url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/12/133872/
ငါန်းဇွန်မြို့နယ်တွင် လက်လုပ်သေနတ်နှင့် လက်ပစ်ဗုံး ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံး
["ငါန်းဇွန်မြို့နယ်တွင် လက်လုပ်သေနတ်နှင့် လက်ပစ်ဗုံး ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် လက်လုပ်သေနတ်နှင့် လက်ပစ်ဗုံး ကိုင်ဆောင်ထားသော အုပ်ချုပ်ရေးမှူး ၁ ဦး လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နောင်ရိုးအထူး ပြောက်ကျားတပ် -NYSGF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ မိုးတောင် ၆ ရွာအုပ်ချုပ်ရေးမှူး သက်ခိုင်သည် လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူးထံမှ ပွိုင့် ၂၂ လက်လုပ် သေနတ် ၁ လက်၊ သံပုရာသီး ၂ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေကျပ် ၁ သိန်းကျော်တို့ကို သိမ်းဆည်းရမိခဲ့ပြီး လက်ကိုင်ဖုန်းအတွင်းမှ အရေးကြီး Data များကိုလည်းရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို နောင်ရိုးအထူးပြောက်ကျားတပ် -NYSGF နှင့်အတူ Fight Stars . Special task Force . myingyan 8 Stars. Myingyan MP-9 အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/118348/
ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ် ၊ ၉ ရက်ဆက်တိုက် စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ပြည်သူ ၁၅ ဦးထက်မနည်း အဖမ်းခံရ
["ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ် ၊ ၉ ရက်ဆက်တိုက် စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ပြည်သူ ၁၅ ဦးထက်မနည်း အဖမ်းခံရ", "ရန်ကုန်၊ ဩဂုတ် ၁၅", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး ၉ ရက် ဆက် တိုက် စစ်တပ် စစ်ကြောင်းထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ဘက်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ရွာတော်လေးကျေးရွာိကု ပစ်ခတ်ဝင်ရောက်သဖြင့် ငါန်းဇွန်မြို့နယ်မှ စစ်ဘေးရှောင် ပြည်သူ ၄ ဦးသေဆုံးပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ ပြည်သူတချို့ကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။", "ဩဂုတ်လ ၅ ရက်နေ့မှစတင်ပြီး စစ်တပ်က ငါန်းဇွန်မြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ရေလည်သောင်ကျေးရွာကို ဝင်ရာက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးသွားခဲ့ကြောင်း၊ ပြည်သူ ၁ ဦးမှာမူ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာကို စစ်တပ် အင်အား ၁၀၀ ဖြင့်ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခြင်း၊အပြစ်မဲ့ ပြည်သူ ၂၅ ဦးဖမ်းဆီးခဲ့ပြီး တချို့ပြန်လွှတ်၍ ပြည်သူ ၇ ဦးကို မြို့သာသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။", "ဩဂုတ်လ ၆ ရက်နေ့တွင် နဘဲပင်ကျေးရွာကို စစ်တပ်က ညအချိန် ဝင်ရောက်လာခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၆ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် သာကျင်းရွာတွင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။", "ငါန်းဇွန်မြို့နယ်တွင် စစ်တပ်က ၉ ရက်ဆက်တိုက် စစ်ကြောင်းထိုးရာတွင် အပြစ်မဲ့ပြည်သူများ ကိုရိုက် နှက်ခြင်း အမျိုးသမီးများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဖိုးတန်ပစ္စည်းများကို လုယက်ခြင်း၊ သီးနှံများကို ဖျက်ဆီးခြင်းတို့ပြု လုပ်ကြပြီးပြည်သူအပေါ် အကြမ်းဖက် ရက်စက်စွာ သတ်ဖြတ်နှိပ်စက်မှုများ ဆက်တိုက် ကျူးလွန်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။"]
https://yktnews.com/2024/06/170583/
ငါန်းဇွန်မြို့နယ်မှူး ရဲမှူး သက်ဆွေ မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
["ငါန်းဇွန်မြို့နယ်မှူး ရဲမှူး သက်ဆွေ မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၂၉", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှူး ရဲမှူး သက်ဆွေကို မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နဂါနီးပြောက်ကျား တပ်ဖွဲ့ မြင်းခြံ က ငါန်းဇွန်-မြို့သာ လမ်းပိုင် မြို့သာနယ်အတွင်း ကင်းပုန်းဝပ် စောင့်ဆိုင်နေစဉ် ငါန်းဇွန်း မြို့နယ်မှူး ရဲမှူး သက်ဆွေနှင့် ၎င်း၏ နောက်လိုက်များက အရပ်ဝတ်ဖြင့် ဆိုင်ကယ် စီးနင်းလာကာ မြို့သာစက်မှုဇုံ အတွင်းမှနေ ထွက်ခွာလာကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့သာမြို့ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် နဂါနီးပြောက်ကျား တပ်ဖွဲ့ မြင်းခြံ မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ရဲမှူး သက်ဆွေ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ နောက်လိုက် ဖြစ်သူများ ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရှိရသည်။", "သေဆုံးသွားသော ရဲမှူး သက်ဆွေထံမှ G-3 သေနတ် ၁ လက် ၊ 7.62 ကျည် ၁၂ တောင့် ၊ လက်ပစ်ဗုံး ၃ လုံး ၊ လက်ထိပ် ၁ ခု ၊ ဖုန်း ၁ လုံး ၊ လက်ရိုက်တုတ် ၁ ချောင်း ၊ မှတ်ပုံတင် ဓာတ်ပုံများနှင့် စာရွက်စာတန်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200618/
ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဆုံရွာ ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ငါန်းမြာကြီးကျေးရွာမှ ထွက်လာသော အင်အား ၁၀၀ ဝန်းကျင်ခန့်သည် မိုးတောင်ကျေးရွာကို ရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားတပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်း အဖွဲ့များက ပြုလုပ်ခဲ့ပြီး စစ်ကြောင်းသွားရာ လမ်းတစ်လျှောက်ကို ဒရုန်းဖြင့် ၃ ကြိမ်လိုက်လံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်။ စ်ခွေးတွေ သေဆုံးမှု အခြေအနေကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟ 925 ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို 925ပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)နှင့် TGYR-Youth Guerrilla Counter Revolution-NZ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179113/
ငါန်းဇွန်မြို့နယ်၊ ကုန်လည်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချ တပ်ဆွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်၊ ကုန်လည်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချ တပ်ဆွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၅", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကုန်လည်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း TGYR Youth Guerrilla Counter Revolution – NZ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။", "ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ငါန်းမြာကြီးကျေးရွာမှ ထွက်ခွာလာသော အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်လည်ကျေးရွာကို ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း အထိုင်ချ တပ်ဆွဲနေချိန် တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီး ၆ လုံးသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိသော နေရာအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“တိုက်ပွဲဖြစ်ပြီး ညနေနဲ့ ညမှာ ပြည်သူတွေ ရွာမှာ မနေရဲကြလို့ တောဘက် ထွက်ပြေးကြရတာ။ ပြည်သူ မြင်လို့ကို လိုက်ပစ်နေတာ။ အတော်ပစ်တယ်” ဟု TGYR Youth Guerrilla Counter Revolution – NZ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "တိုက်ခိုက်မှုအပြီး ငါန်းမြာကြီးကျေးရွာဘက်မှ ဖောကား ၁ စီးဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံရောက်ရှိလာပြီး ကျေးရွာနေ ပြည်သူများကို လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution – NZ၊ 925 ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် (ပကဖ) တပ်ရင်း ၅ မန္တလေး တို့က ပူပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132986/
ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကိုလာသည့် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ စစ်တပ်က ကျွန်းပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး
["ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကိုလာသည့် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ စစ်တပ်က ကျွန်းပေါ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကိုလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့​ကြောင်း Ngazun People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းကို လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကံသာကျွန်း၌ ၂ နေရာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသာကျွန်းပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "“ခွေးကြောင်း ၂ ကြောင်း စုပြီးတော့ ကံသာကျွန်းဘက်ကို တက်လာတယ်။ တက်လာပြီးတော့ ၂ နေရာ မိုင်းဆွဲလိုက်တာပေါ့။ ခွေးစစ်ကြောင်းက ကံသာကျွန်းကို မီးရှို့တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တာ ရှိပါတယ်။ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု Ngazun People’s Defense Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ငါန်းဇွန်မြို့နယ်ပကဖ) ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Black Eagle Defence Force – MMU နှင့် ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/145433/
ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာနှင့် ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး
["ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာနှင့် ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်ဘိုကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီးတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က ခန့်မှန်အင်အား ၆၀ခ ခန့်ဖြင့် ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာ၌ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို Fixed Wings ဒရုန်းလေယာဉ် များဖြင့် ဗုံးသီး ၁၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံး ခဲ့ ကြောင်း သိရသည်။", "“ခန့်မှန်းအင်အား ၆၀ လောက်တော့ရှိတယ်၊ ကျနော်တို့ ဗုံးကျဲပြီးတဲ့ နောက်ပိုင်းမှာ စစ်ကြောင်းတွေ ထိုးနေတာရှိတယ်၊ စစ်ရေးကတော့ တင်းမာနေတာပါ့၊ ကျနော်တို့ အောင်ပန်းဝေဝေ ငါန်းဇွန်မြေ ကမ်ပိန်းကလည်း ၂၀ ရာခိုင်နှုန်းကျော်ကျော်လောက်ပဲ ရသေးတာမို့ မိဘပြည်သူတွေ အနေနဲ့ကူညီ ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ငါန်းဇွန်မြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြာားသည်။", "အဆိုပါ တိုက်ခိုက်မူကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ငါန်းဇွန်- ပကဖ ၊ ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော၊ ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်း နက် ပျောက်ကျားအဖွဲ့နှင့် အားမာန်သစ်ပျောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဂါဝီပန်းခြံအနီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် အစောပိုင်းတွင် ရေဦးမြို့အနီး ထန်းတောရွာဘက်ကို ရှေ့ကင်းထိုး လာ သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ရေဦးမြို့ထဲကို ပြန်လည် ဝင်ရောက် လာစဉ် ဂါဝီပန်းခြံအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင်တပ်ရင်း အမှတ် ၁၄ ရေဦးPDF က Fixed-wing Drone ၂ စီးဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု အတွင်း အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81537/
ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ
["ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း ပြည်ကြီးတံခွန် ဆရာတော်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "“ဒီနေ့ နံနက် ၄ နာရီဝန်းကျင်မှာ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ ဂျပနကျွန်းရွာကို စစ်ခွေးတွေ သေနတ် ပစ်ဖောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ် ၅၀ ကျော်လောက်တော့ ပြာကျသွားတယ်” ဟု ပြည်ကြီးတံခွန် ဆရာတော်က ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ပြည်သူပိုင် နွားလှည်း ၄ စီးဖြင့် ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်သွားပြီး နွားတချို့ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။"]
https://yktnews.com/2025/03/207338/
ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာမှ ခြေလျင် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
["ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာမှ ခြေလျင် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား", "ရန်ကုန်၊ မတ် ၁၂", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာမှ ခြေလျင် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Special Task Force ngazun မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ဂျိုကျေးရွာမှ ခြေလျင် စစ်ကြောင်းထိုးလာသော အင်အား‌ ၅၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွာသာကျေးရွာဘက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံး၊ ရှေ့ထွက် စိန်ပြောင်း ၁၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးက ၁၅ ကောင်သေတယ်။ ပြည်သူတွေကို အကူအညီတောင်ချင်းတာတော့ တော်လှန်ရေးအရွေ့တစ်ခုကို ရောက်ဖို့အတွက် ကျွန်တော်တို့ ငါန်းဇွန်နယ်မှာလည်း တော်လှန်ရေးလုပ်နေတဲ့ ကျွန်တော်တို့ အဖွဲ့လေးတွေကိုလည်း ၀ိုင်းဝန်းပြီးတော့ အားဖြည့်ပြီးတော့ ကူညီ ပေးကျပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေမှာလည်း လက်နက်ခဲယမ်းတွေ များစွာ လိုအပ်နေပါတယ်လို့ အဲဒါလေးတော့ အကူအညီတောင်းချင်ပါတယ်။ ဂွေးကုန်းရွာဘက်ကနေ ဖောကား ၂ စီး မြို့သာစက်မှုဇုံကနေ နွားကား ၁ စီးနဲ့ ဒင်ဝမ်းကုမ္ပဏီက ဘောက်ကား ၁ စီး စုစုပေါင်း ၄ စီးနဲ့ ခွေးသေအလောင်းတွေကို ချက်ချင်းလာကောက်သွားပါတယ်။ ခွေးတွေ ဘက်ကတော့ ပြန်လည်ပစ်ခတ်တာမျိုးမရှိဘူး။ လက်နက်တွေ ဘာတွေ သိမ်းဆည်းရရှိတာမျိုးတော့ မရှိဘူး” ဟု Special Task Force ngazunမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း တပ်ခွဲ ၃ နှင့် Special Task Force Ngazun တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/187513/
ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး
["ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာနှင့် မိုးတောင်ကျေးရွာအကြားတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းဝန်းစုပေါင်း တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီအချိန် ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ပါ စစ်တပ်ကို မိုးတောင်ရွာနှင့် ငါန်းမြာကျေးရွာအကြားတွင် တော်လှန်ရေးတပ်များက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ အပြင်းအထန် ဖြစ် ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ စစ်သင်္ဘောများနှင့် ခြေလျင်စစ်ကြောင်းများ ပါစစ်ကူများ အင်အားဖြည့်လာကြောင်း သိရှိရသည်။", "“စစ်တပ်က မန္တလေးတိုင်း၊ မြို့သာ၊ တံတာဦး၊ငါန်းဇွန်မြို့ကနေ အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၅ နာရီအချိန်ကစလို့ စစ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်း စထိုးလာတာ။ ကျနော်တို့ မိုးတောင်ရွာ နဲ့ ငါန်းဇွန်ရွာရောက်တော့ ပြည်သူကာကွယ်ရေးတပ်နဲ့ တိုက်ပွဲစဖြစ်တယ်။ ဖြစ်တဲ့အချိန်က မနက်ခင်းပိုင်းမှာ တစ်ကြိမ်၊ နေ့လယ်မှာ၁ကြိမ်၊ ညနေ ၃ နာရီမှာ တစ်ကြိမ် စုစုပေါင်းတစ်ရက်တည်းနဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တယ်။ရွာအနီးတစ်ဝိုက်က ကျေးရွာတွေနဲ့ ကျနော်တို့ ရွာကပြည်သူတွေ အကုန်နေရပ်စွန့်ခွာနေကြရတယ်။ နှစ်ဖက်ထိ တွေ့တိုက်ပွဲဖြစ်တယ်။ စစ်တပ်ဘက်ကတော့ အကြမ်းဖျဉ်း ၁၅ ဦးလောက်တော့ သေတယ်” ဟု ဒေသတော်လှန်ရေးတပ်က ပြောဆိုသည်။", "ယမန်နေ့ နေ့လယ်ပိုင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကူများဖြည့်တင်းလာကြောင်း၊ တော် လှန်ရေးတပ်များက နံနက်ပိုင်းတိုက်ပွဲတွင် စစ်တပ်စစ်ကြောင်းကို ပိုင်ပိုင်နိုင်နိုင် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့သောကြောင့် စစ်တပ်ဘက်တွင် သေဆုံးမှုများပြားကြောင်း သိရှီရသည်။", "“မနက်ခင်းတိုက်ပွဲမှာ ကျနော်တို့ဘက်က အသင့်စောင့်ဆိုင်းပြီးတော့ ၄၀မမ နဲ့ အရင် စပစ်တယ်။ စစ်အုပ်စု စစ်ကြောင်းထဲ တည့်တည့်ကျသွားတယ်။ အဲဒီမှာ တိုက်ပွဲ စဖြစ်တော့တာပဲ။ သူတို့ဘက်က အကျအဆုံးများပြီး မိုးတောင်ရွာဘက် ပြန်တပ်ဆုတ်သွားတယ်။ နေ့လယ်ပိုင်းတစ်ကြိမ် ရွာထဲကနေ ထပ်ထွက်တယ်။ ဒီတစ်ကြိမ်မှာလည်း ကျနော်တို့ဘက်က ဒရုန်းနဲ့ရော လက်နက်မျိုးစုံနဲ့ပါ ဝိုင်းပစ်လို့ ရွာထဲဝင် ပြေးသွားကြတယ်။ ညနေ ၃ နာရီအချိန်မှာ တော့ ပေါက်တောချာင်ရွာဘက်က စစ်ကြောင်း တစ်ကြာင်း၊ နံသာလှိုင်ရွာဘက်ကနေ စစ်ကြောင်း တစ်ကြောင်း၊ စုစုပါင်း စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကူလာကြတယ်။ နောက်ပြီးညဆီးမီးခုံရွာမှာ ညအထိုင်ချတဲ့ ရေကြောင်းတပ်ကလည်း အထက်ကို စစ်သင်္ဘော ၂ စီးနဲ့ဆန်တက်လာပြီး မြစ်သာရွာဘက်ကမ်းကနေ လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ပစ်ကူ တာ တွေရှိတယ်။ညနေ ၃ နာရီ တိုက်ပွဲပြီးတော့ စစ်တပ်ဘက်က စစ်အင်အားများလာလို့ တော်လှန်ရေးတပ်နောက်ပြန်ဆုတ်ထားတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "အဆိုပါတိုက်ပွဲတွင် ငါန်းဇွန်ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း၆၊ TGYRအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/184364/
ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးနှင့် တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "စက်တင်ဘာ၂၀ရက် နေ့ ညနေ၅နာရီအချိန် မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ငါန်းမြာကြီးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး အဆိုပါ ငါန်းမြာကြီးကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ထားသော ကျေးရွာဖြစ်ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးနှင့်တော်လှန်ရေးရဲဘော် ၂ ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ဂျက်ဖိုက်တာနဲ့ ပစ်တာ။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှမရှိဘူး။ ကနဦး ဗုံး ၁ လုံးကျဲတယ်။နောက်ထပ် ပတ်ပျံဝဲပြီး တစ်ကြိမ်ကို Rocketနဲ့ ၂ လုံး အကြိမ်ရေ ၃ ခေါက်ပစ်တယ်။ စုစုပေါင်း Rocket ၆လုံး၊ ဗုံး ၂ လုံး ကျဲချပြီးတော့ စက် သေနတ်နဲ့ပါ ပစ်တယ်။ သေဆုံးတာကတော့ ပြည်သူ ၁၀ ဦးနဲ့ တော်လှန် ရေး ရဲဘော်၂ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးတယ်။ပြည်သူ ၂၀ ဦးလောက် ဒဏ်ရာရရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။", "ဩဂုတ်လ ၁၉ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးပျူစောထီးကျေးရွာကို ပြည်သူကာကွယ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/202730/
ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား
["ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ Zero‌ ပြောက်ကျား တပ်ဖွဲ့မှ တပ်ရေးအရာရှိ ဗိုလ်အောင်ခန့်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ငါန်းမြာကြီးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။", "“သူတို့က ငါန်းမြာကြီးရွာကနေ ထွက်လာမယ်ဆိုတဲ့ သတင်းကို ဖရဲသီးက အရင်ပို့ထားလို့ ကျနော်တို့ဘက်က အရင်ဆုံး နေရာအသင့်ယူထားပြီး သူတို့ထွက်လာတဲ့အချိန်ကို အသင့်စောင်ပြီး တိုက်ခိုက်ခဲ့တာ နှစ်ဖက်တိုက်ပွဲ အကွာအဝေးက မီတာ၁၀၀ လောက်ဘဲ ဝေးတာ သူတို့ဘက်က စစ်သား ၁ ဦးကို ကျနော်တို့ဘက်က စနိုက်ပါနဲ့ ပစ်ခတ်လို့ တစ်ဦး အတိအကျ သေဆုံးခဲ့တယ်။ကျနော်တို့ဘက်ကတော့ တိုက်ပွဲအတွင်းအကျဆုံးမရှိခဲ့ဘူး။ စစ်တပ်ကတော့ အကျအဆုံးရှိလို့ ငါန်းမြှာကြီးရွာထဲ တပ်ပြန်ဆုတ်သွားတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျား တပ်ဖွဲ့၏ တပ်ရေးအရာရှိ ဗိုလ်အောင်ခန့်က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျား တပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၆ နှင့် နယ်မြေခံ ပကဖများက ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ငါန်းမြာကြီးရွာကို အကြမ်းဖက် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်များထံမှ ပြန်လည်သိမ်းပိုက်ပြီး ထိန်းချုပ်ထားသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/08/180741/
ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၇", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်သတင်းစုံအဖွဲ့က ပြောဆိုသည်။", "ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ငါန်းမြာကြီးရွာ စာသင်ကျောင်းဝင်း အတွင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရတယ်” ဟု ငါန်းဇွန်သတင်းစုံအဖွဲ့က ပြောဆိုသည်။"]
https://yktnews.com/2024/08/179580/
ငါန်းဇွန်မြို့နယ်၊ ငါမြာကြီး ရဲစခန်းကို သိမ်းပိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး နှင့်အတူ လက်နက် ၁၀ လက် သိမ်းဆည်း ရရှိ
["ငါန်းဇွန်မြို့နယ်၊ ငါမြာကြီး ရဲစခန်းကို သိမ်းပိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး နှင့်အတူ လက်နက် ၁၀ လက် သိမ်းဆည်း ရရှိ", "ရန်ကုန်၊ ဩဂုတ် ၁၉", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီး ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၁၀ ဦး ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၇ ဦးနှင့် အတူ စက်လက် ၁ လက် အပါအဝင် လက်နက် ၁၀ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM မှ တိုက်ခိုက် ရေးတာဝန်ခံ ဗိုလ် စင်္ကြာကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်မှ စတင်၍ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးမြို့တွင် အခြေစိုက် ထားသော နယ်မြေရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်တွင် အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း အမျိုးသား ၅ ဦး ၊ အမျိုးသမီး ၂ ဦး နှင့် အခြား စစ်လက်နက်သုံး ပစ္စည်းများသော ဖရင်းဂန်းဘောက် ၆ ဘောက်၊ ဖရင်းဂန်းစက်လက် ၁ လက်၊ G-3 သေနတ် ၅ လက် ၊ ရိုင်ဖယ် ၁ လက်၊ G-3 ကျည်ဘောက် ၇ ဘောက်၊ လက်ပစ်ဗုံး ၁ လုံး၊အူစီ ၂ လက် ၊ ပစ်စတို ၁ လက်၊ G 3 ကျည် နှင့် ဖရင်းဂန်းကျည် ၅၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြာင်း သိရသည်။", "“စခန်းမှာ အင်အား ၁၀ လောက်ပဲရှိတာ၊ ဝင်တိုက်တဲ့အချိန်မှာ ၁၀ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်၊ သေဆုံးမှုကတော့ ၁၀ ဦးလောက်ရှိတယ်၊ သုံ့ပန်း ၇ ဦးနဲ့ လက်နက် ၁၀ လက်ရခဲ့တယ်၊ စခန်းကို မီးရှို့ ဖျက်စီးပြီးအားလုံးပြန်လာပြီ။ စစ်ကူကတော့ လေကြောင်းရော၊ ရေကြောင်းက တောက်လျှောက်လာ တယ်။ မြေပြင်စစ်ကူလာတာကိုတော့ ဒေသခံအဖွဲ့တွေက မိုင်းခွဲဖြတ်တောက်မှုလုပ်ပေးပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM မှ တိုက်ခိုက် ရေးတာဝန်ခံ ဗိုလ် စင်္ကြာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ငါန်းမြာကြီးရဲစခန်းမှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းအမျိုးသား (၅) ၊ အမျိုးသမီး (၂) ဦး တို့ကို သက်ဆိုင် ရာ သို့အပ်နှံနိုင်ရန် ချိတ်ဆက်ထားပြီး လိုအပ်သော နေရာထိုင်ခင်း၊ အစားအသောက် နှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများကို စီစဥ်ဆောင်ရွက်ပေးထားကာ ယာယီထိန်းသိမ်းပေးထားကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ မြင်းခြံခရိုင် တပ်ရင်း (၅) ၊ မြင်းခြံဟီးရိုး ၊ ငန်းနက်အဖွဲ့နှင့် Black Tiger အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/120920/
ငါန်းဇွန်မြို့နယ်၊ စစ်ကောင်စီခန့် သံကုန်းရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး၊ နဘဲကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်သူဟု သတ်မှတ်ခံရသူ ၅ ဦး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ငါန်းဇွန်မြို့နယ်၊ စစ်ကောင်စီခန့် သံကုန်းရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး၊ နဘဲကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်သူဟု သတ်မှတ်ခံရသူ ၅ ဦး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီခန့် သံကုန်းရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး၊ နဘဲကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်သူဟု သတ်မှတ်ခံရသူ ၅ ဦး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စက်တင်ဘာ ၂ ရက်နေ့ ညပိုင်း ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ထို့ပြင် စက်တင်ဘာလ ၂ ရက်နေ့ ၊ ည ၇ နာရီ ၅၀ မိနစ် အချိန် ငါန်းဇွန်မြို့နယ်၊ နဘဲကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်နေသူဟု စွပ်စွဲ သတ်မှတ်ခံရသူ ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“နဘဲပင်ရွာမှာတော့ စစ်တပ်ကို သတင်းပေးပြီး အလုပ်လုပ်နေတယ်လို့ သတ်မှတ်သိရှိထားတဲ့ သူ ၅ ဦး အသတ်ခံရတယ်။ မနေ့ည ၇ နာရီ ၅၀ မိနစ်လောက်မှာ အရှင်းလင်းခံရတာပါဗျ။ ရှင်းလင်းခံရ သူတွေကတော့ မြို့ဇော်ဦး၊ ဝင်းချို လင်မယား နှစ်ဦး၊ အောင်ခိုင်နဲ့ ဘိုငွေ စုစုပေါင်း ၅ ဦး အသတ်ခံရတာ။ စစ်တပ်ဘက်ကလည်း မသင်္ကာသူ ပြည်သူမှန်သမျှ အကုန်ဖမ်းနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/03/206785/
ငါန်းဇွန်မြို့နယ်၊ ထွန်းသာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["ငါန်းဇွန်မြို့နယ်၊ ထွန်းသာရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ မတ် ၈", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထွန်းသာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၆ ရက်နေ့တွင် နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ထွန်းသာကျေးရွာတွင် အင်အား ၅၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးနဲ့ ပျူခွေး အင်းအား ၅၀ လောက် အထိုင်ချထားတဲ့ စခန်းကို တိုက်ခိုက်တာ Fixed Wings Drone ၂ စီး နဲ့ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့တယ်။ စစ်ခွေးနဲ့ ပျူခွေး အထိအခိုက် သေဆုံးမှုများပြားတယ်လို့ သိရတယ်။ အကောင်ရေအတိကျတော့ မသိရှိရသေးပါဘူး” ဟု 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်) ၊ ငါန်းဇွန်မြို့နယ် ပကဖ ၊ ဧရာမပြွေးပြောက်ကျားအဖွဲ့ ၊ Fight For FreeDom ဒရုန်းအဖွဲ့ နှင့် ဇေယျာရွှေမြေအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် လေကြောင်း အသိ သတိရှိစွာ နေထိုင်ကြပါရန် 925 ပြောက်ကျားအဖွဲ့ (ငါန်းဇွန်)က အသိပေး နှိုးဆော်ထားသည်။"]
https://yktnews.com/2023/11/132482/
ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ PDF ရဲဘော်များ နယ်မြေရှင်းလင်းရေးပြုလုပ်
["ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ PDF ရဲဘော်များ နယ်မြေရှင်းလင်းရေးပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ငါန်းဇွန်မြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ အလယ်ကျောင်း၌ တပ်စွဲ ထားသော စစ်သားနှင့် ရဲများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး ရေဇင်းရွာကို ပြောင်းရွေ့သွားကြောင်း သိရသည်။", "အဆိုပါ တပ်စွဲထားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းခဲ့ရာတွင် မှတ်ပုံတင် ၃ ခု၊ လက်ထိပ် ၁ စုံ၊ ဖုန်းမှန်ကွဲ ၂ လုံးနှင့် ယူနီဖောင်း ၈ စုံတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ရှင်းလင်းဆောင်ရွက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ) ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/08/177218/
ငါန်းဇွန်မြို့နယ်၊ နဝရတ်ရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်၊ နဝရတ်ရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၄", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဝရတ်ရွာ ဘုန်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Youths Of Mandalay (Y.O.M) အဖွဲ့က ပြောဆိုသည်။", "သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ ​နဝရတ်ရွာ ဘုန်းကြီးကျောင်းထဲတွင် ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးက စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Youths Of Mandalay (Y.O.M) နှင့်အတူ မြင်းခြံခရိုင်တပ်ရင်းအမှတ်( ၆) တပ်ခွဲ( ၃) နှင့် ဧရာ၀တီမင်းသားပြောက်ကျား အဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129670/
ငါန်းဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ အလောင်းကို လာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ အလောင်းကို လာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၄", "မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ အလောင်းကို လာကောက်သော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ ပေါက်တောရွာ အုပ်ချုပ်ရေးရွာခွဲ တာဝန်ခံ ၏ အလောင်းကို လာကောက်သည့် ငါန်းမြာကြီး မြို့မှ ရဲ နှင့် စစ်သားများသည် စစ်ကား ၁ စီး၊ ဆိုင်ကယ် ၇ စီးဖြင့် လာရောက်စဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရ ရဲ ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရ ရရှိခဲ့ကြောင်းသိရသည်။", "” မိုင်းဆွဲ တိုက်ခိုက်တာ ရဲ ၄ ကောင်သေပါတယ်။ သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခဲ့ပါတယ်” ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ​ပြောဆိုသည်။", "အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ် ကံနီရွာအနီးရှိ အကြမ်းဖက် စစ်အုပ်စုပိုင် MYTEL တာဝါတိုင်းကို ဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/178490/
ငါန်းဇွန်မြို့နယ်၊ ဘုရားဝင်း အတွင်း အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ
["ငါန်းဇွန်မြို့နယ်၊ ဘုရားဝင်း အတွင်း အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၁၁", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဘုရားဝင်း အတွင်း အရက်သောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးကျဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TGYR Youth Guerrilla Counter Revolution NZ(ငါန်းဇွန်) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဩဂုတ် ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ငါန်းမြာကြီးကျေးရွာ ရဲကင်းစခန်း၌ အင်အားဖြည့်တင်းရန် ရောက်နေသည့် အကြမ်းဖက် စစ်သား ၅၀ ခန့်သည် ငါန်းမြာကြီး ရဲစခန်းအနောက်ဘက် ဘုရားဝင်း အတွင်း အထိုင်ချတပ်ဆွဲကာ အရက်သေစာသောက်စား မူးရူးနေချိန် တော်လှန်ရေး တပ်ဖွဲ့များက Drone အကြီး ၄ စီးဖြင့် 2Kg ဗုံးသီး ၁၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ငါန်းမြာက ရဲကင်းစခန်းရှိတယ်လေ။ အခုရောက်တဲ့ အဖွဲ့က အင်အားလာဖြည့်တာ။ရောက်တာနှစ်ရက်ဘဲရှိပါသေးတယ်။ ၎ ဦးသေတယ် အထိအခိုက်က အတော်များတယ်။ မနေ့ညနေကစလို့ သူတို့နားကို ပြည်သူတွေ အလာကိုမခံတော့တာ။ သိမှာ စိုးရိမ်နေကြတာ”ဟု TGYR Youth Guerrilla Counter Revolution NZ(ငါန်းဇွန်) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောကြားသည်။", "တော်လှန်ရေးအဖွဲ့များက ဒရုန်းနှင့် ဗုံးသီးချပြီး ညနေ ၅နာရီကျော်အထိ အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဆဲဆိုနေကာ ကျေးရွာနေ ပြည်သူများကိုလည်း ညအပြင်ထွက်လျှင် ပစ်မည်ဟု ခြိမ်းခြောက်ဆဲဆိုခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို TGYR Youth Guerrilla Counter Revolution NZ(ငါန်းဇွန်)၊ Black Eagle Defence Force-MMU၊ မြင်းမူမြို့နယ် ပ.က.ဖ၊ Farmers Revolution Force(တပ်ရင်း -၈)၊ Wings OF KSU၊ 925 ‌ပျောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ် ပ.က.ဖ အဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/186622/
ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ
["ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ အောက်တိုဘာ ၆", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံး ကျဲတိုက်ခိုက် ခဲ့ရာ စစ်သား၊ ရဲ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရွှေချိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်း ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးခန့်၊ လက်နက်ကြီးဖြင့် ၅ လုံးခန့် ဗုံး ကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကာ မီးသင်္ဂြိုလ်နေ သည်ဟု သတင်းရရှိသော် လည်း အရေအတွက် အတိအကျ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။", "“မနေ့ညက မိုးချုပ်ချိန်မှာ မီးရှိုတာ၊ သေတာကတော့ သေချာတယ်၊ ဘယ်နှစ်ယောက်သေလဲ စုံစမ်း မရတာ။ ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံးလောက်နဲ့ လက်နက်ကြီးနဲ့က ၅ လောက်ပစ်ခတ်ခဲ့တယ်။ ဒရုန်းတွေ ကို လက်နက်ငယ်တွေနဲ့ လိုက်ပစ်တာတော့ရှိတယ်။ ကျနော်တို့ရဲဘော်တွေအထိအခိုက်မရှိပါဘူး” ဟု ရွှေချိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈ ၊ MGN-Tiger ၊ MGN-35 ၊ နွားထိုးကြီးမြို့နယ်-ပကဖ ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ ၊ ပြည်ချစ်သား ပြောက်ကျားတပ်ဖွဲ့ ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့ ၊ Myingyan Denger Dynamite ၊ Aung San’s Blood Civilians Defense Force (ABCDF) ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၉ နှင့် နောင်ရိုး အထူး ပြောက်ကျားတပ်-NYSGF စသည့် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/191302/
ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး
["ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၉", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကား ၃ စီး ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်က ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့မှ ဆုံရွာဘက် သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၃ စီးကို ရွာသာအေးရွာအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "“တော်လှန်ရေးတပ်ဖွဲ့တွေကို အလစ်လာပစ်တဲ့စစ်တပ်ကို ကျနော်တို့ဘက်က ပြန်ပြီး အလစ် ပြန်တိုက်ခဲ့တာဗျ။ ကျနော်တို့က ရွာသာအေးရွာအနီး ကားလမ်းမပေါ်မှာ လုံခြုံရေးဆောင်ရွက်နေတာကို သတင်းသွားပေးပြီး စစ်တပ်ပါခေါ်လာခဲ့တယ်ဆိုတဲ့ သတင်း ကျနော်တို့က အရင်ရလို့ အခုလို လက်ဦးမှု ရယူပြီး ပစ်ခတ်နိုင်ခဲ့တာပါ။ ပစ်တာကတော့ RPG ၇ လုံး ပစ်ခတ်ခဲ့တယ်။ သူတို့ ကားအနီးတွေ မှာပဲ ကျပြီး ပေါက်ကွဲတာ။ မျက်မြင်တွေ့ရတာက ၃ ဦး ပွဲချင်းပြီးသေဆုံးတယ်။ အများအပြားဒဏ်ရာရရှိသွား တယ်။ဒ ဏ်ရာရရှိသူတွေ တင်ပြီး မြို့သာဘက်ကို ပြန်မောင်းသွားတယ်” ဟု Zero ပြောက်ကြား တပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကြားတပ်ဖွဲ့၏ စစ်ကြောင်း ၂ ၊ စစ် ကြောင်း ၅ ၊ မြင်းခြံခရိုင်တပ်ရင်း ၆ နှင့် ဒေါင်းဘုရင်အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ဓာတ်ပုံ- အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။"]
https://yktnews.com/2023/05/101670/
ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းနှင့် စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး", "ရန်ကုန်၊ မေ ၉", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ ၊ နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၇ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၂၀ ခန့်ဖြင့် တပ်စွဲပြီး လမ်း သွား လမ်းပြည်သူနှင့် မြို့နေပြည်သူများကို အော်ငေါက်ခြိမ်းခြောက်ပြီး မချေမငံဆက်ဆံကာ ပိုက်ဆံ မတရား တောင်း နေသော မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ရဲစခန်းမှူး၏ ယောက္ခမအပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "“ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုတော့ မြို့သာဆေးရုံနဲ့ ငါန်းဇွန်ဆေးရုံကို ခွဲပြီးပို့တယ်၊ ဘယ်လိုသင်္ဂြိုလ် လိုက်လဲတော့မသိရဘူး၊ အဲဒီရဲစခန်းက တံတားဦးနဲ့ မြင်းခြံလမ်းပေါ်မှာရှိတာဆိုတော့ ရဲစခန်းရှေ့မှာ ဂိတ်ဖွင့်ပြီး သာမန်ပြည်သူကိုတောင် ငေါက်လား၊ ဟောက်လား၊ ပိုက်ဆံတောင်းကြမ်းတာတွေ၊ ကား သမားတွေဆိုရင်လဲ မထင်ရင် မထင်သလို ပိုက်ဆံတောင်းကြမ်းတာ” ဟု မြင်းခြံခရိုင်တပ်ရင်း ၄ ၊ နွား ထိုး ကြီး PDF မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ ( Natogyi People Defense Force) ၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ၊ Myingyan District Drone Strike Team ၊ မြင်းခြံခရိုင် တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းမှ ထွက်လာသေစစ်သား ၁၅ ဦးကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ (နွားထိုးကြီး PDF) ထံမှ သိရသည်။", "မေလ ၆ ရက်နေ့ ည ၇ နာရီခန့်က ဆားတောင်ရဲစခန်းတွင် တပ်စွဲထားသော တပ်မ ၃၃ လက်အောက်ခံ အ ကြမ်းဖက်စစ်သား ၁၅ ဦးသည် ကင်းလှည့်ပတ်ရန် စုဝေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက် နက် ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ ( Natogyi People Defense Force) ၊ ဆားတောင်မိုးကြိုး တပ်ဖွဲ့နှင့် ဒီမိုပေါက်ကွဲအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဗုံးကျဲ ဒရုန်းတစ်စင်း။"]
https://yktnews.com/2023/11/131000/
ငါန်းဇွန်မြို့နယ်၊ မြောက်ကျွန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ငါန်းဇွန်မြို့နယ်၊ မြောက်ကျွန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြောက်ကျွန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ငါန်းဇွန်မြို့နယ်၊ မြောက်ကျွန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စဥ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ SintKaing Revolution Force – SRF ၊ T.G.R people defence force မြောင်မြို့နယ် T.G.R ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle Defence Force – MMU ၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ၊ ငါန်းဇွန် 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက်ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ ၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ ၊ လက်ရုံးပျောက်ကျားအဖွဲ့ ၊ ငန်းနက် ပျောက်ကျားအဖွဲ့ ၊ ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ နှင့် ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/153015/
ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား
["ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား", "ရန်ကုန်၊ မတ် ၂၆", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ တာဝန်ခံ ကိုသူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ၂၅ ရက်နေ့က ၂ ကြိမ်၊ မတ် ၂၃ ရက်နေ့က တစ်ကြိမ် ငါန်းဇွန်မြို့နယ်၊ ရက္ခဒီပကျေးရွာအနီး လှည့်လည်နေသော အကြမ်းဖက်စစ်သားများကို အသင့်ထောင်ထားသည့် မိုင်းကွင်းပေါ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "“ခွေးတွေက အဲဒီရွာနားပတ်ပြီးစစ်ကြောင်းလှည့်နေတာဗျ၊ ၂၃ ရက်နေ့ကလည်းစပြီး လှည့်ပတ်နေ တာ၊ အဲဒီခွေးတွေက သားကျင်ကျေးရွာ၊နတ်ကြီးကျေးရွာဘက်က ထွက်လာတဲ့ ခွေးတွေ၊ စစ်ကြောင်း က နှစ် ကြောင်းရှိတယ်၊ သူတို့က ပတ်လှည့်နေတာဆိုတော့ မိုင်းကွင်းထဲရောက်လာတဲ့ စစ်ကြောင်း ကို ဆွဲ လိုက်တာပဲ၊ ၁၁ ကောင်ဆိုတာ နည်းပြီးပြောလိုက်တာဗျ၊ ပြည်သူတွေရဲ့ပြောပြချက်အရတော့ ထမ်း စင်နဲ့သယ်သွားရတာတွေရှိတယ်၊ သယ်ထုတ်သွားရတဲ့ဟာတွေရှိတယ်ဗျ၊ စစ်ကြောင်းတစ်ခုလုံး တည့်တည့်မိလိုက်တာ၊” ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ငါးဇွန်ပကဖ တာဝန်ခံ ကိုသူရိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ငါန်းဇွန်မြို့နယ်ပကဖနှင့် ငါန်း ဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့ ၊ TGYR ပျောက် ကျားအဖွဲ့ ၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျား အဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့ ဖက်ဒရယ်ညီအကိုပျောက်ကျား အဖွဲ့တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ငါန်းဇွန်မြို့နယ် ပကဖ နှင့် အဖွဲ့ဝင်တပ်ဖွဲ့များ အနေဖြင့် “အောင်ပန်းဝေဝေ ငါန်းဇွန်မြေ” ကမ်ပိန်းပြု လုပ်နေပြီး ယခု မတ်လ ၃၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သော်လည်း ၆၁ ရာခိုင်နှုန်းသာရရှိထား ကြောင်း၊ ထို့ကြောင့် ပြည်တွင်း နှင့် နိုင်ငံတကာမှမိဘပြည်သူများကဝိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2024/03/149182/
ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အားလုံးကို ရွာထဲ၌ ဖမ်းဆီးထား၊ ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အားလုံးကို ရွာထဲ၌ ဖမ်းဆီးထား၊ ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၆", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အားလုံးကို ရွာထဲ၌ ဖမ်းဆီးထားပြီး ကျေးရွာ ၈ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူအားလုံးကို ပိတ်ဆို့ ဖမ်းဆီးကာ ရွာထဲ၌ စစ်ဆေးနေခြင်း ဖြစ်ကြောင်း၊ အနီးအနားနေ ကျေးရွာပြည်သူများမှ ပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "“၁၅ ရက်လောက် သင်တန်းပေးလိုက်တဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေပေါင်းပြီး လှည့်လည်နေတာ၊ တစ်ပတ်လောက်ရှိပြီး၊ ရေလည်သောင်ကျေးရွာက ဘေးပတ်ပတ်လည်မှာလည်း စစ်သား၊ ပျူတွေ တပ်စွဲထားတာရှိတယ်ဆိုတော့ ရွာထဲကို ဝင်ဖမ်းတာပဲ သိရသေးဘတာ၊ နောက်ဆက်တွဲ အခြေအနေ တော့ မသိရသေးဘူး၊ ဖုန်းလိုင်းတွေကလည်း အဲဒီဘက်မရတော့ မေးရခက်တာလဲပါတယ်၊ လက်ရှိ အထိ ရွာထဲမှာ ဘုန်းကြီး၊ ကျောင်းစာသင်ကျောင်းတွေမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ယူဆရတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ ယနေ့ နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ အုတ်ဖိုအရှေ့ကျေးရွာနေ ပြည်သူ ၂ ဦးကို စစ်ကောင် စီတပ်သားများက ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် ပြီးခဲ့သည့်မတ်လ ၁ ရက်နေ့ကလည်း ယင်း အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများက တလင်းကုန်း ကျေးရွာရှိ ပြည်သူ့နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရေလည်သောင်ကျေး ရွာ အပါအဝင် ကျေးရွာ ၈ ရွာ မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။", "Photo – အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/08/118613/
ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်း ကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ မီးရှို့ခဲ့သည့် စစ်သားတစ်ဦး ရေနစ်သေဆုံး
["ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်း ကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၆၀ ကျော်ပြာကျ၊ မီးရှို့ခဲ့သည့် စစ်သားတစ်ဦး ရေနစ်သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၇", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်း ကျေးရွာကို စစ်တပ်က ယမန်နေ့ အကြောင်းမဲ့ မီးတင်ရှို့ခဲ့ပြီး နေအိမ် ၆၀ ကျော် မီးရှို့ခံရသဖြင့် ပြာကျသွားကြောင်း ငါန်းဇွန်မြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရဲဗဒိုင်း ကျေးရွာ မြစ်ကမ်းမှ စစ်သင်္ဘော ၂ စီး၊ စက်လှေ ၆ စီးဖြင့် စစ်တပ်စစ်ကြောင်းက ဧရာ၀တီမြစ် ကြောင်း အတိုင်း စုန်ဆင်းလာပြီး ငါန်းဇွန်မြို့နယ်၊ အောင်သုခကျွန်းကျေးရွာသို့ လက် နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အောင်သုခ ကျွန်းကျေးရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ် ၆၀ နီးပါး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။", "ထို့နောက် အောင်သုခကျွန်း ကျေးရွာ၏ အနောက်ဘက် အောင်သာရွာသို့လည်း စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသဖြင့် ပြည်သူများမှာ ပိတ်မိနေခဲ့ကြောင်း၊ ထို့ပြင် ငါန်းဇွန်မြို့နယ် ရေဆင်းရွာ နှင့် လင်္ကာဒီပရွာဘက်မှ ဆင်းလာသည် စစ်တပ်စစ်ကြောင်း နှင့် ဧရာဝတီမြစ်သို့ စုန်ဆင်းလာသည် စစ်သင်္ဘောစစ်ကြောင်းတိုက နှစ်ဖက်ညှပ်၍ အောင်သာရွာ ကျေးရွာသို့ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်စစ်ကြောင်းများက ပြန်လည် ဆုတ်ခွာရာတွင် ရေကြောင်းမှ တစ်ဆင့် သင်္ဘောများဖြင့် ပြန်လည် ထွက်ခွာသွားသော စစ်တပ်စစ်ကြောင်းမှ စစ်သား ၁ ဦး ရေထဲပြုတ်ကျသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့မှုခံထားရသည့် ကျေးရွာတစ်ရွာ မီးလောင်နေ သည့်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/03/206404/
ငါန်းဇွန်မြို့မှ ကား ၂ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
["ငါန်းဇွန်မြို့မှ ကား ၂ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၅", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့မှ ကား ၂ စီး ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း TGYR တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရဲရင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "မတ်လ ၁ ရက်နေ့တွင် နံနက် ၁၁ နာရီခန့်တွင် ငါန်းဇွန်မြို့မှ ကား၂ စီး ဖြင့် ထွက်လာသော အကြမ်းဖက် စစ်သား နှင့် ပျူစောထီး အင်အား ၈၀ ခန့်သည် ကျောင်းကြီးကုန်းဘုရားသို့ ရောက်ရှိနေကြောင်း သတင်းရ၍ TGYR-တပ်ဖွဲ့ (TGYR-Drone Team ) နှင့်မဟာမိတ်တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း ၄၀ မမ များ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ထို တိုက်ခိုက်အတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ အရေးပေါ် ကုသမှု ခံယူနေရကြောင်း၊ ကား ၂ စီးမှာလည်း ၁ စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။", "“စစ်ခွေး ၂ ကောင်သေပြီး ၃ ကောင် ဆေးကုသနေတယ်လို့ အတိအကျသိရပါတယ်။ အထူးသဖြင့် သူတို့ အထိနာ အသေများတဲ့အခါ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိတာရယ် အမြဲလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းကို အထူးဂရုစိုက်ဖို့မှာချင်ပါတယ်။ ငါန်းဇွန်မြို့နယ်အတွင်းမှာ စစ်တပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အမြဲပြုလုပ်နေတာဖြစ်လို့ လေကြောင်းအသိ သတိရှိစွာ နေထိုင်ကြပါ” ဟု TGYR တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ရဲရင့်က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို TGYR-Youth Guerrilla Counter Revolution-NZ ( TGYR-Drone Team ) နှင့်အတူ (အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့)၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ)၊ မန္တလေးခရိုင်(အမှတ် ၅တပ်ရင်း) Fight For Freedom (FFF.NK) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/208616/
ငါန်းဇွန်မြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["ငါန်းဇွန်မြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ မတ် ၂၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့မှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း TGYR-Youth Guerilla Counter Revolution အဖွဲ့က ပြောဆိုသည်။", "မတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် ငါန်းဇွန်မြို့မှ မကျီးကုန်းရွာနှင့် ထွန်းသာကျေးရွာဘက်ကို စစ်ကြောင်းဝင်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။", "ထို တိုက်ခိုက်မှု အတွင်း မိုင်း ၂ ပွိုင့်သာ ပေါက်ကွဲခဲ့သောကြောင့် ကား ၁ စီးသာ ပျက်စီးခဲ့ပြီး ကျန် ကား ၂ စီးသည် မကျီးကုန်းရွာနှင့် ထွန်းသာရွာဘက်သို့ ကျော်တက်လာစဉ် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့နှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပျက်စီးသွားသော ကားပေါ်တွင် လိုက်ပါလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လမ်းဘေး ဝဲယာကို ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကားဖြင့် လာရောက် သယ်ထုတ်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို TGYR-ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/199496/
ငါန်းဇွန်၊ လက်ပန်ကျင်းတောင်ရွာကို မီးရှို့ပြီး ရွာပြင်ထွက်လာသည့် စစ်တပ် ရှေ့ပြေးကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
["ငါန်းဇွန်၊ လက်ပန်ကျင်းတောင်ရွာကို မီးရှို့ပြီး ရွာပြင်ထွက်လာသည့် စစ်တပ် ရှေ့ပြေးကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီးကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် လက်ပန်ကျင်းတောင်ရွာကို မီးရှို့ပြီး ရွာပြင်ထွက်လာသည့် အကြမ်းဖက် စစ်တပ် ရှေ့ပြေးကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင်ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ပန်ကျင်းတောင်ရွာကို မီးရှို့ဖျက်ဆီးပြီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်ကောင်စီ တပ်သား ၅၀ ခန့်သည် ရှေ့ပြေးကင်းအဖြစ် ရွာပြင်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“သူတို့က မြို့သာ စက်မှုဇုန် ကနေ စစ်ခွေး၊ ရဲခွေး၊ ပျူ စုစုပေါင်းအင်အား ၁၇၀နဲ့ လင်ပန်ကျင်းတောင်ရွာကို စစ်ကြောင်းစထိုးလာတာ အဲလို စစ်ကြောင်းစထိုးလာပြီး ရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ် ဝင်ရောက်လာတယ်။ ရွာထဲဝင်ပြီး ရွာကို မီးရှို့တယ်။ မီးရှို့ပြီး ပြန်ထွက်လာတဲ့ ရှေ့ပြေးကင်း ၅၀ ကို ကျနော်တို့ ရွာရဲ့ မြောက်ဘက် စေတီအနီးကနေ ကင်းပုန်းဝတ်ပြီး လက်ဦးမှုယူပြီး စပစ်ခတ်ခဲ့တာ တိုက်ပွဲအကွာအဝေးက မီတာ ၃၀ လာက်ပဲ ကွာဝေးတယ်။ စစ်တပ်ဘက်က ၇ ယောက် နေရာတင် မျက်မြင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၏ ခေါင်းဆောင်ကိုသက်ကြီးက ပြောဆိုသည်။", "တိုက်ပွဲအတွင်း အထိနာသွားသည့် အကြမ်းဖက် စစ်သားများသည် လေယာဉ်နှင့် ကျေးရွာများကို ဆက်တိုက် ပျံဝဲခဲ့ပြီး ပစ်ကူပေးခဲ့ပြီးနောက် စစ်သား မသာ အလောင်းများကို မြို့သာစက်မှု ဇုန်ဘက် သယ်ထုတ်၍ တပ်ပြန်ဆုတ်သွားကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero‌ ပျောက်ကြားတပ်ဖွဲ့ ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း ၆ ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ နယ်မြေခံ တော်လှန်ရေးအင်အားစုအဖွဲများက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကူဖြည့်နိုင်ရန် မန္တလေးခရိုင်တပ်ရင်း ၅ ကလည်းနောက်ချန် အရန်အင်အားနှင့် အသင့်ရှိနေခဲ့ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း စစ်ကြောင်းထိုး မဝင်ရောက်မီက လက်ပန်ကျင်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ နေအိမ် ၄၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "“ကျ‌နော်တို့ရွာကို စစ်တပ်က အကြောင်းမဲ့ မီးရှို့လို့ လူနေအိမ်၄၀၀ကျော် မီး လောင်ကုန်ပါပြီဗျာ။ သူတို့ရွာထဲမဝင်ခင် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊နောက်ထပ်အမျိုးသမီးတစ်ဦး၊အမျိုးသား၂ ဦးသေဆုံးခဲ့တယ်” လို့ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "လက်ပန်ကျင်းတောင်ရွာသည် အိမ်ခြေ ၆၀၀ ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စဉ် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ကျေးရွာအတွင်း ထွက်ပြေးရန် ခက်ခဲနေသည့် သက်ကြီးရွယ်အို ပြည်သူများကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179530/
ငါန်းမြာကြီးမြို့နှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်တပ်ဖွဲ့ဝင်များကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ
["ငါန်းမြာကြီးမြို့နှင့် ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်တပ်ဖွဲ့ဝင်များကို အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၁၈", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးမြို့နှင့် ရဲစခန်းကို PDF တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိ ထားပြီး စစ်ကောင်စီတပ် သားများကို အရှင်ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိထားကြောင်း ငါန်းဇွန်မြို့နယ်ပကဖမှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုဟရုနာကာဂျီမာက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းနှင့်စစ်ကောင်စီ တပ်သားများ စွဲထားရာနေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကောင်စီတပ်သားများကို အရှင်ဖမ်းဆီးရရှိသည့်အပြင် လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "“ငါန်းမြာကြီးမြို့ကိုတော့ သိမ်းလိုက်ပြီ။ အသေးစိတ်အခြေအနေကတော့ ပြောမရသေးဘူး။ လက်ရှိက တိုက်ပွဲပြင်းထန်နေဆဲမို့ပါ။ လက်နက်အချို့နဲ့ အရှင်ဖမ်းမိထားတာတွေရှိသေးတယ်၊ လက်ရှိက ဆီမီး ခုံနဲ့ ငါန်းဇွန်ဘက်ကနေ စစ်ကူလာတယ်။ လေကြောင်းပစ်ကူတွေလည်း ရှိနေတယ်။” ဟု ငါန်းဇွန် မြို့နယ်ပကဖ ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံ ကိုဟရုနာကာဂျီမာက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ စစ်ကိုင်းတိုင်းရှိ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအဖြစ် တော်လှန်ရေးတပ်များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာကြီးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207544/
ငါ့သရောက်မြို့ အနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများနှင့် မြို့အနီးကို ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ငါ့သရောက်မြို့ အနီး တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများနှင့် မြို့အနီးကို ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၁၄", "မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်၊ ငါ့သရောက်မြို့ အနီး တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများနှင့် မြို့အနီးကို ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ငါ့သရောက်မြို့ အနီး ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ငါ့သရောက်မြို့ အနီးရှိ ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“ငါ့သရောက်မြို့အနီးမှာ တိုက်ပွဲက ဖြစ်နေတာ ပြည်သူတွေ အကုန် ထွက်ပြေး တိမ်းရှောင်နေရတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ နေရာက မြို့နယ် ဘယ်လောက်မှ မဝေးဘူး နီးနီးလေး ကပ်နေတာ မြို့ပေါ်နေ ပြည်သူတွေကော အနီးအနားက ကျေးရွာက ပြည်သူတွေပါ တိမ်းရှောင်နေရတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခတ်နေတာဆိုတော့ ပြည်သူတွေ ကြောက်လန့်ပြီး တိမ်းရှောင်နေကြတာ လူဦးရေများတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/02/88403/
ငါ့သရောက်မြို့တွင် PDF တပ်ဖွဲ့ဝင်များကို ပစ်သတ်မည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း ပစ်ခတ်ခံရပြီး သေဆုံး
["ငါ့သရောက်မြို့တွင် PDF တပ်ဖွဲ့ဝင်များကို ပစ်သတ်မည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "မန္တလေးတိုင်း၊ ငါ့သရောက်မြို့တွင် PDF တပ်ဖွဲ့ဝင်များကို ပစ်သတ်မည်ဟု စိန်ခေါ်ထားသည့် ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း (ခ) ကိုးချောင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ပျူစောထီး ခေါင်းဆောင် နိုင်ချောင်း (ခ) ကိုးချောင်းကို ပုဂံပြည် ဘီလူးတပ် (Bagan Ogre Force) မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၄ ချက် ထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရသည်။", "“ကိုးချောင်းက ငါ့သရောက်မြို့ ရဲစခန်းကို PDF တပ်ဖွဲ့တွေ ဝင် သိမ်းပြီးနောက် မိုက်တဲ့ PDF လာခဲ့ အကုန် သတ်ပြမယ် ဆိုပြီ စစ်ခွေးတွေ အားကိုး နှင့် လူမိုက်လုပ်နေသူပါ။ ငါ့သရောက်မြို့ NLD အမာခံတွေ အသတ်ခံ ရတဲ့ အမှုတွေရဲ့ အဓိက တရားခံ ဖြစ်ပါတယ်”ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "သေဆုံးသွားသော နိုင်ချောင်း (ခ) ကိုးချောင်းသည် ညောင်ဦးမြို့နယ် NLD ခရိုင် ဒုဥက္ကဠ ဦးကျော်ဝင်းနှင့် ညောင်ဦး NLD ပါတီမှ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိန်၏ ညီဖြစ်သူ ဦးဇော်ကြီးအား သတ်ဖြတ်ခဲ့သည့် အမှုတွင် အဓိကပါဝင်သူ ဖြစ်ကြောင်းသိရသည်။"]
https://yktnews.com/2025/04/210541/
ငါ့သရောက်မြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး
["ငါ့သရောက်မြို့တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၇", "မန္တလေးတိုင်း၊ ငါ့သရောက်မြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော အောင်စိုးကို ပစ်ခတ် တိုက်ခိုက်ရာ နေရာတွင် သေဆုံးခဲ့ကြောင်း ပုဂံဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် ငါ့သရောက်မြို့အတွင်းရှိ အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းကာ ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော စစ်တပ် လက်ပါးစေ ပြည်သူ့စစ်အဖွဲ့ဝင် အောင်စိုးကို ၎င်းနေအိမ် ဈေးဆိုင်းအတွင်း တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“သူက အကြမ်းဖက် နှိမ်းနင်းရေး အမည်ခံ ပြည်သူ့စစ်အဖွဲ့ဝင်ဆိုလည်းဟုတ်တယ်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူပါ” ဟု ပုဂံဘီလူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပုဂံဘီလူးတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ခန့်အပ်ထားခြင်းခံရသော အုပ်ချုပ်ရေးမှူးများအနေဖြင့် အမြန်ဆုံးနှုတ်ထွက်ကြရန်နှင့် ပြည်သူ လူထုနှင့်ပူးပေါင်းပေးကြရန် နှိုးဆော်ထားပြီး ပူးပေါင်းခြင်း မရှိသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2022/12/76075/
ငါ့သရောက်မြို့နယ် EPC ရုံးကို ဝင်ရောက် တိုက်ခိုက်မှု သေနတ် ၁ လက် သိမ်းဆည်ရမိ၊ ငါးဇွန်တွင် ပျူစောထီး ၁ ဦးကို ဖမ်းဆီး စစ်ဆေးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ရာမှ သေဆုံး
["ငါ့သရောက်မြို့နယ် EPC ရုံးကို ဝင်ရောက် တိုက်ခိုက်မှု သေနတ် ၁ လက် သိမ်းဆည်ရမိ၊ ငါးဇွန်တွင် ပျူစောထီး ၁ ဦးကို ဖမ်းဆီး စစ်ဆေးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ရာမှ သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "မန္တလေး၊ ငါးသရောက်မြို့နယ်၊ လျှပ်စစ်မီတာရုံးကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ် တပ်ဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခဲ့တွင် ညောင်ဦးခရိုင် တပ်ရင်း ၅ မှ ဦးဆောင်ပြီး ငါ့သရောက်မြို့နယ် လျှပ်စစ် မီတာရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ကာ အူဇီ သေနတ် ၁ လက်၊ ဖုန်း ၆ လုံး၊ လက်တော့ ၁ လုံးနှင့် အခြား ပစ္စည်းများ သိမ်းဆည်နိုင်ခဲ့ကြောင်း သိရသည်။", "လျှပ်စစ်မီတာရုံးမှ EPC ဝန်ထမ်းများအား တစုံတရာ ထိခိုက်အောင် မပြုလုပ်ခဲ့ကြောင်း၊ EPC ဝန်ထမ်းများ အနေဖြင့် ပြည်သူများနှင့် အတူပေါင်းကြရန်၊ စစ်တပ် အလိုကျ မီတာခ အတင်းအဓမ္မ ကောင်ခံခြင်း မပြုလုပ်ရန် သတိပေးပြောဆိုခဲ့ကြောင်း Bagan Ogre Force (P.D.F) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "ထို့ပြင် မန္တလေး၊ ငါးဇွန်မြို့နယ်၊ ရေဇင်းရွာမှ ပျူစောထီးအဖွဲ့ဝင် ဘိဘိ(ခ)ဇင်မျိုးထက်ကို ဖမ်းဆီးပြီး စစ်ဆေးနေစဉ် ခုခံထွက်ပြေးရန်ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း TGYR အဖွဲ့ခေါင်း ဆောင် CEO က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။", "မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့ညပိုင်းက ရေဇင်းကျေးရွာတွင်နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ သတင်းပေး၊ ပျူစောထီးအဖွဲ့ဝင် ဘိဘိ(ခ) ဇင်မျိးထက်ကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးကာ စစ် ဆေးခဲ့ကြောင်း၊ ၎င်း၏ထွက်ဆိုချက်အရ နောက်ကွယ်မှ ကြိုးကိုင်နေသူတစ်ဦးရှိကြောင်း TGYR –Youth Guerilla Counter Revolution (LPDF) ထုတ်ပြန်ချက်အရ သိရသည်။", "“သူက ပျူပေါက်စပဲ ရှိသေးတယ်။ သူ့ကြောင့် ကျွန်တော်တို့ ရဲဘော်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်၊ ကျနော် တို့ PDF လှုပ်ရှားမှုတွေကို စစ်ခွေးတွေထံ အမြဲတမ်းသတင်းပေးနေကြ၊ သူ့ကာကွယ်ပေးမယ့် သူ့ပထွေး တွေ တခြားရွာမှရောက်နေတုန်း ဝင်ဖမ်းခဲ့တာ၊ စစ်ဆေးနေတုန်းထွက်ပြေးဖို့ ကြိုးစားတာနဲ့ ပစ်ခတ်ရင်း သေဆုံးသွားပါတယ်” ဟု TGYR အဖွဲ့ခေါင်း ဆောင် CEO က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော ကြားသည်။", "ယခု စစ်ဆင်ရေးကို TGYR –Youth Guerilla Counter Revolution (LPDF)၊ မာန်စွယ်ကျားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နှင့် BHGF-Black Hero Guerilla Force တို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီထောက်တိုင် သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် အကြမ်းဖက်စစ် ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ ဆက်လက်ပြုလုပ်နေမည်ဆိုပါက တွေ့သည့်နေရာတွင် အပြစ်ပေးအရေးယူမည်ဖြစ်ကြောင်း TGYR အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2022/12/77928/
ငါ့သရောက်မြို့နယ်ခွဲ EPC ရုံးကို PDF က ဝင်ရောက်စီးနင်းစဉ် လက်နက် အပ်သော ရဲ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်၊ ငါ့သရောက် ရဲများ အားလုံးကို မသင်္ကာမှုဖြင့် စစ်ဆေးနေပြီး နယ်ပြောင်းရွှေ့မည်ဟုဆို
