url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/04/156006/
သံတွဲမြို့မဈေးမှ ဈေး၀ယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ခလရ ၅၅ တပ်ရင်းတွင်း၌ ဖမ်းဆီးထား၊ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေး
["သံတွဲမြို့မဈေးမှ ဈေး၀ယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ခလရ ၅၅ တပ်ရင်းတွင်း၌ ဖမ်းဆီးထား၊ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေး", "ရန်ကုန်၊ ဧပြီ ၉", "ရခိုင်ပြည်နယ်၊ သံတွဲမြို့မဈေးမှ ဈေးဝယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ခလရ ၅၅ တပ်ရင်းတွင်း၌ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၇ ရက်နေ့တွင် ညနေ ၆ နာရီခန့်တွင် သံတွဲမြို့မဈေးမှ ဈေးဝယ်ပြီး ပြန်လာသည့် အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများက သံတွဲတံတားဦး မီးပွိုင့်တွင် အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ရဲစခန်းမှ တစ်ဆင့် ငပလီ အခြေစိုက် ခလရ ၅၅ တပ်ရင်းကို ကားဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီးသွားသူမှာ သံတွဲမြို့နယ်၊ ဘောက်တောင်ကျေးရွာမှ အသက် ၂၉ နှစ်အရွယ် မမေသဇင် ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“မိသားစုတွေလည်း စိုးရိမ်နေကြပါတယ်။ သံတွဲမြို့နယ်ထဲမှာ လက်ရှိချိန်ထိ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေပြီး မကြာခဏ ဆိုသလို ရက္ခိုင့်တပ်တော် AA နဲ့ဆက်စပ်ပတ်သက်တယ် ဆိုပြီး ဖမ်းဆီးစစ်ဆေးမှုများ လုပ်လေ့ရှိနေပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အကြောင်းမဲ့ ဖမ်းဆီးခံရသူ မမေသဇင်သည် ဘောက်တောင်ရွာတွင် စိုက်ပျိုးရေး လုပ်ကိုင်သူဖြစ်ကြောင်း၊ ယနေ့ ဧပြီလ ၉ ရက်နေ့အထိ မိသားစုနှင့် အဆက်အသွယ်မရသေးဘဲ လက်ရှိတွင် ခလရ ၅၅ တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကြားသိရကြောင်း ဒေသပြည်သူများက ပြောကြားသည်။"]
https://yktnews.com/2024/06/169485/
သံတွဲ၊ အမ်းနှင့် မောင်တော်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ များအပါအဝင် ပြည်သူ ၈ ဦးသေဆုံး
["သံတွဲ၊ အမ်းနှင့် မောင်တော်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ များအပါအဝင် ပြည်သူ ၈ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၂", "ရခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဇွန်လ ၂၀ ရက်နေ့ ညတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။", "မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများက ပြည်သူသောင်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှာ မိမိနေအိမ်သို့ ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်။", "ဒေသခံတစ်ဦးက ” ရွှေလှေအနီးတဝိုက်မှာက တိုက်ပွဲမရှိတာ ရက်အတော်ကြာပြီပေါ့နော်။ အဲဒါရွာသားတွေကလည်း ပြန်နေလာနေတာပေါ့။ ရွာသားတွေတောင်မကပဲ ဂေါ့ကျေးရွာ၊ ငပလီမြို့ထဲက ပြည်သူတွေလည်း ရွှေလှေဘက်တွေမှာ စစ်ရှောင်နေတာတွေလည်း ရှိတယ်။ ဟိုဘက်မှာ တိုက်ပွဲဖြစ်ရင် ဒီဘက်ကိုရွှေ့တယ်။ ဒီဘက်မှာ တိုက်ပွဲဖြစ်ရင် ဟိုဘက်ကိုရွှေ့တယ်။ ပြည်သူတွေက ဒီလိုစစ်ရှောင်နေကြတာ။ အဲဒါကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်၊ လေယာဉ်နဲ့ လာပြီးဗုံးကြဲတိုက်ခိုက် လုပ်နေတာ။ ” ဟု ပြောသည်။", "ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်အချိန်က သံတွဲမြို့ထဲ စစ်ကောင်စီတပ်ရင်း၊ အမြောက်ကုန်းများက ပစ်ခတ်သော လက်နက်ကြီးကြောင့် ရွှေလှေရွာက အပြစ်မဲ့အရပ်သား စစ်ရှောင် ၃ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။", "သေဆုံးသူများမှာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်း၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီနှင့် ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်၊ အသက် ၇၀ အရွယ် ဒေါ်မငယ်တို့ ဖြစ်သည်။", "ငပလီမြို့အနီး စစ်ကောင်စီတပ်ရင်းအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းရသည်။", "အလားတူ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သဲကမ်းထောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။", "ဇွန် ၂၀ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနှင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်မှုကြောင့် အသက် ၄နှစ်ကလေးတစ်ဦးနှင့် အသက် ၁၇နှစ်တစ်ဦး အသက် ၂၅ နှစ် ၁ ဦး စုစုပေါင်း ၃ဦးသေဆုံးခဲ့သည်။", "သဲကမ်းထောင်းရွာသားတစ်ဦးက “၁၁ နာရီလောက် လေကြောင်းကနေ့ လာပစ်တာပါ။ တိုက်ပွဲ ဖြစ်တာမရှိပါဘူ။ ဒီအတိုင်း လာပြီးတော့ ဗုံးကြဲသွားတယ်။ ကျနော်တို့အိမ်နားက မိသားစုသုံးယောက်ပါ နေရာမှာပဲ သေဆုံးပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ဒဏ်ရာ ရပါတယ်”ဟုပြောသည်။", "သေဆုံးသူများမှာ သဲကမ်းထောင်းကျေးရွာမှ မိသားစုဝင်များဖြစ်ပြီး ၎င်းတို့မှာ အသက် ၄နှစ်အရွယ်ရှိ မောင်နေမိုးထက်၊ အသက် ၁၇ နှစ်ရွယ်ရှိ မမေဇင်အေးနှင့် အသက် ၂၅ နှစ်အရွယ်ရှိ ကိုသန်းဝင်းနိုင်တို့ ဖြစ်ကြကြောင်း ကျေးရွာသားများက ပြောသည်။", "အဆိုပါကျေးရွာမှ အသက် ၄၆ နှစ်ရွယ်ရှိ ဦးမောင်ပုနှင့် အသက် ၆၉ နှစ်အရွယ်တို့မှာ ဗုံးစ စင်လာ၍ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာများ ရရှိခဲ့ပြီး ယင်း သဲကမ်းထောင်းရွာ က နေအိမ် ၄လုံးထက်မနည်းမှာလည်း ပျက်စီးသွားကြောင်း ကျေးရွာသားများက ပြောသည်။", "ထို့ပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ် တုတ်ချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။", "အလားတူ ပြီးခဲ့သည့် ဇွန် ၁၈ ရက် နံနက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ ပတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့သည်။", "ထို့ပြင် ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် မောင်တောမြို့နယ်တွင် စစ်ကောင် စီက လက်နက်ကြီးပစ်ခတ်၍ ရိုဟင်ဂျာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် မောင်တောမြို့နယ်၊ ပန်းတောပြင်ရွာသို ကျရောက်ပေါက်ကွဲပြီး အသက် ၃၅ နှစ်အရွယ် မာမတ်အီလီယာစ် နှင့် အသက် ရော်ဟိမူလာတို့ သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/166888/
သံဖြူဇရပ် – မုဒုံ လမ်းပိုင်းရှိ ရောင်ဒေါင်းရွာ အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["သံဖြူဇရပ် – မုဒုံ လမ်းပိုင်းရှိ ရောင်ဒေါင်းရွာ အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၁၀", "မွန်ပြည်နယ်၊ သံဖြူဇရပ် – မုဒုံ လမ်းပိုင်းရှိ ရောင်ဒေါင်းရွာ အနီးတွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ – AD အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇွန်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သံဖြူဇရပ် – မုဒုံ ကားလမ်းပိုင်းရှိ ရောင်ဒေါင်းရွာအနီးတွင် အကြမ်းဖက် စစ်ကား ၁ စီးကို မွန်ပြည်သစ်ပါတီ – AD က ဝင်ရောက် ပစ်ခတ် တိုက်ရာ အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။", "“သံဖြူဇရပ်-မုဒုံကားလမ်း ရောင်ဒေါင်းရွာအနားမှာ စကစ ကားတစ်စီးကို ကျွန်တော်တို့ အေဒီတပ်ဖွဲ့ဝင်တွေက ဝင်ပစ်တော့ ၃ ယောက်သေ ၃ ယောက်ဒဏ်ရာရ၊ လက်နက်တစ်နက် သိမ်းဆည်းရမိပါတယ်”ဟု မွန်ပြည်သစ်ပါတီ – AD အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောဆိုသည်။"]
https://yktnews.com/2023/04/95451/
သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး
["သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဧပြီလ ၂", "မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး လမ်းမပိုင်းတွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အောင်သာယာရွာနှင့် ကနင်ကာ့ရွာ အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများကိုပါ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ပြည်သူပိုင် ပစ္စည်းများနှင့် လမ်းမကြီး ဘေးရှိ ခြံများ ၊ တဲများကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "“တိုက်ပွဲဖြစ်ပြီးချိန် စစ်ခွေးတွေက အဲဒီ လမ်းမကြီးဘေးက ခြံတွေ တဲတွေကို မီးရှို့သွားတယ်။ ဆိုင်ကယ်နဲ့ခရီးသွားတစ်ဦးကို စစ်ခွေးတွေက ပစ်သတ်သွားတယ်။ စစ်ခွေးတွေက ခရီးသွား ကားတွေကို တားထားပြီး သူများခြံတွေကိုမီးရှို့တာ တော်တော်ကို ယုတ်မာနေတာ”ဟု ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2025/02/202515/
သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ကွမ်းဒူးရွာနှင့် နှင်းစုံရွာ တံတားအနီး စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ
["သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ကွမ်းဒူးရွာနှင့် နှင်းစုံရွာ တံတားအနီး စစ်တပ် စစ်ဆေးရေး ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ကွမ်းဒူးရွာနှင့် နှင်းစုံကျေးရွာ အကြား တံတားအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ရေးမြို့နယ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းရှိ ကွမ်းဒူးရွာနှင့် နှင်းစုံကျေးရွာ အကြား တံတားအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရှိရသည်။", "“သူတို့က အင်အား ၄၀ ဝန်းကျင်လောက်နဲ့ အဲဒီမှာ စစ်ဆေးရေးဂိတ်အနေနဲ့ တပ်စွဲထားတာ ပြည်သူလူထုတွေကို အမြဲတမ်းစစ်ဆေးနေတဲ့ ဂိတ်ပေါ့။ အဲဒီဂိတ်ကို သွားတိုက်တာ ကနဦးသတင်းအရ ရန်သူစစ်ကောင်စီက ၅ ဦးသေဆုံးတယ်လို့ သိရပြီး ဒဏ်ရာတွေ အများအပြားရရှိတယ်လို့ သိရတယ်” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြေဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် အာရုတောင်အခြေစိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၃၄၃ တပ်ရင်းနှင့် ခမရ ၅၈၇ တပ်ရင်းတို့မှ လက်နက်ကြီးများဖြၚ့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/99119/
သံဖြူဇရပ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး
["သံဖြူဇရပ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၄", "မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိန်ပဒေါရွာနှင့် ကုန်းမြင့်သာယာရွာကြားတွင် အကြမ်းဖက် စစ်ကား ၃ စီးဖြင့် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ ဧပြီလ ၂၃ ရက် ညနေ ၃ နာရီခန့်က ဝဲခမိကျေးရွာအနီးသို့ လမ်းကင်းချထားသော အကြမ်း ဖက်စစ်သား ၆၀ ခန့်သည် ကား ၃ စီးဖြင့် သံဖြူဇရပ်မြို့သို့ အပြန် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ စစ်ကား တစ်စီးပျက်စီး ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်းထံမှ သိရသည်။", "ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေဘိုစည်ပင် သာယာရုံး ရှေ့ရှိ စစ်သားများကို ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်း တပ်ခွဲ Naungyoe Army နှင့် ရွှေဘိုကျားကြီး အဖွဲ့တို့မှ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေဘို စီးပွားရေး ဘဏ်ထဲရှိ စစ်သားများကို အမှတ် ၂၃ တပ်ရင်း တပ်ခွဲ Naungyoe Army ၊ ရွှေဘိုကျားကြီးနှင့် ရွှေဘိုမင်း အဖွဲ့တို့မှ ထပ်မံ ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125368/
သံဖြူဇရပ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ပိတ်ဆို့ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
["သံဖြူဇရပ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ပိတ်ဆို့ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၆", "မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းထံမှ သိရသည်။", "စက်တင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၂၃ မိနစ်က ကြာအင်း ဆိပ်ကြီး မြို့နယ်၊ အနန်းကွင်း ကျေး ရွာရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း တပ်စခန်းမှ တပ်ချိန်း ပြီး ပြန်ဆုတ်လာသော အင်အား ၇၀ ခန့်ပါ အ ကြမ်းဖက် စစ်ကြောင်း ကို သံဖြူဇရပ်မြို့နယ်၊ ဇီးနှစ်ပင်ကျေးရွာထိပ်၌ ပထမအကြိမ် ပိတ်ဆို့ ဖြတ် တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁ နာရီ ၄၄ မိနစ်တွင် ဇီးနှစ်ပင် ကျေးရွာနှင့် ရဲတံခွန် ကျေးရွာအကြားအရောက် ဒုတိယအကြိမ် ပိတ်ဆို့ ဖြတ် တောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက် ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်း တပ်ခွဲ ၁ နှင့် KNLA ပူးပေါင်း တပ် ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ပြောဆိုထားသည်။"]
https://yktnews.com/2024/09/184309/
သံဖြူဇရပ်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
["သံဖြူဇရပ်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ကုန်းမြင့်သာယာရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Taung Nyo Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်မှ ၁၂ နာရီ ၃၀မိနစ် အထိ ကုန်းမြင့်သာယာရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပျောက်ကြား ပစ်ခတ်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ယင်းနေရာ၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးမှု ရှိမရှိကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ တောင်ညိုစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ များ အထိအခိုက် အကျအဆုံး မရှိဘဲ ဆက်လက် လှုပ်ရှားနေလျက်ရှိကြောင်း သိရှိရသည်။", "အဆိုပါတိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနှင့် KNLA (Karen National Liberation Army) တပ်ရင်း ၂၇ အဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၂၄ မိနစ်မှ ၇ နာရီ ၃၅ မိနစ်ထိ သံဖြူဇရပ်မြို့နယ်ရှိ ကလိန်ပဒေါရွာ အနောက်ဘက်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေသော အင်အား ၁၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တောင်ညိုစစ်ကြောင်း နှင့် KNLA (Karen National Liberation Army) တပ်ရင်း ၂၇ အဖွဲ့ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက်စ စ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ သံဖြူဇရပ်မြိုနယ်ရှိ ရဲတံခွန်ရွာ သွေးသောက်ဆိုင်းဘုတ်အနီးတွင် နယ်မြေရှင်း လင်းမှု ပြုလုပ်နေသော အင်အား ၁၈၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း Taung Nyo Column တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၈ရက်နေ့တွင် ရဲတံခွန်ရွာ သွေးသောက်ဆိုင်းဘုတ်အနီး၌ အင်အား ၁၈၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မွန်းလွဲ ၂ နာရီ မှ ၂ နာရီ ၃၀ မိနစ် အထိ တောင်ညိုစစ်ကြောင်းက ပြောက်ကျား ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "ရန်သူစစ်ကြောင်း ဘက်မှ အထိအခိုက်အကျအဆုံး ကိုဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်း တိုက်ပွဲ အပါအဝင် စက်တင်ဘာလတွင် တိုက်ပွဲစုစုပေါင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး တောင်ညို စစ်ကြောင်းက အထိအခိုက်အကျအဆုံး မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြကြောင်းသိရှိရသည်။", "“ပြည်သူများအနေနဲ့ သတိပြုသွားလာဖို့နဲ့ သဘာ၀ဘေးအန္တရာယ်တွေလည်း ရှိတာမလို့ အစစအရာရာ ဂရုစိုက်စေချင်ပါတယ်” ဟု Taung Nyo Column တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/112170/
သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့ရှိ ရဲစခန်း ၂ ခုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဓာတ်အားခွဲရုံ မီးလောင်ပျက်စီး
["သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့ရှိ ရဲစခန်း ၂ ခုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဓာတ်အားခွဲရုံ မီးလောင်ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၉", "မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ ရဲစခန်း ၂ ခုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တောင်ကလေးရဲစခန်းကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့တို့မှ ရှေ့ထွက်မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံတို့ကို ရှေ့ထွက်မိုင်းများ၊ ၆၀မမ/ ၈၁မမ ဗုံးသီးများဖြင့် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့တို့မှ ဆက်လက် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ မြို့နယ် လျှပ်စစ် ဓာတ်အားခွဲရုံကို ဖောက်ခွဲ တိုက်ခိုက်စဥ်တွင် ဓာတ်အားခွဲရုံအတွင်းရှိ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင် ပျက်စီးခဲ့ပြီး ခန့်မှန်း ငွေကျပ်သန်းပေါင်း နှစ်ထောင် (၂ ဘီလီယံကျပ်) ခန့် ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ထံမှ သိရသည်။"]
https://yktnews.com/2024/04/156632/
သံဖြူဇရပ်မြို့နယ်ရှိ၊ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင် တပ်သား ၂ ဦး သေဆုံးပြီး ရဲစခန်း မီးလောင်ပျက်စီး
["သံဖြူဇရပ်မြို့နယ်ရှိ၊ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင် တပ်သား ၂ ဦး သေဆုံးပြီး ရဲစခန်း မီးလောင်ပျက်စီး", "ရန်ကုန်၊ ဧပြီ ၁၂", "မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ၊ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင် တပ်သား ၂ ဦး သေဆုံးပြီး ရဲစခန်း မီးလောင်ပျက်စီး ခဲ့ကြောင်း တောင်ညိုစစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၈ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်ရှိ အနင်းရဲစခန်းကို တပ်မဟာ ၆ KNLA တပ်ရင်း-၂၇ မှ ဦးဆောင်သော တောင်ညိုစစ်ကြောင်း၏ ဒရုန်းတပ်ဖွဲ့က မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဧပြီလ ၁၀ ရက်နေ့ နံနက် ၆ နာရီ ၃၄ မိနစ်ခန့်တွင် သံဖြူဇရပ်မြို့နယ်ရှိ ထင်းရှူးရဲစခန်းကို တောင်ညိုစစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကာ ရဲစခန်းအဆောင်တစ်ခု မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ရဲစခန်း ၂ ခုကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ကောင်သေတယ်လို့ အတည်ပြုနိုင်ခဲ့တယ်” ဟု တောင်ညိုစစ်ကြောင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း အဆိုပါ အနင်းကျေးရွာရဲစခန်းနှင့် ထင်းရှူးကျေးရွာ ရဲစခန်းတို့ကို တောင်ညိုစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ပျောက်ကြား စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းတို့ကြောင့်အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တပ်မဟာ ၆၊ KNLA (တပ်ရင်း ၂၇) ၏ ဦးဆောင်မှုအောက်တွင် တောင်ညို စစ်ကြောင်းအ‌နေဖြင့် အခြား မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/02/143601/
သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိ
["သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း တောင်ညို စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ၊ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင် ကာတွန်း (ခ) အတွမ့်ကို တောင်ညို စစ်ကြောင်း (KNLA +PDF) တပ်ခွဲ ၁ က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင် ကာတွန်း (ခ) အတွမ့် ထံမှ AK ၃ လက် ၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၂ တောင့် ၊ M16 ၁ လက်၊ 380 ဆုံလည် ၁ လက် တို့ကိုလည်း တောင်ညို စစ်ကြောင်း တပ်ခွဲ ၁ က သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/153837/
သံဖြူဇရပ်မြို့အဝင် စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး
["သံဖြူဇရပ်မြို့အဝင် စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၉", "မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အဝင်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံဖြူဇရပ်မြို့အဝင် သ‌‌က္ကော့လမ်း၀ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“လက်နက်တွေ သိမ်းဆည်း ရမိတာတော့ မရှိပါဘူး။ ချုံခို တိုက်ခိုက်ခဲ့တာပါ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်း (KNLA+PDF) ပူးပေါင်းတပ်ဖွဲ့၊ တောင်ညို ခွဲ ၁/ခွဲ ၃ နှင့် MNLA (ခွဲထွက်) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127304/
သံဖြူဇရပ်ရဲစခန်းမှ ရဲနယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ထံတွင် အလင်းဝင်
["သံဖြူဇရပ်ရဲစခန်းမှ ရဲနယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ထံတွင် အလင်းဝင်", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "မွန်ပြည်နယ်၊ သံဖြူဇရပ်ရဲစခန်းမှ ရဲနယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ထံတွင် အလင်းဝင်လာကြောင်း အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.C၊ ဒုစစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သံဖြူဇရပ် မြို့မရဲစခန်းမှ ရဲနယ်ထိန်း တပ်ကြပ် ထွန်းထွန်းလင်းသည် အောက်တိုဘာလ ၂ ရက်နေ့တွင် ပစ္စတို Glock .38 mm ၁ လက်၊ .38 ကျည် ၅ တောင့်၊ ကျည်ကာ ၁ ခု၊ လက်ပစ်ဗုံး ၁လုံး၊ icon ၁ လုံး၊ ရဲဦးထုပ် ၁လုံး၊ ဓါး ၁ ချောင်း၊ ဖုန်း ၂ လုံး၊ လက်ထိပ် ၁ခုတို့နှင့်အတူ KNLA၊ PDF ပူပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်လာကြောင်း၊ နယ်ထိန်းထွန်းထွန်းလင်းသည် ရဲတပ်ဖွဲ့အတွင်း အထက်အောက်ဖိနှိပ်သည့် ဒဏ်ကို မခံနိုင်ခြင်းနှင့် ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများကို မခံနိုင်သဖြင့် CDM ပြုလုပ် ခိုလှုံခဲ့ကြောင်း သိရှိရသည်။", "လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် CDM ရဲတပ်ကြပ် ထွန်းထွန်းလင်းကို ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/143752/
သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံး
["သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းများကို တော်လှန်ရေး အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်မှ ၁၃ ဦး သေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းထံမှ သိရသည်။", "ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီချိန်မှ စ၍ ၁၁ နာရီခန့်အထိ အနင်းရွာရဲစခန်းနှင့် ထင်းရှူးရွာ ရဲ စခန်း ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနင်းရွာရဲစခန်းမှ စစ်ကောင်စီတပ်သား ၃ ဦး သေ ဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ထင်းရှူးရွာရဲစခန်းမှ စစ်ကောင်စီတပ် သား ၁၀ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခါနီးမှ ရဟတ်ယာဉ်နှင့် ပစ်ခတ်ခြင်း၊ မြေပြင်မှ စစ်ကူအများအပြားစေလွှတ်ခြင်းနှင့် လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ် ခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီဘူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။", "“တိုက်ပွဲအရမ်းပြင်းထန်တယ်။ သူတို့ဘက်က ခံစစ်အနေနဲ့ ပြန်လည်ခုခံတဲ့အချိန်က တအားကြာ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ စခန်းကို သိမ်းလို့ရခါနီး ထွင်းဖောက်နိုင်တဲ့အချိန်မှာ သူတို့ဘက်က လေ ကြောင်းပစ်ကူတွေက ရောက်လာတယ်။ စကစဘက်က ကျတာများတယ်။ ဘာလို့ဆို စခန်းကို ရနေ ပြီ။ ခြံစည်းရိုးတောင်ဖောက်လို့ရပြီ။ ဖောက်နေပြီ။ အဲဒီအချိန် သူတို့ဘက်က ပစ်ကူတွေ တအား များ တာ ရော လေကြောင်းလည်း ရောက်လာလို့ ပြန်ဆုတ်လာခဲ့တယ်” ” ဟု ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အဆိုပါ တိုက်တိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇ ၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကော အဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA ၏ ဗျူဟာအတိုင်း တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲသည် ၅ နာရီခန့်ကြာဖြစ်ပွားခဲ့ ပြီး မွန်ပြည်နယ်တွင် အချိန်အကြာဆုံး တိုက်ပွဲ ဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/143000/
သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ မုံရွာတွင် စစ်တပ်နေရာများကို ဒရုန်းဖြင့်ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး
["သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ မုံရွာတွင် စစ်တပ်နေရာများကို ဒရုန်းဖြင့်ဗုံးကျဲမှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းများကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်မှ ထိခိုက် သေဆုံးမှုများပြားကြောင်း ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ထံမှ သိရှိရသည်။", "ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီချိန်မှ စ၍ တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းရခါနီးအချိန်တွင် အကြမ်းဖက်စစ်တပ်ဘက်မှ ရဟတ်ယာဉ်နှင့် ပစ်ခတ်ခြင်း၊ မြေပြင်မှ စစ်ကူအများအပြားစေလွှတ်ခြင်းနှင့် လက်နက်ကြီးများနှင့် လှမ်း၍ ပစ်ခတ်ခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီဘူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“တိုက်ပွဲအရမ်းပြင်းထန်တယ်။ သူတို့ဘက်က ခံစစ်အနေနဲ့ ပြန်လည်ခုခံတဲ့အချိန်က တအားကြာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စခန်းကို သိမ်းလို့ရခါနီး ထွင်းဖောက်နိုင်တဲ့အချိန်မှာ သူတို့ဘက်က လေကြောင်းပစ်ကူတွေက ရောက်လာတယ်။ သူတို့ဘက်က တပ်အင်အားတွေ အဲဒီအချိန်မှာ ကျနေပြီ အဲဒီအချိန် လေကြောင်းပစ်ကူတွေ ရောက်လာခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။", "အဆိုပါ တိုက်ပွဲသည် ၅ နာရီခန့်ကြာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်တွင် အချိန်အကြာဆုံးတိုက်ပွဲဟုပင် ပြောလို့ရပြီး အကောင်းဆုံးတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ အကျအဆုံးလည်း များပြားကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။", "“စကစဘက်က ကျတာများတယ်။ ဘာလို့ဆို စခန်းကို ရနေပြီ။ ခြံစည်းရိုးတောင်ဖောက်လို့ရပြီ။ ဖောက်နေပြီ။ အဲဒီအချိန် သူတို့ဘက်က ပစ်ကူတွေတအားများတာရော လေကြောင်းလည်း ရောက်လာလို့ ပြန်ဆုတ်လာခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ တိုက်ပွဲကို KNLA တပ်ရင်း ၂၇ ၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကောအဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေခံ KNLA ၏ ဗျူဟာအတိုင်း တိုက်ပွဲကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်များဘက်မှ ရဲဘော် ၃ ဦးခန့်သာ မစိုးရိမ်ရ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဆီဆိုင်ဂိတ်နှင့် တောပုပျူရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၄ – MSPDF မှ သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် မွန်းတည့် ၁၂ နာရီခန့်မှ ၁ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ် စွမ်းရည်ထက်ဂိတ်စခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ဗိုက်ပွင့်ထွက်သေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီမှ ၃ နာရီ မိနစ် ၃၀ အထိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည့် တော ပု ပျူစောထီးရွာကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၊ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ထို့အတူ ယမန်နေ့ ညနေ ၃ နာရီမှ ၃ နာရီခွဲအထိ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် Air BOMB ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း -NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၉ တပ်ရင်း၊ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDFနှင့် Special Guerrilla Force Monywa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/01/139405/
သံဘိုစခန်းသိမ်းတိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး သက်အောင် စစ်သုံ့ပန်းအဖြစ် အဖမ်းခံရစဉ် ပြုံးပျော်နေ၍ စစ်ကောင်စီက ကျန်ရစ်သော မိသားစုကို စစ် ဆေးရန် ဖမ်းဆီးထား
["သံဘိုစခန်းသိမ်းတိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး သက်အောင် စစ်သုံ့ပန်းအဖြစ် အဖမ်းခံရစဉ် ပြုံးပျော်နေ၍ စစ်ကောင်စီက ကျန်ရစ်သော မိသားစုကို စစ် ဆေးရန် ဖမ်းဆီးထား", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီး ရရှိပြီးနောက် ပြုံးပျော်နေသဖြင့် စစ်တပ်က ဒုဗိုလ်မှူးကြီး သက်အောင်၏ ကျန်ရစ်သော မိသားစုကို စစ်ဆေးရန် ဖမ်းဆီးထားကြောင်း ပြင်ဦးလွင် တပ်နယ်သတင်းရင်းမြစ်က ပြောသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို TNLA နှင့် မန္တလေး PDF တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်း၊ သံဘိုကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု များပြားခဲ့ကြောင်း ၊ စစ်သုံ့ပန်းဖြစ်သွားခဲ့သော်လည်း ဒုတိယ ဗိုလ်မှူး ကြီး သက်အောင်သည် ပြုံးရွှင်နေခဲ့သဖြင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ဒုတိယဗိုလ်မှူးကြီး သက်အောင် သည် ပြည်သူ့ကာကွယ်ရေး တပ်၏ လက်ထဲသို့ ရောက်ရှိမှ အသက်အန္တရာယ်ကင်းရှင်းပြီဟု စိတ်လက် ပေါ့ပါးသွားသည်ဟု မှတ်ချက်ပြုခဲ့သည်။", "“သံဘိုမှာ ဖမ်းဆီးခံရတဲ့ ဒုတိယဗိုလ်မှူးကြီး သက်အောင်က ပြုံးပျော်နေလို့ စစ်တပ်က မသင်္ကာဘူးဆိုပြီး ဒုဗိုလ်မှူးကြီး သက်အောင်ရဲ့ မိသားစုကို ဖမ်းဆီး ထားတယ်။ စစ်ဆေးဖို့ ဖမ်းထားတာလို့ ပြောတယ်။ အခုထက်ထိတော့ မလွတ် သေးဘူး” ဟု ပြင်ဦးလွင် တပ်နယ်သတင်းရင်းမြစ်က ရှင်းပြသည်။", "ဒုတိယဗိုလ်မှူးကြီးသက်အောင် အဖမ်းခံရပြီးနောက် စစ်တပ်ထဲတွင် အရာရှိ များနှင့် တပ်မိသားစုများမှာ လင်ယောင်္ကျားများကို အဖမ်းခံရပါက ပျော်ရွှင် မနေကြရန်၊ ကျန်ရစ်သော မိသားစု ဒုက္ခမရောက်စေရေး လုပ်ဆောင်ရန်မှာ ကြားကြ ကြောင်း၊ ထို့ပြင် တပ်မိသားစုများက ပြင်ပသို့ ထွက်၍ နေထိုင်ရန် အကြောင်းအမျိုးမျိုးပြ ကြိုးစားကြပြီး တချို့ တပ်မိသား စုဝင်များမှာလည်း တပ်၏ ခွင့်ပြုချက်မရဘဲ တပ်မှ ထွက်ပြေးကြ ကြေင်း သိရှိရသည်။"]
https://yktnews.com/2023/07/114277/
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Institute မှ ကျောင်းသားများ လာရောက်တွေ့ဆုံ
["သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Institute မှ ကျောင်းသားများ လာရောက်တွေ့ဆုံ", "ရန်ကုန်၊ ဇူလိုင် ၂၂", "အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် Burmese American Community Institute မှ Executive Director – Mr Elaisa Vahnie ဦးဆောင်သော Upward College Summer Scholar Program မှ Burmese -American ကျောင်းသား ၄၀ ကျော်နှင့် အဖွဲ့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်မြို့ရှိ ၎င်း​၏ရုံးခန်းတွင်လာရောက်တွေ့ဆုံဆွေးနွေးကြသည်။", "တွေ့ဆုံပွဲတွင် သံအမတ်ကြီးမှ မိတ်ဆက်စကားနှင့် ကုလသမဂ္ဂ ဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင်ပတ်သက်ပြီး ကျောင်းသားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။", "သံအမတ်ကြီးက ယခုလာရောက်တွေ့ဆုံသော ကျောင်းသားများသည် Burmese American Community အတွက် အနာဂတ်ပင်ဖြစ်ကျောင်း မြန်မာ့နွေဦးတော်လှန်ရေး၊ ပြန်လည်ထူထောင်ရေးတို့တွင် မိမိတို့တတ်နိုင်သည့်ဘက်မှ ပြန်လည်ကူညီပေးကြစေလိုကြောင်း အမှာစကားပါးပြောကြားသည်။", "Executive Director – Mr Elaisa Vahnie မှ မြန်မာ့နွေဦးတော်လှန်ရေးသံတမန်ရေးရာ ကိစ္စရပ်များတွင် သံအမတ်ကြီး​၏အခန်းကဏ္ဍသည် အင်မတန်အရေးကြီးကြောင်း ကုလသမဂ္ဂတွင် သံအမတ်ကြီးဆက်လက်တည်ရှိရေးအတွက်လည်း Burmese American Community Institute မှ အစွမ်းကုန်ကြိုးစားကူညီမည်ဟု ကတိပေးကြောင်း ဆွေးနွေးပြောကြားသည်။", "လာရောက်တွေ့ဆုံသော အဖွဲ့တွင် Burmese American Community Institute မှ Executive Director – Mr Elaisa Vahnie , Program Supporter- Dr Bawi Mang Lian, Program Director – Lian Sang, MP – U Zaw Thein, Program Coordinator: Va Chha နှင့် Upward College Summer Scholar Program မှ ကျောင်းသားများပါဝင်ကြသည်။", "သတင်းဓါတ်ပုံ- KyawSoe Latt"]
