url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/07/172599/
လားရှိုးတွင် MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့် ၁၈ ချက် ထုတ်ပြန်ပြီး ပြည်သူများ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များကိုပါကြေညာ
["လားရှိုးမြို့တွင်းမှ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့်သူနာပြုဝန်ထမ်းများအားလုံး မိမိတာဝန်ကို လက်ရှိရာထူးနှင့်လစာအတိုင်း တာဝန်ဆက်ထမ်းနိုင်", "ရန်ကုန်၊ ဇူလိုင် ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတစ်၀ိုက်တွင် စစ်ရေးလှုပ်ရှားနေသော MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့် ၁၈ ချက်ကို ထုတ်ပြန်လိုက်ပြီး ပြည်သူများ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များကိုပါ MNDAA က တရားဝင် ကြေညာလိုက်သည်။", "လားရှိုးမြို့အနီးတစ်၀ိုက်(သို့မဟုတ်) မြို့တွင်းသို့ ဝင်ရောက်လျက်ရှိသော MNDAA တပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်နှင့် တားမြစ်မိန့်များတွင်", "၁- အနိုင်ကျင့်သတ်ဖြတ်ခြင်းမပြုရ။", "၂-ပြည်သူလူထု၏ စည်းစိမ်ဥစ္စာထိပါးခြင်းမပြုရ။", "၃-စစ်မြေပြင်အတွင်းရှိ ပြည်သူပိုင်ယာဉ်များကို သိမ်းဆည်းသုံးဆောင်ခြင်းမပြုရ။", "၄-စစ်ဘေးရှောင်ဒုက္ခသည်များထံမှ ငွေသားကောက်ခံခြင်းမပြုရ။", "၅-စစ်ရေးလိုအပ်ချက်မှလွဲ၍ ပြည်သူပိုင်နေအိမ်များအတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းမပြုရ။", "၆-ခွင့်ပြုမိန့်မရှိဘဲ ကုမ္ပဏီအတွင်းသို့ ဝင်ရောက်ရှာဖွေခြင်းမပြုရ၊ သိမ်းဆည်းရပစ္စည်းများအားလုံးကို ပြည်သူပိုင် ပစ္စည်းအဖြစ် သက်ဆိုင်ရာသို့ အပ်နိုင်ရမည်။", "၇-လမ်းကြောင်းပိတ်ပြီး တပ်သားစုဆောင်းခြင်း အထူးသဖြင့် ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရ။", "၈-လူမျိုးဘာသာခွဲခြားခြင်းမပြုရ။", "၉-အထက်ဖော်ပြပါ စည်မျဉ်းစည်းကမ်းများနှင့် တားမြစ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမပြုပါက စစ်ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကြေညာထားသည်။", "ထို့ပြင် လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖော်ဆောင်ရန်နှင့်ဘေး ဒုက္ခကျရောက်နေသော ပြည်သူများကို လက်ကမ်းကူညီပေးရန် တိုက်တွန်းလိုက်ပြီး လိုက်နာရမည့် အချက်များအနေဖြင့်", "၁- ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင်အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ပေးရမည်။", "၂-သမိုင်းဝင်အမွှေအနှစ်နှင့်စာရွက်စာတမ်းများကို ကောင်းမွန်စွာ ထိန်းသိမ်းပေးရမည်။", "၃-စစ်ဘေးရှောင်ဒုက္ခသည်များ တိမ်းရှောင်ရန်အတွက် အန္တရာယ်ကင်းသောလမ်းကြောင်း ဖွင့်ပေးရန်နှင့် ကူညီပေးရမည်။", "၄-ဒေသခံနယ်မြေအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး လုံခြုံစိတ်ချရသော ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးရန်နှင့် စီမံခန့်ခွဲနေရာချထားပေးရမည်။", "၅-စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ဆက်ဆံရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များကို အထူးစောင့်ရှောက်ပေးရမည်။", "၆-ဒဏ်ရာရနေသော (သို့မဟုတ်) နာမကျန်းဖြစ်နေသော စစ်ပြေးဒုက္ခသည်များနှင့် စစ်သုံ့ပန်းများကို လူသားချင်းစာနာထောက်ထားပြီး ကောင်းမွန်စွာ ဆေးကုသမှုပေးရမည်။", "၇-လက်ရှိဒေသခံရပ်ကွက်နှင့် သူကြီးများအားလုံးမှတစ်ဆင့် ပြည်သူအားလုံးထံသို့ လေကြောင်းတိုက်ခိုက်ခြင်းမှ ကြုံတွေ့နိုင်မည့်ဘေးအန္တရာယ်များကို တိမ်းရှောင်နိုင်ရန် အတွက် ပညာဗဟုသုတပေးခြင်းနှင့် ရပ်ကွက်လုံခြုံရေး၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များ ကာကွယ်ပေးခြင်းများကို အကောင်အထည်ဖော်ပေးရမည်။", "၈- လားရှိုးမြို့တွင်းရှိ လက်ရှိ ပြည်သူ့ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့်သူနာပြုဝန်ထမ်းများအားလုံး မိမိတာဝန်ကို လက်ရှိရာထူးနှင့်လစာအတိုင်း ဆက်လက် ထမ်းဆောင်ထားနိုင်ပါသည်။", "၉- MNDAA တပ်ဖွဲ့ဝင်များအားလုံး တားမြစ်မိန့်လိုက်နာမှု ရှိ၊ မရှိ ပြည်သူများက စောင့်ကြည့်ပေးပြီး အောက်ပါ ဖုန်းနံပါတ်များသို့ တိုင်ကြားနိုင်သည်။", "တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ ၁- လီဦးစီးဌာနမှူး – ၀၉၆၇၈၂၄၃၆၂၆", "၂- ရန်ဦးစီးဌာနမှူး – ၀၉၆၇၈၁၇၂၁၃၆", "၃- ဟဲအရာရှိ – ၀၉၈၈၂၉၅၄၅၆၅ တို့ဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/187813/
လားရှိုးမြို့နယ်ကို ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချပြန်
["လားရှိုးမြို့နယ်ကို ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချပြန်", "ရန်ကုန်၊ အောက်တိုဘာ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ကို ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများကျဲချသွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် စစ်ကောင်စီ၏လေယာဉ်များက လားရှိုးမြို့နယ်အတွင်းသို့ ၂ ကြိမ်တိုင် ဗုံးများကျဲချသွားခြင်းဖြစ်ကြောင်း၊ အထိအခိုက်အပျက်အစီးနှင့် ကျဲချသွားသည့်နေရာအခြေအနေများကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်နေသည့်အတွက် အသေးစိတ်မသိရှိရသေးကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "လားရှိုးမြို့ပေါ်နှင့် လားရှိုးမြို့နယ်အတွင်းတွင် လေကြောင်းအန္တရာယ် သတိထားကြရန် MNDAA က တရားဝင် ပြည်သူများကို ပြောဆိုထားပြီး ဖြစ်၍ အပျက်အစီးများ ရှိသည့်တိုင် ယနေ့ နံနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု မများနိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။", "“လေကြောင်းအန္တရာယ်က နေ့ရော ညပါ အချိန်မရွေး ကြုံနိုင်တယ်ဆိုတာ သတိပေးထားပြီးဖြစ်ပါတယ်။ လောလောဆယ်တော့ အီးနိုင်ဘက်ကို ကျဲတယ်လို့ ကြားရပေမယ့် အတိအကျ သိရဖို့ ဖုန်းလိုင်းတွေ မရဘူးဖြစ်နေတယ် ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီ့ ဩဂုတ်လ ၃၀ ရက်နေ့မှစတင်၍ လားရှိုးမြို့ကို တောက်လျှောက်ဆိုသလို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူများထိခိုက်သေဆုံးဒဏ်ရာရရှိမှု များဖြစ်ပေါ်ကာ ပျက်စီးဆုံးရှုံးမှုများ အလွန်များပြားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130429/
လားရှိုးမြို့နယ်တွင် ခမရ ၃၆၂ တပ်းရင်းမှ စစ်သား ၁ ဦး စစ်မတိုက်လိုသောကြောင့် လက်နက်ချ အလင်းဝင်
["လားရှိုးမြို့နယ်တွင် ခမရ ၃၆၂ တပ်းရင်းမှ စစ်သား ၁ ဦး စစ်မတိုက်လိုသောကြောင့် လက်နက်ချ အလင်းဝင်", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၂ တပ်ရင်းမှ စစ်သား ၁ ဦး စစ်မတိုက်လိုသောကြောင့် လက်နက်ချ အလင်းဝင်ရောက်လာကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၈ ရက်နေ့တွင် TNLA ၏ တပ်မဟာ ၆ စစ်ဒေသ၊ လားရှိုးမြို့နယ်၊ ကုန်စုံကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းမှ ထွက်ပြေးလာသော တပ်သား ၁ ဦးသည် လက်နက်အပြည့်အစုံဖြင့် တအာင်းတပ်မတော် PSLF/TNLA ထံ လာရောက် လက်နက်ချ အလင်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ အလင်းဝင်လာသော စစ်သားသည် စကခ ၁၀ လက်အောက်ခံ၊ ခမရ – ၃၆၂ တပ်ရင်းမှ ဖြစ်ပြီး စစ်မတိုက်လိုသောကြောင့် လာရောက် လက်နက်ကျ အညံ့ခံခဲ့ခြင်း ဖြစ်​ကြောင်း၊ လက်ရှိချိန်တွင် ယင်းတပ်သားကို ဘေးကင်းရာ ပို့ဆောင်ထားပြီး၊ လမ်းစရိတ် ချီးမြှင့်ငွေ ၁၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193327/
လားရှိုးမြို့နယ်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး လေယာဉ်ဖြင့် ကျဲချမှု ပြည်သူ ၃ ဦးထိခိုက်ပြီး စာသင်ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီး
["လားရှိုးမြို့နယ်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး လေယာဉ်ဖြင့် ကျဲချမှု ပြည်သူ ၃ ဦးထိခိုက်ပြီး စာသင်ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံးကို စစ်လေယာဉ်ဖြင့် ကျဲချမှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ပြီး စာသင်ကျောင်းနှင့် လူနေအိမ်များစွာ ပျက်စီးကြောင်း လားရှိုး MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်မှ ည ၇ နာရီ ၄၆ မိနစ်အချိန် စစ်ကောင်စီ၏ လေတပ်က လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာနှင့် သံလွင်စံပြကျေးရွာကို ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါဗုံးများကြောင့် သံလွင်စံပြကျေးရွာ စာသင်ကျောင်းဆောင်ပြိုကျပျက်စီးသွားပြီး လူနေအိမ်များစွာ ပျက်စီးကြောင်း၊ ဒေသပြည်သူ ၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများမှာ မိသားစုတစ်စုတည်းမှ ဖြစ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၄၀ နှစ်အရွယ် ကလေးငယ်၏ ဖခင်နှင့် အသက် ၃၈ နှစ်အရွယ် ကလေးငယ်၏ မိခင်တို့ဖြစ်ကြောင်း ၊ ဖခင်ဖြစ်သူမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်သဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များ၊ဈေးများ၊တိုင်း ရင်းသားလူမျိုးစုနေထိုင်ရာရွာများ ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းက ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်များကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်ကြောင်း MNDAA ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137969/
လားရှိုးမြို့နယ်တွင် ဖျက်သိမ်းထားသော နမ္မကျောက် မီးသွေးမိုင်းကို ဦးပိုင် ကုမ္ပဏီက အငှားချထားပြီး ပြန်လည်တူးဖော်နေကာ စစ်တပ်ပါ ခေါ်ယူ၍ ရွာသားများ၏ မြေယာများကို သိမ်းယူမည်ဟု ခြိမ်းခြောက်
["လားရှိုးမြို့နယ်တွင် ဖျက်သိမ်းထားသော နမ္မကျောက် မီးသွေးမိုင်းကို ဦးပိုင် ကုမ္ပဏီက အငှားချထားပြီး ပြန်လည်တူးဖော်နေကာ စစ်တပ်ပါ ခေါ်ယူ၍ ရွာသားများ၏ မြေယာများကို သိမ်းယူမည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ဖျက်သိမ်းထားသော နမ္မကျောက် မီးသွေးမိုင်းကို ဦးပိုင် ကုမ္ပဏီက အငှားချထားပြီး ပြန်လည်တူးဖော်နေကာ စစ်တပ်ပါ ခေါ်ယူ၍ ရွာသားများ၏ မြေယာများကို သိမ်းယူမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "နမ္မကျောက်မီးသွေးမိုင်း ဖျက်သိမ်းခဲ့သည်မှာ နှစ် ၂၀ နီးပါးရှိပြီဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ဦးပိုင်၏ အငှားချထားပေးမှုဖြင့် မင်းရွှေလွှာကုမ္ပဏီက တူးဖော်နေသည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ အဆိုပါ တူးဖော်နေသည့်နေရာသည် နမ့်ပေါင်အုပ်စုတွင် ပါဝင်ကာ ဒီဇင်ဘာရွာ တည်ထားပြီး နေရာကို ပြန်အငှားချထားခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် တူးဖော်နေသည်မှာ ဒီဇင်ဘာရွာ အိမ်ခြံနားအထိရောက်လာနေပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“လားရှိုးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပေမယ့် ဆက်လက်တူးဖော်နေပါတယ်။ ရွာလူကြီးတွေနဲ့ ပေါင်းပြီး ရွာသားတွေရဲ့မြေယာတွေကိုလည်း သိမ်းယူနေပါတယ် မပေးရင် ပြင်ဦးလွင်က ၂၄ ကပစ တပ်ကိုခေါ်ပြီး ရွာကိုဖျက်မယ်လို့ ခြိမ်းခြောက်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှိအချိန်တွင် လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကျောက်မီးသွေးမိုင်းကို ဆက်လက်တူးဖော်နေဆဲဖြစ်ပြီး မြေယာများကို သိမ်းယူနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "Photo – ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရှိ တီကျစ် ကျောက်မီးသွေး စက်ရုံ"]
https://yktnews.com/2023/10/128398/
လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန် တပ်စခန်းကို TNLA က သိမ်းပိုက် ရရှိပြီး RPG ၊ ၆၀ မမ အမြောက်၊ စက်သေနတ်များ အပါအဝင် လက်နက် ခဲယမ်း အမြောက်အမြားပါ သိမ်းဆည်းရရှိ
["လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန် တပ်စခန်းကို TNLA က သိမ်းပိုက် ရရှိပြီး RPG ၊ ၆၀ မမ အမြောက်၊ စက်သေနတ်များ အပါအဝင် လက်နက် ခဲယမ်း အမြောက်အမြားပါ သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ တိန်းတန် တပ် စခန်းကို TNLA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်း အမြောက် အမြားပါ သိမ်းဆည်းရရှိကြောင်း တအာင်း TNLA က တရားဝင် ကြေညာသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေးအဖြစ်၊ လားရှိုးမြို့ နယ်တွင် တအာင်းတပ်မတော် PSLF/TNLA က စစ်ကောင်စီတပ်စခန်းများဖြစ်သည့် မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင် တိန်းတန်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါတိန်တန်တပ်စခန်းမှ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက် နက်ခဲယမ်းများမှာ သေနတ် ၁၄ လက်၊ RPG ၁ လက်၊ ၆၀ မမ ၂လက် ၊ စက်လက်အကြီး ၁ လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ ၆၀ မမ ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံမြောက်များစွာ စသည့် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ရှမ်းပြည်နယ်၊ မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ် ကားလမ်း ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း (မိုက်ခရို ဝိတ် တာဝါတိုင်တပ်စခန်း) ၃ ခု တို့ကို ယမန်နေ့ နံနက်ပိုင်း ၄ နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ စစ်ကောင်စီ အလောင်း ၁၈ လောင်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရ ခဲ့မိကြောင်း TNLA က ကြေညာသည်။", "ယမန်နေ့ ၁ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဂျက်ဖိုက် တာ ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ၅ ကြိမ်နှင့် ၁၂၀၊၁၀၅ မမ ဟောင်ဝေဇာအမြောက်ဖြင့် ၁၂ ကြိမ်ဖြင့် တိုက်ပွဲဖြစ်သည့်နေရာသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129611/
လားရှိုးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိ၊ သေနတ် ၇၈ လက်နှင့် မူးယစ်ဆေးဝါးများလည်း သိမ်းဆည်းရရှိ
["လားရှိုးမြို့နယ်ရှိ စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိ၊ သေနတ် ၇၈ လက်နှင့် မူးယစ်ဆေးဝါးများလည်း သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဂျာယန် ပြည်သူ့စစ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က လာရှိုးမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူစစ် စခန်းကို ဝင်ရောက် သိမ်းပိုက် ရှင်းလင်းခဲ့ကြောင်း သိရသည်။", "ဂျာယန် ပြည်သူစစ် စခန်းသည် စစ်ကောင်စီ၏ ထောက်ပို့ကြားစခန်းအဖြစ် အသုံးပြုထားသည့် စခန်းတစ်ခု ဖြစ်ပြီး စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ထောက်ပို့လုပ်ငန်းများ မပြုလုပ်ရန် PSLF/TNLA မှ ပထမအကြိမ် သတိပေးခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည့် ကာလ၌ စစ်ကောင်စီ၏ နောက်ခံထောက်ပို့ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခဲ့သည့်အတွက် ဂျာယန်စခန်းကို ဝင်ရောက် ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ စခန်းကို ဝင်ရောက် ရှင်းလင်းစဥ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိပြီး စခန်းတာဝန်ရှိသူ ဖြစ်သည့် လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင် ၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင် နှင့် ဆေးမှူး ဗိုလ်ဦးတောင်ဂျုံ တို့ ၄ ဦးအား ထိန်းသိမ်းထားကာ ကျန်တပ်ဖွဲ့ဝင် ၃၄ ဦးကို လွှတ်ပေးခဲ့ကြောင်း သိရသည်။", "ယင်း စခန်းအတွင်း လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်မျိုးစုံ ၄၃ ဖာ၊ ၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံးနှင့် ယာမ ဆေးပြား ၃၉ ထုတ်ကျော် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/96379/
လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာ ရကာ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများရှိခဲ့၊ နွားထိုးကြီးတွင်လည်း စစ် ကား ကို မိုင်းဆွဲတိုက်ခိုက်
["လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာ ရကာ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများရှိခဲ့၊ နွားထိုးကြီးတွင်လည်း စစ် ကား ကို မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ နောင်မွန် နယ် မြေ ရဲစခန်းအနီးတွင် ယမန်နေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာရရှိကြောင်း ၊ စစ်တပ်က ရဟတ်ယာဉ် အသုံးပြု၍ ပစ်ခတ်မှုရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင် မွန် ရွာ အနောက်ဘက်နမ့်မခေါ်ရွာအနားတွင် စစ်ကောင်စီတပ်များက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ် မှုများကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရကြောင်း၊ ယင်းနောက် လေယာဉ်ပစ်ကူအဖြစ် ရဟတ်ယာဉ် တစ်စီးဖြင့်ပါ လာရောက် ပစ် ခတ်ခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ်က ရမ်းသမ်းပစ်တာ အိမ်တွေပေါ် လက်နက် ကြီးကျ လို့အိမ်ခေါင် မိုးတော့ ပေါက်သွားတယ်။ စစ်တပ်က ရမ်းပစ်တာ။ ဟိုဘက်ကလည်း ပြန် ပစ်တယ်။တိုက်ပွဲလိုမဟုတ်ပေမယ့် ကြိုကြား ကြိုကြား ပြန်ပစ်တယ်။ အဲဒီ ဘက် မှာ ပလောင် TNLA တွေ သွားလာနေတာပါ။ နောင်မွန်ရဲစခန်း နားမှာ ဖြစ်ကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး တောင် သာ လမ်းတွင် ဧပြီလ ၄ ရက်နေ့၌ စစ်ကောင်စီဝင် အင်အား ၁၇ ဦးခန့်ပါ ဒိုင်နာ ကားကို အင်းချောင်းကျေးရွာနှင့် ထန်းတောမကျေးရွာကြားအရောက်တွင် မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၄ က သတင်းထုတ်ပြန်သည်။", "မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင်တပ်ဖွဲ့ဝင်များ ဒဏ်ရာ ပြင်းထန် စွာရရှိခဲ့ကြောင်း၊ ကားကို အတင်းမောင်းပြေးကာ နွားထိုးကြီး မြို့နယ် ဆေးရုံ ထဲသို့ တန်းဝင်သွားကြောင်း၊ စစ်ကောင်စီဝင်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု သတင်း အတိအကျကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ-လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် လက်နက်ကြီးထိမှန် သွား သော နေအိမ် တစ်လုံး။"]
https://yktnews.com/2023/11/131735/
လားရှိုးမြို့နယ်၊ အလက ခွဲ ၆ ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်သတ်
["လားရှိုးမြို့နယ်၊ အလက ခွဲ ၆ ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်သတ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် ၆ အလက ခွဲ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီခန့်အချိန် လားရှိုးမြို့နယ်၊ အမှတ် ၆ အလက ခွဲ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်တန့်ပေးခြင်း မရှိဟု ဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။", "“လားရှိုး အလက ခွဲ ၆ ကျောင်းရှေ့မှာ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ပြည်သူ ၂ ဦးကို စစ်ခွေးတွေက မရပ်ပေးလို့ ဆိုပြီး ပစ်သတ်လိုက်တယ်။ သေဆုံးသွားတဲ့ ပြည်သူ ၂ ဦးက ဘယ်မှာနေထိုင်ပြီး ဘယ်သူတွေ ဆိုတာတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ဆိုင်ကယ်စီး ပြည်သူ ၂ ဦးကို ပစ်သတ်ပြီးနောက် အလောင်းများကိုလည်း စွန့်ပစ်ထားခဲ့ကြောင်း၊ မိသားစုဝင်များမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းသိရှိရခြင်းမရှိသေးဟု ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။"]
https://yktnews.com/2024/07/172957/
လားရှိုးမြို့နှင့် ကျောက်မဲမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ
["လားရှိုးမြို့နှင့် ကျောက်မဲမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၁၃", "ရှမ်းပြည်နယ်၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကပြောဆိုသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် လားရှိုးမြို့ ရပ်ကွက် ၄ ရှိ အ.ထ.က ၅ ကျောင်းဝင်းအတွင်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့​ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင်လည်း လားရှိုးမြို့ ရပ်ကွက် ၂ နှင့်ရပ်ကွက် ၁၀ တို့တွင်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ​ရပ်ကွက်နေ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရပ်ကွက် ၁ တွင်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်မှုကြောင့် အရပ်သား နေအိမ် ၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်းသိရှိရသည်။", "အလားတူ ကျောက်မဲမြို့အနီးရှိ မန်ခဲကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အောက် ကလေး ၂ ဦး နှင့် အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ရှမ်းမြောက်ဒေသတွင် တိုက်ပွဲဖြစ်ပွားသည့် ၁၉ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်က အရပ်သား ပြည်သူများကို ဦးတည်ပြီး လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား ပြည်သူ ၆၁ ဦး သေဆုံးပြီး ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/170512/
လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတား ၂ စင်း အပါအဝင် တံတား ၅ စင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး
["လားရှိုးမြို့နှင့် ဆက်သွယ်ထားသည့် တံတား ၂ စင်း အပါအဝင် တံတား ၅ စင်းကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၂၉", "အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့နှင့်ဆက်သွယ်ထားသည့် တံတား ၂ စင်း အပါ အဝင် တံတား ၅ စင်းကို မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဇွန်လ ၂၇ ရက်နေ့ လားရှိုးမြို့နယ် မန်စံရေကျ၊ မန်ပွဲ – လားရှိးဆက်သွယ်ထားသည့် တံ တား ၂ စင်းကို စစ်ကောင်စီတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါတံတားသည် မန်စံရေကျကြိုးတံတားနှင့် ခိုလိတ်ရထားလမ်းတံတားတို့ ဖြစ်ပြီး ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စသည့်ကျေးရွာများမှ အများပြည်သူအသုံးပြုသည့်တံတားဖြစ်ကြောင်း၊ တံတားပျက်စီး သွားခြင်းကြောင့် ဒေသတွင်း အရပ်သားပြည်သူများ သွားလာရေးနှင့် ရိက္ခာသည်ယူရေးတို ရပ်တန့်ခဲ့ရကြောင်း သိရှိရသည်။", "ထို့ပြင် ဇွန်လ ၂၅ ရက်နေ့ကလည်း အများပြည်သူအသုံးပြုသည့် ခိုလိတ်အုပ်စုရှိ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနှင့် မန်စံရေကျတံတားတို့ကိုလည်း စစ်တပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ဇွန်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီက လားရှိး – မိုင်းယော်လမ်းပေါ်ရှိ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာများ ဖြတ်သွားသည့်လမ်းမကြီး ၃နေရာကို ကန့်လန့်မြောင်းဖောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/172504/
လားရှိုးမြို့ပေါ် နှင့် ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ပြည်သူ ၁၄ ဦး ဒဏ်ရာရ
["လားရှိုးမြို့ပေါ် နှင့် ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ပြည်သူ ၁၄ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၁၀", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။", "ဇူလိုင်လ ၁၀ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် ၉ ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး ၁ ဦး အပါအဝင် အမျိုသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦးကာ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ မင်းတံတားကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ထက်မနည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်၏ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅၄ ဦး သေဆုံးခဲ့ပြီး ၈၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အရပ်သား ပြည်သူပိုင် နေအိမ် ၉၀ ထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "ဇူလိုင်လ ၄ ရက်နေ့ ည ၈ နာရီ ၁၄ မိနစ်ခန့်တွင် မူးမြို့နယ်၊ နတ်သံကွင်းတွင်ရှိသော အကြမ်းဖက် စစ်တပ်က ပစ်ခတ် လိုက်သော ၈၁ မမ လက်နက်ကြီး ၁ လုံး ရေလဲကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။", "ဇူလိုင်လ ၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရေအိုးစင်တွင် ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေတွင်းဖြူကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ပျဉ်းမပင်ရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၆ နှစ်အရွယ် စောကျော်စိုးနှင့် အသက် ၄၆ နှစ် အရွယ် မကြည်ဝင်း တို့ လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ရွာမကြီး ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။", "အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားပြီး လက်နက်ကြီး များဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူများ၏ အသက်အိုးအိမ် စည်းစိမ်များ နေစဉ်နှင့် အမျှ ထိခိုက် ပျက်စီးဆုံးရှုံးနေရပြီး ကျေးရွာနေ ပြည်သူများသည် ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင် နေကြရကြောင်း သိရသည်။"]
https://yktnews.com/2024/09/185045/
လားရှိုးမြို့ပေါ် သို့ ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု အပျက်အစီးများပြား ဟု MNDAA ပြောဆို
["လားရှိုးမြို့ပေါ် သို့ ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု အပျက်အစီးများပြား ဟု MNDAA ပြောဆို", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်သို့ ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အပျက် အစီးများပြားကြောင်း MNDAA က ပြောဆိုလိုက်သည်။", "စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်မှ နံနက် ၂ နာရီ ၂၀ မိနစ်အချိန် အထိ စစ်ကောင်စီတပ်၏တိုက်လေယာဉ်များက လားရှိုးမြို့ရပ်ကွက် ၁၂ နှင့် လားရှိုးနည်းပညာတက္ကသိုလ် ဆက်စပ်လျက်ရှိသောနည်းပညာအထက်တန်းကျောင်းအနီးတွင် ဗုံး ၄ လုံးကျဲချကြောင်း၊ ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်းအပြင်အနီးနားရှိ ဘုန်းတော်ကြီးကျောင်းနှင့် အများပြည်သူပိုင် အဆောက်အဦးများ ဆိုးရွားစွာပျက်စီးခဲ့သော်လည်း လူအသေအပျောက်မရှိခဲ့ကြောင်း သိရှိရသည်။", "လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် MNDAA က ဗုံးပေါက်ကွဲသည့်နေရာသို့ သွားရောက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်"]
https://yktnews.com/2025/04/210632/
လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာဖို့ရှိနေတဲ့ MNDAA က ၁၀၂၇ စစ်ဆင်ရေး ကျဆုံးရဲဘော်တွေ အောက်မေ့ဖွယ် အခမ်းအနားနဲ့ စစ်အတွင်း ထိခိုက်ခဲ့တဲ့ လားရှိုးနေအိမ်တွေ လျှော်ကြေးပေးတာတွေ ဆက်တိုက်လုပ်နေ
["လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာဖို့ရှိနေတဲ့ MNDAA က ၁၀၂၇ စစ်ဆင်ရေး ကျဆုံးရဲဘော်တွေ အောက်မေ့ဖွယ် အခမ်းအနားနဲ့ စစ်အတွင်း ထိခိုက်ခဲ့တဲ့ လားရှိုးနေအိမ်တွေ လျှော်ကြေးပေးတာတွေဆက်တိုက်လုပ်နေ", "ရန်ကုန်၊ ဧပြီ ၈", "လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာဖို့ရှိနေတဲ့ MNDAA က ၁၀၂၇ စစ်ဆင်ရေး ကျဆုံးရဲဘော်တွေ အောက်မေ့ဖွယ် အခမ်းအနားနဲ့ စစ်အတွင်း ထိခိုက်ခဲ့တဲ့ လားရှိုးနေအိမ်တွေ လျှော်ကြေးပေးတာတွေ ဆက်တိုက်လုပ်နေပါတယ်။", "ဧပြီ ၂ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်းရေးအတွင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းရဲဘော်တွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကို ဧပြီလ ၂ ရက်နေ့ ရန်လုံကျိုင်း သူရဲကောင်း ဗိမာန်မှာ ပြုလုပ်ခဲ့ပါတယ်။", "အဲဒီအခမ်းအနားကို လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ MNDAA ကိုးကန့်တပ်ခေါင်းဆောင် ဖုန်တာရွှင် တက်ရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချတာ အလေးပြုတာတွေ လုပ်ခဲ့ပါတယ်။", "ဒါ့အပြင် ၁၀၂၇စစ်ဆင်‌ရေး ကာလမှာ ပျက်စီးသွားတဲ့ နေအိမ်တွေကို ကိုးကန့်တပ် MNDAA က တစ်အိမ်လျှင် သိန်း ၅၀ ထောက်ပံ့ ပေးခဲ့တယ်လို့ လားရှိုးမြို ပြန်လည်‌ထူထောင်ရေး အဖွဲ့ ထုတ်ပြန်ပါတယ်။", "တိုက်ပွဲ ကာလမှာ ပျက်စီးခဲ့တဲ့ နေအိမ်တွေအတွက် MNDAA ရဲ့ အထူးဒေသ ၁ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက ထောက်ပံ့ငွေကျပ်သိန်း‌ပေါင်းတစ်သောင်းကျော် ပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။", "၁၀၂၇ စစ်ဆင်ရေး ကာလမှာ ပျက်စီးသွားတဲ့နေအိမ်ပေါင်း ၃၀၉ ခုအတွက် သိန် ပေါင်း ၁,၅၄၅,၀၀၀,၀၀၀ ကျပ် ထောက်ပံ့ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။", "နေအိမ်ပျက်စီးမှု အများအပြားရှိခဲ့ပေမယ့် အလုံးစုံ ပျက်စီးသွားတဲ့ နေအိမ်တွေကို ထောက်ပံ့ကြေး ပေးအပ်မှာဖြစ်တယ်လို့ MNDAA တာဝန်ရှိသူတွေကဆိုပါတယ်။", "နေအိမ် မူလပိုင်ရှင်တွေကို တစ်အိမ်ထောင်လျှင် သိန်း ၅၀ ထောက်ပံ့ကြေးပေးမှာဖြစ်ပြီး ထောက်ပံ့ကြေးပေးမယ့်စာရင်းမှာပါဝင်ပြီး အဝေးရောက်နေသူဖြစ်ပါက သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးများတွင် အုပ်ချုပ်ရေးမှူး၊နယ်မြေမှူးတွေ ထောက်ခံချက်နဲ့ ‌ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။", "အခုပေးအပ်တဲ့ငွေကျပ် သိန်းငါးဆယ်မှာပမာဏမများသော်လည်း အိမ်ထောင်စုတစ်ခုအတွက်ယာယီလုံလောက်နိုင်မယ်လို့ ယူဆတယ်လို့လည်း MNDAA တာဝန်ရှိသူတွေကဆိုပါတယ်။"]
https://yktnews.com/2024/07/175942/
လားရှိုးမြို့ပေါ်တွင် MNDAA က ကင်းလှည့်နေပြီး ပြည်သူများကို လေကြောင်းရန် အသိပညာပေးမှုနှင့် ထောက်ပံ့မှုများ လုပ်ဆောင်
