော်ယာဉ် ၃၃ စီးပါ ယာဉ်တန်းသည် လွိုင်ကော်မြို့မှ ထွက်ခွာ၍ တောင်ကြီးမြို့သို့ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း သိရသည်။", "UN နှင့် INGO များ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ခဲ့သော်လည်း လွိုင်ကော်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေဆဲဖြစ်ပြီး အန္တရာယ်ဇုန်အတွင်း ရှိနေကြဆဲ ဖြစ်ကြောင်း၊ ထို့ပြင် ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရသည့် ပြည်သူဦးရေ ၃၅၀၀၀ ကျော်အတွက် အခြေခံစားနပ်ရိက္ခာ ဆေးဝါးနှင့် အမိုးအကာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "ပြည်သူများ၏ အရေးပေါ် လိုအပ်ချက်အတွက် UN အပါအဝင် INGO များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် လွိုင်ကော်မြို့တွင်း ပိတ်မိနေသော ပြည်သူများကို ဘေးလွတ်ရာသို့ ထွက်ခွာခွင့် ပေးရန်လိုအပ်ကြောင်း ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားသည်။", "မြေပြင်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အားလုံးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "Photo – လွိုင်ကော်မြို့မှ စစ်ဘေးရှောင် ပြည်သူများ"]
https://yktnews.com/2023/12/133963/
လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ တပ်ရင်း အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်
["လွိုင်ကော်မြို့ အခြေစိုက် ခလရ ၅၄ တပ်ရင်း အတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၅၄ ခြေလျင်တပ်ရင်း ခလရ – ၅၄ တပ်ရင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့မှ ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်လာ ပြီး မီးခိုးလုံးထွက်လာကာ ၂ နာရီကျော်ကြာ လောင်ကျွမ်းနေခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ရသည့် အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၊ ပေါက်ကွဲမှု မဖြစ်မီ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲခြင်း၊ ခဲယမ်း၊ လူ၊ လက်နက်အင်အားဖြည့်တင်းခြင်းတို့ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။", "“လွိုင်ကော်မြို့ထဲကို လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ပြီးတော့ မီးလောင်နေတာ၊ မီးခိုးလုံး ထွက်လာမှ ၅၄ တပ်ထဲမှာ မီးလောင်တယ်ဆိုတာ သိရတာ၊ မီးမလောင်ခင်ကတော့ ပေါက်ကွဲမှုဖြစ် သေးတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးဘူး” ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့မှ ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ခလရ ၅၄ တပ်ရင်းသည် လွိုင်ကော်မြို့၊ မိုင်းလုံးရထားလမ်း၏ ညာဘက်ခြမ်းတွင် တည်ရှိပြီး လွိုင်ကော် ဒေသကွက်ကဲရေး စစ်ဌာနချုပ်နှင့် အနီးကပ်ဆုံးတပ်ရင်းတစ်ခုဖြစ်ကာ လေကြောင်းမှ လူ၊ လက်နက်၊ ခဲယမ်းဖြည့်တင်းရာ၌ အဓိက အသုံးပြုနေသည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း သိရသည်။", "လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁ ၊ ခလရ ၂၅၀ ၊ ခလရ ၅၄ ၊ အမြောက်တပ်ရင်း ၃၆၂ ၊တပ်မတော်ဆေးရုံ အမှတ် ၇ ၊ ထောက်ပို့နှင့် ပို့ဆောင်ရေးတပ်ခွဲ အမှတ် ၇၂၂ တပ်တို့ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/11/133318/
လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အ များအပြားကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်နေ
["လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အ များအပြားကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ဌာနဆိုင်ရာ ရုံး အများအပြားကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားကြောင်း ရှေ့တန်းရောက် တော်လှန်ရေး သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ နေရာ ၂ ခုကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါဥခူရပ်ကွက် အပါအဝင် နေရာ ၂ ခု၌ မီးလောင်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေကြာင်း သိရသည်။", "ထို့ပြင် လွိုင်ကော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး EPC ရုံးအပါအဝင် ဌာန ဆိုင်ရာ ရုံးအများအပြားကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက် ထားကြောင်း သိရသည်။", "“ဒီနေ့တော့ လေယာဉ်လာတာ မတွေ့ရဘူးဗျ၊ လွိုင်ကော်မြို့ထဲက ရုံးတော်တော်များများတော့ ရထား ပြီပါပြီ၊ မြို့ရဲ့ ၅ ပုံ ပုံရင် တစ်ပုံလောက်ပဲ ရသေးတယ်၊ တိုက်ပွဲက ပြင်းထန်နေတုန်းပဲ၊ မယ်စဲ့မြို့ဘက်က တပ်အင်အားတွေကလည်း လွိုင်ကော်မြို့ ဘက်ကို ပြန်ပေါင်းထားတာ၊ သူတို့ ရဟတ်ယာဉ်နဲ့ သယ်ပြီး တော့ ပို့ထားတာဆိုတော့ စစ်တပ်အင်အားက တော်တော်များသေးတယ်လို့ ပြောလို့ရတာပေါ့၊ လက်နက်ချ အလင်းဝင်တာတွေတော့ မကြားမိသေးဘူး၊ ဖမ်းမိတာရှိတယ်လို့တော့ကြားတယ်၊ အခုတော့ ပြည်သူ့နေအိမ် တစ်လုံးမီးလောင် နေတယ်” ဟု ရှေ့တန်းရောက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2024/09/183623/