https://yktnews.com/2024/09/183124/
သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သားနှင့် ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
["သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သားနှင့် ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ", "ရန်ကုန်၊ စက်တင်ဘာ ၁၂", "သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သား နှင့်ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများကို ဆက်သွယ်ကာ သြ ဂုတ်လအတွင်း တပ်သားနှင့်ရဲ ၄၁ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြကြောင်းသိရသည်။", "အရာရှိအဆင့် ဒုဗိုလ်မှူးကြီး ၃ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၃ ဦး အပါအဝင် တပ်သားနှင့်ရဲ ၄၁ ဦး အကြမ်းဖက်စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။", "အဆိုပါ ၄၁ ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။", "သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြကြောင်းသိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံ ရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်းကြောင်း အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/166861/
သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက် စစ်အုပ်စုနှင့်တွဲဖက်၍ သတ္တုတွင်း လုပ်ငန်းနှင့် ရေကာတာစီမံကိန်းများ လုပ်ကိုင်နေမှု JFM ဖော်ထုတ်
["သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက် စစ်အုပ်စုနှင့်တွဲဖက်၍ သတ္တုတွင်း လုပ်ငန်းနှင့် ရေကာတာစီမံကိန်းများ လုပ်ကိုင်နေမှု JFM ဖော်ထုတ်", "ရန်ကုန်၊ ဇွန် ၁၀", "သြစတြေးလျ Cornerstone Resources ကုမ္ပဏီက အကြမ်းဖက် စစ်အုပ်စုနှင့် တွဲဖက်၍ သတ္တု တွင်း လုပ်ငန်းနှင့် ရေကာတာစီမံကိန်းများ လုပ်ကိုင်နေကြောင်း Justice For Myanmar က အစီရင်ခံစာ ထုတ်ပြန် ဖော်ထုတ်လိုက်သည်။", "Cornerstone Resources (Myanmar) Limited သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် သြစတြေးလျ ဆက်စပ် သတ္တုတူးဖော်သော ကုမ္ပဏီဖြစ်ပြီး ဩစတြေးလျ ဘီလျံနာသူဌေးကြီး Mark Creasy ရှယ်ယာပါဝင်သည်ဟု ယူဆရသည့် သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခု၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် သွပ်သတ္တု တူးဖော်ပြီး ဓာတ်သတ္တုသန့်စင် စက်ရုံတစ်ခုကိုလည်း ဖွင့်လှစ်လုပ်ကိုင်ကြောင်း ၊ အကြမ်း စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတွင်လည်း ဗြိတိသျှဗာဂျင်ကျွန်းစုများ (BVI) မှ တဆင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင် ခဲ့ကြောင်း သိရသည်။", "၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီကို “Cornerstone Resource (Myanmar) Ltd, Australia” က အပြည့်အဝ ပိုင်ဆိုင်ကြောင်း မြန်မာနိုင်ငံ၏ ထိုအချိန်က အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ ထုတ်ပြန်ချက် ဒေတာဘေ့စ်သို့ ကုမ္ပဏီက တင်သွင်းခဲ့ပြီး ငွေကြေးစိုက်ဝင်သူအဖြစ် ဩစတြေးလျဟု ဖော်ပြခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မေလအထိ ကုမ္ပဏီသည် အနောက် သြစတေးလျ အခြေစိုက် ရုံးလိပ်စာဖြင့် ဖော်ပြထားသော ပြေစာများကို ထုတ်ပြန်ခဲ့ကြောင်း သိရှိသည်။", "Cornerstone Resources သည် အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်း စစ်အုပ်စု စီးပွားရေး လုပ်ငန်းစုကြီး MEC နှင့် စီးပွားရေးဆက်လက် လုပ်ဆောင်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်မှုသည် BVI တွင် မှတ်ပုံတင် ထားသည့် Cornerstone Resources အနေဖြင့် ယူကေနိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ဖွယ် ရှိကြောင်း၊ ယခု ဖော်ပြချက်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် JFM၊ REDRESS နှင့် Australian Centre for International Justice တို့က BVI အုပ်ချုပ်ရေးမှူးနှင့် ယူကေနိုင်ငံ ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများ ဖော်ဆောင်ရေးရုံးကို တင်သွင်းခဲ့သည့် အမှုတွဲဖိုင် အပေါ်တွင် အခြေခံထားခြင်းကြောင်း ဖြစ်ကြောင်း JFM ကပြောဆိုသည်။", "Cornerstone သည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လုပ်ငန်းများကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး အမှတ် (၁) သတ္တုတွင်း လုပ်ငန်းနှင့် ထုတ်လုပ်မှု ခွဲဝေရေးစာချုပ် (PSC) ချုပ်ဆိုလုပ်ကိုင်ခဲ့ကြောင်း၊ Cornerstone ၏ လုံချိန်သတ္တုတွင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့နယ်အတွင်း မြေဧရိယာ ၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကြောင်း၊ လုပ်ပိုင်ခွင့်လိုင်စင်သည် “သွပ်သတ္တုတူးဖော်ရေးနှင့် ထုတ်ယူခြင်းအတွက် ဓာတ်သတ္တုစမ်းသပ်ရှာဖွေရေးနှင့် ဖြစ်နိုင်ခြေလေ့လာမှု” လုပ်ငန်းများ အားလုံးကို ခွင့်ပြုပေးခဲ့ကြောင်း၊ ကနဦး လုပ်ကိုင်ခွင့်ကာလသည် စီးပွားဖြစ်ထုတ်လုပ်မှု စတင်သည့်နေမှစ၍ နှစ် ၂၀ ဖြစ်ပြီး သက်တမ်းတိုးခွင့် ပါရှိကြောင်း သိရသည်။", "Distributed Denial of Secrets (DDoS) ထံမှ ပေါက်ကြားလာသော ၁၉၉၉ ခုနှစ် စီမံကိန်းသဘောတူစာချုပ်တွင် ကုမ္ပဏီက ထုတ်လုပ်မှု ခိုင်ကြေး ၃ ရာခိုင်နှုန်းကို သတ္တုတွင်းဦးစီးဌာနသို့ ပေးရန် သဘောတူညီခဲ့ကြောင်း၊ ကျန်ရှိသည့် သွပ်သတ္တုထုတ်လှုပ်မှု ၉၇ ရာခိုင်နှုန်းကို Cornerstone အတွက် ၇၀ ရာခိုင်နှုန်းနှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်း အတွက် ၃၀ ရာခိုင်နှုန်း ခွဲဝေခဲ့ကြောင်း၊ ထိုသဘောတူစာချုပ်ကို ပြင်ဆင်ခြင်းမရှိပါက ထိုစာချုပ်သည် ၂၀၁၉ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး JFM အနေဖြင့် စာချုပ် သက်တမ်းတိုးခြင်း ရှိမရှိကို မသိရှိကြောင်း JFM ကပြောဆိုသည်။", "ထို့ပြင် Cornerstone ကုမ္ပဏီသည် ဆက်စပ်စက်ရုံ တစ်ခုဖြစ်သည့် လျှပ်စစ်ဖြတ်စီးနည်းသုံး သွပ်သန့်စင်စက်ရုံကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မန်ပြင်ကျေးရွာအုပ်စုတွင် တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါစက်ရုံသည် တစ်နှစ်လျှင် LME တန်ပေါင်း ၁၀,၀၀၀ (သွပ်သတ္တု ၉၉.၉၉ ရာခိုင်နှုန်း) ကို သန့်စင်နိုင်စွမ်းရှိပြီး ပြည်တွင်းနှင့် နိုင်ငံခြားလုပ်ငန်းများအတွက် တိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။", "၂၀၁၈ ခုနှစ်အထိ ရရှိသည့် အချက်အလက်များအရ Cornerstone Resources ၏ အဓိက ပိုင်ရှင်များတွင် တရုတ်နိုင်ငံ၏ Datong Industrial Co.၊ Mark Creasy ပိုင်ဆိုင်သည့် ဩစတြေးလျကုမ္ပဏီ Yandal Investments Pty. Ltd. နှင့် မြန်မာ ကုမ္ပဏီ EAP Global Mining Co. Ltd တို့ ပါဝင်ပြီး EAP Global Mining Co. Ltd. သည် Unilever ၏ မြန်မာမိတ်ဖက် Europe & Asia Commercial Co. Ltd. (EAC) နှင့် စီးပွားရေးလုပ်ငန်းစုကြီး တစ်ခုထဲအောက်တွင် ပါဝင်ကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ်၊ ဇူလိုင်လ အထိ စာရင်းအရ Cornerstone ၏ မြန်မာစီးပွားရေး လုပ်ငန်းတွင် ဖော်ပြထားသည့် ဒါရိုက်တာများမှာ မြန်မာနိုင်ငံသား ၂ ဦးဖြစ်သည့် ထွန်းထွန်းနိုင်၊ EAP Global Mining ပိုင်ရှင် ကျော်ဝင်းအောင်နှင့် မကြာသေးမီက ကွယ်လွန်သွားခဲ့သည့် ဩစတြေးလျနိုင်ငံသား Roger Jardine တို့ ဖြစ်ပြီး BVI ၏ ကော်ပိုရိတ်မှတ်ပုံတင်စာရင်းရှိ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်ခြင်း မရှိသည့်အတွက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ဖျက်သိမ်းသွားခဲ့သည့် Cornerstone ၏ မိခင်ကုမ္ပဏီရှိ ဒါရိုက်တာများ၏ အချက်အလက်များကို JMF က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ Roger Jardine နှင့် BVI အခြေစိုက် Cornerstone Resources တို့သည် လိပ်စာတစ်ခုတည်းကို အသုံးပြုထားကြောင်း သိရသည်။", "Cornerstone သည် ဗြိတိသျှဗာဂျင်ကျွန်းစုများတွင် ကုမ္ပဏီ မှတ်ပုံတင်ထားရှိခြင်းကြောင့် ယူကေဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်နိုင်ဖွယ်ရှိပြီး ဗြိတိသျှဗာဂျင်ကျွန်းစုများသည် ယူကေ ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာ အကောင်အထည်ဖော်ရသည့် ဗြိတိသျှနယ်ခြား ပိုင်နက် နယ်မြေတစ်ခုဖြစ်ကြောင်း၊ ဥပမာအားဖြင့် ၂၀၂၀ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ဒဏ်ခတ်ပိတ်ဆို့မှု ပြဌာန်းချက်များ (“ယူကေပြဌာန်းချက်များ”) ကို BVI နယ်မြေကပါ လိုက်နာစေရန် အမိန့်ညွှန်ကြားချက်တစ်ရပ်ဖြင့် တိုးချဲ့ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကို ဒဏ်ခတ် ပိတ်ဆို့မှုချမှတ်ရာတွင် အဆိုပါ “ယူကေပြဌာန်းချက်များ” ကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "သို့ရာတွင် ယင်းစစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီးအား ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီးနောက်ပိုင်း Cornerstone Resources နှင့် MEC တို့အကြား လုပ်ငန်းဆောင်ရွက်မှု အများအပြားကို JFM က တွေ့ရှိခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် MEC သို့ အနည်းဆုံး သွပ်သတ္တုရောင်းချမှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ငွေကျပ်တန်ဖိုး ၁.၂ ဘီလီယံ (ဩဇီဒေါ်လာ ၀.၉ မီလီယံ) ရှိသော စုစုပေါင်း သွပ်သတ္တု ၁၅၅ မက်ထရစ်တန်ရှိခဲ့ကြောင်း JFM သို့ လျှို့ဝှက်ပေါက်ကြားလာသည့် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်း များအရ သိရကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၂ မတ်လအထိ ကုမ္ပဏီသည် ၎င်း၏ သွပ်သန့်စင်စက်ရုံအတွက် ငွေကျပ်တန်ဖိုး ၇၆၈ သန်း (ဩဇီဒေါ်လာ ၀.၆ သန်း) ရှိသော ကျောက်မီးသွေးတန်ပေါင်း ၃၁,၉၀၀ ကို MEC ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရသည်။", "၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ယူကေနိုင်ငံက “စစ်အုပ်စုထံ ဘဏ္ဍာငွေများ ရရှိစေခြင်းဖြင့် ကြီးလေးသော လူ့အခွင့် အရေး ချိုးဖောက်မှုများတွင် ပါဝင်မှု၊ ထို့ပြင် တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆက်နွှယ်မှု” ကြောင့် MEC အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ကြောင်း ထုတ်ပြန်ခဲ့ပြီး Cornerstone ကုမ္ပဏီသည် ME 1 ထံမှ အရည်ကျိုသတ္တုချေးများကိုလည်း ဝယ်ယူခဲ့ကာ ပေါက်ကြားလာသော ပြည်တွင်းဝယ်ယူမှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများအရ ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငွေကျပ်တန်ဖိုး ၂ ဒသမ ၇ ဘီလီယံ (ဩဇီဒေါ်လာ ၂ ဒသမ ၁ သန်း) ရှိသော အရည်ကျိုသတ္တုချေး တန် ၄၀,၀၀၀ ကို ME 1 ထံမှ ဝယ်ယူခဲ့ကြောင်း၊ သို့ရာတွင် ကုမ္ပဏီ၏ ပြည်တွင်းဝယ်ယူမှု ဖော်ပြချက်တွင် တန် ၂၀,၀၀၀ ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၇,၁၀၀ (ဩဇီဒေါ်လာ ၅၂,၉၈၅) ဟု ဖော်ပြထားသည်ဟု JMF ကပြောဆိုသည်။", "၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း Cornerstone ကုမ္ပဏီသည် တောင်ကိုးရီးယား စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Hanil Chemical၊ Methoxide Thailand Limited၊ အိန္ဒိယကုမ္ပဏီ Phoenix Industries Limited၊ ဆွစ်အခြေစိုက်ကုမ္ပဏီ Access World AG ၏ အင်ဒိုနီးရှားကုမ္ပဏီခွဲ PT. KALIMANTAN Steel နှင့် တရုတ် ကုမ္ပဏီ Ruli JinTong Import & Export Co., Ltd များထံ ကျပ်ငွေ ၁၈ ဘီလီယံ (ဩဇီဒေါ်လာ ၁၃ မီလီယံ) တန်ဖိုး ရှိသော သွပ်ချောင်း ၃,၄၇၅ တန်ချိန်ကျော်ကို တင်ပို့ခဲ့ပြီး ကာလတူ ဘဏ္ဍာရေးနှစ်အတွင်း Cornerstone ကုမ္ပဏီသည် အမြတ်ငွေ ကျပ် ၁၁ ဘီလီယံ (ဩဇီဒေါ်လာ ၈ မီလီယံ) ရှာဖွေနိုင်ခဲ့ကြောင်း အခွန်ငွေ စာရွက်စာတမ်းများအရ သိရှိရသည်။", "ထိပ်တန်း အခွန်ပေးဆောင်သူစာရင်းတွင် ပါရှိလေ့ရှိသည့် Cornerstone ကုမ္ပဏီသည် ထိုကာလအတွင်း စစ်အုပ်စုထံ ၎င်း၏ အမြတ်ဝေစုအပြင် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကျပ်ငွေ ၆၇၇ သန်း (ဩဇီဒေါ်လာ ၀ ဒသမ ၅ မီလီယံ) ကို ပေးဆောင်ခဲ့ကြောင်း သိရသည်။", "စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုကြောင့် Cornerstone Resources ၏ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့နိုင်ခဲ့လိမ့်မည် ဖြစ်ပြီး ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုသည် စစ်အုပ်စုကို တရားဝင်မှုပေးအပ်ခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း စစ်အုပ်စု ပေးအပ်သည့် နောက်ထပ် စီးပွားရေးအခွင့်အလမ်းများကိုလည်း ရရှိခဲ့ကြောင်း၊ စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုများက ကုမ္ပဏီ၏ လှုပ်ရှားမှုများကို အသုံးပြုခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူများသည် စစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ကာ စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "၂၀၂၃ ခုနှစ်၊ မတ်လတွင် Cornerstone Resources သည် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် စစ်အုပ်စုကျင်းပသည့် ကုန်သွယ်ရေး ပြပွဲတွင်လည်း ပါဝင် ပြသခဲ့ပြီး ယင်းပွဲသို့ စစ်အုပ်စု ခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း၊ စစ်အုပ်စု ဝါဒဖြန့်မှုများတွင် မင်းအောင်လှိုင်သည် စီးပွားရေး စွန့်ဦးတီထွင်သူ များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။", "စစ်အုပ်စုနှင့် Cornerstone တို့ ဆက်ဆံရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုမ္ပဏီသည် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် နမ့်ဆန်ရေကာတာစီမံကိန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါခွင့်ပြုချက် အတွက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် စစ်အုပ်စု ထိန်းချုပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်သွင်း ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ရေကာတာသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခါရှီးကျေးရွာတွင် တည်ရှိသည့် Cornerstone Resources ၏ သွပ်သန့်စင် စက်ရုံအတွက် စက်မှု လုပ်ငန်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြောင်း ၊ အဆိုပါရေကာတာကို တရားမဝင် စစ်အုပ်စု လက်ထက်တွင် ခွင့်ပြုပေးခဲ့ပြီး ဖောင်ဆောင်ခဲ့သည် ဆိုသည့်အချက်က Cornerstone Resources ၏ စီးပွားရေးလုပ်ထုပ်လုပ်နည်းများနှင့် ပတ်သက်၍ နောက်ထပ် စိုးရိမ်ပူပန်မှုများ မြှင့်တက်လာစေခဲ့သည်ဟု JFM က ပြောဆိုသည်။"]
https://yktnews.com/2023/07/112106/
သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို စစ်ကောင်စီက ထိန်းချုပ်ထားသော်လည်း ဗိုလ်မှူးချုပ် ရန်နောင်စိုးထံ လာဘ်ပေး၍ အမေရိကန်ဒေါ်လာ ၂ သန်း နီးပါးရှိ သွင်းကုန်များ Unilever companyက တင်သွင်းခွင့်ရ
["သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို စစ်ကောင်စီက ထိန်းချုပ်ထားသော်လည်း ဗိုလ်မှူးချုပ် ရန်နောင်စိုးထံ လာဘ်ပေး၍ အမေရိကန်ဒေါ်လာ ၂ သန်း နီးပါးရှိ သွင်းကုန်များ Unilever companyက တင်သွင်းခွင့်ရ", "ရန်ကုန်၊ ဇူလိုင် ၉", "အကြမ်းဖက်စစ်ကောင်စီက သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ သုံးစွဲမှုများအားလုံးကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီထိပ်တန်း ဗိုလ်ချုပ်များနှင့် ရင်းနှီးသော စီးပွားရေးသမားများနှင့် ကုမ္ပဏီများမှာ ဗိုလ်ချုပ်များထံ လာ ဘ် ထိုး၍ သွင်းကုန်လိုင်စင်နှင့်အမေရိကန်ဒေါ်လာသန်းချီ၍ ဝယ်ယူခွင့်လိုင်စင် ရရှိလျက်ရှိကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းထံမှ သိရှိရသည်။", "လွန်ခဲ့သည့် သီတင်းပတ်တွင် Unilever Myanmar စက်ရုံအတွက် လိုအပ်သော ကုန်ကြမ်းများ တင်သွင်းရန်အတွက် Heritage Capital Investment ကုမ္ပဏီက ပွဲစားအဖြစ် နေပြည်တော်တွင် ဗိုလ်မှူးချုပ် ရန်နောင်စိုးနှင့်သွား ရောက်သွားတွေ့ဆုံပြီး သွင်းကုန်လိုင်စင်အတွက် အမေရိကန်ဒေါ်လာ ၂ သန်းနီးပါး ဝယ်ယူတင်သွင်းခွင့် ပါမစ်ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "“သွင်းကုန်လိုင်စင်ထိန်းချုပ်ထားပေမဲ့ခရိုနီနဲ့ပတ်သက်တဲ့ လုပ်ငန်းရှင်တွေဘောမတွေ ကို လိုင်စင်တွေ ထုတ်ပေးပါတယ်။ ပြီးခဲတဲ့အပတ် က Unilever company အတွက် ကိုယ်စားလှယ် Heritage Capital Investment က နေပြည်တော်မှာ ဗိုလ်မှူးချုပ်ရန်နောင်စိုး နဲတွေ့ပြီး US Dollar လိုင်စင်၂ခုရအောင် လုပ်ပေးခဲ့တယ်။ Heritage Capital ကုမ္ပဏီက ဘောမနေတဲ့ ကိုချမ်းသာနဲ့ သူရဲအကြံပေး အမျိုးသမီး မွန်ဇာမျိုးအောင်တို့ တို့ပေါင်းလုပ်နေတာ။ ဗိုလ်မှူးချုပ် ရန်နောင်စိုးနဲ့ပေါင်းပြီး သွင်းကုန်လိုင်စင်နဲ့ ဒေါ်လာ လိုင်စင်တွေရအောင် လုပ်ပေးနေတာ။ US Dollar လိုင်စင်ဆိုတာက သွင်းကုန်အတွက် ဒေါ်လာ အသုံးပြုခွင့် လိုင်စင်။ Payment type က USDollarပါ” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "လွန်ခဲ့သည့်အပတ်အတွင်း Unilever company အတွက် လိုအပ်နေသည့် ကုန်ကြမ်း Soda solvay (Sodium Carbonate) နှင့် Linear Alkyl Benzene sulfonic acid or sulphonic acid တင်သွင်းရန် အမေရိကန်ဒေါ်လာ ၁ သန်း ၉ သိန်း တန်ဖိုးရှိ လိုင်စင်များကို ဗိုလ်မှူးချုပ်ရန်နောင်စိုးက လာဘ်ငွေယူ၍ ချပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။", "“ဘယ်ကုမ္ပဏီကိုမှ လိုင်စင်မပေးဘူး။ ပုံမှန်company တွေ လိုင်စင် မရကြဘူး။ သူတို့နဲ့ နီးစပ်တဲ့ ၊ စစ်ဗိုလ်ချုပ်တွေကို ပေးကမ်းနိုင်တဲ့ ပတ်သက်မှုရှိတဲ့သူတွေပဲ လိုင်စင်ရနေကြတာပါ” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီက သွင်းကုန်တင်သွင်းမှုအားလုံးကို ထိန်းချုပ်လိုက်ပြီး သွင်းကုန်အများစုကို တင်သွင်းခွင့်မပေးဘဲ ပိတ်ပင်ထားကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအဝိုင်းက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကောင်စီ၏ စီးပွားရေးကော်မတီတွင် အရေးပါသူ ဗိုလ်မှူးချုပ် ရန်နောင်စိုး။"]
https://yktnews.com/2023/01/82595/
သွေးသံတို့ဖြင့် ရဲရဲနီသော်လည်း ဦးမညွတ်သည့် မြန်မာ့စပါးကျီ စစ်ကိုင်း
["သွေးသံတို့ဖြင့် ရဲရဲနီသော်လည်း ဦးမညွတ်သည့် မြန်မာ့စပါးကျီ စစ်ကိုင်း", "By ဂမ်ထွယ်", "စစ်ကိုင်းတိုင်း၊ အညာဒေသ ကျေးလက်ဒေသ၏ စပါးခင်းများမှာ ပုံမှန်အားဖြင့် ကောက်ရိတ်သိမ်းချိန် စပါးနှံများတွဲကျလျက် ဝင်းဝါလှပနေခဲ့‌သော်လည်း ယခု နှစ်တွင် ထိုသို့ မဝင်းဝါ မလှပနိုင်တော့‌ဘဲ ခြောက်သွေ့ သွားသော စပါးပင် များ၊ ရိုးပြတ် တို့ဖြင့် အကျဉ်း တန်သွားခဲ့ပြီဖြစ်သည်။", "မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးဧက သန်း ၂၀ နီးပါးခန့်ရှိပြီး စစ်ကိုင်းတိုင်းတွင် စ ပါး စိုက်ပျိုးဧက ၂ သန်း ကျော် (စုစုပေါင်း ၂၀၇၉၃၃၁ ဧက) ရှိရာ မြန်မာ တစ် နိုင် ငံ လုံး၏ ၁၀ ရာခိုင်နှုန်းစပါးစိုက်ဧက ရှိသော တိုင်းဒေသကြီးတစ်ခု ဖြစ် သည်။", "၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၃၇ ခု အနက်မှ မြို့နယ် ၃၄ မြို့နယ်တွင် စစ်ကောင်စီ တပ် များ နှင့် ပြည်သူများအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။", "လူသတ်၊ မီးရှို့ ၊ ပစ္စည်းလု သာ လုပ်တတ်သော စစ်ကောင်စီတပ်များကို စစ် ကိုင်း တိုင်းမှ ပြည်သူများမှ လုံး၀ လက်မခံတော့ဘဲ ရရာ လက်နက် စွဲကိုင် တော် လှန်ကြပြီဖြစ်ရာ စစ်ကိုင်းတိုင်းမြို့နယ် ၃၄ ခုတွင် တိုက်ပွဲများနှင့် စစ် ကောင်စီ၏ အကြမ်းဖက် ရက်စက်သတ်ဖြတ်မှုများ အရှိန်အဟုန်ဖြင့် မြင့် တက် လျက်ရှိနေသည်။", "စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အေးသာယာကျေးရွာ(ခ) ပျံကျရွာမှ မနွေဦး မေက အချိန်မီ မရိတ်သိမ်းနိုင်၍ စပါးပင်များ ခြောက်သွေ့ပြီး ပျက်စီး အကျဉ်း တန်သော လယ်ကွင်းများကို စိတ်မကောင်းစွာဖြင့် ငေးကြည့်နေသည်။", "သူနေထိုင်ရာ အေးသာယာရွာ(ခ) ပျံကျရွာကို စစ်ကောင်စီတပ်သားများက ဒီဇင် ဘာလ ၂၄ရက်နေ့မှစတင်၍ ၂ ရက်က်ဆက် တိုက် မီးရှို့ဖျက်ဆီးခဲ့ ကြသည်။", "တချိန်က စိုပြေလှပခဲ့သော အေးသာယာရွာ ကျေးရွာကြီးမှာ စစ်တပ်၏ ရွာလုံးကျွတ် မီးတင်ရှို့မှုကြောင့် သုဿာန်တစပြင်ကဲ့သို့ ပြာပုံအတိ ဖြစ် နေသည်။", "“တစ်ရွာလုံးနီးပါး မီးရှို့ခံလိုက်ရတာ၊ တချို့တောင်သူတွေဆို အိမ်ပါမကဘူး ရိတ် သိမ်းပြီး အိမ်မှာလှောင်ထားတဲ့ စပါးတွေပါ အရှို့ခံလိုက်ရတယ်။ တကယ် ငတ်တော့မယ့် အနေအထားပဲ” ဟု မနွေဦးမေကပြောသည်။", "စပါးစိုက်ပျိုးချိန် ဒေသတွင်း အခြေအနေ ခေတ္တတည်ငြိမ်နေသဖြင့် အခက် အခဲမရှိ စိုက်နိုင်ခဲ့သော်လည်း စပါးရိတ်သိမ်းရန် ပြင်ဆင်ချိန်ကျမှ စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် အေးသာယာရွာခံ တောင်သူအချို့မှာ စပါးရိတ် စက်များရပ်ထားပြီး ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်းရှောင်ကြရသည်။", "ထိုအခက်အခဲများကို ဒီပဲယင်းမြို့နယ် အေးသာယာရွာမှ တောင်သူ လယ်သမား များသာမက စစ်ကိုင်းတိုင်းတစ်တိုင်းလုံးရှိ တောင်သူလယ်သမား အများစု တွေ့ကြုံ နေကြရသည်။", "စစ်ကြောင်းဆက်တိုက်ထိုးခြင်း၊ တိုက်ပွဲမကြာခဏဖြစ်ပွားခြင်းကြောင့် စပါး စိုက်ပျိုးချိန်တွင် မြို့တက်၍ စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ဓာတ်မြေသြဇာများ လိုသလောက်ဝယ်ယူနိုင်ခြင်း မရှိခဲ့ကြပေ။", "လတ်တလော အခြေအနေ တည်ငြိမ် သော စစ်ကိုင်းတိုင်း တချို့ဒေသများမှ တောင်သူများမှာ အချိန်မီ စိုက်ပျိုး ရိတ်သိမ်းနိုင်ခဲ့သော်လည်း စပါးအထွက် နှုန်းနည်းပါးသည့် အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။", "စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာများကို PDFရဲ‌ဘော်များက မိုင်းပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုကြသဖြင့် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းသို့ ဓာတ်မြေ သြဇာ တင်သွင်းခွင့် ပိတ်ပင်ထားခဲ့သဖြင့် တောင်သူလယ်သမားများ အခက်ကြုံ ကြရသည်။", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ အသက်၂၀အရွယ် CDM တက္ကသိုလ် ကျောင်း သား ဖြစ်သည့် လူငယ်တောင်သူတစ်ဦးကမူ စပါးစိုက်ရာတွင် ယခင် နှစ် များကဲ့သို့ ဓာတ်မြေသြဇာများ ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိမှု၊ စစ်ကြောင်း ထိုး နေသဖြင့် စပါးအချိန်မီ မစိုက်ပျိုးနိုင်မှုများကြောင့် ယခင်နှစ်များထက် စပါး အထွက်နှုန်းသိသိသာသာ လျော့ကျသွားခဲ့သည်ဟု ပြောသည်။", "ယခင်နှစ်များက လယ်တစ်ဧကကို စပါး၆၅တင်းခန့်ရရှိရာမှ ယခုစပါး ရိတ် သိမ်းချိန်တွင် ၃၇တင်းသာရရှိတော့ကြောင်း၊ စပါးတစ်တင်းကို တစ်သောင်း ကျပ်ဖြင့်သာ ရောင်းချခဲ့ရပြီး ကုန်ဈေးနှုန်း မြင့်တက်လာသောကြောင့် အရှုံးပေါ်ခဲ့ရကြောင်း သူကရှင်းပြသည်။", "တန့်ဆည်မြို့နယ်မှ ဆန်စက်ပိုင်ရှင်တစ်ဦးကမူ ဆန်စက်တွင် ဆန်လာ ကြိတ် သည့် ပမာဏ နည်းပါးသွားပြီး တောင်သူအများစုသည် မိမိတို့ စားရန် အတွက်ကိုသာ ဆန်ကြိတ်ကြကြောင်း၊ ကျန်စပါးများကို ပွဲစားများထံ ရောင်းချ နေကြကြောင်းပြောသည်။", "“တောင်သူတွေက အရင်လို ဆန်ကြိတ်ပြီး အိမ်မှာမလှောင်ကြတော့ဘူး။ စစ်ကြောင်း မရှိတဲ့အချိန် ဆန်စက်ပြေးလာပြီး မြန်မြန်ကြိတ်ကြတယ်။ စားဖို့ပဲ ဆန်ကြိတ်ပြီး ကျန်တာတွေ ပွဲစားတွေကို ရောင်းတယ်” ဟုပြောသည်။", "ယခင်နှစ်က တောင်သူတစ်ဦးလျှင် စပါးတင်း၅၀ခန့် ဆန်ကြိတ်လေ့ ရှိကြ သော်လည်း ယခုတွင်မူ ၂၅တင်းခန့်သာကြိတ်ပြီး စစ်ကောင်စီတပ်နှင့် နယ် မြေခံ ပျူစောထီးများ စစ်ကြောင်းထိုးစဥ် မီးရှို့ဖျက်ဆီး၊ယူဆောင်သွားမည်ကို စိုးရိမ်သဖြင့် ဆန်အိတ်များကို ရွာထဲတွင် သိုလှောင်မထားရဲဘဲ နီးစပ်ရာ တော များတွင် သိုဝှက်သိမ်းဆည်းထားကြကြောင်း ဆန်စက်လုပ်ငန်းရှင်က ဆက် ပြောသည်။", "နယ်မြေမငြိမ်မသက်မှုအခြေအနေများအရ စပါးကူညီရိတ်သိမ်း မည့်သူ ငှားရမ်း မရခြင်း၊ စပါးပွဲစားများက ပေါက်‌ဈေးထက် ဈေးနှိမ်ဝယ်ယူကြခြင်း၊ ပြည်သူ ပိုင်စပါး ခင်းများကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အပိုင်သိမ်း ဆည်း ရိတ်သိမ်းကြခြင်း စသည့် အခက်အခဲများနှင့် စစ်ကိုင်းတိုင်း ဒေသခံ တောင်သူ များ ရင်ဆိုင်နေကြရသည်။", "တောင်သူလယ်သမားများ၏ အခက်အခဲများကို ဒေသခံပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့များက ကူညီဖြေရှင်းပေးနေကြသော်လည်း တစ်တိုင်းလုံးအတိုင်း အတာ ဖြင့် ကူညီရန်က ခက်ခဲလှသည်။", "စပါးရိတ်သိမ်းချိန်တွင် ပြည်သူတို့၏ စပါးခင်းများကို ပြည်သူ့ကာကွယ်ရေး တပ် သားများက ကူညီရိတ်သိမ်းပေးကြသည့်အပြင် စပါးရောင်းသူ ဝယ်သူ နစ်နာ မှုမရှိစေရန် ဈေးသီးခြားသတ်မှတ်ပေးခြင်း၊ ခက်ခဲကျပ်တည်းနေကြသည့် တောင် သူလယ်သမားများထံမှ စပါးဈေးနှိမ်ဝယ်ယူကြသော စပါးပွဲစားများကို အပြစ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်နေကြကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။", "စပါး စိုက်ပျိုးရိတ်သိမ်းမရချိန် စစ်တပ်နှင့်ပျူစောထီးများ၏ လုယက်မှုများက လည်း စစ်ကိုင်းတိုင်း ကျေးရွာများအားလုံးတွင် ကြုံတွေ့နေကြရသည်။", "တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာကို စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများက ၃လခန့်တပ်စွဲထားပြီး ရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူထား သည့် အပြင် ရွာအနီးတဝိုက်ရှိ ပြည်သူများစိုက်ပျိုးထားသော စပါးခင်းများကိုလည်း အကြမ်းဖက်ရိတ်သိမ်းပြီး ၎င်းတို့အတွက် သိမ်းယူထားခဲ့သည်။", "၂၀၂၃ ခုနှစ် ဇန်နဝါရီလ၃ရက်နေ့တွင် တန့်ဆည်PDFပူးပေါင်းအဖွဲ့များက ဆင်ငယ်ရွာပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းယူပြီးနောက် ဒေသခံများထံမှ စစ်သားနှင့်ပျူစောထီးများ သိမ်းယူထားသော ရွှေ၊ငွေ၊ဆန်နှင့် စားနပ်ရိက္ခာ များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သယ်ထုတ်ပြီး ဆင်ငယ်ရွာ စစ်ဘေးရှောင်ပြည်သူများထံသို့ ပို့ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။", "“ဆင်ငယ်ရွာပျူစခန်းကိုသိမ်းပြီး ပျူတွေအဓမ္မယူထားတဲ့ ပြည်သူပိုင် ဆန်တွေ၊ စားနပ်ရိက္ခာတွေ၊ ရွှေ၊ ငွေတွေကို မူရင်းပိုင်ရှင်များကို ပြန်ပေးခဲ့ပါတယ်။ ဆင်ငယ် ရွာက စစ်ဘေးရှောင်ပြည်သူတွေနေတဲ့နေရာကို ဆန်၊ဆီစတဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ပြည်သူတွေက ဝမ်းသာလွန်းလို့ ကျနော်တို့ကိုတောင် ရိက္ခာတွေပြန်လှူကြသေးတယ်” ဟု တန့်ဆည်အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်သည့် Guerrilla Warfare K.P.Kအဖွဲ့မှ တာဝန်ရှိသူ ကိုဝင်းထွန်းက ပြောသည်။", "မြန်မာနိုင်ငံတွင် နွေစပါး ၊မိုးစပါး စိုက်ပျိုးမှုများမှ စပါး တင်းသန်းပေါင်း ၁၃၀၀ ဝန်းကျင် ထွက်ရှိလေ့ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးက တစ်နှစ်လျှင် သန်း တစ် နှစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီးက စပါးတင်းသန်းပေါင်း ၁၅၃ သန်း ထုတ် လုပ်ပေးခဲ့သည့် မြန်မာနိုင်ငံ၏ အားထားရာ စပါးကျီတစ်ခုဖြစ်ခဲ့သည်။", "စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သော ပြည်သူလူထုအရေအတွက် ၅ သန်း ကျော်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းနေထိုင်သည့် တိုင်းဒေသ ကြီးဖြစ်သည်။", "ဒီပဲယင်းမြို့နယ်၊ အေးသာယာရွာခံ မနွေဦးမေက အကြမ်းဖက်စစ်တပ်၏ အညာဒေသမှ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာနှိပ်စက်မှု၊ အကြောင်း အရင်း မရှိ မီးရှို့ဖျက်ဆီးမှုများကြောင့် တောင်သူလယ်သမားအလုပ်ဖြင့် အဓိက အသက်မွေးရသော အညာပြည်သူများ၏ ဘဝမှာ ဆင်းရဲမွဲတေပြီး အငတ် ဘေးဆိုက်မည့် အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပြသည်။", "“ကျွန်မတို့ တောင်သူတွေမှာ ရှေ့လျှောက် လုပ်ကိုင်စားစရာ အရင်း အနှီး တောင် မကျန်တော့ဘူး။ စစ်ကြောင်းလာရင်လည်း အဝတ် တစ် ထည် ကိုယ်တစ်ခုနဲ့ အမြဲပြေးနေရတယ်။ ကိုယ့်ပြည်သူအချင်းချင်း ကူညီ နေကြ လို့သာ မငတ်ကြသေးတာ။ ဒီပွဲက ပြည်သူဘက်က နိုင်မှကိုဖြစ်မှာ၊ ကိုယ့် ဘက်ကနိုင်မှ ဆုံးရှုံးထားတာတွေ ပြန်ယူနိုင်မှာ”ဟု မနွေဦးမေက ဆိုသည်။", "မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော စစ်ကိုင်းတိုင်းသည် ယခု ယမ်းငွေ့တလူလူ၊ မီးရှို့ခံရသည့် မီးခိုးငွေ့ တလွင့်လွင့်ဖြင့် ဆင်းရဲမွဲတေမှုများကြားမှ အကြမ်းဖက် စစ်အာဏာရှင်ကို ဆက်လက် တော်လှန်နေကြသည်။", "စစ်ကိုင်းတိုင်းမှ ပြည်သူတို့သည် တော်လှန်ရေး လှိုင်းတံပိုးများအကြား သွေးသံ တို့ဖြင့် ရဲရဲနီနေ၏။ သို့သော် စစ်ကိုင်းတိုင်းမှ ပြည်သူတို့မှာ စစ်အာဏာရှင် တော်လှန် ရေးအတွက် ဘ၀နှင့်အသက်များစွာ ပေးဆပ်တော်လှန် နေကြ ဆဲဖြစ် သည်။"]
https://yktnews.com/2023/01/78591/
ဟင်္သတာမြို့နယ်၊ တလုတ္ထော်မြို့မှ စစ်တပ်သတင်းပေးဟု နာမည်ကြီးသူ ကျော်လွင် ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က မြို့ကို ပိတ်ဆို့ စစ်ဆေး
["ဟင်္သတာမြို့နယ်၊ တလုတ္ထော်မြို့မှ စစ်တပ်သတင်းပေးဟု နာမည်ကြီးသူ ကျော်လွင် ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က မြို့ကို ပိတ်ဆို့ စစ်ဆေး", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့မှ စစ်တပ်နာမည်ကြီး ဒလန် ကျော်လွင်သည် ယနေ့ နံနက်ပိုင်း ဆိုင်ကယ်မောင်းနှင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် အင်္ဂပိုကျေးရွာအုပ်စု၊ သဲကုန်းကြီး ကျေးရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသော ကျော်လွင်ကို အမည်မသိ သေနတ် သမားက အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ရာမှ သေဆုံးသွားကြောင်း သိရှိရ သည်။", "“သေနတ်နဲ့ အနီးကပ် ပစ်သွားတာ၊ ကျည်ဒဏ်ရာ ၇ ချက်နဲ့ ပွဲချင်းပြီး သေသွား တယ်။ အဲဒီလူက ဒလန်စစ်စစ်မှ အရမ်းစစ်တယ်။ စစ်ခွေးတွေအတွက်ပဲ အလုပ် လုပ်နေတာ။ အခု သေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "ကျော်လွင်သည် တလုတ္ထော်မြို့၊ အမှတ်၂ ရပ်ကွက်တွင် နေထိုင်ပြီး စစ်တပ်နှင့် ပေါင်း၍ မကောင်းမှုမှန်သမျှ အကုန်လုပ်ကိုင်ကြောင်း၊ လောင်းကစား နှင့်နှစ် လုံး ထီ၊ သုံးလုံးထီများပါ ဒိုင်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ CDM များနှင့် တော် လှန် ရေး လူငယ်များကို ဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ ၎င်းကိုယ် တိုင်လည်း နွေဦးတော်လှန်ရေးနှင့်သက်ဆိုင်သူများကို စုံစမ်းထောက်လှမ်းပြီး စစ်တပ်ကို သတင်းပေးကြောင်း သိရှိရသည်။", "လက်ရှိတွင် ဒလန်ကျော်လွင် အသတ်ခံရသည့်အတွက် စစ်တပ်က မြို့ကို ပိတ် ဆို့ စစ်ဆေးပြီး ပစ်ခတ်သွားသူများကို ဖမ်းဆီးရမိကြောင်း ရှာဖွေလျက် ရှိ ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/195561/
