url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/11/191492/
Breaking News- မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
["Breaking News- မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "မန္တလေးတိုင်း၊ မိတ္တီလာအခြေစိုက် ရှမ်းတဲလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ယနေ့ နံနက်အစောပိုင်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း မိတ္တီလာဒေသပြည်သူများနှင့် တပ်ဘက်သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။", "ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မိတ္တီလာ ရှမ်းတဲလေတပ်စခန်းအတွင်းသို့ ဦးတည်သော ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လတ်တလော ထိခိုက်မှုများရှိသည်ဟု သိရှိထားပြီး အသေးစိတ်အခြေအနေများ မသိရှိရသေးကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။", "“ရှမ်းတဲလေတပ် ဒုံးနဲ့ အပစ်ခံရတာတော့ မှန်တယ်။ အသေးစိတ် ဘာမှ မသိရသေးဘူး။ အခုနောက်ပိုင်းမှာ လေတပ်စခန်းတွေ ရှော့တိုက်ဒုံးနဲ့အပစ်ခံရရင် အပြင်ကို သတင်းမထွက်ဘူး။ တပ်အချင်းချင်းလှမ်းမေးရင်တောင် မဖြေကြတော့ဘူး” ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ဆိုသည်။", "မိတ္တီလာဒေသပြည်သူများကလည်း ယနေ့ နံနက်ပိုင်းတွင် ရှမ်းတဲလေတပ်စခန်းအတွင်းမှ ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း၊ လက်ရှိ မိတ္တီလာမြို့တစ်ဝန်းတွင် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများရှိနေကြောင်း ပြောဆိုကြသည်။", "“ဒီမနက်ပိုင်း ပေါက်ကွဲမှုတွေ ဖြစ်တယ်။ လေတပ်ပတ်ဝန်းကျင်မှာ ပေါက်ကွဲသံတွေကြားရတာ။ ဆက်တိုက်ပဲ။ ဒီမနက်ပိုင်း မြို့လယ်တံတား၊ မိတ္တီလာမြို့ထဲပတ်ဝန်းကျင်တချို့ကို ပိတ်ဆို့ စစ်ဆေးတာရှိတယ်” ဟု မိတ္တီလာမြို့ခံတစ်ဦးက ဆိုသည်။", "ယခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ ရန်ကုန်ရှိ မင်္ဂလာဒုံလေတပ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် မှော်ဘီလေတပ်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။"]
https://yktnews.com/2024/03/149048/
Breaking News- မိမိတို့၏ Facebook Account များ ပြန်လည်ဝင်၍ ရပြီဖြစ်ပါသည်။
["Breaking News- မိမိတို့၏ Facebook Account များ ပြန်လည်ဝင်၍ ရပြီဖြစ်ပါသည်။"]
https://yktnews.com/2025/05/213317/
Breaking News- မိုးကုတ်မြို့နယ်အနောက်ပိုင်း လူနေရပ်ကွက်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ
["Breaking News- မိုးကုတ်မြို့နယ်အနောက်ပိုင်း လူနေရပ်ကွက်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ မေ ၃", "မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်အနောက်ပိုင်း လူနေရပ်ကွက်ဖြစ်သည့် ကသဲရပ်ကွက်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က မိုးကုတ်မြို့နယ်၊ အနောက် ပိုင်းရှိ ပြည်သူများ နေထိုင်သော ကသဲရပ်ကွက်ထဲသို့ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။", "“ကဲသနောက်ကျောင်းကို ဗုံးကျဲတာ။ လူထိခိုက်သေဆုံးမှုရှိတယ်ကြားတယ်။ အခုမှ ကျဲသွားတာဆိုတော့ သွားကြည့်နေကြတုန်းပဲ။ အခြေအနေ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "မိုးကုတ်မြို့မှ PDF သတင်းရင်းမြစ်ကမူ “စစ်တပ်က ဗုံးကျဲချသွားတဲ့နေရာက လူနေအိမ်များတယ်။ မူကြိုကျောင်းရှိတယ်။ CB ဘဏ်ရှိတယ်။ စျေးရှိတယ်။", "အခုကြားတာက ဗုံးစမှန်ပြီး ပန်းရံဆရာတစ်ဦး ဦးခေါင်းပြတ်ပြီး ပွဲချင်းပြီးဆုံးတယ်” ဟု ရှင်း လင်းပြောဆိုသည်။", "စစ်ကောင်စီက ယမန်နေ့ညပိုင်းကလည်း မိုးကုတ်မြို့နယ်အရှေ့ပိုင်းနှင့် အ နောက် ပိုင်းတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သော်လည်း ပြည်သူများ ထိခိုက်သေဆုံးမှုမရှိဘဲ အဆောက်အအုံတချို့သာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်၏ ကြားဝင် စွက် ဖက်မှုဖြင့် ပြုလုပ်သော TNLA နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် ယမန်နေ့ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်လာခြင်းဖြစ်သည်။"]
https://yktnews.com/2024/11/192169/
Breaking News- မိုးမောက်မြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး
["Breaking News- မိုးမောက်မြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခြင်းကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဒီနေ့ ညနေ ၄ နာရီမှာ မိုးမောက်မြို့နယ်၊ ကုန်းလောရွာက နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းမှာနေတဲ့ စစ်ရှောင် ဒုက္ခသည်စခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၂ လုံး ကျဲချခဲ့တာ စစ်ရှောင် ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်။ အခုစာရင်းအရဆို ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "KIA သတင်းရင်းမြစ်ကလည်း မိုးမောက်တွင် ကလေးငယ်များ အပါအဝင် ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားစေခဲ့သော စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကို အတည်ပြုပြီး ဒဏ်ရာရရှိသူများတွင်လည်း အသက်အန္တရာယ် အခြေအနေ စိုးရိမ်ရသည့် လူနာများ ပါဝင်ကြောင်း၊ ထို့ကြောင့် သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း ပြောဆိုသည်။", "“မိုးမောက်မှာက စစ်တပ်က ဒရုန်းကြီးတွေ အတော်သုံးတယ်။ ဒရုန်းတွေက ၁၂၀ မမ လို လက်နက်ကြီးတွေကို သယ်နိုင်တဲ့ ဒရုန်းကြီးတွေကို သုံးနေတာဖြစ်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။"]
https://yktnews.com/2024/02/145164/
Breaking News- မုံရွာမြို့ ဇလုပ်အဝိုင်းပတ်တွင် ယနေ့ ညနေပိုင်း စစ်တပ်က ပြည်သူများကို ဖမ်းဆီးနေ
["Breaking News- မုံရွာမြို့ ဇလုပ်အဝိုင်းပတ်တွင် ယနေ့ ညနေပိုင်း စစ်တပ်က ပြည်သူများကို ဖမ်းဆီးနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း မုံရွာမြို့ ဇလုပ်အဝိုင်းပတ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ၀န်းကျင်ကစပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသ ခံပြည်သူတွေက ပြောပါတယ်။", "မုံရွာ-အရာတော်လမ်းပိုင်း စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်မှာ စစ်ကောင်စီတပ်ဖွဲ့က ခရီးသွားပြည်သူတွေကို ဖမ်းဆီးနေတာလို့ ပြောပါတယ်။", "“ညနေ ၃ နာရီလောက်ကစပြီး ပေါ်တာဆွဲနေတယ်လို့ အိမ်က ဖုန်းလှမ်းဆက်တယ်။အပြန်ကို သတိထားပြီး ပြန်လာဖို့ အိမ်ကဖုန်းဆက်လာတာ”လို့ မုံရွာမြို့ပေါ်ကို အလုပ်လာလုပ်နေတဲ့ ရွှေဇလုပ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။", "ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး မုံရွာ-မန္တလေးလမ်းပိုင်းက ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတာရှိသလို မုံရွာ-ရေဦးလမ်းပိုင်း အလုံမင်းဒေါင့်တံတား သုံးထောင့်ချွန်းမှာလည်းခရီးသွားပြည်သူတွေကို ဖမ်းဆီးနေတယ်လို့သိရပါတယ်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/11/130086/
Breaking News- မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရရှိ၊ စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့
["Breaking News- မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်း အမြောက် အမြား သိမ်းဆည်းရရှိ၊ စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၇", "ရှမ်းပြည်နယ်၊ မြောက်ပိုင်း မုံးကိုးဗျူဟာကုန်းကို ယနေ့ နေ့လယ်ပိုင်းတွင် MNDAA ကိုးကန့်တပ်များက သိမ်းပိုက်လိုက်ပြီး သံချပ်ကာ ကားတစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိကြောင်း MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ အချိန်တွင် ဒရုန်းတပ်များ အပါအဝင် MNDAA ဦးစီးသော တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့မှုကြောင့် မုံးကိုးဗျူဟာစစ်စခန်းကုန်းကို ရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် သံချပ်ကာ ကား တစ်စီး အပါအဝင် လက်နက်ခဲယမ်းအမြောက်အမြားရရှိကြောင်း သိရှိရသည်။", "“မုံးကိုးဗျူဟာကုန်းကို ဒီနေ့ နေ့လယ်မှာ သိမ်းပါတယ်။ မုံးကိုးမြို့ရဲ့ဘေးမှာ ထိုင်ထားတဲ့ ဗျူဟာကုန်း။သံချပ်ကာကားတစ်စီးရရှိပါတယ်။ ပန်လုံဗျူဟာကုန်းမဟုတ်ပါဘူး။ ပန်လုံဗျူဟာကုန်း မုံးကိုးရဲ့ အနောက်ဘက်မှာတည်ထားတဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတစ်ခုပါ” ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။", "MNDAA က မူလက သံချပ်ကာနှင့်တင့်ကား ၆ စီးကို သိမ်းပိုက်ရရှိထားပြီဖြစ်ရာ ယခု သံချပ်ကာကားပါ ထပ်မံပေါင်းပါက စုစုပေါင်း စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132638/
Breaking News- မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်း ဝင်းထဲသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်နေ
["Breaking News- မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်း ဝင်းထဲသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းထဲသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှစတင်၍ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားဝင်းထဲသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများ မီးလောင်နေခြင်းဖြစ်ကြောင်း၊ ကုန်ကားများမှာ ကုန်အပြည့်ဖြင့် တရုတ်ပြည်ဘက်သို့ ပို့ကုန်များ တင်ပို့ရန် ရောက်ရှိနေသော ကားများဖြစ်ပြီး ယာဉ်ရပ်နားဝင်းထဲတွင် ရပ်နားစဉ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မီးလောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေရဲ့ လက်နက်ကြီးကြောင့် ကုန်ကားတွေက ကားဝင်းထဲရပ်ထားတုန်း မီးလောင်ကုန်တယ်။ ကုန် အပြည့်နဲ့ကားတွေပါ။ ဒီမနက် ၆နာရီဝန်းကျင်လောက်က လက်နက်ကြီးကျပြီး စလောင်တယ်။ ကျင်စန်းကျော့မှာပါ။ လောင်နေတုန်းပဲဗျ။ ကားတွေက အရမ်းများတယ် ။ လူတွေလည်း အကုန်ရှောင်ခိုင်းနေတာ ကျင်စန်းကျော့မှာပါ။ ကုန်အပြည့်တင်ထားတဲ့ ကားတွေ မီးလောင်နေတော့ ဆုံးရှုံးမှု အရမ်းများမယ်”ဟု မူဆယ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ယာဉ်ရပ်နားစခန်းတွင် ရပ်နားထားသော ကုန်ကား စီးရေ ၁၀၀ ဝန်းကျင်ရှိနေပြီး လက်ရှိအချိန်အထိ မီးမှာ အရှိန်ပြင်းပြင်း တောက်လောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135650/
Breaking News- မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်
["Breaking News- မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၂ နာရီအချိန် အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ မော်လူးမြို့ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်များကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၆ နာရီတွင် မော်လူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "“နံနက် ၂ နာရီကနေ စတိုက်တာ နံနက် ၆ နာရီမှာ မော်လူးမြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ပါတယ်။ နံနက် ၇ နာရီမှာ ဂျက်လေယာဉ် တစ်စင်းနဲ့လာပစ်တယ်။ ဗုံး ၂ လုံးကျဲချသွားတယ်။ ၁ လုံးက မပေါက်ကွဲဘူး။ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိပါဘူး။ ” ဟု ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မော်လူးမြို့သိမ်းတိုက်ပွဲတွင် ABSDF ၊ KIA၊ PDF ၊ ပကဖ ၊ ပအဖ ၊ ပလဖ တပ်ပေါင်းစုတို့ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေး မြို့များကို တော်လှန်ရေး တပ်များက သိမ်းပိုက်ထားပြီး ယခုနောက်ဆုံး မော်လူးမြို့ကိုပါ သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မော်လူးမြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ရှင်းလင်းနေစဉ်။"]
https://yktnews.com/2023/03/90982/
Breaking News- မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ
["Breaking News- မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရဖွယ်ရှိ", "တာတိုင်ကျေးရွာမှ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းနေခြင်းဟုဆို", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာသားတချို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရဖွယ်ရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၅ ရက်နေ့ ညနေ ၅ နာရီမှစတင်၍ မြင်းမူမြို့နယ်၊ လကက္ကပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ သေနတ်များ ပစ်ခတ် ဝင်ရောက်လာကြောင်း၊ ယင်းနောက် ကျေးရွာသူ ကျေးရွာသား ၂၀၀ ခန့် ပိတ်မိပြီး စစ်တပ်က ဖမ်းဆိးခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးထားသော သူများအနက်မှ ကျေးရွာသား ၃ ဦးကို ပစ်သတ်လိုက်ပြီး အိမ် ၂ လုံးကို မီးရှို့ကြောင်း၊ တစ်ရွာလုံးကိုလည်း မွှေနှောက်လျက်ရှိပြီး ကျေးရွာသား အမျိုးသားတချို့ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။", "“ဖမ်းထားတာက လူ ၂၀၀ လောက်ရှိတယ်။ အဲဒီအထဲက အမျိုးသားတွေကို ရွေး ထုတ်ပြီး သတ်တယ်လို့ သိရတယ်။ အဲဒီ ရွာကို ဝင်နေတဲ့ စစ်ကြောင်းက တာ တိုင် ကျေးရွာမှာ ပြည်သူ ၁၇ ဦးကို သတ်ဖြတ်သွားတဲ့ စစ်ကြောင်းပါ။ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ အတိအကျ မသိရသေးဘူးအခြေအနေက ။ စစ်ခွေးတွေကလည်း ရွာထဲက မထွက်သေးဘူး။ ဒဏ်ရာရထားတဲ့ ပြည်သူတွေလည်းရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာတွင် မတ်လ ၂ ရက်နေ့ စစ်တပ်က ပြည်သူ ၁၇ ဦးကို လူသားဒိုင်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ပြီး အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ကာ အမျိုးသား ၁၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ တံတားတစ်ခုကို စောင့်ကြပ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်များ။ (ပုံအဟောင်းဖြစ်သည်။)", "Photo- AFP ။"]
https://yktnews.com/2024/04/157923/
Breaking News- မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ်၊ စစ်ကားနှင့်လူနာတင်ကားများ အဝင်အထွက်မြင်တွေ့ရဟုဆို
["Breaking News- မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ်၊ စစ်ကားနှင့်လူနာတင်ကားများ အဝင်အထွက်မြင်တွေ့ရဟုဆို", "ရန်ကုန်၊ ဧပြီ ၁၈", "ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားအကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူတချို့နှင့် အကျဉ်းဦးစီးဌာ သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ယနေ့ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ၏ စုပေါင်း သပိတ် မှောက်သည့် ဟစ်ကြွေးသည့် အသံများကြားရကြောင်း၊ အသံများမှာ ဝေးကွာလွန်းသည့်အတွက် မည်သည့် အကြောင်းအရာကို အော်ဟစ်ဆန္ဒပြသည်ကို မသိရှိရကြောင်း၊ ယင်းနောက် စစ်ကားများ ဝင်ရောက်သွားပြီးနောက် စစ်တပ်က ပစ်ခတ်သော သေနတ်သံ အချက် အနည်းဆုံး ၂၀ ကျော်ခန့်မှ အချက် ၅၀ ကျော်အထိ ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်ထံသို့ မေးမြန်းရာ မြစ်ကြီးနားထောင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု ကြားသိရသော်လည်း အခြေအနေကို အသေးစိတ် အတိအကျ မသိရှိရသေးကြောင်း၊ ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း အတည်ပြုပြောဆိုသည်။", "“မြစ်ကြီးနား.အကျဥ်းထောင်မှာ မွန်းလွဲပိုင်းကတည်းက ဆန္ဒပြတဲ့ ဆူညံသံတွေထွက်တယ်။ အဲဒီနောက်မှာ စစ်တပ်က ဝင်သွားပြီးတော့ သေနတ်ဖောက်သံတွေလည်းအချက်၅၀၊ ၁၀၀လောက်ရှိနေတယ်။ စစ်သားများကအမှောင်ထဲ ကင်းစောင့်နေပြီးတော့ လူနာတင်ကားတွေလည်း အဝင်အထွက်ရှိတယ်။ စစ်ကားတွေရော ။ လူနာတင်ကားက ၅ စီးလောက်အဝင်အထွက် လုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို အသေးစိတ် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။"]
https://yktnews.com/2024/07/170778/
Breaking News- မြစ်ကြီးနားမြို့ထဲသို့ ယခုညပိုင်း မြစ်ရေများ ဝင်ရောက်လာသဖြင့် ညတွင်းချင်း ပြည်သူများ ပြောင်းရွှေ့ ထွက်ပြေးရ ၊ အနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေ
["Breaking News- မြစ်ကြီးနားမြို့ထဲသို့ ယခုညပိုင်း မြစ်ရေများ ဝင်ရောက်လာသဖြင့် ညတွင်းချင်း ပြည်သူများ ပြောင်းရွှေ့ ထွက်ပြေးရ ၊ အနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေ", "ရေတက်လာသဖြင့် ပိတ်မိနေသူတချို့ရှိနေပြီး ပြောင်းရွှေ့ရန် အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ ဇူလိုင် ၁", "ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ထဲသို့ ယခုညပိုင်း မြစ်ရေများ ဝင်ရောက်လာသဖြင့် ပြည်သူများ ညတွင်းချင်း ပြောင်းရွှေ့ ထွက်ပြေးတိမ်းရှောင်နေရပြီး အနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ရေတက်တာ အရမ်းမြန်တယ်။ လယ်ကုန်း၊ စီတာပူ၊ မြို့သစ်ကြီး၊ ရမ်ပူ၊ ကြက် ပေါင်ခြံ အပါအဝင် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တော်တော်များမှာ ရေတွေ တက်လာတယ်။ ရေ တစ်ည လုံးဆက်တက်မယ်ထင်တယ်။ အထက်ပိုင်းလည်း မိုးတောက်လျောက်ရွာနေတော့။ အခုတော့ အကုန် ညဘက်ကြီး ပြေးနေရပြီ။ တချို့ အနိမ့်ပိုင်းရပ်ကွက်တွေ ရေ မြုပ်သွားပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် ယနေ့ ညပိုင်း စိုးရိမ်ရေမှတ်ကျော်လွန်ကာ ၁၂၆၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း၊ မြစ်ကြီးနားကမ်းနားလမ်း တစ်လျှောက် ရေများဝင်လာနေကြောင်း မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းနား ရပ်ကွက်များဖြစ်သည့် စီတာပူရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ဇီးလွန်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ မနောဦးပိန်တံတားနှင့် ကြက်ပေါင်ခြံရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်တို့တွင် မြစ်ရေဝင်ရောက်နေပြီး ပြည်သူများ ညတွင်းချင်း ပြောင်းရွှေ့နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/170806/
Breaking News- မြစ်ကြီးနားမြို့နယ်တွင် မြစ်ရေများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်သူထောင်ချီ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးများ မလုံမလောက်ဖြစ်နေ