["လားရှိုးမြို့ပေါ်တွင် MNDAA က ကင်းလှည့်နေပြီး ပြည်သူများကို လေကြောင်းရန် အသိပညာပေးမှုနှင့် ထောက်ပံ့မှုများ လုပ်ဆောင်", "ရန်ကုန်၊ ဇူလိုင် ၂၇", "လားရှိုးမြို့အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အကြွင်းအကျန်များကို ရှာဖွေရန်၊ လုံခြုံရေးဆောင်ရန်နှင့် ဒေသပြည်သူများကို​လေကြောင်းရန် ကာကွယ်ရေး အသိပညာပေးရန်နှင့်ကူညီမှုများ ဆောင်ရွက်ပေးရန် MNDAA က ကင်းလှည့် လုပ်ဆောင်နေကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "MNDAA က လားရှိုးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားပြီး တစ်ချိန်တည်းတွင် စစ်ကောင်စီအကြွင်းအကျန်များကို နယ်မြေရှင်းလင်းရန် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် MNDAA က လားရှိုးမြို့ကို သိမ်းယူလိုက်ကြောင်း၊ MNDAA မြို့တော် အထူး အုပ်ချုပ်ရေး ဒေသ ရဲတပ် ဖွဲ့ သည် အများပြည်သူ တည်ငြိမ် အေးချမ်း စေရန် နှင့် လုံခြုံရေး ပေးမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။", "တစ်ချိန်တည်းမှာပင် လားရှိုးမြို စစ်ဘက်အုပ်ချုပ်ရေးကော်မရှင်ကို အုပ်ချုပ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးတို့အတွက် တာဝန်ယူရန် ဖွဲ့စည်းခဲ့ကြောင်း၊ ၊လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ ဖမ်းဆီးနေဆဲဖြစ်ကြောင်း၊ လားရှိုးမြို့၏ အများပြည်သူလုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ယမန်နေ့တွင် လားရှိုးမြို့ တော်ခန်းမ၊ ရဲစခန်း၊ တပ်မ ၄၁၊ ၉၁၂ အင်ဂျင်နီယာ တပ်ရင်း၊ လားရှိုး မြို့ ဆေးရုံနှင့် အခြားနေရာများနှင့် ရပ်ကွက်များသို့ ကင်းလှည့်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင်လားရှိုး ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လေကြောင်းရန် တားဆီး ကာကွယ်ရေး အသိပညာပေးခဲ့ကြောင်း၊ ကူညီမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171442/
လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်နေ
["လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်နေ", "ရန်ကုန်၊ ဇူလိုင် ၄", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲမှုများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ လားရှိုးမြို့ပေါ်ရှိ မန်အိုင် ရပ်ကွက် ၄ နှင့် ၅ အနီးတဝိုက်တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး လားရှိုးအရှေ့ဘက် နေတက်ဘုရားတောင် အနီးတစ်ဝိုက်တွင်လည်း ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် လားရှိုးမြို့ထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“မွန်းလွဲ ၂ နာရီကျော်က မန်အိုင်ဘက် ရပ်ကွက် ၄ နဲ့ ၅ အနီးတဝိုက်မှာ တိုက်ပွဲတွေ စဖြစ်နေတယ်။ ရပ်ကွက် ၁၂ ဘက် လားရှိုးကြီးကိုလည်း စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျတယ်။ ခုလည်း လားရှိုး အရှေ့ဘက် နေတက်ဘုရားတောင်နားတစ်ဝိုက် လက်နက်ငယ်နဲ့ စတင်ပစ်ခက်နေတယ်။ စစ်ခွေးတွေက ဂျက်ဖိုက်တာတွေ တောက်လျောက်ဝဲပြီး ပစ်နေတယ်။ ဘယ်နားကို ပစ်လည်းတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/09/184670/
လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ပစ်မှတ်ထား၍ လေကြာင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဟု MNDAA က ထုတ်ပြန်
["လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ပစ်မှတ်ထား၍ လေကြာင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေမှုကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အလဟဿဖြစ်စေမည်ဟု MNDAA က ထုတ်ပြန်", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရှိ စာသင်ကျောင်း၊ လူနေရပ်ကွက်နှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ပစ်မှတ်ထား၍ လေကြာင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုအလဟဿဖြစ်စေမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုလိုက်သည်။", "စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်နှင့် ည ၁၀ နာရီ ၁၇ မိနစ်အချိန် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံး ၁ လုံးမှာ လားရှိုးမြို့ ရပ်ကွက် ၁၂ ရှိ အမှတ် ၃ အခြေခံပညာ အထက် တန်းကျောင်း ၏ မျက်နှာချင်းဆိုင်ဘက်ရှိ လူနေ အဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး အခြားဗုံးတစ်လုံးမှာ ရပ်ကွက် ၁ ၏ ယခင် စည်ပင်သာယာဌာနရှေ့ လမ်းမပေါ်တွင် ကျရောက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုသည် လားရှိုးတိုက်ပွဲများ ငြိမ်သက်ပြီးနောက် စစ်ကောင်စီ၏ စတုတ္ထကြိမ်မြောက် လေကြောင်း ဗုံးဈဲတိုက်ခိုက်မှုဖြစ်ပြီး အဆိုပါပစ်မှတ်များသည် မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများနှင့် လူနေရပ်ကွက်များကိုပါ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုသည်။", "ယခင်စည်ပင်သာယာဌာနရှေ့ လမ်းပေါ်တွင် ကျရောက်သော လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံတစ်လုံးနှင့် အနီးပတ်ဝန်းကျင်ရှိ လမ်းများနှင့် စိမ်းလန်းစိုပြေသည့် စိုက်ပျိုးဇုန်များ ပျက်စီးမှုအမျိုးမျိုး ဖြစ်ပွား စေပြီး ပြည်သူတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိကြောင်း၊ လူနေအဆောက်အအုံတစ်ခုပေါ် ကျရောက်ခဲ့သော နောက်ထပ်ဗုံးတစ်လုံးမှာ လူနေအဆောက်အအုံနှစ်ခုကို ပြင်းထန်စွာ ထိခိုက်ပျက်စီးစေခဲ့ကြောင်း သိရှိရသည်။", "ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုပြီး လူ့အခွင့်အရေးကို နင်းချေသည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူမျိုးသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူတို့၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAA က ထုတ်ပြန်ပြောဆိုသည်။"]
https://yktnews.com/2024/09/185566/
လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှု မရှိဘဲ ပြည်သူ့နေအိမ်နှင့်ကားများ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမား
["လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူများ ထိခိုက်သေဆုံးမှု မရှိဘဲ ပြည်သူ့နေအိမ်နှင့်ကားများ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမား", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီက ယမန်နေ့ည အချိန် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ ပြည်သူများထိခိုက်သေဆုံးမှုမရှိဘဲ ပြည်သူ့နေအိမ်နှင့်ကားများ ပျက်စီးဆုံးရှုံးမှု အလွန်ကြီးမားကြောင်း MNDAA သတင်းရင်းမြစ်များက ထုတ်ဖော်ပြောဆိုထားသည်။", "ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်အချိန် စစ်ကောင်စီက တိုက်လေယာဉ်များက လားရှိုးမြို့ပေါ် ရပ်ကွက် ၈ အနောက် ကားဝပ်ရှော့နှင့် အဆောက်အအုံများပေါ်သို့ ဗုံးများ ကျဲချခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးမှုကြီးမားကြောင်း သိရှိရသည်။", "“မနေ့ည လားရှိုးမြို့တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၈ ရုံး အနောက်ဘက် ကားဝပ်ရှော့နှင့်ဘေးတဝိုက် အဆောက်အဦးတော်တော်များများ၊ ကားများ ထိခိုက်ပျက်စီးသွားပါတယ်။လူထိခိုက်သေဆုံးမှုမှုမရှိ ကြောင်း သိရပါတယ်။ ခုလအတွင်း စကစရဲ့ အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခိုက်မှုကြောင့် လားရှိုးမြို့တွင်း ပြည်သူအများအပြား ထိခိုက်ပြီး နေအိမ် အဆောက်အအုံများစွာ ပျက်စီးခဲ့ပါတယ်။ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ရဲ့ လုပ်ရပ်များဟာ လူမဆန်စွာ ပြည် သူလူထု အပေါ် ကိုမညဲ့ညှာပဲ လူနေအိမ်များ၊ဈေးများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းပဲဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုများအပြီး ဒဏ်ရာရရှိသူများကို ‌လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် အရေးကြီးလူနာအနေနှင့် ကုသပေးလျက်ရှိကြောင်း သိရပါတယ်” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး သတင်းရင်းမြစ်က သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/124242/
လားရှိုးမြို့ပြင်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ဆီဆိုင်နှင့် ဆီလာဖြည့်သော ကားများ မီးလောင်ပြာကျ
["လားရှိုးမြို့ပြင်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံး၊ ဆီဆိုင်နှင့် ဆီလာဖြည့်သော ကားများ မီးလောင်ပြာကျ", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ပြင်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လားရှိုးမြို့ထွက် ခိုဆန်တန် ကျေးရွာအနီးရှိ DENKO စက်သုံး ဆီ အရောင်းဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး ၂ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ဆီဆိုင်နှင့် ဆီလာဖြည့်သည့် ကားများလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "” နောက်ဆုံး ရရှိတဲ့ သတင်းအရ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ထိခိုက် ဒဏ်ရာရပြီး အမျိုးသား ၂ ဦး သေဆုံးတယ်လို့ သိရတယ်။ လားရှိုးမြို့အထွက် ခိုဆန်တန် ကျေးရွာနားက DENKO စက်သုံးဆီ အရောင်းဆိုင်မှာ ပေါက်ကွဲမှုဖြစ်တာ ဆီဆိုင်နဲ့ ဆီလာဖြည့်ကားတွေ အကုန်မီးလောင်ပြာကျသွားတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/07/113060/
လားရှိုးမြို့မစျေး ဇွဲထက်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲပြီး ရွှေဆိုင်ဝန်ထမ်းတချို့ ထိခိုက်
["လားရှိုးမြို့မစျေး ဇွဲထက်ရွှေဆိုင်တွင် ဗုံးပေါက်ကွဲပြီး ရွှေဆိုင်ဝန်ထမ်းတချို့ ထိခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၅", "ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မြို့မစျေးရှိ ဇွဲထက်ရွှေဆိုင်တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲသည့်အတွက် ရွှေဆိုင်ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ပေါက်ကွဲသံကတော့ တစ်ချက်ပဲ အကျယ်ကြီးကြားလိုက်တယ်။ စျေးက နည်းနည်းစောတော့ ဆိုင်တွေက စဖွင့်ဖို့ ပြင်နေတဲ့အချိန် လူတော့ အရမ်းမများသေးဘူး။ ထိခိုက်ဒဏ်ရာရသူတွေ ရှိတာ ရွှေဆိုင်ဝန်ထမ်းတွေလို့ ပြောတယ်” ဟု လားရှိုးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- နေမျိုးဖေ့ဘုတ်စ်"]
https://yktnews.com/2023/11/130824/
လားရှိုးမြို့ရှိ တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ရှီယွင်ကြည်ရွာအနီးရှိ စစ်တပ်ဗျူဟာ ကုန်းမှ တွဲဖက် စခန်း ၄ ခုကို ထပ်မံ သိမ်းပိုက်ရရှိ
["လားရှိုးမြို့ရှိ တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ရှီယွင်ကြည်ရွာအနီးရှိ စစ်တပ်ဗျူဟာ ကုန်းမှ တွဲဖက် စခန်း ၄ ခုကို ထပ်မံ သိမ်းပိုက်ရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကြမ်းဖက်စစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှီယွင်ကြည်ရွာအနီးရှိ စစ်တပ် ဗျူဟာကုန်း၏ တွဲဖက်စခန်း ၄ ခုကို ထပ်မံ သိမ်းယူနိုင်ခဲ့ကာ စုစုပေါင်း စစ်တပ်စခန်း ၁၃၆ ခုရရှိထားကြောင်း MNSAA ၏ သတင်းပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။", "ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ရှိ ၁၂၈ ဗျူဟာကုန်း၏ တွဲဖက်စခန်း ၄ ခုကို ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းယူခဲ့ကာ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိရှိခဲ့ကြောင်း သိရသည်။", "ယနေ့ နံနက် ၂ နာရီ ၂၃ မိနစ်နှင့် ၂ နာရီ ၅၈ မိနစ်အထိ လားရှိုး အမှတ် ၂ ရဲစခန်း နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၊ ၄၁ ဗျူဟာကုန်းတို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသ ချုံကန်ရွာအုပ်စု ၊ ရှီးရှမ်းဒေသ မန်လော်ရွာ အုပ်စု နှင့် တာရွှေထန်ရွာအုပ်စု ၊ တုန်းရှမ်းဒေသ ထိုက်ဖင်ရွာအုပ်စု ကွမ်းလုံသံလွင်မြစ် အနောက်ဘက် ခြမ်း စသည့်နေရာ များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် ချုံကန်ရွာအုပ်စု၊ မိုင်းဟုန် အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို ကိုးကန့် MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့ တို့က ထိုးစစ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "တာရွှေထန်ရွာအုပ်စု၊ ဖုန်းချွေးတောင်တပ်စခန်းကို ကိုးကန့် MNDAA က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက် ခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ နာရီအချိန် သိမ်းပိုက်နိုင် ခဲ့ကြောင်း၊ ၎င်းစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင် စစ်ကောင်စီ၏ စခန်းစောင့်အဖွဲ့ဝင်များမှာ ကြောက် ရွံ့ထိတ်လန့်ပြီး ထွက်ပြေးခဲ့ကြကြောင်း သိရသည်။", "မန်လော်ရွာအုပ်စု၊ ရန်ခန့်နှင့် လန့်ချောင်းနေရာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ကိုးကန့် MNDAA က အမြောက်ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယခင် ရက်ပိုင်းက သိမ်းပိုက်ထားသော ကြည် ရှမ်း စခန်း၏ အနောက်ဘက်တကြောတွင် စစ်ကောင်စီဘက်မှ စွန့်လွှတ်ကျန်ရစ်ထားသည့် ရုပ်အ လောင်း ၂ လောင်းတွေ့ရခဲ့ကြောင်း သိရသည်။", "ထိုက်ဖင်ရွာအုပ်စု၊ တာတုန်းစခန်းနှင့် ဟဲ့ဟုတ်တောင်ဗျူဟာကုန်းအနီးစခန်းကို ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူပြီး တုန်းရှမ်းဒေသ လောက်ချွင်ဘုနေရာကို ပြန်လည်သိမ်းယူခဲ့ကြောင်း၊ ထို့ပြင် ကိုး ကန့် ခရိုင် တာရှိကန်ပါး နေရာ၌ စစ်ကောင်စီအဖွဲ့ဝင် ၁ ဦးကို M-16 သေနက် ၁ လက် ၊ ကျည်ဘောက် ၁ ခုနှင့် ကျည်အတောင့် ၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "မူပန်(သိန္နီ)ဒေသ ဟိုပင်ရွာအုပ်စု ၊ မိုင်းတင်လက်ဖက်တောင်ကုန်း နှင့် မိုင်းတင်နောက် ပိုက်ထတောင် ကုန်းရှိ စစ်ကောင်စီစခန်းကို ကိုးကန့် MNDAA က အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/188798/
လားရှိုးမြို့သိမ်း တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦးကို MNDAA က ပြန်လွှတ်ပေး
["လားရှိုးမြို့သိမ်း တိုက်ပွဲမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦးကို MNDAA က ပြန်လွှတ်ပေး", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း မိသားစုဝင် ၃၁ ဦး ကို ပြန်လွှတ်ပေးလိုက်ကြောင်း MNDAA က ထုတ်ပြန်သည်။", "အောက်တိုဘာလ ၁၆ ရက်န့က MNDAA၏ နိုင်ငံရေးဌာနမှ လားရှိုးအလုပ်အဖွဲ့သည် မင်းအောင်လှိုင် အာဏာသိမ်းတပ် စစ်သုံ့ပန်း၏ မိသားစုဝင်တစ်ချို့ကို နေရပ်ပြန်နိုင်ကြောင်း ပြောဆို စည်းရုံးခဲ့ပြီး မိသားစုဝင် ၃၁ ဦးကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ဘေးကြားခံဇုန်သို့ ဘေးကင်းစွာ ပို့ ဆောင်ပြီးနောက် မဟာမိတ်တပ်၏ ရှေ့တန်းအရာရှိများနှင့် စစ်သားများသက အာဏာသိမ်းတပ်၏ ထိန်းချုပ်နယ်မြေများသို့ မော်တော်ယာဉ်များဖြင့် သွားလာရန် စီစဉ်ပေးကြောင်း သိရသည်။", "စစ်သုံ့ပန်းများကို ထိန်းသိမ်းထားစဉ်အချိန်အတွငး် ရိုက်နှက်ညှင်းပန်းခြင်း သို့မဟုတ် စစ်သုံ့ပန်းများ ၏ စိတ်ဓာတ်ရေးရာကို စော်ကားခြင်း လုံးဝမရှိသည်မှာ မဟာမိတ်တပ်၏ အမြဲလိုက်နာကျင့်သုံးခဲ့ သည့် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေးမူဝါဒကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စစ်သုံ့ပန်း များကို စိတ်ချလက်ချဖြင့်ထားခဲ့ကာ မိသားစုဝင်များနေရပ်ပြန်နိုင်သည်ကို တောင်းဆိုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ထို့သို့ စစ်သုံ့ပန်းမိသားစုဝင်များ နေရပ်ပြန်နိုင်ရေးအတွက် မဟာမိတ်တပ်၏ ရှေ့တန်းအရာရှိများနှင့် စစ်သည်များက အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊စစ်သုံ့ပန်း၏ မိသားစုဝင် ၃၁ ဦး အပြန်ခရီး အတွက် စားနပ်ရိက္ခာနှင့် တည်းခိုခ ပြဿနာအချို့ကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာ ခရီးစရိတ် များလည်း ထုတ်ပေးခဲ့ကြောင်း သိရသည်။", "နေရပ်ပြန်ကြသည့် စစ်သုံ့ပန်းမိသားစုဝင်များသည် ၎င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးခံရစဉ် ယာယီ အခြေချ စခန်းသို့ လိုက်ပါနေထိုင်ကြခြင်းဖြစ်ပြီးမဟာမိတ်တပ်က ရန်သူမိသားစုဝင်များအားလုံးကို နေရပ်ပြန်ပို့ရန် ဆောင်ရွက်ခဲ့ကြသော်လည်း စစ်သုံ့ပန်းများကို ဂရုစိုက်မှုကြောင့် မိသားစုဝင် အနည်း ငယ်က နေရပ်ပြန်ရန် ငြင်းဆိုခဲ့သည်ဟု ဆိုသည်။", "မကြာသေးမီက အထက်လူကြီးများ၏ ညွှန်ကြားချက်များအတိုင်း မဟာမိတ်တပ် နိုင်ငံရေးဌာန၏ အလုပ်အဖွဲ့သည် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ စစ်သည်မိသားစုဝင်များကို အိမ်ပြန်ရန် ထပ်မံ စည်းရုံးခဲ့သဖြင့် နောက်ဆုံးတွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်၏ စစ်သည်မိသားစုဝင်များ အား လုံး နေရပ်သို့ ပြန်သွားကြခြင်းဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/02/204161/
လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ် အဖြစ်ခန့်အပ်ခံရပြီးနောက် စစ်မှုထမ်းတပ်သားများကို ကိုယ်တိုင် ထွက်ကြို
["လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်အဖြစ်ခန့်အပ်ခံရပြီးနောက် စစ်မှုထမ်းတပ်သားများကို ကိုယ်တိုင် ထွက်ကြို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုး ဟိုပုံး တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ် အဖြစ်ခန့်အပ်ခံရပြီးနောက် စစ်မှုထမ်းတပ်သားများကို ကိုယ်တိုင် ထွက်ကြိုဆိုကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၁၀ သင်တန်းသားများ ဟိုပုံးတပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းသို့ စစ်မှုထမ်း စစ်သင်တန်းတက်ရန် ရောက်ရှိလာစဉ် ကျောင်းအုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး ကိုယ်တိုင် ထွက်၍ ကြိုဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ရာတွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။"]
https://yktnews.com/2024/07/175873/
လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ G1 စစ်အရာရှိ၊ အမှတ် ၁၀ စစ် မြေပြင်ဆေးတပ်ရင်းမှူး ၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့်စစ်အရာရှိကြီးများသေဆုံး
["လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ G1 စစ်အရာရှိ၊ အမှတ် ၁၀ စစ် မြေပြင်ဆေးတပ်ရင်းမှူး ၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့်စစ်အရာရှိကြီးများသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ၏ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ G1 စစ်အရာရှိ၊ အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်းမှူး ၊ တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း ဒုကျောင်းအုပ် အပါအဝင် အဆင့်မြင့်စစ်အရာရှိကြီးများသေဆုံးကြောင်းစစ်ဘက်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇူလိုင် ၂၆ ရက်နေ့ အမှတ် ၁၀ စစ်မြေပြင် ဆေးတပ်ရင်းမှူး သည် MNDAA စတိုက်ချိန်တွင် တပ်ရင်းအလိုက် မော်တော်ယာဉ်တပ်ခွဲမှ တိုင်းစစ်ဌာနချုပ်ထဲသို့ ထွက်ပြေးကြောင်း၊ ထိုသို့ တပ်ပြေးစဉ် ဆေးတပ်မှ တပ်ရင်းမှူး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း၊ ရမခတိုင်းစစ်ဌာနချုပ်၏ ပြည်သူ့စစ် G1 မှာမူ တိုင်းစစ်ဌာနချုပ်နှင့် AD မီးပွိုင့်ကြားထဲတွင်ပင် သေဆုံးကာ တိုက်ပွဲဝင်စည်းရုံးသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်မှာမူ ဇူလိုင် ၂၇ ရက်နေ့ တိုက်ပွဲတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဖြစ်စဉ်တွေကတော့ ရှိဦးမှာ။ အခြေအနေတွေက ရှုပ်ထွေးနေတော့လေ ကျွန်တော်တို့ သေချာတဲ့ဟာ တကယ်လုံးဝ မုန့်ဟင်းခါးဖြစ်သွားတဲ့ စာရင်းကိုပဲ အတည်ပြုပြီးတော့ ပြောပေးတာပေါ့။ ရှိတာတော့ ရှိဦးမှာ ။ ကျန်တဲ့ အငယ်တွေကတော့ များလွန်းလို့ စာရင်းပြုစုဖို့ဟာကို အတော်ခက်နေတာ။ ထပ်တိုးတွေ လာဦးမှာပါ။ အများကြီးပဲ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှိတွင် ​MNDAA တပ်များက လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ အမှတ် ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ လားရှိုးမြို့လယ်ခေါင်၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန ၊ ဆေးရုံကြီး အပါအဝင် လားရှိုးမြို့လယ် နေရာများအားလုံးကို သိမ်းပိုက်ထားမှုများကို ဓာတ်ပုံ သက်သေများနှင့်တကွထုတ်ပြန်ထားသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းကမူ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ပြီဟု ကြေညာထားမှုမှာ သတင်းအမှားသာဖြစ်ပြီး မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း “ဘူး” ခံ ငြင်းဆိုနေဆဲဖြစ်သည်။", "ဓာတ်ပုံ- လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အင်ဂျင်နီယာတပ်ရင်းနှင့် မူးယစ်ရဲတပ်ဖွဲ့ ဌာနရုံးကို သိမ်းပိုက်ထားသော MNDAA တပ်ဖွဲ့များ။"]
https://yktnews.com/2025/04/212113/
လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန်
["လားရှိုးမြို့သို့ တရုတ်၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် ပြန်လည် ဝင်ရောက်လာသော်လည်း မြန်မာ့အရေး စွက်ဖက်မှု မရှိဟု တရုတ်အစိုးရ ဗြောင်ငြင်းပြန်", "ရန်ကုန်| ဧပြီ ၂၂", "MNDAA ကိုးကန့်က သိမ်းပိုက်ထားသော လားရှိုးကို တရုတ်၏ ကြားဝင်အကျပ်ကိုင်မှုဖြင့် စစ်ကောင်စီတပ်များ ပြန်လည် ဝင်ရောက်ခွင့်ရရှိချိန် မြန်မာ့အရေးတွင် တရုတ်အနေဖြင့် ကြားဝင်စွက်ဖက်မှုမရှိကြောင်း တရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ဗြောင် ငြင်းဆန်ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။", "ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသော ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် အာ ဏာသိမ်း စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက မြန်မာ့အရေး ကြားဝင်စွက်မှုမရှိ မူကို ဆက်လက်ကျင့်သုံးနေသည်ဟု ပြောဆိုလာခြင်းဖြစ်သည်။", "Guo Jiakun က “တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက အိမ်နီးချင်းမိတ်ဆွေတွေဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ကျနော်တို့အနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးမူကို လိုက်နာပြီး မြန်မာ့နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားညီညွတ်ရေး၊ နယ်မြေပိုင်ဆိုင်မှုကို ထောက်ပံ့ပေးနေပါတယ်။", "တရုတ် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေကို နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့ နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့ မိတ်ဆွေအဖြစ် အကြံပြုပေးနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။", "ဧပြီလ ၁၉ ရက်နေ့က လားရှိုးမြို့ထဲကို စစ်ကောင်စီ၏ ဝန်ထမ်းအချို့နှင့် တရုတ်အထူးသံတမန် တိန့်ရွှီကျင်းတို့ ရောက်ရှိလာပြီး ယနေ့တွင် စစ်ကား စီးရေ ၂၀၀ နီးပါး ဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။", "လားရှိုးမြို့အား စစ်ကောင်စီထံ လွှဲပြောင်းပေးရေးကို တရုတ်အထူးသံတမန်က ကြားဝင်ဆောင်ရွက်နေကြောင်းနှင့် အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် MNDAA တို့ ဆွေးနွေးနေကြသည်ဟုဆိုသော်လည်း မည်သည့်ဘက်ကမှ ယင်းကိစ္စကို ထုတ်ပြန်ခြင်းမပြုကြပေ။", "MNDAA ၏ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့သူတချို့က MNDAA တပ်များ လားရှိုးမြို့ပေါ်မှ ဆုတ်ခွာခဲ့ရပြီဖြစ်ကြောင်း အတည်​ပြု ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၂၁ ရက်တွင် လားရှိုးမြို့အတွင်း စိုက်ထူထားသော MNDAA ၏ အလံကို ပြန်လည်ဖြုတ်ချထားကြောင်း၊ စစ်ကောင်စီ၊ တရုတ်နှင့် MNDAA တို့အကြား လျှို့ဝှက်သော ဆွေးနွေးမှုများရှိနေသော်လည်း လက်တွေ့ မြေပြင်တွင် လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်ရရှိသွားသည်မှာ သေချာကြောင်း မြို့ခံများက ပြောဆိုကြသည်။"]
https://yktnews.com/2024/08/177139/
လားရှိုးမြို့အကျဉ်းထောင်မှ တအောင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို MNDAA က TNLA ထံ လွှဲပြောင်း ပေးအပ်
["လားရှိုးမြို့အကျဉ်းထောင်မှ တအောင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို MNDAA က TNLA ထံ လွှဲပြောင်း ပေးအပ်", "ရန်ကုန်၊ ဩဂုတ် ၃", "လားရှိုးမြို့ အကျဉ်းထောင်မှ တအောင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို MNDAA က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ဇူလိုင်လ ၂၄ ရက်နေ့တွင် လားရှိုးမြို့ အကျဉ်းထောင်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ၏ အကျဉ်းထောင်တွင် အကျဉ်းကျ နေရသော တအာင်းအမျိုးသား အကျဥ်သား ၁၁၈ ဦးကို ကိုးကန့်တပ်ဖွဲ့ MNTJP/MNDAA က ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ညီနောင်မဟာမိတ် ၃ ဖွဲ့က ကိုးကန့် တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လားရှိုးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယားကို ဖယ်ရှား တိုက်ဖျက်ရေး တိုက်ပွဲ ဆင်နွှဲရာတွင် လားရှိုး အကျဉ်းထောင်ကို သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "လွှဲပြောင်း ပေးအပ်ခဲ့သည့် အကျဉ်းသား ၁၁၈ ဦးတွင် မတရားအသင်းနှင့် ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲခံရသူအကျဉ်းသား (၅)ဦး၊ မသင်္ကာမှုဖြင့် (၁၅)ဦး၊ လောင်းကစားမှုဖြင့် (၁)ဦး၊ အရေးပေါ်ထုတ်ပြန်သည့်အမိန့် Martial Law ဥပဒေဖြင့် (၃)ဦး၊ ရဲပြေးမှုနှင့် လဝက အမှု (၄) ဦး၊ ဓါးပြတိုက်မှု (၂) ဦး၊ ရဲစီးမှု (၁) ဦး၊ လူကုန်ကူးမှု (၂) ဦး၊ မူးယစ်မှု (၈၆) ဦးတို့ ပါဝင်ကြောင်း သိရသည်။", "အဆိုပါ အကျဉ်းသားများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာန က လက်ခံ နေရာချမှတ်ပေးထားပြီး သက်ဆိုင်ရာအမှုအသီးသီးကို ပြန်လည်စိစစ်ကာ ပြန်လွှတ်ပေးခြင်း၊ ​ပြစ်မှုဆိုင်ရာ ပြန်လည်အရေးယူခြင်းစသည့်လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်ပြီး ဖြစ်သော်လည်း သက်ဆိုင်ရာမိသားစုထံနှင့် PSLF/TNLAထံ မရောက်ရှိသေးသည့် တအာင်းနိုင်ငံအကျဥ်းသားများလည်း မိသားစုထံပြန်လည် ရောက်ရှိနိုင်ရေးအတွက် မဟာမိတ် MNTJP/MNDAA ထံ ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း TNLA က ပြောဆိုသည်။"]
https://yktnews.com/2024/10/187821/
လားရှိုးမြို့အနီး အီနိုင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု အမျိုးသား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ
["လားရှိုးမြို့အနီး အီနိုင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု အမျိုးသား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် လားရှိုးမြို့အနီး အီနိုင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု အမျိုး သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။", "ယနေ့အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်အချိန် အကြမ်း ဖက်စစ်ကောင်စီက လားရှိုးမြို့အနီးရှိ အီနိုင်းရွာလေးပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံးအပါအဝင် စုစုပေါင်းဗုံး ၇ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ပြည်သူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးကြီး ၁ ဦးနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် လူနေအိမ် ၅ လုံးကျော် ပျက်စီးခဲ့သည့်အပြင် ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်း၊ ဘုရားကျောင်းဝင်းအတွင်းရှိ ခန်းမ ၁ ခု၊ လက်ရှိဖွင့်လှစ်နေဆဲဖြစ်သည့် မူကြိုကျောင်း ၁ ကျောင်းပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့အချိန်အထိ လားရှိုးမြို့နှင့်အနီးတဝိုက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် နေရာများသည် စစ်ရေးနှင့်လုံးဝသက်ဆိုင်ခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သည့် လူနေအိမ်၊ စာသင်ကျောင်း၊ဈေးနှင့် ဘာသာရေးအဆောက်အဦးများဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အလွန်များပြားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171134/
Breaking News- လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး စစ်တပ်က ယမန်နေ့ညမှ ယခုအချိန်အထိ လက်နက်ကြီးများဖြင့် ပစ် ခတ်နေ
["လားရှိုးမြို့အနီးရှိ စစ်တပ် ကာကင်းစခန်းတချို့ စတင် အသိမ်းခံရ", "ရန်ကုန်၊ ဇူလိုင် ၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့အနီး ပတ်ပတ်လည်တွင် စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ် တပ်များအကြား တိုက်ပွဲ အပြင်း အထန်ဖြစ်နေပြီး စစ်တပ်က ယမန်နေ့ညမှ ယခုအချိန်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းဒေသစစ်ရေးသတင်းရင်းမြစ်နှင့် ပြည်သူများက ပြောဆိုကြသည်။", "ဇူလိုင်လ ၃ ရက်နေ့ နံနက် ၄ နာရီကျော်အချိန် လားရှိုးမြို့နယ်၊ မိုင်းတင်ကျေးရွာအနီး၊ နမ္မဗောဒ၊ နမ့်ပေါင်၊ မြို့ရှောင်လမ်းတို့ တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း နမ့်ဖူးယိုင်ရှိ MNDAA တပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပထမအကြိမ် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ တိုက်ပွဲဖြစ်ပွားမှုမှာ ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လားရှိုးမှာ မနေ့ည ၁၂ လောက်တည်းက လက်နက်ကြီးတွေနဲ့ ထုနေတာ။ အခုအချိန်အထိပဲ။ နောင်မွန်းနဲ့ မန်ဆန်ရေကျဘက်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့အဲဒီဘက်တွေကို ပစ်တာလို့ သိရတယ်။ လားရှိုးမြို့ ၄၁ ဂိတ်ဘက်မှာလည်း လက်နက်ကြီးသံတွေ တောက်လျှောက်ပဲ ။ အခုတိုက်ပွဲဖြစ်နေတာက လားရှိုးမြို့ မိုင်းတင်ကျေးရွာအနီး၊ နမ္မဗောဒ၊ နမ့်ပေါင်၊ မြို့ရှောင်လမ်း ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာ။ လားရှိုး-တန့်ယမ်းလမ်းမှာလည်း တိုက်ပွဲဖြစ်နေတယ်” ဟု လားရှိုးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်သည့်အပြင် ဒရုန်းများဖြင့်ပါ ဗုံးကျဲမှုများ ရှိကြောင်း၊ ဒုံးကျည်မစ်ဇိုင်းများလည်း အသုံးပြုနေကြောင်း၊တော်လှန်ရေးတပ်များကလည်း ဒရုန်းများဖြင့် လားရှိုးမြို့ အနီး တိုက်ပွဲဖြစ်ပွားရာနေရာ ပတ်ပတ်လည်ကို ဒရုန်းများဖြင့် ဗုံးကျဲနေကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီက လားရှိုးမြို့အဝင်၊ အထွက်များအားလုံးကို ပိတ်ထားပြီး ပြည်သူများကို ထွက်ခွင့်မပေးကြောင်း၊ လတ်တလော လားရှိုး-တန့်ယမ်းလမ်းတွင် သစ်ပင်များ ခုတ်လှဲပြီး လမ်းများ ပိတ်ဆို့ထားကြောင်း၊ လားရှိုးမြို့အနီးရှိ စစ်တပ် ကာကင်းစခန်းတချို့ အသိမ်းပိုက်ခံရမှုများရှိနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဓာတ်ပုံ – မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA တပ်သားများ။", "Photo- AFP။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/06/167516/