["ငါ့သရောက်မြို့နယ်ခွဲ EPC ရုံးကို PDF က ဝင်ရောက်စီးနင်းစဉ် လက်နက် အပ်သော ရဲ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်၊ ငါ့သရောက် ရဲများ အားလုံးကို မသင်္ကာမှုဖြင့် စစ်ဆေးနေပြီး နယ်ပြောင်းရွှေ့မည်ဟုဆို", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်ခွဲ လျှပ်စစ်မန်နေဂျာ ရုံးကို PDF တပ်ဖွဲ့များက ဝင်ရောက် စီး နင်း တိုက်ခိုက်ခဲ့ပြီး လက်နက် ၁ လက် အပ်လိုက်သော ရဲတပ်ဖွဲ့ဝင် ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ် လိုက်ကြောင်း Bagan Ogre Force (P.D.F) တပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်ခဲ့တွင် ညောင်ဦးခရိုင် တပ်ရင်း ၅ က ဦးဆောင်ပြီး ငါ့သရောက်မြို့နယ် ခွဲ လျှပ်စစ် မီတာရုံးကို ဝင်ရောက် တိုက် ခိုက် ခဲ့ကာ အူဇီ သေနတ် ၁ လက်၊ ဖုန်း ၆ လုံး၊ လက်တော့ ၁ လုံးနှင့် အခြား ပစ္စည်း များ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် ငါ့သရောက် မြို့နယ် ခွဲ လျှပ်စစ်မီတာရုံးကို လုံခြုံရေး‌ စောင့်နေသည့် ရဲ ၂ ဦးကို စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ရာတွင် ရဲ ၁ ဦးမှာ စစ်ကြောရေးတွင် စစ်တပ်၏ သတ်ဖြတ်မှု ကြောင့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "“ဒီဇင်ဘာလ ၂၃ ရက်နေ့ တို့ ငါ့သရောက် EPC ဝင်သိမ်း တုန်း အူဇီ လက်နက် အလွယ်တကူ ပေးလိုက်တဲ့ ငါ့သရောက် ရဲစခန်း က EPC စောင့် ရဲခွေးကို စစ် တပ်က ဖမ်းသွားပြီး စစ်ကြောရေး မှာ သတ်လိုက်ပါတယ်။ ငါ့သရောက် နယ် မြေခံ ရဲခွေးတွေ ကို စစ်တပ်က မသင်္ကာမှုနဲ့ စစ်ဆေး တာတွေ လုပ်နေတယ်။ နောက်ပြီး ငါ့သရောက် နယ်ခံ ရဲခွေး တွေကို အခြား မြို့ ပို့မယ်လို့ အတွင်း သတင်း ရရှိပါတယ်” ဟု Bagan Ogre Force (P.D.F) တပ်ဖွဲ့ မှ တာဝန်ရှိသူက ရှင်းပြသည်။", "အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ငါ့သရောက်မြို့နယ်ခွဲ မြို့မ ရဲစခန်းကို PDF တပ်များက တိုက်ခိုက်ရာ စခန်းမှူး၊ ဒုရဲအုပ် အပါအဝင် ရဲ ၁၁ ဦး သေဆုံး ပြီး လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207981/
ငါ့သရောက်မြို့နယ်ခွဲသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၇၀ ကျော် သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["ငါ့သရောက်မြို့နယ်ခွဲသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၇၀ ကျော် သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီး၊ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၁၈", "မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းသို့ ဝင်ရောက်လာ သော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၇၄ ဦးသေဆုံးပြီး စစ် ကြောင်းတစ်ခုလုံး ပျက်စီးသွားကြောင်း ပုဂံဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၁၄ ရက်မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ အတွင်း သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ထောက်ဝရွာ နှင့်အိုရင်းရွာကြား အရောက် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၆၉ ဦးနေရာမှာပင် သေဆုံးပြီး ညောင်ဦး ဆေးရုံသို့ အပြင်းအထန်ဒဏ်ရာဖြင့်ရောက်ရှိသွားသော စစ်သား၊ ပျူစောထီး ၅ ဦးသည် မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် ထပ်မံသေဆုံး သွားသဖြင့် စုစုပေါင်း ၇၄ ဦးသေဆုံးသွားကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ခန့်မှန်းအင်အား ၈၀ ခန့်သာရှိသည့် စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားကာ ပြည်သူများ၏ ဆိုင်ကယ်ကို အတင်းအဓမ္မလုယူ၍ ငါ့သ ရောက်ရဲစခန်းထဲသို့ ထွက် ပြေးသွားသည့် ၃ ဦးသာလွတ်မြောက်သွားခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲ အတွင်းမှ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“နေ့လည် ၁ နာရီခွဲလောက်မှာ စဖြစ်တာ၊ ၃ နာရီကျော်လောက်တိုက်ပွဲပြီးတယ်၊ အချိန်က ၂ နာရီ ကျော်ကျော်လေးပဲ၊ ဝင်လာတာက စစ်ကြောင်း ၂ ကြောင်း၊ တစ်ကြောင်းကို အင်အား ၈၀ လောက်ရှိ မယ်၊ စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့တာပါ၊ ပြည်သူတွေရဲ့ ဆိုင်ကယ်ကို လုပြီးငါ့သရောက်ရဲ စခန်းကို ထွက်ပြေးတဲ့ ၃ ယောက်ပဲ လွတ်သွားတာ၊ တိုက်ပွဲတွင်းမှာက ၆၉ ယောက်သေတယ်၊ ဆေး ရုံရောက်တော့ ၅ ယောက်ထပ်သေတာ၊ စုစု ပေါင်း ၇၄ ယောက်သေတယ်၊ သေဆုံးအရေအတွက် သ တင်းက တိကျပါတယ်၊ လက်နက်ခဲယမ်းတွေ သိမ်း ဆည်းရရှိခဲ့တာလည်းရှိပါတယ်” ဟု ပုဂံဘီလူး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးရန် ရောက်ရှိလာခဲ့သော်လည်း တိုက်ပွဲ ပြီးဆုံး၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုံခြုံသည့်နေရာသို့ ရောက်ရှိချိန်မှ ရောက်ရှိ လာခြင်းဖြစ်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရသည်။", "“ဝေဟင်တိုက်ခိုက်ဖို့အတွက် လေယာဉ်ဝဲနေတဲ့အချိန် ရဲဘော်တွေ အကုန်လုံး လုံခြုံစိတ်ချရတဲ့ နေရာ ရောက်ရှိသွားပြီ။ အဲဒါကြောင့်ထင်တယ်၊ ဗုံးကျဲသွားတာမျိုးတော့မရှိဘူး။ သူတို့က မြေပြင် မနိုင်တော့ ဝေဟင်ပဲ သုံးတာ၊ ပြည်သူတွေက ကြားထဲက ဘာမဆိုင်၊ ညာမဆိုင်ခံကြရတာ၊ ပြော ချင်တာက ယောက်ျားတွေဆို လေယာဉ်မသုံးနဲ့၊ မြေပြင်မှာတော့ အချိန်မရွေးပဲလို့ စကစနဲ့ ပျူတွေ ကို‌ ပြောချင်တယ်၊ အဓိကကတော့ မဆိုင်တဲ့ ပြည်သူ့အိမ်တွေ မီးရှို့တာ မလုပ်ကြပါနဲ့၊ ယောက်ျား ခြင်းပဲ၊” ဟု ပုဂံဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဗျတ်ဝိ (ပုဂံပြည်ဘီလူး တပ်) နှင့် ရဲဘော် ငတေ (BGF) တို့မှ ဦးဆောင်၍ ပုဂံပြည်ဘီလူးတပ် ၊ BGF (Burmese Guerrilla Force) ၊ တောင်သာမြို့နယ် ပကဖ ၊ Scorpion People Defense Force ၊ ညောင်ဦးခရိုင်တပ်ရင်း ၅ နှင့် မြင်းခြံ ခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ညောင်ဦးခရိုင်အတွင်း၌ ပုဂံပြည်ဘီလူးတပ်နာမည်ဖြင့် လိမ်လည်အလှူခံခြင်း၊ ခြိမ်းခြောက်ငွေ တောင်းခြင်းများရှိနေပြီး ထိုသို့ လုပ်ဆောင်ခြင်းများ ကြုံရပါက ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။", "“ပုဂံဘီလူးတပ်နာမည်နဲ့ လိမ်ညာနေတဲ့အဖွဲ့ရှိတယ်။ ပုဂံဘီလူးတပ်ကပါဆိုပြီး ပြည်သူတွေကို လိမ် တာ၊ ငွေတောင်းတာတွေရှိတယ်၊ ပြီးရင် ပုဂံဘီလူးတပ် တပ်ခွဲကပါဆိုပြီး ပြည်သူတွေကို အလှူခံ တာတွေရှိတယ်။ ကျနော်တို့ ပုဂံဘီလူးတပ်က တပ်ခွဲပေးထားတာမရှိသလို ငွေကြေးခြိမ်းခြောက် တောင်းတာ လုံးဝ မရှိပါဘူး ။ ဒါတွေကို ပြည်သူတွေ သိစေချင်ပါတယ်။ ကူညီထောက်ပံ့ပေးမယ် ဆိုရင်လည်း Page Messenger ကနေ တဆင့် ယုံကြည်စိတ်ချစွာ ကူညီပေးလို့ရပါတယ်။” ပုဂံဘီလူး တပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/04/95679/
ငါးဇွန်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် တပ်မ ၅၉ မှ အရာရှိ အပါအဝင် ၇ ဦးထွက်ပြေးစဥ် ၅ ဦး ပြန်လည် ဖမ်းဆီးခံရပြီး PDF တပ်ဖွဲ့မှ သေနတ် ၂ လက် သိမ်းဆည်းရမိ
["ငါးဇွန်မြို့နယ်ကို စစ်ကြောင်းထိုးလာသည့် တပ်မ ၅၉ မှ အရာရှိ အပါအဝင် ၇ ဦးထွက်ပြေးစဥ် ၅ ဦး ပြန်လည် ဖမ်းဆီးခံရပြီး PDF တပ်ဖွဲ့မှ သေနတ် ၂ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၃", "မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်ကို စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ် တက်မ ၅၉ မှ အရာရှိ အပါအဝင် တပ်သား ၇ ဦးထွက်ပြေးသွားစဥ် ၅ ဦး ပြန်လည် ဖမ်းဆီးခံရ​ကာ PDF တပ်ဖွဲ့က သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း MN PDF မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ၂၁ ရက်နေ့တွင် မြို့သာမြို့မှ ငါးဇွန်မြို့နယ်ဘက်ကို တောထဲသို့ တောနင်းစစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှ အရာရှိ၊ တပ်ကြပ် အပါအဝင် တပ်သား ၇ ဦးသည် စစ်တပ်အတွင်း ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိသဖြင့် ထွက်ပြေးသွားကြောင်း၊ ထိုသို့ထွက်ပြေးကြစဉ် သေနတ် ပါယူဆောင်ထွက်ပြေးခြင်းဖြစ်ပြီး လက်နက်နှင့်အတူ ၅ ဦးမှာ ပြန်လည်ဖမ်းမိသွားကြောင်း၊ စစ်သား ၂ ဦးမှာ သေနတ်များကို တောထဲဖွတ်ထားခဲ့ပြီး ထွက်ပြေးသွားသဖြင့် လွတ်မြောက်သွားကြောင်း သိရသည်။", "အဆိုပါ စစ်သား ၂ ဦး သေနတ်ဖွက်ခဲ့သည့် တောတွင်း နေရာများကို မြစ်ငယ် PDF ရဲဘော်များက တောနင်းရှာဖွေစဥ် MA 3 သေနတ် ၂ လက်ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။", "“စစ်ကြောင်းထိုးထွက်လာရင်း ထွက်ပြေးတာ၊ သေနတ်နဲ့ ၅ ဦးက ပြန်မိသွားတယ်၊ သေနတ်ကို ချုံထဲ ဖွတ် ထားပြီး ထွက်ပြေးတဲ့နှစ်ယောက်ကတော့ လွတ်သွားတယ်၊ အဲဒါနဲ့ကျတော်တို့တပ်ဖွဲ့တွေလည်း တောနင်းရှာခဲ့တာ၊ အဲဒီဖွတ်ထားတဲ့ သေနတ် ၂ လက်ရခဲ့တယ်၊ အရာရှိတပ်ကြပ်အဆင့်တွေလိုပဲ သိရ တယ်၊ တခြားတော့ မသိရဘူး” ဟု MN PDF မှ ပြန်ကြားရေးတာဝန်ခံ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယင်းနေ့က အကြမ်းဖက်စစ်သားအင်အား ၃၀ ခန့်ဖြင်း စစ်ကြောင်း ထိုးလျက်ရှိကာ ပြန်လည် ဖမ်းဆီးခံရသည့် စစ်သား ၅ ဦး သတင်းနှင့် လွတ်မြောက်နေသူ ၂ ဦး သတင်းကို လက်ရှိချိန်ထိ မသိရသေးကြောင်း MN PDF မှ ပြန်ကြားရေးတာဝန်ခံက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/11/129130/
ငါးဇွန်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား
["ငါးဇွန်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်သွား", "ရန်ကုန်၊ နိုဝင်ဘာ ၁", "မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၃ ရက်‌နေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် ထန်းတပင်ရွာ အရှေ့ဘက် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်သားများသည် ဒလန် သတင်းပေးမှုကြောင့် တော်လှန်ရေး ရဲဘော်များ ခေတ္တနားခိုနေသည့် တဲကို လာ‌ရောက် တိုက်ခိုက်သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များဘက်မှ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မီးသွေးဖိုစောင့်နေသည့် ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ ၃ Specila Task Force Ngazun၊ မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ ၂၊ မြင်ခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၁ နောင်ရိုး အထူးပြောက်ကျားတပ်၊ နဘက်တိုက်နယ် ပ.က.ဖ ၊ မြင်းခြံနဂါးနီးအထူးပြောက်ကျားတပ်တို့ ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109484/
ငါးဇွန်မြို့နယ်၊ ငါန်းမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ငါးဇွန်မြို့နယ်၊ ငါန်းမြာရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၄", "မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ငါန်းမြာကျေးရွာရှိ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း)မှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇွန်လ ၂၄ ရက် နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲပြီး ကတုတ် ကျင်းများဖြင့် အခိုင်အမာတည်ဆောက်ထားသော ငါန်းမြာကျေးရွာ ရဲစခန်းကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များအပေါ် တည့်တည့်ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။", "“မနက် ၈ နာရီလောက်က စဆော်တာ၊ ၉ နာရီလောက်ပြီးတယ်၊ ဗုံးချတဲ့အချိန် ထိခိုက်သေဆုံးတဲ့ စစ် စစ်ခွေးအလောင်းတွေကိုဆွဲထုတ်သွားတာ မြင်နေရတယ်၊ ပထမအကြိမ်ချတော့ ပြန်မပစ်ဘူး၊ ဒုတိယ အကြိမ်ကျတော့ စက်ကလေးနဲ့ ပြန်ပစ်တယ်၊ ရဲဘော်တွေအားလုံး ပြည်သူ့တွေရဲ့မေတ္တာနဲ့အတူ ဘေး ကင်းခဲ့ပါတယ်၊ စစ်ခွေးစခန်းထဲကို သားကြင်ရွာဘက် စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းက လာပေါင်း ထားလို့ အခုတော့ အင်အား ၇၀ လောက်ဖြစ်သွားပြီဗျ” ဟု ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ် ရင်း)မှ ဒုတပ်ရင်းမှူးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်ပြီး ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) ၊ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့) ရွှေဘိုခရိုင်တပ်ရင်း ၁၅ ( Eagle Guerrilla Force ဗိုလ်ကောက်ရိုးအဖွဲ့) ၊ ဆားတောင်မိုးကြိုး (Local PDF) နှင့် Danger Force (Local PDF) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/188869/
ငါးဇွန်မြို့နယ်၊ ငါးမြာကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး၊ ရေတာရှည်တွင်လည်း စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်
["ငါးဇွန်မြို့နယ်၊ ငါးမြာကြီးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား အများအပြားသေဆုံး၊ ရေတာရှည်တွင်လည်း စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "အောက်တိုဘာလ ၂၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ ဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး Mi 35 ဖြင့် လေကြောင်းပစ်ကူ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ လေကြောင်း ပစ်ကူရောက်ရှိလာသော်လည်း တော်လှန်ရေးတပ်ဖွဲ့များထံ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုမရှိပဲ စစ်ကောင်စီတပ်သားများဘက်သို့ ဗုံးကျဲချသွားရာ အကြမ်းဖက်စစ် သားများ ထပ်မံသေဆုံးထိခိုက်မှုရှိကြောင်း သိရသည်။", "“သေတာကတော့ များတယ်၊ သိပ်မဝေးဘူး မြင်နေရတာ၊ အရေအတွက်တော့ မခန့်မှန်းတတ်ဘူး။ တိုက်ပွဲဖြစ်လို့ ထိတာနဲ့ လေယာဉ်ပစ်ကူခေါ်တာ။ လေယာဉ်ပစ်ကူကပါ စခတွေပေါ်ကို ထပ်ဗုံး ကျဲ သွားတော့ ထပ် သေတယ်။ ကျနော်တို့က စစ်ကူအနေနဲ့ တိုက်ခိုက်ခဲ့ရတာ၊ ကျည်ကလည်း မလုံ လောက်တော့ ပြန်ဆုတ်ခဲ့ရတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ Dog Killers People’s Defence Force Myinmu(DK-PDF MMU)l နှင့် အခြား မဟာမိတ် ညီနောင်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာ၌ တပ်စွဲထးသော အကြမ်းဖက်စစ်သားများကို ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။", "အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အနောက်ဘက် ကမ်းရှိ ဒိုးတန်းကျေးရွာ၌ အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်ဆွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်း မရှိဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲတွင် တော်လှန်ရေးအင်အားစုဘက်မှ ပုဝါနီ စစ်ကြောင်းမှ ရဲဘော်ဘီလုံးသည် မိုင်း ထောင်နေစဉ် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းမတော်တဆဖြစ်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "ဓာတ်ပုံ- ပုဝါနီစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/05/102720/
ငါးဇွန်မြို့နယ်၊ တောင်ရွာဘိုရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား
["ငါးဇွန်မြို့နယ်၊ တောင်ရွာဘိုရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ မေ ၁၅", "မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ တောင်ရွာဘိုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးကာ ပြည်သူ ၁ ဦးကို ဖမ်းဆီး သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက တောင်ရွာဘိုရွာကို ဝင်ရောက် စီးနင်းပြီး ကိုကျော်စွာလင်းကို ရိုက်နှက်ဖမ်းဆီးကာ နေအိမ်ရှိ ရွှေငွေ လက်ဝတ်လက်စား အဖိုးတန် ပစ္စည်းအပြင် အိမ်ရှိ ပစ္စည်း မှန်သမျှကို လုယှက်ခိုးယူသွားကြောင်း သိရသည်။", "” အိမ်ရှိ ပိုင်ဆိုင်မှု အဖိုးတန်မှန်သမျှ လုယှက် ယူဆောင်သွာပြီး စကူဘီးအနက်တစ်စီး၊ 125 ဆိုင်ကယ်တစ်စီး၊ တရုတ်နီစက် ဒိုင်နဗိုဘက်ထရီ ၊ ဆိုလာ၊ ရေသရောက် ၊ ရေခဲသေတာ အချိုရည်မျိုးစုံ၊ စားစရာမျိုးစုံတို့နဲ့အတူ ရွှေငွေအကုန်တပြားမကျန်အကုန် အတင်းဓားမြတိုက်ယူသွားပါတယ်။ ကိုကျော်စွာလင်း နေအိမ်ရှိ ပစ္စည်းတွေတင်ဖို့ နောက်ထပ်လိုက်ထရပ်ကားသုံးစီး လှမ်းဖုန်းဆက်ခေါ်ပြီးအကုန်ဓားမြတိုက်သလို လုယှက်ယူဆောင်သွားပါတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများသည် ကိုကျော်စွာလင်းကို ဖမ်းဆီးရိုက်နှက်ကာ သားကျင်ကျေးရွာရှိ ကိုမင်းမောင်နှင့် ကိုဇိုးကြီးတို့ ၂ ဦးကို အကြောင်းကို မေးမြန်း​ကြောင်း၊ ကိုကျော်စွာလင်းကို လက်ရှိအချိန်တွင် မည်သည့်နေရာတွင် ရှိသည်ကို အတိအကျမသိဘဲ ၎င်း၏ ဖုန်းမှာ စစ်ကောင်စီနှင့် ပျူစောထီးတို့ လက်ထဲတွင် ကျန်ရှိနေပြီး လက်ရှိအချိန်ထိ လိုင်းသုံးနေဆဲ ဖြစ်ကြောင်း သိရသည်။", "“PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်၊ လက်နက် ၂ လက်ရှိတယ်ဆိုပြီး ကိုကျော်စွာလင်းတို့ အိပ်ခန်းထဲ နာမည်အတိအကျနဲ့ ဝင်ရောက်ဖမ်းဆီး ရိုက်နှက်ပြီး သားကျင်ရွာက လက်ဖက်ရည်ဆိုင်ကို လိုက်ပြခိုင်းတယ်။ လက်ဖက်ရည်ဆိုင်က ယောက်ျားလေးတွေ ဈေးလာဝယ်သမျှ ယောက်ျားလေးတစ်ယောက်မကျန် ဝမ်းလျားမှောက် လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ် ဖမ်းခေါ်သွားတဲ့သူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့သိရတယ်” ဟု ကိုကျော်စွာလင်း၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ကိုကျော်စွာလင်းကို လာရောက်ဖမ်းဆီးသူများမှာ တောင်ရွာဘိုရွာမှ ဒလံ ပျူစောထီး ကိုညွန့်လွင်နှင့် အပေါင်းပါများဖြစ်ပြီး ပျူစောထီးများနှင့် အတူ တပ်မ ၄၇ တံဆိပ်ပါ ယူနီဖောင်း ၂ ဦးနှင့် အရပ်ဝတ်ခန့်မှန်‌ခြေ ၆ ‌ဦးတို့ လာရောက်ဖမ်းဆီးကာ အိမ်အတွင်းကို စိတ်ကြိုက် မွှေနှောက်ယူသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိအချိန်တွင် ကိုကျော်စွာလင်း၏ အခြေအနေကို ‌မိသားစုဝင်များ သေချာစွာ မသိရှိရသေးဘဲ ကိုကျော်စွာလင်း၏ ဖုန်းကို စစ်ကောင်စီနှင့် ဒလန်များက ၎င်းအဖြစ် ဟန်ဆောင်သုံးစွဲနေ၍ ကိုကျော်စွာလင်း အဆက်အစပ်ရှိသူများ သတိထားရန် လိုကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/07/175272/
ငါးဇွန်မြို့နယ်၊ မင်းနေကုန်း ရဲစခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် PDF တပ်ဖွဲ့ဝင်က နယ်မြေရှင်းလင်းစဉ် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိ၊ ရဲစခန်းကို မီးရှို့ ရှင်းလင်း
["ငါးဇွန်မြို့နယ်၊ မင်းနေကုန်း ရဲစခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် PDF တပ်ဖွဲ့ဝင်က နယ်မြေရှင်းလင်းစဉ် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိ၊ ရဲစခန်းကို မီးရှို့ ရှင်းလင်း", "ရန်ကုန်၊ ဇူလိုင် ၂၃", "မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းနယ်မြေရဲစခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် နယ်မြေ ရှင်းလင်းစဉ် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ပြီး စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာရှိ နယ် မြေ ရဲစခန်းမှ စစ်သားနှင့် ရဲများ သည် ကားများဖြင့် ထွက်ခွာရန် ပြင်ဆင်နေကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက လမ်းခုလပ်မှ ဖြတ်တောက်တိုက်ခိုက်ရန် သွားရောက်ခဲ့သော်လည်း အချိန် အနည်းငယ်နောက်ကျသွားသဖြင့် စစ်သားနှင့် ရဲများ မြို့သာရဲစခန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။", "ထို့နောက် တော်လှန်ရေး တပ်ဖွဲ့များက မင်းနေကုန်းရဲစခန်းကို သွားရောက်ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ရဲစခန်းတစ်ခုလုံးကိုလည်း မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "“ကားတွေနဲ့ထွက်ဖို့ပြင်ဆင်နေတယ်ဆိုလို့ ကျနော်တို့က တိုက်ဖို့သွားတာ၊ ပြင်ဆင်တာ၊ လူစုနဲ့ ဆိုတော့ နည်းနည်းနောက်ကျသွားတယ်၊ ရဲစခန်းမှာက လူအင်အားကလည်း နည်း၊ ကျနော်တို့က တိုက်ပြီး သိမ်းဖို့ စီစဉ်နေတာ၊ သတင်းပေါက်သွားတာလားမသိဘူး၊ စခန်းနားကပ်သွားတဲ့အချိန်မှာ ဘယ်သူမှမရှိတော့ဘူး။ ပစ္စည်းတွေပါအကုန်လုံးသယ်ထုတ်ပြီးစခန်းစွန့်သွားတာ၊ ဆိုင်ကယ် တစ်စီးပဲ ကျန်ခဲ့တယ်၊ အဲဒီဆိုင်ကယ်တစ်စီးတော့သိမ်းလာခဲ့တယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ နယ်မြေရှင်းလင်းရေးကို နဂါးနီပြောက်ကျားတပ်ဖွဲနှင့် အတူ မဟာမိတ်အဖွဲ့များ ဖြစ်ကြသော ဒေါင်းနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ ၊ Hero people Defence Force-မြင်းခြံတို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/200282/
ငါးသိုင်းချောင်းမြို့တွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ရခိုင်စစ်ဘေးရှောင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်းချီ တောင်း
["ငါးသိုင်းချောင်းမြို့တွင် စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ရခိုင်စစ်ဘေးရှောင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်းချီတောင်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ ၊အောင်ဆန်းရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး နောင်နောင်က ရခိုင် ပြည်နယ်မှ စစ်ဘေး တိမ်းရှောင်လာသည့် ပြည်သူများထံမှ အတင်းအဓမ္မ ငွေကြေး ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် ငါးသိုင်းချောင်းမြို့ပေါ် ထွက်ပြေး တိမ်း ရှောင် လာသည့် စစ်ဘေးရှောင်များထံမှ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး နောင်နောင်က ငွေကျပ်သိန်းချီ အတင်းအဓမ္မ လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး ငွေကြေးမပေးနိုင်သော ပြည်သူများကိုလည်း မြို့ပေါ်တွင် နေထိုင်ခွင့်မပေးကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းကို အုပ်ချုပ်ရေးမှူး နောင်နောင်က စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူး နောင်နောင်က အောင်ဆန်းရပ်ကွက်အတွင်းရှိ စစ်မှုထမ်းရန် လူငယ်များရှိသည့်နေအိမ်များထံမှ လစဉ် ၁ ဦးလျှင် ငွေကျပ် ၂၀၀၀၀ အဓမ္မ တောင်းခံမှုများရှိပြီး အကြမ်းဖက် စစ်တပ်အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း လုပ်ဆောင်ပေးကြောင်း သိရှိရသည်။", "အဆိုပါ နောင်နောင်သည် အုပ်ချုပ်ရေးမှူး ဖြစ်လာချိန်မှစ၍ ငွေကြေး ချမ်းသာသူဖြစ်လာပြီး လက်ရှိတွင် ၎င်းနေအိမ်ကို တိုက်ဆောက်၍ ဆိုင်ကယ် မျိုးစုံနှင့် ကား စီးနိုင်သူ ဖြစ်လာခြင်း ဖြစ်ကြောင်း သိရသည်။", "“ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနောင်နောင်က ရခိုင်ကနေ စစ်ဘေးတိမ်းရှောင်လာတဲ့ ပြည်သူတွေဆီကနေ ငွေကျပ် သိန်းချီ အတင်းအဓမ္မ ခြိမ်းခြောက်တောင်းခံတာတွေလုပ်ဆောင်နေသူပါ။ ငွေကြေးမပေးနိုင်တဲ့ စစ်ရှောင်တွေကို မြို့ပေါ်မှာ နေထိုင်ခွင့်မပေးတာတွေ စစ်ခွေးခေါ်ပြီး ခြိမ်းခြောက်တာတွေလည်း လုပ်ဆောင်ပါတယ်။ နောက်ပြီး စစ်မှုထမ်းကြေးဆိုပြီး အသက် ၁၈ နဲ့ ၃၅ ယောက်ျားလေးရှိတဲ့ အိမ်တိုင်း ၁ ဦးရှိရင် ၂၀၀၀၀ နဲ့ ၂ ဦးရှိရင် ၄၀၀၀၀ ပေးရပါတယ်။ သူက အုပ်ချုပ်ရေးမှူးဖြစ်မှ ကြွယ်၀ချမ်းသာလာတဲ့ သူတွေထဲက တစ်ဦးပါ။ ရပ်ကွက်ထဲ တစ်မြို့တည်းသား အချင်း ချင်း မတရားနည်းနဲ့ ဂုတ်သွေးစုပ် ပိုက်ဆံတွေရယူပြီး တိုက်ဆောက် ဆိုင်ကယ် အကောင်းစားစီးပြီး အခုဆို နေ့ချင်းညချင်း ကားပါ၀ယ်စီးနေပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လတ်တလော ငါးသိုင်းချောင်းမြို့ပေါ်သို့ ရခိုင်ဒေသမှ စစ်ဘေးရှောင်များ ရာပေါင်းများစွာ တိမ်းရှောင် ရောက်ရှိလာနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/184426/
ငါးသိုင်းချောင်း၊ မအူကုန်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က စစ်မှုထမ်းဥပဒေ ဖြင့် ငွေခြိမ်းခြောက်တောင်း၊ နတ္တလင်းတွင် ပဲမခမ်းအုပ်ချုပ်ရေးမှူး ခင်ဇော်က စစ်မှုမထမ်းလိုလျှင် ငွေကျပ်သိန်း ၂၀ ပေးရမည်ဟုတောင်းခံ
["ငါးသိုင်းချောင်း၊ မအူကုန်းအုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က စစ်မှုထမ်းဥပဒေ ဖြင့် ငွေခြိမ်းခြောက်တောင်း၊ နတ္တလင်းတွင် ပဲမခမ်းအုပ်ချုပ်ရေးမှူး ခင်ဇော်က စစ်မှုမထမ်းလိုလျှင် ငွေကျပ်သိန်း ၂၀ ပေးရမည်ဟုတောင်းခံ", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်ခွဲ မအူကုန်းကျေးရွာအုပ်စု ကျုံတာရွာ အရှေ့ပိုင်းနေ အုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်က အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းရန် ပြည်သူများကို အတင်းအဓမ္မ ခိုင်းစေနေပြီး စစ်မှုမထမ်းလိုပါက ငွေကြေးကောက်ခံခြင်းများလုပ်ဆောင်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "မအူကုန်း အုပ်ချုပ်ရေးမှူး ထွန်ထွန်းနိုင်က သူ၏ အိမ်သို့ အကြမ်းဖက်စစ်တပ်နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ လွဲ၍ မည်သူ့ကိုမှ အဝင်မခံ၊ အတွေ့မခံကြောင်း၊ ပြည်သူများကို စစ်မှုထမ်းအတွက် ငွေကောက်ခံရာတွင် ပိုက်ဆံ မပေးနိုင်ပါက ချက်ချင်း ဖမ်းဆီးခေါ်ဆောင်မည်ဟု ခြိမ်းခြောက်ခြင်းများ လုပ် ဆောင်နေကြောင်း၊ ၊ NLD ထောက်ခံသူ ပြည်သူတစ်ဦးကိုလည်း စစ်တပ်ထံ တိုင်တန်း ဖမ်းခိုင်းသည့်အတွက် အဆိုပါပြည်သူမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကျန်ရစ်သော မိသားစုဝင်ကို ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“ရွာက ပြည်သူတွေကို တစ်လ ၄၀၀၀၀ ကောက်တယ် ။စစ်မှူထမ်းအတွက်။မပေးနိုင်ရင် ချက်ချင်းဖမ်းခေါ်သွားမယ်လို့ ခြိမ်းခြောက်တယ်။ NLD ထောက်ခံဥူ ဒေါ်ခင်စိန်ကိုလည်း စစ်တပ်ဆီတိုင်ပြီး ဖမ်းခိုင်းလို့ ထွက်ပြေးရသေးတယ်။ ဒေါ်ခင်စိန် သမက်ကို ဖမ်းခေါ်ပြီး ရိုက်နှက်တာ သေလုမျောပါးပဲ။ ပိုက်ဆံနဲ့ ပြန်းရွေးထားရတယ်။ ပြီးတော့ ခံဝန်ထိုးခိုင်းပြီး ရွာထဲ ပြန်နေခွင့်ပေးထားတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ် ဒေါက်တိုင်အဖြစ် လုပ်ကိုင်ကာ ပြည်သူများကို ဖိနှိပ် အတင်းအဓမ္မငွေကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းနိုင်နှင့် အပေါင်းပါများ ရှင်းလင်းပေးရန် ဒေသပြည်သူများက ပြောဆိုသည်။", "အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့ ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ ပဲမခမ်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ခင်ဇော်က ပြည်သူများကို စစ်မှုထမ်းလိုပါက ငွေကျပ် သိန်း ၂၀ တောင်းခံပြီး ငွေမပေးသော လူငယ်များကို စစ်တပ်ထဲသို့ ပို့ဆောင်ခဲ့ကြောင်း၊ မိသားစုများက ငွေကျပ် ၂၀ သိန်း လာပေးသော လူငယ်များကို စစ်တပ်နှင့်ပူးပေါင်း၍ ပြန်လည် ထုတ်ပြီး နေအိမ်များသို့ ပြန်လည် ပို့ဆောင်ကြောင်း သိရှိရသည်။", "“ပဲမခမ်းအုပ်ကြီးခင်ဇော်ကတော့ စစ်မှုမထမ်းချင်ရင် သိန်း ၂၀ ပေး။ မပေးနိုင်ရင် စစ်ထဲ လိုက်ပြီးဆိုပြီး လူငယ်တွေကို ဖမ်း စစ်ထဲပို့တယ်။ မိဘတွေကလည်း မရှိ ရှိတာရှာဖွေပြီးပေးတော့မှ တပ်ထဲက ပြန်ခေါ်လာပေးတယ်။ စစ် တပ် နဲ့သူ ပေါင်းပြီး လူငယ်တွေနဲ့ မိဘတွေဆီက ငွေညှစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်တိုင်းတွင် စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခံရသော လူငယ်များ။"]
https://yktnews.com/2023/07/114951/
ငွေစက္ကူ အသစ် ၂သောင်းတန်ကို မသုံးစွဲကြဘဲ တခဲနက် ဆန့်ကျင်ကြဖို့ လူထုကိုတိုက်တွန်း
["ငွေစက္ကူ အသစ် ၂သောင်းတန်ကို မသုံးစွဲကြဘဲ တခဲနက် ဆန့်ကျင်ကြဖို့ လူထုကိုတိုက်တွန်း", "ရန်ကုန် | ဇူလိုင် ၂၆", "အာဏာသိမ်းစစ်ကောင်စီက မကြာမှီထုတ်ဝေတော့မယ့် ၂သောင်းကျပ်တန် ငွေစက္ကူအသစ်ကို သုံးစွဲခြင်းမပြုဘဲ တခဲနက်ဆန့်ကျင်ကြဖို့ စစ်ကိုင်းဖိုရမ်က မနေ့က လူထုကို တိုက်တွန်းလိုက်ပါတယ်။", "အာဏာသိမ်းစစ်ကောင်စီက စစ်ရေး၊ စီးပွားရေး အပါအဝင် အထွေထွေအကျပ်အတည်းဆိုက်နေပြီး တရုတ်၊ရုရှားကြွေးမြီတွေလည်း နစ်နေလို့ အခုလို တန်ဖိုးမြင့်ငွေစက္ကူတွေ ရိုက်နှိပ်ဖြေရှင်းတာလို့ ဆိုပါတယ်။", "အခုလို တန်ဖိုးမြင့်ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတာဟာ စီးပွားရေးထိုးကျနေတဲ့နိုင်ငံအတွင်း ငွေကြေးဖောင်းပွတာ၊ ငွေတန်ဖိုးကျဆင်းတာအပြင် စာဝတ်နေရေးစားရိတ်ကြီးမြင့်တာ၊ ကုန်စျေးနှုန်းမငြိမ်သက်တာတွေဖြစ်ပေါ်လာပြီး ပြည်သူလူထုကြား အဆုံးစွန်ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်တယ်လို့ စစ်ကိုင်းဖိုရမ်က ဆိုပါတယ်။", "နှစ်သောင်းတန်ငွေစက္ကူ လူထုကြားထဲ စိမ့်ဝင်ပြန့်နှံလာတာနဲ့အမျှ ဆိုးကျိုးပိုမိုကြီးမားလာမှာ ဖြစ်လို့ တော်လှန်ရေး", "အဖွဲ့အစည်းတွေက အဆိုပါငွေစက္ကူကို လုံးဝအသုံးပြုမှာမဟုတ်ဘဲ ပြည်သူလူထုအနေနဲ့လည်း မသုံးစွဲဘဲ ဆန့်ကျင်ပေးကြဖို့ စစ်ကိုင်းဖိုရမ်က ထုတ်ပြန်ချက်ထုတ်ပြီး နှိုးဆော်တိုက်တွန်းထားတာ ဖြစ်ပါတယ်။"]
https://yktnews.com/2023/07/114611/
ငွေစက္ကူအသစ် နှစ်သောင်းတန် ဂယက်ကြောင့် ပြည်တွင်းကားစျေးကွက်တွင် ကားတစ်စီး၏ အခြေခံစျေးနှုန်း သိန်း ၄၀၀ ကျော်အထိ ခုန်တက်
["ငွေစက္ကူအသစ် နှစ်သောင်းတန် ဂယက်ကြောင့် ပြည်တွင်းကားစျေးကွက်တွင် ကားတစ်စီး၏ အခြေခံစျေးနှုန်း သိန်း ၄၀၀ ကျော်အထိ ခုန်တက်", "ရန်ကုန်၊ ဇူလိုင် ၂၄", "အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်နေ့မှစတင်၍ ငွေစက္ကူအသစ် နှစ်သောင်းတန်များ ထုတ်ဝေမည်ဟု ကြေညာလိုက်ရာ ယင်းကြေညာမှုကြောင့် ပြည်တွင်းကားစျေးကွက်တွင် ကားတစ်စီး၏ အခြေခံစျေးနှုန်းများမှာ ငွေကျပ် သိန်း ၄၀၀ ကျော်အထိ ခုန်တက်သွားကြောင်း ရန်ကုန်ကားစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ပြည်တွင်းကားစျေးကွက်တွင် ကားစျေးနှုန်းများ တရိပ်ရိပ်မြင့်တက်ခဲ့ပြီး အမြင့်ဆုံးစျေးတွင် တည်ရှိနေရာမှ ယမန်နေ့ ငွေကျပ် နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည့်သတင်းကြောင့် အရောင်းပိတ်မှုများ၊ ကားဝယ်ယူမှုများ ပိုမို ကောင်းမွန်လာရာ ကားတစ်စီး၏ အခြေခံစျေးနှုန်းမှာလည်း သိန်း ၄၀၀ ကျော်တွင် ရှိနေကြောင်း ရန်ကုန်ကားဝယ်ရောင်း စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "“ကားစျေးကတော့ မနေ့က လန့်တက် တက်တယ်။ အခုရောင်းလိုက်ပြီး ပြန်ဝယ်ရင် အဲဒီစျေးမရတော့ဘူး။ ပုံမှန်ဆိုရင် ကားတစ်စီး အခြေခံ စျေးနှုန်းက သိန်း ၂၅၀ ကျော်လောက်ကနေစတာ။ အခုတော့ ကားတစ်စီး အခြေခံစျေးနှုန်းက သိန်း ၄၀၀ လောက်တက်ခေါ်နေကြပြီ။ အပျိုပေါက်(ပရိုဘောက်) နံပါတ်အဟောင်းတန်း ၂၀၀၉ မော်ဒယ် F တန်းလောက်ကိုတောင် ၄၂၀ လောက်ခေါ်ကုန်ကြပြီ။ ဆူဇူကီး ဆီးရက်တို့ အာတီဂါတို့ကတော့ သိန်း ၇၀၀၊ ၈၀၀၊ ၉၀၀၊ ၁၀၀၀ ကျော်ကုန်ပြီ။ နံပါတ်အသစ်ဆိုရင် သိန်းထောင်ကျော်ဖြစ်ကုန်ပြီ။ ကားစျေးကတော့ ဒီရက်ပိုင်းထဲ ပိုတက်ဖို့ပဲရှိတယ်” ဟု ရန်ကုန်တိုင်းမော်တော်ယာဉ်ဝယ်ရောင်း လက်ကြီးသမားတစ်ဦးက ဆိုသည်။", "ကားစျေးကွက်တွင် လက်ရှိစျေးကွက်ပေါက်စျေးဟု မရှိတော့ဘဲ ကား၏ ကြံ့ခိုင်ကောင်းမွန်မှု၊ စျေးကွက်တန်းဝင်မှု၊ နံပါတ်နှင့်မော်ဒယ်တို့ကိုလိုက်၍ ကြိုက်စျေးဖွင့်ရောင်းချကြောင်း၊ မော်တော်ယာဉ်များသည် မခိုင်မာသော ကျပ်ငွေကို တန်ဖိုးမြှုပ်နှံရာ စျေးကွက်ဖြစ်လာကြောင်း၊ အဓိက အားဖြင့် ပြည်ပမှ လူသုံးများသော တစ်ပတ်ရစ်ဂျပန်ကားများ တင်သွင်းမှု ပိတ်ပင်ထားမှုနှင့် သီလဝါရှိ ဂျပန်ကားစက်ရုံများက ကားများ ထုတ်လုပ်မှု အကန့်အသတ်မရှိ ရပ်နားထားခြင်းတို့ကြောင့် ကားစျေးကျရန် လမ်းမမြင်ကြောင်း၊ ငွေကျပ် နှစ်သောင်းတန် ဂယက်ကြောင့် ကားစျေးကွက် စျေးနှုန်းများ ထပ်မံ မြင့်တက်ဦးမည်ဖြစ် ကြောင်း ကားစျေးကွက်ကျွမ်းကျင်သူများက ဆိုကြသည်။", "“ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်မှာ အဖမ်းအဆီးများတော့ အဖမ်းအဆီး နည်းတဲ့ ကားစျေးကွက်ဘက်ကို လှည့်လာကြတာ။ ကားစျေးကွက်ကလည်း Supply က ပိတ်ဆို့ထားတော့ ရှိတဲ့ကားလေးတွေကိုပဲ ပြန်သပြီး စီးပွားရေး စျေးကွက် ပုံစံနဲ့ ရောင်းကြ၊ ဝယ်ကြတယ်။ တကယ်တော့ ကားစျေးကွက်က ပေါ်လစီ တစ် ခု ချိန်းရင်တော့ အကုန်ဂွမ်းမှာပဲ။ ပေါ်လစီကလည်း ချိန်းဖို့တော့ မမြင်ဘူး။ စစ်တပ်မှာလည်း ဒေါ်လာမရှိသလို ၊ဝင်ငွေဒေါ်လာကလည်းနည်းတော့ ကားတင်သွင်းမှုကို ဖွင့်ပေးမှာ မဟုတ်တာသေချာနေတယ်။ ကားစျေးကွက်မှာ ကားစျေးနှုန်း တအားထိုးတက်တာက စီးပွားရေးဆန်ဆန် ရင်းနှီးမြှုပ်နှံပြီး ဝယ်ရောင်း လှောင်ကြတာက အဓိကပဲ” ဟု ရန်ကုန်ကားစျေးကွက်မှ လက်ကြီး စီးပွားရေးသမားက ဆိုသည်။", "လက်ရှိကားစျေးကွက်တွင် Honda Fit GE 6 နယ်လိုင်စင် 2009 နံပါတ် I တန်းဆိုလျှင် ငွေကျပ် သိန်း ၅၈၅ သိန်း၊ ရွှေငါး အင်ဂျင်ပါဝါ 2.0 2002/2003 နံပါတ်အမြင့်ဆိုလျှင် ငွေကျပ် သိန်း ၈၀၀ ကျော်၊ ဆူဇူကီး အာတီဂါ နောက်ဆုံးနံပါတ် S တန်းဆိုလျှင် ငွေကျပ် သိန်း ၁၄၀၀ ဝန်းကျင် စသည်ဖြင့် စျေးပေါက်နေပြီး ခရိုနီနှင့်ငွေကြေးတတ်နိုင်သူများ စီးနင်းကြသည့် ဘယ်မောင်း နောက်ဆုံးနံပါတ်ကားများ သိန်းထောင်ပေါင်းများစွာ စျေးပေါက်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရန်ကုန်ရှိ ကားအရောင်းစင်တာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/08/115841/