ဟင်္သာတ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေးပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်
["ဟင်္သာတ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေးပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ဟင်္သာတ အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများက မူးယစ်ဆေးပါသည့် ကွမ်းယာများ ရောင်းချနေပြီး နည်းမျိုးစုံဖြင့် ငွေတောင်းကာ မပေးသူများကို ရိုက်နှက်ခြင်းများ လုပ်ဆောင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထောင်တွင်း အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်ထံ ပိုက်ဆံတောင်းရာတွင်လည်း ငွေကြေးသာမက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများပါ လုပ်ဆောင်နေကြောင်း ၊ တစ်ပွင့်အဆင့်ရှိ အမျိုးသမီးဝန်ထမ်းဖြစ်သူ ခင်အိတုံသည် ဟင်္သာတအကျဉ်းထောင်၏ ထောင်ပိုင် သန့်ဇော်ဝင်းနှင့် လူမှုရေးဖောက်ပြန်နေကြောင်း ၊ ခင်အိတုံသည် ထောင်ပိုင် သန့်ဇော်ဝင်းအတွက် အကျဉ်းသားများထံမှ ငွေကြေးတောင်းခံသည်ကို သီးသန့်လုပ်ဆောင်ကြောင်း သိရှိရသည်။", "“ဟင်္သာတထောင်မှာ စပြီးဝင်တာနဲ့ တစ်ပွင့် အောင်ကျော်မင်းကို ပိုက်ဆံပေးရတယ်။ သူတောင်းသလို မပေးနိုင်ရင် ပါးရိုက်ခြေထောက်နဲ့ ကန်တာတွေလုပ်တယ်။ ပြီးရင် ထောင်ကျနေတဲ့သူတွေရဲ့ မိန်းမတွေဆီ ပိုက်ဆံသွားတောင်းရင်း လူကို ပါထိကပါးရိကပါးလုပ်တယ် ရရင်ငွေရောလူရောယူတယ်။ ပြီးတော့ ထောင်ပိုင်သန့်ဇော်ဝင်းအတွက် သူ့ရဲ့ မယားငယ်တစ်ပွင့် ခင်အိတုံဆိုတဲ့ ဝန်ထမ်းမက ပိုက်ဆံထပ်တောင်းတယ်။ ထောင်မှာက ထောင်ပိုင်ရဲ့ မယားငယ်ခင်အိတုံ ပြီးရင်အကုန်ပြီးတယ်။ သူတို့ လူမှုရေးဖောက်ပြန်နေတာကို ဝန်ထမ်းတွေဆီက သိရတာ ။ ဝန်ထမ်းတွေ အကုန်သိတယ်။ ခင်အိတုံကလည်း ယောက်ျားရှိတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ထို့ပြင် ထောင်ပိုင် သန့်ဇော်ဝင်းနှင့် ခင်အိတုံတို့သည် ထောင်ထဲတွင် ကွမ်းယာထဲသို့ မူးယစ်ဆေးထည့်ရောင်းကာ ထောင်သားများကို ထိန်းချုပ်ခြင်းလုပ်ဆောင်နေပြီး ၎င်းတို့ ရောင်းချသည့် ကွမ်းယာကို ဝယ်မစားလျှင်လည်း ပြဿနာရှာခြင်းများ လုပ်ဆောင်ကြောင်း၊ ထောင်ကျသူများ၏ အပ်ငွေသည် မူးယစ်ဆေးပါသည့် ကွမ်းယာသာ ဝယ်၍ ရပြီး အခြားပစ္စည်းများ မှာ၍ မရကြောင်း၊ အဆိုပါ မူးယစ်ဆေးပါသည့် ကွမ်းယာကို ၎င်းတို့၏ လက်ပါးစေ မှုံကြီးဆိုသူက အကျဉ်းသားများကို ရောင်းပေးကာ ပိုက်ဆံပြန်အပ်ရကြောင်း သိရသည်။", "“တစ်လကို သိန်း ၁၀၀ ကျော်ဖိုးရောင်းရတယ်။ အဲဒီ ထောင်သားကလည်း ထောင်ထဲမှာအာဏာရှိတယ်။ သူတို့တွေက နိုင်ငံရေးအကျဥ်းသားတွေကို ခွဲခြားဆက်ဆံတယ်။ ပိုဖိနှိပ်တယ်။ ပိုက်ဆံပိုတောင်းတယ်။ မရရင်ပြသနာရှာတယ်။ အရင်ကဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသားကို ရိုက်တဲ့အမှုကိုလည်း မှန်နေတာကို ထောင်ပိုင်သန့်ဇော်ဝင်းက အထက်ကို ငွေပေးပြီး ပိတ်လိုက်တယ်။ ပိုက်ဆံက တစ် ယောက်ပြီး တစ်ယောက် တောင်းနေကြတာ။ ထောင်ပိုင် သန့်ဇော်ဝင်းနဲ့ သူ့ မယားငယ်ခင်အိတုံက တစ်ခါ၊ တစ်ပွင့် အောင်ကျော်မင်းက တစ်ခါ၊ အဆောင်မှူးဆိုတဲ့ တစ်ပွင့်က တစ်ခါ၊ ကျန်တဲ့ဝန်ထမ်းငယ်တွေကပါ တောင်းနေကြတာ။ မပေးနိုင်ရင် မျိုးစုံအနိုင်ကျင့်နှိပ်စက်ကြတယ် ထောင်ပိုင်သန့်ဇော်ဝင်းက ညတိုင်းမူးနေတာ မထင်ရင်မထင်သလို နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်တယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။", "ထောင်ဝင်စာ တွေ့ရာတွင်လည်း ပိုက်ဆံပေးနိုင်လျှင် ပေးနိုင်သလောက် တွေ့ခွင့်ရပြီး ပိုက်ဆံ မပေးနိုင်ပါက စကား ၃ ၊ ၄ ခွန်းထက် ပိုမပြောရဘဲ အချိန်စေ့ပြီဟုဆိုကာ နှင်ထုတ်ကြောင်း၊ အကျဉ်းသားများ အနေနှင့် ထောင်ပြင်သို့ ထွက်ချင်ပါက ပိုက်ဆံပေးပါက ထောင်ဝန်ထမ်းကိုယ်တိုင် အိမ်ပြန်လိုက်ပို့ကြောင်း၊ ငွေကြေးတောင်းခံရာတွင်လည်း အနည်းဆုံး ကျပ် ၃ သိန်းမှစ၍ တောင်းခံနေကြောင်း သိရှိရသည်။", "ထောင်တွင်း အစားအသောက်များ ကျွေးမွေးရာတွင်လည်း လူကြီးလာသည့် ရက်များသာ ကောင်းမွန်ကာ ရေမသန့်ရှင်းမှုကြောင့် အကျဉ်းသားများတွင် ယားနာကဲ့သို့ အရေပြား ရောဂါများ ခံစားနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2025/04/211134/
ဟင်္သာတတွင် စစ်မှုထမ်းရန် နေအိမ်သို့ သွားရောက် ခေါ်ဆောင်သည့် အုပ်ချုပ်ရေးမှူး သက်နိုင် ဓားခုတ်ခံရပြီး သေဆုံး၊ ကျုံပျော်တွင်လည်း အုပ်ချုပ်ရေးမှူး လှကြိုင် ပစ်ခတ်ခံရပြီး သေဆုံး
["ဟင်္သာတတွင် စစ်မှုထမ်းရန် နေအိမ်သို့ သွားရောက် ခေါ်ဆောင်သည့် အုပ်ချုပ်ရေးမှူး သက်နိုင် ဓားခုတ်ခံရပြီး သေဆုံး၊ ကျုံပျော်တွင်လည်း အုပ်ချုပ်ရေးမှူး လှကြိုင် ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၂", "ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်တွင် စစ်မှုထမ်းရန် နေအိမ်သို့ သွားရောက် ခေါ်ဆောင်သည့် အုပ်ချုပ်ရေးမှူး သက်နိုင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ သနွံသနော့ကျေးရွာအုပ်စု အကြမ်းဖက် စစ်တပ်ခန့် အုပ်မှူး သက်နိုင်သည် မကျီးကုန်းကျေးရွာမှ လူငယ် တစ်ဦးကို စစ်မှုထမ်း အလှည့်ကျသည်ဟုဆိုကာ သွားရောက် ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။", "ထိုသို့ လာရောက် ခေါ်ဆောင်စဉ် အိမ်ရှင်က နေအိမ်ပေါ် အရောက်၌ ဓါးဖြင့် ခုတ်ခဲ့ရာ အုပ်ချုပ်ရေးမှူး သက်နိုင် ဦးခေါင်းပြတ်ရှ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှကြိုင်သည် မြို့နယ် အစည်းအဝေးမှ ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လှကြိုင်သည် မြို့နယ်အစည်းအဝေးမှ ပြန်လာစဥ် အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၅ ချက် ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လှကြိုင်သည် အကြမ်းဖက် စစ်တပ်၏ အမာခံ ထောက်တိုင်တစ်ဦးဖြစ်ပြီး ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ သက်ဆိုးရှည်ရန် လုပ်ဆောင်ပေးနေသူ ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် စုဆောင်းပေးခြင်း၊ အဓမ္မငွေကြေးကောက်ခံခြင်းများကိုလည်း ပြည်သူအပေါ် ကျူးလွန်နေပြီး ၎င်းသတင်းပေးတိုင်ကြားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော လူငယ်များရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ – သတင်းအထူးတပ်ဖွဲ့ -ပုသိမ်"]
https://yktnews.com/2023/05/101115/
ဟင်္သာတမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်ထိုက် ပစ်ခတ်ခံရပြီး သေဆုံး၊ တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေ
["ဟင်္သာတမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်ထိုက် ပစ်ခတ်ခံရပြီး သေဆုံး၊ တစ်မြို့လုံးကို ပိတ်ဆို့စစ်ဆေးနေ", "ရန်ကုန်၊ မေ ၆", "ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) မှ တပ်ကြပ်ကြီး အောင်ထိုက် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၅ ရက်နေ့ ည ၇ နာရီအချိန် ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၏ စရဖ တာဝန်ခံ တပ်ကြပ်ကြီး အောင်ထိုက်သည် ဟင်္သာတနတ်မှော် ကားလမ်းအတိုင်း ဟင်္သာတမှ နေအိမ်ရှိရာ ကုန်းကြီးကျေးရွာသို့ တစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်ပြန်လာစဉ် ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးသို့အရောက် သေနတ်သမားက သေနတ် ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ကြောင်း၊ တပ်ကြပ်ကြီး အောင် ထိုက်မှာ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တည်းဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“အခု ဟင်္သာတမြို့ကိုရော ကုန်းကြီးကျေးရွာကိုရော စစ်ခွေးနဲ့ရဲခွေးတွေက ပိတ်ဆို့ထားတယ်။ ဘယ်သူကိုမှ အပြင် မပေးမထွက်ဘူး။ ဖြစ်တာက မနေ့ညကတည်းကကို အခုမနက်အထိ အကုန်ပိတ်ဆို့စစ်ဆေးနေတာ။ အဲဒီစရဖ အောင် ထိုက်က ပြည်သူတွေကို အပြစ်မရှိ အပြစ်ရှာ နိုင်ငံရေးမှုနဲ့ ဖမ်းပြီး ငွေညှစ်နေသူပဲ” ဟု ဟင်္သာတမြို့ခံတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ညအချိန် ဟင်္သာတမြို့ကို စစ်ဆေးရေးလုပ်နေသော အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2023/06/109244/
ဟင်္သာတမြို့နယ်၊ ကျေးရွာ ၄ ခုမှ CDM ကျောင်းဆရာမ ၁ ဦး ၊ NLD ပါတီဝင် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို PDF ဟု မသင်္ကာမှုဖြင့် စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး
["ဟင်္သာတမြို့နယ်၊ ကျေးရွာ ၄ ခုမှ CDM ကျောင်းဆရာမ ၁ ဦး ၊ NLD ပါတီဝင် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို PDF ဟု မသင်္ကာမှုဖြင့် စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး", "ခေတ်သစ် ရှယ်ခြင်း၊ Like ပေးလျှင် ငွေကျပ် ၃ သိန်းပေးရပြီး ငွေမပေးလျှင် ပုဒ်မ ၅၀၅ တပ်၍ အမှုဖွင့်တရားစွဲ", "ရန်ကုန်၊ ဇွန် ၂၃", "ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကျေးရွာ ၄ ခုမှ CDM ကျောင်းဆရာမ ၁ ဦး၊ NLD ပါတီဝင် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးကို PDF ဟု မသင်္ကာမှုဖြင့် စစ်တပ်က အကြောင်းမဲ့ ရိုက်နှ့် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီချိန်တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် နိဗ္ဗာန်အုပ်စု ရှိ ကိုင်းတောကွင်းကျေးရွာ၊နတ်မော်အုပ်စု ကွမ်းခြံကုန်းကျေးရွာနှင့်သိမ်ကုန်းကျေးရွာတို့ကို စစ်တပ်နှင့်ရဲများက စစ်ကြောင်းထိုးပြီးတစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးကြောင်း၊ သိမ်ကုန်းရွာမှ အမျိုးသား၂ ဦး၊ ကွမ်းခြံကုန်းရွာမှ ကိုသက်နှင့်ကိုဟိန်းထက်ဇော် ဆိုသည့် အမျိုးသား ၂ ဦး၊ ကိုင်းတောကွင်းကျေးရွာမှ NLD ပါတီဝင် အသက် ၅၈နှစ်အရွယ်အမျိုးသားတစ်ဦး၊ နတ်မော်က CDM ကျောင်းဆရာမ နွေနွေဦး စုစုပေါင်း", "အမျိုးသား ၅ ဦး၊ အမျိုးသမီး ကျောင်းဆရာမ ၁ ဦး ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "“စစ်တပ်က စစ်ကြောင်းထိုးပြီးတော့ တစ်အိမ်တက်တစ်အိမ်ဆင်းရှာဖွေမှု လုပ်တယ်။ ကွမ်းခြံကုန်းကျေးရွာမှာဆိုရင် အိမ်တွေကို ဖျက်ဆီး မွှေနှောက်ရှာဖွေပြီး ကိုသက်နဲ့ ကိုဟိန်းထက်ဇော်၊ သိမ်ကုန်းကျေးရွာမှာ အမျိုးသား ၂ ဦးတို့ကို မသင်္ကာ လို့ဆိုပြီး လက်ပြန်ကြိုးတုပ် ရိုက်နှက်နှိပ်စက်၍ စစ်ဆေးစရာရှိတယ်လို့ အော်ဟစ်သောင်းကျန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ ဒီနေ့အထိမိသားစုဝင်တွေ မသိရသေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိ ဟင်္သာတတွင် စစ်ကောင်စီက တစ်မြို့နယ်လုံး ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ပြီး ဖုန်းများကိုလည်း စစ်ဆေးကြောင်း၊ ဖုန်းအတွင်း ခေတ်သစ်သတင်းကို Like လုပ်ထားခြင်း၊ ရှယ်ထားခြင်း၊ မှတ်ချက်ရေးသားခြင်းပြုလုပ်ပါက အချုပ်ထဲတွင် ၃ ရက်ခန့် ထားပြီး ငွေကျပ် ၃ သိန်းတောင်းခံကြောင်း၊ ငွေပေးနိုင်လျှင် ပြန်လည်လွတ်မြောက်ပြီး ငွေမပေးနိုင်လျှင် ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့် ကြောင်း သိရှိရသည်။", "“ဟင်္သာတမြို့နယ်မှာ ဖုန်းတွေတအားစစ်တယ်။ ဖုန်းထဲနိုင်ငံရေးသတင်းမရှိရင်တောင် ချဲ ၂ လုံး၊ ၃လုံး ထွက်တာတာကြည့်တဲ့ဆော့ဝဲလ်တွေ့ရင်ဖမ်းဆီးပြီး လောင်းကစားအမှုနဲ့ ဖမ်းတယ်။ အမှုမဖွင့်ခံချင်ရင် ငွေကျပ် ၃သိန်းပေးရင် ပြန်လွှတ်ပေးတယ်။ အခုညပိုင်းဆိုရင် စစ်တပ်က ကင်းပုန်းချထားပြီး ကင်းပုန်း၀ပ်နေကြပါတယ်။ ပြည်သူတွေကို ည ၈ နာရီကျော်ရင် အပြင်ထွက်တာနဲ့ စစ်ဆေးတယ်။ရပ်ကွက်တွေမှာ လူစိမ်းလာရင်သတင်းပို့ဖို့၊ သတင်းမပို့ရင် အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်သွယ် ပတ်သက်တာမျိုး အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ညဘက်ဧည့်စာရင်းစစ်ရင်း အိမ်မှာရှိတဲ့ဖုန်းတွေပါယူစစ်ကြတယ်။ ဖုန်းထဲမှာနိုင်ငံရေး သတင်းတစ်ခုတွေ့တာနဲ့ဖမ်းတယ်။ အထူးသဖြင့်ခေတ်သစ်သတင်းကို ကော်ပီယူတင် တာရှယ်တာဆိုရင်တွေ့တာနဲ့ဖမ်းတာ။ ငွေညှစ်လို့ရရင် ၂ရက်လောက်ချုပ်ထားပြီး ပြန်လွှတ်ပေးတယ်။ ငွေမထွက်ရင် အမှုတည်ဆောက်ပြီးတရားစွဲတယ်” ဟု ဟင်္သတာမြို့မှ မြို့သားတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီက ဟင်္သာတမြို့နယ်အတွင်းသို့ ရေကြောင်းမှ ခရီးသည်ဝင်ရောက်မှုများကိုလည်း အထူးစစ်ဆေးနေပြီး စက်လှေများအတွင်း လက်နက်သယ်ဆောင်မှု ရှိ၊ မရှိ ကိုလည်း အဓိက ဦးစားပေး စစ်ဆေးနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်တပ်နှင့်ရဲများက ပြည်သူများကို ရိုက်နှက်ဖမ်းဆီးနေစဉ်။", "Photo- CJ ။"]
https://yktnews.com/2025/01/199154/
ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ တွင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ ပူးပါင်း၍ လောင်းကစားဝိုင်းများ ခွင့်ပြု စီးပွားရှာနေ၊ နိုင်ငံရေး မလုပ်ရန်နှင့် PDF မလုပ်ရန်အတွက် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာနှင့်အရက်များကို လိုင်းကြေးယူ ခွင့်ပြုနေ
["ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ တွင် ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ ပူးပါင်း၍ လောင်းကစားဝိုင်းများ ခွင့်ပြု စီးပွားရှာနေ၊ နိုင်ငံရေး မလုပ်ရန်နှင့် PDFမလုပ်ရန်အတွက် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာနှင့်အရက်များကို လိုင်းကြေးယူ ခွင့်ပြုနေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုပ်ထော်မြို့ ဦးရှင်ကြီးပွဲတော်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ နယ်မြေရဲစခန်း နှင့် အုပ်ချုပ်ရေးမှူးများ ပူးပါင်း၍ လောင်းကစားဝိုင်းများ ပြုလုပ်ပြီး စီးပွားရှာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၉ ရက်နေ့ မှ ၁၃ ရက်နေ့ အထိ ကျင်းပနေသည့် တလုပ်ထော်မြို့ ဦးရှင်ကြီးပွဲတော်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ နယ်မြေရဲစခန်းမှ ရဲများနှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ လောင်းကစားဝိုင်းများ ကျင်းပ၍ စီးပွားရှာနေခြင်းဖြစ်ကြောင်း သိရသည်။", "နယ်မြေခံ ရဲများနှင့် အုပ်ချုပ်ရေးမှူးများက ဂျင်ဝိုင်း၊ ကြက်ဝိုင်း အများအပြင် လောင်ကစား မျိုးစုံပါဝင်သည့် လောင်းကစားဝိုင်း ၂၀ ကျော်ကို ဦးဆောင်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ လောင်းကစားဝိုင်းများကို ပွဲတော်မကျင်းမီ ၂ ရက်အလိုတည်းက စတင်ကျင်းပနေခြင်းဖြစ်ပြီး လောင်းကစားဝိုင်းတွင် လာရောက် ကစားပြီး မူးရစ် ဆဲဆိုနေသူများကိုလည်း ရဲများက အရေးယူခြင်းမရှိဘဲ ဆူပူသောင်းကျန်းခွင့် ပေးထားသောကြောင့် ပွဲတော် လာရောက်သူများ ကြောက်လန့်နေရကြောင်း သိရသည်။", "“တလုပ်ထော်မြို့ အမှတ် ၂ ရပ်ကွက်မှာ ကျင်းပနေတဲ့ ဦးရှင်ကြီး ပွဲတော်ကို အကြောင်းပြပြီး နယ်မြေရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာပါ။ ပွဲမိန့်က ၃ ရက်ဆိုပေမယ့် ပွဲမတိုင်ခင် ၂ ရက်တည်းက လောင်းကစားဝိုင်းတွေက စလုပ်နေတာ ဂျင်ဝိုင်း၊ ကြက်ဝိုင်း အစုံပဲ စုစုပေါင်း လောင်းကစားဝိုင်း ၂၀ ကျော်ရှိပါတယ်။ လောင်းကစားဝိုင်းမှာ မူးရူး သောင်းကျန်းနေလည်း ဘာမှ အရေးမယူဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဟင်္သာတမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လောင်းကစား၀ိုင်းများ၊ မူးယစ်ဆေးဝါးရောင်းချမှုများ၊ ပြည့်တန်ဆာလုပ်ငန်းများ၊ နှစ်လုံးထီ၊ သုံးလုံးထီးနှင့် ချဲ ဘောလုံးများကို လိုင်းကြေးနှင့် ဆက်ကြေးများ ရယူ၍ တရားဝင် ခွင့်ပြုပေးနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“အခုက နိုင်ငံရေးမလုပ်ရင်၊ PDF မလုပ်ရင်ပြီးတာပဲဆိုပြီး အရက်၊ ဖဲ၊ ဖာ ၊ ဆေး ၊ လောင်းကစား အကုန် ခွင့်ပြုပေးနေတာ။ လူငယ်တွေလည်း အရက်သောက် ဘောလုံးပွဲလောင်းတွေ ဆေးစွဲတွေ ဖြစ်ကုန်ကြတယ်” ဟု ဟင်္သာတမြို့နယ်မှ CDM ကျောင်းဆရာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/07/114648/
ဟားခါး တက္ကသိုလ်တွင် ဆရာ၊ ဆရာမများ မရှိသောကြောင့် ကထိကများကို တွဲဖက် ပါမောက္ခရာထူးတိုးပေးမည်ဟုဆိုကာ မက်လုံးပေး ခေါ်ယူနေ
["ဟားခါး တက္ကသိုလ်တွင် ဆရာ၊ ဆရာမများ မရှိသောကြောင့် ကထိကများကို တွဲဖက် ပါမောက္ခရာထူးတိုးပေးမည်ဟုဆိုကာ မက်လုံးပေး ခေါ်ယူနေ", "စစ်ဆေး ဆရာဝန်များကိုလည်း ဆေးပညာမဟာသိပ္ပံ (ပါရဂူ) သင်တန်း တက်ရောက်ခွင့်ပေး", "ရန်ကုန်၊ ဇူလိုင် ၂၄", "ချင်းပြည်နယ်၊ ဟားခါး တက္ကသိုလ်တွင် ဆရာ၊ ဆရာမများ မရှိသောကြောင့် ကထိကများကို တွဲဖက် ပါမောက္ခရာထူးတိုးပေးမည်ဟုဆိုကာ မက်လုံးပေး ခေါ်ယူနေကြောင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။", "ဟားခါး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် ဆရာ ၊ ဆရာမ မရှိသည့်အတွက် ကထိက (Lecturer) များကို ၂ နှစ် တာဝန်ထမ်းဆောင်ရုံဖြင့် တွဲဖက်ပါမောက္ခ (Assistant Professor) ဖြစ်မည်ဟု ဆိုကာ မက်လုံးပေး၍ ခေါ်ယူနေကြောင်း ဇူလိုင် ၂၁ ရက်နေ့တွင် ထွက်ရှိလာသည့် အကြမ်းဖက်စ စ်တပ်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ကြေးနန်းစာတွင် ပါရှိကြောင်း သိရသည်။", "တွဲဖက်ပါမောက္ခဖြစ်ရန် ပါရဂူတန်း တက်စရာမလိုဘဲ တွဲဖက်ပါမောက္ခ ရာထူးရမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ဇူလိုင် ၂၁ ရက်နေ့တွင် ပို့သည့် ကြေးနန်းစာတွင် ပါရှိသည်။", "ထို့ပြင် ၂၀၁၇ ခုနှစ်မှ စ၍ ချင်းပြည်နယ် (နာဂ) ရှိ ဆေးရုံများတွင် စစ်တပ်၏ ဆေးတက္ကသိုလ်မှ ဆရာဝန်များကို ၂ နှစ် တာဝန်ထမ်းဆောင်ခိုင်းပြီး ပြန်လာလျှင် လိုချင်သည့် ဆေးပညာမဟာသိပ္ပံ(ပါရဂူ) သင်တန်းကို တက်ရောက်စေခြင်းနှင့် နေလိုသည့် တပ်ဆေးရုံ၊ တပ်ရင်းသို့ နေခွင့်ပေးမည်ဟူ၍ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိလည်း ၂ နှစ်တစ်ခါ ခေါ်ယူလျက်ရှိကြောင်း သိရှိရသည်။", "သို့သော် ၂၀၂၃ ခုနှစ် ဧပြီလတွင် ချင်းပြည်နယ်တွင် ခေါ်ယူသည့် အင်အားမှာ ၂၀၂၁ ခုနှစ်တွင် ခေါ်ယူသည့် အင်အားထက် လျော့နည်းလျက်ရှိကာ ၁၉ ဦးခန့်သာ ရှိကြောင်း ၊ ၂၀၂၂ ခုနှစ် ၁၀ လပိုင်းတွင် ချင်းပြည်နယ် ထန်တလန်၌ PDF တပ်ဖွဲ့၏ တိုက်ခိုက်ခြင်း ခံရပြီး အကြမ်းဖက် စစ်တပ်၏ စစ်ဆေး ဆရာဝန် ၂ ဦး ပျောက်ဆုံးနေကာ သေစာရင်းသွင်းထား​ပြီး အရာရှိ ၃ ဦး အပါအဝင် တပ်သား ၆ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111219/
ဟားခါး တိုက်ပွဲ၌ စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့အား NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်
["ဟားခါး တိုက်ပွဲ၌ စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့အား NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်", "ရန်ကုန်၊ ဇူလိုင် ၄", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဖျက်ဆီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေး တပ်ဖွဲ့အား NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "ဧပြီလ ၁၃ ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာကား ၂ စီးနှင့် ယာဥ်တန်းကို တိုက်ခိုက် ဖျက်ဆီး နိုင်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်သည် ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အစည်းအဝေးတွင် ချင်းတော်လှန်ရေး အင်အားစုများက အကြမ်းဖက် စစ်အုပ်စု၏ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့သော အထောက်အထားများနှင့် တကွ တင်ပြလာသည့် အတွက် စိစစ် ချီးမြှင့်ရေးအဖွဲ့က လေ့လာသုံးသပ် စိစစ်ကာ အတည်ပြုနိုင်ခဲ့သောကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရအနေဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် အညီ သံချပ်ကာယာဥ် ၁ စီးကို ကျပ်သိန်း ၂၀၀၀နှင့် ၂ စီးအတွက် မြန်မာကျပ်ငွေ သိန်း ၄၀၀၀ ကို ချင်းပြည်နယ် CNF/CAN + CDAs ရဲ့ တာဝန်ရှိသူတွေကို ဂုဏ်ပြု ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "” ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့တုန်းက ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ သံချပ်ကာကား ကား ၂ စီးနဲ့ ယာဉ်တန်းကို တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ကြပါတယ်။ ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်။ ဒီလို ကြီးမားတဲ့ အောင်မြင်မှုမျိုးကို စွမ်းဆောင်နိုင်တဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အပါအဝင် တိုင်းပြည်အာဏာကို စစ်တပ်က မတရား လုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စလို့ ဒီတော်လှန်ရေးကြီးမှာ မဆုတ်မနစ် ဇွဲသတ္တိရှိရှိနဲ့ ရှေ့ဆုံးက ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ချင်းအမျိုးသားများ အားလုံးကိုလည်း အထူး လေးစားဂုဏ်ယူ ကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။"]
https://yktnews.com/2023/07/113393/
ဟားခါး အခြေစိုက် ခလရ ၂၆၆ တပ်မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်
["ဟားခါး အခြေစိုက် ခလရ ၂၆၆ တပ်မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်", "ရန်ကုန်၊ ဇူလိုင် ၁၈", "ချင်းပြည်နယ်၊ ဟားခါးအခြေစိုက် ခလရ ၂၆၆ တပ်မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး ယင်းတပ်သားကို သိန်း ၅၀ ဆုချီးမြှင့်ကာ လုံခြုံရာနေရာသို့ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးက သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အမှတ် ၂၆၆ ခြေလျင်တပ်ရင်းမှ တပ်သားတစ်ဦးသည် MA 1 သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု ၊ ကျည်ဆန် ၁၂၆ တောင့်နှင့်အတူ အလင်းဝင်လာကြောင်း သိရှိရသည်။", "အလင်းဝင်လာသည့် တပ်သားကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/99605/
ဟားခါး-ထန်တလန် နယ်စပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ် စခန်း ၂ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြားကာ လက်နက်များပါ သိမ်းဆည်းရမိ
["ဟားခါး-ထန်တလန် နယ်စပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ် စခန်း ၂ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြားကာ လက်နက်များပါ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၂၇", "ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် မြို့နယ်အစပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ် စခန်း ၂ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း ဒေသတွင်း သတင်း ရင်းမြစ် ဖြစ်သည့် The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဟားခါး-ထန်တလန် မြို့နယ် အစပ်၊ သီမစ်လွင်ပြင်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းကုန်း ၃ ခုကို CNA နှင့် CDF ပူးပေါင်း တပ်ဖွဲ့များက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တောင်ကုန်း ၂ ခုကို သိမ်းပိုက် ရရှိခဲ့​ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေးဆုံးသူ များပြားခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်၏ လက်နက်ကြီး သိုလှောင်ထားသော အိမ်ကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရသည်။", "” စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များတယ်လို့ပဲသိရတယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ပွဲအတွင်း CNA ရဲဘော် ဆလိုင်းဂျွန်စမစ် ကျဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/96526/
ဟားခါး-ဖလမ်း လမ်းပိုင်းတွင် စစ်တပ်၏ ကုန်တင်ကား ၂ စီးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူ
["ဟားခါး-ဖလမ်း လမ်းပိုင်းတွင် စစ်တပ်၏ ကုန်တင်ကား ၂ စီးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူ", "ရန်ကုန်၊ ဧပြီ ၉", "ချင်းပြည်နယ်၊ ဟားခါး-ဖလမ်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ကုန်တင်ကား ၂ စီးကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းယူခဲ့ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ အတွင်း ဟားခါး-ဖလမ်း လမ်းပိုင်း၌ ကုန်တင်ကားများဖြင့် တက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို CNA၊ CNDFနှင့် CDF ပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ၁၂ ဘီးကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီးကို ဟားခါး-ဖလမ်း လမ်းပိုင်းတွင် ထားခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းယူခဲ့ခြင်း ဖြစ်‌ကြောင်း သိရှိရသည်။", "” ဟားခါး-ဖလမ်း လမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို CNA၊ CNDFနဲ့ CDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်က ချန်ထားခဲ့တဲ့ ကား ၂ စီးကို ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာ” ဟု The Chin Journal မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရမ်ထလိုကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၈ လုံးကို ဧပြီ ၆ ရက်နေ့ကလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။", "Photo crd – The Chin Journal"]
https://yktnews.com/2023/11/133416/
ဟားခါးတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေ ဆုံး၊ ပုလဲမြို့နယ်တွင် ကင်းပုန်း စစ်တပ်ကို ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး
["ဟားခါးတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု စစ်သား ၇ ဦးထက်မနည်းသေ ဆုံး၊ ပုလဲမြို့နယ်တွင် ကင်းပုန်း စစ်တပ်ကို ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "ချင်းပြည်နယ်၊ ဟားခါးမြို့သိမ်းတိုက်ပွဲအကြိုအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF – Hakha က တရားဝင်ထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ဟားခါးမြို့ သိမ်းတိုက်ပွဲ ပထမ အဆင့်အကြိုအဖြစ် ဟားခါးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၇ ရက် နေ့အထိ ၂ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကို Operation 1027 မှ အစပြုခဲ့သော စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံ သည့် အနေဖြင့် လည်းကောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန် ရေးအရှိန်မြှင့်တင်မည့် တိုက်တွန်းချက်ကို ပူးပေါင်းပါဝင်သည့်အနေဖြင့်လည်းကောင်း Chinland Defense Force – Hakha မှ Rung Operation ပထမအဆင့် ဟားခါးမြို့ပေါ် တိုက်ပွဲများဖော်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "CDF-Hakha အနေဖြင့် နိုင်ငံရေးရည်မှန်းချက် တူညီသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက် ညီ တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း ၊ယင်းမာပင်ခရိုင် ပုလဲမြို့ အရှေ့မြောက်ဘက် သရက်ခြံနှင့်ရေစင်ပေါ်တွင် ကင်းယူထားသော စစ်တပ်ကို တော်လှန်ရေး မဟာမိတ်ပူပေါင်းအဖွဲ့က ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ရာ စစ်သား ၂ ဦး ပြုတ်ကျသေဆုံးကြောင်း Chindwin Toe Na Yar PDF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ မုန်တိုင်းက ပြောကြားသည်။", "အဆိုပါစစ်ဆင်ရေးကို တူမီးတပ်ဦး Chindwin Toe Na Yar PDF၊ တူမီးတပ်ဦး SKY၊ တူမီးတပ်ဦး Real Hero၊ တူမီးတပ်ဦး တော်လှန်ပျောက်ကြား၊ မျိုးဆက်သစ်၊ ဒေါင်းမင်းတပ်ရင်း၂၉ ခွဲ၂၊ Yinmarbin Local PDF တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- CDF ဟားခါးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/12/136445/
ဟားခါးတွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါ တို့ကို ဖမ်းဆီးရရှိ
["ဟားခါးတွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါ တို့ကို ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၉", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အဖော်ဖြစ်သူတို့ကို ချင်းတော်လှန်ရေးတပ်များက ဖမ်းဆီးရရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၁၈ ရက်နေ့ ချင်းအမျိုးသားတပ်မတော် CNA က အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါတို့ကို ဖမ်းဆီးရရှိခြင်းဖြစ် ကြောင်း၊ ဒုအရာခံဗိုလ်သည် ခလရ ၂၆၆ ခြေလျင်တပ်ရင်းမှ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် တပ်မှ ထွက်ခဲ့ကြောင်း၊ စစ်မှုထမ်းဆောင်ရန် မသင့်ဟု ဆေးဘက်ဆိုင်ရာ တွေ့ရှိချက်ဖြင့် တပ်မှ အငြိမ်းစားယူခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် စစ်တပ်တွင် ၁၉၈၀ ခုနှစ် ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီထံသို့ ဟားခါးတွင် ဖမ်းဆီးရရှိသည့် စစ်ထောက်လှမ်းရေး ၂ ဦးအကြောင်း ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိပေ။", "လူမှုကွန်ရက်တွင် ပြန့်နှံနေသော ဗီဒီယိုတွင် အရာခံဗိုလ်ဟောင်း စစ်ထောက် လှမ်းရေးနှင့် အပေါင်းအပါ ၂ ဦးကို ဖမ်းဆီးရရှိပြီး CNA မှ တာဝန်ရှိသူတချို့က စစ်ဆေးနေကာ အကြမ်းဖက် မင်းအောင်လှိုင်ကို ဆဲဆိုခိုင်းသဖြင့် ဖမ်းဆီးခံ စစ်ထောက်လှမ်းရေး အရာခံဗိုလ်ဟောင်းက ဆဲဆိုနေသည်ကို ဗီဒီယိုတွင် မြင်တွေ့ရသည်။"]
https://yktnews.com/2024/08/180412/
ဟားခါးနှင့် တန့်ဆည်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
["ဟားခါးနှင့် တန့်ဆည်တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဩဂုတ် ၂၅", "ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Chinland Defense Force-Hakha က ပြောဆိုသည်။", "ဩဂုတ်လ ၂၄ ရက်နေ့တွင် ဟားခါးမြို့ပေါ်၌ တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်သား ၁ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး CDF-Hakha ထံ အလင်းဝင်လာသောကြောင့် ဆုငွေချီးမြှင့်ကာ လုံခြုံသည့် နေရာကို ပို့ဆောင်ထားကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး ကလေးခရိုင် အမှတ် ၁၁ တပ်ရင်းထံ အလင်းဝင်လာကြောင်း ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် MinKin People’s Defence Force – Mkpdf-2 တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။", "အဆိုပါ အလင်းဝင်လာသော ရဲဒုတပ်ကြပ် ၁ ဦးသည် G 3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ လက်ထိပ် ၁ ခု ၊ လက်ပစ်ဗုံး ၁ လုံး ၊၅.၅၆ ကျည် ၁ တောင့် ၊ ၄.၈ ကျည် ၁ တောင့် ၊ ၉ မမ ကျည် ၇ တောင့်နှင့် ၇.၆၂ ကျည် ၁၇၃ တောင့် ယူဆောင်လာကြောင်း သိရသည်။", "အလင်းဝင်လာသော ရဲဒုတပ်ကြပ်ကို လုံခြုံသော တစ်နေရာသို့ ပေးပို့ထားပြီး အခက်အခဲများကြားမှ ကူညီ ခေါ်ထုတ် ပေးခဲ့သော Freedom Revolution Force (FRF) ၊ S.A.F နှင့် နယ်မြေခံ ပကဖ များအား ကျေးဇူး တင်ရှိပါကြောင်းနှင့် စစ်ကောင်စီ တပ်သာများအနေဖြင့် ပြည်သူနှင့်အမြန်ဆုံး ပူးပေါင်းကြရန် MinKin People’s Defence Force – Mkpdf-2 တပ်ဖွဲ့က ပြောဆိုထားသည်။"]
https://yktnews.com/2024/11/193924/
ဟားခါးမြို့ ကာကင်းစစ်ခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ခလရ ၂၂၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦးသေဆုံးပြီး စစ်သား ၁၉ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
