url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/10/188599/
လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချပြန်
["လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချပြန်", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယနေ့အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၃၇ မိနစ်အချိန် လောက်ကိုင်မြို့သို့ စစ်ကောင်စီ၏ တိုက်လေယာဉ်က လာရောက် ဗုံးကျဲချသွားခြင်းဖြစ်ကြောင်း၊ လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့် ဩဂုတ်လကတည်းက လောက်ကိုင်မြို့ကို ဗုံးကျဲမှုများ ရပ်နားခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဗုံးလာကျဲခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "“လားရှိုးရပြီးကတည်းက လောက်ကိုင်ကို ဗုံးမကျဲတော့တာ။ ဒီမနက်တော့ မနက် ၁ နာရီခွဲကျော်ကျော်လေးမှာ ဗုံးလာကျဲတယ်။ ဗုံးအကြီး ၁ လုံးမကွဲဘူး။ တစ်လုံးတော့ ကွဲတယ်။ ဆီအောဘက်သွားတဲ့လေ့ကျင့်ရေးကွင်းဘက်မှာ ဗုံးချသွားတာ။ လေယာဉ်က နိမ့်နိမ့်လေး ပျံပြီး ဗုံးကျဲသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်း နောင်ချိုမြို့နယ်ကို ဗုံးကျဲချခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လောက်ကိုင်မြို့နယ်ကို ဇူလိုင်လအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/10/189656/
လောက်ကိုင်မြို့ကို ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးအနည်းငယ် ဒဏ်ရာရရှိပြီး ဟိုတယ်နှင့်နေအိမ် အဆောက်အအုံတချို့ ပျက်စီး
["လောက်ကိုင်မြို့ကို ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးအနည်းငယ် ဒဏ်ရာရရှိပြီး ဟိုတယ်နှင့်နေအိမ် အဆောက်အအုံတချို့ ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၄ ဦးအနည်းငယ် ဒဏ်ရာရရှိပြီး ဟိုတယ်အဆောက်အအုံနှင့် နေအိမ်တချို့ ပျက်စီးသွားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၂၀ မိနစ်အချိန်နှင့် နံနက် ၀၀ နာရီ ၂၇ မိနစ်အချိန်တို့တွင် စစ်လေယာဉ်များဖြင့် လောင်ကိုင်မြို့ပေါ်သို့ ဗုံးများကျဲချခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိသော်လည်း ဒဏ်ရာ ပြင်းထန်သူမရှိကြောင်း ၊ ဗုံးကျဲမှုကြောင့် လောက်ကိုင်မြို့ရှိ စွမ်းဖုန်ချိန်(Shuang feng cheng)ဧရိယာမှ ဟိုတယ်အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း၊ ယင်းဒေသရှိ အစားအစာရောင်းဝယ် လမ်း ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း၊ အခြားအိမ်အများအပြားလည်း ထိခိုက်မှုအမျိုးမျိုးဖြင့် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ယနေ့ ကျရောက်သည့် ၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်အဖြစ် နမ့်ခမ်းမြို့ကိုလည်း ယနေ့ နံနက် ၇ နာရီကျော်အချိန် ဗုံးများကျဲချခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131442/
လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဟု MNDAA က ကြေညာ
["လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဟု MNDAA က ကြေညာ", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း ကိုးကန့် MNDAA က ယမန်နေ့တွင် ကြေညာထားသည်။", "လောက်ကိုင်မြို့ကို ဝန်းရံထားနိုင်သော အခြေအနေ ရောက်က်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် လောင်ကိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်း ၊ ကိုးကန့် MNDAA တပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင် စည်းကမ်းနှင့် မြို့တွင်းဝင်ရောက်ချိန်တွင် လိုက်နာရန် သတ်မှတ်ထားသော စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်။ နိုင်ငံခြားသားများ၏ အသက်အန္တရာယ်ကို ကာကွယ်ပေးရန်၊ အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုဏ်းများက ဖမ်းဆီးထားသောဓားစာခံများကို ကယ်တင်ရန် ပါဝင်ကြောင်း သိရှိရသည်။", "လောက်ကိုင် မြို့တွင်းသို့ဝင်ရောက်ပြီးနောက် ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင် တရုတ်နိုင်ငံသားများကို တရုတ်အစိုးရသို့ထံသို့ လွှဲပြောင်းရန်၊ ၄င်းငွေလိမ်ဂိုဏ်းများကို ကာကွယ်ပေးနေသူများကိုထိရောက်စွာ အရေးယူ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို လက်လွတ်စဖွယ် သတ်ဖြတ်ခြင်း မပြုရရန် နှင့် ၎င်းအချက်ကို တပ်ဖွဲ့ဝင်အားလုံး တင်းကျပ်စွာလိုက်နာရမည်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "စစ်ရေးလုပ်ရှားမှုဧရိယာအတွင်း ရောက်ရှိ​နေသော တရုတ်နိုင်ငံသားများနှင့် တရုတ်ဂက်(စ်)ပိုက်လိုင်းကို ထိခိုက်မှုမရှိစေရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130181/
လောက်ကိုင်မြို့ကို သိမ်းပိုက်ရေး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ဆင် ရေး အရှိန်အဟုန်မြှင့်တင်နေပြီး ယမန်နေ့ ညနေပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွား
["လောက်ကိုင်မြို့ကို သိမ်းပိုက်ရေး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ဆင် ရေး အရှိန်အဟုန်မြှင့်တင်နေပြီး ယမန်နေ့ ညနေပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွား", "ရန်ကုန်၊ နိုဝင်ဘာ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသ ပြန်လည်ရရှိရေးအတွက် စစ်ဆင် ရေး အရှိန်အဟုန်မြှင့်တင်နေပြီး ယမန်နေ့ ညနေပိုင်းမှစတင်၍ လောက်ကိုင်မြို့အနီးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြောဆိုသည်။", "မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ၎င်းတို့၏ စစ်ဆင်ရေးပစ်မှတ်များထဲမှ တစ်ခုဖြစ်သော “လောက်ကိုင်ဒေသပြန်လည်ရရှိရေး” အတွက် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်စွာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းတွင် တရားဝင် ကြေညာပြီးနောက် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "နိုဝင်ဘာ ၇ ရက်နေ့ မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ခဲ့သော တာရွှေထန်ဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး လောက်ကိုင်မြို့အနီးတွင်လည်း ယမန်နေ့ညနေပိုင်းအချိန်တွင် ရင်ဆိုင်တိုက်ပွဲတစ်ချို့ရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က လောက်ကိုင် ဒကစ မှတစ်ဆင့် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေခဲ့ကြောင်း သိရှိရသည်။", "“လောက်ကိုင် ဒကစထဲကနေ မနေ့ညက လက်နက်ကြီးတွေ ပစ်နေတယ်။ လက်နက်ကြီးပစ်တာ ဘယ်လောက်များလဲဆိုရင် လျှပ်စီးလက်နေတဲ့အတိုင်းပဲ ကောင်းကင်မှာ လက်နက်ကြီးကျည် မီးတွေက ကောင်းကင်မှာ လက်နေတာ။ အတွဲလိုက် ဒုန်းတွေ လည်းပါတယ်” ဟု လောက်ကိုင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး သည် နိုဝင်ဘာလ ၇ ရက်နေ့ အထိ ၁၂ ရက်တာကာလအတွင်း စစ်ကောင်စီ ၏တပ်စခန်းအကြီးအသေး စုစုပေါင်း ၁၁၉ ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လောက်ကိုင်ဒကစက အတွဲလိုက်ဒုံးများကို ယမန်နေ့ ညပိုင်း ပစ်ခတ်နေစဉ်။"]
https://yktnews.com/2023/12/137569/
လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက် နက်ချ အညံ့ခံ၊ လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိ
["လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက် နက်ချ အညံ့ခံ၊ လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက်နက်ချ အညံ့ခံကြပြီး လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိနေကြောင်း တရုတ်-မြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "“မြို့စောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ အကုန်လက်နက်ချကြတယ်။ ကိုးကန့် ပြည်သူ့စစ်တွေ အားလုံးနီးပါး လက်နက်ချကုန်ကြပြီ။ စစ်ကူလွှတ်တဲ့ တပ်မ ၅၅ က စစ်သားတွေလည်း လက်နက်ချကြတယ်လို့သိရတယ်။ လောက်ကိုင်မြို့နေရာအားလုံးနီးပါးကို MNDAA က ထိန်းထားနိုင်ပြီ။ ဒကစ ပဲကျန်တော့တယ်” ဟု တရုတ်-မြန်မာနယ်စပ်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို MNDAA တပ်များက ဝင်ရောက် သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို ဗုံးကျဲ ဖျက်ဆီးနေကြောင်း လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လောက်ကိုင်မြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကာ လောက်ကိုင်မြို့တွင်း၌ပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း အကြမ်းဖက် စစ်တပ်က မြို့ထဲဧရိယာကို နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ MNDAA တပ်များက လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။", "“ပယ်မိသားစုနေအိမ်၊ လောက်ကိုင်ရဲစခန်း၊ ၂၁ ရဲတပ်ရင်း ကင်းစခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေ တော်တော်များများကို MNDAA က သိမ်းပိုက်ထားပြီးပြီ။ လက်နက်ချ အညံ့ခံတာကလည်း တပ်ဘက်ကရော ပြည်သူ့စစ်တွေရောပဲ။ လောက်ကိုင် ဒကစ တစ်ခုပဲ ကျန်တော့တာ။ လောက်ကိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို MNDAA တွေက သိမ်းပိုက်ထားပြီလို့ ပြောလို့ရတယ်။ စစ်တပ်ဘက်ကတော့ ဒီမနက်ကလည်း လေယာဉ်တွေနဲ့ ဗုံးတွေ ကျဲချတယ်။ မနေ့ကရော တစ်နေ့ကရော တောက်လျှောက် လေယာဉ်တွေနဲ့ ဗုံးကျဲနေတာ။ လောက်ကိုင်မြို့တစ်ခုလုံးအနေနဲ့တော့ ဇန်နဝါရီလထဲမှာပဲ MNDAA က သိမ်းပိုက်နိုင်မယ်ထင်တယ်။ ဒကစ တစ်ခုတည်း တင်းခံနေတာဆိုတော့လေ” ဟု လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကျင်းပ ပြုလုပ်သော စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့၏ စေ့စပ်ညှိနှိုင်းမှု ပျက်ပြယ်သွားပြီးနောက် စစ်တပ်က လောက်ကိုင်မြို့ကို နေ့ရော ညပါ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ပြီး မြို့တစ်ခုလုံးကို ဖျက်ဆီးနေသည့်သဘောဖြစ်ကြောင်း အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "“စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲနေတဲ့ပုံစံက သူတို့မှ အုပ်ချုပ်မရရင် အကုန်ဖျက်ဆီးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗုံးကျဲနေတာလို့ မြင်တယ်။ ဘာလို့ ဆိုတော့ ဗုံးကျဲတဲ့နေရာတွေက MNDAA တွေရှိတာလည်းမဟုတ်ဘူး။ အများပြည်သူပိုင် နေအိမ်အဆောက်အအုံတွေကို အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေတာ။ စစ်ရေးပစ်မှတ်လည်းမဟုတ်ဘူး” ဟု လောက်ကိုင်မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/12/137842/
လောက်ကိုင်မြို့တွင်းသို့ စစ်မျက်နှာတိုးဝင်လာပြီဖြစ်၍ တရုတ်နိုင်ငံသားများနှင့် ပြည်သူများ ပြောင်းရွှေ့နေထိုင်ကြရန် MNDAA က ကြိုတင်ကြေညာ၊ ရန်ကုန်တရုတ်သံရုံးကလည်း လောက်ကိုင်မှ တရုတ်နိုင်ငံသားများထွက်ခွာရန် သတိပေး
["လောက်ကိုင်မြို့တွင်းသို့ စစ်မျက်နှာတိုးဝင်လာပြီဖြစ်၍ တရုတ်နိုင်ငံသားများနှင့် ပြည်သူများ ပြောင်းရွှေ့နေထိုင်ကြရန် MNDAA က ကြိုတင်ကြေညာ၊ ရန်ကုန်တရုတ်သံရုံးကလည်း လောက်ကိုင်မှ တရုတ်နိုင်ငံသားများထွက်ခွာရန် သတိပေး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းသို့ ၁၀၂၇ စစ်ဆင်ရေး အရ စစ်မျက်နှာတိုးဝင်လာပြီဖြစ်၍ တရုတ်နိုင်ငံသားများ နှင့် ပြည်သူများ ပြောင်းရွှေ့နေထိုင်ကြရန် MNDAA က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကြိုတင်ကြေညာခဲ့ကြောင်း တရုတ်-မြန်မာ နယ်စပ်စစ်ရေးသတင်းမြစ်က ပြောသည်။", "မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် ရပ်တန့်၍မရဘဲ စစ်မျက်နှာစာသည် ယခုအခါ လောက်ကိုင် မြို့ထဲသို့ တိုးဝင်လာပြီဖြစ်ကြောင်း၊ လက်ရှိတွင် မြို့ပြတွင် ရုန်းကန်နေရဆဲဖြစ်သော စစ်ကောင်စီတပ်နှင့် MNDAA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း MNDAA ၏ ကြေညာချက်က ဆိုသည်။", "ထို့ပြင် စစ်တပ်က ပြည်သူများ၏ လုံခြုံရေးကို ဂရုမစိုက်ဘဲ လူနေရပ်ကွက်များကို လေကြောင်း တိုက်ခိုက်မှု နှင့် လက်နက်ကြီးများ ခွဲခြားမှု မရှိ ပစ်ခတ်နေတာကြောင့် အပြစ်မဲ့ ပြည်သူ အသေအပျောက် အများအပြားကို ဖြစ်ပေါ်စေပြီး အရပ်သား ပြည်သူ လုံခြုံရေးအတွက် ခက်ခဲစေကြောင်း၊ ပြည်သူများအနေဖြင့် လောက်ကိုင်အထူးဇုန်အတွင်း နေထိုင်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခိုလှုံရန်၊ သောင်တင်နေသော တရုတ်နိုင်ငံသားများအနေဖြင့် မဟာမိတ်စစ်အဖွဲ့အစည်းထံ အမြန်ဆုံးသတင်းပို့ပြီး ပုံမှန်လမ်းကြောင်းများမှတစ်ဆင့် မိခင်နိုင်ငံသို့ ပြန်သွားရန် MNDAA က အကြံပြုထားသည်။", "မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် ကျားဖြန့် နှင့်ပတ်သက်သော ရာဇ၀တ်မှုများကို နှိမ်နင်းခြင်းများကို ဆက်လက် တိုးချဲ့လုပ်ကိုင်မည်ဖြစ်ကြောင်း၊ လောက်ကိုင်တွင် သောင်တင်နေသော တရုတ်လူမျိုးများအနေဖြင့် လက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံသားများအနေဖြင့် ဆန္ဒအလျောက် တရုတ်နိုင်ငံသို့ ပြန်သင့်ကြောင်း MNDAA က တိုက်တွန်းထားသည်။", "ထို့ပြင်ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသားများ အမြန်ဆုံး ထွက်ခွာကြရန် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရုတ်လူမှုကွန်ရက် (WeChat) မှတစ်ဆင့် သတိပေးကြေညာ သည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်း လောက်ကိုင်မြို့တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများလုပ်ဆောင်ခဲ့ကြောင်း တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ-လောက်ကိုင်မြို့ပတ်ဝန်းကျင်တွင်ရှိနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့။"]
https://yktnews.com/2023/11/130638/
လောက်ကိုင်မြို့ထဲတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်က ကူညီကယ်ပေးပါရန် လှည့်လည် ဆန္ဒပြ
["လောက်ကိုင်မြို့ထဲတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်က ကူညီကယ်ပေးပါရန် လှည့်လည် ဆန္ဒပြ", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့ထဲတွင် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်က ကူညီ ကယ်ဆယ်ပေးပါရန် လောက်ကိုင်မြို့ထဲတွင် လှည့်လည် ဆန္ဒပြကြကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသား ၁၀၀ ကျော်က တိုက်ပွဲများကြောင့် လောက်ကိုင်မြို့ထဲတွင် ပိတ်မိပြီး နေစရာ မရှိ၊ စားမရှိ ဖြစ်နေသဖြင့် ကူညီကယ်ဆယ်ပေးကြပါရန် ဆိုင်းဘုတ်ကိုင် လှည့်လည် လမ်းလျှောက် ဆန္ဒပြကြကြောင်း သိရှိရသည်။", "“ဗီယက်နမ်လူမျိုးတွေပါ။ ကျားဖြန့် လုပ်ငန်းမှာ လုပ်ကိုင်ဖို့ အတင်းအကျပ် ခေါ်ယူခိုင်းစေခံရသူတွေ။ အခုတော့ ကျားဖြန့် ပိုင်ရှင်တွေလည်း ထွက်ပြေးကုန်ကြတာ၊ မရှိကြတော့ သူတို့တွေလည်း လောက်ကိုင်​မြို့ထဲပိတ်မိ နေတာ။ နေစရာ မရှိ စားစရာမရှိဖြစ်", "လှည့်လည် ဆန္ဒပြကြတယ်။ ဗီယက်နမ်လူမျိုး ၁၀၀ ကျော်မယ်ထင်တယ်။ လောက်ကိုင်မြို့ထဲမှာ သူတို့ကို ကူညီပါဆိုပြီး", "စာရေးပီး အကူအညီတောင်းနေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က လောက်ကိုင်မြို့ကို ပြန်လည် သိမ်းယူမည်ဟု ကြေညာထားပြီး လောက်ကိုင်မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်ကြသည့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်မှာလည်း လောက်ကိုင်မြို့အထွက် ပါစင်ကျော် ကျေးရွာအနီးတွင် ပိတ်မိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131124/
လောက်ကိုင်မြို့ထဲဝင်ရန် စောင့်ဆိုင်းနေသည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူများပြား
["လောက်ကိုင်မြို့ထဲဝင်ရန် စောင့်ဆိုင်းနေသည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူများပြား", "ဒဏ်ရာရ ပြည်သူများ ဆေးကုသခွင့် မရဘဲ မြို့ပြင်၌ နေထိုင်နေရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ထဲဝင်ရန် စောင့်ဆိုင်းနေသည့် စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လောက်ကိုင်မြို့အတွင်းဝင်ရန် စောင့်ဆိုင်းနေသော သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ အများအပြား ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။", "“ပြန်မလို့လုပ်နေတာ အရှေ့မှာလည်း လမ်းက မဖွင့်ပေးဘူး ။ လက်နက်ကြီးတွေ အများကြီးပဲ ။ ပထမတော့ ဘေးကို ကျတာ နောက်တော့ လူရှေ့တည့်တည့်ကို လက်နက်ကြီးတွေ အများကြီးပဲ။ ပြည်သူတွေ တချို့ဆို ကားတွေလည်း မီးလောင် ဆိုင်ကယ်တွေလည်း မီးလောင် လူလည်း မီးလောင်ပြီး သေဆုံးတဲ့ လူလည်း ရှိတယ်။ လက်ပြတ် ခြေပြတ်တွေ အဲဒီလိုမျိုးတွေ ဖြစ်တယ်ဗျာ” ဟု လက်နက်ကြီး ကျသည့်နေ့တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က လူအုပ်ကြီးကြားထဲကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ပစ်ကွင်းအတွင်း ၆ ရက်ခန့် ပိတ်မိနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ပထမပြည်သူတွေ ဘေးနားကို အရင်ဆုံးတစ်လုံး ကျတယ်။ အဲဒါက အနည်းဆုံး ၃ ယောက်လောက်လား ထိတယ်။ နောက် ရှေ့ဆုံးက လူတွေရော အလယ်က လူတွေရော ထိတယ်။ သေဆုံးတဲ့ လူ ဒဏ်ရာရတဲ့ လူ မနည်းဘူး အတော်များတယ် လက်နက်ကြီးထိတာ ။ အားလုံးပေါင်း ၂၅ ယောက် လောက်ရှိတယ်။ ကျွန်တော်တို့လည်း ကံကောင်းလို့ လွတ်သွားတာ။ သူတို့က ပြည်သူတွေ ရှိရာ သိသိကြီးနဲ့ သူတို့ ပစ်ချတာပေါ့။ အဲဒီနေ့ကဆို ပြည်သူတွေ အယောက် ၂ သောင်း၊ ၃ သောင်းလောက်ရှိတယ် အများကြီးပဲ။ အခုလည်း တိုက်ပွဲက ဖြစ်နေတုန်းပဲ လက်ကိုင်ဘက်က လေယာဉ်တွေ ဒုံးတွေ လက်နက်ကြီးတွေနဲ့ အကုန်ပစ်တာ။ အခုချိန်ထိ ပစ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "လက်နက်ကြီးကြောင့် ဒဏ်ရာရ ပြည်သူများကို ဆေးကုသရန်အတွက် ဆေရုံကားခေါ်သော်လည်း လက်ရှိအချိန်အထိ ခေါ်၍ မရသေးကြောင်း၊ လက်ရှိအချိန်တွင် လောက်ကိုင်မြို့ရှိ ပြည်သူ အချို့မှာ မြို့ထဲသို့စတင်ဝင်ရောက်နေပြီဖြစ်သော်လည်း မြို့ပြင်နားရှိ အိမ်များတွင်လည်း နေထိုင်သူများရှိကြောင်း၊ တိုက်ပွဲများမှာ တောက်လျှောက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က လေယာဉ်များ ဒုံးများ အသုံးပြု၍ ပစ်ခတ်နေကြောင်း၊ လက်နက်ကြီးထိခိုက်၍ ထိခိုက်ဒဏ်ရာရရှိသည့် လူနာ တချို့မှာလည်း မြို့ထဲသို့ ဆိုင်ကယ်နှင့် ပြန်သယ်၍ မရသည့်အတွက် မြို့ပြင်ရှိ နေအိမ်အချို့တွင် အဆင်ပြေသလို ကြောက်လန့်တကြား နေထိုင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/12/136753/
လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး တရုတ်စစ်ရဟတ်ယာဉ်များက နယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းနေ
["လောက်ကိုင်မြို့နယ်တွင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး တရုတ်စစ်ရဟတ်ယာဉ်များက နယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်မှုများနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး တရုတ်စစ်ရဟတ်ယာဉ်များကလည်း တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းစောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး လောက်ကိုင်မြို့နယ် နေရာအနှံ့အပြားတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲချခြင်း အပါအဝင် အလွန်အကျွံ့ အင်အားသုံး ပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ လောက်ကိုင်မြို့ပေါ်တွင်ပါ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။", "“လောက်ကိုင်မြို့နယ်အနီးက ဗျူဟာတောင်ကုန်းတွေ၊ စခန်းတွေကို စစ်ကောင် စီက လေယာဉ်တွေနဲ့ဗုံးကျဲတယ်။ လက်နက်ကြီးတွေ ပစ်တယ်။ လောက်ကိုင်မြို့ထဲမှာလည်း ပစ်ခတ်မှုတွေက တောက်လျှောက်ပဲ။ ဒီဇင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲပြန်စတာ အခုထက်ထိ တိုက်ပွဲတွေ ပြင်းထန်တယ်။ စစ်တပ်က လေ ယာဉ်နဲ့ရော လက်နက်ကြီးနဲ့ပါ အင်အားကို အရမ်းသုံးနေတယ်”ဟု တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရှင်းပြသည်။", "လောက်ကိုင်တွင် တိုက်ပွဲများ ပြင်းထန်လာချိန် တရုတ်-မြန်မာနယ်စပ်တစ် လျှောက်တွင် တရုတ်စစ်ရဟတ်ယာဉ်များက စောင့်ကြည့်ပျံသန်းမှုများကို ယနေ့ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“တယ်ဟုန် ခရိုင် မြန်မာ-တရုတ် နယ်စပ် တကျောမှာ တရုတ်စစ်ရဟတ်ယာဉ်တွေ ဒီရက်ပိုင်း ပျံသန်းနေတယ်။ နယ်စပ် တည် ငြိမ်ရေး လုံခြုံရေး ကင်းလှည့်နေကြတာ” ဟု တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ဆိုသည်။", "ဓာတ်ပုံ- တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် ပျက်စီးနေသော လောက်ကိုင်မြို့နယ်အတွင်းမှ အထပ်မြင့်တိုက်တာတစ်ခု။"]
https://yktnews.com/2023/12/137279/
လောက်ကိုင်မြို့နယ်၊ စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီက တပ်ကူစေလွှတ်ထားသော တပ်မ ၅၅ မှ စစ်သားရာဂဏန်းနီးပါး လက်နက်ချ အညံ့ခံ
["လောက်ကိုင်မြို့နယ်၊ စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ကောင်စီက တပ်ကူစေလွှတ်ထားသော တပ်မ ၅၅ မှ စစ်သားရာဂဏန်းနီးပါး လက်နက်ချ အညံ့ခံ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် စစ်ကောင်စီ၏ စွမ်းဖုန့်ထာစခန်း၊ ကွမ်ယင်တောင်စခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်ခန်းများကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကွမ်ယင်တောင်ရှိ စစ်ကောင်စီတပ်စခန်း၊ စွမ်းဖုန့်ထာစခန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ်စခန်းတို့ကို သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ရာဂဏန်းနီးပါး အများအပြား လက်နက်ချ အညံ့ခံကြသဖြင့် MNDAA က ဆေးကုသမှု ပေးမှု အပါအဝင် စောင့်ရှောက်မှုများ လုပ်ဆောင်ပေးကြောင်း၊ အဆိုပါ လက်နက်ချ အညံ့ခံသော တပ်များမှာ ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်များဖြစ်ကြောင်း သိရှိရသည်။", "“အခု MNDAA က သိမ်းလိုက်တဲ့ ကွမ်ယင်တော်စစ်စခန်းက လောက်ကိုင် ဒကစနဲ့ အတော်ကို နီးနေပြီ” ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် လောက်ကိုင်မြို့ရှိ ထင်ပါကျိုင်းပြည်သူ့စစ်ခန်းကိုလည်း MNDAA က သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130547/
လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ကျေးရွာအနီးရှိ တောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပိတ်မိနေသော စစ်ဘေးရှောင် ပြည်သူများ ၀ရုန်းသုန်းကား ပြေးလွှားနေရ
["လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ကျေးရွာအနီးရှိ တောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပိတ်မိနေသော စစ်ဘေးရှောင် ပြည်သူများ ၀ရုန်းသုန်းကား ပြေးလွှားနေရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ကျေးရွာအနီးတွင် လောက်ကိုင်မြို့မှ ထွက်ခွာလာသော စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေပြီး ယနေ့တွင် စစ်တပ်က ရွာအနီးရှိ တောင်များကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပိတ်မိနေသော စစ်ဘေးရှောင် ပြည်သူများ ၀ရုန်းသုန်းကား ထွက်ပြေးရကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။", "“ဒီနေ့ ခုနား အဲဒီနားက တောင်ပေါ်ကို လေယာဉ်နဲ့ ဗုံးကျဲနေတာ။ လူတွေအကုန်လှည့်ပြန်လာရတာ။ လူတွေက ဖုန်းနဲ့ ဆိုင်ကယ်တွေ အကုန်ထားပြီး ရောင်း ပြီး ပြန်ကြရတာ။ အခုတော့ လေယာဉ်နဲ့ ဗုံးကျဲလို့ အကုန် လှည့်ပြန်လာရတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။", "ယမန်နေ့ကလည်း လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ပါစင်ကျော်ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "လောက်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး လောက်ကိုင်မြို့မှ ထွက်ခွာလာသော စစ်ဘေးရှောင် ပြည်သူများသည် ပါစင်ကျော်ရွာ အနီး ပိတ်မိနေကာ လမ်းဖွင့်ပေးရန် စစ်ဘေးရှောင် ပြည်သူများက တောင်းဆိုနေကြသည်။", "နိုဝင်ဘာလ ဆန်းပိုင်း လောက်ကိုင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးလာပြီးနောက် လမ်းခုလတ် ပါစင်ကျော်ကျေးရွာအနီးတွင် စစ်ဘေးရှောင် ပြည်သူများကို ရှေ့ဆက်မသွားရန် လက်နက်ကိုင်အဖွဲ့များက တားဆီးထားပြီး ဖုန်းနှင့်အိတ်များအားလုံးကို သုံးစွဲခွင့်မပြုဘဲ စုပုံထားရကြောင်း၊ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးသံများလည်း ကြားနေရကြောင်း၊ စားသောက်ကုန်စျေးနှုန်းများမှာလည်း ထိုးတက်လျက်ရှိကြောင်း၊ လက်ရှိတွင် စစ်ဘေးရှောင် ပြည်သူများမှာ ပိတ်မိနေကြသဖြင့် စားဝတ်နေရေးပါ ခက်ခဲနေကြောင်း သိရှိရသည်။", "မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လောက်ကိုင်ဒေသကို ပြန်လည်ရရှိရေး စစ်ဆင်ရေး အရှိန်အဟုန်တိုးမြှင့်လျက်ရှိကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။"]
https://yktnews.com/2023/11/130410/
လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး
["လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ပါစင်ကျော်ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒီနေ့ မွန်းလွဲပိုင်းက ပါစင်ကျော်ရွာဘုန်းကြီးကျောင်းဝင်းထဲ လက်နက်ကြီးကျလို့ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ လူကြီး ၂ ဦးကလည်း စိုးရိမ်ရတယ်။ လမ်းဖွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်နေလို့ပါ”ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "လောက်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး လောက်ကိုင်မြို့မှ ထွက်ခွာလာသော စစ်ဘေးရှောင် ပြည်သူများသည် ပါစင်ကျော်ရွာ အနီး ပိတ်မိနေကာ လမ်းဖွင့်ပေးရန် တောင်းဆိုလျက်ရှိကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်"]
https://yktnews.com/2023/12/136431/
လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို MNDAA က အလံလွှင့်ထူ သိမ်းပိုက်၊ စစ်သားနှင့်ပြည်သူ့စစ် ရာပေါင်းများစွာ လက်နက်ချ အလင်းဝင်ပြီး MNDAA က ငွေများချီးမြှင့်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပေး
["လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို MNDAA က အလံလွှင့်ထူ သိမ်းပိုက်၊ စစ်သားနှင့်ပြည်သူ့စစ် ရာပေါင်းများစွာ လက်နက်ချ အလင်းဝင်ပြီး MNDAA က ငွေများချီးမြှင့်ကာ လွတ်ငြိမ်းချမ်းသာခွင့်ပေး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းနယ်စပ်ဂိတ်ကို ကိုးကန့် MNDAA က သေနတ်တစ်ချက်ဖောက်ခြင်းမရှိဘဲ သိမ်းပိုက်လိုက်ပြီး ကိုးကန့်အလံလွှင့်တင်ထားကြောင်း တရုတ်-မြန်မာ နယ်စပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းနယ်စပ်ဂိတ်တွင် ကိုးကန့် အလံ လွှင့်ထူထားသည်ကို မြင်တွေ့ရပြီး တိုက်ပွဲဖြစ်ပွားသည့် အသံမကြားခဲ့ရကြောင်း၊ ရန်လုံကျိုင်းဂိတ်တွင် MNDAA တပ်သားများ စောင့်ကြပ်နေသည်ကို မြင်တွေ့ရကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရင်းမြစ်က ပြောဆိုသည်။", "“ရန်လုံကျိုင်းဂိတ်က ပုံမှန်ဆိုရင် ဟိုဘက်-ဒီဘက် ကူးသန်းနေတဲ့ ဂိတ်ပါ။ အခု ကျနော်တို့ မြင်ရတာ ကိုးကန့် အလံမြင်ရတယ်။ ကိုးကန့် စစ်သားတွေလည်း‌ မြင်ရတယ်။ ဂိတ်ကို သိမ်းလိုက်ပြီလို့ ပြောလို့ရတယ်။ ပြည်သူ့စစ်နဲ့ စစ်တပ်က တော့ မတွေ့တော့ဘူး” ဟု တရုတ်-မြန်မာနယ်စပ်", "သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် MNDAA က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သားများကို စုပုံထားပြီး ဆုကြေးငွေများ ချီးမြှင့်နေသည့် ဗီဒီယိုဖိုင်မှာလည်း လူမှုကွန်ရက်များတွင် ပြန့်နှံ့လာပြီး ယင်းဗီဒီယိုနှင့်ပတ်သက်၍ MNDAA ၏ ပြောခွင့်ရ လီကျားဝင်းထံ ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ဖြေဆိုခြင်းမပြုပေ။", "သို့ရာတွင် MNDAA နှင့် နီးစပ်သော PDF သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ လောက်ကိုင်မြို့ထဲရှိ ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်သည်ဟု ကြားသိရကြောင်း၊ ၎င်းတို့ကို ရန်လုံကျိုင်းဂိတ်မှတစ်ဆင့် လမ်းစရိတ်နှင့်ဆုကြေးများ ချီးမြှင့်ပြီး သွားလိုရာ သွားခိုင်းသည်ဟု ကြားသိရကြောင်း ၊ သို့ရာတွင် MNDAA ဘက်မှ လက်နက်ချသည့် စစ်သားအရေအတွက်နှင့် ရာထူးအဆင့်အတန်းများကို ထုတ်ပြန်လာမှသာ အတည်ပြုနိုင်မည့် အခြေအနေရှိကြောင်း ပြောဆိုသည်။", "“ကြားသလောက်တော့ MNDAA က လောက်ကိုင် မြို့ထဲကို ဝင်နေပြီ။ လောက်ကိုင်ထဲမှာ စစ်ကောင်စီရဲ့ ဒကစ တစ်ခုပဲ ကျန်တော့တာ။ ကျန်တဲ့ စစ်သားတွေ၊ ပြည်သူ့စစ်တွေ လက်နက်ချကုန်ပြီလို့ သိရတယ်။ အရေအတွက်နဲ့ပြောရင် ရာချီပြီး လက်နက်ချပြီလို့ သိရတယ်။ ဒါပေမယ့် ကြားတာကို ပြန်ပြောပေးတာပါ။ တကယ်တမ်း လက်နက်ချတဲ့ အရေအတွက်နဲ့ ဘယ်အဆင့်တွေပါတယ်ဆိုတာက အတည်ပြုနိုင်မှာက MNDAA ကပဲ အတည်ပြုနိုင်ပါလိမ့်မယ်” ဟု MNDAA နှင့် နီးစပ်မှုရှိသည့် PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်များ၏ အဆိုအရ MNDAA တပ်များအားလုံးက လောက်ကိုင်မြို့ကို ၀ိုင်းထားပြီးဖြစ်သည့်အပြင် လောက်ကိုင်မြို့အထဲပါ ထိုးဖောက်ဝင်ရောက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173009/
လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချ
["လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချ", "ရန်ကုန်၊ ဇူလိုင် ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်က စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချသွားကြောင်း လောက်ကိုင်မြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေတပ်မှ လေယာဉ်တချို့က လာရောက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများကျဲချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လောက်ကိုင်မြို့မှ ပြည်သူများ ထွက်ပြေးကြရကြောင်း၊ လတ်တလော ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး အတိအကျ မသိရှိရသေးကြောင်း လောက်ကိုင်မြို့မှ ပြည်သူတချို့က ပြောဆိုကြသည်။", "“လေယာဉ်က တစ်စီးတည်းတော့မဟုတ်ဘူး။ စက်သေနတ်တွေနဲ့ပစ်တယ်။ ဗုံးကျဲချတယ်။ ပေါက်ကွဲသံကြားတာနဲ့ အားလုံးလည်း ပြေးရတာ။ မှောင်နေတဲ့အချိန်ကြီး အကျဲခံရတာ။ မြို့ထဲ အဆောက်အအုံတွေကို လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ တော်တော်ကို ပစ်သွားတယ်။ မြို့ထဲ၊ မြို့လယ်ခေါင်ကိုပစ်တာ” ဟု လောက်ကိုင်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီ၏လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဟွမ်ကျားလိဟွာဟိုတယ် ၊ဖူလီလိုက် ဟိုတယ်အပါအဝင် လောက်ကိုင်မြို့လယ်ရှိ အဆောက်အအုံများ ပျက်စီးမှုများ များပြားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173142/
လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ပျက်စီးမှု များပြား
["လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်များက စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ပျက်စီးမှု များပြား", "ရန်ကုန်၊ ဇူလိုင် ၁၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ၏ လေယာဉ်က စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံးများကျဲချသွားခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ပျက်စီးမှုများပြားကြောင်း လောက်ကိုင်မြို့မှ ပြည်သူတချို့နှင့် ကိုးကန့်​ MNDAA၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန်တွင် လောက်ကိုင်မြို့လယ်ကို စစ်ကောင်စီ လေတပ်မှ လေယာဉ် တချို့က လာရောက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးများကျဲချခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လောက်ကိုင်မြို့မှ ပြည်သူများ ထွက်ပြေးကြရကြောင်း၊ လတ်တလော ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးခဲ့သော ပြည်သူ ၁ ဦးကို ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင်ပင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း MNDAA ထံမှ သိရှိရသည်", "လောက်ကိုင်မြို့မှ ဒေသပြည်သူတစ်ဥိးက “လေယာဉ်က တစ်စီးတည်းတော့မဟုတ်ဘူး။ စက်သေနတ်တွေနဲ့ပစ်တယ်။ ဗုံးကျဲချတယ်။ ပေါက်ကွဲသံကြားတာနဲ့ အားလုံးလည်း ပြေးရတာ။ မှောင်နေတဲ့အချိန်ကြီး အကျဲခံရတာ။ မြို့ထဲ အဆောက်အအုံတွေကို လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ တော်တော်ကို ပစ်သွားတယ်။ မြို့ထဲ၊ မြို့လယ်ခေါင်ကိုပစ်တာ” ဟု ယမန်နေ့ ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။", "စစ်ကောင်စီ၏လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဟွမ်ကျားလိဟွာဟိုတယ် ၊ဖူလီလိုက် ဟိုတယ်အပါအဝင် လောက်ကိုင်မြို့လယ်ရှိ အဆောက်အအုံများ ပျက်စီးမှုများ များပြားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131990/
လောက်ကိုင်မြို့အတွင်းရှိ တရုတ်နိုင်ငံသားများ၊ အရပ်သားများကို MNDAA ကိုးကန့်က သတိပေးချက် ထပ်မံထုတ်ပြန်
["လောက်ကိုင်မြို့အတွင်းရှိ တရုတ်နိုင်ငံသားများ၊ အရပ်သားများကို MNDAA ကိုးကန့်က သတိပေးချက် ထပ်မံထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းရှိ တရုတ်နိုင်ငံသားများ၊ အရပ်သားများနှင့်ပတ်သက်၍ MNDAA ကိုးကန့်က ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် သတိပေးချက် ထပ်မံထုတ်ပြန်သည်။", "ကိုးကန့်တပ်မတော် (MNDAA) က လောက်ကိုင်မြို့နေ အရပ်သားပြည်သူများကို အသိပေးထုတ်ပြန်လိုက်ကြောင်း၊ အဆိုပါ အချက်များတွင်", "၁- လောက်ကိုင်အတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့် အသက်ဘေးအန္တရာယ်လုံခြုံရေးအတွက် မိမိနိုင်ငံသို အမြန်ဆုံးပြန်ကြရန်။", "၂။ လောက်ကိုင်အတွင်း မှီတင်းနေထိုင်ကြသော အရပ်သားများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းများနှင့် အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးတွင် နေကြပါရန်။", "၃။ လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးသည် စစ်မြေပြင်များဖြစ်သည့်အတွက်ကြောင့် စစ်ကောင်စီ၏ပစ်ခတ် တိုက်ခိုက်မှုမှ ကာကွယ်ရန်အတွက် အရပ်သားများအနေဖြင့် မိမိသဘောဖြင့် နေရာပြောင်းရွှေ့သည်များ မပြုလုပ်ကြရန်။", "၄။ အထက်ပါ အသိပေးချက်များကို အလေးထားလိုက်နာပေးပါရန်နှင့် ချိုးဖောက်ပါက မိမိကိုယ်တိုင်တာဝန်ယူရန် တို့ဖြစ်ကြောင်း MNDAA က အသိပေးချက်ထုတ်ပြန်ထားသည်။", "လက်ရှိတွင် လောက်ကိုင်မြို့အတွင်း ပြည်သူများ အများအပြား ပိတ်မိနေပြီး အဆိုပါ ပြည်သူများက ရက်အနည်းငယ် ထွက်ပြေးတိမ်းရှောင်နိုင်ရေး လမ်းများဖွင့်လှစ်ပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130767/
လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် ပိတ်မိနေသော စစ်ဘေးရှောင် လူဦးရေ ၅၀၀၀ အထိတိုးလာ၊ တိုက်ပွဲများ အကြားတွင် ဒုက္ခသည်များ ၀ရုန်းသုန်းကားဖြစ်နေ
["လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် ပိတ်မိနေသော စစ်ဘေးရှောင် လူဦးရေ ၅၀၀၀ အထိတိုးလာ၊ တိုက်ပွဲများ အကြားတွင် ဒုက္ခသည်များ ၀ရုန်းသုန်းကားဖြစ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် ပိတ်မိနေသော စစ်ဘေးရှောင် လူဦးရေ ၅၀၀၀ အထိတိုလာပြီး တိုက်ပွဲများအကြားတွင် စစ်ဘေးရှောင်ပြည်သူ ထောင်ချီ ၀ရုန်းသုန်းကားဖြစ်နေရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုကြသည်။", "နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လောက်ကိုင် မြို့မှ ထွက်ပြေး တိမ်းရှောင်လာသော ‌လောက်ကိုင်မှ စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၅၀၀၀ ခန့် ကားနှင့် ဆိုင်ကယ်အစီးရေများစွာလည်း ရပ်ထားရကြောင်း သိရှိရသည်။", "“ပတ်ပတ်လည်ကို လက်နက်ကြီးသံတွေ ကြားနေရတာပဲ။ လက်နက်ကြီး တစ်လုံးလောက်များ စစ်ဘေးရှောင်ပြည်သူတွေကြားမှာ ကျရင် အားလုံး သေဆုံးမှုတွေ အရမ်းများသွားမယ်။ ရှေ့လည်းတိုးမရ နောက်လည်း ဆုတ်မရ သေလည်း အေးတာပါပဲ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။", "မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ က လောက်ကိုင်ဒေသကို ပြန်လည် သိမ်းပိုက်နိုင်ရေး စစ်ရေး အရှိန်အဟုန်မြှင့်တင် နေကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။"]
https://yktnews.com/2023/11/130856/
လောက်ကိုင်မြို့အထွက်ရှိ စစ်ဘေးရှောင် ပြည်သူများရှိရာ ၁၀ တန်ဂိတ်ဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား
["လောက်ကိုင်မြို့အထွက်ရှိ စစ်ဘေးရှောင် ပြည်သူများရှိရာ ၁၀ တန်ဂိတ်ဘက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အထွက်ရှိ စစ်ဘေးရှောင် ပြည်သူများရှိရာ ၁၀ တန်ဂိတ်ဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ပိုင်းတွင် လောက်ကိုင်မြို့မှ စစ်ဘေးရှောင်လာသော ပြည်သူများရှိရာ လောက်ကိုင်-ချင်းရွှေဟော် လမ်းပိုင်းရှိ ၁၀ တန်ဂိတ်အနီး ပါစင်ကျော်နှင့် ရွှေရင်ဇင်း အကြားရှိ ဆီဆိုင် အနီးကို လောက်ကိုင်မြို့နယ်၊ ဒေသ စစ်ဆင်ရေးနှင့် ကွပ်ကွဲမှု ဌာနချုပ် (ဒကစ) ထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော​ကြောင့် စစ်ဘေးရှောင် ပြည်သူ ၅ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” အမျိုးသမီး ၅ ဦးသေဆုံးတယ်လို့သိရတယ်။ ခြေပြတ် လက်ပြတ် ဒဏ်ရာရတာလည်းများတယ်။ လူကအုပ်လိုက်ကြီး ဆိုင်ကယ်တေကော ကားတွေကောဆိုတော့ လောက်ကိုင် ဒစက ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာလို့ သိရတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။", "စစ်ဘေးရှောင် ပြည်သူများသည် လောက်ကိုင်မြို့အတွင်း ပြန်လည် ဝင်ရောက် သူများလည်း ရှိပြီး ခြေဦးတည့်ရာ ထွက်ပြေးသူများလည်းရှိကြောင်း၊ သေဆုံးသွားသော ပြည်သူများ၏ ရုပ်အလောင်းများကို ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/11/133600/
လောက်ကိုင်မှ ဒုက္ခသည်အယောင်ဆောင်ကာ ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံ လ၀ကဝန်ထမ်းနှင့် မိသားစုဝင်များကို MNDAA က တစ်ည ခေတ္တ ထိန်းသိမ်းပြီး လွတ်ငြိမ်းခွင့်ပေး
["လောက်ကိုင်မှ ဒုက္ခသည်အယောင်ဆောင်ကာ ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံ လ၀ကဝန်ထမ်းနှင့် မိသားစုဝင်များကို MNDAA က တစ်ည ခေတ္တ ထိန်းသိမ်းပြီး လွတ်ငြိမ်းခွင့်ပေး", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ ဒုက္ခသည်အယောင်ဆောင်ကာ ထွက် ပြေးသည့် စစ်ကောင်စီလက်အောက်ခံ လ၀ကဝန်ထမ်းနှင့် မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့ညပိုင်း စစ်ကောင်စီ၏ ချင်းရွှေဟော် လူဝင်မှုုကြီးကြပ်ရေးရုံးမှ တာဝန်ခံတစ်ဦး နှင့်ဒုတာဝန်ခံသုံးဦးတို့သည် မိသားစုဝင်အပါအဝင် စုစုပေါင်း ၇ ဦးနှင့်အတူ ဒုက္ခသည်အဖြစ် ဟန်ဆောင်ပြီး ထွက်ပြေးရန်ကြံရွယ်ခဲ့ကြောင်း၊ သို့သော် ချင်းရွှေဟော်စစ်ဆေးရေးဂိတ်ဖြတ်သန်း စဉ် MNDAA အရာရှိတစ်ဦးက ၎င်းတို့ကိုတွေ့မြင်သိရှိပြီး ချက်ချင်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇စစ်ဆင်ရေး ‌ဖော်ဆောင်ချိန် လဝကရုံးတာဝန်ခံ နှင့် ဒုတာဝန်ခံ တို့သည် မိသားစုဝင်များခေါ်ဆောင်ပြီး တရုတ်ပြည်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ယင်းနောက် ကိုးကန့်ဒေသ ၁၂၅ နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် လောက်ကိုင်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ လဝကရုံးတာဝန်ခံ ၏ဇနီးသည် ချင်းရွှေဟော်တိုက်ပွဲစတင်ဖြစ်ပွား သောနေ့တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "တစ်ညဖမ်းဆီးစစ်ဆေးပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း လ၀က ဝန်ထမ်းများနှင့် မိသားစုမျာကို ချင်းရွှေဟော်စစ်ဆေးရေးဂိတ်မှ တာဝန်ခံက လူသားချင်းစာနာထောက်ထားမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ လက်ရှိ လ၀က ဝန်ထမ်းနှင့်မိသားစုများအဖွဲ့တို့သည် ကားမောင်းနှင်းပြီး လားရှိုးဘက်သို့ဆင်းသွားကြောင်း သိရှိရသည်။", "လ၀က ဝန်ထမ်းများနှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်တွင် MNDAA၏ သက်ဆိုင်ရာတာဝန်ရှိသူက လ၀ကဝန်ထမ်းနှင့် မိသားစုများကို “MNDAA၏ နိုင်ငံရေးရည်မှန်းချက်သည် နိုင်ငံတော်အာဏာကို မတရားလုယူသော စစ်ကောင်စီအာဏာရှင် တပ်ဖွဲ့ကို တိုက်ဖျက်ခြင်းဖြစ်ကြောင်း၊ အတင်းအကျပ်ခိုင်းစေသူများကို အ‌ရေးမယူကြောင်း၊ သို့သော် နောက်နောင် စစ်ကောင်စီတပ်ဖွဲ့ထံဆက်လက်၍ ဝာာဝန်မထမ်းဆောင်ရန် ၊ MNDAAနှင့် တိုင်းရင်းသားတို့၏ အကျိုးများထိခိုက်စေနိုင်သောအလုပ်မလုပ်ရန်၊ တွေ့ရှိပါကပြင်းထန်စွာအ‌ရေးယူသွားမည်ဟု သတိပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138719/
လောက်ကိုင်မှ လက်နက်ချသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစု အရေ အတွက် ၄၀၀၀ ကျော် ကျိုင်းတုံနှင့် လားရှိုးမြို့တို့သို့ သွားနေ
["လောက်ကိုင်မှ လက်နက်ချသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစု အရေ အတွက် ၄၀၀၀ ကျော် ကျိုင်းတုံနှင့် လားရှိုးမြို့တို့သို့ သွားနေ", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ လက်နက်ချသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုအရေအတွက် ၄၀၀၀ ကျော်သည် ကျိုင်းတုံနှင့် လားရှိုးမြို့တို့သို့ ထွက်ခွာနေကြကြောင်း MNDAA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "“တချို့အဖွဲ့တွေက လားရှိုးဘက်ကိုလာတယ်။ အများစုက ကျိုင်းတုံဘက်ကို ၀ နယ်ထဲကနေ ဖြတ်ပြီးသွားပါတယ်။ စစ်သည်နဲ့ အရာရှိတွေအတော်များများက ကျိုင်းတုံဘက်ကို သွားနေကြတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်နက်ချ အညံ့ခံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များက လက်ခံထားရန် အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်ပိုင်းက ညွှန်ကြားထားပြီး လက်နက်ချ အညံ့ခံသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးယူ၊မယူကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2024/01/138282/
လောက်ကိုင်မှ အွန်လိုင်းငွေလိမ်လည်သည့် အဖွဲ့ခေါင်းဆောင်များကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့၊ အရှေ့တောင်အာရှတွင် အကြီးဆုံးသော အွန်လိုင်းငွေလိမ်လည်သည့်အဖွဲ့ကို စစ်ကောင်စီက ကာကွယ်ပေးနေ
["လောက်ကိုင်မှ အွန်လိုင်းငွေလိမ်လည်သည့် အဖွဲ့ခေါင်းဆောင်များကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့၊ အရှေ့တောင်အာရှတွင် အကြီးဆုံးသော အွန်လိုင်းငွေလိမ်လည်သည့်အဖွဲ့ကို စစ်ကောင်စီက ကာကွယ်ပေးနေ", "ကိုးကန့်တွင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ရသော တရုတ် ၁၀ ဦး ထွက်ပြေးမှုကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က ပစ်သတ်မှု ပြည်တွင်းပြည်ပ ထိတ်လန့်", "ရန်ကုန်၊ ဇန်နဝါရီ ၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ အွန်လိုင်းငွေလိမ်လည်သည့် အဖွဲ့ခေါင်းဆောင်များကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်ပြောင်းရွှေ့ပေးခြင်းဖြင့် အရှေ့တောင်အာရှတွင် အကြီးဆုံးသော အွန်လိုင်းငွေလိမ်လည်သည့်အဖွဲ့ကို စစ်ကောင်စီက ကာကွယ်ပေးနေကြောင်း MNDAA စစ်ဦးစီးချုပ်က ပြောဆိုလိုက်သည်။", "MNDAA စစ်ဦးစီးချုပ်က မြန်မာပြည်သူများထံသို့ ပေးပို့သော ၂၀၂၄ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "၂၀၀၉ ခုနှစ်တွင် စစ်တပ်က ကိုးကန့်ဒေသကို သိမ်းယူပြီးနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအဖြစ် ပယ်ဆောက်ချိန်ကို ယာယီအုပ်ချုပ်ရေးဥက္ကဌအဖြစ် ခန့်အပ်ခဲ့ကြောင်း၊ (၁၄)နှစ်တာအချိန်ကာလအတွင်း ပယ်ဆောက်ချိန်နှင့် စစ်အုပ်စုတို့က ကိုယ့်အကျိုးစီးပွားအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှု မှုခင်းလုပ်ငန်းများ ကြီးကြီးမားမား လုပ်ဆောင်လာခဲ့ပြီး မူလက “ရှမ်းပြည်ရတနာမြေ” ဟုအမည်ရှိခဲ့သော ကိုးကန့်ဒေသကို သောဆိုင်းဘာမှုခင်းနယ်မြေနှင့် ရှမ်းမြောက်၏အနာရောဂါ ဟု အမည်ပျက်ဆီး စေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။", "“ဆိုက်ဘာမှုခင်းရောက်ရှိလာတာ ၆ နှစ်၊ ၇ နှစ်တာအတွင်း၌ တရုတ်လူမျိုးမြောက်များစွာလိမ်လည်ခံရခြင်း ၊ ကုမ္ပဏီမြောက်များစွာပြုတ်ထွက်သွားခြင်း ၊ မြောက်များစွာသော မိသားစုဝင်တွေပျက်ကွဲသွားခြင်းနှင့် မြောက်များသော လူငယ်များ၎င်းကြောင့်စိတ်ဓာတ်ကျဆင်းသွားခြင်းများဖြစ်ခဲ့ရပါသည်။ ဆိုက်ဘာမှုခင်းလုပ်ငန်းများ ဆက်လက် လုပ် ဆောင်စေပါက ပြည်သူတွေ၏အမြင်သဘောထားကိုပြောင်းလဲစေနိုင်ပြီး လူမှုစည်းကမ်းကို ပျက်စီးစေနိုင် သည့်အပြင် နိုင်ငံတော်နှင့် တိုင်းရင်းသားအသီးသီးတို့၏အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်စေနိုင်ပါသည်။ ထို့ကြောင့် ဆိုက်ဘာမှုခင်း၏အန္တရာယ်သည် မူးယစ်ဆေးဝါးသဖွယ်ပြင်းထန်လှပါသည်” ဟု MNDAA စစ်ဦးစီးချုပ်က ဆိုသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် MNDAA တပ်များ ကိုးကန့်ဒေသပတ်လည်သို့ ရောက်ရှိချိန်လာတွင် အွန်လိုင်း ငွေလိမ်လည်သော မှုခင်းအဖွဲ့ ခေါင်းဆောင်များကို စစ်ရဟတ်ယာဉ်ဖြင့်လောက်ကိုင်ဒေသမှ အခြားနေရာ သို့ပို့ဆောင်ပြောင်းရွှေ့ပေးကြောင်း၊ ထို့ကြောင့် လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် အကြီးဆုံးသော ဆိုက်ဘာလိမ်လည်မှု မှုခင်းကုမ္ပဏီ ဖြစ်သည့် ရွှေက္ကိုလ်ကုမ္ပဏီ ကို အကာအကွယ်ပေးနေသော အကြီးဆုံးအင်အားစုကြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။", "ကိုးကန့်တွင် ဆိုက်ဘာလိမ်လည်မှုများ ကျူးလွန်နေသော “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး ၄ ဖွဲ့)” က အဓိက ဦးဆောင်ပြီး အဖွဲ့တိုင်းသည် ဆိုင်းဘာမှုခင်းကုမ္ပဏီရှိကြောင်း၊ ကုမ္ပဏီတိုင်းတွင် ဆိုင်းဘာမှုခင်းတိုက်ရှိပြီး ဆိုင်းဘာမှု ခင်းအဖွဲ့ရာနှင့်ချီပြီးရှိကြောင်း၊ ၎င်းတို့သည် ကုမ္ပဏီစနစ်ဖြင့်လုပ်ဆောင်ခြင်းဖြစ်ပြီး လိမ်လည်သောငွေကြေးပဏာမ ကြီးမားလွန်းလှသဖြင့် လူမှုအသိုင်းအဝိုင်းကိုပါပြင်းထန်စွာဒုက္ခရောက်စေကြောင်း၊ ကိုးကန့်လောက်ကိုင်ဒေသတွင်း “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး ၄ ဖွဲ့)”လက်အောက်ရှိ အွန်လိုင်းလိမ်လည်သူ လူဦးရေ တစ်သိန်းကျော်ခန့်ရှိပြီး လိမ်လည်ခြင်းဖြင့်ရရှိသောငွေကြေးသည် တစ်နှစ်လျှင်တရုတ်ငွေ သိန်းပေါင်း တစ်သိန်းကျော်ခန့် ရှိကြောင်း၊ စစ်ကောင်စီက “ရှိတာကြာကျူ(ကိုးကန့်ရုပ်သေးမိသားစုကြီးအဖွဲ့ ၄ ဖွဲ့)”ကို ပြည်သူ့စစ်ဖွဲ့စည်းခွင့် ပေးထားကာ ၎င်းတို့က လက်နက်ဖြင့်ဆိုင်ဘာမှုခင်းအကာအကွယ်ပေးခြင်းနှင့် အချုပ်ထောင်သကဲ့သို့အလုပ်ရှင်ကိုချုပ်နှောင်ထားခြင်း စသည့် ပြစ်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်။", "ထို့ကြောင့် မြောက်များစွာသောတရုတ်လူမျိုးတို့မှာ ကိုးကန့်သို့ အလိမ်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်း ၊ လူကုန်ကူးခံရခြင်းတို့ဖြင့် ‌ရောက်ရှိလာပြီး အလုပ်များကိုအတင်းအဓ္ဓမစေခိုင်းခဲ့ကြကြောင်း၊ ထို့ပြင် ပေးထားသောအလုပ်များကို အချိန်မိမပြီးစီးနိုင်ပါက ရက်စက်စွာရိုက်နှက်ခံရခြင်း ၊ လူသေဆုံးသွားသည့် အထိ နှိပ်စက်ခြင်းများကို ခံရကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးOperation ကြီးမစတင်ခင် ၇ ရက်ခန့်အချိန် ကိုးကန့်နယ်မြေတွင် ပြည်တွင်း ပြည်ပထိတ်လန့်စေသော “၁၀၂၀ ဝေါ့ဟူရှမ်းကျွမ်းအရေးအခင်း”ဖြစ်ပွားလာကြောင်း၊ ဆိုက်ဘာလိမ်လည်မှု မှုခင်းလုပ်ဆောင် သောတရုတ်လူမျိုး ၁၀ ဦးကျော် ထွက်ပြေးသဖြင့် ပြည်သူ့စစ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။", "MNDAA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးOperation ကြီးကာလအတွင်း စစ်ကောင်စီ၏တပ်စခန်း အကြီးအသေး နှင့် အရေးကြီးစစ်ဆေးရေးဂိတ်များစုစုပေါင်း (၂၅၀)ကျော်ကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် စစ်ကောင်စီ၏ စစ်ကူအဖွဲ့များကိုလည်း အကြိမ်ကြိမ်တားမြစ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာသိမ်းဆည်းရရှိခဲ့ကာ စစ်သုံ့ပန်းများလည်း ထောင်နဲ့ချီဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့ပြင် နယ်စပ်ဂိတ် ၅ ခုသိမ်းပိုက်နိုင်ခဲ့ပြီး ဆိုက်ဘာမှုခင်း လုပ်ဆောင်သောနေရာ ၃၀၀ ကျော် ကိုဖြိုခွဲနိုင်ခဲ့ကြောင်း၊ ဆိုက်ဘာမှုခင်းလုပ်ငန်းရှင်ထောင်နှင့်ချီဖမ်းဆီးရမိပြီး တရုတ်နိုင်ငံ ထံသို့ လွှဲအပ်ပေးနိုင်ခဲ့ကြောင်း၊ ကြားကာလတွင် ဆိုက်ဘာမှုခင်းလုပ်ငန်းနှင့်ပတ်သက်သော တရုတ်လူမျိုးဦးရေ လေး သောင်းကျော်ကိုလည်း တရုတ်ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်စေပြီး ပြစ်မှုများဝန်ခံစေခဲ့ကြကြောင်း ပြောဆိုသည်။", "ဆိုက်ဘာ လိမ်လည်မှုများ ကျူးလွန်နေသာ “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး (၄)ဖွဲ့)” တို့၏ နောက်ကွယ်တွင် စစ်ကောင်စီက အကာအကွယ် ပေးနေသည်ကို သက်သေပြနေကြောင်း၊ ထို့ကြောင့် လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် အကြီးဆုံးသောဆိုင်ဘာမှုခင်းကုမ္ပဏီ (ရွှေကုတ်ကူKKကုမ္ပဏီ) ကို အကာအကွယ်ပေးနေသော အကြီးဆုံးအင်အားစုကြီး ဖြစ်ကြောင်း ၊ ကိုးကန့်‌ဒေသ၏ဆိုင်ဘာမှုခင်းကိုအပြက်ရှင်းလင်းပြီး ပြည်သူလူထုများကိုကယ်ထုတ်ရန် “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီ ၄ ဖွဲ့)”နှင့်၎င်းနောက်ကွယ်ရှိအင်အားစုကြီးကိုအမြစ်ဖြတ်ရှင်းထုတ်ရမည်ဖြစ်ကြောင်း၊ ကိုးကန့်ဒေသတွင် ဆိုက်ဘာမှုခင်းအမြစ်မပြတ်မချင်း ညီနောင်မဟာမိတ်တပ်ဖွဲ့၏စစ်ဆင်ရေး Operationကြီး လုံးဝရပ်ဆဲသွားမည် မဟုတ်ကြောင်း MNDAA စစ်ဦးစီးချုပ်က ကတိပြုထားသည်။", "ဓာတ်ပုံ- တရုတ်က ဖမ်းဆီးထားသော ကျားဖြန့် လုပ်ကိုင်သူ ဖူလီလိုက်သူဌေး ကိုးကန့် ဦးမောင်မောင်ကို မင်းအောင်လှိုင်က နေပြည်တော်တွင် လူမှုရေးဘွဲ့ ပေးအပ်နေစဉ်။"]
