url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/06/107227/
ရွှေဘိုတွင် စစ်ကြောင်း မိုင်းမိကာ စစ်သား ၃ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ရွှေဘိုတွင် စစ်ကြောင်း မိုင်းမိကာ စစ်သား ၃ ဦးသေဆုံးပြီးနောက် စစ်တပ်က ကျေးရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု​ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကိုးပင်တပ်မှ လာသော အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇွန် ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သံဘိုကျေးရွာအရှေ့ဘက်၌ တိုက်မိုင်းထိပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သံဘိုရွာ၊ ချောင်းဆုံရွာ၊ ရေအေးကုန်းရွာနှင့် ကျီးကန်ရွာ စသည့် ရွာ ၄ ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "“လက်နက်ကြီးနဲ့ ရမ်းပစ်တာ ပြည်သူတွေတော့မထိဘူး။ သံဘိုရွာထဲ လက်နက်ကြီးကျကွဲတယ်”ဟု ဒေသပြည်သူမှ ပြောပြသည်။", "လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဇွန်လ ၁၀ ရက်နေ့က ခင်ဦးမြို့နယ် ရေအေးကုန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပျူစောထီးရွာဖြစ်သည့် မကျီးတုံရွာသို့ စစ်ကြောင်းဝင်ပေါင်းကာ မိုင်းဆွဲမှု​ကြောင့် သေဆုံးခဲ့သည့် စစ်သား အလောင်း ၃ လောင်းကို ရွာအရှေ့ဘက်တွင် မီးရှို့နေခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/05/100810/
ရွှေဘိုတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
["ရွှေဘိုတွင် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ စစ်ကြောင်းထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Black Wolf Army ထံမှ သိရသည်။", "ယမန်နေ့ မေလ ၃ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်က ရွှေဘိုမြို့၊ တက္ကသိုလ်ကျောင်းအတွင်း အခြေပြု တပ်စွဲထားသည့် အကြမ်းဖက်စစ်သား ၄၅ ဦးခန့်သည် ရွှေဘိုမြို့နယ် တအုံကျေးရွာသို့ ထွက်ခွာလာပြီး ပြည်သူများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးကာ အုံးပေါက်ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ပွဲဖော်ဆောင်ခြင်းမရှိပဲ ရှောင်ရှားနေခဲ့ရာ အုံးပေါက် ရွာ အလယ်ဘုရား၌ ဖမ်းဆီးလာသော လူသားဒိုင်းကာများကို လွှတ်ပေးခဲ့ကြောင်း သိရသည်။", "ထိုသို့ လွှတ်ပေးပြီး အုံးပေါက်ကျေးရွာ၏ အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာလာစဉ် အသင့်စောင့် ကြို နေသော Black Wolf-Army နှင့် မဟာမိတ် Who am i – Army ပူးပေါင်း တပ်ဖွဲ ဝင်များမှ မိုင်းဆွဲ ပြီး ၄၀ မမ ကျည်များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်နေချိန်တွင် ရွှေဘိုမြို့၊ လေ့ကျင့်ရေး ၈ မှ ကျောက်မြောင်းမြို့ရှိ ခမရ ၁၂ တပ်အတွင်းသို့ ဝင်ရောက်ရန် ပိတ်မိနေသော အကြမ်းဖက်စစ်သား ၄၂ ဦးလိုက်ပါလာသည့် ၁၂ ဘီကား ၂ စီးမှာ လမ်းပွင့် သွားပြီး ဝင်ရောက်သွားချိန်တွင် တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်သားများသည်လည်း အုံးပေါက် ကျေးရွာအတွင်းသို့ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။", "ပြန်လည်ဆုတ်ခွာသွားသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည့်အပြင် ကျောက်မြောင်းမြို့မှ ရွှေဘိုမြို့သို့ ပြန်လည်ထွက်ခွာလာသော ၁၂ ဘီးကား ၂ စီးကိုလည်း ကင်းပုန်း အများအပြားရှိနေသည့်ကြားမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း Black Wolf Army မှ ထုတ်ပြန်ထားသည်။", "ထို့ပြင် စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ ၄ ရက်နေ့ နံနက် ၁ နာရီခန့်တွင် စစ်ကိုင်း မှ မုံရွာသို့ ထွက်ခွာလာသည့် အင်အား ၉၀ ခန့်ပါ စစ်ကား ၃ စီးကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။", "ပထမအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီး ကိုထိမှန်ခဲ့ပြီး ဒုတိယအကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုတွင် တတိယ မြောက် စစ်ကားကို ထိမှန်ခဲ့ကြောင်း၊ စစ်ကား ၂ စီး ထိမှန်ခဲ့သော်လည်း သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးပဲ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံရစဉ်။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2024/10/190131/
ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ၊ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရပြီး ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ဘက် မင်းကုန်းဘုန်းကြီးကျောင်းတွင် အထိုင်ချထားသော အင်အား၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ အိုးဘိုရွာဘုန်းကြီးကျောင်းထဲ၌ ယာယီတပ်စွဲခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းက ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ခရီးသွား ပြည်သူတချို့နှင့် အောင်ရတနာမှန်လုံကား ၁ စီးကို ဖမ်းဆီးကြောင်း၊ လက်နက်ကြီးကျည် ထိမှန်ထားသော အမျိုးသမီး ၂ ဦးကို ဆေးကုသမှု ပြုလုပ်ပေးထားပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် အိုးဘိုရွာ၊ ချီပါတောင်ရွာ ၊ ချီပါမြောက်ရွာနှင့် ကင်းဗျားရွာတို့မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ပေလမ်းပေါ်တွင် ပြည်သူပိုင် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“လက်နက်ကြီး ထိမှန်တဲ့ အမျိုးသမီး ၂ ဦးကတော့ ဆေးကုနေပြီး မစိုးရိမ်ရဘူး။ နံနက်ပိုင်းက ဖမ်းထားတဲ့ မှန်လုံကားနဲ့ ပြည်သူများကိုနေလည်း မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေက ပြန်လွှတ်ပေးတယ်။ ကားပေါ်ပါတဲ့ ကုန်ပစ္စည်းတွေကို ချယူထားလိုက်တယ်လို့တော့ သိရတယ်။ စစ်ကြောင်းက မထွက်သေးတော့ ပျက်စီး ဆုံးရှုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/108840/
ရွှေဘိုတွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ရွှေဘိုတွင် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားရွာနှင့် အိုးဗိုကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကင်းဗျားကျေးရွာကို ဝင်ရောက် ဖျက်ဆီး မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ်က ကင်းဗျားရွာနှင့် အိုးဗိုကျေးရွာ အတွင်း ကင်းပုန်း ဝပ်နေစဥ် ဒေသကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်၂၃ မိခင်တပ်ရင်းနှင့် MDF Shwebo၊ ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်း ငါးမည်ရ ပျောက်ကြားတပ်ဖွဲ့၊ တိုက်နယ် ၅ ပကဖ နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/191123/
ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ၊ ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်
["ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ၊ ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေပြီး ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ရွှေဘိုမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ချီပါရွာကို ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ထိ ပြန်လည် ထွက်ခွာခြင်းမရှိသေးဘဲ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးနေကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်း-မုံရွာ လမ်းပိုင်းကို ပိတ်ဆို့ထားသောကြောင့် ရွှေဘိုမြို့မှ ကုန်ပစ္စည်းများကို အရာတော်မြို့နယ်ဘက်မှ လှည့်ပတ်သယ်ယူနေရပြီး ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်နေကြောင်း၊ ဓာတ်ဆီ ၁ လီတာကို ငွေကျပ် ၅၅၀၀ ရှိပြီး စာဆီ ၁ ပိဿာကို ငွေကျပ် ၁၈၀၀၀ ကျပ် အထိ ပေးဆောင်နေရကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က လယ်ယာလာရောက်လုပ်ကိုင်သည့် တောင်သူများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မြေဆီကျဲခြင်း၊ ပေါင်နုတ်ခြင်းနှင့် ဆေးဖြန်းခြင်းများလည်း မပြုလုပ်နိုင်ကြောင်းသိရသည်။", "လက်ရှိချိန်တွင် ချီပါ (တောင်ရွာမြောက်ရွာ) အပါဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရသောကြောင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "“ရွှေဘိုမှာ စစ်တပ်က ၉ ရက်ကြာ စစ်ကြောင်းထိုးနေလို့ ချီပါရွာနဲ့ အနီးနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်နေကြရတယ်။ ရွှေဘို-ဆိပ်ခွန်-မူးကမ်း-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထားလို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်။ စစ်ကြောင်းက အခုထိ ချီပါရွာထဲမှာပဲ တပ်စွဲထားတုန်း မထွက်သေးဘူး။ ပြည်သူတွေလည်း စစ်ရှောင်ရတာ ၉ ရက်ရှိပြီဆိုတော့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/03/93363/
ရွှေဘိုတွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့် တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်
["ရွှေဘိုတွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့် တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်", "ရန်ကုန်၊ မတ် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာမှ ပြည်သူ ၁၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့​ကြောင်း၊ လက်ရှိချိန်တွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ပြည်သူ ၁၀၀၀ ကျော်သည် စားနိပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။", "” အခက်ခဲကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အိမ်အဖြစ် ပြန်ဆောက်ဖို့ ဝါးဖိုးလည်း လိုတယ်ပြောတယ်။ အဲရွာက ရွာလုံးကျွတ်ကို မီးရှို့ဖျက်ဆီးခံရတာ နေအိမ် ၂၀၀ ကျော်ပြာကျသွားတယ်။ လူဦးရေ ၁၀၀၀ ကျော်ရှိတယ်ဒုက္ခရောက်နေတာ” ဟု တမာရင်ခွင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "စစ်ဘေးသင့်ပြည်သူများကို လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် တမာရင်ခွင် လူမှုကူညီရေးအသင်း၏ facebook page သို့ ဆက်သွယ် NUG Pay ဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2023/02/89797/
ရွှေဘိုတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ အရာတော်၊ ဝက်လက် နှင့် ရွှေဘိုတို့ တွင် စစ်တပ် က အင်အား ၁၀၀၀ ကျော် ဖြင့် ကျေးရွာ များကို စစ်ကြောင်း ထိုး ဖျက်ဆီးမီး ရှို့နေ
["ရွှေဘိုတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ အရာတော်၊ ဝက်လက် နှင့် ရွှေဘိုတို့ တွင် စစ်တပ် က အင်အား ၁၀၀၀ ကျော် ဖြင့် ကျေးရွာ များကို စစ်ကြောင်း ထိုး ဖျက်ဆီးမီး ရှို့နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာနှင့် ရွာသစ်ကျေးရွာ အကြားတွင် စစ်တပ်စစ် ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က အင်အား ၈၀ ခန့်ဖြင့် ရွှေဘို မြို့နယ်၊ ကင်းဗျားကျေးရွာဘက်မှ ရွာသစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက အသင့်ထောင်ထားသော ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသစ်ကျေးရွာနှင့် ဇီးတောကျေးရွာဘက်သို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းတမာန်ပြည်သူ့ ကာကွယ် ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာ နောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ် ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ရွာသစ်ကျေးရွာနှင့် ဇီးတောကျေးရွာဘက်သို့ လက်နက်ကြီး များ ဖြင့် ရမ်းသမ်းပစ်ခက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလအတွင်း အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်အုပ်ချုပ် ရေး ကြေညာပြီးနောက် အင်အား ၁၀၀၀ ကျော်ဖြင့် မြို့နယ် ၃ ခုကို စစ်ကြောင်းထိုးနေကြောင်း ဝက်လက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "“အရာတော် ဝက်လက် ရွှေဘို စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဝက်လက်မြို့နယ်မှာ စစ်တပ် အင်အား ၃၀၀ ကျော် ထပ် မံတိုးမြင့်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတယ်။ လှတော အထိုင်စခန်းအင် အား ၃၀၀ ခန့်ထိုင်ချပြီး စင်းတဝဲကျေးရွာ၊အုန္ဒဲဘုတ်ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်စစ်ကြောင်းထိုး လက်နက်ကြီးများဖြင့် ပစ်ခတ်နေတယ်။ တပြိုင်နက်တည်း အရာတော် ရွှေဘိုဘက်မှာလည်း စစ်ကြောင်းတွေထိုးပြီး အင်အားများ အများ အပြားရောက် ရှိနေတယ်” ဟု ဝက်လက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။"]
https://yktnews.com/2023/03/93266/
ရွှေဘိုတွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက် ခိုက်မှု ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
["ရွှေဘိုတွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက် ခိုက်မှု ၉ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ရွှေဘိုထောက်ပို့တပ်တွင် စစ်သင်တန်းတက်ပြီး စစ်ကိုင်းသို့ ပြန်သော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၉ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နေလစင်္ကြာ-Shwebo PDF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၁၈ ရက်​နေ့ နံနက် ၁၁ နာရီအချိန် ရွှေဘိုမြို့ထောက်ပို့တပ်မှ စစ်သင်တန်းဆင်း ပျူစောထီးများကို စစ်ကိုင်းမြို့၊တပ်မ ၃၃ သို့ ပို့ဆောင်ရန် ထွက်လာသော ၆ ဘီးကား ထောက်ပို့ ယာဉ် ၂ စီးနှင့် လမ်းရှင်း ခြေလျင်စစ်စစ်သား ၄၀ ခန့်ကို ရွှေဘို- ကျောက် မြောင်းလမ်းပိုင်း တစ်လျှောက် အကြိမ် ကြိမ် မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။", "“ဒီနေ့တပ်ထဲ သတင်းပေးဆီက သိရတာတော့ ၂၀ လောက်သေတယ်ကြားတယ်၊ ကျနော်တို့ကတော့ ကျနော်တို့ဆွဲခဲ့တဲ့ပွိုင့်အတွက်ပဲ စုံစမ်းထုတ်ပြန်ထားတာ၊ ဖရဲသီးပြောတာက တစ်လမ်းလုံးစာရင်းလား မသိဘူး၊ ကြိုတင် သတင်းရတဲ့အတွက် အဖွဲ့အသီးသီးက ရွှေဘို-ကျောက်မြောင်းလမ်းကြောတလုံး မိုင်း တွေဆင်ပြီး ဆွဲခဲ့တာ”ဟု နေလစင်္ကြာ-Shwebo PDF မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ် သစ်သ တင်းဌာနထံသို့ ပြောကြားသည်။", "မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင်နေရသော တည်ပင်ကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထိုသို့မီးရှို့ဖျက်ဆီးနေစဉ် နေလစင်္ကြာ_Shwebo PDF၊ Ranger Army၊ Ghost Rider Special Task Force နှင့် တောကျီးကန်း ပကဖတို့ပူးပေါင်းပြီး ရှော့တိုက် ဒုံး၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ရှော့တိုက်ဒုံး ပစ်စင်ကွဲသွားသည့် အတွက် ပြည်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "ဓါတ်ပုံ- စစ်ကိုင်းတိုင်းမှ PDF တပ်များ။"]
https://yktnews.com/2023/11/130691/
ရွှေဘိုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်
["ရွှေဘိုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာလ ၁၁", "ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ယနေ့ ၁၁ရက် ၁၁လ အောင်သပြေလှုပ်ရှားမှုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတစ်ရပ်အနေဖြင့် ပြည်သူများမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89365/
ရွှေဘိုတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟုဆိုကာ ပြည်သူ ၆ ဦးကို စစ်ခုံရုံးက ထောင်ဒဏ် သုံးသက်သုံးကျွန်းနှင့် နှစ်ရှည်များထောင်ဒဏ်များ တွဲဖက်ချမှတ်
["ရွှေဘိုတွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟုဆိုကာ ပြည်သူ ၆ ဦးကို စစ်ခုံရုံးက ထောင်ဒဏ် သုံးသက်သုံးကျွန်းနှင့် နှစ်ရှည်များထောင်ဒဏ်များ တွဲဖက်ချမှတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် PDF ဟု ဆိုကာ ပြည်သူ ၆ ဦးကို ထောင်ဒဏ် သုံးသက် သုံးကျွန်းနှင့် နှစ်ရှည်များ ထောင် ဒဏ်များ စစ်ခုံရုံးက ပြစ်ဒဏ်တွဲဖက်ချမှတ်လိုက်ကြောင်း ဒေသပြည် သူများက ပြောသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင် PDF ဟု အမည်တပ်ကာ ဖမ်းဆီးထားသော အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ကို ထောင်ဒဏ် သုံးသက် သုံးကျွန်းနှင့်နှစ်ရှည် ထောင် ဒဏ်များ အမြင့်ဆုံး ချမှတ်လိုက်ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရွှေဘိုအကျဉ်းထောင်တွင် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသော ပြည်သူ ၅ ဦးကို စစ်ခုံရုံးဖြင့် ပြစ်ဒဏ်များချမှတ်ရာတွင် ကိုဖြိုးမင်းသူ (ခ) ငချဲ ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ၃ခု နှင့် ထောင်ဒဏ် ၃၄နှစ်ကို ပူးတွဲချမှတ်ခြင်း၊ ကိုစိုးဝေဇော်(ခ)စိုးကြီးကို တစ်သက်တစ်ကျွန်း ၃ ခုနှင့် ထောင်ဒဏ် ၃၄နှစ်ကို ပူးတွဲ ပြစ်ဒဏ်ချမှတ်ကြောင်း သိရှိရသည်။", "ထို့ပြင် ကိုစိုးမိုးသူကို ထောင်ဒဏ် တစ်သက်တကျွန်းနှင့် ထောင်ဒဏ် ၁၇ နှစ်၊ ကိုထက်မြတ်ခန့် (ခ) ထက်ကြီးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ကိုကျော် စိုး အောင် ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း နှင့် မဝေဝေလွင် ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များ ရွှေဘိုမြို့နယ် စစ်ခုံရုံးက ချမှတ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ရွှေဘိုမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၁၄ ခုကို စစ်အုပ်ချုပ်ရေး ဒေသများအဖြစ် ယခုလအတွင်း ထုတ်ပြန် ကြေညာထားသည်။", "ဓာတ်ပုံ- ရွှေဘိုမြို့နယ် တရားရုံး တရားခွင်မြင်ကွင်း။"]
https://yktnews.com/2024/08/179523/
ရွှေဘိုတွင် ဆန်၊ ဆီ အလှူခံပြီး ပြန်လာသော အမျိုးသမီး ၂ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီး
["ရွှေဘိုတွင် ဆန်၊ ဆီ အလှူခံပြီး ပြန်လာသော အမျိုးသမီး ၂ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီး", "ရန်ကုန်၊ ဩဂုတ် ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဆန်၊ဆီ အလှူခံပြီး ပြန်လာသော စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဩဂုတ်လ ၁၈ ရက်နေ့ ရွှေဘိုမြို့ ၊ မြို့ထောင့်စေတီဘုရားအနီးတွင် အရပ်ဘက်အဖွဲ့အစည်းတစ်ခုက လှူဒါန်းပေးဝေသည့် ဆန်နှင့်ဆီများကို အလှူခံပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ပြည်သူများတွင် ဦးကြီးမောင်၊ ဦးမင်းနိုင်၊ ကိုမောင်ခိုင် အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများသည် ရွှေဘိုမြို့ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများဖြစ်ကြောင်း သိရှိရသည်။", "“အဖမ်းခံသူတွေဟာ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာ၊ မြို့လှရွာ၊ကံသာကုန်းရွာနဲ့ ကျောက်မြင့်ရွာတို့က ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေဖြစ်ပြီးတော့ ရွှေဘိုမြို့ပေါ်မှာအိမ်ငှားနေပြီး ရရာအလုပ်ကိုလုပ်ကိုင်ရင်း စစ်ရှောင်နေကြတာပါ။", "ဆန် ဆီထုတ်ပြီးအပြန် ဘုရားစောင်းတန်းလမ်းထိပ်ကနေ စစ်တပ်က ပိတ်ဖမ်းတာ။ အဖမ်းခံရတဲ့အထဲမှာ စစ်ဘေးရှောင် အမျိုးသမီး ၂ ဦးပါသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့ပေါ်တွင် ပြည်သူများကို ဖမ်း ဆီး ရိုက်နှက် သတ်ဖြတ်ခြင်း၊ ငွေကြေး ခြိမ်းခြောက်တောင်းခံခြင်း၊ ပစ္စည်းများကို လုယက်ခြင်း အပါအဝင် မတရားမှုများကို ဆက်တိုက် ကျူးလွန်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရွှေဘိုတွင် စစ်ဆေးမှုများလုပ်နေသော အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/05/214091/
ရွှေဘိုတွင် ဆိပ်ခွန်ရွာမှ ယာဥ်မောင်းနှင့် အမျိုးသမီး ၁ ဦးတို့ကို ကျန်းမာရေးဆေးပစ္စည်းများ သယ်ယူမှုဖြင့် ဖမ်းဆီးပြီး ကားနှင့် ကုန်ပစ္စည်းများသိမ်းယူ
