url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/04/95950/
ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဉ် တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ
["ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဉ် တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ", "ရန်ကုန်၊ ဧပြီ ၅", "ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့်ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် နေအိမ်အလုံး ၁၀၀ ကျော်ထိခိုက်ပျက်စီးပြီး မီးလောင်လျက်ရှိကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဧပြီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က စတင်ပြီးမန့်ဝိန်း ကြီးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်မ ၈၈ ၊လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈ နှင့် ထပ်မံဖြည့်တင်းထားသော အကြမ်းဖက်စစ်ကြောင်းမှ ၈၂ မမ လက် နက်ကြီးများဖြင့် စီသာကျေးရွာအတွင်း ပစ်ခတ်နေကြောင်း၊ အလားတူ တိုက်လေယာဉ် ၂ စီးဖြင့် ဖြင့်လည်း ဗုံးကျဲတိုက် ခိုက်နေကြောင်း သိရသည်။", "“မန့်ဝိန်းကြီးမှာတပ်စွဲထားတဲ့ စစ်ခွေးတွေက ရွာထဲကို ပစ်နေတာ၊ ၈၂ မမ ဆိုတော့ လမ်းဆုံလောက်က ပစ်တာဖြစ်နိုင်တယ်၊ မန့်ဝိန်းကြီးရွာနဲ့ စီသာရွာဆိုတာက ၅ ဖာလုံလောက်ပဲဝေးတာ၊ တိုက်လေယာဉ် ၂ စီးကလည်း တစ်ခါကျဲရင် ၆ လုံး ၇ လုံးအနည်းဆုံး ကျဲတယ်၊ ၃ ကြိမ်ရှိပြီ၊ အိမ်တွေမီးလောင်နေတယ်၊ ၃ ပုံ ၂ ပုံလောက်တော့ ထိခိုက်ပျက်စီးသွားပြီ၊ မီးကလည်းလောင်နေတယ်၊ လေလဲတိုက်နေတယ်၊ လက်နက်ကြီးတွေနဲ့ပစ်၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲနေတော့ ဝင်ငြိမ်းလို့လဲ မရဘူး၊ စီသာရွာနဲ့ကပ်လျက် မန်နားရွာလဲ ထိထားတယ်၊သူကလမ်းလေး ပဲခြားတာဆိုတော့” ဟု ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေ ကြောင်းမှ ဗုံးကျဲနေမှုကြောင့် နေအိမ် ၁၅၀ ခန့်ရှိသော စီသာကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အနီးအနား ဝန်းကျင်ရှိ မန်းနားကျေးရွာမှ နေအိမ် တချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း၊ လက်ရှိချိန်တွင် ရွာသူရွာသားများမှာ ထွက်ပြေးနေရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအ နေဖြင့်လည်း အကြမ်းဖက်စစ်တပ်ကို ခုခံနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။", "“အခုချိန်တော့ လူထိခိုက်သေဆုံးမှု မကြားသေးဘူး၊ ရွာထဲမှာ PDF တွေရှိတယ်ထင်ပြီး တမင်သက်သက် လက်နက်ကြီးနဲ့ထု ဗုံးကျဲနေတာပါ၊ သူတို့က ရွာတစ်ရွာကို ဝင်တော့မယ်ဆိုရင် အခုလိုပဲ လက်နက်ကြီးနဲ့ ထု၊တိုက်လေယာဉ်နဲ့ ဗုံးကျဲနေကျ၊ အခုထက်ပိုမို ခုခံနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ရွှေကူ PDF မှ တာဝန်ရှိ သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/96050/
ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဥ်တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီး
["ရွှေကူမြို့နယ်၊ စီသာရွာကို စစ်တပ်က လက်နက်ကြီး၊ တိုက်လေယာဥ်တို့ဖြင့် ပစ်ခတ် ဗုံးကျဲမှုကြောင့် တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပျက်စီး", "ရန်ကုန်၊ ဧပြီ ၆", "ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသာကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ လက် နက်ကြီး ဖြင့်တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ရွှေကူ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်ကစတင်ကာ အကြမ်းဖက် စစ်တပ်က စီသာရွာကို တိုက်လေယာဉ် နှစ်စီးဖြင့် ၃ ကြိမ်ဗုံးကျဲပြီး ၈၂ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စီသာကျေးရွာတိုက်နယ်ဆေးရုံ၊ စာသင်ကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“ဆေရုံလူနာဆောင်တွေကတော့ ၈၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားပြီ၊ ဝန်ထမ်းအိမ်ယာလောက်ပဲ ကျန် တယ်၊ စာသင်ကျောင်းက အုတ်တံတိုင်းတွေ၊ မှန်တွေထိခိုက်ပျက်စီးတယ်၊ မီးလောင်သွားတာ အိမ်ခြေ ၂၀ ကျော်နဲ့ ဗုံးထိပျက်စီးတာက မန်နားက ၂ အိမ်နဲ့ စီသာရွာကအိမ်တွေထိတယ်၊ အများဆုံးကတော့ စီသာရွာထဲအိမ်တွေပဲ၊ လူတွေကတော့ တိုက်ပွဲဖြစ်တာနဲ့အိမ်တွေပစ်ပြီး ရှောင်နေလိုက်လို့ မထိဘူး” ဟု ရွှေကူ PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်မ ၈၈ ၊ လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈ နှင့် ထပ်မံဖြည့် တင်းထားသော အကြမ်းဖက်စစ်သားများသည် ယခုချိန်အထိ မိန့်ဝိန်းကြီးကျေးရွာ၌ တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများလုပ်ဆောင်နေသဖြင့် အိမ်ခြေ ၁၅၀ ခန့်ရှိသော စီသာကျေးရွာနှင့် အိမ်ခြေ ၃၀၀ ခန့်ရှိသော မန်နားကျေးရွာအပါအဝင် အနီးအနားကျေးရွာ နေပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/10/127001/
ရွှေကူအခြေစိုက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိ
["ရွှေကူအခြေစိုက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၆၀၂ နှင့် ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA တပ်ရင်း ၁၂ က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကာ ထွက်ပြေးသူ အများအပြားရှိကြောင်း သိရသည်။", "“ရွှေကူ ဒေသမှာရှိ စစ်ခွေးတွေရဲ့ ခမရ ၆၀၂ တပ်ရင်း နဲ့ ခလရ ၅၆ တပ်ရင်း စခန်း ၂ ခုလုံးကို KIA က သိမ်းထားတယ်။ လက်နက်အများ အပြားသိမ်းဆည်းရရှိတယ်။ စစ်ခွေးအသေများတယ်။ အရေအတွက် မသိရသေးဘူး။ တချို့ စစ်ခွေးတွေ ခွေး‌ပြေးဝက်ပြေးဘဝဖြစ်ကြတယ်” ဟု KIA သတင်းရင်းမြစ်များက ပြောဆိုသည်။"]
https://yktnews.com/2023/04/96236/
ရွှေက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင် ၈၀၀၀ ကျော် အထိ ရှိလာ
["ရွှေက္ကိုလ် တိုက်ပွဲကြောင့် ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည့် မြန်မာ စစ်ဘေးရှောင် ၈၀၀၀ ကျော် အထိ ရှိလာ", "ရန်ကုန်| ဧပြီ ၇", "ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ထိုင်းနိုင်ငံထဲသို့ ယခုရက်ပိုင်းအတွင်း သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ဦးရေမှာ ၈ ထောင်ကျော်လာ ပြီဖြစ်ကြောင်း သိရှိရသည်။", "ဧပြီလ ၅ ရက်နေ့ မြ၀တီမြို့အနီးတွင် ရှိသည့် ရွှေကုက္ကိုလ်-ထီးကော်ထောရွာ တွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ကင်းစခန်း (၂) ခုကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် KNLAနှင့် ပြည်သူ့ကာကွယ်ရေး မဟာ မိတ် ပူးပေါင်း အဖွဲ့က တိုက်ခိုက်ခဲ့မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။", "တိုက်ပွဲစဖြစ်နေချိန်မှစ၍ ဒေသခံ ၅၀၀၀ ကျော်က ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းအထိ စစ်ရှောင်ဦးရေ ၈ ထောင်ကျော်နေပြီး ဖြစ်ကြောင်း မဲဆောက်နေ မြန်မာစစ်ဘေးရှောင် အရေး ကူညီပေးနေသူ တစ် ဦးက ပြောသည်။", "“မြ၀တီဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်တွေကတော့ နေ့တိုင်း နီးပါး ဒီဖက် ထိုင်းဖက်ကို စစ်ရှောင်လာတာ အများကြီးပဲ အရမ်းများလာနေပြီ ဖြစ် တယ်။ ၈၀၀၀ ကျော်လာပြီးဖြစ်တယ်”ဟု ပြောသည်။", "လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်လာနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များ ကို ထိုင်းအာဏာပိုင်များကလည်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ကူညီပေးထားကြောင်း ၊စစ်ရှောင် ၈ ထောင်ကျော် တိုးလာနေကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အာဏာပိုင်းများ၏ ထုတ်ပြန်ချက် အရ သိရသည်။", "“နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေဟာ မဲရမဒ်ခရိုင်နဲ့ မဲဆောက်အတွင်းရှိ ယာယီ ဘေးကင်းရာတွေမှာ နေထိုင်ခွင့် ပြုထားတယ်။ လူပေါင်း ၈၀၀၀ ကျော်ပြီး ဖြစ်တယ်။ ကလေးငယ်တွေ အပါအဝင် သက်ကြီး ရွယ်အိုတွေလည်း အများအပြား ပါဝင်နေတယ်။ ကျွန်တော်တို့ ထိုင်း အစိုးရက ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့တွေနဲ့ စေတနာ့ ဝန်ထမ်း ချိတ်ဆက်ပြီး ပြုစု စောင့်ရှောက် ပေးနေတယ်”ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့က တာဝန်ရှိသူ တစ်ဦးက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။", "ထိုကြောင့် ယခု လက်တလော ထိုင်းဖက်ကို ရောက်ရှိနေသည့် မြန်မာစစ်ဘေး ရှောင် ဒုက္ခသည်များ၏ စားနပ်ရိက္ခာနှင့် နေထိုင်စရာ ယာယီအမိုးအကာများကို တက်နိုင်သည့်ဖက်က ပါဝင် ကူညီထောက်ပံ့ပေးနိုင်ကြောင်း စစ်ဘေးရှောင် အရေး ကူညီပေးနေသူများထံမှ သိရသည်။"]
https://yktnews.com/2024/11/191319/
ရွှေက္ကိုလ် အပါအဝင် မြ၀တီရှိ အွန်လိုင်းငွေလိမ်လည်ဇုန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက် တိုးချဲ့နေပြီး တရုတ်များနှင့် နိုင်ငံခြားသားများ အဆက် မပြတ် ဝင်ရောက်နေ၊ စစ်ကောင်စီလက်အောက်ခံ BGF များ အလွန်စီးပွားဖြစ်နေ
["ရွှေက္ကိုလ် အပါအဝင် မြ၀တီရှိ အွန်လိုင်းငွေလိမ်လည်ဇုန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက် တိုးချဲ့နေပြီး တရုတ်များနှင့် နိုင်ငံခြားသားများ အဆက် မပြတ် ဝင်ရောက်နေ၊စစ်ကောင်စီလက်အောက်ခံ BGF များ အလွန်စီးပွားဖြစ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ကရင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံသားများ ဦးဆောင်သော အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများ အခြေစိုက် ရွှေက္ကိုလ်အပါအဝင် အွန်လိုင်းငွေလိမ်လည် ဇုန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အကြီးအကျယ် ဆက်လက်တိုးချဲ့နေပြီး တရုတ်နိုင်ငံသား အပါအဝင် နိုင်ငံခြားသားများ အဆက် မပြတ် ဝင်ရောက် နေဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။", "မြ၀တီမြို့နယ်အတွင်းတွင် BGF နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ထိန်းချုပ်ထားသော ဝမ်ခ၊ သဲပုံကျေးရွာ၊ မြ၀တီမြို့တောင်ဘက် မယ်ထော်ကလေး၊ မေတ္တာလင်းမြိုင်စသည့် ကျေးရွာများမှ ပြည်သူများကို ရွှေက္ကိုလ်အပါအဝင် အွန်လိုင်းငွေလိမ်လည်ဇုန်များရှိ အကြီး အ ကျယ် တိုးချဲ့နေသော ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အလုပ်သမားများ အဖြစ် ခေါ်ယူ အလုပ်ပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသားများ အပါအဝင် အွန်လိုင်းငွေလိမ်လည်ဇုန်များသို့ လာရောက်နေကြသည့် နိုင်ငံခြားသားများမှာလည်း ဝင်လာမစဲ တဖွဲဖွဲ ဖြစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "ထိုင်း-မြန်မာ နယ်စပ်တလျှောက် မှာ တရုတ်တွေကတော့ ဝင်လာမဆဲ တဖွဲဖွဲပဲ။ တရုတ် တွေ ကို ၁၀ လပိုင်းကုန်မှာ နှင်ထုတ်တဲ့ စာတွေက BGF ကထုတ်ထားတာရှိတယ်။ အဲဒါတွေက ဟန်ဆောင်ပါပဲ။ တစ်နေ့ တစ်နေ့ လာလိုက်တာတွေ နည်းတာမဟုတ်ဘူး။ BGF နဲ့ တရုတ်ဂိုဏ်းတွေ နှင်ထုတ်နေတာက လုပ်ငန်းခွင်မှာ အသုံးမကျတဲ့သူမျိုး သောက်စား မူးယစ် ဘယ်လိုမှ နေဖို့အဆင်မပြေတဲ့ တရုတ်တွေလောက်သာပြန်ပို့ပြီး တရုတ်အပါဝင် လူပေါင်းစုံက ထပ်လာနေဆဲပါ” ဟု BGFနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။", "ယခုနှစ် မေလအတွင်း BGF က ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အဆိုပါ ကြေညာချက်မှာ အတုအယောင်သာဖြစ်ပြီးယခုအခါ တရုတ်နှင့်နိုင်ငံခြားသား အရေအတွက် ပိုမိုများပြားစွာပင် ဝင်ရောက်လာကြောင်း သိရှိရသည်။", "ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ဇုန်များတွင် လတ်တလော လူ ၃၀၀ မှ ၅၀၀ ဆန့် အဆောက်အအုံကြီးများ မြောက်မြားစွာ တိုးချဲ့တည်ဆောက်နေပြီး အဓိက လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများကို ထိုင်းဘက်မှ ပမာဏတန်ပေါင်းများစွာ တင်သွင်းနေကြောင်း ၊ ရွှေက္ကိုလ်ကဲ့သို့ ကျားဖြန့် ဇုန်များတွင် တရုတ်စာဖြင့် စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ တရုတ်ဆေးခန်း၊ ဆေးရုံ၊ ကုန်တိုက်နှင့်စတိုးများစွာ တိုးပွားလာကြောင်း၊ အနီးအနားပတ်ဝန်း ကျင်ကျေးရွာများမှ ပြည်သူများမှာလည်း အလုပ်အကိုင်များစွာ ရရှိသဖြင့် အစားအသောက်ပို့သည့် လုပ်ငန်းမှာလည်း အလွန်အလုပ်ဖြစ်နေကြောင်း သိရှိရသည်။", "” လူ ၃၀၀ ကနေ လူ ၅၀၀ ဆန့်တဲ့ အဆောက်အအုံတွေ ထပ်ဆောက်ကြတယ်။ အဓိက ကျားဖြန့်အတွက် လုပ်ကိုင်ဖို့ နယ်စပ် တလျှောက် အဆောက်ဦးတွေ ထပ်တိုးဆောက်နေတယ်။ စားသောက်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင်၊ တရုတ် ဆေးရုံ ဆေးခန်းတွေ ပိုများလာပြီး တရုတ်စာ တွေနဲ့ နေရာတိုင်းတွေ့နေရတယ်။ ပုံမှန်ပြည်သူတွေ နေတဲ့ ရပ်ကွက်တွေထဲလူပေါင်းစုံရောက်လာတယ်။ အလုပ်သမားတွေ နေထိုင်ဖို့ အဆောင် လိုင်းခန်း ဆောက် သလောက် လူ အပြည့်ပဲ ငှါးမလောက်ဘူး။ ကျားဖြန့်မှာလုပ်တဲ့ လူတွေအတွက် စားသောက်ဖို့အတွက် ရပ်ကွက်ထဲက အိမ်တွေမှာ အစားသောက် ချက်ပြီး သီးသန့်အော်ဒါ ပို့ ဖို့ စားဖိုဆောင် လုပ်ကြတာ။ လူ ၃၀၀၊ လူ ၅၀၀ စသဖြင့် စားဖို ချက်တဲ့ အလုပ်လုပ်သူတွေ ရပ်ကွက်တိုင်း ပဲ။ အနံ့ အသက်တွေ အညစ်ကြေးတွေ ရေမြောင်းအပြည့်။ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာသုံးတဲ့ ပစ္စည်း မှန်သမျှ တရုတ်ပစ္စည်းတွေကို သုံးကြတယ်။ ထိုင်း ဘက်ကနေ တရုတ်ပစ္စည်းတွေကို ကွန်တိန်နာ အလုံးလိုက် သယ်လာကြတာ။ နယ်စပ်က BGF ဂိတ်တွေကနေ တွဲကားတွေကို ဇက် ပေါ်တင်ပြီး ဖြတ်ကြ။ စားသောက်ကုန်မျိုးစုံ အသုံးဆောင်ပစ်စည်းမျိုးစုံအားလုံးပဲ တရုတ်ပစ္စည်းတွေ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင်နိုင်ငံခြားသားများကို ရွှေက္ကိုလ်၊ မယ်ထော်သလေး အပါအဝင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်ဇုန်များဆီသို့ ထိုင်းနယ်စပ်မှတစ်ဆင့် သွား ရောက် ကြိုဆိုပြီး ပို့ဆောင်ပေးသည့် လုပ်ငန်းမှာလည်း ကြီးထွားနေပြီး BGF ကအ ဓိက လုပ်ကိုင်ကြောင်း၊ နိုင်ငံခြားသား ၁ ဦးလျှင် ဘတ်ငွေ ၃ သောင်းဖြင့် ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။", "အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုထားသည်။", "မြ၀တီမြို့နယ်တွင် အွန်လိုင်းကျားဖြန့်များ အခြေစိုက်သည့် ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းများစွာကို BGF က ဦးဆောင်၍ တရုတ်စီးပွား ရေးသမားများ၊ပြည်ပ ဒုစရိုက်ဂိုဏ်းများနှင့်အတူ တွဲဖက်အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။", "မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသော ကရင် BGF အဖွဲ့က ကရင်ပြည်နယ်ထဲမှ မြ၀တီမြို့ အပါအဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားကြောင်း၊ BGF ပါဝင်ပတ်သက်နေသော တရားမဝင် ကာစီနိုလောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုကွန်ရက်များကြောင့် ကမ္ဘာတဝှမ်းမှ လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ ၄င်းတို့သည် ရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံရခြင်း ရှိနေသည့်အပြင် အမြတ်ထုတ်ခံရသည့် အလုပ်သမားများနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းများအား လည်ပတ်နေကြောင်း သိရှိရသည်။", "ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း US Institute for International Peace (USIP)မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Jason Tower က OCCRP သို့ မေလအတွင်း ပြောဆိုသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က ဧပြီလ ၂၂ ရက်နေ့တွင် အစီရင်ခံဖော်ပြခဲ့သည်။", "KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့က တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။", "ကရင်ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ် အများစုသည် စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေပြီး ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားကောင်းသောBGF/KNA ကို KNU နှင့် စစ်တပ်ကပါ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိကြောင်း USIP က ဆိုသည်။"]
https://yktnews.com/2023/04/95934/
ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာ စစ်ဘေးရှောင် ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် ရေ အထူးလိုအပ်နေ
["ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မြန်မာ စစ်ဘေးရှောင် ၂၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် ရေ အထူးလိုအပ်နေ", "ရန်ကုန်၊ ဧပြီ ၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ဘေးရှောင် ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင် လာကြောင်း ထိုင်းသတင်းရင်းမြစ်များနှင့် စစ်ဘေးရှောင်ပြည်သူတချို့ထံမှ သိရှိရသည်။", "ဧပြီလ ၅ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်မှစတင်ပြီး မြ၀တီမြို့နယ်၊ ရွှေ က္ကိုလ် ဒေသရှိ စစ်တပ်လက် အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော် ထောကျေးရွာများအနီးတွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်များ နှင့် စစ်တပ်၊ BGF တပ်များ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ BGF စခန်း ၂ ခုကို တော်လှန်ရေး အဖွဲ့များက သိမ်းပိုက် လိုက်ကြောင်း သိရှိရသည်။", "တိုက်ပွဲ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ရွှေက္ကိုလ်ဒေသရှိ ကျေးရွာများမှ ပြည်သူ များ အားလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်လာကြပြီး ထိုင်း စစ်တပ်နှင့် အာဏာပိုင်များက ကူညီပေးနေကြောင်း၊ နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း၊ ယာယီ ရွက်ဖျင်တဲများ စီစဉ်ပေးနေကြောင်း သိရှိရသည်။", "“အခု လူတွေက ကွဲထွက်သွားတယ်။ Ban Huai Bong Moo 8 မှာ လူ ၄၀၀ ၊ Ban Wang Pha မှာ လူ ၁၅၀၀ ကျော် နှစ်နေရာ စစ်ဘေးရှောင်တွေ ရှိနေ တယ်။ ထိုင်းစစ်တပ်ဘက်က ကူညီပေးတာတွေ ရှိနေတယ်။ လိုအပ် ချက်က တော့ အရမ်းပူတော့ ရေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတချို့လိုနေတယ်” ဟု ထိုင်း ဘက် ခြမ်းတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။", "ထိုင်းအာဏာပိုင်များဘက်ကလည်း မြန်မာစစ်ဘေးရှောင်များအတွက် လိုအပ် သော ရေနှင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ လှူဒါန်း ကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/162592/
ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများနှင့် လောင်း ကစားလုပ်ငန်းများ ပုံမှန် လည်ပတ်နေသည့်အပြင် အလုပ်သမား အသစ်များ အရှိန်အဟုန်ဖြင့် ခေါ်ယူနေ
["ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများနှင့် လောင်း ကစားလုပ်ငန်းများ ပုံမှန် လည်ပတ်နေသည့်အပြင် အလုပ်သမား အသစ်များ အရှိန်အဟုန်ဖြင့် ခေါ်ယူနေ", "ရန်ကုန်၊ မေ ၁၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများနှင့် လောင်းကစားလုပ်ငန်းများ ပုံမှန် လည်ပတ်နေသည့်အပြင် အလုပ်သမား အသစ်များ အရှိန်အဟုန်ဖြင့် ခေါ်ယူနေကြောင်း ရွှေက္ကိုလ်မြို့သစ်တွင် အလုပ်လုပ်ကိုင်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထိုင်းနိုင်ငံက မိုဘိုင်းလ်အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်း၊ ဖိုက်ဘာအင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းများ လုပ်ဆောင်သော် လည်း ရွှေက္ကိုလ်မြို့သစ်အတွင်းတွင် အင်တာနက်များ လုံး၀ ပြတ်တောက်ခြင်းမရှိကြောင်း၊ BGF က ရွှေက္ကိုလ်အပါအဝင် မြ၀တီမြို့နယ်တစ် ၀ိုက်တွင် အွန်လိုင်း လုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံခြားသားများအားလုံး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားကြရန် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း တရုတ်အများစု ရွှေက္ကိုလ်မြို့သစ်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း၊ တရုတ်နှင့် ထိုင်း အလုပ်သ မားတချို့ နေရပ်ပြန်မှုရှိသော်လည်း ထွက်ခွာသွားကြသည့် ပမာဏမှာ အနည်းငယ်မျှသာရှိကြောင်း၊ ရွှေက္ကိုလ်မြို့သစ်အတွင်း လုပ်ငန်းများမှာ ပုံမှန် လည်ပတ်နေသည့်အပြင် အရှိန်အဟုန်ဖြင့် ကြီးထွားနေကြောင်း ရွှေက္ကိုလ်မြို့သစ်အတွင်းတွင် ရောက်ရှိနေသူ CDM တစ်ဦးက ပြောဆိုသည်။", "“ရွှေက္ကိုလ်နဲ့ မြဝတီမြို့နယ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေဟာ ပုံမှန်အတိုင်းဆက်လက်လုပ်ကိုင်နေကြတဲ့အပြင် နေ့စဥ်နှင့်အမျှ လူတွေ ခေါ်ယူနေပါတယ်။ ကျားဖြန့်ကုမ္ပဏီတွေရဲ့ HRအများစုဟာ Telegram မှာ Groupတစ်ခုဖွဲ့ထားပြီး အလုပ်ခေါ်စာတွေ စဥ်ဆက်မပြတ် ခေါ်နေတယ်။ အဓိက ရွှေက္ကိုလ်ထဲမှာ နိုင်ငံခြားသားတွေ ဆက်ရှိနေတုန်းပဲ။ တရုတ်တွေလည်း ပုံမှန်ပဲ သွားကြ၊ လာကြ စားကြသောက်ကြပဲ။ အင်တာနက် လိုင်းတွေလည်း ထိုင်းက ဖြတ်တယ်ဆိုတဲ့ သတင်းတွေ တက်ပေမယ့် ဒီမှာတော့ အင်တာနက် ပြတ်သွားတာလည်းမရှိဘူး။ အားလုံးပုံမှန်ပဲ။ လူတွေတောင် တိုးခေါ်နေတယ်” ဟု ရွှေက္ကိုလ်မြို့တွင်းရောက်ရှိနေသူတစ်ဦးက ရှင်းပြသည်။", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒေသတစ်ဝိုက်တွင် Online လုပ်ငန်းဆောင် ရွက်နေသော နိုင်ငံခြားသား အားလုံး အောက် တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က မေလဆန်းပိုင်းတွင် ကြေညာခဲ့ကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ Online လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး မေလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် ၎င်းတို့ လာရာ လမ်းအတိုင်း သတ်မှတ်ရက် အတွင်း ထွက်ခွာပေးရမည် ဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း BGF က ကြေညာခဲ့သည်။", "“အထဲမှာ အလုပ်လုပ်နေတဲ့ တရုတ် အပါအဝင် နိုင်ငံခြားသားတွေဆီက ဒီလအတွက်တောင် ထိုင်းဘတ်၂ သောင်းနီးပါးကောက်နေလို့ တချို့ပေးပြီးသွားပြီ။ ကျားဖြန့်လုပ်ငန်းတွေလည်း ဆက်လက် လည်ပတ်နေတုန်းပါပဲ။ နှင်ထုတ်တယ်ဆိုတာ ဟန်ပြ ကြေညာချက်လို့ပဲ ပြောရမယ်။ အခု အဝင်အထွက်တွေကိုလည်း BGF ကပဲ ထိန်းချုပ်ပြီး အဝင်ပဲ များနေပါတယ်” ဟု ရွှေက္ကိုလ်အတွင်းသို့ ထိုင်းမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသူ မြ၀တီမြို့မှ နယ်ခံကုန်သည် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။ လုံခြုံရေး စိုးရိမ်ရသည့်အတွက် နာမည်ထုတ်ဖော်ရေးသားခြင်းမပြုရန် အဆိုပါ နယ်ခံကုန်သည်သတင်းရင်းမြစ်က မေတ္တာရပ်ခံခဲ့သည်။", "ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးကလည်း မြ၀တီမြို့သိမ်းတိုက်ပွဲတွင် BGF က အကျိုးအမြတ်ထုတ်သွားသကဲ့သို့ပင် ဖိအားများလာ၍ ကျားဖြန့် နှိမ်နင်းသယောင် ဟန်ပြ ကြေညာချက်ထုတ်မှု အဖြစ် သုံးသပ်ပြောဆိုသည်။", "“စကားပုံတောင်ရှိပါတယ်။ မြန်မာ့နိုင်ငံရေးမှာ သခင်စိုးစကားလေ နာမည်ကြီးတယ်။ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျေက်ရေး ဆိုတာမျိုးလိုပဲ ယုံရ ခက်ကြီးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လူမြင်ကောင်းအောင် ဖော်ရှိုးလုပ်တာ။ ဒါမျိုးတွေက အရှေ့မှာလည်း တရုတ်တွေကို ပြန်ပို့ပါပြီဆိုပြီး သူတို့ လုပ်ပြတာပဲ။ တကယ်တမ်း ကျားဖြန့်တွေက ရွှေက္ကိုလ်ထဲမှာ အပြည့်ပါပဲ” ဟု ထိုင်း-မြန်မာနယ်စပ်တွင် ထောက်ပို့လုပ်ငန်းများ အဓိက လုပ်ဆောင်နေသူ နာမည်ကျော်တစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။", "အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုခြင်း စသည်ဖြင့် အသေးစိတ်အစီရင်ခံစာ ထုတ်ပြန်လာသည့် အတွက် BGF က ဟန်ပြ အရေးယူဆောင်ရွက်သည့်ပုံစံ လုပ်လာခြင်း သုံးသပ်မှုများလည်းရှိသည်။", "“ပြည်သူတွေမှာ မြ၀တီကိစ္စနဲ့တင် BGF ဆိုတာ ဘာလဲသိသွားကြပါပြီ။ အခု BGF လုပ်မယ့် ကျားဖြန့် နှိမ်နင်းရေးဆိုတာလည်း ဘာမှ ယုံကြည်စရာမရှိတော့ဘူးဆိုတာ သိနေကြတာပဲ။ မြ၀တီကိစ္စမှာတင် အတော်မှတ်သွားပါပြီ” ဟု မဲဆောက်တွင်ရောက်ရှိခိုလှုံနေသော လူငယ်သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောဆိုခဲ့သည်။", "ရွှေက္ကိုလ်မြို့သစ်ကို စစ်ကောင်စီလက်အောက်ခံ စောချစ်သူ ခေါင်းဆောင်သည့် BGF အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်ပြီး BGF က ရွှေက္ကိုလ်လောင်းကစားမြို့အတွင်း အလုပ်လုပ်နေသူအားလုံးကို ယခုနှစ်ဖေဖော်ဝါရီလတွင် တစ်ဦးလျှင် ထိုင်းဘတ် ၈၉၉၁ ဘတ်၊ မတ်လတွင် တစ်ဦးလျှင် ထိုင်းဘတ် ၁၉၈၈၈ ဘတ် ပေးဆောင်ရန် ကောက်ခံခဲ့ကြောင်း၊ လက်ရှိတွင်လည်း လစဉ်ကြေးများ ဆက်လက် ကောက်ခံနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/92102/
ရွှေကျင်တွင် ခမရ ၅၉၈ မှ တပ်ကြပ်ကြီး ဦးငပေါက် ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်နှင်ကျည်များ သိမ်းဆည်းရမိ၊ ကန့်ဘလူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ရွှေကျင်တွင် ခမရ ၅၉၈ မှ တပ်ကြပ်ကြီး ဦးငပေါက် ပစ်ခတ်ခံရပြီး သေဆုံးကာ လက်နက်နှင်ကျည်များ သိမ်းဆည်းရမိ၊ ကန့်ဘလူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၁၃", "ပဲခူးတိုင်း ရွှေကျင်မြို့ ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ်တွင် အခွန် ကောက်နေသည့် ခမရ ၅၉၈ မှ တပ်ကြပ်ကြီး ဦးငပေါက်ကို နယ်ခံများ၏ သတင်းပေးပို့မှုဖြင့် သွားရောက်ရှင်းလင်းခဲ့ကြောင်း Soul Takers- Yangon Underground Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။", "“မနေ့က ရှင်းတာပါ။ တစ်ချက်ပဲ ပစ်ရပါတယ်ခင်ဗျာ။ အဲဒီနယ်တစ်ဝိုက်မှာတော့ သူ ကောက်နေတာ(လှေဆိပ်အကောက်ခွန်) အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးတယ်။ နယ်ခံတွေ သတင်းပေးတာပါ။ သူ့ဘက်က ခုခံချိန် မရလိုက်တာမျိုး ခင်ဗျာ။ အလစ်ဝင်တိုက်လိုက်တာ မြို့ပေါ်မစ်ရှင်ဆိုတော့ ” ဟု Soul Takers Yangon Underground Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ တပ်ကြပ်ကြီး ဆိုသူ ဦးငပေါက်ကို ရှင်းလင်းပြီးနောက် စစ်ကောင်စီထုတ် MP 3 ပြောင်းရှည်တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၅၄ ထောင့်တို့အား သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် တော်လှန်ရေးရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ကန့်ဘလူမြို့နယ်တွင် ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်အောင်၊ ပျူစောထိးအုန်းကြိုင်နှင့် ထွန်းညွန့်တို့ကို သေနတ်သမားများက ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရပ်ကွက်အုပ်ချုပ်ရေးဇော်အောင်၏ နေအိမ်ရှိ SGG 2H/2525 VAN အဖြူရောင် မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို လည်း သေနတ်သမားများက သိမ်းဆည်းသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94841/