https://yktnews.com/2023/11/130504/
လောက်ကိုင်၊ ပါစင်ကျော်ကျေးရွာအနီး ပိတ်မိနေသူ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ၊ “၀” ပြည်နယ်ထဲသို့ စစ်ဘေးရှောင်လိုသူများ ဖုန်းနှင့်အိတ်များအားလုံး စုပုံထားခဲ့ရ
["လောက်ကိုင်၊ ပါစင်ကျော်ကျေးရွာအနီး ပိတ်မိနေသူ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ၊ “၀” ပြည်နယ်ထဲသို့ စစ်ဘေးရှောင်လိုသူများ ဖုန်းနှင့်အိတ်များအားလုံး စုပုံထားခဲ့ရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ကျေးရွာအနီး ပိတ်မိနေသူ ပြည်သူများအနေဖြင့် စားဝတ်နေရေး ခက်ခဲနေပြီး ၀ပြည်နယ်ထဲသို့ စစ်ဘေးရှောင်လိုသူများအနေဖြင့် ဖုန်းနှင့်အိတ်များအားလုံး စုပုံထားခဲ့ရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုကြသည်။", "နိုဝင်ဘာလ ဆန်းပိုင်း လောက်ကိုင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးလာပြီးနောက် လမ်းခုလတ် ပါစင်ကျော်ကျေးရွာအနီးတွင် စစ်ဘေးရှောင် ပြည်သူများကို ရှေ့ဆက်မသွားရန် လက်နက်ကိုင်အဖွဲ့များက တားဆီးထားပြီး ဖုန်းနှင့်အိတ်များအားလုံးကို သုံးစွဲခွင့်မပြုဘဲ စုပုံထားရကြောင်း၊ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးသံများလည်း ကြားနေရကြောင်း၊ စားသောက်ကုန်စျေးနှုန်းများမှာလည်း ထိုးတက်လျက်ရှိကြောင်း သိရှိရသည်။", "“အခုတရုတ်ယွမ် ၁ယွမ်ကို မြန်မာငွေကျပ် ၃၉၀ ပေါက်တယ်။ ပေါ်ဆန်းမွှေး ဆန်တစ်ပြည်ကို တရုတ် ၁၀၀ ယွမ်။ ဆန်ကြမ်းတစ်ပြည်ကို တရုတ်ယွမ် ၅၀ယွမ်။ ဆန်ကွဲတအိတ်ကို ၇၀ ယွမ် ဖြစ်ကုန်ပြီ။ ဖုန်းတွေ ပေးမသုံးဘူး။ စုပုံထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် MNDAA တပ်များက လောက်ကိုင်အနီး ပိတ်မိနေသူ ပြည်သူတချို့ကို “၀” ပြည်နယ်ဘက်သို့ ပို့ဆောင်ပေးနေကြောင်း၊ သို့ရာတွင် မိုဘိုင်းလ်ဖုန်းနှင့်အိတ်များအားလုံးကို သယ်ယူခွင့်မပေးကြောင်း၊ ဖုန်းနှင့်အိတ်များကို စုပုံထားခဲ့ရကြောင်း သိရှိရသည်။", "“စစ်ဘေးရှောင်တွေရဲ့ ဖုန်းတွေ အိတ်တွေအကုန်လုံးကို အမေးအမြန်းမရှိ စုပုံထားခိုင်းပါတယ်။ လမ်းလျှောက်လာရတဲ့ စစ်ဘေးရှောင်တွေမှာ အိတ်လေး တစ်လုံးနဲ့ ဖုန်းစုတ်လေးပဲ ရှိကြတာပါ။ အဲ့ဒါကိုတောင် ဖုန်းတွေအိတ်တွေကို ထားခဲ့ရ တာ။ ဆိုင်ကယ်တွေလည်း ထားခဲ့ခိုင်းပါတယ်။ ပြီးရင် သူတို့ကားတွေနဲ့ ဝပြည်ထဲက ကယ်ဆယ်ရေးစခန်းကို တန်းပို့ပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။", "မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လောက်ကိုင်ဒေသကို ပြန်လည်ရရှိရေး စစ်ဆင်ရေး အရှိန်အဟုန်တိုးမြှင့်လျက်ရှိကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။"]
https://yktnews.com/2023/02/86669/
လောင်းရှည်မြို့ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့၊ ရဲစခန်းများ အပါအဝင် စစ်တပ် နေရာများကို တစ်ပြိုင် နက်တည်း တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦးကျဆုံး
["လောင်းရှည်မြို့ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့၊ ရဲစခန်းများ အပါအဝင် စစ်တပ် နေရာများကို တစ်ပြိုင် နက်တည်း တိုက်ခိုက်မှု စစ်သားနှင့် ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦးကျဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိအကြမ်းဖက်စစ်တပ်စခန်းနေရာများကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၁၁ ဦးသေဆုံးပြီး PDF တစ်ဦး ကျဆုံး ခဲ့ကြောင်း လောင်းရှည်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၉ ရက် နံနက်အစောပိုင်း ၁ နာရီ မိနစ် ၂၀ အချိန် လောင်းရှည်ဒေသရှိ ရှိ ကပစ ၂၅ လက်နက်စက်ရုံ တပ်ဖွဲ့ ဗဟိုကင်းရုံး၊ ခရိုင်းဆက်လမ်းစစ်ဆေးရေးဂိတ်၊ ကပစ ၂၅ ညောင်ချောင်းကင်းစခန်း၊ လောင်းရှည်ရဲစခန်းကုန်း၊ လောင်းရှည်မီးသတ်ကုန်း၊ လောင်းရှည်စက်တော်ရာကုန်းနှင့်လောင်းရှည်ယွန်းကျောင်းအောက်တို့ တွင် အခိုင်အမာတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုအတွင်း စစ်သား ၈ ဦး၊ ရဲ ၃ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် ရဲဘော် ၁ ဦးကျဆုံးပြီး ၅ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်စစ်တပ်က ရမ်းသမ်းပစ် ခတ်မှုကြောင့် လောင်းရှည်မြို့နေ ပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ်(၆) တပ်ရင်း၊ ဂန့်ဂေါခရိုင်အမှတ် တပ်ရင်း ၃ တပ်ခွဲ ၅ ၊ မကွေး ခရိုင်အမှတ် – ၁ တပ်ရင်း၊ စလင်းတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနှစ်ဖက် အပြင်းအထန်တိုက်ပွဲဖြစ်ကာ ၃ နာရီ မိနစ် ၄၀ အထိကြာမြင့်ခဲ့ပြီး နံနက် ၅ နာရီခန့်အချိန် တိုက်ပွဲပြီးဆုံးခဲ့ ကြောင်း သိရသည်။", "မကွေးခရိုင်အမှတ် ၁ တပ်ရင်းကမူ အဆိုပါ စစ်ဆင်ရေးကို PDF ပူးပေါင်းတပ်များ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး စစ်ရေးအရ အောင်မြင်မှုများရှိ ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- လောင်းရှည်PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/05/104207/
လောင်းလုံမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ကို တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု လဝက ဒုဦးစီးမှူး ၁ ဦး သေဆုံး
["လောင်းလုံမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းတို့ကို တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု လဝက ဒုဦးစီးမှူး ၁ ဦး သေဆုံး", "ရန်ကုန်၊ မေ ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ လဝကရုံး၊ စရဖရုံးနှင့် ရဲစခန်းကို တစ်ပြိုင်တည်း ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လဝကဒုဦးစီးမှူး သိန်းမင်းလတ် သေဆုံးခဲ့ကြောင်း ထားဝယ်ပြောက်ကျား တပ်ဖွဲ့(Guerilla Dawei) ထံမှ သိရသည်။", "ယမန်နေ့‌ မေလ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်က အဆိုပါရုံး ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လဝကရုံးအားဝင်ရောက်စီးနင်းမှုတွင် လဝက ဦးစီးမှူးမှာ ခုခံပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွား ပြီး လဝက ဒုဦးစီးမှူး သိန်းမင်းလတ်မှာ ပြတင်းပေါက်မှ ခုန်ထွက်ရန်ကြိးစား နေချိန် ပစ်ခတ် ရှင်းလင်း ခဲ့လိုက်ကြောင်း သိရသည်။", "ထို့အပြင် စရဖရုံးနှင့် လောင်းလုံးမြို့မရဲစခန်းအား ချဉ်းကပ်ပြီး ၄၀ မမ ဗုံးသီးလောင်ချာဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ လက်နက်အင်အား ကွာဟသဖြင့် ပြည်သူ့ကာ ကွယ်ရေး ရဲဘောတစ်ဦး ကျည်ထိမှန်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း၊ ယင်းရဲစခန်းနှင့် စရဖရုံးအား ပစ် ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးဟု ဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို ထားဝယ်နဂါးတပ်ခွဲ ၁ Guerilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့နှင့် ထား ဝယ်နဂါး တပ်ခွဲ ၅ တို့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့နေ ပြည်သူလူထုနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးထုတ်ပြန်ထားသည်။", "ထိုသို့ ထုတ်ပြန်အသိပေးထားသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ယမန်နေ့ညပိုင်းတွင် မြို့ ပေါ် နေပြည်သူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။"]
https://yktnews.com/2025/03/208066/
လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ
["လောင်းလုံး လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၁၈", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၃ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲသည် ၆ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးကာ MA-3 သေနတ် ၁ လက် ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၃ လုံးနှင့် ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း ဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (PDF Dawei District Battalion 2 – P23302) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ စစ်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ/သတိပြု သွားလာနေထိုင်ကြရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးနှိုးဆော်ထားသည်။"]
https://yktnews.com/2024/02/147705/
လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် ရဲ အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး
["လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် ရဲ အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "တနင်္သာရီတိုင်း၊ လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် ရဲ အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် လောင်းလုံးမြို့မရဲစခန်းမှ ရဲတပ်သား အပြောင်းအရွှေ့ပြုလုပ်စဉ် အရပ်သားကားဖြင့် ပစ္စည်းများ တင်ဆောင်လာသည့် ကား ၁ စီးကို လောင်းလုံး-ထားဝယ် လမ်းပိုင်းတွင် လောင်းလုံး PDF က ဖမ်းဆီးခဲ့ပြီး ကားပေါ်ပါလာသည့် ပစ္စည်းများကို သိမ်းဆည်း၍ ကားသမားနှင့် ကားအားပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။", "“လောင်းလုံးရဲစခန်းကနေ ထားဝယ်ဘက်ကို လာတဲ့ လမ်းမှာ အရပ်သားကားနဲ့ အချောဆွဲပြီး တင်ပေးလိုက်တာ လောင်းလုံးက ဌာနဆိုင်ရာ ရုံးတွေ တစ်ဖြည်းဖြည်းပြောင်းနေကြတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ဖမ်းဆီးမှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန်-၃ ကင်းမြီးကောက်ပြောက်ကျားတပ်စုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသွား ပြည်သူများ အနေဖြင့်လည်း ကားများကို မှန်ချမောင်းနှင်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/05/213163/
လောင်းလုံးတွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီး
["လောင်းလုံးတွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီး", "ရန်ကုန်၊ မေ ၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျောက်နီမော်ရွာ ပျူစောထီး ကိုနိုင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလပိုင်းက လောင်းလုံးမြို့နယ် အတွင်းရှိ ကျောက်နီမော်ရွာမှ ပျူစောထီး အဖွဲ့ဝင် ကိုနိုင်နိုင်စိုး (ခ) ကိုနိုင် ကားကို တော်လှန်‌ရေးတပ်ဖွဲ့များက လမ်းပိုင်း တစ်နေရာတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။", "ယင်းဖမ်းဆီးရမိသော ကိုနိုင်ထံမှ စကစရုံး နှင့် ပက်သက်သော စာရွက်စာတမ်းများ အချက်အလက်များ သိမ်းဆည်းရရှိပြီး အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် ညည်းပန်းနှိပ်စက်ခြင်း၊ ကျောက်နီမော်ရှိ စကစ များ၏ပစ္စည်း သယ်ယူပေးခြင်း၊ ကိုနိုင်နိုင်စိုးသည် ကျောက်နီမော်ရွာတွင် နေထိုင်ခဲ့စဉ်က စစ်ကောင်စီ တပ်သားများကို ခေါ်ယူနေထိုင်ခြင်း၊ရွာထဲတွင်လည်း လက်နက်ကိုင်ဆောင်သွားလာခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ဖမ်းဆီးရမိသော ကိုနိုင်ကို Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့နှင့် ပင်လယ်ကြယ် အဖွဲ့တို့က ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/04/99075/
လောင်းလုံးတွင် စစ် ထောက်လှမ်းရေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["လောင်းလုံးတွင် စစ် ထောက်လှမ်းရေး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ထောက်လှမ်းရေး ဇော်လင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် လောင်းလုံးမြို့နယ် ကျောက်ပုံ ကျေးရွာရှိ စစ်မှုထမ်းဟောင်း ထောက်လှမ်းရေး ဇော်လင်းကို လောင်းလုံးမြို့ နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ဇော်လင်းသည် မအူပင်မြို့ ဇာတိဖြစ်ပြီး သကျက်တော ရဲစခန်းတွင် ရှိစဥ်တည်းက စစ်ကောင်စီတပ်သားများနှင့် ရောထွေး သွားလာ ကာ ပြည်သူများကို သတင်းပေး တိုင်ကြားမှုများကြောင့် အကြိမ်ကြိမ် သတိပေး ထားခဲ့ကြောင်း၊ သို့သော် ယခုအချိန်ထိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စစ်ကြောင်းထိုးမှုများတွင် လိုက်ပါကာ လောင်းလုံးမြို့နယ်အတွင်း PDF စခန်း ၏ တည်နေရာအား စုံစမ်းမှုများ၊ သတင်းပေးနေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ သေဆုံးသွားသော ဇော်လင်းသည် ဒုတပ်ကြပ်အဆင့်ရှိ စစ်သား ဟောင်း တစ်ဦးဖြစ်ပြီး လောင်းလုံးမြို့နယ်၏ တည်နေရာ မြေပုံများကို စစ်ကောင်စီထံ ပေးပို့နေသူ တစ်ဦးဖြစ်ကြောင်း၊ ၎င်းအား ရှင်းလင်းခဲ့ပြီးချိန်တွင် မြေပုံအပိုင်းအစ တချို့လည်း ရရှိခဲ့ပြီး မြေပြင်စစ်ဆေးမှုအရ ၎င်းနေရာကို ရေတပ်မှ လက်နက်ကြီးများ အကြိမ်ကြိမ်ပစ်ခတ်ထားကြောင်း၊ ၎င်းသည် သတိပေးမှု အကြိမ်ကြိမ် လုပ်ဆောင်ထားသော်လည်း စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်း လုပ်ဆောင်နေမြဲ ဖြစ်သည့် အတွက် LLPDF မှ ရှင်းလင်း ခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2023/11/133263/
လောင်းလုံးတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများဖြစ်ပွားနေ
["လောင်းလုံးတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများဖြစ်ပွားနေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်၌ လောင်းလုံးမြို့ထဲရှိ လမ်းသွား လမ်းလာ ပြည်သူများကို မတရားဖမ်းဆီးပြီး ဆက်ကြေး ကောက်ခံလျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ လောင်းလုံးမြို့အတွင်း ကင်းပတ်ပြီးအပြန် လောင်းလုံးမြို့မ ရဲစခန်းတောင်ဖက် စောင်းကြိုးလမ်းတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF က ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဗွီဂိုးကားကို ထိမှန်ပြီး ကားဘီး ၂ ဘီးစလုံးပေါက်ကာ ထိုးရပ်သွားခဲ့ကြောင်း၊ ကားပေါ်လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၆ ဦး နေရာတွင် သေဆုံး၍ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။", "လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံးစွန့်ခွာကြရန် နှင့် ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲရှိရန် လောင်းလုံးမြို့နယ် PDF က ထုတ်ပြန်ထားသည်။", "ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ နမ့်ပေါတံတားတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်လျက်ရှိကြောင်း၊ ကျောက်မဲမြို့နယ်၊ နားခေါ်/ကောင်းမူးလိန် ကျေးရွာအနီးတဝိုက်တွင် ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "အလားတူ လားရှိုးမြို့နယ်၊ မိုင်းလီကျေးရွာတွင် လာရောက်တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "“ဒီနေ့ မွန်းလွဲ ၁၂ နာရီ နာရီလောက် ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်တပ်က အရေးနိမ့်နေလို့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျောက်မဲမြို့ ပတ်လည်မြို့ပြင်ဘက် ၂ မိုင်ပတ်ချာလည်ကို ဗုံးကျဲ ချနေတယ်။ လက်နက်ကြီးတွေနဲ့လည်း အဆက်မပြတ် ပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/195604/
လောင်းလုံးတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က အင်းဇောက်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို ပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွား
["လောင်းလုံးတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်က အင်းဇောက်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို ပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွား", "ရန်ကုန်၊ဒီဇင်ဘာ ၁၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က အင်းဇောက်ကျေးရွာမှ အမျိုးသမီး ၁ ဦးကို ပစ်သတ်ပြီး ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက် ၅နာရီခန့်တွင် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အာဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အင်းဇောက်ရွာမှ ဆိုင်ကယ် စီးလာသည့် အမျိုးသမီး၁ ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့သော အမျိုးသမီးသည် အင်းဇောက်ရွာတွင် နေထိုင်သော အသက် ၅၀ အရွယ် ဒေါ်နွဲ့သန်းဆိုသူဖြစ်ပြီး နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် စစ်ကောင်စီ တပ်သားများ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ အရပ်သား ပြည်သူ ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးသွားပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း အများစုကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။", "“စစ်ခွေးတွေက အင်းဇောက်ရွာကို ရောက်တဲ့အခါမှာ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးတော့ ဒီရွာထဲဝင်လာတာပေါ့။ အဲဒီ အချိန်မှာ ဒီအမျိုးသမီးတစ်ဦးက ဆိုင်ကယ်နဲ့ သူတို့ ပစ်ခတ်တဲ့ အသံတွေ နီးလာတဲ့အခါကျတော့ အိမ်ကနေပြီးတော့ တစ်ခြားနေရာကို ပြောင်းရွေ့တာ အဲလိုထွက်လာတဲ့အချိန် စစ်ခွေးတွေက သေနတ်နဲ့ ပစ်ထည့်လိုက်တာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးတယ်။ စစ်ခွေး ဖမ်းတာတော့ အများကြီးပဲ လမ်းမှာ သူတို့ စဆင်းလာတဲ့နေ့ကတည်းက ဖမ်းနေတာ ပြန်လွှတ်ပေးတဲ့ သူတွေရှိတယ်။ ပြည်သူ ၁၀ ဦးကျော်ထက်မနည်းဖမ်းဆီးခံရတယ်။ ပြည်သူတော်တော်များများကတော့ စစ်ခွေးစစ်ကြောင်း ရောက်လာတည်းက ရှောင်နေရကြတာ စစ်ခွေးစစ်ကြောင်းလာပြီဆိုတာနဲ့ပြည်သူတွေ အနေနဲ့ ကြိုတင်ရှောင်ရှားကြဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၂၀ ခန့်ပါဝင်ပြီး ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အင်အား ၆၀ ခန့်သည် ထားဝယ်ဘက်ကို ပြန်လည် ဆုတ်ခွာသွားပြီး ကျန်ရှိနေသော အင်အား ၆၀ ခန့်သည့် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် သွားရောက်ပူးပေါင်းကြောင်း သိရသည်။"]
https://yktnews.com/2023/07/114082/
လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ နွားထိုးကြီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ နွားထိုးကြီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျတ်တောကျေးရွာ မြစ်ဝအနီး၌ ရေကြောင်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်က ထားဝယ်မြို့မှ ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အင်အား ၁၀၀ ခန့်ပါ စက်လှေ ၂ စီးသည် သကျတ်တောကျေးရွာ မြစ်ဝတွင် ဆိုက်ကပ်ပြီး အင်အား ၇၀ ခန့်မှာ ကုန်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာစဉ် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၈၁ မမ လက်နက်ကြီး ၁၀ လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံး ကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိသွားသော အကြမ်းဖက်စစ်သားများကို ဇူလိုင်လ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် စက်လှေဖြင့် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆီဘောတံတားသို့ ပို့ဆောင် ကာ ထားဝယ်မြို့ရှိ စစ်တပ်အတွင်းသို့ သယ်ယူသွားကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်၊ စင်္ကြာတောင်၏ အရှေ့ဘက်တွင် အကြမ်းဖက်စစ်သားများကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ (နွားထိုးကြီး PDF) ထံမှ သိရသည်။", "ယနေ့ ဇူလိုင်လ ၂၀ ရက် နေ့လည် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ စင်္ကြတောင်၏ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင်တပ်ရင်း ၄ (နွားထိုးကြီး PDF) တပ်ဖွဲ့ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2024/10/190248/
လောင်းလုံးတွင် စစ်တပ်က စိတ်ရောဂါခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDFစစ်ဝတ်စုံ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ယူသွား
["လောင်းလုံးတွင် စစ်တပ်က စိတ်ရောဂါခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDFစစ်ဝတ်စုံ ဝတ်ဆင်ပေးကာ ဓာတ်ပုံရိုက်ယူသွား", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လဝက ရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါ ခံစားနေရသည့် ကဘူရွာသား ကိုကျော်ခိုင်ကို ပစ်သတ်ပြီး PDF စစ်ဝတ်စုံဝတ်ဆင်ပေး၍ ဓာတ်ပုံရိုက်ယူသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့ လဝက ရုံးရှေ့၌ ဂိတ်စောင့်နေသော စစ်သားများက ဆိုင်ကယ်စီးလာသည့် ကဘူရွာသား စိတ်ရောဂါ ခံစားနေရသည့် ကိုကျော်ခိုင်ကို ပစ်သတ်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ပစ်သတ်ပြီးနောက် စစ်တပ်ဂိတ်ထဲမှ စစ်ကောင်စီ တပ်သား ၇ ဦးက အရပ်ဝတ်ဖြင့် ထွက်လာပြီး ကိုကျော်ခိုင်ကို PDF ဝတ်စုံဝတ်ပေး၍ ဓာတ်ပုံရိုက်ယူသွားကြောင်း သိရှိရသည်။", "“ဒီနေ့ နံနက် ၉ နာရီဝန်းကျင်လောက်မှာပေါ့။ ပြည်သူတစ်ဦးကို စစ်ခွေးတွေက ပစ်သတ်လိုက်တယ်လို့ သိရတယ်။ အဓိကက သူက စိတ်ရောဂါ ခံစားနေရတာ သူဆိုင်ကယ်နဲ့လာတဲ့အချိန်မှာ ပစ်သတ်လိုက်တာ သူက စိတ်ရောဂါခံစားနေရတော့ စစ်ခွေးဂိတ်မှာ တားထားတဲ့ ခြံစည်းရိုးကို ဆင်းဖယ်ပြီး ဆိုင်ကယ်မောင်းထွက်သွားတဲ့ စစ်ခွေးတွေက လိုက်ပစ်တာ အဲလိုပစ်သတ်ပြီးတဲ့ အခါကျတော့ ဂိတ်ထဲကနေ စစ်ခွေး ၇ ကောင် ထွက်လာတယ်။ အလောင်းကို လာကြည့်ပြီး PDF ယူနီဖောင်း ဝတ်ပေးပြီးတော့ ဓာတ်ပုံမှတ်တမ်း ရိုက်တယ်။ အဲလိုဝတ်ပေးပြီးတော့ အလောင်းကို လမ်းဘေးမှာ ပစ်ထားခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။", "လတ်တလော ကိုကျော်ခိုင်၏ ရုပ်အလောင်းကို နာရေးကူညီရေး အဖွဲ့များက ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/120192/
လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးနေရ
["လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ၊ ပြည်သူ ၂၀၀၀ ကျော်ထွက်ပြေးနေရ", "ရန်ကုန်၊ သြဂုတ် ၂၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၆ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဒေသ ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ဒေသပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စမ်းလှမ်းရွာ၊ တီဇစ်ရွာ၊ ဂေါ့အင်းရွာနှင့် အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်း ထိုးနေသော​ကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေပါတယ်။ သြဂုတ်လ ၂၆ ရက်နေ့ကစပြီး စမ်းလှမ်း၊ တီဇစ်၊ ဂေါ့အင်း ရွာတွေကို စစ်ကြောင်း ဝင်ရောက် ပြီး အနီးအနားတစ်ဝိုက်ကို စစ်ကြောင်းထိုးနေတာ တိုက်ပွဲဖြစ်ပွားနေတာလည်းရှိတယ်။ ကြယ်တောင်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေပါတယ်။ တိမ်းရှောင်နေရတာ ပြည်သူ ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/10/189107/
လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့
["လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၉ ရက်နေ့ အထိ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် အောက်ရေဖြူ ကျေးရွာသား ကိုမင်းကိုကိုနှင့် အမည်မသိ ပြည်သူ လူငယ် ၁ ဦးကို လည်လှီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို ညင်းမော်ရွာ သင်္ချိုင်း အတွင်း မြေမြှုပ် ထားခဲ့ကြောင်း သိရသည်။", "ထို့ပြင် အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ် စစ်ကြောင်းရွာထဲဝင်လာ၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသည့် ကဒက်ငယ်ထိန်ရွာမှ အသက် ၃၀ အရွယ် ကိုမင်းအောင် (ခေါ်) ကိုကန်းကန်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာအကြားတွင် ပစ်သတ်ခဲ့ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် ကျန်းမာရေး မကောင်း၍ အိပ်ယာထဲ၌ နေထိုင်ရသည့် ကဒက်ငယ်ထိန်ရွာမှ အသက် ၇၃ နှစ်အရွယ် ဒေါ်ခင်မြင့် (ခေါ်) ဒေါ်မငယ် သည်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ ပစ်ခတ်သော ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း Democracy Movement Strike Comittee – Dawei အဖွဲ့က ပြောဆိုသည်။", "အလားတူ နှလုံးရောဂါအခံရှိသည့် အောက်ရေဖြူရွာမှ အသက် ၅၀ အရွယ် ဒေါ်သက်သက်သည်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သံများကို ကြောက်ရွံ့ထိတ်လန့်ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် နှလုံးဖောက်၍ သေဆုံးခဲ့ကြောင်း သိရသည်။", "” ကျွန်တော်တို့ တစ်ယောက် အမည်ပဲ သိရတယ်။ ကျန်တဲ့ တစ်ယောက်က မျက်နှာတွေတောင် မမှတ်မိလောက်တဲ့ထိဖြစ်နေတော့ ဘယ်သူ ဘယ်ဝါဆိုတာတောင် မသိရတော့ဘူး။ ညင်းမော်ရွာ သင်္ချိုင်း အနောက်ဘက်မှာ သတ်ပြီးတော့ မြုပ်ခဲ့တာ စစ်ခွေး စစ်ကြောင်း မပြန်ခံ တစ်ရက်လောက်က သတ်ဖြတ်ခဲ့တာ အောက်တိုဘာလ ၁၈ လောက်က သတ်ဖြတ်ခဲ့တာ အောက်ရေဖြူ ကျေးရွာက ကိုမင်းကိုကို တစ်ယောက် အမည်ပဲသိရတယ်။ သူက သာမန် အရပ်သားပဲ စစ်ခွေး စစ်ကြောင်းနဲ့ တိုးမိပြီးတော့ ဖမ်းခံရတာ စစ်ကြောင်းမပြန်ခင်မှာ သတ်ခဲ့တာပေါ့။ စစ်ခွေးတွေ ဖမ်းသွားတဲ့ ကျန်တဲ့သူတွေကတော့ အကုန်လုံး ပြန်လွှတ်တယ်လို့တော့ သိရတယ်။ အခုလက်ရှိတွေ့တာတော့ အလောင်း ၂ လောင်းပဲရှိသေးတယ်။ ကျန်တော်တို့ မသိခင်ပါ သွားတဲ့ သူတွေရှိလာမရှိတာတော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2022/12/75838/
လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး၊ မတ္တရာတွင် CDM သူနာပြု ၁ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး
["လောင်းလုံးတွင် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီး၊ မတ္တရာတွင် CDM သူနာပြု ၁ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်သို့ အကြမ်းဖက် စစ်ကောင်စီ ဝင်များ ဒီဇင်ဘာ ၂၂ ရက်နေ့ ည ၈ နာရီအချိန်တွင် ဝင်ရောက်၍ ပြည်သူ ၆ ဦး ကို အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။", "“မြို့ပေါ်မှာ သူတို့ကားတွေ သွားလိုက်လာလိုက်လုပ်ပြီး ပတ်ဖမ်းနေတာ။ ဖမ်း မိတဲ့ သူတွေကို လောင်းလုံးရဲစခန်းကို ခေါ်သွားတယ်။ အသက်ကြီးပိုင်း တွေ လည်းပါတယ်လို့ သိရတယ်။ တစ်အိမ်ပြီး တစ်အိမ်သွားပြီး ဖမ်းနေတာ ပါ”ဟု ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။", "ဖမ်းဆီးခံရသူများမှာ ဒေါ်မီးထွေး၊ ဒေါ်ယဥ်နွယ်၊ ဒေါ်ကျင်သန်း၊ ဒေါ်အေးသန်း၊ ဦးဖေသန်းနှင့် ဦးအောင်အောင်တို့ ဖြစ်ကြပြီး သာမန်ပြည်သူများသာ ဖြစ် ကြောင်း၊ စစ်ကောင်စီဝင်များသည် ရပ်ကွက်အတွင်း ကားသုံးစီးနှင့် လှည့်ပတ် ၍ ပြည်သူများကို ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ထို့ပြင်မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေဖောင်ရွာတွင်လည်း CDM သူနာပြု ချစ်စန္ဒီဦး ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် အချိန် ဓာတ်ပုံနှင့်တကွ လာရောက် ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသ ပြည် သူ များက ရန်ကုန်ခေတ်သစ်ထံသို့ သတင်းပေးပို့သည်။", "“သူက ဒီနယ်ကမဟုတ်ဘူး။ အဲဒါ ဒလန်သတင်းပေးတယ်ထင်တယ်။ ဓာတ်ပုံ နဲ့ကို လာဖမ်းတာ။ CDM သူနာပြုပါ။ ဘယ်ဆေးရုံလဲတော့မသိဘူး။ ရိုက်နှက် အဖမ်း တော့ ခံလိုက်ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ယခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက ရန်ကုန် မြို့ တွင် ညအချိန် လူငယ်များကို လိုက်လံ ဖမ်းဆီးနေစဉ်။"]
https://yktnews.com/2023/08/119172/
လောင်းလုံးတွင် စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်များဖြင့် သတင်းစုဆောင်းနေ၊ ပြည်သူများ သတိကြီးစွာ နေထိုင်ရန်နှင့် ညအချိန် အပြင်မထွက်ရန် လောင်းလုံး PDF ထုတ်ပြန်
["လောင်းလုံးတွင် စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်များဖြင့် သတင်းစုဆောင်းနေ၊ ပြည်သူများ သတိကြီးစွာ နေထိုင်ရန်နှင့် ညအချိန် အပြင်မထွက်ရန် လောင်းလုံး PDF ထုတ်ပြန်", "ရန်ကုန်၊ သြဂုတ် ၂၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်များဖြင့် သတင်းစုဆောင်းနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ်အတွင်း သာလွန်အင်အားဖြင့် အင်အားဖြည့်တင်းနေမှုများ ဆက်တိုက်ပြုလုပ်နေပြီး နေရာအနှံ ကျေးရွာများတွင်လည်း ရေခဲချောင်းရောင်းသမားများ ၊ အင်္ကျီ ၊စောင် ခေါင်းအုံး ၊ ဖျာလိပ်၊ သံတိုသံစ ၊ ဆံပင် ၊ရောင်းသမားများ သွားလာနေမှုများစွာရှိနေပြီး Ambulance (နာရေး /လူ မှုကူညီရေးကားများ ၊ ဘုန်းကြီးကျောင်းတံဆိပ်ကပ်ထားသော ကားများဖြင့် မျက်နှာစိမ်းများ များစွာ သွားလာနေမှုရှိနေကြောင်း သိရသည်။", "” စစ်ခွေးတွေက အင်အားတွေ နေရာအနှံ ဖြည့်တင်းထားတယ်။ တချို့ နေရာတွေမှာ တပ်သား အလဲ အပြောင်းတွေလည်း လုပ်ဆောင်ထားတယ်။ ထားဝယ်မြို့ဘက်နေ လောင်းလုံးဘက်ကို ရေခဲချောင်းရောင်းသမား တွေ သံတိုသံစ ဝယ်သမားတွေ လာနေကြပြီး နယ်မြေခံမဟုတ်တဲ့ သူတွေ များစုဖြစ်တယ်။ စစ်ဆေးတဲ့ အခါ ဘာမှ မသိတာတွေဘဲ ဖြစ်နေရလို့ နောက်တစ်ခါ လောင်းလုံးကို မလာဖို့ ပြောပြီး ပြန်ပြန်လွှတ်နေရတာ ၁၀ ဦးထက်မက ဖြစ်နေပါပြီ ထားဝယ်စကားမပြောတဲ့ သူတွေ က အများစုပါ။ ပြည်သူလား ခွေးသူလျိုလား ဘာမှန်းမသိတော့ တော်တော်လေး သတိထားပြီး စစ်ဆေးလုပ်ဆောင်နေရတာတွေရှိပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "တော်လှန်ရေးအရှိန် မြင့်မားလာသည့်နှင့်အမျှ အကြမ်းဖက် စစ်တပ်က ပြည်သူ အသွင်ဆောင်ယူခြင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်သား အသွင်ယူခြင်း၊ အရပ်ဝတ်များဖြင့် သွားလာ သတင်းယူနေခြင်း များစွာ လည်းရှိနေခဲ့ကြောင်း၊ လောင်းလုံးမြို့နယ်ရှိ ပြည်သူများအနေဖြင့် အထူး သတိကြီးစွာ ရှိနေပေးရန်နှင့် ည ၈:၀၀ မှ နံနက် ၄ နာရီ အထိ ခရီးသွားလာခြင်း လုံးဝ မပြုလုပ်ရန်၊ မသိရှိသော သူစိမ်းများနှင့် ပြောဆိုဆက်ဆံမှုများ မပြုလုပ်ရန်၊ မလိုလားအပ်ဘဲ ခရီးသွားလာမှုများ မပြုလုပ်ရန်နှင့် ခရီးသွားလာမှု ရှိခဲ့လျှင် ကားမှန်တံခါးများချထားပေးပါရန် မေတ္တာရပ်ခံ တောင်းဆိုထားကြောင်း သိရှိရသည်။", "ထို့ပြင် အနယ်နယ်အရပ်ရပ်ရှိ ပြည်သူ့ကွယ်ရေးအဖွဲ့များအနေဖြင့် လောင်းလုံးမြို့နယ်အတွင်းသို့ အကြောင်းတစ်စုံတစ်ရာကြောင့် လာခဲ့မည်ဆိုပါက လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့-LPDF ကို အသိပေးပြီး၍ လာရောက်ကြပါရန် နှင့် မြို့နယ်အတွင်းရောက်ရှိနေသော လက်နက်ကိုင် တော်လှန်ရေးအင်အားစုများလည်း အသိပေး ပူးပေါင်း လုပ်ဆောင်မှုဖြင့် ကူညီပေးပါရန် ထပ်ဆင့် တောင်းဆို လိုကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး (ပကဖ) ကထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/11/192234/
လောင်းလုံးတွင် စစ်တပ်စခန်းများဖြစ်သော မိုက်ခရိုဝေ့တာဝါတိုင်၊ စီမံကိန်း ရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံးဟုဆို
["လောင်းလုံးတွင် စစ်တပ်စခန်းများဖြစ်သော မိုက်ခရိုဝေ့တာဝါတိုင်၊ စီမံကိန်း ရုံး တို့ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၃ ဦးသေဆုံးဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းများ ဖြစ်သော မိုက်ခရို ဝေ့တာဝါတိုင်စခန်း နှင့် စီမံကိန်းရုံးတို့ရှိ စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၅ ရက်နေ့ ကျောက်နီမော်ကျေးရွာအောက်ပိုင်းအောက်ကျောက်ဝပ် ၊ ညောပြင်ကျေး ရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်ခန့် စစ်ကြောင်းထိုးဆင်းခဲ့သဖြင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် မိုက်ခရိုဝိတ်တာဝါတိုင်စခန်းကို လည်းကောင်း ၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်တပ်စခန်းချရာ စီမံကိန်း ရုံးကို လည်ကောင်း လောင်းလုံး PDF က အသီးသီး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“၃ ဦးသေတယ်လို့ သတင်းရထားတယ်၊ သေချာခိုင်လုံအောင်တော့ ထပ်စုံစမ်းနေတုန်းပါ။ ကျောက်နီ မော်မှာက စခန်း ၃ ခုခွဲပြီး နေကြတယ်။ မိုက်ခရိုဝိတ်တာဝါတိုင်စခန်း၊ ကျောက်နီမော် ဘုရားကုန်း စခန်း၊ စီမံကိန်းစက်ရုံစခန်း တွေနဲ့ ပင်လယ်ထဲမှာလည်း စစ်သင်္ဘောတစ်စီး အမြဲရှိတယ်။ တိုက်ခိုက်မှု အပြီးမှာတော့ အင်အားထပ်ဖြည့်တာမရှိသေးဘူး။ ဒီနေ့မနက်ပိုင်းမှာတော့ လောင်းလုံးအပေါ်ရှိ သံပုံ တောင်စခန်းကနေ အင်အား ၂၀ လောက် မင်းရပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးထွက်လာတာ တော့ရှိတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုများကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့ ၊ ဖယ်ဒရယ်ဓူဝံပြောက်ကျားတပ်ဖွဲ့ ၊ YPPDF နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/96957/
လောင်းလုံးတွင် စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ဆောင်သည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
["လောင်းလုံးတွင် စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ဆောင်သည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ဆောင်သည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့​ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ကိုင်နေသည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း မျိုးမောင် ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့​ကြောင်း သိရသည်။", "သေဆုံးသွားသော မျိုးမောင်ထံမှ ဘော်ကာ အရှည် ၁ လက်၊ ပွိုင့် 22 ခေါက်ချိုးအတို ၂ လက်၊ ဂစ်သေနတ် ၁ လက် ၊ ဘော်ကာကျည် ၃ တောင့် ၊ ပွိုင့် 22 ကျည် ၁၇ တောင့်၊ ဓား ၂ လက် ၊ WY ဆေးပြား ၂၃၂ ပြား၊ Ice မူးယစ်ဆေး ထုတ်သေး ၁ ထုတ် ၊ လေးခွ ၁ ခု ၊ မှတ်ပုံတင်၊ ယဉ်မောင်းလှိုင်စင်၊ ဖုန်း ၃ လုံး၊ ပိုက်ဆံ ၂၄၅၀၅၀ ကျပ် ၊ ဆေးလိပ် ၂ ဗူး နှင့် မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိ​ခဲ့ကြောင်း သိရသည်။", "စစ်မှုထမ်းဟောင်း မျိုးမောင်သည် လက်ရှိချိန်တွင် စစ်ကောင်စီနှင့် အကျိုးတူ မူးယစ်ဆေးဝါးများရောင်းချခြင်း၊ ကျေးရွာအတွင်း၌လည်း ရံဖန်ရံခါ သေနတ်ပစ်ဖောက် ခြင်းများပြုလုပ်ပြီး စစ်ကောင်စီနှင့် အမြဲတွေ့ဆုံနေသူတစ်ဦးလည်းဖြစ်ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2023/08/116888/
လောင်းလုံးတွင် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးကို PDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး
["လောင်းလုံးတွင် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးကို PDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင်ကား ၁ စီးကို PDF တပ်ဖွဲ့က လိုက်လံ ပစ်ခတ် ဖမ်းဆီးစဥ် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၆ ရက် နံနက်ပိုင်းက လောင်းလုံးမြို့နယ်၊ လေကြောင်းရန်ကာကွယ်ရေး စခန်း (လားဘိုတောင်စခန်း)နှင့် စမ်းလှေန်တောင်ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းအတွက် ရိက္ခာများဖြည့်တင်း ရန် ထားဝယ်မြို့ပေါ်တွင် တက်ရောက်ဝယ်ယူနေကြောင်း သတင်းအရ ထားဝယ်-လောင်းလုံးလမ်းပိုင်း တနေရာ စောင့်ဖမ်းရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းခဲ့ကြောင်း၊ ထို့သို့ စောင့်ဆိုင်း နေစဉ် နေ့လည် ၁၂ နာရီခန့်၌ ရိက္ခာများဝယ်ယူပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီကားကို ရပ် တန့်ရန် လမ်းပိတ်တားဆီးရာ ရပ်နားခြင်းမရှိပဲ လမ်းပေါ်ရှိ ပြည်သူ့ကာကွယ်ရေး ရဲဘော်များကို ကား နှင့်တိုက်ကာ မောင်းပြေးသွားကြောင်း သိရသည်။", "အကြမ်းဖက်စစ်သားများမှ ကားနှင့်တိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အလျှင် အမြန်ရှောင်တိမ်းနိုင်ခဲ့သ ဖြင့် ပွန်းပဲ့ဒဏ်ရာမျှသာရရှိခဲ့ပြီး ထွက်ပြေးသွားသော ကားကို လိုက်လံ ပစ်ခတ်ဖမ်းဆီးရာ အင်းဇောက်ကျေးရွာ လမ်းဆုံအနီးရှိ ဘိလိယက်ခုံရှေ့၌ ကားဘီးပေါက်ကာ ထိုး ရပ်သွားပြီး အကြမ်းဖက်စစ်သားများမှာ ဘိလိယက်ခုံဆိုင်နောက်ဘက်သို့ ထွက်ပြေးသွား သဖြင့် ပစ် ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“ပစ္စည်းတွေ မယူဘဲ ဆုတ်လိုက်ရတယ်။ စစ်ခွေးတွေက သာလွန်အင်အားနဲ့ နှစ်ဘက် ညှပ်ဆင်းလာလို့ ပြည်သူတွေ စစ်ရေး သတိရှိနေပေးရန် တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။ မတော်တဆ ကျည်ထိ သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူတစ်ဦး အတွက်လည်း များစွာ ဝမ်းနည်းကြေကွဲရပါတယ်” ဟု လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "ထွက်ပြေးလွတ်မြောက်သွားသော အကြမ်းဖက်စစ်သားများကို လိုက် လံဖမ်းဆီးစဉ် ထားဝယ်မြို့ ပေါ် မှ စစ်ကား ၂ စီးဖြင့် အကြမ်းဖက်စစ်သား ၄၀ ခန့်နှင့် လောင်းလုံးမြို့မ ရဲစခန်းမှ ကား ၃ စီး အင် အား ၃၀ ခန့်ရောက်ရှိလာသဖြင့် ချက်ချင်းပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ရောက်ရှိလာသော အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များမှလည်း ခရီးသွားပြည်သူ များကို စစ်ဆေးခြင်း၊ လွတ်မြောက်သွားသော ၎င်းတို့ တပ်သားများကို ရှာဖွခြင်းများ ၂ နာရီခန့်ကြာသည် အထိ ပြုလုပ်ခဲ့ကာ ပြန်သွားခဲ့ကြောင်း သိရသည်။", "ထိုပစ်ခတ်မှုဖမ်းဆီးမှုအတွင်း သေဆုံးသူအား ဆက်လက်စုံစမ်းရာ သေဆုံးသူသည် အကြမ်း ဖက် စစ် ကောင်စီတပ်သားမဟုတ်ပဲ ဘိလိယက်ခုံရောက်ရှိနေသူ အပြစ်မဲ့ပြည်သူ ကိုမျိုးဇော်လတ်ဖြစ် နေ သည်ကို သိရှိရကြောင်း၊ အခင်းဖြစ်ပွားချိန်က ဘိလိယက်ခုံအတွင်း ပြည်သူ ၁၀ ဦးခန့်ရှိနေပြီး အကြမ်းဖက်စစ်သားများ ဆိုင်ထဲသို့ ဝင်လာချိန် ကြောက်လန့်ကာ အကြမ်းဖက်စစ်သားများနှင့်အတူ ထွက်ပြေးရာက ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု ဆိုသည်။", "ယင်းသို့ အပြစ်မဲ့ ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသည့်အပေါ် လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာဖြင့် တာဝန်ယူသွားမည်ဖြစ်ပြီး ကျန်ရစ်သူ မိသား စုနှင့် အတူ ထပ်တူဝမ်းနည်းရပါကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထား သည်။"]
https://yktnews.com/2024/12/195389/
လောင်းလုံးတွင် စစ်သား အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ
["လောင်းလုံးတွင် စစ်သား အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး၊ စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်သား အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထားဝယ်ဘက်မှ လောင်းလုံးမြို့နယ် အပေါ်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းရပ်ရွာကို ရောက်ရှိနေစဉ် ဆိုင်ကယ်စီးလာသည့် လမ်းသွားလမ်းလာ လူငယ် ၂ ဦးကို တားဆီး၍ စစ်ဆေးမှုများ ပြုလုပ်ရန် လုပ်ဆောင်စဉ် လူငယ် ၂ ဦးကို ထွက်ပြေးခဲ့ကြောင်း သိရသည်။", "အဆိုပါ ထွက်ပြေးသွားသော လူငယ် ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လိုက်လံ ပစ်ခတ်နေစဉ် မင်းရပ်ရွာတွင် ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများက ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီ တပ်သားရှိရာနေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရာဘာပြားများတင်‌ဆောင်လာသော ကား ၁ စီးကို ချောဆွဲပြီး သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူ ၂ ဦးကိုတင်ဆောင်ကာ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။", "” ဒီနေ့နေ့လည်က မင်းရပ်ရွာကို ရောက်ရှိနေတဲ့ခွေးစစ်ကြောင်းက လမ်းသွားလာ လူငယ် ၂ ဦးကို တားပြီး ဆိုင်ကယ်ကို စစ်ဆေးဖို့ အလုပ်မှာ ရုတ်တရက်ထွက်ပြေးသွားတဲ့ အတွက်ကြောင့် စစ်ခွေးတွေက ၂ ဖွဲ့ခွဲပြီး လိုက်လံ ပစ်ခတ်တာ အဲလိုလိုက်ပစ်တဲ့ အချိန်အနောက်မှာ ကျန်ခဲ့တဲ့ ခွေးတွေကပါ ၄၀ မမ ၄ လုံးနဲ့ လှမ်းပစ်လို့ သူ့လူပဲသူပြန်ကျပြီး စစ်ခွေး ၁ ကောင်သေတယ်။ ၂ ကောင်ကတော့ ထိခိုက်ဒဏ်ရရတယ်။ အဲကောင်တွေကို ပြည်ပိုင်ကား ၁ စီးပေါ် ချောဆွဲပြီး တင်သွားတယ်။ လူငယ် ၂ ဦးလည်းလွတ်မြောက်တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့နယ် အထက်ပိုင်းရှိ ကျေးရွာများကို ယနေ့ နံနက်ပိုင်းမှစတင်၍ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အရပ်သားပြည်သူများ ဖမ်းဆီးခံရမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "ထို့ပြင် လောင်းလုံးမြို့နယ် အောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ် စခန်းများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ရေလမ်းဖြင့် အင်အား ၅၀ ကျော် ဖြည့်တင်းထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90571/
လောင်းလုံးတွင် ဆက်ကြေးတောင်းပြီး ပြန်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ စစ်ကူလာသော စစ်တပ်နှင့်ပါ တိုက်ပွဲဖြစ်ပွားပြီး ကား ၁ စီးနှင့် သေနတ် ၁ လက် သိမ်းဆည်းရမိ
["လောင်းလုံးတွင် ဆက်ကြေးတောင်းပြီး ပြန်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ စစ်ကူလာသော စစ်တပ်နှင့်ပါ တိုက်ပွဲဖြစ်ပွားပြီး ကား ၁ စီးနှင့် သေနတ် ၁ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ မတ် ၃", "တနင်္သာရီတိုင်း လောင်းလုံးတွင် ဆက်ကြေးတောင်းပြီး ပြန်လာသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး​ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် ကျောက်မတ်တပ်ရွာနှင့် မြင်းခွာအော်ရွာမှ ဆက်ကြေးတောင်းပြီး ဆိုင်ကယ် ၂ စီးဖြင့် ပြန်လာသည့် စစ်သား ၂ ဦးနှင့် ပျူစောထီး ၂ ဦးသည် LLPDF တပ်ဖွဲ့မှ အောက်ကျောက်ဝပ်ကျေးရွာနှင့် ကျောက်ဝပ်ပြင်ရွာအကြားတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။", "အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျောက်နီမော်ကျေးရွာမှ Vigo ကား ၂ စီးဖြင့် စစ်ကူလာစဥ် စစ်သား ၇ ဦးပါသည့် ရှေ့ဆုံးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိုးရပ်သွားစဥ် နောက်တွင် ပါလာသည့် စစ်သား ၉ ဦးပါ Vigo ကားပေါ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် LLPDF ရဲဘော်များကို ပစ်ခတ်ခဲ့သော​ကြောင့် နောက်ပြန်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။", "ညနေ ၅ နာရီခန့်တွင် ထိတွေ့မှု ဖြစ်ပွားခဲ့သော နေရာကို Vigo ကား ၁ စီးနှင့်အတူ ခြေလျင် စစ်ကြောင်းပါလိုက်ပါလာကာ ထပ်မံ စစ်ကြောင်းထိုး တက်လာပြီး LLPDF ရဲဘော်များနှင့် တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "” မွန်းလွဲ ၂ နာရီမှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ စစ်ခွေးတွေကို ပစ်ခတ်တိုက်ခိုက်တာ ၃ ဦးသေတယ်။ စစ်ကူးဆင်လာတဲ့ Vigo ကား ၂ စီးမှာ တစ်စီးက မိုင်းမိသွားတော့ နောက် တစ်စီးက မတက်နိုင်တော့ဘဲ ခြေလျင် စစ်ကြောင်းနဲ့ ထပ်တက်လာတဲ့အချိန် တိုက်ပွဲဖြစ်ပြီး ထိခိုက်တာများတော့ နောက်ဆုံး ကားထားပြီး စခတွေ ရေလမ်းကနေ လှေခေါ်ပြီး ဆုတ်သွားတယ်။ လှေနဲ့ ထွက်သွားတာ သိရလို့ တိုက်ပွဲနေရာ နယ်မြေရှင်းတာ ကား ထားတယ်။ အဲ့ကားကို မီးရှို့ပစ်လိုက်တာပါ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် LLPDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် Power Bank ၁ လုံး၊ ယူနီဖောင်း ၃ စုံ၊ Vigo ကား ၁ စီး၊ မှတ်ပုံတင်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ပျက်စီးသွားသော ဆိုင်ကယ် ၁ စီး၊ ငွေ ၅ သိန်း၊ MA 3 သေနတ် ၁ လက်၊ ကျည် ၂၀ တောင့်နှင့် ကျည်ဘောက် ၁ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/157205/
လောင်းလုံးတွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင် ပစ်ခတ်ခံရပြီး သေဆုံး
["လောင်းလုံးတွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှန်းရွာတွင် တုတ်ပြီး၊ ဓားပြီး၊ သေ နတ်ပြီးသည်ဟု ကြွေးကြော်နေသော ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Launglone People Defense Force-LLPDF ထံမှ သိရသည်။", "ယမန်နေ့ ဧပြီလ ၁၄ရက်နေ့ ည ၇ နာရီအချိန် လောင်းလုံးမြို့နယ်တွင် တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီးသည်ဟုကြွေးကြော်ထားသူ စမ်းလှန်းရွာနေ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး ပျူစောထီး ခေါင်း ဆောင်၏ ဇနီးဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။", "ထိုသို့ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ အီကွေးမန့်တစ်စုံ လက်ပစ်ဗုံး ၁ လုံး ဓါးတို ၂ ချောင်း ၊ အရှည် ၁ ချောင်း ၊ ပျူစောထီးကဒ်ပြားများနှင့် အဆောင် အ ယောင် များသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်သည် တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ပင်လယ်ပြင်မှ ငါးဖမ်းလှေများကို ဆက်ကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီ စစ် ကြောင်းများခေါ်ယူပြီး စစ် ကြောင်းထိုးလေ့ရှိခြင်း၊ ပြည်သူများကို လက်ညှိုးထိုး ဖမ်းဆီးခိုင်းခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ရှင်းလင်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် သူ့တွင် အခံရှိပြီး တုတ်ပီး ဓါးပီး သေနတ်ပီး သည်ဟုဆိုကာ ကြွေးကြော်ထား ကြောင်း၊ ၎င်း၏ အမျိုး သမီးသည်လည်း စစ်ကောင်စီနှင့်ပူးပေါင်း လုပ်ကိုင်နေသူဖြစ်ပြီး တာဝါတိုင် စခန်းကုန်းမှ စစ်ကောင်စီများထံ ရိက္ခာ ပို့ပေးခြင်း လိုလေသေးမရှိဖြည့်ဆည်းပေးခြင်း များလုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။", "ဆက်လက်၍ ပျူစောထီးစာရင်းဝင်သောင်းကျန်းသူများကို အလျဉ်းသင့်သလို တိုက် ခိုက်ရှင်းလင်း သွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးချင်သည့် ပျူစောထီးများ အနေဖြင့် လက်နက်နှင့်တကွ အလင်းဝင် ရောက်ကြရန် လောင်းလုံး (ပကဖ)က အသိပေးထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ပျူစောထီးခေါင်းဆောင် အောင်ခင်#လောင်းလုံး"]
https://yktnews.com/2023/01/80282/
လောင်းလုံးတွင် တော်လှန်လူငယ်များက စစ်တပ် ထုတ်ကုန် မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
["လောင်းလုံးတွင် တော်လှန်လူငယ်များက စစ်တပ် ထုတ်ကုန် မသုံးစွဲရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ် ကော်မတီမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/80071/
လောင်းလုံးတွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကသာ၊ မြင်းမူနှင့် ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံ
["လောင်းလုံးတွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကသာ၊ မြင်းမူနှင့် ဝက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မဲစာရင်း လာကောက်သည့် စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကမြောကင်းကျေးရွာ မူလတန်းကျောင်းအနီး၌ အကြမ်းဖက် စစ်တပ် ကျင်းပပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းလိုက်ကောက်သည့် စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ AK 47 သေနတ် တစ်လက် ၊ ကျည် ၂၃ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (လောင်းလုံး-ပကဖ ) နှင့် Guerilla Revolutionary Force – DGRF (ထားဝယ်-ပကဖ) တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း ကသာမြို့နယ် တိုက်ကုန်းကျေးရွာ အရှေ့ဘက်ခြမ်းတွင် ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ် ၂ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား မိနစ် ၃၀ ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဝင် ၁ ဦးသေကာ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း GZ Special Task Force – Wetlet ဘွားကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားသည်။", "တိုက်ပွဲအတွင်း GZ Special Task Force – Wetlet အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကား နှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်သားအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ၂ ဦးသေဆုံးသွားကြောင်း People’s Army To Fight Dictatorship – PAFD တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၉ ရက် နံနက်အစောပိုင်း ၃ နာရီ ၃၆ မိနစ်ခန့်က မြင်းမူမြို့မှ မုံရွာမြို့ဘက်သို့ ထွက် ခွာလာသော အကြမ်းဖက်စစ်သားအများအပြားလိုက်ပါလာသည့် စစ်ကားနှစ်စီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးပျက်စီးခဲ့ပြီးနောက် အနီးရှိကင်းပုန်းရှိရာ နေရာသို့ မောင်းနှင်သွားစဉ် စကားများရန်ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ကြရာ စစ်သား ၂ ဦးသေဆုံးသွား ကြောင်း သိရသည်။", "“ကျွန်တော်တို့က ရှေ့ကားကို မိုင်းဆွဲလိုက်တဲ့အချိန်မှာ နောက်မှာလိုက်တာတဲ့ ကားက ရမ်းသမ်းပစ်ခတ်ပြီး တော့ ရပ်လိုက်တယ်၊ ရပ်လိုက်တာက ကျနော်တို့ မိုင်းပွိုင့်တည့်တည့်ပေါ်ဖြစ်နေတော့ ထပ်ဆွဲတိုက်တာ၊ အဲဒီအချိန်မှာ အပစ်ပါရပ်သွားပြီးတော့ ကားရော၊ လူရော ထိခိုက်မှုတော်တော်ဖြစ်သွားတယ်၊ အဲဒါနဲ့ ရှေ့ နားမှာရှိတဲ့ သူတို့ ကင်းပုန်းဝပ်စခန်းအထိ မောင်းသွားတဲ့အချိန်မှာ ဘယ်လိုဖြစ်တာလဲမသိဘူး၊ ကား သ မားက ထွက်တားတဲ့ စစ်သားကို တိုက်သတ်ပစ်လိုက်တယ်၊ တိုက်သတ်လိုက်တော့ အပြန်အလှန်ပစ်ကြ တာ၊ နောက်ထပ် တစ်ယောက်ထပ်သေတယ်၊ ကျနော်တို့မိုင်းဆွဲလို့ သေဆုံးဒဏ်ရာရတာ အတိအကျ မသိရပေမယ့် သူတို့ အချင်းချင်း ဖြစ်လို့ သေတာနှစ်ယောက်ကတော့အတည်ပြုလို့ရတယ်” ဟု People’s Army To Fight Dictatorship – PAFD တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။", "ထိုသို့အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် ယင်းအကြမ်းဖက်စစ်သားများမှာ မုံရွာမြို့အထိ ဆက်လက်ထွက်ခွာခြင်းမရှိပဲ သေဆုံး၊ ဒဏ်ရာရ စစ်သားအလောင်းများကို တင်ဆောင်ကာ မြင်းမူမြို့သို့ ပြန်ဝင်သွားကြောင်း သိရသည်။", "အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF (MMU) ၊ People’s Knight Defense Force Myinmu (PKDF.MMU).TAUNGTHA People Defense Force (TTA PDF). D.B.B.F.MMU တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်) အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၉ ရက်နေ့တွင် ဝက်လက်မြို့မ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် မင်းစုရပ်ကွက် အနီးနားသို့ ထွက်ခွာလာသည့် စစ်သားနှင့် ပျူစောထီးများကို ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေး တပ်ဦး (ဝက်လက်)၊ People Revolution Front (Wetlet)၊ အမေ့သား(LPDF)နှင့် မြို့မတိုက်နယ် ပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121070/