["ဟားခါးမြို့ ကာကင်းစစ်ခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ခလရ ၂၂၂ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦးသေဆုံးပြီး စစ်သား ၁၉ ဦး အရှင်ဖမ်းမိ၊လက်နက် ၃၅ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ချင်းပြည်နယ်၊ ဟားခါးမြို့ကို ကာကွယ်ထားသည့်စစ်တပ် တပ်စခန်းကို CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ခလရ ၂၂၂ တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် ရဲမှူး စုစုပေါင်း ၃ ဦး သေဆုံးကာ စစ်သား ၁၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ ကာကင်းစခန်းကို CNA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စခန်းတွင် ဟုမ္မလင်း အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက လာရောက် တပ်စွဲထားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း ခလရ ၂၂၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်ကြီးနှင့် ရဲမှူး ၁ ဦးတို့ သေဆုံးခဲ့ကြောင်း၊ စစ်သား ၁၉ ဦးကို လက်ရ အရှင်ဖမ်းဆီးရရှိကြောင်း၊ လက်နက်ကြီးများ အပါအဝင် လက်နက် ၃၅ လက်ကို ခဲယမ်းများနှင့်တကွ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။", "” အဲဒိစခန်းက ဟားခါးမြို့ရဲ့ ကာကင်း စစ်စခန်းဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့က သိမ်းပိုက်ရရှိတာပါ။ အဲဒီမှာ တပ်ရင်းမှူး သေပါတယ်။ ဗိုလ်ကြီးနဲ့ ရဲမှူးလည်း သေပါတယ်” ဟု CNA သတင်းရင်းမြစ်က ဆိုသည်။", "လက်ရှိ အချိန်အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ၁၉ ဦးကို စစ်သုံ့ပန်း ဥပဒေများနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ အနီးအနားဝန်းကျင်ကို နယ်မြေရှင်းလင်းရေး ချင်းတော်လှန်ရေးတပ်များက ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/211389/
ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦးက လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်
["ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦးက လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်", "ရန်ကုန်၊ ဧပြီ ၁၅", "ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၆ တပ်ရင်းမှ ပြည်သူ့စစ် ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Hakha က သတင်းထုတ် ပြန်သည်။", "ဧပြီလ ၁၃ ရက်နေ့ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ ဗျူဟာတွင် တာဝန်ကျနေသော ပြည်သူ့စစ် ၃ ဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ MA1 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက် ၊ MA11 အမျိုးအစား သေနတ် ၁ လက်တို့ နှင့်အတူ Chinland Defense Force – Hakha ထံသို့ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်ခဲ့သည့် ပြည်သူ့စစ် ၃ ဦးကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆို၍ ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့် နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန်မထမ်းဆောင်လိုပဲ ပြည်သူ့ရင်ခွင်သို့ ဘက် ပြောင်းချင်သူများကို Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံ သည့်နေရာ ရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/10/186132/
ဟားခါးမြို့တွင် စစ်ကောင်စီ တပ်သားများ သန်းခေါင် စာရင်းကောက်ယူနေချိန် ပစ်ခတ်မှုဖြစ်ပွား
["ဟားခါးမြို့တွင် စစ်ကောင်စီ တပ်သားများ သန်းခေါင် စာရင်းကောက်ယူနေချိန် ပစ်ခတ်မှုဖြစ်ပွား", "ရန်ကုန်၊ အောက်တိုဘာ ၂", "ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သန်းခေါင်း စာရင်း ကောက်ယူချိန်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။", "အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ ရဲစခန်းအနီး သန်းခေါင်စာရင်း ကောက်ယူနေသူများကို လုံခြုံရေး ယူပေးနေသော စစ်ကောင်စီ တပ်သားများကို CDF-Hakha က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာမှာ အားပေး ကူညီသူ Non CDM ဝန်ထမ်းများကို စစ်ကောင်စီလို သဘောထားပြီး ပစ်ခတ် ရှင်းလင်းမယ်လို့ CDF- Hakha က စက်တင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားကြောင်း၊ အောက်တိုဘာ ၁ ရက်နေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၂ ရက်နေ့တွင်လည်း သန်းခေါင်စာရင်း ဆက်လက် ကောက်ခံခဲ့ကြောင်း သိရှိရသည်။", "ချင်းပြည်နယ်ရှိ ဟားခါးမြို့အပြင် ဖလမ်းမြို့တွင်လည်း အောက်တိုဘာ ၁ ရက်နေ့၌ စစ်ကောင်စီက လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်း စတင် ကောက်ယူခဲ့ကြောင်း၊ ချင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်ထဲမှ ဖလမ်းနှင့် ဟားခါး မြို့ပေါ် ရပ်ကွက်တချို့သာ စစ်ကောင်စီက သန်းခေါင် စာရင်း ကောက်ယူနိုင်ပြီး ကျန်မြို့နယ်များကို သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "ချင်းပြည်နယ်ရှိ မြို့ပေါ်များမှ လွဲရင် ကျန်နယ်မြေများကို ဒေသကာကွယ်ရေးတပ်များက အဓိကနယ်မြေစိုးမိုးထားပြီး သန်းခေါင်စာရင်းကောက်ယူသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာဒေသ ကာကွယ်ရေးအဖွဲ့များကထုတ်ပြန်ထားသည်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)"]
https://yktnews.com/2025/04/210625/
ဟားခါးမြို့တွင် ရဲ ၁ ဦးနှင့် စစ်မှုထမ်း တပ်သား ၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
["ဟားခါးမြို့တွင် ရဲ ၁ ဦးနှင့် စစ်မှုထမ်း တပ်သား ၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၈", "ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် တာဝန်ကျနေသော ရဲ ၁ ဦးနှင့် စစ်မှုထမ်းတပ်သား ၂ ဦး တို့ လက် နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Hakha ကသတင်းထုတ်ပြန်သည်။", "ဧပြီလ ၆ ရက်နေ့ ဟားခါးမြို့၊ စိုက်ပျိုးရေးခြံတွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ အသက် ၂၅ နှစ်အရွယ် ရဲတပ်သား သန့်ဇင်ဖြိုးသည် ၎င်းကိုင်ဆောင်သော BA 63 (G3) အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၁၄၇ တောင့်၊ ကျည်ဘောက်တစ်ခုတို့ ယူဆောင်ကာ Chinland Defense Force – Hakha ထံသို့ အလင်းဝင်လာခဲ့ကြောင်း သိရသည်။", "အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်မှုထမ်းတပ်သား ၂ ဦး သည်လက်နက်ခဲယမ်းများယူဆောင်ပြီး Chinland Defense Force – Hakha ထံ အလင်းဝင်ခဲ့ ကြောင်း သိရသည်။", "ထိုသို့ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်လာသည့် ရဲတပ်သားနှင့် စစ်မှုထမ်း တပ်သား ၂ ဦး ကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့် သည့် အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။", "စစ်ကောင်စီ လက်အောက်တင် ဆက်လက် တာဝန်မထမ်းဆောင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်း ခိုလှုံလာသူများကို Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်းနှင့် လုံခြုံ သည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။"]
https://yktnews.com/2024/03/150090/
ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦးသေဆုံး
["ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၁", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မိုင်းမတော်တဆမှု ဖြစ်ပွားပြီး ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၀ ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော CDF-Senthang အဖွဲ့မှ ကား ၁ စီး ရွာထဲကို ရောက်ရှိလာချိန် ကလေးငယ်များက ကားပေါ် တက် ကစားကြရာမှ ကားထဲတွင်ပါလာသည့် မိုင်းပေါက်ကွဲပြီး ကလေးငယ် ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၇ နှစ်အရွယ် မောင်ထဘိခ့်ထောင်းနှင့် အသက် ၁၃ နှစ် အရွယ် မောင်ဗန်ဗျက်ကျုံး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယခု ရက်ပိုင်းအတွင်း ချင်းပြည်နယ်တွင် မိုင်းမတော်တဆမှုကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး မတ်လ ၈ ရက်နေ့က လိုင်းလင်ပီးမြို့အနီးမှာ နင်းမိုင်း နင်းမိသောကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၇ ရက်နေ့ကလည်း မတူပီမြို့၌ နင်းမိုင်းကြောင့် အမျိုးသား ၁ ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် မတ်လ ၇ ရက်နေ့ကလည်း မိုင်းပေါက်ကွဲမှုကြောင့် တီးတိန်မြို့မှ သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်"]
https://yktnews.com/2024/11/191716/
ဟားခါးမြို့နယ်တွင် ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ၁၇ ဦး အလင်းဝင်၊ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိ
["ဟားခါးမြို့နယ်တွင် ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ၁၇ ဦး အလင်းဝင်၊ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော်သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီ တပ်သား ၁၇ ဦး အလင်းဝင်ရောက်ခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့ အထိ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် အပါအဝင် ဟားခါး -ထန်တလန်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး Mi 17 ရဟတ်ယာဉ် ၁ စီးကို အမြီးပိုင်း ပျက်စီးသည်အထိ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား ၅၃ ဦး သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဟားခါးမြို့နယ်အတွင်း တာဝန်ကျနေသော ရဲ ၁၃ နှင့် စစ်သား ၄ ဦး စုစုပေါင်း ၁၇ ဦး CDF – Hakha ထံ လက်နက်ချအလင်းဝင်ရောက်ခဲ့ပြီး စုစုပေါင်း လက်နက် ၄၃ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "“ရဟတ်ယာဉ်ကိုတော့ ဟားခါးမှာ ပစ်တာ ဟားခါးမှာတော့ ပျက်မကျဘူး၊ ကလေးရောက်တော့ ပျက်သွားတယ်လို့ သတင်းရထားတာ ၄ လအတွင်း စစ်ပွဲတွေကအများကြီးပဲ ထန်တလန်မှာ လည်းရှိတယ်။ ဟားခါး -ထန်တလန်ကြားမှာ လည်းရှိတယ်။ ပြီးတော့လွတ်လပ်ရေး ကျောက်တိုင်တို့ သင်္ချိုင်းကုန်းတို့ ပြီးတော့ ဟားခါးမြို့ထဲကိုလည်း ဝင်နိုင်သလောက်တော့ဝင်တယ်။ ချင်းပြည်နယ် အစိုးရရုံးတို့ဘာတို့ပေါ့။ ကျနော်တို့ဝင်တာတွေအများကြီးပေါ့။ အခုထိလည်းတိုက်ပွဲတွေက ဖြစ်နေတုန်း ဖလမ်းလည်း လေယာဉ်နဲ့လာပစ်နေတာတွေရှိတယ်။ ထန်တလန်မှာလည်းရှိတယ်။ ထန်တလန်လည်း ကျနော်တို့ ချေမှုန်းနိုင်သလောက်ချေမှုန်းမယ်။ နေရာအစုံမှာဝန်းရံထားတယ်။ ကျနော်တို့ တက်နိုင်သလောက်တော့ တက်ထားတယ်။ ဟားခါးမြို့အတွင်း စစ်ဆင်ရေးဆင်နွှဲနိုင်အောင်လည်း ကြိုးစားနေတယ်။ ထန်တလန်နဲ့ဟားခါးကြားမှာက အတော်လေးဒုက္ခပေးနေတယ်။ အဲဒီကြားက စခန်းတွေကို အကုန်လုံးချေမှုန်းမယ်။ ပြီးမှ ဟားခါးကိုတက်မယ်လို့ ပြင်ဆင်ထားတယ်။ မကြာခဏလည်း စစ်ပွဲတွေဖြစ်နေတယ်” ဟု CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများက လက်နက် ၉ လက် ယူဆောင်လာပြီး ၆၀ မမ၊ MA-15 နှင့် M79 အပါအဝင် စုစုပေါင်း လက်နက် ၅၂ လက် ရရှိခဲ့ကြောင်း၊ ၈၂ ရက်ကာလအတွင်း ဟား ခါးမြို့မှ ထန်တလန်မြို့သို့ စစ်ကောင်စီ တပ်သားများ စစ်ကူသွားရောက် နိုင်ခြင်းမရှိစေရန် ပိတ်ဆို့ တားဆီးနိုင်ခဲ့ပြီး ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး အတွက်လည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "“လက်နက်ချတဲ့သူတွေက ပြည်သူ့စစ်တွေက ပိုများတယ်။ တကယ့် စစ်တပ်ထဲဝင်တဲ့သူတွေတော့မရှိဘူး။ ကျနော်တို့ဆီမှာ CDM ဝင်ထားတဲ့သူတွေလည်း အများကြီးရှိတယ်။ ၁၁ ယောက်ကတော့ ပြည်သူ့စစ်တွေပေါ့။ သူတို့မေးကြည့်တော့ စစ်တပ်ထဲမှာ ဝင်ခိုင်းတုန်း က ဘာမှမသိဘဲ လိုက်သွားတယ်။ ကျနော်တို့ကို သင်တန်းတက်ခိုင်းတယ်။ ၃ လလောက်သင်တန်း တက်ပြီးတော့ ဟားခါးရောက် လာတာ ဟားခါးကိုလည်းမရောက်ဖူးဘူး။ အခုဟားခါးမှာ ၁၀၇ ဦး ပို့ထားတယ်။ ဟားခါးကိုလည်း ကျနော်တို့ ကြားတောင်မကြားဖူးဘူး လို့ပြောတယ်။ သူတို့ ၁၀၇ ဦးလုံး CDM တော့ လုပ်ချင်တယ် လုပ်မယ့် နေရာမသိလို့တော့ ပြောတယ်။” ဟု CDF – Hakha မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/05/102049/
ဟားခါးမြို့နယ်ရှိ CDF -Sentang ဌာနချုပ်စခန်းနှင့် ခွာပီးကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ
["ဟားခါးမြို့နယ်ရှိ CDF -Sentang ဌာနချုပ်စခန်းနှင့် ခွာပီးကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ မေ ၁၁", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ CDF -Sentang ဌာနချုပ်စခန်းနှင့် ခွာပီးကျေးရွာကို အကြမ်းဖက် စစ်တပ် က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း CDF -Sentang မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မေလ ၁၁ ရက် နံနက် ၁၂ နာရီ ၅ မိနစ်ခန့်က အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်လေ ယာဉ် တစ်စီးဖြင့် ခွာပီးကျေးရွာကို စတင်ကျဲချပြီးနောက် CDF -Sentang ဌာနချုပ်ကို ဆက်လက်ကျဲချ ခဲ့ကြောင်း၊ ဗုံဂကြဲခံရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေ မသိရသေးကြောင်း သိရသည်။", "“ဖုန်းလိုင်းတွေဖြတ်ခံထားရတာ တစ်လလောက်ရှိပြီ၊ အဲဒါကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေက မသိရ သေးဘူး၊ ဗုံးကျဲချတာတော့ ၅ လုံးလောက်ရှိမယ်၊ ခွာပြီးကျေးရွာကို အရင်စကျဲပြီးမှ CDF -Sentang ဌာန ချုပ်ကို ကျဲတာပေါ့” ဟု CDF -Sentang မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "လက်ရှိ‌မြေပြင်နေအထားအရ Senthang နယ်အတွင်းရှိ ဟားခါး- မတူပီလမ်း၌ လုံခြုံမှုမရှိသေးသဖြင့် အများပြည်သူလုံခြုံရေးအတွ်က ယနေ့ ယာယီပိတ်ထားကြောင်း CDF-Senthang သတင်းနှင့်ပြန် ကြား ရေးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/100233/
ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်များ သိမ်းဆည်းရမိ
["ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်များ သိမ်းဆည်းရမိ", "ရန်ကုန်၊ မေ ၁", "ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ စစ်တပ်က အထိနာပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဧပြီလ ၃၀ ရက်နေ့ တစ်နေ့လုံး ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် ချင်းတော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ချွန်ကျုံးကျေးရွာတွင် ပြန်လည် အခြေချ တပ်စွဲရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယ‌မန်နေ့ဧပြီ ၃၀ရက် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားပြီး ထို တိုက်ပွဲတွင် ချင်း ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်အချို့သိမ်းယူနိုင်ကြောင်း ဒေသသတင်း ရင်းမြစ် The Chin Post က သတင်းဖော်ပြသည်။", "“မနေ့က တိုက်ပွဲက ပြင်းထန်တယ်။ လေယာဉ်နဲ့လည်း တောက်လျှောက်ဗုံးကျဲတာ။ ချင်းကာကွယ်ရေးဘက်မှာလည်း အထိအခိုက်တချို့ရှိပါတယ်” ဟု ချင်းတော် လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။"]
https://yktnews.com/2023/05/101154/
ဟားခါးမြို့နယ်၊ မာလ်ဆောမ်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များနှင့် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်းတို့ ထိခိုက်ပျက်စီး
["ဟားခါးမြို့နယ်၊ မာလ်ဆောမ်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များနှင့် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်းတို့ ထိခိုက်ပျက်စီး", "ရန်ကုန်၊ မေ ၆", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သောကြောင့် နေအိမ်များနှင့် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂ ရက်နေ့နှင့် ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မာလ်ဆောမ်ကျေးရွာကို တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ်များနှင့် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ မေလ ၂ ရက်နေ့ ဗုံးကျဲ တိုက်ခိုက်မှုတွင် မာလ်ဆောမ်နှစ်ခြင်း ဘုရားကျောင်းတို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်းသိရှိရသည်။", "မာလ်ဆောမ်ရွာသည် ဟားခါးမြို့နှင့် ၃၅ မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၅၀၊ လူဦးရေ ၂၅၀ ကျော်နေထိုင်ပြီး ကျေးရွာနေ ပြည်သူများသည် ဧပြီလ ၃၀ရက်နေ့က စတင်ကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း‌ရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2024/03/149530/
ဟားခါးမြို့နှင့် ကျောက်ထုမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပင်စင်စားဝန်ထမ်း တစ်ဦး၊ အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးတို့အပါအဝင် ၃ ဦး သေဆုံး
["ဟားခါးမြို့နှင့် ကျောက်ထုမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပင်စင်စားဝန်ထမ်း တစ်ဦး၊ အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးတို့အပါအဝင် ၃ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၈", "ချင်းပြည်နယ်၊ ဟားခါးမြို့၊ ရုန်းတောင်စစ်ဆေးရေးဂိတ်ရှိ စစ်သားများက ပစ် ခတ်သတ်ဖြတ်မှုကြောင့် ပင်စင်စားဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။", "ယမန်နေ မတ်လ ၇ ရက် ညနေ ၆ နာရီကျော်က ဟားခါးမြို့၊ မြေစာရင်းရုံးမှ ဆိုင်ကယ်စီးပြီး ပြန်လာ သော ပင်စင်စား ဦးလွှန်မှုန်းသည် ရုန်းတောင်စစ်ဆေးရေးဂိတ်အနီး ဖြတ်သန်းလာစဉ် အကြမ်းဖက် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။", "ဟားခါးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ညနေ ၆ နာရီကျော်ပါက ၎င်းတို့ တပ်ရင်းအနီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မြို့တွင်းကင်းလှည့်ခြင်း ၊ လမ်းဆုံလမ်းခွနေရာများ၌ စစ်ဆေးခြင်းများပြုလုပ်လျက်ရှိ ကြောင်း သိရသည်။", "အလားတူ မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ ကြန်တောကျေးရွာတွင် အကြမ်း ဖက်စစ်ကောင်စီ တပ် က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။", "ယမန်နေ့ မတ်လ ၇ ရက်နေ့က ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က ကြန်တောကျေးရွာ ဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရေချိုးရန် သွားနေသည့် အသက် ၆ နှစ်အရွယ် ကလေး တစ်ဦး နှင့် အသက် ၃၀ အရွယ် အမျိုး သမီးတစ်ဦးတို့ကို ထိမှန်ကာ နှစ်ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ရေချိုးသွားရင်း လက်နက်ကြီးထိလို့ ဆုံးသွားကြတာပါ။ ကျောက်ထုကနေ အဲ့ဒီရွာဘက်တွေကိုက ခဏခဏထုနေတာ။ လက်နက်ကြီးဆိုတာက မြင်ရတာလည်းမဟုတ်တော့ခက်တယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြား သည်။", "ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အနီးအနားပတ်ဝန်းကျင်ကျေးရွာ များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများကို မတရားခိုးယူ ခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။", "ယနေ့မတ်လ ၈ ရက်နေ့နံနက်ပိုင်းကလည်း ကျောက်ထုမြို့ပေါ်ရှိအကြမ်းဖက်စစ်သားများက ကံကြီး ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး အနီးအနားကျေးရွာများဘက်သို့ ၄၀ မမ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် တောများကို မီးရှို့ကာ ပြန်လည် ထွက်ခွာသွားကြောင်း သိရ သည်။", "ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များက မူးရူးသောက်စားကာ လက်နက်ကြီး များဖြင့် ပစ်ခတ်လေ့ရှိသောကြောင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများ၌ နေထိုင်ကြသောမိဘ ပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြပါရန် တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။"]
https://yktnews.com/2023/01/83059/
ဟားခါးမြို့ပေါ် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်း ရရှိ၊ ကွတ်ခိုင်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်၊ ရေးမြို့ တွင် လည်း စစ်တပ်ကို မိုင်း ဖြင့် တိုက်ခိုက်
["ဟားခါးမြို့ပေါ် ပစ်ခတ်မှု စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်း ဆည်း ရရှိ၊ ကွတ်ခိုင်တွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်၊ ရေးမြို့ တွင် လည်း စစ်တပ်ကို မိုင်း ဖြင့် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးမြို့၊ ကျောက်ဘုတ်ရပ်ကွက်တွင်စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားပြီး သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့ကြောင်း CDF – Hakha တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။", "ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီ တပ်သားများ အထိုင် ချတပ်စွဲထားသည့်နေရာသို့ ထမင်းလိုက်ပို့နေသော စစ်သား ၂ ဦးကို CDF – Hakha တပ်ဖွဲ့ဝင်များက ကြားဖြတ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ သေဆုံး သွား ခြင်း ဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်လာသော သေနတ်တစ်လက်ကို သိမ်း ဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် KIA နှင့် စစ်ကောင် စီ တပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများပြား ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဇန်နဝါရီ ၂၅ ရက်နေ့ ၊ နံနက် ၁၀ နာရီ ၃၀မိနစ်အချိန် ရှမ်းပြည်နယ်​​မြောက် ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီး​ကျေးရွာထိပ် ပါဂျူလမ်းဆုံ တဝိုက်နေရာသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို KIA တပ်က ၀ိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှု များပြားကြောင်း၊ အင်အား ၄၀ ခန့်ရှိသော စစ် ကြောင်း ကို ကြားဖြတ် ​စောင့်ကြိုတိုက်ခိုက်​အောင်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားသဖြင့် ယနေ့ နံနက် ၁၁ နာရီအချိန် ကွတ် ခိုင်ဗျူဟာကုန်း တပ်မှ စစ်တပ်က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်​နေ​ကြ​ကြောင်းလည်း သိရှိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ပညာရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့နံနက်ပိုင်း မိုင်းဖောက်ခွဲတိုက်ခိုက် ခဲ့ ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၅ ရက် နေ့ ၊ နံနက် ၄ နာရီခွဲခန့်အချိန် ရေးမြို့ ပညာရေးမှူးရုံး တွင် တပ်စွဲထားသော စစ်တပ်ကို ရာမညပြောက်ကျားအဖွဲ့ (R.G.F)က မိုင်း ဖြင့် ဖောက်ခွဲ၍ ဘေးကင်းစွာ ပြန်ဆုတ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- CDF ဟားခါးအဖွဲ့က သိမ်းဆည်းရမိသော စစ်ကောင်စီတပ်သား၏ သေနတ်။"]
https://yktnews.com/2024/04/156826/
ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ်စစ်ကောင်စီ ဝန်ကြီး ၃ ဦး လိုက်ပါသော ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝန်ကြီးများ အပါအဝင် ၆ ဦးဒဏ်ရာရ
["ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ်စစ်ကောင်စီ ဝန်ကြီး ၃ ဦး လိုက်ပါသော ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ဝန်ကြီးများ အပါအဝင် ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၄", "ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ်စစ်ကောင်စီမှ ပြည်နယ်ဝန်ကြီးများ လိုက်ပါလာသည့် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဝန်ကြီးများ အပါ အဝင် ၆ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ဧပြီလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲခန့်အချိန် ဟားခါးမြို့တွင်းရှိ ဝန်ကြီးအိမ်ရာမှ ရုံးတက်ရန် ထွက်ခွာလာ သည့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း နှင့် လူမှု ရေးရာဝန်ကြီး ဦးကျော်စိုးဝင်း တို့ ၃ ဦး လိုက်ပါသော ယာဉ် ၅ စီးကို ဟား ခါးမြို့၊ မြို့သစ်ရပ်ကွက် လမ်းဆုံအရောက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ၎င်း ၏ ဇနီး၊ နယ်လုံဝန်ကြီး၏ ကိုယ်ရေးအရာရှိတို့အပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“သူတို့ ယာဉ်တန်းနဲ့ တပ်ကို ပစ်ဖို့စီစဉ်ထားတာရှိတယ်၊ အခြေအနေကောင်းရင်ပစ်ဖို့ ကြိုတင်စီစဉ် ထားတာရှိတယ်၊ အဲဒါနဲ့ သူတို့ လုံခြုံရေးကို အရင်ပစ်တယ်၊ ပစ်ပြီးတော့မှ ယာဉ်တန်းကမရပ်လို့ သူ တို့ပဲဆိုပြီး ပြန်ပစ်လိုက်တာ၊ ဝန်ကြီးအိမ်ယာကနေ ရုံးတက်ဖို့လာတဲ့ လမ်းကြားမှာပေါ့၊ စီးပွားရေး ဝန်ကြီး ထိခိုက်ဒဏ်ရာရတယ်၊ ပြီးတော့ လူမှုရေးဝန်ကြီးလည်း ကျည်နဲ့ထိတယ်၊သူ့အမျိုးသမီးလည်း ကျည်ထိတယ်။ ပြီးရင် ကားသမားရောပေါ့၊ နယ်လုံဝန်ကြီးကတော့ ဘော်ဒီဂတ်ပေါ့၊ ပြီးရင် ရဲတစ် ယောက်နဲ့ စုစုပေါင်း ၆ ယောက်ဒဏ်ရာရတယ်၊ ကားကတော့ ၅ စီးလုံးကျည်ထိတာပေါ့ နယ်လုံ ဝန် ကြီးက ကားပေါ်မှာတော့ပါတယ်၊ ဒါပေမယ့် သူက မထိဘူး၊” ဟု CDF – Hakha မှ တာဝန်ရှိသူ တစ် ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်နယ် နယ်လုံဝန်ကြီးသည် ရုံးရောက်ရှိသည့်ချိန်မှ မကျေနပ်ချက် ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး CDF Hakha တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကြောင့် ဟားခါးမြို့ပေါ်တွင်နေထိုင်သော ပြည်နယ်ဝန်ကြီးများသည် ကြောက်ရွံ့ ထိန်လန့်နေပြီး မြို့တွင်း၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားကြောင်း၊ လူမှုရေးဝန်ကြီးနှင့် ၎င်း၏ အမျိုသမီးတို့ တက်ရောက်ကုသနေသည့် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံပတ်ပတ်လည်ကိုလည်း လုံ ခြုံရေး အပြည့်ချထားကြောင်း CDF Hakha ထံမှ သိရသည်။", "ဓာတ်ပုံ – ချင်းပြည်နယ်စစ်ကောင်စီအဖွဲ့၏ အစည်းအဝေး တစ်ခု။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ချင်းပြည်နယ်စစ်ကောင်စီဝန်ကြီး#ယာဉ်တန်းပစ်ခတ်တိုက်ခိုက်ခံရ"]
https://yktnews.com/2025/05/213325/
ဟားခါးမြို့ပေါ်တွင် အရပ်သား ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသော ရဲ ၂ ဦးကို အရှင်ဖမ်းမိ၊ ဟားခါးမြို့သိမ်းတိုက်ပွဲ ပူးပေါင်းရန် တိုက်တွန်းသည့် ကြေညာချက်ကြောင့် စစ်တပ်က အင်အားတိုးမြှင့်လာ
["ဟားခါးမြို့ပေါ်တွင် အရပ်သား ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသော ရဲ ၂ ဦးကို အရှင်ဖမ်းမိ၊ ဟားခါးမြို့သိမ်းတိုက်ပွဲ ပူးပေါင်းရန် တိုက်တွန်းသည့် ကြေညာချက်ကြောင့် စစ်တပ်ကအင်အားတိုးမြှင့်လာ", "ရန်ကုန်၊ မေ ၃", "ချင်းပြည်နယ် ၊ ဟားခါးမြို့ပေါ်တွင် အရပ်သား ဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသော ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း CDF ဟားခါးက သတင်းထုတ်ပြန်ထားသည်။", "မေလ ၁ ရက်နေ့ ဟားခါးမြို့ပေါ်တွင် အရပ်သား ဟန်ဆောင်၍ သတင်းထောက်လှမ်းနေသော အကြမ်းဖက် စစ် တပ် လက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးရမိသော ရဲတပ်သား၂ ဦးကို ဆက်လက် ထိန်းသိမ်းထားပြီး အပြစ်မဲ့ ပြည်သူများကို ဒုက္ခမျိုးစုံပေးနေသော အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင်များကို CDF ဟားခါး အနေဖြင့် လိုက်လံ အရေးယူမည်ဖြစ်ကြောင်း CDF ဟားခါးက သတိပေးထားသည်။", "CDF ဟားခါးက ဧပြီ ၂၃ရက်နေ့တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် လူငယ်များ နှင့် မိဘများအနေဖြင့် ပူးပေါင်းပါဝင်ရန် CDF ဟားခါးက ချင်းဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။", "ထိုသို့ ဖိတ်ခေါ်ပြီးနောက် စစ်ကောင်စီတပ်က ဟားခါးတွင် စစ်ရေးပြင်ဆင်မှုများ လုပ်လာသည့်အပြင် ချင်းတော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုများကို သိရှိနိုင်ရန် ပြည်သူလူထုအတွင်း သတင်းနှိုက် စုံစမ်းခြင်း၊ အယောင်ဆောင် စုံစမ်းခြင်းများနှင့် ဟားခါးမြို့အဝင်အထွက်များကို တင်းကျပ် စစ်ဆေးခြင်းများ လုပ်ဆောင်လာကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။", "“ဟားခါးမြို့သိမ်းတိုက်ပွဲ အတွက် လူငယ်တွေ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်း စစ်တပ်ဘက်က စစ်ရေးပြင်ဆင်တာရှိသလို သတင်းတွေရဖို့ ပိုပြီး စုံစမ်းလာတာတွေရှိတယ်။ မြို့အဝင်အထွက်လည်း အတော်ကို တင်းကျပ်ထားတယ်” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။"]
https://yktnews.com/2024/09/183267/
ဟားခါးမြို့ပေါ်ရှိ ဒုရဲအုပ် ၁ ဦးနှင့် ကမ္မမြို့ရှိ မြို့ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
["ဟားခါးမြို့ပေါ်ရှိ ဒုရဲအုပ် ၁ ဦးနှင့် ကမ္မမြို့ရှိ မြို့ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ စက်တင်ဘာ ၁၃", "ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ ဒုရဲအုပ် ၁ဦးက လက်နက်ခဲ ယမ်းများယူဆောင်လာပြီး CDF- Hakha ထံအလင်းဝင်ရောက် ခဲ့တယ်လို့ CDF-Hakha ကပြော ဆိုသည်။", "စက်တင်ဘာလ ၁၂ ရက်နေ့တွင် အလင်းဝင်လာစော ဒုရဲအုပ် ၁ ဦးသည် ရိုင်ဖယ် သေနတ် ၁လက် ၊ ပစ္စတို ၁ လက်၊ ကျည် ၁၅ ထောင့်နှင့် Grenade 40 MM ၃၀ ကျော် တို့ကို ယူဆောင်လာပြီး CDF- Hakha ထံ အလင်းဝင်ရောက်ခဲ့ခြင်းကြောင်း သိရှိရသည်။", "ထိုသို့ လက်နက်နှင့် တကွ အလင်းဝင်ရောက်လိုသူများသည် CDF-Hakha ကို အချိန်မရွေး ဆက် သွယ်နိုင်ပြီး အလင်းဝင်လာသူများ၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပြီး ဂုဏ်ပြု ဆုငွေများလည်း ချီးမြှင့်သွားမည်ကြောင်း ပြောဆိုထားသည်။", "အလားတူ မကွေးတိုင်း၊ ကမ္မမြို့ရှိ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း People Defence Force- Kamma တပ်ဖွဲ့ က ပြောဆိုသည်။", "စက်တင်ဘာလ ၁၂ရက်နေ့တွင် ကမ္မမြို့အတွင်းရှိ ရဲစခန်းမှ ရဲတပ်သား ၁ ဦး သည် Uzi သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ 9 mm ၁၃၁ တောင့် နှင့် G3 ကျည် ဘောက် ၄ ခု နှင့် ကျည် ၃၇ တောင့်တို့ ယူဆောင်လာပြီး Kamma တပ်ဖွဲ့ထံကို အလင်းဝင်လာ ကြောင်း သိရှိရသည်။", "PDF Kamma တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်လာသူများကို လှိုက်လှဲစွာ ကြိုဆိုလျက်ရှိကြောင်း အသိပေး ပြောဆိုသည်။"]
https://yktnews.com/2024/07/174639/
ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှု ရဲ ၃ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်း သားများအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်
["ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှု ရဲ ၃ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်း သားများအပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်", "ရန်ကုန်၊ ဇူလိုင် ၂၀", "ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၃ ဦး သေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF Hakha တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယနေ့ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး ကျန်ရဲတပ်ဖွဲ့ ဝင်များ ထွက်ပြေးသွားကြောင်း၊ ထိုသို့ ရဲများ ထွက်ပြေးသွားပြီး အချုပ်ခန်းအတွင်းမှ အကျဉ်းသား အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“အခုလုံခြုံတဲ့နေရာပြန်ရောက်ပြီ၊ ငါတို့စခန်းပြန်ရောက်ပြီ။ ဒီမနက် ၅ နာရီခွဲလောက်ကနေ စတိုက် တာ၊ ရဲ ၃ ယောက်တော့ ကျသွားတာပေါ့၊ စခန်းမှာက စစ်သားမရှိဘူး။ ရဲတွေပဲ၊ ရဲက ၁၄ ယောက် လောက်ရှိတယ်။ ကျန်တဲ့ရဲတွေက ထွက်ပြေးသွားတာ၊ ဖမ်းမိတာမရှိဘူး၊ လုပ်နိုင်သလောက်လုပ်ပြီး ချက်ချင်းပြန်ဆုတ်လာခဲ့တာ၊ မိန်းကလေး ၁၃ ယောက်နဲ့ ယောက်ျားလေး ၄၉ ယောက် အားလုံးပေါင်း ၆၂ ယောက်ပေါ့၊ နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားအကျဉ်းသားတွေရောအားလုံးပဲ အခုတော့ စစ်ဆေးနေတုန်း၊ စိစစ်နေတုန်း၊ ဒီလောက်ပဲ ပြောလို့ရဦးမယ်” ဟု CDF Hakha တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ထိုသို့ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်သားများက စစ်ကူပေးခြင်း မရှိကြောင်း၊ ယခုအချိန်တွင် ချင်းပူးပေါင်းတော်လှန် ရေးတပ်ဖွဲ့ဝင်များမှ မြို့ပြင်မှ အသင့်စောင့်ဆိုင်းနေပြီး အကြမ်းဖက်စစ်သားများမှာ မြို့တွင်းရှိ ၎င်းတို့ တပ်ရင်းစခန်းအတွင်း၌ ပုန်းခိုနေကြောင်း သိရ သည်။", "ဓာတ်ပုံ- ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးပုံဖြစ်ပါသည်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/07/174652/
ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှု ရဲ ၄ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်၊ သိမ်းဆည်းရရှိသော လက်နက် ၂၃ လက်နှင့် ကျည်ဆန်များ ထုတ်ပြ
["ဟားခါးမြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်မှု ရဲ ၄ ဦးသေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်၊ သိမ်းဆည်းရရှိသော လက်နက် ၂၃ လက်နှင့် ကျည်ဆန်များ ထုတ်ပြ", "ရန်ကုန်၊ ဇူလိုင် ၂၀", "ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၄ ဦး သေဆုံးပြီး နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း CDF Hakha က တရားဝင်သတင်းထုတ်ပြန်သည်။", "ယနေ့ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ဟားခါးမြို့ပေါ်ရှိ မြို့မရဲစခန်းအတွင်းသို့ Operation Rung အမည်ဖြင့် Chinland Defense Force – Hakhaက ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ၊ ရဲစခန်း၏ အချုပ်ခန်းအတွင်းမှ အကျဉ်းသား အမျိုးသား ၄၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ချင်းတော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“အခုလုံခြုံတဲ့နေရာပြန်ရောက်ပြီ၊ ငါတို့စခန်းပြန်ရောက်ပြီ။ ဒီမနက် ၅ နာရီခွဲလောက်ကနေ စတိုက် တာ၊ ရဲ ၃ ယောက်တော့ ကျသွားတာပေါ့၊ စခန်းမှာက စစ်သားမရှိဘူး။ ရဲတွေပဲ၊ ရဲက ၁၄ ယောက် လောက်ရှိတယ်။ ကျန်တဲ့ရဲတွေက ထွက်ပြေးသွားတာ၊ ဖမ်းမိတာမရှိဘူး၊ လုပ်နိုင်သလောက်ပြီး ချက် ချင်းပြန်ဆုတ်လာခဲ့တာ၊ မိန်းကလေး ၁၃ ယောက်နဲ့ ယောက်ျားလေး ၄၉ ယောက် အားလုံးပေါင်း ၆၂ ယောက်ပေါ့၊ နိုင်ငံရေးအကျဉ်းသားတွေရော၊ အခြားအကျဉ်းသားတွေရောအားလုံးပဲ အခုတော့ စစ်ဆေးနေတုန်း၊ စိစစ်နေတုန်း၊ ဒီလောက်ပဲ ပြောလို့ရဦးမယ်” ဟု CDF Hakha တပ်မဟာ ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ထိုသို့ မြို့မရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်တွင် အကြမ်းဖက်စစ်သားများက စစ်ကူပေးခြင်း မရှိကြောင်း၊ ယခုအချိန်တွင် ချင်းပူးပေါင်းတော်လှန် ရေးတပ်ဖွဲ့ဝင်များက မြို့ပြင်မှ အသင့်စောင့်ဆိုင်းနေ ပြီး အကြမ်းဖက်စစ်သားများမှာ မြို့တွင်းရှိ ၎င်းတို့ တပ်ရင်းစခန်းအတွင်း၌ ပုန်းခိုနေကြောင်း သိရ သည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း လက်နက် ၂၃ လက်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရရှိကြောင်း CDF ဟားခါးက ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/102259/
ဟားခါးမြို့၊ မာလ်ဆောမ်ရွာရှိ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူ ဖျက်ဆီးသွား
["ဟားခါးမြို့၊ မာလ်ဆောမ်ရွာရှိ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူ ဖျက်ဆီးသွား", "ရန်ကုန်၊ မေ ၁၂", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကိုအကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ မှ စစ်သားများက ဖောက်ထွင်းပြီး နေအိမ်ရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The Chin Journal ထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ စစ်ကြောင်းသည် ဂန့်ဂေါဘက်မှ တက်လာပြီး မေလ ၅ ရက်နေ့တွင် မာလ်ဆောမ်ကျေးရွာကို ဝင်ရောက်ခဲ့ကာ ၅ရက် ကြာတပ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း ၊မာလ်ဆောမ်နှစ်ခြင်းဘုရားကျောင်းနှင့် ယုံကြည်သူအသင်းတော် ဘုရားကျောင်းများတွင် ညအိပ်ကာ ဘုရားကျောင်းထဲတွင် ချက်ပြုတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့​ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက် ခိုးယူ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မာလ်ဆောမ်ရွာသို့ မ၀င်ရောက်မီတွင် တိုက်လေယာဉ်နှင့် ရွာထဲသို့ ၂ ကြိမ် ဗုံးကျဲ ခဲ့ပြီး ရွာထဲရှိ နှစ်ခြင်းဘုရားကျောင်းအဆောက်အအုံနှင့် လူနေအိမ်အချို့ကို ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "မာလ်ဆောမ်ကျေးရွာသည် ဟားခါးမြို့နှင့် ၃၅မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၅၀ ခန့် လူဦးရေ ၂၅၀ ၀န်းကျင်ခန့်နေထိုင်သည့် ရွာဖြစ်ပြီး စစ်ကောင်စီကြောင့် ဧပြီလ လ ၃၀ ရက်နေ့တွင် အားလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်း သည် မေလ ၉ရက်နေ့တွင် မာလ်ဆောမ်ရွာမှ ဟားခါးမြို့ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/194689/
ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ
["ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ ၊ သေနတ် ၃ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရကာ သေနတ် ၃ လက် သိမ်းဆည်းရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ CNA ဦးဆောင်သော ချင်းပြည်အစိုးရတပ်ဖွဲ့များက ဟားခါးရပ်ကွက်အနီးရှိ ခမရ ၂၆၆ ကာကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၁ ဦဒဏ်ရာရရှိကြောင်း၊ သေနတ် ၃ လက် သိမ်းဆည်းရရှိပြီး ယနေ့ အချိန်အထိ ကာကင်းကို သိမ်းပိုက်ရရှိရေး ဆက်လက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။", "“အဲဒီကာကင်းက လက်နက်ကြီးတွေ အများကြီးရှိတယ်။ ခမရ ၂၆၆ ကာကင်းပါ။ အခုထက်ထိလည်း တိုက်နေတုန်း။ တိုက်ပွဲဖြစ်နေတုန်းပဲ။ မနေ့က တိုက်ပွဲမှာ ဗိုလ်ကြီး အပါအဝင် ၁၁ ဦးဒဏ်ရာရတာ ဆေးကုနေကြတယ်။ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်လည်းရရှိပါတယ်” ဟု CNA သတင်းရင်းမြစ်က ဆိုသည်။", "ယခုရက်ပိုင်းအတွင်း ချင်းတော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေရာ ချင်းပြည်နယ် ဟား ခါးနှင့် ထန်တလန်မြို့နယ် ကြားရှိ စစ်ကောင်စီ၏ C3 တပ်စခန်းကို ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်းကောင်း၊ ဟားခါးနှင့် ထန်တလန်ရှိ စစ်တပ်စခန်း၅ ခုထက်မနည်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလလဆန်းပိုင်းအထိ ချင်းပြည်အစိုးရတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုတွင် စစ်အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ၃၀ ဦးကျော်သေ ဆုံးကြောင်း၊ လက်နက်သိမ်းဆည်းမှု သေနတ် ၆၀ ကျော်၊ ခဲယမ်းများနှင့်အတူရရှိပြီး စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရရှိကြောင်း CNA ထံမှ သိရှိရသည်။"]
https://yktnews.com/2024/03/152449/
ဟားခါးရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး
["ဟားခါးရဲစခန်းကို CDF-Hakha တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ရဲတစ်ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၄", "ချင်းပြည်နယ်၊ဟားခါးမြို့ပေါ် ရဲစခန်းဝန်းထဲက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက CDF Hakha တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့တယ်လို့ CDF-Hakha က သတင်း ထုတ်ပြန်ပါတယ်။", "မတ်လ၂၀ ရက်နေ့ကလည်း ဟားခါးမြို့ အဆိုပါ ရဲစခန်းဝန်းထဲ စာသင် ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေကို CDF-Hakha က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။", "ဟားခါးမြို့ပေါ်က စစ်ကောင်စီအဖွဲ့ဝင်တွေကို CDF-Hakha က မကြာမကြာတိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့သိရပါတယ်။", "မတ်လ ၂၂ ရက်နေ့မှာလည်း ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ အင်းဝဘဏ်စောင့် ရဲတပ်ဖွဲ့ဝင်တွေကို သွား ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။", "မတ်လ ၆ ရက်နေ့က ဟားခါးမြို့ န.တ.လ ကျောင်းမှာ လုံခြုံရေးယူနေတဲ့ နှစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် ရဲတပ်သား ၅ ဦးကို လက်နက်နဲ့အတူအရှင်ဖမ်းမိခဲ့သလို မတ် ၉ ရက်နေ့နှင့် ၁၃ ရက်နေ့မှာလည်း စစ်ကောင်စီထောက်လှမ်းရေးနှစ်ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/12/194076/
ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး
["ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှတပ်ရင်းမှူး ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးနှင့် ထန်တလန် အကြား သီမြစ်ချောင်းအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ ဟားခါးမြို့ကာကင်းစခန်းများ စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့ ဟားခါး နှင့် ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နှင့် Kiamtlang/Ruavazung စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲများ တွင် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လက်နက်ငယ်များ အပါအဝင် သေနတ် ၅၇ လက်၊ ခဲယမ်းများ၊ ဒရုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးပြီး စစ်သုံ့ပန်း ၁၉ ဦးဖမ်းဆီးရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။", "” ဟားခါး Ruavazung စခန်းကနေ စစ်သုံ့ပန်း ၁၉ ဦးမိတာပါ။ သီမြစ်စစ်တပ် စခန်းသိမ်းတိုက်ပွဲမှာ သေနတ်တွေ၊ RPG ၊ 60MM တို့ရတယ်။ စခန်း ၄ ခုကို သိမ်းပိုက်ရာမှာ သေဆုံးသူ စစ်ဘက်ကနေ ၂၀ ကျော်လောက်ရှိမယ်။ စစ်သားတွေက အကုန်ထွက်ပြေးကုန်ကြတာ။ တောထဲ ခြုံထဲမှာ လည်း အလောင်းတွေရှိတယ်။ လက်နက်ခဲယမ်းကတော့ ၅၇ လက်လောက်ရထားတယ်။ ဒရုန်းတွေလည်းပါတယ်။ ပြီးရင် နိုဝင်ဘာလ ၂၉ မှာ ဟားခါးမြို့ ဗျူဟာကုန်း ၂၂၆ တပ်ရင်းမှူးကို ဟားခါးအပြန် အော်တိုတောင်ကနေ CC တပ်က ပစ်တယ်။ ဒဏ်ရာရပြီး ဆေးရုံတင်တာ မနေ့က တပ်ရင်းမှူး ဆုံးတယ်။ ခလရ ၂၂၂ တပ် ရင်းမှူး သေတာလည်း ပြောပြီးပြီ။ ဟားခါးတိုက်ပွဲတွေမှာ တပ်ရင်းမှူး ၃ ဦးသေတယ်” ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ စစ်ကူအင်အား ဖြည့်တင်းမှုရှိနေကြောင်း၊ စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း CNA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။", "Photo- Voice of Chinalnd။"]
https://yktnews.com/2023/04/97304/
ဟားခါး၊ ချွန်ကျုံးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကားတွေ မီးလောင်၊ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ
["ဟားခါး၊ ချွန်ကျုံးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကားတွေ မီးလောင်၊ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ", "ရန်ကုန်၊ ဧပြီ ၁၃", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ၁၇ မိုင်အကွာ ချွန်ကျုံးရွာမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားဒီကနေ့ ဧပြီ ၁၃ ရက်နေ့မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းနေပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။", "”ဒီနေ့ မွန်းတည် ၁၂ နာရီထိုးခါနီးလောက်မှာ လေကြောင်းကနေပစ်တာ။ ရွာကခုထိမီးလောင်နေ တုန်း” လို့ ဟားခါးဒေသခံတစ်ဦးကပြောပါတယ်။", "စစ်ကောင်စီဟာ မနေ့က (ဧပြီ ၁၂) ရက်နေ့ ညနေပိုင်းကလည်း ချွန်ကျုံးရွာကိုလေကြောင်း တိုက် ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဗုံးကျဲတာရှစ်ကြိမ်ရှိပြီး ဗုံးပေါက်ကွဲသံတွေကို ဟားခါးမြို့ ပေါ်ကနေ ကျယ်လောင် စွာကြားရတယ်လို့ မြို့ခံတွေကဆိုပါတယ်။", "ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၇ ရက်နေ့က ကလေးမြို့ကနေ ဟားခါးကိုတက်သွားနေတဲ့ စစ်တပ်စစ်ကြောင်းဖြစ်ပါတယ်။", "စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ်တိုက်ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရတယ် လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။", "အထိနာတဲ့အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ ၁၁ ရက်နေ့က ချွန်ကျုံးရွာ ကိုမီးရှိူ့တာ ကြောင့် နေအိမ် ၂၄ လုံးမီးလောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။", "ဒါ့အပြင် ဒီနေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီအကြား ဟားခါးမြို့နယ်၊ ချွန်ကျူံးကျေးရွာမှာ စစ်ကောင် စီ ရဲ့ လက်နက်သယ်နေတဲ့ ယာဉ်တစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်တာကြောင့် အဲဒီယာဉ် မီးလောင်သွားပြီး အခြားယာဉ်တွေနဲ့ လူနေ အိမ်တွေကို ပါ မီးကူးစက်မှုဖြစ်ပွားတယ်လို့သိရပါတယ်။", "စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာလည်း ဒီနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ မနေ့ ဧပြီလ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီယာဉ်တန်းမှ ကား ၃ စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ပါသေးတယ်။"]
https://yktnews.com/2023/05/100839/
ဟားခါး၊ ဗန်တလန်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁၅ လုံးပျက်စီး
["ဟားခါး၊ ဗန်တလန်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁၅ လုံးပျက်စီး", "ရန်ကုန်၊ မေ ၄", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်တလန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် နေအိမ် ၁၅ လုံးပျက်စီးခဲ့​ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့နယ်ဖက် မှ ချင်းပြည်နယ်ဘက်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တပ်ရင်း ၇၇ နှင့် CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ ဗန်တလန်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့သောကြောင့် ဗန်တလန်ကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ဗန်တလန်ကျေးရွာမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ်နှင့် ဒေသ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲစတင် ဖြစ်ပွားချိန်၌ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် လေကြောင်း တိုက်ခိုက်ခံရစဥ်တွင် ရွာထဲ၌ လူမရှိသောကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။", "ဂန့်ဂေါမြို့နယ်ဘက်မှ ဟားခါးမြို့နယ် အတွင်းသို့ အကြမ်းဖက် စစ်တပ် အင်အား ၈၀ကျော်သည် ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဟားခါး-ဂန့်ဂေါ်လမ်းပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169270/
ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်နှင့် နောင်ချိုမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်
["ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်နှင့် နောင်ချိုမြို့နယ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဇွန် ၂၁", "အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်မြို့ နယ်နှင့် နောင်ချိုမြို့နယ်တို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ ခြင်း၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း TNLA က သတင်းထုတ် ပြန်သည်။", "ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်အချိန် မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကဂျက်လေယာဥ် ၂ စင်းဖြင့် လာရောက်​ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုဝိတ်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်အိမ် ထိခိုက်ပျက်ဆီးခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင်လည်း မိုးကုတ်မြို့ ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ၄၅ မမ လက် နက်ကြီး အမျိုးအစားဖြင့် ဆလောင်းတောင်အနီးသို့ ၄ လုံးဖြင့်လည်း ကောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၈ မိနစ်အချိန်တွင် ညောင်ကုန်းရွာသို့ လက်နက်ကြီး ၂ လုံးဖြင့်လည်းကောင်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ နောင်ချိုမြို့ နယ်၊ အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ အချိန် ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူလူထုအနေဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး၊ ဘုန်းတော်ကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- TNLA တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/06/167382/
ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီး
["ဟိုင်ဂင်အပစ်ရပ်ရေး သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၁၂", "အကြမ်းဖက်စစ်ကောင်စီက ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး သီပေါ-နမ္မတူလမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ကြောင်း TNLA က ပြောဆို သတင်းထုတ်ပြန်သည်။", "သီပေါမြို့နယ် မိုးတေရွာရှိ သီပေါ – နမ္မတူ လမ်းမကို စစ်ကောင်စီက လမ်းမအားမြောင်းဖောက်ကာ ယာဉ်များသွားလာမရစေရန် ပြုလုပ်နေကြောင်း၊ သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ-နမ္မတူလမ်းကို မြောင်းတူးဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တို့တွင် ကုန်စည်စီးဆင်းမှုနှင့် အများပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်တားဖြစ်ကြောင်း TNLA က ဆိုသည်။", "ရှမ်းပြည်မြောက်ပိုင်း နောင်ချို ၊ မိုးမိတ်စသည့်မြို့နယ်များတွင် နေ့စဉ် လက် နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အပြင် ယခုကဲ့သို့ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ပင်ရန်ကြိုးစားသည်မှာ ဟိုင်ဂင်သဘော တူ စာချုပ်ချိုးဖောက်ပြီးပြဿနာဖြစ်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန် ပြောဆိုထားသည်။"]
https://yktnews.com/2023/08/117539/
ဟိုပင်မြို့ အောင်နန်းရပ်ကွက်တွင် ရဲကို ဆက်ကြေးပေး၍ မူးယစ်ဆေးရောင်း နေသည့် နေအိမ်ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်စီးနင်းပြီး မူးယစ် ဆေးဝါး များကို သိမ်းဆည်း
["ဟိုပင်မြို့ အောင်နန်းရပ်ကွက်တွင် ရဲကို ဆက်ကြေးပေး၍ မူးယစ်ဆေးရောင်း နေသည့် နေအိမ်ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်စီးနင်းပြီး မူးယစ် ဆေးဝါး များကို သိမ်းဆည်း", "ရန်ကုန်၊ ဩဂုတ် ၁၀", "ကချင်ပြည်နယ် ဟိုပင်မြို့ အောင်နန်းရပ်ကွက်ရှိ နယ်ထိန်းများနှင့်ပေါင်း၍ မူးယစ်ဆေးဝါးရောင်းချသည့် အိမ်ကို ဩဂုတ် ၉ နေ့တွင် တော်လှန်ရေး ရဲဘော်များ ဝင်ရောက်စီးနင်း၍ မူးယစ်ဆေးဝါးများကို သိမ်းဆည်းခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မူးယစ်ဆေးဝါးရောင်းချသည့် အိမ်မှာ ကိုနိုင်ကြီးနှင့် မဘောက်ဆိုသူတို့ အိမ်ဖြစ် ပြီး မူးယစ်ဆေးဝါးရောင်းချရန်အတွက် ဟိုပင်ရှိ ရဲများကို ဆက်ကြေးပေး၍ ရောင်းချနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။", "“ဟိုပင်က ရဲတွေဆီ ဆက်ကြေးသွားပေးရတာ။ အရင်က ရဲတွေ ကိုယ်တိုင်လာ ကောက်တယ်။ အခုကသူတို့ကိုယ်တိုင်သွားပေးကြတော့တာ ရဲစခန်းကို”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/01/83451/
ဟိုပင်မြို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိမှန်ပြီး အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ သေဆုံး
["ဟိုပင်မြို့တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိမှန်ပြီး အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ နန့်ရင်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ သားအမိနှစ်ဦး ထိမှန်ပြီး သားဖြစ်သူ သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇန်နဝါရီလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့်က ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ တပ်က ၁၂၀ မမ လက် နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နန့်ရင်းရွာဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့ရာ နန့်ရင်း ကျေးရွာ စာသင် ကျောင်းရှေ့နေအိမ်မှ ယာခင်းသို့ သွားရောက်သူ အသက် ၅၀ အရွယ် ဒေါ်မိကြည်နှင့် သားဖြစ်သူ အ သက် ၁၉ နှစ်အရွယ် စိုင်းစိုင်းတို့ကို ထိမှန်ကာ သားဖြစ်သူ စိုင်းစိုင်းမှာ ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း၊ မိခင် ဖြစ်သူ ဒေါ်မိ ကြည်မှာ မြစ်ကြီးဆေးရုံ၌ တင်ပို့ကု သထားရကြောင်း သိရသည်။", "“ဟိုပင်မြို့ခလရ ၄၀ ကနေ ပစ်နေတာ ၃ ရက်ဆက်တိုက်ရှိပါပြီ။ ဒီနန့်ရင်းရွာဘက်ကို ဒီလိုလက် နက်ကြီးတွေ ရမ်းပြီးပစ်နေတာဟာ ၃ ရက်ဆက်တိုက်ရှိသွားပြီ။ ဒါထိခိုက်မှုဖြစ်တာပဲ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းကလည်း ဟိုပင်မြို့တော်ခန်းမအနီးတွင် ကျန်းမာရေးအရ လမ်း လျှောက်နေသူများ၊ အရက်ဆိုင်ထိုင်သောက်နေသူ ပြည်သူ ၂၀ ဦးခန့်ကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဖမ်း ဆီးသွားပြီး ယနေ့(ဇန်နဝါရီလ ၂၇ ရက်) နံနက်ပိုင်းတွင် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ အမျိုး သားများကိုမူ ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/201275/
ဟိုပုံးနှင့် တောင်ကြီးမြို့ အကြား ၄ မိုင်ဂိတ်တွင် ဗိုလ်ကြီးအောင်ရဲရင့် ဦးဆောင်သော စစ်တပ်က ခရီးသည်တင်ကားနှင့်ကုန်ကားများထံမှ ငွေညှစ် တောင်းရမ်းမှုများ ဆိုးရွားနေပြီး ပြည်သူများ ဒုက္ခရောက်နေ
["ဟိုပုံးနှင့် တောင်ကြီးမြို့ အကြား ၄ မိုင်ဂိတ်တွင် ဗိုလ်ကြီးအောင်ရဲရင့် ဦးဆောင်သော စစ်တပ်က ခရီးသည်တင်ကားနှင့်ကုန်ကားများထံမှ ငွေညှစ် တောင်းရမ်းမှုများ ဆိုးရွားနေပြီးပြည်သူများ ဒုက္ခရောက်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးနှင့် တောင်ကြီးမြို့အကြားရှိ ၄ မိုင်ဂိတ်တွင် ဗိုလ်ကြီးအောင်ရဲရင့် ဦးဆောင်သော စစ်တပ်က ခရီးသည်တင်ကားနှင့်ကုန်ကားများထံမှ ငွေညှစ် တောင်းရမ်းမှုများ ဆိုးရွားနေပြီး ပြည်သူများ ဒုက္ခရောက်နေကြောင်း ခရီး သွား ပြည်သူများနှင့် ကုန်ကားယာဉ်မောင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဗိုလ်ကြီးအောင်ရဲရင့်သည် အဆိုပါဒေသကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်မှ တပ်နယ်မှူး၏ ကိုယ်ရေးအရာရှိဖြစ်ပြီး ဟိုပုံးနှင့် တောင်ကြီးမြို့ ၄ မိုင်ဂိတ်တွင် လွန်ခဲ့သော ၇ လကတည်းက တောက်လျှောက် တာဝန်ယူကာ ငွေညှစ်တောင်းယူမှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ငွေကျပ် သိန်းပေါင်းများစွာ သီးနှံထွက်ကုန်ကားများ၊ စက်သုံးဆီတင်ကားများ အပါအဝင် ကုန်ကားများထံမှ ငွေညှစ်ခြင်း၊ ခရီးသည်တင်ကားပေါ်မှ ပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ ငွေတောင်းရမ်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“ဟိုပုံးမြို့နဲ့ တောင်ကြီးမြို့ ကြားမှာ ရှိတဲ့ ၄ မိုင် ဂိတ်မှာ ဗိုလ်ကြီးအောင်ရဲရင့် ခေါင်းဆောင်တဲ့ စစ်တပ်ဂိတ်က ပိုက်ဆံ အတောင်းအရမ်းကြမ်းပြီးဆိုးနေပါတယ်။ ခရီးသည်တင်ကားနဲ့ ကုန်ကားမှာပါတဲ့ ပစ္စည်းပေါ်ကြည့်ပြီး ပိုက်ဆံကို ကြိုက်သလိုတောင်းပါတယ်။ တောင်းသလောက်မပေးရင် ကားကို ပစ္စည်းတွေအောက်ချ စစ်မယ် ဆေးမယ်ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ ဂိတ်မှာရပ်ခိုင်းထားပါတယ်။ စာရွက်စာတမ်း အစုံအလင်ပါလည်း သူတောင်းချင်သလိုတောင်းတာပါပဲ” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။", "ထိုသို့ ဥပဒေမဲ့ အတောင်းအရမ်းကြမ်းနေမှုများကို စစ်ကောင်စီထိပ်ပိုင်းထံသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူမှု မရှိဘဲ ဆက်လက်၍ စစ်တပ်ဂိတ်တွင် သောင်းကျန်း ငွေညှစ် တောင်းယူမှုများ ဆက်လက် ကျူးလွန်နေကြောင်း သိရှိရသည်။", "“သူက တပ်နယ်မှူး ကိုယ်ရေးအရာရှိဖြစ်ပြီး အထက်လူကြီးတွေနဲ့ ပိုင်တဲ့အတွက် ပိုက်ဆံတောင်းတာကို တိုင်မယ်ဆိုရင် တိုင်တဲ့သူပဲ ဒုက္ခရောက်မယ်ပြောတယ်။ တိုင်တာလည်း အရေးယူမှုမရှိဘူး။ ကုန်ပစ္စည်းနဲ့ပတ်သတ်ပြီး စာရွက် စာတမ်း အထောက် အထား စုံလင်အောင်ဘယ်လောက်ပဲပါပါ ဂိတ်ရောက်ရင်တော့ တောင်းသလောက် ပိုက်ဆံပေးရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်နီသို့ ရိက္ခာ၊ စက်သုံးဆီနှင့် ဆေးဝါးများ မရောက်ရှိစေရေး အမိန့်အမျိုးမျိုး ထုတ် တားဆီးထားကြောင်း၊ အဆိုပါ အမိန့်ကို အကြောင်းပြ၍ ဗိုလ်ကြီးအောင်ရဲရင့်က ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အခုချိန်မှာက ဆီဈေးတွေကကြီး သယ်ရမယ့်ကုန်ပစ္စည်းတွေရှားပါးပြီး လမ်းကြောင်းအခြေအနေဆိုးပြီး သွားရတာအချိန်ကန့်သတ်ချက် ရှိတဲ့အတွက် ကုန်သည်တွေအားလုံး ဒုက္ခရောက်ကြတယ်။ ကုန်စျေးနှုန်းတွေတက် ကုန်တွေရှားတာက အဲဒီလိုတွေဖြစ်နေတာကြောင့်ပဲ” ဟု ကုန်ကားယာဉ်မောင်းတစ်ဦးက ဆိုသည်။", "ထို့ပြင် အဆိုပါ ၄ မိုင်ဂိတ်တွင် လူငယ်များကို ဖမ်းဆီး၍ စစ်မှုထမ်း စုဆောင်းခြင်း၊ ငွေညှစ်ခြင်း၊ မသင်္ကာဟုဆိုကာ ဖမ်းဆီး နှိပ်စက်ရိုက်နှက်ခြင်းများကိုလည်း ဗိုလ်ကြီးအောင်ရဲရင့်က ဦးဆောင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ-တောင်ကြီး-ဟိုပုံးလမ်းမှ အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်တစ်ခု။"]
https://yktnews.com/2025/02/204937/
ဟိုပုံးနှင့်မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် တစ်ရွာလျှင် လူ ၃၀ ကျော် အတင်း အဓမ္မ ဖမ်းဆီးစုဆောင်းနေသဖြင့် လူငယ်များ ထွက်ပြေးနေရ
["ဟိုပုံးနှင့်မော်လမြိုင်ကျွန်းမြို့နယ်တို့တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် တစ်ရွာလျှင် လူ ၃၀ ကျော် အတင်း အဓမ္မ ဖမ်းဆီးစုဆောင်းနေသဖြင့် လူငယ်များထွက်ပြေးနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တွင် စစ်တပ်နှင့် PNO အဖွဲ့က လူငယ်များကို စစ်မှု ထမ်းခိုင်းရန် တစ်ရွာလျှင် လူဦးရေ ၃၀ ကျော် အတင်း အဓမ္မ လိုက်လံ ဖမ်းဆီးစုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယခု ဖေဖော်ဝါရီလအတွက် စစ်မှုထမ်း လူငယ်များ ကြိုတင် စုဆောင်းထားရန် ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က တစ်ရွာကို လူငယ် ၃၀ ကျော်ပေးပို့ရန် အတင်း အဓမ္မ လိုက်လံ ခြိမ်းခြောက်တောင်း ခံနေကြောင်း သိရှိရသည်။", "ထို့ပြင် ကျေးရွာအတွင်းရှိ လူငယ်များကို စစ်မှုထမ်း စာရင်းတွင် အမည်ထည့်သွင်းရန်ဟုဆိုကာ အကြမ်းဖက် စစ်ကောင်စီ တပ် သားများက အကြောင်းကြားစာများ လိုက်လံပို့ဆောင်နေပြီး အမည်စာရင်း လာရောက်ပေးပို့ခြင်းမရှိသော လူငယ်များကို စစ်မှုထမ်း ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။", "“ဟိုပုံးဘက်မှာ တစ်ရွာကို စစ်မှုထမ်း လူငယ် အယောက် ၃၀ ကျော်ပေးရမယ်လို့ စစ်ခွေးတွေက အတင်းအဓမ္မ စုဆောင်းနေပါတယ်။ ကျေးရွာတွင်းမှာရှိတဲ့ လူငယ် အရေအတွက်ကိုလည်း ကောက်ခံနေတယ်အတွ်=။ အခုလူငယ်တွေရဲ့ နေအိမ်တွေကိုလည်း အကြောင်းကြားစာတွေ လိုက်လံပို့နေတာတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ကလည်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကို တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်ူ ပေးဆောင်ရမည်ဟု လစဉ် အတင်းအကျပ် ခြိမ်းခြောက်တောင်းခံမှုများလည်းရှိကြောင်း သိရသည်။", "အလားတူ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်တွင်လည်း အကြမ်း စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက နေ့ရောညပါ ပေါ်တာဆွဲနေ၍ လူငယ်များ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလပိုင်းမှ စတင်၍ မော်ကျွန်းမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက နေ့ စဉ် နေ့ရောညပါ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးနေ၍ လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထွက်ပြေး တိမ်းရှောင်နေသော လူငယ်များ၏ မိသားစုဝင်များကိုလည်း ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။", "“မော်ကျွန်းမြို့နယ်မှာ စစ်ခွေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး နေ့စဉ် နေ့ကောညပါ ပေါ်တာဆွဲဖမ်းဆီးနေလို့ ရွာမှာ လူငယ်ဆိုမရှိသလောက်ပါပဲ အခုလူငယ်တွေ ပြေးကုန်တော့ အိမ်ထောင်စု စာရင်းနဲ့ မဲပေါက်တယ်ဆိုပြီး လာခေါ်တာတွေရှိတယ်။ သူတို့ လာခေါ်တဲ့သူ အိမ်မှာမရှိရင်လည်း ခြိမ်းခြောက် ငွေညှစ်နေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အုပ်ချုပ်ရေးမှူးများထဲမှ မော်ကျွန်းမြို့နယ် ပက်ပြဲအုပ်စု အုပ်ချုပ်ရေးမှူး မြင့်လွင်နှင့် စခန်းချောင်းကြီးကျေးရွာမှ ရာအိမ်မှုးမြင့်စန်း တို့သည် အဆိုးဆုံးဖြစ်ကြောင်း၊ သေဆုံးသွားသော လူငယ်များကိုပါ စစ်မှုထမ်း စာရင်းတွင် ထည့်သွင်းကာ မိသားစုဝင်များကို နည်းမျိုးစုဖြင့် ခြိမ်းခြောက်ငွေညှစ်မှူများ လုပ်ဆောင်နေကြောင်း သိရသည်။"]
https://yktnews.com/2024/03/149115/
ဆီဆိုင်မြိုနှင့် ကျောက်တော်မြိုကို စစ်တပ်က လက်နက်ကြီး လေကြောင်းတိုဖြင့် တိုက်ခိုက်မှု ဆေးရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံနှင့် နေအိမ်များ ပျက်စီးပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ
["ဟိုပုံးမြိုနယ်တွင် စစ်တပ်က ဖျက်ဆီးခဲ့သော လမ်းပိုင်းကို PNLA က ပြန်လည် ပြုပြင်", "ရန်ကုန်၊ မတ် ၆", "ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြိုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် အကြိမ် ၁၀၀ ကျော် ပစ်ခတ် တိုက်ခိုက် ခြင်းကြောင့် ဆေးရုံ အဆောက်အဦးနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။", "မတ်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဆီဆိုင်မြိုအတွင်းသို လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုကာ တနေကုန် အကြိမ် ၁၀၀ နီးပါး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဆီဆိုင်ဆေးရုံရှိ အဆောက်အဦးများနှင့် မြိုတွင်းရှိအဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "ထိုပြင် မတ်လ ၅ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက မဲနယ်တောင်ဒေသကို ဟိုပုံးမြိုဘက်မှနေ၍ လက်နက်ကြီးများဖြင့် ၁၈ ကြိမ် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။", "ဟိုပုံးမြိုနယ်၊ မဲနယ်တောင်ဒေသရှိ အများပြည်သူ သွားလာနေသည့်လမ်းပိုင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့သောကြောင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က လမ်းပိုင်းများကို ပြန်လည် ပြုပြင်ပေးခဲ့ပြီး လက်ရှိချိန်တွင် မော်တော်ယာဉ်များ ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ကုန်စည် စီးဆင်းရာ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် ဟိုပုံး-မိုင်းပွန် လမ်းမကြီးကိုလည်း ၎င်းတို စိတ်ကြိုက် အဖွင့် အပိတ် ပြုလုပ်နေသောကြောင့် ကုန်သည်များနှင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေကြောင်း သိရှိရသည်။", "အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် လျှပ်စစ် ဓာတ်အားပေး စက်ရုံ ပျက်စီးပြီး ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။", "မတ်လ ၅ ရက် နံနက် ၁ နာရီကျော်ခန့်တွင် ကျောက်တော်မြိုကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောက်တော်မြို လျှပ်စစ်ဓာတ်အားပေး စက်ရုံ လုံးဝပျက်စီးသွားပြီး ကျောက်တော်မြို ပိုက်သည်ရပ်ကွက်မှ အသက် ၁၇ နှစ်အရွယ် ဘိုလှဌေး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။", "ကျောက်တော်မြိုအနီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အရပ်သား ပြည်သူများနေထိုင်ရာ မြိုပေါ်ကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ကျောက်တော်မြိုကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လျှပ်စစ် ဓာတ်အားပေးစက်ရုံအပြင် အနီးရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းဝင်းကိုလည်း ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ရခိုင်ပြည်အတွင်း AA ထံ စစ်ရှုးနေချိန် လက်လွှတ်လိုက်ရသော မြိုရွာများကို ဗုံးကျဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လျှက်ရှိပြီး လမ်း၊ တံတား၊ ဆက်သွယ်ရေး တာဝါတိုင်၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးရုံးများနှင့် အများပြည်သူဆိုင်ရာ အဆောက်အဦးများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/02/146165/
ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ ဒေသနေ ပြည်သူများ အသုံးပြုနေသော လမ်းပိုင်းကို စစ်တပ်နှင့် ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီး
["ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ ဒေသနေ ပြည်သူများ အသုံးပြုနေသော လမ်းပိုင်းကို စစ်တပ်နှင့် ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ ဒေသနေ ပြည်သူများ အသုံးပြုနေသော လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ကြောင်း PNLA ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ ဒေသနေ ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့သောကြောင့် ပြည်သူများ သွားလာရေး အခက်အခဲဖြစ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များ ဖျက်ဆီးခဲ့သော လမ်းပိုင်းကို ယာယီသွားလာနိုင်ရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ပြန်လည် ပြင်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/151066/
ဟိုပုံးမြို့နယ်၊ ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ပျက်စီး
["ဟိုပုံးမြို့နယ်၊ ကျောက္ကဆျာကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ပျက်စီး", "ရန်ကုန်၊ မတ် ၁၇", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကျဲချတိုက်ခိုက်ရာ နေအိမ်များ ထိခိုက်ပျက်စီးကြောင်း PNLA က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ ကျောက္ကဆျားရွာကို ပေါင် ၅၀၀ ဗုံးဖြင့် ၂ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မတ်လ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာကို ပေါင် ၅၀၀ ဗုံးများ မီးလောင်ဗုံးများဖြင့် တစ်ရက်တည်းအတွင်း ၆ ကြိမ်တိုက်ခိုက်ခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်၂ လုံး ပျက်စီးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/148024/
ဟိုပုံးမြို့နယ်၊ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် မီးလောင်းဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင် ပြာကျ
["ဟိုပုံးမြို့နယ်၊ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် မီးလောင်းဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင် ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မီးလောင်းဗုံး ကျဲချ တိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင် ပြာကျခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ပင်လျမ်းဘုန်းတော်ကြီးကျောင်းကို လေယာဉ်ဖြင့် ၄ ကြိမ် မီးလောင်ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဗုံးကျဲ တိုက်ခိုက်ခဲ့သော နေရာသည် မည်သည့် တပ်ဖွဲ့မှ တပ်စွဲထားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း၊ စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ ဘုန်းတော်ကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။", "ဘုန်းတော်ကြီးကျောင်းအတွင်းတွင် လူသူနေထိုင်ခြင်းမရှိဘဲ စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း၊ ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားရာဖြစ်သည့် ဘုန်းတော်ကြီးကျောင်းကို တိုက်ခိုက်ခြင်းသည် ပအိုဝ်းတမျိုးသားလုံးကို တိုက်ခိုက်ခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက် ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှ ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စစ်ကောင်စီသည် ပအိုဝ်းလူထုကို ရန်သူသဖွယ် သတ်မှတ်ကာ ပြည်သူများ၏ ရပ်ရွာများ၊ ပြည်သူများ အလေးအမြတ်ထားရာ ဘာသာရေး အဆောက်အဦးများကို လေယာဉ်များ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "ထို့ပြင် စစ်ကောင်စီသည် ပအိုဝ်းပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း ကားများကို ချောဆွဲ သိမ်းဆည်းခြင်းများကိုလည်း ပြုလုပ်နေလျက်ရှိကြောင်း၊ စစ်ကောင်စီ၏ လုပ်ရပ်သည် အလွန်ရက်စက်အောက်တန်းကျသည့် အကြမ်းဖက်သမား လုပ်ရပ်ဖြစ်ပြီး ပအိုဝ်းဒေသကို အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးနေသည့် စစ်အာဏာရှင်စနစ်များ အပြီးတိုင် အမြစ်ပြတ်ရေး လူထုနှင့်အတူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ဆက်လက် ချီတက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/142099/
ဟိုပုံးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို PNO က လက်နက်ဝယ်ယူရန် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်းနှင့် တစ်ရွာလျှင် လူ ၄ ဦး တောင်းခံ
["ဟိုပုံးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို PNO က လက်နက်ဝယ်ယူရန် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်းနှင့် တစ်ရွာလျှင် လူ ၄ ဦး တောင်းခံ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က လုံခြုံရေးအကြောင်းပြကာ လက်နက်ဝယ်ယူရန် တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်းနှင့် တစ်ရွာလျှင် လူ ၄ ဦး တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်း လိုက်တောင်းနေခြင်း ဖြစ်ပြီး ရပ်ရွာ လုံခြုံရေးအကြောင်းပြ၍ တစ်ရွာလျှင် လူ ၄ ဦးလည်း လိုက်တောင်းနေ၍ အခက်တွေ့နေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“PNO က ဟိုပုံးတစ်ဝိုက်က ရွာတွေမှာ တစ်ရွာ လူ ၄ ဦးနဲ့ လက်နက်ဝယ်ဖို့ တစ်အိမ် ၁ သိန်း ကောက်နေပါတယ်။ ရွာလုံခြုံရေးလို့ပြောတာဗျ။ ကျွန်တော်တို့ အုပ်စုကတော့ ရွာသုံးဆယ်ကျော် ရှိတယ်ဗျ။ တခြားရွာအုပ်စုတွေကောဆို ရွာတစ်ရာကျော်လောက်ရှိမယ်ထင်တယ်ဗျ။ ပေးကြမှာ မရှိရင်တောင် ချေးပေးကြမှာ။ ရွာတိုင်းမှာ PNO က လူတွေ ပိုများတော့ ကြောက်နေကျတာ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2024/08/180553/
ဟုမ္မလင်းတိုက်ပွဲတွင် စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး၊ စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်ဖွဲ့ဝင် ၅ ဦး အရှင်ဖမ်းဆီးရရှိ
["ဟုမ္မလင်းတိုက်ပွဲတွင် စစ်သား ၁၅ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး၊ စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်ဖွဲ့ဝင် ၅ ဦး အရှင်ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဩဂုတ် ၂၆", "စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လောင်းမင်းရွာနှင့် ဆပ်ကယားရွာတိုက်ပွဲတို့တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကာ PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။", "ဩဂုတ်လ ၂၁ ရက် နေ့က ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ အထက်ပိုင်းရှိ လောင်းမင်းရွာ ဆိပ် ကမ်းသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသော ခမရ-၃၀၉၊ SNA၊ ပျူစော ထီး အင်အား (၁၀၀) ကျော်ပါ ဖလက်ခွံ ၁ စီးနှင့် စစ်သင်္ဘော ၂ စီးဖြင့် စတင် ထိုးစစ်ဆင်တိုက်ခိုက် လာခဲ့ကြောင်း သိရသည်။", "ဩဂုတ်လ ၂၄ ရက်‌နေ့တွင်လည်း လောင်းမင်းရွာ၌ တပ်စွဲထားသော ခမရ-၃၀၉၊ SNA တပ်မဟာ (၇၅၃၊ ၈၉၁)၊ ပျူစောထီး အင်အား ၁၀၀ ကျော်နှင့် တီလောင်ရွာမှ သင်္ဘောဖြင့် ထပ်မံ အင်အားဖြည့် ရောက်ရှိလာသော ကသည်းတပ်ဖွဲ့ အင်အား ၇၀ ခန့်အား ခန္တီးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ် ရင်း ၂၊ တပ်ရင်း ၈ ၊ မော်လိုက်ခရိုင် တပ်ရင်း-၃ နှင့် တိုက်နယ်လေး ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက် ခိုက်ခဲ့ရာ လောင်းမင်းရွာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီ ခမရ-၃၀၉ မှ ဗက ပြည့်ဖြိုးအောင်နှင့် ဗက စိုးရန်ပိုင် တို့ တီ လောင်ရွာ၌ အခြေပြုနေကာ ဦးစီး ညွှန်ကြားလျက်ရှိခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်နေရာသို့ Mi-2 ဖြင့် ၂ ကြိမ် ဗုံးအလုံး ၃၀ ခန့်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းရရှိပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရ၍ SNA ၅ ဦး ဖမ်းဆီးရမိကာ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၁၈၄ တောင့်၊ ဗုံးသီး ၆ လုံးနှင့် ကျည်အိမ် ၂၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည် သူ ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး လည်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။", "အလားတူ ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း ဟုမ္မလင်းမြို့နယ်၊ ဆပ်ကယားရွာသို့ အကြမ်းဖက်စစ်သား ၊ SNA နှင့် ကသည်းတပ်ဖွဲ့ ပူးပေါင်း အင်အား ၅၀ ခန့် ထိုးစစ်ဆင်လာသဖြင့် ခန္တီးခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၃ ၊ အထူးလှုပ်ရှား တပ်ရင်း ၈ နှင့် တပ်ရင်း ၉ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံလိုက်ရကြောင်း အမှတ် ၁ စစ်ဒေသက ထုတ် ပြန်ထားသည်။"]
https://yktnews.com/2024/04/154924/
ဟုမ္မလင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးဒဏ်ရာရ
["ဟုမ္မလင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၄", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ အသက် ၃ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်အချိန် စစ်ကောင်စီတပ်က ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၉ဦးမှာလည်းဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က မနော်သာကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် မမေသက်ဇွန်၊ မိဘများဖြစ်ကြသည့် ဦးချစ်ဆန်းဦး၊ဒေါ်ဝင်းမာဦး တို့ပါ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဦးဆွေသက်နိုင်၊ဒေါ်နန်းခမ်းမွန်တို့လည်း သေ ဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၅ နှစ်အရွယ် မလှယမင်း၊ အသက် ၁၀ နှစ်အရွယ် မောင်လှဘုန်းမြင့်၊ က လေးများဖြစ်ကြသည့် မောင်ဝေဖြိုးသူ၊ မောင်စိုးသူအောင်၊မောင်ရှိုင်းမြတ်သူ၊မောင်လင်းလက်ကြယ်၊မဆောင်းနှင်းဝေ၊မသက်ထူးမွန်တို့ ဒဏ်ရာရရှိကြောင်း၊ အသက် ၆၅ နှစ်အရွယ် ဦးသာချိုလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/06/165485/
ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ဟုမ္မလင်းတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်းနှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၂", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ သီတင်း နှစ်ပတ်ကျော်သည်အထိ ပြင်းထန်နေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မေလလယ်ပိုင်းမှစတင်ပြီး ဟုမ္မလင်းမြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်တပ်က အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ထားကြောင်း၊ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ SNA ရှမ်းနီတပ်များက ပါဝင်ကူညီတိုက်ခိုက်နေကြောင်း၊ လက်ရှိတွင် ဟုမ္မလင်းမြို့ နယ်အတွင်း ကျေးရွာအများပြားကို တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း သိရှိရသည်။", "” ဟုမ္မလင်း မြို့နယ် အတွင်းမှာ လက်ရှိအချိန်အထိ အင်တာနက်လိုင်း အပြင် ဖုန်းလိုင်းတွေပါ လုံးဝ ဖြတ်တောက်ထားပါတယ်။ တိုက်ပွဲတွေဖြစ်နေတာ ၂ ပတ်ဝန်းကျင်ခန့်ရှိနေပြီ ။ ဟုမ္မလင်းမြို့နှင့် အနီးတဝိုက် ပတ်ပတ်လည် ပတ်ဝန်းကျင်တွေ မှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်တွေနဲ့ ဒေသ ကာကွယ်ရေး တပ်ဖွဲ့တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်နေပါတယ်။ ဟုမ္မလင်းအနီးတဝိုက် ကျေးရွာ တွေကိုလည်း ဒေသ ကာကွယ်ရေး အဖွဲ့တွေက စိုးမိုးထားပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "တိုက်ပွဲများကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိတွင် မိုးဦးရာသီဝင်ရောက်လာ၍ စစ်ဘေးရှောင်ပြည်သူများ ဒုက္ခရောက်နေကြပြီး တိုက်ပွဲများမှာလည်း ဆက်လက် ဖြစ်ပွားလျက်ရှိနေကြောင်း သိရှိရသည်။", "“မိုးတွေ အဆက်မပြတ် ရွာသွန်းနေပေမယ့်လည်း တိုက်ပွဲတွေ့ မိုးရေ ချောင်းရေတွေအကြား လက်ရှိ ချိန်အထိ ဆက်လက်ပြင်းထန်နေပါတယ်” ဟု​ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် SNA တပ်များက အဓိကအားဖြင့် ခံစစစ်ပြင်ဆင်နေကြခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များက ဟုမ္မလင်းမြို့ပေါ်ကိုပါ သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်များနှင့် SNA တပ်များကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/01/138400/
ဟုမ္မလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ ၊ ယင်းမာပင်ရှိ ဘန့်ဘွေးပျူစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်
["ဟုမ္မလင်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ ၊ ယင်းမာပင်ရှိ ဘန့်ဘွေးပျူစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြိုနယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး လက်နက်ငယ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။", "ဇန်နဝါရီလ ၂ ရက်နေ့က ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့မှ သောင်သွပ်ရွာသို့ စစ်ကူပေးရန် ထွက်လာသော ခလရ – ၂၇၂ စစ်ကြောင်းကို မော်လိုက်ခရိုင် တပ်ရင်းမှ ကြားဖြတ်တိုက်ခိုက်ရာ စစ် ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသည့် MA-3 သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂၃၀၀) ကျော်၊ ဗုံးသီး မျိုးစုံ အလုံး ၂၀ ကျော်၊ မိုင်း ၂ လုံးနှင့် ကျည်အိမ် ၁၀ ခု ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အလားတူစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစခန်းကို ရော့ကတ်လက်နက်ကြီး များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ မှ တပ်ရင်းမှူးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းက အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပူးပေါင်းပြီး တပ်စွဲသည့် ဘန့် ဘွေးရွာ ပျူစောထီးစခန်းကို တာဝေးပစ် ရော့ကတ်လက်နက်ကြီး ၁၀ လုံးကျော်ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ပစ်မှတ်နေရာများကို ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ရော့ကတ်လက်နက်ကြီးနဲ့ ၁၀ လုံးကျော်ပစ်ခတ်ခဲ့တာ၊ ပစ်မှတ်နေရာတွေကို ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပါတယ်၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး၊ နှစ်သစ်ကူးညတုန်းက ထုခဲ့တာ” ဟု ယင်းမာ ပင် ခရိုင်တပ်ရင်း ၃၅ မှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ နှင့် မဟာမိတ်တပ်များကူ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/79618/
ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ဘုတလင်တွင် ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ဘုတလင်တွင် ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း – ဟုမ္မလင်း ထံမှ သိရသည်။", "ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာ နတ်နန်းဈေးတန်းကို လုယက် ဖောက်ထွင်းခဲ့သော အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များကို ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း – ဟုမ္မလင်းနှင့် မဟာမိတ် တပ်ဖွဲ့များတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို လက်နက်ကြီး အလုံး ၃၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် PDF တပ်ရင်းမှူးဖိုက်တာပေါကြီးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၅ ရက် ညနေ ၅ နာရီကျော်ခန့်က အင်အား ၃၀ ကျော်ဖြင့် လွန်ခဲ့သော ၇ လခန့် ကတည်းက တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်လုပ်လက်နက်ကြီး ၉၀ မမ အလုံး ၃၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ချိန် နာရီဝက်ကျော် ကြာမြင့်ခဲ့ ကြောင်း သိရသည်။", "“ရွာသားတွေက သူတို့တပ်စွဲထားကတည်း ထွက်ပြေးနေကြရတာ၊ သေနတ် အစစ်မပါလို့တာ နောက် ဆုတ်ခဲ့ရတာ၊ အစစ်များပါရင် တက်သိမ်းလို့ရတယ်။ ရွာသူ၊ရွာသားတွေက တစ်ယောက်မှ မရှိတော့ ခွေး သေဆုံးထိခိုက်တာ သတင်းမရဘူး။ ကို့ဘက်ကပစ်တော့သူတို့ဘက်ကလည်း ၆၀ မမတွေနဲ့ပြန်ပစ် တယ်” ဟု ဖိုက်တာကိုပေါကြီးက ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို စစ်ကျွန်မခံမြွေဆိုးတသိုက်- PDF တပ်ဖွဲ့နှင့်နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/80186/
ဟုမ္မလင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း သေဆုံး၊ အလောင်း များ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
["ဟုမ္မလင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း သေဆုံး၊ အလောင်း များ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်ကိုင်းတိုင်း ဟုမ္မလင်းတွင် စစ်တပ်ဂိတ်ကို ဝင်ရောက်စီးနင်းပြီးနောက် တိုက် ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်တပ်ဘက်မှ ၈ ဦးထက်မနည်း သေဆုံး၊ အ လောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့HPDF124 တပ်ရင်းက ပြောသည်။", "ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် ၅ နာရီအချိန် ဟုမ္မလင်းမြို့နယ်၊ နတ်နန်း မှော် ဈေး တန်းဂိတ်ကို စစ်တပ်နှင့် ၎င်း၏လက်ဝေခံ SNA တပ်များက ပူးပေါင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ရာ ကျည်အနည်း ငယ်နှင့် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းခံခဲ့ရကြောင်း၊ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များမှာမူ ဘေးမသီရန်မခ ပြန်လည်ပစ်ခတ် ဆုတ်ခွာနိုင် ခ့ကြောင်း သိရှိရသည်။", "ယင်းနောက် ဇန်နဝါရီလ ၅ ရက်နေ့မှ ဇန်နဝါရီလ ၈ ရက်နေ့ စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ SNA တပ်များက ဆက်တိုက်စစ်ကြောင်းထိုးခဲ့သဖြင့် ခန္တီးခရိုင် တပ်ရင်း (၁) ဟုမ္မလင်း ၊ HPDF-124 ၊ မိုးကြိုး ၊ HPDF မဟာမိတ် တပ် ပေါင်းစုဖက်မှ တန်ပြန်ခုခံကာကွယ်နိုင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော် တစ်ဦး မစိုးရိမ်ရ ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း၊ စစ်တပ်နှင့် လက်အောက်ခံ SNA ဘက်မှ စစ်ကြောင်းမှူးအပါအဝင် ‌တိုက်ပွဲအတွင်း ခန့်မှန်းမျက်မြင် ၈ ဦးထက်မနည်း‌ သေဆုံးခဲ့ကြောင်း၊ အထိအခိုက် ဒဏ်ရာရများပြားပြီး ဒဏ်ရာရ သူများကို နောင်ပိုအောင်ဆေးရုံတွင် ဆေးကုသနေကြောင်း သိရှိရသည်။", "ပြည်သူ့ကာကွယ်ရေးတပ်များက ဇန်နဝါရီ ၉ ရက်နေ့တွင် နယ်မြေရှင်း လင်း ရေး လုပ်ဆောင်စဉ် စစ်အုပ်စုတပ်သား အလောင်း နှစ်လောင်း နှင့် ကျည် ၊ ကျည် ဘောက် ၊ လက်ကိုင်ဖုန်း ၊ လက်နက်ကြီးကျည် ၊ စသော စစ်အသုံး အဆောင် ပစ္စည်းများကို ရှာဖွေရှင်းလင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- သိမ်းဆည်းရမိသည့် စစ်သားအလောင်း များနှင့်လက်နက် ခဲယမ်း အသုံး အဆောင်များ။"]
https://yktnews.com/2023/04/96371/
ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကို ကျော် ဝင်း စိန် အပါအဝင် ပြည်သူ ၉ ဦးကို စစ်ကောင်စီက နှစ်ရှည် ထောင် ဒဏ်များ ချမှတ်
["ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကို ကျော် ဝင်း စိန် အပါအဝင် ပြည်သူ ၉ ဦးကို စစ်ကောင်စီက နှစ်ရှည် ထောင် ဒဏ်များ ချမှတ်", "ရန်ကုန်၊ ဧပြီ ၈", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြသပိတ် ခေါင်း ဆောင် ကိုကျော်ဝင်းစိန် အပါအဝင် ပြည်သူ ၉ ဦးကို စစ်ကောင်စီက နှစ်ရည် ထောင် ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။", "ဧပြီ၇ ရက်နေ့ ဟုမ္မလင်းမြို့နယ်တရားရုံးက ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်း စိန် အပါအဝင် နိုင်ငံရေးအကျဥ်းသား ၉ ဦးကို အမိန့်ချရာ", "ကိုကျော်ဝင်းစိန်ကို ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၁နှစ်နှင့်၆လ ပုဒ်မ ၅၀ ည(က) ဖြင့် ထောင် ဒဏ် ၁၀နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နှင့် ၆ လ ၊ ကိုစိုင်းဝေ ယံကို ထောင်ဒဏ် ၁၃နှစ်၊ အမေ့အိမ်စာသင်ကျောင်းမှ ကိုသက်ထွန်းဦးကို ထောင်ဒဏ် ၁၀နှစ်၊ ကိုအောင်ဟိန်း(ပင်လုံသစ်စက်)ကိုထောင် ဒဏ် ၁၀နှစ်၊ နတ်နန်းမှ ကိုနေနော်ကို ထောင်ဒဏ် ၅ နှစ်၊ ကိုအောင်ကိုမင်းကို ထောင်ဒဏ် ၁၀နှစ်၊ ဒေါ်နွဲနွဲ့အောင်ကို ထောင်ဒဏ် ၁၀နှစ်၊ ကိုဖြိုးသက်တင်ကို ထောင်ဒဏ် ၅ နှစ်၊ ကိုအောင်မြင့်ဦးကို ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်လိုက်ကြောင်း သိရှိရသည်။", "“သူတို့ကို ခန္တီးထောင်ပို့မယ်လို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။", "၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒ ပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို စစ်တပ်က မန္တလေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကိုကျော်ဝင်းစိန်သည် မန္တလေးမြို့ ဆေးခန်း တစ်ခု တွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၊ ကိုကျော်ဝင်းစိန်သည် မည်သည့်ပြစ်မှုမှ ကျူး လွန်ခဲ့ခြင်းမရှိဘဲ ပြည်သူတို့၏ ဆန္ဒအရ သပိတ်ခေါင်းဆောင်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ကိုကျော် ဝင်း စိန်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် မန္တလေးလေဆိပ်မှတစ်ဆင့် ဟုမ္မလင်းမြို့ စစ်ကြောရေးတစ်ခုသို့ ပို့ဆောင်ခဲ့ရာမှ ၂၀၂၃ ခုနှစ် ဧပြီလတွင် ထောင်ဒဏ်များ ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ် ကွက်တွင် နေထိုင်သည့် ကိုကျော်ဝင်းစိန်၏ မရီးဖြစ်သူ စစ်အာဏာ ရှင် ဖီဆန်ရေး CDM ကျောင်းဆရာမဖြစ်တဲ့ မမေနှင်းအေးကို အမည်မသိ လက် နက် ကိုင်သေနတ်သမားသုံးဉီးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။", "Photo- ဟုမ္မလင်းမြို့ ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို တွေ့ရစဉ်။"]
https://yktnews.com/2025/04/210096/
ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ MI-2 ရဟတ်ယာဉ် ဗုံးကျဲ တိုက်ခိုက်
["ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ MI-2 ရဟတ်ယာဉ် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်ဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ MI-2 ရဟတ်ယာဉ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဟုမ္မလင်းမြို့နယ်ရှိ ဖာနိုင်းရွာ၊ စန်းဆိုင်ရွာ၊ ပဲနို့ဆွတ်ရွာနှင့် ရွှေမှော်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ MI-2 ရဟတ်ယာဉ်ဖြင့် ဗုံးသီး ၁၃ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့အပြင် အကြမ်းဖက် စစ်တပ်သည် ယနေ့ ဧပြီလ ၃ ရက်နေ့တွင် တောင်သာမြို့နယ်နှင့် ကနီမြို့နယ်ရှိ ကျေးရွာများကိုလည်း စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့ ညပိုင်းမှ ဧပြီလ ၂၂ ရက်နေ့ အပစ်ရပ်ကြောင်း ကြောညာထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများနှင့် စစ်ကြောင်းထိုးမှုများ ဆက်တိုက် လုပ်ဆောင်နေသည့် အတွင် စစ်ကောင်စီ၏ ကြေညာချက်သည် လီဆယ်လှည့်ဖြားမှုသာဖြစ် NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။"]
https://yktnews.com/2024/01/138935/
ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်
["ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာ၌ အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်း အထူး တပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖတို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2023/12/135252/
ဟုမ္မလင်းမြို့အနီးရှိ စစ်တပ်၏ အောင်ဇေယျ တပ်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်
["ဟုမ္မလင်းမြို့အနီးရှိ စစ်တပ်၏ အောင်ဇေယျ တပ်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အနီးရှိ အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျ တပ်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့မှ စတင်၍ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသော ဟုမ္မလင်းမြို့အနီးရှိ အောင်ဇေယျ အကြမ်းဖက် စစ်တပ်စခန်းကုန်းကို တိုက်ခိုက်ခဲ့​ကြောင်းသိရသည်။", "အဆိုပါ တပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/88169/
ဟုမ္မလင်း၊ နန့်နန်းရွာတွင် ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု အများအပြားဖြင့် ဆုတ်ခွာသွား၊ မြင်းခြံတွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက် ခိုက် မှု ၄ ဦးသေဆုံး
["ဟုမ္မလင်း၊ နန့်နန်းရွာတွင် ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု အများအပြားဖြင့် ဆုတ်ခွာသွား၊ မြင်းခြံတွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက် ခိုက် မှု ၄ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန့်နန်းကျေးရွာတွင် ၅ ရက်ဆက်တိုက် တိုက် ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားကြောင်း ဟုမ္မလင်း PDF မိုး ကြိုး တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ JZ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်မ၂၂ မှ စစ်ကြောင်းနှင့် ရှမ်းနီSNAတပ်ဖွဲ့စစ်ကြောင်းက ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နန့်နန်း ရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲသည် ၅ ရက်ကြာ ကြာမြင့်ပြီး စစ်ဘက်မှ သေဆုံးမှု ထိခိုက်မှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "“၅ရက်အကြာတိုက်ပွဲမှာ စစ်ခွေးပူးပေါင်းစစ်ကြောင်းမှာ စစ်သား ၄၀ ကျော်သေဆုံးခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများလည်းအများအပြားဒဏ်ရာရရှိပြီး စစ်ကြောင်းက ပြန်လည် ဆုတ်ခွာသွားပါတယ်။ အဲဒီစစ်ကြောင်းက ၅ရက် အကြာတိုက်ပွဲမှာ နန့်နန်းရွာပေါ်ရှိအိမ်တွေကို အကုန်ရိုက်ဖွင့်ဖျက်စီးပြီး ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူ လု ယက်သွားပါတယ်” ဟု ဟုမ္မလင်း PDF မိုးကြိုးတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ JZ က ပြောဆိုသည်။", "အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးကြောင်း Natogyi Regional Defense Force – NRDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် နွားထိုးကြီးမြို့နယ် ရဲစခန်းမှ ထွက်ခွာလာသည့် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို Natogyi Regional Defense Force – NRDF က မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာ အနောက်ဘက်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကြောင်း သိရသည်။", "” နံနက် ၈ နာရီ ၄၀ မိနစ်မှာ နွားထိုးကြီး ရဲစခန်းက ထွက်လာတဲ့ စစ်ခွေး ၇ ကောင်လိုက်လာတဲ့ ကား ၁ စီးကို မြင်းခြံ ညောင်ပင်ရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ ၄ ကောင် သေတယ်လို့ သတင်းရထားပါတယ်။ နောက်ထပ် စုံစမ်း နေပါတယ်” ဟု Natogyi Regional Defense Force – NRDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ဓာတ်ပုံ- ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။"]
https://yktnews.com/2023/02/85008/
ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်ကို PDF မဟာမိတ်တပ်ပေါင်းစုများ သိမ်းပိုက် ထားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ ၊ စစ်တပ်က စစ်အင်အားတိုး၍ မြို့ကို ပြန်သိမ်းရန် ကြိုးစားနေ
["ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်ကို PDF မဟာမိတ်တပ်ပေါင်းစုများ သိမ်းပိုက် ထားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်နေ ၊ စစ်တပ်က စစ်အင်အားတိုး၍ မြို့ကို ပြန်သိမ်းရန် ကြိုးစားနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို သိမ်းပိုက် ရရှိထား ကြောင်း PDF မဟာမိတ်ပေါင်းစုက သတင်း ထုတ် ပြန်သည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာရှင်ဟောင်း သန်းရွှေ လက် ထက် တွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်သာအေး တည် ဆောက်ခဲ့သော ရွှေပြည်အေးမြို့သစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက် သိမ်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ် ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“နအဖခေတ်ဗိုလ်ချုပ်သာအေး တည်ထားခဲ့သော ရွှေပြည်အေးမြို့ကို စီးနင်း သိမ်းပိုက် ခဲ့ပါတယ်။ စစ် ကောင်စီက ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာ ရောက်ပစ် ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုမှ အထိ အခိုက်အကျ အဆုံးမရှိဘဲ အခု အထိရွှေပြည်အေးမြို့အား အောင်မြင်စွာ သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်” ဟု ခန္တီးခရိုင် အမှတ် ၁ တပ်ရင်း -ဟုမ္မလင်းက ထုတ်ပြန်ထားသည်။", "အဆိုပါတိုက်ခိုက်မှုကို ခန္တီးခရိုင်အမှတ် ၁ တပ်ရင်း – ဟုမ္မလင်း၊ ဟုမ္မလင်းမြို့ နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့- HPDF ၊ HPDF 124 ၊ HPDF မိုးကြိုးတပ်ဖွဲ့ စသည့် မဟာမိတ်တပ်ပေါင်းစုတို့က တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "HPDF-124 တပ်ပေါင်းစု၏ ထုတ်ပြန်ချက်တွင်မူ ” ရန်သူဘက်မှ အထိ အခိုက် များ ရှိလာ သဖြင့် စစ်ကောင်စီက စစ်သုံးရဟတ်ယဉ်ဖြင့် ၃ ကြိမ်လာ ရောက် ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုက အထိအခိုက် အကျအရှူံး မရှိဘဲ ယခုထက်ထိ ရွှေပြည်အေးမြို့ကို အောင်မြင်စွာ သိမ်းပိုက် ထားဆဲဖြစ်ကြောင်း” ဟု ထုတ်ပြန်ထားသည်။", "လက်ရှိတွင် တိုက်ပွဲအရှိန် ဆက်လက်ပြင်းထန်လာနိုင်ပါသဖြင့် ပြည်သူများ အနေဖြင့် စစ်ရေးသတိရှိကြပါစေရန်စစ်အုပ်စု နှင့် စစ်တပ်လက် အောက်ခံ SNA တို့၏ အသွားအလာ များကို သတိ‌ထားစောင့်ကြည့်ပြီး အချိန်နှင့် တပြေး ညီ သတင်းပေးပို့ကြပါရန် အသိပေးပါကြောင်း၊ ဟုမ္မလင်း-ရွှေပြည်အေး၊ ရွှေပြည် အေး-ဖောင်းပြင် ရေလမ်းခရီးများအသုံးပြုသွားလာခြင်း လုံးဝ လုံးဝ မပြု ကြပါရန် သတိပေးချက် ထုတ်ပြန်ထားသည်။", "ဟုမ္မလင်းဒေသခံတစ်ဦးကမူ ရွှေပြည်အေးမြို့သစ်ဘက်တွင် တိုက်ပွဲ ပြင်းထန် နေသည် ကို ကြားသိရပြီး စစ်ဘေးရှောင်တချို့ လာရောက်မည်ဟု ဆက်သွယ် လာကြောင်း၊ သို့ရာတွင် အခြေအနေ အသေးစိတ် မသိရှိကြောင်း၊ ဟုမ္မလင်း ဘက်မှ စစ်ကြောင်းများ ရွှေပြည်အေးဘက်သို့ ဆင်းသွားသည်ဟု သတင်းများ ရရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/04/99583/
