url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/06/107516/
သထုံရှိ စစ်ကောင်စီ တပ်ရင်း ၂ ခု တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသော အမြောက်တပ် ၄၀၂ တပ်ရင်းမှူးအသစ် ဒုဗိုလ်မှူးကြီး ဆေးကုသမှု ခံယူရင်း သေဆုံး
["သထုံရှိ စစ်ကောင်စီ တပ်ရင်း ၂ ခု တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသော အမြောက်တပ် ၄၀၂ တပ်ရင်းမှူးအသစ် ဒုဗိုလ်မှူးကြီး ဆေးကုသမှု ခံယူရင်း သေဆုံး", "ရန်ကုန်၊ ဇွန် ၁၀", "မွန်ပြည်နယ်၊ သထုံမြို့ အခြေစိုက် အမှတ် ၁ ခြေမြန်တပ်ရင်းနှင့် အမှတ် ၄၀၂ အမြောက်တပ် တို့ကို KNLA ၊ PDF ၊ သထုံပကဖနှင့် ဘီးလင်း ပကဖ ပူးပေါင်းတပ်များက တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သော အမှတ် ၄၀၂ အမြောက်တပ် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသည် ဆေးကုသမှု ခံယူရင်း သေဆုံးသွားခဲ့ကြောင်း သထုံပကဖမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၇ ရက်နေ့နံနက်ပိုင်း KNLA ၊PDF ၊ သထုံမြို့နယ် ပကဖနှင့် ဘီးလင်းမြို့နယ်ပကဖ တပ်ဖွဲ့များက ပူးပေါင်း၍ သထုံ အခြေစိုက် ခမရ (၁) နှင့် အမြောက်တပ် တို့ကို မြေပြင်တပ်ဖွဲ့များ ၊ Drone တပ်များဖြင့် တိုက်ခိုက်ရာ ခမရ ၁ မှ ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမှတ် ၄၀၂ အမြောက်တပ် မှ ၅ ဦး သေဆုံးကြောင်း၊ အမြောက်တပ် ၏ တပ်ရင်းမှူးအသစ်လည်း ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကာ နေပြည်တော်သို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်၍ ဆေးကုသမှုခံနေခဲ့ရကြောင်း၊ ယင်းနောက် ဆေးကုသမှု ခံယူရင်း တပ်ရင်းမှူး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "” အမှတ် ၄၀၂ အမြောက်တပ် တပ်ရင်းမှူး သေပြီ။ ဒဏ်ရာရသွားတာကို ဆေးကုသမှု ခံယူနေရင်း သေတယ်။ မနေ့က သတင်းရပါတယ်” ဟု သထုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။", "သထုံ အမြောက်တပ် ၏ တပ်ရင်းမှူးအသစ်သည် တပ်သို့ ပြောင်းရွှေ့လာပြီးသည်နှင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို နေ့စဉ် လက် နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့်ကျေးရွာသားတချိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်တုန့်ပြန်သည့်အနေဖြင့် တော်လှန်ရေး အင်အားစုများက သွားရောက်တိုက်ခိုက်ခဲ့ရာမှ အမြောက်တပ်၏ တပ်ရင်းမှူး ဒဏ်ရာရရှိ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်ရင်းတစ်ခုတွင် ရေးထိုးထားသော ဝါဒဖြန့် စာသား။"]
https://yktnews.com/2023/09/121462/
သထုံရှိ ပိန္နဲတော စစ်တပ်စခန်းကို ၁၀ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး
["သထုံရှိ ပိန္နဲတော စစ်တပ်စခန်းကို ၁၀ ရက်ကြာ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၇", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ပိန္နဲတော အကြမ်းဖက် စစ်တပ် စခန်းကို ၁၀ ရက်ကြာ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိရသည်။", "သြဂုတ်လ ၂၈ ရက်နေ့တွင် သထုံခရိုင် တပ်မဟာ ၁ ၊ တပ်ရင်း ၂ KNLA+PDF တပ်ခွဲ ၁ နှင့်တပင်ရွှေထီးစစ်ကြောင်း၊ Drone Team၊ ပူးပေါင်းအဖွဲ့များက စကခ ၈ ၊ ဗျူဟာ ၃ လက်အောက်ခံ သထုံမြို့နယ်၊ ပိန္နဲတော အကြမ်းဖက် စစ်တပ် စခန်းကို Drone ဖြင့် ၄၀ မမ ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပိန္နဲတော စစ်စခန်းကို Drone ဖြင့် ဗုံး ၁၈ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့များတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပိန္နဲတောစစ်စခန်းကို Drone ဖြင့် ဗုံးသီး ၄၂ လုံးဖြင့် ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့​ရာ အရာရှိ ၁ ဦးသေဆုံးပြီး ၅ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။", "စက်တင်ဘာလ ၆ ရက်နေ့တွင် ပိန္နဲတော စစ်စခန်းမှ ထိခိုက် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ညောင်ကုန်း BGF စခန်းကို ပို့ဆောင်ပြီး ပြန်လာသည့် စစ်သားများကို ဒုံသမိချောင်းဖောင်ကူးဆိပ်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။", "ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ တိုက်ခိုက်မှု အတွင်း ပိန္နဲတောစစ်စခန်းမှ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့‌ကြောင်း တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မြင်းချင်းရွာမှ ပျူစောထီးများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မဟူရာ ရွှေဘိုသား ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၆ ရက်နေ့တွင် ရွှေဘိုမြို့နယ် ၊ မြင်းချင်း ပျူစောထီးကျေးရွာ အနောက်မြောက်ဘက်တွင် ပျူစောထီးများ လယ်လုပ်ရန် ကင်းယူ၍ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး အလောင်းများကို မြင်းချင်းရွာမှ ပျူစောထီး ၁၅ ဦးခန့်က သေနတ်များ ပစ်ဖောက်ကာ သယ်သူသွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသားပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DaungMann ၊ဒေါင်းစစ်သည်၊ ဗိုလ်မဟာ ၊ ‌ရွှေဘို စွန်ရဲ ၊ Shwebo Federal Army ၊ Yaung Ni ၊ Eyes For Eyes ၊ ဇေယျာသွေး ၊ MC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Snake Eyes ၊ Flying Dragon Force ၊ God Of Satan ၊ ရွှေဘို အားမာန် နှင့် HG Fighters ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/162718/
သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် ၁ ဦးနှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၁၅ ဦး ဒဏ်ရာရ
["သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် ၁ ဦးနှင့် ကလေး ၆ ဦး အပါအဝင် ပြည်သူ ၁၅ ဦး ဒဏ်ရာရ", "စစ်တပ်၏လက်နက်ကြီးကျည် ထိမှန်၍ နေအိမ် ၂၃ လုံးပျက်စီးပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊မေ ၁၆", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့ ထုတ်ပြန်သည်။", "မေလ ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ ၊ ခမရ-၉ နှင့် ခလရ-၈ တပ်ရင်းတပ်စခန်းများက လက်နက်ကြီးများဖြင့် သထုံမြို့နယ်အတွင်းရှိ ရွှေရောင်ပြရွာ၊ ဝီယော်ရွာ၊ ကဒီပုရွာနှင့် ဒေါက် ရပ် ရွာကို ပစ်ခတ်ခဲ့ခြင်းကြောင့် အဝန်းကြီးရွာမှ အသက် ၄၈ နှစ်အရွယ် ဦးဇော်မင်းထွန်း ၊ အသက် ၄၆နှစ် အရွယ် ဒေါ်မြသိန်း၊ ဒေါက်ရပ်ကျေးရွာမှ အသက် ၈၂ နှစ် အရွယ် ဒေါ်ခင်မေ တို့ လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဒေါက်ရပ်ရွာမှ အသက် ၆၂ နှစ် အရွယ် ဦးတင်စိုး၊ အသက် ၁၈ နှစ်အရွယ် စောနေမျိုးအောင်၊ အဝန်းကြီး ကျေးရွာမှ အသက် ၁၁ နှစ်အရွယ် နော်ဖြူဖြူအေး၊ အသက် ၄ နှစ် အရွယ် နော်ချစ်ချစ်ဖိုး၊ အသက် ၅ နှစ်အရွယ် နော်စေးဝါး၊ အသက် ၄၂ နှစ်ဒေါ်အေးပု၊ အသက် ၅၂ နှစ် အရွယ် ဒေါ်ပန်းပို၊ အသက် ၇ နှစ် အရွယ် နော်စုစန္ဒါ ၊ အသက် ၁၂ နှစ်အရွယ် ခွန်ဝီရအောင် ၊ အသက် ၆၂ နှစ် အရွယ် ဒေါ်ဌေးအောင်၊ အသက် ၂၁ နှစ် အရွယ် ခွန်စည်သူလွင်၊ အသက် ၅၀ နှစ် အရွယ် ဒေါ်စိန်စိန်ကျောကုန်း၊ အသက် ၇၃ နှစ် အရွယ် ဦးမောင်ကြီး ၊ ရွှေရောင်ပြကျေး ရွာမှ အသက်၁၄ နှစ်အရွယ် နော်မေသဇင်၊ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန် ၄ လ လွယ်ထားရသော နော်စုခိုင်ဝင်း တို့ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒေါက်ရပ်ရွာမှ နေအိမ် ၅ လုံး၊ ထုံးဘို လေးရွာမှ နေအိမ် ၂ လုံး၊ အဝန်းကြီးကျေးရွာမှ နေအိမ် ၁၆ လုံး၊ ဒေါက်ရပ်ရွာမှ သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ရွှေရောင်ပြရွာမှ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။", "စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် လက်ရှိအချိန်တွင် အဝန်းကြီးရွာမှ ပြည်သူ ၈၇၆ ဦး၊ ဇီးဝန်းရွာမှ ပြည်သူ ၈၇၆ ဦး၊ ရွှေရောင်ပြရွာမှ ပြည်သူ ၁၁၁၉ ဦး၊ ဒေါင်းရွာမှ ပြည်သူ ၁၉၈ ဦး၊ ပန်းအောင်ကုန်းရွာမှ ပြည်သူ ၁၄၆ ဦး၊ ခလောက်အင်းရွာမှ ပြည်သူ ၄၉၁ ဦး၊ မရမ်းကုန်းရွာမှ ပြည်သူ ၄၁၈ ဦးနှင့် မိချောင်းအိုင်ရွာမှ ပြည်သူ ၄၅၄ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟို က ထုတ်ပြန်ပြောဆိုသည်"]
https://yktnews.com/2023/07/113425/
သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကျောင်း၊ ဆေးခန်းနှင့် နေအိမ်များ ပျက်စီး၊ ညောင်လေးပင်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးရ
["သထုံ၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကျောင်း၊ ဆေးခန်းနှင့် နေအိမ်များ ပျက်စီး၊ ညောင်လေးပင်တွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးရ", "ရန်ကုန်၊ ဇူလိုင် ၁၇", "မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး စာသင်ကျောင်း၊ ဆေးခန်းနှင့် နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ်−၃၁၄ အမြောက် တပ်ရင်းက သထုံမြို့နယ်၊ ရွှေရောင်းပြကျေးနယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အဝန်းကြီးကျေးရွာတွင် ကျရောက် ပေါက်ကွဲပြီး ဦးမရမ်းကုန်းနှင့် ဒေါ်အပျိုကြီးတို့၏ နေအိမ် ၂ လုံး၊ စာသင်ကျောင်းနှင့် ဆေးခန်း အဆောက်ဦးအချို့ လက်နက်ကြီးကျည်စတို့ ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်တွင် အမှတ်−၃၁၄ အမြောက်တပ်က လက်နက်ကြီး ပစ်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် အသက် ၅၇ နှစ်အရွယ် နော်တင်အေး သည် ဖလံတောင်ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ် သေဆုံးခဲ့​ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းသည် ကေအဲန်ယူ-သထုံမြို့နယ် အုပ်ချုပ်မှုနယ်မြေရှိ ကျေးရွာများထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသပြည်သူများနှင့် နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိကြောင်း ကေအဲန်ယူ−ဗဟို ကထုတ်ပြန်ထားသည်။", "အလားတူ ပဲခူတိုင်း ညောင်လေးပင်မြို့နယ်အတွင်း ကျေးရွာများရှိ ပြည်သူပိုင်အိုးအိမ်များကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့ ညောင်လေးပင်မြို့နယ် စစ်တောင်းမြစ်ဝှမ်းအနောက်ဖက်ကမ်း ဒေသ၊ ကောက်မယ်သူ ချုံအင်း ကျေးရွာကို စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ အိမ်ခြေ ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ‌ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။", "ထို့ပြင် စစ်တပ်က ပေါက်တောရွာ၊ တော်ဝိရွာတို့ကို ပိန်းဇလုပ်မြို့ ၂၆၄ တပ်တွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျေးရွာများရှိ ပြည်သူပိုင်နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း၊ ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာ နီးစပ်ရာသို့ စစ်ရှောင်နေကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86288/
သထုံ၊ သိမ်ဆိပ်တိုက်နယ်တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ ဆားလင်းကြီး ဖိုဝင်တောင်ရှိ MRA တပ်စခန်းကို စစ်တပ်က ဝင်စီးစဉ် မိုင်းပေါက်ကွဲ၍ စစ်သား ၁ ဦးသေဆုံး
["သထုံ၊ သိမ်ဆိပ်တိုက်နယ်တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ ဆားလင်းကြီး ဖိုဝင်တောင်ရှိ MRA တပ်စခန်းကို စစ်တပ်က ဝင်စီးစဉ် မိုင်းပေါက်ကွဲ၍ စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Hawk Revolutionary Squad (HRS)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။", "ဖေဖော်ဝါရီလ ၆ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က သထုံမြို့နယ်၊ မိုးကောင်းဘုရား နှင့် ဖော်ဖကျေးရွာ အနီး၊ ကင်းပုန်း ဝပ် ရန်လာသော စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့ကစောင့်ဆိုင်းပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပြီး ည ၉ နာရီ ၅ မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဝင်းပအခြေစိုက် ခမရ (၉)မှ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "“မိုးကောင်းလမ်းဆုံမှာ ပစ်ခတ်မှုအပြီး သထုံဘက်ကနေ စစ်ခွေးကားတွေ ထွက်လာတာ၊ ပစ်ခတ်မှုက ည ၉ နာရီ ၅ မိနစ်လောက်မှာ ပြီးတယ်၊ ည ၁၀ နာရီ ၁၅ မိနစ်လောက်ကျတော့ သထုံဘက်ကနေ စစ်ကား တွေထွက်လာမှာပဲ ဆိုတာ ကြိုသိလို့ ကျနော်တို့က လက်နက်ကြီးနဲ့စောင့်ပစ်ခဲ့တာပါ” ဟု Hawk Revolutionary Squad (HRS)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။", "သထုံမြို့မှ မောင်းနှင်လာသော စစ်ကူစစ်ကားများကို KNLA ပူးပေါင်းတပ်ဖွဲ့က ကမာစိုင်ကျေးရွာကွက်သစ်အအနီး အရောက်တွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာတွင် စစ်သား ၄ ဦးသေဆုံးပြီး စစ်ကားတစ်စီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း၂ တပ်ခွဲ ၃ နှင့် PDF တပ် ရင်း၂ တပ်ခွဲ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ကရင့်အမျိုးသားအစည်းအရုံး၊ KNU/KNLA သထုံခရိုင်၊ သထုံမြို့နယ် အနေဖြင့် ပြည်သူများအား ခရီး သွားလာခွင့်ကို နံနက် ၆ နာရီမှ ည ၆ နာရီ အထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း၊ သတ်မှတ် အချိန်ကို ကျော်လွန်၍ ခရီးသွားလာခြင်းမပြုကြပါရန် တရားဝင်အသိပေး ထုတ်ပြန်ထားပြီး ဖြစ်သဖြင့် စည်းမျဉ်းစည်းကမ်းများကို အထူးဂရုပြုလိုက်နာပေးကြပါရန် Hawk Revolutionary Squad (HRS)က မေတ္တာရပ်ခံထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖိုဝင်တောင် တောင်ကြောပေါ်ရှိ Myanmar Revolution Army- MRA ၏ တပ်စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းတွင် ထောင်ထားသော မိုင်းပေါက်ကွဲ၍ စစ်သား တစ်ဦးသေဆုံးခဲ့ကြောင်း Myanmar Revolution Army- MRA တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နေ့လည် ၁၁ နာရီခန့်က ဖိုဝင်တောင်ကြောကို အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး Myanmar Revolution Army- MRA ၏ အထိုင်တပ်စခန်းကို ဝင် ရောက်စီးနင်းခဲ့ရာ နင်းမိုင်း ၆ လုံးမိပြီး အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကာ ယင်းသေဆုံးစစ်သား အလောင်းကို စခန်းတဲများနှင့်အတူ မီးရှို့အလောင်းဖျောက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းစီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့သော်လည်း လက် နက်ခဲယမ်း၊ အသုံး အဆောင်ပစ္စည်းနှင့် စခန်းတဲများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျပ် သိန်း ၂၀၀ ဖိုးခန့်ဆုံးရှုံး ခဲ့ကြောင်း၊ ထို့ကြောင့် ပြန်လည်ထူထောင်ရေးအတွက် မိဘပြည်သူများ၏ အကူအညီများစွာလိုအပ် လျက်ရှိကြောင်း Myanmar Revolution Army- MRA တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- Hawk Revolutionary Squad (HRS) တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/10/128547/
သန္နီမြို့ပြင် အဝင်အထွက်နှင့် ဂိတ်များ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး သန္နီမြို့ ရဲစခန်း၊ စစ်ကောင်စီရုံးများမှ စစ်တပ်နှင့်ရဲများ စွန့်ခွာကာ တပ်ရင်းများတွင် စုစည်း ခုခံကာကွယ်ရန် ပြင်ဆင်နေကြ
["သန္နီမြို့ပြင် အဝင်အထွက်နှင့် ဂိတ်များ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး သန္နီမြို့ ရဲစခန်း၊ စစ်ကောင်စီရုံးများမှ စစ်တပ်နှင့်ရဲများ စွန့်ခွာကာ တပ်ရင်းများတွင် စုစည်း ခုခံကာကွယ်ရန် ပြင်ဆင်နေကြ", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "ရှမ်းပြည်နယ်၊ မြောက်ပိုင်း ၊ သန္နီမြို့ပြင် အဝင်အထွက် နှင့် ဂိတ်များ အားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်ပြီး သန္နီမြို့ထဲတွင်လည်း ရဲစခန်း၊ ရုံးများမှ စစ်တပ်နှင့်ရဲများ စွန့်ခွာကာ စစ်တပ်တပ်ရင်းများတွင် စုစည်း ခုခံ ကာ ကွယ်ရန်သာပြင်ဆင်နေကြကြောင်း ဒေသပြည်သူများနှင့် စစ်တပ် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ပြီး သန္နီမြို့ ပြင် ပတ်လည်ရှိ စခန်းများ၊ စခန်းကုန်းများမှ စစ်တပ်များ အထိအခိုက် သေဆုံးမှုများစွာဖြင့် မြို့ထဲသို့ ဆုတ်ခွာလာပြီး မြို့ထဲတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ ယခုအခါ ရဲစခန်း၊ လ၀ကရုံး၊ ထွေအုပ်ရုံးများမှ စစ်တပ်နှင့်ရဲများကို တပ်ရင်း တပ်ဖွဲ့ များထံသို့ ပြန်လည်စုစည်းနေကြောင်း သိရှိရသည်။", "” မြို့ပြင်နဲ့ အဝင်အထွက်တွေမှာရှိတဲ့ စစ်ကြောင်းတွေ မြို့ထဲဘက်ကို ပြန်စု နေတယ်။ မြို့ထဲမှာလည်း ရဲစခန်းလိုနေရာတွေ၊ ရုံးတွေကနေ အကုန်ဆုတ် ခွာပြီးတော့ တပ်ရင်းတပ်ဖွဲ့တွေမှာ အင်အားသွားပေါင်းနေတယ်။ တိုက်ပွဲက အောက်တိုဘာ ၂၇ ကနေ ဒီနေ့အထိ တောက်လျှောက်ပါပဲ” ဟု တပ်သတင်း ရင်းမြစ်က ပြောသည်။", "သန္နီဒေသပြည်သူများကမူ ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေသဖြင့် မြို့ထဲနှင့် မြို့ပြင်တွင် အသွားအလာ နည်းပါးနေပြီး ပြည်သူများစိုးရိမ် နေကြ ကြောင်း၊ ထွက်ပြေးရန်လည်း မလွယ်ကူဘဲ အပြန်အလှန် ပစ်ခတ်မှုများ ၃ ရက်လုံး ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ပြောဆိုကြသည်။", "ဓာတ်ပုံ- သန္နီမြို့အဝင်ဂိတ်တွင် ရှိနေသော တော်လှန်ရေးတပ်ဖွဲ့များ။"]
https://yktnews.com/2023/07/111289/
သန်လျင် စုပေါင်းရုံးအနီးတွင် ညသန်းခေါင်ယံအချိန် ဗုံးပေါက်ကွဲပြီး သာကေတ တွင်လည်း ဗုံးပေါက်
["သန်လျင် စုပေါင်းရုံးအနီးတွင် ညသန်းခေါင်ယံအချိန် ဗုံးပေါက်ကွဲပြီး သာကေတ တွင်လည်း ဗုံးပေါက်", "ရန်ကုန်၊ ဇူလိုင် ၄", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင် စုပေါင်းရုံးအနီးတွင် ညသန်းခေါင်ယံ အချိန် ဗုံးပေါက်ကွဲကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ယနေ့ည ၁၁ နာရီ ၃၃ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု ရှိ သည် ဟု သိရှိရကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲများက သန်လျင်ဘက်သို့ ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။", "“ပေါက်ကွဲသံကတော့ အတော်ကိုယ်ကျယ်တယ်။ ခဏနေတော့ ရဲကားတွေ အတင်းမောင်းသွားတာတွေ့တယ်။ လူထိခိုက်မှုရှိတယ်လို့ ပြောတယ်” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ သာကေတမြို့နယ်တွင် ယနေ့ည ၁၁ နာရီ ၃၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှု အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဓာတ်ပုံ- အာဏာသိမ်းပြီးစ ညအချိန် ကင်းလှည့်နေသည့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/146416/
သန်လျင်တွင် စစ်တပ်က ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း ဧည့်စာရင်းများ စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့ ဖမ်းဆီးခေါ်ဆောင်ခံရ
["သန်လျင်တွင် စစ်တပ်က ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း ဧည့်စာရင်းများ စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့ ဖမ်းဆီးခေါ်ဆောင်ခံရ", "PDF အလိုရှိသည်ဟုဆိုကာ လူမှုကွန်ရက်တွင် စစ်တပ်က ပေ့ချ်အတု ထောင် ဖမ်းဆီးမှုများလည်းရှိနေ၍ သတိပြုရန် သတိပေး", "ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်တပ်က ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်း ဧည့်စာရင်းများ ဝင်ရောက်စစ်နေပြီး ဧည့်စာရင်းမတိုင်သော လူငယ်တချို့နှင့် မှတ်ပုံတင် မပြနိုင်သော လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ရပ်ကွက်များတွင် စစ်တပ်က ဧည့်စာရင်း စစ်မှုများ လုပ်ဆောင်ကြောင်း၊ ယမန်နေ့ညပိုင်း သန်လျင်မြို့နယ် ဒါရ်ဂါရပ်ကွက်တွင်လည်းကောင်း၊ ယနေ့ နံနက်ပိုင်း သန်လျင်မြို့နယ်၊ ထမလုံ ၊ အလယ်ရွာ၊ ကိုတင်မောင်ကျေးရွာတို့တွင် ဝင်ရောက် ဧည့်စာရင်းစစ်ကြောင်း၊ ဧည့်စာရင်းစစ်ရာတွင် သန်းခေါင်စာရင်းမပြနိုင်ဘဲ ဧည့်စာရင်း တိုင်ထားခြင်းမရှိသော လူငယ်တချို့၊ မှတ်ပုံတင်မပြနိုင်သော လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိကြောင်း သိရှိရသည်။", "“ညပိုင်းလည်း ဧည့်စာရင်းစစ်တယ်။ ငွေတောင်းတယ်။ ငွေပေးနိုင်ရင် ပြန်လွတ်တယ်။ ငွေမပေးနိုင်ရင် မလွတ်ဘူး။ ဒီမနက်လည်း ထမလုံနဲ့ ကိုတင်မောင်ရွာဘက်မှာ ဝင်စစ်တယ်။ ဧည့်စာရင်းမတိုင်ရင်၊ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင် မပြနိုင်ရင် ခေါ်သွားတယ်။ တချို့တွေ ပါသွားတယ်။ ဧည့်စာရင်းမတိုင်လို့ ဖမ်းတာလား စစ်သားစုဆောင်းတာလားတော့ သေချာမသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အလားတူ သန်လျင်မြို့နယ်တွင် PDF ပေ့ချ်အတု ထောင်၍ လူငယ်များကို လိမ်လည်ဖျားယောင်း စာရင်းပေးခိုင်းပြီး ဖမ်းဆီးမှုတချို့ရှိခဲ့ကြောင်း ၊ မြေပြင်တွင်လည်း မသိနားမလည်ဘဲ စာရင်းတင်မိသော လူငယ်တချို့ ဖမ်းဆီးခံရမှုများရှိကြောင်း သန်လျင်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "” သန်လျင် PDF က ခေါ်တယ်ဆိုပြီး ပေ့ချ်အတုကနေ လူငယ်တချို့ အဖမ်းခံရတယ်လို့ ကြားတော့ စုံစမ်းကြည့်တာမြေပြင်မှာ အမှန်တကယ် ဖမ်းဆီးခံလိုက်ရတယ်။ လူငယ်တချို့ အဖမ်းခံရတယ်။ အရေအတွက် ၂၀ ဝန်းကျင်တော့ ရှိတယ်” ဟု သန်လျင်မြို့နယ်မှ UG တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။", "သန်လျင်ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက စစ်ကောင်စီ၏ စစ်မူထမ်းရမည်ဆိုသော မတရားအမိန့်ကို လူငယ်လူရွယ်များက တော်လှန်လို၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထဲဝင်ရန် စာရင်းပေးကြမှုအပေါ် ကြိုဆိုသော် လည်း မိမိ စာရင်းပေးမည့် PDF ပေ့ချ်သည် အမှန်တကယ် အစစ်အမှန် ဟုတ်၊ မဟုတ် စိစစ်ကြရန် လိုအပ်ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီက ယခုအခါ PDFအဖွဲ့သို့ ဝင်ရောက်ကြမည့် လူငယ်များကို Facebook အကောင့်တုများ၊Page အတုများသုံးကာ PDF အယောင်ဆောင် ကိုယ်ရေးအချက်လက်များ လိမ်လည်တောင်းခံ ထောင်ဖမ်းနေသဖြင့် သတိထားကြရန် အထူးသတိပေးချက် ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- သန်လျင်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးယူထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/04/98578/
သန်လျင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမားတစ်ဦးနှင့် အမျိုးတော်စပ်သူ ကိုထွန်းဦးကျော်ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်
["သန်လျင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမားတစ်ဦးနှင့် အမျိုးတော်စပ်သူ ကိုထွန်းဦးကျော်ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်", "ရန်ကုန်၊ ဧပြီ ၂၀", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် ရေးသမား တစ်ဦးနှင့် အမျိုးတော်စပ်သူ ကိုထွန်းဦးကျော်ကို ပျူစောထီးများက ယနေ့ညပိုင်းတွင် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်း မြစ်များက ပြောသည်။", "ဧပြီလ ၂၀ ရက်နေ့ ည ၇နာရီကျော်ခန့်အချိန် သန်လျင်မြို့၊ အောင်ချမ်းသာ ကုန်း ထိပ်၊ ယခင်က သွင်ထူး ကွမ်းယာဆိုင် (ယခု ကျော်ထက် ကွမ်းယာဆိုင်) တွင် ကွမ်းယာ ရောင်းနေသော ကိုထွန်းဦးကျော်ကို ပျူစောထီးများက ပစ်ခတ် သတ် ဖြတ်သွားကြောင်း သိရှိရသည်။", "“အပစ်ခံရသူမှာ တော်လှန်ရေး အသိုင်းဝိုင်းထဲကဖြစ်တယ်။ တော်လှန်ရေး သ မား တစ်ဦးနဲ့ အမျိုးအရင်းဖြစ်နေတယ်။ ဒါကြောင့် အငြိုးထားပြီး ပစ်ခတ် သတ် ဖြတ်သွားတာကလည်း ပျူစောထီးတွေဘက်က ပစ်ခတ်သတ်ဖြတ်တာပါ။ တော် လှန်ရေး ကွန်ရက်တွေကြားမှာလည်း ဒီလုပ်ရပ်ကို ဘယ်သူမှ လုပ်ထား တာ မရှိတဲ့အတွက်ကြောင့်မို့ပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြော သည်။", "ကိုထွန်းဦးကျော်သည် ခေါင်း၊ မေးစေ့၊ ညှပ်ရိုး၊ လက်မောင်းတို့တွင် ကျည်ထိ မှန် ဒဏ်ရာလေးချက်ဖြင့် အခင်းဖြစ်နေရာတွင်​သေဆုံးသွားခဲ့ပြီး စစ်တပ်က ဟန်ပြသာ လာရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။", "“အရင်ဆို သူတို့ဘက်က လူထိရင် သန်လျင်တံတားပိတ်တာနဲ့ ရှိတဲ့တံတား အကုန် ပိတ်ပြီး စစ်တာ။ အခု ကိုထွန်းဦးကျော် ပစ်သတ်ခံရတော့ လာစစ်ပြီး ဘာမှ စစ်ဆေးတာလည်းမရှိဘဲ ပြီးသွားပါတယ်။ ဒါဆိုရင် ဘယ်သူတွေက ဘာ ကြောင့် သတ်ဖြတ်တယ်ဆိုတာလဲ သိသာပါတယ်” ဟု သန်လျင်မြို့ခံတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/08/177662/
သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ
["သန်လျင်နှင့် ကော့မှူး မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံ", "ရန်ကုန်| ဩဂုတ် ၇", "ရန်ကုန်မြို့၊ သန်လျင်မြို့နယ်နှင့် ကော့မှူးမြို့နယ်ရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေနှင့် ကင်းစောင့်ရန် အကြောင်းပြ၍ ပြည်သူများထံမှ ငွေကြေး အမျိုးမျိုး တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ကော့မှူးမြို့နယ်ရှိ ဇလုတ်ကြီးကျေးရွာနှင့် အဖျောက်ကျေးရွာတို့တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုမထမ်းလိုသော လူငယ်များကို ၁ ဦးလျှင် ၃၀၀၀၀ သောင်းကျပ် တောင်းခံပြီး ပိုက်ဆံရှိ သင်္ဘောသားများကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးထားပြီး အခွန်‌ငွေပေးဆောင်ရကြောင်း၊ ထို့ပြင် ကျေးရွာ လုံခြုံရေး အကြောင်းပြ၍ ကင်းကြေးများလည်း အဓမ္မလိုက်လံ ကောက်ခံမှုများ ရှိကြောင်း သိရသည်။", "“ဇလုတ်ကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ခွေးတွေ ပူးပေါင်းပြီး ကင်းစောင့်ခိုင်း မစောင့်နိုင်တဲ့ အမျိုးသားမရှိတဲ့ အိမ်ကို အတင်းအကြပ် ပိုက်ဆံတောင်းပါတယ်။ လူပါးဝနေကြပါတယ်။ အဖျောက်ကျေးရွာမှာလည်း အုပ်ချုပ်ရေးမှူးက တော်တော်ဆိုးနေပါတယ်။ ရွာထဲမှာ စစ်မှုထမ်းဖို့ အဓမ္မ လှုံဆော်နေပါတယ်။ မထမ်းနိုင်ရင် ၁ ဦးကို သုံးသောင်းနဲ့ ၂ ဦးရှိရင် ခြောက်သောင်း ကောက်ခံနေပါတယ်။ သင်္ဘောသားတွေကိုတော့ ကင်းလွတ်ခွင့်ပေးတယ်ဆိုပြီး အခွန်ကောက်ခံနေပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။", "အလားတူ သန်လျင်မြို့နယ် အိမ်ခြေ ၁၀၀၀ ခန့်ရှိသော ကုလားဝဲရွာတွင် အုပ်ချုပ်ရေးမှူး တင့်ဝမ် ၊ ရာအိမ်မှူး သန်းထွန်းအောင် ၊ ကိုသန့် ၊ သန်းလွင် ၊ မောင်ဇော် ၊ ထွန်းနိုင် ၊ ကျော်စွာ (ခေါ်) လေကြီး ၊ ဟန်စိုး နှင့် မိုးမှောင် (ခေါ်) မောင်မြ တို့ ပူးပေါင်း၍ စစ်မှုထမ်း ဥပဒေကို အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် ၁၅ဝဝဝ လစဉ် လိုက်လံကောက်ခံနေကြောင်း သိရသည်။"]