["Breaking News- မြစ်ကြီးနားမြို့နယ်တွင် မြစ်ရေများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်သူထောင်ချီ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးများ မလုံမလောက်ဖြစ်နေ", "ရန်ကုန်၊ ဇူလိုင် ၁", "ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားတွင် ဧရာ၀တီမြစ်ရေများ မြင့်တက်လာပြီး ရပ်ကွက်အများစု ရေမြုပ်နေကာ ကူညီကယ်ဆယ်ရေးများ မလုံလောက်သဖြင့် ပြည်သူထောင်ချီ ပိတ်မိနေကြောင်း ဒေသ ပရဟိတသမားတချို့ထံမှ သိရှိရသည်။", "မြစ်ကြီးနားမြို့နယ်၊ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း ၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုတွင် ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာနေပြီး ပြည်သူထောင်ချီ ပိတ်မိနေကြောင်း သိရှိရသည်။", "“ရေက တအိအိနဲ့ကို တက်လာတဲ့အပြင် မိုးကလည်း ရွာနေတယ်။ ကူညီဖို့ အကူအညီတောင်းသူတွေ များပေမယ့် လှေလည်း အလုံအလောက်မရှိဘူး။ ကူညီကယ်ဆယ်ရေးက အင်တိုက်အားတိုက် မလုပ်နိုင်ဘူးဖြစ်နေတယ်။ အခြေအနေ အတော်ဆိုးပါတယ်” ဟု ဒေသပရဟိတသမားတစ်ဦးက ဆိုသည်။", "လက်ရှိတွင် မြစ်ကြီးနားမြို့နယ်အတွင်းသို့ မြစ်ရေ မြင့်တက်လာမှုသည် ၄ ပေ ကျော် ၅ ပေနီးပါးရှိလာကြောင်း၊ မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်အထက် ၄ ပေကျော် မြင့်တက်လာနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129891/
Breaking News- မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး ၄ ရက်အကြာ ကောလင်းမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်၊ ကောလင်း မြို့သိမ်း ဗီဒီယို ရန်ကုန်ခေတ် သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်
["Breaking News- မြို့သိမ်းတိုက်ပွဲ ဆင်နွှဲအပြီး ၄ ရက်အကြာ ကောလင်းမြို့ကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်၊ ကောလင်း မြို့သိမ်း ဗီဒီယို ရန်ကုန်ခေတ် သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်", "ရန်ကုန်၊ နိုဝင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ပြီး မြို့သိမ်းနိုင်ပြီဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီးဌာန၊ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။", "“မြို့သိမ်းတာဟုတ်ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်။ အပေါ် လေ ကြောင်းကို ဂရုစိုက်ရပါဦးမယ်။ အသေးစိတ်ကို MOD ကနေ တစ်ဆင့် ထပ်မံ ထုတ်ပြန်ပါ့မယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တာဝန်ရှိသူက ရှင်းပြသည်။", "နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ကောလင်းမြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်ခဲ့ရာ ကောလင်းရဲစခန်း ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ ကောလင်း အထက ၁ ကျောင်းတွင် စခန်းချထားသည့် စစ်တပ်စခန်းကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးရုံးအနီးရှိ စစ်တပ်စခန်းချနေရာကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကာကွယ်ရေးဝန်ကြီးဌာနကမူ နိုဝင်ဘာလ ၆ ရက်နေ့တွင် အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊ ကောလင်းမြို့ကို အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။", "ကောလင်းမြို့ရှိ ရန်သူ့တပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်း ကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ညနေထိ လက်နက် မျိုးစုံ (၅၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။", "ဓာတ်ပုံ- ကောလင်းတွင် မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်၏ အလောင်းများကို ရှင်းလင်းနေရစဉ်။", "(ကောလင်းမြို့သိမ်းတိုက်ပွဲ ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/144520တွင် ကြည့်ရှုနိုင်ပါသည်။ )"]
https://yktnews.com/2023/03/94087/
Breaking News- မြ၀တီမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရ
["Breaking News- မြ၀တီမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအစောပိုင်း တိုက်ပွဲများဖြစ် ပွားပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရကာ မြ၀တီမြို့ တွင်းအထိ တိုက်ပွဲများ ကူးစက်လာမည်ကို ပြည်သူများ စိုးရိမ်နေကြကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မတ်လ၂၅ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်၊ မဲကနယ်၊ ၂၇၅ တပ်ကများ လက်နက်ကြီး၊ လက် နက်ငယ်များက ပစ်ခတ် လျက် ရှိကြောင်း၊ တိုက်ပွဲဖြစ်သွားနေသည့် အဖွဲ့များနှင့် အသေးစိတ် အခြေ အနေများ မသိရှိရသေး ဟု ဒေသပြည်သူများက ဆိုကြသည်။", "“မနေ့က မြဝတီမြို့နယ် ညမထွက်ရ အမိန့် ကြေညာတယ်။ ဒီနေ့ မနက် တိုက်ပွဲ ဖြစ်တယ်။ လက်နက်ကြီး လက်နက်ငယ် အသံတွေကြားနေရတယ် ။ သင်္ကန်း ညီနောင် ၊ မဲကနယ် ၊ ၂၇၅ တပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပါတယ်။ PDF ဘက်က Drones တွေပျံသန်းတာကို မြင်လိုက်ရတယ်။ လက်နက်ကြီး၊ လက်နက် ငယ်သံတွေနဲ့ မြို့ကို တုန်ခါနေရောပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- ယမန်နှစ် မြ၀တီမြို့ကို BGF နှင့် စစ်တပ်က လုံခြုံရေး လှည့်လည် နေ ကြ စဉ်။"]
https://yktnews.com/2024/04/155339/
Breaking News- မြ၀တီမြို့နယ်ရှိ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်
["Breaking News- မြ၀တီမြို့နယ်ရှိ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်", "ရန်ကုန်၊ ဧပြီ ၆", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်ပိုင်း မိုဘိုင်းလ် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ အားလုံး ပြတ်တောက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် မြ၀တီဒေသမှ ပြည်သူများက ပြောဆိုသည်။", "“စစ်တပ်က ဖုန်းလိုင်းအားလုံးကို ဖြတ်ချလိုက်တာထင်တယ်။ မြန်မာ Sim Card တွေ အားလုံး သုံးမရတော့ဘူး။ အင်တာနက်လည်း မရတော့ဘူး။ အခုထိုင်းကတ်တွေ သုံးနေရတယ်။ သင်္ဃန်းညီနောင်ဘက်မှာ လေယာဉ်နဲ့ဗုံးကျဲနေတဲ့ ဗုံးသံတွေလည်းကြားနေရတယ်။ အခြေ အနေကတော့ ဘာထူးနေလဲမသိဘူး” ဟု မြ၀တီဒေသမှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ယမန်နေ့ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြ၀တီမြို့တွင် ရဲစခန်းနှင့် ခလရ ၂၇၅ တပ်တို့သာ ကျန်ရစ်တော့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/146208/
Breaking News- ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများအားလုံး၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်
["Breaking News- ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများအားလုံး၏ စာရင်းကို ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်", "လာမည့် ရှေ့ ၃ နှစ်အထိ အလှည့်ကျ စစ်မှုထမ်းဆောင်ရမည့် Non-CDM ဝန်ထမ်းများ၏ စာရင်းပါ အသေးစိတ် ကြိုတင်ပြင်ဆင်ခိုင်းနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံး ဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန် ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ကောင်စီက တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများ စာရင်းတောင်းခံလျက်ရှိရာ ရန်ကုန်တိုင်းအတွင်းမှ Non-CDM ဝန်ထမ်းများ၏ စာရင်းကို ဖော်ဖော်ဝါရီလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် ဝန်ထမ်းဦးရေ စာရင်းချုပ်ကိုလည်းကောင်း၊ အသေးစိတ် စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၁၀ နာရီတွင်လည်ကောင်း အချိန်မီ စာရင်းပြုစု ပေးပို့ရန် ညွှန်ကြားထားသည်။", "ထို့ပြင် လာမည့် ၂၀၂၅ ၊ ၂၀၂၆ ၊ ၂၀၂၇ ခုနှစ်တွင် စစ်မှုထမ်းရမည့် Non-CDM ဝန်ထမ်းများစာရင်းကိုပါ အသေးစိတ် ထပ်မံပြုစုရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။", "(ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်နှင့်သက်ဆိုင်သော လုံခြုံရေးအတွက် ရုံးစာအမှတ်များ၊ စာဝင်အမှတ် သင်္ကေတများကို ဖျက်ထားရပါသည်။)"]
https://yktnews.com/2023/04/97483/
Breaking News- ရန်ကုန်တိုင်း၊ ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ
["Breaking News- ရန်ကုန်တိုင်း၊ ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၁၄", "ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်း PDF က ယနေ့ မွန်းလွဲပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း ခရမ်း PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။", "ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ခရမ်းမြို့နယ် လ၀ကရုံးကို ခရမ်း PDF တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း သိရှိရသည်။", "“သေသွားတဲ့ရဲထဲမှာ ရဲတပ်သား နေပိုင် ဆိုတဲ့သူပါတယ်။ သေနတ်နှစ်လက် သိမ်းဆည်းရမိတယ်၊ ရဲနှစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ တခြား ရဲတစ်ဦးလည်း ရန်ကုန်ဆေးရုံကို အရေးပေါ်တင်ထားရတယ်။ ဝန်ထမ်း ၂ ဦးလည်း ထိခိုက်တယ်။ စုစုပေါင်း ၅ ကောင်ထိခိုက် သွားတာမှာ ရခ ၂ ကောင်သေတယ်။ ရခ ၁ ကောင်မှာ အရေးပေါ်တင်ထားတယ်၊ ၄၀ မမ ပစ်ခတ်ပြီး ဝင်သိမ်းခဲ့တာပါ” ဟု ခရမ်း-PDF တာဝန်ခံ ကိုမီးပွားက ပြောကြားသည်။", "ခရမ်း-PDF က ကနဦး ၄၀ မမ ဗုံးသီးများဖြင့် လ၀ကရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမှ လက၀ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ခရမ်း လဝကရုံးစီးနင်းခဲ့မှုမှ သိမ်းဆည်းရမိသော သေနတ်နှစ်လက်။"]
https://yktnews.com/2024/02/143006/
Breaking News- ရန်ကုန်နှင့်မန္တလေးတွင် အသံတိတ်သပိတ်ကို ဖျက်ဆီးရေး စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ်တစ်ခုလျှင် မဘသနှင့်ပျူစောထီး ၅၀ ဦးမှ ၁၀၀ ဦးခန့် လူစုခိုင်းထား
["Breaking News- ရန်ကုန်နှင့်မန္တလေးတွင် အသံတိတ်သပိတ်ကို ဖျက်ဆီးရေး စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ်တစ်ခုလျှင် မဘသနှင့်ပျူစောထီး ၅၀ ဦးမှ ၁၀၀ ဦးခန့် လူစုခိုင်းထား", "စစ်မှုထမ်းဟောင်းများက ကားများဖြင့် စစ်ချီတေးများဖွင့်၍ ရန်ကုန်မြို့အနှံ့လှည့်လည်ကြမည်", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "ရန်ကုန်နှင့်မန္တလေးတွင် အသံတိတ်သပိတ်ကို တန်ပြန်ရန်အတွက် စစ်တပ်ထောက်ခံပွဲများ ကျင်းပရန် အရေးပေါ် ညွှန်ကြားလိုက်ပြီး မြို့နယ်တစ်ခုလျှင် မဘသနှင့်ပျူစောထီး ၅၀ ဦးမှ ၁၀၀ ဦးခန့် လူစုခိုင်းထားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်အဖြစ် စစ်တပ်ထောက်ခံပွဲများကို ရန်ကုန်နှင့်မန္တလေး အပါအဝင် မြို့ကြီများတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း၊ ရန်ကုန်တွင် စစ်မှုထမ်းဟောင်းများ၊ ပျူစောထီးများနှင့်မဘသများက မြို့တော်ခန်းမတွင် စုစည်းမည့်အပြင် ရန်ကုန်တစ်မြို့လုံးသို့ ကားများဖြင့် လှည့်လည်မည် ဖြစ်ကြောင်း၊ စစ်တပ်ထောက်ခံသော သီချင်းများကိုလည်း ကားများဖြင့် ရန်ကုန်တစ်မြို့လုံး လှည့်လည်ဖွင့်ကြမည်ဖြစ်ကြောင်း သိရှိရသည်။", "“မနက်ဖြန် ၁ရက်နေ့စစ်အာဏာသိမ်း ၃နှစ်ပြည့်မှာ မအလ ထောက်ခံပွဲ၊ စစ်တပ်ထောက်ခံပွဲကို ရန်ကုန်မှာ လုပ်မယ်။", "မြို့နယ်တိုင်းတစ်မြို့နယ်ကို ပျူစောထီး၊ ဒလန် မဘသ စုစုပေါင်း အင်အား ၅၀ နဲ့ ၁၀၀ ထုတ်ခိုင်းပါတယ်။ YRTA မှ YBS ကားတွေ တစ်မြို့နယ် တစ်စီး အခုညကတည်းကပို့ထားပါတယ်။ မြို့နယ်တိုင်းက စစ်မှုထမ်းဟောင်းတွေကလည်း ကားတွေနဲ့ ရန်ကုန်လှည့်လည်မယ်။ ဆူးလေ မြို့တော်ခန်းမရှေ့မှာ စုမယ်” ဟု စစ်တပ်နှင့်နီးစပ်သေ သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီက လုံခြုံရေးပါ တိုးမြှင့်ထားပြီး ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်း ၊ လမ်းဆုံလမ်းခွတိုင်းတွင် အရပ်ဝတ်နှင့်ကင်းပုန်းများ ချထားမည်ဖြစ်ကြောင်း သိရှိရသည်။", "“မြို့နယ်တိုင်း ရပ်ကွက်တိုင်း လမ်းဆုံလမ်းခွ တံတားအတက်အဆင်းတွေနဲ့ အထင်ကရ နေရာတွေမှာ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်မှူးများ၊ဒလန်တွေကို မနက်ဖြန် မနက် ၆နာရီမှ ညနေ ၆နာရီထိ လုံခြုံရေး ကင်းပုန်း လှည်းကင်းများချထားဆောင်ရွက်ခိုင်းထားပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ သတိရှိဖို့လိုပါတယ်။ မစ်ရှင်လုပ်မယ့်အဖွဲ့တွေအနေနဲ့ သတိပြုသင့်ပါတယ်။ စစ်တပ်နဲ့ရဲကတော့ အခုညကတည်းက ကင်းပုန်းတွေ ဝပ်နေပါတယ်” ဟု စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ- ရန်ကုန်မြို့ရှိ စစ်တပ်ထောက်ခံပွဲတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- AFP ။"]
https://yktnews.com/2024/06/169500/
Breaking News- ရန်ကုန်နှင့်ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေပြီး ဆန်စက်နှင့်ဆန်ဂိုဒေါင်များ၊ ဘုရင့်နောင်မှ ဆန်ပွဲရုံများကိုပါ ချိတ်ပိတ်
["Breaking News- ရန်ကုန်နှင့်ဧရာ၀တီတိုင်းမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များကို စစ်ကောင် စီက လိုက်လံ ဖမ်းဆီးနေပြီး ဆန်စက်နှင့်ဆန်ဂိုဒေါင်များ၊ ဘုရင့်နောင်မှ ဆန်ပွဲရုံများကိုပါ ချိတ်ပိတ်", "မြန်မာဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်နှင့် ဘုရင့်နောင်ဆန်ကုန် စည်ဒိုင် ဥက္ကဋ္ဌ လူမော်မြင့်မောင်တို့ ခေါ်ယူ ထိန်းသိမ်းခံထားရ", "ရန်ကုန်၊ ဇွန် ၂၂", "မြန်မာနိုင်ငံတွင် ဆန်စျေးနှုန်းကြီးမြင့်စေရေးအတွက် ဝိသမလောဘ စီးပွားရေး သမားများက လုပ် ဆောင်သည်ဟုဆိုကာ စစ်ကောင်စီက ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များကို ဖမ်းဆီးပြီး ဆန်စက်များ၊ ပွဲရုံများကိုပါ လိုက်လံ ချိတ်ပိတ်နေကြောင်း ဆန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇွန်လ ၂၀ ရက်နေ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဒုဝန်ကြီး ဦးမင်းမင်းက ဆန်ကုန်သည်များနှင့် ဆန်စပါးလုပ်ငန်းရှင်များကို Zoom မှတစ်ဆင့် အစည်း အဝေး လုပ်ခဲ့ကြောင်း၊ ယင်းနောက် ဇွန်လ ၂၁ ရက်နေ့မှစတင်၍ ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုများလုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မနေ့က ဆန်ကုန်သည်တွေ၊ ဆန်စက်လုပ်ငန်းရှင်တွေ တော်တော်များကို လိုက် ဖမ်းတယ်။ မနေ့ မနက်ပိုင်း ဆန် စက်ပိုင်ရှင်တွေကို ဖမ်းဆီးပြီး ညနေပိုင်းနဲ့ညဘက်မှာ ဆန်စက်နဲ့ ဂိုဒေါင်တွေကိုပါ ချိတ်ပိတ်သွားပါတယ်။ မနက်ပိုင်းမှာ ကုန်သည်နဲ့ ဆန်စက်ပိုင်ရှင်တွေကို ဖမ်းတယ်။ မနေ့ ည ၁၁ နာရီကျော်မှာ လိုက်ပြီးတော့ ချိတ်ပိတ်တာ။ အဓိကတော့ အမြတ်တင်ရောင်းတယ်။ စျေးနှုန်းကြီးမြင့်အောင် သိုလှောင်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ အမေးမြန်း မရှိ ဝင်ဖမ်းသွားတယ်” ဟု ဆန်စပါး လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းနှင့် ဧရာ၀တီတိုင်းအတွင်းမှ ဆန်ကုန်သည်နှင့် ဆန်စပါး လုပ်ငန်းရှင်များကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အခြားသော တိုင်းဒေသကြီးမှ ဆန်ကုန်သည်နှင့်ဆန်စက်များကို လည်း ဆက်လည် ဖမ်းဆီးမည်ဖြစ်ကြောင်း သိရှိရသည်။", "လတ်တလော Khit Thit သတင်းဌာန ရရှိထားသော စာရင်းများအရ ဖမ်းဆီးခံရသော ဆန်စက်ပိုင်ရှင်နှင့် ချိတ်ပိတ်ခံရသော ဆန်စက်နှင့် ဂိုဒေါင်များ၊ ပွဲရုံများမှာ လှိုင်သာယာမြို့နယ်မှ ရွှေလဝန်း ဆန်စက်ရုံ အပါအဝင် ဆန်စက်နှင့်ဂိုဒေါင် ၁၀ ခု၊ ဒေးဒရဲမြို့နယ်မှ မိဘမေတ္တာ ၂ ဆန်စက်နှင့် ဆန်ဂိုဒေါင်များ၊ Goody ဆန်စက်တို့ကို လည်းကောင်း ၊ ဘုရင့်နောင်ပွဲရုံမှ ဆန်ပွဲရုံများကိုလည်းကောင်း ဖမ်းဆီးမှုများ၊ ချိတ်ပိတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ရဲမင်းအောင်နှင့် ဆန်စပါးကုန်စည် ဒိုင်(ဘုရင့်နောင်) ဥက္ကဋ္ဌ လူမော်မြင့်မောင်တို့ကို အစည်း အဝေး တက်ရန်ရှိသည်ဟု နေပြည်တော်သို့ စစ်ကောင်စီက ဖိတ်ကြားပြီး ပြန်မလွှတ်တော့ဘဲ ခေါ်ယူ ထိန်းသိမ်းထားကြောင်း သိရှိရသည်။", "ယခုနောက်ဆုံးရရှိထားသော သတင်းများအရ ဇွန်လ ၂၁ ရက်နေ့ည ၁၁ နာရီအချိန် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံအတွင်းရှိ ဆန်ပွဲရုံ ၃ ခုထက်မနည်းကို စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ချိတ်ပိတ်သွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကားများဖြင့် ဆန်အိတ်များကို ၂၀၂၀ ကာလက သယ်ယူနေသည့်ဓာတ်ပုံဖြစ်ပါသည်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/07/172513/
Breaking News- ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါ အဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး Yoma Bank အပိတ်ခံရဖွယ် အခြေအနေ ကြုံလာနိုင်
["Breaking News- ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါ အဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးစစ်ဆေးနေပြီး Yoma Bank အပိတ်ခံရဖွယ် အခြေအနေ ကြုံလာနိုင်", "ရန်ကုန်၊ ဇူလိုင် ၁၀", "အကြမ်းဖက်စစ်ကောင်စီက ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို ငွေကြေးခဝါချမှုဖြင့် စစ်ဆေးနေပြီး Yoma Bank ပိတ်သိမ်း ၊ဖျက်သိမ်းခံရသည့် အခြေအနေအထိ ကြုံလာနိုင်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇွန်လဆန်းပိုင်းမှစတင်ပြီး ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း၊ အဓိကအားဖြင့် စစ်ဆေးရာတွင် ဘဏ်၏ Capital ထက်ပိုမိုသော ငွေကြေးများ ပါ ဝင် နေခြင်းကြောင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လတ်တလော သိထားသလောက်တော့ ဘဏ် Capital ထက် လှည့်ပတ်သုံးစွဲနေတဲ့ ငွေတွေ၊ ချေးငွေတွေက များ နေတာ၊ နောက်တစ်ခါ ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတာ၊ ခွင့်ပြုချက်မယူဘဲ၊ လုပ်ခွင့်မရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေမှာပါ ရင်းနှီးမြှုပ်နှံတာ။ အလွယ်ဆုံးပြောရရင်တော့ ငွေမည်းကို ငွေဖြူလျှော်တာပေါ့။ အဲဒီဖြစ်စဉ်မျိုး ၂၀၀၃ ခုနှစ်တုန်းက မေဖလားဝါးဘဏ်နဲ့ အာရှဓနဘဏ်တို့ကို စစ်ဆေး အရေးယူမှုမျိုးတွေဖြစ်ခဲ့ဖူးတယ်။ အခုလည်း အမှန်တကယ် အရေးယူမယ်ဆိုရင် Yoma ဘဏ်ကို ပိတ်တဲ့အထိ အရေးယူမလား၊ ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိ သိရှိထားသော သတင်းများအရ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေကို စစ်တပ်က စစ်ဆေးစဉ် အသာတကြည် အစစ်အဆေးမခံသဖြင့် ရိုက်နှက်ညှဉ်းပန်းမှုများရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း၊ ကျန်ရှိသော ဒါရိုက်တာများလည်း ဖမ်းဆီး စစ်ဆေးခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။", "ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ် မေလတွင် ဦးသိမ်းဝေ၏ FMI ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီမှ စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြို့ပေါင်း ၄၃ ခုတွင် ဘဏ်ခွဲပေါင်း ၈၅ ခုဖွင့်လှစ်ထားကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုများကို အရေးယူတိုက်ဖျက်ရန် မလုပ် ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ငွေကြေးကိစ္စများကို အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်း ကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ အရေးယူ လုပ်ဆောင်ရမည် များနှင့်ပတ်သက်၍ တိုးတက်မှုရှိအောင် မဆောင်ရွက်ခြင်း များကြောင့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် ကမ္ဘာ့ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) က ကြေညာခဲ့သည်။", "ဓာတ်ပုံ- ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန်နှင့် ရန်ကုန်ရိုးမဘဏ်ပင်မရုံး။"]