လောင်းလုံးတွင် ရဲစခန်းမှ ပြန်လာသည့် စမ်းလှမ်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
["လောင်းလုံးတွင် ရဲစခန်းမှ ပြန်လာသည့် စမ်းလှမ်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ရဲမှ ပြန်လာသည့် စမ်းလှမ်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရဲစခန်းမှ နေအိမ်ကို ပြန်လာသည့် စမ်းလှမ်းရွာ အုပ်ချုပ်ရေးမှူး စံရွှေကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွာသော စံရွှေ သည် စစ်တပ်ခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ကာဘိုင်သေနတ် ကိုင်ဆောင်ထားကာ ပျူစောထီး အဖွဲ့ဝင် ၁ ဦးလည်းဖြစ်ကြောင်း၊ စက်လှေများထံမှ လစဥ်စစ်ကြေး တောင်းခံ​၍ စစ်တပ်ကို နောက်ကွယ်မှ ကူညီပံ့ပိုးနေ​သူဖြစ်ကြောင်း သိရရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Guerrilla Dawei နှင့် Dawei Defense Team – DDT အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်တပ်နှင့် ပူးပေါင်းခြင်းမပြုရန် သတိပေးစာပေးပို့ခဲ့သော်လည်း လိုက်နာခြင်းမရှိသောကြောင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့်သက်ဆိုင်ခြင်းမရှိကြောင်း DDTတပ်ခွဲ ၃ နှင့်ထားဝယ် UG အဖွဲ့တို့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/98326/
လောင်းလုံးတွင် လက်နက်ကိုင် မူးယစ်ဂိုဏ်းကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်းရမိ
["လောင်းလုံးတွင် လက်နက်ကိုင် မူးယစ်ဂိုဏ်းကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၁၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင် မူးယစ်ဂိုဏ်း ၁ ခုကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်တွင် လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ အနီးတွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကင်းလှည့်လာစဥ် လက်နက် ကိုင်ဆောင်ထားသော မူးယစ်ဂိုဏ်း အဖွဲ့နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မူးယစ်ဂိုဏ်း အဖွဲ့က ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့ နေထိုင်ခဲ့သည့် နေအိမ်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ကာ လက်နက် တချို့နှင့် WY ဆေးပြားများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ နေအိမ် အတွင်းမှ ဘော်ကာသေနတ် ၁ (ကျည်အသင့်ထိုးထား ပြီး) ၊ ရမ်းထောင်းသေနတ် ၂ လက် ၊ ဂက်စ်သေနတ် ၁ လက် ၊ ယမ်းဖူးကစ်များ၊ WY ဆေးပြား ၄၀၉ ပြား ၊ ပုဆိန် ၁ ၊ ဓါးမျိုးစုံ ၆ ၊ လွှ ၁ ၊ ချိန်းကြိုး ၁ ၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃ လုံး၊ Power Bank ၁ ခု၊ ပိုက်ဆံ ၅၀,၃၀၀ ကျပ် ဓါတ်မီး ၁ လုံးနှင့် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "” မူးယစ်ဂိုဏ်းက ကောင်တွေကိုတော့ ဖမ်းမမိဘူး။ ထွက်ပြေးသွားတယ်။ ပစ္စည်းတွေပဲ သိမ်းဆည်းရမိတယ်။ အဲကောင်တွေက မူးယစ်ဆေးဝါး သုံးစွဲပြီး အမြဲလိုလို သေနတ် ပစ်ဖောက်နေသော အဲဒီ လက်နက်ကိုင် မူးယစ်အဖွဲ့ကို ဖမ်းဆီးပေးဖို့ တိုင်ကြားမှုတွေ အများရှိလာတဲ့အတွက် ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ အဲ့ အဖွဲ့ကို ဆက်လက် အရေးယူဆောင်ရွက်တာတွေ ပြုလုပ်သွားမယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2022/12/76716/
လောင်းလုံးတွင် အမျိုးသမီးများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["လောင်းလုံးတွင် အမျိုးသမီးများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ဦးဆောင်ပြီး “အကြောက်တရားကို ခွန်အားအဖြစ်ပြောင်းလဲကြ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/93590/
လောင်းလုံးတွင် အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး
["လောင်းလုံးတွင် အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၂၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အောက်ကျောက်ဝပ် ကျေးရွာသား ၁ ဦးကို ပစ်သတ်ပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့​​ကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာတို့ကို ရေကြောင်းနှင့် ကုန်းကြောင်းတို့ဖြင့် စစ်ကြောင်းထိုး စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အောက်ကျောက်ဝပ် ကျေးရွာသား ကိုအောင်မင်းစိုးကိုလည်း စစ်တပ်က ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။", "” ပျက်စီးဆုံးရှုံးမှုတော့ အတည်မပြုနိုင်သေးဘူး။ ညောပြင်ရွာကတော့ ရွာလုံးကျွတ် ပြာကျသွားတယ်လို့တော့ သိရတယ်။ အောက်ကျောက်ဝပ်ရွာ အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေးတွေက အောက်ကျောက်ဝပ်ရွာသား ၁ ဦးကို ပစ်သတ်သွားတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDFမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/06/109487/
လောင်းလုံးနှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်
["လောင်းလုံးနှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်", "ရန်ကုန်၊ ဇွန် ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ကင်းလှည့်လာသည့် အကြမ်းဖက် စစ်သားများက ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများ ထံမှ သိရသည်။", "ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မောင်းမကန်ရွာသား ၃ ဦးသည် ရွာလမ်းထဲ၌ ထိုင်နေစဥ် အရပ်ဝတ်ဖြင့် ကင်းလှည့်နေသည့် စစ်သားများက ရွာသားများကို စစ်ဆေးရန် လှမ်းခေါ်စဥ် ပြည်သူများက စစ်သားမှန်း မသိဘဲ လှည့်ထွက်သွားသောကြောင့် စစ်သားများ အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်သားများ ပစ်ခတ်ခဲ့သည့် အမျိုးသားသည် ဝမ်းဗိုက်နှင့် နောက်ကျောတွင် ကျည်ဆံ ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး ညပိုင်းတွင် ထားဝယ်ဘက်မှ အရေးပေါ်ကား ရောက်လာကာ ထားဝယ်ဆေးရုံသို့ တင်ဆောင်သွားကြောင်း၊ ဆေးရုံရောက်ကတည်းက သွေးထွက်လွန်နေပြီး ဇွန် ၂၄ ရက်နေ့တွင် သေဆုံးသွားကြောင်း ဒေသပြည်သူများက အတည်ပြု ပြောကြားသည်။", "ထို့ပြင် ဇွန်လ ၁၆ရက်နေ့ကလည်း တနင်္သာရီမြို့နယ်တွင် ဥယျာဥ်ခြံမှ ပြန်လာသည့် အသက် ၂၀ ကျော်အရွယ် ကိုသားချောကိုလည်း အကြမ်းဖက်စစ်ကောင်စီဝင်များက ပစ်သတ်ခဲ့သေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ကိုသားချောနှင့် အမျိုးသား ၁ ဦးတို့ ဇွန်လ ၁၆ ရက်နေ့တွင် ဥယျာဉ်ခြံမှ ပြန်လာစဉ် တနင်္သာရီမြို့ကြေးရုပ်အနီး စစ်ဆေးနေသည့် စစ်ကောင်စီဝင်များက တားဆီး၍ ကိုသားချောကို ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ပစ်သတ်ခံရသည်ကို မသိရှိသော်လည်း ကိုသားချောမှာ ကွမ်းသီးခြံလုပ်ငန်းများ လုပ်ကိုင်နေသည့် သာမန်အရပ်သားတစ်ဦးသာဖြစ်ကြောင်း ဒေသပြည်သူများက အတည်ပြု ပြောကြားသည်။", "ကိုသားချောနဲ့ အတူ တားဆီးစစ်ဆေးခံရသည့် အမျိုးသားမှာမူ လက်ရှိ အချိန်အထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/203060/
လောင်းလုံးနှင့် ထားဝယ်မြို့တွင် စစ်တပ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး
["လောင်းလုံးနှင့် ထားဝယ်မြို့တွင် စစ်တပ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "တနင်္သာရီတိုင်း၊‌ လောင်းလုံးမြို့နယ်နှင့်ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လောင်းလုံးမြို့နယ်၊ ကျော်နီမော်ကျေးရွာရှိ ရေခဲ စက်ရုံဟောင်းကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အလားတူ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တွင် ကျောက်နီမော်ကျေးရွာ၊ ဘုရား တောင် တာဝါတိုင်ကုန်းရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး ၁ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေး ရွာ ဘုရားတေင် တာဝါတိုင် စစ်တပ်စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်တွင် လည်း ကျောက်နီမော်ကျေးရွာ ရေခဲစက်ရုံဟောင်း လက်နက်ကြီးပစ်ကွင်းအတွင်း သို့ ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ထိုနောက် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီအချိန် ထား၀ယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နတလရုံးကို ဒရုန်းဖြင့် ဗုံး သီး ၁ လုံး ၊ မွန်းလွဲ၂ နာရီ အချိန်တွင်လည်း လောင်းလုံးမြို့ပေါ်ရှိ ထွေအုပ် ရုံးကို ဗုံးသီး ၁ လုံး၊ ည နေ ၃ နာရီအချိန်၌ လောင်းလုံးမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး၊ ညနေ ၃ နာရီ ၄၀ မိနစ် အချိန် တွင် လောက်လုံးမြို့မ ရဲစခန်းအတွင်းသို့ နောက်ထပ်ဗုံးသီး ၁ လုံး ထပ်မံကျဲ ချတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိ ကြောင်း သိရသည်။", "“နောက်ဆက်တွဲထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပါပဲ၊ အခုလက်ရှိ သိတားတာကတော့ ထုတ် ပြန်ထားတဲ့ အရေအတွက်အတိုင်းပဲ အတည်ပြုနိုင်သေးတယ်” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ – ပကဖမှ သတင်းနှင့်ပြန်ကြား ရေးတာ ဝန်ခံ ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါ ဒရုန်းစစ်ဆင်ရေးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် TPLFတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခန့်အချိန် လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို လောင်းလုံး မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲရဲ‌ဘော်များမှ ရှောင်တခင် သွားရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး လက်နက်မတော် တဆဖြစ်ကာ ဒဏ် ရာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖအနေဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်လုပ်ဆောင်ရန်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ရေးသတင်းများ မပြတ်နားစွင့် ထားရန်နှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးအဆံများ၊ မပေါက်ကွဲသေးသည့်မိုင်း၊ လက်နက် ခဲ ယမ်း အကြွင်းအကျန်များအား ကိုင်တွယ်ထိတွေ့ခြင်းမပြုကြရန် နှင့် တွေ့ရှိပါ ကဆက်သွယ် အကြောင်းကြားပေးကြရန် အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2022/12/77894/
လောင်းလုံးနှင့် နွားထိုးကြီးတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး ၂ ဦး၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး
["လောင်းလုံးနှင့် နွားထိုးကြီးတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး ၂ ဦး၊ စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးနှင့် ပျူစောထီး ၂ ဦးတို့ ပစ်ခတ် ခံရပြီး ၃ ဦးသေဆုံး​ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပြောသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်၊ လောင်းလုံး-ကျောက်နီမော် လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ပြုံးချိုကို လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့-LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော တပ်ကြပ်ကြီး ပြုံးချိုထံမှ စစ်ဝတ်စုံ ယူနီဖောင်း ၂ စုံ ၊ ခရာကြိုး ၁ ခု ၊လုံချည် ၂ ထည်၊ အင်္ကျီ ၂ ထည် ၊ မှတ်ပုံတင် ၃ ချပ် ၊ ဆိုင်ကယ် ၁ စီး၊ မှတ်တမ်းစာအုပ် ၁ အုပ်၊ ကြည့်မျက်မှန် ၁ ခု၊ ဖုန်း ၁ လုံး၊ ကြောပိုးအိတ် ၁ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ စစ်ကောင်စီတပ်ဖွဲ့ ဝင် ကဒ် ၁ ကဒ်၊ ဓာတ်မီး ၁ လုံး၊ စာရွက်စာတန်းများ၊ စားစရာတချို့နှင့် ပိုက်ဆံ ၂၅၃၀၀ ကျပ်တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်အချိန် မောင်းမကန် ရွာတွင် နေထိုင်သည့် ပျူစောထီး ခေါင်း ဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက်ဖြစ်သူ စစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းဆင်း နိုင်ဦးတို့ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် စိုးသိန်း(ခ) သက်ရှည်နှင့် သမက်ဖြစ်သူ ပျူစောထီး နိုင်ဦးတို့သည် လက်နက်ကိုင်ဆောင်ပြီး ပျူစောထီးများကို စစ်သင်တန်းပြန်ပေးနေသူများ ဖြစ် ကြောင်း၊ သမီးဖြစ်သူ အေးလဲ့ထွေး(ခ)မီးကန်းသည် ငွေကြေးဖြင့် ပျူစောထီးအဖွဲ့ဝင်များ တိုးပွားရန် စုဆောင်းသူဖြစ်ကြောင်း၊ စစ်ကောင်စီထံ သတင်းပေး၍ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခိုင်း သူတစ် ဦးလည်းဖြစ်ကြောင်း၊ လောင်းလုံး PDF တပ်ဖွဲ့က အကြိမ်ကြိမ် စောင့်ကြည့်ခဲ့ပြီး ၎င်းတို့ နေအိမ်များ အတွင်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ လုံခြုံရေးအရ လက်နက်ရှာဖွေ သိမ်းဆည်းနိုင်ခြင်း မရှိ ကြောင်း သိရသည်။", "အလားတူ မန္တလေး၊ နွားထိုးကြီးမြို့ပေါ်တွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ထွန်းရှိန် ကို ဖမ်းဆီး စစ်ဆေးစဥ် သေဆုံးခဲ့ကြောင်း Natogyi Tiger Black အဖွဲ့မှ ဗိုလ်ဥက္ကာက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ထွန်းရှိန်ကို Natogyi Tiger Black အဖွဲ့က ဖမ်းဆီး စစ်ဆေးစဥ် ရိုင်းပြစွာပြောဆိုခြင်း၊ စစ်မေးသူ၏ မျက်နှာကို တံတွေးဖြင့် ထွေးခြင်းများ ပြုလုပ်ခဲ့ပြီး ခုခံသဖြင့် ပစ်ခတ် ဟန့်တားရာမှ ကျည်ထိမှန် သေဆုံး ခဲ့ ကြောင်း သိရသည်။", "သေဆုံးသွားသော ထွန်းရှိန်သည် စစ်တပ် သတင်းပေး တစ်ဦးဖြစ်ပြီး ၎င်း သတင်းပေး တိုင်ကြားခြင်း ကြောင့် PDF ရဲဘော် ၅ ဦး ဖမ်းဆီးခံရကြောင်း၊ ထွန်းရှိန်သည် မုဒိမ်းကျင့် သတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ထားသူ ဖြစ်ကြောင်း Natogyi Tiger Black အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "“ဒလန် ထိန်းရှိန် က စစ်တပ်ရဲ့ သတင်းပေးဒလန်တစ်ယောက်ဖြစ်တယ်။ ထိန်းရှိန် က သတင်းပေးလို့ ရဲဘော် ၅ ဦးအဖမ်းခံရတယ်။ သူက မုဒိမ်းမှု ၃ မှုကျူးလွန်ထားတယ် ။ ထိန်းရှိန်ကို မနေ့မနက်ပိုင်း စစ်ခွေး တွေက အရက်၀ယ်ခိုင်းတယ်။ အရက်ဆိုင်ထဲမှာ ဖမ်းပြီး ခေါ်လာတယ်။ ဒီဘက်ရောက်တော့ စစ်ဆေးမေးမြန်းတယ်။ စစ်ခွေး တွေကအရက်၀ယ်ခိုင်းလို့ ဆို ဖြေတယ်။ စစ်ခွေး တွေက ဘာတွေ ပေးလို့ ဒီအလုပ်ကိုလုပ်တာလဲမေးတော့ မေးမြန်းနေတဲ့ရဲဘော်ရဲ့ မျက်နှာကို တံတွေးနဲ့ ထွေးတယ်။ ခုခံတယ်။ လက်လုပ်သေနတ်နဲ့ နဲ့ ၂ချက်ပစ်လိုက်ရာမှာ သေဆုံးပါတယ်” ဟု ဗိုလ်ဥက္ကာက ရှင်းပြ သည်။", "စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ ပျုစောထီးများကို တိုက်ခိုက်ရန် လက်နက်ခဲယမ်းနှင့် ကျည်ဆန် များ လိုအပ်လျက်ရှိကြောင်း Natogyi Tiger Black အဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/179504/
လောင်းလုံးနှင့် ဖလမ်းမြို့နယ်တို့ တွင် ပျူစောထီး ၁ ဦးနှင့် စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်
["လောင်းလုံးနှင့် ဖလမ်းမြို့နယ်တို့ တွင် ပျူစောထီး ၁ ဦးနှင့် စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်", "ရန်ကုန်၊ ဩဂုတ် ၁၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး ၁ ဦးက မိသားစုပါ ခေါ်ယူပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း နွေဦး ပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံမှ သိရသည်။", "ဇူလိုင်လ ၁၀ ရက်နေ့က လောင်းလုံးမြို့နယ် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ဝင် ဦးလှမျိုး သည် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံသို့ ဆက်သွယ်ကာ မိသားစုလိုက်ခေါ် ဆောင်လာပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အလင်းဝင်ရောက်သူ ဦးလှမျိုးသည် AK- အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၀ တောင့် နှင့် လက်ပစ်ဗုံး ၃ လုံး တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့သဖြင့် နွေဦးပြောက် ကျားတပ်ဖွဲ့ (NOGF) မှ ဂုဏ်ပြုဆုငွေ ၄၅ သိန်း ကျပ် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။", "ထိုသို့ ဆုကြေးငွေချီးမြှင့်ပေးပြီးနောက် အလင်းဝင်ရောက်လာခဲ့သူ ဦးလှမျိုးနှင့်မိသားစုဝင်များကိုဘေးကင်းလုံ ခြုံရာသို့ ပို့ဆောင်စီစဉ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။", "ပြည်သူနှင့်ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်(ပျူ‌စော ထီး) အဖွဲ့ဝင်များအား နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) မှ နွေးထွေးစွာကြိုဆိုလျက်ရှိပြီး လက်နက် ဖြင့်အလင်းဝင်လာသူများကို ထိုက်သင့်သည့် ဂုဏ်ပြုဆုငွေများ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်း အ သိပေးထားသည်။", "အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CNO/CNDF သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။", "ဇူလိုင်လ ၁၉ ရက်နေ့က ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၆၈ ခြေလျင် တပ် ရင်းမှ တပ်သား ဇင်မျိုးအောင် သည် CNO/CNDF ထံသို့ ဆက်သွယ်ကာ MA-1 အမျိူးအစား သေနတ် ၁ လက်၊ ကျည်ဆံ အတောင့် ၁၅၀ ၊ အီနာဂါဗုံး ၄ လုံး တို့နှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာခဲ့သည့် တပ်သား ဇင်မျိုးအောင်ကို ချင်းအမျိုး သားအဖွဲ့ချုပ် CNO/ CNDF မှ ဂုဏ်ပြုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/191983/
လောင်းလုံးနှင့် မုံရွာတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["လောင်းလုံးနှင့် မုံရွာတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းချရာနေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Nway Oo Guerrilla Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေး ရွာ အောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး၍ ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ တပ် သားများ စခန်းချနေထိုင်သည့် စီမံကိန်းဟောင်းကို Nway Oo Guerrilla Force ဒရုန်းတပ်ဖွဲ့မှ ဗုံး သီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော် လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရမ်းသမ်း ပစ်ခတ်မှုများ အချိန် မရွေးဖြစ်လာ နိုင်သည့် အတွက် မိဘပြည်သူများ အနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ရန် မေတ္တာရပ်ခံကြောင်း Nway Oo Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းပေါ်တွင် မီးကင်းထွက်စောင့်နေသော ရဲ ၂ ဦး ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကောင်းကင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာ လမ်းပေါ်တွင် မီးကင်းထွက်စောင့်နေသော ရဲအရာခံဗိုလ် ၁ ဦးနှင့် ရဲတပ်သား ၁ ဦးကို ကောင်းကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ် ပလဖ အဖွဲ့တို့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ G3 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/89158/
လောင်းလုံးနှင့် မြင်းခြံတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး
["လောင်းလုံးနှင့် မြင်းခြံတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို LLPDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀မိနစ်တွင် လောင်းလုံးမြို့နယ် ဇလွတ်ကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် ဝင်းထွန်းကို LLPDF တပ်ဖွဲ့ဝင်များက ပစ်ခတ် တိုက်ခိုက်စဥ် ထွက်ပြေး သွားသောကြောင့် လိုက်လံပစ်ခတ်စဥ် ကျေးရွာဘုန်းကြီး ကျောင်းအနီး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပျူစောထီး အဖွဲ့ဝင်များ ရရှိရေး လိုက်လံ စည်းရုံးနေသည့် အောင်မိုးနှင့် ယဥ်ယဥ်သန်းတို့ လင်မယားကို ဇလွတ်ကျေးရွာအတွင်း LLPDF တပ်ဖွဲ့များက သွားရောက် ဖမ်းဆီးစဥ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။", "အဆိုပါ သေဆုံးသွားသော ပျူစောထီး ဝင်းထွန်းနှင့် ထွက်ပြေး လွတ်မြောက်သွားသော ပျူစောထီး လင်မယား ၂ ဦးထံမှ ရွှေလက်စွပ် ၈ ခု၊ နားကပ် ၁၀ ခု၊ လက်ကောက် ၂ ခု၊ ရွှေဆွဲကြိုး ၃ ခု၊ လက်ကိုင်ဖုန်း ၄ လုံး၊ Tablet ၁ လုံး၊ ငွေကျပ် ၄၅ သိန်း၊ ကား ၁ စီး တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ယင်း ပျုစောထီးများသည် ညောပြင်နှင့် ဇလွတ် ကျေးရွာများတွင် ဓားမြမှု၊ လူသတ်မှု စသော ရာဇဝတ်မှုများ ကျူးလွန် နေသူများ ဖြစ်ကြောင်း၊ ပြည်သူများထံမှ သိမ်းဆည်းရရှိသော ပစ္စည်းများနှင့် ဆိုင်ကယ်များကို ခွဲဝေယူကာ သောင်းကျန်း နေသူများဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ကျောက်နီမော်ရဲစခန်းနှင့် ပျူစောထီးမှ စစ်သားများ ရောက်ရှိလာသော​ကြောင့် အပြန်အလှန် ပစ်ခတ်မှုများပါ ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်ရေးမှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်စက္က (MGPDF) အဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ရသာရွာ အုပ်ချုပ်မှူး တင်ကြိုင်နှင့် ဇနီးဖြစ်သူတို့ကို လူကြမ်းကြီးများအဖွဲ့နှင့် ဗိုလ်စက္က (MGPDF)တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခက်မှုဖြစ်ပွားကာ အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့​ကာ ပစ္စတို ၁ လက်နှင့် ကျည် ၂ ဘူး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/201209/
လောင်းလုံးနှင့် ရေဖြူ အစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["လောင်းလုံးနှင့် ရေဖြူ အစပ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလပိုင်းက စတင်ပြီး ရေဖြူမြို့နယ်၊ ရေနက်ဆိပ်ကမ်း အနီး ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ရေဖြူမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများသည် လောင်းလုံးမြို့နယ်အတွင်း ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဖြူမြို့နယ်ဘက်မှ လောင်းလုံးမြို့နယ် အတွင်းကိုထပ်မံ ဝင်ရောက်လာသောကြောင့် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများမှ ပြည်သူများပါ ထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ တော်လှန်ရေး တပ်ဖွဲ့များနှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ် အတွင်းရှိ မူးဒူး၊ ရလိုင်၊ သစ်တိုထောင့်၊ ဒေါင်းရှောင်၊ ဒေါင်းရှောင်၊ ဆင်ပုနစ်၊ မြို့ဟောင်းနှင့် စခန်းကြီးရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူများ အတွက်လည်း စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လိုအပ်မှုရှိကြောင်း သိရသည်။", "“စစ်တပ် စစ်ကြောင်းက ရေဖြူထဲကနေ လောင်းလုံးထဲကို ဝင်လာတာပေါ့။ ပြည်သူတွေတိမ်းရှောင်နေရတော့တာရှိပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတာမရှိသေးပါဘူး။ စစ်ကြောင်းက ရေဖြူနဲ့ လောင်းလုံးအစပ်က တောထဲမှာပဲရှိသေးတယ်။ ရွာတွေ ပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေတော့ မကြားမိသေးဘူး။ စစ်ရှောင်တွေအတွက်တော့ ရိက္ခာနဲ့ စောင်တို့ အနွေးထည်တို့ လိုအပ်မှုရှိပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။", "ယင်းစစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ပါဝင်ပြီး ရေဖြူနှင့် လောင်းလုံး မြို့နယ် အစပ်ရှိ တောထဲတွင်ရှိနေပြီး စစ်တပ် စစ်ကြောင်းရှိနေ၍ ပြည်သူများ အနေဖြင့် သတိပြုသွားလာကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။"]
https://yktnews.com/2023/02/84430/
လောင်းလုံးမြို့ ပြည်သူများ အသံတိတ် သပိတ် လှုပ်ရှားမှု စတင်
["လောင်းလုံးမြို့ ပြည်သူများ အသံတိတ် သပိတ် လှုပ်ရှားမှု စတင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "လောင်းလုံးမြို့ ဒေသခံ ပြည်သူများ အကြမ်းဖက် စစ်တပ် အာဏာသိမ်းသည့် ၂ နှစ်ပြည့်နေ့ အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်သည့် အသံတိတ် သပိတ် လှုပ်ရှားမှု စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/10/125388/
လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့က စစ်ဘေးရှောင် ပြည်သူများကို ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်း
["လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့က စစ်ဘေးရှောင် ပြည်သူများကို ရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၆", "လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့က လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ရိက္ခာ ၊ ဆေးဝါးများ ထောက်ပံ့လှူဒါန်းခဲ့ပြီး ကျန်းမာရေး ကာကွယ်စောက်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "စစ်ဘေးရှောင် ပြည်သူများကို ထောက်ပံ့ ကူညီလိုသော ပြည်သူများ အနေဖြင့် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ထံ ဆက်သွယ်လှူဒါန်းထောက်ပံ့နိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114322/
လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး
["လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၂", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့​ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ Non-CDM ဒုဦးစီးမှူး သိန်းဦးကို လောင်းလုံးမြို့နယ် အောက်ပိုင်း လမ်းတစ်နေရာ၌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော သိန်းဦးသည် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ ၊ ပျူစောထီးများနှင့်အတူ လမ်းမများပေါ်တွင် ခရီးသွား ပြည်သူများထံ စစ်ဆေး၊ ဆက်ကြေးတောင်းခံမှုများ၌ ပါဝင်နေခြင်း၊ ထားဝယ်-ရန်ကုန် ကားလမ်းရှိ မလွှဲတောင်ဂိတ်၌လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ ဆက်ကြေးကောက်ခံ နေခြင်းတို့​အား ရပ်တန့်ရန် သတိပေးထားပြီးသော်လည်း ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/113854/
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က အာဇာနည်နေ့ အခမ်းအနား ပြုလုပ်
["လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က အာဇာနည်နေ့ အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁၉", "လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၊ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ ကျဆုံးရဲဘော် ၈ ဦးအပါအဝင် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားခဲ့သော အာဇာနည်သူရဲကောင်းများကို အလေးပြုခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ၊ DDT-တပ်ခွဲ(၃) (ထားဝယ်-ပကဖ) ရဲဘော်များနှင့် ပြည်သူလူထုတို့ တက်ရောက်၍ အလေးပြု ပန်းခွေချခြင်း ၊ လောင်းလုံးမြို့နယ်နိုင်ငံရေး ဦးဆောင်အဖွဲ့တို့မှ ပေးပို့သော သဝဏ်လွှာကို တက်ရောက် ရွတ်ဖတ်ခြင်း တို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/178632/
လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
["လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၂", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးရှိ စစ်တပ် ဘန်ကာကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့က ပြောဆိုသည်။", "ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး (လ.၀က) ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘန်ကာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း ဘန်ကာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ဝ ဦးခန့်ရှိပြီး မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရရှိမှု အရေအတွက်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့ နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ -Student Revolutionary Force တို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/150656/
လောင်းလုံးမြို့နယ်တွင် ကျေးရွာတစ်ရွာတွင် ကျောင်းသားကျောင်းသူများအတွက် စာအုပ်နှင့်ခဲတံများ လှူဒါန်းပွဲပြုလုပ်
["လောင်းလုံးမြို့နယ်တွင် ကျေးရွာတစ်ရွာတွင် ကျောင်းသားကျောင်းသူများအတွက် စာအုပ်နှင့်ခဲတံများ လှူဒါန်းပွဲပြုလုပ်", "ရန်ကုန်၊ မတ် ၁၄", "ထားဝယ်ခရိုင်၊လောင်းလုံးမြိုနယ်အတွင်း ကျေးရွာတစ်ရွာရှိ ရပ်ရွာအခြေပြုပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများကို လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (LBESU)၊ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(BESSC)က ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက် စသည့် သင်ထောက်ကူများကို မတ် ၁၄ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/153932/
လောင်းလုံးမြို့နယ်တွင် စခန်းမှူး လိုက်ပါလာသော ယာဉ်တန်းနှင့် လမ်းလုံခြုံရေး ယူပေးနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး
["လောင်းလုံးမြို့နယ်တွင် စခန်းမှူး လိုက်ပါလာသော ယာဉ်တန်းနှင့် လမ်းလုံခြုံရေး ယူပေးနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၃၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စခန်းမှူး လိုက်ပါလာသော ယာဉ်တန်းနှင့် လမ်းလုံခြုံရေး ယူပေးနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လောင်းလုံး မှ ထားဝယ်ကို မြို့နယ် စခန်းမှူး အပြောင်းအရွှေ့ ပြုလုပ်စဉ် လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများသည် အင်အား ၁၅ ဦးခန့်ဖြင့် လမ်းကင်းထွက်ယူစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း လောင်းလုံးမြို့နယ် ရဲစခန်းမှူး လိုက်ပါလာသည့် အိမ်စီး ကား ပါဝင်သည့် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးလိုက်ပါလာသည့် မြေတင်ကားပေါ် ဗုံးသီးကျရောက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "” ၂ နေရာ တိုက်ခိုက်ခဲ့တာပေါ့။ နံနက် အစောကြီး ၅ နာရီ၀န်းကျင်မှာ ကင်းယူပေးတဲ့ စစ်ခွေးအဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ပြီး စခန်းမှူးအပြောင်းရွေ့လုပ်စဉ် လုံခြုံရေးယူပေးတဲ့ စစ်ခွေး ၈ ကောင်ခန့် ပါလာတဲ့ မြေတင်ကားကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ပြီး ဒရုန်းဗုံးသီးကတော့ မြေတင်ကား အနောက်ခွင်ထဲ တည့်တည့်ကျပြီး ကားပေါ်ပါလာတဲ့ စစ်ခွေး အကုန်လုံး ပက်လက်လှန်ကျပြီးထိခိုက်သွားပါတယ်။ ပြန်တောင် မပစ်နိုင်တော့ဘူး။ အိမ်စီးကားနဲ့ လိုက်ပါလာတဲ့ လောင်းလုံး စခန်းမှူး အပါအ၀င် စစ်ခွေး တချို့ကတော့ လက်နက်ငယ်နဲ့ ၄ ချက် ပစ်ခတ်ပြီး မောင်းပြေးသွားတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ တောသားလေးတပ်စု၊ ကင်းမြီးကောက် ပြောက်ကျားတပ်စု နှင့် ဓူဝံကြယ်တပ်ဖွဲ့တို့က ပူးတွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်"]
https://yktnews.com/2023/04/95965/
လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်သား စိုးပိုင် ပစ်ခတ်ခံရပြီး သေဆုံး
["လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်သား စိုးပိုင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ထောက်လှမ်းရေးလုပ်နေသည့် ထား ဝယ်​ ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။", "ပစ်ခတ်ခံရပြီး သေဆုံးသွားသူမှာ အမှတ် ၇ အလုပ်ရုံတပ်စု (လျှပ်/စက်)က တပ်သား စိုးပိုင်ဖြစ်ပြီး မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ပစ်ခတ် ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူကအရပ်ဝတ်နဲ့တစ်ယောက်တည်းသွားနေတာပါ။ မိုးလည်းချုပ်နေတော့ ကင်းသမားနဲ့တိုးပြီး ဖမ်းစစ်လိုက်တာ။ လက်နက်ယူလာတာတော့မရှိဘူးဗျ။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေး တာဝန်ရှိ သူကပြောသည်။", "စစ်ကောင်စီတပ်သားကို တွေ့ရှိခဲ့ချိန်မှာ ညောပြင်ရွာနှင့် အောက်ကျောက်ဝပ် ရွာမှ နေအိမ်အများအပြားကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် နောက်တစ်ရက်တွင်ဖြစ်ကြောင်း သိရှိရသည်။", "လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အဆိုအရ တပ်သား စိုးပိုင် သည် သကျက်တောနှင့် ရဘဲရွာဘက် ရောက်ရှိနေသည့် စစ်ကြောင်းမှ ဖြစ်သည်ဟု ယူဆရကြောင်း ပြောဆိုသည်။", "ပစ်သတ်ခံရသူ တပ်သားစိုးပိုင်သည် ထားဝယ်သားတစ်ဦးဖြစ်ပြီး သိမ်း ဆည်း ရမိသည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသည့် စာရွက်တွင် သူ၏ နေရပ် လိပ်စာ မြိတ်မြို့နယ်၊ စန္ဒဝတ်ရွာဟု ဖော်ပြထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/140863/
လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ
["လောင်းလုံးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၅ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီးနှင့် လပ်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦး ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြဖမ်းဖက် စစ်ကောင်စီ တပ်သားများကို နံနက် ၇ နာရီ ၃၀ မိနစ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၊ မွန်းလွဲ ၂:ဝဝ အချိန် ၊ ညနေ ၃ နာရီ ၃၀ မိနစ်နှင့် ညနေ ၄ နာရီ အချိန် ခန့်တို့တွင် တော်လှန်ရေးတပ်ဖွဲ့များက ၅ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦး နေရာတွင် သေဆုံးခဲ့ပြီး ၁၆ ဦး အပြင်းထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။", "အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်ကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု ၊ Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ ထားဝယ်နဂါးတပ်ခွဲ(၅) နှင့် Dawei Defense Team- DDTတပ်ခွဲ ၃ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ပစ်ခဲ့သော စစ်သား အလောင်း ၁ လောင်း၊ ကား ၁ စီး နှင့် လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိကြောင်း သိရသည်။", "လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စတင်၍ ကုန်းကြောင်း/ရေကြောင်း အသုံးပြုကာ အင်အား ၂ဝဝ ခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ ကျေးရွာ ၈ ရွာမှ ပြည်သူပိုင် နေအိမ် ၁၃၂ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86345/
လောင်းလုံးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ပစ္စည်းများ မသုံးစွဲရေး လှုပ်ရှားမှုပြုလုပ်
["လောင်းလုံးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ပစ္စည်းများ မသုံးစွဲရေး လှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီမှ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဓာတ်တိုင်များနှင့် လူစည်ကားသည့်နေရာများတွင် လိုက်လံ ကြေညာပြီး စစ်တပ် ထုတ်ကုန်ကင်းစင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/116921/
လောင်းလုံးမြို့နယ်တွင် စစ်တပ် ထုတ်ကုန်ပစ္စည်းများ မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်
["လောင်းလုံးမြို့နယ်တွင် စစ်တပ် ထုတ်ကုန်ပစ္စည်းများ မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၇", "လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် စစ်တပ်ထုတ် ကုန်ပစ္စည်း အမှတ်တံဆိပ်များဖြစ်သော အရက်၊ ဘီယာ၊ ‌အချိုရည်၊ စီးကရက်များကို ဝယ်ယူသုံးစွဲခြင်း/ရောင်းချခြင်းနဲ့ သယ်ယူပို့ဆောင်မှုတွေ မပြုလုပ်ရန် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/181537/
လောင်းလုံးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး
["လောင်းလုံးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ စက်တင်ဘာ ၂", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၃၀ နီးပါးကို ဖမ်းဆီးထားကာ ကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဩဂုတ်လနှောင်းပိုင်းမှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်စစ်ကြောင်းက လောင်းလုံးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ရန် ဟုဆိုကာ စစ်ကြောင်းထိုးလာကြောင်း၊ ကျေးရွာများသို့ ဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်ကြောင်း၊ လက်ရှိတွင် ဘူချိုးကျေးရွာ၊ စခန်းကြီး၊ စွန်တောင်ပေါ်၊ ဖွားဘုတ်ပြင်၊ ကျောက်ဆင်တို့မှ ပြည်သူ ၃၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသူများမှာ လမ်းတွင် စစ်ကြောင်းဖြင့် တွေ့၍ ဖမ်းဆီးခံရခြင်းနှင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်း ဝင်ရောက်စဉ် ထွက်မပြေးနိုင်၍ ဖမ်းဆီးခံရသူများဖြစ်ကြောင်း၊ အဖမ်းခံရသူများတွင် အမျိုးသားများ၊ ကလေးမိခင်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများပင် ပါဝင်ကြောင်း သိရှိရသည်။", "“စစ်ကြောင်းက နေ့တိုင်းထိုးနေတာ။ စစ်ကြောင်းက ရွာတွေကို လှည့်လည်ပြီး စစ်ကြောင်းထိုးတယ်။ ကျေးရွာတွေထဲမှာ ပစ္စည်းတွေ လုယက်တယ်။ လမ်းမှာတွေ့တဲ့ ပြည်သူတွေ မပြေးနိုင်တဲ့ ပြည်သူတွေ အဖမ်းခံရတယ်။ လောလော ဆယ် တော့ ဖမ်းခံရတဲ့အထဲမှာ အမျိုးသမီးတွေ၊ ကလေးမိခင်တွေ ပါနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီတပ်က ဘူချိုင်းကျေးရွာ ဩဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင်ဘာ လ ၁ ရက်နေ့တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုကြောင့် လောင်းလုံးမြို့နယ်အတွင်း ကျေးရွာ ၁၀ ခုကျော်ထက်မနည်းမှ ပြည်သူပေါင်း ၅၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်များက စစ်ကိုင်းအတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/12/137966/
လောင်းလုံးမြို့နယ်တွင် စစ်တပ်က စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်
["လောင်းလုံးမြို့နယ်တွင် စစ်တပ်က စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်", "အောက်ရေဖြူကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဆက်လက် စစ်​ကြောင်းထိုးနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ ကညိုကျွန်း ၊ ကထောင်းနီ ၊ ပြင်းထိန် ၊ လေးသွန်းခံ နှင့် စစ်ပြဲ စသည့် ကျေးရွာများကို စစ်ကြောင်း စီးနင်းပြီး ပြည်သူ ပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း စစ်ပြဲကျေးရွာအတွင် ဝင်ရောက် စီးနင်းစဥ် စိတ်ရောဂါသည် စစ်ပြဲရွာသား ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါင်းဖြတ်သတ်ကာ ရုပ်အလောင်းကို ရေကန်အတွင်း စွန့်ပစ်ထားခဲ့ပြီး ဦးခေါင်းကို လက်ရှိချိန်ထိ ရှာမတွေ့သေးကြောင်း သိရှိရသည်။", "“လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာကို စစ်ခွေးတွေက ဝင်ရောက်စီးနင်းတုန်းက စစ်ပြဲရွာသား စိတ်ရောဂါသည် ကိုသင်ကိုမြတ်ကို လက်ပြန်ကြိုးတုပ် ခေါင်းဖြတ်သတ်ပြီး ရုပ်အလောင်းကို ရေကန်ထဲ စွန့်ပစ်ခဲ့တယ်။ ဦးခေါင်းကို အခုထိ ရှာမတွေ့သေးဘူး။ စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့ ပြည်သူတွေ ထပ်ရှိနိုင်တယ်။ ရွာသူရွာသားတွေ ရွာတွေထဲ မဝင်ရဲကြသေးလို့ အတိအကျမသိရသေးပါဘူး။ ခေါင်းဖြတ်ခံထားရတဲ့ ရုပ်အလောင်းကိုတော့ ဆယ်ယူပြီးပါပြီ ခေါင်းတော့မတွေ့သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်​ကြောင်း ၃ ကြောင်းဖြင့် အောက်ရေဖြူကျေးရွာဘက်ကို ဆက်လက် စစ်​ကြောင်းထိုးနေပြီး ဒေသပြည်သူများ၏ အရေးကြီးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းထားရှိရန် နှင့် လုံခြုံရေးအထူးဂရုစိုက် သတိရှိနေပေးကြပါရန် နှိုးဆော်တိုက်တွန်းလိုကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/03/152417/
လောင်းလုံးမြို့နယ်တွင် စစ်သားစုဆောင်းရေး အတွက် အဓိကကျသော ထွေ/အုပ် စာရေးနှင့် ရပ်ကျေးတာဝန်ခံ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရရှိ
["လောင်းလုံးမြို့နယ်တွင် စစ်သားစုဆောင်းရေး အတွက် အဓိကကျသော ထွေ/အုပ် စာရေးနှင့် ရပ်ကျေးတာဝန်ခံ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးရရှိ", "ရန်ကုန်၊ မတ် ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအတွက် စစ်သားစုဆောင်းရေး အဓိက လုပ်ဆောင်နေသော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေးတစ်ဦးနှင့် ရပ်ကျေးတာဝန်ခံ ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထား ကြောင်း Nway Oo Guerilla Force – နွေဦးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်ငြိမ်းငြိမ်းသက်သည် မြင့်မိုရ်လတ်ခတ်တောင် ဆရာတော်၏ ကားဖြင့် စီးနင်း လိုက်ပါလာသည်ကို လောင်းလုံး – ထားဝယ် လမ်းပိုင်းတနေရာ၌ သံသယဖြစ်ဖွယ် စစ်ဆေး တွေ့ရှိရသဖြင့် လိုအပ်သည့် အချက်အလက်များ ထပ်မံစစ်ဆေးမေးရန်ရှိသဖြင့် ခေတ္တထိန်းသိမ်းခဲ့ ကြောင်း သိရသည်။", "ထို့နာက် ညနေ ၅ နာရီခွဲအချိန်တွင်လည်း ထပ်မံရရှိသော သတင်းအချက်အလက်များအရ ပြင်းထိန် ကျေးရွာနေအိမ်တွင်သို့ ပြန်လည်ရောက်ရှိနေသော လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ရပ်ကျေးတာဝန်ခံ ဒေါ်စောကြူကို စစ်ဆေးမေးမြန်းရန် လိုအပ်သဖြင့် သွားရောက်ခေါ်ဆောင် ကာ ခေတ္တထိန်းသိမ်း ထားခဲ့ကြောင်း သိရသည်။", "“အခုတော့ စစ်ဆေးမေးမြန်းနေတုန်းမို့ ထွက်လာတဲ့ အချက်အလက်ပေါ် မူတည်ပြီး ဘယ်လို အရေး ယူမလဲဆိုတာ ပြန်လည် ထုတ်ပြန်ပေးသွားမှာပါ၊ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါ တယ်” ဟု နွေဦးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ခေတ္တထိန်းသိမ်းမှုကို နွေဦးပြောက်ကျားတပ်ဖွဲ့ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကာ လိုအပ်သည့်အချက်အလက်များ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/04/159278/
လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်
["လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ ဧပြီ ၂၅", "လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး” လူထုအကြပ်အတည်း အရင်းခံ စစ်အာဏာရှင်စနစ် အမြစ်လှန်” ခေါင်းစဥ်နှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို ယနေ့ ဧပြီလ ၂၅ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို အမျိုးသမီး လူငယ်များနှင့် ဒေသပြည်သူများ ပူးပေါင်းပါဝင်မှုနှင့် အတူ ချီတက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/187019/
လောင်းလုံးမြို့နယ်တွင် ပကဖ အဖွဲ့က ဖမ်းဆီးထားသည့် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို မြို့နယ် ပအဖ ထံ သက်သေခံ ပစ္စည်းများနှင့်အတူ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်မည်
["လောင်းလုံးမြို့နယ်တွင် ပကဖ အဖွဲ့က ဖမ်းဆီးထားသည့် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို မြို့နယ် ပအဖ ထံ သက်သေခံ ပစ္စည်းများနှင့်အတူ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်မည်", "ရန်ကုန်၊ အောက်တိုဘာ ၈", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ပကဖ အဖွဲ့က ဖမ်းဆီးထားသည့် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို မြို့နယ် ပအဖ ထံ သက်သေခံ ပစ္စည်းများအတူ လွှဲပြောင်း အပ်နှံလိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်မည်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ သက်ဆိုးရှည်ဖို့ မတရား ပြုလုပ်နေသော တရားမဝင် ရွေးကောက်ပွဲအတွက် သန်းခေါင် စာရင်းကောက်ယူရာ၌ ပါဝင် ပက်သက်နေသည့် လောင်းလုံးမြို့နယ်တွင် နေထိုင်သည့် ထွေအုပ်စာရေး ၁ ဦး နှင့် Non-CDM ဆရာမ ၈ ဦး စုစုပေါင်း ၉ ဦးကို အောက်တိုဘာလ ၆ ရက်နေ့၌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ လမ်းပိုင်းနှင့် နေအိမ်များတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။", "အဆိုပါ ၉ ဦးကို ဖမ်းဆီးရာတွင် ထားဝယ်မြို့ပေါ်သို့ သန်းခေါင်စာရင်းကောက်ယူရန် သွားသည့်လမ်းပိုင်း၊ အပြန်လမ်းပိုင်းနှင့် နေအိမ်များတွင် အသီးသီး ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သက်သေ အထောက်အထားများနှင့်တကွ ပူးတွဲ ဖမ်းဆီးထိန်းသိမ်းထားသည့် ပစ္စည်းများ Video မှတ်တမ်းများ ၊ ဓါတ်ပုံမှတ်တမ်းများနှင့်အတူ လုပ်ထုံးလုပ်နည်း အတိုင်းအဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး ၂၄ နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရန် လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ထံသို့ လူနှင့်သက်သေခံ ပစ္စည်းများကို ပူးတွဲအပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူတို့ကို ဥပဒေအရ အရေးယူဖို့ ဆက်လက် လုပ်ဆောင်လိ့မ်မယ်။ အရေးယူမှာပါ။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အရေးယူမှာဆိုတော့ ပအဖ ကို လွှဲပေးလိုက်တာပါ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူ ပေးနေသူများနှင့် လောင်းလုံးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူပေးရမည့် ပါဝင်ပက်သက် သူများကို စာရင်းအတိအကျရရှိထားပြီး ဆက်လက်၍ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေမည်ဆိုပါက ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/06/108972/
လောင်းလုံးမြို့နယ်တွင် ဖမ်းဆီးမည့် သားကို ရှာမတွေ့၍ အဖေဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီး၊ ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း အရပ်သား ၃ ဦး ဖမ်းဆီးခံရ
["လောင်းလုံးမြို့နယ်တွင် ဖမ်းဆီးမည့် သားကို ရှာမတွေ့၍ အဖေဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီး၊ ထားဝယ်ခရိုင်တွင် တစ်ရက်အတွင်း အရပ်သား ၃ ဦး ဖမ်းဆီးခံရ", "ရန်ကုန်| ဇွန် ၂၀", "တနင်္သာရီတိုင်း၊ လောင်းလုံးနှင့် ကံပေါက်ဒေသတို့တွင် ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က တစ်ရက်တည်းအတွင်း အရပ်သား သုံးဦးကို စစ်ကောင်စီက အကြောင်းမဲ့ အကြမ်းဖက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများ က ပြောသည်။", "ဖမ်းဆီးခံရသူများထဲတွင် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ဦးဆောင်သူ ကိုမင်းလွင်ဦး၏ ဖခင် အသက် ၆၅ နှစ်အရွယ်ရှိ ဦးအောင်ဖေ ကို လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာရှိ နေအိမ်တွင် ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့သည်။", "သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦးက “အခုချိန် အထိတော့ မိသားစုနဲ့ ဆက်သွယ် မရသေးပါဘူး။ ဒီမနက်က သွားတွေ့တာ တွေ့ခွင့် မပေးဘူး။ အဖေအတွက် အဝတ်နဲ့ စားစရာလေးတွေ ပေးခဲ့တယ် “ဟု ပြော သည်။", "ကိုမင်းလွင်ဦး၏ ဖခင် ဦးအောင်ဖေ ကို ကားလေးစီးနှင့် အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန် ၎င်းကို မည်သည့်နေရာတွင် ဖမ်းဆီး‌ချုပ်နှောင်ထားသည် ဆိုသည်ကို မသိရသေးကြောင်း သားဖြစ်သူ ကိုမင်းလွင်ဦး မှ Western News ကို ပြောသည်။", "ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ဦးဆောင်သူ ကိုမင်းလွင်ဦး သည် စစ်ကောင်စီက အလိုရှိနေသူ တစ်ဦးဖြစ်ပြီး ၎င်းကို ဖမ်းဆီးပေးသူကို ငွေကြေး ဆုချမည် ဟု ၀ရမ်းထုတ်ပြန် ကြေညာထားသည်။ စစ်ကောင်စီက ကိုမင်းလွင်ဦး ကို လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိ၍ ဖခင်ဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း ၎င်းက ဆိုသည်။", "“အခုလို အပြစ်မရှိဘဲ ဘာမှမဆိုင်တဲ့ အဖေကိုဖမ်းတယ်။ အဖေက ကျန်းမာရေး သိပ်မကောင်းဘူး။ အလွန်ပဲ စိုးရိမ်တယ်။ စစ်ကောင်စီက သူရဲဘောကြောင်ပြီး ဖမ်းဆီးသွားတာဗျ” ဟု ကိုမင်းလွင်ဦးက ဆက်လက် ပြောသည်။", "အလားတူ ဇွန်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင် ရေဖြူမြို့နယ် ကံပေါက်ဒေသ သီရိမင်္ဂလာရပ်ကွက်နေ ဇနီးမောင်နှံ နှစ်ဦးကိုလည်း ည ၁၁ နာရီခန့် အချိန်တွင် ကား သုံးစီးနှင့် နေအိမ်၌ စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများ က ပြောသည်။", "ဖမ်းဆီးခံရသူ ဇနီးမောင်နှံ နှစ်ဦး သည် သီရိမင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ ကျော်ခန့် အရွယ်ရှိသူ ကိုအောင်ဇော်ဦးနှင့် မဥမ္မာအောင်တို့ ဖြစ်ကြောင်း ၎င်းတို့ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။", "အမည်မဖော်လိုသည့် ကံပေါက်ဒေသခံ တစ်ဦးက “သူတို့ လင်မယား နှစ်ယောက်ကို စစ်တပ်က ဘာကြောင့် လာဖမ်းတယ် ဆိုတာ မသိရသေးဘူး။ လက်ရှိ အချိန် အထိတော့ ပြန်လွှတ် မလာသေးဘူး”ဟု ပြောသည်။", "ကိုအောင်ဇော်ဦး သည် ကားမောင်းသည့် အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဇနီးဖြစ်သူ မဥမ္မာအောင်သည် ရင်ခွင်သစ် (ECCD) မူကြိုကျောင်း ဖွင့်ကာ ကလေးငယ်များကို ပညာ သင်ကြားပေးနေသူ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။", "ယခုကဲ့သို့ စစ်ကောင်စီက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရမိခြင်း မရှိ၍ အပြစ်မရှိသည့် မိသားစုဝင်များကို ဖမ်းဆီး သတ်ဖြတ်မှုများရှိနေသောကြောင့် စိုးရိမ်နေသည်ဟု တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူက Western News ကို ပြောသည်။", "“စစ်ကောင်စီတပ်သားတွေဆီက လူဆန်တဲ့ လုပ်ရပ်တွေ ဘာမှ မျှော်လင့် နေလို့ မရတော့ပါဘူး။ ထင်ရာမြင်ရာ လုပ်ကြတော့မှာပါ။ သူတို့ဆီမှာ ဆင်ခြေတုံ တရားမရှိတော့တာ အခုမှ မဟုတ်ပါ။ အာဏာသိမ်း ကတည်းက ဆင်ခြေတုံ တရားမဲ့လို့ပဲ။ သူတို့ ပြောခဲ့တာ ရှိတယ်။ သူတို့မှာ ပြည်သူ မရှိဘူး။ ရန်သူပဲ ရှိတယ် ဆိုတဲ့ စကား သူတို့ လက်တွေ့ပြနေတာ ကြာပါပြီ။ တော်လှန်ရေးနဲ့ ဆက်နွယ်တဲ့ မိသားစုဝင်တွေ မပြောနဲ့ သူတို့ စိုးမိုးနယ်မြေထဲမှာ ဆိုရင် သာမန် အရပ်သားတွေတောင် မလုံခြုံတော့တာ ကြာပါပြီ။ အကောင်းဆုံးကတော့ သူတို့ကို အမြစ်ပြတ် မတွန်းလှန်နိုင်သေးချိန်မှာ သူတို့ စိုးမိုးနယ်မြေမှာနေသူတွေ အနေနဲ့ သူတို့နဲ့ ကင်းနိုင်သမျှကင်းအောင်နေပြီး၊ မတွေ့ ရအောင် ဝေးဝေး ရှောင်တာပါပဲ”ဟုပြောသည်။", "ပြီးခဲ့သည့် ရက်ပိုင်းက မြိတ်မြို့တွင် NLD လွှတ် တော် အမတ်တစ်ဦး၏အစ်ကို ဖြစ်သူကို စစ်ကောင်စီက စစ်ကြောရေးတွင် ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။", "ပုံစာ- ကိုမင်းလွင်ဦး၏ ဖခင် ဦးအောင်ဖေနှင့် ကိုအောင်ဇော်ဦး နှင့် ဇနီးဖြစ်သူ မဥမ္မာအောင်", "(Western News သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/06/105704/