https://yktnews.com/2023/04/98336/
သန်လျင်မြို့တွင် ဒုဗိုလ်မှူးကြီးနှင့် လူ ၂ ဦး ပစ်သတ်ခံရပြီးနောက် ဆိုင်ကယ်နှင့် ကုန်ကားများကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ငွေတောင်း
["သန်လျင်မြို့တွင် ဒုဗိုလ်မှူးကြီးနှင့် လူ ၂ ဦး ပစ်သတ်ခံရပြီးနောက် ဆိုင်ကယ်နှင့် ကုန်ကားများကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ငွေတောင်း", "ဆိုင်ကယ်တစ်စီး ငွေ ၅ သောင်းဖြင့် ရွေးယူရ", "ရန်ကုန်၊ ဧပြီလ ၁၉", "ရန်ကုန်တိုင်း သန်လျင်မြို့တွင် ယမန်နေ့ ဒုဗိုလ်မှူးကြီး ၁ ဦးနှင့် လူ ၂ ဦး ပစ် သတ်ခံရပြီးနောက် စစ်တပ်က ဆိုင်ကယ်စီး ပြည်သူများနှင့် ကုန်ကား မောင်း သူ များကို မည်သည့် ပြစ်ချက်မှ မရှိဘဲ ဖမ်းဆီး ငွေညှစ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“မနေ့က သန်လျင်မှာ ဒုဗိုလ်မှူးကြီးနဲ့ ၂ ဦး အသတ်ခံရပြီးနောက် နာရီပိုင်း အတွင်း လမ်းမှာတွေ့သမျှ ဆိုင်ကယ်တွဲဘီးတွေကို ဘယ်သူမှ ဘာအပြစ်မှ မရှိဘဲ ခဏ အထက်က ထိန်းသိမ်းခိုင်းလို့ဆိုပြီး စစ်တပ်က ဖမ်းတယ်။ မနက် ဖြန် လာထုတ်ဆိုပြီး လူတွေကို ပြန်ခိုင်းပါတယ်။ သွားထုတ်တော့ တစ်စီး ၅သောင်းနဲ့ အစီး ရာဂဏန်းကို ငွေတောင်း ငွေညှစ်နေကြပါတယ်”ဟု ကိုယ် တိုင်ဆိုင်ကယ်ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦးက ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သည် သန်လျင်တံတား အတက် အဆင်း နှင့် အခြားနေရာများတွင်ပါ စစ်ဆေးနေပြီး လာသမျှကုန်ကားမှန်သမျှကိုလည်း တစ်စီး ၂သောင်းနှုန်းနှင့် ငွေညှစ်နေကြောင်း၊ လုပ်ငန်းလိုင်စင် အပြည့်အစုံ ရှိလျှင် လည်း လက်ဖက်ရည်ဖိုးမပေးချင်ဘူးလား အောက်ဆင်းခဲ့ဆို၍ သေနတ် နှ င့်ချိန်၍ လူမိုက်ဆန်ဆန် မိုက်ကြေးခွဲတောင်းနေကြောင်း သန်လျင်ဒေသ ပြည်သူများထံမှ သိရှိရသည်။", "” သန်လျင်တံတားမှာ ၂ ပွင့်နဲ့ စစ်ခွေးက မင်းတို့အကုန်ဘာအပြစ်မှမရှိလည်း စောက်မြင်ကတ် ပုဒ်မနဲ့ ဆွဲစိလိုက်လို့ရတယ်ဆိုပြီး တချို့လူတွေကို ဆဲဆို ရိုင်းပြနေပါတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။", "သန်လျင်တွင် ဆိုင်ကယ်တစ်စီးကို ငွေ ၅ သောင်းပေး၍ ပြန်ရွေးယူချိန် တွင် လည်း ချက်ချင်း ထုတ်မပေးဘဲ ထိုင်စောင့်ခိုင်းခြင်းများ လုပ်ဆောင် သည့် အတွက် ပြည်သူများ လမ်းဘေးတွင် ဆိုင်ကယ်ပြန်ရရှိရန် ထိုင်စောင့် နေရ ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။", "ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သန်လျင် မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အောင်ညီထွန်းနှင့် လူ ၂ ဦးတို့ စကားပြော နေကြစဉ် နေအိမ် အတွင်းသို့ သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လွန်ခဲ့သော နှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်တပ်က ပြည်သူများ၏ ဆိုင်ကယ်များကို အတင်းအဓမ္မသိမ်းယူနေစဉ်။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2025/02/204958/
သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရ
["သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရွေးကောက်ပွဲရုံး မိုင်းခွဲခံရကြောင်း သန်လျင်မြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာ ၁ လမ်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ညအချိန် မိုင်းပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး သန်လျင်မြို့နယ်မှ ပြည်သူအများစုကြားသိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "“မိုင်းပေါက်ကွဲသံကတော့ အတော်ကိုကျယ်ပါတယ်။ ညသန်းခေါင်းယံအချိန်ဆိုတော့ အိပ်နေရင်း လန့်ကိုနိုးတာပါ” ဟု သန်လျင်ဒေသပြည်သူတစ်ဦးက ဆိုသည်။", "မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ခရိုင်ရွေးကောက်ပွဲရုံး ပတ်ဝန်းကျင်ကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများဆောင် ရွက်ခဲ့ကြောင်း၊ အထူးသဖြင့် သန်လျင်တံတားအနီးတွင်လည်း ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သန်လျင်ဒေသကင်းထောက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဓာတ်ပုံ- သန်လျင်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးယူထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/11/190446/
သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့်ဓနုဖြူမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်မှုထမ်းရန် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ဆင့်ခေါ်နေပြီး မလာရောက်လျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု တရားဝင် အသိပေးကြေညာ
["သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့်ဓနုဖြူမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်မှုထမ်းရန် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ဆင့်ခေါ်နေပြီး မလာရောက်လျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု တရားဝင် အသိပေးကြေညာ", "ရန်ကုန်၊နိုဝင်ဘာ ၂", "ရန်ကုန်တိုင်း၊ သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့် ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်မှုထမ်းရန် လူငယ်များ ကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆင့်ခေါ်နေပြီး မလာရောက်လျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု တရားဝင် အသိပေးကြေညာလာကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့ ပဲခူးစုရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်၀င်းထိုက်က စစ်မှုထမ်းရန်အတွက် အသက် ၁၈နှစ် မှ အသက် ၃၅ နှစ်အတွင်းယောကျ်ားလေးများကို အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ရန် ၊ လူငယ်များအနဖြင့် စစ်မှုမထမ်းချင်လျှင် ငွေကြေး ပေးရမည်ဖြစ်ပြီး မပေးသူများကို စစ်မှုထမ်းပဒေဥပဒေ ပေါ်တာဆွဲဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။", "“အသက် ၁၈ နှစ် ၃၅ နှစ်ကြား ယောက်ျား လေး ဦးရေ က ရပ်ကွက်ထဲမှာ ၈၀၀ ကျော်ရှိတယ်။ တကယ်လို့ လူငယ်တွေ စစ်ထဲ မဝင်ချင်ရင် လူ၀ယ်ထည့်ရမယ်ပေါ့။ လူငယ် ၈၀၀ ကျော်လုံး ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ စစ်မှုမထမ်းချင်ရင် လူငယ်ရှိတဲ့ အိမ်ထောင်စု တစ်စုကို ၅၀၀၀၀ ကျပ်ကို ပေးရမယ်။ အရင်စက်တင်ဘာလကလည်း လူငယ်တွေနဲ့ အမျိုးသားရှိတဲ့ အိမ်ထောင်စုတိုင်းကို ၃၀၀၀၀ ကောက်သွားတယ်။ အုပ်ချုပ်ရေးမှူး သက်ဝင်းထိုက်က အုပ်ချုပ်ရေးမှူး မလုပ်ခင်က အိမ်ငှားဘ၀ကနေ အခု အိမ် ၊ ခြံ၊ ကားပိုင်ဖြစ်သွားပါပြီ။ ထောက်ခံစာတစ်ခု ၁၀၀၀၀ ကျပ်၊ ဧည့်စာရင်းတိုင်ရင် တစ်ဦးကို ငွေ ကျပ် ၃၀၀၀ ကောက်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၊ ၆၀ ရပ်ကွက်တွင် စစ်မှုထမ်းကြရန်အတွက် လူငယ်များကို ဆင့်ခေါ်လိုက်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ လူငယ်များကို မဲနှိုက်ခိုင်းမည်ဖြစ်ကြောင်း။ မဲပေါက်သူများ တပ်သားသစ်အဖြစ် အမှုထမ်းရမည်ဟု ၆၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး သောင်းထွန်းက တရားဝင် ကြေညာလာကြောင်း သိရှိရသည်။", "” ၆၀ ရပ်ကွက်၊ မေတ္တာ ၂ လမ်း။ အပိုင် ၃ တစ်ပိုင်းလုံးမှာ လူငယ် ၁၅၀ ကျော် စာရင်းတောင်းနေပါတယ်။ မဲနှိုက်ခိုင်းပြီး စစ်ထဲထည့်မယ်ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးကဆိုသည်။", "ထို့ပြင် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အကြား လူငယ်များကို စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်တပ်နှင့်ရဲများက ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရှိရသည်။", "” လူပေးဖို့ ရပ်ကွက်တွေက လိုအပ်သလောက် မပေးနိုင်လို့ စစ်တပ်နဲ့ရဲက ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးပါတယ်။ စစ်မှူထမ်းကိစ္စတွေကို ခေါ်လို့မရလို့ညဘက်တွေထွက်တဲ့လူမှန်သမျှဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ရပ်ကျေးတွေ‌‌စစ်တပ် ရဲ‌တွေညတိုင်း ကင်းလှည့် တွေ့တာခေါ်ယူစစ်ဆေးဖမ်းဆီးပြီး စစ်ထဲထည့်နေတယ်။ တော်တော်များများလူငယ်တွေပျောက်ဆုံးနေပါတယ်။ လုပ်ငန်းရှင်စီးပွားရေးသမားတွေရဲ့သားတွေသမီးတွေ မပါအောင် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆန်းမြင့်က တာဝန်ခံပြီးတော့ လုပ်ပေးတယ်။ အုပ်ကြီးဆန်းမြင့်ကို ပိုက်ဆံပေးရတယ်” ဟု ရပ်ကွက်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။", "ထို့အတူ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်တွင်လည်း မြို့နယ် အုပ်ချုပ်ရေး ကော်မတီ က အသက် ၃၅ အောက် လူငယ်များ စာရင်း အကုန် ပေးကြရန်၊ ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ၊ ကိုယ်ရေးအကျဉ်းများကို ဖြည့်သွင်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံသို့ တင်ပြကြရန် ကျေးရွာတိုင်းနှင့် ရပ်ကွက်တိုင်းတွင် ဖိအားပေးနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186016/
သန်းခေါင်စာရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်နေသည့် Non-CDM ဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဟု တောင်သာ ပကဖ ထုတ်ပြန်
["သန်းခေါင်စာရင်းကောက်ယူမှုကို ပူးပေါင်းပါဝင်လုပ်ဆောင်နေသည့် Non-CDM ဝန်ထမ်းများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဟု တောင်သာ ပကဖ ထုတ်ပြန်", "ရန်ကုန်၊ အောက်တိုဘာ ၂", "အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲအကြောင်းပြကာ ပြည်သူများ၏ ကိုယ်ရေးအချက်အလက် သန်းခေါင်စာရင်းကောက်ယူနေသည်ကို ပူးပေါင်းပါဝင်ပတ်သက်နေကြသော Non-CDM ဝန်ထမ်းများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ပြည်သူများအ အတင်းအဓမ္မစစ်မှုထမ်းခိုင်းရန် ကိုယ်ရေးအချက်အလက် ကောက်ယူခြင်းဖြစ်သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "“ပကဖ အနေနဲ့ ပြင်းပြင်းထန်ထန်ထုတ်ပြန်ထားတာပါပဲ၊ အဲဒီအထဲမှာ စစ်ရေးပစ်မှတ်ဆိုတဲ့ ကိစ္စရပ်ပါပါတယ်။ သာမန်အရပ်သားဆင့်ထက်ကျော်လွန်ပြီး အကြမ်းဖက်စစ်ကောင်စီကို တနည်းနည်းနဲ့ ထောက်ပံ့ပြီး ပံ့ပိုးနေတဲ့ အချက်အလတ်ခိုင်လုံစွာရရှိတာနဲ့ စစ်ရေးပစ်မှတ်ဖြစ်လာပါတယ်။ Non-CDM ဝန်ထမ်းတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုလုပ်ရပ်တွေကိုသေချာ နားလည်သဘောပေါက်ပြီး မိမိတို့ကိုလည်း ဒီကျူးလွန်မှုတွေမှာပါဝင်အောင် တစ်နည်းတစ်ဖုံဖြင့် ခိုင်းစေခြင်းဖြစ်နေတယ်ဆိုတာ နားလည်သဘောပေါက်စေချင်ပါတယ်”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ပြည်သူများအနေနှင့်လည်း သန်းခေါင်စာရင်း ကောက်ယူမှုသည် အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် မိမိတို့၏ သား၊သမီးများကို ထိုးအပ်လိုက်သကဲ့သို့ ဖြစ်သည်ကို သဘောပေါက်ပြီး အကင်းပါးပါးနှင့် ရှောင်ရှားရန် ပြောကြားလိုကြောင်း တောင်သာ ပကဖ တာဝန်ရှိသူက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူနေမှုကို Non-CDM ဝန်ထမ်းများက ဝန်းရံကူညီကောက်ခံနေသည်ကို သိရှိရကြောင်း၊ ထိုသို့ စစ်ကောင်စီ၏လုပ်ရပ်ကို ပူးပေါင်းပါဝင်ပတ်သတ်နေကြသော Non-CDM ဝန်ထမ်းများကိုလည်း စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးကြောင်း တောင်သာမြို့နယ်_ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/115731/
သပိတ်ကျင်း ဆိပ်ကမ်း၌ ဆိုက်ကပ်သော စစ်သင်္ဘောအုပ်စုကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး
["သပိတ်ကျင်း ဆိပ်ကမ်း၌ ဆိုက်ကပ်သော စစ်သင်္ဘောအုပ်စုကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦး အပါအဝင် ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၃၁", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သပိတ်ကျင်းတိုက်နယ် ပကဖ ခေါင်းဆောင် ဗိုလ်လင်းယုန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဇူလိုင်လ ၂၈ ရက်နေ့တွင် PDF ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော သင်္ဘောများကို သပိတ်ကျင်း ဆိပ်ကမ်း၌ ဆိုက်ကပ်ကာ ပြုပြင်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး သေနတ်ကျည် ထိမှန်ကာ ဝမ်းဗိုက် ပေါက်၍ သေဆုံးကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သော စစ်သား ၃ ဦးမှာလည်း ကျောက်ကြီးဆေးရုံအရောက် သေဆုံးသွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ် ပ.က.ဖ(ဗိုလ်လင်းယုန်တပ်ဖွဲ့)၊ Nine PDF တပ်ဖွဲ့၊ ဗိုလ်မိုး ကြိုးတပ်ဖွဲ့၊ ခင်ဦးတပ်ရင်း ၃ ၊ KB ၄ တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်သင်္ဘောများသည် မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ လက်နက်ခဲယမ်းရိက္ခာများနှင့် အတူ စစ်သားအများအပြား တင်ဆောင်လာကာ မြစ်ကြောင်းလမ်းဘေးဝဲယာတစ်လျှေက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ ၂၇ ရက်နေ့က ရွှေဘိုမြို့ နယ်၊ ကျောက်မြောင်းအထက်ပိုင်းမှ သပိတ်ကျင်းဆိပ်ကမ်းအထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူး ပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးဒဏ်ရာရရှိပြီး စစ်သင်္ဘော ၂ စီး ထိခိုက် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/05/101084/
သပိတ်ကျင်း နှင့် မြိုင် မြို့နယ်တို့တွင် ရွာစဥ်လှည့် မီးရှို့နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား
["သပိတ်ကျင်း နှင့် မြိုင် မြို့နယ်တို့တွင် ရွာစဥ်လှည့် မီးရှို့နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား", "ရန်ကုန်၊ မေ ၅", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး ကျေးရွာများကို လိုက်လံ မီးရှို့ ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း တကောင်းတိုက်နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၅ ရက် နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်သား ၆၀ ခန့်သည် အရက်သေစာ သောက်စား မူးရူးပြီး လက်ပန်ကုန်းရွာမှ စတင်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ခိုးယူလုယက်ပြီး တကောင်းမြို့အနီး ရှိ ဆူးတောရွာမှ ပြည်သူ့နေအိမ် ၁၅ လုံးကို မီးရှို့နေစဉ် တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးကာ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲက ၁ နာရီလောက်ကြာတယ်၊ ပြီးတော့ နာရေးကား ၃ စီးနဲ့ ၆ ဘီးကားတစ်စီးလာတယ်၊ သူတို့ သယ်ထားတဲ့ ပစ္စည်းတွေကို ကားနဲ့တင်ပြီး နာရေးကား ၃ စီးနဲ့က ဒဏ်ရာရတဲ့ကောင်တွေနဲ့ သေတဲ့ အလောင်းတွေကို သယ်သွားတာ၊ သေတဲ့အလောင်းတွေကိုတော့ တကောင်း သင်္ချိုင်းကုန်းမှာ မြှုပ်သွား တာပဲ၊ အမိန့်တွေ၊ ဘာတွေပြန်လို့” ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "အလားတူ ယမန်နေ့ မေလ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကြာညှပ်ရွာဘက်မှ တကောင်းဘက်သို့ တက်လာ သော အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်ကားတစ်စီးကို တကောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ မတောင်ရွာအနီးအရောက် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားထိုးရပ်သွားပြီး အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။", "မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကားများနှင့် နီးကပ်စွာလိုက်ပါခြင်း မလုပ်ဆောင်ကြရန်၊ လို အပ်ချက်အရ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အထူးဂရုစိုက် လိုက်နာသွားလာကြရန်၊ တိုက်ပွဲဖြစ်ရာနေရာအနီးသို့ အချိန်ကြာကြာ ရပ်နားခြင်း မပြုလုပ်ကြရန် တကောင်းပကဖက ထုတ်ပြန် သတိပေးထားသည်။", "အလားတူ ယနေ့ မေလ ၅ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူ)ရွာမှ အကြမ်း ဖက်စစ်သား၊ ပျူစောထီး များသည် မကျီးလေးပင်ရွာအား မီးရှို့ဖျက်ဆီးနေစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Middle Revolution Task Force- Drone တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို တပ်ရင်း ၁၇ ၊ တပ်ခွဲ ၂ Middle Revolution Task Force- Drone တပ်ဖွဲ့မှ ဦး ဆောင်ပြီး ဒေါင်းသွေးနီတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ကော်လံ ၁ PKU တပ်ဖွဲ့၊ သံမဏိသိမ်းငှက် တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။"]
https://yktnews.com/2023/09/124428/
သပိတ်ကျင်းကို ရောက်ရှိလာသည့် စစ်သင်္ဘောများက မြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["သပိတ်ကျင်းကို ရောက်ရှိလာသည့် စစ်သင်္ဘောများက မြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက မြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၆ စင်းသည် သပိတ်ကျင်းမြို့နယ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းအတွင်း အထက်ပိုင်းကို တက်လာသည့်အချိန်မှ စတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြစ်ကြောင်း တစ်လျှောက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။", "“သပိတ်ကျင်း ဆိပ်ကမ်းမကပ်ခင်တော့ တအားပစ်တာဗျ။ မြစ်အနောက်ဘက်ကို တမင်သက်သက်ပစ်တာပါ။ ထွက်ပြေးတိမ်းရှောင်သူ ၄၀၀ ကျော်လောက်ရှိတယ်ဗျ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အညာသီဟတောရွာ ၊ မှန်သာရွာ အပါအဝင် သပိတ်ကျင်းမြို့ မြစ်အနောက်ဘက်ရှိ ကျေးရွာများနှင့် မြစ်ကြောင်းဘေး နေထိုင်းနေသူများ ထွက်ပြေး ရှောင်တိမ်း နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။", "Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့"]
https://yktnews.com/2023/03/95111/
သပိတ်ကျင်းတွင် ကျောက်စိမ်းကားများကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံး
["သပိတ်ကျင်းတွင် ကျောက်စိမ်းကားများကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၃၁", "မန္တလေး၊ သပိတ်ကျင်းမြို့နယ်တွင် ကျောက်စိမ်းကားများကို လုံခြုံရေးယူပေးပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု အရာရရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၃၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ထီးချိုင့်မြို့နယ်မှ မန္တလေးဘက်သို့ ကျောက်စိမ်းများ တင်ဆောင်လာသော ကား ၄၃ စီးပါ ယာဥ်တန်းကို လုံခြုံရေးယူပေးပြီး ပြန်လာသော စစ်ကား ၂ စီးကို သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာနှင့် ကြက်ရိုးပင်ကျေးရွာ အကြားတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ပထမဆုံး ဖြတ်သန်းလာသည့် စစ်ကားကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကားနောက်ပိုင်းကို ထိမှန်ကာ စစ်သားများက ကျောက်ဖြူရွာဘက်ကို ရမ်းသမ်းပစ်ခတ်ကာ မောင်းပြေးသွားကြောင်း သိရသည်။", "ဒုတိယမြောက် ဖြတ်သန်းလာသည့် စစ်ကားကို ထပ်မံ ပစ်ခတ် တိုက်ခိုက်ရင်း ကားခေါင်းခန်းကို ထိမှန်ကာ ကားမောင်းသူ ဘေးရှိ စစ်သားအား ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကာ ယာဥ်မောင်းမှာလည်း ဆင်းပြေးသွားကြောင်း၊ ထို့နောက် ကားပေါ်၌ ကျန်ရှိခဲ့သော စစ်သားများကို ၄၀ မမများဖြင့် ပစ်ခတ် တိုက်ခိုက်စဥ် ကားပေါ်မှ ပြေးဆင်း နိုင်လာသည့် စစ်သားများနှင့် တော်လှန်ရေး ရဲဘော်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ခွေးတွေဘက်က အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးတယ် ၄ ဦး အပြင်းအထန် ဒဏ်ရာရတယ်။ မောင်းပြေးသွားတဲ့ ကားပေါ်က ခွေးတွေကလည်း အများအပြား ဒဏ်ရာရရှိ​တယ်လို့ အတွင်း သတင်းပေးပို့ချက်အရ သိရတယ်။ စစ်ခွေးတွေ ကျန်ခဲ့တဲ့ကားကို ကရိန်းနဲ့ ဆွဲယူ သွားတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရတယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင်ပ.က.ဖ)၊ Nine PDF တပ်ဖွဲ့နှင့် ဗိုလ်ဇင်ယော် PDF တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179422/
သပိတ်ကျင်းတွင် ခလရ ၁၄၈ တပ်ရင်းနှင့် ဖော့တောလမ်းဆုံ စစ်စခန်းကို သိမ်းပိုက်ရရှိမှု စစ်သား ၂၀ ကျော်သေဆုံး၊ စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိ
["သပိတ်ကျင်းတွင် ခလရ ၁၄၈ တပ်ရင်းနှင့် ဖော့တောလမ်းဆုံ စစ်စခန်းကို သိမ်းပိုက်ရရှိမှု စစ်သား ၂၀ ကျော်သေဆုံး၊ စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး အပါအဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဩဂုတ် ၁၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ခလရ ၁၄၈ တပ် ရင်းနှင့် ဖော့တောလမ်းဆုံ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သား ၂၀ ကျော်သေဆုံးကာ စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူး အပါ အဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိကြောင်း People’s Liberation Army-PLA မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန် သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်ရင်းကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် PLA ​ ပြည်သူ့လွတ်မြောက်ရေးတပ်မ တော် ၂၂၂ တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ခလရ ၁၄၈ တပ် ရင်းကို တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးကြောင်း သိရှိရသည်။", "ဩဂုတ်လ ၁၄ ရက်နေ့တွင် မိုးကုတ်-သပိတ်ကျင်း-မန္တလေး လမ်းဆုံရှိ ဖော့တောလမ်းဆုံ စခန်းကို ​တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ဆက်လက်၍ သပိတ်ကျင်းမြို့နယ် ၊ ၇ မိုင်ရှိ အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို တော်လှန်ရေး တပ်များက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "“ အမှတ် ၁၃ တန်းမြင့် လေ့ကျင့်ရေးတပ် ကို တိုက်နေတုန်းပါပဲ။ တိုက်ပွဲ ပြင်း ထန်ပါတယ်။ ခလရ ၁၄၈ ကို သိမ်းတုန်းက စစ်ခွေး ၂၀ ကျော်သေတယ်။ အရှင်ဖမ်းမိတာတွေလည်း ရှိတယ်။ သိမ်းဆည်းလက်နက်စာရင်းအတိအကျမသိရသေးပါဘူး။ တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်မှုတော့ ရှိပါတယ်” ဟု People’s Liberation Army-PLA မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အရှင်ဖမ်းဆီးရရှိသူများမှာ စစ်တပ်၏ ဘီလူးစစ်ကြောင်းမှ ဖြစ်ပြီး စစ် ကြောင်း မှူး အပါအဝင် စစ်သား ၅ ဦးအရှင်ဖမ်းဆီးရရှိကြောင်း၊ စစ်တပ်၏ ဘီလူး စစ်ကြောင်းသည် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်သော စစ် ကြောင်း ဖြစ်ပြီး ခေါင်းဖြတ်၊ ခြေဖြတ်၊ လက်ဖြတ် စသည်ဖြင့် ရက်ရက် စက်စက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သော စစ်တပ်စစ်ကြောင်း ဖြစ် ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118198/
သပိတ်ကျင်းတွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား၊ မြောင်မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ပစ်ခတ် တိုက်ခိုက်
["သပိတ်ကျင်းတွင် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား၊ မြောင်မြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဩဂုတ် ၁၄", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၁၃ ရက် နံနက် ၇ နာရီ ၁၃ မိနစ်တွင် တကောင်းတိုက်နယ်အတွင်း မွှေနှောက် သောင်း ကျန်းပြီး ဆင်းလာသော အကြမ်းဖက်စစ်ကြောင်းကို ဆယ်ဇင်းကုန်းကျေးရွာနှင့် မင်းကုန်းကျေး ရွာကြား ၌ မိုင်း ၅ လုံးဖြင့် တစ်ကြိမ်၊ နံနက် ၇ နာရီ ၃၆ မိနစ်တွင် ဆယ်ဇင်းကုန်းကျေးရွာအနီး၌ မတောင်ရွာ ဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်သားများတင်ဆောင်ထားသည့် ဖောကားတစ်စီးကို စလစ်မိုင်း ဖြင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မင်းကုန်းရွာနှင့် ပုတီးဖြူရွာကြား၌ လူကပ်ချိန်မရသဖြင့် ချန် ထားခဲ့သော စလစ်မိုင်း ၄ လုံးပါ ဆွဲမိုင်းကို အကြမ်းဖက်စစ်သားများမှ ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာပြီး ဆွဲကြိုးကို ခလုပ်တိုက်မိရာ မိုင်းထကွဲပြီး အကြမ်းဖက်စစ်သားအများအပြားသေဆုံးခဲ့ကြောင်း သိရ သည်။", "သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းမှ ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်း ကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အများအပြားသေဆုံးဒဏ်ရာရရှိကာ ကြာညှပ်ကျေးရွာနှင့် ရွှေ စကားကျေးရွာကြားအရောက် သေဆုံးစစ်သားများကို နားရေးကားများဖြည့်လည်းကောင်း၊ ဒဏ်ရာရ စစ် သားများကို ဖောကားဖြင့်လည်းကောင်း သယ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ကြာညှပ်ထံမှ သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲစခန်းနှင့်‌ထွေအုပ်ရုံးကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Myaung Union Army – ပြည်သူ့ကာကွယ်ရေးတပ်မတော် -မြောင် ထံမှ သိရသည်။", "ယမန်နေ့ ဩဂုတ်လ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က မြောင်မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်ရာ ရဲစခန်း အတွင်း၌ အောက်ဟစ်သံများ ဆူညံပွတ်လောရိုက်သွားကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို စိတ်ဓာတ်စစ် ဆင်ရေးတစ်ခုအဖြစ် ကြောက်ရွှံထိန့်လန်နေစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြောင်မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါခိုက်မှုကို M. U .A. မြောင်ပြည်သူ့တပ်မတော်၊ M.U.A 002၊ CDSOM၊‌ မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်း ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ ၊ တပ်ရင်း ၁ တပ်ခွဲ ၃ ၊တပ်ရင်း ၆ တပ်ခွဲ ၃ နှင့် အခြား မဟာမိတ် တပ်ရင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137429/