["ရွှေဘိုတွင် ဆိပ်ခွန်ရွာမှ ယာဥ်မောင်းနှင့် အမျိုးသမီး ၁ ဦးတို့ကို ကျန်းမာရေးဆေးပစ္စည်းများ သယ်ယူမှုဖြင့် ဖမ်းဆီးပြီး ကားနှင့် ကုန်ပစ္စည်းများသိမ်းယူ", "ရန်ကုန်၊ မေ ၁၀", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ဆိပ်ခွန်ရွာမှ ကုန်ကားတစ်စီးကို ကျန်းမာရေးဆေးဝါးနှင့် ဆေးခန်းသုံးပစ္စည်းများသယ်ယူသည်ဟုဆိုကာ ယာဥ်မောင်းနှင့် အမျိုးသမီးတို့ကို စစ်ကောင်စီက ဖမ်းဆီးကာ ကားနှင့်ဆေးကုန်ပစ္စည်းများကို သိမ်းယူသွားကြောင်း ဖမ်းဆီးခံရသူ ၂ ဦး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဧပြီလ ၃၀ ရက်နေ့တွင် ရွှေဘိုမြို့အဝင်စစ်တပ်ဂိတ်တွင် အကြမ်းဖက်စစ်တပ်က ကျန်းမာရေးဆေးနှင့် ဆေးပစ္စည်းများသယ်ယူသည်ဟုဆိုကာ ယာဥ်မောင်း ၁ ဦးနှင့် ယာဥ်ပေါ်ပါ မငြိမ်းငြိမ်း တို့ကို ဖမ်းဆီးလိုက်ကြောင်း၊ ယယင်းနောက် ကားနှင့် ဆေးဝါး၊ ဆေးကုန်ပစ္စည်းများကို စစ်တပ်က သိမ်းယူသွားကြောင်း သိရှိရသည်။", "“ဆေးအရောင်းဆိုင်တွေက မှာတဲ့ ကျန်းမာရေး ဆေးနဲ့ ဆေးပစ္စည်းတွေ သယ်လို့ ဖမ်းတာလို့ကြားတယ်။ သူတို့က ရွာနယ်က ထွက်တဲ့ ချည်ထည်ယက္ကန်းပစ္စည်းနဲ့ ချည်ထုပ်၊ ချည်ဆိုးဆေးပစ္စည်းတွေကို ရွှေဘိုမန်းလေးကုန် စည်ပို့ဆောင်တဲ့ အလုပ်ပဲလုပ်တာ။ တော်လှန်ရေး နိုင်ငံရေးလုပ်တယ်လို့ မကြားဘူး ။ အဖမ်းခံရပြီးတော့ သတင်းအစအန မရတော့တာ ၁၀ရက်ကျော်နေပြီ။ ကားနဲ့ ပစ္စည်းတွေလည်း ပြန်မပေးဘူး။ အဖမ်းခံရတဲ့သူတွေလည်း အတွေ့မခံဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ရွှေဘိုမြို့နယ်အတွင်း နေ့စဉ်ပါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ကိုင်နေပြီး ဖမ်းဆီးခံရသူများကို ငွေ ကျပ်သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းမှုများလည်း ပိုမို လုပ်ဆောင်လာကြောင်း သိရှိရသည်။", "“ရွှေဘိုမြို့ပေါ်ကို စျေးဝယ်သွားရင်း အဖမ်းခံရတဲ့ ရွာသူတစ်ဦးဆိုရင် မြို့မရဲစခန်းမှာ ၅ ရက်ကြာတယ်။ သူတို့စစ်တော့ ဘာမှမတွေ့တာတောင် သိန်း ၅၀ တောင်းတယ်။ ငွေပေးမှ ပြန်လွှတ်ပေးတယ်။ နေ့တိုင်းဖမ်းတာ လူတွေကို အကြောင်းမရှိ အကြောင်း ရှာဖမ်းတာ ၅ ရက်အတွင်း လူငယ်နဲ့ ပြည်သူ ၃၀ ကျော်တယ် အဖမ်းခံရတာ။ အသက်မပြည့်တဲ့ကလေးတွေလည်း ပါတယ်”ဟု ဖမ်းဆီးခံရသူကို ငွေဖြင့် ပြန်လည် ရွေးထုတ်ခဲ့သူ မိဘဆွေမျိုးတစ်ဦးက ရှင်းပြသည်။", "ဓာတ်ပုံ- ရွှေဘိုမြို့အဝင်တွင် စစ်ကောင်စီလက်အောက်ခံ လ၀ကက မှတ်ပုံတင်များ စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/02/202506/
ရွှေဘိုတွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ပခုက္ကူတွင်လည်း စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်
["ရွှေဘိုတွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်၊ ပခုက္ကူတွင်လည်း စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်", "ရန်ကုန်၊ဖေဖော်ဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၁ ဦးသည် ကာဘိုင် သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကာဘိုင်ကျည် ၁၈၀ တောင့် နှင့် လက်ပစ်ဗုံး ၁ လုံး တို့ယူဆောင်လာခဲ့ကြောင်း၊ အလားတူ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ညောင်ကိုင်းရွာမှ ပျူစောထီး ၁ ဦးသည် ကာဘိုင် သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၁၅၄ တောင့်တို့ကို ယူဆောင်လာပြီး ထပ်မံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "“အလင်းဝင်လာတဲ့ ပျူစောထီး ၂ ဦးက ညောင်ကိုင်းရွာကပါ။ လောလောဆယ် တစ်ဦးကို ၂၀ သိန်းဆီ ဆုချီးမြှင့်ထားပါတယ်။ အလင်းဝင်လာတဲ့သူတွေ ထွက်လာနိုင်တဲ့နေရာအထိ ချိတ်ဆက်ခေါ်ယူရတာပါ။ လူ့အခွင့်အရေးနှင့် အညီ ကောင်းမွန်စွာထားရှိပါတယ်။ အလင်းဝင်ရောက်တာများလာရင် တော်လှန်ရေးက အချိန်ပိုမြန်သွားမှာပါ” ဟု ရွှေဘိုမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ထိုသို့ ထပ်မံ အလင်းဝင်လိုသူ များစွာရှိသေးပြီး အလင်းဝင်ရောက်လာသူများကို ဂုဏ်ပြုဆုငွေ ထိုက်သင့် အားလျော်စွာ ချီးမြှင့်ခဲ့ပြီး လူ့အခွင့်အရေးနှင့် အညီကောင်းမွန်စွာ ထိန်းသိမ်းထားရှိကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ အနေဖြင့်လည်း အမြန်ဆုံး အလင်းဝင်ရောက်ရန် လိုအပ်ပါကြောင်း၊ အချိန်မီ အလံဖြူ ထောင်နိုင်ရန် အတွက် လက်ကမ်းစာစောင်များကိုလည်း Drone ဖြင့် ကျဲချကာ ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ်များဖြန့်ဝေ၍ အလင်းဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်ခဲ့ကြောင်း Burma Revolution Rangers အဖွဲ့ တာဝန်ခံ ကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပခုက္ကူမြို့နယ် တပ်မ ၁၀၁ ဌာနချုပ်တွင် တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံထားရသော ကိုနိုင်ဇော်ဦးနှင့် ကိုမင်းမင်းထွေးကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ (၁)တပ်စိပ်( ၁) ဖြစ်တဲ့ Burma Revolution Rangers တပ်ဖွဲ့မှ သွားရောက်ခေါ်ထုတ်ခဲ့ပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရှိရသည်။", "“ဖေဖော်ဝါရီလ ၃ရက်နေ့က ဝင်လာတာပါ။ သေနတ်တော့ပါမလာဘူး။ ဒီတိုင်းပဲ အလွတ်ပြေးလာရတာပါ။ စစ်မှုထမ်း အပတ်စဥ် ၇ ကပါ။ ၂ ယောက်လုံးက စစ်ကိုင်းကပါ။ ပေါ်တာအဆွဲခံရတာပါ။ စစ်ကိုင်းမှာပဲ ခရီးသွားရင်း အစွဲခံရတာပါ။ သင်တန်းကတော့ ဟိုပုံး တပ်မတော်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံ (တကန) မှာပါ။ လက်နက် မပါတဲ့အတွက်တော့ ဆုပေးဖို့ အစီစဥ်မရှိသေးပါဘူး။ လက်နက်ပါ လာရင်သာ ဆုချီးမြှင့်မှာပါ။ ခုတော့သူတို့ကို အကုန်စီစဥ်ပေးထားပြီးပါပြီ။ လောလောဆယ်မှာတော့ လက်နက် မပါဘဲ ဝင်လာသူတွေကိုတော့ ဆုချီးမြှင့်ဖို့ မရှိပါဘူး။ ကျွန်တော်တို့လည်း ကုန်ထားတာတွေများလို့ အလိမ်ခံရတာတွေရောရှိလို့ ငွေခက်ခဲနေလို့ပါ။ စကစ လက်အောက်ခံတွေအနေနဲ့ အသက်မသေချင်ရင် အမြင်မှန်ရကာ အလင်းဝင်ကြဖို့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်ခိုလှုံကြဖို့ ပြောချင်ပါတယ်”ဟု Burma Revolution Rangers တပ်ဖွဲ့ မှ တာဝန်ခံ ကာတွန်းက ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ် လက်အောက်တွင်ရှိသော အရာရှိ အရာခံများ၊ တပ်သားများ၊ ရဲများ၊ ပျူစောထီးများအနေဖြင့် အကြမ်းဖက်စစ်တပ် လက်အောက်တွင် အသက်အသေမခံဘဲ အသက်ရှင်လိုပါက အခွင့်သာသည်နှင့်လက်နက်များယူဆောင်ကာ Burma Revolution Rangers တပ်ဖွဲ့တွင် ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးအဖွဲ့များတွင်ဖြစ်စေထွက်ပြေးခိုလှုံကြဖို့ တိုက်တွန်းထားသည်။"]
https://yktnews.com/2023/11/129682/
ရွှေဘိုတွင် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေလုသွားသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီး
["ရွှေဘိုတွင် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေလုသွားသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်တပ်လက်အောက်ခံ ပြည်သူစစ်အမည်ခံ ပျူစောထီး ၂ ဦးက နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ဓားပြတိုက်၍ ငွေသားများ ခြိမ်းခြောက်ယူသွားမှုကို တော်လှန်ရေးအဖွဲ့များက သတင်းအချက်အလက်စုံစမ်း၍ နိုဝင်ဘာ ၂ ရက်နေ့တွင် ဓားပြတိုက်သူ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။", "ဓားပြတိုက်ကာ ငွေယူသွားသည့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၂ ဦးကို နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် တော်လှန်ရေးအဖွဲ့များက ပူးပေါင်း၍ လုံးထွေးသတ်ပုတ်ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အမည်ခံ ပျူစောထီး ၂ ဦးသည် ရွှေဘို-ဆိပ်ခွန် ကားလမ်းမဘေးရှိ ဓာတ်ဆီဆိုင် နှစ်ဆိုင်ကို ဓားပြတိုက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ကို ဖမ်းဆီးရာတွင် ပျူစောထီးများက လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်ဦးမှု ရယူနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် ပျူစောထီး ၂ ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းက စစ်ဆေးမေးမြန်းလျက်ရှိပြီး မတရား‌သော ပြစ်မှုအတွက် တရားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။", "“မြို့ထဲထိ စွန့်စားဝင်ရောက်ပြီး လုံးထွေးသတ်ပုတ်ပြီး ဖမ်းခဲ့ရတာ။ သူတို့က လက်ပစ်ဗုံးနဲ့ ပစ်ပြီး ခုခံဖို့လုပ်ပေမယ့် ကျနော်တို့ လက်ဦးမှု ရယူဖမ်းဆီးနိုင်ခဲ့တယ်” ဟု ရွှေဘိုအားမာန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံ ကိုအားမာန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဖမ်းဆီးထားသူများမှာ ဇီးကုန်းလေးကျေးရွာတွင် နေထိုင်ကြသည့် အသက် ၅၀အရွယ်ရှိသူတစ်ဦး ရန်ကုန်တင်ဝင်း(အမည်ရင်းမဟုတ်ပါ)နှင့် အသက် ၃၄နှစ်အရွယ် မကွေးမင်းမင်း(အမည်အရင်းမဟုတ်ပါ)တို့ဖြစ်ပြီး ဓားပြမှုကို ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသည်။", "“သူတို့ ဓားပြတိုက်ယူသွားတဲ့ ပိုက်ဆံတွေကိုတော့ ပြန်မရတော့ဘူး။ တရားခံတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အပ်လိုက်ပြီ “ဟု ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါပြည်သူ့စစ် အမည်ခံ ပျူစောထီးများကို War Lord Defense Force SBDF B-4 C-2 ၊ Guardian Force SBDF B-4 C-1၊ ရွှေဘိုမြို့ပြပျောက်ကျား UGတပ်ဖွဲ့ နှင့် ဗိုလ်မိကျောင်းအဖွဲ့ မဟာမိတ်ဖြစ်သော ဘီလူးညီနောင် နယ်မြေခံပကဖ တို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/108988/
ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ
["ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာ၌ တပ်စွဲထားသော ပျုစောထီး ၄ ဦးသည် စပါးသယ်ယူရန် ကင်းပုန်းဝပ်နေစဥ် ဆင်အင်းရွာနှင့်မြင်းစီးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ရွှေဘိုခရိုင် တပ်ရင်း ၄ နှင့် ဆင်အင်းရွာ ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ၄ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ၄ ဦးထံမှ ကာဘိုင် ၃ လက်၊ AK-47 ၁ လက်၊ ကျည် ၂၉၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ဘောက် ၄ ခုနှင့် ချပ်ဝတ်တန်ဆာ ၄ ခုတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/135554/
ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဘုတလင်ရဲစခန်း၊ မုံရွာ၊ သာစည်ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဘုတလင်ရဲစခန်း၊ မုံရွာ၊ သာစည်ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ၊ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပြည်သူ့လယ်ယာများကို ရိတ်သိမ်းခိုးယူရန် ထွက်လာသော ပျူစော ထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုအားမာန်မြို့ပြ‌ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ဒီဇင်ဘာလ ၁၂ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာမှ ပျူစောထီး များသည် ပြည်သူ့လယ်ယာများ ရိတ်သိမ်းခိုးယူရန် ထွက်လာစဉ် မိုင်း ၃ လုံးပွိုင့် ၂ ပွိုင့်ဖြင့်ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဖိုးငါးအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ပျူစောထီးခေါင်းဆောင် ပုဇွန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ရွှေဘိုမြို့နယ်အတွင်းရှိ မြင်းချင်းပျူရွာ၊ သီးလုံးပျူရွာမှ ပျူစောထီးများသည် ယခင်ကနှစ်များက လည်းကျောင်းမြင့်ကျေးရွာမှ ပြည်သူများ၏ လယ်ယာများကို မတရား ခိုးယူရိတ်သိမ်းလျက်ရှိပြီး ယခုလည်း ထိုသို့ လာရောက်ရိတ်သိမ်းမည်ဟု ကြိုတင်သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ တန ၂ တပ်ပေါင်းစု၊ ရွှေဘိုပြည်သူ့ လုံခြုံရေးတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖျံ People Defense Force နှင့် ဗိုလ်လင်း ရောင် (ဒီပဲယင်း) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မရဲစခန်း၊ မုံရွာမြို့နယ်၊ သာစည်ရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် မုံရွာမြိုနယ်၊ ကြီးပဒုံရွာမှ ထွက်လာသော အကြမ်း ဖက် စစ်ကြောင်းကို ဇီးတောရွာအနောက်ဘက်အရောက် 1KG ဗုံးသီးတလုံးချ တိုက်ခိုက်ခဲပြီး ညနေ ၃ နာရီခန့်တွင် ဘုတလင်မြို ရဲစခန်းကို 1KG ဗုံသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“စစ်ကြောင်းက ဘုတလင်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်ကြောင်းပါ၊ အခုတော့ ဘုတလင်မြို့ထဲ ပြန်ဝင်သွားပြီ။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသေဆုံးမှု အတည်ပြုနိုင်ခြင်းမရှိသေးပါ ဘူး” ဟု KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို KLG PDF – ‌‌ကျောက်လုံးကြီး၊ Ninja PDF နှင့် နယ်မြေခံ ပကဖတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် မုံရွာမြိုနယ်၊ သာစည်ရဲစခန်းကို Shar Htoo Waw နည်းပညာသုံး ဒရုန်း ၃ စီး အသုံးပြု၍ ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက် ခိုက်မှုကို KLG PDF ကျောက်လုံးကြီး၊ Ninja PDFနှင့် နယ်မြေခံပကဖ (Phoenix) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ တိုက်ခိုက်ရေးဒရုန်းနှင့် ဗုံးများ။"]
https://yktnews.com/2023/01/80219/
ရွှေဘိုတွင် ပြည်သူ့ သတင်းပေးလုပ်နေသော ဖရဲသီး ပျူစောထီးမိသားစုဝင် ၈ဦးကို ကယ်ထုတ်
["ရွှေဘိုတွင် ပြည်သူ့ သတင်းပေးလုပ်နေသော ဖရဲသီး ပျူစောထီးမိသားစုဝင် ၈ဦးကို ကယ်ထုတ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အနောက်ခြမ်းရှိ သီးလုံးကျေးရွာမှ ပြည်သူ့သတင်းပေးလုပ်နေသော ပျူ စောထီးမိသားစုဝင် (၈) ဦးကို ကယ်ထုတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Snake Eyes –LPDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၈ ရက်နံနက် အစောပိုင်း ၁ နာရီခန့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စိုး မိုး ထားသည့် သီးလုံးရွာ တွင်နေထိုင်ပြီး ပြည်သူ့သတင်းပေးလုပ်နေရသည်ကို လုံခြုံမှုမရှိတော့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံ ထွက်ပြေးလာသည့် မိသားစုဝင် ၈ ဦးကို ကယ်ထုတ်ခဲ့ရာရခြင်း ဖြစ်ကြောင်း သိရသည်။", "“သူတို့ရွာကနေ ပျောက်သွားတာကို သိတော့ စစ်ခွေးတွေ၊ ပျူခွေးတွေက လိုက်ရှာကြတာ၊ ကျနော်တို့က လူတွေကလည်း လိုက်ရှာမယ်ဆိုတာ သိလို့ ကြိုစောင့်နေကြတာ၊ မနက်မိုးလင်းတော့ စစ်ခွေးတွေ၊ ပျူတွေက လိုက်ရှာတယ်၊ အဲဒီအချိန်မှာ ကျနော်တို့လူတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့တာ၊ ပျူစောထီး ၂ ဦးဒဏ်ရာရတယ်တို့ပဲသိရတယ်၊ သေတယ်ဆိုတဲ့သတင်းတော့မကြားသေးဘူး” ဟု Snake Eyes –LPDF တာဝန်ရှိသူတစ်ဦး ကပြောဆိုသည်။", "အဆိုပါစောင့်ကြိုတိုက်ခိုက်မှုကို Snake Eyes- LPDF ၊ C&T Shwebo နှင့် ရွှေဘိုမြို့နယ် တိုက်နယ် ၂ တော်လှန်ရေးအင်အားစုများ စုပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိ အခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/204155/
ရွှေဘိုတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် ခရစ်ယာန်အသိုင်းအဝိုင်း လိုလား
["ရွှေဘိုတွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် ခရစ်ယာန်အသိုင်းအဝိုင်း လိုလား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် အသတ်ခံရမှု ထိထိရောက်ရောက် အရေးယူရန် လိုလားကြကြောင်း မန္တလေးကက်သလစ်ခရစ်ယာန် အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးဂိုဏ်းချုပ်သာသနာမှ သက်တော် ၄၄ နစ်ရှိ ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ် (Fr. Donald Martin ရဲနိုင်ဝင်း )ကို ရွှေဘို ခရိုင် ​ ကံကြီးတော ကျေးရွာ ၊ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းတွင် ဒေသ လက်နက်ကိုင်တပ်မှ လူတချို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီလို ဘာကြောင့်သတ်သလဲ။ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို လက်နက်မဲ့ သာသနာ့တာဝန်ထမ်းဆောင်သူကို ဘာအကြောင်း ကြောင့် သတ်သလဲ။ အဲဒီအပေါ်မှာတော့ သတ်ဖြတ်မှုအတွက် ကျူးလွန်သူတွေကို တာဝန်ရှိသူတွေက ထိရောက်တဲ့ အပြစ်ဒဏ်ချမှတ် အရေးယူပေးဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်။ မန္တလေးကက်သလစ်အသိုင်း အဝိုင်းမှာ ဆရာတော်ရဲ့ သတင်းကို ကြားပြီး ခရစ်ယာန် ဘာသာဝင်တွေအကြား စိတ်နှလုံး မချမ်းမြေ့ရဘူး။ ဒီလုပ်ရပ်ကို မေ့သွားတာမျိုး မဖြစ်စေဘဲ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ အင်မတန်မှ ရုပ်ဆိုးအကျဉ်းတန်လွန်းပါတယ်” ဟု မန္တလေးကက်သလစ် ခရစ် ယာန်သာသနာမှ အမည်မဖော်ပြလိုသော ခရစ်ယာန်သာသနာပြု ဆရာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အသတ်ခံလိုက်ရသည့် ဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်မှာ အေးချမ်းစွာ နေတတ်သူဖြစ်ပြီး သာသနာတော်အကျိုးကို အဓိက ကြိုးစား သာသနာပြုနေသူဖြစ်ကြောင်း၊ လူချစ်လူခင် ပေါများပြီး မန္တလေးဂိုဏ်းချုပ်သာသနာတွင် လူသိများသူတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။", "ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးကမူ ခရစ်ယာန် ဘုန်းတော်ကြီးအသတ်ခံရမှုအတွက် ကျူးလွန်သူများကို ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရှိရသော်လည်း အသေးစိတ် မသိရှိရသေးကြောင်း၊ ယင်းအမှုအခင်းကို ခရိုင်အဆင့်နှင့်တိုင်းအဆင့် တိုက်ရိုက် ကိုင်တွယ်မည်ဟု မျှော်လင့်ရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2024/02/143583/
ရွှေဘိုတွင် မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ဇီးဖြူကုန်းကျေးရွာအပါ အဝင် ရွာများကို မွှေနှောက်လုယက် ဖျက်ဆီး၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများရှိ
["ရွှေဘိုတွင် မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ဇီးဖြူကုန်းကျေးရွာအပါ အဝင် ရွာများကို မွှေနှောက်လုယက် ဖျက်ဆီး၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ဇီးဖြူကျေးရွာအပါအဝင် ကျေးရွာများကို မွှေနှောက် လုယက် ဖျက်ဆီးနေကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ စစ်တပ်နှင့် သီးလုံးကျေးရွာမှ ပျူစောထီးများ ပူးပေါငး်ကာ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကြောင်း၊ မြို့လှကျေးရွာကို စစ်တပ်စစ်ကြောင်းက ဝင်ရောက် ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇီးဖြူကျေးရွာအတွင်းသို့လည်း လှည့်လည်မွှေနှောက်ပြီး ပစ္စည်းများ လုယက်ကြောင်း၊ အနီးအနားကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "“​ဇီဖြူကုန်းရွာ အပါအဝင် မြို့လှ၊ နှမစာရစ်၊ ထနောင်းကိုင်း၊ ကျောက်မြင့်၊ တင့်တယ်၊ ဆိပ်ခွန်ရွာ တွေဆီကို လက် နက် ကြီးတွေနဲ့ပစ်နေလို့ တိမ်းရှောင်နေရတယ်။ တကယ်က ဇီဖြူကုန်းရွာမှာ စစ်တပ်က အရင်ကတပ်စွဲပြီးသားပါ။ တပ်စွဲတာ၂နှစ်ရှိပြီး လွန်ခဲ့၂လလောက်က တပ်ပြန်ဆုတ်တယ်။ အခုပြန်ဝင်တယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာ၊‌ သေဆုံးတာများနိုင်တယ်။ မနေ့ကလည်း အိမ်တွေ မီးရှို့ခံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/07/115556/
ရွှေဘိုတွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုတွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘို မြို့ရှောင်လမ်း၌ အိမ်စီးကားငယ် ၂ စီးဖြင့် ကင်းပတ်လာသော စစ်သားများကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား အဖွဲ့မှဦးဆောင်ပြီး မဟာမိတ်အဖွဲ့များဖြစ်သည့် ရွှေဘိုသခင်ကြီး၊ShweBo DHUPLA၊ ရွှေဘိုအားမန်၊ နောင်ရိုးအာမီ တပ်ခွဲ ၁ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။", "နယ်စည်းမခြား ရွှေဘိုသား အဖွဲ့က ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးကို ဖော်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ်လိုအပ်နေသည့် AK 47 သေနတ် ၂ လက်အတွက် ကမ်ပိန်းကို ပြည်သူများ ပါဝင်ပေးကြရန် ထုတ်ပြန်ထားသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ ပြည်သူပိုင် နေအိမ်များ၌ ထမင်းချက်နေသော စစ်သားများကို PDF ရဲဘော်များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြွေတောင်ပေါ်၌ တပ်စွဲထားသော စစ်သားများ ရငဲရွာထဲဆင်းလာပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ထမင်းချက်စားနေစဥ် PDF ရဲဘော်များက RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ ရငဲရွာ၌ အကြမ်းဖက် စစ်တပ် တပ်စွဲထားသည်မှာ ၂ လကျော်ကြာပြီဖြစ်ကာ ကျေးရွာနေ ပြည်သူများလည်း လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။", "ရွှေဘိုတွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘို မြို့ရှောင်လမ်း၌ အိမ်စီးကားငယ် ၂ စီးဖြင့် ကင်းပတ်လာသော စစ်သားများကို ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား အဖွဲ့မှဦးဆောင်ပြီး မဟာမိတ်အဖွဲ့များဖြစ်သည့် ရွှေဘိုသခင်ကြီး၊ShweBo DHUPLA၊ ရွှေဘိုအားမန်၊ နောင်ရိုးအာမီ တပ်ခွဲ ၁ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။", "နယ်စည်းမခြား ရွှေဘိုသား အဖွဲ့က ဘီးလူးညီနောင်မြို့ပြစစ်ဆင်ရေးကို ဖော်ဆောင်သွားမည်ဖြစ်ပြီး အရေးပေါ်လိုအပ်နေသည့် AK 47 သေနတ် ၂ လက်အတွက် ကမ်ပိန်းကို ပြည်သူများ ပါဝင်ပေးကြရန် ထုတ်ပြန်ထားသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ ပြည်သူပိုင် နေအိမ်များ၌ ထမင်းချက်နေသော စစ်သားများကို PDF ရဲဘော်များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြွေတောင်ပေါ်၌ တပ်စွဲထားသော စစ်သားများ ရငဲရွာထဲဆင်းလာပြီး ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ထမင်းချက်စားနေစဥ် PDF ရဲဘော်များက RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ ရငဲရွာ၌ အကြမ်းဖက် စစ်တပ် တပ်စွဲထားသည်မှာ ၂ လကျော်ကြာပြီဖြစ်ကာ ကျေးရွာနေ ပြည်သူများလည်း လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/202072/
ရွှေဘိုနှင့် ကလေး တို့တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်
["ရွှေဘိုနှင့် ကလေး တို့တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦးနှင့် စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ တိုက်နယ်အမှတ် ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး စုဆောင်းခံရသော ခမရ ၁၂ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက် ခဲယမ်းများ ယူလာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသစ် ၁ ဦးသည် MA3 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ဘောက် ၊ ၅.၅၆ ကျည် ၁၀၈ တောင့်၊ လက်ပစ်ဗုံး ၄ လုံး ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အလင်းဝင်လာသော တပ်သားသစ်ကို ဂုဏ်ပြုဆုငွေ ချီးမြှင့်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း၊ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာဖြစ်တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီး များအနေဖြင့်လည်း အမြန်ဆုံးအလင်းဝင်ရောက်ရန် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းလုပ်ရှား ရဲကင်းစခန်း မှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်ခဲ့ကြောင်း CDF Civic Defense Militia -CDM -Siyin က ပြောဆိုသည်။", "အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် အသက် ၂၅ နှစ်အရွယ် ဘူးထန်ကွီ ဖြစ်ပြီး ပလက်ဝမြို့နယ်၊ ဟိုင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/05/100739/
ရွှေဘိုနှင့် ဒီပဲယင်း နယ်မှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုနှင့် ဒီပဲယင်း နယ်မှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ မေ ၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေး​ရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ယနေ့ မေလ ၃ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/116184/
ရွှေဘိုနှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို ဆန်နှင့်ဆီများ လှူဒါန်း
["ရွှေဘိုနှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို ဆန်နှင့်ဆီများ လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၃", "ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်း မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဆန်နှင့်ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/207307/
ရွှေဘိုနှင့် ပုလဲတွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["ရွှေဘိုနှင့် ပုလဲတွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ မတ် ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ၁ လက် ယူဆောင်လာပြီး မိသားစုနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၁ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ တိုက်နယ် ၂ နယ်မြေ၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာကို ရောက်ရှိနေသော တည်သီးတောကျေးရွာ ပျူစောထီး ၁ ဦးသည် ကာဘိုင် သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ ကာဘိုင်ကျည် ၁၅၇ တောင့်တို့နှင့် မိသားစုဝင်များ ခေါ်ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်ကောင်စီ တပ်သားတွေ အနေနဲ့ မြန်မြန်အလင်းဝင်လာလေ လွတ်လပ်တဲ့လေကို မြန်မြန် ရှုရ လေပါပဲလို့ အသိပေး ပြောကြာချင်ပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မိသားစုဝင်များနှင့် အတူ အလင်းဝင်လာသော စစ်ကောင်စီ တပ်သားကို တော်လှန်ရေး တပ်ဖွဲ့များက နွေးထွေးစွာကြိုဆိုခဲ့ပြီး လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားကြောင်း၊ အလင်းဝင်ရောက် လာသူများကို ဂုဏ်ပြုဆုငွေ ထိုက်သင့်အားလျော်စွာ ချီးမြှင့်ခဲ့ပြီး လူ့အခွင့်အရေးနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများအနေဖြင့်လည်း အမြန်ဆုံး အလင်းဝင်ရောက်ကြရန် လိုအပ်ပါကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်သား ၃ ဦး သည် လက်နက် ၂ လက်ဖြင့် အလင်းဝင်ခဲ့သဖြင့် လက်နက်ယူဆောင်လာနိုင်သူ ၂ ဦးကို ငွေကျပ် သိန်း ၂၀ စီဆုချီးမြှင့် ခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် -BNRA က ထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ မှ ဒုတပ်ကြပ် လှမင်းသည် ၎င်းကိုင်ဆောင်သော MA1 အမျိုးအစား သေနတ် ၁ လက်နက်နှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – B.N.R.A ထံ ဆက်သွယ်ကာ အလင်းဝင် ခဲ့ကြောင်း သိရသည်။", "အလားတူ မတ်လ ၆ ရက်နေ့ကလည်း ပုလဲမြို့ပေါ်တွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ဝေအောင်နှင့် မျိုးကျော်တို့သည် MA1 အမျိုးအစား သေနတ် ၁ လက်နှင့်အတူ ဗမာအမျိုးသားတော် လှန်ရေးတပ်မတော် – BNRA ထံသို့ ချိတ်ဆက်ကာ အလင်းဝင် ပူးပေါင်းခဲ့ကြောင်း သိရသည်။", "ထိုသို့ အလင်းဝင်ပူးပေါင်းလာသော စစ်ကောင်စီတပ်သား ၃ ဦးအနက် ၂ ဦးမှာ လက်နက် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၉ တောင့်ပါရှိခဲ့သဖြင့် ၎င်းတို့ကို ဗမာ အမျိုးသားတော်လှန်ရေး တပ်မ တော် – BNRA တပ်ဖွဲ့က ငွေကျပ် သိန်း ၂၀ စီ ဆုချီးမြှ့င်ပေးခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးစလုံးကို သွားလိုသည့်နေရာသို့ ကောင်းမွန်စွာ ပို့ဆောင်ပြီးဖြစ်ကြောင်း အသိပေးထားသည်။", "ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) အနေဖြင့် စစ်ကောင်စီယန္တရား အတွင်းမှ အ လင်းဝင်လာမည့် စစ်သား၊ ရဲ၊ ပျူစောထီးများကို နွေးထွေးစွာ ကြိုဆိုလက်ခံလက်ရှိကြောင်း အသိ ပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/124856/
ရွှေဘိုနှင့် မြင်းမူရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို ၁ လတာအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံး
["ရွှေဘိုနှင့် မြင်းမူရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို ၁ လတာအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို စက်တင်ဘာလအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီး စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် လက်လုပ်ဗုံးသီး ၉ လုံးဖြင့် ကျဲချ တိုက်ခို က်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။", "စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ သီးလုံးစံပြကျေးရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် လက်လုပ်ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ဖက် စက်သုံးဆီပန့်ဆိုင် တစ်နေရာ၌ ခိုကပ်နေသော စစ်သားများကို ၆၀ မမ ဗုံးသီး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊လက်လုပ် ဗုံးသီး ၄ လုံး တို့ကို ဒရုန်းဖြင့် ကျဲချ တိုပ်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ကျော်ခန့်တွင် မြင်းချင်ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့နယ်၊ ကူတိုးဆိပ်ပျူစောထီးရွာနှင့် ညောင်ကိုင်းပျူစောထီးရွာများကို ဒရုန်းဖြင့် လက်လုပ်ဗုံးသီးအလုံး ၂၀ ခန့်ကျဲချခဲ့ရာ ပျူစောထီး ၃ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၂ နာရီ ၄၈ မိနစ်နှင့် ညပိုင်းတွင် မြင်းမူမြို့နယ်ရှိ မြင်းချင်း ပျူစောထီးရွာနှင့် မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စက်တင်ဘာလ ၉ ရက်၊ ၁၃ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ရွှေဘိုမြို့နယ်ရှိ ဇီးဖြူကုန်း အနောက်ဘက် ရိုးမြေသင်း၊ ချီပါမျိုးသန့်ခြံ ၊ မင်းကုန်းမူးအနီး ဘီးခွန်ဂိတ် နှင့် သီးလုံး-ဇီးဖြူကုန်း လမ်းပိုင်းတို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ – LIGHTNING DRONE FORCE (We are everywhere)နှင့် မဟာမိတ်များဖြစ်ကြသော (၁၈၀၁) တပ်ရင်း၊ တပ်ခွဲ(3) စစ်ကိုင်းဒေသ Federal Wings၊စစ်ကိုင်းခရိုင်ပကဖ၊GTR Drone Forceမြင်းမူ၊မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊SAF ကျောင်းသားလက်ရုံးတပ်၊Bo Ba Taw – ShweBo (Lpdf)၊ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီ၊နဂါးနီ အာဠာဝက – ရွှေဘို LPDF၊ မင်းညီနောင် ပျောက်ကျား (LPDF)၊တောင်သူဦးကြီးများအဖွဲ့ – ရွှေဘို၊GOLDEN EAGLE-ZBG LPDF၊ဗိုလ်ဂျပန်ကြီးအဖွဲ့ ရွှေဘို၊ Eagle brother knight force – အရာတော်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138417/
ရွှေဘိုနှင့် မြိုင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်
["ရွှေဘိုနှင့် မြိုင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၃", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာရှိ အကြမ်းဖက် စခန်းနှင့် ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ မြိုင်မြို့နယ်၊ သရက်ခွရှိ ပျူစောထီး စခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team 3 PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team 4 SSTF ၊ TTA(ရွှေဘို) ၊ S R.F ၊ အညာမြေပြောက်ကြားတပ်ဖွဲ့ ၊ မြိုင်ပကဖ ရင်း(၂) တပ်ခွဲ(၄) ၊ Seven People Defense Force-Mandalay ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့ ၊ Support To Federal Democracy ၊ CONNECT နှင့် ဒေသ ပကဖ အဖွဲ့များနှင့်တပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ငါးမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက် ၁၁ နာရီခွဲခန့်က အင်အား ၂၀ ခန့်ဖြင့် လက်ပံသာရွာဘက်သို့ စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို လက်ပံသာ ကွက်သစ်အရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။", "“ထိခိုက်သေဆုံးမှုကတော့ ရှိတယ်၊ အတိအကျ သိရဖို့က စုံစမ်းဆဲပါ၊ ခွေးတွေက နတ်ကြီး၊ သာကျင်း နဲ့ ငါန်းမြာကြိးလို အထိုင် နေရာတွေကနေ လာတာပါ၊ အချို့ကိုတော့ ငါန်းဇွန်မြို့ပေါ်က တိုက်ရိုက်လွှ တ် တာတွေရှိတယ်၊ အခုအနေအထားက နတ်ကြီး၊ သာကျင်းလို နေရာကလာလိုက် ပြန်ခေါက်သွား လိုက်နဲ့ စစ်ရေးအရ သွေးတိုးစမ်းတာတွေ လုပ်နေတာထင်ပါတယ်” ဟု ငါးမြို့နယ်ပကဖမှတာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ )၊ T.G.R people defence force မြောင်မြို့နယ် T.G.R ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဦ Black Eagle Defence Force – MMU ၊ ငါန်းဇွန်-ပကဖ ၊ ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပြောက် ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ လက်ရုံးပျောက်ကျား အဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက် ကျား အဖွဲ့နှင့် တပ်ရင်း ၆ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် “အောင်ပန်းဝေဝေ ငါန်းဇွန်မြေ” ကမ်ပိန်း လုပ် ဆောင်နေပြီး ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနဖြင့် ဝိုင်းဝန်ကူညီပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။"]
https://yktnews.com/2022/11/60262/
ရွှေဘိုနှင့် မြောင်တွင် စစ်တပ် ကင်းပုန်းများ၊ တပ်နေရာများ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ဒီမော့ဆိုတွင်လည်း စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး
["ရွှေဘိုနှင့် မြောင်တွင် စစ်တပ် ကင်းပုန်းများ၊ တပ်နေရာများ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ ဒီမော့ဆိုတွင်လည်း စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲတွင် ကင်းပုန်းဝပ်နေသည့် ပျူစောထီးများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကျောက်မြောင်း မြို့နယ်ခွဲ မခေါက်ပျူရွာမှ စစ်သားနှင့် ပျူစောထီးများ ကင်းပုန်းဝပ်နေစဥ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး မခေါက်ရွာမှ ပျူစောထီးခေါင်းဆောင် တင်မိုးအောင် ပွဲချင်းပြီးသေဆုံးခဲ့ကာ စစ်သားနှင့် ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို နတ်တောင်နဂါး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ ( 2. ) ဇာမဏီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော်များမှ ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် အကြမ်း ဖက် စစ်တက်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့အတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင်မြောင်မြို့ မြို့သစ် ရပ်ကွက်တွင် မူးရစ်ရမ်းကားပြီး ရမ်းသမ်း ပစ်ခတ်နေသည့် အကြမ်းဖက် စစ်တပ်ကို Zamani ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” အဲ့ဒီ တိုက်ခိုက်မှုမှာ စစ်သား ၁ ဦးသေပြီး ၂ ဦး ဒဏ်ရာရတယ်။ ညီနောင် မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ကျဆုံးသွားတဲ့ ရဲဘော် ၃ ဦးအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ တိုက်ခဲ့တာ ဖြစ်တယ်” ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ခွဲ (၂) Zamani Revolution Force/MMU Myaung မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အလားတူ နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မြောင်မြို့ပေါ်ရှိ မြို့နယ် ထွေအုပ်ရုံးကို စစ်ကိုင်းခရိုင် တပ်ရင်း (၁) တပ်ခွဲ ၂ Zamani Revolution Force MMU Myaungနှင့် Nway Oo Takhon ခွန် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ ပါဆယ်ထုပ်အဝေးထိန်းမိုင်းနှင့် Drone ဖြင့် အီနာဂါ ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကြောင်းKNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။", "နို၀င်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ မိနစ်ခန့်တွင် သေးဆူးလဲရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၅ က စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- KNDF တပ်သားတချို့။"]
https://yktnews.com/2023/12/137319/
ရွှေဘိုနှင့် ရေဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုနှင့် ရေဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် အစောပိုင်းမှ စတင်ကာ ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေးခြံ၌ တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် မြင်းစီးရွာမှ တစ်ဆင့် ဆင်အင်းရွာနှင့် ကူးတိုးဆိပ်ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“‌ရွှေဘိုနယ် ညောင်ပင်သာ စိုက်ပျိုးရေး‌ခွေးခြံကနေ အင်အား ၁၀၀ ခန့် မြင်းစီးမှတစ်ဆင့် ဆင်အင်း ကူးတိုးဆိပ်ကျေးရွာတွေကို ဝင်ရောက်လာတာဖြစ်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ရွှေဘိုမြို့ အနောက်ဘက်ခြမ်းကျေးရွာများရှိ ပြည်သူအများအပြားသည် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် လနှင့် ချီ၍ စစ်ဘေး တိမ်းရှောင်တိမ်းနေကြရကြောင်း သိရသည်။", "အလားတူ ရေဦးမြို့နယ်ရှိ ကျေးရွာများကိုလည်း ဒီပဲယင်းမြို့ပေါ်မှ ဆင်းလာသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ဒီဇင်ဘာလ ၂၃ ရက်နေ့က စတင်ကာ စစ်ကြောင်းထိုး စီးနင်းနေသောကြောင့် ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာမိဿာ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကံပေါက်၊ နဘောင်၊ ဖလံဂုဏ်၊ ဖိန်းကားနှင့် ရွာသစ် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/09/121681/
ရွှေဘိုနှင့် ဝက်လက် နယ်စပ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ရွှေဘိုနှင့် ဝက်လက် နယ်စပ်တွင် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်ပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃ ရက်နေ့တွင် ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ထုံးဘိုရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂ တပ်ရင်းက အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး ကင်းပုန်းကျွံလာသော စစ်သား ၄ ဦးကို ရွှေဘိုခရိုင် အမှတ်၂၃ တပ်ရင်းက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂွေးကုန်းရွာမှ ရွာသစ်ကုန်းရွာကို အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် စခန်းသာ ကျေးရွာကို စစ်ကြောင်း ထိုးလာစဥ် ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် တော်လှန်ရေး အင်အားစုများမှ တိုက်မိုင်း ၃၂ ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်၂၃ တပ်ရင်းနှင့် နတ်တောင်နဂါးတပ်ခွဲ ၄ ၊ ရွှေဘိုကျားကြီး ၊ ရွှေဘိုမင်း ၊ရွှေဘိုဓူဝံ ၊ ဒေါင်းတို့အားမာန်အဖွဲ့ နှင့် ဒေသခံ ပကဖ ၊ပအဖ ခေါင်းဆောင်များမှ ပူးပေါင်ကာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/105294/
ရွှေဘိုနှင့် ဝက်လက်ရှိ စစ်ကြောင်းနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ရွှေဘိုနှင့် ဝက်လက်ရှိ စစ်ကြောင်းနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ စစ်သားများကို တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ရွှေဘို – ကျောက်မြောင်း လမ်းပိုင်း၌ စစ်ကြောင်း ထွက်လာသည့် အင်အား ၅၀ ဦးခန့်ပါ အကြမ်းဖက် စစ်တပ်ကို BLACK WOLF – ARMY ၊ WHO AM I ARMY တို့မှ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်း၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "မေလ ၂၈ ရက်နေ့ ၁၀ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာ၌ တပ်စွဲထားသော အင်အား ၆၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို BLACK WOLF – ARMY နှင့် မဟာမိတ် တပ်ဖွဲ့များ ဖြစ်သော WHO AM I – ARMY ၊ ပြည်သူ့အစေခံ တပ်ဖွဲ့တို့မှ ပူးပေါင်းပြီး ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ကာ ဘန်ကာ ၁ လုံးပွင့်ထွက်သွားပြီး စစ်သား ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာသာပျူစခန်းအား လက်နက်ကြီး အလုံး ၈၀ နီးပါးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ၇ ဦးအထက် ဒဏ်ရာရရှိပြီး သေဆုံးစာရင်း သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း Shwebo Fedral Army SBFA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၃၀ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄၀ ကျော်ဖြင့် တပ်စွဲထားပြီး အနီးအနားကျေးရွာများကို မကြာခဏ မီးရှို့လုယက်ဖျက်ဆီး နေသော ရွာသာပျူစခန်း အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး အလုံး ၈၀ နီးပါးပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပျူစောထီး ၇ ဦးအထက်ဒဏ်ရာရရှိကာ အသေအပျောက်စာရင်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ကျနော်တို့အဖွဲ့က အဖူး ၁၈ ဖူး၊ အကုန်ကွဲတယ်၊ မဟာမိတ်တွေစုပစ်တာရောဆိုရင် အားလုံး ၇၈ လုံး၊ အဖွဲ့အားလုံးပေါင်း ကျနော်တို့အဖွဲ့ အများဆုံးပေါ့၊ အထိအခိုက်ကတော့ များတယ်၊ ဒီနေ့က အစီအစဉ် မရှိပဲ ဖြစ်သွားတာ၊ ခွေးတွေ မူးနေတယ်လို့ သတင်းရလို့ သွားဆော်ကြတာ၊ ခွေးတွေဘက်က ၆၀ မမ နဲ့ ၂ လုံးပြန်ပစ်တယ်၊ ၄၀ မမနဲ့ကတစ်လုံး၊ လက်နက်ငယ်အချက် ၂၀ လောက်ရှိမယ်” ဟု Shwebo Fedral Army SBFA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ဗိုလ်မိကျောင်းအဖွဲ့၊ Shwebo Federal Army SBFA ၊ ၊snake eyes၊ (ဒေါင်းမာန် (LPDF)၊ ဒေါင်းစစ်သည် (LPDF)၊ မဟူရာ ရွှေဘိုသား၊ ခွတ်ဒေါင်းဖိုက် တာ(LPDF)၊သမန်းကျား (LPDF)၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေး(SBO) ရွှေဘိုခရိုင် တပ်ရင်း(၄)တပ်ခွဲ(၂)၊ တန၊၅ ၊တန ၊၂ မဟာမိတ် ညီအကိုများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခို်ကမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/182272/
