url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/09/121671/
ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပခုက္ကူရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပခုက္ကူရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၇ မိနစ်တွင် ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာ ပျူစောထီးများ စုဝေးရာ နေရာများကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၉ လုံး ကျဲချ တိုက် ခိုက်ခဲ့​ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့၊ နဂါးနီ – အာဠာဝက – Local – PDF၊ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ ဗိုလ်တစ်‌ထောင် Group ဒီပဲယင်း၊ မင်းညီနောင်အဖွဲ့၊ တိမ်လွှာအဖွဲ့၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့၊ Bo Ba Taw – SHWEBO LPDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို မောင်းသူ မဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Young Force UG တပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ စက်တင်ဘာလ ၈ ရက် ညနေပိုင်းက အဆိုပါအကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို Rc Plane လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နီးနီးကပ်ကပ် ကျဲချနိုင်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေ အနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို မြိုင်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ ၊ Thurain နှင့် Young Force UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/118994/
ရွှေဘိုမြို့နယ်ရှိ သီးလုံးရွာမှ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်ရှိ ငါးမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး
["ရွှေဘိုမြို့နယ်ရှိ သီးလုံးရွာမှ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်ရှိ ငါးမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သီးလုံးရွာမှ ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၁၅ မိနစ်က စတင်ပြီး ရွှေဘိုမြို့နယ်၊ သီးလုံးရွာကို ရောက်ရှိနေသော မြင်းချင်းရွာနှင့် ပန်းရံရွာမှ ပျူစောထီးများ တောကျောင်းဝိုင်းအတွင်း သောက်စား မူးရူးနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ လက်လုပ် ၆၀ မမ များဖြင့် နံနက် ၅ နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့​ပြီ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေး​ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဗိုလ်မိကျောင်း ၊ဒေါင်းမာန်၊ဒေါင်းစစ်သည်‌ ရွှေဘိုစွန်ရဲLPDF၊ဇေယျာသွေး၊ရွှေဘိုအားမာန် ၊ Shwebo Federal Army ၊ PREY KITE Shwebo ၊Eye For Eye ၊ Flying Dragon Force နှင့် HG Fighters SBO ပြည်သူ့ကာကွယ်ရေး အဖွဲ့များတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါးမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးနှင့် အုပ်ချုပ် ရေးမှူးတစ်ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။", "ဩဂုတ် ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က အဆိုပါရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ် မှတ် နေရာများကို ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးနှင့် အုပ်ချုပ်ရေးမှူး တစ် ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်း ဖက်စစ်သားများ တပ်စွဲထားရာ မြင်းခြံမြို့နယ်၊ ညောင်တိုရွာကိုလည်း ဒရုန်းဖြင့် ၂ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ်၊ မြောင်မြို့နယ် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/07/174437/
ရွှေဘိုမြို့နယ်သပိတ်အင်အားစုရဲ‌ဘော်များက အာဇာနည်သူရဲကောင်းများအတွက် ကုသိုလ်ရည်ရွယ်ကာ စစ်ရှောင် မိသားစုများကို လှူဒါန်း
["ရွှေဘိုမြို့နယ်သပိတ်အင်အားစုရဲ‌ဘော်များက အာဇာနည်သူရဲကောင်းများအတွက် ကုသိုလ်ရည်ရွယ်ကာ စစ်ရှောင် မိသားစုများကို လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၁၉", "ရွှေဘိုမြို့နယ်သပိတ်အင်အားစုရဲ‌ဘော်များက အာဇာနည်သူရဲကောင်းများအတွက် ကောင်းမှုကုသိုလ်အဖြစ်ရည်ရွယ်ကာ စစ်ဘေးရှောင် မိသားစု ၇၁ စုအတွက် စစ်ရှောင်တစ်စုလျှင် ၁၀,၀၀၀ ကျပ်နှုန်း ပြည်ပရောက်မြန်မာမိသားစု ကိုယ်စား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်"]
https://yktnews.com/2024/07/173232/
ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့ကို တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်
["ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့ကို တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေ ရှင်းလင်းရေး ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသည့် ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့ကို နယ်မြေ ရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကူတို့ဆိပ်ရွာ၊ ဆင်အင်း ရဲခွေးစခန်းနှင့် မြင်းစီးရွာတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင့် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၁၃ ရက်နေ့တွင် ကူးတို့ဆိပ်ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ဆင်အင်းစခန်းမှ ပျူစောထီးများ တပ်ကူရောက်ရှိလာခြင်းကြောင့် တော်လှန်‌ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရန် တော်လှန်ရေး ရဲဘော်များ ချဉ်းကပ်လာစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကူတို့ဆိပ်ပျူရွာ၊ ဆင်အင်းရဲခွေးစခန်း နဲ့ မြင်းစီးပျူရွာက စစ်ခွေး ၊ ရဲခွေး နဲ့ ပျူခွေးများ အကုန်လုံး စခန်းစွန့်ခွာ ထွက်ပြေးသွားတာ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်” ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/145899/
ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော စစ်တပ်က ပြည်သူ ၆၀ ဦးကို ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော စစ်တပ်က ပြည်သူ ၆၀ ဦးကို ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၆၀ ဦးကို ဖမ်းဆီးထားပြီး ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ချီပါရွာကို နံနက် ၅ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး ချီပါတောင်ရွာနှင့် ချီပါမြောက်ရွာမှ ကျေးရွာနေ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေက တစ်ဖွဲ့ကို ၅၀လောက်နဲ့ သုံးဖွဲ့ခွဲဝင်တာ။ မနက်အစောကြီးဆိုတော့ အသံကြားမှပြေးရတာ။ ဘာမှယူချိန် မရလိုက်ဘူး။ အဝေးရောက်မှ စုံစမ်းကြည့်တော့ ပြည်သူ ၅၀ ကျော် ၆၀ခန့် ဖမ်းမိပြီး လက်နက်ကြီးစမှန်သူတွေလည်းရှိတယ်လို့ ကြားတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှိချိန်တွင် ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ချီပါရွာ အပါအဝင် အိုဘို ၊ လုံထော် ၊ မဲတော ၊ အောင်ချမ်းသာ၊ နှောပင် ၊ အုပ်ပုံ ၊ မုတ်စီ၊ ငါးဇူကုန်း စသည့် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်း ကျေးရွာထဲ ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/10/127255/
ရွှေဘိုမြို့နယ်အတွင်း စစ်တပ်က ၈ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ
["ရွှေဘိုမြို့နယ်အတွင်း စစ်တပ်က ၈ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၈ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့က စတင်ကာ ဝက်လက်မြို့နယ်မှ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အချိန်ကြာမြင့်လာသောကြောင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။", "လက်ရှိချိန်ထိ ဘုန်းဘွဲ့ရွာ ၊ စိုင်နိုင်လေးရွာ ၊ အုန္နဲဘုတ်ရွာ ၊ နှောပင်ရွာ ၊ ဆင်ပြေရွာ ၊ သနတ်ချောင်ရွာ နှင့် မိတ်ထီလာရွာတို့မှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ပြည်သူတွေက တိမ်းရှောင်နေရတာ ရက်ကြာလာတော့ စားနပ်ရိက္ခာတွေ လိုနေတယ်။ ကျန်တော်တို့ လူမှုကူညီရေးအသင်းကလည်း စစ်ဘေးရှောင် ပြည်သူတွေကို တစ်ရက်ကို ဆန် ၆ တင်းနေ့တိုင်းကျွေးနေရပါတယ်။ ရုံးခန်းမှာလည်း ဆီပုံးအနည်ငယ်ပဲ ကျန်တော့တယ်။ ဆန်နဲ့ဆီ အဓိကလိုအပ်နေပါတယ်”ဟု တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဘုန်းဘွဲရွာနှင့် နှောပင်ရွာ တို့တွင် ရောက်ရှိလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/04/99745/
ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ထမင်းနှင့် ဟင်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။", "ဒေသပြည်သူများသည် စစ်ကြောင်း ထိုးမှုကြောင့် ခြေဗလာလက်ဗလာ ထွက်ပြေးလာရသောကြောင့် ပြည်သူများ အတွက် အရေးပါ် ထမင်းကျွေးရန် အလှူရှင်များ လိုအပ်လျက်ရှိပြီး နောက်တစ်ရက်အတွက် ထမင်း ဟင်း ရိက္ခာများ ပြတ်နေပြီ ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ အလှူရှင်များ အား ကူညီ ပေးပါရန် မေတ္တာရပ်ခံကြောင်း S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/01/200480/
ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး
["ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှ အင်အား ၅၀ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်ခွာလာပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် ကျွန်းတောဘက်ကမှ တဆင့် ကင်းဗျားရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ကင်းဗျားရွာ အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသော နေရာကို အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှလည်း ၁၂၂ မမ လက်နက်ကြီးများဖြင့် ဆက်တိုက် ရမ်းသမ်း ပစ်ကူပေးခဲ့ကြောင်းသိရှိရသည်။", "ထိုသို့ အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာနေ ပြည်သူများကို ရွာထဲမှ ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်သွားခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဆုတ်ခွာသွားသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကင်းဗျားရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေ စထွက်လာတာက ခလရ ၄၂ တပ်ရင်းကနေ အင်အား ၅၀ ကျော်ခန့်နဲ့ ၁၈ ရက်နေ့ ညပိုင်းမှာ စထွက်လာတာလို့ သိရတယ်။ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီကျော်ခန့်မှာ ကျွန်းတောဘက်ကနေတဆင့် ကင်းဗျားရွာကို လက်နက်ကြီးတွေပစ်ခတ်ပြီး ဝင်စီးတာပေါ့။ ကင်းဗျားရွာဘက်ကို လက်နက်ကြီး ပစ်ခတ်ဝင်လာစဥ် ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်လောက်ဖြစ်ပွားခဲ့သေးတယ်။ နာရီဝက် အကြာမှာ ခလရ ၄၂ တပ်ရင်းကနေ ၁၂၂ မမ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ကူလို့ ကင်းဗျားရွာခံပြည်သူတွေကို ကာကွယ်ရေးအဖွဲ့တွေက ဆွဲထုတ်ပြီး ဘေးလွတ်ရာကိုဆုတ်ခွာခဲ့ရတယ်။ စစ်ခွေးတွေက ကင်းဗျားရွာထဲက အမက စာသင်ကျောင်းဝင်းအတွင်းက အဆောင်အဦး တစ်လုံး၊ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။", "အဆိုပါ ကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရွှေဘိုမြို့ဘက်ကို ပြန်လည် ဆုတ်ခွာသွားပြီး ကင်းဗျားရွာအနီးရှိ မင်းကုန်းရွာတွင် ခလရ ၄၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများ အထိုင်ချတပ်စွဲထားသေးကြောင်း သိရသည်။"]
https://yktnews.com/2024/07/173158/
ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ် ပျူစစ်စခန်းကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီးများ စခန်း စွန့်ခွာထွက်ပြေး၊ စိုင်ပြင်ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ
["ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ် ပျူစစ်စခန်းကို တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီးများ စခန်း စွန့်ခွာထွက်ပြေး၊ စိုင်ပြင်ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ", "ရန်ကုန်၊ ဇူလိုင် ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကူးတိုးဆိပ်ရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပျူစောထီးရွာ ၃ ရွာမှ စစ်သား၊ ပျူစောထီးများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်မှ ရွှေဘိုမြို့နယ်၊ ကူးတို့ဆိပ်ရွာ ပျူစောထီးစခန်းကို ပြည် သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ချေမှုန်းရေး စစ်ကြောင်းမှ ရဲဘော်များက ပျူစောထီး စခန်းဘန်ကာ ၃ ခုကို ဝိုင်းထားနိုင်ခဲ့ပြီး ဘန်ကာကို ဖြိုခွင်းရာ RPG ကျည်မထွက်ခြင်း၊ ဆင်အင်းစခန်းမှ ပျူစောထီးများ တပ်ကူရောက်ရှိလာခြင်းတို့ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "ထို့နောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ထပ်မံတိုက်ခိုက်ရန် ချဉ်းကပ်ခဲ့ရာ ကူးတိုးဆိပ်ရွာမှ စစ်သား၊ ပျူစောထီးများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ အလားတူ ဆင်းအင်းရွာ၊ မြင်းစီးရွာမှ တို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများလည်း စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။", "“96 Soldiers – PDF (အညာဒေသ)တပ်ဖွဲ့ကနေ အကူအညီခေါ်လို့ ကျနော်တို့သွားကူပြီး တိုက်ပေး တာပါ။ စစ်ခွေး သေဆုံးထိခိုက်မှုတော့ မသိရသေးဘူး။ ကူးတို့ဆိပ် ပျူရွာကို တိုက်တော့ ထိခိုက်ဒဏ်ရာရတဲ့ စခတွေနဲ့ ပျူတွေရောပြီး မြင်းစီးပျူရွာ၊ ဆင်အင်းပျူရွာမှာရှိတဲ့ ပျူတွေပါ စခန်းစွန့်ထွက်ပြေးကြတာ” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို 96 Soldiers -PDF (အညာဒေသ) ၊ မဟူရာရွှေဘိုသား၊ ဂဠုန်တပ်တော်၊ ကနောင်တပ်ဖွဲ့၊ ကျောက်လုံးကြီး (KLG) Drone တပ်ဖွဲ့၊ Fighter one၊ ဒေါင်းမာန်ပြည်သူ့ကာကွ-ယ်ရေးအဖွဲ့I Shwebo Federal Army ၊ Phoenix Wings ၊ Phoenix Defense Force (ဝက်လက်)၊ ပျံလွှားတပ်ဖွဲ့နှင့် CAF (Civil Armed force) တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး 96 Soldiers – PDF (အညာဒေသ)မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကာ Fighter one တပ်ဖွဲ့မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရ (တစ်ဦးစိုးရိမ်ရ) ရှိခဲ့ကြောင်း သိရသည်။", "အလားတူ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီခန့်အချိန်အထိ ရွှေဘိုမြို့နယ်၊ စိုင်ပြင် ရဲစခန်းကို ဒရုန်းလေယာဉ် ၃ စီးဖြင့် ဗုံးသီး ၁၃ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။", "“ပျူရွာကို ဝင်တိုက်ပြီး အပြန်မှာ ဗုံးသီးတွေ ပိုနေလို့ စခန်းပြန်မယူချင်တာနဲ့ စိုင်ပြင်ရဲစခန်းကို ဒရုန်း နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာပါ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးပါဘူး” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို KLG PDF -ကျောက်လုံးကြီး နှင့်အတူ ကနောင်၊ PRAF ၊ ယင်းမာပင် ခရိုင် တပ်ရင်း ၁၆ ၊ ယင်းမာပင် ခရိုင်တပ်ရင်း ၃၅ မှ ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/134654/
ရွှေဘိုမြို့နယ်၊ ကျေးရွာ ၂ ရွာရှိ စစ်ကောင်စီ တပ်သားများနှင့် ရွှေဘိုမြို့ အဝင်မုဒ်ပေါက်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး
["ရွှေဘိုမြို့နယ်၊ ကျေးရွာ ၂ ရွာရှိ စစ်ကောင်စီ တပ်သားများနှင့် ရွှေဘိုမြို့ အဝင်မုဒ်ပေါက်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၂ ရွာရှိ စစ်ကောင်စီ တပ်သားများနှင့် ရွှေဘိုမြို့ အဝင်မုဒ်ပေါက်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်နေ့တွင် သီးလုံးပျူ‌စောထီးကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ၆၀ မမ ဗုံးသီး၊ RPG နှင့် ဗုံးသီး အစစ်များကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရွှေဘိုမြို့ မုဒ်ပေါက်ရှိ စစ်သားများနှင့် ပန်ရံ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ဦးဆောင်သော ရွှေဘို တိုက်နယ်-၂ မဟာမိတ်တပ်ပေါင်းစု ညီ‌နှောင်များဖြစ်ကြသော ၊Bo Ba Taw Shwebo-LPDF၊ တိမ်လွှာအဖွဲ့၊GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ Shwebo Crocodile ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ LIGHTNING DRONE FROCE ( We are everywhere) ဒရုန်းတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/212159/
ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
["ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၉ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၂၈ နှစ် အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ ဦးနှင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“ကွန်ဆိပ်ကျေးရွာကို ဧပြီလ ၂၀ ရက်နေ့ ၃ နာရီမှာ စကျဲတာ ဂျက်ဖိုက်တာ ဖြစ်လိမ့်မယ်ထင်တယ်။ ရော့ကတ်ကို တစ်ချက်ထဲပစ်တာ ၄ လုံးပေါ့။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒီအတိုင်းလာရောက် ပစ်ခတ်သွားတာပါ။ ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသမီးတစ်ယောက်က ၂၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး ၁ ဦး ကလေးရော မိခင်ပါ ဆုံးပါးသွားပါတယ်။ ကျန်တဲ့ နှစ်ယောက်က ၁၈ နှစ်အရွယ် လေးတွေပဲ ပြည်သူ ၇ ဦးကတော့ ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/212043/
ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်‌ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုယ်ဝန်‌ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်‌ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဧပြီလ ၂၀ ရက်‌‌နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် တိုက်ပွ်ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဗုံးစထိမှန်သည့်အတွက် ပြည်သူ ၁၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ဗုံးက ၂ လုံး ချတာ ၁ လုံးကွဲတယ်။ ၁ လုံးက ရေတွင်းဘုံပိုင် ခြေရင်း ကျတာမကွဲဘူး။ ဘုံပိုင်ကတော့ လွင့်ထွက်သွားတယ်။ အမျိုးသမီး ၂ ဦး သေဆုံးတယ်။ သေဆုံးတဲ့ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးပါတယ်။ ၁၅ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲက ၃ ဦးကတော့ ပြင်းထန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း စာသင်ကျောင်းဆောင် ၄ ဆောင်နှင့် နေအိမ် အများပြားလည်း အမိုးအကာများ ပေါက်ပြဲ ပျက်စီးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/159093/
ရွှေဘိုမြို့နယ်၊ ချီပါရွာတွင် ၇ ရက်တာ တပ်စွဲထားသော စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေ
["ရွှေဘိုမြို့နယ်၊ ချီပါရွာတွင် ၇ ရက်တာ တပ်စွဲထားသော စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ ဧပြီ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာတွင် ၇ ရက်တာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့က စတင်ကာ ရွှေဘိုမြို့နယ်၊ ချီပါရွာရှိ ရွှေပြည်တန် ဆန်စက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ယနေ့ ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က စတင်ကာ ချီပါမြောက်ရွာ ပန်းသပြေ စားသောက်ဆိုင်အနီးရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။", "“ချီပါ မြောက်ရွာ ပေလမ်းဘေးက ဆန်စက်ထဲမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ခွေးတွေက ချီပါမြောက်ရွာ ပန်းသပြေ စားသောက်ဆိုင် အနီးက နေအိမ်တွေကို မီးရှို့နေတယ်လို့ သိရပါတယ်။ စစ်ခွေး စစ်ကြောင်းက ၁၈ ရက်နေ့တည်းက အထိုင်ချနေတာ အခုထိ မထွက်သေးတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ချီပါကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသည့် ဧပြီလ ၁၈ ရက်နေ့က စတင်ကာ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာ၌ တပ်စွဲပြီးနောက် ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ပြီး ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး လမ်းပိုင်းမှ ကုန်ကားများနှင့် စက်သုံးဆီ ကားများသည်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရှိနေ၍ ဖြတ်သန်းခြင်းမပြုလုပ်သောကြောင့် ကုန်စည်များပြတ်လပ်နေပြီး ကုန်စျေးနှုန်းများ ၂ ဆကျော်မြင့်တက်သွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/159273/
ရွှေဘိုမြို့နယ်၊ ချီပါရွာနှင့် ပခုက္ကူမြို့နယ် အင်းဘတ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ကြံ့ဖွတ်ရုံး အပါအဝင် နေအိမ် ၂၀ ကျော်နှင့် ဈေးဆိုင်များပြာကျ
["ရွှေဘိုမြို့နယ်၊ ချီပါရွာနှင့် ပခုက္ကူမြို့နယ် အင်းဘတ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ကြံ့ဖွတ်ရုံး အပါအဝင် နေအိမ် ၂၀ ကျော်နှင့် ဈေးဆိုင်များပြာကျ", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ကြံ့ဖွတ်ရုံး အပါအဝင် နေအိမ် ၂၀ ကျော်နှင့် ဈေးဆိုင်များမီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၄ ရက်နေ့တွင် ချီပါရွာ၌ ၇ ရက်ကြာတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာထဲရှိ ကြံ့ဖွတ်ရုံး အပါအဝင် နေအိမ်များ၊ ဘဲခြံများနှင့် ယက်ကန်းစင်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ချီပါရွာအတွင်းရှိ ကြံ့ဖွတ်ရုံး၊ နေအိမ် ၂၀ ကျော်၊ ဈေးဆိုင် ၁၀ လုံးခန့်၊ ယက်ကန်းစင်များ နှင့် ဘဲခြံများ မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ မီးရှို့တဲ့ထဲမှာ ကြံ့ဖွတ်ရုံးလည်းပါတယ်။ နေအိမ် ၂၀ ၊ စပါးတိုက် ၁ လုံး၊ လက်ယက်ကန်းနဲ့ စက်ယက်ကန်းစင် ၁၅ စင်၊ စားသောက်ဆိုင်တွေ ကဖေးဆိုင်တွေ လည်း မီးလောင်ပြာကျသွားတယ်။ စစ်ခွေးတွေက နွား ၁ ကောင် နဲ့ ဘဲအကောင် ၂၀၀ ခန့်ကိုလည်း သတ်ဖြတ်သွားတယ်။ ဘဲခြံတွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာမှ ဆုတ်ခွာသွားပြီး မင်းကုန်းဘုန်းကြီးကျောင်းကို ပြန်လည် ရောက်ရှိ သွားကြောင်း သိရသည်။", "အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်းဘတ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပခုက္ကူမြို့နယ်၊ အင်းဘတ်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“ဧပြီလ ၁၉ ရက်နေ့က အင်းဘတ်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ ဖျက်ဆီးသွားတာ နေအိမ် ၃ လုံး မီးလောင် ဖျက်ဆီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/99372/
ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
["ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "” Sniper နှစ်လက် နဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁ ကောင် ငရဲရောက်သွားတယ်လို့ ပြည်သူတွေကို သတင်းကောင်း ပါးလိုက်ရပါတယ်။ ကျွန်တော်တို့ မဟာမိတ် ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့နှင့်အတူ Flying Dragon Force (F.D.F)-SHWEBO၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ C&T SHWEBO-LDF၊ MDF SHWEBO နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂၊တိုက်နယ်-၅ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/95813/
ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကြီးကွေ့အနီးရှိ စစ်သားများ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကြီးကွေ့အနီးရှိ စစ်သားများ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စိုင်နိုင်ကြီးကွေ့အနီးတွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဧပြီလ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က စိုင်းနိုင်ကြီးကွေ့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသော အင် အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခမရ ၃၆၄ စစ်ကြောင်းကို စိုင်နိုင်ကြီးကွေ့နှင့် မိုးကောင်းကင် ဆီဆိုင်ကြားအရောက် ရှေ့ထွက်ပဒေသာမိုင်း ၇ လုံး ပွိုင့် ၂ ပွိုင့်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“မနေ့ညက ယင်းတောမှာ ညအိပ်ပြီး ဒီမနက် စိုင်နိုင်ကြီးကွေ့ကို ခဏဝင်နားတယ်၊ အဲဒီက နေ ရွှေဘိုမြို့ကို ထွက်လာတာ၊ ၂ နေရာမိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ သေဆုံးသွားတဲ့ ခွေးသေတွေရော၊ ဒဏ်ရာတဲ့ခွေးတွေရော ရွှေဘို သယ်သွားတာထင်တယ်၊ အတွဲတွေရော၊ အထမ်းတွေ ရောတွေ့တယ်၊ ရွှေဘိုမြို့က ခွေးတွေကလည်း တဂဏန်းရွာနဲ့ဇီးတောရွာနားအထိလာကြိုသွားတယ်” ဟု ရွှေဘို ခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါအကြမ်းဖက်စစ်သားများသည် လှတောကျေးရွာ အထိုင်ချတပ်စခန်းမှ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာ ဖြစ်ပြီး ရွှေဘိုခရိုင် တပ်ရင်း ၂၃ တပ်ခွဲ ၁ Naungyoe Army နှင့်နဂါးမင်းပျောက်ကြား တပ်ဖွဲ့ ဒေသခံပကဖများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/178894/
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲကင်းစခန်းမှ စစ်ကောင်စီ တပ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ နှင့် ဆိုင်ကယ်ကို လုယူသွား
["ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲကင်းစခန်းမှ စစ်ကောင်စီ တပ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ နှင့် ဆိုင်ကယ်ကို လုယူသွား", "ရန်ကုန်၊ ဩဂုတ် ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ နှင့် ဆိုင်ကယ်ကို လုယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၃ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာ ရဲကင်းရဲစခန်း၌ တပ်စွဲ နေထိုင်သော အကြမ်းဖက် စစ်သားများက ဆိုင်ကယ် စီးလာသည့် ခရီးသွား အမျိုးသား ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ ၊ ခရီးဆောင်အိပ် ၁ လုံးနှင့် ကလစ် ဆိုင်ကယ် ၁ စီးကို လုယူ ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ခရီးသွား ပြည်သူ ၂ ဦးသည် ကောလင်းမြို့နယ်မှဖြစ်ပြီး ရွှေဘိုမှ မုံရွာဘက်သို့အသွား ရွှေဘို-ဆိပ်ခွန်-မုံရွာ လမ်းဘေးရှိ ဆိပ်ခွန်ရွာ ရဲစခန်းရှေ့မှ ဖြတ်သွားစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေနတ်ထောက်၍ ဖမ်ဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ငွေနှင့် ဆိုင်ကယ်ကို လုယူခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူ တစ်ဦးကရှင်းပြသည်။", "“ဆိုင်ကယ် ၂ ဦး စီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ခိုင်းတာ ဆိုယ်ကယ်ဘောက်ဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်တာနဲ့ ငွေတွေလည်းမြင်ရော သေနတ်နဲ့ပါထောက်ပြီး ပစ္စည်းတွေထားခဲ့ မင်းတို့ပြေးကြတော့ဆိုပြီးပြေးခိုင်းတာ ထွက်ပြေးသွားတဲ့ ပြည်သူ ၂ ဦးကတော့ လွတ်မြောက်လာတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ ရဲကင်းရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးမုံရွာသွားသည့် လမ်းဘေးတွင်တည်ရှိပြီး မြို့နယ်ပေါင်းများစွာမှ တစ်ရက်လျှင် ကားအစီရေး ထောင်ချီဖြတ်သွားနေပြီ ကားများထံမှ ကောက်ခံရရှိသည် ငွေ သိန်းရာချီကျော်ကို အကြမ်းဖက် စစ်တပ်အတွက် ရှာဖွေပေးနေသူများဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။", "ယင်းရဲကင်းစခန်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ၂၀၂၂ ခုနှစ် ၂ လပိုင်းမှ စတင်တပ်စွဲနေထိုင်ခြင်းဖြစ်ပြီး ၂ နှစ်ခွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဆိပ်ခွန်ရွာမှ အရပ်သားပြည်သူ ၂၀ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရကာ စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃ လုံးနှင့် စာသင်ကျောင်းတို့ ပျက်စီးပြီး မတရား ဖမ်းဆီးထောင်ချခံရသော ပြည်သူ ၂၅ ဦးရှိကြောင်း သိရသည်။", "Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/03/93113/
ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှု ပြည် သူ ၂ ဦး သေဆုံ
["ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှု ပြည် သူ ၂ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာကို စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စီး ဖြင့် ပစ်ခတ်ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် စစ်တပ်က ဆိပ်ခွန်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် လှည့်ပစ်ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၂၂ နှစ်အရွယ် ကိုတိုးတိုး နှင့် အသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်ဝင်းတို့ သေဆုံး ခဲ့ကြောင်း သိရသည်။", "“နံနက်ပိုင်းက ရွာထဲက ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို PDF တပ်ဖွဲ့ တွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေရှိတယ်။ မွန်းလွဲပိုင်းမှာ စစ် ခွေး တွေက လေယာဥ်ပစ်ကူခေါ်တော့ MI 35 ၁ စီးနဲ့ MI 17 ၁ စီးရောက် လာ တယ်။ MI 35 ကပဲ ရွာထဲကို လှည့်ပစ်သွားတာ ပြည်သူ ၂ ဦးသေဆုံးတယ် ၃ ဦး ဒဏ်ရာရတယ်” ဟု ပြည်သူ တစ်ဦးက ​ပြောဆိုသည်။", "ထို့ပြင် ပြည်သူ ၃ ဦးဖြစ်သည့် ဦးထွား၊ မမာလွင်နှင့် ဦးတင်တို့သည်လည်း လည် ပင်း၊ တတောင်ဆစ်နှင့် နောက်ကြောတို့၌ ထိခိုက် ဒဏ်ရာ များရရှိခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2024/02/143838/
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းကို ဗုံးကျဲမှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်
["ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ ပျူစောထီးစခန်းကို ဗုံးကျဲမှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို ရွှေဘိုမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တန့်ဆည်PDF ပူးပေါင်းအဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနိုင်ကြောင်း တန့်ဆည်PDF ထံမှ သိရှိရသည်။", "ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာအတွင်း တပ်စွဲထားသော အင်အား၁၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများကို ဖေဖော်ဝါရီလ ၁ရက် မွန်းလွဲ ၂ နာရီ ၁၅မိနစ်မှ ၄နာရီ ၁၈မိနစ်အချိန်အထိ ဗုံးသီး ၁၁လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တန့်ဆည်PDF ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "” ရွှေဘိုနယ်ထဲက ဇီးဖြူကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီး အကြီး ၁၁လုံးကြဲတာပါ။ စကစတွေ ပျူတွေ ၁၀၀ကျော်လောက် တပ်စွဲထားတဲ့ စခန်းကြီးဆိုတော့ ထိခိုက်မှုများတယ်။ သူတို့အထိနာလို့ လက်နက်ကြီးတွေနဲ့ ပြန်ထုတာ။ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်။ သူတို့ဘက်က ထိခိုက်မှုကိုတော့ စုံစမ်းဆဲပါ” ဟုပြောသည်။", "အဆိုပါတိုက်ခိုက်မှုကို Black Wolf Army၊ Who am I Army၊ Forest Fighter Army၊ Snake Eye PDF၊ ပြည်သူ့အစေခံအဖွဲ့ တို့နှင့်အတူ တန့်ဆည်PDF – Taze People’s Defense Forceက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- Eagle Brigade (AnyarEagles)၏ တိုက်ခိုက်ရေးဒရုန်းတစ်စင်း။"]
https://yktnews.com/2024/07/173204/
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် ဆားတောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် ဆားတောင်မြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို Fixed Wing Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစောထီးများဘက်မှလည်း ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ မဟူရာ ရွှေဘိုသား LDF အဖွဲ့ ၊ ဒေါင်းမန် (ရွှေဘို) ပကဖအဖွဲ့ ၊ ဇေယျသွေး LDF အဖွဲ့နှင့် အခြားမဟာမိတ် အဖွဲ့များနှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အကြမ်းဖက် စစ်တပ် အမြစ်ပြတ်ရေး တိုက်ပွဲဝင်လျက်ရှိပြီး Fixed Wings Drone တစ်စီး တန်ဖိုး ၂၈ သိန်းကျပ်ခန့်၊ ဗုံးသီး ၁ လုံး တန်ဖိုး ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် မိဘပြည်သူများမှ ဝိုင်းဝန်းအားဖြည့်ကူညီ ပေးကြပါရန် မေတ္တာရပ်ခံထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းနှင့် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Phoenix Sagaing တပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းရှေ့၌ ဂိတ်ဖွင့် ကာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော စစ်သား၊ ရဲများကိုလည်းကောင်း၊ ညနေ ပိုင်းတွင် ဆားတောင်မြို့ရဲစခန်းအတွင်းသို့လည်းကောင်း Fix Wing Drone များဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား၊ ရဲများဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့သော်လည်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ရဲထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ People Dictatorship Revolutionary Force (SGG)၊ ကြောင်လက်သည်း (ဝက်လက်) ၊ နန်းတက်မင်း(ဝက်လက်) ၊ ဇာမဏီ(ဝက်လက်)နှင့် နယ်စီးမခြား ရွှေဘိုသား(ရွှေဘို)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/02/144123/
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာသား ၈ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီး
["ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာသား ၈ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာသား ပြည်သူ ၈ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် ဇီးဖြူကုန်းကျေးရွာကို စစ်ကြောင်းထိုး စီးနင်း ဝင်ရောက်ပြီး ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ကျေးရွာနေ ပြည်သူ ၃၀ ခန့်ကို တပ်သားသစ် စုဆောင်းရန် ခေါ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ထိ ကျေးရွာအတွင်း တပ်စွဲထားပြီး ယနေ့ မွန်းလွဲပိုင်းက စတင်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိပြီး ယနေ့ ညပိုင်းအထိ မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရှိရသည်။", "“ဇီးဖြူကုန်းရွာ ဖမ်းမိသူများတယ်။ ဖမ်းမိသူတွေထဲက ပြေးနိုင်သူတွေ ပြေးခိုင်းပြီး လွှတ်ပေးတယ်။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ လူတွေ မီးထဲပါလောက်တယ် ပြောနေကြတယ်။သေဆုံးက ၈ ဦးလို့ ကြားတယ်။ ဒီထက်များနိုင်တယ်။ ဖမ်းခံရတွေကတော့ ပြန်လွှတ်ပေးလိုက်ပြီး လူငယ် လူလတ်ပိုင်း ၃၀ ခန့်လောက်တော့ ရွှေဘိုစစ်သားစုဆောင်းရေးတပ်ကို ခေါ်သွားတာလို့ ကြားတယ်။ အိမ်တွေတော့ ကုန်လောက်ပြီ ညနေ ၆ နာရီလောက်ကတော့ မီးက ၄ နေရာလောက် ခွဲရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ဇီးဖြူကုန်းရွာကို အခြေပြု၍ အနီးအနားရှိ ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေသည့် အတွက် ဇီးဖြူကုန်းရွာအပါအဝင် ကျေးရွာ ၈ ခန့်ရှိ ပြည်သူ ၅၀၀၀ ခန့်မှာ စစ်ရှောင်နေကြရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/165127/
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား
["ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား", "ရန်ကုန်၊ မေ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ဗိုလ်ကျားရိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောဆိုသည်။", "မေလ၂၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Civil Armed Force ၊ 96 Soldiers ၊ People Libration Army (PLA) နှင့် Ka Naung တပ်ဖွဲ့တို့က ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲသည် ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး ညောင်ကိုင်း ပျူစောထီး ခေါင်းဆောင် စိုးနိုင်၏ သားအကြီး ပျူစောထီး ကျောက်စိမ်း ၊ ပျူစောထီး ဝင်းမြင့်၊ ပျူစောထီး အောင်ဘုနှင့် ပျူစောထီး လပွတ်တို့ အပါအဝင် စစ်သား ၉ ဦး သေဆုံးကာ ပျူစောထီးနှင့် စစ်သား ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကူများ လာရောက်သည့် တည်သီးတောကျေးရွာနှင့် ညောင်ကိုင်းကျေးရွာကို အကြား ဖြတ်တောက် တိုက်ခိုက်ရေး တာဝန်ကို ဗိုလ်ကျားရိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "“အဲတိုက်ခိုက်မှုက စစ်ခွေး ၉ ကောင်သေဆုံးတယ်လို့ သိရတယ်။ အဲရွာမှာက စစ်ခွေးတွေရော ပျူစောထီးတွေရော ရှိတယ်။ ထိခိုက်ဒဏ်ရာရတာက ၁၅ ကောင်ရှိတယ်လို့ သိရတယ်” ဟု ဗိုလ်ကျားရိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ရွှေဘိုခရိုင်တပ်ရင်း ၂၁ ၊ ရေဦးမြို့နယ် ပကဖ ( Phoenix တပ်ခွဲ၊ Galaxy Force )၊ ရွှေဘိုမြို့နယ် မဟူရာရွှေဘိုသား(LPDF) နှင့် Zero Fighter Squad (Depeyin)တို့မှ အင်အားဖြည့် ကူညီတိုက်ခိုက်ခဲ့ကြပြီး ‌လက်နက်ကြီးပစ်ကူအဖြစ် Lightning Drone Force ၊ ကနီမြို့နယ် ပ.က.ဖ ( ဂျိုးဖြူ Drone တပ်ဖွဲ့ ) နှင့် အရာတော်မြို့နယ် နောင်ရိုးတပ်ဖွဲ့မှ တပ်ကူပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204977/
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းနှင့် တည်သီးတော စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသဖြင့် စားနပ် ရိက္ခာပြတ်လပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်း စွန့်ခွာထွက်ပြေး
["ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းနှင့် တည်သီးတော စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသဖြင့် စားနပ် ရိက္ခာပြတ်လပ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်းများမှ စစ်သားများနှင့် ပျူစောထီးများမှာ ရိက္ခာပြတ်လပ်၍ စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်း၏ စားနပ်ရိက္ခာပို့လမ်းကြောင်းများကို တော်လှန်ရေးတပ်များက ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ဆို့ခဲ့ကြောင်း၊ အချိန်များစွာ ကြာမြင့်သည့်အခါ စားနပ်ရိက္ခာပြတ်တောက်၍ ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်တပ်အထိုင်စခန်းများ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ထွက်ပြေးသွားသော စစ်သားများနှင့်ပျူစောထီးများမှာ ဇီးဖြူကုန်းရွာရှိ စစ်တပ်အထိုင်စခန်းသို့ ပြောင်းရွှေ့ ပူးပေါင်းသွားခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ကျေးရွာများမှ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ထွက်ပြေးသွားချိန် ကျေးရွာထဲတွင် နှိပ်စက်ညှဉ်းပန်းခံထားရသည့် ပြည်သူအချို့ ကျန်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ပြည်သူများမှာ စာနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြောင်း ကျေးရွာသို့ ဝင်ရောက်ခဲ့သူများက ပြောဆိုသည်။", "” အဲဒီ ပျူနှစ်ရွာက ရိက္ခာပြတ်နေတာကြာပြီ။ မွေးထားတဲ့ ကျွဲ နွား ဝက် ကြက်နဲ့ဆိတ်တွေလည်း ကုန်ပြီ။ ဆန်မရှိလို့ စပါးတွေကို မောင်းနဲ့ထောင်းပြီးစားနေရတာ”ဟု ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "စားနပ်ရိက္ခာဆေးဝါးပြတ်လပ်မှုကြောင့် တည်သီးတောရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဦးကဝိသည် အစားအစာ ဆေးဝါးပြတ်လပ်ပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ပျံလွန်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်က ရွှေဘိုမြို့နယ်ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတို့တွင် ၂၀၂၂ ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငှက်ပျောအူများကို စားနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/07/173492/
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
["ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာကို ဒရုန်း၊ လက် နက်ကြီး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BIA ဒီပဲယင်း LDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား၊ ပျူ စောထီး ထိခိုက်သေဆုံးးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“Fixed Wing Drone တွေ ၊ Federal Wings တွေပါမယ်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေပါမယ်၊ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်ကလလည်း လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ ရှိ တယ်၊ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းပဲ။ ကျနော်တို့အဖွဲ့က ဒီပဲယင်းမှာ အခြေစိုက် ထားပေ မယ့်အနီးနားမြို့နယ်တွေဖြစ်တဲ့ ရွှေ ဘိုတို့၊ ဝက်လက်တို့မှာရှိတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာပါ။ မြေပြင်မှာ တကယ်အလုပ်လုပ်တဲ့အဖွဲ့မို့ မိဘပြည်သူတွေ အနေနဲ့ ကူညီပေး ကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု BIA ဒီပဲယင်း LDF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့၊ ကြောင်ရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ ကျားရိုင်း (ရွှေဘို) ပကဖ အဖွဲ့ ၊ မဟူရာရွှေဘိုသား LDF အဖွဲ့ ၊ ShweBo Federal အဖွဲ့ ၊ ဒေါင်းမန် (ရွှေဘို) ပကဖအဖွဲ့ ၊ ဇေယျသွေး LDF အဖွဲ့နှင့် အခြား မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "B.I.A (ဒီပဲယင်း) LDF အဖွဲ့အနေဖြင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ နွေဦးတော်လှန်ရေးကို ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ပြီး Fixed Wings Drone ၁ စင်းလျှင် ၂၈ သိန်းခန့်၊ ဗုံး ၁ လုံးလျှင် ၃ သောင်းကျပ်ခန့် ကုန်ကျစရိတ်ရှိသဖြင့် ဆက်လက်တိုက်ပွဲဝင်နိုင်ရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထား သည်။"]
https://yktnews.com/2024/07/176080/
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာကို ရိက္ခာလာပို့သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာကို ရိက္ခာလာပို့သည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဇူလိုင် ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးရွာကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၇ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ညောင်ကိုင်းပျူ‌စောထီးရွာကို ရိက္ခာများပို့ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား၊ ထွေလာဂျီများကို ထနောင်းကိုင်းရွာ ထိပ်တံတား အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၃၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တော်လှန်ရေး တပ်ဖွဲ့များ ရှိသည်အထင်ဖြင့် လက်နက်ကြီး ၇ ချက်ထက်မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် နှမသစ်‌ကျေးရွာမှ စစ်ရှောင်ပြည်သူ အသက် ၅၀ နှစ်အရွယ်အမျိုးသား ၁ ဦးနှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း သိရှိရသည်။", "“ထိခိုက်စာရင်းက ကျွန်တော်တို့ အတိအကျ မသိရသေးဘူး။ ဒရုန်းနဲ့ ဗုံးကျဲချလို့ ထိသွားတဲ့ စစ်ခွေးတွေကိုတော့ ဆိုင်ကယ်တွေ ကားတွေနဲ့ တင်ခေါ်သွားတာတော့ တွေ့တယ်။ ကျွန်တော်တို့ မြေပြင်မှာလည်း ထိတွေ့မှုဖြစ်တာတွေလည်းရှိတယ်” ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို DUGF(Dragon Urban Guerrilla) ၊ Fire Dragon(Khin U) ၊ ရွှေဘိုခရိုင်တပ်ရင်း(၄) နှင့် SNAKE EYES -PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/171926/
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာ အနောက်ဘက်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၆ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာ အနောက်ဘက်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၆ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာ အနောက်ဘက်တွင် ကင်းစောင့်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ကြောင်း မဟူရာရွှေဘိုသား LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်ရွာ ပျူစောထီးစခန်းအတွင်းမှ ပျူ စောထီး ၆ ဦးသည် ရွာ၏အနောက်ဘက်တွင် ကင်းထွက်စောင့်နေစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ Fixed Wings Drone ဖြင့် ဗုံး ကျဲခိုက်ခိုက်ခဲ့ရာ ၆ ဦးစလုံးသေဆုံးနိုင်ပြီး အတိအကျသိရှိနိုင် ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မဟူရာရွှေဘိုသား LPDF ၊ Daung Man ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Ya Thwe ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ကြောင်ရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဗိုလ်မဟာပြည်သူ့ကာ ကွယ်ရေးအဖွဲ့ နှင့် Snake Eye (B4-C3) အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။"]
https://yktnews.com/2024/07/173569/
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ကင်းစောင့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
["ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ကင်းစောင့်ရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၁၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၁၂ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူကျေးရွာမှ နေ့ကင်းယူရန် ထွက်လာသော စစ်သား၊ ရဲ နှင့် ပျူစောထီးများကို ၎င်းတို့ နေရာယူမည့် ဘန်ကာထဲတွင် တော်လှန်ရေးရဲဘော်များက လက်ဦးမှုရယူ၍ အသင့်စောင့်ဆိုင်း နေရာယူပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ပွဲသည် ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကာ ၎င်းတို့ထံမှ MA – 1 သေနတ် ၁ လက် ၊ Magazine ၁ ခု ၊ 5.56 ကျည် ၅၀ တောင့် ၊ G-3 သေနတ် ၁ လက် ၊ Magazine ၃ ခု ၊ 7.62 ကျည် ၁၄၀ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၁ လုံး ၊ စကားပြောစက် ၁ လုံး တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Special Troop Of Anyar Revolution (S.T.A.R) အညာဒေသအထူးတော်လှန်ရေးတပ်ဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး ရွှေဘို၊ Bo Ba Taw -SHWEBO၊ Golden Eagles – ZBG အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား ၊ ရဲ ၊ ပျူစောထီးများနှင့် စစ်တပ် ထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/10/189120/
