url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/09/124442/
ရှေ့တန်းတွင် တိုက်ခိုက်ရေး စစ်သားများ သေဆုံးမှုများပြားလာသည့်အတွက် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ ဝင်များကို စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး စစ်မျက်နှာပြင်များသို့ စေလွှတ်နေ
["ရှေ့တန်းတွင် တိုက်ခိုက်ရေး စစ်သားများ သေဆုံးမှုများပြားလာသည့်အတွက် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ ဝင်များကို စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး စစ်မျက်နှာပြင်များသို့ စေလွှတ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရှေ့တန်းတွင် တိုက်ခိုက်ရေးစစ်သားများ သေဆုံး ထိခိုက်မှု များ များပြားလာသောကြောင့် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များကို စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်ပြီး စစ်မျက်နှာပြင်များသို့ စေလွှတ်မှုများ လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆို သည်။", "အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၃ နှစ်အတွင်း ရှေ့တန်းသို့ တိုက်ခိုက်ရေး စစ် သားအများအပြား စေလွှတ်ရသည့်အတွက် လက်ရုံးတပ်များဖြစ်သည့် ကပစတပ်၊ အင်ဂျင်တပ်၊ ဆေးတပ်များကို မြို့လုံခြုံရေးအတွက် အသုံးပြုခဲ့ကြောင်း၊ သို့ရာတွင် စစ်သားများ တိုက်ပွဲများတွင် သေဆုံးခြင်း၊ တပ်မှ ထွက်ပြေးခြင်း၊ တပ်မှ တရားဝင် ထွက်ခြင်း၊ CDM ဝင်ခြင်း အပါအဝင် စစ်သား အင်အား ပြုန်းတီးမှု မြင့်မားနေကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှစတင်၍ လအလိုက် စစ်သား အင်အား ပြုန်းတီးမှု ရာခိုင်နှုန်း တအိအိတက်လာကြောင်း၊ တိုင်းစစ်ဌာနချုပ်အလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းသည် လအလိုက် မတူညီကြဘဲ ပျှမ်းမျှ ပြုန်းတီးမှု အင်အား ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအကြား အတက်အကျရှိခဲ့ကြောင်း၊ အာဏာသိမ်းကာလ ၂ နှစ်တာကာလအတွင်း ပြန်ကြည့်လျှင် စစ်သား ပြုန်းတီးမှုအင်အား ရာခိုင်နှုန်း ထိုးတက်မြင့်မားလာကြောင်း၊အင်အားပြုန်းတီးမှု ရာခိုင်နှုန်း အနိမ့်ဆုံး ကိန်းဂဏန်း ၂ လုံးကျော်ဆိုသည်မှာ တစ်နိုင်ငံလုံးရှိ စစ်သားအင်အား ထောင် သောင်းချီ သေဆုံးခြင်း၊ ထွက်ပြေးခြင်း၊ တပ်မှ ထွက်ခွင့်ရခြင်း၊ CDM လုပ်ခြင်း များ ပါဝင်ကြောင်း သိရှိရသည်။", "ထိုသို့ တိုက်ခိုက်ရေး စစ်သားများ ဆုံးရှုံးမှုများ ပြားလာသည့်အတွက် လက်ရုံးတပ်များကိုပါ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်လာရပြန်ကြောင်း၊ သို့သော်လည်း စစ်မျက်နှာပြင် အများအပြားတွင် လက်ရုံးတပ်များမှ စစ်သားများပါ အရေးနိမ့်သေဆုံးမှုများပြားလာကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်တပ်မှ ထွက်ပြေးသည့် စစ်သားအရေအတွက်မှာလည်း နေ့စဉ် စံချိန်တင် များပြားလျက်ရှိသဖြင့် ယခုနောက်ဆုံးတွင် ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များကို စစ်ဝတ်စုံများ ထုတ်ပေး၍ ရှေ့တန်းသို့ စေလွှတ်နေရကြောင်း သိရှိရသည်။", "” စစ်သားတွေ သေတာတွေ၊ ထွက်ပြေးတာတွေ များတော့ ပထမတစ်ခါ ကုစားတာကတော့ လက်ရုံးတပ်ဖွဲ့တွေဖြစ်တဲ့ ကပစတပ်တွေ၊ GE တပ် စတာတွေကို မြို့လုံခြုံရေးယူခိုင်းပြီးတော့ မြို့ပေါ်မှာရှိတဲ့ ခြေလျင်၊ ခြေမြန်တပ်တွေကို ရှေ့တန်းကို ပို့ပါတယ်။ အဲဒါလည်း သေဆုံးတာတွေ များလာတော့ ဘာထပ်လုပ်လဲဆိုတော့ မြို့ပေါ် လုံခြုံရေးယူထားတဲ့ လက်ရုံးတပ်တွေရဲ့ လက်မောင်း ဘက်တံဆိပ်တွေကို ခြေလျင်၊ခြေမြန်ဘက်တံဆိပ် လဲပြီး တပ်ခိုင်းရှေ့တန်း ထပ်ပို့တယ်။ အဲဒီလိုကုစားရင်း စစ်သားကနည်းသထက်နည်းလာတဲ့အတွက် အခု ဒုတိယကုစားနေတာကတော့ ရဲတပ်ရင်းတွေက ရဲတွေကို စစ်ယူနီဖောင်း ဝတ်ခိုင်းပြီး ရှေ့တန်းထွက်ခိုင်းတယ်။ ပြောရရင် ရယ်စရာကြီးပေါ့။ အရင်က တပ်ကကောင်တွေက ရဲဘက်ကိုပြောင်းတာ။ အခုဟာက ရဲကနေ တပ်ကိုအယောင်ဆောင်ခိုင်းနေတာ။ တပ်ထဲကိုပြောင်းခိုင်းတာမဟုတ်ဘူးနော်။ အယောင် ဆောင်ခိုင်းတာ။ စစ်သားယူနီဖောင်းဝတ်ခိုင်းတယ်။ ရှေ့တန်းထွက်ခိုင်းတယ်။ ဒါပေမယ့် လစာနဲ့ရိက္ခာကတော့ နဂိုအတိုင်းပဲ။ ရဲတွေကို အငှားသေခိုင်းနေတဲ့သဘောပဲ” ဟု စစ်ဘက် သတင်းရင်းမြစ်က အခြေအနေကို ရှင်းပြသည်။", "ရဲတပ်ရင်းများမှ ရဲများကို စစ်ဝတ်စုံ ဝတ်ဆင်ခိုင်းပြီး ရှေ့တန်း ပို့ဆောင်ရာတွင် ကရင်နီပြည်နယ်သို့ အမှတ် ၁၀ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်းအတွင်းသို့ နေပြည်တော်အခြေပြု ရဲတပ်ရင်းများ ဖြစ်သည့် အမှတ် ၁၇ ၊ အမှတ် ၁၈ ၊ အမှတ် ၁၉ ရဲတပ်ရင်းများတို့မှ ရဲတပ်ဖွဲ့ဝင်များ ကိုလည်း ကောင်း၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဘက်သို့ ရန်ကုန်အခြေစိုက် ရဲတပ်ရင်းများဖြစ်သည့် အမှတ် ၃၊ အမှတ် ၅၊ အမှတ် ၆၊ အမှတ် ၇၊ အမှတ် ၈ ၊ အမှတ် ၉ ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင် များကိုလည်းကောင်း စစ်ဝတ်စုံများ ဝတ်ဆင်ခိုင်းပြီး ရှေ့တန်းတွင် အသုံးပြုနေကြောင်း သိရှိရသည်။", "“အခုလကယားပြည်နယ်ရှေ့တန်းစစ်မျက်နှာပြင်ကို ထွက်နေရတာက ရဲတပ်ရင်း ၁၀ (ယခု အခေါ် ရတဖ)ပါ။ ရဲတွေအားလုံး စစ်တပ်ယူနီဖောင်းဝတ်ရတယ်။ နောက် ပဲခူးရိုးမပေါ်တက်ရတဲ့ ရတဖတွေ၊ နေပြည်တော်အခြေပြုတဲ့ ရတဖ ၁၇၊ ၁၈၊ ၁၉ တို့ဆိုရင်လည်း စစ်တပ်ယူနီဖောင်းဝတ်ရတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းဘက်တွေကို ထွက်ရတဲ့ ရတဖတွေလည်း စစ်တပ်ယူနီဖောင်းဝတ်နေရတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်း စစ်မျက်နှာပြင်မှာတော့ ရန်ကုန်က ရတဖတွေ အလှည့်ကျရှေ့တန်း ထွက်ရပါတယ် ရန်ကုန်မှာ ရတဖ ၆ ရင်းရှိပါတယ်။ရတဖ ၃၊ ၅ ၆၊ ၇၊ ၈၊ ၉ ရဲတပ်ရင်း တို့ပါ” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။", "ရဲတပ်ရင်းများမှ ရဲတပ်ဖွဲ့ဝင်များက စစ်တပ်ယူနီဖောင်းဝတ်ဆင်၍ ရှေ့တန်းမထွက်လိုကြကြောင်း၊ ငွေကြေးတတ်နိုင်သော ရဲအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်တချို့မှာ ငွေကြေးနှင့် လာဘ်ပေး၍ နေပြည်တော် ရဲဌာနချုပ်သို့ ပြောင်းရွှေ့ကြကြောင်း ၊ နေပြည်တော်ရဲဌာနချုပ်တွင် ရောက်ရှိနေ သော ရဲတပ်ဖွဲ့ဝင်များမှာမူ ရှေ့တန်း ထွက်စရာမလိုကြောင်း သိရှိရသည်။", "“ရှေ့တန်း မထွက်ချင်တဲ့ ရဲတွေနဲ့ အရာရှိတွေက နရခ လို့ခေါ်တဲ့ နေပြည်တော်ရဲဌာနချုပ်ကို ငွေကြေးပေးပြီး ရအောင် ပြောင်းပြေးကြတယ်။ အခုဆိုရင် နေပြည်တော် ရဲဌာနချုပ် (နရခ) ကို စစ်ရှောင်စခန်းလို့တောင် ခေါ်ဝေါ်သုံးစွဲနေကြတယ်” ဟု စစ်ဘက်သတင်းရင်းမြစ် က ရှင်းပြသည်။", "ရန်ကုန်ခေတ်သစ်၏ ကောက်ယူထားသော စာရင်းဇယာများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ ၃ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ သောင်းကျော်၊ ၄ သောင်းနီးပါး တိုက်ပွဲများတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်က တိုက်ခိုက်ရေး စစ်ရေး သင်တန်းများ ပို့ချနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/146376/
ရှေ့တန်းထွက် စစ်သားများ ၆ လ ကြာသည်အထိ တပ်ကို အဆက်အသွယ် မလုပ်လျှင် ကျန်ရစ်သူ မိသားစုများ တပ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး လစာနှင့်ခံစားခွင့်များ အားလုံးရုပ်သိမ်းမည်ဟု စစ်တပ်က စည်းကမ်းချက်ထုတ်
["ရှေ့တန်းထွက် စစ်သားများ ၆ လ ကြာသည်အထိ တပ်ကို အဆက်အသွယ် မလုပ်လျှင် ကျန်ရစ်သူ မိသားစုများ တပ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး လစာနှင့်ခံစားခွင့်များ အားလုံးရုပ်သိမ်းမည်ဟု စစ်တပ်က စည်းကမ်းချက်ထုတ်", "ရှေ့တန်းတွင် ကျဆုံးသည့် စစ်သားများအတွက် နစ်နာကြေးနှင့် အာမခံ ကြေး များ မပေးချင်သဖြင့် ပျောက်ဆုံးစာရင်းသွင်းပြီး ကျန်ရစ်သူ မိသားစုများကို တပ်ထဲမှ နှင်ထုတ်မှုများ ဖြစ်ပွားနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "အကြမ်းဖက်စစ်ကောင်စီက ရှေ့တန်းထွက် စစ်သားများ ၆ လ ကြာသည်အထိ တပ်ကို အဆက်အသွယ် မလုပ်လျှင် ကျန်ရစ်သူ မိသားစုများ တပ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ်ပြီး လစာနှင့်ခံစားခွင့်များ အားလုံးရုပ်သိမ်းမည်ဟု စည်းကမ်းချက်ထုတ်ပြန်လာကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရှေ့တန်းမှ စစ်သားများ ထွက်ပြေးမှုများပြားလာခြင်းနှင့် ပျောက်ဆုံးမှုများ များပြားလာနေခြင်းကြောင့် စစ်ကောင် စီက ထိုသို့ စည်းကမ်းချက်များ ထုတ်ပြန်လာခြင်းဖြစ်ကြောင်း၊ ရှေ့တန်းထွက် စစ်သားများ တပ်နှင့် အဆက် အသွယ်မရရှိလျှင် ၆ လအတွင်း နောက်တန်းတွင် ကျန်ရစ်သော မိသားစုအနေဖြင့် စစ်သား၏ လစာတစ်ဝက်သာ ရရှိမည်ဖြစ်ကြောင်း၊ အကယ်၍ ရှေ့တန်းထွက်စစ်သားသည် ၆ လနှင့်အထက် လုံး၀ ပျောက်ဆုံးပြီး တပ်က အဆက်အသွယ် မရရှိတော့လျှင် နောက်တန်းတွင် ကျန်ရစ်သော မိသားစုကို တပ်တွင်း နေအိမ်၊ လိုင်းခန်းများမှ နှင်ထုတ်မည်ဖြစ်ကြောင်း သိရှိရသည်။", "“ရှေ့တန်းလွှတ်သမျှ စစ်သားတွေ အဆက်အသွယ်မရဘဲ ပျောက်နေသူတွေအတွက် လစာကို တစ်ဝက်ပဲ တပ်က ပေးတယ်။ အဲဒါကြောင့် တပ်တွင်းမှာ ရှိတဲ့ နောက်တန်းကျန် စစ်သည် ဇနီးမယားတွေက မကျေမနပ်ဖြစ်ပြီး ဆဲကြတယ်။ နောက်တစ်ခုကတော့ ရှေ့တန်းထွက် စစ်သားက ၆လ စောင့်ကြည့်လို့ လုံး၀ တပ်ကို မဆက်သွယ်တော့ဘူးဆိုရင် တပ်ထဲမှာ နောက်တန်းကျန် မိသားစုတွေ လိုင်းခန်း နေအိမ်တွေ ပြန်ရုပ်သိမ်းမယ်။ အဲဒီလို စည်းကမ်းချက်တွေ ထွက်လာတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ထိုသို့ စည်းကမ်းချက်များ ထုတ်ပြန်လာခြင်းသည် များမကြာမီ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရောက်ရှိလာမည့် တပ်သားသစ်များ၏ မိသားစုများ နေထိုင်ရေး လိုင်းခန်းနှင့် နေအိမ်များ လုံလောက်စေရန် ကြိုတင်စီမံမှုဟုလည်း တပ်တွင်းတွင် သုံးသပ်ပြောဆိုကြသည်။", "“တချို့ရှေ့တန်းထွက်စစ်သားတွေက ပျောက်ဆုံးတာမဟုတ်ပါဘူး။ ကျဆုံးတာပါ။ အဲဒါကို တပ်ကို မဆက်သွယ်တော့တဲ့ ပျောက်ဆုံးစာရင်းသွင်းပြီး ကျန်ရစ်သူ မိသားစုကို အသက်အာမခံ လျှော်ကြေး၊ နစ်နာကြေး၊ ပင်စင် ဘာမှ မပေးဘဲ မျက်နှာလွှဲ ခဲပစ် ပျောက်ဆုံးဆိုပြီး လိုင်းခန်းက နှင်ချတာတွေ အခု တပ်တွေထဲမှာ အရမ်းကို ဖြစ်နေတာ။ တကယ်က ရှေ့တန်းထွက် စစ်သားက ထွက်ပြေးသွားတာမဟုတ်ဘူး ။ ကျန်ရစ်သူ မိသားစုတွေအတွက် အရမ်းကို နစ်နာနေတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်များသည် နိုင်ငံတစ်ဝန်း ရှေ့တန်းစစ်မျက်နှာပြင်များတွင် တိုင်းရင်းသား တော်လှန်ရေး တပ်များနှင့် တိုက်ခိုက်ရာတွင် အစုလိုက်အပြုံလိုက်သေဆုံးမှုများနှင့် တပ်စခန်းများ ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ် နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/164858/
ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့် အရှင် ဖမ်းမိပြီး ဆေးကုပေးစဉ် သေဆုံး
["ရှေ့တန်းထွက်သည့် ခလရ ၁၃၇ စစ်ကြောင်းတစ်ခုလုံး တိုက်ပွဲအတွင်း သေဆုံးသွားခဲ့", "ရန်ကုန်၊ မေ ၂၈", "ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်းတနေရာ၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၃၇ တပ်ရင်းမှ ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့်အရှင်ဖမ်းမိကာ ဆေးကုသ နေစဉ် သေဆုံးသွားကြောင်း ပူတာအိုမြို့နယ်တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ ၁၈ ရက်နေ့က ပူတာအိုခရိုင် မချမ်းဘောမြို့နယ်အခြေစိုက် ခလရ ၁၃၇ တပ်ရင်းမှ ပူတာအို မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်သွားပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းစေဟိန်း ကို ဒဏ်ရာများဖြင့် အရှင်ဖမ်းမိကာ ဆေးကုသပေးနေစဉ် နောက်တစ်နေ့၌ သေဆုံးသွားကြောင်း သိရသည်။", "“ပူတာအိုမြို့နယ်ထဲမှာ PDF တွေနဲ့ ထိပ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ ဒဏ်ရ ာတော်တော်ပြင်း ပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာ ဖမ်းမိတာ။ ဒါပေမယ့် သူရထားတဲ့ဒဏ်ရာက ခြေတွေလည်းကျိုး၊ လက်တွေလည်းကျိုးဆိုတော့ ဖမ်းမိတဲ့အချိန်မှာ‌ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့ကအတတ်နိုင်ဆုံး ဆေးတော့ကုပေးခဲ့တယ်။ သို့သော်လည်း သူ့ရဲ့သွေးထွက်လွန်ပြီးတော့ ရရှိထားတဲ့ ဒဏ်ရာပြင်း ထန် တဲ့အတွက်မိုလို့ ဖမ်းမိတဲ့နောက်တစ်ရက်မှာပဲ သူအသက်ထွက်သွားပါတယ်။ ခလရ ၁၃၇ က မချမ်းဘောမြို့ အခြေ စိုက်တပ်ရင်းကတော့ ကျနော်မြေပြင်သတင်းတွေအရ သိရသလောက်ကတော့ ရှေ့တန်းမှာ ဖွဲ့စည်းပုံလည်းပျက်သွားပြီ။ အင်အားလည်း ကုန်သလောက်ဖြစ်သွားပြီ ” ပူတာအိုမြို့နယ်တော် လှန် ရေးအင်အားစု သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ် အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ ခလရ ၁၃၇ တပ်ရင်းမှူးကို လုံးထွေးသတ်ပုတ်ကာ အရှင်ဖမ်းမိခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။“ဘယ်လောက်သေတယ်ဆိုတောတော့ အရေအတွက် အတိအကျမသိရဘူး၊ တစ်ယောက်ဖမ်းမိ၊ ၃ ယောက်မိ၊ တစ်ချို့ကမတွေ့တာရှိတယ်ဆိုတော့ ရှေ့တန်းထွက်နေတဲ့တပ်ရင်းတစ်ခုလုံးလို့ ပြောလို့ ရတယ်။ ရှေ့တန်းထွက်တဲ့ ၁၃၇ တပ်ရင်းတစ်ခုလုံးနီးပါး ပြုတ်သွားတာပေါ့” ဟု ပူတာအိုမြို့နယ် တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်က ရှင်းပြသည်။", "ဓာတ်ပုံ – ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ်တွင် သင်တန်းတက်ရောက်နေသည့် ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိများကို အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်တွင် သွားရောက်တွေ့ဆုံခဲ့စဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/07/172207/
ပြည်သူ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ သက်တမ်း ၅ နှစ် စစ်မှု ထမ်းရန် စာချုပ် လက်မှတ်ရေးထိုးရပြီး စစ်ကောင်စီက ပေါ်တင် လိမ်လည်
["ရှေ့တန်းပို့ခံရခြင်း၊ ဖုန်းအသုံးပြုခွင့်မရခြင်း၊ မိဘနှင့်ဆက်သွယ်ခွင့်မပြုခြင်းနှင့် ခွင့်ယူခွင့်မရှိခြင်းများ ကြုံနေရ", "ရန်ကုန်၊ ဇူလိုင် ၉", "အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စစ်ထဲအသွင်းခံရသည့် ပြည်သူ့စစ်မှုထမ်းသင် တန်းဆင်း တပ်သားသစ်များကို စစ်ကောင်စီက သက်တမ်း ၅ နှစ် စစ်မှုထမ်းရန် စာချုပ် လက်မှတ်ရေးထိုးခိုင်းပြီး အခြေခံ အခွင့်အရေးများ ပိတ်ပင်ထားကြောင်း တပ်သားသစ်များ၏ မိသားစုဝင်များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အမှတ်(၁)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ) မှ စစ်မှုထမ်းအပတ်စဉ် ၁ ဆင်းသွားကြသည့် တပ်သားသစ်များကို စစ်ကောင်စီက သက်တမ်း ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမည်ဟု ခေါ်ယူချိန်က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် သက်တမ်း ၅ နှစ်တာဝန်ထမ်းဆောင်ရန် အတင်းအကျပ် လက်မှတ်ရေးထိုးစေခဲ့ကြောင်း တပ်သားသစ်တချို့၏ မိဘများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“စစ်မှုထမ်းရမယ့် သက်တမ်းက ၂ နှစ်မဟုတ်ဘူး အမေရေတဲ့။ ဖုန်းဆက်အကြောင်းကြားလာတယ်။ သက်တမ်းက ၅ နှစ်တဲ့။ လက်မှတ် မထိုးလို့လည်း မရဘူးတဲ့။ လက်မှတ်မထိုးမဖြစ် ထိုးပေးရတယ်။ အခုတော့ ကရင်ပြည်နယ်၊ ကော့ကရိတ်ရှေ့တန်းကို အပို့ခံထားရတယ်” ဟု တွံတေးမြို့သား တပ်သား သစ်၏ မိခင်ဖြစ်သူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် စစ်တပ်အသိုင်းအ၀ိုင်းကလည်း စစ်ကောင်စီက စစ်မှုထမ်းရမည့် လူငယ်များကို သက်တမ်း ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆိုခဲ့သော်လည်း လက်တွေ့ တပ်သားသစ်များကို သက်တမ်း ၅ နှစ် လက်မှတ်ရေးထိုးခိုင်းနေကြောင်း ပြောဆိုကြသည်။", "တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် စစ်မှု ထမ်း ဥပဒေဖြင့် တပ်သားသစ် လူငယ်များကို ၁၂ ပတ်ကြာ သင်တန်းပေးပြီးနောက် တပ်သားသစ်များကို သက်တမ်း ၅ နှစ်တာဝန်ထမ်းဆောင်ရန် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။", "“စစ်မှုထမ်းရမယ့် သက်တမ်းက ၂နှစ် မဟုတ်ဘူး။ ၅ နှစ် တာဝန်ထမ်းဆောင်ရမယ် လက်မှတ်ထိုးဆိုပြီး ကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်က တပ်သားသစ်တွေကို လက်မှတ်ထိုးခိုင်းတယ်။ ငြင်းတဲ့သူတွေကို ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲကျော်ကျော်ကိုယ်တိုင် အဲဒီကောင်ကို ထိုးကွာဆိုပြီး ရိုက်နှက်ခိုင်းတယ်။ မဖြစ်မနေ လက်မှတ်ထိုးလိုက်ရတယ်” ဟု တပ်သားသစ်တစ်ဦး၏ အစ်ကိုဖြစ်သူရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် သင်တန်းမတက်မီက တပ်သားသစ်များကိုလည်း မူလမိမိတို့၏ ရပ်ရွာများတွင်သာ တာဝန်ချထားမည်ဟု ပြောဆိုခဲ့သော်လည်း သင်တန်းဆင်းပြီးချိန်တွင် နိုင်ငံတစ်ဝန်းရှိ စစ်မျက်နှာပြင် ရှေ့တန်းများသို့ စေလွှတ်လျက်ရှိကြောင်း သိရှိရသည်။", "“ပလောက် အမှတ် ၁၂ ကျောင်းက သင်တန်းဆင်း တပ်သားသစ်တွေ အများစုက လားရှိုး ရမခ လက်အောက်ခံ တပ်တွေဆီ အပို့ခံထားရတယ်။ ကရင်နီ၊ ရခိုင်နဲ့ ကချင်ဘက်တွေကိုလည်း အပို့ခံထားရတယ်။ အုပ်စုတွေခွဲပြီး ပို့နေတာ” ဟု မြိတ်မြို့နယ်မှ တပ်သားသစ်၏ မိခင်တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်ရှိတွင် တပ်သားသစ်များအားလုံးသည် မိမိတို့၏ တာဝန်အချခံရမည့် ရှေ့တန်းသို့ မရောက်မချင်း မိုဘိုင်းလ်ဖုန်း သုံးခွင့်မရှိကြောင်း၊ မိဘများထံ ဖုန်းဆက်ခွင့်လည်းမရကြောင်း၊ ထို့ပြင် ခွင့်ယူခွင့်မရှိဘဲ ရှေ့တန်းမှ ထွက်ပြေးမည်ဆိုလျှင် ပစ်သတ်ခံရမည်ဟု ခြိမ်းခြောက်ခံထားရကြောင်း သိရှိရသည်။", "“ဖုန်းကို နီးစပ်တဲ့ သူတွေဆီက ငှားပြီး အိမ်ကိုတော့ အကြောင်းကြားတယ်။ အရမ်းကို ဖိနှိပ်ခံနေရတယ်လို့ ပြောတယ်။ အခြေအနေ မကောင်းဘူး။ သေသွားရင်တောင် အကြောင်းကြားပေးပါ့မလားဆိုပြီး ဖုန်းထဲမှာ သားကလည်း ငို၊ ကိုယ်လည်း ငိုပဲ” ဟု မြိတ်မြို့နယ်မှ တပ်သားသစ် မိခင်က ရှင်းပြသည်။", "စစ်ကောင်စီက ဧပြီလမှစတင်ပြီး စစ်မှုထမ်းအပတ်စဉ် ၁ စတင်ဖွင့်လှစ်ကာ ထောင်ချီသော လူငယ်များကို နိုင်ငံတစ်ဝန်း ဖမ်းဆီးပြီး လစဉ် တပ်သားသစ်များအဖြစ် စုဆောင်း သင်တန်းဆင်းမှုများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ပလောက်မြို့ရှိ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းမှ တပ်သားသစ်များကို သက်ဆိုင်ရာရှေ့တန်းများသို့ စစ် သင်္ဘောဖြင့် ပို့ဆောင်စဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/188483/
ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ
["ရှေ့တန်းရောက် စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များကို အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ စစ်အရာရှိများက မူးယစ်ဆေးဝါးများ တိုက်ကျွေး၊ နောက်တန်းမှ ပေးပို့သည့် တပ်ရိက္ခာများတွင်ပါ မူးယစ်ဆေးအထုပ်များ တစ်ပါတည်းပါလာ", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များကို ရှေ့တန်းသို့ စေလွှတ်လျက်ရှိရာ ရှေ့တန်းရောက်ရှိချိန်တွင် စစ် တပ်အရာရှိများက အမောခံနိုင်သည်၊ အိပ်ရေးပျက်ခံနိုင်သည်ဟုဆိုကာ တပ်သားသစ်များကို မူးယစ်ဆေးဝါး တိုက်ကျွေးသုံးစွဲခိုင်းမှုများရှိနေကြောင်း စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်စခန်းများထံသို့ အပို့ခံရသည့် စစ်မှုထမ်းအပတ်စဉ် ၁ ဆင်း သင်တန်းသား တပ် သားသစ်တစ်ဦးက ၎င်းတို့တပ်မှ စစ်အရာရှိ ဗိုလ်ကြီးက ရှေ့တန်းစစ်မျက်နှာပြင်တွင် အမြဲနိုးနိုးကြားရှိရန်အတွက် အားဆေးသောက်သုံးရန်လိုအပ်သည်ဟုဆိုကာ မက်သာဖက်တမင်း ဆေးပြားများ ထုတ်ပေးကြောင်း၊ ဆေးပြား သုံးပုံးသုံးနည်းနှင့်တကွ သင်ပြပေးကြောင်း၊ လိုအပ်လျှင် ၎င်းထံမှ တောင်းခံနိုင်သည်ဟု ပြောဆိုပြီး ဆေးပြားအတွက် ကျသင့်သည့် ငွေကြေးလစာအတွင်းမှ ပြန်လည် နုတ်ယူမည်ဟု ပြောဆိုကြောင်း သိရှိရသည်။", "“ရှေ့တန်းမှာ အမောခံ၊ အိပ်ရေးပျက်ခံနိုင်ဖို့ အားဆေးဆိုပြီး ဆေးပြားထုတ်ပေးတယ်။ ရေသန့်ဗူးနဲ့ ပိုက်နဲ့ ငွေရောင်စက္ကူ လိပ်ပြီး မီးရှို့ပုံ၊ ရှုပုံ ရှုနည်းကအစ အကုန်သင်ပြပေးတာ။ ကျနော်​က အရင်က ဆေးသုံးဖူးတယ်။ ပြန်ဖြတ်ထားတာ။ ဆေးသုံးခိုင်းတာသိလို့ စွဲမှာစိုးလို့ မသုံးဘူး။ အခြား တပ်သားသစ်တွေကတော့ လိုက်သုံးကြတယ်။ ဗိုလ်ကြီးကတော့ သူလည်း သုံး၊ တပ်သားသစ်တွေလည်းသုံးခိုင်းတယ်။ မသုံးချင်ရင်လည်း ရတယ်။ အတင်းအကျပ်တော့မဟုတ်ဘူး။ ဆေးပြားဖိုးကို လစာရမှ အဲဒီအထဲက ပြန်နုတ်မယ်ဆိုပြီး သူ့ဆီက ကြိုက်သလောက်ဆေးပြား တောင်းယူလို့ရတယ်။ ယူတဲ့ ဆေးပြားကို စာအုပ်ထဲမှာ တာလီချိုးပြီး မှတ်ထားတာ” ဟု ရန်ကုန်၊ တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းခဲ့သော တပ်သားသစ်က ရှင်းပြသည်။", "စစ်ကောင်စီက ရှေ့တန်းစခန်းများသို့ လစာနှင့် ရိက္ခာထောက်ပို့မှုများ ပေးပို့ချိန်တွင် မက်သာဖက်တမင်း ဆေးပြား အထုပ်များ ပါ တပ်ရိက္ခာများနှင့်အတူ ပါလာကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခွင့်ကို တရားဝင် ခွင့်ပြုသည့်သဘောဟု ဆိုနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။", "“တောထဲမှာ ဘယ်က မက်သာဖက်တမင်းသွားဝယ်မလဲ။ အဲဒါ ရိက္ခာလာပိုတဲ့အချိန်မှာ အဲဒီဆေး ပြားထုပ်တွေပါ တစ်ခါတည်း ပါလာတယ်။ ရိက္ခာက တပ်ဘက်က စီစဉ်ပေးတာဆိုတော့ ဒီဘက်က လိုချင်တဲ့ ပစ္စည်းတွေကို စက်နဲ့ လှမ်းပေါက်ရတယ်။ အဲဒါ မှာတဲ့ပစ္စည်းတွေ အကုန်ထည့်ပေးတာ။ ၃ လလောက်နေပြီးတော့ ရှေ့တန်းကို နောက်တန်းက လူသစ်တစ်ဖွဲ့ ပြန်လာလဲတယ်။ ရိက္ခာတွေက အများကြီးမပို့ဘူး။ ၁၅ ရက်စာပဲ ပို့ပေးတယ်။ ပြောချင်တာက မူးယစ်ဆေးဝါးကတော့ ကြိုက်သလိုမှာလို့ရတယ်။ ကြိုက်သလောက် သုံးလို့ရတယ်။ တော်တော်များများ သုံးကြတယ်။ တောထဲမှာဆိုတော့ ဘာ အပျော်အပါးလည်းမရှိဘူး။ ဆေးပြားသုံး အရက်ဖိသောက်ပဲ။ အဲဒါပဲရှိတယ်” ဟု တပ်သားသစ်ကရှင်းပြသည်။", "လတ်တလော ရှမ်းပြည်နယ်၊ ပင်လောင်းဘက်တွင် တာဝန်ကျနေကြသည့် စစ်မှုထမ်း သင်တန်း ဆင်း တပ်သားသစ်များ လစာပုံမှန်ရရှိကြသော်လည်း အများစုမှာ မူးယစ်ဆေးပြားဖိုးဖြင့်သာ အကုန်အကျများနေကြကြောင်း၊ လစာမှာလည်း အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင် တန်းဆင်း စစ်သားသစ် ၁ ဦးလျှင်လစာ ငွေကျပ် ၅ သိန်း ၁ သောင်းပေးမည်ဟုဆိုခဲ့သော်လည်း လက် တွေ့တွင် ၁ သိန်း ၇ သောင်းသာ ပေးပြီး လစာ အပြည့်အ၀ မပေးကြောင်း၊လစာအပြည့်အ၀ မရရှိဘဲ ရရှိသော လစာမှာလည်း မူးယစ်ဆေးဝါးအတွက် အဓိက သုံးနေရကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကို မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးယခုအခါ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၆ သို့ ရောက်ရှိနေပြီဖြစ်သည်။", "ဓာတ်ပုံ- စစ်မှုထမ်း သင်တန်းသား တပ်သားသစ်များ။"]
https://yktnews.com/2023/08/119403/
လက်ခတ်တောင် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး သက်မင်းသူ သေဆုံးခဲ့ပြီး အလောင်းပြန်မကောက်နိုင်ဘဲ သဂြိုလ်ပြီးစီးခဲ့ဟု ကျန်ရစ်သူ မိသားစုကို စစ်တပ်က လိမ်လည်
["လက်ခတ်တောင် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး သက်မင်းသူ သေဆုံးခဲ့ပြီး အလောင်းပြန်မကောက်နိုင်ဘဲ သဂြိုလ်ပြီးစီးခဲ့ဟု ကျန်ရစ်သူ မိသားစုကို စစ်တပ်က လိမ်လည်", "နာရေးရက်လည်ကို အကြီးအကျယ်မလုပ်ရန် ဒိုက်ဦးရှိ ဗိုလ်မှူးသက်မင်းသူ မိဘများကို စစ်တပ်နှင့်ထွေ/အုပ်က ဖိအားပေး", "ရန်ကုန်၊ ဩဂုတ် ၂၃", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထား သည့် လက်ခတ်တောင်ကို ပြန်လည် ရရှိရေး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး သက်မင်းသူ သေဆုံးခဲ့ကြောင်း မိသားစု နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။", "ဩဂုတ်လ ၁၅ ရက်နေ့ စစ်ကောင်စီတပ်များက လက်ခတ်တောင်ကို အလုံး အရင်း ထိုးစစ်ဆင်စဉ် ဗိုလ်မှူးသက်မင်းသူ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ဗိုလ်မှူး သက်မင်းသူ၏ အလောင်းကို ပြန်လည် ကောက်ယူ နိုင်ခြင်းမရှိဘဲ စစ်တပ်က ကောင်းမွန်စွာ သဂြိုလ်လိုက်ပြီဟု ဩဂုတ်လ ၁၈ ရက်နေ့တွင် မိသားစုထံသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။", "“လက်ခတ်တောင်မှာကျသွားတဲ့ဗိုလ်မှူး သက်မင်းသူက ဒိုက်ဦးဇာတိပါ။ သူ့ အဖေ၊ အမေက ဒိုက်ဦးကပါ။ အလောင်းပြန်မရဘူး။ ဩဂုတ်လ ၁၅ရက်နေ့ ကတည်းက သေတာကို ဩဂုတ်လ ၁၈ရက်နေ့မှာမှ သူ့မိဘကို အကြောင်းကြား တယ်။ အလောင်းပြန်မရတာကိုလည်း သဂြိုလ်ပြီးပြီလို့ စစ်တပ်က လိမ်လည် ပြောတယ်။ ဗိုလ်မှူး သက်မင်းသူ အဖေက ဒိုက်ဦးမြို့ အမှတ် ၇ စက်ကွင်း ရပ် ကွက်၊ လက်ရှိ အုပ်ချုပ်ရေးမှူး ကျော်ကျော်ဦးပါ။ အဲဒါ နာရေးကို ထွေအုပ်နဲ့ စစ်တပ်က အကျဉ်းချုံးလုပ်ဖို့ လာသတိပေးသွားတယ်” ဟု မိသားစုနှင့် နီးစပ် သော ဒိုက်ဦးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီအချိန်မှစတင်၍ မြ၀တီမြို့နယ်၊ လက် ခတ် တောင်သို့ စစ်ကောင်စီတပ်ဘက ထိုးစစ်ဆင်လာရာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး သက်မင်းသူ ၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက တရားဝင် သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2024/02/144779/
ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်း တိုက်ခိုက်မှုတွင် စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထွက်ပြေးသူ များရှိ
["လက်နက် ၁၆ လက်နှင့်ခဲယမ်းများ၊ ဒရုန်းပစ်လက်နက်၊ Jammer များပါ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်း တိုက်ခိုက်မှုတွင် စစ်သား ၁ ဦး အရှင်ဖမ်းမိပြီး စစ်တပ်ဘက်မှ သေဆုံးသူနှင့် ထွက်ပြေးသူ များရှိကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)က သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် “၁၁၀၇ – စစ်ဆင်ရေး” အဖြစ် ကရင်နီပြည်(ကယားပြည်နယ်) ဘောလခဲမြို့နယ်၊ရွာသစ်မြို့နယ်ခွဲရှိ စစ်အုပ်စုလက်အောက်ခံ ခမရ – ၁၁၂ ၏ ၁၂ မိုင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ ထိုတိုက်ပွဲတွင် MA 1 အမျိုးအစား သေနတ် ၈ လက်၊ MA2 အမျိုးအစား သေနတ် ၁ လက်၊ MA 3 အမျိုးအစားသေနတ် ၁ လက်၊ MA 11 အမျိုးအစား သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၃ လက်၊ ငါးကြင်းမြီး စက်လတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက် အပါအဝင် စစ်ကောင်စီတပ်၏ လက်နက် စုစုပေါင်း ၁၆ လက်နှင့် ခဲယမ်းမျိုးစုံနှင့် အခြားစစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းပိုက် ရရှိ ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ စစ်သား အချို့ချေမှုန်းခံရပြီး စစ်သုံ့ပန်း ၁ ယောက်ကိုလည်း လက်ရဖမ်းဆီးမိကြောင်း၊ စစ်သား အချို့မှာ ကစင့်ကလျားထွက်ပြေးသွားကြကြောင်း သိရှိရသည်။", "အဆိုပါစစ်ဆင်ရေးကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) တပ်မဟာ ၇၈၂၆ ၊ တပ်မဟာမှူး ရဲဘော်ဆီမိုးနယ် ဦးစီးသော ပူးတွဲတပ်ဖွဲ့များနှင့်အတူKA၊KNDF၊PDF၊KNPLF Federal Wingဒရုန်း တပ်ဖွဲ့၊FFDဒရုန်းတပ်ဖွဲ့၊PDFဒရုန်းတပ်ဖွဲ့တို့ အတူတကွ ပူးတွဲပါဝင်တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/01/82413/
လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ဝါသဝ ၏ ကားတန်းကို မိုင်းဆွဲ တိုက် ခိုက်သော်လည်း ဝါသ၀ မပါသဖြင့် တပည့် သင်္ကန်းဝတ် ပျူစော ထီး ခေါင်း ဆောင်ကိုသာ မိုင်းထိမှန်
["လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် ဝါသဝ ၏ ကားတန်းကို မိုင်းဆွဲ တိုက် ခိုက်သော်လည်း ဝါသ၀ မပါသဖြင့် တပည့် သင်္ကန်းဝတ် ပျူစော ထီး ခေါင်း ဆောင်ကိုသာ မိုင်းထိမှန်", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တောကျေးရွာနှင့် တော်က္ကရှပ်ကျေးရွာ အကြား တွင် သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသဝကားကို မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း Taze Revolution Force – TRF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီ‌ဒေါက်တိုင် ကန့်ဘူလူမြို့နယ်၊ မှော် တော ကျောင်းတွင် နေထိုင် သော ဝါသဝသည် တောက္ကရှပ် ကျေးရွာဘက်သို့ ကားဖြင့်ထွက်လာစဉ် တောက္ကရှပ်ကျေးရွာချောင်းအနီး အရောက် အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားစုတ်ပြတ်သွားပြီး ထိခိုက် ဒဏ်ရာ ရရှိသူ အချို့ ရှိခဲ့ကြောင်း သိရသည်။", "“ဝါသဝကားထွက်အလာမှာ အဝေးထိန်းကရိယာတပ်ဆင်ထားတဲ့ မိုင်းနဲ့ တိုက် ခိုက်ခဲ့တာ၊ ကားစုတ် ပြတ်သတ်သွားတယ်လို့တော့ သိရတယ်၊ အတိ အကျ တော့ မသိရသေးဘူး၊ လက်ရှိတော့ ဝါသဝကျောင်း မှာ လုံခြုံရေး တင်း ကျပ် ထားတယ်လို့ နယ်ခံတွေဆီက သတင်းရတယ်” ဟု Taze Revolution Force – TRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြာဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးမတပ်မတော် တပ်ရင်း ၁၆ က တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ခုကမူ မိုင်းဆွဲခံရသော ကားသည် ဝါသ၀၏ ကားမှန်ကန်သော်လည်း ဝါသ၀ မပါဘဲ သူ၏ တပည့်ဖြစ်သူ သင်္ကန်း ဝတ် ပျူစောထီးခေါင်းဆောင် တစ်ဦးလိုက်ပါကြောင်း၊ အဆိုပါ ပျူစောထီး ခေါင်း ဆောင် မိုင်းထိမှန်ကြောင်း ပြောဆိုသည်။", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် သင်္ကန်းဝတ် ဝါသ၀သည် စစ်တပ်၏ လက်နက် တပ်ဆင် ထောက်ပံ့မှုများဖြင့် ပျူစောထီးအဖွဲ့အများအပြား တည်ထောင်နေ သူ လည်း ဖြစ်သည်။"]
