url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/12/195521/
အင်းစိန်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်၊ ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့လယ်ပိုင်းတွင်ပါ ပေါ်ပေါ်တင်တင် လုပ်လာ
["အင်းစိန်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်၊ ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့လယ်ပိုင်းတွင်ပါ ပေါ်ပေါ်တင်တင် လုပ်လာ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၁၆ တပ်ရင်းလုံခြုံရေးကင်းဂိတ်ကို ယမန်နေ့ ညပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းထိပ်ရှိ လုံခြုံရေးကင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ေ​ြာင်း၊ စစ်ကောင်စီအနေဖြင့် လုံး၀ အုပ်ချုပ်ခွင့်မရဘဲ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခလရ ၁၆ တပ်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ် အကြမ်းဖက်နှိမ်နင်းရေးတပ်တစ်ခုဖြစ်ကြောင်း ၊ ယင်းတပ်မှ လူများသာ မင်းအောင်လှိုင်ကို အနီးကပ်ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။", "“ဖောက်ခွဲမှု နောက်ဆက်တွဲ မသိရသေးပါဘူး။ အနီးဆုံးမှာ ယူနီဖောင်းဝတ် ၂ ယောက်တော့ ရှိပါတယ်။ မသေချာသေးလို့ နောက်ဆက်တွဲ မထုတ်ပြန်တာပါ။မြို့ပြမှာကတော့ အရင်ထက် ပိုပြင်ဆင်ရတာတော့ အမှန်ပဲဗျ။ အထူးသဖြင့်ရန်ကုန်မှာ အရင်ထက်ကို အစစ်အဆေး လုံခြုံရေး များလာပါတယ်။ တစ်ခုပြောရရင်တော့ ရန်ကုန်သားတွေ ရန်ကုန်မှာ ရှိနေတယ် ဆိုတာ သိစေချင်ပါတယ် အမာကိုရှောင် အချိန်ကို စောင့်နေရလို့ပါ” ဟု God’s Hand Forces (GHF) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်မြို့တွင် လုံခြုံရေးများ တင်းကျပ်လာသည့်အပြင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများကိုလည်း အရှိန် အဟုန်မြှင့် လုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်တိုင်းသည် စစ်မှုထမ်းရန် အတွက် ဥပဒေအရ အကျုံးဝင်သည်ဟုဆိုကာ နေရာမရွေး အချိန်မရွေး ဖမ်းဆီးရန် စစ်ကောင်စီ၏ ညွှန်ကြားချက်များလည်း ထွက်ရှိလာကြောင်း၊ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ်အတွင်းသို့ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။", "မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် စစ်မှုထမ်းဟောင်းများ ပေါင်း၍ နေ့လယ်ပိုင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ အိမ်ထောင်စု ၁၅၀၀ ကျော်ရှိသော ရွှေနံ့သာ စံပြကျေးရွာအုပ်စုတွင် လစဉ် စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ အနည်းဆုံး ၁သောင်းကောက်ခံလျက်ရှိကြောင်း သိရှိရသည်။", "” ရွှေနံ့သာစံပြကျေးရွာ မှာအုပ်ကြီးနဲ့စစ်မှုထမ်းဟောင်းတွေ၊ ရပ်ရွာလူကြီးတွေက နေ့လယ်ပိုင်းမှာ လမ်းမှာ လူငယ်တွေကို စစ်ဆေးမေးမြန်း တပ်ထဲပို့ ပေါ်တာဆွဲနေပါတယ်။ သူတို့အပြောက ရပ်ရွာအေးချမ်းသာယာဖို့အတွက် သူခိုးဂျပိုးဆေးသမား မုဒိန်းကောင်တွေကို ဖမ်းပြီး မင်္ဂလာဒုံ ရွှေနံသာရပ်ကွက်က ခြေလျင်တပ်ရင်း – ခလရ ၈၂ ထဲကို တစ်ခါတည်းတန်းပို့တယ်။ လူငယ်တွေမှာ အပြင်မထွက်ရဲကြတော့ဘူး။ ပေါ်တာဆွဲဖမ်းဆီးတာပါ။ နောက်တစ်ခါ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တစ်အိမ် ၁သောင်းကောက်ပါတယ်။ ဧည့်စာရင်းနဲ့နေတဲ့ အိမ်ထောင်စုက ၆၀၀ ကျော်၊ အမြဲတမ်းနေတာက အိမ်ထောင်စု ၉၀၀ ကျော် စုစုပေါင်း အိမ်ထောင်စု ၁၅၀၀ မှာ လစဉ် ငွေပေးနေရတယ်။ အုပ်ကြီးနေရာကိုလည်း မင်းဇော်နဲ့လက်ရှိ ဦးညို ဆိုသူက လုနေကြတယ်။ အုပ်ကြီးတွေထက် ရုံးမှာနေတဲ့ကလေကချေတွေကိုကြောက်နေရတယ်။ သူတို့ စစ်တပ်ကို ခေါ်ထားပြီး မဟောသဓာကျောင်းမှာလည်းတပ်စွဲထားတယ်။ ရွှေနံ့သာခန်းမ မှာလည်း တပ်ကလာနေပါတယ်။ ပြည်သူတွေကဘယ်သူ့ကြောက်ရမယ်မှန်းမသိတော့ပါဘူး။ နေ့ခင်းတောင် အိမ်တွေပေါ်တက် လူငယ်တွေကို ပေါ်တာဆွဲပြီး တပ်ထဲ ခေါ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ယခုဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူမပြည့်မီသဖြင့် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတစ်ဝန်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုကြသည်။", "ဓာတ်ပုံ- ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတွင် စစ်တပ်က ပြည်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟေင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/09/124672/
အင်းစိန်၊ စော်ဘွားကြီးကုန်း စစ်တပ်ပိုင် အင်း၀ဘဏ်အနီး ဗုံးပေါက်ကွဲ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာနှင့်တောင်ဥက္ကလာတို့တွင်လည်း ပေါက်ကွဲသံများကြားရ
["အင်းစိန်၊ စော်ဘွားကြီးကုန်း စစ်တပ်ပိုင် အင်း၀ဘဏ်အနီး ဗုံးပေါက်ကွဲ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာနှင့်တောင်ဥက္ကလာတို့တွင်လည်း ပေါက်ကွဲသံများကြားရ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရှိ စစ်တပ်ပိုင် အင်း၀ဘဏ် အနီး တွင် ဗုံးပေါက်ကွဲကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ စော်ဘွား ကြီး ကုန်း၊ အင်း၀ဘဏ်အနီးတွင် ဗုံးပေါက်ကွဲသံကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ စစ်တပ်ပိုင် အင်း၀ဘဏ်နှင့် ယာဉ်ထိန်းရဲအနီးတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "“ဒီည ၇ နာရီ ၄၀လောက်မှာ အင်းစိန်မြို့နယ် စော်ဘွားကြီးရပ်ကွက်နား ပေါက် ကွဲ သံ အသံကျယ်ကြီးတစ်ခုကြားလိုက်ရတယ်။ အိမ်တွေတောင် တုန်တယ် အင်းဝဘဏ်ဘေး၊ စော်ဘွားကြီးကုန်း၊ မော်တော်ပီကယ်ရုံးအနားမှာ ဗုံး ပေါက် တယ်လို့ သိရပါတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။", "အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်မှ ည ၇ နာရီ ၄၀ မိနစ်အတွင်း မြောက်ဒဂုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ တို့တွင် ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့ကြသည်။"]
https://yktnews.com/2024/08/180283/
အင်းစိန်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချ ငွေတောင်းနေသော ယာဉ် ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၄ ဦး ထိခိုက်ဒဏ်ရာရ
["အင်းစိန်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချ ငွေတောင်းနေသော ယာဉ် ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၄ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၂၄", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချ ငွေတောင်းနေသော ယာဉ်ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း God’s Hand Forces မှ တာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၇ မိနစ်အချိန် အင်းစိန်မြို့နယ်၊ စော် ဘွားကြီးကုန်းမီးပွိုင့်အနီး ပြည်လမ်းပေါ်တွင် ဂိတ်ချငွေတောင်းနေသော ယာဉ် ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ယာဉ် ထိန်းရဲ အရာရှိ ၁ ဦးနှင့် အခြားအဆင့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှု ရှိ၊ မရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။", "“ခပ်ဝေးဝေးက ကြည့်ရတာဆိုတော့ သေဆုံးသလား၊ မသေဆုံးဘူးလားဆိုတာကို ကျနော်တို့ အတည်ပြုလို့မရပါဘူး။ ထိတာတော့ ထိသွားတယ်” ဟု God’s Hand Forces မှ တာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အဆိုပါစစ်ဆင်ရေးသည် M 043 စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ၅ ကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင် စီ နှင့်ပတ်သက်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်း၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင် ရှားသွားလာကြရန် God’s Hand Forces က ထုတ်ပြန်သတိပေးထားသည်။", "ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း အမှတ် ၃ လမ်းမပေါ်တွင် ကုန်ကားနှင့် အိမ်စီးကားများ၊ ခရီးသည်တင်ကားများကို တားဆီး၍ ငွေတောင်းနေသော အကြမ်းဖက် စစ်ကောင်စီလက် အောက်ခံ ယာဉ်ထိန်းရဲနှင့် စစ်သားများ။"]
https://yktnews.com/2024/03/150327/
အင်းစိန်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာနှင့်သင်္ဃန်းကျွန်းတို့တွင်လည်း ဗုံးများပေါက်ကွဲ
["အင်းစိန်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာနှင့်သင်္ဃန်းကျွန်းတို့တွင်လည်း ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ မတ် ၁၂", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့မတ်လ ၁၂ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ လေတပ်အရာရှိ အိမ်ရာဂိတ်နှင့်စော်ဘွားကြီးကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်မှုအခြေအနေကို မသိရှိရသေးကြောင်း သိရှိရသည်။", "“အင်းစိန် ဆယ်မိုင်ကုန်းကနေ ဗုံးပေါက်ကွဲသံ ၂ ချက်ကြားလိုက်တယ်။ အကျယ်ကြီးပဲ။ ဗုံးက ၂လုံးတောင်ပေါက်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ မြောက်ဥက္ကလာပမြိုနယ်၊ မင်္ဂလာဒုံမြို နယ်တို့တွင် ယနေ့ည ၈ နာရီ ၂၈ မိနစ်အချိန်တွင်လည်းကောင်း", "မြောက်ဒဂုံမြို့နယ်တွင် ယနေ့ည ၈ နာရီခွဲအချိန်တွင်လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်နှင့်တောင်ဥက္ကလာတို့တွင်လည်း ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ညအချိန် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/06/108936/
အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဒဂုံနှင့် မြောက်ဥက္ကလာတို့တွင် ဗုံးများပေါက်ကွဲ
["အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဒဂုံနှင့် မြောက်ဥက္ကလာတို့တွင် ဗုံးများပေါက်ကွဲ", "ရန်ကုန်၊ ဇွန် ၂၀", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် မြောက်ဒဂုံတို့တွင် ယနေ့ညပိုင်း ဗုံးများပေါက်ကွဲကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် လှိုင်သာယာအရှေ့ပိုင်းမြိုနယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ဘုရင့်နောင်လမ်း၊ ကနောင်အိမ်ရာအနီးတွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။", "အလားတူ ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ ၀၂ မိနစ်နှင့် ည ၁၀ နာရီ ၂ မိနစ်အချိန်တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "“အင်းစိန်လမ်းကနေ ဗုံးပေါက်သံအကျယ်ကြီးကြားရတယ်။ တော်​တော်ကိုကျယ်​လောင်တဲ့ ဗုံးသံကြားရတာ။ နေရာတော့ အတိအကျ မသိရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့အတူ မြောက်ဒဂုံ၊ မြေက်ဥက္ကလာပမြို့နယ် တို့တွင်လည်း ယနေ့ည ၈ နာရီ ၂ မိနစ်အချိန်တွင် ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးရေးလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။", "(ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2022/12/75762/
အင်းတကော်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["အင်းတကော်တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်၊ ထုံးကြီးကျေးရွာတွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သက်မြင့်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သက်မြင့်ဦး(ခ)ဖိုးသက် ဆိုသူကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "“ရွာက စစ်တပ် အမာခံသတင်းပေး ဒလန်လေ ပျူစောထီးအဖွဲ့ဝင် သေသွားပြီ ဘယ်အဖွဲ့က ရှင်းလိုက်လည်းမသိဘူး သူ့ကြောင့် ဒုက္ခရောက်သွားတဲ့သူ မနည်းတော့ဘူး”ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သက်မြင့်ဦး(ခ)ဖိုးသက် ပစ်ခတ်ခံရပြီးနောက် အင်းတကော်-ထုံးကြီး ကားလမ်းတလျောက်တွင် စစ်ကောင်စီတပ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း၊ လသာကုန်းကျေးရွာထိပ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်ပြီး ကင်းပိုင်ကျုံ – ကျောက်တန်း – ဆယ်မိုင်ကုန်းလမ်းပိုင်းကိုပါ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။"]
https://yktnews.com/2023/03/92611/
အင်းတော်တွင် စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်တပ်က ရွာများကို ရမ်း ကားပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ ၊ စစ်တပ်က ဖုန်းနှင့်ငွေများ လုယက်
["အင်းတော်တွင် စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်တပ်က ရွာများကို ရမ်း ကားပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ ၊ စစ်တပ်က ဖုန်းနှင့်ငွေများ လုယက်", "ရန်ကုန်၊ မတ် ၁၆", "စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်တပ်က လမ်းဘေးနေအိမ်နှင့်ရွာများကို ရမ်းကားပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိကြောင်း အင်းတော် Indaw Revolution နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန် မော်လူး-နန့်စီးအောင်လမ်းပိုင်းနှင့် မော်လူးအင်းတော်လမ်းပိုင်းတွင် စစ်ကောင်စီကားများကို PDF နှင့် KIA တပ်များက မိုင်းဆွဲပြီး လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း", "၊ နန့်စီးအောင်မှ ဆင်းလာသည့် စစ်ကား ၃ ကားကို Tigher Army အဖွဲ့မှ ရှေ့ထွက်မိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၁၄ ရက်နေ့ ည ၉ နာရီခန့်တွင်လည်း မိုးညှင်းဘက်မှ ဆင်းလာသည့် စစ်ရိက္ခာကား ၄ စီးကို မော်လူးနှင့် နဘားကြားတွင် KIA ၊ KPDF ပူးပေါင်းအဖွဲ့ ၃ နေရာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြေင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များနိုင်ပြီး စစ်ကောင်စီကားတစ်စီးမှာ နေရာတွင် ထိုးရပ်သွားကြောင်း အင်းတော် Indaw Revolution ၏ အဆိုအရ သိရှိရသည်။", "တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်မှ ၎င်းတို့ သွားရာလမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် တုံးလုံရွာသား အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။", "ထို့ပြင် နဘားရွာအနီးတွင် လက်နက်ကြီးများနှင့် ၃ နဦရီကြာရမ်းသမ်းပစ်ခတ်ခဲ့မှုကြော့င့် ကမ်းနီရွာရှိနေအိမ်တစ်လုံးနှင့် နန်းမကြိုင်းရွာရှိ နေအိမ်တစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ နဘားရွာရှိ ဆိုင်များကိုလည်း ဝင်ရောက်ရှာဖွေကာ ကားဆရာများထံမှ ဖုန်း ၄ လုံးနှင့် ပိုက်ဆံ ၁၅ သိန်းကို ယူဆောင်သွားကြောင်း သိရှိရသည်။", "“ကျနော်တို့က ည၆နာရီကျော်ပြီဆိုတော့ ဆက်မသွားဘဲ နဘားလမ်းဆုံနားက ထမင်းဆိုင်မှာတွေနားပြီး အိပ်နေကြတာ။ ခရီးသည်တွေကလည်းအများကြီး ။အဲဒါ ည ၉နာရီခွဲကြီး စစ်ကားတန်း ဖြတ်တိုက်ခံခဲ့ရတယ် ။ အဲဒါ စစ်သားတွေ စိတ်တွေတိုပြီး နဘားလမ်းခွဲနားမှာ လာသောင်းကျန်းနေတာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်တွေကိုအကုန်ရမ်းပစ်နေတာ။ နှစ်နာရီတောင် ကျော်မယ်ထင်တယ် ။ ကားတွေ၊ဆိုင်တွေကိုလည်းအကုန်ဝင်မွှေပြီး လိုချင်တာတွေ အကုန်ဝင်ယူသွားတာ။ ကျွန်တော်တို့မှာကြောက်လို့ တစ်ညလုံးတောင် အိပ်မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။"]
https://yktnews.com/2023/03/93684/
အင်းတော်တွင် ရိက္ခာပို့ယာဉ်တန်းနှင့် လုံခြုံရေးစစ်သားများကို တိုက်ခိုက်မှု ၁၀ ဦးကျော် သေဆုံး
["အင်းတော်တွင် ရိက္ခာပို့ယာဉ်တန်းနှင့် လုံခြုံရေးစစ်သားများကို တိုက်ခိုက်မှု ၁၀ ဦးကျော် သေဆုံး", "ရန်ကုန်၊ မတ် ၂၂", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နှင့် ကသာမြို့နယ်ကြားတွင် ရိက္ခာပို့ အကြမ်းဖက် စစ်ယာဉ်တန်းနှင့် လမ်းလုံခြုံရေးယူပေးသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း Indaw Revolution – IR မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "မတ်လ၂၀ ရက် နံနက် ၉ နာရီခန့်က အင်းတော်မြို့မှ ဗန်းမောက်မြို့သို့ ရိက္ခာပို့ရန် ထွက်ခွာမည့် ယာဉ်တန်း ၃၅ စီးထွက်ခွာနိုင်ရန် လမ်းလုံခြုံရေးယူရန် ထွက်ခွာလာသော အကြမ်း ဖက်စစ်သား ၁၀၀ ခန်ကို အင်းတော်-ကသာလမ်းပိုင်း ၁၀ မိုင် ကျောက်ခဲစက်အနီး၌ KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး အ များအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“၂၀ ရက်နေ့မှာ လမ်းလုံခြုံရေး ပွိုင့်ယူပြီး ၂၁ ရက်နေ့မှာ အင်းတော်ကနေ့ ယာဉ်တန်း စထွက်ပါတယ်၊ယာဉ်တန်းက ဗန်းမောက်ကို ရိက္ခာသွားပို့တာ၊ တိုက်ပွဲက ၂၀ ရက်နဲ့ ၂၁ ရက် ၂ ရက်ဖြစ်ခဲ့တာ၊ တိုက်ပွဲ ဝင်ရဲဘော်တစ်ဦးပြောပြတာတော့ သူတို့ရှေ့မှာတင် ခွေးတွေ ပစ် ပစ် လဲတာတွေ မြင်ရတယ်၊ ခွေးတစ်ကောင်ဆို သေနတ်မှန်ပြီး သူ့လူတွေ လာကယ်ဖို့ အော်နေတာ ကြားနေရတယ်တဲ့” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "မတ်လ ၂၁ ညနေ ၄ နာရီခန့်တွင် အင်းတော်မြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို KIA ၊KPDF ပူးပေါင်းတပ်ဖွဲ့များမှ ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး ခန့်နေရာတွင်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို ကသာမြို့ရှိ အ ကြမ်းဖက်စစ်တပ် ၃၀၉ အတွင်းသို့ သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဗန်းမောက်သို့ ရိက္ခာသွားရောက်ပို့ဆောင်သော အကြမ်းဖက်စစ်ကား ၃၅ စီးသည် အင်းတောကို ပြန်ဆင်းလာပြီး အင်းတော်မှတဆင့် ကသာဘက်သို့ ပြန်ဆင်းသွားကာ ကသာမြို့ရှိ ၃၀၉ တပ်မှ တဆင့် ထီးချိုင့်မြို့နယ်ထဲသို့ ဆက်လက်ဆင်းသွားပြီဟု သတင်းရရှိထားကြောင်း ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/88879/
အင်းတော်နှင့် ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ
["အင်းတော်နှင့် ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Indaw Revolution-IR အဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန့်ခန့်တွင် အင်းတော်မြို့ တောင်ဘက် ရိက္ခာကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့​သောကြောင့် မိုးယူရွာနှင့် ကျော်ရွာတို့ကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "စစ်တပ် ပစ်ခတ်မှုကြောင့် ကျော်ရွာမှ အသက် ၇၈ အရွယ်အဖွားအို ၁ ဦး၊ အသက်၂၄ နှစ်အရွယ်နှင့် အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး၊ မိုးယူရွာမမှ အသက်၄၀အရွယ် အမျိုးသမီး ၁ ဦးတို့ ခြေတောက်၊ ကျော၊ ခေါင်းနှင့် လည်ပင်းတို့၌ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မိုးယူရွာမှ နေအိမ် ၁ လုံးနှင့် ကျော်ရွာမှ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ခင်ဦးမြို့နယ် အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများက အင်းပတ်ကျေးရွာအတွင်း ၆၀ မမများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၆၀ ကျော် အဖွားအို ၁ ဦးနှင့် အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦးတို့ ကျည်ထိမှန် ခဲ့ကြောင်း Khin U Specialforce Organization KSO အဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2023/04/99361/
အင်းတော်နှင့် ဒီးမော့ဆိုတို့တွင် စစ်ဘေးရှောင်ပြည်သူနှင့် အရပ်သား ၁၀ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်
["အင်းတော်နှင့် ဒီးမော့ဆိုတို့တွင် စစ်ဘေးရှောင်ပြည်သူနှင့် အရပ်သား ၁၀ ဦးကို စစ်တပ်က ရက်ရက် စက်စက် သတ်ဖြတ်", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ဖမ်းဆီး ခေါ်ဆောင်သွားသည့် မံဟဲရွာသား ၅ ဦး၏ ရုပ်အလောင်းများ ပြန်လည်တွေ့ရှိခဲ့​ကြောင်း Indaw Revolution – IR အဖွဲ့ထံမှ သိရသည်။", "မတ်လ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မံဟဲ‌ ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး မံဟဲရွာသား ၅ ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ကိုညီညီ၊ အသက် ၂၅ နှစ်အရွယ် ကိုလောရှုပ်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မင်းသိုက်နှင့် ကိုနေလင်းထွန်း၊ အသက် ၄၈ နှစ်အရွယ်ကိုဖိုးရှမ်းတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "အဆိုပါ ပြည်သူ ၅ ဦး၏ ရုပ်အလောင်းများကို ၁ လကျော်အကြာ မော်လူးမြို့တောင်ဘက် ၄ မိုင်ခန့်ရှိ တောထဲတွင် အပိုင်းပိုင်း ခုတ်ဖြတ်ကာ မီးရှို့ထားသည့် အနေအထားဖြင့် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Indaw Revolution – IR အဖွဲ့ထံမှ သိရသည်။", "အလားတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာအတွင်း အသုံးအဆောင် ပစ္စည်း ပြန်ယူသည့် ပြည်သူ ၅ ဦး ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Union Of Karenni State Youth – UKSY အဖွဲ့ထံမှသိရသည်။", "ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာမှ ပြည်သူ ၃ ဦးနှင့် ဇီးဖြူကုန်းကျေးရွာရှိ ပြည်သူ ၂ ဦးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "ဒီးမော့ဆို မြို့နယ် စံပြ ၆ မိုင် ကျေးရွာရှိ ဒေါ်မာတိတယ်၏ ခင်ပွန်းဖြစ်သူ ဦးမာရိနိုသည် စစ်ဘေးရှောင်နေရာမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရွာထဲဝင်ရှိ သမီးဖြစ်သူအတွက်‌ ကျောင်းသုံးစာအုပ်၊ အရေးကြီးစာရွက်စာတမ်းများ၊ စားနပ်ရိက္ခာအနည်းငယ်ကို အခြား ကျေးရွာသား ၂ ဦးနှင့် အတူ ပြန်ယူရာတွင် အကြမ်းဖစ်စစ်ကောင်စီမှ ၃ ဦး လုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "“ ရက်ရက်စက်စက် သတ်သွားတာ ၃ ယောက်စလုံးကိုတစ်နေရာတည်းမှာ သူများ အိမ်သာကျင်းထဲမှာ ပစ်ချထားခဲ့တာ။ သူတို့ပျောက်နေတာ တစ်လလောက်ရှိမှပဲ သေတယ်ဆိုတာသိရတယ် ။ လူငယ်တွေက ပြန်ရှာပေးကြတယ်။ တွေ့တဲ့ အချိန်က အရိုးတွေပဲကျန်တယ်။ ချက်ချင်းတော့ ဆယ်ထုတ်လို့မရသေးဘူး ။ စစ်တပ်ဘက်က သေနတ်ကြီးတွေ ဆက်တိုက်ပစ်လာလို့ နောက်တစ်လလောက်နေမှ ပြန်တူးဖော်ပြီး မြှုပ်ရတယ်။ တစ်ယောက်နဲ့ တစ်ယောက်က ခန့်မှန်းလို့ မရတော့ဘူး။ တခြားရွာမှာပဲ ဖြစ်သလို မြှုပ်နှံခဲ့ရတယ်။ ကိုယ်တိုင်လည်း မမြင်တွေ့လိုက်ရဘူး” ဟူ၍ ဦးမာရိနို၏ ဇနီးဖြစ်သူ ဒေါ်မာတိတယ်၏ ပြောကြားချက်ကို Union of Karenni State Youth – UKSY ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "လက်ရှိအချိန်တွင် ဒေါ်မာတိတယ်တို့ မိသားစုသည် စစ်ဘေးရှောင်နေဆဲ ဖြစ်ပြီး သားသမီးများမှာလည်း အရွယ်မရောက်သေးသည့်အတွက် အခက်အခဲများ ရှိကာ အလှူရှင်များကိုသာ အားကိုးနေရကြောင်း၊ နိုင်ငံတကာအနေနှင့် အမှတ်တရားဘက်မှ ရပ်တည်ပေးရန် လိုအပ်ပြီး စစ်ကောင်စီဝင်များ အမြစ်ပြုတ်မှသာ ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် အရှုံးပေးခဲ့လျှင်လည်း ယခုထက်ပိုမို ရက်စက်မည်သာဖြစ်၍ ၎င်းတို့ မရှိတော့သည်သာ အကောင်းဆုံးဖြစ်ကြောင်း ဒေါ်မာတိတယ်က ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဦးမာရိနိုတို့ ၃ ဦးအပြင် ဇီးဖြူကုန်းကျေးရွာရှိ မောင်ကလာတီးနိုနှင့် မောင်ဖရန်စ္စကိုတို့ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "မောင်ကလာတီးနိုနှင့် မောင်ဖရန်စစ္စကိုတို့ ၂ ဦးသည် ညီအစ်ကိုများ ဖြစ်ကြပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာမှုနှင့် ကြုံတွေ့ခဲ့ရပြီး စစ်ကောင်စီဝင်များက ဖမ်းဆီးချုပ်နှောင်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Union of Karenni State Youth – UKSY မှ သတင်းထုတ်ပြန်သည်။", "“ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဇီးဖြူကုန်းမှာ ညီလေးနှစ်ယောက်စလုံးက ရိက္ခာပြန်ယူတော့ စစ်သားတွေကလည်း ရွာထဲကိုဝင်လာတယ် ရွာကနေ ညီလေးတို့က ပြန်ထွက်မမီလို့ စစ်တပ်က စံပြ -၆ မိုင် ရွာဘက်ကို ခေါ်သွားပြီး သတ်လိုက်တယ်။ ပြီးတော့ ရေတွင်းထဲကိုပစ်ချထားခဲ့တယ် ။ ဘယ်အချိန်မှာ သတ် သွားတာလဲဆိုတာတော့ မသိရဘူးပေါ့။ အဲ့တုန်းက ကျွန်တော်တို့လည်း စုံစမ်းလို့မရတော့ဘူး။ ဧပြီလမှ အချိန်ကြာသွားတော့မှ ရုပ်အလောင်းကိုပြန်ရတယ်၊ ပြန်တွေ့ရတယ်” ဟု သေဆုံးသူတို့၏ အစ်ကိုဖြစ်သူ ဦးမားရ်ကို၏ ပြောကြားချက်ကို Union of Karenni State Youth – UKSY တွင် ဖော်ပြထားသည်။", "လက်ရှိအချိန်အထိ သေဆုံးသွားသူ ညီအစ်ကို နှစ်ဦးအတွက် ဆုတောင်းပွဲ မလုပ်ဆောင်ရသေးကြောင်း၊ နေအိမ်သို့ ပြန်လိုသော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ လေယာဉ်များ လာမည်ကို စိုးရိမ်နေရ၍ စစ်ဘေးရှောင်နေရကြောင်း ဦးမားရ်ကိုက ပြောကြားသည်။"]
https://yktnews.com/2023/06/105549/
အင်းတော်နှင့် ဗန်းမောက်ရှိ ရွာများမှ ပြည်သူများ စစ်ဘေးရှောင်စဥ် အိမ်မွေးတိရစ္ဆာန်များကို ABSDF တပ်ဖွဲ့က ထိန်းသိမ်း စောင့်ရှောက်ပေး
["အင်းတော်နှင့် ဗန်းမောက်ရှိ ရွာများမှ ပြည်သူများ စစ်ဘေးရှောင်စဥ် အိမ်မွေးတိရစ္ဆာန်များကို ABSDF တပ်ဖွဲ့က ထိန်းသိမ်း စောင့်ရှောက်ပေး", "ရန်ကုန်၊ ဇွန် ၁", "စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် ဗန်းမောက် မြို့နယ် အကြား တိုက်ပွဲများ၌ ပြည်သူများ စစ်ရှောင်သွားစဥ် မော်တိတ်ရွာနှင့် ရွာသာယာရွာတို့မှ ပြည်သူများ မွေးမြူထားသည့် နွား၊ ဝက်များကို အစာရေစာ မပြတ်လပ်စေရေး ABSDF ရဲဘော်များက ပြုစု ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/130262/
အင်းတော်မြို့ ရဲစခန်းမှ ရဲမိသားစုဝင်များ စစ်တပ်ကုန်းကို ပြောင်းရွှေ့သွားပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်
["အင်းတော်မြို့ ရဲစခန်းမှ ရဲမိသားစုဝင်များ စစ်တပ်ကုန်းကို ပြောင်းရွှေ့သွားပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ရဲစခန်းမှ ရဲမိသားစုဝင်များ စစ်တပ်ကုန်းကို ပြောင်းရွှေ့သွားပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်ခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "နိုဝင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း အင်းတော်မြို့ အနီးရှိ နန်းခင့်နှင့် နဘားအနောက်ဘက်ရှိ တောင်ကြားအတွင်းကို အကြမ်းဖက် စစ်တပ်က Jet Fighter ၂ စီးဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့​ပြီး တောထဲကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်သူမရှိကြောင်း သိရသည်။", "ယင်းသို့ ပစ်ခတ်မှု ပြုလုပ်ပြီးနောက် ညပိုင်းတွင် အင်းတော်ရဲစခန်းမှ ရဲမိသားစုဝင်များက စစ်တပ် ကုန်းကို ပြောင်းရွှေ့သွားပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကာ ကျော်ရွာသင်္ချိုင်း အနီး နှင့် နတ်မဟုတ်ကြီး-ကမ်းနီရွာ အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "“လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာ ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ သူတို့ လာသိမ်းမှာကြောက်ပြီး ပစ်ခတ်နေတာ။ လူထိခိုက်မှုတော့ မရှိဘူး။ အင်းတော်ရဲစခန်းက ရဲမိသားစုတွေ၊ လက်နက်တိုက်၊ ပိုက်ဆံတိုက်တွေလည်း အကုန် စစ်တပ်ကုန်းကို မနေ့က ပြောင်းထားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/210581/
အင်းတော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်
["အင်းတော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ ဧပြီ ၈", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက် တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“သတင်းက ဒီနေ့မနက်လောက်မှအတည်ပြု ထုတ်ပြန်ဖို့နဲ့ ဖြန့်ဖို့ပါ။ ဒါပေမယ့် မြေပြင်က သတင်းက ထိန်းမနိုင်တော့လို့ သတင်းပေါက်သွားတာ။ စစ်ကောင်စီကတော့ တစ်နေကုန် လေယဉ်တွေနဲ့ ဗုံးတွေ တောက်လျှောက် လာကျဲနေတာ။ ဗုံးကျဲတာ စုစုပေါင်း ၅၉ ကြိမ်လောက်ရှိတယ်” ဟု KIA ရှေ့တန်းသတင်းရင်း မြစ်က ပြောဆိုသည်။", "အင်းတော်မြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အင်းတော်မြို့ရဲစခန်း၊ ထွေ/အုပ်ရုံး၊ နဘားလမ်းဆုံနှင့် နဘားရွာဘုန်းကြီးကျောင်းရှိ စစ်စခန်းများကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်လုပ်ကာ ခုခံခဲ့ကြောင်း၊ အင်းတော်မြို့ရှိ အကြမ်း ဖက် စစ်တပ်၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကုန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၇ လကျော်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိကာ အင်းတော်တစ်မြို့နယ်လုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အင်းတော်ကို ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ရတယ်။ စစ်ကူစစ်ကြောင်းတွေကိုလည်း အကြိမ်ကြိမ် ကြားဖြတ် တိုက် ခိုက်ခဲ့တယ်။ ကိုယ့်ဘက်ကလည်း ထိခိုက် ဆုံးရှုံးမှုတွေရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/10/126682/
အင်းတော်မြို့နယ်တွင် PDF ထောက်ပို့တာဝန်ခံကို စစ်တပ်က သတ်ဖြတ်ပြီး ၎င်းတို့နှင့် ပူးပေါင်းနေသည်ဟု ဝါဒဖြန့်
["အင်းတော်မြို့နယ်တွင် PDF ထောက်ပို့တာဝန်ခံကို စစ်တပ်က သတ်ဖြတ်ပြီး ၎င်းတို့နှင့် ပူးပေါင်းနေသည်ဟု ဝါဒဖြန့်", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကမ်းနီရွာထိပ်တွင် PDF မြောက်ပိုင်းတိုင်း ထောက်ပို့တာဝန်ခံ ကိုသိန်းဇော် ဦး ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ပြီး ၎င်းတို့နှင့်ပူးပေါင်းနေသည်ဟု ဝါဒဖြန့်နေကြောင်း ကိုသိန်း ဇော်ဦးနှင့် နီးစပ်သူ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၇ ရက်နေ့က အင်းတော်မြို့နယ်၊ ကမ်းနီကျေးရွာထိပ်တွင် မြောက်ပိုင်းတိုင်း စစ်ဒေသ ထောက်ပို့တာဝန်ခံ အသက် ၄၁ နှစ်အရွယ် ကိုသိန်းဇော်ဦးကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ လက် အောက်ခံ ခမရ ၁၀၁ တပ်သားများမှ လက်ပြန်ကြိုးတုတ်ကာ ရက်ရက်စက်စက် ဓားဖြင့် အချက်ပေါင်း များစွာထိုးသတ်ခဲ့ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ကိုသိန်းဇော်ဦးရုပ်အလောင်းကို ပြည်သူများမှ မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။", "“သူ့အလောင်းဆိုတာ သေချာတယ်၊ အသတ်ခံရတဲ့ ဓာတ်ပုံနဲ့ တိုက်စစ်ပြီးပြီ၊ အဲဒါကို အင်းတော်ရဲစခန်း နဲ့ စစ်တပ်က ကိုသိန်းဇော်ဦးဟာ သူတို့နဲ့အတူရှိပါတယ်၊ သူတို့နဲ့ ပူးပေါင်းနေပါတယ်ဆိုပြီး ဝါဒဖြန့်နေ တယ်၊ သူ့မိသားစုတွေနဲ့ အဆက်အသွယ် ရထားပြီးပါပြီ၊ သူက အင်းတော်ဇာတိမဟုတ်ဘူး၊ ကသာဘက်က ပါ၊ အလုပ်ကိစ္စနဲ့ အင်းတော်ဘက်ကို ဝင်ရင်း ဖမ်းဆီးခံလိုက်ရတာ” ဟု ကိုသိန်း ဇော်ဦးနှင့် နီးစပ်သူ ရဲဘော်တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က အင်းတော်မြို့၊ သံလမ်းကူးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂ လအကြာ အောက်တိုဘာလ ၆ ရက် ညနေပိုင်းက ကသာမြို့နယ်သို့ ထွက်ခွာသည့် စစ်တပ်စစ်ကြောင်းမှ လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ဖမ်း ဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်သည့် ပြည်သူများမှလည်း အတည်ပြုပြောကြားပေးခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/05/104160/
အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦးပေးပို့ရ
["အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦးပေးပို့ရ", "ရန်ကုန်၊ မေ ၂၄", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်တပ် အရာရှိများ ပျော်ပါးရန်အတွက် ကျေးရွာများမှ ၁ ရက်ကို အမျိုးသမီးငယ် ၅ ဦး ပေးပို့နေရကြောင်း ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အင်းတော်မြို့နယ်၊ အနောက်ဖက်ခြမ်းရှိ နန့်သာအောင်းကုန်း ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အရာရှိများ ပျော်ပါးရန် အတွက် ကျေးရွာနေ ပြည်သူများက မိန်းကလေးငယ် ၅ ဦးကို ကျေးရွာမှ နေ့စဥ် ပေးပို့နေရကြောင်း သိရှိရသည်။", "” ကျေးရွာမှာရှိတဲ့ မိန်းကလေးငယ် ၁ ရက်ကို ၅ ဦး ခြေတော်တင်ဖို့ ပျော်ပါးဖို့အတွက် ကျေးရွာမှာရှိတဲ့ အစိမ်း ထောက်ခံတဲ့ သူတွေက ကိုယ့်ရွာသူ ရွာသားတွေရဲ့ မျက်နှာမှ မထောက် သူများ သားပျို သမီးပျိုတွေကို ဒီလိုဖျက်လို့ဖျက်ဆီးလုပ်တာ တော်တော်ရင်နာစရာလည်းကောင်းတယ်။ တော်တော်စိတ်နာစရာလည်းကောင်းပါတယ်။ ဘယ်သော အခါမှ ဒါမျိုးတွေ မဖြစ်စေရဘူး” ဟု ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောကပြောဆိုသည်။", "ကျေးရွာသူ ကျေးရွာသားများသည် ရွာကို အန္တရာယ် ပြုမည် စိုးရိမ်သောကြောင့် အဆိုပါ ဖြစ်ရပ်ကို မတိုင်တန်းရဲဘဲ ကြိတ်မှိတ် ခံစားနေရသည်ကို မကြည့်ရက်သောကြောင့် တပ်တွင်း သတင်းပေး ၁ ဦးမှ တိုင်ကြားလာသည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်အရှက်တရား၊ ဂုဏ်သိက္ခာတို့ကို ကာကွယ်ပေးရန်အတွက် ABSDF စစ်ကြောင်းမှ မဟာမိတ်ညီနောင်များနှင့် ပူးပေါင်းကာ သွားရောက်လှုပ်ရှားခဲ့ရခြင်းဖြစ်ပါတယ်။", "” ကျွန်တော်တို့ အင်းတော်မှာ စစ်ကြောင်းထိုးရတဲ့ ရည်ရွယ်ချက်ကလည်း ပြည်သူတွေပေါ်မှာ အရည်းကြီး ဆန်ဆန် ကျင့်သုံးနေတဲ့ ပြည်သူတွေအပေါ်မှာ အနိုင်ကျင့်နေတဲ့ ကာမနဲ့ ပတ်သက်ပြီးတော့ လိင်ကျွန်တွေ ပြုမူနေတဲ့ ကျေးရွာတွေကို ကျေးရွာအမျိုးသမီးငယ်တွေ အပေါ်မှာ လိင်ကျွန်ပုံစံမျိုး ဆက်ဆံနေတဲ့ စစ်ကောင်စီဟာ ဖက်ဆစ်ထက် ဆိုးဝါးတဲ့ တစ်ကယ်ကို အရိုင်းဆန်တဲ့ တကယ်ကို ဆိုးဝါးတဲ့ စစ်ကောင်စီကို တားဆီးဖို့အတွက် ကျွန်တော်တို့ စစ်ရေး လှုပ်ရှား ရခြင်းဖြစ်တယ်” ဟု ABSDF မြောက်ပိုင်းမှထောက်လှမ်းရေး တာဝန်ခံ ကိုစောက ထပ်မံ ပြောဆိုသည်။", "လက်ရှိချိန်တွင် အင်းတော်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ABSDF၊ PDF ပူးပေါင်း တပ်ဖွဲ့များ အကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ များပြားကြောင်း သိရသည်။"]
https://yktnews.com/2023/11/132114/
အင်းတော်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
["အင်းတော်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ နဘားလမ်းဆုံ စော်မော်ချောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Indaw Revolution – IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းတော်မြို့နယ်ရှိ နဘားလမ်းဆုံ စော်မော်ချောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံးကျဲချကာ လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး ။ ဒီအတိုင်း လေယာဉ်က အကြောင်းမဲ့ လာကျဲတာ။ ဆိုင် ၁ ဆိုင် မီးလောင်ခဲ့တယ်။ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ ၃ ဘီးဆရာတစ်ယောက်သေသွားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်၏ အဆိုပါ ပစ်ခတ်မှုသည် ပြည်သူများရှိသည့်နေရာကို တမင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်းတော်စစ်တပ်ကုန်းမှလည်း အဆက်မပြတ်လက်နက်ကြီးများနှင့် လှမ်း၍ ပစ်ခတ်ကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“အဲဒီနေရာမှာ ဆိုင်တွေ ရှိတယ်လေ။ အဲဒီနေရာက ရွာလည်း မဟုတ်ဘူး၊ ရပ်ကွက်လည်း မဟုတ်ဘူး။ စော်မော်ချောင်းဆိုတဲ့ နေရာမှာ သီးခြား ။ မန္တလေး မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်မှာ ရှိတဲ့အတွက် ဈေးဆိုင်တွေ ၊ ဝက်ခ်ရှော့တွေ ရှိနေတဲ့နေရာ။ ပြည်သူတွေကို တမင်လာပစ်သွားတာ” ဟု Indaw Revolution – IR မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2023/11/132197/
အင်းတော်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
["အင်းတော်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ နဘားလမ်းဆုံ စော်မော်ချောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဥ်ဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Indaw Revolution – IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းတော်မြို့နယ်ရှိ နဘားလမ်းဆုံ စော်မော်ချောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံး ၆ လုံးကျဲချကာ လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး ။ ဒီအတိုင်း လေယာဉ်က အကြောင်းမဲ့ လာကျဲတာ။ ဆိုင် ၁ ဆိုင် မီးလောင်ခဲ့တယ်။ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့ ပြည်သူတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်။ ၃ ဘီးဆရာတစ်ယောက်သေသွားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်၏ အဆိုပါ ပစ်ခတ်မှုသည် ပြည်သူများရှိသည့်နေရာကို တမင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်းတော်စစ်တပ်ကုန်းမှလည်း အဆက်မပြတ်လက်နက်ကြီးများနှင့် လှမ်း၍ ပစ်ခတ်ကြောင်းလည်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“အဲဒီနေရာမှာ ဆိုင်တွေ ရှိတယ်လေ။ အဲဒီနေရာက ရွာလည်း မဟုတ်ဘူး၊ ရပ်ကွက်လည်း မဟုတ်ဘူး။ စော်မော်ချောင်းဆိုတဲ့ နေရာမှာ သီးခြား ။ မန္တလေး မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်မှာ ရှိတဲ့အတွက် ဈေးဆိုင်တွေ ၊ ဝက်ခ်ရှော့တွေ ရှိနေတဲ့နေရာ။ ပြည်သူတွေကို တမင်လာပစ်သွားတာ” ဟု Indaw Revolution – IR မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2023/08/119476/
အင်းတော်မြို့နယ်တွင် စစ်တပ်၏ စစ်ခုံရုံးက ပြည်သူ ၄ ဦးကို သေဒဏ်ချမှတ်
["အင်းတော်မြို့နယ်တွင် စစ်တပ်၏ စစ်ခုံရုံးက ပြည်သူ ၄ ဦးကို သေဒဏ်ချမှတ်", "ရန်ကုန်၊ ဩဂုတ် ၂၃", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ၏ စစ်ခုံရုံးက ပြည်သူ ၄ ဦးကို သေဒဏ်ချမှတ် ခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၁၈ ရက်နေ့ အဆိုပါပြည်သူ ၄ ဦးကို အင်းတော်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများမှာ မုံရွာနှင့်မြစ်ကြီးနား ခရီးသည်တင် ယာဉ် မောင်းသည့် ကိုဇော်မျိုးထွန်း(ခ)တိုနီ၊ ထီးချိုင့်မြို့နယ်မှ ကိုကျော်စွာဝင်း(ခ)ကျော်စွာ၊ မမြင့်မြင့်အေး (ခ) အေးအေးနှင့် အင်းတော်မြို့၊ ရေတွင်းကုန်းရပ်ကွက်နေ အောင်ကျော်ကျော်မိုး(ခ)လားလားတို့ဖြစ် ကြောင်း သိရသည်။", "“ပြင်ပကလူတွေက ခရီးသွားလာရင်းဖမ်းခံလိုက်ရတာ၊ မုံရွာ -မြစ်ကြီးနားခရီးသည်တင်ယာဉ်မောင်းတဲ့သူလည်းပါတယ်၊ အခုလောလောဆယ်တော့ တခြားဆီကို ပို့ထားတယ်လို့ မကြားမိသေးဘူးဗျ၊ တ ကယ်လို့ ပို့မယ်ဆိုရင်တော့ ကသာထောင်ကို ပို့လောက်တယ်၊ သေဒဏ်ချတာကတော့ ဒါပထမ ဆုံးပဲဗျ၊ အဓိကတော့ အင်းတော်က နယ် စပ်လည်းဖြစ်တယ်၊ ကသာသွားလို့ရတယ်၊ ထီးချိုင့်သွား လို့လည်းရ တယ်၊ ဗန်းမောက်သွားလို့လည်းရတယ်၊ KIA နဲ့လည်းအနီးဆုံးနီးတဲ့နေရာမှာရှိတယ် ဆိုတာ့ ပြည်သူ တွေကြောက်အောင်ခြောက်တဲ့သဘောလုပ်တယ်လို့ မြင်ပါတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောကြားသည်။", "ခရီးသည်တင်ယာဉ်မောင်း ကိုဇော်မျိုးထွန်း(ခ)တိုနီမှာ ပြီးခဲ့သည့် ဧပြီလပိုင်းက ကားမောင်းရင်း အင်း တော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသူဖြစ်ကြောင်း၊ ကိုကျော်စွာဝင်း(ခ) ကျော်စွာနှင့် မမြင့်မြင့်အေး (ခ) မအေးအေးနှင့် ကိုအောင်ကျော်ကျော်(ခ)လားလားတို့ မှာ ဇွန်လပိုင်းခန့်က အင်းတော်မြို့ထဲ၌ ဖမ်း ဆီးခံရသူများဖြစ်ကြောင်း သိရသည်။", "၎င်းတို့ ၄ ဦးစလုံးကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၈ရက်နေ့တွင် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ပြီး အင်းတော်မြို့နယ်တွင် ပထမဆုံးချမှတ်သည့် သေဒဏ်ဖြစ်ကြောင်း သိရသည်။", "အင်းတော်မြို့နယ်တွင် အကြမ်းဖက်စ်သားများမှ ပြည်သူများကို နေ့စဉ်နှင့် အမျှ လိုက်လံဖမ်းဆီး လျက်ရှိပြီး တစ်သက် တစ်ကျွန်း ချမှတ်ခံရသည့်ပြည်သူများမှာ ၁၀ ဦး ထက်မနည်းရှိကြောင်း၊ အင်းတော်မြို့ ပေါ်နှင့် အင်းတော်မြို့အဝင်အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဖုန်းများ၊ Message များ ဓာတ်ပုံများပါ စစ်ဆေးလျက်ရှိနေပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘ ပြည် သူများအနေဖြင့် အထူးဂရုစိုက်သွားလာကြပါရန် Indaw Revolution – IR မှ အသိပေးထားသည်။"]
https://yktnews.com/2023/05/104547/
အင်းတော်မြို့နယ်၊ ကျွန်းတောရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု အဖွားအို ၁ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ ပျက်စီး
["အင်းတော်မြို့နယ်၊ ကျွန်းတောရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု အဖွားအို ၁ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ ပျက်စီး", "ရန်ကုန်၊ မေ ၂၆", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ၊ ကျွန်းတောကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၉၃ နှစ် အရွယ် အဖွားအို ၁ ဦးနှင့် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၂၅ ရက် နံနက် ၁၀ နာရီခန့်က ကျွန်းတောရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၂၀ ခန့် သေဆုံးပြီး အထိနာသွားသော အကြမ်းဖက် စစ်တပ်သည် ကျွန်းတောကျေးရွာအတွင်း ဝင်ရောက် တပ်စွဲပြီးနောက် တိုက်လေယာဉ် ၂ စီးဖြင့် ပြည်သူလူထု နေထိနေအိမ် များ နှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ဗုံးသီး ၂၆ လုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ကျွန်းတောရွာပေါ်ကို တမင်ကျဲချတာ၊ မနက် ၁၀ နာရီလောက်မှာ တစ်ကြိမ်၊ ညနေ ၃နာရီလောက်မှာ တစ် ကြိမ်၊ လေယာဉ် ၂ စီးနဲ့ ဗုံးသီး ၂၆ လုံးပဲ၊ နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာ သင်ကျောင်း၊ ဆန်စက်တွေ ပျက်စီး တယ်၊ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အဖွားတစ်ဦး သေတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ကျ ဆုံးတယ်၊ တခြားပြည်သူတွေ ထိခိုက်မှုတော့ မကြားရဘူး၊ စစ်ခွေးတွေ အထိနာလို့ ကျဲချတာ” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်ဗိုလ်နှင့် ဒဏ်ရာရရှိသော စစ်သားများကို ရွာသာယာရွာမှ ၄ လုံးထိုး မြေသယ်ကားဖြင့် အင်းတော်မြို့ စစ်တပ်ကုန်းသို့ သယ်ဆောင်သွားကြောင်း၊ အခြားအဆင့် စစ် သားများကို နေရာမှာပင် မြှုပ်နှံသင်္ဂြိုလ်လိုက်ကြောင်း၊ ကျန်ရှိနေသော အကြမ်းဖက်စစ်သားများမှာ ကျွန်း တော ကျေးရွာအတွင်း၌ပင် ရှိနေသေးကြောင်း သိရသည်။", "မတ်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တွင်လည်း အင်းတော်မြို့နယ်၊ ရွာသာယာကျေးရွာအနီး၌ ယင်း အကြမ်းဖက် စစ်သားများကို ABSDF၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ရာ ရွာသာယာဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့သည်။"]
https://yktnews.com/2022/08/30854/
null
["အင်းတော်မြို့နယ်၊ နဘားကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၄", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကြား ယမန်နေ့ ဩဂုတ်လ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း အင်းတော် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။", "နဘားကျေးရွာမှ နဘားလမ်းဆုံဘက်သို့ ထွက်လာသော အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA၊ PDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်သားများ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် နားရခေါင်ကျေးရွာရှိ နေအိမ် ၂ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သလို အကြမ်းဖက်စစ်သားများသည် နဘားလမ်းဆုံအနီးရှိ ဆိုင်နှင့် နေအိမ်များမှ ရွှေ၊ ငွေ၊ ဖုန်းနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများကို လုယူသွားကြောင်း သိရှိရသည်။", "ယင်းနောက် နံနက် ၁၁ နာရီခန့်တွင် ပိန္နဲကုန်းကျေးရွာသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄၀ ကျော်အရွယ် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း အင်းတော် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။", "အလားတူ ရေဦးမြို့မှ ခြေလျင်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်ကို KSO၊ Wolf Guerilla(Ye-U)၊ Khin U – Dog Killers အဖွဲ့များက ခင်ဦးမြို့နယ်၊ မူးမြစ်ကူးတံတားအရှေ့ဘက်တွင် မိုင်း ၆ လုံးဖြင့် ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက်၌ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း Khin U Support Organization က သတင်းထုတ်ပြန်သည်။", "ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်း ၃ လုံးတွဲဖြင့် ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်သည် အနီးဝန်းကျင်ရှိ ပြည်သူပိုင် ကား ၁ စီးကို အဓမ္မ ချောဆွဲကာ ဒဏ်ရာရစစ်သားများကို ရွာသစ်ကုန်းအတွင်းရှိ စစ်ကောင်စီစခန်းအတွင်းသို့ ပို့ဆောင်ခိုင်းကြောင်း သတင်းရရှိသည်။", "ဓါတ်ပုံ – အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ"]
https://yktnews.com/2024/01/138161/
အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးစွန့်ခွာ၊ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ ရှင်းလင်း
["အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးစွန့်ခွာ၊ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ ရှင်းလင်း", "ရန်ကုန်၊ ဇန်နဝါရီ ၁", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ကျန်ရှိနေသော ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း Indaw Revolution – IR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၃၀ ရက်ညနေပိုင်းက မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အင်းတော်မြို့၊ တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးလာပြီး မဲဇာကျေးရွာ အရှေ့ဘက် ဟဲနုမြောက်ရွာအထိ လာရောက်ကြိုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခုလက်ရှိအချိန်တွင် တပ်မ ၇၇ လက်အောက်ခံစစ်ကြောင်းမှာ မိုးယူရွာကို ရောက်ရှိနေကြောင်း၊ မဲဇာရဲစခန်းမှ ထွက်လာ သောစစ်ကောင်စီတပ်သားများမှာ အင်းတော်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။", "“မဲဇာရဲစခန်းမှာက အင်အား ၃၀ လောက်ပဲရှိတာဆိုတော့ ဝင်တိုက်ခံရမှာကြောက်ပြီး အင်း‌ တော် ရဲစခန်းကို သွားပေါင်းတဲ့ သဘောပါ၊ မနေ့က ရဲစခန်းကို မြို့နယ်ပကဖအဖွဲ့တွေ ဝင်ရှင်းတော့ ဘာမှ မကျန်ခဲ့ဘူး၊ ကျည် ၃ တောင့်နဲ့ ဦးထုပ် တစ်လုံးပဲတွေ့တယ်၊ မနေ့က ရဲစခန်းကို မီးဝင်ရှို့တော့ လက် နက်ကြီးနဲ့ လှမ်းထုတာ အလယ် ဆိပ်ရွာက ရွာနှစ်ကောင်သေတယ်၊ ဒီနေ့မနက်လည်း အဲဒီမဲဇာရဲ စခန်းကို ပကဖတွေ ထပ်ဝင်မီးရှို့ သေးတယ်၊ အဲလိုမီးရှို့တဲ့အချိန်မှာ အင်းတော်မြို့ကနေ လက်နက် ကြီးနဲ့ လှမ်းသေးတယ်၊ လက်နက် ကြီးလှမ်းထုလို့ရတဲ့နေရာဆိုတော့ PDF တွေလည်း အထိုင်မချရဲ ဘူး” ဟု Indaw Revolution – IR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ မဲဇာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းစစ်ဆေးစဉ် အင်းတော်မြို့ စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မဲဇာစာသင်ကျောင်းနှင့် အလယ်ဆိပ်ရွာ အနီးသို့ ကျရောက်ပေါက်ကွဲပြီး အလယ်ဆိပ်ရွာမှ နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ၂၀၂၂ ခုနှစ်တွင် မဲဇာနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သဖြင့် မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/04/210276/
အင်းတော်မြို့မဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ ၊ ဗုဒ္ဓရုပ်ပွားတော်၊ ဘုန်းကြီးကျောင်း၊ဓမ္မာရုံ အပါအဝင် အဆောက်အအုံများပျက်စီး
["အင်းတော်မြို့မဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ ၊ ဗုဒ္ဓရုပ်ပွားတော်၊ ဘုန်းကြီးကျောင်း၊ဓမ္မာရုံ အပါအဝင်အဆောက်အအုံများပျက်စီး", "ရန်ကုန်၊ ဧပြီ ၅", "အကြမ်းဖက် စစ်ကောင်စီတပ်က အင်းတော်မြို့မ ဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း Indaw Revolution-IR ၏ သတင်းထုတ်ပြန်ချက်နှင့် KIA သတင်းရင်း မြစ်၏ ပြောဆိုချက်အရ သိရှိရသည်။", "ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၂ စီးက ဗုံး ၄ အင်းတော် မြို့မဘုန်းကြီးကျောင်းတည့်တည့်သို့ ကျဲချခဲ့ကြောင်း၊ အဆိုပါဗုံးကျဲချမှုကြောင့် အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်း၊ ဆွမ်းစားဆောင်၊ဓမ္မာရုံတို့ မီးလောင်ခဲ့ပြီး ရပ်တော်မူရုပ်ပွားတော်၊ မြို့တော်ခန်းမ၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းတို့ ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အဆိုပါဘုန်းကြီးကျောင်းထဲတွင် စစ်ကောင်စီနှင့်အတူ ရှိနေသည့် ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“အင်းတော်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲတာပါ။ စစ်ရေးက ရင်ဆိုင်ထားတာရှိတယ်။ သူတို့တပ်စခန်း ကြီးတစ်ခုတည်း ကျန်တော့တယ်။ ထိတွေ့ပစ်ခတ်တာမျိုးကတော့ အမြဲမပြတ်ရှိတယ်။ လေယာဉ်တွေကတော့ ကင်းထောက်လိုက် ဗုံးကျဲလိုက်ပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "KIO ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကလည်း စစ်တပ်အနေဖြင့် အပစ်အခတ်ရပ်စဲရေးဟု တစ်ဖက်သတ် ကြေညာပြီး ၎င်း၏ ကြေညာချက်ကို ပြန်လည် ချိုးဖောက်နေကြောင်း၊ အင်းတော်ဒေသသို့ စစ်ကောင်စီတပ်က ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း ဧပြီလ ၃ ရက်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုထားသည်။", "အင်းတော်ဒေသသတင်းရင်းမြစ် Indaw Revolution-IR က စစ်ကောင်စီတပ်အနေဖြင့် မြို့ပေါ် ပြည်သူများ ငလျင်ဒဏ် အလူးအလဲ ခံနေရချိန် ကူညီကယ်ဆယ်ရေးတွင် ထိရောက်စွာ လုပ်ကိုင်ခြင်းမပြုဘဲ အရပ်သားပြည်သူများရှိသည့်နေရာများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ ငလျင်ဘေးအတွင်း စစ်တပ်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ပြည်သူများအပေါ် စေတနာမရှိခြင်း၊အချိန်မီကူညီ‌ကယ်‌ဆယ်ရေးများ မလုပ်နိုင်ခြင်းတို့ကြောင့်လည်း မသေသင့်ဘဲ သေခဲ့ရတဲ့သူများ ရှိနေကြောင်း သုံးသပ်ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ ရက် ၂၀ အကြာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်မည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင်မူ တစ်နိုင်ငံလုံး ထိုးစစ်များ ဆင်နွှဲကာ လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် NUG က သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/11/190508/
အင်းတော်မြို့ရှိ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["အင်းတော်မြို့ရှိ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁ ရက်နေ့မှ စပြီး အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို KIA ပူးပေါင်း တပ်များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကိုလည်း ယာယီပိတ်ထားပြီး ခရီးသွားပြည်သူများလည်း ပိတ်မိနေကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားသည့်နေမှ စ၍ လက်ရှိချိန်ထိ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ထိတွေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့်လည်း အပြင်းအထန် ခုခံတိုက်နေကြောင်း သိရှိရသည်။", "“တိုက်ပွဲက ပြင်းထန်နေတုန်းပဲ အခုထိ သိမ်းပိုက်နိုင်တာတော့ မရှိသေးဘူး။ ဆက်လက် ဖြစ်ပွားနေတုန်းပဲ” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်းတော်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရဲစခန်း၊ နဘားလမ်းဆုံရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းနှင့် ဩဂုတ်လ ၁၇ ရက်နေ့တွင် နဘားကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်တပ်စခန်းတို့ကို KIA ပူးပေါင်း တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ခဏရပ်နားသွားပြီး နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ထိတွေ့ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/04/211356/
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရားစီရင်မည်ဟု NUG ထုတ်ပြော
["အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံတရားစီရင်မည်ဟု NUG ထုတ်ပြော", "ရန်ကုန်၊ ဧပြီ ၁၅", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင် သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး ထွက်ဆိုချက်နှင့်စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရား စီရင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။", "ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်တွင် ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "ဧပြီလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းမှ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ဖြင့် အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနောက် ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်တပ်ဖွဲ့ဝင်များကို ဖမ်းမိခဲ့ပြီး လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကာ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ တရားစီရင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။", "“ဧပြီလ ၇ ရက် ည ၉ နာရီ ခန့်မှာ အင်းတော်မြို့ ဂျပန်လှိုဏ်ဂူမှာ အခြေပြုတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တပ်မ ၇၇ ဟာ ဝန်းရံပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းစွန့်လွှတ်ဆုတ်ခွာ သွားတာကြောင့် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သလို ဆုတ်ခွာထွက်ပြေးတဲ့ တပ်မမှူးနဲ့ တပ်သားတွေကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဆိုင်ရာ မူဝါဒတွေနဲ့ အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။", "NUG က ဖမ်းဆီးရရှိထားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ နောက်ကြောင်းရာဇဝင်များကို ပြန်လည် လေ့လာကြည့်လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန် ရန်ကုန်မှ ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရာတွင် အောင်သက်ဦးက ရန်ကုန် တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဖြစ်ဖြင့် အမိန့်ပေးခိုင်းစေခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးအဖြစ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၇၇ တပ်မမှူးဖြစ်လာခြင်းဖြစ်ကြောင်း သိရှိရဥည်။", "ဗိုလ်မှူးချုပ်အောင်သက်ဦးတွင် ဇနီး ဒေါ်သက်စုနွယ်ထွန်း၊ သားအကြီးဖြစ်သူ ပြည်သျှံဦး ၊ သားအငယ် အံ့ဘုန်းဦးတို့ ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/213609/
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အညံ့ခံသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်သုံ့ပန်းများက စစ် တပ်၏ တရားမဲ့မှုများအတွက် နောင်တရဟု ဝန်ခံပြီး နွေဦးတော်လှန်ရေးအတွက် တတ်နိုင်သမျှ ထည့်ဝင်မည်ဟု ကတိပြု
["အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အညံ့ခံသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်သုံ့ပန်းများက စစ် တပ်၏ တရားမဲ့မှုများအတွက် နောင်တရဟု ဝန်ခံပြီးနွေဦးတော်လှန်ရေးအတွက် တတ်နိုင်သမျှ ထည့်ဝင်မည်ဟု ကတိပြု", "ရန်ကုန်၊ မေ ၆", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချ အညံ့ခံသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်စစ်သုံ့ပန်းများက စစ်တပ်၏ တရားမဲ့မှုများအတွက် နောင်တရဟု ဖွင့်ဟ ဝန်ခံထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုသည်။", "ယမန်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၄ နှစ်ပြည့် မိန့်ခွန်းတွင် NUG ကာကွယ်ရေဝန်ကြီးဦးရည်မွန်က ထိုသို့ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။", "အင်းတော်မြို့သိမ်းတိုက်ပွဲသည် ၈ လကျော်ကြာ ဆင်နွှဲခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သမိုင်းဝင် တိုက်ပွဲဖြစ်ပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်ဆုံးဖြတ်ရသည့် ကာလများပါ ထည့်သွင်းတွက်ချက်ပါက ၁ နှစ်တင်းတင်း ကြာခဲ့ကြောင်း၊ အင်းတော်တိုက်ပွဲတွင် လက်နက်ချ အညံ့ခံခဲ့သော တပ်မ ၇၇ တပ်မမှူးနှင့်စစ်သုံ့ပန်းများမှာ စစ်တပ်၏ တရားမဲ့မှုများအတွက် နောင်တရကြောင်း ဖွင့်ဟဝန်ခံလာသည့်အပြင် တော်လှန်ရေးအတွက် တတ်နိုင်သည်များကို ထည့်ဝင်ပါဝင်မည်ဟုဆို လာကြောင်း၊ စစ်တပ်ဘက်မှ တပ်မှူးများ၊ တပ်သားများအနေဖြင့် အမြန်ဆုံး အလင်းဝင်ကြရန် ဦးရည်မွန်က တိုက်တွန်းပြောဆိုသည်။", "“အခု ငါတို့လက်ထဲရောက်နေတဲ့ တပ်မ ၇၇ တပ်မမှူး အပါအဝင် သုံ့ပန်းတွေကလည်း သူတို့ရဲ့ နောင်တကို ဖွင့်ဟ ဝန်ခံကြတယ်။ စစ်တပ် တရားမဲ့တယ်ဆိုတာ သူတို့သိတယ်။ ပြည်သူ့တော်လှန်ရေးမှာ သူတို့ တတ်နိုင်တာ ထည့်ဝင်မယ်ဆိုတာ ကတိပြုကြတယ်။ စစ်ကောင်စီတပ်ထဲမှာ ကျန်ရှိနေတဲ့ တပ်မှူး တပ်သားတွေအနေနဲ့ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်တဲ့အထိ လမ်းမှားရောက်စေတဲ့ မိစ္ဆာဒိဌိ ဝါဒကို အမြန်ဆုံး စွန့်လွှတ်ကြဖို့ တိုက်တွန်းလိုတယ်။ ဒီလိုသာ စွန့်လွှတ်နိုင်မယ်ဆိုရင် နိုင်ငံနဲ့ ပြည်သူလည်း မြန်မြန်ချမ်းသာရမယ်။ စစ်တပ်ကိုယ်တိုင်လည်း ချမ်းသာရာရမယ်လို့ ကတိပေးလိုတယ်” ဟု ဦးရည်မွန်က ရှင်းပြသည်။", "ဧပြီလ ၈ ရက်နေ့ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို အရှင်ဖမ်းဆီးရရှိခဲ့သည်။", "ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ နောက်ကြောင်းရာဇဝင်များကို ပြန်လည် လေ့လာကြည့်လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန် ရန်ကုန်မှ ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရာတွင် အောင်သက်ဦးက ရန်ကုန် တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဖြစ်ဖြင့် အမိန့်ပေးခိုင်းစေခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးအဖြစ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၇၇ တပ်မမှူးဖြစ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးတွင် ဇနီး ဒေါ်သက်စုနွယ်ထွန်း၊ သားအကြီးဖြစ်သူ ပြည်သျှံဦး ၊ သား အငယ် အံ့ဘုန်းဦးတို့ ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/212271/
အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို
["အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆို", "ရန်ကုန်၊ ဧပြီ ၂၃", "အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များကို ပြည်သူများက အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။", "ရှစ်လ ဝန်းကျင်ကြာမြင့်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲ ကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများ ၊ အခြားသော မဟာမိတ်တပ်ပေါင်းစုများဖြင့် ပူးပေါင်းသိမ်းပိုက်ခဲ့ကြရာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2025/04/211831/
အင်းတော်မြို့သိမ်းအောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်းသာင်းဖျဖျ ကြိုဆို
["အင်းတော်မြို့သိမ်းအောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်းသာင်းဖျဖျ ကြိုဆို", "ရန်ကုန်၊ ဧပြီ ၁၉", "အင်းတော်မြို့သိမ်းအောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် – ၅၀၉ – ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း – ၁ – ၂ တို့ကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/96055/
အင်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်၊ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၅ ဦးထိရှိလာ
["အင်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ချမှတ်၊ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၅ ဦးထိရှိလာ", "ရန်ကုန်၊ ဧပြီ ၅", "စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့မှာ CDMဆရာမအပါ အဝင် အမျိုးသမီးသုံးဦးကို ဧပြီလ ၃ရက်နေ့မှာ အင်းတော် စစ်ခုံရုံးက ပုဒ်မ၅၀ (ည) ၊၅၂(က)ဖြင့် အမှုဖွင့် အရေးယူကာ ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက် တယ်လို့ Indaw Revolution ကပြောပါတယ်။", "”မတ်လ ၅ ရက်နေ့မနက်ပိုင်း ပကဖ အဖွဲ့ဝင်နှစ်ယောက်ကိုစစ်ကောင်စီက ဖမ်းမိတာမှာ အလှူရှင်တွေရဲ့စာရင်းပါသွားတာ။ အဲ့ဒီစာရင်းအတိုင်းလိုက် ဖမ်းတာ နှစ်ဆယ်ကျော်တယ်။ အဲဒီနှစ်ဆယ်ထဲမှာ CDM ဆရာမနဲ့နှစ်ယောက် ရောပါသွားတာ” လို့ Indaw Revolution တာဝန်ရှိသူတစ်ဦးကပြောပါတယ်။", "ပကဖ အဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီးတဲ့ မတ်လ ၅ ရက်နေ့ညနေပိုင်းမှာပဲ စစ်ကောင်စီ ကပြည်သူနှစ်ဆယ်ကျော်ကို PDF ကိုထောက်ပံ့တယ်ဆိုပြီး နေအိမ်တွေထိလာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူအများစုကို ခံဝန်ကတိနဲ့စစ်ကောင်စီကပြန်လွတ်ပေးခဲ့ပေမယ့် CDM ဆရာမနှင့် စျေးသည်အမျိုးသမီး နှစ်ဦး ကို ဆက်လက်ချုပ်နှောင်ထားပြီး ယခုလိုထောင် ဒဏ် တစ်သက်ချမှတ်ခဲ့တာဖြစ်ပါတယ်။", "” သူတို့သုံးယောက်က လှူတာများလို့နေမယ်။ ကျန်တဲ့လူတွေလွတ်ပေမယ့် သူတို့သုံးယောက်ကို ချလိုက်တာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ထောင် ဒဏ် တသက်ချခံရသူတွေဟာ အသက်၄၀ ကျော်အရွယ် CDMဆရာမ ဒေါ် သိန်းလှ၊ ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနှင့် ဒေါ်အေးအေး တို့ဖြစ်တယ် “လို့သိ ရပါတယ်။", "အင်းတော်မြို့နယ်မှာ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်းစစ်ကောင်စီရဲ့ ထောင်ဒဏ် တသက်ချမှတ်ခံရသူငါးဦးထိရှိပြီဖြစ်ပါတယ်။ ပထဦးဆုံးကိုမင်းမင်းဦးကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကချမှတ်ခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့မှာတော့ ကိုအေးမင်းထွန်းကိုချမှတ်ခဲ့တာဖြစ်ပါတယ်။ ဧပြီ ၃ ရက်နေ့မှာ CDM ဆရာမ အပါအဝင် အမျိုးသမီး သုံးဦးကိုချမှတ်ခဲ့တာပါ။", "ထောင်ဒဏ်တသက်ချခံထားရတဲ့ အမျိုးသားနှစ်ဦး အမျိုးသမီးသုံးဦးအပါအဝင် ဖမ်းဆီးခံရသူ ပြည်သူတွေကို ကသာထောင်မှာ ချုပ်နှောင်ထားတယ်လို့ Indaw Revolution ကထုတ်ပြန်ပါတယ်။"]
https://yktnews.com/2024/09/183794/
အင်းတော်ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးထား၊ မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြားသော်လည်း ပြန်မလွှတ်