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး MA 1 သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၃ မိနစ်ခန့်တွင် ညောင်ကိုင်းရွာ မှ တည်သီးတောရွာကို ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာသည့် စစ်သား ပေသီး နှင့် ပျူစောထီး မောင်ကြီး ဆိုသူကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး သေဆုံးခဲ့ကြောင်းသိရသည်။", "သေဆုံးသွားသော စစ်ကောင်စီ တပ်သး ၂ ဦးထံမှ MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၃ ခုနှင့် အီနာဂါဗုံးသီး ၄ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက် စစ်သား၊ ပျူနှင့် စကစထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "“ကျနော်တို့အဖွဲ့ ဆက်လက်ပြီး မစ်ရှင်ပေါင်းများစွာ ဖော်ဆောင်ဖို့ရာ လက်နတ်ခဲယမ်း ပြန်လည် ဖြည့်တင်းဖို့ ပြည်တွင်း ပြည်ပက ပြည်သူများ ကူပေးကြပါအုန်းလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို တိုက်နယ် ၂ ကပဖ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး (PDO) အဖွဲ့ ၊ တိုက်နယ် ၃ ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီး ပကဖ အဖွဲ့၊ ဓားညီနောင် ပကဖအဖွဲ့) ၊ တိုက်နယ် ၅ ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114416/
ရွှေဘိုမြို့နယ်၊ ညောင်ပင်လှ ပျူစောထီး စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
["ရွှေဘိုမြို့နယ်၊ ညောင်ပင်လှ ပျူစောထီး စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှပျူစောထီး စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးပြီး သေနတ် ၃ လက်အပါအဝင် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇူလိုင်လ ၂၃ ရက် နံနက် ၃ နာရီဝန်းကျင်တွင် အင်အား ၂၅ ဦး ဝန်းကျင်ဖြင့်တပ်စွဲထားသော ညောင်ပင်လှကျေးရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၉ ဦးသေဆုံးကာ ကာဘိုင် ၂ လက်၊ ကိုးလုံး ၁ လက်၊ ကိုးလုံးကျည် ၂၅ တောင့်၊ ကာဘိုင်ကျည် ၂၀၉ တောင့်၊ ကျည်ဘောက် ၁ ခုနှင့် ချပ်ဝတ်တန်ဆာ ၇ ခုတို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "“စခန်းတော့မသိမ်းနိုင်ခဲ့ဘူးဗျ၊ ရွာမြောက်ဘက်ခြမ်းက ကင်းတကင်းတော့ကျန်ခဲ့တယ်၊ အဲဒီဘက်က ညောင်ကိုင်းပျူရွာနဲ့ ကပ်လျက်ဆိုတော့ စစ်ကူရောက် လာ ပြီး လက်နက်ကြီးပစ်ကူပေးတဲ့အတွက် ရွာ မြောက်ဘက်ခြမ်းကင်းတစ်ကင်းကျန်ခဲ့တာ၊ ဒဏ်ရာရတဲ့စစ်ခွေးတွေနဲ့ ကျန်တဲ့ခွေးတွေက ရွာမြောက် ဘက်ခြမ်းကို ထွက်ပြေးကြတာ၊ အဲဒီကင်းဘက်ကတော့ အင်းအားအတိအကျမသိရဘူး” ဟု ရွှေဘိုမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပကဖ(PDO)(Shwebo Justice Force အဖွဲ့၊ ရွှေတော သား အဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ် ၃ ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ်ပကဖ (ဂဠုန်မင်း အဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2023/07/113540/
ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေပြီး ထွက်ပြေးသော ပြည်သူအုပ်စုလိုက်ကို လေယာဉ်ပေါ်မှ ပစ်ခတ်ခဲ့
["ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲနေပြီး ထွက်ပြေးသော ပြည်သူအုပ်စုလိုက်ကို လေယာဉ်ပေါ်မှ ပစ်ခတ်ခဲ့", "ရန်ကုန် ဇူလိုင် ၁၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲမီးရှို့နေကြောင်း ဒေသနေပြည်သူများထံမှ သိရသည်။", "ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ဖြင့် တကန်သာကျေးရွာအပါအဝင်အနီးနားရှိကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူလူထု အမြောက်အများထွက်ပေးနေရပြီး လူအုပ်စုမြင်မြင်သမျှသကို လိုက်လံပစ်ခတ်သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း သိရသည်။", "“ ရွာထဲကို လေယာဉ်ပေါ်ကနေ မီးလောင်ဗုံးတွေကျဲချနေ တာ၊ အိမ်ကြီး၊အိမ်ကောင်းတွေအတော်တော်များများမီးလောင်နေတာ တွေ့ရတယ်၊ လူအုပ်စုမြင်တာနဲ့ လေယာဉ်နဲ့လိုက်ပစ်နေတာ၊ ငိုတဲ့သူကငို၊ ပြေးတဲ့သူကပြေးနဲ့ပြည်သူတွေမှာ အတော်ကို ဒုက္ခရောက်နေ ကြတယ်၊ သက်ကြီးရွယ်အိုတွေရော၊ ကျွဲတွေ၊နွားတွေရောဆိုတော့ လူကလည်း အုပ်စု၊ အုပ်စုနဲ့ဖြစ်နေ တာ၊ အဲဒါမြင်ရင် လိုက်ပစ်တာ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသည်မှာ ညနေပိုင်းအထိဖြစ်ပြီး သေဆုံးထိခိုက်၊ ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း၊ ကျေးရွာနေပြည်သူများမှာ တောတောင် ထဲ၌ ပုန်းခိုနေကြရကြောင်း သိရသည်။"]
https://yktnews.com/2023/07/113433/
ရွှေဘိုမြို့နယ်၊ တကန်သာရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက် မီးတင်ရှို့နေ
["ရွှေဘိုမြို့နယ်၊ တကန်သာရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက် မီးတင်ရှို့နေ", "ရန်ကုန်၊ ဇူလိုင် ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တကန်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီး​နောက် မြေပြင် စစ်ကြောင်းမှလည်း ကျေးရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသနေပြည် သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၁၇ ရက် နေ့လည် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် များဖြင့် တကန်သာကျေးရွာအပါအဝင်အနီးနားရှိကျေးရွာများကို ဗုံးကျဲတိုက်ခိုက်ပြီးနောက် ဟန်လင်း မြို့ ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ နေ အိမ် များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ ရဟတ်ယာဉ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာနေပြည်သူလူထု အမြောက်အများ အသက်လု ထွက်ပြေးနေကြရ ကြောင်း သိရသည်။", "“ရွာကတော့ ကုန်ပြီ၊ ဟန်လင်းကတပ်တွေလည်း ရွာထဲရောက်ပြီး မီးရှို့နေတယ်၊တိုက်လေယာဉ် ၃ လေး စီး နဲ့ကို မီးလောင်ဗုံးကျဲချတာ၊ ရွာထဲမှာ လူမတွေတော့ တောထဲကို လေယာဉ်နဲ့လိုက်ရှာပြီး တော့ လူ အုပ်မြင်တာနဲ့ကို လိုက်ပစ်တာ၊ သက်ကြီးရွယ်အိုတွေရော၊ ဗိုက်ကြီးသည်တွေရော ကလေးတွေ ရော၊ ကသောင်းကနင်းနဲ့ကို ဖြစ်နေကြတာ၊ သက်ကြီးရွယ်အိုတွေဆို ချွေးတွေပျံပြီး အသံတွေပါမထွက် တော့ ဘူး၊အခု စစ်ကြောင်းက ရွာထဲရောက်နေပြီ၊ အိမ်တွေလဲ မီးလောင်ကုန်ပြီ၊ ဘယ်သူမှ ဝင်လို့မရတော့ဘူး၊ လူ့အသက်မသေဖို့ပဲ ဆုတောင်းနေရတယ်၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "တကန်သာကျေးရွာသည် ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်အစပ်၌ တည်ရှိပြီး ဟန်လင်းမြို့ဟောင်း နှင့်နီးသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ဟန်လင်းမြို့ဟောင်းအနီး တိုက်ပွဲဖြစ်နေသည်မှာ ၂ ရက်ခန့် ကြာမြင့်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် အနီးအနား ကျေးရွာများအပေါ် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ တိုက်ခိုက် နေမှုကြောင့် နေအိမ်အများအပြား မီးလောင်ပြာခဲ့ပြီး ကျေးရွာနေပြည်သူများမှာ တကွဲတပြားစီ ထွက် ပြေး နေရသဖြင့် ထိခိုက်၊ ပျောက်ဆုံးနေသူများ အခြေအနေကို မသိရသေးကြောင်း၊ ကျေးရွာနေပြည်သူ ထောင်ချီမှာ တောတောင် ထဲတွင် ပုန်းခိုနေကြရပြီး အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။"]
https://yktnews.com/2023/06/106488/
ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး (TTT) ရွှေဘို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၆ ရက်နေ့ နံနက်ပိုက်းတွင် ရွှေဘိုမြို့နယ် တည့်သီးတောရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကူလာသော စစ်ကားကို ဇီးဖြူကုန်ရွာမှ ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး (TTT) ရွှေဘိုအဖွဲ့၊ ဗိုလ်ကျားရိုင်း ရွေဘိုအဖွဲ့နှင့် ရွှေဘို တိုက်နယ် ၂ တပ်ရင်း ၄ မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ကင်းစခန်းဂိတ်များကို လက်နက်ကြီး၊ လက်နက် ငယ် များဖြင့် ဝ်ငရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၄ ဦးသေဆုံးသေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ယနေ့ ဇွန်လ ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ရပ်ကွက်ရှိ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းထားသော မြို့မရဲစခန်း၊ အကြမ်းဖက်စစ်တပ်စစ်ဆေးရေး ဂိတ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးမျက်မြင် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပင်မရဲစခန်းကြီးကို လက်နက်ကြီးတွေနဲ့ ထုပြီးတော့ ကင်းဂိတ်စခန်းလေးတွေကို လက်နက်ငယ်နဲ့ ဝင် ပစ်တာ၊ နာရီဝက်လောက်တော့ကြာခဲ့တယ်၊ မျက်မြင် ၄ ယောက်သေတယ်၊ တခြားထိခိုက်ဒဏ်ရာရတာ တွေလဲများတယ်၊ ဒုရဲအုပ်တစ်ဦး လက်ဒဏ်ရာရတယ်ဆိုတာ အတွင်းက ဖရဲသီးသတင်းပို့လို့ သိရတာပါ၊ ပြန်ဆုတ်လာတဲ့အချိန်မှာတော့ လက်နက်ကြီးတွေနဲ့ထုတာရှိပါတယ်။” ဟု Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ ရေကျော်ဖိုက်တာ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88721/
ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျ
["ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တည်ပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "တည်ပင်ရွာသည် ရက်ကန်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ လက်ရက်ကန်းရုံများနှင့် စက်ရက်ကန်းရုံများကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "” စစ်သားတွေက စပါး​တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်။", "ရွာကလူ​တွေလည်း နေစရာ စားစရာမရှိ​တော့ပါဘူး။ ရက်ကန်းခတ် လုပ်စား​နေရတဲ့ သူ​တွေလည်း ရက်ကန်းစင် မီးရှို့ခံလိုက်ရလို့ ရွာကလူ​တွေ​ တော်တော် ဒုက္ခရောက်​နေကြပါတယ်။ ရွာက လက်ရက်ကန်း စက်ရက်ကန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုတာပါ။ အဲ့တာ​တွေ မီးရှို့​တော့ စားစရာ​သောက်စရာကို မရှိ​တော့တာပါ။ တော်တော်လေးကို ဒုက္ခ ရောက်နေပါတယ်။ ​နေအိမ် ၁၅၀​ကျော်​ပြာကျ သွားတာပါတယ်။ သံတိုသံစ​ ရောင်းမရအောင်ကိုပါ ပြာကျသွားတာပါ။ ပိုဆိုးတာက​ လုပ်စားစရာကို မရှိတော့တာ ရွာက လူ​တွေ ငိုကြွေး ပူ​ဆွေး​နေပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/101045/
ရွှေဘိုမြို့နယ်၊ တည်သီးတော ရွာမှ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်တို့ကို ဖမ်းဆီးရာတွင် ပြန်လည်ခုခံ၍ ၂ ဦးလုံး ပွဲချင်းပြီး‌ သေဆုံး၊ ငါန်းဇွန်တွင် ငါန်းမြာကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး
["ရွှေဘိုမြို့နယ်၊ တည်သီးတော ရွာမှ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်တို့ကို ဖမ်းဆီးရာတွင် ပြန်လည်ခုခံ၍ ၂ ဦးလုံး ပွဲချင်းပြီး‌ သေဆုံး၊ ငါန်းဇွန်တွင် ငါန်းမြာကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာရှိ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်ကို မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် စောင့်ဆိုင်းဖမ်းဆီးရာ ပြန်လည်ခုခံ၍ ပစ်ခတ်ခဲ့သဖြင့် ၂ ဦးလုံးပွဲချင်းပြီး သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်- Wild Tiger LPDFအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "ညို့ဌေးဦးနှင့် နန်းအောင်သည် တည်သီးတော့ ပျူစောထီးခေါင်းဆောင် မောင်ဆန်း၏ တပည့်များဖြစ်ပြီး ရွှေဘိုမြို့မှ တည်သီးတောကျေးရွာသို့ ဈေးဝယ်ပြီး အပြန်တွင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူတို့ဘက်က လက်လုပ် သေနတ်အတိုပါတယ်။ ကြိုသိလို့ စောင့်တာ။ အခုထိ အလောင်းလည်း လာမကောက်ကြသေးဘူးဗျ” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်- Wild Tiger LPDF အဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး – SHWEBO LPDF၊ DOG KILLER SHWEBO- LPDF၊‌ဖားရွှေကျော် ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား)- ဒီပဲယင်းအဖွဲ့၊ တောင်သူကြီးများအဖွဲ့ – LDF ၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မေလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ်၊ ငါန်းမြာကြီးကျေးရွာ အုပ် ချုပ် ရေးမှူးကို အောင်သန်းဇော်သည် လက်ဖက် ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်၍ လက်ဖက် ရည်သောက်ပြီး နေအိမ်အပြန် သေနတ်ဖြင့် ပစ်ခတ်ခံရကာ အောင်သန်းဇော် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/164467/
ရွှေဘိုမြို့နယ်၊ တည်သီးတောရွာမှ ပျူစောထီးများ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ရွှေဘိုမြို့နယ်၊ တည်သီးတောရွာမှ ပျူစောထီးများ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာမှ ပျူစောထီးများ မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၅ ရက်နေ့တွင် နံနက် ၈ နာရီခန့်တွင် ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်သားများ လက်နက်ခဲယမ်း လာရောက် ပို့ဆောင်မည့် လမ်းပိုင်းကို တည်သီးတောရွာမှ ပျူစောထီးများက မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇီးဖြူကုန်းရွာက စစ်ခွေးတွေက တည်သီးတောရွာက ပျူစောထီးတွေဆီကို ကျည်ထောက်ပို့ လာတဲ့အချိန် တည်သီးတောရွာ ပျူစောထီးတွေက မိုင်းရှင်းပေးနေတုန်း မိုင်းဆွဲ တိုက်ခိုက်တာ မင်းဘေးရွာနဲ့ တည်သီးတောရွာ အကြားမှာ မိုင်းဆွဲခဲ့တာ ပျူစောထီး ၂ ကောင်သေတယ်။ ထိခိုက် ဒဏ်ရာရတာတွေလည်း ရှိတယ်” ဟု ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရွှေဘိုမြို့နယ် ဗိုလ်ကျားရိုင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/183357/
ရွှေဘိုမြို့နယ်၊ ထနောင်းဝန်းရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် ပစ် ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူ များ ထွက်ပြေးနေရ
["ရွှေဘိုမြို့နယ်၊ ထနောင်းဝန်းရွာသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် ပစ် ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူ များ ထွက်ပြေးနေရ", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးရှိ ထနောင်းဝန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းရင်းမြစ်နှင့် ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရွှေဘိုမြို့ ခလရ ၄၂ တပ်ရင်းမှ ထွက်လာသော အင်အား ၈၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထနောင်းဝန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကျေးရွာနေ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်စထိမှန်ပြီး အသက် ၂၄ နှစ်အရွယ် မရီရီခင် နှင့် အသက် ၆၀ ကျော် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသား၏ အမည်ကို အတည်မပြုနိုင်သေးဘဲ လက်ရှိချိန်ထိ အဆိုပါ အမျိုးသား၏ ရုပ်အလောင်းကို ကျေးရွာထဲမှ ယူဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။", "“စစ်ခွေး စစ်ကြောင်းထိုးလာတဲ့ အချိန် ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေကို ပစ်ခတ်ပြီး ဝင်ရောက်လာတာ စစ်ခွေးတွေပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး ၁ ဦး နဲ့ အမျိုးသား ၁ ဦး သေဆုံးတယ်။ သေဆုံးသွားတဲ့ အမျိုးသား အမည်ကိုတော့ အတည်မပြုနိုင်သေးဘူး။ သူရဲ့ ရုပ်အလောင်းကို အခုထိ ရွာထဲကနေ ကောက်မရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထနောင်းဝန်းရွာ၌ ဆက်လက် တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ၍ သပြေသာရွာ၊ မြိုက်ရွာ၊ အုတ်ရှစ်ကန်ရွာ၊ နွားကုတ်ရွာ နှင့် ဥယျာဥ်တော်ရွာတို့မှ ပြည်သူ ၃ ထောင်ကျော် မိုးရွာကြီးထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2024/11/193190/
ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီး
["ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးခေါင်းဆောင် အောင်သာခိုင် ဦးဆောင်သော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး မင်္ဂလာပွဲကို ဖျက် ဆီးခဲ့ကြောင်း၊ ထို့ပြင် မင်္ဂလာဆောင်ပွဲအတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသည့် ပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး နေအိမ် ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "“နှမစားရစ်ရွာက ဇီးဖြူကုန်းပျူစခန်းနဲ့ဆိုရင် ၁ မိုင်ကျောက်ပဲဝေးတယ်။ နှမစာရစ်ရွာသား အောင်သာ ခိုင်က ဇီးဖြူကုန်းစခန်းမှာနေပြီး ပျူခေါင်းဆောင်လုပ်နေတာ နှမစားရစ်ရွာကို မကြာခဏလာတယ်။ အဲဒါမင်္ဂလာဆောင်ပွဲကျင်းပနေတုန်း စစ်ခွေးတွေေ ပျူခွေးတွေခေါ်ပြီးဝင်လာတာ မင်္ဂလာဆောင်ပွဲအတွက် ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကိုလည်း ယူသွားတယ်။ ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၀ ဦးကို လည်းဖမ်းသွားတယ်။ နေအိမ်တွေလည်း မီးရှို့သွားတာ ၁၀ လုံးကျော်ရှိတယ်” ဟု ဒေသနေပြည် သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇီးဖြူကုန်းပျူစောထီးစခန်း၌ နေထိုင်သူ နှမစားရစ်ရွာသား ပျူစောထီးခေါင်းဆောင် အောင်သာ ခိုင် သည် ကျေးရွာနေပြည်သူများအပေါ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းလုပ်ဆောင်နေပြီး ယခု ဖမ်းဆီး သွားသော ပြည်သူ ၁၀ ဦးကိုလည်း ရိုက်နှက် နှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ နှမစားရစ်ကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ်က အကြမ်းဖက်စစ်သားများ မီးရှို့မှု ကြောင့် ရွာလုံးထွက်ပြေးတိမ်းရှောင်နေရကာ ယခုနှစ်တွင် ပြည်သူအချို့မှ ကျေးရွာအတွင်း ပြန် လည်ဝင်ရောက်နေထိုင်ကြခြင်ဖြစ်ကြောင်း သိရသည်။", "Photo – ၂၀၂၂ ခုနှစ်က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှမစားရစ်ကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့စဉ်"]
https://yktnews.com/2024/07/174973/
ရွှေဘိုမြို့နယ်၊ ပန်းရုံရွာတွင် စစ်သားသစ် စုဆောင်းရန် အစည်းအဝေးလုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ ပန်းရုံရွာတွင် စစ်သားသစ် စုဆောင်းရန် အစည်းအဝေးလုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရုံရွာတွင် စစ်သားသစ် စုဆောင်းရန် အစည်းအဝေးလုပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Burmese Independent Army တည်ထောင်သူ ဗိုလ်သတ္တိ က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့တွင် မွန်းလွဲ ၁၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ပန်းရံရွာ စာကြည်တိုက်၌ ကျေးရွာနေ အမျိုးသားများကို အဓမ္မ ခေါ်ယူပြီး ဒုတိယ အကြိမ် စစ်မှုထမ်း‌ရန် အစည်းအဝေး ခေါ်ယူပြီး လယ် ၁ ဧက ၅၀၀၀၀ ကျပ် ဖိအားပေး ကောက်ခံခြင်းများ ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိနေသော ပစ်မှတ်များကို ဒရုန်း ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ပန်းရံရွာ ပျူစောထီး ခေါင်းဆောင် အောင်ကျော်သည် ဒရုန်း ဖြတ်တောက်ရေး စက်ကိုကိုင်ဆောင်ပြီး ကျေးရွာအတွင်း ဆဲဆို ကြိမ်းမောင်းကာ သေနတ် ပစ်ဖောက်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး အစည်းအဝေးပွဲလည်း ပျက်သွားကြောင်း၊ စစ်ကောင်စီ တပ်သားများက တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အဲနေ့က ပြင်းထန် ဒဏ်ရာရတဲ့ ပျူစောထီး ၄ ကောင်သေတယ်လို့ ကြားတယ်။ အဲဒီနေ့က သူတို့ အစည်းဝေးလုပ်ကြမယ် သတင်းရလို့ မဟာမိတ်တွေ ချက်ချင်းစုပြီး တိုက်ခိုက်ရေးလုပ်ကြတာ ပြည်သူတွေကို အစည်းဝေးခေေါ်ပြီး စစ်မှုထမ်းရေးနဲ့ လယ် ၁ ဧက ၅သောင်း နှုန်း ဆက်ကြေးပေးဖို့ ခြိမ်းခြောက်ဖိအားပေးတာပေါ့။ ကျွန်တော်တို့ fixed wing drone တွေနဲ့ ဗုံးသီး ၄လုံးချလိုက်တာ နေရာကွက်တိကျတယ်။ အစည်းဝေးလည်းပျက်သွားတယ်။ သူတို့မှာ ဒရုန်းဖြတ်တောက်ရေး စက်ရှိလို့ ကျွန်တော်တို့ ရဲ့ ၂၈သိန်း တန် fixed wing drone ၁ စီး ဆုံးရှုံးခဲ့ရပါတယ်” ဟု Burmese Independent Army တည်ထောင်သူ ဗိုလ်သတ္တိ က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို B.I.A (ဒီပဲယင်း) LDF အဖွဲ့ နှင့်အတူ မဟာမိတ်များဖြစ်သော ကြောင်ရိုင်း(ရွှေဘို) ပကဖ ၊ ဗိုလ်မိချောင်း Shwebo Crocodile (ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ )၊ ဗိုလ်လင်းရောင်(ဒပယ) ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ EYE FOR EYE ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ Zay Yar Thawed (LPDF) ၊ shwebo Federal Army ၊ ရွှေဘိုအားမာန်(UG) ၊ HG FIghter (LPDF) ၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ – LPDF ၊ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြောင်ရိုင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ပြည်သူများ အနေဖြင့် PDF တပ်ရင်း၊ Local PDF ၊ ပကဖ မခွဲခြားဘဲ မြေပြင်တွင် တကယ် လုပ်ဆောင်နေသည့် အဖွဲ့များကို ထိထိရောက်ရောက် ကူညီပေးကြရန် ၊ မစ်ရှင်များတွင် ကိုယ်တတ်နိုင်တဲ့နေရာမှ ပူးပေါင်းပေးကြရန်နှင့် ဒရုန်း ၁ စီး ဆုံးခဲ့သည့်အတွက် ထပ်မံဝယ်ယူနိုင်ရေး ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း Burmese Independent Army တည်ထောင်သူ ဗိုလ်သတ္တိ က ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/06/165928/
ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးရွာ အတွင်းရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးရွာ အတွင်းရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဇွန် ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးရွာ အတွင်းရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၃ ရက်နေ့ ညနေ ၆ နာရီ မှ ည ၇ နာရီ ၂၀ မိနစ် အထိ ရွှေဘိုမြို့နယ်၊ ပန်းရံပျူစောထီးကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၂ စီးဖြင့် ၆၀ မမ ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ လက်နက်ကြီးများ တပ်ဆင်ထားသော နေရာကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။", "“ရွှေဘိုမြို့နယ် ပန်းရံ ပျူ ရွာက စစ်ခွေးတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ လက်ရုံးတပ် PDO-Drone Team-Federal Wingsတပ်ဖွဲ့၊ ကာကင်းအဖြစ် ရွှေဘိုမြို့နယ် ပကဖ (PDO) အဖွဲ့၊ တိုက်နယ် ၂ နယ်မြေခံ ပကဖ အဖွဲ့များဖြစ်သော တောင်သူဦးကြီးများ ပကဖ၊ မိုးကြိုးမင်းဂေါင် ပကဖ၊ မြင်းဖြူရှင် ပကဖ၊ ကြယ်ဖြူဝမ်းကြီး ပကဖ၊ Golden Eagle ZPG SBO ပကဖအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200246/
ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား
["ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ပေါင်းစုက ပန်းရံရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှု အတွင်း ပျူစောထီး ညိုဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။", "ယင်း တိုက်မှုကြောင့် အထိနာသော စစ်သားများနှင့် ပျူစောထီးများသည် ပန်းရံ ကျေးရွာမှ သီးလုံးရွာဘက်ကို ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့သော တော်လှန်ရေး ရဲဘော်များကို လာရောက် ပစ်ခတ်သောကြောင့် ထိတွေ့ တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိခြင်းကြောင့် သီးလုံးရွာထဲကို ပြန်လည် ဝင်ရောက်သွားကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "ထို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် သီးလုံးရွာ ပျူစောထီး မိဇာ ဦးဆောင်သော အဖွဲ့က အရက်ဆိုင်တွင် သောက်စားပြီး စုရပ်လုပ်နေစဉ် တော်လှန် တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းသို့ တိုက်ခိုက်ခြင်းသည် ရွှေဘို-ရေဦးလမ်းပိုင်းတွင် ပန်းရံရွာ ပျူစောထီးများ စုပေါင်း အလှူပွဲကို ကျေးရွာနေ ပြည်သူများအား ဖိအားပေး၍ မလိုက်မနေရ အမိန့်ဖြင့် အလှူလှည့်ရန် မလိုက်နိုင်သော ပြည်သူများကို ငွေကျပ် ၅ သိန်း ဒဏ်ကြေး ပေးဆောင်ရမည်ဟု စစ်ကောင်စီ တပ်သားများက လိုက်လံ ခြိမ်းခြောက်နေသည့်အတွင်း ပြည်သူများ၏ တိုင်ကြားချက်အရ တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်သူ့စစ် အားလုံး အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင် ခိုလုံပါ မဟုတ်ရင် ပြည်သူကို အနိုင်ကျင့် ယုတ်မာနေအုန်းမယ် ဆိုရင် အမြစ်ပြတ် ငရဲပို့ပေးမယ်။ တစ်နိုင်ငံလုံးရှိ တော်လှန်ရေး တပ်‌ပေါင်စု ပြည်သူသည် စည်းလုံးမှု ရှိရှိ မင်းအောင်လှိုင် အာဏာရူးတသိုက်ကို ချေမှုန်းနေတယ် ဆိုတာ သိစေချင်တယ်။ အမြင်မှန် ရစေချင်တယ်လို့ ပြောချင်ပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သော ပျူစောထီး ညိုဦး အလောင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊shwebo Crocodile ၊ မဟာမိတ်ဖြစ်သော၊M.sai Naw (Drone) မင်းသားချောလေး အဖွဲ့ ၊ snake eyes ပျံလွှား (Drone)ဖွဲ့ ၊‌ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊shwebo Federal Army ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) ၊HG FIGHTER ၊ YAUNG NI ၊ ဇင်ယော် အဖွဲ့၊ ဒေါင်းစစ်သည် – ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊တောင်သူလွတ်မြောက်ရေးအင်အားစု(FIF) ၊ Eye For Eye ၊firly dragon Force ၊ စွန်ရဲရွှေဘို ဒေသခံ (LDF) ရွှေဘိုသား ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/198821/
ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ပြီး ရွာထဲကို ပြန်ဝင်ပြေး
["ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ပြီး ရွာထဲကိုပြန်ဝင်ပြေး", "ရန်ကုန်၊ ဇန်နဝါရီ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပလိုင်း ပကဖ တာဝန်ခံ ဗိုလ်ထွန်းညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၆၀ ခန့် ပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာ အထွက်တွင် ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ဘက်မှ ၅ ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပိတ်ဆို့ တိုက်ခိုက်မှုအတွင်း စစ်ကြောင်း တပ်ပျက်၍ သေဆုံးသွားသော စစ်သား အလောင်းများကို ဆွဲယူကာ ရွာထဲသို့ ပြန်ဝင်ပြေးသွားကြောင်း သိရှိရသည်။", "“ကျနော်တို့ တိုက်နယ် ၅ နယ်မြေအတွင်းကို ပလိုင်းပျူစောထီးရွာက စစ်ခွေးတွေက ထွက်လာတာ အင်အားက ၆၀ လောက်ပါမယ်။ တော်လှန်ရေး ရဲဘော်တွေက ပိတ်ဆို့ပြီး ကြားဖြတ် တိုက်ခိုက်တာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးနဲ့ ပျူခွေး ၅ ကောင် လဲကျ သေဆုံးတယ်။ စစ်ခွေးအလောင်းတွေတော့ သူတို့ ပြန်ဆွဲယူသွားတယ်။ ခွေးစစ်ကြောင်းက တိုက်ပွဲအတွင်းမှာ တပ်ပျက်ပြီး ရွာထဲကို ပြန်ဝင်ပြေးသွားတယ်” ဟု လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပလိုင်း ပကဖ တာဝန်ခံ ဗိုလ်ထွန်းညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ၊ ရန်ကြီးအောင် ပကဖ ၊ သခင်ကြီး ပကဖ နှင့် 9 PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/134115/
ရွှေဘိုမြို့နယ်၊ ပလိုင်းရွာ အတွင်း ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ ပလိုင်းရွာ အတွင်း ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာအတွင်း ကင်းလှည့်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း War Lord Defense Force – Shwe Bo တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၃၀ ရက်နံနက် ၉ နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ပလိုင်းရွာစာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦး ကင်းလှည့်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း၊ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရွာသာယာမှ ပျူ စောထီးများ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "“ပလိုင်းရွာထဲမှာပဲ ချုံခိုတိုက်ခိုက်ခဲ့တာဗျ၊ ထိတွေ့တိုက်ပွဲကတော့ မိနစ် ၃၀ လောက်ပဲ ကြာတယ်၊ စစ်ခွေးတွေဘက်က ကျတာများတော့ လက်နက်ကြီး ၄၀ မမ ၃ လုံးပစ်တယ်၊ လက်နက်ငယ်တွေနဲ့ ရမ်း သမ်းပစ်ခတ်နေတာတော့ တော်တော်ကြာတယ်ဗျ၊ ၃ ဦးကတော့ မျက်မြင်သေသွားတာ၊ နောက်ဆက် တွဲသေဆုံးထိခိုက်မှုကတော့ စုံစမ်းနေတုန်းပါပဲ” ဟု War Lord Defense Force – Shwe Bo တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို War Lord Defense Force PDF B4-C2 မဟာမိတ်ညီနောင်များဖြစ်သော Guardian Force PDF B4-C1 /Snake Eyes PDF B4-C-3 ၊ တောဗိုလ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်နယ်မြေ ဒေသ ပကဖများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/05/213340/
ရွှေဘိုမြို့နယ်၊ ပလိုင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ
["ရွှေဘိုမြို့နယ်၊ ပလိုင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ", "ရန်ကုန်၊ မေ ၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Ar Lar Wa Ka မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၃၀ ရက်နေ့တို့တွင် ရွှေဘိုမြို့နယ် ပလိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက် ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြာင်း သိရသည်။၏", "“ပလိုင်းကျေးရွာက ပျူစောထီးရွာပါ။ အင်အားကတော့ စစ်သား ၁၈ ယောက် လောက်ရှိမယ်။ ပျူစောထီးများတာ ပျူစောထီးက အင်အား ၂၀၀ ရှိတယ်။ ကျနော်တို့ ဒရုန်း ၃ စီးနဲ့ချတာပါ။ ဧပြီလ ၂၈ ရက်နေ့နဲ့ ၃၀ ရက်နေ့ ၂ ရက်ဆက် ချတာပေါ့။ အထိအခိုက်ကတော့ ကျနော်တို့အနေနဲ့ အတိအကျ မသိရဘူး။ အထိအခိုက်ကတော့ ရှိတယ်။ အဆောက်အအုံ ပျက်စီးတယ်လို့တော့သိရတယ်။ မမြင်ရတော့လေ မပြောတာပါ။ ဗုံးသီးကျတာကတော့ သူတို့နေတဲ့ အဆောက်အဦးတွေပေါ်ချတာဆိုတော့အသေအပျောက်ကတော့ရှိမှာပါ ပေါက်ကွဲပြီးရင် လူသံတွေ ဆူနေတာ ငိုသံတွေ ရော၊ ကျနော်တို့အနေ အဆင်သင့်ရင်သင့်သလို ရန်သူ့တည်နေရာတွေကို အကောင်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ကြိုးစားရတာပါ။ စစ်ရေးရည်ရွယ်ချက်အနေနဲ့ ပြောရရင်တော့ ရန်သူကိုအငြိမ်မနေရအောင် ခြောက်လှန့် ခြိမ်းခြောက်တဲ့သဘောပါ”ဟု Ar Lar Wa Ka မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မူကို Arlarwaka PDF၊ မုံရွာခရိုင် တပ်ရင်း(၄)၊မုံရွာခရိုင်တပ်ရင်း(၄)တပ်ခွဲ(၂)မှ ၅/Commando၊မုံရွာခရိုင်တပ်ရင်း(၈)တပ်ခွဲ(၂)မှမိုးကြိုးကျည်ဆံပျောက်ကြားတပ်ဖွဲ့၊ယင်းမာပင်ခရိုင်တပ်ရင်း(၂၉)Golden Star Force ၊ရွှေဘိုမြို့နယ် ပကဖ နှင့်နယ်မြေခံပကဖများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2025/03/206396/
ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး
["ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၃ ရက်နေ့တွင် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်မိုင်းမိထားသော ဒဏ်ရာရ စစ်သား ၂ ဦးကို ပလိုင်းရွာ စာသင်ကျောင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်သားများနှင့် ပျူစောထီးများက လာရောက် ခေါ်ဆောင်စဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ ၊ P.D.O တိုက်ခိုက်ရေးအဖွဲ့ ၊ တိုက်နယ် (၅) ၊ ပကဖ ရပ်ကျေးတိုက်ခိုက်ရေးအဖွဲ့ ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ရွှေဘိုမြို့နယ် ၊ လျှပ်စီးမုန်တိုင်း ပကဖ ၊ နယ်‌မြေခံ တပ်ရင်း( ၄ )တပ်ခွဲ( ၂ ) ၊ ဒီပဲယင်းမြို့နယ် တိုက်နယ်( ၃ ) ပကဖ နှင့် ဒီပဲယင်းမြို့နယ်၊ တိုက်နယ် (၄) ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်ကလည်း ပလိုင်းရွာ မြောက်ဘက်ကို ကင်းထွက်ယူနေသည့် စစ်ကောင်စီ တပ်သားများက လျှပ်စီး ပကဖ ထောင်ထားသော မိုင်းကို နင်းမိ၍ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့တွင် ပလိုင်းရွာ အနောက်တောင်ဘက်ကို ဟင်းသီးဟင်းရွက်ရှာရန်နှင့် ထင်ခွေရန်ထွက်လာသော စစ်ကောင်စီ တပ်သားများကို ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖ၊ ဂဠုန်ကြီး ပကဖ၊ အောင်ဘော် ပကဖ ၊ I.C ပကဖ ၊ အားမာန် ပကဖ ၊ ရွှေဘိုသား ပကဖ နှင့် ဒီပဲယင်းမြို့နယ် ပကဖ တို့ ထိတွေ့ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထိုတိုက်ခိုက်မှု အတွင်း ရွှေဘိုမြို့နယ် တိုက်နယ် ၅ Drone အဖွဲ့၊ ဂဠုန်ကြီး Fixed Wing Drone အဖွဲ့ ၊ အားမာန် Fixed Wing Drone အဖွဲ့ ၊ I.C Fixed Wing Drone အဖွဲ့ ၊ ဘီလူးညီနောင် Fixed Wing Drone အဖွဲ့နှင့် P1811Drone တပ်ရင်းတို့ကလည်း ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "” အဲတိုက်ခိုက်မှုက စစ်ခွေး ၁ ကောင်သေပြီး ၃ ကောင် ဒဏ်ရာရတယ်။ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့ အနေနဲ့ ခဲယမ်း ခက်ခဲမှုကြောင့်သာ ခွေးအသေ လာကောက်တာကို စောင့်ပြီးမတိုက်ခိုက်နိုင်ခဲ့ဘူး။ ခဲယမ်းသာတောင့်တင်ရင် ခွေးအသေကောက်တဲ့အချိန်ထိစောင့်ပြီး ခွေးတွေကို တိုက်ခိုက်နိုင်မယ်။ ကျနော်တို့မြေပြင် တော်လှန်ရေး တပ်ဖွဲ့တွေကို ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/194877/
ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း လျှပ်စီးမုန်းတိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာ၌ အထိုင်ချ တပ်စွဲထားသော ရိက္ခာ ထွက်ရှာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ကင်းပုန်းဝပ်၍ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးနဲ့ ပျူခွေးတွေ သူတို့ခြံမှာ ရိက္ခာပြတ်ပြီး ငတ်နေတော့ ခြံအပြင်ဘက်ကို ရိက္ခာထွက်ရှာတာ တော်လှန်ရေး အဖွဲ့တွေက ကင်းပုန်းဝပ်ပြီး ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေဘက်က ၃ ကောင်သေတယ်။ ၁ ကောင်ကတော့ အပြင်းအထန် ဒဏ်ရာရတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု လျှပ်စီးမုန်းတိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြိုနယ် လျှပ်စီးမုန်းတိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) နှင့် ရန်ကြီးအောင် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137226/
ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီးများနှင့် မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိပြီး ပျူစောထီး ၁ ဦးသေဆုံး
["ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီးများနှင့် မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိပြီး ပျူစောထီး ၁ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်ရာ ပျူစောထီးများနှင့် မိသားစုဝင် ၅၀ ကျော် အရှင်ဖမ်းမိပြီး ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ ၈ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲကြာချိန် ၂ နာရီခန့် ဖြစ်ပွားခဲ့ပြီး မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ပွဲအတွင်း ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင် ၅၀ ကျော်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ပျူစောထီး ၁ ဦးကို အသေဖမ်းဆီး ရမိခဲ့​ကာ ပျူစောထီး အချို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၈ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၇ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၆ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137326/
ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထား
["ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ် မြင်းချင်းပျူရွာကို ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း (MDF – Shwebo)၊ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် – ၁၇ တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် – ၁၈ တပ်ရင်းတို့က ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်မြေ ပကဖများက အကြမ်းဖက် စစ်တပ် ထောက်ပို့ လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ရေး တာဝန်ယူကာ ပူးပေါင်းပါဝင်ပေးခဲ့ကြောင်း သိရသည်။", "မြင်းချင်းရွာကို ဝင်ရောက် တိုက်ခိုက်မှုအတွင်း ရဲများနှင့် ပျူစောထီးများ ပူးပေါင်းကာ တပ်စွဲထားသော ကင်း ၂ ကင်းနှင့် ဘန်ကာကို တိုက်ပွဲချိန် ၁ နာရီခန့်အကြာတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ စစ်စခန်းချ နေထိုင်လျက်ရှိသော စာသင်ကျောင်းကို ယင်းနေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အလံတော်ကို လွှင့်ထူနိုင်ခဲ့ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း ဇီးကုန်း ပျူစောထီးရွာမှလည်း ၈၁ မမ ၈ ချက်နှင့် RPG ၂ ချက် ပစ်ကူပေးခဲ့​ကြောင်း သိရှိရသည်။", "အဆိုပါ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲ ၁ ဦးနှင့် ပျူစောထီးလက်နက်ကိုင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သုံ့ပန်း ပျူစောထီး ကျား ၂၉ ဦးနှင့် မ ၃၁ ဦးတို့ကို စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်းထားပြီး အတင်းအဓမ္မ ပျူစောထီးအဖြစ် စုဆောင်းခံရသူများနှင့် အရပ်သားပြည်သူများကို စနစ်တကျ စိစစ် ခွဲခြား၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/03/153497/
ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ ကားဖြင့် ထွက်လာသည့် အုပ်ချုပ်ရေးမှူး ထွန်းနိုင်အပါအဝင် ပျူစောထီး ၃ ဦးကို ပစ်ခတ်မှု ၃ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိ
["ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ ကားဖြင့် ထွက်လာသည့် အုပ်ချုပ်ရေးမှူး ထွန်းနိုင်အပါအဝင် ပျူစောထီး ၃ ဦးကို ပစ်ခတ်မှု ၃ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိ", "ရန်ကုန်၊ မတ် ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ ကားဖြင့်ထွက်လာသည့် အုပ်ချုပ်ရေးမှူး ထွန်းနိုင် အပါအဝင် ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၃ ဦးလုံးပွဲချင်းပြီး သေဆုံးခဲ့ပြီး AK သေနတ် ၁ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၂၈ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာမှ အုပ်ချုပ်ရေးမှူး ထွန်းနိုင်နှင့် ပျူစောထီး ၂ ဦး သည် ရွှေဘိုမြို့သို့ သွားရောက်ပြီး လစာထုတ်ရန် မတ်တူး အဖြူရောင်ကားဖြင့် ကျွန်းတောလမ်း အတိုင်း ထွက်လာစဉ် တော်လှန်ရေး ရဲဘော်များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၃ ဦးလုံး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“မြင်းချင်းရွာကနေ ရွှေဘိုမြို့ပေါ်ကို လစာထုတ်ဖို့ ထွက်လာတာ၊ သတင်းရလို့ ကြိုစောင့်ပစ်တာ၊ အမျိုးသမီးတစ်ယောက်၊ အမျိုးသား ၂ ယောက် ပျူတွေချည်းပဲ။ ဂန်းတစ်လက်ရခဲ့တယ်။ ကျွန်းတော ဘက်နားမှာ အသွားကို ဆီးပစ်ခတ်လိုတာ၊ အုပ်ကြီးထွန်းနိုင်ရယ်၊ ကောင်းမြတ်ရယ်နဲ့ အမျိုးသမီး တစ်ယောက်ပါတယ်။ အမျိုးသမီးကလည်း ပျူမပဲ။” ဟု ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ထိုသို့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အလောင်းများကို ရွှေဘို မြို့မှ စစ်သားများ၊ မြင်းချင်းရွာ၊ ဇီးကုန်းရွာ၊ ပန်းရံရွာတို့မှ ပျူစောထီး၊ စစ်သား အင်အား အများအပြားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျား၊ သိခ်အားမာန်၊ မဟူရာ ရွှေဘိုသား၊ HG FIGHTRS (LPDF)၊ ဖျံ အဖွဲ့၊ စွန်ရဲရွှေဘို (LPDF)၊ shwebo Crocodile၊ Young NI၊ ဒေါင်းမင်း အဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ တန ၅ တပ်ပေါင်းစု၊ ရှင်းရှင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)နှင့် ဇာမဏီဒေါင်း(ဒပယ)တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/119671/
ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာအနီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပျူစောထီး အဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခိုက်မှုတွင် ၁ ဦးအရှင် ဖမ်းဆီးရမိ
["ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာအနီး စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ပျူစောထီး အဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခိုက်မှုတွင် ၁ ဦးအရှင် ဖမ်းဆီးရမိ", "ရန်ကုန်၊ သြဂုတ် ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာအနီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ပျူစောထီး များကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးအရှင် ဖမ်းဆီး ရမိခဲ့ကြောင်း မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မြင်းချင်း ပြည်သူ့ စစ် အဖွဲ့ဝင် ၄ ဦးသည် မြင်းချင်းကျေးရွာ အနီးရှိ ဖတ်သမ်းကုန်းတွင် ကင်းပုန်း လာဝပ်စဥ် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးရန် ကြိုးစားခဲ့ရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ပျူစောထီး ပြည်သူ့စစ် အဖွဲ့ဝင် မြင့်လင်း တစ်ဦးသာ အရှင် ဖမ်းဆီးရမိပြီး ကျန် ၃ ဦးသည် မြင်းချင်းကျေးရွာ အတွင်းကို ပြန်လည် ထွက် ပြေး သွားကြောင်း သိရသည်။", "ပြည်သူ့စစ်အဖွဲ့ဝင် မြင့်လင်းဖမ်းဆီးခံရပြီးနောက် မြင်းချင်းရွာတောင်ဘက် ကင်းမှ ပျူစောထီးများက ပြန်လည်ပစ်ခတ်ပြီး လူကယ်ထုတ်ရန် လာရောက် ကြသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ တော်လှန် ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်မိ ကျောင်း ပြည်သူကာကွယ်ရေးဖွဲ့၊ ရွှေဘိုမြို့နယ် ပလဖ ၊ဒေါင်းမာန် ၊ဒေါင်းစစ်သည် ၊ Shwebo Federal Army ၊ရွှေဘိုအားမာန် ၊ဘိုမဟာ၊ Snake Eyes ၊ ရွှေဘို စွန်ရဲ ၊ဇေယျာသွေး ၊ Flying Dragon Force ပြည်သူ့ ကာကွယ် ရေး မဟာမိတ် ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ဖမ်းဆီးရမိသည့် ပြည်သူစစ်ဖွဲ့ ဝင် မြင့်လင်းကို MOD လက်အောက်ခံ ရွှေဘို ခရိုင်၊ တပ်ရင်း (၄) နှင့်မြင်းချင်းကျေးရွာ ပကဖ တို့အား ဗိုလ်မိကျောင်း ပြည်သူ့ ကာကွယ်ရေးက လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/134901/
ရွှေဘိုမြို့နယ်၊ မြင်းစီရွာမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုမြို့နယ်၊ မြင်းစီရွာမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း FIRE Dragon (KU) အဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ မြင်းစီးရွာမှ ထွတ်လာသည့် စစ်ကောင်စီ တပ်သား ၂၈ ဦးပါ စစ်​ကြောင်းကို ကန်သာကုန်းရွာ အရှေ့ကန်၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးနှင့် ပန်းရံရွာမှ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့​ကြောင်း သိရှိရသည်။", "တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပျူစောထီးများက လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ တော်လှန်ရေး ရဲဘော်များက လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို FIRE Dragon (KU) အဖွဲ့နှင့်အတူ ONEDAY REVOLUTION FORCE (Shawe Bo)၊ ရွှေဘိုခရိုင် တပ်ရင်း(၄)၊ ရွှေဘိုမြို့နယ်မြေခံ ပကဖ များနှင့်အတူ ပူးတွဲလုပ်ဆောင်ခဲ့​ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ရွှေဘို တက္ကသိုလ်ကျောင်းထဲ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များက ကျောင်းဝင်းရှေ့၌ သဲအိတ် ဘန်ကာများကာ၍ ပြည်သူများ အပေါ် ငွေညှစ်၊ စစ်ဆေးခြင်းများ ပြုလုပ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး၊ လက်ပစ်ဗုံးများ ပစ်သွင်း တိုက်ခိုက်ကာ လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး ပြန်လည် ဆုတ်ခွာချိန်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များက ဆယ်မိုင်း ၂ လုံးပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ ကညနရုံး အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ငယ်များဖြင့် ၁၅ မိနစ်ခန့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ၇ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ၄ ဦးမှာ ရွှေဘိုမြို့ ဆေးရုံကြီးထဲ၌ ဆေးကုသမှု ခံယူနေပြီး ၂ ဦးမှာဒဏ်ရာ ပြင်းထန်ကာ သေဆုံးနိုင်ဖွယ်ရှိ ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့) ပ.က.ဖ နှင့် တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ညီနောင်", "နှစ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83472/
ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက် ပြီး နောက် ဖမ်းဆီးရမိ သော ပျူစောထီး ၁၈ ဦးကို ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်း သိမ်းထား
["ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက် ပြီး နောက် ဖမ်းဆီးရမိ သော ပျူစောထီး ၁၈ ဦးကို ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်း သိမ်းထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျူစောထီး ၁၈ ဦး ဖမ်းဆီး ရရှိခဲ့ကာ ယင်းဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း Khin U Local Guerrillas Force (KUGF)တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်း ပျူစောထီးခေါင်းဆောင် ဌေးအောင်ဦးဆောင် သော အကြမ်းဖက် စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်ရှိ ပျူစခန်းများကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင် ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦး ထက်မနည်း သေဆုံးပြီး မြင်းစီးရွှေကျောင်းတိုက်ထဲမှ ပျူစောထီး ၁၈ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။", "“ညတိုက်ပွဲမို့ လက်နက်တော့မရခဲ့ဖူး၊ ပျူခေါင်းဆောင် ဌေးအောင် ကောက်ခံ နေသမျှ ပေးနေတဲ့ ပျူ ထောက်တိုင်တစ်ချို့တော့ ဖမ်းမိခဲ့တယ်၊ သူပစ် ကိုယ် ပစ် ခတ်ရင်း ပျူ ၁၀ ကောင်ထက်မနည်း သေတယ်၊ ကျနော်တို့ဘက် ကလည်း တစ်ဦး ဗိုက်ထိမှန်ဒဏ်ရာနဲ့ ခြေထောက် ဒဏ်ရာသူ တစ်ယောက် ရှိခဲ့တယ်၊ မစိုးရိမ်ပါဘူး၊ ပျူကောင်တွေ ကိုယ်ချင်းစာတတ်အောင် မီးမရှို့ချင်ပေမယ့် သူတို့ နေတဲ့အိမ် တွေကို မီးနည်းနည်းလေးရှို့ထားခဲ့တယ်” ဟု Shwe Bo Local People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "စစ်ကူလာသည့် စစ်ကားကိုလည်း ညောင်လှ ကျေးရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ ကြောင်း၊ ရွှေဘိုမြို့မှ စစ်ကူကားနှစ်စီးဖြင့် မြင်းစီး ရွာ နှင့် ၂ မိုင်ခန့်အကွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းအ တွင်းသို့ တပ်အင်အား ဖြည့် ခဲ့ကြောင်း သိရသည်။", "ဖမ်းဆီးရမိသော ပျူစောထီး ၁၈ ဦးကို ဥပဒေနှင့်အညီ စစ်ဆေး မေးမြန်းပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ PDF များသည် အာဏာရှင်ကို တော်လှန်သူများဖြစ်၍ အာဏာရှင် အလုပ် မလုပ်ကြောင်း Khin U Local Guerrillas Force (KUGF) တာဝန်ရှိသူက ပြောသည်။", "“ကျနော်တို့က ပျူစောထီးတွေကို ၁၀ ခါပြန်သတ်ချင်အောင် မုန်းနေပေမယ့် အာဏာရှင်စနစ်ကို မကြိုက်လို့ တွန်းလှန်နေသူတွေမို့ အာဏာရှင်ရဲ့ လုပ်ရပ် တွေလို လိုက် မလုပ်ပါဘူး။ အခုအချိန်အထိ ဖမ်းဆီးရမိသူတွေကို စစ်ဆေး မေးမြန်းပြီ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။ ဥပဒေနှင့်အညီ ထိန်းသိမ်း ထားပါတယ်” ဟု Khin U Local Guerrillas Force (KUGF) တာဝန်ရှိသူက ဆိုသည်။", "စစ်ဆင်ရေးကို Khin U Local Guerrrilla Force (KUGF)၊ Firedragon(ku)၊LOCAL BLOOD BROTHER GUFRRILLA HERO(ku)၊ D. U. G. F(ku)၊ BLACK EAGLE Local PDF၊၊ ONEDAY REVOLUTION FORCE (Shwe Bo) ၊မြင်းပျံ Local PDF နှင့် Shwe Bo Local People Defense Force အပါအဝင် နယ်မြေခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ရေးစွမ်းရည်ပြသနေသည့် PDF တပ်ဖွဲ့များ။"]
https://yktnews.com/2023/01/83136/
ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးပြီး ဖမ်းဆီးရမိသူ အများ အပြားရှိ
["ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးပြီး ဖမ်းဆီးရမိသူ အများ အပြားရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Shwe Bo Local People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်း ပျူစောထီးခေါင်းဆောင် ဌေးအောင်ဦးဆောင် သော အကြမ်းဖက် စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်ရှိ ပျူစခန်းများကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦး ထက်မနည်း သေဆုံးပြီး မြင်းစီးရွှေကျောင်းတိုက်ထဲမှ ပျူစောထီး ထောက် တိုင်အချို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။", "“ညတိုက်ပွဲမို့ လက်နက်တော့မရခဲ့ဖူး၊ ပျူခေါင်းဆောင် ဌေးအောင် ကောက်ခံ နေသမျှ ပေးနေတဲ့ ပျူ ထောက်တိုင်တစ်ချို့တော့ ဖမ်းမိခဲ့တယ်၊ သူပစ် ကိုယ် ပစ် ခတ်ရင်း ပျူ ၁၀ ကောင်ထက်မနည်းသေတယ်၊ ကျနော်တို့ဘက် ကလည်း တစ်ဦး ဗိုက်ထိမှန်ဒဏ်ရာနဲ့ ခြေထောက် ဒဏ်ရာသူ တစ်ယောက် ရှိခဲ့တယ်၊ မစိုးရိမ်ပါဘူး၊ ပျူကောင်တွေ ကိုယ်ချင်းစာတတ်အောင် မီးမရှို့ချင်ပေမယ့် သူတို့ နေတဲ့အိမ်တွေကို မီးနည်းနည်းလေးရှို့ထားခဲ့တယ်” ဟု Shwe Bo Local People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "ယင်းတိုက်ခိုက်မှုကို စစ်ကူလာသည့် စစ်ကားကိုလည်း ညောင်လှ ကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း၊ ရွှေဘိုမြို့မှ စစ်ကူကားနှစ်စီးဖြင့် မြင်းစီး ရွာ နှင့် ၂ မိုင်ခန့်အကွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းအ တွင်းသို့ တပ်အင်အား ဖြည့်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင် ပိုင်း တိုင်း စစ်ဒေသ၊ ကျားသစ်နက်စစ်ကြောင်း၏ စစ်ရေး စွမ်းရည်ပြသမှု မြင် ကွင်း။"]
https://yktnews.com/2024/02/146922/
ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံးနီးပါး ပြာကျပြီး ပြည်သူ ၈၀၀ ကျော် အခက်အခဲကြုံနေရ
["ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံးနီးပါး ပြာကျပြီး ပြည်သူ ၈၀၀ ကျော် အခက်အခဲကြုံနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက် ဆီးခဲ့ရာ တစ်ရွာလုံးနီးပါးပြာကျဆုံးရှုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့က ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူးစောထီးကျေးရွာ၊ တည်သီးတော ပျူစော ထီးကျေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးပူးပေါင်းအဖွဲ့သည် မြို့လှကျေးရွာအတွင်းသို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်း မီးရှို့သွားရာ နေအိမ် ၂၀၀ ကျော် မီးလောင် ပြာကျခဲ့ပြီး ကျေးရွာနေပြည်သူအားလုံး ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။", "“သူတို့ဝင်လာတော့ ခါးဝတ်ခါးစားနဲ့ ထွက်ပြေးခဲ့ကြရတာ၊ ဘာမှ မယူနိုင်ခဲ့ဘူး၊ ဖမ်းဆီးခံရတာ မျိုး တော့ မရှိပါဘူး၊ တစ်ရွာလုံးထွက်ပြေးခဲ့ကြရတာ၊ အိမ်ကြီးအိမ်ကောင်းတွေကိုပဲ အဓိကတက်ရှာဖွေ ယူပြီး တစ်အိမ်တက်ဆင်းမီးရှို့သွားတာ၊ ဖြစ်သလိုဆောက်ထားတဲ့အိမ်လေး ၃၀ ကျော်လောက်ပဲ ကျန်တယ်၊ တစ်ရွာလုံးပြာကျသွားတာ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့လှကျေးရွာနေပြည်သူ ၈၀၀ ကျော်မှာ အနီး အနား ရှိ ကံသာကုန်း ၊ တည်ဘိုပင်ရွာများသို့ တိမ်းရှောင်မှီခိုနေကြရပြီး စား၊ ဝတ်၊ နေရေး အခက် အခဲကြုံတွေ့နေရကြောင်း မြို့လှကျေးရွာသားအများစုသည် အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ် ပြီး ဥပုဒ်ကာလနီးပြီဖြစ်သဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံ ထားသည်။"]
https://yktnews.com/2023/10/127051/
ရွှေဘိုမြို့နယ်၊ ယင်းမာရွာအနီး တွင် ခေတ္တတပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အမျိုးသမီးလစဉ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိ
["ရွှေဘိုမြို့နယ်၊ ယင်းမာရွာအနီး တွင် ခေတ္တတပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အမျိုးသမီးလစဉ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ယင်းမာရွာအနီး တွင် ခေတ္တတပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း BLACK WOLF – ARMYမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၄ ရက်နေ့ ရွှေဘိုမြို့ ယင်းမာရွာအနီးတွင် တပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်သား ၄၀ ဦးခန့်ကို BLACK WOLF – ARMY ၊ Who am i – Army တို့က ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သား ကျဆုံးမှုအနေဖြင့် ၂ ဦး အတည်ပြုနိုင်ပြီး ဆက်လက်စိစစ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။", "ဒရုန်းဖြင့် ဗုံးကျဲမှုအပေါ် စစ်တပ်က လက်နက်ကြီး ၂ လုံးဖြင့် တန်ပြန်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ ယင်းနောက် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်၊ ထမင်းစားဇလုံ၊ ဘတ်တံဆိပ်ပါဦးထုပ်နှင့် မိုးကာအစိမ်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88137/
ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ
["ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း သိရသည်။", "” ရေတော်မူရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရွာကို ဝင်စီးပြီး မီးရှို့တာပဲ ပြည်သူပိုင် နေအိမ် ၃၂ လုံးပြာကျခဲ့တယ်။ ပြည်သူတွေကတော့ အချိန်မီ ရှောင်ရှားနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/04/155368/
ရွှေဘိုမြို့နယ်၊ ရှားတောရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ
["ရွှေဘိုမြို့နယ်၊ ရှားတောရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ", "ရန်ကုန်၊ ဧပြီ ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရှားတောရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွ ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“ရွှေဘိုနားက ရှားတောရွာကို စစ်ခွေးတွေ အခု မီးတင်ရှို့နေတယ်။ ရွာလုံးကျွတ် ထွက်ပြေးနေရတော့ ပျက်စီးဆုံးရှုံးမှု အခြေအနေလည်း မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ရှားတောရွာထဲ၌သာ ရှိနေပြီး မည်သည့် ကျေးရွာကို ဆက်လက် ထွက်ခွာမည်ကို မသိရသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/04/155468/
ရွှေဘိုမြို့နယ်၊ ရှားတောရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ရွှေလန်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ
["ရွှေဘိုမြို့နယ်၊ ရှားတောရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပေါက်မြို့နယ်ရှိ ရွှေလန်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၀ ကျော်ပြာကျ", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရှားတောရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရှားတောရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ ၄ ဦးဖြစ်သည့် ဦးဝင်းခင် ၊ ဦးအုန်းမောင် ၊ ဦးနောင်နောင်ထွန်း၊ ဒေါ်ညွန့်ရင်နှင့် ဦးစိုးအောင် တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“ရှားတောကျေးရွာကို စစ်ခွေးတွေ စစ်ကြောင်းထိုးပြီး မီးဝင်ရှို့သွားတာ ခုသိရသလောက်တော့ ပြည်သူ ၅ ဦးကို သတ်သွားတယ်။ အသက် ၈၀ ကျော်နဲ့ အသက် ၉၀ ကျော် မပြေးနိုင် မလွှားနိုင်တဲ့ လူကြီး ၂ ဦးကို မီးရှို့သတ်ဖြတ်သွားတယ်။ ကျန်တဲ့ ၃ ဦးကိုတော့ ပစ်သတ်သွားတာ စစ်ခွေးတွေက လေဖြတ်နေတဲ့သူပါ ပစ်သတ်ပီးတော့ ရေကန်ထဲပစ်ချသွားတာ တစ်ရွာလုံးမှာ မီးမလောင်သွားတဲ့ အိမ်ဆိုလို့ လက်ချိုးရေလို့ရတယ်။ ရွာမှာက နေအိမ် ၄၅၀ ကျော်ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေလန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျပြီး ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၅ ရက်နေ့တွင် ရွှေလန်ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူမျာလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။", "“ပေါက်မြို့နယ်က ရွှေလန်ရွာကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတာ ရွာမှာက အိမ်ခြေ ၁၀၀ လောက်ပဲရှိတာ နေအိမ် ၂၀ ကျော်လောက် မီးလောင်ပြာကျသွားတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/12/195287/
ရွှေဘိုမြို့နယ်၊ သပြေသာရွာတွင် စစ်တပ်က မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄ လောင်းတွေ့ရှိ၊ စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျပြီး မိုင်းနင်းမိ၍ ပျူစောထီး ၁ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ သပြေသာရွာတွင် စစ်တပ်က မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄ လောင်းတွေ့ရှိ၊ စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျပြီးမိုင်းနင်းမိ၍ ပျူစောထီး ၁ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာတွင် အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျကာ မိုင်းနင်းမိ၍ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်နေ့ထိ ရွှေဘိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ပျူစောထီးကျေးရွာများမှ ပျူစောထီးများ ပူးပေါင်း၍ သပြေသာကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း မီးရှို့ သတ်ဖြတ်ခဲ့သော ရုပ်အလောင်း ၄ ကောင် ကိုတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူများသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသပြည်သူများမဟုတ်ကြောင်း၊ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးခဲ့သော နယ်မြေအတွင်း ပျောက်ဆုံးနေသော ပြည်သူများလည်းမရှိဘဲ မည်သူမည်ဝါ ​ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသးကြောင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "“သေဆုံးသူတွေက ဘယ်သူတွေဆိုလည်းဆိုတာ အတည်မပြုနိုင်သေးဘူး။ နယ်မြေ အတွင်းမှာတော့ ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ ပျောက်ဆုံးမှု မရှိဘူး” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ် ၂၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) ဦးဆောင်သော နယ်မြေခံ ပကဖ အဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖြတ်သန်းသွားလာစဉ် မိုင်းနင်းမိပြီး ပျူစောထီး ၁ ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးထဲတွင် ပန်းရံရွာ ပျူစောထီး ခေါင်းဆောင် အောင်ကျော်လည်း ပါဝင်ကြောင်း သိရသည်။"]
https://yktnews.com/2023/02/85045/
ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၅၃ လုံး ပြာကျ၊ ရွာသား ၁ ဦး ဖမ်းဆီးခံထားရ
["ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၅၃ လုံး ပြာကျ၊ ရွာသား ၁ ဦး ဖမ်းဆီးခံထားရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာရှိ နေအိမ် ၅၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာသား ဦးဖိုးဆယ်ကိုလည်း ဖမ်းဆီးသွားကြောင်း Shwe Bo Local PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၃၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် အင်အား ၂၀၀ ခန့်ဖြင့် သရက် ပင် ဝန်းကျေးရွာကို ဝင် ရောက်လာကာ အကြမ်းဖက်စစ်သား၊ ပျူစောထီး များက ကျေးရွာအတွင်း ရွှေ၊ ငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူကာ နေအိမ် ၅၃ လုံး စာသင်ကျောင်းအတွင်းရှိ ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် လယ်ယာသုံး ပစ္စည်း များကို မီးရှို့ ဖျက်ဆီးကြောင်း၊ ထိုသို့မီးရှို့ဖျက်ဆီးခံရသဖြင့် ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့များက ညပိုင်းတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်မှ ဒဏ်ရာရရှိသူများ ရှိကြောင်း သိရသည်။", "“ဈေးဆိုင်ထဲက ပစ္စည်းတွေလည်း မွှေနှောက်ပြီး ယူသွားတယ်၊ ရွှေငွေလက် ဝတ်ရတနာတွေလည်း စစ်တပ်က ခိုးသွား တယ်၊ ကျနော်တို့ ၁ ရက်နေ့ ပြန် ဝင်တော့ မီးမငြိမ်းသေးဘူး၊ တောင်သူလယ်သမားတွေရဲ့ နေအိမ် ၅၃ လုံး မီးလောင် ပြာကျခဲ့ပါတယ်၊ ဘုန်းကြီးကျောင်းထဲမှာ ထားတဲ့ဆိုင်နဲ့ စာသင် ကျောင်းထဲမှာ လည်း မီးရှို့ သွားတယ်၊ ပြီးတော့ ရွာသား ဦးဖိုးဆယ်ကိုလည်း ဖမ်းသွားတယ်၊ အစအနကို လိုက်မရသေးဘူး၊ မြင်းစီးပျူစောထီးရွာကို ပြန် ထွက် သွားကြပြီ” ဟု Shwe Bo Local PDF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် စစ်တပ်က တပ်စွဲသွားခဲ့သော ဘုန်းကြီးကျောင်းအတွင်းမှ အကြမ်းဖက် စစ်သားများသောက် စားကာ စွန့်ပစ်ထားခဲ့သော အရက်ပုလင်းများ၊ ကွန်းဒုံး များ၊ ဘော်လီများ၊ ဒဏ်ရာရစစ်သားများကို ဆေး ကုသထားသည့် နေရာများကို တွေ့ရှိခဲ့ပြီး မည်မျှထိခိုက်ဒဏ်ရာရရှိသည်ကို မသိရသေးကြောင်း၊ အကြမ်းဖက် စစ်သားများသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားသဖြင့် ရွာသူ ရွာ သား များမှာ ကျေးရွာအတွင်းပြန်လည်ဝင်ရောက် နိုင်ခဲ့သော်လည်း မီး ရှို့ ဖျက်ဆီးခံရမှုကြောင့် အကူ အညီ များစွာလိုအပ်လျက်ရှိကြောင်း သိရ သည်။"]
https://yktnews.com/2024/02/147845/
ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ
["ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးရွာ ပျူစောထီး စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ညနေ ၆ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ သီလုံးရွာရှိ ပျူစောထီး အထိုင်စခန်းမှ ကင်းလှည့်ရန် ထွက်လာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ဆိုင်း တိုက်ခိုက်ခဲ့စဉ် ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်၊ ကျည်တချို့၊ ဗောက် ၅ ဗောက်၊ ဗုံးသီး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုသည် သီလုံးကျေးရွာမှ အရပ်သား ပြည်သူ ၈ ဦးကို ပျူစောထီးများက မတရား ဖမ်းဆီး သတ်ဖြတ်ခဲ့သောကြောင့် Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ ဒေါင်းစစ်သည် ၊ EYE FORE EYE၊ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/189809/
ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီး ၁ ဦး လက်နက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
["ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီး ၁ ဦး လက်နက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှ ပျူစောထီး ၁ ဦးသည် သေနတ် ၁ လက်နှင့်ခဲယမ်းများ ယူဆောင် အလင်းဝင်လာကြောင်း SNAKE EYES – PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၃ ရက်နေ့ သီးလုံးကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ဖိအားပေးမှုကြောင့် ပျူစောထီးအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သူ တစ်ဦးက ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည် ၁၆၀ တောင့် တို့ကို ယူဆောင်လာပြီး အလင်းဝင်‌ရောက် ခဲ့ကြောင်း သိရသည်။", "“အလင်းဝင်လာတဲ့သူကို လုံခြုံရေးအရ လုံခြုံတဲ့နေရာမှာ ထားပေးပြီး ဒီဘက်မှာ လုပ်ကိုင်စား​ဖို့လည်း ကြိုးစားပေးနေပါတယ်။ ဆုငွေကတော့ ချီးမြှင့်မှာပါ။ လက်ရှိမှာတော့ ရန်ပုံငွေ အခက်ခဲကြောင့် ချက်ချင်း မလုပ်ပေးနိုင်သေးပေမယ့် ဒီတစ်ပတ်အတွင်း ပေးနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု SNAKE EYES – PDFမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/83948/
ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးတင် ရှို့နေ
["ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က မီးတင် ရှို့နေ", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၈ နာရီခွဲခန့်အချိန် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင် ရောက်ပြီး မီးရှို့နေကြောင်း Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှိုဖျက် ဆီးခဲ့သော အကြမ်းဖက် စစ် သား သည် ယနေ့နံနက် ပိုင်းတွင် ရွှေဘိုမြို့နယ်၊ အင်ကြင်းပင်ရွာအတွင်းသို့ စစ် ကြောင်းတစ်ကြောင်းလျှင်အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာပြီး အင်ကြင်းပင် ကျေး ရွာများကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း၊ ဒေသခံပြည်သူ၊ ရွာသား များ မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်တာလည်းမရှိဘူး၊ အရင်နေ့တွေက ခင်ဦးနယ်ဘက် မအူပင်တို့ ဘက် မှာ ရွာတွေမီးရှို့တယ်၊ ပစ္စည်းတွေယူတယ်၊ ဒီနေ့ ကျနော်တို့ ဘက် ရောက် လာတာ၊ တပ်နာမည်တွေလဲ မသိရသေးဘူး၊ အနား ကပ်လို့လဲမရဖူး၊ မီးရှို့နေ တာကို အဝေးကနေပဲ လှမ်းမြင်နေရတယ်၊ အခုတစ်ကြိမ်ပါဆိုရင် မီးရှို့ခံရတာ ၄ ကြိမ်လောက်ရှိပြီ။”ဟု Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2024/02/143715/
ရွှေဘိုမြို့နယ်၊ကျားရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦး သေဆုံး
["ရွှေဘိုမြို့နယ်၊ကျားရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာမှ ပျူစောထီးများ၊ ဖုတ်ကုန်းကျေးရွာမှ ပျူစောထီးများ ပူးပေါင်း၍ လေ့ကျင့်ရေး ၈ (ကိုးပင်တပ်)တပ်အတွင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ် ခတ်ရာ ကျားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ပြည်သူ ၂ ဦးထိမှန်သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လက်နက်ကြီးထိမှန်လို့ ကျားကျေးရွာမှ အသက်၁၅နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၄၉နှစ်အရွယ် အမျိုး သား ၁ ဦး ကျည်ထိမှန်သေဆုံးပါတယ်။ စုစုပေါင်းပြည်သူ ၅ ဦးလက်နက်ကြီးထိမှန်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းများဖြင့် ကျေးရွာများကို လှည့်လည် မီးရှို့ခြင်း၊ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ တောက်လျှောက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေဘိုမြို့နယ် ကျားကျေးရွာကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီးနေစဉ်။"]
https://yktnews.com/2023/12/136105/
ရွှေဘိုမြို့နှင့် မြိုင်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး
["ရွှေဘိုမြို့နှင့် မြိုင်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြို့တောင်ဘက်ရှိ မုခ်တွင် အထိုင်ချထားသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယနေ့ဒီဇင်ဘာလ ၁၆ ရက် နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီး အနိုင်ကျင့်ခြင်း လုပ်ဆောင်နေသော ရွှေဘိုမြို့မရဲစခန်းကို ဗုံးသီး ၂ လုံး၊ မြို့တောင်ဘက် မုခ်ပေါက်၌ ဂိတ်ဖွင့်ကာ ပြည်သူများကို ပိတ်ဆို့ စစ်ဆေးငွေညှစ်နေသော အကြမ်းဖက်စစ်သားများကို ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ၊ စစ်သားများကို နာရေးကား ၂ စီးဖြင့် ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့၊ UG တပ်ဖွဲ့ ၊ရွှေဘိုမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ ၊ နယ်စီးမခြား ဗိုလ်ပျံလွှား (ဝလ) ကျားညီနောင် အဖွဲ့ ၊ Black Silencer Defence Force ၊ BFDF ၊ War Lord Defence Force ၊ တန၊ ၅ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဗိုလ် လင်းရောင်(ဒပယ)တပ်ဖွဲ့တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်ရှိ ရဲစခန်း၊ အထက ၂ ၊ စီမံရုံးနှင့်အရှေ့ဂိတ်တို့၌ တပ် စွဲ ထား သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၄ ရက် ည ၁ နာရီခန့်မှစ၍ ဒီဇင်ဘာလ ၁၅ ရက် ည ၁၀ နာရီအထိ မြိုင်မြို့ပေါ်ရှိ မြိုင် မြို့မ ရဲစခန်း၊ အထက – ၂ ၊ စီမံရုံး နှင့် အရှေ့ဂိတ်တို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ဒရုန်း လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာများကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF)၊ မြိုင်(ပကဖ)၊ Freedom Fighter ၊ ရွှေဓားဗိုလ်၊ လင်းမြွေ နှင့် RPTF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိတစ်ကြိမ်၊ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်တွင် တစ်ကြိမ် မြိုင်မြို့နယ်၊ တွင်းမပျူရွာသို့ ရောက်ရှိတပ်စွဲနေသော အကြမ်းဖက် စစ်သားများကို ဒရုန်းယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး အ ကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF)၊ မြိုင်(ပကဖ)၊ Freedom Fighter ၊ Thu Rain (TR)၊ Young Force (UG) တပ်ဖွဲ့နှင့် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/181214/
ရွှေဘိုမြို့နှင့် ရေဖြူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး
["ရွှေဘိုမြို့နှင့် ရေဖြူမြို့နယ်ရှိ စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်အထွက်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့တောင်အထွက် မုဒ်ဦးတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှလည်း လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ PDO Drone Team Federal Wings၊ တိုက်နယ် (၅) ပကဖ Fixed Wings Drone အဖွဲ့၊ ဘီလူးညီနောင် ပကဖ Fixed Wings Drone အဖွဲ့၊IC ပကဖ Fixed Wings Drone အဖွဲ့၊ အားမာန်ပကဖ Fixed Wings Drone အဖွဲ့၊ တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် နယ်မြေခံ ပကဖ များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ပယကျေးရွာ ၊ ခွေးမဖောလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုသည်။", "ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ ပယကျေးရွာ ၊ ခွေးမဖောလမ်းဆုံရှိ အကြမ်းဖက် စစ်တပ် ဂိတ်ချ စစ်ဆေးနေသော စခန်းတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ၍ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဖြူပကဖ) နှင့် နဂါးနီပြောက်ကျားအဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူများအနေဖြင့် လက်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိုက်ပွဲများ စစ်ဆင်ရေးလုပ်ငန်း များကို အရှိန်အဟုန် တိုးမြင့်စွာ လုပ်ဆောင်နေကြသည့် အချိန်ကာလတစ်ခု ဖြစ်နေသည့်အတွက် စစ်ရေးအထူး သတိပြု သွားလာလှုပ်ရှား နေထိုင်ကြရန် ရေဖြူမြို့နယ် ပကဖ က အသိပေးထားသည်။"]
https://yktnews.com/2024/09/181540/
ရွှေဘိုမြို့ပေါ် ရပ်ကွက်များတွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အမျိုးသားများကို လခ၊ ဆန်ရိက္ခာနှင့် သေနတ်ပေးမည်ဟုဆိုကာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခိုင်း၊ ရပ်ကွက် ၁ ခုလျှင် လူ ၁၀ ဦး စုဆောင်းသဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် အမျိုးသားများ ထွက်ပြေးတိမ်းရှောင်
["ရွှေဘိုမြို့ပေါ် ရပ်ကွက်များတွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အမျိုးသားများကို လခ၊ ဆန်ရိက္ခာနှင့် သေနတ်ပေးမည်ဟုဆိုကာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခိုင်း၊ ရပ်ကွက် ၁ ခုလျှင် လူ ၁၀ ဦး စုဆောင်းသဖြင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ အပါအဝင် အမျိုးသားများ ထွက်ပြေးတိမ်းရှောင်", "ရွှေတောင်မြို့တွင်လည်း စစ်သားစုဆောင်းရန် ပေါ်တာဆွဲနေပြီး အတင်း အဓမ္မ ငွေကြေးများကို စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက တောင်းခံ", "ရန်ကုန်၊ စက်တင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်များတွင် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားများကို လခ၊ ဆန်ရိက္ခာနှင့် သေနတ်ပေးမည်ဟုဆိုကာ ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခိုင်းနေကြောင်း မြို့ပေါ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းရန် စစ်ကောင်စီက လုပ်ဆောင်နေသော ရပ်ကွက်များမှာ ရွှေဘိုမြို့ပေါ်မှ ကုန်းဘောင်၊ မြတောင်၊ ထူထောင်ရေး၊ သရက်ခြံ၊ နွားလေးကုန်း၊ စိန်ဘုရားနှင့် စက်မှုဇုန်ရပ်ကွက်များဖြစ်ကြောင်း၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူ့လုံခြုံရေးအဖွဲ့များဟု တိုက်ရိုက် မပြောဘဲ ညကင်းစောင့်မည့် အဖွဲ့၊ ပြည်သူလူထု၏ လုံခြုံရေးကို စောင့်ကြပ်မည့်အဖွဲ့ဟု သုံးနှုန်းနေကြောင်း ၊ အဖွဲ့တစ်ခုလျှင် လူ ၁၀ ဦးပါဝင်ရမည်ဖြစ်ပြီး လခ၊ ဆန်၊ ရိက္ခာနှင့် လက်နက်ပါ ပေးမည်ဟု ပြောဆိုစည်းရုံးနေကြောင်း သိရှိရသည်။", "” ရွှေဘိုမြို့ပေါ်မှာ ရပ်ကွက်လုံခြုံရေး မြို့လုံခြုံရေးလို့ဆိုပြီး ရပ်ကွက်တစ်ခုကို ကင်းအဖွဲ့ တစ်ဖွဲ့ ၁၀ ဦးနှုန်းနဲ့ ကင်းစောင့်ဖို့၊ မြို့ပတ်ကင်းလှည့်ကင်းများလိုက်ပါဖို့ စည်းရုံးတယ်။ အသက် ၆၅နှစ်အထိ အမျိုးသားတိုင်း ပါဝင်ရမယ်။ ပြည်သူ့လုံခြုံရေးအဖွဲ့ မှာပါဝင်တဲ့ စကစခန့်အုပ်ကြီးတွေက ဦးဆောင် စည်းရုံးနေတာ။ ကိုယ့်ရပ်ကွက်ကိုယ့်မြို့လုံခြုဲရေးအတွက်သူတို့နဲ့(စကစ)ပူးပေါင်းရမယ်။ အဲ့ဒီအတွက်လခ ဆန်နဲ့သေနတ်ရမ။ ယ်သေနတ်ကိုင်ပြီးကိုယ့်ရပ်ကွက်ကိုယ်ကင်းစောင့်ရုံပဲလို့ အုပ်ကြီးတွေက လိုက်ပြောတာ။ အခု အမျိုးသားတွေ အတင်းအကျပ် စုဆောင်းနေလို့ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေနဲ့ ပြည်သူတချို့လည်း ထွက်ပြေတိမ်ရှောင်နေကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီက အသက် ၆၅ နှစ်အထိ အမျိုးသားများကိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့များအဖြစ် စုဆောင်းသဖြင့် သက်ကြီးပိုင်း အမျိုးသားများ မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ကြရာ စီးပွားရေးလုပ်ငန်းများနှင့် ဆိုင်တချို့တွင် လုပ်သားများ မရှိတော့သည့် အခြေအနေ ရောက်ရှိလာနေကြောင်း၊ ဆိုင်ကယ်ကယ်ရီ မောင်းမည့်သူပင်မရှိတော့ကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်မင်းက လူငယ်များကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲသို့ ပို့ဆောင်ခြင်း၊ ငွေကြေးတတ်နိုင်သူများကို ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "“မယားမာန်ကျေးရွာ (ရွှေနတ်တောင်ဘုရားခြေရင်း) နှင့် လယ်တီကုန်းရွာသစ် တွေမှာ လူငယ်တွေကို အုပ်ချုပ်ရေးမှူးနဲ့စစ်တက ပေါ်တာဆွဲတယ်။ ပြီးရင် တပ်ထဲပို့တယ်။ တပ်ထဲ မပို့စေချင်ရင် ငွေပေးရတယ်။ စစ်မှုထမ်းဖို့ လူငယ်တွေ မပေးရသေးတဲ့အိမ်တွေကို ငွေတောင်းတယ်။ စစ်မှုမထမ်းတဲ့အိမ်တွေကို အိမ်ထောင်စုစာရင်းတစ်ခုလျင် အသက် ၃၅နှစ် အောက် အမျိုးသားလူငယ် မိသားစုဝင်ရှိရင် ငွေ ၅၀၀၀၀ ကျပ်နှုန်း၊ အသက် ၃၅နှစ်အထက် အမျိုးသား မိသားစုဝင်ရှိုရင် ငွေ ၃၀၀၀၀ ကျပ်နှုန်း၊ လင်မရှိ၊ သားမရှိ မုဆိုးမအိမ်ဆိုရင် ၂၀၀၀၀ ကျပ် ကောက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လွန်ခဲ့သည့် ဩဂုတ်လမှစတင်ပြီး စစ်မှုထမ်း အပတ်စဉ် ၅ အတွက် လူမပြည့်သဖြင့် စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် စစ်သားစုဆောင်းမှုများ၊ ပေါ်တာဆွဲဖမ်းဆီးမှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ စုံစမ်းသိရှိရသည်။", "ဓာတ်ပုံ- စစ်မှုထမ်းရန် စစ်သားအဖြစ် စုဆောင်းခံထားရသော လူငယ်များ။"]
https://yktnews.com/2023/11/131885/
ရွှေဘိုမြို့ပေါ်တွင် စစ်ကား ၃ စီးမိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး
["ရွှေဘိုမြို့ပေါ်တွင် စစ်ကား ၃ စီးမိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အောင်ချမ်းသာထိပ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ် ကား ၃ စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုအားမာန် မြို့ပြ ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၁၅ ရက် ည ၇ နာရီခန့်က ရွှေဘိုမြို့၊ လေ့ကျင့်ရေး ၈ တပ်မှ ထွက်လာသော သံပြားကာ ကား ၂ စီး၊ Parado ကားတစ်စီးကို ရွှေဘိုမြို့ အလက ၁ ကျောင်းအနီးအရောက် မိုင်း ၁ လုံးဖြင့် တစ် ကြိမ်၊ မိုင်း ၄ လုံးဖြင့် တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးသေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများက အနီးအနားဝန်းကျင် ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီး ၆၀ မမ ၂ လုံးအပြင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ၊ဇေယျာသွေးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ shwebo Crocodile ၊ ရွှေဘို အားမာန် မြို့ပြပျောက်ကျား ၊ Black Silencers DEFENCE FORCE ၊ 96 Solider ၊ Burmese Farmers Defense Force(BFDF)၊Flying Dragon Force၊သိင်္ခအားမာန်အဖွဲ့၊ Shwebo Federal Army ၊ Snake Eyes ၊ ဘီလူး ညီနောင်အဖွဲ့ ၊ ရှင်းရှင်း ပ.က.ဖ ၊ ရွှေဘိုဒေါင်းမာန် ၊ မဟူရာရွှေဘိုသား၊ Bo Ba Taw ၊ HG Fighter ၊ ရွှေဘိုစွန်ရဲ့၊ ဒေါင်းစစ်သည် ဗိုလ်လင်းရောင်(ဒပယ)YING NI တန(၂) မဟာမိတ်ညီနောင်များ နှင့် တန(၅) မဟာမိတ်ညီနောင်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ်ကာလ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသည့် စစ်ကားတန်း။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Getty Image"]
https://yktnews.com/2024/10/186666/
ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများက လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းမရတော့၍ ဓားပြမှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာ
["ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများက လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းမရတော့၍ ဓားပြမှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာ", "ရန်ကုန်၊ အောက်တိုဘာ ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လုပ်ငန်းရှင်များထံမှ ခြိမ်းခြောက် ငွေတောင်းမရတော့၍ ဓားပြမှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လာကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်သား၊ ရဲ နှင့် ပျူစောထီး အများအပြား လုံခြုံရေးယူထားသော ရွှေဘိုမြို့ ဈေးတောင်ဘက်ရှိ ကုန်သည်တစ်ဦး နေအိမ်နှင့် နန်းတော် အနောက်ဘက်ရှိ ငါးခြောက်ဆိုင် ၁ ဆိုင်ကို ဓားပြ ဝင်တိုက်ခဲ့ရာ ရွှေ၊ ငွေ အများအပြားပါ သွားကြောင်း၊ ထိုသို့ ဓားပြတိုက်ရာတွင် ဧည့်စာရင်းစစ်ဆေးမည်ဟုဆိုကာ တံခါးဖွင့်ခိုင်းပြီး လူများကို ကြိုးဖြင့်တုတ်၍ ရှိသမျှ ပစ္စည်းအကုန် ရှာဖွေယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။", "“ဧည့်စာရင်း စစ်မယ် အဲလိုပုံစံမျိုးနဲ့ တံခါးခေါက်ပြီး ဓားပြဝင်တိုက်တာ လူအလုံးကို ကြိုးနဲ့ တုတ်တယ်။ ပြီးတော့ ရှိသမျှ ရွှေ၊ ငွေ အကုန်ယူတယ်။ အဲလိုနေရာတွေက စကစ လုံခြုံရေးတင်းကြပ်ထာ တဲ့ နေရာတွေပါ။ နေ့ရော ညပါလုပ်နေတာ မနေ့ည ၉ နာရီလောက်က ဈေးတောင်ဘက်မှာ ကုန်သည်တစ်ဦး ဓားပြတိုက်ခံရတယ်။ ညနေပိုင်းက နန်းတော်အနောက်ဘက် ငါးခြောက်ဆိုင်အိမ်တစ်အိမ် ဓားပြတိုက်ခံရတယ်။ အရင်ကတော့ ဖုန်း meassage နဲ့ စာပို့ခြိမ်းခြောက်ပြီး ငွေလွှဲခိုင်းတာ မလွှဲရင် အခု လာသတ်မယ်ခြိမ်းခြောက်တော့ လုပ်ငန်းရှင်တွေက လွှဲပေးရတာ အခုက အဲလိုမဟုတ်တော့ဘူး။ ဧည့်စာရင်းစစ်တယ်။ လူမများတဲ့ အိမ်ဆိုရင် ဒီနေ့စစ် မနက်ဖြန် ဓာပြတိုက်ခံရပြီပဲ အဲလိုပေါ်တင် လုပ်နေတာပါ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ထိုသို့ လုပ်ဆောင်နေသည်မှာ ရွှေဘိုမြို့နယ်၊ မေခွန်ရွာသား ပျူစောထီး ခေါင်းဆောင် ပေါသိန်း ဆိုသူ နှင့် နောက်လိုက်များက အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်း၍ လုပ်ဆောင်နေခြင်းဖြစ်ပြီး ရရှိသည့် အကျိုးအမြတ်များကို အကြမ်းဖက်စစ်သားထံ ထောက်ပံ့ပေးခြင်း၊ မေခွန်၊ နွားလေးကုန်း ၊ ဈေးကလေးရွာသူ၊ ရွာသားများကို စစ်ကောင်စီက ထောက်ပံ့သည်ဟုဆိုကာ ဝေငှပေးခြင်းတို့ လုပ်ဆောင်နေကြောင်း သိရသည်။", "“အဓိက လုပ်နေတာက မေခွန်ရွာသား ပေါသိန်းနဲ့ ရဲခွေးတွေပါ။ မာရှယ်လော အချိန် ဧည့်စာရင်း စစ်ချိန် တွေဆိုရင် ပြည်သူတွေကြောက်နေကြပြီ စကစ လုံခြုံရေး တာဝန်ယူထားတဲ့ မြို့လယ်တွေက ပိုက်ဆံရှိတဲ့ အိမ်တွေကို ရွေးပြီး တိုက်နေတာ လူတော်တော်များများ ရာချီခံကြရပါတယ်” ဟု ဒေသနေ ပြည်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/05/162311/
ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်
["ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်", "ရန်ကုန်၊ မေ ၁၃", "စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း Eagle Guerrilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရွှေဘိုမြို့၊ ချစ်တီးကွင်းရပ်ကွပ်ရှိ ရန်မျိုးအောင်ဘုန်းကြီး ကျောင်းတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြဖ်းဖက် စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။", "ထို့ပြင် မွန်းလွဲပိုင်းတွင်လည်း ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းလမ်းဘေးရှိ အုံးပေါက်ကျေးရွာတွင် ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“စစ်ခွေး သေဆုံးမှု အခြေအနေကတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့လည်း ဆက်လက် စုံစမ်းနေပါတယ်”ဟု Eagle Guerrilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်၁၅ တပ်ရင်း (Eagle Guerrilla Force)၊ နယ်စည်းမခြား ရွှေဘိုသား (fix winds) drone တပ်ဖွဲ့၊ ကြောင်လက်သဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အရာတော်နယ် သမန်းကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/139282/
ရွှေဘိုမြို့ပေါ်တွင် ပျူစောထီးများနှင့် PDF တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ၂ ဦးသေဆုံး
["ရွှေဘိုမြို့ပေါ်တွင် ပျူစောထီးများနှင့် PDF တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရန်ကြီးအောင်ရပ်ကွက်အနီးတွင် ပျူစောထီး ၅ ဦးနှင့် PDF တပ်ဖွဲ့ဝင်များ အမှတ်မထင် တွေ့ဆုံကာ ပစ်ခတ်မှု ဖြစ်ပွားပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း War Lord Defense Force – Shwe Bo မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် ရွှေဘိုမြို့နယ်၊ မြင်းစီး‌ ကျေးရွာမှ ပျူစောထီး ခေါင်း ဆောင်(သူရဗလ)ဘွဲ့ရ ဌေးအောင်နှင့် နောက်လိုက် ၄ ဦးကို ရွှေဘိုမြို့ ၊ ရန်ကြီးအောင်ရပ်ကွက် အနီး တွင် အမှတ်မထင်‌တွေ့ဆုံခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူခေါင်းဆောင် ဌေးအောင်နှင့် နောက်လိုက် ပျူစောထီး တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး လက်တစ်ဖက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "သေဆုံးသူ ပျူစောထီး ခေါင်းဆောင် ဌေးအောင် သည် ရွှေဘိုအနောက်ခြမ်းရှိ ကျေးရွာများကို ဝင် ရောက်မီးရှို့၊ လူသတ်၊ မုဒိမ်းကျင့် နေသည့် ပျူခေါင်းဆောင်တစ်ဦးဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု အ တွင်း ပြည်သူများ အသွားအလာရှိနေသဖြင့် အချိန်ယူကာ ထိန်းထိန်းသိမ်းသိမ်းပစ်ခတ်ခဲ့ရကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ၊ ထောက်တိုင်များနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။", "အဆိုပါ တိုက်ခိုက်မှုကို War Lord Defense Force PDF(B-4 /C-2) နှင့် ပူးပေါင်းမဟာမိတ်များဖြစ် ကြ သော Guardian Force PDF (B-4/C-1) ၊ Snake Eyes – PDF(B4/C-3) ၊ Zoe Defense Force PDF (SHWEBO) ၊ ဘီလူးညီနောင်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ၊ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG အဖွဲ့ ၊ သိခ်အားမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114862/
ရွှေဘိုမြို့ပေါ်တွင် ရေချိုးနေသော စစ်သားများနှင့် ယာဥ်တန်းကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["ရွှေဘိုမြို့ပေါ်တွင် ရေချိုးနေသော စစ်သားများနှင့် ယာဥ်တန်းကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဇူလိုင် ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် ရေချိုးနေသော စစ်သားများနှင့် ယာဥ်တန်းကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား LPDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၂၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့၊ သီတဂူကျောင်းပေါက်ဝနား၌ ရေချိုးနေသော အကြမ်းဖက် စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံး ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။", "အလားတူ ဇူလိုင်လ ၂၃ ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် ရွှေဘိုမြို့၊ ဆုတောင်းပြည့်ကွေ့၌ အကြမ်း ဖက် စစ်တပ် ယာဥ်တန်းကို ပါဆယ် ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့၊ ရွှေဘိုအားမာန်UG အဖွဲ့တို့က အဓိက ဦးဆောင်ပြီး ရွှေဘို သခင်ကြီး တိုက်နယ် ၄ ၊ (ပကဖ) နောင်ရိုး Army) တပ်ခွဲ ၁ တို့ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ကို ရွှေဘိုမြို့ ဆေးရုံကြီးမှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/110869/
ရွှေဘိုမြို့ပေါ်မှ စျေးဝယ်ပြီး ပြန်လာသည့် ပျူစေားထီးများ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ရိက္ခာနှင့် လက်နက်များပါ သိမ်းဆည်း ရရှိ
["ရွှေဘိုမြို့ပေါ်မှ စျေးဝယ်ပြီး ပြန်လာသည့် ပျူစေားထီးများ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ရိက္ခာနှင့် လက်နက်များပါ သိမ်းဆည်း ရရှိ", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှ စျေးဝယ်ပြီး ပြန်လာသည့် ပျူစေားထီးများ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ ရိက္ခာနှင့် လက်နက်များပါ သိမ်းဆည်း ရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတောရွာနှင့် မင်းဘေးရွာရှိ စစ်သားနှင့် ပျူစောထီးများ အတွက် ရွှေဘိုမြို့ပေါ်မှ ရိက္ခာဝယ်ပြီးပြန်လာသည့် မင်းဘေးရွာမှ လက်နတ်ကိုင် ပျူစောထီး ၃ ဦးဖြစ်သည့် ကောင်မင်းသက်ခိုင်၊ အေးချမ်းအောင်၊ နီတွတ်တို့ကို ဂျိုးမြေဇင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီးများထံမှ ၉ လုံး ပြောင်းချော သေနတ် ၂ လက်၊ နာနတ်သီး လက်ပစ်ဗုံး ၂ လုံးနှင့် ပျူစောထီးများ သယ်‌ဆောင်လာ‌သော အရက်ဖာ၊ ဘီယာဖာနှင့် ရိက္ခာများကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့်အတူ၊ ကျားပျံလူငယ်အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး – SHWEBO LPDF၊Golden Eagle – ZBG (LPDF)၊ တောင်သူကြီးများအဖွဲ့- LDF၊ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်ညီနောင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/12/135273/
ရွှေဘိုမြို့ပေါ်ရှိ ကညနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် တို့၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
["ရွှေဘိုမြို့ပေါ်ရှိ ကညနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် တို့၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ကညနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် တို့၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ ကညနရုံး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး ပစ်သွင်းပြီး လက်နက်ငယ်များဖြင့်ပါ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ဝင်ရောက် ပစ်ခတ်မှုအတွင်း ကညနရုံး အနီး ကင်းယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး နေရာ၌ပင် လဲကျကာ ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် တော်လှန်ရေး တပ်ဖွဲ့များက နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ မြန်မာ့စီးပွားရေး ဘဏ်အနီး ကင်းစောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ငယ်များဖြင့် ထပ်မံ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြားကြောင်း သိရသည်။", "အဆိုပါ ဝင်ရောက် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် ပ.က.ဖ (သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ )(ဝက်လက်မြို့နယ်)၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်ရွှေဘိုခရိုင်တပ်ရင်း(၂၃) တပ်ခွဲ-၁(နောင်ရိုးArmy) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128986/
ရွှေဘိုမြို့ပေါ်ရှိ ကြံ့ဖွတ်ရုံးနှင့် ကင်းလှည့် စစ်ကားကို မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ခမရ ၁၁ မှ အရပ်ဝတ်ဖြင့် ထွက်လာသည့် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရွှေဘိုမြို့ပေါ်ရှိ ကြံ့ဖွတ်ရုံးနှင့် ကင်းလှည့် စစ်ကားကို မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ခမရ ၁၁ မှ အရပ်ဝတ်ဖြင့် ထွက်လာသည့် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ကြံ့ဖွတ်ရုံးနှင့် ကင်းလှည့် စစ်ကားကို မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့ရှိ ကြံ့ခိုင်ရေးရုံးကို တော်လှန်းရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရွှေဘိုမြို့ ကားကြီးကွင်းမှ မုဒ် ပေါက်ကို ကင်းလှည့်ရန် ထွက်လာသော စစ်ကားကိုလည်း ည ၈ နာရီခန့်တွင် ဆိုင်ကယ် ၂ စီး ဖြင့် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ လုံးမှာ ကားဘေးလမ်းပေါ်ကျကွဲပြီး ကျန် ၁ လုံးမှာ ကားပေါ်တည့်တည့် ကျကွဲခဲ့သောကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁ မှ အရပ်ဝတ်ဖြင့် ထွက်လာသော စစ်သား ၁ ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အမှတ် ၁၀ ရပ်ကွက် ဂေါက်ကွင်းလမ်းပေါ်တွင် တော်လှန်ရေး တပ်ဖွဲ့များက သေနတ်ဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း ၊ Naung Yoe Army ခွဲ ၁ ၊ ရွှေဘိုကျားကြီး ခွဲ ၄ ၊ Revulotion soldier ၊ ရှိမ်မကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/153511/
ရွှေဘိုမြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် ထောက်ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုမြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရ၊ ပခုက္ကူမြို့နယ်တွင်လည်း စစ်တပ် ထောက်ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မတ် ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၈ မိနစ်ခန့်တွင် ရွှေဘို့မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ဘုန်းကြီးကျောင်းဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက Fixed wings drone ၃ စီးဖြင့် စစ်ကောင်စီ တပ်သားများ ထမင်းစားနေချိန် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းခဲ့ပြီး ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းသို့ တိုက်ခိုက်ပြီးနောက် ကညနရုံး အတွင်း တပ်စွဲထားသော စစ်တပ်က ၈၁ မမ လက်နက်ကြီး ၃ လုံးဖြင့် တော်လှန်ရေး ရဲဘော်များကို ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ရွှေဘိုမြို့ မုဒ်ပေါက်၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး မွန်းလွဲ ၁ နာရီ ၄၉ မိနစ်ခန့်တွင် Fixed Wings Drone ၃ စီး ဖြင့် ဗုံးသီး ၄ လုံး ကျဲချ ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာသူများရှိသော်လည်း သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "” စစ်ခွေး ထိခိုက်မှုကတော့ တော်တော်များတယ်။ သေစာရင်းတော့ မသိရသေးဘူး” ဟု X FORCE – LPDF – ShweBo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို X Force LPDF (Shwebo) နှင့် ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Buffalo Soldier Freedom Force(drone)အဖွဲ့နှင့် Shwe Bo Defence Force (SBDF) အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။", "အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင်ရွာအနီး ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် ထောက်ပို့ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကားများ ထိခိုက်ပျက်စီးမှုရှိကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ် မကျည်းသုံးပင် ရွာ အနီး ရောက်ရှိနေသော စစ်တပ် ရိက္ခာယာဥ်တန်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး ယာဥ်တန်းမှ မော်တော်ယာဥ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်ယာဉ်တန်းသည် ပခုက္ကူ – ကမ္မ – အရာတော် – ဂျိုးပြန်ရွာအနီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra၊ PKU Thurein၊ Kamma Defence Force (KMDF)၊ ဧရာအနောက်ပြောက်ကျားတပ်ဖွဲ့နှင့် DMG ဓါးမင်းကြီးတပ်ဖွဲ့တို့ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126474/
ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်း မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဝက်လက်ရှိ စခန်းသာရွာ၌ စစ်ကြောင်းက မြုပ်နှံခဲ့သည့် စစ်သား အလောင်း ၁ လောင်း တွေ့ရှိ
["ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်း မိုင်းပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ဝက်လက်ရှိ စခန်းသာရွာ၌ စစ်ကြောင်းက မြုပ်နှံခဲ့သည့် စစ်သား အလောင်း ၁ လောင်း တွေ့ရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နန်းတော်ရာ အတွင်း မိုင်းပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေဘိုနန်းတော်ရာ ဘန်ကာအတွင်း ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ၇ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၁ (NaungYoe Army)၊ ရွှေဘိုကျားကြီး၊ တိုက်နယ် ၄ ရွေ့လျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ စခန်းသာရွာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြုပ်နှံခဲ့သည့် စစ်သား အလောင်း ၁ လောင်း တွေ့ရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက စခန်းသာကျေးရွာကို စစ်ကြောင်း လာသည့် စစ်သားများကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် မဟာမိတ် တပ်ရင်းများက တိုက်မိုင်း တိုက်ခိုက်ခြင်းကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ သေဆုံးသွားသော စစ်သား ၆ ဦးထဲမှ ၁ ဦးသည် ဆေးကုသမှု ခံယူနေစဥ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းစစ်သား အလောင်းကို မြေမြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန် စစ်သား ၅ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူပိုင် နေအိမ်များအတွင်း ထည့်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ ဓားစာခံ အနေနဲ့ ဖမ်းဆီးသွားတဲ့ ပြည်သူတွေ ပြောပြချက်အရ ဒီလ ၁၀ ရက်နေ့မှာ မြေမြုပ်ထားတာကို ဖော်ပြီး စစ်ဆေးတာ စစ်ခွေး အလောင်း တစ်လောင်း တွေ့ရှိခဲ့တာပါ”ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/06/108761/
ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်းကို ဗုံးပစ်သွင်း တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ ခင်ဦးနှင့် ကျိုက်ထိုတွင် စစ်ကြောင်းနှင့် ရဲစခန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရွှေဘိုမြို့ပေါ်ရှိ နန်းတော်ရာ အတွင်းကို ဗုံးပစ်သွင်း တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ ခင်ဦးနှင့် ကျိုက်ထိုတွင် စစ်ကြောင်းနှင့် ရဲစခန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားသော နန်းတော်ရာအတွင်းသို့ နေရာ ၃ နေရာမှ လက်ပစ်မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီခန့်က နန်းတော်အတွင်း၌ တပ်စွဲပြီး ပြည်သူလူထုကို ဖမ်းဆီးနှိပ် စက်နေသော အကြမ်းဖက်စစ်သားများကို နေရာ ၃ နေရာခွဲ၍ လက်ပစ်မိုင်း ၅ လုံးဖြင့် တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းခွဲ တိုက်ခိုက်ခံရမှုကြောင့် အနီးအနားပတ်ဝန်းကျင်ရှိ ပြည်သူများကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရ သည်။", "“အမေဒေါ်အောင်ဆန်းစုကြည် မွေးနေ့ လက်ဆောင်အဖြစ် သွားပြီး တိုက်ခိုက်ခဲ့တာ၊ လေးငါးခြောက် ယောက်စုနေတဲ့ နေရာကျကို ကျတဲ့မိုင်းက ပိုပြီးထိရောက်သွားတယ်လို့ သိရတယ်၊ ဂိတ်ရော၊ အတွင်း ရော ၃ နေရာကို ပစ်ဖောက်ခွဲခဲ့တာပါ၊ ရိုက်နှက်ဖမ်းဆီးခံရတဲ့ပြည်သူတွေတော့ ညနေပိုင်း ပြန်လွှတ်ပေး တယ်လို့တော့ ကြားတယ်၊ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး” ဟု ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်းအမှတ် ၂၃၊Naung Yoe Army တပ်ခွဲ ၁ နှင့် ရွှေဘိုကျားကြီး ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက်စစ် သား များကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Future Hero PDF တပ်ဖွဲ့ထံမှ သိရ သည်။", "ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၉ နာရီခန့်က ခင်ဦးမြို့နယ်၊ ကင်းပြစ်ကျေးရွာကို မီးရှို့ပြီး လယ်တောကြား မှ သရက်ကုန်းကျေးရွာသို့ ထွက်လာစဉ် လမ်းပိုင်းတနေရာအရောက် စနိုက်ပါ ၃ လက်ဖြင့် ချုံခိုတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ကင်းပစ်ကျေးရွာအတွင်းသို့ ဝင်ရောက် စဉ်ကလည်း တိုက်မိုင်း ၃ နေရာမိပြီး ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးကို အထမ်းတစ်ခုဖြင့် ထမ်းသယ်သွား ကြောင်း သိရသည်။", "ထို့အပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်ချောင်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF တပ် ဖွဲ့ထံမှ သိရ သည်။", "ယနေ့ ဇွန်လ ၁၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကင်းမွန်း‌ ချောင်းရဲစခန်းအား စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ PDF ၊ KNU/KNLA ၊ TPDF၊ PPDF- KD ၊ Yangon Eagle Force တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129737/
ရွှေဘိုမြို့ပေါ်ရှိ ဗိုလ်ကြီး ၁ ဦး၏ နေအိမ်နှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်
["ရွှေဘိုမြို့ပေါ်ရှိ ဗိုလ်ကြီး ၁ ဦး၏ နေအိမ်နှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ဗိုလ်ကြီး ၁ ဦး၏ နေအိမ်နှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင်", "ရွှေဘိုမြို့ အမှတ် ၁၀ ထူထောင်ရေး ရပ်ကွက်၌ နေထိုင်သော ဗိုလ်ကြီး စည်သူမျိုး၏ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ခဏအကြာတွင် အရေးပေါ်ကား ရောက်ရှိလာပြီး ၄၂ တပ်ရင်းရှိ စစ်ဆေးခန်းကို မောင်းနှင်သွားကာ ဒဏ်ရာရသူများ သေဆုံးမှုရှိမရှိ အတည်မပြု နိုင်သေးကြောင်း သိရှိရသည်။", "အလားတူ ယင်းနေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကားကြီးကွင်းဘေး ကင်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ထပ်မံပြီး လက်ပစ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၁ NaungYoe Armyခ၊ ရွှေဘိုကျားကြီး ၊ Revulotion Soldier တပ်ခွဲ ၂ ၊ ရှိမ်းမကား တိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ တိုက်နယ် ၄ ရွေ့လျားမိုင်းတပ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116110/
ရွှေဘိုမြို့မုဒ်ဦးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲပြီး လာဖြုတ်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး
["ရွှေဘိုမြို့မုဒ်ဦးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်း ချိတ်ဆွဲပြီး လာဖြုတ်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မုဒ်ဦးတွင် စစ်အာဏာရှင် ဆန့်ကျင့်ရေး စာတန်းချိတ်ဆွဲပြီး လာဖြုတ်ယူသည့် စစ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force – SBDF တပ်ဖွဲ့စခန်းတာဝန်ခံ ဗိုလ်ကျွဲကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၁ ရက် နေ့လည် ၁၁ နာရီခန့်က ရွှေဘိုမြို့မုခ်ဦးတွင် “မအလ မင်းအောင်လှိုင် မလာရဲတဲ့မြို့”ဟု စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်ကို ဖြုတ်ယူရန် ရွှေဘိုမြို့ထဲမှ အကြမ်းဖက်စစ်သား ၅၀ ခန့်ထွက် လာပြီး ၅ ယောက်တစ်ဖွဲ့ ကင်းပုန်းယူစဉ် ကြိုတင်စီစဉ်ထောင်ထားသည့် ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“သူတို့ထွက်လာတဲ့အချိန်က ၁၀ နာရီခွဲ ၁၁ မတ်တင်းလောက်ကို အင်အား ၅၀ လောက်ဖြန့် ခင်းပြီး ထွက်လာတာ၊ ပထမ အကြိမ်ဆွဲလိုက်တော့ ၂ ယောက်လဲကျသွားတယ်၊ အဲနှစ်ယောက်ကို ကားနဲ့ ထပ် တင်သွားတယ်၊ နောက် ၁၅ မိနစ်လောက်ကြာတော့ အဲဒီဆိုင်းဘုတ်နားလေးပတ်လည်ချာလည်နဲ့ ကျနော်တို့ရှိမယ့်နေရာကို ရမ်းသမ်းပစ်တယ်၊ အဲဒါပြီးတော့ စစ်သား ၃ ယောက်၊ အရပ်ဝတ်တွေနဲ့ ဆိုင်း ဘုတ်ကိုလာဖြုတ်တယ်၊ ဖြတ်တဲ့အချိန်မှာ ထပ်ဆွဲလိုက်တာ၊ အဲဒီ ၃ ယောက်ကတော့ လွင့်သွားတယ်ဗျ” Buffalo Soldiers Freedom Force – SBDF တပ်ဖွဲ့စခန်းတာဝန်ခံ ဗိုလ်ကျွဲကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။", "အလားတူ နေ့လည် ၁၂ နာရီခန့်တွင် ဆိုင်းဘုတ်ဖြုတ်ယူနေသည့် စစ်သားများကို ရှေ့ထွက်မိုင်း ၅ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ယင်းဆိုင်းဘုတ်ကိုလည်း မရမက ဖြုတ်ယူသွားကြောင်းသိရသည်။", "အဆိုပါစစ်ဆင်ရေးကို တောကျီးကန်းပြောက်ကျားတပ်ဖွဲ့၊ Buffalo Soldiers Freedom Force – SBDF စခန်းခွဲ ၁၁ နှင့် ဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများမှ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/207603/
ရွှေဘိုမြို့မှ ရိက္ခာထုတ် ပြန်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ကား ၁ စီးနှင့် စားဆီပုံးများ သိမ်းဆည်းရရှိပြီး ကားကို မီးရှို့ရှင်းလင်း
["ရွှေဘိုမြို့မှ ရိက္ခာထုတ် ပြန်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ကား ၁ စီးနှင့် စားဆီပုံးများ သိမ်းဆည်းရရှိပြီး ကားကို မီးရှို့ရှင်းလင်း", "ရန်ကုန်။ မတ် ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ရိက္ခာထုတ်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ကား ၁ စီးနှင့် စားဆီ ပုံးများ သိမ်းဆည်းရရှိပြီး ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးရွာ၊ ပန်းရံ ပျူစောထီးရွာနှင့် ဇီးကုန်းလေးပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သား အင်အား ၅၀ ခန့်သည် ရွှေဘိုမြို့တွင်းသို့ ကား ၃ စီးဖြင့် ရိက္ခာထုတ်ရန် သွားရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ရွှေဘို-ရေဦး လမ်းပိုင်း အရောက်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုသည် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ် မှ ညနေ ၄ နာရီ ၄၅ မိနစ်ထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးသည် လမ်းဘေးမြောင်း အတွင်းထိုးကျသွားကြောင်း၊ စစ်သားများမှာ တပ်ပျက်၍ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။", "စစ်သားများ ထွက်ပြေးသွားပြီးနောက် ရိက္ခာတင်ကား ၁ စီးနှင့် ကားပေါ်တွင် တင်ဆောင်လာသော စားဆီ ပေပါ ၁ လုံးနှင့် ၁၀ ဂါလံဝင် စားဆီ ၆ ပုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း၊ သိမ်းဆည်းရရှိသော ကားမှာ လမ်းဘေး မြောင်းအတွင်း ထိုးကျသွားသောကြောင့် အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်ရန် မလွယ်ကူ၍ မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။", "“စစ်ခွေးနဲ့ ပျူခွေး အင်အား ၅၀ ကျော်က ရွှေဘိုမြို့ အတွင်းကို ကား ၃ စီးနဲ့ ရိက္ခာသွားထုတ်ပြီး အပြန်ကို စောင့်ကြိုတိုက်ခိုက်ခဲ့တာ ကား ၁ စီးကတော့ လမ်းဘေး မြောင်းထဲ ထိုးကျသွားပြီး စစ်ခွေးတွေ ဖရိုဖရဲနဲ့ ဆုတ်ခွာထွက်ပြေးသွားတယ်။ စားဆီပေပါ ၁ လုံးနဲ့ ၁၀ ဂါလံဝင် စားဆီ ၆ ပုံးတို့ကိုတော့ သိမ်းဆည်းရမိခဲ့ပါတယ်။ လမ်းဘေးမြောင်းအတွင်းထိုးကျ သွားတဲ့ ကားက အလွယ်တကူ သယ်ယူရွှေ့ပြောင်းဖို့ မီးရှို့ ရှင်းလင်းလိုက်တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု များနိုင်တယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ဒီလထဲမှာ ကျနော်တို့ စစ်ခွေး ထောက်ပို့ကား ၂ စီးရှိပြီ မီးရှို့ ရှင်းလင်း နိုင်ခဲ့တာ” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) မှ ဦးဆောင်ကာ တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် ဂဠုန်ကြီး ပကဖ၊ ဘီလူးညီနောင် ပကဖ၊ လှိုင်းလုံးနီအဖွဲ့၊ AK ပကဖ၊ တိုက်နယ် (၁) Golden Future Force ပကဖ၊ MC ပကဖ၊ တဂဏ နဂါးမင်း ပကဖအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126992/
ရွှေဘိုမြို့ရှိ ကညနရုံးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြန်မာ့စီးပွားရေး ဘဏ်ကိုလည်း ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုမြို့ရှိ ကညနရုံးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြန်မာ့စီးပွားရေး ဘဏ်ကိုလည်း ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ကညနရုံးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စိုင်နိုင်ကြီး တိုက်နယ် (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရွှေဘိုမြို့ ကညနရုံးအတွင်းရှိ စစ်သားများကို လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော စစ်သားများနှင့် ဒဏ်ရာရ စစ်သားများကို လူမှုကူညီရေးကား ၂ စီးဖြင့် ခလရ ၄၂ တပ်အတွင်းကို သယ်ဆောင်သွားကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Shwe Bo federal Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဘဏ်တွင် အကြမ်းဖက် စစ်သားများ လုံခြုံရေး အပြည့်ချထားပြီး ဘန်ကာ တည်ဆောက်ထား​ကာ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ယင်းသို့ တိုက်ခိုက်ခြင်းသည် ရွှေဘိုမြို့ တောင်ဘက် မုဒ်ပေါက်မှ စစ်သားများ ကင်းပတ်ပြီး ပြည်သူများကို ဖိအားပေး ခြိမ်းခြောက် ဖမ်းဆီး အနိုင်ကျင့်နေသည့်အတွက် တို က်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Shwebo Federal Army SBFA နှင့်မဟာမိတ် ညီနောင်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200303/
ရွှေဘိုမြို့ရှိ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦးနှင့် ဆိပ်ခွန်ကျေးရွာတပ်စခန်းမှ ရဲ ၁ ဦးတို့ လက်နက်များနှင့်အတူ ထွက်ပြေးမှု စစ်တပ်က တင်းတင်းကျပ်ကျပ်စစ်ဆေး
["ရွှေဘိုမြို့ရှိ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦးနှင့် ဆိပ်ခွန်ကျေးရွာတပ်စခန်းမှ ရဲ ၁ ဦးတို့ လက်နက်များနှင့်အတူ ထွက်ပြေးမှု စစ်တပ်က တင်းတင်းကျပ်ကျပ်စစ်ဆေး", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦး လက်နက်များနှင့်အတူ တပ်အတွင်းမှ ထွက်ပြေးသွား၍ ခလရ ၄၂ တပ်ဘေးရှိ နေအိမ်များ၊ ဈေးဆိုင်များကို အကြမ်းဖက်စစ်သားများက လိုက်လံစစ်ဆေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦး လက်နက်များနှင့် အတူ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်းကလည်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ စစ်တပ်စခန်းမှ ရဲ တစ်ဦး ထွက်ပြေးသွားခဲ့သေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ခလရ ၄၂ တပ်ဘေးမှာ နေတဲ့ အိမ်တွေ၊ ဈေးဆိုင်တွေက လူတွေကို လိုက်မေးတာ။ ဘယ်လိုလုပ်သိမှာလဲ အဒီတပ်က ဧက ၅၀ ကျော်တာ ။ ဘယ်အပေါက်က ထွက်မှန်း မသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဆိပ်ခွန်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းမှ ရဲ ၁ ဦး ညကင်းစောင့်စဉ် ငွေအချို့၊ ဖုန်း ၁ လုံးနှင့် စာရွက်စာတမ်းများနှင့်အတူ ထွက်ပြေးခဲ့စဉ်ကလည်း ဆိပ်ခွန်ရွာရှိ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်သူများထံမှ သဲ ၊ ကျောက်များ လုယူကာ စခန်းကို ခြံစည်းရိုး ၃ထပ်ကာ၍ ဘန်ကာများချကာ တိုးချဲ့စခန်း အခိုင်အမာ ပြုပြင်လိုက်ကြောင်း ဆိပ်ခွန်ရွာရှိ ဒေသပြည်သူများထံမှ သိရှိရသည်။", "“ရဲ ၁ ယောက် ထွက်ပြေးလို့ စခန်းရှေ့က ဖြတ်သွားတဲ့ ကိုယ်ဝန်ဆောင်သည် လင်မယားနှစ်ဦးကို ဖမ်းဆီးနှိပ်စက်တယ်။ မင်းတို့ ဆိပ်ခွန်သားတွေ သိကို သိရမယ်။ ငါက ပါသွားတဲ့ ငွေနဲ့ ပစ္စည်းကို ပြန်လိုတာ မဟုက်ဘူး။ လူပြန်လိုချင်တာ မင်းတို့ ရွာက အဖွဲ့တွေကို ပြောလိုက် ။ ငါ့လူ ပြန်ပို့မပို့ရင် ရွာကိုပြာကျစေရမယ် ဒီမှာမြင်လား ၁ချက်ထုရင် ၃ယောက်သေမယ် ၃ချက်ထုရင် ရွာပြာကျမယ် ဆိုပြီး လက်နက်ကြီး၊ ကျည်တွေ ပြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောပြသည်။"]
https://yktnews.com/2023/08/118670/
ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးရုံးရှိ စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကျိုက်ထိုတွင် စစ်ယာဥ်တန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးရုံးရှိ စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ကျိုက်ထိုတွင် စစ်ယာဥ်တန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၁၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးရုံးကို လာရောက်သည့် စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘိုမြို့ စိုက်ပျိုးရေး ရုံးကို Jeep ကား ၁ စီးMark 2 ကား ၁ စီးဖြင့် လာရောက်သည့် စစ်သား ၁၂ ဦးသည် ကားပေါ်မှ ဆင်း၍ ရုံးပေါက်တွင် ရပ်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” စစ်ခွေး ၂ ကောင်သေတယ်။ မိုင်းပေါက်ကွဲပြီး စစ်ခွေးတွေက ပြန်ပစ်လို့ တော်လှန်ရေး ရဲဘော်တွေ ရှောင်တိမ်းနိုင်ခဲ့တယ် နောက်က ကားနဲ့လိုက်ပစ်ပေမယ့် ရဲဘော်တွေ အထိအခိုက် မရှိခဲ့ဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းနှင့် NaungYoe Army (တပ်ခွဲ ၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်သို့ ပဲခူးတိုင်းသို့ လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၆ စီးပါ ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်တပ်ယာဥ်တန်းကို ကျိုက်ထိုမြို့အထွက် သရက်ကုန်းရွာ အနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ကားများလည်း ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/147009/
ရွှေဘိုမြို့အနောက်ဘက် ရွှေဓားဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူများ ညအချိန်မတော် ထွက်ပြေးရ
["ရွှေဘိုမြို့အနောက်ဘက် ရွှေဓားဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူများ ညအချိန်မတော် ထွက်ပြေးရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနောက်ဘက် ရွှေဘိုဆိပ်ခွန်လမ်းဘေးမှာရှိ ရွှေဓားဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်နှင့် ရဲများက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ကျေးရွာ ၄ ရွာရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်း ကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးများနှင့် ပစ်ခတ်နေခြင်း ဖြစ်ပြီး ပြည်သူများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“ညဘက်ဆိုရင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာ မနေ့ညက ၁၀ချက်လောက်ပစ်တာ။ အရင်ညတွေကလည်း ပစ်တော့ပစ်တယ် မနေ့ညကလောက်မများဘူး။ လက်နက်ကြီး ကျမှာစိုးလို့ ပြည်သူတွေဟာ ညအချိန်မှာ ထွက်ပြေးနေရပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အိုးဘို ၊ ကင်းဗျာ၊ ချီပါတောင် နှင် ချီပါမြောက်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်း ပြန်ဆုတ်သွား၍ ပြည်သူများ စစ်ရှောင်ရာမှ ရွာထဲ ပြန်နေသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်၍ တစ်ဖန် ထွက်ပြေးရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/08/118535/
ရွှေဘိုမြို့အဝင် မုဒ်ဦး၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
["ရွှေဘိုမြို့အဝင် မုဒ်ဦး၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အဝင် မုဒ်ဦး၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း Buffalo Soliders Freedom Force (SBDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဩဂုတ်လ ၁၄ ရက် ညနေ ၆ နာရီခန့်က အဆိုပါအကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ည ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သား ၁၅ ဦး မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းရှိရာသို့ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ရှေ့ထွက်မိုင်း ၅ လုံး တစ်ပွိုင့်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။", "“ကျနော်တို့ လက်နက်ကြီးတွေနဲ့ပစ်နေတုန်း ၁၅ ယောက်လောက်က မိုင်းပွိုင့်ဘက်ကို တည့်တည့် ခြေလျင်တက်လာတာ၊ အဲဒါကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ ၆ ဦးသေတာကတော့ သေချာတယ်၊ ဒဏ် ရာ ရတဲ့သူတွေကတော့ စုံစမ်းဆဲပါပဲ၊ ကျနော်တို့ ရဲဘော်တွေအားလုံးဘေးအန္တရာယ်ကင်းခဲ့ပါတယ်” ဟု Buffalo Soliders Freedom Force (SBDF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Buffalo Soliders Freedom Force (SBDF) တပ်ဖွဲ့၊ တောကျီးကန်းပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် SBDF စခန်း ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။", "ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်ညနေပိုင်းက ရွှေဘိုမြို့မုဒ်ဦးတွင် သေနတ်ပစ်ဖောက်စိန်ခေါ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် မစ်ရှင်တွင် အကြမ်းဖက်စစ်ကောင်စီလက်ကိုင်တုတ် ရွှေဘိုမြို့မရဲစခန်းမှ ဒုစခန်းမှူး သိန်းစိုးလင်းမှာ မိုင်းထိဒဏ်ရာဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/162650/
ရွှေဘိုမြို့အဝင်ဂိတ်များတွင် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေ
["ရွှေဘိုမြို့အဝင်ဂိတ်များတွင် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေ", "ရန်ကုန်၊ မေ ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်ဂိတ်များတွင် အကြမ်းဖက် စစ်တပ်က ကုန်ကားများကို နေ့စဉ် ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကျေးရွာများ၌ ကုန်းဈေးနှုန်း အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "မေလပိုင်းမှ စတင်ကာ ရွှေဘိုမြို့အဝင်ဂိတ်များတွင် အကြမ်းဖက် စစ်တပ်က ကုန်ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ် သိန်းဆယ်ချီ တောင်းခံနေသောကြောင့် ကုန်ကျစရိတ် ပိုမိုများပြားလာကာ ကျေးရွာများ၌ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သိရသည်။", "“မန္တလေးကနေ မုံရွာကို သွားတဲ့ ကုန်ကား ၁ စီးကို ရွှေဘို ဆုတောင်းပြည့် ဘုရားအနီးက စစ်ခွေးတွေက ဖမ်းပြီး မာရှယ်လော အမိန့် ဖီဆန်လို့ဆိုပြီး တစ်ည ဖမ်းထားပြီး သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်။ စစ်လို့ ဘာမှမတွေ့လည်း ၁၀ သိန်းကနေ သိန်း ၅၀ ထိပေးမှ ပြန်လွှတ်တာ ဖမ်းတာကတော့ နေ့တိုင်းဖမ်းတာ မြို့အဝင်ပေါက်တွေက ဖမ်းငွေတောင်းပြန်လွှတ် မြို့အတွင်းမှာလည်း ကားတွေနဲ့ ပတ်ဖမ်းနေတာ မြို့အတွင်းမှာ စျေးကြီးရှေ့ဆို သူတို့ စစ်ခွေးနဲ့ ရဲခွေးတွေက စျေးဝယ်သူလိုလို စျေးရောင်သူလိုလို ကားတွေနဲ့ကွယ်ပြီး ဖမ်းတာ လူတွေက အရပ်ဝတ်တွေနဲ့ ကားတွေအိမ်စီးကားတွေနဲ့ အနီးအနားရောက်မှ ကပ်ဖမ်းတာ ကုန်ကားတွေက မြို့အဝင်မှာ ဂိတ်ကြေးပေးရပြီး မြို့အတွင်းရောက်တော့လဲမြို့အတွင်းက ဖမ်းတဲ့ကောင်းတွေကို ငွေထပ်ပေးရလို့ ကျေးရွာတွေမှာကုန်စျေးနှုန်းတွေက မြင့်တက်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာများမှ ဈေးလာဝယ်သည့် ဆိုင်ကယ်များ၊ သုံးဘီးများနှင့် ကားများကို နေ့စဉ်ဖမ်းဆီးပြီး ငွေကျပ် ၃ သောင်းမှ ၃ သိန်း ထိပေးဆောင်နေရကြောင်း သိရသည်။", "“စစ်ခွေးတွေက ရွှေဘိုမြို့ကို လာသမျှ ဆိုင်ကယ်၊ သုံးဘီးနဲ့ ကားအကြီးအသေးတွေကိုလည်း တားပြီး ဖမ်းဆီး တာတွေ ခြိမ်းခြောက် ငွေတောင်းတာတွေလည်း လုပ်တယ်။ သုံးဘီး ၁ စီးကို သုံးသောင်း ကားအသေးဆို ၅ သောင်းနဲ့ ကားအကြီးတွေ ဆိုရင် ၁ သိန်းကနေ ၃ သိန်းထိငွေတောင်းနေပါတယ်။ ရွာတွေက ပြည်သူတွေလည်း မြို့ကိုမသွားရဲကြတော့သလို မြို့ပေါ်နေသူတိုင်းလည်း အပြင်မထွက်ရဲကြဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/118826/