https://yktnews.com/2023/11/131742/
Breaking News- ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကို ဗဟိုပြု၍ ရစ်ချက်တာစကေး ၅ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့တွင်ပါ လှုပ်ခတ်
["Breaking News- ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကို ဗဟိုပြု၍ ရစ်ချက်တာစကေး ၅ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့တွင်ပါ လှုပ်ခတ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ကို ဗဟိုပြု၍ ရစ်ချက်စတာစကေး ၅ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်သွားပြီး အဆိုပါ ငလျင်သည် ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့်တရုတ်နိုင်ငံတို့တွင်ပါ သိသာစွာ လှုပ်ခတ်သွားကြောင်း ဒေသတွင်းသတင်းများနှင့် အမေရိကန်USGS ၏ ထုတ်ပြန်ချက်အရသိရှိရသည်။", "“မနက် ၈ နာရီ ၇ မိနစ်လောက်မှာ လှုပ်တာ။ အချိန်လည်းကြာတယ်။ ကြမ်းလည်းကြမ်းတယ်။ အပျက်အစီး များမယ်ထင်ပါတယ်။ အတော်ကြာကြာလှုပ်တာ” ဟု ရှမ်းပြည်နယ်၊ အရှေ့ပိုင်း နမ့်စမ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "တာချီလိတ်ဒေသမှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၈ နာရီ ၇ မိနစ်အချိန်တွင် ငလျင် ခပ်ပြင်းပြင်း နှစ်ကြိမ် လှုပ်ခတ်သွားပြီး ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည်ဟုဆိုသည်။", "ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင်နေထိုင်သူတစ်ဦးကလည်း မြန်မာဘက်ကို ဗဟိုပြုလှုပ်ခတ်သည်ဟု သတင်းတွင် ဖော်ပြနေသော ငလျင်ကို ချင်းမိုင်တွင်လည်း သိသာစွာ ခံစားရကြောင်း၊ ယနေ့ နံနက်ပိုင်း ချင်းမိုင်တွင် ငလျင် လှုပ်ခတ်သွားကြောင်းပြောဆိုသည်။"]
https://yktnews.com/2023/08/119710/
Breaking News- ရှားတောမြို့နယ်တွင် ရိက္ခာပို့လာသည့် ခမရ ၅၁၉ ပူးပေါင်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သားအများအပြား သေ ဆုံး ပြီး လက်နက် ၂၀ ကျော်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
["Breaking News- ရှားတောမြို့နယ်တွင် ရိက္ခာပို့လာသည့် ခမရ ၅၁၉ ပူးပေါင်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သားအများအပြား သေ ဆုံး ပြီး လက်နက် ၂၀ ကျော်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ်လ ၂၅", "ကရင်နီပြည်နယ်၊ ရှားတောမြို့နယ် တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၁၉ ရိက္ခာပို့ပူးပေါင်း စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက် ခဲ့ရာ စစ်သားအများ အပြား သေဆုံးပြီး လက်နက်ကြီး၊ လက် နက် ခဲယမ်း အများအပြား သိမ်း ဆည်း ရရှိခဲ့ကြောင်း ကရင်နီ KA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ရှားတောမြို့နယ်၊ ၂၈၈၈ တပ်နှင့် ၃၂၂၂ တောင်ကုန်းတို့ရှိ အကြမ်း ဖက်စစ်တပ်စခန်းများကို ရိက္ခာပို့ရန် ရှမ်းပြည်နယ် ဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၁၉ စစ်ကြောင်းကို KA ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားသေဆုံးပြီး လက်နက်ကြီးလက်နက် ၂၀ ကျော် အပြင် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "“အရင်တုန်းက ယာယီရိက္ခာစုပုံတဲ့ ဂိုဒေါင်တစ်ခုရှိတယ်လေ၊၂၈၈၈ နဲ့ ၃၂၂၂ ကို ရိက္ခာပို့မရအောင် ဖြတ် တိုက်ထားတာ၊ အဲဒီတုန်းကလည်း ရိက္ခာတွေ၊ လက်နက် တွေ ရတယ်၊ ၄ ယောက်လား ၅ ယောက်လား မသိ ဘူး ကျတယ်၊ အခုတမြန်နေ့က ထပ်ဖြစ်တာက အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကိုပဲ၊ ရှမ်းပြည် ဘက်နေ ထောက်ပို့ဖို့အတွက် ထွက်လာတဲ့ စစ်ကြောင်းကို ဖြတ်တိုက် တာ၊ လက်နက်က ၂၀ ကျော် လောက်ရ တယ်၊ အတိုတွေလည်းပါတယ်၊ အားလုံးက ၂၀ ကျော်ပဲ၊ ဘယ်နှစ်ယောက်သေလဲဆိုတာတော့ မသိဘူး” ဟု ကရင်နီ KA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။", "သိမ်းဆည်းရရှိသော လက်နက်များတွင် လက်နက်ငယ် ၁၄ လက်၊ ငါးကြင်းမြီး စက်လက် တစ်လက်၊ စိန် ပြောင်းလက်နက်ကြီး ၄ လက်အပါအဝင် ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှု များပြားသဖြင့် ညနေ ၃ နာရီနှင့် ၄ နာရီကြားတွင် အကြမ်းဖက်စ စ်တပ်မှ လေကြောင်းမှတဆင့် တိုက်ခိုက်ပစ်ကူပေးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း ကရင်နီ KA တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။", "“၅၁၉ နဲ့ဖြစ်တာ၊ ရှမ်းပြည်နယ်က တပ်ပဲ၊ ၅၁၉ တို့ ၃၃၄ တို့ အဲဒီအဖွဲ့တွေ၊ သူတို့က ဌာနချုပ် ဉာဏ်မူ ရှေ့က တပ်စခန်းကို ရိက္ခာပို့နေတာ၊ သူ့တို့ နှစ်စကတည်းကပဲ၊ အခုထိရိက္ခာက မရောက်နိုင်တော့ ယာ ယီ စုပုံစခန်းဆို ပြီးထားထားတာရှိတယ်၊ အဲဒီ စစ်ကြောင်းကို ဖြတ်တိုက်တာ၊ အခုကတော့ ဘယ်နှစ် ယောက်သေလဲ မသိဘူး၊ အထိနာတော့ လေယာဉ် နဲ့လာပစ်တယ် လေ၊ ၂၃ ရက်နေ့ညနေက၊ ဖြစ်တာ ကတော့ မွန်းလွဲပိုင်းပါပဲ လေယာဉ်နဲ့ လာပစ်တာက ၃ နာရီ ၄ နာရီလောက်မှာလာပစ်တာ၊ ကျနော်တို့ရဲ ဘော် တွေက ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ သူတို့လာမှာပဲ ဆိုတာ သိတော့ ကြားကနေဖြတ်တိုက်တာ၊ BP 9 နဲ့ မက်လွန်ရိုးကြား မယ်ဟောင်ဆောင် အနောက်ဘက်တည့်တည့်မှာပဲ” ဟု ကရင်နီKA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။"]
https://yktnews.com/2023/04/97249/
Breaking News- လားရှိုး ရန်တိုင်းအောင် ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက် ကွဲပြီး လူထိခိုက်သေဆုံးမှုရှိ၊ မီးပါလောင်ကျွမ်း
["Breaking News- လားရှိုး ရန်တိုင်းအောင် ရေကစားမဏ္ဍပ်တွင် ဗုံးများ ပေါက် ကွဲပြီး လူထိခိုက်သေဆုံးမှုရှိ၊ မီးပါလောင်ကျွမ်း", "ရန်ကုန်၊ ဧပြီ ၁၃", "ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင် ဘုရားဝင်အနီးရှိ ရေကစားမဏ္ဍပ် တွင် ယနေ့ နံနက်ပိုင်း ဗုံး ၃ လုံးပေါက်ကွဲပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း‌ ဒေသပြည်သူများက ပြောဆိုသည်။", "ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရန်တိုင်း အောင် ဘုရားဝင်းအနီးရှိ ရေကစားမဏ္ဍပ်တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲပြီး မီးလောင် ကျွမ်းသွားကြောင်း၊ ယင်းနောက် လူထိုခိုက်သေဆုံးမှုရှိပြီး လူနာတင် ကား အသံများကြားရကြောင်း ဒေသပြည်သူများက ပြောသည်။", "“ရန်တိုင်းအောင် ရေကစားမဏ္ဍပ်မှာ ဗုံး ၃ လုံးပေါက်တယ်။ ဗုံး ၂ လုံးလို့လည်း ပြောတယ်။ ပေါက်ကွဲသံက ဆက်တိုက်ထွက်တာ။ မီးပါလောင်တယ်။ အိမ်တွေ တုန်ထွက်သွားတာဘဲ။ လူတွေလည်းသေတယ်ပြောတယ်။ လူနာတင်ကားတွေ သွားနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။"]
https://yktnews.com/2024/09/182553/
Breaking News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက် ၁၀ နာရီခွဲအချိန် လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိ
["Breaking News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက် ၁၀ နာရီခွဲအချိန် လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိ", "ရန်ကုန်၊ စက်တင်ဘာ ၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခြင်းဖြစ်ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လတ်တလော ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“ရပ်ကွက် ၁ ၊ ဗျူဟာလမ်းနဲ့ တိုင်းရုံးဘက်လို့ ပြောတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အကုန်လုံး ထွက်ပြေးနေရတယ်။ အဆောက်အအုံတွေ ပြိုကုန်တယ်။ ကားတွေလည်း ထိကုန်တယ်။ လေယာဉ်က ဝဲနေတုန်းပဲ။ ဗုံး ၂ လုံးကျဲပြီးသွားတာတောင် ထပ်ဝဲနေတယ်” ဟု လားရှိုးဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "ယနေ့ နံနက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ တတိယအကြိမ်ဗုံးကျဲမှုဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယနေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူများ ထွက်ပြေးနေရစဉ်။"]
https://yktnews.com/2024/07/176095/
Breaking News- လားရှိုးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ လွတ်မြောက်လာ
["Breaking News- လားရှိုးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ လွတ်မြောက်လာ", "ရန်ကုန်၊ ဇူလိုင် ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်း သားများနှင့် အကျဉ်းသားများ လွတ်မြောက်လာပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။", "ယမန်နေ့ ခလရ ၆၈ ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သားများနှင့် အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခြင်းဖြစ် ကြောင်း သိရှိရသည်။", "“ဒီမနက်ကစပြီး အကျဉ်းသားတွေ ပြန်လွတ်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေရော ရိုးရိုးအကျဉ်းသားတွေရော အကုန်လွတ်ပါတယ်” ဟု အကျဉ်းဦးစီးသတင်းရင်းမြစ်က ဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှု အသေးစိတ် အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်"]
https://yktnews.com/2024/01/139481/
Breaking News- လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံသည့် တပ် တချို့က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည် ၊ စစ်ကောင်စီက ပုန်ကန် သည့် တပ်များကို လိုက်လံ ဗုံးကျဲနေ
["Breaking News- လောက်ကိုင်မှ ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံသည့် တပ် တချို့က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည် ၊ စစ်ကောင်စီက ပုန်ကန် သည့် တပ်များကို လိုက်လံ ဗုံးကျဲနေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ဗိုလ်မှူးချုပ် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးနောက် အဆိုပါ ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံသည့် တပ်တချို့က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ရန် စုစည်းမှုများရှိနေကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "”ဗိုလ်မှူးချုပ် ၆ ဦးကို သစ္စာခံတဲ့ တပ်တွေက လက်နက်ပြန်ကိုင်ပြီ စုစည်းနေတာတွေရှိတယ်။ အဲဒါတွေက သိပ်မကြာခင် တော်လှန်ရေးတပ်တွေ လားရှိုးကို တိုက်ရင် သူတို့ပါ ဝင်တိုက်ဖို့ရှိနေတယ်။ အခု စစ်တပ်က အဲဒီတပ်တွေကို ဗုံးလိုက်ကျဲနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။", "လတ်တလော စစ်ကောင်စီက ပုန်ကန်မည့် တပ်များ ရှိနေသည်ဟု ထင်မှတ်သော နေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ လားရှိုးမြို့နယ်၊ မိုင်းယော် တိုက်နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး များ ကျဲချနေကြောင်း သိရှိရသည်။", "“အဲဒီပုန်ကန်မယ့်တပ်တွေ ရှိတယ်လို့ ထင်တဲ့နေရာတွေကို စစ်ကောင်စီက ဗုံးပြန်ကျဲနေတယ်။ လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကို စစ်တပ်က ဒီနေ့ လေယာဉ်နဲ့ ၃၇ လုံးကျဲနေတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။", "လက်ရှိတွင် လောက်ကိုင်မြို့နယ်မှ လက်နက်ချ အညံ့ခံ လိုက် သော ဗိုလ်မှူးချုပ် ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီးနောက် လောက် ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သက်ထိုက်လင်းနှင့် တပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စစ်တပ် သတင်း ရင်းမြစ်တချို့က ပြောဆိုသည်။", "လောက်ကိုင်တွင် လက်နက်ချ အညံ့ခံပြီးနောက် ဒုတိယ ဗိုလ်မှူးကြီး သက်ထိုက် လင်းနှင့်တပ်ဖွဲ့ဝင်များသည် လောက်ကိုင်ဒေသမှ တန့်ယန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက ဗိုလ်မှူးချုပ် ၆ ဦးကို လားရှိုးသို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားပြီး ဖမ်းဆီးချုပ်နှောင် အရေးယူ မည်ဆိုသော သတင်းကြားရသောအခါ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သက်ထိုက်လင်းနှင့် တပ်ဖွဲ့ ဝင်များသည် တန့်ယန်းမြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရှိရသည်။", "“ဗိုလ်မှူးချုပ် ၆ ယောက် အချုပ်ထဲ ထည့်သံကြားတော့ လောက်ကိုင် G1 ဒုတိယ ဗိုလ်မှူး‌ကြီး သက်ထိုက်လင်းက နောက်ပါ", "ရဲဘော်တွေ ခေါ်ပြီး တန့်ယန်း ကနေ ထွက်ပြေးတယ်။ အခုလည်း လောက်ကိုင်ကနေ ဆုတ်လာတဲ့ တပ်ရင်းမှူးနဲ့အထက် အရာရှိတွေမှန်သမျှ လားရှိုးရောက်တာနဲ့ အချုပ်ထဲ ထည့်ခိုင်းတယ်။ အရာရှိ၊ စစ်သည်တွေက သူတို့ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် တွေကို အချုပ်ထဲ ထည့်လို့ မကျေနပ်ကြဘူး။ တချို့လည်း ဗိုလ်မှူးချုပ်တွေပြီးရင် သူတို့အလှည့်ပဲ ဆိုတာ သိကြလို့ ထောင်တော့ အကျမခံနိုင်ဘူးကွ။ အပေါ် လူကြီးတွေက သူတို့အာဏာ တည်မြဲဖို့ သူတို့မိသားစုတွေ ကောင်းစားရေးပဲ လုပ်နေကြတာဆိုပြီး ထွက်ပြေးတာလည်း မနည်းဘူး” ဟု တပ်တွင်း သတင်း ရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက လက်နက်ချ အညံ့ခံခဲ့သော လောက်ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကို တာဝန် မကျေပွန်မှု၊ အထက်အမိန့် မနာခံမှု၊ ပုန်ကန်မှုများဖြင့် အရေးယူရန် ဖမ်းဆီးထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ-လောက်ကိုင်မှ ဆုတ်ခွာခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့တချို့။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BreakingNews #လောက်ကိုင် #စစ်ကောင်စီ #G1"]
https://yktnews.com/2023/02/89066/
Breaking News- လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုး၏ မိသားစု ဝင်များဖြစ်၊ PDF ထောက်/ပို့လုပ်သည် ဟုဆိုကာ စစ်မှုထမ်း ဟောင်းနှင့် ပျူစော ထီးများက သတ်ဖြတ်သွားခဲ့
["Breaking News- လှည်းကူးတွင် အသက် ၃ နှစ် အရွယ် ကလေးငယ် အပါ အဝင် ပစ်သတ်ခံရသူ ၅ ဦးမှာ ကျောင်းဆရာ PDF ကိုဝင်းစိုး၏ မိသားစု ဝင်များဖြစ်၊ PDF ထောက်/ပို့လုပ်သည် ဟုဆိုကာ စစ်မှုထမ်း ဟောင်းနှင့် ပျူစော ထီးများက သတ်ဖြတ်သွားခဲ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ယမန်နေ့ညပိုင်း အသက် ၃ နှစ်အရွယ် ကလေး ငယ် အပါအဝင် ပစ်သတ်ခံရသည့် မိသားစုဝင် ၅ ဦးမှာ ကျောင်းဆရာ လက်ရှိ PDF ကိုဝင်းစိုး၏ မိသားစုဝင်များဖြစ်ကြောင်း မိတ်ဆွေ အသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရိပ် သာရပ်ကွက်၊ မေဃ၀တီ ၄ လမ်း၊ မြို့ကြီး ကုန်းဘက်တွင် မိသားစုဝင် ၅ ဦး ကို ပျူစောထီးများ ပစ်သတ်သွားခဲ့ကြောင်း၊ ပစ်သတ်ခံရသူများ ဒေါ်စန်းနွဲ့၊ သားဖြစ်သူ ဦးမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊ မဝင်းနွယ်၏ သား အသက် ၃ နှစ်အရွယ်ကလေးငယ်၊ အသက် ၈၅ နှစ်အရွယ် အဘိုးဦးအောင်မောင်းတို့ကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "” အသတ်ခံရတာက ကျောင်းဆရာ ကိုဝင်းစိုး PDF ရဲ့ ယောက္ခမ မိသားစုပါ။ မဝင်းနွယ်က ကိုဝင်းစိုးရဲ့ဇနီး။ ကိုဝင်းစိုးရဲ့ သားလေး အသက် ၃ နှစ်အရွယ် ကလေးကိုပါ ပစ်သတ်သွားတာ။ လာသတ်သွားတဲ့ လူတွေက စစ်မှုထမ်း ဟောင်း နဲ့ပျူ စော ထီးဆိုတာ အတည်ပြုနိုင်ပါပြီ။ ဘယ်လို အတည်ပြုနိုင် လဲတော့ မမေးပါနဲ့။ အဘိုး ဦးအောင်မောင်းက သထုံကပါ ။ သထုံပြန်ဖို့ လုပ်နေတုန်း အပစ်ခံရတာ” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။", "” ဆုံးသွားတဲ့သူတွေမှာ အဘိုး ဦး​အောင်​မောင်း၊ မောင်လေး ကိုမောင်မောင်၊ ညီမငယ်က မိပိတ်(မဝင်းနွယ်)၊ အကြီး စန်းနွဲ့ တို့ပါ။ ပစ်သတ်ခံ လိုက်ရတဲ့ အထဲပါသွားတဲ့ အသက် ၃ နှစ်သားလေးက ကျောင်းဆရာ PDF ကိုဝင်းစိုးနဲ့ မိပိတ် တို့သားလေး။ တကယ်က ကျောင်းဆရာ PDF နဲ့ အကြီးစန်းနွဲ့တို့က အဆက် အသွယ် မရှိကြပါဘူး။ သူက အိမ်က သူထွက်သွားတာ ၂နှစ် ကျော်ရှိ နေပြီ။ အခုနောက်ဆုံး ဘေးပတ်ဝန်းကျင်ကလည်း စစ်မှုထမ်းဟောင်း၊ ပျူစောထီး တွေ ပစ်သတ် သွား တယ်ဆိုတာ အတည်ပြုပါတယ်။ ဒီဘက်ကလည်း ပျူစောထီးတွေ သတ်တယ် ဆိုတာ အတည်ပြုနိုင်တယ်” ဟု ဆွေမျိုးနီးစပ်တစ်ဦးက ပြောဆိုသည်။", "စစ်မှုထမ်းဟောင်းနှင့်ပျူစောထီးများက လာရောက်သတ်ဖြတ်ချိန်တွင် ကျောင်းဆရာ PDF မိသားစုဝင်များ ဟုတ်၊ မဟုတ် မေးမြန်း အတည်ပြုပြီးမှ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီထောက်ခံသော စစ်လော်ဘီများက ယမန်နေ့ညပိုင်း ပစ်ခတ်သတ်ဖြတ်မှု လုပ်ဆောင်ပြီးနောက် PDF က သတ်ဖြတ်သည်ဟုဆိုကာ သတင်းမှားများ၊ ဝါဒဖြန့်မှုများ ချက်ချင်း လုပ်ဆောင်ခဲ့ကြသည်။", "ယနေ့တွင် လှည်းကူးမှ မိသားစုဝင် ၅ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်သည် စစ်မှု ထမ်းဟောင်းနှင့် ပျူစောထီးများက PDF မိသားစု ဝင်များကို သတ်ဖြတ်သည့် လူသတ်ဖြစ်စဉ်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က အတည်ပြု ဖော် ထုတ်နိုင် ခြင်းဖြစ်သည်။"]
https://yktnews.com/2024/10/187685/
Breaking News- လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ ၊ စစ်တပ်က လှိုင်သာယာမြို့နယ်တစ်ခုလုံးပိတ်ဆို့ စစ်ဆေးနေ