["အင်းတော်ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးထား၊ မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြားသော်လည်း ပြန်မလွှတ်", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အင်းတော်မြို့ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးထားကာ အင်းတော် မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြည်သူများကို ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြားထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၆ ရက်နေ့မှစတင်၍ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် PDF၊ ပကဖများက အင်းတော်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ရာ သြဂုတ်လ ၂၄ ရက်နေ့တွင် အင်းတော်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်းတော်မြို့ရှိ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတွင် တပ်မ ၇၇ ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်စည်း ပြင်ဆင်ထားကြောင်း၊ ထို့ပြင် ဂျပန်လှိုဏ်ဂူနှင့်မြေမျက်နှာသွင်ပြင် တစ်ဆက်တည်း ရှိနေပြီး မီတာ ၉၀၀ ကျော်သာ ကွာဝေးသည့် အင်းတော် မြို့မဘုန်းကြီးကျောင်းတွင် ပြည်သူ ၁၀၀၀ ကျော်ကို လူသားဒိုင်း အဖြစ် အသုံးချရန်ရည်ရွယ်ကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။", "ထို့ကြောင့် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၁၀၀၀ ကျော်ကို လွှတ်ပေးရန် အင်းတော်မြို့နယ်၊ သံဃနာယ ကအဖွဲ့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီတပ်သို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ပေးပို့ခဲ့သော်လည်း ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့အထိ ပြည်သူများကို စစ်တပ်က ပြန်လွှတ်ပေးခြင်းမရှိဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရှိရသည်။", "ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အင်းတော် မြို့မ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပြည်သူများကို အဆိုပါအရပ်မှ စွန့်ခွာ၍ ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးထွက်ခွာနိုင်ရန် အသိပေးထားပြီး ထွက်ခွာ လာသော ပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန် ပန်ကြား ထားသည်။", "“အင်းတော်မှာ ဒီဘက်က ထိုးစစ်ဆင်နေတာကို စစ်တပ်က လူသားဒိုင်းအဖြစ် ပြည်သူ ၁၀၀၀ ကျော်ကို ဖမ်းထားတာရှိတယ်။ မြို့နယ် သံဃာမဟာနာယကအဖွဲ့လည်း ပြည်သူတွေကို ပေးပြန်ဖို့ မေတ္တာရပ်ခံတယ်။ PDF တွေကလည်း ပြန်ထွက်လာတဲ့ ပြည်သူတွေကို ဘေးကင်းလုံခြုံရေး အာမခံတယ်ဆိုတာ စာထုတ်တယ်။ ကျနော်တို့ဘက်က စာတွေလည်းကျဲထားတယ်။ ဒါပေမယ့် စစ်တပ်က အခုအချိန်အထိ ပြည်သူတွေကို ဖမ်းထားဆဲပဲ” ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မြို့မှ နေအိမ်များကို မီးရှို့မှု၊ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများကြောင့် အောင်‌ မေတ္တာ ရပ်ကွက်သစ်တွင် နေအိမ် ၁၁ လုံး၊ အောင်ဇေယျရပ်ကွက် တွင် နေအိမ် ၄ လုံး၊ အောင်ချမ်းသာရပ်ကွက်တွင် နေအိမ် ၁၉ လုံး၊ အောင်မေတ္တာရပ်ကွက်တွင် နေအိမ် ၃ လုံး၊ အောင်မင်္ဂလာရပ်ကွက်တွင် နေအိမ် ၃ လုံး၊ ယာဥ်နားတန်းရပ်ကွက်တွင် နေအိမ် ၄၂ လုံး၊ ဝင်ဒါမီယာရပ်ကွက်တွင် နေအိမ် ၁၃ လုံး၊ကြာအင်းရွာတွင် နေအိမ် ၃ လုံး စုစုပေါင်း ပြည်သူ့နေအိမ် ၉၈ လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ပလီကျောင်းဆောင်၊ အင်းတော် မြို့မစျေးတို့လည်း မီးလောင် ပျက်စီး ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/170456/
အင်းတော်၊ နန့်သာရွာ စစ်တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမှု စစ်တပ်ဘက်မှ သေဆုံးမှုများရှိပြီး အရှင်ဖမ်းမိသူများလည်းရှိ
["အင်းတော်၊ နန့်သာရွာ စစ်တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမှု စစ်တပ်ဘက်မှ သေဆုံးမှုများရှိပြီး အရှင်ဖမ်းမိသူများလည်းရှိ", "ရန်ကုန်၊ ဇွန် ၂၈", "စစ်ကိုင်းတိုင်းအင်းတော်မြို့နယ် အင်းတော်-ဗန်မောက်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသော နန့်သာရွာ စကစ စခန်းကို ယနေ့ ဇွန်လ၂၈ ရက်နေ့ နံနက်ပိုင်းက KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိကာ အရှင်ဖမ်းမိသူများလည်းရှိကြောင်း သိရှိရသည်။", "ယနေ့ဇွန်လ ၂၈ ရက်နေ့ နန့်သာရွာ စစ်တပ် စခန်းသိမ်းပိုက်ခံလိုက်ရပြီးနောက် စစ်ကောင် စီ က ဂျက်ဖိုက်တာဖြင့် ပေါင်၅၀၀ ဗုံး ၂လုံး ကျဲ ကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားခဲ့ကာ ၃၀ ကျော်အရှင်ဖမ်းမိခဲ့ကြောင်းသိရသည်။", "နန့်သာရွာစစ်ကောင်စီစခန်းကို ဇွန်လ ၂၂ရက်နေ့မှ စတင်ကာ KIA PDF ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်၂၂ရက် ည ၁၂ နာရီတွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နံ့သာရွာ ဘုန်းကြီးကျောင်းတွင် စကစ တပ်ဖွဲ့ဝင်များ ဓားစာခံဖမ်းဆီးထားသော ပြည်သူ ၁၇ ဦးသေဆုံးခဲ့ပြီး တပတ်အကြာ တိုက်ခိုက်ပြီးမှ နံ့သာစကစ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စခန် သိမ်းတိုက်ပွဲအတွင်း အင်းတော်နှင့် နဘား စစ်ကောင်စီစခန်းက လက်နက် ကြီး တောက်လျောက်ပစ်ကူခဲ့ကာ နန့်သာရွာဘက် စစ်ကူလာသော စစ်ကြောင်းနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။", "အလားတူ ဇွန်လ ၂၇ မနက်ပိုင်းက လည်း နဘားလမ်းဆုံတွင် တပ်စွဲထားသော စစ်ကောင် စီ ဂိတ်ကို KIA PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်မှလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကာ ၂ဖက် တိုက်ပွဲပြင်းထန် ခဲ့ ကြောင်းသိရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်ကာ KIA တပ်ဖွဲ့ဝင်၂ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။", "စစ်ကိုင်း-ကချင်နယ်စပ်ရှိ မော်လူးမြို့ကို KIA PDF ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားကာ ကသာ ထီးချိုင့် နဘား အင်းတော် ဗန်းမောက် ပင်လည်ဘူး ကောလင်း စသည့် မြို့များတွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/170475/
အင်းတော်၊ နံ့သာရွာ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု ခလရ-၆ တပ်ရင်းမှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၀ လက် သိမ်းဆည်းရရှိ
["အင်းတော်၊ နံ့သာရွာ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု ခလရ-၆ တပ်ရင်းမှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၀ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၂၈", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု ခလရ-၆ တပ်ရင်းမှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး လက်နက်မျိုးစုံ ၂၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်တော် အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။", "ယနေ့ ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီမှ စတင်က အင်းတော်မြို့နယ်၊ နံ့သာရွာစခန်းတွင် အခြေချနေသော ဗိုလ်ကြီး ပြုံးမောင်မောင် ဦးစီး တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ မှ အင်အား ၁၄ ဦးခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြိုနယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် ၁၄ ဦး သေဆုံးပြီး အလောင်းများ ရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁) အိတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း တံတားဦးမှ တက်လာသော ဂျက်တိုက်လေယာဉ် ၂ စီးက ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/169638/
အင်းတော်၊ နံ့သာရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ
["အင်းတော်၊ နံ့သာရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၂၃", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာကျေးရွာဘုန်းကြီးကျောင်းကို အကြမ်း ဖက် စစ်ကောင်စီ တပ်က လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာ ၁ ပါး အပါအဝင် ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ ဇွန်လ ၂၂ ရက်နေ့ ညပိုင်းက အင်းတော်မြို့နယ်၊ နံ့သာကျေးရွာဘုန်းကြီးကျောင်းတွင် ပြည်သူ များစစ်ဘေးရှောင်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲခဲ့ရာ ပြည်သူ ၁၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေသဖြင့် ယနေ့နံနက်ပိုင်း ကျေးရွာနေပြည်သူများအားလုံး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ညတုန်းက လေယာဉ်နဲ့ ပစ်သွားတာ။ ၁၀ ယောက်ကျော်ဒဏ်ရတယ်၊ တစ်ယောက်ကတော့ လက် ပြတ်သွားတယ်။ တစ်ကြိမ်တည်းပဲ ပစ်သွားတာ။ အင်းတော်ကနေ လက်နက်ကြီးနဲ့ ပစ်နေတာလည်း ရှိတယ်။ အခုလည်းတိုက်ပွဲဖြစ်နေတုန်း။ တိုက်ပွဲဖြစ်တော့ လူတွေက နံ့သာအောက်ကျင်းဘုန်းကြီး ကျောင်းမှာ သွားရှောင်နေကြတာ။ အောင်းကုန်း၊ နံ့သာ၊ ရွာသစ်ကုန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်နေတာတွေရှိတယ်၊ ဘာတွေထိခိုက်ပျက်စီးလည်းတော့ မသိဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "Northern ABSDF ၏ ထုတ်ပြန်ချက်တွင် အမှတ် ၁ စစ်ဒေသ လက်အောက် ကသာခရိုင်ရှိ PDF တပ် ရင်းတပ်ဖွဲ့များ၊ KIA တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားစဥ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက အင်းတော်မြို့နယ် နန့်သာကျေးရွာမှ ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ဘုန်းတော်ကြီးကျောင်း၌ ပိတ်လှောင် ထားကြောင်း၊ ယင်းနောက် စစ်တပ်က ဇွန်လ ၂၂ ရက်နေ့ ည ၁၂ နာရီအချိန် တံတားဦးလေ တပ် မှ တက်လာသော တိုက်လေယာဥ်ဖြင့် ဗုံးကျချရာ ဘုန်းတော်ကြီးကျောင်းကို တည့်တည့်ထိမှန်ခဲ့ကြောင်း၊ ဗုံးကျရောက်မှုကြောင့် ဘုန်းကြီးကျောင်းတွင် စစ်တပ်၏ ဖမ်းဆီးမှု ခံထားရသော သံဃာ ၁ ပါး၊ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169982/
အင်းတော်၊ နံ့သာရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်၍ ပြည်သူ ၄ ဦး ထပ်မံ သေဆုံး၊ သေဆုံးသူ ၁၈ ဦးထိရှိလာ
["အင်းတော်၊ နံ့သာရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်၍ ပြည်သူ ၄ ဦး ထပ်မံ သေဆုံး၊ သေဆုံးသူ ၁၈ ဦးထိရှိလာ", "နားခါရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၅", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်၍ ပြည်သူ ၄ ဦး ထပ်မံ သေဆုံးပြီး သေဆုံးသူ ၁၈ ဦးထိရှိလာကြောင်း Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် အင်းတော်မြို့နယ်၊ နံ့သာကျေးရွာ ဘုန်းကြီးကျောင်း၌ အကြမ်းဖက် စစ်တပ်က လူသားဒိုင်း အဖြစ် ပြည်သူများကို ဖမ်းဆီးထားစဉ် တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာ လေယာဉ် ၁ စီးက ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၁၄ ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိခိုက်ဒဏ်ရာရရှိထားသူများကို အကြမ်းဖက် စစ်တပ်က ဆေးကုသခွင့်မပေးသောကြောင့် သွေးထွက်လွန်၍ ပြည်သူ ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထပ်မံသေဆုံးသူ အရေအတွက်သည် ပိုမိုများပြားနိုင်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအဝင်အထွက်ကို ပိတ်ဆို့ထားသောကြောင့် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "သေဆုံးသွားတဲ့ ပြည်သူများမှာ ဦးဇင်း ဝင်းဇော် ၄၀ နှစ် ၊ ဒေါ်ကျင်စော ၇၅ နှစ် ၊ မပို ၄၀ နှစ် ၊ ဦးသန်းစိန် ၅၅ နှစ် ၊ ဦးအုန်းကျော် ၆၀ နှစ် ၊ ဦးပိန်သေး ၅၉ နှစ် ၊ ဒေါ်မနှင်း ၆၂ နှစ် ၊ မစန္ဒာလင်း ၃၂ နှစ် ၊ မသူဇာမော် ၃၄ နှစ် ၊ ဦးကျော်မျိုး ၃၇ နှစ် ၊ မခင်စံပယ်ဦး ၃၀ နှစ် နှင့် ၎င်း၏ သားဖြစ်သူ အသက် ၅ နှစ် အရွယ် ကလေးငယ် ၊ ဒေါ်ဂျမ်းပုံ ၈၀ နှစ် နှင့် ၎င်း၏ သမီးဖြစ်သူ ၆၀ နှစ် ၊ ဒေါ်တင်အေး ၅၀ နှစ် ၊ မကြူကြူ ၄၅ နှစ် နှင့် ကိုတင်စို တို့ ဖြစ်ကြောင်း သိရသည်။", "“စာရင်းရထားတာက ၁၈ ဦးပေါ့။ နယ်မြေမရှင်းလင်းနိုင်တာရယ် ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ခွေးတွေက ထွက်ခွင့်မပေးသေးတာရယ်ဆိုတော့ အခြေနေအသေးစိတ်ကတော့ မသိရသေးပါဘူး။ ကျန်တော်တို့ ထပ်သိရတာကတော့ ပြည်သူတွေ သေဆုံးတာ ၂၀ ကျော်ပြီလို့တော့ သိထားရတယ်” ဟု Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ ည ၉ နာရီခန့်တွင် အင်းတော်မြို့၊ စစ်တပ်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နားခါရွာထဲ ကျရောက် ပေါက်ကွဲကာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် နားခါရွာ ဘုန်းကြီးကျောင်း အနီးရှိ နေအိမ် ၁ လုံး ပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ် အရွယ် ဦးစိုးနိုင် လက်နက်ကြီး ကျည်စ ထိမှန်ကာ နံနက် ၃ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/86388/
အင်းတော်၊ မဲဇာ ရဲစခန်းမှ စစ်သားများက စိတ်ဝေဒနာရှင် ပြည်သူတစ်ဦးကို ပစ်သတ်
["အင်းတော်၊ မဲဇာ ရဲစခန်းမှ စစ်သားများက စိတ်ဝေဒနာရှင် ပြည်သူတစ်ဦးကို ပစ်သတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်သားများက စိတ်ဝေဒနာရှင် ပြည် သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း Indaw Revolution –IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ည ၁၀ နာရီခန့်က အသက် ၄၅ နှစ်အရွယ် အလယ်ဆိပ်ရွာသား ကိုစိုး နိုင်သည် မဲဇာရွာမှ အလယ်ဆိပ်ရွာသို့ လမ်း လျှောက်ပြီး အပြန် မဲဇာရဲစခန်းရှေ့အရောက် ပစ်သတ်ခံရ ခြင်း ဖြစ်ကြောင်း သိရသည်။", "“အဲဒီဦးလေးက နည်းနည်းစိတ်ဖောက်ပြန်နေတယ်လို့ သိရတယ်၊ ရဲစခန်းရှေ့ဖြတ်တာနဲ့ ပစ်သတ်ခံ လိုက်ရတာ၊ သူက လူပျိုကြီးပါ၊ အိမ်ထောင်မရှိဘူး၊ မိသား စုဝင်တွေက အလောင်းကောက်ပြီး သင်္ဂြိုလ် ပေးလိုက်ပါပြီ”ဟု Indaw Revolution –IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါအင်းတော်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကာ ညနေ ၆ နာရီခန့်မှ နံနက် ၆ နာရီခန့်အထိ လမ်းပေါ်တွင် သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။"]
https://yktnews.com/2024/09/184634/
အင်းလေး ဒေသရှိ ရေနစ်မြုပ်နေသော ကျေးရွာ ၁၀ ရွာကို လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေ
["အင်းလေး ဒေသရှိ ရေနစ်မြုပ်နေသော ကျေးရွာ ၁၀ ရွာကို လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "ရှမ်းပြည်နယ်၊ အင်းလေး ဒေသရှိ ရေနစ်မြုပ်နေသော ကျေးရွာ ၁၀ ရွာကို လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ ကျေးရွာများမှာ အိမ်ခြေ ၃၀ ရှိသော စည်ပင်သာရွာ ၊ အိမ်ခြေ ၁၀၀ ကျော်ရှိသော ရွာသစ်ရွာ၊ ချောင်းကန့်ရွာ၊ ရွာကြီးအထက် အမှတ် (၂) ရွာ ၊ အိမ်ခြေ ၂၀၀ ကျော်ရှိသော ရွာကြီးအထက် အမှတ် (၁) ရွာ၊ ကံခေါင်း အိုးစားရွာ၊ ဟက်ပုံး အိုးစားရွာ၊ တုံးလည်တောင်ပို့ကြီး အိုးစား ရွာ၊ အိမ်ခြေ ၃၀၀ ကျော်ရှိသော ရေတန်းရွာနှင့် ဇရပ်ကြီးရွာတို့ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် လက်ရှိချိန်ထိ လာရောက် လှူဒါန်းမည့်သူမရှိ၍ အရေးပေါ် ကူညီမှုများ လိုအပ်နေပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "“အဲရွာတွေက တကယ် နွမ်းပါပြီး အလှူရှင်မရောက်တဲ့ ရွာတွေပါ။ အဲ့ဘက်တွေကို နိုင်သလောက် ကူပို့ပေးပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2024/09/183460/
အင်းလေးကန်အတွင်း ရေများ တရိပ်ရိပ်မြင့်တက်လာပြီး တစ်ထပ်အိမ်မှန်သမျှ အကုန်နစ်မြုပ်သွားပြီး ရွာပေါင်း ၁၇၁ ကျေးရွာ ရေဘေးဒဏ်သင့်နေ၊ ဖောင်တော်ဦးဘုရားအထိပါ ရေတက်လာပြီး ဘုရားပရဝဏ်အားလုံးရေမြုပ်နေ
["အင်းလေးကန်အတွင်း ရေများ တရိပ်ရိပ်မြင့်တက်လာပြီး တစ်ထပ်အိမ်မှန်သမျှ အကုန်နစ်မြုပ်သွားပြီး ရွာပေါင်း ၁၇၁ ကျေးရွာ ရေဘေးဒဏ်သင့်နေ၊ ဖောင်တော်ဦးဘုရားအထိပါ ရေတက်လာပြီး ဘုရားပရဝဏ်အားလုံးရေမြုပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အင်းလေးကန်အတွင်း ရေများ တဖြည်းဖြည်း မြင့်တက်လာနေပြီး တစ်ထပ်အိမ်မှန်သမျှ အကုန်နစ်မြုပ်သွားကာ ကျေးရွာပေါင်း ၁၇၁ ရွာ ရေဘေးသင့်နေကြောင်း အင်းလေးဒေသမှ ရေဘေးကူညီကယ်ဆယ်ရေးလှုပ်ရှားနေသူ မဖူးဖူးက ပြောဆိုသည်။", "စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တအိအိ တိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာကြောင်း၊ လက်ရှိ စက်တင်ဘာလ ၁၅ ရက်နေ့ အထိ အင်းလေးကန်အတွင်းရှိ တစ်ထပ်အိမ်မှန်သမျှ အားလုံး အကုန်နစ်မြုပ်သွားကြောင်း၊ လက်ရှိ ကျေးရွာများမှ ပြည်သူများမှာ ဘုန်းကြီးကျောင်းများနှင့် အထပ်မြင့် အဆောက်အအုံများတွင် သွားရောက် ခိုလှုံနေရကြောင်း၊ လတ်တလော ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေပြီး လျှပ်စစ်မီးလည်း လုံး၀ ပြတ်တောက်နေကြောင်း သိရှိရသည်။", "“အင်းလေးကန် ရေကြီးတာက ရေတွေ တအားစီးဝင်ပြီး မျောသွားတာမျိုးမဟုတ်ဘူး။ အပေါ်က ကျတဲ့ရေတွေက တဖြည်းဖြည်း မြင့်တက်လာ တာဆိုတော့ ပြည်သူတွေကတော့ ပစ္စည်းတွေ ပြောင်းရွှေ့ချိန်ရလိုက်တယ်။ အခု အင်းထဲမှာရှိတဲ့ တစ်ထပ်အိမ်မှန်သမျှ အကုန်မြုပ်သွားပြီ။ ပြည်သူတွေက အထပ်မြင့် ဘုန်းကြီးကျောင်းတွေ၊ နှစ်ထပ်အဆောက်အအုံတွေမှာ ခိုလှုံနေရတယ်။ အင်းလေးမှာ ရေဘေးကူမယ်ဆိုရင် အဝတ်အစားတို့မလိုဘူး။ အင်းထဲမှာ ကုန်စုံဆိုင်ကလည်း နည်းနည်းပဲရှိတာကို အားလုံးရေမြုပ်သွားပြီ။ အင်းလေးကို ရေဘေးကူညီကြမယ်ဆိုရင် အစားအသောက်၊ ဆေးဝါး၊ မီးအလင်းအတွက် ဓာတ်ခဲဓာတ်မီးလိုမျိုးတွေ အဓိက လိုမယ်။ ဆေးဝါးတွေ လိုမယ်။ ရေကတအားကြီးတော့ ပြန်ကျသွားဖို့က လနဲ့ချီပြီး ကြာမယ့်သဘောရှိတယ်” ဟု အင်းလေးဒေသ ရေဘေးကူညီရေး ဦးဆောင်နေသူ မဖူးဖူးက ဆိုသည်။", "အင်းလေးကန်အတွင်း ဖောင်တော်ဦးဘုရားပါ ရေမြုပ်နေပြီး နန်းပန်စျေးမှာလည်း ရေမြုပ်နေကြောင်း၊ အင်းလေးတွင် သာလေးကျေးရွာ အုပ်စု၊ ရွာမကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စု၊ တောင်ပို့နီ၊ ကေလာ ၊နန်းပန်၊ မိုင်းသောက် ၊ နောင်တော၊ ရွာကြီး၊ အင်းပေါခုံ ကျေးရွာအုပ်စုများအတွင်းမှ ကျေးရွာ ၁၇၁ ရွာမှာ ရေကြီးမှုကြောင့် အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။", "“ကုန်းပေါ်က ရွာတွေတောင် နှစ်ထပ်အိမ်မြုပ်တော့မယ်။ ရေပေါ်ရွာတွေကတော့ ပိုဆိုးတာပေါ့။ အင်းလေးကို အဓိက လှူမယ်ဆိုရင် အစား အသောက်နဲ့ စားနပ်ရိက္ခာပိုလိုပါတယ်။ အဲဒါတွေ များများလှူပေးကြပါ။ ရေတွေ မြုပ်ကုန်တော့ ပိုင်ဆိုင်မှုတွေကတော့ တော်တော်များများ ဆုံးရှုံးပါတယ်” ဟု မဖူးဖူးကဆိုသည်။", "အင်းလေးကန်အတွင်း ရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူများမှာ စားရေးသောက်ရေး၊ နေရေးအတွက် ခက်ခဲနေပြီး သွားလာရေးလည်း ခက်ခဲကြောင်း၊ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်ပြတ်တောက်နေသည့်အတွက် ကျန်းမာရေးအခက်အခဲများအတွက်လည်း စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/209763/
အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး နေအိမ် ထောင်နှင့်ချီ ပျက်စီးကာ အရေးပေါ် အကူအညီများ လိုအပ်နေ
["အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး နေအိမ် ထောင်နှင့်ချီ ပျက်စီးကာ အရေးပေါ် အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ ဧပြီ ၁", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသတွင် ငလျင်ဒဏ်ကြောင့် လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး လူနေအိမ် ထောင်နှင့်ချီ ပျက်စီးကာ အရေးပေါ် အကူအညီများလိုအပ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ အိုင်ကြီးထောင့်ကျေးရွာ၊ ကြေးစားကုန်းကျေးရွာ၊ ကေလာကျေးရွာ၊ ဇရပ်ကြီးကျေးရွာနှင့် ပေပင်အင်းကျေးရွာ အပါအဝင် ကျေးရွာများတို့မှ လူဦးရေ ၁၀၀ ကျော် သေဆုံးပြီး လူနေအိမ် ထောင်နှင့်ချီ ပျက်စီးခဲ့ကြောင်း သိရသည်။", "“အင်းလေးဒေသက ရွာတွေဘက်မှာ ထိခိုက်ပျက်စီးမှု များပြားပါတယ်။ အခုအထိ နေအိမ်တွေမှာ လူတွေ မနေရဲကြသေးပါဘူး။ ကေလာကျေးရွာဆိုရင် အိမ်ခြေ ၈၀၀ ကျော်နဲ့ ဇရပ်ကြီးကျေးရွာဆိုရင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးပါတယ်။ စုစုပေါင်း သေဆုံးသူ လူဦးရေက ၁၀၀ ကျော်ပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။", "ဒေသနေပြည်သူများအနေဖြင့် ညောင်ရွှေမြို့၊ ဘုရားကုန်း စသည့်နေရာများတွင် စုပြုံနေထိုင်ကြရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ငလျင်ကြောင့် လျှပ်စစ်မီးတိုင်များလည်း ကျိုုးကျ ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/209409/
အင်းလေးဒေသရှိ ကေလာရွာနှင့် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံး ပျက်စီး
["အင်းလေးဒေသရှိ ကေလာရွာနှင့် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံး ပျက်စီး", "ရန်ကုန်၊ မတ် ၂၉", "ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကေလာရွာနှင့် ဇရပ်ကြီးရွာတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံး ပျက်စီးခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် အင်းလေးဒေသတွင်လည်း ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး လက်ရှိချိန်ထိ ကျေးရွာ ၂ ရွာ၏ ထိခိုက်သေဆုံးမှု စာရင်းကိုသာ အတည်ပြုနိုင်သေးကြောင်း သိရသည်။", "လက်ရှိရရှိထားသော စာရင်းများအရ ကေလာကျေးရွာမှ ၄၁ ဦး သေဆုံးပြီး နေအိမ် ၈၁၈ လုံးပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ဇရပ်ကြီးရွာမှ လူ ၅ ဦးသေဆုံးပြီး နေအိမ် ၁၃၂ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“လက်ရှိစာရင်းအရတော့ ကေလာရွာနဲ့ ဇရပ်ကြီးရွာက သေဆုံးသူ ၄၆ ဦးထိရှိပြီး နေအိမ် ၉၅၀ လုံးလည်း ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးသူ အရေအတွက်က ထပ်ရှိနိုင်ပါတယ်” ဟု အင်းလေးဒေသ လူ့အခွင့်အရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/209800/
အင်းလေးနှင့် ကျိုက်ထို ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
["အင်းလေးနှင့် ကျိုက်ထို ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဧပြီ ၁", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ငလျင်ဘေးဒဏ်သင့် အင်လေးဒေသကို အကြမ်းဖက် စစ်တပ်နှင့် PNO ပြည်သူ့စစ်များက ဒရုန်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသတောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်နှင့် PNA ပြည်သူ့စစ်တို့က ဒရုန်း၊ လက်နက်ကြီးများဖြင့် ၈ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း၊ အလားတူ မတ်လ ၃၁ ရက် ညနေ ၆ နာရီခန့်တွင်လည်း ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၁ လုံး ထပ်မံ ပျက်စီးခဲ့ကြောင်း သိရသည်။", "“လူထိခိုက်မှုတော့မရှိပါဘူး။ ပြည်သူတွေ စစ်ဘေးရှောင်နေကြရတဲ့ ရွာတွေကို ပစ်တာပါ” ဟု အင်းလေးလူထုလှုပ်ရှားမှု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသည် ငလျင်ဘေးသင့်ခဲ့ပြီး ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကာ ဘုရားစေတီ ပုထိုး၊ နေအိမ်အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ငလျင်ဘေးဒဏ်သင့်‌ ဒေသကို စစ်ကောင်စီ၏ စစ်‌တပ်နှင့် PNA/PNO တို့က မကူညီဘဲ လက်နက်ကြီး ၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အင်းလေးလူ့အခွင့်အရေး အဖွဲ့ က ထုတ်ပြန်ထားသည်။", "အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို ထံမှ သိရသည်။", "မတ်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၄၇ မိနစ်ခန့်တွင် ကျိုက်ထို မြို့နယ်၊ ခရွဲကျေးရွာအတွင်းသို့ ဝေါမြို့ လက်ပံထိပ် ကျေးရွာထိပ်ရှိတောင်ကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၇၀ နှစ်အရွယ် ဦးစံမြဲ ပုခုံးတွင် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒူးသထူခရိုင် အုပ်ချုပ်နယ်မြေအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဒရုန်းများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်လျှက်ရှိသောကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရသည့်အပြင် ပြည်သူလူထုများ အနေဖြင့် ကြောတ်ရွံ့ ထိတ်လန့်မှုများစွာဖြင့် အသက်ရှင် နေထိုင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/174669/
အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်းအပတ်စဉ် ၉ အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်
["အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်းအပတ်စဉ် ၉ အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၂၀", "အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ် ၁၀၀၉ တပ်ရင်းအပတ်စဉ် ၉ အခြေခံ စစ်သင်တန်းဆင်း အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/183605/
အင်းလေး၊ ဟဲယာရွာမတွင် ရေ ၉ ပေကျော် မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ နီးပါး ရေမြုပ်နေပြီး သောက်ရေနှင့်စားနပ်ရိက္ခာများ အဓိက လိုအပ်နေ
["အင်းလေး၊ ဟဲယာရွာမတွင် ရေ ၉ ပေကျော် မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ နီးပါး ရေမြုပ်နေပြီး သောက်ရေနှင့်စားနပ်ရိက္ခာများ အဓိက လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးကန်အတွင်း ရေပေါ်ရွာဖြစ်သည့် ဟဲယာရွာမတွင် ရေများ အဆမတန်မြင့်တက်နေသဖြင့် အိမ်ခြေ ၉၀၀ ကျော်ရှိသည့်အနက်မှ အိမ်ခြေ ၂၀ ကျော်သာ ရေလွတ်ပြီး ပြည်သူများစွာ အခက်တွေ့နေကာ သောက်ရေနှင့် အစားအစာ အကူအညီများ အဓိက လိုအပ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "လတ်တလော တစ်ထပ်အိမ်အားလုံးရေနစ်မြှုပ်နေ၍ ၂ ထပ်အိမ်အပေါ်ထပ်တွင်သာ အိမ်ထောင်စုများ စုနေရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း၊ လက်ရှိတွင် သောက်သုံးရေအခက်အခဲ အဓိက လိုအပ်နေပြီး စားစရာပါအခက်ကြုံနေကြောင်း သိရှိရသည်။", "“လက်ရှိ ​ရေက တန့်နေတယ် မကျဘူး။​ ရေ​ဘေး​ကြောင့် ခု​တော့ အစားအ​သောက်နဲ့ ​သောက်​ရေ အခက်အခဲရှိတယ်။ထိခိုက်မှုက​တော့ ​ရေလွှဲ​ပေါက်နဲ့ ကပ်ရက် ရွာ​တွေမှာ အိမ်အလုံးလိုက်ပါသွားတာ​တွေ ရှိမယ်။ ဟဲယာရွာမတော့ မဟုတ်ဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အင်းလေးကန်အတွင်းတွင် နေ့စဉ်ညစဉ် ရေတက်လာနေပြီး လက်ရှိတွင် မူလရေမျက်နှာပြင် ထက် ၉ ပေကျော် ရေမြင့်တက်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်း SMS ဖြင့်သာ ဆက်သွယ်၍ ရတော့ကြောင်း သိရှိရသည်။", "ထို့ပြင် အင်လေးကန်တွင်းရှိ ရွာတစ်ရွာဖြစ်သည့် ဟဲလုံရွာတွင်လည်း ဒေသပြည်သူများမှာ သောက်ရေအတွက် သီးသန့်မရှိဘဲ ရရာရေသောက်သုံးရသည့်အတွက် ဝမ်းရောဂါများ ဖြစ်ပွားနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "လက်ရှိတွင် အင်းလေးကန်အတွင်း ကျေးရွာပေါင်း ၁၇၁ ရွာ ရေဘေးသင့်နေကာ အင်းလေးဖောင်တောင်ဦးဘုရားပရဝဏ်အတွင်းအထိ ရေများ နစ်မြုပ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ-အင်းလေးကန်အတွင်း ရေမြုပ်နေသော ကျေးရွာများ။"]
https://yktnews.com/2025/02/205097/
အင်္ဂပူတွင် ပြည်သူများ၏ နေအိမ်များကို ချိတ်ပိတ်ပြီး စစ်မှုထမ်းတပ်သားများ ဖမ်းဆီးစုဆောင်းနေသူ ကွင်းကောက်တိုက်နယ်အုပ်ချုပ်ရေးမှူးစိုးသိန်းကို ဗုံးခွဲ တိုက်ခိုက်မှု ကားတစ်စီးပျက်စီး
["အင်္ဂပူတွင် ပြည်သူများ၏ နေအိမ်များကို ချိတ်ပိတ်ပြီး စစ်မှုထမ်းတပ်သားများ ဖမ်းဆီးစုဆောင်းနေသူ ကွင်းကောက်တိုက်နယ်အုပ်ချုပ်ရေးမှူးစိုးသိန်းကို ဗုံးခွဲ တိုက်ခိုက်မှုကားတစ်စီးပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ် အုပ်ချုပ်ရေးမှူး စိုးသိန်းကို ဗုံးခွဲ တိုက်ခိုက်ခဲ့ ရာ စိုးသိန်းစီးနင်းသည့် ကားထိခိုက်ပျက်စီးခဲ့ကြောင်း R-14 UG တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပြောင်း ဖူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ် အုပ်ချုပ်ရေးမှူး စိုးသိန်းသည် ကွင်းကောက်မြောက် အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ရှိနေစဉ် သတိပေးသည့်အနေဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ၎င်းစီးနင်းသော ကားခေါင်းပိုင်းထိခိုက်ပျက်စီးခဲ့ပြီး ရုံးရှေ့ရှိနံရံများလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "“တတက ၅ နဲ့ နီးတော့ စခတွေ ချက်ချင်းရောက်လာပါတယ်။ ကျနော်တို့ လက်ပစ်ဗုံးနဲ့ပစ်တာကို ဒရုန်းနဲ့ချတယ်ထင်နေကြတာ၊ အုပ်ကြီးက ကားပေါ်အတက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လူထိ မသွားဘူး။ ကွင်းကောက်တစ်မြို့လုံးက အုပ်ကြီးကို မုန်းနေကြတာ။ အဲဒီလူသေသွားရမှာလို့ မြို့ ထဲမှာတော့ပြောနေကြတယ်။ သူက ကျေးရွာအုပ်စု ၂၂ စုကို ကိုင်ထားတဲ့ တိုက်နယ်အုပ်ကြီး၊ မြို့နယ် ကြံ့ဖွတ်အတွင်းရေးမှူးလည်း လုပ်တယ်။ ကျနော်တို့ ဧရာဝတီတိုင်း ပြင်ပကိုရောက်နေပါပြီ” ဟု R-14 UG တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပြောင်းဖူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ကွင်းကောက် တိုက်နယ် အုပ်ချုပ်ရေးမှး သိန်းစိုး သည် ကျေးရွာအုပ်စု ၂ အုပ်စုတွင် စစ်မှုထမ်းစု ဆောင်းရေးကို တာဝန်ခံကာ လူငယ်များကို အတင်းဓမ္မ စစ်တပ်အတွင်း ထည့်သွင်းခြင်း၊ ပြည်သူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်း၊ ပြည်သူ များ ထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်း နှင့် စစ်ကောင်စီ လက်အောက်တွင် ပျူစောထီး (၁ ပွင့်ဗိုလ်) အဖြစ် ဦးဆောင်ပါဝင်နေခြင်းတို့ကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။", "ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ အနေဖြင့် နောက် နောင်တွင် စစ်ကောင်စီအလိုကျ လိုက်လံလုပ်ဆောင်မည်ဆိုပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။", "ဓာတ်ပုံ- အင်္ဂပူမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူတစ်ဦး၏ နေအိမ်ကို ချိတ်ပိတ်နေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/05/214870/
အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ မီးလောင်ပျက်စီး၊ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရ
["အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ မီးလောင်ပျက်စီး၊ ပြည်သူများရွာလုံးကျွတ်ထွက်ပြေးနေရ", "ရန်ကုန်၊ မေ ၁၇", "ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက်မှုရှိကာ နေအိမ်များ မီးလောင်ပျက်စီးပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။", "မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အင်္ဂပူမြို့နယ်၊ ခြင်ကိုက်ကွင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ၃၁ သစ်စက်အနီးရှိ ရွှေညာမြေကွမ်းယာဆိုင်ကို ဗုံး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီးကွမ်းယာဆိုင် မီး‌လောင် ပျက်စီးခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကွင်းကောက် တတက ၅ မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများသည် ဘယ်ပြားကုန်းရွာ ၊ စာစီကုန်းကွင်းရွာနှင့် ခြင်ကိုက်ကွင်းကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "မေလ ၁၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် လေယာဉ် ၂ စီးဖြင့် ဝါးတောကွင်းရွာ၊ ကြက်ပေါင်ကုန်းရွာ ၊ သံပုရာကုန်းရွာ တို့ကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "“ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့တော့ သိရပေမယ့် မြေပြင် အခြေအနေကို အတည်မပြုနိုင်သေးဘူး။ စစ်တပ်က ကျေးရွာတွေကို ဦးတည်ပြီး ဆက်တိုက် လေကြောင်း တိုက်ခိုက်နေတော့ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ အဲတာကြောင့် မြေပြင် အခြေအနေကို အတည်ပြုဖို့ ခက်ခဲနေတယ်” ဟု ‌ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်သည် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် လက်ရှိချိန်တွင် ဘယ်ပြားကုန်းရွာ ၊ စာစီကုန်းကွင်းရွာ ၊ ခြင်ကိုက်ကွင်းရွာ ၊ ဝါးတောကွင်းရွာ၊ ကြက်ပေါင်ကုန်းရွာနှင့် သံပုရာကုန်းရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများလည်း ထွက်ပြေးနေကြကြောင်း သိရသည်။"]