သပိတ်ကျင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်ခဲယမ်း များသိမ်း ဆည်း ရရှိ
["သပိတ်ကျင်းတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်ခဲယမ်း များသိမ်း ဆည်း ရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး လက်နက်များသိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှ ညနေ‌ ၆ နာရီအထိ မန္တလေးတိုင်း၊ သပိတ်ကျင်း မြို့နယ်၊ သပိတ်ကြီးနှင့် ချောင်းကြီးကြားသို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၅၀၉၊ ၅၁၀၊ သပိတ်ကျင်း (ပကဖ) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို စိစစ်ဆဲဖြစ်ပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "လက်ရှိတွင် နယ်မြေလုံခြုံရေးကိစ္စများ ဆောင်ရွက်ပြီးစီးပါက သတင်းများ ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF-စစ်ရုံးချုပ်)က သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2023/03/92670/
သပိတ်ကျင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးကျော် သေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်
["သပိတ်ကျင်းတွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးကျော် သေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်", "ရန်ကုန်၊ မတ် ၁၆", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ သပိတ်ကျင်းမြို့နယ်နှင့် စဥ့်ကူး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို သပိတ်ကျင်းမြို့နယ် ငတတ်အိုင်ရွာနှင့် စဉ့်ကူးမြို့နယ် ချောင်းသလဲရွာ အကြားတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၅၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် M9 ၄ လုံး၊79 ၄ လုံး၊ ၆၀ မမ ၅ လုံး၊ ရှော့တိုက်ဒုံး ၂ လုံးတို့ဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "” သပိတ်ကျင်းနဲ့ စဥ့်ကူး မြို့နယ် အစပ်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ကို မတ်လ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ မိုင်းပေါင်း ၅၄ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်တာ ၇ ဦးက ပွဲချင်းပြီးသေပြီး ၃၀ ကျော်ဒဏ်ရာရတယ်။ အဲတာက ထုတ်ပြန်ပြီးပြီ အခုထပ်သိရတာ သပိတ်ကျင်းမြို့ နယ် ကျောက်ကြီး ဆေးရုံကို ပို့ထားတဲ့ ဒဏ်ရာရ စစ်ခွေး ၃၀ ကျော်ထဲက စစ်ခွေး ၂၀ ဦးထပ်သေတယ်လို့ သိရတယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "စစ်တပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက် နက်ကြီး၊ လက် နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့သောကြောင့် နွား ၂ ကောင် သေဆုံးကြောင်း၊ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွှေကျင်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို တံခါးသော့များ ရိုက်ဖွင့်ကာ တန်ဖိုးရှိ ပစ္စည်းများကို စစ်သားများက ရှာဖွေယူဆောင်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့၊ စဉ့်ကူး ပ.က.ဖ နှင့် Nine PDF တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဥ် ကျည်ကာဦးထုပ် ၁ လုံး၊ တဘက် ၁ ထည်၊ ၆၀ မမ ဒလက် ၄ ခု၊ ၄၀ မမ ကျည်ခွံ ၂ ခု၊ Pading ကျည် ၁ ခုတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/107863/
သပိတ်ကျင်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကို မိုင်းထောင်ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်သတ်
["သပိတ်ကျင်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကို မိုင်းထောင်ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်သတ်", "ရန်ကုန်၊ ဇွန် ၁၆", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို မိုင်းထောင်ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်ခတ်ခဲ့ကြောင်း Thabeikkyin Revolution – TR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးလာပြီး မိုင်းပစ္စည်းများ သယ်ခိုင်းခြင်း၊ မိုင်းထောင်ခြင်းများ လုပ်ဆောင် ခိုင်းပြီး နှုတ်ပိတ်သည့်အနေဖြင့် ပစ်သတ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်ကို PDF တပ်ဖွဲ့များ လုပ်ဆောင်သည်ဟု စစ်တပ်လောဘီ တယ်လီဂရမ်များမှ ဝါဒဖြန့်နေကြောင်း သိရသည်။", "“အစကတည်းက သူတို့ဖမ်းထားတဲ့ ပြည်သူတွေပါ၊ ဒေသနေပြည်သူတော့ မဟုတ်ဘူး၊ ဘယ်ရွာ၊ ဘယ် အရပ်က ပြည်သူတွေလဲ မသိရသေးဘူး။ သူတို့နဲ့အတူ ခေါ်သွားပြီးတော့ မိုင်းတွေသယ်ခိုင်းတယ်။ မိုင်းထောင် ပြီးတော့ လက်စဖျောက်ဖို့ သတ်ပစ်လိုက်တာ သေနတ်သံ ၅ ချက်လဲကြားတယ်လို့ ဒေသနေ ပြည်သူတွေက ပြောပြတယ်”ဟု Thabeikkyin Revolution – TR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်သွားသည့် အကြမ်းဖက်စစ်သားများသည် ကြာညှပ်ကျေးရွာ ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သား၊ ရဲများဖြစ်ပြီး ကားဖြင့်ထွက်လာကာ ပြည်သူ ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် ၎င်းကားနှင့်ပင် ရုပ်အလောင်းများကို ပြန်သယ်သွားခြင်းဖြစ်ကြောင်း သိရ သည်။"]
https://yktnews.com/2023/04/96033/
သပိတ်ကျင်းတွင် စစ်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ် ကင်းပုန်းက ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
["သပိတ်ကျင်းတွင် စစ်ယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ် ကင်းပုန်းက ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၆", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အာရုဏ်ဦးရွာအနီးတွင် စစ်တပ် ယာဥ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ် ဘက်မှ သေဆုံးသူ များပြားကြောင်း တကောင်း ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ဧပြီလ ၅ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်က ထီးချိုင့်မြို့မှ မန္တလေးဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်သား ၈၅ ဦးလိုက်ပါလာသည့် တွဲကား ၃ စီးကို သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ခွေးတွေရမ်းပစ်လို့ သေဆုံးသွားတဲ့အမျိုးသမီးနေရာနဲ့က မတူဘူး၊ ဝေးတယ်၊ ဖြစ်တာက အာရုဏ်ဦးရွာအနီးမှာဖြစ်တာ၊ ပစ်တာက အာရုဏ်ရွာအပြင်ဘက် ကွင်းတောလမ်းခွဲအနီးမှာ ပစ်တာ၊ ရမ်းပစ်တဲ့ကင်းပုန်းက အဲဒီကား ၃ စီးကို လာစောင့်ပေးတာ၊ သူတို့စောင့်နေတာက တစ်နေရာ၊ ကျနော်တို့ တိုက်တာက တစ်နေရာဖြစ်သွားတော့ သူတို့လူတွေ အတိုက်ခံရတယ်ဆိုပြီး ရမ်းပစ်တာ၊ ရမ်း ပစ်တော့ ရွာထဲအထိ ကျည်ရောက်ပြီး ဘာမှမဆိုင်တဲ့ပြည်သူကို ထိတာပေါ့” ဟု တကောင်းပကဖမှ တာ ဝန်ရှိသူတစ်ဦးက ရှင်းပြသည်။", "ယင်းယာဉ်တန်းကို အာရုဏ်ရွာနှင့် ကွမ်းတော လမ်းအကြားတွင် ကင်းပုန်းဝပ်ကာ လုံခြုံရေး ယူပေးနေ သော အကြမ်းဖက် စစ်တပ် ကင်းပုန်းစစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ပေါ်တွင် ထမင်း ချက်နေသော အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး လည်ပင်းကျည်ထိမှန်ကာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို တွဲကား ၃ စီးဖြင့် တင် ဆောင်ကာ တွင်းငယ် ၁၃ တပ်အတွင်းသို့ ဝင်ရောက်သွားကြောင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115435/
သပိတ်ကျင်းတွင် စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် လာသည့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["သပိတ်ကျင်းတွင် စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် လာသည့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် လာသည့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မန္တလေးမြို့မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၉ စီးပါ ရေယာဥ်အုပ်စုကို လုံခြုံရေးယူရန် ထွက်လာသည့် ကား ၄ စီးကို ရေအိုးစင်ရွာနှင့် ရှားတောရွာအနီးတွင် မိုင်း ၄ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။", "“စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ အသေပျောက်များနိုင်တယ်။ ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်။ ကား ၁ စီးလည်း ပျက်စီးသွားတယ်။ စစ်ခွေး သင်္ဘော အုပ်စုက မန္တလေးကလာတာ အထက် ကချင်ပြည်ဘက်ကို ရိက္ခာ လူ ထောက်ပို့ သင်္ဘောတွေပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ် မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/08/118080/
သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
["သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၁၃", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်သားများလိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ကြာညှပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၉ မိနစ်ခန့်တွင် ရွှေစကာရွာအနီး ကြာညှပ်ဂိတ်မှ ထွက်လာသည့် စစ်သား ၅၀ ခန့်ပါဝင်သော ၆ ဘီးကား ၁ စီးနှင့် ၁၂ ဘီးကား ၁ စီး ကို ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” ရွှေစကာရွာအနီးမှာ ပဒေသာမိုင်း ၅ လုံးနဲ့ စစ်ခွေး ၅၀ ကျော်ပါလာတဲ့ ၆ ဘီးကား ၁ စီးနဲ့ ၁၂ ဘီးကား ၁ စီး စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၄ ဦး ထက်မနည်း သေဆုံးမှုရှိတယ်။ သေဆုံး ဒဏ်ရာရ စစ်ခွေးတွေကို ရွှေစကာရွာနာရေးကားနဲ့ ကြာညှပ်ရွာ ကနေ နာရေးကားတွေလည်း အသုံးပြုပြီး စစ်ဆေးရုံကို သယ်ဆောင်သွားတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/97112/
သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား
["သပိတ်ကျင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား", "ရန်ကုန်၊ ဧပြီ ၁၂", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကား ၂ စီးကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဧပြီလ ၁၂ ရက် နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများသည် ၁၂ ဘီးကား ၂ စီးဖြင့် တကောင်းမြို့သို့ ဆင်းလာစဥ် ၄ မိုင် ရွာနှင့် ၆ မိုင်ကျေးရွာ အကြား ပထမအကြိမ်ဆွဲခဲ့ရာ ကားနောက်ပိုင်း ထိမှန်ပြီး ဆက်လက်မောင်း နှင်လာစဥ် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် နောင်လုံတံတားအနီးအရောက်တွင် ဒုတိယ အကြိမ် မိုင်းဆွဲခဲ့ရာ ရှေ့ဆုံးကား ဦးခေါင်းခြမ်းမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "“အင်းနက်ရွာက တကောင်းအထက်ဘက်ကျတယ်၊ တကောင်းမြို့ကို ဆင်းလာတာ၊ မိုင်းတစ်ကို ၃ လုံးနဲ့ နှစ်ဆိုင်း ၆ လုံးဆွဲခဲ့တာ၊ ကားတစ်စီးကို ခွေး ၅၀ လောက်ပါတယ်၊ ၁၂ ဘီးကားဆိုတော အရှည်ကြီးပဲ၊ ခြေပြတ်လက်ပြတ်တွေလဲများတယ်၊ သေဆုံးဒဏ်ရာရ စစ်ခွေးတွေကို နာရေးကား ၃ စီးနဲ့ တကောင်း ဆေးရုံကို သယ်သွားတယ်၊ ကျန်တဲ့စစ်ခွေးတွေရော ပျက်ကား ၂ စီးရောပဲတကောင်းမြို့ထဲ ဝင်သွားတာ” ဟု တကောင်းပကမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ခြေပြတ်လက်ပြတ် စစ်သား ၅ ဦးထက်မနည်းရှိကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိသော အကြမ်းဖက် စစ်သားများမှ ရမ်းသမ်း ပစ်ခတ် ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2022/12/75899/
သပိတ်ကျင်းတွင် တကောင်းနီကယ်စက်ရုံ လုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် ဆန်းမင်းဇော်ကို ဖမ်းဆီးရမိပြီး ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး
["သပိတ်ကျင်းတွင် တကောင်းနီကယ်စက်ရုံ လုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် ဆန်းမင်းဇော်ကို ဖမ်းဆီးရမိပြီး ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် တကောင်းနီကယ်စက်ရုံ လုံခြုံရေး တာဝန် ကျ ရဲဒုတပ်ကြပ် ဆန်းမင်းဇော်ကို မိသားစုထံ ခွင့်ပြန်စဉ် ဖမ်းဆီးရမိပြီး ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း TBK တောဆင် ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံ သို့ ပြောသည်။", "ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လည် ၁၀နာရီ ၄၅ မိနစ် အချိန် သပိတ်ကျင်း မြို့နယ် တကောင်း နီကယ်စက်ရုံတွင် လုံခြုံရေးတာဝန်ကျသော ရဲဒုတပ်ကြပ် ဆန်းမင်းဇော်သည် ခွင့်ဖြင့် ၎င်းမိသားစုထံသို့ပြန်စဥ် သပိတ်ကျင်းမြို့ နယ် အတွင်း တွင် ရပ်ကျေးကာကွယ်ရေးအဖွဲ့များနှင့် TBK တောဆင်ရိုင်းပြောက် ကျား ရဲဘော်များက ဖမ်းဆီးရမိကြောင်း သိရှိရသည်။", "ဖမ်းဆီးရမိခဲ့သည့် ရဲဒုတပ်ကြပ် ဆန်းမင်းဇော်သည် ရဲလုပ်သက် ၄ နှစ်ကျော် တာဝန်ထမ်းဆောင်နေသူဖြစ်‌ပြီး စစ်ဆေးမှုများပြုလုပ်အပြီးတွင် ထွက်ပြေး လွတ်မြောက်ရန် ခုခံကြိုးစားခဲ့သောကြောင့် TBK တောဆင်ရိုင်း ပြောက် ကျား တပ်ဖွဲ့က ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။", "သပိတ်ကျင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၊ စစ်တပ်အတွက် သတင်းပေးနေသူမျာ‌း ချိန်မီ နုတ်ထွက်ကြရန် သတိပေး ထုတ်ပြန် ထားပြီး မလိုက်နာလျှင် ပြင်းပြင်း ထန်ထန် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်။", "ဓာတ်ပုံ- ဖမ်းဆီးရမိစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ရဲဒုတပ်ကြပ် ဆန်းမင်းဇော်။"]
https://yktnews.com/2023/04/98480/
သပိတ်ကျင်းတွင် ဒဏ်ရရာ စစ်သားများကို တင်ဆောင်လာသည့် ကား ၂ စီး အား မိုင်းဆွဲမှု ထိခိုက် သေဆုံးသူ များပြား
["သပိတ်ကျင်းတွင် ဒဏ်ရရာ စစ်သားများကို တင်ဆောင်လာသည့် ကား ၂ စီး အား မိုင်းဆွဲမှု ထိခိုက် သေဆုံးသူ များပြား", "ရန်ကုန်၊ ဧပြီ ၂၀", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ် တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သားများကို ကား ၂ စီးဖြင့် တကောင်းတိုက်နယ် ဆေးရုံမှ ၇ မိုင်ဆေးရုံသို့ပြောင်းရွှေ့စဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရရှိသူများလည်းရှိကြောင်း တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၁၈ ရက် နေ့က တကောင်းတိုက်နယ်ဆေးရုံအတွင်းမှ ဒဏ်ရာပြင်းထန်သော စစ်သားများမှာ ၇ မိုင်ဆေးရုံသို့ ပြောင်းရွှေ့ရန် အတွက် ဘောက်ပါရှိသော ကုမ္ပဏီကား ၂ စီးကို ချောဆွဲကာ ထွက်ခွာလာ စဉ်မတောင်ရွာအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ထွက်မိုင်း ၂ လုံးစလုံး ကားခန်းအတွင်းသို့ တိုက် ရိုက်ထိမှန်ပြီး စစ်သား ၁၀ ဦးထက်နည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“နှစ်စီးပေါင်း ၅၀ ကျော်လောက်ပါတယ်၊ အရင်တိုက်ပွဲကတည်းက ဒဏ်ရာရစစ်သားတွေကို သယ်လာ တာ၊ ဘောက်ကားဆိုတော့ နောက်ခန်းဖွင့်သယ်လာတာ၊ ရှေ့ထွက်မိုင်း ၂ စလုံး နောက်က ကား အတွင်း ထဲအထိတိုက်ရိုက်ထိမှန်ခဲ့တာ၊ ကားတစ်စီးလုံးလဲ ပျက်စီးသွားတယ်၊ ကားပေါ်ပါတဲ့ စစ်သားခွေအားလုံး နီးပါပဲ သေဆုံးထိခိုက်နိုင်ပါတယ်” ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို တကောင်းမြို့ရှိ စစ်တပ်မှ လာရောက် သယ်ဆောင်ကာ သပိတ်ကျင်းမြို့ဘက်သို့ ဆင်းသွားကြောင်း၊ ထိခိုက်ပျက်စီးသွားသော ကားကိုလည်း ဆွဲယူသွားကြောင်း သိရသည်။", "တကောင်းတိုက်နယ်အတွင်း ဧပြီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်သား ၇၀ ကျော်နှင့် တကောင်းတိုက်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကြား အပြင်းအထန်တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်က အထိနာပြီး Yak-130 တိုက်လေ ယာဉ်ဖြင့် ဗုံးကြဲစစ်ကူပေးခဲ့သဖြင့် ဒေသနေပြည်သူ ၄ ထောင်ကျော်စစ်ဘေးရှောင်နေရကြောင်း သိရ သည်။"]
https://yktnews.com/2024/05/160651/
သပိတ်ကျင်းတွင် မိုးကြိုးပစ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ဆေးကုသမှုခံယူနေရ
["သပိတ်ကျင်းတွင် မိုးကြိုးပစ်မှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦး သေဆုံးပြီး ၉ ဦး ဆေးကုသမှုခံယူနေရ", "ရန်ကုန်၊ မေ ၃", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် စစ်ဘေး ရှောင်ပြည်သူ ၃ ဦးသေဆုံးကာ ၉ ဦး ဆေးကုသမှုခံယူနေရကြောင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မေလ ၂ ရက်ညနေ ၄ နာရီခန့်က သပိတ်ကျင်းမြို့နယ်အတွင်း၌ လေပြင်းမုန်တိုင်း တိုက် ခတ် ပြီး မိုးသည်းသည်းမည်းမည်း ရွာသွန်းစဉ် မိုးကြိုးပစ်ချမှုကြောင့် တောင်ယာခင်းအတွင်း စစ်ဘေး ရှောင် နေသူ ပြည်သူ ၁၂ ဦး မိုးကြိုးစက်ကွင်းမိကာ ၃ ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ကျန်ပြည်သူ ၉ ဦး လည်း ဆေးဝါးကုသ မှုခံယူနေရကြောင်း သိရသည်။", "“မနေ့က ညနေ ၄ နာရီလောက်က လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်တဲ့အချိန် မိုးကြိုးပစ်ချ တာ။ တောင်ယာခင်းထဲမှာ စစ်ရှောင်နေတဲ့ ပြည်သူ ၁၂ ဦး မိုးကြိုးစက်ကွင်းမိပြီး ၃ ဦးပွဲချင်းပြီး သေ တယ်။ ကျန်တဲ့ ၉ ဦးက ဆေးကုသမှုခံယူနေရတုန်းပါ။ ကိုးပင်ရွာ စစ်ဘေးရှောင်ပြည်သူတွေပါ။ လေပြင်းတိုက် လို့ စစ်ဘေးရှောင်တွေရဲ့ ယာယီတဲတွေလည်း ထိခိုက်ပျက်စီးတာရှိပါတယ်။” ဟု သပိတ်ကျင်းမြို့ နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "မိုးကြိုးပစ်မှုကြောင့် သေဆုံးသူများမှာ အသက် ၅၃ နှစ်အရွယ် ကိုမျိုးမြင့်၊ အသက် ၄၆ နှစ်အရွယ် ဦးဇော်ဦးနှင့် အသက် ၃၅ နှစ်အရွယ် ကိုးဝင်းလွင်တို့ဖြစ်ကြောင်း၊ သေဆုံးသူနှင့်ဒဏ်ရာရရှိသူများသည် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်၊ ကိုးပင်ကျေးရွာနေ ပြည် သူများဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က ကြာညှပ် ကျေးရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် စစ်ဘေးရှောင်နေရသူ များဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127803/
သပိတ်ကျင်းတွင် ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦးထက်မနည်းသေဆုံးဟုဆို၊ ဒီပဲယင်းတွင်လည်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်
["သပိတ်ကျင်းတွင် ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦးထက်မနည်းသေဆုံးဟုဆို၊ ဒီပဲယင်းတွင်လည်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အောက်တိုဘာလ ၁၃ ရက်နေ့မှ အောက် တိုဘာလ ၂၁ ရက်နေ့အထိ ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦး ထက်မနည်းသေဆုံးကြောင်း သပိတ်ကျင်းမြို့နယ်(ပကဖ)၊ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "၉ရက်တာတိုက်ပွဲအတွင်း သပိတ်ကျင်းမြို့နယ်(ပကဖ) တော်လှန်ရေးအင်အား စုများနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၆ ဦးထက်မနည်း ေသဆုံးခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့်လည်း စစ်တပ်ယာဥ်များ ပျက်စီးထိခိုက်ခဲ့ကြောင်း၊ ထို့ ပြင် စစ်တပ်ဘက်မှ ဒဏ်ရာရသည့် စစ်သားအရေအတွက် ၃၀ ကျော် ကြာအင်းစစ်ဆေးရုံတွင် ဆေးကုနေရကြောင်း ၎င်းက ပြောဆိုသည်။", "အလားတူ အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်း ၃နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် သပိတ်ကျင်းမြို့နယ် အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် အမှတ် ၁၃ စစ်ကောင်စီတပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်း (တတက ၁၃ ) တပ်မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို လက်ပံကုန်းရွာထိပ် ပေတရာလမ်းမနှင့် ပေ ၅၀ အကွာတွင် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသီး ၂လုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦး ဒဏ်ရာရရှိပြီး နာရေးကားများဖြင့် ကြာညှပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ဒီပဲယင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းသည် ငဝဲတောရွာမှ ကြည်ရွာဘက်ကို ဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်လာ စစ်တပ်စစ်ကြောင်းကို Special Ranger Force နှင့် မဟာမိတ်အဖွဲ့များက ကြည်ရွာတွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှည်ပစ်ခတ်ချိန် မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင် စီတပ်သား သေဆုံးမှုစာရင်းကို မသိရှိရသေးကြောင်း Special Ranger Force ထံမှ သိရှိရသည်။", "“ခွေးသေထိခိုက်မှုက မသိရသေးဘူးဗျ၊ စစ်ကြောင်းနောက်ကို လိုက်နေတုန်းမို့ဗျ၊ အောက်တိုဘာလ ၂၀ ရက်နေ့က ရေဦးကနေ ဒီပဲယင်းကိုရောက်တယ်၊ ၂၁ ရက်နေ့မှာ ဒီပဲယင်းမြို့ကထွက်ပြီး ဒီပဲယင်းအ နောက်ဘက်က ရွာတွေကို ပတ်မွှေနေတာဗျ၊ ရွာ ၁၀ လောက်က ပြည်သူတွေ ထွက်ပြေးနေရတယ်” ဟု Special Ranger Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "စစ်ဆင်ရေး တိုက်ပွဲကို Special Ranger Force နှင့်အတူ Depeyin Local Mobile Team ၊ အမှတ် (၁၂) တပ်ရင်း၊ ရွှေဘိုခရိုင်နှင့် အားမာန်သစ် Local PDFအဖွဲ့တိုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ်အဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး လှုပ်ရှားမှုကြောင့် ဒီပဲယင်းမြို့နယ်၊ ဝဘာရွာ၊ အုန်းတင်ရွာ၊ ဆပ်ပြာ ကျင်းရွာ၊ အင်ဘုတ်ရွာ၊ သိမ္ဘာရွာ၊ ပန်းပုရွာ၊ ကျည်ရွာ၊ ဘုရားတောရွာ၊ အင်တန်းရွာ၊ တောကျောင်းရွာ၊ ငြိမ်းချမ်းရွာ ၊မစိုးရိမ်ရွာအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။"]
https://yktnews.com/2025/05/214113/
သပိတ်ကျင်းနှင့် စဉ့်ကူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား
["သပိတ်ကျင်းနှင့် စဉ့်ကူး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား", "ရန်ကုန်၊ မေ ၁၀", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။", "ယနေ့ မေ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ ကောင်းကင်မေမေ (ကားဝပ်လျှော့) အနီးကို တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ J-Frighter ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးခန့် သေဆုံးပြီး ပြည်သူအများပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင်လည်း စဉ့်ကူးမြို့နယ်၊ ကျည်‌‌တောက်ပေါက်ရွာ အနီးတဝိုက်ကို တံတားဦးမှ တက်လာသည့် J-Frighter ၁ စီး ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူသေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိမှုများလည်း များပြားကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/77960/
သပိတ်ကျင်းနှင့် အရာတော်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂၃ ဦးသေဆုံး
["သပိတ်ကျင်းနှင့် အရာတော်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ဖောကားများကို မိုင်းဆွဲတိုက်ခိုက်မှု ၂၀ ဦးခန့်သေဆုံးခဲ့ကြောင်း တကောင်း PDF တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်တွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးပြီး ရွှေဘိုဘက်သို့ ဆင်းရန်လာသော အကြမ်း ဖက်စစ်သားအင်အား ၁၀၀ ခန့်ပါ ဖောကား ၆ ဘီး ကား ၃ စီး နှင့် ၁၂ ဘီးတွဲကား တစ်စီးကို တကောင်း PDF က တောင်တလုံးရွာနှင့် အင်ပျံရွာအကြားတွင် ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဒုတိယ မြောက်ဖောကားကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂၀ ခန့်သေဆုံးခဲ့ခြင်းကာ သေဆုံးသွားသော စစ်သား အလောင်းများကို လက်ပံကုန်းကျေးရွာသင်္ချိုင်းတွင် မြေမြှုပ်သွားကြောင်း သိရသည်။", "“မနေ့က မြေပြင်က တစ်ယောက်ကြည့်ခိုင်းတာ၊ တကောင်းအောက်ဘက် လက်ပံကုန်းရွာ သင်္ချိုင်းမှာ ခွေးသေ ကောင် ၂၀ လောက် မြေမြှုပ် သွားတယ်၊ ညက တကောင်းလမ်းဆုံမှာ ညအိပ်တယ်၊ ကားပေါ်ကနေ အလောင်းတွေဆွဲချပြီးမြေမြှုပ်သွားတာ၊ မိုင်း ၅ လုံးစလုံးတစ်စီးထဲ ထိတာဆိုတော့ သေနိုင်တာပေါ့” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော ဆိုသည်။", "ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် တကောင်းလမ်းဆုံရှိ ဂိတ်တွင် အထိုင်ချရပ်နားနေ ကြောင်း၊ စထွက်ကတည်းက ထီးချိုင့်မှ ရွှေဘိုအထိ ဆင်းမည်ဟု သတင်းရထားကြောင်း၊ ညနေပိုင်းတွင် ဆက်လက် ဆင်းသွားနိုင်ကြောင်း သိရသည်။", "မိဘပြည်သူများအနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းတွင် သတ်မှတ်ထားသော အချိန်အတွင်းသာ ကား လမ်းများကို အသုံးပြုပေးရန်၊ အိမ်စီးကားများ မှန်ချမောင်းနှင်ပေးရန်၊ အကြမ်းဖက်စစ်ကောင်စီ တပ် ယာဉ်တန်းကားများနှင့် ဝေးဝေးမှ ရှောင်ကွင်းသွားလာကြရန် တကောင်းမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန် သတိပေးထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာနှင့်ငွေတွင်းကျေးရွာချင်းဆက် လမ်း ပေါ်တွင် မနေ့က ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆိုင်ကယ်ဖြင့်ဖြတ်သန်းသွားလာနေသော ပျူစော ထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Zayar 7 Sagaing ARA နှင့် IBEX ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2022/12/77587/
သပိတ်ကျင်းမြို့နယ် ပကဖ PDF-ကြာညှပ် တပ်ဖွဲ့ထံသို့ ထောက်ပို့ထားသည့် ငွေကြေးများ ဆုံးရှုံးခဲ့ရသည့်အတွက် အရေးပေါ် အကူအညီလိုအပ်နေ