["Breaking News- လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ ၊ စစ်တပ်က လှိုင်သာယာမြို့နယ်တစ်ခုလုံးပိတ်ဆို့ စစ်ဆေးနေ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို ယနေ့ နံနက်ပိုင်း တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သေဆုံးနိုင်ခြေရှိကြောင်း Golden Valley Warriors တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ၂ ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ လက်ရှိတွင် ကျော်သူဝင်း(ခ) ရွှေမန်း နှင့် ၎င်း၏ကိုယ်ရေးအရာရှိတို့ကိုဆေးရုံကားဖြင့်သယ်ဆောင်သွားကြောင်း၊ ကျော်သူဝင်း (ခ) ရွှေမန်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက် ၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက်ကျည်ထိမှန်ဒဏ်ရာရရှိ ခဲ့ပြီး ၎င်း၏ ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။", "လှိုင်သာယာမြို့ခံလည်းဖြစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်လည်းဖြစ်သူ ကျော်သူဝင်းသည် မဝင်မနေရ စစ်မှုထမ်းစနစ်အတွက် လှိုင်သာယာမြို့နယ်မှ လူငယ် ၈၀၀ ကျော် ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ခဲ့ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့သူဖြစ်ကြောင်း၊ ရရှိ ထား သောအချက်အလက်အများအရ လှိုင်သာယာသည်ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းအများဆုံးထုတ်ပေးသည့် မြို့နယ်အဖြစ်ထိပ်ဆုံးမှရပ်တည်နေပြီး အဆိုပါဖြစ်စဉ်အတွက်အဓိကအဆုံးအဖြတ်ကို လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က ဆုံးဖြတ်အတည်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ကျော်သူဝင်း (ခေါ်) ရွှေမန်းသည် ယခုနှစ်တွင်မှ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်လာခဲ့ပြီး ၎င်း၏ စီးပွါးရေးအင်ပါယာကိုပါချဲ့ထွင်နိုင်ခဲ့ကြောင်း၊ စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ ၊ Convenient store များ နှင့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းများဖြင့် တဟုန်ထိုးကြီးပွားချမ်းသာလာကြောင်း၊ ၎င်း ပိုင်ဆိုင်သည့် ရွှေမန်းအိမ်ခြံမြေလုပ်ငန်းသည် စစ်ဘက်အရာရှိတချို့ပါဝင်ပတ်သက်နေပြီး တရုတ်လုပ်ငန်းရှင်တစ်ဦးကလည်း ငွေကြေးထည့်ဝင်ထားကြောင်း သိရှိရသည်။", "ကျော်သူဝင်း(ခ) ရွှေမန်းသည် လှိုင်သာယာမြို့နယ်အတွင်း ကျူးကျော်များကို အင်အားသုံး ဖယ်ရှားခြင်း ၊ မဝင်မနေရစစ်မှုထမ်းစနစ်အတွက် စက်ရုံအလုပ်သမားလူငယ်များကို အတင်းအဓမ္မစစ်တပ်ထဲသို့စေလွှတ်ခြင်းကြောင့် လှိုင်သာယာတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော လှိုင်သာယာမြို့နယ်၏ အုပ်ချုပ်ရေးအကြီးအကဲဖြစ်ကြောင်း၊ ပြည်သူများ၏ တိုင်တန်းချက်အရ ယခုကဲသို့ အုပ်ချုပ်ရေး ထောက်တိုင်ကြီးတစ်ခုကိုရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "Golden Valley Warriors တပ်ဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်များနှင့် လုပ်ငန်းရှင်များကို စာရင်းပြုစု ထောက်လှမ်းထားပြီး ၎င်းတို့အားလုံးကိုပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယနေ့မှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးရုံးမှ ပြန်လာသော လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်းနှင့် ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ တို့ကို အနီးကပ် သုတ်သင်ရှင်းလင်းမစ်ရှင် ဖော်ဆောင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ လုံခြုံရာသို့ ရောက်ရှိ၍ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက လှိုင်သာယာတစ်မြို့နယ်လုံးကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတားများကိုလည်း ယာယီ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပစ်ခတ်ခံရသော လှိုင်သာယာမြို့နယ်ကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ယနေ့ နံနက်ပိုင်း ပစ်ခတ်မှုအပြီး စစ်တပ်က လှိုင်သာယာမြို့နယ်ကို ပိတ်ဆို့ထားစဉ်။"]
https://yktnews.com/2023/07/111613/
Breaking News- ဝက်လက်တွင် စစ်တပ်က သမာရိုးရွာသို့ ဝင်ရောက်ပြီး စျေးရောင်းထွက်ကြသည့် ပြည်သူ ၇ ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ်၊ ရွာသူရွာသား ၆ ဦးဒဏ်ရာရ
["Breaking News- ဝက်လက်တွင် စစ်တပ်က သမာရိုးရွာသို့ ဝင်ရောက်ပြီး စျေးရောင်းထွက်ကြသည့် ပြည်သူ ၇ ဦးကို အစုလိုက်အပြုံလိုက် ပစ်သတ်၊ ရွာသူရွာသား ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၇", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးကျေးရွာမှ ရွှေပန်းကုန်းကျေးရွာသို့ ဟင်းသီးဟင်းရွက်ရောင်းရန်ထွက်လာသော ထော်လာဂျီကားပေါ်မှ စျေးသည် ပြည်သူ ၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ပြောသည်။", "ဇူလိုင်လ ၆ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် သမာရိုးကျကျေးရွာမှ အခြားကျေးရွာများသို့ စျေးရောင်းထွက်ကြသည့် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးကို စစ်တပ်က တားဆီး၍ ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ ယင်းနောက် သမရိုးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သောကြောင့်ရွာသူရွာသား ၆ ဦးဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်၏ ပစ်သတ်မှုကြောင့် သေဆုံးရသူ စျေးသည် ပြည်သူ ၇ ဦးမှာ", "၁။ ဦးသိန်းလှိုင်၊ အသက် ၆၂ နှစ် (ဘ) ဦးဗျော်၊ သမ္မာရိုးကျေးရွာ", "၂။ ဦးဖိုးလွင် အသက် ၅၅ နှစ် (ဘ) ဦးသိန်းဆောင်၊ သမားရိုးကျေးရွာ", "၃။ ကိုလွင်မိုး အသက် ၂၇ နှစ် (ဘ) ဦးစိုးနိုင်၊ သမ္မာရိုးကျေးရွာ", "၄။ ဒေါ်နှင်းလှိုင် အသက် ၅၇ နှစ် (ဘ) ဦးညိုဌေး၊ သမ္မာရိုး", "၅။ ဒေါ်ပွေလီ အသက် ၄၆ နှစ် (ဘ) ဦးသိန်းဝင်း၊ သမ္မာရိုး", "၆။ မအေးနုဝင်း အသက် ၄၀ နှစ် (ဘ) ဦးရှန်ဝင်း၊ သမ္မာရိုး", "၇။ မဖြူဖြူစန်း အသက် ၃၀ နှစ် (ဘ) ဦးသန်းအောင်၊ ကူးတို့ကိုင်းကျေးရွာ တို့မှဖြစ်ကြောင်း သိရှိရသည်။", "ပြည်သူ ၇ ဦးကို ပစ်သတ်ပြီး သမားရိုးကျေးရွာကို ပစ်ခတ်သွားခဲ့သော စစ်တပ်က အရာတော်မြို့နယ်၊ ကူးတိုးကိုင်းရွာသို့‌ ရောက်ကာ ကူးတိုးကိုင်းရွာရှိ ပြည်သူ့နေအိမ် ၁လုံးကို မီးရှို့ခဲ့ကြောင်း၊ ယင်းနောက် ဆက်လက်စစ်ကြောင်းထိုးကာ မကျီးစောက်ရွာ အနောက်ဘက်မှ နေ၍ လက်နက်ကြီးများဖြင့် ငါးရဟိုးရွာသို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169479/
Breaking News- ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့သည်ကို မူလကတည်းက သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် မင်းအောင်လှိုင် အပါ အဝင် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့
["Breaking News- ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့သည်ကို မူလကတည်းက သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် မင်းအောင်လှိုင် အပါ အဝင် စစ်ကောင်စီက အမိန့်ပေးညွှန်ကြားခဲ့", "ကာယကံရှင် ကန်သုံးဆင့်ဆရာတော်၏ မိန့်ဆိုချက်ကြောင့် ငြင်းမရဘဲ အလိမ်ပေါ်ခဲ့", "ရန်ကုန်၊ ဇွန် ၂၂", "နိုင်ငံတော်သံဃာမဟာနာယက ဆရာတော်ဖြစ်သော ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်သားများက ပစ်ခတ်ရာမှ ပျံလွန်တော်မူခဲ့ရကြောင်း မူလကတည်းက စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များ အား လုံး သိရှိခဲ့သော်လည်း PDF အပေါ် အပြစ်ပုံချ သတင်းထုတ်ပြန်ရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်အတွင်းတွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို ပျံလွန်တော်မူသည်အထိ စစ်တပ်က ပစ်ခတ်ခဲ့သည်ကို စစ်ကောင်စီ၏ ထိပ်ပိုင်းခေါင်းဆောင်များထံသို့ စရဖ၊ ထွေ/အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနမှ ကနဦးလျှို့ဝှက် အစီရင်ခံစာများ ပေးပို့ခဲ့ကြကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ခေါင်း ဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီထိပ်ပိုင်းဗိုလ်ချုပ်များအားလုံးက ယင်းဖြစ်စဉ်ကို သိရှိခဲ့ကြကြောင်း၊ ထို့နောက် ဆရာတော်ကြီး ပျံလွန်တော်မူမှုသည် PDF ၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟုဆိုကာ အပြစ်ပုံချရန် စစ်ကောင်စီထိပ်ပိုင်းကပင် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "“ဖြစ်စဉ် ဖြစ်တဲ့နေ့ ဇွန်လ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်လောက်မှာ စစ်ရုံးကို ကြေးနန်းတွေကဝင်နေပါပြီ။ စရဖ၊ ထွေ/အုပ်၊ ရဲကြေးနန်း၊ သာသနာရေး၊ မန္တလေးတိုင်းစစ်ဌာနချုပ်ကြေးနန်း အကုန် လုံးက လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပစ်ခတ်လိုက်လို့ ဆရာတော် ပျံလွန်တော်မူတယ်ဆိုတာ အားလုံးက တူညီစွာပဲ ကြေးနန်း ကနဦး သတင်းတွေမှာ ဖော်ပြထားတယ်။ စစ်ရုံးဘက်ကနေ ဆရာတော် ပျံလွန်တော်မူတာ PDF ကြောင့် ဆိုတာမျိုး ထွက်ချက်တွေရဖို့ သတင်းထုတ်ပြန်ဖို့ အမိန့်ပေး ညွှန်ကြားခဲ့ပါတယ်” ဟု နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။", "အွန်လိုင်းပေါ်တွင် ပေါက်ကြားလာသော မန္တလေး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်၏ ကနဦး ကြေးနန်းတင်ပြစာတွင်လည်း ဝင်းနိမ္မိတာရုံ ဆရာတော်ကို စစ်တပ်က ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသည်ကို ဖော်ပြခဲ့ပြီး ယင်းကြေးနန်းစာပေါက်ကြားမှုအတွက် ညွှန်ကြားရေးမှူး ဦးကျော်လှိုင်ကို အရေးယူရန် စစ်တပ်က ဖမ်းဆီး စစ်ကြောနေကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ လိမ်လည်မှု ပေါ်ပေါက်ရခြင်းမှာ မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီး၏ မိန့်ကြားချက်ကြောင့် မငြင်းသာတော့ဘဲ ဝန်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသော ပဲခူး၊ ဝင်းနိမ္မိတာရုံဆရာတော်လိုက်ပါသော Surf ကားကို စစ်ကောင်စီတပ်များက လုံခြုံရေးအရ ပစ်ခတ်ခဲ့ကြောင်း ယမန်နေ့ ညပိုင်း ဝန်ခံပြောဆိုခဲ့သည်။", "ဆရာတော်များလိုက်ပါသော အရပ် သား Surf ကားကို ဟန့်တားရန် မိုးပေါ်ထောင်သေနတ်ဖောက်သည့်အပြင်ကားကိုပါ ပစ်ခတ်ခဲ့ကြောင်း ၊ယခုအခါ အဆင့်မြင့်အရာရှိများပါဝင်သော စုံစမ်းဖော်ထုတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး စုံစမ်းနေကြောင်း၊ စုံစမ်းဖော်ထုတ်ချက်များအရ တွေ့ရှိချက်များကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုထားသည်။"]
https://yktnews.com/2025/04/211819/
Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ
["Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်းလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ", "ရန်ကုန်၊ ဧပြီ ၁၉", "မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ သေဆုံးမှု ပိုများနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ် နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တာရာယ် စိုးရိမ်ရသူများ ပါဝင်ပြီး သေဆုံးသူ ပိုများလာနိုင်ကြောင်း သိရှိရသည်။", "“ဓာတ်ဆီဆိုင်ဆိုတော့ ပေါက်ကွဲမှုတွေကော လမ်းဘေး လူစည်းကားတဲ့ နေရာဆိုတော့ အခုချိန်ထိ သေဆုံးတဲ့ သူက ၁၃ ဦးပေါ့။ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေပါပါတယ်။ တချို့က လမ်းမှာပဲ ကွယ်လွန်သွားတာတွေရှိတယ်။ သေဆုံးတဲ့ထဲမှာ ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ သိရတယ်။ ကလေး ၂ ဦးရဲ့ ရုပ်အလောင်းကတော့ ပျောက်ဆုံးနေပါတယ်။ ကျနော်တို့ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရတာ ၁၀ ကြိမ်ရှိပါပြီ သင်္ကြန် အကြိုနေ့ကနေစပြီး ဒီနေ့ချိန်ထိပေါ့။ သူတို့ကျဲချတဲ့ ၁၀ ကြိမ်လုံးမှာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး။ ပြည်သူတွေပဲ ထိခိုက်သေဆုံးတယ်ဆိုတော့ ကျနော်တို့ စစ်ကောင်စီကို မေးခွန်းထုတ်ချင်ပါတယ်။ ကျနော်တို့ အရပ်သား ပြည်သူ တွေကို ဘာလို့ ရက်ရက်စက်စက် တိုက်ခိုက်နေတာတုန်းပေါ့။ ကျနော်တို့ ရဲဘော်တွေ မြေပြင်မှာ လုံးဝ မခံစားနိုင်ဘူး။ ဒါတွေ မြင်နေရတာ” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာနှင့်ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/92831/
Breaking News- သာကေတတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်ထိန်း ရဲ စောလေးဖော အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ သာကေတ မြို့နယ်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထား
["Breaking News- သာကေတတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်ထိန်း ရဲ စောလေးဖော အပါအဝင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ သာကေတ မြို့နယ်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထား", "ရန်ကုန်၊ မတ် ၁၇", "ရန်ကုန်တိုင်း၊ သာကေတတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော နယ်ထိန်းရဲ စောလေး ဖော(နာမည်အရင်း မသိရသေး) အပါအဝင် ရဲ ၃ ဦးပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် သာကေတမြို့နယ်၊ အမှတ် ၂ ရဲစခန်း အရှေ့ မိတ္တူဆိုင်တွင် ရှိနေသော ရဲ ၃ ဦးကို သေနတ်သမား များ ကဝင်ရောက်ပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲ စောလေး ဖောမှာ ပွဲချင်းပြီး သေဆုံးပြီး ဂတ်စာရေးရဲတစ်ဦးမှာလည်း ရင်ဘတ် ကျည်ထိမှန်ထားကာ သေဆုံးရန် များပြား ကြောင်း၊ အခြားရဲတပ်သား ၁ ဦးမှာ ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရကြောင်း သိရှိရသည်။", "“သာကေတ တစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့တယ်။ ရပ်ကွက်နယ်ထိန်းရဲ စော လေး ဖောသေတယ်လို့ပြောတယ်။ နယ်ထိန်းနာမည်အရင်းတော့မသိဘူး။ မျက်မှန်နဲ့ ဂတ်စာရေးရဲက ရင်ညွှန့်ထိတယ်။ ရဲတပ်သား ၁ ဦးက မစိုးရိမ်ရ ပါ ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "သေဆုံးသွားသူ နယ်ထိန်းရဲ စောလေးဖော (နာမည်အရင်း မသိရသေး) သည် လာဘ်ပေးလာဘ်ယူမှုတွင် အလွန် နာမည်ကြီးကြောင်း၊ အမှုများ လိမ်၍ ဖမ်းဆီးပြီး တော်လှန်ရေးရဲဘော်များ၊ ပြည်သူများကို ခြိမ်းခြောက် အနိုင်ကျင့် နေသူဖြစ်ကြောင်း သိရှိရသည်။", "“သာကေတ အမှတ် ၂ နယ်မြေရဲ စခန်း မှာ နာမည်ဆိုးတဲ့ နယ်ထိန်း။ လဘ်စား တဲ့နေရာမှာလည်းအရမ်းနာမည်ကြီးတယ်။ အမှုလိမ်ပြီးဖမ်း တဲ့နေရာ မှာလည်း အရမ်းနာမည်ကြီးတယ်။ နာမည်ဆိုးနဲ့ နာမည်ကြီးတာ နယ်ပြောင်း ရွှေ့ အောင် တိုင်ကြားရင်လည်း အဲ့ဒီကောင်က နယ်မပြောင်းရဘူး။ အပေါ်နဲ့ ပိုင် ပုံရတယ်” ဟု ဒေသပြည်သူက ဆက်လက်ပြောဆိုသည်။", "လက်ရှိ သာကေတမြို့နယ်တစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထားသဖြင့် ပြည်သူ များ အနေဖြင့် သတိထား၍ သွားလာသင့်ပြီး လူငယ်များအနေဖြင့် သတိထား သင့် ကြောင်း ဒေသပြည်သူများကဆိုကြသည်။", "ဓာတ်ပုံ- သာကေတ အမှတ် ၂ ရဲစခန်း ရှေ့မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2024/05/163764/
Breaking News- သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ သေဆုံးပြီး ဒဏ်ရာရရှိသူ အလွန်များပြား၊ နယ်မြေရှင်းလင်းစဉ် လက်နက် ၄၅ လက် သိမ်းဆည်းရရှိ
["Breaking News- သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ သေဆုံးပြီး ဒဏ်ရာရရှိသူ အလွန်များပြား၊ နယ်မြေရှင်းလင်းစဉ် လက်နက် ၄၅ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၂၁", "ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၁၈ ရက်နေ့ နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီအချိန်အထိ သံတွဲမြို့ နယ်၊ သံတွဲ-တောင်ကုတ်ကားလမ်းထက် သူဌေးချောင်းအနီး၊ ရွှေလှေရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် သေနတ် ၄၅ လက်ကျော်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "“စစ်ကောင်စီဘက်မှာ ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာအမြားအပြား ရရှိတယ်။ လက်နက်ကတော့ ၄၅ လက် သိမ်းဆည်းရရှိပါတယ်” ဟု AA သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ရွှေလှေကျေးရွာနှင့် လင်းသီကျေးရွာတို့တွင် အရပ်သား ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "(ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဗီဒီယိုကို ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2023/02/85230/
Breaking News- ဟုမ္မလင်းတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန်
["Breaking News- ဟုမ္မလင်းတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့ဟု NUG ထုတ်ပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီး ပစ်ချနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန NUG က သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ် အချိန် တိုက်ပွဲအတွင်း စစ် သား နှင့်ပျုစောထီး ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်၂ ဦး ကျဆုံးခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုးနှင့်မဟာမိတ်တပ်ပေါင်းစုများက ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "ဓာတ်ပုံ- စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီး။"]
https://yktnews.com/2024/04/155834/
Breaking News- အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း မော်လမြိုင်၊ ရတခဌာနချုပ်တွင် အစည်းအဝေး ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်၊ စစ်တပ်က တန်ပြန် လေယာဉ်၊ ဒရုန်းများဖြင့် ဗုံး ပြန်ကျဲ
["Breaking News- အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း မော်လမြိုင်၊ ရတခဌာနချုပ်တွင် အစည်းအဝေး ကျင်းပနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်၊ စစ်တပ်က တန်ပြန် လေယာဉ်၊ ဒရုန်းများဖြင့် ဗုံး ပြန်ကျဲ", "ရန်ကုန်၊ ဧပြီ ၈", "မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အကြမ်း ဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ရေးဆိုင်ရာ အစည်းအဝေး ကျင်းပနေစဉ် တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ဧပြီလ ၈ ရက်နေ့ ည​နေ ၅နာရီ ၁၀မိနစ်အချိန် အ​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းရုံးအတွင်း စစ်​ကောင်စီဒု​စစ်ခေါင်း​ဆောင် စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်​ရေးကွပ်ကဲမှုအစည်းအ​ဝေးလုပ်​နေ​ကြောင်း သတင်းရရှိ၍ ရှာထူး​ဝေါ်နည်းပညာ တပ်ဖွဲ့ ၏ Alpha bats တပ်ခွဲ က ​မြေပြင်လုံခြုံ​ရေးပူး​ပေါင်းတပ်များ အကူအညီဖြင့် Fixed Wing Drone အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ဒုချုပ် စိုးဝင်းနှင့် ရတခတိုင်းမှူးတို့ အစည်းအ​ဝေးကျင်းပ​နေရင်း ချက်ချင်းရပ်ကာ ရုံး ဆင်းသွား​ကြောင်း၊ ​​ဖော်ကာနှင့် ဂျက်တိုက်လေယာဉ် ၂စီးလည်း ​နောက်ထပ် ဒရုန်း တိုက်ခိုက်မှုများလာမည်ကို​ကြောက်၍ ပျံသန်းကင်းလှည့်လျက်ရှိကြောင်း သိရှိရသည်။", "လက်ရှိ ယနေ့ ညပိုင်း မော်လမြိုင်တွင် ပေါက်ကွဲသံများ ဆက်တိုက်ကြားရကြောင်း၊ ​ပေါက်ကွဲမှု​ကြောင့် ရတခ တိုင်းအတွင်း တုန်လှုပ်​ခြောက်ခြားမှုများဖြစ်ကာ ​ လေယာဥ်များ၊ ကားများ၊ လုံခြုံ​ရေးအထူးပြင်ဆင်ကာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့​ကြောင်းသိရပြီးအထိအခိုက်အ​သေးစိတ်မသိရှိရသေးကြောင်း ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Alpha Bats တပ်ခွဲက ပြောဆိုသည်။", "​မော်လမြိုင် ရတခ တွင် စိုးဝင်း​ရောက်​နေသကဲ့သို့ ဘားအံ တပ်မ၂၂ တွင်လည်း ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်း​ဆွေ​ရောက်​နေကာ မြဝတီ၊ သင်္ဃန်းညီ​နောင်ဘက်သို့ ​လေ​ကြောင်းထိုးစစ်များ ပြုလုပ်ရန် ကြံစည်​နေကြ​ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/117572/