ဟောင်ကောင်တွင် အလုပ်ရမည်ဟု မက်လုံးပေးကာ Great Synergy Manpower ကုမ္ပဏီက လူပေါင်း ၂၀၀၀ ကျော်ထံမှ ငွေပေါင်း သိန်းသောင်းချီ လိမ်လည်ပြီး နိုင်ငံကူးလက်မှတ်များပါ သိမ်းဆည်း
["ဟောင်ကောင်တွင် အလုပ်ရမည်ဟု မက်လုံးပေးကာ Great Synergy Manpower ကုမ္ပဏီက လူပေါင်း ၂၀၀၀ ကျော်ထံမှ ငွေပေါင်း သိန်းသောင်းချီ လိမ်လည်ပြီး နိုင်ငံကူးလက်မှတ်များပါ သိမ်းဆည်း", "ရန်ကုန်၊ ဧပြီ ၂၆", "ပြည်တွင်းတွင် Great Synergy Manpower ကုမ္ပဏီက ဟောင်ကောင်တွင် ဘိုးဘွားပြုစုစောင့်ရှောက်ရေးနှင့် အလုပ်လုပ်ရမည်ဆိုကာ လူတစ်ဦးလျှင် ၁၈ သိန်းကျပ် အနည်းဆုံးတောင်းခံပြီး လူပေါင်း ၂၀၀၀ ကျော်ထံမှ ကျပ်ငွေ သိန်းသောင်းချီ လိမ်လည်ခဲ့ကြောင်း ကိုယ်တိုင်လိမ်လည်ခံထားရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဟောင်ကောင်ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးစင်တာများတွင် အလုပ်လုပ်ကိုင်ရမည်ဟူ၍ ၂၀၂၂ ခုနှစ်နိုဝင်ဘာလအတွင်းမှ စတင်၍ အလုပ်ခေါ် လူစုဆောင်းရေး လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်ဦးမှ ပို့ဆောင်ပေးခြင်းမရှိသကဲ့သို့ နိုင်ငံကူးလက်မှတ်များကိုပါ သိမ်းဆည်းထားကြောင်း သိရှိရသည်။", "“အလုပ်အပ် သင်တန်းတက်ရမယ်ဆိုတာနဲ့ စာအုပ်ပါ ယူထားတာ။ ၂၀၂၂ နိုဝင်ဘာလကတည်းက ခုထိတစ်ယောက်မှ မပို့ပေးသေးဘဲနဲ့ အခုထိ လူထပ်ခေါ်နေတုန်းပဲ။ ကိုယ်မလုပ်ချင်တော့လို့ ပြန်တောင်းတာ လူအစားထည့်ပေးရမယ်လို့ ပြောနေတာ ။ လစာမက်လုံးပေးပြီး အမြန်ပို့ပေးမယ်ဆိုပြီး လိမ်နေကြတာ” ဟု ကိုယ်တိုင် လိမ်လည်ခံရသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရာတွင် PJ Passport အလုပ်အကိုင် နိုင်ငံကူးလက်မှတ် ဖြင့်သာ စေလွှတ်ရန် စစ်ကောင်စီက သတ်မှတ်ထားသော်လည်း ဟောင်ကောင်အတွက် အလုပ်သမားပို့ဆောင်သည့်ကုမ္ပဏီက PV Passport အလည်အပတ် နိုင်ငံကူးလက်မှတ်စာအုပ်နှင့်မှသာ ရမည်ဟု ပြောင်းပြန်ပြောဆိုကြောင်း၊ ငွေကြေးပေးသွင်းထားရသူများက မသင်္ကာ၍ အလုပ်သမားဝန်ကြီးဌာနသို့ အဆိုပါ အလုပ်နှင့် ပတ်သက်၍ စုံစမ်းသည့်အခါတွင်လည်း ဟောင်ကောင်က ခေါ်ယူခြင်းမရှိ သိရှိရကြောင်း လိမ်လည်ခံရသူများက ဆိုကြသည်။", "ဟောင်ကောင်သို့ သွားလိုသူများကို Great Synergy Manpowerက Yangon Vocational College of Technology တွင် သင်တန်းတက်ရောက်ခိုင်းကြောင်း၊ ယင်းကျောင်းတက်ရောက်ခဲ့သူ လူပေါင်း ၆၂၅ ဦးမှာလည်း လက်ရှိအချိန်အထိ ဟောင်ကောင်သို့ သွားရောက်နိုင်ခြင်း မရှိသေးဘဲ နောက်ထပ်လည်း လူများ ထပ်မံခေါ်ယူ လိမ်လည်နေကြောင်း သိရှိရသည်။", "“ အလိမ်ခံရသူတွေက အများကြီးပဲ။ ပွဲစားတွေက ဟောင်ကောင်သွားရမယ်ဆိုပြီး အဲဒီကုမ္ပဏီဆီကို အပ်တယ်။ ဝန်ဆောင်ခအဖြစ် ၂၁ သိန်းကနေ သိန်း ၅၀ အထိ အမျိုးမျိုးတောင်းနေကြတာ။ လူပေါင်းထောင်ကျော်နေပြီ။ သင်တန်းပေးပြီးတော့ ခေါ်ပြီးလိမ်နေတာ။ ပွဲစားအချုပ်က မောင်လွင်ကို သူက လူစုတာ။ စစ်တပ်နဲ့ အပတ်အသက်ရှိလို့ လုပ်ရဲတယ် ထင်တာပဲ”ဟု ၂၀၂၂ နိုဝင်ဘာလကတည်းက အလုပ်အပ်ထားပြီး လက်ရှိအချိန်အထိ သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဟောင်ကောင်တွင် အလုပ်လုပ်ရမည်ဟုဆိုကာ သွားရောက်လိုသူများကို တရုတ်စာနှင့် သူနာပြုသင်တန်းများ ပေးကြောင်း၊ သင်တန်းကာလ ၄၅ ရက်တွင် တရုတ်စကားနှင့် သူနာပြုနည်းကို အဖြစ်သာ သင်ကြားပေးကြောင်းသင်တန်းပြီးသည်နှင့် ဟောင်ကောင်ထွက်ရမည်ဟု မက်လုံးပေးခဲ့ကြောင်း ၊ သို့ရာတွင် လက်ရှိအချိန် ငွေသာဆုံး၍ မည်သူမှ ဟောင်ကောင် မသွားရကြောင်း သိရှိရသည်။", "“ဟောင်ကောင်လည်း မသွားရဘူး။ ကျနော်တို့ နိုင်ငံကူးလက်မှတ်တွေလည်း သူတို့တွေက သိမ်းထားတာ ။ အတော်ကိုဆိုးတဲ့သူတွေ။ ငွေလည်းဆုံး။ နိုင်ငံကူးလက်မှတ်လည်း ဆုံးဖြစ်နေတယ်” ဟု အလိမ်ခံရသူက ဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် ငွေကြေးလိမ်လည်သည်ဟု ပြည်သူများက ပြောဆိုနေသည့် Great Synergy Manpowerကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးပေ။"]
https://yktnews.com/2024/04/156140/
အ.ထ.က ၂ အင်းစိန်ကျောင်းရှေ့တွင် “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါ ဘန်နာချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
["အ.ထ.က ၂ အင်းစိန်ကျောင်းရှေ့တွင် “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါ ဘန်နာချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဧပြီ ၁၀", "ရန်ကုန်မြို့ အ.ထ.က ၂ အင်းစိန်ကျောင်းရှေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဧပြီလ ၁၀ ရက်နေ့၌ “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါ ဘန်နာ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2023/11/133574/
တမူးမြို့နယ်၊ သနန်ကျေးရွာ အကျဉ်းစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်ဌာန စခန်းကို သိမ်းပိုက်၊
["အကျဉ်းစခန်းမှူး တစ်ဦးကို အရှင်ဖမ်းမိပြီး ထရပ်ကား ၃ စီးတိုက် လက်နက်ခဲယမ်း ပစ္စည်းများသိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ တမူးခရိုင် အထက်ပိုင်း၊ တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကျဉ်းသားများအပေါ် ရက်စက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသော သနန်ကျေးရွာ အကျဉ်းစခန်းကို မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ခန့်တွင် စခန်းကို သိမ်း ပိုက်နိုင်ခဲ့ပြီး သနန်အကျဉ်းစခန်း၏ စခန်းမှူးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။", "ဆက်လက်၍ သနန်ကျေးရွာနှင့် တုံဟဲကျေးရွာအကြားရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ် UNLF/PLA ဌာနချုပ်စခန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သိမ်းပိုက်ရရှိနိုင်ခဲ့ပြီး ထရပ်ကား ၃ စီး တိုက်စာ လက်နက်ခဲယမ်းများနှင့် SNA ရှမ်းနီတပ်၏ အမှတ်အသားပါရှိ လက်မောင်းတံဆိပ်များကို သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့နှင့် နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သနန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်ခန့်ပြုလုပ်ခဲ့ရာ ရွာလုံးကျွတ်မျှဘေးလွတ်ရာ တောထဲများသို့ ထွက် ပြေးခဲ့ရပြီး အခြား ရွာနီးချုပ်စပ် ဖိုင်လင်း၊ မန်တုံ၊ စေတီ၊ နန်းအောင်မော် ကျေးရွာများမှ ကလေး သူငယ် နှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူများမှာ နီးစပ်ရာ တောတောင်များနှင့် Indiaနိင်ငံ Manipur ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။", "ကသည်းလက်နက်ကိုင်များသည် ၂၀၂၀ ခုနှစ်မှစ၍ သနန်ကျေးရွာမှ ၂ မိုင်ခန့်အကွာ သနန် – တုံဟဲ ကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် အခြေစိုက်စခန်းချထားခဲ့ပြီး အပြန်အ လှန်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းချိန်မှစ၍ ကသည်းလက်နက်ကိုင် များက တမူးခရိုင်အထက်ပိုင်းရှိ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြသူများကို အင်အားသုံးအကြမ်း ဖက်ဖြိုခွဲမှုများနှင့် တော်လှန်ရေးအင်အားစုများအား ဖိနှိပ်ရာတွင် ကူညီပေးခဲ့ကြောင်း ကူကီးအမျိုးသား တပ်မတော် (မြန်မာပြည်) KNA-Burma ၏ ထုတ်ပြန်ချက် အရ သိရသည်။", "တမူးမြို့နယ်၊ သနန်ကျေးရွာ အကျဉ်းစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်ဌာန စခန်းကို သိမ်းပိုက်၊", "အကျဉ်းစခန်းမှူး တစ်ဦးကို အရှင်ဖမ်းမိပြီး ထရပ်ကား ၃ စီးတိုက် လက်နက်ခဲယမ်း ပစ္စည်းများသိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ တမူးခရိုင် အထက်ပိုင်း၊ တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကျဉ်းသားများအပေါ် ရက်စက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသော သနန်ကျေးရွာ အကျဉ်းစခန်းကို မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ခန့်တွင် စခန်းကို သိမ်း ပိုက်နိုင်ခဲ့ပြီး သနန်အကျဉ်းစခန်း၏ စခန်းမှူးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။", "ဆက်လက်၍ သနန်ကျေးရွာနှင့် တုံဟဲကျေးရွာအကြားရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ် UNLF/PLA ဌာနချုပ်စခန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သိမ်းပိုက်ရရှိနိုင်ခဲ့ပြီး ထရပ်ကား ၃ စီး တိုက်စာ လက်နက်ခဲယမ်းများနှင့် SNA ရှမ်းနီတပ်၏ အမှတ်အသားပါရှိ လက်မောင်းတံဆိပ်များကို သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့နှင့် နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သနန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်ခန့်ပြုလုပ်ခဲ့ရာ ရွာလုံးကျွတ်မျှဘေးလွတ်ရာ တောထဲများသို့ ထွက် ပြေးခဲ့ရပြီး အခြား ရွာနီးချုပ်စပ် ဖိုင်လင်း၊ မန်တုံ၊ စေတီ၊ နန်းအောင်မော် ကျေးရွာများမှ ကလေး သူငယ် နှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူများမှာ နီးစပ်ရာ တောတောင်များနှင့် Indiaနိင်ငံ Manipur ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။", "ကသည်းလက်နက်ကိုင်များသည် ၂၀၂၀ ခုနှစ်မှစ၍ သနန်ကျေးရွာမှ ၂ မိုင်ခန့်အကွာ သနန် – တုံဟဲ ကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် အခြေစိုက်စခန်းချထားခဲ့ပြီး အပြန်အ လှန်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းချိန်မှစ၍ ကသည်းလက်နက်ကိုင် များက တမူးခရိုင်အထက်ပိုင်းရှိ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြသူများကို အင်အားသုံးအကြမ်း ဖက်ဖြိုခွဲမှုများနှင့် တော်လှန်ရေးအင်အားစုများအား ဖိနှိပ်ရာတွင် ကူညီပေးခဲ့ကြောင်း ကူကီးအမျိုးသား တပ်မတော် (မြန်မာပြည်) KNA-Burma ၏ ထုတ်ပြန်ချက် အရ သိရသည်။"]
https://yktnews.com/2024/10/186464/
အကျဉ်းထောင်များတွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်နေ
["အကျဉ်းထောင်များတွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်နေ", "By သိုက်ထွန်းဦး", "၂၀၂၄ ခုနှစ်အတွင်း ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများအတွက် ဆေးဝါးပို့ဆောင်ခွင့် ကန့်သတ်လိုက်သည့်အတွက် အကျဉ်းသားများအတွက် လိုအပ်သည့်ဆေးဝါးများပို့ဆောင်ရန် ခက်ခဲလာပြီး ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ အလွန်ဆိုးရွားလာနေသည်။", "အကျဉ်းထောင်တွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသူများအတွက် ကျန်းမာ ရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသခွင့်ရရှိရေးမှာလည်း တဖြည်းဖြည်း အလှမ်းဝေးလာကာ အသက်ဆုံးရှုံးနိုင်မှု အခြေအနေမှာလည်း ပိုမိုမြင့်မားလာနေကြောင်း အကျဉ်းထောင်အတွင်း ရရှိသော သတင်းနှင့် မှတ်တမ်းများအရ သိရှိရသည်။", "ထောင်တွင်း အကျဉ်းသားများ သေဆုံးလျှင် ပြင်ပရှိ ကျန်ရစ်သူ မိသားစုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း အကျဉ်းဦးစီးဌာနအတွင်းတွင်မူ စာရွက် တစ်ရွက်ပေါ်တွင် ၉၆ ပါး ရောဂါဖြင့် သေဆုံးသွားကြောင်း ရေးသား၍ အထက်ဌာနများ နှင့် မိသားစုကို စာပေးပို့ရုံဖြင့် ဖြေရှင်းခွင့်ရှိသည့် အခြေအနေများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည်။", "ထို့အတူ ထောင်တွင်း၌ ဆေးဝါးမလုံလောက်ခြင်း၊ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးခြင်း ၊ ထောင်တွင်း ကျန်းမာရေး အရေးပေါ် ဖြစ်သည့် အခါများတွင် ဆရာဝန်များ အချိန်မှီလာရောက်ကြည့်ရှု ကုသမှု မရရှိခြင်း၊ထောင်တွင်း နာတာရှည်ရောဂါခံစားနေရသူ နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြင်ပ ‌ဆေးရုံများသို့ သွားရောက်ကုသခွင့် မရခြင်းတို့ကြောင့် လစဉ် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ အသက်ပေးနေကြရသည်။", "ထို့ပြင် ထောင်ပြင်ပရှိ ဆေးရုံများသို့ ဆေးကုသခွင့်ရရန်အတွက် ထောင်အာဏာပိုင်များမှ တဆင့် စစ်ကောင်စီအဆင့်ဆင့်သို့ စာရေးသား တင်ပြရသည်ဖြစ်ရာ အချိန်အားဖြင့် အနည်းဆုံး သုံးလမှ ကိုးလလောက်အထိ စောင့်ဆိုင်းရပြီး စောင့်ဆိုင်းနေစဉ် အတွင်း၌ပင် လူ့လောကကြီးထဲက ထွက်ခွာသွားကြရသည့် နိုင်ငံရေးအကျဉ်းသားများ ဒုနဲ့ဒေး ရှိပါသည်။", "အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိ၍ ထောင်တွင်း၌ အသက်သေဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်း သားအရေအတွက်သည် နှစ်စဉ်တိုးလာလျက်ရှိသည်။", "၂၀၂၃ ခုနှစ်အတွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ", "===========================================", "၂၀၂၃ ခုနှစ်အတွင်း အကျဉ်းထောင်များသို့ မိသားစုဝင်များက ပေးပို့သည့် ထောင်ဝင်စာ ဆေးဝါးများကို ကန့်သတ် ပိတ်ပင်ခြင်း၊ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အရေးပေါ် လူနာများကို အချိန်နှင့်တပြေးညီ ထောင်ပြင်ပဆေးရုံများသို့ ပို့ဆောင်၍ ဆေးဝါးကုသခွင့်မရခြင်းတို့ကြောင့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ၊နိုင်ငံရေးအကျဉ်းသူ ၁ ဦး စုစု ပေါင်း ၁၃ ဦး အသက်သေဆုံးခဲ့ရသည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ မှတ်တမ်းနှင့်တကွကောက်ယူနိုင်ခဲ့သည်။", "ထို့ပြင် မကွေးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃ ဦးနှင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူ ၁ ဦးတို့ သေဆုံးခဲ့ရမှု ဖြစ်စဉ်ကို မှတ်တမ်းနှင့်တကွ အချိန်မီ သတင်းရယူထားနိုင်ခြင်းမရှိသော်လည်း အမှန်တကယ် ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီ မရရှိ၍ နိုင်ငံ ရေးအကျဉ်းသားနှင့်အကျဉ်းသူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ ပြောဆိုချက်များအရ အတည်ပြုနိုင်ခဲ့သည်။", "ထို့ကြောင့် ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း နိုင်ငံ‌ရေးအကျဉ်းသား ၁၅ ဦး၊နိုင်ငံရေး အကျဥ်းသူ ၂ ဦး စုစုပေါင်း ၁၇ ဦးတို့သည် အကျဉ်းထောင်နှင့် ထောင်ပြင်ပ ဆေးရုံများအတွင် အသက်သေဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။", "အသက်သေဆုံးရသူများတွင်အခြေခံအားဖြင့် မူလရောဂါအခံရှိသူများ ၊ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းများ၌ ရရှိလာသည့် အတွင်းအပြင်ဒဏ်ရာရရှိခဲ့သူများ ၊ ထောင်တွင်းကျန်းမာရေးနှင့် အစားအသောက်မသန့်ရှင်းမှုနှင့် အာဟာရဓာတ်မလုံလောက်မှုများကြောင့် ရောဂါဖြစ်ပွားပြီး သေဆုံးခဲ့ကြရခြင်းဖြစ်သည်။", "၂၀၂၄ ခုနှစ်တွင် သေဆုံးခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ", "==================================================", "မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်တွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် အစ္စလမ်ဘာသာဝင် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင်သည် ဖမ်းဆီးခံရချိန်၌ စစ်ကြောရေးတွင် ညှဥ်းပန်းနှိပ်စက်ခံရသော ဒဏ်ရာများကြောင့် ကျန်းမာရေး ချူချာလာခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်လာလမှ စ၍ ထောင်ဆေးရုံတွင် မကြာခဏ သွားရောက်၍ ဆေးဝါးကုသခွင့်ရ‌ရေး ကြိုးစားခဲ့ပါသည်။ ကိုရာရှင်သည် စစ်ကြောရေးမှ ရရှိခဲ့သည့် အတွင်းကြေဒဏ်ရာများကို ခံစားခဲ့ရပြီး ထောင်တွင်း လုံလောက်သည့် ဆေးဝါးကုသစောင့်ရှောက်မှု မရခြင်း ထောင်ပြင်ပဆေးရုံများသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်ကုသခွင့် မရခြင်းကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့သည်။", "ကိုရာရှင် ဆုံးပြီး လေးရက်အကြာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျိုက်မရောထောင်မှ အသက် ၃၁ နှစ်အရွယ် မီးသတ်CDM တစ်ဦးဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးအောင်သည် ထောင်ဆရာဝန်၏ ပေါ့လျော့မှုကြောင့် အသက်သေဆုံးခဲ့ရသည်။", "မကွေးအကျဉ်းထောင်မှ CDM တက္ကသိုလ်ကျောင်းသူ မစုမေအောင်သည် အသက် ၂၀ ကျော်ဝန်းကျင်သာ ရှိသေးသော်လည်း ထောင်တွင်း ကျန်းမာရေးဆိုးရွားလာချိန် ဆေးကုသခွင့်မရ၍ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သေဆုံးခဲ့ရသည်။", "မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က လက်လှမ်းမှီသမျှပြုစု ကောက်ယူထားသည့် အချက် အလက်များအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ယခု စက်တင်ဘာလ ၁ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၉ ဦး ၊ နိုင်ငံရေးအကျဉ်းသူ ၂ ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် စွဲခံထားရသူ) ၁ ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ ၁၂ ဦး ထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု မရ၍ အသက်သေဆုံးခဲ့ရပါသည်။", "စစ်ကောင်စီက ထောင်များတွင် နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများကို သတ်ဖြတ်နေ", "=============================================================", "မြန်မာနိုင်ငံတစ်ဝန်းမှ အကျဉ်းထောင်များက နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသူများကို ရှေ့တန်းစစ်မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနှင့် သတ်ဖြတ်နေရပြီး ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေးအကျဉ်းသားများ မသေဆုံးခင် ယာယီထားသည့် နေရာများဖြစ်လာသည်။", "၂၀၂၄ ခုနှစ်အတွင်း လက်ရှိအချိန်အထိ အကျဉ်းထောင်အတွင်း သေဆုံးသွားကြရသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် မသေဆုံးသင့်ဘဲ သေဆုံးခဲ့ကြရသူများဖြစ်သည့်အပြင် သေဆုံးချိန်တွင် အလောင်းကိုပင် ကြည့်ခွင့်မရ၊ နာရေးကိုပင် ကျန်ရစ်သူ မိသားစုများက ပြုလုပ်ခွင့် မရရှိခဲ့ပေ။", "အာဏာသိမ်းကာလတွင် လုံခြုံရေးကို အကြောင်းပြ၍ သေဆုံးသွားသော နိုင်ငံရေးအကျဉ်းသားများ၏ သတင်း ပြင်ပသို့ ပေါက်ကြားသွားမည်ကို စစ်တပ်က မလိုလားပေ။ ထို့ကြောင့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသားများနှင့်အကျဉ်းသူများ၏ သတင်းများကို ဆိုရှယ်မီဒီယာများအပေါ်သို့ မတင်ရန် ကျန်ရစ်သူ မိသားစုကို စစ်တပ်က ဖိအားပေးသည်။", "သတင်းဌာနများနှင့် ဆိုရှယ်မီဒီယာများတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများ သေဆုံးသည့် သတင်းများ တက်လာပါက မိသားစုဝင်များ တာဝန်ယူရမည့်အပြင် ဖမ်းဆီးခြင်းပါ ခံရမည်ဆိုသော ခြိမ်းခြောက်မှုများကို စစ်ကောင်စီက ပြုလုပ်နေသည်။ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ သတင်းများကို ဖုံးနိုင်ရန် ထောင်အာဏာပိုင်များက ကြိုးစားနေခြင်းဖြစ်သည်။", "နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအတွက် အကျဉ်းထောင်များသည် လူသတ်ကွင်းဖြစ်လာနေပြီး အကျဉ်း ထောင်ဆေးရုံဆိုသည်မှာလည်း ဆေးကုသမှု လုံလောက်စွာ မပေးသော ဆေးရုံအမည်ခံမျှသာဖြစ်သည်။ အကျဉ်းထောင်များနှင့် ထောင်ဆေးရုံများတွင် ဆရာဝန်အင်အား လောက်ငှမှု မရှိခြင်း၊ ထောင်ဆေးရုံရှိ လူနာကုတင်များကို ငွေကြေးတတ်နိုင်သည့် အကျဉ်းသားများကို ငွေကြေးရယူ၍ နေရာရောင်းစားခြင်းများရှိရာ အမှန်တကယ် ကျန်းမာရေးဆိုးရွား၍ ထောင်‌ဆေးရုံတွင် ဆေးဝါးကုသရန် လိုအပ်နေသည့် နိုင်ငံရေးအကျဉ်းသားများမှာ ဆေးရုံတက်ခွင့် မရကြပေ။ ထို့ကြောင့် အကျဉ်းထောင်အတွင်း ဆိုးရွာသော အခြေအနေဖြင့် အသက်ဆုံးရှုံးရသည်။", "အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများမရှိကြောင်းနှင့် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှုအပြည့်အဝရှိကြောင်း ဝါဒဖြန့်မီဒီယာနှင့် သတင်းစာများမှ တဆင့် အမြဲလိုလို သတင်းထုတ်ပြန်နေသာ်လည်း လက်တွေ့တွင်မှု အဆိုပါပြောဆိုချက်များ မှန်ကန်မှုမရှိပေ။", "အမှန်တကယ် အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု မရှိဘဲ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဆိုပါက စစ်ကောင်စီအနေဖြင့် လွတ်လပ်သော နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို အကျဉ်းထောင်အတွင်းသို မလွဲမသွေ ဝင်ရောက်စစ်ဆေးခွင့် ပြုရမည်ဖြစ်သည်။", "ယနေ့ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလရောက်သည်အထိ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီကော်မတီ (ICRC)တို့ကို အကျဉ်းထောင်များအတွင်း ဝင်ရောက်ခွင့်မပြုခြင်းမှာ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူများအပေါ် လူ့အခွင့်အရေးချိုးဖောက်ပြီး ရည်ရွယ်ချက်ရှိရှိ စစ်တပ်က သတ်ဖြတ်နေသည်ကို မည်သို့မှ ငြင်းပယ်၍ မရသောကြောင့် ဖြစ်သည်။", "ဓာတ်ပုံ- အကျဉ်းထောင်များတွင် ထောင်ဆူပူမှုများကို နှိမ်နင်းရန် လေ့ကျင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)", "(သိုက်ထွန်းဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည်။)"]
https://yktnews.com/2024/05/162473/
အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရ
["အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရ", "ရန်ကုန်၊ မေ ၁၄", "မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် သောက်ရေသုံးရေ မလုံလောက်ဘဲ သန့်ရှင်းမှု မရှိခြင်းကြောင့် ဝမ်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားမှု များပြားနေပြီး အပူဒဏ်ကို ဆိုးဝါးစွာခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) ၏ ဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မိတ္ထီလာ အကျဥ်းထောင်တွင် အကျဥ်းသားများသည် ပုံမှန် ဆပ်ပြာမတိုက်မှီ ရေ ၁၀ ခွက်၊ဆပ်ပြာ တိုက်ပြီး ရေ ၁၀ ခွက်ချိုးရပြီး ရေရှားသော အခါများတွင် စုစုပေါင်း ရေ ၁၅ ခွက် ခန့်သာချိုးရလေ့ရှိကြောင်း၊ ထောင်က ရေမပေးနိုင်၍ ရေကား ၁ စီးလျှင် ၆၅၀၀၀ ကျပ်ခန့်ဖြင့် နိုင်ငံရေးအကျဥ်းသားများစု၍ ရေဝယ်ချိုးရပြီး အလှည့်ကျ ချိုးရသည့်အတွက် ရေခွက်မလောက်၍ ဝဝလင်လင် မချိုးရသည့်အပြင် နံနက်မျက်နှာသစ်လျှင် ရေ ၃ ခွက်ဖြင့်သာ လောက်ငှအောင် သစ်နေရကြောင်း သိရှိရသည်။", "ပုသိမ် အကျဥ်းထောင်ရှိ အမျိုးသမီးဆောင်တွင် ရေတင်စက် မကြာခဏ ပျက်လေ့ရှိပြီး အခြားအဆောင်နှင့်ပေါင်းကာ ခွက်အရေအတွက်ဖြင့် ရေချိုးရကြောင်း၊ ပြည်အကျဥ်းထောင်တွင်လည်း အပြင်မှ ရေသန့်ဝယ်မသောက်နိုင်သောသူများသည် ထောင်မှတိုက်သော ရေသာသောက်ရပြီး ပြန်လွတ်လာသောသူများသည် ကျောက်ကပ်ရောဂါများ ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။", "မြစ်ကြီးနားအကျဥ်းထောင်တွင်လည်း သောက်ရေသုံးရေအတွက် အကျဥ်းသားများထံမှ ပိုက်ဆံကောက်၍ ထောင်မှရေများ သောက်ရကြောင်း၊ အင်းစိန်ဗဟို အကျဥ်းထောင်တွင် မီးမလာသောအချိန်ကများ၍ အကျဥ်းသားများမှာ ရေကိုခွက်အရေအတွက်ဖြင့်ချိုးရသည့်အပြင် ရေမသန့်ခြင်း၊ ဝလင်စွာမချိုးရခြင်းကြောင့် အပူနာများနှင့် ယားနာများ ဆိုးဝါးစွာ ဖြစ်ပွားလျက်ရှိပြီး ချိုးရေမဝရုံမက သုံးရေများပင် မပေးနိုင်တော့၍ အကျဥ်းသားများအနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ သာယာဝတီထောင်တွင်လည်း ၄ နာရီမီးလာ ၄ နာရီမီးပျက်သောကြောင့် ရေပေးဝေမှုများ မလုံလောက်ကြောင်း သိရှိရသည်။", "ပခုက္ကူထောင်တွင်လည်း ၁ ရက်လျှင် ၂ နာရီသာ တန်းဖွင့် လမ်းလျှောက်ခွင့်ပေးပြီး ကျန်အချိန်များတွင် သော့ခတ်၍ အိပ်ဆောင်အတွင်း၌ ပိတ်ထားလျှက်ရှိကြောင်း၊ ရေချိုးချချိန်မှာလည်း အညာနွေ အပူဆုံးအချိန် နေ့လည် ၁ နာရီဖြစ်ပြီး တစ်ခန်းလျှင် လူ ၅၀ ဖြင့် ကျဥ်းကျဥ်းကြပ်ကြပ်နေရကြောင်း၊ ဖျာပုံအကျဉ်းထောင်တွင်လည်း ရေချိုးရာတွင် ခွက်ရေကန့်သတ်ချက်ဖြင့် ချိုးရကြောင်း သိရသည်။", "မြင်းခြံ ဗဟိုအကျဥ်းထောင်တွင် နွေရာသီပူရုံသာမက အလယ်ပိုင်းဒေသဖြစ်၍ ရေလုံလောက်စွာမရဘဲ အကျဥ်းသားများသည်တနေကုန် နေပူခံထားသော ကန်ထဲမှ ချိုးရေများကို ညနေ ၄ နာရီခန့်တွင်ချိုးရပြီး ရေများသည်ရေပူများဖြစ်ရုံမက မကြာခဏရေညှိများတက်၍ အဆိုပါ ရေညှိရေပူများကို မကြာခဏချိုးရလေ့ရှိပြီး တစ်ခါမှ ယားနာမပေါက်ဖူးသူများပင် ယားနာများ၊ ပွေး၊ ဝဲ၊ညှင်းများ စသောရောဂါများ ခံစားနေရကြောင်း သိရှိရသည်။", "ဂန့်ဂေါအချုပ်ထောင်တွင်လည်း အချုပ်သားများမှာ သောက်ရေကို ကိုယ်တိုင် ဝယ်သောက်ကြရပြီး ချိုးရေအတွက် မော်တာပြင်ရန် ပိုက်ဆံလည်း ကိုယ်တိုင်စိုက်ပေးရကာ ရဲစခန်းအတွက် မီတာခပါ ပေးနေရပြီး ရေဖိုး တစ်လ စုစုပေါင်း ၈သိန်းကျော်ကုန်ကျကာ အကျဥ်းသားများမှာ ခွဲတမ်းနှင့် ရေ ၁ ဦးလျှင် တစ်ပုံးသာ ချိုးရပြီး အတွင်းခံသာလျှော်ခွင့်ပေးကြောင်း၊ ကသာအကျဥ်းထောင်တွင် ယခင်က တစ်ရက် ၁၈ ခွက်သာ ရေချိုးရပြီး ရေရှားလျှင် ၁၂ ခွက်သာ ချိုးရလေ့ရှိကာ လက်ရှိတွင် ချိုးရေမှာအနည်းငယ် ပြန်လည်အဆင်ပြေလာသော်လည်း သောက်ရေများမှာ ကျောက်စရစ်ခဲစများနှင့်အနယ်အမှုန်များပါလေ့ရှိကြောင်း သိရသည်။", "ကလေးအကျဥ်းထောင်တွင်လည်း သောက်ရေမှာ နုန်ုးအနယ်များပါ၍ ရေစစ်ဖြင့် စစ်ချလည်းမရသောရေများကို နှစ်ရှည်သောက်နေရကာ ချိုးရေများမှာလည်း ၂ ရက် ၃ ရက်ကြာသောအခါ အနီရောင်များ ပေါက်လာပြီး ရေညှိများဖြင့် ရေများကိုသာ ချိုးရလေ့ရှိပြီး အကျဥ်းသားများမှာ ပွေး၊ ဝဲ အရေပြားရောဂါများ စွဲကပ်လျှက်ရှိကြောင်း၊ ထို့ပြင်အဆိုပါ အကျဥ်းထောင်တွင်အဆိုးရွားဆုံးမှာ သန်သန်မာမာရှိသော အကျဥ်းသားများသည်ပင်လျှင် အာဟာရလုံလောက်စွာ မရခြင်း ကျန်းမာရေးနှင့် မညီညွတ်သောအစားအသောက်များ၊ သောက်သုံးရေများကြောင့် ထုံကျဥ်ဝေဒနာများ ခံစားရ၍ ခြေထောက်များသေးလာကာ လမ်းလျှောက်လျှင်ပင် နှစ်ယောက်တွဲလျှောက်ရသည်အထိ ဆိုးရွားစွာကျန်းမာရေး ချို့ယွင်းလျှက်ရှိသည်။", "“သောက်သုံးရေနဲ့ ချိုးရေ မလုံလောက်တဲ့ ရှာပါးမှုတွေက အာဏာသိမ်းပြီးတည်းက နှစ်စဉ် ကြုံတွေ့နေရတယ်ဆိုပေမယ့် ဒီနှစ်ကတော့ အပူဒဏ်ကို အပြင်းထန်ဆုံး ခံစားရတဲ့ နှစ် ၁ နှစ်ဖြစ်တဲ့ အခါမှာ အကျဉ်ထောင်တွေထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကတော့ သောက်သုံးရေနဲ့ ချိုးရေ မလုံလောက်မှုတွေကြောင့်မို့လို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကျောက်ကပ်ရောဂါနဲ့ ပွေး၊ ဝဲ အရေပြားရောဂါတွေ အရမ်းများလာတယ်။ တန်းပိတ်ချိန်တွင် များလာတဲ့အတွက် ပြည်ပက ပြည်သူတွေထက် ဆိုးဝါးတဲ့ ပူလောင်မှုဒဏ်ကို အပြင်းထန်ဆုံးခံနေကြရတယ်ဆိုတာကတော့ ပြည်သူတွေကို သတင်းစကားပါးချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ယက် (PPNM) မှ သောက်ရေသုံးရေ ဆိုးဝါးလျှက်ရှိသော ထောင်များကို စာရင်းပြုစု၍ လက်လှမ်းမှီသမျှ ကောက်ယူ သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် လက်ရှိထက် ပိုမို၍ဆိုးရွားနိုင်ကြောင်း၊ PPNM အနေဖြင့် အကျဥ်းထောင်များကို မျက်ခြေမပြတ် စုံစမ်းလျှက်ရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်သူများ ကျူးလွန်ခံရသူများကို စနစ်တကျ မှတ်တမ်းတင်ထားပြီး ကျူးလွန်သူများသည် ၎င်းတို့၏ ကျူးလွန်မှုအတွက်တာဝန်ခံရမည်ဖြစ်ကြောင်း PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/07/112069/
အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် PDF စုစုပေါင်း ၃၀ ဦးထက်မနည်းကို ထောင်ပြောင်းမည်ဟုဆိုကာ အပြင်သို့ ထုတ်၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့
["အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် PDF စုစုပေါင်း ၃၀ ဦးထက်မနည်းကို ထောင်ပြောင်းမည်ဟုဆိုကာ အပြင်သို့ ထုတ်၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့", "ရန်ကုန်တွင် ဖမ်းဆီးခံထားရသော အမျိုးသားရေး အစွန်းရောက် လီလီကျော်နိုင်ကို ပစ်သတ်သည်ဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကိုပါ စစ်တပ်က စစ်ကြောရေးတွင် ပစ်သတ်", "ရန်ကုန်၊ ဇူလိုင် ၈", "မြန်မာနိုင်ငံတစ်ဝန်းအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် PDF စုစုပေါင်း ၂၀ ဦးထက်မနည်းကို ထောင်ပြောင်းမည်ဟုဆိုကာ အပြင်သို့ ထုတ်၍ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်နှင့် နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူတချို့ထံမှ သိရှိရသည်။", "မေလ ၂၇ ရက်နေ့တွင် ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဟ်ိန်း၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုပြည့်ဖြိုးအောင်၊ ကိုဇီလောင်း၊ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုဘိုဘိုဝင်း(ထန်းတောကြီး) အပါအဝင် နိုင်ငံရေးအကျဉ်း ၁၂ ဦးကို အကျဉ်းထောင်ပြောင်းမည်ဟုဆိုပြီး အပြင်သို့ ခေါ်ထုတ်ကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် ထောင်ကားမှောက်၍ ထွက်ပြေးသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ပြီး သက်ဆိုင်ရာ မိသားစုများကို အကြောင်းကြားလာကြောင်း သိရှိရသည်။", "အလားတူ မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီး အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသား အထူးသဖြင့် PDF ဟု စွပ်စွဲဖမ်းဆီးခံထားရသူ ၁၂ ဦးထက်မနည်းကိုလည်းကောင်း ထောင်ပြောင်းမည်ဟုဆိုကာ ပြင်ပသို့ ထုတ်၍ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အကျဉ်းထောင် သတင်းရင်းမြစ်က ပြောသည်။", "“တောင်ငူထောင်မှာ အကျဉ်းသားတွေ ထွက်ပြေး ဖြစ်စဉ်အပြီး မေလနှောင်းပိုင်းမှာပဲ မုံရွာထောင်ထဲကလည်း နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ပြောင်းမယ်ဆိုပြီး အပြင်ထုတ်သွားတာရှိတယ်။ အဲဒီ လူတွေလည်း အဆက်အသွယ်မရဘူး။ ကြားရတာက အပြင်မှာ ပစ်သတ်ခံရတယ်လို့ သိရပါတယ်” ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်က ပြောသည်။", "မုံရွာ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး အပြင်သို့ ခေါ်ထုတ်၍ ပစ်သတ်ခံရသူ နိုင်ငံရေးအကျဉ်းသားများ၏ အမည်များကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဒိုက်ဦးအကျဉ်းထောင်ကဲ့သို့ မိသားစုများထံ ဆက်သွယ်အကြောင်းကြားမှု မရှိသေးဟု သိရှိရသည်။", "“မုံရွာအကျဉ်းထောင်မှာ ဖြစ်တဲ့ကိစ္စကတော့ ကျနော်တို့ မသိရသေးဘူး။ စိတ်တော့ပူတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ရန်ကုန်တွင် အမျိုးသားရေး အ စွန်း ရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူအဖြစ် စစ်တပ်၏ စွပ်စွဲဖမ်းဆီးမှု ခံရသော ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၊ ကိုကျော်သူရ(ခ) အီးတီတို့ကိုလည်း စစ်တပ်က ဇူလိုင်လဆန်းပိုင်းတွင် စစ်ကြောရေးတွင်ပင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/115892/
အကျဉ်းသား ၇၇၄၉ ကို အကြမ်းဖက် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပြီး EAO နှင့် ဆက်စပ်၍ တရားစွဲခံထားရသူ ၇၂ ဦး၊ ပြစ်ဒဏ်ကျခံနေရသော EAO ၂၂ ဦးကို ပြန်လွှတ်ပေး
["အကျဉ်းသား ၇၇၄၉ ကို အကြမ်းဖက် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပြီး EAO နှင့် ဆက်စပ်၍ တရားစွဲခံထားရသူ ၇၂ ဦး၊ ပြစ်ဒဏ်ကျခံနေရသော EAO ၂၂ ဦးကို ပြန်လွှတ်ပေး", "သေဒဏ်ကျ အကျဉ်းသားတချို့ကို တစ်သက်တစ်ကျွန်းပြောင်းပြီး ပြစ်ဒဏ် ကျ ပြည်ပနိုင်ငံသား ၁၂၅ ဦးကို ပြန်လွှတ်", "ရန်ကုန်၊ ဩဂုတ် ၁", "အကြမ်းဖက်စစ်ကောင်စီက ယနေ့တွင် အကျဉ်းသား ၇၇၄၉ ကို အကြမ်းဖက် စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး EAO နှင့် ဆက်စပ်၍ တရားစွဲ ခံထားရသူ ၇၂ ဦး၊ ပြစ်ဒဏ်ကျခံနေရသော တိုင်းရင်းသားလက်နက်ကိုင် ၂၂ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။", "ထို့ပြင် သေဒဏ်ကျ အကျဉ်းသားတချို့ကိုလည်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ် သို့ ပြော်ငးလဲပြီး ပြစ်ဒဏ်ကျ ပြည်ပ နိုင်ငံသား ၁၂၅ ဦးကိုလည်း ပြန်လွှတ် ပေးကြောင်း အကြမ်းဖက် စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ယနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်း။", "Photo- Assistance Association for Myanmar-based Independent Journalists။"]