["သပိတ်ကျင်းမြို့နယ် ပကဖ PDF-ကြာညှပ် တပ်ဖွဲ့ထံသို့ ထောက်ပို့ထားသည့် ငွေကြေးများ ဆုံးရှုံးခဲ့ရသည့်အတွက် အရေးပေါ် အကူအညီလိုအပ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "မန္တလေး၊ သပိတ်ကျင်းမြို့နယ် ပကဖ PDF-ကြာညှပ် တပ်ဖွဲ့ထံ ထောက်ပို့ထား သည့် ငွေကြေးများ ဆုံးရှုံးခဲ့ရသည့်အတွက် အရေးပေါ် အကူအညီလိုအပ် လျက်ရှိ ကြောင်း PDF-ကြာညှပ် တပ်ဖွဲ့မှ ဗိုလ်စိုးကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ဒုတိယပတ်အတွင်း PDF -ကြားညှပ်တပ်ဖွဲ့သည် ပစ္စည်းအချို့ ဝယ်ယူခဲ့ပြီး ငွေကြေးတန်ဖိုးအားဖြင့်တော့ ကျပ်သိန်း ၆၀ ကျော်ကုန်ကျကာ အမှားအယွင်းများရှိမှုကြောင့် ထောက်ပို့ထားသော ငွေကြေးများ ဆုံးရှုံးနစ်နာ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။", "“စိတ်မကောင်းစွာနဲ့ပြောချင်တာက လွန်ခဲ့သော(၁)ပတ်လောက်က လုပ်ငန်း သုံးပစ္စည်းအချို့ဝယ်ယူခဲ့ပါတယ် ငွေကြေးတန်ဖိုးအားဖြင့်တော့ ကျပ်သိန်း ၆၀ ကျော်ဖိုးလောက်သည် error တချို့ကြောင့် မိဘပြည်သူများ လှူဒါန်း ထောက် ပို့ထားသောငွေကြေးများ ဆုံးရှုံးနစ်နာသွားခဲ့ရပါတယ်” ဟု PDF-ကြာညှပ် တပ်ဖွဲ့မှ ဗိုလ်စိုးကြီးကပြောဆိုသည်။", "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် သည် အကြမ်းဖက် စစ်တပ်ကို ရရာ နည်း လမ်းဖြင့် အစဉ်တစိုက်အားထုတ် တော်လှန်နေသည့် အဖွဲ့စည်း ဖြစ် ကြောင်း၊ နောက်ထပ် ပြုလုပ်မည့် လုပ်ငန်းစဉ်များနှင့် အဖွဲ့စည်း ရပ်တည် ရေးအတွက် အခက်ခဲရှိလာသည့်အတွက် မိဘပြည်သူများကို ဖွင့်ဟ ပြောဆို အကူအညီ တောင်းခံခြင်းဖြစ်ကြောင်း၊ အမှန်တကယ် ခက်ခဲလာသည့် အခြေအနေကြောင့် ထောက်ပို့ ကူညီပေးကြရန် တောင်းဆိုကြောင်း PDF-ကြာညှပ် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ် အနေဖြင့် စစ်တပ်အား ရရာနည်း လမ်း အသုံးပြုပြီး တော်လှန်ရေးအောင်မြင်သည်အထိ နောက်မဆုတ်ဘဲ တိုက်ပွဲဝင် တော် လှန်သွားပါမည်ဟု ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/03/209436/
သပိတ်ကျင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်နေသော ပြည်သူများကို ပကဖ က ဆန်နှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်း
["သပိတ်ကျင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် အကူအညီ လိုအပ်နေသော ပြည်သူများကို ပကဖ က ဆန်နှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ မတ် ၂၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် နေအိမ် အဆောက်အဦးများ ပြိုကျ၍ အကူအညီ လိုအပ်နေသော အိမ်ထောင်စု ၂၀ အတွက် မြို့နယ် ပကဖ က တစ်အိမ်ထောင်လျှင် ဆန် ၁ ပိုင်း နှင့် ငွေ ၁ သိန်းကျပ် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/117719/
သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီးကျေးရွာများကို လှည့်လည် မီးရှို့နေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေးနေရ
["သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီးကျေးရွာများကို လှည့်လည် မီးရှို့နေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေးနေရ", "ရန်ကုန်၊ ဩဂုတ် ၁၁", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လှည့်လည်မီးရှို့ဖျက်ဆီးနေသဖြင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ပြီး အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ အင်အားရာချီအသုံးပြုကာ တကောင်းတိုက်နယ်အတွင်းရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးနေပြီး တွေ့သမျှကျေးရွာ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် ပြည်သူများကိုလည်းဖမ်းဆီးသတ်ဖြတ်နေသဖြင့် ပြည်သူများမှ နေအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း သိရသည်။", "“အိမ်ခြေ ၁၀၀ ကျော်လောက်ရှိပြီ မီးရှို့ခံရတာ၊ သူတို့ကတွေ့ရင်တွေ့သလိုဝင်ရှို့ခဲ့တာ၊ ပြီးတော့ ရွာထဲ ဖြတ်တော့ မထင်ရင် မထင်သလို တွေ့တဲ့အိမ်မီးရှို့သွားတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုကတော့ ဩဂုတ်လ ၄ ရက်နေ့ဖြစ်သွားတဲ့ ကျောက်အိုက်ဖြစ်စဉ်တော့ရှိတယ်၊ ကျန်တာတေ့မရှိဘူး၊ ကျနော်တို့ ဘက်မှာ မိုး က တအားရွာများထားတဲ့ အရှိန်လဲပါတော့ ကားကြီးတွေ၊တွဲကားတွေ ၁၂ ဘီးကား တွေ မောင်းလို့မရ ဘူး၊ အဲလိုဆိုတော့ ထွန်စက်တွေ၊ ကျွဲတွေ၊ နွားတွေလှည်းတွေနဲ့ထွက်ပြေးနေရတာပေါ့၊ ဆိုင်ကယ် အချို့ လဲပါတယ်၊” ဟု သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "စစ်ဘေးရှောင်ပြည်သူများမှာ တောထဲ၊တောင်ထဲ၌ ကိုယ်အစု၊ သူ့အစု အဆင်ပြေသလို တိမ်းရှောင်နေရ ပြီး ခြင်ကိုက်ခံရမှုကြောင့် ငှက်ဖျားရောဂါခံစားနေရသည့်အပြင် ရက်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ အပြင်ကျန်းမာရေးစောင့်ရှောက်မှုအရေးပေါ်လိုအပ်နေကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် မင်းကုန်းကျေးရွာ၊ ဆယ်ဇင်းကုန်းကျေးရွာ၊ လက်ပန်ကုန်း ကျေးရွာ၊ ပေါ်တော်မူကျေးရွာ၊ မတောင်ကျေးရွာ၊ ကျောက်အိုက်ကျေးရွာ၊ ချိုချင်မြိုင်ကျေးရွာ၊ ဒေါမကြီး ကျေးရွာ၊ ပိန်းအိုင်ကျေးရွာ၊ ဝါးပိုးရုံကျေးရွာတို့မှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေပြီး မင်း ကုန်းကျေးရွာ၊ ဆယ်ဇင်းကုန်းကျေးရွာ၊ လက်ပန်ကုန်းကျေးရွာ၊ ကျောက်အိုက်ကျေးရွာ၊ ဝါးပိုးရုံကျေး ရွာမှ နေအိမ် တစ်ရာကျော်မီးရှို့ဖျက်ဆီးခံထားရကြောင်း၊ အကြမ်းဖက်စစ်ကြောင်းမှာ ထွက်ခွာခြင်း မရှိသေးပဲ မိုးရုံကျေးရွာကို မီးရှို့နေသဖြင့် အတိအကျ စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရ သည်။"]
https://yktnews.com/2023/05/101177/
သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေး
["သပိတ်ကျင်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေး", "ရန်ကုန်၊ မေ ၆", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးကာ ရွာသူ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဒေသ ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အကြမ်းဖက် စစ်သားများနှင့် ၇ မိုင်တပ်မှ အကြမ်းဖက် စစ်သားများ ပူးပေါင်းထားကာ အင်အား ၂၀၀ ခန့်ဖြင့် တကောင်းတိုက်နယ်၊ မန္တလေး- ဗန်းမော် ကားလမ်း အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို မီတာ ၁၅၀၀ အတွင်းမှ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်း နေပြီး မိုးကောင်းဦးဘုရား၊ ၆ မိုင်ရွာ၊ ၄ မိုင်ရွာ၊ ညောင်ကုန်းရွာတို့မှ ပြည်သူများကို ဖမ်းဆီးရိုက်နှက်စစ် ဆေးနေကြောင်း သိရသည်။", "“ဒီနေ့ မနက် ၈ နာရီလောက်ကတည်းက ညောင်ကုန်းရွာက ပြည်သူ ၄၀ လောက်ကို ဖမ်းဆီး စစ် ကြောင်းရှေ့ကနေ သွားခိုင်းပြီး ရွာတွေကို ကားလမ်းဘေးရွာတွေကို လှည့်နေတာ၊ ဒီနေ့မနက် ၈ နာရီ လောက်ကလည်း မိုင်းဆွဲခံရလို့ သေသေးတယ်၊ အဖမ်းခံရတဲ့အထဲမှာ ယောက်ျားလေးတွေများတယ်၊ ရွာတွေထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေလဲ အများကြီးပဲ၊ ယောက်ျားလေးဆို ရိုက်နှက်စစ်ဆေးနေတာ” ဟု တကောင်းတိုက်နယ်အတွင်းမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် မန္တလေး-ဗန်းမော် ကားလမ်းအရှ့ခြမ်းရှိ ကျေးရွာများဖြစ်သော မတောင်ရွာ၊ ပေါ်တော်မူရွာ၊ ဆူးတောရွာ၊ ကျောက်အိုက်ရွာ၊ ညောင်ကုန်းရွာ၊ ၃ မိုင်ရွာ၊ ၄ မိုင်ရွာ တို့မှ ပြည်သူ ရာချီထွက်ပြေးနေရကြောင်း သိရသည်။", "ယမန်နေ့ (မေလ ၅ ရက်) နံနက် ၈ နာရီခန့်က တကောင်းမြို့အနီးရှိ ဆူးတောကျေးရွာကို မီးရှို့နေသော အကြမ်းဖက်စစ်သားများကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်း ဖက်စစ်သား ထိခိုက်သေဆုံးအများအပြားရှိခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို နာရေးကား ၃ စီး ဖြင့် သယ်ယူခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က အင်အားအများအပြားတိုးမြှင့်ကာ စစ်ကြောင်းထိုး နေခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/01/140855/
သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် နေအိမ်များ ပျက်စီး
["သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်က တကောင်းတိုက်နယ်၊ မန္တလေး – ထီးချိုင့် ကားလမ်းမပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီက အထိနာပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "“စစ်ကြောင်းမထိုးတာက ၁ လကျော်လောက်ရှိပြီ၊ အခုစစ်ကြောင်းထိုးလာတော့ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ၊ စစ်သားတွေ ပိတ်မိသွားတော့ လေကြောင်း ပစ်ကူခေါ်တာထင်တယ်၊ ပေါ်တော်မူ ကျေးရွာအုပ်စုကို လေယာဉ်နဲ့ ဗုံးကျဲသွားတယ်၊ ထိခိုက်ပျက်စီးမှုတွေတော့ရှိတယ်၊ ဘယ်လောက်ရှိ တယ်ဆိုတာတော့ မသိရဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။", "#နွေဦးတော်လှန်ရေး yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #စစ်တပ် #သပိတ်ကျင်းမြို့နယ်"]
https://yktnews.com/2023/04/100036/
သပိတ်ကျင်းမြို့နယ်တွင် ဒဏ်ရာရ စစ်သားများ သယ်လာသည့် ကားတစ်စီးကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား
["သပိတ်ကျင်းမြို့နယ်တွင် ဒဏ်ရာရ စစ်သားများ သယ်လာသည့် ကားတစ်စီးကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဧပြီ ၂၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ နီကယ်စက်ရုံမှ ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို တင်ဆောင် ပြီး တကောင်းမြို့ဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကား တစ်စီးကို ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၁၅ ဦးသေဆုံးခဲ့ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဧပြီလ ၂၉ ရက် နေ့လည် ၁ နာရီ ၃၅ မိနစ်ခန့်က အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထား သော တကောင်းနီကယ်စက်ရုံမှ ဒဏ်ရာရ စစ်သားများကို ၇ မိုင်ဆေးရုံသို့ ပို့ဆောင်ရန် တွဲကားအနီ တစ်စီးဖြင့် အင်အား ၅၀ ခန့်လိုက်ပါပြီး ဆင်းလာစဉ် မြနန္ဒာကျေးရွာအနီးအရောက် ရှေ့ထွက်မိုင်း ၅ လုံး၊ ပဒေသမိုင်း ၇ လုံးဖြင့်လည်းကောင်း၊ ဆက်လက်ပြီး မတောင်ကျေးရွာ အကျော်အတွင် မိုင်း ၂ လုံး လည်းကောင်း ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“နဂိုကတည်းက ဒဏ်ရာတဲ့ကောင်တွေကို ၇ မိုင်ဆေးရုံပို့ဖို့သွားတာ၊ မန္တလေး-ဗန်းမော်လမ်းအတိုင်း ဆင်းလာတာ၊ ပထမအကြိမ်ဆွဲတုန်းက ပြန်တောင်မပစ်နိုင်ဖူး၊ နောက်တစ်ကြိမ်ထပ်ဆွဲတော့ ကားက တော့ အတော်စုတ်ပြတ်သတ်သွားတယ်၊ ဘေးဖရိန်တွေ၊ ဘော်ဘီတွေစုတ်ပြတ်သတ်သွားတာ၊ လမ်း တလျှောက်တော့ အော်ဆဲသွားတယ်၊” ဟု တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှတာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-Tagaung Defense Force၊ လျှပ်စီး ပျောက်ကြားတပ်ဖွဲ့( ရပ်ကျေးပကဖ) နှင့် TBK PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/153535/
သပိတ်ကျင်းမြို့နယ်တွင် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၇ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် လမ်းကင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး
["သပိတ်ကျင်းမြို့နယ်တွင် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ပျူစောထီး ၇ ဦးသေဆုံး၊ ပခုက္ကူမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် လမ်းကင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီးပျက်စီး", "ရန်ကုန်၊ မတ် ၂၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပျူစောထီး ၇ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ (သပိတ်ကျင်းတိုက်နယ် ပကဖ) ထံမှ သိရသည်။", "မတ်လ၂၅ ရက်နေ့တွင် မတ္တရာဘက် မှ တကောင်းဘက်ကို စစ်ကူပို့ရန်အတွက် ပျူစောထီးများ တင်ဆောင်လာသော စစ်ကား ၄ စီးကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရန် သပိတ်ကျင်းမြို့နယ် ကျောက်ဖြူ‌ကျေးရွာအနီးရှိ ကတ္တရာလမ်းနှင့် မီတာ ၇၀ ခန့်အကွာတွင် စစ်ကြောင်း ၂ ကြောင်းခွဲ၍ အသင့် စောင့်ဆိုင်း‌ခဲ့ကြောင်း သိရသည်။", "ထို့သို့ တော်လှန်ရေးတပ်ဖွဲ့များ အသင့်စောင့်ဆိုင်းနေစဉ် မွန်းလွဲ ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကား ၄ စီး ရောက်ရှိလာပြီး စစ်ကြောင်း ၁ မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကားများ ဘီးပေါက်သွားပြီး ထိုးရပ်သွားစဉ် စစ်ကြောင်း ၂ မှ ထပ်မံ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ မိနစ် ၃၀ ခန့် အပြင်းအထန် ထိတွေ့ တိုက်ခိုက်ပွဲဖြစ်ပွားပြီး ကားပေါ်တွက် လိုက်ပါလာသည့် ပျူစောထီးများ တပ်ပျက်၍ ထွက်ပြေးသွားကြောင်း သိရှိရသည်။", "တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ မန်းစိန်ဆိုက်ထဲရှိ ပျူစောထီးများသည် စစ်ကူ‌ပေးရန်အတွက် ဆိုက်ထဲမှ ထွက်လာပြီး တိုက်ပွဲဖြစ်ရာ နေရာကို ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကေင်စီ တပ်သား ၇ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား ၄၀ ခန့် ထိခိုက် ဒဏ်ရာရရှိကာ ကား ၂ စီး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှ အကြမ်းဖက် စစ်တပ်က ခန့်အပ်ထားသော ရာအိမ်မှူး ၃ ဦးကိုလည်း စစ်တပ် အထိုင်ချရာ ချောင်းကြီးရွာလယ်‌အထိ သွားရာက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မင်းခစစ်‌ကြောင်းနှင့် ဗိုလ်လင်းယုန်တပ်ဖွဲ့ (သပိတ်ကျင်းတိုက်နယ် ပကဖ) တို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ကို မီးရှို့ပြီး ထွက်ခွာလာသော စစ်ယာဉ်တန်းနှင့် လမ်းကင်းစစ် သားများ ကို ပေပါမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းမြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၂၈ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်က ကမ္မမြို့၊ ဂျိုးပျံရပ်ကွက်ကို မီးရှို့ပြီး ချင်းပြည် နယ်သို့ထွက်ခွာရန် ညောင်ဂျစ်ပင်ပျူစောထီးစခန်းမှ ဂျိုးပျံဘက်သို့ ထွက်လာသော စစ်ကားကို ကမ္မ မြို့ ရန်ကင်း နှင့် ဂျိုးပျံအကြားအရောက် ပေပါမိုင်းဆွဲခဲ့ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "ထို့အပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ကမ္မမြို့ ရန်ကင်းနှင့်ဂျိုးပျံကြား၌ နေရာယူထားသော လမ်း ကင်းစစ်သားများသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထောင်ထားသည့် ပေပါမိုင်းပွိင့်ဘေးသို့ လာရပ် နေသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို PDF Kamma(ကမ္မတပ်ပေါင်းစု)၊ ဧရာအနောက်ပြောက်ကျားအဖွဲ့ (ကမ္မတပ် ပေါင်းစု) ၊ King Fighterအဖွဲ့နှင့် မြိုင်ပကဖ အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။", "အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်ယာဉ် ၂ စီးကို ကန် တော်ကျေးရွာအနီး အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၃ တပ်ရင်းထံမှ သိရသည်။", "ယနေ့ မတ်လ ၂၈ ရက် ညနေ ၅ နာရီခန့်က ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကား ၂ စီးကို ကန်တော်ကျေးရွာအနီး အရောက် ပခုက္ကူခရိုင်တပ်ရင်း ၁၃ နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ ၁ တို့ ပူးပေါင်းပြီး ဆွဲမိုင်း ၈ လုံး တစ်ပွိုင့်၊ ၆ လုံးတစ်ပွိုင့်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကား ၁ စီးပျက်စီးပြီး ယာဉ်ပေါ်ပါ စစ်သားများလည်း ထိခိုက်သေဆုံး မှု များပြားနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2024/09/183506/
သပိတ်ကျင်းမြို့နယ်တွင် ပြည်သူများကို ဗုံးခိုကျင်းပြုလုပ်ပုံနည်းလမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေ
["သပိတ်ကျင်းမြို့နယ်တွင် ပြည်သူများကို ဗုံးခိုကျင်းပြုလုပ်ပုံနည်းလမ်း လက်ကမ်းစာစောင်များ ဖြန့်ဝေ", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးအဖွဲ့နှင့် သပိတ်ကျင်းတိုက်နယ်(ပကဖ)ရုံးအဖွဲ့တို့ ပူးပေါင်း၍ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုကျင်းပြုလုပ်ပုံနည်းလမ်းများကို ပြည်သူများသိရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မှုးယစ်ဆေးဝါး ရောင်းချမှုများအပေါ် သပိတ်ကျင်းမြို့နယ်(ပကဖ)အနေဖြင့် ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။"]
https://yktnews.com/2025/04/211760/
သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၃ ဦးသေဆုံး၊ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်သည့် နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချ
["သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၃ ဦးသေဆုံး၊ စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြည်သူများနေထိုင်သည့်နေရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲချ", "ရန်ကုန်၊ ဧပြီ ၁၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၈ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို မိတ္ထီလာ ရှမ်းတဲ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“မိတ္ထီလာ ရှမ်းတဲက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လိပ်ကျကျေးရွာကို ဗုံးကျဲတိုက်ခိုက်သွားတာ ပြည်သူ ၁၃ ဦး သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူက ၃ ဦး ရှိတယ်” ဟု ပြင်ဦးလွင် ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၆ မိနစ်ခန့်တွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း မီးတိုင်များ ပျက်စီးမှုရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲချသော နေရာများမှာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးအဖွဲ့များက ပြောဆိုသည်။"]
https://yktnews.com/2024/10/187168/
သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဆန်နှင့် ငွေသား လှူဒါန်း
["သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဆန်နှင့် ငွေသား လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၉", "သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၆ ရွာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည်ဆန်အိတ်အပိုင်း ၃၀၀ နှင့် ငွေသား ကျပ်သိန်း ၅၀၀ မတည် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "သပိတ်ကျင်းမြို့နယ်ရှိ ဝက်သေကျေးရွာ ၊ ဖက်ရှည်ကျေးရွာ ၊ ကွင်း ၃၀ ကျေးရွာ ၊ ရေထွက်ကျေးရွာ ၊ လိပ်ကျကျေးရွာ နှင့် လက်ပံပြန့်ကျေးရွာတို့မှ လတ်တလောလိုအပ်ချက်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ ပြည်နှင့် ငွေသား ၅၀,၀၀၀ ကျပ်နှုန်း ပေးအပ်လှူဒါန်းသွားရန် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်"]
https://yktnews.com/2023/05/101688/
သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ထွက်လာသည့် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူ များပြား
["သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ပြီး ထွက်လာသည့် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူ များပြား", "ရန်ကုန်၊ မေ ၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်ခဲ့ကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၆ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ ဆူးတောကျေးရွာကို မီးရှို့ပြီး မန္တလေး-ဗန်းမော်လမ်းပိုင်းသို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း ၂ ခုခွဲကာ ညောင်ကုန်းသို့ ဝင်ရောက်လာသော ပထမ စစ်ကြောင်းကို မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဒုတိယ စစ်ကြောင်းကိုလည်း နံနက် ၈ နာရီ ၁၀ မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အထိနာနေသော စစ်တပ် စစ်ကြောင်းသည် ညောင်ကုန်းရွာမှ ပြည်သူ ၃၀ ကျော်ကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုကာ ဆက်လက် စစ်ကြောင်း ထိုးခဲ့ကြောင်း၊ နံနက် ၉ နာရီ မိနစ် ၄၀ တွင် မန်းလေး-ဗန်းမော် ကားလမ်းတလျှောက်ကို စစ်ကြောင်းထိုး ပိတ်ကာ ၁၂ ဘီးကား ၄ စီးဖြင့် တောင်တစ်လုံးရွာကို အင်အားထပ်ဖြည့်ရန် တက်လာစဥ် အင်ပျံကျေးရွာနှင့် တောင်တလုံး ကျေးရွာ အကြား၌ မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နံနက် ၁၀ နာရီ ၃၆ မိနစ်၌လည်း မိုးကောင်းဦးဘုရား၊ နောင်လုံ သံတံတား စသည့် နေရာများတွင် နေရာယူထားသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။", "“၆ မိုင် သင်္ချိုင်းကုန်း ၅ လောင်း မြှုပ်တယ်၊ မောင်းကုန်းသင်္ချိုင်းကုန်းမှာက ၃ လောင်းမြှုပ်တယ်၊ အဲလို တွေ အဆင့်ဆင် မြှုပ်သွားတာ၊ သေဆုံးဒဏ်ရာရတဲ့သူတွေကို အကုန်လုံးကားပေါ်တင်သွားပြီးမှ ကုလို့ တာကုတယ်၊ သေသွားတဲ့ဟာတွေ နီးစပ်ရာ သင်္ချိုင်းကုန်းမှာ မြှုပ်ပစ်ခဲ့တာ၊ မိုင်းထိတာကလည်း ၃၀ ကျော်ထိတယ်၊ တိုက်ပွဲမှာလည်း ထိတယ်၊ မနက်ခင်း စစ်ကြောင်းကားကို မိုင်းဆွဲပြီး ထပ်တက်လာတဲ့ ကို ထပ်ဆွဲတာ၊ ပြီးတော့ တိုက်ပွဲဖြစ်တာက ၁ နာရီလောက်ကြာတယ်၊” ဟု တကောင်းပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲနှင့် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိပြီး သေဆုံးသွားသော စစ်သားများကို ကားဖြင့် သယ်ဆောင်ပြီး လမ်းကြောင်း တလျှောက်ကျေးရွာများရှိ သင်္ချိုင်းကုန်းများတွင် သင်္ဂြိုလ်ပစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ည ၉ နာရီ ၂၃ မိနစ်တွင်လည်း တကောင်းမြို့ထဲမှ ထွက်လာသော ခွေးဘီလူးကား ၁ စီးနှင့် ၆ ဘီးကား ၁ စီးကို မိုးကောင်းဦး ဘုရားနှင့် ၆ မိုင်ရွာ အကြားတွင် ထပ်မံ ဖောက်ခွဲ တိုက်ခိုက် ခဲ့​ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/08/116049/
သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PDF တပ်ဖွဲ့က စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PDF တပ်ဖွဲ့က စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၂", "သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်က ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် စားသောက်ကုန် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90321/
သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်မှူး မျိုးခိုင် ပိုင်ဆိုင်သော ကျော်ဇောသူ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီနှင့် လုပ်ငန်းခွင်ကို PDF တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပိတ်ပင်တားဆီး
["သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်မှူး မျိုးခိုင် ပိုင်ဆိုင်သော ကျော်ဇောသူ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီနှင့် လုပ်ငန်းခွင်ကို PDF တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပိတ်ပင်တားဆီး", "ရန်ကုန်၊ မတ် ၂", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဗိုလ်မှူး မျိုးခိုင် ပိုင်ဆိုင်သော ကျော်ဇောသူ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီနှင့် လုပ်ငန်းခွင်ကို PDF တပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး ပိတ်ပင်တားဆီးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာနှင့် ကြက်ရိုးပင်ကျေးရွာ အကြားရှိ ရွှေသတ္တုတူး ဖော်လုပ်ကိုင်နေသည့် ဗိုလ်မှူးမျိုးခိုင်၏ ကျော်ဇောသူ ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီး ကုမ္ပဏီနှင့် ရွှေသတ္တုတူး ဖော်ရေး လုပ်ငန်းများကို ပိတ်ပင်တားဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ ကုမ္ပဏီသည် အကြမ်းဖက် စစ်တပ် ထောက်တိုင် ကုမ္ပဏီ တစ်ခု ဖြစ်ရုံ သာမက စစ်တပ်မှ ဗိုလ်မှူးမျိုးခိုင်ပိုင်ဆိုင်ကြောင်း၊ ၎င်းကုမ္ပဏီမှ လုပ်ငန်းများ လည်ပတ်နိုင်ရန် ဗိုလ်မှူးအောင်ဆန်းဦး(မန်နေဂျာ)နှင့် ဗိုလ်ကြီးမင်းနိုင်(လက်ထောက်မန်နေဂျာ) တို့မှ ဦးစီးလုပ်ကိုင်နေကြောင်း၊ ကုမ္ပဏီ လုံခြုံရေးအတွက် တစ်လလျှင် တပ်စိတ် တစ်စိတ်ကို သိန်း ၃၀ ပေး၍ ခေါ်ဆောင်ကာ ကင်းစောင့်ခိုင်းကြောင်း၊ ပိုင်ရှင် ဗိုလ်မှူးမျိုးခိုင်နှင့် အပတ်စဉ်တူ ဗိုလ်မှူးများလည်း တစ်လလျှင် နှစ်ခေါက်အနည်းဆုံး လာတတ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရာတွင်လည်း ကုမ္ပဏီမှ ကားကြီး ကားငယ်များဖြင့် လိုက်လံ ပို့ဆောင်ပေးကြောင်း သိရှိရသည်။", "” စစ်ကောင်စီရဲ့ အမာခံ ထောက်တိုင်ဖြစ်တဲ့ ကျော်ဇောသူကုမ္ပဏီကို ဝင်ရောက် စီးနင်း တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဝင်ရောက် တားစီးချိန်မှာ တာဝန်ရှိသူတွေ ထွက်ပြေးတိမ်း‌ရှောင် သွားလို့ လခစား အလုပ်သမား ပြည်သူများကို ဗိုလ်မှူးပိုင် ကုမ္ပဏီများ၊ စစ်ခွေး ထောက်တိုင် ကုမ္ပဏီများကိုရှောင်ရှားပြီး လုပ်ကိုင်ကြဖို့ အထူးမှာ ကြားခဲ့ပြီး တော်လှန်ရေးကြီး အမြန်ပြီးဆုံးအောင် တတ်နိုင်သည့်ဘက်မှ ပါဝင်တော်လှန်ကြရန် ဟောပြောစည်းရုံးပြောဆိုခဲ့တယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ယင်း ကုမ္ပဏီအား တားဆီး ပိတ်ပင်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)နှင့် Nine PDF တပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/174838/
သပိတ်ကျင်းမြို့နယ်ရှိ အင်းနက် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ဒု-အရာခံဗိုလ် ရွှေသိန်း အပါအဝင် တပ်သား ၈ ဦးကို အရှင်မိပြီး သေနတ် ၂၃ လက် သိမ်းဆည်းရရှိ
["သပိတ်ကျင်းမြို့နယ်ရှိ အင်းနက် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ဒု-အရာခံဗိုလ် ရွှေသိန်း အပါအဝင် တပ်သား ၈ ဦးကို အရှင်မိပြီး သေနတ် ၂၃ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၁", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အင်းနက် စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ဒု-အရာခံဗိုလ် ရွှေသိန်း အပါအဝင် တပ်သား ၈ ဦးကို အရှင်မိပြီး သေနတ် ၂၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသ က ပြောဆိုသည်။", "ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာရှိ ဒု-အရာခံဗိုလ် ရွှေသိန်း ဦးစီးသော တတက-၁၃ ထုတ်နုတ် အင်အား (၁၆) ဦး အခြေပြုထားသော စစ်ဆေးရေးဂိတ် နှင့် စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၅ ဦး နှင့် တပ်ကြပ် ၃ ဦး သေဆုံးပြီး ဒု-အရာဗိုလ် ရွှေသိန်း၊ တပ်ကြပ်ကြီး ၄ ဦးနှင့် တပ်ကြပ် ၃-ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၂၃ လက်၊ ကျည်မျိုးစုံ ၃၃၇၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံးနှင့် ကျည်အိမ် ၉၉ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း-၃၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ၊ သပိတ်ကျင်းမြိုနယ်/တကောင်းတိုက်နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဗုံးကျဲ တိုက်ခိုက်ခြင်းများ ပြလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122016/