Breaking News- အခေါက်ရွှေစျေး တစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိ
["Breaking News- အခေါက်ရွှေစျေး တစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိ", "အမေရိကန် တစ်ဒေါ် လာလျှင် ၃၅၅၀ ကျပ်စျေးပေါက်နေပြီး ကျပ်ငွေတန်ဖိုး ထိုးကျနေ", "ရန်ကုန်၊ ဩဂုတ် ၁၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သား လျှင် ငွေကျပ် ၃၇ သိန်း ၃ သောင်း ၅ ထောင်ကျပ်( ၃,၇၃၅,၀၀၀) သို့ ရောက်ရှိ နေပြီး နိုင်ငံခြားငွေလဲနှုန်း တွင်လည်း မြန်မာကျပ်ငွေတန်ဖိုး ထိုးကျကာ ထိုင်းတစ်ဘတ်လျှင် မြန်မာ ကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိနေကြောင်း သိရှိရသည်။", "ငွေလဲနှုန်းတွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၅၅၀ ကျပ် ဝန်းကျင်စျေးရှိနေပြီး တရုတ်ယွမ်၊ မလေးရှားရင်းဂစ်၊ စင်ကာပူ ဒေါ်လာ နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားများတွင်လည်း ကျပ်ငွေ တန်ဖိုး ထိုးကျနေ ကြောင်း၊ စင်ကာပူ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၅၅၅ ကျပ်၊ မလေးရှား တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၇၇၀ ကျပ်၊ တရုတ်တစ်ယွမ် လျှင် မြန်မာကျပ် ငွေ ၅၀၅ ကျပ် ပေါက်စျေးရှိကြောင်း၊ ရွှေစျေးနှုန်းမှာလည်း ကမ္ဘာ့ရွှေ စျေး ထိုးကျသော်လည်း မြန်မာ့ရွှေစျေးထိုးတက်နေကြောင်း သိရှိရ သည်။", "“ကမ္ဘာ့ရွှေစျေးက ကျပေမယ့် မြန်မာ့ရွှေစျေးတက်တာက ဒေါ်လာစျေးမှာ မြန် မာ ကျပ်ငွေ တန်ဖိုးကျနေတယ်။ အဲဒါကြောင့် မြန်မာ့ရွှေစျေးက လိုက်မကျဘဲ ထိုး တက်နေတာ။ စျေးနှုန်းက ပေါက်စျေး ပဲရှိတယ်။ အရောင်းမရှိဘူး။ အဝယ် တွေပဲရှိတယ်” ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။", "စင်ကာပူ UOB ဘဏ်က မြန်မာနိုင်ငံမှ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ်ငွေ စာရင်း များကို ယခုဩဂုတ်လနှင့်စက်တင်ဘာလမှစတင်၍ ပိတ် သိမ်းမည့် သတင်းကြောင့်လည်း ပြည်တွင်းစီးပွားရေးကဏ္ဍတွင် သက် ရောက် မှုများစွာ ဖြစ်ပေါ်နေကာ မြန်မာကျပ်ငွေ တန်ဖိုး ပိုမို ထိုးကျနေကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/210740/
Breaking News- အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးကို MOD လက်အောက်ခံတပ်များက အရှင်ဖမ်းဆီးရရှိ
["Breaking News- အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးကို MOD လက်အောက်ခံတပ်များက အရှင်ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဧပြီ ၉", "စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များက အရှင်ဖမ်းဆီးရရှိထားပြီဖြစ်သည်။", "ဧပြီလ ၈ ရက်နေ့ အင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူမှ စခန်းကုန်းမှ ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို လမ်းခရီးတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရရှိခြင်းဖြစ်ပြီး လတ်တလောတွင် အခြေအနေအသေးစိတ်ကို ထုတ်ဖော်ပြောဆို၍ မရသေးဟု တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။", "“ဖမ်းမိတာ Confirm ဖြစ်ပါတယ်။ တပ်မ ၇၇ တပ်မမှူး မှန်ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆို သည်။", "ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူး မဖြစ်ခင် ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီး ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။", "” တပ်မ ၇၇ တပ်မှူးချုပ်က ဗိုလ်မှူးချုပ်အောင်သက်ဦး မှန်ပါတယ်။ အင်းတော်နဲ့ ကသာကြားမှာ မိသွားတာဆိုရင်တော့ ဖြစ်နိုင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။", "ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ အမှတ် ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး စခန်းဆုတ်ခွာ ထွက်ပြေးသွား ၍ အင်းတော်မြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အင်းတော် မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ ၂ လက်၊ ၁၂၀ မမ ၂ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်း မီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိကြောင်း သိရသည်။", "အင်းတော်မြို့သိမ်း စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးလှုပ်ရှားတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးလှုပ်ရှားတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။", "ဓာတ်ပုံ- ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူး ဖြစ်ခဲ့စဉ် တွေ့မြင်ရသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး။"]
https://yktnews.com/2024/05/165105/
Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ
["Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိ", "ရွှေနှင့်ဒေါ်လာ စျေးကွက်နှစ်ခုစလုံး အရောင်းအဝယ် ရပ်ဆိုင်းနေ", "ရန်ကုန်၊ မေ ၃၀", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ယနေ့ နံနက်ပိုင်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၅၀၁၀ ကျပ်သို့ ရောက်ရှိပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၈ သောင်းခွဲသို့ ရောက်ရှိပြီဖြစ်ကြောင်း ရွှေကုန်သည်နှင့်နိုင်ငံခြားငွေလက်ကြီးဒိုင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဒီမနက် ဒေါ်လာအဖွင့်က တစ်ဒေါ်လာကို ၄၉၉၀ နဲ့ ၅၀၁၀ အကြားမှာရှိပါတယ်။ ၅၀၀၀ ရောက်သွားပြီလို့ ပြောလို့ရတယ်။ အဝယ်အရောင်း ရပ်နေတယ်။ တကယ်လိုတဲ့သူ ၊ တကယ်ရောင်းမယ့်သူ ချိတ်ဆက်ရောင်းတာရှိတယ်။ စျေးကွက်မှာ ပေါ်ပေါ်တင်တင် မရောင်းရဲကြဘူး။ တစ်ဒေါ်လာကို ၅၀၀၀ တော့ ရောက်သွားပါပြီ” ဟု နိုင်ငံခြားငွေ လက်ကြီးဒိုင်တစ်ဦးက ဆိုသည်။", "အလားတူ ရွှေစျေးနှုန်းမှာလည်း စတင်ဖွင့်ချိန်တွင် မီးလင်းရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ၄ သောင်းဖြင့် စျေးစတင်ဖွင့်ခဲ့ပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ၅၈ သိန်း ၈ သောင်းခွဲစျေးသို့ ရောက်ရှိလာကြောင်း၊ သို့ရာတွင် ရွှေတုံးရောင်းချသူများအားလုံး အရောင်းအဝယ် ရပ်နားထားကြောင်း သိရှိရသည်။", "“အရောင်းအဝယ်တွေတော့ ရပ်နေပါတယ်။ စျေးကတော့ ဖွင့်ထားတယ်။ ဒီညနေအထိတော့ အတက်ပဲမြင်ပါတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။", "လက်ရှိတွင် ရွှေကုန်သည်အများစုမှာ ဖမ်းဆီးခံရမည်စိုးရိမ်၍ လုပ်ငန်းရပ်နားပြီး ဖုန်းပိတ်ထားမှုများလည်း ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/172975/
Breaking News- အမေရိကန်သမ္မတဟောင်းနှင့် သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချို့ရှိနေသည့် ထရမ့်ကို လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်ခေါ်ဆောင်သွား၊ သမ္မဟောင်း ထရမ့် ဘေးကင်းလုံခြုံပြီး ပစ်ခတ်သူကို အသေဖမ်းဆီးရရှိ
["Breaking News- အမေရိကန်သမ္မတဟောင်းနှင့် သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချို့ရှိနေသည့် ထရမ့်ကို လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်ခေါ်ဆောင်သွား၊ သမ္မဟောင်း ထရမ့် ဘေးကင်းလုံခြုံပြီး ပစ်ခတ်သူကို အသေဖမ်းဆီးရရှိ", "ရန်ကုန်၊ ဇူလိုင် ၁၄", "အမေရိကန်သမ္မတလောင်း ထရမ့် မဲဆွယ်စည်းရုံးနေစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မျက်နှာပေါ် သွေးစတချို့ရှိနေသည့် ထရမ့်ကို လုံခြုံရေးတာဝန်ရှိသူများက ကာကွယ်ခေါ်ဆောင်သွားကာ ထရမ့်မှာ လတ်တလောဘေးကင်းလုံခြုံကြောင်း သိရှိရသည်။", "အမေရိကန်သမ္မတလောင်း Trump က Pennsylvania ပြည်နယ် Butler တွင် ယနေ့ အမေရိကန်ဒေသစံတော်ချိန် ညနေ ၆ နာရီ ရွေးကောက်ပွဲ စည်းရုံးရေးနေစဉ် သေနတ်သံကြားရပြီး ထရမ့်၏ မျက်နှာပေါ်တွင် သွေးစတချို့ မြင်ရကြောင်း၊ လုံခြုံရေးများက သမ္မတလောင်းထရမ့်ကို အကာအကွယ်ပေးခေါ်ဆောင်သွားကြပြီး သမ္မတလောင်း ဘေးကင်းလုံခြုံကြောင်း သိရှိရသည်။", "သမ္မတဟောင်း Donald Trump ဘေးကင်းလုံခြုံစွာနေကြောင်း အမေရိကန် လုံခြုံရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး သမ္မတလောင်း ထရမ့်၏ ရွေးကောက်ပွဲ စည်းရုံးရေးပွဲအပေါ် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန်ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန် နှစ်ဖက်စလုံးက နိုင်ငံရေး အကြမ်းဖက်မှုအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။", "ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ သမ္မတဟောင်း ထရမ့်ကို ပစ်ခတ်သူကို အသေဖမ်းဆီးရရှိပြီး ပွဲတက်ရောက်လာသူတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "Photo Credit- CNN"]
https://yktnews.com/2024/06/170551/
Breaking News- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားပြီး ဆင်တောင်မှ စစ်ကောင်စီတပ်က အမြောက် ပစ်ခတ် စစ်ကူပေးနေ
["Breaking News- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားပြီး ဆင်တောင်မှ စစ်ကောင်စီတပ်က အမြောက် ပစ်ခတ် စစ်ကူပေးနေ", "ရန်ကုန်၊ ဇွန် ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့နှင့် ၁၂ မိုင်အကွာတွင်ယနေ့ တိုက်ပွဲစတင်ဖြစ်ပွားပြီး ဆင်တောင်မှ စစ်ကောင် စီ တပ်က အမြောက်ဖြင့် လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဇွန်လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန် လားရှိုးမြို့မှ သိန္နီအထွက် ၁၂ မိုင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲကို လားရှိုးမြို့နယ်၊ ဆင်တော်တွင် အခြေစိုက်ထားသော အမြောက်တပ်ကလက်နက်ကြီးများ ပစ်ကူပေးနေကြောင်း သိရှိရသည်။", "“လားရှိုးမြို့ ၁၂ မိုင်အကွာ တိုက်ပွဲဖြစ်နေတဲ့နေရာကို မြို့အနောက်ဘက် ဆင်တောင် အမြောက်တပ်က လက်နက်ကြီးနဲ့ လှမ်းထုနေတယ်။ လက်နက်ကြီးတွေ ပစ်နေတာ ၁၀ ချက်ကျော်နေပြီ။ လားရှိုးမြို့ပတ်ပတ်လည်မှာလည်းပဲ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ၀ိုင်းထားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။", "လားရှိုးမြို့ကို ဇွန်လ ၃၀ ရက်နေ့တွင် ၆၃၀ စစ်ဆင်ရေးဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်မည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန် ယနေ့ မွန်းတည့်ပိုင်း တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131088/
Breaking News- အိန္ဒိယ-မြန်မာနယ်စပ် ၊ စစ်ကောင်စီတပ်၏ ရိဒ်စခန်းကို ချင်း တော်လှန်ရေး မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်
["Breaking News- အိန္ဒိယ-မြန်မာနယ်စပ် ၊ စစ်ကောင်စီတပ်၏ ရိဒ်စခန်းကို ချင်း တော်လှန်ရေး မဟာမိတ်တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ချင်းတော်လှန်ရေးတပ်ဖြစ်သော CNA မှ သတင်းရင်းမြစ်က ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန်တွင် ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရိဒ်စခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ယင်းနောက် အခြားစစ်ကောင်စီစခန်းများကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်ကောင်စီ၏ ရိဒ်ခေါဒါရ်မြို့ တပ်စခန်းကို ဆက်လက် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေကြောင်း ချင်းတော်လှန်ရေး တပ်များထံမှ သိရှိရသည်။"]
https://yktnews.com/2023/01/81775/
Breaking News-ကသာမြို့နယ်၊ မိုးတား နှင့် တိုက်ကုန်း ကျေးရွာတို့ကို စစ် လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦး ဗုံးထိမှန် မီးလောင် သေဆုံးကာ ပြည်သူ ၃၀ ကျော်ဒဏ်ရာရ
["Breaking News-ကသာမြို့နယ်၊ မိုးတား နှင့် တိုက်ကုန်း ကျေးရွာတို့ကို စစ် လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦး ဗုံးထိမှန် မီးလောင် သေဆုံးကာ ပြည်သူ ၃၀ ကျော်ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာကျေးရွာနှင့်တိုက်ကုန်းကျေးရွာကို စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၆ ဦး ဗုံးထိမှန်ခြင်းနှင့် မီးလောင် သေဆုံးမှု များဖြစ်ကာ ပြည်သူ ၃၀ ကျော်ဒဏ်ရာရရှိထားကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့် PDF၊ ABSDF မဟာမိတ် တပ်များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း၊ ကသာ မြို့နယ် မိုးတားကျေးရွာ အထက်ဖက် ဆိပ်သာ ဘုရားအနီး ABSDF ဦးဆောင် သောတပ်များနှင့် စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားရာ မဟာမိတ်တပ်ပေါင်းစုက ခုခံတိုက်ရာ စစ်တပ်ဘက်မှ အထိနာကြောင်း သိရှိရသည်။", "ယင်းနောက် မြစ်ကြီးနားမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် မိုးတားရွာ စေတီရပ်နှင့် တိုက်ကုန်းရွာသို့ ဗုံးကြဲသဖြင့် ပြည်သူ ၆ ဦးဗုံးထိမှန်ခြင်း၊ မီးလောင်သေဆုံးခြင်းများ ဖြစ်ပေါ်ပြီး ပြည်သူ ၃၀ ကျော်ဒဏ်ရာရရရှိကြောင်း၊ ABSDF ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁၈ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က မြစ်ကြီးမြို့မှ တက်လာသော တိုက်လေယာဉ် ဂျက်ဖိုက်တာ ၃ စင်းဖြင့် မိုးတားလေးရွာအတွင်းသို့ ပေါင် ၅၀၀ မီးလောင်ဗုံးကြဲချခဲ့ရာ ပြည်သူများ မီး လောင်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်များလည်း မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။", "“ရွာအနောက်ပိုင်းက အလှူအိမ်ထဲကျတယ်၊ အဲဒီမှာ ၇ ဦးပွဲပြီးသေတယ်၊ ဒဏ်ရာရ တဲ့သူအများ အပြား လည်း ရှိတယ်၊ ရွာဦးမှာလည်း ကျဲသွားတယ်၊ ထိခိုက် သေဆုံးအရမ်းများနိုင်ပါတယ်။ အကြမ်းဖက်စစ် ကောင်စီက အပြစ်မဲ့ ပြည်သူ တွေကို ရန်သူအဖြစ်သတ်မှတ်ချေမှုန်းနေလို့ ပြည်သူတွေ အနေနဲ့ အစစအ ရာရာ ဂရုစိုက်ကြပါ” ဟု Nothern ABSDF အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကသာဒရုန်းအဖွဲ့ KTD ကလည်း စစ်ကောင်စီတပ်များကို ကင်းထောက်ပေးခြင်း ဗုံးကြဲချခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133559/
Breaking News-တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်နေ
["Breaking News-တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်နေ", "တန့်ဆည်မြို့ပေါ် ၉၀ ရာခိုင်နှုန်းကို PDF တပ်များက စိုးမိုးထားပြီး တန့်ဆည်မြို့မရဲစခန်းရှိ စစ်တပ်က ခုခံနေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ် တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အထိနာသဖြင့် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "တန့်ဆည်မြို့မရဲစခန်း ကိုနိုဝင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ၂၇မိနစ်အချိန်မှစ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ယခု သတင်းရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ မြေပြင်တွင် အထိနာနေသော အကြမ်းဖက်စစ်တပ်က ယနေ့နံနက် ၆ နာရီအချိန် တန့်ဆည်မြို့ပေါ်သို့ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြီးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲစဖြစ်တဲ့အချိန် ည ၁၁ နာရီခွဲလောက်ကစပြီး မနက် ၃နာရီထိ စစ်ခွေးတွေဘက်က လက်နက်ကြီး တရစပ်ထုတာ ‌ရွာတွေဘက်ကျတယ်။ ၁၂မိုင်လောက်ဝေးတဲ့ ရွာတွေဘက်အထိ အကျယ်ကြီးကြားရတယ်တဲ့။ အခုလည်း မိုးလင်းတာနဲ့ လေကြောင်းလာကြဲတာ။ မြေပြင်မှာမနိုင်လို့ စစ်ကူတောင်းတာပေါ့” ဟု တန့်ဆည်မြို့ ဒေသခံတစ်ဦးက ပြောသည်။", "တန့်ဆည်မြို့ပေါ်ရှိ ရဲစခန်းမှလွဲ၍ စစ်တပ်အခြေစိုက်စခန်း အားလုံးကို PDFတပ်ပေါင်းစုက သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး မြို့၏ ၉၀ ရာခိုင်နှုန်းခန့်အထိ စိုးမိုးထားနိုင်ခဲ့ကြောင်း၊ တန့်ဆည်မြို့မရဲစခန်းရှိ အကြမ်းဖက်စစ်တပ်က ခံစစ်ဆင်၍ ခုခံနေကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။"]
https://yktnews.com/2022/05/19650/
အကြမ်းဖက် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး မဖြစ်နိုင်ဟု AA က ထုတ်ဖော်ပြောဆို
["By Western News – မေ ၁၇ ရက်", "စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ဖိတ်ခေါ်ထားသည်။စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို UWSA/NDAA/SSPP/RCSS/NMSP /ALP/ PNLO/DKBA/KNU-PC တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၉ဖွဲ့ကတက်ရောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင်ကြေညာထားသည်။စစ်ကောင်စီက လက်ရှိ ရခိုင်ပြည်နယ်တွင် ULA/ AA၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံနွေးဆွေးရန်မဖြစ်နိုင်ဟု ULA/AA၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။“မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေက မြေပြင်မှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ကြိုးစားနေတာရှိတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို တောက်လျှောက် နှောင့်ယှက်နေတာတွေရှိတယ်။ဆိုတော့ ဒီဟာတွေအားလုံးဟာ ဘာတစ်ခုမှ အကောင်းဖက်ကို ဦးတည်မနေဘူး။ တစ်ဖက်မှာလည်း သူတို့ငြိမ်းချမ်ရေး ဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ တစ်ဖက် မှာလည်း မြေပြင်မှာစစ်အင်အားတွေကိုအလုံးအရင်း တိုးချဲ့ပြီး အချိန်မရွေးကျွန်တော်တို့ကို တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေတယ်။ဒါကြောင့်ယုံကြည်လို့မရဘူးပေါ့။သူတို့ရဲ့ လုပ်ဆောင်မှုက သူတို့ရဲ့စိတ်နေသဘောထားကိုပြတယ်။ဒါကြောင့်မို့ ဒီလိုအနေအထားနဲ့ တစ်ဖက်နဲ့တစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ဆိုတာမဖြစ်နိုင်ဘူး”ဟု ဆိုသည်။အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားလျှင် ငြိမ်းချမ်းရေးရလောက်သည့် အပြောအဆို အပြုအမူ အလုပ် အကိုင်ကိုလုပ်ဖို့လိုအပ်ကြောင်း နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်ဖို့လည်း လိုအပ်သည်ဟု ဆက်လက်ပြောကြားသည်။ယင်းပြင် စစ်ကောင်စီဖက်က ရခိုင်ပြည်သူများအပေါ် ဖိနှိပ်မှုများ ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဖိနှိပ်မှုများဆက် လက်လုပ်ဆောင်နေလျှင် ပြေလည်စရာအကြောင်းမရှိဟု ရက္ခိုင့်တပ်တော် AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။“နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့လိုတယ်။ မရပ်တန့်ရင်တော့ ပြေလည်စရာမရှိဘူးပေါ့။ ကျွန်တော်တို့ ပြောလိုတာက မြန်မာစစ်တပ်ကတပ်သားတွေအနေနဲ့ သူတို့တပ်စခန်းမှာ သူတို့နေရင် ဘာမှမဖြစ်ဘူး။ ခုလိုအင်အားတိုးတာတွေလုပ်နေသမျှ ကာလပတ်လုံးယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်သလို တွေ့ဆုံဆွေးနွေးလို့လည်း ရမှာမဟုတ်ဘူး”ဟုဆိုသည်။ယင်းပြင် လက်ရှိဖြစ်နေသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းလိုသည့် စိတ်နေသဘောထားမြန်မာစစ်တပ်မှာရှိလျှင် ရခိုင်ပြည်တွင်းက စစ်တပ်၏ လှုပ်ရှားမှုကို ရပ်တန့်ဖို့အရေးကြီးသည်ဟု ၎င်းက ဆိုသည်။စစ်ကောင်စီစစ်တပ်ဖက်က ရခိုင်ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့် မေလခန့်မှစကာ စစ်ရေးအရ အင်အားတိုးချဲ့မှုများ များစွာရှိလာသလို ကျေးရွာများကိုလည်း ဝင်ရောက်ကာ စစ်ဆေးမေးမြန်းမှုများရှိနေသည်။ ယင်းပြင် ULAတာဝန်ခံများကို လိုက်လံရှာဖွေမှုများ လူငယ်များကိုလည်း AAနှင့်ဆက်စပ်သည်ဆိုကာ ဖမ်းဆီးမှုများရှိလာနေပြီး စစ်တပ်အတွင်းမှ လက်နက်သံပစ်ခတ်မှုများရှိနေသည်။စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲမတိုင်မီကာလကတည်းက နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ သို့သော် ယခုနှစ်တွင် မြို့နယ် တစ်ချို့၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ စစ်ရေးတင်းမာကာ တိုက်တိုက်တွေ့ဆုံမှုတို့ရှိခဲ့သည်။(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်)ဓာတ်ပုံ- AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။Photo Credit- Asia Times"]