ရွှေကျင်တွင် ရပ်/ကျေး ကြံ့ဖွတ်ဥက္ကဋ္ဌ နှင့် မလှိုင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
["ရွှေကျင်တွင် ရပ်/ကျေး ကြံ့ဖွတ်ဥက္ကဋ္ဌ နှင့် မလှိုင်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၉", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ဝင်းကံကျေးရွာ၏ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ စိုင်းလွင်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ၂၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ဝင်းကံကျေးရွာတွင် နေထိုင်သော ရပ်/ကျေး ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ စိုင်းလွင်ဦးကို အမည်မသိသူတချို့က လာရောက်ပစ်ခတ်သွားရာမှ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "“ရပ်/ကျေး ကြံ့ခိုင်ရေး ဥက္ကဋ္ဌ စိုင်း လွင်ဦး သေနတ်နဲ့ ၂ ချက် အပစ်ခံရတယ်။ ပွဲချင်းပြီး သေဆုံးပါတယ်။ အခုတော့ အလောင်းကို ရွှေကျင်ဆေးရုံပို့ ရင်ခွဲစစ်ဆေးပြီး နာရေးလုပ်ဖို့ ပြင်နေကြပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ မတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မန္တလေး တိုင်း၊ မလှိင်မြို၊ အမှတ် ၃ ရပ်ကွက်၊ နယ်မြေ ၁၂ မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ဇော်လတ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်ဇော်လတ်က လက်ဖက်ရည်ဆိုင် ထိုင်ရန် ဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်လာစဉ် သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်နှင့်ရဲက ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“ဇော်ဇော်လတ်က ရာအိမ်မှူးရာထူးပေမယ့် တကယ် သူလုပ်နေတာက အုပ်ချုပ်ရေးမှူး တာဝန်တွေ။ အုပ်ချုပ်ရေးမှူးက ရှေ့မထွက်ဘူး။ သူပဲ အကုန်လုပ်နေတာပါ။ သေနတ်ပစ်ခံရပြီးတော့ ဆုံးတာကတော့ ပွဲချင်းပြီး ဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။"]
https://yktnews.com/2025/01/201300/
ရွှေကျင်နှင့် ကျောက်တံခါးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
["ရွှေကျင်နှင့် ကျောက်တံခါးရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာနှင့် ကျောက်တံခါးမြို့နယ် နတ်တလင်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၈ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်၊ အနန်းပေါ် အုပ်စုရှိ ကွင်းချောင်းဝရွာနှင့် နတ်သံကွင်းရွာ တို့တွင်အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ နတ်တလင်း ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ယင်း ပစ်ခတ်မှု အတွင်း နတ်တလင်း ကျေးရွာအတွင်းရှိ ဦးငသိုင်း၏ နေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်း၏ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မအိအိစိုး နှင့် အဖွားဖြစ်သူ ဒေါ်ပွေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာများကြောင့် ဒေါ်ပွေးသည် ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "” ၂၇ ရက်နေ့ ည ၈ နာရီက ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်းဝရွာနဲ့ နတ်သံကွင်းကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ခွေးတွေက ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်လို့ နတ်တလင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဦးငသိုင်း နေအိမ်ထိခိုက်ပျက်စီးတယ်။ ဦးငသိုင်းရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မအိအိစိုးလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရတယ်။ အဖွားဖြစ်သူ ဒေါ်ပွေးကတော့ လက်နက်ကြီး ထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားပြီ” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံက ပြောဆိုသည်။", "အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ လေယာဉ်ဖြင့် ၃ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီး အလုံး ၂၀ နှင့် ဒရုန်းဖြင့် ၆ ကြိမ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။", "“ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာကိုလည်း စစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ်၊ ၁၂၀ လက်နက်ကြီး အလုံး ၂၀ နဲ့ ပစ်ခတ် ဗုံးကျဲလို့ ဘုန်းကြီးကျောင်း ၂ ကျောင်းပျက်စီးခဲ့တယ်။ နောက်ပြီး ဒရုန်းနဲ့လည်း ၆ ကြိမ် ဗုံးကျဲလို့ ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံက ထပ်မံ ပြောဆိုသည်။", "အကြမ်းဖက် စစ်သည် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် သတိပြု သွားလာနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေး နှိုးဆော်ထားသည်။", "ဓာတ်ပုံ – ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပျက်စီးသွားသော ဘုန်းကြီးကျောင်းတစ်ကျောင်း (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/03/93836/
ရွှေကျင်နှင့် ညောင်လေးပင် မြို့နယ်အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၁ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား
["ရွှေကျင်နှင့် ညောင်လေးပင် မြို့နယ်အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၁ လုံးပြာကျပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား", "ရန်ကုန်၊ မတ် ၂၃", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၁ လုံးပြာကျခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာရှိ ပြည်သူပိုင် နေအိမ် ၁၇ လုံးနှင့် ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာရှိ ပြည်သူပိုင် နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။", "စစ်တပ် စစ်ကြောင်းသည် ညောင်ပင်ကြီးကျေးရွာနေ လင်မယား ၂ ဦးဖြစ်သည့် မယုဝါနှင်း နှင့် ကိုစိုးလွင်ဦး တို့ကို ဖမ်းဆီး ရိုက်နှက်စဥ် မယုဝါနှင်းသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုစိုးလွင်ဦးသည် ဆေးရုံတင်ထားရကြောင်းသိရှိရသည်။", "” စစ်ခွေးတွေက မနေ့ညက ပုဇွန်မြောင်းရွာနဲ့ ညောင်ပင်ကြီးရွာကို မီးရှို့သွားတာ နေအိမ် ၂၁ လုံးပြာကျသွားတယ်။ စစ်ခွေးတွေက အခုထိ ရွာတွေထဲမှာ ပတ်နေတုန်းပဲ ရွာနားကပ်လို့ မရသေးဘူး။ နောက်ပြီး ညောင်ပင်ကြီးရွာက လင်မယား ၂ ဦးကို စစ်ခွေးတွေက ဖမ်းဆီး ရိုက်နှက်တာ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေသွားတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ပုဇွန်မြောင်းရွာမှ နေအိမ် ၁ လုံးအား တွေ့ရစဥ်"]
https://yktnews.com/2023/12/134178/
ရွှေကျင်နှင့် ဝေါမြို့နယ်တို့တွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး
["ရွှေကျင်နှင့် ဝေါမြို့နယ်တို့တွင် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင်၊ တပ်ရင်းအမှတ် ၃၇၀၁ – Giant Dragon Column က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်း အနီး တိုက်ပွဲ ဖြစ် ပွားပြီး စစ်တပ် ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၂ မိနစ်တွင် ခမရ ၅၉၈ တပ်ရင်း အနီး ထပ်မံ တိုက်ပွဲ ဖြစ်ပွားကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီး ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်း၌ နံနက် ၇ နာရီခန့်တွင် တစ်ကြိမ် ၊ နံနက် ၉ နာရီ ၅ မိနစ် တွင် တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဝေါမြို့နယ်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် သူရဲသမိန် တပ်စခန်း၌ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံးကာ တိုက်ပွဲအတွင်း UZI သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၂ ၊ KNLA / PDF ၃၇၀၂ တပ်ခွဲ ၄ ၊ ၃၇၀၁၊ ပကဖ မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ပြီး ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/05/214165/
ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ခုတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိ
["ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ခုတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက်၃ လုံးနှင့်ခဲယမ်းများ ရရှိ", "ရန်ကုန်၊ မေ ၁၁", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သားအလောင်း ၃၀ တွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၈၃ လုံးနှင့် ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "မေလ ၈ ရက်နေ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊အဆိုပါတိုက်ပွဲတွင် စစ်သားရုပ်အလောင်း ၃၀ ဦး တွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦး နှင့် မိသားစုဝင် ၇ ဦးဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် အရာရှိများနှင့် တပ်သား ၅၀ ဦးခန့် စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။", "လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် ပွိုင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၈၃ လက် ၊ဂျန်မာစက် ၃ လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်ဆင်ရေးတွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်း အမှတ် ၁ စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် ၂ စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ ၂၇ မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ် ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloud wings ဒရုန်း အထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၀ မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း​ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ကရင်အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ ၃ မှ တပ်ရင်း ၇ နှင့် ဒရုန်းအဖွဲ့များ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114939/
ရွှေကျင်မြို့နယ်တွင် ခမရ-၅၈၉ တပ်ရင်းက ကျေးရွာချင်းဆက် လမ်းများကို ပိတ်ဆို့ကာ ဂိတ်စခန်းဖွင့်ပြီး ဆက်ကြေးကောက်နေ
["ရွှေကျင်မြို့နယ်တွင် ခမရ-၅၈၉ တပ်ရင်းက ကျေးရွာချင်းဆက် လမ်းများကို ပိတ်ဆို့ကာ ဂိတ်စခန်းဖွင့်ပြီး ဆက်ကြေးကောက်နေ", "ရန်ကုန်၊ ဇူလိုင် ၂၆", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ခမရ-၅၈၉ တပ်ရင်းက ကျေးရွာချင်းဆက် လမ်းများကို ပိတ်ဆို့ကာ ဂိတ်စခန်းဖွင့်ပြီး ဆက်ကြေးကောက်နေကြောင်း ဒေပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၄ ရက်နေ့က စတင်ကာ ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာ အခြေစိုက် အမှတ် ၅၈၉ ခြေမြန်တပ်ရင်းက ဒုံစရစ် ကျေးရွာကို ဖြတ်သန်းသွားလာနိုင်သည့် ကျေးရွာချင်းဆက် လမ်းပိုင်းများကို ပိတ်ဆို့ကာ တပ်ရင်းရှေ့မှ ဖြတ်သန်းသွားလာရသည့် လမ်းပိုင်းတစ်ခုတည်းကိုသာ ဖွင့်လှစ်ထားပြီး ဂိတ်စခန်းထိုင်ကာ ဖြတ်သန်းသွားလာသည့် ကားနှင့် ဆိုင်များထံမှ ဆက်ကြေး ကောက်နေ​ကြောင်း သိရသည်။", "ယင်းသို့ ဂိတ်စခန်း မဖွင့်မှီ ဇူလိုင်လ ၂၁ ရက်နေ့က စလူချောင်းရွာနှင့် ကျွဲတဲရွာ အကြားတွင် PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရွာချင်းဆက် လမ်းပိုင်းများကို လိုက်လံပိတ်ဆို့ခဲ့ပြီး တပ်ရင်းရှေ့မှ ဖြတ်သန်းသွားလာနိုင်သည့် လမ်းပိုင်းတစ်ခုတည်းကိုသာ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။", "” ဒုံစရစ်ကျေးရွာ အခြေစိုက် အမှတ် ၅၈၉ ခြေမြန်တပ်ရင်းက တပ်ကြပ်ကြီး ဇော်မင်းနဲ့ ဒုံရစ်ကျေးရွာ ဥက္ကဋ္ဌ ဦးမြင့်လွင်တို့ ဦးဆောင်ပြီ ဒုံစရစ်ရွာ၏ လမ်းထိပ်နှင့် သွားလာရေး လမ်းတွေကို ပိတ်ဆို့ထားတယ်။ ၅၈၉ တပ်ရင်းရှေ့က သွားလာနိုင်တဲ့ လမ်းပိုင်း တစ်ခုတည်းကိုသာ ဖွင့်ထား​ပြီး စစ်ဆေးရေး ဂိတ်ထိုင်နေတယ်။ အဲလမ်းက ဖြတ်သမျှ ကားနဲ့ ဆိုင်ကယ်တွေဆီက ဆက်ကြေး ကောက်ခံနေ​တယ်။ ကား ၁ စီးကို ၃၀၀၀၀ ပေးရတယ်လို့ပြောတယ်။ ဆီသယ်လာတဲ့ ဆိုင်ကယ်တွေဆို ၂ ဗူး ဆက်​ကြေးပေးရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/10/190109/
ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံး
["ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ပြောဆိုသည်။", "အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းကို ရိက္ခာပို့ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့် ပါဝင်သော စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦးမှာ ထိခိုက် ဒဏ်ရာများ ရရှိကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ၊ ကရင်အမျိုးသား (KNLA) ၊ တပ်ရင်း (၇) ၊ တပ်ခွဲ (၁) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန် တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ‌က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စ‌စ်ကောင်စီ စစ်ကြောင်းသည် ရှေ့သို့ မဆက်နိုင်တော့ဘဲ ဒုံဇရစ်‌ကျေးရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/213795/
ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၇", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Fire Dragon စစ်ကြောင်းက ပြောဆိုသည်။", "မေလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ် ရုံးတိုင်းကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ သံဆိပ်စခန်းမှ ရွှေကျင်ဘက်သို့ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအ၀င် ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ၃၇၀၃ တပ်ရင်း ( Fire Dragon စစ်ကြောင်း) နှင့် KNLA တပ်ရင်း ၇ ပူးပေါင်း စစ်ကြောင်းတို့က လုပ်ဆာင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/161577/
ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
["ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး", "ရန်ကုန်၊ မေ ၉", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် အကြိမ်ကြိမ်ပျံသန်း ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း KNLA Nighthawks အဖွဲ့ထံက သိရသည်။", "ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်၊ ၁၇ ရက်၊ ၁၈ ရက်၊ ၁၉ ရက်၊ ၂၁ ရက်၊ ၂၇ ရက်၊ ၃၀ ရက်နေ့တို့တွင် ရွှေ ကျင်မြို့နယ်ရှိ သံဆိပ်စစ်ကောင်စီစခန်းနှင့် ထိုစခန်းအနီး စစ်ကောင်စီစုရပ်တို့ကို ၇ ကီလို ဗုံးသီး ၁ လုံး၊ ၂ ကီလို ဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၃၉ လုံးကို ဒရုန်းဖြင့် ၉ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း ဧပြီ ၂၇ ရက်နေ့က တိုက်ခိုက်မှု၌ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အခြားတိုက်ခိုက်မှု ၈ ကြိမ်အတွင်း အကြမ်းဖက်စစ်တပ်မှ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မသိရသေးပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဧပြီလ ၁၅ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ စစ်ကောင်စီတပ် ရောက်ရှိရာ နေရာများဖြစ် သည့် ရွှေကျင်နှင့် ညောင်လေးပင်မြို့နယ် အတွင်းရှိ ရွှေငန်းဖြူ၊ အင်္ဂနီသုဿာန်ဘုန်းကြီးကျောင်း၊ ပန်းအင်းဘုန်းကြီးကျောင်း၊ ညောင်အိုင်လမ်းခွဲ၊ ကျောက်တန်းရွာထိပ်တို့ကို ၆၀ မမ ဗုံးသီး ၁၉ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး တို့ကို ဒရုန်းဖြင့် ၇ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အလားတူ မေလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ရွှေကျင်မြို့နယ်ရှိ ဝါးပိုးတောစစ်ကောင်စီစခန်းကို ၁၂၀ မမဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၉ လုံး၊ စလစ်အိုးဖြင့်ပြုလုပ်ထားသော ဗုံးသီး ၈ လုံးတို့ကို ဒရုန်းဖြင့် ၅ ကြိမ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ာသး ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို KNLA Nighthawks အဖွဲ့နှင့် KNLA ပူးပေါင်း တပ်ဖွဲ့ တို့မှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အချို့နေရာများတွင် ၂ ရက်အတွင်း ပိုင်းလော့ ၂ ဦးတည်းဖြင့် စစ်ဆင်ရေး ၃၅ ကြိမ်ပျံ သန်း တိုက်ခိုက်မှုများလည်း ရှိကြောင်း ထိုသို့ တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးများကို လုံခြုံရေး အခြေ အနေကြောင့် ယခုအချိန်မှ ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း KNLA Nighthawks အဖွဲ့က အသိပေး ထားသည်။"]
https://yktnews.com/2024/02/146287/
ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၅ လုံးနှင့် ကား ၁ စီးပျက်စီး၊ စစ်သားများက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၄ စီးကို ခိုးယူသွား
["ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၅ လုံးနှင့် ကား ၁ စီးပျက်စီး၊ စစ်သားများက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၄ စီးကို ခိုးယူသွား", "စစ်တပ် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရပြီး နေအိမ် ၅ လုံးနှင့် ကား ၁ စီးပျက်စီးကာ စစ်သားများက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၄ စီးကို ခိုးယူသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၆ နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ်စခန်း ခလရ-၂၆၄ နှင့် ခမရ−၂၀ ၏ ညောင်လေးပင် အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာဖြတ်၊ တော်ဝိကျေးရွာ၊ ရေကြည်ချောင်း ကျေးရွာ တို့တွင် တပ်စွဲပြီး ပြည်သူ လူထုများ နေထိုင်ရာ ကျေးရွာများအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၆၄ လုံး ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၅ လုံးနှင့် ကား ၁ စီး ပျက်စီးပြီး နွား ၂ ကောင်သေဆုံးကာ ပြည်သူ ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဆိုင်ကယ် ၄ စီးကို ခိုးယူဖျက်ဆီးခဲ့သည့်အပြင် ပျူစောထီးအဖွဲ့က ကျေးရွာ ဥက္ကဌသစ်များကို ရွေးချယ်ပြီး ငွေတု ထုတ်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၂၀ ညောင်လေးပင်အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာဖြတ်နှင့် တော်ဝိကျေးရွာမှ နေ၍ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် အင်ကုန်းကျေးရွာ၊ ပန်းတင်ကုန်းကျေးရွာ၊ မီးလောင်ကုန်း ကျေးရွာနှင့် ကောက်မယ့်သူကျေးရွာသို့ စုစုပေါင်း အလုံး ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ်ရင်း ခလရ-၂၆၄ က ပျဉ်ရေ ကျေးရွာသို့ လက်နက်ကြီး ၁၂၂ မမ ၁ လုံးပစ်ခတ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခမရ-၂၀ က တော်ဝိကျေးရွာမှ နေ၍ လက်နက်ကြီး၁၂၀ မမ ၂ လုံးကို ရေဖြူကန်ကျေးရွာသို့ ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများထိမှန်ပြီး ရေဖြူကန်ကျေးရွာမှ ဦးစိုးသိန်း၏ နွား ၂ ကောင်ကျည်စထိမှန် သေဆုံးခဲ့ရသည့်အပြင် ည ၁၀ နာရီခွဲ အချိန်တွင် ခမရ-၂၀ က ညောင်ပင်ပေါက်ကျေးရွာရှိ မလဲ့နှင့် ဒေါ်သန်းဦး၏ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ဆိုင်ကယ် ၄ စီးကိုလည်း ခိုးယူသွားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ညောင်လေးပင် အခြေစိုက်တပ်စခန်းနှင့် ရေကြည်ချောင်း ကျေးရွာတွင်နေသော ခမရ-၂၀ နှင့် ပိန်းဇလုပ် အခြေစိုက်တပ်စခန်း ခလရ-၂၆၄ က ကွင်းဒလကြီးကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ပျဉ်ရေကြီးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ သံဆိပ်ကျေးရွာ၊ ညောင်ပင်ကြီးရွာဟောင်းနှင့် ဝိုင်သစ်ဆစ်ကျေးရွာကို ၁၂၀ မမ စုစုပေါင်း ၂၁ လုံး ပစ်ခတ် ခဲ့ရာ လက်နက်ကြီးများထိမှန်ပြီး ချုံအင်းကျေးရွာရှိ နေအိမ် ၃ လုံး ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ်အခြေစိုက် တပ်စခန်း ခလရ-၂၆၄ က ရေဖြူကန်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၂ လုံးပစ်ခတ်ခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များ အကြား ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ဘက်မှ ၂ ဦးသေဆုံးကာ KNLA လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များဘက်မှ ၂ ဦး အနည်းငယ်ထိခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ်တွင် ခလရ-၂၆၄မှ လက်နက်ကြီး ၁၂၀မမ ၁၁ လုံး ပစ်ခတ်ခဲ့ပြီး ဂွင်းကုန်းကျေးရွာ၊ ပုဇွန်မြောင်း၊ အင်းဝိုင်းကျေးရွာနှင့် ညောင်ပင်ကြီးရွာဟောင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ခမရ-၂၀ က ပုဇွန်မြောင်းမှနေ၍ ညောင်ပင်ကြီးကျေးရွာကို အင်အား ၃၀ ခန့်ဖြင့် လှေဖြင့် ကူးလာစဉ် KNLA လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ KNLA လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များဘက်မှ ၂ ဦး အနည်းငယ် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများက RPG ၁ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးရွာဟောင်းမှ ဒေါ်စန်းစန်းဦး၏ နေအိမ်ကို ထိမှန်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၁ နာရီခွဲခန့်တွင် ညောင်လေးပင် အခြေစိုက်တပ်စခန်းက လက်နက်ကြီး ၁၂၀ မမ ၂ လုံးပစ်ခတ်ခဲ့ပြီး ရေဖြူကန်ကျေးရွာ တံတားထိပ်တွင် ကျရောက်ပေါက်ကွဲ သောကြောင့် ကားမောင်းသွားသည့် ဝိုင်ကျွန်းကျေးရွာမှ ကိုကိုလွင်၏ကားကို ထိမှန်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကောက်ကွေ့ကျေးရွာမှ ပျူစောထီး အဖွဲ့များက အစည်းအဝေးကျင်းပပြီး လက်ရှိဥက္ကဌ ဦးတင်မောင်သန်းကို ဖြုတ်ချပြီး ကိုစိုးသူမောင်(ခ) ထွန်းမြတ်အောင် (ခ) နေတိုးဆိုသူကို ပြန်လည်ခန့်အပ်ခဲ့ကြောင်း၊ နေတိုးဆိုသူသည် ကောက်ကွေ့ရွာတွင် နေထိုင်ပြီး စစ်တပ် အာဏာ မသိမ်းခင်ကတည်းကပင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်းများ ပြုလုပ် ခဲ့ကာ ယခုအချိန်တွင် ငွေတုများ ပြုလုပ်နေသည်ဟု သိရကြောင်း၊ ၎င်းသည် ၃ ထပ်တိုက်နှင့်နေပြီး အောက်ဆုံး ထပ်တွင် မြေအောက်ခန်းတူးထားကာ ငွေတုလုပ်ငန်းလုပ်နေသည်ဟု ယူဆကြောင်း၊ ၎င်းတွင် ညီ ၁ ဦးရှိပြီး စိုးထွန်းလတ် (ခ) ဗိုလ်မှူးစောနော်ဖြစ်ပြီး ယခင်က ညီအစ်ကို ၂ ဦးစလုံးသည် BGF တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ညအချိန်တွင် ခလရ-၂၀ က ၎င်းထံသို့ လက်နက်ကြီး ၆၀ မမ အလုံး ၇၀ ကျော် လာပို့သွားကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ညောင်လေးပင် အခြေစိုက် တပ်စခန်း ခမရ-၂၀ က လက်နက်ကြီး ၁၂၀ မမ ၄ လုံးကို ချုံအင်းကျေးရွာသို့ ပစ်ခတ်ခဲ့ရာ မစာဥ၏နေအိမ်သို့ ကျရောက်ပေါက်ကွဲပြီး မစာဥ ၄၆ နှစ် ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိကာ လက်ရှိချိန်တွင် ဆောထိမြို့နယ် တာဝန်ရှိသူများမှ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရှိသည်။"]
https://yktnews.com/2024/05/163337/
ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီး
["ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီး", "ရန်ကုန်၊ မေ ၁၉", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "မေလ၁၆ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၀ တပ်ရင်းက ၈၁-မမ လက်နက်ကြီးဖြင့် ရေဖြူကန် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ အသက် ၇၂ နှစ် အရွယ် ဦးမြတ်သိန်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ရေဖြူကန် ဘုန်းကြီးကျောင်းလည်း လက်နက်ကြီးကျည် ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် ခမရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးရွာသစ်ရွာနှင့် ကျောက်တန်းကျေးရွာအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထို့ပြင် ရွှေကျင် ဗျူဟာမှလည်း ည ၁ဝ နာရီ ၃၉ မိနစ်ခန့်တွင် ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျွန်းတဲစု ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၆၈ နှစ်အရွယ် ဦးဝင်းတင် လက်နက်ကြီးထိမှန်ကာ စိုးရိမ်ရ ဒဏ်ရာရှိခဲ့ပြီး ကျန်လက်နက်ကြီးကျည်များသည် ကျောက်တန်းကျေးရွာ၊ ဝိုင်မဂ်လာကုန်း၊ ညောင်အိုင်ကျေးရွာ အနီးတို့တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ခလယ်လွီထူခရိုင်အတွင်းရှိ ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် လျှက်ရှိနေသည့်အတွက် ကျေးရွာနေ သက်ကြီးရွယ်အိုများ ကလေးသူငယ်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင် နေထိုင် နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/168131/
ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ
["ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၁၇", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို ထံမှ သိရသည်။", "ဇွန်လ ၁၃ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့် နှင့် ၁၀ နာရီ ၃၆ မိနစ်ခန့်တွင် ရွှေကျင်မြို့ နယ်အတွင်း ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ နှင့် ၁၅၅ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ စပ်စုကျေးရွာ နှင့် ညောင်အိုင်ကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရသည်။", "ဇွန်လ ၁၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်လေးပင်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ရေဖြူကန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၈၆ နှစ်အရွယ် ဒေါ်သောင်းရင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ နံနက် ၆ နာရီ ၂၉ မိနစ်ခန့်တွင် ခလရ-၂၆၄ တပ်ရင်းက ၁၅၅ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ထမင်းရုံကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၄ နှစ်အရွယ် နော်သူဇာခိုင် သေဆုံးပြီး နွား ၁ ကောင် သေဆုံးခဲ့ ရကြောင်း၊ ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ခလရ-၂၀၄ တပ်ရင်းက ၁၅၅ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ညောင်အိုင်ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် (ရွှေကျင်ဗျူဟာ) က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျောက်တန်းကျေးရွာတွင် ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကဇင်းပင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကဇင်းပင်ကျေးရွာ အတွင်း နေထိုင်သော အသက် ၄၉ နှစ် အရွယ် ကိုဘိုရဲ သေဆုံးခဲ့ပြီး အသက် ၆၂ နှစ်အရွယ် ဒေါ်ခင်အေး၊ အသက် ၄၆ နှစ် အရွယ် မောင်ငွေစိုး၊ အသက် ၂၇နှစ်အရွယ် နော်ထူးဝါးဖော၊ အသက် ၃၀ နှစ်အရွယ် မချယ်ရီတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126988/
ရွှေကျင်မြို့နယ်ရှိ ချုံအင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီး
["ရွှေကျင်မြို့နယ်ရှိ ချုံအင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ချုံအင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ−၂၆၄ တပ်ရင်းနှင့် ရေကြည်ချောင်းတွင် ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ဂွေးကုန်းကျေးရွာအုပ်စု ချုံအင်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ချုံအင်းကျေးရွာမှ ဦးဝင်းဌေးနှင့် ဒေါ်အေးမူတို့၏ နေအိမ် ထိခိုက်ပျက်စီးခဲ့ရပြီး ဦးဝင်းဌေး၊ ဒေါ်အေးမူနှင့် ဒေါ်မုန်းတို့ ထိခိုက် ဒဏ်ရာရရှိကာ နွား ၂ ကောင်သေဆုံးခဲ့ပြီး ကာလတန်ဖိုး ကျပ် ၃၅ သိန်းဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130357/
ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဘားအံမြို့နယ်တွင် BGF တပ်ခွဲမှူးက စေတီ သိမ်တင်ရန်ဟုဆိုကာ ငွေကျပ် ၁၉၄ သိန်း အဓမ္မ တောင်းရမ်းသွား
["ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံးပျက်စီး၊ ဘားအံမြို့နယ်တွင် BGF တပ်ခွဲမှူးက စေတီ သိမ်တင်ရန်ဟုဆိုကာ ငွေကျပ် ၁၉၄ သိန်း အဓမ္မ တောင်းရမ်းသွား", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဂွေးကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်းက ဟောင်ဝစ်ဇာ ၁၂၂ မမ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများ အတွင်း ပစ်ခတ်ခဲ့သောကြောင့် ဂွေးကုန်းကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ပြည်သူပိုင် နေအိမ် ၄ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဘားအံမြို့နယ်တွင် BGF တပ်ခွဲမှူးက စေတီ သိမ်တင်ရန်ဟုဆိုကာ ငွေကျပ် ၁၉၄ သိန်း အဓမ္မ တောင်းရမ်းသွားကြောင်း KNU ဗဟိုထံမှ သိရသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF-1014 တပ်ရင်း လက်အောက်ခံ မိတ္ထီလာတပ်စခန်း တပ်ခွဲမှူး-ဗိုလ်တင်ဝင်းက ဝဲပျံကျေးနယ် နှင့် တကောင်ဘိုးကျေးနယ်ရှိ ရွာလူကြီးများထံကို မိတ္ထီလာ စခန်းတွင် ခေါ်ယူတွေ့ဆုံကာ စခန်းအတွင်းရှိ စေတီတော်ကို သိမ်တင်ဖို့ရန်အတွက် ငွေကြေး အတင်း အဓမ္မတောင်းရမ်းရယူသွားကြောင်း သိရှိရသည်။", "ငွေကြေး အဓမ္မတောင်းရမ်းခြင်းခံခဲ့ရသော ကျေးရွာများမှာ ဝဲပျံကျေးနယ်အုပ်စုရှိ ဝဲပျံရွာ ၁၃ သိန်း၊ ပေပင်ဆိပ်ရွာ ၁၃ သိန်း၊ ဘုရားဆိပ်ရွာ ၅ သိန်း၊ မိတ္ထီလာရွာ ၅ သိန်း၊ မီးဇိုင်းရွာ ၁၃ သိန်း၊ ဖားဘော်ရွာ ၁၃ သိန်း၊ မီးဇိုင်းတောင်ခြေရွာ ၅ သိန်း၊ တုက်ကြီးရွာ ၁၃ သိန်း၊ တကောင်ဘိုး ကျေးနယ်အုပ်စုရှိ တကောင်ဘိုးရွာ ၁၃ သိန်း၊ ကုန်းတန်းကြီးရွာ ၁၃ သိန်း၊မီးပုံးရွာ ၇ သိန်း၊ ဘောသပြုရွာ ၁၃ သိန်း၊ ဂျိုးပင်ဆိပ်ရွာ ၇ သိန်း၊ နိုးကွားရွာ ၁၀ သိန်း၊ မဲလံရွာ ၆ သိန်း၊ မဲလံချောင်းဝရွာ ၄ သိန်း၊ ထီးဖိုးနက်ရွာ ၅ သိန်း၊ နော်သရေးရွာ ၆ သိန်း၊ ကွီးသခေ့ါရွာ ၂ သိန်း၊ လာခဲ့ခေါ်ရွာ ၅ သိန်း၊ စိမ့်ချောင်းရွာ ၅ သိန်း၊ လက်ပံတန်းရွာ ၅ သိန်း၊ ဝဲပျံချောင်းဝရွာ ၇ သိန်း၊ မြိုင်ရွာ ၆ သိန်း စုစုပေါင်းတစ်ရာကိုးဆယ့်လေးသိန်း (၁၉,၄၀၀,၀၀၀) ကျပ်ကို အဓမ္မ တောင်းရမ်း ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။", "ဒေသ ပြည်သူများသည် စားဝတ်နေရေးခက်ခဲနေသည့်အပြင် စိုးရိမ်ထိပ်လန့်မှုများစွာဖြင့်ရှင်သန်နေရကာ ၎င်းတို့၏ မတရား ဖိနှိပ်နိုင်ထက်စီးနင်း ငွေကြေးတောင်းရမ်းမှုများ မကြာခဏ ပြုလုပ်ခြင်းခံနေရသည်ဟု ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းတာဝန်ခံထံမှ သိရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/124338/
ရွှေကျင်မြို့နယ်ရှိ ဝိုင်းကျွန်းရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံးပျက်စီး
["ရွှေကျင်မြို့နယ်ရှိ ဝိုင်းကျွန်းရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၄ လုံးပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဝိုင်းကျွန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။", "စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရွှေကျင်မြို့နယ် ဝိုင်းကျွန်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ခမရ − ၃၅၀ ၊ ခမရ−၅၇ ၊ ခမရ−၂၀၈ မှ ၁၂၀ မမ လက်နက်ကြီး ၁၉ လုံးဖြင့် နံနက် ၆ နာရီ ၄၄ မိနစ်က စတင်ကာ မွန်းလွဲ ၁၂ နာရီ ၅၉ မိနစ်အထိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများကြောင့် ဝိုင်းကျွန်းကျေးရွာအတွင်းရှိ ဦစန်းညွှန့်၊ ဦးမြစိုး၊ ဦးရဲမောင် နှင့် ဦးမြင့်နိုင် တို့၏ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးကာ ဦးစန်းညွှန့်၏ နွားတင်ကုတ် ၁ လုံးလည်းပျက်စီးခဲ့ပြီး ဦးစန်းညွှန့် မွေးမြူထားသည့် နွား ၃ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု​များ နေ့စဥ် ပြုလုပ်နေခြင်းကြောင့် ညောင်လေးပင်ခရိုင်ရှိ ပြည်သူများသည် ၎င်းပိုင်ဆိုင်သော ပစ္စည်းဥစ္စာ အသက်အိုးအိမ်များ ပျက်စီးနေရပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/05/214404/
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရ
["ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများထွက်ပြေးတိမ်ရှောင်နေရ", "ရန်ကုန်၊ မေ ၁၃", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်ရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ဆောထိမြို့နယ် အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံးသီးများဖြင့် သိုက်တူးကုန်း ကျေးရွာ အတွင်း သို့ ၂ လုံး ဝိုင်းကျွန် ကျေးရွာ ၁၈ လုံး အင်းအတွင်းသို့ ၁ လုံး စုစုပေါင်း ၃ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့သောကြောင့် သိုက်တူးကုန်းကျေးရွာအတွင်းမှ ဦးအေးစိုး၊ ဦးချစ်စိုး၊ ဦးစိန်ညွန့်၊ မစနေ၊မောင်ထွန်းသိန်း တို့၏ နေအိမ် ၅ လုံး နှင့် စာသင်ကျောင်း ၁ ကျောင်းပါ ထိမှန်ပျက်စီးခဲ့ပြီး အသက် ၃၉ နှစ်အရွယ် ကိုသန်းဝင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သူရဲသူမိန်ရှိ ခမရ ၄၄၀ တပ်ရင်းမှ ကွင်းဆိပ်ကျေးရွာ အတွင်းကို ဒရုန်းဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅၄ နှစ် အရွယ် ဒေါ်မေပလဲ မှာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "မေလ ၈ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်မှ ညနေ ၄ နာရီခန့်အတွင်း ညောင်ခြေတောက်၊ ဇလုတ်ကြီး၊ ညောင်သာယာ၊ ဝင်းကံ၊ လေးလမ်းဆုံနေရာများကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၁၆ ကြိမ် အလုံးရေ ၃၀ နှင့် Y−12 မှ ဗုံးသီး အလုံးရေ ၁၄၀ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီလေတပ်မှ လေယာဉ်ဖြင့် အရပ်သား ပြည်သူလူထုများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဒုံစရစ်ရွာ၊ ရှမ်းစုရွာ၊ ခလယ်ကော်လာရွာ၊ ဝေါ်ကေရွာ၊ ခလယ်လော်စယ်ရွာ၊ စံတွင်းကုန်းရွာ၊ ကွင်းဆိပ်ရွာ၊ သရက်ချောင်းရွာ၊ ကွီးစယ်လော်ရွာ၊ ဇလုတ်ကြီးရွာ စသည့်ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၃၈၃ အိမ် မှ လူဦးရေ ၁၇၁၂ ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကာ အရေးပေါ် လူသားခြင်း စာနာထောက်ထားမှုများစွာ လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။", "အဆိုပါ နေရာများသည် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ‌တော် (K.N.L.A) ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများဖြစ်ပြီး ပြည်သူများ ထိခိုက်ပျက်စီးမှုများစွာနှင့် ကြုံတွေ့နေရကာ စိုးရိပ် ကြောက်ရွံ့မှု များစွာဖြင့် နေထိုင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/12/195755/
ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရ
["ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခလရ ၅၇ တပ်ရင်းက ရုံးတိုင်းကျေးရွာကို ၆၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ရုံးတိုင်း ကျေးရွာမှ အသက် ၆၇ နှစ်အရွယ် ဒေါ်သေး သေဆုံးခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းက ချုံအင်းကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၁ လုံး၊ ဂွေးကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အင်္ဂနီကျေးရွာတွင် တပ်စွဲထားသော ခလရ-၅၇ တပ်ရင်းက စံဖဲကျေးရွာကို လက်နက်ကြီး ၅ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စံဖဲကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးခင်ဝင်းနှင့် အသက် ၄၅ နှစ်အရွယ် မစန်းမူ တို့ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။"]
https://yktnews.com/2024/09/181467/
ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာ စစ်တပ်ရှေ့တန်းစခန်းကို သိမ်းပိုက်မှု အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံး
["ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာ စစ်တပ်ရှေ့တန်းစခန်းကို သိမ်းပိုက်မှု အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီးလက်နက်ခဲယမ်း အမြောက်အ များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၁၁ နာရီခန့်က ရွှေကျင်မြို့နယ် ကုန်းမြင့်သာယာကျေးရွာရှိ အ ကြမ်း ဖက် ရှေ့တန်း စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ KNLA တပ်ရင်း ၉ ၊ PDF တပ်ရင်း ၃၇၀၂ ၊ စစ် ဒေ သခွဲ ဒရုန်းအထူးတပ်ဖွဲ့ ၁၈၀၅ နှင့် PDF Spring Warrior စစ်ကြောင်းတို့ ပူးပေါင်း ဒရုန်းဖြင့် စတင်တိုက်ခိုက်ပြီးနောက် ထိုးစစ်ဆင်ဝင်ရောက်ခဲ့ရာ ၆ မိနစ်အကြာ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် ၅ ဦး သေ ဆုံးပြီး အများအပြားဒဏ်ရာရရှိကာ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအမြောက်အများနှင့် ဆန်အိတ်ပေါင်း ၄၀၀ ကျော် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရ သည်။", "ယင်းအကြမ်းဖက်စစ်တပ်စခန်းမှ စစ်သားများသည် ဘောကထားစခန်းတိုက်ခိုက်သိမ်းပိုက်ခံရ ပြီး နောက် ထွက်ပြေးသွားသော စစ်သားများဖြစ်ပြီး ကုန်းမြင့်သာကျေးရွာ၌ ရှေ့တန်းစခန်းပြုလုပ် ကာ တပ်စွဲနေထိုင်ကြသူများဖြစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသတာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2023/11/132150/
ရွှေကျင်မြို့နယ်၊ ခမရ ၃၅၁ တပ်စခန်းကို ၁၀ မိနစ်အတွင်း KNU ကတိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၁ ဦး သေဆုံး
["ရွှေကျင်မြို့နယ်၊ ခမရ ၃၅၁ တပ်စခန်းကို ၁၀ မိနစ်အတွင်း KNU ကတိုက်ခိုက်သိမ်းပိုက် ၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ခမရ ၃၅၁ တပ်၏ စစ်စခန်းကို ၁၀ မိနစ်အတွင်း KNU က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် KNU အုပ်ချုပ်နယ်မြေ၊ ရွှေကျင်မြို့နယ်အတွင်း ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ခံ ခမရ-၃၅၁ တပ်ရင်း၏ တောင်ခြေစခန်းကို ၁၀ မိနစ်အတွင်း တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ထိုစခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုကို အတည်ပြု နိုင်ခြင်း မရှိသော်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို သိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။", "စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ကျည် ၅၃ လုံး၊ RPG-7 ၂၆ လုံး၊ 79 ၁၂ လုံး၊ MAခွင်းဗုံး ၁၃ လုံး၊ MA ၁၁၂၆ လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ M-14ဗုံး ၉ လုံး၊ RPG-7 ဘလက် ၁၇ ချောင်း၊ ၆၀ မမ ဆိုက် ၁ ခု၊ စကားပြောစက်(MA3. MA 2008) ၁ လုံး၊ အင်ဗာတာ ၁ လုံး၊ MAကျည်ဘောက် ၄ ခု၊ ဂျာမန် (CM.3024-z) ၁ လုံး၊ ကျည်ကာဦးထုပ် ၉ လုံး၊ ဆိုလာပြားအကြီး ၂ ချပ်၊ အသေး ၁ ချပ်၊ ဖုန်း ၁ လုံး၊ လက်ပစ်ကတ် ၆ လုံး စသည်တို့ဖြစ်ကြောင်း သိရှိရသည်။", "၁၀ မိနစ်အကြာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူ များနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်အကြိမ်ရေများစွာပစ်ခတ်ခဲ့ခြင်းအပြင် လေကြောင်း မှ ‌ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုကဲ့သို့ကျေးရွာများတွင်းသို့ လက်နက်ကြီးများ လေယာဉ်များတို့ဖြင့် ပစ်ခတ်မှုကြောင့် ကလောသိုးခီး (ကျားချောင်း)ကျေးရွာ၊ ထီးခေးလော့ကျေးရွာ၊ ထိုခေးပူ(အောက်ချင်း)ကျေးရွာများမှ လူဦးရေစုစုပေါင်း ၅၇၂ ဦးနှင့် အနီးအနားရှိ အခြားကျေးရွာများမှ ပြည်သူလူထုများမှာလည်း အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။", "ယင်းနောက် စစ်တပ်ဘက်မှ စစ်ကူများထပ်မံရောက်ရှိလာပြီး K.N.L.A လက် အောက်ခံ ပူးပေါင်းတပ်များနှင့် ကွင်းဆိပ်ကျေးရွာနှင့် ကျားချောင်းကျေးရွာ အကြား ရေပြန်ချောင်းတွင် နှစ်ဖက် ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင်လည်း ရွှေကျင်မြို့နယ်၊ ဝါးတောကြီးတွင် နံနက် ၉ နာရီ ၅၈ မိနစ်တွင်တစ်ကြိမ်၊ ညနေ ၂ နာရီ ၂၅ မိနစ်တွင်တစ်ကြိမ် စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာလေယာဉ် တစ်စီးက ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် အင်္ဂနီ နှင့် ကျောက်တန်းကျေးရွာတို့ကိုလည်း ယင်းနေ့ နံနက် ၁ဝ နာရီ ၅၀ မိနစ် အချိန်လေကြောင်းမှ တစ်ဆင့် ပစ်ခတ်ရာ ကျောက်တန်းရွာရှိ ဦးစိုးသူအောင်၏ နေအိမ်မှာ ဗုံးတိုက်ရိုက်ထိမှန်ခဲ့ပြီး ဒေါ်တင်အေးနှင့် ဒေါ်ခင်ထွေး တို့၏ နေအိမ်များပါ ပျက်စီးခဲ့ရကြောင်း၊ ဒေါ်ခင်ထွေး အသက် ၆၅ နှစ် မှာလည်း ကျည်စထိမှန်ပြီး သေဆုံးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/212186/
ရွှေကျင်မြို့နယ်၊ ညောင်ချေထောက်ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်းရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
["ရွှေကျင်မြို့နယ်၊ ညောင်ချေထောက်ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်းရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၂", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ၊ညောင်ချေထောက်ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း တောင်ညို တပ်ရင်း – P29906 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၂ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ ညောင်ချေထောက်ကျေးရွာအနီး ခမရ ၅၉၈ တပ်ရင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တောင်ညိုတပ်ရင်းနှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။", "” တောင်ညိုတပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေက ညောင်ချေထောက်ကျေးရွာအနီးမှာရှိတဲ့ ရန်သူ ခမရ ၅၉၈ က အကြမ်းဖက် စစ်သားတွေကို ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ရန်သူဘက်က စစ်ခွေး ၂ ကောင် သေဆုံးတယ်။ ကျနော်တို့ဘက်က အထိခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်” ဟု တောင်ညို တပ်ရင်း – P29906 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/02/203128/
ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာ လှေဆိပ်တွင် ရိက္ခာသယ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
["ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာ လှေဆိပ်တွင် ရိက္ခာသယ်နေသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာ လှေဆိပ်တွင် ရိက္ခာသယ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်း (Taung Nyo Column – P29906) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရွှေကျင်မြို့နယ်၊ ခမရ ၅၉၈ တပ်ရင်းမှ အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညောင်ခြေထောက်ရွာရှိ‌ လှေဆိပ်တွင် ရိက္ခာ လာရောက်သယ်ယူနေစဉ် တောင်ညိုစစ်‌ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး ထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ကားတစ်စီးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို ပြင်းထန် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ တောင်ညိုစစ်‌ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ခမရ ၅၉၈ တပ်ရင်းက အင်အား ၄၀ နဲ့ ညောင်ခြေထောက်ရွာမှာရှိတဲ့ လှေဆိပ်ကို ရိက္ခာ လာရောက် သယ်ယူတုန်း တောင်ညိုစစ်‌ကြောင်း နှင့် ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၂ ကောင်ပွဲချင်းပြီးသေပြီး ၄ ဦးထက်မနည်း ဒဏ်ရာ အပြင်းအထန် ရရှိတယ်။ ကား ၁ စီးလည်း ပျက်စီးတယ်။ အပြင်းအထန် ဒဏ်ရာရတဲ့ ကောင်တွေကို ဆေးရုံ ပို့တဲ့ လမ်းမှာပဲ ၃ ဦး သေဆုံးတယ်” ဟု တောင်ညိုစစ်ကြောင်း (Taung Nyo Column – P29906) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/89147/
ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပြာကျ
["ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပြာကျ", "ရန်ကုန် ၊ဖေဖော်ဝါရီ ၂၃", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရွှေကျင်မြို့နယ် ညောင်ပင်ကြီးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၇၂ နှစ်အရွယ် ဒေါ်တူနှင့် အသက် ၃၄ နှစ်အရွယ် ဒေါ်မီဂတုံး (ခ) ဒေါ်သူဇာနွယ် တို့ပွဲချင်းပြီး သေဆုံးကာ ပြည်သူပိုင်နေအိမ် ၃ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "” ဒီနေ့ မွန်းလွဲပိုင်းမှာ ညောင်ပင်ကြီးရွာသစ်ရွာကို တပ်မ ၇၇ စစ်ကြောင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးနဲ့ လှမ်းပစ်လို့ ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ၁ ဦး ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်။ နေအိမ် ၃ လုံး မီးလောင်ပြာကျတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ် အစပ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဖေဖော်ဝါရီ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။"]
https://yktnews.com/2024/09/183474/
ရွှေကျင်မြို့နယ်၊ တုံတံတားကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း
["ရွှေကျင်မြို့နယ်၊ တုံတံတားကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ရှင်းလင်း", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း Spring Warriors Column မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်း ရွှေကျင်မြို့နယ်၊ တုံးတံတားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်ရရှိခဲ့ပြီး ယင်းအကြမ်းဖက်စစ်တပ်စခန်းကို မီးရှို့ဖျက်ဆီးနေကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်ကလည်း တုံတံတားကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေ ကြောင်း သိရသည်။", "“တုံးတံတားစခန်းကို သိမ်းပိုက်လိုက်ပြီ။ စခန်းကို မီးရှို့ဖျက်ဆီးနေပြီ။ အသေးစိတ်ကတော့ ဖုန်းလိုင်း အခက်အခဲရယ်၊ အင်တာနက်အခက်အခဲရယ်ကြောင့် အသေးစိတ်တော့ မသိရသေးဘူး။ သတင်းအ ပြည့်စုံသိရဖို့ကတော့ နည်းနည်းခက်နေတယ်။ လက်ရှိရရှိထားတဲ့သတင်းအရတော့ ကျနော်တို့ရဲ တော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Spring Warriors Column မှ တာဝန်ရှိသူတစ်ဦး က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134731/
ရွှေကျင်မြို့နယ်၊ မယ်ဝေါခီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်၊ အမ်းနှင့် ပေါက်တောရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ
["ရွှေကျင်မြို့နယ်၊ မယ်ဝေါခီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်၊ အမ်းနှင့် ပေါက်တောရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ မယ်ဝေါခီးရွာမှ ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်တွင် ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်ရှိ ထီးဝါးက လူခီး နေရာ၌ အကြမ်းဖက် စစ်တပ်၏ ခမရ-၃၅၁၊ ခမရ−၃၄၉၊ ခမရ−၅၈၉ ပူးပေါင်း တပ်ဖွဲ့သည် မယ်ဝေါခီး ကျေးရွာနေမှ အသက် ၅၇ နှစ်အရွယ် ဦးမောင်သိန်း နှင့် အသက် ၂၉ နှစ်အရွယ် ဦးကျော်ဝင်း တို့ကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "အလားတူ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် အမ်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ မီးလောင်ပြာကျပျက်စီးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပေါက်တောမြို့နယ်၊ မနော်သီရီရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ င/ပြီကျွန်းအနီး ရပ်တန့်ထားသော အကြမ်းဖက် စစ်တပ်၏ ရေယာဥ်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်များ မီးလောင် ပျက်စီးပြီး အသက် ၂၉ နှစ်အရွယ် မအေးအေးချို ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဒီဇင်ဘာလ ၆ ရက်နေ့တွင် အမ်းမြို့နယ်၊ ဒါးလက်ချောင်း၊ အလယ်ကျွန်းရွာကို တောဟိန်းတောင်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၂၈ နှစ်အရွယ် ကိုမောင်ညွှန့်အေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/211181/
ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ စလင်းတွင် စစ်တပ် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွား
["ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ စလင်းတွင် စစ်တပ် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွား", "ရန်ကုန်၊ ဧပြီ ၁၃", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၈ တပ်ရင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၁၀ ရက်နေ့က ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၅၉၈ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“စနိုက်ပါနဲ့ သွားရောက်သွားပစ်ခတ်တိုက်ခိုက်တာ၊ တစ်ယောက်သေပြီး တစ်ယောက် ဒဏ်ရာရတယ်” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း၊ ဝေါမြို့နယ်ပကဖနှင့် အင်းတကော်ပကဖတို့ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ စလင်းမြို့အနီးတဝိုက်ရှိ ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးနေမှု ကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က စလင်းမြို့မရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀၀ ကျော်ဖြင့် စလင်းမြို့အနီးတဝိုက်ရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သဖြင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – စလင်းပကဖ တပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲဖြစ်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှ မွန်းလွဲပိုင်းတွင် စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်း သို့ ပြန်လည်ဆုတ်ခွါထွက်ပြေးသွားကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများကြောင်းသိရသော်လည်း အတိ အကျသိရှိရခြင်းမရှိသေးကြောင်း သိရသည်။", "“တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုကရှိပါတယ်။ စာရင်းအတိအကျမသိရတာပါ။ အဲဒီနေ့ကပဲ အဲဒီစစ် ကြောင်းက စလင်းစခန်းထဲကို ပြန်ဆုတ်သွားပါတယ်။ ၁၁ ရက်နေ့ကလည်း လင်းဇင်းစခန်းထဲကနေ အနီးအနားကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးခဲ့ပါတယ်။ လတ်တလော ၂ ရက်အတွင်းတော့ ငြိမ် နေပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2025/04/211147/
ရွှေကျင်၊ ညောင်ချေထောက်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး
["ရွှေကျင်၊ ညောင်ချေထောက်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၉ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး", "ရန်ကုန်၊ ဧပြီ ၁၃", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ချေထောက်ကျေးရွာတွင် တပ်စွဲကင်းချထားသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း Taung Nyo Column – P29906 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက် ၆နာရီ ၁၅ မိနစ်ခန့်အချိန် ရွှေကျင်မြို့နယ် ညောင်ချေထောက်ကျေးရွာတွင် ကင်းချထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ကျော်ခန့်ကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။", "“ဘာမှ ထွေထွေထူးထူး မှတ်ချက်မပေးချင်ပါဘူး။ ကျနော်တို့ ရဲဘော်တွေအတွက် ကျနော်တို့ ပြည်သူတွေအတွက် တောင်ညိုက ဆက်ရုန်း နေမှာပါ” ဟု Taung Nyo Column – P29906 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ညို တပ်ရင်း နှင့် ဝေါ (ပကဖ) ၊ အင်းတကော် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/187817/