သပိတ်ကျင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်း တစ်လျှောက်ကို စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["သပိတ်ကျင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်း တစ်လျှောက်ကို စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်း တစ်လျှောက်ကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သပိတ်ကျင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မောင်းနှင်လာသော အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၆ စီးပါ ရေယာဥ် အုပ်စုသည် မြစ်ကြောင်း တစ်လျှောက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လာသောကြောင့် ပြည်သူ ၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” စစ်ခွေးတွေက ဧရာ၀တီမြစ်ကမ်း တစ်လျှောက်လုံးကို ပစ်တာပါ။ လက်နက်ကြီး လက်နက်ငယ်တွေ အစုံပါတယ်။ မန္တလေးတိုင်းဘက်ကို မပစ်ဘူး။ စစ်ကိုင်းတိုင်းမြစ်နောက်ဘက်ကိုပဲပစ်တာ ထွက်ပြေးနေရတဲ့ ပြည်သူတွေက ရွာတွေထဲမှာနေတာ မဟုတ်ဘုး မြစ်ကမ်းဘေးနားမှာ အိမ်လေးတွေ ဆောက်ပြီး နေတဲ့သူတွေ အကုန်ရှောင်နေရတာ ပြည်သူ ၈၀၀ ကျော်လောက်တော့ရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် စစ်င်္ဘော ၅ စီးသည် သပိတ်ကျင်းမြို့ ဆိပ်ကမ်း၌ ကမ်းကပ်ထားပြီး ကျန် သင်္ဘော ၁ စီးသည် ဧရာဝတီမြစ်ကြောင်းအတွင်း လှည့်ပစ်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။"]
https://yktnews.com/2024/11/192460/
သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံး
["သပိတ်ကျင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၂ ရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နံနက် ၃ နာရီဝန်းကျင်မှ စ၍ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာကို အကြမ်းဖက် စစ်တပ်၏ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တကသ ၁၃) က လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ပြီး မြေပြင်မှ ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်းနေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် တွင်းငယ်ရွာအနီးရှိ ရေညာဦးရွာကို ဗုံး ၁ လုံးနှင့် ကျောက်ဖြူရွာကို ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ရေညာဦးရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန်ပြီး ဆေးရုံကို ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "“တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝိုင်းပိတ်ဆို့ထားလို့ စစ်ခွေးနဲ့ တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲက အပြင်းအထန် မဟုတ်ပေမယ့် ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကို စစ်ခွေးတွေက ဗုံးမကျဲဘဲ ရွာတွေကို ကျဲချလို့ ပြည်သူ ၂ ဦး သေဆုံးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ကျေးရွာများမှ ပြည်သူ အများစုသည် စစ်ဘေးရှောင် တိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/05/101104/
သပိတ်ကျင်းမြို့နယ်၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုနေသော စစ်တပ်စစ်ကြောင်းကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
["သပိတ်ကျင်းမြို့နယ်၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုနေသော စစ်တပ်စစ်ကြောင်းကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ မေ ၆", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည် သူပိုင် ပစ္စည်းများကို လုယက်နေသော စစ်တပ်စစ်ကြောင်းကို PDF တပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးကြောင်း Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် အင်အား ၆၀ ခန့်ပါသော စစ်တပ်စစ်ကြောင်းက မူးရူးသောက်စားရမ်းကားကာ လက်ပန်ကုန်းရွာမှစပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ခိုးယူ လုယက်နေရာမှ တကောင်းမြို့အနီး ဆူးတောရွာရှိ ပြည်သူနေအိမ်၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများ ခိုးယူသယ် ဆောင် နေစဉ် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ မူးရူးနေချိန်ဖြစ်၍ စစ်သား ၁၀ ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ကျနော်တို့ ဝင်ပစ်တော့ စစ်သား ၁၀ ဦးလောက်သေတယ်။ စစ်သား ၂၀ အထိအခိုက်ရှိတယ်။ ဒဏ်ရာရတဲ့ ၂၀ ထဲမှာ ခြေပြတ်လက်ပြတ်ကောင်တွေပိုများတယ်ဗျ။ ထိခိုက်ဒဏ်ရာရတဲ့ ၂၀ ထဲမှာ ” ဟု Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။", "တိုက်ပွဲအပြီး တကောင်းမြို့ထဲမှ နာရေးကား ၃ စီးဖြင့် အလောင်းများ လာရောက်သယ်ဆောင်သွားပြီး ညနေပိုင်းတွင် တကောင်းသုဿာန်တွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သားများအား အမိန့်ပြန်တမ်းပြုလုပ်ကာ မြေမြှပ်သဂြိုလ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို သပိတ်ကျင်းမြို့နယ် ပကဖ၊ Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့၊ တကောင်း ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- Tbkတောဆင်ရိုင်းပျောက်ကြားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2025/04/211070/
သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ်အဆောက်အအုံများ ပျက်စီး
["သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ်အဆောက်အအုံများ ပျက်စီး", "ရန်ကုန်၊ ဧပြီ ၁၂", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ၊ ကြက်ရိုးပင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်နှင့်အဆောက်အအုံ ၃ လုံးခန့် ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၂၁ မိနစ်အချိန် သပိတ်ကျင်းမြို့နယ် ၊ ကြက်ရိုးပင်ရွာတွင် တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိကြောင်း၊ Golden Hill ကေတီဗွီ အဆောက်အဦး အပါအဝင် လူနေအိမ် ၃ လုံးခန့် ပျက်စီးပြီး နွား ၁ ကောင် သေဆုံးခဲ့ကြောင်းသိရသည်။", "“အဆောက်အအုံက ၃ လုံးလောက်ထိခိုက်ပျက်စီးတယ်။ ဒဏ်ရာရတဲ့သူ ၄ ယောက်ကတော့ အရမ်း ကြီး မစိုးရိမ်ရဘူးလို့ သိရတယ်။ ဗုံးက ပေါင် ၂၀၀ ဗုံးလို့ ယူဆရတယ်၊ တစ်လုံးပဲ ကျဲသွားတာ၊ စစ် တပ်က လေကြောင်းတိုက်ခိုက်မှု နားမယ်၊ နားမယ်ဆိုပြီး အာချောင်တာပဲရှိတယ်။ ပြည်သူတွေ ဒီ လောက် စိတ်ဒုက္ခရောက်နေတာ၊ စားစရာ၊ နေစရာတွေအရမ်းခက်ခဲနေတဲ့အချိန် သူတို့က ပြည်သူ တွေ ပိုဒုက္ခရောက်အောင်လုပ်တယ်။ အပစ်အခတ်ရပ်စဲမယ်ဆိုပြီး ပြည်သူတွေကို ကူညီနေတာ ဘာမှ မရှိဘူး။ ပြင်ဦးလွင်ခရိုင်မှာ ဆိုရင် သပိတ်ကျင်း ၊ စဉ့်ကူး၊ မတ္တရာ မြို့နယ်တွေကို ကျဲနေတယ်။” ဟု ပြင်ဦးလွင်ခရိုင် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ယာယီအပစ်အခတ်ရပ်စဲသည် ဟု ကြေညာထားသော်လည်း လေ ကြောင်းမှ အဆက်မပြတ်ဗုံးကျဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်သားများ နှင့် ဝေးရာတွင်နေထိုင်ကြရန်၊ လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်း များ တူးထားကြရန်၊ လေကြောင်းရန် သတိပေးချက်များကို လိုက်နာပေးကြပါရန် တိုက်တွန်း နှိုးဆော်ထားသည်။"]
https://yktnews.com/2024/08/177095/
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်
["သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်", "ရန်ကုန်၊ ဩဂုတ် ၃", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာရဲစခန်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ တိုက်ခိုက်နေသည့်ကြားမှ တော်လှန်ရေး တပ်ဖွဲ့များအပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သေဆုံးမှု စာရင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေကို စီစစ်နေဆဲဖြစ်၍ အသေးစိတ် အခြေအနေကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "“စစ်ခွေး သေဆုံးမှု အရေအတွက် နဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုတော့ ထပ်မံထုတ်ပြန်ပါ့မယ်။ လက်ရှိချိန်ထိ နယ်မြေရှင်းလင်းတာတွေ စီစစ်တာတွေ လုပ်နေတုန်းပါပဲ” တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/08/178073/
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရှိ စစ်တပ် အထိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား အလောင်း ၉ လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရရှိ
["သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရှိ စစ်တပ် အထိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား အလောင်း ၉ လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်သား အလောင်း ၉ လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သပိတ်ကျင်းတိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကုန်းများကို တော်လှန်ရေးမှ တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆက်လက်တောင့် မခံနိုင်တော့ဘဲ စခန်းကုန်းများကို စွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ယင်း ၁၇ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးပြီး အလောင်း ၉ လောင်းနှင့် MA-1 ၊ MA-3 ၊ MA-12 အမျိုးအစား သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေး အလောင်းကတော့ လရှည်တိုက်တာဖြစ်တဲ့ အတွက်ကို ကျွန်တော်တို့ ကုန်းကို မသိမ်းနိုင်သေးတဲ့ အချိန်မှာ ခွေးကုန်းပေါ်မှာ မြုပ်ထားတဲ့ အလောင်းတွေကတော့ရှိတယ်။ ကျွန်တော်တို့ သိမ်းတဲ့နေ့ကတော့ အလောင်း ၉ လောင်းရတယ်။ ခွေးကုန်း ၃ ကုန်းပေါ်မှာ အလောင်း ၉ လောင်းရတယ်။ သိမ်းဆည်းရမိတွေကတော့ MA-1 ၊ MA-3 ၊ MA-12 အားလုံးပေါင်း ၉ လက် ရရှိပါတယ်” ဟု သပိတ်ကျင်းတိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ ၊ ပြင်ဦးလွင်ခရိုင်အမှတ် (၁) တပ်ရင်း ၊ အမှတ်(၂)တပ်ရင်း၊ အမှတ်(၅၀၉)တပ်ရင်း၊ အမှတ်(၅၁၀) တပ်ရင်း ၊ ပြင်ဦးလွင်ခရိုင်(ပကဖ)၊ သပိတ်ကျင်းမြို့နယ်(ပကဖ)၊ စဉ့်ကူးမြို့နယ် (ပကဖ)၊ Nine PDF တပ်ဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း၊ ပြင်ဦးလွင် Drone တပ်ဖွဲ့ ၊ ရွှေဘိုခရိုင် Drone တပ်ဖွဲ့ ၊ မန်းခရိုင် Drone တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/93160/
သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော​ကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီး
["သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သော​ကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီး", "ရန်ကုန်၊ မတ် ၁၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ စပယ်နဂိုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၈ ရက်နေ့ ည ၉ နာရီ ၅၈ မိနစ်ခန့်က သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ အခြေစိုက် အမှတ် ၁၃ စစ်တပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်းမှ စစ်သားများက စစ်ကား ၅ စီးဖြင့် စပယ်နဂိုရွာကို ရောက်ရှိလာပြီး ကျေးရွာအတွင်း ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "” မတ်လ ၁၈ ရက်နေ့ ညပိုင်းက သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ တပ်စွဲထားတဲ့ တတက ၁၃ က စစ်ခွေးကား ၅ စီးစပယ်နဂိုရွာကို ရောက်လာပြီး ၈၀ မမ လက်နက်ကြီးနဲ့ ၇ ချက်လောက် ရမ်းသမ်း ပစ်ခတ်ခဲ့လို့ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့တယ်။ ပြည်သူတွေကတော့ စစ်ခွေးသတင်းကြိုတင် ရတာကြောင့်တိမ်းရှောင်နိုင်ခဲ့တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/104972/
သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး
["သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မေ ၂၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ဆယ်ဇင်းကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပြည်သူတစ်ဦး သေဆုံးကာ နေအိမ် ၃ ခန့် ထိခိုက်ပျက် စီးခဲ့ကြောင်း တကောင်းတိုက်နယ်တွင် နေထိုင်သူ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "မေလ၂၇ ရက်နံနက်ပိုင်းတွင် မန္တလေးမြို့မှ တကောင်းတိုက်နယ်အတွင်းသို့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကား ၁၀ စီးခန့်ဖြင့် တက်လာသော ထောက်ပို့ယာဉ်တန်းနှင့် အတူ လိုက်ပါလသော အကြမ်းဖက်စစ်သားများသည် ဆယ်ဇင်းကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်မီးရှို့ခဲ့သဖြင့် ဆယ်ဇင်းကုန်းကျေးရွာနေ အသက် ၂၉ နှစ် အရွယ် ကိုကျော်ဇောလင်း၏ ဦးခေါင်းကို လက်နက် ကြီးထိမှန်သေဆုံးပြီး အသက် ၃ နှစ်အရွယ် မောင် ဝေဖြိုးကျော်၏ ခြေထိမှန်ကာ ကြာညှပ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်တာမရှိဘူး၊ မန္တလေးကနေ အထက်ဘက်ကို ထောက်ပို့သွားဖို့နေမှာ ယာဉ်တန်းက၊ ရွာထဲကို ဝင်မွှေသွား၊ ထိခိုက်ပျက်စီးမှုအခြေအနေက လောလောဆယ်သိရတာ ၃ လုံးလောက်ရှိတယ်၊ စာရင်း တော့ ကောက်နေတယ်၊ ရွာသားတွေလဲ ပြန်ဝင်လို့တော့ရပြီ၊ ကားတန်းက မြတောင်ဘက်ရောက်သွားပြီ “ ဟု တကောင်းတိုက်နယ်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/05/104184/
သပိတ်ကျင်းမြို့နယ်၊ ဆူးတောရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး
["သပိတ်ကျင်းမြို့နယ်၊ ဆူးတောရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၄", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆူးတောရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်တပ်များလိုက်ပါလာသော ဖောကား ၂ ဦးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) – ကြာညှပ်မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ဆူးတောကျေးရွာကို မီးရှို့ပြီး ဖောကား ၂ စီးဖြင့် ပြန်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း​ကို တွင်းငယ်ရွာအနီး ပဒေသာမိုင်းဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ်မှ စောင့်ကြို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ကား ၂ စီးလုံး ထိုးရပ်သွားကာ စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။", "” စစ်ခွေးက ၄ ကောင်ထက်မနည်း သေဆုံးတယ်။ နောက်တစ်ခု ပြောချင်တာက ကျွန်တော်တို့ တပ်ဖွဲ့တွေ မိုးတွင်းအတွက် ရပ်တည်ရေး ကိစ္စမှာ ခက်ခဲဖြစ်နေလို့ မိဘပြည်သူတွေအနေနဲ့ ကူညီပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု သပိတ်ကျင်းမြို့နယ် (ပကဖ) – ကြာညှပ်မှ ရဲဘော် တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/08/178543/
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထား
["သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထား", "ရန်ကုန်၊ ဩဂုတ် ၁၂", "မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ သတင်းထုတ်ပြန် သည်။", "ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် သပိတ်ကျင်းမြိုနယ် ၊ ဇရပ်ကွင်း တပ်စခန်း ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)သည် သပိတ်ကျင်းမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။", "ဩဂုတ်လ ၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သပိတ် ကျင်းမြိုနယ်ရှိ ခလရ ၁၄၈ တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်း ၊ ကွင်း ၃၀ ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ စုစုပေါင်း တပ်စခန်း ၈ ခုတို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။", "သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးတွင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130985/
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး
["သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအား ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၉ ရက် နံနက် ၄ နာရီခန့်က သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွက်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံး၌ အခိုင်အမာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၉ လုံးချပြီး နောက် မီတာ ၃၀ အကွာမှ အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ် သား ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်ကာ သိမ်းဆည်းရန် ကြိုးစားခဲ့သော် လည်း တိုက်ပွဲချိန်မလုံလောက်သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများအပြင် ကား ၂ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့ ၊ Nine PDF တပ်ဖွဲ့ ၊ ဗိုလ်ကင်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်(ပကဖ) တောဆင်ရိုင်းတပ်ဖွဲ့နှင့် Northern Tiger Group (NTG) တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/120041/
သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု ရဲတပ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက် ရရှိ
["သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှု ရဲတပ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက် ရရှိ", "ရန်ကုန်၊ ဩဂုတ် ၂၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်ပစ်ခတ်ရာ ရဲတပ်သား ၁ ဦးသေဆုံးပြီး လက် နက် ၁ လက် ရရှိကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင် ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ သြဂုတ်လ ၂၆ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ မိုးမိတ်တက် ကားလမ်းမဘေးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင်ရိုင်း ပြောက်ကျား တပ်ဖွဲ့ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ကြောင့် ဂိတ်စောင့် ရဲတစ်ဦး ဒဏ်ရာရရှိကာ အခြားရဲတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲကိုင်ဆောင်ထားသည့် G3 (Gun) တစ်လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီအထိုင်ချတဲ့ နေရာပေါ့။ အခု မစ်ရှင်လုပ် ခဲ့တဲ့ နေရာက အရပ် အခေါ် ၁၃ တပ် လို့ ခေါ်တဲ့ တန်းမြင့်နဲ့လေ့ကျင့်ရေး သင်တန်းကျောင်းနဲ့နီးတယ်။ နီးတာမှာ ဆိုင်ကယ် ၁၅ မိနစ်လောက်ပဲ မောင်းရ တယ်။ အဲဒီကြားထဲမှာမှ ကျနော်တို့ စွန့်စွန့်စားစား လုပ်ခဲ့ကြတာပေါ့။ သေတဲ့ရဲ ခွေးက တပ်သားအဆင့် ။ သောင်လယ်ရွာသားလို့ သိရတယ်။ သူ့နာ မည် က မာရာလို့ခေါ်တယ်” ဟု ပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြသည်။", "စစ်ဆင်ရေး ပစ်ခတ်မှုသည် အချိန် ၅ မိနစ်သာကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲ ဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/175997/
သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိ၊ သေနတ် ၂၂ လက် သိမ်းဆည်းရရှိ
["သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိ၊ သေနတ် ၂၂ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၇", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိကာ သေနတ် ၂၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ က ပြောဆိုသည်။", "ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာရှိ ရဲအုပ် ကျော်ဝဏ္ဏထွန်း (စခန်းမှူး) ဦးစီးသော ရဲ အင်အား (၉) ဦးရှိသည့် တွင်းငယ် ရဲစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံး ကွပ်ကဲ၍ အမှတ် (၅၀၉) တပ်ရင်း၊ KIA/KPDF၊ ABSDF နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရကာ ၂ ဦး ဖမ်းဆီးရမိကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သား ၂ ဦး ပျောက်ဆုံးနေပြီး ၎င်းတို့ထံမှ လက်နက်ငယ် ၉ လက်၊ ကျည်မျိုးစုံ ၁၁၀၃ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ် ၁၉ ခု၊ Equipment ၅ ခု၊ ကျောပိုးအိတ် ၂ လုံး၊ ခါးပတ် ၁ ခု၊ ဘေးအိတ် ၃ လုံး၊ ဦးထုပ် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ လက်ကိုင်ဖုန်း ၆ လုံး၊ keypad ဖုန်း ၂ လုံး တို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။", "ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းကို အထူးလှုပ်ရှား တပ်ရင်း-၃ နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့က ဝင်ရောက်စီးနင်း သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၁၃ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ ကျည်အိမ် ၂၈ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/105745/
သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီးရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦး အရှင်ဖမ်းမိပြီး တူမီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ
["သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီးရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦး အရှင်ဖမ်းမိပြီး တူမီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဇွန် ၂", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏကြီးရွာရှိ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ရာ ၃ ဦး အရှင်ဖမ်းမိပြီး တူမီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီးပျူစောထီးရွာကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ရာတွင် ပထမဦးစွာ Drone ဖြင့် ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့​ပြီး မြေပြင်မှ တပ်ဖွဲ့ ၂ ဖွဲ့ခွဲ၍ ရွာထဲသို့ဝင်ရောက်ခဲ့ကာ အဖွဲ့ ၁ မှ ရွာလယ် ကင်းစခန်း နားကပ်၍ ကင်းကုန်း၌ ဝင်ရောက် နေရာယူချိန် ပျူစောထီး ၂ ဦးမှာ ကင်းနား ကပ်လာသောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။", "ထို့နောက် ရွာထဲသို့ ဝင်ရောက်ခဲ့သော တော်လှန်ရေး တပ်ဖွဲ့များကို ပျူစောထီးများမှ ပစ်ခတ်တိုက်သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များမှ ပြန်လည် ပစ်ခတ်ရာ ပျူ‌စောထီး ၃ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိပြီး ထွက်ပြေးသွားကြောင်း၊ ပျူကင်းကုန်းတွင် ကျန်နေသော ပျူစောထီး ၃ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ် ၅ စီးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်", "တပ်ဖွဲ့ ၂ သည် ရွာအရှေ့ဘက်မှ ရွာထဲသို့ဝင်ရောက်ခဲ့ရာ မောင်းပြန် ကိုင်ဆောင် ထားသော ပျူစောထီးကို တွေ့၍ တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ ပစ်စ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းပျူစောထီးသည် ထွက်ပြေးသွားကြောင်း၊ ထို့နောက်ရွာထဲသို့ဝင်၍ အုပ်ချုပ်းမှူး နေအိမ်ကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ ပျူစာရင်းစာအုပ်၊ တူမီး ၂ လက်၊ တူမီးယမ်း ဆက်စပ်ပစ္စည်းများ၊ လက်လုပ်တစ်တောင့်ထိုး ၂ လက်၊ 7.62 ကျည်၊ ကျည်ဘောက်၊ 120MM ပို့ယမ်း၊ ဓားနှစ်လက် အစရှိသည့် ပစ္စည်းများသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။", "” ပျူစ​ောထီး ၃ ဦးကိုတော့ ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်မှုတွေ ပြုလုပ်နေပါတယ်။ သူတို့ အပြစ်ပေါ် မူတည်ပြီး ထိထိ ရောက်ရောက် အရေးယူသွားမယ်။ နောက်နောင်ပျုစောထီးရွာ အဖြစ်နဲ့ ရပ်တည်နေမယ်ဆိုရင်တော့ ထိထိ ရောက်ရောက် ရှင်းလင်း ဆောင်ရွက်မှာဖြစ်တယ်” ဟု ဗိုလ်လင်းယုန် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ဇင်‌ယော် PDF တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့နှင့် Northern Tigers Group တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/211836/
သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးပြီး သေဆုံးသူများ ထပ်တိုးနိုင်
["သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးပြီး သေဆုံးသူများ ထပ်တိုးနိုင်", "ရန်ကုန်၊ ဧပြီ ၁၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး သေဆုံးသူများ ထပ်တိုးနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ် နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တာရာယ် စိုးရိမ်ရသူများ ပါဝင်ပြီး သေဆုံးသူ ပိုများလာနိုင်ကြောင်း သိရှိရသည်။", "“သေဆုံးသူတွေ ထပ်ရှိနိုင်သေးတယ်။ ကျနော်တို့ ရှင်းလင်းရေး လုပ်နေတုန်းလေ ကလေး ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးတယ်။ ဆေးကုသမှု ခံယူနေတဲ့ ပြည်သူတွေ အခြေအနေကို ကျနော်တို့ ဆက်လက် စောင့်ကြည့်ရအုန်းမယ်” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ပြောဆိုသည်။"]
https://yktnews.com/2025/04/211863/
သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု သေဆုံးသူ ၂၄ ဦးထိ ရှိလာ
["သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု သေဆုံးသူ ၂၄ ဦးထိ ရှိလာ", "ရန်ကုန်၊ ဧပြီ ၁၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း သေဆုံးသူ ၂၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး လက်ရှိချိန်ထိ ဆေးကုသမှု ခံယူနေသူများထဲမှ ပြင်းထန်ဒဏ်ရာရရှိသူ ၁၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထိုကြောင့် သေဆုံးသူ ၂၄ ဦးထိရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ထိခိုက် ဒဏ်ရာရရှိသူ ၃၀ ဦးကျော်ရှိပြီး ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်သည့် အတွက် သေဆုံးမှု အရေအတွက် ထပ်တိုးလာနိုင်ကြောင်း သိရသည်။", "“ရေထွက်ကျေးရွာကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီး နဲ့ ဗုံး ၂ လုံးကျဲချသွားတာ နေအိမ် ၂၅ လုံး မီးလောင် ပြကျတယ်။ ဒဏ်ရာရသူကတော့ ၃၀ ဦးရှိတယ်။ သေဆုံးတာက ၂၄ ဦးထိ ရှိသွားပြီ” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/211727/
သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး
["သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို‌ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှု များပြားကြောင်း သိရှိရသည်။", "” လိပ်ကျရွာကို ဒီနေ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲသွားတာ ပြည်သူ ၁၃ ဦးသေဆုံးတယ်လို့ ကနဦး သိရပါတယ်။ သေဆုံးတဲ့ ထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များတယ်လို့ သိရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/211512/
သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်
["သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၆", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို သင်္ကြန်အတက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၁၇ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာကို မိတ္ထီလာရှမ်းတဲ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ပြည်သူ အထိအခိုက်တော့ မရှိပါဘူး။ နေအိမ် အဆောက်အဦးတွေတော့ ပျက်ဆီးမှုရှိပါတယ်” ဟု ပြင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေး နှိုးဆော်ထားသည်။"]
https://yktnews.com/2024/04/159798/
သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦး အရှင်မိ၊ ၄ မိုင်ရွာရှိ စစ်စခန်းကိုလည်း ပစ်ခတ် တိုက်ခိုက်
["သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦး အရှင်မိ၊ ၄ မိုင်ရွာရှိ စစ်စခန်းကိုလည်း ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၂၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၂၂ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်းအတွင်း အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ဖွဲ့ခွဲ၍ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် လိပ်ကျရွာမှ ပျူစောထီး သာဌေး ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သော်လည်း ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး သာဌေး ထံ မှ GLock-19 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာမှ ပျူစောထီး ရဲလင်းကိုလည်း အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။", "ဧပြီလ ၂၁ ရက် နေ့ကလည်း သပိတ်ကျင်းမြို့နယ် ၄ မိုင် ကျေးရွာအနီးရှိ တာဝါတိုင်ကုန်းတွင် တပ်စွဲထား သော အကြမ်းဖက်စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် မင်းမခ စစ်ကြောင်းတို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/181239/
သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၁၃ လက် သိမ်းဆည်းရရှိ
["သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၁၃ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၃၀", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၁၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်းအမှတ် (၁) စစ်ဒေသက ပြောဆိုသည်။", "ဩဂုတ်လ ၂၉ ရက်နေ့မှစ၍ သပိတ်ကျင်းမြို့နယ်ရှိ တတက-၁၃ ၊ စခတ-၂ ၊ သနတ-၁ ထုတ်နုတ် အဖွဲ့ တပ်စွဲထားသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂) ၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်/သပိတ်ကျင်းမြိုနယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ၊ ကန့်ဘလူခရိုင် W-89 တိုမှ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် ၁၃ လက်၊ ကျည် ၂၇၉၆ တောင့်၊ Drone Slayer ၂ လက်၊ ၆၀ မမ ဗုံးသီး ၄၃ လုံး၊ အီနာဂါ ၆ လုံးနှင့် ကျည်အိမ် ၂၂ ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/161896/
သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာမှ အသက် ၁၁ နှစ်အရွယ် မောင်စန်းနောင်ဇော် စစ်ဘေး တိမ်းရှောင်ရင်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန် သေဆုံး
["သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာမှ အသက် ၁၁ နှစ်အရွယ် မောင်စန်းနောင်ဇော် စစ်ဘေး တိမ်းရှောင်ရင်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန် သေဆုံး", "ရန်ကုန်၊ မေ ၁၁", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာမှ အသက် ၁၁ နှစ်အရွယ် မောင်စန်းနောင်ဇော် စစ်ဘေးရှောင်ရင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ် မောင်စန်းနောင်ဇော် လက်နက်ကြီး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။", "“‌စစ်ဘေးရှောင်ဖို့ စက်ဘီးနဲ့ထွက်ပြေးတဲ့ ကလေးငယ် ဦးခေါင်းထိသွားတာ။ တိုက်ပွဲတော့မဖြစ်တော့ဘူး။ ဒါပေမဲ့ ရမ်းသမ်းပီးပစ်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "၄ မိုင်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၇ ရက်နေ့တွင်လည်း ဗုံးကျဲပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရွာဦး ဘုန်းကြီးကျောင်းတွင် အကြမ်းဖက်စစ်သားများ ရှိနေ၍ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/08/176882/
သပိတ်ကျင်းရှိ ချောင်းကြီးရွာကို စစ်တပ်က Y 12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်၊ ကနီတွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း တက်လာသော စစ်ရေယာဉ်အုပ်စုနှင့် ရဟတ်ယာဉ်များက ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်
["သပိတ်ကျင်းရှိ ချောင်းကြီးရွာကို စစ်တပ်က Y 12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်၊ ကနီတွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း တက်လာသော စစ်ရေယာဉ်အုပ်စုနှင့် ရဟတ်ယာဉ်များက ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ သြဂုတ် ၁", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၃၁ ရက်နေ့နှင့် ယနေ့ သြဂုတ် ၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာကို အကြမ်းဖက် စစ်တပ်က Y 12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ချောင်းကြီးရွာကို ဇူလိုင်လတုန်းကလည်း နေ့စဉ်ကျဲတာ မနေ့ကနဲ့ ဒီနေ့လည်းထပ်ကျဲတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ ရွာထဲကို ပြန်မဝင်ရဲသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ချောင်းကြီးရွာကို ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့ ၇ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်သေဆုံးကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄၈ လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်း အတိုင်း တက်လာသော အကြမ်းဖက် စစ်တပ်၏ ရေယာဉ်အုပ်စုနှင့် ရဟတ်ယာဉ်များက ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၂ စီး ၊ ပလက်ခွံ ၇ စီး နှင့် မော်တော် ၃ စီး ပါ စစ်ရေယာဥ်အုပ်စုသည် မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့ နမခ မှ တက်လာသော MI-35 ရဟတ်ယာဉ် ၂ စီး ကလည်း ကျေးရွာများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "Photo – ချောင်းကြီးရွာကို ဇူလိုင်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ ၇ ရက်ဆက်တိုက် အကြမ်းဖက် စစ်တပ်က ဗုံးကျဲ မှုကြောင့် ပျက်စီးသွားသော နေအိမ်များ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/01/83039/
သပိတ်ကျင်း၊ ကျွန်းကြီးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကသာမြို့နယ်၊ တိုက်ကုန်းရပ် ကျေးရွာ တွင် လူနေအိမ်များအပြင် ဘုန်းကြီးကျောင်းကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် သံဃာများ သီတင်းသုံးစရာ နေရာ မရှိ
["သပိတ်ကျင်း၊ ကျွန်းကြီးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ကသာမြို့နယ်၊ တိုက်ကုန်းရပ် ကျေးရွာ တွင် လူနေအိမ်များအပြင် ဘုန်းကြီးကျောင်းကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သဖြင့် သံဃာများ သီတင်းသုံးစရာ နေရာ မရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကျွန်းကြီးကုန်းရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် မီးရှို့သွားကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကျွန်းကြီးကုန်းကျေးရွာကို စစ် တပ် က မီးတင်ရှို့ခြင်းဖြစ်ပြီး အဆိုပါ ကျွန်းကြီးကုန်းရွာသည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အစပ် ဧရာ၀တီမြစ် ကမ်း ဘေးတွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်ကြောင်း၊ စစ်တပ်က တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အခုထိမီးရှို့နေတယ်။ ဒီခွေးတွေက မောင်းကုန်းကနေ ဧရာဝတီမြစ်ကို သံခွံ မော် တော် နဲ့ဖြတ်ကူးပြီး ရွာကိုမီးရှို့နေတာ။ ရွာထဲကနေမထွက်သေးတော့ မီး လောင် တဲ့ အိမ်အတိအကျ မသိရသေးဘူး။ လူတွေကတော့ အကုန် ထွက် ပြေး နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ယခု ဇန်နဝါရီလအတွင်း ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ သပိတ် ကျင်း မြို့နယ် အပါအဝင် ဧရာ၀တီမြစ်ကမ်းဘေး ဝဲယာ တစ်လျှောက်ရှိ ကျေး ရွာ များကို စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာ များကို နေ့ စဉ် မီးရှို့နေကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားကျေးရွာအုပ်စု၊ တိုက်ကုန်းရပ် ကျေးရွာတွင်လည်း စစ်တပ်က နေအိမ်များအပြင် ဘုန်းကြီးကျောင်းကိုပါ မီးရှို့ ဖျက်ဆီးသဖြင့် သံဃာတော်များ သီတင်းသုံးစရာ နေရာမရှိ ဖြစ်နေကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ အထိ စစ်ကောင်စိတပ်က တိုက်ကုန်းရပ် ကျေးရွာ ကို မီးတင်ရှို့ခြင်းဖြစ်ပြီး နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီး သွား ကြောင်း၊ တိုက်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ဥပုသ်သည်နား ဆောင် များ ကိုပါ မီးရှို့ဖျက်ဆီးသဖြင့် ကျောင်းဆောင်များ ပျက်စီးသွားကြောင်း ၊ သံ ဃာ တော်များမှာလည်း ထွက်ပြေးရသဖြင့် သီတင်းသုံးစရာ နေရာမရှိသည့် အပြင် နာရေးများအတွက် သရဏဂုဏ်တင်ရန် အခက်အခဲရှိနေကြောင်း သိရှိရသည်။", "လက်ရှိတွင် ကသာမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်က မှတ်တိုင် ကျေးရွာ၊ နမ့်စမ်းကျေးရွာနှင့် ဆူးပုတ်ကုန်းရွာဘက်သို့ ဦးတည်နေသဖြင့် ပြည် သူ များ ထွက်ပြေး ရှောင်တိမ်းနေရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်က မီးရှို့ခြင်း၊ လေယာဉ်ဖြင့် ပစ်ခတ်ခြင်းများဖြင့် ဖျက်ဆီးထား သော ကသာမြို့နယ်၊ တိုက်ကုန်းရပ်ကျေးရွာ မြင်ကွင်း။"]
https://yktnews.com/2023/01/79444/
သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းနှင့် စစ်ကူလာသော စစ်ကားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း စစ်တပ် တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်
["သပိတ်ကျင်း၊ ချောင်းကြီးရဲစခန်းနှင့် စစ်ကူလာသော စစ်ကားများကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ တန့်ဆည်တွင်လည်း စစ်တပ် တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၅", "မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကူလာသော စစ်ကားများပါ မိုင်းဆွဲ တိုက်ခိုက်သောကြောင့် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၄ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာနယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှု ဖြစ်ပွားနေစဥ်အတွင်း ည ၉ နာရီ ၁၅ မိနစ်တွင် ဇရပ်ကွင်းကျေးရွာမှ စစ်ကားငယ် ၂ စီးဖြင့် စစ်ကူရောက်ရှိလာစဥ် ဆင်မွှေးကျေးရွာနှင့် လိပ်ကျကျေးရွာ အကြားတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ည ၉ နာရီ ၂၅ မိနစ်တွင် စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဘက်မှ စက်လက်ပါ စစ်ကား ၁ စီးဖြင့် ထပ်မံ စစ်ကူရောက်ရှိလာစဥ် ချောင်းကြီးကျေးရွာနှင့်နယ်ခြား မှတ်တိုင်အကြားတွင် ပဒေသာမိုင်း ၆ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "” ရဲစခန်းကို ဝင်တိုက်တာက စစ်ခွေး ၃ ကောင်သေတယ်။ စစ်ကူလာတဲ့ စစ်ခွေးကားတွေကို ၂ ကြိမ် မိုင်းဆွဲတာ စစ်ခွေး ၃ ကောင်သေတယ်။ တိုက်ခိုက်မှု ၂ ခုပေါင်း စစ်ခွေး ၆ ကောင်သေတယ်။ ပင်လယ်ကြီး စစ်တပ် ဂိတ်စခန်းက ၆ ဘီးကား ၂ စီးနဲ့ စစ်ခွေးတွေ ထပ်ရောက်လာလို့ ကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းယုန် တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ကောင်းကင် တပ်ဖွဲ့ (ပြင်ဦးလွင် ခရိုင်ပကဖ)၊ စဥ့်ကူးမြို့နယ် (ပကဖ)နှင့် Nine pdf တပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကာ စဥ့်ကူးမြို့နယ် ပင်လယ်ကြီး စစ်တပ် ဂိတ်စခန်းမှ ၆ ဘီးကား ၂ စီးဖြင့် တပ်ကူထွက်လာခြင်းကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစော ထီး များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားကြောင်း Guerilla Warfare –KPK ထံမှ သိရသည်။", "ဇန်နဝါရီလ ၅ ရက် နံနက် ၆ နာရီခန့်က အင်အား ၁၄၀ ခန့်ဖြင့် ဆင်ငယ်ရွာမှ ကျွန်းတောကုန်းရွာ ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ကျွန်းတောကုန်းရွာအဝင်တွင် အသင့် ပြင်ဆင်ထားသော တိုက်မိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးများပြားကြောင်း သိရသည်။", "တိုက်မိုင်းမိပြီး ကျန်ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ကျွန်တောကုန်းရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးပြီး ရွာအနောက်ဘက်ရှိ မူးဘောင်သို့ ထက်မံထွက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်သည်ဟု ဆိုသည်။", "ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ကျွန်းတောကုန်းရွာအတွင်းပြန်လည်ဆုတ်ခွာသွားပြီး အင်္က္ကုကားကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာလာရာ တိုက်မိုင်း ၂ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ အထိနာသွားပြီး ဒဏ်ရာရ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ကားနှစ်ဖြင့် သယ်ယူသွားကြောင်း Guerilla Warfare-KPK အဖွဲ့ထံမှ သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Guerilla Warfare-KPK ၊ TSR ၊ Taze Tiger ၊ PLA ၊ PRLF၊ မိုးကြိုးမုန်တိုင်း တပ်ဖွဲ့ ၊ ပကဖနှင့် ပလဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/07/175863/
သပိတ်ကျင်း၊ ချောင်းကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲမှု ပြည်သူ ၇ ဦးထက်မနည်း ထိခိုက် သေဆုံးပြီး နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီး
["သပိတ်ကျင်း၊ ချောင်းကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲမှု ပြည်သူ ၇ ဦးထက်မနည်း ထိခိုက် သေဆုံးပြီး နေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၂၇", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက် သေဆုံးပြီး နေအိမ် ၄၈ လုံး၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း Bo Linn Yone တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို လေကြောင်းဖြင့် ၇ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ချောင်းကြီးရွာကို စစ်ရေးပစ်မှတ်မဟုတ်ဘဲ Y-12 ဗုံးကျဲ လေယာဉ်ဖြင့် ၂၆ ကြိမ်၊ Mi-35 ဖြင့် ၁၄ ကြိမ်၊ Jet Fighter ဖြင့် ၁၁ ကြိမ် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄၈ လုံး ပျက်စီးခဲ့ပြီး လက်ရှိချိန်တွင် ရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/05/105155/
သပိတ်ကျင်း၊ ငါန်းဇွန်နှင့် တံတားဦးတို့တွင် ကြံ့ဖွတ်ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["သပိတ်ကျင်း၊ ငါန်းဇွန်နှင့် တံတားဦးတို့တွင် ကြံ့ဖွတ်ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၃၀", "မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တံတားဦးမြို့နယ်တို့တွင် ကြံ့ဖွတ်ပါတီဝင်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာတွင် မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ကြံ့ဖွတ်ပါတီဝင် ဟိန်းဝင်းဇော်သည် နွားကျောင်းနေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း၊ ဟိန်းဝင်းဇော်သည် ကြံ့ဖွတ်ပါတီဝင်ဖြစ်ပြီး ကိုးပင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ သားမက်ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ မေလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာအုပ်ချုပ်ရေးမှူးသည် နေအိမ်တွင် ရှိနေစဉ် သေနတ်သမားတချို့က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျည် ၉ ချက် ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“အခု ရွာမှာ အုပ်ကြီး မရှိတော့ပေမယ့် စစ်တပ်လာပြီးစောင့်အထိုင်ချနေတယ်။ ရွာထဲမှာ လူငယ်တွေတွေကတော့ ထွက်ပြေးနေရတယ်။ ” ဟု နဘဲပင်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောသည်။", "ထို့ပြင် မေလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ၊ ပျားကျေးရွာအုပ်စုတွင် ပျူစောထီး နေမျိုးသည် သေနတ်ဖြင့် ၈ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ပျူစောထီး နေမျိုးက ရွာမှာ အလောင်းကစားဝိုင်းတွေထောင်ပြီးဆက်ကြေးကောက်တယ်။ ပြီးရင် စစ်တပ်ကို ငွေသွင်းတယ်။ သူလည်း ကော်မရှင်မျိုးယူတယ်။ ပျူစောထီးသင်တန်းဆင်းဖြစ်ပြီး စစ်တပ်နဲ့ပေါင်းက ရပ်ရွာအပေါ်ကိုမိုက်ကြေးခွဲနေသူလည်းဖြစ်ပါတယ်”ဟု ပျားကျေးရွာအုပ်စုမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/115272/
သပိတ်ကျင်း၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီး ထားကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီး
["သပိတ်ကျင်း၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီး ထားကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇူလိုင် ၂၈", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီး ထားကြောင်း Thabeikkyin Revolution – TR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆယ်ဇင်းကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။", "” စစ်ခွေးတွေက ရွာထဲမှာ တပ်ဆွဲထားတုန်း ရွာတွင်း ရွာပြင် တောစပ်တွေအထိ စုစုပေါင်း အင်အား ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲမှာ ကလေးငယ်တွေရောပါတယ်။ ပြည်သူ အချို့ကိုလည်း နေပူလှန်း နှိပ်စက်တာတွေ ရှိတယ်လို့ သိရတယ်” ဟု Thabeikkyin Revolution – TR မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရွာသား ၈၀ ကျော်ကို ဓားစာခံအဖြစ် ဆယ်ဇင်းကုန်းရွာ ဘုန်းကြီးကျောင်းထဲ၌ လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်များ ပါဝင်သောကြောင့် ဗိုက်ဆာ၍ အော်ငိုနေသည့် အသံများလည်း ဆူညံနေကြောင်း သိရသည်။"]
https://yktnews.com/2022/12/77931/
သပိတ်ကျင်း၊ ဇင်းချောင်းရွာကို စစ်တပ်က မီးတင်ရှို့နေ
["သပိတ်ကျင်း၊ ဇင်းချောင်းရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ဇင်းချောင်းရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဇင်းချောင်းရွာကို စတင်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” သပိတ်ကျင်းမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်း မှာရှိတဲ့ ဇင်းချောင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒီနေ့ နံနက်ပိုင်းမှာ မီးတင်ရှို့နေပါတယ်။ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ကာကွယ်ရေးအဖွဲ့နဲ့ အနည်းငယ် ပစ်တာတော့ရှိတယ်။ အင်အားမမျှလို့ ကာကွယ်ရေး အဖွဲ့တွေ နောက်ဆုတ်ပေးလိုက်ရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇင်းချောင်းရွာတွင် ဒီဇင်ဘာလ ၂၈ ရက်က စတင်ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်ရှိ​​ကြောင်း သိရသည်။"]
https://yktnews.com/2023/06/110303/
သပြေညို သတင်းလွှာကို အလှူငွေ ဆက်သွယ် လှူဒါန်းသည့် ပြည်သူ ၆ ဦး ဖမ်းဆီးခံရပြီး ကျန်ရှိသူများကို စစ်တပ်က လိုက်လံ ရှာဖွေနေ
["သပြေညို သတင်းလွှာကို အလှူငွေ ဆက်သွယ် လှူဒါန်းသည့် ပြည်သူ ၆ ဦး ဖမ်းဆီးခံရပြီး ကျန်ရှိသူများကို စစ်တပ်က လိုက်လံ ရှာဖွေနေ", "ရန်ကုန်၊ ဇွန် ၂၉", "မန္တလေးမြို့တွင် အကြမ်းဖက် စစ်တပ်၏ မြေပြင်လှုပ်ရှားမှုကို စုစည်း ဖော်ပြနေသည့် သပြေညို သတင်းလွှာ Facebook page ကို အလှူငွေ ဆက် သွယ် လှူဒါန်းသည့် ပြည်သူ ၆ ဦး ဖမ်းဆီးခံရကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့၏ တင်ပြစာတွင် သပြေညိုသတင်းလွှာ Facebook Page Admin ထံမှ ရရှိထား သော အကြမ်းဖက် စစ်တပ်၏ လှုပ်ရှားမှု သတင်းပေးပို့သူများ၊ တော်လှန်ရေး အတွက် ငွေကြေး ကောက်ခံပေးသူများ၊ ငွေကြေးထောက်ပံ့လှူဒါန်းခဲ့သူများ၏ အချက်အလက်များ စိစစ် ဖော်ထုတ်ပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "ဖမ်းဆီးထားသော ပြည်သူ ၆ ဦးနှင့် ချိတ်ဆက်လုပ်ဆောင်နေသည့် မန္တလေး UG အဖွဲ့ဝင်များကို ဆက်လက် ဖော်ထုတ် ဖမ်းဆီးနိုင်ရေး လုပ်ဆောင်လျက် ရှိကြောင်း သိရှိရသည်။", "” သပြေညိုသတင်း Page ကို အလှူငွေထည့်တဲ့ သူတွေနဲ့ သတင်းပေးတဲ့သူ တွေကို စစ်ခွေးတွေနဲ့ ရဲခွေးတွေ ပေါင်းပြီး ဖမ်းထားတာ ၆ ယောက်ရှိပြီ။ screenshot တွေကို ကြည့်ရတာ Page Admin တစ်ယောက်ယောက်က ဒလန် လုပ်နေတဲ့ပုံပဲ ဆက်စပ်ပြီးတော့ ထပ်ပြီးဖမ်းဖို့ရှိအုန်းမယ်ထင်တယ်။ ရှောင်ရမယ့် သူတွေ ရှောင်လို့ရအောင်” ဟု ရန်ကုန်ခေတ်သစ် သတင်း ရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/05/163203/
သမိုင်းလမ်းဆုံတွင် ညအချိန် လူငယ်၊ လူလတ် ၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေပေးသူ တချို့သာ ပြန်လည် လွတ်မြောက်၊ မန္တလေးတွင်လည်း အိုးဝေမောင်းသူတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား
["သမိုင်းလမ်းဆုံတွင် ညအချိန် လူငယ်၊ လူလတ် ၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေပေးသူ တချို့သာ ပြန်လည် လွတ်မြောက်၊ မန္တလေးတွင်လည်း အိုးဝေမောင်းသူတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား", "ရန်ကုန်၊ မေ ၁၉", "ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ ကားမှတ်တိုင်(အင်းစိန်ဘက်အခြမ်းအပြန်) တွင် လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပြီး ငွေပေးနိုင်သူ လူငယ်တချို့သာ ပြန်လည် လွတ်မြောက်ခဲ့ကာ တချို့မှာ စစ်တပ်ထဲသို့ စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းခံရမှုများရှိ ကြောင်းဖမ်းဆီးခံရသူလူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၁၆ ရက်နေ့ ည ၈ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံကားမှတ်တိုင်၊ အင်းစိန်သို့ ပြန်သည့် အခြမ်းတွင် ကားစောင့်နေကြသည့် လူငယ်၊ လူလတ်ပိုင်း ၇ ဦးကို စစ်တပ်က စစ်ကားဖြင့် လာရောက် ဖမ်းဆီး ခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ မည်သည့် အကြောင်းအရာမှ မေးမြန်းခြင်းမရှိဘဲ စစ်ကားက ကားမှတ်တိုင်သို့ ရောက်ရှိကာ လူငယ်နှင့် လူလတ် ၇ ဦးကို ကားပေါ် အတင်းဆွဲတင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "ထို့နောက် ဖမ်းဆီးခံရသူ လူငယ် လူလတ် ၇ ဦးကို အုတ်ကျင်းရှိ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကာ ထိုသို့ ဖမ်းဆီးခံရသူ ၃၀ ခန့်ရှိကြောင်း၊ စစ်တပ်က ဖမ်းဆီးခံရသူများကို စစ်မှုထမ်းလိုပါက တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည် ရွေးခိုင်းရန် ပြောဆိုလာကြောင်း၊ ငွေကြေးတတ်နိုင်သူတချို့က ၁၀ သိန်းဖြင့် မိဘဆွေမျိုးများကို ခေါ်ယူ ရွေးခိုင်းခဲ့သော်လည်း မရွေးနိုင်သော သူတချို့မှာမူ ဆက်လက် ဖမ်းဆီးခြင်း ခံရကြောင်း ပြန်လည် လွတ်မြောက်လာသူလူငယ်တစ်ဦး၏ မိဘ ဆွေမျိုးများက ပြောဆိုသည်။", "အလားတူ မန္တလေးမြို့၊ ၄၁ ညစျေးတန်းမှ အိုး၀ မောင်းသူ ကိုအောင်(ခ) ဘောကြီးကို ယမန်နေ့ ည ၁၀ နာရီအချိန် စစ်တပ်က လာရောက် ဖမ်းဆီးသွားကြောင်း၊ သားဖြစ်သူမှာ တောထဲတွင် PDF ရဲဘော် ဖြစ်နေ၍ ဖခင်ကို လာရောက်ဖမ်းဆီးသည်ဟု ပြောဆိုသွားကြောင်း ကိုအောင်(ခ) ဘောကြီးနှင့် သိကျွမ်းသူ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မန္တလေး ၄၁ ညဈေးမှာ အိုးဝေမောင်းတာ။ ကိုအောင်(ခ) ဘောကြီးက ။ အဲဒါကို မနေ့ည ၁၀ နာရီလောက်မှာ စစ်ကားတွေနဲ့ စစ်တပ်က ၀ိုင်းပြီး ဖမ်းတယ်။ သူ့သားက PDF ဖြစ်နေတယ်လို့ ဖမ်းတာလို့ ပြောတယ်။ အခုထက်ထိတော့ အဆက်အသွယ်မရတော့ဘူး။ အဲဒါ အရမ်းစိုးရိမ်စရာဖြစ်နေပါတယ်” ဟု မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- ရခိုင်ပြည်တွင် ပြည်သူများကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- APN။"]
https://yktnews.com/2023/03/93411/
သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူး အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်၊ ကစ်ရှနား ဆေးရုံတင်ထားရပြီး ကျူးလွန်သူ နယ်ထိန်းရဲကို အမှုဖွင့်မရ
["သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူး အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်၊ ကစ်ရှနား ဆေးရုံတင်ထားရပြီး ကျူးလွန်သူ နယ်ထိန်းရဲကို အမှုဖွင့်မရ", "ရန်ကုန်၊ မတ် ၂၀", "ပဲခူးတိုင်း ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နီလာလမ်းတွင် သမီးဖြစ်သူကို လဲကျအောင် လုပ်သည်ဟုဆိုကာ ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှ နယ်ထိန်းရဲ မြင့်လွင်က အသက် ၁၃ နှစ်အရွယ် ကစ်ရှနားကို ကိုင်ပေါက်ရိုက်နှက်ရာ ရိုက်နှက်ကိုင်ပေါက်ခံရသူ ကစ်ရှနား ဆေးရုံတင်ထားရပြီး ရိုက်နှက်သည့်နယ်ထိန်းရဲကို အမှုဖွင့်မရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ဟိန္ဒူလူမျိုး အသက် ၁၃ နှစ်အရွယ် ကစ်ရှနားသည် ညဘက် မီးပျက်ချိန် စက်ဘီးစီးလာစဉ် လမ်းပေါ်တွင် ဆော့ကစားနေသည့် နယ်ထိန်းရဲ မြင့်လွင်၏ သမီးကို မမြင်ဘဲ တိုက်မိခဲ့ကြောင်း၊ မြင့်လွင်၏ သမီးဖြစ်သူမှာ အထွေအထူး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း၊ နယ်ထိန်းရဲ မြင့်လွင်က သမီးဖြစ်သူကို ထိခိုက်သည်ဟုဆိုကာ ကလေးငယ် ကစ်ရှနားကို လမ်းပေါ်သို့ ကိုင်ပေါက်ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။", "နယ်ထိန်းရဲ မြင့်လွင်က ကစ်ရှနားကို ကိုင်မြှောက်၍ ၂ ကြိမ်တိုင်တိုင် ကွန်ကရစ်လမ်းပေါ်သို့ ကိုင်ပေါက်ရိုက်နှက်သည့် အတွက် အပြင်းအထန်ဒဏ်ရာရရှိကာ စိုးရိမ်ရ ဒဏ်ရာဖြင့် ဆေးရုံတင်ကုသနေရကြောင်း၊ လက်ရှိ ကစ်ရှနား သည် သွား ၃ ချောင်း ကျိုးကာ နှုတ်ခမ်းပေါက်ပြဲ ဦးခေါင်းမူးဝေ ဝေဒနာများ ခံစားနေရကြောင်း၊ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းအထိ ပါးစပ်မှ သွေးများ အန်နေကြောင်း သိရှိရသည်။", "“ အမှတ် ၃ နယ်ထိမ်း မြင့်လွင် ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် နီလာလမ်း နေသူဟာ သူ့အိမ်ရှေ့မှာ သူ့သမီးနဲ့ အတူရှိနေပါတယ်။ ည ၈ နာရီအချိန် ရပ်ကွက်မှာ မီးပျက်နေပါတယ် ။ အဝေရာလမ်းနေတဲ့ ဟိန္ဒူလူမျိုး အသက် ၁၃ နှစ်အရွယ်ကရှစ်နားက အသုတ်ဝယ်ပြီး စက်ဘီးစီးပြန်လာတာ။ ကလေးသဘာဝအရ စက်ဘီးကို လက်လွှတ်စီးရင် လမ်းပေါ် ကစားနေတဲ့ နယ်ထိန်းရဲ့ သမီးကို မမြင်ဘဲ ဝင်တိုက်မိလို့ နယ်ထိန်းရဲသမီးလေး လဲသွားတယ်။ နယ်ထိန်းက စက်ဘီးစီးလာတဲ့ ကလေးကို သူ့သမီးကို စက်ဘီးနဲ့ တိုက်ရပါ့မလားဆိုပြီး ကိုယ်လုံးကို ကိုင်မြှောက်ကာ ၂ ကြိမ်တိတိ ကွန်ကရစ်ပေါ်ကို ကိုင်ပေါက်ကာ ရိုက်တယ်။ ရွယ်တူကလေးတစ်ယောက်က မလုပ်ပါနဲ့ ဆိုပြီး ဝင်ဆွဲ ထမ်းပြေးခဲ့ရတယ်” ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ဖြစ်စဉ်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "နယ်ထိန်းရဲ မြင့်လွင်၏ ယောက်ဖ ဖြစ်သူနှင့် အစ်မ ကျောင်းဆရာမ ဒေါ်မြင့်သန်းက ကစ်ရှနား၏ မိဘများကို ငွေကြေးပေးပြီး အမှု ကျေအေးရန် ကြိုးစားကြောင်း၊ ကစ်ရှနား မိဘများကလည်း ကလေးငယ်ကို ကိုင်ပေါက်သူ နယ်ထိန်းရဲမြင့်လွင်ကို အမှုဖွင့်ရန် ကြိုးပမ်းသော်လည်း ရဲစခန်းက အမှုဖွင့်မပေးကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/87421/
သမ္မတရူး မင်းအာင်လှိုင်က ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်ပြီး စစ် တပ်ကို နံပါတ် ၁ အရေးကြီးဆုံး ဝန်ကြီးဌာနအဖြစ် သတ်မှတ်ကာ တိုင်းရင် းသားအရေး ဝန်ကြီးဌာနကို နောက်ဆုံးမှာထား
["သမ္မတရူး မင်းအာင်လှိုင်က ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်ပြီး စစ် တပ်ကို နံပါတ် ၁ အရေးကြီးဆုံး ဝန်ကြီးဌာနအဖြစ် သတ်မှတ်ကာ တိုင်းရင် းသားအရေး ဝန်ကြီးဌာနကို နောက်ဆုံးမှာထား", "By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်မင်းအောင်လှိုင်က သူစိတ်တိုင်းကျ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေရဲ့ ဝါစဉ်ကို ၂၀၂၃ ခုနှစ် အတွက် သတ်မှတ် လျှို့ဝှက် ထုတ်ပြန်လိုက်ပါတယ်။", "ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး လက် နက်အားကိုးနဲ့ မတရား အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတတစ်ဦးလို သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုသုံးလို့ ပြည်ထောင်စုဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။", "မင်းအောင်လှိုင်က သူ့ကိုယ်သူ စစ်ကောင်စီ ဝန်ကြီးချုပ်လို့ အမည်တပ်ထားပေမယ့် ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပေးအပ်နေတာ၊ သမ္မတ ရွှေစလွယ် လွယ်တာ၊ ဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်တာ၊ ဘတ်ဂျက်တွေ စိတ်တိုင်းကျ သုံးချင်သလိုသုံးနေတာ၊ ဗိုလ်ရှုခံပွဲတွေ မကြာခဏ ကျင်းပနေတာ စတဲ့ သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို အခြေခံဥပဒေနဲ့ မညီဘဲ ချိုးဖောက် အသုံးပြုနေပါတယ်။", "သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင် သတ်မှတ်တဲ့ ဝန်ကြီးဌာန ဝါစဉ်တွေမှာ စစ် တပ်နဲ့တိုက်ရိုက်ပတ်သက်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို နံပါတ် ၁ အရေးကြီးဆုံး ဌာနအဖြစ် သတ်မှတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို နံပါတ် ၂ အရေးကြီးဆုံးအဖြစ် သတ်မှတ်ပါတယ်။", "တိုင်းရင်းသားအရေး ဆောင်ရွက်ပေးမယ်လို့ အမြဲတမ်း အသံကောင်းဟစ်နေတဲ့ မင်းအောင်လှိုင်က တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကိုတော့ အရေး မကြီးဆုံး ဝန်ကြီးဌာနအဖြစ် အောက်ဆုံးအဆင့်ရဲ့ နောက်ဆုံးနေရာမှာ နံပါတ် ၂၉ အဖြစ် သတ်မှတ်ထားပါတယ်။", "တိတိကျကျ ပြောရရင်တော့ နောက်ဆုံးမှာထားခံရတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက အုပ်ချုပ်ရေး ယန္တရားရဲ့ အရေးမကြီးတဲ့ အစိတ်အပိုင်းဖြစ်ပြီး မလုပ် မရှုပ် မပြုတ်၊ အရေးမကြီးတဲ့ဝန်ကြီးဌာန ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။", "အောက်ဆုံးအဆင့်မှာရှိနေတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအနေနဲ့ စစ်ကောင်စီရဲ့ လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ အစည်းအဝေးတွေမှာ ဦးစားပေး ဖိတ်ခေါ်ခံရခြင်း၊ တက်ခွင့် မရခြင်း စတဲ့ အရေးမကြီးတဲ့ ဝန်ကြီးဌာနအဖြစ် သတ်မှတ်ခြင်းခံရတာလည်းဖြစ်ပါတယ်။", "ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အရေး ဘယ်လောက်ပဲ အသံကောင်းဟစ်ပေမယ့်လည်း လက်နက်အားကိုးတဲ့ လူမိုက် စရိုက်ကို မင်းအောင်လှိုင်သတ်မှတ်တဲ့ ဝန်ကြီးဌာန ဝါစဉ်တွေကို ကြည့်ရင် သိနိုင်မှာလည်းဖြစ်ပါတယ်။"]
https://yktnews.com/2024/12/196421/
သရက် အကျဉ်းထောင်တွင် WY ဆေးပြားများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းကို အကျဥ်းသားများက ဖမ်းဆီးပြီး ထောင်ပိုင်ကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိ
["သရက် အကျဉ်းထောင်တွင် WY ဆေးပြားများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းကို အကျဥ်းသားများက ဖမ်းဆီးပြီး ထောင်ပိုင်ကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "မကွေးတိုင်း၊ သရက် အကျဉ်းထောင်တွင် WY ဆေးပြားများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းကို အကျဥ်းသားများက ဖမ်းဆီးပြီး ထောင်ပိုင်ကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိကြောင်း သရက်ထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သရက် အကျဉ်းထောင်၌ WY ဆေးပြားများ သယ်ဆောင်လာသည့် ထောင်ဝန်ထမ်းကို အကျဉ်းသားများ စုပေါင်း၍ သက်သေခံ ဆေးပြားများနှင့် အတူ ဖမ်းဆီးပြီး ထောင်ပိုင်ကို အပ်နှံခဲ့သော်လည်း ထောင်ပိုင်က အရေးယူမှု ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။", "“ထောင်အရာရှိ ကျော်ဇေယျာစိုး၊ အမျိုးသမီးဝန်ထမ်း ဒေါ်ဇွန်ဇွန်အေးတို့ စေခိုင်းမှုနဲ့ ဝန်ထမ်း ကိုကိုရဲလင်းက မုန့်ဟင်းခါး မုန့်ဖတ် ၁ ပိဿာထုပ်ထဲမှာ WY ဆေးပြားတွေ သယ်လာတာ ဒါကို အကျဉ်းသားတွေ ဝိုင်းပြောလို့ ထောင်ပိုင် ဦးညွန့်ဘိုဝင်းရှေ့မှာ ဖွင့်စစ်တာ မုန့်ဟင်းခါးဖတ်ထဲမှာ WY ဆေးပြားတွေ တွေ့ခဲ့တာ” ဟု သရက်ထောင်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထိုသို့ သက်သေအထောက်အထားနှင့် တကွ တွေ့ရှိခဲ့သော်လည်း WY ဆေးပြားများ ယူဆောင်ရန် ခိုင်းစေခဲ့သည့် အရာရှိ ကျော်ဇေယျာစိုး၊ ဒေါ်ဇွန်ဇွန်အေးနှင့် ဝန်ထမ်း ကိုကိုရဲလင်းတို့သည် အကျဉ်းဦးစီး ညွှန်မှူး ဦးမင်းစိုး၏ တပည့်ရင်းများ ဖြစ်၍ ထောင်ပိုင်က အရေးမယူခဲ့ကြောင်း၊ အဆိုပါ WY ဆေးများကို အကျဉ်းထောင်ထဲတွင် လုယက်မှုနှင့် ထောင်ကျသည့် တန်းစီး သားကြီး ဆိုသူက တစ်ဆင့် ဖြန့်ဖြူး ရောင်းချနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် ပစ္စည်းနှင့် တကွ လက်ပူးလက်ကြပ်မိခဲ့သည့် ထောင်ဝန်ထမ်း ကိုကိုရဲလင်းကို ဥပဒေအရ အရေးယူခြင်း မရှိသည့်အပြင် ထောင်ပိုင် ဦးညွှန့်ဘိုဝင်းက ၎င်းအမှုနှင့် ပတ်သက်မည်ကို စိုးရိမ်၍ မုန့်ဖိုးပေးကာ အဝေးသို့ ရှောင်ခိုင်းထားကြောင်း သရက်ထောင် ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်"]
https://yktnews.com/2024/01/138067/
သရက်ခရိုင်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး CDM ပြုလုပ်ကြရန် မကွေး PDF က အသိပေး ထုတ်ပြန်
["သရက်ခရိုင်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး CDM ပြုလုပ်ကြရန် မကွေး PDF က အသိပေး ထုတ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "မကွေးတိုင်း၊ သရက်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများ အားလုံး ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား အလင်းဝင်ရောက်ကြရန် Magway PDF သတိ ပေးထုတ်ပြန်ထားသည်။", "သရက်ခရိုင်အတွင်းရှိ ဌာနပေါင်းစုံမှ ပြည်သူ့လစာကို စားသုံးနေကြသော ပြည်သူ့၀န်ထမ်းများ အနေ ဖြင့် ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အကြမ်းဖက်စစ်ကောင်စီအား CDM လုပ်ကြ ရန် နောက်ဆုံးအကြိမ် ဖိတ်ခေါ်ပါကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်အာဏာရှင်စနစ်တည် ဆောက်ရေးတွင် ဆက်လက်ပူးပေါင်းပါ၀င်နေသည်ကို စစ်ဆေးတွေ့ရှိပါက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားတော့မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။", "အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်ဘဏ္ဍာနှင့်နိုင်ငံတော်အာဏာအား မတရားသဖြင့် ရယူရန် စတင်ကြိုးပမ်းခဲ့ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်‌နေ့ နောက်ပိုင်းမှစ၍ အကြမ်းဖက်စစ်ကောင်စီ ၏ တရားမဝင် ၀န်ကြီးဌာနများတွင် စတင်အလုပ်၀င်ခဲ့ကြသော မည်သည့်ဝန်ထမ်းမဆို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မတိုင်မီ မကွေးတိုင်းဒေသကြီး အတွင်းမှ ထွက်ခွာကြရန်နှင့် ဆက်လက် နေထိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဖြစ်ကြောင်း ပြော ကြားသည်။", "ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို လိုလားကြသော မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ် ၏ ကောင်စီ ထောက်တိုင် Non – CDM များနှင့် ပတ်သက်သော အချက်အလက်များ စတင်ပေးပို့တိုင် ကြားနိုင်ကြောင်း Magway PDF က ဖိတ်ခေါ်ထားသည်။"]
https://yktnews.com/2025/02/205275/
သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၈ နှင့် အပတ်စဥ် ၉ သင်တန်းဆင်း အခမ်းအနားကျင်းပ
["သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၈ နှင့် အပတ်စဥ် ၉ သင်တန်းဆင်း အခမ်းအနားကျင်းပ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းမှ ကွပ်ကဲသော အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၈ နှင့် အပတ်စဥ် ၉ သင်တန်းဆင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။", "အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်များကို အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာဓိဌာန် ၄ ချက်ကို ရွတ်ဆိုခြင်း၊ လက်နက်ပေးအပ်ခြင်း၊တာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်းများနှင့် ထူးချွန်ဆုရ သင်တန်းသားများကို ဆုချီးမြှင့်ခြင်းများ ပြုလုပ်၍ တော်လှန်ရေးသီချင်းများနှင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114746/
သရက်ချောင်း ရငဲရွာခံ စစ်ရှောင် လယ်သမား ၄ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်နေရ
["သရက်ချောင်း ရငဲရွာခံ စစ်ရှောင် လယ်သမား ၄ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်နေရ", "ရန်ကုန်| ဇူလိုင် ၂၅", "တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်က ရငဲရွာခံ စစ်ရှောင် လယ်သမား လေးဦးကို စစ်ကောင်စီက ဖမ်းဆီး နှိပ်စက်ခဲ့ပြီး တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။", "အဆိုပါ ရငဲရွာခံ စစ်ရှောင်လယ်သမား လေးဦးကို ဇူလိုင်လ ၂၁ရက်နေ့ နံနက်ပိုင်းက စားဝတ်နေရေး အခက်အခဲကြောင့် အလုပ်ရှာထွက်လာစဉ် စစ်ကောင်စီ တပ်သားများက တွေ့ရှိပြီးနောက် ရိုက်နှက် ဖမ်းဆီး ခံလိုက်ရသည်ဟု ဒေသခံများ ပြောဆိုသည်။", "အမည်မဖော်လိုသည့် ရငဲရွာခံ စစ်ရှောင် တစ်ဦးက “ရငဲရွာမှာ အခု အချိန်အထိစစ်ရှောင်တွေ ရှိနေတယ်။ စားဝတ်နေရေး ကလည်း အရမ်း အခက်အခဲ ဖြစ်ကြပါတယ်။ သူတို့ကတော့ အလုပ်ရှာဖို့ ထွက်သွားချိန်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ် ” ဟု ပြောသည်။", "အဆိုပါ ဖမ်းဆီးခံရသည့် ရငဲရွာခံ လေးဦးမှာ ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဦးနှင့် ကိုမဲကျော်တို့ ဖြစ်ပြီး ယင်းတို့သည် စစ်ရှောင် လယ်သမားများ ဖြစ်ကာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အလုပ်ရှာရန် ထွက်လာစဉ် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုးပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်။", "စစ်ရှောင် အရေး ကူညီပေးနေသူ တစ်ဦးက “သူတို့ လေးဦးကို မနက်ပိုင်းမှာ ဖမ်းခံရပြီး ညနေပိုင်မှာ ရိုက်နှက် စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်တယ်။ ဖမ်းဆီးထားစဉ်မှာလည်း အရမ်းကို နှိပ်စက်ခံရတယ်လို့ ပြောပါတယ်။ တစ်ဦးကတော့ အသက်ကြီးပိုင်း ဖြစ်လို့ ပြင်ထန် ဒဏ်ရာ ရပြီး ဆေးကုသမှု ခံယူနေရတယ် “ဟု ပြောသည်။", "လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက်ခဲ့သည့် လေးဦး အနက် အသက် ၅၀ နှစ် အရွယ် ဦးကျော်ဝင်းမှာ ဒဏ်ရာ ပြင်းထန်ပြီး အသက် အန္တရာယ် စိုးရိမ်နေရကာ ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံ စစ်ရှောင်များထံမှ သိရသည်။", "ရငဲရွာခံ အများစုသည် လက်ရှိ အချိန်အထိ ရွာအဝင်လမ်းတွင် စစ်ကောင်စီက ပိတ်ဆို့တပ်စွဲထား၍ ရွာထဲသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးသလို စားဝတ်နေရေး အခက်အခဲကြောင့် ဟင်းစာထွက်ရှာစဉ်တွင် လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို မကြာခဏ ခံနေရသည်။", "ပြီးခဲ့သည့် ဇွန်လအတွင်း သရက်ချောင်းမြို့နယ် ရငဲရွာဘက်သို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီး နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲကာ စစ်ကောင်စီဖက်က ကျေးရွာများသို့ ပစ်ခတ်မှုများ လုပ်သဖြင့် ကျေးရွာပေါင်း ၁၀ ကျော်မှာ ဒေသခံများမှ စစ်ရှောင်နေရာခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ရငဲရွာ အနီး မြွေတောင်ပေါ်တွင်တပ်စွဲထားခြင်း ဖြစ်သည်။", "ရငဲရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထား သည်မှာ ၂ လ နီးပါး ရှိနေရာမှ ဒေသခံများကိုလည်း ရွာထဲ ပြန်ဝင်ခွင့် မပေး၍ ဝင်လာသူ ရှိခဲ့လျှင်လည်း သေနတ်နှင့် လိုက်လံ ပစ်ခတ် နှင်ထုတ်သဖြင့် ရွာခံများမှာ အနီးအနားရှိ ရွာများ၊ ဥယျာဥ်ခြံများ အတွင်း၌ ရွေ့ပြောင်း နေထိုင်ကြရသည်။", "ထို့ပြင် မိုးတွင်းကာလ ဖြစ်သည့်အတွက် သက်ကြီးပိုင်းများနှင့် ကလေးငယ်များတို့မှာ နာမကျန်း ဖြစ်သူများ ရှိနေသလို ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အကူအညီလိုအပ်နေကြောင်း စစ်ရှောင် ကူညီနေသူများထံမှ သိရသည်။"]
https://yktnews.com/2023/05/105187/
သရက်ချောင်းတွင် ကင်းလှည့်နေသည့် စစ်သားများ မိုင်းနင်းမိပြီး ၁ ဦးသေဆုံး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["သရက်ချောင်းတွင် ကင်းလှည့်နေသည့် စစ်သားများ မိုင်းနင်းမိပြီး ၁ ဦးသေဆုံး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃၀", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးကျေးရွာတွင် ကင်းလှည့်နေသော စစ်သားများ မိုင်းနင်းမိပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။", "မေလ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် သဲချောင်းကြီး ရဲကင်းစခန်းမှ ထွက်လာသည့် စစ်သားများ ကင်းလှည့်နေစဥ် ဒေါင်းမင်း စစ်ဆင်ရေးအဖွဲ့က ထောင်ထားသည့် မိုင်းနင်းမိပြီး စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ထားဝယ်မြို့ စစ်ဆေးရုံကို ပို့ဆောင်စဥ် တပ်သားမှာ လမ်းခရီး၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ယင်း ရဲကင်းစခန်းမှ စစ်သားများသည် ရှောင်တခင်ကင်းလှည့်ခြင်းများ ပြုလုပ်လေ့ရှိပြီး တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်တွေကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ငွေကြေး တောင်းခံခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။", "ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း MN PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "မေလ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်တွင် ငါန်းဇွန်မြို့နယ် ကုန်းလည်ရွာ မှ နတ်ကြီးရွာကို လာသည့် အကြမ်းဖက် စစ်တပ်မှ အင်အား ၄၀ ခန့်ပါ ကား ၃ စီးကို တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး ပွိုင့် ၂ ပွိုင့် နေရာယူ၍ ပဒေသာမိုင်း ၁၅ လုံးဆွဲ၍ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မူကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း MN PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ)၊ Special Tesk Force (Nga Zun -PDF)၊ ဖက်ဒရယ် ညီကိုပြည်သူ့ကာကွယ်ရေးနှင့်ထုတ်လုပ်ရေးအဖွဲ့၊ ပြည်သူ့အင်အားပြောက်ကျားတပ်ဖွဲ့၊ Myaung Ms PDF၊ ငန်းနက် ပြောက်ကျားတပ်ဖွဲ့၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့နှင့် TGYR တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/107813/
သရက်ချောင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင် အဘိုးအို တစ်ဦး သေဆုံး၊ မိုးဗြဲတွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ
["သရက်ချောင်းတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရှောင် အဘိုးအို တစ်ဦး သေဆုံး၊ မိုးဗြဲတွင် စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ ဇွန် ၁၆", "တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာအုပ်စုရှိ ဝဲရစ်ရွာတွင် စစ် ရှောင် အဘိုးအို တစ်ဦးသည် စစ်ကောင်စီကပစ်ခတ်သည့် သေနတ်ကြီး အသံကြောင့် အမော ဖောက်ပြီး သေဆုံးခဲ့ကြောင်း စစ်ရှောင်များနှင့် မိသားစု ဝင်များက ပြောသည်။", "တိုက်ပွဲကြောင့် နေအိမ် စွန့်ခွာ ထွက်ပြေးနေရသည့် ဝဲရစ်ကျေးရွာခံ အသက် ၈၀ နှစ်ကျော်အရွယ်ရှိ ဦးဖေသန်းသည် ဇွန်လ ၁၄ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး အသံကြောင့် ရုတ်တရက် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။", "မိသားစုဝင်တူမဖြစ်သူ တစ်ဦးက”ရွာမှာက တစ်ရွာလုံးစစ်ရှောင်နေရချိန်မှာ အဘိုးက မပြေးနိုင်ဘူးလေ။ ဆေးရုံ၊ ဆေးခန်းပြဖို့ အခက်အခဲရှိတယ်။ အမောလည်း ဖောက်နေတော့ ရွာဘုန်းကြီး ကျောင်းမှာ ထားခဲ့ရာမှ ညမှာပဲ ဆုံးသွားတယ်။ ရွာထဲကို လက်နက်ကြီးကျတယ်။ စစ်ကောင်စီဘက် ပစ်လိုက်တဲ့ လက်နက်ကြီးကျတယ်”ဟု ပြော သည်။", "သရက်ချောင်းမြို့ မင်းဒပ်ကျေးရွာအုပ်စုရှိ ဝဲရစ်ရွာတွင် ဇွန်လ ၁၄ ရက်နေ့ လက်နက်ကြီးသံနှင့် သေနတ်သံကြောင့် သေဆုံးသွားသည့် ဦးဖေသန်းသည် ပန်းနာ ရင်ကြပ် ရောဂါအခံရှိသူ တစ်ဦး ဖြစ်သော်လည်း တိုက်ပွဲ မဖြစ်ပွားခင် ရွာတွင် ပုံမှန် နေထိုင်နေသူတစ်ဦး ဖြစ်ကြောင်း မိသားစုဝင်များမှ ပြောသည်။", "“အဘိုးရဲ့ နာရေးကိုတော့ ဒီနေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ မိသားစုဝင် အနည်းငယ်နဲ့ ပြုလုပ်လိုက်ရတယ်”ဟု ၎င်း၏ တူမ ဖြစ်သူက ဆက်လက် ပြောဆိုသည်။", "ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ဝဲရစ်ရွာ ကျေးရွာတွင် ကျေးရွာသားများ ထပ်မံ သေဆုံးမှုများရှိနေပြီး သေဆုံးမှု အသေးစိတ် သတင်းများကို ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။", "သရက်ချောင်းမြို့နယ်ရှိ ကနက်သီရိကျေးရွာအုပ်စုရှိ ကျေးရွာများနှင့် မင်းဒပ်ကျေးရွာအုပ်စုက ကျေးရွာများကို စစ်ကောင်စီ တပ်က ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီးပြီး နေအိမ်များကို မီးရှို့ဖျက်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုထားသည်။", "မြိတ်-ထားဝယ် လမ်းမကြီးရှိ သရက်ချောင်းမြို့နယ် မင်းဒပ်တံတား နှစ်ခုစလုံးတွင် စစ်ကောင်စီက တပ်စခန်းချထားပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် ကျေးရွာများဖက်က သို့ လက်ကြီး လက်နက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများက ပြောသည်။", "ထို့အပြင် စစ်ကောင်စီ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကနက်သီရိကျေးရွာအုပ်စုရှိ တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံ ၄၀၀၀ ကျော် ၅၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင် နေရသေးကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များထံမှ သိရသည်။", "အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို အာဏာ သိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိပြီး အိုးအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း MBPDF ရွှေလင်းယုန်တပ်ခွဲက ထုတ်ပြန်သည်။", "ဇွန်လ ၁၄ရက်နေ့ ည ၉နာရီ ၂၅မိနစ်အချိန် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးဗြဲစစ် ရှောင်စခန်းတစ်နေရာကို ဆင့်ကွဲလက်နက်ကြီးများဖြင့် ၁၅ကြိမ်ထက်မနည်း ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတချို့ ထိခိုက် ဒဏ်ရာရရှိသွားပြီး နေအိမ်များလည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၁၅ရက်နေ့ နံနက် ၂နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲ ခဲ့ကြောင်း ၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က နေရာအနှံ အင်အားတိုးချဲ့ ချထားပြီး တိုက်ပွဲများ အချိန် မရွေးဖြစ်လာသဖြင့် ဒေသခံပြည်သူများ အနေဖြင့် မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုဘဲ လုံခြုံ ဘေးကင်းသည့်နေရာများတွင် နေထိုင်ကြရန် MBPDF ရွှေလင်းယုန်တပ်ခွဲက အသိပေးထားသည်။"]
https://yktnews.com/2023/08/119875/
သရက်ချောင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူများပြားပြီး ရဲယူနီဖောင်းများ သိမ်းဆည်းရမိ
["သရက်ချောင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူများပြားပြီး ရဲယူနီဖောင်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ သြဂုတ် ၂၆", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၅ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိ​ပြီး ရဲယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ် ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကမြိုင်ရွာနှင့် ရငဲရွာ အကြား၌ အင်အား ၁၃၀ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်း ၆ လုံးဆွဲပြီး လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး စစ်သား ၁၅ ဦးခန့် သေဆုံးကာ ၅ ဦးကျော် ဒဏ်ရာရခဲ့​ကြောင်း သိရသည်။", "သြဂုတ် ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အဆိုပါ စစ်ကြောင်းသည် မြွေတောင်ပေါ်သို့ ပြန်တက်စဥ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ မြုပ်ထားသော မိုင်း ၇ လုံးကို နင်းမိခဲ့ပြီး စစ်သား ၁၀ ဦးကျော် ထိခိုက် သေဆုံးပြီး စစ်သား အလောင်းများကို ခမရ-၄၀၄ တပ်ရင်းထဲသို့ သယ်ယူသွားကြောင်း ကစယ်ဒိုနယ်မြေခံတပ်ခွဲ ၃ ထံမှ သိ ရသည်။", "အဆိုပါ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၂ ကြိမ်ကို ကစယ်ဒိုနယ်မြေခံတပ်ခွဲ(၃) ၊ ကျားရိုင်းပြောက်ကျားတပ်ဖွဲ့ နှင့် ဂဋ္ဌုန်မင်းပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်-ပုလော လမ်းပိုင်းကို အဆိုပါ ပူးပေါင်းတပ်ဖွဲ့များ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် ရဲယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106987/
သရက်ချောင်းတွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်
["သရက်ချောင်းတွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်", "ရန်ကုန်၊ ဇွန် ၁၁", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။", "ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ ကိုဝေယံဟိန်းသည် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေရာမှ မိခင်အတွက် လိုအပ်သည့် ဆေးပြန်ယူရန်အတွက် နေအိမ်သို့ ပြန်သွားသောအခါ ရွာထဲတွင် အသင့်စောင့်ဆိုင်း ကင်းပုန်းဝပ်နေသော စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်လိုက်ကြောင်း သိရှိရသည်။", "“သူ့အမေက အရင်ကတည်းက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ သူက သူ့အမေကိုအရမ်းချစ်တာ။ အခုလည်း တားနေရဲ့နဲ့ဆေးသွားယူတာတဲ့ဗျာ” ဟု ကိုဝေယံဟိန်းရဲ့သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။", "စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်ပြီးနောက် အလောင်းကိုတော့ သူ့အိမ်၏အနောက်ဘက်တွင် ထားရစ်ခဲ့သဖြင့် ဒေသပြည်သူတချို့က ကောက်ယူကာ ယနေ့ညနေပိုင်းတွင် မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။", "သရက်ချောင်းမြို့နယ် ရငဲကျေးရွာအနီးတွင် ယနေ့ စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွာခဲ့ပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“သရက်ချောင်းမြို့နယ် ရငဲရွာမှာ ဒီနေ့ မနက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ခွေးတွေပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။", "စစ်ခွေးတွေက ရငဲရွာလယ်လမ်းဆုံအနီးရှိ ကိုဝင်းစိုးအိမ်ဒေါ်လှမြင့်တို့အိမ်ကို မီးတင်ရှို့ပြီး ရွာလယ်လမ်းဆုံ၏အရှေ့ဘက်ခြမ်းရှိနေအိမ်တွေကို ထုဖွင့်၍အဖိုးတန်ပစ္စည်းများရှာဖွေခိုးယူပါတယ်။ ဒါ့အပြင်မှာ ကျေးရွာစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် ဦးစိန်ဝင်းလက်ဖက်ရည်ဆိုင်ကိုလည်း ဒီနေ့ နေ့လယ်မှာ မီးတင်ရှို့ပါတယ်။ ရွာထဲမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီးနေ နေအိမ်တွေကို ဖျက်ဆီးပါတယ်” ဟု ရငဲကျေးရွာသားတစ်ဦးက ပြောဆိုသည်။", "ယနေ့တွင် စစ်ကောင်စီစစ်​ကြောင်းဝင်ရောက်လာခြင်းနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ကနက်သီရိရွာနှင့် ရငဲရွာအပါအဝင် ကျေးရွာ ၆ခုမှ ပြည်သူ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေရကြောင်း သိရှိရသည်။", "(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်ပြီး သတင်းကို ပူးတွဲရေးသားပါသည်။)"]