https://yktnews.com/2024/03/148933/
ယိုင်လဲနေပြီဖြစ်သည့် ဖက်ဆစ် စစ်တပ်ကို ဖြိုဖျက်ရေး သမိုင်းဝင် အခွင့်အရေးကို လက်မလွှတ်သင့်ပါ
["By အီဂေါဗလာဇီဗစ်", "ကူမင်းမှာ စကစနဲ့ MNDAA ကြား စေ့စပ်ညှိနှိုင်းဖို့ တရုတ်က ကြားဝင်ပြီးစီစဉ်တယ်ဆိုတဲ့ ပွဲက သတင်းတွေတက်လာပါတယ်။ဒီသတင်းတွေမှန်တယ်လို့ အတည်ပြုနိုင်ရင်တောင် ဘယ်လို အကောင်အထည်ဖော်မလဲ ဘယ်လို ဆက်သွားကြမလဲ ကြည့်ကြရဦးမှာပါ။", "ဒါပေမယ့် ထင်ရှားတာကတော့ တရုတ်ဟာ မြန်မာ့ ပြည်တွင်းရေးကိုအကြီးအကျယ် ဝင်ရောက် စွက်ဖက်နေပြီဆိုတာပါ။ တရုတ်လိုလားတာကတော့ ပြည်သူတွေက လက်ရှိအားထည့်ထားတဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ပတ်သက်တာမှန်သမျှကို ဖယ်ရှားပစ်ပြီး အီလစ်တွေကြားထဲမှာပဲ အာဏာဝေခြမ်းရေးသဘောတူညီချက်တွေ နဲ့ ပြည်သူ့တော်လှန်ရေးကို ဖြိုဖို့ပါ။", "ပဋိပက္ခအလွန် ကာလမှာ တရုတ်လိုလားတဲ့ ရလဒ်ကတော့ စစ်တပ်အနေနဲ့ မြန်မာပြည်အလယ်ပိုင်းကို ဆက်ပြီး ထိန်းချုပ်ထားပြီး နယ်စပ်တွေကိုတော့ EAOs တွေရဲ့ လက်အောက်ကို ထားဖို့ပါ။ ဒီလိုဖြစ်လာရင်တော့ အင်မတန် အားနည်းပြီး ခြစားမှုတွေ အကြီးအကျယ်ဖြစ်တဲ့ နိုင်ငံတစ်ခုဖြစ်လာမှာပါ။ တရုတ်က ကြိုက်သလို ခြယ်လှယ်လို့ရတဲ့ ကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာဖို့ အကောင်းဆုံးအနေအထားပါ။", "မြန်မာပြည်ကို တရုတ်က သီးသန့်ခြယ်လှယ်နိုင်တဲ့ သြဇာခံနယ်မြေတစ်ခုဖြစ်နေဖို့၊ တရုတ်ရဲ့ ပိုက်လိုင်းတွေနဲ့ နယ်ခြားဖြတ်ကျော်ဆက်သွယ်ရေးတွေ ချောမွေ့နေစေဖို့၊ သဘာဝနဲ့ သယံဇာတ အရင်းအမြစ်တွေ လိုသလို တူးလို့ရတဲ့ တရုတ်ရဲ့ နောက်ဖေးပေါက် ဖြစ်နေဖို့၊ ခြင်းထဲက ကြက်ဖြစ်နေစေဖို့ လမ်းပေါ်ကိုရောက်တာပါပဲ။", "စစ်အုပ်စုအနေနဲ့ ဒီလိုမျိုးညှိနှိုင်းမှုမျိုးကို ဘာ့ကြောင့် လိုအပ်သလဲဆိုတာလဲ သိသာပါတယ်။ မအလမှာ ရွေးစရာသိပ်မရှိပါဘူး။ မအလဟာ အဆုံးသတ်ကို မြင်နေပါပြီ။ နယ်အစွန်အဖျားတွေကို အဆုံးရှုံးခံလိုက်ပြီး နယ်မြေရထားတဲ့ EAOs တွေနဲ့ အီလစ်အချင်းချင်းညှိနှိုင်းဖို့ပဲ လုပ်တော့ မှာပါ။", "အပြန်အလှန်ဘာတွေ ခွဲယူကြမလဲဆိုတဲ့ သူညှိတဲ့ ပုံစံကို လက်ခံတဲ့ ဘယ်သူ့ကိုမဆို ဝဒေသလိုမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးလိုက်မှာပါ။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တရားဝင်ရော တရားမဝင်ရော စီးပွားရေးတွေနဲ့ ကိုယ် ကိုယ့်နယ်မြေမှာ ကိုယ်ကျေနပ်နိုင်နေပြီး စစ်တပ်ကိုဖြိုမယ့် တစ်နိုင်ငံလုံးပါဝင်ကြတဲ့ တိုက်ပွဲကနေ ဘေးဖယ်ပေးကြဖို့က မအလစိတ်ကြိုက်ပုံစံဖြစ်မှာပါ။", "အဲဒီအခါ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို တော်လှန်ရေးဘယ်လောက်အားကောင်းမလဲဆိုတာက ဆုံးဖြတ်ပေးသွားမှာပါ။ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတို့မှာ ဖြစ်မယ့် တိုက်ပွဲတွေက အဆုံးအဖြတ်ပေးသွားမှာပါ။ EROs တွေက သူတို့မှာရှိတဲ့ အင်အားတွေကို စစ်ပွဲထဲ မထည့်တော့ဘူးဆိုရင် ဗမာတော်လှန်ရေးဟာ မအောင်မြင်နိုင်ပါဘူး။", "မြန်မာနိုင်ငံအလယ်ပိုင်းက တိုက်ပွဲတွေအတွက်၊ တိုက်ပွဲတွေထဲက အချက်အချာအကျဆုံးတိုက်ပွဲတွေအတွက် မဟာဗျူဟာကျကျနဲ့ အရင်းအမြစ်တွေ ထည့်စရာရှိတာမထည့်တော့ ဘူးဆိုရင် တော်လှန်ရေးမအောင်နိုင်ပါဘူး။", "စစ်တပ်ဟာ ခုချိန်မှာ အင်မတန်အင်အားနည်းနေပြီး ပြိုယိုင်ဆင်းနေပါပြီ။ တိုင်းပြည်နယ်နယ်စပ်နေရာတွေအတွက် သူထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပစ်ပြီး ဗမာ ဧရိယာတွေမှာရှိတဲ့ တော်လှန်ရေးကို ဖြိုပစ်ဖို့အတွက် ပြန်ပြီး တာစူနေပါပြီ။တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဟာ ဒီလိုအချိန်မှာ တပ်ကို ဝင်ကူတာမျိုးမလုပ်ကြဖို့ လိုပါတယ်။", "ဗမာအများစုနေတဲ့ ဒေသတွေမှာပဲဖြစ်ဖြစ် မကောင်းဆိုးရွားမြန်မာစစ်တပ်ကို ဆက်ပြီး ရှင်အောင်လုပ်ပေးထားရင် စစ်တပ်ဟာ အင်အားပြန်စုပြီး ကင်ဆာဆဲလ်လို တခြားနေရာကိုပြန်ပြီး ပြန့်ပွား ဒုက္ခပေးနေဦးမှာပါ။ ဖြစ် နေတဲ့ ကင်ဆာကို ဖယ်ရှားကုသနိုင်တဲ့ သမိုင်းဝင် အခွင့်အရေးကို လက်မလွှတ်ကြသင့်ပါဘူး။", "နွေဦးတော်လှန်ရေး အစောပိုင်းအဆင့်တွေမှာကတည်းက မြန်မာပြည်သူတွေနဲ့ လူမျိုးစုပေါင်းစုံ လွတ်မြောက်ဖို့ အားထုတ်ကြတာမှာ အနိမ့်ဆုံး မဖြစ်မနေဖြစ်လာဖို့ ရည်မှန်းထားချက်တွေရှိပါတယ်။ စစ်တပ်ကို နှိမ်နင်းဖို့ စုပေါင်းတိုက်ပွဲမှာ လူမျိုးစုအသီးသီးထဲက အုပ်စုကြီးတွေ မပါတော့ဘူးဆိုရင် NUG နဲ့ PDF တွေမှာ လက်နက်၊ ခဲယမ်းမီးကျောက်၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း၊ လေ့ကျင့်သင်ကြားရေးတွေ၊ စစ်ရေးအတွေ့အကြုံတွေမရှိသေးပါဘူး။ စစ်တပ်က ဆက်ရှိနေနိုင်ဦးမလားဆိုတာ နိုင်ငံရေးမဟာမိတ်တွေ၊ အိမ်နီးချင်းတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထည့်ဝင်မှုတွေအပေါ်မှာလည်း မူတည်နေပါတယ်။", "တစ်ဖက်မှာလည်း ဒီအတိုင်းပါပဲ။ ဗမာပြည်မ အထက်ပိုင်း၊ အောက်ပိုင်းမှာ အောင်မြင်တဲ့ လက်နက်ကိုင်တော်လှန်ရေးမရှိဘဲနဲ့ EAOs တွေဟာ ရေရှည်မှာ စစ်တပ်ကို ပခုံးချင်းယှဉ်နိုင်မှာ မဟုတ်ပါဘူး။ဖိနှိပ်ပြီး အနိုင့်အထက်ကျင့်ကြံတတ်တဲ့ စစ်တပ်ဟာ ဗမာပြည်အလယ်ပိုင်းမှာ ရှိနေသရွေ့၊ စီးပွားရေးရဲ့ အရေးကြီးတဲ့အပိုင်းတွေကို ချုပ်ကိုင်ထားနိုင်သရွေ့၊ ဗမာနယ်မြေတွေဟာ သူတို့စစ်သားစုဆောင်းရေးနယ်မြေတွေ ဖြစ်နေသရွေ့ လူမျိုးစုမဟာမိတ်တွေအားလုံးညီညွတ်ကြမယ်ဆိုရင်တောင် ရေရှည်မှာ စစ်တပ်ကို ထိန်းနိုင်ဖို့ ခက်ပြီး သူတို့ စစ်တပ်နဲ့ အခုညှိလို့ရထားတာတွေကို တောက်လျှောက်ကာကွယ်ထားဖို့ ခက်ပါလိမ့်မယ်။", "မြေယာ၊ သဘာဝသယံဇာတ၊ ပိုင်ဆိုင်မှု နဲ့ လူမျိုးစုတွေ ကြီးပွားမယ့်အလားအလာတွေအပေါ် ဆက်ပြီး ဂုတ်သွေးစုတ်နေနိုင်ပါတယ်။ ကြီးနိုင်ငယ်ညှင်း အိမ်နီးချင်းနိုင်ငံတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ ဒေသခံ ခေါင်းဆောင်တွေရဲ့ ခြယ်လှယ်မှု၊ အမြတ်ထုတ်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေဦးမှာပါ။", "EROs တွေနဲ့ ဗမာ PDF တွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးမဟာမိတ်ဖြစ်မှုနဲ့ စကစ ကို နိုင်အောင်တိုက်လို့ရပါတယ်။ စစ်အာဏာရှင်ရဲ့ ဗိုလ်ကျမှုကို အပြီးတိုင်ပယ်ဖျက်လို့ ရပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေ သုံးနှစ်တာ ပြီးခဲ့ချိန်မှာ ပြတ်သားတဲ့ တော်လှန်ရေးစိတ်ဓာတ်တွေလည်း မြင်ခဲ့ကြရပြီမို့ ဒီလို စကစကို အပြီးတိုင်ဖျက်နိုင်တဲ့ လမ်းဟာလည်း မဝေးတော့ပါဘူး။", "ဒါပေမယ့် တရုတ်နဲ့ မြန်မာ့ အိမ်နီးချင်းတွေက လူမျိုးစုဘက်ကို ဆွဲဆောင်သိမ်းသွင်းပြီး နွေဦးတော်လှန်ရေးကို ပစ်ထားခဲ့မယ့် အခြေအနေဖြစ်လာမယ်ဆိုရင် စကစနဲ့ အပေးအယူတွေလုပ်ကြတော့မယ် ဆိုရင် ဒီသုံးနှစ်အတွင်းမှာ ရလာတဲ့ အခွင့်အရေးဟာ နောက်အနှစ် ၂၀ မှာတောင် တစ်ခါပြန်ပေါ်လာဖို့ မလွယ်ပါဘူး။", "အကယ်၍ စကစ က မပြိုလဲဘဲ စစ်တပ်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဆက်ရှိနေဦးမယ်ဆိုရင် ဒီလိုပဲ ဖိနှိပ်တာ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာ၊ဆွေမျိုးကောင်းစားရေးပဲ ဆောင်ရွက်တာ၊ ဆင်းရဲချမ်းသာ ကွာဟလွန်းတာ၊ ခွဲခြားဆက်ဆံတာတွေဟာ ဆက်ဖြစ်နေကြဦးမှာပါ။တိုင်းပြည်ကို ချွတ်ခြုံကျစေတဲ့ ဒီစစ်အုပ်ချုပ်ရေးကပဲ အာဏာကို တစစ ပြန်စုစည်းနိုင်လာမှာပါ။ ပြိုကျတော့မယ့် ဆဲဆဲ အခြေအနေကနေ ပြီးတော့ အင်အားအသစ်တွေ ပြန်မွေးထုတ်လာနိုင်တဲ့ စစ်တပ်ဖြစ်လာမှာပါ။", "သူလိုချင်တာရသွားပြီးရင် စကစဟာ တစ်ချိန်မှာတော့ သူပဲ အကုန်ယူမယ်ဆိုတာမျိုးဖြစ်လာပါလိမ့်ဦးမယ်။ တခြားအင်အားစုတွေ ကျဆုံးရေးကိုပဲ သူက ဦးတည်ပါလိမ့်မယ်။ ဓနဥစ္စာကို စစ်စစ်မှန်မှန်ခွဲဝေပေးတာ၊ တရားမျှတမှုကို စစ်မှန်စွာရှာဖွေတာတွေမရှိဘဲ သဘောတူညီထားတဲ့ အပေးအယူတွေကိုတောင် လိုက်နာမှာမဟုတ်ပါဘူး။", "စစ်ကောင်စီ အနေနဲ့ စစ်တပ်ကြီးစိုးရေးကို ဆက်လုပ်သွားနိုင်ရင် အပြစ်လုပ်ပြီး ပြစ်ဒဏ်ခတ်ခံရတာကနေ ဆက်လွတ်မြောက်နေဦးမှာဖြစ်ပြီး ကြီးနိုင်ငယ်ညှင်း နိုင်ရာစား စရိုက်အတိုင်း ဆက်ရှိနေမှာပါ။လက်ရှိရနေတဲ့ သမိုင်းမှာ အရေးကြီးလှတဲ့ အခွင့်အရေးကို လက်မလွှတ်သင့်ကြပါဘူး။", "ဓာတ်ပုံ – မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့မှ အဖွဲ့ဝင် TNLA တပ်ဖွဲ့များ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/06/21152/
ရေနံနဲ့သဘော၀ဓာတ်ငွေ့ကရရှိနေတဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း၂၅၀နဲ့ မြန်မာပြည်သူကို သတ်ဖြတ်မယ့် စစ်တပ်ကို ဘယ်လိုတားဆီးမလဲ
["By Blood Money Campaign", "တော်လှန်ရေးကာလ တစ်နှစ်ကျော်လာချိန်အထိ စစ်အုပ်စု ခေါင်းထောင်ပြီး လူသတ်သမားတွေလုပ်နေနိုင်တာဟာ MOGEမှ အဓိက ဝင်ငွေရရှိနေခြင်းကြောင့်ဖြစ်တယ်။MOGE ရဲ့တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ လောက် ရရှိပြီး အဲဒီ ဝင်ငွေတွေအကုန်လုံး ကို စစ်အုပ်စုက လက်နက်တွေကို စိတ်ကြိုက်ဝယ်ယူနေခြင်းဖြစ်ပါတယ်။မြန်မာတစ်နိုင်ငံလုံးရဲ့ နိုင်ငံခြားဝင်ငွေရရှိတဲ့ကဏ္ဍတွေထဲမှာ MOGEက ၇၀ ရာခိုင်နှုန်း နီးပါးကို စစ်အုပ်စုအတွက် ရှာပေးနေတာလည်း ဖြစ်ပါတယ် ။ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ လကုန်လောက်မှာ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပတို့က MOGE အပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေပြုလုပ်ပေးဖို့အတွက် ပြည်သူလူထု အင်အားစုပေါင်းပြီး လှုပ်ရှားတောင်းဆိုမှုများ ပြုလုပ်ခဲ့ပါတယ် ။ဒီလိုလှုပ်ရှားမှုတွေရဲ့ နောက်မှာ အောင်မြင်မှုရ လဒ်တစ်ခုအနေနဲ့ Total ကုမ္ပဏီနဲ့ Chevron ကုမ္ပဏီတို့ မြန်မာနိုင်ငံက ထွက်ခွာတော့ မယ်လို့ အတည်အလင်းကြေညာလိုက်ပါတယ်။ဒီလိုကြေညာမှုပြုလုပ်ပြီးတစ်လအတိ ကြာတဲ့ အခါမှာတော့ ဉရောပသမဂ္ဂ EUအနေနဲ့ စီးပွားရေးဒဏ်ခတ်အရေးယူပိတ်ဆို့ ထပ်မံပြုလုပ်ခဲ့ပါတယ်။EU ရဲ့ပိတ်ဆို့အရေးယူမှုမှာပါတဲ့အချက်တွေကတော့ ပြင်သစ်နိုင်ငံက ကုမ္ပဏီတွေအနေနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ MOGEဘဏ်အကောင့်ထဲကို မည်သည့်ပိုက်ဆံမှ ပေးခွင့်မရှိတော့ခြင်း၊ ရှယ်ယာများကို MOGEသို့ လွှဲပေးခွင့်မရှိတော့ခြင်း၊ လုပ်ငန်းလည်ပါတ်ရန်မည်သည့်အချက်အလက်ကိုမှ စစ်အုပ်စုလက်ထဲသို့ထည့်ပေးခွင့်မရှိတော့ခြင်း၊ နောက်ဆုံး ဉရောပ ရေနံကုမ္မဏီအသစ်များမြန်မာနိုင်ငံကို ဝင်ရောက်လာခွင့်မရှိတော့ခြင်းဆိုပြီးတော့ပါဝင်ခဲ့ပါတယ်။ပိတ်ဆို့ အရေးယူမှုတွေဟာ စာသားသက်သက်သာ ဖြစ်ခဲ့ပြီးတော့ နောက်ကွယ်မှာ ကင်းလွတ်ခွင့် ဆိုတဲ့ အချက်နှစ်ချက်ပါဝင်လာခဲ့ပါတယ်။ဒီကင်းလွတ်ခွင့်တွေကတော့ Total ကုမ္ပဏီအနေနဲ့ MOGEရဲ့ ဘဏ်အကောင့်ထဲကို အမေရိကန် ဒေါ်လာသန်းပေါင်း ၂၅၀ ထည့်သွင်း ပေးခွင့်ရှိတယ်ဆိုတဲ့အချက်နဲ့ MOGE ရှယ်ယာတွေ လွှဲပေးခွင့် ရှိတယ်ဆိုတဲ့အချက်တို့ ပဲဖြစ်ပါတယ်။Total ကပေးဆောင်မယ့် အမေရိကန်ဒေါ်လာ သန်း၂၅၀ ဆိုတဲ့ပိုက်ဆံဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတစ်ဉီး တစ်ယောက်ချင်းစီကို ကျည် ၈တောင့်နဲ့ ပစ်လို့ရတဲ့ပိုက်ဆံ ပဲဖြစ်ပါတယ်။တကယ်လို့ အဲ့ဒိပိုက်ဆံတွေနဲ့ တိုင်းရင်းသားဒေသတွေမှာစစ်ထိုးနေတဲ့ တိုက် လေယာဉ်တွေဝယ်ယူမယ်ဆိုရင် တိုက်လေယာဉ် စုစုပေါင်း ၁၇စီးခန့် ဝယ်ယူလို့ရမယ့် ပိုက်ဆံပါ။ ဒီပိုက်ဆံတွေသာစစ်အုပ်စု လက်ထဲရောက်သွားရင် ပြည် သူလူထုကို သတ်ဖို့အတွက်ပေးလိုက်တယ်ဆိုတဲ့ သဘောတရားနဲ့ တူတူပဲဖြစ်ပါတယ်။သေချာပေါက်ဒီပိုက်ဆံတွေဟာ စစ်အုပ်စုလက်ထဲရောက်သွားမယ်ဆိုရင် ပြည်သူလူထုကို သတ်မယ့် ပိုက်ဆံတွေဖြစ်သွားပါလိမ့်မယ်။ ဒါဟာ အတော်လေးကို အန္တာရယ် ကြီးတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါ့ကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ ဒီစစ်အုပ်စုရဲ့ လက်ထဲကို ဒီသွေးစွန်းငွေတွေရောက်မသွားဖို့ ပြည်သူလူထုက ဝိုင်းဝန်းတားဆီးတောင်းဆိုရမှာပဲဖြစ်ပါတယ်။အဲဒီအပြင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ မြန်မာ့ရေနံနဲ့ သဘာဝငွေလုပ်ငန်း MOGEအပေါ်ကို အရေးယူပိတ်ဆို့ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေမှာ ပြည်သူလူထု တစ်ဉီးတစ်ယောက်ချင်းစီလက်မှတ်ထိုးပါဝင်ဖို့ အလွန်အရေးကြီး ပါတယ်။၈၈က မပိတ်နိုင်ခဲ့တဲ့ ဒီသွေးစွန်းငွေ ပေါက်ကြီးကို ၂၁ နွေဉီးတော်လှန်ရေးမှာ အပြီးပိုင်ပိတ်ပစ် ဖို့ပြည်သူလူထုအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အရေးတော်ပုံ မုချအောင်ရမယ်။ဒါကြောင့်မို့လို့ ငွေသွေးစွန်းငွေ ဖြတ်တောက်ရေးလူပ်ရှားမူ့မှာ လူထု ပါ၀င်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အရေးတော်ပုံ မုချ အောင်ကို အောင်ရမယ်။"]
https://yktnews.com/2024/01/140255/
မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ပံ့ပိုးနေသည့် အိန္ဒိယ၏ ရပ်တည်ချက် မပြောင်းလျှင် မြန်မာ လူထုနှင့် တိုင်းရင်းသားပြည်သူတို့ ၏ အပြစ်ပေးမှု မလွဲမသေ ခံရမည်
["By Glory", "မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကြား (၁၀၂၁) မိုင် နယ်နိမိတ် ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံ အပြန် အလှန် ဆက်သွယ်မှုများ နီးနီးကပ်ကပ်ရှိနေသော်လည်း နွေဦးတော်လှန်ရေး ကာလတွင် မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ အစိုးရ ရပ်တည်ချက်သည် ဒုက္ခရောက်၊ ထိခိုက် ခံစား နေရသည့် အရပ်သား လူထု ဘက်တွင် ရှိမနေခဲ့ပါ။", "အိန္ဒိယ သည် ဒေသတွင်းရှိ ပုံစံမျိုးစုံသောအာဏာရှင်နိုင်ငံများကြားတွင် ဒီမိုကရေစီ မီးတိုင် ကို ထိန်ထိန်လင်း ထွန်းညှိထားသည့်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လေးစားတန်ဖိုး ထားသည့် နိုင်ငံများ၊ အဖွဲ့အစည်းများက အားကျစိတ်ဖြင့် လေ့လာစောင့်ကြည့်ရသည့် နိုင်ငံ ဖြစ်သည်။", "သို့သော်လည်း နွေဦးတော်လှန်ရေး ကာလ တွင် ပထဝီ နိုင်ငံရေး လိုအပ်ချက်များ၊ ဒေသတွင်း အားပြိုင်မှုများ၏ လိုအပ်ချက်များ အောက်တွင် အိန္ဒိယအစိုးရ သည် စစ်အာဏာရှင်များ၏ အကြမ်းဖက် နှိပ်စက်မှုများကို ရင်ဆိုင်နေရသည့် ဒီမိုကရေစီရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး တောင်းဆိုနေသည့် မြန်မာ ပြည်သူများ၊ အဖွဲ့အစည်းများ နှင့် ရပ်တည်ရမည့် အစား စစ်အုပ်စု နှင့် ရပ် တည်နေလျက်ရှိသည်။", "ထို့အတွက်ကြောင့် အိန္ဒိယ နိုင်ငံ၊ အစိုးရ နှင့် အိန္ဒိယ ပြည်သူများ၏ အကျိုးစီးပွားကို ရေရှည် အထောက်အကူ ဖြစ်စေရန် လက်ရှိ ရပ်တည်ချက်များကို ပြန်လည် သုံးသပ်သင့်ပြီး မြန်မာ ပြည်သူ များ၏ ဒီမိုကရေစီရေး တောင်းဆိုမှု နှင့် အတူ ရပ်တည်ရန် အချိန်နောက်ကျနေပြီဖြစ်သည်။", "နွေဦးတော်လှန်ရေး ကာလတွင်း အိန္ဒိယ နိုင်ငံတွင်း လက်နက်ဖြင့် ဝင်ရောက်ခဲ့သည့် အကြမ်းဖက် စစ်တပ် တပ်သားများကို အိန္ဒိယနိုင်ငံက လက်ခံထားရှိပြီး ပြန်လည် လွှဲပြောင်းပေးနေခြင်းများကို ဝမ်းနည်းစွာတွေ့နေရသည်။ အာဏာသိမ်း စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအတွင်းရှိ တပ်စခန်းများကို ထွက်ပြေး စွန့်ခွာပြီး အိန္ဒိယ နိုင်ငံ၊ မီဇိုရမ် ပြည်နယ်အတွင်းသို့ ဝင်ရောက် ခိုလှုံခဲ့ကြသည်။", "အိန္ဒိယဘက်က အာဏာသိမ်းစစ်တပ်ဘက်မှ စစ်သားများကို ကောင်းမွန်စွာ လက်ခံ ဆေးကုပေးပြီး လေယာဉ်ဖြင့် ပြန်လည်ပေးပို့မှုများကို မကြာခဏ ဆိုသလိုလုပ်ဆောင်နေပြီး စစ်ကောင်စီ တပ် သားများကို လက်ခံပြန်ပို့မှု အကြိမ်ပေါင်း မနည်းတော့ပေ။ အိန္ဒိယက ပြန်လည်စေလွှတ်နေသော စစ်ကောင်စီတပ်သား ရာဂဏန်းကျော်ရှိနေပြီဖြစ်သည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အိန္ဒိယ အစိုးရ ၏ လုံခြုံရေးဆိုင်ရာ တာဝန်ယူသူများ ကိုယ်တိုင် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်ကို တွေ့ရသည်။ အိန္ဒိယ နိုင်ငံတွင်းသို့ စစ်ကောင်စီ တပ်သားများ ဝင်ရောက် ရာတွင် အိန္ဒိယ စစ်တပ် နှင့် အာသံရိုင်ဖယ် တာဝန်ရှိသူများထံ စစ် ကောင်စီ က ဦးစွာ ခိုလှုံခွင့်တောင်းခံပြီးမှ အာသံရိုင်ဖယ် သဘောတူညီမှု ရှိ၍ သာ ယခုကဲ့သို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။", "နယ်စပ် ဖြတ်ကျော်၍ တစ်ဖက်နိုင်ငံတွင်း ဝင်ရောက်သည့် ဖြစ်စဥ်မျိုး နွေဦးတော်လှန်ရေး ကာလ တွင်း ဖြစ်ပွားခဲ့သော်လည်း အိန္ဒိယ နိုင်ငံ ဖြစ်စဥ်များကဲ့သို့ ရာနှင့်ချီ ဝင်ရောက်မှုမျိုး မတွေ့ရ သေးပေ။ ထိုင်း-ကရင် နယ်စပ် တွင် စစ်ကောင်စီ တပ်သား ဆယ်ဂဏန်းခန့် ဝင်ရောက်သည့် ဖြစ်စဥ်မျိုး ရှိခဲ့ဖူးသည်။ မြန်မာ နိုင်ငံ၏ အိမ်နီးချင်း များ အဖြစ် တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလား ဒေ့ရှ် နှင့် အိန္ဒိယ နိုင်ငံတို့ရှိသည်။", "တခြားသော အိမ်နီးချင်း နိုင်ငံများသို့ စစ်ကောင်စီ တပ်ဖွဲ့များ ဝင်ရောက်လေ့ရှိသော်လည်း လက်နက်မဲ့ဝင်ရောက်ခြင်းသာ အများစုဖြစ်ပြီး လက်နက်ပါလာလျင်လည်း အဆိုပါ နိုင်ငံများက ချက်ချင်း သိမ်းဆည်းလေ့ရှိသည်။ အိန္ဒိယ နိုင်ငံကမူ ယင်းသို့ ပြုလုပ်လေ့မရှိပေ။", "စစ်ကောင်စီတပ်သားများကို လက်နက်များနှင့် အတူ အိန္ဒိယ နိုင်ငံသို့ ဝင်ရောက်သည်ကို လက်ခံထားခြင်း၊ တိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ ဘက်သို့ လုံခြုံစွာ ‌စောင့်ရှောက် ပို့ဆောင်ခြင်း စသည်တို့ လုပ်ဆောင်နေသည်ကို