ရွှေကျင်၊ အင်္ဂပူနှင့် မြို့သစ်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က စစ်သားစုဆောင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေပြီး လူငယ်တစ်ဦးလျှင် အနည်းဆုံး သိန်း ၁၀၀ ဖြင့် ရွေးခိုင်း
["ရွှေကျင်၊ အင်္ဂပူနှင့် မြို့သစ်မြို့နယ်တို့တွင် လူငယ်များကို စစ်တပ်က စစ်သားစုဆောင်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေပြီး လူငယ်တစ်ဦးလျှင် အနည်းဆုံး သိန်း ၁၀၀ ဖြင့် ရွေးခိုင်း", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်နှင့် မကွေးတိုင်း၊ မြို့သစ်မြို့နယ်တို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ငွေကြေးတောင်းယူမှုများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာ ၁၂ ရက်နေ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ခလရ ၅၇ တပ်က လူငယ်များကို ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးထားသည့်လူငယ်များကို ခလရ ၅၇ ထဲတွင် ထည့်သွင်းထားပြီး သက်ဆိုင်ရာ မိဘများကို ဆက်သွယ်စေကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ရွေးယူခိုင်ကြောင်း၊ လာရောက် မရွေးယူသော လူငယ်များကို စစ်မှုထမ်းသင်တန်းများသို့ စေလွှတ်ကြောင်း သိရှိရသည်။", "“အဓိက ဖမ်းတာက ခလရ ၅၇ ကပါ။ လူငယ်တွေကို ဖမ်းတယ်။ ခလရ ၅၇ တပ်ထဲ ခေါ်သွားတယ်။ အဲဒီမှာ လူငယ်တွေကို သူတို့ မိဘတွေဆီ ဆက်သွယ်ခိုင်းပြီး ၁ ဦးကို သိန်း ၁၀၀ နဲ့ ရွေးခိုင်းတယ်။ တချို့ မတတ်နိုင်တဲ့သူတွေကလည်း သိန်း ၇၀ စစ်တယ်။ မရဘူး။ သိန်း ၁၀၀ မရရင် မလွှတ်ပေးဘူး။ ၇ ရက်အတွင်း လာမရွေးရင် စစ်မှုထမ်းအပတ်စဉ်ထဲ ထည့်မယ်ပြောတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိဘတွေကတော့ တငိုငိုပေါ့” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အလားတူ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု အုပ်ချုပ်ရေးမှူး ကိုဌေးနှင့် ရာအိမ်မှူး မောင်မောင်လေး၊ ပျူစောထီးခေါင်းဆောင် သိန်းဇော်တို့က စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအနေဖြင့် စစ်မှုထမ်းလိုပါက တစ်လလျှင်ငွေကျပ် ၂ သိန်းခွဲပေးရမည်ဟုဆိုကာ ငွေကြေးတောင်းခံကြောင်း၊ ငွေမပေးသူများအနေဖြင့် စစ်တပ်ထဲဝင်ရမည်ဟုဆိုပြောဆိုကာ ငွေကြေးများ ခြိမ်းခြောက်တောင်းခံ​ နေကြောင်း သိရှိရသည်။", "ထို့အတူ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်တွင်လည်း အသက် ၃၅ နှစ်အောက် လူငယ်များကို ကပစ ၁၇ တပ်က အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ပေါ်တာဆွဲ ဖမ်းဆီးကြောင်း၊ ယင်းနောက် လူငယ်များကို တစ်ဦးလျှင် သိန်း ၁၂၀ ဖြင့် ရွေးယူခိုင်းပြီး မရွေးနိုင်သူများကို ကပစ ၁၇ တပ်အတွင်းတွင်ပင် စစ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း သိရှိရသည်။", "“လမ်းတွေရော မြို့မှာရော ကပစ ၁၇ တပ်က ဝင်ဆွဲတာ။ ငွေရှိတယ်ဆိုရင် အိမ်ကို ဖုန်းဆက်ခွင့်ပေးတယ်။ သိန်း ၁၂၀ နဲ့ လာရွေးခိုင်းတယ်။ ငွေမရှိရင်တော့ ကပစ ၁၇ တပ်မှာပဲ တပ်သားအဖြစ် စာရင်းသွင်းတယ်။ အခြေအနေ အရမ်းဆိုးတယ်။ မြို့သစ်မြို့နယ်က လူငယ်တွေလည်း ဘယ်မှ ထွက်မရဘူး။ အိမ်မှာလည်း မလုံခြုံဘူး။ မြို့သစ်မြို့နယ်မှာ ဂိတ်ချပြီး ကပစ ၁၇ ပိတ်ဆို့ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်မှုထမ်း အပတ်စဉ် ၃ အတွက် စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းခံနေရသော လူငယ်များ။"]
https://yktnews.com/2024/08/176991/
ရွှေစျေး သိန်း ၇၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်ကျကာ တစ်ဒေါ်လာ ၅၅၀၀ ဝန်းကျင်တွင်ရှိနေ
["ရွှေစျေး သိန်း ၇၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်ကျကာ တစ်ဒေါ်လာ ၅၅၀၀ ဝန်းကျင်တွင်ရှိနေ", "ရန်ကုန်၊ ဩဂုတ် ၂", "ပြည်တွင်းစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည် သိန်း ၇၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ အနည်းငယ်ကျဆင်းသွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ယနေ့ကမ္ဘာ့ရွှေစျေးများ ဆက်တိုက် မြင့်တက်နေပြီး ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၆၅ အထိ မြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာစျေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၅၅၀၀ ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။", "“ကမ္ဘာ့စျေးတက်တော့ ရွှေစျေးက သိန်း ၇၀ အထိ တက်တယ်။ အပိတ်မှာတော့ နည်းနည်းပြန်ဆင်းတယ်။ ၆၉ သိန်း ၈ သောင်းလောက်ရှိတယ်။ အဝယ်ကတော့ ညှိနှိုင်းရောင်းတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "လက်ရှိ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းမြင့်တက်မှုကို ချေဖျက်ရန် ဟွန်ဒီငွေလွှဲလုပ်ကိုင်သည်ဆိုသော လူပုဂ္ဂိုလ် ၉၃ ဦး၏ ဘဏ်အကောင့်များကို ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/05/164018/
ရွှေစျေးကွက် ပိတ်သော်လည်း ပြင်စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၂ သောင်းနီးပါးအထိ စံချိန်တင် စျေးထိုးတက်ပြန်
["ရွှေစျေးကွက် ပိတ်သော်လည်း ပြင်စျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၂ သောင်းနီးပါးအထိ စံချိန်တင် စျေးထိုးတက်ပြန်", "ရန်ကုန်၊ မေ ၂၂", "ယနေ့ ကဆုန်လပြည့်နေ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေစျေးကွက် ပိတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၂ သောင်းနီးပါး အထိ စံချိန်တင် စျေးထိုးတက်ခဲ့ကြောင်း ရန်ကုန်ရွှေကုန်သည်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကမ္ဘာ့ရွှေစျေးကွက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၅၃ ဒေါ်လာအထိ မြင့်တက်လာခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုး စျေးကွက်တွင် တစ်ဒေါ်လာ ၄၁၀၀ နီးပါးရှီလာခြင်းတို့ကြောင့် ပြည်တွင်း အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၁သောင်းခွဲ စျေးအထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။", "“ပြင်ပစျေးကွက်မှာတော့ စျေးကတော့ ဖွင့်ပြီး အရောင်းအဝယ်လုပ်ကြတယ်။ ဒီနေ့လည်း စံချိန်တင်စျေးပဲ မနေ့က ၅၁ သိန်း ၉ သောင်းနဲ့ ပိတ်ထားတာ။ ဒီနေ့တော့ ၅၂ သိန်း ၁ သောင်းခွဲနဲ့ပိတ်တယ်။ မနက်ဖြန်တော့ စျေးကတော့ အတက်ဘက်ပဲ ရှိတယ်။ အဓိက အရွက်စျေး(ဒေါ်လာ) လည်းမာတယ်၊ ရွှေစျေးလည်း မာတယ်။ ရွှေစျေး ကျဖို့တော့ လမ်းမမြင်ပါဘူး” ဟု ရန်ကုန်ရွှေကုန်သည်က ရှင်းပြသည်။", "လက်ရှိစျေးကွက်တွင် စစ်ကောင်စီ၏ အဖမ်းအဆီးကို ကြောက်လန့်၍ ရွှေကုန်သည်အများစုမှ ပြင်ပစျေးကွက်တွင်သာ အရောင်းအဝယ် ချိတ်ဆက် လုပ်ဆောင်ကြပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ စျေးကွက်တွင် မည်သူကမှ အရောင်းအဝယ်မလုပ်ကြကြောင်း၊ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း၏ သတ်မှတ်သော စျေးနှုန်းမှာလည်း လက်တွေ့မကျသော စျေးဖြစ်၍ အရောင်းအဝယ်လုပ်၍လည်းမရကြောင်း ရွှေကုန်သည်များက ပြောဆိုကြသည်။"]
https://yktnews.com/2024/06/165363/
ရွှေစျေးနှုန်းများ အမြင့်ဆုံး မြင့်တက်ချိန် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးနေ
["ရွှေစျေးနှုန်းများ အမြင့်ဆုံး မြင့်တက်ချိန် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးနေ", "ငွေလွှဲဟွန်ဒီသမား ၁၂ ဦးအပြင် ဒေါ်လာဝယ်ရောင်း ကျော်စောသူများကိုလည်း စစ်တပ်နှင့်စသုံးလုံးက ဖမ်းဆီးထား", "ရန်ကုန်၊ ဇွန် ၁", "မြန်မာ့ရွှေစျေးကွက်တွင် ရွှေစျေးနှုန်းများ အမြင့်ဆုံး မြင့်တက်ချိန် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)က ခေါ်ယူစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရွှေကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရွှေစျေးနှုန်းများ အမြင့်ဆုံးစျေးနှုန်းသို့ မြင့်တက်သည့် မေလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီလက် အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀ ဦးထက်မနည်းကို စသုံးလုံးရုံးဌာနသို့ ခေါ်ယူထားကြောင်း သိရှိရသည်။", "“ရွှေသမားတွေကို စသုံးလုံးက ခေါ်ထားတယ်။ ဖမ်းထားတယ်ပြောလို့လည်းရပါတယ်။ ရွှေကုန်သည်နဲ့ ရွှေဆိုင်ပိုင်ရှင်တွေပဲ။ ၂၀ ဦးထက်မနည်းဘူး။ အခုထက်ထိတော့ ပြန်မလွတ်သေးဘူး။ အဲဒီလိုပဲ စျေးတက်ရင် ရွှေကုန်သည်တွေ ရွှေဆိုင်ပိုင်ရှင်တွေကို စသုံးလုံးရုံးမှာ ခေါ်ထားတယ်။ တချို့ဆို စျေးတက်ရင် အခေါ်ခံနေရတော့ အိမ်လိုတောင်ဖြစ်နေပြီ။ ရွှေဈေးတက်တိုင်းခေါ်နေတာဆိုတော့။ ဒီတစ်ခါကတော့ စျေးအရမ်းတက်တော့ ပိုကြောက်ရတယ်။ ဈေးက တအားမြောက်တက်သွားတာဆိုတော့ အရင်လို ခေါ်ထားရုံနဲ့ မပြီးဘဲ စီမံချက်ဆိုပြီး တရားစွဲ ထောင်ချတာတွေ လုပ်မှာ စိုးရိမ်နေကြတာ”ဟု ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။", "ထို့ပြင် စစ်ကောင်စီက ပြည်တွင်းတွင် ဟွန်ဒီငွေလွှဲလုပ်သူ လူပုဂ္ဂိုလ် ၁၂ ဦးကို ဖမ်းဆီးပြီး ဘဏ်စာရင်းနှင့် ငွေစာရင်း ၇၄ ကို ပိတ်ပင်ထားကြောင်း သိရှိရသည်။", "USDT အပါအဝင် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင် ရွက်ခဲ့သည့် လူပုဂ္ဂိုလ် ၁၂ ဦး၏ ဘဏ်ငွေစာရင်း ၃၆ ခုနှင့် Pay Account ၃၈ ခုတို့အား ပိတ်သိမ်းလိုက်ကြောင်း၊ ထို့ပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးဆိုင်ရာ ဥပဒေများနှင့်ပါ တရားစွဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။", "လက်ရှိတွင် စစ်ကောင်စီက ရွှေသမားများ၊ ဟွန်ဒီငွေလွှဲလုပ်သူများအပြင် ဒေါ်လာဝယ်ရောင်းလုပ်သူ ကျော်စောသူများကို စစ်တပ်နှင့် စသုံးလုံးဌာနက ပူးပေါင်းဖမ်းဆီးပြီး အရေးယူမှုများရှိနေကြောင်း သိရှိရသည်။", "“ရွှေစျေး ဒေါ်လာစျေး တအားတက်တော့ စစ်တပ်ထိပ်ပိုင်းက ဖမ်းဆိုပြီး မြင်ရာ တွေ့ရာ နီးစပ်ရာ လိုက်ဖမ်းတာမျိုးလို့ပြောလို့ရတယ်။ တချို့ဆို အရင်က ဒေါ်လာဝယ်ရောင်း လုပ်ခဲ့ဖူးပေမယ့် အခုဘာမှ မလုပ်တော့ဘဲ နေတာကိုတောင် အရင်က ဒေါ်လာဝယ်ရောင်းလုပ်ခဲ့တဲ့ History နဲ့ ပြန်ဖမ်းသွားတာမျိုးတွေရှိတယ်” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလဲဒိုင်လက်ကြီးတစ်ဦးက အခြေအနေကို ရှင်းပြသည်။", "မေလ ၃၀ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၉ သိန်း အထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အထူးစုံစမ်းစစ်ရေးဦးစီးဌာန၏ အစည်းအဝေးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/10/125782/
ရွှေညဝါဆရာတော်၏ ဒကာအရင်း ဇဗ္မူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို လူတစ်စုက ဖမ်းဆီး သတ်ဖြတ်
["ရွှေညဝါဆရာတော်၏ ဒကာအရင်း ဇဗ္မူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို လူတစ်စုက ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောမှုများကြောင့် အကြမ်းဖက် စစ် တပ်က ဖမ်းဆီးထောင်ချမှု ခံခဲ့ရသော ရွှေညဝါ ဆရာတော်၏ ဒကာအရင်း တစ်ဦးဖြစ်သူ ဇဗ္မူရာဇ် ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦးကို လူတစ်စုက ဖမ်းဆီး သတ်ဖြတ်သွားကြောင်း ဆရာတော်နှင့်နီးစပ်သော သံဃာတော်တစ်ပါးက မိန့်ကြားသည်။", "အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီ ၃၀ အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ညစျေး တွင် ဇဗ္မူရာဇ် ရွှေဆိုင်ဖွင့်လှစ်ထားသော ဦးမင်းဇော်ဦးသည် ဆိုင် သိမ်း၍ အပြန်တွင် လူတစ်စုက လာရောက် ဖမ်းဆီးပြီး ကားပေါ်သို့ ဆွဲတင် သွားကြောင်း၊ ယင်းနောက် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ဇီးရိုးမိုင်တွင် လက်ထိပ်နောက်ပြန်ခတ်ကာ သေဆုံးလျက် ပြန်လည် တွေ့ရှိရကြောင်း သိရှိရသည်။", "“ကြည့်မြင်တိုင်ညစျေးမှာ ဦးမင်းဇော်ဦးက ဇဗ္ဗူရာဇ် ရွှေဆိုင် ဖွင့်လှစ်တာပါ။ မနေ့ ညပိုင်းမှာ လူတစ်စုက ဖမ်းခေါ်သွားတယ်။ ကားပေါ်ကို ဆွဲတင် ထိုးကြိတ် သွားတယ်။ ဒီမနက်ကျတော့ အလောင်းကို လမ်းဘေးတနေရာမှာ စွန့်ပစ် ထားခဲ့တယ်။ သူဟာ ရွှေညဝါဆရာတော်ရဲ့ ဒကာရင်းဖြစ်တယ်” ဟု ရွှေညဝါ ဆရာတော်နှင့် ရင်းနှီးစပ်သူ သံဃာတော်တစ်ပါးက ပြောဆိုသည်။"]
https://yktnews.com/2024/05/162645/
ရွှေတိဂုံ တန်ဆောင်းတွင် ရွှေနှင့်ငွေပေါင်းထားသော နဂါး အုပ်မိုးထားသည့် အမည်းရောင်ဘုရား၊ အမည်းရောင်သန်လျက် အပါအဝင် ထူးဆန်းသော ယတြာများ စစ်ကောင်စီက ပြုလုပ်ခဲ့၊ ဆယ်တော်မူဘုရားတွင်လည်း ဂါထာရွတ်ပွဲများ လုပ်ဆောင်ခဲ့
["ရွှေတိဂုံ တန်ဆောင်းတွင် ရွှေနှင့်ငွေပေါင်းထားသော နဂါး အုပ်မိုးထားသည့် အမည်းရောင်ဘုရား၊ အမည်းရောင်သန်လျက် အပါအဝင် ထူးဆန်းသော ယတြာများ စစ်ကောင်စီက ပြုလုပ်ခဲ့၊ ဆယ်တော်မူဘုရားတွင်လည်း ဂါထာရွတ်ပွဲများ လုပ်ဆောင်ခဲ့", "ရန်ကုန်၊ မတ် ၁၅", "အကြမ်းဖက်စစ်ကောင်စီက ရွှေတိဂုံစေတီတော်အတွင်းရှိ ဘုရားတန်ဆောင်းတစ်ခုတွင် အမည်းရောင် ဘုရား၊ အမည်းရောင် သန်လျက်ကို အုပ်မိုးထားသော ရွှေနှင့်ငွေနဂါးရုံ ဘုရားကို ပြုလုပ်ပြီး ထူးဆန်းသော ယတြာချေမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ယတြာကို မေလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၁၃ ရက်နေ့တွင်ပင် ရွှေတိဂုံစေတီရှိ ဆယ်တော်မူဘုရား အပါအဝင် တစ်နိုင်ငံလုံး တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားဂါထာများ ရွတ်ဆိုရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက နဂါးရုံဘုရားတည်ထားမှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိရာ ရွှေတိဂုံစေတီတော်တွင် ယတြာချေသည့် ရွှေနှင့်ငွေနဂါးရုံထားသည့် အမည်းရောင်ဘုရား၊ အမည်းရောင် သန်လျက်တို့မှာ လက်ရှိ စစ်တပ် ကျဆုံးနေသည့် နိုင်ငံရေးအခြေအနေကို အဖတ်ဆယ်သည့် ယတြာဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်းရှိသည်။", "ထို့ပြင် နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် ဆယ်တော်မူဘုရားပုံတော်ကို ကပ်ပြီး ဆယ်တော်မူဘုရားဂါထာ၊ ပရိတ်တော်နှင့် ဂုဏ်တော်ကို ရွတ်ဖတ်ပူဇော်ကြရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁၃ ရက်နေ့ တွင် ညွှန်ကြားခဲ့သည်။", "ဆယ်တော်မူ ဘုရားသည် ရွှေတိဂုံ စေတီ၏ အင်္ဂါဒေါင့် နှင့် ဂေါပကရုံးတို့ အကြားရှိ အာရုံခံ တန်ဆောင်းတွင် တည်ရှိနေပြီး ယင်းဆယ်တော်မူဘုရား၏ ဓာတ်ပုံများကို နိုင်ငံတစ်ဝန်းရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် ကိုးကွယ်ကြရန်၊ ဆယ်တော်မူဘုရား၏ ဂါထာတော်ကိုလည်း နေ့ည မပြတ်အဓိဋ္ဌာန်ဖြင့် ရွတ်ဆိုကြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်က လွန်ခဲ့သော လပိုင်းအတွင်း ဆယ်တော်မူဘုရားသို့ လျှို့ဝှက် လာရောက်ပြီး ယတြာချေခဲ့ကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်ကောင်စီက ဆယ်တော်မူဘုရားပုံတော်၊ ဆယ်ဘုရားဂါထာစာအုပ်များကို သိန်းချီရိုက်နှိပ်၍ တပ်ရင်းတပ်ဖွဲ့များအားလုံးနှင့် ဌာနဆိုင်ရာတချို့ကို ဖြန့်ဝေခဲ့ကြောင်းသည်။", "ဆယ်တော်မူမြတ်စွာဘုရားဂါထာကို ရွတ်ဖတ်ရသောအကျိုးကျေးဇူးများအနေဖြင့် အခက်အခဲ ကံဆိုးကံညံ့များမှ ကံဆယ်တော်မူခြင်းက အဓိက ဖြစ်ပြီး အခြားသော အကျိုးရလဒ်များအနေဖြင့် လူချစ်လူခင် ပေါများခြင်း၊ ကျန်းမာ ၊ ချမ်းသာခြင်း၊ အန္တရာယ်ဆိုးများ ကွင်းရှောင်ခြင်း၊ ရန်သူမျိုး ၅ပါးဘေးမှ ကင်းဝေးစေခြင်း ၊ မိမိ ပြောဆိုသမျှ စကားအားလုံး အောင်မြင်ခြင်း ၊ လာဘ်လာဘ ပေါများခြင်း ၊ ထီပေါက်ခြင်း (သို့) ထီပေါက်သကဲ့သိုငွေဝင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဆယ်တော်မူဘုရားဂါထာစာအုပ်တွင် ရေးသားထားသည်။", "ဆယ်တော်မူ ဆင်းတုတော်၏ မူလဒါယကာမှာ မြန်မာတိုင်းရင်းဆေးဆရာကြီး ဆရာမြိုင် ဖြစ်ပြီး ရွှေတိဂုံစေတီတော် ဦးဘတင်တန်ဆောင်း အတွင်း အပူဇော်ခံထားကြောင်း၊ ဆယ်တော်မူဘုရားသည် မင်းမြောက်တန်ဆာ ဆင်ယင်သော ဉာဏ်တော် ၂ ပေ ခန့်ရှိသည့် ထိုင်တော်မူ ရုပ်ပွားတော်ဖြစ်ပြီး စက္ခုန္ဒြေချသော မျက်လုံးတော်သည် ရံဖန်ရံခါ၌ ထူးခြားစွာ ဖွင့်တော်မူနေကြောင်း၊ မျက်လုံးတော်ဖွင့်၍ အပူဇော်ခံသည့် ဓာတ်ပုံနှစ်ပုံကို ထိုတန်ဆောင်းထဲ၌ ပြသထားကြောင်း ရွှေတိဂုံစေတီတော်နှင့်သက်ဆိုင်သော စာအုပ်စာတမ်းတချို့တွင် ရေးသားဖော်ပြထားချက်အရ သိရှိရသည်။"]
https://yktnews.com/2023/12/135231/
ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့် ဝင်ကြေးအဖြစ်ရရှိသော အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထက်မနည်းကို စစ်ကောင်စီက သိမ်းယူ၊ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ်၍ ကျပ်ငွေ ပြန်ထုတ်ပေး
["ရွှေတိဂုံစေတီတော်၏ အလှူငွေနှင့် ဝင်ကြေးအဖြစ်ရရှိသော အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ထက်မနည်းကို စစ်ကောင်စီက သိမ်းယူ၊ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ်၍ ကျပ်ငွေ ပြန်ထုတ်ပေး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီး စေတီဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံ စေတီတော်ကြီး၏အတွက် လှူဒါန်းထားသော အလှူငွေနှင့် ဝင်ကြေးများမှ ရရှိသော အမေရိကန်ဒေါ်လာများကို အပ်ငွေအဖြစ် စစ်ကောင်စီဘဏ်များတွင် အပ်နှံထားရာ ယင်းငွေများကို စစ်ကောင်စီက သိမ်းယူလိုက်ကြောင်း သိရှိရသည်။", "ရွှေတိဂုံစေတီတော်၏ အမေရိကန်ဒေါ်လာ အပ်ငွေများကို တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စစ်ကောင်စီက တန်ဖိုးဖြတ် သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည် ထုတ်ပေးကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။", "ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူခံရရှိငွေများကို ယခင်ကတည်းက နိုင်ငံပိုင်ဘဏ်များတွင်အပ်နှံခြင်း၊ ငွေတိုက်စာချုပ်များ ဝယ်ယူခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံပိုင်ဘဏ်များသည် စစ်ကောင် စီလက်အောက်သို့ ရောက်ရှိသွားပြီး ရွှေတိဂုံစေတီ ဂေါပကအဖွဲ့မှာလည်း စစ်ကောင်စီက စိတ်ကြိုက် ဖွဲ့စည်းထားသော အဖွဲ့များဖြစ်လာကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးတွင် အလှူငွေများအဖြစ်လည်းကောင်း၊ ပြည်ပခရီးသွားဧည့်သည်များ၏ ဘုရားစေတီဝင်ကြေးအဖြစ် ရရှိထားသော အမေရိကန်ဒေါ်လာ အနည်းဆုံး သန်း ၂၀ ကျော်အထက်ရှိနေပြီး ယင်းအမေရိကန်ဒေါ်လာအပ်ငွေများကို စစ်ကောင်စီက တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် ငွေလဲနှုန်းသတ်မှတ်ကာ မြန်မာ ကျပ်ငွေများ ပြန်လည် ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။", "” ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံ အပါအဝင် တန်ခိုးကြီး ဘုရား ၂ ဆူရဲ့ အလှူခံရထားတဲ့ အမေရိကန်ဒေါ်လာတွေ၊ ဘဏ်အပ်ထားတဲ့အမေရိကန်ဒေါ်လာတွေကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ တွက်ပြီး ကျပ်ငွေတွေ ပြန်ထုတ်ပေးတယ်”ဟု စစ်ကောင်စီ၏ လုပ်ရပ် အခြေအနေကို သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိ စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ နည်းပါး ပြတ်လပ်နေသဖြင့် အမေရိကန်ဒေါ်လာ ရရှိရေး စစ်တပ်က ပုံစံမျိုးစုံဖြင့် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်များ တင်ပို့သော လုပ်ငန်းရှင်များထံမှလည်း ၃၅ ရာခိုင်နှုန်းကို စစ်ကောင်စီက တောင်းခံနေကြောင်း၊ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာများကို စစ်တပ်က ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းဖြင့် လဲယူကြောင်း သိရှိရသည်။", "စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ လစဉ် ဝင်ငွေ ၂ ရာခိုင် နှုန်းကို ဝင်ငွေအခွန်အဖြစ် ကောက်ခံရန်နှင့် မြန်မာအလုပ်သမားများ၏ ပြည်ပမှ ဝင်ငွေများကို ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းရာတွင် စစ်ကောင်စီဘဏ်များနှင့်ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် လွှဲပြောင်း စေရေးအတွက် ဆောင်ရွက်ကြရန် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးများနှင့် သံအမတ်များကို တာ၀န်ပေးအပ် ညွှန်ကြားထားကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/205394/
ရွှေတောင် စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်း
["ရွှေတောင် စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈သင်းကို ပို့ဆောင်ခိုင်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ပဲခူးတိုင်း၊ ရွှေတောင်မြို့ရှိ ကုတင် ၁၀၀ စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို မင်္ဂလာဒုံ ဆေးရုံသို့ ပို့ဆောင်ရန် ပြည်ဒကစမှ ယာယီ ဒကစမှူးက စစ်ကားများဖြင့် မပို့ရဲဘဲ ကြောက်လန့်နေ၍ ပရဟိတ အသင်း ၂၈ သင်းကို ပို့ဆောင်ခိုင်းနေကြောင်း ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်ဒကစမှ ယာယီ ဒကစမှူးက ပြည်ခရိုင်အတွင်းရှိ ပရဟိတ အသင်း ၂၈ သင်းကို ပြည်ဒကစ အတွင်းခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ယင်း အစည်းအဝေးတွင် ယာယီဒကစမှူးက ရွှေတောင် ကုတင်၁၀၀ စစ်ဆေးရုံမှ ဒဏ်ရာပြင်းထန်သော စစ်သားများကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ကုတင် ၁၀၀၀ စစ်ဆေးရုံကို အလှည့်ကျ ပို့ပေးရန် ဖိအားပေး ခိုင်းစေခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ဒဏ်ရာပြင်းထန်သော စစ်သားများကို စစ်ကားဖြင့် ပို့ဆောင်ရဲခြင်းမရှိဘဲ ကြားဖြတ် တိုက်ခိုက်ခံရမည်ကို ကြောက်လန့်နေကြောင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံသို့ စစ်သား လူနာများကို ပို့ဆောင်ပေးပါက တစ်ခေါက်လျှင် ဆီ ၁၅ ဂါ ဆီ ပေးမည်ဖြစ်ကြောင်း၊ ယခင်က ရွှေတောင် ပရဟိတအသင်းနှင့် လူနာများကို ပို့ဆောင်နေသော်လည်း ယခုအခါ လူနာဦးရေ များပြားနေသောကြောင့် ပြည်ခရိုင်အတွင်းရှိ ပရဟိတအသင်းများကိုခေါ်ယူက အလှည့်ကျပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်း၊ ထို အစည်းအဝေးကို ပြည်ဒကစမှူးမှ ခရီးသွားနေခြင်းကြောင့် ယာယီ ဒကစမှူးမှ ခေါ်ယူ၍ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံတွင် ဥသျှစ်ပင်-ပန်းတောင်းဘက်မှ စစ်သားများ၊ ပေါင်းတည်ဘက်မှ စစ်သားများနှင့် ပြည်ခရိုင်အတွင်းရှိ ဒဏ်ရာရ စစ်သားများ အပြင် သာယာဝတီခရိုင်မှ စစ်သားများပါ တက်ရောက်ကုသနေပြီး လူဦးရေ များပြားကာ ဆေးဝါးများ လုံလောက်မှုမရှိကြောင်း သိရသည်။", "“မနေ့က ပြည်ဒကစထဲမှာ ယာယီဒကစမှူးက ပရဟိတ အသင်း ၂၈ သင်းကို ခေါ်ယူပြီး အစည်းဝေးတစ်ခု ပြုလုပ်တယ်လို့ သိရတယ်။ ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံမှာ မကုသနိုင်တော့တဲ့ စစ်ခွေးတွေကို ရန်ကုန် မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံကို အလှည့်ကျ ပို့ပေးရမယ့်အကြောင်း ခေါ်ပြောတယ်လို့ သိတရတယ်။ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပြောတယ်။ အရင်ကတော့ ရွှေတောင်ပရဟိတအသင်းနဲ့ စစ်ခွေးလူနာတွေ ပို့ဆောင်ပေမယ့် အခုက လူနာဦး အရေအတွက် များလာလို့ မပို့နိုင်တော့ဘူးလို့ သိရတယ်။ အဲဆေးရုံတက်နေတဲ့ စစ်ခွေးတွေက ဥသျှစ်ပင်-ပန်းတောင်းဘက်ကဖြစ်သလို ပေါင်းတည်းဘက်ကလည်းပါတယ်။ ပြည်ခရိုင် နယ်မြေထဲကတော်တော်များများပါတယ်။ သာယာဝတီခရိုင်က ဒဏ်ရာရ စစ်ခွေးတွေကော တက်ရောက်နေတယ်လို့ သိရတယ်” ဟု ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။"]
https://yktnews.com/2025/02/201994/
ရွှေတောင်နှင့် ဥသျှစ်ပင် စစ်ဆေးရုံများတွင် မိုးထိတောင် စစ်တပ်စခန်း တိုက်ပွဲမှ ဒဏ်ရာရ စစ်သား အများအပြား ရောက်ရှိနေပြီး စစ်မှုထမ်းတပ်သားသစ်များပါ သေဆုံးဒဏ်ရာရသူများတွင် ပါဝင်နေ
["ရွှေတောင်နှင့် ဥသျှစ်ပင် စစ်ဆေးရုံများတွင် မိုးထိတောင် စစ်တပ်စခန်း တိုက်ပွဲမှ ဒဏ်ရာရ စစ်သား အများအပြား ရောက်ရှိနေပြီး စစ်မှုထမ်းတပ်သားသစ်များပါ သေဆုံးဒဏ်ရာရသူများတွင်ပါဝင်နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံများတွင် မိုးထိတောင်စစ်တပ်စခန်းတိုက်ပွဲမှ ဒဏ်ရာရ စစ်သား ၂၀၀ ဝန်းကျင်ရောက်ရှိနေပြီး တိုက်ပွဲအတွင်း စစ်မှုထမ်းတပ်သားသစ်များပါ သေဆုံး ဒဏ်ရာရခဲ့ကြောင်း စစ်မှုထမ်းတပ်သားများ၏ မိသားစု ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့တွင် AA နှင့် တော်လှန်ရေးတပ်များက ရခိုင်ပြည်နယ်နှင့်ပဲခူးတိုင်းအစပ်၊ ပန်းတောင်းမြို့နယ်၊ မိုးထိတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း၊ အလောင်းများသိမ်း ပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲမှာ ဒဏ်ရာရရှိသော စစ်သား ၂၀၀ ခန့်မှာ လက်ရှိတွင် ရွှေတောင်မြို့ နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံများတွင် ရောက်ရှိ ဆေးကုသမှု ခံယူနေကာ စစ်မှုထမ်းတပ်သားသစ်အများအပြားပါ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“အပတ်စဉ် ၅ နဲ့ အပတ်စဉ် ၆ က စစ်မှုထမ်းတွေ တော်တော်များပါတယ်။ မိုးထိတောင် တိုက်ပွဲမှာ ဒဏ်ရာရပြီး ရွှေတောင်စစ်ဆေးရုံကို ရောက်လာတာ။ ကျဆုံးတာတွေလည်း များတယ်။ အခုတော့ ဒဏ်ရာရထားလို့ မိသားစုတွေဆီ ဖုန်းဆက်ခွင့်ပေးတယ်။ သွားတော့ ကြည့်လို့မရသေးဘူး။ ဒဏ်ရာရက သက်သာရင်လည်း ရှေ့တန်းပြန်ပို့မယ်ပြောလို့ ဆေးရုံမဆင်းခင် လာတွေ့ဖို့ ကလေး (တူဖြစ်သူ) က ပြောနေတယ်” ဟု ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှ စစ်မှုထမ်းတပ်သားဖြစ်သူ၏ အဒေါ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရွှေတောင်မြို့နယ်နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ဒဏ်ရာရ စစ်သား ၂၀၀ ကျော် အနက် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေ ရှိသူများပါဝင်ပြီး တိုက်ပွဲအတွင်း ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိသူများလည်း ပါဝင်နေကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပုဂ္ဂလိက ဒိုင်နာ၊ ကင်တာနှင့် FAW ကားများကို ဖမ်းဆီးချောဆွဲပြီး ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်၊ ညောင် ဂျိုးဂိတ်သို့ လက်နက်နှင့် ခဲယမ်းများ ပို့ဆောင်ခိုင်းပြီးနောက် အပြန်တွင် မိုးထိတောင် တိုက်ပွဲမှ ဒဏ်ရာ စစ်သားများကို တင်ဆောင်ကာ ရွှေတောင်နှင့် ဥသျှစ်ပင်မြို့ စစ်ဆေးရုံများသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရှိရသည်။", "မိုးထိတောင်တိုက်ပွဲတွင် ဒဏ်ရာရရှိသူများအနက်မှ ပြင်ပဒဏ်ရာမျှ သာရရှိပြီး ပြန်လည် သက်သာလာသည့် စစ်သားများကို ရှေ့တန်းစစ်မြေပြင်သို့ ပြန်လည်စေလွှတ်နေကာ မိုးထိတောင်တပ်စခန်းကို ပြန်လည် သိမ်းပိုက်ခိုင်းနေကြောင်း၊ ဥသျှစ်ပင်မြို့တွင် စစ်တပ်က အင်အားစုစည်းနေပြီး မကြာမီ မိုးထိတောင်တပ်စခန်း သို့ ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ-ဥသျှစ်ပင်မြို့ စစ်ဆေးရုံ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/11/192241/
ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းရွာသား ဦးမိုးကြီးကို အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက ထွေအုပ်စာရေး အေးမင်းနိုင် ပစ်ခတ်ခံရမှုနှင့် ပတ်သတ်သည်ဟု စွပ်စွဲ၍ ရိုက်နှက် ဖမ်းဆီးသွား
["ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းရွာသား ဦးမိုးကြီးကို အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက ထွေအုပ်စာရေး အေးမင်းနိုင် ပစ်ခတ်ခံရမှုနှင့် ပတ်သတ်သည်ဟု စွပ်စွဲ၍ ရိုက်နှက်ဖမ်းဆီးသွား", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းရွာသား ဦးမိုးကြီးကို အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက ထွေအုပ်စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီးနှင့် ပတ်သတ်သည်ဟု စွပ်စွဲ၍ ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သော အသက် ၅၀ ကျော် အရွယ် ဦးမိုးကြီးကို ယင်းမှုကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးလုံး ဦးဆောင်သော စစ်ကောင်စီတပ်သား ၈ ဦးခန့်က နေအိမ်အတွင်း ဝင်ရောက် ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။", "ယင်းမှုကုန်းရွာသား ဦးမိုးကြီးကို အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီ တပ်သားများက ထွေအုပ်စာရေး အေးမင်းနိုင် ပစ်ခတ် တိုက်ခိုက်ခံရမှုနှင့် ပတ်သတ်ပြီး တရာခံဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ရွှေတောင်မှာတော့ စစ်ခွေးတွေက အပြစ်မဲ့ ပြည်သူတွေကို စွပ်စွဲပြီး ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ မိသားစုနဲ့ အဆက်အသွယ်မရတော့ဘဲ ဘယ်ရောက်လို့ ရောက်မှန်းမသိ ဖြစ်သွားကြတယ်။ လအနည်းငယ်အကြာခန့်မှာတော့ သေဆုံးသွားပါပြီဆိုပြီး ဓာတ်ပုံလာကြည့်အတည်ပြုပါဆိုပြီး မိသားစုတွေကို ခေါ်တာမျိုးတွေရှိနေပါတယ်၊ မိသားစုတွေကိုလည်း ခြိမ်းခြောက်ထားတာတွေကြောင့် မည်သူ တစ်ဦးတစ်ယောက်မှ ထုတ်ဖော်ပြောကြားတာတွေ မရှိခဲ့ပါဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ရွှေတောင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ပြီး ပုဒ်မမျိုးစုံတတ်၍ သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း သိရသည်။", "Photo – အုပ်ချုပ်ရေးမှူးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မတရားစွပ်စွဲ ဖမ်းဆီးသွားသော ဦးမိုးကြီး"]
https://yktnews.com/2024/10/186497/
ရွှေတောင်မြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["ရွှေတောင်မြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာသည့် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ အောက်တိုဘာ ၅", "ပဲခူးတိုင်း၊ ရွှေတောင်မြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ရွှေတောင်မြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ စစ်ကောင်စီ တပ်သားများနှင့် အပေါင်းအပါများ သန်းခေါင်စာရင်း ကောက်ယူပြီး ပြန်လာစဉ် ယွန်းတန်းရပ်ကွက်၊ ဆိုင်းတန်းလမ်းရှိ ယွန်းတန်းအုပ်ချုပ်ရေးမှူး နေအိမ်ရှေ့တွင် ရွှေတောင်မြို့နယ် ပကဖ ရဲဘော်များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖောက်ခွဲ တိုက်ခိုက်ခဲ့သော နေရာသည် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီ တပ်သားများ ဆိုင်ကယ်ထားရှိသော နေရာဖြစ်ပြီး မိုင်းပေါက်ကွဲမှု အရှိန်ကြောင့် ဆိုင်ကယ်နှင့် စစ်ကောင်စီ တပ်သားများ လဲကျသွားသော်လည်း ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ် အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“အုပ်ကြီးက မိုင်းထည့်ထားတဲ့ အမှိုက်အိတ်ကို ကျောပေးထားတာ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ ဆိုင်ကယ်ပေါ်အတက်ကို စကားလှည့်အပြောမှာ မိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ သူတို့ သတင်းဖြန့်နေတာကတော့ အုပ်ကြီး နဲ့ ဆွေမျိုး ၁ ဦး ထိသွားတယ်လို့ သတင်းဖြန့်နေတာတော့ ရှိတယ်။ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ အမြင်ကတော့ အုပ်ကြီးနဲ့ သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့ပဲ လမ်းထဲရှိတယ်။ ကျွန်တော်တို့ အဝေးထိန်းမိုင်း ထားထားတဲ့ နေရာမှာ အာ့ဒီအဖွဲ့က ဆိုင်ကယ်ရပ်ထားခဲ့တယ်။ အပြန်မှာ ဆိုင်ကယ်ပေါ် အတက်ကို မိုင်းဆွဲခဲ့တယ်။ ဆိုင်ကယ်တွေလည်း လဲသွားတယ် လူတွေလည်း လဲကျသွားတာရှိတယ်” ဟု ရွှေတောင်မြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။", "မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များ အချိန်မီဆုတ်ခွာလာ၍ မြေပြင် ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခဲ့ခြင်းမရှိကြောင်း ရွှေတောင်မြို့နယ် ပကဖ တာဝန်ခံက ရှင်းပြသည်။"]
https://yktnews.com/2024/01/139445/
ရွှေတောင်၊ ပန်းတောင်းနှင့် ပဲခူးမြို့ရှိ ကျေးရွာများတွင် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် တစ်ရွာလျှင် လူဦးရေ ၃၀ မှ ၁၀၀ ကြား တောင်းခံနေ
["ရွှေတောင်၊ ပန်းတောင်းနှင့် ပဲခူးမြို့ရှိ ကျေးရွာများတွင် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် တစ်ရွာလျှင် လူဦးရေ ၃၀ မှ ၁၀၀ ကြား တောင်းခံနေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ပဲခူးတိုင်း၊ ရွှေတောင်မြို့၊ ပန်းတောင်းမြို့နှင့် ပဲခူးမြို့ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် တစ်ရွာလျှင် လူဦးရေ ၃၀ မှ ၁၀၀ ကြား တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလမှ စတင်ကာ ပဲခူးတိုင်း အနောက်ပိုင်း ပန်းတောင်းမြို့ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် တစ်ရွာလျှင် လူ ၃၀ ဦး အတင်းတောင်းခံထားပြီး တစ်အိမ် တစ်ဦးနှုန်း မဲနှိက်ကာ လူရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။", "“အခု မဲနှိက်ပြီး လိုက်နေရမယ်လို့ သိရပါတယ်။ ပြည်သူတွေက စစ်တပ်ကို ထောက်ခံသူ လုံးဝမရှိသလောက်ပါပဲ", "ပြည်သူတွေ အနေနဲ့ကတော့ မြန်မြန် စစ်အာဏာရှင်အမြစ်ပြတ်စေဖို့ ကိုယ့်လူသူ့ဘက်သား နေနေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ်ဖွဲ့ရန် တစ်ရွာလျှင်အနည်းဆုံး လူ ၃၀ ဦး တောင်းခံထားပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရပ်ရွာရာအိမ်မှူးများက လူစာရင်း လိုက်ခံကောက်ခံလျက်ရှိကြောင်း သိရသည်။", "ထို့ပြင် ပဲခူးမြို့နယ် အတွင်းရှိ ကျေးရွာများတွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ် ဖွဲ့စည်းရန် ရွာငယ်တစ်ရွာလျှင် လူ ၂၀ ဦး၊ ရွာကြီးတစ်ရွာလျှင် လူ ၅၀ မှ ၁၀၀ ကြား ကျေးရွာ လူကြီးများထံမှ တဆင့် တောင်းခံထားကြောင်း သိရှိရသည်။", "” လူငယ်တွေမရှိဘူး နိုင်ငံခြားသွားကုန်ပြီ ပြောလို့ လူငယ်မရှိရင် လူကြီးများ စစ်မှုထမ်း ရမယ် ဆိုပြီး သေနတ်ထမ်းနိုင်ရင် ပြီးရောလို့ ပြောတယ်။ ကြိမ်းမောင်း ဆဲဆိုတာတွေလည်း လုပ်တယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2022/12/77532/
ရွှေနွယ်သွေး လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရွှေနွယ်သွေး လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် “ရန်သူ့ဝါဒမှိုင်းကို ကျော်လွှားကြ” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/75928/
ရွှေနွယ်သွေး သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရွှေနွယ်သွေး သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76918/
ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "သွေးမအေးတဲ့ ရွှေနွယ်သွေး လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76589/
ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာလ ၂၅", "ရွှေနွယ်သွေး ရွာပေါင်းစုံ သပိတ် စစ်ကြောင်းနှင့် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76011/
ရွှေပြည်သာ စုသက်မွေးသိပ္ပံမှ ကျောင်းဆရာ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ်ထဲ အက်ဆစ်လောင်း ၊ ဝါးချွန်ဖြင့် ထိုးပြီး ညှင်းဆဲသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူးပြီး စစ်ကြောရေးတွင် စစ်ကောင်စီက ယင်းဗီဒီယိုကို အသုံးပြု ခြိမ်း ခြောက်
["ရွှေပြည်သာ စုသက်မွေးသိပ္ပံမှ ကျောင်းဆရာ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ်ထဲ အက်ဆစ်လောင်း ၊ ဝါးချွန်ဖြင့် ထိုးပြီး ညှင်းဆဲသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူးပြီး စစ်ကြောရေးတွင် စစ်ကောင်စီက ယင်းဗီဒီယိုကို အသုံးပြု ခြိမ်း ခြောက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ရွှေပြည်သာ စုသက်မွေးသိပ္ပံမှ ကျောင်းဆရာ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ်ထဲ အက်ဆစ်လောင်း ၊ ဝါးချွန်ဖြင့် ထိုးပြီး ညှင်းဆဲသတ်ဖြတ်မှုကို ဗီဒီယို ရိုက်ကူးပြီး စစ်ကြောရေးတွင် စစ်ကောင်စီက ခြိမ်းခြောက်ရန် အသုံးပြုလျက် ရှိကြောင်း စစ်ကြောရေးတွင်အစစ်ခံခဲ့ရသည့် အမေရိကန်နိုင်ငံသား စိုက်ပျိုး ရေးပညာရှင် ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ လရောတော စိုက်ပျိုးရေး တာဝန် ခံ ဦးကျော်ဌေးဦးက ပြောဆိုသည်။", "ဦးကျော်ဌေးဦးကို စစ်တပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးခဲ့ ပြီးနောက် စစ်ကြောရေးတွင် ရက်ပေါင်းများစွာ ညှဉ်းဆဲ နှိပ်စက်ခဲ့ကြောင်း၊ ၎င်းတို့‌ မေးသည့် မေးခွန်းများကို မဖြေပါက ပစ်သတ်၍ ရကြောင်း ပြောဆိုပြီး ရွှေပြည်သာ စုသက်မွေးသိပ္ပံကျောင်းမှ ဦးဇော်မြတ်လင်းကို စစ်တပ်က ပါးစပ် ထဲ အက်ဆစ်လောင်းချခြင်း၊ ဝါးချွန်းများ ဖြင့် ထိုးသည့် ဗီဒီယိုကို ပြသခဲ့ ကြောင်း ၎င်းက ပြောဆိုသည်။", "“ကောင်းကောင်းမဖြေရင် မင်းလိုကောင်မျိုးကို ငါပစ်သတ်လို့ရတယ်။ ပြီးရင် ဘယ် လောက် ဆိုးလဲ ဆိုရင် သူ့ဖုန်းထဲက ဗီဒီယိုပြတယ်။ အဲဒါက အမေ့အိမ် ကျောင်း ဆရာလေးကို ပါးစပ်ကို ဝါးချွန် နဲ့ ထိုးထားတဲ့ပုံတွေ၊ အက်ဆစ် လောင်း တဲ့ဗီဒီယို အခွေ အဲဒီလူတွေဆီမှာ ရှိတယ်။ ပါးစပ်ထဲကို အက်ဆစ် လောင်း ထည့် တာ အဲဒီဗီဒီယိုကိုပြတယ်” ဟု ဦးကျော်ဌေးဦးက ပြောသည်။", "ဦးကျော်ဌေးဦးသည် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအ ကြံပေး ရှောင်တာနယ်တို့နှင့်အတူ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် ခဲ့သူလည်းဖြစ်သည်။", "၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့ ညပိုင်းတွင် ရွှေပြည်သာ NLD ပါတီဝင် စုသက် မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကို စစ်တပ်နှင့်ရဲက ဖမ်းဆီးပြီး မတ်လ ၉ ရက်​နေ့ မွန်းလွဲပိုင်းတွင် အလောင်းပြန်ပေးခဲ့ကြော်ငး၊ ဦး​ဇော်မြတ်လင်း၏ အ​လောင်း တွင် အလွန်အမင်းနှိပ်စက်ထားသည့်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်​နေခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/199987/
ရွှေပြည်သာတွင် ဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ဖွတ်အမတ်ဟောင်း တင်မောင်ဦးက ပန်းခြံနှင့် ပြည်သူပိုင်မြေကွက်များကို သိမ်းယူ ဂရန်အမည်ဖောက်ရောင်း စား ၊ မရမ်းကုန်း ၂ ရပ်ကွက်တွင် နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိ ရှင်ဥပဂုတ္တ ပြည် သူပိုင်သောက် ရေကန်ကို မြေဖို့၍ စစ်တပ်က သိမ်းယူနေ
["ရွှေပြည်သာတွင် ဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ဖွတ်အမတ်ဟောင်း တင်မောင်ဦးက ပန်းခြံနှင့် ပြည်သူပိုင်မြေကွက်များကို သိမ်းယူ ဂရန်အမည်ဖောက်ရောင်း စား ၊ မရမ်းကုန်း ၂ရပ်ကွက်တွင် နှစ်ပေါင်း ၈၀ ကျော်သက်တမ်းရှိ ရှင်ဥပဂုတ္တ ပြည် သူပိုင်သောက် ရေကန်ကို မြေဖို့၍ စစ်တပ်က သိမ်းယူနေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ရွှေပြည်သာတွင် ဗိုလ်မှူးကြီးဟောင်းနှင့် ကြံ့ဖွတ်အမတ်ဟောင်း တင်မောင်ဦးက ပန်းခြံနှင့်အများပြည်သူပိုင်မြေကွက်များကို သိမ်းယူပြီး ဂရန်အမည်ဖောက်နေကြောင်း ရွှေပြည်သာမြို့နယ်မှ ဒေသပြည်သူများနှင့် ထွေ/အုပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုသည်။", "စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစတင်၍ ဗိုလ်မှူးကြီးဟောင်းလည်းဖြစ်၊ ကြံ့ဖွတ်ပါတီအမတ်ဟောင်းလည်းဖြစ်သူ တင်မောင်ဦးနှင့်အဖွဲ့က ရွှေပြည်သာမြို့နယ်အတွင်းရှိ ဥယျာဉ်မြေကွက်များ၊ မီးတားမြေကွက်များ၊ စားကျက် မြေများနှင့် မြေလွတ်များကို ဂရန်အမည်ဖောက်၍ ရောင်းစားမှုများ လုပ် ဆောင် လာခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြည်သူပိုင် မြေကွက်များကို ဂရန် အမည်ဖောက်၍ ရောင်းစားရာတွင် ထွေ/အုပ်၊ စည်ပင်၊ ရန်ကုန်တိုင်းစစ်ကောင်စီ၊ မြေစာရင်း၊ စစ်တပ် ဗျူဟာမှူးတို့ ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။", "“ဦးတင်မောင်ဦးဆိုတာက အရင် ဗိုလ်မှူးကြီးဟောင်း၊ ကြံ့ခိုင်ရေးပါတီရဲ့ ရွှေပြည်သာကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ နောက်တော့ ဦးရွှေမန်းပါတီမှာ အမတ်ဝင်ပြိုင်ဖို့လုပ်တယ်။ ဦးတင်မောင်ဦးက ရွှေပြည်သာမှာ စိမ်းလဲ့ဝေ ဆေးရုံကိုလည်း ထူထောင်ထားတယ်။ သူက ဌာနအားလုံးနဲ့ပေါင်းပြီး မြေကွက်တွေကို ဂရန် အမည်ဖောက်ရောင်းနေတာ။ ပန်းခြံတွေလည်းကုန်ပြီ” ဟု ရွှေပြည်သာမြို့နယ်၊ ထွေ/အုပ် သတင်းရင်းမြစ်က ဆိုသည်။", "အလားတူ မရမ်းကုန်းမြို့နယ် အမှတ် ၂ ရပ်ကွက်ရှိ အထက်ဗဟိုလမ်း(ယခင်ဦးဘဟန်လမ်း)၊ ပုဂံစက်လမ်းနှင့်ဦးသော်လမ်းအကြားရှိ နှစ်ပေါင်း ၅၅ နှစ်ကြာတည်ရှိခဲ့သော အများပြည်သူပိုင် သောက်ရေကန်ကို စစ်တပ်နှင့် ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ ပူးပေါင်း၍ မြေဖို့ သိမ်းယူနေကြောင်း သိရှိရသည်။", "အဆိုပါ ရေကန်မှာ ၁၉၆၇ ခုနှစ် အလှူရှင် ပုဂံစက်ပိုင်ရှင် ဦးသော်နှင့် ဒေါ်လှခင်တို့က အများပြည်သူ သောက်သုံးရေကန်အဖြစ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ်တွင် အလှူရှင်မိသားစုမှ သမီးဖြစ်သူ ဒေါ်ခင်အေးဝင်းကိုယ်တိုင် ပြည် သူများ ရေသုံးစွဲရန် အပြီးအပိုင်စာချုပ်ချုပ်ဆို၍ အများပြည်သူသို့ ထပ်မံ လှူဒါန်းခဲ့ကြောင်း၊ ယင်းရေကန်မှာ နှစ်ပေါင်း ၈၀ ကျော်ခန့်ရှိနေပြီး ယခုအခါ ရှင်ဥပဂုတ္တရဟန္တ သီတင်းသုံးရာ ကျောင်းဆောင်ကြီးအဖြစ်လည်း နှစ်ပေါင်း ၃၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း၊ ယခုအခါ သောက်သုံးရေကန်အစား ရပ်ကွက်အတွက် မီးသတ်သဘာ၀ရေကန်အဖြစ် သတ်မှတ်ထားသော တရားဝင် ရေ ကန် ကြီးလည်းဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ်က အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး‌ အောင်မြိုင်၊ ရာအိမ်မှူး မင်းစိုး၊ စစ်သားလူထွက် ခင်မောင်ဝင်းတို့ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများ၏ မီး သတ်ရေကန်အဖြစ် အသုံးပြုနေသော အဆိုပါ ရေကန်ကြီး မြေဖို့ ရောင်းချမည့် ကိစ္စကို သဘောတူသည်ဟုဆိုသော ပြည်သူများကို အတင်းအကျပ်လက် မှတ်ထိုးခိုင်းနေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။", "“ရေကန်ကြီးက နှစ်ပေါင်း ၈၀ ကျော်ရှိပြီ။ ရှင်ဥပဂုတ္တရဟန်းဖောင်ကြီးနဲ့ အများ ပြည်သူတွေ ကုသိုလ်ပြုရာဖြစ်ပါတယ်။ ပုဂံ(ပုဂံစက်ပိုင်ရှင်) အစ ဦးသော်က လို့ ထင်ရှားတဲ့ သူဌေးကြီးက အများအတွက် သောက်ရေကန်အဖြစ် လှူဒါန်းခဲ့တဲ့ သောက်ရေကန်ကို မြေဖို့ ဖျက်ဆီးဖို့ လုပ်နေတာပါ။ ရောင်းစားမယ့်အကြံပေါ့” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ သောက်ရေကန်ကို မြေဖို့ရောင်းချရန် စစ်အာဏာသိမ်းစ ၂၀၂၁ ခုနှစ်ကလည်း လုပ်ဆောင်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းတား မြစ် ခဲ့၍ ရပ်ဆိုင်းခဲ့ကြောင်း၊ လက်ရှိအချိန်တွင်မူ ယင်းကန်ကို မြေဖို့ရောင်းချရန် စစ်တပ်နှင့်ပူးပေါင်း လုပ်ဆောင်နေ၍ တားရဲသူမရှိဘဲ ထင်ရာစိုင်း လုပ် ဆောင် နေခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစတင်ပြီး ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်တပ်နှင့် ကြံ့ဖွတ်များ၊ စစ်အရာရှိဟောင်းများ ပူးပေါင်း၍ အများပြည်သူပိုင် မြေကွက်များ၊ ပန်းခြံများကို သိမ်းယူပြီး ဂရန် အမည်ဖောက် ၍ ရောင်းချမှုများ အကြီးအကျယ် ဖြစ်ထွန်းနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။"]
https://yktnews.com/2023/06/105818/
ရွှေပြည်သာနှင့် ယုဇနဥယျာဉ်မြို့တော်တွင် ဗုံးများပေါက်ကွဲ
["ရွှေပြည်သာနှင့် ယုဇနဥယျာဉ်မြို့တော်တွင် ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ ဇွန် ၂", "ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် ယနေ့ ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂ ရက်နေ့ ည ၈ နာရီ ၄၉ မိနစ်အချိန် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် အိမ်ရာဝင်းထဲတွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ၊ ယင်းနောက် စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများက ပြောဆိုသည်။", "“ယုဇနဥယျဥ်မြို့တော်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားမှာ ပေါက်ကွဲသံကြားရတယ်။ ၂ ချက် ဆက်တိုက်ပေါက်ကွဲတယ်။ ပြီးတော့ သေနတ်နဲ့ ၅ ချက်လောက် ပစ်သံကြားရတယ်။ အခုတော့ စစ်ခွေးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွ စုပြီး ဧည့်စာရင်း စစ်နေကြပြီ။ ရမ်းကားနေကြတယ်” ဟု ယုဇနဥယျာဉ်မြို့တော်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊အမှတ် ၂၅ ရပ်ကွက်၊ အုတ်ဖိုကျေး ရွာ၊ အမှတ် ၄ လမ်းမကြီးဘေး၊ ပါဝါဖက်ရှင်အထည်ချုပ်စက်ရုံရှေ့လမ်းတစ်ဖက်ခြမ်းရှိ သစ်ပင်အောက်တွင် “လေတပ်အတွက်”ဟု ရေးသားထားသော မိုင်း ၂ လုံး တွေ့ရှိခဲ့ရပြီး စစ်တပ်က ဖောက်ခွဲလိုက်ကြောင်း စစ်တပ် ထောက်ခံသော သတင်းစာမျက်နှာတချို့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။", "“ဗုံးပေါက်တာတော့မဟုတ်ဘူး။ သူတို့ဗုံးသူတို့ ခွဲတာထင်တယ်။ ဧည့်စာရင်းတွေ တိုင်ဖို့ ရပ်ကွက်လူကြီးတွေက လိုက်ပြောနေတယ်” ဟု ရွှေပြည်သာ၊ ၂၅ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2025/03/206205/
ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း လုံခြုံရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိနိုင်ဟုဆို
["ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း လုံခြုံရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိနိုင်ဟုဆို", "ရန်ကုန်၊ မတ် ၄", "ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် မြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မတ်လ ၃ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ရွှေပြည်သာမြို့နယ် မြို့မရဲစခန်း (ရဲတပ်ဖွဲမှူးရုံး) ပင်မဂိတ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့များ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ် အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲသားများ အားလုံး ဘေးကင်းရာသို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။", "“မိုင်း ၂ လုံးနဲ့ ပင်မဂိတ် အနီးဆုံး ကပ်လျက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဂိတ်ကင်း အစောင့် ရဲခွေးတွေ ထိခိုင်နိုင်ပါတယ်။ ထိခိုက်မှု အရေအတွက်ကိုတော့ အတည်ပြု စုံစမ်းနေဆဲပါပဲ” ဟု Operation Flame သတင်းနှင့် ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။", "အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ရန်ကုန် တော်လှန်ရေး မဟာမိတ်များအားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame က အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/10/189262/
ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ
["ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၂ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုရှိကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်ခြင်းသည် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ် အနိုင်ကျင့်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အဲရုံးတွေမှာ ပြည်သူတွေကို ဖိနှိပ်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေရှိနေစဉ် ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ ထိထိရောက်ရောက် ပစ်သွင်း တိုက်ခိုက်နိုင်ခဲ့တယ်။ အုပ်ကြီးနဲ့ နောက်လိုက် နောက်ပါတွေ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်ပါတယ်။ ပြည်သူတွေကို မျိုးစုံ ဖိနှိပ်အနိုင်ကျင့်နေတဲ့ တရားမဝင်ရွေးကောက်ပွဲအတွက် အတင်းအဓမ္မ သန်းခေါင်စာရင်း ကောက်ခံနေကြတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ နောက်လိုက်တွေကို ထိထိရောက်ရောက် ထပ်မံတိုက်ခိုက်သွားမယ်” ဟု Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/201831/
ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
["ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ရန်ကုန်တိုင်း၊ ရွှေပြည်သာရှိ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် Army Rum အရက် စက်ရုံကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ) အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်ရှိ မင်းအောင်လှိုင်လက်အောက်ခံ", "မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ပိုင် Army Rum အရက်စက်ရုံကိုု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဦးဆောင်မှုဖြင့် အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေး(ပကဖ)တိုက်ခိုက်ရေးတပ်ဖွဲ့က အဝေးပစ်လောင်ချာ(79) ဖြင့် 40မမ ၃ လုံးထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူခြင်း ၄ နှစ်ပြည့်အကြွေးအားထိုက်ထိုက်တန်တန်တောင်းယူခြင်းဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။", "ယနေ့ စစ်အာဏာသိမ်း ၄ နှစ်ပြည့်သည့်နေ့ နံနက်အစောပိုင်း ရန်ကုန်မြို့နေရာတချို့တွင် စစ်တပ်က လုံခြုံရေး တင်းကျပ်ထားပြီး မြေနီကုန်း၊ လှည်းတန်း၊ ရန်ကုန်မြို့လယ်ခေါင်တို့တွင် လုံထိန်းရဲကားတချို့ လှည့်လည်နေသည်ကို မြင်တွေ့ရသည်ဟု ရန်ကုန်မြို့ခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။"]
https://yktnews.com/2024/09/185576/
ရွှေပြည်သာ၊ ၁၀ ရပ်ကွက်နှင့်စက်မှုဇုန်အကြားတွင် ဆိုင်ကယ်များဖမ်းဆီးနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ
["ရွှေပြည်သာ၊ ၁၀ ရပ်ကွက်နှင့်စက်မှုဇုန်အကြားတွင် ဆိုင်ကယ်များဖမ်းဆီးနေသော စစ်သား၊ ရဲနှင့် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်မှု ထိခိုက်မှုရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်နှင့် စက်မှုဇုံကြား၌ ဆိုင်ကယ်များကို မတရား ဖမ်းဆီးနေသော အကြမ်းဖက်စစ်သား၊ ရဲနှင့် ပျူစောထီးများကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ ကြောင်း BLACK TIGER UG Team မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ရွှေပြည်သာမြို့နယ် အမှတ် ၁၀ ရပ် ကွက် နှင့် စက်မှုဇုန် အကြားရှိ ပြည်သူ့လူထုပိုင် ဆိုင်ကယ်များကို မ တရား ဖမ်းဆီး၍ ဖုန်းစစ်ဆေးကာ ငွေညှစ်နေသည့် အကြမ်း ဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှင့်ရာအိမ်မှူးများ ထိခိုက်မှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။", "“နောက်ဆက်တွဲ ကြားသိရတာတော့ ထိခိုက်မှုရှိတယ်လို့ သိထားရတယ်။ အတိအကျတော့ စုံစမ်းနေ တုန်းပါ၊ သ တင်းဖုံးထားတဲ့အတွက် စုံစမ်းရခက်တယ်။ မိဘပြည်သူတွေအနေနဲ့ စခ၊ ရခ တွေနဲ့ ဝေးဝေးနေပေးကြဖို့၊ စကစရဲ့ မသမာတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ သန်ခေါင်းစာရင်းကောက်ယူ ရေး ကူညီပေးနေတဲ့ ဒေါင်တိုင်တွေအားလုံးကိုလည်း ဆက်လက်အရေးယူသွားမယ်လို့ သတင်းစကား ပါးချင်ပါတယ်” ဟု BLACK TIGER UG Team မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို BLACK TIGER UG Team ရဲဘော်များ နှင့် ရွှေပြည်သာ မြို့နယ် (ပကဖ) ရဲဘော် များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် စွာဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ- မန္တလေးတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများက ဆိုင်ကယ်များကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/09/183365/
ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်
["ရွှေပြည်သာ၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးအစောင့်ဘန်ကာကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးနိုင်", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် ဘန်ကာအတွင်းမှ စစ်သားများ လုံခြုံရေးကင်းလဲလှယ်ချိန် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးနိုင် ကြောင်း GOD’S HAND FORCES မှတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ အကြမ်းဖက်စစ်တပ်ဘန်ကာဂိတ်အတွင်းမှ စစ်သားများနှင့် အပြင်မှ ကားဖြင့်ရောက်ရှိလာ သောအကြမ်းဖက်စစ်သားများ ကင်းအပြောင်းအလဲ ပြုလုပ်စဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လဲကျသွားကြောင်း သိရသည်။", "“ပုံမှန်သူတို့လာနေတဲ့အချိန် ပြောမယ်ဆိုရင်း ကင်းလဲတာပေါ့။ ကားနဲ့လာပြီးကင်းလဲတယ်။ ကင်းလဲ ပြီးတော့ သူတို့ကားအောက်ကို ဆင်းတဲ့အချိန်မှာ အချိန်ကိုက်ကွက်တိလုပ်လိုက်တာဗျ။ ၃ ယောက် ကတော့ လဲကျသွားတယ်။ အတော်လေးကို နီးကပ်တဲ့အခြေအနေမျိုးမှာ ကွဲသွားတာ။ အဲလိုမျိုးဆို တော့ သေဖို့က ၇၀ ရာခိုင်နှုန်းနဲ့ ရှင်ဖို့က ၃၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်၊ တိတိကျကျအတည်ပြုဖို့က‌ တော့ ခက်ခဲနေတယ်” ဟု GOD’S HAND FORCES မှတာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို God’s Hand Forces (GHF) ၏ မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေ နှင့် လုံးဝအုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းစွာပြန်လည် ဆုတ် ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။", "ယခု တိုက်ခိုက်မှုသည် M 043 စစ်ဆင်ရေး ” ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင် မှုဖြစ်ကြောင်း၊ မိဘပြည်သူ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ဒေါက်တိုင်များ ၊ လုပ်ငန်း ဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများကို ဝေးဝေးရာမှ ရှောင်ရှားသွား လာကြ ပါရန် အသိပေး မေတ္တာရပ်ခံထားသည် ။", "ဓာတ်ပုံ- ရန်ကုန်ရှိ စစ်တပ်ဘန်ကာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/143859/
ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရ
["ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၄၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဟုမ္မလင်း PDF တပ်ဖွဲ့က ထုတ်ပြန် ထားသည်။", "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့ကို အကြမ်းဖက်စစ်ကောင် စီတပ်၊ SNA ပူးပေါင်းအင်အား ၄၀၀ ခန့်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ရွှေပြည်အေးမြို့ အဝင်တွင် ပထမနေ့၌ပင် စစ်ဦးကျိုးသွားကာ တပ်လှန်သွားခဲ့ကြောင်း သိရသည်။", "ထိုသို့ ဝိုင်းဝန်းတပ်ဖြန့်ခုခံထားသည့် အနေအထားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၂ ကြိမ် ထိုး ဖောက် တိုက်စစ်ဆင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စုစည်းညီညွတ်မှုဖြင့် ဟန့်တား တိုက်ခိုက်မှုကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် ည သန်းခေါင်ယံအချိန်တွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများမှာ ရွှေပြည်အေးမြို့မှ တပ်ဆုတ်သွားကြောင်း သိရသည်။", "ယင်း ၁၀ ရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ခြေကုပ်ယူခဲ့သည့် နေရာ များကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ မြေမြှုပ်ထားသည့် စစ်ကောင်စီတပ်သား အလောင်း ၁၅ လောင်းတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား ၄၀ ဦးခန့်ရှိသည့်ဟု သတင်းရရှိ ထားကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်း ဟုမ္မလင်း PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/02/143780/
ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိ
["ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိ", "တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့ကို အကြမ်းဖက်စစ်တပ်နှင့် SNA ပူပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ရက်ရှည်ဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီ တပ်သား အားလုံး တပ်ပျက်ကာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။", "ထိုသို့ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဆုတ်ခွာရာ လမ်းကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် စစ်သား အလောင်း ၇ လောင်း၊ သေနတ် ၃ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိကာ ရွှေပြည်အေးမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။", "အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင် တပ်ရင်းများနှင့် ပကဖ အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137545/
ရွှေပြည်အေးမြို့ ပြန်ရရှိရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်၊ ခမ်းပတ်မြို့တွင် စစ်အင်အား ၃၀၀ ဝန်းကျင်ကို ရဟတ်ယာဉ်ဖြင့် စစ်တပ်က ချထား
["ရွှေပြည်အေးမြို့ ပြန်ရရှိရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်၊ ခမ်းပတ်မြို့တွင် စစ်အင်အား ၃၀၀ ဝန်းကျင်ကို ရဟတ်ယာဉ်ဖြင့် စစ်တပ်က ချထား", "ရန်ကုန်၊ ဒီဇင်ဘာလ ၂၇", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြန်ရရှိရန်အတွက် အကြမ်းဖက်စစ်ကောင်စီ တပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း Homalin People’s Defence Force – HPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်း ပိုက်ထားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၄၀ ၊ရှမ်းနီအမျိုးသားများ တပ်မ‌တော် – SNA နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တို့မှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ရွှေပြည်အေး မြို့အနီးတဝိုက်တွင် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။", "“ရွှေပြည်အေးဘက်မှာ ထိတွေ့မှုကတော့ နေ့တိုင်းဖြစ်နေတယ်၊ လက်ရှိ ရွာတွေဘက်ကို လေယာဉ်နဲ့ လာချသွားတာ ဗုံးသီး အလုံး ၂၀ လောက်တော့ရှိမယ်၊ ထိခိုက်မှုကတော့ မရှိကြဘူး၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ကချသွားတာ၊ နောင်ပိုအောင်၊ ပင်ခုတ်ရွာတွေထဲ အဲလိုတွေထဲကို ချချသွားတာ၊ PDF တွေ ရှိတယ်ထင်ပြီးချချသွားတာထင်တယ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ မတိုင်ခင်ကလည်း ဗုံးလာချသွားတာ ထိခိုက်ဒဏ်ရာရတောတွေတော့ ရှိတယ်။” ဟု Homalin People’s Defence Force – HPDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီးနောက် အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှ မကြာခဏလာရောက် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ် ဆောင်လျက်ရှိပြီး မြေပြင်ထိတွေ့တိုက်ပွဲများလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။", "ထို့ပြင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့တွင်လည်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် အင်အား ၃၀၀ ဝန်းကျင်ချထားပြီး ခမ်းပတ်မြို့ကို ပြန်လည် သိမ်းပိုက်ရေး ကြိုးပမ်းနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဓာတ်ပုံ- ဟုမ္မလင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/11/133409/
ရွှေပြည်အေးမြို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေ့စဉ် လေကြောင်းမှတစ်ဆင့် ပစ်ခတ် ဗုံးကျဲနေ
["ရွှေပြည်အေးမြို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က နေ့စဉ် လေကြောင်းမှတစ်ဆင့် ပစ်ခတ် ဗုံးကျဲနေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး နေ့စဉ် စစ်တပ်က လေကြောင်းမှတစ်ဆင့် ပစ်ခတ်ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA ပူးပေါင်းတပ်များက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကို တိုက်ခိုက်လာသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်တပ်က နေ့စဉ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ဖြင့် ပစ်ခတ် ဗုံးကျဲနေကြောင်း သိရှိရသည်။", "“လွန်ခဲ့တဲ့ ၅ ရက်လောက်က စပြီး တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ဒီနေ့အထိ ဆက်လက်ပြင်းထန်နေပါတယ်။ နေ့စဥ်နေ့တိုင်း စစ်တပ်က လေယာဥ်တွေနဲ့ ပစ်ခတ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "“လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ နောင်ဆန်းကျင်ကျေးရွာ၊ လောင်းမင်းကျေးရွာနဲ့ စည်ပင်သာကျေးရွာတို့မှ ပြည်သူ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်တပ်က အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေအားလုံး ဖြတ်တောက် ထားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ရွှေပြည်အေးမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိနေပြီး စစ်ကောင်စီတပ်ဘက်မှ တပ်သားတချို့ကို တော်လှန်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရရှိမှုများရှိနေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။"]
https://yktnews.com/2022/04/14769/
နမ့်ဆန်မှာ စစ်ကောင်စီ တပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်
["ရွှေဖီမြေ၊ ဧပြီလ ၁၀ ရက်၊ နမ့်ဆန်", "ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ တပ်စခန်းကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ရင်း(၂၅၂)က တပ်သား ၄ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။၎င်းတို့ ၄ ဦးစလုံးဟာ တပ်သားအဆင့်ရှိသူတွေဖြစ်ကြပြီး တပ်ထဲမှာ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တာကြောင့် ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ တပ်သားတစ်ဦးက “အထဲမှာက နေရတာက ကြမ်းတယ်။ ဖိနှိပ်ခံရတယ်။ အပြစ်မရှိလည်း အပြစ်ရှာပြီး ပါးတွေရိုက်တာပဲ။ ကျနော်တို့မှာ ဘာမှပြောပိုင်ခွင့် မရှိဘူး။ လစာက ပုံမှန် ၁ သိန်း ၆ သောင်း ပေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ တစ်လတစ်လေမှ တစ်သိန်းကျော်ရတာ။ အဲဒါကြောင့် ကျနော်တို့ တိုင်ပင်ပြီး ပြေးကြတာ” လို့ ပြောပါတယ်။အဲဒီတပ်သား ၄ ဦးစလုံးဟာ စစ်ကောင်စီတပ်က နည်းအမျိုးမျိုးနဲ့ စစ်သား စုဆောင်းတာ ခံရသူတွေဖြစ်ကြပြီး စစ်သားလုပ်သက် ၁ နှစ်ဝန်းကျင်ရှိကြသူတွေ ဖြစ်ပါတယ်။“အဓိက ကျနော်တို့က လုံခြုံတဲ့နေရာ တစ်နေရာရာမှာ အလုပ်လုပ်ရရင်ရပြီ။ ထွက်ပြေးလာတုန်းကလည်း လွတ်ရင်ပြီးရောဆိုပြီးပြေးတာ။ သေလည်း မတတ်နိုင်တော့ဘူး။ ကျန်တဲ့လူတွေလည်း ပြေးချင်တဲ့လူတွေ ရှိကြတယ်။ ဒါပေမဲ့ သွားပြီးမညှိရဲဘူး။ သတင်းထွက်ရင် ကျနော်တို့ပါ ကြိုးတုတ်ခံရမှာ” လို့ နောက်ထပ် တပ်သားတစ်ဦးကလည်း ပြောပါတယ်။တပ်သား ၄ ဦးဟာ သူတို့ စစ်ဝတ်စုံနဲ့ လက်နက်တွေကို စခန်းချထားတဲ့ တဲထဲမှာဘဲ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။နမ့်ခေးရွာရှိ စစ်ကောင်စီ တပ်စခန်းမှာ စစ်ကောင်စီတပ်သား ၃ ဦးတစ်ကြိမ် ၂ ဦးတစ်ကြိမ်အပါအဝင် လက်ရှိ ၄ ဦး စုစုပေါင်း ၉ ဦးအထိ ထွက်ပြေးခဲ့ကြပြီး လက်ရှိ အဲဒီစခန်းမှာ (၁၃)ဦးပဲ ရှိတော့တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ထွက်ပြေးလာတဲ့ အဲဒီတပ်သား ၄ ဦးစလုံးဟာ လုံခြုံတဲ့ နေရာတွေမှာ ရှိနေကြပါတယ်။(ရွှေဖီမြေသတင်းအေဂျင်စီ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်)"]
https://yktnews.com/2024/05/160390/
ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို
["ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ၏သမီး ပြင်သစ် HEC Paris ကျောင်းတွင် တက်ရောက်နေမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဟုဆို", "ရန်ကုန်၊ ဧပြီ ၃၀", "စစ်ကောင်စီကို လေယာဉ်ဆီ ဝယ်ယူထောက်ပံ့ကူညီပေးနေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌရဲ့သမီးဖြစ်သူကို ပြင်သစ်မှာ နေထိုင်ခွင့်ပေးထားခြင်းအပေါ် ပြန်လည်ရုတ်သိမ်းပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက တောင်းဆိုခဲ့ကြပါတယ်။", "မြန်မာပြည်သူ ၁၈ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်တဲ့ တယ်လီနော မြန်မာကုမ္ပဏီကို ဝယ်ယူခဲ့တဲ့ စစ်တပ်နဲ့ အလွန်နီးစပ်တဲ့ ခရိုနီ ရွှေဗျိုင်းဖြူကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့နဲ့ နေထိုင်ခွင့်ဗီဇာ ပြန်လည်ရုပ်သိမ်းဖို့ ၄င်းတို့က ပြင်သစ်အစိုးရကို တောင်းဆိုခဲ့ကြတာပါ။", "“သိမ့်ဝင်းထက် ဒါမှမဟုတ် သူ့မိသားစုဝင်တွေရဲ့ ပြင်သစ်နိုင်ငံထဲက ပိုင်ဆိုင်မှုတွေကို ပြင်သစ်အစိုးရအနေနဲ့ အမြန်စုံစမ်းစစ်ဆေးပြီး သိမ်းဆည်းပိတ်ပင်သင့်ပါတယ်” လို့ Justice for Myanmar (JFM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း ပြောဆိုထားပါတယ်။", "ဒါ့အပြင် သူမတက်ရောက်နေတဲ့ ပြင်သစ်နိုင်ငံက HEC Paris ကျောင်းအနေနဲ့ သူမရဲ့ ကျောင်းတက်ရောက်ခွင့်ကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ သူမရဲ့ ငွေကြေးအရင်းအမြစ်တွေကို ပြင်သစ်အာဏာပိုင်တွေဆီ အသိပေးဖို့လည်း JFM က တိုက်တွန်းထားပါသေးတယ်။", "“HEC အနေနဲ့ မသိမ့်ဝင်းထက်ကို ပညာသင်ကြားပေးခြင်း၊ ကျောင်းအသိုင်းအဝိုင်းမှာ ဝင်ဆန့်ခွင့်ပေးခြင်းဖြင့် HEC ကျောင်း၊ ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များနဲ့ ရှယ်ယာရှင်များအနေနဲ့ အသက်ညှာဆုံး ပြောရရင် ကျောင်းဝင်ခွင့် လုပ်ငန်းစဉ်မှာ စိစစ်ဆောင်ရွက်မှု ပြောင်ပြောင်တင်းတင်း ကင်းမဲ့နေတာကို ပြသနေတာဖြစ်ပြီး၊ အဆိုးဆုံးအနေနဲ့ကတော့ လွတ်လပ်ဖို့အတွက် မြန်မာပြည်သူတွေရဲ့ ရုန်းကန်နေမှု အပေါ် မထီမဲ့မြင်ပြုလိုက်တာ ဖြစ်ပါတယ်” လို့ Info Birmanie ရဲ့ ညှိနှိုင်းရေးမှူး Johanna Chardonnieras က ပြောပါတယ်။", "ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပြင်သစ်က စီးပွားရေးကျောင်းတွေမှာ နိုင်ငံခြားကျောင်းသားဦးရေ ၈၀ ရာခိုင်နှုန်း တိုးလာပြီး အဆင့်မြင့်ကဏ္ဍမှာ အများဆုံးဖြစ်ပါတယ်။ နိုင်ငံခြားသား စုစုပေါင်း ၄ သိန်းခန့်ကနေပြီး တနှစ်ကို ယူရို ၁.၃၅ ဘီလီယံအထိ ဝင်ငွေရရှိနေတာ ဖြစ်တယ်လို့ Campus France ရဲ့ ၂၀၂၂ နိုဝင်ဘာလက လေ့လာမှုတခုမှာ ဖော်ပြထားပါတယ်။", "အဆိုပါ ကျောင်းတွေဟာ ၎င်းတို့ဝင်ငွေရရှိမှုရဲ့ အဓိက ဇာတ်မြစ်ကို စုံစမ်းစစ်ဆေးလေ့ မရှိကြောင်း Spanish University of Valencia ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ Clara Portela က မှတ်ချက်ပြုထားပါတယ်။", "ကမ္ဘာ့ထိပ်တန်း စီးပွားရေးကျောင်းတွေထဲက တခုဖြစ်တဲ့ HEC Paris အနေနဲ့ သူမ (မသိမ့်ဝင်းထက်) အပေါ် ထပ်လောင်း စီစစ်အတည်ပြုတာမျိုး မရှိဘဲ လက်ခံကြိုဆိုခဲ့ပါတယ်။ အဆိုပါကျောင်းရဲ့ ၂၀၂၃ နွေရာသီ မဟာတန်းအတွက် ၂ နှစ် ကုန်ကျစရိတ်ဟာ ယူရို ၅၃,၂၀၀ (မြန်မာကျပ်ငွေ သိန်း ၂,၀၀၀ ကျော်ဝန်းကျင်) အထိ ကုန်ကျနိုင်တာ ဖြစ်ပါတယ်။", "HEC ကတော့ “ကျောင်းသားတွေကို ရွေးချယ်တဲ့နေရာမှာ သူတို့ရဲ့ ပညာရေး ထူးချွန်မှုအပေါ် အခြေခံပါတယ်။ သူတို့အနေနဲ့ ဘဏ်တွေရဲ့ တာဝန်ယူမှု အခန်းကဏ္ဍကို ဦးစားပေးသလို၊ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ထောက်ပံ့မှု တိုက်ဖျက်ရေးဟာ ဘဏ်လုပ်ငန်းကဏ္ဍမှာရှိတဲ့ ကုမ္ပဏီတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်” လို့ ဆိုခဲ့ပါတယ်။", "ဒါပေမယ့် ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်တွေအပေါ် အလေးအနက်ထား ဆောင်ရွက်လေ့ရှိတဲ့ ကျောင်းတစိခုအနေနဲ့ ရှေ့နေတဦးနဲ့ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး HEC ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။", "“ရယ်စရာကောင်းနေတာက HEC လိုမျိုး (လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ဆိုင်ရာ အန္တရာယ်တွေကို ကြိုတင်ပြင်ဆင် တားဆီးရေး အစီအမံတွေ လုပ်ဆောင်ရတဲ့) စည်းမျဉ်းစည်းကမ်းတွေကို သင်ကြားပို့ချနေရတဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ကျောင်းကြီးတကျောင်းက လက်တွေ့မှာ အဲဒီနယ်ပယ်အတွက် မူဝါဒ မရှိနေတာပါပဲ” လို့ ရှေ့နေတဦးဖြစ်တဲ့ William Bourdon က ဆိုပါတယ်။", "ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက “ဒဏ်ခတ်ပိတ်ဆို့ခံနေရတဲ့ ဒါမှမဟုတ် ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေက နိုင်ငံသားတွေအနေနဲ့ ကျောင်းသား ဗီဇာလျှောက်ထားရာမှာ သီးခြားကွဲပြားနေတဲ့ အစီအမံမျိုး မရှိပေမယ့်၊ ဥရောပ ဒါမှမဟုတ် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ရှိနေရင်တော့ ဗီဇာမထုတ်ပေးပါဘူး” လို့ ဆိုထားပြီး “အရေးယူပိတ်ဆို့မှု အသက်မဝင်သေးရင်တော့ ဒီစည်းမျဉ်းကို ထုတ်သုံးလို့ရမှာမဟုတ်ဘူး” လို့လည်း ဆိုထားပါတယ်။", "သိမ့်ဝင်းထက်ရဲ့ ကျောင်းသားဗီဇာကို ၂၀၂၃ ဇူလိုင်လ ၁၈ ရက်မှာ ထုတ်ပေးထားတာဖြစ်ပြီး၊ အဲဒီအချိန်ကတော့ လုံခြုံ‌ရေးစစ်ဆေးမှုတွေမှာ တစုံတရာ ထူးခြားဖော်ပြတာမျိုး မရှိခဲ့ဘူး လို့လည်း သိရပါတယ်။", "သိမ့်ဝင်းထက်အနေနဲ့ HEC မှာ ဆုံးခန်းတိုင် တက်ရောက်နိုင်ရေး အနည်းဆုံး ၂၀၂၅ နှစ်ကုန်အထိ နေထိုင်ခွင့်ရဖို့ လိုအပ်တာဖြစ်တာကြောင့် နောက်တကြိမ် ဩဂုတ်လ ဗီဇာသက်တမ်းတိုးချိန်မှာ သူမအနေနဲ့ နေထိုင်ခွင့် ဆက်လက်ရရှိရေး ရုန်းကန်ရနိုင်တယ်လို့လည်း သိရပါတယ်။", "Ref: Le Monde news"]
https://yktnews.com/2025/02/205105/
ရွှေဘို တည်သီးတောရွာ စစ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းကာ သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်ပေး
["ရွှေဘို တည်သီးတောရွာ စစ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းကာ သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်ပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘို တည်သီးတောရွာ တပ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းပြီး ရွာတွင် ကျန်ရစ်သော သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်ပေးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ပကဖများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရွှေဘို မြို့နယ်၊ တည်သီးတော (ပျူ) ရွာ တပ်စခန်းမှ စစ်သားနှင့် ပျူစောထီးများက စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး ရွာ တွင်းကျန်ရှိသည့် သက်ကြီးရွယ်အို ၁၁ ဦး ကို ပကဖ တပ်ဖွဲ့က စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း၊ ညောင်ကိုင်း (ပျူ) ကျေးရွာရှိ တပ် စခန်းစွန့်ခွာထွက်ပြေးပြီးသည့်နောက် အဆိုပါရွာနှင့်ကပ်လျက် တည်သီးတော (ပျူ) ရွာမှလည်း စစ်သားနှင့်ပျူစောထီးများ စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပကဖအသံ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "အဆိုပါ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေကို ရွှေဘိုမြို့နယ် ပကဖ၊ တိုက်နယ် ၂ တောင်သူကြီး ပကဖ၊ တိုက်နယ် ၃ ပကဖ၊ တည်သီးတော ပကဖ နှင့် ရွှေဘို ခရိုင် တပ်ရင်း ၄တို့က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်းများမှ စစ်သားများနှင့် ပျူစောထီးများမှာ တော်လှန်ရေးတပ်များ၏ ပိတ်ဆို့မှုဒဏ်ကို ၂၀၂၂ ခုနှစ်ကတည်းက ခံခဲ့ရပြီး ရိက္ခာပြတ်လပ်၍ စခန်း စွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်း၏ စားနပ်ရိက္ခာပို့လမ်းကြောင်းများကို တော်လှန်ရေးတပ်များက ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ဆို့ခဲ့ကြောင်း၊ အချိန်များစွာ ကြာမြင့်သည့်အခါ စားနပ်ရိက္ခာပြတ်တောက်၍ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်တပ်အထိုင်စခန်းများ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ထွက်ပြေးသွားသော စစ်သားများနှင့်ပျူစောထီးများမှာ ဇီးဖြူကုန်းရွာရှိ စစ်တပ်အထိုင်စခန်းသို့ ပြောင်းရွှေ့ ပူးပေါင်းသွားခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ကျေးရွာများမှ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ထွက်ပြေးသွားချိန် ကျေးရွာထဲတွင် နှိပ်စက်ညှဉ်းပန်းခံထားရသည့် ပြည်သူအချို့ ကျန်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ပြည်သူများမှာ စာနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြောင်း ကျေးရွာသို့ ဝင်ရောက်ခဲ့သူများက ပြောဆိုသည်။", "” အဲဒီ ပျူနှစ်ရွာက ရိက္ခာပြတ်နေတာကြာပြီ။ မွေးထားတဲ့ ကျွဲ နွား ဝက် ကြက်နဲ့ဆိတ်တွေလည်း ကုန်ပြီ။ ဆန်မရှိလို့ စပါးတွေကို မောင်းနဲ့ထောင်းပြီးစားနေရတာ”ဟု ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "စားနပ်ရိက္ခာဆေးဝါးပြတ်လပ်မှုကြောင့် တည်သီးတောရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဦးကဝိသည် အစားအစာ ဆေးဝါးပြတ်လပ်ပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ပျံလွန်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်က ရွှေဘိုမြို့နယ်ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတို့တွင် ၂၀၂၂ ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179428/
ရွှေဘို နှင့်တောင်သာမြို့နယ်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်၊ စစ်ကြောင်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["ရွှေဘို နှင့်တောင်သာမြို့နယ်တို့တွင် စစ်တပ် စစ်ဆေးရေးဂိတ်၊ စစ်ကြောင်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မန္တလေးတိုင်း၊ တောင်သာမြို့နယ်တို့တွင် စစ် တပ် စစ်ဆေးရေးဂိတ်၊ စစ်ကြောင်းများနှင့်ရဲစခန်း များကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံး ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝသို့ ထွက်လာပြီး ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက Fixed Wings Drone ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၈ ဦး ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို နယ်စီးမခြားရွှေဘိုသား-LPDF Drone တပ်ဖွဲ့နှင့် ခင်ဦးမြို့နယ် နဂါးညီနောင် Drone တပ်ဖွဲ့တို့က Drone များဖြင့် ဗုံးသီး ၆ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သားများ ဖရိုဖရဲဖြစ်ကာ စစ်သား ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရှိရသည်။", "အလားတူ တောင်သာမြို့နယ်အတွင်းတွင်လည်း မြင်းခြံခရိုင် အထူစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်များကို တောက် လျှောက် ဆိုသလို တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ် ပြန်သည်။", "ဩဂုတ်လ ၁၁ ရက်နေ့ တောင်သာမြို့နယ်မကျီးရိုးဂိတ်နှင့်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဩ ဂုတ်လ ၁၃ ရက်နေ့ တောင်သာမြို့ နယ်၊ရုံးစဥ်ကြီးတိုက်နယ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဩဂုတ်လ ၁၇ ရက်နေ့ တောင်သာမြို့နယ်၊ ဝဲလောင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံး ၆ လုံး ချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အထိခိုက်မသိရှိရ သေးကြောင်း၊ ရဲများအပြင်မထွက်ရဲဘဲ ရဲစခန်းအတွင်းမှ​ သေနတ်များဖြင့် ရမ်းသမ်း ပစ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/177362/
ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းများကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ နာရေးကား ၂ စီးဖြင့် စစ်သား အလောင်းများ သယ်သွား
["ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် ကင်းပုန်းများကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ နာရေးကား ၂ စီးဖြင့် စစ်သား အလောင်းများ သယ်သွား", "ရန်ကုန်၊ ဩဂုတ် ၅", "စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်ယာဉ်တန်းနှင့် ကင်းပုန်းများကို ၂ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ နာရေးကား ၂ စီးဖြင့် စစ်သား အလောင်းများ သယ်သွားကြောင်း Phoenix Wings အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်မှ စတင်၍ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရွှေဘိုမှ ကျောက်မြောင်းကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် ထောက်ပို့ ယာဉ် ၃ စီးကို လမ်းခုလတ်တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး လမ်းဘေး ထိုးကျခဲ့ကြောင်းသိရသည်။", "ထို့ပြင် ယာဉ်တန်း ဖြတ်သန်းမည့် လမ်းကြောင်း တစ်လျှောက်တွင် ကင်းပုန်းဝတ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ မနက်မှာတော့ရွှေဘိုကို နာရေးကား ၂ စီး နဲ့ စစ်ခွေး အလောင်းတွေ သယ်တယ်လို့ သိရတယ်။ စစ်ခွေးတွေက အင်အား ၇၀ ကျော်မယ်။ မသေရင်တောင်အနည်းဆုံး ဒဏ်ရာရတဲ့သူများမယ်။ အုပ်စုဖွဲ့ ထိုင်နေတဲ့ ဘေးနားတွေ ကျတာဆိုတော့ ထိခိုက်သေဆုံးမှုတော့ရှိတယ်” ဟု Phoenix Wings အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Phoenix Wings အဖွဲ့နှင့် မဟာမိတ်များဖြစ်သော -BLACK WOLF-ARMY နှင့် ခင်ဦး ရင်း ၃ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/108072/
ရွှေဘို-ကျောက်မြောင်း လမ်း​ပိုင်းတွင် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား
["ရွှေဘို-ကျောက်မြောင်း လမ်း​ပိုင်းတွင် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား", "ရန်ကုန်၊ ဇွန် ၁၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ကင်းပုန်းဝပ်ရန် လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Burma Rangers အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၈၀ ဝန်းကျင်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောက်မြောင်းမှ ရွှေဘိုဘက်သို့ ထွက်လာစဥ် တအုံကျေးရွာနှင့် အုံးပေါက်ကျေးရွာ အကြား၌ နံနက် ၆ နာရီခန့်တွင် မိုင်း အလုံးရေ ၂၆ လုံးဖြင့် ၅ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့​ရာ စစ်သား ၁၆ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ဒဏ်ရာပြင်းထန်သည့် စစ်သားများကို ရွှေဘိုဘက်မှ လူနာတင်ကား ၄ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို တအုံရွာ အရှေ့ဘက် တောတဲများအတွင်းထည့်၍ မီးရှို့ထားခဲ့ကြောင်း သိရှိရသည်။", "“၂ ရက်ခြား တစ်ခါ ၃ ရက်ခြား တစ်ခါ ပုံမှန်ပဲ ။ ကင်းပုန်းဝပ်ကြတယ်။ ကြိုတင်မိုင်းထောင်ထားတာပါ။ သူတို့ ပြန်ပစ်တာတော့ အတော်ပြန်ပစ်ပါတယ်။ ရဲဘော်တွေ တစ်ယောက်မှ မထိပါဘူးဗျ” ဟု Burma Rangers မှ တာဝန်ရှိသူမှ ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားများသည် တအုံကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး စစ်သား ၂၃ ဦးသည် လမ်းမအတိုင်း ရွှေဘိုဘက်သို့ ထွက်လာစဥ် သန်း‌ထိုက်အောင် စက်သုံးဆီဆိုင်အနီးတွင် မိုင်း ၆ လုံးဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းစစ်သားများသည် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် မင်းကျောင်းကျေးရွာမှ ရွှေဘို တက္ကသိုလ်ဂိတ်ပေါက်သို့ ဝင်ရောက်သွားကြောင်းသိရသည်။", "ညနေ ၃ နာရီ ၃၀ မိနစ်တွင် ရွှေဘို တက္ကသိုလ်ဂိတ်ပေါက်မှ အင်အား ၄၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ရွှေဘို-ကျောက်မြောင်း လမ်းအတိုင်း ပြန်လည်ထွက်လာစဥ် သန်းထိုက်အောင် စက်သုံးဆီဆိုင်နှင့် ရွှေမိ စက်သုံးဆီဆိုင်အကြားတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိိခဲ့ကာ Faw ကားနှင့် ရွှေဘိုဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ကျန်ရှိ စစ်သားများသည် ရွှေဘို ကြက်မွေးမြူရေး ဇုန်အတွင်းသို့ ဝင်ရောက်သွားကာ FAW ကားအဖြူဖြင့် ကျောက်မြောင်းဘက်သို့ ထွက်လာချိန် တအုံကျေးရွာ အရှေ့ဘက် သန်း‌ထိုက်အောင်ဆီဆိုင်နှင့် ရွှေမိစက်သုံးဆီဆိုင်အနီး၌ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၉ ဦးခန့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Burma Rangers မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုများကို Burma Rangers (ShweBo) နှင့် SBDF – 1 ၊ BurmaRangers (ShweBo),X-Force LPDF,God Hand LPDF နှင့် Rangers Armyတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123788/
ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံး
["ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၁၂ ဦးသေဆုံး", "ရန်ုကုန်၊ စက်တင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုဗိုလ်တစ်ဦးအပါဝင် စစ် သား ၁၂ ဦးသေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်အချိန် ရွှေဘိုမြို့၊ မြို့ တော် ခန်းမသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင်စီ၏ အယောင်ပြ နယ် လှည့်ဆေးကုသရေးအဖွဲ့က ရွှေ ဘို-ကျောက်မြောင်းလမ်း တိုင်း ပြန်လည် ထွက် ခွာရန်အတွက် လုံခြုံရေး လာယူပေးသည့် စစ်ကြောင်းကို တအုံကျေးရွာ နှင့် အုန်းပေါက်ကျေးရွာအကြား ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ ကြောင်း၊ စစ်တပ်ဘက်မှ ဒုဗိုလ်တစ်ဦး အပါအဝင် ၁၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း သိရသည်။", "ထိသို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာသော အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များ ဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရ စစ် သား များကို ဖောကားတစ်စီး၊ အိမ်စီးကားလေး ၂ စီးဖြင့် ရွှေဘိုမြို့ ပြည်သူ့ ဆေးရုံ ကြီးသို့ သယ်ဆောင်သွားကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သား အရေ အတွက် မသိရှိစေရန် ဆေးရုံအတွင်းသို့ ဝင်ရောက်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့ သည့်အပြင် ဆရာဝန်များကိုလည်း ခြိမ်းခြောက်ထားသည်ဟု သိရှိရသည်။", "“အယောင်ပြ နယ်လှည့်ဆေးကုသရေးအဖွဲ့ကို လုံခြုံရေးယူပေးဖို့ ထွက်လာတဲ့ စစ်ခွေး တွေကို မိုင်း ဆွဲ တိုက်ခိုက်ခဲ့တာပါ၊ မိုင်းကွင်းထဲ တည့်တည့် ရောက်လာ တဲ့အချိန်မှာဆွဲခဲ့တာဆိုတော့ စစ်ခွေး ၁၂ ကောင် ပွဲချင်းပြီးသေတယ်၊ ခွေးတွေ အထိ နာလို့ ရမ်းသမ်းပစ်ခတ်သွားတဲ့နေရာက လက်နက်ကြီးကျည်ခွံတွေ၊ ကျည်ဆံခွံ တွေ အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်၊ ခွေးသေထိခိုက်မှု အတွင်း သတင်းပေါက်ကြားလို့ ဆိုပြီး သူတို့ရဲ့ဘော်ဘီ Telegram Channel မှာတော့ ဂယက်ထနေတယ်၊ ဖရဲသီးကို အရေးယူဖို့၊ အလုပ် ထုတ်ထောင်ချ ပစ်ဖို့ အထိပါ ပြောနေကြတယ်၊” ဟု Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Burma Rangers အဖွဲ့မှ စစ်ကြောင်းမှူး ဗိုလ်တိမ်ယံ ဦးဆောင်ကာ Burma Rangers အညာဒေသ LPDF ၊ မဟာမိတ် X-Force LPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111126/
ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ဓားစာခံ အဖြစ် ဖမ်းဆီးလာသော PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး ကို စစ်တပ်က ပစ်သတ်
["ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ဓားစာခံ အဖြစ် ဖမ်းဆီးလာသော PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး ကို စစ်တပ်က ပစ်သတ်", "ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း ကော့ရွာနှင့် တအုံရွာကြားတွင် ဓားစာခံ ဖမ်းဆီးလာသော PDF ရဲဘော်တစ်ဦးနှင့် ပြည်သူ တစ်ဦးကို အကြမ်း ဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း Myanmar Defense Force – Shwebo မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၁ ရက်နေ့ အကြမ်းဖက်စစ်တပ် ကင်းပုန်းနှင့် တိုးကာ ဖမ်းဆီးခံရသော Myanmar Defense Force – Shwebo မှ ရဲဘော် ဟိန်းဝေအောင်(ခ) စပိနှင့် အမည်မသိ အမျိုးသား ပြည်သူ တစ်ဦးတို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ ကြောင်း၊ ယင်းနောက် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းသို့ စစ်ကြောင်းထိုးခဲ့ပြီး ပြန်လည်ဆုတ် ခွာသွားစဉ် ဓားစာခံဖမ်းဆီးလာသူ ရဲဘော် ဟိန်းဝေအောင်(ခ) စပိနှင့် အမျိုးသားတစ်ဦးကို ပစ်ခတ် သတ် ဖြတ်ကာ အလောင်းကို စွန့်ပစ် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“နောက်တစ်ယောက်က အရပ်သားပြည်သူလား၊ ရဲဘော်လား၊ ဘယ်ကလဲ မသိရဘူးဗျ၊ လောလောဆယ် တော့ ပိုင်ရှင်မသိရသေးဘူး၊ ကျနော်တို့ ရဲ ဘော် ဟိန်းဝေအောင်(ခ) စပိက လွန်ခဲ့တဲ့ တစ်ပတ်လောက် က သူ့ရွာမှာပဲ ကင်းပုန်း နဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ၊ တိုက်ပွဲမှာ ဖမ်းခံလိုက်ရတာ မဟုတ်ဘူး၊ ဖမ်းဆီး ခံလိုက် ရပြီးတော့ ရွှေဘို အရှေ့ဘက် စစ်ကြောင်း ထိုးတဲ့ အချိန်မှာ လူသားဒိုင်း လုပ်ပြီးခေါ်သွားတာ၊ သူတို့တွေကို ကော့ရွာ ရဲ့ အရှေ့ဘက် တအုံရွာရဲ့အနောက် ဘက်ကို ရောက်တဲ့အချိန်မှာ ပစ်သတ် ထားခဲ့တာပါ၊ သူ့ရဲ့အလောင်းကို သွားသယ် ပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးထားပါတယ်၊ “ ဟု Myanmar Defense Force – Shwebo မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "Myanmar Defense Force – Shwebo တပ်ဖွဲ့တွင် တာဝန် ကျေပွန်စွာထမ်း ဆောင်ရင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဟိန်းဝေအောင်(ခ)စပိအား အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ရဲဘော်၏ တော်လှန်ရေး အတွက် ပေးဆပ်လိုက်ရသော အသက်နှင့်ခန္ဓာအချည်းနှီး မဖြစ်စေ ရန် ကျန် ရှိနေသော တပ်ဖွဲ့ဝင် ရဲဘော်များမှ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်ထမ်းဆောင်သွား မည်ဖြစ်ကြောင်း Myanmar Defense Force – Shwebo တပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/80648/
ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး
["ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကောင် စီတပ်သား များလိုက်ပါလာသော ၁၂ ဘီးကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း Who Am I –Army တပ်ဖွဲထံမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြော ကြား သည်။", "ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ရွှေဘိုမြို့သို့ ပြန်လာ သော ရွှေဘိုမြို့ စခတ ၈ မှ တပ်သားများကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ တစ်စီးကို ထိထိမိမိ ထိမှန်ခဲ့ပြီး ထိုးရပ်သွားကြောင်း၊ ယင်းစစ်ကားကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။", "“ကားထိုးရပ်ပြီးတော့ ဝင်စီးဖို့ပြင်နေချိန်မှာ တပ်ကူတွေ ရောက်လာလို့ ကပ်မရဘူးဖြစ်သွားတယ်၊ သေဆုံးစစ်ခွေးတွေနဲ့ ဒဏ်ရာရ စစ်ခွေးတွေ၊ ပစ္စည်းတွေကို လာကူတဲ့ကားနဲ့တင်သွားတာတယ်။ မနက်ပိုင်း လောက်မှ ကားနားကပ်နိုင်ခဲ့တာ၊ ကားနားကပ်နိုင်တဲ့အချိန် မီးရှို့ဖျက်ဆီးပစ်ခဲ့လိုက်တယ်၊ စစ်ခွေး သေတာ ၆ ဦးတော့အတည်ပြုလို့ရတယ်၊ နောက်ဆက်တွဲသေဆုံးမှုတွေလည်း ရှိနိုင်တယ်” ဟု Who Am I –Army တပ်ဖွဲထံမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မိုင်းထိသွားသော ကားပေါ်မှ စစ်အခြေခံသင်တန်းကျောင်း တံဆိပ်ပါ ယူနီ ဖောင်း ၃ စုံ၊ စစ်ကျော ပိုးအိတ်တစ်လုံး၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်း ဆည်းရရှိခဲ့ကြောင်း၊ စစ်ကူရောက်လာကာ သယ်ဆောင်သွား သည့် သေဆုံးဒဏ်ရာရစစ်သားများကို ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝတွင် ချထားခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကို Who Am I – Army ၊ Black Wolf – Army ၊ ဒေါင်းနီတပ်ဖွဲ့၊ God Hands ၊ Burma Rangers တပ်ဖွဲ့နှင့် ရွှေဘိုခရိုင် အမှတ် ၅ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။"]
https://yktnews.com/2023/07/113285/
ရွှေဘို-ခင်ဦး နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ရွှေဘို-ခင်ဦး နယ်စပ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၁၆", "စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး မြို့နယ်စပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင် ၁၆ ရက်နေ့၌ ရွာသစ်ကုန်း ပျူစောထီးရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အင်းပတ်ကျေးရွာအတွင်း ၆၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး အင်းပတ်ကျေးရွာ စာသင်ကျောင်းတွင် ကျရောက် ပေါက်ကွဲခဲ့ကာ အသက် ၅၀ နှစ်အရွယ် စစ်ရှောင်ပြည်သူ ဦးသန်းစိုး လက်နက်ကြီး ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။", "ရွှေဘိုမြို့နယ် လေ့ကျင့်ရေး ၈ တပ်မှ ထွက်လာသော အကြမ်းဖက်စစ်တပ်၏ အင်အား ၁၀၀ ကျော် စစ်ကြောင်းသည် ဇူလိုင် ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့များတွင် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ သောင်းကျော် စစ်ဘေးရှောင်တမ်းနေရကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် ညောင်ပင်သာရွာမှ ခင်ဦးမြို့နယ် တယ်ဘိုပင်ကျေးရွာသို့ ဇူလိုင် ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးမှုကြောင့် ညောင်ပင်သာ၊ ကျားရွာ၊ ကံသာကုန်း၊ အင်ပင်လှ၊ တယ်ဘိုပင်၊ ကြာပင်အိုင်၊ တပင်ကောင်း စသည့်ကျေးရွာများမှ ပြည်သူများ မိုးရွာသွန်းထား၍ လမ်းမကောင်းသည့်ကြားမှ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ယနေ့ ဇူလိုင် ၁၆ ရက်နေ့တွင် တယ်ဘိုပင်ကျေးရွာမှ အနောက်မြောက် ရေဦးမြို့ဘက်သို့ လက်နက်ကြီးငယ်များနှင့် ပစ်ခတ်မှု ပြုလုပ်မှုကာ သိမ်တော်ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးမှုကြောင့် သိိမ်တော်၊ ညောင်ပင်ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာ၊ မှန်တော စသည့် ကျေးရွာများပါ ဆက်လက် ထွက်ပြေး နေကြရကြောင်း သိရှိရသည်။", "“ဇူလိုင် ၁၆ ရက်မှာ တယ်ဘိုပင်ကျေးရွာမှ သိမ်တော်ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာလို့ သိမ်တော်၊ ညောင်ပင်ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာ၊မှန်တောစတဲ့ ကျေးရွာတွေပါ ဆက်လက် ထွက်ပြေးနေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/10/126584/
ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ခြေလျင်စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး
["ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ခြေလျင်စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်တပ် ခြေလျင် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံး ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေး လမ်းမကြီးအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇီး တောကျေးရွာထိပ်အရောက် ရှေ့ထွက်မိုင်း ၂ ပွိုင့်ဖြင့် လည်းကောင်း ၊ ဘုန်းဘွဲ့ ကျေးရွာဘက်ကို ဆက်လက် ထွက်ခွာလာစဥ် ညနေ ၂ နာရီ မိနစ် ၃၀ တွင် ပဒေသာ မိုင်း ၂ ပွိုင့်ဖြင့် လည်းကောင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို တင်ဆောင်ရန် ရွှေဘိုမြို့မှ ထွက်ခွာလာသည့် သံပြားကာ ကားတစ်စီးကို ညနေ ၃ နာရီမိနစ် ၂၀ အချိန်၌ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းသည် ဘုန်းဘွဲ့ကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ယနေ့ အောက်တို ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် စိုင်နိုင်လေး ကျေးရွာဘက်ကို ဆက်လက် ထွက်ခွာလာစဥ် ၆ နာရီခွဲခန့်၌ ရှေ့ထွက်မိုင်း ၁ ပွိုင့်၊ ၆ နာရီ ၄၅ မိနစ်နှင့် ၈ နာရီ ၁၀ မိနစ် အကြား၌ ရှေ့ထွက်မိုင်း ၉ ပွိုင့် ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စိုင်နိုင်လေးကျေးရွာဘက်မှ စိုင်ကြီး ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် နံနက် ၈ နာရီ မိနစ် ၂၀ မှ ၁၀ နာရီ ၁၅ မိနစ်အထိ ရှေ့ထွက်မိုင်း ၁၅ ပွိုင့်ဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှု အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရွှေဘိုခရိုင်တပ်ရင်း ၁ ၊ ဝက် လက် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်း ဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နဂါးမင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘို ခရိုင် တပ်ရင်း ၂၃ -တပ်ခွဲ ၁ ၊ ဒေါင်းညီကို (LPDF)၊ Buffalo Soldiers (LPDF)၊ တောကျီးကန်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ Super Light ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီသွေး ပြည် သူ့ ကာကွယ်ရေးအဖွဲ့၊ အမိမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါန ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/04/95637/
ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ရှာဖွေစစ်ဆေးစဥ် ရွှေကချင် ယာဥ်လိုင်းပေါ်မှ ရဲဝတ်စုံနှင့် စကားပြောစက်များ သိမ်းဆည်းရမိ
["ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် PDF တပ်ဖွဲ့များ ရှာဖွေစစ်ဆေးစဥ် ရွှေကချင် ယာဥ်လိုင်းပေါ်မှ ရဲဝတ်စုံနှင့် စကားပြောစက်များ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ရွှေကချင် ယာဥ်လိုင်းပေါ်မှ ရဲဝတ်စုံနှင့် စကားပြောစက်များ သိမ်းဆည်းရမိခဲ့​ကြောင်း ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် ခင်ဦးမြို့နယ် ပကဖမှ ဦးဆောင်ပြီး ဒေသ ကာကွယ်ရေးအဖွဲ့များနှင့် ကြိုတင် စောင့်ဆိုင်း ရှာဖွေစစ်ဆေးစဥ် ရွှေကချင် မုံရွာ-မြစ်ကြီးနား အမြန်မှန် လုံကားပေါ်၌ ရဲတပ်ဖွဲ့ ဝတ်စုံ အသုံးအဆောင်နှင့် စကားပြောစက်များ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ သိမ်းဆည်းရမိသည့် ပစ္စည်း စာရင်းကို ထုတ်ပြန်မည် မဟုတ်ကြောင်း၊ ကားသမားနှင့် ခရီးသည်များကို ဆက်လက် စစ်ဆေးပြီး ကားသမားကို ခံဝန်ထိုးခိုင်းကာ အားလုံး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။", "” ခင်ဦးမြို့နယ် ပကဖ က ဦးဆောင်ပြီး ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ ကြိုတင်စောင့်ဆိုင်းရှာဖွေစစ်ဆေးစဥ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းမှာ", "ရွှေကချင် မုံရွာ-မြစ်ကြီးနား အမြန် မှန်လုံကားပေါ်ကနေ စစ်ခွေး လက်အောက်ခံ ရဲတပ်ဖွဲ့ဝတ်စုံ အသုံးအဆောင်တွေနဲ့ စကားပြောစက်တွေ သိမ်းဆည်းရမိတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်း အရေအတွက်ကို အသေးစိတ်မထုတ်ပြန်ဘူး။ ကားသမားကိုတော့ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ခင်ဦးမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/11/192485/
ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ခရီးသည်တင် ကားကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ
["ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ခရီးသည်တင် ကားကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် အကြမ်း ဖက် စစ်တပ်က ခရီးသည်တင် ကား ၁ စီးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်နှင့် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်း၊ ဇီးကုန်း သကြားစက်တွင် အထိုင်ချထားသော စစ်တပ်က ခရီးသည်တင်ကား ၁ စီးကို ဒရုန်းဖြင့် ၈၁ မမ ဗုံး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲ မှုကြောင့် ငွေတိုးမန်း ခရီးသည်တင် ကားပေါ်တွင် လိုက်ပါလာသည့် သံဃာတော် ၁ ပါး၊ အမျိုးသား ၂ ဦးနှင့် အမျိုး သမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေရပ်လိပ်စာနှင့် အမည်များကို ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။", "“ဘာတိုက်ပွဲမှ မရှိပါဘူး။ အဲလမ်းကြောပေါ်မှာ ကားခဏ ရပ်ပြီး နားနေတာကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲသွားတာ ကားထဲပါလာတဲ့ ပြည်သူတွေ ထိမှန်သေ ဆုံးတာ။ ၁၀ ဦးတော့ ထိခိုက်ဒဏ်ရာရထားတယ်။ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၃ ဦးကတော့ သေဆုံးသွားပြီလို့ သိရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ပြည်သူပိုင် နေအိမ်များကို စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရွာများကို ပစ်မှတ်ထားပြီး ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ ပျူစောထီး သင်တန်းတက်ရန် ပြည်သူများကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို နိုဝင်ဘာလ အတွင်း ဆက်လက် လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်ကောင် စီ တပ်သားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ ၁၃၀ ခန့်ကိုလည်း ယနေ့အချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။", "ထို့ပြင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာနှင့် ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာ၊ လိပ်ဆင်းတောင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် အကြောင်း မဲ့ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာကုန်းကြီးရွာမှ နေအိမ် ၃ လုံး မီး လောင် ပျက်ဆီးပြီး လိပ်ဆင်းတောင်ရွာမှ နေအိမ် ၆ လုံး၊ ကားဝပ်ရှော့မှ ကား ၈ စီးနှင့် ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ပြီး ခပေါင်းရုံရွာမှာ ဦးမောင်နိုင် ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/206257/
ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ်ဖမ်းဆီး သတ်ဖြတ်နေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ
["ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်း အဖြစ်ဖမ်းဆီး သတ်ဖြတ်နေပြီးကျေးရွာများကို မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ မတ် ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းမပေါ်တွင် နေ့စဉ်ရက် ဆက်တိုက်ပွဲဖြစ်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ရပ်ကျေး ပကဖ တာဝန်ခံ ကိုမိုးညိုက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် စစ်တပ် အထိုင်စခန်းမှ အင်အား ၃၀၀ ခန့်ဖြင့် ဇီးကုန်း-မလယ် လမ်းအတိုင်း ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတလျှောက် လိုက်လံ တိုက်ပွဲနေခြင်းဖြစ်ပြီး တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ကာ ယနေ့ မတ်လ ၄ ရက်နေ့ အထိ နေ့စဉ် ရက်ဆက် ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၄၁ ဦး ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရှိရသည်။", "“၆၀၀၆ ကနေ ဇီးကုန်းသကြားစက်ကို စုတာ ဇီးကုန်းသကြားကနေ ထွက်သွားတဲ့ စစ်ကြောင်းက ငှက်ပျောတိုင်း၊ ပေကြီး ၊ ခပ်အုန်းသာ ကတ္တရာ လမ်းတလျှောက်ပေါ့။ စစ်ကြောင်းထိုးနေတာ မနေ့က လည်း တိုက်ပွဲဖြစ်လိုက်သေးတယ်။ အခုချိန်အထိ ခွေးဘက်က သေဆုံးမှုကတော့ ၄၁ ကောင်လို့ စာရင်းရထားတယ်။ ဒီနေ့အထိ ရတဲ့စာရင်းပေါ့။ အခုလက်ရှိ အဲဒီစစ်ကြောင်းက ငှက်ပျောတိုင်းနဲ့ ပေကြီးမှာ အထိုင်ချထားတယ်။ ဇီးကုန်းသကြားစက်ကနေ အရှေ့ကိုထွက်ရင် မလယ်လမ်းဆုံဆိုတာ ရောက်တယ်။ မလယ် လမ်းဆုံကနေ မြောက်ကိုသွားမယ်ဆိုရင် ကွင်းဘိုးဆိုတဲ့ စခအထိုင်စခန်းရှိတယ်။ အဲဒီကနေ မြောက်ဘက်ကို ဆက်ထွက်ရင် ပေကြီးရွာရောက်တာ ပေကြီးရွာကနေ ဆက်သွားရင် ငှက်ပျောတိုင်းရွာ ရောက်တယ်။ ငှက်ပျောတိုင်းကနေ ဆက်သွားရင်ရေအေးရွာတို့၊ စံပယ်နံ့သာတို့ပေါ့။ ရွှေဘို -မြစ်ကြီး နားလမ်းပိုင်းပေါ့။ တိုက်ပွဲက နေ့တိုင်းရက်ဆက်ဖြစ်နေတာ မနေ့ကအထိကို ဖြစ်နေတုန်းပဲ ကိုယ့်ဘက်လူတွေက အထိအခိုက်မရှိပါဘူး” ဟု ရပ်ကျေး ပကဖတာဝန်ခံ ကိုမိုးညိုက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေကြီးရွာမှ သက်ကြီး ရွယ်အိုများ၊ အမျိုး သမီးများနှင့် ကလေးသူငယ်များ အပါအဝင် ပြည်သူ ၃၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများင ငှက်ပျောတိုင်းရွာသား ၃ ဦးကို ဖမ်းဆီးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင်ပြည်သူ ၃ ဦးလုံးကို သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ပေကြီးရွာကိုလည်း ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် (ကစရ) မှ ဇီးကုန်း-မလယ်လမ်းအတိုင်း အရှေ့သို့ ထွက်လာသော စစ်သား၊ ပျူစောထီးများလိုက်ပါသည့် FAW ကား ၁ စီး နှင့် ဆယ်ပေတိုကား ၁ စီးအား နတ်တောင်ရွာ၏အရှေ့ဘက် အရောက်တွင် ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပကဖအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ပေကြီးရွာ၌ ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ကန့် ဘလူ ခရိုင် အမှတ် ၄ တပ်ရင်းနှင့် ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/95137/
ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်တပ်ထုတ် Dagon ဘီယာ ၅၃၂ ဖာ ကို ဖျက်ဆီး
["ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် စစ်တပ်ထုတ် Dagon ဘီယာ ၅၃၂ ဖာ ကို ဖျက်ဆီး", "ရန်ကုန်၊ မတ် ၃၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ကုန်တင်ကား ၁ စီးကို စစ်ဆေးစဥ် စစ်တပ်ထုတ် Dagon ဘီယာ ၅၃၂ ဖာ တင်ဆောင်သောကြောင့် ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "မတ်လ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ၊ PDF၊ LDF တော်လှန်ရေး အင်အားစုများက ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ကုန်တင်ကား ၁ စီးကို စစ်ဆေးစဥ် စစ်တပ်ထုတ် Dagon ဘီယာ ဂျပ်ဖာ ၅၃၂ ဖာ (ဗူးပေါင်း ၁၂၇၆၈ ဗူး) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "ဖမ်းဆီးရမိသော Dagon ဘီယာ ဂျပ်ဖာ ၅၃၂ ဖာ (ဗူးပေါင်း ၁၂၇၆၈ ဗူး) ကို ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်တွင် ဖျက်ဆီးခဲ့ကြောင်း၊ ဘီယာ တင်ဆောင်လာသော ကားနှင့် ကားသမားကို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။", "“ဖမ်းဆီးရမိတဲ့ နေရာမှာပဲ ဖျက်ဆီးလိုက်ပါတယ်။ ကား သမားကိုတော့ နောက်မသယ်ဖို့ သတိပေးလိုက်တယ်။ အဲ့ကားနဲ့ နောက်တစ်ခါ ထပ်ပြီး သယ်ဆောင်လာရင် အရေးယူပါ့မယ်”ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/03/208769/
ရွှေဘို-ရေဦး လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲရန် ပြင်ဆင်နေသော စစ်ကောင်စီ တပ်သားများနှင့် ရေစကြိုတွင် ရိက္ခာလာပို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး
["ရွှေဘို-ရေဦး လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲရန် ပြင်ဆင်နေသော စစ်ကောင်စီ တပ်သားများနှင့် ရေစကြိုတွင် ရိက္ခာလာပို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၂၄", "စစ်ကိုင်းတိုင်း၊ ရွှေဘို-ရေဦး လမ်းပိုင်းတွင် အထိုင်ချ တပ်စွဲရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။", "မတ်လ ၂၃ ရက်နေ့တွင် ရွှေဘို- ရေဦး လမ်းပိုင်းရှိ သပြေသာကျေးရွာ၌ အထိုင်ချရန် ပြင်ဆင်နေသော ပန်းရံရွာ၊ လိပ်ချင်းရွာ၊ ခွန်တောင်းကြီးရွာ၊ မြင်းချင်းရွာ နှင့် နဲ့ ဇီးကုန်းလေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း ခွန်တောင်ကြီးရွာမှ ပျူစောထီး ၁ ဦး သေဆုံးကာ ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်စခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဗမာ့ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၆ ရက်နေ့မှစ၍ ၁၈ ရက်နေ့အထိ ရေစကြိုမြို့နယ် ၊ ရှင်မတောင်စစ်တပ်စခန်းသို့ ရိက္ခာပို့ ရန် ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗမာ့ဒေါင်း RC Plane တပ်ဖွဲ့ (မြိုင်မြို့နယ် ပ.က.ဖ) နှင့် ပခုက္ကူခရိုင် တပ်ရင်း ၃ တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ထိခိုက်သေဆုံးမှုကတော့ သေချာပေါက်ရှိပါတယ်။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ နယ်ခံတပ်ဖွဲ့တွေက စခ စစ်ကြောင်းရှိတယ်။ ဆော်မလားမေးလို့ ဆော်ရုံပဲဆိုပြီး သွားဆော်ကြတာ ကျနော်တို့အဖွဲ့က ပစ္စည်းလိုအပ်ချက်ရှိသွားလို့ ၃ ရက်ပဲ ဆော်ပြီး ပြန်ဆုတ်လာခဲ့ရတာ နောက်ဆက်တွဲသတင်းတော့ မသိရဘူး။ ဆက်သွယ်ကြည့်ဖို့လည်း အဲဒီဘက်က ဖုန်းလိုင်းမကောင်းလို့ မဆက်သွယ်ဖြစ်ဘူး” ဟု ဗမာ့ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/131638/