https://yktnews.com/2023/03/92638/
အငြိမ်းစား ဗိုလ်ကြီးမျိုးမြင့် ၏ သမီး စိတ်ဝေဒနာရှင်ကို ခလရ ၁ တပ်ရင်းမှ တပ်သား ထွန်းနိုင်က မုဒိမ်း ကျင့်၊ စစ် တပ်က အမှုကျေအေးပေးရန် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ဖိအားပေး
["အငြိမ်းစား ဗိုလ်ကြီးမျိုးမြင့် ၏ သမီး စိတ်ဝေဒနာရှင်ကို ခလရ ၁ တပ်ရင်းမှ တပ်သား ထွန်းနိုင်က မုဒိမ်း ကျင့်၊ စစ် တပ်က အမှုကျေအေးပေးရန် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ဖိအားပေး", "ရန်ကုန်၊ မတ် ၁၆", "ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဗိုလ်ကြီးမျိုးမြင့်(ငြိမ်း)၏ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ် စိတ် ဝေဒနာရှင်ကို ခလရ ၁ တပ်မှ တပ်သားထွန်း နိုင်က မုဒိမ်းကျင့်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ၅ ရက်နေ့ မင်းလှမြို့နယ်၊ လတ်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန်ကျေးရွာ၊ ရေစက် လမ်းနေ တွင် ဗိုလ်ကြီး မျိုးမြင့်(ငြိမ်း) နှင့် ဒေါ်ခင်မာလာတို့က ဖျာပုံမြို့သို့ ခရီးသွားရန် ရှိ သည့်အတွက် သမီးဖြစ်သူ စိတ်ဒေဝဒနာရှင် အ သက် ၂၁ နှစ်အရွယ် မိန်းကလေးကို အိမ်နီးနားချင်းများထံ အပ်နှံ ထားခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ စိတ်ဝေဒနာရှင် မိန်းကလေးရှိနေသည့် နေအိမ်ထဲသို့ ခလရ ၁ တပ်ရင်း၊ တပ်ခွဲ ၃ မှ အသက် ၅၅ နှစ်အရွယ် တပ်သားထွန်းနိုင်က နေအိမ်အတွင်းဝင်ရောက်ပြီး မိန်းကလေးကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ ယင်းသို့ မုဒိမ်းကျင့်နေသည်ကို အနီးအနားရှိ တပ်ကြပ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူက တွေ့မြင်သွားရာမှ တပ် သားထွန်းနိုင်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဗိုလ်ကြီးမျိုးမြင့်(ငြိမ်း)၏ သမီး စိတ်ဒေနာရှင်ကို တပ်သား ထွန်းနိုင်က မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တစ်ကြိမ်၊ မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်နှင့် မွန်းလွဲ ၂ နာရီ ဖမ်းမိသည့်အချိန်တွင် တစ်ကြိမ် စုစု ပေါင်း ၃ ကြိမ် မုဒိမ်းကျင့်ခဲ့ကြောင်း၊ မုဒိမ်းကျင့်သူ တပ်သား ထွန်းနိုင်ထံတွင် သမီး ၃ ဦးရှိပြီး သားမက်များလည်းရှိကြောင်း သိရှိရသည်။", "“တပ်သားထွန်းနိုင်က မိန်းကလေးရှိနေတဲ့ အိမ်ထဲကို အဝင် အထွက် အရမ်းလုပ်‌ပြီး ထူးခြားနေလို့ အိမ်နီးနားချင်း တပ်ကြပ်ကြီးတစ်ဦးရဲ့ ဇနီး ဝင်ကြည့်ရင်းနဲ့ မုဒိမ်းကျင့်နေလို့ အော်ဟစ်ပြီး ဖမ်းလိုက်တာ၊ မိန်းကလေးကို ကုတင်ပေါ်တင်ပြီး မုဒိမ်းကျင့်နေတာကို တည့်တည့်မိတာ၊ မိန်းကလေးမေးကြည့်တော့ အခုအကြိမ်ရောဆိုရင် ၃ ကြိမ်ရှိပြီလို့ သိရတယ်၊ အိမ်ထဲဝင်တွန်းလှဲပြီး မအော်နဲ့အော်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက် မုဒိမ်းကျင့်ခဲ့တာလို့သိရတယ်၊ ကောင် မလေးက တော့ ကြောက်ပြီး ငိုတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြေကြားသည်။", "လက်ရှိတွင် မုဒိမ်းကျင့် တရားခံ တပ်သား ထွန်းနိုင်ကို တပ်အချုပ်တွင် တစ်လ အချုပ်ချထားပြီး ခလရ ၁ တပ်ရင်းမှအရာရှိများက အမှုကို ကျေအေးပေးရန် လတ်ဆက်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တဆင့် မုဒိမ်းကျင့်ခံရသူ၏ မိသားစုကို ဖိအားပေးနေ ကြောင်း သိရသည်။", "“အခုလက်ရှိ တပ်ရင်းမှူးရှေ့တန်း ထွက်နေရလို့ တပ်သားထွန်းနိုင်ကို တပ်အချုပ်ထဲမှာ ဖမ်းထားတယ်။ နောက် တန်းမှူးက ဒကစ /တပ်မမှူးဆီ သတင်းမပို့သေးဘဲ အမှုကို ဖျောက်ဖို့လုပ်နေတယ်။ ကျေးရွာအုပ်ကြီးကတဆင့် စစ် တပ်က မိသားစုကို ငွေယူပြီး ကျေအေးဖို့ ဖိအားပေးနေတယ်။ ကောင်မလေးက စိတ်မနှံ့တော့ အရေးမယူဘဲ ငွေယူပြီး လွှတ်ပေးဖို့ စစ်တပ်က ဖိအားပေးတာ။ မိသားစုကလည်း စစ်တပ်ထွက်တွေဖြစ်နေတော့ အချင်းချင်း နားလည်ပေးဖို့ ဖိအားပေးတာ။ သတင်းကိုလည်း အပြင်မထွက်အောင် အုပ်ထားကြတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။"]
https://yktnews.com/2022/08/29236/
null
["အစိုးရအဖြစ် အသိအမှတ်ပြုမှုနှင့်အတူ နိုင်ငံတကာက NUG ကို ငွေကြေးနှင့်အကူအညီ ပေးသင့်သည့် အချိန်ရောက်ပြီ", "By The Economist", "လွန်ခဲ့သောငါးနှစ် ယခုလိုကာလဖြစ်သည့် ဩဂုတ်လက လူနည်းစုရိုဟင်ဂျာ မွတ်ဆလင်များအား မြန်မာစစ်တပ်၏ ဖိနှိပ်သတ်ဖြတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ရိုဟင်ဂျာ ၇သိန်းခွဲတို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ကံဆိုးမိုးမှောင်ကျခဲ့သည့် ဒုက္ခသည်များသည် ယနေ့တိုင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ စခန်းများတွင် ပင်ပန်းဆင်းရဲစွာ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း၌ ကျန်ရစ်ခဲ့သော ရိုဟင်ဂျာများမှာ စနစ်တကျ သီးသန့်ခွဲထုတ်၍ ခွဲခြားဆက်ဆံမှုကို ကြုံတွေ့နေရသည်။", "ထိုသို့ လူနည်းစုရိုဟင်ဂျာများအပေါ် အနိုင်ကျင့်ရုံဖြင့် အားမရသေးသော မြန်မာစစ်တပ်သည် အရပ်သားအစိုးရကို ဖယ်ရှားခဲ့သည့်အချိန်မှစ၍ မတရားအနိုင်ကျင့်မှုကို ဆန့်ကျင်သော ဒီမိုကရေစီလိုလားသူများ၏ နိုင်ငံအဝှမ်း ကန့်ကွက်ဆန္ဒပြမှု များကိုလည်း အကြမ်းဖက်နှိမ်နှင်းခဲ့ကြသည်။", "အကျိုးဆက်အနေဖြင့် လက်နက်ကိုင်တော်လှန်ရေး ပေါက်ဖွားလာကာ အဆိုပါတော်လှန်ရေးကို စစ်တပ်၏ ချေမှုန်းနိုင်ရေး ကြိုးပမ်းမှုများမှာ အောင်မြင်မှုမရရှိခဲ့ပေ။", "ကမ္ဘာပေါ်တွင် မြန်မာစစ်ကောင်စီထက် သွေးစွန်းမှု ပိုများပြီး မနှစ်မြို့စရာ ပိုကောင်းသည့် အုပ်ချုပ်သူမျိုး မရှိသလောက် ရှားသည်။ တစ်ဖက်တွင်လည်း မြန်မာစစ်အုပ်စုလောက် ဩဇာလွှမ်းမိုးရ ခက်ခဲသော အုပ်ချုပ်သူမျိုးလည်း မရှိပေ။ အနောက်နိုင်ငံများက အကူအညီပေးအပ်မှုများ ရပ်ဆိုင်းခဲ့သလို အနောက်နိုင်ငံမှ စီးပွားရေးလုပ်ငန်း အများအပြားလည်း နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။", "ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးသည် ယမန်နှစ်က၁၈% ကျဆင်းသွားသည်ဟုဆိုသည်။ သို့သော်စစ်တပ်သည် ပြည်သူများ၏ စီးပွားရေး ခြွတ်ခြုံကျမှုကို လျစ်လျူရှုထားသည်။ ထို့အပြင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသောလက်နက်ကိုင်များကို ချေမှုန်းရန် ၎င်းတို့၏ မြေလှန်စစ်ဆင်ရေး တိုက်ပွဲများအတွင်း ထောင်နှင့်ချီသော အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရပြီး လူ၁ သန်းခန့်နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့်တိုင်အောင် ၎င်းတို့က ဂရုစိုက်ခြင်း အလျင်းမရှိပေ။", "တော်လှန်မှုများအား ကြမ်းတမ်းစွာနှိမ်နှင်းမှုကို ကြည့်၍ စစ်တပ်၏ ရက်စက်မှုကို မှန်းဆနိုင်ရုံမက မြန်မာ ဒီမိုကရေစီအင်အားစုများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကိုလည်း ရိပ်စားမိနိုင်သည်။ ဒေသ အများအပြားတွင် လက်နက်ရှားပါးသလို စစ်သင်တန်းလည်း တက်ရောက်ဖူးခြင်း မရှိသော သာမန်ရွာသားများဖြင့် ပြည်သူ့စစ်များကို ဖွဲ့စည်းခဲ့သည်။ လူများစု ဗမာတိုက်ခိုက်ရေးသမားများသည် တိုင်းပြည် နယ်စပ်ဒေသတစ်ဝိုက်ရှိ တိုင်းရင်းသားလူမျိုး အခြေပြု လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းမိလာသည်။", "အဆိုပါအဖွဲ့များသည် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်သည့် အင်အားမျိုးမရှိသော်လည်း ၎င်းတို့သည် နိုင်ငံအနှံ့အပြားတွင် ထိုးစစ်များ၊ ချုံခိုတိုက်ခိုက်မှုများ ဆင်နွှဲနေသည်။ စစ်တပ်သည် နိုင်ငံ့ဧရိယာ ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး တဖြည်းဖြည်းနှင့် နယ်မြေများ ဆုံးရှုံးလာလျက် ရှိသည်။ ပြင်ပအကူအညီ လုံးဝမရှိသလောက်အနေအထားဖြင့် အတိုက်အခံတို့က ယင်းအခြေအနေဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ငွေကြေးနှင့် အခြား အားပေးကူညီမှုအချို့ ရရှိမည်ဆိုပါက အတိုက်အခံတို့အတွက် ကြီးမားသည့် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။", "ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေချိန်၌ မြန်မာ့အရေး ဦးစားပေးအကူအညီ မရရှိခြင်းမှာ ကမ္ဘာ့စီးပွားရေး အခြေအနေမကောင်းခြင်း၊ အခြားအကြပ်အတည်းမျိုးစုံ ကြုံတွေ့နေရခြင်းတို့သည် တစ်စိတ်တစ်ပိုင်း ဆက်နွယ်သည့် အကြောင်းရင်းများဖြစ်သည်။ သို့သော် စစ်တပ်ကိုဖယ်ရှားရန် မူလကနဦးကတည်းက မျှော်လင့်ချက် မရှိသလောက် နည်းသည်ဟူသော အမြင်က အဓိကအကြောင်းရင်းဖြစ်သည်။ ဆန့်ကျင်မှုများမှာ အလွယ်တကူ ချေမှုန်းခံရလိမ့်မည်ဟု အများစုက ယူဆထားသည်။", "အကျိုးမဲ့ သွေးထွက်သံယိုမှုများသာ ဖြစ်ပေါ်လာမည်ဟူသော အမြင်ကြောင့် အနောက်နိုင်ငံအစိုးရများသည် အာဏာသိမ်းမှုအပြီး လက်နက်ကိုင်တော်လှန်မှုကို အားမပေးခဲ့ပေ။ ထို့ပြင် အတိုက်အခံတို့၏ စည်းလုံး ညီညွတ်နိုင်စွမ်းကိုလည်း ၎င်းတို့က သံသယရှိနေခဲ့သည်။", "ယခုအခါ အနောက်နိုင်ငံများ၏ အမြင်သည် လုံးဝမှားယွင်းသွားပြီဖြစ်သည်။ ယခင်အာဏာရပါတီမှ အမတ်များက အတိုက်အခံအစိုးရတစ်ခုကို အလျင်အမြန်ဖွဲ့စည်းခဲ့သည်။ ဗမာလူမျိုးကြီးဝါဒရှိသည်ဟူ၍ သတင်းကြီးနေလင့်ကစား အတိုက်အခံအစိုးရတွင် တိုင်းရင်းသား လူနည်းစုပါတီ ကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ရိုဟင်ဂျာများကို ပိုမိုကောင်းမွန်စွာ ဆက်ဆံသွားမည်ဟုပင် ၎င်းတို့က ကတိပြုခဲ့သည်။", "တော်လှန်ရေး အဖွဲ့အများအပြား အပါအဝင် ဗမာလူမျိုးအများစု၏ သစ္စာခံမှုကို အမျိုးသားညီညွတ်ရေး အစိုးရ(အင်န်ယူဂျီ)က ရရှိထားသည်။ အချို့နယ်မြေများတွင် ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ၎င်းတို့ကဖွဲ့စည်းနိုင်ခဲ့ပြီး ကျောင်းများ၊ ဆေးခန်းများ ဖွင့်လှစ်ထားနိုင်ကြသည်။ တစ်ချိန်တည်းမှာပင် စစ်တပ်မှာမူ သောင်းကျန်းမှုများကို အောင်မြင်စွာ နှိမ်နှင်းနိုင်စွမ်း မရှိကြောင်းတွေ့ရှိလာရသည်။", "သို့ရာတွင် အင်န်ယူဂျီ၌ ငွေအလွန်အမင်းပြတ်လပ်နေသည်။ အင်န်ယူဂျီသည် အနောက်နိုင်ငံများထံမှ အကူအညီ အထူးသဖြင့် ငွေကြေးအကူအညီ လိုအပ်လျက်ရှိသည်။ အကယ်၍ အင်န်ယူဂျီကို အမေရိကန်က တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ပါက အာဏာသိမ်းမှုအပြီး အမေရိကန်က ထိန်းချုပ်ထားသည့် မြန်မာ့ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံကို အင်န်ယူဂျီက တောင်းဆိုနိုင်လိမ့်မည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ပါက စစ်တပ်၏ အကြမ်းဖက်မှုများကို ပြင်ပကမ္ဘာက မျက်စိမှိတ် လက်ခံနေခြင်း မဟုတ်ကြောင်း ပြသနိုင်မည့် ထပ်ဆောင်းအကျိုးကျေးဇူးလည်း ရှိသည်။", "သို့သော် မြန်မာစစ်တပ်ကို အရေးနိမ့်သွားစေလိမ့်မည်ဟု မည်သည့်အချက်ကမျှ အာမခံနိုင်မည်မဟုတ်ပေ ။ငွေကြေးနှင့် လက်နက်အင်အားအရ စစ်တပ်က အလွန်အမင်း အားသာနေဆဲပင်။ ထို့အပြင် ၎င်းတို့ဖက်တွင် အင်အားကြီးမားသော တရုတ်မဟာမိတ်လည်း ရှိနေသည်။", "သို့သော် မြန်မာ့တော်လှန်ရေးသည် ၁၈လ ကြာမြင့်သည်အထိ ချေမှုန်းခြင်း မခံရအောင် ကြံ့ကြံခံ တိုက်ပွဲဝင်နေနိုင်ဆဲဖြစ်သည်။ ထိုအချိန်မျိုး၌ တော်လှန်နေသူများဖက်မှ အလေးသာလာစေရန် အပြောင်းအလဲ ကြီးကြီးမားမား လိုအပ်ခြင်းမျိုးကား မရှိပေ။", "(The Economist မဂ္ဂဇင်း ပါ “Myanmar’s government-in-exile deserves more help” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။"]
https://yktnews.com/2023/01/81364/
အစ္စရေး ထောက်လှမ်းရေး နည်းပညာကုမ္ပဏီ Cognyte က စစ်အုပ်စုကို ထောက်လှမ်းရေး နည်းပညာ ဆက်စပ်ပစ္စည်းများ ကူညီပံ့ပိုးနေ
["အစ္စရေး ထောက်လှမ်းရေး နည်းပညာကုမ္ပဏီ Cognyte က စစ်အုပ်စုကို ထောက်လှမ်းရေး နည်းပညာ ဆက်စပ်ပစ္စည်းများ ကူညီပံ့ပိုးနေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "အစ္စရေးနိုင်ငံရဲ့ ထောက်လှမ်းရေး နည်းပညာ ဝန်ဆောင်မှု ကော်ပိုရေးရှင်း Cognyte Software Limited ဟာ မြန်မာ့စစ်အာဏာရှင်တွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နိုင်ဖို့အတွက် နည်းပညာနဲ့ ဆက်စပ်ပစ္စည်းတွေ ကူညီနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။", "အစ္စရေးရဲ့ NASDAQ စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဟာ မြန်မာနိုင်ငံကို တရားဝင် ကြားဖြတ် ဖမ်းယူရေးကိရိယာတွေ တင်သွင်းရောင်းချဖို့အတွက် နိုင်ငံပိုင် မိုဘိုင်းဖုန်းအော်ပရေတာ ဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကခေါ်တဲ့ တင်ဒါကို ၂၀၂၀ ခုနှစ်က အောင်မြင်ခဲ့ပါတယ်။", "Justice For Myanmar ဆီကို လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပုံသေအချက်အလက် တရားဝင် ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခု ဝယ်ယူဖို့ အမှာစာတစ်စောင်ကို Cognyte ကုမ္ပဏီက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပေးခဲ့တာ တွေ့ရပါတယ်။", "ဒီအရေးနဲ့ ပတ်သတ်ပြီး အစ္စရေးနိုင်ငံရဲ့ လွှတ်တော်ဥက္ကဌဟောင်း Avrum Burg အပါအဝင် လူပုဂ္ဂိုလ် ၆၀ ကျော်တို့ကို ကိုယ်စားပြုပြီး အစ္စရေးတရားလွှတ်တော်ရှေ့နေ Eitay Mack ကတော့ မြန်မာနိုင်ငံကို တရားဝင်ကြားဖြတ် ဖမ်းယူရေးစနစ်တွေ တင်သွင်းဖို့ Cognyte ကုမ္ပဏီကို ထုတ်ပေးထားတဲ့ ဈေးကွက်ရှာဖွေရေးနဲ့ ပို့ကုန်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အစ္စရေးအစိုးရကို ဥပဒေအကြောင်းအရ တိုင်ကြားတောင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်။", "စစ်တပ်ရဲ့ တရားမ၀င် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေရဲ့ ဆက်သွယ်မှုတွေကို စောင့်ကြည့်ဖို့နဲ့ တည်နေရာကို ခြေရာခံဖို့ အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းတဲ့ လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာပြီး၊ ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အထောက်အပံ့ ဖြစ်စေခဲ့တာပါ။", "Cognyte ကုမ္ပဏီဟာ အရင်က Verint Systems အမည်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နာမည်ဆိုးရှိတဲ့ အစိုးရတွေ ကို လက်နက်တွေ ရောင်းချခဲ့ပါသေးတယ်။", "ဥပမာအားဖြင့် တောင်ဆူဒန်နိုင်ငံကို တရားဝင်ကြားဖြတ် ဖမ်းယူရေးကိရိယာတွေ ရောင်းချတဲ့ သမိုင်းကြောင်းတွေ ရှိထားပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ Cognye ကုမ္ပဏီကို Facebook ကသူ့ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မညီလို့ ပိတ်ပင်ခဲ့ပါသေးတယ်။", "ကုမ္ပဏီနဲ့ ဆက်နွယ်တဲ့ အကောင့် ၁၀၀ ကို ဖယ်ရှားခဲ့သလို Cognyte ကုမ္ပဏီဟာ အင်ဒိုနီးရှား၊ အစ္စရေး၊ ကင်ညာ၊ မက္ကဆီကို၊ ထိုင်းနဲ့ တခြားနိုင်ငံတွေက သတင်းထောက်တွေ နိုင်ငံရေးသမားတွေ စတဲ့ ပုဂ္ဂိုလ်တွေအပေါ် ပစ်မှတ်ထားခဲ့တာကို တွေ့ရှိလို့ Facebook က အရေးယူခဲ့တာ ဖြစ်ပါတယ်။", "ဒါ့အပြင် နော်ဝေအစိုးရ ပင်စင်ရံပုံငွေရဲ့ ကျင့်ဝတ်ကောင်စီက Cognyte ကုမ္ပဏီရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေဟာ စံနှုန်းတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ပြီး ကုမ္ပဏီ အနေနဲ့ လုံလောက်တဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့လက Cognyte ကုမ္ပဏီကို နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေ Global ကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။", "စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ မြန်မာစစ်တပ်ကို အထောက်အပံ့ပေးနေတဲ့ Cognyte ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် နည်းပညာ လုပ်ငန်းတစ်ခု ဖြစ်တဲ့ ခိုင်သစ္စာကုမ္ပဏီလီမိတက်နဲ့ ပူပေါင်းလုပ်ကိုင်နေပါတယ်။ ။", "ခိုင်သစ္စာကုမ္ပဏီဟာ ရုရှားထုတ် ကြားဖြတ်ထောက်လှမ်းရေးစနစ် ရောင်းချတဲ့ NEOS ကုမ္ပဏီနဲ့ အတူ Cogynte ကုမ္ပဏီကို သူတို့ရဲ့ ရောင်းချသူနဲ့ မိတ်ဖက်ကုမ္ပဏီအဖြစ် လက်တွဲလက်ကိုင်နေတာပါ။", "Justice For Myanmar ရဲ့ သတင်းရင်းမြစ်တစ်ခုအရ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ Cognyte ကုမ္ပဏီက ခိုင်သစ္စာကုမ္ပဏီဆီကို ဝန်ဆောင်မှုတွေအတွက် ငွေတစ်ကြိမ် ပေးချေခဲ့ပါတယ်။ မည်သည့် ပစ္စည်းကိရိယာ ဝယ်ယူမှုအတွက်တော့ အတိအကျ သိရှိခဲ့ရခြင်း မရှိပါဘူး။", "ခိုင်သစ္စာကုမ္ပဏီကို ဒါရိုက်တာ ဦးကျော်သာဆိုသူက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ တင်သွင်းပေးထားတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီ Bamar Pte Ltd ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။", "ရောင်းချခဲ့တဲ့ ပစ္စည်းတွေထဲမှာ Mi-17 ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေနဲ့ ၃၇ မီလီမီတာ ပြောင်းနှစ်ခုပါ AA သေနတ်တွေ ပါဝင်ပြီး၊ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကို မြန်မာစစ်တပ်ကိုယ်စား ကြားခံ ဝယ်ယူပေးခဲ့ခြင်းပဲဖြစ်ပါတယ်။", "Bamar Pte Ltd ဟာ မြန်မာစစ်တပ်ကို လက်နက်တင်သွင်းမှုတွေမှာ သူတို့ ပါ၀င်ပတ်သက်တဲ့ အကြောင်း Justice For Myanmar က ဖော်ထုတ်ပြီးနောက် ရက်ပိုင်းအတွင်းမှာ စင်ကာပူနိုင်ငံမှာ ကုမ္ပဏီဖျက်သိမ်းဖို့ လျှောက်ထားခဲ့ပါတယ်။", "လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားဆဲဖြစ်ပြီး ခိုင်သစ္စာ ကုမ္ပဏီလီမိတက်နဲ့ ဆက်စပ်ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာက အမြန်ဆုံး အရေးယူပိတ်ဆို့ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။", "စစ်အုပ်စုဟာ ပုဂ္ဂလိက အီလက်ထရောနစ်ဆက်သွယ်မှုတွေကို အရင်ထဲက အွန်လိုင်းကနေ စောင့်ကြည့် ထောက်လှမ်းမှုတွေပြုလုပ်ခဲ့ပြီး အထူးသဖြင့် ဒီမိုကရေစီထောက်ခံသူတွေကို အချိန်နဲ့ တစ်ပြေးညီ စောင်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းမှု မတိုင်ခင်ထဲက ထောက်လှမ်းရေး နည်းပညာများကို လျှို့ဝှက်ဝယ်ယူမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။", "တစ်ဆက်တည်းမှာပဲ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ် အာဏာရှင်စနစ် စီမံကန်းမှာ ပါဝင် ပက်သတ် နေသူတွေကတော့ MPT နဲ့ လက်ရှိမှာ ပူးပေါင်း လုပ်ကိုင်နေတဲ့ ဂျပန် စီးပွားရေးလုပ်ငန်းစု နှစ်ခုဖြစ်တဲ့ KDDI နဲ့ Sumitomo Corporation တို့ပဲ ဖြစ်ပါတယ်။", "KDDI နဲ့ Sumitomo Corporation တို့ရဲ့ KDDI Summit Global Myanmar ဟာ လက်ရှိမှာ ဖက်စပ်လုပ်နေတဲ့ MPT နဲ့အတူ တရားဝင် ကြားဖြတ်ထောက်လှမ်းတဲ့ နည်းပညာကို တပ်ဆင်ဖို့ လုပ်ဆောင်ဖို့ရှိနေတာ ဖြစ်ပါတယ်။", "၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ KDDI နဲ့ Sumitomo Corporation တို့ကတော့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ မပါဝင်ဘူးလို့ တရားဝင် ငြင်းဆိုထားပါသေးတယ်။", "KDDI နဲ့ Sumitomo Corporation တို့က တရားဝင်ကြားဖြတ် ထောက်လှမ်းခြင်းနဲ့ ပတ်သက်ပြီး “အလွန်စိုးရိမ်ပူပန်ကြောင်း” ဖော်ပြခဲ့ပြီး၊ မိမိ တို့အနေနဲ့ “မြန်မာနိုင်ငံဆက်သွယ်ရေး ဥပဒတွေအရ ကြားဖြတ်ဖမ်းယူဖို့ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်တွေရဲ့ တိုက်ရိုက်ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိပါ။ ကုမ္ပဏီအနေနဲ့ အာဏာပိုင် တွေက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေ သို့မဟုတ် အခြားအချက်အလက်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို အသိအမှတ်မပြုပါ“ လို့ ဖော်ပြခဲ့ပါတယ်။", "ဒါပေမယ့် လက်ရှိအချိန်အထိ ဂျပန်လုပ်ငန်းစု နှစ်ခုဟာ စစ်ကောင်စီ အလိုကျ ဒစ်ဂျစ်တယ် အာဏာရှင်အလိုကျ စီမံကိန်းတွေမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နယ်သာလန်အခြေစိုက် ASN ဘဏ် ကစစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ KDDI ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲကနေ စောစီးစွာ နှုတ်ထွက်သွားခဲ့ပါတယ်။ တချိန်တည်းမှာ ဒိန်းမတ်ပင်စင်ရန်ပုံငွေ P+ က KDDI ကို စစ်အုပ်စုနဲ့ အကျိုးတူပူးပေါင်းမှုတွေကိုလေ့လာစောင့်ကြည့် ဖို့ သတ်မှတ်ခဲ့ပါတယ်။", "တရားဝင် ကြားဖြတ်ထောက်လှမ်းတဲ့ နည်းပညာကို တပ်ဆင် အသက်သွင်းဖို့ လုပ်နေမှုဟာ ကုလသမဂ္ဂ လမ်းညွှန် အခြေခံမူတွေနဲ့ OECD လမ်းညွှန်ချက်တွေမှာ ပြဌာန်းထားတဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ ဆိုးရွားတဲ့ ပျက်ကွက်မှုတစ်ခုပဲ ဖြစ်ပါတယ်။", "KDDI, Sumitomo Corporation တို့အနေနဲ့ စစ်အုပ်စုရဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ စီးပွားရေးအကျိုးစီးပွားတွေကို ပံ့ပိုးကူညီနေတာတွေ မရပ်တန့်ရင် ရင်းနှီးမြှပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။"]
https://yktnews.com/2023/01/81461/
အစ္စရေးဆိုင်ဘာ ထောက်လှမ်းရေးကုမ္ပဏီ Cognyte ထံမှ မြန်မာက စပိုင်ဆော့ဝဲ ဝယ်ယူခဲ့ကြောင်း အထောက်အထားသစ်များ တွေ့ရှိ
["အစ္စရေးဆိုင်ဘာ ထောက်လှမ်းရေးကုမ္ပဏီ Cognyte ထံမှ မြန်မာက စပိုင်ဆော့ဝဲ ဝယ်ယူခဲ့ကြောင်း အထောက်အထားသစ်များ တွေ့ရှိ", "By Oded Yaron", "ဖုန်းဆက်သွယ်ပြောဆိုသူများအား ကြားဖြတ်ခိုးနားထောင်နိုင်ရန် နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်ဗဟိုချက်၌ တပ်ဆင်မည့်အဆင့်မြင့် ဆိုင်ဘာထောက်လှမ်းရေးစနစ် တစ်ခုအတွက် မြန်မာအစိုးရပိုင်ကုမ္ပဏီက ခေါ်ယူခဲ့သောတင်ဒါကို အစ္စရေးကုမ္ပဏီတစ်ခုဖြစ်သည့် Cognyte က အောင်မြင်ခဲ့ကြောင်း Justice For Myanmar အဖွဲ့ကရရှိခဲ့သော စာရွက်စာတမ်းများအရ သိရသည်။ Cognyteသည် Nasdaq စတော့ဈေးကွက်တွင်အစုရှယ်ယာ ရောင်းဝယ်ဖောက်ကားနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။", "အမေရိကန်ပြည်ထောင်စုနှင့်အီးယူတို့က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုများပိတ်ပင် ထားသော်လည်း ယခုအချိန်၌ တိုင်းပြည်ကို အတိအလင်းထိန်းချုပ်ထားသော စစ်ကောင်စီထံသို့ လက်နက်ရောင်းချမှု ရပ်ဆိုင်းရေးကို အစ္စရေးက အစောပိုင်းတွင် ငြင်းဆန်နေခဲ့သည်။", "၂၀၁၆-၂၀၁၇ ကာလများအတွင်း ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုန်းသတ်ဖြတ်ရေးမူဝါဒများကို မြန်မာနိုင်ငံက ချမှတ်ကျင့်သုံးခဲ့စေကာမူ အစ္စရေးနိုင်ငံသည် စစ်ကောင်စီသို့ ပို့ကုန်တင်ပို့မှုများ၊ စစ်တပ်နှင့် ဆက်ဆံမှုများကို ဆက်လက်ပြုလုပ်နေခဲ့သည်။ သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါရှိလာပြီး အများပြည်သူ၏ ဖိအားမြင့်မားလာသည့် အချိန်ကျမှသာ အစ္စရေးက မြန်မာနိုင်ငံသို့ လုံခြုံရေး ပစ္စည်းများ တင်ပို့နေမှုကို ၂၀၁၈ ခုနှစ်နှစ်ဦးပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။", "ရရှိထားသောစာရွက်စာတမ်းများအရ မြန်မာကောင်စီအနေဖြင့် ဆက်သွယ်ရေး ကုမ္ပဏီအားလုံး၏ ကွန်ရက်များတွင် “ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်သည့် စနစ်များ” တပ်ဆင်ရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။ အဆိုပါစနစ်မျိုးကို မိမိနိုင်ငံသားများအပေါ် ထောက်လှမ်းရန် နည်းလမ်းများအဖြစ် ဥပဒေ၊ နည်းဥပဒေများပြဌါန်းလျှက် နိုင်ငံအများအပြားရှိ ရဲတပ်ဖွဲ့နှင့် ဥပဒေစိုးမိုးရေးအဖွဲ့များ၌ အသုံးပြုလျက်ရှိကြသည်။", "၎င်းစနစ်များသည် ဖုန်းပြောဆိုမှုများအား ခိုးနားထောင်နိုင်ရေး မိုဘိုင်းဖုန်းတည်နေရာကို ရှာဖွေခြင်း၊ မိုဘိုင်းစက်ပစ္စည်းများထဲသို့ ကြားဖြတ်ဝင်ရောက်ခြင်း၊ စာသားနှင့် လျှို့ဝှက်သင်္ကေတပြုစာတိုများ ဆွဲထုတ်ရယူခြင်း စသည့်လုပ်ရပ်မျိုးစုံဖြင့် ကွန်ရက်လှုပ်ရှားမှုကို စောင့်ကြည့်ကြသည်။", "တိုင်းပြည်၏ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ထိန်းချုပ်ထားသော နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)အတွက် စနစ်တစ်ခု ပေးသွင်းရမည့်တင်ဒါကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း Cognyte ကုမ္ပဏီက အောင်မြင်ခဲ့ကြောင်း စာရွက်စာတမ်းများ၌ တွေ့ရှိရသည်။ အဆိုပါကန်ထရိုက်ကို စစ်တပ်ကအာဏာမသိမ်းမီ တစ်လခန့်အလိုက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။", "စနစ်တပ်ဆင်မှုများအား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အပြီးဆောင်ရွက်ရန် ရည်မှန်းထားသော်လည်း ၎င်းစနစ်ကို လွှဲပြောင်းပေးအပ်ပြီးခြင်း ရှိ/မရှိ သို့မဟုတ် လုပ်ငန်းလည်ပတ်နေခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရှိရပေ။ အစိုးရဆက်သွယ်ရေးကုမ္ပဏီသည် ၎င်းစနစ်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံအတွင်းရှိသတင်းရင်းမြစ်များက Reuters သတင်းဌာနကို ပြောကြားသည်။", "အဆိုပါစနစ်ကို မဝယ်ယူမီတစ်လအလို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းပြည်၏ အရပ်သားခေါင်းဆောင်လည်းဖြစ်၊ နိုဘယ်ဆုရှင်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲမသမာမှုများ ရှိသည်ဟု စစ်တပ်က စွပ်စွဲပြောဆိုလျက် ရွေးကောက်ပွဲရလဒ်ကိုလက်ခံလိုခြင်း မရှိကြောင်း ၎င်းတို့က အချက်ပြလာသည်။", "နောက်နှစ် ဖေဖော်ဝါရီလတွင်မူ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၆ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။", "အာဏာသိမ်းပြီး ဆက်လက်ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုနှင့် ပဋိပက္ခများအတွင်း အနည်းဆုံးလူပေါင်း ၁,၆၀၀သေဆုံးခဲ့ပြီး ၁၄,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ထို့အပြင် အကြမ်းဖက်မှုစွပ်စွဲချက်များဖြင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ လေးဦးကိုလည်း သေဒဏ်ပေး ကွပ်မျက်ခဲ့သည်။", "မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များသည် “လူ့အသက်ကို ပြောင်ပြောင်တင်းတင်းပင် အလေးမထားကြကြောင်း” ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်၌ ရေးသားထားပြီး လူအများအပြားကို ပရမ်းပတာ ဖမ်းဆီးခြင်း၊ ရက်စက်စွာညှင်းပန်းနှိပ်စက်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။", "“စစ်ကောင်စီသည် အွန်လိုင်းစောင့်ကြည့်မှုများမှတစ်ဆင့် ပုဂ္ဂိုလ်ရေးရာ အီလက်ထရောနစ် ဆက်သွယ်မှုများကို ပုံမှန်စစ်ဆေးထိန်းကျောင်းလျက်ရှိပြီး ဒီမိုကရေစီအရေး ထောက်ခံလှုပ်ရှားသူများကို စောင့်ကြည့်နေကြောင်း သတင်းအများအပြား ရရှိသည်။ အာဏာမသိမ်းမီက စစ်တပ်သည် အီလက်ထရောနစ် စစ်ရေးစွမ်းရည်တစ်ခုကိုတည်ဆောက်ကာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများကို ထိန်းကျောင်းရန် ဆယ်လူလာဖုန်း ကြားဖြတ်ဝင်ရောက်သည့် စနစ်များအပါအဝင် ထောက်လှမ်းရေး နည်းပညာများကို ဝယ်ယူခဲ့သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။", "မှတ်ချက်ပေးရန် Haaretz သတင်းဌာန၏ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့မှုအပေါ် Cognyte က ပြန်လည် တုံ့ပြန်ခဲ့ခြင်းမရှိပေ။ Cognyte အနေဖြင့် မြန်မာနိုင်ငံ၌တင်ဒါဝင်ရောက်ယှဉ်ပြိုင်ပြီး စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ရှိ/မရှိနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထိုသို့ရောင်းချရန် ခွင့်ပြုခဲ့ခြင်း ရှိ/မရှိ Haaretz သတင်းစာ၏ မေးမြန်းမှုများကိုလည်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနက ပြန်လည်မဖြေကြားခဲ့ပေ။", "အစ္စရေးစစ်လက်နက်စနစ်များကို မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် အထောက်အထားများ ပေါ်ထွက်လာပြီးနောက် လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ Eitay Mack က အစ္စရေးရှေ့နေချုပ် Gali Baharav-Miara ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် Cognyte ကုမ္ပဏီတို့က အားပေးကူညီနေသည် ဟူသည့် စွပ်စွဲချက်များအတွက် ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးပေးရန် ၎င်းအပါအဝင် ဒါဇင်နှင့်ချီသော အခြားလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆော်ဩတောင်းဆိုထားသည်။", "တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီးဌာန ပို့ကုန်ကြီးကြပ်မှုဌာနခွဲထံသို့လည်း ၎င်းပုဂ္ဂိုလ်များက စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး Cognyte ၏ပို့ကုန်ပါမစ်နှင့် မြန်မာနိုင်ငံသို့ ဈေးကွက်တင်ပို့ခွင့် လိုင်စင်များကိုဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။", "“ဥပဒေနှင့်အညီကြားဖြတ်နားထောင်ခြင်း ဟူသောစကားရပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အစ္စရေးတို့က နောက်ထပ်တစ်ကြိမ် ထပ်မံအားပေးကူညီနေမှုကို ဖုန်းကွယ်လိုသည့် ဟန်ပြစကားလုံးသာဖြစ်သည်” ဟု စာထဲတွင် Mack ကရေးသားသည်။", "“မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်မှုကို ကြီးကြပ်ရန် ဥပဒေအခြေခံ အဆောက်အအုံ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ မည်သည့်အခါကမျှမရှိခဲ့ပါ။ မြန်မာနိုင်ငံ၏ ဆိုးဝါးနေသည့် အခြေအနေအရပ်ရပ်ကို Cognyte က တင်ဒါမရမီ အချိန်ကသော်လည်းကောင်း၊ တင်ဒါအောင်ပြီးအချိန်၌ သော်လည်းကောင်း သိရှိနားလည်ထားခဲ့ပြီးဖြစ်သည်။", "Cognyte နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများအနေဖြင့် မြန်မာနိုင်ငံ၏ ဆိုးဝါးနေသော အခြေအနေများကို မသိရှိခဲ့ပါဟု ငြင်းဆန်ပြောဆို၍ မရပါ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား အကူအညီပေးအပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သိရှိထားခဲ့သည် သို့မဟုတ် သိရှိထားပြီး ဖြစ်နေသင့်သည်” ဟု ဆက်လက်ဖော်ပြထားသည်။", "၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေး ကုမ္ပဏီဖြစ်သော Verint သည် ၎င်း၏ ထောက်လှမ်းရေး ဆိုင်ဘာစနစ်ဌာနကို သီးခြားကုမ္ပဏီတစ်ခုအဖြစ် ခွဲထုတ်ကာ Cognyte အမည်ဖြင့် Nasdaq စတော့ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်စေခဲ့သည်။ ယနေ့အချိန်တွင် Verint သည် ကွန်ပျူတာအသိဉာဏ်တု (AI) နှင့် ဒေတာဆန်းစစ်မှု နည်းပညာကဏ္ဍများကို အလေးပေး ဆောင်ရွက်လျက်ရှိသော်လည်း အတိတ်ကာလကမူ၎င်းသည် အဇာဘိုင်ဂျန်၊ အင်ဒိုနီးရှား၊ တောင်ဆူဒန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဇက်စတန်ကဲ့သို့ ဖိနှိပ်သော အစိုးရများထံသို့ အဆင့်မြင့်စောင့်ကြည့်ရေး နည်းပညာများ ရောင်းချခဲ့ဖူးသည်။", "Herzliyaမြို့ရှိ Cognyte ၏ လုပ်ငန်းလိပ်စာမှာ Verint ကုမ္ပဏီ၏ လိပ်စာနှင့်အတူတူပင်ဖြစ်ပြီး တစ်ချိန်က Verint ရောင်းချခဲ့သော ဆိုင်ဘာထောက်လှမ်းရေး ဝန်ဆောင်မှုများကိုပင် ဆက်လက်ပေးအပ်လျက် ရှိသည်။", "ယခုအပတ် Haaretz သတင်းစာ၌လည်း ဆိုက်ပရပ်ရှိ Cognyte ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော U-TX Technologies က လူ့အခွင့်အရေး မှတ်တမ်းဆိုးများ ရှိနေသည့်ကြားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စောင့်ကြည့်ရေး စက်ပစ္စည်းမျာ းရောင်းချခဲ့ကြောင်း သတင်းဖော်ပြထားသည်။ ဒေါ်လာ ၂သန်းတန် “ဝဘ် ထောက်လှမ်းရေးစနစ်” နှင့် ဒေါ်လာ ၅ သိန်းတန် စစ်ထောက်လှမ်းရေးအတွက် ဆဲလ်ဖုန်းခြေရာခံ စနစ်များကို အင်တာနက်နှင့် လူမှုကွန်ရက်အသုံးပြုမှုများကို ခြေရာခံရန် တာဝန်ရှိသည့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန၏ အမျိုးသားဆက်သွယ်ရေး စောင့်ကြည့်မှု ဗဟိုဌာနသို့ ၎င်းကုမ္ပဏီက ပေးသွင်းခဲ့ခြင်းဖြစ်သည်။", "လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်လျက် မြန်မာစစ်ကောင်စီနှင့် ပြုလုပ်ခဲ့သော လက်နက်အရောင်းအဝယ် အများအပြားနှင့် အဆိုပါ အရောင်းအဝယ်များ၌ ပါဝင်ပတ်သက်ခဲ့သော မြန်မာကောင်စီအရာရှိများ၏ အကျင့်ပျက် ခြစားမှုများကို Justice For Myanmar အဖွဲ့က ဖော်ထုတ်ပေးခဲ့ပြီးဖြစ်သည်။", "ထို့အပြင် အစ္စရေးလက်နက်တင်ပို့သူ အများအပြားကို ကိုယ်စားပြုပြီး အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားကြောင်း ၎င်းတို့ကိုယ် ၎င်းတို့ကြော်ငြာထားသော ပြည်တွင်း ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်အတွက် လုံခြုံရေးစနစ်အမျိုးမျိုးအား မည်သို့ ရောင်းချခဲ့သည်ကို သက်သေထူနေသည့် တရားဝင်စာရွက်စာတမ်းများ ရရှိခဲ့ခြင်းမှာ အခြားဖော်ထုတ်နိုင်ခဲ့မှုတစ်ခု ဖြစ်သည်။", "မကြာသေးမီကလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အကြီးတန်းအမှုဆောင်တစ်ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုအတွင်း မြန်မာစစ်ခေါင်းဆောင်၏ မိသားစုပိုင်ဆိုင်သော ဇိမ်ခံကွန်ဒိုအခန်းနှင့် ဘဏ်စာအုပ်များကို သိမ်းဆည်းရရှိထားသည် ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။", "Haaretz သတင်းစာပါ Oded Yaron ၏ “Myanmar Acquired Spyware From Israeli Cyber-intelligence Firm Cognyte, New Docs Reveal” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။"]