တွေ့ရှိရသဖြင့် အကြမ်းဖက် စစ်တပ်၏ မြေပြင်စစ်ဆင်ရေးများတွင် အိန္ဒိယ နိုင်ငံ တိုက်ရိုက် ပါဝင် ပတ်သတ်နေသလား ဟု မြန်မာပြည်သူများ နှင့် နိုင်ငံရေး အင်အားစုများက မေးခွန်းထုတ်ရမည်ဖြစ်သည်။", "စစ်ကောင်စီ တပ်သားများကို လူသားချင်းစာနာထောက်ထားမှု ပြသသည့် အနေဖြင့် ကူညီ ဆက်ဆံမှု ဟုဆိုပါက နှစ်နိုင်ငံ စစ်ရေး ဆက်ဆံရေးအရ ထောက်ပြစရာ မရှိပေ။ သို့သော် မြန်မာ နိုင်ငံမှ ခိုကိုးရာမဲ့ ဒုက္ခရောက် ထွက်ပြေးလာသည့် လက်နက်မဲ့ အရပ်သားများ အပေါ် အိန္ဒိယ နိုင်ငံ၏ ပြုမှု ဆက်ဆံမှုသည် လက်နက်ကိုင် စစ်ကောင်စီ တပ်သားများ ကို ဆက်ဆံမှု နှင့် မတူဘဲ ကွဲထွက်နေသည်။ ထို့အတွက် အိန္ဒိယ အစိုးရ၏ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ရပ်တည်ချက်တွင် စံနှုန်း (၂) ခု ရှိနေပြီလား ဟု တွေးတော စရာဖြစ်နေသည်။", "အိန္ဒိယ-မြန်မာ နယ်စပ် ဒေသ၊ အိန္ဒိယ ဘက်ခြမ်း မီဇိုရမ် ပြည်နယ်ရှိ ရက္ခိုင်ရွာများ၊ ပလတ်ဝ နှင့် ရက္ခိုင် ဒေသမှ စစ်ဘေးရှောင်ရန် ထွက်ပြေးရောက်ရှိလာသည့် စစ်ရှောင်အရပ်သားများကို အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက ဖိနိုပ် မှုများ လုပ်ဆောင်ခဲ့ကြသည်။", "၂၀၂၂ ခုနစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် အဆိုပါ စစ်ရှောင်များ ကို အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက ညှဥ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များသည် အခြေခံ လူ့အခွင့်အရေးများကိုချိုးဖောက်မှုများ ပင်ဖြစ်သည်။", "ထို့အတွက် မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ နိုင်ငံ၏ သဘာထား နှင့် စေတနာကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တဖက်တွင် အိန္ဒိယ အစိုးရ က စစ်ကောင်စီသို့ ပြန်လည် အပ်နှံလိုက်သည့် တပ်သားများသည် တိုက်ခိုက်ရေးဘက်တွင် ပြန်လည် တာဝန်ထမ်းဆောင်လျက်ရှိကာ စစ်ရာဇဝတ်မှုများကို ထပ်မံ ကျူးလွန်နေသည်ကိုတွေ့ရသည်။ ထို့အတွက်ကြောင့် အိန္ဒိယ အစိုးရ၏ လုပ်ဆောင်ချက်သည် စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ကောင်စီကို အားပေးကူညီရာ ရောက်သလို မြန်မာ ပြည်သူများကို စစ်ကောင်စီ သတ်ဖြတ်နိုင်ရေး သွယ်ဝိုက် ပံ့ပိုးပေးနေသလို ဖြစ်နေသည်။", "အိန္ဒိယ အစိုးရ၏ စစ်ကောင်စီ အပေါ် အားပေးထောက်ခံပေးနေသည့် နောက်ထပ် လုပ်ဆောင်ချက် တရပ်သည် တော်လှန်ရေး အဖွဲ့အစည်းများ၏ သတင်းများကို မျှဝေပေးပို့နေမှုဖြစ်သည်။ အိန္ဒိယ-မြန်မာ နယ်စပ် ရှိ တော်လှန်ရေး အဖွဲ့အစည်းများသည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိပြီး အဆိုပါ အဖွဲ့များ၏ စစ်ဘက် ဆက်သွယ်ပြောဆိုမှုများ၊ ကြေးနန်း၊ ဂြိုလ်တုဖုန်းပြောကြားမှုများကို အိန္ဒိယ အစိုးရ က ကြားဖြတ်နားထောင်ကာ နေပြည်တော်သို့ သတင်းအချက်အလက်များ ပေးပို့လျက်ရှိသည်။", "ယင်းသို့ ကြားဖြတ်နားထောင်မှုများအကြောင်းကို ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင် မဟာမိတ် အဖွဲ့က ဖမ်းဆီးရမိသည့် စစ်ကောင်စီ သုံ့ပန်းများ၊ CDM အရာရှိများက အတည်ပြုပြောကြား‌ပေးထားသည်။ အဆိုပါ တော်လှန်ရေး အဖွဲ့အစည်းများ သည် မြန်မာ ပြည်သူများ လိုလားချက်ဖြစ်သည့် ဒီမိုကရေစီရေး၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေး၊ စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အဖွဲ့များဖြစ်သည်။", "ထို့ပြင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီကို အာဏာသိမ်းပြီးချိန်နောက်ပိုင်းတွင်လည်း အိန္ဒိယ အစိုးရ က လက်နက်များ ဆက်လက်ရောင်းချခြင်း၊ ထောက်ပံ့ခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဟု သတ်မှတ်ခံထားရသော်လည်း အာဏာသိမ်း စစ်ကောင်စီ ဖက်ဆစ် စစ်တပ် ကို ကူညီပေးနေခြင်းမှာ အိန္ဒိယ အစိုးရ ၏ နိုင်ငံကြီး မပီသမှု နှင့် ဘက်လိုက်မှု ကို အထင်းသား ပြသလိုက်ခြင်းလည်းဖြစ်သည်။ ထို့အပြင် မြန်မာ ပြည်သူများ၏ သဘောထား ဆန္ဒ ကို မလေးစားကြောင်း ပြသလိုက်မှုဖြစ်သည်။", "ဒီမိုကရေစီ ကို မထောက်ခံဘဲ မြန်မာစစ်အာဏာရှင်များကို ကူညီနေမှုသည် နိုင်ငံကြီးတနိုင်ငံ၏ ဘက်မလိုက်ရေး ဝါဒ နှင့် သွေဖည်နေပြီး ကျင့်ဝတ်နှင့်လည်း မညီပေ။ မြန်မာ နိုင်ငံတွင်းရှိသည့် အိန္ဒိယ နိုင်ငံ၏ ရေရှည် အကျိုးစီးပွားကို အာမခံပေးနိုင်သူသည် မြန်မာ ပြည်သူများသာဖြစ် သည်။ မြန်မာ ပြည်သူများကို ဆန့်ကျင့်ပြီး စစ်အာဏာရှင်များကို ကူညီနေမှုသည် အိန္ဒိယ၏ အကျိုးစီးပွား ကို ဆန့်ကျင် နေမှုလည်းဖြစ်သည်။", "ကျင့်ဝတ်ပိုင်းအရရာ၊ အကျိုးစီးပွားအရပါ အိန္ဒိယ နိုင်ငံ နှင့် အစိုးရ ကို ရေရှည်အာမခံပေးမည့် မြန်မာ ပြည်သူများ၊ လက်နက်မဲ့ စစ်ရှောင် အရပ်သားများ ဝင်ရောက်လာပါက အဓ္ဓ နှင်ထုတ်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးမှု မရှိခြင်း တို့ လုပ်ဆောင်ခဲ့သော်လည်း လက်နက် နှင့် တကွ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားများကို အကာအကွယ်ပေးခြင်း၊ ကောင်းမွန်စွာ ကူညီစောင့်ရှောက်ထားသည်တို့ကို ကြည့်ပါက မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ အစိုးရ၏ သဘောထား နှင့် စေတနာကင်းမဲ့မှုကို ဖော်ပြလျက်ရှိသည်။", "မြန်မာ ပြည်သူများသည် စစ်အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူများဖြစ်ပြီး နွေဦး တော်လှန်ရေး ကာလတွင် စစ်အာဏာရှင်များကို အင် နှင့် အားနှင့် ခုခံတွန်းလျက်ရှိသူများဖြစ်ကာ နိုင်ငံတကာ၏ အကူအညီ အထူးသဖြင့် အိန္ဒိယ ကဲ့သို့သော အိမ်နီးချင်း နိုင်ငံများ၏ အကူအညီ အရေးတကြီးလိုအပ်လျက်ရှိသည်။ ထို့အတွက်ကြောင့် မြန်မာ ပြည်သူတရပ်လုံး၏ ဆန္ဒ ကို အိန္ဒိယ နိုင်ငံ အနေဖြင့် အလေးထားကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များတွင် ယခုထိ ပိုမို လုပ်ဆောင် ပေးသင့်သည်။", "မြန်မာနိုင်ငံဘက်ကဆိုလျင်လည်း နွေဦး တော်လှန်ရေးမှ ပေါက်ဖွားလာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တော်လှန်ရေး အဖွဲ့များ အနေဖြင့် မြန်မာ ပြည်သူများ အပေါ် ထားရှိသည့် အိန္ဒိယ နိုင်ငံ၏ ရပ်တည်ချက်၊ သဘာထား၊ စစ်အာဏာရှင် အ‌ပေါ်ထားရှိသည့် ပြုမှုလုပ်ဆောင်ချက်များကို အနီးကပ် စောင့်ကြည့်လေ့လာသင့်သည်။", "အိန္ဒိယသည် လက်ရှိ သဘောထား ရပ်တည်ချက်အတိုင်း စစ်အာဏာရှင်ကို ပံ့ပိုးကူညီနေမှု ဆက်လက် လုပ်ဆောင် မပြောင်းလဲလျှင် ဒီမိုကရေစီ မြတ်နိုး ချစ်ခင်၍ တိုက်ပွဲဝင်နေသော မြန်မာပြည်သူလူထုနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဆန့်ကျင်မှုနှင့် အပြစ်ပေးဒဏ်ခတ်မှုကို မလွဲမသေ အနှေးနှင့်အမြန် ခံရမည်မှာ အသေအချာပင်ဖြစ်သည်။", "(စာရေးသူ Glory သည် ပြင်ပ ပုဂ္ဂလိက လွတ်လပ်သော ဆောင်းပါးရှင်တစ်ဦးဖြစ်သည်။)", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #CDM"]
https://yktnews.com/2024/05/163394/
မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ မြန်မာနိုင်ငံပြိုကွဲသွားပြီးနောက်ဆက်တွဲ မျှခြေအသစ်ပေါ် လာခြင်း
["By Igor Blazevic", "ဒီအနာဂတ် မှန်းဆချက် ကတော့ မြန်မာနိုင်ငံဟာ ပထဝီအရ နယ်မြေ ၇ခုကနေ ၉ ခုအထိ ကွဲသွားနိုင်ပြီး နိုင်ငံလို့ ပီပီပြင်ပြင်မဖြစ်သေးဘဲ လက်နက်ကိုင်တပ်အသီးသီး နေရာခွဲ အုပ်ချုပ်နေကြတဲ့ အဖြစ်မျိုးပါ။ စစ်တပ်ဟာ မြေပြန့်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းနဲ့ ကမ်းရိုးတန်းကို ဆက်လက်ချုပ်ကိုင်ထားနိုင်ဆဲဖြစ်ပြီး တိုင်းပြည်တစ်ခုလုံးကို တစ်စုတစ်စည်းတည်း ထိန်းထားဖို့အတွက်တော့ ဗိုလ်ကျစိုးမိုးနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။", "စစ်တပ်ဟာ တခြားလက်နက်ကိုင်တပ်တွေထဲက တစ်ခုအနေနဲ့ပဲ ရှိနေတဲ့ ပုံစံပါ။ မြန်မာပြည်ရဲ့ နယ်စပ်ဒေသတွေနဲ့ အထက်မြန်မာနိုင်ငံရဲ့ နေရာအတော်များများကို အခြား လက်နက်ကိုင်တပ်တွေက စိုးမိုး အုပ်ချုပ်တဲ့ အခြေအနေပါ။", "ပဋိပက္ခနည်းပါးလာနိုင်ပြီး လက်နက်ကိုင်တပ်ဖွဲ့တိုင်းဟာ မိမိတို့နယ်မြေကို ထိန်းချုပ်နိုင်ဖို့ အခွန်ဘဏ္ဍာနဲ့ ဝင်ငွေရရှိနိုင်အောင် ဆောင်ရွက်ဖို့ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေကြဖို့များပြီး မိမိတို့အုပ်ချုပ်နေတဲ့ ပြည်သူကို ဝင်ငွေရစေပြီး နယ်မြေအုပ်ချုပ်မှုပီပြင်လာအောင် ဆောင်ရွက်ကြမယ့် အနေအထား ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ တိုင်းပြည်အနေနဲ့ တစ်ခုတည်းဖြစ်နေသေးသော်လည်း de factoအားဖြင့် အစိတ်ိစတ် အမွှာမွှာဖြစ်နေပြီး တစ်နေရာနဲ့ တစ်နေရာ မတူဘဲ ကိုယ့်ဒေသကိုယ် အုပ်ချုပ်တဲ့ သဘော ဖြစ်နိုင်ပါတယ်။ နယ်မြေတစ်ခုချင်းစီမှာ လွှမ်းမိုးအားကောင်းပြီး အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်ကိုင်မယ့် လက်နက်ကိုင် တပ်တစ်ခုစီရှိပြီး ဒီနယ်ရဲ့ လုံခြုံရေးကို အကာအကွယ်ပေးထားတဲ့ အိမ်နီးချင်းနဲ့ အဓိက စီးပွားဖက်တွေလည်း ရှိလာနိုင်ပါတယ်။", "ဒီမျှခြေအသစ်ဟာ အခြေကျလာတာနဲ့အမျှ တည်ငြိမ်မှု အတိုင်းအတာတစ်ခုအထိ ရလာနိုင်ပြီး တဖြည်းဖြည်းအသားကျလာတဲ့ အခြေအနေအသစ်ကို တည်ထောင်လာနိုင်ကြမယ်။ ဒီကနေ့ ဆီးရီးယားနဲ့ တူပါတယ်။ (မြန်မာနဲ့ ဆီးရီးယားနဲ့ ကွာခြားတာကတော့ မြန်မာက ကွဲထွက်သွားမယ့် အစိတ်အပိုင်းပိုများတာပါ။)", "ဒီအနာဂတ် မှန်းဆချက် လေးခုလုံးရဲ့ ဖြစ်လာနိုင်ခြေ အနာဂတ် မှန်းဆချက် ၁- စကစ ပြိုကျဖို့ ဖြစ်လာနိုင်သလို ဖြစ်ဖို့အကြောင်းလည်းရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ဒီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံကို အရောက်ပို့မယ့်သူ တစ်ယောက်မှ တက်ကြွစွာလှုပ်ရှားနေတာမရှိပါဘူး။ ဘယ်နိုင်ငံတကာအစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုတလေကမှ လောက်လောက်လားလား သံတမန်နည်း၊ နိုင်ငံရေးနည်း၊ ဘဏ္ဍာရေး နည်းလမ်းတွေနဲ့ ဒီလမ်းကြောင်းပေါ်လာအောင် ကူနေတာမရှိပါဘူး။ ဒီအခြေအနေမျိုး ဖြစ်လာဖို့အတွက် ပြည်တွင်းက လူတွေအပေါ်ဘဲ လုံးဝမှီတည်နေပါတယ်။", "ပြင်ပက အကူအညီကို မရတာက ခုချိန်မှာ အဟန့်အတားဖြစ်စေပါတယ်။ ပြည်တွင်းမှာ စစ်တပ်ကို တော်လှန်နေတဲ့သူတွေကတော့ စစ်တပ်ကို နိုင်ငံရေးအာဏာကနေ ဖယ်ရှားဖို့ သန္နိဌာန်ခိုင်နေတုန်းပဲ ဖြစ်ပါတယ်။ (စစ်အာဏာရှင်ကို ဖယ်ရှားနိုင်ဖို့အတွက်) စိတ်ခိုင်မာနေတာကြောင့် စစ်တပ်ပြိုကျ သွားတယ်ဆိုတာလည်း ဖြစ်လာနိုင်ခြေလည်း ရှိပါတယ်။", "ဒီလိုပြိုကျဖို့ဆိုရင် NUG နဲ့ EROs တွေဘက်က နိုင်ငံတလွှားမှာရှိတဲ့ စစ်တပ်တွေကို စစ်ရေးအရ ဖိအားပေးတာကို စနစ်တကျ စိတ်ရှည်ရှည်နဲ့ လက်ရှိ အတိုင်းဆက်လုပ်သွားကြဖို့လိုပါတယ်။ မဟာမိတ် လွတ်မြောက်ရေးတပ်တွေနဲ့ စစ်ရေးအားဖြင့် ပူးပေါင်းဆောင်ရွက်တာကို မဟာဗျူဟာ နောက်တစ်ဆင့်ဆီ ရောက်အောင်သွားနိုင်ရင် စကစ ပြိုတဲ့ဆီရောက်ဖို့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မဟာဗျူဟာအရ နောက်တစ်ဆင့်တက်ပြီး စစ်ရေးဖိအားမပေးနိုင်ရင်တော့ ပြည်မမှာ အခိုင်အမာ ရှိနေတဲ့ စစ်တပ်ကို ဖြိုချဖို့အတွက် လုံလုံလောက်လောက် အင်အားဖြစ်ထွန်းမှာမဟုတ်ပါ။", "စစ်တပ်အ‌ပေါ် စစ်ရေးဖိအားတွေ ပေးနိုင်တာနဲ့ တပြိုင်နက်တည်းမှာပဲ NUG နဲ့ မဟာမိတ် EROs တွေဟာ စစ်တပ်အလွန် နိုင်ငံရေးအကူးအပြောင်းကို ဘယ်လိုသဘောတူညီချက်တွေနဲ့ အတူတကွ စီမံကြမလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီးလေးနက်ပြီးရှင်းလင်းတဲ့ နိုင်ငံရေး သဘောတူညီချက်တွေ ရှိလာကြဖို့ တက်ကြွစွာ ထိရောက်စွာ ဆောင်ရွက်ကြဖို့ လိုပါတယ်။", "အခြားလက်နက်ကိုင်နဲ့ နိုင်ငံရေးသမားတွေကလည်း မဟာမိတ် ထဲ ဝင်လာကြဖို့ လိုပါတယ်။ ကိုယ်ကျိုး ကို ပဓာန ပြုတာတွေ၊ တရားဝင်မှုရှိတယ် ဆိုတဲ့အချက်အပေါ် အသည်းအသန်ယှဉ်ပြိုင်လိုစိတ်တွေ နဲ့ အာဏာရယူလိုစိတ်တွေကို လုံးဝ ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ အချင်းချင်းယှဉ်ပြိုင်တာ၊ တစ်စုနဲ့ တစ်စု ပြိုင်ဘက်လို သဘောထားတာ၊ လက်နက်ကိုင်တစ်ဖွဲ့ဖွဲ့ရဲ့ လက်အောက်က နယ်မြေထဲမှာ သွားပြီး နယ်မြေရယူဖို့ ကြိုးစားတာတွေကို တားဆီးကြရပါမယ်။", "ဒီလိုပြဿနာတွေ ပေါ်လာတာနဲ့ ချက်ချင်း အရေးပေါ် ကိစ္စအနေနဲ့ ကိုင်တွယ်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်လိုတာကိုပဲ ရှေ့တန်းတင်တာကို ရှောင်ရှားကြမှ လိုရာရောက်နိုင်ပါမယ်။ (မိမိဘက်က အများဆုံးရအောင် တစ်ဖက်ကို တွန်းတိုက်တာ၊ အမြင့်ဆုံး‌ တောင်းဆိုတာတွေလည်း မလုပ်သင့်တဲ့အထဲပါပါတယ်။ တစ်ဖက်ဖက်က ရသင့်ရထိုက်တဲ့ အသိအမှတ်ပြုခံရမှုတွေ တောင်းဆိုလာတဲ့အခါ လူတိုင်းဟာ သူ့ရဲ့ ရပိုင်ခွင့်ကို အလေးအနက် အသိအမှတ်ပြုပြီး ကျေနပ်အောင်ကြိုးစားပေးကြရမှာဖြစ်ပါတယ်။", "ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ မဟာမိတ်လွတ်မြောက်ရေးတပ်ဖွဲ့တွေထဲက နိုင်ငံရေး ကိုယ်စားလှယ် တွေဟာ မိမိတို့ မဟာမိတ်ဖြစ်မှုက မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကို ဆောင်ကြဉ်းနိုင် လောက်အောင် ခိုင်မာကြောင်း အတူပြကြဖို့ အစီအစဉ်တွေလုပ်ဖို့ လိုပါတယ်။ ဒီလို မဟာမိတ်အဖြစ် အတူရပ်တည်နိုင်ဖို့ စိတ်ရှည်သည်းခံမျိုးတွေ လိုအပ်သလို စစ်တပ်ကို နည်းဟောင်း အတိုင်း စဉ်းစားပေးတာဟာ အဖြေမဟုတ်ကြောင်း နိုင်ငံတကာဆက်ဆံရေးမှာလည်း စိတ်ရှည်ရှည်နဲ့ အိမ်နီးချင်းတွေ တခြားနိုင်ငံတကာ အသိုင်းအဝိုင်းတွေကို နားချဖို့လိုပါတယ်။", "စစ်အာဏာရှင် သက်ဆိုးရှည်အောင် ကူတာနဲ့ မြန်မာပြည်အတွက် အဖြေရှာတာနဲ့ကို ရောမသွားကြဖို့၊ ငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့နဲ့ ပြန်နလံထူနိုင်ဖို့ကိုလုပ်နိုင်တာဟာ မဟာမိတ်အင်အားစုတွေသာဖြစ်ကြောင်း ပြောဆို သိမ်းသွင်းဖို့ ဆက်ဆံရေးတွေလိုပါတယ်။", "ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် လူငယ်များက စစ်ကောင်စီ၏ အလံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကန့်ကွက် ဆန္ဒထုတ်ဖော်ကြစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/04/155038/
နေပြည်တော်မှ စစ်ဗိုလ်ချုပ်များကို ထိတ်လန့် တုန်လှုပ်သွားစေသည့်နေ့
["By Igor Blazevic", "နေပြည်တော်ရှိ စစ်ရုံးချုပ်နှင့် အကြမ်းဖက်စစ်တပ်၏လေဆိပ်တို့ကို PDF အထူးတပ်ဖွဲ့များက kamikaze ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ဒရုန်းအားလုံးနီးပါးသည် ပစ်မှတ်များကို ထိမှန်ခဲ့သည်ဟု ယူဆရသည်။ ယမန်နေ့ နေပြည် တော် ၏ကောင်းကင်ယံတွင် ဂျက်တိုက်လေယာဉ် တချို့ ထိန့်လန့်စွာ ပျံသန်းခဲ့ရသည်။", "နေပြည်တော်တစ်မြို့လုံး အထိတ်တလန့် ဖြစ်ခဲ့ပြီး ရန်ကုန်နှင့် နေပြည်တော် လေဆိပ်များကို အရေးပေါ် ပိတ်ချခဲ့ရသည်။ ဧပြီလ ၄ ရက်နေ့ ည ၁၀ နာရီကျော်အချိန်နှင့် ည ၁၂ နာရီဝန်းကျင်အချိန် နေပြည်တော် ၊ဧလာ၊ ပျဉ်းမနားအကြား ကောင်းကင်ယံတွင် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ အဆက်မပြတ် ပျံသန်းခဲ့ကြသည်။", "နေပြည်တော်အေလာ လေတပ်က တည်ဆောက်နေသော သင်္ကြန်မဏ္ဍပ်လည်း ဒရုန်းဗုံးကြောင့် ချက်ချင်း ရပ်ဆိုင်းသွားခဲ့ရသည်။ ဧပြီလသည် စစ်တပ်အတွက် ပျော်စရာသင်္ကြန်အခါတော့ မဟုတ်နိုင်တော့ပေ။ ယခုတိုက်ခိုက်နိုင်မှုက စစ် တပ်နှင့် ၎င်းတို့၏ ထောက်ခံသူများကို သိသိသာသာ တုန်လှုပ်စေခဲ့ပါသည်။​၁ – စစ်အာဏာရှင်တို့သည် နိုင်ငံတစ်ဝှမ်းရှိ အခြေစိုက်စခန်းများ၊ စစ်သည်များနှင့် နယ်မြေအစိတ် အပိုင်းများ အဆက်မပြတ်ဆုံးရှုံးနေရသည်။ နိုင်ငံကြီးတစ်ဝှမ်း စစ်တပ်ကို ဖြန့်ကျက်ထားရခြင်း ကြောင့် ၄င်းတို့နေထိုင်သည့်နေပြည်တော်ကိုကာကွယ်ရန် သို့မဟုတ် ထိုးစစ်များလုပ်နိုင်ရန် တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ဆိုင်ရာကိရိယာများအား အာရုံမစိုက်နိုင်သည့် အခြေအနေဖြစ်သည်။", "ယခုဆုံးရှုံးမှုများသည် စစ်တပ်တစ်ခုလုံးကို မဖြုတ်ချနိုင်သေးသော်လည်း အဆက်မပြတ် “သွေးထွက် သံယို” ဖြစ်ရခြင်းဖြင့် သွေးပျက်လာစေသည်။ အဆက်မပြတ် “သွေးထွက်ခြင်း” ဖြင့် အကြမ်းဖက် စစ်တပ်သည် အားနည်းလာ၊ အားပျော့လာသည်။", "၂ – တချိန်တည်းမှာပင် မြေပြင်ရှိ ပျောက်ကျားတပ်များသည် စစ်အာဏာရှင်တပ်များနှင့် စစ်အာဏာရှင် တို့၏ အုပ်ချုပ်ရေးဖွဲ့စည်းပုံများကို နေရာတိုင်းတွင် အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိသည်။ သေးငယ်သော PDF ပြောက်ကျားယူနစ်များသည် နိုင်ငံတစ်ဝှမ်းရှိနေရာတိုင်းတွင် လမ်းများနှင့် စစ်စခန်းငယ်များနှင့် ရုံးများပေါ်တွင် စစ်အာဏာရှင်သစ္စာခံတို့အား ပစ်ခတ်ရှင်းလင်းလျက်ရှိကြသည်။ ထိုအခြေအနေသည်ထောင်ပေါင်းများစွာသော ပျားများ တိုက်ခိုက်ကိုက်ခဲခံနေရသော ဒဏ်ရာကြီးကြီး မားမားရနေသည့် တိရစ္ဆာန်ကြီးတကောင်နှင့် တူနေသည်။", "ဤခုခံမှုတွန်းလှန်မှုအတိုင်းအတာသည် စစ်တပ်၏လှုပ်ရှားမှုများကို သိသိသာသာ ထိခိုက်စေသည်၊ အကြမ်းဖက်စစ်တပ်၏ထောက်ပံ့ရေးလိုင်းများကိုဖြတ်တောက်ကာ ၎င်းတို့၏ အုပ်ချုပ်မှုနှင့် ရဲအင်အားကိုထိုးနှက်နေနိုင်သည်ဖြစ်ရာ တပ်စခန်းများမှ ထွက်သွားသည်နှင့် တပြိုင်နက် နေရာတိုင်း တွင် မလုံခြုံမှုအားခံစားရစေသည်။ ထိုသို့မလုံခြုံခံစားနေရခြင်းသည် စိတ်ပိုင်းဆိုင်ရာခြောက်ခြား ရူးခါစေပါသည်။", "၃ – စစ်အာဏာရှင်တို့၏နှလုံးသည်းပွက်ဖြစ်သော နေပြည်တော်၊ ရန်ကုန် သို့မဟုတ် အရေးကြီးစစ်တပ် လေဆိပ်များ၊ လောင်စာဆီသိုလှောင်ရုံနှင့် အလားတူနေရာများအား သေချာစွာပြင်ဆင်ထားသည့် တိုက်ခိုက်မှုများသည် စစ်အာဏာရှင်တို့၏ထိန်းချုပ်မှုကို ကြီးမားသောစိတ်ပိုင်းဆိုင်ရာထိုးနှက်ချက် ဖြစ်စေသည်။", "မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တော်လှန်စစ်ပွဲမျိုးတွင် သမားရိုးကျစစ်အင်အား၊ ရှေ့တန်းထိုးစစ်များ၊ စစ်အာဏာရှင်တို့အပေါ် တိုက်ရိုက်ခုခံဆင်နွှဲသည့်တိုက်ပွဲများအားဖြင့် စစ်အာဏာရှင်တို့၏ စစ်အင်အား ကို လုံးလုံးလျားလျားအနိုင်ယူနိုင်ချနည်းနိုင်ပါသည်။ စစ်အာဏာရှင်တို့အားအနိုင်ယူနိုင်မည့်နည်းမှာ အချိန်ယူပြင်ဆင်အမှဲ့ခြွေခြွေကာအားပျော့လာစေပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာပြိုကွဲသွားရန် လုပ်ခြင်းဖြစ် သည်။", "အားနည်း၊ မောပန်းနွမ်းနယ်နေသော မြေပြင်တပ်များသည် အဆင့်ဆင့်ပြိုဆင်းလာကာ အရှုံး ပေးလက်နက်ချအညံ့ခံလျက် တခဏအတွင်းအောက်ခြေမှ ထကြွပုန်ကန်ရုန်းထွက်လာနိုင်မည့် နည်းလမ်းဖြစ်သည်။ ထိရောက်သည့်နည်းလမ်းတခုဖြစ်ပါသည်။ အခြားနည်းလမ်းမှာ အရာရှိကေဒါ အဆင့်တွင် စိတ်ပိုင်း ဆိုင်ရာပြိုကွဲမှုများဖြစ်ပေါ်နေသည်ကိုမြင်တွေ့ရပြီဖြစ်ရာ ၎င်းတို့အားလုံး သည်မင်းအောင်လှိုင် နှင့် စကစတို့အပေါ်ယုံကြည်မှုနှင့် အကြောက်တရားများလုံး၀မရှိကြတော့ပဲ တန်ပြန်အာဏာသိမ်းရန် ဆုံးဖြတ်လာနိုင်ခြင်းဖြစ်သည်။ နည်းလမ်းနှစ်ခုလုံးကိုလည်းပေါင်းစပ်နိုင်ပါသည်။", "စကစမည်ကဲ့သို့ ပြိုကျမည်ကို အတိအကျမှန်းဆရန်မဖြစ်နိုင်သော်လည်း စကာသည်ပြိုကျမည်မှာ သေချာသည်။ အထက်တွင်ဖော်ပြထားသော ဒိုင်းနမစ်သုံးခုသည်ကျွန်ုပ်တို့သည်အားအောင်ပွဲဆီသို့ ဦးတည်စေမည်ဖြစ်သည်။", "နွေဦးတော်လှန်ရေးကြီးကို ဆက်လက်ဆင်နွှဲကြ။ မြန်မာပြည်သူတွေသည် လွတ်လပ်မှုနှင့် တရားမျှတမှုဖြင့် ထိုက်တန်သည်။ လက်နက်ကိုင်တော်လှန်ရေးသူရဲကောင်းများ၊ ပြည်သူ့လှုပ်ရှားမှုသူရဲကောင်းများသည် အောင်ပွဲ၀င် မည့်နေ့နှင့် ထိုက်တန်ပါသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စစ်ဗိုလ်ချုပ်များကို ထိတ်လန့်"]