လားရှိုးမြို့အဝင် လမ်းပိုင်းများကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး၊ လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ
["လားရှိုးမြို့အဝင် လမ်းပိုင်းများကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး၊ လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ", "ရန်ကုန်၊ ဇွန် ၁၃", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ အဝင် လမ်းပိုင်းများကို အကြမ်းဖက် စစ်တပ်က မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေပြီး လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။", "ယနေ့ဇွန်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လားရှိုးမြို့အဝင် လမ်းပိုင်း ၃ နေရာကို မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့သော လမ်းပိုင်း ၃ နေရာသည် လားရှိုး-မိုင်းယော် သို့ သွားသည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့တွင် ဖြစ်ကြောင်း သိရှိရသည်။", "၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် အကြမ်းဖက် စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲများ လားရှိုးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်၍ မြို့အဝင်လမ်းမများကို ဖြတ်တောက်နေခြင်းဖြစ် ကြောင်း သိရသည်။", "အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ – နမ္မတူ လမ်းပိုင်းကို မြေတူး စက်များ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လုပ်ဆောင်ချက်သည် တော်လှန်ရေး အင်အားစုများကို ဟန့်တား နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သော်လည်း အရပ်သား ပြည်သူများသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။"]
https://yktnews.com/2023/08/116709/
လားရှိုးမြို့၊ Lashio Sunny Hotelတွင် ဗုံးပေါက်ကွဲပြီး မီးလောင်
["လားရှိုးမြို့၊ Lashio Sunny Hotelတွင် ဗုံးပေါက်ကွဲပြီး မီးလောင်", "ရန်ကုန်၊ ဩဂုတ် ၆", "ရှမ်းပြည်နယ်၊ လာရှိုးမြို့၊ Lashio Sunny Hotel တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက် ကွဲကြောင်း လားရှိုးဒေသခံများက ပြောဆိုကြသည်။", "ဩဂုတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် လားရှိုးဆန်နီ ဟိုတယ်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ဗုံး ၂ လုံးဆင့်၍ ပေါက်ကွဲကြောင်း၊ လူထိခိုက်မှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသပြည်သူတစ်ဦးက ဆိုသည်။", "“သိန်းထိုက် ရုပိရှင်ရုံ အနောက်က ဟော်တယ်မှာ ဗုံးပေါက်တာ။ အဲဒီဟို တယ်က ဖွင့်ထားတာ ၃ နှစ်၊ ၄ နှစ်လောက်တော့ရှိမယ်ထင်တယ်။ ဗုံးကွဲသံ တော့ အကျယ်ကြီးကြားရတယ်။ ပြီးတော့ မီးခိုးတွေ ထွက်လာတယ်။ မီးသတ် ကားတွေလည်းလာတယ်” ဟု လားရှိုးဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2024/10/186512/
လားရှိုးမြို့၊ မယ်ဟန်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကွန်ပျူတာတက္ကသိုလ်၏ အိပ်ဆောင်နှင့် နေအိမ်အများအပြားပျက်စီး
["လားရှိုးမြို့၊ မယ်ဟန်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကွန်ပျူတာတက္ကသိုလ်၏ အိပ်ဆောင်နှင့် နေအိမ်အများအပြားပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မယ်ဟန်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကွန်ပျူတာတက္ကသိုလ် ၏ အိပ်ဆောင်နှင့် နေအိမ်အများအပြားပျက်စီးကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ယနေ့အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၃၅ မိနစ်အထိ စစ်ကောင်စီက လားရှိုးမြို့ မယ်ဟန်ကို ပြင်းထန်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း၊ မယ်ဟန် ကွန်ပျူတာတက္ကသိုလ် အနီးတဝိုက်တွင် ဗုံးများစွာ ကျရောက်ခဲ့ပြီး တက္ကသိုလ်၏ အိပ်ဆောင် အဆောက်အဦရှိ ပြတင်းပေါက် အများအပြားလည်း ကွဲအက်သွားကာ အနီးနားရှိ အိမ်အများအပြားလည်း တချိန်တည်း ထိခိုက်ပျက်စီးရကြောင်း သိရှိရသည်။", "အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိတ်လန့်တကြားဖြစ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီက လားရှိုးမြို့ရှိ သမိုင်းဝင် ကွမ်ရင် တရုတ်ဘာသာရေးဘုံကျောင်းကို ဗုံးကျဲချခဲ့ရာ ယင်းဗုံးကျဲမှုသည် လူထုသတ်ဖြတ်ခြင်း အပြင် သမိုင်းဝင်နေရာများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက အမျိုးသားယဉ်ကျေးမှုကို နင်းချေခြင်းဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်များကို ချိုးနှိမ်စော်ကားကာ ကျူးလွန်ခြင်းဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။", "ယခုနှစ် ဇူလိုင်လမှ စတင်၍ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့ အပါအဝင် စစ်ကင်းလွတ်ရာ အထူးဒေသ ၁ နယ်မြေများတွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများသည် လူနေရပ်ကွက်များကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းများ၊ လမ်းများနှင့် အခြားအများပြည်သူပိုင်နေရာများအပြင် ကိုယ်ပိုင်အိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း MNDAA က ပြောသည်။"]
https://yktnews.com/2023/11/130361/
လားရှိုးမြို့၊ မိုင်းတိမ်ရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကာ ၁ ဦးခြေထောက်ပြတ်ဒဏ်ရာရ
["လားရှိုးမြို့၊ မိုင်းတိမ်ရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကာ ၁ ဦးခြေထောက်ပြတ်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မိုင်းတိမ်ရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကာ ၁ ဦးခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုလ်မှ မယိန်းလျန်ဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယနေ့နိုဝင်ဘာလ ၉ ရက် နံနက် ၆ နာရီခန့်တွင် လားရှိုးမြို့ရှိ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ မိုင်းတိမ်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများနေ ထိုင်ရာ ဘုန်းကြီးကျောင်းအတွင်းသို့ ၃ လုံးကျရောက်ခဲ့ပြီး ၂ လုံးပေါက်ကွဲကာ အသက် ၁၀ နှစ်အောက် ကလေးငယ် ၁ ဦး၊ အသက် ၆၀ ကျော်အရွယ် အဖွား ၁ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒီနေ့ တမနက်လုံး တိုက်ပွဲလဲ မဖြစ်ပဲနဲ့ လားရှိုးစစ်တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာ၊ အဲဒီမှာ စစ်ဘေးရှောင်နေတဲ့ ဘုန်းကြီးကျောင်းကို တိုက်ရိုက်ထိမှန်တာ၊ ၂ လုံးကွဲတယ်၊ မပေါက်ကွဲသေးတဲ့ တစ် လုံးက အခုထိရှိသေးတယ်၊ အသက် ၆၀ ကျော်အရွယ်အဖွားတစ်ဦးနဲ့ အသက် ၁၀ နှစ်အောက် ကလေး တစ်ဦးသေတယ်၊ ဒဏ်ရာရတဲ့တစ်ယောက်က ခြေထောက် တန်းပြတ်သွားတာ၊ ရွာသားတွေလည်း ဘယ်မှ မထွက်ရဲသေးဘူး၊ ပုန်းနေကြရတယ်” ဟု ရှမ်းလူ့အခွင့်အရေး မဏ္ဍိုလ်မှ မယိန်းလျန်ဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါ မိုင်းတိမ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ပြည်သူ ၅၀၀ နီးပါးရှိပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာလည်း ရပ်နားခြင်းမရှိသေးသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ ထွက်မရဘဲ ပုန်းအောင်းနေကြရကြောင်း သိရသည်။"]
https://yktnews.com/2024/10/186659/
လားရှိုးမြို့၊ ရပ်ကွက် ၅ မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ကောင်စီက အရပ်ဘက်နေရာများကို ပစ်မှတ်ထားခြင်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီဟု MNDAA ပြော
["လားရှိုးမြို့၊ ရပ်ကွက် ၅ မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ကောင်စီက အရပ်ဘက်နေရာများကို ပစ်မှတ်ထားခြင်းဖြင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေပြီဟု MNDAA ပြော", "ရန်ကုန်၊ အောက်တိုဘာ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၅ မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း MNDAA သတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်အချိန် စစ်ကောင်စီ လာရှိုးမြို့ရှိ စစ်ရေးပစ်မှတ်သော လားရှိုးမြို့ ရပ်ကွက် ၅ မန်အိုင်ကုန်းပေါ် အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ်ပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ၃ ထပ်တိုက်အိမ်တစ်လုံးနှင့် ၂ ထပ်တိုက်အိမ်တစ်လုံးအပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက ယခင်ရက်ပိုင်းများအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ညပိုင်းတွင်သာ ပြုလုပ်ရာမှ ယခုအခါ နေ့အချိန်တွင်ပါ ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြောင်း၊ စစ်ရေးနှင့် (လုံးဝ) သက်ဆိုင်ခြင်းမရှိသည့် လူနေရပ်ကွက်အတွင်းရှိ လူနေအိမ်များကို အကြောင်းမဲ့သက်သက် ဗုံးကျဲ တိုက်ခိုက်နေခြင်း စစ်ကောင်စီအနေဖြင့် နိုင်ငံတကာက တားမြစ်ထားသည့် စစ်ရာဇဝတ်မှုကို ရဲရဲတင်းတင်းကျူးလွန်ခြင်းဖြစ်ကြောင်း MNDAA က ပြောသည်။", "စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေရပြီး လားရှိုးမြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေကြောင်း၊ သို့ရာတွင် စိုးရိမ်စရာမရှိကြောင်း MNDAA က ပြောဆိုသည်။"]
https://yktnews.com/2023/09/123142/
လားရှိုးမြို့၊ ၂ ရပ်ကွက်ရှိ CS Hotel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံး
["လားရှိုးမြို့၊ ၂ ရပ်ကွက်ရှိ CS Hotel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ၂ ရပ်ကွက်ရှိ CS Hotel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၅၂ မိနစ်ခန့်တွင် လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်၊ စံကောင်းလမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ CS Hotel အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” ပေါက်ကွဲသံ တစ်မြို့လုံးကြားရတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး မိုင်းစထိမှန်တယ်။ အမျိုးသား ၁ ဦး ကတော့ သေဆုံးသွားတယ်လို့ သိရတယ်။ ဖြစ်စဥ် အသေးစိတ်ကိုတော့ မသိရသေးဘူး။ အခု စစ်ခွေးတွေ ရောက်နေပြီ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/194829/
လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ပြီး ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ အလောင်းကို ခိုးသဂြိုလ်
["လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးမြို့ အဆရ ၁၀ တပ်မှ စစ်သားများကဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်ပြီး ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ အလောင်းကို ခိုးသဂြိုလ်", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ရှမ်းပြည်နယ်၊ လားရှိုးမှ ထွက်ပြေးလာသော အမှတ် ၇ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်းမှ တပ်သား နောင်နောင်ဖြိုးကို စစ်ပြေးမှုဖြင့် တောင်ကြီးအခြေစိုက် အမှတ် ၁၀ အဆင်မြင့်ဆက်သွယ်ရေးတပ်(အဆရ ၁၀) မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်လိုက်ကြောင်း သေဆုံးသူ တပ်သားနောင်နောင်ဖြိုး၏ ကျန်ရစ်သူမိသားစုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လားရှိုးအခြေစိုက် အမှတ် ၇ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း (အဆရ ၇) မှ တပ်သားနောင်နောင်ဖြိုးသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် တပ်မှ ထွက်ပြေးလာခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်သို့ ထွက်ပြေးစဉ် အဖမ်းခံရပြီး တောင်ကြီးမြို့ အခြေစိုက် အမှတ် ၁၀ အဆင့်မြင့်ဆက်သွယ်ရေးတပ် (အဆရ ၁၀ ) ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း ဖမ်းဆီးခံထားရသော ဆက်သွယ်ရေး တပ်သားနောင်နောင်ဖြိုးသည် အဆရ ၁၀ မှ ဗဟိုကင်းစောင့် တပ် သားကို ငွေကျပ် ၁ သောင်းပေး၍ ထွက်ပြေးခဲ့ကြောင်း၊ ယင်းနောက် အဆရ ၁၀ မှ စစ်သားများက ထွက်ပြေးသွားသော တပ်သား နောင် နောင် ဖြိုးကို လိုက်လံ ဖမ်းဆီးခဲ့ရာမှ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်း တောင်ကြီးတွင်ပင် ပြန်လည် ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းနောက် အဆရ ၁၀ အတွင်းတွင် စစ်သားများက ပြန်လည် ဖမ်းဆီးရရှိသော တပ်သားနောင်နောင်ဖြိုးကို ၀ိုင်းဝန်း ရိုက်နှက်ခဲ့ရာမှ ဒီဇင်ဘာလ ၄ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "အဆရ ၁၀ မှ စစ်သားများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားသော တပ်သား နောင်နောင်ဖြိုးအမှုကို စစ်တပ်က မူးယစ်ဆေးဝါး သုံးစွဲ၍ သေဆုံးသည်ဟု သေမှုသေခင်းဖွင့်ပြီး သတင်းအမှောင်ချခဲ့ကြောင်း၊ တပ်သားနောင်နောင်ဖြိုးကို သဂြိုလ်ရာတွင်လည်း ကျန်ရစ်သူ မိသားစုကို အသိမပေးဘဲ စစ်တပ်က ခိုးကြောင်ခိုးဝှက် မီးရှို့သဂြိလ်လိုက်ကြောင်း သိရှိရသည်။", "“တရားမျှတမှုမရှိဘဲ မင်းမဲ့စရိုက်ဆန်ဆန် စစ်သည်အချင်းချင်းကို ရိုက်သတ်တာပါ။ ဒီဇင်ဘာလ ၄ရက်နေ့ နေ့လယ်ပိုင်းမှာ ပြန်ဖမ်းမိပြီး တပ်ထဲရောက်တော့အကုန်ဝိုင်းရိုက်ကြတာ။ ဒီဇင်ဘာလ ၄ ရက်နေ့ ၆ နာရီကျော်မှာ တပ်သားနောင်နောင်ဖြိုး သေ ဆုံးပါတယ်။ သေလည်းသေရော တပ်သားနောင်နောင်ဖြိုးက မူးယစ်ဆေးသုံးလို့ သေတယ်လို့ စစ်တပ်က ပြောတယ်။ တပ် သားနောင်နောင်ဖြိုးက လစာမရတာကြာပြီဆိုတော့ ဘယ်ကပိုက်ဆံရှိမှာလဲ။ စစ်သားတွေ ၀ိုင်းရိုက်လို့ သေမှ မူးယစ်ဆေးသုံးလို့ သေတယ်လုပ်တာ။ ကျန်ရစ်သူ မိသားစုကိုတောင်အသိမပေးဘဲ သဂြိုလိုက်တယ်။ နာရေးတောင်တပ်က မိသားစုကို အသိမပေးဘူး” ဟု တပ်သားနောင်နောင်ဖြိုး၏ ကျန်ရစ်သူ မိသားစုက ပြောသည်။", "တပ်သားနောင်နောင်ဖြိုးမှာ အိမ်ထောင်သည်ဖြစ်ပြီး ဇနီးနှင့် ကလေးငယ် ၁ ဦး ကျန်ရစ်ကြောင်း၊ တပ်သားနောင်နောင်ဖြိုးကို အဆရ ၁၀ မှ တပ်ကြပ်ကြီး ဇော်ဇော် အပါအဝင် စစ်သား ၁၈ ဦးက ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်သားနောင်နောင်ဖြိုး သေဆုံးမှုကို အဆရ ၁၀ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထိုက်စိုးက သတင်းကို ဖုံးကွယ်ထားကြောင်း သိရှိရသည်။", "“တပ်ရင်းမှူးကတော့ တပ်သားနောင်နောင်ဖြိုး သေဆုံးမှုကို သတင်းဖုံးပြီး နှုတ်ပိတ်ထားပါတယ်။ အဲဒီအမှုဖြစ်တဲ့ အချိန်မှာ တပ်ရင်းမှူးက တပ်မှာ မရှိဘူး။ သူပြန်လာတော့မှ အဲဒါတွေဖြစ်မှန်းသိတော့ အစည်းအဝေး ခေါ်တယ်။ အဲဒီလိုပဲ တပ်ထဲမှာ တပ်ပြေးမှုနဲ့ အရိုက်ခံရတဲ့ ခြေလျင်တပ်က စစ်သည်တစ်ဦးကိုလည်း အခြေအနေမကောင်းတော့မှ ပြာပြာသလဲဆေးရုံသွားပို့ကြတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။"]
https://yktnews.com/2023/11/132778/
လားရှိုးရှိ စစ်တပ်၏ မိုင်းကျက်စခန်းကို TNLA က သိမ်းပိုက်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် နမ့်ခမ်း၊ လားရှိုးနှင့် မူဆယ်တို့တွင် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး
["လားရှိုးရှိ စစ်တပ်၏ မိုင်းကျက်စခန်းကို TNLA က သိမ်းပိုက်၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် နမ့်ခမ်း၊ လားရှိုးနှင့် မူဆယ်တို့တွင် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ရှမ်းပြည်နယ်၊ မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ မိုင်းကျက်စစ်စခန်းကို TNLA က သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း တအာင်းတပ်မတော်က တရားဝင် သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ လားရှိးမြိုနယ်၊ စစ်ကောင်စီ၏ မိုင်းကျက် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့ပြီး နို၀င်ဘာ ၂၄ ရက်နေ့ နံနက် ၀၀ နာရိ ၀၅ မိနစ်အချိန်တွင် သိမ်းပိုက်နိုင်ကြောင်း သိရှိရသည်။", "ထို့နောက် စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ နေရာများသို့ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရာ လားရှိုးနှင့် မူဆယ်တို့တွင် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် လားရှိုးမြို့နယ် မန်ဖတ်ကျေးရွာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး မန်ဖတ်ဒေသခံ ပြည်သူ အမျိုးသား ၁ ဦး သေဆုံးကြောင်း၊ ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၀၀ နာရီ ၄၀ မိနစ်အချိန် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ရာ စယ်လန့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်က လက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။", "၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြု ပစ်ခတ်မှုကြောင့် နေအိမ် ၂၀၀ နီးပါ ထိခိုက်ပျက်စီးပြီး မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/176359/
လားရှိုးရှိ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကို သိမ်းပိုက်၊ သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိ
["လားရှိုးရှိ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကို သိမ်းပိုက်၊ သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၉", "လားရှိုးရှိ စစ်ကောင်စီ၏ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကိုယနေ့ ထပ်မံ သိမ်းပိုက်ပြီး သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိကြောင်း BPLA က သတင်းထုတ်ပြန်သည်။", "ယနေ့ဇူလိုင်လ ၂၉ ရက်နေ့နှင့် ဇူလိုင်လ ၂၈ ရက်နေ့တို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော် (BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက လားရှိးမြို့ အခြေ စိုက် ဆက်သွယ်ရေးတပ်ရင်း၊ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းတို့မှ စစ်ကောင်စီတပ်များကို အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။", "BPLA ၏ ထုတ်ပြန်ချက်များအရ တပ်ရင်းများ သိမ်းပိုက်ရရှိမှုတွင် သံချပ်ကာ ကားနှင့် စစ်လက်နက်ခဲယမ်းအများပြား ပါဝင်သည်ကို တွေ့ရှိရသည်။"]
https://yktnews.com/2024/08/177106/
လားရှိုးသို့ စစ်ကူလာသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး အဆုံးစီရင်၊ မိုးမောက်မြို့နယ်၊ ခမရ ၄၃၇ တပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး စည်သူကျော် တိုက်ပွဲတွင် သေဆုံး
["လားရှိုးသို့ စစ်ကူလာသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး အဆုံးစီရင်၊ မိုးမောက်မြို့နယ်၊ ခမရ ၄၃၇ တပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး စည်သူကျော် တိုက်ပွဲတွင် သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ စစ်ကူလာသော အမှတ် ၁၂ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )မှ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီးအောင်ကျော်မိုးသည် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်းCDM ဗိုလ်ကြီးဇင်ယော်က သတင်းထုတ်ပြန် ပြောဆိုသည်။", "အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ စစ်ကူလာသော အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )စစ်ကြောင်းသည် တန့်ယန်းမြို့နယ် ဟိုနရွာကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် စကခ ၁၂ ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီး အောင်ကျော်မိုးသည် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဗိုလ်မှူးကြီးအောင်ကျော်မိုးက တပ်မတော်(ကြည်း) အရာခံနဲ့ အကြပ်သင်တန်းကျောင်းက ကျောင်းအုပ်ကြီးလုပ်ခဲ့တာ။ တေဇ ၂၄ ကျောင်းဆင်းလို့တော့ သိထားပါတယ်။ သူ့ကိုယ်သူ အဆုံးစီရင်တဲ့သတင်းကိုတော့ သေချာတော့ မသိရသေးဘူး။ သူကတော့ အေးအေးဆေးဆေးသမားပဲ။ စကခ ၁၂ ရဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးဖြစ်လာတာတောင် သိပ်မကြာသေးဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အလားတူ KIA ဦးဆောင်သော မဟာမိတ်တပ်များ တိုက်ခိုက်နေသည့် မိုးမောက်မြို့နယ်၊ ခမရ ၄၃၇ တပ်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူးစည်သူကျော်သည် ဇူလိုင်လ ၃၀ ရက်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း၊ ယနေ့တွင် ၎င်း၏ မိဘများ ရှိသော မကွေးမြို့ နေအိမ်သို့ တရားဝင် အကြောင်းကြားစာ ရောက်ရှိလာကြောင်း သိရှိရသည်။", "ဗိုလ်မှူး စည်သူကျော်သည် နမ့်ဆန်သို့ ပြောင်းရွှေ့ရန် အမိန့်ကျထားပြီးဖြစ်သော်လည်း မိုးမောက်မြို့နယ်တွင် ၎င်း၏ တပ်အတိုက်ခံနေရသဖြင့် မပြောင်းနိုင်ဘဲ ဖြစ်နေစဉ် တိုက်ပွဲအတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လားရှိုးတွင် ကင်းလှည့်နေသည့် MNDAA တပ်ဖွဲ့ဝင်တချို့။"]
https://yktnews.com/2024/08/177197/
လားရှိုးသို့ စစ်ကူသွားသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး မသေဆုံးမီ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် စစ်ရုံးက အတင်းအကျပ် ဖိအားပေးခဲ့
["လားရှိုးသို့ စစ်ကူသွားသော စကခ ၁၂ စစ်ကြောင်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်ကျော်မိုး မသေဆုံးမီ ဒုစစ်ခေါင်းဆောင်စိုးဝင်းနှင့် စစ်ရုံးက အတင်းအကျပ် ဖိအားပေးခဲ့", "ရန်ကုန်၊ ဩဂုတ် ၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ စစ်ကူသွားသော အမှတ် ၁၂ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )မှ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီးအောင်ကျော်မိုးသည် ၎င်း၏စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အဆုံးစီရင်သွားခဲ့ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကပြောဆိုသည်။", "ဩဂုတ်လ ၃ ရက်နေ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ စစ်ကူလာသော အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂ )စစ်ကြောင်းသည် တန့်ယန်းမြို့နယ် ဟိုနရွာကျေးရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် စကခ ၁၂ ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူး ကြီး အောင်ကျော်မိုးသည် မိမိကိုယ်ကိုကိုယ် အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း၊ ၎င်းကို ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် စစ်ရုံးမှ ဗိုလ်ချုပ်များက ၀ိုင်းဝန်း ဖိအားပေးခဲ့ကြောင်း သိရှိရသည်။", "” ဒီစကခ ၁၂ စစ်ကူ စစ်ကြောင်း ကော့ကရိတ်ပေါ့နော်။ စစ်ကူစစ်ကြောင်းလိုက်ရင်း ဟိုရလမ်းခွဲအနီးမှာ ဖြစ်တဲ့ တိုက်ပွဲ MNDAA တို့ စောင့်ကြိုတိုက်ခိုက်တဲ့ တိုက်ပွဲမှာတင် သူ့ကိုယ်သူ ဆူဆိုက် လုပ်သွားခြင်းပဲ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာက စစ်ရုံးက ကစထ မှူးတွေ ကျန်တဲ့ ဒုချုပ် စိုးဝင်းလောက် ပါမှာပေါ့ ။ သူ့ကို ဖိအားတွေက မင်းတို့ မရောက်သေးဘူးလား မင်းတို့ မရောက်သေးဘူးလားဆိုတဲ့ ဖိအားတွေ ဆက်တိုက်ပေးခံလာရတဲ့အချိန် MNDAA နဲ့ ပူးပေါင်းတပ်တွေကလည်း သတ်ကွင်းထဲမှ အရောက် ဖိအားနဲ့ ဖိနှိပ်ထားတဲ့အချိန်။ ပြီးတော့ စထွက်လာကတည်းကလည်း သူခေါ်လာခဲ့တဲ့ တပ်ရင်း ၄ ရင်းထဲက တပ်ရင်းမှူးတစ်ယောက်နဲ့ အရာရှိ ၂ ယောက်က စပြီးတော့ ထွက်ပြေးတယ်။ အဲဒီလို အနေအထားတွေအရ သူ လုံးဝမခံနိုင်တော့တဲ့အနေအထားမှာ သူ့ကိုယ်သူ အဆုံးစီရင်သွားခြင်းပဲ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။", "လက်ရှိတွင် ဗိုလ်မှူးကြီး အောင်ကျော်မိုး၏ အလောင်းကို ရှေ့တန်းတွင်ပင် သဂြိုလ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/176090/
လားရှိုးအခြေစိုက် ခလရ ၆၈ တပ်ရင်းကို သိမ်းပိုက်မှုတွင် MNDAA နှင့်အတူ BPLA နှင့် PLA တပ်များပါဝင်၊ ခလရ ၆၈ မှာ လားရှိုးမြို့စောင့်တပ်၊ ရမခ ကာကင်းနှင့် လားရှိုးလေဆိပ်လုံခြုံရေးတပ်ဖြစ်
["လားရှိုးအခြေစိုက် ခလရ ၆၈ တပ်ရင်းကို သိမ်းပိုက်မှုတွင် MNDAA နှင့်အတူ BPLA နှင့် PLA တပ်များပါဝင်၊ ခလရ ၆၈ မှာ လားရှိုးမြို့စောင့်တပ်၊ ရမခ ကာကင်းနှင့် လားရှိုးလေဆိပ်လုံခြုံရေးတပ်ဖြစ်", "ရန်ကုန်၊ ဇူလိုင် ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးအခြေစိုက် ခလရ ၆၈ တပ်ရင်းကို အပြီး သတ် သိမ်းပိုက်ရရှိသည့် တိုက်ပွဲတွင် MNDAA နှင့်အတူ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တပ်များ ပါဝင်ကြောင်း BPLA က သတင်းထုတ်ပြန်သည်။", "MNDAA ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုက လားရှိးမြို့ အခြေစိုက် ခလရ ၆၈ တပ်ရင်းကို ဇူလိုင်လ ၂၇ ရက်နေ့၊ ညနေ ပိုင်းတွင် အပြီးသတ်တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။", "ခလရ ၆၈ သည် လားရှိုးမြို့စောင့်တပ်ဖြစ်သည့်အပြင် ရမခ ဌာနချုပ်၏ ကာကင်းတပ်လည်ဖြစ်ကြောင်း၊ လားရှိုးလေဆိပ်အတွက် လုံခြုံရေးတပ်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ရှင်း လင်းပြောဆိုသည်။", "“ခလရ ၆၈ က လားရှိုးရမခဌာနချုပ်ဝင်းနဲ့ ၂ မိုင်အကွာမှာရှိတယ်။ ရမခ ကာကင်းတပ်ဖြစ်သလို မြို့စောင့်တပ်လည်းဖြစ်တယ်။ လားရှိုးလေဆိပ် လုံခြုံရေးတပ်လည်းဖြစ်ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။"]
https://yktnews.com/2024/10/187668/
လားရှိုး၊ နမ့်ပေါင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ပျက်စီး၊ ငါန်းဇွန်းတွင်လည်း စစ်တပ်က လေ ကြောင်းတိုက်ခိုက်
["လားရှိုး၊ နမ့်ပေါင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ပျက်စီး၊ ငါန်းဇွန်းတွင်လည်း စစ်တပ်က လေ ကြောင်းတိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်းအဆောက်အအုံ ပျက်စီးကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက လားရှိုးမြို့နယ်၊ သိန္နီခရိုင်၊ သံလွင်နယ် နမ့်ပေါင် ကျေးရွာရှိ မြန်စာသင်ကျောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး၏ ညာလက်မောင်းဒဏ်ရာရ ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ထို့ပြင် ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံ အပြင်းအထန် ပျက်စီးခဲ့ပြီး အနီးနားရှိ မိသားစုမှ မွေးမြူထားသည့် နွားနှစ်ကောင်ကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ငါန်းဇွန်မြို့နယ်၊ မြာကြီးစံပြကျေးရွာအနီး နံ့သာရွာနှင့် မိုးတောင်ရွာဘက်သို့ စစ်ကောင်စီ၏ တိုက် လေယာဉ်များက ၃ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်တွင် စစ်ကြောင်းများ ထိုးနေပြီး တိုက်ပွဲများဖြစ်ပွားနေကာ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“မြေပြင်မှာလည်း စစ်ကြောင်းတွေ တက်လာတယ်။ လေယာဉ်နဲ့ရော Mi-35 ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်နေတာ။ အခြေအနေ ဆိုးပါတယ်။ ကျေးရွာ ၁၀ ရွာလောက်က ပြည်သူ ၂၀၀၀ နီးပါး လောက် ထွက်ပြေးနေရတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန် ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ပါ စစ်တပ်ကို မိုးတောင်ရွာနှင့် ငါန်းမြာကျေးရွာအကြားတွင် တော်လှန်ရေးတပ်များက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ အပြင်းအထန် ဖြစ် ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ စစ်သင်္ဘောများနှင့် ခြေလျင်စစ်ကြောင်းများ ပါစစ်ကူများ အင်အားဖြည့်လာကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင်လည်း တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လားရှိုး၊ နမ့်ပေါင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် အပျက်အစီးနှင့်ထိခိုက်ဒဏ်ရာရသူတစ်ဦး"]
https://yktnews.com/2024/01/139022/
လားရှိုး၊ မိုင်းယော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၄ ဦး သေဆုံး
["လားရှိုး၊ မိုင်းယော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၄ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ မိုင်းယော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၄ ဦး သေ ဆုံးကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန် လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ Jet Fighter များက လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲ ချရာ လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပြည်သူ အမျိုးသမီး (၄)ဦး ကျည်စထိမှန် သေဆုံးခဲ့ပြီး၊ လူနေအိမ် (၂၀)လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။", "အလားတူ နမ့်ဆန်မြိုနယ် မြိုသစ်ကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သဖြင့် ကျောင်းဆရာ၊ ဆရာမ (၅)ဦးသေဆုံးခဲ့ပြီး ပြည်သူ ၆ ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း၊ စာသင် ကျောင်းနှင့် လူနေအိမ် ၇ လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/172793/
လားရှိုး၊ မိုးကုတ်နှင့် သိန္ဒီတို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး
["လားရှိုး၊ မိုးကုတ်နှင့် သိန္ဒီတို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၁၂", "ရှမ်းပြည်နယ် လားရှိုးမြို့နယ်၊ သိန္ဒီမြို့နှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ယနေ့ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် ၈ ရှိ နေအိမ် တစ်လုံးကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၁ လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ ရပ်ကွက် ၁၀ ထင်းရှုးမြိုင်အိမ်ယာအနီးတစ်ဝိုက်ကိုလည်း လက်နက်ကြီး ၅ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၁၁ ရက်နေ့က လားရှိုးမြို့ ရပ်ကွက် ၁ ၊ ရပ်ကွက် ၁၀ ၊ ရပ်ကွက် ၈ တို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၄ ဦး ​လက်နက်ကြီး ကျည်စ ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ပြာ ကျခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ကိုးကန့် (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်မှုကြောင့် အမှတ် ၁ အထက်တန်းကျောင်း၊ ပညာရေးမှူးရုံး၊ မူလတန်းကျောင်းတစ်ကျောင်းတို့ ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတားရပ်ကွက် နယ်မြေ ၁၀ တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျ ရောက် ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း မြို့မ ရပ်ကွက်ရှိ နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁၈ ရက်အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅၈ ဦး သေဆုံးကာ ၈၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁၀၀ နီးပါးလည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/159998/