ရွှေဘိုနှင့် ဝက်လက်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုနှင့် ဝက်လက်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ဇီးကုန်းလေးရွာ ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေး ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသော ကင်းစခန်းကို ရွှေဘိုမြို့နယ် ပကဖ ( PDO-Drone-Team-Federal-Wings Shwebo) တပ်ဖွဲ့က ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း ပျူစောထီးများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဝက်လက်မြို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်တပ်ဘက်က လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့ ၊ ဇာမဏီနဂါး တပ်ဖွဲ့ ၊ ဥပဒေ မီးတောက် တပ်ဖွဲ့နှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/210766/
ရွှေဘိုနှင့် သံတောင်ကြီးတို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
["ရွှေဘိုနှင့် သံတောင်ကြီးတို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ပြည်သူ့စစ် ၁ ဦး သေနတ် ၁ လက်ယူ ဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force Shwebo District မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ပြည်သူ့စစ် ၁ ဦးသည် ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းထံသို့ G3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု၊ ကျည် ၆၆ တောင့် ၊ လက်ပစ်ဗုံး ၂ လုံးတို့ နှင့် အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့သောကြောင့် ထိုက်ထိုက်တန်တန် ဆုကြေးငွေ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။", "“တစ်ရက်ထက် တစ်ရက် စစ်ကောင်စီက အင်အားချို့တဲ့ လာတာကြောင့် ပြည်သူ့ဘက်ကို အမြန်ဆုံး ခိုလှုံလာဖို့ တိုက်တွန်းလိုပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်း အမိန့် ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်သို့ ရပ်တည်လိုသည့် စစ်ကောင်စီ တပ်သားများအနေနဲ့ အချိန်မရွေး ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံကြဖို့ အသိ ပေးပြောချင်ပါတယ်” ဟု People’s Defence Force Shwebo District မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အလားတူ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ခမရ ၅၉၂ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးလက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ ထံမှ သိရသည်။", "ဧပြီလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၉၂ တပ်သား တစ်ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၅၀ တောင့် ၊ ကျည်ကာ တစ်စုံ၊ ကျည်ဘောက် ၄ ဘောက် တို့နှင့်အတူ တပ်မဟာ ၂ တပ်ရင်း ၅ ထံ လာရောက်ပူးပေါင်းအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/112507/
ရွှေဘိုမြို့ နန်းတော်ရာ အတွင်း တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံးပစ် သွင်းတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကော့ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး
["ရွှေဘိုမြို့ နန်းတော်ရာ အတွင်း တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံးပစ် သွင်းတိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ကော့ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ နန်းတော်ရာ အတွင်း တပ်စွဲထားသော စစ်တပ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့ နန်းတော်ရာအတွင်း တပ်စွဲထားသော စစ်သားများ သန့်ရှင်းရေး လုပ်နေချိန်၌ မြောက်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက် တို့မှ လက်ပစ်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းနှင့် တပ်ခွဲ ၁ NaungYoeArmy၊ ရွှေဘိုကျားကြီး ပြောက်ကျား တပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှလည်း မြို့တွင်းသို့ ကားဖြင့် ရမ်းသမ်း၍ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် မုန်တိုင်းသေဆုံးခဲ့ကြောင်း Black Wolf Army ထံမှ သိရသည်။", "ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တပ်စွဲထားသော ကော့ ရွာ(ခ) ပျူစောထီးရွာအား ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် မုန်တိုင်းသေဆုံးခဲ့ ပြီး ပျူစောထီး ၂ ဦးဆေးရုံတင်ထားရကာ တစ်ဦးအပြင်းအထန်ဖြင့် စိုးရိမ်ရကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ်တပ်ဖွဲ ဝင်များ ဖြစ်သော Who am i – army ၊ တိုက်နယ် ပကဖ ၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/01/141774/
ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
["ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။", "ယနေ့ဇန်နဝါရီလ ၂၄ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၃၀ ခန့်က ရွှေဘိုမြို့ ‌မြောက်ဖက်၊ မဟာ နန္ဒာ ကန်တော်လမ်းပေါ်ရှိ စစ်သား၊ ပျူစောထီးများ ဆပ်ကြေးကောက် ငွေညှစ်သောင်း ကျန်းနေ သော စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အလောင်း ၂ လောင်း ကို မေဂွန်(ပျူ)ကျေးရွာတွင် သင်္ဂြိုလ်ခဲ့ပြီး ကျန်သေဆုံးအလောင်း ၃ လောင်းနှင့် ဒဏ်ရာရရှိသူများကို ရွှေဘိုမြို့ဆေးရုံသို့ သယ်ဆာင်သွားကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဂိတ်စခန်း ဘန်ကာများ၊ ကင်းထဲများအထိ ဝင်ရောက်နိုင်ခဲ့ သော်လည်း စစ်သား၊ ပျူစောထီးများမှာ လက်နက်ခဲယမ်းများယူဆောင်ပြီး ထွက် ပြေးသွားသဖြင့် လက်နက်ခဲယမ်းသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး ရွှေဘိုမြို့တွင်းမှ စစ်ကူများထွက်လာသဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "ထို့အပြင် ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးတပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ကာ ပစ်ကူပေးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်ပကဖ (PDO)အဖွဲ့ ၊ ရွှေဘို မြို့ နယ်တိုက်နယ် ၁ ၊ ၅ ၊ တိုက်နယ် ၃ ပကဖ (Brave Defence Force) ၊ ဒီပဲယင်းမြို့နယ် ဂဠုန်မင်း ပကဖနှင့် ညောင်ဦးမြို့နယ်ပကဖအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်ဆေးရေးဂိတ်သည် ရွှေဘိုမြို့ ခမရ ၁၁ ၊ ခလရ ၄၂ တပ်ရင်းတို့နှင့် ၂ မိုင်ပတ် လည်ခန့်သာ ကွာဝေးပြီး ပျူစောထီးခေါင်းဆောင် ပေါသိန်းနှင့် သားများ ဦးဆောင်နေသောဂိတ်ဖြစ် ကြောင်း သိရသည်။", "ယနေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်မှ အင်အား ၄၀၀ ခန့်ဖြင့် ရွှေဘိုမြို့ မြောက်ဘက် ခြမ်းနှင့် ခင်းဦးမြို့နယ်မြောက်ဘက်ခြမ်းသို့ စစ်ကြောင်း ထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။"]
https://yktnews.com/2023/07/115810/
ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ
["ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရှောင်လမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၃၀ ရက် ည ၉ နာရီ ၅ မိနစ်ခန့်က ရွှေဘိုမြို့၊ မြို့ရှောင်လမ်းပေါ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ပဒေသာမိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဘီလူးညီနောင် မြို့ပြ စစ်ဆင်ရေးအဖြစ် နယ်စည်းမခြား ရွှေဘိုသားအဖွဲ့၊ ရွှေဘိုသခင်ကြီး၊ Naung Yoe Army တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/163354/
ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
["ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် အတွင်း အထိုင်ချ တပ်စွဲထားသော လေ့ကျင့်ရေး ၈ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၁ လုံးဖြင့် မိုင်းဆွဲပြီး ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ အများအပြားရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Buffalo Soldiers Freedom Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Buffalo Soldiers Freedom Force ချေမှူန်းရေးတပ်ဖွဲ့နှင့် မဟာမိတ်ဖြစ်သော တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူး‌ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/120689/
ရွှေဘိုမြို့ အဝင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုမြို့ အဝင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ပခုက္ကူတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် မုဒ်ပေါက်အနီး တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ထံမှ သိရသည်။", "ဩဂုတ်လ ၂၈ ရက်နေ့က ရွှေဘိုမြို့မုဒ်ပေါက်အနီး အထိုင်ချတပ်စွဲကာ ဘန်ကာတွင်း ပုန်းအောင်း လျက် ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်အချိန်းအပြောင်းပြုလုပ်စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသော Who am i – army ၊ Forest Fighter တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့မှ ရေစကြိုမြို့လာသော ပျူစောထီးများ လိုက်ပါလာသည့် Alphard ကားတစ်စီး ကို ပစ်ခတ်သတိပေးခဲ့ကြောင်း Young Force UG တပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ စက်တင်ဘာလ ၁ ရက် ညနေပိုင်းက ပခုက္ကူမြို့မှ ရေစကြိုမြို့ဘက်သို့ထွက်လာသော မှန်ချ ထားခြင်းမရှိသော ဆင်းချောင်းကျေးရွာနှင့် ဂွေးချိုကျေးရွာမှ ပျူစောထီးများလိုက်ပါလာသည့် Alphard ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ မသင်္ကာဖြစ်ပြီး ပြည်သူများပါလာမည်စိုးရိမ်သဖြင့် ကားဘီးနှင့်အောက်ပိုင်းကို အဓိကထားကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်းသိရသည်။", "မိဘပြည်သူများထိခိုက်နစ်နာမည်စိုးရိမ်သည်ကို ငဲ့ကွက်လိုက်ရသဖြင့် လက်နက်ရရှိမည့်အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး နောက်နောင်တွင် မှန်ချထားခြင်းမရှိသော မည့်ကားမျိုးကို မဆို ပစ်ခတ်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း၊ နောက်ဆက်တွဲအကျိုးဆက်ကို တာဝန်ယူမည်မဟုတ်ကြောင်း Young Force UG တပ်ဖွဲ့မှ အသိပေးထားသည်။", "အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း ၁၃ ၊ ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ ၊ Young Force (UG)၊ Shwe Nyar Myae (PDF) နှင့် Pakokku Ranger တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/133051/
ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်နေသော စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်၂၃တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့ ကားကြီးကွင်းဘက်၌ ပက်ကင်း လှည့်လာသော စစ်သား ၅ ဦးလိုက်ပါလာသည့် ကား ၁ စီးကို ကားကြီးကွင်းအနီးရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်သွင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊တပ်ခွဲ ၁ Naung yoeArmy၊ Revulotion soldier တပ်ခွဲ ၂ ၊ ရွှေဘိုကျားကြီး၊ တိုက်နယ် ၄ ရွှေလျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် တာနောယက္ခအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ လင်းကတောရွာ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Kingsman UG Force-M.M အဖွဲ့ တာဝန်ခံ ဗိုလ်တာရာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပခုက္ကူခရိုင် တပ်ရင်း(၁၀) ဒရုန်းအဖွဲ့နှင့် Kingsman UG Forceတို့ ပူးပေါင်းကာ SHAR HTOO WAW နည်းပညာသုံး drone များဖြင့် မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းကို ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128329/
ရွှေဘိုမြို့တွင် ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရွှေဘိုမြို့တွင် ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ပြည်သူများထံမှ ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့တွင် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် ရွှေဘိုမြို့ စက်မှုဇုံအနီး ရုပ်ပျိုတိုင်းရင်းဆေးစက်ရုံရှေ့တွင် ကင်းဝပ်ပြီး ပြည်သူများထံမှ အတင်းအဓမ္မ ငွေတောင်းခံနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊Naung YoeArmy တပ်ခွဲ ၁ ရွှေဘိုကျားကြီး၊ Revolution Soldier ၊ ရှိမ်းမကားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုက် ၁၀၀ ခန့် အကွာ အဝေး၌ ရာအိမ်မှူး ကျော်မင်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Kyaikhto Information Organization ထံမှ သိရသည်။", "အောက်တိုဘာလ ၂၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက် ရာအိမ်မှူး ကျော်မင်းဦးသည် မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုက် ၁၀၀ အကွာအဝေးရှိ ကွမ်းယာဆိုင်တစ်ဆိုင်၌ ကွမ်းယာဝယ်ပြီး ပြန်လာစဉ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "ရာအိမ်မှူး ကျော်မင်းဦးသည် ဦးခေါင်းယာဘက် ကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ လည်ပင်းအောက် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက် ရင်ဘတ် ကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ညာဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာပေါင်ရင်း ကျည် ဖောက် ဝင် ဒဏ်ရာ ၁ ချက်၊ ညာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့် ညာလက်ကောက် ဝတ် ကျိုး ဒဏ်ရာများရရှိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/103254/
ရွှေဘိုမြို့တွင် စစ်တပ် ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ရွှေဘိုမြို့တွင် စစ်တပ် ဂိတ်ပေါက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဘီးလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် စုဆောင်းရေးတပ် ဂိတ်ပေါက်ဝ၌ ထွက်လာသော အ ကြမ်းဖက်စစ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။", "ယမန်နေ့ မေလ ၁၇ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့၊ စုဆောင်းရေးတပ် ၄ ဂိတ်ပေါက်၌ ပါဆယ် မိုင်းချထားခဲ့ပြီး ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၂ ဦးကို အဝေးထိန်းထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ကျန်တစ်ဦးမှာ အ ပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဂိတ်ပေါက်ဝကို ဆိုင်ကယ်သွားပြီး မိုင်းကို ချထားတဲ့တာ၊ အမှုမဲ့အမှတ်မဲ့ဆိုတော့ ဘယ်သူမှ မသိလိုက် ဖူး၊ ဆိုင်ကယ်နဲ့ထွက်လာတဲ့ နှစ်ကောင်ကို အဝေးထိန်းမိုင်းနဲ့ခွဲခဲ့တာပါ၊ မိုင်းကွဲပြီးတဲ့အချိန်ကျတော့ ရမ်း သမ်းပစ်ခတ်တာတော့ရှိတယ်၊ ကျနော်တို့ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းတပ်ခွဲ (၁)NaungYoe Armyနှင့် ရွှေဘိုကျားကြီး ပြောက်ကျား တပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပါဆယ်မိုင်း ၃ လုံး အသုံးပြုခဲ့ကြောင်း သိရ သည်။", "ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နယ်ခြားရွာအနီး၌ မဲလံဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်သားများ ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရသည်။", "ယနေ့‌ မေလ ၁၈ ရက် နံနက် ၇ နာရီခန့်က ဘီးလင်းမြို့နယ် KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ နယ်မြေသို့ စစ်ကြောင်းထိုးရန် မဲလံဘက်မှဆင်းလာသည့် အင်အား ၁၀၀ ခန့်ရှိသော အကြမ်းဖက်စစ်သားများအား ကို နယ်ခြားရွာအနီးအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၂ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေအား စုံစမ်းနေကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ၊ KNU / KNLA တပ်ခွဲ ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/12/193974/
ရွှေဘိုမြို့တွင် စစ်တပ်က စျေးသည် ၃ ဦးထံမှ ငွေကျပ် သိန်း ၃၀ လုယက်၊ စစ် တပ်က ဆိုင်ကယ်များကို ဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ အများဆုံး သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်း
["ရွှေဘိုမြို့တွင် စစ်တပ်က စျေးသည် ၃ ဦးထံမှ ငွေကျပ် သိန်း ၃၀ လုယက်၊ စစ် တပ်က ဆိုင်ကယ်များကို ဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ အများဆုံး သိန်း ၂၀ ဖြင့်ပြန်ရွေးခိုင်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က စျေးသည် အမျိုးသမီး ၃ ဦးထံမှ စျေးဝယ်မည့်ငွေကျပ် သိန်း ၃၀ ကို လုယက်သွားကြောင်း လုယက်ခံရသည့် စျေးသည်များ၏မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောကျေးရွာမှ စျေးသည် အမျိုးသမီး ၂ ဦး နှင့် ပလိုင်းကျေးရွာမှ စျေးသည် အမျိုးသမီး ၁ ဦးတို့က ရွှေဘိုမြို့ပေါ်တွင် စျေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့်လာရောက်ကြောင်း၊ ယင်းနောက် မြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်က စျေးသည် အမျိုးသမီး ၃ ဦး၏ ဆိုင်ကယ်များကို လိုက်လံတားဆီးစစ်ဆေးကြောင်း၊ ဆိုင်ကယ်များမှာ လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်သည့်အတွက် စျေးသည်အမျိုးသမီး ၃ ဦးထံမှ စျေးဝယ်ရန် ယူဆောင်လာသော ငွေကျပ် သိန်း ၃၀ ကို ယူဆောင်ပြီး ဆိုင်ကယ်ကိုလည်း သိမ်းဆည်းကာ ပြန်လည် လွှတ်ပေးလိုက်ကြောင်းသိရှိရသည်။", "“သစ်ကြီးတောကျေးရွာက စျေးသည်အမျိုးသမီး ၂ ဦးနဲ့ ပလိုင်းကျေးရွာက စျေးသည်အမျိုးသမီး ၁ ဦးတို့က စျေးဝယ်လာတာ။ ရွှေဘိုမြို့ပေါ်ကို အဲဒါ သူတို့စီးလာတဲ့ ဆိုင်ကယ်က လိုင်စင်မရှိဘူး။ လိုင်စင်မဲ့ပေါ့။ အဲဒါကို စစ်တပ်လှည့်ကင်းနဲ့တွေ့တော့ လိုင်စင်မဲ့ဆိုင်ကယ်စီးတယ်ဆိုပြီး ဖမ်းတယ်။ ဆိုင်ကယ်ထဲမှာ ထည့်ထားတဲ့စျေးဝယ်မယ့် ငွေ သိန်း ၃၀ ကို တစ်ခါတည်းယူသွားတယ်။ လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဖမ်းဆီးခံရသည့် စျေးသည်များ၏ မိတ်ဆွေက ရှင်းပြသည်။", "ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီတပ်များက စစ်ဆေးရေးဂိတ်ချ၍ လည်း ကောင်း ၊ လှည့်ကင်းများ ပတ်၍လည်းကောင်း လမ်းသွားလမ်းလာပြည်သူများနှင့် ဆိုင်ကယ်များကို မကြာခဏဆိုသလို အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးပြီး ဒဏ်ရိုက်ခြင်း၊ လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေဘိုမြို့ပေါ်တွင် ဆိုင်ကယ်များကို ဦးတည်ဖမ်းဆီးနေရာတွင် ဖမ်းဆီးပြီးနောက် ဆိုင်ကယ်ပြန်လိုချင်ပါက ငွေကျပ် ၃ သိန်းမှ သိန်း ၂၀ အထိ ဆိုင်ကယ်၏ တန်ကြေးကိုလိုက်၍ ပြန်လည် ရွေးယူခွင့်ပြုနေကြောင်း၊ ရွှေဘိုမြို့ ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် တပ်ထဲတွင် ဖမ်းဆီးထားသော ဆိုင်ကယ်များကို စုပုံထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးနေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/08/179467/
ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား
["ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွား", "ရန်ကုန်၊ ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဆန်နှင့်ဆီများ လှူဒါန်းမှုကြောင့် သွားရောက် ထုတ်ယူပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၇ ရက်နေ့တွင် ရွှေဘိုမြို့ မြို့ထောင့်စေတီတွင် NGO အဖွဲ့အစည်းက ဆီနှင့် ဆန် လှူဒါန်းသည်ကို သွားရောက်ယူဆောင်ပြီး ပြန်လာသည့် စစ်ဘေးရှာင် ပြည်သူ ၁၀ ဦးကျော်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော စစ်ဘေးရှောင်ပြည်သူများမှာ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာ၊ မြို့လှရွာ၊ ကံသာကုန်းရွာနှင့်ကျောက်မြင့်ရွာတို့မှ ဦးကြီးမောင်၊ ကိုမင်းနိုင်၊ ကိုမောင်ခိုင်နှင့် အမည်မသိ ပြည်သူ ၁၀ ဦးခန့် ဖြစ်ပြီး ဘုရားစောင်းတန်း လမ်းထိပ်၌ ပိတ်ဆို့ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ရွှေဘိုမြို့ မြို့ထောင့်စေတီမှာ NGO အဖွဲ့အစည်းကပေးတဲ့ ဆန်၊ ဆီ များကို ထုတ်ယူပြီးပြန်လာတဲ့ အချိန်ဖမ်းခံရတာ သူတို့က ရွှေဘိုမြို့ပေါ်မှာ အိမ်ငှားနေပြီး ရရာအလုပ်ကို လုပ်ကိုင်ရင်း စစ်ရှောင်နေကြရတာ ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာကတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/01/201241/
ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး
["ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်ကပြန်လည် ဖမ်းဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးအရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီအချိန် ရွှေဘိုမြို့ နယ်အုပ်ချုပ်ရေးမှူး ကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့က ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက် ၂၄ နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူတစ်ဦးကို လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။", "အဆိုပါ ငွေကျပ်သိန်း ၁၃၀ ကို ရွှေဘို မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်က ၂၅ သိန်း၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ် ၁ု ရပ်ကွက်တွင်နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း သိရှိရသည်။", "ရွှေဘို မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်၊ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့် တို့ကို စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ပြီး ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81090/
ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး တရားခံ ရှာမတွေ့သေး
["ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး တရားခံ ရှာမတွေ့သေး", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အသက် ၁၁ နှစ်အရွယ်မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရ ကြေင်း ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ရွှေဘိုမြို့ပန်းခြံတောင်ဘက် လမ်းဘေး၌ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ်၊ ပိန်းဥပြုတ်များ ရောင်းချသော အသက် ၁၁ နှစ်အရွယ် မပွားစိန်သည် ဇန်နဝါရီလ ၁၂ ရက်ညပိုင်းတွင် နေအိမ်ပြန်လည်ရောက်ရှိ လာခြင်းမရှိဘဲ ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေရာ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းတွင် ရွှေဘို မြို့ရှောင်လမ်းဘေး ရှိလယ်ကွင်းထဲ၌ မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။", "“ ကလေးမလေးက ကန်စွန်းဥ၊ ငုံးဥ၊ ပိန်းဥ ပြုတ်လေးတွကို ပန်းခြံရှေ့နဲ့ သံလမ်းဦးအောင်ဇေယျ ကြေး ရုပ်နားမှာ ရောင်းပြီး မိဘကို လုပ်ကျွေးနေတာ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်မြို့လုံးက ဒေါသ ထွက်နေ ကြတယ်၊ ရဲစခန်းက ရဲတွေက PDF ဖမ်းဖို့လောက်ပဲ သီးသန့်ဖြစ်နေတယ်၊ ခိုးဆိုးလုယက်မှုတွေ ဖြစ် တိုင်း ဘယ်တော့မှ လက်သည်မပေါ်ဘူး” ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "မုဒိမ်းကျင့်သတ်ဖြတ်ခံရသည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးမပွားစိန်သည် ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်တွင် အဖွား၊ မိခင်၊ အမဖြစ်သူတို့နှင့် အတူနေထိုင်ကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိချိန်တွင် မုဒိမ်း ကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သင်္ဂြိုလ်ပြီးစီးခဲ့ကြောင်း သိရသည်။", "“ရွှေဘိုမြို့ပေါ်မှာက လူမသိ၊ သူမသိအဖမ်းခံရတာ၊ လက်သည်မပေါ်ဘဲ အသတ်ခံရတာတွေ အများကြီးပဲ၊ တရားရုံးဆိုရင်လည်း ပွဲဈေးတန်းကြီးလို လူစည်နေတာ၊ ဒီကိစ္စကိုလည်း အသေးစိတ်ကွင်းဆက်တွေ ချိတ်ဆက်မိအောင်လိုက်နေတယ်၊ အသေးစိတ်သိရတာနဲ့ ပြောပြပါ့မယ်” ဟု ရွှေဘိုမြို့နယ် လွတ်လပ် သော ထောက်ပို့ရေး အဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အလားတူ ပြီးခဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်မှ စိတ်မနှံ့သူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်မှ နှစ်ရက်ခန့်ပျောက်သွားပြီး ရွှေဘိုမြို့ အနောက်ဘက်ရှိ ညောင်ပင်သာကျေးရွာဘက်တွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် ရုပ် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/147756/
ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာနှင့်ထန်းဇင်ရွာရှိ မူးရေမြောင်း စစ်တပ်နှင့်ပျူစောထီးများက ပိတ်ဆို့၊ ရေမြောင်းလာဖွင့်သော တောင်သူများကို သေနတ်ဖြင့် ပစ်၍ နွေစပါးစိုက်ရန်ခက်ခဲနေ
["ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာနှင့်ထန်းဇင်ရွာရှိ မူးရေမြောင်း စစ်တပ်နှင့်ပျူစောထီးများက ပိတ်ဆို့၊ ရေမြောင်းလာဖွင့်သော တောင်သူများကို သေနတ်ဖြင့် ပစ်၍ နွေစပါးစိုက်ရန်ခက်ခဲနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နှင့် ထန်းဇင်ရွာရှိ လယ်ကွင်းများသို့ သွယ်တန်းထားသည့် မူးရေမြောင်းကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများက ပိတ်ဆို့ထား၍ လယ်ဧက ၁၀၀၀ ခန့် နွေစပါးစိုက်ပျိုးရန် ရေအခက်အခဲဖြစ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မူးရေမြောင်းသည် သီလုံးရွာဘေး လာသည့် မူးမကြီး၏ မူးခွဲတစ်ခုဖြစ်ပြီး အဆိုပါ မူးရေမြောင်းကို ပိတ်ထား၍ တောင်သူများ အခက်အခဲ ဖြစ်နေကြောင်း၊ တောင်သူများက ရေမြောင်းကို သွားဖွင့်သော်လည်း သေနတ်နှင့် ပစ်၍ ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။", "” မူးကို ပိတ်ထားတာ တောင်သူတွေ ဖေဖော်ဝါရီလ ၂၄ရက်နေ့က သွားဖွင့်တယ်။ ပျူတွေက သေနတ်ပစ်လို့ ထွက်ပြေးရတယ် ။ အခုဘယ်သူမှ မသွားရဲတော့ ရွာနှစ်ရွာဖြစ်တဲ့ ဆိပ်ခွန်နဲ့ ထန်းဇင်ရွာက လယ်ဧက ၁၀၀၀ ခန့် စိုက်ပျိုးဖို့ အခက်တွေ့နေပါတယ်။ တောင်သူတွေက ရေတွင်းကနေ စက်ဆုပ်ပြီးစိုက်ပျိုးဖို့လည်း မလွယ်ဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "သီလုံးရွာ တောင်ပိုင်းတွင် ပျူစောထီးများကစောင့်နေ၍ မူးဘောင်ပေါ်တက်လာသည့် တောင်သူများကို ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပျူစောထီးများ။"]
https://yktnews.com/2023/01/81873/
ရွှေဘိုမြို့နယ် တအုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကန့်ဘလူတွင် မိုင်းဆွဲ ခံရမှုကြောင့် ပျူစောထီး ၁ ဦးသေဆုံ
["ရွှေဘိုမြို့နယ် တအုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကန့်ဘလူတွင် မိုင်းဆွဲ ခံရမှုကြောင့် ပျူစောထီး ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ တအုံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခတ်သစ်မီဒီယာသို့ ပြောကြားသည်။", "“မွန်းလွဲ ၂ နာရီခွဲလောက်က မီးရှို့ခံနေရတယ်။ စစ်ခွေးတွေ ရှို့တာ။ ရွာမြောက် ပိုင်းက စရှို့တာ။ စာသင်ကျောင်းထဲ တပ်စွဲထားတာ ဒီနေ့မှပဲ စရှို့တာပါ” ဟု ဒေသ ပြည် သူ တစ်ဦးက ရန်ကုန်ခတ်သစ်မီဒီယာသို့‌ ပြောပြသည်။", "အကြမ်းဖက်စစ်ကောင်စီဝင်များသည် တအုံကျေးရွာတွင် ဝင်ရောက် တပ်စွဲ ထား သည်မှာ ၄ ရက်ဝန်းကျင်ခန့်ရှိပြီး ရောက်စအချိန်တွင် ဘုန်းကြီး ကျောင်း ထဲတွင် လူအချို့ကို ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးကြောင်း၊ ပြည်သူများ နေအိမ်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီ ကျေးရွာတွင် အထိုင်ချ လှုပ်ရှား နေသော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်နှင့် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရွာပြင်ထွက်၍ ကင်းပတ်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ ပြုလုပ်နေသော ပျူစောထီး များကို ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြို့နယ်ကာကွယ်အရေးအဖွဲ့တို့က မိုင်း ဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦးသေဆုံးကာ ၂ ဦးထိခိုက် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ၊ မေလ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မင်းတန်းရွာ ဘုန်းကြီးကျောင်းကို မီးရှို့ဖျက်ဆီးထားခဲ့စဉ်။"]
https://yktnews.com/2024/07/172782/
ရွှေဘိုမြို့နယ် တောင်သူများ နွေစပါး ရိတ်သိမ်းပြီးချိန်တွင် အဝယ်မရှိ၍ အရှုံးပေါ်နေ၊ ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ယက်ကန်း လုပ်ငန်းများလည်း ရပ်နားထားရ
["ရွှေဘိုမြို့နယ် တောင်သူများ နွေစပါး ရိတ်သိမ်းပြီးချိန်တွင် အဝယ်မရှိ၍ အရှုံးပေါ်နေ၊ ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ယက်ကန်း လုပ်ငန်းများလည်း ရပ်နားထားရ", "ရန်ကုန်၊ ဇူလိုင် ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တောင်သူများ နွေစပါး ရိတ်သိမ်းပြီးချိန်တွင် အဝယ်မရှိ၍ အရှုံးပေါ်နေကာ ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ယက်ကန်း လုပ်ငန်းများလည်း ရပ်နားထားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "လက်ရှိချိန်တွင် ရွှေဘိုမြို့နယ်အတွင်း စပါးဈေးသည် ၁၄ သိန်း ဝန်ကျင် ဈေးပေါက်ပြီး ဈေးကွက်တွင် အဝယ်မရှိဘဲ စပါးတင် ၅၀၀ ရောင်းချမှ စက်ပိုင်များက တင်း ၂၀၀ လောက်သာ ဝယ်ယူနိုင်ကြောင်း၊ ထို့ကြောင့် တောင်သူများက စပါးသိုလှောင်သူများကို အောက်ဈေးများဖြင့် ရောင်းချနေရပြီး အရှုံးပေါ်နေကြောင်း သိရသည်။", "လယ် တစ်ဧက ကုန်ကျစရိတ်သည် ငွေကျပ် ၁၀ သိန်းမှ ၁၀ သိန်းကျော် အထက် ကုန်ကျပြီး လယ်တစ်ဧကလျှင် စပါး တင်း ၇၀ မှ ၈၀ သာ ထွက်သောကြောင့် စပါးပေါက်ဈေးနဲ့ပင် အရှုံးပြနေကြောင်း ဒေသပြည်သူများက ရှင်းပြသည်။", "“စပါးစျေးက ၁၄ သိန်း ပေါက်တယ်။ စပါးတင်း ၅၀၀ ရောင်းမှ ၂ဝဝ လောက်ပဲ ဝယ်တာ အဲ့ဒါတောင်မှ စက်ပိုင်တွေက အားလုံး မဝယ်နိုင်ဘူး။ လှောင်လက်တွေကို အောက်ဈေးနဲ့ ရောင်းရတာ လယ်တစ်ဧကရဲ့ ကုန်ကျ စရိတ်က ၁၀ သိန်းနဲ့ ၁၀ သိန်းအထက်မှာရှိတာ လယ်အလွန် ကောင်းမှ တစ်ဧကကို စပါးတင် ၇၀ ကနေ ၈၀ ထွက်တာ အဲဒီအောက်ထွက် တောင်သူတွေဆို ခွက်ခွက်လှန်အောင် ရှုံးပါတယ်။ တစ်ဧက ၈၀ ထွက်တောင်မှ ၁၄သိန်းစျေးနဲ့ဆို အရှုံးပြပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ရွှေဘိုမြို့နယ်တွင် ပြည်သူများ အားထား၍ လုပ်ကိုင်ကျသော ယက်ကန်းလုပ်ငန်းများသည်လည်း ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ရပ်နားထားရကြောင်း သိရသည်။", "လက်ရှိချိန်တွင် ရွှေဘိုမြို့နယ်အတွင်း တပိုက်တနိုင် ယက်ကန်း လုပ်ငန်းရှင်များ အားလုံးသည် လုပ်ငန်းများ ရပ်နားလိုက်ရပြီး ယက်ကန်းစင် ၁၀ စင်နှင့် အထက်ရှိသော လုပ်ငန်းများသာ အလုပ်သမား ထိန်းသည့်အနေဖြင့် လုပ်ငန်း ဆက်လက် လည်ပတ်နေရကြောင်း သိရှိရသည်။", "“ချည်စျေးနဲ့ ဆီစျေးက နေ့စဥ် လိုလို တက်နေတာ အထည်(လုံချည်) စျေးက မတက်ဘူး။ လုံချည်တစ်အုပ်ကွင်းရဲ့ ကုန်ကျစရိတ်က ၁၃၀၀၀ ကျတာ ကိုယ်တိုင်ခတ်မှ ခတ်ခ ၁၅၀၀ ပဲရတာ အမြတ်မရလို့ ယက်ကန်းလုပ်သားလဲ မငှားနိုင်ဘူး။ ဒီကြားထဲ စင်ပျက်စက်ပျက်ရင် အိတ်ထဲက စိုက်ရတာ ယက်ကန်းက လုပ်ရင်းနဲ့ အရှုံးပြနေလို့ ရပ်ထားရတယ်။ ရွှေဘိုနယ်က တပိုင်တနိုင် ယက်ကန်းလုပ်ငန်းရှင်တွေ လုပ်ငန်းရပ်နာထားကြပြီး ယက်ကန်းစင် ၁၀ စင်နဲ့အထက် ရုံကြီးတွေ လောက်ပဲ လုပ်ကြတယ်၊ အလုပ်ဖြစ်အမြတ်ကျန်လို့တော့ မဟုတ်ဘူး။ အလုပ်သမားထိန်းရုံလောက်လုပ်ကြတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/145088/
ရွှေဘိုမြို့နယ် မီးဘေးသင့်ကျေးရွာကို ကုန်စိမ်း ဟင်းသီးဟင်းရွက်များ သွားရောက်လှူဒါန်း
["ရွှေဘိုမြို့နယ် မီးဘေးသင့်ကျေးရွာကို ကုန်စိမ်း ဟင်းသီးဟင်းရွက်များ သွားရောက်လှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု‌‌ကြောင့် အိမ်ခြေ ၂၄၀ ခန့် ပြာကျပျက်စီးခဲ့ရသော မြို့လှကျေးရွာသို့ စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်က ကုန်စိမ်း ဟင်းသီးဟင်းရွက်များ လှူဒါန်းပေးခဲ့ကြသည်။"]
https://yktnews.com/2024/11/190495/
ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ
["ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရ၊ စားနပ်ရိက္ခာများ လိုအပ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ အကြမ်းဖက် စစ်တပ်သည် ရွှေဘိုမြို့ အနောက်ဘက်ရှိ အိုးဘိုရွာသို့ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်၍ ၂ ရက်ခန့် ယာယီဝင်ရောက် တပ်စွဲခဲ့ကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့တွင် ယင်း စစ်ကြောင်းသည် အိုးဘိုရွာမှ ထွက်လာပြီး ချီပါရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်များကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "“အကြမ်းဖက်စစ်ကြောင်းက ချီပါရွာက မထွက်သေးဘူး။ ချီပါရွာအပါအဝင် ရွာ ၁၀ ရွာက ပြည်သူ ၅၀၀၀ ဝန်းကျင် နီးစပ်ရာရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်နေကြရတယ်။ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်။ ကားလမ်းတွေက ပိတ်ကုန်ပြီး ပစ္စည်းတွေက ပြတ်လပ်နေပေမယ့် အတတ်နိုင်ဆုံးတော့ ချက်ပြုတ်ကျွေးနေတယ်။ သောက်သုံးရေ ၊ ရေအိမ်၊ ဆေးဝါး အခက်အခဲတွေ ရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် ချီပါရွာ (တောင် ၊ မြောက်) အပါအဝင် အိုးဘိုရွာ၊ ကင်းဗျာရွာ၊ အောင်ချမ်းသာရွာ၊ လုံးထောင်ရွာ၊ မဲတောရွာ၊ ကျည်ပွေ့ကုန်းရွာ၊ ငါးဇူကုန်းရွာ၊ ကုလားကျောင်းကုန်းရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ရွှေဘို၊ ဆိပ်ခွန်၊ မူးကမ်းကြီး၊ မုံရွာသွာ ကားလမ်းများတွင်လည်း ခရီးသွားကားများ ပိတ်မိနေပြီး ခရီးသွားပြည်သူများလည်း ကားလမ်းဘေးရှိ ရွာများတွင် စစ်ရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရသည်။"]
https://yktnews.com/2024/03/148883/
ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ညအချိန် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မတ်လ ၄ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့ အနောက်ဘက်ရှိ ကျွန်းတော (ကျွန်းခြံ) ကို ကင်းလှည့်ရန် ရောက်ရှိလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘိုမြို့ အ နောက်ဘက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် နေသောကြောင့် ကင်းဗျာရွာနှင့် အိုးဘိုရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“ကင်းဗျာရွာနဲ့ အိုးဘိုရွာက ပြည်သူတွေဟာ ညအချိန်မတော် ထွက်ပြေးနေရပါတယ်။ စစ်ကြောင်းတော့ မဟုက်ဘူး။ မြို့လုံခြုံရေးပတ်ကင်းလှည့်တာ မြို့အနောက်ဘက်က ကျွန်းတော(ကွန်းခြံ) ရောက်တိုင်း ရွာတွေဘက်ကို ပစ်တာ ၂ ညရှိပြီ ပြေးနေရတာ လက်နက်ကြီးပစ်တာက ရွာထဲတော့ကြတယ်။ လူထိခိုက်မှုတော့မရှိဘူး။ အိမ်တွေတော့ အစမှန်ထားတာတွေရှိတယ်။ အခုလည်းပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/04/155430/
ရွှေဘိုမြို့နယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၇ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၇ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၇ ဦးသေဆုံးခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ထန်းနှောင်းဝန်းနှင့် ဇီးကုန်းလေး ရွာတို့မှ ပျူစောထီးများက ကျေးရွာ လုံခြုံရေးဟုဆိုကာ ဇီးကုန်းလေးရွာနှင့် မင်္ဂလာရွာသစ် ကျေးရွာ ၂ ရွာကြားတွင် ကင်းလှည့်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ နှစ်ဖက် ထိ‌တွေ့မှု ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ထန်းနှောင်းဝန်းရွာမှ ပျူစောထီး ၆ ဦးနှင့် ဇီးကုန်းလေးရွာမှ ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပျူစောထီးများရှိရာနေရာကို တပ်ကူ အများအပြား ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များက Drone ဖြင့် ဗုံးသီး ၂ လုံးချ၍ ဟန့်တားခဲ့ပြီး ဒဏ်ရာရ ရဲဘော် ၂ ဦး အချိန်မီ ဆေးကုသနိုင်ရန်အတွက် ဆက်လက် မတိုက်ခိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။", "“အဲတိုက်ခိုက်မှုမှာ ကျွန်တော်တို့ မြေပြင် သတင်းအရ သိရတာကတော့ ထန်းနှောင်းဝန်းရွာက ပျူစောထီးတွေက ဇီးကုန်းလေးရွာကို အထိုင်ချတာပေါ့။ ထန်းနှောင်းဝန်းက ပျူစောထီး ၆ ကောင်နဲ့ ဇီးကုန်းလေးရွာက ပျူစောထီး ၁ ကောင်နဲ့ စုစုပေါင်း ၇ ကောင်ပေါ့။ ကျေးရွာက ပျူတွေပဲပါတဲ့ ကင်းပေါ့။ အခုတိုက်ခိုက်ခဲ့တာက တိုက်ခိုက်မှုဖြစ်ပြီးတော့ ဇီးကုန်းလေးရွာ၊ မင်္ဂလာရွာသစ်ရွာနဲ့ ထန်းနှောင်းဝန်းရွာက နောက်ချန် ပျူတွေ စစ်ခွေးတွေ ၂ ဖပ်ညှက်ပြီးတော့ အင်အားစုပေါင်း မိသွားတဲ့ အခါကျတော့ ကျွန်တော်တို့ဘက်က ရဲဘော် ၂ ဦးလည်း ဒဏ်ရာရထားတော့ ဒရုန်းနဲ့ စစ်ကူလာတဲ့ ကောင်တွေကို ဟန့်တားပြီး ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက် ငွေညှစ်နေမယ်ဆိုရင် ဆက်လက် တိုက်ခိုက်သွားမှာပါ” ဟု Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Daung Mann shwebo ၊ စွန်ရဲရွှေဘို ဒေသခံ ကာကွယ်ရေးအဖွဲ့ ၊ မဟူရာ ရွှေဘိုသား ၊ ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ HG FIGHTRs (LPDF) ၊ EYE For EYE ၊ Yaung NI (LPDF) ၊ SBFA shwebo Federal Army ၊ BO BA TAW (LPDF)၊ ရွှေဘိုသားပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်မဟာပြည်သူကာကွယ်ရေးအဖွဲ့၊ မြင်းဖြူရှင် အဖွဲ့ ၊ နဂါးနီ အဖွဲ့၊ ဖျံအဖွဲ့ ၊ ဂျိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုအားမာန်၊ သိခ်အားမာန် ၊ Flying Dragon Force နှင့် မဟာမိတ်ဖြစ်သော Drone Force Ayadow Rocket (LPDF) ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီဒေါင်း(ဒပယ)တန (၂) တပ် တို့က စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/112751/
ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Joker SBDF ပကဖအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၈ ရက်နေ့တွင် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ ကော့ရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းကို ဒေသတော်လှန်ရေး တပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“စစ်ခွေးတွေ ဘိုးတော်တောကျေးရွာဘက်ကို ဦးတည်နေတုန်း ရှော့ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်” ဟု Joker SBDF ပကဖအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာ တိုက်နယ် ၆ အတွင်းရှိ ပကဖ များနှင့် Joker SBD Fပကဖအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၈ ရက်နေ့တွင် ဘိုးတော်တောကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်စီးခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် သာယာအေးကျေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/127686/