https://yktnews.com/2024/12/197271/
လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
["လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက်မင်းအောင်လှိုင် ပြော", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။", "ယနေ့ ကျရောက်သည့် နှစ် ၅၀ ပြည့် ရွှေရတု အခါအမျိုးသားနေ့ အခမ်းအနားသို့ အကြမ်းဖက် မင်းအောင်လှိုင်က ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။", "“နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် နှင့် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားရှိပြီးဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်” ဟု မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။", "MNDAA နှင့် စစ်ကောင်စီတို့အကြား ယခု ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ၂ ရက်အကြာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း စစ်တပ်က လားရှိုးမြို့ကို ပြန်ပေးရန် တောင်းဆိုရာမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မပြေမလည်ဖြစ်ကာ အဆုံးသတ်သွားခဲ့ကြောင်း၊ အခြားသော မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအကြားတွင်လည်း တွေ့ဆုံဆွေးနွေးမှုများရှိသော်လည်း စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည်ပေးအပ်ရန် ဆိုသည့် တောင်းဆိုမှုကြောင့် ငြိမ်းချမ်းရေး ရှေ့မဆက်နိုင်တော့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/161692/
မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံး
["လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း ဗိုလ်ကြီးချစ်ခိုင်၏ ပစ္စတို သေနတ်မှာ ကော်စေ့ သေနတ်ဖြစ်နေ", "ရန်ကုန်၊ မေ ၁၀", "မန္တလေးတိုင်း၊ မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။", "မေလ ၁၀ ရက်နေ့ နံနက် ၅ နာရီအချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က မတ္တရာမြိုမြောက်ဘက် ၂ မိုင်အကွာရှိ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီအထိုင်စခန်းငယ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တောင်တံငါကျေးရွာ အထိုင်စခန်းငယ်သည် မတ္တရာမြိုမှ စဉ့်ကူးဘက်သို အထွက်တွင်တည်ရှိပြိး ၊ မတ္တရာမြိုနှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးများ ကောက်ခံနေသော စစ်ကောင်စီစခန်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း Drone Jammer (၁)လတ် ၊ လက်နက်ခဲယမ်းအများအပြားနှင့် ဗိုလ်ကြီး ချစ်ခိုင် အပါအဝင် စစ်သားအလောင်း ၁၂ လောင်းခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း စစ်သားများ ကစဉ့်ကလျားထွက်ပြေးသူများလည်း အများအပြားရှိခဲ့ကြောင်း ၊ အဆိုပါ တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ရဲဘော်၁ ဦး ကျဆုံးကြောင်း သိရှိရသည်။", "လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသော်လည်း ဗိုလ်ကြီး ချစ်ခိုင် ကိုင်ဆောင်သော ပစ္စတိုသည် ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ် ဖြစ်နေကြောင်း သတင်းထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/12/137238/
လက်နက်ချ အလင်းဝင်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်သားများအတွက် အသက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း
["လက်နက်ချ အလင်းဝင်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်သားများအတွက် အသက်နှင့် ဂုဏ်သိက္ခာကို ကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်း", "By လမ်းသစ်", "အာဏာသိမ်းစစ်တပ်ရဲ့ အမိန့်ကို နာခံပြီး ရှေ့တန်းရောက်နေတဲ့ စစ်သားတွေ ဖုန်းပြောတဲ့ အသံဖိုင်တွေ မကြာခဏ ကြားနေရပါတယ်။", "“အခြေအနေမကောင်းဘူး။ ထိထားတယ်။ စစ်ကူလေး လွှတ်ပေးပါဦး” လို့ ဒဏ်ရာရ တပ်သားက ပြောနေပေမယ့် စစ်ကူရောက်မလာဘဲ “ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီးနေနော်၊ အချိန်ရရင် ဘုရားစာလေးရွတ်” ဆိုတဲ့ သူ့အထက်ပုဂ္ဂိုလ်ရဲ့ ချွေးသိပ်တဲ့ စကားသံပဲ ကြားခဲ့ရတာပါ။", "မြန်မာစစ်တပ်ဟာ အခုချိန်မှာ နှစ်ပေါင်း ၇ဝ ကျော်အတွင်း အထိနာဆုံး အခြေအနေကို ကျရောက်နေတာ ဖြစ်ပါတယ်။ စစ်မတိုက်ချင်တော့လို့ ထွက်ပြေးသူတွေ၊ အသက်ဆုံးရှုံးမှာကြောက်လို့ လက်နက်ချသူတွေ၊ အလင်းဝင်သူတွေနဲ့အတူ စစ်တပ်ဟာ အလျှင်အမြန်ပဲ ပြိုဆင်းလာနေပါတယ်။", "မျက်မှောက်ခေတ်မှာ အလင်းဝင်တယ်ဆိုတဲ့ စကားရပ်ဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါပြီ။", "တစ်ချိန်က မြန်မာစစ်တပ်ဆီကို လက်နက်အပ်တဲ့အခါ အလင်းဝင်တယ်ဆိုတဲ့ အသုံးအနှုန်းကို နိုင်ငံပိုင်မီဒီယာတွေမှာ အကျယ်တဝင့် အသုံးပြုတာ တွေ့ခဲ့ရပေမယ့် အခုတော့ မြန်မာစစ်သားတွေက တော်လှန်ရေး အင်အားစုတွေဆီ လက်နက်အပ် အညံ့ခံတာကိုသာ အလင်းဝင်တယ်၊ ပြည်သူ့ရင်ခွင် ခိုလှုံတယ်လို့ တစ်နိုင်ငံလုံးက သတ်မှတ်နေကြတာပါ။", "ဆိုလိုတာကတော့ မြန်မာစစ်တပ်ဟာ အမှောင်ဘက်ခြမ်းကို ရောက်နေတယ်ဆိုတဲ့ သဘောပါပဲ။", "နိုင်ငံအနှံ့ တော်လှန်ရေးတိုက်ပွဲတွေမှာ ကျရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ သူတို့အတွက် စစ်ရေးအရ အရေးကြီးတယ်လို့ သတ်မှတ်တဲ့ နယ်မြေတွေကိုသာ စစ်ကူတွေ၊ ပစ်ကူတွေ စေလွှတ်လေ့ရှိပြီး လက်အောက်ငယ် စစ်သားတွေရဲ့ အသက်ကိုတော့ ရှိတယ်လို့တောင် သဘောမထားပါဘူး။", "အာဏာသိမ်းစစ်တပ် ဘယ်လောင်တောင် အင်အားနည်းနေသလဲဆိုရင် ကျဆုံးသူတွေထဲမှာ ဗိုလ်မှုးချုပ်အဆင့်ရှိတဲ့ လူတွေတောင် ပါနေပါတယ်။ ရဲဘော်ရဲဘက်စိတ်နဲ့ စစ်ကူပေးဖို့နေနေသာသာ အလောင်းပြန်ပေးမယ် ဆိုတာတောင် ပြန်မယူတဲ့အထိ လက်အောက်ငယ်သားတွေအပေါ် စာနာစိတ် ကင်းမဲ့တာပါ။", "တိုက်ပွဲတွေ ပြင်းထန်လို့ ကိုယ့်ဘက်က စစ်ကူတွေ ရောက်မလာတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာကို စစ်ကောင်စီတပ်သားတွေ ကောင်းကောင်းကြီး နားလည်နေကြပါပြီ။ စစ်ကူစေလွှတ်ခဲ့ရင်တောင် စေလွှတ်ခံရတဲ့ တပ်သားတွေကိုယ်တိုင်က ထွက်ပြေးတာမျိုးတွေလည်း ရှိနေတာ မဟုတ်ပါလား။", "အခြေအနေတွေကတော့ စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ကို ကိုယ်တိုင် ဖက်နဲ့ထုပ်ပြီး ပြေးရမယ့် အနေအထားပါပဲ။ သေခါနီးမှ လက်နက်ချ အညံ့ခံသူတွေက စောစောစီးစီး ကိုယ့်သဘောနဲ့ကိုယ် လက်နက်အပ် အလင်းဝင်သူတွေထက် နိမ့်ကျပြီး ပြည်သူတွေရဲ့ အမြင်ကြည်မှုရဖို့ ပိုဝေးကွာသွားပါတယ်။", "အရင်က မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတွေမှာပဲ စစ်ရေးပြင်းထန်ချိန်မှာတောင် ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အာဏာသိမ်းစစ်တပ်ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ပါဝင်လာတဲ့ ၁ဝ၂၇ စစ်ဆင်ရေး လှိုင်းလုံးကြီး နောက်ပိုင်းမှာ ဘယ်လိုမှ အသက်ရှုချောင်ပေါက် မရှိတော့ပါဘူး။", "အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ (EROs) အကြား အခြေခံကျတဲ့ နားလည်မှုနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ စတင်ရရှိလာနေချိန်၊ ပြည်လူအားလုံးရဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးဆိုတဲ့ စိတ်အားထက်သန်မှု ထပ်ပေါင်းထည့်ထားတဲ့အခါ အာဏာရှင်တစ်စု ခါးကော့အောင် ခံလာရခြင်းလည်း ဖြစ်ပါတယ်။", "ဘာအတွက် စစ်တိုက်နေသလဲ ဆိုတဲ့ မေးခွန်းကို စစ်ကောင်စီတပ်သားတွေ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပြီး အခြေအနေမှန်ကို သဘောပေါက်သင့်ပါပြီ။", "“လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား၊ ချေမှုန်းခံမလား၊ ချေမှုန်းခံမယ်ဆိုရင် ရယ်ဒီလုပ်ထားပါ” ဆိုတဲ့ ကရင်နီတပ်ဖွဲ့တွေရဲ့ သတိပေးသံကိုလည်း ကြားနေရပါပြီ။", "စစ်ကောင်စီဟာ သူတို့ရဲ့ ထိခိုက်သေဆုံးမှု များပြားနေတာကို ဖုံးကွယ်ဖို့ တပ်တွင်းဝါဒဖြန့်ချီ စည်းရုံးတာတွေနဲ့ သူတို့လက်အောက်ခံ မီဒီယာတွေကတစ်ဆင့် ဝါဒဖြန့်တာတွေ လုပ်နေပါတယ်။", "ဒါပေမယ့် စစ်ကောင်စီရဲ့ ကိုယ့်လက်အောက်ငယ်သားတွေအပေါ် စာနာစိတ်မရှိမှုကြောင့် လက်နက်ချတာတွေ တစ်နေ့တစ်ခြား ပိုများလာပါတယ်။ လက်နက်ချသူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဘယ်လို ကောင်းကောင်းမွန်မွန် ဆက်ဆံသလဲဆိုတာတွေကိုလည်း ဗီဒီယိုတွေမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။", "လက်ရှိအချိန်မှာ အလင်းဝင်တာဟာ ရှက်စရာမဟုတ်ဘဲ ဓမ္မဘက်ကို ကူးပြောင်းတာဖြစ်လို့ ဂုဏ်ယူစရာပါ။", "အလင်းဝင်တဲ့အခါ လက်နက်တွေယူလာရင် ဆုချီးမြှင့်ငွေရရှိမယ်၊ စစ်မြေပြင်မှာ ကျည်တစ်ချက်မှ မဖောက်ဘဲ အလံဖြူပြပြီး အလင်းဝင်မယ်ဆိုရင် အကျိုးခံစားခွင့်တွေ့ရမယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ကြေညာထားပါတယ်။", "ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်ကပဲ ကိုးကန့် MNDAA တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းက လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကို သေနတ်တစ်ချက်မှ မဖောက်လိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ စစ်သားနဲ့ ပြည်သူ့စစ်တွေ ရာနဲ့ချီ လက်နက်ချ အလင်းဝင်ခဲ့လို့ ဆုငွေတွေ ချီးမြှင့်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါသေးတယ်။", "ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကူမပေးနိုင်တော့တာကြောင့် မြန်မာစစ်သားတွေ အသက်မသေချင်ရင် ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ညီနောင်မဟာမိတ် ၃ဖွဲ့က တိုက်တွန်းထားတာ ဖြစ်ပါတယ်။", "ဒါ့အပြင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း ဘက်ပြောင်းရေးအစီအစဉ်မှာ ပါဝင်ကြဖို့ စစ်ကောင်စီတပ်သားတွေကို ဖိတ်ခေါ်ထားပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံရာကနေ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်မှုအောက် နည်းမျိုးစုံနဲ့ ဘက်ပြောင်းရောက်ရှိလာဖို့ ရည်ရွယ်တာပါ။", "ဒီအစီအစဉ်မှာ ပါဝင်လာမယ့် စစ်သားတွေရဲ့ ရာထူး၊ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို အာမခံပေးမယ့်အပြင် နောင်တစ်ချိန် နိုင်ငံ့ကာကွယ်ရေး တာဝန်တွေ ပြန်လည်ထမ်းဆောင်ချင်ရင်လည်း ခွင့်ပြုသွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။", "IEC ရဲ့ ဘက်ပြောင်းရေးအစီအစဉ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ်နဲ့ ဆက်စပ်နေပြီး ၂ဝ၂၂ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာခဲ့တဲ့ ရဲနဲ့စစ်သား ၂,၂ဝဝ ကျော် ရှိခဲ့ပါတယ်။", "၂ဝ၂၃ ခုနှစ်မှာဆိုရင် အလံဖြူပြ လက်နက်ချ အလင်းဝင်လာသူ အရေအတွက်ဟာ ပိုလို့တောင် များလာပါတယ်။", "အခုအချိန်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ တပ်သားတွေအနေနဲ့ တစ်ဖက်ပိတ် အမိန့်တွေကို စွန့်ခွာပြီး ကိုယ့်အသက်ကို ကိုယ်ကာကွယ်ရမယ့် အခြေအနေ ရောက်နေပြီဖြစ်သလို၊ တိုင်းပြည်အာဏာကို မူလပိုင်ရှင် ပြည်သူ့လက်ထဲ ပြန်အပ်ပြီး ကိုယ့်အရှက်ကို ကိုယ်ကာကွယ်ရတော့မယ့်အချိန် ရောက်လို့နေပြီပဲလည်း ဖြစ်ပါတယ်။"]
https://yktnews.com/2024/04/157338/
Edited News- မြို့တ်မြို့ အခြေစိုက် ခလရ ၁၀၃ တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးက လက်နက် ၆၇ လက်၊ ခဲယမ်းများနှင့်အတူ KNU ထံတွင် လက်နက်ချ အလင်းဝင်
["လက်နက်ချ အလင်းဝင်သူ ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် တပ်ဖွဲ့ဝင်များ၏ ဇနီးများကို စစ်တပ်က ဖမ်းဆီး", "ရန်ကုန်၊ ဧပြီ ၁၆", "တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ်(ကရခ) လက် အောက်ခံ ခလရ ၁၀၃ တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးက လက်နက် ၆၇ လက်နှင့်အတူ လက် နက်ချ အလင်းဝင်လာကြောင်း KNUသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၅ ရက်နေ့ စစ်ကောင်စီ ခလရ တပ်ရင်း ၁၀၃ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း ဦးဆောင်သော တပ်ဖွဲ့၀င် ၄၈ ဦးက KNU တပ်မဟာ ၄ ထံ လက်နက် ကြီးငယ် ၆၇ လက်နှင့်အတူ လက်နက်ချခဲ့ကြောင်း၊ KNU တပ် မဟာ ၄ ထိန်းချုပ်ဒေသ ဘောဆော်လော်နှင့် ထီးထာကျားတွင် လက်နက်ချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ဧပြီလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတွင် KNU ထံ လက်နက်ချ အလင်းဝင် အညံ့ခံသော ဒုတိယဗိုလ် မှူးကြီး အောင်ဟိန်းနှင့် စစ်သည်များ၏ ဇနီးမယားများကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။", "“လက်နက်ချ အညံ့ခံတဲ့ စစ်သားတွေရဲ့ ဇနီးတွေကို စစ်တပ်က အကုန်ဖမ်းသွားတယ်။ တပ်ရင်းမှူးမိန်းမကို နေ့ လယ်ကတည်းက စရဖကခေါ်သွားတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#မြို့တ်မြို့ အခြေစိုက် ခလရ ၁၀၃ တပ်#တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း"]
https://yktnews.com/2024/08/180417/
လက်ပံတန်း တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၂၀ ကျော်ကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ ပစ်ထားသဖြင့် ပုတ်စော်နံနေ
["လက်ပံတန်း တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၂၀ ကျော်ကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိဘဲ ပစ်ထားသဖြင့် ပုတ်စော်နံနေ", "ရန်ကုန်၊ ဩဂုတ် ၂၅", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သား အလောင်း ၂၀ ကျော်မှာ ကောက်ယူမည့်သူ မရှိဘဲ ဖြစ်နေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၄ ရက်နေ့ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာ အနီးတွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သား အလောင်းများကိုပါ PDF တပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား အလောင်းများကို လက်ရှိချိန်အထိ ကောက်ယူမည့်သူမရှိသေးဘဲ ပုတ်စော်နံ့များထွက်နေကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လာရောက် ကောက်ယူ သဂြိုလ်ပေးခြင်းမရှိကြောင်း သိရှိရသည်။", "“ကျွန်တော်တို့ အားလုံးပေါင်း စစ်ခွေး အလောင်း ၂၀ ကျော်တွေ့တယ်။ တချို့ စစ်ခွေး အလောင်းတွေဆို လယ်ထဲမှာပုတ်စော်နံနေပြီ အလောင်းလာကောက်သူ မရှိဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။", "အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပြီး G-3 (၁၉) လက်၊ G-4 (၁) လက်၊ 40 mm (၂) လက်၊ MA-1 (၃) လက်၊ MA-3 (၂) လက်၊ MA-12 (၁) လက်၊ MA-2 (MK-11) (၁) လက်၊ ပစ္စတို MA-5 (၁) လက်၊ G-3 ကျည် (၁၉၆၃) တောင့်၊ MA ကျည် (၁၇၈) တောင့်၊ 9mm ကျည် (၂၀၀) တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/161510/
လက်ပံတန်းစစ်ဆေးရေးဂိတွင် ဖမ်းဆီးခဲ့သည့် ကိုအောင်မျိုးလင်း အပါ အဝင် လူငယ် ၃ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ပြီး ပေါင်းတည်တွင် အလောင်းစွန့်ပစ်
["လက်ပံတန်းစစ်ဆေးရေးဂိတွင် ဖမ်းဆီးခဲ့သည့် ကိုအောင်မျိုးလင်း အပါ အဝင် လူငယ် ၃ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ပြီး ပေါင်းတည်တွင် အလောင်းစွန့်ပစ်", "ရန်ကုန်၊ မေ ၉", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့အထွက်ရှိ ကွမ်းခြံကုန်းဂိတ်တွင် ဖမ်းဆီးခံရသည့် ကိုအောင်မျိုးလင်းအပါ အဝင် လူငယ် ၃ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ကာ ရုပ်လောင်းကို စွန့်ပစ်ခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၆ ရက်နေ့ နံနက် အစောပိုင်းက ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်သာကျေးရွာအတွင်း နေရာ ၃ ခုတွင် မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ ရှားကုန်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် ကိုအောင် မျိုးလင်း၊ လက်ပံတန်းမြို့နယ်နေ ကိုကျော်ဖြိုးလင်းနှင့် ကောင်းထက်ကျော်(ခ) ကောင်းကောင်း တို့ ကို လည်လှီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို စွန့်ပစ်ထားခြင်းဖြစ်ကြောင်း သိရသည်။", "“ကိုအောင်မျိုးလင်းက လွန်ခဲ့တဲ့ ၁ လလောက်က လက်ပံတန်းအလှူသွားရင်း လက်ပံတန်းမြို့အ ထွက် ကွမ်းခြံကုန်းဂိတ်မှာ အခြားလူတွေနဲ့အတူ အဖမ်းခံရပြီး အုတ်ဖိုစစ်ကြောရေးပို့ခံရတာ။ မိ သား စုနဲ့ အဆက်အသွယ်မရဖြစ်နေရာကနေ PDF က ဆိုပြီး အသတ်ခံရတာ။ ကို ကျော်ဖြိုးနဲ့လင်းနဲ့ ကောင်းထက်ကျော်(ခ)ကောင်းကောင်းက လက်ပံတန်းကလူငယ်တွေပါ။ အဖမ်းခံရတဲ့ လူငယ်တွေကို သတ်ပြီး ပေါင်းတည်ဘက်မှာ အလောင်းစွန့်ပစ်ထားတာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ ၅ ရက်နေ့ ညပိုင်းက ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာကျေးရွာတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဝင်းလှိုင်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၅ က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း၊ ထိုသို့ သတ်ဖြတ်ခံရသည်ကို စစ်တပ်က မကျေနပ်သဖြင့် ဖမ်းဆီးစစ်ကြောနေသည့် လူငယ် ၃ ဦးကို လည်လှီးသတ်ဖြတ် ကာ ကုန်းသာကျေးရွာအတွင်း နေရာ ၃ ခု၌ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ စွန့်ပစ်ရာတွင် ရုပ်အလောင်းပေါ်၌ အနက်ရောင်သေမင်းတမန်ဆိုသည့် စာတန်း ချိတ်ဆွဲကာ စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးသတ်ဖြတ်ခံရသည်ကို မကျေနပ်သဖြင့် လက်စားချေသတ်ဖြတ်ကာ ဒေသနေပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ခြိမ်းခြောက်သဘောဖြင့် လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသနေပြည်သူများက ဝေဖန်ပြောကြားသည်။"]
https://yktnews.com/2025/04/211328/
လက်ပံတန်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံး
["လက်ပံတန်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၄", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာမှ ထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို အုပ်ဖိုစုရွာနှင့် ရေငံရွာကို ဆက်သွယ်ထားသည့် ချောင်းကူးတံတား အနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နှင့်အတူ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ ပူးပေါင်း၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးကာ ၄ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "“ထန်းပင်ချောင်းဘက်ကနေ ခြေလျင်တက်ချလာတဲ့ စစ်ခွေး စစ်ကြောင်းကို ရေငံနဲ့ အုပ်ဖိုစုကို ဆက်သွယ်ထားတဲ့ တံတားနားကနေစောင့်ပြီး တိုက်ခိုက်ပါတယ်။ အဲ့မှာ အပြန်အလှန် ၁ နာရီလောက် တိုက်ပွဲဖြစ်တာမှာ စစ်ခွေး ၈ ကောင်သေတယ်။ ၄ ကောင်က ဒဏ်ရာရပြီး အထိနာသွားတော့ သူတို့တပ်ဆွဲထားတဲ့ ထန်းပင်ချောင်ဘက်ကို ဖရိုဖရဲပြန်ဆုတ်သွားပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဆက်လက်၍လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီ တပ်သားများအနီး သွားလာ နေထိုင်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "ဓာတ်ပုံ – လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာ တိုက်ပွဲအတွင်း သေဆုံးနေသည့် စစ်သားအလောင်း (ပုံဟောင်းဖြစ်သည်)"]
https://yktnews.com/2025/02/203414/
လက်ပံတန်းတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသော အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လက်ပစ်ဗုံး ၁ လုံးသိမ်းဆည်းရရှိ
["လက်ပံတန်းတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသော အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လက်ပစ်ဗုံး ၁ လုံးသိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသော အုပ်ချုပ်ရေးမှူး လင်မယားကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးပြီး လက်ပစ်ဗုံး ၁ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ရွှေဘိုစုကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းဝင်းနှင့် မယားဖြစ်သူ စန်းစန်း တို့ကို ၎င်းတို့နေအိမ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လင်မယားသည် ပြည်သူများကို စစ်မှုထမ်းကြေးဟုဆိုကာ အဓမ္မတောင်းခံခြင်း၊ မပေးနိုင်သည့်ပြည်သူများကို စစ်တပ် ခေါ်၍ ဖမ်းဆီရန်ပြုလုပ်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသ ပြည်သူများက သတင်းပေးတိုင်ကြားခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ တိုင်ကြားလာသော ပြည်သူများကို အုပ်ချုပ်ရေးမှူး လင်းမယားက ဖော်ထုတ်ရန် ကြိုးစားလာသောကြောင့် တော်လှန်ရေး ရဲဘော်များက ၄င်းတို့၏ နေအိမ်သို့ သွားရောက်စဉ် လက်ပစ်ဗုံးဖြင့် ခုခံပစ်ခတ်ရန် ပြုလုပ်ခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လင်မယား ၂ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တိုက်ခိုက်ရေးတပ်ခွဲ-ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် အတူ တပ်ရင်း၃၈၀၂၊တပ်ခွဲ(၂)မှ ရဲဘော်များက ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/214838/
လက်ပံတန်းတွင် လမ်းသွားရင်း လူမိုက်ကြည့် ကြည့်သည် ဟုဆိုကာ လူငယ်မောင်လွင်ဖြိုးကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ၊ တောင်ငူနှင့်အုတ်ဖိုမြို့နယ်တို့တွင် လူငယ်များ စစ်သားအဖြစ် စုဆောင်းနေ
["လက်ပံတန်းတွင် လမ်းသွားရင်း လူမိုက်ကြည့် ကြည့်သည် ဟုဆိုကာ လူငယ်မောင်လွင်ဖြိုးကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ၊ တောင်ငူနှင့်အုတ်ဖိုမြို့နယ်တို့တွင်လူငယ်များ စစ်သားအဖြစ် စုဆောင်းနေ", "ရန်ကုန်၊ မေ ၁၇", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်တပ်ဂိတ်အနီး ဖြတ်သန်းစဉ် လမ်းသွားရင်း လူမိုက်ကြည့် ကြည့်သည်ဟုဆိုကာ လူငယ်မောင်လွင်ဖြိုးကို စစ်တပ်က စစ်မှု ထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး သွားကြောင်း ဖမ်းဆီးခံရသူ လူငယ် ၏မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၁၄ ရက်နေ့ ပဲခူးတိုင်း၊ သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အနောက်ခြမ်း၊ ဇီဖြူကုန်းအုပ်စု ဓနင်းကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဝင်း နှင့် တပည့် အောင်ဝင်းသန်းတို့က စစ်တပ်၊ ပျူစောထီးများနှင့်ပူးပေါင်းပြီး ဂိတ်ချ လုံခြုံရေးကင်းဆောင်ရွက်နေစဉ် လူငယ် မောင်အငယ်ကောင် (ခေါ်) မောင်လွင်ဖြိုးကို လူမိုက်ကြည့် ကြည့်သည်ဟုဆိုကာ စစ်မှုထမ်းတပ်သားအဖြစ် ဖမ်းဆီး ပေါ်တာဆွဲသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အငယ်ကောင် (မောင်လွင်ဖြိုး)က သူ့ဟာသူ လမ်းလျှောက်ရင်း အုပ်ကြီးနဲ့ စစ်သားတွေရှိနေတဲ့ ကင်းလှည့်ဂိတ်ကို လှမ်းကြည့်တာ။ အဲဒါကို ဂြိုလ်ကြည့် ကြည့်တယ်၊ လူမိုက်ကြည့် ကြည့်တယ်ဆိုပြီး ဖမ်းသွားတာ။ စစ်ထဲထည့် မယ်ပြောတယ်။ “မင်းက ငါတို့ကို ဘယ်လို အကြည့်နဲ့ ကြည့်တာလဲ” ဆိုပြီး ဖမ်းသွားတာ။ အပြစ်မရှိ အပြစ်ရှာ ဖမ်းသွားတာပါ” ဟု ဖမ်းဆီးခံရသူ၏ မိတ်ဆွေက ရှင်းလင်းပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ဂုဏ်မင်းအိုင် ကျေးရွာတွင်လည်း စစ်တပ်က ရွာအတွင်း ဝင်ရောက်စီးနင်းပြီး လူငယ်များကို ဖမ်းဆီးခြင်း၊ ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“တိုက်ပွဲတွေ ဘာတွေလည်းမရှိပါဘူး။ အဲဒါ စစ်သားတွေ အလုံးအရင်းနဲ့ဝင်လာပြီးတော့ ရွာသားတွေ အထူး သဖြင့်တော့ လူငယ်တွေကို ရွာဦးကျောင်း ဓမ္မာရုံကို ခေါ်တယ်။ ပြီးတော့ ရိုက်နှက်ပြီးတော့ ဖမ်းသွားတယ်။ သူတို့ ခေါ်တာ မလာတဲ့ အိမ်တွေက ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အလားတူ မေလ ၁၃ ရက်နေ့ အုတ်ဖိုမြို့နယ်၊ တောင်ကုန်းကျေးရွာတွင် စစ်မှုထမ်းခိုင်းရန် စစ်တပ်က လူငယ် ၂ ဦး လာရောက် တောင်းခံခဲ့ရာ ကျေးရွာက မပေးသဖြင့် ရွာအတွင်းမှ လူငယ်များကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ကျေးရွာမှ လူငယ်များအားလုံး အချိန်မီ တိမ်းရှောင်နိုင်ခဲ့၍ လူငယ် ၁ ဦးသာ စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။", "“စစ်မှုထမ်းဖို့ တစ်ရွာကို လူငယ် ၂ ဦးတောင်းတာ မပေးလို့ဆိုပြီး ရွာထဲဝင်ဖမ်းတယ်။ အဲဒါ ဘုန်းကြီးကျောင်းထဲ အထိပါ ဝင်ဖမ်းတာ။ သူတို့လိုချင်တဲ့ ၂ ဦးတော့ မရသွားဘူး။ ၁ ဦးပဲရသွားတယ်။ အခုတော့ နောက်တစ်ခါလာလို့ လူမရရင် ရွာကို မီးရှို့မယ်ဆိုပြီး စစ်တပ်က ကြိမ်းသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ်များကို လစဉ် ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် မေလတွင် စစ်မှုထမ်းအပတ်စဉ် ၁၃ ကို ဖွင့်လှစ်တော့မည်ဖြစ်သည်။", "ဓာတ်ပုံ- စစ်တပ်က ပြည်သူများကို ဂိတ်ချစစ်ဆေးနေစဉ်။"]
https://yktnews.com/2023/02/87789/
လက်ပံတန်းတွင် လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်သည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ
["လက်ပံတန်းတွင် လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်သည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရွှေကြို့ပင် ကျေးရွာမှ လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်သည့် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် လက်ပံတန်းမြို့နယ် ပျူစောထီး ခေါင်းဆောင် ကြီးမြင့် (ခ) ကတုံးသည် ရွှေကြို့ပင်ရွာ အနီး လယ်ကွင်းပြင်၌ လောင်းကစားဝိုင်းများ ဦး‌ဆောင်ပြုလုပ်နေစဉ် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒေါင်းလေးတပ်ဖွဲ့) နှင့် သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ (အဖွဲ့-၄) တို့ ပူးပေါင်းကာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အထူးစိုးရိမ်ရလူနာအဖြစ် ပို့ဆောင်ထားရကြောင်း သိရသည်။", "ပျူစောထီး ခေါင်းဆောင် ကြီးမြင့် (ခ) ကတုံး သည် ပျူစောထီးအဖွဲ့ဝင် ၅၇ ဦး၏ ခေါင်းဆောင်ဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်‌ရေး သပိတ်‌တိုက်ပွဲ ကာလအတွင်း ပြည်သူများကို မှတ်တမ်းယူ၍ စစ်ကောင်စီထံ ပေးပို့ကာ ဖမ်းဆီးရန် စေခိုင်း ခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် လက်ပံတန်းမြို့နယ် အနှံ့ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ အာဝါဒေးဝိုင်း၊ လောင်ကစားဝိုင်းမျိုးစုံကို ဦးဆောင်ကျင်းပ‌လျက်ရှိပြီး လောင်းကစားဝိုင်း တစ်ပွဲလျှင် ၁၀ သိန်းကျပ် ကောက်ယူပြီး စစ်ကောင်စီထံ ဆက်ကြေး ပေးသွင်းနေသူ ဖြစ်ကြောင်း သိရသည်။", "” အဲဒီ ပျူစောထီး ခေါင်းဆောင်ကို ပစ်ခတ်ပြီးတဲ့နောက် လောင်းကစားဝိုင်းထဲမှာ ဆော့ကစားနေတဲ့ ပျူစောထီးတွေက ရဲဘော်တွေကို ဝိုင်းဝန်းလုံးထွေးဖမ်းဆီးခဲ့တယ်။ ရဲဘော်တွေကတော့ ဘေးကင်းရာကို ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ် ၂ လက်ကတော့ ဆုံးရှုံးခဲ့တယ်” ဟု သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။", "ဓာတ်ပုံ- လက်ပံတန်းမြို့နယ် ပျူစောထီး ခေါင်းဆောင် ကြီးမြင့် (ခ) ကတုံး ဦးစီးကျင်းပသည့် လောင်းကစား၀ိုင်း။"]
https://yktnews.com/2024/06/166469/
လက်ပံတန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော မင်းရပ် ရပ်ကွက်ရုံးကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး ထိပ်ကြီး သေဆုံး
["လက်ပံတန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော မင်းရပ် ရပ်ကွက်ရုံးကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး ထိပ်ကြီး သေဆုံး", "ရန်ကုန်၊ ဇွန် ၇", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော မင်းရပ် ရပ်ကွက်ရုံးကို ဝင်ရောက် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ထိပ်ကြီး သေဆုံးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မင်းရပ် ရပ်ကွက်ရုံးကို နွေဦးရောင်ခြည် စစ်ဆင်ရေးအဖြစ် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ထိပ်ကြီး(ခ)ကိုသက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ရပ်ကွက် အုပ်ချုပ်ရေးမှူး ထိပ်ကြီးသည် လက်ပံတန်းမြို့နယ် ပြည်သူ့စစ် ခေါင်းဆောင် ၃ ဦးထဲမှ ၁ ဦးဖြစ်ပြီး ၄င်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများနှင့် ဖမ်းဆီးခံရသည့် ပြည်သူ အများအပြားရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် စုဆောင်းပေးရာတွင်လည်း ဦးဆောင် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယား လည်ပတ်ပေးနေသူများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2025/04/212856/
လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲထားသော စစ်တပ် ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ
["လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲထားသော စစ်တပ် ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၄ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂၉", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကိုင်းတောအုပ်စု၊ ဆင်တလင်းကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဝင်ရောက်တပ်စွဲသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၂၆ ရက် နံနက် ၂ နာရီခန့်က လက်ပံတန်းမြို့နယ် ၊ကိုင်းတောစုအုပ်စု၊ ဆင်တလင်း ကျေးရွာ ဘုန်းကြီး ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားများ ရောက်ရှိနေကြောင်း သတင်းအရ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းရန် သွားရောက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်တွေ့ရှိရကြောင်း၊ ထို့ ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ဗိုလ်ကြီး ၁ ဦးနှင့် စစ်သား ၃ ဦး ဒဏ်ရာအပြင်းအထန် ရရှိပြီး ကျန်စစ်သားများမှာ ထွက် ပြေးသွားကြောင်း သိရသည်။", "ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ စစ်သား များ စီးနင်းလာသည့် ဆိုင်ကယ် ၃ စီးကျည်ထိမှန်ပျက်စီးနေသည်တွေ့ရှိရကြောင်း သိရသည်။", "“အသေမရှိဘူး၊ ကျနော်တို့ ဝင်ပစ်တော့ မခုခံနိုင်ဘဲ နီးစပ်ရွာထဲထွက်ပြေးကြတာ။ ထိမှန်တာတော့ များတယ်။ သူတို့ဆိုင်ကယ်တွေလည်း ပျက်စီးကုန်တယ်။ တိုက်ပွဲအပြီး သူတို့ကို လိုက်ရှာပေမယ့် မတွေ့ရတော့ဘူး။ မနက်မိုင်းလင်းလို့ သူတို့က စစ်ကူတက်လာပြီး ရှာကြတော့ ၃ ပွင့် ဗိုလ် ၁ ဦး နဲ့ စခ ၃ ဦး ဒဏ်ရာနဲ့တွေ့တယ်လို့ သတင်းရတယ်။ ကျနော်တို့လည်း စခန်းပြန်ရောက်နေကြပြီဖြစ်လို့ စစ်ကူစစ်ကြောင်းကို မမီလိုက်တော့ဘူး။ စစ်ကူစစ် ကြောင်းလည်း ပြန်ဆုတ်သွားပြီ။ ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာမရှိပါဘူး။ ဆိုင်ကယ်တွေလည်း ပျက်စီးထားလို့ စုပြုံထားခဲ့လိုက်တယ်။ ဆိုင် ကယ်က ၃ စီး ပျက်စီးကျန်ခဲ့တာပါ” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့ ၏ တပ်ခွဲများဖြစ်ကြသောရွှေတန်း မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင်မိုးညိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ပြည်သူတွေအနေနဲ့ ရွာထဲမနေစေချင်တော့ပါဘူး။ စခတွေက ကာဗာရနေတာ။ ကျနော်တို့ဘက်က လက် နက်ကြီးနဲ့ထုရင် ပြည်သူတွေရှိနေတော့ ရှောင်နေရတယ်။” ဟု ရွှေတန်းမြေပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2023/07/110777/
လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
["လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို ဝင်ရောက် ပစ်ခတ်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် လက်ပံတန်းမြို့အနောက်ခြမ်း၊ အောင်မင်္ဂလာကျေးရွာရှိ ဇီးဖြူကုန်းရဲစခန်းနှင့် ဇီးဖြူကုန်း မီးရထားဘူတာအနီးရှိ လောင်းကစားဝိုင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ပစ်ခတ်မှုအတွင်း ဇီးဖြူကုန်း ရဲကင်းမှ နယ်ထိန်း အောင်ခိုင်၊ ရဲတပ်သား သန်းဇော်‌ဦး၊ အမည်မသိ ရဲတပ်သား ၁ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ၊ ပျူစောထီး အလောင်းများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ဇီးဖြူကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။", "“ညက လောင်းကစားဝိုင်းကို အရင်ဝင်ပစ်တာ အဲ့မှာရှိနေတဲ့ ရဲ ၃ ဦး နဲ့ ပျူစောထီး ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံးတယ် ပြီးမှ ရဲစခန်းကို ဝင်ပစ်တာ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။", "ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာကို စစ်ကား ၁ စီး ရောက်ရှိလာပြီး ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ဇီးဖြူကုန်းစျေးကိုလည်း ပိတ်ထားပြီး အခင်းဖြစ်ပွားသည့် အောင်မင်္ဂလာလမ်းနှင့် ဆေးရုံအနီးကိုလည်း လမ်းပိတ်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2024/05/161880/
လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး
["လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး", "ရန်ကုန်၊ မေ ၁၁", "ပဲခူးတိုင်း၊ လက်ပံတန်း မြို့နယ်အရှေ့၊ ထန်းပင်ချောင်ရွာ၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးတက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၁၀ ရက်နေ့ ည ၈ နာရီအချိန် အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ကြိုတင် သတင်းရ၍ မိုင်းထောင်ခဲ့ကြောင်း၊ စစ်သားများ လာချိန် အချိန်ကိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှု ကြောင့် စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။", "“အရင်ဆုံးမိုင်းဆွဲတိုက်ခိုက်လိုက်တော့ သူတို့တွေ ကစဉ့်ကလျားတွေ အဲဒီအချိန်မှာမှ ကျွန်တော်တို့ အနီးကပ်ပစ်တာ သူတို့ ဘာမှ မလုပ်နိုင်ဘူး။ ရှေ့ကို ကျွံထွက်လာတဲ့ ကောင်တွေ မိုင်းဆွဲတိုက်ခိုက်တာ။ ကျန်တဲ့ နောက်က ကောင်တွေက အလောင်းတွေ ကောက်ပြီး ပြန်ဆုတ်သွားကြတယ်”ဟု သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောဆိုသည်။", "တိုက်ပွဲအပြီးတွင် အကြမ်းဖက်စစ်သားများ၏ လက်နက်ငယ် ကျည်အချို့နှင့် ၆၀ မမ ဗုံးသီးတစ်လုံးသိမ်းဆည်းရမိကြောင်း၊ ရဲဘော်များအထိအခိုက် အကျအဆုံးမရှိခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောကြားသည်။", "အလောင်းကောက်ကာ ပြန်ဆုတ်သွားသည့် အကြမ်းဖက် စစ်သားများသည် ဆင်တလင်းရွာအရောက်တွင် ပြည်သူ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့ ထံမှ သိရှိရသည်။"]
https://yktnews.com/2025/01/201483/
လက်ပံတန်းမြို့နယ်၊ ပျဉ်ကတိုးကုန်းရွာ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန် နေအိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး မီးလောင်ပြာကျ
["လက်ပံတန်းမြို့နယ်၊ ပျဉ်ကတိုးကုန်းရွာ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန် နေအိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး မီးလောင်ပြာကျ", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပျဉ်ကတိုးကုန်းရွာ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန် နေအိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ပျဥ်ကတိုးကုန်းရွာမှ ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန်၏ နေအိမ်ကို အမည်မသိ အဖွဲ့က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း ဌေးအောင်ရှိန်၏ နေအိမ်ခြံထဲရှိ နေအိမ်တစ်လုံး၊ စပါးကျီ တစ်လုံး၊ နွားတင်းကုတ် တစ်လုံး နှင့် ဒေါ်ဝင်း ဆိုသူ ၏ ခြံထဲရှိ နေအိမ် ၂ လုံးနှင့် ဂိုဒေါင်တစ်လုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။", "ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန်သည် လက်ပံတန်းမြို့နယ်အတွင်းရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ၊ စစ်မှုထမ်းရန် လူစားထိုးမှုများကို လုပ်ဆောင်နေပြီး ပျူစောထီး အချင်းချင်း စစ်မှုထမ်းငွေကြေး ခွဲတမ်းများ ရယူရာ၌ အချင်းချင်း ရန်ဖြစ်စကားများမှုများလည်းရှိသောကြောင့် အဆိုပါ တိုက်ခိုက်ခံရမှုသည် စစ်တပ်ဘက်မှလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။", "“ပျူစောထီးခွေးခေါင်းဆောင် ဌေးအောင်ရှိန် က စစ်မှုထမ်းကိစ္စနဲ့ ငွေညှစ်တာတွေ တော်တော်လုပ်ဆောင်နေတာ သူတို့အချင်းချင်းလည်းငွေကြေး ခွဲတမ်းတွေနဲ့ ပတ်သက်ပြီး စကားများ ရန်ဖြစ်တာတွေရှိတယ်။ ဒါပေမယ့် ဘယ်သူလုပ်ဆောင်တယ်ဆိုတာတော့ အခုထိ အတည်ပြုနိုင်တာမရှိသေးပါဘူး။ ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့ အချိန်မှာ စစ်ခွေးတွေ ချက်ခြင်းရောက်လာပြီးတော့ မီးလာငြိမ်းတဲ့ သူတွေကို တားဆီးခဲ့တာတွေ ဓာတ်ပုံအရိုက်မခံတာတွေတော့ လုပ်ဆောင်သွားတယ်။ စစ်ခွေးတွေ အချင်းချင်း တိုက်ခိုက်တာဖြစ်နိုင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနက သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပြီး တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက တင်ပြလာခြင်းမရှိသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။", "“ပျူစောထီး ခေါင်းဆောင် ဌေးအောင်ရှိန် နေအိမ် တိုက်ခိုက်ခံရတာတော့ သိရပါတယ်။ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့တော့ အတည်မပြုနိုင်ပါဘူး။ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ဒီတိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တင်ပြလာတာ မရှိသေးပါဘူး” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/08/180455/
လက်ပံတန်းမြို့နယ်၊ မအူတန်းရွာမှ ငှက်ပျော်တုံးရွာကို ဆန်အိတ် သွားပို့သည့် ဆိုင်ကယ်ကယ်ရီ သမား ၃ ဦးကို စစ်တပ်က PDF ထောက်ပို့ဟု စွပ်စွဲ ဖမ်းဆီးပြီး ကျင်းတူးခိုင်း၍ ပစ်သတ် မြေမြုပ်
["လက်ပံတန်းမြို့နယ်၊ မအူတန်းရွာမှ ငှက်ပျော်တုံးရွာကို ဆန်အိတ် သွားပို့သည့် ဆိုင်ကယ်ကယ်ရီ သမား ၃ ဦးကို စစ်တပ်က PDF ထောက်ပို့ဟု စွပ်စွဲ ဖမ်းဆီးပြီး ကျင်းတူးခိုင်း၍ ပစ်သတ် မြေမြုပ်", "ရန်ကုန်၊ ဩဂုတ် ၂၅", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ မအူတန်းရွာမှ ငှက်ပျော်တုံးရွာကို ဆန်အိတ် သွားပို့သည့် ဆိုင်ကယ်ကယ်ရီ သမား ၃ ဦးကို အကြမ်းဖက် စစ်တပ်က PDF ထောက်ပို့ဟု စွပ်စွဲ ဖမ်ဆီးပြီး ကျင်းတူးခိုင်း၍ ပစ်သတ် မြေမြုပ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား ကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ် ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ မအူတန်းရွာမှ ငှက်ပျောတုံးရွာကို ဆန်အိတ် ၂ အိတ် တင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် သွားရောက်ပို့ဆောင်သူ ကယ်ရီ သမား ၃ ဦး ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF ထောက်ပို့ဟု ဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ ဆိုင်ကယ် ကယ်ရီသမား ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျင်းတူးခိုင်းပြီး ပစ်သတ်ကာ ရုပ်အလောင်းများကို မြေမြုပ်ခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော ကယ်ရီသမား ၃ ဦးသည် မင်းလှမြို့နယ် ငလှစမ်းရွာမှ ကိုကျော်သက် ၊ လက်ပံတန်းမြို့နယ် မအူတန်းရွာမှ မဇင်မာ၏ အမျိုသား ဖြစ်သူနှင့် အမည်မသိ ပြည်သူတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။", "“စစ်ခွေးတွေ သတ်ဖြတ်သွားတဲ့သူ ၃ ဦးလုံးက ပြည်သူတွေပါ။ မအူတန်းရွာကနေ ငှက်ပျောတုံးရွာကို ဆန်အိတ်သွားပို့ကျတာ အဲတာကို စစ်ခွေးတွေက PDF ထောက်ပို့ဆိုပြီး ရိုက်နှက် ဖမ်းဆီးတာ ကယ်ရီသမား ၃ ဦးလုံးကို သတ်ဖြတ်သွားတယ်။ သူတို့ကို မသတ်ခင် စစ်ခွေးတွေက ကျင်းတွေတူးခိုင်းတယ်။ ပြီးတော့မှ ပစ်သတ်ပြီး မြေမြုပ်သွားတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။", "ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဩဂုတ်လ ၂၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာ အနီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/180791/
လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို စစ်တပ်က ယနေ့ ညပိုင်း ဝင်ရောက် စီးနင်းပြီး မီးရှို့နေပြီး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ
["လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို စစ်တပ်က ယနေ့ ညပိုင်း ဝင်ရောက် စီးနင်းပြီး မီးရှို့နေပြီး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေ", "ရန်ကုန်၊ ဩဂုတ် ၂၇", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာနှင့် အုပ်ဖိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း ဝင်ရောက် စီးနင်းပြီး မီးရှို့ ဖျက်ဆီးနေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေငံရွာနှင့် အုပ်ဖိုရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး မြေပြင်တွင်လည်း ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။", "“ရေငံရွာနဲ့ အုပ်ဖိုစုရွာကို စစ်ခွေးတွေ ဒီနေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်မှာ ဝင်ရောက် စီးနင်း မီးရှို့နေတယ်။ မြေပြင်မှာလည်း ထိတွေ့ တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အဆိုပါ ရေငံရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့၌ အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/181348/
လက်ပံတန်းမြို့နယ်၊ ရေငံရွာမှ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို စစ်သားများက မုဒိမ်းကျင့်၊ မြို့ပေါ် စစ်ရှောင်လာသူများကိုလည်း စစ်တပ်က ပစ်ခတ်ဖမ်းဆီး
["လက်ပံတန်းမြို့နယ်၊ ရေငံရွာမှ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို စစ်သားများက မုဒိမ်းကျင့်၊ မြို့ပေါ် စစ်ရှောင်လာသူများကိုလည်း စစ်တပ်က ပစ်ခတ်ဖမ်းဆီး", "ရန်ကုန်၊ ဩဂုတ် ၃၁", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာမှ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၇ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရေငံရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်း ထွက်ပြေးပဲ ကျန်ရှိခဲ့သည့် ရေငံရွာ မြောက်ပိုင်းတွင် နေထိုင်သည့် လင်မယား ၂ ဦးကို အကြမ်းဖက် စစ်သားများ ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "ယင်းသို့ ဖမ်းဆီးပြီးနောက် အမျိုးသမီးဖြစ်သူ ကလေးမိခင် မဝင်းနွယ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ရေငံရွာမှ စစ်ရှောင်ပြည်သူများသည် လက်ပံတန်းမြို့ပေါ်ရှိ ဗောဓိကုန်းအရပ်တွင် လာရောက် စစ်ဘေးတိမ်းရှောင်စဉ် ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်များက ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ မည်မျှရှိသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“လက်ပံတန်းမြို့နယ် ရေငံရွာ မြောက်ပိုင်းမှာ ထွက်မပြေးဘဲ ရွာမှာ နေထိုင်နေသည့် ကလေးတစ်ယောက်အမေ မဝင်းနွယ်နဲ့ အမျိုးသားဖြစ်သူကို စစ်ခွေးတွေက ဖမ်းဆီးပြီး မဝင်းနွယ်ကို စစ်ခွေးတွေက မုဒိမ်းကျင့်ခဲ့တယ်လို့ သိရတယ်။ စစ်ခွေးအလောင်းတွေကို လူမနေတဲ့ အိမ်ပေါ်တင်ပြီး မီးရှို့တာတွေလည်း လုပ်ဆောင်နေတယ်။ စစ်ခွေးတွေ မီးရှို့တာကြောင့် လက်ပံတန်းမြို့ပေါ် ဗောဓိကုန်းမှာ လာရောက်စစ်ရှောင်နေတဲ့ ရေငံရွာက စစ်ဘေးရှောင်တွေကို စစ်ခွေးတွေက ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။"]
https://yktnews.com/2023/11/132537/
လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
["လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဂဠုန်တပ်ဖွဲ့ စစ်ရေး တာဝန်ခံ ကိုတံခွန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သရက်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် ဆိုင်ကယ်ဖြင့် ကျေးရွာအတွင်း ပြန်လာစဥ် ဆိတ်တက်ရွာနှင့် သရက်ချောင်းရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဝင်းမြင့်သည် စစ်တပ်စစ်ကြောင်း ထိုးသည့် နေရာများတွင် ကိုယ်တိုင် ကိုယ်ကျ အတူ ပူးပေါင်းဆောင်ရွက်ပေးနေသူဖြစ်ပြီး ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ သတင်းများကို စစ်တပ် ထံပေးပို့ နေသူဖြစ်သည့်အတွက် ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဆိုင်ကယ်နဲ့ ရွာကို တစ်ယောက်တည်း ပြန်လာတဲ့အချိန် ဆိတ်တက်ရွာ နဲ့ သရက်ချောင်းရွာကြားမှာ ပစ်ခတ်ခဲ့တာပါ။ အလောင်းကို စစ်ခွေးတွေ လာရောက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရတယ်” ဟု ဂဠုန်တပ်ဖွဲ့ စစ်ရေး တာဝန်ခံ ကိုတံခွန်ကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့ နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂၊တပ်ခွဲ (၂) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/193098/
လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
["လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ မှော်အင်းတိုက်နယ်၊ သာယာကုန်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲသည် ၃ နာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ရဲ၊ စစ်သားနှင့် ပျူစောထီး ၇ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း ၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်သောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက ထိတွေ့ တိုက်ပွဲမှာ အထိနာနေတော့ ရမ်းကား သောင်းကျန်းနေတယ်။ တိုက်ပွဲမှာတော့ စစ်ခွေး၊ ရဲခွေးနဲ့ ပျူခွေး ၇ ကောင် ထက်မနည်းသေတယ်။ ထိခိုက်ဒဏ်ရာရတာလည်း အတော်များတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈ဝ၂- တပ်ခွဲ (၂) ၊ တပ်ခွဲ(၃) နှင့် တပ်ရင်း ၃၈ဝ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/187517/
လက်ပံတန်းမြို့အထွက် ခရီးသည်တင်ကားပေါ်မှ ယာဉ်နောက်လိုက်အကူ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းနေ
["လက်ပံတန်းမြို့အထွက် ခရီးသည်တင်ကားပေါ်မှ ယာဉ်နောက်လိုက်အကူ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းနေ", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့အထွက်တွင် စစ်တပ်က ခရီးသည်တင်ကားပေါ်မှ ယာဉ်နောက်လိုက် အကူ လူငယ် ၃ ဦးကို ပေါ်တာဆွဲဖမ်းပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဖမ်းဆီးခံ လူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် လက်ပံတန်းမြို့အထွက် ဖိုးလေးရိုးလမ်းတွင် စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေခဲ့ကြောင်း၊ ယင်းနောက် ခရီးသည်တင်လိုင်းကားပေါ်မှ လိုက်ပါလာသည့် ယာဉ်နောက်လိုက်အကူ အသက် ၁၀ ကျော် လူငယ် ၃ ဦးကို စစ်တပ်က မှတ်ပုံတင်များ စစ်ဆေးပြီးနောက် စစ်မှုထမ်းရန် အသက်အရွယ်အားဖြင့် အကျုံးဝင်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ လက်ပံတန်းမြို့မှ ဖမ်းဆီးခံလူငယ်များ၏ မိဘများ က မိမိတို့၏ သားများ ပြန်လည် လွတ်မြောက်ရေးအတွက် မေးမြန်းရာ စစ်တပ်က လူငယ် တစ်ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ရွေးယူမည်ဆိုလျှင် လူစားထိုး၍ လွှတ်ပေးမည်ဟု ပြောဆိုကြောင်း သိရှိရသည်။", "“အဖမ်းခံရတဲ့ လူငယ် ၃ ဦးက ယာဉ်နောက်လိုက်အကူ အဖြစ် လိုင်းကားလိုက်နေကြတာ။ အဲဒါ စစ်တပ်က ဖမ်းသွားပြီးတော့ မိဘတွေကို သိန်း ၇၀ နဲ့ ပြန်ရွေးမယ်ဆိုရင် ရွေးလို့ရတယ်။ ပြန်လွှတ်ပေးမယ်ပြောတယ်” ဟု ဖမ်းဆီးခံလူငယ်များ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် လက်ပံတန်းမြို့ပေါ်တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းကြည်နှင့် ရာအိမ်မှူး သန်းဦးနှင့်အပေါင်းအပါများက စစ်မှုထမ်းများ ထောက်ပံ့ရန်ဟုဆိုကာ လစဉ် တစ်အိမ်ထောင်လျှင် ငွေကျပ် အနည်းဆုံး ၅၀၀၀ ကျပ်မှ သောင်းချီ ခြိမ်းခြောက်တောင်းယူနေကြကြောင်း သိရှိရသည်။", "ထို့အတူ လက်ပံတန်းမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှုများ ရှိသကဲ့သို့ သက်ကြီးပိုင်း အမျိုးသားများကိုလည်း ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်ကြရန် အတင်းအကျပ် ဖိအားပေးမှုများ ရှိနေကြောင်း၊ လတ်တလော သက်ကြီးပိုင်း အမျိုးသားတချို့ကို စစ်သင်တန်း တက်ရမည်ဟုဆိုကာ စစ်တပ်က လာရောက် ခေါ်ဆောင်သွားမှုများလည်းရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယခင်လများအတွင်း စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံထားရသည့် လူငယ်များ။"]
https://yktnews.com/2023/07/110789/
လက်ပံတန်းရှိ ရဲစခန်းနှင့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု ရဲနှင့် ပျူစောထီး ၄ ဦးသေဆုံး
["လက်ပံတန်းရှိ ရဲစခန်းနှင့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်မှု ရဲနှင့် ပျူစောထီး ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂", "ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း ရဲစခန်းနှင့် လောင်းကစားဝိုင်းကို PDF တပ်ဖွဲ့က တစ်ပြိုင်တည်း ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁ ရက် ည ၁၀ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်း တိုက်နယ် ရဲစခန်းနှင့် ဘူတာရုံ အကြားရှိ လောင်းကစားဝိုင်းကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရွှေတန်းမြေPDF) မှ တစ်ပြိုင်နက်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ပစ်ခတ် တိုက်ခိုက်မှု အတွင်း လောင်းကစားဝိုင်း၌ လုံခြုံရေး ယူထားသည့် ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြပ်ကြီး (နယ်ထိန်း) အောင်ခိုင်၊ ပျူစောထီး ကြည်လွင်နှင့် ပျူစောထီး အေးမင်းတို့ ၄ ဦးသေဆုံးပြီး ပျူစောထီး မောင်မောင်ညွှန့်၊ ပျူစောထီး ချစ်ကိုဦး အပါအဝင် ၅ ဦးထက်မနည်း စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "” ညက ပစ်တာ ရဲ ၂ ကောင်နဲ့ ပျူစောထီး ၂ ကောင်သေတယ်။ ပစ်ခတ်မှု ဖြစ်တဲ့အချိန်မှာ ရဲတပ်သား သန်းဇော်ဦး လည်း ကျည်ထိသွားတယ်။ သူထိသွားတာလဲ မြင်လိုက်တယ်။ သူ့သတင်းတော့ အခုအချိန်ထိ မကြာရသေးဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/11/193263/
လက်ပံတန်း၊ သာယာကုန်းရဲစခန်းကို စစ်ကူလာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး
["လက်ပံတန်း၊ သာယာကုန်းရဲစခန်းကို စစ်ကူလာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ပဲခူးတိုင်း၊ လက်ပံတန်း၊ သာယာကုန်းရဲစခန်းကို စစ်ကူလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ သာယာကုန်းရွာ ရဲစခန်းကို တော်လှန်ရေးများက ဝင်ရောက် တိုက်ခိုက်စဉ် လက်ပံတန်းမြို့မရဲစခန်းမှ စစ်ကူလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး လိုက်ပါလာသော အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်ပံတန်းမြို့မ ရဲစခန်းကို ပြန်လည် မောင်းပြေးသွားကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူများမှ ၁ ဦးသည် ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် တိုက်ပွဲဖြစ်ပွားသော နေရာကို မှော်ဘီတပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဖောကား ၃ စီး နှင့် ခလရ ၃၅ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပူးပေါင်း၍ ထပ်မံ စစ်ကူရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ရဲစခန်းကို ဝင်တိုက်နေတဲ့ အချိန် ခွေးစစ်ကူတွေကို ကြားဖြတ် တိုက်ခိုက်တာ ၈ ကောင်သေတယ်။ ရဲစခန်း တိုက်ပွဲမှာတော့ ခွေး ၇ ကောင်သေတယ်။ စုစုပေါင်းတော့ စစ်ခွေး ၁၅ ကောင်သေတယ်။ တိုက်ပွဲက ၃ နာရီလောက်ကြာတယ်။ ခွေးတွေက အင်အား အလုံးအရင်းနဲ့ စစ်ကူလာတော့ ပြန်ဆုတ်လာရတယ်” ဟု သာယာဝတီခရိုင် PDF မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "သာယာကုန်းရဲစခန်းသည် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ပြည်သူများကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်းများ အဆက်မပြတ် ကျူးလွန်နေသော စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၂ တပ်ရင်း၏ တပ်ခွဲ ၂ ၊တပ်ခွဲ ၃ ၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (MDF)၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/75916/
လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "လကပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90332/
လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ
["လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ မတ် ၂", "လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "Photo – Black Ko"]
https://yktnews.com/2022/12/76466/
လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ အကြမ်းဖက် စစ်တပ် ဖြုတ်ချရေး ချီတက်
["လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ အကြမ်းဖက် စစ်တပ် ဖြုတ်ချရေး ချီတက်", "ရန်ကုန်၊ ဒီဇင်ဘာဟ၂၅", "လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122715/
လက်ပံတောင်းတောင် ဒေသပြည်သူများက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ
["လက်ပံတောင်းတောင် ဒေသပြည်သူများက ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "လက်ပံတောင်းတောင် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ဆက်လက် ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122126/
လက်ပံတောင်းတောင်ဒေသ ပြည်သူများက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိရေး ချီတက် ဆန္ဒပြ
["လက်ပံတောင်းတောင်ဒေသ ပြည်သူများက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ စက်တင်ဘာ ၁၂", "လက်ပံတောင်းတောင် ဒေသ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက် ထားရှိရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76832/
လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ
["လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "လက်ပံတောင်းတောင်ဒေသ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် “တရားမဝင်တဲ့ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ ” စာသားကိုင်စွဲ၍ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/207158/
လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်‌ ဆန့်ကျင်ရေး သပိတ်အင်အားစု တည်ထောင်ခြင်း ၄ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်
["လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်‌ ဆန့်ကျင်ရေး သပိတ်အင်အားစု တည်ထောင်ခြင်း ၄ နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ မတ် ၁၁", "လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ ” ခေါင်းစဥ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/122781/
လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်
["လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အသီးသီးမှ ဒေသပြည်သူများ ဦးဆောင်ကာ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် ၁နှစ်ပြည့်နေ့ အဖြစ် ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဆုတောင်းပွဲနှင့် ချီတက် ဆန္ဒပြပွဲကို ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ စိုင်ပြင် နှင့် ဘုတလင် စသည့် မြို့နယ်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "လက်ယက်ကုန်းတွင် ကျဆုံးခဲ့သည့် ကလေးသူငယ်များအတွက် တရားမျှတမှု ရရှိစေရန်၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ ကျဆုံးခဲ့သူများအတွက် ၅ မိနစ်ခန့် ငြိမ်သက်ဆုတောင်းများနှင့် ချီတက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။"]
https://yktnews.com/2023/12/135647/
လတ်တလော တွေ့မြင်နေရသော သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ် ပူပန်မှုများရှိနေသည့်အပေါ် သိရှိထားပြီး စိတ်မပူကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကို မည်သည့်အခါမှ လျစ်လျူရှုမည်မဟုတ်ဟု ကြေညာ
["လတ်တလော တွေ့မြင်နေရသော သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ် ပူပန်မှုများရှိနေသည့်အပေါ် သိရှိထားပြီး စိတ်မပူကြရန် ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကို မည်သည့်အခါမှ လျစ်လျူရှုမည်မဟုတ်ဟု ကြေညာ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် ရခိုင် AA တို့ပါဝင်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က လတ်တလော တွေ့မြင်နေရသော သတင်းတချို့ကြောင့် မြန်မာပြည်သူများ စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို သိရှိထားပြီး ပြည်သူများအနေဖြင့်မစိုးရိမ်ကြရန် ထုတ်ပြန်ကြေညာလိုက်သည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်း ထုတ်ပြန်သော ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန် ကြေညာချက်တွင် “လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” ဟု ဖော်ပြထားသည်။", "ထို့ပြင် တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူ လူထုတစ်ရပ်လုံးမှ မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို မိမိတို့အနေဖြင့် မည်သည့်အခါမှ လျစ်လျူရှု သွားမည် မဟုတ်သည့်အပြင် နောက်လှည့်၍သွားမည့်သူများ မဟုတ်ကြောင်း အသိပေးလိုက်ကြောင်း ထပ်မံရေးသားဖော်ပြထားသည်။", "ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည် ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်စခန်းများ၊ ပြည်သူလူထုကို ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများအား တစ်ခုပြီးတစ်ခု တိုက်ထုတ်ရင်း ဆက်လက် ရွေ့လျား လျက်ရှိကြောင်း၊ တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်နှင့် (၃) ဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက်တို့သည် အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဆိုသော်ငြားလည်း အလုံးစုံသောရည်မှန်းချက် ပြည့်ဝရန်အတွက်မူ အချိန်ကာလတစ်ခုအထိ ဆက်လက် ကြိုးစားတိုက်ပွဲဝင်ရဦးမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။", "လတ်တလောတွင် အကြမ်းဖက်စစ်ကောင်စီက ညီနောင်မဟာမိတ် ၃ ဖွဲ့ကို တရုတ်၏ အကူအညီဖြင့် ဆွေးနွေးမှုများ လုပ်ဆောင်ထားပြီး ယခုလကုန်တွင် ထပ်မံ လုပ်ဆောင်မည်ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အကြမ်းဖက် ဇော်မင်းထွန်းက ထုတ်ပြန်ပြောဆိုထားသည်။"]