https://yktnews.com/2024/04/156754/
အညာဒေသတစ်နေရာတွင် နွေဦးမျိုးဆက်-သံချပ်အဖွဲ့က တော်လှန်သင်္ကြန်သံချပ်များဖြင့် ဖျော်ဖြေ
["အညာဒေသတစ်နေရာတွင် နွေဦးမျိုးဆက်-သံချပ်အဖွဲ့က တော်လှန်သင်္ကြန်သံချပ်များဖြင့် ဖျော်ဖြေ", "ရန်ကုန်၊ ဧပြီ ၁၃", "အညာဒေသတစ်နေရာတွင် နွေဦးမျိုးဆက်-သံချပ်အဖွဲ့က ပြည်သူများကို တော်လှန်သင်္ကြန်သံချပ်များဖြင့် ယနေ့ သင်္ကြန်အကြိုနေ့ ဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့တွင် ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အညာဒေသတစ်နေရာ#နွေဦးမျိုးဆက်-သံချပ်အဖွဲ့ #တော်လှန်သင်္ကြန်သံချပ်များ"]
https://yktnews.com/2024/11/193733/
အညာဒေသတစ်နေရာတွင် မီးဘေးသင့် စစ်ရှောင်ပြည်သူများကို ဒန်ပေါက် ထမင်းလှူဒါန်း
["အညာဒေသတစ်နေရာတွင် မီးဘေးသင့် စစ်ရှောင်ပြည်သူများကို ဒန်ပေါက် ထမင်းလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "အညာဒေသ တစ်နေရာတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မီးဘေးသင့် စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စားဒန်ပေါက်ထမင်းကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/79547/
အညာဒေသရှိ စစ်ဘေးသင့်ကလေးများအတွက် စာသင်ကျောင်း ဖွင့်လှစ်
["အညာဒေသရှိ စစ်ဘေးသင့်ကလေးများအတွက် စာသင်ကျောင်း ဖွင့်လှစ်", "ရန်ကုန်၊ ဇန်နဝါရီ ၆", "အညာဒေသရှိ စစ်ဘေးသင့်ကလေးများ အတွက် စစ်ရှောင် စာသင်ကျောင်း ၆ ကျောင်းအနက် ဒုတိယမြောက် စာသင်ကျောင်းကို S&C မီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်မှုအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၆ ရက်နေ့တွင် သွားရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။", "ကလေးငယ်များအတွက် သင်ထောက်ကူ ပစ္စည်းများနှင့် လိုအပ်သည့် ပစ္စည်းအချို့ကိုလည်း ပေးအပ် လှူဒါန်းခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် စစ်ရှောင်ကျောင်း ၄ ကျောင်းကိုလည်း အမြန်ဆုံးဖွင့်နိုင်ရန် S&C အဖွဲ့မှ စီစဥ်မှုများရှိပြီး ပါ၀င်ကူညီရန် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/196968/
အညာဒေသရှိ နှစ်ရှည်စစ်ရှောင်များကို ကြာဇံဟင်းခါး အလှူဒါနပြု
["အညာဒေသရှိ နှစ်ရှည်စစ်ရှောင်များကို ကြာဇံဟင်းခါး အလှူဒါနပြု", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "ချင်းတွင်းမြစ်ကမ်းကမ်းကျေးရွာများသပိတ်စစ်ကြောင်းက အညာဒေသရှိ စစ်ရှောင်ပြည်သူများကို အာဟာရ ကုသိုလ်အဖြစ် အလှူရှင်ကိုယ်စား ကြာဇံဟင်းခါး အလှူဒါနပြုခြင်းနှင့် မွေးနေ့ကိက်ခွဲခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204912/
အညာဒေသရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုကို ကျောင်းအတွက် လိုအပ်ပစ္စည်းများ၊ စာရေးကိရိယာများနှင့် ငွေကြေးလှူဒါန်း
["အညာဒေသရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုကို ကျောင်းအတွက် လိုအပ်ပစ္စည်းများ၊ စာရေးကိရိယာများနှင့် ငွေကြေးလှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "အညာဒေသရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုကို “လူငယ် လွတ်မြောက်ရေး အဖွဲ့-YLA” က ကျောင်းအတွက် လိုအပ်ပစ္စည်းများ၊ ‌ကျောင်းနေ စာသင်ကျောင်းသူ/သား များအတွက် စာရေးကိရိယာများနှင့် ပြည်သူတို့လှူဒါန်းသော အလှူပစ္စည်း/ငွေကြေးများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ကျောင်းနေ ကျောင်းသားများနှင့် YLAရဲဘော်များ ရင်းနှီးစွာ ဘောလုံးပွဲတစ်ခု ပြုလုပ်ခဲ့ကြပြီး ကျောင်းသူ/သား များနှင့် တော်လှန်ရေး၊နိုင်ငံရေး၊လူငယ်၊ကျောင်းသားရေးရာများအား အတူတကွအပြန်အလှန် ပညာယူကာပူးပေါင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/154945/
အညာပစ်တိုင်းထောင်လေးများအဖွဲ့က PDF ရဲဘော်များကို ဟန်ဘာဂါ၊ကြာဇံကြော်၊ဝက်သားဒုတ်ထိုးများလှူဒါန်း
["အညာပစ်တိုင်းထောင်လေးများအဖွဲ့က PDF ရဲဘော်များကို ဟန်ဘာဂါ၊ကြာဇံကြော်၊ဝက်သားဒုတ်ထိုးများလှူဒါန်း", "ရန်ကုန်၊ ဧပြီ ၄", "အညာပစ်တိုင်းထောင်လေးများအဖွဲ့က PDF ရဲဘော်များကို ဟန်ဘာဂါ၊ကြာဇံကြော်၊ဝက်သားဒုတ်ထိုးများကို စိတ်ခွန်အား၊ကိုယ်ခွန်အားဖြစ်စေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126782/
အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့၌ အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/108661/
အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
["အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ ဇွန် ၁၉", "ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ဘေးရှောင် ပြည်သူ ၁၅၀၀ ကို အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/108722/
အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ကို စစ်ဘေးရှောင် စခန်းတွင် ကျင်းပ
["အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ကို စစ်ဘေးရှောင် စခန်းတွင် ကျင်းပ", "ရန်ကုန်၊ ဇွန် ၁၉", "ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ကို စစ်ဘေးရှောင် စခန်း ၃ ခု၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/125465/
အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်း
["အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၆", "ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ အောက်တိုဘာလ ၆ ရက်နေ့၌ မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။", "မီးဘေးသင့် နေအိမ် ၄၆ အိမ်ကို လှူဒါန်းခဲ့ပြီး နေအိမ် ၁ အိမ်လျှင်ငွေ ၅၀၀၀ကျပ်၊ ဒန်အိုး၁လုံး၊ဆန်၁ပြည်၊ ဆီ ၅၀ သား၊ ရေပုံး ၁ ပုံး၊ ကုလားပဲ ၂ ဗူး၊ဆပ်ပြာ၊ ဇလုံ ၂ လုံး၊ ဇွန်း ၃ ချောင်း၊ ငါးသေတ္တာ ၁ ဗူးနှင့်သွားတိုက်ဆေး တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133670/
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ပြည်သူများကို ကြာဇံဟင်းခါးလှူဒါန်း
["အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ပြည်သူများကို ကြာဇံဟင်းခါးလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အဖွဲ့ဖွဲ့စည်းခြင်း၁နှစ်ပြည်အဖြစ် စစ်ရှောင်ပြည်သူနှင့်ပြည်သူ ၂၀၀၀ ကျော်ကိုကြာဇံဟင်းခါးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126623/
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မီးဘေးသင့် ကလေးငယ် ၁၀ ဦအးတွက် စာရေးကိရိယာများ လှူဒါန်း
["အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မီးဘေးသင့် ကလေးငယ် ၁၀ ဦအးတွက် စာရေးကိရိယာများ လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မီးဘေးသင့် ကလေးငယ် ၁၀ ဦးအတွက် ကျောင်သုံးစာအုပ်အစုံနင့်လွယ်အိတ်တို့ကို ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် လှူဒါန်းခဲ့သည်။"]
https://yktnews.com/2023/05/100535/
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မီးရှိူ့ခံရသောကျေးရွာမှ ပြည်သူများကို ခေါက်ဆွဲကြော်လှူဒါန်း
["အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ မီးရှိူ့ခံရသောကျေးရွာမှ ပြည်သူများကို ခေါက်ဆွဲကြော်လှူဒါန်း", "ရန်ကုန်၊ မေ ၂", "မီးရှို့ခံရသော ကျေးရွာများမှ ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ခေါက်ဆွဲကြော်များ ယနေ့ မေလ ၂ ရက်နေ့တွင် လှူဒါန်းခဲ့ကြသည်။", "“ဒီနေ ၂ရက်နေ့ဟာဆိုရင် huang zitao ရဲ့ အသက်၃၀ပြည့်မွေးနေ့အလှူဖြစ်ပါတယ်။ ကျွန်တော်တို့ အညာပစ်တိုင်းထောင်လေးတွေအနေနဲ့ မီးလောင်ပြင်ကပြည်သူတွေကိုအလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းရခြင်းဖြစ်ပါတယ်။ အဖွဲ့သားတွေ ကိုယ်တိုင်ချက်ပြီး လှူဒါန်းပေးနေတာပါ။ မြေပြင်မှာ တကယ်လိုအပ်နေတဲ့ နေရာတွေအများကြီးရှိနေပါတယ်။ ပြည်သူမှ ပြည်သူတို့ကူညီပေးစေလိုပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့ ဦးဆောင်သူကပြောဆိုသည်။"]
https://yktnews.com/2023/02/84680/
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အသံတိတ်သပိတ်တွင် ပါဝင် သပိတ်မှောက်
["အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အသံတိတ်သပိတ်တွင် ပါဝင် သပိတ်မှောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အသံတိတ်သပိတ်တွင် ပါဝင်၍ စစ်အာဏာရှင်၏ အာဏာသိမ်း ၂ နှစ်ပြည့်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည်", "“ဒီနေ့ဟာဆိုရင် စစ်ကောင်စီရဲ့အာဏာသိမ်းတာ ၂နစ်ပြည့်ပါပြီ။ပြည်သူလူထုအနေနဲ့လည်း အသံတိတ်သပိတ်မွာ အားလုံးပါဝင်တာတွေ့ရပါတယ်။အသံတိတ်သပိတ်မွာ အာလုံးပါဝင်ကြသလို နွေဦးတော်လှန်ရေးမှာလည်း အားလုံးပါဝင်အားဖြည့်ပေးစေလိုပါတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူကပြောဆိုသည်။"]
https://yktnews.com/2023/02/87586/
အညာမှာ စစ်တပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ်စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားပေမယ့် စစ်အာဏာရှင် တော်လှန်ရေးအတွက် လက်နက် ဝယ်ဖို့ ငွေနဲ့ လက်ဝတ်ရတနာတွေ ပြည်သူတွေက ချွတ်လှူနေကြ
["အညာမှာ စစ်တပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ်စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားပေမယ့် စစ်အာဏာရှင် တော်လှန်ရေးအတွက် လက်နက် ဝယ်ဖို့ ငွေနဲ့ လက်ဝတ်ရတနာတွေ ပြည်သူတွေက ချွတ်လှူနေကြ", "ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅", "အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ ၊ နေအိမ်မီးရှို့မှုတွေကြောင့် အညာဒေသဖြစ်တဲ့ မကွေးတိုင်းမှာ ပြည်သူတွေဟာ နေအိမ် စည်းစိမ် ဥစ္စာတွေ ဆုံးရှုံးနေကြရပါတယ်။", "ဒါပေမယ့် အညာမှာ စစ်တပ်ရဲ့ မီးရှို့မှုကြောင့် နေအိမ်စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားပေမယ့် စစ်အာဏာရှင် တော်လှန်ရေး လက်နက် ဝယ်ဖို့ ငွေနဲ့ လက်ဝတ်ရတနာတွေချွတ်လှူနေကြပါတယ်။", "မကွေးတိုင်း၊မြိုင်မြို့နယ်အခြေစိုက် ပြည်သူ့အားမန်တပ်ဖွဲ့နဲ့ ဗိုလ်မိုးကြိုး (GOBA) တပ်ဖွဲ့တို့အတွက် ရိုင်ဖယ် မောင်းပြန် သေနတ် တစ်လက် ဝယ်ယူဖို့ ပြည်သူတွေက ရွှေဆွဲ ၁ ကုံး၊ နား ကပ်၂ ရံ နဲ့ ငွေကျပ် သိန်း ၁၈၀ ကျပ်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ လှူပေးခဲ့ကြပါတယ်။"]
https://yktnews.com/2025/01/201328/
အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်မှု ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
["အထက် မင်းလှမြို့နယ်မြို့နယ်တွင် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်မှု ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်ကား ၂ စီးကို အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ရာ ကပစ ၁၀ မှ အရာရှိများ အပါအဝင် စစ်သား ၃၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း United States Of Burma Army – USBA တပ်ဖွဲ့ တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ် သ တင်း ဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၈ မိနစ်ခန့်တွင် ကံတုပ်ကျေးရွာ အကြမ်းဖက် စစ်တပ်ဂိတ်မှ အထက် မင်းလှမြို့ဘက်သို့ ပြန်လာသည့် အင်အား ၄၉ ဦးပါ စစ်ကား ၂ စီးကို အထက်မင်းလှမြို့ နယ်အတွင်းရှိ သရက်-မင်းလှ ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းကို ဆက်သွယ်ပေးထားသော ကံတုပ် – စစ္စနို့ ကားပိုင်းရှိ လယ်လှကျေးရွာအနီး မန်းသံပုရာကန် ရေနံချက်စက်ရုံ -PIC နှင့် ၁၅ မိုင်အကွာ လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ကံတုတ်ကနေ စစ္စနို့ဘက်ကို (မင်းလှဘက်ကိုပေါ့) မောင်းပြီး ပြန်တာ။ အရာရှိအပါအဝင် ၃၁ ဦး သေတယ်။ လက်နက်ကမရဘူး။တိုက်ခိုက်ခံရပြီးတော့ ကားသမားက မသေမရှင်နဲ့ မောင်းနိုင်လိုက် တဲ့အခါကျတော့ ရှေ့မီတာ ၄၀၀ လောက်အထိမောင်း ပြေးသွားတာ အဲလောက် အကွာအဝေးကျမှ ကားသမားက မမောင်းနိုင်ဘဲနဲ့ သတိလွတ်သွားတာ အဲဒီအချိန်မှာ အကောင်း အတိုင်းကျန်နေတဲ့ သေနတ် ပစ်နိုင်သေးတဲ့ စစ်ခွေး ၁၅ ယောက် လောက်က ခုခံပြန်ပစ်တာ အဲဒီလို ပြန်ခံပစ်တာရယ် အဲဒီနေရာက ရန်သူ့အတွင်းပိုင်းကို အရမ်းကျ တယ်။ ကျနော်တို့အတွက် ဆုတ်ဖို့အချိန် မရဘူး။ တကယ်လို့ သူတို့နဲ့ ဆက်ပြီးတိုက်လိုက်ရင် ကျနော် တို့ ဆုတ်လမ်းအတွက်က တော်တော် အဆင်မပြေတော့ဘူး။ ချုံခို တိုက်ပွဲကနေ သမရိုးကျတိုက်ပွဲ အသွင် ပြောင်းသွားတဲ့အခါ ကျတော့ ဆုတ်ပေးလိုက်တာပါ။ ဘာမှတော့ သိမ်းဆည်းရရှိတာ မရလိုက်ဘူး” ဟု United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ရန်ကုန် ခေတ်သစ် သ တင်း ဌာနထံသို့ ပြောကြား သည်။", "ထိုသို့ စီးနင်းတိုက်ခိုက်မှုအတွင်း ပကစ ၁၀ မှ အရာရှိများအပါအဝင် အကြမ်းဖက်စစ်သား ၃၁ ဦး သေဆုံးပြီး ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ လက်ကျန်စစ်သား အနည်းငယ်ဖြင့် အထက်မင်းလှ ဆေးရုံးသို့ မောင်းပြေးသွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States Of Burma Army – USBA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သော် သော်လည်း စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။", "ထိတွေ့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာ အနီးတဝိုက်ကို မြေပြင် စစ်ကြောင်း ၊ Drone များဖြင့်ပါ တိုက်ခိုက်နေပြီး လေယာဉ်ဖြင့်ပါ တိုက်ခိုက်မှုများ အချိန်မရွေး လုပ်ဆောင်လာနိုင်သောကြောင့် မင်းတုန်းမြို့နယ်၊ အထက် မင်းလှအတွင်းရှိ ပြည်သူများအနေဖြင့် အထူးဂရုပြု နေထိုင်ကြရန် တိုက်တွန်းထားသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ပုသိမ် -မုံရွာ လမ်းပိုင်းရှိ ကံတုတ်ကျေးရွာဂိတ်စခန်းကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ပံတံခါးတိုက်နယ်နှင့် ရှမ်းတပ်တိုက်နယ် အတွင်းကို သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ စစ်ကြောင်းထိုးနေခြင်းကြောင့် ပြည်သူ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။", "“ဒီတစ်ခါသူတို့က အငိုက်မိတာ။ အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေဆိုရင်လည်း စစ်ကောင်စီယန္တရား ၁၀၀ ရာခိုင်နှုန်းအပြည့်လည်ပတ်နေတဲ့ ရွာတွေပေါ့။ နည်းနည်းလေး လူတစ်ယောက်နဲ့ တွေ့ရင်က အစ သတင်းပေါက်မယ့် အနေအထားတွေပေါ့။ သူတို့နယ်မြေလို့ အပိုင်သတ်မှတ်ပြီးတော့ အဲဒီလမ်းပေါ်မှ သူတို့က တစ်ယောက်တည်းလည်းသွားတယ်။ ၂ ယောက်တည်းလည်းသွားတယ်။ အခုကား‌တွေဆိုရင်လည်း လုံးဝအေးအေးဆေးဆေးနဲ့သွားလာခဲ့တာ လက်နက်ကိုင်တော်လှန်ရေး ၄ နှစ် ပြည့်လို့ပြည့်ချိန်ကာလမှာတောင်မှ သူတို့က စိုးမိုးတဲ့ဒေသ အဲဒီလို ဒေသမှာ အခုလိုထဖြစ်တဲ့ အချိန် ကျတေ့ သူတို့အတွက်တော်တော်လေးတော့ ဆိုးဆိုးရွားရွား တုံ့ပြန်လာနိုင်ပါတယ်။ ဒါကြောင့် ဒေသပြည်သူတွေအနေနဲ့ကတော့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မယ့်အန္တရာယ်တွေ၊ လေကြောင်း တိုက်ခိုက်မှုတွေကို သတိဝီရိယထားပြီးတော့ ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းအကြံပေးလိုပါတယ်” United States Of Burma Army – USBA တပ်ဖွဲ့မှာ တာဝန်ခံ ကိုဗဟိန်းက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/11/193357/
အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
["အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "မကွေးတိုင်း၊ အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ခမရ ၈၈ ၊ ကပစ ၂ နှင့် ပကစ ၁၀ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပူးပေါင်း ထားသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ရွှေချောင်းရွာနှင့် ရှမ်းတပ်ကြီးရွာအကြားတွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် အထက်မင်းလှမြို့နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များ စစ်ရေးအရှိန် မြှင့်တင်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းများ အလျင်းမပြုလုပ့်ကြရန်နှင့် မြို့ ၊ ရွာ နယ်ပယ် နေရာအစုံတွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သောကြောင့် အထူးဂရုစိုက် သွားလာ နေထိုင်ကြရန် အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောဆိုသည်။"]
https://yktnews.com/2024/12/196813/
အထက်မင်းလှ-အမ်း လမ်းပိုင်း ၊ ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်ယာဉ်တန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["အထက်မင်းလှ-အမ်း လမ်းပိုင်း ၊ ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်ယာဉ်တန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ဒီဇင်ဘာ ၂၄", "မကွေးတိုင်း၊ အထက်မင်းလှ-အမ်း လမ်းပိုင်း ၊ ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်ယာဉ်တန်း တို့ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး Upper Minhla PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၇ရက်နေ့တွင် နံနက်ပိုင်းတွင် အထက်မင်းလှမြို့နယ် နှင့် အမ်းမြို့နယ်ကို ဆက်သွယ်ထားသည့် လမ်းပိုင်းများနှင့် ပုသိမ်-မုံရွာ လမ်းပိုင်းကို စစ်ကြောင်းထိုး၍ လာရောက် ပိတ်ဆို့သော အင်အား ၈၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းများဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာနိုင်သည့် လမ်းပိုင်းများ ​တလျှောက်တွင် မို​င်းများဖြင့် ခုခံတားဆီးနိုင်ရန် ပြင်ဆင်ထားခဲ့ပြီး ဝင်ရောက် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဟန့်တားခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။", "​အလားတူ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ပုသိမ်-မုံရွာ လမ်းပိုင်း ကန်တုတ်စစ်ဆေးရေးဂိတ် အနီး ကီလိုမီတာ ၂၀ခန့် အကွာတွင် အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။", "ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အသေးစား ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/189661/
အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်
["အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊အောက်တိုဘာ ၂၇", "အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မကွေးတိုင်း အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)အပတ်စဥ် ၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ သင်တန်းကာလ ၃ လကြာမြင့်ခဲ့ပြီးသင်တန်းတွင် အခြေခံစစ်ပညာရပ်များ ဆေးဘက်ဆိုင်ရာ ဘာသာရပ်များ၊ နိုင်ငံရေး၊ စစ်ရေးဘာသာရပ်များနှင့် လူထုအခြေပြု ကူညီကယ်ဆယ်ရေး စသည့် ဘာသာရပ်များကိုပါ စာတွေ့၊လက်တွေ့ သင်တန်းပို့ချပေးခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/208590/
အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ စစ်တပ်ဂိတ်များက ပြည်သူပိုင်ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူနေ
["အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ စစ်တပ်ဂိတ်များက ပြည်သူပိုင်ကားများကို အကြောင်းမဲ့ ဖမ်းဆီးပြီး စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများကို အတင်းအဓမ္မသိမ်းယူနေ", "ရန်ကုန်၊ မတ် ၂၃", "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်ဂိတ်များက ပြည်သူပိုင်ကားများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ပြီး စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများကို အတင်းအဓမ္မ သိမ်းယူနေကြောင်း ဒေသပြည်သူများနှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကန်တုတ်ဂိတ် နှင့် ရှမ်းတပ်ဂိတ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခရီးသွားပြည်သူများနှင့် ဒေသတွင်း ပြည်သူများ၏ ဈေးကားများ၊ ကုန်ကားများကို အကြောင်းမဲ့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားပေါ်တွင်ပါလာသည့် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် စက်သုံးဆီများပါ ယူဆောင်ထားပြီး ကားများကိုပါ သိမ်းဆည်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိသည်။", "“စစ်ခွေးတွေက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ငွေကြေးတောင်းခံမှုတွေနဲ့ ဖြတ်လေးဖြတ် စတင်လုပ်ဆောင်နေတာပေါ့။ ပြည်သူတွေရဲ့ ကားတွေပေါ်မှာ ပါလာတဲ့ လူသုံးကုန်ပစ္စည်းတွေ စားသောက်ကုန် ပစ္စည်းတွေ စက်သုံးဆီတွေကို ဂိတ်က စစ်ခွေးတွေက လုယက်ယူဆောင်တာပေါ့။ ကားကိုပါ သိမ်းဆည်းတာတွေလည်း လုပ်တယ်လို့ သိရတယ်” ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထိုသို့ သိမ်းဆည်းသွားသော ကားများနှင့် ဆိုင်ကယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြန်ရောင်းချပြီး ငွေကြေးခွဲဝေ ယူဆောင်မှုများရှိပြီး ပြည်သူများ၏ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများနှင့် စက်သုံးဆီများလည်း ပြန်လည် ရောင်းချကာ ခွဲဝေ ယူဆောင်မှုများ ရှိကြောင်း သိရသည်။", "“စစ်ခွေးတွေက သူတို့ သိမ်းဆည်းထားတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကို အပြင်မှာ ပြန်ရောင်းပြီး ငွေကြေး ခွဲဝေ ယူဆောင်တာတွေရှိတယ်။ အကြောင်းမဲ့ကို သိမ်းယူတာ ပြန်ရွေးခိုင်းရင်လည်း ငွေကျပ် သိန်းဆယ်ချီပြီးတော့ တောင်းတာ ပြန်ရွေးတဲ့ သူတွေလည်းရှိတယ်။ တချို့ဆို အငှားကားမောင်းတဲ့ သူတွေလည်းပါတယ်။ သူတို့တောင်းတဲ့ ပိုက်ဆံပေးပြီး ရွေးရတာပေါ့။ သူများကားမောင်းတယ်ဆိုတော့ အဲဒီစစ်ခွေးဂိတ်တွေက ပြည်သူတွေ အပေါ် နည်းမျိုးစုံနဲ့ကို ယုတ်မာနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/01/199238/
အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်
["အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုများ လုပ်ဆောင်", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄ နာရီကျော်ကြာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ခံ ရန်ကြီးအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းတွင် ယာဉ်သွားယာဉ်လာများကို စစ်ဆေးခြင်းနှင့် လမ်းပိုင်း လုံခြုံရေးအတွက် တော်လှန်ရေးတပ်ဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း လုံခြုံရေး စစ်ဆေးမှု လုပ်ငန်းစဉ်တွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ၄ နာရီကျော်ကြာ စစ်ဆေးခဲ့သည့်အပြင် ပြည်သူများကိုလည်း မိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။", "“အဓိက ကတော့ သတင်းရရင်ရသလို စကစ ဒေါက်တိုင်တွေ အရပ်သားအယောင်ဆောင်ပြီးသွားလာတာကို စစ်ဆေးဖြစ်ပါတယ်။ နောက်တချက်က ခရီးသွားပြည်သူတွေ ခရီးသွားလာတဲ့အခါ ဘေးကင်းလုံခြုံစေဖို့အတွက်ဖြစ်ပါတယ်။ ပြည်သူတွေကို သတိပေးတယ်ဆိုတာထက် အသိပေးချင်တာရှိပါတယ်.စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှဘေးကင်းလုံခြုံနိုင်ဖို့ကအရေးပိုကြီးလာတယ်ပေါ့နော်။ ဒါကြောင့် အသွားအလာတွေဂရုတစိုက်သွားလာကြဖို့မေတ္တာရပ်ခံချင်တာပါ” ဟု အထက်မင်းလှမြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ၏ တာဝန်ခံ ရန်ကြီးအောင်က ဆက်လက်ပြောဆိုသည်။", "အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းတွင် လုံခြုံရေး စစ်ဆေးမှုများကို မကြာခဏ ဆိုသလို လုပ်ဆောင်ခဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173717/
ပုသိမ်-မုံရွာ လမ်းပိုင်းတွင် စစ်သားများလိုက်ပါလာသည့် FAW ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး၊ ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ပြင်းထန်ဒဏ်ရာရရှိပြီး သရက်ဆေးရုံတွင် ကုသနေရ
["အထက်မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၈", "မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် FAW ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ပြင်းထန်ဒဏ်ရာရရှိပြီး သရက်ဆေးရုံတွင် ကုသနေရကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း ကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ‌၁၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပိုင်းရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာ အကြား လမ်းပိုင်းတစ်နေရာတွင် တိုင်တားကျေးရွာမှ ပြန်လာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၀င် အင်အား ၄၀ နီးပါး ပါဝင်သော အဖြူရောင် FAW ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း ကားပေါ်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထဲမှ ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းအပါအ၀င် စုစုပေါင်းအယောက်၂၁ ကျည် ထိမှန်ခဲ့ပြီး ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၁၅ ဦး ဒဏ်ရာအပြင်းထန် ရခဲ့ကြောင်း သိရှိရသည်။", "ပစ်ခတ်ခံရသည့် ကားရှေ့ခန်းမှ လိုက်ပါလာသော ဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်းသည် ဗိုက် ၊ ပေါင် နှင့် လက်မောင်း တို့တွင် ကျည်ထိမှန်ပြီး မင်းတုန်းဆေးရုံမှ ကုသမှုမနိုင်၍ သရက်ဆေးရုံကို အခြား ဒဏ်ရာရ အကြမ်းဖက် စစ်သားများနှင့်အတူ အရေးပေါ်ပို့ဆောင်လိုက်ရပြီး ထိုမှ တဆင့် သရက်ဆေးရုံတွင် မကုသနိုင်သော စစ်သားများကို မကွေးဆေးရုံးသို့ လျှို့ဝှက် ပို့ဆောင်မှုများရှိကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ရှင်းပြသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မင်းတုန်းဆေးရုံကို ပိတ်ဆို့ကာ အခြား ပြည်သူများ ၀င်ရောက်ဆေးကုသခွင့်များလည်း ပိတ်ပင်ခြင်း ၊ မြို့အတွင်း၌ အရေးပေါ် မာရှယ်လောထုတ်ခြင်းများ ပြုလုပ်ကာ တစ်မြို့လုံးကို သတင်းအမှောင်ချပြီး ထိခိုက်ဒဏ်ရာရ စစ်သားများကို အရေးပေါ် ဆေးကုသနေကြောင်း သိရသည်။", "“ပုသိမ်-မုံရွာ လမ်းပိုင်ဆိုင်ရာ ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို ပြည်သူ‌တွေ ပူးပေါင်းလိုက်နာပေးဖို့ အသိပေး ပြောကြားချင်ပါတယ်” ဟု မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ပြောဆိုသည်။", "ထို့ပြင် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အထက်မင်းလှမြို့နယ် ဘန့်ပြင်ကျေးရွားအနီး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း မင်းတုန်းမြို့နယ် ပကဖ တာ၀န်ခံ ကိုဗဟိန်း က ဆက်လက်ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မင်းတုန်းမြို့နယ် ပ.က.ဖ ၊ မင်းလှမြို့နယ် ပ.က.ဖ ၊ မကွေးမြို့နယ် ပ.က.ဖ ၊ United States Of Burma Army – USBA ၊ West River Army -WRA ၊ Key Of Revolution Guerrilla Force နှင့် Mindon Township People Defense Organization (မင်းတုန်းမြိုနယ်ပကဖ) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/01/201641/
အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရ
["အထက်မင်းလှမြို့နယ်၊ ရှမ်းတပ် ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၇ မိနစ်ခန့်တွင် အထက်မင်းလှမြို့နယ် ၊ ရှမ်းတပ် ရဲစခန်း အတွင်းကို ၄၀ မမ လက်နက်ကြီး ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး ရဲစခန်းဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။", "“ပစ်ခတ်မှုဖြစ်ပြီးတော့ ဆေးတပ်သားတစ်ယောက်ရှိတယ်လို့တော့ ကြားတယ်။ အဲဒါနဲ့ စခန်းတွင်း မှာ ကြိတ်ပြီးတော့ ကုနေကြတာ၊ စခန်းကို လူဝင်လူထွက်မရှိအောင် လုံးဝပိတ်ချလိုက်တာ၊ တိုက်ပွဲ ဖြစ်နေတဲ့ ပုံစံမျိုး အသင့်ပြင်ထားပြီးတော့ အတွင်းထဲမှာပဲ ကုနေတာ။ အဲလိုမပိတ်ချခင် အတွင်းထဲ ကနေ ‘ဘယ်နှစ်ယောက်လောက်ထိသွားလဲ ၇ ယောက်ထိထားတယ်။ ဆေးဆေး ဆိုပြီး အလောတ ကြီးဖြစ်ပျက်နေတဲ့ အသံလောက်ပဲကြားလိုက်ရတာ အတွင်းထဲထိ သတင်းရဖို့တော့ ခက်ခဲတယ်” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။", "ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်မခံရမီအချိန်ကလည်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စစ်ဆေးရေးဂိတ်အမည်ခံကာ ခရီးသွားပြည်သူလူထုကို ဆက်ကြေးကောက်ခြင်း ၊ အတင်းအကြပ်ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ လုပ်ဆောင်နေသည့် စခန်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States of Burma Army – USBA တပ်ဖွဲ့ဝင်ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“စခတွေဘက်က ပစ်တဲ့လက်နက်ကြီးတွေကြောင့် ထိခိုက်တဲ့ ပြည်သူတော့ မရှိပါဘူး။ ဒါမေပယ့် အ ကြမ်းဖက်စစ်ကောင်စီစခန်းအနီးအနားမှာရှိတဲ့ ပြည်သူတွေအနေနဲ့ စခန်းအနီးအနားမှာ မနေဖို့၊ စစ် တပ်စခန်းနဲ့ မီတာ ၁၀၀ ၊ မီတာ ၂၀၀ အတွင်းမှာနေတာက အရမ်းအန္တရာယ်များတယ်၊ ကျနော်တို့ လက်နက်ခဲယမ်းတွေဆိုတာက အနီးကပ်တိုက်ပွဲမှာ အန္တရာယ်နည်းကောင်း နည်းနိုင်ပေမယ့် လက် နက်ကြီးပစ်ခတ်မှုတွေမှာဆိုရင် လူကို မထိအောင် အရမ်းကို ဂရုစိုက်ပစ်ရတာ၊ သို့သော်လည်းလွဲချော် မှုဖြစ်ပြီး ပြည်သူလူထုအပေါ် ထိခိုက်မှုဖြစ်မှာ စိုးရတယ်၊ ဒါကြောင့်မို့လို့ အကြမ်းဖက်စစ်တပ်စခန်း အနီးအနားမှာ မနေကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မကွေး တိုင်း ပကဖ အထူးလှုပ်ရှားတပ်ဖွဲ့- USBA တာဝန်ခံ ကိုဗဟိန်းက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/07/114199/
အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF က ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများ အပါအဝင် ၂ နှစ်တာအတွင်း စစ်ကောင်စီ တပ်သား ၂၆၂ ဦးကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်