လွိုင်ကော်မြို့တွင် ဘီလူးချောင်း ရေတက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ရေဘေးသင့်ပြည်သူများအတွက် အကူအညီများ လိုအပ်နေ
["လွိုင်ကော်မြို့တွင် ဘီလူးချောင်း ရေတက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ရေဘေးသင့်ပြည်သူများအတွက် အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် နေအိမ်များ ရေမြုပ်နေပြီး ပြည်သူများ အကူအညီလိုအပ်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့စက်တင်ဘာလ ၁၆ ရက်နေ့ လွိုင်ကော်မြို့၊ ရပ်ကွက်များတွင် ရေများတက်လာပြီး နေအိမ်များ နစ်မြုပ်နေကြောင်း၊ ရှမ်းပိုင်း မြို့လယ်အထိ ရေများ ရောက်နေပြီး ခါးလယ်အထိ ရေများ တက်လာနေကြောင်း၊ အဓိက အားဖြင့် ဘီလူးချောင်းမှ ရေများ မြင့်တက်လာခြင်းကြောင့် ရပ်ကွက်များတွင် ရေကြီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လွိုင်ကော်မြို့၊ နမ့်ကွတ်၊မင်းစု၊ဒေါနိုးကူး၊ရှမ်းပိုင်း၊ရွှေတောင်မှာ အိမ်တော်တော်များများရေမြုပ်ပါတယ်။ နမ်ကွတ်က ရေတက်တာအဆိုးဆုံးပါပဲ။ ဒီနေ့မနက်ထိကိုရေကတက်နေတုန်းပါ။ ရှမ်းပိုင်းမြို့လယ်မှာ ရေက ခါးလယ်လောက်အထိ ရောက်နေပြီ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိတွင် ရေဘေးသင့် ပြည်သူများအတွက် အကူအညီများနှင့် ရွှေ့ပြောင်းရေး အတွက် ကယ်ဆယ်ရေးများ လိုအပ်နေကြောင်း၊ ရေဘေးသင့် အိမ်ထောင်စုနှင့် ပြည်သူအရေအတွက် မသိရသေးကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။", "Photo- CJ ။"]
https://yktnews.com/2023/11/131288/
လွိုင်ကော်မြို့ထဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မှု လေယာဉ်ထိမှန် မီးခိုးအူပြီး ပျံသန်း ထွက်ပြေး
["လွိုင်ကော်မြို့ထဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မှု လေယာဉ်ထိမှန် မီးခိုးအူပြီး ပျံသန်း ထွက်ပြေး", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ထဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မှု လေယာဉ်ထိမှန် မီးခိုးအူပြီး ပျံသန်း ထွက်ပြေးသွားကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်း လွိုင်ကော်မြို့ ၊ ဒေါခူရပ်ကို ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာ ထိမှန်သွားခဲ့ကြောင်း သိရှိရသည်။", "“လေယာဉ် ထိတယ်လို့ တော့ ပြောတယ်၊ အတိအကျတော့မရသေးဘူး၊ အခုနကပဲ လွိုင်ကော်မြို့ ၃ ရပ်ကွက်ကို ဗုံးကျဲတယ်၊ လွိုင်ကော်မြို့မှာက ၇ ရပ်ကွက်ရှိတယ်လေ၊ လွိုင်ကော်မြို့ထဲက အဲဒီဒေါခူရပ်ကွက် ဗုံးကျဲတော့ သူတို့ပစ်တယ်ထင်တယ်၊ ပစ်တော့ ထိတယ်လို့ အဲလိုပြောတာ၊ ကြားတယ်လေ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ် ၁ စီးကို KNDF-B01 နှင့် KA တို့က ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ရာ လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး လေယာဉ် ပျက်ကျခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- နိုဝင်ဘာလ ၁၁ ရက်နေ့ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ။"]
https://yktnews.com/2024/04/158975/
လွိုင်ကော်မြို့နယ် ကုန်းသာရွာတွင် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များကို အလှူငွေများ လှူဒါန်း
["လွိုင်ကော်မြို့နယ် ကုန်းသာရွာတွင် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ မိသားစုဝင်များကို အလှူငွေများ လှူဒါန်း", "ရန်ကုန်၊ဧပြီ ၂၃", "ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ၏ မိသားစုဝင်များကို အလှူရှင်ကိုယ်စား ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က အလှူငွေများ သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/200631/
လွိုင်ကော်မြို့နယ် ခလရ ၄၂၇ တပ်ရင်းမှ အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ စခန်းမှ ထွက်ပြေးစဉ် မိုင်းထိမှန်ခဲ့၍ KNDF က ဆေးကုပေးပြီး စောင့်ရှောက်ထား