နောင်ချိုနှင့် မိုးမိတ်တွင် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး
["လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချို မြို့နယ်တို့တွင် စစ်တပ်က လူအင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနေ", "ရန်ကုန်၊ ဧပြီ ၂၉", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။", "ဧပြီလ ၂၇ ရက်နေ့နှင့် ဧပြီလ ၂၈ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ အုမ္မတီးရွာနှင့် တန်ဘိုကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်ရာ သုံးဆယ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး မျက်နှာနှင့် လက်တို့တွင် ထိမှန် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေယာဥ် အသုံးပြု ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒေသ ပြည်သူများ အပေါ် မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်လျက်ရှိကြောင်း TNLA က ထုတ်ပြန်ထားသည်။", "အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက် နှင့် ၂၀ ရက်နေ့ တို့တွင် အကြမ်းဖက် စစ်တပ်က မိုးမိတ်မြို့နယ်၊ ရေပုံးကျေးရွာကို Jet Fighter ဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။", "ထို့ပြင် လားရှိုး၊ မူဆယ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် အကြမ်း စစ်တပ်က စစ်လက်နက် အသုံး အဆောင် ပစ္စည်းများနှင့် လူအင်အား အများအပြား ဖြည့်တင်းနေပြီး ဒေသနေပြည်သူများကိုလည်း စစ်ဆေးမှု တင်းကြပ်စွာ ပြုလုပ်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေး ဌာနက ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/07/173207/
လားရှိုး၊ အမှတ် ၆၂၆ ထောက်ပို့တပ် မှ စစ်သား ၁၀ ဦး လက်နက်ချ အလင်းဝင်မှု ငွေကျပ် ၁၆၅ သိန်းချီးမြှင့်
["လားရှိုး၊ အမှတ် ၆၂၆ ထောက်ပို့တပ် မှ စစ်သား ၁၀ ဦး လက်နက်ချ အလင်းဝင်မှု ငွေကျပ် ၁၆၅ သိန်းချီးမြှင့်", "ရန်ကုန်၊ ဇူလိုင် ၁၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အခြေစိုက် အမှတ် ၆၂၆ ထောက်ပို့တပ်မှ စစ်သား ၁၀ ဦးသည် လက်နက်ချ အလင်းဝင်လာကြောင်း MNDAA က ပြောသည်။", "ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး လားရှိုးရှိ စစ်ကောင်စီတပ်များနှင့် MNDAA အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ရက်ပိုင်းအတွင်း အမှတ် ၆၂၆ ထောက်ပို့တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသည် လက်နက်များနှင့်တကွ လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။", "အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ချ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ငွေကျပ် ၁၆၅ သိန်း ချီးမြှင့်ကြောင်း၊ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် က ရိုင်ဖယ် သေနတ် ၉ လက်၊ လက်ပစ်ဗုံး ၅ လုံး ၊ ဖောက်ခွဲရေးစက် ၅ လုံး ၊ ကျည် ၅၆၃ တောင့် ယူဆောင်လာကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/176890/
လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ရမခပင်မတိုင်းစစ်ဌာနချုပ်ရုံးနှင့်ဗဟိုကင်းအနီးတွင်ပါ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေ၊ လေကြောင်းပစ်ကူမှလွဲ၍ မည်သည့်စစ်ကူစစ်ကြောင်းမှ စစ်တပ်ထံ မရောက် နိုင်တော့
["လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ရမခပင်မတိုင်းစစ်ဌာနချုပ်ရုံးနှင့်ဗဟိုကင်းအနီးတွင်ပါ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေ၊ လေကြောင်းပစ်ကူမှလွဲ၍ မည်သည့်စစ်ကူစစ်ကြောင်းမှ စစ်တပ်ထံ မရောက် နိုင်တော့", "စစ်ကောင်စီက ရမခအတွင်း လေကြောင်းဖြင့် ချထားပေးသော ရိက္ခာနှင့် လက်နက်ခဲယမ်းများ MNDAA လက်ခံရရှိ", "ရန်ကုန်၊ ဩဂုတ် ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ရမခ ပင်မတိုင်းစစ်ဌာနချုပ်ရုံးနှင့်ဗဟိုကင်းတွင်ပါ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "“ဒီနေ့တိုက်ပွဲကတော့ ရမခရဲ့ ပင်မစစ်ရုံးကြီးအထိကို ရောက်နေပြီ။ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးတွေ တောက်လျှောက် ပစ်ခတ်ခံနေရတယ်။ ဒရုန်းတွေနဲ့ ဗုံးကျဲခံရနေတယ်။ အနီးကပ်ဖြစ်တာဖြစ်တော့ ခုခံရတာ ထိရောက်မှုမရှိတဲ့ အခြေအနေလို့ သိရပါတယ်။ လက်နက်ခဲယမ်းနဲ့ ရိက္ခာ လုံလောက်မှုမရှိတော့ဘူးဆိုတဲ့ သတင်းပေးပို့မှုတွေလည်းရှိတယ်။ စစ်ကူကတော့ လေကြောင်းပစ်ကူကလွဲရင် အခြား ကုန်းလမ်းကြည်းစစ်ကြောင်း ရောက်ဖို့ မလွယ်တဲ့ အခြေအနေဖြစ်နေပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် MNDAA တပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယခုနောက်ဆုံး ဆေးရုံမှ စစ်ကောင်စီတပ်များ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားရကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး ဒဏ်ရာရရှိသူ စစ်သားအများအပြားလည်း ထိခိုက်သေဆုံးမှုများရှိ ကြောင်း သိရှိရသည်။", "“လေယာဉ်ကွင်းကို သိမ်းပြီး ဝင်လာတဲ့ မြောက်ပိုင်းတပ်တွေနဲ့ စစ်ဆေးရုံဘက်မှာ ကာကင်းလုပ်ထားတဲ့ တပ်တွေ တိုက်ပွဲဖြစ်တာ။ ဆေးရုံတပ်ကတော့ ကျသွားပြီ။ အခု ရမခ တိုင်းစစ်ဌာနချုပ် ပတ်ပတ်လည်မှာ မြောက်ပိုင်းတပ်တွေ ၀ိုင်းရံခံထားရတာပါ။ နေရာပေါင်းစုံကနေ မြောက်ပိုင်းတပ်တွေဝင်လာနေတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက မြောက်ပိုင်းမဟာမိတ်တပ်သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ချထားသော ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ယမန်နေ့အတွင်း MNDAA တပ်များက လက်ခံရရှိခဲ့ကြောင်း ပြောဆိုသည်။", "ဓာတ်ပုံ-လားရှိုးမြို့အတွင်း ဝင်ရောက် သိမ်းပိုက်ခဲ့သော MNDAA တပ်များ။"]
https://yktnews.com/2023/01/83739/
လိပ်သိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၅ ဦးသေဆုံး၊ ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["လိပ်သိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၅ ဦးသေဆုံး၊ ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ) လိပ်သိုလ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း Northern Thandaung Defence Force (Special Region) တပ်ဖွဲ့ ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သံတောင်မြောက်ပိုင်း(အထူးဒေသ) လိပ်သိုလ်မြို့နယ်၊ မိအိကြီးရွာသစ် ကုန်း ကျေးရွာသို့ အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ရေနီလေ့ကျင့် ၅ တပ်နှင့် နေပြည်တော်တပ်ပေါင်းစု အကြမ်းဖက်တပ်သားများကို Northern Thandaung Defence Force (Special Region) တပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးခဲ့ပြီးနောက် မိအိကြီးရွာ သစ် ကုန်းကျေးရွာမြောက်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။", "ထိုသို့ ဆုတ်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့လည်ပိုင်းတွင် လိပ်သိုလ် မြို့ နယ်၊ ဆိတ်ဖူးကုန်း(စုစည်း)ကျေးရွာအနီး ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား(၄) ဦး ထပ်မံ သေဆုံးခဲ့ ကြောင်း၊ ယင်း အထိနာနေသော စစ်ကြောင်းကို စစ်ကူပေးရန် လာရောက်သည့် စစ်ကောင်စီ တပ်များ ကိုလည်း သတင်းလက်ဦးမှုကို ရယူ၍ နေပြည်တော်ကောင်စီ နှင့် ကရင်ပြည်နယ် နယ်စပ် ကြားဖြစ် သော သစ်ကြိမ်းကျေးရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၆) ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ Northern Thandaung Defence Force (Special Region ) မှ ရဲဘော် (၁)ဦး ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ သံတောင် မြောက်ပိုင်းတွင် စစ်ရေးများတင်းမာနေပြီး အချိန်ထိုးစစ်ဆင်လာမည့် အကြမ်းဖက်စစ်သားများကို ခုခံ တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများလိုအပ်ကြောင်းနှင့် မိဘပြည်သူများအနေဖြင့် ထောက်ပို့ကူညီ ပေးကြပါရန်မေတ္တာရပ်ခံပါကြောင်း Northern Thandaung Defence Force (Special Region ) ထုတ်ပြန်ထားသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Palaw -KPDF တပ်ဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပုလောမြို့နယ်၊ တပိုကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၈၀ ခန့်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Palaw -KPDF တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့တို့မှ တိုက်မိုင်းများ​​ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်သား ၄ ဦး ခန့်သေဆုံးပြီး ၆ ဦး ခန့် ထိခိုက် ဒဏ်ရာရရှိပြီး ပလမြို့ဘက်သို့ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းစဥ် အကြမ်းဖက် စစ်တပ်၏ အဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းတစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း Palaw-KPDF က ထုတ်ပြန်ထားသည်။", "Photo – ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းစဥ် သိမ်းဆည်းရမိသော ပစ္စည်းများ"]
https://yktnews.com/2023/03/95212/
လိပ်သိုမြို့နယ်၊ သံမိုးတောင်ရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေ
["လိပ်သိုမြို့နယ်၊ သံမိုးတောင်ရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေ", "ရန်ကုန်၊ မတ် ၃၁", "ကရင်ပြည်နယ်၊ လိပ်သိုမြို့နယ်၊ သံမိုးတောင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "မတ်လ၃၁ ရက်နေ့ ည ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီးနောက် လိပ်သိုမြို့နယ်၊ သံမိုးတောင်ရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "” သံမိုးတောင် ကျေးရွာမှာရှိ အကြမ်းဖက် စစ်ခွေးတွေရဲ့ သမ္မတစခန်းမှာ နံနက်ပိုင်းကနေစပြီး မွန်းလွဲ ၃ နာရီအထိ တိုက်ပွဲဖြစ်နေတာ စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ တိုက်ပွဲပြီးသွားတော့ စစ်ခွေး တွေက ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ရမ်းပစ်ပြီး ရွာထဲက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့နေတာ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/11/132760/
လိပ်သိုမြို့မရဲစခန်းတွင် PDF များ တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ကတုတ် ကျင်း တူးရင်း ရဲတပ်သား ၂ ဦးမြေစာပုံပိကာ ၁ ဦးသေဆုံး
["လိပ်သိုမြို့မရဲစခန်းတွင် PDF များ တိုက်ခိုက်လာမည်ကို စိုးရိမ်၍ ကတုတ် ကျင်း တူးရင်း ရဲတပ်သား ၂ ဦးမြေစာပုံပိကာ ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ မြို့မရဲစခန်းတွင် PDF များ လာရောက်တိုက်ခိုက်မည်ကိုစိုးရိမ်၍ ကတုတ်ကျင်းများ တူးရာမှ ရဲတပ်သား ၂ ဦ မြေစာပုံ ပိကာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယခုနိုဝင်ဘာလလယ်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများတွင် ကတုတ်ကျင်းများကို ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ရှိစေရန် အဆင့်မြှင့်တင် တူးကြရန် ညွှန်ကြားချက်ထုတ်ပြန် ခဲ့ကြောင်း၊ ထိုသို့ ထုတ်ပြန်သည့် ညွှန်ကြားချက်အတိုင်း နိုဝင်ဘာလ ၂၃ ရက်နေ့ လိပ်သိုရဲစခန်းတွင်လည်း ရဲတပ်ဖွဲ့ဝင်များ ကိုယ်တိုင် က တုတ် ကျင်းများ တူးရကြောင်း၊ ယင်းသို့ တူးရာမှာ မြေစာပုံ ပြိုကျ၍ ကတုတ်ကျင်းထဲတွင် ရဲတပ်သား ၂ ဦး ပိမိကြောင်း၊ ရဲတပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးမှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“မနေ့ နေ့လယ်ခင်း လိပ်သိုမြို့မရဲစခန်းမှာ ကတုတ်ကျင်း တူးရင်း မြေပြိုကျတာ။ ရဲ ၂ ဦး မြေစာပုံပိတယ်။ ၁ ဦးသေတယ်။ ၁ ဦးကတော့ တောင်ငူဆေးရုံမှာပို့ထားတယ်” ဟု‌ လိပ်သိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ ၊ ရဲစခန်းများတွင် ခံစစ်ပြင်ကြရန်နှင့် ၂၄ နာရီ လုံခြုံရေးချထားကြရန်လည်း ယခုနိုဝင်ဘာလလယ်ပိုင်းအတွင် အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရခိုင်ပြည်နယ်တွင် ယမန်နှစ်ကတုတ်ကျင်းများ၊ ဘန်ကာများ တူးထားနေသည့် တပ်စခန်းတစ်ခု။"]
https://yktnews.com/2023/11/129586/
လိုင်ဇာ KIO ဌာနချုပ်ကို ပစ်ခတ်သော စစ်တပ်၏ လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား တချို့ ထိခိုက်သေဆုံးမှုရှိဟုဆို
["လိုင်ဇာ KIO ဌာနချုပ်ကို ပစ်ခတ်သော စစ်တပ်၏ လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား တချို့ ထိခိုက်သေဆုံးမှုရှိဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO ဌာနချုပ်ကို ဦးတည်၍ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ၁ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လိုင်ဇာ KIO ဌာနချုပ်ကို ပစ်မှတ်ထား၍ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် တရုတ်နိုင်ငံဘက်အခြမ်းသို့ ကျရောက်ပေါက်ကွဲပြီး တရုတ်အမျိုးသမီးကြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "သို့ရာတွင် ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် ယင်းပြောဆိုချက်ကို ထပ်မံ အတည်ပြုရန် KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း လက်ခံ ဖြေကြားခြင်းမရှိသဖြင့် အသေးစိတ်ကို ထပ်မံ အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။", "“စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကတော့ ၁၅ လုံးလောက်ရှိတယ်။ တရုတ်ပြည်ဘက်အခြမ်းကို ၁ လုံးကျတယ်။ တရုတ်အမျိုးသမီးကြီး ၁ ဦးသေပြီး ၃ ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "အခြားလိုင်ဇာဒေသ သတင်းရင်းမြစ်ကမူ စစ်တပ်က လက်နက်ကြီးများဖြင့် ယခုအချိန်အထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း၊ လိုင်ဇာစျေးထဲသို့ လက်နက်ကြီး ၁ လုံးကျရောက်ခဲ့ပြီး တရုတ်ပြည်ဘက်အခြမ်းတွင်မူ နေအိမ်ပေါ်သို့ လက်နက်ကြီး ကျည်ကျရောက်ခဲ့ကြောင်း ပြောဆိုသည်။", "“လိုင်ဇာဈေးထဲ လက်နက်ကြီးကျည် တစ်လုံးကျတယ်။ အခုထိပစ်နေဆဲ။ တရုတ်ပြည်ဘက်က နေအိမ်ပေါ်ကျတာက သေဆုံးထိခိုက်မသိရသေးဘူး” ဟု လိုင်ဇာဒေသပြည်သူတစ်ဦးက ဆိုသည်။"]
https://yktnews.com/2024/03/149288/
လိုင်ဇာဆေးရုံအနီးတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျ၍ ၂ ဦး သေဆုံးပြီး မုန်လိုင်ခက်နှင့် လိုင်ဇာဘက်သို့ တိုက်လေယာဉ်များဖြင့် ဗုံးကျဲနေ၊ တရုတ်ဘက်အခြမ်းသို့ လက်နက်ကြီးကျည် ၁ လုံးကျ
["လိုင်ဇာဆေးရုံအနီးတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျ၍ ၂ ဦး သေဆုံးပြီး မုန်လိုင်ခက်နှင့် လိုင်ဇာဘက်သို့ တိုက်လေယာဉ်များဖြင့် ဗုံးကျဲနေ၊ တရုတ်ဘက်အခြမ်းသို့ လက်နက်ကြီးကျည် ၁ လုံးကျ", "ရန်ကုန်၊ မတ် ၇", "ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာဘက်သို့ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေရာ လိုင်ဇာ ဆေးရုံအနီး လက်နက်ကြီးကျည်ကျရောက် ပေါက် ကွဲ၍ ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။", "”ဒီနေ့ မနက် ၁၀နာရီခန့်လောက်မှာ လိုင်ဇာဆေးရုံးနားမှာ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျပြီးတော့ သားအမိ၂ဦးသေဆုံးပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် လိုင်ဇာအနီးသို့ လာရောက်ပစ်ခတ်လျက်ရှိပြီး တရုတ်နိုင်ငံဘက်အခြမ်းသို့ လက်နက်ကြီး ၁ လုံးကျရောက်ကြောင်း သိရှိရသည်။", "“ဒီနေ့ မွန်းတည့် ၁၂နာရီခန့်လောက် လိုင်ဇာနဲ့ မုန်လိုင်ခက်အနီးကို တိုက်လေ ယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေကျဲချ တယ်။ ၁လုံး တရုတ်ထဲ ကျတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။", "KIA သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ လိုင်ဇာဘက်သို့ ဗုံးလာကျဲသည့် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ယနေ့ နံနက်အစောပိုင်းမှစတင်၍ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၂ နေရာထပ်မနည်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများကိုလည်း သိမ်းပိုက်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လိုင်ဇာမြို့ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/10/129015/
လိုင်ဇာမြို့ လူနေရပ်ကွက်များ အနီးရှိ တောင်ကုန်းကို စစ်တပ်က လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်
["လိုင်ဇာမြို့ လူနေရပ်ကွက်များ အနီးရှိ တောင်ကုန်းကို စစ်တပ်က လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "ကချင်ပြည်နယ်၊ လိုင်ဇာမြို့ လူနေရပ်ကွက်များ အနီးရှိ တောင်ကုန်းကို အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က လိုင်ဇာမြို့ လူနေရပ်ကွက်များ အနီးရှိ တောင်ကုန်းကို ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "” လိုင်ဇာမှာ ဗုံးကျဲနေတာ ၅ ကြိမ်ရှိပြီး လူနေရပ်ကွက်နဲ့ ကိုက် ၅၀ ကွာတဲ့ တောင်ကုန်းကို ကျဲနေတာ ဆိုင်တချို့လည်း ပိတ်ကုန်ပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/125947/
လိုင်ဇာမြို့အနီး နမ့်ဆန်ယန်ကျေးရွာဘက်တွင် စစ်တပ်က တိုက်လေယာဉ် များဖြင့် ဗုံးကျဲနေသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
["လိုင်ဇာမြို့အနီး နမ့်ဆန်ယန်ကျေးရွာဘက်တွင် စစ်တပ်က တိုက်လေယာဉ် များဖြင့် ဗုံးကျဲနေသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး နမ့်ဆန်ယန်ကျေးရွာဘက်တွင် စစ်ကောင်စီ တပ်မှ တိုက်လေယာဉ်တချို့ ပျံဝဲ ဗုံးကျဲနေသည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ ကြောင်း လိုင်ဇာမြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ လက်ရှိ အချိန်အထိ စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေပြီး စစ်ဘေးရှောင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“နမ်ဆန်ယန်ဘက်မှာ လက်နက်ကြီးတွေ ကျနေတယ်။ လေယာဉ်နဲ့လည်း ဗုံးကျဲတယ်။ လိုင်ဇာနဲ့ နီးစပ်နေရာတွေကနေ ပျံတဲ့ စစ်လေယာဉ်တွေက တရုတ်အခြမ်းအထိ လေယာဉ်တွေက ပျံဝဲဝင်သွားတယ်ဆိုပြီးတော့ ပြောကြတာရှိတယ်။ ကျနော်တော့ မမြင်လိုက်ရဘူး။ ” ဟု စစ်ဘေးရှောင် များကို ကူညီနေသူ လိုင်ဇာမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/126009/
လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းမှ ပြည်သူ ၆၀၀ နီးပါး အရေးပေါ် အကူအညီများ လိုအပ်နေ
["လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင် စခန်းမှ ပြည်သူ ၆၀၀ နီးပါး အရေးပေါ် အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းမှ ပြည်သူ ၆၀၀ နီးပါးသည် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း Kachin Gender Star Group ထံမှ သိရသည်။", "အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက် ခံခဲ့ရ သော မုန်လိုင်ခက် – Mung Lai Hkyet စစ်ဘေးရှောင် စခန်းရှိ ပြည်သူများမှာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေပြီး Kachin Gender Star Group မှ လည်း အရေးပေါ်လိုအပ်သော သောက်သုံးရေ၊ အမျိူးသမီး တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ငွေကြေးအချိူ့သွားရောက် ကူညီလှူဒါန်းခဲ့ကြသည့်အပြင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပံပိုးမှုများလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "အဆိုပါ ဗုံးကျဲခံရမှုကြောင့် ကလေးငယ် ၁၃ ဦးအပါအဝင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး သေဆုံး ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ဦးရှိကြောင်း၊ အိမ်ပေါင်း ၁၃၃ လုံးပျက်စီးပြီး လူဦးရေ စုစုပေါင်း ၅၇၉ ဦးမှာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း ၊ ဆက်သွယ်လှူဒါန်းလိုပါက ph no – +8618488945304 (Woichyai စစ်ရှောင်စခန်း တာဝန်ရှိသူ) တိုက်ရိုက် ဆက်သွယ် လှုဒါန်းနိုင်ကြောင်း အသိပေးထားသည်။", "စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အရေးပေါ်စောင်၊ အဝတ်အစား၊ အနွေးထည်၊ အိပ်ရာခင်း၊ ဖျာ၊ ခြင်ထောင် ၊ ဖိနပ်၊ရေခွက်၊ တဘတ်၊ ကလေးအနှီး ၊ တိုင်ပါ ၊ မီးဖိုချောင်သုံး အိုးခွက်ပန်ကန်၊ ထင်း၊ လူနေအိမ်၊ ကျောင်းသား/သူ အသုံးအဆောင် အဝတ်အစားများ၊ အာဟာရအတွက် အစားအသောက် နှင့်ငွေကြေးများ လိုအပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/10/127361/
လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းတချို့ ဖမ်းဆီးရရှိပြီး လက်နက်များ သိမ်းဆည်းရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား
["လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းတချို့ ဖမ်းဆီးရရှိပြီး လက်နက်များ သိမ်းဆည်းရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြား", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းကို KIA တပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။", "ယနေ့နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လိုင်ဇာမြို့ဘက်ပင် လက်နက်ကြီးကျည်သံများ ကြားရကြောင်း၊ ယင်းနောက် မွန်းလွဲပိုင်းတွင် အောင်ဂျာစစ်တပ်စခန်းကို KIA တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီနေ့ မနက်ပိုင်းတစ်ပိုင်းလုံး တိုက်ပွဲက အပြင်းအထန်ဖြစ်တာ။ လိုင်ဇာမြို့ဘက်ကတောင် လက်နက်ကြီးသံတွေကြားရတာ။ စစ်တပ်ဘက်က လေယာဉ်တွေနဲ့ ဗုံးကျဲတယ်။ လိုင်လွမ်အောင်ဂျာမှာ စစ်စခန်း ၃ ခု ရှိတဲ့အနက် ဒီနေ့ သိမ်းတာက နောက်ဆုံးစခန်းပဲ။ အရင်စခန်း ၂ ခုက အရင်လတွေထဲက သိမ်းထားတာ။ အခု ၃ ခုစလုံး KIA သိမ်းလိုက်ပြီ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။", "အခြား KIA သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ယနေ့ သိမ်းပိုက်သော အောင်ဂျာစစ်တပ်စခန်းတွင် အင်အား ၇၀ ခန့်ရှိပြီး အခိုင်အမာ ကုတုတ်ကျင်းများ တူး ၍ ခုခံကြောင်း၊ နောက်ဆုံးတွင် စစ်ကောင်စီတပ်သားများ စခန်းကို စွန့်ခွာ ထွက်ပြေးကြကြောင်း၊ KIA တပ်များက စွန့်ခွာ ထွက်ပြေးသူများကို လိုက်လံ တိုက်ခိုက် ကြောင်း သိရှိရသည်။", "အောင်ဂျာစစ်တပ်စခန်း သိမ်းပိုက်ရရှိမှုတွင် စစ်တပ်ဘက်မှ သေဆုံးသည့်အရေ အတွက်ကို မသိရှိရသေးဘဲ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း ၊ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အရေအတွက်လည်း မသိရှိရသေးကြောင်း သိရှိရသည်။", "(ဖမ်းဆီးရရှိသော စစ်သုံ့ပန်းတချို့ကို စစ်ဆေးမေးမြန်းသော ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2023/10/125877/
လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂမြန်မာနှင့် UNICEF တို့က ထိတ်လန့်တုန်လှုပ် ဝမ်းနည်း စိုးရိမ်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ဗုံးကျဲသည့် မြန်မာစစ်တပ်ကို အမည်ပင် မဖော်ပြ
["လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂမြန်မာနှင့် UNICEF တို့က ထိတ်လန့်တုန်လှုပ် ဝမ်းနည်း စိုးရိမ်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ဗုံးကျဲသည့် မြန်မာစစ်တပ်ကို အမည်ပင် မဖော်ပြ", "ရန်ကုန်၊ အောက်တိုဘာ ၁၀", "ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် အရပ်သား ပြည်သူများ သေဆုံးမှုများ ဖြစ်ပေါ်နေချိန် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂမြန်မာနှင့် UNICEF တို့က ထိတ်လန့်တုန်လှုပ် ဝမ်းနည် စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုသော်လည်း ဗုံးကျဲသည့် မြန်မာစစ်တပ်ကို အမည်ပင် ဖော်ပြမှု မရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ထားသော ကြေညာချက်အရ သိရှိရသည်။", "ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က လိုင်ဇာ စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သား ပြည်သူများ သေဆုံးရသည့်အတွက် များစွာ ထိတ်လန့်ဝမ်းနည်းမိကြောင်း၊ လက်ခံနိုင်စရာ အကြောင်းပြချက် လုံး၀ မရှိသော လုပ်ရပ်နှင့် တိုက်ခိုက်မှုဖြစ်ပြီး စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။", "“လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့သော ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးရကြောင်း ကြားသိရတဲ့အတွက် UNICEF အနေဖြင့် များစွာ ထိတ်လန့်ဝမ်းနည်းရမိပါသည်။ အဆိုပါ လက်ခံနိုင်စရာအကြောင်းပြချက်လုံးဝမရှိသော တိုက်ခိုက်မှုလုပ်ရပ်သည် ကျပ်တည်းသော အခြေအနေကာလများတွင် ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေပါသည်။ မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်းသည် လုံခြုံစိတ်ချရ၍ စိုးရိမ်ကြောင့်ကြမှုကင်းဝေးသော ပတ်ဝန်းကျင်များတွင်သာ ရှင်သန်ကြီးပြင်းရပါမည်။ မိမိတို့သားသမီးများနှင့် မိသားစုများအားဆုံးရှုံးခဲ့ကြရသော မိသားစုဝင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ်များ မဟုတ်ပါ” ဟု ရန်ကုန်အခြေစိုက် UNICEF က တရားဝင် ထုတ်ပြန်ကြေညာသည်။", "မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများကမူ ကချင်ဒေသ၊ စစ်ဘေးရှောင် စခန်းမှ ကလေးငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားများ သေဆုံးစေသည့် တိုက်ခိုက်မှု ကနဦး သတင်းများနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင်း၊ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက် တိုက်ခိုက်ခြင်း၏ ပစ်မှတ်များ မဖြစ်သင့်ကြောင်း အင်္ဂလိပ်လို ကြေညာချက် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/03/149700/
လိုင်ဇာအနီးရှိ ခါရဘွမ်နှင့် ဘွမ်ရေဘွမ် လက်နက်ကြီးပစ် စစ်တပ်စခန်းများကို KIA က သိမ်းယူ၊ ဆွမ်ပရာဘွမ်ရဲစခန်းမှ ရဲစခန်းမှူး အပါအဝင် ရဲ ၁၃ ဦး အလင်းဝင်
["လိုင်ဇာအနီးရှိ ခါရဘွမ်နှင့် ဘွမ်ရေဘွမ် လက်နက်ကြီးပစ် စစ်တပ်စခန်းများကို KIA က သိမ်းယူ၊ ဆွမ်ပရာဘွမ်ရဲစခန်းမှ ရဲစခန်းမှူး အပါအဝင် ရဲ ၁၃ ဦး အလင်းဝင်", "ရန်ကုန်၊ မတ် ၉", "ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီး ခါရဘွမ်နှင့် ဘွမ်ရေဘွမ် စစ်တပ်စခန်းများကို ယနေ့ သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "မတ်လ၇ ရက်နေ့မှစတင်ပြီး KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းယူလျက်ရှိရာ လက်ရှိတွင် စခန်းပေါင်း ၁၆ ခုထက်မနည်းကို သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း၊ ယနေ့တွင်လည်း လိုင်ဇာသို့ လက်နက်ကြီးများ မကြာခဏပစ်နေသော စစ်ကောင်စီ၏ စခန်းကုန်းများကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။", "“လိုင်ဇာ အနီးက အကြမ်းဖက်တပ်ရဲ့ အမာခံ စခန်း ခါရဘွမ် နဲ့ ဘွမ်ရေဘွမ်စခန်းတွေကို သိမ်းယူလိုက်ပါပြီ။ အဲဒီစခန်းတွေက လိုင်ဇာဘက်ကို လက်နက်ကြီးပစ်နေတဲ့ စခန်းတွေ။ နောက်ထပ် လက်နက်ကြီးပစ်တဲ့ စခန်းတွေတော့ ဆက်တိုက်သိမ်းနေတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဦးမယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။", "ထို့ပြင် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်မှ ရဲမှူး ဝင်းကို အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးက KIA နှင့် ပူးပေါင်းတပ်ဖွဲ့များထံတွင် လက်နက်ချအညံ့ခံလိုက်ကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုဥည်။", "“ရဲမှူးနဲ့ တပ်ဖွဲ့ဝင် ၁၂ ဦး စုစုပေါင်း ၁၃ ဦး အလင်းဝင်တယ်။ သူတို့ဘက်ကနေ ဆက်သွယ်ပြီး အလင်း ဝင်တာပါ။ လက်နက်တွေလည်းပါတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2023/07/112149/
လိုင်လင်းပီမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး
["လိုင်လင်းပီမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၉", "ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chinland Defense Force (Mara) အဖွဲ့ထံမှ သိရသည်။", "ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် Chinland Defense Force (Mara) ၏ ထိန်းချုပ်နယ်မြေဖြစ်သော အမှတ် ၃ တပ်ရင်း နယ်မြေ လိုင်လင်းပီမြို့ပေါ်တွင် CDF-Mara တပ်ဖွဲ့ နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က မြို့တွင်းရှိ ပြည်သူလူထုရှိရာ နေရာများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး မီးလောင် ပြာကျသွားခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲ ဖြစ်ပွားရခြင်းသည် CDF-Mara တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေ လိုင်လင်းပီမြို့ပေါ်တွင် စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်ခြင်း ၊ နှောင့်ယှက်ခြင်း ၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသမ်းပစ်ဖောက်ခြင်းများ ပြုလုပ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ နှစ်ဖက်တိုက်ပွဲများဆက်လက် ပြင်းထန်နိုင်ပြီး မြို့တွင်းနေ ပြည်သူလူထုများ သတိရှိရှိ သွားလာနေထိုင်ကြပါရန် Defense Force (Mara) အဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/172849/
လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဝန်ထမ်းတွေကို Blacklists မှ ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီက ကြေညာမှု ထောင်ချောက်ဆင် ဖမ်းဖို့ ဖြစ်နိုင်လို့ သတိထားကြဖို့လို
["လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဝန်ထမ်းတွေကို Blacklists မှ ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီက ကြေညာမှု ထောင်ချောက်ဆင် ဖမ်းဖို့ ဖြစ်နိုင်လို့ သတိထားကြဖို့လို", "ရန်ကုန်၊ ဇူလိုင် ၁၃", "စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists) ကပယ်ဖျက်ပေးမယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့ ညမှာ စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။", "နိုင်ငံ့ဝန်ထမ်း အချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့အတွက် Black Lists စာရင်းအသွင်းခံ ခဲ့ရပြီး နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေသလို ကာယကံရှင်တွေရဲ့ လူမှုဘဝ တွေလည်း နစ်နာနေတယ်လို့ စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။", "စစ်ကောင်စီ အနေနဲ့ အဲ့ဒီ နစ်နာမှုတွေကို ကုစားပေးနိုင်ရန်အလို့ငှာ Black Lists စာရင်း ထည့်သွင်းခံထားရတဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင် စွန့်ခွာရတဲ့ အကြောင်းအရာပေါ် မူတည်ပြီး အမည်မည်းစာရင်းကနေ ပယ်ဖျက်ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီ ကကြေညာခဲ့တာဖြစ်ပါတယ်။", "စစ်ကောင်စီ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ဖို့ဆောင်ရွက်ပေးမှာဖြစ်ပြီး ယခင် တာဝန်ထမ်းဆောင် ခဲ့တဲ့ သက်ဆိုင်ရာဌာနတွေကို ဇူလိုင်လ ၁၅ ရက်နေ့က စတင်သတင်းပို့နိုင်တယ်လို့ ကြေညာထားပါတယ်။", "စစ်ကောင်စီ ရဲ့ထုတ်ပြန်ချက်ထဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းတွေလို့ ရည်ညွှန်းတယ်လို့ မရေးသားထားတဲ့အပြင် လုပ်ငန်းခွင် စွန့်ခွာရတဲ့ အကြောင်းအရာအပေါ် မူတည်ပြီးမှ အမည်မည်းစာရင်းကနေ ပယ်ဖျက်ပေးမယ်လို့ ရေးသားထားတာကြောင့် တမင် ထောင်ချောက်ဆင် ဖမ်းဆီးဖို့ လုပ်တာလို့ CDM ဝန်ထမ်းတချို့က ဆိုပါတယ်။", "“အခုဆိုရင် CDM ဝန်ထမ်းတွေလည်း ရှောင်ကြတိမ်းကြတာ အခြေကျနေကြပြီ။ စစ်ကောင်စီကတော့ သူတို့လည်း ဖမ်းလို့မမိတော့ လွတ်နေတဲ့သူCDM အများ ကြီးဆိုတာလည်း သိတယ်လေ။ ကြေညာချက်မှာလည်း CDM ဝန်ထမ်းလို့ မပြောဘူး။ အမည်မည်းစာရင်း ကဖျက်မယ်ဆိုတာကလည်း အကြောင်း အရာပေါ် မူတည်ပြီးမှ ပယ်ဖျက်ပေးတာ။ အာဏာသိမ်းလို့ CDM လုပ်ပါတယ်သွားပြောရင် အမည်မည်းစာရင်းက ပယ်ဖျက်ဖို့ နေနေသာသာ ကျမကို ဖမ်းပါဆိုပြီး သွားဆက်သွယ်သလိုတောင် ဖြစ်နေမှာ။ အဲဒါကြောင့် CDM ဝန်ထမ်းတွေ သတိထားပါ။ ဒီကြေညာချက်က စစ်တပ်ရဲ့ ထောင်ချောက်ဆင်ထားတဲ့ ကြေညာချက်ပါ” လို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ CDM အရာရှိတစ်ဦးက မှတ်ချက်ပြု သတိပေးပါတယ်။", "၂၀၂၁ ခုနှစ် မှာ စစ်အုပ်စု အရပ်သားအစိုးရ ဆီကနေ မတရား အာဏာလုခဲ့တာကြောင့် အစိုးရဌာန အသီးသီးက ဝန်ထမ်းတွေ အပြင် စစ်တပ်အရာရှိတွေ နဲ့ တပ်သား အများအပြားပါ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ခဲ့ကြတာဖြစ်ပါတယ်။"]
https://yktnews.com/2025/04/212585/
လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ (SSTF) ၏ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကျင်းပ
["လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ (SSTF) ၏ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကျင်းပ", "ရန်ကုန်၊ ဧပြီ ၂၆", "လွတ်မြောက်နယ်‌မြေတစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ (People’s Police) ၏ လက်အောက်ခံတပ်ဖွဲ တစ်ခုဖြစ်သည့် လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ (SSTF) ၏ သင်တန်း အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။", "သင်တန်းဆင်းပွဲ အခမ်းအနားသို ပြည်သူ့ရဲတပ်ဖွဲ ဒုတိယရဲချုပ်ထွန်းထွန်းဝင်းနှင့်အတူ နွားထိုးကြီး အမှတ် ၁၀ တပ်ရင်းမှူး ကိုစိုးအောင်၊ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တာဝန်ခံ ကိုသူရ၊ မိုးကုတ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ တာဝန်ခံ ကိုတွတ်ပီ၊ အမရပူရ ပြည်သူ့လုံခြုံရေးတပ်ဖွဲ တာဝန်ခံ ကိုမိုးလွင် တက်ရောက်ခဲ့ကာ အဆိုပါသင်တန်းကို မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်၊ အမရပူရ၊ မတ္တရာ၊ နွားထိုးကြီးစသည့် ဒေသများမှ PDF ရဲဘော်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/182463/
လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအထူးတပ်ဖွဲ့၏ အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်
["လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအထူးတပ်ဖွဲ့၏ အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ စက်တင်ဘာ ၈", "NUG အစိုးရ လက်အောက်ခံ လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးအထူးတပ်ဖွဲ့ (SSTF) ၏ အပတ်စဉ် ၂ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88326/
လူငယ်နှင့်ကျောင်းသားများ ဦးဆောင်သော PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်က အပတ်စဉ် ၄ စစ်သင်တန်းအတွက် ရဲဘော်အသစ်များ ဖိတ်ခေါ်
["လူငယ်နှင့်ကျောင်းသားများ ဦးဆောင်သော PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်က အပတ်စဉ် ၄ စစ်သင်တန်းအတွက် ရဲဘော်အသစ်များ ဖိတ်ခေါ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ရခိုင်ပြည်နယ်တွင် အခြေပြု ဖွဲ့စည်းထားပြီး မြန်မာကျောင်းသားလူငယ်များ ဦးဆောင်နေသော PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်က အပတ်စဉ် ၄ စစ်သင်တန်းအတွက် စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်လိုသော လူငယ်သင်တန်း သားရဲဘော်သစ်များကို ဖိတ်ခေါ်လိုက်သည်။", "စစ်အာဏသိမ်းမှု ဖြစ်ပွားပြီးနောက် PIO/PIA ပြည်သူ့လွတ်လပ်ရေးတပ်တော်ကို ဧရာ၀တီတိုင်း၊ ပဲခူတိုင်း၊ ဟိုင်းကြီးကျွန်းစသည့် နေရာအနှံ့အပြားမှ လူငယ်များ၊ ကျောင်းသားများ က ရခိုင်ပြည်နယ်သို့ ရောက်ရှိ စစ်ပညာသင်ယူပြီးနောက် ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဗဟိုကော်မ တီကို ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်နှင့် ကရင်နီပြည် နယ်ထဲတွင် စစ်ဒေသ ၂ ခု ခွဲ၍ အကြမ်းဖက် စစ်အာဏာရှင် စစ်တပ်ကို တော်လှန် တိုက် ခိုက်နေကြောင်း သိရှိရသည်။", "“အခုကျနော်တို့ စစ်သင်တန်း အပတ်စဉ် ၄ အတွက် စခေါ်နေပါပြီ။ လက်ရှိမှာ တပ်တော်သို့ ဝင်ရောက်လာမယ့် ရဲဘော်အသစ်တွေကို အခြေခံ စစ်သင်တန်းကို မိမိတို့ အစီအစဉ်ဖြင့် သင်ကြားပေးနိုင်မယ့် အနေအထားရှိနေပြီဖြစ်ပါတယ်” ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်၏ တာဝန်ခံ မိုးနေလက ပြော သည်။", "စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရန် စစ်သင်တန်းတက်ရောက်လိုသော လူငယ်ရဲဘော်များအနေဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာhttps://www.facebook.com/peopleindependencearmy/?ref=page_internalမှလည်းကောင်း၊ တယ်လီဂရမ် +447310209899 ၊ Signal +447310209899 မှလည်း ကောင်း ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/153843/
လူငယ်များကို စစ်သားအဖြစ် စုဆောင်းရေး စီစဉ်ညွှန်ကြားနေသော ရန်ကုန်မြောက်ပိုင်းခရိုင် ထွေ/အုပ်ရုံး အပါအဝင် နေရာ ၃ ခုကို ၅ ကြိမ်ဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား တချို့ ထိခိုက်
["လူငယ်များကို စစ်သားအဖြစ် စုဆောင်းရေး စီစဉ်ညွှန်ကြားနေသော ရန်ကုန်မြောက်ပိုင်းခရိုင် ထွေ/အုပ်ရုံး အပါအဝင် နေရာ ၃ ခုကို ၅ ကြိမ်ဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား တချို့ ထိခိုက်", "ရန်ကုန်၊ မတ် ၂၉", "ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဥပဒေကို အဓိက ညွှန်ကြားနေသော မြောက်ပိုင်းခ ရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းများ အသုံးပြုပြီး မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Anonymous Fighters Force-AFF ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "ယနေ့မတ်လ ၂၉ ရက် ည ၈ နာရီ ၁၂ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၂၂ မိနစ်တွင် တစ်ကြိမ်၊ ၈ နာရီ ၃၄ မိနစ်တွင် တစ်ကြိမ် အင်းစိန် မြိုနယ်အတွင်းရှိ စစ်မှုထမ်းဥပဒေကို အဓိကထား စီစဉ်ညွှန်ကြား နေသော မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနရုံးကို ၃ ကြိမ်တိုင်တိုင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထိုအပြင် ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်၄ နာရီ မိနစ် ၅၀ အချိန်ခန့်က လှိုင်သာယာ အနောက်ပိုင်း မြို့နယ်အတွင်း စစ်မှုထမ်းဆင့်ခေါ်ရေး အခြေခံထောက်တိုင်ဖြစ်သော ရိုလေးကျေးရွာ ရာအိမ်မှူး ညိုဝင်း၏ နေအိမ်နှင့် စစ်ကောင်စီ အသိမှတ်ပြု ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်သည့် အတွင်းပဒံ လူမိုက် ဇော်ဦး၏ နေအိမ်တို့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ဒီကနေ့မနက် ရိုးလေးကျေးရွာ သဇင် ၃ လမ်းနေတဲ့ စစ်မှုထမ်းဆင့်ခေါ်ရေး ထောက်တိုင် ရာအိမ် မှူး ညိုဝင်းရဲ့ နေအိမ်ခြံအတွင်း ဗုံးပေါက်ကွဲမှုက အိမ်ရှေ့ ဗူးစင် ပြိုလဲသွားတယ်၊ အိမ်ရှေ့ နေအိမ် မျက်နှာမှန်တွေလည်း ပျက်ဆီးသွားတယ်လို့ သိရတယ်၊ အဲဒါကြောင့် အကြောက်လွန်ပြီးလူမိုက်တွေ ရော ရပ်ကျေးတွေရော လုံခြုံရေးတွေအများကြီး ချနေတယ် သိရှိရပါတယ်၊ အတွင်းပဒံရပ်ကွက် က ပျုစောထီး လူမိုက်ဇော်ဦးရဲ့ နေအိမ် ဗုံးကွဲမှုကတော့ နေအိမ် ပက်ချာလည်မှာ CCTV တွေ တပ်ဆင်ဖို့ လုပ်ဆောင်နေသလို ခြံစည်းရိုးအမြင့်တွေ တည်ဆောက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်” ဟု Anonymous Fighters Force-AFF ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများကို Anonymous Fighters Force-AFF ၊ Rangoon Urban Force-RUF နှင့် Freeland Attack Force-FLA တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "မိဘပြည်သူလူထုအား နည်းအမျိုးမျိုးဖြင့် ဖိအားပေးနေသော စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် ပစ်မှတ်ထောက်တိုင်များကို စစ်ရာဇဝတ်သားများအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း၊ ဖြစ်ပါ၍ စစ် ရာဇဝတ်သားများကို ယနေ့မှစ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက် ချေမှုန်း အရေးယူသွားမည်ဖြစ် ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက အသိပေးထားသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/01/200871/
လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ အရွယ်ရောက်သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် ဆင့်ထုတ်ခြင်း အပါအဝင် ပြည်သူလူထုကို ဖိနှိပ်ထားသော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ (အစ- အဆုံး)
["လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ အရွယ်ရောက်သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် ဆင့်ထုတ်ခြင်း အပါအဝင် ပြည်သူလူထုကို ဖိနှိပ်ထားသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ (အစ- အဆုံး)", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့ ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်ကြေညာလိုက်ပြီး ယင်းနည်း ဥပဒေတွင် လူငယ်များကို ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ အရွယ်ရောက်သူအားလုံး စစ်မှုထမ်းရမည့် စစ်စည်းရုံးအမိန့် ဆင့်ထုတ်ခြင်း အပါအဝင် ပြည်သူလူထုကို ဖိနှိပ်ထားသော ပြဋ္ဌာန်းချက်များစွာ ပါဝင်နေသည်။", "ယင်းနည်းဥပဒေကို ပြည်သူများ ဖတ်ရှု၍ အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်မာ ညစ်ပတ်သော နည်းဥပဒေ၏ ပြဋ္ဌာန်းချက်များမှ ရုန်းထွက်နိုင်ရေးအတွက် အဆိုပါ ဥပဒေ အစမှ အဆုံးကို ဖော်ပြလိုက်ပါသည်။"]
https://yktnews.com/2024/05/165147/
လူငယ်သင်တန်းကျောင်း အမည်ခံ ထောင်များတွင် အသက်မပြည့်သော လူငယ် နိုင်/ကျဉ်းများနှင့် အခြား လူငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ
["လူငယ်သင်တန်းကျောင်း အမည်ခံ ထောင်များတွင် အသက်မပြည့်သော လူငယ် နိုင်/ကျဉ်းများနှင့် အခြား လူငယ်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ", "ရန်ကုန်၊ မေ ၃၀", "အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်မပြည့်သေးသည့် လူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် မတရား ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံ ထောင်များတွင် ထားရှိစဉ် လူ့အခွင့်အရေးချိုးဖောက်မှုများ များစွာခံစားနေကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။", "ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်း နှင့် မန္တလေးလူငယ်သင်တန်းကျောင်းတို့တွင် အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို အဓိကဖမ်းဆီးထားကာ အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။", "“အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူငယ်ထိန်းသိမ်းရေးကျောင်းအမည်ခံ လူငယ် အကျဉ်းထောင်တွေမှာ နိုင်/ကျဉ်းပုဒ်မအမျိုးမျိုးဖြင့် အသက်မပြည့်သေးတဲ့ အမျိုးသားငယ်နှင့်အမျိုးသမီးငယ်များကို ဖမ်းဆီးထားပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကလေးငယ်တွေဟာ ကလေးသူငယ်အခွင့်အရေးတွေ ဆုံးရှုံးနေကြပါတယ်။ တကယ်တော့ ဒီအသက်မပြည့်သေးတဲ့ လူငယ်တွေဟာ မိဘအုပ်ထိမ်းသူတွေရဲ့ ရင်ခွင်အောက်မှာ နွေးထွေးလုံခြုံစွာ ရှိနေကြရမယ့်အရွယ်ပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကို ထိန်းသိမ်းထားသည့် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းတွင် နိုင်/ကျဉ်းအမျိုးသမီးငယ်များ အပါအဝင် အခြားအမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ၊လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားရရေန် ဖိနှပ်မှုများ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောသည်။", "အမျိုးသမီးငယ်များထားရာ အခန်းများ၊ ရေချိုးခန်းများနှင့် အိမ်သာများကို စောင့်ကြည့်သည့် CCTV များတပ်ဆင်ထားသည့်အတွက် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားကြလျက်ရှိကြောင်း၊ အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် အမျိုးသမီးငယ်များ ဝတ်ဆင်ထားသည့် အဝတ်အစားများကိုအကုန် ချွတ်ခိုင်း၍ အပြစ်ပေးသည့်အထိ ဆိုးရွားသည့် လူ့အခွင့် အရေးချိုးဖောက်မှုများရှိခဲ့ကြောင်း၊ထို့ပြင် အပေါ့ အလေးသွားလာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်း သာ သွားရောက်ခွင့်ရှိပြီး ကျန်အချိန်များတွင် အပေါ့အလေးသွားပါက သင်တန်းကျောင်းတွင်ရှိသည့် ဝန်ထမ်းများမှ တုတ်ဖြင့်ရိုက်၍ အပြစ်ပေးလျက်ရှိနေဆဲဖြစ်ကာ ကျောင်းအတွင်းလုပ်ငန်းဟု အကြောင်းပြ၍ နိုင်ကျဉ်းအမျိုးသမီးငယ်များကို ထင်းခွဲခိုင်းခြင်းနှင့် မြက်ပေါက်ခိုင်းခြင်းများကိုပါ လုပ်ခိုင်းနေသည်ဟု စုံစမ်းသိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ကိုသိုက်ထွန်းက ပြောဆိုသည်။", "ယခုကဲ့သို့ လူ့အခွင့်အရေး၊ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရသူ အမျိုးသမီးငယ်များသည် ထောင်တွင်း စားသောက်ရေးအဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။", "ထို့ပြင် ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင်လည်း အမျိုးသမီးငယ်အချို့သည် အပျိုဖော်ဝင်ကာစ အချိန်များဖြစ်၍ ရာသီသွေး ဓမ္မတာ လာချိန်များကို အခြားအမျိုးသမီးငယ်များနည်းတူ ရင်ဆိုင်ကြရလျက်ရှိသော် လည်း ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အမျိုးသမီးငယ်များသည် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း၊ အကျဉ်းထောင်အတွင်း၌ စစ်ဆေးချိန်များတွင်လည်း ဝန်ထမ်းအမျိုးသမီးများ၏ အမျိုးသား မိတ်ေဆွနှင့် ဆွေမျိုး များပါ ဝင်ရောက်တတ်သည့်အတွက် အမျိုးသမီးငယ်များ ရေချိုးရမှုနှင့် အိမ်သာသွားချိန်များတွင် စိတ် မလုံခြုံမှုများ ရင်ဆိုင်နေရပြီး အဆိုပါအမျိုးသားများဝင်ရောက်ချိန်များတွင် အမျိုးသမီးငယ်များ အဝတ်အစားလဲချိန်များနှင့် တိုက်ဆိုင်ချိန်များလည်း ရှိသည့်အတွက် ယခုကဲ့သို့ အမျိုးသမီးထိန်းသိမ်းရေးစခန်းသို့ အမျိုးသားများ ဝင်ရောက်ခွင့်ရနေခြင်းကို ပြင်းထန်စွာ ရှုံ့ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်သည်။", "ထို့ပြင် ပုသိမ်ကြီး အမျိုးသမီးသင်တန်းကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသမီးငယ်များထဲတွင် ကရင်နီဒေသ၊ချင်းပြည်နယ်နှင့် အခြားပြည်နယ်နှင့်တိုင်းများတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် အကျဉ်းချခံထားရသူများလည်းရှိကြောင်း၊ အချို့အမျိုးသမီးငယ်များ သည် နယ်ဝေးမှ မိသားစုဝင်များ ပါဆယ်ပေးပို့နိုင်ခြင်းမရှိသည့်အတွက် သင်တန်းကျောင်းမှ ကျွေးသည့် ပဲဟင်းနှင့် ထမင်းကိုသာ အဓိကအားပြုစားသောက်နေထိုင်နေကြရသော်လည်း တစ်ပတ်လျှင် ကြက်ဥဟင်း ၃ ရက်ကျွေးမွေးနေသည်ကို စောင့်ကြည့်လေ့လာချိန်အတွင်း အများဆုံး တွေ့ရကာ အသားဟင်းနှင့်အချို့အစား အသောက်များကိုမူ အလှူရှင်ရှိသည့်အချိန်များမှသာ စားသောက်ကြရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရှိရသည်။", "မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ယခုထုတ်ပြန်ချက်သည် အသက်မပြည့်သေးသည့် နိုင်ကျဉ်း လူငယ်အမျိုးသမီးများအဓိကထားရှိသည့် သင်တန်းကျောင်းအမည်ခံ(လူငယ်အကျဉ်း ထောင်များအတွင်း)ဖြစ်ပေါ်နေသည့် လတ်တလောအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များထားရှိသည့် သင်တန်းကျောင်းအတွင်း ‌ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များကို သီးခြားထုတ်ပြန်သွားရန် ကြိုးစားဆောင်ရွက်သွားမည်ဟု သိရှိရသည်။"]
https://yktnews.com/2023/12/137031/
လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့် တော်လှန်တောင်သူများ သပိတ်တိုက်ပွဲပြုလုပ်
["လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့် တော်လှန်တောင်သူများ သပိတ်တိုက်ပွဲပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့် တော်လှန်တောင်သူများအတူ ပူးပေါင်း၍ “China: Stop Killing Myanmar People by Supporting Fascist Criminals´´ဘန်နာကို ကိုင်ဆွဲကာ သပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2023/07/114850/
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်း သည့် ကောလာဟလ သတင်းများ စစ်အုပ်စုဘက်က ထုတ်လွှင့်နေဟု NUG ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်ပြောဆို
["လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်း သည့် ကောလာဟလ သတင်းများ စစ်အုပ်စုဘက်က ထုတ်လွှင့်နေဟု NUG ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်ပြောဆို", "ငွေစက္ကူသစ် နှစ်သောင်းတန် ဂယက်ကြီးမားနေချိန် ဒေါ်အောင်ဆန်း စုကြည် ကို အကျယ်ချုပ်ပြောင်းရွှေ့ဆိုသော သတင်းများ စစ်အုပ်စုဘက်က ဖြန့်ဝေလာ", "ရန်ကုန်၊ ဇူလိုင် ၂၅", "နေပြည်တော်အချုပ်ထောင်တွင် မတရား ဖမ်းဆီးခံထားရသော လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပို့ဆောင်သည့် ကောလာဟလ သတင်းများ စစ်အုပ်စုဘက်က ထုတ်လွှင့်နေကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့သည်ဆိုသော သတင်းများကို စစ်တပ်သတင်းရင်းမြစ် များက တစ်ဆင့် ပုံစံမျိုးစုံဖြင့် ထုတ်လွှင့်နေပြီး ရန်ကုန်ခေတ်သစ် အနေဖြင့် လည်း ယင်းသတင်းကို အတည်ပြုနိုင်ခြင်းမရှိသည့်အပြင် ဒေါ်အောင်ဆန်း စုကြည်သည် မူရင်းအကျဉ်းထောင်နေရာတွင်ပင် ဆက်လက်တည်ရှိနေ ကြောင်း သတင်းများ ရရှိထားသည်။", "“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို ကျနော်တို့အနေနဲ့ သီးခြားအတည်ပြုလို့မရပါဘူးခင်ဗျ။ အဲဒီတော့ လက်ရှိ ကြားနေရတဲ့ အချက်အလက်တွေအရလည်း အကျဉ်းထောင်နီးစပ်သူတွေက ပြောတယ်ဆိုတာတွေကလည်း သတင်းသဘောတရားအရ ခိုင်လုံတဲ့ သတင်း ရင်းမြစ်မဟုတ်ဘူးလို့ သုံးသပ်တယ်။ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း ဒါကို အတည်ပြု ပြောဆိုထားခြင်းမရှိဘူး။ တကယ်လို့ အကြမ်းဖက် စစ်အုပ်စု ဘက်က ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင် ထွက်ပြောတယ်ဆိုရင်တောင်မှ ကျနော် တို့က ဒီကိစ္စကို အများကြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျနော်တို့မြင်တာတော့ အကြမ်းဖက်စစ်အုပ်စုက သက်တမ်းတိုးထားတဲ့ ၆ လလည်း ပြည့်တော့မယ့် ကာလဖြစ်တော့ ဒီအပေါ်မှာ တစ်စုံတစ်ရာတော့ ခြေလှမ်းတစ်ခုတော့ လှမ်းရ မယ့် သဘောရှိပါတယ်။ အဲဒီတော့ ခြေလှမ်းတစ်ခု မလှမ်းခင်ကာလတစ်ခုမှာ ကျနော်တို့ ဖြစ်နိုင်ခြေရှိတာတွေ မျိုးစုံကို ကောလာဟလတွေ လွှင့်ပြီးတော့ သတင်းထောက်ကြည့်တဲ့ပုံစံမျိုးဖြစ်နိုင်သလို လက်ရှိအချိန်မှာလည်း တော်လှန် ရေးက တော်တော်လေး အားသာနေပြီးတော့ အဘက်ဘက်က အားသာနေ တဲ့အခြေအနေကို ဖုံးလွှမ်းချင်လို့ အခုလိုမျိုး သတင်းတုသတင်းယောင်တွေ လွှင့်တာမျိုးဖြစ်နိုင်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောဆိုသည်။", "စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေသော သတင်းများတွင် ဒေါ်အောင် ဆန်း စုကြည်ကို နေအိမ်အကျယ် ချုပ်သို့ ပြောင်းရွှေ့ပြီး ဟုလည်းကောင်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို နေအိမ် အကျယ်ချုပ်ရွှေ့ရန် မိသားစုနှင့် အတူပြန်နေထိုင်ရန် မိသားစုကို စစ်ကောင်စီက မေးမြန်းသည်ဟုလည်းကောင်း အတည်မပြု နိုင်သော သတင်းများ တောက်လျှောက်ဆိုသလို ထုတ်လွှင့်နေခြင်းဖြစ်သည်။", "စစ်တပ်ဘက်က ကောလာဟလ သတင်းများ ထုတ်လွှင့်နေချိန်သည် နှစ်သောင်း တန်ငွေစက္ကူသစ်ကြောင့် ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ကသောင်းကနင်းများဖြစ်ပေါ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။"]
https://yktnews.com/2023/06/110398/
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့ သည် ဟု စစ်ကောင်စီ အလိုကျ ထွက်ဆိုခဲ့သူ မောင်ဝိတ် ထိန်းသိမ်းခံထားရရာမှ ပြန် လွတ်လာ
["လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့ သည် ဟု စစ်ကောင်စီ အလိုကျ ထွက်ဆိုခဲ့သူ မောင်ဝိတ် ထိန်းသိမ်းခံထားရရာမှ ပြန် လွတ်လာ", "ရန်ကုန်၊ ဇွန် ၂၉", "အကြမ်းဖက်စစ်ကောင်စီက မတရားအမှုဆင် ဖမ်းဆီးစဉ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့သည်ဟု စစ်ကောင်စီ အလို ကျ ထွက်ဆိုခဲ့သူ မောင်ဝိတ်သည် ယနေ့ စစ်ကောင်စီ၏ ထိန်းသိမ်းမှု ခံထားရရာမှ ပြန်လွတ် လာကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ရေးသား ချက်အရ သိရှိရသည်။", "စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် အိမ်ပြန် ရောက်ရှိလာကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြထားသည်။", "“၂၉ ဇွန် ၂၀၂၃", "• ကံဇာတ်ဆရာရေ….", "• ကျနော်အိမ်ပြန်ရောက်လို့ကျေးဇူးတင်ပါတယ်….. ကျနော့အမေလည်းဝမ်းသာပါတယ်….", "• ကြုံလို့ကံဇာတ်ဆရာမေ့နေမှာစိုးလို့…", "• ကျနော်ပြောစရာရှိတယ်…..", "• လူတစ်ယောက် အထူးသဖြင့် ယောက်ကျားတစ်ယောက်ရဲ့အသက် ၃၀ နဲ့ ၄၀ ကြားဆိုတာ လူ့ဘဝရဲ့ အားအကောင်းဆုံးအချိန်လို့ဆိုကြတယ်၊ အဲ့ဒီအားအကောင်းဆုံးအချိန် ၁၀နှစ်မှာ ၅နှစ်ခွဲ ( ၃၁.၅.၂၀၀၈ မှသည် ၃.၁.၂၀၁၄ ) က အကြပ်အတည်းတွေနဲ့ ဘဝတက္ကသိုလ် တစ်ခုပြီးတစ်ခု မှာ ကံဇတ်ဆရာကျနော့ကို ထားခဲ့တယ်…..", "• ယောက်ကျားတစ်ယောက်ရဲ့ ဒုတိယအားအကောင်းဆုံးအချိန်ဖြစ်တဲ့ အသက်၄၀ နဲ့ ၅၀ ကြား ၁၀ နှစ်တာမှာ ၂နှစ်ခွဲ ( ၃.၂.၂၀၂၁ မှသည် ၂၉.၆.၂၀၂၃) က စာမေးပွဲပေါင်းများစွာပါဝင်တဲ့ ဘဝသင်တန်းတစ်ခုပြီးတစ်ခုတက် ခိုင်းခဲ့တယ် ……", "• ကျနော်ကတော့ဖြေဆိုခဲ့ရတဲ့ဘဝစာမေးပွဲပေါင်းများစွာကိုတော့ အကောင်းဆုံးကြိုးစားအားထုတ်ခဲ့ပါတယ်၊ စာမေးပွဲတွေရဲ့ထုံးစံအတိုင်း ရလဒ်ကတော့ ဖြေဆိုသူနဲ့ သိပ်ဆိုင်ပုံမပေါ်ပါဘူး၊ စာစစ်သူများနဲ့ အကဲဖြတ်အဖွဲ့များရဲ့အမြင် တွေနဲ့သာဆိုင်ခဲ့ပါတယ် …..", "• အခုတော့ ကျွန်တော် အသက် ၅၀ ပြည့်ခဲ့ပြီ၊ ရှေ့ဆက်တဲ့အသက် ၅၀ နဲ့ ၆၀ ကြား ၁၀ နှစ်ကတော့ အိုဖို့ပဲကျန်ပါတော့တယ်…..ကံဇာတ်ဆရာရေ……", "• အဲ့ဒါကြောင့်ကံဇာတ်ဆရာအနေနဲ့….. ဘဝပန်းလာပြီဖြစ်တဲ့ကျနော့်ကို… ဒီလောက်နဲ့ပဲကျေနပ်ပါတော့လို့……..” ဟု မောင်ဝိတ်က ရေးသားထားသည်။", "အကြမ်းဖက်စစ်ကောင်စီက လူထုခေါင်းဆောင်နှင့်နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာ ငွေများ လက်ခံသည် ဟုဆိုကာ လာဘ်ပေးလာဘ်ယူမှု အပါအဝင် အမှုပေါင်းမြောက်မြားစွာဖြင့် ထောင်ဒဏ်များချမှတ်၍ မတရား အာဏာသိမ်း ဖမ်းဆီးထားခြင်းဖြစ်သည်။", "လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့်ဒေါ်လာများ ပေးခဲ့ရ သည် ဟု စစ်ကောင်စီအလိုကျ ထွက်ဆိုခဲ့သော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဟောင်း ဖြိုးမင်းသိန်းနှင့် ပတ်သက်၍မူ သတင်းတစ်စုံတစ်ရာ မကြားရသေးပေ။"]
https://yktnews.com/2023/06/108674/
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်များကို ပြည်တွင်းပြည်ပတွင် တစ်နေကုန် စည်ကားစွာ ကျင်းပနေ
["လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အထိမ်းအမှတ်များကို ပြည်တွင်းပြည်ပတွင် တစ်နေကုန် စည်ကားစွာ ကျင်းပနေ", "ရန်ကုန်၊ ဇွန် ၁၉", "အကြမ်းဖက် စစ်ကောင်စီက မတရား အကျဉ်းချထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်း အနားများကို မလေးရှာနိုင်ငံတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နှင့် ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တို့တွင်လည်းကောင်း အသီးသီးကျင်းပကြသည်။"]
https://yktnews.com/2025/02/201837/
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားနေသူဟု ဝေဖန်ခဲ့သော သက်သက်ခိုင် အပါအဝင် ဝန်ကြီးတချို့ကို မင်းအောင်လှိုင်က ရာထူးမှ အနားပေးလိုက်ပြီး စစ်ဗိုလ်ချုပ်တချို့ကိုလည်း နေရာရွှေ့ အပြောင်းအလဲလုပ်
["လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားနေသူဟု ဝေဖန်ခဲ့သော သက်သက်ခိုင် အပါအဝင် ဝန်ကြီးတချို့ကို မင်းအောင်လှိုင်က ရာထူးမှ အနားပေးလိုက်ပြီးစစ်ဗိုလ်ချုပ်တချို့ကိုလည်း နေရာရွှေ့ အပြောင်းအလဲလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားနေသူဟု ဝေဖန်ခဲ့သော သက်သက်ခိုင် အပါအဝင် ဝန်ကြီးတချို့ကို အကြမ်းဖက် မင်းအောင်လှိုင်က ယမန်နေ့တွင် ရာထူးတာဝန်များမှ အနားပေးကြောင်း ကြေညာခဲ့သည်။", "ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးအဖြစ် တာဝန်ပေးထားသော သက်သက်ခိုင်၊ အလုပ်သမားဝန်ကြီး မြင့်နောင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး မင်းသိန်းဇံတို့ကို ဝန်ကြီးများအဖြစ် အနားပေးကြောင်း မင်းအောင်လှိုင်က ကြေညာခဲ့ပြီး ပြည်ထဲ ရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးကာ ၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်း လဲတာဝန်ပေးအပ်ခဲ့သည်။", "အနားပေးခံရသူများတွင် ထူးခြားမှုမှာ NLD အမတ်ဖြစ်ခဲ့သော်လည်း ပါတီမှ နုတ်ထွက်ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ထူထောင်ခဲ့ သက်သက်ခိုင်ကို အနားပေးမှုပင်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီသည် အမတ်နေရာ တစ်ခုမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ်ခဲ့သော်လည်း သက်သက်ခိုင်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့သည်။ ယင်းနောက် ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဝန်ကြီးရာထူးတာဝန်များမှ အနားပေးခံရခြင်းဖြစ်သည်။", "တစ်ချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တစ်ကွင်းလုံးပတ်ကစားပြီး ခြေမပေါ်သူအဖြစ် မီဒီယာများမှတစ်ဆင့် ဝေဖန်ခဲ့သော သက်သက်ခိုင်သည် စစ်ကောင်စီလက်ထက်တွင် ဝန်ကြီးဌာန ၂ ခု၏ တာဝန်ခံ ဝန်ကြီးရာထူး ရရှိခဲ့သော်လည်း မည်သည့် ရလဒ်မှ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိခဲ့၍ အနားပေးခံရသည်ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။", "“လူ/ကယ်ပြန်မှာ သူဝန်ကြီးလုပ်တုန်းက ၂၀၂၃ ခုနစ် မေလလယ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းက ရခိုင်ဘက်ကို ဝင်ရောက်တိုက် ခတ်ခဲ့တယ်။ ဒါပေမယ့် လူ/ကယ်ဝန်ကြီးဌာနအနေနဲ့ ဘာမှ ထိထိရောက်ရောက် ကူညီပေးနိုင်ခဲ့တာမရှိဘူး။ ဝန်ကြီးဌာနအချင်း ချင်းပူးပေါင်းဆောင်ရွက်မှုပါ မရှိခဲ့လို့ ကောင်စီအစည်းအဝေးမှာ သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရဘက်က မိုခါ မုန်တိုင်း ကူညီရေးတွေမှာ အကူအညီမရခဲ့ပါဘူးဆိုပြီး တင်ပြတိုင်တန်းခံခဲ့ရတာရှိခဲ့တယ်။ ဟိုတယ်/ခရီးဝန်ကြီးဖြစ်တော့လည်း သတင်းအတု သတင်းအမှား တွေကို ချေဖျက်ပြီး နိုင်ငံခြားဧည့်သည်တွေ ပိုမိုဝင်ရောက်ရေး ကောင်စီကနေ စီမံချက်နဲ့ ညွှန်ကြားခဲ့ပေမယ့်လည်း ဘာမှ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ကာ/လုံအစည်းအဝေး မတိုင်မီ အပြောင်းအလဲလုပ်ခံရမယ့် ဝန်ကြီးတွေထဲမှာ ဒေါက်တာသက်သက်ခိုင်က ရှေ့ဆုံးက နာမည်စာရင်းပါခဲ့တာပါ ” ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။", "အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ကို ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲ ခန့်အပ်တာဝန်ပေးကြောင်း ထုတ်ပြန်ခဲ့သည်။", "အလားတူပင် စစ်ဘက်အရာရှိ တချို့ကိုလည်း မင်းအောင်လှိုင်က အပြောင်းအလဲလုပ်ခဲ့ပြီး ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းကို စစ်ထောက်ချုပ်အဖြစ်လည်းကောင်း၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းကို ရန်ကုန်တိုင်း တိုင်းမှူးအဖြစ်လည်းကောင်း၊ ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးနေရာသို့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ်ကျော်ကျော်ဟန် ကိုလည်းကောင်း အပြောင်းအလဲ လုပ်ခန့်အပ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169085/
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု၏ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်ကို ဆေးကုသမှုပေး
["လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု၏ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်ကို ဆေးကုသမှုပေး", "ရန်ကုန်၊ ဇွန် ၁၉", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဗလုံးစင်တောထဲရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်ကို လူထု ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆေးဝါးကုသမှုပေးခဲ့ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံကို ကိုနေမင်းသန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူရှင်များက ပေးပို့သော ထောက်ပံ့ငွေများဖြင့် ဝက်လက်မြို့နယ်၊ ငတိုက်တောကျေးရွာမှ ဗလုံစင်တောထဲသို့ တိမ်းရှောင်နေရ သော စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် ကို CDM ကျန်းမာရေး ဆရာ၊ ဆရာမများက သွားရောက် ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“သွေးတိုး၊ သွေးကျ၊ ဆီချို၊ အပူရှပ်ဖျားနာတာ၊ ကလေးတွေယာနဖြစ်တာ၊ အဖိုးအဖွားတွေကတော့ လူကြီးရောဂါပေါ့၊ နယ်တွေမှာ ဆေးပေးခန်းတွေမရှိတော့ဘူး၊ စစ်ရှောင်စခန်းတွေမှာပဲ သွားကုနေရ တာ၊ တခြားရွာတွေကလည်း သူတို့ဆီလာပါအုံးလို့ ခေါ်ကြတဲ့ ရွာတွေက အများကြီးပဲ။ ဆေးဝါးတွေ ပြတ်လို့ မသွားနိုင်ကြတာ၊ ကွင်းဆင်းသွားရင် စစ်ဘေးရှောင်တွေက မရှိတဲ့ကြားထဲက‌နေ ထမင်း ဟင်းတွေချက်ကြိုဆိုကြတာ၊ မလုပ်ပါနဲ့လို့ တားယူရတယ်၊ တစ်ဦးမေတ္တာ တစ်ဦးစေတနာလို့ ယူဆ ပါတယ်” ဟု ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့တာဝန်ခံကို ကိုနေမင်းသန့်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2024/07/171660/
လူထုဆန္ဒကို အခြေမခံသော အကြမ်းဖက်စစ်တပ်၏ ၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများ ခပ်ဝေးဝေးရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင် သတိပေး
["လူထုဆန္ဒကို အခြေမခံသော အကြမ်းဖက်စစ်တပ်၏ ၂၀၂၅ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများ ခပ်ဝေးဝေးရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင် သတိပေး", "ရန်ကုန်၊ ဇူလိုင် ၆", "အကြမ်းဖက်စစ်ကောင်စီက ကျင်းပရန် ကြွေးကြော်နေသည့် ၂၀၂၅ ရွေးကောက်ပွဲမှာ လူထုဆန္ဒကို အခြေမခံ၍ နိုင်ငံရေးပါတီများအနေဖြင့် ခပ်ဝေးဝေးရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေး ဆိုခွင့်ရှိသူ လည်းဖြစ်သူ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်သည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို သတိပေးလိုက်ခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီက လာမည့် အောက်တိုဘာလဆန်းမှစတင်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လူဦးရေနှင့် အိမ်ထောင်စုစာရင်းကောက်ယူခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း တောက်လျှောက်ဆိုသလို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။", "ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် လူထုဆန္ဒကို အခြေမခံသော ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဘဲ နိုင်ငံရေးပါတီများအနေဖြင့်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ခပ်ဝေးဝေးမှ ရှောင်ကြရန် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက သတိပေးပြောဆိုသည်။", "“ကျနော်ကတော့ တစ်ချက်ပဲ ပြောချင်ပါတယ်။ ဒီ ရွေးကောက်ပွဲတို့ ဘာတို့ဆိုတာ ဒီမိုကရေစီကို သွားကြတဲ့ တံခါးဝလို့ ပြောနေကြတယ်ဆိုတဲ့ စကားကလည်း ရှိထားတယ်လေ။ ကျနော်တို့ကတော့ အဲဒါကို ဘာမှ ငြင်းစရာမလိုဘူး။ ဒါပေမဲ့ ဒီကနေ့ စစ်ကောင်စီ လုပ်ရပ်မျိုးနဲ့ သူ ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲ အခြေအနေက ဘယ် လို ရွေးကောက်ပွဲအခြေအနေမျိုးလဲဆိုတာ ပြန်ပြီးတော့ ဆန်းစစ်ကြည့်ပါ။ အဲဒါကြောင့် လူထုဆန္ဒဘယ် လောက်ပါလဲ။ လူထုဆန္ဒ အခြေမခံတဲ့ ရွေး ကောက်ပွဲမျိုးက ဘယ်လိုမှ ကျနော်တို့ လက်ခံလို့ မရဘူး။ အဲဒါကြောင့်မို့လို့ ဒီနေရာကနေပဲ ခပ်ဝေးဝေးရှောင်ကြရင် အကောင်းဆုံးပဲလို့ ဒါပဲ ပြောချင်တယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေက အဓိက တာဝန်အရှိဆုံး လူတွေပဲ ဖြစ်တယ်လို့ ကျနော်တို့ ပြောရမှာပဲ” ဟု ပဒိုစောတောနီးက ဆိုသည်။", "ထို့ပြင် လက်ရှိ အနေအထားများအရ တစ်နိုင်ငံလုံးတွင် စစ်မီးများ အရှိန်ပြင်းပြင်းဖြင့် တောက်လောင်နေပြီး ၂၀၂၅ ရွေးကောက်ပွဲ ရွေးကောက်ပွဲမှာလည်း ဖြစ်နိုင်ခြေ နည်းပါးကြောင်း၊ စစ်ကောင်စီ၏ အခြေအနေမှာ ယိုင်နဲ့ နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။", "“၂၀၂၄ ကတော့ ကုန်ဖို့ ၆ လပဲ ရှိတော့ ဒါပေမဲ့ ၂၀၂၄ ထဲမှာ သေချာပြောလို့ မရဘူးဆိုပေမယ့် အချိန်းအပြောင်းတစ်ခုခုကတော့ လာမယ်။ ၂၀၂၅ ဆိုရင်တော့ သူ ပြောတဲ့ အထူးသဖြင့် စစ်ကောင်စီက မှန်းဆထားတဲ့ ရွေး ကောက်ပွဲကတော့ ဖြစ်နိုင်ခြေ အင်မတန်နည်းပြီးတော့ သူ့ရဲ့အနေအထားက ဘယ်လိုဖြစ်သွားမယ်ဆိုတာ ကျနော်တို့က တပ်အပ်မပြောနိုင်ဘူးဆိုပေမယ့် သူ့ရဲ့ ယိုင်နဲ့နဲ့ အနေ အထား တဖြည်းဖြည်း တဖြည်းဖြည်း ဖြစ်လာပြီဆိုတာ မျက်မြင်အနေအထားနဲ့ရော သက်သေအနေအထားနဲ့ရော မျက်ဝါးထင်ထင်ဖြစ်နေရပြီဆိုတာ သေချာပြောလို့ရတယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။", "KNU အနေဖြင့် မကြာမီ ကော်သူလေး အစိုးရတစ်ရပ်အဖြစ် ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် အားလုံးနှင့် လက်တွဲကာ အဆင့်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။"]
https://yktnews.com/2024/05/161443/
လူထုလွတ်မြောက်ရေးရသည်အထိ ပြည်သူနှင့် အတူ တစ်သားတည်းရပ်တည်သွားမည်ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်
["လူထုလွတ်မြောက်ရေးရသည်အထိ ပြည်သူနှင့် အတူ တစ်သားတည်းရပ်တည်သွားမည်ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်", "ရန်ကုန်၊ မေ ၈", "ဗကသများအဖွဲ့ချုပ်က ၈၈ နှစ်ပြည့် အထိမ်းအမှတ်ကြေညာချက်ကို ယနေ့ မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး လူထုလွတ်မြောက်ရေးရသည်အထိ ပြည်သူနှင့် အတူ တစ်သားတည်းရပ်တည်သွားမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "လက်ရှိတွင် ပြည်သူများသည် စစ်ဘေး၊ စီးပွားရေး လူမှုရေးအကျပ်အတည်းများ ရှိနေချိန်၌ အကြမ်းဖက်စစ်တပ်သည် စစ်မှုထမ်းဥပဒေထုတ်ပြန်၍ ဖက်ဆစ်စစ်တပ်အတွက် စတေးခံရန် မတရားသဖြင်် ဆင့်ခေါ်နေကြောင်း၊ အဆိုပါ ဖိနှိပ်မှုများ၏ တစ်ခုတည်းသော ထွက်ပေါက်သည် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ဖြုတ်ချရေးပင်ဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ် ၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူသို့ အမှာစကားပါးချင်ကြောင်း ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီမှ မခင်နီက ပြောကြားသည်။", "” တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုတရပ်လုံးကို စစ်အာဏာရှင်စနစ်ကို ရန်သူလို့ ပြတ်ပြတ်သားသားသဘောထားပြီး တော်လှန်ရေးမှာ ကျရာနေရာကနေ ပါဝင်ကြဖို့၊ မပါဝင်သေးသူတွေကိုလည်း ပါဝင်လာအောင် စည်းရုံးဖို့၊ ပါဝင်နေသူတွေကိုလည်း ခိုင်မာကျစ်လစ်တဲ့ အင်အားစုတွေ ဖြစ်လာအောင် တည်ဆောက်ကြရင်း တပ်ပေါင်းစုလမ်းကြောင်းဆီ လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်”ဟု ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီမှ မခင်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2024/09/182321/
လူထု၏ အသက်နှင့်ခန္ဓာကို စတေးနေသည့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အားစိုက်ရုန်းရန် NUG ယာယီသမ္မတ တိုက် တွန်း
["လူထု၏ အသက်နှင့်ခန္ဓာကို စတေးနေသည့် စစ်အာဏာရှင်စနစ်ကို သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အားစိုက်ရုန်းရန် NUG ယာယီသမ္မတ တိုက် တွန်း", "ရန်ကုန်၊ စက်တင်ဘာ ၇", "မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးအရ ရှုံးနိမ့်နေသော အရှုံးကို ဖာထေးရန် နှင့် အာ ဏာ တည်မြဲရေးအတွက် လူထု၏ အသက်နှင့် ခန္ဓာကို စတေးနေသည့် စစ်အာဏာ ရှင်စနစ်ကို အတူတကွ သုတ်သင်ရှင်းလင်းရေး နောက်တစ်ကြိမ် အား စိုက်ရုန်းကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။", "ယနေ့ စက်တင်ဘာလ ၇ ရက်နေ့ ကျရောက်သည့် ခုခံတွန်းလှန်စစ် ၃ နှစ်ပြည့် လူထုထံသို့ အမှာစကား ပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစသ်ည်။", "စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပစ်မှတ်များကို လေ ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကို အဆက်မပြတ်လုပ်ဆောင်လာကြောင်း၊ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းလာပြီး အရှုံးကို ဖာထေးရန်အတွက် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ချေမှုန်းရေး နောက်တစ်ကြိမ်အားစိုက်ရုန်းကြရန် NUG သမ္မတက တိုက်တွန်း ပြောဆိုသည်။", "“အကြမ်းဖက် စစ်ကောင်စီအနေနဲ့ စစ်ရေးယန္တရားကို အသုံးပြုပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အဆက်မပြတ် လုပ်ဆောင်လာတာတွေ့ရတယ်။ ခုခံတော်လှန်စစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဟာ မြေပြင်ကြည်းတပ်အင်အား ယိုင်နဲ့ပြိုဆင်းပြီး တအိအိ ပြိုကျနေတာဟာ အထင်အရှားဖြစ်တယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အရှုံးကို ဖာထေးဖို့ ကြိုးစားနေခြင်းဖြစ်တယ်။ စစ်ကောင်စီဟာ လူထုရဲ့ အသက်နဲ့ ခန္ဓာကို စတေးပြီး ၎င်းတို့ရဲ့ အာဏာအဆောက်အအုံကို မြဲမြံစေရေးအတွက် အသုံးချနေတာကို တွေ့ရတယ်။ ပြည်သူလူထုနဲ့ အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံးတကြိမ် အားစိုက် ရုန်းထကြပါစို့…” ဟု ယာယီသမ္မတက ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။", "တရားသော ခုခံတော်လှန်စစ်သည် အဆုံးတွင် မုချ အနိုင်ရရှိမည်ဖြစ်ပြီး လူထုတစ်ရပ်အနေဖြင့် အထွေထွေအောင်ပွဲ အရပ်ရပ်သည် ပြည်သူအားလုံးဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီဖြစ်ကြောင်း ၊ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးများသည် တရိပ်ရိပ်ဖြင့် စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက် စားဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ နိဂုံးကို အဆုံးသတ်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။", "“နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးစစ်စစ်ဖြစ်တယ်။ ခုခံတော်လှန်စစ်ဟာ မြေပေါ် မြေအောက် နေရာအနှံ့ တတိုင်းပြည်လုံး အုံကြွတော်လှန်တဲ့ ခုခံတော်လှန်စစ်ဖြစ်တယ်။ ဒါ့အပြင် လူတန်းစားအစုံ၊ လူမျိုးပေါင်းစုံ၊ အင်အားစုပေါင်းစုံ မိမိတို့ နေရာဌာနအလျှောက် တော်လှန်ကြတဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေးလှိုင်းကြီးဖြစ်တယ်။ လက်နက်ကိုင်လမ်းစဉ်အရသော်လည်း ကောင်း၊ နိုင်ငံရေးလမ်းစဉ်အရသော်လည်းကောင်း၊ လူထုလမ်းစဉ်အရသော် လည်းကောင်း စစ်အာဏာရှင်စနစ်ကို အမြစ်လှန်တော်လှန်တဲ့ တော်လှန်ရေးဒီရေမုန်တိုင်းဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းတွေအားလုံးကို အပြီးသပ်ရှင်းလင်းအောင်အထိ ဖြိုချ သန့်စင်ပစ်မှာ ဖြစ်တယ် ” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသွားသည်။"]
https://yktnews.com/2024/10/187800/
လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် စစ်တပ်က မွေးမြူထားသော ကမာရွတ်တွင် တစ်ရက်တည်း အိမ်စီးကား ၁၀ စီး မှန်ခွဲ ဖောက်ထွင်းအခိုးခံရ၊ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ပေါင်း၍ ပြည်သူများကို ဖမ်ဆီး ငွေညှစ်မှုများပါ လုပ်နေ
["လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် စစ်တပ်က မွေးမြူထားသော ကမာရွတ်တွင် တစ်ရက်တည်း အိမ်စီးကား ၁၀ စီး မှန်ခွဲ ဖောက်ထွင်းအခိုးခံရ၊ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီးများ ပေါင်း၍ ပြည်သူများကို ဖမ်ဆီး ငွေညှစ်မှုများပါ လုပ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် မွေးမြူထားပြီးနောက် တစ်ရက်တည်း ကား ၁၀ စီး ဖောက်ထွင်းအခိုးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "အောက်တိုဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန် အကြမ်းဖက် စစ်တပ်၏ ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန် စစ်တပ်က လက်သက်မွေးထားသော သူခိုးများက ပြည်သူပိုင် ကား ၁၀ စီးကို သော့ဖွင့်၊ မှန်ရိုက်ခွဲ၍ ကားအတွင်းမှ ငွေကြေး အပါအဝင် ပစ္စည်းများ ခိုးယူမှုများဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် တိုက်ကြားများကို တွယ်တက်၍ ဖောက်ထွင်းခံရသော တိုက်ခန်းများလည်း အများအပြား ရှိလာကြောင်း သိရသည်။", "“ညမထွက်ရ အမိန့်ရှိရဲ့သားနဲ့ ကမာရွတ်မြို့နယ်မှာ စစ်ခွေးတွေ မွေးထားသော ပျူစောထီး သူခိုးတွေ သောင်းကျန်းနေတယ်။ အောက်တိုဘာ ၁၂ ရက်နေ့ တစ်ရက်တည်း ကား ၁၀ စီး မှန်ရိုက်ခွဲပြီး အခိုးခံရတယ်။ တိုက်ခန်းပေါ်တွေကို တိုက်ကြားကတက်ပြီး အခိုးခံရတာတွေလည်းရှိတယ်။ ပျူစောထီးတွေက သူတို့ပဲ ကင်းလှည့်။ သူတို့ပဲ ခိုးနေကြတာ။ ညမထွက်ရ အမိန့်ထုတ်ထားတဲ့အချိန် ဘယ်သူမှ အပြင်မထွက်ဘူး။ ပျူစောထီးသူခိုင်းနဲ့ စစ်တပ်ပဲ ညဘက် လမ်းပေါ်ရှိတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ကမာရွတ်မြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် ကင်းလှည့်လေ့ရှိသည့် အကြမ်းဖက် စစ်သားများကလည်း ပြည်သူများကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ မြို့နယ်ရဲစခန်းတွင် ပြည်သူတစ်ဦးကို ငွေကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ တောင်းခံ၍ ပြန်ရွေးခိုင်းကြောင်း သိရသည်။", "“ဆိုင်ကယ်နဲ့ ဟန်ရေးပြ လုံခြုံရေးအရ စစ်ဆေးတယ် ဆိုပြီး လမ်းသွား လမ်းလာ ပြည်သူတွေကို စစ်လား ဆေးလား မေးလား မြန်းလားလုပ်တယ်။ ပြီးရင် ဖုန်းထဲမှာ ဘာတွေ့လို့ ညာတွေ့လို့ ဆိုပြီးဖမ်းတယ်။ လမ်းဘေး အရက်၊ ဘီယာသောက်လို့ ဖမ်းတယ်။ ရဲသတင်းပေး ဒလန်တွေ လမ်းဘေး အရက်သောက်ရင် ကင်းလွတ်ခွင့်ပေးတယ်။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၁ ဦးကို သိန်းချီ‌ ငွေတောင်းတယ်။ စခန်းခေါ်ပြီး ခံဝန်ရေးခိုင်းပြီး ခံဝန်နဲ့ လွှတ်တယ်ဆိုပြီး ၁၀ သိန်းကနေ ၁၅ သိန်းတောင်းတယ်။ ကြားက ပွဲစားလုပ်ပြီး ညှိပေးတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လုပ်နေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးများအဖြစ် အသွင်ပြောင်း မွေးမြူပြီးနောက် ကမာရွတ်မြို့ နယ်တစ်ဝန်းလုံးတွင် ခိုးမှု၊ ဖောက်ထွင်းမှုနှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အထူးသဖြင့် ကမာရွတ်မြို့နယ်တွင် က စစ်တပ်က သတင်းပေးနှင့် ပျူစောထီးများအဖြစ် မွေးမြူထားသော သူခိုး၊ လူမိုက်နှင့်ထောင်ထွက်များမှာလည်း အုပ်စုဖွဲ့၍ ရာဇဝတ်မှုများ ကျူး လွန်နေကြောင်း၊ အထူးသဖြင့် ကမာရွတ်တစ်မြို့နယ်လုံးတွင် ခိုးမှုနှင့် ဖောက် ထွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86823/
လူမှုကွန်ရက်တွင် ငွေချေးပေးသည်ဟုဆိုကာ Application အတုများဖြင့် ကိုယ်ရေး အကျဉ်း နှင့် ဖုန်းနံပါတ်များ ရယူ၍ အမှန်တကယ် ငွေချေးခဲ့ခြင်းမရှိဘဲ အသက်အန္တရာယ် ခြိမ်းခြောက်လိမ်လည် ငွေတောင်းမှုများ အလွန်များ လာ
["လူမှုကွန်ရက်တွင် ငွေချေးပေးသည်ဟုဆိုကာ Application အတုများဖြင့် ကိုယ်ရေး အကျဉ်း နှင့် ဖုန်းနံပါတ်များ ရယူ၍ အမှန်တကယ် ငွေချေးခဲ့ခြင်းမရှိဘဲ အသက်အန္တရာယ် ခြိမ်းခြောက်လိမ်လည် ငွေတောင်းမှုများ အလွန်များ လာ", "ရန်ကုန်၊ဖေဖော်ဝါရီ ၁၂", "လူမှုကွန်ရက်တွင် Pigeon Loan Myanmar အမည်ရ Facebook Page က ငွေချေးပေးသည်ဟုဆိုကာ ငွေချေးလိုသူများ၏ ကိုယ်ရေးရာဇဝင်နှင့်အချက် အလက်များကို အလိမ်အညာ Application များဖြင့် ရယူ၍ အမှန်တကယ် ငွေ ချေးပေးခြင်းမရှိဘဲ လိမ်လည်ငွေတောင်းခြင်း၊အသက်အန္တရာယ်ခြိမ်းခြောက်မှုများ အလွန်များပြားလာကြောင်း ကိုယ်တိုင်ခံစားရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ချေးငွေလျှောက်ထားရန် မှတ်ပုံတင်တစ်ခုသာ လိုသည်ဟူ၍ ကြေညာပြီး ငွေချေးလိုသူများ၏ အချက်အလက်များကို ရယူကြောင်း၊ ယင်းနောက် ငွေမချေးရသေးဘဲ အတိုးငွေပေးရမည်ဟုဆိုကာ ငွေတောင်းခြင်း၊ အမှန်တကယ် ချေးငွေရယူထားခြင်းမရှိဘဲ စာချုပ်စာတမ်းအတုများဖြင့် လိမ်လည်ငွေတောင်းခံခြင်း၊ ဆောဖ့်ဝဲလ်ကို Down မိရုံ၊ လင့်ကို ဖြည့်မိရုံနှင့် ဖုန်းမှ Contacts များကို Hack ၍ စာတိုပေးပို့ကာ အရှက်ခွဲ ခြိမ်းခြောက်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ငွေလိမ်တောင်းခံခြင်းတို့ ရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခံစားရသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "“ခြိမ်းခြောက်ခံထားရတာက ငွေမချေးဘဲ အတိုးပေးရမယ်ဆိုပြီးတောင်းတယ်။ အဲဒီ Application Down ပြီး မကြာဘူး။ ငွေလည်း မချေးဘဲ ဖုန်းထဲမှာရှိတဲ့ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေပါသွားတယ်။ ပြီးတော့ ကျနော့်မိတ်ဆွေတွေကို ဖုန်းဆက်ပြီး အရှက်ခွဲတာတွေ လုပ်တယ်။ အတိုးတွေပေးရပြီး ညှိမရနဲ့ ရက်မပြတ်သေးဘဲ နင်းကန် တောင်းတာတွေကော။ တချို့ဆို မိဘတွေကိုလည်း ထောင်ထဲသွားရမယ်။ လူသတ်ဖို့ ငှားထားတယ် စာတာတွေနဲ့ ခြိမ်းခြောက်ပါတယ်ရှင်” ဟု လူလိမ်ချေးငွေ ဆော့ဖ်ဝဲလ်နှင့် ပတ်သက်မိသူ တစ်ဦးက အဆိုပါ ဆောဖ့်ဝဲလ်သုံး လိမ်လည့်နေပုံကို ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။", "ထိုသို့ လူအများကို လိမ်လည်နေသည့် လူလိမ်ချေးငွေ ဆော့ဝဲလ်အမည်များမှာ Pegion၊ Sun Cash ၊ Morning Cash၊ Happy Cash၊ Cash tree၊ Easy Wallet ၊ Fast Cash၊ Sky Cash၊ MM Finance၊ Money Bag၊ Cash Woo၊ U Finance ၊ Lone M ၊ Lxora cash၊ Cash Now၊ Kind Cash၊ Kyat Wave၊ Money Bag၊ Quick Kyat စသည့် နာမည်များနှင့်ဖြစ်ပြီး အဆိုပါ ဆောဖ်ဝဲလ်ကို Download ရယူလိုက်သည်နှင့် မိမိ၏ ဖုန်းထဲမှ Contact များကိုပါ Hack ကာ ဖုန်းလိုက်ဆက်၍ လိမ်လည်မှုများ ဆက်တိုက် လုပ်ဆောင်ကြောင်း သိရှိရသည်။", "အမှန်တကယ် ငွေ အနည်းငယ်ချေး၍ အတိုးကို တောင်းချင်သလိုတောင်းခြင်းများလည်းရှိကြောင်း၊ ငွေလုံးဝ မယူဘဲနှင့် Application ကို Down မိရုံဖြင့် ချေးငွေရယူပြီးဖြစ်သည်ဆိုသော စာများလည်း လက်ခံရရှိကြောင်း သိရှိရသည်။", "“အတိုးက ဘယ်လိုတက်လဲဆိုရင် သူတို့တက်ချင်သလို တက်ပါတယ်။ ဥပမာ – ၄ သိန်းဆိုရင် တစ်ရက်ို သုံးသေင်းထိ တက်ပါတယ်။ ၄ သိန်းချေးလို့ ၄ သိန်းရတာ မဟုတ်ပါဘူး။ ၂ သိန်း ၆ သောင်းပေးပြီး အတိုးကို ကြိုဖြတ်တယ်။ ပြီးတော့ ငွေညှစ်တော့တာပဲ။ ချေးငွေရတဲ့ လူမျိုးရှိသလို လုံးဝ ငွေမယူပါဘဲ ငွေယူပါတယ်ဆိုပြီး Contact Person တွေကို ပြောတယ်။ အသက်ကို ခြိမ်းခြောက်သလို မိဘမောင်ဘွား အလုပ်အရာရှိတွေကို ဖုန်းဆက်ပြီး အရှက်ခွဲကြတယ်။ သူတို့ ဝင်ခိုင်းတဲ့ Link မဝင်ရင် SMS ပို့ပြီး Link ပို့ပေးပြီး ဝင်ခိုင်းစေပါတယ်။ ခံရတဲ့ ညီမလေးတချို့ဆို သတ်သေချင်စိတ်ပေါက်ပြီး ဒုက္ခရောက်နေကြပါတယ်” ဟု ငွေလိမ်လည်သူများ၏ လုပ်ဆောင်ပုံကို ကိုယ်တိုင် ကြုံတွေ့ရသူတစ်ဦးက ရှင်းပြသည်။", "ပြည်သူများအနေဖြင့် လူမှုကွန်ရက်တွင် ချေးငွေရယူနိုင်သည်ဟူသည့် အလိမ် အညာ Application ဆော့ဖ်ဝဲများကို Download မလုပ်ကြရန် ၊ ချေးငွေရနိုင်သည်ဆိုသည့် Link များ ဖုန်းထဲသို့ စာတိုများ ဝင်လာပါက နှိပ်ခြင်း ဖောင်ဖြည့်ခြင်းများ မပြုလုပ်ကြရန် အလိမ်ခံရသူများက တိုက်တွန်းပြောဆိုထားသည်။"]
https://yktnews.com/2023/08/119681/
လူမှုကွန်ရက်တွင် စစ်တပ်ကို ပုန်ကန်ရေး လှုံ့ဆော်သည့် ပို့စ်များ တင်ခဲ့သော တပ်မတော် ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့လွန် ကျောင်းသား စစ်ဆေး ဆရာဝန် ၁ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်
["လူမှုကွန်ရက်တွင် စစ်တပ်ကို ပုန်ကန်ရေး လှုံ့ဆော်သည့် ပို့စ်များ တင်ခဲ့သော တပ်မတော် ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့လွန် ကျောင်းသား စစ်ဆေး ဆရာဝန် ၁ ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်", "ရန်ကုန်၊ဩဂုတ် ၂၅", "လူမှုကွန်ရက် Facebook တွင် စစ်တပ်ကို ပုန်ကန်ကြရန် လှုံ့ဆော်သည့် ပို့စ်များ တင်ခဲ့သော တပ်မတော် စစ်ဆေးတက္ကသိုလ် မဟာသိပ္ပံဘွဲ့လွန် သင်တန်းသား စစ်ဆေးဆရာဝန်တစ်ဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက် ကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "မင်္ဂလာဒုံ တပ်မတော်ဆေး တက္ကသိုလ် ဆေးပညာ မဟာသိပ္ပံ အပတ်စဥ် ၂၉ တက်ရောက်နေသော အသက် ၃၂ နှစ်အရွယ်စစ်ဆေး ဗိုလ်ကြီးတစ်ဦးကို လူမှုကွန်ရက်တွင် စစ်တပ်ကို ပုန်ကန်ကြရန် လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ စစ်တပ် မကောင်းကြောင်း ရေးသားထားသည့် သတင်းများနှင့် ပို့စ်များ ရှယ်ခြင်းကြောင့် မေလအတွင်း ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ၄ လအကြာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ၊ စစ်ခုံရုံးက စစ်တပ်ကို ပုန်ကန်မှုဖြင့် သေဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မဟာဘွဲ့လွန် တက်နေတဲ့ စစ်ဆေးဗိုလ်ကြီးကို တပ်မတော်ကို ပုန်ကန်တဲ့ လူမှုကွန်ရက် ပို့စ်တွေ ရေးသားသည့် အတွက် ရန်ကုန် တိုင်းစစ်ဌာနချုပ် စစ်ခုံတရားရုံးက လွန်ခဲ့တဲ့ ရက်ပိုင်းမှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ ဆေးပညာ မဟာသိပ္ပံ အပတ်စဥ် ၂၉ တက်နေတာပါ။ သူ့နာမည်တွေ အပတ်စဉ်တွေ သိပေမယ့် အဲဒါတွေ ပြောဖို့ အဆင်မပြေပါဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "သေဒဏ်ချမှတ်ခံရသည် စစ်ဆေးဗိုလ်ကြီးသည် မန္တလေးဇာတိဖြစ်ပြီး လတ်တလော မဟာဘွဲ့လွန် တတိယနှစ် တက်ရောက်နေစဉ် ဖမ်းဆီးခံရကာ သေဒဏ်ချခံရခြင်းဖြစ်ကြောင်း သိရှိရသည်"]
https://yktnews.com/2023/12/135011/
လူမှုကွန်ရက်များမှတစ်ဆင့် စစ်တပ်ပြိုကွဲစေရန်နှင့် အင်အားချိနဲ့စေရန် လှုံ့ဆော်ခံနေရဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆို
["လူမှုကွန်ရက်များမှတစ်ဆင့် စစ်တပ်ပြိုကွဲစေရန်နှင့် အင်အားချိနဲ့စေရန် လှုံ့ဆော်ခံနေရဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆို", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က လူမှုကွန်ရက်များမှတစ်ဆင့် စစ်တပ်ပြိုကွဲစေရန်နှင့် အင်အားချိနဲ့စေရန် လုပ်ဆောင်ခံနေရသဖြင့် သတိထားကြရန် ယနေ့ ပြုလုပ်သည့် ပြင်ဦးလွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၆၅ သင်တန်းဆင်းပွဲတွင် ပြောဆိုသွားသည်။", "စစ်ကောင်စီကို မလိုလားသည့် လူမှုအဖွဲ့အစည်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များက လူမှုကွန်ရက်များ အသုံးပြု၍ စစ်တပ်ပြိုကွဲစေရန်နှင့် အင်အား နည်းပါးစေရန် လှုံ့ဆော်နေကြကြောင်း၊ စစ်တပ်ထဲတွင် စည်းလုံးညီညွတ်နေလျှင် မည်သူကမှ ပြိုကွဲအောင် မလုပ်ဆောင်နိုင်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးနှင့် တပ်ပြင်ပ စည်းလုံးညီညွတ်ရေး အရေးကြီးကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်က ပြောဆိုသွားသည်။", "“ယနေ့ခေတ်ကာလမှာ ဆက်သွယ်ရေးကွန်ရက်တွေကို လွယ်လင့်တကူသုံးစွဲနိုင်လာတာကြောင့် တို့တပ်မတော်ကို မလိုလားတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေဟာ လူမှုကွန်ရက်တွေက တစ်ဆင့် သွေးထိုးလှုံ့ဆော်မှုတွေ၊ တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတု သတင်းအမှားတွေကို လုပ်ကြံထုတ်လွှင့်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ တပ်တွင်းစည်းလုံးညီညွတ်ရေးပြိုကွဲစေဖို့နဲ့ တပ်မတော်ရဲ့ အင်အားချိနဲ့စေဖို့ လုပ်ဆောင်လျက်ရှိတယ်။ ဒီလိုလုပ်ဆောင်မှုတွေရှိနေပေမယ့်လည်း တပ်မတော်တွင်း စည်းလုံးညီညွတ်မှုရှိနေရင် မည်သူမှ တပ်မတော်ကို ထိပါး မရပါဘူး” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီအနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ်သေချာစွာ တည်ဆောက်နေပြီး တပ်ပြင်ပ စည်းလုံးညီညွတ်ရေးကိုလည်း ဦးစားပေး လုပ်ဆောင်နေကြောင်း မင်းအောင်လှိုင်က ဆိုသည်။", "NLD အစိုးရက မဲမသမာမှု လုပ်၍ လက်ရှိ စစ်တပ်က အာဏာရယူထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရေး အဓိက ထားလုပ်ဆောင်မည်ဖြစ်ကြောင်း၊ မည်သည့်နယ်မြေမှ မကျန်ရစ်စေဘဲ ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။"]
https://yktnews.com/2024/05/163093/
လူသတ်မြန်မာစစ်အုပ်စုထံသို့ စစ်လက်နက်၊ လောင်စာဆီရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် JFM က အိန္ဒိယကို တောင်းဆို
["လူသတ်မြန်မာစစ်အုပ်စုထံသို့ စစ်လက်နက်၊ လောင်စာဆီရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် JFM က အိန္ဒိယကို တောင်းဆို", "ရန်ကုန်၊ မေ ၁၈", "အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုအားလုံးကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့် သင်တန်းပေးမှု အားလုံးကိုလည်း ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုလိုက်သည်။", "အိန္ဒိယအစိုးရက မြန်မာစစ်အုပ်စုအဖွဲ့ဝင်များကို ကာကွယ်ရေးဆိုင်ရာအခမ်းအနားများ တက်ရောက်ရန် ဖိတ် ကြား ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းများကို တက်ကြွစွာ လုပ်ဆောင်လျက် ရှိကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကျင်းပခဲ့ပြီး အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့သည့် အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲတစ်ခုတွင် “နိုင်ငံရပ်ခြားမိတ်ဆွေနိုင်ငံများ” မှ ဗိုလ်လောင်း ၂၁ ဦး အပါအဝင် ဗိုလ်လောင်း ၁၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည်။", "ယင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများလည်း အဆိုပါအခမ်းအနားတွင် တက်ရောက်ခဲ့ကြောင်း ၊ ရေတပ်ဆိုင်ရာစစ်ကောလိပ် Goa ၏ ကထမကပြုမှုဖြင့် အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့သော Goa ရေကြောင်း ဆိုင်ရာအထူးအစည်းအဝေး (GMC) တွင် မြန်မာရေတပ်ချုပ် ထပ်မံ ပါဝင်တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။", "အိန္ဒိယနိုင်ငံ၏ “Aatma Nirbharta” လှုပ်ရှားမှု၏ အစိတ်အပိုင်းအဖြစ် အိန္ဒိယပြည်တွင်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကို မိတ်ဆက်ပြသရန် အဆိုပါအစည်းအဝေးအတွင်း “အိန္ဒိယနိုင်ငံတွင် ပြုလုပ်သည်” ဆိုသည့် ပြပွဲတစ်ခုကို ပူးတွဲကျင်းပခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane သည် မြန်မာနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး လာရောက်ခဲ့ပြီး၊ အာဏာသိမ်းခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း၊ အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာကာကွယ်ရေးဝန်ကြီး မြထွန်းဦးနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့ရေတပ် ခေါင်းဆောင် မိုးအောင်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းတို့နှင့်လည်း အစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါလုပ်ရပ်များက အိန္ဒိယက မြန်မာ စစ်အုပ်စုနှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံရာပါပတ်သက်မှုကို ညွှန်ပြနေကြောင်း၊ ယင်းသို့ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုသည် ရိုဟင်ဂျာများအပေါ် စစ်အုပ်စု၏ “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” လုပ်ဆောင်နေစဉ်နှင့် လုပ်ဆောင်အပြီးနှစ်များအတွင်း ပေးအပ်ခဲ့သည့် အိန္ဒိယ၏ ပံ့ပိုးမှုပုံစံအတိုင်း ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အိန္ဒိယအနေဖြင့် ၂၀၂၀ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာလေတပ်တို့အကြား စားပွဲဝိုင်းစာတွေ့လေ့ကျင့်မှုတစ်ရပ်ကို အိန္ဒိယနိုင်ငံ၊ Prayagraj တွင် ပြုလုပ်ခဲ့ကြောင်း၊ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အကောင့်တွင် ဖော်ပြချက်အရ သင်္ဘောကျင်းစီမံခန့်ခွဲမှု၊ ထောက်ပံ့ပို့ဆောင်မှုနှင့် အင်ဂျင်းနီးယာရင်းကိစ္စရပ်များတွင် မြန်မာစစ်သား ၆၀ အား သုံးလကြာ လေ့ကျင့်သင်ကြားပေးရန်အတွက် အရာရှိခုနစ်ဦးနှင့် သင်္ဘောသားနှစ်ဦးပါဝင်သော ရွေ့လျားလေ့ကျင့်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တာဝန်ပေးစေလွှတ်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှု (IMBAX) များကို ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ်များတွင် အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့ကြောင်း၊ INS Satavahana သည် မြန်မာ့ရေတပ်စစ်သည်များအတွက် အခြေခံရေငုပ်သင်္ဘော သင်တန်းကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အစိတ်အပိုင်းအဖြစ် မပြင်းထန်သော တန်ပြန်ထိုးစစ်များနှင့် ပတ်သက်၍ မြန်မာ စစ်အုပ်စု စစ်သည် ၃၅ ဦးအတွက် သီးသန့်ပြင်ဆင်ထားသော လေးပတ်ကြာသင်တန်းတစ်ခုကို Vairengte ရှိ Counter Insurgency and Jungle Warfare (CIJW) School တွင် လက်ခံလေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။", "အိန္ဒိယစစ်တပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု ရှိ ကြသည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုကို ပံ့ပိုးနေမှုအားလုံးကို ပိတ်ပင်နိုင်ရေး တိုက်တွန်းရာတွင် ဩဇာအရှိန်အဝါကို အသုံးပြုသင့်ကြောင်း Justice For Myanmar ကတိုက်တွန်းသည်။", "ဓာတ်ပုံ- အိန္ဒိယရေတပ်နှင့် စစ်ကောင်စီ ရေတပ်တို့ ပူးပေါင်းဆောင်ရွက်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/01/81098/
လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူမှု ရွေးကောက်ပွဲ တစ်ခုတည်းအတွက် မဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရေးအတွက်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ညွှန်ကြား
["လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူမှု ရွေးကောက်ပွဲ တစ်ခုတည်းအတွက် မဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရေးအတွက်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ညွှန်ကြား", "ရန်ကုန်၊ ဇန်ဝါရီ ၁၅", "အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လူဦးရေနှင့်သန်းခေါင်းစာရင်းများ ကောက်ယူနေရာတွင် ယင်းကောက်မှုသည် ရွေးကောက်ပွဲ အတွက် တစ်ခုတည်းမဟုတ်ဘဲ PDF များကို ဖော်ထုတ်ရန်နှင့် သတင်းရယူစုဆောင်းရန်ဟု ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောဆိုညွှန်ကြားခဲ့သည်။", "နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နမာ ခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ လျှို့ဝှက်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ထိုသို့ ပြောဆိုညွှန်ကြားခဲ့ခြင်းဖြစ်သည်။", "“လူဦးရေစာရင်းများ ကောက်ယူရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း လိုက်ပါရမည်ဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကိုယ်တိုင် စစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တပ်ဖွဲ့အမျိုးမျိုးရှိကြောင်း၊ အားလုံးကို တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များက ကွပ်ကဲမှု ရယူပြီး ချက်ချင်း စီမံခန့်ခွဲနိုင်ရမည်ဖြစ်ကြောင်း၊ အလိုရှိနေသူများ၏ ပုံများကို သက်ဆိုင်ရာနေရာများသို့ ပေးပို့ထားရန် လိုအပ်ကြောင်း” ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောဆိုခဲ့သည်။", "ထပ်မံ၍ စိုးထွဋ်က လူဦးရေ စာရင်းကောက်ယူမှုများနှင့်ပတ်သက်၍ စာဖြင့် ညွှန်ကြားရာတွင် “ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူဦးရေ ၊ မဲစာရင်း၊ တစ်အိမ်တက်ဆင်း စစ်ဆေးမှုများတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားများကို စုံစမ်းဖော်ထုတ်သည့် ရဲလုပ်ငန်းစဉ်များကိုပါ တစ်ပါတည်း ဆောင်ရွက်နိုင်ရေး စံလုပ်ငန်းတစ်ရပ် ရေးဆွဲ သတ်မှတ် ဆောင်ရွက်ရန်” ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်။"]
https://yktnews.com/2023/06/108942/
လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရပြီးနောက် အေးရှားဝေါလ် စစ်မှု ထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင်ကိုင်ဆောင်ကြမည်
["လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရပြီးနောက် အေးရှားဝေါလ် စစ်မှု ထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင်ကိုင်ဆောင်ကြမည်", "ဗိုလ်မှူးဟောင်းရဲခိုင်ကို စစ်သင်္ချိုင်းတွင် ယနေ့ သဂြိုလ်မည်", "ရန်ကုန်၊ ဇွန် ၂၁", "ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲ လည်ပတ်နေသော အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ခံ Yangon Aerodrome Company Limited မှ လုပ်ငန်း ဒါရိုက်တာ လေတပ်ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရ ပြီး နောက် ယင်းကုမ္ပဏီတွင် တာဝန် ထမ်းနေသော စစ်မှုထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင် ကိုင်ဆောင်ကြမည်ဖြစ်ကြောင်း အေးရှားဝေါလ်နှင့်နီးစပ်သော သတင်း ရပ်ကွက်ထံမှ သိရှိရသည်။", "စစ်ကောင်စီနှင့်တွဲဖက်၍ လုပ်ငန်း ဆောင်ရွက် နေသော Yangon Aerodrome Company Limited မှ လုပ်ငန်းဒါရိုက်တာ လေတပ် ဗိုလ်မှူး ဟောင်း ရဲခိုင်သည် ဇွန်လ ၁၉ ရက်နေ့ ည ၇ နာရီဝန်း ကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ် ၁ ရှိ နေအိမ်သို့ ပြန်လာစဉ် သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွား ခဲ့ကြောင်း၊ ယင်းသို့ သေဆုံး သွားပြီးနောက် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ ဆိပ်ကမ်း၊ လေဆိပ်နှင့် အခြားစီးပွား ရေးဌာနခွဲများတွင် လုပ်ကိုင်နေသော စစ်မှုထမ်းဟောင်း ဝန်ထမ်းများအနေဖြင့် လက်နက်တပ်ဆင်ကိုင်ဆောင်ကြရန် အစည်းအဝေးခေါ် သဘောတူခဲ့ကြကြောင်း သိရှိရသည်။", "” ဦးရဲခိုင် အပစ်ခံလိုက်ရတော့ အေးရှားဝေါလ်လက်အောက်မှာရှိတဲ့ အခြားစီးပွားရေး ဌာနတွေ အားလုံးမှာ လုပ်နေကြတဲ့ စစ်မှုထမ်းဟောင်း အရာရှိတွေ ဝန်ထမ်းတွေက လက်နက် ကိုင်ဆောင် ကြဖို့ ဆုံးဖြတ်ကြတယ်။ အဓိက ပစ္စတိုတွေ ကိုင်ကြမယ်ပေါ့။ အဲဒါကိုလည်း ကုမ္ပဏီဘက်က တရားဝင် လျှောက်ထားပေးမယ်။ လက်နက်ဝယ်တာကအစ ပြည်ထဲရေးဝန်ကြီးဌာနဆီ လိုင်စင်လျှောက်တာ အဆုံး ကုမ္ပဏီဘက်က တာဝန်ယူမယ့်သဘောမျိုး ပြန်သိရတယ်။ ကုမ္ပဏီဘက်က တာဝန်မယူရင်လည်း စစ်မှုထမ်း ဟောင်း ဝန်ထမ်းတွေက သူတို့ဟာသူတို့ လက်နက်ကိုင်ကြဖို့ သဘောထားရှိကြတယ်” ဟု အေးရှားဝေါလ်ကုမ္ပဏီနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။", "အကြမ်းဖက်စစ်ကောင်စီက လက်နက်များ တရားဝင် လိုင်စင်ဖြင့် ကိုင်ဆောင်နိုင်ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် အမိန့် ညွှန်ကြာ းချက် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ရာ စစ်တပ်နှင့်ပတ်သက်သော မဘသနှင့် အမျိုးသားရေး အစွန်းရောက်များ၊ စစ်မှုထမ်းဟောင်းများ လက်နက်များကိုင် ဆောင် ထား ကြပြီဖြစ်သည်။", "အေးရှားဝေါလ်မှ ရန်ကုန်လေဆိပ် စီမံခန့်ခွဲရေး ဒါရိုက်တာ ဗိုလ်မှူးဟောင်း ရဲခိုင်သည် လုပ်ကြံ ခံရမည်ကိုစိုးရိမ်၍ ရှောင်တိမ်းနေရာမှ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာနေအိမ်သို့ ပြန်လည် ရောက်ရှိနေထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ၎င်း၏ အသုဘကို မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။", "ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်သော အေးရှား ဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင် လော်စစ်ဟန်၏သား ထွန်းမြင့်နိုင်(ခ) စတီဗင်လောက ပိုင်ဆိုင်ပြီး ၎င်းသည် စစ်တပ်နှင့်ပူးပေါင်း၍ စီးပွားရေး လုပ်ငန်းများကို အကြီးအကျယ် လုပ် ကိုင် နေသော စစ်တပ်စီးပွားရေး မိတ်ဖက်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185763/
လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက် အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ဟု မိုး/ဇလက အထူးသတင်းအဖြစ် သတိပေး
["လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက် အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ဟု မိုး/ဇလက အထူးသတင်းအဖြစ် သတိပေး", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "လေနွေးများနှင့် လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ယနေ့မှစ၍ အောက်တိုဘာ ၅ ရက်အတွင်း မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲပိုင်းအထူးမိုးလေဝသသတင်းအဖြစ် ကြေညာ၍ သတိပေးချက်ထုတ်ပြန်သည်။", "ယနေ့မွန်းလွဲ မြန်မာစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်း ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် လည်းကောင်း ယနေ့စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းမှ အောက်တိုဘာလ ၅ ရက်နေ့ အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း သတိပေးသည်။", "နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားဦးစီးဌာနက သတိပေးထားသည်။", "ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေး အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် သတိပေးထားသည်။"]
https://yktnews.com/2024/01/139140/
လောက်ကိုင် ဒကစ တွင် သမိုင်းသစ် ရေးထိုးပေးလိုက်သည့် မင်းအောင်လှိုင်နှင့် လက်နက်ချတာ လက်ယဥ်နေပြီဖြစ်သည့် သူ၏တပ်သားများ
["လောက်ကိုင် ဒကစ တွင် သမိုင်းသစ် ရေးထိုးပေးလိုက်သည့် မင်းအောင်လှိုင်နှင့် လက်နက်ချတာ လက်ယဥ်နေပြီဖြစ်သည့် သူ၏တပ်သားများ", "By လမ်းသစ်", "မကြာခဏ အာဏာသိမ်းတတ်တဲ့ မြန်မာစစ်တပ်ရဲ့ သမိုင်းတစ်လျှောက်မှာ အကြီးအကျယ် ရှုံးနိမ့်မှုအဖြစ် လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကို လက်လွှတ်လိုက်ရပါတယ်။", "အင်အားထောင်ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကိုးကန့်တပ်ဖွဲ့ MNDAA ထံ အညံ့ခံပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ရက်၊ လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် လိုရာသွားခွင့်ပေးဖို့ ညှိနှိုင်းခဲ့ကြတာပါ။ လက်နက်တွေကို MNDAA ထံအပ်၊ ထရပ်ကားတွေ အသီးသီးနဲ့ သူတို့ရဲ့ ဌာနချုပ်ကို စွန့်ခွာသွားခဲ့ကြပါတယ်။", "ဒါဟာ မြန်မာစစ်တပ်သမိုင်းတစ်လျှောက် ပထမဆုံး အစုလိုက်အပြုံလိုက် လက်နက်ချတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ပဲ ဖြစ်ပါတယ်။", "ခုခံစစ်အတွက် ပြင်ဆင်ထားခဲ့ကြတဲ့ သံချပ်ကာ တင့်ကားတွေ၊ ၁၂ဝ မမ၊ ၁ဝ၅ မမ၊ ဟောင်ဝစ်ဇာ အမြောက်တွေ၊ အတွဲလိုက်ဒုံးပစ်ကားတွေနဲ့ လက်နက်ခဲယမ်းတွေကို MNDAA က သိမ်းပိုက်ရရှိခဲ့ပါတယ်။", "လောက်ကိုင် (ဒကစ) လက်နက်ချပြီး နောက်တစ်ရက်မှာ အဲ့ဒီပတ်ဝန်းကျင်က တပ်ရင်းစခန်းအားလုံးလည်း အညံ့ခံခဲ့ကြပါတယ်။", "“ငါမသေ ငါ့စခန်းမကျစေရ” ဆိုပြီး ဌာနချုပ်ကို စွန့်ခွာသွားတဲ့ တပ်သား ၂၁ဝဝ ကျော်နဲ့အတူ သူတို့ရဲ့ မိသားစုဝင်တွေ ၁၆ဝဝ ကျော်လည်း ပါဝင်ခဲ့ပါတယ်။", "အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အောက်မှာရှိတဲ့ လောက်ကိုင် ဒကစဟာ ရှမ်းမြောက်တစ်ကြောက ဝေးလံဒေသတွေရဲ့ စစ်ရေးကိစ္စတွေကို တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူပေးရတာဖြစ်ပါတယ်။", "တရုတ်နယ်စပ်မှာ တည်ရှိတာကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ဌာနချုပ်ဖြစ်ပြီး ဒေသကွပ်ကဲမှုစစ်ဌာချုပ်မှူး အဖြစ် တာဝန်ယူထားသူက ဗိုလ်မှူးချုပ် မိုးကျော်သူ ဖြစ်ပါတယ်။", "လောက်ကိုင် ဒကစမှူး မိုးကျော်သူဟာ အရင်က ကချင် (တနိုင်း-ဒကစ)မှာ ဒကစမှူး တာဝန်ယူခဲ့ပြီး ၁ဝ၂၇ စစ်ဆင်ရေးမတိုင်ခင် ၂ဝ၂၃ ဇူလိုင်လကမှ လောက်ကိုင်ကို ပြောင်းလာခဲ့တာပါ။ သူက ကိုးကန့်ဒေသမှာ ရာထူးအကြီးဆုံး စစ်ကောင်စီ အရာရှိဖြစ်ပါတယ်။", "လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဓာတ်ပုံတွေထဲမှာ မျက်ကွင်းညိုညိုနဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် ဓာတ်ပုံတွေကိုလည်း သတိထားမိကြမှာပါ။ သူကတော့ ကိုးကန့်စစ်ကောင်စီအဖွဲ့ ဥက္ကဌ ရာထူးယူခဲ့သူ ကြံ့ခိုင်ရေးအမတ် ဦးမြင့်ဆွေ ဖြုတ်ချခံရပြီးတဲ့နောက် ယာယီဥက္ကဌအဖြစ် ရောက်လာခဲ့သူပါ။", "ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်က ရှမ်းမြောက်စစ်ပွဲတွေကို ကြီးကြပ်ရတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အရာရှိတစ်ယောက် ဖြစ်ပြီး လောက်ကိုင် ဒကစမှာ ဒုတိယအကြီးဆုံး အရာရှိ ဖြစ်ပါတယ်။", "လောက်ကိုင် ဒကစ လက်နက်ချအညံ့ခံမှုမှာ ဗိုလ်မှူးချုပ် မိုးကျော်သူနဲ့ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ယောက် ပါဝင်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ၆ယောက်အထိ ပါဝင်ကွပ်ကဲနေတဲ့ တပ်တစ်ခုလုံး လက်နက်ချတယ်ဆိုတာဟာ မကြုံစဖူးပါပဲ။", "ဒီဗိုလ်မှူးချုပ် ၆ယောက်ကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာခေါ်ပြီး လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဆီ ခေါ်သွားခဲ့ပါတယ်။ နောက်တစ်နေ့မှာ နေပြည်တော်ကို ဆက်ခေါ်သွားခဲ့ပြီး အခုတော့ သူတို့ကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှု အပါအဝင် စစ်ဥပဒေတွေနဲ့ အရေးယူဖို့ ရှိနေတယ်လို့ သိရပါတယ်။", "လောက်ကိုင် ဒကစ ညှိနှိုင်းဆုတ်ခွာမှုကို တိုင်းစစ်ဌာနချုပ်က ခွင့်ပြုပေးခဲ့တယ်လို့ ကနဦး သိခဲ့ရပေမယ့် နောက်ပိုင်းမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေသခံတပ်မှူးတွေအနေနဲ့ အကောင်းဆုံးစဉ်းစား ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အထက်က အမိန့်ပေးတာ မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုတ်ခွာလာတယ်လို့ သူကဆိုလိုချင်တာ ဖြစ်ပါတယ်။", "ဗိုလ်မှူးချုပ် ၆ယောက်ဟာ လက်နက်ချအပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တစ်ဝိုင်းထဲ အရက်ထိုင်သောက်နေခဲ့ကြတဲ့ ဓာတ်ပုံတွေကို မြင်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် ဒေါသူပုန်ထခဲ့တယ်လို့လည်း သိရပါတယ်။", "စစ်ကောင်စီဘက်ကတော့ တရုတ်နိုင်ငံဘက်ကို ကျည်မကျရောက်ရေးနဲ့ တပ်မိသားစုတွေရဲ့ လုံခြုံရေးအတွက် လောက်ကိုင်မှာ လက်နက်ချခဲ့ကြတယ်လို့လည်း ပြောထားပါတယ်။", "၂ဝ၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲတုန်းကလည်း မြန်မာလေတပ်က တရုတ်ဘက်ကို ဗုံးကြဲချမိတဲ့အတွက် မြန်မာစစ်ခေါင်းဆောင်တွေ လျော်ကြေးပေးပြီး တောင်းပန်ခဲ့ရဖူးပါတယ်။", "မြန်မာစစ်တပ် အခုလို အင်အားအလုံးအရင်းနဲ့ လက်နက်ချမှုဖြစ်စဉ် ကြုံတွေ့ရတာဟာ တောက်လျှောက်ချမှတ်လာခဲ့တဲ့ မဟာဗျူဟာ အမှားတွေနဲ့ စိတ်ဓတ်ပျက်ပြားလာနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေက အဓိကကျတယ်လို့ စစ်ရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။", "လောက်ကိုင်ဒေသဟာ ရှမ်းပြည်မြောက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်မျဉ်းနားမှာ တည်ရှိပါတယ်။ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ တစ်သိန်းခွဲကျော်ရှိပြီး အများစုက ကိုးကန့်လူမျိုးတွေပဲ ဖြစ်ပါတယ်။", "ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားပြီးတဲ့နောက်ပိုင်း ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA အဖွဲ့ဟာ ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့ကြပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ စစ်အစိုးရက သူတို့အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းဖို့ ဖိအားပေးရာကနေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီကစလို့ MNDAA အနေနဲ့ ကိုးကန့်ဒေသကို လက်လွှတ်ခဲ့ရပြီး ခေါင်းဆောင် ဖုန်ကြားရှင်လည်း တရုတ်ပြည်ဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။", "ကိုးကန့်တပ် MNDAA အနေနဲ့ ၂ဝ၁၅ ခုနှစ်မှာ ကိုးကန့်ဒေသကို ပြန်သိမ်းယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မြောက်တော့ တော်လှန်ရေးတပ်ပေါင်းစုကြီးနဲ့ နိုင်ငံအနှံ့ စစ်ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ ခုခံတိုက်ခိုက်ဖို့ ဘယ်လိုမှ မစွမ်းသာတော့ပါဘူး။", "MNDAA အနေနဲ့ လောက်ကိုင်မြို့သိမ်းတိုက်ပွဲ စတင်မယ်လို့ နိုဝင်ဘာ ၁၄ရက်မှာ ကြေညာထားတဲ့နောက်ပိုင်း လောက်ကိုင်မြို့မှာ ဒကစ လက်အောက်ခံတပ်ရင်းတွေ၊ တခြားစစ်ကူတွေနဲ့ ပြည်သူ့စစ်တွေ လာရောက်ပူးပေါင်းပြီး ထောင်ချီတဲ့ အင်အားနဲ့ ခံစစ်အမာခံ ပြင်ဆင်ထားခဲ့ကြတာပါ။", "MNDAA နဲ့ မဟာမိတ်အဖွဲ့တွေဟာ လောက်ကိုင် ပတ်ပတ်လည်က မြို့၊ ရွာနဲ့ စစ်စခန်းတွေကို တဖြည်းဖြည်း သိမ်းပိုက်လာခဲ့ပြီး လောက်ကိုင်ကို ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။", "လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင်ရေး ရက်ပေါင်း ၇ဝ ကြာမြင့်ချိန်မှာတော့ လောက်ကိုင် (ဒကစ) တပ်ဖွဲ့ဝင်တွေ အညံ့ခံလိုက်ကြတာ ဖြစ်ပါတယ်။", "ကိုးကန့်တပ် MNDAA ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လက်လွှတ်ထားခဲ့ရတဲ့ သူတို့ရဲ့ ကိုးကန့်ဒေသ တစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီလို့ ကြေညာထားပြီး ကိုးကန့်ဒေသမှာ စစ်ကောင်စီတပ်တွေ လုံးဝမရှိတော့ဘူးလို့ ပြောပါတယ်။", "၁ဝ၂၇ စစ်ဆင်ရေး ရက်ပေါင်း ၇ဝ ကျော်အတွင်း လက်နက်ချတဲ့ စစ်ကောင်စီအဖွဲ့ဝင် အရေအတွက် ၄,ဝဝဝ နီးပါးရှိပြီလို့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ ပါဝင်ကြတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားပါတယ်။", "ဒါကြောင့် အာဏာသိမ်း အကြမ်ဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လက်နက်ချတာ လက်ယဥ်နေပြီဖြစ်တဲ့ သူရဲ့တပ်သားတွေနဲ့အတူ လောက်ကိုင် ဒကစမှာ မြန်မာစစ်တပ်အတွက် သမိုင်းသစ် ရေးထိုးခဲ့ပြီလို ဆိုနိုင်ပြီပဲ ဖြစ်ပါတယ်။"]
https://yktnews.com/2023/11/133624/
လောက်ကိုင် ဒကစ လက်အောက်ခံ ကုန်းကြမ်းမြို့ အခြေစိုက် ခလရ ၁၂၅ တပ် ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စစ်သားအရေအတွက်နှင့်လက်နက်ခဲယမ်း စိစစ်နေဆဲဖြစ်ပြီး မကြာမီ သတင်းထုတ်ပြန် မည်
["လောက်ကိုင် ဒကစ လက်အောက်ခံ ကုန်းကြမ်းမြို့ အခြေစိုက် ခလရ ၁၂၅ တပ် ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စစ်သားအရေအတွက်နှင့်လက်နက်ခဲယမ်း စိစစ်နေဆဲဖြစ်ပြီး မကြာမီ သတင်းထုတ်ပြန် မည်", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်ဒကစ) လက်အောက်ခံ ကုန်ကြမ်းမြို့အခြေစိုက် ခလရ ၁၂၅ တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်လာကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တပ်ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချ အလင်းဝင်ခြင်းဖြစ်ပြီး လက်ရှိတွင် အလင်းဝင်သည့် စစ်အင်အား အရေအတွက်၊ ရရှိသည့် လက်နက်ခဲယမ်းအရေအတွက်၊ တိုက်ပွဲအခြေအနေများကို အသေးစိတ် စိစစ်နေကြောင်း၊ စိစစ်ပြီးစီးပါက MNDAA က တရားဝင် အသေးစိတ် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။", "ယခုကဲ့သို့ တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသားစု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး အလင်းဝင်ခဲ့ကြသည်။", "ပထအကြိမ်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခလရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို ညီနောင်မဟာမိတ် (၃) ဖွဲထံသို့ ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို ဝင်ရောက်လာခဲ့ကြသည်။", "ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း) ၊ ၎င်းတို၏ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁) သိန်းကျစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ကျန်းမာရေးချိုယွင်း၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးခဲ့ကြောင်း၊ ထိုနောက် ၎င်းတို့သွားလိုရာနေရာများအသီးသီးသိုလည်း လုံခြုံစွာပိုပေးထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လောက်ကိုင်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (၂၀၂၀ ခုနှစ်မှ ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/01/138626/
လောက်ကိုင် ဒကစ အပါအဝင် လောက်ကိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများမှ လက်နက်ချ အညံ့ခံသူ တပ်ဖွဲ့ဝင်နှင့် မိသားစု ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ရေး MNDAA က စီစဉ်ပေးနေ
["လောက်ကိုင် ဒကစ အပါအဝင် လောက်ကိုင်မြို့နယ်အတွင်းရှိ တပ်စခန်းများမှ လက်နက်ချ အညံ့ခံသူ တပ်ဖွဲ့ဝင်နှင့် မိသားစု ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ရေး MNDAA က စီစဉ်ပေးနေ", "ရန်ကုန်၊ ဇန်နဝါရီ ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)က MNDAA ထံတွင် လက်နက်ချ အညံ့ခံလိုက်ပြီး လက်ရှိတွင် ဒကစအတွင်းမှ တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများကို လိုရာခရီးသွားနိုင်ရေး MNDAA က စီစဉ်ပေးနေကြောင်း တရုတ်-မြန်မာနယ်စပ်စစ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "လက်ရှိတွင် လက်နက်ချ အညံ့ခံသူ စစ်သားများ၊ အရာရှိများ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်း ၃၇၂၄ ဦးရှိပြီး အားလုံးကို လိုရာခရီးသွားနိုင်ရေး စီစဉ်ပေးနေသည်ဟု သိရှိရသည်။", "လက်ရှိတွင် စာရင်းများအရ ဒကစနှင့် တပ်များမှ ယာဉ်များ အနေဖြင့် ဆိုင်ကယ် ၁၃၉ စီး ၊ ကားလေး ၁၃၀ စီး ၊ ကားကြီးမျိုးစုံ ၄၂ စီး၊ ဒကစ တပ်အတွင်းမှ အရာရှိအရာခံ ၂၂၈ ဦး၊ တပ်သားနှင့် အမှုထမ်း ၁,၈၉၅ ဦး စုစု ပေါင်း တပ်ဖွဲ့ဝင် ၂,၁၂၃ ဦး ၊ လက်နက် အနေဖြင့် ပစ္စတို ၇၉ လက် ၊ ချေမှုန်းရေးရိုင်ဖယ်လက်နက်မျိုးစုံ ၁,၉၆၄ လက်မျိုးစုံ၊ ထို့ပြင် ဒကစအတွင်းရှိ လက်ရုံး တပ်များမှ အရာရှိ ၈၀ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၀ ဦး ၊ လက်နက်အားဖြင့် ပစ္စတို ၂၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၅၀ လက်၊ စစ်ကူအဖြစ် ရောက်ရှိနေသော တပ်မ ၅၅ မှ အရာရှိ ၉၈ ယောက် ၊ တပ်သားနှင့် အမှုထမ်း ၇၅၂ ယောက် ၊ လက်နက်အားဖြင့် ပစ္စတို ၃၀ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၅၀ လက် ပါဝင်ကြောင်း သိရှိရသည်။", "ထို့ပြင် ဒကစအတွင်းရှိ စကခ ၁၄ မှ အရာရှိ ၂၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၂၃၃ ဦး ၊ လက်နက်အားဖြင့် ပစ္စတို ၁၅ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၂၁၀ လက်၊ တမဟ ၁၆ မှ အရာရှိ ၁၀ ဦး၊ တပ်သားနှင့် အမှုထမ်း ၇၀ ဦး၊ လက်နက်အားဖြင့် ပစ္စတို ၆ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၇၄ လက်၊ စကခ ၁၂ မှ အရာရှိ ၁၅ ဦး ၊ တပ်သားနှင့် အမှုထမ်း ၉၀ ဦး ၊ ပစ္စတို ၈ လက် ၊ ချေမှုန်းရေး ရိုင်ဖယ်လက်နက် မျိုးစုံ ၈၀ လက်၊ ဇနီး၊ သားသမီးများအပါအဝင် တပ်မိသားစု – တပ်အိမ်ထောင် မိသားစုဝင် ၁,၆၀၁ ဦး၊ စုစုပေါင်း အရေအတွက်အားဖြင့် တပ်ဖွဲ့ဝင် နှင့် တပ်မိသားစုဝင် အားလုံး စုစုပေါင်း ၃,၇၂၄ ဦးကို လိုရာ ခရီးသွားနိုင်ရေး စီစဉ်ပေးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/172833/
လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်မင်းကိုကို၊ ဗိုလ်မှူးချုပ်စိုးမင်းထက်၊ ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်တို့ကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ် အထိ အသီးသီး ချမှတ်
["လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း သေဒဏ်ချခံရမှတ်၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်မင်းကိုကို၊ ဗိုလ်မှူးချုပ်စိုးမင်းထက်၊ ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်တို့ကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ် အထိ အသီးသီး ချမှတ်", "အလယ်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကြည်ခိုင်ကို စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်ရှုတ်ချ", "ရန်ကုန်၊ ဇူလိုင် ၁၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ်ကြိုးမိန့်ချမှတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "မတ်လအတွင်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းကို ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုး၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မေလအတွင်းတွင် ဗိုလ်ချုပ်ဇော်မင်း အပါအဝင် ဗိုလ်ချုပ်များကို ထောင်ဒဏ်များ အသီးသီးချမှတ်ပြီး ပိုင်ဆိုင်မှု များကို ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း၊ သို့ရာတွင် တရုတ်ဘက်မှ တောင်းဆိုလာမှုများအရ ယခုဇူလိုင်ဆန်းပိုင်းတွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ထပ်မံ၍ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လောက်ကိုင် ဒစကမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ကြိုးမိန့်ချမှတ်ပြီးတော့ ဒိုက်ဦးထောင်ကို ပို့ဆောင်ထားပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီက ဗိုလ်ချုပ်ဇော်မင်းကို သေဒဏ်ချမှတ်လိုက်မှုကြောင့် လောက်ကိုင်ကိစ္စနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရသော ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့် ၄ ဦး ရှိလာပြီဖြစ်ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့ လောက်ကိုင်မှ စစ်သည်နှင့်တပ်မိသားစုဝင် ၄၀၀၀ ကျော် MNDAA ထံတွင် လက်နက်ချ အညံ့ခံမှုတွက် အဓိက တာဝန်ရှိသူဟု သတ် မှတ် ခံရသော လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ အမိန့်မ လိုက် နာ မှု၊ တာဝန်မကျေပွန်မှု တို့အပါအဝင် တပ်မတော်အက်ဥပဒေ များ၊ ပုဒ်မ များစွာဖြင့် သေဒဏ်ပြစ်ဒဏ်များကို စစ်ခုံရုံးက ချမှတ်ခဲ့သည်။", "ထို့ပြင်မေလနှောင်းပိုင်းအတွင်း ရာထူးမှ ဖယ်ရှားဖမ်းဆီးခံခဲ့ရသော စစ်ကောင်စီ၏ လက်ရုံးတပ် ညွှန်ကြားရေးမှူးများဖြစ်သည့် စစ်လက်နက်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းလွင်၊ သံချပ် ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်လွင်ဦးတို့ကိုလည်း ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း၊ ဗိုလ်ချုပ်ဝင်းလွင်သည် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီး တောင်ငူထောင်သို့လည်းကောင်း၊ ဗိုလ်ချုပ်ဇော်လွင်ဦးကို ထောင်ဒဏ် ၁ နှစ်ချမှတ်ပြီး မန္တလေး အိုးဘိုထောင်သို့ လည်းကောင်း ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။", "ထို့ပြင် ကချင်ပြည်နယ်၊ ပူတာအိုဒေသမှ စစ်ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန(စစ်ရုံး)မှ ဗိုလ်ချုပ် မင်းကိုကို ၊ တပ်မ ၄၄ တပ်မမှူးဟောင်း ဗိုလ်မှူးချုပ် စိုးမင်းထက်တို့ကိုလည်း ထောင်ဒဏ်များ အသီးသီးချမှတ်ကြောင်း သိရှိရသည်။", "“စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်က ထောင်ဒဏ် ၁၅ နှစ်နဲ့ မန္တလေး အိုးဘိုထောင်၊ တပ်မ ၇၇ တပ်မမှူးဟောင်းဖြစ်ခဲ့တဲ့ စစ်ရုံးမှ ဗိုလ်ချုပ်မင်းကိုကိုကတော့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရပြီးတော့ တောင်ငူထောင်၊ မြ၀တီ သင်္ဃန်းညီနောင် ဗျူဟာစခန်း ကျဆုံးမှုမှာ တံတား ၂ ကို ထွက်ပြေးခဲ့တဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက်ကတော့ ထောင်ဒဏ် ၁၄ နှစ်နဲ့ တောင်ငူထောင်ကို အသီးသီး ပို့ဆောင်လိုက်ပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "ဇွန်လ ၁၉ ရက်နေ့ ဝင်းနေမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲ့မှုတွင် ကံသုံးဆင့် ဆရာ တော်ကြီးကို နန်းတွင်းသို့ ခေါ်ယူ စစ်ကြောရေးလုပ်ခဲ့သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်ကို တပ်မတော်အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း၊ ခုံရုံး၏ စိစစ်ချက်များအရ မပြုကျင့်အပ်သော အပြုအမူတို့ကို ပြုမူခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၏ အပြုအမူကို ရှုတ်ချပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ စစ်တပ်မှ အပြီးအပိုင် ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- သေဒဏ်ချမှတ်ခံရသည့် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ ဒေသကွပ်ကဲရေးမှူးဟေင်း ဗိုလ်ချုပ်ဇော်မင်း။"]
https://yktnews.com/2023/05/104713/
လောက်ကိုင်တွင် BGF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံး
["လောက်ကိုင်တွင် BGF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၇", "ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ တုံချိန်အရပ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ တုံချိန်အရပ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။", "” လောက်ကိုင်မှာ အချင်းချင်းပစ်ကြတာ BGF တွေ လောက်ကိုင်မြို့ တုံချိန်မှာ ဒီနေ့ မွန်းလွဲပိုင်းက ဖြစ်တာပါ။ ပိုက်ဆံ ကိစ္စတွေ မှောင်ခို ကိစ္စတွေနဲ့ ဖြစ်တာ ၁ ကောင်သေတယ်။ ရဲတွေက ကားနဲ့ လာတင်သွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/11/131319/
လောက်ကိုင်တွင် ခမရ ၁၂၉ မှ တပ်ရင်းမှူး ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင်
["လောက်ကိုင်တွင် ခမရ ၁၂၉ မှ တပ်ရင်းမှူး ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင်", "မိသားစု တစ်စုလျှင် ငွေကျပ် ၁၀ သိန်းနှင့် တစ်ဦးချင်းစီ ငွေကျပ် ၁ သိန်း ချီးမြှင့်၍ လုံခြုံရာပို့ဆောင်", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင် ပြည်သူ့ရင်ခွင် ခိုလှုံကြောင်းမြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈) နာရီ ၃၀ မိနစ်အချိန်တွင် ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို ညီနောင်မဟာမိတ် (၃) ဖွဲထံသို ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို ဝင်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။", "ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း) ၊ ၎င်းတို၏ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁) သိန်းကျစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ကျန်းမာရေးချိုယွင်း၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ထိုနောက် ၎င်းတို့သွားလိုရာနေရာများအသီးသီးသိုလည်း လုံခြုံစွာပိုပေးထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။", "ခမရ ၁၂၉ မှ တပ်ဖွဲဝင် ၁၂၆ ဦးနှင့်အတူ တပ်ဖွဲဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄) ဦးပါဝင်ပြီး စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတို၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်ကို ၏မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း ထုတ်ပြန်သည်။"]
https://yktnews.com/2024/01/139370/
လောက်ကိုင်တွင် စစ်ကောင်စီတပ်များ မရှိတော့သည့်တိုင် စစ်တပ်က တိုက်လေယာဉ် များဖြင့် ဗုံးကျဲတိုက်ခိုက်
["လောက်ကိုင်တွင် စစ်ကောင်စီတပ်များ မရှိတော့သည့်တိုင် စစ်တပ်က တိုက်လေယာဉ် များဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်များ လုံး၀ မရှိတော့သည့်တိုင် စစ်တပ်က တိုက်လေယာဉ်များဖြင့် လောက်ကိုင်မြို့ကို သွားရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် The Kokang ထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၅ ရက်နေ့တွင် ကိုးကန့်လောက်ကိုင်မြို့တွင်းအခြေချ နေထိုင်သော စစ်ကောင်စီတပ်ဖွဲ့အားလုံး လက်နက်ချအညံ့ခံပြီးနောက် မြန်မာနိုင်ငံ ရှမ်းပြည် နယ် အထူးဒေသ(၁)ကိုးကန့်တစ်ခုလုံးလွတ်မြောက်ခဲ့ကြောင်း၊ လက်ရှိ ကိုးကန့် လောက်ကိုင်မြို့တွင်း စစ်ကောင်စီ၏တပ်သားတစ်ဦးတစ်ယောက်မျှ မရှိသော် လည်း စစ်ကောင်စီသည် ကိုးကန့်မြို့တော်လောက်ကိုင်ဒေသကို ဂျက် လေယာဉ်ဖြင့် မကြာခဏ လာရောက် ဗုံးကြဲပစ်ခတ်နေကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီ၏ ဂျက် လေယာဉ်က လောက်ကိုင်ဒေသ၏ မိုးပေါ်သို့လာရောက် ပျံဝဲ ပြီး တုန်ချိန် ရပ်ကွက်သို့ ဗုံးကျချခဲ့ကြောင်း၊ အများပိုင်အဆောက် အဦးများ ဖျက်ဆီးခံရပြီး ဗုံးသီး ကျရောက်သောနေရာများ မြေကြီးပေါ်တွင် ဗုံးကွက် ၁၄ ခု ထက်မက ရှိခဲ့ကြောင်း၊ အရပ်သားများသေဆုံးဒဏ်ရာရမှုနှင့် နေအိမ်ပျက်ဆီး မှုများ မရှိခဲ့ ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်နှင့် MNDAA တပ်များအကြား စစ်ရေး အခြေအနေ ပိုမိုတင်း မာ လာနေပြီး ကူမင်းတွင် ယခု ဇန်နဝါရီလဆန်းပိုင်း ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးပွဲများ အထမမြောက်ဘဲ ပျက်ပြယ်သွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135433/
လောက်ကိုင်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှု ခံနေရသည့် အရပ်သားပြည်သူ ၃ ဦးကို MNDAA က ကယ်ထုတ်