ငွေစက္ကူအသစ် နှစ်သောင်းတန် စတင်ဖြန့်ဝေသည့်နေ့တွင် စျေးကွက်များ အားလုံး အရောင်းပိတ်ထား၊ နှစ်သောင်းတန် ငွေစက္ကူပေါ်မှ နံပါတ်များအရ ငွေများ အလုံးအရင်းဖြင့် ထုတ်ဝေခြင်းဖြစ်ဟု သုံးသပ်
["ငွေစက္ကူအသစ် နှစ်သောင်းတန် စတင်ဖြန့်ဝေသည့်နေ့တွင် စျေးကွက်များ အားလုံး အရောင်းပိတ်ထား၊ နှစ်သောင်းတန် ငွေစက္ကူပေါ်မှ နံပါတ်များအရ ငွေများ အလုံးအရင်းဖြင့် ထုတ်ဝေခြင်းဖြစ်ဟု သုံးသပ်", "ရန်ကုန်၊ ဩဂုတ် ၁", "အကြမ်းဖက်စစ်ကောင်စီက ငွေစက္ကူအသစ် နှစ်သောင်းတန်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်ဖြန့်ဝေလိုက်ချိန်တွင် ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်၊ ဆေးဝါးစျေးကွက်၊ ဆန်စျေးကွက်၊ စားသုံးဆီ စျေးကွက်အပါအဝင် စျေး ကွက်များတွင် အရောင်းပိတ်ထားကြကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့ တွင် နှစ်သောင်းတန် ငွေစက္ကူ အသစ် ထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာခဲ့ချိန်မှစတင်၍ စျေးကွက်များအားလုံးတွင် အရောင်းအဝယ် အနည်းသာရှိပြီး အများစုမှာ အရောင်းပိတ်ထားကြခြင်းဖြင့် စျေးကွက်ကို စောင့်ကြည့်ကြကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့ နှစ်သောင်းတန် ထွက်ရှိလာချိန်တွင်လည်း စျေးကွက်မှာ ပုံမှန် ပြန်မဖွင့်နိုင်ဘဲ စျေးကွက်ပေါက်စျေးနှုန်းပါ ပျောက်သွားကြောင်း ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။", "“ရွှေစျေးကွက်ကတော့ အရောင်းမရှိတော့ဘူး။ အဝယ်တွေချည်းပဲ။ မနေ့က စျေးပါ ပျောက်သွားတယ်။ အပြင်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ၃၇ သိန်းကျော်လောက် ကြိုက်ရောင်း ကြိုက်ဝယ် လုပ်ကြတယ်။ ဒေါ်လာစျေး လည်း ရောင်းစျေး၊ ဝယ်စျေး အရမ်းဟသွားတယ်။ ဝယ်စျေးက တစ်ဒေါ်လာ ၃၄၈၀ လောက်ရှိပြီးတော့ ရောင်းစျေးက တော့ တစ်ဒေါ်လာကို ၃၇၀၀ လောက် ပေါက်နေတယ်” ဟု ရွှေနှင့်ဒေါ်လာ ဝယ်ရောင်း အကျိုးဆောင်တစ်ဦးက ဆိုသည်။", "ယမန်နေ့ နှစ်သောင်းတန်ငွေစက္ကူ ထွက်ရှိလာသော်လည်း ပမာဏ များများစားစားဖြင့် စစ်ကောင်စီက မထုတ်ဝေသေးဘဲ စျေးကွက်အခြေအနေကို စောင့်ကြည့်နေကြောင်း၊ သို့ရာတွင် နှစ်သောင်းတန်ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထား သော ဂဏန်းများအရ အလုံးအရင်းဖြင့် ဖြန့်ချိသည်မှာ သေချာကြောင်း မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတချို့က ပြောသည်။", "“ဒီလ လစာထဲမှာ အမှတ်တရ ပုံစံမျိုး တော့ ထည့်ထားတယ်။ ပမာဏ များများစားစား မတွေ့ရဘူး။ ဒါပေမယ့် နောက်လကစပြီး နှစ်သောင်းတန်နဲ့ လစာပေးမယ်ဆိုတာမျိုး ပြောလာတယ်။ ငွေစက္ကူပေါ်မှာ ရိုက်နှိပ်ထားတဲ့ ဂဏန်းတွေအရတော့ အလုံးအရင်း ထုတ်ဝေထားတာမျိုးလို့ သုံးသပ်လို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက် လအနည်းငယ်ကြာရင်တော့ စျေးကွက်ထဲမှာ နှစ်သောင်းတန် အများကြီး ပြန့်လာမှာကတော့ သေချာပါတယ်” ဟု မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းတစ်ဦးက ဆိုသည်။", "လတ်တလော နှစ်သောင်းတန်ငွေစက္ကူ ဂယက်သည် ဆက်လက် ရိုက်ခတ်မှု ပြင်းထန်နေဆဲဖြစ်ပြီး ဆန်၊ဆီနှင့်စက်သုံးဆီစျေးကွက်၊ ဆေးဝါးစျေးကွက်၊ အိမ်ဆောက်ပစ္စည်းများ ရောင်းဝယ်ရေး စျေးကွက် အပါအဝင် စျေးကွက်အားလုံးကို အရှိန်ဟုန်ပြင်းပြင်းဖြင့် ဆက်လက်ရိုက်ခတ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- နှစ်သောင်းတန်ငွေစက္ကူပေါ်တွင် ရိုက်နှက်ထားသော ငွေစက္ကူ အမှတ်စဉ် ဂဏန်းများအရ အလုံးအရင်းဖြင့် ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။"]
https://yktnews.com/2023/07/114657/
ငွေစက္ကူအသစ် နှစ်သောင်းတန် ထုတ်ဝေမှု နောက်ဆက်တွဲ ပြည်တွင်းပုဂ္ဂလိ က ဘဏ်များတွင် အပ်နှံထားသော ငွေများ ပြည်သူများ ပြန်လည်ထုတ်ယူနေကြပြီး စျေးနှုန်းအများစု မြင့်တက်နေ
["ငွေစက္ကူအသစ် နှစ်သောင်းတန် ထုတ်ဝေမှု နောက်ဆက်တွဲ ပြည်တွင်းပုဂ္ဂလိ က ဘဏ်များတွင် အပ်နှံထားသော ငွေများ ပြည်သူများ ပြန်လည်ထုတ်ယူနေကြပြီး စျေးနှုန်းအများစု မြင့်တက်နေ", "အခေါက်ရွှေ ၃၆ သိန်းခွဲ စျေးပေါက်သော်လည်း ရောင်းသူမရှိဖြစ်နေပြီး ဒေါ်လာစျေးမှာ ရောင်းစျေး ၃၄၅၀ ကျပ်နှင့် ဝယ်စျေး ၃၆၀၀ ကျော်အထိ စျေးခေါ်သော်လည်း ဝယ်ယူလိုသူများသာ များပြားနေ", "By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်နေ့တွင် ငွေစက္ကူအသစ် နှစ်သောင်းတန် ထုတ်ဝေမည်ဟု ကြေညာပြီး နောက် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသော ငွေကြေးများကို ရသည့် ပမာဏကို ပြည်သူများက ပြန်လည် ထုတ်ယူနေကြကြောင်း သိရှိရသည်။", "“မနက်ကတည်းက သွားတန်းစီတာ ဘဏ်ထဲမှာ လူတွေအုပ်လိုက်ပဲ။ မစောင့်ချင်လို့ အခြားမြို့နယ်ခြားပြီး ဘဏ်သွားတော့လည်း လူတွေ အတော်များတယ်။ ငွေပြန်ထုတ်နေကြတာ။ အကန့်အသတ်ရှိလည်း ရသလာက် ပြန်ထုတ်နေကြတယ်။ ကိုယ်အပါအဝင် အားလုံးက ငွေထုတ်သူ အများစုက ရသလောက် ပြန်ထုတ်ပြီး ရတာ ဝယ်ကြမယ်ဆိုတာမျိုးတွေချည်းပဲ” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ပြည်တွင်းပုဂ္ဂလိက ဘဏ်အသိုင်းအ၀ိုင်းကလည်း ယနေ့ ဘဏ်များမှ ငွေပြန်လည် ထုတ်ယူမှုများပြားကြောင်း အတည်ပြုပြောဆိုကြသည်။", "“ငွေပြန်ထုတ်တာတော့ တော်တော်များတယ်။ နှစ်သောင်းတန်ထုတ်မယ့် ဂယက်ကြောင့်ပဲ။ စိုးရိမ်ပြီး ထုတ်ကြတာ” ဟု CB Bank မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။", "ပြည်တွင်းစျေးကွက်တွင်လည်း ရွှေစျေးနှုန်း၊ ဒေါ်လာစျေးနှုန်း၊ အိမ်ခြံမြေစျေးနှုန်း၊ ကားစျေးနှုန်း၊ စားသောက်ကုန် စျေးနှုန်း၊ ဆေးဝါးစျေးနှုန်းများ တဟုန်ထိုးတက်နေပြီး ဝယ်သူသာရှိကာ ရောင်းသူနည်းပါးသော စျေးကွက်ဖြစ်ပေါ် နေသည်ဟု သိရှိရသည်။", "ရန်ကုန်တိုင်းရွှေစျေးကွက်နှင့် မန္တလေးတိုင်းရွှေစျေးကွက်များတွင် စျေးကွက် ပေါ်ပေါ်တင် မဖွင့်နိုင်ဘဲ ရွှေစျေးနှုန်းမှာလည်း ပေါက်စျေးသာရှိပြီး အရောင်းအဝယ် မလုပ်ကြကြောင်း သိရှိရသည်။", "“ရွှေစျေးက ကြားတာက အခေါက်ရွှေတစ်ကျပ်သား ၃၆ သိန်းကျော်တောင် စျေးဖွင့်နေတယ်။ အဖမ်းအဆီး ကြောက်တာရယ်၊ စျေးကွက်က လန့်နေတာကြောင့် အရောင်းအဝယ် မရှိဘူး။ နီးစပ်ရာ အချင်းချင်း ရင်းနှီးမှုနဲ့ လက်သိပ်ထိုးရောင်းတာမျိုးတော့ ရှိတယ်။ Public ကို ဘယ်သူမှ ပေါ်ပေါ်တင်တင် မရောင်းဘူး။ ရှေ့မှာလည်း ရွှေသမားတွေချည်းပဲ အဖမ်းခံထားရတာ ၅၀ ကျော်လောက်ရှိနေတယ်။ စစ်တပ်ကို လန့်လို့ ဘယ်သူမှ မလုပ်ရဲကြဘူး” ဟု ရန်ကုန်ရွှေကုန်သည်သမားတစ်ဦးက ဆိုသည်။", "မန္တလေး ရွှေစျေးကွက်မှာလည်း အရောင်းအဝယ်မရှိဘဲ ပိတ်ထားပြီး စျေးနှုန်းကို ဖုန်းဆက် အချင်းချင်း သတင်းမေး ကြရုံသာရှိသည်ဟု သိရှိရသည်။", "ဒေါ်လာစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၄၀၀ မှ စတင်၍ ၃၆၀၀ ကျပ်အထိ စျေးနှုန်းအမျိုးမျိုး ပေါက်နေကြပြီး ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေသည်ဟု သိရှိရသည်။", "“ဝယ်စျေးနဲ့ ရောင်းစျေး ခွာထားတယ်။ အသိမိတ်ဆွေဆိုရင် ဝယ်စျေး ၃၄၅၀ နဲ့ ရောင်းစျေး ၃၆၅၀ လုပ်ပေးပါတယ်။ စျေးအရမ်းခွာထားတာက အပြင်စျေးကွက်မှာအဲဒီလိုဖြစ်နေလို့ပါ။ ကျနော်တို့လည်း ပေါ်ပေါ်တင်တင် မလုပ်ရဲဘူး” ဟု ရန်ကုန်မှ ဒေါ်လာနှင့်ကျပ်ငွေလဲလှယ်ပေးသူ စီးပွားရေးသမားတစ်ဦးက ဆိုသည်။", "ထိုင်းဘတ်ငွေနှင့် မြန်မာလဲလှယ်သည့်ငွေစျေးကွက်တွင် ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၉၉ ကျပ်ဝန်းကျင် ရှိနေပြီး အရောင်းစျေးနှင့်အဝယ်စျေး ခွာဟထားကြောင်း သိရှိရသည်။", "“တစ်ဘတ်ကို ဝယ်စျေး ၉၄ ကျပ်၊ ရောင်းစျေးကတော့ ၉၉ ဝန်းကျင်လောက် စျေးဖွင့်ထားတယ်။ စျေးတော့ အတော်ဟထားတယ်” ဟု ငွေလဲဟွန်ဒီသမားတစ်ဦးက ဆိုသည်။", "အိမ်ခြံမြေစျေးကွက်တွင်လည်း မြောက်ဒဂုံ၊ တောင်ဒဂုံနှင့်အရှေ့ဒဂုံရှိ မြေကွက်များတွင် လက်ရှိ ရှိရင်းစွဲ စျေးနှုန်းထက်ပို၍ အနည်းဆုံး ငွေကျပ်သိန်း ၃၀၀ ခွာ၍ စျေးနှုန်းမြှင့်တင်လာကြပြီး တောင်ဥက္ကလာပမြို့နယ်အတွင်း မြေကွက်များမှာ သိန်းထောင်ချီ စျေးခေါ်ယူလာကြောင်း သိရှိရသည်။", "“အိမ်ခြံမြေကတော့ အခိုင်ဆုံးဆိုတော့ ဒီရက်ပိုင်းအတွင်း အဝယ်တွေ တအားကို လိုက်လာတယ်။ ခက်နေတာက အရောင်းနည်းနေတာ။ ရောင်းသူတွေကလည်း စျေးတွေကို မြှင့်ပြီး‌ ခေါ်တယ်။ တိုက်ခန်းနဲ့ကွန်ဒိုတွေဆိုရင်တော့ မြို့ထဲ၊ စမ်းချောင်း၊ တာမွေ၊ ကမာရွတ်ဘက်တွေ ပိုပြီး ဝယ်အားများလာတယ်။ စျေးနှုန်းကတော့ ပိုင်ရှင် စိတ်ကြိုက် စျေးကွက် ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/01/201034/
ငွေဆောင် ကမ်းခြေတွင် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်ခံနေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း
["ငွေဆောင် ကမ်းခြေတွင် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်ခံနေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင် ကမ်းခြေတွင် အကြမ်းဖက် စစ်တပ်က ပြည်သူ့စစ်များကို ထောက်ပံ့ရန် ငွေကောက်နေပြီး ခရီးသွားများ မရှိသော်လည်း ဟိုတယ်နှင့် ဈေးဆိုင်များကို ဖိအားပေး ဖွင့်လှစ်ခိုင်းနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့မှ စ၍ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ‌သော်လည်း ကမ်းခြေကို ခရီးသွားများ လာရောက်လည်ပတ်မှု နည်းပါးကာ ကမ်းစပ် ဈေးဆိုင်များပါ ဖွင့်လှစ်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က ဟိုတယ်၊ တည်းခိုခန်းနှင့် ဈေးဆိုင်များကို ဖိအားပေးဖွင့်လှစ်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။", "ငွေဆောင်မြို့မှ ပြည်သူတစ်ချို့လည်း ရွေ့ပြောင်းမှု ရှိနေပြီး အကြမ်းဖက် စစ်တပ်က ကမ်းခြေ စည်းကမ်း ထိန်းသိမ်းရေးရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ ဟိုတည်နှင့် တည်းခိုရိပ်သာများထံမှ တစ်လ ၂ သိန်း ကျပ် လစဉ် ကောက်ခံနေပြီး ပြည်သူ့စစ် ထောက်ပံ့ငွေအဖြစ် သုံးစွဲနေကြောင်း သိရှိရသည်။", "ထို့ပြင် ငွေဆောင်ကမ်းခြေကို နှစ်သစ်ကူးနေ့က လာရောက် လည်ပတ်သည့် ခရီးသွား လူငယ်အချို့လည်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ယနေ့အချိန်အထိ အဆက်အသွယ်ပြတ်‌တောက်နေကြောင်း သိရသည်။", "လက်ရှိချိန်တွင် ရွှေသောင်ယံမြို့ အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပုသိမ်မြို့နယ် အတွင်းရှိ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြင်းကို ဇန်နဝါရီလ ပိုင်းမှစ၍ ခရီးသွားများ လာရောက်ခြင်း မရှိတော့ဘဲ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်မှု ပိုများလာကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများလည်း ပိတ်သိမ်းမှု ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာကာ အုပ်ချုပ်ရေးမှူးများကလည်း စစ်တပ်နှင့် ပူးပေါင်း၍ ပေါ်တာဆွဲပေးမှုများ ပိုမိုများပြားလာကြောင်း၊ ထို့ပြင် ပြည်သူ့လုံခြုံရေး အဖွဲ့များလည်း ဖွဲ့စည်းများ ပိုမို လုပ်ဆောင်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။", "photo credit – သတင်းအထူးတပ်ဖွဲ့ – ပုသိမ်"]
https://yktnews.com/2023/10/127216/
ငွေသိန်းသောင်းချီ လိမ်လည်သွားသော KLFB အမည်ရှိ Online Game Application တွင် ကျေးရွာများမှ တောင်သူလယ်သမားများ၊ ပြည်သူများ၊ အခြေခံလူတန်းစားနှင့် သံဃာများ ပါ အလိမ်ခံလိုက်ရ
["ငွေသိန်းသောင်းချီ လိမ်လည်သွားသော KLFB အမည်ရှိ Online Game Application တွင် ကျေးရွာများမှ တောင်သူလယ်သမားများ၊ ပြည်သူများ၊ အခြေခံလူတန်းစားနှင့် သံဃာများ ပါ အလိမ်ခံလိုက်ရ", "KLFB Application တွင်ငွေထုတ်မရသူများ ထည့်ဝင်ထားငွေ၏ ၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာထပ်မံ ထည့်သွင်းလျှင် ငွေအကုန်ထုတ်ပေးမည်ဟု ထပ်မံ လိမ်လည် ငွေထည့်ခိုင်းပြန်", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "မြန်မာနိုင်ငံတွင် KLFB အမည်ရှိ Online Game Application တစ်ခုက ဂိမ်းကစားသူ လူပေါင်း ၅ သိန်းဝန်းကျင်ထံမှ ငွေ သိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွားနေပြီး အလိမ်ခံရသူများတွင် ကျေးရွာများမှ တောင်သူလယ်သမားများ၊ ပြည်သူများနှင့် သံဃာများ ပါ အလိမ်ခံလိုက်ရကြောင်း မင်းကွန်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။", "“ကျေးရွာတွေမှာ KLFB က အတော်ကို အလိမ်ခံလိုက်ရတယ်။ ဦးဇင်းတို့ မင်းကွင်းဘက်မယ် အိမ်ပေါင်၊ ယာပေါင်၊ လယ်ပေါင်ပြီးတော့ကို အဲဒီ KLFB ထဲကို ထည့်ကြတာ။ Application က ခိုင်းတဲ့အတိုင်း သူတို့ ဖန်တီးထားတဲ့ ဘောလုံးပွဲကို ဝင်လောင်းရတာ အရှုံးမရှိဘူး။ အနိုင်ပဲရှိတယ်။ တကယ့်ပြင်ပမှာက ဘောလုံးပွဲလောင်းရင် အနိုင် အရှုံးရှိတယ်။ အဲဒီ KLFB Application ထဲက သူတို့ ဖန်တီးထားတဲ့ ဘောလုံးပွဲတွေမှာက ကိုယ်က အနိုင်ချည်းပဲ။ ပထမတော့ ရတဲ့လူတွေလည်း ရကြတယ်။ ဥပမာ ၁၀ သိန်းထည့်တဲ့သူက သိန်း ၂၀ လောက်မြတ်သွားတယ်၊ ရသွားတယ်။ သူရသွားတာမြင်တော့ နောက်လူတွေက အကုန်လိုက်ထည့်ကြတာ။ အဲဒီမှာ သံဃာတွေလည်းမနေရဘူး။ မန္တလေးက ဦးဇင်းတို့ မိတ်ဆွေ သံဃာတွေလည်း ငွေရမလားဆိုပြီး ငွေတွေ ထည့်ကြတယ်။ ဦးဇင်းလည်း ၇ သိန်းပါသွားတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ကမှ ဦးဇင်းက ထည့်တာ။ တချို့ရွာကြီးတစ်ခုတည်းတင်ကို သိန်းကို ၇၀၀၀ ကျော်တယ်ပါသွားတာ။ လူတွေတင်မဟုတ်ဘူး ဘုန်းကြီးတွေပါ အလိမ်ခံရတာ။ မင်းကွန်းကျောင်းတိုက်တော့ အများကြီးပဲ ပါသွားတာ ” ဟု မင်းကွန်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။", "KLFB Application ကို အသုံးပြုကြရန်နှင့် ငွေရကြောင်း ဆွယ်သူများသည် ကျေးရွာများကို အဓိကထားခဲ့ကြသဖြင့် ကျေးရွာအများအပြားတွင် ယင်း Application ကို အသုံးပြုကြကြောင်း၊ အလိမ်ခံရသူများတွင်လည်း အခြေခံလူတန်းစားနှင့် ကျေးလက်ဒေသများမှ အများဆုံးဖြစ်ကြောင်း ပြောဆိုကြသည်။", "“ရှေ့ကလူတွေကတော့ ရလိုက်ကြတယ်။ ၃ သိန်းထည့်တဲ့သူတောင် ၁၀ သိန်းလောက်ရတယ်။ အဲဒါ လိုက်ဆွယ်ကြတော့။ ခေါင်းဆောင်တွေက ဂျက်နဲ့ ထွန်းလင်းဆိုလားပဲ။ အခုက ဒေါ်လာထပ်ထည့်ခိုင်းတယ်။ အခု ထုတ်မရတဲ့ငွေတွေ ထပ်ပြီး ငွေထုတ်ချင်ရင် ၁၀ ဒေါ်လာ ထည့်ရမယ်ဆိုပြီး စာပို့တယ်” ဟု ရန်ကုန်မှ KLFB Application တွင် ငွေလိမ်ခံနေရသူက ပြောဆိုသည်။", "KLFB Online Game Application တွင် နေ့စဉ် ဘောလုံးပွဲ ၃ ပွဲ ဖန်တီးထားပြီး မနက်ပိုင်း၊ မွန်းလွဲပိုင်း၊ ညပိုင်း ဘောလုံးပွဲများရှိကြောင်း၊ ဘောလုံးပွဲများတွင် ၎င်းတို့ ညွှန်ကြားသည့်အတိုင်း လောင်းရုံဖြင့်ပင် ထိုးကြေးများကို ချက်ချင်း ပြန်လည် ပေးလျှော်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ညွှန်ကြားသည့်အတိုင်း လောင်းကြေး တင်လျှင် မည်သည့်အရှုံးမှ မရှိဘဲ အနိုင်ရပြီး လျှော်ကြေးပေးခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိအချိန်အထိ KLFB Application ၏ ခေါင်းဆောင် Jack Wilson က တယ်လီဂရမ်မှတစ်ဆင့် ငွေထုတ်မရသူများကို ထည့်ဝင်ထားငွေ၏ ၅ ရာခိုင်နှုန်းကို ဒေါ်လာများ ထည့်သွင်းလျှင် ငွေထုတ်ပေးမည်ဟု တယ်လီဂရမ်သတင်းစကားများ ပေးပို့နေကြောင်း သိရှိရသည်။", "အောက်တိုဘာ ၁၃ ရက်နေ့မှ စ၍ KLFB Online Game Application အတွင်း ထည့်သွင်းထားသော Accounts များရှိ အပ်ငွေ၊ သွင်းငွေနှင့် ကစားသည့် ငွေကြေးများ အားလုံးကို ထုတ်ယူ၍ မရတော့ခြင်းဖြစ်ကြောင်း ငွေထုတ်ယူ၍ မရတော့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“တစ်သိန်းရင်းနှီးမြှုပ်နှံမယ်ဆို တစ်နေ့ကို ၃ ဒသမ ၈ ရာခိုင်နှုန်းပေးတယ်။ အရင်ကတော့ ပိုက်ဆံထုတ်လို့ရတယ်။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က စပြီးတော့ ပိုက်ဆံထုတ်လို့မရဖြစ်နေတာ။ Game နဲ့ ဘောလုံးလောင်းခိုင်းတယ်။ Telegram မှာ Group လုပ်ထားတယ်။ သူတို့ပြောတဲ့ နံပါတ်ကို လောင်းပေးရတယ်။ အရှုံးမရှိဘူး။ အခု ဘာပြောလဲဆိုတော့ ကိုယ့်အကောင့်ထဲမှာ ပိုက်ဆံ ၁၀ သိန်းရှိရင် ၁၀ ရဲ့ ၅ ရာခိုင်နှုန်း ပြန်ထည့်ပေးမှ ကိုယ့်အကောင့်က ပိုက်ဆံထုတ်လို့ရမယ်။ အချိန် ၄၈ နာရီပေးထားတယ်။ ၄၈ နာရီအတွင်းမှ မထည့်ရင် အကောင့်ပိတ်လိုက်မယ်လို့ ပြောတယ်” ဟု KLFB App တွင် ငွေသွင်းထားသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အဆိုပါ KLFB Application တွင် အသုံးပြုသူများသည် KBZ အကောင့်များကိုသာ အသုံးပြု၍ ငွေသွင်း ငွေထုတ်ပြုလုပ်ရပြီး အဆိုပါ KBZ အကောင့်များမှာ အကောင့်အမျိုးမျိုးပြောင်းလဲနေကြောင်း သိရှိရသည်။", "“တချို့လူတွေက ပြောကြတယ်။ KBZ ဘဏ်က ဒီ ဂိမ်းနဲ့ ဆက်စပ်နေတာ။ ပိုက်ဆံက KBZ Pay နဲ့ KBZ Special Account နဲ့ပဲ ထည့်ခိုင်းတယ်။ တခြားဘဏ်နဲ့ ထည့်လို့လည်း မရဘူး။ ထုတ်လို့လည်း မရဘူး” ဟု KLFB Application တွင် ငွေလိမ်ခံရသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "KLFB Application တွင် KBZ အကောင့်အမျိုးမျိုးအသုံးပြု၍ ငွေကြေးလိမ်လည်သူများ၏ အကောင့်များကို KLFB App အသုံးပြုသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပေးပို့ထားပြီး အဆိုပါ KBZ အကောင့်များမှာ –", "1. 09789965868 La Min", "2. 09989241634 Maung myat ko ko myint", "3. 09759642889 AUNG SU MAY", "4. 09790778479 May Ei Soe", "5. 09784116382 Khin Myo Tint", "6. 09788750637 Daw Myint Yi", "7. 09755591457 Khaing mar win", "8. 09795682610 Khin Maung Aye", "9. 09754551448 Hla Htay Myint", "10. 09796276382 Ma Khin.saw maw", "11.09792767794 Ma Thant Thant Aung", "12. 09770578699 Ei Ei Hlaing", "13.09784140219 San Dar Moe", "14. 09766197901 Nay Myo Zaw", "15.09757344973 U Tun Win", "16. 09772950218 Ma Khaing", "17. 09757089227 Win Nu War", "18. 09782803051 Aye Kyi Ma", "19.09668276258 Ja Tawng Nue", "20. 09768498054 Daw Phyu Phyu Win", "21. 09775991554 Daw Nyo Khaing", "22.09674884553 U Than Htwe Oo", "23. 09758142480 May Thu zaw", "24. 09784872596 Mg kan win", "25. 09754002767 Ma Shwe Ya Hmong Thaw", "26. 09784851667 Thwe Thwe Soe", "27.09771699627 Tin Maung Oo", "28.09784866882 Ma San Maw", "29.09784892642 Khin Than Htay", "30.09267090688 U Yaw Na Than kbz bank Ac – 00851100802751901", "31.00830100802751901 ,Phone Myint Kyaw 02151102106983201", "32. 02130102106983201 ,Hla Theingi Win 00951100902040401", "33. 00930100902040401, Daw Khin Aye Chan", "စသည့်အကောင့်များ ဖြစ်ကြပြီး အဆိုပါ အကောင့်များအပြင် အခြားအကောင့်များလည်း ရှိသေးကြောင်း သိရှိရသည်။", "KLFB Application ကို ထိန်းချုပ်ထားသူများမှာ မည်သူများဖြစ်သည်ကို အဆိုပါ Application သုံးစွဲသူများ မသိရှိကြဘဲ လောက်ကိုင်မြို့တွင် အခြေစိုက်ထားသည်ဟုသာ ကြားသိရပြီး လတ်တလောတွင် ထိုင်းနိုင်ငံ နယ်စပ်သို့ ထွက်ပြေးသွားသည်ဟူ၍လည်း ကြားသိရကြောင်း KLFB Application သုံးစွဲသူများက ပြောကြားသည်။", "KLFB သုံးစွဲသူများအနေနှင့် ငွေကြေးလိမ်လည်သွားသူများ၏ KBZ အကောင့်နှင့် KPay များကို ၎င်းတို့ ငွေထုတ်၍ မပြေးမီ အမြန်ဆုံး ပိတ်ပေးစေလိုကြောင်း၊ KBZ ဘဏ်၏ တရားဝင်ဘဏ်စာမျက်နှာသို့ KLFB နှင့် ပတ်သက်၍ စာပို့မေးမြန်းသော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဘဲ သတိထားရန်သာ ပြန်လည်ဖြေကြားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/181251/
စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်
["စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆေးဝါးအပါအဝင် ပြည်ပ သွင်းကုန် များအတွက် စစ်ကောင်စီက ဒေါ်လာ ရောင်းမပေးတော့ဘဲ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို လုပ်ငန်းရှင်များက ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်", "ရန်ကုန်၊ ဩဂုတ် ၃၁", "အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစ တင် ၍ ဆေးဝါးအပါအဝင် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာရောင်းမပေးတော့ဘဲ စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာများကို ဝယ်ယူ တင်သွင်းရမည့် စနစ်သစ် စတင်မည်ဖြစ် ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။", "စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ အစည်း အဝေး အမှတ်စဉ် ၆၆/၂၀၂၄ တွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းစနစ်သစ်က သွင်းကုန်အားလုံးအပေါ် သက် ရောက် မှုရှိကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ သွင်းကုန် လိုင်စင်များကို ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဩဂုတ်လအထိ လျှောက်ထားသော သွင်းကုန်လိုင်စင်လျှောက်လွှာများကိုလည်း ပယ်ဖျက်လိုက်ကြောင်း သိရှိရသည်။", "“ဆေးဝါးတင်မဟုတ်ပါဘူး။ သွင်းကုန်တော်တော်များများ အဲဒီစနစ် အတိုင်း သွားမယ်။ ပို့ကုန်ရငွေ တင်ပြမှပဲ သွင်းကုန်လိုင် စင် ခွင့်ပြုပေးမယ်။ စက်သုံးဆီနဲ့ စားအုန်းဆီလို အရေး ကြီး သွင်း ကုန်ကတော့ ခြွင်းချက်ရှိပါတယ်” ဟု စီးပွားရေး နှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဌာန သတင်းရင်းမြစ်က ရှင်းပြ သည်။", "လက်ရှိတွင် အဆိုပါ စနစ်သစ်အရ ဆေးဝါးကုမ္ပဏီ ၁၁၆ ခုက လျှောက်ထားသော ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန် ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စိစစ် ပယ်ဖျက်လိုက်ပြီး စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် လျှောက် ထားရမည်ဖြစ်ကြောင်း၊ ပို့ကုန်ရငွေ တင်ပြမှသာ လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။", "“ခေတ်ကတော့ အရင် ဦးသန်းရွှေလက်ထက်တုန်းက ခေတ်လိုပြန် ဖြစ်သွားတာ။ သွင်းကုန်တင်သွင်းဖို့ ပို့ကုန်ရငွေ (Export Earing)ကို လိုက်ရှာဝယ်ပေါ့။ အရွက်စျေးထက် Earning က စျေးပိုရတာမျိုးဖြစ်ခဲ့တယ် အရင်ခေတ်က။ ခေတ်နောက်ပြန် ဆွဲတာပေါ့။ သမိုင်းတစ်ပတ်လည်တာပေါ့” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လတ်တလော စက်သုံးဆီလုပ်ငန်းရှင်များထံသို့စစ်ကောင်စီက ဒေါ်လာရောင်း ချပေးမှုကို အကန့်အသတ်ဖြင့် ပြန်လည် လုပ်ဆောင်နေပြီး လိုအပ်သမျှ ဒေါ် လာ ကို စစ်ကောင်စီဗဟိုဘဏ်ထံမှ ဝယ်ယူရရှိခြင်းမရှိတော့ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ပြောဆိုကြသည်။", "စစ်ကောင်စီက စတင်လိုက်သည့် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ဖြင့်သာ သွင်း ကုန် တင်သွင်းရသည့်စနစ်သစ်ကြောင့် ပြည်တွင်းတွင် ဆေးဝါး အပါအဝင် သွင်း ကုန်များ ရှားပါးလာမည်ဖြစ်ကြောင်း UMFCCI မှ စီးပွားရေး အသိုင်းအ၀ိုင်း က သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2023/03/94383/
စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက် မီးစက်၊ လုပ်ငန်းများ လည်ပတ်ရေး စက်သုံးဆီဝယ်ယူရာတွင် သက်ဆိုင်ရာ၏ ထောက်ခံချက် ပါရှိမှသာ ဝယ်ယူနိုင်
["စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက် မီးစက်၊ လုပ်ငန်းများ လည်ပတ်ရေး စက်သုံးဆီဝယ်ယူရာတွင် သက်ဆိုင်ရာ၏ ထောက်ခံချက် ပါရှိမှသာ ဝယ်ယူနိုင်", "စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုများကို အကြီးအကျယ် စတင်လျှော့ချသဖြင့် ဒီဇယ်ဆီ ပြတ်လပ်မှုများ စတင်ဖြစ်ပေါ်လာ", "ရန်ကုန်၊ မတ် ၂၇", "စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက် မီးစက်၊ လုပ်ငန်းများ လည်ပတ်ရေး စက်သုံးဆီဝယ်ယူရာတွင် သက်ဆိုင်ရာ၏ ထောက်ခံချက် ပါရှိမှသာ ဝယ်ယူနိုင်ပြီး သတ်မှတ်ပေးထားသည့် စက်သုံးဆီ အရောင်းဆိုင်များတွင်သာ ဝယ်ယူနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင် အသိုင်းအ၀ိုင်းမှ သိရှိရသည်။", "စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန် မပေးသည့်အတွက် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လုပ်ငန်းများလည်ပတ်ရန်၊ မီးစက်အသုံးပြုရသည့် ဆိုင်များ လုပ်ငန်းများတွင်လည်း စက်သုံးဆီများ ဝယ်ယူအသုံးပြုနေရကြောင်း၊ ယခုအခါ စက်သုံးဆီ ဝယ်ယူရေးအတွက်သက်ဆိုင်ရာ၏ ထောက်ခံချက်များ တင်ပြမှသာလျှင် စက်သုံးဆီ ဝယ်ယူနိုင်မည်ဟု စည်းကမ်းသတ်မှတ်ထားသဖြင့် သက်ဆိုင်ရာ စက်မှုဇုန်များ၏ ထောက်ခံများ တင်ပြရကြောင်း၊ စက်သုံးဆီများ ဝယ်ယူရာတွင်လည်း စစ်ကောင်စီက သတ်မှတ်ပေးထားသည့် ဆိုင်များတွင်သာ ဝယ်ယူနိုင်ကြောင်း သိရှိရသည်။", "“အလုပ်ရုံ၊ စက်ရုံတွေလည်း ဇုန်ကော်မတီတွေရဲ့ ထောက်ခံချက်တွေနဲ့ စက်သုံးဆီ ဝယ်လို့ရတယ်။ အခြေအနေက စိတ်ပျက်စရာ မြန်မာပြည်ဖြစ်နေပြီ။ ခွေးပုအုပ်ချုပ်မှ အခုလိုတွေဖြစ်လာတာ။ စက်ရုံတွေ ဝယ်ရမယ့် ဆိုင်တွေက တကယ့် ခရိုနီ ဘောမ ဆိုင်တွေကြီးပါ” ဟု စက်သုံးဆီလုပ်ငန်းအသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောသည်။", "အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုများကို အကြီးအကျယ်လျှော့ချလိုက်ပြီး လက်ရှိတွင် ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်များ စတင်ပြတ်လပ်နေကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၉ ရက်နေ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံ တကာတွင် စက်သုံးဆီစျေးတက်နေကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး နှင့် အသုံးစရိတ် မြင့်မားမှု ရှောင်ရှားစေရေး အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချသုံးစွဲရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုများကို အကြီးအကျယ်လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဓာတ်ဆီ ဒီဇယ်တွေ လာမယ့်ကာလအတွင်း အခြေနေဆိုးမယ်။ ပြတ်လပ်မယ်ဆိုတာ လုပ်ငန်းကြီး သမားတွေကိုယ်တိုင်ပြောနေကြပြီ။ ပဲခူးဘက်တွေမှာ ဒီဇယ်က ရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်။ အခြားပြည်နယ်၊ တိုင်းတွေမှာလည်း ဒီဇယ်ဆီက မရတာကများတယ်။ ရရင်လည်း ပေါက်စျေးမဟုတ်ဘဲ စျေးကြီး ပေးဝယ်နေရတယ်။ ဒီဇယ်ကတော့ အဓိက လုပ်ငန်းသုံးတာပါ” ဟု ဆီသမားတစ်ဦးက ဆိုသည်။", "မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော်ဖိုး စက်သုံးဆီများ တင်သွင်းသွင်းခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် မော်တော် ကားစီရေ ၁ သန်းကျော်(ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁,၁၄၀,၀၀၀ ကျော်) နှင့် ဆိုင်ကယ်စီးရေ ၆ သန်း (မော်တော်ဆိုင်ကယ် စုစုပေါင်း ၆, ၄၅၀,၀၀၀ ကျော်) ရှိကြောင်း ၊ ပုဂ္ဂလိကစက်ရုံ၊ မီးစက်၊ အခြားသော ကုန်ထုတ်လုပ်ရေး လုပ်ငန်း သိန်းချီရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲခန့် တန်ဖိုးရှိ စက်သုံးဆီများ မဖြစ်မနေ တင်သွင်းရန် လိုအပ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/137413/
စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသော စစ်ကောင်စီက ပို့ကုန်ရငွေကို စစ်တပ်ထံသို့ အမြန်ဆုံးပေးသွင်းရန် ပို့ကုန်ကုမ္ပဏီများကို ထပ်မံ ဖိအားပေး
["စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသော စစ်ကောင်စီက ပို့ကုန်ရငွေကို စစ်တပ်ထံသို့ အမြန်ဆုံးပေးသွင်းရန် ပို့ကုန်ကုမ္ပဏီများကို ထပ်မံ ဖိအားပေး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းရန် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသော စစ်ကောင်စီက ပို့ကုန်ရငွေကို စစ်တပ်ဘဏ်များထံသို့ အမြန်ဆုံးပေးသွင်းရန် ပို့ကုန်ကုမ္ပဏီများကို ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရ အမေရိကန်ဒေါ်လာငွေများကို ယခင်က ပြည်တွင်းရှိ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက်အတွင်းလည်းကောင်း ၊ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရငွေများကို ရက်ပေါင်း ၉၀ အတွင်း ပြည်တွင်းဘဏ်ငွေစာရင်းများသို့ ပြန်လည် ထည့်သွင်းရန် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။", "ယခုအခါတွင်မူ စစ်ကောင်စီ၏ ဗဟိုဘဏ်ကအာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရ အမေရိကန်ဒေါ်လာငွေများကို ပြည်တွင်းရှိ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့သည့်နေ့မှ ၃၀ ရက်အတွင်းလည်းကောင်း ၊ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရငွေများကို ရက်ပေါင်း ၆၀ အတွင်း ပြည်တွင်းဘဏ်ငွေစာရင်းများသို့ ပြန်လည် ထည့်သွင်းရန် ပြင်ဆင် သတ်မှတ်လိုက်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိလျှင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့က ပြင်ဆင်သတ်မှတ်ခဲ့သည်။", "“အခု စက်သုံးဆီက ဒေါ်လာအတော်ကို ကျပ်နေတ ယ်။ အဲဒါကြောင့် ပို့ကုန်ရငွေတွေ မြန်မြန်ပြန်ဝင်မှ ဒီဘက်က စက်သုံးဆီ ဝယ်လို့ရမယ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတာ။ အဲဒါကြောင့် ပို့ကုန်ရငွေတွေ ပြည်တွင်းဘဏ်တွေဆီ မြန်မြန်ပြန်လွှဲခိုင်းနေတာ။ အခု ပြည်တွင်းမှာ စက်သုံးဆီသင်္ဘောတွေ တောက်လျှောက်ဝင်နေပေမယ့် ဒေါ်လာမရှိတော့ စက်သုံးဆီက မလုံလောက်တဲ့ ပြဿနာဖြစ်နေတယ်” ဟု စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းအသိုင်းအ၀ိုင်းနှင့်နီးစပ်သော စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် စက်သုံးဆီများ ရလိုက်၊ မရလိုက်ဖြင့် အဆင်ပြေခြင်းမရှိဘဲ စက်ရုံ အလုပ်ရုံများ၊ ယာဉ်များ တန်းစီစနစ်ဖြင့် ဝယ်ယူနေရကြောင်း သိရှိရသည်။", "အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာမူ တစ်ဒေါ်လာလျှင် ကျပ်ငွေ ၃၅၀၀ ကျပ်ဝန်းကျင်တွင်ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/136738/
စက်သုံးဆီခွဲတမ်း PO ကို ၃ ရက်အတွင်း ထုတ်ယူရန် စစ်တပ်က သတ်မှတ်မှု ဆီဆိုင်များ ဆီထုတ်မရတော့ ၊ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ဟု ကုမ္ပဏီတချို့က တင်ပြထား