https://yktnews.com/2024/11/190611/
လန်ဒန်တွင်ပြုလုပ်သည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတပွဲတော် လူတစ်ထောင်ကျော် တက်ရောက်
["လန်ဒန်တွင်ပြုလုပ်သည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ နွေဦးတော်လှန်ရေးရန်ပုံငွေ ဂီတပွဲတော် လူတစ်ထောင်ကျော် တက်ရောက်", "ရန်ကုန်၊နိုဝင်ဘာ ၃", "လန်ဒန်မြို့၌ ကျင်းပသည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ “Phyu Phyu In London” နွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲကို နိုဝင်ဘာ ၂ ရက် နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကို ကပြောပါသည်။", "ယင်း“Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း၊ ဂီတပွဲမှရရှိလာမည့် ငွေကြေးများကို ကုန်ကျစရိတ်နှုတ်ပြီး မြန်မာပြည်တွင်းရှိ IDP စခန်းများကို NUGလက်အောက် လူကယ်ပြန်ဝန်ကြီးဌာနမှ တဆင့်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ NUG ဆေးကျောင်းနှင့် ခြေတု လက်တုများအသုံးပြုရာတွင်လည်း လှူဒါန်းသွားမှာဖြစ်ကြောင်း ဒေါက်တာ သက်ကိုကိုကပြောသည်။", "ယင်းနွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲတွင် တေးသံရှင်ဖြူဖြူကျော်သိန်းနှင့် အတူတူတွဲဖက် တီးခတ်ပေးထားသည့် ကရင်၊ ချင်း၊ ကချင်၊ ရှမ်း လူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော UKအခြေစိုက် The Federal Music Band မှလည်း မေတ္တာဖြင့် ကူညီတီးခတ်ပေးထားကြောင်း သိရသည်။"]
https://yktnews.com/2023/03/93121/
လန်ဒန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီ လာရာလမ်း ရုပ်ရှင် စတင်ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် ကြည့်ရှု့
["လန်ဒန်မြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီ လာရာလမ်း ရုပ်ရှင် စတင်ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် ကြည့်ရှု့", "ရန်ကုန်၊ မတ် ၁၈", "အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ The Comedy Store ရုပ်ရှင်ရုံ၌ ယနေ့ မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်၌ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် ရောင်နီလာရာလမ်း ရုပ်ရှင်ပြသနေပြီး ရုံပြည့်ရုံလျှံ လာရောက် ကြည့်ရှု့ ကြကြောင်း သိရသည်။", "အခမ်းအနားပွဲသို့ လန်ဒန်မြို့၌ အလုပ်တာဝန်ဖြင့် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးဝင်းမြတ်အေးမှလည်း တက်ရောက် အားပေးစကား ပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး နှင့် ယူကေနိူင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုတို့မှလည်း နှုတ်ဆက်များ ပြောကြားခဲ့ကြောင်း သိရသည်။", "ရုပ်ရှင်ပြပွဲသို့ ယူကေရောက် တော်လှန်ရေး ညီအစ်ကို မောင်နှမများ ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ကြပြီး ဆီထမင်း၊ ပုဇွန်ကြော်၊ တို့ဟူးကြော်၊ စမူဆာ၊ အီကြာကွေး၊ ဘယာကြော်၊ မြန်မာလက်ဘက်ရည်၊ ကော်ဖီ အစရှိသော စားသောက်ဖွယ်ရာများဖြင့် စတုဒီသာကျွေးမွေးခဲ့ကြောင်း၊ ဒါရိုက်တာ ကိုပေါက်နှင့် ပရိတ်သတ်များမှလည်း online မှ တွေ့ဆုံခဲ့ပြီး တော်လှန်ရေး ရန်ပုံငွေများ ထည့်ဝင်လှူဒါန်း ခဲ့ကြကြောင်း၊ ပြပွဲကို ဒါရိုက်တာ ကိုပေါက်၏ မိုးခါးရေ သီချင်းကို ပရိတ်သတ်နှင့်အတူ သီဆို၍ ယူကေစံတော်ချိန် ညနေ ၄ နာရီတွင် အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169730/
လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် တော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်
["လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် တော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲ ပြုလုပ်", "ရန်ကုန်၊ ဇွန် ၂၄", "အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် တော်လှန်ရေး ရန်ပုံငွေဈေးရောင်းပွဲကို ဇွန် ၂၂ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး တို့တက်ရောက်ခဲ့ကြကြောင်း၊ ထို့ပြင် ယူကေ Conservative Party မှ Mr. Paul Scully နှင့် ယူကေ NUG ကိုယ်စားလှယ်များတက်ရောက်ခဲ့ကာ မြန်မာတိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။", "ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်က ဗီဒီယိုမှ မွေးနေ့အမှတ်တရ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း၊ အဆိုပါ ရန်ပုံငွေဈေးရောင်းပွဲတော်မှ စတာလင်ပေါင် ၄၃၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119072/
လန်ဒန်ရှိ မြန်မာသံအမတ်ကြီးနေအိမ်မှ မဖယ်ပေးမှုဖြင့် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲက စစ်ဆေးနေသော်လည်း စွဲချက်မတင်နိုင်သေး
["လန်ဒန်ရှိ မြန်မာသံအမတ်ကြီးနေအိမ်မှ မဖယ်ပေးမှုဖြင့် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲက စစ်ဆေးနေသော်လည်း စွဲချက်မတင်နိုင်သေး", "ရန်ကုန်၊ ဩဂုတ် ၂၀", "အင်္ဂလန်နိုင်ငံ ၊ လန်ဒန်ရှိ မြန်မာသံအမတ်ကြီးနေအိမ်မှ မဖယ်ပေးမှုဖြင့် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့ က စစ်ဆေးနေ ကြောင်း ရိုက်တာသတင်း ဌာနက သတင်းရေးသားဖော်ပြသည်။", "ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုပြီးနောက် စစ် အစိုးရက သံအမတ်ကြီးရာထူးမှ ဖယ်ရှားကာ သံအမတ်အသစ်ဖြင့် အစား ထိုးခဲ့ခြင်းဖြစ်သည်။", "ထိုအချိန်က ဗြိတိသျှအစိုးရ၏ ချီးကျူးဂုဏ်ပြုမှုကို ခံခဲ့ရပြီး သံအမတ်ကြီး ဦးကျော်စွာမင်း သည် မြန်မာသံအမတ်နေအိမ်တွင် ဆက်လက်နေထိုင်ပြီး သံအမတ်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးသို့ ပြန်လွှဲပေးရန် ငြင်းဆိုခဲ့သည်။", "စစ်အစိုးရ၏ ဖိအားပေးမှုကြောင့် သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို နေအိမ်မှ ထွက်ခွာရန် ယမန်နှစ်အတွင်း ဗြိတိန်အစိုးရက တိုက်တွန်းခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။", "ဦးကျော်စွာမင်းသည် သံတမန်ရေးရာဌာနကို ကျူးကျော်ဝင်ရောက်ခဲ့သည် ဆို သော စစ်ကောင်စီ စွပ်စွဲချက်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး ခံနေရပြီး ယင်းပိုင်နက်ကျူးလွန်မှုသည် အမှုဖြစ်ကြောင်း စိစစ်တွေ့ရှိရပါက ထောင်ဒဏ် ခြောက်လအထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရှိရသည်။", "“သံတမန်နေထိုင်ရာသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်တည်ရှိနေပြီး၊ ကျွန်ုပ်၏ အမှုသည်သည် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်ထားသော အစိုးရ၏ ကိုယ်စားလှယ်တစ်ဦးထံသို့သာ သံအမတ်အိမ်ရာ သော့များကို လွှဲပြောင်းပေးအပ်ရန် ဆန္ဒရှိသဖြင့် ထိန်းသိမ်း ထားခြင်းဖြစ်ပါတယ်” ဟု ဦးကျော်စွာမင်း၏ ရှေ့နေ Swift က ရိုက်တာ သတင်း ဌာနထံသို့ ပြောဆိုသည်။", "လန်ဒန်မြို့ရှိ မြန်မာသံရုံး၊ ဗြိတိန်နိုင်ငံခြားရေးရုံးနှင့် လန်ဒန်မြို့တော်ရဲဌာန တို့က မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တုံ့ပြန်ခြင်း မရှိပေ။", "ဦးကျော်စွာမင်းကို သြဂုတ် ၁၅ ရက်နေ့ ရဲတပ်ဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သော် လည်း စွဲချက်မတင်ရသေးကြောင်း Swift က ပြောသည်။", "” သူ့ကို စွဲချက်တင်ဖို့ လုံလောက်တဲ့ အထောက်အထား ရှိ၊ မရှိကို ဗြိတိန် ရှေ့နေချုပ်က ဆုံးဖြတ်ရမှာ ဖြစ်တယ်” ဟု ဦးကျော်စွာမင်း၏ ရှေ့နေက ဆိုသည်။", "“အာဏာသိမ်းမှုကို ရှုတ်ချပြီး စစ်ဗိုလ်ချုပ်တွေအပေါ် စီးပွားရေးပိတ်ဆို့ထားတဲ့ ဗြိတိန်အာဏာပိုင်တွေက သံအမတ်ကြီးအိမ်ရာကို တရားမဝင်စစ်အစိုးရဆီ ပြန်ပေးဖို့ဆိုတာ စိတ်မကူးသင့်ပါဘူး” ဟု ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Myanmar Accountability Project မှ Chris Gunness က ပြောသည်။", "ဗြိတိန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရန် တောင်းဆိုခဲ့သည့် အနောက်နိုင်ငံတစ်ခုဖြစ်ပြီး မြန်မာ့တပ်မတော်၏ အဖွဲ့ဝင်များနှင့် ၎င်း၏စီးပွား ရေး အကျိုးစီးပွားအချို့ကို ဒဏ်ခတ်ပိတ်ဆို့ထားသည်။"]
https://yktnews.com/2024/05/162876/
လပွတ္တာမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှု လုပ်ဆောင်နေသော ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်မှု စာရေး ၁ ဦးသေဆုံး
["လပွတ္တာမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှု လုပ်ဆောင်နေသော ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်မှု စာရေး ၁ ဦးသေဆုံး", "စစ်တပ်က လပွတ္တာမြို့တွင် မာရှယ်လော ထုတ်ပြန်ထားပြီး ပိတ်ဆို့ စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်နေ", "ရန်ကုန်၊ မေ ၁၆", "ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှု လုပ်ဆောင်နေသော ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ရာ စာရေး ၁ ဦးသေဆုံးခဲ့ကြောင်း Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ ၁၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) အဖွဲ့ က ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဧည့်စာရင်းရေးသည့် စာရေး ၁ ဦး သေဆုံးကာ ညစောင့် ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ရခြင်းသည် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရုံးဝန်ထမ်း စာရေးများသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှုပိုမို လုပ်ဆောင်လာခြင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများနှင့် မတရား စစ်မှုထမ်းဥပဒေ တို့ကို ဖော်ဆောင်ရန် လုပ်ဆောင်နေခြင်းတို့ကြောင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မနေ့က ညက လပွတ္တာမြို့ အမှတ် ၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း ရုံးအပေါ်ထပ်မှာ ရှိနေတယ်လို့ သတင်းရခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ အုပ်ချုပ်ရေးမှူးက အခုနောက်ပိုင်း ပိုပြီး ငွေအတောင်း ကြမ်းတာမျိုးတွေပါ ရှိလာတယ် လို့လည်း သိရပါတယ်။ အခုနောက်ဆုံး သိရတာတော့ ဧည့်စာရင်းရေးတဲ့ စာရေး ၁ ဦး သေဆုံးပြီ လို့လည်း ပြောလာပါတယ်။ နောက်ပြီး မြို့ကို စစ်ခွေးတွေက အခု မာရှယ်လော မနက် ၆ ည ၆ ထုတ်ပြန်ထားတယ်ပြီး အကုန် ပိတ်ပြီး စစ်ဆေးနေပါတယ်” ဟု Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပြည်သူ့တော်လှန်ရေး အင်အားစုအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လက်ပါးစေ အားလုံးကို ထပ်မံ အရေးယူ တိုက်ခိုက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို “Cheetah Operation” များထဲမှ တစ်ခု အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "Photo – အကြမ်းဖက် စစ်တပ် လော်ဘီ တယ်လီဂရမ် စာမျက်နှာက ထုတ်ပြန်ထားသော ဗုံးခွဲ တိုက်ခိုက်ခံရသည့် လပွတ္တာ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။"]
https://yktnews.com/2024/05/161247/
လပွတ္တာမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် စုဆောင်းပေးနေသော ၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်
["လပွတ္တာမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် စုဆောင်းပေးနေသော ၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၇", "ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သားသစ် စုဆောင်းပေးနေသော ၄ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင် လပွတ္တာမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ ၄ ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး သက်နိုင် နေအိမ်ကို Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်နိုင် ကို သတိပေး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နေအိမ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး သက်နိုင် သည် အကြမ်းဖက် စစ်ကောင်စီ၏ မတရား စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ကာ မြို့နေလူထုကို ဒုက္ခပေး ဖိနှိပ်လျက်ရှိသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ကျွန်တော်တို့ တိုက်ခိုက်မှုကြောင့် နေအိမ် အဆောက်အအုံပျက်စီးမှုရှိပါတယ်။ လူတော့ ထိခိုက်မရှိဘူးလို့ သိရတယ်။ ကျွန်တော်တို့ ရဲဘော်တွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပြည်သူ့တော်လှန်ရေးအင်အားစုအနေဖြင့် လက်လှမ်းမီသော မြို့နယ်များတွင် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသူများ အားလုံးကို ပြတ်ပြတ်သားသား အရေးယူ တိုက်ခိုက်သွားမည် ဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို “Cheetah Operation” များထဲမှ တစ်ခု အဖြစ် ဆောင်ရွက်ခဲ့ ခြင်း ဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/01/81070/
လမိုင်းမြို့နယ်တွင် စစ်မှုထမ်းဟောင်း၊ စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ ရခိုင်ကို ဖမ်းဆီးစစ်ဆေးစဉ် သေနတ် ဝင်လုရာမှ ကျည်ပေါက်ထွက်ပြီး သေဆုံး
["လမိုင်းမြို့နယ်တွင် စစ်မှုထမ်းဟောင်း၊ စစ်တပ်သတင်းပေးဟု စွပ်စွဲခံရသူ ရခိုင်ကို ဖမ်းဆီးစစ်ဆေးစဉ် သေနတ် ဝင်လုရာမှ ကျည်ပေါက်ထွက်ပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာတွင် စစ်မှုထမ်းဟောင်းလည်းဖြစ်၊ စစ်တပ်သတင်းပေးဟုလည်း စွပ်စွဲခံရသူ ရခိုင် ဆိုသူကို PDF တပ်က ဖမ်းဆီးလာစဉ် သေနတ်ဝင်လုရာမှ ကျည်ပေါက်ထွက် သေဆုံးသွား ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ဇန်နဝါရီလ ၁၄ ရက် မွန့်တည် ၁၂ နာရီခန့်အချိန် ဒလန်သတင်းပေး ရခိုင်ကို PDF တပ်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ ခေါ်ဆောင် လာပြီး လမ်းခုလတ်၌ စစ်ဆေးမေးမြန်းနေစဉ် ရခိုင်က PDF တစ်ဦး၏ သေနတ်ကို အတင်းဝင်လုရာမှ ကျည်ပေါက်ထွက် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါသေဆုံးသူထံမှ ဖမ်းဆီးစဉ်ပါရှိလာသော လက်လုပ် Pistol ၁ လက်၊ လက်ထိပ် တစ်ခု၊ ဓါးတို တစ်ချောင်း ၊ ဓါးရှည်တစ်ချောင်း တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/80473/
လမိုင်းမြို့၊ နှစ်ကရင်ရွာရဲစခန်းကို PDF တပ်များက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး၊ လောင်းလုံးတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံ
["လမိုင်းမြို့၊ နှစ်ကရင်ရွာရဲစခန်းကို PDF တပ်များက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး၊ လောင်းလုံးတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ နှစ်ကရင်ကျေးရွာရှိ နယ်မြေ ရဲစခန်းကို PDF တပ်များက ဝင် ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇန်နဝါရီလ ၁၁ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် နှစ်ကရင်နယ်မြေ ရဲစခန်းကို ရေးပြောက် ကျားတပ်ဖွဲ့က ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့ရာ ရဲအားလုံးထွက်ပြေးသွားသဖြင့် ရဲစခန်းအတွင်းရှိ ပစ္စည်းများနှင့် အဆောက်အအုံများ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေ ဘက်မှာ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်၊ ကျနော်တို့ဘက်က တော့ အထိအခိုက်မရှိခဲ့ပါ ဘူး။” ဟု ရေးပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။", "အလားတူ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကြိုးတံတားကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ၏ စခန်းအား ရေးပြောက်ကျားတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ နှစ်ဖက်အပြန် အလှန် ပစ်ခတ်ဖြစ်ခဲ့ပြီး ခမရ ၅၈၈ တပ်မှ လက်နက်ကြီးပစ်ကူမြောက်များစွာ ပစ်ခတ်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဝေဒီရွာတွင် ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။", "ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် လောင်းလုံးမြို့နယ်၊ ဝေဒီရွာ၌ နေထိုင်သည့် ပျူစောထီး အမျိုးသမီး ဖြစ်သူ တင်သန်းကို ၎င်းနေအိမ်တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး တင်သန်းသည် အကြမ်းဖက် စစ်တပ် အာဏာ သိမ်း အချိန်ကစ၍ စစ်တပ်၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး နောက်ခံ ကူညီပံ့ပိုးပေးကာ CDM ဝန်ထမ်းများ၏ စာရင်း ကောက်ယူခြင်း၊ စစ်တပ်ကို ပို့ပေးခြင်း၊ မင်္ဂလာပွဲများတွက် ဆက်ကြေးတောင်းခြင်း၊ နိုင်ငံရေး လှုပ်ရှားသူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး တော်လှန်ရေး အဖွဲ့အစည်းများမှ ၎င်းကို ၅ ကြိမ်ထက်မနည်း သတိပေးခဲ့သော်လည်းလိုက်နာခြင်း မရှိသောကြောင့် ရှင်းလင်းခြင်း ဖြစ်ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။", "ဓာတ်ပုံ- သေဆုံးသွားသော ပျူစောထီး တင်သန်း။"]
https://yktnews.com/2024/09/185801/
လယ်ဒိုနှင့် ဆောထိ မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
["လယ်ဒိုနှင့် ဆောထိ မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့တွင် နံနက် ၁ နာရီခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၄၅ နှစ် အရွယ် နော်ကလိုစေး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သူမ၏ နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၈ ရက်နေ့တွင် ည ၇ နာရီ ၁၂ မိနစ်ခန့်တွင်ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် ခဲ့ရာ ဂွေးကုန်းကျေးရွာအနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်းသိရသည်။", "ထို့ပြင် ယင်းနေ့ ည ၈ နာရီ နှင့် ၁၀ နာရီအချိန်တို့လည်း အကြမ်းဖက် စစ်တပ်က ထပ်မံပြီး ၁၂၀ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ရာ လက်နက် ကြီး ၂ လုံးမှာ အင်းပရိတ် ကျေးရွာ အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် ၅ လုံးမှာ လိန်ပင်၀ိုင်း ကျေးရွာ စာသင် ကျောင်း ဘက်တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၈ မိနစ်ခန့် တွင် အကြမ်းဖက် စစ်တပ်၏ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ချိုအေးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မူးမြို့နယ်အတွင်း ကညွတ်ကွင်းအခြေစိုက် အကြမ်းဖက်စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ အင်ကွင်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟို ကပြောဆိုသည်။", "အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆောထိမြို့နယ်၌ အကြမ်းဖက် စစ်တပ်က ဂွေးကုန်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ဒေါ်စန်းမော်၏ နေအိမ်ထိမှန် ပျက်စီးခဲ့ပြီး ၎င်းအိမ်တွင် နေထိုင်သော ဦးအောင်စိုး နှင့် ဦးအောင်ဆန်းဦး တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့်အပြင် မစိုးခိုင်နှင့် ဦးဌေးလွင်၏ ထမင်းစားဆောင်၊ နွားတင်းကုတ်၊ နွား ၂ ကောင်၊ ထွာလာဂျီ နောက်တွဲ ၁ စီးတို့ ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရှိသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၆ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး စုစုပေါင်း ၉ လုံး ခန့် ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများသည် ချုံအင်း ကျေးရွာနှင့် ထမင်းရုံကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းတပ်ရင်းက ည ၉ နာရီ ၉ မိနစ်ခန့်တွင် ၁၅၅ မမ‌ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ထမင်းရုံးကျေးရွာနှင့် ပျဉ်ရေကြီးကျေးရွာ တို့အကြား ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။"]
https://yktnews.com/2023/07/112349/
လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၇ ရွာက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
["လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၇ ရွာက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၁၀", "ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထားကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "ဇူလိုင်လ ၆ ရက်မှ ၉ ရက်နေ့အထိ လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများ အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂၈ လုံး ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထားပြီး အရပ်သား ပြည်သူ ၁ ဦးကိုလည်း ဓားနှင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့တွင် ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ ကျောက်မော်ဘုရားကြီးရွာမှ ပြည်သူ ၂ ဦးသည် မြို့ပေါ်သို့ စားနပ်ရိက္ခာသွားရောက် ဝယ်ယူစဥ် သူဌေးကုန်းကျေးရွာ၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ မှ ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် ဗမာဝက်လာတောကျေးရွာမှ ပြည်သူ ၁ ဦးနှင့် ဒါးကုလားကျေးရွာမှ ပြည်သူ ၂ ဦးသည်လည်း ကျောက်တံခါးမြို့နယ်သို့ စားနပ်ရိက္ခာ သွားရောက် ဝယ်ယူစဥ် ကျောက်တံခါးမြို့ရှိ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ဆိပ်ကြီးမှ အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စေးအိုးလာကျေးရွာမှ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်းနေ့တွင် နတ်သံကွင်းတံတား၌ တံတားလုံခြုံရေး ယူထားသည့် အကြမ်းဖက် စစ်တပ်က နတ်သံကွင်း ၃ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ဦးရဲကြီးကို ညအချိန်တွင် ဓားနှင့်ထိုးသတ်ပြီး ဦးရဲကြီး၏ ရုပ်အလောင်းကို တံတားအောက်၌ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၉ ရက်နေ့တွင် ကေအန်ယူ-လယ်ဒိုမြို့နယ်၊ ကျောက်မော်ဘုရားကြီးမှ အရပ်သား ၁၀ ဦးနှင့် ပဒဲကောကျေးရွာမှ အရပ်သား ၂ ဦးသည် ကျောက်တံခါးမြို့သို့ စားနပ် ရိက္ခာသွားရောက်ဝယ်ယူစဥ် နံနက် ၁၁ နာရီခန့်တွင် ကျောက်တံခါးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ က ကျောက်တံခါးရဲစခန်းတွင် ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ က ပိန်းဇလုပ်စခန်းမှနေ၍ ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်းကျေးရွာကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၄ နာရီမှ ည ၉ နာရီ ၃၀ မိနစ်အထိ ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်း၊ ကျောင်းကုန်း၊ သူဌေးကုန်း၊ နှင့် ကညင်ကျိုး ကျေးရွာကိုလည်း လက်နက်ကြီး ၂၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုကြောင့် အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန်ကလေး၊ ငဖယ်အင်း၊ ရေတွင်းကုန်း၊ သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလဲခင်၊ နံဇ၊ ကျောင်းကုန်း၊ သူဌေးကုန်း ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/170898/
လယ်ဒိုမြို့နယ်တွင် စစ်တပ်က သဲကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
["လယ်ဒိုမြို့နယ်တွင် စစ်တပ်က သဲကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၁", "ပဲခူတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သဲကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇွန်လ ၂၂ ရက်နေ့တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ-၆၀ တပ်ရင်းက စစ်ကောင်စီ တပ်သားများက သဲကုန်းကျေးရွာမှ အသက်အရွယ် ၅၃ နှစ်အရွယ် ဒေါ်မိုးမိုးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ သမင်အင်ကုန်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ စောမဲလေး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်း ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၄၆ နှစ်အရွယ် ဦးချစ်ကို၊ အသက် ၇၂ နှစ်အရွယ် ဦးမျိုးမြင့် တို့ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၂၉ ရက်နေ့ တွင် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ယင်းနေ့ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ခလရ-၂၆၄ တပ်ရင်း က ၁၂၂ မမ ဟောင်ဝှစ်ဇာ ၃ လုံး အား ထပ်မံ ပစ်ခတ်ခဲ့ပြီး သမင်အင်းကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲသောကြောင့် ကျေးရွာနေပြည်သူ အသက် ၄၈ နှစ်အရွယ် ဒေါ်တင်ဌေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။"]
https://yktnews.com/2025/01/198862/
လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုး တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုး တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ဇန်နဝါရီ ၉", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်တွင် နှစ်ပေါင်း ၅၀ နီးပါကြာ တပ်စွဲထားသော မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "လယ်ဒိုမြို့နယ်အတွင်း နှစ်ပေါင်း ၅၀ နီးပါးကာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းကို တပ်မဟာ ၃ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ကာ ဇန်နဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား တချို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။", "ထို့ပြင် စခန်းအတွင်းမှ ၈၁ မမ လက်နက်ကြီး ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။"]
https://yktnews.com/2023/06/106938/
လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကိုပစ်သတ်၊ စစ်တပ် ပစ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် ၅ လုံးပြာကျ
["လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကိုပစ်သတ်၊ စစ်တပ် ပစ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် ၅ လုံးပြာကျ", "ရန်ကုန်၊ ဇွန် ၁၁", "ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပြည်သူ ၁ ဦးကိုပစ်သတ်ကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၉ ရက်နေ့တွင် လယ်ဒိုမြို့နယ်၊ ဝါးပင်စုကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဝါပင်စုကျေးရွာ အတွင်း ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်က နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။", "ယင်းစစ်ကြောင်းသည် အမျိုးသား ၁ ဦးကို ပစ်သတ်ပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကာ သေဆုံးသူ မည်သူမည်ဝါ ဖြစ်​သည်ကို အတည်မပြု နိုင်သေးကြောင်း၊ သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းကို ရှာမတွေ့သော်လည်း စစ်တောင်းမြစ်တွင် အလောင်း ၂ လောင်းမျောပါလာသည်ကို တွေ့ရှိသည်ဟု ဒေသခံများက ပြောဆိုပြီး မျောလာသည့် အလောင်း ၂ လောင်းသည် ပစ်သတ်ခံရသည့် ပြည်သူ ၂ ဦး၏ ရုပ်အလောင်း ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "ထို့ပြင် ဇွန်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လယ်ဒိုမြို့နယ် ဆင်မတောင်မှနေ၍ ပေတူးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ကြောင့် အသက် ၅၃ နှစ်အရွယ် နော်ဘော်ထူး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီ ၅၀ မိနစ်မှ ည ၉ နာရီ ၂၀ မိနစ်အထိ အကြမ်းဖက် စစ်တပ်က မူးမြို့နယ်၊ ကွင်းချောင်းဝမှ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၄ လုံးသည် ရေတွင်းကုန်းကြီးရွာကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၆ နှစ်အရွယ် စောဆိဖိုး ကျည်စ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/169543/
လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး၊ လားရှိုးမြို့တွင် စစ်လက်နက် ကြွင်းကျန် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပြင်းထန်ဒဏ်ရာရ
["လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး၊ လားရှိုးမြို့တွင် စစ်လက်နက် ကြွင်းကျန် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး ပြင်းထန်ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၂၂", "ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ပေါက်ကုန်းကျေးရွာ အနောက်ပိုင်းရွာထိပ်တွင် ကျရောက်ပေါက်ကွဲပြီး ပေါက်ကုန်းကျေးရွာနေ အသက် ၂၃ နှစ်အရွယ် နော်လားပွယ်စေး လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့ရကြောင်းသိရှိရသည်။", "ဇွန်လ ၁၈ ရက်နေ့တွင် နံနက် ၇ နာရီနှင့် ညနေ ၅ နာရီ ၁၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၅၅ မမ ၇ လုံး နှင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၄ လုံး စုစုပေါင်း ၁၁ လုံး ပစ်ခတ်ခဲ့ရာ လက်ကောက်ဝကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ဒလဆိပ့်ကျေးရွာ၊ ချိုအင်း ကျေးရွာအနီးနှင့် ရေတွင်းကုန်း ကျေးရွာတို့ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ရေတွင်းကုန်းကျေးရွာရှိ စောဖားဟဲ ၊စောအယ်ခူနှင့် အောင်သန်းဇော် တို့၏ နေအိမ် စုစုပေါင်း ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားကြောင်း သိရှိရသည်။", "အလားတူ ရှမ်းပြည်နယ်၊ လားရှိုးမြို့ ရပ်ကွက် ၇ နယ်မြေ ၆ ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက် ကြွင်းကျန် ၁ ခု ပေါက်ကွဲ၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နှစ် ဖက်ပြတ်ကာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြား ရေးဌာနထံမှ သိရှိရသည်။", "အဆိုပါ ကလေးငယ်များသည် ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့် စစ်လက်နက်ကြွင်း ကျန်တစ်ခုအား ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ လက်နှစ်ဖက်ပြတ်သည့် ကလေးငယ်မှာ မျက်လုံးပါထိခိုက်ခဲ့ပြီး ကျန်သည့်ကလေးငယ်များမှာ နှဖူး၊ ခြေထောက်၊ မျက်နှာစသည့်နေရာမျာတွင် ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း သိရသည်။", "အသက် ၁၀ အရွယ်ကလေးငယ် ၁ ဦးသာ မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိထားကြောင်း၊ ထိုကလေးငယ်များသည် လက်ရှိချိန်တွင် လားရှိုး ဆေးရုံတွင် ဆေးကုသမှုခံယူနေကြကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြား ရေးဌာနထံမှသိရသည်။"]
https://yktnews.com/2023/12/135875/
လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီး
["လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ လယ်ဒိုမြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများ အတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များကို အကြမ်းဖက် စစ်တပ်က ၈၁ မမ၊ ၁၂၀ မမ၊ ၁၅၅ မမ လက်နက်ကြီး ၄၉ လုံး ခန့်ပစ်ခတ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ခန့် ပြုလုပ် ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရှိပြီး နေအိမ် ၆ လုံး၊ ပုဇင်း ၁ စီး နှင့် နွား ၁ ကောင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး တောင်ခင် ကျေးရွာ အတွင်းကို ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၉ ရက်နေ့တွင် ခလရ−၂၆၄ က ၁၂၀မမ၊ ၁၅၅ မမနှင့် ၈၁ မမ လက်နက်ကြီးများဖြင့် တောင်ခင်ကျေးရွာကို ၃ လုံး၊ သမင်အင်းကုန်းကျေးရွာကို ၇ လုံး စုစုပေါင်း ၁၀ လုံး ခန့် ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် သန်းလှိုင်၏ နေအိမ်နှင့် ဦးဇော်မိုးလွင်၏နေအိမ် တို့ ပျက်စီးခဲ့ပြီး ဦးဇော်မိုးလွင်၏ နွား ၁ ကောင် ကျည်စထိမှန် ဒဏ်ရာရကာ ပုဇင်း(၁)စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ခလရ−၂၆၄ က ၁၅၅ မမ လက်နက်ကြီးများဖြင့် သမင်အင်းကုန်း ကျေးရွာကို ၃ လုံး၊ အလယ်ကျေးရွာကို ၁ လုံး၊ တောင်ခင်ကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ၁၂၀ မမ၊ ၁၅၅ မမနှင့် ၈၁ မမ လက်နက်ကြီးများဖြင့် ခြောက်သဲစု ကျေးရွာကို ၁ လုံး၊ သမင်အင်းကုန်းကျေးရွာကို ၄ လုံး၊ ဖျံတလင်းကျေးရွာကို ၃ လုံး စုစုပေါင်း ၈ လုံး ပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာမှ နော်တာမူလာ၏ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ခလရ−၂၆၄ က ၁၂၀ မမ၊ ၁၅၅ မမနှင့် ၈၁ မမ လက်နက်ကြီးများဖြင့် ခင်ကန့်လန့် ကျေးရွာကို ၂ လုံး၊ ယောက်သွားကုန်းကို ၂ လုံး၊ ဒိုးတန်းကို ၃ လုံး၊ ချွဲတလဲကို ၈ လုံး၊ သမင်အင်းကုန်းကို ၃ လုံး၊ ထိုးဝါးစိုက်ကို ၁ လုံး စုစုပေါင်း ၁၉ လုံး ခန့်ပစ်ခတ်ခဲ့ရာ တောင်ခင် ကျေးရွာမှ အသက် ၆၀ အရွယ် ဦးဆန်ပေါ ကျည်စထိမှန် ဒဏ်ရာရရှိပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ခလရ−၂၆၄ က ၁၅၅ မမ လက်နက်ကြီးများဖြင့် ခြောက်သဲစု ကျေးရွာကို ၁ လုံး၊ ဖိုးတကျေးရွာ၊ အလှိုင်ကျေးရွာကို ၁ လုံး နှင့် ချောင်းဝကျေးရွာ အကြားကို ၁ လုံး၊ ရွာသာယာကျေးရွာကို ၁ လုံး စုစုပေါင်း ၄ လုံး ပစ်ခတ်ခဲ့ရာ အလှိုင်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးဒေဝ သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိကာ ခေါလိုကလိုးကျေးရွာနှင့် ပယ်ဝါးဒဲကျေးရွာကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/125779/
လယ်ဒိုမြို့နယ်ရှိ တောင်ခင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး
["လယ်ဒိုမြို့နယ်ရှိ တောင်ခင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၉", "ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ တောင်ခင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ် အတွင်းရှိ သူဌေးကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့​ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် တောင်ခင်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၅၀ နှစ်အရွယ် ဒေါ်မိကဲ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းနေအိမ်လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193617/
လယ်ဒိုမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား
["လယ်ဒိုမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း KNU ဗဟိုကပြောဆိုသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီး ၁၈ လုံး၊ ဒရုန်းဖြင့် ၂၀ ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး၊ ဆန်စက် ၁ လုံး၊ ဆေးခန်း ၂ ခန်းနှင့် ပြည်သူပိုင် အဆောက်အဦး ၂ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ရေတွင်းကုန်းကျေးရွာ ချိန်း‌ချောင်းတံတားကို ၁ လုံး၊ အလယ်ကျွန်းကျေးရွာကို ၁ လုံး ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ကညင်ကြိုးကျေးရွာကို ၃ လုံး၊ ကျောင်းကုန်းကျေးရွာကို ၁ လုံး စုစုပေါင်း ၄ လုံးနှင့် စဉ့်အိုးလာကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဒရုန်းဖြင့် နံဇကျေးရွာကို ၃ လုံး စုစုပေါင်း ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း ကညှင်ကြိုးကျေးရွာမှ ဒေါ်ခင်စန်းဝင်း ၅၅ နှစ် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း၊ ကျောင်းကုန်းကျေးရွာမှ ဦးအနား၏ နေအိမ် ၁ လုံး နှင့် ဆန်စက် ၁ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သူဌေးကုန်းကျေးရွာတွင် နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ဂရုပ်ကုန်းတွင် လက်နက်ကြီး ၈၁ မမ ၄ လုံး ပစ်ခတ်ခဲ့သောကြောင့် ဂရုပ်ကုန်းကျေးရွာမှ ကျော်မင်းထူး ၆၆ နှစ် လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရရှိရခဲ့ပြီး ခလရ-၂၆၄ တပ်ရင်းမှ ပိန်းဇလုပ် အဝင် ဂိတ်တွင် အလယ်ကျွန်းကျေးရွာမှ မဇာနီဝင်း ကိုလည်း အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ခလရ-၂၆၄တပ်ရင်းက ဒရုန်းဖြင့် ကျောင်းကုန်းကျေးရွာနှင့် ဝါချဲကျေးရွာကို လက်နက်ကြီး ၉ လုံး၊ ဂရုပ်ကုန်းရွာကို ၂ လုံး စုစုပေါင်း ၁၁ လုံး ပစ်ခတ်ခဲ့ပြီး ကညင်ကြိုးကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ကညင်ကြိုးကျေးရွာမှ ဦးဝါဝင် ၇၅ နှစ်၊ ဒေါ်ငြိမ်းခင် ၇၃ နှစ်၊ မအေးယု ၃၈ နှစ်၊ ဦးသားငွေ ၇၀ နှစ် စုစုပေါင်း ဒေသပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးကျော်ရင်၏ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကုန်းချောင်းဝမှ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကလည်း တလှိုင်းခင်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်းက လိန်ပင်ကျေးရွာကို လက်နက်ကြီး ၁၂၂ မမ ၁ လုံး ပစ်ခတ်ခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က နိုဖိုးကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျောက်တံခါးရှိ အကြမ်းဖက် စစ်တပ်က ဖျံတလင်းကျေးရွာနှင့် ခိုလိုကျေးရွာအတွင်းကို ၆၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဆေးပေးခန်းကို ဒရုန်းဖြင့် ၁ ကြိမ်၊ လက်နက်ကြီး ၁၂၀ မမ ၁ လုံးနှင့် တောကြောင် ပေါက်ရွာ အတွင်းကို ဒရုန်းဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ သူးကဘီး(ကျွဲတလင်း)ကျေးရွာ ဆေးပေးခန်း ရှိ ဆေးခန်း ၂ ခန်း နှင့် အခြားအဆောက်အဦး ၂ လုံး ပျက်စီးခဲ့သည့်အပြင် ကုန်းချောင်းဝရှိ အကြမ်းဖက် စစ်တပ်က တောကြောင်ပေါက်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁ လုံး၊ နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ပဲသောင် ကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/205133/
လယ်ဒိုမြို့နယ်၊ ဝါးချဲရွာရှိ ဓမ္မာရုံနှင့် သိမ်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
["လယ်ဒိုမြို့နယ်၊ ဝါးချဲရွာရှိ ဓမ္မာရုံနှင့် သိမ်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်၊ ဝါးချဲရွာရှိ ဓမ္မာရုံ နှင့် သိမ်ကျောင်းကို အကြမ်ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝါချဲကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတစ်လုံး ၊ သိမ်ကျောင်းတစ်လုံးနှင့် ဇောင်းတန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်များသည် အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာ နှင့် လုပ်ကိုင်စားသောက်ရာ နေရာများကို ပစ်မှတ်ထားကာ သာသနာနယ်မြေများပါမကျန် လက်နက်ကြီးများ နှင့် ဒရုန်းများ၊ လေယာဉ်များဖြင့်ပါ အကြောင်းမဲ့ လာရောက်ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။", "ထိုသို့ အကြမ်းဖက် စစ်‌ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူများသည် စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်သွားလာနေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။"]
https://yktnews.com/2025/02/203288/
လယ်ဒိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး၊ သီပေါတွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
["လယ်ဒိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး၊ သီပေါတွင်လည်းမိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ငဖယ်အင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ပြည်သူ နော်ဒေးပလာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့တွင် ခလရ ၂၆၄ တပ်ရင်းက တောင်ခင် ကျေးရွာ ၊ ကြိတ်ကွင်းကျေးရွာ နှင့် ကညင်ကျွန်း ကျေးရွာ တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၃၀ နှစ်အရွယ် နော်၀ါ၀ါထွန်း ထိခိုက်သေဆုံးခဲ့ပြီး ဒေါ်ခိုင်၀ါလွင် ၊ ဦးသိန်းသိန်း နှင့် ဦးဇင်မျိုးလှိုင်တို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် သီပေါမြို့တွင် အမျိုးသား ၁ ဦးက အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထောင်ထားသော မိုင်း ၁ လုံးကို ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁ ဦး မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါ မြိုပြင်ရှိ အကြမ်းဖက် စစ်တပ် စခန်းချခဲ့ဖူးသည့် မြရွှေဂူဘုန်းကြီးကျောင်းဘေးတွင် ကိုမူဆာ ဆိုသူသည် နင်းမိုင်းတစ်လုံးတွေ့ရှိ ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် အသက် ၂၄ နှစ်အရွယ် ကိုမူဆာဆိုသူ၏ ၀မ်းဗိုက်နှင့် လက်နှစ်ဘက်ပြတ်ကာ ပြင်းထန် ဒဏ်ရာရရှိပြီး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အသက် ၁၇ နှစ်အရွယ် မတင့်တင့်ထွန်းဆိုသူမှ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/182993/
လယ်ဒို၊ ကျောက်တံခါးနှင့် ထီးလင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံး၊ စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီး
["လယ်ဒို၊ ကျောက်တံခါးနှင့် ထီးလင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံး၊ စာသင်ကျောင်းနှင့် နေအိမ်များလည်း ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရှိကာ စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ပြည်သူများ နေထိုင်ရာ နေရာကို ပစ်မှတ်ထားပြီး လိန်ပင်ဝဲကျေးရွာအတွင်းကို ရည်ရွယ်ချက်ရှိရှိ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ် ခတ်ခဲ့ရာ ကျေးရွာပိုင် စာသင်ကျောင်း ၁ ကျောင်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၅၂ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးစိုးသန်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ၎င်း၏နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။", "အလားတူ မူးမြို့နယ်၊ ကျောက်တံခါးမြို့ အင်ကုန်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ခလရ−၃၀၇ ရွှေဝါတပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ရာ ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် မသင်းသင်းခိုင် သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ် အရှေ့ဘက်ခြမ်းကို စက်တင်ဘာ ၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွက် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ဒေသပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ထီးလင်းမြို့နယ်၊ မက်လယ်ရွာအနီးကို အကြမ်းဖက် စစ်တပ်က ကျဲချတဲ့ ဗုံးတစ်လုံးပေါက်ကွဲပြီး ချောင်းထဲမှာ ရေချိုးနေသည့် အမျိုးသမီး ၁ ဦးကို ထိမှန်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်သောကြောင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ စက်တင်ဘာ ၇ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ်က ပုံညာတောင်အနောက်ဘက် ဒေသအခေါ် ဆေးကြီးတောင်အနောက်ခြမ်းကိုလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/188899/
လယ်ဒို၊ ဆောထိနှင့် တောင်ငူရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၈ လုံး နှင့် စာသင် ကျောင်း ၁ ကျောင်းပျက်စီး
["လယ်ဒို၊ ဆောထိနှင့် တောင်ငူရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၈ လုံး နှင့် စာသင် ကျောင်း ၁ ကျောင်းပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ် နှင့် ဆောထိမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင် ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန်ံ့တွင် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ကျောက်တံခါး မှနေပြီး ဖျံတလင်း ကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ စောတကော်ဖော၏ နေအိမ် ၁ လုံး နှင့် စောမက်စီးထွန်း၏ ဆိုင်ကယ် ၁ စီး ထိမှန်ပျက်စီးခဲ့ပြီး ည ၉ နာရီ ၁၈ မိနစ်ခန့်တွင် ထပ်မံ ဗုံးကျဲခဲ့ရပြီး သမင်အင်းကုန်း ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁ဝနာရီ ၁၀ မိနစ်ခန့်တွင် ဆောထိမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၅၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် ခဲ့ရာ သံဆိမ်ရွာမအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ကိုသူရိန်စိုး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ သံဆိပ်ရွာမ အတွင်းထပ်မံ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ ဦးမောင်နိုင်၏ နေအိမ် ၁ လုံး လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိခန့်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ ဒေါ့ဖားခို မြို့နယ် သံတောင်ကြီးမြို့တွင် ဘုရင့်‌နောင်တပ်မြို့ရှိ အကြမ်းဖက် စစ်တပ်က သံတောင်ကြီးမြို့တွင်းကို ၁၂၀ မမ လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ရာ မြို့အတွင်း ၆ လုံးကျရောက်ခဲ့ပြီး မြို့အပြင်၌ ၆ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ထိုသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခြင်းကြောင့် သံတောင်ကြီးမြို့ ရပ်ကွက် ၂ ရှိ အဖီးဂျက်ဆင်မိုနှင့် ဆရာမ စောစောတို့၏ နေအိမ် ၄ လုံး နှင့် ရပ်ကွက် ၃ ရှိ မောင်လင်းဘနှင့် နော်ဘေးဘ တို့၏ နေအိမ် ၂ လုံး စုစုပေါင်း ၆ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ရက်ကွက် ၂ နေ အသက် ၁၃ နှစ်အရွယ် စောအာင်နိုင်ထူး နှင့် ဆရာမ စောစော တို့ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ အရပ်သား ပြည်သူ လူထုများ နေထိုင်ရာ နေရာများအတွင်းသို့ ပစ်ခတ်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ထိတ်လန့်ကြောက်ရွံစွာဖြင့် နေထိုင်နေရပြီး လေကြောင်းတိုက်ခိုက်မှုပါ ထပ်မံပြုလုပ်ခံရမည်ကို ဒေသခံ များအနေဖြင့် စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း KNU ဗဟိုကပြောဆိုသည်။"]
https://yktnews.com/2023/11/130013/
လဟယ်မြို့ အခြေစိုက် ခလရ ၂၇၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါ အဝင် စစ်သား ၁၀ ဦးကို စစ်တိုက်ရန် အမိန့်ဖီဆန်မှုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ မှ နှစ်ရှည် ထောင်ဒဏ်များချမှတ်
["လဟယ်မြို့ အခြေစိုက် ခလရ ၂၇၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါ အဝင် စစ်သား ၁၀ ဦးကို စစ်တိုက်ရန် အမိန့်ဖီဆန်မှုဖြင့် စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ မှ နှစ်ရှည် ထောင်ဒဏ်များချမှတ်", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့နယ် အခြေစိုက် ခလရ ၂၇၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကုဋေစိုး အပါအဝင် စစ်သား ၁၀ ဦးကို စစ်တိုက်ရန် ငြင်းဆန်မှု အထက် အမိန့်ဖီဆန်မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ မှ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ခလရ ၂၇၂ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကုဋေစိုး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသည် ရှေ့တန်းသို့ စစ်ဆင်ရေး တာဝန်သွားရောက်ရန် စစ်ကောင်စီက အမိန့်ပေးခဲ့သော်လည်း မသွားခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကုဋေစိုးနှင့် စစ်တိုက်ရန် ငြင်းဆန်သော အမိန့်ဖီဆန်သည့် စစ်သား များကို ဖမ်းဆီးကာ စစ်ခုံရုံးဖြင့် ထောင်ဒဏ် စီရင်ချက်များ ချမှတ်ကြောင်း၊ ဒုတိယဗိုလ်မှူးကြီး ကုဋေစိုးသည် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရပြီး ကျန်ရှိသော စစ်သားများမှာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်ခံရ ကြောင်း သိရှိရသည်။", "“လဟယ် နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခလရ ၂၇၂ တပ်က အရင်တုန်းက ခန္တီးမှော် နန်စီပွန်လုံခြုံရေးအထိုင်များတယ်။ အဲဒီနောက်", "အဲနောက်ပိုင်း ဟုမ္မလင်း ဘက်အထိ စစ်ဆင်ရေးမကြာခဏသွားရပြီး ကျဆုံး စစ်သည်နဲ့ဒဏ်ရာရစစ်သည်များလည်းအတော်များပြားတယ်။ တပ်ပြေးပြုန်းတီးအင်အားလည်း အလွန်များတယ်။ အဲဒီတပ်က နမခ လက်အောက်ခံ ခန္တီး အမှတ်၂ စစ်ဗျူဟာကွပ်ကဲမှုအောက်ကပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရွှေပြည်အေး တိုက်ပွဲမှာ ရှမ်းနီနဲစစ်တပ်က ပေါင်းတိုက်တဲ့တိုက်ပွဲမှာ အဲဒီတပ်က စစ်သား ၃၀ကျော်ကျသွားတယ်။ အဲဒါ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်သား ၁၀ ဦးကို ဟုမ္မလင်းစစ်ခုံရုံးက ထောင် နှစ် ၂၀ ကနေပြီး နှစ်ရှည်ထောင်ဒဏ်တွေချတယ်။ ဒုတိယဗိုလ်မှူးကြီးက ထောင်ဒဏ် နှစ် ၂၀ ကျတယ်။ ကျန်သူတွေက ၁၀ နှစ်စီကျတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း တိုက်ပွဲများတွင် သေဆုံးမှုများပြားလာခြင်းကြောင့် တပ်မှ ထွက်ပြေးသူများ၊ အမိန့်မနာခံသူများ၊ CDM လုပ်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အလင်းဝင်သူများ များပြားလာကြောင်း တပ်တွင်းသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။"]
https://yktnews.com/2025/03/208802/
လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေး စိုးမိုးရေး ဆောင်ရွက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်
["လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေး စိုးမိုးရေး ဆောင်ရွက်ရန် အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်", "ရန်ကုန်၊ မတ် ၂၅", "ယခုလာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုံခြုံရေး စိုးမိုးရန် စနစ်တကျ ဆောင်ရွက်ရန် အကြမ်း ဖက်မင်းအောင်လှိုင်က ပြောဆိုပြန်သည်။", "ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အမျိုးသားစီမံကိန်းကော်မရှင် အစည်း အဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။", "လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရန်၊ တိုင်းနှင့် ပြည်နယ်အလိုက် လုံခြုံရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် က ထုတ်ဖော်ပြောဆိုသည်။", "ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားများ ကောင်းမွန်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန်လည်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကမူ လက်ရှိ နိုင်ငံ၏ တစ်ဝက်ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များက ထိန်းချုပ် သိမ်းပိုက်ထားကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။", "ရန်ကုန်တွင် အခြေစိုက် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးကမူ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပရန် မကြာခဏ ထုတ်ဖော်ပြောဆိုနေသော် လည်း လက် တွေ့တွင် လုံခြုံရေးအခြေအနေအရ အလွန်ရှုပ်ထွေးနေကြောင်း၊ တစ်ပြည်လုံးအတိုင်းအတာ ဖြင့် ရွေးကောက်ပွဲ လုပ်နိုင်မည်မဟုတ်ဘဲ စစ်တပ်က လုံခြုံရေးစိုးမိုးသော ဒေသများကို အပိုင်းလိုက် ရွေးကောက်ပွဲ ပြုလုပ်၍ အမည် ခံ လွှတ်တော်နှင့် အမည်ခံ အစိုးရ ဖွဲ့စည်းမည့် အခြေအနေဟု ယူဆကြောင်း သုံးသပ်ပြောဆိုသည်။", "“သူက ရွေးကောက်ပွဲ လုပ်မယ်သာ ပြောနေတာ။ တကယ် ရွေးကောက်ပွဲ ဖြစ်ဖို့ကလည်း ခက်ပါတယ်။ ခက်နေတာကြီးကို အတင်းတွန်းလုပ်ရင်လည်း တစ်ပြည်လုံးရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။ မည်ကာမတ္တ ရွေးကောက်ပွဲပဲ ဖြစ်မယ်။ ဒီရွေးကောက်ပွဲမှာ ပေါ်လာမယ့် အစိုးရကလည်း စစ်တပ်က ချုပ်ကိုင်ထားမယ့် အစိုးရပဲ ပေါ်လာမှာပါ။ အဲဒီတော့ ပြောချင်တာက လက်ရှိ စစ်တပ်ကပဲ ကြီးစိုးအုပ်ချုပ်မယ့် အရပ်သားအမည်ခံ အစိုးရတက်လာမယ့် သဘောလို့ ပြောလို့ရတယ်။ နိုင်ငံရေးအကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးအတွက်တော့ ဘာမှ သိပ်မထူးနိုင်ဘူး” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။", "အဆိုပါ ရှမ်းတိုင်းရင်းသား နိုင်ငံရေးသမားကပင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် စစ်ခေါင်းဆောင် မင်းအောင် လှိုင်အနေဖြင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ပြောဆိုသည်။", "“လက်ရှိ စစ်ခေါင်းဆောင်ကတော့ ကြံ့ခိုင်ရေးပါတီဘက်ကဖြစ်ဖြစ်၊ တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ် ဘက်ကဖြစ်ဖြစ် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းပြီး သမ္မတ တက်လုပ်နိုင်တယ်လို့ ကျနော်တော့ ယူဆပါတယ်။ သူပါချင်လို့ လုပ်ချင်လို့ကို ဒီအခင်းအကျင်းကို ဖန်တီးထားတာပဲလေ” ဟု ၎င်းက ဆိုသည်။", "စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထု ရွေးကောက်တင်မြှောက်ထားသော အစိုးရခေါင်းဆောင်များကို ဖမ်းဆီးပြီး မတရားစစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2023/05/102545/
လာမည့် နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်
["လာမည့် နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်", "ရန်ကုန်၊ မေ ၁၄", "လာမည့်နာရီပိုင်းအတွင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း၏ဗဟိုချက်က စစ်တွေမြို့အနီးမှ ဖြတ်သန်းမည်ဖြစ်ပြီး တစ်နာရီ အနည်းဆုံး လေတိုက်နှုန်း ၁၆၇ မိုင်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသီ Sonia Leonard က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "“ကုန်တွင်းပိုင်းကို ဝင်တဲ့အချိန်မှာ မိုခါမုန်တိုင်းပြင်းအားအဆင့် ၅ အဆင့်မှာပဲရှိနေတယ်။ ရခိုင်ဒေသမှ ပြည်သူများ အနီးဆုံးခိုလှုံရာများသို့ ယခု ချက်ချင်းသွားရောက်ရန် လိုအပ်ပါတယ်။ လေတိုက်နှုန်းက တနာရီမိုင် ၁၆၇ မှ ၁၈၆ မိုင်အထိ နောက်နှစ်နာရီအတွင်း တိုက်ခိုက်နိုင်ပါတယ်” ဟု မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသီ Sonia Leonard က ပြောဆိုသည်။", "လက်ရှိ စစ်တွေမြို့ဝန်းကျင်တွင် ကြုံတွေ့နေသည့် မိုးသက်လေပြင်းကို နောက် ထပ် ၁ နာရီမှ ၂ နာရီခန့်အထိ ကြုံတွေ့နေရဦးမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း မုန်းတိုင်းက ရွေ့လျားသွားမည်ဟု ၎င်းက ပြောဆိုသည်။", "ဓာတ်ပုံ- ယနေ့ စစ်တွေမြို့ ဆက်သွယ်ရေးတာဝါတိုင် မကျိုးမီနှင့် ကျိုးကျပြီး မြင်ကွင်း။"]
https://yktnews.com/2025/03/207119/
လာမည့်ကာလများတွင် အချင်းချင်းအကြား စုစည်းညီညွတ်မှု အရေးကြီးဟု AA နှင့် TNLA က MNDAA ၏ ၃၆ နှစ်မြောက်သဝဏ်လွှာတွင် ထုတ်ပြန်ကြေညာ
["လာမည့်ကာလများတွင် အချင်းချင်းအကြား စုစည်းညီညွတ်မှု အရေးကြီးဟု AA နှင့် TNLA က MNDAA ၏ ၃၆ နှစ်မြောက်သဝဏ်လွှာတွင် ထုတ်ပြန်ကြေညာ", "ရန်ကုန်၊ မတ် ၁၁", "လာမည့်ကာလများတွင် အချင်းချင်းအကြား စုစည်းညီညွတ်မှု အရေးကြီးကြောင်း မြောက်ပိုင်းညီနောင်မဟာ မိတ် ၃ ဖွဲ့မှ AA နှင့် TNLA တို့က ကိုးကန့် MNDAA၏ ၃၆ နှစ်မြောက်အဖြစ် အထိမ်းအမှတ်သ၀ဏ်လွှာတွင် ထုတ်ပြန်ကြေညာလိုက်သည်။", "မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့မှ အဖွဲ့ဝင် ဖြစ်သော MNDAA ၏ ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကျရောက်သော ၃၆ နှစ် မြောက် တပ် တည်ထောင်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် AA နှင့် TNLA က ထိုသို့ ကြေညာခြင်း ဖြစ်သည်။", "“လာမည့်ကာလများ၌လည်း မိမိတို့အချင်းချင်းအကြား စုစည်းညီညွတ်မှုသည် ပို၍ အရေးကြီး လာမည်ဖြစ်သည့်အားလျော်စွာ မိမိတို့ လက်ရှိရရှိထားသော အောင်မြင်မှု၏ အသီးအပွင့်များ တာရှည်ခံပြီး ပိုမို ဖွံ့ဖြိုးလာစေရန် အစမ်းသပ်ခံကာလများလည်းဖြစ်သည်ဟု ရှုမြင်သုံးသပ်သည်” ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။", "ထို့ကြောင့် ညီနောင် မဟာမိတ် ၃ ဖွဲ့ အကြား စည်လုံးညီညွတ်မှု၊ နားလည်မှုကို ယခုထက်ပို၍ ခိုင်မာသည်ထက်ခိုင်မာအောင် ဆက်လက် လုပ်ဆောင်သွားကြမည်ဟု TNLA နှင့် AA က ပြောသည်။", "ကိုးကန့်တပ်မတော် MNDAA ကို စတင်ဖွဲ့စည်းသည့် ၃၆ နှစ်မြောက်ကာလမှစတင်၍ လာမည့်ကာလများသည် ကိုးကန့်ဒေသပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ် ရဦးမည်ဟု ဆိုသည်။", "ကိုးကန့်အဖွဲ့အစည်း၏ ဖြတ်သန်းမှုသမိုင်းအပေါ် အခြေခံ၍ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားပြီး တစ်ခေတ်တစ်ခါတုန်းက ကိုးကန့်အခြေအနေသို့ ပြန်လည်ရောက်ရှိလာနိုင်မည်ကိုလည်း အပြည့်အဝ ယုံကြည်ကြောင်းလည်း ပြောသည်။", "တစ်ပြိုင်နက်တည်းတွင် လာလတ္တံ့သော ကာလများ၌ ရင်ဆိုင်ကြုံတွေ့ရမည့် အခက်အခဲများရှိလာပါကလည်း ယခင်နည်းတူ ညီနောင်မဟာမိတ်ပီသစွာဖြင့် စုစည်းကျော်ဖြတ်သွားကြရန် အမြဲအသင့်ရှိကြောင်း TNLA နှင့် AA တို့က ကတိပေးထားသည်။", "တော်လှန်ရေးအဖွဲ့အစည်းများ အတွက်လည်း အတုယူစရာ နမူနာကောင်းများကို လမ်းညွှန်ပြသထားခဲ့ပြီး လက်ရှိ ကိုးကန့် အဖွဲ့အစည်းကို ခေါင်းဆောင်နေကြသော ခေါင်းဆောင်ကြီးများ၏ ဦးဆောင်မှုအောက်တွင် ကိုးကန့်အဖွဲ့အစည်းမှ လိုလားသော ကိုးကန့်ရွှေရောင်နေ့ရက်များကို ပြန်လည်ရောက်ရှိလာပါစေကြောင်း ညီရင်းအစ်ကိုစိတ်အပြည့်ဖြင့် ဆုမွန်ကောင်း တောင်းပေးသည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/12/134202/
လာရာ တူခဲ့ကြသော်လည်း လားရာ မတူခဲ့ကြသူများက ပေးသော သင်ခန်းစာ