လောင်းလုံးမြို့နယ်တွင် ဗိုလ်မှူးကြီး ဗထူးကျဆုံးခြင်း ၇၈ နှစ်မြောက်နေ့အဖြစ် ဗထူးနေ့ အခမ်းအနား ပြုလုပ်
["လောင်းလုံးမြို့နယ်တွင် ဗိုလ်မှူးကြီး ဗထူးကျဆုံးခြင်း ၇၈ နှစ်မြောက်နေ့အဖြစ် ဗထူးနေ့ အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဇွန် ၂", "လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး ဗိုလ်မှူးကြီး ဗထူး ကျဆုံးခြင်း ၇၈ နှစ်မြောက်နေ့ အဖြစ် ဗထူးနေ့ အခမ်းအနားကို ဗိုလ်မှူးကြီး ဗထူး မွေးရပ်ဇာတိမြေ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အခမ်းအနားကို သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခြင်း၊ တော်လှန်ရေးအင်အားစုများမှ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်းအပါအဝင် တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်း စတဲ့အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "ယင်း အခမ်းအနားသို့ လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ အခြေခံပညာကျောင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြား ‌တက်ရောက်လာကြပြီး ဗိုလ်မှူးကြီးဗထူးအား အောက်မေ့လွမ်းဆွတ်သည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြသည့်အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများလည်း ကြွေးကြော်ခဲ့​ကြောင်း သိရသည်။", "ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌တပ်မတော်(BIA)သို့ စတင်ဝင်ရောက်ချိန်မှအစ၍ မိဘ ဇနီး သားသမီးများနှင့် တစ်ခါတ‌စ်ခေါက်မျှ တွေ့ခွင့်မရဘဲ ဗမာပြည်လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းရင်း ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား မြန်မာ့သူရဲကောင်းတစ်ဦးဖြစ်သည်။", "၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ကျင်းပပြုလုပ်သည့် ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားတွင် ဗိုလ်မှူးကြီးဗထူးကျဆုံးသည့် ဇွန်လ ၂ ရက်နေ့အား“ဗထူးနေ့”အဖြစ် သတ်မှတ်ကြောင်း မော်ကွန်းရေးထိုး ကြေညာခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/212276/
လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ပအဖ က ဖမ်းဆီး အရေးယူထား
["လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ပအဖ က ဖမ်းဆီး အရေးယူထား", "ရန်ကုန်၊ ဧပြီ ၂၃", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူး သုံးစွဲနေသူများကို ဖမ်းဆီး အရေးယူထားကြောင်း လောင်းလုံးမြို့နယ် ပအဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ပြုလုပ်နေသူများကို သတင်းရရှိ၍ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဦးဆောင်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ဆောင်ရန်အတွက် ရောက်ရှိနေသည်ဟု သံသယရှိသူ အသက် ၅၃နှစ် အရွယ်အမျိုးသား ၁ ဦး၊ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၁၉ နှစ် အရွယ်အမျိုးသမီး ၁ ဦး၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၂၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "“လက်ရှိက မူးစိတ်ပုဒ်မ ၁၅/၁၉ (က) နဲ့ အမှုဖွင့်ပြီး မြို့နယ်မှုခင်းခုံ အဖွဲ့ကို အမှုတွဲ ပေးပို့ထားပြီးဖြစ်ပါတယ်။ ဒီအမှုကို မြို့နယ်မှုခင်းခုံ အဖွဲ့အနေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စစ်ခွေးနဲ့ ပတ်သတ်တဲ့ သူတွေ မဟုတ်ပါဘူး။ သာမာန် အရပ်သားပြည်သူတွေဖြစ်ပါတယ်။ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တာယားဖော်ဆောင်နေနိုင်တဲ့နေရာတွေမှာ ပြည်သူများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အတက်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ မြို့နယ်အတွင်း တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ၊ တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှု နဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်သလို ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ ဖြစ်စဥ်တွေအဖြစ်လည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် “ဟု လောင်းလုံးမြို့နယ် ပအဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ ဖမ်းဆီးရသူများထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၃၁၄ ပြား၊ 16 cm ဓားသွားအရှည် ၁လက် ၊ လက်ကိုင်ဖုန်း ၉ လုံး၊power bank ၄ လုံး၊ ငွေသားကျပ် ၁၀၈၂၅၀ သိန်း ၊ wave 100 ဆိုင်ကယ် ၁ စီး၊ toyota ကား ၁ စီးတို့နှင့်အတူ လက်ရ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီး တရားခံများကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူနိုင်ရန်အတွက် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ (ပ)အမှတ် မယ(ပ) ၁/၂၀၂၅ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) ဖြင့်အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114755/
လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး
["လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ ဇူလိုင် ၂၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို လောင်းလုံး LLPDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ်ရှိ ကထိန်ကြီးရွာနှင့် ဂေါ့အင်းကျေးရွာမှ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။", "အဆိုပါ ဖမ်းဆီးထားသူများထဲတွင် မှုခင်း သတင်းထောက်လည်း ပါဝင်ပြီး ၎င်းတို့ထံမှ ပစ္စတို လေသေနတ် ၁ လက် ၊ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက်၊ ဓားရှည် ၃ ချောင်း၊ ဓားမြှောင် ၄ ချောင်း ၊ ၃ ဆင့်လက်ရိုက်တုတ် ၁ ၊ WY ဆေးပြား ၃၇၅ ပြား ၊ ပိုက်ဆံ- ၂၈၇၂၀၀ ကျပ် နှင့် မူယစ်ဆေးဝါးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို ပူးတွဲဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။", "“သူတို့တွေက ပျူစောထီးတွေတော့ မဟုတ်ဘူး။ မူးယစ်ဆေး ရောင်းဝယ်နေကြသူတွေပါ။ မူးယစ်အဖွဲ့တွေ ဆိုပေမယ့် လက်နက်တွေ ရှိကြတယ်။ ကြိမ်ဒဏ် ၇ ချက်စီပေးပြီး ဝန်ခံ ကတိရေး ထိုးခိုင်းခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "သိမ်းဆည်းရမိသော ကျပ်ငွေ ၂၈၇,၂၀၀ ကျပ်ကို လောင်းလုံးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆေးရေးအတွက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း၊ လောင်းလုံးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ လုံးဝမပြုလုပ်ရန် ထုတ်ပြန်ထားပြီး ဆက်လက် လုပ်ဆောင်လျှင် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/12/195143/
လောင်းလုံးမြို့နယ်တွင် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားပါ အင်္ကျီများဝတ်ဆင်
["လောင်းလုံးမြို့နယ်တွင် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားပါ အင်္ကျီများဝတ်ဆင်", "ရန်ကုန်၊ဒီဇင်ဘာ ၁၀", "လောင်းလုံးမြို့နယ်တွင် ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” စာသားပါ အင်္ကျီများလောင်းလုံး (ပကဖ) ရဲဘော်များဝတ်ဆင်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186761/
လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို လောင်းလုံး PDF က ဖမ်းဆီးထား
["လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို လောင်းလုံး PDF က ဖမ်းဆီးထား", "ရန်ကုန်၊ အောက်တိုဘာ ၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသူ ၉ ဦးကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၆ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး သန်းခေါင်းစာရင်း ကောက်ယူနေသည့် လောင်းလုံးမြို့နယ် ရပ်ကျေး ထွေအုပ်စာရေး ၁ ဦးနှင့် Non CDM ဆရာမ ၈ ဦး ကို လောင်းလုံး PDF က နေအိမ်များအတွင်း သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဖမ်းဆီးထားသူများကို လက်ရှိချိန်ထိ လောင်းလုံးမြို့နယ် PDF က ထန်းသိမ်းထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကာ စစ်ဆေးပြီးစီးပါက လောင်းလုံးမြို့နယ် ပအဖ ကို ဆက်လက်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "“နေအိမ်တွေထဲကို ဝင်ရောက်ဖမ်းဆီးတာတွေရှိတယ်။ သူတို့ထွက်ဆိုချက်နဲ့ သွားရောက်ဖမ်းဆီးတာတွေရှိတယ်။ ဖမ်းဆီးတဲ့နေရာမှာလဲ ပြင်းပြင်းထန်ထန် အင်အားသုံးပြီး ဝင်ရောက် ဖမ်းဆီးတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အတွက် လာရောက် ဖမ်းဆီးတယ်ပေါ့။ အဲလိုပြောပြီ ခေါ်ဆောင်လာတာဖြစ်ပါတယ်။ ကျန်တော်တို့ သူတို့နေအိမ်တွေထဲက သက်သေခံ စာရွက်စာတန်းတွေ ဝင်ရောက် ရှာဖွေတာတော့ ရှိပါတယ်။ မြို့နယ် ပအဖ ကို ကျန်တော်တို့ စစ်ဆေးမေးမြန်းလို့ရတဲ့ အချက်အလက်တွေနဲ့ ဖမ်းဆီးရမိသူတွေကို ပြန်လွှဲပေးမယ်ပေါ့။ အရေးယူတဲ့အပိုင်းကို ပအဖ က ဆက်လက် ဆောင်ရွက်ပါလိမ့်မယ်” ဟု လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။", "အဆိုပါ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီက လောင်းလုံမြို့နယ်၊ ရေဖြူရွာ၌ သန်းခေါင်စာရင်း ကောက်ယူမှုများ လုပ်ဆောင်ခဲ့သည်ံ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေး၊ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ ဒေါ်ဥမ္မာထွန်း၊ ဒေါ်ခင်အေးဆက်၊ ဒေါ်ရင်ရင်စိုး၊ ဒေါ်မြအေးနဲ့ ရေဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး စာရေးမ ဒေါ်သီတာတို့ ဖမ်းဆီးခံရကြောင်း ထုတ်ပြန်ထားသည်။", "လောင်းလုံးမြို့နယ် ပကဖ အနေဖြင့် ဖမ်းဆီးထားရသူများကို လုံခြုံရေးပိုင်းအရ အမည်စာရင်းနှင့် ဓာတ်ပုံများကို ထုတ်ပြန်မည်မဟုတ်ကြောင်းနှင့် ဖမ်းဆီးထားသူများကို ကောင်းမွန်စွာ စောင့်ရှာက်ထား၍ မိသားစုဝင်များအနေဖြင့် စိုးရိမ်မှု မရှိစေလိုကြောင်း လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။", "“ကျန်တော်တို့က Non CDM ဝန်ထမ်းတွေမို့လို့ ဖမ်းဆီး အရေးယူတာမဟုတ်ဘူး။ Non CDM လုပ်ထားတဲ့ ဆရာမတွေကတော့ လောင်းလုံးမြို့နယ်ထဲမှာ အများကြီးရှိတယ်ပေါ့။ အခုတော်လှန်ရေး ၃ နှစ်ကျော် ၄ နှစ်နီးပါးလောက်ကိုမှ ဖမ်းဆီးတာတွေ လုပ်တာတွေဘာတွေမရှိဘူးပေါ့။ အခုက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်မှာ ပါလာတဲ့ အတွက်ကြောင့်မို့လို့ ကျန်တော်တို့သွားပြီးတော့ ထိန်းသိမ်းတဲ့ အပိုင်းတွေလုပ်တာပေါ့။ နောက်တစ်ခုကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံးကို ဆန့်ကျင် တိုက်ဖျက်သွားလို့ ရှိတယ်ပေါ့။ အဲအတွက်ကြောင့် Non CDM ဆရာ ဆရာမတွေပဲဖြစ်ဖြစ် ဝန်ထမ်းတွေပဲဖြစ်ဖြစ် ပါဝင်ပတ်သက်ခြင်းမလုပ်ဖို့ နဲ့ ကျန်တော်တို့ အနေနဲ့လည်း ဆက်ပြီးတော့ လုပ်ဆောင်သွားမယ့် အပိုင်းတွေရှိလို့ ကြားညှပ်တဲ့ ပုံစံမျိုး မဖြစ်အောင်ပေါ့။ နောက်ပြီးတော့ ကျန်တော်တို့ ထိန်းသိမ်းထားတဲ့ သူတွေကိုလည်း စိတ်မပူဖို့ပေါ့။ ကျန်တော်တို့ ကာကွယ်စောင့်ရှောက်ထားပါတယ်” ဟု လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးအဖွဲ့မှ ရဲဘော် ရှဲဒိုးက ဆက်လက် ပြောဆိုသည်။", "ပုံစာ-စစ်ကောင်စီ၏ တနင်္သာရီဝန်ကြီးချုပ် မြတ်ကိုနှင့်အဖွဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို သွားကြည့်နေစဉ်။"]
https://yktnews.com/2023/09/124211/
လောင်းလုံးမြို့နယ်တွင် ၃ လတာအတွင်း စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၉ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["လောင်းလုံးမြို့နယ်တွင် ၃ လတာအတွင်း စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၉ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ၃ လတာအတွင်း စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၉ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၀ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာ၊ သဲပုံတောင်ပေါ်၌ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်တပ်မှ တပ်သား ၂ ဦးသည် ပြည်သူအသွင်ယူကာ ကျေးရွာအတွင်းသို့ နယ်မြေ သတင်းများရယူရန် ဆင်းလာစဥ် လမ်းပိုင်း တစ်နေရာ၌ ဖမ်းဆီးကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၁၆ ရက်နေ့ တွင် လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာနေ အောင်မိုးဆိုသူနှင့် သာသနာကို ခုတုံးလုပ်၍ အသွင်ယူကာ နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများ၏ သတင်းများ စုံစမ်း ထောက်လှမ်းနေသည့် သီလရှင် ၁ ဦးကို လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော အောင်မိုးသည် အင်းဇောက်ကျေးရွာပျူစောထီး ဦးဝင်းမြင့်၏ ညွှန်ကြားမှုဖြင့် နယ်မြေအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် လိုက်ပါနေပြီး လားဘောင်တောင် စစ်တပ် စခန်းရှိ စစ်သားများနှင့်လည်း ချိတ်ဆက် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ဘာသာရေး အယောင်အဆောင် သီလရှင်သည်လည်း နယ်မြေအတွင်း တော်လှန်ရေး အင်းအားစုများ၏ သတင်းများကို စုံစမ်း ထောက်လှမ်း၍ စစ်တပ်ထံ ပေးပို့နေသူဖြစ်ကြောင်း သိရသည်။", "ဇူလိုင်လ ၂၂ ရက်နေ့တွင် လောင်းလုံးမြို့ ပျူစောထီးခေါင်းဆောင် မင်းသိန်း၏ အဖွဲ့ဝင် ၁ ဦးဖြစ်သော သက်စိုးထိုက်ဆိုသူသည် စစ်သားများနှင့်အတူ ဆက်ကြေး ကောက်ယူမှု များတွင်လည်း ပူပေါင်း လုပ်ကိုင်မှုများ ရှိနေသောကြောင့် လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးကာ ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သြဂုတ်လ ၆ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ ဝါဝါ ဆိုသူသည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ၏ လုပ်ငန်းများ အတွင်းပူးပေါင်း ပါဝင် လုပ်ဆောင်နေပြီး လောင်းလုံးမြို့နယ်အတွင်း ဆက်ကြေးများ ကောက်ယူ၍ ခရိုင်ရဲမှူးထံ လစဉ်ပေးပို့နေမှုများ ရှိခြင်းကြောင့် ဝေဒီကျေးရွာကို ပြန်လာစဥ် လမ်းပိုင်း တစ်နေရာတွင်ဖမ်းဆီးကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သြဂုတ်လ ၁၃ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာ ပျူစောထီးခေါင်းဆောင် နုသိန်း၏ အဖေဖြစ်သူသည် သမီးနှင့် အတူ ပူးပေါင်းကာ စစ်တပ်၏ လုပ်ငန်းများတွင် ပါဝင် ပတ်သက် လုပ်ဆောင်နေခြင်း၊ တော်လှန်းရေး အင်းအားစုများ၏ နယ်မြေသတင်းများအားစုံစမ်း ထောက်လှမ်းကာ သမီးဖြစ်သူထံ သတင်းပေးပို့ခြင်း၊ လူမှုရေးဖောက်ပြန်မှုများရှိ ကျူးလွန်ထားခြင်း​ကြောင့် ၎င်းနေအိမ်ကို သွားရောက်ဖမ်း ဆီးကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာနေ တောက်တောက်နှင့် အောင်နိုင်ရှိန် တို့ ၂ ဦးသည် အင်းဇောက် ပျူစောထီးခေါင်းဆောင် နုသိန်း၏ လူယုံများဖြစ်ပြီး နုသိန်း ထံမှ လစာယူ၍ နယ်မြေအတွင်းရှိ တော်လှန်းရေး အင်အားစုများ၏ သတင်းများကို ထောက်လှမ်းခြင်း၊ မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် လုပ်ငန်းများ အတွက် နယ်မြေသတင်းများကို လိုက်လံ စုံစမ်းထောက်လှမ်း နေခြင်းကြောင့် လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။", "လောင်းလုံးမြို့နယ်အတွင်း စစ်တပ်နှင့်ပူးပေါင်း၍ စစ်တပ် လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ပက်သက်နေသူများနှင့် တော်လှန်ရေး အင်အားစုများ၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းကာ စစ်တပ်ထံ သတင်းပေးပို့နေသူများကို စုံစမ်း သိရှိထားပြီးဖြစ်၍ စစ်တပ်နှင့်ပူးပေါင်း လုပ်ဆောင်နေမှုများကို အမြန်ဆုံးရပ်တန့်ကြရန် မေတ္တာရပ်ခံ သတိပေးတားမြစ်အပ်ကြောင်း၊ လောင်းလုံး PDF ၏ သတိပေးတားမြစ်မှုများကို လိုက်နာမှုမရှိဘဲ ဆက်လက် ပူးပေါင်း လုပ်ဆောင်နေပါက စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/02/203757/
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်ပြုလုပ်
["လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေတ်အဆက်ဆက်တော်လှန်ရေးတိုက်ပွဲများအတွင်းကျဆုံးခဲ့ကြသည့် အာဇာနည်အပေါင်းတို့အား အလေးပြုခြင်း၊ သစ္စာအဓိဌာန် ၄ ချက် ရွတ်ဆိုခြင်းနှင့် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် မွေးနေ့ကိတ်ခွဲခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114465/
လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ၏ ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ၅ ဦးသေဆုံး
["လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ၏ ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၃", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ ဆက်ကြေးကောက်နေသည့် ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် ကျောက်နီမော်ရွာမှ ပျူစောထီးအဖွဲ့များ ဆက်ကြေးကောက် ကင်းထောက်လှမ်း လုပ်ကိုင်နေသည့် ရဲချောင်း ကင်းစခန်းနှင့် ပျူစောထီး နေအိမ် ၁ လုံးကို ဝင်ရောက် တိုက်ခိုက်ရာ ကင်းစောင့်ရန် ကျန်ရှိနေသော ပျူစောထီး ၂ ဦး ဖြစ်သည့် ပျူထွန်းဝါး နှင့် ပျူမျောက်တို့ သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ ကင်းစခန်းကို သိမ်းပိုက်ပြီးနောက် စခန်းအတွင်း အဝေးထိန်းမိုင်း ၅ လုံးချထားကာ ဆုတ်ခွာခဲ့ပြီးနောက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စစ်သားနှင့်ပျူစောထီး ၅ ဦးရောက်ရှိလာစဥ် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျောက်နီမော်ကျေးရွာမှ ထွက်လာသည့် စစ်သားများ လိုက်ပါလာသော စက်လှေ ကျောက်နီမော်-သကျက်တော အကြား မြစ်တစ်နေရာ၌ တိမ်းမှောက်ခဲ့ပြီးနောက် ကျောက်နီမော်ရွာမဇ ပျူစောထီးများ ကယ်ဆယ်ရေးနှင့် အလောင်းဆယ်ယူရေး လုပ်ငန်းများဖြင့် အလုပ်များနေချိန်ကို အခွင့်ကောင်းယူကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179859/
လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၅ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ၅ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဩဂုတ် ၂၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး မြေပြင်တွင်လည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ ရေတပ်နှင့် တော်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရကာ သဘော့ဆိပ်ကျေးရွာနှင့် ပြင်ကြီးရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။", "ထို့ပြင် မြေပြင်မှလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေပြီး ပန်းတင်အင်းကျေးရွာကို ရောက်ရှိနေပြီး နေအိမ် တချို့ကို ဖျက်ဆီးကာ စားသောက်ကုန် ပစ္စည်းများနှင့် ပြည်သူများ မွေးမြူထားသော ကြက်များကိုလည်း ယူဆောင်သွားကြောင်း သိရှိရသည်။", "“လောင်းလုံးမြို့နယ်က ကျေးရွာတွေကို စစ်ခွေးတွေရဲ့ ရေတပ်ရော တောင်ပေါ်မှာ တပ်ထိုင်ချတဲ့ စစ်ခွေးစခန်းကကော ၅ ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ စစ်ခွေးတွေ ပစ်ခတ်မှုကြောင့် ပြည်သူ့ ၃ ဦးတော့ ထိခိုက်မှုရှိနေပါတယ်။ သဘော့ဆိပ်ကျေးရွာနဲ့ ပြင်ကြီးရွာတွေက ပြည်သူတွေတော့ ရွာလုံးကျွတ် ထွက်ပြေးကုန်ပြီ မနေ့က မောင်းမကန်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းဝင်မွှေနှောက်တာတွေလုပ်တယ်။ ပြည်သူပိုင် နေအိမ်တွေကို မွှေနှောက်ပြီး စားသောက်စရာတွေ ယူသွားပါတယ်။ ဒီနေ့တော့ ပန်းတင်အင်းကျေးရွာထဲ စစ်ကြောင်းဆက်လက်ဝင်လာပြီး အိမ်တစ်ချို့ ဖျက်ဆီးတယ်။ စားသောက်စရာနဲ့ အိမ်မွေးကြက်တွေကိုလည်း ယူသွားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/05/162534/
လောင်းလုံးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော တာဝါတိုင်စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့နယ်ရဲစခန်းတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံး
["လောင်းလုံးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော တာဝါတိုင်စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့နယ်ရဲစခန်းတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံး", "ရန်ကုန်၊ မေ ၁၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တာဝါတိုင်စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့နယ်ရဲစခန်းတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "မေလ ၉ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ လောင်းလုံးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လက်ခတ်တောင် တာဝါတိုင် စခန်းကုန်း၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို PDF တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ကြည်း၊ ရေ၊ လေ ဖြင့် ပစ်ကူများဖြင့် အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "လက်ခတ်တောင်တာဝါတိုင် စခန်းကုန်းကို PDF ရဲဘော်များ ဝင်ရောက် တိုက်ခိုက်စဉ် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်၏ ရေတပ် စစ်သင်္ဘောများကလည်း အနောက်ဘက် ပင်လယ်ပြင်မှ ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် အချက်ရေး ပေါင်းများစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းမှလည်း ဂျက်ဖိုက်တာ ၁ စီး၊ စစ်ရဟတ်ယာဉ် ၂ စီးတို့ဖြင့် ပစ်ခတ် စစ်ကူပေးခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲသည် နံနက် ၁၁ နာရီ ၃၀ မိနစ်အထိ ၅ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး PDF ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) နှင့် ထားဝယ်ခရိုင် တပ်ရင်း(၁) T1 ၊ Guerrilla Dawei ဖယ်ဒရယ်ဓူဝံတပ်ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ လောင်းလုံးမြို့အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံး နှင့် မြို့မရဲစခန်းကိုလည်း နံနက် ၆ နာရီခန့်မှစတင်ကာ PDF ရဲဘော်များက လက်နက်ကြီးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်း ၆၀ မမ ၁ လုံး နှင့် ၄၀ မမ ဗုံးသီး ၅ လုံး ကျရောက် ပေါက်ကွဲကာ ရဲ ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ထွေအုပ်ရုံးအတွင်းကိုလည်း ၄၀ မမ ဗုံးသီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၃ ဦး ထပ်မံသေဆုံးကာ ထိခိုက် ဒဏ်ရာ ရသူတချို့ရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲ ဖြစ်ပွားနေစဉ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ နယ်မြေခံ ပျူစောထီး အဖွဲ့ဝင်များ၏ သတင်းပေးချက်အရ PDF ရဲဘော်များရှိရာ နေရာကို စစ်ကြောင်းထိုး ဖောက်ထွက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အနီးကပ် ထပ်မံ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲသည် မွန်းလွဲ ၁ နာရီထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) တပ်စု ပေါင်းစုံ ၊ ဒေါင်းညီနောင်စစ်ကြောင်း၊ သရက်ချောင်း(ပကဖ) နှင့် နွေဦးပြောက်ကျားတပ်ဖွဲ့၊ Student Revolutionary Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲ ဖြစ်ပွားပြီး ၁ နာရီလောက် ကြာပြီးတာနဲ့ စစ်ခွေးတွေရဲ့ ရေကြောင်း စစ်သင်္ဘောက အချက်ရေပေါင်းများစွာ ပစ်ကူခဲ့ပါတယ်။ တာဝါတိုင်စခန်းနဲ့ မြို့တွင်း စခန်းတွေကိုက တပြိုင်တည်း တိုက်တာပါ။ အသာစီး အနေအထားဖြစ်နေရာကနေ လေကြောင်းက ပထမ ဂျက်ဖိုက်တာ ဗုံးကျဲပြီး ရဟတ်ယာဉ်ကပါ လာရောက် ဗုံးကျဲနေတော့ ကျွန်တော်တို့ ဆုတ်လိုက်ရတာပါ။ လောင်းလုံးမြို့ထဲ ပထမဆုံး စစ်ခွေးတွေဘက်က စခန်းမကျဆုံးရေး ကြည်း၊ ရေ၊ လေ ခုခံတဲ့ ပွဲတစ်ခုပါ” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/116740/
လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PDF တပ်ဖွဲ့က ရိက္ခာနှင့် ဆေးဝါး ငွေကျပ် ၁၄၈ သိန်းဖိုး လှူဒါန်း
["လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PDF တပ်ဖွဲ့က ရိက္ခာနှင့် ဆေးဝါး ငွေကျပ် ၁၄၈ သိန်းဖိုး လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၆", "လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အရေးပေါ် ရိက္ခာနှင့်ဆေးဝါး စုစုပေါင်း ငွေကျပ် ၁၄၈ သိန်းဖိုးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ပကဖ ၏ စစ်ဘေးရှောင်စီမံခန့်ခွဲရေးအဖွဲ့က ဇူလိုင်လ အတွင်း ကူညီ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149274/
လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များကို LLPDF ဆေးဘက်ဆိုင်ရာ အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်
["လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များကို LLPDF ဆေးဘက်ဆိုင်ရာ အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်", "ရန်ကုန်၊ မတ် ၇", "လောင်းလုံးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF ဆေးဘက်ဆိုင်ရာ အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "လောင်းလုံးမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၄ ဖေဖော်ဝါရီလအထိ ၃ လတာ အတွင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – LLPDF ဆေးဘက်ဆိုင်ရာအဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့စည်းများညှိနှိုင်းရေး ဗဟိုကော်မတီ နှင့် ပြည်တွင်းပြည်ပထောက်ပို့ ရဲဘော်များ၏ ထောက်ပံ့ ပံ့ပိုးမှုများနှင့်အတူ ၂၃၂၇ ဦးကို ကူညီ စောင့်ရှောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132559/
လောင်းလုံးမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို ၃ သိန်းကျပ်စီ ထောက်ပံ့
["လောင်းလုံးမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို ၃ သိန်းကျပ်စီ ထောက်ပံ့", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း နေအိမ်မီးရှို့ဖျက်ဆီးခံလိုက်ရသည့် မီးဘေးသင့် ပြည်သူ ၇ အိမ်ကို ထောက်ပို့ပြည်သူများ၏ ထောက်ပံ့မှုနှင့်အတူ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ဘေးရှောင်စီမံခန့်ခွဲရေးမှ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အလှူငွေ ၃၀၀,၀၀၀ ကျပ်စီ သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/112776/
လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်
["လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၃", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်များထံမှ သိရသည်။", "ယနေ့ဇူလိုင် ၁၃ ရက်နေ့ နံနက် ၄ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ထိခိုက်မှု အခြေအနေ အသေးစိတ်ကို အတည် မပြုနိုင်သေးဘဲ ပစ်ခတ်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။", "ယင်းပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အကြမ်းဖက် စစ်တပ်ဘက်မှ လာရောက် စစ်ဆေးခြင်းမျိုး အပါအဝင် တစ်စုံတစ်ရာ လှုပ်ရှားမှုမျိုး မရှိသေးကြောင်း၊ လက်ရှိအချိန်တွင် မောင်းမကန်ရွာရှိ လမ်းများတွင် လူသွားလူလာများ တိတ်ဆိတ်နေပြီး ဒေသပြည်သူများ စိုးရိမ်ရှိနေကြကြောင်း၊ ဇွန်လ ၂၃ ရက်နေ့ကလည်း မောင်းမကန်ရဲစခန်းရှိ ရဲကားကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ထို့ပြင် ဇွန်လ ၂၃ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် မောင်းမကန် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရဿည်။", "(တနင်္သာရီတိုင်းမ် သတင်းဌာနသည် ရန်ကုန်ခေတ်သစ်မီဒီယာ၏ မိတ်ဖက် သတင်းဌာနဖြစ်သည်။"]
https://yktnews.com/2023/05/101625/
လောင်းလုံးမြို့နယ်ရှိ သောက်သုံးရေ ပြတ်လပ်နေသော ကျေးရွာများကို ရေ လှူဒါန်း
["လောင်းလုံးမြို့နယ်ရှိ သောက်သုံးရေ ပြတ်လပ်နေသော ကျေးရွာများကို ရေ လှူဒါန်း", "ရန်ကုန်၊ မေ ၈", "လောင်းလုံးမြို့နယ်ရှိ သောက်သုံးရေ ပြတ်လပ်နေသော ကျေးရွာများကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ် ကော်မတီ (DDMSC) က ယနေ့ မေလ ၈ ရက်နေ့တွင် ရေများ လိုက်လံ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138073/
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ
["လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ", "ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ခေါင်းဖြတ်သတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝေဒီကျေးရွာ၊ ကညုံကျွန်းကျေးရွာ၊ ပြင်းထိန်ကျေးရွာကို စတင်ဝင်ရောက် စီးနင်းပြီး ပြည်သူ တချို့ကို ဖမ်းဆီးကာ နေအိမ်များကို မွှေနှောက် ဖျက်ဆီးသွားကြောင်း သိရသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ပြဲကျေးရွာနှင့် လေးသွန်းခံကျေးရွာတို့ကို ဝင်ရောက် စီးနင်းပြီး လေးသွန်းခံရွာမှ နေအိမ် ၁၂ လုံးနှင့် စစ်ပြဲကျေးရွာမှ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ပြဲကျေးရွာမှ အသက် ၃၀ အရွယ် ပြည်သူ တစ်ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဂေါ့အင်း၊ ပိန္နဲတော၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန် စသည့် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကဒက်ကြီးကျေးရွာအနီး ဆက်လက် စစ်ကြောင်းထိုးနေကြောင်း သိရသည်။", "လက်ရှိချိန်တွင် ကညိုကျွန်း ၊ ကထောင်းနီ ၊ ပြင်းထိန် ၊ လေးသွန်းခံ၊ စစ်ပြဲ၊ ဂေါ့အင်း၊ ပိန္နဲတော၊ အောက်ရေဖြူ၊ ကဒက်ငယ်ထိန်၊ ကဒက်ကြီး စသည့်ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ဒီနေ့ စစ်ခွေးတွေက ဒက်ကြီးကျေးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေတယ်။ ဒေသ ပြည်သူတွေ အနေနဲ့ အရေးကြီးပစ္စည်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို လုံခြုံစွာ ထိန်းသိမ်းထားဖို့နဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့နှိုးဆော်တိုက်တွန်းလိုပါတယ်” လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/11/191134/
လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ ဖမ်းဆီးခံရ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ
["လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ ဖမ်းဆီးခံရ၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ", "ရန်ကုန်၊ နိုဝင်ဘာ ၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူတချို့ ဖမ်းဆီးခံရကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၇ ရက်နေ့မှ စ၍ လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ကျေးရွာဘက်နှင့် ကျောက်နီမော်ကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ တစ်လျှောက်ရှိ ဒေသပြည်သူ တချို့ကို အကြောင်းမဲ့ ဖမ်းဆီးခြင်းများ ပြုလုပ်ပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်ကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာ ၇ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ကျန်တော်တို့ လောင်းလုံးမှာက ၂ နေရာ စစ်ကြောင်းထိုးနေတာရှိတယ်။ မောင်းမကန်ဘက်မှာ တစ်နေရာနဲ့ ကျောက်နီမော်ဘက်မှာ တစ်နေရာပေါ့။ အဲ ၂ နေရာလုံးမှာ အင်အားက ၁၀၀ ကျော်လောက်ကို သုံးပြီးတော့ စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲ ဖြစ်ပွားမှုကတော့ မရှိသေးဘူး။ အဲ ၂ နေရာလုံးမှာ သတ်ဖြတ်တာတော့မရှိသေးဘူး။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိတယ်။ ကျေးရွာ ၇ ရွာလောက်တော့ တိမ်းရှောင်နေရတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူ အရေအတွက်တော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ရှဲဒိုးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် အနီးကပ် သွားလာနေထိုင်ခြင်းမပြုလုပ်ရန် ရဲဘော် ရှဲဒိုးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/11/130564/
လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား
["လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထား", "ကျေးရွာ ၅ ကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်​ကြောင်းထိုးနေပြီး ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း ဒေသ ပြည်သူများနှင့် လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့တွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းကာ ထပ်မံ စစ်ကြောင်းထိုးလာပြီး ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကမ်းပနီရွာကို မီးရှို့ဖျက်ဆီးပြီး မျော်ရစ်ဘုရားဘက်ကို စစ်ကြောင်း ရောက်ရှိနေကြောင်း သိရသည်။", "လက်ရှိချိန်တွင် လောင်းလုံးမြို့နယ်ရှိ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီးနှင့် ကမ်းပနီရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီးရွာတို့မှ ပြည်သူ ၁၀ ဦးထက်မနည်းကိုလူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြန်လည်လွတ်​​မြောက်လာသူ တချို့ရှိကြောင်းသိရသည်။", "“မနေ့က စစ်ခွေး စစ်ကြောင်းနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့ အင်အားထပ်ဖြည့်ပြီး ပြန်ဝင်လာကြတယ်။ အခု ကမ်းပနီရွာမှာ ရှိတဲ့ နေအိမ်တွေကို မီးရှို့ပြီး မျော်ရစ်ဘုရားဘက် စစ်ကြောင်း ဆက်ထိုးသွားနေတယ်။ ထိတွေ့မှုတွေ ရှိနေသေးလို့ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Photo – တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/12/137773/
လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်း ရေလမ်း၊ ကုန်းလမ်း အသုံးပြု၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ရွာ ၅ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ်အတွင်းရှိ ကညိုကျွန်း ၊ ကထောင်းနီ ၊ ပြင်းထိန် ၊ လေးသွန်းခံ နှင့် စစ်ပြဲ စသည့် ကျေးရွာများကို စစ်ကြောင်း စီးနင်းနေပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိ​ပြီး ဒေသပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“၂၁ ရက်နေ့ လောင်းလုံးမြို့ပေါ် တိုက်ပွဲပြီးကတည်းက ညင်းမော်၊ စစ်ပြဲ အနီးက ဆီအုန်းတောထဲ စစ်ခွေး ၆၀ လောက် စပြီးပုန်းခိုနေကြတယ်။ အဲဒါကြောင့် ၂၄ ရက်နေ့မှာ ကျွန်တော်တို့ လက်နက်ကြီးနဲ့ အဲဆီအုန်းတောထဲ ကို ပစ်ခတ်ခဲ့သေးတယ်။ ၂၆ ရက်နေ့မှာ ထားဝယ်မြစ်ထဲက စစ်သင်္ဘောဝင်လာပြီး မြစ်ထဲကျောက်ချပြီးတာနဲ့ ထားဝယ်မြစ်ကမ်းစပ် လောင်းလုံးမြို့နယ်ထဲက ဝေဒီ၊ ကညုံကျွန်းရွာတွေထဲ ရေကြောင်းကနေ စစ်ကြောင်းဝင်လာတယ်။ စစ်ပြဲ ဆီအုန်းတောထဲ ခိုနေတဲ့ စစ်ခွေးတွေ လည်း ထွက်လာကြပြီး မွှေတော့တယ် မနေ့ကနဲ့ ဒီနေ့ ရွာ ၆ ရွာလောက် ပတ်မွှေနေပြီး အခု နေအိမ်တွေပါ မီးရှို့လာတယ်။ စစ်ရှောင်တွေက ပျမ်းမျှဆို ၃၀၀၀ လောက် ရှိတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဒေသပြည်သူများ၏ အရေးကြီးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံစွာ ထိန်းသိမ်းထားရှိရန် နှင့် လုံခြုံရေးအထူးဂရုစိုက် သတိရှိနေပေးကြပါရန် နှိုးဆော်တိုက်တွန်းလိုကြောင်း လောင်းလုံးမြို့နယ် PDF ကထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/05/214103/
လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
["လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ မေ ၁၀", "ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး မေလ ၁၀ ရက် ညနေပိုင်းက “လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ” ခေါင်းစဥ်နှင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2023/11/130794/
လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
["လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၅ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်-ပြင်ကြီးကျေးရွာ ဘုန်းကြီးကျောင်း မှ စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၆၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကရင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း ဝင်ရောက်ကာ တပ်စွဲနေထိုင်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၅ ဦး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များက ပြန်လည် ဆုတ်ခွာစဥ် နောက်မှ လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အသင့်ထောင်ထားသော မိုင်းများဖြင့် ဆက်လက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲ တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးကာ ၇၉ ဗုံးပစ် လောင်ချာနှင့် ပစ္စတို ၁ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအပြီး တော်လှန်ရေး တပ်ဖွဲ့များသည် စစ်ကြောင်း ပြန်လှည့်ကာ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ နယ်မြေရဲစခန်းကို လက်နက်ကြီး၊ ၇၉ လက်နက်နှင့် ဒရုန်းဝေဟင် တိုက်ခိုက်မှုအပြင် မြေပြင်မှလည်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရှိရသည်", "” စစ်ခွေး ၁၅ ကောင်သေပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးပါတယ်။ ၇၉ ဗုံးပစ်လောင်ချာနဲ့ ပစ္စတို ၁ လက်လည်း ဆုံးရှုံးခဲ့တယ်။ ရဲဘော်တွေ ပြန်ဆုတ်တဲ့ချိန် လိုက်လာတဲ့ စစ်ခွေးတွေကို မိုင်းနဲ့ဖောက်ခွဲခဲ့တယ်။ အဲဒီမှာ စစ်ခွေးတွေ တော်တော်ထိကြတယ်။ နောက်ပြီး မောင်းမကန်ရဲစခန်းကို ဒရုန်းရော မြေပြင်ရော ထိုးစစ်ဆင် တိုက်တာလည်း စစ်ခွေးတွေ တော်တော် ထိကြတယ်။ ဘယ်လောက် ထိခိုက်လည်းတော့ မသိရသေးဘူး” ဟု လောင်းလုံးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗထူးစစ်ကြောင်းမှ (LLPDF/DGRF-တပ်ခွဲ(၄)/ YPPDF) နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF(ပကဖ)) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး စစ်ရေးအား အရှိန်အဟုန်မြင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများ အချိန်နေရာမရွေးဖြစ်ပေါ် လာနိုင်သည့်အတွက် စစ်ရေးအသိ သတိဖြင့်သွားလာနေထိုင်ကြပါရန် လောင်းလုံးမြို့နယ် PDF က အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/03/206821/
လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ စားနပ်ရိက္ခာများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ပေးပို့လှူဒါန်း
["လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ စားနပ်ရိက္ခာများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ပေးပို့လှူဒါန်း", "ရန်ကုန်၊ မတ် ၈", "ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာများနှင့် အိမ်အသုံးဆောင်ပစ္စည်းများကို အလှူရှင်များ ကိုယ်စားပေးပို့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/200790/
လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ လောင်းကစားဝိုင်းကို ပကဖ က ဝင်ရောက် ဖမ်းဆီး၊ သိမ်းဆည်းရရှိသော ငွေကြေးများကို တော်လှန်ရေး ရန်ပုံငွေအဖြစ် အသုံးပြုမည်
["လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ လောင်းကစားဝိုင်းကို ပကဖ က ဝင်ရောက် ဖမ်းဆီး၊ သိမ်းဆည်းရရှိသော ငွေကြေးများကို တော်လှန်ရေး ရန်ပုံငွေအဖြစ် အသုံးပြုမည်", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးခဲ့ပြီး သိမ်းဆည်းရရှိသော ငွေကြေးများကို တော်လှန်ရေး ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လောင်းလုံးမြို့နယ် ကထောင်းနီကျေးရွာ၌ နတ်ပွဲ အကြောင်းပြကာ သီးခြားပြုလုပ်နေသည့် လောင်းကစားဝိုင်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူများနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကစား ငွေကြေးများကို သိမ်းဆည်းရရှိခဲ့ပြီး သီးခြား ဒဏ်ကြေးငွေပေးဆောင်စေ၍ နောက်နောင် လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ ပါ၀င်ကစားခြင်းများမပြုလုပ်ရန် ခံ၀န်ကတိပြုလက်မှတ်ရေးထိုးစေကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။", "လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဝိုင်းများ လုံးဝ မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်ကာ လောင်းကစားဝိုင်းများဆက်လက်ပြုလုပ်နေမည် ဆိုပါက ပြင်းထန်းစွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။", "“အခုချိန်က တစ်နိုင်ငံလုံး စစ်ဘေးသင့် ဒုက္ခဆင်းရဲဖြစ်နေချိန်မှာ အသိတရားရှိဖို့ ကောင်းတာပေါ့။ လောင်းကစားဝိုင်းတွေမှာကုန်မယ့် ငွေကြေးအစား စစ်ဘေးရှောင်တွေ တော်လှန်ရေးအဖွဲ့အစည်းတွေ ပံ့ပိုးတာဖြစ်ဖြစ် ကိုယ့်ရပ်ရွာအကျိုးရှိမယ့်နေရာတွေမှာသုံးတာဖြစ်ဖြစ် လုပ်ကြစေချင်တာပေါ့။ ဒီလောက်များပြားတဲ့ငွေကြေးတွေနဲ့ဆို တော်လှန်ရေးအတွက်အများကြီးအထောက်အကူဖြစ်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။", "လောင်းကစားဝိုင်းများ ဖမ်းဆီးရမိမှုမှ လောင်းကစားငွေ စုစုပေါင်း ၂၄,၂၈၅,၇၅၀ ကျပ် သိမ်းဆည်းရမိခဲ့ပြီး ၎င်းငွေကြေးများကို တော်လှန်ရေးလုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရဲဘော်ရှဲဒိုးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2025/01/198396/
လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး
["လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံးပြီးတော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်သား၊ ပျူစောထီး ၄၀ ကျော်သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော်သေဆုံးကာ စစ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ကျနော်တို့ စခန်းထဲအထိ ရောက်ခဲ့ပါတယ်၊ ဒါပေမယ့် မထိန်းနိုင်ခဲ့ဘူး။ ရေကြောင်းကနေ စစ်ကူပို့ တာကို မတားနိုင်ခဲ့ဘူး။ ကြည်း၊ ရေ၊ လေ သုံးခုစလုံးက ခုခံနေတော့ ပြန်ဆုတ်ပေးခဲ့ရတာပါ၊ လက်နက်ခဲယမ်းအချို့တော့ ရရှိခဲ့ပါတယ်” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ဦးဆောင်ကာ ဒေါနစစ်ကြောင်း တပ်ခွဲ – ၇ ၊ ဖက် ဒရယ်ဓူဝံတပ်ဖွဲ့နှင့် နွေဦးပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထားဝယ်ခရိုင် တပ်ပေါင်းစုမှ ရဲဘော်၂ ဦး တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာကျဆုံးခဲ့ကာ ရဲဘော် တချို့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက် စစ်တပ် စခန်းကို သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ၊ လေ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တပ်ပေါင်းစု တပ်ဖွဲ့ဝင်များက ခွာစစ်ပြုကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/192930/
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ စခန်းကုန်းမှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၈၀ ချီးမြှင့်
["လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ စခန်းကုန်းမှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၈၀ ချီးမြှင့်", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ စခန်းကုန်းမှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂ ရက်နေ့တွင် လောင်းလုံးမြို့နယ် ကျောက်နီမော် ကျေးရွာ စခန်းကုန်း၌ တာဝန်ထမ်းဆောင်နေသော ခလရ ၂၆၇ တပ်ရင်းမှ တပ်သား ကိုကျော်သက်ဦးသည် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလင်းဝင်လာသော တပ်သား ကိုကျော်သက်ဦးသည် MA-1 သေနတ် ၂လက်၊ ကျည်ဘောက် ၅ ဘောက်နှင့် ကျည် ၂၄၆ တောင့်တို့ ယူဆောင်လာပြီး လက်နက်နှင့်တကွ ပြည်သူ့ ရင်ခွင် ခိုလှုံလာသောကြောင့် နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) မှ ဂုဏ်ပြုဆုငွေ ငွေကျပ် သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။", "“ဖက်ဆစ် စစ်တပ်ကနေ အမြန်ဆုံး ရုန်းထွက်ပြီးတော့ ပြည်သူ့ရင်ခွင် ခုံလှုံကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အလင်းဝင်ရောက်လာသော ကိုကျော်သက်ဦးကို လက်ရှိချိန်တွင် ဘေးကင်း လုံခြုံရာသို့ ပို့ဆောင်ရန် စီစဉ်ပေးထားပြီး ဆက်လက်၍လည်း ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီ တပ်သားများအနေဖြင့် နွေဦးပြောက်ကျားတပ်ဖွဲ့ (NOGF) မှ နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ထိုက်သင့်သည့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149037/
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ အနီးရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်
["လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ အနီးရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ မတ် ၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၃ ရက်နေ့ ည ၇ နာရီခန့်တွင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်းတစ်ခုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များက ၈၁ မမ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ပစ်ခတ် တိုက်ခိုက်မှုအတွင်းအကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ ထိခိုက်မှုကတော့ စုံစမ်းနေတုန်းပဲ အတည်မပြုနိုင်သေးဘူး။ အဲစခန်းမှာ အခုထိ ခွေးတွေ တပ်စွဲထားတုန်းပဲ မဆုတ်သေးဘူး” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လိပ်ပြာ တပ်စု ၊ တောသားလေးတပ်စု နှင့် ဂဠုန်တပ်စုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/159057/
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်
["လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၂၄", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို စုန်ဆင်းလာသော အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် စက်လှေကို PDF တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မှ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် ရန်သူအင်အား ၂၀ ခန့်ပါ စက်လှေကြီး ၁ စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိတွေ့တိုက်ပွဲအတွင်း လောင်းလုံး PDF ရဲဘော်များက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်အပြန်အလှန်ပစ် ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်သားများ လိုက်ပါလာသည့် စက်လှေကို ၄၀ မမ ဗုံးသီး ၂ လုံး ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/04/158274/
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီး စခန်းနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီး စခန်းနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၀", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီး စခန်းနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီးများ တပ်စွဲထားသော တာဝါတိုင် စခန်းကုန်းနှင့် ဘုရားတောင်ကုန်းများရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို လောင်းလုံး PDF တပ်ဖွဲ့က တပြိုင်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တာဝါတိုင်းစခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦးအပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန် ဒဏ်ရာရရှိသူ ၄ ဦးအနက်မှ ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ၃ ဦး ထပ်မံသေဆုံးကြောင်း သိရှိရသည်။", "အလားတူ ဘုရားတောင်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့များက ပျူစောထီး စိုးသိန်း ဦးဆောင်သော ကျောက်နီမော်ရွာ အအေးခန်း စက်ရုံဟောင်းရှိ ပျူစောထီး စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားစဉ် အတွင်း ရေကြောင်းမှ စစ်ကောင်စီ ရေတပ်သင်္ဘောများ ရောက်ရှိလာကာ ၁၂၀ မမ လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ပြီး စစ်ကူပေးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကိုLaunglone PDF Air Force (ဒရုန်းတပ်ဖွဲ့)၊Launglone PDF Sniper Team (စနိုက်ပါအဖွဲ့)နှင့်လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDFမှ(တပ်စုပေါင်းစုံဖြင့်) လိပ်ပြာတပ်စု၊တောသားလေးတပ်စု၊ဂဠုန်တပ်စု၊ဇုန်-၄တပ်စု၊ကင်းမြှီးကောက်ပြောက်ကျားတပ်စု၊ရွှေသောင်ယံတပ်စုတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]