ရွှေဘိုမြို့အဝင်၌ ဆက်ကြေးကောက်ခံနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံး
["ရွှေဘိုမြို့အဝင်၌ ဆက်ကြေးကောက်ခံနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်၌ ဆက်ကြေးကောက်ခံနေသော အကြမ်းဖက် စစ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညနေ ၅ နာရီ ၂၄ မိနစ်တွင် အင်အား ၅၀ ကျော်ဖြင့် ရွှေဘိုမြို့ တောင် ဘက်အထွက် မုဒ်ပေါက်၌ ဘန်ကာများအခိုင်အမာတည်ဆောက်ကာ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်း ၂ စီးဖြင့် ကိုယ်တိုင်လုပ် ၆၀မမ အသီး ၄ လုံးကို ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လွန်ခဲ့တဲ့ သုံးလေးရက်လောက်က အဲဒီမုဒ်ပေါက်မှာတပ်စွဲပြီး ဘန်ကာတွေ၊ ဘာတွေအခို်ငအမာတည် ဆောက်ထားတာ၊ အင်အားက ၅၀ ကျော်လောက်ရှိမယ်၊ မုဒ်ပေါက်မှာ ပွဲချင်းပြီးသေတဲ့သူတွေလည်းရှိ တယ်၊ ဆေးရုံပေါ်မှာ ထပ်သေတဲ့ကောင်တွေလည်းရှိတယ်၊ အားလုံး ၇ ကောင်လို့ သိရတယ်၊ မျက်မြင် တွေပြောပြချက်အရ သေဆုံးဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဉ် ၂ စီးနဲ့သယ်သွားတာ၊”ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျနော်တို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ မိတ္ထီ လာ ပြည်သူ့ကာကွယ်ရေးဒရုန်း တပ်ဖွဲ့ Lightning Done Force ( We are Everywhere) ၊ ကျောက် ဆည် နဂါးနီ တပ်ရင်း ၁ ၊ ရွှေဘိုခရိုင်း တပ်ရင်း ၁၅ – Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့ ၊ ရွှေဘိုခရိုင် တပ်ရင်း ၄ တပ် ခွဲ ၂ War Loard Defense Force – SHWEBO ၊ မတစ်ထောင် (တစ်ကောင် ဘွား) – ဒီပဲယင်း အဖွဲ့၊ Flying Dragon Force F.D.F SHWEBO အဖွဲ့၊ မိုးမခရဲခေါင် ဒီပဲယင်းအဖွဲ့၊ ရဲ ဘော်သုံးကျိပ် ဒီပဲယင်း အဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ Eagle Brothers Knight Force အရာတော် အဖွဲ့၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ဇေယျာသွေး ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ဗိုလ်မဟာ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့၊မဟူရာ ရွှေဘို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊Bo Ba Taw – SHWEBO LPDF ၊ SHWEBO FEDERAL ARMY SBDF ၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရွှေဘိုအားမာန် မြို့ပြပြောက်ကျား ၊အဖွဲ့ တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များရဲ‌‌ဘော်များမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88444/
ရွှေဘိုမြို့၊ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့ရှိ စစ်တပ် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ
["ရွှေဘိုမြို့၊ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့ရှိ စစ်တပ် ဘန်ကာကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်သား ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ရှေ့တွင် ဘန်ကာဆောက်ပြီး စောင့်နေသော အကြမ်း ဖက်စစ်သားများကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း Buffalo Soliders Freedom Force တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ ပြောကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်က အင်အား ၁၀ ဦးခန့်ဖြင့် မြန်မာ့ရှေ့ဆောင် ဘဏ်ရှေ့ရှိ ဘန်ကာ အတွင်မှ အကြမ်းဖက်စစ်သားများကို လက်ပစ် ဗုံးသီး တစ်လုံးပစ်ခတ်ပြီး ဖောက်ခွဲတိုက်ခိုက် စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး လူနာတင်ကားဖြင့် သယ်ဆောင်သွား ကြောင်း သိရသည်။", "“ဗုံးက ဘန်ကာထဲတည့်တည့်ကျတာ၊ သေဖို့ရာများတယ်၊ လူနာတင်ကားနဲ့လာတင်သွားတာ၊ ပြည်သူ အချို့ ဖမ်းခံရတာရှိတယ်လို့ သိရတယ်၊ ဘယ်နှစ်ယောက်လောက်ပါသွားလဲတော့ မသိရသေးဘူး၊ မစ်ရှင် လုပ်တဲ့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်”Buffalo Soliders Freedom Force တပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သတင်းဌာနထံမှ ပြောကြားသည်။", "ယင်းဘဏ်အနီးတွင် အခြားပုဂ္ဂလိက ဘဏ်များနှင့် အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသော မြန်မာ့ စီးပွားရေးတို့လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ စောင့်ကြပ်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အပြစ်မဲ့လမ်းသွား လမ်းလာ ပြည်သူအချို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/104190/
ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့် ပစ်ခတ်ခံရပြီး သေဆုံး
["ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Buffalo Soldiers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၃ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် ရွှေဘိုမြို့နယ်၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့်ကို Buffalo Soldiers အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "” ရွှေဘိုမြို့ အမှတ် ၈ ရပ်ကွက်က ပျူစောထီး အုပ်ကြီး ၁ ကောင် ပွဲချင်းပြီးသေဆုံးတယ် နေအိမ်ထဲကို ဝင်ပစ်တာပါ။ ကျွန်တော်တို့ ရဲဘော်တွေကို အုပ်ကြီး မိသားစုတွေက လိုက်ရန်ရှာသေးတယ်။ ရဲဘော်တွေက မဆိုင်တဲ့သူတွေမို့လို့ ပြန်မပစ်ခဲ့ဘဲ ဆုတ်ခွာခဲ့တယ်” ဟု Buffalo Soldiers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Shwe Bo (SBDF) DEFENCE FORCE စခန်းခွဲ ၂ ၊ BUFFALO SOLDIERS အဖွဲ့၊ Flying Dragon၊ ဗိုလ်မိကျောင်းနှင့် Snake Eyes PDF တိုက်နယ်၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "Buffalo Soldiers အဖွဲ့အနေဖြင့် မြို့ပေါ် မစ်ရှင်များ ဆက်လက် လုပ်ဆောင်ရန် လက်နက် ခဲယမ်း အကူအညီများ လိုအပ်လျက်ရှိပြီး အလှူရှင် လိုအပ် လျက်ရှိကြောင်း Buffalo Soldiers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "Photo – အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဘိုမြင့်၏ နေအိမ်"]
https://yktnews.com/2023/12/137191/
ရွှေဘိုမှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ ဦး လက်နက်နဲ့တကွ အလင်းဝင်မှု ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်
["ရွှေဘိုမှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ ဦး လက်နက်နဲ့တကွ အလင်းဝင်မှု ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်", "ရန်ကုန် | ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းက စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ဦး လက်နက်နဲ့တကွ အ လင်း ဝင်ရောက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA က ထုတ်ပြန်ပါတယ်။", "အဆိုပါ ပျူစောထီးအဖွဲ့ဝင်တွေဟာ အသက်၁၇နှစ်အရွယ်နဲ့ အသက်၂၀အရွယ်ရှိ လူငယ်၂ ဦးဖြစ်ပြီး သူတို့နဲ့အတူ G3 တစ်လက် ကျည် ၁၅၀ တောင့်၊ ကျည်ဘောက်အပို ၂ ခု၊ ကာဘိုင်တလက်ကျည် ၈၂တောင့်၊ ကျည်ဘောက်အပို ၁ခု တို့ကို ယူဆောင်လာပြီး BNRA ထံ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။", "သူတို့နဲ့ အတူ မိသားစုဝင် ၁၄ ဦးလည်း အတူတကွ ပါရှိလာပြီး ပျူစောထီးကျေး ရွာ အပြင်ဘက်ရောက်ရှိနေတဲ့ တခြားမိသားစုဝင်တွေ ဆွေမျိုးတွေနဲ့ တွေ့ဆုံရလို့ ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။", "BNRA အနေနဲ့ လက်နက်အပ်နှံသူတွေနဲ့ မိသားစုဝင်တွေ အသက်မွေး ဝမ်း ကျောင်း ပြုနိုင်ဖို့ ကျပ်သိန်း၁၀၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။", "ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နဲ့ ၂၇ရက်နေ့တွေမှာ ပျူစောထီးစခန်းရှိတဲ့ သီးလုံးကျေးရွာကို ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာသွားကြပြီး ဒေသခံ ရွာသားတွေ ပြန်လည်ဝင်ရောက်နေထိုင်နေကြတယ်လို့ သိရှိရပါတယ်။"]
https://yktnews.com/2023/02/86912/
ရွှေဘိုရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ
["ရွှေဘိုရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျား (မြောက်)ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ကျား (တောင်) ရွာကို ထပ်မံ စီးနင်းမီးရှို့လျက်ရှိကြောင်း သိရသည်။", "” ရွှေဘိုမြို့နယ် ကျားရွာကို ခွေးတွေ မီးတင်ရှို့နေပါတယ်။ ကျားတောင်ရွာကော ကျားမြောက်ရွာကော စစ်ခွေးတွေ မီးတင်ရှို့နေတာ ကျေးရွာထဲ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကိုလည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/02/145013/
ရွှေဘိုရှိ စစ်တပ် တပ်စွဲထားသော ဇီးဖြူကုန်းရွာစခန်းနှင့် ရွှေဒါးကျောင်း အထိုင် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
["ရွှေဘိုရှိ စစ်တပ် တပ်စွဲထားသော ဇီးဖြူကုန်းရွာစခန်းနှင့် ရွှေဒါးကျောင်း အထိုင် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဇီးဖြူကုန်းရွာ တပ်စခန်းနှင့် ရွှေဒါးကျောင်း အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Flying Dragon Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်သားများနှင့် ပျူစောထီးများ ပူးပေါင်း တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ ယင်းနေ့ ညနေ ၆ နာရီမှ ၈ နာရီ ၃၀ မိနစ် ခန့်အထိ ရွှေဘိုမြို့၊ ရွှေဒါးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သားများကို ညတွင်းချင်း ဆေးရုံကြီးကို ခေါ်ဆောင်သွားပြီး ယင်းတိုက်ခိုက်မှုသည် ဂန့်ဂေါနယ်တွင် စစ်သားများနှင့် ပျူစောထီးများက တော်လှန်ရေး ရဲဘော် ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ကို လက်တုံ့ပြန် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။", "“ရွှေဘိုမြို့ပေါ် ရွှေဓားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဒရုန်းနဲ့ ဗုံးကျဲတာ ၇ ကောင်သေပြီး ၅ ကောင် ဒဏ်ရာရသွားတာပါ။ ဇီးဖြူကုန်း ပျူစောထီးရွာက စစ်ခွေး စခန်းကို ဗုံးကျဲတာကတော့ အထိအခိုက် မသိရသေးဘူး”ဟု Flying Dragon Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ Shwebo Crocodile ၊ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံ‌ရေးတပ်ဖွဲ့၊မဟာမိတ် Drone တပ်ဖွဲ့ မောင်းသူမဲ့လေယဉ်တပ်ဖွဲ့ဖြစ်သော BUFF ALOSOLDJERS (FREEDOM FORCE)၊ SHWEBO DEFENSE(FORCE) ၊ (BGS) ဒုန်းဖိုစ့် အရာတော် Ayadaw Rocket(LPDF)၊ FARMER HEROES (Khin U) ၊ NORTHERN TIGERS GROUP SAGAING REGION ၊ဗိုလ်လင်းရောင်(ဒပယ)သိခ်အားမာန် ၊ တန(၂) တပ်ပေါင်းစု တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/127465/
ရွှေဘိုရှိ စစ်ဘေးရှောင်များအတွက် S&C ပရဟိတ စိုက်ခင်းထွက် အသီးအနှံများ လှူဒါန်း
["ရွှေဘိုရှိ စစ်ဘေးရှောင်များအတွက် S&C ပရဟိတ စိုက်ခင်းထွက် အသီးအနှံများ လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ၄၀၀၀ ကျော်၊ နေရာ ၃ နေရာတွင် S&C ပရဟိတစိုက်ခင်းမှ ထွက်ရှိသော ကျောက်ဖရုံသီး အလုံး ၁၀၀ ကျော်၊ ခရမ်းသီး ၃ အိတ်၊ ချဥ်ပေါက်ရွက်များကိုလှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်"]
https://yktnews.com/2023/02/87706/
ရွှေဘိုရှိ ပန်းလှိုင်ရွာ၊ ဂုဏ်တန်ရွာ၊ မုန့်စီရွာများကို အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ရွာကို မီးရှို့ဖျက်ဆီး
["ရွှေဘိုရှိ ပန်းလှိုင်ရွာ၊ ဂုဏ်တန်ရွာ၊ မုန့်စီရွာများကို အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ရွာကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ပန်းလှိုင်ကျေးရွာနှင့် ဂုဏ်တန်ကျေးရွာတို့ကို ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် တပ်ဖြန့်ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်ကောင်စီဝင်နှင့် ပျူစောထီးများ ပြည်သူများနေအိမ်ကို ဖောက်ထွင်းဝင်ရောက်၍ ပြည်သူပိုင် ပစ္စည်းများကို တစ်နေကုန် ခိုးထုတ်သယ်ယူပြီး ညနေပိုင်းတွင် မုန့်စီရွာနှင့်ပန်းလှိုင်ရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။", "အဆိုပါ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပန်းလှိုင်ရွာ စာသင်ကျောင်းတွင် တပ်စွဲခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှ စ၍ ဂုဏ်တန်ရွာသို့ အဖွဲ့ခွဲဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများတို့ကို ခိုးယူသယ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ညနေပိုင်းတွင်မူ မုန့်စီရွာနှင့် ပန်းလှိုင်ရွာတို့ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း People’s Defense Comrade တွင် ဖော်ပြထားချက်အရ သိရှိရသည်။", "“ညနေ ၅နာရီကျော်လောက်ကတည်းက မုန့်စီရွာနဲ့ ပန်းလှိုင်ရွာကို အဖွဲ့ခွဲမီးရှို့နေတယ်။ အခုညပိုင်း မရှို့တော့ဘူးဗျ”ဟု People’s Defense Comrade မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် ပန်းလှိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သီးလုံးရွာမှ ထွက်လာသည့် စစ်ကြောင်း ဖြစ်ပြီး ကျောက်မြင့်ရွာနှင့် တင့်တယ် ရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်လည်း ငါးဆူကုန်းနှင့် မဲတောရွာတွေကို ဆက်လက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြ​ကာ မဲတောရွာမှတဆင့် ပန်းလှိုင်ရွာဘက်သို့ အထွက်ပြပြီး လမ်းခုလတ်တွင် တိုက်မိုင်း ၇ လုံး ကြောင့် အထိနာခဲ့ကြောင်း၊ ထိုနောက် ရွာသာ(ပျူစောထီးရွာ)သို့ ဝင်ရောက်ကာ ရွာသာမှတစ်ဆင့် ပန်းလှိုင်ရွာ စာသင်ကျောင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/190634/
ရွှေဘိုအနောက်ခြမ်းမှ စစ်ဘေးရှောင်ပြည်သူများကို ထမင်းနှင့်ဟင်း အာဟာရဒါနလှူဒါန်း
["ရွှေဘိုအနောက်ခြမ်းမှ စစ်ဘေးရှောင်ပြည်သူများကို ထမင်းနှင့်ဟင်း အာဟာရဒါနလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း ရွှေဘိုအနောက်ခြမ်းမှ စစ်ဘေးရှောင်ပြည်သူများကို ပြည်ပအလှူရှင်များ၏ထောက်ပံ့ကူညီမှုဖြင့် တမာရင်ခွင် အသင်းက ထမင်းနှင့်ဟင်း အာဟာရဒါနလှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/108140/
ရွှေဘို၊ ကင်းဗျားရွာတွင် ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ပြီး ယနေ့ ညပိုင်း၌ ရွာလုံးကျွတ် မီးတင်ရှို့နေ
["ရွှေဘို၊ ကင်းဗျားရွာတွင် ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ပြီး ယနေ့ ညပိုင်း၌ ရွာလုံးကျွတ် မီးတင်ရှို့နေ", "ရန်ကုန်၊ ဇွန် ၁၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာတွင် ပြည်သူ ၅ ဦးကို စစ်တပ်က ပစ်သတ်ပြီး ယနေ့ ညပိုင်း၌ ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ကင်းဗျားရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၅ ရက်နေ့က စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအနောက်ပိုင်းရှိ အောင်မေတ္တာ တံတားတွင် ကင်းဗျားကျေးရွာသား သားအဖ ၃ ဦး၊ အိုဘိုရွာသား ၁ ဦးနှင့် နေရပ် မသိသူ ၁ ဦးတို့ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။", "” သတ်ခံရတာက ရွာအနောက် အောင်မေတ္တာ တံတားမှာ သတ်ထားတာ အသတ်ခံရတာက ရွာက သားဖ ၃ ဦး နဲ့ အိုဘိုရွာက ၁ ဦး၊ နောက် အခြားရွာက ၁ ဦး တို့ကို သတ်ဖြတ်သွားတာ စစ်ခွေးတွေ ရွာက ပြန်ထွက်သွားတော့ ရွာကလူတွေက မီးသဂြိုလ် ပေးလိုက်ကြတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၁၅ ရက်နေ့တွင် ပြည်သူ ၅ ဦးကို သတ်ဖြတ်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇွန်လ ၁၆ ရက်နေ့တွင် ရွာထဲ၌ တပ်စွဲခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီး ည ၇ နာရီကျော်ခန့်တွင် ကျေးရွာအတွင်း ပြန်လည် ရောက်ရှိလာကာ ရွာအနောက်ပိုင်းရှိ နေအိမ်များမှ စတင်ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။", "” စစ်ခွေးတွေက ပြန်ထွက်သွားပြီးမှ အခု ညပိုင်း ပြန်ရောက်လာတာ တစ်ရွာလုံးကို မီးတင်ရှို့နေတာ ရွာမှာက အိမ်ခြေ ၂၀၀ ကျော်လောက်ပဲရှိတာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "ကင်းဗျားရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး လူဦးရေး ၄၀၀ ခန့်နေထိုင်ကာ လက်ရှိချိန်တွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/02/87219/
ရွှေဘို၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ ကျော်ပြာကျပြီး သက်ကြီးရွယ်အို ၃ ဦး နှလုံးရပ် သေဆုံး၊ ကသာမြို့ နယ်၊ လှေပိုရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ
["ရွှေဘို၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀၀ ကျော်ပြာကျပြီး သက်ကြီးရွယ်အို ၃ ဦး နှလုံးရပ် သေဆုံး၊ ကသာမြို့ နယ်၊ လှေပိုရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ် ၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရွှေဘိုမြို့နယ်ရှိ ကျား တောင်ရွာ၊ ကျားမြောက်ရွာ၊ ကျားနောက်ရွာနှင့်ကျား အလယ်ရွာတို့ကို ညောင်ပင်သာရွာ စိုက်ပျိုးရေးကျောင်းမှ စစ်သားနှင့် ပျူစောထီးများက ဝင်ရောက် စီးနင်းမီးရှို့ခဲ့​ပြီး နေအိမ် ၁၀၀၀ ကျော် မီး လောင်ပြာကျခဲ့ကြောင်း၊ စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် သေနတ်များ အဆက်မပြတ် ပစ်ခတ်ခဲ့သောကြောင့် အသက်အရွယ် ကြီးရင့်သူ ၃ ဦး နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။", "“ကျားရွာက တောင်၊မြောက်၊နောက်၊ လယ် ဆိုပြီး ၄ ရွာပေါင်းထားတဲ့ ကျေးရွာကြီးပါ စစ်ခွေးတွေမီးရှို့လို့ နေအိမ် ၁၀၀၀ ကျော်ပြာကျသွားတယ်။ အနောက်ရွာမှာ တစ်ရွာလုံး နီးပါး ရှို့ခံလိုက်ရတယ်။ အနောက်ရွာနဲ့ မြောက်ရွာလည်း နေအိမ် တော်တော်များများပါ သွားတယ်။ ကျေးရွာ ၄ ရွာပေါင်းနေအိမ် ၈၀ ရာခိုင်နှုန်းလောက်က မီးထဲပါသွားပါပြီ။ စစ်ခွေးတွေ ရွာထဲဝင်တဲ့အချိန် သေနတ်တွေ ဆက်တိုက်ဖောက်လို့ ကျားတောင်ရွာက အဘိုးအို ၁ ဦးနဲ့ အဘွားအို ၁ ဦး နှလုံးအမောဖောက်ပြီး ဆုံးပါးသွားတယ်။ ဘေးရွာက အဘိုးအို ၁ ဦးလည်း နှလုံးအမောဖောက်ပြီး ဆုံးပါးသွားပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "စစ်တပ်က ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင်လည်း ကျားတောင်ရွာကို မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၉၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင်မူ ကျား အနောက်ရွာ၊ ကျားမြောက်ရွာ၊ ကျားလယ်ရွာနှင့် ကျားတောင်ရွာတို့ကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ လှေပိုရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးတင်ရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "” လှေပိုရွာကို စစ်ခွေးတွေ မီးစတိုက်နေပါပြီ လက်နက်အင်အား မမျှတလို့ ဒီတိုင်းပဲ ငေးကြည့်နေရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်ရှိ အင်းကြီးရွာကို မီးရှို့မှု လူနေအိမ် ၂၈၆ လုံးပြာကျခဲ့ကြောင်း၊ လှေပိုရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၆၉ လုံးပြာကျခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98653/
ရွှေဘို၊ ကျားရွာကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘို၊ ကျားရွာကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ ကျားရွာကို အင်အားအလုံးဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရသည်။", "” နံနက်ခင်း ရွှေဘို စစ်ကောင်စီ လေ့ကျင့်ရေး တပ်ကနေ ထွက်လာတဲ့ စစ်ခွေးကောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ကျားရွာ(တောင်)ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ မိုင်းတစ်လုံး မိတယ်လို့လည်းကြားတယ်။ ထိပ်တိုက် ပစ်ကြတာတွေလည်းရှိတယ်။ ထိခိုက် သေဆုံးမှု အခြေအနေတော့ မကြားရသေးဘူး။ စစ်ခွေးတွေက အထိနာလို့ ရွာကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး စီးနင်းတာလို့ သိရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "ကျားရွာသည် ကျားရွာတောင်ရွာ၊ ကျားရွာမြောက်ရွာ ဟူ၍ ၂ ရွာရှိပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိကာ လူဦးရေ ထောင်နှင့်ချီပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကျားရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/02/87381/
ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ
["ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်မြင့်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တင့်တယ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“​ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျောက်မြင့်ရွာက အရင်းဆုံး မီးရှို့ခံရတာ နံနက်အစောပိုင်းလောက်မှာ ရွာကို စစ်ခွေးတွေက ဝင်စီးပြီး ၈ နာရီလောက်မှာ စရှို့တယ် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာ တင့်တယ်ရွာကို ဝင်ရောက်စီးနင်းပြီး ၁ နာရီလောက်မှာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်။ အဲ့ ၂ ရွာပြီးတော့ ကျားရွာကို ထပ်ရှို့တာပဲ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/02/89749/
ရွှေဘို၊ ချီပါတောင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကို မီးရှို့ဖျက်ဆီး
["ရွှေဘို၊ ချီပါတောင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် စက်ဘီး၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် ဘဲခြံများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“ချီပါတောင်ရွာကို စစ်ခွေးတွေက ဝင်စီးပြီး ရွာထဲက စက်ဘီး၊ ဆိုင်ကယ်တွေကို အကြမ်းဖက် စစ်တပ်က ဒီနေ့ နံနက် ၉ နာရီကျော်ခန့်မှာ က အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးသွားတယ်။ ဘဲခြံတွေကိုလည်း မီးရှို့ သွား​တယ်။ ပြည်သူတွေ ထိခိုက်တာတွေတော့ မရှိပါဘူး။ အကုန်လုံးက စစ်ဘေးရှောင်နေကျတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။"]