["လာရာ တူခဲ့ကြသော်လည်း လားရာ မတူခဲ့ကြသူများက ပေးသော သင်ခန်းစာ", "ခလရ ၁၂၅ မှ အလံဖြူထောင်၍ အသက်ချမ်းသာရလွတ်မြောက်သူများ နှင့် လက်နက်မစွန့်ဘဲ ထွက်ပြေး၍ အစုလိုက်အပြုံလိုက် သေပွဲဝင်ခဲ့ကြရသော စစ်သားများ", "By ရန်ကုန်ခေတ်သစ်", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ဒေသ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်းတွေ စစ်သားရာနဲ့ချီပြီး အလံဖြူထောင် လက်နက်ချ အလင်းဝင်တာ ပြည်သူအားလုံး သိရှိကြပြီးဖြစ်ပါတယ်။", "နိုဝင်ဘာလ ၁၂ ရက်နေ့မှာ လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးစီးတဲ့ အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသား စု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး တပ်ရင်းအလိုက် MNDAA ထံမှာ အလံဖြူထောင် အလင်းဝင်ပါတယ်။", "နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ ၁၂၅ က တပ်ရင်းမှူးနဲ့တကွ စစ်သည်၊ အရာရှိ ၂၇၂ ဦး လက်နက်ချ အလံဖြူထောင်ပါတယ်။ ဒါပေမယ့်လည်း ခလရ ၁၂၅ မှာ အားလုံး လက်နက်ချတာမဟုတ်ဘဲ စစ်သား ၁၀၀ ကျော်က အမှတ် ၁၆ စကခမှူး ရဲ့ ခေါ်ဆောင်မှုနဲ့ လက်နက်မချ အညံ့မခံဘဲ ထွက်ပြေးသွားကြပါတယ်။", "နိုဝင်ဘာလ ၂၈ ရက်နေ့မှာပဲ ညနေပိုင်းမှာပဲ ခလရ ၁၂၅ က အလံဖြူထောင် လက်နက်ချ အညံ့ခံသူတွေကို MNDAA က သေချာစွာ ဘေးကင်းအောင်စောင့်ရှောက်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်သလို ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသပေးပါတယ်။ MNDAA ရဲ့ စီစဉ်မှုအောက်မှာ စစ်သည်တွေ၊ အရာရှိတွေနဲ့ ကလေးတွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ဘေးကင်းအေးချမ်းစွာ ရွှေ့ပြောင်းခွင့်ရကြတာ၊ အသက်ချမ်းသာရကြတာကိုလည်း မြင်တွေ့ရပါတယ်။", "ခလရ ၁၂၅ မှ အလံဖြူထောင် လက်နက်ချသူတွေမှာ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) ၊ ခလရ ၁၂၅ မှ တပ်ဖွဲ့ဝင် ၉၃ ဦး ၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ဦး အသက်ချမ်းသာ ရခဲ့ကြပါတယ်။", "လက်နက်ချအညံ့မခံဘဲ ထွက်ပြေးကြသူတွေရဲ့ အခြေအနေကို ကြည့်ရအောင်ပါ။ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ခလရ ၁၂၅ မှ ၁၆ စကခမှူးရဲ့ ခေါ်ဆောင်မှုနဲ့ ထွက်ပြေးကြတဲ့ စစ်သား ၁၀၀ ကျော်က နိုဝင်ဘာလ ၂၈ ရက်နေ့၊ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ တောထဲမှာ တလည် လည်နဲ့ပဲ လာကယ်မယ့်သူမရှိ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာ နှင့် စူကြာ ကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းနေခဲ့ကြပါတယ်။", "နိုဝင်ဘာလ ၃၀ ရက်နေ့မှာတော့ လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးသွားကြတဲ့ စစ်သား ၁၀၀ ကျော်ကို MNDAA တပ်တွေက တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းတာမို့ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ထွက် ပြေး ကြတဲ့ စစ်သား ၁၀၀ ကျော်ထဲမှာ ဘယ်သူမှ အသက်မရှင်တော့ဘဲ လမ်းဘေးမှာ ခွေးသေ ဝက်သေ သေကြရပါတယ်။", "ဒီဖြစ်စဉ် နှစ်ခုကို ကြည့်ရင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးသူတွေဟာ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေက သူတို့ကို လာကယ်မှာပဲ ဆိုတဲ့ အကြမ်း ဖက်စစ်ခေါင်း ဆောင်တွေအပေါ် ယုံကြည်မှု လွန်ကဲခဲ့ကြပါတယ်။ လက်တွေ့မှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင်က သူတို့ လာမကယ်နိုင်တဲ့အပြင် သူတို့ဘ၀တွေဟာ တောထဲ လမ်းတွေပေါ်မှာ ခွေးသေ ဝက်သေ ပစ်ခတ်နှိမ်နင်းခံလိုက်ရပါတယ်။", "မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်အောက်ငယ်သားအပေါ်ညှာတာ ကယ် ဆယ်ခြင်းမရှိဘဲ လက်လွတ်စပယ် စွန့်ပစ်ခဲ့တယ်ဆိုတာ ခလရ ၁၂၅ မှ ထွက် ပြေးကြရင်း သေဆုံးသွားကြတဲ့ စစ်သား ၁၀၀ ကျော်က သက်သေပြနေပါတယ်။", "MNDAA ထံ လက်နက်ချ အလံဖြူထောင်ခဲ့ကြတဲ့ ခလရ ၁၂၅ မှ အင်အား ၂၇၂ ဦးကတော့ အခုအချိန်အထိ အသက်ရှင်ခွင့်ရကြပြီး အေးဆေးစွာနဲ့ပဲ ဘ၀ကို ဆက်လက် ဖြတ်သန်းနေကြပါတယ်။ အာဏာရူး မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအောက်မှာလည်း ဆက်လက် တာဝန်ထမ်းဆောင် စရာမလိုတော့ဘဲ လွတ်လပ်တဲ့ လူ့ဘ၀ အရသာကို သူတို့ ခံစားခွင့်ရရှိနေကြပြီဖြစ်ပါတယ်။", "လက်ရှိ စစ်တပ်ထဲမှာ ရှိနေကြတဲ့ အကြမ်းဖက်စစ်သားတွေအနေနဲ့ ခလရ ၁၂၅ မှ အလင်းဝင်သူနဲ့ အလင်းမဝင်သူတွေနဲ့ ဖြစ်ရပ်တွေကို နှိုင်းယှဉ်ပြီး သင်ခန်းစာယူကြဖို့လိုပါတယ်။", "ပြည်သူမထောက်ခံတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေအတွက် အသေခံမလား၊ ပြည်သူလူထုကလည်းကြည်ဖြူ၊ စစ်သားဘ၀ဆိုးကလည်း လွတ် မြောက်နိုင်တဲ့ အလံဖြူထောင် အလင်းဝင်မလား ဆိုတဲ့ လမ်းနှစ်သွယ်မှ‌ြ ကြိုက်ရာလမ်းကို ဆုံးဖြတ်ရွေးချယ်ရတော့မယ် အချိန်ဖြစ်ပါတယ်။", "ရှေ့မှာတော့ ခလရ ၁၂၅ မှ သေဆုံးသွားကြသူတွေနဲ့ အသက်ဘေးချမ်းသာရ လွတ်မြောက်သွားကြသူတွေရဲ့ မတူညီတဲ့ ဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ် ချိန်ဆ ဆုံး ဖြတ်သင့်တဲ့အချိန်လည်းဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုက ကိုယ့်ဘ၀နဲ့ ကိုယ့်ကို မှီခိုနေတဲ့ မိသားစု တစ်ခုလုံးရဲ့ ဘ၀ဆိုတာကို စစ်သားတိုင်းနားလည်ကြပြီး အမြင်မှန်ရဖို့လည်း လိုအပ်ပါတယ်။", "ဒီအချိန်မှာ အလံဖြူထောင် အလင်းမဝင်ရင်တော့ အကြမ်းဖက်စစ်တပ် လက် အောက်ခံ စစ်သားတွေအားလုံးဆီကို မရဏ သေမင်းက မလွဲမသေ အနှေးနဲ့ အမြန် ရောက်ရှိလာပြီး အသေဆိုးနဲ့ ဘ၀ နိဂုံးချုပ်ရမှာက အသေအချာဖြစ်ပါတယ်။", "ဓာတ်ပုံ- ခလရ ၁၂၅ မှ အလံဖြူထောင် အလင်းဝင်၍ အသက်ချမ်းသာရသူများနှင့် အညံ့မခံဘဲ ထွက်ပြေး၍ သေဆုံးနေကြရသော စစ်သားများ။"]
https://yktnews.com/2024/08/177236/
လာရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်မှု ရရှိမှုတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်းဖမ်းဆီးရရှိ
["လာရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်မှု ရရှိမှုတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်းဖမ်းဆီးရရှိ", "ရန်ကုန်၊ ဩဂုတ် ၄", "လားရှိုးမြို့ MNDAA နှင့် ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ် ၂ ဦးနှင့် ဗိုလ်ချုပ် ၁ ဦး အရှင်ဖမ်း မိခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အရှင်ဖမ်းမိသူများမှာ ဗိုလ်ချုပ် စိုးတင့်၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး တို့ ဖြစ်ကြကြောင်း သိရှိရသည်။", "“ဒါ နောက်ဆက်တွဲဖြစ်စဉ်အသစ်ပါ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့် သည် အလုပ် သင်ဗိုလ် တေဇ ၁၆ ကျောင်းဆင်းဖြစ်ကြောင်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူး ချုပ် သန့်ထင်စိုးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးမှာ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဖြစ်ပြီး အလုပ်သင်ဗိုလ် တေဇ ၂၆ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နှင့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို အခမ်းအနားပွဲတစ်ခုတွင် တွေ့ရစဉ်။"]
https://yktnews.com/2024/07/175147/
လားရှိုး ခလရ ၆၈ ကို မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက် ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["လားရှိုး ခလရ ၆၈ ကို မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက် ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ ကို မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ညီနောင်မဟာမိတ်တပ်၏ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လားရှိုး-မိုင်းယော်လမ်းလမ်းမပေါ် လားရှိုးမြို့အထွက်ရှိ စစ်ကောင်စီ ၏ခလရ ၆၈ တပ်စခန်းကို MNDAA ဦးဆောင်သောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်းများရရှိထားပြီး အသေးစိတ်ကို မကြာမီ သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။", "ခလရ ၆၈ တပ်မှ သေဆုံးနေသော စစ်ကောင်စီတပ်များ၏ အလောင်းများကို မြောက်ပိုင်းမဟာမိတ်တပ်များမှ ရဲဘော်တချို့က ရိုက်ကူးထားသော ဗီဒီယိုကို စစ်တပ်လော်ဘီများက MNDAA တပ်သားများ သေဆုံးနေသယောင်ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြကြောင်း၊ အမှန်တကယ်မှာ ခလရ ၆၈ တပ်မှ စစ်သားများနှင့် ပြည်သူ့စစ်များ အတုန်းအရုန်းသေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "(ဓာတ်ပုံအကြည်များနှင့် ဗီဒီယိုများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2024/07/176085/
လားရှိုး ခလရ ၆၈ နှင့် ဆင်တောင် စစ်တပ်စခန်း ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["လားရှိုး ခလရ ၆၈ နှင့် ဆင်တောင် စစ်တပ်စခန်း ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ခလရ ၆၈ နှင့် ဆင်တောင်ထိပ်ရှိ စစ်တပ်စ ခန်း ကို MNDAA က သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်အချိန် MNDAAက ခလရ ၆၈ ခြေ မြန်တပ်ရင်းအတွင်းရှိ စခန်းအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ယာဉ် ၁၀ စီး အပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် လားရှိုးမြို့ ဆင်တောင်ထိပ်တွင် တည်ရှိသော စစ်ကောင်စီတပ်၏ အသံလွှင့်ကုန်းမြင့်စခန်းကို MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97270/
လားရှိုး ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ဗုံး ပေါက် ကွဲမှု လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
["လားရှိုး ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ဗုံး ပေါက် ကွဲမှု လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၃", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဘုရားဝင်းအနီး မဏ္ဍပ်တွင် ယနေ့ နံနက်ပိုင်း ဗုံး ၃ လုံးပေါက်ကွဲပြီး လူ ၆ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရရှိကြောင်း လားရှိုးရဲတပ်ဖွဲ့က ပြောသည်။", "ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရန်တိုင်း အောင် ဘုရား ဝင်းအနီးရှိ မုခ်ဦး မဏ္ဍပ်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး မီးလောင် ကျွမ်း သွားကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။", "“စုစုပေါင်း သေဆုံးက ၆ ဦးပါ။ ဒဏ်ရာရရှိ ၈ ဦးမှာ ၂ ဦးက ဒဏ်ရာပြင်း ထန်ပါတယ်။ ကျန်တဲ့သူတွေက မစိုးရိမ်ရ ဒဏ်ရာရရှိပါတယ်။ အခင်းဖြစ်စဉ်နဲ့ ပတ် သက်ပြီး အသေစိတ် စုံစမ်းနေတုန်းပါပဲ။ ကားထဲမှာ ဗုံးထောင်ထား တယ် လို့ ယူဆရပါတယ်။ တိတိကျကျတော့ မသိရသေးပါဘူး” ဟု လားရှိုးရဲသတင်း ရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/08/178573/
လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန်
["လားရှိုး ရမခတိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်သွေးသစ်လောင်းပြန်", "ရန်ကုန်၊ ဩဂုတ် ၁၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးသွားပြီဖြစ်သော်လည်း မင်းအောင်လှိုင်က တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ပြီး ရှမ်းမြောက်အတွက် စစ်အရာရှိကြီးအသစ်များ ထပ်မံခန့်အပ်လိုက်ကြောင်းစစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်တွင်း လူရွေးပွဲများ ဆက်လက်လုပ်ဆောင်နေပြီး ယခင် လူဟောင်းများ နေရာတွင် လူသစ်များကို အစားထိုး ခန့်အပ်နေကြောင်း ၊ လတ်တလောတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအသစ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီသည် ဩဂုတ်လ ၃ ရက်နေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။", "ထို့ပြင် စစ်ဦးစီးတက္ကသိုလ်ရှိ ဗိုလ်မှူးကြီး ဟိန်းထက်နောင်ကို အမှတ် ၁ စစ် ဆင် ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ) ၏ စကခ မှူးအဖြစ် လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး ဇော်မင်းထက် ကို တမခ ၁၀၁ တပ်မမှူး အဖြစ် လည်းကောင်း ၊ စစ်ဦးစီးတက္ကသိုလ်မှ ဗိုလ်မှူးကြီး လင်းနိုင်စိုးကို အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်၏ ဒုတိုင်းမှူးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်း သိရှိရသည်။", "အလားတူ ဗိုလ်မှူးကြီး ကျော်မျိုးထိုက် ကို အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှူ ဌာနချုပ် (ရေး) စကခမှူး အဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီး ကျော်စွာဝင်းကို မိုင်းပန် အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကစမှူးအဖြစ်လည်း ကောင်း၊ ဗိုလ်မှူးကြီး ကျော်ထက်ကို တောင်ကုတ် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခမှူး၊ ဗိုလ်မှူးကြီး သန်းစိုးကို အင်းတိုင် တပ်မ ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး အဖြစ် အသစ်ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“တပ်တွင်း အပြောင်းအရွေ့လုပ်တာပေါ့နော်။ အခုဆိုရင် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ တောင်မှပဲ ဗိုလ်မှူးချုပ်တွေ ပေးနေပြီ။ အငယ်တွေနဲ့ အကြီးတွေကို အစားထိုးပြီးတော့ မျိုးဆက်သစ် တစ်ရပ် အစားထိုးတယ်လို့ ထင်တယ်။ ။ အာဏာမသိမ်းခင်က DSA ၄၄ တွေက ဒုတိယဗိုလ်မှူးကြီး အဆင့် တပ်ရင်းမှူးတွေလောက်ပဲ ရှိသေးတယ်။ အခု အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဗိုလ်မှူးချုပ်ဖြစ်သွားပြီဆိုတော့ လုံးဝ သူ generation တစ်ဆက် ဟလိုက်တဲ့ သဘောပဲ လို့ ပြောလို့ရတယ်” CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အကြမ်းဖက် မင်းအောင်လှိုင်က လူဟောင်းများကို အနားပေးကာ လူသစ်များနှင့် အစားထိုးနေခြင်းဖြစ်ရာ လက်ရှိ ခန့်အပ်လိုက်သူများသည် စစ်ကောင်ကောင်းတိုက်နိုင်သည့် အနေအထား မရှိကြောင်း၊ အပတ်စဉ် ၄၀ ကျော်သည့် အဖွဲ့များသည် ထင်ရာလုပ်သည့် အဖွဲ့များ ဖြစ်သည့်အတွက် ပို၍ ပေါက်ကရလုပ်မည့် အနေအထားမျိုး မြင်နေရကြောင်း၊ အနားပေးခံရသည့် လူဟောင်းများတွင် အလယ်ပိုင်းတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ် အောင်လွင်သည် လုံးဝရာထူး ပြုတ်ကာ စစ်ခုံရုံးတက်နေရ ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် ၏ သတင်းမှာလည်း သတင်း အစအန ပျောက်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178521/
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ ဖမ်းဆီးရမိသော ပြင်းထန် ဒဏ်ရာရရှိထားသည့် စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစု ဝင် ၃၃၁ ဦးကို MNDAA က ၅ ကြိမ်မြောက် ပြန်လွှတ်ပေး
["လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှ ဖမ်းဆီးရမိသော ပြင်းထန် ဒဏ်ရာရရှိထားသည့် စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစု ဝင် ၃၃၁ ဦးကို MNDAA က ၅ ကြိမ်မြောက် ပြန်လွှတ်ပေး", "ရန်ကုန်၊ ဩဂုတ် ၁၂", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော ပြင်းထန် ဒဏ်ရာရရှိထားသည့် စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် မိသားစုဝင် ၃၃၁ ဦးကို MNDAA နှင့် PDF ပူးပေါင်းတပ်က ၅ ကြိမ်မြောက်အဖြစ် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၁ ရက်နေ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရမိသော MNDAA နှင့် PDF ပူးပေါင်းတပ်က စစ်သုံ့ပန်း မိသားစုဝင်များနှင့်အတူ ပြင်းထန် ဒဏ်ရာရထားသော စစ်သုံ့ပန်း ၄၅ ဦး အပါအဝင် စုစုပေါင်း ၃၃၁ ဦးကို SSPP နှင့် ပူးပေါင်း ချိတ်ဆက်ပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။", "“ကျွန်တော်တို့ PDF ပူးပေါင်းတပ်နဲ့ ကိုးကန့်တပ် MNDAA တို့က စစ်ကောင်စီရဲ့ လားရှိုး ရမခ ကို သိမ်းပိုက် တိုက်ခိုက်စဉ်က ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း မိသားစုတွေကို အသုတ်လိုက် နေ့စဉ် လွှတ်ပေးလျှက်ရှိပါတယ်။ ဩဂုတ်လ ၁၁ ရက်နေ့မှာ စစ် သုံ့ ပန်း မိသားစုဝင်တွေနဲ့အတူ ဒဏ်ရာရ စစ်သုံ့ပန်း ၄၅ ဦးကို ဒဏ်ရာကုသပေးပြီး SSPP နဲ့ ပူးပေါင်း ချိတ်ဆက်ပြီး စစ်ကောင်စီထံ လွှဲပြောင်းပိုဆောင်လိုက်ပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "MNDAA တပ်ဖွဲ့ကလားရှိုးတွင် ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း မိသားစုအရေ အတွက် ၂၀၀၀ ကျော်ရှိနေပြီး ၁၈၀၇ ဦး လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ စစ်သုံ့ပန်း မိသားစုများကို ဩဂုတ်လ ၆ ရက်နေ့မှစတင်လွှတ်ပေးခဲ့ပြီး ပထမဆုံးအကြိမ် ဩဂုတ်လ ၆ ရက်နေ့တွင် ၃၈၅ ဦး၊ ဒုတိယအကြိမ် ဩဂုတ်လ ၇ ရက်နေ့တွင် ၄၄၅ဦး၊ တတိယအကြိမ် ဩဂုတ်လ ၈ ရက်နေ့တွင် ၃၀၈ ဦး၊ ၄ ကြိမ် မြောက် ဩဂုတ်လ ၉ ရက်နေ့တွင် ၃၃၈ ဦး၊ ၅ ကြိမ်မြောက် ဩဂုတ် ၁၁ ရက်နေ့တွင် ၃၃၁ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138114/
လားရှိုး-နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ကျိုးကျ
["လားရှိုး-နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ကျိုးကျ", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူ လမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် လားရှိုး-နမ္မတူလမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရပြီး ကျိုးကျပျက်စီးသွားကြောင်း၊ လက်ရှိတွင် ကားနှင့် ဆိုင်ကယ်များ ဖြတ်သန်း၍ မရကြောင်း ၊ တံတားမှာ ထက်ပိုင်းကျိုးကျသွားကြောင်း သိရှိရသည်။", "“တံတားကတော့ ထက်ပိုင်းကျိုးကျသွားတယ်။ ကားရော ဆိုင်ကယ်ရော သွားလို့မရတော့ဘူး။ မိုင်းခွဲခံရတာ။ မနက်အစောမှာ မိုင်းခွဲသံ အကျယ်ကြီး ကြားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ကျိုးကျပျက်စီးသွားသော အီနိုင်းတံတား။", "Photo – နေမျိုး"]
https://yktnews.com/2024/01/139510/
လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား မိုင်းဆွဲခံရပြီး ပြိုကျ ၊ စစ်တပ်က မိုင်းခွဲဖျက်ဆီးဟု ဒေသပြည်သူများပြော
["လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား မိုင်းဆွဲခံရပြီး ပြိုကျ ၊ စစ်တပ်က မိုင်းခွဲဖျက်ဆီးဟု ဒေသပြည်သူများပြော", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား မိုင်းဆွဲခံရ ပြီး ပြိုကျသွားကာ ယင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးဟု ဒေသပြည်သူ တချို့က ပြောဆိုကြသည်။", "ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်း ယင်းတံတား မိုင်းဆွဲခံရ၍ ကျိုးကျသွားခြင်းဖြစ် ပြီး အဓိကအားဖြင့် ယင်းလမ်းကို စစ်ဘေးရှောင်များက အသုံးပြုကြကြောင်း သိရှိရသည်။", "“ဒီလမ်းက စစ်ဘေးရှောင်တွေ ပြေးတဲ့နေရာမှာ သုံးကြတယ်။ လားရှိုးကို အဓိကပေါက်တယ်။ အခုကြားတာက လားရှိုးကို ကိုးကန့်နဲ့ တအာင်း တပ်တွေ တက်လာမှာစိုးလို့ ချိုးတယ်လို့ ပြောကြတယ်။ အဲဒီနားမှာ စစ်ကြောင်းဖြတ် တာတွေ ကင်းပုန်းဝပ်တာ လှည့်တာတွေ ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လတ်တလော လားရှိုးမြို့ကို တိုင်းရင်းသားတပ်များနှင့် တော်လှန်ရေးတပ်များ က တိုက်ခိုက်မည်ဆိုသော သတင်းများထွက်ပေါ်နေပြီး လားရှိုးမြို့မှ ပြည်သူ တချို့ မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2024/08/180501/
လားရှိုးကဲ့သို့ မြို့ပြတိုက်ပွဲများဖြစ်ပွားလာလျှင် အသက် ၃၅ နှစ် အထက် သက် ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား
["လားရှိုးကဲ့သို့ မြို့ပြတိုက်ပွဲများဖြစ်ပွားလာလျှင် အသက် ၃၅ နှစ် အထက် သက် ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား", "ရန်ကုန်၊ ဩဂုတ် ၂၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကဲ့သို့ မြို့ပြုတိုက်ပွဲများ ဖြစ်ပွားလာပါက အသက် ၃၅ နှစ်အထက် သက်ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံ ခြုံ ရေးအဖွဲ့များသည် အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း နေပြည်တော်၊ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်သော အဖွဲ့ဝင် ၁၄ ဦးပါ ပြည်သူ့လုံခြုံ ရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကွဲမှု အဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းလျက်ရှိကြောင်း၊ ဖွဲ့စည်းလိုက်သော ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များသည် အခြေခံအကျဆုံးသော လက်နက်တပ်ဆင်မည့် ခုခံစစ်တပ်များဖြစ်ပြီး လားရှိုးကဲ့သို့ မြို့ ပြ တိုက်ပွဲများဖြစ်ပွားလာလျှင် စစ်တပ်နှင့်အတူ လက်တွဲ၍ တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များက တပ်စခန်းများကို ကာကွယ်နေချိန်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့များက မြို့ပြ၊ ရပ်ကွက်နှင့်ကျေးရွာများကို ကာကွယ်ရမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် PDF များ စိမ့်ဝင်မှုကို ပြည်သူ့လုံခြုံရေးအဖွဲ့များက တားဆီးရှာဖွေ ဖမ်းဆီးရမည်ဟု ညွှန်ကြားချက်များရှိနေကြောင်း သိရှိရသည်။", "“ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုရဲ့ အကြောင်း ရှင်းပြခိုင်းတာတွေ ရှိနေတယ်။ ဘာကြောင့် ဒီအဖွဲ့က အရေးကြီးလဲဆိုတာက အချက်အလက်တွေနဲ့ ရှင်းပြခိုင်းတာတွေရှိပါတယ်။ အဓိက ဒီအဖွဲ့က ပူးပေါင်းအဖွဲ့ဖြစ်တယ်။ လူထုကို အခြေပြုထားတဲ့ နောက်ဆုံး ခုခံစစ်လိုင်းဖြစ်တယ်။ ဒီအဖွဲ့မှာ အားလုံးက တက်တက်ကြွကြွ ပါဝင်ရမယ်။ လားရှိုးလို မြို့ပြ တိုက်ပွဲတွေဖြစ်လာရင် ကိုယ့်မြို့ ကိုယ့်ရပ်ရွာထဲကို တစ်ဖက် လက် နက်ကိုင်တွေ ဝင်မလာစေဖို့ နောက်ဆုံးအချိန်အထိ ခုခံစစ်ဆင်နွှဲရမယ်။ ကိုယ့်မြို့ ကိုယ့်ရွာ မပျက်အောင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကပဲ ကာကွယ်နိုင်မယ်ဆိုတာတွေကို ရှင်းပြဖို့ ထွေ/အုပ်ဘက်ကနေ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ညွှန်ကြားထားတာရှိတယ်” ဟု နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။", "ထို့ပြင် လက်ရှိ ပြည်ထဲရေးက စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းခြင်းမရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီအမာခံများ၊ စစ်တပ်ထောက်ခံသူများနှင့် အစားထိုးလျက်ရှိကြောင်း၊ ယခု ပြည်သူ့လုံခြုံရေးအဖွဲ့များသည် လက် နက် တပ်ဆင်မည်ဖြစ်သည့် အ တွက် စစ်တပ်က အမှန်တကယ် အလုပ်လုပ်မည်ဟု ယုံကြည်စိတ်ချရသူများဖြင့်သာ လဲလှယ်အစားထိုးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“အရင် NLD ခေတ်ကတည်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဆိုရင် လဲဖို့ ။ ဖရဲသီးလို့ မသင်္ကာသူတွေ၊ သံသယရှိသူတွေကို ဖြုတ်ပြီး အစားထိုးတာတွေလည်းရှိတယ်။ ဒီပြည်သူ့လုံခြုံရေးတပ်တွေက လက်နက်တပ်ဆင်မှာဖြစ်လို့ တပ်အတွက် အမှန်တကယ်ယုံကြည်စိတ်ချရသူတွေကိုပဲ ရွေးချယ်ခန့်အပ်ဖို့တွေလည်း ညွှန်ကြားမှုရှိတယ်” ဟု နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။", "တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်နှင့် ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ၂ လ အတွင်း အပြီး ဖွဲ့စည်းပြီး လက်နက်ပစ်ခတ်မှု သင်တန်းများကိုလည်း စစ်ကောင်စီက အမြန်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တိုင်းတွင် ပြည်သူ့စစ်သင်တန်းကို လာရောက်စစ်ဆေးနေသည့် အကြမ်းဖက် စစ်တိုင်းမှူး။"]
https://yktnews.com/2024/10/186482/
လားရှိုးကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ ကြိမ်ကျဲပြန်၊ စစ်တပ်က လူထုကို သတ်ဖြတ်နေသည့်အပြင် သမိုင်းဝင်နေရာ၊ အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်ကို ချိုးနှိမ်စော်ကားနေဟု MNDAA ပြော
["လားရှိုးကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ ကြိမ်ကျဲပြန်၊ စစ်တပ်က လူထုကို သတ်ဖြတ်နေသည့်အပြင် သမိုင်းဝင်နေရာ၊ အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်ကို ချိုးနှိမ်စော်ကားနေဟု MNDAA ပြော", "ရန်ကုန်၊ အောက်တိုဘာ ၅", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ် ကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃ ကြိမ်ကျဲချကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် လားရှိုးမြို့ရှိ ကွန်ပျူတာက္ကသိုလ်ကို စစ်ကောင်စီ၏ လေ ယာဉ်များက ဗုံး ၃ ကြိမ်ကျဲချသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဗုံးကျဲမှုတွင် လတ်တလော သိရှိထားသော သတင်းများအရ လူူထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ အဆောက်အုအံများ ပျက်စီးမှုရှိကြောင်း သိရှိရသည်။", "“လူတော့ မထိခိုက်ဘူး။ ကွန်ပျူတာတက္ကသိုလ်ကို ဗုံးကျဲသွားတာ။ နည်းနည်းဝေးလို့ ဓာတ်ပုံတော့ သွားမရိုက်ရသေးဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီက လားရှိုးမြို့ရှိ သမိုင်းဝင် ကွမ်ရင် တရုတ်ဘာသာရေးဘုံကျောင်းကို ဗုံးကျဲချခဲ့ရာ ယင်းဗုံးကျဲမှုသည် လူထုသတ်ဖြတ်ခြင်း အပြင် သမိုင်းဝင်နေရာများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက အမျိုးသားယဉ်ကျေးမှုကို နင်းချေခြင်းဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်များကို ချိုးနှိမ်စော်ကားကာ ကျူးလွန်ခြင်းဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။", "ယခုနှစ် ဇူလိုင်လမှ စတင်၍ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့ အပါအဝင် စစ်ကင်းလွတ်ရာ အထူးဒေသ ၁ နယ်မြေများတွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများသည် လူနေရပ်ကွက်များကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းများ၊ လမ်းများနှင့် အခြားအများပြည်သူပိုင်နေရာများအပြင် ကိုယ်ပိုင်အိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း MNDAA က ပြောသည်။"]
https://yktnews.com/2024/07/172273/
လားရှိုးစစ်ရှောင် ပြည်သူတွေအပေါ် ဖောင်ဂိတ်က အမြတ်ထုတ်နေ
["လားရှိုးစစ်ရှောင် ပြည်သူတွေအပေါ် ဖောင်ဂိတ်က အမြတ်ထုတ်နေ", "လားရှိုးစစ်ရှောင် ပြည်သူများ တောင်ကြီးသို့ သွားရာလမ်း စဉ့်အင် ဖောင်ဂိတ်တွင် VIP pass ကျပ်ငွေ ငါးသိန်းပေးလျှင် တန်းစီနေသူများ အလှည့်ကို ကျော်ကာ ဖောင်ကူးခွင့် ပေးနေကြောင်း ပြည်သူတစိဦးက ပြောပါတယ်", "ပုံမှန်ဖောင်ကူးဖို့ ကားတစ်စီး ၅ သောင်းမှ တစ်သိန်းကြား ပေးရပြီး စစ်ရှောင် ပြည်သူများ အနေဖြင့် ဖောင်ကူးခွင့်ရဖို့ နှစ်ည အိမ် သုံးညအိပ် စောင့်ဆိုင်း ရကြောင်း", "ဖောင်သမားက VIP pass ဟု ခေါ်ကာ ငါးသိန်းပေးလျှင် တန်းမစီရန်မလိုပဲ တင်ပေးနေပြီး", "VIP မရှိမှသာ ကျန်ကားတွေကို ကူးပေးသောကြောင့် ပုံမှန် တန်းစီပြည်သူများမှ အချိန်ပိုမို ကြံ့ကြာပြီး အခက် ခဲ တွေ့လျှက် ရှိကြောင်း စုံစမ်း သိရှိရသည်"]
https://yktnews.com/2024/08/178709/
မန္တလေးတွင် စစ်တပ်နှင့် ပျူစောထီးများက MNDAA ဆန့်ကျင်ရေးစာများနှင့် စစ်ကောင်စီ၏ အလံများ ဖြန့်ဝေပြီး ဓာတ်တိုင်များတွင် လိုက်ကပ်
["လားရှိုးတွင် MNDAA အလံ လွှင့်ထူမှုကို တန်ပြန်ဆောင်ရွက်ဟုဆို", "ရန်ကုန်၊ ဩဂုတ် ၁၃", "မန္တလေးမြို့ပေါ် တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက MNDAA ဆန့်ကျင်ရေးစာများနှင့် စစ်ကောင်စီ၏ အလံများ ဖြန့်ဝေပြီး ဓာတ်တိုင်များတွင် လိုက်လံကပ်နေကြောင်း မန္တလေးမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်ပြီး မဟာအောင်မြေမြို့နယ်၊ ရေနီမြောင်းစျေး တစ်၀ိုက် အပါအဝင် မန္တလေးမြို့ပေါ် နေရာအနှံ့အပြားတွင် ကိုးကန့် MNDAA ဆန့်ကျင်စာများကို လိုက်လံကပ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီ၏ ဝါစိမ်းနီအလံများကိုလည်း ဓာတ်တိုင်များတွင် လိုက်လံကပ်နေကြောင်း သိရှိရသည်။", "“ဒီနေ့ မနက်အစောကြီး မမဟာအောင်မြေမြို့နယ် ရေနီမြောင်းစျေး(တစ်ဝိုက်) နဲ့ ရပ်ကွက်တွေမှာ နိုင်ငံတော်အလံတံဆိပ်စတစ်ကာတွေကို စစ်ခွေးတွေကပ်သွားတယ်။ လာကပ်တာက မတ်တူး ရွှေငါးကား(အမည်းရောင်)နဲ့ Maskတပ်ထားသူ လူလတ်ပိုင်းအရွယ်တွေ လိုက်လံကပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မန္တလေးမြို့ လူစည်ကားသော နေရာတချို့တွင်လည်း စစ်ကောင်စီအလံများကို ဝါးလုံးဖြင့် ထိုးစိုက်ထောင်သွားပြီး နေရာအနှံ့အပြားတွင် ကိုးကန့် MNDAA ဆန့်ကျင်ရေး စာရွက်များကို ကားပေါ်မှ ကျဲချသွားမှုများလည်းရှိကြောင်း သိရှိရသည်။", "မန္တလေးအခြေစိုက် တပ်ဖရဲသီးသတင်းရင်းမြစ်ကမူ လားရှိုးတွင် MNDAA အလံများကို လွှင့်ထူသဖြင့် တန်ပြန်သဘောအဖြစ် စစ်ကောင်စီက မန္တလေးတွင် စစ်ကောင်စီ၏ ဝါစိမ်းနီ အလံများကို လွှင့်ထူပြခြင်းဖြစ်ကြောင်း၊ မန္တလေးကို အကျမခံဆိုသော သဘောဖြင့် အလံများ ကပ်သည့်လှုပ်ရှားမှုများ လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/02/203035/
လားရှိုးတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်း ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်၊ စစ်ဗိုလ်ချုပ်အများအပြား ရာထူးအပြောင်းအလဲများ လုပ်ပြန်