["လွိုင်ကော်မြို့နယ် ခလရ ၄၂၇ တပ်ရင်းမှ အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ စခန်းမှ ထွက်ပြေးစဉ် မိုင်းထိမှန်ခဲ့၍ KNDF ကဆေးကုပေးပြီး စောင့်ရှောက်ထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNDF ရဲ ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ရှေ့တန်းစခန်း တစ်နေရာ၌ တာဝန်ကျနေသော လွိုင်လင်လေးအခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သား ၂ ဦးသည် ၎င်းတို့ကိုင်ဆောင်သာ လက်နက်ခဲယမ်းများယူဆောင်ကာ KNDF တပ်ရင်းထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အလင်းဝင်ဖို့ ထွက်လာတဲ့အချိန်မှာ သူတို့စခန်းဘေးမှာ စခတွေထောင်ထားတဲ့ မိုင်းမိပြီး ဒဏ်ရာ ရနေလို့ ဆေးကုသပေးနေရတယ်၊ ဒဏ်ရာက စိုးရိမ်စရာတော့မရှိဘူး။ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၆ က ဆင်းလာတဲ့ သူတွေပါ၊ အခုတော့ သူတို့ကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားပါတယ်” ဟု KNDF ရဲ ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလင်းဝင်ရောက်ခဲ့သည့် စစ်သား ၂ ဦးနှင့်အတူ MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ဘောက် ၊ ကျည်အတောင့် ၄၀၀ နှင့်အတူ အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်"]
https://yktnews.com/2023/07/115107/
လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
["လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၂၇", "ရှမ်း-ကယားနယ်စပ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၂၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် ခန့်တွင် အကြမ်းဖက် စစ်တပ်၏ လွိုင်လင်မြို့ အခြေစိုက် ခမရ ၅၃၀ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဝမ်ကုန်းကျေးရွာ အတွင်းရှိ နေအိမ် ၁ လုံးကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ နှင့် ကလေး ၁ ဦး အပါအဝင် မိသားစုဝင် ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။", "ထို့ပြင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာရှိ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး အသက် ၁၆ နှစ် အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ထပ်မံ ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးသူငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/04/158239/
လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
["လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်သားကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုအောင်မင်းဦးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၃၀၀ ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် အလုံး ၂၀ ခန့်ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၆ ဦးမှာ အသက် ၇၀ အရွယ် ဦးမောင်လူး၊ အသက် ၆၀ အရွယ် ဒေါ် မူယွမ်၊ အသက် ၂၇ နှစ်အရွယ် ဒေါ်မလေး၊ အသက် ၄၇ နှစ်အရွယ် ဒေါ်မ ညွန့်၊ အသက် ၆ နှစ်အရွယ် မောင်ဘယ်နှဒ်တိုနှင့် အသက် ၂ နှစ်အရွယ် မနေမတို့ ဖြစ်ကြောင်း သိရ သည်။", "“၁၁ နာရီ မိနစ် ၅၀ လောက်က ဝင်ကျဲသွားတယ်။ မိသားစု တစ်စုလုံး ၆ ဦး တစ်ခါတည်း သေသွားတာ ၁၀ ယောက်လောက်ဒဏ်ရာရရှိသွားတယ်။ သေသွားတဲ့ မိသားစု ၆ ဦးကို မီးသင်္ဂြိုလ်ဖို့ လုပ်နေကြပြီ ဒဏ်ရာရတဲ့ ၁၀ ယောက်ကိုတော့ ဆေးခန်းကို ပို့ပေးထားတယ်။ ဒဏ်ရာတဲ့ ၁၀ ယောက်တည်းက တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေကတော့ ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာ အရမ်းမဆိုးဘူးဆိုတဲ့အခြေအနေသိရတယ်။ နေအိမ်တွေကတော့ ဆိုးဆိုးဝါးဝါးကို ထိခိုက်ပျက်စီးသွားတာ” ဟု ကူညီကယ်ဆယ်ပေးနေသူ ကိုအောင်မင်းဦး ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#လွိုင်ကော်မြို့နယ်#ကုန်းသာကျေးရွာ"]
https://yktnews.com/2023/11/132376/
လွိုင်ကော်မြို့နယ်၊ နွားလဝိုးစစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ
["လွိုင်ကော်မြို့နယ်၊ နွားလဝိုးစစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးစစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – PNDF တပ်ဖွဲ့က ထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁၄ ရက်နေ့က လွိုင်လင်လေးအခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ ခမရ ၅၃၀ ရှေ့တန်း တပ်ရင်းစခန်း တစ်ခုဖြစ်သည့် နွားလဝိုးစစ်ဆင်ရေးတပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ များမှ တိုက်ခိုက်ခဲ့ရာ ၂ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက် နက်ခဲယမ်းများ စွန့်ပစ်ကာ စခန်းမှထွက်ပြေးသဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF) အမှတ် ၁၀၁၁ တပ်ရင်း ၊ KA ၊ KNDF၊ KNPLF ၊ DMO Local PDF၊ Loikaw PDF၊ မြို့ပြပြောက်ကြားတပ်ဦး(URF)၊နှင့် ရှမ်းတောင် ဗျူ ဟာ ၂ တပ်ရင်းများဖြစ်သော အမှတ် ၁၀၀၃ တပ်ရင်း ၊ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင်(SSPDF)၊ အမှတ် ၁၀၀၈ တပ်ရင်း (SSRY) နှင့် အမှတ် ၁၀၀၉ တပ်ရင်း (IPDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စခန်းအနီးရှိ ပြည်သူလူထုနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ တည်ရှိရာနေရာများကို အရှိန်အ ဟုန်မြင့်၍ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို အစဉ်တစိုက်သတိပြုကြရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် ပအိုးအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – PNDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/210286/
လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြမ်းဖက် တိုက်ခိုက်သဖြင့် ပြည်သူ ၅ ဦးသေဆုံး
["လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြမ်းဖက် တိုက်ခိုက်သဖြင့် ပြည်သူ ၅ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၅", "ကရင်နီပြည်၊ လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ကြားရှိ ပီကင်းကောခူးကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိပဲ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန် ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဧပြီလ ၄ ရက် နံနက် ၁၁ နာရီခွဲခန့်က လွိုင်ကော်မြို့နယ် ၊ ပီကင်းကောခူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပီကင်း ကောခူးကျေးရွာအတွင်းရှိ ပြည်သူ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ကြေင်း၊ အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၄၂၂ တပ်ရင်းအတွင်းမှ မိုးဗြဲမြို့တွင်းနှင့် အနီးဝန်ကျင်ကျေးရွာများသို့ တစ်နေကုန်နီးပါး လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“မနက်ပိုင်းတစ်ပိုင်းလုံးနီးပါး ပီကင်းကောခူကျေးရွာနဲ့အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဘယ်နှစ်လုံးလည်းဆိုတော့ အတိအကျပြောရခက်ပါတယ်။ နေအိမ်တွေ တော်တော်များများပျက်စီးတယ်။ ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ တိတိကျကျကောက်ခံနိုင် ခြင်းမရှိသေးပါဘူး” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ထို့အတူ မွန်းလွဲ ၂ နာရီကျော်အချိန်တွင် လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာအတွင်းသို့ စစ် ကောင်စီလေတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာတွင်းရှိနေအိမ်များ ထိမှန်ပျက်စီးကာ နေအိမ်များအတွင်းရှိနေသော အရပ်ပြည်သူ အမျိုးသား ၄ ဦး ထိမှန်သေဆုံးခဲ့ ကြောင်း၊ ထို့အပြင် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း သဘာဝဘေးသင့်နေချိန်တွင် ယာယီ အပစ်အခတ်ရပ်စဲ ထားမည်ဟု ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော်လည်း ကရင်နီပြည်နယ်တွင်းသို့ ဧပြီလ ၂ ရက် နေ့မှစ၍ ယနေ့ထိ လေကြောင်းတိုက်ခိုက်မှုများကို ဆက် တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။", "စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို အရှက် အရွံ့မဲ့စွာ ပြုလုပ်နေခြင်းဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ၄င်းတို့၏ ထုတ်ပြန် ထားသည့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အတိုင်း လက်နာဆောင်ရွက်ခြင်းမရှိကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။", "မြန်မာနိုင်ငံ ငလျင်ဘေးသင့်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ မှစ၍ ယနေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြီး ၃ ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ် ခတ်မှုများအား နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် စစ်နှင့်သဘာဝဘေးဆိုင်ရာ အန္တာရယ်များ အချိန်မရွေးကျရောက်လာနိုင်သည့် အတွက် လုံခြုံရေး အသိ သတိရှိကြရန် အထူးတိုက် တွန်း ထားသည်။"]
https://yktnews.com/2024/12/196456/
လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ
["လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF အမှတ် ၂ ဗျူဟာ ထံမှ သိရသည်။", "ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ပွင့် ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၇ လက်၊ MA-11 အမျိုးအစား သေနတ် ၄ လက် နှင့် MA-3 အမျိုးအစား သေနတ် ၁ လက် စုစုပေါင်း သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ဒရုန်း အပါအဝင် လက်နက်ကြီးများဖြင့် အများအပြား ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် လွိုင်ကော်မြို့မှ တဆင့်အခြားနေရာ ဒေသများကို ထိုး စစ် ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၁၄ ၊ KNDF UAV နှင့်Loikaw Local PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စစ်ရေးအခြေအနေများကို အမြဲမပြတ် နားစွင့်ထားရန် KNDF အမှတ် ၂ ဗျူဟာက တိုက်တွန်းထားသည်။"]