["စက်သုံးဆီခွဲတမ်း PO ကို ၃ ရက်အတွင်း ထုတ်ယူရန် စစ်တပ်က သတ်မှတ်မှု ဆီဆိုင်များ ဆီထုတ်မရတော့ ၊ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ဟု ကုမ္ပဏီတချို့က တင်ပြထား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ရန်ကုန် သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီခွဲတမ်း (Purchase Order-PO) ကို ဒီဇင် ဘာလ ၂၀ ရက်နေ့မှစတင်၍ ၃ ရက်အတွင်း ထုတ်ယူရမည်ဟု စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်သဖြင့် ဆီထုတ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်ပြီး အချိန်မီ ဆီမထုတ်နိုင်သဖြင့် နယ်ဆီဆိုင်များနှင့် ရန်ကုန်ဆီဆိုင်များ ဆီပြတ် လပ်မှုများ ဖြစ်ပေါ်လာနေကြောင်းဆီလုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်၍ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက Normal Purchase Order-PO များကို ပျှမ်းမျှ ၃ ရက်အတွင်း အပြီး ဆီထုတ်ယူရမည်ဖြစ်ကြောင်း၊ ဆီမထုတ်ယူနိုင်လျှင် အဆိုပါ ဆီခွဲတမ်း PO များကို ပယ်ဖျက်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။", "“နယ်ဆီသမားတွေက ဆီဘောက်ဆာနဲ့ ဆီထုတ်ဖို့အတွက် တန်းစီရတယ်။ အဲဒီမှာတင် ၃ ရက်က အသာလေးပဲ။ အခု ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဦး စားပေး ၃ မြို့ပြီးမှ နယ်တွေက ဆီရတာ။ နောက်တစ်ခါ ဆီခွဲတမ်းကို ဝယ်ပြီးရင်လည်း နယ်တွေဆီ တစ်ခါတည်း သယ်သွားလို့မရဘူး။ ဆီသယ်ယူခွင့် ထောက် ခံချက် မျောစာ ထုတ်ရတယ်။ အဲဒါမပါရင်လည်း နယ်တွေကို သယ်ခွင့်မပေးဘူး။ အဲဒီတော့ အခု ဆီခွဲတမ်း PO ကို ၃ ရက်ပဲပေးတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ၃ ရက်အတွင်း မထုတ်ရင် ဆီခွဲတမ်း ပယ်ဖျက်တော့ နယ်တွေမှာ ဆီက ပြတ်ပြီးရင်း ပြတ်ပဲ ဖြစ်နေတယ်” ဟု နယ်ဆီလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။", "အခြားနယ်ဆီသမားတစ်ဦးကလည်း “PO သက်တမ်း ၃ ရက်ဆိုရင် ရေရှည်မှာ လုံးဝ အချိန်မမီနိုင်ဘူး။ PO တွေ cancel ဖြစ်လာမှာပဲ။ နယ်ဆိုင်တွေကို ဒီလိုမျိုးဖြစ်အောင်လို့ တမင်လုပ်နေတာလားလို့တောင် ထင်မိပါတယ်။ PO တွေကို တမင် Cancel ဖြစ်အောင် လုပ်နေတာ” ဟု သုံးသပ်ပြောဆိုသည်။", "နယ်ဆီဆိုင်များသာမက ရန်ကုန်ရှိ ဆီဆိုင်များကလည်း ဆီခွဲတမ်း PO ကို ၃ ရက်အတွင်း ထုတ်ယူခိုင်းသည့် အပြောင်းအလဲ သတ်မှတ်မှုသည် အဆင်မပြေကြောင်း၊ ရန်ကုန်မှ စက်သုံးဆီရောင်းချနေသည့် နာမည်ကျော်ကုမ္ပဏီက 92 ဓာတ်ဆီလီတာ ၁ သန်းကျော် သတ်မှတ်အချိန်အတွင်း အချိန်မီ မထုတ်ယူနိုင်သဖြင့် ဆီပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအနေ ဖြင့် ဖြေရှင်းပေးရန် ယနေ့တွင် တင်ပြထားကြောင်း သိရှိရသည်။", "“အခုက ဖြစ်နေတာက စက်သုံးဆီ လုံလုံလောက်လောက် မရှိတာကို စစ်ကောင် စီက ဝန်မခံတာ။ ဆီခွဲတမ်း Po သက် တမ်း ၃ ရက်ပဲပေးပြီး နယ်တွေ ဆီမရောက်အောင် လုပ်တာက အစ။ ပြဿနာအရင်း အမြစ်က ဆီလုံလုံလောက်လောက် မသွင်းနိုင်တာ။ အဲဒါကို လှည့်ပတ်ပြီး ကျပ်နေတာ”ဟု ရန်ကုန်စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ စစ်ကောင်စီက ဆီတင်သွင်းသူများ အပါအဝင် သွင်းကုန်တင်သွင်းသူများကို ဒေါ်လာ ရောင်းချမပေးတော့ဘဲ မိမိအစီအစဉ်ဖြင့် ဝယ်ယူရန်၊ စျေးကွက်တွင် အမေရိကန်ဒေါ်လာကို စျေးကွက် ဝယ်လိုအားနှင့်ရောင်းလိုအားပေါ်မူတည်၍ စျေးကွက်ပေါက်စျေးဖြင့် ရောင်းဝယ်ကြရန် ညွှန် ကြားချက် ထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2024/08/179407/
စက်သုံးဆီစျေးနှုန်းများ ဒုတိယအကြိမ် ထပ်မံမြင့်တက်သွားပြီး ကားများ ဆီရရှိရန် ညအိပ် တန်းစီဝယ်ယူနေရဆဲဖြစ်ကာ ဆီပြဿနာ မပြေလည်သေး
["စက်သုံးဆီစျေးနှုန်းများ ဒုတိယအကြိမ် ထပ်မံမြင့်တက်သွားပြီး ကားများ ဆီရရှိရန် ညအိပ် တန်းစီဝယ်ယူနေရဆဲဖြစ်ကာ ဆီပြဿနာ မပြေလည်သေး", "ရန်ကုန်၊ ဩဂုတ် ၁၈", "မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ စက်သုံးဆီစျေးနှုန်းများ ဒုတိယအကြိမ်အဖြစ် မြင့်တက်သွားပြီး ဆီလိုသလောက် ဝယ်ယူမရသေးဘဲ ညအိပ် တန်းစီ ဝယ်ယူနေရဆဲဖြစ်ကြောင်း ရန်ကုန်မှ ကားသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယနေ့ဩဂုတ်လ ၁၈ ရက်နေ့တွင် 92 ဓာတ်ဆီစျေးနှုန်းမှာ တစ်လီတာလျှင် ငွေကျပ် ၉၀ တက်သွားပြီး ယခုအခါ 92ဓာတ်ဆီ တစ်လီတာလျှင်ငွေကျပ် ၂၉၉၀ ကျပ်၊ 95 ဓာတ်ဆီမှာမူ တစ်လီတာလျှင် ၉၅ ကျပ်တက်သွားပြီး ယခုအခါ 95 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၁၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး စျေးနှုန်းမှာမူ တစ်လီတာလျှင် ငွေကျပ် ၆၀ ကျပ်တက်သွားပြီး တစ်လီတာလျှင် ၂၆၂၀ ကျပ်၊ ဒီဇယ်အသန့် တစ်လီတာလျှင် ငွေကျပ် ၉၅ ကျပ်တက်သွားပြီး တစ်လီတာလျှင် ငွေကျပ် ၃၂၁၀ ကျပ်ရှိကြောင်း သိရှိရသည်။", "ဩဂုတ်လ ၁၆ ရက်နေ့ ပထမအကြိမ်အဖြစ် စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့ရာတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၁၅၀ ကျပ် ၊ 95 တစ်လီတာလျှင် ၁၅၅ ကျပ် ၊ ဒီဇယ်က ရိုးရိုး တစ်လီတာလျှင် ၁၁၀ ကျပ် ၊ ဒီဇယ်အသန့် တစ်လီတာလျှင် ၁၇၀ ကျပ်စျေးနှုန်းများ အသီးသီးမြင့်တက်ခဲ့သည်။", "“ဒီနေ့လည်း ဆီစျေးတွေ ထပ်တက်တယ်။ ဆီကအရမ်းကြီးတော့ အဆင်မပြေသေးဘူး။ တန်းစီနိုင်ရင်တော့ ရတယ်ပြောရမယ်။ ဆီစျေးတွေတက်တော့ သယ်ယူပို့ဆောင်ရေးတွေလည်း စျေးတွေ တအားထိုးတက်နေတယ်” ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။", "လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများအားလုံးတွင် စက်သုံးဆီ ပြဿနာမှာ ပြေလည်ခြင်းမရှိသေးဘဲ ဆက်လက် ဆိုးရွာစွာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး စက်သုံးဆီ ပြတ်လပ်မှု ပြဿနာများကြုံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/122404/
စက်သုံးဆီစျေးများ မြင့်တက်ပြီး ဆီတင်သွင်းရန် ဒေါ်လာလိုအပ်ချက် များပြား လာချိန် ဆီတင်သွင်းလိုသည့် ပုံစံ ကုမ္ပဏီများထံမှ သဘောထားမှတ်ချက် တောင်းခံ
["စက်သုံးဆီစျေးများ မြင့်တက်ပြီး ဆီတင်သွင်းရန် ဒေါ်လာလိုအပ်ချက် များပြား လာချိန် ဆီတင်သွင်းလိုသည့် ပုံစံ ကုမ္ပဏီများထံမှ သဘောထားမှတ်ချက် တောင်းခံ", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်ပြီး ဆီတင်သွင်းရန် ဒေါ်လာ လိုအပ်ချက် များပြားနေချိန်တွင် ကုမ္ပဏီများထံမှ စက်သုံးဆီ တင် သွင်းလိုသည့်ပုံစံကို သဘောထားမှတ်ချက် စစ်တပ်ဘက်က တောင်းခံနေ ကြောင်း သိရှိရ သည်။", "အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက ဆီတင်သွင်းသည့်ကုမ္ပဏီမျာအားလုံးအနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွက် ထပ်မံ တင်သွင်းရမည့် လိုအပ်သော စက်သုံးဆီများအတွက် တင်သွင်းလိုသည့်ပုံစံနှင့်ပတ်သက်၍ သဘောထား မှတ်ချက် တောင်း ခံ လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဆီတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် တင်သွင်းလိုသည့် ပုံစံကို မူရင်း Quota ၏ ရာခိုင်နှုန်းအလိုက် ခွဲဝေမှုကို သဘောတူခြင်း၊ လိုအပ်ဆီအပေါ် အချိုးကျ ခွဲဝေမှုကို သဘောတူခြင်း၊ လိုအပ်ဆီကို ဦးစားပေးအဆင့်အလိုက် ခွဲဝေမှုကို သဘောတူခြင်း၊ မည်သည့်အချက်မဆို သဘောတူခြင်း တို့အနက်မှ သဘော ထားမှတ်ချက်တစ်ခုကို ရွေးချယ်ပေးရမည်ဟု သိရှိရသည်။", "“ဒီစာရဲ့သဘောကတော့ ကုမ္ပဏီကြီးတွေကပဲ သူတို့ ဆိုင်တွေ ဆီရရှိရေးပဲ။ တစ်ပိုင်တစ်နိုင်ဆိုင်တွေတော့ နာတာပေါ့” ဟု စက်သုံးဆီလုပ်ငန်းရှင် သတင်း ရင်းမြစ်က ဆိုသည်။", "ရန်ကုန်စီးပွားရေးသမားတစ်ဦးကမူ လတ်တလော စစ်ကောင်စီထံတွင် စက်သုံးဆီ အပါအဝင် အရေးကြီးလိုအပ်သော သွင်းကုန်များ တင်သွင်းရန် ဒေါ်လာ လိုအပ်ချက် ကြီးမားစွာရှိနေကြောင်း၊ ဒေါ်လာလိုအပ်ချက်ကြောင့် စျေးနှုန်းများမြင့်တက်လာခြင်းကို ရှောင်လွဲရန် ဖမ်းဆီး အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်ခြင်းဖြင့် စျေးကွက်တစ်ခုလုံးကို ထိန်းချုပ် ချုပ်ကိုင် ထားကြောင်း၊ စစ်ကောင်စီက စက်သုံးဆီ စျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း ၎င်း၏ လက်ထဲတွင် သွင်းကုန်များ တင်သွင်းရန် ဒေါ်လာ ၃ လစာဝန်းကျင်သာရှိသဖြင့် ရေရှည်တွင် သွင်းကုန် များ၏ စျေးနှုန်းများကို ထိန်းချုပ်ထားရန် အလွန်ခက်ခဲကြောင်း ပြောဆိုသည်။", "“NLD အစိုးရလက်ထက်တုန်းက ကိုယ့်မယ် ဒေါ်လာရှိရင် စက်သုံးဆီသွင်းတာ ကြိုက်သလောက် သွင်း၊ ကြိုက်သလိုရောင်း။ အပြိုင်အဆိုင် ကုမ္ပဏီတွေက တင်သွင်းရောင်းခွင့်ရခဲ့တယ်။ အခုက စကစက သူ့မှာ ဒေါ်လာ နည်းလာတာ၊ ပိတ်ဆို့ခံရတာတွေကြောင့် ရေရှည်အတွက် စိုးရိမ်တကြီးဖြစ်လာတာကြောင့်", "ဒေါ်လာသုံးရမယ့်၊ ကုန်မယ့် လမ်းတွေကို ပိတ်ဆို့ပြီး အရေးကြီးသွင်းကုန် လောက်ပဲ တင်သွင်းခွင့်ပြုတာ။ အရေးကြီးသွင်းကုန်တွေ တင်သွင်းတာတောင် ခွဲတမ်း အချိုးကျ ခွင့်ပြုတာ။ သွင်းကုန်တွေ အရမ်းထိန်းချုပ်ပြီးတော့ ပြည်တွင်းမှာ သွင်းကုန်တွေကို ခွဲတမ်းနဲ့ပြန်ပေးနေတာ။ အရင်ခေတ်ကလို ကားတစ်စီး တစ်နေ့ကို ဆီ ၂ ဂါလံပဲ ဆီစာအုပ်နဲ့ ထုတ်ရမယ်ဆိုတာမျိုးအထိ ဖြစ်လာမယ့် အခြေအနေကို သွားနေပါတယ်”ဟု ရန်ကုန်စီးပွားရေးသမားက သုံးသပ် ပြောဆိုသည်။", "စစ်ကောင်စီက လက်ရှိတွင် စက်သုံးဆီ လုပ်ငန်းရှင်တချို့ ၊ စီးပွားရေးသမား များ၊ စစ်ကောင်စီဘက်မှ အရာရှိတချို့ကို ဒေါ်လာစျေးကစားမှု၊ သွင်းကုန် တင် သွင်း မှု ဆိုင်ရာ လာဘ်ပေးလာဘ်ယူ သံသယအမှုများဖြင့် စစ်ဆေးစုံစမ်းမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/179520/
စက်သုံးဆီဆိုင်တိုင်းတွင် စစ်ဘက်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဦးစားပေး အရန်ဆီများ ချန်ထားရန် စစ်ကောင်စီက ညွှန်ကြား
["စက်သုံးဆီဆိုင်တိုင်းတွင် စစ်ဘက်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဦးစားပေး အရန်ဆီများ ချန်ထားရန် စစ်ကောင်စီက ညွှန်ကြား", "ရန်ကုန်၊ ဩဂုတ် ၁၉", "နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီဆိုင်တိုင်းတွင် စစ်ဘက်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဦးစားပေး အရန်ဆီများ ချန်ထားပေးရန် စစ်ကောင်စီက ညွှန်ကြားမှုများရှိနေကြောင်း စက်သုံးဆီဆိုင်တချို့မှ အရောင်းဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်သုံးဆီများတွင် ဆီရှိသည်ဖြစ်စေ၊ ဆီများ ပြတ်လည်နေသည့်အချိန်တွင်ဖြစ်စေ စစ်ဘက်၊ ရဲနှင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဦးစားပေး စက်သုံးဆီတချို့ကို မဖြစ်မနေ ချန်ထားရမည်ဖြစ်ကြောင်း၊ ယင်းဆီများကို ဌာနဆိုင်ရာကားများ၊ စစ်ဘက်နှင့်ရဲကားများ လာရောက် ဆီထည့်ချိန်တွင် ဦးစားပေးအဖြစ် ရောင်းချပေးရမည်ဖြစ်ကြောင်း သိရှိရသည်။", "“ဦးစားပေးချန်ခိုင်းတဲ့ ဆီပမာဏကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင်မတူဘူး။ စက်သုံးဆီဆိုင်တွေမှာ သူတို့ ယူတဲ့ဆီပမာဏအလိုက် များရင် များသလို ၊ နည်းရင် နည်းသလို ဦးစားပေးချန်ပေးရတယ်။ ဥပမာ- တချို့ဆိုင်တွေမှာ ဆီလီတာ ၂၀၀ လောက် စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာအတွက် ချန်ပေးရတယ်။ တချို့ဆိုင်တွေမှာတော့ ဆီလီတာ ၅၀၀ လောက်ဦးစားပေး မရောင်းဘဲ ချန်ထားပေးရတယ်” ဟု ဆီဆိုင်အရောင်းမန်နေဂျာတစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာစျေးနှုန်းနှင့်စက်သုံးဆီစျေးနှုန်းများကို ထိန်းချုပ်ထားမှုကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုများ မကြာခဏဆိုသလိုဖြစ်ပေါ်လေ့ရှိနေပြီး အာဏာသိမ်းရန် ကြိုးစားသည့် ၃ နှစ်ကျော်ကာလအတွင်း ၄ ကြိမ်ထက်မနည်း ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/187506/
စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည်
["စက်သုံးဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချ၊ စမတ်ကတ်ဖြင့် စက်သုံးဆီ ဝယ်ယူရမည့်စနစ် စတင်ပြီးလျှင် ဆီတင်သွင်းမှုများကို စစ်ကောင်စီက အကြီးအကျယ် လျှော့ချမည်", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရန် ဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။", "လာမည့်လအနည်းငယ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စမတ်ကတ်များဖြင့် စက်သုံးဆီများ ရောင်းချရန် စစ်ကောင်စီနှင့် စက်သုံးဆီအသင်းတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အဆိုပါ စမတ်ကတ်များကို ဆီဆိုင်များတွင် အသုံးပြုရန် စမတ်ကတ်ဖတ်စက်များ၊ နည်းပညာနှင့် Software များကိုလည်း မဝယ်မနေရ ရောင်းချ တပ်ဆင်ခိုင်းနေကြောင်း သိရှိရသည်။", "“အရင်တစ်ခေါက်တုန်းကလည်း Real time PO နဲ့ Normal PO သိရအောင်ဆိုပြီး RT Software တွေ တပ်ခိုင်းတယ်။ သိန်းရာချီ ဆိုင်တွေက ပေးရတာ။ အခု တစ်ခါ စမတ်ကတ်နဲ့ ဆီရောင်းဖို့ စမတ်ကတ် ဖတ်စက်၊ နည်းပညာနဲ့ Software တွေ တပ်ရမယ်ပြောတယ်။ အရင်တစ်ခေါက်ကတော့ ဒေါက်တာဝင်းမြင့် မြတ်မေတ္တာမွန်က ရောင်းတာ။ အခုလည်း သူပါပဲ။ ဘိုးတော်ကတော့ ထောပြီးရင်ထောပေါ့” ဟု စက်သုံးဆီအသင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "စက်သုံးဆီများကို စမတ်ကတ်ဖြင့် ရောင်းချမှု စတင်ပါက အမှန်တကယ် မော်တော်ယာဉ်များက အသုံးပြုနေသည့် နေ့စဉ် ဆီပမာဏကို သိရှိမည်ဖြစ်ပြီး တစ်နေ့လျှင် တစ်ကြိမ်သာ ဆီဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ လအနည်းငယ်အတွင်း မော်တော်ယာဉ်အရေအတွက်၏ တစ်နေ့တစ်ကြိမ်သာ ရောင်းချမည့် စက်သုံးဆီပမာဏကို အတိအကျသိရှိကာ စက်သုံးဆီတင်သွင်းမှုကို လိုအပ်သည့်ပမာဏအတိုင်းသာ တင်သွင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီတင်သွင်းမှု ပမာဏ လျှော့ကျသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "“စမတ်ကတ်နဲ့ တစ်နေ့တစ်ကြိမ် ကားတွေကို ဆီအပြည့်ရောင်းပေးပြီးတဲ့အခါမှာ လိုအပ်တဲ့ စက်သုံးဆီလိုအပ်ချက် ဘယ်လောက်ဆိုတာ အတိအကျ ထွက်လာမယ်။ အဲဒီကျရင်တော့ ဆီလိုအပ်တဲ့ပမာဏကိုလည်း အတိအကျသိတော့ ကားတွေလည်း ဆီမပြတ်၊ နိုင်ငံတော်လည်း ဒေါ်လာတွေ မကုန်သင့်တဲ့နေရာမှာ မကုန်အောင် လျှော့ချနိုင်မယ်” ဟု နေပြည်တော်၊ စွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် နိုင်ငံခြားငွေ အသုံးပြုမှု လျှော့ချရေးနှင့် မကုန်ခမ်းရေး အတွက် သွင်းကုန်တင်သွင်းမှုများကို ပို့ကုန်ရငွေဖြင့်သာ တင်သွင်းခွင့်ပြုထားပြီး ပို့ကုန်ရငွေမရှိဘဲ သွင်းကုန်တင်သွင်းခွင့်မပြုသည့်စနစ်ကို အသုံးပြုနေကြောင်း၊ စက်သုံးဆီကိုလည်း ပို့ကုန်ရငွေဖြင့်သာ တင်သွင်းခွင့်ပြုသည့်စနစ်ပြောင်းလဲရန် ရှိပြီး လက်ရှိ အပြောင်းအလဲ မလုပ်မီ ကြားကာလအတွက် စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီသမားများအတွက် ဒေါ်လာများ အကန့်အသတ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/96502/
စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အကန့်အသတ်ဖြင့်သာ ရောင်းချပြီး ကားများတန်းစီရပြန်
["စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အကန့်အသတ်ဖြင့်သာ ရောင်းချပြီး ကားများတန်းစီရပြန်", "ရန်ကုန်၊ ဧပြီ ၉", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ စက်သုံးဆီ တင်သွင်းမှု လျှော့ချလိုက်ပြီးနောက် စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီများ ပြတ်လပ် ပြီး ကားများကို အကန့်အသတ်ဖြင့်သာ ရောင်းချနေရသဖြင့် တန်းစီ ဝယ်ယူရကြောင်း သိရှိရသည်။", "“တချို့ဆိုင်တွေ ဒီဇယ်မရဘူး၊ 92 မရဘူး။ ဆိုင်ထဲမှာ လက်ကျန်မရှိတော့ဘူးဆိုပြီး လက်ခါပြတယ်။။ ရောင်းတဲ့ဆိုင်တွေမှာ တစ်စီးကို 92 ဓာတ်ဆီ နှစ်သောင်းဖိုး ရောင်းပေးတယ်။ အရမ်းကြီးတော့ တန်းမစီရပေမယ့် ၁၅ မိနစ်လောက်တော့ တန်းစီရတယ်။ အခုက ကားတွေက အကုန် ခရီးထွက်ကြလို့ မြို့ထဲမှာ သိပ်တန်းမစီရတာ။ သင်္ကြန်ပြီးရင်တော့ ကြိတ်ကြိတ်တိုး တန်းစီရမယ်ထင်တယ်” ဟု ရန်ကုန်မှ တက္ကစီအငှားယာဉ်မောင်တစ်ဦးက ဆိုသည်။", "ဧပြီလ ၇ ရက်နေ့ ညနေပိုင်းမှစတင်၍ အမြန်လမ်းတွင် ခရီးထွက်ကြသည့်ကားများဖြင့် စည်ကားနေခဲ့ရာ အမြန်လမ်း စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ လိုသလောက် မရဘဲ ကားတစ်စီးလျှင် ငွေကျပ် ၂ သောင်းနှုန်းသာ ဆီရောင်းချပေးသည်ဟု သိရှိရသည်။", "“ရန်ကုန်မှာလည်း ဆီအပြည့်ဖို့ နှစ်ဆိုင် သုံးဆိုင်တန်းစီပြီး ဆီဖြည့်ပြီးမှ ထွက်လာတာ။ အမြန်လမ်းမှာ ဆီမရမှာ စိတ်ပူထပ်ဖြည့်တာ အပြည့်မရောင်းဘူး။ တစ်စီးကို 92 ဓာတ်ဆီ နှစ်သောင်းဖိုးပဲ ရောင်းပေးတယ်။ အပြန်ကျရင်တော့ ဘယ်လိုဖြစ်မယ်မသိဘူး” ဟု အမြန်လမ်း ၁၀၅ မိုင်တွင် ဆီဝင်ဖြည့်ခဲ့သူ ရန်ကုန်မှ ခရီးသွား ပြည်သူတစ်ဦးက ဆိုသည်။", "ထို့ပြင် စက်ရုံ၊ အလုပ်ရုံများ၊ မီးစက်အသုံးပြုသူများအနေဖြင့် ဒီဇယ်နှင့်ပရီယံဒီဇယ် လုံး၀ ဝယ်ယူ၍ မရကြောင်း ၊ စက်သုံးဆီစျေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေပြီး 92 ဓာတ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၂၅၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၃၁၅ ကျပ်၊ ပရီယံ ဒီဇယ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၂၃၀ စျေးပေါက်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဧပြီလ ၈ ရက်နေ့ ညနေပိုင်း လှည်းကူး စက်သုံးဆီဆိုင်တွင် ကားများ တိုးကြိတ်နေစဉ်။"]
https://yktnews.com/2023/12/133887/
စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် စစ်ကောင်စီက ရောင်းမပေးတော့သဖြင့် ဓာတ်ဆီစျေး တစ်လီတာ ငွေကျပ် ၃၄၀ ကျော်ခုန်တက်
["စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို ဗဟိုဘဏ်စျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် စစ်ကောင်စီက ရောင်းမပေးတော့သဖြင့် ဓာတ်ဆီစျေး တစ်လီတာ ငွေကျပ် ၃၄၀ ကျော်ခုန်တက်", "92 ဓာတ်ဆီ တစ်လီတာ ၂၅၁၀ ကျပ်နှင့် 95 ဓာတ်ဆီ တစ်လီတာ ၂၆၄၀ ကျပ်စျေး ပေါက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် အမေရိကန်ဒေါ်လာကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် စစ်ကောင်စီက ရောင်းမပေးတော့သဖြင့် ဓာတ်ဆီစျေး တစ်လီတာ ၃၄၀ ကျော်တစ်ရက်တည်း ခုန်တက်သွားကြောင်း စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၅၁၀ ကျပ်ရှိပြီး ယမန်နေ့စျေးမှာ 92 တစ်လီတာ ၂၁၇၀ ကျပ်ဖြစ်သဖြင့် 92 တစ်လီတာလျှင် ငွေကျပ် ၃၄၀ ကျပ် မြင့်တက်သွားကြောင်း၊ အလားတူ ဒီဇင်ဘာလ ၁ ရက်နေ့တွင် 95 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၂၆၄၀ ကျပ် ရှိရာ ယမန်နေ့ 95 တစ်လီတာ ၂၃၀၀ ကျပ်သာရှိခဲ့သဖြင့် 95 တစ်လီတာလျှင် ငွေကျပ် ၃၄၀ ကျပ်မြင့်တက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထိုသို့ စျေးတက်သွားခြင်းမှာ စစ်ကောင်စီက ဗဟိုသတ်မှတ်စျေး အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့် စက်သုံးဆီ တင်သွင်းနေသူများကို ရောင်းချပေးနေမှု ရပ်တန့်လိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။", "“၂၀၂၂ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီ 92 နဲ့ 95 တင်သွင်းဖို့အတွက် တင်သွင်းမယ့် စက်သုံးဆီ စုစုပေါင်း ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေး ၂၁၀၀ ကျပ်နဲ့ ရောင်းပေးတယ်။ ၆၀ ရာခိုင်နှုန်းကို ပြင်ပပေါက်စျေးနဲ့တွက်တယ်။ အဲဒါကို စွမ်းအင်ဝန်ကြီးဌာနက စျေးနှုန်းသတ်မှတ်ပေးတာပေါ့။ အခုက စစ်ကောင်စီက မူလ ရောင်းပေးနေတဲ့ ဗဟိုဘဏ် သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ နဲ့ စက်သုံးဆီတင်သွင်းမယ့် ပမာဏာရဲ့ ၄၀ ရာခိုင်နှုန်း ကို ရောင်းမပေးတော့ဘူး။ အဲဒီတော့ ကုန်သည်တွေက ပြင်ပပေါက်စျေးနှုန်းနဲ့ ၁၀၀ ရာခိုင်နှုန်း ဝယ်သွင်းရတဲ့သဘောဖြစ်တယ်။ အဲဒါကြောင့် သတ်မှတ်စျေးနှုန်းမှာလည်း စျေးတွေ တက်သွားတာ။ ဒီဇယ်စျေးတွေကတော့လောလောဆယ်အထိ ဆီတန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်း ကို တစ်ဒေါ်လာ ၂၁၀၀ နှုန်းနဲ့တွက်ချက်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပပေါက်စျေးနဲ့ တွက်ချက်ပေးနေတုန်းမို့ စျေးက အရမ်းမကွာသေးဘူး” ဟု စက်သုံးဆီ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် စျေးနှုန်းများ မြင့်တက်သွားပြီးနောက် ဓာတ်ဆီ ထုတ်ရ အလွန်ခက်ခဲနေကြောင်း၊ ဓာတ်ဆီများကို ပွိုင့်တကာ ပတ်ထုတ်ခိုင်းနေသဖြင့် ဆီဆိုင်များ အခက်တွေ့နေကြောင်း သိရှိရသည်။", "“ဆီတွေကို ပွိုင့်တကာ ပတ်ထုတ်ခိုင်းတယ်် ဈေးတက်ပြီး ထုတ်ရမလွယ်ဘူး။ ခွဲတမ်းက ၁ရက်စာပဲ ချပေးတယ်။ နေ့တိုင်း” ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။", "ဓာတ်ပုံ- နိုဝင်ဘာလ ၁၄ ရက်နေ့ ရန်ကုန်ရှိ စက်သုံးဆီ အရောင်းဆိုင်မြင်ကွင်း။"]
https://yktnews.com/2024/08/179453/
စက်သုံးဆီအခက်အခဲ နယ်ဒေသများတွင် ပြင်ပစျေးကွက် ကြီးထွားလာနေပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် အနိမ့်ဆုံး ၅၀၀၀ ကျပ်ပေါက်စျေးရှိ
["စက်သုံးဆီအခက်အခဲ နယ်ဒေသများတွင် ပြင်ပစျေးကွက် ကြီးထွားလာနေပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် အနိမ့်ဆုံး ၅၀၀၀ ကျပ်ပေါက်စျေးရှိ", "ရန်ကုန်၊ ဩဂုတ် ၁၈", "မြန်မာနိုင်ငံတစ်ဝန်းတွင် ရက်ပေါင်း ၂၀ ကျော် စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရာတွင် နယ်ဒေသများတွင်လည်း စက်သုံးဆီများ အလွန်အခက်အခဲဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီ ပြင်ပစျေးကွက် တွင်ကျယ်လာကြောင်း နယ်ဒေသမှ စက်သုံးဆီသယ်ယူရောင်းချသူများက ဆိုကြသည်။", "မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ စက်သုံးဆီများ တင်ပို့နေသော မှောင်ခိုစျေးကွက်ကြီးတစ်ခုလည်းဖြစ်ထွန်းနေကြောင်း၊ အဓိကအားဖြင့် စစ်ကောင်စီက စက်သုံးဆီ သယ်ယူမှုများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေသဖြင့် နယ်ဒေသများသို့ စက်သုံးဆီများ သယ်ယူတင်ပို့နေသော လမ်းကြောင်းများ များစွာဖြစ်ပေါ်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယင်းဆီများ သယ်ယူပို့ဆောင်မှုများတွင် လာဘ်ငွေယူ ပါဝင်ပတ်သက်နေကြကြောင်း သိရှိရသည်။", "” စစ်ဖြစ်နေတဲ့ ချင်းပြည်နယ်လို နေရာမျိုး ၊ စစ်ကိုင်းတိုင်းလိုနေရာမျိုးတွေ မကွေးဘက်က မတည်ငြိမ်တဲ့နေရာတွေ၊ ကချင်နဲ့ ရခိုင်ဘက်တွေကို စက်သုံးဆီတွေ မှောင်ခိုပို့နေကြတဲ့ လမ်းကြောင်းနဲ့ စျေးကွက်ကြီးဖြစ်နေတယ်။ အဲဒါက စစ်ကောင်စီက အဲဒီဘက်တွေကို စက်သုံးဆီ တင်ပို့တာတွေ တင်းကျပ် တားမြစ်ထားလို့ အဲဒီဘက်တွေကို ဆီတွေ သယ်နေကြတာ။ အဓိက ရန်ကုန်၊ မန္တလေးကနေ ဆီတွေ သွားနေတာပါ။ စစ်ဆေးရေးဂိတ်တွေနဲ့ ချိတ်ဆက်ထားပြီးသယ်ကြတာ” ဟု စက်သုံးဆီစီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကိုသာ အဓိက ထား၍ စက်သုံးဆီများ အဆင်ပြေစေရန် စီစဉ်ပေးနေပြီး ကျန်ရှိသော နယ်ဒေသများကို ဦးစားပေးအဖြစ် စက်သုံးဆီ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းမရှိသဖြင့် စက်သုံးဆီ ပြင်ပ စျေးကွက် ကြီးထွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ကလွဲလို့ ကျန်တဲ့နယ်တွေအားလုံးမှာ လုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးအတွက်က ဆီဆိုင်တွေကနေ ဆီ လုံလုံလောက်လောက်မရဘူး။ အဲဒီတော့ မှောင်ခိုလို့ ခေါ်တဲ့ ပြင်ပစျေးကွက်ကိုပဲ အဓိက အားထားရတယ်။” ဟု နယ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။", "နယ်ဒေသများတွင် စက်သုံးဆီရောင်းချမှုအနေဖြင့် ဓာတ်ဆီ တစ်လီတာလျှင် အနည်းဆုံးငွေကျပ် ၆၀၀၀ ဝန်းကျင် စျေးပေါက်ပြီး သယ်ယူရ ခက်ခဲမှုအပေါ်မူတည်၍ ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၁ သောင်းကျော်အထိ စျေးပေါက်မှုများလည်းရှိနေကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးတပ်များ စိုးမိုးထားသော နယ်မြို့များ၊ ကျေးလက်ဒေသများသို့ စက်သုံးဆီများ သယ်ယူပို့ဆောင်ခြင်းမရှိစေရန် ဖြတ်တောက်ရေးဗျူဟာများဖြင့် ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း နယ်ဒေသများမှ စက်သုံးဆီ စီးပွားရေးသမားများက ဆိုကြသည်။", "ဓာတ်ပုံ- တောင်ကြီးမြို့တွင် ယနေ့ စက်သုံးဆီ တန်းစီနေကြသော ပြည်သူများ။"]
https://yktnews.com/2023/05/102371/
စက်သုံးဆီအရောင်းဆိုင်များတွင် မီးစက်အတွက် ဆီဝယ်လိုပါက မီးစက်ပါသယ်လာခိုင်းပြီးမှ ဆီရောင်းပေး
["စက်သုံးဆီအရောင်းဆိုင်များတွင် မီးစက်အတွက် ဆီဝယ်လိုပါက မီးစက်ပါသယ်လာခိုင်းပြီးမှ ဆီရောင်းပေး", "ရန်ကုန်၊ မေ ၁၃", "ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးစက်အတွက် ဆီဝယ်ယူလိုပါက မီးစက်ပါ သယ်လာခိုင်းပြီးမှသာလျှင် ဆီရောင်းချပေးကြောင်း ရန်ကုန်မြို့ ပြည်သူတချို့က ပြောသည်။", "အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် လုံလောက်စွာ လျှပ်စစ်မီးမပေးနိုင်သည့် အတွက် ပြည်သူအများစုမှာ မီးစက်များ၊ အင်ဗာတာများ၊ ဆိုလာ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားရယူသည့် စနစ်များ တပ်ဆင်နေရကြောင်း၊ အများစုသော ပြည်သူများမှာ စျေးချိုသာသော တရုတ်လုပ် မီးစက်များကို ဝယ်ယူသုံးစွဲကြပြီး ယင်းမီးစက်များဖြင့်ပင် မီးထွန်းကြရကြောင်း၊ မီးစက်အတွက် စက်သုံးဆီ ဝယ်ယူရာတွင် လုံး၀ မလွယ်ကူဘဲ ဆီဆိုင်များကလည်း မီးစက်ပြသမှသာလျှင် စက်သုံးဆီရောင်းပေးကြောင်း သိရှိရသည်။", "” လုပ်ငန်းသုံး မီးစက်ကြီးတွေကတော့ သက်ဆိုင်ရာက ထောက်ခံချက်တွေနဲ့ စက်သုံးဆီ ဝယ်ဖို့ ဆီဆိုင်တွေက ရောင်းပေးတယ်။ သာမန်ပြည်သူတွေရဲ့ မီးစက်လေးတွေကျတော့ စက်သုံးဆီဆိုင်တွေက ပုံးနဲ့ သွားဝယ်ရင် ရောင်းမပေးဘူး။ အဲဒီတော့ မီးစက်ကိုပါ ဆိုက်ကားနဲ့တင်ပြီး ဆီဆိုင်မှာ သွားဝယ်ရတယ်။ စက်သုံးဆီ ဝယ်ဖို့က မီးစက်ပါ ပြရတယ်။ မီးစက်အတွက် ဆီရောင်းပေးပါ ပြောလည်း မီးစက်မပါရင် မရောင်းပေးဘူး။ စက်သုံးဆီ ရဖို့ မီးစက်ကို တင်လိုက်၊ ချလိုက်နဲ့ ဆီဆိုင်ကို သွားရတယ်။ တချို့က ဆိုင်ကယ်နဲ့ ဆီဝယ်ပြီး အိမ်မှာ ဆိုင်ကယ်ကနေ ဆီကို ပြန်စုပ်ထုတ်ပြီး မီးစက်ထဲထည့်တယ်။ မီးတွေက မလာ။ မီးစက်အတွက် ဆီက ဝယ်ရတာခက်။ အတော် ဆိုးတဲ့ဘ၀တွေ” ဟု ရန်ကုန်မြို့ခံ ပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိ ဘင်္ဂလားပင်လယ်အော်အတွင်းမှ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ရခိုင် ကမ်းရိုးတန်း အပါအဝင် ပြည်နယ်/တိုင်း နေရာဒေသအတော်များများသို့ ဝင်ရောက်ရန်ရှိနေသဖြင့် စစ်ကောင်စီက စက်သုံးဆီ အရောင်းဆိုင်များသို့ ပေးအပ်နေသည့် ဆီခွဲတမ်းများကို လျှော့ချလိုက်ကြောင်း၊ စက်သုံဆီ အရောင်းဆိုင်များကလည်း ဆီရရှိမှု နည်းပါးသည့်အတွက် ရောင်းချမှုအပိုင်းတွင် အကန့်အသတ်များရှိလာနေကြောင်း သိရှိရသည်။", "“မုန်တိုင်းအကြောင်းပြ ဆီခွဲတမ်းတွေ လျော့သွားပါတယ်။ ၆ရက်စာ ခွဲတမ်းက ၃ ရက်စာပဲ ရပါတယ်။ Real time သမားတွေ ဖြစ်တဲ့ ခရိုနီဘောမ တစ်အုပ်ပဲ ဆီအဆင်ပြေပါတော့တယ်။ ဆီထုတ်ရက်ကိုလည်း ရက်တိုပဲ ပေးတယ်။ မထုတ် နိုင်ရင် Cancel ဖြစ်ပြီး ခရိုနီ​ဘောမ​တွေက ငါတို့ပဲ ထုတ်လိုက်မယ်ဆိုတဲ့ ပုံစံပဲ ” ဟု စက်သုံးဆီအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် မီးစက်အတွက် စက်သုံးဆီ ဝယ်ယူနိုင်ရေးအတွက် ဆိုက် ကားပေါ်တွင် မီးစက်တင်၍ ဆီဆိုင်တွင် ဆီဝယ်ယူရန် တန်းစီနေစဉ်။"]
https://yktnews.com/2024/05/163695/
စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်
["စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သား တချို့ ရခိုင်ပြည်နယ် ပို့ဆောင်ခံရ", "ရန်ကုန်၊ မေ ၂၁", "မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငလှိုင်တွင်းရွာရှိ စခန်းကုန်းမှ အကြမ်းဖက် စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်းအမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။", "မေလ ၈ ရက်နေ့တွင် စလင်းမြို့နယ်၊ ငလှိုင်တွင်းကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကုန်းမှ အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ စခန်း စွန့်ခွာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် မေလ ၉ ရက်နေ့တွင် မင်းဘူးခရိုင် အမှတ် ၁ ၊ ၅ တပ်ရင်းများမှ တော်လှန်ရေး ရဲဘော်များက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဥ်များ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "“စစ်သားတွေက အကုန်ဖျက်ဆီး သယ်ယူသွားကြပါတယ်။ ဒီဘက်ကလည်းအကုန်မြေလှန်ရှင်းလင်း မီးရှို့ခဲ့ပါတယ်” ဟု အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။အဆိုပါ စခန်းစွန့်ခွာ ထွက်ပြေးသွားသော စစ်သားများထဲမှ တချို့ကို ရခိုင်ပြည်နယ် ပို့ဆောင်ပြီး ကျန်ရှိသော စစ်သားများကို ကန်ပြားရဲစခန်းတွင် ထားရှိကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/03/91018/
စင်ကာပူ Keppel Land ကုမ္ပဏီ က ရန်ကုန် ဆီဒိုးနားဟိုတယ်ကို အမေရိကန်ဒေါ် လာ ၅၇ သန်းကျော်ဖြင့် ရောင်းချ
["စင်ကာပူ Keppel Land ကုမ္ပဏီ က ရန်ကုန် ဆီဒိုးနားဟိုတယ်ကို အမေရိကန်ဒေါ် လာ ၅၇ သန်းကျော်ဖြင့် ရောင်းချ", "ရန်ကုန်၊ မတ် ၆", "မြန်မာနိုင်ငံတွင် ရန်ကုန် ဆီဒိုနားဟိုတယ်နှင့် Junction City တာဝါ အပါအဝင် ဟိုတယ်နှင့်တည်ဆောက်ရေး လုပ် ငန်း များတွင် တည်ဆောက် ရင်းနှီးမြှုပ်နှံထားသော စင်ကာပူ Keppel Land ကုမ္ပဏီက သူ၏ လုပ်ငန်းရှယ်ယာများကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ရောင်းချလိုက်ကြောင်း စင်ကာပူ The Straits Times သတင်းစာက သတင်းဖော်ပြသည်။", "စင်ကာပူ Keppel Land နှင့်လုပ်ငန်းခွဲ Double Peak Holdings တို့က ရာနှုန်းပြည့်ပိုင်ဆိုင်သော Greenfield Development ကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် Spring Blossom Ventures သို့ ရောင်းချခြင်းဖြစ်ပြီး ၃ ရစ်ခွဲ၍ ငွေပေးချေမည်ဖြစ်ကြောင်း သိရှိရသည်။", "Greenfield Development သည် မြန်မာနိုင်ငံတွင် ဆီဒိုးနားဟိုတယ်ကို လည် ပတ်လုပ်ကိုင်နေသည့် Straits Greenfield ကို ရာနှုန်းပြည့် ပိုင်ဆိုင်သော ကုမ္ပဏီ ဖြစ်သည်။", "အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းတန်ဖိုးရှိ လုပ်ငန်း အစုရှယ်ယာများ လွှဲပြောင်းရောင်းချမှုကို ၂၀၂၃ ခုနှစ် ပထမ နှစ်ဝက်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရပြီး လွှဲပြောင်းရောင်းချမှုများ ပြီးစီးပါက ဆီဒိုးနားဟိုတယ် အပါအဝင် ဟိုတယ်လုပ်ငန်းများသည် စင်ကာပူ Keppel Land ကုမ္ပဏီအပိုင်မဟုတ်တော့ပေ။", "Keppel Land အစုရှယ်ယာများကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းကျော် ဖြင့် ဝယ်ယူသွားသည့် Spring Blossom Ventures ကုမ္ပဏီအကြောင်းကို အသေးစိတ် မသိရှိရသေးပေ။"]
https://yktnews.com/2023/09/120727/
စင်ကာပူ UOB ဘဏ်က စစ်ကောင်စီ၏ ဒေါ်လာအဝင်၊ အထွက်ငွေစာရင်းအားလုံး ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့ငွေကြေးစျေးကွက်အတွင်းသို့ မြန်မာ စစ်တပ် ဝင်မရတော့