["လားရှိုးတွင် MNDAA ၏ စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်း ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်၊ စစ်ဗိုလ်ချုပ်အများအပြားရာထူးအပြောင်းအလဲများ လုပ်ပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် MNDAA က ဖမ်းဆီးရရှိခဲ့ပြီး စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးကို ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း MNDAA က လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ရာတွင် ရမခ တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ ရမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိခဲ့သည်။", "ယင်းနောက် ရမခ တိုင်းစစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် သန့်ထင်စိုးသည် MNDAA လက်ထဲမှ မည်သို့ မည်ပုံ ပြန်လည် လွတ်မြောက်လာသည်ကို မသိရှိရသော်လည်း ယခု ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဟိုပုံး အခြေစိုက် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရခြင်းဖြစ်သည်။", "စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးနေရာကို စကခ ၇ ဖယ်ခုံမှ မှူးချုပ် ကျော်သူရ (DSA ၄၀) ၊ တတက ၆ အုတ်တွင်း ကျောင်း အုပ်ကြီးနေရာကို စကခ ၈ ထားဝယ်မှ မှူးချုပ် စန်းညွန့်လှိုင်(တေဇ ၂၆)၊ ဒကစ ကလေး ဒေသကွပ်ကဲရေးမှူး နေရာကို တမခ ၆၆ အင်းမ ဒုတပ်မမှူး အောင်ကျော်ဆိုင် (တေဇ ၂၆) တို့ကို ပြောင်းရွှေ့နေရာ ချထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် တမာတော ဆေးတက္ကသိုလ် ဒုကျောင်းအုပ်ကြီး နေရာကို စကခ ၁၈ မိုင်းဖြတ် ဒုစစ်ကြောင်းမှူး သက်နောင်ထူး (DSA ၄၃) ၊ တမခ ၁၁ အင်းတိုင် တပ်မမှူး နေရာကို တပ်ထိန်းချုပ်ရုံးမှ ဒုတပ်ထိန်းချုပ် ကျော်စွာထွန်း၊ စစ်တက္ကသိုလ် ဒုကျောင်းအုပ်ကြီး နေရာကို စဗခ ကွန်ဟိန်း အခြေချ စစ်ဗျူဟာမှူး အောင်ကိုနိုင် (DSA ၄၀) ၊ ရတခ မော်လမြိုင် ဒုတိုင်းမှူး နေရာကို တတက ၄ ဝဲကလိန် ဒုကျောင်းအုပ်ကြီး ဗညားဝင်း (တေဇ ၂၅) ၊ ကကခန်း နေပြည်တော် ဒုစခန်းမှူး နေရာကို စကခ ၂ မိုင်းနောင်မှ ဒုစစ်ကြောင်းမှူး ဇော်ဇော်ထွန်း (DSA ၄၀ ) တို့ကို ပြောင်းရွှေ့နေရာချထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီအပြောင်းအရွှေ့တွေက ကျောင်းအုပ်ကြီးတွေ ခန့်လိုက်တဲ့ဟာတွေပါ။ ကျောင်းအုပ်ကြီးတွေ ခန့်လိုက်တာ ဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီးတွေ ပြီးရင် တိုင်းမှူး လျာထားတာရှိတယ်။ တိုင်းမှူးတွေအထိပါ နောက် Generation အသစ်လာမယ်လို့ ကျွန်တော်ကတော့ မှန်းဆပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဥစတ ကျောင်းအုပ်ကြီးခန့်တယ်။ ပြီးတော့ တတက ၆ ကျောင်း အုပ်ကြီးခန့်ထားတာတွေ တွေ့ရတယ်။ Generation အသစ်တွေ လဲနေပြီ ထပ်ပြီးတော့ ။ သူတို့ထိပ်ပိုင်းက လူသာ မပြောင်းတာ အလယ်မကျတကျ စစ်ဗိုလ်ချုပ်တွေ၊ မြေပြင် စစ်ဗိုလ်ချုပ်တွေကို သူ Generation တွေ ပြောင်းနေပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ထိပ်ပိုင်းနေရာရယူထားသူများသည် ရာထူး မတက်တော့မည့် လူများကိုလည်း ရွေး ကောက်ပွဲကာလအတွက် အရပ်ဘက်တွင် ကြိုတင်၍ နေရာချထားခြင်းများလည်း လုပ်ဆောင်နိုင်ကြောင်း ၊ လက်ရှိအပြောင်းအရွှေ့များတွင် ကျောင်းအုပ်ကြီး ၂ ဦးထက် မနည်း ပါဝင်လာပြီဖြစ်၍ မင်းအောင်လှိုင်က တိုင်းမှူးများနေရာကိုပါ လူသစ်များ လဲလှယ်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သုံးသပ်ပြောကြားသည်။", "ဓာတ်ပုံ- လားရှိုးတွင် MNDAA ၏ ဖမ်းဆီးမှု ခံခဲ့ရသော နံပါတ် ၁ မှာ MNDAA က ဖမ်းဆီးရရှိထားသော ရမခ တိုင်းမှူးဟောင်း စိုးတင့် ဖြစ်ပြီး နံပါတ် ၂ မှာ ဗိုလ်မှူးချုပ် မျိုးမင်းထွန်းဖြစ်ကာ နံပါတ် ၃ မှာ ဗိုလ်မှူးချုပ် သန့်ထင်စိုးဖြစ်သည်။"]
https://yktnews.com/2023/11/132999/
လားရှိုးတွင် TNLA က သိမ်းပိုက်ထားသော မိုင်းကျက်တပ်စခန်းကို ရှင်းလင်းရေးပြုလုပ်စဥ် ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက် မျိုးစုံ ၇၈ လက်နှင့် ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိ
["လားရှိုးတွင် TNLA က သိမ်းပိုက်ထားသော မိုင်းကျက်တပ်စခန်းကို ရှင်းလင်းရေးပြုလုပ်စဥ် ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက် မျိုးစုံ ၇၈ လက်နှင့် ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိ", "စစ်ကောင်စီ တပ်သား အလောင်း ၅၀ ကျော်မြုပ်နှံထား သည့်နေရာကိုလည်း ရှာဖွေတွေ့ရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် TNLA က သိမ်းပိုက်ထားသော မိုင်းကျက်တပ်စခန်းကို နယ်မြေ ရှင်းလင်းရေးပြုလုပ်စဥ် ဟောင်ဝှစ်ဇာလက်နက်ကြီး အပါအဝင် လက်နက် မျိုးစုံ ၇၈ လက်နှင့် ခဲယမ်း အမြောက် အများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၅ မိနစ်တွင် လားရှိးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်ပြီး ဝင်ရောက် ရှင်းလင်းခဲ့ရာ ၎င်းတပ်စခန်းအတွင်းမှ စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ လက်နက် ကြီး အပါအဝင်၊ လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်ပေါင်းများစွာသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကောင်စီတပ်သား အလောင်း ၅၀ ကျော် မြုပ်နှံထားသည့် နေရာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သီတင်းပတ် ၄ ပတ်ကြာ နိုဝင်ဘာ ၂၄ ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယင်း စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၉၅ ကြိမ်၊ Y8/Y12 လေယာဉ် ဖြင့် ၁၂ ကြိမ်၊ Mi 35 ရဟတ်ယာဉ်ဖြင့် ၁၅ ကြိမ်၊ Mi17 ၁၅ ကြိမ် ထက်မနည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/83898/
လားရှိုးတွင် TNLA နှင့် စစ်တပ် တိုက်ပွဲ ဖြစ်ပွား၊ မတ္တရာတွင် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["လားရှိုးတွင် TNLA နှင့် စစ်တပ် တိုက်ပွဲ ဖြစ်ပွား၊ မတ္တရာတွင် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ုကုန်၊ ဇန်နဝါရီ ၂၉", "ရှမ်းပြည်နယ်​၊ လားရှိုးမြို့နယ်၊ မန်ကောင်ရွာအနီး အကြမ်းဖက် စစ်တပ်မှ TNLA တပ်စခန်းကို လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ရာက တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းရင်းမြစ်များထံမှ သိရသည်။", "ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ရင်း ၅၀၄ တပ်ဖွဲ့မှ တပ်သားများသည် တအာင်ပြည်နယ်၊ တပ်မဟာ (၆)စစ်ဒေသ၊ မန်ကောင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၅၉၅ တပ်စခန်းသို့ လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခဲ့ရာက စတင်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၃ နာရီ မိနစ် ၅၀ မှ စတင်ကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ညနေ ၅ နာရီ မိနစ် ၄၀ တွင် တိုက်ပွဲရပ်နားသွားပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။", "ထို့ပြင် မန္တလေး၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင်", "မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ မန္တလေးတူးမြောင်း တံတားနှင့် မြောင်းဘောင်ပေါ်ရှိ စစ်တပ် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မတ္တရာမြို့နယ် (ပ.က.ဖ-မတ္တရာ) က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/181288/
လားရှိုးတွင် ကျန်းမာရေးဌာနကို CDM ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ လည်ပတ်တော့မည်၊ CDM ဝန်ထမ်းများအားလုံး လုပ်ငန်းခွင် ဝင်လိုလျှင် စာရင်းပေးနိုင်ဟု MNDAA က ဖိတ်ခေါ်
["လားရှိုးတွင် ကျန်းမာရေးဌာနကို CDM ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ လည်ပတ်တော့မည်၊ CDM ဝန်ထမ်းများအားလုံး လုပ်ငန်းခွင် ဝင်လိုလျှင် စာရင်းပေးနိုင်ဟု MNDAA က ဖိတ်ခေါ်", "ရန်ကုန်၊ ဩဂုတ် ၃၁", "ကိုးကန့် MNDAA က သိမ်းပိုက်သော လားရှိုးမြို့ အုပ်ချုပ်ရေးဌာန ပြန်လည်စတင်လည်ပတ်နေပြီ CDM ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နိုင်ကြောင်း MNDAA က ဖိတ်ခေါ်လိုက်သည်။", "လက်ရှိတွင် လားရှိုးတွင် ကျန်းမာရေးဌာနကို CDM ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ CDM ဝန်ထမ်းများဖြင့် လည်ပတ်တော့မည်ဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် CDM လုပ်ထားသူ ဝန်ထမ်းများ MNDAA သို့ လာရောက် စာရင်ပေးနိုင်ပြီ ဖြစ်ပြီး လက်ရှိအချိန်အထိ စာရင်းပေးသူ CDM ဝန်ထမ်းပေါင်း ၂၇၀ ကျော် ရှိပြီ ဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က ဆိုသည်။", "ဩဂုတ်လ ၁၃ ရက်နေ့မှ စ၍ CDM ဝန်ထမ်းများ စာရင်းလာပေးနိုင်ပြီဖြစ်ပြီး လားရှိုးမြို့အပြင် တခြားမြို့နယ်မှ CDM ဝန်ထမ်းများလည်း လားရှိုးတွင် စာရင်းလာပေးနိုင်ကြောင်း၊ စာရင်းပေးလိုသူ CDM ဝန်ထမ်းများအနေဖြင့် ဌာန၏ ထုတ်ပယ်စာ ၊အမိန့်စာ မိတ္တူနှင့် တကွ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ ဌာန၏ ထုတ်ပယ် အမိန့်စာမပါရှိပါက လုပ်ကိုင်ခဲ့သည့် ဌာနမှ အခြား CDM ဝန်ထမ်းတစ်ဦး၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ CDM စာရင်းပေးသည့် ဌာနပေါင်း ၂၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။", "“အခု လက်ရှိ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့ ဌာနကတော့ ကျန်းမာရေးဌာနဖြစ်ပြီးတော့မှ ကုသရေးအပိုင်းဖြစ်ပါတယ်ရှင်။ မကြာခင်မှာတော့ ပညာရေးဌာနတွေလည်း စတင်လည်ပတ်လာတော့မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဌာနတွေကတော့ မြို့နေ ပြည်သူလူထုတွေ ပြန်လည်ရောက်လာတဲ့ အပေါ်မူတည်ပြီးတော့ လည်ပတ်သွားမှာ ဖြစ်ပါတယ်ရှင်” ဟု MNDAA မှ CDM အရေးတာဝန်ရှိသူက ပြောဆိုထားသည်။", "လားရှိုးမြို့တွင် CDM များ အလုပ်လုပ်ရန် စာရင်းပေးလိုပါက တယ်လီဂရမ်နှင့် Viber နံပါတ် ဖြစ်သည့် ၀၉၆၆၆၅၈၅၄၉၅ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/182315/
လားရှိုးတွင် ဂြိုလ်တုကွန်ရက်များဖြင့် ပြည်သူများ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေး MNDAA က ဆောင်ရွက်ပေးနေပြီး မကြာမီ တစ်မြို့လုံး ဆက်သွယ်ရေးကွန်ရက် အပြည့်အ၀ လွှမ်းခြုံတော့မည်
["လားရှိုးတွင် ဂြိုလ်တုကွန်ရက်များဖြင့် ပြည်သူများ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေး MNDAA က ဆောင်ရွက်ပေးနေပြီး မကြာမီ တစ်မြို့လုံး ဆက်သွယ်ရေးကွန်ရက် အပြည့်အ၀ လွှမ်းခြုံတော့မည်", "ရန်ကုန်၊ စက်တင်ဘာ ၇", "ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဂြိုလ်တုကွန်ရက်များဖြင့် ပြည်သူများ အခမဲ့ အင်တာနက်အသုံးပြုနိုင်ရေး MNDAA က ဆောင်ရွက်ပေးနေပြီး မကြာမီ ဆက်သွယ်ရေးကွန်ရက်အားလုံး တစ်မြို့လုံး အပြည့်အ၀ လွှမ်းခြုံတော့မည်ဖြစ်ကြောင်း MNDAA ကသတင်းထုတ်ပြန်သည်။", "လားရှိုးစစ်ပွဲ ပြီးဆုံးချိန်မှစ၍ လားရှိုးပြည်သူများ၏ ဆက်သွယ်ရေးပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်စေရန်အတွက် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ဆက်သွယ်ရေးစခန်းများနှင့် လိုင်းများ ပြန်လည်ထူထောင်ရေးတွင် အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီများမှ ဝန်ထမ်းများအား တက်ကြွစွာ ဆက်သွယ်၍ မြို့ပြဆက်သွယ်ရေး ကွန်ရက် ပြုပြင်ခြင်းလုပ်ငန်းကို အပြည့်အဝ မြှင့်တင်ပေးနေကြောင်း သိရှိရသည်။", "လားရှိုးမြို့ပေါ်ရှိ ပျက်စီးနေသော အခြေခံဆက်သွယ်ရေးစခန်းများနှင့် လိုင်းများ ပြုပြင်ရာတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီက လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် အသီးသီးတွင် ဂြိုလ်တုကွန်ရက်များ တပ်ဆင်ပေးကာ ဒေသခံပြည်သူများ မိသားစုနှင့် သူငယ်ချင်းများ ဆက်သွယ်နိုင်စေရန် အခမဲ့ အသုံးပြုခွင့်ပေးနေကြောင်း သိရှိရသည်။", "ဆက်သွယ်ရေးစခန်းများနှင့် လိုင်းများကို စဉ်ဆက်မပြတ် ပြုပြင်ပေးခြင်းဖြင့် လားရှိုးမြို့၏ ဒေသအသီးသီးရှိ ဆက်သွယ်ရေးလိုင်းများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ လွှမ်းခြုံဧရိယာ ဆက်လက် တိုးချဲ့လျက်ရှိကောင်း၊ ဆက်သွယ်ရေးလိုင်းမှာ လားရှိုးမြို့ပေါ် တစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့ပြီး ဒေသခံပြည်သူများ ပုံမှန်ဖုန်းခေါ်ဆိုမှုနှင့်အင်တာနက် အသုံးပြုလာနိုင်ခဲ့ကြောင်း သိရသည်။", "လက်ရှိတွင် နယ်မြေအချို့တွင် လိုင်းတည်ငြိမ်မှုမရှိသေးကြောင်း အဆိုပါဒေသများတွင် ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းများက အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်တည်းတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ရပ်ကွက်အသီးသီးတွင် ပံ့ပိုးပေးထားသည့် ဂြိုလ်တုကွန်ရက်သည် အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး လိုင်းမတည်မငြိမ်ရှိနေသည့်နေရာများ ရှိလူများသည် ပြင်ပကမ္ဘာနှင့်ချိတ်ဆက်ရန်အတွက် ဆက်သွယ်ရေးကွန်ရက်ကို ယာ ယီအသုံးပြုနိုင်ကြောင်း သိရှိရသည်။", "ဆက်သွယ်ရေးလိုင်းများနှင့် ကွန်ရက်များ ပြန်လည်ရရှိလာမှုနှင့်အတူ၊ ၎င်းသည် ဒေသခံပြည်သူများကို များစွာအဆင်ပြေစေသည့် အွန်လိုင်းငွေပေးချေမှုနှင့် ဖုန်းကတ်များအသုံးပြုမှုကဲ့သို့သော ဆက်သွယ်ရေးကွန်ရက်များကို အား ကိုးသည့် အွန်လိုင်းစီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ရရှိစေခဲ့ကြောင်း၊ ဆက် သွယ် ရေးကွန်ရက် ပြန်လည်ထူထောင်ခြင်းသည် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ အခြေခံတည်ဆောက်ရေးနှင့် ပြည်သူများ၏ လိုအပ် ချက် များကို အလေးထားဆောင်ရွက်သည့် အရေးကြီးမှုကိုလည်း အပြည့်အဝ ထင်ဟပ်စေကြောင်း MNDAA က ဆိုသည်။", "လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ၏ စဉ်ဆက်မပြတ် ကြိုးပမ်းမှုဖြင့် လားရှိုးမြို့ပေါ်ရှိ ဆက်သွယ်ရေးကွန်ရက်သည် မကြာမီ အပြည့်အဝ လွှမ်းခြုံနိုင်မည်ဟု ယုံကြည်ကြောင်း၊ ဆက်သွယ်ရေးကွန်ရက်အပြင် လားရှိုးမြို့ပေါ်ရှိ ဆေးဝါးကုသရေးနှင့် လမ်းပန်း ဆက်သွယ်ရေးစသည့် ပြည်သူများ၏ အသက် မွေးဝမ်းကြောင်းမှု ပြန်လည်ထူထောင်ရေးတွင်လည်း ထူးထူးခြားခြား ရလဒ်များ ရရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။"]
https://yktnews.com/2024/05/161715/
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် စစ်ကောင်စီက စစ်အင်အားများ အလုံး အရင်းဖြင့် ပို့ဆောင်ထားပြီး စစ်ရေးအရ အရေးပေါ် အဆင်သင့်ပြင်ဆင်ထားရန် ယခုရက်ပိုင်းအတွင်း ညွှန်ကြားချက် ထွက်လာ
["လားရှိုးတွင် စစ်ကောင်စီအင်အား ထောင်ချီ၍ စုစည်းထား", "ရန်ကုန်၊ မေ ၁၀", "အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နယ်သို့ စစ်အင်အားများနှင့် ခဲယမ်းများ အလုံးအရင်းဖြင့် ပို့ဆောင်နေပြီး စစ်ရေးအရ အဆင်သင့် ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပြည်သူ့စစ်တပ်ဖွဲ့များ၊ ရှမ်းပြည်နယ်တစ်ခွင်မှ ပြည်သူ့စစ်တပ်ရင်းများကို နေ့စဉ် ခေါ်ယူနေပြီး လက်နက်များလည်း တပ်ဆင်နေကြောင်း၊ နိုင်ငံတစ်ဝန်း တပ်ရင်းများမှ ထုတ်နုတ်အင်အားများကိုလည်း လားရှိုးသို့ လေယာဉ်များဖြင့် ပို့ဆောင်နေပြီး လက်နက်ခဲယမ်းများကိုလည်း လေကြောင်းမှ တစ်ဆင့် နေ့စဉ် ပို့ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "“ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ရေးအရ ၂၄ နာရီ အမြဲမပြတ် သတိနဲ့ ပြင်ဆင်ဖို့ ညွှန်ကြားချက်တွေရှိပါတယ်။ လာတိုက်ခံရမှာမို့လို့လား၊ ပြန်တိုက်ဖို့လားတော့ ဆိုတာတော့ ညွှန်ကြားမှုမှာ မပါဘူး။ ၂၄ နာရီ အမြဲမပြတ် စစ်ရေး အဆင်သင့်ပြင်ထားရမယ်။ တပ်တည်၊ တပ်ချီ တပ်လှုပ်ကို အမိန့်ပေးတာနဲ့ ချက်ချင်း တက် ချက်ချင်း လှုပ်ရှားနိုင်တဲ့ အထိ ပြင်ဆင်ထားဖို့ ညွှန်ကြားတယ်။ အရေးပေါ် အဆင်သင့်ဖြစ်နေရမယ်လို့ ညွှန်ကြားတာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "လားရှိုးအခြေစိုက် စစ်ဘက်သတင်းရင်းမြစ်ကလည်း လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအားလုံးတွင် ယခုရက်ပိုင်းအတွင်း အရေးပေါ် စစ်ရေးသတိဖြင့် တပ်လှန့်ထားပြီး စစ်ပြင်ထားရကြောင်း၊ လားရှိုးတွင် စစ်တပ်အင်အား စုစုပေါင်း ထောင်ချီ၍ ရောက်ရှိအသင့် ပြင်ဆင်ထားကြောင်း ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီတပ်အတွင်းတွင်လည်း မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များက လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်များဖျောက်၍ လာရောက် ၀ိုင်းထားသည်ဆိုသော သတင်းများ ပြန့်နှံ့နေပြီး စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များ၊ ရမခ စစ်ဌာနချုပ်အတွင်းတွင် ဟောင်ဝစ်ဇာအမြောက်များ၊ အတွဲလိုက်ဒုံးပစ်ကားများ ပိုမို တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။", "ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်၍ စစ်ကောင်စီနှင့်မြောက်ပိုင်းမဟာ မိတ်ညီနောင် ၃ ဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း စစ်ကောင်စီဘက်ကမူ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့နယ်များအားလုံးကို စစ်အုပ်ချုပ်ရေး အမိန့်ကြေညာထားသည်။", "ဓာတ်ပုံ – ဖေဖော်ဝါရီလအတွင်း လားရှိုးတွင် ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ထားစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/07/176691/
လားရှိုးတွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဉီးသေဆုံးပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီး၊ တိုက်ပွဲ ၃၆ ရက်အတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁၃၃ ဦးသေဆုံးခဲ့
["လားရှိုးတွင် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဉီးသေဆုံးပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီး၊ တိုက်ပွဲ ၃၆ ရက်အတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၁၃၃ ဦးသေဆုံးခဲ့", "ရန်ကုန်၊ ဇူလိုင် ၃၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့တွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သား ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ယနေ့ဇူလိုင် ၃၁ ရက်နေ့ ယနေ့ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုကြောင့် လားရှိးမြို့၊ ရပ်ကွက် ၉ ရှိ ကုန်စုံဆိုင်တစ်ဆိုင်မီးလောင်ပြာကျသွားခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက်နေ့တွင်လည်း လားရှိးတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ထိမှန်သေဆုံးသွားခဲ့ကာ ဆိုင်ခန်းနှင့် နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲ ၃၆ ရက်အတွင်းတွင် စစ်ကောင်စီက အရပ်သားများတည်ရှိရာနေရာသို ဦးတည်ပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား စုစုပေါင်း ၁၃၃ သေဆုံးပြီး ၁၇၀ ဦးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179637/
လားရှိုးတွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ် မှတ်ခြင်း လုံး၀ မပြုလုပ်ဟု MNDAA က မြို့ခံပြည်သူများကို ရှင်းပြကတိပေး
["လားရှိုးတွင် ပြည်သူများ အင်တာနက်အသုံးပြုနိုင်ရေး ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခု တပ်ဆင်ပေးပြီး အခမဲ့ သုံးခွင့်ပေးမည်", "ရန်ကုန်၊ ဩဂုတ် ၂၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်း လုံး၀ မပြုလုပ်ကြောင်းMNDAA မှ တာဝန်ရှိသူများက မြို့ခံပြည်သူများကို တွေ့ဆုံ ရှင်းလင်းပြောကြားသည်။", "ဩဂုတ်လ ၁၈ ရက်နေ့ လားရှိုးမြို့ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၄ တို့တွင် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီအဖွဲ့က လူထု တွေ့ဆုံပွဲများပြုလုပ်ပြီး ပြည်သူတို့၏ပြဿနာများကို ဖြေရှင်းပေးနိုင်ရန်၊ ပြည်သူများအကြား ပူးပေါင်းပါဝင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် လားရှိုးမြို့ လူထုတွေ့ဆုံပွဲများ ကျင်းပခဲ့ကြောင်း သိရှိရသည်။", "လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့ အကြီးအကဲ/ ကွတ်ခိုင်ခရိုင်ပါတီ ကော်မတီဒုတိယအတွင်း ရေးမှူး Mr. Li Xinhai က လားရှိုးတွင် စစ်မှုမထမ်းမနေရအဖြစ် လူငယ်များကို စစ်သား စုဆောင်းခြင်း လုံးဝမရှိကြောင်း၊ မဟာ မိတ်တပ်သည် ပြည်သူမှ ဆင်းသက်လာကာ ပြည်သူအတွက်တာဝန်ထမ်းဆောင်နေကာ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ကြောင်း ရှင်းပြသည်။", "လက်ရှိတွင် မလိုလားအပ်သော ကောလာဟလများကို ဖြန့်ကျက်ပြီး လူထုက နားလည်မှုလွဲကာ ယင်းစကားကို နားမထောင်ဘဲ မဟာမိတ်တပ်ကို ကြောက် လန့်စရာမလိုအပ်ကြောင်း၊ ပြည်သူ့လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ Mr. Li Xinhai က မဟာမိတ်တပ်သည် မြို့တွင်းဝင်ရောက်ပြီးနောက် ခိုးမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု စသည် တို့ကို အရှိန်မြှင့်နှိမ်နင်းခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် အထူးဒေသ(၁) ရဲတပ်ဖွဲ့၏ လုံခြုံရေးအဖွဲ့ တည်ရှိမှုသည် မြို့ပြလုံခြုံရေးကို များစွာ တိုးတက်ကောင်းမွန်စေသော်လည်း လားရှိုးမြို့တစ်မြို့လုံးအတွက် လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ၊ ထို့ကြောင့် လားရှိုးမြို့သူမြို့သားများအား တရားမ၀င် မှုခင်းမျိုးစုံကို ဖော်ထုတ်တင်ပြ တိုင်ကြားရန်၊ လားရှိုးမြို့လူထုလုံခြုံရေးလုပ်ငန်း များကို ပူးပေါင်းထိန်းသိမ်းရန် တိုက်တွန်းပြောဆိုသည်။", "လားရှိုးမြို့ပေါ်ရှိ ကွန်ရက်ဆက်သွယ်ရေးပြဿနာအတွက် ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခု တပ်ဆင်ရန်နှင့် ဒေသခံများကို အခမဲ့အသုံးပြုခွင့်ပေးရန် ညွှန်ကြားထားကြောင်း MNDAA က ရှင်းလင်းပြောဆိုသည်။", "လားရှိုးမြို့သူမြို့သားများ အနေဖြင့် မိမိတို့၏မွေးရပ်မြေသို့ ပြန်လည်ရောက်ရှိနိုင်စေရေးနှင့် လားရှိုးမြို့၏ လက်ရှိအခြေအနေကို အင်တာနက်မှတစ်ဆင့် အသိပေးနိုင်စေရန် မျှော်လင့်ကြောင်း၊ ထို့ပြင် မြို့ပြဆက်သွယ်ရေးကွန်ရက်ကို အမြန်ဆုံးပြန် လည် ထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များသည် ကွန်ရက်ဆက်သွယ်ရေးကိရိယာအချို့ကို ပြုပြင်လျက်ရှိရာ ယခုအခါ လားရှိုးမြို့ရှိ ရပ်ကွက် ၁၂ မှာ “MYTEL” ကွန်ရက် ဆက်သွယ်မှုကို ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/08/178332/
လားရှိုးတွင် သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က ရှာတွေ့ရှိပြီး ကယ်တင်
["လားရှိုးတွင် သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က ရှာတွေ့ရှိပြီး ကယ်တင်", "ရန်ကုန်၊ ဩဂုတ် ၁၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်အတွင်းရှိ ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင်ဆေးကုသပေးထားကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "သြဂုတ် ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာတွင် ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်သည် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရ စစ်သားများသည် ဘန်ကာအောက်တွင် ပုန်း အောင်းကာ ရှင်သန်နေသေးကြောင်း၊ ၎င်းတို့သည် ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း ၊ ဒဏ်ရာရရှိခဲ့သော စစ်သား ၁၃ ဦးသည် မြောက်ပိုင်းမဟာမိတ်တပ်က ကယ်တင်နိုင်ချိန်တွင် တချို့ကသေလုမြောပါး နေပြီဖြစ်ကြောင်း သိရှိရသည်။", "ယင်းနောက် MNDAA တပ်ဖွဲ့က ဘန်ကာထဲမှ ဒဏ်ရာရရှိသူများကို ကျန်းမာ ရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ဒဏ်ရာများကို ဆေးကုသမှု ပေးရန် နောက်တန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ နိုင်ငံတကာဥပဒေများအရ စစ်ပွဲအတွင်း နှစ်ဖက်စလုံးသည် ဖျားနာ ဒဏ်ရာရသူများ၊ စစ်သုံ့ပန်းများနှင့် အရပ် သားများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှုနှင့် အကာအကွယ်ပေးရန် တာဝန်ရှိပြီး အခြေခံလူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို အကာ အကွယ် ပေးရန် နှစ်ဖက်စလုံးတွင် တာဝန်ရှိကြောင်း MNDAA က ဆိုသည်။", "MNDAA အနေဖြင့် လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကို အမြဲလက် ကိုင်ထားပြီး တိုက်ပွဲအတွင်း အရပ်သားများနှင့်စစ်သုံ့ပန်းများအတွက် သက် ဆိုင်ရာ ဦးစားပေး ဆက်ဆံမှု မူဝါဒများ ချမှတ်ကာ စစ်သုံ့ပန်းများကို အကာ အကွယ်ပေးလျက်ရှိကြောင်း၊ သို့ရာတွင် အကြမ်းဖက် မင်းအောင် လှိုင် ၏ အာဏာသိမ်းစစ်တပ်က တိုက်ပွဲအတွင်း ဒဏ်ရာရ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များကို အကာအကွယ် မပေးနိုင်ရုံသာမကဘဲ ယုတ်မာသော လေ ကြောင်း တိုက်ခိုက်မှုများနှင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် နိုင်ငံ၏ စစ်အင်အားကို အားကိုးအားထားလျက်၊ စစ်မဟုတ်သောနယ်မြေများနှင့် စစ်ရေးမဟုတ်သော ပစ်မှတ်များကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း၊ မရေမတွက်နိုင်သော အရပ်သားများ အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောဆိုသည်။"]
https://yktnews.com/2023/05/100798/
လားရှိုးတွင် အစုရှယ်ယာခေါ်ပြီး အတိုးအမြတ်ပေးသည့် FLOWER GROUP အမည်ခံ လုပ်ငန်းက ပြည်သူ ၈၀၀၀ နီးပါး ထံမှ သိန်းပေါင်း ငါးသောင်းကျော် လိမ်ပြေး
["လားရှိုးတွင် အစုရှယ်ယာခေါ်ပြီး အတိုးအမြတ်ပေးသည့် FLOWER GROUP အမည်ခံ လုပ်ငန်းက ပြည်သူ ၈၀၀၀ နီးပါး ထံမှ သိန်းပေါင်း ငါးသောင်းကျော် လိမ်ပြေး", "ရန်ကုန်၊ မေ ၄", "ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် အစုရှယ်ယာခေါ်ပြီး အတိုးအဖြစ် အမြတ်ငွေပေးသည့် FLOWER GROUP အမည်ခံ လုပ်ငန်းက ပြည်သူ ၈၀၀၀ နီးပါး ထံမှ သိန်းပေါင်း ငါးသောင်းကျော် လိမ်ပြေးသွားကြောင်း အစုရှယ်ယာရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "အာဏာသိမ်းပြီးနောက် ဘဏ်နှင့်ငွေကြေးအကျပ်အတည်းများ ဖြစ်ပေါ်လာချိန် FLOWER GROUP အမည်ဖြင့် စီးပွားရေးလုပ်ငန်းစုက ရှယ်ယာခေါ်ယူပြီး အကျိုးအမြတ် အတိုးပေးသည့် ပုံစံဖြင့် ရှယ်ယာရှင်များ ဖိတ်ခေါ်ခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးလုပ်ငန်းတချို့ ပြ၍ ရှယ်ယာခေါ်ယူခဲ့သဖြင့် လားရှိုးမြို့ခံလူထု အလွှာပေါင်းစုံက ရှယ်ယာထည့်ဝင်ကြရာ ယခုရက်ပိုင်းအတွင်း ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်ခန့် လိမ်လည်ထွက်ပြေးသွားကြောင်း သိရှိရသည်။", "“စပြီး ငွေထည့်ခိုင်းတုန်းက အတိုးလေး ပုံမှန်ပေးတယ်။ နောက်တဖြည်းဖြည်း ရှယ်ယာထည့်သူများလာတော့ အတိုးလည်းမရတော့ဘူး။ အရင်းတောင် အရစ်ကျနဲ့ ဟိုနေ့ ပေးမလို ဒီနေ့ ပေးမလိုနဲ့ အခုနောက်ဆုံး ထွက်ပြေးသွားတာ။ အမှုဖွင့်ဖို့ မြို့လူထုကိုယ်စား ဦးဆောင်သူ ၂၀ ဦးခန့် က စီစဥ်ဆောင်ရွက်နေဆဲ၊ညှိနှိုင်းနေဆဲကာလအတွင်း ထွက်ပြေးလွတ်မြောက်သွားတယ်။ Flower group ရဲ့ မန်နေဂျင်း ဒါရိုက်တာက မင်းထက်လင်းပါ” ဟု အစုရှယ်ယာရှင်တစ်ဦးက ပြောသည်။", "FLOWER GROUP ထံသို့ လားရှိုးမြို့ခံ လူဦးရေ ၈၀၀၀ ခန့်က လူကိုယ်တိုင်သွား ရောက်၍ စာချုပ်စာတမ်းဖြင့် ငွေကြေးများ ယုံကြည်စွာ ရင်းနှီးမြုပ်နှံထားကြသည့်အပြင် အွန်လိုင်းမှတစ်ဆင့်လည်း ငွေကြေး ရင်းနှီးမြုပ်နှံ ထားသူများရှိကြောင်း ၊ လူကိုယ်တိုင်သွားရောက် ရှယ်ယာထည့်ကြသူများ၏ စုစုပေါင်းငွေကြေးမှာ သိန်းပေါင်း လေးသောင်းနှင့် အွန်လိုင်းမှ ရှယ်ယာထည့်ကြသူများ ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေမှာ သိန်း တစ်သောင်း ခန့် လိမ်လည်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။", "FLOWER GROUP ကုမ္မဏီက ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ လစဥ် အမြတ် နှင့် အရင်း ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ကုမ္ပဏီနှင့် ရင်းနှီးမြုပ်နှံထားသူများအကြား ပြဿနာ ကြီးမားလာကြခြင်းဖြစ်ပြီး တရာစွဲဆိုရန် ပြင်ဆင်သည့် အဆင့်ထိရောက်ရှိလာကြောင်း သိရှိရသည်။", "လက်ရှိတွင် FLOWER GROUPက နယ်မြေခံ ပြည်သူ့စစ်များနှင့် ရဲများကို ငွေများပေး၍ စည်းရုံးထားပြီး FLOWER GROUPက ပြည်သူများငွေများဖြင့် လားရှိုး မြို့ ပေါ်တွင် ဆိုင်များ၊ Bar များ၊ လားရှိုးချယ်ရီမြိုင်တွင် မြေကွက်ပေါင်း ၄၇ကွက် ဝယ်ယူထားကြောင်း၊ အခြားသော နေရာများတွင်လည်း ငွေကြေးများ မြေကွက်နှင့်ပိုင်ဆိုင်မှု ပစ္စည်းများ အဖြစ် ဝယ်ယူထားကြောင်း သိရှိရသည်။", "“FLOWER GROUP ကုမ္ပဏီ ပိုင်ရှင် မင်းထက်လင်းက လားရှိုးရဲစခန်းမှာ မြို့ခံ ရင်းနှီး မြုပ်နှံသူတွေနဲ့ ညှိနှိုင်းမှုတွေလုပ်နေတုန်း ကျန်းမာရေး အကြောင်းပေ ရဲစခန်းကနေ လှည့်ထွက်သွားတယ်။ လူနာတင်ယာဥ်နဲ့ လားရှိုးဆေးရုံကိုသွားရောက်ခဲ့ပြီး ဆေးရုံတဆင့် ပြင်ပဆေးခန်း ညွှန်းပို့ခဲ့တယ်။ အဲဒီနောက် ပျောက်သွားတယ်။ လူလည်း ရှာမရတော့ဘူး”ဟု အစုရှယ်ယာရှင်တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ငွေကြေးများစွာ လိမ်လည်သွားသည့် FLOWER GROUP ကုမ္ပဏီတွင် ကျင်းပပြုခဲ့လုပ်သော အစည်းအဝေးတစ်ခု။"]