https://yktnews.com/2023/01/79052/
အကြမ်းဖက် စစ်ကောင်စီက စိန်ရတု လွတ်လပ်ရေးနေ့ အဖြစ် အကျဉ်းသား ၂၀၀၀ နီးပါး လွှတ်ပေးဟုဆိုဝင်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ သာသနာ ရေးဝန်ကြီး ဦးအောင်ကို ပါဝင်
["အကြမ်းဖက် စစ်ကောင်စီက စိန်ရတု လွတ်လပ်ရေးနေ့ အဖြစ် အကျဉ်းသား ၂၀၀၀ နီးပါး လွှတ်ပေးဟုဆိုဝင်၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ သာသနာ ရေးဝန်ကြီး ဦးအောင်ကို ပါဝင်", "ရန်ကုန်၊ ဇန်နဝါရီ ၄", "အကြမ်းဖက် စစ်ကောင်စီက ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အဖြစ် အကျဉ်းသား ၂၀၀၀ နီးပါး ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်တပ်သတင်း ရင်းမြစ် News of Myanmar က သတင်းဖော်ပြသည်။", "လွှတ်ပေးသည့်သူများတွင် နိုင်ငံရေးအကျဉ်သား မည်မျှ ပါဝင်သည်ကို မသိရှိရ သေးသော်လည်း လက်ရှိတွင် သာသနာရေးဝန်ကြီး ဦးအောင်ကို၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ ပါဝင်ကြောင်း ၊ အခြားနိုင်ငံရေးအကျဉ်း သားများ ပါ ပါဝင်နိုင်ဖွယ်ရှိပြီး လတ်တလော အတိအကျ မသိရသေးဟု ရန်ကုန် နိုင်ငံရေး အကျဉ်းသား မိသားစု အသိုင်းအ၀ိုင်းက ပြောသည်။", "စစ်တပ်သတင်းရင်းမြစ် News of Myanmar ကလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ ဦးအောင်ကို နှင့် ရန်ကုန်မြိုတော်စည်ပင် သာယာ ရေးကော်မတီဝင် စာရေးဆရာမဒေါ်သန်းမြင့်အောင်တို့ လွတ်မြောက်သူများ တွင် ပါဝင်သည်ဟု အတည်ပြုဖော်ပြထားသည်။"]
https://yktnews.com/2024/03/148574/
အကြမ်းဖက် စစ်ကောင်စီက မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတကာက ကြို တင်ဟန့်တားပေးရန် လိုအပ်နေဟု AA က သတိပေး
["အကြမ်းဖက် စစ်ကောင်စီက မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတကာက ကြို တင်ဟန့်တားပေးရန် လိုအပ်နေဟု AA က သတိပေး", "ရန်ကုန်| မတ် ၃", "ရခိုင်ပြည်အတွင်းတွင် ငြိမ်းချမ်းစွာနေထိုင်နေသော မွတ်စလင်လူမျိုးများကို အာဏာသိမ်းစစ်ကောင်စီက စစ်မှု ထမ်းရန် ခေါ်ယူနေခြင်းမှာ အသိုင်းအဝိုင်းနှစ်ခုကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောသည်။", "ရခိုင်ပြည်အတွင်း စစ်ရှုံးနေသော စစ်ကောင်စီအနေဖြင့် အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာများ ပိုမိုကြီးထွားစေရန် မွတ်စလင်များကို စစ်မှုထမ်းခေါ်ယူနေခြင်းနှင့်ပတ်သက်၍ AA မှ ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကြုံတွေ့ရတိုင်း ရခိုင်ပြည်အတွင်းရှိ ရခိုင်လူမျိုးများနှင့် မွတ်စလင်အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်ပွားစေရန် ဖန်တီးကြိုးပမ်းလေ့ရှိသည်ဟု AA က ပြောသည်။", "AA အနေဖြင့် အုပ်ချုပ်ရေးယန္တရားများ ထူထောင်စဉ်ကတည်းက မတူညီသော အသိုင်းအဝိုင်း အသီးသီးကြား လူမှုသဟဇာတနှင့် အတူယှဉ်တွဲနေထိုင်ရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းအားထုတ်ခဲ့သောကြောင့် လက်ရှိတွင် အပြုသဘောဆောင်သော ရလဒ်များကို ရရှိနေသော အချိန်ဖြစ်ကြောင်း၊ သို့သော်လည်း စစ်ကောင်စီသည် AA ၏ လက်နှင့်ရေးသမျှကို ခြေနှင့်ဖျက်ရန် ကြိုးပမ်းနေပြီး စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ မွတ်စလင်များအား စစ်မှုထမ်းခိုင်းနေခြင်းသည် သာမန်ပြည်သူလူထုကို စစ်မြေပြင် (သေတွင်း) သို့ တွန်းပို့နေရုံသာမက ရခိုင်ပြည်အနာဂတ် တည်ငြိမ်အေးချမ်းရေး၊ ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရိုက်ချိုးဖျက်ဆီးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။", "၂၀၁၇ ခုနှစ်က ရခိုင်ပြည်ရှိ မွတ်စလင်များကို မြန်မာစစ်တပ် (စစ်ကောင်စီ) သည် အစုလိုက်အပြုံသတ်ဖြတ်ခဲ့သည့်အပြင် သန်းချီသော မွတ်စလင်များကိုလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ကြောင်း၊ စစ်မှု ထမ်းရန် မွတ်စလင်များအား ခေါ်ယူနေခြင်းမှာလည်း စစ်ရာဇဝတ်မှု မြောက်သည့်အပြင် အစုံလိုက်အပြုံလိုက် သေဆုံးစေရန် တမင်ရည်ရွယ်ချက်ရှိရှိ စစ်မြေပြင် (သေတွင်း) သို့ တွန်းပို့နေခြင်းဖြစ်ကြောင်း သိရသည်။", "စစ်ကောင်စီ၏ ကောက်ကျစ်ယုတ်မာသော လုပ်ရပ်သည် ရခိုင်နှင့်မွတ်စလင်တို့ကြား ကြီးမားရှည်ကြာသော ပဋိပက္ခကိုဖြစ်စေရုံသာမက မွတ်စလင်ဒုက္ခသည်များ၏ နေရပ်ပြန်ရေး မျှော်လင့်ချက်မှာ ပို၍ဝေးကွားစေမည်ဟု AA က ဆိုသည်။", "ထိုကြောင့် အာဆီယံနိုင်ငံများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ ဥရောပသမဂ္ဂ အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ၏ လုပ်ရပ်ကို အထူးစောင့်ကြည့်ပြီး ကြိုတင်ဟန့်တားပေးကြရန် ရက္ခိုင့်တပ်တော် AA က တိုက်တွန်းတောင်းဆိုလိုက်သည်။", "ဓာတ်ပုံ- မွတ်စလင်ဒုက္ခသည်စခန်းမှ ပြည်သူတချို့ကို စစ်မှုထမ်းခိုင်းရန် စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့စဉ်။"]
https://yktnews.com/2023/05/100707/
အကြမ်းဖက် စစ်ကောင်စီက သေဒဏ် ချမှတ်ထားသည့် အကျဉ်းသား/အကျဉ်းသူ ၃၈ ဦးကို ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲကျခံရမည်ဟု ကြောညာ
["အကြမ်းဖက် စစ်ကောင်စီက သေဒဏ် ချမှတ်ထားသည့် အကျဉ်းသား/အကျဉ်းသူ ၃၈ ဦးကို ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲကျခံရမည်ဟု ကြောညာ", "ရန်ကုန်၊ မေ ၃", "အကြမ်းဖက် စစ်ကောင်စီက သေဒဏ် ချမှတ်ထားသည့် အကျဉ်းသား/အကျဉ်းသူ ၃၈ ဦးကို ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲကျခံရဟု ယနေ့တွင် ကြေညာခဲ့သည်။", "စစ်ကောင်စီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ အကျဥ်းထောင် အသီးသီးတွင် သေဒဏ် ပြစ်ဒဏ် ချမှတ်ထားသူ ၃၈ ဦးကို ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် သေဒဏ်ပြစ်ဒဏ်မှ ထောင်ဒဏ် တစ်သက်သို့‌ ပြောင်းလဲလိုက်သည်ဟု အကြမ်းဖက် စစ်ကောင်စီ၏ ကြောညာချက်တွင် ပါရှိသည်။", "နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ထားသည့် စာရင်းများအရ အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းယူသည့် အချိန်မှစ၍ သေဒဏ် ချမှတ်ခံထားရသူ ၁၅၄ ဦးရှိကြောင်းသိရသည်။", "အကြမ်းဖက် စစ်ကောင်စီသည် ယနေ့ ကဆုန်လပြည့်နေ့တွင် ပုဒ်မ ၅၀၅ က နှင့် ထောင်ဒဏ်ချမှတ်ထားသူ ၂၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ထားသော်လည်း ပြန်လည် ဖမ်းဆီးမှုများရှိ​ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138440/
အကြမ်းဖက် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံ ခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုဟု ထုတ်ပြန်
["အကြမ်းဖက် စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံ ခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုဟု ထုတ်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၄", "အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ နံနက်ပိုင်း ထုတ်ပြန်သည်။", "အကြမ်းဖက်စစ်ကောင်စီက အမိန့်အမှတ် ၁/၂၀၂၄ ၊ ဇန်နဝါရီလ ၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီး ယင်းအမိန့်တွင် အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၉၆၅၂ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုကြောင်း၊ နောက်တစ်ကြိမ် ထပ်မံ ပြစ်မှု ကျူးလွန်ပါက ယခင် ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်းကျခံစေရန် ဆိုသော ခြွင်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ အကျဉ်းထောင်/အချုပ်ထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၁၁၄ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက ယခင်နှစ်များက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးစဉ်။ (ပုံအဟောင်ဖြစ်ပါသည်။)", "Photo- AFP"]
https://yktnews.com/2023/07/114743/
အကြမ်းဖက် စစ်ကောင်စီက အွန်လိုင်းဂိမ်းများကို အခွန်ကောက်ခံမည်ဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာများက ညှိနှိုင်းဆောင်ရွက်ပေးရန် အမိန့်ပေး၊ မလိုက်နာလျှင် အရေးယူမည်ဟု ခြိမ်းခြောက်
["အကြမ်းဖက် စစ်ကောင်စီက အွန်လိုင်းဂိမ်းများကို အခွန်ကောက်ခံမည်ဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာများက ညှိနှိုင်းဆောင်ရွက်ပေးရန် အမိန့်ပေး၊ မလိုက်နာလျှင် အရေးယူမည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဇူလိုင် ၂၅", "အကြမ်းဖက် စစ်ကောင်စီက အွန်လိုင်းဂိမ်းများကို အခွန် ကောက်ခံမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားချက်တစ်ရက် ယနေ့ ထုတ်ပြန်သည်။", "စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ညွှန်ကြားမှုဦးစီးဌာန က အခွန်ကောက်ရန် သတ်မှတ်ချက်အရ အွန်လိုင်းဂိမ်းများကို ဂိမ်းအတွင်း အဝယ် ဝန်ဆောင်မှု ပေးလျက်ရှိသော ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ကွန်ရက်များကို အခွန်စည်းကြပ်မည်ဖစ် ကြောင်း၊ အဆိုပါဝန်ဆောင်မှုများကို ပေးနေသည့် ဒစ်ဂျစ်ဝန်ဆောင်မှု ကွန်ရက်များကို ဆက်သွယ်ရေး အော်ပရေတာများ၊ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီများ၊ ဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် သိရှိစေနိုင်ရန် အကြောင်းကြားအပ်ကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားသည်။", "လတ်တလောတွင် အခွန်စည်းကြပ်ရန်မှာ သီးခြားအခွန်နှုန်းထား သတ်မှတ်ထားရှိခြင်းမရှိသဖြင့် အဆိုပါ ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ကွန်ရက်များဖြစ်သော Codashop ၊ Razer အစရှိသည်တို့ကို တစ်ဆင့်ခံ ဝန်ဆောင်မှု ပေးနေသော အော်ပရေတာများအနေဖြင့် အခွန်ကောက်ခံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန်၊ အကယ်၍ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့် အညီ အရေးယူမည်ဟု ညွှန်ကြားထားသည်။", "“အွန်လိုင်းစျေးရောင်းတဲ့ ဝန်ဆောင်မှုတွေကိုလည်း မှတ်ပုံတင်ခိုင်းတယ်။ အခုတစ်ခါ အွန်လိုင်းဂိမ်းတွေကို အခွန်ကောက်မယ်ဆိုတော့ အခြေအနေက တော်တော်ကို တင်းကျပ်လာတာလို့ ပြောလို့ရတယ်။ အွန်လိုင်းကို ထိန်းချုပ်ချင်တဲ့သဘောပိုမြင်ရတယ်။ အခွန်ကောက်ချင်တာထက် ထိန်းချုပ်ချင်လို့ ကျပ်တယ်လို့ မြင်ပါတယ်” ဟု ရန်ကုန်မြို့မှ အွန်လိုင်းဂိမ်းကျွမ်းကျင်သူ လူငယ်တစ်ဦးက ဆိုသည်။"]
https://yktnews.com/2024/03/152491/
အကြမ်းဖက် စစ်ကောင်စီခန့် ရခိုင်ပြည်နယ်၊ သယံဇာတဝန်ကြီး ဦးသန်းထွန်း နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်
["အကြမ်းဖက် စစ်ကောင်စီခန့် ရခိုင်ပြည်နယ်၊ သယံဇာတဝန်ကြီး ဦးသန်းထွန်း နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်", "ရန်ကုန်| မတ် ၂၄", "အကြမ်းဖက် စစ်ကောင်စီကခန့်အပ်ထားသော ရခိုင်ပြည်နယ်၊ သယံဇာတဝန်ကြီး ဦးသန်းထွန်းသည် ယနေ့ နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရှိရသည်။", "ရခိုင်ပြည် စစ်ကောင်စီ သယံဇာတဝန်ကြီး ဦးသန်းထွန်း (ခေါ်) ဦးကျားချေ ယနေ့ နံနက် ၇ နာရီကျော်အချိန်က စစ်တွေပြည်သူ့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။", "ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီကျော်က စစ်တွေရှိ ၎င်း၏ နေအိမ်တွင် နှလုံးအမောဖောက်၍ စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသရာ ရုတ်တရက်ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။", "ဦးသန်းထွန်းသည် ရခိုင်လူမျိုးဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ခန့်ရှိကာ စစ်တွေမြို့တွင်နေထိုင်ခဲ့ကြောင်း ၊ မကွယ်လွန်မီအချိန်အထိ ၂၀၂၁ ခုနှစ် အာဏာသိမ်းသိမ်းပြီးနောက် စစ်ကောင်စီက ခန့်အပ်၍ ရခိုင်ပြည်စစ်ကောင်စီ အဖွဲ့တွင် ရခိုင်သယံဇာတဝန်ကြီး တာဝန်အား ထမ်းဆောင်ခဲ့ကြောင်း၊ ယခင်က စစ်တွေမြို့အတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် သာရေးနာရေးအသင်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ကာ တက်ကြွလှုပ်ရှားသူ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204057/
အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သော TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိ
["အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သော TNLA ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "တရုတ်အစိုးရ၏စီစဉ်ချက်အရ အကြမ်းဖက် စစ်ကောင်စီနှင့် ဆွေးနွေးရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "TNLA ကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦး ပါဝင်ကြောင်း၊ အကြမ်းဖက်စစ်တပ်ဘက်မှ ကစထ ၁ မှူးဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။", "တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် ၁၆ ရက် ဖေဖော်ဝါရီလတွင် တွေ့ဆုံမှုများစတင်မည်ဖြစ်ကြောင်း သိရှိရသည်။", "တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် အကြမ်းဖက် မြန်မာစစ်တပ်နှင့် MNDAA တို့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။"]
https://yktnews.com/2024/08/177301/
အကြမ်းဖက် စစ်ကောင်စီအတွက် စစ်ကူပေးရန် ကြံ့ဖွံ့ပါတီက ရုရှားထံ အကူ အညီတောင်း
["အကြမ်းဖက် စစ်ကောင်စီအတွက် စစ်ကူပေးရန် ကြံ့ဖွံ့ပါတီက ရုရှားထံ အကူ အညီတောင်း", "ရန်ကုန်| ဩဂုတ် ၅", "မြန်မာနိုင်ငံအတွင်း တော်လှန်ရေးတပ်များထံ တပ်စခန်းများ၊ မြို့များ လက် လွှတ်ဆုံးနေသော စစ်ရှုံး အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကို စစ်ကူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရုရှားနိုင်ငံကို တောင်းဆိုနေသည်။", "လွန်ခဲ့သည့် ၅ ရက်ခန့် ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနနှင့် USDP ဥက္ကဌ ဦးခင်ရီတို့ မြန်မာ့အရေးနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ခဲ့ကြသည်။", "ယင်းမေးမြန်းခြင်းတွင် ဦးခင်ရီက အာဏာသိမ်း စစ်ကောင်စီကို စစ်ကူပေးရန် ရုရှားအား တောင်းဆိုခဲ့ကြောင်း Sputnik သတင်းဌာနက ယမန်နေ့ ဩဂုတ်လ ၄ ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။", "မြန်မာ့လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် မှတ်ယူကာ တော် လှန်ရေးတပ်ဖွဲ့များကို အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဝင်ရောက်ကူညီဖြေရှင်းပေးရန် USDP ဥက္ကဌ ဦးခင်ရီက ရုရှားအား တောင်းဆိုထားခြင်းဖြစ် သည်။", "“ရုရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အကြမ်းဖက်ဝါဒအဖြစ် အသိအမှတ်ပြုဖို့နဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် တာဝန်ရှိတဲ့သူတွေ၊ အဖွဲ့အစည်းတွေ အချင်းချင်းကြား နီးနီးကပ်ကပ် နီးနီးစပ်စပ် ပိုပြီးပူး ပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ ” ဟု ဦးခင်ရီက ဆိုသည်။", "မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခကို ပြည်တွင်းနိုင်ငံရေးဟု သတ်မှတ်ခြင်းမပြုဘဲ အကြမ်းဖက်လုပ်ရပ်ဟု သတ်မှတ်ကာ ရုရှားအစိုးရက အကြမ်း ဖက်တိုက်ဖျက်ရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးပါက ရည်မှန်းချက်များ အတူတူ ရယူနိုင်မည်ဟု USDP ဥက္ကဌ ဦးခင်ရီက ပြောသည်။", "စစ်ခေါင်းဆောင် (စစ်အာဏာရှင်) သမ္မတ ဗလာဒီမာပူတင် ဦးဆောင်သော ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏ဥပဒေအရ ရုရှားလုံခြုံရေးတပ်ဖွဲ့များသည် မြန် မာနိုင်ငံက အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ကြောင်း သိရသည်။", "ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းက လက်နက်ပဋိပက္ခများကြား အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် ဝင်ရောက်နိုင်ကြောင်း ဦးခင်ရီအား ကိုးကား၍ အလေးပေး ပြောဆိုခဲ့သည်။", "USDP ဥက္ကဌ ဦးခင်ရီသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အကြံ ပေး Mr.Vitality Solonetskiy နှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့ကိုလည်း ဇူလိုင် ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။", "‘‘ နိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအမှန်ကို နားလည်အောင်လုပ်ပြီး ရုရှားဆီကနေ ကျွန်တော်တို့ ထောက်ပံ့မှုလိုပါတယ်။ ကျွန်တော်တို့ ပါတီက လုံခြုံ ရေးရှိဖို့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပဲ ကိုင်တွယ်ဖြေရှင်းပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ မိတ်ဖက် ယူနိုက်တက်ရုရှားပါတီနဲ့ အကြမ်းဖက်မှု တန်ပြန်ရေးနယ်ပယ်အတွက် အစီအမံတွေကို ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ” ဟု ဦးခင်ရီက ပြောဆိုခဲ့သည်။", "ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP သည် လက်ရှိတွင် စစ်တပ်ထောက်ခံရေးများကို ဦးစားပေးလှုပ်ရှားဆောင်ရွက်နေသည့်အပြင် တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်အဖြစ် ပုံဖော်နေသည်။", "ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအား ထောက်ခံနေသလို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် USDP ပါတီတွင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ စကားဝိုင်းများကို ဦးခင်ရီက ဦးဆောင်ပြုလုပ်နေသည်။", "USDP ပါတီသည် မြန်မာစစ်တပ် ကျော့ထောက်နောက်ခံပြုထားသော ပါတီတစ် ခုဖြစ်ပြီး မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ အကြမ်းဖက်ဆောင်ရွက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းများကို မျက်ကွယ်ပြုနေသည့်အပြင် အားပေးအားမြှောက်လုပ်ကာ ပူးပေါင်းပါဝင်လျှက်ရှိကြောင်း သိရသည်။", "ဓာတ်ပုံ – ဇူလိုင်လ ၂၉ ရက်နေ့က ရုရှားနိုင်ငံဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌအကြံပေး၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့နှင့် ဦးခင်ရီတို့ တွေ့ဆုံပြီးနောက် ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနတို့ တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2024/07/172287/
အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင်ပိုင်းက ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအားလုံးကို နေပြည်တော်တွင် လာရောက်ရန် လျှို့ဝှက် ခေါ်ယူ
["အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင်ပိုင်းက ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအားလုံးကို နေပြည်တော်တွင် လာရောက်ရန် လျှို့ဝှက် ခေါ်ယူ", "ရန်ကုန်၊ ဇူလိုင် ၉", "အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင်များက ပုဂ္ဂလိကဘဏ်များ၏ ပိုင်ရှင်များ အားလုံးကို နေပြည်တော်တွင် လာရောက်တွေ့ဆုံရန် လျှို့ဝှက် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။", "ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်ရှိ စစ်ကောင်စီရုံးတွင် စစ်ကောင်စီ၏ အတွင်း ရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ပြည်ထဲရေးဝန်ကြီးတို့က ပုဂ္ဂလိကဘဏ်များ၏ ပိုင်ရှင်များအားလုံးကို ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း၊ အဆိုပါ ခေါ်ယူမှုတွင် ဗဟိုဘဏ်ဥက္ကဋ္ဌကိုပါ ခေါ်ယူထားကြောင်း သိရှိရသည်။", "စစ်ကောင်စီက ထိုသို့ ခေါ်ယူတွေဆုံရန်ဖိတ်ကြားရာတွင် လျှို့ဝှက် ခေါင်းစဉ်တပ်၍ ဖိတ်ကြား ထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "မကြာသေးမီက စစ်ကောင်စီက ပုဂ္ဂလိကဘဏ် ၇ ခုကို ဗဟိုဘဏ်သတ်မှတ်ထားသည့် ငွေကြေးပမာဏထက် ပိုမို၍ အိမ်ရာချေးငွေများ ထုတ်ချေးသည်ဟုဆိုကာ ဘဏ်များနှင့် ပိုင်ရှင်များကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။"]
https://yktnews.com/2024/10/188657/
အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂွမြို့နှင့် မောင်တောမြို့နယ်တွင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
["အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂွမြို့နှင့် မောင်တောမြို့နယ်တွင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ", "ရန်ကုန်| အောက်တိုဘာ ၁၉", "ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေ၍ ယခုရက် ပိုင်း အတွင်း ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရကြောင်း သိရသည်။", "အောက်တိုဘာလ ၁၅ ရက် နေ့လယ် ၃ နာရီခန့်အချိန် ဂွမြို့နယ် ကုလားပြင်အနီး ဒယ်ဘုတ်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း၊ သေဆုံးသူများမှာ အသက် ၄၂ နှစ်အရွယ် ဦးမောင်တင်ရွှေ၊ အသက် ၄၇ နှစ်အရွယ် ဒေါ်ခင်မျိုးမြင့်နှင့် အသက် ၅၀ အရွယ် ဦးတင်ရွှေတို့ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် မေနှင်းသူ၊ အသက် ၂၅ နှစ်အရွယ် မချိုချိုဝင်း၊ အသက် ၃၀ အရွယ် ကိုမျိုးမြင့်အောင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်းကြည်နှင့် အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်ထွေးတို့ဖြစ်ကြောင်း သိရှိရသည်။", "ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၁ နာရီကလည်း မောင်တောမြို့နယ် ဒုညောင်ပင်ကြီး ကျေးရွာကို စစ်ကောင်စီ စစ်သင်္ဘောများက လက်နက်ကြီးပစ်ခတ်၍ အပြစ်မဲ့ မွတ်စလင် ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများမှာ အသက် ၁၇ နှစ် ရာဘီယာ၊ အသက် ၂၉ နှစ် အယာစ်၊ အသက် ၄၂ နှစ် ဟာဆောင်၊ အသက် ၃၄ နှစ် အီနစ်နှင့် အသက် ၆၅ နှစ် ခေါ်ဘီရ်တို့ဖြစ်ကြောင်း၊ တိုက်ပွဲကို အကြောင်းပြု၍ စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီးများ အရပ်သားနေထိုင်ရာ ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရှိရသည်။", "အမ်းမြို့နယ်တွင်လည်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိနေပြီး ဒေသခံပြည်သူ ၁၀၀ ကျော်မှာ အမ်းကနေ မကွေးတိုင်းဘက်သို့ စစ်ရှောင်သွားချိန် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။", "ပဒါန်းလမ်းကို အသုံးပြု၍ မကွေးဘက်သို့ ကား ၁၅ စီးဖြင့် သွားနေစဉ်အတွင်း ကျီးကန်းတောင်နှင့် ၆ မိုင်ဂိတ်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။", "အဆိုပါ စစ်ရှောင် ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သည့်နေရာများသို့ ဖမ်းဆီးသွားခြင်းကို မသိရ၍ မိသားစုဝင်များမှာ စိုးရိမ်ပူပန်နေကြသည်။", "အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် အရေးပါသော အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ပြီးနောက် လက်ရှိတွင် အမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။", "ဓာတ်ပုံ- အောက်တိုဘာလ ၁၆ ရက်နေ့ ၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်စဉ် မြင်တွေ့ရသည့် အပျက်အစီးများ။", "Photo- ANP ။"]
https://yktnews.com/2025/05/214655/
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် “အညာ ဗုံးခိုကျင်း ကမ်ပိန်း” စတင်
["အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် “အညာ ဗုံးခိုကျင်း ကမ်ပိန်း” စတင်", "ရန်ကုန်၊ မေ ၁၅", "အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် “အညာ ဗုံးခိုကျင်း ကမ်ပိန်း” စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို ကမ်ပိန်းကို မေလ ၁၅ ရက်နေ့မှ စတင်၍ ဇွန်လ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး အညာဒေသ ကလေးငယ်များကို လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ကမ်ပိန်း စတင်မည်ဖြစ်ကြောင်းသိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ သည် နေ့စဉ်နှင့် အမျှ ပြည်သူများကို ဦးတည်ပြီး ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူလူထုများ အသက်အန္တရာယ် မထိခိုက်စေရန်အတွက် ဗုံးခိုကျင်း ကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဗုံးခိုကျင်း တစ်ခုလျှင် သိန်း ၂၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး အခု ၃၀ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "“ကျနော်တို့ ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အညာဒေသမှ နေစဉ်နဲ့အမျှ ဒီကလေးတွေ အပေါ်ပစ်မှတ်ထားပြီး ဗုံးကျဲတာ စာသင်ကျောင်းတွေအပေါ် ကျဲတဲ့ အချိန်မှာ ကလေးငယ်တွေရဲ့ အသက်တွေအများကြီးဆုံးရှုံးရတာရှိတာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့ ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ မြေပြင်ရဲ့ လုပ်ဆောင်ချက်တွေကို ဗုံးခိုကျင်းတည်ဆောက်နေတာတွေကို အင်တာနက်ပေါ်မှာ မတင်ဘဲနဲ့ အလှူရှင်တွေရဲ့ကြားမှာပဲချိတ်ဆက်ပြီးတော့ ကျနော်တို့ ဗုံးခိုကျင်းတွေကို တည်ဆောက်သွားပါမယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကမ်းပိန်းတွင် ပါဝင်လှူဒါန်းခြင်းသော အလှူရှင်များအနေဖြင့် To Comrades – ရဲဘော်များသို့", "https://www.facebook.com/share/16Xci4XjV2/Telegram:https://t.me/AnyarPyittTieHtaung/5700ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128100/
အကြမ်းဖက် စစ်တပ်ကို အနိုင်တိုက်ရန် မှတပါး အခြားမရှိဟု ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူးက စစ်ထွက် မိန့်ခွန်းပြော
["အကြမ်းဖက် စစ်တပ်ကို အနိုင်တိုက်ရန် မှတပါး အခြားမရှိဟု ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူးက စစ်ထွက် မိန့်ခွန်းပြော", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားသည့် အကြမ်းဖက် စစ်တပ်ကို အနိုင်တိုက်ရန်မှတပါး အခြားမရှိကြောင််း ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက စစ်ထွက် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။", "အောက်တိုဘာလ ၂၅ ရက်နေ့ စစ်ထွက်မိန့်ခွန်းတွင် ၎င်းက ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း ABSDF အမှတ် ၃ စစ်ကြောင်း က တရားဝင် သတင်းထုတ်ပြန်ထားသည်။", "လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် စစ်မျက်နှာအသီးသီး၌ ပြိုလဲနေပြီဖြစ်ကာ အင်အားများ ဆုတ်ယုတ်နေပြီး စိတ်ဓာတ်များလည်း ပျက်ပြားနေပြီဖြစ်ကြောင်း၊ နိုင်ငံအနှံအပြားတွင် ABSDF တပ်မတော်နှင့် မဟာမိတ်တပ်များက ရန်သူ့စခန်းအသီးသီး ကို သိမ်းပိုက်နေပြီဖြစ်ကြောင်း၊ ABSDF တပ်မတော် အခြေစိုက်ရာ ဒေသများတွင်လည်း အကြမ်းဖက် စစ်တပ် စခန်းများကို မဟာမိတ်များနှင့် ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခြင်း ၊ ပိတ်ဆို့ထားခြင်းများကို လုပ်ဆောင်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။", "“ငါတို့ ကျောင်းသားတပ်မတော် ရဲဘော်တွေဟာ တော်လှန်စစ်ဖြင့် ရန်သူကို အနိုင်တိုက်ရန်မှတပါး အခြားမရှိဟု သဘောထားပြီး တော်လှန်စစ်သည် တရားသောစစ်ဖြစ်၍ မုချအောင်မြင်ရမယ်လို့ ခံယူကြသူများလည်း ဖြစ်တယ်။ ငါတို့ဟာ ဖိနှိပ်ခံပြည်လူထုအားလုံး လွတ်မြောက်ရေးအတွက် မ.က.ဒ.တ ဦးတည်ချက် (၄)ရပ် အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြရမှာလည်းဖြစ်တယ်။ ဒါကြောင့် အသက်ပင်သေသေ အရေပင်ခမ်းခမ်း ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားကြစို့ လို့ တိုက်တွန်းလိုက်တယ်။ အောင်စိတ် အပြည့်မွေးထားကြ အာဏာရှင် စနစ်အဆုံးသတ်ရေး ငါတို့ အတူ တိုက်ပွဲဝင်ကြမယ်” ဟု ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကပြောဆိုသည်။", "မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ကျောင်းသားတပ်မတော် ) သည် ၁၉၈၈ ခုနှစ် မှ စ၍ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တာ လက်ရှိ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့မှာ ၃၅ နှစ် ပြည့်တော့မည်ဖြစ်​ကြောင်း၊ မျက်မှောက်ခေတ် တော်လှန်ရေး နယ်ပယ်အသီးသီးတွင် ကျောင်းသားတပ်မတော်သည် မဟာမိတ် အသီးသီးနှင့် စစ်မျက်နှာပေါင်းစုံမှာ တိုက်ပွဲဝင်လျက်ရှိသည့်အဖွဲ့လည်းဖြစ်သည်။", "သေနင်္ဂဗျူဟာ ခံစစ်ကာလ စစ်ရေးပထမ အဆင့်တွင် ရန်သူ၏ ချေမှုန်းခြင်းမခံရအောင် မိမိတို့အင်အားကို ထိန်းသိမ်း၍ ရန်သူ စခန်းငယ်များကို အပိုင်စီးတိုက်ပွဲများ ဆင်နွဲပြီး မိမိတို့ အင်အား ကြီးထွားအောင် ချီတက်ခဲ့ပြီးလည်း ဖြစ်ကြောင်း၊ သေနင်္ဂဗျူဟာ ထိုးစစ်အတွက် ပြင်ဆင်ရေးကာလဖြစ်တဲ့ စစ်ရေး ဒုတိယ အဆင့်တွင် ရန်သူနှင့် သူတပြန်ကိုယ်တပြန် သဲသဲမဲမဲ တိုက်ခိုက်ရသည့် ကာလတွင် ပြည်သူ့ထောက်ခံမှုကို ရယူပြီး မိမိတို့ အင်အားကို ရန်သူထက်ကြီးထွားအောင် ကြိုးစားခဲ့ပြီး ဖြစ်ကြောင်း၊ သေနင်္ဂဗျူဟာထိုးစစ်ကာလ တတိယအဆင့်တွင် ရန်သူကို ချေမှုန်းရေးကာလ ရောက်ရှိလာပြီး တော်လှန်ရေး၏ ရန်သူဟူသမျှကို ချေးမှုန်းပစ်ရမှာ ဖြစ်ကြောင်း ABSDF အမှတ် ၃ စစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ​ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/04/158659/
နတ်မောက်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ လိုက်လံ ခေါ်ဆောင်နေ၍ တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်မည်ဟု ကြေညာ
["အကြမ်းဖက် စစ်တပ်ကို အမြစ်ပြတ် တော်လှန်ရေး လူငယ်များ ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်", "ရန်ကုန်၊ ဧပြီ ၂၂", "မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ လိုက်လံ ခေါ်ဆောင်နေ၍ တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်မည်ဟု People’s Defence Organization – Natmauk အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နတ်မောက်မြို့ပေါ်နှင့် မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် တစ်အိမ်ဆင်း တစ်အိမ်တက် ဝင်ရောက်၍ ပြည်သူများကို လိုက်လံကာ အတင်းအဓမ္မ ခေါ်ဆောင်နေသောကြောင့် စစ်မှုထမ်းဥပဒေတွင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သတင်ပေးများနှင့် စာရင်းကောက်သူများကို ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဟု အသိပေး ထုတ်ပြန်ထားသည်။", "“အုပ်ချုပ်ရေးမှူးတွေက စစ်ခွေး၊ ရဲခွေးတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေကြတယ်လို့သိရလို့ ကျွန်တော်တို့ ပြည်သူ့ တော်လှန်ရေးအဖွဲ့တွေက အခုလို ထုတ်ပြန်ရတာပါ စစ်ရေးပစ်မှတ် အနေနဲ့ကတော့ ရရင်ရသလို ကြိုးစား လုပ်ဆောင်သွားမှာပါ” ဟု People’s Defence Organization – Natmauk အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်ကို အမြစ်ပြတ် တော်လှန်ရန် လူငယ်များ အနေဖြင့် နတ်မောက် (ပ.က.ဖ.) ၊ (၉၀၂)တပ်ရင်း NPDF ၊ (၉၀၃)တပ်ရင်း တပ်ခွဲ(၁)ဂဠုန်PDF ၊ (၉၀၃)တပ်ရင်း တပ်ခွဲ(၃)တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ငါးပြေမပျောက်ကြားတပ်ဖွဲ့ ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့ ၊ Aung San’s land ၊ OPRF-PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုများ ထံကို Page Chat Box မှ လာရောက် ဆက်သွယ် ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]