https://yktnews.com/2024/06/166885/
လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က လူအင်အားဖြည့်တင်းနေပြီး စစ်ကြောင်း လှုပ်ရှားမှု မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ
["လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က လူအင်အားဖြည့်တင်းနေပြီး စစ်ကြောင်း လှုပ်ရှားမှု မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ", "ရန်ကုန်၊ ဇွန် ၁၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် စစ်တပ်က လူအင်အားဖြည့်တင်းနေပြီး စစ်ကြောင်း လှုပ်ရှားမှု မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း KA စစ်ရေးချုပ်ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလဒုတိယပတ်မှစ၍ ရှမ်းပြည်နယ် ဆီဆိုင်မြို့မှတဆင့် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ထဲသို့ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းမှုများ ရှိခဲ့ပြီး လွိုင်ကော် -မိုးဗြဲ- ဆီဆိုင် လမ်းခွဲပေါ်ဖြန့် ကျက်နေရာယူထားပြီး အင်အားဖြည့်တင်းခြင်းဖြစ်ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ်က ခေါ်ယူ အင်အား ဖြည့်တင်းသည့် အကြမ်းဖက် စစ်သားများသည် ရှမ်းပြည်နယ် အရှေ့ မိုင်းပါ အခြေစိုက်တပ်ရင်းမှ တပ်သားများ၊ စကခ လက်အောက်ခံ တပ်ရင်းမှ အချို့တပ်သားများနှင့် လက်ကျန် တပ်ရင်းများမှ တပ်သားများကို ထုတ်နှုတ်ကာ အင်အားဖြည့်တင်းခြင်း ဖြစ်နိုင်ကြောင်း သိရသည်။", "“၄၀၀၊ ၅၀၀ လောက်တော့ မရှိလောက်ဘူး။ တိုးလည်း ၁၀၀ ကျော် ၂၀၀ လောက်ပဲ။ ပစ်ခတ်တာလည်း မရှိသေးဘူး။ ကွက်ကြားကွက်ကြား လက်နက်ကြီး ပစ်ခတ်တာတော့ရှိတယ်။ ဒီနေ့ ဒီအချိန်အထိတော့ ထူး ထူးခြားခြားတော့ မရှိသေးဘူး။ ဆီဆိုင်ဘက်ကလာတော့ ပြောတော့ပြောကြတယ်။ အင်အား ၅၀၀ လောက်ကတော့ မရှိလောက်ဘူးထင်တယ်။ သူတို့လူတွေကို ဘယ်ကနေသွားယူလာလဲတော့ မသိဘူး။ ကျွန်တော်ထင်တာက ရှမ်းပြည်အရှေ့ပိုင်းတိုင်း မိုင်းပါက တပ်တစ်ချို့ပါမယ်။ စကခ ၁၇ လက် အောက်က တပ်တစ်ချို့ပါမလားတွက်မိတယ်လေ၊ ဘာလို့ဆိုရင် ရှမ်းပြည်တောင်ပိုင်းမှာက စစ်ရေး လှုပ်ရှားမှုက မရှိဘူး။ အဲဒီတပ်ရင်းတွေက ထုတ်နှုတ်မလား၊ တခြားလက်ကျန်တပ်ရင်း တွေက လူ တွေတစ်ချို့ပါမလားတွက်ထားတယ်လေ။အင်အားကတော့ အတိအကျ မသိရသေးဘူး။ အင်အားက တိုးတော့ တိုးတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိသေးဘူး” ဟု KA စစ်ရေးချုပ်ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၉ ရက် နံနက်က လွိုင်ကော်မြို့စက်မှုဇုန်မှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲ မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDFနှင့် ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၃)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခဲ့ကြောင်း၊ ထို့ပြင် မိုးဗြဲမြို့ အခြေ စိုက်ခလရ ၄၂၂ တပ်ရင်းမှ စစ်သားများလည်း မိုးဗြဲမြို့ထဲသို့ စစ်ကြောင်းထိုးဝင်ရောက်မှုရှိခဲ့ကြောင်း၊ ယခုအခါအကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြောင်း သိ ရသည်။", "Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/12/134234/
လွိုင်ကော်မြို့ရှိ စစ်ဘေးရှောင် ပြည်သူများကို အဝတ်အစားများ လှူဒါန်း
["လွိုင်ကော်မြို့ရှိ စစ်ဘေးရှောင် ပြည်သူများကို အဝတ်အစားများ လှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ဘေးရှောင် ပြည်သူများကို ထိုင်းနိုင်ငံမှ အလှူရှင် လှူဒါန်းပေးသော အဝတ်အစား အသစ်များကို ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မမူစဲက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134579/
လွိုင်ကော်မြို့ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့တွင် စစ်တပ်က ဝင်ရောက်တပ်စွဲနေ
["လွိုင်ကော်မြို့ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့တွင် စစ်တပ်က ဝင်ရောက်တပ်စွဲနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတို့တွင် အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့များက ဝင်ရောက်တပ်စွဲနေ ကြောင်း ဒီးမော့ဆိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။", "၁၁၁၁စစ်ဆင်ရေးအဖြစ် ကရင်နီပြည်နယ်အတွင်း၌ ကရင်နီတောင်လှန်ရေး တပ်ပေါင်းစုများက စစ် ဆင်ရေးအရှိန်မြှင့်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ကင်းပုန်းများ၊ ကာကင်းများ၊ အ ထိုင်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို အများအပြား သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ် သား အများအပြားသေဆုံးပြီး လက်နက်ချအညံ့ခံသူ၊ ထွက်ပြေးသူအမြောက်အများနှင့် လက်နက် ခဲ ယမ်း