["အထူးစစ်ဆင်ရေး တပ်ဖွဲ့ – SOF က ရန်ကုန်မြို့တွင်း စစ်ဆင်ရေးများ အပါအဝင် ၂ နှစ်တာအတွင်း စစ်ကောင်စီ တပ်သား ၂၆၂ ဦးကို ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်", "ရန်ကုန်၊ ဇူလိုင် ၂၁", "အထူးစစ်ဆင်ရေးတပ်ဖွဲ – SOF က ရန်ကုန်မြို့တွင် စစ်ဆင်ရေးများအပါအဝင် ၂ နှစ်တာအတွင်း အကြမ်းဖက် ကောင်စီ တပ်သား ၂၆၂ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။", "ရန်ကုန်မြို့တွင်းစစ်ဆင်ရေးအနေဖြင့် ရန်ကုန်မြို့ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိရိပ်သာ၊ အင်းစိန်ထောင် အရာရှိ ရိပ်သာ အပါအဝင် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်များ၊ သာကေတ ရဲစခန်း၊ မြောက်ဥက္ကလာရဲစခန်း နှင့် လှိုင်သာယာရဲစခန်းတို့ကို လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ရှိ ရဲစခန်းများ၊ အကြမ်းဖက်လက်အောက်ခံ ပျူစောထီးဂိတ်များ၊ စစ်စခန်းများအား အကြိမ်ပေါင်းများစွာဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "ကျေးလက်စစ်ဆင်ရေးအနေဖြင့် ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းတိုက်ပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေး စခန်းသိမ်းတိုက်ပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်းတိုက်ပွဲနှင့် ကော့ကရိတ်မြို့ တောင်ကြာ အင်း စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း ၃၉ ကြိမ်၊ ဒရုန်း၊ လက်နက်ကြီးတိုက်ပွဲပေါင်း ၁၆ ကြိမ် ဆင်နွှဲနိုင်ခဲ့ကြောင်း၊ အဆိုပါ ကျေးလက်နှင့်မြို့တွင်းစစ်ဆင်ရေးတိုက်ပွဲပေါင်း ၈၇ ကြိမ်အတွင်း ရန်သူ ၂၆၂ ဦး သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၅၄ လက်သိမ်းဆည်းရမိခဲ့သည့်အပြင် တရားမဝင်မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားအချို့ သိမ်းဆည်းရမိ ဖျက်ဆီးနိုင်ခဲ့ကြောင်း SOF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ် ဆင်ရေးတပ်ဖွဲ – S.O.F စတင်ဖွဲစည်းတည်ထောင်ခဲ့သည်မှာ ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် ၂ နှစ် တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ၏ စစ်ဆင်ရေး စီမံချက်များ အတိုင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နှင့် မွန်ပြည်နယ်တို့တွင် ပျံလွှားအောင်၊ နန်းထိုက်အောင် စစ်ဆင်ရေး များကို KNU တပ်မဟာ ၆ နှင့် တပ်မဟာ (၄) နယ်မြေများတွင် KNLA တပ်ဖွဲဝင်များနှင့် ပူးပေါင်းကာ ကျေးလက်စစ်ဆင်ရေးဆောင်ရွက်ချက်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F သည် “တော်လှန်ရေးရဲ့မြှားဦး” အနေဖြင့် စစ်ဆင်ရေးဆောင် ရွက်ချက် များကို စတင်ခဲ့ကြပြီး မတရားဖမ်းဆီးခံထားရသူများ၊ ကျဆုံးသွားသော အာဇာနည်ရဲဘော်များနှင့် အ ကြမ်းဖက်အာဏာသိမ်းခံထားရသော မြန်မာတစ်နိုင်ငံလုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြ ဌာန်း ခွင့်တိုကို အပြည့်အဝအာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်ဖြစ်ထွန်း ပေါ်ပေါက် သည်အထိ “တော်လှန်ရေးရဲ့အမြူတေ” အဖြစ် ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/211615/
အထွေထွေထိုးစစ်ကြီးဆင်နွှဲရန်အတွက် မဟာမိတ်တော်လှန်ရေးအင်းအားစုများနှင့် ညှိနှိုင်းပြင်ဆင်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော
["အထွေထွေထိုးစစ်ကြီးဆင်နွှဲရန်အတွက် မဟာမိတ်တော်လှန်ရေးအင်းအားစုများနှင့် ညှိနှိုင်းပြင်ဆင်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြော", "ရန်ကုန်၊ ဧပြီ ၁၇", "တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ဆင်ကြီးဆင်နွှဲရန် မဟာမိတ်တော်လှန်ရေး အင် အားစုများနှင့် ညှိနှိုင်းပြင်ဆင်နေကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြော ကြားသည်။", "မတ်လ ၂၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ် ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ) ၊ အမှတ် ၂၉ ဗျူဟာ (AYA PDF) ၊ အပတ်စဉ် ၅ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ အွန်လိုင်းမှ မိန့်ခွန်းပြောကြားရာတွင် ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။", "“စစ်မဟာဗျူဟာအရ အဆင့် ၃ ဆင့်ကို ဖြတ်သန်းယူကြရတယ်။ ပထမ အဆင့်အနေနဲ့ တစ်နိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးပမ်းခဲ့ကြတယ်။ အခုဆိုရင်ဒေသတိုင်းမှာတပ်တည်ဆောက် မှု၊ တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်ခဲ့ပြီလို့ ပြောနိုင်တယ်။ဧရာဝတီတိုင်း သားတွေရဲ့အိမ်ပြန်ခရီးကတော့ ငါတို့ရဲ့ကွက်အပြည့်မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ်။ ဒုတိယ အ ဆင့်အနေနဲ့ မဟာဗျူဟာထိုးစစ်ဆင်ပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲကြရတာပဲ။ အခုရဲ ဘော်တို့ဟာ ဒီအဆင့်ကိုဖြတ်သန်းနေကြတာဖြစ်တယ်။ တတိယ အဆင့်အနေနဲ့ တနိုင်ငံလုံး အထွေ ထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲကြရဖို့ပဲ ဖြစ်လိမ့်မယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ဟာ ဒီအထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင် ကြိုးပမ်း နေကြတယ်ဆိုတာ အသိပေးလိုတယ်။”ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြော ကြားသည်။", "ယင်းထိုးစစ်ကြီးတွင် ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသသည် အရေးကြီးသည့် စစ်မျက်နှာတစ်ခု အဖြစ် ပါဝင်မည်ဖြစ် ကြောင်း၊ မြစ်ဝကျွန်းပေါ်ဒေသသားများသည် အမိန့်နာခံမှု၊ စစ်ဖက်ဆိုင်ရာ ကျင့် ဝတ်စည်းကမ်းလိုက်နာမှု၊ တိုက်စွမ်းရည်ကောင်းမွန်မှုတို့ကို မဟာမိတ်တော်လှန်ရေးတပ်မှူးများက ချီးကျူးပြုထားကြပြီဖြစ်သဖြင့် ဧရာ ဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသ၏ စစ်မျက်နှာအတွက် တာဝန်ကျေ ပွန်စွာ ထမ်းရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက အသိပေးထားသည်။", "“အနှစ် ၇၀ ကျော်တည်ဆောက်ထားတဲ့ ဒီအကြမ်းဖက်လက်နက်ကိုင် အဖွဲ့ကြီးကို ၄ နှစ်သား PDF က ဦးကျိုးအောင်ချိုးပစ်နိုင်ခဲ့တယ်ဆိုတာက ရဲဘော်တို့ရဲ့ လက်ရုံးရည် ၊ နှလုံးရည်ထူးချွန်ထက်မြက် မှုကို ဖော်ပြနေတယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ချီးကျူးပြောဆိုသည်။", "လတ်တလော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့တွင် PDF များက KNU ၊ AA အပါအဝင် တော်လှန်ရေးအင်အားများစုပူးတွဲ၍ ထိုးစစ်ဆင်ခြင်းများ လုပ်ဆောင်လာပြီး တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းတို့တွင်လည်း PDF များနှင့် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။"]
https://yktnews.com/2024/08/181281/
အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
["အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော", "ရန်ကုန်၊ ဩဂုတ် ၃၁", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းချိန်မှစတင်၍ အနောက်နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက် အပံများ လျှော့ချခံရသည့်အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေများကိုလည်း သုံးစွဲမှု မပြုနိုင်ကြောင်း ပြောဆိုသည်။", "ဩဂုတ်လ ၃၀ ရက်နေ့ ပဲခူးမြို့သို့ နန်းတက် ယတြာချေရောက်ရှိပြီးနောက် ပဲခူး တိုင်းစစ်ကောင်စီအဖွဲ့များနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။", "“မိမိတို့စတင်တာဝန်ထမ်းဆောင်ချိန်တွင် အနောက်နိုင်ငံများအနေဖြင့် စီးပွား ရေးပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ အထောက်အပံ့များ ပေးအပ်မှုကိုလည်း လျှော့ချခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးအရ ပိတ်ဆို့မှုများကြောင့် မိမိတို့နိုင်ငံပိုင် နိုင်ငံခြားငွေများ သုံးစွဲမှု မပြုနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုများမှ ရရှိသည့် ငွေများကို အဓိကထား သုံးစွဲနေရခြင်းဖြစ်ကြောင်း” အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။", "ထို့ပြင် ယခင်က ပြည်ပ ဝင်ငွေများမှာလည်း ချေးငွေများနှင့် ထောက်ပံ့ငွေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် ပြည်ပ ချေးငွေများကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်ရလျက်ရှိကြောင်း၊ ကုန် ထုတ်လုပ်မှုများ တိုးချဲ့ပြီး ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်မှသာ နိုင်ငံခြားဝင်ငွေ တိုးတက်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသွားသည်။"]
https://yktnews.com/2024/04/159690/
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်း တောဟိန်းတောင် ဗျူဟာကုန်း ကို AA က သိမ်းပိုက်လိုက်ပြီး ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးနေ
["အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်း တောဟိန်းတောင် ဗျူဟာကုန်း ကို AA က သိမ်းပိုက်လိုက်ပြီး ရာနှင့်ချီသည့် စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေးနေ", "ရန်ကုန်| ဧပြီ ၂၇", "အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ အနီးရှိ စစ်ကောင်စီ တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး ဖြစ်ကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ် အရ သိရသည်။", "ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ စ၍ အဆိုပါ ဗျူဟာကုန်းကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ရရှိခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။", "“တိုက်ပွဲက ပြင်းထန်နေတာကြာပါပြီ။ အဲ့ဒီနေရာမှာ တစ်လ ကျော်လောက် ရှိနေပါပြီ။ နှစ်ဖက်တိုက်ပွဲက အပြင်းအထန်ဖြစ်နေကြတယ်။ AA က ပထမတော့ ဒရုန်းတွေနဲ့ ပစ်တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ တစ်လျောက်ပစ်တယ်။ နောက်ပိုင်းအနီးကပ် ပစ်ခတ်မှုလုပ်လာတယ်။ ဒီနေ့ နံနက်ပိုင်း သိမ်းပိုက်လိုက်တယ်လို့ သိရတယ် “ဟုပြောသည်။", "အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အမ်းအခြေစိုက်တွင်ရှိသည့် အရေးပါသောဗျူဟာကုန်း တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သား ထောင်ချီ ရှိသော ဗျူဟာကုန်းတစ်ခုဖြစ်ကြောင်း သိရသည်။", "ထိုဗျူဟာကုန်းတွင် ရှိသည့် စစ်ကောင်စီတပ်သားများသည် AA ၏ ထိုးစစ်ကြောင်း ကစဉ့်ကလျားဖြင့် ထွက်ပြေးမှုများ ရှိနေပြီး သေဆုံးမှုလည်း များပြားကြောင်း သိရသည်။", "ထို့ပြင် ထိုဗျူဟာကုန်းကို သိမ်းပိုက် ရရှိကြောင်း သတင်းရင်းမြစ်က ပြောဆိုသော်လည်း အာရက္ခတပ်တော် AA က သီးခြားထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးပေ။", "အမ်းဒေသခံတစ်ဦးက “ကျနော်တို့ ကြားသလောက်တော့ ၇၅ ရာခိုင်းနှုန်းသိမ်းလိုက်ပြီးသိရတယ်။ လက်နက်ကြီးတွေကတော့ အမ်းဌာနချုပ်က ပစ်တယ်။ ပြီးတော့ ခမရ ၃၇၃ က လက်နက်ကြီးနဲ့ ပစ်တယ်။ ပြီးတော့ ခမရ ၃၇၂ ပစ်တယ်။ ပြီးတော့ ထောက်ပို့တပ်က ပစ်တယ်။ GE တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်တယ်”ဟုပြောသည်။", "စစ်ကောင်စီက အခြေစိုက်ထားသည့် အမ်းမြို့နယ် တပ်စခန်းများမှာ အမ်း အနောက်ပိုင်းတိုင် စစ်ဌာနချုပ်၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ (GE)တပ်၊ ခမရ ၃၇၃၊ ခမရ ၃၇၂နှင့် ထောက်ပို့တပ်များရှိပြီး ယင်းနေရာများမှ ယခင်က လက်နက်ကြီးများ ပစ်ခတ်မှုများ ရှိသည်။", "နောက်ထပ် အမ်းဒေသခံတစ်ဦးက “ကဇုကိုင်းကျေးရွာအထက်မှာဆိုရင် တောဟိန်းတောင်ဗျူဟာကုန်း ရှိတယ်။ ဂြိက်ချောင်းကျေးရွာတွေရှိတယ်။ အဲ့ဒီဖက်က ကျေးရွာနားတွေမျာဆိုရင် လူတွေ သိပ်မရှိကြတော့ဘူး။ အမ်းမြို့နယ်ဖက်မှာဆိုရင် ဖုန်းလိုင်းတွေက စစ်ကောင်စီက အကုန် ဖြတ်တောက်ထားတယ်။ အမ်းအခြေအနေကလည်း ဒီထက် ဆိုးလာနိုင်တယ်လို့ ယူဆပါတယ်”ဟုပြောသည်။", "အာရက္ခတပ်တော် AAက ရခိုင်ပြည်အတွင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ တောင်ပြို၊ ရမ်းဗြဲနှင့် ပလက်ဝတို့ သိမ်းပိုက်ထားပြီး အခြားမြို့နယ်များကို သိမ်းပိုက် ရရှိရေး ထိုးစစ်ဆင်းတိုက်ခိုက်နေသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။"]
https://yktnews.com/2024/04/156156/
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်တပ်က တပ်စခန်းများ မကျရေး အပြင်းထန် ခုခံနေ
["အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်တပ်က တပ်စခန်းများ မကျရေး အပြင်းထန် ခုခံနေ", "ရန်ကုန်| ဧပြီ ၁၀", "ရက္ခိုင့်တပ်တော် AA ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်အရ သိရသည်။", "ယမန်နေ့ ဧပြီ ၉ ရက် ညဉ့်ချိန်က အနောက်ပိုင်းစစ်ဌာနချုပ်နှင့် လေယာဥ်ကွင်းတို့ကို ရက္ခိုင့်တပ်တော် AA မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သတင်းရစ်မြစ်က ပြောသည်။", "“တိုက်ပွဲက မြို့နဲ့နီးစပ်လာပြီ။ မနေ့ကညဉ့်ကဆို နပခထဲကိုလည်း လက်နက်ကြီးကျတယ်။ ၇ နာရီကျော်လောက်က ဖြစ်မယ်။ လေယာဥ်ကွင်းကိုလည်းကျတာ။ ထိခိုက်ဒဏ်ရာရတာရှိတယ်။ သေဆုံးမှုရှိတယ်လို့ သိရပေမယ့် အတည်မပြုနိုင်သေးဘူး။ လက်နက်ကြီးကျည်က ၄ လုံးကျတယ်။ တစ်လုံးကတော့ လေယာဉ်ကွင်းအထဲကိုကျတယ်” ဟုပြောသည်။", "AA လက်နက်ကြီးများဖြင့် ပစ်ခတ်ရာတွင် လေယာဉ်အကွင်းအပြင် တပ်မိသားစု နေထိုင်သည့်နေရာနှင့် ဗဟိုကင်း၊ ဧည့်ရိပ်သာအဆောင်နှင့် တပ်သားများနေထိုင်ရာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "အမ်းမြို့ရှိ စစ်သတင်းရင်းမြစ်တစ်ဦးက “ကျနော်တို့ သတင်းရတာက ၆ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ ကြားပါတယ်။ ဒဏ်ရာပြင်းတဲ့ သူတွေလည်း ပါတယ်။ အပြင်ကို အရေးပေါ် ပေးမထွက်ဘူး။ ဌာနချုပ်မှာ ဆေးကုသတယ်လို့ ကြားတယ်။ တပ်မိသားစုတွေလည်း ဒဏ်ရာရတယ်။ အတိအကျကို လုံး ဝမသိရဘူး ဖြစ်နေတယ်”ဟုပြောသည်။", "အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဖက်မှ ကြည်း၊ ရေ၊ လေတို့ဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေရကြောင်း ဒေသအတွင်း နေထိုင်သူများက ပြောသည်။", "AA နှင့် စစ်ကောင်စီတပ်တို့ တောဟိန်းတောင်ဗျူဟာနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးတစ်ဝိုက်တို့တွင် စ်ဖက်တိုက်ပွဲများ ဖြစ်ပွားမှုရှိပြီး နှစ်ဖက်စလုံးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အမ်းဒေသခံများက ပြောသည်။", "“တောဟိန်းတောင်ကို AA ကထိုးစစ်ဆင်နေတော့ အဲ့ဖက်လဲတိုက်ပွဲပြင်းနေတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ကောင်စီဖက်တော့ နေ့တိုင်းလိုလို လေယာဥ်တွေနဲ့ဗုံးလာကြဲတယ်။ လက်နက်ကြီးတွေပစ်တယ်။ နေဗီတွေကလည်းလှမ်းပစ်တာတွေရှိနေတယ်။ အေအေ ဖက်ကလည်း ပစ်ခတ်နေတာတွေရှိတယ် ” ဟုပြောသည်။", "အမ်းတိုက်ပွဲမှာ ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က အမ်းရိုးမဖက်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ရက္ခိုင့်တပ်တော်မှ ကြားဖြတ်ဝင်တိုက်ရမှ စတင်ခဲ့ပြီး လတ်တလောတိုက်ပွဲ အခြေနေမှာ", "ဆက်လက် ပြင်းထန်လျက်ရှိနေသည်။", "အမ်းအပြင် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် ကြိမ်ချောင်းစခန်းအား ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်က တရားဝင် ထုတ်ပြန်ထားသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/06/166296/
တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို၏ခင်ပွန်းများ ကို စွန့်ခွာသွားမှု တပ်တွင်း ဟိုးလေးတကျော်ကျော်ဖြစ်
["အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင်သည် ဗိုလ်ကြီးက အရာရှိတစ်ဦး၏ ဇနီးလောင်းနှင့် အိမ် ထောင်ရေး၊ လူမှုရေး ဖောက်ပြန်", "ရန်ကုန်၊ ဇွန် ၇", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုတွင် စစ်ကြောင်းထိုး တာဝန်ကျနေသော တပ်မ ၇၇ လက်အောက်ခံ ဆက်သွယ်ရေးတပ်ခွဲ (တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲ) မှ အကြပ်နှင့်စစ်သည် ၇ ဦး၏ ဇနီးများက ၎င်းတို၏ ခင်ပွန်းများကို စွန့်ခွာသွားမှုက စစ်ကောင်စီတပ်အတွင်း ဟိုးလေးတကျော်ကျော်​ဖြစ်နေကြောင်း လေတပ်သတင်းရင်းမြစ် Operation Spitfire နှင့် တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "တပ်မ ၇၇ ဆက်သွယ်ရေးတပ်ခွဲမှ အကြပ်နှင့် စစ်သည် ၇ ဦးတို၏ ဇနီး ၇ ဦးမှာ နောက်တန်းတွင် ၎င်းတို၏ ခင်ပွန်းများကို စွန့်ခွာသွားခြင်း၊ နောက်ထပ် အိမ်ထောင်ပြုခြင်း၊ အခြားသော အမျိုးသားများနှင့် လိုက်ပြေးသွားခြင်းတိုဖြင့် ရှေ့တန်းရောက်နေသော ၎င်းတို ခင်ပွန်းများကို စွန့်ပစ်သွားကြကြောင်း ၊ အဆိုပါ စွန့်ခွာသွားမှု သတင်းသည် အကြပ်နှင့်စစ်သည် ၇ ဦးလုံး၏ ဇနီးမယားများက ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဖြစ်ပေါ်ခြင်းဖြစ်၍ စစ်ကောင်စီတပ်အတွင်း ယင်းဖြစ်စဉ်မှာ လူပြောများသည့် ကိစ္စဖြစ်လာကြောင်း သိရှိရသည်။", "“အိမ်ထောင်တွေရဲ့ အကောင်းမွန်ဆုံး အချိန် ခင်ပွန်းဖြစ်တဲ့သူတွေက ရှေ့တန်းမှာ ဘယ်နှစ်နှစ်ကြာမှ ပြန်ရောက်မယ်မှန်း အာမခံချက်မရှိ၊ အသက်ရှင်လျက် ပြန်လာမလားလည်း အာမခံချက် မရှိတာကြောင့် ဘဝရှေ့ရေးအ တွက် တချိုလည်း နောက်ယောင်္ကျားယူတယ်။ တချိုလည်း တပ်ထဲမှာ လှောင်ပိတ်မနေနိုင်လို ခင်ပွန်းကို မပေါင်းတော့ဘဲ စွန့်ခွာသွားကြတာ။ သားသမီးပါ တစ်ခါတည်း ခေါ်သွားတဲ့သူတွေ ရှိသလို တချိုကတော့ ကလေးမရကြသေးတော့ လက်ရှိခင်ပွန်း အလာမစောင့်တော့ဘဲ ထွက်သွားကြတာ” ဟု လေတပ်သတင်းရင်းမြစ် Operation Spitfire က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "ထိုပြင် လတ်တလော စစ်ကောင်စီတပ်အတွင်း အရာရှိနှင့်စစ်သည်များမှာ ရှေ့တန်းတွင် နှစ်ချီ၍ စစ်တိုက်နေရပြီး နောက်တန်းမပြန်ရသဖြင့် နောက်တန်းတွင် လူမှုရေး ဖောက်ပြန်မှုများစွာ ဖြစ်ပေါ်နေကြောင်း၊ ခင်ပွန်းဖြစ်သူ ရှေ့တန်း သို နှစ်ချီ၍ ရောက်ရှိနေချိန် လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးကိုယ်ဝန်ရှိနေသည့် အမှုများ၊ စစ်တပ်အတွင်း လူမှုရေး ပြဿနာများဖြင့် တိုင်တန်းမှုများ အများဆုံးရှိနေကြောင်း သိရှိရသည်။", "ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၏ ကိုယ်ရေးအရာရှိ အိမ်ထောင် သည် ဗိုလ်ကြီး ဇေယျာဝင်းက ဒကစ (စစ်တွေ)မှ တာဝန်ကျ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနှင့် အိမ်ထောင်ရေး၊ လူမှုရေး ဖောက်ပြန်နေကြောင်း၊ ဗိုလ်ကြီးဇေယျာဝင်း ၏ ဇနီးမှာ စစ်တွေတွင် လိုက်ပါ နေထိုင်ခြင်းမရှိကြောင်း၊ ထိုကြောင့် ဗိုလ်ကြီးဇေယျာဝင်းက တပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူနှင့် လူမှုရေး ဖောက် ပြန်ခဲ့ကြောင်း၊ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူမှာ ဒကစ(စစ်တွေ)မှ ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနှင့် လက်ထပ်ခွင့် တင်ထားကြောင်း သိရှိရသည်။", "“စစ်တပ်ထဲမှာက လူမှုရေး အရှုပ်အရှင်းတွေကတော့ အရမ်းများပါတယ်။ ထင်သာမြင်သာဆိုရင်တော့ နပခ တိုင်းမှူး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဇေယျာဝင်းက အိမ်ထောင်သည်ပါ။ အဲဒါကို စကခ ၉ ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းကိုရဲ့ တူမ တပ်ကြပ်ကြီးစာရေးမ ခင်ကြည်ဖြူနဲ့ ဖောက်ပြန်တယ်။ နပခ တိုင်းမှူးမှာ ဒကစ(စစ်တွေ) ရုံးဌာနချုပ်မှာ အခြေပြု၍တိုက်ပွဲတွေ ကွပ်ကဲနေချိန်မှာ တိုင်း မှူးရဲ့ PSO နဲ့ တပ်ကြပ်ကြီး စာရေးမတို အိမ်ထောင်ရေး ဖောက်ပြန်ကြတာ။ အဲဒီတပ်ကြပ်ကြီး စာရေးမ ခင်ကြည်ဖြူကလည်း ဒကစ(စစ်တွေ) ရိပ်သာတာ၀န်ခံ အရာရှိ ဗိုလ်ကြီး ရန်နောင်စိုးနဲ့ လက်ထပ်ဖိုအထိ ခွင့်တင်ထားတာ။တွဲနေကြတာ။ တိုင်းမှူး PSO ဖြစ်တော့ တိုင်လည်း မတိုင်ရဲ အဲဒီလိုတွေဖြစ်နေတာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ – ရှေ့တန်းထွက်ကြမည့် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့်စစ်သည်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/188926/
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း မလုပ်တော့
["အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့အနီးတွင် တိုက်ပွဲ ပြင်းထန်နေ၍ အမ်းလေဆိပ် လေယာဉ်အတက်အဆင်း မလုပ်တော့", "ရန်ကုန်| အောက်တိုဘာ ၂၁", "ရခိုင်ပြည် အမ်းမြို့ထဲက စစ်ကောင်စီတပ်ရင်းများနှင့် AA တို့ တိုက်ပွဲများကြောင့် အမ်းလေဆိပ်မှာ လေယာဉ်အတက်အဆင်း ရပ်တန့်ထားရကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။", "”အမ်းလေဆိပ် အသုံးပြုခွင့်မရတာ ၃ ရက်လောက်ရှိပါပြီ။ နပခ ကို လက်နက်ကြီးကျတာ၊ လေဆိပ်ကို လက်နက်ကြီးကျတာတွေကြောင့် လေယာဉ်တွေ ဆင်းသက်လို့ မရတော့ဘူး။ ရန်ကုန်ဘက်ကို ပြန်လှည့်ပြန်သွားရတယ်။ မနေ့ကဆို မြန်မာ့လေကြောင်း လေယာဉ်တစ်စီးလာတယ်။ ပစ်ခတ်သံတွေကြောင့် မဆင်းရဲဘဲ ပြန်သွားရတယ်။ ” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။", "အမ်းမြို့သိမ်းတိုက်ပွဲကို AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမ်းမြို့နယ်က စစ်ကောင်စီ၏ အရေးပါသော ဗျူဟာကုန်းများကို သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။", "” ပြောရရင် တိုက်ပွဲအခြေအနေက အမ်းမြို့ထဲသို့ ရောက်လာပြီလို့ ပြောလို့ရတယ်။ AA က နပခ ကို လက်နက်ကြီးနဲ့ပစ်ခတ်၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်နေတယ်။ စစ်ကောင်စီဘက်ကလည်း ပြန်ပစ်ခတ်တာရှိတယ်။ လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်တာ ရှိတယ်။ တိုက်ပွဲက နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။", "တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အမ်းမြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် ဝန်ထမ်းအချို့က လွဲပြီး ဒေသခံပြည်သူများမှာ စစ်ရှောင်သွားကြပြီဟု လွတ်မြောက်နယ်မြေသို့ စစ်ရှောင်တစ်ဦးက ပြောသည်။", "” အမ်းက ဒေသခံတွေဟာ အရင်လကတည်းက တဖြေးဖြေး စစ်ရှောင်နေကြတာတွေရှိတယ်။ အခု ဒီလအတွင်းမှာ တိုက်ပွဲ အရမ်းပြင်းထန်လာပြီး မြို့နဲ့ အလွန်နီးကပ်လာတဲ့အတွက် ဝန်ထမ်းတွေ၊ တပ်ရဲ့ မိသားစုတွေက လွဲပြီး အရပ်သား အားလုံးနီးပါးဟာ စစ်ရှောင်သွားကြပြီ။ မြို့ထဲက ရရာနည်းလမ်းနဲ့ လွတ်မြောက်နယ်မြေတွေကို စစ်ရှောင်လာကြတယ်။ တချို့မိသားစုတွေကတော့ ကျန်နေပါသေးတယ်။ ကျန်နေခဲ့တဲ့သူတွေကတော့ ဗုံးခိုကျင်းတွေ တူးပြီး နေနေကြတယ်လို့ သိခဲ့ရပါတယ်။ ” ဟု ၎င်းက ဆိုသည်။", "စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ အရေးပါသော အမ်းမြို့နယ်က တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာနှင့် မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီဖြစ်သည်။", "ဓာတ်ပုံ- အမ်းလေဆိပ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/01/138661/
အနောက်မြောက်တိုင်း စစ်ဌာနချုပ် နှင့် တောပုရွာပျူစခန်းကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး မီးလောင်ပျက်စီး
["အနောက်မြောက်တိုင်း စစ်ဌာနချုပ် နှင့် တောပုရွာပျူစခန်းကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီး မီးလောင်ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၅", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်အတွင်းသို့ ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်းစီတပ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "ဇန်နဝါရီလ ၄ ရက် နံနက် ၅ နာရီခန့်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်း၌ လွတ်လပ်ရေး နေ့ အခမ်းအနား ကျင်းပနေစဉ် Operation Phoenix – ဇာမဏီစစ်ဆင်ရေးအဖြစ် နမခတပ်အတွင်းရှိ စစ်တိုင်းရုံး၊ ထပရ ၉၂၉ နှင့် စရဖ(နခ)တို့ကို ကာမီကာဇေ ဒရုန်း ၆၀ မမ ဗုံးသီးများ၊ လက်လုပ်ရှော့ဒုံး များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထပရ ၉၂၉၊ စရဖ(နခ) နှင့် တိုင်းစစ်ဌာနချုပ်ရုံးဝန်းအတွင်းရှိ Parade ကွင်း၊ အရာရှိရိပ်သာတို့ ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "“စစ်ခွေး ထိခိုက်သေဆုံးမှုက များတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ စရဖ ယာယီရုံးမှာ လွတ်လပ်ရေး နေ့ လူစုနေတဲ့ အချိန် ဒရုန်း ဗုံးသီးကျတာ၊ နောက်ပြီးတိုင်းရုံးမှာလဲ လွတ်လပ်ရေးနေ့ အခမ်းအနား ပြုလုပ်နေတဲ့အချိန် Parade ကွင်းထဲကျတာ၊ တော်တော်များများထိတယ်” ဟု KLG PDF ကျောက် လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "ယင်းတိုက်ခိုက်မှုကြောင့် စရဖ များ ယာယီရုံးထိုင်လျက်ရှိသော အဆောက်အဦးပေါ်သို့ ၆၀ မမ ဗုံးသီး ကျရောက်ကွဲမှုအတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးနိုင်ပြီးမော်တော်ယာဉ် တစ်စီးပါ မီးလောင်ပျက်စီးခဲ့ကြောင်း၊ အခမ်းအနားပြုလုပ်နေသည့် တိုင်းစစ်ဌာနချုပ်ရုံးအတွင်းရှိ Parade ကွင်းထဲသို့ လက်လုပ်ရှော့ဒုံး ၂ လုံး၊ အရာရှိလိုင်းခန်း ပတ်ဝန်းကျင်တဝိုက်၌ ၂ လုံးကျရောက်ပေါက် ကွဲမှုနှင့် မုံရွာလေယာဥ်ကွင်း အရှေ့မြောက်ဘက် ကင်းစခန်း အနီးလက်လုပ်ရှော့တိုက်ဒုံး ၁ လုံး ကျ ရောက်ပေါက်ကွဲမှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိ ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့ ဦး ဆောင်ပြီး Chindwin Revolution Army -CRA ၊ One Star Task Force- OSTF ၊ Dragon Brothers Task Force-DBTF နှင့် Chindwin Brothers စသည့်မဟာမိတ်အဖွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ မုံရွာမြို့နယ်၊‌ တောပုရွာရှိ ပျူစောထီးစခန်းကို ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မုံရွာခရိုင်ပြည်သူ့ကာာကွယ်ရေးတပ်မတော် တပ်ရင်း ၄ – Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၄ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့နယ်၊‌ တောပုကျေးရွာရှိ ပျူစောထီးစခန်းကို ရှော့ တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူရွာထဲသို့ တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၁ spring dove PDF ၊ နှင့် 5/Fighter Group People Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာ ခရိုင်ပြည်သူကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း ၄ အနေဖြင့် အရေးပေါ် လက်နက်ခဲယမ်းများ လိုအပ်နေပါကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/138085/
အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦး သေဆုံး
["အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၂ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်အတွင်း ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း KLG PDF ကျောက် လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီခွဲ Operation Phoenix – ဇာမဏီ စစ်ဆင်ရေး၏ တစိတ် တပိုင်းအဖြစ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ လက်နက်၊ ရိက္ခာ၊ ဆေးများထားရှိသော န.မ.ခ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်နယ်ထောက်ပို့ တပ်ရင်း ထပရ ၉၂၉ အတွင်းသို့ Shar Htoo Waw နည်းပညာသုံး ဒရုန်းဆုံးရှုံးခံပြီး ထိုးစိုက်ဆင်းကာ ဒရုန်း ဆုံးရှုံးခံပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "“စစ်ခွေး ၃ ကောင် ထိတယ်ဗျ၊ သေမသေတော့ မသိရဘူး၊ နမခ ထောက်ပို့တပ်ထဲကို ချခဲ့တာ၊ ဒရုန်း တစ်စီးထဲ ထိုးချပြီး တိုက်ခိုက်ခဲ့တာဗျ၊ လေယာဉ် ဆုံးရှုံးခံပြီး ထိုးချခဲ့တာ၊ ဗုံးချတဲ့အချိန်မှာ ထောက်ပို့ လေယာဉ် ဆင်းတဲ့ အချိန်ချခဲ့တာ၊ ထောက်ပို့လေယာဉ် ဆင်းတဲ့ နေရာတော့မဟုတ်ဘူးပေါ့၊ အခြား အရေးကြီးတဲ့နေရာကို ချခဲ့တာ၊ စစ်ခွေး ဘက်က လက်နက်ငယ်နဲ့ ရမ်းပစ်တာတော့ရှိတယ်၊” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့သို့ ဗုံးကျဲတိုက်ခိုက်သည့် အချိန်သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)တပ်အတွင်းသို့ ထောက်ပို့ပေးရန် လက်နက်နှင့် ရိက္ခာများတင် ဆောင်လာသော ATR-72 Military Transport Aircraft အမျိုးအစား ထောက်ပို့ လေယာဉ် တစ်စင်း မုံရွာလေဆိပ်သို့ ဆင်းသက်စဉ် နမခတပ် အတွင်းရှိ ထောက်ပို့တပ်အတွင်း အချိန်ကိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင် ခရိုင် တပ်ရင်း ၂၁၊ တပ်ရင်း ၂၂၊ တပ်ရင်း၂၃ KLG PDF – ကျောက် လုံးကြီး နှင့် Dragon Brothers Task Force – DBTF နှင့် Chindwin Brothers တို့မှ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -မန္တလေး လမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း မုံရွာ နတ်ဆိုး တပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမကြီး ပေါ် ရှိ စွမ်းရည်ထက်ဆီဆိုင်အနီး တပ်စွဲကာ ခရီးသွားပြည်သူများကို အကြမ်းဖက်‌ ငွေကြေးကောက် ခံနေသော စစ်ကောင်စီတပ်သားများကို Drone ဖြင့် ၆၀ မမ ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂ ဦး နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် Jummer ပျက်စီးသွားခဲ့ပြီး အဆောက်အအုံ ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ခံ ဦးစီး၍ မုံရွာခရိုင်ကွပ်ကဲ ရေး Drone တပ်ဖွဲ့ ၊ မုံရွာခရိုင်အမှတ် ၁ တပ်ရင်း – Drone တပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူကာကွယ် ရေးအဖွဲ့ – Drone တပ်ဖွဲ့၊ မုံရွာမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ – အမှတ် ၄ တိုက်နယ် ပကဖ နှင့် မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း – လုံခြုံရေးအင်အားတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/159320/
အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများဖြစ်ပေါ်ဟုဆို
["အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများဖြစ်ပေါ်ဟုဆို", "ရန်ကုန်၊ ဧပြီ ၂၆", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်ရင်းအတွင်းသို့ ရှော့ တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ အရာရှိကြီး ၂ ဦးအပါအဝင် အမြောက်အများသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ အတွင်းသို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဇေယျာသီရိခန်းမ၌ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများ အစည်းအဝေးပြုလုပ် နေစဉ် ရှော့တိုက် ရော့ကတ် ထိမှန်ခဲ့ရာ တိုင်းအဆင့်အရာရှိကြီး ၂ ဦးအပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဗဟိုကင်းကိုလည်း ရှော့တိုက်ရော့ကတ်ထိမှန်ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲကာ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သားများ သေဆုံးပြီး ကတ္တရာလမ်းပေါ်တွင် အသားစများကို ဂေါပြားဖြင့် ကျုံးယူရသည်အထိ ပျံကျဲကာ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ တိုင်းရုံးကို ကင်းစောင့်ပေးနေသည့် ရဲ ၄ ဦးသည်လည်း ကတုတ် ကျင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။", "အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်နေထိုင်ရာ အိမ်ရာဝင်းအတွင်းသို့ လည်း ရော့ကတ်များ၊ ဒရုန်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း၊စစ်မြေပြင် ဆေးတပ်ရင်း – ဆမရ ၇ အရာရှိရိပ်သာ ထိမှန်ပေါက်ကွဲမှုတွင်လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်ဆေးရုံ တဆခွဲ /၃၀၀ အရာရှိရိပ်သာ၊ ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၂၉ ရိက္ခာသိုလှောင်ရုံ၊ စရဖ(နခ) ရုံးအဆောက်အအုံနှင့် BE မိုင်းတပ်ဖွဲ့ရိပ်သာဆောင်တို့ကိုလည်း ထိမှန်ခဲ့ကာ အကြမ်းဖက်စစ်သားအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး သံပြားကာ ကား များဖြင့် ဆေးရုံသို့ အသီးသီးသယ်ပို့ခဲ့ရကြောင်း သိရသည်။", "အခုလို တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် မိဘပြည်သူတွေရဲ့ အကူအညီများစွာ လို အပ် နေပါတယ်” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းနှင့် အမတ ၅၀၈ တပ်ရင်းက ဟောင်ဝှစ်ဇာ အမြောက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်မှ အရေးပေါ် လေကြောင်းအကူခေါ်ခဲ့သဖြင့် ည ၉ နာရီအချိန်တွင် တံတားဦးလေတပ်စခန်း မှ Yak-130 Light Attack Fighter Jet ၁ စီးတက်လာကာ နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင်သို့ ၈ ကြိမ် လှည့်ပတ်ပျံသန်းပေးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီး တပ်ဖွဲနှင့် အတူ Chindwin Rocket Brothers -(C.R.B) Dragon Brothers Task Force-DBTF၊ Advance- 47၊ Chindwin Brothers ၊ ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင် ရင်း ၁၃ စသည့်မဟာမိတ် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန် ကာ ကွယ်နိုင်ရေးအတွက် Nationwide Air Scout-NAS – လေကြောင်းကင်းထောက်အဖွဲ့က ကူညီ ပေးခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/10/188100/