https://yktnews.com/2024/07/172061/
လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်နေပြီး ပြည်သူများ စစ်ဘေးရှောင်ရန် ကြိုးပမ်းနေသဖြင့် စစ်ဘေးရှောင်ကားရာပေါင်းများစွာ ပိတ်မိနေ
["လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်နေပြီး ပြည်သူများ စစ်ဘေးရှောင်ရန် ကြိုးပမ်းနေသဖြင့် စစ်ဘေးရှောင်ကားရာပေါင်းများစွာ ပိတ်မိနေ", "ရန်ကုန်၊ ဇူလိုင် ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များသို့ ဆက်တိုက်ပစ်ခတ်နေပြီး ပြည်သူများမှာလည်း စစ်ဘေးရှောင်ရန် ကြိုးပမ်းနေကြရာမှ စစ်ဘေးရှောင်ကားရာပေါင်းများစွာ ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီအချိန် လားရှိုးမြို့နယ်၊ အထက်မန်အိုင်ရှိ ခမရ ၅၀၇ တပ်ရင်းကို MNDAA တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲမှ နေ၍ လက် နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့မှ ပြည်သူများမှာ စစ်ဘေးရှောင်ရန်အတွက် ကားများဖြင့် မြို့ကို ထွက်ခွာရန် ကြိုးစားကြရာ မြို့အထွက်တွင် ကားရာပေါင်းများစွာ ပိတ်မိနေကြောင်း သိရှိရသည်။", "“လားရှိုးမှာ ရမခထဲကနေ လက်နက်ကြီးတွေ တောက်လျှောက် ပစ်နေတယ်။ ဂျက်ဖိုက်တာတွေလည်း ဝဲနေတယ်။ ပြည်သူတွေကတော့ မနက်ကတည်းက ထွက်ခွာဖို့ ကြိုးစားနေကြတာ။ စစ်ဘေးရှောင်ကားတွေက မြို့ဝင်မုဒ်ဦးအတွင်းကနေ မယ်ဟန်ဂိတ်ထိပိတ်နေတယ်။ တချို့တွေလည်း ပြန်လှည့်လာကြတယ်။ မြို့ပေါ်မှာတော့ လူက ၆၀ ရာခိုင်နှုန်းကျော်လောက် ထွက်သွားကြပြီ။ ၄၀ရာခိုင်နှုန်းလောက်တော့ ကျန်သေးတယ်” ဟု လားရှိုးမြို့မှ ဒေသပြည်သူတစ်ဦးက အခြေအနေကို ရှင်းပြသည်။", "လက်ရှိတွင် စစ်ဘေးရှောင်များကို အချိန်မီရှောင်တိမ်းရန် ၃ နာရီအချိန်ပေးထားသည်ဆိုသော သတင်းစကားများလည်း ပြန့်နှံ့နေပြီး မည်သည့်အဖွဲ့က ထိုသို့ သတိပေးသည်ကို စစ်ဘေးရှောင် ပြည်သူများက အတည်ပြုနိုင်ကြခြင်း မရှိပေ။", "“အခုက ဇူလိုင်လ ၈ ရက်နေ့ မယ်ဟိန်ဂိတ်ဖွင့်ပေးမယ်။ နောက်ဆုံးထားထွက်ကြ။ ၃ နာရီအချိန်ပေးမယ်။ ထွက်ဆိုတာမျိုးတွေ သတင်းတွေက ထွက်နေတော့ အကုန်လုံး ထွက်နေကြတာ။ ဘယ်အဖွဲ့က ဘယ်လို သတိပေးတာလဲတော့မသိဘူး။ သတင်းစကားတွေက ထွက်နေတော့ အကုန် ထွက်ခွာကြတာ။ မထွက်ရင်လည်း လက်နက်ကြီးကျလို့ ရှေ့မှာတင် သေနေတာ ၂၀ လောက်ရှိနေပြီလေ။ အဲဒါကြောင့် အကုန် ပြေးနေကြတာ” ဟု လားရှိုးမြို့မှ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။", "လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့မှစတင်​ပြီး MNDAA ဦးဆောင်သော တော် လှန်ရေးတပ်များက စတင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193306/
လားရှိုးနှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသင့်ဟုဆို
["လားရှိုးနှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသင့်ဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၄၃ မိနစ်မှ ည ၇ နာရီ ၅၀ မိနစ်အချိန်အထိ စစ်လေယာဉ်များက လားရှိုးမြို့နယ် ၊ နမ့်ပေါင်းကျေးရွာကို ဗုံးများကျဲချခဲ့ကြောင်း၊ လတ်တလော အထိအခိုက်အပျက်အစိး အခြေအနေ အသေးစိတ်မသိရသေးသော်လည်း လူထိခိုက်မှု နည်းပါးမည်ဟု မျှော်လင့်ရကြောင်း လားရှိုးအခြေစိုက် ပရဟိတအဖွဲ့က ပြောဆိုသည်။", "အလားတူ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် အထိ စစ်ကောင်စီ၏ တိုက်လေယာဉ်များက နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသို့ ဗုံး ၇ လုံးထက်မနည်း ကျဲချသွားကြောင်း သိရှိရသည်။", "“တောင်ခမ်း တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးတွေ ကျဲသွားတယ်လို့ သိရတယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာ တောင်ခမ်းက။ စစ်တပ်ဘက်က အထိနာလည်း ဗုံးကျဲတယ်။ အထိမနာလည်း ဗုံးက ကျဲနေတာပဲ” ဟု နောင်ချိုမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းနိုင်ကြောင်း ယနေ့ကျရောက်သည့် နိုဝင်ဘာလ ၂၅ ရက် အမျိုးသားနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်းရေးသား ဖော်ပြထားသည်။", "နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးက အခြေခံအုတ်မြစ်ဖြစ်ကြောင်း မင်းအောင်လှိုင်က သဝဏ်လွှာမှာ ပြောဆိုထားသော်လည်း လက် တွေ့တွင် တစ်နိုင်ငံလုံး နေ့စဉ်စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ည ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် တွေ့ရသည့် အပျက်အစီးတချို့။"]
https://yktnews.com/2024/09/184512/
လားရှိုးနှင့် နောင်ချိုမြို့များကို ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေ ယာဉ်များဖြင့် ဗုံးကျဲချ
["လားရှိုးနှင့် နောင်ချိုမြို့များကို ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေ ယာဉ်များဖြင့် ဗုံးကျဲချ", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လားရှိုးမြို့နှင့် နောင်ချိုမြို့များကို ညသန်း ခေါင်ယံအချိန် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီကျော်အချိန် MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း ၊ လားရှိုးမိုတယ်ရှေ့နှင့် အမှတ် ၁၂ ရပ်ကွက်ရှိ အထက ၃ ကျောင်းရှေ့ အိမ်တွင်းမှု ကျောင်းဘေးအနီးရှိ ပြောင်းပွဲရုံ တိုက်ပေါ် သို့ ကျရောက်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း ပြောင်းပွဲရုံတိုက် ပျက်စီးသွားကြောင်း သိရှိရသည်။", "“မနေ့ည ၁၀ နာရီကျော်အချိန် အတိအကျ ဆိုရင်တော့ ည ၁၀ နာရီ ၂၀ မိနစ်လောက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကျဲချတယ်။ တိုက်တော့ ပျက်စီးသွားတယ်။ လူတော့ ထိခိုက်မှု မရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အလားတူ စက်တင်ဘာ ၂၁ ရက်နေ့ ည ၉ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ကသိမ်းပိုက်ထားသော နောင်ချိုမြို့ပေါ် သို့ Y12 လေယာဉ်၊ တိုက် လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ကြောင်း ၊ လတ်တလော အထိအခိုက် အပျက် အစီး အခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“မနေ့ ည ၉နာရီလောက်က Y12 လေယာဉ် နဲ့တစ်ကြိမ်။ ဒီမနက် မနက် ၁ နာရီမှာ တိုက်လေယာဉ် နဲ့ ၂ ကြိမ် နောင်ချိုမြို့ပေါ်ကိုဗုံးလာကျဲသွားပါတယ်။ မနက်ခင်းက တစ်ကြိမ်နဲ့ဆို တစ်ရက်တည်း ၃ကြိမ်ပါ။ ပြည်သူတွေမှာ ကျီးလန့်စာစားဖြစ်နေပြီး ကိုယ့်အိမ်ပေါ်ဗုံးကျမယ့်အလှည်ကို ထမင်းစားပြီးစောင့်နေရသလိုပါပဲ။ ဒီခွေးတွေရန်ကြောင့် အိပ် ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဗုံးကျဲနေတာကတော့ ယုတ်ညံ့လွန်းပါတယ်။ လေယဥ်မှူးဆိုတဲ့ကောင်တွေလည်းသွေးဆာနေတဲ့ဝံပုလွေလို ပြည်သူ့အသားစားဖို့ပဲစဥ်းစားနေကြတာလား” ဟု နောင်ချိုမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီက ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည် ရရှိရေးဟုဆိုကာ ရန်နိုင်မင်း စစ်ဆင်ရေးအဖြစ် တိုက်လေယာဉ်များ၊ Y12 လေယာဉ်များဖြင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေများကို စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178391/
လားရှိုးမြို့ တဝိုက်ရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသ အလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်
["လားရှိုးမြို့ တဝိုက်ရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသ အလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်", "ရန်ကုန်၊ ဩဂုတ် ၁၀", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ တဝိုက်ရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသ အလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်ခဲ့ကြောင်း သိရသည်။", "လားရှိုး လွတ်မြောက်ရေး လှုပ်ရှားမှု ပြီးဆုံးသည်နှင့် သြဂုတ်လ ၈ ရက်နေ့တွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေး ဌာန အလုပ်အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁) အလံနှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် အလံကို နောင်မွန် မှ လားရှိုးလမ်း တစ်လျှောက်ဟိုပိတ် ဒေသ နှင့် ယူနိုင်ဒေသ ကဲ့သို့ အရေးကြီး အထင်ကရ နေရာများတွင် လွှင့်တင်ခဲ့ကြောင်း သိရှိရသည်။", "မှတ်တိုင် တစ်ခုစီတွင် လွှင့်တင်ထားသော အထူးဒေသ အလံများနှင့် MNDAAတပ်မတော်အလံများသည် တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက် တစ်ရပ်ကို ကိုယ်စားပြုပြီး အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ မြင့်မားသော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အထူးအုပ်ချုပ်ရေးဒေသ (၁) ၏ သန္နိဋ္ဌာန်ကို ပြသကာ တပ်မတော်နှင့် ပြည်သူများအကြား စည်းလုံး ညီညွတ်မှုနှင့် တိုးတက်မှုကို လမ်းညွှန်ပြသခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/07/173399/
လားရှိုးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို MNDAA က အရှင် ဖမ်းဆီး၊ ဒဏ်ရာရရှိသူများကို ဆေးကုသပေး
["လားရှိုးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို MNDAA က အရှင် ဖမ်းဆီး၊ ဒဏ်ရာရရှိသူများကို ဆေးကုသပေး", "ရန်ကုန်၊ ဇူလိုင် ၁၆", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို အရှင် ဖမ်းဆီးပြီး ဒဏ်ရာ ရရှိသူများကို ဆေးကုသပေးနေကြောင်း MNDAA က ပြောဆိုသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် လားရှိုးမြို့၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဒုတပ်ခွဲမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦး ကို MNDAA က အရှင် ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ဖမ်းဆီးရမိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ ဒဏ်ရာရရှိသူများကို လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများနှင့် ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171285/
လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လက်နက် ရိက္ခာများ လေယာဉ်ဖြင့် ကျဲချ၍ ပို့ဆောင်နေရ
["လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲ၊ စစ်တပ်က လက်နက် ရိက္ခာများ လေယာဉ်ဖြင့် ကျဲချ၍ ပို့ဆောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၃", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ ပတ်ပတ်လည်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများ မြို့ထဲကို ကျရောက်ပေါက်ကွဲမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၃ ရက်နေ့တွင် လားရှိုးမြို့ ပတ်ပတ်လည်၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် တနေကုန် ပစ်ကူပေးနေကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ ပြုတ်ကျ၍ မြို့ပေါ် ရပ်ကွက်များကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် လားရှိုးမြို့ မကျဆုံးရေး လက်ရှိချိန်တွင် အပြင်းအထန် ခုခံနေရပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများလည်း တနေ့ကုန် ပြုလုပ်နေကာ မြို့ပြင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လေကြောင်းဖြင့် လက်နက် ရိက္ခာများ ကျဲချ၍ ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“လားရှိုးမြို့ပေါ်မှာ လေယာဉ်က တောက်လျှောက်ကို ဝဲနေတာ ဆင်တောင်ဘက်ကိုလည်း စစ်တပ်က လေထီးနဲ့ လက်နတ်တွေချပေးနေတယ်။ တိုက်ပွဲက မြို့ပြင်တွေမှာ တောက်လျှောက်ဖြစ်နေတာ ပတ်ပတ်လည်ပဲ မြို့တွင်းအခြေနေကတော့ ဆိုင်တွေပိတ်လမ်းတွေ ရှင်းနေတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ မြို့ပတ်ပတ်လည်ကို လက်နက်ကြီးမအောင်လို့ မြို့တွင်းကျ ရောက် ပေါက်ကွဲတာတွေရှိတယ်။ အိမ်တွေပေါ်ကျတာတွေလည်းရှိတယ်။ လူအထိခိုက်တော့ မရှိသေးဘူး” ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။", "ယနေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပန်အုပ်ဘုန်းကြီးကျောင်းရှိ ကားများ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/07/176484/
လားရှိုးမြို့ မန်ဆူစေတီတွင် တပ်စွဲထားသော စစ်တပ်စခန်း ၊ AT တိုးဂိတ်စခန်း အပါအဝင် စစ်ကောင်စီ တပ်ရင်း ၅ ခုကို သိမ်းပိုက်
["လားရှိုးမြို့ မန်ဆူစေတီတွင် တပ်စွဲထားသော စစ်တပ်စခန်း ၊ AT တိုးဂိတ်စခန်း အပါအဝင် စစ်ကောင်စီ တပ်ရင်း ၅ ခုကို သိမ်းပိုက်", "ရန်ကုန်၊ ဇူလိုင် ၃၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မန်ဆူစေတီတွင် တပ်စွဲထားသော စစ်တပ်စခန်း ၊ AT တိုးဂိတ်စခန်း အပါအဝင် စစ်ကောင်စီ တပ်ရင်း ၅ ခုကို သိမ်းပိုက်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ယနေ့တွင် MNDAAတပ်က လားရှိုးမြို့ ရပ်ကွက် ၈ မန်ဆူစေတီတော်တွင် ခိုအောင်းနေသော အာဏာသိမ်းတပ်၏ အကြွင်းအကျန် ရန်သူများကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၀၅ မိနစ်အချိန် MNDAAတပ်က ATတိုးဂိတ်ကျော်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်၏ စခန်း စုစုပေါင်း ၄ ခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်၏ စခန်းသိမ်းတိုက်ပွဲများအတွင်း MNDAA ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ဒဏ်ရာရစစ်တပ်ဝင် စစ်သုံ့ပန်းများအတွက် ဒဏ်ရာအခြေအနေ၏ပြန်လည်ကောင်းမွန်မှုကို စစ်ဆေးပြီ ဆေးကုသမှုများပေးခဲ့ကြောင်း သိရှိရသည်။", "ယနေ့တွင် လားရှိုးမြို့၊ ရမခတိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး မီးလောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/09/182525/
လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် MNDAA က ကြေညာ
["လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် MNDAA က ကြေညာ", "စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်တင်ကား ၄ စီးနှင့် အိမ်စီးကား ၁၅ စီး ၊ စာသင် ကျောင်း၊ လူနေအိမ်နှင့် ဟိုတယ် ၁ လုံး ထိခိုက်ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် ကိုးကန့်တပ်မတော် MNDAA က ကြေညာလိုက်သည်။", "အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ကို ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က တိုက်ပွဲမရှိသော နေရာများရှိ ပြည်သူ့အဆောက်အအုံများနှင့် လူနေအဆောက်အအုံများကို အကြိမ်ကြိမ် လေကြောင်းမှ စီးနင်းတိုက် ခိုက်ခဲ့ရာ ပြည်သူများ၏ အသက်နှင့် သေဆုံးမှုကို လုံးဝဂရုမစိုက်ဘဲ မြို့နေလူထုကို အလွန်ထိတ်လန့်စေခဲ့ကြောင်း၊ ထိုသို့သော လူသားမျိုးနွယ် အပေါ် တမင်တကာ ရာဇ၀တ်မှုများသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် ပါတီအားလုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် ငြိမ်း ချမ်းရေးအတွက် လိုလားတောင့်တသော ပြည်သူတို့၏ဆန္ဒကို စစ်ကောင်စီက ရိုင်းစိုင်းသောအပြုအမှုဖြင့် လူ့အခွင့်အရေးကို ကြမ်းကြုတ်စွာ ချိုးဖောက်ပြီး နိုင်ငံတကာ စည်းမျဥ်းကို ဆိုးရွားစွာ ဖျက်ဆီးစေသည်မှာ သေချာကြောင်း MNDAA က ကြေညာသည်။", "စက်တင်ဘာ ၈ ရက် နံနက် ၄ နာရီ ၃ မိနစ်အချိန်နှင့် နံနက် ၄ နာရီ ၈ မိနစ်အချိန် စစ်ကောင်စီ၏ လေယာဉ်များက လားရှိုးမြို့ကို လေကြောင်းမှ ဗုံး ၂ လုံး ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ရပ်ကွက် ၁၂ အားကစားရုံနှင့် ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ်အနီးတွင် ဗုံးများ ဆက်တိုက်ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့သော လားရှိုးမြို့ ရပ်ကွက် ၁၂ အားကစားရုံတွင် စစ်ပွဲအတွင်း လားရှိုးမြို့ခံများ ခိုးယူခံရသည့် မော်တော် ဆိုင်ကယ် နှင့် ကား အမြောက်အမြားကို အထူးဒေသရဲတပ်ဖွဲ့က ပြန်လည်တွေ့ရှိပြီးနောက် ယင်းနေရာ၌ ပြည်သူတို့ ပြန်လည်တောင်းဆိုမှုလွယ်ကူစေရန် ခေတ္တသိမ်းဆည်းထားကြောင်၊ အာဏာသိမ်းတပ်ဖွဲ့၏ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုကြောင့် လူအများအပြား၏ မော်တော်ယာဉ်များ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အားကစားကွင်း၏ အဆောက်အဦများကိုလည်း ပြင်းထန်စွာ ပျက်စီးစေခဲ့ကြောင်း၊ အသေးစိတ်စာရင်းဇယားများအရ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ကုန်တင်ကား ၄ စီးနှင့် ကား ၁၅ စီး ပေါက်ကွဲပျက်စီးစေခဲ့ပြီး အခြားယာဉ်များလည်း အမျိုးမျိုးသောထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။", "ထို့ပြင် လားရှိုးမြို့ ရပ်ကွက် ၁၂ ရေပူစမ်း အနီးရှိ Silver Sky ဟိုတယ် အနီးရှိ လယ်မြေများတွင် ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ဟိုတယ်ကို ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဟိုတယ်အတွင်းရှိ ပစ္စည်းများ နှင့် အဆောက်အဦများ ဆက်တိုက် ပျက်စီးခဲ့ကြောင်း၊ ဗုံးကြောင့် ပျက်စီးဆုံးရှုံးမှုများကို ရေတွက်ရန် သက်ဆိုင်ရာဌာနများက ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊", "လက် ရှိတွင် လားရှိုးမြို့၌ စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသည် သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာပြီး ပြည်သူများ၏ ထုတ်လုပ်မှုနှင့် ဘဝသည် တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်နှင့် တည်ငြိမ်မှုဆီသို့ မှန်မှန် ရွေ့လျားလာနေကြောင်း MNDAA က ထုတ်ပြန်ပြောဆိုသည်။"]
https://yktnews.com/2024/10/187113/
လားရှိုးမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၃ ဦး၏ မိသားစုဝင်များကို MNDAA က ငွေကျပ် ၁၅ သိန်းနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်
["လားရှိုးမြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၃ ဦး၏ မိသားစုဝင်များကို MNDAA က ငွေကျပ် ၁၅ သိန်းနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်", "ရန်ကုန်၊‌ အောက်တိုဘာ ၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ပြည်သူ ၃ ဦး၏ မိသားစုဝင်များကို MNDAA က ငွေကျပ် ၁၅ သိန်းနှင့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း MNDAA က ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၉ ရက် နံနက် ၉ နာရီခန့်တွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီအဖွဲ့ ၏ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့သည် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ ဦး ၏ မိသားစုဝင်များရှိရာ နေအိမ်များသို့သွား ရောက်ခဲ့ပြီး ဝမ်းနည်းကြောင်း ပြောဆိုကာ နှစ်သိမ့် ငွေကျပ် ၁၅ သိန်း ၊ ဆန် ၁ အိတ်နှင့် ဟင်းချက် ဆီ ၁ ပုံးတို့ကို မိသားစု ၁ စုစီ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။", "ထို့ပြင် ကျန်ရစ်သူ မိသားစုဝင်များအနေဖြင့် စားဝတ်နေရေးအခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ လာပါက ၎င်းတို့နေထိုင်ရာ ရပ်ရွာစီမံခန့်ခွဲမှုရုံးသို့ သတင်းပို့နိုင်ပြီး သက်ဆိုင်ရာဌာနများက အဆိုပါ ပြဿနာကို ကူညီဖြေရှင်းပေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။", "လားရှိုးမြို့ စစ်အုပ်ချုပ်ရေး ကော်မတီအနေဖြင့် မင်းအောင်လှိုင်အာဏာသိမ်းတပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရ ပြည်သူများကိုလည်း အချိန်မီကယ်ဆယ်နိုင်ရေးအတွက် အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စနစ် တကျ လုပ်ဆောင်ခဲ့သည့်အပြင် လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုအပြီး နောက်ဆက်တွဲကိစ္စရပ်များ ဖြစ်သည့် ထိခိုက်ဒဏ်ရာရသူများကို စနစ်တကျ ပြန်လည်နေရာချ ထားပေးခြင်း၊ စျေးကွက် စနစ်တ ကျ ပြန်လည်ကောင်းမွန်လာစေရန်နှင့် အရေးကြီးသောလုပ်ငန်း တာဝန်များကို ဆက်တိုက်လုပ် ဆောင်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။", "ယနေ့ချိန် အထိ စစ်မြေပြင်တွင် ရှုံးနိမ့်ခဲ့သော မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့ နှင့် အနီးတစ်ဝိုက်ရှိ ဈေးများ၊ လူနေရပ်ကွက်များနှင့် စာသင်ကျောင်းများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒေသနေ ပြည် သူလူထုများ စိုးရိမ်ထိတ်လန့်နေကြရကြောင်း သိရသည်။"]
https://yktnews.com/2024/09/181403/
လားရှိုးမြို့ကို ညအချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု အရှက်မရှိသော အကြမ်းဖက်သမား၏ သဘော သဘာဝကို ပေါ်လွင်စေဟု MNDAA က တရားဝင် ထုတ်ပြော
["လားရှိုးမြို့ကို ညအချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု အရှက်မရှိသော အကြမ်းဖက်သမား၏ သဘော သဘာဝကို ပေါ်လွင်စေဟု MNDAA က တရားဝင် ထုတ်ပြော", "ရန်ကုန်၊ စက်တင်ဘာ ၁", "ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို ညအချိန် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုသည် အရှက်မရှိသော အကြမ်းဖက်သမား၏ သဘော သဘာဝကို ပေါ် လွင် စေဟု MNDAA က တရားဝင် ထုတ်ပြောလိုက်သည်။", "ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်က လားရှိုးမြို့၌ ရုတ်တရက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အရပ် သားများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း၊ လားရှိုးမြို့သည် တဖြည်း ဖြည်း တည်ငြိမ်လာပြီး ဒေသခံများ ပြန်လည် အသက်မွေးဝမ်းကြောင်းပြုရန် ၎င်းတို့၏ နေရပ်မြို့သို့ ပြန်လာနေချိန် သြဂုတ် ၃၀ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် နှင့် ည ၈ နာရီ ၅၀ မိနစ်တို့တွင် တစ်ကြိမ် စာသင်ကျောင်းများနှင့် လူနေရပ်ကွက်များကို စစ်ကောင်စီက ပစ်မှတ်ထား လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက် သွားခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက လားရှိုးမြို့ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၈ အခြေခံပညာ အထက် တန်းကျောင်းသို့ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ပြီး စာ သင်ကျောင်းအတွင်း အဆောက်အဦးအများအပြား ပျက်စီးခဲ့ကြောင်း၊ အမှတ် ၈ အခြေခံ ပညာ အထက်တန်းကျောင်း အနီးရှိ လူနေ အဆောက် အအုံ တစ်ခုပေါ်သို့ နောက်ထပ် လေကြောင်း တိုက်ခိုက်မှု ဗုံးတစ်လုံး ကျခဲ့ပြီး အပေါ်ဆုံးထပ်မှာ ထိခိုက်ပျက်စီးမှုများခဲ့ကြောင်း သိရှိရသည် ။", "လေကြောင်း တိုက်ခိုက်မှု အပြီးတွင် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မ တီ က အခင်းဖြစ်ပွားရာ နေရာသို့ အမြန် သွားရောက် ကယ်ဆယ်ရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် လေကြောင်း တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း၊ လက်ရှိတွင် ပျက်စီးဆုံးရှုံးမှုကို သက် ဆိုင်ရာဌာနတွေက တွက်ချက်နေကြောင်း သိရှိရသည်။", "အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိသော်လည်း ဒေသ ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ကာ ဘဝသစ်တစ်ခုစတင်ရန် နေရပ်သို့ ပြည်သူများ တဖြည်း ဖြည်း ပြန်လာ‌နေချိန်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဂရုမစိုက်ဘဲ စစ်ရေးပစ်မှတ် မဟုတ်သော လူနေအိမ်များနှင့် စာသင် ကျောင်းများကို ဗုံးကြဲခဲ့သည်။ ဗုံးဖောက်ခွဲမှုများကြောင့် ပြည်သူတို့အား ထိတ်လန့်‌စေရန် အရှက်မရှိသော ကြိုးပမ်းမှုနှင့် ပြည်သူများကို အိမ်မပြန်ရန်နှင့် ၎င်းတို့၏ ပုံမှန်ဘဝများ ပြန်လည်အသက်ဝင်လာသည်ကို တားဆီးခြင်းသည် အကြမ်းဖက်သမား၏ သဘောသဘာဝကို တစ်ဖန် ပေါ်လွင်စေခဲ့ကြောင်း MNDAA ထောက်ပြ ဝေဖန်ထားသည်။"]
https://yktnews.com/2024/10/186647/
လားရှိုးမြို့ကို ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ သီပေါ၊ လွယ်ကျိုင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူတချို့ ဒဏ် ရာရ
["လားရှိုးမြို့ကို ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ သီပေါ၊ လွယ်ကျိုင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူတချို့ ဒဏ် ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ မွန်းလွဲပိုင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၆ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၅ ၊ မန်အိုင်ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချခြင်းဖြစ်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးကြောင်း MNDAA သတင်းရင်းမြစ်က ရှင်းပြသည်။", "“အပျက်အစီးအထိအခိုက် အခြေအနေ အသေးစိတ်မသိရသေးပါဘူး။ သိရရင် ပြောပါ့မယ်” ဟု MNDAA သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။", "ထို့ပြင် စက်တင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက သီပေါမြို့နယ် လွယ်ကျိုင်ကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် သားအမိ ၂ ဦးထိခိုက်ခဲ့ပြီး အခြားပြည်သူများလည်း ထိခိုက်ခဲ့ကြောင်း၊ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်အချိန် သီပေါမြို့လယ်ခေါင်သို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးများ ကျဲချခဲ့သဖြင့် နေအိမ်နှင့် ဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၁ ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ညပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးနေသော သီပေါမြို့နယ်၊ လွယ်ကျိုင်ကျေးရွာမှ နေအိမ်တချို့။"]
https://yktnews.com/2024/08/181089/
လားရှိုးမြို့ကို လျှပ်စစ် ဓာတ်အား ပြန်လည် ပေးဝေနိုင်ရန် 33KV ပင်မလိုင်းအား ပြုပြင်ခြင်း၊ ဓာတ်တိုင်များ အစားထိုးခြင်းနှင့် ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းခြင်းများ MNDAA က လုပ်ဆောင်နေ
["လားရှိုးမြို့ကို လျှပ်စစ် ဓာတ်အား ပြန်လည် ပေးဝေနိုင်ရန် 33KV ပင်မလိုင်းအား ပြုပြင်ခြင်း၊ ဓာတ်တိုင်များ အစားထိုးခြင်းနှင့် ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းခြင်းများ MNDAA က လုပ်ဆောင်နေ", "ရန်ကုန်၊ ဩဂုတ် ၂၉", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို လျှပ်စစ် ဓာတ်အား ပြန်လည် ပေးဝေနိုင်ရန် 33KV ပင်မလိုင်းအား ပြုပြင်ခြင်း၊ ဓာတ်တိုင်များ အစားထိုးခြင်းနှင့် ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းခြင်းများ MNDAA က လုပ်ဆောင်နေကြောင်း သိရသည်။", "လားရှိုးတိုက်ပွဲ အပြီးတွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အထူးဒေသ (၁) အုပ်ချုပ်မှုကော်မတီသည် စစ်ပြီးခေတ် လားရှိုးတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ စတင်ရန်အတွက် လုပ်ငန်းအဖွဲ့ကို ချက်ချင်း ဖွဲ့စည်းခဲ့ကြောင်း၊ ယခင်စစ်ဒဏ်ကြောင့် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပေးဝေမှုစနစ်သည် လက်ရှိတွင် ပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ရရှိရေးသည် စစ်ပြီးခေတ် ပြန်လည်တည်ဆောက်ရေး အတွက် ထိပ်တန်းဦးစားပေး လုပ်ငန်းတစ်ခု ဖြစ်လာကြောင်း သိရှိရသည်။", "လတ်တလောတွင် လားရှိုးမြို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေးနှင့် လားရှိုးမြို့ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့် ကိုက်ညီစေရန် အတွက် အထူးဒေသ ၁ ရေနှင့် လျှပ်စစ် ကုမ္ပဏီမှ ဝန်ထမ်း ၁၀ ဦးကို လားရှိုးမြို့မှ ဒေသ ဝန်ထမ်းများနှင့် လားရှိုးမြို့တွင် 33KV ပင်မလိုင်းကို ပြုပြင်ရန် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အိုမင်းပျက်စီးသွားသော တိုင်များကိုလည်း အစားထိုးပြီး ဗို့အားမြင့်လိုင်းများ ပြန်လည် သွယ်တန်းပေးမည်ဖြစ်ကာ သက်ဆိုင်ရာ လုပ်ငန်းများကို ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် လျှပ်စစ် ဓာတ်အားရရှိရေး အပြည့်အဝ အာမခံရန်အတွက် ရေအားလျှပ်စစ် ကုမ္ပဏီမှ အနည်အနှစ် စွန့်ထုတ်မှု၊ ရေလမ်းကြောင်း သန့်ရှင်းရေးနှင့် နန်မဲချောင်း အဆင့် ၂ ရေအား လျှပ်စစ်စခန်းအတွက် တာဘိုင်စမ်းသပ်လည်ပတ်ခြင်းစသည့် ပဏာမပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "အထူးဒေသ ရေအားလျှပ်စစ် ကုမ္ပဏီမှ ဓာတ်အားလိုင်းများ ပြုပြင်ခြင်း ပြီးစီးပါက မကြာမီ လားရှိုးမြို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမည်ဖြစ်ကာ ပြုပြင်နေသည့် ကာလအတွင်း လားရှိုး ပြည်သူများအနေဖြင့် ၎င်းတို့၏ အိမ်တွင်းရှိ ဓာတ်ကြိုးများ နှင့် Circuit Breaker များကို စစ်ဆေး ပြီး ပြင်ဆင်သင့်ကြောင်း၊ ပြတ်တောက်နေသည့် ဝါယာကြိုးများကဲ့သို့သော ပြဿနာများရှိပါက လျှပ်စစ်ဖွင့်ပြီးနောက် မလိုလားအပ်သော မတော်တဆမှုများ မဖြစ်စေရန် ၎င်းတို့အား အချိန်မီ အစားထိုးပြင်ဆင် သင့်ကြောင်း MNDAA က သိပေးထားသည်။"]