အမြောက်အများလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "ထို့သို့ အထိနာသော အကြမ်းဖက်စစ်တပ်က လွိုင်ကော်မြို့တွင်းရှိ အများပြည်သူပိုင်ဆိုင်သော စာ သင်ကျောင်းများ၊ တက္ကသိုလ်ကျောင်းများ၊ အထပ်မြင့်လူနေအိမ်များနှင့် ဘာသာရေးအဆောက်အဦ များတွင် ဝင်ရောက်တပ်စွဲကာ ဘုရားကျောင်းအတွင်းရှိ ဆရာတော်၊ ဘုန်းကြီး၊ သီလရှင်များနှင့် သက်ကြီးရွယ်အိုကလေးသူငယ်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများကို အတင်းအဓမ္မနှင်ထုတ် ခဲ့ကြောင်း သိရသည်။", "ထို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဘာသာရေးအဆောက်အဦများအတွင်း ဝင်ရောက် တပ်စွဲမှုကြောင့် ပြည်တွင်း/ပြည်ပရှိ ဆရာတော်များ၊ ဘုန်ကြီးရဟန်းများနှင့် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များမှ အလွန်စိုးရိမ်ပူပန် စိတ်ထိခိုက်ခဲ့ရကြောင်း၊ လွိုင် ကော်မြို့အတွင်း တိုက်ပွဲကြောင့် သောင်းနှင့်ချီသောမြို့နေပြည်သူများနှင့် အခြားအရပ် ဒေသမှ လာရောက်စစ်ဘေးရှောင် သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။", "ထို့အပြင် စစ်ရေး၊ အုပ်ချုပ်ရေးတို့တွင် ရှုံးနိမ့် နေသည့် အကြမ်းဖက်စစ်‌ကောင်စီတပ်က ပေါက်ကွဲ အား ပြင်းသော လက်နက်ကြီးများ၊ တိုက်လေ ယာဉ်‌များ အသုံးပြုကာ လွိုင်ကော်မြို့တွင်း/မြို့ပြင် နေရာ‌အနှံ့အပြားကို ပစ်ခတ်ဗုံးကြဲခြင်း‌ကြောင့် ပြည်သူအများအပြား သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်း များရှိခဲ့ကြောင်း၊ ထို့အပြင် ရာချီသောပြည်သူ့ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရ သည်။", "စစ်ရေးအရှိန်သည် ယခင်ကထက် မြင့်မားလာမည်ဖြစ်သောကြောင့် ပြည်သူလူ ထုများအနေဖြင့် လုံ ခြုံရေးပြင်ဆင်ထားရန်နှင့် အကြမ်းဖက်စစ်ကောင်စီစခန်းများနှင့် နီးကပ်စွာသွားလာနေထိုင်ခြင်း မပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို – DMO-Local PDF က မေတ္တာရပ်ခံထုတ်ပြန်ထား သည်။"]
https://yktnews.com/2023/11/133062/
လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက် နက်ချ အလင်းဝင်
["လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက် နက်ချ အလင်းဝင်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးတပ်များက ဆင်နွှဲလျက်ရှိသော လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချ အလင်းဝင်ကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၅) ရက်နေ့ တွင် ၁၁.၁၁ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲ အတွင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ​၏တိုက်ခိုက်မှုကြောင့် စစ်ကောင်တပ်သား ၁၅ ဦး လက်နက်ချ ဘက်ပြောင်း အလင်းဝင်လာကြောင်း၊ လွိုင်ကော်မြို့အတွင်းကျန်ရှိနေသေးသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ကိုလည်း အမြန်ဆုံး လက်နက်ချ ဘက်ပြောင်းအလင်းဝင်ရန် အတွက် KNDF တိုက်တွန်းထားသည်။", "နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတိုဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133554/
လွိုင်ကော်မြို့သို့ စစ်ကူပေးရန် လာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ
["လွိုင်ကော်မြို့သို့ စစ်ကူပေးရန် လာသည့် စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ", "ရန်ကုန်၊ နိုဝင်ဘာလ ၂၉", "ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်မှ ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာသည့် အကြမ်းဖက် စစ် ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၀ ဦးသေဆုံးပြီး ၁ ဦးအရှင် ဖမ်းမိထားကြောင်း ကရင်နီသတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မယ်စဲ့မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ တပ်မ ၅၅ ၊ တပ်မ ၆၆ မှ စစ်ကောင်စီတပ်သားများသည် ဖားဆောင်းမြို့နယ်ဘက်သို့ ဆုတ်ခွာလာစဉ် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လိုက်လံ ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။", "“မယ့်စဲ့မှာ ကျန်နေတဲ့ ပန်တိမ်းဘက်မှာ ကျန်တာ၊ ၂၂ ရက်လား၊ ၂၃ ရက်လား မသိဘူး၊ သွားတိုက်တော့ အရင်က နယ်ခြားစောင့်တပ်က ကျန်ခဲ့တဲ့ ကားတွေ ဆိုင်ကယ်တွေ၊ ဆန်တွေ အများကြီးပဲ သူတို့ ဖျက် ဆီး ပစ်ခဲ့တယ်၊ အဲဒီကနေ ဖားဆောင်းဘက်ကို ဆုတ်တဲ့ချိန်မှာ တိုက်ပွဲစဖြစ်တာ၊ မယ်စဲ့မြို့နယ်မှာ တော့ စကစတွေမရှိတော့ဘူး၊ အခုဆုတ်လာတဲ့ စစ်ကြောင်းကလည်း တစ်နေရာမဟုတ် တစ်နေရာမှာ တော့ ခံရမှာပဲ၊အခုလည်း အယောက် ၂၀ လောက်သေတယ်၊ တစ်ဦးအရှင်ဖမ်းမိထားတယ်ဆိုတော့ လွိုင်ကော်အထိ ရောက်အောင်သွားနိုင်မယ်မထင်ဘူး” ဟု ကရင်နီသတင်းနှင့်ပြန်ကြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါအကြမ်းဖက် စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့သိမ်း တိုက် ပွဲ သို့ စစ်ကူသွားရောက်ရန် နိုဝင်ဘာလ ၂၅ ရက်နေ့တွင်ပြန်လည်ဆုတ်ခွာလာခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်နေ့တွင် KA ၊ KNPLF ၊ KNDF ၊ PDF စသည့်ကရင်နီပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/112459/