["စင်ကာပူ UOB ဘဏ်က စစ်ကောင်စီ၏ ဒေါ်လာအဝင်၊ အထွက်ငွေစာရင်းအားလုံး ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့ငွေကြေးစျေးကွက်အတွင်းသို့ မြန်မာ စစ်တပ် ဝင်မရတော့", "မြန်မာနိုင်ငံမှ VISA နှင့် MASTER CARD အသုံးပြု ငွေလွှဲပြောင်းမှုများကိုလည်း စင်ကာပူ UOB ဘဏ်က တားမြစ်ပိတ်ပင်", "ရန်ကုန်၊ စက်တင်ဘာ ၂", "စင်ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်က အကြမ်းဖက်စစ်ကောင်စီ၏ ဒေါ်လာအဝင်၊ အထွက်ငွေစာရင်းအားလုံး ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့ငွေကြေးစျေးကွက်အတွင်းသို့ မြန်မာ စစ်တပ် ဝင်ရောက်ခွင့်ဆုံးရှုံးပြီး ငွေကြေးဆိုင်ရာ ဖိအားများ ရင်ဆိုင်နေရပြီဖြစ်ကြောင်း စင်ကာပူ CNA သတင်းဌာနက သတင်းဖော်ပြ သည်။", "ကမ္ဘာ့အသိုက်အဝန်းက မြန်မာစစ်တပ်အပေါ် ဘဏ္ဍာရေးအရ ဖိအားများ တိုးမြင့်လာနေပြီး စင်္ကာပူနိုင်ငံရှိ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ စစ်ကောင်စီဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များ၊ စစ်ကောင်စီနှင့်ဆက်စပ်နေသော လုပ်ငန်းများနှင့် ငွေစာရင်းချိတ်ဆက်မှုများကို စက်တင်ဘာ ၁ ရက်နေ့ မှ စတင်၍ ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အလွန်ခက်ခဲသော အချိန်များကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရှိရသည်။", "စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်ဆံရေးကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားကာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများအတိုင်း လိုက်နာဆောင်ရွက်နေပြီဖြစ်ကြောင်း၊ စင်ကာပူ UOBဘဏ်က မြန်မာနိုင်ငံသို့ ငွေပေး၊ ငွေယူ အဝင်အထွက်အားလုံးကို ကန့်သတ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ Visa နှင့် Mastercard အသုံးပြု၍ ငွေအလွှဲအပြောင်း အသွင်းအထုတ်များကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "စင်ကာပူသည် ကာလရှည်ကြာ လက်တွဲခဲ့သော မြန်မာ့လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကို ထိထိရောက်ရောက် ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်လာချိန်တွင် ကမ္ဘာ့အသိုင်းအဝိုင်းနှင့်အတူ စင်ကာပူက အရေါ်ယူမှု ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ၊ စင်ကာပူ UOB ဘဏ်က မြန်မာစစ်တပ်၏ မိတ်ဖက် MAI အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ ငွေစာရင်း ၅ ခုလုံးကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။", "လက်ရှိတွင် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG)က နွေဦးဘဏ် ကဲ့သို့သောအွန်လိုင်းဘဏ်များကို အသုံးပြု၍ မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍကို ထိန်းညှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/117865/
စင်ကာပူ UOB ဘဏ်က မြန်မာ စီးပွားရေးလုပ်ငန်းများ နှင့်ဘဏ်များ၏ ငွေစာရင်းပိတ်ပင်မှုနှင့် ၂ သောင်းတန်များ ပေါပေါသီသီ ထွက်လာမှု နောက်ဆက်တွဲ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာကျပ်ငွေ တန်ဖိုး ဆက်လက်ထိုးကျ
["စင်ကာပူ UOB ဘဏ်က မြန်မာ စီးပွားရေးလုပ်ငန်းများ နှင့်ဘဏ်များ၏ ငွေစာရင်းပိတ်ပင်မှုနှင့် ၂ သောင်းတန်များ ပေါပေါသီသီ ထွက်လာမှု နောက်ဆက်တွဲ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာကျပ်ငွေ တန်ဖိုး ဆက်လက်ထိုးကျ", "ထိုင်းနိုင်ငံရှိ ငွေစာရင်းများသို့ ငွေကျပ်ထောင်သောင်းချီ ထိုင်းဘတ်ငွေ ပြောင်းလဲ လွှဲပြောင်းမှု များ ဆက်တိုက်ဖြစ်နေ", "ရန်ကုန်၊ ဩဂုတ် ၁၂", "စင်ကာပူနိုင်ငံမှ United Overseas Bank-UOBက မြန်မာစီးပွားရေး လုပ်ငန်း များနှင့်ဘဏ်များ၏ ငွေစာရင်းပိတ်ပင်မှု၏ နောက်ဆက်တွဲကြောင့် ပြည်တွင်း စီးပွားရေးစျေးကွက်တွင် ကျပ်ငွေတန်ဖိုး ဆက်တိုက် ထိုးကျလျက် ရှိကြောင်း ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "UOB ဘဏ်က ယခု ဩဂုတ်လ နှင့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး မြန်မာစီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ၏ ငွေစာရင်းများအားလုံးကို ပိတ်သိမ်းကန့်သတ်ဖြစ်ရာ ယင်းနောက်ဆက်တွဲအဖြစ် ငွေကြေးများကို အခြားလွှဲပြောင်းမှုများ ဖြစ်ပေါ်နေပြီး မြန်မာကျပ်ငွေတန်ဖိုးမှာလည်း ဆက် တိုက် ထိုးကျလျက်ရှိကြောင်း သိရှိရသည်။", "“UOB သတင်းထွက်ကတည်းက ကျပ်ငွေ တန်ဖိုးတွေ ထိုးကျနေတယ်။ နောက် တစ်ခါ ထိုင်းဘက်ကို ငွေကျပ် သိန်းထောင်သောင်းချီ ဘတ်ငွေအဖြစ် အလွှဲ အပြောင်းတွေ များတယ်။ ဒေါ်လာ အရွက်ပြန်ဝယ်တာလည်း များတယ်။ ကျပ် ငွေကို ကိုင် မထားကြတာ။ ဘဏ်တွေရဲ့ နိုင်ငံခြားငွေစာရင်းတွေပါ အပိတ်ခံ ရတော့ ပြည်တွင်းထဲမှာတော့ အတော်တော့ ဂယက် ရိုက်ခတ်မှုကြီးတယ်” ဟု UMFCCI နှင့်ဆက်နွယ်နေသော ရန်ကုန်စီးပွားရေးသမားက ပြောသည်။", "အခြားတစ်ဖက်တွင်လည်း ယခုဩဂုတ်လကုန်မှစတင်၍ နှစ်သောင်းတန်များ ပေါပေါသီသီ ထွက်ရှိလာမည်ဖြစ်ပြီး လက်ရှိတွင်လည်း နှစ်သောင်းတန်များ စျေးကွက်နှင်ဘဏ်များထံသို့ ပမာဏ အများအပြားဖြင့် ဝင်ရောက်နေကြောင်း၊ ယင်း၏ နောက်ဆက်တွဲအဖြစ်လည်း ကျပ်ငွေတန်ဖိုး ပိုမို ကျဆင်းနေကြောင်း သိရှိရသည်။", "“တစ်သောင်းတန်ကို ပြန်သိမ်းပြီး နှစ်သောင်းတန်တွေ အများအပြား ထွက်လာ နေတာ၊ ထွက်လာဖို့ ရှိနေတာတွေကြောင့် ငွေလဲနှုန်းက မငြိမ်ဘူး။ အခုက အဖမ်းအဆီးလည်းများတယ်။ ရွှေကုန်သည်ရော၊ ဒေါ်လာသမားတွေရော လက်သေးကအစ စသုံးလုံးက ဖမ်းနေတယ်”ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "လက်ရှိငွေလဲစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၆၀၀ ကျပ်ဝန်းကျင်၊ အခေါက်ရွှေတစ်ကျပ်သား ၃၇ သိန်းကျော်၊ ထိုင်းတစ်ဘတ်လျှင် ငွေကျပ် ၁၀၀ ကျပ် ပတ်ဝန်းကျင်တွင် စျေးဆက်လက်တည်ရှိနေကြောင်း၊ ကျပ်ငွေတန်ဖိုး ထိုးကျပြီး နိုင်ငံခြားငွေများ၏ တန်ဖိုးများ စျေးအမြင့်ပိုင်းသို့ ဆက်လက်မြင့် တက် နေမည်ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက သုံးသပ်သည်။"]
https://yktnews.com/2023/08/117532/
စင်ကာပူ UOB ဘဏ်က မြန်မာစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သော ငွေ ကြေး နှင့် ဘဏ်လုပ်ငန်း အားလုံး ရပ်ဆိုင်းလိုက်ပြီး အကြမ်းဖက် စစ်အုပ်စု ကို ကမ္ဘာ့ဘဏ္ဍာရေး စနစ်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်
["စင်ကာပူ UOB ဘဏ်က မြန်မာစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သော ငွေ ကြေး နှင့် ဘဏ်လုပ်ငန်း အားလုံး ရပ်ဆိုင်းလိုက်ပြီး အကြမ်းဖက် စစ်အုပ်စု ကို ကမ္ဘာ့ဘဏ္ဍာရေး စနစ်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်", "ရန်ကုန်၊ ဩဂုတ် ၁၀", "စင်ကာပူနိုင်ငံမှ အဓိကဘဏ်ကြီးတစ်ခုဖြစ်သည့် United Overseas Bank- UOB ဘဏ်က မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအားလုံးနှင့် ပတ်သက် သော ငွေကြေးနှင့်ဘဏ်လုပ်ငန်းများအားလုံး ရပ်ဆိုင်း ဖြတ်တောက်ကာ မြန် မာ အကြမ်းဖက်ကစစ်အုပ်စုကို ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ် အတွင်း သို့ဝင်ရောက်ခွင့်ပိတ်ပင်လိုက်ကြောင်း ဂျပန် Nikkei Asia က သတင်း ဖော် ပြ သည်။", "လွန်ခဲ့သောသီတင်းပတ်အတွင်း မြန်မာဘဏ်များအားလုံးထံ ပေးပို့ခဲ့သည့် လျှို့ဝှက်အကြောင်းကြားစာတွင် United Overseas Bank က မြန်မာနိုင်ငံသို့ ငွေကြေးပေးချေမှု အပါအဝင် ငွေကြေးနှင့်ဘဏ်လုပ်ငန်းများအားလုံး ရပ်ဆိုင်း လိုက်ကြောင်း၊ မြန်မာနိုင်ငံသားများ၏ Master နှင့် Visa ဘတ်ကတ်များ အသုံးပြုခွင့်နှင့်ပတ်သက်၍ ကန့်သတ်ချက် အသစ်များ ချမှတ်လိုက်ကြောင်း၊ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံသားများနှင့်ပတ်သက်သော UOB ဘဏ်အကောင့် အချင်းချင်းသာ အလွှဲအပြောင်းလုပ်ခွင့်ရှိပြီး နိုင်ငံတကာသို့ ငွေသွင်း၊ ငွေထုတ်၊ ငွေပေးချေမှုများအားလုံး ရပ်ဆိုင်း ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။", "ထို့ပြင် စင်ကာပူ UOB ဘဏ်က ဟောင်ကောင်ရှိ UOB ဘဏ်ခွဲတွင် မြန်မာ ဘဏ် များ က နိုင်ငံခြားငွေများ ထားရှိ သိမ်းဆည်းထားရန် ဖွင့်လှစ်ထားသော Nostro ဘဏ်ငွေစာရ်ငးအကောင့်များကိုလည်း ပိတ်ပင်မည်ဖြစ်ကြောင်း ကြေညာသည်။", "စင်ကာပူ UOB ဘဏ်သည် မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ကြီးများ၊ ကော်ပိုရေးရှင်း ကြီးများနှင့် ချမ်းသာသော ပုဂ္ဂိုလ်များအပြင် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် စင်္ကာပူမှ မြန်မာလုပ်ငန်းများကို လည်ပတ်လုပ်ကိုင်သော သူများအတွက် ရွေးချယ်စရာ ပြည်ပဘဏ်အဖြစ် လူသိများခဲ့သော ဘဏ်ဖြစ်သည်။", "မြန်မာစစ်တပ်အတွက် ဝန်ဆောင်မှုပေးနေသော ပြည်ပ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာ ရေးဝန်ဆောင်မှုများကို တားဆီးရန် စင်ကာပူအပေါ် အမေရိကန်၏ ဖိအား ပေးမှုကို တုံ့ပြန်သည့်အနေဖြင့် ယင်းသို့ ပိတ်ပင်မှုများဖြစ်ပေါ် လာခြင်း ဖြစ် ကြောင်း သိရှိရသည်။", "လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ UOB ဘဏ်က ထိုသို့ အရေးယူ ပိတ်ပင်မှုများ လုပ်ဆောင်မည်ဖြစ်ပြီ အမေရိကန်၊ ယူရိုနှင့် စင်ကာပူဒေါ်လာ စသည့် အဓိက ငွေကြေးများဖြင့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ပိတ်ပင်မှုများ အသက်ဝင် မည်ဖြစ်ကြောင်း သိရှိရသည်။", "UOB ၏ ဆုံးဖြတ်ချက်သည် အမေရိကန်၏ ဖိအားပေးမှု၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် မြန်မာနိုင်ငံနှင့် ဆက်နွှယ်သည့် ကုန်သွယ်မှု များကို အရေးယူရန် နိုင်ငံတကာ တောင်းဆိုမှုများ ကြီးထွားလာနေခြင်းကြောင့် ဖြစ်ကြောင်း၊ UOB သည် ၁၉၉၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင်ဘဏ်လုပ်ငန်းလိုင်စင်ရရှိသည့် ပထမဆုံးသော နိုင်ငံခြားဘဏ်များထဲတွင် ပါဝင်ခဲ့ကြောင်း၊ UOB သည် ၎င်း၏ ပထမဆုံး ရန်ကုန်ရုံးခွဲကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။။", "UOB သည် မြန်မာကုမ္ပဏီများ၊ စစ်ဘက်အဖွဲ့အစည်းများနှင့် ချမ်းသာသော ပုဂ္ဂိုလ်များနှင့်အတူ ဘဏ်လုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်း၊ ၊ နိုင်ငံခြား ကုန် သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ် ရေးဘဏ် (MICB) အပါအဝင် စစ်တပ်လက်အောက်ခံ မြန်မာ့ဘဏ်အများစု၏ အဓိက ကြားခံဖြစ်လာခဲ့ကြောင်း ၊ လက်ရှိ UOB ၏ ဆုံးဖြတ်သည် အကျိုးသက် ရောက်မှုသည် ကြီးမားမည်ဖြစ်ကြောင်း သိရှိရသည်။", "UOB ဘဏ်က မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ၏ ဘဏ်အကောင့် များကို ယခုဩဂုတ်လအတွင်း အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း‌ တရားဝင် အသိပေးခဲ့ပြီးဖြစ်သည်။", "မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ၏ မေလ အစီရင်ခံစာတွင် စင်ကာပူနိုင်ငံသည် ဒေါ်လာ ၂၅၄ သန်းတန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ကုန်သွယ်မှုနှင့် ဆက်စပ်နေကြောင်း၊ လက်နက်လွှဲပြောင်းမှုများအတွက် ဒေါ်လာသန်းရာနှင့်ချီသော ငွေပေးချေ မှုများကို ရွှေ့ပြောင်းရန်အတွက် စင်္ကာပူဘဏ်များကို လက်နက် ရောင်းဝယ် မှုအတွက် “ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သည်”ဟု တရားဝင် ဖော်ပြသည်။", "ယမန်နှစ် အောက်တိုဘာလတွင် ပါရီအခြေစိုက် နိုင်ငံတကာစောင့်ကြည့်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Financial Action Task Force သည် မြောက် ကိုရီး ယားနှင့် အီရန်တို့နှင့်အတူ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေး ထောက် ပံ့မှု တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံကို ၎င်း၏အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။", "အလားတူ စင်ကာပူရှိ ဘဏ်ကြီးများဖြစ်သည့် OCBC နှင့် DBS တို့ကလည်း မြန်မာနိုင်ငံနှင့် အလားတူလုပ်ဆောင်ရန် ကြိုးပမ်းနေကြပြီး OCBC ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆိုသော်လည်း OCBC သည် ယင်းကဲ့သို့ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် မြန်မာခရိုနီစီးပွားရေးသမားတချို့။"]
https://yktnews.com/2024/05/162238/
စင်ကာပူရှိ မြန်မာစစ်ကောင်စီသံရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ရက်ချိန်းရရန်ပင် ပွဲစားနှင့် ငွေကြေးပေးနေရ
["စင်ကာပူတွင် သူနာပြု အလုပ် လုပ်ကိုင်သူမှန်သမျှ စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးဘဲ မြန်မာနိုင်ငံ ပြန်ခိုင်း", "ရန်ကုန်၊ မေ ၁၃", "စင်ကာပူရှိ မြန်မာစစ်ကောင်စီသံရုံးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရေး ရက်ချိန်းရရန်ပင် ပွဲစားနှင့် ငွေကြေးပေးနေရကြောင်း စင်ကာပူရောက် မြန်မာများထံမှ သိရှိရသည်။", "စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် သက်တမ်းတိုးရန် အွန်လိုင်းမှပင် ရက်ချိန်းဒိတ် Appointment ရယူနိုင်သည်ဟု ကြေညာထားသော်လည်း အွန်လိုင်းမှ ရက်ချိန်းရယူရန် ကြိုးစားသည့်ခါတိုင်း ဝင်မရဖြစ်နေကြောင်း၊ ထို့ကြောင့် ပွဲ စားများမှတစ်ဆင့်စင်ကာပူဒေါ်လာ ၈၀ ပေး၍ ဆက်သွယ်သောအခါမှပင် အွန်လိုင်းရက်ချိန်း Appointment ရရှိလာကြောင်း သိရှိရသည်။", "“စင်ကာပူ မြန်မာသံရုံးကလူတွေ လုပ်စားနေကြတာ ကြာပါပြီ။ အွန်လိုင်းကနေ Appointment ရက်ချိန်းဒိတ်ကို လုံးဝယူမရအောင် Website ကို ထိန်းချုပ်ပြီး ပိတ်ထားပါတယ်။ ကျနော်တို့ နေ့ရော ညသန်းခေါင်ရော မအိပ်ဘဲ ကြိုးစားကြတယ် လုံးဝမရဘူး။ အဲဒါပွဲစားကနေတစ်ဆင့် စင်ကာပူဒေါ်လာ ၈၀ ပေး လိုက်တော့မှပဲ ရက်ချိန်းရတယ်။ အဒါသံရုံးကလူတွေ လုပ်စားနေကြတာ။စင်ကာပူရောက် မြန်မာတိုင်း အဲဒီဒုက္ခခံနေရတယ်။သူတို့ဆီမှာ အခွန်လည်း ဆောင် ရ။ သူတို့ကြားပေါက်အတွက်လည်း ကျနော်တို့မှာ ပေးရနဲ့။ အတော်ကို အဆင်ပြေလှဘူး” ဟု စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စင်ကာပူနိုင်ငံတွင် သူနာပြုအဖြစ် သွားရောက်အလုပ်လုပ်ကိုင်သူများကိုလည်း စင်ကာပူရှိ မြန်မာသံရုံးက လုံး၀ သက်တမ်းတိုးမပေးတော့ဟု ပြော ဆိုလာကြောင်း စင်ကာပူရောက် မြန်မာသူနာပြုများက ပြောဆိုကြသည်။", "“သူနာပြုနဲ့ ထွက်လာသူတွေမှန်သမျှ ကို သက်တမ်း တိုးမပေးတော့ဘူး။ မြန်မာပြည်မှာ ပြန်ပြီး ကိုယ့်ဟာကိုယ် သက်တမ်းတိုးလို့ပြောတယ်။ စင်ကာပူသံရုံးဘက်ကတော့ လုပ်ပေးလို့မရတော့ဘူးလို့ ပြောတယ်။ CDM မဟုတ်လည်း မရဘူး။ သူနာပြု လက်မှတ်ရပြီး စင်ကာပူမှာ သူနာပြုလုပ်တဲ့သူမှန်သမျှကို နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့် ပိတ်တာလို့ သံရုံးဘက်က ” ဟု စင်ကာပူရောက် မြန်မာတစ်ဦးက ပြောဆိုသည်။", "စင်ကာပူရှိ စစ်ကောင်စီသံရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေး၍ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ရသည့် သူနာပြုတစ်ဦးမှာလည်း လေဆိပ်တွင်ပင် နိုင်ငံကူးလက်မှတ် အသိမ်းခံရကြောင်း၊ နိုင်ငံကူးလက်မှတ် ပြန်လည် ရရှိရေး လုပ်ဆောင်သောအခါ သူနာပြုလက်မှတ်ရဖြစ်၍ အထောက်အထားအပြည့် အစုံဖြင့် ဝန်ကြီးဌာနအဆင့်ဆင့်ထံ တင်ပြမှသာ နိုင်ငံကူးလက်မှတ် ပြန်လည် လျှောက်ထားရယူနိုင်မည်ဟု ပြောဆိုလာကြောင်း ပြောဆိုသည်။", "“ကျမက CDM လည်းမဟုတ်ဘူး။ သူနာပြုလက်မှတ်တော့ ရထားတယ်။ အာဏာမသိမ်းခင်ကလည်းက စင်ကာပူထွက်ပြီး အလုပ်လုပ်နေတာ။ အဲဒါ သံရုံးက ပတ်စ်ပို့သက်တမ်းတိုးမပေးလို့ပြန်လာတာ။ လေဆိပ်မှာတင် ပတ်စ်ပို့အသိမ်းခံရတယ်။ အဲဒါ ပြန်လျှောက်တော့လည်း ထောက်ခံစာ အစုံ တင်ပြတယ်။ ဒါပေမယ့်လည်း နိုင်ငံကူးလက်မှတ် မရလာဘူး။ ဘလိုင်းကြီး နိုင်ငံကူးလက်မှတ်အသိမ်းခံထားရသလိုဖြစ်နေတယ်” ဟု နိုင်ငံကူးလက်မှတ် အသိမ်းခံထားရသူ သူနာပြုတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ – စင်ကာပူရှိ မြန်မာသံရုံးတွင် တန်းစီနေကြသည့်မြန်မာနိုင်ငံသားများ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- AP", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/189523/
စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်မှ ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ဆုချီးမြှင့်
["စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်မှ ပြုတ်ကျခါနီး ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ဆုချီးမြှင့်", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "စင်ကာပူနိုင်ငံတွင် ၃ လွှာတိုက်ခန်းအစွန်းပေါ်သို့ ရောက်ရှိနေသည့် ပြုတ်ကျခါနီး အန္တရာယ် ရင်ဆိုင်နေရသော ကလေးငယ်ကို ကယ်ဆယ်ခဲ့သည့် မြန်မာနိုင်ငံသား ကိုစသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF)Community Lifesaver Award ဆုချီးမြှင့်လိုက်ကြောင်း စင်ကာပူမှ လာသော သတင်းများအရ သိရှိရသည်။", "အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir နှင့် မြန်မာနိုင်ငံသား အလုပ်သမား ဆေးသုတ်သမား ကိုစသူရအောင်တို့က သုံးလွှာ တိုက်ခန်း အစွန်းတွင် ရောက်ရှိပြီး ပြုတ်ကျနိုင်သည့် အန္တရာယ် ရင်ဆိုင်နေရသော ကလေးငယ်တစ်ဦးကို မြင်တွေ့ခဲ့ရကြောင်း၊ ယင်းနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကားဆရာ Jahir က ကိုစသူရအောင်ကို ထမ်းပိုး၍ ကလေးငယ်ရှိနေသော တိုက်ခန်းအစွန်းပေါ်သို့ ရောက်ရှိစေရန် ကူညီပေးခဲ့ကြောင်း၊ ကလေးငယ်ကို ကိုစသူရအောင်က လက်ရ ဘေးမသီ ရန်မခ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရသည်။", "​", "အောက်တိုဘာ ၂၅ ရက်နေ့တွင် စင်ကာပူအာဏာပိုင်များက ကလေးငယ်ကို ကယ်ဆယ်ခဲ့သော မြန်မာနိုင်ငံသား စသူရအောင်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့ကို Singapore Civil Defense Force (SCDF) Community Lifesaver Award ချီးမြှင့်လိုက်ကြောင်း သိရှိရသည်။", "ကလေးငယ်ကို တိုက်ခန်းအစွန်းပေါ်အထိ တက်ရောက် ကယ်တင်ခဲ့သော ကိုစသူရအောင်က “ကလေးအတွက် ငါအရမ်းစိုးရိမ်ကြောက်လန့်မိတယ်။ ငါ့အတွက်ငါတောင် မကြောက်ဘူး။ တကယ်တမ်း လူတွေ အများကြီး ၀ိုင်းကြည့်နေကြတော့ ပိုပြီး စိတ်လှုပ်ရှားရတယ်။ ကလေးက အရမ်းကို ကြောက်နေတယ်။ သူ့လက်တွေက အေးစက်နေတယ။ ကလေးက ကျနော့်ပုခုံးကို တင်းတင်းကျပ်ကျပ်ကို ဖက်ထားတယ်” ဟု စင်ကာပူ The Straits Times သို့ ပြောဆိုခဲ့သည်။"]
https://yktnews.com/2024/08/179732/
စင်ကာပူအခြေစိုက် ETC ကုမ္ပဏီက စစ်တပ်ကို စင်ကာပူဒေါ်လာ ၅.၅၇ သန်း အထိ ပေးဆောင်နေ၍ စင်ကာပူအစိုးရက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ကောင်စီထံ ငွေကြေးများ ပေးချေနေမှု တားဆီးရန် လိုအပ်ဟု JFM ထုတ်ပြန်
["စင်ကာပူအခြေစိုက် ETC ကုမ္ပဏီက စစ်တပ်ကို စင်ကာပူဒေါ်လာ ၅.၅၇ သန်း အထိ ပေးဆောင်နေ၍ စင်ကာပူအစိုးရက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ကောင်စီထံ ငွေကြေးများ ပေးချေနေမှု တားဆီးရန် လိုအပ်ဟု JFM ထုတ်ပြန်", "ရန်ကုန်၊ ဩဂုတ် ၂၀", "စင်ကာပူအခြေစိုက် Emerging Town & Cities (ETC ) ကုမ္ပဏီက စစ်တပ်ကို အာဏာသိမ်းပြီးနောက်ပိုင်း စင်ကာပူဒေါ်လာ ၅ ဒသမ ၅၇ သန်းအထိ ပေးနေပြီး စင်ကာပူအစိုးရအနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ကောင်စီထံ ငွေကြေးများဆက်လက်ပေးချေနေမှု တားဆီးပေးရန် လိုအပ်နေကြောင်း Justice for Myanmar က ထုတ်ပြန်လိုက်သည်။", "စင်ကာပူအခြေစိုက် Emerging Town & Cities (ETC) ကုမ္ပဏီသည် အကြမ်းဖက်စစ်တပ်ကို ၂၀၂၄ ခုနှစ် ဇွန်လ အထိ Golden City စီမံကိန်းအတွက် မြေငှားရမ်းခ ပရီမီယံကြေး စင်ကာပူဒေါ်လာ ၉၀၀,၀၀၀ ပေးချေခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီသည် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေပေးချေနေခြင်းဖြစ်ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အကြမ်းဖက်စစ်တပ်ကို ဘဏ္ဍာငွေများ ဆက်လက် ပေးအပ်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "စင်ကာပူအခြေစိုက် Emerging Town & Cities (ETC) ကုမ္ပဏီ၏ Golden City စီမံကိန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်ရုံးထံမှ မြေငှားရမ်းတည်ဆောက်ထားသည့် စီမံကိန်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁.၆၈ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၂.၉၉ သန်း ပေးချေခဲ့မှုကို တွေ့ရပြီး၊ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုထံ စုစုပေါင်းပေးချေငွေသည် စင်ကာပူဒေါ်လာ ၅ ဒသမ ၅၇ သန်း ရှိလာပြီဖြစ်ကြောင်း Justice For Myanmar ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံ့မှုများ ရုတ်သိမ်းရေး ဆောင်ရွက်နေပြီဖြစ်ပြီး ကုန်သွယ်မှုကို ၃ နှစ်ကျော်မျှ ရပ်ဆိုင်းထားခဲ့ပြီဟု ဖော်ပြခဲ့သော်လည်း ထို့နောက်ပိုင်းတွင်မှ အကြမ်းဖက်စစ်ကောင်စီထံ ငွေပေးချေမှုများ ဆက်လုပ်လက်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ်ကို ငွေကြေးဆက်လက်ထောက်ပံ့မှုများလုပ်ဆောင်နေသည့် Emerging Town & Cities (ETC) ကုမ္ပဏီသည် အကြမ်းဖက်စစ်တပ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များတွင် ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် Justice For Myanmar အနေနှင့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလတွင်လည်း Emerging Town & Cities (ETC) ကုမ္ပဏီ၏ အကြမ်းဖက်စစ်ကောင်စီထံ ငွေပေးချေမှုများနှင့် စင်ကာပူ စတော့အိတ်ချိန်းကို သက်ရောက်ဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ဖူးကြောင်း၊ အဆိုပါ Emerging Town & Cities (ETC) ကုမ္ပဏီသည် အကြမ်းဖက်စစ်ကောင်စီထံမှ မြေငှားရမ်းမှု သက်တမ်း အများဆုံး နှစ် ၇၀ နှင့်အတူ သက်တမ်းပြီးဆုံးသည့်အခါတွင်လည်း စစ်ကောင်စီသည် အဆောက်အအုံကို ပိုင်ဆိုင်ကာ နှစ် ၇၀ အတွင်း အမေရိကန်ဒေါ်လာ ၁၉၁ ဒသမ ၁ သန်းအထိ ရရှိသွားမည်ဟု ဖော်ပြခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။", "ထိုသို့ အကြမ်းဖက်စစ်ကောင်စီ အမြတ်အစွန်းများရရှိမည့် အကြောင်း Justice for Myanmar ၏ အစီရင်ခံထုတ်ပြန်အပြီးတွင် စင်ကာပူ စတော့အိတ်ချိန်း စည်းကမ်းထိန်းသိမ်းရေးအနေနှင့် ETC ကုမ္ပဏီကို အရေးယူကာ ကုမ္ပဏီ ကုန်သွယ်ကို ရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "Justice For Myanmar နှင့် Australian Center for International Justice တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး‌ရှေ့နေနှင့် နိုင်ငံတကာဥပဒေပညာရှင် Felicity Gerry KC နှင့် ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယန်းရှေ့နေများကောင်စီမှ Daye Gang တို့ ရေးသားသော ဥပဒေရေးရာမှတ်စုတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ယင်းမှတ်စုတွင် နိုင်ငံတကာဥပဒေနှင့် လမ်းညွှန်ချက် များသည် စင်ကာပူစတော့အိတ်ချိန်းတွင် တင်ကြိုစီစစ်လုပ်ဆောင်ရမည့် ဝတ္တရားများကို ပြဌာန်းထားကာ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများကြောင့် စင်ကာပူငွေကြေးအာဏာပိုင်နှင့် စင်ကာပူအစိုးရတို့အနေဖြင့် နိုင်ငံတကာဥပဒေအရ ဆက်စပ်တာဝန်ယူရဖွယ်များ ရှိလာသည်ဟု ဖော်ပြထားကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။", "ထို့ပြင် ETC ကုမ္ပဏီသည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စင်ကာပူကုမ္ပဏီတစ်ခုဖြစ်သည့် Grand Ally Invetment ကုမ္ပဏီနှင့် ရောင်းဝယ်မှု သဘောတူညီချက်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီ ၂ ခုလုံးသည် စင်ကာပူတွင် မှတ်ပုံတင်ထား၍ စင်ကာပူသည် အကြမ်းဖက်စစ်အုပ်စုနှင့် လုပ်ကိုင်နေသည့် Golden City ၏ စီးပွားရေးလုပ်ငန်းနှင့် ဆက်လက်ထိတွေ့ ချိတ်ဆက်နေဆဲပင်ဖြစ်ပြီး၊ ယင်းသည် လက်ရှိကျူးလွန်နေသည့် စစ်အုပ်စု၏ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကို ငွေကြေးဆက်လက် ထောက်ပံ့ ကူညီနေခြင်းလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ကြောင့် စင်ကာပူနိုင်၍ံအနေနှင့် စစ်အုပ်စုနှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်နှင့် Golden City ကို ဆက်ခံမည့် ရင်းနှီးမြှုပ်နှံသူများနှင့် ETC တို့မှ မြန်မာစစ်အုပ်စုထံ ငွေကြေးများ ဆက်လက်ပေးချေမှုများကို တားဆီးပေးရန် တိုက်တွန်းကြောင်း Justice for Myanmar က တောင်းဆိုထားသည်။", "ထို့ပြင် ETC ကုမ္ပဏီသည် အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်ဝယ်ယူကာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသည့် Jewellery Luck Group of Companies နှင့် မိတ်ဖက် ဖြစ်ကြောင်း၊ Jewellery Luck Group of Companies သည် Golden Land Real Estate Development ၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းလည်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "စင်ကာပူအခြေစိုက် Emerging Towns & Cities (ETC) ကုမ္ပဏီကို မြေငှားရမ်းထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်ရုံးသည် လက်နက်ခဲယမ်း၊ ဗုံးများနှင့် လေယာဉ်ဆီများ အပါအဝင် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ လူနည်းစုဝင် လူမျိုးစုများ အပါအဝင် ပြည်သူများအပေါ် ကြီးမားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ တိုက်ရိုက်အားပေးကူညီနေ၍ UK အစိုးရက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး အမေရိကန်နှ၍့် ကနေဒါတို့ကလည်း ပိတ်ဆို့အရေးယူခဲ့ကြောင်း Justice for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2024/03/154027/
စစ်ကိုင်း -မုံရွာလမ်းပေါ်တွင် ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["စစ်ကိုင်း -မုံရွာလမ်းပေါ်တွင် ဘူဒိုဇာကားဖြင့် မိုင်းရှင်းနေသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၃၁", "စစ်ကိုင်းကိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားဇရပ်နှင့် ထီးဆောင်းကျေးရွာကြားတွင် ဘူဒိုဇာကားဖြင့် မိုင်း ရှင်းနေသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Moe Nyo Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်း – မုံရွာလမ်းမတလျှောက် ဘူဒိုဇာကားဖြင့် ထိုးကား မိုင်းရှင်းရာတွင် လုံခြုံရေးယူပေးနေသည့် အကြမ်းဖက်စစ်သား ၇၀ ခန့်ကို စနိုက်ပါ လက် နက်ငယ်များဖြင့် စောင့်ကြိုပြီး ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။", "“စစ်ကိုင်းမြို့နယ်၊ နုံးတွင်းကျေးရွာကနေ မြင်းမူဘက်ကို မိုင်းရှင်းထွက်လာတာ၊ မုံရွာ-မန္တလေးလမ်း လျှောက်ကို ဘူဒိုဇာနဲ့ လိုက်ထိုးပြီး ရှင်းနေဗျ၊ ၂ ရက်လောက်ရှိပြီ။ အခုမှ မြင်းမူမြို့နယ်ထဲ ရောက် လာ တာ။ ချောင်းဦးမြို့နယ်ထဲမှာ ဘူဒိုဇာကားတစ်စီးနဲ့ပဲ ရှင်းနေတာ၊ ဒီကားကတော့ စစ်ကိုင်းမြို့ နယ်နဲ့ မြင်းမူမြို့နယ်အစပ်ပေါ့၊” ဟု Moe Nyo Revolution Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "တိုက်ခိုက်ခံရပြီးနောက် ယင်းအကြမ်းဖက်စစ်သားများနှင့် ဘူဒိုဇာကားမှာ ထီးဆောင်ကျေးရွာရှိ စစ် တပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီ၊ ယနေ့ နံနက်ပိုင်းတွင်မြင်းမူမြို့ဘက်သို့ တဖန် ပြန်ထွက်လာ နေကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force – MNRF တပ်ဖွဲ့၊ Pentagram – ငါးထောင့် ကြယ် ၊ KDDF နှင့် ကျောက်ဆည်ခရိုင် တပ်ရင်း တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/209954/
စစ်ကိုင်း ငလျင်ရှောင်စခန်းတွင် လူ ၅ ဦး ဝမ်းရောဂါ စဖြစ်၊ ဝမ်းရောဂါများ ပျံ့နှံ့မည်ကို ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်
["စစ်ကိုင်း ငလျင်ရှောင်စခန်းတွင် လူ ၅ ဦး ဝမ်းရောဂါ စဖြစ်၊ ဝမ်းရောဂါများ ပျံ့နှံ့မည်ကို ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်", "ရန်ကုန်၊ ဧပြီ ၃", "ငလျင်ကြီး၏ ဗဟိုချက် စစ်ကိုင်းမြို့ အရှေ့ပိုင်း ရန်နိုင်ရပ်ကွက် ရန်နိုင်ငလျင်ဘေးရှောင်စခန်း (ရန်နိုင်ကျောင်းရှေ့ကကွင်း) တွင် လူ ၅ ဦး ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားနေပြီး ရာသီဥတု နှင့် စခန်း၏ အခြေအနေအရ ဝမ်းရောဂါပျံ့နှံ့မည်ကို ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်နေကြကြောင်း စစ်ကိုင်းငလျင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောကြားသည်။", "“Outbreak ဖြစ်မှာ တော်တော်လေး စိုးရိမ်နေကြတယ်။ ဆေးဝါးတွေ အတော်လိုအပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။", "ရန်နိုင်ငလျင်ဘေးရှောင်စခန်းတွင် ညအိပ် အိမ်ထောင်စု ၉၈ စု လူဦးရေ ၅၀၀ ခန့် လက်ရှိတွင် ရှိနေပြီး ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားနေသဖြင့် ဓာတ်ဆားထုပ်များ၊ အားဆေးများနှင့် အသက်အရွယ်ကြီး သူများအတွက် ဆီးချိုဆေး၊ သွေးကျဆေး၊ အာရုံကြောအားတိုးဆေး၊ နှလုံးဆေးများ လိုအပ်နေပြီး အလှူရှင်များအနေနှင့် ဆေးဝါးများကို အဓိကထား လှူဒါန်းပေးကြပါရန် ကူညီရေး လုပ်ဆောင်နေသူများက ပြောကြားသည်။", "“သက်ကြီးရွယ်အိုအတွက် ဆေးဝါးတွေအတော်လိုအပ်နေတယ်။ ဆေးတွေ လာလှူပေမယ့် ဆေးဝါးလိုအပ်ချက်မြင့်တက်နေတယ်”ဟု ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။", "ဆေးလာလှူသူရှိသော်လည်း (ဆေးဆိုင်များမှ မဟုတ်) ဆေးဝါး မလုံလောက်ဘဲ ဆေးဆိုင်များ ဖွင့်သည်ကို လုံးဝမတွေ့ရဟု ၎င်းက ဆိုသည်။", "စစ်ကိုင်း ရန်နိုင်ရပ်ကွက်တွင် အိမ်ထောင်စု ၁၇၀၀၊ လူဦးရေ ၉ ထောင်ခန့်ရှိပြီး လူမသေဆုံးဘဲ အဆောက်အအုံ ပြိုကျသူ ၂၁၇ ဦး၊ အဆောက်အအုံပြိုကျရာမှ သေဆုံးသူ ၃၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၃၀၀ ဦးရှိကြောင်း အချက်အလက်များအရ သိရသည်။", "ဧပြီလ ၂ ရက်နေ့မှစတင်ကာ စစ်ကိုင်း စကုမော်တွင် UN Agencies များ၏ ကျန်းမာရေးအစီအစဉ်၊ Rapid Need Assessment များကို စတင်လုပ်ဆောင်နေပြီး စစ်ကိုင်းတွင် ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း ငလျင်ဘေးဒဏ်မှ လွတ်ကင်းသူများကို ငလျင်ဘေးရှောင်စခန်း ၈ ခုတွင် နေရာချထားပေးထားသည်။", "စစ်ကိုင်းမြို့တွင် ဗလီ ၃ လုံးပြိုကျမှုတွင် မြို့မဗလီတွင် ၅၈ ဦး၊ မြို့တော်ဗလီတွင် ၃၇ ဦး၊ မိုးကျဗလီတွင် ၆၀ စုစုပေါင်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ငလျင်ဘေးဒဏ်ခံရသည့် မူဆလင်များမှာ Camp များတွင် မနေဘဲ မင်းလမ်းနှင့် ပန်းပဲတန်းဘက်တွင်သာ နေထိုင်နေကြပြီး ချက်ပြုတ်လှူဒါန်းသည့်အစားအသောက် ရောက်ရှိမှုနည်းပါးနေသဖြင့် လာရောက်လှူဒါန်းပေးကြလျှင် ပိုမိုကောင်းမွန်ကြောင်း ငလျင်ဘေးဒဏ်ခံနေရသူများက ပြောကြားသည်။", "အစားအသောက်အနေဖြင့် ငါး၊ ပုဇွန်၊ ကြက်ဥနှင့်ဆိုင်သော ဟင်းများပါဝင်သည့် အစားအသောက်များကို အဓိက လှူဒါန်းပေးနိုင်လျှင် ပိုကောင်းကြောင်းလည်း ကယ်ဆယ်ရေးလုပ်ဆောင်သူများက အကြံပေးသည်။", "“လောလောဆယ် မီးလည်း မမွှေးရဲတော့ ချက်ပြီးသား ဝေစေချင်တယ်” ဟု ၎င်းတို့က ဆိုသည်။", "၎င်းတို့ဆီတွင် လက်ရှိ၌ ခေါက်ဆွဲခြောက်နှင့် ဆန်အနည်းငယ်ရှိကြကြောင်းလည်း သိရသည်။", "စစ်ကိုင်းမြို့အတွင်း စကစဘက်မှ လုံခြုံရေးယူထားမှုနှင့်ပတ်သက်ပြီးလည်း ကူညီနေသူတစ်ဦးက “စစ်ကိုင်းတံတားပေါ်က ဂိတ်တွေကို ဖယ်ပေးတယ်။ သေနတ်တကားကားလုပ်တာတွေကတော့ မပျောက်ဘူး။ လမ်းပြတဲ့ကောင်ကအစ သေနတ်တွေနဲ့။ ဝေခြမ်းရေးလုပ်တဲ့သူဖြစ်ဖြစ် ကယ်ဆယ်ရေးလုပ်တဲ့သူဖြစ်ဖြစ် စိတ်မဖြောင့်ဘူး။ ယူနီဖောင်းနဲ့ရပ်နေတဲ့သူတွေဆီမှာ သေနတ်တွေ ဓားတွေရှိနေတာ မဖြစ်သင့်ဘူး”ဟု ရန်ကုန်ခေတ်သစ်၏ မေးမြန်းမှုကို မှတ်ချက်ပေးသည်။", "လက်ရှိတွင် စစ်ကိုင်းမြို့၌ Camp က ၈ ခု ရှိပြီး စကုမော်ဘုန်းကြီးကျောင်း Camp၊ Non-cdm များသင်တန်းလာတက်ရင်း ငလျင်ထိသူများကို ထားသော အထက ၂ Camp ၊ ရန်နိုင်ရပ် အမကကျောင်း Camp၊ စစ်ကိုင်း နှစ် ၇၀၀ ဘောလုံးကွင်း Camp (စစ်ရှောင်ငလျင်ထိစခန်း)၊ မဟာဆီးခုံကြီးဘုရား Camp၊ အထက ၁ ကျောင်း ဘောလုံးကွင်း Camp၊ ပိုးလမ်းဓမ္မာရုံ Camp၊ မြို့သစ်အိုးအိမ် Camp တို့ဖြစ်သည်။", "အဆိုပါစခန်းများတွင် ဆေးဝါးများအပြင် ခြင်ထောင်၊ သွားတိုက်တံ၊ မိုးကာ၊ ဓာတ်ဆားနှင့် မီးများလည်း လိုအပ်နေကြောင်း ကယ်ဆယ်ရေးစခန်းများမှသိရသည်။", "ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/189456/
စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)ကို ဒေသတွင်းရှိ အဖွဲ့အစည်းများအပြင် ကျန်ရှိနေသော အင်အားစုများကိုပါ မူကြမ်းပေးပို့၍ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မည်
["စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမ်း)ကို ဒေသတွင်းရှိ အဖွဲ့အစည်းများအပြင် ကျန်ရှိနေသော အင်အားစုများကိုပါ မူကြမ်းပေးပို့၍ ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်မည်", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဒေသတွင်းတော်လှန်ရေး အင်အား စုများ၊ နိုင်ငံရေးအင်အားစု အပြင်ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်း ပေးပို့ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ယနေ့ အောက် တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။", "စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဒေသအတွင်းရှိ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ယုံကြည်သော ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၊ တိုင်း ရင်းသားအင်အားစုများ၊ လေးစားယုံကြည်ခံရသူများနှင့် သပိတ် အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေနွေးခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လွှတ်တော်အထူးအစည်းအဝေးခေါ် ယူ ကျင်းပခဲ့ကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲ ရေး ကော်မရှင်ကို အောင်မြင်စွာ အတည်ပြုဖွဲ့စည်းခဲ့ကာ တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။", "ကော်မရှင်တွင်ပါဝင်သော အစုအဖွဲ့အသီးသီး၏ အဖွဲ့ဝင်(၅၇)ဦးက စုပေါင်းညီညွှတ်စွာ ကြိုးစားအား ထုတ်နိုင်ခဲ့မှုကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ကို ကြားကာလဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အရ ယနေ့အောက် တို့ဘာလ ၂၅ ရက်နေ့တွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မရှင်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းအပ်နှံ နိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့သို့ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင် ကော်မရှင်အဖွဲ့ဝင် ၅၇ ဦး ၏ ကြိုးစားအားထုတ်မှုများ အပေါ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က စစ်ကိုင်းပြည်သူလူထုကိုယ်စား လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်း ပြောဆိုသည်။", "စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေ(မူကြမ်း)အား လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မှီပြည်ထောင် စု အဆင့်အဖွဲ့အစည်းများ၊ ဒေသအတွင်းတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင် ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်းအားပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်း အကြံပြုချက်များရယူ၍ လိုအပ်သလို အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်သည်။"]
https://yktnews.com/2023/09/121824/
စစ်ကိုင်း- ရွှေဘို လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းနှင့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
["စစ်ကိုင်း- ရွှေဘို လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းနှင့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုလမ်း အုန်းတောကျေးရွာနှင့် ရွာသစ်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း Fight For Federal တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၉ ရက် နံနက် ၉ နာရီကျော်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကိုင်းမြို့နယ်၊ အနောက် ခြမ်းရှိ ဆားတောင်တိုက်နယ်ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် အကြမ်းဖက်စစ် တပ်စစ်ကြောင်းကို စစ်ကိုင်း -ရွှေ ဘိုလမ်းကားလမ်းမပေါ် အုန်းတောကျေးရွာနှင့် ရွာသစ်ရွာအကြား နန်းမဟာ စားသောက်ဆိုင်အနီး အရောက် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးကို တည့်တည့်ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သားအနည်းဆုံး ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြား ကြောင်း သိရသည်။", "“စစ်ကြောင်းက မနေ့က တပ်မ ၃၃ ထဲကို ပြန်ဝင်သွားပါပြီ၊ ဖမ်းသွားတဲ့ ဓားစာခံတွေလည်း ပြန်လွတ် ပါပြီ၊ စစ်ကြောင်းထိုးတဲ့ ကာလတစ်လျှောက် ကျားမင်းကြီးကျေးရွာက ပြည်သူတစ်ယောက်ကို ဓားနဲ့ ထိုးသတ်သွားတယ်၊ အဲဒီစစ်ကြောင်းမှာက ရဲတွေလည်းပါတယ်၊ အောင်လံတောင်တွင်းကြီးဘက်က သင်တန်းဆင်းလူငယ်လေးတွေလို့ သိရတယ်၊ အဲဒီလူငယ်တွေလည်း အကြောင်းအမျိုးမျိုး ကြောင့်ချော ဆွဲခံရတာ အများဆုံးလို့ သိရပါတယ်၊” ဟု Fight For Federal တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Fight for Federal ၊ Phoenix SGG ၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့ နယ်ပကဖ၊ အညာသားလေးSGG တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေအနေအထားအရ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း Fight for Federal တပ်ဖွဲ့မှ ထုတ် ပြန်ထားသည်။", "ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၃ ရက်နေ့မှ စ၍ ဆားတောင်တိုက်နယ်အ တွင်းရှိ ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၀င် ‌ရောက် စီးနင်းခြင်း၊ ပြည်သူလူထုအား ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင် ခြင်း၊ နေအိမ်မီးရှို့ခြင်း၊ ကျေးရွာနေအိမ်များမှ စားနပ်ရိက္ခာ၊ အဖိုးတန်ပစွည်းများအား ခိုးယူခြင်း စသည့် စစ်ရာဇ၀တ်မှုမျိုးစုံကို ကျူးလွန်ခဲ့သော စစ်ကြောင်းဖြစ်ပြီး ကျားမင်းကြီးကျေးရွာမှ အသက် ၅၀ အရွယ် ကိုဖိုးမွှေးကို ဓားနဲ့ထိုးသတ်ကာ လူသားဒိုင်းများဖမ်းဆီးပြီးလှည့်လည်ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/01/199266/
စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် စစ်တပ်က အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်နှင့်၎င်းပိုင်ကားကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၆၀ ဖြင့် ပြန်ရွေးခိုင်း
["စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် စစ်တပ်က အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်နှင့်၎င်းပိုင်ကားကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၃၆၀ ဖြင့် ပြန်ရွေးခိုင်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ကားကိုပါ သိမ်းဆည်း၍ ငွေကျပ်သိန်း ၃၆၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စစ်ကိုင်း-မင်းကွန်းလမ်းပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကိုင်းမြို့နယ် ဝါးချက်ရွာတွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် ကိုဇင်ထိုက်ကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၎င်းစီးနင်းလာသော ကားကိုပါ သိမ်းဆည်း၍ မိသားစုဝင်များကို ငွေကျပ် သိန်း ၃၆၀ ဖြင့် ပြန်ရွေးခိုင်းခြင်းဖြစ်ကြောင်း သိရသည်။", "စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် ဇန်နဝါရီလ ၇ ရက်နေ့က ပျူစောထီးခေါင်းဆောင် ရွှေကျား ဦးဆောင်သော ပျူစောထီးများ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လမ်းပိုင်းတစ်လျှောက်ကို ဖြတ်သန်းသွားသော လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းမှာ ဝါးချက်ရွာက အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်ကို စစ်ခွေးတွေက လူရော ကားရော ဖမ်းဆီးပြီး သိန်း ၃၆၀ နဲ့လာရွေးခိုင်းနေတယ်။ အဲလမ်းပိုင်းမှာ လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးခံရတာ တောက်လျှောက်ပဲ လက်ပံမှာ ဖြစ်သွားတဲ့ ပျူစောထီး ခေါင်းဆောင် ရွှေကျား တိုက်ခိုက်ခံရပြီး မကျေနပ်လို့ စစ်ခွေးတွေက တောက်လျှောက် သောင်းကျန်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ – စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော အသက် ၃၅ နှစ်အရွယ် ကိုဇင်ကိုထိုက်။"]
https://yktnews.com/2024/03/153857/
စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အလုပ်မှ ပြန်လာသည့် ပြည်သူ ၅၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်းရွေးခိုင်း၊ ငွေမတတ်နိုင်သူများကို တပ်သားသစ်များအဖြစ် စစ်ထဲသွင်း
["စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အလုပ်မှ ပြန်လာသည့် ပြည်သူ ၅၀ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်းရွေးခိုင်း၊ ငွေမတတ်နိုင်သူများကို တပ်သားသစ်များအဖြစ် စစ်ထဲသွင်း", "ရန်ကုန်၊ မတ် ၃၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အလုပ်မှ ပြန် လာသည့် ပြည်သူ ၅၀ ဦးခန့်ကို အကြမ်းဖက် စစ်တပ် ဂိတ်က ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်းရွေးခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၉ ရက်နေ့တွင် စစ်ကိုင်း-မင်းကွန်း လမ်းပိုင်း၌ ညနေခင်း လုပ်ငန်းမှပြန်လာသည့် ပြည်သူ ၅၀ ခန့်ကို စစ်ကိုင်း တံတားပေါ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်က ဆိုင်ကယ် ၂ ဦးစီးသည်ဟုဆိုကာ ဖမ်းဆီးပြီး ပြည်သူ ၁ ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း၊ ပြန်မရွေးနိုင်သူများ စစ်ထဲဝင်ရမည်ဟုဆိုကာ တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "အဆိုပါ ဖမ်းဆီးခံရသူများထဲမှ ပြည်သူ ၃၀ ဦးခန့်၏ မိသားစုဝင်များက ငွေကျပ် ၅ သိန်းဖြင့် ပြန်လည်ရွေးခေါ်သွားကြသော်လည်း ငွေကြေး မတတ်နိုင်သည့် ကျန် ပြည်သူ ၂၀ ဦးခန့်ကို ရွှေမင်းဝံ အမှတ် ၂ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း၊ ယင်းနောက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်သို့ တပ်သား သစ်အဖြစ် စုဆောင်း ခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "“စစ်ကိုင်း-မင်းကွန်းလမ်းမှာ ညနေခင်း လုပ်ငန်းက ပြန်လာတဲ့ ပြည်သူတွေကို စစ်ကိုင်းတံတားပေါ်က စစ်ခွေးဂိတ်က ဆိုင်ကယ် လူ ၂ ဦးစီးတယ်ဆိုတဲ အကြောင်းပြချက်နဲ့ ပေါ်တာဆွဲတာ ၅၀ ကျော်လောက် ပါသွားပါတယ်။ ဖမ်းခံရတဲ့သူတွေကို ငွေနဲ့ သွားရွေးလို့ လွတ်တဲ့သူတွေရှိတယ်။ လက်လုပ်လက်စားမို့ ငွေနဲ့မရွေးနိုင်ကြောင်း ပြောတဲ့ ၁၅ ဦးကျော်လောက်တော့ရှိတယ်။ သူတို့ကို ရွှေမင်းဝံ အမှတ် ၂ ရဲစန်း ထိန်းသိမ်းထားပြီး တပ်မ ၃၃ ထဲတန်းပို့တယ်လို့သိရပါတယ်။ ငွေကြေးမ‌ပေးနိုင်သူတွေက ပန်းရံအလုပ်သမားတွေများပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကောင်စီက ပြည်သူများကို တပ်သားသစ်အဖြစ် အတင်းအကျပ် စုဆောင်းနေသည့်မြင်ကွင်း။"]
https://yktnews.com/2022/12/76039/
စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်သဖြင့် ပြည် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
["စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်သဖြင့် ပြည် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် ပြည်သူများ လိုက်ပါလာသည့် ခရီးသည်တင်ကားကို စစ်တပ်က ပစ်ခတ်ခဲ့ သောကြောင့် ပြည် ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်း မှန်ပြန် ကြားရေး အဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှရွာ ဇရပ်အနီးတွင် စစ်ကိုင်း တပ်မ ၃၃မှ မြင်းမူဘက်သို့ မောင်းနှင်လာသည့် စစ်ကား မိုင်းဆွဲ တိုက်ခိုက် ခံရပြီးနောက် စစ်ကားကို ကျော်တက်ရန် ကြိုးစားနေသည့် ပြင်ဦးလွင် – မုံရွာ – နေပြည်တော် ပြေးဆွဲနေသည့် ဟိန်းစတား ခရီးသည်တင်ကားကို အကြမ်းဖက် စစ်တပ်က စစ်သားများက ဝိုင်းဝန်း ပစ်ခတ် ခဲ့ကြောင်းသိရသည်။", "စစ်သားများက ပစ်ခတ်ခြင်းကြောင့် ခရီးသည်တင်ကားတွင် လိုက်ပါလာသည့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယာဥ်မောင်းမှာလည်း မျက်လုံးကို ကျည်ထိမှန်ခဲ့ပြီး ခရီးသွား အဖွားအို ၁ ဦးလည်း ခြေထောက်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/101982/
စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး
["စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၀", "စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် ကင်းပုန်းတို့ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း People’s Knight Defens Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည် ထွက်ခွာလာသည့် စစ်တပ်၏ ၁၂ ဘီးကား ၇ စီး ပါ ယာဥ်တန်းကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြားတွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တတိယ ကားကို ထိမှန်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ခန့်တွင် စစ်ကိုင်း မှ မုံရွာသို့ ဦးတည် ထွက်ခွာ လာသော ကား ၁၆ စီးပါ ယာဥ်တန်းကို ဝမ်းပြည့်နှင့် အလ္လကပ္ပကျေးရွာ အကြားတွင် သုံးကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ယနေ့ ညနေ ၄ နာရီ ခန့်တွင် စစ်ကားများကို ကင်းယူ ပေးသော စစ်တပ် ကင်းပုန်းသည် မိုင်းကွင်းထဲသို့ ရောက်ရှိလာစဥ် မိုင်းဆွဲ တိုင်ခိုက်ခဲ့သောကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "” စစ်ခွေး ယာဥ်တန်းကို ကင်ယူထားတာ အများကြီးပဲ ကင်းတွေ ကြားထဲကနေ ကျွန်တော်တို့ မိုင်းဆွဲခဲ့ရတာ ကင်းယူထားတဲ့ ကောင်တွေက မိုင်းဆွဲတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု", "People’s Knight Defens Force Myinmu မှ တာဝန်ရှိသူ ဗိုလ်အေးချမ်းက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စသော မဟာမိတ်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/164628/
စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် လမ်းပိုင်းတွင် ငွေကြေး တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးနိုင်
["စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် လမ်းပိုင်းတွင် ငွေကြေး တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးနိုင်", "ရန်ကုန်၊ မေ ၂၆", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက် လမ်းပိုင်းတွင် ငွေကြေး တောင်းရမ်းနေသော စစ်သားများကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးနိုင်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၂၆ ရက်နေ့ နံနက် ၁ဝ နာရီကျော်ခန့်တွင် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း( စစ်ကိုင်း-မုံရွာ သံလမ်းဆုံ) ၌ လမ်းသွားလမ်းလာ ခရီးသွား ပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေတောင်းရမ်းခြင်းများ ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ‌ တိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကား ၁ စီးမိုင်း ထိမှန်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ဝ ဦးထက်မနည် လဲကျခဲ့ပြီး သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။", "သေဆုံးသွားသော စစ်‌သားများနှင့် ဒဏ်ရာရရှိသော စစ်သားများကို စစ်ကိုင်းမြို့တွင်းမှ လူနာတင်ယာဉ်များဖြင့် လာရောက်သယ်ဆောင်သွားပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“မြို့ဧရိယာ အတွင်းဆိုတော့ သတင်းအတိအကျ မထောက်လှမ်းနိုင်ဘူး။ စစ်ခွေး ၁၀ ကောင်ထက်မနည်း သေဆုံးနိုင်ပါတယ်။ ပက်လက်လှန် လဲကျတဲ့ စစ်ခွေး ၁၀ ကောင်နဲ့ ကားက‌တော့ မိုင်းလေးလုံး ထိတော့ လမ်းဘေးလွှင့်ကျသွားပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်၊ ဇုန် ၄ ပကဖ တာဝန်ခံ ကိုဂျိုး ဦးဆောင်သော အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ရတနာပုံ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94340/
စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြောင်မြို့နယ် တိုက်ပွဲတွင် PDF ၅ ဦးကျဆုံး
["စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြောင်မြို့နယ် တိုက်ပွဲတွင် PDF ၅ ဦးကျဆုံး", "ရန်ကုန်၊ မတ် ၂၆", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်းမပေါ် သစ်ကုန်း ကျေး ရွာ အနီး တွင် အကြမ်း ဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီး ခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသား တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၂၆ ရက် နံနက် ၅ နာရီ ၄၇ မိနစ်အချိန် ဆားတောင်ရဲစခန်းမှ စစ် ကိုင်း တပ်မ ၃၃ သို့ ပြန်လာ သောအကြမ်းဖက် သံပြားကာ အကြမ်း ဖက် စစ် ကား ၂ စီးကို နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် ဆား တောင်မိုးကြိုးတပ်ဖွဲ့က ပဒေသာ မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားတစ်စီး နောက်ဘီးပွင့်ထွက်သွားပြီး ကွယ်ပုံရွာ ထိပ်အရောက်ထိုးရပ်သွားကြောင်း သိရ သည်။", "စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်က လက် နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ပျက်စီး သွားသော အကြမ်းဖက်စစ်ကားကို လမ်းပေါ်ရှိ ပြည်သူ့ကားများကို အကာ အကွယ်ယူ ကာ ပြင်ဆင်မောင်းနှင်သွားကြောင်း၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ များက လိုက်လံတိုက်ခိုက်ရန် ကြိုးစား ခဲ့သော်လည်း ပြည်သူ့ကားများ ကပ်ပါ လာသည့်အတွက် ရှောင်တိမ်းပေးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတိုက်ပွဲတွင် ရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က ယနေ့ သတင်းထုတ်ပြန်သည်။", "မတ်လ ၂၄ ရက်နေ့ မြောင်မြို့နယ်အတွင်းလှည့်လည်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီ ဘီလူးစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မြောင်မြို့ နယ်တော်လှန်ရေးတပ် (MRA) တပ်ဖွဲ့မှ ရဲဘော်ဖေကြီး၊ ရဲဘော် ပွကြီး၊ ရဲဘော် အရှည်ကြီး၊ ရဲဘော် ဘီလူး၊ ရဲဘော်ကျောက်ဆည်တို့သည် တိုင်းပြည်နှင့် ဒီမိုက ရေ စီ တိုက်ပွဲအတွက် မြင့်မြတ်စွာကျ ဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်မူ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတိုက်ပွဲဖြစ်သဖြင့် PDF အလောင်း ၅ လောင်း၊ M 22 သေနတ် ၅ လက်၊ ကျည်အိမ်၊ ကျည်ဆန်၊ လက် လုပ် သေနတ်၊ လက်လုပ်စိန်ပြောင်း၊ ဘက်ထရီ၊ ဆိုလာပြား၊ ကားတစ်စီး တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် မိုင်းမိခဲ့သည့် စစ်ကားတစ်စီး။ (ပုံအဟောင်း ဖြစ်သည်။)"]
https://yktnews.com/2024/10/189540/
စစ်ကိုင်းခရိုင်အမှတ် ၃ တပ်ရင်းတွင် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်
["စစ်ကိုင်းခရိုင်အမှတ် ၃ တပ်ရင်းတွင် အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် အမှတ် ၃တပ်ရင်းတွင် အောက်တိုဘာလ ၂၂ရက်နေ့၌ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် ပြည်သူ့ကာတွပ်တော်မတော်၏ အလံတော်ကို အလေးပြုခြင်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ သစ္စာရေသောက်ခြင်းနှင့် တပ် ရင်းတာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/95000/
စစ်ကိုင်းခရိုင်၊ အမှတ် ၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကို စစ်တပ်က ခေါင်းဖြတ်သတ်
["စစ်ကိုင်းခရိုင်၊ အမှတ် ၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုဆင်ရိုင်းကို စစ်တပ်က ခေါင်းဖြတ်သတ်", "ရန်ကုန်၊ မတ် ၃၀", "အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ မှ ဒုတပ်ရင်းမှူး ကိုဆင်းရိုင်း(ခ) ကိုဝေဖြိုးလျှံ(ခ)ကိုတာဇံကို အကြမ်းဖက်စစ်တပ်က ခေါင်းဖြတ်သတ်ကာ ဦးခေါင်းကို ယူ ဆောင်သွားကြောင်း Myaung Union Army -ပြည်သူ့ကာ ကွယ်ရေး တပ်မတော်-မြောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၃၀ ရက်နေ့နံနက်ပိုင်းက မြောင်မြို့နယ်၊ဆွဲလွဲအို ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်လာသော အကြမ်းဖက်စစ် တပ် ဘီလူး စစ်ကြောင်းရန်မှ ပြည်သူများကို ကယ်ထုတ်ရင်း ခုခံကာကွယ်ပစ်ခတ်ရာက အင်အား မမျှသဖြင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော ကိုဆင်းရိုင်း(ခ) ကိုဝေဖြိုးလျှံ(ခ) ကိုတာဇံ၏ ဦးခေါင်းကို ဖြတ်ကာ အကြမ်းဖက်စစ် တပ်မှ ယူဆောင်သွားကြောင်းသိရသည်။", "“မနေ့က မြောင်နယ်ထဲကို ပြန်ဝင်လာတဲ့ ဘီးလူးစစ်ကြောင်းက ဒီမနက် ၆ နာရီကျော်ကျော်လောက်မှာ ဆွဲလဲအိုကျေးရွာကို ဝင်တယ်၊ အဲဒီမှာ ကိုဆင်ရိုင်းတို့က ပြည်သူတွေကို ကယ်ထုတ်ရင်း ခုခံပစ်ခတ်ရာက အင်အားမမျှ လွန်းတာကြောင့် ကာပစ်ပစ်ရင်းကျဆုံးခဲ့ရတာ၊ အခုသင်္ဂြိုလ်တဲ့အချိန်မှာ ဦးခေါင်းပြန်မရဘူး၊ ခွေးတွေက ဖြတ်ပြီး ယူသွားတာ” ဟု Myaung Union Army -ပြည်သူ့ကာကွယ်ရေး တပ်မတော်-မြောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယင်းအကြမ်းဖက်စစ်ကြောင်းသည် မြောင်မြို့နယ်၊ နဘတ်ကျေးရွာ၌ တပ်စွဲထားကြောင်း၊ ယနေ့မတ်လ ၃၀ ရက် နေ့ နံနက်ပိုင်းကလည်း ကျောက်ရစ်စခန်းရှိအကြမ်းဖက်စစ်သားများမှ နဘက်ရွာအတွင်းသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/211177/
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်လုပ်ဆောင်ခဲ့ကာ ပြည်သူ ၁၀၅ ဦး သေဆုံး
["စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်လုပ်ဆောင်ခဲ့ကာ ပြည်သူ ၁၀၅ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၁၀၅ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်သည်။", "မတ်လ ၂၈ ရက်နေ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးချိန်မှစတင်၍ ဧပြီလ ၁၁ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ဧရာဝတီ၊ ကချင်၊ ကရင် ၊ မွန်နှင့် ရခိုင် တို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ကျူးလွန်ခဲ့ကြောင်း ၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်အတွင်း ပြည်သူ ၁၀၅ ဦး သေဆုံးခဲ့ကာ ၁၀၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ နေအိမ် ၇၄ လုံး ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၃ ကျောင်းလည်း ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၀ လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး သေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီး ဒဏ်ကြောင့် နေအိမ် ၂၁ လုံးပျက်စီးပြီး ဘာသာရေးအဆောက်အအုံ ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“NUG အစိုးရအနေနဲ့ လူသားစာနာအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ ခုခံကာကွယ်စစ်က လွဲပြီး ထိုးစစ်အားလုံး ခေတ္တရပ်တန့်မှုကို မတ်လ ၃၀ ရက်နေ့မှာ စတင်မယ်ဆိုတာ မတ်လ ၂၉ ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်က အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းကနေ တိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းဥစ္စာတွေ မီးရှို့ဖျက်ဆီးပြီး ယူဆောင်တာတွေကို ငလျင်ဘေးသင့်ဒေသက ပြည်သူတွေ အပါအဝင် နိုင်ငံဒေသအနှံ့တော်တော်များများမှာ ဆက်လက်ကျူးလွန်တာကိုခံနေရပါတယ်” ဟု NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။", "ထို့ပြင် ငလျင်ဘေးအတွက် နိုင်ငံတကာက ထောက်ပံ့သည့် အကူအညီများသည် တကယ့်လက်တွေ့ မြေပြင်တွင် အလိုအပ်ဆုံးပြည်သူများထံ ထိရောက်သည့် ပံ့ပိုးမှုများ ရောက်ရှိရန် ဟန့်တားကန့်သတ်မှုများ ရှိနေပြီး နိုင်ငံ တကာ အကူအညီများသည် ပြည်သူများကို အကူအညီဖြစ်မည့်အစား လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူများကို အကြမ်းဖက်ပြန်လည်တိုက်ခိုက်မှုများအတွက် အထောက်အပံ့ဖြစ်သွားမည်ကို အလေးအနက် သတိ ထားပြီး တားဆီးရန် လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။", "ငလျင်ဘေးနှင့် ပတ်သက်၍လည်း NLD အစိုးရလက်ထက်တွင်မှု သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်စီစဉ်မှုများစွာဆောင် ရွက် ခဲ့ပြီး အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်များ၊ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးစီမံချက်များကို ၂၀၁၉ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များကတည်းက ရေးဆွဲ အကောင်အထည် ဖော်ခဲ့ကြောင်း၊ သဘာဝဘေးများ ကြုံလာချိန်တွင်လည်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကိုလည်း သီးသန့်ထားရှိဆောင်ရွက်ခဲ့သော်လည်း အဆိုပါ ရန်ပုံငွေများကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၂ ခုနှစ်တုန်းအတွင်း အသုံးပြုခဲ့၍ ယခုလက်တွေ့ဖြစ်လာချိန်တွင် လူ့အသက်ပေါင်းများစွာကို ကြိုတင်ပြင်ဆင်မှုများ ပျောက် ကွယ်ခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။", "လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ တစ်မီလီယံနှင့် ညီမျှသည့် ကျပ်ငွေရန်ပုံငွေကို မတည်ပြီး စတင်ထောက်ပံ့ခဲ့ကြောင်း၊ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်မှတ်တမ်းတင်ပြီး အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များ ဆောင်ရွက်ခဲ့ကြောင်း၊ အရေးပေါ် အကူ အညီများကိုလည်း NUG စိုးမိုးနယ်မြေ စစ်ကောင်စီစိုးမိုးနယ်မြေဟူ၍ မခွဲခြားဘဲ အမြန်ဆုံးရောက်ရှိရေး ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း NUG က ထုတ်ပြန်ပြောဆိုထားသည်။", "ဓာတ်ပုံ- ဧပြီလ ၉ ရက်နေ့ ဝန်းသိုမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင် သေဆုံးခဲ့ကြသည့် ကလေးငယ်များနှင့် ပြည်သူများ။"]
https://yktnews.com/2025/04/212078/
စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ကြေညာ၊ အများစုသော ကျောင်း သားကျောင်းသူများ စာမေးပွဲ ပြန် ဖြေရန် အခက်အခဲဖြစ်နေ
["စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟုစစ်ကောင်စီက ကြေညာ၊ အများစုသော ကျောင်း သားကျောင်းသူများ စာမေးပွဲ ပြန် ဖြေရန် အခက်အခဲဖြစ်နေ", "ရန်ကုန်၊ ဧပြီ ၂၂", "စစ်ကိုင်းငလျင်ကြောင့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများ ပျက်စီးသွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့မှ ကျောင်းသားကျောင်းသူများအားလုံး ဇွန်လ ၁၆ ရက်နေ့မှစတင်၍ စာမေးပွဲ ပြန်ဖြေရမည်ဟု စစ်ကောင်စီက ယနေ့ ကြေညာသည်။", "ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ ဇွန်လ ၂၁ ရက်နေ့အထိ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများ ပြန်လည် ဖြေဆိုရမည်ဟု စစ်ကောင်စီက ကြေညာခြင်းဖြစ်သည်။", "စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ကျင်းပရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။", "မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။", "ထိုကဲ့သို့ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေအတွင်းမှ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများ၏ အဖြေလွှာများ မီးလောင် ပျက်စီးသွားခဲ့သည့်အတွက် စာမေးပွဲ ပြန်လည် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရန် မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေး ခရီးစဉ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "အခြေခံပညာကျောင်းများတွင် မေလ ၁ ရက်နေ့ ကျောင်းသားကျောင်းသူများကို အနီးကပ် ၂ ပတ် ကျောင်းတက်ခိုင်းနေပြီဖြစ်ကြောင်း၊ အများစုသော ကျောင်းသားကျောင်းသူများမှာ ငလျင်ဒဏ်ကြောင့် နေအိမ်များ ပျက်စီးခြင်းနှင့် စီးပွားရေးများ ပျက်စီးခြင်းတို့ကြောင့် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည် ဖြေဆိုရန် ခက်ခဲနေကြကြောင်း သိရှိရသည်။", "“အိမ်နဲ့ ဆိုင်နဲ့ တွဲထားတာ။ အိမ်ရော ဆိုင်ရော ပြိုသွားပါတယ်။ အိမ်မှာ ၁၀ တန်းဖြေထားတဲ့ သမီးကို စာမေးပွဲ ပြန်ဖြေခိုင်းဖို့လည်း အဆင်မပြေပါဘူး။ အအောင်ပေးရင်လည်း ရနေတာကို စာမေးပွဲ ပြန်ဖြေခိုင်းတာကတော့ ကလေးကလည်း ငလျင်ကြောင့် စိတ်ဒဏ်ရာရနေတော့ ဖြေဖို့ အဆင်မပြေဘူး။ အိမ်ပြန်ဆောက်ဖို့ရော စီးပွား ရေး ရော အဆင်မပြေဖြစ်နေတာ့ တစ်မိသားစုလုံး စိတ်ဖိအားများနေပါတယ်။ အခုထက်ထိလည်း သူများအိမ်မှာ ကပ်နေရတုန်းပါ” ဟု စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်မှ ကျောင်းသားမိဘတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2025/04/211765/
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည်
["စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည်", "ရန်ကုန်၊ ဧပြီ ၁၉", "စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးနေသော နေပြည်တော်ကို မင်းအောင်လှိုင်က အကွက်ချ၍ မြို့သစ်ပြန်တည်မည်ဖြစ်ကြောင်း ယမန်နေ့ စစ်ကောင်စီအစည်း အဝေးတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။", "အကြမ်းဖက် မင်းအောင်လှိုင်က နေပြည်တော်၏ မြို့အကွက်ချမှုပုံစံကို ပြန် လည် တွက်ချက်ရေးဆွဲသွားရန် စီစဉ်နေကြောင်း၊ ငလျင်မကြာခဏ လှုပ်ခတ်လျက်ရှိသည့် နိုင်ငံများမှ အဆောက်အအုံများ တည်ဆောက်ထားရှိမှုများကို နမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားရန် လိုကြောင်း အစည်းအဝေးတွင် ဆိုသည်။", "မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် အစိုးရဌာနများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အအုံများ အနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက် အအုံများမှာ ပိုမိုထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရုံးအဆောက်အအုံများ ပြန်လည် တည်ဆောက်ရာတွင် မြေစမ်းသပ်မှုများ ဆောင်ရွက်ပြီးမှသာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တွက်ချက်၍ ရသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့် အဆောက် အအုံများကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဆောင်ရွက်သွားရန်လိုကြောင်း မင်းအောင်လှိုင်က ဆိုသည်။", "နေပြည်တော်ဝန်ထမ်းအိမ်ရာများကိုလည်း ပြန်လည် တည်ဆောက်ရာတွင် ငလျင်ပြင်းအား ရစ်ချ်တာစကေး ၈ အထိ ခံနိုင်သည့်အဆောက်အအုံများ ဖြစ်အောင် ဆောင်ရွက်သွားရမည်ဟု မင်းအောင်လှိုင်က ဆက်လက်ပြောဆိုထား သည်။", "လတ်တလော ၆ လအတွင်း ပြန်လည် တည်ဆောက်မည့် ဝန်ကြီးဌာနရုံးတချို့ကို ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့နေပြီး ပြောင်းရွှေသည့် ရုံးများတွင် နိုင်ငံ ခြားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားရေး အပါအဝင် ရုံးတချို့ ပါဝင်ကြောင်း Non-CMD ဝန်ထမ်းများထံမှ သိရှိရသည်။", "အာဏာရှင်ဟောင်း သန်းရွှေက နေပြည်တော်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၆ ခုနှစ် မတ် လ ၂၇ ရက်နေ့တွင် နေပြည်တော် ဆိုသောအမည်ဖြင့် တရားဝင် မြို့ တော် အသစ်အဖြစ် ကြေညာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2025/05/214412/
စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား
["စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား", "ရန်ကုန်၊ မေ ၁၃", "စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောင်လုပ်ရမည်ဟု စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်သော်လည်း စစ်ကောင်စီက ဆောက်လုပ်ခွင့်နှင့်ဖြိုဖျက်ခွင့်များ လုံး၀ ချထားမပေးဘဲ ပိတ်ပင်ထားကြောင်း ရမည်းသင်းအခြေစိုက် ဗလီကျောင်းတော်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီက ငလျင်ကြောင့် ပြိုပျက်သွားသော ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးနှင့်ကျောင်းတိုက်များကိုမူ ကြိုက် နှစ်သက်လို ပြန်လည် တည်ထားခွင့်ပေးထားသော်လည်း ဗလီနှင့်ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုမူ မူလအတိုင်းသာ ဆောက်လုပ်ရန်၊ ဆောက်လုပ်ခြင်းနှင့်ဖြိုဖျက်ခြင်းများကိုလည်း စစ်ကောင်စီက ခွင့်ပြုမှသာ လုပ် ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း၊ အမှန်တကယ် ခွင့်ပြုချက်တောင်းခံသောအခါ ဖြိုဖျက် ရှင်းလင်းခွင့်ပင် မပေးဘဲ ပြန်လည်တည်ဆောက်ခွင့်မှာ အလွန်ဝေးကွာကြောင်း သိရှိရသည်။", "“အခု ဗလီတွေ ပြန်ဆောက်ဖို့နေနေသာသာ ငလျင်လှုပ်ပြီးတာ ၁ လကျော်လာတဲ့အထိ ဘာဆိုဘာမှ လုပ်ခွင့်မပေးဘူး။ မြို့နယ်/ထွေအုပ်ကလည်း ဘာလေးလုပ်လုပ် သူ့ကို ပြောရမယ်။ သာသနာရေးကိုတင်ရမယ်ဆိုတာချည်းပဲ။ မူရင်း ငယ်မူ အဆောက်အအုံ မူလ စာရွက်စာတမ်းတွေလည်း တောင်းတယ်။ တချို့ဟာတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အဆက်အဆက်တောင် လိုက်မရတော့ဘူး။ တကယ်တော့ စည်ပင်နဲ့ သာသနာရေးမှာ ငယ်မူ စာရွက်စာတမ်း မိတ္တူတွေရှိတယ်။ နောက်တစ်ခုက တင်ထားတာတွေကို သာသနာရေးဝန်ကြီးကိုယ်တိုင် စိစစ်မယ်လို့ ပြောပါတယ်။ သာသနာရေးဝန်ကြီးကလည်း Cabinet ကို တင်ပြီးမှ ခွင့်ပြုမယ်။ အဆင့်တွေကြာမယ်ပေါ့” ဟု ရမည်းသင်းမြို့နယ်တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီကျောင်းတော်အဖွဲ့ဝင် ဂေါပကက ရှင်းပြသည်။", "ဗလီနှင့်ခရစ်ယာန်ကျောင်းများကို ပြန်လည် တည်ဆောက်ရာတွင် ကနဦးအနေဖြင့် အောက်ခြေတွင် စိစစ်မည်ဖြစ် ကြောင်း၊ မြို့နယ်၊ ယင်းနောက် ခရိုင်၊ ထိုမှတစ်ဆင့် ပြည်နယ်/တိုင်းအစိုးရအဆင့်သို့ တင်ပြရမည်ဖြစ်ပြီး နောက်ဆုံးတွင် သာသနာရေးဝန်ကြီးဌာနနှင့် စစ်ကောင်စီထံသို့ နောက်ဆုံးခွင့်ပြုယူရမည်ဖြစ်ကြောင်း သိရှိရသည်။", "သို့ရာတွင် ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးနှင့်ကျောင်းတိုက်များ ပြိုကျမှုကိုမူ ငလျင်လှုပ်ခတ်ပြီးသည်နှင့် စစ်ကောင်စီက ဦးဆောင်၍ အင်တိုက် အားတိုက် ပြုပြင်လျက်ရှိကြောင်း၊ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် စေတီ အပါအဝင် ဘုရားစေတီနှင့် ကျောင်းတိုက်တချို့ကို သီတဂူက ဦးဆောင်၍ မက်စ်မြန်မာကုမ္ပဏီ အပါအဝင် ကုမ္ပဏီများက ၀ိုင်းဝန်း ပံ့ပိုး၍ ပြုပြင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။", "“မညီမျှမှုကတော့ မြင်တွေ့ရတာပဲ။ စေတီတွေ ကျောင်းတိုက်တွေကျတော့ ချက်ချင်းလုပ်လို့ရပြီး ဗလီတွေကျတော့ ချက်ချင်းပြုပြင်ခွင့်မပေးဘူး။ ဒီမိုးတွင်း ဘယ်မှာသွားပြီး ဝတ်ပြုမလဲ” ဟု အမရပူရမြို့နယ်မှ အစ္စလမ်ဘာသာဝင်တစ်ဦးက ဆိုသည်။", "မတ်လ ၂၈ ရက်နေ့ သောကြာနေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဗလီကျောင်းတော် ၅၀ ကျော်မှ ၆၀ ဝန်းကျင်အထိ ပြိုကျခဲ့ပြီး အစ္စလမ်ဘာသာဝင် ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။"]
https://yktnews.com/2025/04/211780/
စစ်ကိုင်းငလျင်ကြောင့် မြေပြင်အက်ကြောင်းဖြစ်ပေါ်မှု မိုင် ၃၄၀ကျော်အထိ ရှိခဲ့ဟုဆို
["စစ်ကိုင်းငလျင်ကြောင့် မြေပြင်အက်ကြောင်းဖြစ်ပေါ်မှု မိုင် ၃၄၀ကျော်အထိ ရှိခဲ့ဟုဆို", "ရန်ကုန် | ဧပြီ ၁၉", "မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြေပြင် မျက်နှာပြင်အက် ကြောင်းက မိုင်ပေါင်း ၃၄၂မိုင် (၅၅၀ကီလိုမီတာ) အထိရှိခဲ့တယ်လို့ အမေရိကန် အာကာသနှင့်လေကြောင်းဦးစီးဌာန (NASA) နာဆာက ထုတ်ပြန်ခဲ့ပါတယ်။", "ငလျင်ကြောင့်ဖြစ်ပေါ်တဲ့ မြေမျက်နှာပြင်အက်ကြောင်းဟာ မန္တလေးမြို့မြောက်ဘက်ကနေ နေပြည်တော် တောင်ဘက်အထိရှိခဲ့ပြီး ဒါဟာ မှတ်တမ်းတင်နိုင်သမျှမှာ အရှည်လျားဆုံး အက်ကြောင်းတခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။", "ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ နာဆာရဲ့ Jet Propulsion Laboratory သုတေသီတွေရဲ့ ရေဒါနဲ့ optical ဂြိုလ်တု အချက်အလက်တွေ အသုံးပြုပြီး မြေပြင်ရွေ့လျားမှုကိုလေ့လာခဲ့ရာကနေ အဲဒီလို တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။", "စစ်ကိုင်းငလျင်ဟာ စစ်ကိုင်းပြတ်ရွေ့ရဲ့ အနက် ၁၀ကီလိုမီတာ (၆မိုင်)မှာ စတင်လှုပ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်အနီးက အဆောက်အဦးတွေပြင်းထန်စွာထိခိုက်ခဲ့ကာ မိုင်၆၀၀ကျော်အကွာက ဘန်ကောက်မြို့အထိပါ ရိုက်ခတ်မှု ရှိခဲ့တယ်လို့ နာဆာက ဆိုပါတယ်။", "မတ်လ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ အထိအခိုက်အပျက်အစီး အဆမတန်များပြားခဲ့ရပြီး လူပေါင်း ၄၀၀၀နီးပါးသေဆုံးခဲ့ပါတယ်။", "လတ်တလောအချိန်အထိ စစ်ကိုင်းငလျင်အရှိန်ကြောင့် ငလျင်ငယ်တွေ ဆက် တိုက်လှုပ်ခတ်နေပြီး အကြိမ်ပေါင်း ၁၄၈ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။", "ဘူမိဗေဒပညာရှင်တွေကလည်း စစ်ကိုင်းပြတ်ရွေ့နဲ့ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ပြတ်ရွေ့ကြောတွေကို လေ့လာမှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး လေ့လာတွေ့ရှိရတဲ့ ငလျင်ပြတ်ရွေ့ကြောင်းတွေကိုလည်း လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။", "ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြေကြီးများ အက်ကွဲကြောင်းများဖြစ်ပေါ်နေစဉ်။", "Photo Credit- Nyo Min Facebook ။", "(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2025/04/210614/
စစ်ကိုင်းငလျင်ကြောင့် အင်း၀မြို့ဟောင်း၏ ရေနန်းဆောင် တွေ့ရှိရဟု စစ်ကောင်စီက သတင်းထုတ်ပြန်
["စစ်ကိုင်းငလျင်ကြောင့် အင်း၀မြို့ဟောင်း၏ ရေနန်းဆောင် တွေ့ရှိရဟု စစ်ကောင်စီက သတင်းထုတ်ပြန်", "ရန်ကုန်၊ ဧပြီ ၈", "စစ်ကိုင်းငလျင်ကြောင့် ရတနာပူရ အင်း၀မြို့ဟောင်း၏ ရေနန်းဆောင်တစ်ခုကို တွေ့ရှိရကြောင်း စစ်ကောင်စီ၏ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။", "မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်သူပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့ မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက် တည်ဆောက်ခဲ့သည့် ရေနန်းတော်ဆိုသည်မှာ လက်ဝဲနော်ရထာ အမတ်၏ ပုရပိုက်ပုံတွင် တွေ့ရှိရကြောင်း၊ ယခုတွေ့ရှိရသည့် အဆောက် အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ် ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် ငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရကြောင်း သိရှိရသည်။", "ထို့ကြောင့် ဧပြီလ ၆ ရက်နေ့မှ စတင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ပန္နက်အုတ်ခုံ အလျား ၁၀ ပေ ၆ လက်မ၊ အနက် ၃ ပေ ၈ လက်မ၊ အုတ်ခံထောင့်ချိုး ၂ ပေ ၆ လက်မ၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး ၁၈ လက်မ၊ လက်ရုံးဒေါင့်ချိုး ၈ လက်မ၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး ၁၁ ပေ ၄ လက်မတို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။", "လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက် အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်နိုင်ကြောင်း၊ အလျား ပေ ၂၀၀ မှ ၂၅၀ ပေနှင့် အနံ ပေ ၂၀၀ ခန့် သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း၊ အနီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား ၈ ခုမှ ၁၀ ခုအထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း၊ ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်း၊ ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း၊ အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိရကြောင်း သတင်းထုတ်ပြန်သည်။", "သို့ဖြစ်၍ စစ်ကောင်စီ၏ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော် ထုတ်သွားမည်ဟု သတင်းထုတ်ပြန်သည်"]
https://yktnews.com/2025/04/211047/
စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်သွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ဖြေခိုင်းမည်
["စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်သွား၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင်စာမေးပွဲ ပြန်ဖြေခိုင်းမည်", "ရန်ကုန်၊ ဧပြီ ၁၂", "စစ်ကိုင်းငလျင်လှုပ်ခတ်စဉ် မန္တလေးတက္ကသိုလ် မီးလောင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာ ၄ သိန်း ခန့် မီးလောင်ပျက်စီး၍ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည်တော်တို့တွင် စာမေးပွဲ ပြန်ကျင်းပရန် အကြမ်းဖက် မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း ပညာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။", "မတ် ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် နောက်ဆက်တွဲအဖြစ် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင်သို့ ရောက်ရှိလျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်သည့် မန္တလေး တိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၄၆၉၄၄ ဦး၏ အဖြေလွှာအုပ်ရေ ၂၈၀၉၄၀ အုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဖြေဆိုသူဦးရေ ၇၃၁၁ ဦး၏ အဖြေလွှာအုပ်ရေ ၄၃၈၂၇ အုပ်၊ ကချင် ပြည်နယ်မှ ဖြေဆိုသူဦးရေ ၈၆၉၉ ဦး၏ အဖြေလွှာအုပ်ရေ ၅၂၁၈၉ အုပ် စုစုပေါင်း အဖြေလွှာ ၄ သိန်းဝန်းကျင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။", "ထိုကဲ့သို့ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့သည့်အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေအတွင်းမှ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများ၏ အဖြေလွှာများ မီးလောင် ပျက်စီးသွားခဲ့သည့်အတွက် စာမေးပွဲ ပြန်လည် ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရန် မင်းအောင်လှိုင်က မတ်လ ၂၉ ရက်နေ့ မန္တလေး ခရီးစဉ်အတွင်း ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "မန္တလေးတွင် လာမည့် မေလ ၁ ရက်နေ့ ကျောင်းသားကျောင်းသူများကို အနီးကပ် ၂ ပတ် ကျောင်းတက်ခိုင်းပြီး စာမေးပွဲ ပြန် လည် ဖြေခိုင်းရန် ကျောင်းသားမိဘများကို သက်ဆိုင်ရာ ကျောင်းများက ပြန်လည် ခေါ်ယူညှိနှိုင်း အသိပေးခဲ့ကြောင်း သိရှိရသည်။", "“မန္တလေးမှာ ၁၂ တန်းကျောင်းသားကျောင်းသူတွေ စာမေးပွဲ ပြန်ဖြေရမယ်လို့ မန္တလေး အထက ၅ က ခေါ်ပြောပါတယ်။ မေလ ၁ ရက်နေ့ကစပြီး ၂ ပတ် ကျောင်းတက်ရမယ်။ ပြီးရင် စာမေးပွဲ ပြန်ဖြေရမယ်။ အဓိကက အဖြေလွှာတွေ မီးလောင်တဲ့အထဲ ပါသွားလို့တဲ့။ ကလေးတွေက ငလျင်ဒဏ်သင့်ရတဲ့အထဲ စာမေးပွဲ ပြန်ဖြေရမယ်ဆိုတော့ မိဘရော ကျောင်းသားကျောင်းသူရော အကုန်စိတ်ဆင်းရဲနေရတယ်” ဟု မန္တလေး အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော ကျောင်းသားတစ်ဦး၏ မိဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2025/04/210597/
စစ်ကိုင်းငလျင်သင့် မန္တလေးပြည်သူများအတွက် လှူဒါန်းထားသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မတရားသိမ်းယူပြီး ၎င်းတို့၏ဆွေမျိုးအသိုင်းအ၀ိုင်းထံသို့ ပြန်လည်ဖြန့်ဝေ
["စစ်ကိုင်းငလျင်သင့် မန္တလေးပြည်သူများအတွက် လှူဒါန်းထားသော ကူညီကယ်ဆယ်ရေးပစ္စည်းများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မတရားသိမ်းယူပြီး၎င်းတို့၏ဆွေမျိုးအသိုင်းအ၀ိုင်းထံသို့ ပြန်လည်ဖြန့်ဝေ", "ရန်ကုန်၊ ဧပြီ ၈", "မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ် ရပ်ကွက်များတွင် အလှူရှင်များမှ လာရောက် လှူဒါန်းသည့် ပစ္စည်းများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က သိမ်းဆည်းပြီး ၎င်းတို့နှင့်ပတ်သက်ဆက်နွယ်သော ဆွေမျိုးများထံသို့ ပြန်လည် ခွဲဝေပေးမှုများ ဖြစ်ပွားလျက်ရှိကြောင်း ငလျင်သင့်ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မန္တလေးမြို့ပေါ်ရှိ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးနှင့် ၎င်းဆွေမျိုးများက အလှူရှင်များ လာရောက်လှူဒါန်းသည့် မည်သည့် ပစ္စည်းမဆို ၎င်းတို့ကိုယ်တိုင် လက်ခံ သိမ်းဆည်းပြီး ပြည်သူများကို အနည်းငယ်သာ ခွဲဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။", "ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် ၄ ရပ်ကွက်တွင် ငလျင်ဒဏ်ကြောင့် နေအိမ်ပြိုကျသူများကို အထက ခွဲ ၃ ကျောင်း ( ဇ ကျောင်း) ၌ ယာယီစခန်း ဖွင့်လှစ်ထားပေးပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးက လှူဒါန်းသူများ ပိုမို လာရောက်ရန် ကျူးကျော် ရပ်ကွက်ထဲမှ ပြည်သူများကိုပါ ခေါ်ထားသောကြောင့် လက်ရှိချိန်တွင် လူဦးရေ ၃၀၀ ကျော်ထိရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။", "“အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ သူ့ဆွေမျိုးတွေ အိမ်ရှိ လူကုန်စာရင်းပေးထားပြီး ငါးခြောက် ပါရင် သူ့တို့ ဆွေမျိုးတွေအရင်ပေးတာပါ။ ကျန်တာမှ တကယ် ဒုက္ခရောက်တဲ့ သူတွေရတာ နောက်ပြီး အလှူရှင်တွေ များများလာအောင် ကျူးကျော် ထဲကလူတွေပါ။ လက်ခံထားတယ်။ ဆန်အိတ်တွေလာလှူရင် သူ့ရုံးခန်းထဲ အကုန်ထည့်ပြီး သော့ခတ်ထားတာ သူတို့ ပညာရေး၀န်ထမ်းတွေနဲ့ အကြီးတွေဘဲ ခွဲယူကြတာပါ။ တချို့ဆို မနက်မှ ဝေတာတွေ ယူပြီးတာနဲ့ အထုပ်ကြီး အထုပ်ငယ်သယ်ပြီး အိုးဝေတွေနဲ့ ဆိုင်ကယ်တွေနဲ့တင်ပြီး ညနေဆို ပြန်သွားကြတယ်။ အများစု သူတို့အကြီးတွေရဲ့ဆွေမျိုးသား‌ချင်းတွေများပါတယ်။ တကယ် ဒုက္ခရောက်သူက ၅၀ လောက်ပဲရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်တွင်လည်း ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူ ၅၀၀ ကျော်ခန့်ရှိသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူဦးရေ ၁၈၀ ကျော်၏ စာရင်းများကောက်ယူပြီး အိမ်ထောင်စုခွဲထားသူများကို မပေးဘဲ ပိုသည့် ပစ္စည်း အားလုံးကို သိမ်းယူနေကြောင်း သိရသည်။", "“စိန်ပန်းရပ်ကွက်မှာ လူဦးရေ ၅၀၀ ကျော်ရှိတာကို ဒုက္ခ ရောက်နေတဲ့ သူတွေချည်ပဲလာနေကြရတာကို လူများ တယ်ဆိုပြီး ၁၈၀ ကျော်ကိုပဲ စာရင်းကောက်တယ်။ အမှန်တကယ် အိမ်ထောင်စု စာရင်း ရှိပြီး အိမ်ထောင်စုခွဲထားတဲ့သူတွေကျ ဖယ်ထားခဲ့တာ ထမင်းဗူးကို မိသားစု ၅ ဦးရှိတဲ့သူက စာရင်းကောက်လို့ နံပါတ် ပြားရခဲ့ရင် တဗူးကို လူ ၅ ဦးခွဲစားနေရတယ်။ အလှူရှင်တွေကပေးရတာပါ။ ဘာလို့ စိတ်ဓာတ်အောက်တန်းကျရတာလည်းတော့ မသိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းငလျင်သင့် ပြည်သူများကို ထိရောက်သော ကူညီမှုများ လုပ် ဆောင်ပေးခြင်းမရှိကြောင်း ငလျင်ဘေးသင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။"]
https://yktnews.com/2025/05/213032/
စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံး
["စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံး", "ရန်ကုန်၊ ဧပြီ ၃၀", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော ဆက်ကြေးကောက်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတက္ကသိုလ် အတွင်း အထိုင်ချ တပ်ဆွဲထားပြီး လမ်းသွား လမ်းလာ ပြည်သူကားများကို ဖမ်းဆီး ငွေညစ် တောင်းခံနေသော စစ်ကောင်စီ တပ်သားများနှင့် စစ်ကိုင်း ကံတလူ တိုးဂိတ်တွင် အထိုင်ချ တပ်ဆွဲပြီး ပြည်သူလူထုများကို ဖမ်းဆီး ငွေညစ် နေသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့ဝင်များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“စစ်ကိုင်းတက္ကသိုလ်ဂိတ်ကို ဝင်တိုက်တဲ့အချိန်မှာ စခတွေက ထမင်းချက်နေကြတာ၊ ၄၀ မမ ထုတဲ့ အချိန်မှာ ကိုးယောက်၁၀ ယောက်လောက်ရှိတဲ့ နေရာကို ၄၀ မမ တည့်ကျကွဲတယ်။ ပြီးတော့ ဂန်း ငယ်တွေနဲ့ ဝိုင်းပစ်ကြတာ၊ ကံတလူတိုးဂိတ်ကိုကျတော့ မိုင်းနဲ့စပြီးတိုက်တာ၊ မိုင်းပွိုင့်ထိထိမိမိကွဲတဲ့ အချိန်မှာ ဂန်းငယ်တွေနဲ့ တာဝန်ကိုယ်စီယူပြီး ဝိုင်းပစ်ခဲ့ကြတာပါ။ ကံတလူတိုးဂိတ်မှာက မိုင်းကွဲပြီး ပြီးချင်း ၃ ယောက်တော့ ကားယားကြီး‌ မြေပေါ်မှာ မှောက်ကျနေတာ၊ သေ၊ မသေတော့ အတိအကျ မသိဘူး။” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို သယ်ဆောင်နေစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူလူထုပိုင် လယ်ယာမြေများအတွင်း ကျရောက်ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ုညီနောင် ပျောက်ကြားတပ်ဖွဲ့ စစ်ကိုင်း နှင့် Sagaing PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/209381/
စစ်ကိုင်းတစ်မြို့လုံး ၈၀ ရာခိုင်နှုန်း ပြိုကျပျက်စီးပြီး လတ်တလောသေဆုံးသူ စာရင်း ၅၀ နီးပါး အတည်ပြုနိုင်ကာ ထိခိုက်သေဆုံးသူ ရာချီ ရှိနိုင်ကာ ကယ်ဆယ်ရေးလုပ်မည့်သူမရှိ၊ မီးသတ်ဌာနတစ်ခုလုံး ပြိုကျပျက်စီးနေ
["စစ်ကိုင်းတစ်မြို့လုံး ၈၀ ရာခိုင်နှုန်း ပြိုကျပျက်စီးပြီး လတ်တလောသေဆုံးသူ စာရင်း ၅၀ နီးပါး အတည်ပြုနိုင်ကာ ထိခိုက်သေဆုံးသူ ရာချီ ရှိနိုင်ကာ ကယ်ဆယ်ရေးလုပ်မည့်သူမရှိ၊မီးသတ်ဌာနတစ်ခုလုံး ပြိုကျပျက်စီးနေ", "ရန်ကုန်၊ မတ် ၂၉", "စစ်ကိုင်းမြို့ တစ်မြို့လုံး ယမန်နေ့ လှုပ်ခတ်သော ငလျင်ကြောင့် ၈၀ ရာခိုင်နှုန်း ပြိုကျပျက်စီးပြီး လတ်တလောသေ ဆုံးသူ စာရင်း ၅၀ နီးပါး အတည်ပြုထားနိုင်ကာ ကူညီကယ်ဆယ်ရေး လုပ်ပေးမည့်သူမရှိ ဖြစ်နေကြောင်း စစ်ကိုင်းမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“စစ်ကိုင်းက မန္တလေးထက်တောင် အသေအပျောက်များနိုင်တယ်။ မြတ်ကိုယ်ပိုင်သင်တန်ကျောင်းမှာ ကလေးတွေ စာသင်နေတုန်းပြိုကျတာ ကလေးအားလုံးဆုံးတယ်။ ပိနေတယ်။ လေးကျွန်းမြေအုတ်ကျောင်းမှာလည်း ယဉ်ကျေးလိမ္မာသင်တန်းသားတွေ ဖွင့်နေတုန်း ပြိုကျတာ ကလေးတစ်ဝက်နီးပါး ပါသွားတယ်။ အခုက စာရင်းကောက်ဖို့ နေနေသာသာ ကယ်ဆယ်ရေးကို မစနိုင်တာ” ဟု စစ်ကိုင်းအခြေစိုက် ကယ်ဆယ်ရေး လုပ်ရန် ကြိုးပမ်းနေသော ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။", "စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ကို ဆက်သွယ်ထားသော စစ်ကိုင်းတံတားအသစ်မှာလည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်နေခြင်းနှင့် ချည်းကပ်လမ်းများ ပြိုကျသဖြင့် ကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ ပြည်သူများမှာ ဇက်ရေယာဉ်များဖြင့်သာ စစ်ကိုင်းနှင့် မန္တလေးအကြား ကူးသန်းနေရကြောင်း သိရှိရသည်။", "“မန္တလေးဘက်က ကယ်ဆယ်ရေးတွေ ဒီဘက်ကို မလာနိုင်ဘူး။ တစ်မြို့လုံးကတော့ အပျက်အစီးတွေကို ထိုင်ကြည့်နေရတာ” ဟု ပြည်သူတစ်ဦးက ဆိုသည်။", "စစ်ကိုင်းမြို့ပေါ်တွင် ဗလီ ၃ လုံး ပြိုကျခဲ့ပြီး လတ်တလော စာရင်းများအရ ၄၅ ဦးသေဆုံးကြောင်း၊ သေဆုံးသူ များတွင် အတည်ပြုထားပြီး အလောင်းများမှာ အပျက်အစီးများအောက်တွင် ပိမိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132660/
စစ်ကိုင်းတိုင်း မြို့နယ် ၁၁ ခုရှိ စစ်ဘေးရှောင် ပြည်သူများအတွက် မြွေဆိပ်ဖြေဆေးများ လှူဒါန်း
["စစ်ကိုင်းတိုင်း မြို့နယ် ၁၁ ခုရှိ စစ်ဘေးရှောင် ပြည်သူများအတွက် မြွေဆိပ်ဖြေဆေးများ လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း မြို့နယ် ၁၁ ခုရှိ စစ်ဘေးရှောင် ပြည်သူများအတွက် S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မြွေဆိပ်ဖြေဆေး အလုံးပေါင်း ၆၈၀ ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/91284/
စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို ဗကသ ကျောင်းသားများက သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း
["စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို ဗကသ ကျောင်းသားများက သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မတ် ၈", "စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို ဗကသများ အဖွဲ့ချူပ်၀င် အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ ဦး‌ဆောင်ကာ ကျောင်းသားများ လိုအပ်လျက်ရှိသော ပညာသင်ကြားရေးဆိုင်ရာ ပစ္စည်းများကို ပြည်သူများ၏ အထောက်အပံ့မှ တဆင့် ကျောင်းသားများသို့ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/100237/
စစ်ကိုင်းတိုင်း အတွင်းရှိ မီးဘေးသင့် ပြည်သူများကို နေအိမ် အလုံး ၇၀၀ ဆောက်လုပ် လှူဒါန်း
["စစ်ကိုင်းတိုင်း အတွင်းရှိ မီးဘေးသင့် ပြည်သူများကို နေအိမ် အလုံး ၇၀၀ ဆောက်လုပ် လှူဒါန်း", "ရန်ကုန်၊ မေ ၁", "စစ်ကိုင်းတိုင်း အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့သွားသော ကျေးရွာများမှ ပြည်သူများကို S&C မီးဘေး စစ်ဘေးပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က နေအိမ် အလုံး ၇၀၀ ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။", "S&Cအဖွဲ့သည် နေအိမ်များ စတင် တည်ဆောက် ပေးချိန်၌ အလုံးရေ ၁၀၀ အထိ သာ ဆောက်လုပ်ရန် ရည်မှန်းခဲ့သော်လည်း ပြည်တွင်း ပြည်ပ မိဘ ပြည်သူ များ၏ ကူညီလှူဒါန်းမှုကြောင့် အိမ်အလုံးရေ ၇၀၀ အထိ လှူဒါန်း ပြီးစီးကာ နေအိမ် အလုံး ၁၀၀၀ ထိ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/03/205889/
စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုများကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်သူ ၄၁၅၉ ဦး သေဆုံးကာ ၃၁၅၀ ဦး ထိခိုက်ဒဏ်ရာရ
["စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှု အပါအဝင် အကြမ်းဖက်မှုများကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပြည်သူ ၄၁၅၉ ဦး သေဆုံးကာ ၃၁၅၀ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁", "စစ်ကိုင်းတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပြည်သူ ၄၁၅၉ ဦး သေဆုံးပြီး ၃၁၅၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ စုစုပေါင်း ၇၃၀၉ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်သည်။", "ယင်းသေဆုံးမှုများတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုခရိုင်၊ မုံရွာခရိုင် ၊ စစ်ကိုင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်နှင့် ကလေးခရိုင်တို့သည် အခြားခရိုင်များထက် အရပ်သားသေဆုံးမှု သိသိသာသာ များပြားပြီး စုစုပေါင်း ၃၅၁၃ ဦး အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်းအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အကြမ်းဖက်မှုကြောင့် ပြည်သူ သေ ဆုံးမှု လစဉ် ပျှမ်းမျှ ၁၁၈ ဦး၊ ဒဏ်ရာရရှိမှု ပျှမ်းမျှ ၉၀ ဦးအထိ ရှိနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူသေဆုံးရမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်သည့် Violence Against Civilians များကြောင့်ဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသည် အဝေးမှ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်သည့် ပေါက်ကွဲစေသည့် လက်နက်များကြောင့် ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ မြင်းမူ၊ ခင်ဦး၊ ရေဦး၊ ဝက်ဘက်၊ ကလေးနဲ့ ချောင်းဦးမြို့နယ်များတွင် လက်နက်ကိုင်အဖဲ့အစည်းများက ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းသည် သိသိသာသာများပြားကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် ပြည်သူများ ထိခိုက်သေဆုံးရမှုများတွင် လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းအသုံးပြုတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းပေါက်ကွဲမှု၊ စစ်ကြောင်းထိုး သတ်ဖြတ်မှုများအပြင် ပြည်သူများကို ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်းများလည်း ပါဝင်သည်ဟု သိရှိရသည်။", "စစ်ကိုင်းတိုင်းအတွင်း ပြည်သူ သေဆုံးရမှုများတွင် အကြမ်းဖက်စစ်ကောင်စီဝင်များကြောင့် ၂၄၁၄ ဦး သေဆုံးပြီး တော်လှန်ရေးအဖွဲ့များကြောင့် ၁၀၂၇ ဦး သေဆုံးခဲ့ကာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားစဉ် သေဆုံးမှု ၊ အရပ်သားအချင်းချင်း/ ရာဇဝတ်ဂိုဏ်းများကြောင့် သေဆုံးမှုနှင့် အခြား ကျူးလွန်သူကို အတည်မပြုနိုင်သည့် ဖြစ်စဉ်များကြောင့် သေဆုံးမှု ၆၂၅ ဦး ရှိခဲ့ကြောင်း Data For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ဓာတ်ပုံ- စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော ကလေးငယ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/05/164427/
စစ်ကိုင်းတိုင်းတွင် တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့က ကျေးရွာ ၇ ရွာသို့ လှည့်လည်၍ ဆေးကုသမှုပေး
["စစ်ကိုင်းတိုင်းတွင် တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့က ကျေးရွာ ၇ ရွာသို့ လှည့်လည်၍ ဆေးကုသမှုပေး", "ရန်ကုန်၊ မေ ၂၅", "စစ်ကိုင်းတိုင်းရှိ ကျေးရွာများသို့ လှည့်လည်၍ စစ်ရှောင်ရွာနှင့် ကျန်းမာရေးကုသခွင့်မရသော ကျေးရွာ ၇ ရွာသို့ သွားရောက်၍ တကသများ-ရန်ကုန်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့က ဆေးကုသစောင့်‌ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/136392/
စစ်ကိုင်းတိုင်းတွင် ရက်ရှည်စစ်ဘေးရှောင်နေရသည့် ကလေးငယ်များအတွက် ပဲနို့တိုက်ကျွေး
["စစ်ကိုင်းတိုင်းတွင် ရက်ရှည်စစ်ဘေးရှောင်နေရသည့် ကလေးငယ်များအတွက် ပဲနို့တိုက်ကျွေး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "စစ်ကိုင်းတိုင်းတွင် ရက်ရှည် စစ်ဘေးရှောင်နေရသည့် ကလေးငယ်များအတွက် မုံရွာ- အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက ပဲနို့တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89371/
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး
["စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် မကွေးတိုင်း ပခုက္ကူမြို့ နယ်၊ ဂန့်ဂေါမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံး ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "အရာတော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး", "================================", "စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာကြီး မြောက်ရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံး ခဲ့ကြောင်း တောင်သာ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မင်းရွာကြီးရွာကို အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်သားများအား PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အနီးကပ်တိုက်ပွဲ ဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၁၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။", "“ခွေးအခြေအနေသိဖို့ ကင်းထောက်လိုက်တဲ့အချိန် ကိုယ့်ရှေ့မှာ ရောက် နေတာ ကို ချက်ချင်းသိပြီး နေရာ ယူနိုင်လို့သာ အထိအခိုက် မရှိခဲ့တာ၊ ကိုယ်က အရင် ပစ် ရ တာမို့ သူတို့ဘက်က ၅ မိနစ် လောက် ပြန် မပစ်နိုင်ဘူး၊ ၅ မိနစ်ကျော် လောက် မှ နောက်စစ်ကြောင်းကနေ စက်ကလေးနဲ့ ကူပစ် ပေးတာ၊ ကူပစ် ပေး နေပေမယ့် ကိုယ့်ဘက်က လူတွေကလည်း ပစ်နေတာပဲ၊ ပစ်လို့ထိနေ လည်း ထိနေတာ သိသိနဲ့ကို ခွေးတွေက အတင်းတက်လာနေတာ၊ မူးယစ် ဆေး တွေ သုံးထားတဲ့သဘောပဲ၊ ပစ်လို့မှန် နေတာလည်း သိတယ်။ ထိနေတာလည်း သိတယ်၊ သိသိကြီးနဲ့ကို အတင်းတက်လာနေတာ” ဟု တောင်သာ PDF တပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စစ်တပ်၏ နောက်တန်းပစ်ကူနှင့်အတူ စစ်သား အများအပြားက ဝိုင်းဝန်း လာသော ကြောင့် သေနတ်များ ကောက်ချိန်မရဘဲ ပြန်လည်ဆုတ်ခွာ ခဲ့ရ ကြောင်း၊ ထိုသို့ပြန်လည်ဆုတ်ခွာချိန်တွင် အကြမ်းဖက် စစ်သား အများ အပြားက လိုက်လံတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များအားလုံး အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို People Defense Force – TaungTha (တောင်သာ PDF) ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ နှင့် People Revolution Force Kyaukse (PRFK) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်အကြမ်းဖက် စစ်သား များသည် အရာတော်မြို့နယ်၊ သခွက်ပင်ရွာ၊ လယ်တောရွာ၊ နမသင်း ရွာတို့ကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ပခုက္ကူတွင် ကင်းလှည့် စစ်ကြောင်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး", "===================================", "မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့ရှောင်လမ်းတွင် ကင်းလှည့်နေသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း ပခုက္ကူမြို့သားတစ်ဦးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ပခုက္ကူမြို့၊ မြို့ရှောင် လမ်း တစ် နေရာတွင် ကင်းလှည့်ပြီး ပြန်လာသည့် စစ်သားများကို ပခုက္ကူမြို့ပြ ပျောက် ကျား တပ်ဖွဲ့တစ်ခုဖြစ်သည့် Special Guerrilla Force (SGF-Pakikku) တပ်ဖွဲ့ က ၄၀ မမ ဗုံးသီး ၄ လုံးဖြင့်လည်းကောင်း၊ လက်နက် ငယ်များဖြင့် လည်း ကောင်း မိနစ်အနည်းငယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သား ၂ ဦးသေ ဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“မနေ့က ပစ်ခတ်သံတွေကြားတယ်၊ ဆက်တိုက်ပဲ၊ စစ်သား ၂ ဦးသေတယ်၊ ၄ ဦးဒဏ်ရာရတယ်လို့ သိရ တယ်။ ပခုက္ကူ တက္ကသိုလ်နဲ့ ကပ်လို့၊ တက္က သိုလ် မှာလည်း စစ်တပ်က တပ်စွဲထား တယ်၊ ဒီနေ့လည်း ဆိုင်ကယ်တွေနဲ့ ကင်း ပတ် ပြီး မူးရူး ဆဲဆို နေကြတာ၊ သေနတ်ပစ်သံတွေလည်းကြား ရတယ်” ဟု ပခုက္ကူ မြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း Special Guerrilla Force (SGF-Pakikku) တပ်ဖွဲ့ မှ ရဲဘော်တစ်ဦး ပေါင်ကျည် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ရွှေဘိုတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်", "=========================", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မြို့ရှောင်လမ်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက် ခိုက် ခဲ့ပြီး စစ်ကား ၁ စီးပျက်စီးခဲ့ကြောင်း သိဒ္ဓိရှင်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ ထံမှ သိရသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် ရွှေဘိုမြို့ တွင်းမှ မြို့ရှောင်လမ်းအတိုင်း ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ၆ ဘီးကား တစ်စီးနှင့် ၁၂ ဘီးကားတစ်စီးကို ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း၊ ၆ ဘီးကားတစ်စီးမှာ နေရာတွင်ပင် မောင်းမရအောင် ပျက်စီး သွားကြောင်း၊ ၁၂ ဘီးကား မှာ အရှိန်မလျော့ဘဲ မောင်းပြေးသွား ကြောင်း ၊စစ်သားများ ခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရ သေး ကြောင်း သိရသည်။", "စစ်ယာဉ်တန်းကို မိုင်းဆွဲရန် စီစဉ်နေစဉ် ရွှေဘိုမြို့ ကညနရုံးအတွင်းမှ ထွက် လာ သော စစ်ကြောင်းနှင့်လည်း ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ စစ်ဆင်ရေးတိုက်ခိုက်မှုများကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ တာနောယက္ခပြည်သူ့ ကာကွယ်ရေး အဖွဲ့(ပ.က.ဖ) ၊ အောင်မော် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာ ကွယ် ရေးအဖွဲ့(ပ.က.ဖ)တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဂန့်ဂေါ၊ ကန်ရွာ ရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်", "===================================", "မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ လက် နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူး-စကု ပကဖ အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ဂန့်ဂေါမြို့နယ်၊ ကန်ရွာ ရဲစခန်း ကို ဒေသ ကာကွယ် ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“လက်နက်ကြီး အလုံး ၃၀ မီးလောင်ဗုံး ၅ လုံး သုံးပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ ပါ တယ်။ ရဲစခန်းထဲက စစ်ခွေးတွေက လက်နက်ငယ်တွေနဲ့ ပြန်ပစ်ပေမယ့် ရဲဘော် တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” မင်းဘူး-စကု ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုကို မင်းဘူး-စကု ပ.က.ဖ နှင့် ဒေသကာကွယ်ရေးအဖွဲ့-လင်းယုန်၊ မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး စစ်သားများ ထိ ခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။"]