ရွှေဘိုခရိုင် ဒီပဲယင်းမြို့ လက်ယက်ကုန်း အနီးပတ်ဝန်းကျင်ကျေးရွာများမှ စစ်ရှောင်များကို အာဟာရဒါနထမင်းဟင်းများကျွေးမွေး
["ရွှေဘိုခရိုင် ဒီပဲယင်းမြို့ လက်ယက်ကုန်း အနီးပတ်ဝန်းကျင်ကျေးရွာများမှ စစ်ရှောင်များကို အာဟာရဒါနထမင်းဟင်းများကျွေးမွေး", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့ လက်ယက်ကုန်း အနီးပတ်ဝန်းကျင်ကျေးရွာများမှ စစ်ရှောင် ၃၀၀ကျော်ကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ တစ်ဆင့် အလှူရှင်များမှ အာဟာရဒါနထမင်းဟင်းများကျွေးမွေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134122/
ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်း
["ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ အလှူရှင်များ၏ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133201/
ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ ပိုးထိလူနာကို မြွေဆိပ်ဖြေဆေးလှူဒါန်း
["ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ ပိုးထိလူနာကို မြွေဆိပ်ဖြေဆေးလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၆", "စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ မှ ၁၄ ယောက်မြောက် ပိုးထိလူနာကို အချိန်မီ မြွေဆိပ်ဖြေဆေးများ အမြန်ပို့ဆောင်ကုသပေးနိုင်ခဲ့၍ လူနာအခြေအနေသက်သာပျောက်ကင်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/99608/
ရွှေဘိုခရိုင် အတွင်းရှိ ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို လက်ယက်က္ကန်းစင် အလုံး ၂၀ လှူဒါန်း
["ရွှေဘိုခရိုင် အတွင်းရှိ ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို လက်ယက်က္ကန်းစင် အလုံး ၂၀ လှူဒါန်း", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့သွားသော ကျေးရွာ ၅ ရွာမှ စစ်ဘေးရှောင် ပြည်သူများကို S&Cမီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ မှ လက်ယက်က္ကန်းစင် အလုံး ၂၀ လှူဒါန်းခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2023/01/78831/
ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ မီးဘေးသင့်/စစ်ရှောင်လူထုကို ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်ကုသ
["ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ မီးဘေးသင့်/စစ်ရှောင်လူထုကို ကွင်းဆင်း၍ ကျန်းမာရေး စောင့်ရှောက်ကုသ", "ရန်ကုန်၊ ဇန်နဝါရီ ၃", "ရွှေဘိုခရိုင် အမှတ် ၁၈တပ်ရင်း (၀က်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု) နယ်မြေအတွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ကျေးရွာများသို့ ၂၀၂၃ ဇန်နဝါရီ ၁၊၂ ရက်နေ့များတွင် သွားရောက်၍ တပ်ရင်းမှူးဗိုလ်စွန်ရဲ၊ တပ်ရင်း ဆေးတပ်ဖွဲ့နှင့် မြို့နယ်ကျန်းမာရေးတာ၀န်ခံများ၊မြို့နယ်လူသားစာနာတာ၀န်ခံများ၊ ရပ်/ကျေး ပအဖ၊ပကဖ၊ပလဖများပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရန်လိုအပ်နေသော လူနာ ၁၉၅ ဦးကို ကျန်းမာရေးစောင့်ရှောက်ကုသမှုများပြုလုပ်ခဲ့သည်။"]
https://yktnews.com/2023/11/129171/
ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက တပ်စု မွမ်းမံ သင်တန်း ဆင်းပွဲ ပြုလုပ်
["ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက တပ်စု မွမ်းမံ သင်တန်း ဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ အမှတ် ၁ စစ်ဒေသ ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၏ အပတ်စဥ် ၃ တပ်စု မွမ်းမံ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်ခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179336/
ရွှေဘိုခရိုင် အမှတ်၈ တပ်ရင်း၊ အခြေခံစစ် သင်တန်း အပတ်စဥ် ၄ သင်တန်းဆင်းပွဲ ပြုလုပ်
["ရွှေဘိုခရိုင် အမှတ်၈ တပ်ရင်း၊ အခြေခံစစ် သင်တန်း အပတ်စဥ် ၄ သင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၁၇", "ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ်၈ တပ်ရင်း၊ အခြေခံ စစ်သင်တန်း အပတ်စဥ် ၄ သင်တန်းဆင်းပွဲကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/137563/
ရွှေဘိုခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး
["ရွှေဘိုခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း Flying Dragon Force တာဝန်ခံ ကိုဗလ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီ ၁၉ မိနစ်ခန့်က ရွှေဘိုမြို့ပေါ်ရှိ ခရိုင်တရားရုံးကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရဲ ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဗုံးသီး ၂ လုံးချခဲ့တာပါ၊ ခရိုင်တရားရုံးတစ်ခုတည်းကိုပဲ ချခဲ့တာ၊ ရဲခွေး တစ်ကောင်သေတယ်၊ ၃ ကောင် ထိခိုက်ဒဏ်ရာရတယ်၊ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာပါ” ဟု Flying Dragon Force တာဝန်ခံ ကိုဗလ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Flying Dragon Force ၊ Shwebo Crocodile ရွှေဘိုပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုစွန်ရဲ၊ မဟူရာရွှေဘိုသား၊ ကျားညီနောင်၊ MRTF ၊ NGWE DWIN REVOLUTION FORCE ၊ တံတားညီနောင် ပျောက်ကျားတပ်ဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ ၊ သိဒ္ဓိရှင်၊ နဂါးညီနောင်၊ Hero Brother ၊ အောင်စည်အောင်မောင်း၊ တာနောယက္ခ ၊ ဗိုလ်လင်းရောင်(ဒပယ)၊ သိင်္ခအားမာန် နှင့် တန၂ တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ပြည်သူများကို ဖိနှိပ်အနိုင်ကျင့် ဗိုလ်ကျနေသော အကြမ်းဖက်စစ်ကောင်စီ ယန္တရား သက်ဆိုး ရှည်ရန် လုပ်ဆောင်နေသော ထောက်တိုင် မှန်သမျှ အမြစ်ဖြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သား၊ လက်အောက်ခံများအနေဖြင့် ပြည်သူ့ရင်ခွင်သို့ အချိန်မီပူးပေါင်းပါဝင်ကြ ပါရန် သတိပေး တိုက်တွန်းထားသည်။"]
https://yktnews.com/2023/05/101725/
ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း
["ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မေ ၉", "ရွှေဘိုခရိုင် အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်ရေးအဖွဲ့က သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/120594/
ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းတွင် မိုးရာသီ အားကစား ပြိုင်ပွဲများ ပြုလုပ်
["ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းတွင် မိုးရာသီ အားကစား ပြိုင်ပွဲများ ပြုလုပ်", "ရန်ကုန်၊ စက်တင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် စာသင်းကျောင်း တစ်ကျောင်းတွင် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ကာ မိုးရာသီ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/101346/
ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က စားသောက်ကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/91506/
ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး စာသင်ကျောင်း တစ်ကျောင်း ထပ်မံ ဖွင့်လှစ်
["ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး စာသင်ကျောင်း တစ်ကျောင်း ထပ်မံ ဖွင့်လှစ်", "ရန်ကုန်၊ မတ် ၉", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ပညာသင်ကြားနိုင်ရေး S&C အဖွဲ့က ယနေ့ မတ်လ ၉ ရက်နေ့တွင် စာသင်ကျောင်း တစ်ကျောင်း ထပ်မံ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။", "ယခုဖွင့်လှစ်ခဲ့သော ကျောင်းသည် S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်ရေး အဖွဲ့၏ ၁၀ ကျောင်း မြောက် စာသင်ကျောင်းဖြစ်ပြီး ကလေးငယ်များအတွက် သင်ထောက်ကူ ပစ္စည်းများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/101330/
ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် စာသင် ကျောင်း ၁ ကျောင်းကို သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း
["ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် စာသင် ကျောင်း ၁ ကျောင်းကို သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်း ၁ ကျောင်းကို S&C မီးဘေး စစ်"]
https://yktnews.com/2023/08/116735/
ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို PDF ရဲဘော်များက ဆေးဝါးကုသမှု ပြုလုပ်ပေး
["ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို PDF ရဲဘော်များက ဆေးဝါးကုသမှု ပြုလုပ်ပေး", "ရန်ကုန်၊ သြဂုတ် ၆", "ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲမှ ရဲဘော်များက ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လအတွင်း ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၃၅၇ ဦးကို အထွေထွေ ကျန်းမာရေး စောင့်ရှောက်မှု၊ အသေးစားခွဲစိတ်မှုနှင့် ငှက်ဖျားရောဂါ ကုသပေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။", "ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းကို ပြည်သူများအနေဖြင့် စစ်ရေးလှုပ်ရှားမှုများ နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပိုမိုအားဖြည့်ပါဝင်ပေးကြပါရန် တိုက်တွန်း နှိုးဆော်ထား​​သည်။"]
https://yktnews.com/2023/10/125153/
ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းက စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေး
["ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းက စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေး", "ရန်ကုန်၊ အောက်တိုဘာ ၄", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းက စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၁ လ တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲမှ တပ်ရင်း လှုပ်ရှားမှု နယ်မြေအတွင်းရှိ မီးဘေးသင့် စစ်ဘေးဒုက္ခသည် ပြည်သူများ နှင့် ဒေသခံ ပြည်သူများကို ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။", "ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု ၄၂၃ ဦး ၊ အသေးစားခွဲစိတ်မှု ၁၀ ဦး ၊ Malaria patient ၁ ဦး နှင့် မွေးလူနာ ၂ ဦး စုစုပေါင်း ပြည်သူ ၄၃၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။", "ပြည်သူ့ကာကွယ်ရေး တပ်မတော် ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းသည် အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရန် ရရာလက်နက်စွဲကိုင်၍ စစ်ရေးအရ တော်လှန်တိုက်ခိုက်နေပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဥ်များ နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်နေကြောင်း၊ ပြည်သူများအနေဖြင့် ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်း၏ စစ်ရေးလှုပ်ရှားမှုများ နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပိုမိုအားဖြည့်ပါဝင်ပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်ကြောင်း ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/95676/
ရွှေဘိုတွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ပေါင်းတည်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲများ မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ
["ရွှေဘိုတွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ပေါင်းတည်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် ရဲများ မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ၁ ဦးသေဆုံးကြောင်း ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ ကညန ရုံးတွင် ကင်းစောင့်နေသည့် စစ်သားများနှင့် မြို့ရှောင် လမ်းပေါ်ရှိ စစ်တပ် ကင်းပုန်းများကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း တပ်ခွဲ ၁ Naungyoe Army နှင့် ရွှေဘိုကျားကြီးအဖွဲ့တို့မှ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "” စစ်ခွေး ၁ ကောင်သေတယ်လို့ သိရတယ်။ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာတော့ မဟုတ်ဘူး။ နောက်ကနေတအား ပစ်နေလို့ အမြန် ပြန်ဆုတ် ခဲ့ရပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ တောင်ဘိုလှအုပ်စု၊ သရက်ချဉ်ရွာနှင့် နတ်ပုတီးရွာကြားတွင် ဘုရားပွဲမှ ဆတ်ကြေး ကောက်ပြီး ပြန်လာသော အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။", "ယမန်နေ့ ဧပြီလ ၂ ရက် ည ၉ နာရီခန့်က တောင်ဘိုလှအုပ်စု၊ လယ်ပြင်ဘုရားပွဲအတွင်း ပြုလုပ်နေ သည့် လောင်းကစားဝိုင်းများမှ ဆက်ကြေးယူ၍ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပေါင်းတည်မြို့မရဲစခန်းမှ ရဲတပ်ဖွဲဝင်၇ ဦးပါ ဆိုင်ကယ် ၅ စီးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲအခြေ အနေကို စုံစမ်းအတည်ပြုလျက်ရှိကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PPDF ( ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ တပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသော ရဲတပ်ဖွဲ့ဝင် ၃ ဦး ကို သရက်ချဉ်ရွာမှ လူနာတင်ယာဉ်ဖြင့် ပြည်ဘက်သို သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသည်။", "မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်နှင့် ၎င်းတိုနှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/122786/
ရွှေဘိုတွင် ကင်းလှည့်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ရွှေဘိုတွင် ကင်းလှည့်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရွှေဘိုတက္ကသိုလ်ဝင်းအတွင်းမှ အင်အား ၃၀ ခန့်ဖြင့် ခြေလျင် ကင်းလှည့် ထွက်လာသည့် အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လှည့်ကင်းကို ရ​ွှေဘို-ကျောက်မြောင်း လမ်းပိုင်းရှိ သန်းထိုက်အောင် စက်သုံးဆီ ဆိုင်နှင့် ရွှေမိစက်သုံးဆီအရောင်းဆိုင် အကြား၌ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသားအဖွဲ့၊ BLACK WOLF -ARMY တပ်ဖွဲ့နှင့် ရွှေဘိုသခင်ကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127017/
ရွှေဘိုတွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ ဆားတောင်မြို့အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်
["ရွှေဘိုတွင် ကင်းလှည့်နေသော စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်မှု ၁ ဦး သေဆုံး၊ ဆားတောင်မြို့အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်သားများကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် ဆိုင်ကယ် ၅ စီးဖြင့် ကင်းလှည့်လာသော အကြမ်းဖက် စစ်သား ၈ ဦးကို ရွှေဘိုမြို့ကားကြီးကွင်းနှင့် ပြည်ရွှေသိင်္ဃ တည်းခိုခန်း အကြား အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို မိုင်း တစ်လုံး၊ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို မိုင်း ၁ လုံးပစ်ခဲ့တာ၊ နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကတော့ မထိဘူးထင်တယ်၊ ဆက်ပြီးမောင်းသွားတယ်၊ ၃ ယောက်စီးလာတဲ့ဆိုင်ကယ်ကတော့ ထိတယ်၊ တစ်ယောက်သေတယ်၊ နှစ်ယောက်ဒဏ်ရာရတယ်၊ မိုင်းပစ်တဲ့ ရဲဘော်ကို စစ်ခွေးတွေဘက်က ပြန်ပစ်လို့ ပေါင် ကျည်ထိဒဏ်ရာရခဲ့တယ်၊ သူ့ကို ကျန်တဲ့ ရဲဘော်တွေက ဆွဲထုတ်နိုင်ခဲ့လို့ စိုးရိမ်စရာမရှိတော့ပါဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၁ Naungyoe Army၊ ရွှေဘိုကျားကြီး၊ တိုက်နယ် ၄ ပြည်သူ့ကာကွယ်ရေး ရွေ့လျားမိုင်းတပ်ဖွဲ့၊ ရှိမ်းမကားတိုက်နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့နှင့် Revolution Soliders အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့နှင့် အုန်းတောကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Army To Fight Dictatorship –PAFD တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ မြောက်ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး စစ်ကိုင်းမြို့ဘက်သို့ ပြန်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို အုန်းတောကျေးရွာနှင့် ဆားတောင်မြို့ အကြား တစ်နေရာ အရောက်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်းအကြမ်းဖက်စစ်သားများမှာ စစ်ကိုင်းမြို့ဘက်ကို ဆက်လက်ထွက်ခွာနိုင်ခြင်းမရှိဘဲ ကားလမ်းဘေးရှိ ကျေးရွာတစ်ရွာ၌ ဝင်ရောက်ခိုနားနေကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ရဲဘော်များမှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှာ စစ်ကြောင်းများဖြန့်ခွဲ သွားလာလှုပ်ရှားနေသဖြင့် စွန့်စွန့်စား စား မိုင်းဆွဲတိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114030/
ရွှေဘိုတွင် စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ရွှေဘိုတွင် စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကန်ရွာနှင့် တကန်သာကျေးရွာကြားတွင် စစ်ကူလာသော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြန်တမ်းဝင် အရာရှိအပါအဝင် အကြမ်း ဖက်စစ် သား ၂ ဦးသေ ဆုံးခဲ့ကြောင်း Black Wolf – Army တပ်ဖွဲ့ထံမှ သိရသည်။", "ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်က ဟန်လင်းမြို့ဟောင်းရှိ အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် ရွှေဘိုမြို့မှ အင်အား ၅၀ ခန့် ဖြင့် စစ်ကူပေးရန် ထွက်ခွာသည့် စစ်ကြောင်းကို မြေပြင်၊ ဝေဟင်ပူးတွဲ စစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ ပြန်တမ်းဝင်အရာရှိအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army ၊ Who am I – Army ၊ ရွှေဘိုကျားကြီးအဖွဲ့၊ ရွှေဘိုမင်းအဖွဲ့ နှင့် တိုက်နယ်ပကဖ ၄ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် Mi 35 ရဟတ်ယာဉ်ဖြင့်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။", "ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မင်းရွာအထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲကြောင်း နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ၊ မင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ၈၀ မမ လက်နက်ကြီး ၇ လုံးနှင့် ရှော့တိုက်ဒုံး ၈ လုံး အသုံးပြု တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း ၁ အညာဒေသ၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့နှင့် Fighter Guerrilla Group-YSO တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94750/
ရွှေဘိုတွင် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြင်းမူတွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
["ရွှေဘိုတွင် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် ဖောက်ခွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မြင်းမူတွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ မတ် ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၄ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးကြောင်း ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘိုတောင်တံခါး အထွက် မူးတံတားပေါ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို ပဒေသာပါဆယ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် မြို့ရှောင်လမ်း၌ ပတ်ကင်းထွက်လာသော mark 2 ကား ၁ စီးကို ခွေးကားကို လက်ပစ်မိုင်း ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ညနေ ၄ နာရီ ၁၅ မိနစ်တွင် စိုက်ပျိုးရေးရုံးတွင် အစည်းဝေး ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်သားများ စိုက်ပျိုးရေးရုံးအရှေ့ ထွက်လာစဥ် ပါဆယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေလီထွန်း ဘီယာဆိုင်သို့ လာရောက်သည့် စစ်သားများကို ဆိုင်ရှေ့တွင် ပါဆယ်မိုင်းဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“Mission ၄ ခုမှာ ကျန်နေရာ ၃ နေရာက ခွေး အထိအခိုက်အကျအဆုံးကိုတော့ စိစစ်ဆဲဖြစ်တယ်။ စိုက်ပျိုးရေးရုံးက စစ်ခွေးတွေကို ဖောက်ခွဲ တိုက်ခိုက်တာတော့ ၁ ကောင်သေတယ်” ဟု ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း အမှတ် ၂၃ တပ်ခွဲ ၁ Naungyoe Army၊ ရွှေဘိုကျားကြီးနှင့် G fatt Army တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မြင်းမူမြို့နယ်၊ ဘိုးမင်းကျီးကင်း ကျေးရွာ၌ အထိုင်ချ တပ်ဆွဲထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People ‘s knight Defense Force Myinmu မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့ ညနေ ၂ နာရီ ၄၄ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဘိုးမင်းကျီးကင်းကျေးရွာ၌ အထိုင်ချ တပ်ဆွဲထားသော စစ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြာင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို People ‘s knight Defense Force Myinmu၊ Black Eagle Defence Force (MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊ ၊ D.B.B.F-MMU တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185455/
ရွှေဘိုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပေါ်သိန်းနှင့် ပျူစောထီးများက မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများရှိ ပြည်သူများထံမှ ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်
["ရွှေဘိုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပေါ်သိန်းနှင့် ပျူစောထီးများက မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများရှိ ပြည်သူများထံမှ ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပေါ်သိန်းနှင့် ပျူစောထီးများက မြို့ပေါ်ရပ်ကွက်အချို့နှင့် မြို့နှင့် နီးစပ်သည့် ကျေးရွာများမှ ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "သီးကုန်းရွာ ၊ ဥယျာဉ်တော်ရွာ၊ ခွန်တောင်ငယ်ရွာ၊ မိချေင်းပင်ရွာ ၊ ဆီဆံကုန်းရွာ၊ ပိတောက်ခေါင်းရွာ၊ ထနောင်းဝန်းရွာ၊ နွားကုတ်ရွာ၊ သပြေသာရွာ၊ မြောင်ကြီးရွာ၊ မင်းကျောင်းရွာ၊ ဘိုကုန်းရွာနှင့် အခြားမြို့နှင့် နီးစပ်သည့် ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းဥပဒေ၊ ညကင်းစောင့်သည့် ကိစ္စများနှင့် ပတ်သက်၍ ခြိမ်းခြောက် ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ညကင်းမစောင့်တဲ့ အိမ်ထောင်စုတွေနဲ့ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို ခြိမ်းခြောက် ငွေညှစ်နေတယ်။ ပေါ်သိန်းက သူ့သား ၂ ယောက် အားကိုးနဲ့ လုပ်နေတာ။ သူ့သားတွေက ထောင်ထွက်တွေ၊ မူးယစ်ဆေးမှုနဲ့ ကျတာ။ စစ်ကောင်စီလက်ထက်မှာ လွတ်လာပြီး စစ်တပ်နဲ့ ပေါင်း ခြိမ်းခြောက် ငွေညှစ်နေတာ” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အုပ်ချုပ်ရေးမှူး ပေါ်သိန်းသည် ရွှေဘိုမြို့ပေါ်မှ မဟုတ်ဘဲ ရွှေဘို ခင်ဦးလမ်းရှိ သီးကုန်းရွာမှ ဖြစ်ပြီး သီးကုန်းရွာမှ နေ၍ မြို့ပေါ်ရပ်ကွက်များအပြား၏ အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေကာ ခြိမ်းခြောက်ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "Photo – အကြမ်းဖက် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်း ဥပေဒ ဆိုင်ရာ စာရွက်များ လိုက်လံဖြန့်ဝေနေစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/09/184538/
ရွှေဘိုတွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ
["ရွှေဘိုတွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲချကြောင်း၊ ထို့ကြောင့် စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ရာ ဆိပ်ခွန်ကျေးရွာ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လက် နက်ကြီး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျည်သည် ဆိပ်ခွန်ကျေးရွာမှ နေအိမ်တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၂၁ နှစ်အရွယ် မသဲနုနိုင်၏ ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ထို့ပြင် သေဆုံးသူ မသဲနုနိုင်၏ မိခင် ဒေါ်စိုစိုး၊ အဒေါ် ဒေါ်စိုစိုး၊ ဦးလေးဖြစ်သူ ဦးဇော်ကြီး၊ ဦးနောင်နောင်တို့မှာလည်း ဒဏ်ရာရရှိကြောင်း၊ အခြားပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ လက်နက်ကြီးထိမှန်၍ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ ၆ ဦးရှိကြောင်း၊ နေအိမ်များလည်း ပျက်စီးကြောင်း သိရှိရသည်။", "“စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကျဲလို့ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာမှာ နေအိမ် ၇ လုံး၊ တိုက် ၁ လုံး၊ ဆိုင်ကယ် ၁ စီး ပျက်စီးတယ်။ လူကတော့ မသဲနုနိုင် သေဆုံးတယ်။ မသဲနုနိုင်အိမ်က မိသားစုဝင် ၅ ဦးနဲ့ အခြားပြည်သူ ၁ ဦး စုစုပေါင်း ၆ ဦးဒဏ်ရာရတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။", "ယနေ့ နံနက် ၈ နာရီခွဲအချိန် လက်နက်ကြီးကျ၍ သေဆုံးသော မသဲနုနိုင် ၏ အလောင်း ကို သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားသော မသဲနုနိုင်။"]