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်တွင် ရွှေဘိုမြို့နယ်၊ မင်း‌ဘေးရွာနှင့် မြို့လှရွာ အကြား ဂျိုး‌‌မြေဇင်းရှိ ပျူစောထီးများ အထိုင်ချရာ နေရာကို တော်လှန်ရေး တပ်ဖွဲ့များက အဝေးထိန်း မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် ပန်းရံ ပျူစောထီး ကျေးရွာမှ ထွက်လာသော ပျူစောထီးများကို ဇီးဖြူကုန်း အနောက်ဘက် မြို့လှ ဘုန်းကြီး‌‌ကျောင်း အနီးတွင် ပဒေသာမိုင်း ၅ လုံး၊ တိုက်မိုင်း ၄ လုံး ဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "“မိုင်းဆွဲ တိုက်ခိုက်တာ ပျူစောထီး ၆ ကောင်သေပြီး ခွေး အလောင်းတွေကို သီးလုံးပျူစောထီးကျေးရွာထဲမှာ သဂြိုလ် သွားပါတယ်။ ၈ ကောင်ကတော့ ဒဏ်ရာရတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ ၊ GOLDEN EAGLE-ZBG ၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF ၊ နဂါးနီ အာဠာဝက – ရွှေဘို LPDF ၊ ဝမ်ကြီးအဖွဲ့ ၊ ဘခတ်အဖွဲ့ ၊ မင်းဂေါင်အဖွဲ့ ၊ သီးလေးသီအဖွဲ့ ၊ တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကြောင်း သိရသည်။"]
https://yktnews.com/2024/01/141593/
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်
["ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဆုငွေ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ G3 သေနတ် ၁ လတ်၊ Magazine ၄ ခု၊ ကျည် 150 ဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားကို ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132713/
ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေ့ကျင့်ရေး ၈ မှ ထွက်လာသည့် သံပြားကာကား ၃ စီးနှင့် ဒိုင်နာ ၁ စီးသည် ရွှေဘိုမြို့ တောင်ဘက်မုဒ်ဦးတွင် စစ်သား ၁၀၀ ခန့်ချထားခဲ့ပြီး ရွှေဘို-မန္တလေး လမ်းအတိုင်း မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှစ၍ ခြေလျင် စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။", "စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာ အနီးအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက အသင့်ထောင်ထားသော ရှေ့ထွက်မိုင်း ၂ လုံး ပွိုင့် ၁ ပွိုင့်၊ ပဒေသာမိုင်း ၅ လုံးပွိုင့် ၂ ပွိုင့် တို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော စစ်သား ၃ ဦး၏ အလောင်းကို နာရေးကားဖြင့် သယ်ယူသွားပြီး ရွှေဘိုမြို့၊ ဥသျှစ်ကန်သုသာန်၌ ချက်ခြင်း သဂြိုလ်ခဲ့ကြောင်း ဒဏ်ရာရ စစ်သားများကို လေ့ကျင့်ရေး ၈ အနီးရှိ ဆေးခန်းတွင် ဆေးကုသမှုပေးနေရကြောင်း စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့နယ်၊အုန္နဲဘုတ်ကျေးရွာ၌ တစ်ညတာ တပ်စွဲပြီး ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စိုင်နိုင်ကွေ့ရှိ စစ်တပ်စခန်းကို ဝင်ရောက်သွားကာ မွန်းလွဲပိုင်းက စတင်ပြီး စိုင်နိုင်ကွေ့တောင်ဘက်ရှိ ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဝက်လက်မြို့နယ်) မှ ဦးဆောင်၍ စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ရွှေတြိဂံ-ရွှေမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88500/
ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိမှုများပြား၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးဒဏ်ရာရ
["ရွှေဘိုမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိမှုများပြား၊ ရွှေဘိုမြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် စစ်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ပြားကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ရွှေဘိုမြို့နယ် မဲတောမှ ပလိုင်းကျေးရွာသို့ ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို မဲတော နှင့် ပလိုင်းအကြားတွင် ကြိုတင်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ဦးနှင့်အထက် ထိခိုက် ဒဏ်ရာရရှိနိုင်ကြောင်း၊ သေဆုံးမှုကို အတည်ပြု နိုင်ရေး စုံစမ်းနေဆဲဖြစ်ကြောင်း နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။", "အလားတူ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မဲတောမှ ရွှေဘိုသို့ စစ်ကြောင်း ပြန်ပေါင်းရန် ထွက်လာသော အင်အား ၇၀ ပါ စစ်ကြောင်းကို ထပ်မံ မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံး၍ အများအပြား ဒဏ်ရာပြင်းထန်ကြောင်း၊ စစ်ဆင်ရေးကို နတ်တောင်နဂါး ပျောက်ကျား တပ်ဖွဲ့ နှင့် မဟူရာမြင်းရိုင်း ၊ CDF SHWE BO ၊ ဇာမဏီ ရတနာသိင်္ခ ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ် များ ဖြင့်ပြန်လည် ပစ်ခတ်ပစ်ခတ်ခဲ့ပြီး PDF ရဲဘော် ၁ ဦးပျောက်ဆုံးနေကြောင်း သိရှိရသည်။", "ထို့အတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြဝတီဘဏ်စောင့် အကြမ်းဖက်စစ်သား၊ ရဲများကို မိုင်း ပစ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Who Am I တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည ၇ နာရီခန့်က ရွှေဘိုမြို့၊ လမ်းမတော်လမ်းမပေါ်ရှိ မြဝတီဘဏ်ရှေ့ တွင် ဘန်ကာဆောက်ပြီး ကင်းစောင့်နေသော အကြမ်းဖက်စစ်သား ၇ ဦးခန့်ကို K.R.L လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရပြီး လူနာတင်ကားဖြင့် သယ်ယူ သွားကြောင်း သိရသည်။", "“ဘဏ်တိုက်ခိုက်မှုမှာ ၃ ဦးလဲကျသွားတာ တွေ့တယ်လို့ ဘဏ်အနီးနားနေတဲ့ ပြည်သူတွေက မြင်လိုက် တယ်လို့ပြောတယ်၊ သေဆုံးမှုတော့မသိရသေးဘူး၊ လူနာတင်ရောက်တဲ့သတင်းကတော့ ရတယ်၊ ရဲစခန်းတိုက်ခိုက်မှုလဲ ခွေးသေမသေမသိရသေးဘူး၊ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုတော့ရှိတယ်၊ ရဲဘော် တွေအားလုံးဘေးအန္တရာယ်ကင်းခဲ့ပါတယ်” ဟု Who Am I တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြားသည်။", "အလားတူ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၆ နာရီခွဲခန့်ကလည်း ရွှေဘိုမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းရှိ မျှော်စင်ပေါ်ရှိ ကင်းစောင့်နေသော ရဲများကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Who am i-Army နှင့် Ranger Army တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135694/
ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံး၊ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ထမ်းစင်ဖြင့် ယူဆောင်သွား
["ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံး၊ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ထမ်းစင်ဖြင့် ယူဆောင်သွား", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း Black Dragon -နဂါးနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ ထွက်လာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စိုက်ပျိုးရေးနှင့် ကံသာကုန်းရွာ အကြား၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ခွေးများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော စစ်ကောင်စီ တပ်သား ၄ ဦးနှင့် ဒဏ်ရာရရှိသူများကို ထမ်းစဉ်များဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ပြန်လည် ထမ်းသွားပြီး ကားဖြင့် သယ်ယူကာ ညနေပိုင်းတွင် လိပ်ချင်းရွာ သင်္ချိုင်းကုန်း၌ အလောင်း ၄ လောင်း မီးရှို့သွား​ကြောင်း သိရှိရသည်။", "” မနေ့က ခြေလျင်လာတဲ့ စစ်ခွေးအုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ စိုက်ပျိုး ရေးသိပ္ပံမှာ အထိုင်ချထားတဲ့ စစ်ခွေးအုပ်စုနဲ့ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ က စစ်ခွေးအုပ်စုနဲ့ပေါင်းပြီး ထွက်လာတဲ့စစ်ကြောင်းပါ။ ဗိုလ် ၁ ကောင်နဲ့ရဲ ၃ ကောင် သေတယ်။ သေသွားတဲ့ ခွေးအလောင်းတွေကို မနေ့က ညနေပိုင်းမှာ လိပ်ချင်းရွာ သင်္ချိုင်းကုန်း မှာ မီးရှို့သွားပါတယ်” ဟု Black Dragon -နဂါးနက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Black Dragon နှင့်အတူ One Day Revolution force ၊ Dog Hunder၊မုန်တိုင်း မိုင်းအဖွဲ့၊ Fire dragon (KU)၊ရွှေဘိုခရိုင် တပ်ရင်း(၄)နှင့် နယ်မြေခံ ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88290/
ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးဟုဆို
["ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊အရှေ့လတ်၊ ရွှေဘို-ကျောက်မြောင်းလမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး နေရာတွင်ပင် လဲကျ ပွဲချင်းပြီး သေဆုံးကြောင်း Burma Rangers တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က ရွှေဘိုမြို့မှ ကားဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်သား ၇၀ ခန့်သည် ကြက်မွေးမြူရေးဇုန်တွင် ကားပေါ်မှ ဆင်းကာ ဇုန်၏ နောက်ကျောမှ တဆင့် တအုံကျေးရွာနှင့် အုံးပေါက်ကျေးရွာအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ပိုင်နေအိမ်များကို မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခဲ့ကြောင်း သိရသည်။", "“ရွာတော့မီးမရှို့ခဲ့ဘူး၊ ရွာထဲမှာ သေနတ်တွေ ရမ်းသမ်းပစ်လို့ ပြည်သူတစ်ဦး ရင်ဘတ်ကျည်ထိမှန်ဒဏ် ရာရတယ်၊ ညနေ ၄ နာရီလောက် စစ်ကြောင်းပြန်ဆုတ်လာတဲ့အချိန်မှာ ပါဆယ် မိုင်းတစ်လုံးတင်ပြီးဆွဲခဲ့ တာ၊ မိုင်းကွင်းထဲရောက်လာတဲ့ ခွေး ၆ ကောင် တခါတည်းပစ်လဲသွားတာ၊ ကျန်တဲ့မိုင်းမထိတဲ့ ခွေးတွေ က နှစ်ဆင့်ကွဲကျည်တွေနဲ့ ပြန်ပစ်လို့ ပြန်ဆုတ်ပြေးလာခဲ့ရတယ်”ဟု Burma Rangers တပ်ဖွဲ့မှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လူနာ တင်ယာဉ်တစ်စီး၊ ကျောက်တင်ကားတစ်စီးဖြင့် သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်မှ ရမ်း သမ်းပြန်လည်ပစ်ခတ်ခဲ့သော်လည်း Burma Rangers တပ်ဖွဲ့ဝင် ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/106418/
ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း MDF shwe Bo အဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၃၁ ရက်နေ့တွင် ရွှေဘိုမြို့နယ်အတွင်းရှိ BE အရက်ချက်စက်ရုံ၌ တပ်စွဲထားသော အင်အား ၆၀ ကျော်ပါ အကြမ်းဖက် စစ်သားများသည် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ရန် ခြေလျင်ထွက်ခွာလာစဥ် MDF Shwe Bo တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ဒေသကာကွယ်ရေး အဖွဲ့များက အသင့်စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲသည် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဝင် ၁၀ ဦး ထက် မနည်းသေဆုံးခဲ့ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တိုက်ပွဲသုံးကျည် ၂၅၀ ကျော်သုံးကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအပြီးတွင် စစ်သားများက ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။", "အလားတူ မေလ ၃၁ ရက်နေ့တွင် ရွှေဘိုမြို့၊ ပုသိမ်ကျောင်း (ဘုန်းကြီးကျောင်း) အတွင်း တပ်စွဲထားသည့် စစ်သားများကို ‌ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နောက်ယောင်ခံ ကင်းထောက်လိုက်စဥ် ‌ပုသိမ်ကျောင်းတောင်ဘက်တွင် စစ်ကောင်စီ၏ ကင်းပုန်းမှ စတင်ပစ်ခတ်သောကြောင့် အပြန်အလှည် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်မှုအတွင်း ကင်းပုန်း၀ပ်နေသည့် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများကို MDF shwebo၊ သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ဒေသ ပြည်သူကာကွယ်ရေးအဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း MDF shwe Bo မှ သတင်းပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။"]
https://yktnews.com/2024/07/170849/
ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို ရိတ်သိမ်းနေသော ပျူစောထီးများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီ မှ ည ၈ နာရီ ၂၀ မိနစ်ထိ ရွှေဘိုမြို့နယ် သီလုံးရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၇ နာရီ ၂၁ မိနစ် မှ ၇ နာရီ ၄၄ မိနစ် အထိ ထပ်မံ၍ ပျူစောထီးများကို ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ယင်းသို့ တိုက်ခိုက်ခြင်းသည် သီလုံးရွာမှ ပျူစောထီးများနှင့် ပန်းရံရွာမှ ပျူစောထီးများသည် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် ပြည်သူများ၏ လယ်ယာများကို မတရား အတင်းအဓမ္မ လိုက်လံ ရိတ်သိမ်းနေ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "“အသေအဆုံးကိုတော့ စုံစမ်းနေဆဲပါ။ ပျူရွာဖြစ်တာကြောင့် ပြည်သူများလည်း တိမ်းရှောင်ထွက်ပြေးနေရတာမို့ သတင်း​ယူ စုံစမ်းရန် အခက်ခဲလေးရှိတာကြောင့် အသေပျောက်ကို စုံစမ်းစီစစ်ဆဲမို့ အတိကျမသိရသေးပါ” ဟု shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို shwebo Crocodile ၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ မဟာမိတ်ဖြစ်သော M.S.N M.SAI NAW ပျောက်ကျားအဖွဲ့ ၊ Ayadaw Rocket (LPDF ၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီဒေါင်း (ဒပယ) ၊ ဗိုလ်လင်းရောင် (ဒပယ) ၊ ရွှေဘိုအားမာန် (UG) ၊ shwebo Federal Army ၊ Bo Ba Taw (LPDF) ၊ HG FIGHTRs(LPDF) ၊ ဒေါင်းစစ်သည် အဖွဲ့ ၊ ဂျိုကာပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ EYE FOR EYE ၊ ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စွန်ရဲရွှေဘို(LPDF) ၊Zay Yar Thawed ၊ Yaung NI ၊ flying Dragon Force ၊ Hinthar People Defence Force အဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/171742/
ရွှေဘိုမြို့နယ်တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်
["ရွှေဘိုမြို့နယ်တွင် ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ဇူလိုင် ၆", "ရွှေဘိုမြို့နယ်တွင် ” ၇ .၇.၆၂ မမေ့ကြနဲ့ ” စာသားကိုင်စွဲကာ စစ်ကျွန်မခံလိုသော ကျောင်းသားလူငယ်များနှင့် သပိတ်အင်အားစု ရဲဘော်များ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/06/170603/
ရွှေဘိုမြို့နယ်တွင် ပြည်သူများက ကံဆောင်သံဃာများကို ထောက်ခံသပိတ်ပြုလုပ်
["ရွှေဘိုမြို့နယ်တွင် ပြည်သူများက ကံဆောင်သံဃာများကို ထောက်ခံသပိတ်ပြုလုပ်", "ရန်ကုန် ၊ ဇွန် ၂၉", "ရွှေဘိုမြို့နယ်တွင် ပြည်သူများက “သံဃာတော်များ၏ ကံဆောင်သပိတ်ကို ထောက်ခံပါသည်”၊", "“ဘာသာ သာသနာဖျက်တဲ့ စကစ ရဟန်းရှင်လူတို့တိုက်ဖျက်ကြ” စာသားများဖြင့် ကံဆောင်သံဃာများကို ထောက်ခံသပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/115739/
ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှ ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦးသေဆုံး
["ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှ ထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်မှု ၉ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လစာထုတ်ရန် ရွာမှထွက်လာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ရာ ၉ ဦး သေဆုံးခဲ့​ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် အင်အား ၇၀ ဦးခန့်ရှိ ညောင်ကိုင်း၊ တည်သီးတော၊ ဆင်အင်း၊ ကူးတိုးဆိပ်၊ မြင်းစီး စသည့် ပျူစောထီး ကျေးရွာများမှ လစာထုတ်ရန် ထွက်လာသည့် ပျူစောထီးများကို မြို့လှ-ဂျိုးမြေဇင်း လမ်းပိုင်း တစ်နေရာတွင် ပဒေသာ ဆွဲမိုင်းဖြင့် ၁ ကြိမ်၊ တိုက်မိုင်းဖြင့် ၃ ကြိမ်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“ညောင်ကိုင်း၊ တည်သီးတော၊ ဆင်အင်း၊ ကူးတိုးဆိပ်၊မြင်းစီး အဲရွာတွေက ပျူတွေက ပျူလစာထုတ်ဖို့ ဇီးဖြူကုန်း၊ သလုံး၊ ပန်းရံ၊ လိပ်ချင်း ရွာက ပျူတွေကို လာခေါ် မြို့လှနဲ့ ဂျိုးမြေဇင်း လမ်းပိုင်း တစ်နေရာအရောက်မှာ ပဒေသာ ဆွဲမိုင်း ၁ ကြိမ်၊ တိုက်မိုင်း ၃ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ ပျူ‌ခွေ ၈ ဦး ပွဲချင်းပြီးသေတယ်။ မြင်းစီးရွာက ပျူခွေး ၄ကောင် အပြင်းထန် ဒဏ်ရာရရှိသွားတယ်။ ၃ ကောင်ကို ဇီးကုန်းကျေးရွာမှာ ဆေးကုသနေတယ်။ ငဇော်ဆိုတဲ့ ပျူခွေးကို မန္တလေးကို ဆေးကုသဖို့ အပို့ ဆေးရုံမှာ သေသွားတယ်” ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF ၊ GOLDEN EAGLE-ZBG LPDF၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ တောင်သူကြီးများအဖွဲ့-LDF၊ Bo Ba Taw – SHWEBO LPDF၊ မင်းဂေါင်အဖွဲ့၊ ကြီးလေးကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/86179/
ရွှေဘိုမြို့နယ်တွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိ ဆင်အင်းရွာကို စစ်တပ်က တပ်စွဲပြီး အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေအိမ် ၁၂၀၀ ကျော် ပြာပုံအတိဖြစ်သွား
["ရွှေဘိုမြို့နယ်တွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိ ဆင်အင်းရွာကို စစ်တပ်က တပ်စွဲပြီး အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေအိမ် ၁၂၀၀ ကျော် ပြာပုံအတိဖြစ်သွား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာတွင် တပ်စွဲထားသော စစ်တပ်က ကျေး ရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြိမ်ကြိမ် မီးရှို့ ဖျက်ဆီးသဖြင့် နေ အိမ် ၁၂၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။", "၂၀၂၂ခုနှစ် နိုဝင်ဘာမှ စတင်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထိ ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာ ရဲစခန်းတွင် တပ်စွဲထားသည် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြိမ်ကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၁၃၀၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။", "စစ်တပ် စစ်​ကြောင်းက လက်ရှိချိန်အထိ ကျေးရွာ ရဲစခန်းတွင် တပ်စွဲထားပြီး သောင်းနှင့်ချီသော ဒေသခံပြည်သူများလည်း တောတောင်များအတွင်း ၃ လ ကျော် ကြာ စစ်ဘေးတိမ်ရှောင်နေရကြောင်း၊ ဆင်အင်းရွာတွင် ပြည်သူပိုင် နေ အိမ် ၁၅၀၀ ကျော်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ပြီး စစ်သားများက မူး ယစ်ရမ်းကားပြီး ပြည်သူပိုင်နေအိမ် များကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“ဆင်အင်းရွာမှာ အိမ်ခြေပေါင်း ၁၅၀၀ ကျော်ရှိတဲ့ ရွာကြီးပါ။ တိုက်နယ်စံပြ ကျေးရွာကြီးမို့ ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းနဲ့ အတူ တိုက်နယ် ဆေးရုံ စာစစ်ဌာနရှိတဲ့ အထက်တန်းကျောင်း၊ ရဲစခန်း၊ စျေးတန်းနဲ့ အတူ စည်ကားတဲ့ရွာကြီးပါ။ အခုတော့ ဆိုးဝါးသောင်းကျန်းတဲ့ လူစိတ်မရှိတဲ့ စစ်ခွေးတွေကြောင့် PDF တွေကိုထောက်ပံ့တယ်လို့ စွပ်စွဲပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ကနေပြီး လက်ရှိအချိန်ထိ ရဲစခန်းမှာ တပ်စွဲပြီးတော့ ရွာကို ဖျက်ဆီးတယ်။ စစ်ခွေး၊ ရဲ နဲ့ပျူတွေက အကြိမ်ကြိမ် မီးရှို့လို့ နေအိမ် ၁၂၀၀ ကျော် မီးလောင်ပြာကျသွားပြီး ရွာထဲမှာရှိတဲ့ပြည်ပိုင် နေအိမ်တွေကိုလည်း စိတ်ကြိုက် မွှေနှောက် တန်ဖိုးကြီး ပစ္စည်းတွေကို ယူဆောင်သွားတယ်။ သောင်းနဲ့ချီတဲ့ ပြည်သူတွေလည်း တောတောင်တွေထဲမှာ ၃ လကျော်ကြာ စစ်ရှောင်နေတယ်။ ဒုက္ခတွေ ရောက်နေကြတယ်” ဟုဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "ဖေဖော်ဝါရီ ၂ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း ၁၁ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ရွှေဘိုမြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံရသည့် မြို့နယ်မဟုတ်သော်လည်း နေ့စဉ် စစ်တပ်က စစ်ကြောင်းထိုးကာ ရွာများကို မီးရှို့ ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/04/97289/
ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ
["ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Buffalo Soldiers Freedom Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၉ မိနစ်တွင် ရွှေဘိုမြို့နယ်၊ အမှတ် ၇ ချီပါစု ရပ်ကွက်တွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးဆွေ (ခေါ်) ဘိတ်သိတ် ကို Buffalo Soldiers Freedom Force (SBDF-2) မှ သေနတ်ဖြင့် ၃ ချက်ပစ်ခတ် တိုက်ခိုက် ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့​ကာ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။", "” အုပ်ကြီးကတော့ ပွဲချင်းပြီးသေတယ်။ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်း ရမိတယ်။ တော်လှန်ရေး အင်အားစုတွေကို စိန်ခေါ်ပြီး အကြမ်းဖက် လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေတဲ့ ပျူစောထီး ဒလန် အုပ်ချုပ်ရေးမှူး ဦးဆွေကို ရှင်းလင်းဖို့ တော်လှန်ရေး အဖွဲ့တိုင်းက အလိုရှိ နေတဲ့အချိန် ကျွန်တော်တို့အဖွဲ့က အလစ်အငိုက်ဝင်ရောက် ရှင်းလင်းခဲ့တာ” ဟု Buffalo Soldiers Freedom Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/146192/
ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြိုနယ်တွင် စစ်တပ် စစ်ကြောင်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်
["ရွှေဘိုမြို့နယ်နှင့် စဥ့်ကူးမြိုနယ်တွင် စစ်တပ် စစ်ကြောင်း၊ ပျူစောထီး ခေါင်းဆောင် နေအိမ်တို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီ ၁၄ ရက်နေ့ ည ၈ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာအတွင်းတွင် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၆၀ မမ ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်ရာ နေရာများအနီးကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထ်ိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုဗိုလ်မိကျောင်းနှင့် ဒေသ တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိတ်ကြားချက်အရ BGS Ayadaw Drone Force ဦးဆောင်၍ Ayadaw Rocket LPDF၊ Buffalo Soldiers ရဲဘော်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာရွာရှိ ပျူစောထီး ခေါင်းဆောင် အောင်မင်း၏ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာ Drone Force (မန္တလေး) အဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စဥ့်ကူးမြိုနယ်၊ ရွာသာရွာကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် အောင်မင်း၏နေအိမ်ကို မြနန္ဒာ Drone Force (မန္တလေး) နှင့် Urban Guerrill Force (MDY) တို့က Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကျားကြီးအဖွဲ့၊ ဦးရဲဝင်းအဖွဲ့၊ နယ်မြေခံ ပ.က.ဖ၊ ပြင်ဦးလွင်ခရိုင် ထုတ်လုပ်ရေး အဖွဲ့များက လက်နက်ကြီး ပစ်ကူများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြု နိုင်သေးကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/158434/
ရွှေဘိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ရွှေဘိုမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း၊ စစ်ကြောင်းနှင့် လက်နက်ခဲယမ်း ပို့ဆောင်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်ဘက်မှ ထိခိုက်ဒဏ်ရာရှိသူ များပြားကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၄၆ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်၍ အထိုင်ချ တပ်စွဲထားသော စစ်သား ၇၀ ခန့်ကို Wings Of ShweBo – Drone Force တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင် တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Wings Of Shwebo အဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း‌ ၄ နှင့် Buffalo Soldiers Freedom Force Drone တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဧပြီလ ၁၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်ကို မွန်းလွဲ ၁၂ နာရီ ၅၃ မိနစ်ခန့်တွင် Wings Of Shwebo တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက Fixed Wings Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ချီပါရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ည ၉ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့ မုဒ်ပေါက်တွင် အင်အားဖြည့်ရန် ရောက်ရှိလာသော စစ်ကား ၃ စီးကို Wings Of Shwebo- Drone Force တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက Fixed Wings Drone ၂ စီးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း Fixed Wings Drone ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ခိုက်မှုကို Wings Of Shwebo အဖွဲ့၊ တန်ခိုးရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Buffalo Soldiers Drone အဖွဲ့ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။", "ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ စစ်သား၊ ရဲနှင့် ပျူစောထီးများ တည်သီးတောပျူစောထီးရွာကို လက်နက်ခဲယမ်း သွားရောက် ပို့ဆောင်စဉ် ညောင်ကိုင်းပျူစောထီးရွာနှင့်တည်သီးတောပျူစောထီးရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၅ လုံးဖြင့် စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မြင်းစီး ပျူစောထီးရွာမှ ရဲ ၃ ဦးနှင့် ပျူစောထီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို တည်သီးတောပျူစောထီးရွာ စာသင်ကျောင်းအတွင်း သယ်ဆောင်သွားကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး-T.T.T-Shwe Bo ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဗိုလ်ကျားရိုင်း – ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ GOLDEN EAGLE-ZBGအဖွဲ့၊ မိုးကြိုးမုန်တိုင်းအဖွဲ့ -တောင်သူကြီး ပြည့်သူကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces Drone) အဖွဲ့နှင့် ရွှေခြံပြောက်ကျားတပ်ဖွဲ့၊ MGN 35 အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/158206/
ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ချီပါရွာမှ ပြည်သူ ၁၀ ဦးကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား
["ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား၊ ချီပါရွာမှ ပြည်သူ ၁၀ ဦးကျော်ကိုလည်း စစ်တပ်က ဖမ်းဆီးထား", "ကျေးရွာ ၆ ရွာကျော်မှ ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ ဧပြီ ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသပြည်သူများနှင့်Phoenix Defence Forceမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့က စတင်ကာ ရွှေဘိုမြို့အနောက်ဘက်ရှိ မင်းကုန်းဘုန်းကြီးကျောင်းရှေ့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာ၌ ၃ ရက်ကြာ တပ်စွဲထားပြီးနောက် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျည်ပွေ့ကုန်းရွာကို လက်နက်ကြီးကျည် ကျရောက်ကာ ဒေါ်ချိုတူး ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျွဲ ၃ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာက ပြည်သူ ၁၀ ဦးကျော်ကိုလည်း ရွာထဲ၌ ဖမ်းဆီးထားကြောင်း၊ လက်ရှိချိန်ထိ ချီပါရွာ အပါအဝင် ကျေးရွာ ၆ ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၃ ရက်ခန့်ကြာမြင့်လာပြီဖြစ်ကြောင့် စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "“ရွှေဘိုမြို့ အနောက်ဘက်က ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေတာ စစ်ခွေး စစ်ကြောင်းက ချီပါရွာကို ၃ ရက် ​ကြာ ဝင်ရောက်ပြီး တပ်စွဲထားတာ လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ ပြည်သူ ၁ ဦးသေဆုံးတယ်။ ၄ ဦး ဒဏ်ရာရတယ်။ ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးလမ်းကမပွင့်လို့ ကုန်စည် စီးဆင်းမှုတွေ ရပ်တန့်နေပြီ ပြတ်လပ်နေတယ်။ ကုန်တင်ကားတွေနဲ့ ခရီးသွားကားတွေ ပိတ်မိနေပါတယ်။ ရွှေဘိုအနောက်ဘက်က ရွာတွေမှာ ဓာတ်ဆီနဲ့ ဒီဇယ် ဝယ်ဖို့ခက်နေပြီး စားသောက်ကုန်တွေလည်း ပြတ်နေပြီး စစ်ရှောင်ပြည်သူတွေလည်း အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေပြီ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "အလားတူ ဝက်လက်မြို့နယ်ရှိ သစ်ဆိတ်ကြီးရွာနှင့် ကျည်ဘုံသာကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်းPhoenix Defence Forceမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့တွင် မတ္တရာမြို့နယ် ၊ ထုံးကြီးကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ဝက်လက်မြို့နယ်၊ သစ်ဆိတ်ကြီးကျေးရွာကို ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းနှင့်‌ ဆေးရုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ကျည်ဘုံသာကျေးရွာကိုလည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး လက်နက်ကြီးကျည် ထိမှန်ကာ နွား ၄ ကောင်လည်း ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/02/88554/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်တွင် တည်ပင်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။", "“ရွှေဘို အနောက်ခြမ်း ထူးကြီးရွာနဲ့ တည်ပင်ရွာကို စစ်ခွေးတွေက မီးရှို့နေပါတယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်ကပါ။ ပြည်သူတွေ ထိခိုက်မှု အတိအကျ မသိရသေးဘူး။ ရွှေဘိုအနောက်နယ်ကို စစ်ခွေးတွေက စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲ ဖြစ်ပွားတာတော့ မကြားမိဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "တည်ပင်ရွာနှင့် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/09/120993/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ် ၅၀ ကျော် ပြာကျ၊ ပြည်သူ ၂ သောင်း ကျော်ထွက်ပြေးနေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့မှုကြောင့် နေအိမ် ၅၀ ကျော် ပြာကျ၊ ပြည်သူ ၂ သောင်း ကျော်ထွက်ပြေးနေရ", "ရန်ကုန်၊ စက်တင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ခုကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ဝင်ရောက်မီးရှို့နေသဖြင့် နေအိမ် ၅၀ ကျော်ပြာကျခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ ၂ သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြား သည်။", "ယနေ့စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခန့်အချိန် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်မှ အကြမ်းဖက်စစ် သားများက ဂွေးကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ ပျူစောထီးများနှင့်ပူးပေါင်းပြီး ကံကြီးတော၊ တကန်သာ၊ ငပိအိုး၊ ရွာသစ်ကုန်း၊ သဲကျွန်းကျေးရွာနှင့် ဇောင်ဂျန်းကုန်းကျေးရွာတို့ဘက်သို့ လက်နက် ကြီးများ ဖြင့်ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သဲကျွန်းရွာမှ ပြည်သူ ၂ ဦး၊ ငပိအိုးကျေးရွာမှ ပြည်သူတစ်ဦး လက် နက်ကြီးစထိမှန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒီနေ့မနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးနဲ့ ကံကြီးတော၊ ငပိအိုး၊ ရွာသစ်ကုန်း၊ တကန်သာ၊ ဇောင်ညမ်းကုန်းရွာတွေဘက်ကို ရမ်းပစ်တာ၊ သဲကျွန်းပြည်သူ ၂ ဦး၊ ငပိုအိုးက ပြည်သူတစ်ဦး ထိမှန် တယ်၊ ကံကြီးတောရွာက ကောက်သမတွေအနီးကိုလည်း လက်နက်ကြီးတွေ ကျတယ်၊ စစ်ဘေး ရှောင် ပြည်သူ ၆ ထောင်ကျော်လောက်က စားနပ်ရိက္ခာတွေ ခက်ခဲနေတယ်၊ မိုးတွေလည်း ရွာထားတော့ ကလေးရော၊ လူကြီးတွေရော ဖျားနေကြတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၂ ရက်နေ့လည်း အင်အား ၅၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းက ရွှေဘို မြို့နယ်၊ မောင်းတက်ကျေးရွာဘက်မှတစ်ဆင့် ဂွေးပင်ကုန်းကျေးရွာသို့ ရောက်ရှိလာပြီး စက်တင်ဘာ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ တပ်စွဲခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနေထိုင်ရာ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ငပိအိုးကျေးရွာ ဟန်လင်းမြို့ဟောင်း ကျေးရွာဘက်သို့ ဦးတည်ထွက်ခွာနေခြင်းဖြစ်ကြောင်း သိရသည်။", "စစ်တပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် ရွာသစ်ကုန်းကျေးရွာမှ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ငပိအိုးကျေးရွာ၊ သဲကျွန်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကံကြီး တော ကျေးရွာ၊ ရွာသစ်ကုန်း၊ တကန်သာ၊ ဇောင်ညမ်းကုန်း၊ တောင့်တင်း၊ ဖွံ့လှိုင်း၊ ချောင်းဆုံ၊သစ်ချိုပင်၊ ယင်းမာကန်၊ ဘိုတဲ၊ ဘူတာ၊ မုဆိုးချုံ၊ ညောင်ကန်၊ ကျောက်မန်းကန်၊ ရွှေကူ၊ ညောင်ရင်းကုန်း စသည့် ကျေး ရွာများမှ ပြည်သူ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။"]
https://yktnews.com/2023/04/99964/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂၉", "ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာ ၅ ရွာက စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့မှ အစားအသောက်များ ကျွေးမွေး လှူဒါန်း ခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုများ ပြုလုပ်နေခြင်းကြောင့် ထမင်း၊ ဟင်း ဆက်လက် ကျွေးမွေး လှူဒါန်းနိုင်ရန် လိုအပ်လျက် ရှိကြောင်း၊ ပြည်သူများ အနေဖြင့် ဆက်လက် ပါဝင် လှူဒါန်းခြင်းဖြင့် စစ်ရှောင် ပြည်သူများအတွက် အာဟာရဒါန မျှဝေ ပေးပါရန် S&C အဖွဲ့မှ မေတ္တာ ရပ်ခံထားကြောင်း သိရသည်"]
https://yktnews.com/2023/09/120788/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ စက်တင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။", "သြဂုတ်လ ၂၀ ရက်နေ့တွင် ရွှေဘိုမြို့ထဲမှ ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဓားစာခံအဖြစ် ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်လာသည့် အကြမ်းဖက် စစ်တပ်က ချီပါရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသ ကာကွယ်ရေး စခန်းငယ်တစ်ခုကို စီးနင်းခဲ့ကြောင်း ၊ အဆိုပါ စစ်တပ် စစ်ကြောင်းသည် ချီပါရွာကို ဝင်ရောက်စဥ်၌ ကျေးရွာအတွင်းမှ ပြည်သူ ၁ ဦးကို အကြောင်းမဲ့ သေနတ်ဖြင့် ပေါင်ကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါရွာရှိ ပြည်သူပိုင် ပစ္စည်းများကို မွှေနှောက်ခိုးယူ ဖျက်ဆီးပြီးနောက် ချီပါကျေးရွာမှ ရွှေဘိုမြို့ထဲကို ပြန်လည်ဆုတ်ခွာချိန်တွင် ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်လာသူများထဲမှ ပြည်သူ ၃ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ၁ ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "အလားတူ ဩဂုတ်လ ၃၁ ရက်နေ့တွင် ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာမှ ရွှေဘိုမြို့နယ် ဘုံးဘွဲ့ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုံးဘွဲ့ကျေးရွာတွင် ညအိပ်ပြီး စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မန္တလေးလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကာ ရုပ်အလောင်းကို လမ်းဘေးတစ်နေရာ၌ ပစ်ထားခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုံးဘွဲ့ရွာအနောက်ဘက်တွင်လည်း ဘုံးဘွဲ့ရွာသား ၁ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ကာ နှောပင်ရွာကိုလည်း ပစ်ခတ် စီးနင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူနှင့် တော်လှန်ရေး ရဲဘော်များကို ခွဲခြားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ် သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ပစ္စည်းများကို ခိုးယူခြိမ်းခြောက်ရန်ရှာခြင်းတို့ ပြုလုပ်နေသည့်အတွက် စစ်တပ် စစ်ကြောင်းများနှင့် နီးကပ်သည့် ရွာများမှ ပြည်သူများအနေဖြင့် နယ်မြေရှိ ဒေသ တော်လှန်ရေးအဖွဲ့အစည်းများ သို့မဟုတ် မြို့နယ်တာဝန်ရှိသူများ၏ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ချက်သတင်းများ၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာပံ့ပိုးကူညီအားဖြည့်ပေးကြပါရန် ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။", "Photo Crd – ရွှေဘိုမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့"]
https://yktnews.com/2023/01/84128/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး မအူပင် အရှေ့ရွာမှ ကိုမြင့်သန်းနှင့် ဦးကံထူးတို့ ၂ ဦးကို စစ်တပ် သတ်ဖြတ် အလောင်းဖျောက်
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ပြီး မအူပင် အရှေ့ရွာမှ ကိုမြင့်သန်းနှင့် ဦးကံထူးတို့ ၂ ဦးကို စစ်တပ် သတ်ဖြတ် အလောင်းဖျောက်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်းရှိ မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ စိုင်းဒိုးကျေးရွာတို့ကို စစ်တပ်က ပြည်သူ ၂ ဦးကိုလည်း သတ်ဖြတ် မီးရှို့ အလောင်း ဖျောက်သွားကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မအူပင်အရှေ့ရွာ၊ မအူပင်အနောက်ရွာ၊ စိုင်းဒိုး ကျေးရွာ ကို မီးရှို့သည့်အပြင် မအူပင်အရှေ့ရွာမှ ကိုမြင့်သန်း ၊ ဦးကံထူး ဆိုသည့် ကျေးရွာသား ၂ ဦးကို သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ထား ခဲ့ကြောင်း သိရှိရသည်။", "“ရွှေဘိုကနေလာတဲ့စစ်ကြောင်းက မ‌အူပင်အရှေ့ရွာကို မီးရှို့တယ်။ ရွာသား၂ ဦးကိုလည်း သတ်ပြီး မီးလောင်တဲ့အိမ်ထဲ မီးရှို့ထားခဲ့ကြတယ်။ ကိုမြင့်သန်း အသက်၅၀ကျော်၊ ဦးကံထူးအသက်၆၀ကျော် မီးရှို့သတ်ထားခဲ့တယ်။ မအူပင် အနောက်ရွာကို ထပ်ပြီးမီးရှို့တယ်။ နောက်ပြီး စိုင်ဒိုးရွာကို ထပ်ပြီး မီးရှို့တယ်” ဟု ဒေသပြည်သူကာကွယ်ရေးတပ် ခေါင်းဆောင်ကိုရဲခေါင်ကပြောပါတယ်။", "စစ်တပ်၏ မီးရှို့မှု ခံရသည့် မအူပင်အရှေ့ရွာ၊ မအူအနောက်ရွာမှ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးသွားပြီး စိုင်ဒိုးရွာအတွင်းတွင်မူ မီးလောင်ဆုံးရှုံးသည့် အိမ်ခြေ အရေအတွက် ကို မသိရှိရသေးဟု သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက်မီးရှို့နေကြောင်း Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန် စိုင်းဒိုးကျေးရွာကို မီးရှို့ခဲ့သော စစ်အင်အား ၂၀၀ ပါ စစ်ကြောင်းက သရက်ပင်ဝန်းကျေးရွာကို ဝင်ရောက်လာကာ နေအိမ်များကို စတင်မီးရှို့နေကြောင်း၊ ဒေသခံရွာသူ၊ ရွာသားများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“မနေ့က မအူပင်၊ စိုင်ဒိုးရွာတွေကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့တဲ့ မြင်းစီးရွာက ပျူတွေနဲ့ စစ်ခွေး တွေ ဒီမနက် ၇ နာရီ ၄၅ မိနစ်ကစပြီး သရက်ပင်ဝန်းရွာကို မီးရှို့နေပြီ။ တိုက်ပွဲလည်းမရှိပါဘူး၊ မိုင်းဆွဲတာ လည်းမရှိဘူး၊ အဲလိုမတိုက် တော့ မီးမရှို့ဖူးဘဲ ထင်ထားတာ၊ အခုရွာကို မီးရှို့နေပြီ၊ ရွာကတော့ ကုန်ပါပြီ ဗျာ” ဟု Shwe Bo Local PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါကျေးရွာများကို ဝင်ရောက်မီးရှို့နေသော အကြမ်းဖက်စစ်သားများသည် ဒီဇင်ဘာလ ဆန်းပိုင်းမှ စ၍ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်အတွင်း ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သည့် မော်လိုက်အခြေစိုက် ခမရ ၃၆၄ တပ်နှင့် မှော်ဘီ အခြေ စိုက် ခလရ ၇၀၁ တပ်တို့ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115757/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်အေဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်းက စတင်ကာ ရွှေဘိုမြို့မှ လာသည့် အကြမ်းဖက် စစ်တပ်က ဆိပ်ခွန်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးပြီး ဆိပ်ခွန်နယ်မြေ ရဲစခန်း၌ တပ်စွဲပြီး အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် ဆိပ်ခွန်၊ ဘိုတည်းကုန်း၊ ကျောက်မြင့်၊ ဒင်တဲ စသသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ဆိပ်ခွန်ရွာ ရဲစခန်းမှနေ၍ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။", "” စစ်ခွေး စစ်ကြောင်းက ဆိပ်ခွန်နား တစ်ဝိုက်ထိုးနေတာ ၂၉ ရက်နေ့ ညပိုင်းတည်းက ပြည်သူတွေ ပြေးနေရတာ ပြည်သူတွေ အားလုံးတော့ ဘေးလွတ်ရာကို ရောက်နေပါပြီ လူဦးရေ ၃၀၀၀ ကျော်တယ်။ လက်နက်ကြီးနဲ့ဆိပ်ခွန်ကနေ ပတ်ထုနေတာ ဘေးရွာတွေကို” ဟု S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်အေဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/04/157908/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသောကြောင့် ချီပါတောင်ရွာ၊ ချီပါမြောက်ရွာ၊ ကင်ဗျားရွာ၊ အိုးဘိုရွာ၊ မင်းကုန်းနှင့် ကျည်ပွေ့ကုန်းရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင် နေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက် ၈ နာရီ ခန့်က ဖောကား ၂ စီးဖြင့် အင်အား ၄ဝ ခန့်ပါ စစ်ကြောင်းသည် ရွှေဘို အနောက်ခြမ်းရှိ ရွှေဒါးဘုန်ကြီးကျောင်း ရှေ့မှ စတင်၍ မင်းကုန်းရွာ တောင်ဘက် မူး(ဆည်မြောင်)ကို ဖြတ်ပြီး နိဗ္ဗာန်စိတ်ဦး ဘုရားကုန်းပေါ်မှ နေ၍ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး နောက်ချန် အင်အားကို စောင့်ဆိုင်းနေခဲ့ကြောင်း၊ နံနက် ၁၀ နာရီခန့်တွင် ၁၂ ဘီး ကားဖြင့် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းက ထပ်မံရောက်ရှိလာပြီး အင်းအာ ၁၀၀ ကျော်ခန့်ဖြင့် ချီပါရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ချီပါရွာ ရောက်နေတဲ့ အကြမ်းဖက် စစ်ခွေးတွေ ရမ်းသမ်းပစ်လို့ ချီပါရွာရဲ့ အနောက်ဘက်က ကျည်ပွေ့ကုန်ရွာပေါ် လက်နက်ကြီးတွေကျတာတွေရှိတယ်။ လက်နက်ကြီး ၄ လုံးပစ်တာ ၁ လုံးက ချည်ပေါင်ရွက်ခူးနေတဲ့ အသက် ၄၀ အရွယ် ဒေါ်ချိုတူး ကို ကျည်ထိမှန်တယ်လို့ သိရတယ်။ ဒဏ်ရာ စိုးရိမ်ရတယ် ဆေးကုကနေတုန်းပဲ ကျွဲခြံပေါ် ၁ လုံးကျတာလည်း ကျွဲ ၃ ကောင်သေပြီး ကျွဲအများအပြား ကျည်တွေထိမှန်ထားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ညနေ ၅ နာရီခန့်အထိ ချိပါရွာ၌ရှိနေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူများသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/12/137848/
ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးခြံမှ အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်အင်းရွာနှင့် ကူးတို့ဆိပ်ကျေးရွာများကို ရောက်ရှိလာပြီး အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မအူပင်ရွာ၊ ဆင်အင်းရွာနှင့် ကူးတို့ဆိပ် ကျေးရွာများ အနီးကို အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် လေကြောင်း တိုက်မှုပြုလုပ်ပြီး ညောင်ကိုင်းရွာမှ ပျူစောထီး ၃၀ ခန့်သည် ဆင်အင်းရွာနှင့် ကူးတို့ဆိပ်ရွာတို့ကို အင်အားဖြည့်ပြီးနောက် ကူးတို့ဆိပ်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့​ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံ စစ်​ကြောင်းထိုးလာ၍ ဒေသပြည်သူများ ဒီပဲယင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "” မြင်းစီးရွာ၊ ကူးတို့ဆိပ်ရွာနဲ့ ညောင်ကိုင်းရွာတွေမှာ ဘန်ကာတွေ အခိုင်အမာတည်ဆောက်ပြီး ပျူတွေက အထိုင်ချထားတာ အဲဒီရွာတွေကို ပျူတွေကြီးစိုးထားပြီး စစ်ကြောင်းက အဲဒီရွာတွေကို ဝင်ရောက်လာတဲ့အတွက် အနီးဝန်းကျင်ရွာတွေ တိမ်းရှောင်ကြရပါတယ်။ မအူပင်ကျေးရွာက ရွာလုံးကျွတ်တိမ်းရှောင်ရတယ်။ ဒီပဲယင်းမြို့နယ် မူးရိုးကုန်း/ချောင်းမီးတို မူးမြစ်ကမ်းဘေးက ကျေးရွာတွေက ပြည်သူအချို့လည်း ဝေဟင်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ကြရပါတယ်။ စစ်ခွေး အင်အား ၁၃၀ ခန့်လောက် ဆင်အင်းရွာနဲ့ ကူးတို့ဆိပ်ရွာတွေမှာ ရှိနေပါတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးကပြောဆိုသည်။", "Photo – ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/08/118532/
ရွှေဘိုမြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ရွှေဘိုမြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ သြဂုတ် ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဂွေးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၄ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မြောင်းမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဂွေးကုန်းရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခတ်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "” ရွှေဘို ဂွေးကုန်းရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ ငပိအိုး ရွာမှာလည်း စစ်ခွေးစစ်ကြောင်း တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ ကျေးရွာ ၄ ရွာက ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန်တွင် ငပိအိုးကျေးရွာ၊ ကံကြီးတောကျေးရွာ၊ ဂွေးကုန်းကျေးရွာနှင့် သဲကျွန်းကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့နေသော ကျေးရွာတစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/05/104136/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို Solar power station များ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို Solar power station များ လှူဒါန်း", "ရန်ကုန်၊ မေ ၂၄", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားကျောင်းသူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123652/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို စာသင်ခုံများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို စာသင်ခုံများ လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က စာသင်ခုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/104656/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို solar power station များလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို solar power station များလှူဒါန်း", "ရန်ကုန်၊ မေ ၂၇", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်း ၂ ကျောင်းကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က မေလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109170/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို စာသင်ခုံများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို စာသင်ခုံများ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၂", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် စာသင်ခုံများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/116228/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၃၀၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/110629/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Solar Power Station များ လှူဒါန်
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို Solar Power Station များ လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/97988/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၁၇", "ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၁၅၈ စု အတွက် S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ မှ ဆန်နှင့် ဆီများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98154/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၁၄၅ စုကို S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့မှ ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/112208/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ရေတွင်း ၂ တွင်း တူးဖော်လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ရေတွင်း ၂ တွင်း တူးဖော်လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ရေတွင်း ၂ တွင်း တူးဖော်လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98696/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုးပါဝင်သည့် လွယ်အိတ်များ ပေးအပ် လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုးပါဝင်သည့် လွယ်အိတ်များ ပေးအပ် လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့က အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်း ၂၂ မျိုးပါဝင်သည့် လွယ်အိတ်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115734/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျေးမွေးလှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၃၁", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။", "ကျန်ရှိနေသော စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် ထမင်းကျွေးရန် အရေးပေါ်ဆောင်ရွက်လျက်ရှိပြီး အလှူရှင်များ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးကြပါရန် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။"]
https://yktnews.com/2024/01/141049/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2023/03/93368/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေး လှူဒါန်း", "ရန်ကုန်၊ မတ် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ယနေ့ မတ်လ ၂၀ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115747/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၃၁", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/116263/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၃", "ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ ၁၃၀၀ ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ယနေ့ သြဂုတ်လ ၃ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149877/
ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်သက်ကြီးရွယ်အိုအဘိုးအဘွားများရှိသော အိမ်ထောင်စု ၅၀စာအတွက် လှူဒါန်းထောက်ပံ့မှုများပြုလုပ်ခဲ့
["ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်သက်ကြီးရွယ်အိုအဘိုးအဘွားများရှိသော အိမ်ထောင်စု ၅၀စာအတွက် လှူဒါန်းထောက်ပံ့မှုများပြုလုပ်ခဲ့", "ရန်ကုန်၊ မတ် ၁၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာရွာတွင် စစ်ဘေးရှောင် အသက်ကြီးရွယ်အို အဘိုးအဘွားများရှိ‌သော အိမ်ထောင်စု ၅၀ စာအတွက် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အလှူရှင်များကိုယ်စား ဆန်၊ ဆီ၊ ယမ်ယမ်ခေါက်ဆွဲခြောက်များကို လှူဒါန်းထောက်ပံ့မှု‌ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/191230/
ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြု
["ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြု", "ရန်ကုန်၊နိုဝင်ဘာ ၈", "ရွှေဘိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ဒီပဲယင်းမြို့နယ်ညီနောင်များက အလှူရှင် Together We Fight ကိုယ်စား ထမင်းနှင့် ဟင်း အာဟာရဒါန ကုသိုလ်ပြုခဲ့ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ စစ်ဘေးရှောင်နေကြရပြီး ပြည်သူများ စားနပ်ရိက္ခာလိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/02/87060/
ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး
["ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာများကို စစ်တပ်က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့ဖျက် ဆီး နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်‌မြင့်ကျေးရွာကို ပစ်ခတ်၍ ဝင်ရောက်လာသော စစ်ကြောင်းက ရွာလုံးကျွတ် မီးတင်ရှို့ကြောင်း၊ ယင်းနောက် တင့်တယ်ကျေးရွာသို့ ဝင်ရောက်လာပြီး မီးတင်ရှို့လျက်ရှိရာ ယနေ့ညပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ရွာလုံးကျွတ် ပြာကျနိုင်ခြေရှိကြောင်း ဒေသပြည်သူများက ပြောသည်။", "“ပြည်သူတွေအားလုံးကတော့ ထွက်ပြေးနေရတယ်။ တင့်တယ်ရွာက မီးခိုးလုံးတွေတက်နေတာ တစ်နေကုန်ပဲ။ တစ်ရွာလုံးကုန်ပြီ ထင်ပါတယ်။ သီးလုံးကျေးရွာမှာရှိတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေ ရှို့နေကြတာ။ အခြေအနေဆိုးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "လက်ရှိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသော ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း‌ ဒေသပြည်သူများက ဆိုကြသည်။"]
https://yktnews.com/2023/11/133193/
ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံး
["ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ၂၆", "ရွှေဘိုမြို့နယ်ရှိ တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ၃ ရွာရှိ စစ်တပ်နှင့်ပျူစောထီးတပ်များကို PDF များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာ ၂၅ ရက်‌နေ့ နံနက် ၆ နာရီခွဲအချိန် စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ စစ်ကောင်စီအထိုင်စခန်းချရာ ပျူစောထီးကျေးရွာ ၃ခုဖြစ်သော တည်သီးတော၊ ညောင်ကိုင်းနှင့် ဇီးဖြူကုန်း ရွာတို့ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ပျူစောထီးကျေးရွာ စစ်စခန်းတွေကို တော့ မနက် ၆နာရီခွဲကစပြီး တစ်ပြိုင်နက်တည်းတိုက်တာ။ စခန်းသိမ်းခါနီးကျမှ လေယာဉ် ၃ စီးနဲ့လာပစ်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်။ ခွေးတွေဘက်ကတော့ စခရော၊ပခရော ၂၀ လောက် သေမယ်။ ကျနော်တို့ ၅ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်။ ပျူရွာတွေကို တိုက်ခိုက်ရာမှာ စစ်ကာင်စီဘက်က ပုံမှန်လေယာဉ်နဲ့ပစ်ခတ်ရုံတင်မကဘဲ အခုအခါမှာ ကင်းထောက်ဒရုန်းတွေ ကိုပါ အသုံးပြုလာတာ တွေရှိလာတယ်” ဟု မြေပြင်တိုက်ခိုက်ရေး ခေါင်းဆောင်များက ဆိုသည်။", "စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း ၇ Zeroပြာက်ကြားတပ်ဖွဲ့၊ BNRAအဖွဲ့၏ ရတနာသိင်္ခစစ်ကြာင်း၊ ဝိမောက္ခစစ်ကြာင်း၊ မီတ္ထိလာဒရုန်းတပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းထိုး လှည့်လည်နေမှု မြင်ကွင်း။"]
https://yktnews.com/2025/02/205680/
ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် သီလုံးရွာနှင့် ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နှမစားရစ် ကျေးရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက သီးလုံး ပျူစောထီးရွာကို တန်ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း သီးလုံးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စုဝေးနေသော ဘန်ကာ ကာကင်းများကို တော်လှန်ရေး တပ်ဖွဲ့များက RPG ဖြင့် ပစ်ခတ်ပြီး အနီးကပ် ခြုံခို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“ဒီနေ့ နံနက်ပိုင်း သီလုံး နဲ့ ဇီးဖြူကုန်းက စစ်ခွေးတွေနဲ့ ပျူခွေးတွေက နှမစားရစ်ကျေးရွာကို ဝင်ရောက် ပစ်ခတ်ပြီး ပြည်သူ့ အိုးအိမ်တွေကို မီးရှို့ ဖျက်ဆီးနေချိန် ကျနော်တို့ တန်ပြန်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ အများပြည်သူ အတွက် ရွှေဘိုမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ အနေနဲ့ တရားဥပဒေ စိုးမိုးရေးတဖက် စစ်ရေးမှာလည်း ပြည်သူ့ကာကွယ်တပ်မတော်၏ အရံစစ်သည်ပီပီ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မိဘ ပြည်သူများ၏ ရှေ့မှာ မားမားမက်မက် ရပ်တည်ပြီး ဘုံရန်သူကို ချေမှုန်းသွားမယ်လို့ ပြောချင်ပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို shwebo Crocodile ၊ shwebo Federal Army ၊ ဒေါင်းစစ်သည်၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ပြည်သူများကို မတရား ဖိနှိပ် အနိုင်ကျင့်နေသော စစ်သားနှင့် ပျူစောထီးများကို ချေမှုန်းသွားမည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/09/185767/
ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ပျူစောထီး ကျေးရွာ ၄ ရွာကို ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။", "စက်တင်ဘာလ ၂၅ ရက်မှ စက်တင်ဘာလ ၂၇ရက်နေ့ အထိ ရွှေဘိုမြို့နယ်၊ ပြည်သူ့စစ်ကျေးရွာ များဖြစ်သည့် သီလုံး(ပသစ) ကျေးရွာ ထိုင်ကင်းကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် Drone ဗုံးသီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပန်းရံရွာရှိ ပြည်သူ့စစ်ဂိတ်စခန်းတွင် ခရီးသွား ပြည်သူများထံမှ ဆက်ကြေး ကောက်ခံနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဗုံးသီး ၃ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့တွင် မင်္ဂလာရွာ ပြည်သူ့စစ် ကင်းစခန်းကို ထပ်မံပြီး ဒရုန်း ဗုံးသီး ၂ လုံး နှင့် ဇီးကုန်းလေးရွာ ပြည်သူ့စစ် ဘန်ကာကို ဒရုန်း ဗုံးသီး ၁ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုများအတွင်း သီးလုံးပျူစေထီးရွာကို ရောက်ရှိနေသော ဇီးဖြူကုန်းရွာမှ ပျူစောထီး မောင်ကောင်း နှင့် မင်္ဂလာရွာ ပျစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပန်းရံပျူစောထီးရွာ၌ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ M . S . N ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (ဝလ) ၊ စွန်ရဲရွှေဘို ဒေသခံ ၊ ရွှေဘိုအားမာန် ၊ (LDF) ၊ BO BA Taw ၊ shwe bo FederalArmy ၊ Snake Eye ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုသားပြည်သူကာကွယ်ရေးအဖွဲ့ ၊ YAUNG NI ၊ HG FIGHTRS ၊ Zay Yar Thawed ၊ EYE FOR EYE ၊ Flying Dragon Force ၊ ကိုသူရိန် အဖွဲ့၊မဟာမိတ် ဖြစ်သေား ရွှေဘိုခရိုင် တပ်ရင်း (၄) ဗိုလ်လင်းရောင်(ဒပယ) ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/130414/
ရွှေဘိုမြို့နယ်ရှိ ပျူစောထီးစခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး၊ ပေါက်ခေါင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး
["ရွှေဘိုမြို့နယ်ရှိ ပျူစောထီးစခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး၊ ပေါက်ခေါင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သီးလုံးပျူစောထီးရွာနှင့် မြင်းချင်းပျူစောထီးရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီခွဲခန့်က ရွှေဘိုမြိုနယ်၊ သီးလုံးပျူရွာ နှင့် မြင်းချင်းပျူရွာတို့အား Drone ဖြင့် ၆၀ မမ ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာတွင် ပျူစောထီး ၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ် ရာ ရရှိခဲ့ကြောင်း သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူများကို ရွှေဘိုဆေးရုံသို သယ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ၊ LIGHTNING DRONE FROCE ( We are everywhere) ၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊နဂါးနီ အာဠာဝက – ရွှေဘို LPDFနှင့် တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော အကြမ်းဖက်စစ်သား၊ ရဲ ၊ပျူစောထီးနှင့် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာရွာတွင် နေထိုင် သော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူခေါင်းဆောင် ကျေးလက်စိုက်ပျိုးရေး ချေးငွေဘဏ် ကျေးရွာအုပ်စု ဥက္ကဌ တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရသည်။", "ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ပေါက်ခေါင်းမြိုနယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာရွာတွင် နေထိုင်သော ပျူခေါင်းဆောင် ဝင်းနိုင်ကို ၎င်း၏ နေအိမ်ခြံဝန်းအတွင်း ဝင် ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရ သည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ) နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူခေါင်းဆောင် ဝင်းနိုင်သည် လှည်းကူးကျေးရွာအုပ်စုအတွင်း ကျေးလက်စိုက်ပျိုးရေးချေးငွေဘဏ် ဥက္ကဌဟု ဆိုကာ ကျေးရွာအုပ်စုအတွင်းမှ လယ်သမားများကို စိုက် ပျိုး ရေးချေးငွေများ အတင်းအကြပ်ဖိအားပေး ဆပ်ခိုင်းခြင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းကို လိုက်လံထောက်လှမ်းပြီး စစ်ကောင်စီထံသတင်းပေးပိုခြင်း၊ ၎င်းကိုယ်တိုင် ပျူသင်တန်းဆင်းကာ ခေါင်း ဆောင်လုပ်၍ စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ကျူးလွန်ဆောင်ရွက်နေသဖြင့် ပစ်ခတ်ရှင်လင်း ခဲ့ ခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။", "ပျူစောထီး ခေါင်းဆောင်ဝင်းနိုင်၏ တပည့်များ ပျူစာထီး စာရင်းများကိုလည်း ရရှိထားပြီး ၎င်းတို့အနေဖြင့် အချိန်မှီ ပြည်သူလူထုထံ အမြန်ဆုံးအလင်းဝင်ကြရန် နှင့်အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/95355/
ရွှေဘိုမြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်
["ရွှေဘိုမြို့နယ်ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်", "ရန်ကုန်၊ ဧပြီ ၂", "ရွှေဘိုမြို့နယ် အတွင်းရှိ S&C အဖွဲ့မှ ထောက်ပံ့ထားသည့် ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]