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဒုချုပ် စိုးဝင်း ရောက်ရှိစဉ် ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ ကညွတ်ကွင်းရှိ ၄၃၉ ပွိုင့်တွင် အထိုင်ချထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်းကို ဒုချုပ် စိုးဝင်း ရောက်ရှိနေစဉ် ကာမီကာဇေ ဒရုန်း ၂ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ထိရောက်စွာ ပေါက်ကွဲမှုရှိခဲ့ကြောင်း ဒေါင်းတမာန် လေကြောင်း စစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တပ်အတွင်းကို ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်းသည် ရဟတ်ယာဉ်ဖြင့် ရောက်ရှိလာပြီး စစ်ရုံးချုပ်ထဲ၌ ၎င်း၏လက်အောက်ငယ်များကို တွေ့ဆုံနေစဉ် ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့က ကာမီကာဇေ ဒရုန်း ၁ စီးဖြင့် လည်းကောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် နမခ တပ်အတွင်းရှိ ဒုချုပ်စိုးဝင်း၏ ရဟတ်ယာဉ် ရပ်နားထားသည့်နေရာကို ကာမီကာဇေ ဒရုန်း ၁ စီးဖြင့်လည်းကောင်း ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။", "“ဒုချုပ်စိုးဝင်းရောက်နေတယ်ဆိုပြီး သတင်းရရချင်း ပြင်းဆင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ပေါက်ကွဲသံ ကတော့ ၂ ခါလွှတ်တာ၊ ၂ ကြိမ်လုံးကြားရတယ်။ ကျနော်တို့က ပစ်မှတ်တွေနဲ့ အနီးဆုံးနေရာကနေ ကြားခဲ့ရတာပါ။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းနေဆဲပါပဲ။ လုံခြုံရေးလည်းအထူး တင်းကြပ် ထားတယ်။ ကျနော်တို့ ဒေါင်းတမာန်အဖွဲ့သားတွေ အားလုံး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး အတွက်ကြိုးစားဆောင်ရွက်နေကြပါတယ်။ မိဘပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ကူညီပေး ကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဒေါင်းတမန် လေကြောင်းမှ စစ်ဆင်ရေး တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထိုသို့ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း ထိရောက်စွာ ပေါက်ကွဲမှုရှိခဲ့ပြီး ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြီးနောက် နမခတပ်အတွင်းမှ ရဟတ်ယာဉ် တစ်စီးဖြင့် ကင်းပတ်ပျံဝဲကာ လုံခြုံရေးယူပြီးနောက် ရဟတ်ယာဉ် ၂ စီးလည်း ပျံတက်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းတမန် စစ်ဆင်ရေးအဖွဲ့များသည် Shar Htoo Waw နည်းပညာ တပ်ဖွဲ့ ၏ Team (3) PDAF (ဧရာဝတီတိုင်း) (ပကဖ) ဒရုန်းတပ်ဖွဲ့-(၂) ၊ Shar Htoo Waw နည်းပညာတပ် ဖွဲ့ ၏ Team (4) SSTF ၊ Eagle Wing Drone Force ၊ ဗေဒါပျံ (Drone Team) ဧရာဝတီတိုင်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Union Brothers-UB (ပြည်သူ့အကျိုးဆောင်အဖွဲ့ ၊ “ငါတို့”ထောက်ပို့အဖွဲ့ ၊ ခွန်အားမျှပါ သိန်း(၅၀၀၀)ထောက်ပို့အဖွဲ့နှင့် ဒေသခံတပ်ရင်း၊တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။", "အလားတူ ပဲခူးတိုင်း၊ကညွတ်ကွင်း ၄၃၉ ပွိုင့်တွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေး တာဝန်ခံ ရဲဘော်သစ္စာ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၂ရက်နေ့တွင် ဖြူးမြို့နယ်ရှိ ကညွတ်ကွင်း ၄၃၉ ပွိုင့်ကို နံနက် ၉ နာရီ ၆ မိနစ်ခန့်၌ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားကို သေဆုံးမှုကို စုံစမ်းလျက်ရှိပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါတိုက်မှုကို ဖြူးမြို့နယ် ပကဖ နှင့် သာယာ၀တီခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/78806/
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ပြီး ပျူစောထီးရွာ တောပုကိုလည်း တိုက်ခိုက်၊ ပေါင်းတည်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး စစ်သား ၂ ဦးဒဏ်ရာရ
["အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ပြီး ပျူစောထီးရွာ တောပုကိုလည်း တိုက်ခိုက်၊ ပေါင်းတည်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီး စစ်သား ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ အနောက် မြောက်တိုင်း စစ်ဌာန ချုပ်( နမခ) တပ်အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိ ခိုက်သေဆုံး မှုရှိနိုင်ကြောင်း Fighter For People – FFP ထံမှ သိရသည်။", "ယနေ့ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ၎င်းတပ်ဌာနချုပ် အတွင်းသို့ ၁၂၀ မမ ပြောင်း ၂ ပြောင်း ထိပ်ဖူးအကြီး ၆ ခုဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ပြီး ၅ လုံးမှာ အကြမ်းဖက်စစ်ကောင်စီတပ် ဌာနချုပ်အတွင်း ကျရောက်ပေါက် ကွဲကာ အော်ဟစ်ဆူညံသံများ၊ ရမ်းသမ်းပစ်ခတ်သံများ၊ ပြိုလဲ ပျက် စီးသံများ ကြားခဲ့ရကြောင်း Fighter For People – FFPမှ ထုတ်ပြန်ထားသည်။", "အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၄ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (FFP) မှ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုအခြေအနေ အတိအကျ မသိရသေးကြောင်း ဖော်ပြထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်သား၊ ပျူစောထီးများကို လက် နက်ကြီး အလုံး ၃၀ ကျော်အပြင် လက်နက် ငယ် များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံး များစွာရှိကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ယမန်နေ့ ည ဇန်နဝါရီလ ၁ ရက် ည ၉ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ မှ လက်နက်ကြီး အလုံး ၃၀ ကျော်၊ လက်နက်ငယ်များအပါ အဝင် ပူပေါင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ် သား၊ ပျူစော ထီးများ အထိအခိုက်အကျအဆုံးများစွာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ ဝင်များ အထိအ ခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပါတယ်၊ သေတယ်လို့ တော့ သတင်း အတည် ပြုချက် မရသေးဘူး၊ စစ်ခွေး တွေဘက်က ပြန်ကို မပစ်နိုင်တာ၊ အနီးကပ်လဲ၊ ပစ်ခဲ့သေးတယ်။ ကျနော်တို့ တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေ ထိုးစစ်ဆင်တိုက်နေလို့ အရေး ပေါ် လက်နက်ခဲယမ်းတွေလိုအပ်နေပါတယ်” ဟု Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) မုံရွာခရိုင် တပ်ရင်း – ၄ တပ်ခွဲ ၄ (5 Teachers People Defence Force PDF ၊ Monywa Fighter Group ၊ Spring Dove ၊ ဝရဇိန်လက်နက်ပြည် သူ့ ကာ ယ် ရေးတပ်ဖွဲ့(မုံရွာ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင်ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကုန်းသာရွာ စစ်ဆေး ရေးဂိတ်နှင့် ဆည်မြောင်း ရုံးကြားတွင် ယနေ့ ဇန်နဝါရီလ ၂ ရက် နေ့လည်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ် သားနှစ်ဦးကို မိုင်းဆွဲ တိုက် ခိုက်ခဲ့ ရာ အပြင်းအထန်ဒဏ်ရာရရှိသွာပြီး သေဆုံးနိုင်ကြောင်း Bago Region PDF ထံမှ သိရသည်။", "ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ကုန်းသာရွာအကြမ်းဖက်စစ် ကောင်စီ စစ်ဆေးရေးဂိတ် ကြီးမှ ဆည်းမြောင်းရုံးရှေ့စစ်ဆေးရေးဂိတ်သို့ လာ ရောက် စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်းဖက်စစ်သားနှစ်ဦးစလုံးမှာ မိုင်းထိမှန်ဒဏ်ရာလဲကျသွားကြောင်း သိရသည်။", "“မိုင်းထိလဲကျတဲ့ ခွေးနှစ်ကောင်စီကို စစ်ခွေး ၂၅ ဦးလောက်ရောက်ပြီး ရမ်းပစ် တာတွေလုပ်တယ်၊ လဲကျတဲ့ စစ်ခွေးနှစ်ဦးကိုလည်း ကားနဲ့ ပေါက်တော ဝတပ် ထဲ ကို သယ်သွားတာ၊ သေမသေ အတည်ပြု လို့မရသေးဘူး။” ဟု Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ၊ တပ်ခွဲ ၅ (နွေဦးအဖွဲ့)မှ နန်းထိုက်အောင်စစ်ဆင် ရေးအဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ။"]
https://yktnews.com/2025/01/200009/
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျနေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ တပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်မှု တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်
["အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျနေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ တပ်သား ၄ ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်မှု တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျနေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ တပ်သား ၄ ဦးသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာသဖြင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ စီချီးမြှင့်လိုက်ကြောင်း Union Liberation Front(ULF စစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်း စစ်ဌာနာချုပ်(န.မ.ခ) တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်းအပတ်စဉ် ၅ မှ စစ်ကောင်စီတပ်သား ၄ ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ထွက်ပြေးလာပြီး ၊ ULF စစ်ကြောင်း တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ရှမ်းပြည်ဘက် အလုပ်လုပ်ဖို့ သွားရင်း လမ်းမှာ ဖမ်းခံရတာပါ။ ရန်ကုန်ဘက်ကနေ မုံရွာ န.မ.ခ ကို ရောက်လာတာဖြစ်ပါတယ်။ တပ်ထဲမှာ မနေချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထွက်လာကြတာ ဖြစ်တယ်” ဟု အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတစ်ဦးက ပြောဆိုသည်။", "အလင်းဝင်လာသည့် တပ်သား ၄ ဦးသည် တပ်မ ၇၇ လက်အောက်ခံ အမှတ် ၁၀၅ တပ်ရင်းမှ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းဆင်းများ ဖြစ်ကြပြီး န.မ.ခ တွင် တာဝန်ဖြင့် ရောက်ရှိနေစဉ် ULF နှင့် မဟာမိတ်တပ်ပေါင်းစုထံသို့ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အဖွဲ့အစည်းကို ဘယ်လိုအကြောင်းကြားရမှန်း မသိတော့ လက်နက်တွေ ဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်။ ပြီးမှ ရဲဘော်တွေနဲ့ တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်။ ဘာပဲ ဖြစ်ဖြစ် အလင်းဝင်လာသူတွေကို ULF စစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုပါတယ်” ဟု Union Liberation Front(ULF စစ်ကြောင်း)က ပြောသည်။", "အလင်းဝင်လာသူ တပ်သား ၄ ဦးမှာ ကိုကျော်မျိုးထွန်း ၊ ကိုကျော်ကျော်ဖြိုး ၊ ကိုရဲရင့်ပိုင် နှင့် ကိုအေးမင်းထွန်း တို့ဖြစ်ကြပြီး ၊ ရန်ကုန်မြို့ နှင့် ဟင်္သာတမြို့များမှ စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစစ်သား စုဆောင်းခြင်း ခံရသူများ ဖြစ်ကြောင်း သိရှိရသည်။", "အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ ဦးကို Union Liberation Front(ULF စစ်ကြောင်း) က တစ်ဦးလျှင် ငွေသား ကျပ်သိန်း ၃၀ ဆုချီးမြှင့်ခဲ့ပြီး အလင်းဝင်လာသူများကို ကောင်းမွန်စွာ ကျွေးမွေးထားကာ လွပ်လပ်စွာနေထိုင်ခွင့်ပေးပြီး နောက်ပိုင်း မိသားစု၊ဆွေးမျိုးများနှင့် တွေ့ဆုံရန် လုပ်ဆောင်ပေးသွားဖြစ်ကြောင်း သိရှိရသည်။", "“အခြေနေတည်ငြိမ်တဲ့အထိ ကောင်းမွန်စွာ ထားပါ့မယ်။ နောက်ပိုင်းမှာ မိသားစုတွေနဲ့တွေ့ဖို့ထိစီစဥ်ထားတယ်” ဟု Union Liberation Front – ULF စစ်ကြောင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2023/03/93046/
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး ဇေယျာဝင်း တိုက်ပွဲတွင် သေဆုံး၊ အလောင်းပြန်မရ
["အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး ဇေယျာဝင်း တိုက်ပွဲတွင် သေဆုံး၊ အလောင်းပြန်မရ", "ရန်ကုန်၊ မတ် ၁၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ကြီး ဇေယျာ ဝင်း သည် တိုက်ပွဲ တွင် သေဆုံးသွားကြောင်း မိတ်ဆွေတချို့ထံမှ သိရှိရသည်။", "မတ်လ၁၆ ရက်နေ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုး လိုက်ပါသွားစဉ် သေဆုံးခြင်းဖြစ်ပြီး အလောင်းကို တပ်အစီအစဉ်ဖြင့် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။", "“အသေးစိတ်တော့ မသိဘူး။ ဗိုလ်ကြီးဇေယျာဝင်းက အရင် ၂၀၁၉ ခုနှစ် လောက် မှာမော်လမြိုင်မှာ။ အဲဒီနောက် ၂၀၂၀ မှာ ကလေးမြို့မှာ တာဝန်ကျ တယ်။ အာဏာသိမ်းတဲ့အချိန်အထိ နမခမှာပဲ ရှိနေတာလို့သိရတယ်။ အခုတော့ စစ်ကိုင်းထဲမှာ တိုက်ပွဲကျတယ်လို့ သိရတာ။ သူ့အမျိုးသမီး ကျောင်းဆရာမ လုပ်တယ်” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။", "ဗိုလ်ကြီး ဇေယျာဝင်းသည် လျှစ်စစ်ပိုင်းဆိုင်ရာဖြင့် စစ်တက္ကသိုလ်မှ ဘွဲ့ရရှိထား သူဖြစ်ပြီး စစ်တပ် လက်ရုံးတပ်ဖြစ်သော ဆက်သွယ်ရေးတပ်ခွဲတွင်လည်း တာ ဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ လက်ရုံးတပ်များ ရှေ့တန်းပို့စဉ် ၎င်း ပါဝင်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80987/
အန္ဒိယပိုင်နက်တွင် ဗုံးကျရောက်မှု မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်းရေး ကော်မတီက ပြင်းထန်စွာရှုတ်ချပြီး မြန်မာစစ်တပ်ကို အရေးယူရန် အိန္ဒိယအစိုးရကို တိုက်တွန်း
["အန္ဒိယပိုင်နက်တွင် ဗုံးကျရောက်မှု မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်းရေး ကော်မတီက ပြင်းထန်စွာရှုတ်ချပြီး မြန်မာစစ်တပ်ကို အရေးယူရန် အိန္ဒိယအစိုးရကို တိုက်တွန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယပိုင်နက်အတွင်း ဗုံးကျရောက် ခဲ့မှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်းရေးကော်မတီက ပြင်းထန်စွာ ရှတ်ချပြီး အန္ဒိယအစိုးရအနေဖြင့် မြန်မာအကြမ်းဖက်စစ်တပ်ကို ချက်ချင်းအရေးယူပေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့စွဲဖြင့် တရားဝင်ကြေညာချက် ထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်က အန္ဒိယပိုင်နက် နယ် မြေအတွင်း နှစ်ကြိမ်တိုင် ဗုံးကျဲချတိုက်ခိုက်မှုနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် NGO ပူးပေါင်းညှိနှိုင်ရေး ကော်မတီက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အရေးပေါ်ဆွေးနွေးခဲ့ကြောင်း သိရသည်။", "မြန်မာအကြမ်းဖက်စစ်ကောင်စီလေတပ်က အိန္ဒိယပိုင်နက် နယ်မြေအများအတွင်း ဥပဒေချိုးဖောက် ဝင်ရောက် ခြင်း၊ ဗုံးကျဲခြင်းကို မီဇိုရမ်ပြည်နယ် NGO ပူးပေါင်း ညှိနှိုင်းရေး ကော်မတီက ပြင်းထန်စွာရှုတ်ချကြောင်း ၊ အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် အိန္ဒိယအစိုးရကို တောင်းဆို လိုက်ကြောင်း သိရှိရသည်။", "တချိန်တည်းမှာပင် ယင်းကိစ္စရပ်အား အချိန်မဆိုင်းဘဲ အရေးယူဆောင်ရွက်ရန် အိန္ဒိယ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီးထံသို့ လိပ်မူအကြောင်းကြားကာ တိုက်တွန်းသွားမည်ဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် NGO ပူးပေါင်း ညှိနှိုင်းရေးကော်မတီက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/140194/
အပစ်ရပ်ထားသော ရှမ်းမြောက်ဒေသတွင် စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်
["အပစ်ရပ်ထားသော ရှမ်းမြောက်ဒေသတွင် စစ်တပ်က ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးထားမှုကို အကြမ်းဖက် စစ်တပ်က ချိုးဖောက်ပြီး လေကြောင်း၊ လက်နက်ကြီးဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။", "ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့်လားရှိုးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားမှုကို စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ ပေါ်ပေါ်တင်တင်တင်ချိုးဖောက်ပြီး လူထုကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။", "ယနေ့ ဇန်နဝါရီလ ၁၅ ရက် ညနေ ၃ နာရီ ၂ မိနစ်တွင် ကျောက်မဲမြို့နယ် စစ်ကောင်စီ ၅၀၂ တပ် စခန်း မှ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၄ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က သံဘိုရွာ အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ ယနေ့ ဇန်နဝါရီလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်က နောင်ချိုမြို့နယ်၊ အုမ္မတီး လမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က သုံးဆယ်ရွာသို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ရွာအနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။", "ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်မှ တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ကျောက်မဲ၊ မိုးကုတ်၊ လားရှိုးမြို့နယ်တို့အတွင်း၌ နေ့စဥ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/210415/
အပစ်ရပ်မည်ဟု ကြေညာထားသော စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက် ထပ်မံ ဗုံးကျဲမှု နေအိမ်များ ထိခိုက်ပျက်စီး
["အပစ်ရပ်မည်ဟု ကြေညာထားသော စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် လာရောက် ထပ်မံ ဗုံးကျဲမှု နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဧပြီ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်၀န်းကျင်အချိန် စစ်ကောင်စီတပ်က နောင်ချိုမြိုနယ်၊ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃ ကြိမ် လာရောက်ကျဲချခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့်နေအိမ် ၄ လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့မှ ၂​၂ ရက်နေ့အထိ အပစ်ရပ်ကြေညာခဲ့သော်လည်း နောင်ချိုမြို့နယ်ကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲလျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီက မိုးကုတ်မြိုအနောက်ပိုင်း ပင့်ကူတောင်အောက်အနီးသို့လည်း ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း သိရှိရသည်။", "အပစ်ရပ်ကြေညာခဲ့ပြီးနောက် ဧပြီလ ၃ ရက်တွင် သပိတ်ကျင်းမြို့နယ် ၇ မိုင်တွင်လည်း ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံး ၈ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိသည့်ငလျင်လှုပ်ခတ်နေချိန် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် နောင်လင်ကျေးရွာအတွင်း ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကျဲချမှုကြောင့် နေအိမ် ၃ လုံးနှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "မြောက်ပိုင်းမဟာမိတ် ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သက်အပစ်ရပ်ကြေညာပြီးနောက်တွင် အင်အားများ ဖြည့်တင်းခြင်း၊ တိုက်ပွဲများအတွက် ထိုးစစ်ဆင်ခြင်း၊ တိုက်ပွဲများမဖြစ်ပွားခဲ့သောနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း အမှန်တကယ်လက်တွေ့တွင် စစ်ကြောင်းထိုး၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/139919/
အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်ပြီး နောင်ချိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရကာ နေ အိမ် တချို့ပျက်စီး
["အပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်ပြီး နောင်ချိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရကာ နေ အိမ် တချို့ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်တပ်က အပစ်ရပ် သဘော တူညီချက်ကို ချိုးဖောက်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည် သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသနေ ပြည်သူ များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၆ နာရီခန့်က စတင်ပြီး ညနေ ၁၀ နာရီ ခန့် အထိ နောင်ချို မြို့တောင်ဘက်ရှိ အမှတ် ၆၀၆ ဒုံးတပ်မှ လယ်ကြီး တော ကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက် ကြီးဖြင့်လည်းကောင်း၊ ခမရ ၁၁၅ တပ် ကလည်း လယ်ကြီးတောကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် လည်း ကောင်း ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။", "“မနေ့ညက လယ်ကြီးတောကျေးရွာထဲမှာ TNLA တွေရှိတယ်ထင်ပြီး ၁၂၀ မမ လက်နက်ကြီးပစ်တာ၊ ၃ ဦးဒဏ်ရာရတယ်၊ သေဆုံးမှုတော့မရှိဘူး၊ ည ၁၀ နာရီ အထိပဲ၊ အပစ်ရပ်တယ်ပြောပြီး ထုနေတာ၊ အကုန်ပစ်သတ်နေတော့ပဲ၊ ပြည်သူ တွေ ရွာထဲမနေရဲလို့ Crown ဘိလပ်မြေစက်ရုံဝန်းထဲ စစ်ရှောင် နေရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #နောင်ချို #Crown"]
https://yktnews.com/2024/02/145665/
ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့် ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသမီး၊ အမျိုးသား ၁၄ သန်းရှိဟု အကြမ်းဖက် ဇော်မင်းထွန်းပြောဆို
["အဖွဲ့ဝင် ၁၈ ဦးပါ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီး လူငယ်များကို စစ်ရေး လေ့ကျင့်သင်ကြားပေးပြီးလျှင် ရှေ့တန်းစေလွှတ်မည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "မြန်မာနိုင်ငံတွင် လာမည့် ဧပြီလနှောင်းပိုင်း သင်္ကြန်ပိတ်ရက်များအပြီး ပြည်သူများ စစ်မှုထမ်းရေး ဆင့်ခေါ်မည်ဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသမီး၊ အမျိုးသား ၁၄ သန်းရှိနေကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက စစ်တပ်ပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။", "မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကောက်ယူခဲ့သော ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းရှိကြောင်း၊ လာမည့် ဧပြီလ သင်္ကြန်ကာလရုံးပိတ်ရက်များအပြီးတွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များ စတင်မည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ် ကာကွယ်ရေးဝန်ကြီး ၊ ဒုတိယဥက္ကဋ္ဌ အဖြစ် စစ်တပ်၏ ကြည်း၊ရေ၊လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ကလည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဝန်ကြီး ၁၀ ဦး၊ စစ်ရုံးများမှ အရာရှိကြီး ၆ ဦး စုစုပေါင်း ၁၈ ဦး ပါဝင်ကြောင်း သိရှိရသည်။", "အကြမ်းဖက် ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ပြီးနောက် စစ်ရေးလေ့ကျင့်သင်ကြားပေးကာ ရှေ့တန်းစစ်မျက်နှာပြင်များသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/07/112275/
အဘစ်ကျေးရွာအခြေစိုက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကို ဆန်နှင့် ရိက္ခာများ လှူဒါန်း
["အဘစ်ကျေးရွာအခြေစိုက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကို ဆန်နှင့် ရိက္ခာများ လှူဒါန်း", "ရန်ကုန် ၊ ဇူလိုင် ၁၀", "မုဒုံမြို့နယ် အဘစ်ကျေးရွာအခြေစိုက် အမြှောက်တပ် ၃၁၈ မှ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးများ ကျရောက်၍ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C မှ စားနပ်ရိက္ခာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။", "စစ်ဘေးရှောင်ပြည်သူများကို လှူဒါန်းနိုင်ရန်အတွက် ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.C သို့ လှူဒါန်းလာသည့် ဆန်အိတ် ၂၀၀၊ ဆီနှင့် ခေါက်ဆွဲခြောက်များကို ဝင်းရော်ဒေသ အရေးပေါ်စစ်ရှောင်ကူညီရေးကော်မတီ(အောက်ပိုင်း) မှတစ်ဆင့် စစ်ဘေးရှောင် ပြည်သူတွေကို ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဘစ်ကျေးရွာအခြေစိုက် အကြမ်းဖက်စစ်တပ်၏ အမြှောက်တပ် ၃၁၈ မှ ၁၂၂ ဟောင်ဝစ်ဇာအမြှောက်များ, ၁၂၀ မမ စိန်ပြောင်းများနှင့် ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ နန်းသိုင်းထွန်ရွာ၊ ပုလိန်မြို့ဟောင်းနှင့် ငြိမ်းချမ်းမြိုင်ရွာများကို နေ့စဉ်ပစ်ခတ်နေသည့်အတွက် ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။"]
https://yktnews.com/2023/05/100283/
အမရပူရ ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိ ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးအဖွဲ့ ဗုံးပစ်ခံရပြီး ၃ ဦးဒဏ်ရာရ
["အမရပူရ ရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများရှိ ၊ ပြည်ကြီးတံခွန်တွင် ပျူစောထီးအဖွဲ့ ဗုံးပစ်ခံရပြီး ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ မေ ၁", "မန္တလေးတိုင်း၊ အမရပူရမြို့နယ် မြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးဖြင့် ပစ် ခတ် တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောသည်။", "မေလ၁ ရက်နေ့ နံနက် ၆ နာရီတွင် အမရပူရမြို့နယ် ရဲစခန်းကို ဗုံး ၂ လုံးဖြင့်လည်းကောင်း၊ နံနက် ၁၀ နာရီကျော်အချိနတွင်လည်း ဗုံး ၁ လုံးဖြင့်လည်း ကောင်း ၂ ကြိမ် တိုက်ခိုက်မှု ဖြစ်ပွားကြောင်း၊ ယင်းနောက် လူနာတင်ကားများ ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲက လမ်းပိတ်ဆို့၍ စစ်ဆေးကြောင်း သိရှိရသည်။", "“ဒီနေ့ အမရပူရရဲစခန်း တိုက်ခိုက်ခံရတယ်။ မနက် ၆ နာရီဝန်းကျင်မှာ ဗုံးနဲ့ ၂ လုံး။ မနက် ၁၀ နာရီကျော်မှာလည်း ဗုံးနဲ့တိုက်ခိုက်ခံရတယ်။ လူနာတင်ကားပါလာတာဆိုတော့ ထိတဲ့သူရှိတယ်။ ဗုံးနဲ့ တိုက်ခိုက်ခံရပြီး လမ်းပိတ်ပြီးတော့ သေနတ်တွေနဲ့ ရမ်းပစ်ပြီး အော်ဆဲတာပဲ။ စစ်ခွေးနဲ့ ရဲခွေးတွေက ” ဟု ဒေသပြည်သူတစ်ဦး ပြောသည်။", "အလားတူ ယနေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပျူစောထီးခေါင်းဆောင် စံရှားနှင့် တပည့်များ စုရပ်ဖြစ်သည့် ကားဂိတ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ပျူစောထီးခေါင်းဆောင် စံရှားကတော့ တော်တော်ကို တပည့်တပန်းများတဲ့ လက်ထောက်များတဲ့ ပျူခေါင်းဆောင်တစ်ယောက်။ သူဟာ လူသတ်မှု လုယက်မှု ငွေညှစ်မှု နဲ့ ပြည်ကြီးတံခွန်မြို့နယ်ထဲက ဆေးချတဲ့ နေရာတွေ လောင်းကစားဝိုင်းတွေ ပြည့်တန်ဆာတန်းတွေ အရက်ဆိုင်တွေ KTV မာဆက်တွေ မကောင်းတာလုပ်တဲ့ နေရာတွေအကုန်လုံးနီးပါးကို ချုပ်ကိုင်ထားပြီး လက်ထောက်ချ ဆက်ကြေးကောက်ခံတာတွေ ကိုယ်တိုင်ဆိုင်ဖွင့်ထားတာတွေရော အတော်များတဲ့ နာမည်ကြီး ဇိုးအမည်ခံ ပျူစောထီး ခေါင်းဆောင်ပါ။ ခွေးတွေနဲ့လည်း ပေါင်းသင်းပြီး သူ့အိမ်ကို အုပ်စုလိုက်လာနေကြတာတွေရှိပါတယ် လက်နက်လည်း အရှည်ရော အတိုရော ကိုင်ဆောင်ထားပါတယ် သူသာမက သူ့ရဲ့ တပည့်တွေထဲက အတော်များများလည်း လက်နက်ကိုင်ဆောင်ထားကြပါတယ်။ အဲဒါကြောင့် အကွက် ၂ ငွေတော်ကျီးကုန်း ပြည်ကြီးတံခွန်မြို့နယ်မှာ ရှိတဲ့ စံရှားတို့ရဲ့ ဂိတ်ကို လျက်ဆားပုလင်း အရင်ကျွေးခဲ့တာပါ” ဟု မန္တလေးမြို့ Urban Guerrilla Force-MDY အဖွဲ့က ပြောသည်။", "ထို့ပြင် ပျူစောထီးခေါင်းဆောင် စံရှားသည် စစ်တပ်နှင့်ပေါင်း၍ ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးရာတွင်လည်း ပါဝင်ကြောင်း သိရှိရသည်။", "“နောက်ပြီး စံရှားက အိမ်ဖျက်တာတွေ။ လူငယ်တွေကို ဖမ်းဖို့သတင်းပေးတာ။ ခွေးတွေနဲ့ပေါင်းပြီး သူ့တပည့်တွေနဲ့ ကိုယ်တိုင်ဖမ်းတာတွေတောင်ရှိပါတယ်။ ပြီးတော့ မြို့နယ်ထဲမှာ လှုပ်လှုပ်ရှားရှားရှိခဲ့ရင်လည်း သူတို့အဖွဲ့ကိုယ်တိုင် သောင်းကျန်းပြီး မြေလှန်တာမျိုးတွေ ခြိမ်းခြောက်တာမျိုးတွေအထိ လုပ်တာမို့လို့ တံခွန်တိုင်တစ်ဝိုက်မှာတော့ မသိတဲ့လူမရှိပါဘူး” ဟု မန္တလေး Urban Guerrilla Force-MDY အဖွဲ့က ပြောဆိုသည်။"]
https://yktnews.com/2023/01/81611/
အမရပူရမြို့နယ်ထွေအုပ်ရုံးနှင့် ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်နေ သော မဟာ အောင်မြေ မြို့နယ်ရှိ စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက်
["အမရပူရမြို့နယ်ထွေအုပ်ရုံးနှင့် ရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်နေ သော မဟာ အောင်မြေ မြို့နယ်ရှိ စင်္ကြာနွယ်စဉ် ရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Generation Z Power Mandalay ထံမှ သိရသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်က ယင်းထွေအုပ်ရုံးကို Generation Z Power Mandalay ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် SAF – မန္တလေးခရိုင် တပ်ရင်း ၄ ၊ မန္တလေးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၃ ၊ TKF တို့ပူးပေါင်းကာ 79 ဖြင့် ဗုံးတစ်လုံးပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် “No More Dictatorship People Defense Force – NMD”အဖွဲ့ မဟာအောင်မြေ မြို့နယ် ၃၇လမ်း၊ ၇၄လမ်း၊ ၇၅လမ်းကြားရှိ စက်ြာနွယ်စဉ်ရပ်ကွက်ရုံး‌အတွင်း တံခါးပိတ်၍ အုပ်ကြီးများ၊ ပျူစောထီးများ၊ စစ်သားများက အတု‌ယောင် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။", "ဗုံးပေါက်ပြီးနောက် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ဆဲဆိုနေကြ‌ပြီး ဧည့်စာရင်း စစ်ရန် ပြင်ဆင်နေကြောင်း၊ သေဆုံးထိခိုက်မှုစာရင်းကို မသိရသေးကြောင်း “No More Dictatorship People Defense Force – NMD”ထံမှ သိရှိရသည်။", "ဓာတ်ပုံ- မန္တလေးမြို့ရှိ ရပ်ကွက်ရုံးကို လုံခြုံရေးယူနေကြသည့် အကြမ်းဖက်စစ်သားများ။", "Photo- AFP။"]
https://yktnews.com/2025/03/209649/
အမရပူရမြို့နယ်ရှိ လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်သော ဘုံးအိုးရွာတွင် မြေငလျင်ကြောင့် ဗလီ ၃ လုံးပြိုကျပြီး အလောင်း ၇၀၀ ကျော် ရရှိခဲ့၊ ငလျင်ဒဏ်သင့် ပြည်သူများအတွက် သောက်သုံးရေလိုအပ်နေ