လွိုင်ကော်မြို့အဝင်၌ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
["လွိုင်ကော်မြို့အဝင်၌ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၁", "ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အဝင်အနီး၌ အ ကြမ်းဖက် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Karenni Generation Youth ထံမှ သိရသည်။", "ယနေ့ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်ခန့်က လွိုင်ကော်မြို့ အဝင် တစ်နေရာ၌ အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁၅ စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ဖယ်ခုံ-မိုးဗြဲဘက်ကနေ လွိုင်ကော်ဘက် တက်လာတဲ့ယာဉ်တန်းပါ၊ အရင်က ရခိုင်မှာ ရှိတဲ့ စစ်ခွေး တွေဖြစ်ဖို့များတယ်၊ ကားပျက်စီးမှုတွေလည်းရှိသလို စစ်ခွေးတွေ သေဆုံးထိခိုက်လည်းရှိတယ်၊ အင်အား ၂၀၀ ဝန်းကျင်ရှိတယ်၊ စစ်ကားက တော့ ၅ စီးလောက်ထိခိုက်မှုရှိတယ်ပြောတယ်၊ အတည်တော့ မပြုနိုင်ဘူး၊ ဒါပေမယ့်သူတို့သွားတဲ့လမ်းနောက်မှာတော့ ကားကို ကျွတ်မပါပဲ မောင်းတော့ လမ်းပေါ်မှာ အရာတွေကျန်ခဲ့တာတွေ့တယ်၊ လွိုင်ကော် မရောက်ခင်အထိ လက်နက်ကြီးနဲ့ ပစ်သွားတာ တောက်လျှောက်ပဲ၊ တိုက်ပွဲက သိပ်မကြာလိုက်ဘူး၊ ကြားဖြတ်တိုက်ခိုက်ခဲ့သဘောပဲ၊ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေ ထိခိုက်သေဆုံးတာရှိတယ်” Karenni Generation Youth မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် ကုန်းသာကျေးရွာ၊ နွားလဝိုးကျေးရွာနှင့် ကယန်းသာ ယာရွာများဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ကုန်းသာကျေး ရွာသားတစ်ဦး၊ နွားလဝိုးရွာသား တစ်ဦးသေဆုံးကာ ကယန်းသာယာကျေးရွာသားတစ်ဦးနှင့် ကုန်းသာရွာရှိ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "မိဘပြည်သူများအနေဖြင့် လွိုင်ကော် – မိုးဗြဲလမ်း၊ လွိုင်ကော်- ဆီဆိုင်လမ်းနှင် လွိုင်ကော် – ဖယ်ခုံလမ်း ပိုင်းများကို အသုံးပြု သွားလာခြင်းမပြုကြရန်နှင့် သွားလာပါက အထူးဂရုစိုက်သွားလာကြရန် Karenni Generation Youth အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/135248/
လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်၍ ဖျက်ဆီးသဖြင့် တစ်စျေးလုံး မီးလောင်ပြာကျပျက်စီး
["လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကို စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်၍ ဖျက်ဆီးသဖြင့် တစ်စျေးလုံး မီးလောင်ပြာကျပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ သီရိမင်္ဂလာဈေးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးသဖြင့် တစ်စျေးလုံး မီးလောင်ပြာကျပျက်စီးသွားကြောင်း KA စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ကစ၍ လွိုင်ကော်မြို့၊ သီရိမင်္ဂလာရပ်ကွက်အတွင်းရှိ ဈေးကြီးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက မီးရှို့နေခြင်းဖြစ်ပြီး ဈေးတစ်လုံးနီးပါး ပြာကျသွားပြီဖြစ် ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရပ်ကွက်များအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဓမ္မာ ရုံ၊ ဘုရားကျောင်းတို့တွင် ဝင်ရောက်တပ်စွဲနေရာယူကာ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။", "“အခု KNDF ၊ KA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့ထဲမှာရောက်ပြီလေ၊ မြို့ထဲရောက်လာတာတော့ ကြာပါပြီ၊ ဒါပေမယ့် ရပ်ကွက်တွေ၊ ဘာတွေထဲ တိုးဝင်လာတဲ့အခါကျတော့ မနေ့ကလည်း တနေ ကုန်၊ ၁ ရက် ၊ ၂ ရက်ရှိပြီ၊ မိုးရွာသလိုပဲ လက်နက်ကြီးတွေ ထုနေတယ်၊ လက်နက်ကြီးတွေ ထုတော့ မြို့လယ်ရပ်ကွက်တွေဖြစ်တဲ့ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဓမ္မာရုံရပ်ကွက် တွေမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့နေရာမျိုးတွေမှာက စစ်ကောင်စီတပ်သားတွေ နေရာယူတပ်စွဲ ထား တာ လေ၊ ပြောရရင်တော့ မြို့ထဲမှာ ပိုပြီးတော့ ရှုတ်ယှက်ခတ်လာပြီပေါ့၊ ပြီးတော့ ဒီမင်္ဂလာဈေး ကိုမီးရှို့တယ်ဆိုတာက ပူးပေါင်းတပ်တွေ ရိက္ခာရရှိနိုင်မယ့် နေရာမျိုးဖြစ်နိုင်တယ်ထင်လို့ ၊ အဲလို ယူဆလို့ မီးရှို့တယ်လို့ သုံးသပ်ရတာပေါ့၊ တမင်သက်သက်ရှို့တာလဲပါမယ်၊ တချို့တော့ မီးလောင်ဗုံး တွေနဲ့ ပစ်တာတွေလည်းရှိမှာပေါ့၊ ဈေးကတော့တော်တော်ပြောင်သွားပြီ၊” ဟု KA စစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။", "လွိုင်ကော်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချတိုက်ခိုက်သည့်အပြင် ခလရ ၅၃ တပ်နှင့် အမှတ် ၂၅၀ အမြောက်တပ်တို့မှလည်း လွိုင်ကော်မြို့ ထဲရှိ ရပ်ကွက်များအတွင်းသို့ နေစဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။", "“လေယာဉ်ကတော့ တစ်ရက်နှစ်ရက်ရှိပြီ၊ မနေ့ကအထိဆိုရင် ကျနော်ရေတွက်ကြည့်တာတေ့ အလုံး ၄၀ လောက်ရှိတယ်၊ အဲဒီထက်ပိုရင်လည်း ပိုမှာပေါ့၊ ပေါင် ၅၀၀ ဗုံးနဲ့က တစ်ရက်ကို ၂ လုံး ၃ လုံးချ တာ ရှိတယ်၊ တခြားက လက်နက်ကြီးတွေနဲ့ အဲလိုမျိုးတွေပစ်တာပေါ့၊ ၅၄ ကနေပစ်တယ်၊ ၂၅၀ အ မြောက်တပ်ကနေ ပစ်တယ်၊ အရင်ကတော့ မြို့ပြင်ပဲ ပစ်တာ၊ အခုက မြို့ပေါ်ရပ်ကွက်တွေထဲကို ရမ်းသမ်းပစ်ခတ်နေတာ၊ အခုတစ်ရက် ၂ ရက်အတွင်း ပိုဆိုးလာတာ၊” ဟု KA စစ်ဖက်ဆိုင်ရာ အ ကြီးတန်းအရာရှိက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/01/79010/
လွိုင်ကော်လေဆိပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး ရဲ ၁ ဦးထိမှန်ကာ စစ်တပ် အဆောင်တစ်ခု ထိမှန်
["လွိုင်ကော်လေဆိပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီး ရဲ ၁ ဦးထိမှန်ကာ စစ်တပ် အဆောင်တစ်ခု ထိမှန်", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ကရင်နီပြည်နယ်၊ လွိုင်ကော်လေဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသဖြင့် လေဆိပ်ဝင်းစောင့် ရဲ တစ်ဦး ထိမှန်ဒဏ်ရာရရှိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လွိုင်ကော်လေဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး စစ်တပ်အဆောင်တစ်ခု ထိမှန်ကြောင်း၊ လေယာဉ်ကွင်းစောင့်ရဲ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "လက်ရှိတွင် လွိုင်ကော်လေဆိပ်သည် ခရီးသည်တင်လေယာဉ် အတက်အဆင်း မရှိသလောက် နည်းပါး ပြီး အဓိကအားဖြင့် စစ်ကောင်စီက ထောက်ပို့တပ် နေ ရာ အဖြစ် အဓိက အသုံးပြုနေကြောင်း၊ စစ် လေယာဉ်၊ ရဟတ်ယာဉ်များ အဓိက အတက်အဆင်းပြုလုပ်နေသည့် ထောက်ပို့အင်အားဖြည့် တပ်စွဲနေရာ ဖြစ်ကြောင်း သိရှိရသည်။", "လေဆိပ်ကို ပစ်ခတ်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိ ရှိရသေးပေ။"]
https://yktnews.com/2024/02/143704/
လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ လုံခြုံရေးအကြောင်းပြ မတရားဆက်လက်ဖမ်းဆီးထား
["လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း ပြန်လွှတ်မပေးဘဲ လုံခြုံရေးအကြောင်းပြ မတရားဆက်လက်ဖမ်းဆီးထား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း အကျဉ်းထောင်မှ လုံခြုံရေးအကြောင်းပြ ပြန်လည် လွှတ်ပေးခြင်း မရှိဘဲ မတရားဆက်လက်ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြား သည်။", "လွိုင်ကော်မြို့၏ အကျဉ်းဦးစီးဌာနမှ လွတ်မြောက်အကျဉ်းသားများကို အကျဉ်းထောင်တွင် လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ပြီး လွတ်ရက်စေ့ အကျဉ်းသားများမှာ သက်ဆိုင်ရာ မိသားစုဝင်များထံ ပြန်လည်မရောက်ရှိသေးခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၅၀၀ ရှိနေပါတယ်။ အဲဒီ ၅၀၀ ထဲမှာ လွတ်ရက်စေ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေက ၆ ဦးထိရှိလာတယ်။ ဒီလတွေထဲမှာ ထပ်ပြီးလွတ်ဖို့ ရှိနေသေးတယ်။ ဒါကို သူတို့က တိုက်ပွဲကို စိုးရိမ်ရတဲ့အတွက် အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် မလွတ်ပေးခြင်းဆိုတဲ့ ပုံစံမျိုးနဲ့ ထပ်ပြီးမှ မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လွတ်ရက်စေ့ အကျဉ်းသားများ၏ မိသားစုဝင်များမှလည်း ပြန်လွတ်လာမည်ကို မျှော်လင့်စောင့်စားနေကြကြောင်း သိရှိရသည်။", "လွတ်ရက်စေ့နေသည့် အကျဉ်းသားများတွင် လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် ရာဇဝတ်မှုအကျဉ်းသား ၁၄ ဦးနှင့် နိုင်ငံရေး အကျဉ်းသား ၆ ဦးတို့ ပါဝင်ပြီး ၎င်းတို့ကို ချက်ချင်းလွှတ်ပေးရန်၊ လွတ်မြောက်သင့်ပြီဖြစ်သည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို ချက်ချင်းလွှတ်ပေးရန်နှင့် အကျဉ်းသားများ နေရပ်ပြန်နိုင်ရေးအတွက် ICRC နှင့် United Nations OCHA တို့မှ နှစ်ဖက်တပ်များအကြား ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးကြရန်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးတို့က တောင်းဆိုထားသည်။", "“လူသားချင်းစာနာသောအားဖြင့် နှစ်ဖက်တပ်တွေ အကြားမှာ ဒီအကျဉ်းသားတွေရဲ့ လွတ်တဲ့ ကာလတစ်ခုကို နှစ်ဖက်ယာယီလေး ခဏတာ ရပ်နားပြီးတော့မှ ဒီအကျဉ်းသားတွေ မိသားစုလက်ထဲရောက်ရှိဖို့အတွက် နှစ်ဖက်တပ်တွေကို မေတ္တာရပ်ခံလိုပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။"]