["လောက်ကိုင်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှု ခံနေရသည့် အရပ်သားပြည်သူ ၃ ဦးကို MNDAA က ကယ်ထုတ်", "ရန်ကုန် | ဒီဇင်ဘာ ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသ၊ တုန်ချိန်ရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းဖို့ ရောက်ရှိလာတဲ့ အရပ်သား ၃ဦးပါကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အဆိုပါအရပ်သားတွေ အသက်ဘေးလွတ်အောင် တန်ပြန်တိုက်ခိုက်ပြီး အရေးပေါ် ကယ်ဆယ်ခဲ့ရတယ်လို့ ကိုးကန့်တပ် MNDAAက ပြောပါတယ်။", "ဒီဇင်ဘာလ ၈ရက်နေ့ မနက်ပိုင်းက လောက်ကိုင်ကနေ နန့်တစ်ဒေသကို ထွက်ခွာလာတဲ့ စစ်ဘေးရှောင် အရပ်သား၃ဦးရဲ့ ကားတစီးကို တုန်ချိန်ရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စစ်သားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဘေးရှောင်ဖို့ ထွက်ခွာလာတဲ့ အရပ်သား ၃ဦးပါဝင်တဲ့ ကားတစီးကို တုန်ချိန်ရပ်ကွက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်က ထွက်ခွာခွင့်မပေးလို့ ကားပြန်လှည့်ချိန် ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ MNDAAက ဆိုပါတယ်။", "စစ်ဆေးရေးဂိတ်က စစ်သားတွေ ပစ်ခတ်လို့ ကားဘီးတွေထိမှန်ဘီးပေါက်ပြီး ကားမှောက်ချိန်မှာ MNDAAတပ်က ရှေ့တန်းရောက်တပ်ဖွဲ့ဝင်တွေ တန်ပြန်ပစ်ခတ်တိုက်ခိုက်ပြီး အဆိုပါ အရပ်သားတွေကို အရေးပေါ် ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ MNDAAက တန်ပြန်ပစ်ခတ်တိုက်ခိုက်မှုကို အရှိန်မြှင့်လုပ်ဆောင်ပြီး အဆိုပါ အရပ်သား ၃ဦးကို ကားပေါ်ကနေ ဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။", "MNDAAကယ်တင်ခဲ့ရတဲ့ အရပ်သား ၃ ဦးမှာ ညာဘက်ခြေထောက် ကျည်ထိမှန်တာ၊ နဖူးမှာကျည်ထိမှန်တာ (ကျည်ရှပ်ထိခြင်းဟု ယူဆရ) နဲ့ နာဖူး ၊ ညာဘက်ပေါင်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။", "အဆိုပါ အရပ်သား ၃ဦးကို MNDAAက နောက်တန်းကို ပို့ဆောင်ပြီး ဆေးကုသတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။", "ဓတ်ပုံ – စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကြုံတွေ့ခဲ့ရတဲ့ စစ်ဘေးရှောင်အရပ်သားများ/ The Kokang။"]
https://yktnews.com/2023/11/132706/
လောက်ကိုင်တွင် စစ်ဘေးရှောင်ကားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၄ ဦးသေဆုံး
["လောက်ကိုင်တွင် စစ်ဘေးရှောင်ကားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၄ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် စစ်ဘေးရှောင်ကားကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁၄ ဦးသေဆုံးကြောင်း MNDAA က ပြောသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ကိုးကန့်လောက်ကိုင်၊ တုန်ချိန် ဒေသတွင် မောင်းနှင်နေသော စစ်ဘေးရှောင်ပြည်သူများ၏ ကားသည် စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်ထိ မှန်ပြီး ပေါက်ကွဲမှုကြောင့် ကားပေါ်ရှိဒုက္ခသည်အားလုံးသေဆုံးခဲ့ရကြောင်း၊ သေဆုံးသူ အနည်းဆုံး ၁၄ ဦးရှိကြောင်း သိရှိရသည်။", "MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက အဆိုပါ လက်နက်ကြီးဒုံးကျည်သည် ကိုးကန့်အဖွဲ့က ပစ်ခတ်ခြင်း မဟုတ်ဘဲ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)က ပစ်ခတ်ခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။ စစ်တပ်ဘက်ကမူ MNDAA က ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ စစ်ဘေးရှောင် ပြည်သူများ သေဆုံးသည်ဟု တန်ပြန်တုံ့ပြန်လျက်ရှိသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပါစင်ကျော်တွင် ပိတ်မိနေသော စစ်ဘေးရှောင်ပြည်သူများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူများ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135507/
လောက်ကိုင်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သဖြင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရ
["လောက်ကိုင်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်သဖြင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် ၀ိုင်းရံ ပိတ်ဆို့ခံနေရသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက် သဖြင့် ပြည်သူ ၃ ဦးသေဆုံးကြောင်း MNDAA က ပြောဆိုသည်။", "MNDAA ကိုလည်း ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိသော စစ်ကောင်စီတပ်များသည် ၀ိုင်းရံပိတ်ဆို့ခံနေရသည့်အတွက် ထွက်လမ်းမရှိတော့ချိန် အပြစ်မဲ့ ပြည်သူများကို ထိခိုက်၊ သေကြေစေသော ပြစ်မှုများကို အကြိမ်ပေါင်းများစွာ ဆက်တိုက်ကျူးလွန်ခဲ့ကြကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်နေ့မွန်းလွဲ ၃ နာရီအချိန် လောက်ကိုင်ဒေသ ပေါက်ပေါက်ကျိုင့်ရွာသို့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ဦးလီခိုင်လျံ၏ ဘယ်ဘက်လက်မောင်း ကျည်စထိမှန်ခဲ့ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း၊ တချိန်တည်းတွင်ပင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး ပွဲချင်းသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "လက်နက်ကြီးကျည်ထိမှန်ထားသော ဦးလီခိုင်လျံသည် လောက်ကိုင်တွင် စစ်ကောင်စီဖွင့်လစ်‌သောဆေးရုံသို့ဆေးကုသရန် သွားရောက်ခဲ့သော် လည်း ကုသပေးခြင်းမရှိကြောင်း ၊ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်အချိန်တွင် ဦးလီခိုင်လျံ၏ ဒဏ်ရာကို MNDAA က ကုသပေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီက ကိုးကန့်၊ ရန်လုံကျိုင့် သို့ လက်နက် ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် အသက် ၃၁နှစ် အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129559/
လောက်ကိုင်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး တရုတ်နိုင်ငံသားများ ပြန်လာရန် တရုတ်ဘက်က ပြန်လည်ခေါ်ယူ၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး နေရပ်ပြန်မရဘဲ ပိတ်မိနေ
["လောက်ကိုင်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး တရုတ်နိုင်ငံသားများ ပြန်လာရန် တရုတ်ဘက်က ပြန်လည်ခေါ်ယူ၊ ရွှေ့ပြောင်းအလုပ်သမားများအားလုံး နေရပ်ပြန်မရဘဲ ပိတ်မိနေ", "စစ်တပ်က ရွှေ့ပြောင်းအလုပ်သမားများကို လူသားဒိုင်းအဖြစ် အသုံးပြုမည်ကို စိုးရိမ်ရ", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်တွင် မိုဘိုင်းလ်ဖုန်းလိုင်းများကို စစ်တပ်က ဖြတ်တောက်ထားပြီး တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံဘက်သို့ ပြန်လာကြရန် တရုတ်အာဏာပိုင်များက ပြန်လည်ခေါ်ယူနေကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် လောက်ကိုင်မြို့တွင် စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းကြခြင်း၊ဟိုတယ်လုပ်ငန်းများ ရပ်နားခြင်း၊ လောက်ကိုင်တွင် စစ်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်၍ ရွှေ့ပြောင်း ကြခြင်းများကြောင့် လောက်ကိုင်တစ်မြို့လုံး တည်ငြိမ်မှုမရှိဘဲ ဖြစ်နေခဲ့ကြောင်း၊ နိုဝင်ဘာလဆန်းပိုင်းတွင်မူ တရုတ်အာဏာပိုင်များက လောက်ကိုင်အခြေအနေ ရှုပ်ထွေးလာခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းနေပြီဖြစ်သည့် အသက်အန္တရာယ်ဘေးကင်းစေ ရေး တရုတ်နိုင်ငံဘက်သို့ ပြန်လာကြရန် အသိပေး ခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိလောက်ကိုင်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ကောင်စီက ကြိုတင်၍ စစ်ပြင်ဆင်နေကြောင်း၊ လောက်ကိုင်ဒကစက စစ်ကူ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ စစ်တပ် တပ်ရင်း အဝင်အ၀နှင့် ပတ်ပတ်လည်တွင် မိုင်းမား ထောင်ခြင်း၊ အဆောက်အဦးအမြင့်များတွင် ကြိုတင်၍ နေရာယူထားခြင်း စသည့် စစ်ပြင်ဆင်မှုများ လုပ်ဆောင်ကြောင်း၊ ထို့ပြင် တပ်၊ ပြည်သူ့စစ်နှင့်ပတ်သက်သော ဟိုတယ်များ၊ စီးပွားရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမားများကို စစ်တပ် တပ်ရင်းတပ်ဖွဲ့များတွင် ခေါ်ယူထားကြောင်း သိရှိရသည်။", "“ပြည်သူ့စစ်တွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့ ဟိုတယ်တွေလည်း ပိတ်ထားတော့ အလုပ်သမားတွေကို တပ်ထဲမှာ ခေါ်ထားတယ်။ မနေချင်ဘူးဆိုတာလည်းမရဘူး။ အတင်းအကျပ် ခေါ်ထားပြီး တရုတ်ဘက်လည်း ကူးခွင့်မပေးဘူး။ စျေးတွေကလည်း ကြီး၊ လူတွေကလည်း ဘယ်နေ့ တိုက်ပွဲဖြစ်မလဲဆိုတာ ထိုင်စောင့်နေရသလိုဖြစ်တော့ လောက်ကိုင်မြို့က အရမ်းကို အခြေအနေဆိုးတယ်” ဟု လောက်ကိုင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အခြားတစ်ဖက်တွင်လည်း မိုဘိုင်းလ်ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း၊ မူလက Mytel မိုဘိုင်းလ်ဖုန်းလိုင်း ရရှိသော်လည်း နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ လိုင်းများ ပြတ်တောက်သွားကြောင်း၊ တရုတ်ဘက်မှ ပေးနေသည့် အင်တာနက် Wifi လိုင်း ရရှိနေဆဲဖြစ်ကြောင်း၊ စျေးနှုန်းများကြီးမြင့်လာသည့်အတွက် အလုပ်မရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စားစတ်နေရေး ကျပ်တည်းလာနေကြောင်း သိရှိရသည်။", "“လောက်ကိုင်မှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေက စစ်ပွဲကြောင့် အလုပ်မလုပ်ရတော့ဘူး။ စားဝတ်နေရေး ခက်ခဲနေကြပါတယ် အခန်းငှားတဲ့သူတေကလည်း အခန်းခတောင်းနေကြပါတယ်။ အလုပ်မရတာကြောင့် ဝင်ငွေမရှိလို့ မပေးနိုင်ကြပါဘူး။ တချို့သူတွေဆို ငတ်ကုန်ကြတယ်။ မြို့ထဲမှာ ဆန်ဝယ်မရတော့ဘူး ။ မနေ့က ကားနဲ့ လာရောင်းတာ ကြိတ်ကြိတ်တိုး ဝယ်ကြတော့ ခဏလေးပဲ ပြတ်လပ်သွားတယ်။ လူတိုင်း မရလိုက်ဘူး။ ဆိုင်တွေလည်း အကုန်ပိတ်ကုန်ပြီ” ဟု ရွှေ့ပြောင်း လုပ်သားတစ်ဦးက ဆိုသည်။", "လက်ရှိတွင် ငွေကြေးတတ်နိုင်သူများမှာ တရုတ်ယွမ်ငွေ သိန်းချီ ပေး၍ တရုတ်နိုင်ငံဘက်သို့ စိတ်ချရသော နယ်စပ်ဝင်ပေါက်များမှ အပြီးရွှေ့ပြောင်းမှုများရှိကြောင်း၊ မြန်မာစစ်တပ်ကလည်း တရုတ်ယွမ်ငွေ သိန်းချီ လာဘ်ငွေ ရယူ၍ ငွေကြေးချမ်းသာသူများကို ရဟတ်ယာဉ်ဖြင့် မန္တလေး၊ တောင်ကြီး အစရှိသည့် နေရာများသို့ ပို့ဆောင်ပေးမှုများရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ လောက်ကိုင်မြို့ထဲတွင် စေတနာရှင်တချို့က ဆန်အိတ်များကို မူရင်းစျေးအတိုင်းရောင်းချပေးနေမှုကို တိုးဝှေ့ ဝယ်ယူနေကြစဉ်။"]
https://yktnews.com/2024/01/138687/
လောက်ကိုင်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက် နက်ချ အလင်းဝင်မှု ဖက်ဆစ် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ပြီး စစ်အာဏာရှင် နိဂုံးချုပ်မည့်အကြို ရက်ဟု ညီနောင် ၃ ဖွဲ့ ကြေညာ
["လောက်ကိုင်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက် နက်ချ အလင်းဝင်မှု ဖက်ဆစ် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းဖြစ်ပြီး စစ်အာဏာရှင် နိဂုံးချုပ်မည့်အကြို ရက်ဟု ညီနောင် ၃ ဖွဲ့ ကြေညာ", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် ဗိုလ်မှူးချုပ် ၆ ဦးနှင့် တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ လက်နက်ချ အလင်းဝင်မှုသည် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက်နှစ်သစ်အကြိုနိဒါန်းဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က တရားဝင်ထုတ်ပြန် ကြေညာသည်။", "၁၀၂၇ စစ်ဆင်ရေး၏ ၇၁ ရက်မြောက်နေ့ဖြစ်သော ဇန်နဝါရီလ ၅ ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတိုမှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်ကြောင်း၊ ထိုမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်ကြောင်း ပြောဆိုသည်။", "ယမန်နေ့ လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) ကို စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့ကြောင်း၊ လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ ၂၂၈ ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ ၆ ဦးပါဝင်ကာ ရဲဘော်မှ အခြားအဆင့်ရှိသူ ၁၈၉၅ ဦး ပါဝင်ကြောင်း၊ ထိုအတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း ၁၆၀၁ ဦး လည်း ပါဝင်ခဲ့ကြောင်း၊ လက်နက်ချ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို ပိုဆောင်ထားခဲ့ပြီလည်း ဖြစ်ကြောင်း သိရှိရသည်။", "နောက်ဆက်တွဲအနေဖြင့် ပွိင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း” မှ စစ်ကောင်စီတပ်ဖွဲဝင် ၂၆၆ ဦးတို့က လည်း နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ ၂၃၈၉ ယောက်အထိရှိခဲ့ပြီး ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်ကြောင်း ပြောဆိုသည်။", "လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဤကဲ့သို သူများနည်းတူ မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ မဆို လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း MNDAA က ကြေညာသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #SpringRevolution #MNDAA"]
https://yktnews.com/2024/01/138967/
လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှုများဖြင့် အရေးယူမည်
["လောက်ကိုင်တွင် လက်နက်ချ အညံ့ခံသည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန်မကျေပွန်မှုများဖြင့် အရေးယူမည်", "ဗိုလ်မှူးချုပ် ၆ ဦး လက်နက်ချ အညံ့ခံပြီးနောက် တိုင်းရင်းသားတပ်မှ ပုဂ္ဂိုလ်တချို့နှင့်အတူ ထမင်းလက်ဆုံစား၊ အရက်သောက်မှု မင်းအောင်လှိုင်အကြီး အကျယ် စိတ်ဆိုး", "ရန်ကုန်၊ ဇန်နဝါရီ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်တွင် ကိုးကန့် MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ အထက်က ပေးအပ်သော တာဝန်မကျေပွန်မှုများ အပါအဝင် တပ်မတော် အက်ဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၄ ရက်နေ့နှင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် လောက်ကိုင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)မှ ဗိုလ်မှူးချုပ် ၆ ဦးဖြစ်ကြသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း(သေဆုံးသည်ဟု MNDAA က ကြေညာခဲ့သူ)၊ အမှတ် (၁၄)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် (၁၆)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ကို လားရှိုးသို့ ပြန်လည်ခေါ်ယူပြီး စစ်ကောင်စီက အရေးယူရန် အမှု တည်ဆောက်နေကြောင်း သိရှိရသည်။", "“လက်နက်ချ အညံ့ခံဖို့ ဆုံးဖြတ်တာက တပ်မှူး ၆ ဦးက သူတို့ဟာ သူတို့ ဆုံးဖြတ်ပြီး အထက်ကို တင်ပြခဲ့တယ်။ အထက်ကို ဆုံးဖြတ်ပြီးမှ တင်ပြခဲ့တယ်လို့ သိရတယ်။ အသိပေးရုံပဲ ပေးခဲ့တာ။ အဲဒါကြောင့် အမိန့်မနာခံမှု၊ အထက်က ပေးအပ်သော တာဝန်ကို မကျေပွန်မှု၊ တပ်တွင်း ပုန်ကန်မှုတွေနဲ့ အရေးယူမယ်လို့ သိရတယ်။ အခုတော့ အမှုတည်ဆောက်နေပြီ။ အဓိက တပ်မတော်ရဲ့ လက်နက်ခဲယမ်းတွေနဲ့ ယာဉ် ယန္တရားတွေ အများကြီး ဆုံးရှုံးလိုက်ရတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်နက်ချအညံ့ခံပြီးနောက် ဗိုလ်မှူးချုပ် ၆ ဦးက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့မှ ပုဂ္ဂိုလ်တချို့နှင့်အတူ ထမင်းစားခြင်း၊ အရက်၀ိုင်းဖွဲ့သောက် သည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပြန့်နှံ့ခဲ့ရာ ယင်းဓာတ်ပုံများကို ကြည့်၍ အကြမ်းဖက် မင်းအောင်လှိုင်က အကြီးအကျယ် စိတ်ဆိုးနေကြောင်း စစ်တပ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဓာတ်ပုံ- ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် ဗိုလ်မှူးချုပ် အေးမင်းဦး။"]
https://yktnews.com/2023/10/125248/
လောက်ကိုင်တွင် အွန်လိုင်းလောင်းကစားကုမ္ပဏီတချို့ကို ဖမ်းဆီးမှုများ ရှိလာပြီးနောက် လူကုန်ကူးခံထားရသော မြန်မာအများအပြား ပိတ်လှောင် ခံထားရ ၊ ကျွန်သဖွယ် နှိပ်စက်ခံရပြီး အမျိုးသမီးများ လိင်ကျေးကျွန်နှင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံနေရ
["လောက်ကိုင်တွင် အွန်လိုင်းလောင်းကစားကုမ္ပဏီတချို့ကို ဖမ်းဆီးမှုများ ရှိလာပြီးနောက် လူကုန်ကူးခံထားရသော မြန်မာအများအပြား ပိတ်လှောင် ခံထားရ ၊ ကျွန်သဖွယ် နှိပ်စက်ခံရပြီး အမျိုးသမီးများ လိင်ကျေးကျွန်နှင့် ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံနေရ", "ရန်ကုန်၊ အောက်တိုဘာ ၅", "ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့တွင် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ အွန်လိုင်း လောင်း ကစားရာဇဝတ်ဂိုဏ်းတချို့ကို ဖမ်းဆီးမှုများ ရှိလာပြီးနောက် အဆိုပါ ရာဇဝတ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသော မြန်မာအများအပြား ပိတ်လှောင်ခံထားရကာ ဒုက္ခရောက်နေကြကြောင်း ပိတ်လှောင်ခံထားရသူ တချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လောက်ကိုင်တွင် လစာ ကောင်းကောင်းဖြင့် အလုပ်ရမည်ဆိုကာ ရန်ကုန် အပါ အဝင် နိုင်ငံတစ်ဝန်းလုံးမှ လူငယ်များကို လောက်ကိုင်မြို့သို့ ရောက်ရှိလာပြီး အွန်လိုင်း လောင်းကစား ငွေလိမ်ဂိုဏ်များထံသို့ ရောင်းစားခံရပြီး လူကုန် ကူးခံရကြောင်း၊ အဆိုပါ လူကုန်ကူးခံရသူများသည် ယခု တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ လောင်းကစားဂိုဏ်းများကို နှိမ်နင်းချိန်တွင် အလုပ် မလုပ်ရတော့ဘဲ ပိတ်လှောင်ခံထားရကြောင်း၊ ငွေပေးနိုင်သူများကို ပြန်လွှတ် ပေးကြောင်း သိရှိရသည်။", "“အခုလောက်ကိုင်မြို့မှာ လူကုန်ကူးခံရတဲ့ မြန်မာတွေအများအပြား ပိတ်မိ နေပါတယ်။ အထူးသဖြင့်ကြာဖြန်ဆိုတဲ့လိမ်လည်မှုကုမ္ပဏီတွေမှာ ပိတ်မိနေ ကြပါတယ်။ အဲ့ဒီအထဲမှာ အဆိုးဆုံးက တိုက်ဖြူ၊ တိုက်နီ၊ ရှင်းတီ၊ ရှင်းတီ ရဲ့မြောက်ဘက် ချမ်းရှီရှန်၊ ဟိုင်းကြီး ၊ရွှေဆင်စင်တာ ဆိုတဲ့ကုမ္ပဏီတွေမှာ မြန်မာတွေအများအပြားပိတ်မိနေကြပါတယ်။ အလုပ်ထွက်ချင်လို့ပြောရင် အချုပ်ထဲ ထည့်တယ်။ မတန်မရာ မပေးနိုင်လောက်တဲ့စာချုပ် လျှော်ကြေး တောင်းတယ်။ အပြစ်မရှိဘဲ တရုတ်တွေက မြန်မာတွေကို ရိုက်နှက်ပါတယ်။ မိန်းမယောက်ကျားမရွေးကို ရိုက်နှက်လျှော်ကြေးတောင်းလုပ်နေကြပါတယ်။ တစ်နည်းအားဖြင့် ပြန်ပေးဆွဲသလိုလုပ်စားနေကြပါတယ်။ သူတို့ပြောတဲ စာချုပ် ဆိုတာ သူတို့အချိန်မရွေးပြောင်းလဲနိုင်တဲ့ စက္ကူတစ်ရွက်လို သူတို့စိတ်ရှိတိုင်း ကိုလုပ်ဆောင်နေတာပါ။ ကျနော်တို့ကလုပ်ချင် လို့လုပ်နေတာမဟုတ်ပါဘူး” ဟု ပိတ်မိနေသည့် မြန်မာတစ်ဦးက ဆိုသည်။", "လူကုန်ကူးခံရပြီး ပိတ်မိနေသည့် မြန်မာများတွင် အမျိုးသမီးတချို့မှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေ ခံရခြင်း၊ အမျိုးသားများမှာလည်း ကျွန်များသဖွယ် ရိုက်နှက် အလုပ် လုပ်ခိုင်းခံရ ခြင်းများ ရှိနေသည်ဟု ပိတ်မိနေသည့် မြန်မာတချို့က ပြောဆိုသည်။", "“တရုတ်တွေက လူကုန်ကူးခံရသူတွေကို ကျွန်တွေကို နှိပ်စက်တယ်။ ပြန်ခုခံ ရင် ပြည်သူ့ စစ်တွေက တရုတ်လူမျိုးတွေဘက်က လိုက်ပြီး နှိပ်စက်သတ် ဖြတ်ပါတယ်။ ကယ်သူမဲ့ဖြစ်နေပါတယ်။ အဲဒီလို မြန်မာတွေ လောက်ကိုင်မှာ အများကြီးပါပဲ။ ကယ်နိုင်သူတွေ ကယ်ပေးကြပါ”ဟု ပိတ်မိနေသည့် အခြားမြန်မာတစ်ဦးက ဆိုသည်။", "ငွေကြေးတတ်နိုင်သူများက မိဘဆွေမျိုးများထံမှ ငွေကြေးရယူ၍ လျှော်ကြေး ပေးပါက လွတ်မြောက်သွားသူတချို့ရှိသော်လည်း အများစုမှာ ငွေကြေး မတတ်နိုင်သဖြင့် ချုပ်နှောင် ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း၊ ထွက်ပြေးလွတ် မြောက်ရန်မှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်က မြို့ကို ပိတ်ဆို့ ထားသည့် အတွက် မလွယ်ကူဘဲ ထွက်ပြေး၍ ပြန်လည် ဖမ်းမိလျှင် သေလု မြောပါး ညှဉ်းပန်းနှိပ်စက်ခံရကြောင်း သိရှိရသည်။", "လူကုန်ကူးခံရသော မြန်မာများမှာ လောင်းကစားလုပ်ငန်းများ၊ အွန်လိုင်း ဖုန်းခေါ်၍ ငွေလိမ်ရသည့် အလုပ်များတွင် နေ့စဉ် အလုပ်ကိုင်ကိုင်ရပြီး တချို့မှာ တစ်ဆင့် ပြန်လည်ရောင်းစားခံရမှုများရှိနေကြောင်း သိရှိရသည်။", "“လူကုန်ကူးခံထားရသူတွေ ကျနော်သိတဲ့ ကုမ္ပဏီတွေချည်းမှာပဲ ရာဂဏန်း ကျော်တယ်။ လောက်ကိုင်တစ်မြို့လုံးမှာ လောင်းကစားနဲ့ ရာဇဝတ်ဂိုဏ်းတွေ အများကြီးရှိတယ်။ မြန်မာတွေတင်မကဘူး။ အခြားနိုင်ငံသား တွေလည်းပါ တယ်” ဟု လောက်ကိုင်မြို့တွင် လူကုန်ကူးခံထား ရသဖြင့် လွတ်မြောက်ရန် ကြိုးစားနေသည့် မြန်မာတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/01/138838/
လောက်ကိုင်ဒကစ၊ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားသော ယတြာတွေ့ရှိရ
["လောက်ကိုင်ဒကစ၊ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားသော ယတြာတွေ့ရှိရ", "ရန်ကုန်၊ ဇန်နဝါရီ ၇", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ရရှိထားသော လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်( ဒကစ)၊ ဆက်သွယ်ရေး တပ်ရင်း ၄ ရုံး၊ ဒုတပ်ရင်းမှူးရုံးခန်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် မျောက်သုံးကောင်ဓာတ်ပုံကို ဇောက်ထိုး ချိတ်ဆွဲထားယတြာတွေ့ရှိရကြောင်းMNDAA သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "အဆိုပါမျောက်သုံးကောင်၏ဓာတ်ပုံကိုဇောက်ထိုး ချိတ်ဆွဲထားမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ မေးမြန်းရာ မြောက်ပိုင်းမဟာ မိတ် ၃ ဖွဲ့ လာရောက် မတိုက်ခိုက်စေရန် အထက်က ညွှန်ကြားသည့် ယတြာဖြစ်ကြောင်း သိရှိရသည်။", "“လောက်ကိုင် ဒကစ ရဲ့ ဆက်သွယ်ရေးတပ်ရင်း ၄ ဒုတပ်ရင်းမှူး ရုံးခန်းမှာ ချိတ်ထားတဲ့ ယတြာ။ မျောက်သုံးကောင်ပုံ ဇောက်ထိုးဆွဲပြီး ပြတင်းပေါက်မှာ သံနဲ့ ရိုက်ထားတာ” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ထံသို့ ယင်းကဲ့သို့ ယတြာချေရန် ညွှန်ကြားခြင်းရှိ၊ မရှိ မေးမြန်းရာ မျောက်သုံးကောင် ဓာတ်ပုံ ဇောက်ထိုး ချိတ်ဆွဲခိုင်းသည့် ယတြာကို အမှန်တကယ်ပင် စစ်ရုံးက ညွှန်ကြားချက်ဖြင့် ပြုလုပ်ခိုင်းခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်များအားလုံးတွင် မျောက်သုံးကောင် ဓာတ်ပုံကို ဇောက်ထိုးချိတ်ဆွဲ၍ ပြတင်းပေါက်တွင် ထားရန် နုတ်မိန့်ဖြင့် ညွှန်ကြားခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင်မူ ကိုးနဝင်း ယတြာ အဖြစ် နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ မဟာသမယသုတ်နှင့် ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်ခြင်း၊ ကျောက်ကျော၊ ဘယာကြော်နှင့် မုန့်လုံး ရေပေါ် များ နံနက် ၉ နာရီမတိုင်ခင် ကပ်လှူခြင်းများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "” နိုဝင်ဘာလဆန်းပိုင်းတုန်းက မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ရွတ်ပြီး ကျောက်ကျော၊ ဘယာကြော်၊ မုန့်လုံးရေပေါ် တွေ ကပ်လှူခိုင်းတာ မှတ်မိဦးမယ်ထင်တယ်။ အဲဒီညွှန်ကြားစာ လျှို့ဝှက်ကို ခေတ်သစ်မှာ ဖော်ပြခဲ့ဖူးတယ်။ အဲဒီတုန်းက ရှမ်းမြောက်က တပ်တွေ အကုန်လုံးကို မျောက်သုံးကောင်ဓာတ်ပုံ ဇောက်ထိုး ထားဖို့ နှုတ်မိန့်နဲ့ ညွှန်ကြားခဲ့တာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အဆိုပါ ယတြာတွင် မျောက်သုံးကောင်သည် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို ရည်ညွှန်ခြင်းဖြစ်ကြောင်း သိရှိရပြီး စစ်ကောင်စီက ယတြာချေခဲ့သည့် ရှမ်းပြည်မြောက်ပိုင်းရှိ တပ်များအားလုံးမှာ ယခုအခါ MNDAA ၊ AA နှင့် TNLA လက်အောက်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138246/
လောက်ကိုင်ဒေသကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု တရုတ် လူမျိုးများ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ညအချိနိ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
["လောက်ကိုင်ဒေသကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု တရုတ် လူမျိုးများ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံး၊ မြောက်ဦးမြို့ပေါ်ကို စစ်တပ်က ညအချိနိ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်ဒေသကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် တရုတ်လူမျိုးများ အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် လောက်ကိုင်ဒေသကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံးသီးအချို့သည် လောက်ကိုင်မြို့ပြင်အနောက်တောင်ဘက်ရှိ နန်လီနေရာတွင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၂၅ ရက်နေ့နှင် ၂၆ ရက်နေ့တွင် တုန်ချိန်ရပ်ကွက်နှင့် လောက်တုန်ကုတ်နေရာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ပြီး တုန်ချိန်ရပ်ကွက် သေဆုံးမှုနှင့် ဒဏ်ရာရမှုထဲတွင် တရုတ်လူမျိုးများပါဝင်ပြီး ၆ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့်အချိန်မှ စ၍ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ ရမ်သမ်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရှမ်းပြည် အထူးဒေသ ၁ ကိုးကန့်နယ်မြေအတွင်း ပြည်သူ ၆၉ ဦး ထိမှန်သေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိကာ နေအိမ်များ ရာနှင့်ချီ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် မြောက်ဦးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၀ တပ်ရင်းက လက်နက်ကြီးဖြင့် မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်ကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "သေဆုံးသူမှာ မြောက်ဦးမြို့၊ ရွှေဂူတောင်ရပ်ကွက်တွင် နေထိုင်သော အသက် ၅၀ အရွယ် ဒေါ်ဦးသိန်းနု ဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသူများမှာ အသက် ၅၈ နှစ်အရွယ် ဦးဝင်းမြင့်အောင်၊ အသက် ၅၀ အရွယ် ဦးင/ဖြူတောင်၊ အသက် ၄၀ အရွယ် ဦးဝင်းဌေး၊ အသက် ၂၂ နှစ်အရွယ် မငြိမ်းဝင်း၊ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်မေသိန်းနှင့် အသက် ၁၈ နှစ်အရွယ် ကိုမင်းသိန်းစိုး တို့ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/137119/
လောက်ကိုင်မြို့ မကျစေရေးအတွက် စစ်ကောင်စီက တပ်မ ၅၅ ကို တာဝန်ပေးပြီး လက်အောက်ခံတပ်များကို စစ်ကူအဖြစ် လေကြောင်းမှ ပေးပို့နေ
["လောက်ကိုင်မြို့ မကျစေရေးအတွက် စစ်ကောင်စီက တပ်မ ၅၅ ကို တာဝန်ပေးပြီး လက်အောက်ခံတပ်များကို စစ်ကူအဖြစ် လေကြောင်းမှ ပေးပို့နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ကို MNDAA လက်အောက်သို့ မကျရောက်စေရေးအတွက် စစ်တပ်က အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၅၅ ) ကိုတာဝန်ပေးလိုက်ပြီး တပ်မ ၅၅ လက်အောက်ခံတပ်များကို စစ်ကူအဖြစ် ပေးပို့ နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး လောက်ကိုင်မြို့နယ် နေရာအနှံ့အပြားတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲချခြင်း အပါအဝင် အလွန်အကျွံ့ အင်အားသုံး ပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ လောက်ကိုင်မြို့ပေါ်တွင်ပါ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ ယင်းနောက် လောက်ကိုင်မြို့ မကျစေရေးအတွက် စစ်ကောင်စီတပ်က အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ်ကို တာဝန်ပေးထားပြီး စစ်ကူတပ်များကို လေကြောင်းမှ ဆက်တိုက်ပေးပို့နေကြောင်း သိရှိရသည်။", "“တပ်မ ၅၅ တပ်တွေက လောက်ကိုင်မကျစေဖို့ အဓိက စစ်ကူတွေသွားနေတယ်။ ၅၅ အောက်က တပ်တွေအကုန်လုံးကို လောက်ကိုင်ကို ကာကွယ်ဖို့ အဓိက တာဝန်ပေးတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဗိုလ်မှူးချုပ် အေးခိုင် ဦးစီးသော အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၅၅ )သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်ကြောင်း၊ တပ်မ ၅၅ ကို ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း- စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်မှုများနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် လောက်ကိုင်မြို့မှာ ပျက်စီးမှုများ ကြုံတွေ့ နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/137142/
လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် နေ့စဉ် ရက် ဆက် ဗုံးကျဲပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေပြီး မြို့ပျက်ကြီးတစ်ခုဖြစ်လာ
["လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် နေ့စဉ် ရက် ဆက် ဗုံးကျဲပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေပြီး မြို့ပျက်ကြီးတစ်ခုဖြစ်လာ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က တိုက်လေ ယာဉ်များဖြင့် နေ့စဉ် ရက်ဆက် ဗုံးကျဲပစ်ခတ်တိုက် ခိုက် ဖျက်ဆီးနေသဖြင့် မြို့ပျက်ကြီးတစ်ခုဖြစ်လာနေကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လောက်ကိုင်မြို့ရှိ ကိုးကန့် MNDAA ထိန်းချုပ်ထားသည်ဟု ထင်မြင်သော နေရာမှန်သမျှကို စစ်တပ်က လက်နက်ကြီး၊ လေ​ကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လောက်ကိုင်မြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည် စတင်ဖြစ်ပွားကာ လောက်ကိုင်မြို့တွင်း၌ပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်က မြို့ထဲဧရိယာကို နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။", "လောက်ကိုင်မြို့တွင်း၌ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကိုးကန့် MNDAA က နယ်မြေတချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ယင်းနေရာများကို ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေသဖြင့် ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့ကြောင်း၊ လောက်ကိုင်မြို့သည် မြို့ပျက်ကြီးသဖွယ်ဖြစ်လာကြောင်း သိရှိရသည်။", "” မနေ့ကနဲ့ ဒီနေ့မနက် လောက်ကိုင်မြို့ထဲက တိုက်ကိုးလုံးနားလေးကို စစ်တပ်က လေယာဥ်နဲ့ ရမ်းပစ်နေတာ ကိုး ကန့် တပ်တွေက ဒီဖက်ခြမ်းတွေထိသိမ်းလိုက်တာ စစိတပ်က သူတို့ စိတ်ထင်တဲ့ နေရာကိုပြစ်တော့ ဘေးပတ်ဝန်းကျင် ပေ ၁၀၀ ပတ်လည်လောက်က အဆောက်အဦးတွေလည်း အကုန်ပျက်ဆီးသွားတာ ဗုံးက အရမ်းပြင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီတပ်က လောက်ကိုင်မြို့နယ်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများကိုလည်း လုံး၀ ဖြတ်တောက်ထားကြောင်း၊ လောက်ကိုင်မြို့ထဲတွင် ဆက်လက်နေထိုင်သေးသည့် ပြည်သူတချို့ရှိနေသေးကြောင်း သိရှိရသည်။"]