["အမရပူရမြို့နယ်ရှိ လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်သော ဘုံးအိုးရွာတွင် မြေငလျင်ကြောင့် ဗလီ ၃ လုံးပြိုကျပြီး အလောင်း ၇၀၀ ကျော် ရရှိခဲ့၊ ငလျင်ဒဏ်သင့် ပြည်သူများအတွက်သောက်သုံးရေလိုအပ်နေ", "ရန်ကုန်၊ မတ် ၃၁", "မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာတွင် မြေငလျင်ကြောင့် ဗလီ ၃ လုံး ပြိုကျပြီး လူသေ အလောင်း ၇၀၀ ကျော်တူးဖော်ရရှိထားကာ ဆက်လက်တူးဖော်ရန်အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် အမရပူရ မြို့နယ်၊ ဘုံးအိုးကျေးရွာရှိ ယက္ကန်းတော် မြောက်ဗလီ ၊ အလယ်ဗလီ ၊ သံပုရာခြံ ဗလီ တို့အတွင်း ပြည်သူများ ဘုရားဝတ်ပြုနေစဉ် ပြိုကျခဲ့ရာ ယနေ့အထိ လူဦးရေ ၇၀၀ ကျော်အလောင်း တွေ့ရှိ ထားပြီး ဆက် လက်တူးဖော်ရှာဖွေနိုင်ရန် အကူအညီများလိုအပ်လျက်ရှိကြောင်း ၊ တူးဖော်ရရှိထား သည့် ရုပ်အလောင်းများကို ကျင်းတစ်ကျင်းလျှင် အလောင်း ၅ လောင်းထည့်ကာ မြှုပ်နှံ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။", "“ဗလီ ၃ လုံးပြိုတယ်။ ၃ လုံးစလုံးက မြေစာပုံလိုဖြစ်သွားတာ။ ၂ လုံးက လူအသေအပျောက် အရမ်း များတယ်။ အခုချိန် အထိ ဖော်နေရတယ်။ ဖော်သလောက်လည်း အလောင်းတွေက ထွက်လာတယ်။ နောက်ဗလီ ၁ လုံးကဆို ရင်အမျိုးသမီးတွေ အရမ်းထွက်လာတယ်။ အမျိုးသားတွေကတော့ ဟိုး အောက်ထဲမှာ အဲဒါတွေ တူးဖော်ဖို့ စက်တွေ လည်းလိုနေတယ်။ ကယ်ဆယ်ရေးတွေ အရမ်းလိုအပ် နေသေးတယ်။ သေဆုံးသူဦးရေ က ၇၀၀ ကျော် သွားပြီ။ သေဆုံးသူ ၇၀၀ ကျော်လုံးက ဗလီတွေထဲမှာ ချည်းပဲတောက်လျှောက်ဖော်နေတာ၊ ရွာထဲမှာ လည်း အနံ့တွေက ထွက်နေပြီ ၊ လူအင်အားမလုံ တော့ ကူညီ ကယ်ဆယ်ရေးတွေက တအားမတွင်ကျယ်ဘူး၊ အဲဒါကြောင့်အမြန်ဆုံး အကူအညီ တွေရစေချင်တယ်။ အလောင်းတွေကလေ အနံ့တွေ ပါတော် တော်ထွက်နေတယ်။ သေဆုံးသူတွေက အရမ်းများတော့ ကျင်းကြီးတွေတူးပြီး လူ ၅ ယောက်စီမြှုပ်နေရတယ်”ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ငလျင်ဒဏ်သင့်ခဲ့သည့် ဘုံးအိုးကျေးရွာတွင် လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ပြီး ငလျင်ဘေးဒဏ်မှ လွတ်မြောက်လာသူများကို ဘောလုံးကွင်းထဲတွင် ယာယီ တဲထိုးကာ နေရာချပေးထားကြောင်း၊ အရေးပေါ်သောက်သုံးရေ၊ ဆေးဝါးနှင့် အစားအသောက်များ လိုအပ်လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။", "အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလိုသူများအနေဖြင့် မြစ်ငယ် -စစ်ကိုင်းလမ်းကြား သူငယ်တော် ၊ လက်ပန်ဇင် ဘက်မှ ဘုံးအိုးကျေးရွာကို တိုက်ရိုက်ဝင်ရောက်နိုင်ကြောင်း၊ စစ်ကိုင်း -မန္တလေးကုန်သွယ်ရေးလမ်းမှ သံလမ်း အထိ လမ်းပိတ်ထားသောကြောင့် ကူညီပေးမည့်သူများအနေဖြင့် ဆရာဆဒန်၏ ဖုန်းနံပါတ် 09 400 38 78 66 နှင့် 09 987 788 893 ကို ဆက်သွယ် အကူအညီပေးနိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173147/
အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း တာကျိုးမှုဖြစ်ပွားပြီး ရေကြီးရေလျှံကာ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေ
["အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း တာကျိုးမှုဖြစ်ပွားပြီး ရေကြီးရေလျှံကာ အလုပ်သမား ၇ ဦး ပျောက်ဆုံးနေ", "ရန်ကုန်၊ ဇူလိုင် ၁၅", "မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံကျေးရွာ အနီး ဧရာဝတီမြစ်ဘေးက အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ ရဲ့ ရေဆိုးထုတ်ပြွန်တည်ဆောက်ရေးလုပ်ငန်းခွင် တာကျိုးပေါက်လို့ အလုပ်သမား ၇ ဦးပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ က မနေ့က ပြောဆိုထုတ်ပြန်ပါတယ်။", "မနေ့နံနက် ၈ နာရီခွဲအချိန် အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ ရဲ့ ရေဆိုးထုတ်ပြွန်တည်ဆောက်ရေးလုပ်ငန်းခွင် က သဲဖြင့်ကာရံထားတဲ့ တာတံမံမှာ ကျိုးပေါက်သွားတာကြောင့် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀ ဦးအနက် ၇ ဦး ရေနစ်ပျောက်ဆုံးနေတာဖြစ်တယ်လို့ သိရှိရပါတယ်။", "မနေ့ မနက် ၈ နာရီခွဲ အချိန်မှာ တာကျိုးပေါက်မှုစတင်ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးသွားတဲ့ အလုပ်သမား ၇ ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။", "လုပ်ငန်းခွင် သီးသန့် တာ ရေဝင်ရောက်မှုဖြစ်ပြီး တခြားသော လူနေရပ်ကွက်တွေကို ရေဝင်ရောက်မှုမရှိဘူးလို့ သိရပါတယ်။"]
https://yktnews.com/2023/12/134965/
အမရပူရ၊ ချမ်းမြသာစည်နှင့် စစ်ကိုင်းမြို့နယ်တို့ရှိ လဝကရုံး၊ ယာဥ်ထိန်းရဲ လိုင်းခန်းအပါအဝင် နေရာ ၅ ခုကို ဖောက်ခွဲ တိုက်ခိုက်၊ မြိုင်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
["အမရပူရ၊ ချမ်းမြသာစည်နှင့် စစ်ကိုင်းမြို့နယ်တို့ရှိ လဝကရုံး၊ ယာဥ်ထိန်းရဲ လိုင်းခန်းအပါအဝင် နေရာ ၅ ခုကို ဖောက်ခွဲ တိုက်ခိုက်၊ မြိုင်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ရှိ လဝကရုံး၊ ယာဥ်ထိန်းရဲ လိုင်းခန်းအပါအဝင် နေရာ ၅ ခုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship PDF -NMD ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီခန့်တွင် အမရပူရမြို့နယ်ရှိ ပြည်သူများ မှတ်ပုံ တင်၊ အိမ်ထောင်စုများ လုပ်ဆောင်ရာ၌ အချိန်ဆွဲ၊ ငွေညှစ်ကာ လာဘ်စားနေသော လဝကရုံးရှိ အရပ် ဝတ်များဖြင့် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဗဒူကျေးရွာ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို No More Dictatorship PDF -NMD တပ်ဖွဲ့၊ဒေသခံ ပကဖ၊ SSTF ၊ ဒေသခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ Rocket ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ၀န်းကျင်တွင် ချမ်း‌မြသာစည်မြို့နယ်၊ ရှမ်းလေးကျွန်း နှင့် သံသေကပ်ကျော်ဘုရားအနီး ကန်ပတ်လမ်းထောင့်၌ စည်ပင်ဝန်ထမ်းနှင့် အကြမ်းဖက်စစ်သား များပူးပေါင်းပြီး ငွေညှစ်နေသဖြင့် မဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲရန်ပြင်ဆင်ခဲ့သော်လည်း အကြမ်းဖက် စစ်သားများမှ တွေ့ရှိသွားသဖြင့် သိမ်းဆည်းလာခဲ့ပြီး တက်သေးအင်းနတ်နန်းအနီးရှိ အကြမ်းဖက် စစ်သားများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့လည် ၁၂ နာရီခန့်ကလည်း ချမ်း‌မြသာစည်မြိုနယ် ၆၈ လမ်း၊ ၁၁၂ လမ်းထောင့်ရှိ ခရိုင်ရဲစခန်းအတွင်းရှိ ရဲဝန်ထမ်းလိုင်းခန်းကိုဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲများ ထမင်းစား နေချိန်ဖြစ်သဖြင့် ထိခိုက်မှုရှိနိုင်ကြောင်း၊ ထိုသို့ဖောက်ခွဲတိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ ယန္တရားလည်ပတ်စေရန် ထောက်တိုင်ဖြစ်နေသည့်အပြင် ပြည်သူများကို လက်နက်ပြခြိမ်းခြောက် ကာ ကား၊ဆိုင်ကယ်များ ဖမ်းဆီးငွေညစ်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိ သဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၀ ရက် ညနေ ၃ နာရီ ၀န်းကျင်တွင် အမရပူရမြို့နယ်၊ ရွှေကြက်ယက် စိန်တုန်းရပ် ကွက်ရှိ ပျူစောထီး ဖိုးချွန်း နေအိမ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့သို့ တိုက်ခိုက်ရခြင်းမှာ ဖိုးချွန်းသည် ရပ်ကွက်ရှိ စစ်ကောင်စီခန့် ရပ်ကွက်လူကြီး၊ အကြမ်းဖက်စစ်သားများနှင့်ပေါင်း၍ ရပ် ကွက် အတွင်း PDF သင်တန်းဆင်း လူငယ်များအား သတင်းပေးတိုင်ကြားကာ ဖမ်းဆီးခိုင်းခြင်း၊ ဧည့် စာရင်း စစ်ခြင်း အပါအဝင် စစ်ကိုင်းတံတား နှာပေါက်တွင်လည်း ငွေညစ်ခြင်းတို့ကို လုပ်ဆောင် နေသူဖြစ်သည်ဟု ပြည်သူများမှ အတိအကျဖြင့် တိုင်ကြားခဲ့သောကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ အဖွဲ့ထံမှ သိရသည်။", "ယ‌နေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၈ နာရီ အချိန်တွင် မြိုင်မြို့ ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ် သား များ တပ်စွဲထားရာ အမှတ် ၃ စာသင်ကျောင်း၊ ဘူတာရုံနှင့် ကိုးဆောင်ကျောင်းတို့ကို လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်အမှတ် ၃ စာသင် ကျောင်း ၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကိုးဆောင်ကျောင်းဂိတ်ဘက်သို့ ထွက်ပြေးသွား ကြောင်းသိရသည်။", "ယင်းတိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေ ဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲပြီးဆုံးပြီး ၁ နာရီခန့်အကြာတွင် အကြမ်းဖက် စစ် ကောင်စီတပ်သားများ နှင့်ပျူများက မြိုင်မြို့နယ် NLD ပါတီရုံးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။", "အဆိုပါတိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ရင်း၂ နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်", "ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းမြွေ အဖွဲ့နှင့် ကျေးရွာ ကာကွယ်ရေးတပ်ဖွဲများမှ ရှော့တိုက်ဒုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခက် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားများအနီး ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများမှလည်း ၆၀ မမ ဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ တွင် မြိုင်မြို့ပေါ်မှ အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ကန်ကြီးရွာ ဇရပ်အရောက် ဗိုလ်လင်းမြွေအဖွဲ့နှင့် ကျေးရွာကာ ကွယ်ရေးတပ်ဖွဲဝင်များမှ ပေပါမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာများကို ဒရုန်းဖြင့် အီနာဂါဗုံးသီး အလုံး ၄၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ရာ ဘဏ်ရုံးအနောက်ဘက် ဂိုထောင်အနီးရှိ ထမင်းချက်ရာနေရာကျရောက်ပေါက်ကြွမှုအတွင်း အကြမ်းဖက်စစ်သားများ အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ တပ်ရင်း ၂ နှင့် ဗိုလ်မြွေဆိုး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထန်းဘုန်းတောကျေးရွာအတွင်းရှိနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကြွပြီး ပြည်သူ ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/85929/
အမေရိကန် Chevron က ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ရှယ်ယာများကို MTI Energy သို့ရောင်းချ၊ စစ်အုပ်စုရဲ့ ဝင်ငွေ ရပေါက်ရလမ်းများကို ဖြတ်တောက် နိုင်ရန် MOGE ကိုဒဏ်ခတ်ပိတ်ဆို့ရေး အရေးတကြီး လိုအပ်
["အမေရိကန် Chevron က ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ရှယ်ယာများကို MTI Energy သို့ရောင်းချ၊ စစ်အုပ်စုရဲ့ ဝင်ငွေ ရပေါက်ရလမ်းများကို ဖြတ်တောက် နိုင်ရန် MOGE ကိုဒဏ်ခတ်ပိတ်ဆို့ရေး အရေးတကြီး လိုအပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ကနေဒါ ရေနံကုမ္ပဏီ MTI Energy က စစ်အုပ်စုအတွက် အကျိူးအမြတ်ကြီးစွာ ရရှိနေတဲ့ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်လာလို့၊ လုပ်ငန်းများ အမြန်ဆုံး ရပ်တန့်ပြီး ပြန်လည်ထွက်ခွာဖို့ Justice For Myanmar ကတောင်းဆိုလိုက်ပါတယ်။", "အမေရိကန် ရေနံကုမ္ပဏီကြီး Chevron က ရတနာဓာတ်ငွေ့ စီမံကိန်းမှာပါတဲ့ သူ့ရဲ့ ရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ကနေဒါရေနံကုမ္ပဏီ MTI Energy ရဲ့ လုပ်ငန်း ခွဲတစ်ခုဆီကို ရောင်းချခဲ့တာပါ။ အဲဒီအရောင်းအဝယ် သဘောတူညီချက်ကို Chevron ကုမ္ပဏီက ဂါးဒီးယန်းသတင်းစာကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။", "ရတနာစီမံကိန်းက မြန်မာနိုင်ငံမှာ အကြီးဆုံးသဘာဝဓာတ်ငွေ့ စီမံကိန်း ဖြစ်ပြီး၊ တရားမဝင် စစ်အုပ်စု အတွက် နိုင်ငံခြား၀င်ငွေ အများဆုံးရရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။", "အကြမ်းဖက်စစ်အုပ်စုဟာ သဘာဝဓာတ်ငွေ့က ရရှိတဲ့ငွေတွေနဲ့ စစ်ရာဇ၀တ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်က အမြန်ဆုံး ပြန်လည်ထွက်ခွာဖို့ JFM လို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။", "ရတနာ စီမံကိန်းကို ယခင်က Total Energies မှ အော်ပရေတာအဖြစ် လုပ်ကိုင် ခဲ့ပြီး၊ အာဏာသိမ်းမှု ဂယက်ကြောင့် ၂၀၂၂ ခုနှစ်မှာ Total Energies က အဆိုပါစီမံကိန်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။", "Total Energies ရဲ့ နှုတ်ထွက်မှုကြောင့် Chevron ကုမ္ပဏီရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုက ၄၁.၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး အများဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့ပါတယ်။ အကယ်၍ MTI Energy အနေနဲ့ Chevron ရဲ့ အစုရှယ်ယာတွေ ဝယ်ယူမှု ပြီးမြောက်ပါက ရတနာ စီမံကိန်းရဲ့ အများဆုံး ရှယ်ယာရှင် ဖြစ်လာမှာလည်း ဖြစ်ပါတယ်။", "ရတနာ စီမံကိန်းမှာ ပါဝင်တဲ့ အခြားကုမ္ပဏီတွေကတော့ လက်ရှိအော်ပရေတာအဖြစ် လုပ်ဆောင်တဲ့ ထိုင်း PTTEP ကုမ္ပဏီနဲ့ စစ်အုပ်စုက လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့ ဖြစ်ပါတယ်။", "MTI Energy နဲ့ Chevron တို့အနေနဲ့ အဲ့ဒီအရောင်းအဝယ်ကတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေတွေ ဆက်ပေးနေတာ ဖြစ်ပြီး၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ သူတို့ကိုယ်တိုင် ကြံရာပါ ပတ်သက်နေခြင်း ဖြစ်တယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။", "MTI Energy ကို ဘယ်သူတွေ ပိုင်တာလဲ", "================", "MTI Energy ကုမ္ပဏီဟာ ကနေဒါနိုင်ငံ၊ အယ်ဘာတာပြည်နယ်၊ အက်မန်တန်မြို့ မှာအခြေစိုက်ပြီး၊ ရေနံလုပ်ငန်း စက်ပစ္စည်းတွေ ထုတ်လုပ် တဲ့ Mitey Titan Industries ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါတယ်။", "MTI ဟာ ကင်မရွန်း၊ ကွန်ဂို၊ ဂါဘွန်၊ အီကွေတိုရီရယ်ဂီနီနဲ့ အထူးသဖြင့် နိုင်ဂျီးရီးယားမှာ ရေနံဆက်စပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။", "ထူးခြားမှုအနေနဲ့ MTI Energy ကို မှတ်ပုံတင်ရာမှာ ရှယ်ယာရှင်တွေ မပါတာကို တွေ့ရပြီး၊ ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေကို ဘယ်သူတွေဆီ ခွဲဝေရောက်ရှိတယ်ဆိုတာ ရှင်းလင်းမှု မရှိပါဘူး။", "ဒါ့အပြင် MTI Energy က Chevron ရဲ့ ရှယ်ယာတွေကို သူ့ရဲ့ ဘာမြူဒါလုပ်ငန်းခွဲ Et Martem Holdings ကတစ်ဆင့် ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဘာမြူဒါဆိုတာက အခွန်ရှောင်လိုတဲ့ နိုင်ငံတကာကုမ္ပဏီတွေအတွက် အခွန်ကင်းလွတ်ခွင့်တွေ ရရှိနေတဲ့နေရာဖြစ်ပြီး၊ လျှို့ဝှက်တဲ့ စီရင်ပိုင်ခွင့်နယ်မြေတစ်ခု လည်း ဖြစ်ပါတယ်။", "ယူကေရဲ့ နိုင်ငံပြည်ပ ပိုင်နက်နယ်မြေ တစ်ခုဖြစ်တဲ့ ဘာမြူဒါအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ယူကေနိုင်ငံရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်ရမှဖြစ်ပေမဲ့ ယူကေနဲ့ ကနေဒါ နှစ်နိုင်ငံလုံးရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ MOGE ပါဝင်ခြင်း ရှိမနေတာကြောင့် အခုလို Chevron ကနေ MTI ကိုရှယ်ယာတွေ လွှဲပြောင်းရောင်းချမှုမှာ တားဆီးခွင့် မရှိနေတာ ဖြစ်ပါတယ်။", "ဒါ့ကြောင့် စစ်အုပ်စုကို နိုင်ငံခြားဝင်ငွေတွေ ရှာဖွေပေးနေတဲ့ နိုင်ငံတကာရေနံကုမ္ပဏီတွေ မြန်မာပြည်မှာ ဆက်လက်လုပ်ကိုင်ခွင့် မရှိတော့အောင် ပိတ်ဆို့နိုင်ဖို့အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို အမြန်ဆုံးအရေးယူသင့်ပြီ ဖြစ်ကြောင်း JFM ဆက်လက်တောင်းဆိုထားပါတယ်။", "Justice For Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က“ဒီရောင်းချမှုဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ကနေဒါနဲ့ ယူကေအစိုးရတို့က ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ကနေဒါကုမ္ပဏီတစ်ခုက တရားမဝင် လူသတ်စစ်အုပ်စုကို ကြွယ်ဝချမ်းသာစေတဲ့ ဒီလိုအရေးပါတဲ့ ဓာတ်ငွေ့စီမံကိန်းတစ်ခုရဲ့ အများဆုံးရှယ်ယာပိုင်ဆိုင်မှုကို လွှဲပြောင်းရယူလိုက်တာကို ကနေဒါအစိုးရ အနေနဲ့ ကုမ္ပဏီဘက်က ရပ်တည်ကူညီမှာလား ဆိုတာ မေးခွန်းထုတ်လိုပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။", "“ကနေဒါနဲ့ ယူကေအစိုးရတွေအနေနဲ့ MOGE ကို အမြန်ဆုံး ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ပြီး၊ သူတို့ အာဏာပိုင် နယ်မြေမှာရှိတဲ့ ကုမ္ပဏီတွေကို စစ်အုပ်စုရဲ့ နိုင်ငံတ ကာရာဇ၀တ်မှုတွေအတွက် ငွေကြေး ထောက်ပံ့တာ မလုပ်အောင် တားဆီးဖို့ ကျမတို့ တောင်းဆို ပါတယ်။” လို့ မရတနာမောင်က တောင်းဆိုပါတယ်။"]
https://yktnews.com/2024/08/178567/
အမေရိကန် တစ်ဒေါ်လာလျှင် ၆၂၅၀ ကျပ်နှင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၆ သိန်း ၅ သောင်းအထိ စံချိန်တင် အသီးသီးမြင့်တက်နေ
["အမေရိကန် တစ်ဒေါ်လာလျှင် ၆၂၅၀ ကျပ်နှင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၆ သိန်း ၅ သောင်းအထိ စံချိန်တင် အသီးသီးမြင့်တက်နေ", "ရန်ကုန်၊ ဩဂုတ် ၁၂", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၆၂၅၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၇၆ သိန်း ၅ သောင်းအထိ စံချိန်တင် အသီး သီးမြင့်တက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဩဂုတ်လ ၉ ရက်နေ့တွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ငွေ ကျပ် ၆၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဆက်လက်မြင့်တက်လျက်ရှိရာ ဩဂုတ်လ ၁၂ ရက်နေ့ တွင်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၆၂၅၀ ကျပ်ဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။", "“အရွက်စျေးကတော့ အတက်ချည်းပဲ။ ပြန်ကျနိုး ပြန်ကျနိုးနဲ့ ပြန်မကျတဲ့အပြင် တစ်နေ့တခြား ပိုပြီးတော့ စျေးက တက်နေတယ်။ အခုသိရသလောက်တော့ ဆီ(စက်သုံးဆီ)သမားတွေရော၊ Import သမားတွေ ၊ တပ်နဲ့ ဆက်နွယ်တဲ့ စီး ပွားရေး အသိုင်းအ၀ိုင်းကရော စျေးကွက်ထဲက ဒေါ်လာတွေကို ပြန် ဆင်းဝယ်တယ်လို့ ပြောတယ်။ ရသမျှ အကုန်ပြန်ဝယ်လို့ ကြားတယ်။ အဲဒါကြောင့် ပြန်မကျဘဲ ဒေါ်လာမာနေတာလို့ သိရတယ်။ Demand အဝယ်များနေရင်တော့ စျေးက တက်နေဦးမှာပဲ” ဟု ရန်ကုန်မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။", "အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်မှုနှင့်အတူ အခေါက်ရွှေစျေးနှုန်းမှာလည်း ဆက်လက်မြင့်တက်လျက်ရှိပြီး ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၇၆ သိန်း ၅ သောင်း အထိ စံချိန်တင် စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရသည်။", "“ရွှေကတော့ မီးလင်းစျေးကွက်ထဲမှာတော့ ကုန်သည် သိပ်မရှိဘူး။ စျေးနှုန်းတွေ ပရမ်းပတာဖြစ်တော့ မီးလင်းစျေးကွက်တော့ ငြိမ်ကျသွားတယ်။ ရွှေအသင်း သတ်မှတ်စျေးနဲ့ကလည်း မီးလင်းစျေးကွက်ထဲမှာ အဝယ်အရောင်းက မရှိသလောက်ပါပဲ။ အပြင်စျေးက အရမ်းတက်နေတာ့ ကုန်သည်တွေလည်း အစစ် အဆေး အမေးအမြန်းခံရမှာစိုးတော့ အရောင်း အဝယ်ကို ပေါ်တင် မလုပ်ဘူး။ ရွှေစျေးက မကြားဖူးတဲ့စျေးတွေဖြစ်နေတယ်” ဟု ရန်ကုန်မှ ရွှေကုန် သည်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/87709/
အမေရိကန် ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး နှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၊ မြန်မာ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရေး အမေရိကန်က ဆက်လက် ဆောင်ရွက်နေ
["အမေရိကန် ဒုတိယ နိုင်ငံခြား ရေးဝန်ကြီး နှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၊ မြန်မာ စစ်တပ်၏ အကြမ်းဖက်မှုများ ရပ်တန့်ရေး အမေရိကန်က ဆက်လက် ဆောင်ရွက်နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်သည် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။", "အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီ ရုံးခွဲ ဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသူများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအား အစဥ်အမြဲအားပေးထောက်ခံနေပါကြောင်း ပြောကြားသည်ဟု သိရှိရသည်။", "အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအကြမ်းဖက်လုပ်ရက်များ ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ဆောင်ရွက်နေမှုများကို အလေးအနက်ထားပြောကြားသွားခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ၎င်းတို့၏မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။", "အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman သည် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ၂၀၂၂ ခုနှစ် မေလအတွင်း အမေရိကန်ပြည်ထောင်စုတွင် တွေ့ဆုံခဲ့ပြီး ယခု တွေ့ဆုံမှုမှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118871/
အမေရိကန်က MFTB နှင့် MICB ဘဏ်တို့ကို စီးပွား ရေးပိတ်ဆို့ လိုက်ပြီး နောက် နိုင်ငံတကာနှင့် ကုန်သွယ်ရန် ကြားခံ နိုင်ငံခြားငွေကြေးနှင့် နိုင်ငံတကာ ဘဏ် များကို စစ်ကောင်စီ က အပူတပြင်း ရှာဖွေနေရ
["အမေရိကန်က MFTB နှင့် MICB ဘဏ်တို့ကို စီးပွား ရေးပိတ်ဆို့ လိုက်ပြီး နောက် နိုင်ငံတကာနှင့် ကုန်သွယ်ရန် ကြားခံ နိုင်ငံခြားငွေကြေးနှင့် နိုင်ငံတကာ ဘဏ် များကို စစ်ကောင်စီ က အပူတပြင်း ရှာဖွေနေရ", "ရန်ကုန်၊ ဩဂုတ် ၁၉", "အမေရိကန်အစိုးရက မြန်မာစစ်တပ် လက်အောက်ခံ မြန်မာ့နိုင်ငံခြား ကုန် သွယ် မှုဘဏ်-MFTB နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဘဏ် -MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့လိုက်ပြီးနောက် စစ်ကောင်စီက နိုင်ငံ တကာ နှင့်ကုန်သွယ် မရတော့သဖြင့်ကြားခံ နိုင်ငံခြားငွေကြေးနှင့်နိုင်ငံတ ကာ ဘဏ်များကို အပူတပြင်း ရှာဖွေနေရကြောင်း ရန်ကုန်မှ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင် များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မြန်မာနိုင်ငံမှ ပို့ကုန်/သွင်းကုန် လုပ်ငန်းများအားလုံးသည် စစ်ကောင်စီက ထိန်းချုပ်ထားသော MFTB နှင့် MICB ဘဏ်မှ တစ်ဆင့် နိုင်ငံခြားငွေ ဘဏ် စာရင်း ဖွင့်လှစ်ပြီး ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ကုန်သွယ်ခြင်း၊ သွင်းကုန်များ တင်သွင်းခြင်း၊ ပို့ကုန်များ တင်ပို့ခြင်းများ လုပ်ဆောင်ရကြောင်း၊ သို့ရာတွင် ယခုအခါတွင်မူ MFTB နှင့် MICB တို့ကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ ကြောင်း ကြေညာပြီးနောက်ပိုင်း နိုင်ငံတကာနှင့်ကုန်သွယ်ရေး လုပ်ငန်းရန် ခက်ခဲသွားကြောင်း ၊ အထူးသဖြင့် MFTB နှင့် MICB တို့ရှိ ငွေစာရင်းများသို့ နိုင်ငံတကာမှ ငွေလွှဲပြောင်းခြင်း၊ နိုင်ငံတကာသို့ ငွေလွှဲပေးပို့ခြင်းများ လုပ် ဆောင် မရတော့ကြောင်း သိရှိရသည်။", "“စင်ကာပူဘက်ကလည်း မြန်မာစီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ်အကောင့် တွေကို ပိတ်လာတယ်။ နောက်တစ်ခါ MFTB နဲ့ MICB တို့ကို ပိတ်ပင်လာတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း MFTB နဲ့ MICB ဘဏ်စာရင်းတွေကို Freeze လုပ်လိုက် တယ်။ အခု ကုန်သွယ်ဖို့က အတော်ကို ခက်ခက်ခဲခဲ ဖြစ်ကုန်ကြ တယ်။ ထိုင်းဘတ်ကိုတော့ ကြားခံ ငွေကြေး နိုင်ငံတကာပေးချေမှုလုပ်ဖို့ ကြေညာတာတွေ ရှိတယ်။ ဒါပေမယ့် ဘယ်နိုင်ငံတကာဘဏ်ကို သုံးကြမလဲ။ ဘယ်နိုင်ငံတကာဘဏ်က တရားဝင် ငွေစာရင်းဖွင့်ခွင့်ရမလဲ ။ အဲဒါက အဓိက အချက်ပဲ” ဟု မြန်မာနိုင်ငံ ကုန်သည် ကြီးများနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်UMFCCI အသင်းဝင် စီးပွားရေးသမားတစ်ဦးကဆိုသည်။", "လက်ရှိတွင် မြန်မာစီးပွားရေးသမားများက ထိုင်းနိုင်ငံ၊ အခြားပြည်ပနိုင်ငံများ ဖွင့်လှစ်ထားသော ပုဂ္ဂလိကဆိုင်ရာ ငွေစာရင်းများအသုံးပြု၍ ငွေကြေး ပေးချေ မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဩဂုတ်လ ၁၄ ရက်နေ့ နိုင်ငံတကာ ငွေပေးချေ မှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုလွယ်ကူ အဆင်ပြေစေရေးကို ရည်ရွယ် ၍ နိုင်ငံ ခြားသုံးငွေများ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်း လိုင်စင်ရ ဘဏ် များတွင် ထိုင်းဘတ်ကို နိုင်ငံတကာ ငွေပေးချေမှုနှင့် စာရင်းရှင်း လင်း မှုများ ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။", "ထို့ပြင် စစ်ကောင်စီ၏ ဗဟိုဘဏ်က နေပြည်တော်တွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ပြည်ပငွေပေးချေမှုဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်း ဆွေးနွေး မည်ဖြစ်၍ ကုန်သည်များနှင့် စီးပွားရေးသမားများ တက်ရောက်ကြရန် စစ် ကောင်စီ က ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/159501/
အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားသည့် စစ်တပ်ဒေါက်တိုင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက်ကို ပြင်သစ်တွင် ကျောင်းတက်ခွင့်ပြုနေမှု စုံစမ်းအရေးယူ တောင်းဆို
["အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားသည့် စစ်တပ်ဒေါက်တိုင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက်ကို ပြင်သစ်တွင် ကျောင်းတက်ခွင့်ပြုနေမှု စုံစမ်းအရေးယူ တောင်းဆို", "ရန်ကုန်၊ ဧပြီ ၂၇", "အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားသည့် စစ်တပ်ဒေါက်တိုင် ခရိုနီရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီးဖြစ်သူ သိမ့်ဝင်းထက်ကို ပြင်သစ်တွင် ကျောင်းတက်ခွင့်ပြုနေမှုအပေါ် စုံစမ်းအရေးယူရန် ပြင်သစ်အာဏာပိုင်များကို Info Birmanie နှင့် Justice For Myanmar တို့က တောင်းဆိုလိုက်ကြသည်။", "ပြင်သစ်အစိုးရအနေဖြင့် ခရိုနီ ရွှေဗျိုင်းဖြူ ပိုင်ရှင် သိန်းဝင်းဇော်၏ သမီးဖြစ်သူ သိမ့်ဝင်းထက် ပြင်သစ်တွင် ကျောင်းတက်ခွင့်ရရှိနေမှုအပေါ် အလျင်အမြန် စုံစမ်းစစ်ဆေးပြီး၊ ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်နှင့် နိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုကြခြင်းဖြစ်သည်။", "သိမ့်ဝင်းထက်သည် မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေး လုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူကို တည်ထောင်သူ မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး၊ ၎င်း၏ လူမှုကွန်ယက် LinkedIn စာမျက်နှာအရ ပြင်သစ်အထက်တန်းလွှာ စီးပွားရေးကျောင်းတစ်ခုဖြစ်သည့် HEC Paris သို့ တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။", "ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုသည် မြန်မာစစ်တပ်နှင့် သိသာထင်ရှားသည့် ဆက်နွှယ်မှုများရှိနေသည့် အထင်ကရ ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး၊ အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်အုပ်စုထိန်းချုပ်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ လွှမ်းမိုးထားသည့် သတ္တုကဏ္ဍနှင့် သစ်ထုတ်လုပ်ရေးကဏ္ဍများတွင် စီးပွားရေးလုပ်ငန်းများ ထူထောင်ထား သည်။", "အကြမ်းဖက် မြန်မာစစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်မှု များကြောင့် အမေရိကန်ပြည်ထောင်စုက သိမ့်ဝင်းထက်၊ မောင်ဖြစ်သူ ဝင်းပိုင်ကျော်၊ မိဘများဖြစ်ကြသည့် သိန်းဝင်းဇော်နှင့် တင်လတ်မင်း ၊ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါ ရီလ ၃၁ ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာချက်တွင် “စစ်အုပ်စုနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့် ကုမ္ပဏီများစွာ” တွင်ရှိသော သိမ့်ဝင်းထက်၊ မောင်ဖြစ်သူ ဝင်းပိုင်ကျော်၊ အမေဖြစ်သူ တင်လတ်မင်း၏ အခန်းကဏ္ဍများကို အသေးစိတ်ဖော်ပြထားကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ်တွင် ရွှေဗျိုင်းဖြူအုပ်စုသည် တယ်လီနောမြန်မာကို ဝယ်ယူထိန်းချုပ်လိုက်ပြီး၊ ATOM Myanmar ဟု အမည်ပြောင်းခဲ့ကြောင်း၊ စစ်အုပ်စုသည် ၎င်း၏ အကြမ်းဖက်စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် မြန်မာပြည်သူများအပေါ် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ကြိုးပမ်းနေစဉ်တွင် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာအား ဝယ်ယူထိန်းချုပ်လိုက်မှုက အသုံးပြုသူ သန်းပေါင်းများစွာတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအပေါ် အန္တရာယ်ကျရောက်စေခဲ့ကြောင်း သိရှိရသည်။", "သိမ့်ဝင်းထက်သည် စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီးနောက်ပိုင်း ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောအား ဝယ်ယူနေစဥ်အတွင်း တည်ထောင်ခဲ့သည့် One Telecom Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦး ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိမ့်ဝင်းထက်သည် ATOM Myanmar တွင် ဘဏ္ဍာရေးဆန်းစစ်သူအဖြစ် အလုပ်သင်ဆင်းခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် သိမ့်ဝင်းထက်သည် “မြန်မာ-ရုရှား မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စားလှယ်များအား ရှာဖွေရန်” အတွက် ၂၀၂၂ ခုနှစ်တွင် စုဖွဲ့တည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတစ်ခုတွင် အဖွဲ့ဝင်ဖြစ်သည့် မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း၊ ပြင်သစ်တွင် သိမ့်ဝင်းထက်၏ ကုန်ကျစရိတ်များကို ၎င်း၏ မိသားစုက ပံ့ပိုးကြောင်း Justice For Myanmar ၏ သတင်းရင်းမြစ်များထံမှ သိရသည်။", "ဥရောပသမဂ္ဂအနေဖြင့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် သိမ့်ဝင်းထက်အပါအဝင် ကုမ္ပဏီပိုင်ရှင်များ၊ ဒါရိုက်တာများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေး တကြီးချမှတ်ရန်၊ စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းနှင့် လေယာဉ်ဆီရရှိမှု များအား ပိတ်ပင်ဖြတ်တောက်ရန်အတွက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းကာ တိုးမြှင့်ချမှတ်ရန် Info Birmanie နှင့် Justice For Myanmar တို့က တောင်းဆိုသည်။", "သိမ့်ဝင်းထက် တက်ရောက်နေသည့် HEC Paris ကျောင်း သည် Consular Higher Education Institution (Etablissement d’Enseignement Supérieur Consulaire-EESC) အဖြစ်ရပ်တည်နေကြောင်း၊ CCI Paris Ile-de-France သည် ကျောင်း၏ အဓိကရှယ်ယာရှင်အဖြစ် ရှိနေသည့် အခြေအနေများမှ အကျိုးအမြတ်များ ရရှိနေကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် Info Birmanie နှင့် Justice For Myanmar တို့က သိမ့်ဝင်းထက် HEC၊ HEC Investment Club နှင့် International Consulting Club တို့တွင် တက်ရောက်ခွင့် ရရှိနေမှု၊ သူမ၏ ကျောင်းဝင်ခွင့်ရရှိမှုကြောင့် ကျောင်းဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်ကြသည့် များစွာသော စီးပွားရေးခေါင်းဆောင်များနှင့် ၎င်းတို့၏ အဖွဲ့အစည်းများအပေါ် သက်ရောက်နိုင်သည့် ကြံရာပါပံ့ပိုးကူညီမှု၊ တတ်မြောက်သွားမည့် ပညာရပ်များနှင့် သက်ဆိုင်ရာ အသိုင်းအဝိုင်းကွန်ရက်တို့ကို မြန်မာနိုင်ငံအခင်းအကျင်းတွင် ပြန်လည်အသုံးပြုမှုနှင့် ဆက်စပ်အန္တရာယ်များအပေါ် စိုးရိမ်ပူပန်မှုများကို CCI Paris Ile-de-France ထံ စာရေးသားပေးပို့ခဲ့ကြောင်း သိရှိရသည်။", "Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “သိမ့်ဝင်းထက် ပြင်သစ်နိုင်ငံမှာ ပညာသင်ယူနိုင်နေတဲ့အချက်က စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ပြဌာန်းလိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ညှိနှိုင်းဆောင်ရွက်မှု ဆိုးဆိုးရွားရွား ကင်းမဲ့နေတာကို ပြသလိုက်တဲ့ နောက်ထပ် လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအတွင်းမှာ သိမ့်ဝင်းထက် ရှိနေမှုက ရွှေဗျိုင်းဖြူအုပ်စုရဲ့ စီးပွားရေးမိတ်ဖက်တွေအပေါ် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ သိမ့်ဝင်းထက်နဲ့ သူ့မိသားစုတွေအပေါ် အမေရိကန်ပြည် ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သေးသိမ်ထိခိုက်စေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ သိမ့်ဝင်းထက်အပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သင့်ပါတယ်။ ပြင်သစ်မှာရှိတဲ့ သူမ သို့မဟုတ် သူမမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းသင့်ပြီး၊ ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ကိုလည်း ပိတ်ပင်သင့်ပါတယ်။ စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုကို မြန်မာပြည်သူတွေက သုံးနှစ်ကျော်လာတဲ့ အချိန်အထိ သတ္တိပြောင်မြောက်စွာနဲ့ ခုခံတော်လှန်နေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်သင့်ပြီး၊ ၄င်းရဲ့ပိုင်နက်နယ်မြေအတွင်း မြန်မာခရိုနီတွေကို ကြိုဆိုနေမှာ မဟုတ်ဘူးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ပါးသင့်ပါတယ်” ဟု ပြောကြားသည်။", "ဓာတ်ပုံ- အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော စစ်ကောင်စီ၏ ဒေါက်တိုင် ရွှေဗျိုင်းဖြူ မိသားစုဝင်များ။"]