https://yktnews.com/2023/10/126883/
သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများ တင်ဆောင်လာသည့် စစ်ကားကိုလည်း မိုင်းဆွဲ တိုက်ခိုက်
["သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများ တင်ဆောင်လာသည့် စစ်ကားကိုလည်း မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ကတွဲကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၅၃ ဦး ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရငဲကျေးရွာနှင့် ကတွဲကျေးရွာ ရွာချင်းဆက်လမ်းပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5-Zone)က မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကာ PDF ရဲဘော်များ အထိခိုက်ကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း (T5-Zone) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ပွဲ၌ သေဆုံးသွားသော စစ်သား ရုပ်အလောင်းများနှင့် ဒဏ်ရာရသူများကို လာရောက်သယ်ယူသော စစ်ကား ၁ စီးကို ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများ တိုက်ခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရငဲကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123256/
သရက်ချောင်းတွင် ပျူစောထီး ခေါင်းဆောင်ကို နေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ
["သရက်ချောင်းတွင် ပျူစောထီး ခေါင်းဆောင်ကို နေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး ၂ ဦး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်ကို နေအိမ်၌ သွားရောက် ဖမ်းဆီးစဥ် ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီး ခေါင်းဆောင်နှင့် မယားဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ် အခြေစိုက် သိန်းငှက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Falcon TYC PDF) တပ်ဖွဲ့မှ ရဲဘော်များက ကျောက်ဆည်ရွာရှိ လက်နက်ကိုင် ကျောက်ဆည်ပျူစောထီး ခေါင်းဆောင် တိုးဝင်း၏ နေအိမ်ကို ဝိုင်းထားစဥ် တိုးဝင်းက ၎င်း ကိုင်ဆောင်သည့် M22 သေနတ်ဖြင့်အချက် ၂၀ ခန့် ပြန်လည်ပစ်ခတ်စဥ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အပြန်အလှန် ပစ်ခတ်မှုအတွင်း ပျူစောထီး ခေါင်းဆောင် တိုးဝင်းသည် သေနတ်ကျည် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အိမ်နောက်ဖေးမှ ထွက်ပြေးသွားသူကိုလည်း တော်လှန်ရေး ရဲဘော်များက လိုက်လံပစ်ခတ်စဥ် တိုးဝင်း၏ မယားဖြစ်သူ ပပဝင်းလည်း ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။", "သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် တိုးဝင်းထံမှ တရုတ်ထုတ် M 22 သေနတ် ၁ လက်နဲ့ ကျည်ဘောက် ၂ ခု ၇.၆၂ ကျည်ဆံ ၈၄ တောင့် ၊ ၃၆ ခွင်းဗုံး ၂ လုံး ၊ စကားပြောစက် ၁ လုံး၊ ဖုန်း ၃ လုံး၊ ဓားမြှောင်တစ်ချောင်း၊ စကေဘာဓားတစ်ချောင်၊ ပုဆိန်ငယ်တစ်ချောင်းနှင့်အတူ ကျည်ကာအင်္ကျီ ၁ ထည်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "ပျူစောထီး ခေါင်းဆောင် တိုးဝင်သည် ပဲဒက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ လက်အောက်ခံ ပျူစောထီး ခေါင်းဆောင် ၁ ဦးဖြစ်ပြီး ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့်အတူ ဓားပြတိုက်ခြင်း၊ လုယက်ခြိမ်းခြောက်ခြင်း၊ မတရားဖမ်းဆီး၍ ငွေကြေး တောင်းခံရယူနေခြင်း ဖြစ်ကြောင့် အကြိမ်ကြိမ် သတိပေး တားမြစ်နေသော်လည်း မလိုက်နာသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်​ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102265/
သရက်ချောင်းတွင် မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် သတိုးသားလောင်း အမျိုးသား တစ်ဦးကို စစ်တပ်က ပစ်သတ်၊ ပြည်သူ ၅၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှု ပြန်မလွတ်သေး
["သရက်ချောင်းတွင် မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် သတိုးသားလောင်း အမျိုးသား တစ်ဦးကို စစ်တပ်က ပစ်သတ်၊ ပြည်သူ ၅၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးမှု ပြန်မလွတ်သေး", "ရန်ကုန်| မေ ၁၂", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျေးရွာတွင် မေလ ၁၀ ရက်နေ့ စစ်တပ်က ကျေးရွာသား ၅၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး မင်္ဂလာဆောင်ရန် ပြင်ဆင်နေသည့် သတို့သားလောင်းအမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်က သတိုးသားလောင်း ကိုတင်ရှိန်ကို သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာမှ ထားဝယ်သို့ ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး တစ်ရက်ကြာ မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီ အချိန် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။", "သတို့သားလောင်း ကိုတင်ရှိန်၏ ဖုန်းထဲတွင် တော်လှန်ရေးနှင့်ပတ်သက်သော အချက်အလက်အချို့ကိုတွေ့ရှိသည်ဟု ဆိုကာ စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီး စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က မိသားစုထံမှ ငွေကျပ်သိန်း ၅၀ ပေးရန် တောင်းကြောင်း၊ စစ်တပ်က ကိုတင်ရှိန်ကို နေအိမ်သို့ ပြန်လည် ခေါ်လာပြီး နေအိမ်အရောက် အိမ်ရှေ့တွင်ပင် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။", "အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက”သူက ၁၀ ရက်နေ့ ကတည်းဖမ်းဆီးခံရတာပါ။ စစ်ကြောရေးမှာလည်းနေခဲ့ရတယ်။ စစ်ကောင်စီတပ်သားတွေ ပိုက်ဆံ သိန်း ၅၀ တောင်းတယ်လို့ ပြောတယ်။ သူ့ကို အိမ်ကို ခေါ်လာတယ်။ ပြီးတော့ သူရဲ့ အိမ်ရှေ့မှာ သေနတ်နဲ့ ပစ်သတ်လိုက်တာ။ ပိုက်ဆံက ပေးလိုက်ရသလား မပေးလိုက်ရဘူးလားဆိုတော့ သေချာမသိဘူး။ ပစ်သတ်လိုက်တာကတော့ အိမ်ရှေ့မှာ ပစ်သတ်လိုက်တာပါ။ အဲ့ဒီမှာပဲ သေတယ် “ဟုပြောသည်။", "ကိုတင်ရှိန်သည် မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေသည့် ညောင်ဇင်ကျေးရွာမှ အမျိုးသားတစ်ဦးဖြစ်ပြီး မင်္ဂလာဆောင်ရန် သတိုးသမီးနှင့်အတူ အလှဓာတ်ပုံ သွားရိုက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ သတိုးသမီးကို ဖမ်းဆီးခဲ့ခြင်းမရှိခဲ့ကြောင်း သရက်ချောင်းမြို့ခံ တစ်ဦးက ပြောသည်။", "သရက်ချောင်းမြို့ခံ တစ်ဦးက “အခု ဖြစ်စဉ် နှစ်ခုက မေလ ၁၀ ရက်နေ့က တစ်ရက်တည်း ဖြစ်တာပါ၊ မင်္ဂလာဆောင်ဖို့ အလှပုံ သွားရိုက်ဖို့ အသွား စုံတွဲကိုပါ စစ်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။", "ထို့ပြင် စစ်တပ်က ညောင်ဇင်ကျေးရွာထဲသို့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်း ထားဝယ်ဘက်မှ မြေသည်ကား တစ်စီးနှင့် အိမ်စီးကား တစ်စီးအပါအဝင် ကားနှစ်စီးဖြင့် ရောက်ရှိလာပြီး ပြည်သူ ၅၀ နီးပါးကို အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးခဲ့ကြောင်းဒေသခံများက ဆိုသည်။", "“အခု ဖမ်းခံလိုက်ရတဲ့ သူတွေထဲမှာ လူငယ် အမျိုးသားလေးတွေ ဆိုရင် စစ်တပ်က အပြင်းထန် ရိုက်နှက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားတာ ဖြစ်တယ်”ဟု သရက်ချောင်းမြို့နေ ဒေသခံတစ်ဦးက ပြောသည်။", "လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသည့် ဒေသခံ အယောက် ၅၀ ဦးခန့်သည် ဒေသတွင်း အခြေစိုက် သတင်းမီဒီယာ အချို့က ပြန်လည် လွတ်မြောက်လာပြီး ဖြစ်ကြောင်း ရေးသားဖော်ပြထားသော်လည်း ဖမ်းဆီးခံ မိသားစုဝင်များနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။", "ထို့ပြင် ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့က နေအိမ် အချို့ကို ဝင်ရောက် စီးနင်းကာ ရွှေ၊ ငွေ၊ ဖုန်းနှင့် တန်ဖိုးကြီး ပစ္စည်များကို ခိုးယူသွားခဲ့ကြောင်း ဒေသခံများထံမှ ပြောဆိုသော်လည်း က သီးခြားအတည်ပြု၍ မရရှိသေးပေ။", "အလားတူ လွန်ခဲ့သော ဧပြီလထဲတွင်လည်း ညောင်ဇင်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး အပြစ်မဲ့ ပြည်သူ အယောက် ၁၀၀ ဦးကို ဖမ်းဆီး ရိုက်နှက်ပြီး ပြန်လည် လွှတ်ပေးခဲ့သည်။", "ဓာတ်ပုံ- စစ်တပ်က သေနတ်ဖြင့် ပစ်သတ်လိုက်သည့် ညောင်းဇင်ကျေးရွာ မှ သတိုးသားလောင်း ကိုတင်ရှိန်။"]
https://yktnews.com/2023/02/85984/
သရက်ချောင်းတွင် ရငဲရွာသား ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်
["သရက်ချောင်းတွင် ရငဲရွာသား ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ အနီး အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်း ဝင်းဝရဲစခန်းမှ စစ်သားနှင့် ရဲများက ရငဲကျေးရွာအနီးရှိ ကျောက်တလုံးတောရ ဥယျာဥ်ခြံ အတွင်း ရငဲရွာသား ၂ ဦးဖြစ်သည့် ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။", "“ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ စစ်ခွေးတွေက ကားလမ်းအတိုင်း လာပြီးတော့ ပစ်သွားတာ ရငဲကျေးရွာသား ကိုဖြိုးငယ်ဇော်နှင့် ကိုပိုင်စိုးတို့ကို အကြောင်းမဲ့ ပစ်သတ်သွားတာ စစ်ခွေးတွေက ကျောက်တလုံး တောရကျောင်းလမ်း အတိုင်း တောင်ပေါ်မှ ဆင်းလာပြီး ခြံရှင်းဖို့ မြက်ခုတ်စက် မြက်ဖြတ်စက် ပြင်နေတဲ့ ကိုဖြိုးငယ်ဇော်နဲ့ ကိုပိုင်စိုးတို့ ၂ ဦးကို ပိုင်စိုးရဲ့ ခြံရှေ့မှာ တွေ့ရှိပြီး ရငဲဆေးရုံနဲ့ ကိုက် ၃၀၀ ခန့်အကွာ တောရဝင်လမ်း မြိတ်-ထားဝယ် ကားလမ်းရဲ့ အရှေ့ဘက် ကိုက် ၂၀၀ အကွာမှာ ပစ်ခတ် သတ်ဖြတ်သွာတာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆွေမျိုးသားချင်းတွေက ဒီနေ့ မွန်းလွဲ ၁ နာရီမှာ မီးသဂြိုလ်လိုက်တယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/07/115526/
သရက်ချောင်းတွင် အသံမိုင်းပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
["သရက်ချောင်းတွင် အသံမိုင်းပေါက်ကွဲမှုကို လာရောက်စစ်ဆေးသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၉", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အသံမိုင်း ပေါက်ကွဲသည်ကို လာရောက်စစ်ဆေးသည့် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "ဇူလိုင်လ ၂၇ ရက် နံနက် ၇ နာရီခန့်က သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာ၊ စာသင်ကျောင်း၌ Non CDM ဆရာ၊ ဆရာများ ဦးဆောင်ဖွင့်လှစ်ကာ စာမေးပွဲကျင်းပနေသည်ကို သိရ၍ စစ်ကျွန်ပညာရေးစနစ် ရပ်တန့်သွားရန် စာသင်ကျောင်းပေါက်ရှေ့၌ အသံမိုင်းခွဲ သတိပေးခဲ့ကြောင်း သိရသည်။", "ထိုသို့ အသံမိုင်းပေါက်ကွဲမှုကို စစ်ဆေးရန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်မှ ကား ၃ စီးဖြင့် လာရောက်ခဲ့ရာ နံနက် ၉ နာရီခွဲခန့်အချိန် ကဇိရွာနှင့် ပိန်းတောကျေးရွာကြားအရောက် ရှေ့ ထွက်မိုင်း အကြီး ၁ လုံး၊ ပဒေသာမိုင်းငယ် ၅ လုံးဖြင့် ဖောက်ခွဲပြီး ၁၀ မိနစ်ခန့် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံးပြီး ၁၀ ဦးကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(ပကဖ)တပ်ဖွဲ့ ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊ ယင်းစစ်ဆင်ရေးကို ပြည်သူများ အထိအခိုက်မရှိစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/02/202217/
ရက်ချောင်းနှင့် တနင်္သာရီမြို့တို့တွင် စစ်တပ် စစ်ကြောင်း၊ ယာဉ်တန်းနှင့် ကင်းပုန်း တို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
["သရက်ချောင်းနှင့် တနင်္သာရီမြို့တို့တွင် စစ်တပ် စစ်ကြောင်း၊ ယာဉ်တန်းနှင့် ကင်းပုန်း တို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ဗျူဟာမှူးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့မှစ၍ သရက်ချောင်းမြို့နယ် ဘက်သို့ စစ်ကြောင်းထိုးဆင်းလာသော အကြမ်း ဖက် စစ်ကောင်စီတပ်သားများကို‌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ၃ ကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးကြောင်း၊ ထို့အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေအတွက်အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် ထားဝယ်ခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်ခရိုင်တပ်ပေါင်းစုအနေဖြင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ပေါင်းစု ဗျူဟာမှူးက ဆက်လက်ပြောဆိုသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအနီးတွင် အကြမ်းဖက်စစ် ယာဉ် တန်းကို ၂ ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ကပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီမြို့ မှ မြိတ်မြို့သို့ပြန်ဆင်းသည့် အကြမ်း ဖက် စစ်ကောင်စီယာဥ်တန်းကို ဘန်းလမွတ်ရွာနှင့်ညောင်ပင်ကုန်းရွာအရောက် မိုင်းဆွဲပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ အလားတူ ၃၀၆ အမြောက်တပ်ရင်းမှ ကြိုတင်လမ်းကင်းယူထားသည့် အကြမ်းဖက် စစ်သားများကို ထပ်မံ မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီပကဖ ဇုန် ၃၊တနင်္သာရီပကဖ ဇုန် ၅ နှင့် မြိတ်ပြည့်သူ့ကာကွယ်‌ ‌ရေး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာ၍ ရမ်းဖိုညောင်ပင် ကုန်းရွာကို ဖြတ်ကာ ဘန်လမွတ်ကျေးရွာသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ဘန်းလမွတ်ရွာ သို့ ပြန်အရောက်တွင် ဘန်းလမွတ်ရွာ တောင်ကုန်းပိုင်းရပ်ကွက်မှ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ခရီးသွား ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းနှင့် အနီးကပ်လိုက်ပါခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2022/12/78079/
သရက်ချောင်းနှင့် ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၁၆ ဦးသေဆုံး
["သရက်ချောင်းနှင့် ပုလောတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၁၆ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် မြိတ်မှ ပုလောဘက်သို့ လာသော စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မိုင်းဆွဲတိုက် ခိုက် ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးကြောင်း King Cobra Force (တောကြီး မြွေ ဟောက်အဖွဲ့)က ပြောသည်။", "ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် မြိတ်မှပုလောဘက်သို့ သွားသော စစ်သားအင်အား ၇၀ ကျော်ပါ စစ်ယာဉ်တန်းကို King Cobra Force (တောကြီးမြွေဟောက်အဖွဲ့)က ပဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးကျော် သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရသည်။", "အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာ၊ သိမ်ကုန်း ရေတံခွန်လမ်းဝတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ က အကြမ်းဖက် စစ် ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေ ဆုံးခဲ့ ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၈ ရက် ညနေ၅ နာရီခန့်က အင်အား ၅၀ ခန့်ဖြင့် လမ်းလျှောက် နေသော အကြမ်းဖက်စစ် သားများကို ပဒေသာမိုင်း ၂ ဖြင့်ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦးအ ထက်ဒဏ်ရာရရှိကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင် များ ဖြစ် သော ဒေါင်းမင်းစစ် ဆင်ရေးအဖွဲ့- TYC ၊ ပုတီးတစ်လုံး ပျောက်ကျား တပ်ဖွဲ့ နှင့် အဖြူရောင်ရိန်းဂျားတပ်ဖွဲ့တို့ပူပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/09/185727/
သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များတွင် စစ်တပ်၏ သန်းခေါင်စာရင်းကောက်ယူမှု ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်
["သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များတွင် စစ်တပ်၏ သန်းခေါင်စာရင်းကောက်ယူမှု ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊စက်တင်ဘာ ၃၀", "ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး အကြမ်းဖက်စစ်တပ်၏သန်းခေါင်စာရင်း ကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတွေ ဆန့်ကျင်ကြရန် တိုက်တွန်းသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။", "အလားတူ လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူအချို့က အကြမ်းဖက် စစ်တပ်၏ သန်းခေါင်စာရင်း ကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89646/
သရက်ချောင်းမြို့ ခမရ ၄၀၃တပ်မှ ဆေးတပ်သား တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ CDM ဝင်
["သရက်ချောင်းမြို့ ခမရ ၄၀၃တပ်မှ ဆေးတပ်သား တစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အတူ CDM ဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "သရက်ချောင်းမြို့နယ်၊ ဝင်းဝရဲစခန်းမှာ တာဝန်ကျနေတဲ့ ဆေးတပ်သားတစ်ဦး ဒေသတွင်းတော်လှန် ရေးအင်အားစုတွေထံ လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်ကာ အလင်းဝင်ခဲ့တယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။", "အဲဒီဆေးတပ်သားဟာ အသက် ၂၃ အရွယ် ရှိပြီးအမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှာရှိတဲ့ သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄၀၃ တပ်ရင်းက ဖြစ်ပါတယ်။", "CDM တပ်သားက ကျည်ဆံ ၁၀၀၊ ရိုက်ဖယ်ပစ်ဗုံး(အီနာဂါ)တစ်လုံး၊ လက်ပစ်ဗုံး ၁ လုံးနဲ့ အတူ ဒေသတွင်းတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ ဆိုပါတယ်။", "“သူက တပ်သားတစ်ချို့နဲ့ ဝင်းဝရဲစခန်းမှာ တပ်စွဲပြီးလာနေတာကြာပြီ။ ၁၃ ရက်နေ့က တည်းက ထွက်လာပြီး အခုတော့လုံခြုံတဲ့နေရာ‌ရောက်နေပြီ။ “လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။", "ပုံစာ – CDM ဆေးတပ်သားနဲ့ လက်နက်ခဲယမ်းတွေ"]
https://yktnews.com/2023/06/107360/
သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းရွာနှင့်ကနက်သီရိကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး သက်ကြီးရွယ်အိုများကို ရိုက်နှက်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိ ပစ္စည်းများ လုယူ
["သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းရွာနှင့်ကနက်သီရိကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး သက်ကြီးရွယ်အိုများကို ရိုက်နှက်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိ ပစ္စည်းများ လုယူ", "ရန်ကုန်၊ ဇွန် ၁၃", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာနှင့် ကနက်သရီကျေးရွာတို့ကို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး သက်ကြီးရွယ်အိုများကို ရိုက်နှက်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် တန်ဖိုးရှိပစ္စည်းများကို လုယက်ခိုးယူခြင်းများ လုပ်ဆောင်သွားခဲ့ ကြောင်း ဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇွန်လ ၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်များက သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ ကနက်သီရိ ကျေးရွာ မရောက်မီ ကျွဲမင်းကုန်းကျေးရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းနေသော ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားကြောင်း ၊ ဇွန်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်က ကျွဲမင်းကုန်းကျေးရွာ အတွင်းသို့ ဝင်ရောက်‌ပြီး ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်းများ လုပ်ဆောင်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရာတွင် သက်ကြီးရွယ်အိုများကိုလည်း ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။", "“ကျွဲမင်းကုန်းကျေးရွာထဲမှာ တစ်ညအိပ်သွားတယ်။ ရွာကို ဖျက်ဆီးတာက ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့မှာ ။ သက်ကြီးရွယ်အိုတွေကိုတော့ ရိုက်နှက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာမှ အိမ်ခြေ ၄ လုံး၊ ရငဲကျေးရွာမှ အိမ်ခြေများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107820/
သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာ ၁၁ ရွာမှ အိမ်ထောင်စု ၅၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
["သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာ ၁၁ ရွာမှ အိမ်ထောင်စု ၅၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ", "ရန်ကုန်၊ ဇွန် ၁၆", "တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ ကျေးရွာ ၁၁ ရွာမှ စစ်ဘေးရှောင် ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ် လိုအပ် နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။", "မင်းဒပ်ရွာ၊ ဝင်းဝရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ကတွဲရွာ၊ ကညင်ချောင်းရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကျောက်ခမောက်ရွာ၊ ကနက်သီရိရွာတွေက ပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်ပတ် ကတည်းက ရွာလုံးကျွတ်စစ်ဘေးရှောင်ပြေးနေရတာပါ။ ထွေအုပ်မှတ်တမ်းတွေအရအဆိုပါ ရွာ ၁၁ ရွာထဲက ရွာ ၈ ရွာမှာ အိမ်ထောင်စု ၅၀၀၀ နီးပါး ရှိနေပါတယ်။", "သူတို့ဟာ စစ်ကောင်စီစစ်ကြောင်းတွေ စဝင်တာနဲ့ ထွက်ပြေးလာရတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုး အကာတွေအပြင် အဝတ်အစားတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေပါ အရေးပေါ် လိုအပ်နေတာလို့ စစ်ဘေးရှောင်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။", "ထွက်ပြေးလာတဲ့အရပ်သားတွေထဲက တချို့ဟာ ထားဝယ်မြို့ပေါ်ကို ရှောင်ကြသလို တချို့ ဒေသခံ တွေကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ရွာတွေမှာ စစ်ဘေးရှောင်နေကြတဲ့အတွက် ခိုလှုံနေရတဲ့ နေရာပေါ်မူတည်ကာ အခက်အခဲကွာခြားမှုတွေ ရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။", "“မြို့ပေါ်မှာသွားရှောင်နေကြတဲ့စစ်ရှောင်တွေက စားနပ်ရိက္ခာဝယ်လို့ လွယ်သေးတယ်။ ရွာမှာ ပိတ်မိနေတဲ့သူတွေနဲ့ ရွာအနားတဝိုက်က လူတွေဆိုဝယ်ရတာ မလွယ်ကြဘူးဗျ။ စျေးသည် တွေကလည်း အဲနားတဝိုက်ကိုဆို မသွားရဲကြတော့ဘူး။” လို့ သူကပြောပါတယ်။", "ရိက္ခာတွေအလှူခံပြီး သွားပို့ရင်လည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကနေ ထောက်ပို့ လို့စွပ်စွဲဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ဘယ်သူမှာ သွားမလှူရဲဘဲ ဖြစ်နေကြတယ်လို့ စစ်ဘေး ရှောင်အမျိုးသားက ဆက်ပြောပါတယ်။", "လက်ရှိပဋိပက္ခဖြစ်နေတဲ့ရွာတွေက ဒေသခံတွေဟာ ကားလမ်းကို အသုံးမပြုရဲတာကြောင့် ရေလမ်းကိုအသုံးပြုနေကြရပြီး ပိတ်မိနေတဲ့ပြည်သူတွေရှိသေးတယ်လို့ သိရပါတယ်။", "ပိတ်မိနေတဲ့ဒေသခံတွေဟာ အများအားဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်း သူတွေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။", "စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း မင်းဒပ်ရွာအနီးမှာ ဒီကနေ့ အထိ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒေသတွင်းစစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။", "စစ်ဘေးရှောင်တွေကို ကူညီချင်တဲ့ပြည်သူတွေအနေနဲ့ ကနက်သီရိ ရွာသူ/သား များအတွက် ဆွေးနွေးမှုပေါင်းစုံနဲ့အမျှဝေမှုများဖေ့စ်ဘုတ်ပေ့ချ်စာမျက်နှာhttps://www.facebook.com/kanetthirivillagerကနေလည်း ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ စစ်ဘေးရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။"]
https://yktnews.com/2023/08/117975/
သရက်ချောင်းမြို့နယ်တွင် တော်လှန်လူငယ်များက စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လူထု အသိပညာပေး လှုပ်ရှားမှု ပြုလုပ်
["သရက်ချောင်းမြို့နယ်တွင် တော်လှန်လူငယ်များက စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လူထု အသိပညာပေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၁၂", "သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (သရက်ချောင်းမြို့နယ်) မှ တော်လှန်လူငယ်များက ယနေ့ သြဂုတ်လ ၁၂ ရက်နေ့၌ စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လူထု အသိပညာပေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "စစ်တပ်ထုတ်ကုန် အရက် ဘီယာ၊ စီးကရက် အမျိုးအစားများ စာရင်း-", "(၁) မြန်မာဘီယာ(Myanmar Beer)", "(၂) အက်(ထ)မန် တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည်", "(၃) ဒဂုံ တံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည်", "(၄) ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout)", "(၅) မန္တလေး ဘီယာ၊ ရမ်(Mandalay)", "(၆) အာမီရမ်(Army Rum)", "(၇) Red Ruby စီးကရက်", "(၈) Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/118877/
သရက်ချောင်းမြို့နယ်တွင် တော်လှန်လူငယ်များက စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်
["သရက်ချောင်းမြို့နယ်တွင် တော်လှန်လူငယ်များက စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၁၉", "သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီမှ တော်လှန်လူငယ်များ ဦးဆောင်ကာ စစ်တပ် ထုတ်ကုန် မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။", "စစ်တပ်ထုတ်ကုန် ပစ္စည်းများမှာ မြန်မာဘီယာ(Myanmar Beer) ၊ အက်(ထ)မန် တံဆိပ်(Andaman Gold)အရက်၊ ဘီယာ၊ အချိုရည် ၊ ဒဂုံ တံဆိပ်(Dragon)အရက်၊ ဘီယာ၊ အချိုရည် ၊ ဘလက်ရှီး စတောက်ဘီယာ(Black Shield Stout) ၊ မန္တလေး ဘီယာ၊ ရမ် (Mandalay) ၊ အာမီရမ်(Army Rum) ၊ Red Ruby စီးကရက် နှင့် Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။"]