https://yktnews.com/2024/08/180717/
ပြိုလဲတော့မည့် မြန်မာစစ်တပ် ကျဆုံးခန်းအတွက် မြန်မာပြည်သူများဘက်မှ နိုင်ငံတကာက ရပ်တည်ရမည့် အချိန်ရောက်ပြီ
["By Igor Blazevic", "မြန်မာ့ပြည်မှာ ဖြစ်ပျက်နေတာတွေဟာ အင်မတန်ကို ထူးခြားပါတယ်။ လူတော်တော်များများက သတိမထားမိကြပေမယ့် ကနေ့မြန်မာပြည်မှာ ဖြစ်နေတာတွေကို ကျွန်တော်ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဆန့်ကျင်ရေး၊ နာဇီဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ ဒုတိယကမ္ဘာစစ်အပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိုလိုနီလွတ်မြောက်ရေးတိုက်ပွဲတွေနဲ့ တောင်အာဖရိကမှာ ဖြစ်ပျက်ခဲ့တဲ့ အပါ့သိုက် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ပိုလန်မှာ ဖြစ်ခဲ့တဲ့ သွေးစည်းညီညွတ်ရေးလှုပ်ရှားမှုတွေနဲ့ နှိုင်းပါတယ်။ ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စလို့ ဆိုလိုတာပါ။ ဝမ်းနည်းကြေကွဲဖွယ်ကိစ္စတစ်ခု၊ စစ်ပွဲတစ်ခုဆိုတာထက်ကိုပိုပါတယ်။ အခုဖြစ်နေတာက သမိုင်းကို ပြောင်းလဲပစ်မယ့် ကိစ္စမျိုးပါ။", "ခုနက ပြောခဲ့ကြသလိုပဲ ဒီလို သမိုင်းတစ်ခေတ်ဆန်းစေမယ့် အဖြစ်တွေ ပေါ်ပေါက်လာတာဟာ မြန်မာပြည်သူတွေရဲ့ ပြောင်မြောက်လှတဲ့ သတ္တိကြောင့်၊ သာမန်ပြည်သူတွေရဲ့ အားကောင်းလှတဲ့ ကြံ့ကြံ့ခံ တောင့်ခံနိုင်စွမ်းကြောင့်ပါပဲ။ ဒီပြည်သူတွေဟာ လွတ်လပ်ခွင့်ကို မြင်ခဲ့၊ ကြုံခဲ့ရကြရတယ်။ ဒီတစ်ကြိမ်မှာတော့ ဒီလွတ်လပ်ခွင့်ကို ပြန်ယူသွားတာကို လက်မခံနိုင်တော့ဘူးလို့ သန္နိဌာန်ချထားကြတယ်။", "စစ်တပ်ဟာ ပြိုတော့မှာပါ။ ဒါပေမယ့် မြန်မာ့အိမ်နီးချင်းတွေနဲ့ တခြားနိုင်ငံတကာအသိုင်းအဝိုင်းက လုပ်နေတာ တွေကြောင့် ဘယ်လောက်ကြာမယ်ဆိုတာကို မသိနိုင်ပါဘူး။ စစ်တပ်ပြိုကျဖို့ အချိန်ကြာလေလေ၊တိုင်းပြည်ရဲ့ ဆင်းရဲတွင်းက နက်လေလေဖြစ်ပြီး အပျက်အစီးကလည်း ပိုကြီးနိုင်ပါတယ်။ ဒီလိုဖြစ်လာနိုင်တာဟာ တိုက်ပွဲတွေကြောင့်မဟုတ်ဘဲ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေလို့ပဲ ဖြစ်ပါတယ်။", "ဒီအကြောင်းကြောင့်ပဲ မြန်မာ့အိမ်နီးချင်းတွေ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အတိဒုက္ခတွေကိုရော၊ ပေါ်ပေါက်လာတဲ့ အခွင့်ထူး တွေကိုရော အရေးတယူပြု ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ သတိပေး ခေါင်းလောင်းတွေ အကြီးအကျယ်မြည်နေတဲ့အချိန်ဖြစ်ပါတယ်။", "မြန်မာပြည်ထဲက တော်လှန်ရေးအင်အားစုတွေထဲမှာ ကျေလည်တဲ့ သဘောတူညီမှုတွေ အပြည့်အဝရှိကြသလို နားလည်မှုကိုလည်းပြည့်ပြည့်ဝဝတည်ဆောက်ထားကြပါတယ်။ ပြည်သူလူထုကလည်း ဒီလိုဝိုင်းသဘောတူထားကြတဲ့လမ်းကို လှိုက်လှိုက်လှဲလှဲထောက်ခံနေကြပါတယ်။ မြန်မာပြည်သူတွေနဲ့ မြန်မာပြည်က သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့အသီးသီးဟာ သူတို့ဘာကိုဆန္ဒရှိသလဲဆိုတာ သူတို့သိကြပါတယ်။", "သိထားကြသလို သဘောတူထားကြတဲ့အချက်တွေလည်းရှိပြီးသားဖြစ်ပါတယ်။ ဒါကိုလည်း အထပ်ထပ်ပြောဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ လကလည်း အတူတကွရပ်တည်ကြဖို့အတွက် ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ် တော်လှန်ရေးသမားတွေ ထုတ်ပြန်ခဲ့ကြတဲ့ ကြေညာချက်တွေဟာလည်း ဒီလိုပဲ တစ်သဘောတည်းရှိကြပါတယ်။", "သူတို့ဟာ ဘာအတွက်တူညီစွာရပ်တည်နေကြသလဲ ဆိုတဲ့အပေါ် ရှင်းလင်းတဲ့ သဘောထားရှိပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရက အုပ်ချုပ်ပြီး၊ စိတ်ဝမ်းကွဲပြားတတ်တဲ့ ခွဲခြားမှု သဘောမရှိတဲ့နိုင်ငံ၊ နိုင်ငံရေးနဲ့ စီးပွားရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးဗိုလ်ကျမှုမရှိတဲ့ ဖယ်ဒရယ် ဒီမိုကရက်တစ်နိုင်ငံ၊ မြန်မာပြည်သူတွေရဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိရမယ့် နိုင်ငံကို သွားကြဖို့ ဘုံရည်မှန်းချက်ရှင်းလင်းစွာရှိကြပါတယ်။", "ဒီသတင်းစကားဟာ ရှင်းလင်းလှပါတယ်။ ပြည်သူတွေကလည်း အဲဒီဘက်မှ အခိုင်အမာရပ်တည်ကြတယ်။ ဆိုင်ရာအဖွဲ့အစည်းတွေကလည်း အတူတကွရှိကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာပြည်ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေဟာ သုံးနှစ်လောက်မြန်မာနိုင်ငံအတွက် ဘာမှ မလုပ်ဘဲနေခဲ့ကြတာကို ရပ်ပြီးတော့ နည်းနည်းလေးအရေးလုပ်ဖို့ လိုအပ်လာပြီလို့ အဟုတ်နားလည်ရမယ့်အချိန်ပါ။ မြန်မာပြည်သူတွေဟာ ပင်ပင်ပန်းပန်း ဒီအထိအားထုတ်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်က နည်းနည်းလေး ပါဝင်ကူညီပေးရုံပါပဲ။", "မြန်မာအရေးကို ဖြေရှင်းဖို့အတွက် စစ်တပ်ကို အဖြေအဖြစ် မပါမဖြစ် ထည့်စဉ်းစားရမယ်လို့ တွေးနေမယ့်အစား ခွန်ကဆစ် ပြောခဲ့သလို စကစကို နိုင်ငံ တကာအသိုင်းအဝိုင်းက လူအားလုံးက ထွက်သွားလိုက်ဖို့ ပြောကြရတော့မယ့် အချိန်ဖြစ်ပါတယ်။ ထွက်သွားလိုက်လို့ပြောကြပါတော့။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/162153/
ယူနီဖောင်းဝတ် ဒုစရိုက် အဓမ္မဂိုဏ်း စစ်ကောင်စီက ကျူးလွန်သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ဘယ်သူတွေက အားပေးအားမြှောက်ပြုနေသလဲ
["By Igor Blazevic", "ယခုရက်အနည်းငယ်အတွင်း မြန်မာစစ်အာဏာရှင်က အလွန်ရက်စက်ကြမ်း ကြုတ်သည့် စစ်ရာဇ၀တ်မှုနှစ်ခုကို ကျူးလွန်ခဲ့သည်။", "မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္ထောကျေးရွာတွင်ရွာသား သုံးဆယ့်နှစ်ဦးအား စစ်အာဏာရှင်တို့က တရားမဲ့သတ် ဖြတ်ခဲ့သည်။ ဒေသခံ များ၏ အဆိုအရ စစ်သား ၁၀၀ ခန့်သည် ရွာကို ပိတ်ဆို့ ကာ ဖောက်ခွဲရေး ပစ္စည်းများ ဖြင့် တိုက်ခိုက် ခဲ့ပြီး ဘုန်းကြီးကျောင်း နှစ်ခုတွင် ခိုလှုံနေသော အရပ်သားများကို ထိန်းသိမ်း ထားကြောင်း သိရသည်။ ရာနှင့်ချီသော နေအိမ် များ မီးလောင်ခဲ့ပြီး ရွာသား ၁၇ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။", "မေလ ၉ ရက်နေ့ကလည်း မကွေးတိုင်း စောမြို့နယ် အကြီးပန်းမလွန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ် ကျောင်းလုံး ပျက်စီးကာ မီးလောင်ခဲ့သည်။ ဗုံးကျဲတိုက်ိခုက်ခံရချိန်တွင် မြို့နယ်အတွင်းသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းများ ထူထောင်ရန်အစီအစဉ်များကိုဆွေးနွေးရန် ရွာသားများသည် ဘုန်းကြီး ကျောင်းတွင် စုဝေးနေကြချိန် ဖြစ်သည်။ လူ ၁၄ ဦးထက်မနည်းသည် မည်သူမည် ၀ါခွဲခြားမသိနိုင်တော့သည့်ပြာများအဖြစ် မီးလောင်ကျွမ်းကွယ်လွန်ခဲ့ရသည်။ ဒဏ်ရာရသူ သုံးဆယ် ကျော်ရှိပြီး အများစုမှာပြင်းထန်သည်။", "ထိုသို့သောရက်စက်ယူတ်မာမှုများသည်စစ်အာဏာရှင်တို့အဖို့ ထူးထူးဆန်းဆန်းမဟုတ်တော့ပေ။ အာဏာသိမ်းမှုအစကတည်းကပင် စစ်အာဏာရှင်တို့သည် ထိုသို့သောရက်စက်ယုတ်မာမှုများ ကျူး လွန်နေကြခြင်းဖြစ်သည်။ အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်မှူများကျုးလွန်ခြင်းသည် စစ်အာဏာရှင်တို့၏စစ်ပွဲဆင်နွှဲပုံပင်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သောစစ်ရာဇ၀တ်မှု နှစ်ခုသည် လူအမြောက်အများကို တစ်ချိန်တည်းတစ်နေရာတည်းတွင် ထိခိုက်စေခဲ့သည်။ နိုင်ငံအနှံ့အပြားရှိ နေရာအနှံ့အပြားတွင် နေ့စဉ်လိုလို အလားတူစစ်ရာဇ၀တ်မှုများကို စစ်အာဏာရှင်တို့က ကျူးလွန်နေ ကြသည်။", "မြန်မာစစ်အာဏာရှင်တို့သည် လူမျိုးရှင်းလင်းသုတ်သင်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ မြေလှန်စနစ်၊ ညှဉ်း ပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ မီးရှို့မှု၊ လုယက်မှု နှင့် အစွန်းရောက် ရက်စက်ကြမ်းကြုတ်မှုတို့ကို အစဉ်အမြဲ ကျင့်သုံးခဲ့သည့် လူသတ်ဂိုဏ်းဖြစ်သည်။ ထိုကဲ့သို့သောဒုစရိုက်မှုတို့သည် စစ်အာဏာရှင်တို့၏ဗီဇ အဖြစ်ပြင်၍မရနိုင်တော့အောင်နက်နက်ရှိုင်ရှိုင်းစူး၀င်နေပြီဖြစ်သည်။", "သို့ရာတွင် လက်ရှိအခြေအနေတို့အောင်တွင်စစ်အာဏာရှင်တို့သည် ဆောက်တည်ရာမရဖြစ်နေကြ သည်။", "တိုင်းပြည်၏ထောင့်ပေါင်းစုံမှ တော်လှန်ရေးအင်အားစုများ၏ ဖိအားအောက်တွင် ရှိနေသည်။ ၎င်းတို့သည် စခန်းများ၊ ကင်းစခန်းများ၊ လမ်းများ၊ နယ်စပ်၀င်ပေါက်များ၊ မြို့များ၊ နယ်မြေများ၊ တပ်များ၊ စစ်သားများနှင့် အရာရှိများကို နိုင်ငံအနှံ့ ဆုံးရှုံးနေကြရသည်။ စိတ်ဓါတ်ကျဆင်း ဆောက် တည်ရာမရဖြစ်နေသော စစ်အာဏာရှင်တို့သည် အောက်ဖော်ပြပါပုံများကဲ့သို့ အလွန်ရက်စက်ကြမ်း ကြုတ်မှုကို ကျူးလွန်လိုက်ကြပါသည်။", "ထိုသို့သောရက်စက်ကြမ်းကြုတ်သည်ရာဇ၀တ်မှုမျိုးတွေဘာကြောင့် နောင်တမရစတမ်း ဆက်လက် ကျုးလွန်နေရသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြောလိုပါသည်၊ စစ်အာဏာရှင်တို့က တနိုင်ငံလုံး အတိုင်းအတာနှင့် အကြမ်းဖက်စစ်ပွဲကိုစပြီး သုံးနှစ်ကြာသည်အထိ စစ်မအောင်နိုင်သော်လည်း ရက် စက်ကြမ်းကြုတ်မှုများ၊ ကြီးမားသောဆင်းရဲဒုက္ခနှင့် ဖျက်စီးခြင်းများကိုကျူးလွန်နိုင်စွမ်းတော့ ရှိနေပါ သေးသည်။", "စစ်အာဏာရှင်တို့၏ အစွမ်းသတ္တိနှင့် ဆုံးဖြတ်ချက်ကြောင့် မဖြစ်နိုင်ပေ။ စစ်အာဏာရှင်တို့ အားနည်း တုန်လှုပ်ချောက်ချားပြီး ကျဆုံးဖို့ အသင့်ဖြစ်နေပါပြီ။ လုံးဝကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ၊ အတွင်းပိုင်း ပျက်စီးနေပြီး မည်သည့်အစီအစဥ်မှမရှိဘဲဖြစ်နေပြီဖြစ်သည်။ စစ်အာဏာရှင်တို့သည် သွေးသံရဲ့ရဲဖြင့် သေလုမျောပါးပြင်းထန်စွာ ဒဏ်ရာရနေသော သားရဲ၏ အမျက် ဒေါသမျိုးဖြင့် မဲမဲမြင်ရာဖျက်ဆီးနေ သကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။", "ယခုကဲ့သို့ ရာဇ၀တ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများ ထပ်တလဲလဲ ဖြစ်နေရခြင်းသည် အခြားနိုင်ငံတွေ လုပ်နေတဲ့လုပ်ရပ်များ၊ လုပ်ရမည်ကိုမလုပ်ပဲနေခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုကြောင့် စစ်အာဏာရှင်တို့၏ရာဇ၀တ်မှုများအား မည်တွေက မည်သို့ကူညီပေးနေသည်ဆိုသည်ကို အကျဉ်းချုပ်သုံးသပ်ကြည့်ပါမည်။", "ပူတင်၏ ရုရှားနိုင်ငံသည် စစ်အာဏာရှင်တို့၏ ယခုအချိန်တွင်ရက်စက်ယုတ်မာမှုများ ကျူးလွန်ရာ တွင်တစ်ခုတည်းသော အကြီးမားဆုံးအရင်းအမြစ်ဖြစ်သည့် လေတပ်စွမ်းအားကို ထိန်းသိမ်းထားနိုင်ရန် လက်နက်နှင့် အပိုပစ္စည်းများကို အဓိကပံ့ပိုးပေးခြင်းဖြင့် အကြမ်းဖက်စစ်ပွဲကိုဆင်နွှဲနေသည့် စစ်အာ ဏာရှင်များ၏အဖျက်စွမ်းအားတွင် ရင်းနှီးမြှုပ်နှံထားသည်။", "မိုဒီ၏အိန္ဒိယသည်လည်း ရာဇ၀တ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများအားလုံးကြားမှ အာဏာ ဆက်ရှိနေသည့် စစ်အာဏာရှင်တို့တွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ အိန္ဒိယသည် စစ်အာဏာရှင်တို့အား လက်နက်များပေး အပ်ခြင်းဖြင့် အရပ်သားပြည်သူများအားစစ်ဆင်တိုက်ခိုက်သတ်ဖြစ်နေသော စစ်အာ ဏာရှင်များ၏ အဖျက်အင်အားတွင် ရင်းနှီးမြှုပ်နှံထားသည်။ အိန္ဒိယသည် စစ်အာဏာရှင်တို့၏ စီးပွား ရေးတွင် ရင်းနှီးမြုပ်နှံနေပြီး အုပ်ချုပ်ရေးပိုင်းကိုလည်း ကူညီပေးလိုသည်။ ဥပမာအားဖြင့် စစ်အာဏာ ရှင်တို့ အကြိမ်ကြိမ်ကတိပေးခဲ့သော်လည်း အမှန်တကယ်လုပ်ဆောင်နိုင်စွမ်းမရှိတော့သည့် အတုအ ယောင် ရွေးကောက်ပွဲများတွင်ကူညီရန်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။", "တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၎င်း၏ လွှမ်းမိုးဩဇာလောင်းရိပ်အောက် တွင်သာထိန်းထားရန်နှင် အခြားသူများကိုဘေးဖယ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် တရုတ်သည် စစ်အာဏာရှင် တို့၏ စစ်စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်နှင့် စီးပွားရေးစွမ်းရည်များတွင် ရင်းနှီးမြှုပ်နှံမှုကို သတိကြီးကြီး ထားပြီး အကန့်အသတ်ဖြင့်လုပ်ဆောင်နေသည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအား ၎င်းတို့၏ နယ်နိမိတ်တစ်လျှောက်တွင် စစ်အာဏာရှင်တို့ထံမှ အတော် အသင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရယူပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေစေရန် ကြိုးပမ်းလျက်ရှိသည်။", "ဗဟိုတွင် အားနည်းပြီး နိုင်ငံတကာတွင်အထီးကျန်ဖြစ်နေသော စစ်အာဏာရှင်များကိုရှိနေစေပြီး နယ်စပ်တ လျှောက်တွင်မူ အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တရုတ်နိုင်ငံအပေါ် မှီခိုနေ စေရန် တရုတ်ကစီမံနေခြင်းဖြစ်သည်။", "အာဆီယံသည် မည်သည့်အဓိပ္ပာယ်ရှိသောနည်းလမ်းကိုမျှလုပ်ဆောင်နေခြင်းမရှိပါ။ ရံဖန်ရံခါ ဟိုပြောဒီပြောပြောနေရုံဆင့်ပင်ဖြစ်သည်။ အာဆီယံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအချို့ကိုပေးရန်ပင် မစွမ်းဆောင်နိုင်ခဲ့ပါ။", "စင်္ကာပူ၊မလေးရှား၊ထိုင်း၊အင်ဒိုနီးရှား၊ဘရူနိုင်းတို့သည်ဆင်းရဲသောနိုင်ငံများမဟုတ်ကြ။ သို့သော် ထိုနိုင်ငံတို့သည် ထောက်ပံ့ကူညီမှုများတွင်ပင် မပါဝင်ကြပါ။ အကူအညီပေးရေး ကြိုးပမ်းအား ထုတ်မှုတွင် ပါဝင်ကူညီနေကြသည်မှာ အခြားဝေးကွာသော ဒီမိုကရေစီနိုင်ငံများ ဖြစ်ပါသည်။", "“အာဆီယံဗဟိုချုပ်ကိုင်မှု” ဟုခေါ်သည့် ၎င်း၏ကိုယ်ပိုင်ပုံရိပ်ကို ကာကွယ်ရန်သာအာဆီယံသည် အဓိကအလေးထားဆောင်ရွက်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မည်သသည့်အကျိုးရှိရာ ရှိကြောင်းအလုပ်ကိုမျှလုပ်ဆောင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအကျပ်အတည်းအတွက် အာဆီယံ၏ထိန်း ချုပ်ထားမှုကိုတော့ယူလိုကြသည်။", "မတူညီသောအချိန်များတွင် အာဆီယံဥက္ကဋ္ဌများ သို့မဟုတ် အခြားသောနိုင်ငံရေးအက်တာများသည် မြန်မာနိုင်ငံစစ်ပွဲကိုဖြေရှင်းရန်အမှန်တကယ်တာဝန်ယူလိုစိတ်မရှိခြင်းနှင့် စွမ်းရည်ကင်းမဲ့မှုကို ဖုံးကွယ် ရန် သံတမန်ရေးရာအစပြုမှုများအား သင်္ကြန် အမြောက်သဖွယ်ဖောက်နေကြသည်။ ၎င်းတို့သည် စတင်လုပ်ဆောင်နေကြပြီ (အချက်ငါးချက် သဘောတူညီမှု၊ ဟွန်ဆန်၏ ကိယ်ရည်သွေးကာ “ငြိမ်းချမ်း ရေး ပံ့ပိုးကူညီမှု” ဟုအသံကောင်းဟစ်နေမှု၊ အင်ဒိုနီးရှား၏ လူမသိသူမသိ၊ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးမှုပေါင်း ၃၀၀ ကျော်၊ မကြာသေးမီက ထိုင်း၏ “လူသားချင်းစာနာထောက်ထားမှု ပဏာမခြေ လှမ်း” သို့မဟုတ် သက်ဆင်၏ ကြားဝင်ဖျန်ဖြေရေး အခန်းကဏ္ဍတွင် ပါဝင်ရန် ကြိုးပမ်းမှု) စသည်တို့ သည် (ဘာမှဟုတ်ဟုတ်ငြားငြား လုပ်ဆောင်ခဲ့သည်မဟုတ်ခြင်းကြောင့်)အလုပ်ဖြစ်မည်မဟုတ် ကြောင်း မြန်မာနိုင်ငံ၏အဖြစ်မှန်နှင့် ရင်းနှီးသူတိုင်း သိထားပြီးဖြစ်သည်။", "အဆိုပါ လုပ်ဆောင်ချက်များသည် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်၊ ထို့အတွက် အခြားသူများက အာဆီယံကို ထောက်ခံသင့်သည်ဟူသော အထင်အမြင်အလွဲအမှားဖြစ်စေရန် ဖန်တီးနေကြသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် “အာဆီယံဗဟိုချက်” ကို ထိန်းသိမ်းရာတွင် အောင်မြင်သော်လည်း မြန်မာနိုင်ငံအတွက်တော့ အချည်းနှီးသာဖြစ်နေရသည်။", "ထိုအချိန်တွင် မြန်မာနိုင်ငံတွင် အရပ်သားများအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတစ်ခု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတစ်ခု နှင့် လူမျိုးတုံးသတ်ဖြတ်မှုများအားကျူးလွန်ခံနေရသည်။", "ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားအာဆီယံနိုင်ငံများသည် ၎င်းတို့၏ မှားယွင်းစွာ ပုံဖော်ထားသော သံတမန်ရေးရာကြိုးပမ်းမှုများ၊လုပ်ရပ်များအားဖြင့် စစ်အာဏာရှင်များသက်ဆိုးရှည်စေရန် အပြည့် အ၀ကြိုးပမ်းပေးနေကြသည်။ ကြောက်မက်ဖွယ်ရာစစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇ၀တ်မှုများ၊ ကြီးမားသောဘေးဒုက္ခများသည် ၎င်းတို့၏ အနီးနားအိမ်နီးချင်းနိုင်ငံတွင် ဖြစ် ပျက်နေသည်ကို ခပ်မဆိတ်နေခြင်း၊ လျစ်လျုရှု့ခြင်းအားဖြင့် စစ်အာဏာရှင်များသက်ဆိုးရှည်စေရန် အပြည့်အ၀ကြိုးပမ်းပေးနေကြသည်။", "အားလုံးတွင် အရင်းအမြစ်နှင့် အကြောင်းပြချက် တစ်ခုတည်းရှိပါသည်။ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဟုကိုယ့်ကိုကိုယ်ခေါ်ဝေါ်နေသည့် တရားမ၀င်၊ လူသတ်မှု၊ လူမျိုးတုံးသတ်ဖြတ် မှုများကျူး လွန်နေသော ယူနီဖောင်းဝတ် ဒုစ ရိုက်အဓမ္မဂိုဏ်းပင်ဖြစ်သည်။", "ဓာတ်ပုံ – မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာမှ ပြည်သူ ၃၁ ဦးကို အစုလိုက် အပြုံလိုက် စစ်တပ်က ပစ်ခတ် သတ်ဖြတ်ထားစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/01/142206/
မင်းအောင်လှိုင်နှင့် စစ်တပ် ပျက်သုဉ်းခြင်း၏ နောက်ဆုံးအဆင့်
["By Igor Blazevic", "အခုတလောမှာ မြန်မာပြည်ကို ဖိနှိပ်ညှင်းဆဲနေတဲ့ အုပ်ချုပ်သူ တွေ ပျက်သုဥ်း လာတဲ့ ပုံစံနောက်ဆုံးအဆင့်ကိုမြင်နေကြရပါတယ်။ မင်းအောင်လှိုင်နဲ့ သူ့ စစ်အုပ်စု ဟာ ဒဏ်ရာရထားတဲ့ သားရိုင်းတိရိစ္ဆာန်လိုဖြစ်နေပါပြီ။ ဒေါသ အမျက် ချောင်းချောင်းထွက်ပြီး မျက်ကန်း လို ရမ်းကားနေပြီး စိတ်ဓာတ် ပျက် ပြားဖွယ်အခြေအနေနဲ့ ကြုံနေရပါတယ်။", "နေရာတကာမှာ ရန်သူတွေနဲ့ ခြိမ်းခြောက်မှုတွေပတ်လည်ဝိုင်းနေတာမို့ မြင်မြင် ရာကို လက်လှမ်းမှီသလောက် မဲနေပါတယ်။ သူတို့ဆီမှာ ဒီပွဲကိုနိုင်ဖို့ အစီအစဉ်ရယ်လို့ ချထားတာလည်းမရှိတော့ပါဘူး။ ဘာဗျူဟာမှလည်း မကျန် တော့ ပါဘူး။ ထိန်းချုပ်နိုင်တဲ့ အားဆိုတာလည်း မရှိတော့ ပါဘူး။ ဒေါသ ငယ် ထိပ်တက်နေတာနဲ့ ဖျက်ဆီးတတ်တာပဲရှိပါတယ်။", "ဒီလို လုံးဝ အဖတ်ဆည်လို့မရတော့တဲ့ ပျက်စီးယိုယွင်းနေတဲ့ စစ်အုပ်စု နောက် ဆုံး လုံးဝ ကျရှုံးသွားပီဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ လူတွေ အားလုံးအတွက်ရော၊ စစ်တပ်က အရာရှိတွေနဲ့ စစ်သားတွေအတွက်ရော၊ မြန်မာ့ အိမ်နီးချင်းတွေ အတွက်ရော ကောင်းဖို့ ဖြစ်လာတာပါ။", "ခုဖြစ်နေတာတွေကို တန်းစီကြည့်ကြရအောင်။ စစ်တပ်ဟာ နိုင်ငံတော် သံဃာ မဟာနာယကကောင်စီထဲပါတဲ့ လူသူလေးပါးကြည်ညိုကြတဲ့ သံဃာကိုတောင် ဖမ်းပြီးသတ်တာရှိခဲ့တယ်။ ဒီလို အများလေးစားကြတဲ့ ဆရာတော်ဟာ မန္တလေး လို ဘုန်းတော်ကြီးကျောင်းတွေ သြဇာကြီးတဲ့ နေရာမှာ သီတင်းသုံး ခဲ့တာ ကြောင့် အင်မတန်ရက်စက် ဖိနှိပ်တတ်တဲ့ စစ်အုပ်ချုပ်ရေးက ဒီလို ကိုယ်တော် ကို ဖိနှိပ်ခဲ့တယ် ဆိုရင် တန်ပြန်သက်ရောက်မှုကတော့ ဖြစ်လာမှာပါ။", "ဒီစစ်အုပ်ချုပ်ရေးအောက်မှာ ပေးဆပ်ကြရတဲ့ သူတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် ရဟန်းသံဃာကို ထိရဲတာမျိုးကတော့ အင်မတန် လွန်ကျူးသွားတဲ့ ဖြစ်ရပ်မျိုးပါ။ ဦးဝါယမဆိုတာက ဒီလို ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ကိုးကွယ်ရာ ကိုတောင် မချန်တဲ့ လွန်ကျူးမှုမျိုးပါ။", "သူအသတ်ခံရတဲ့ ကိစ္စကိုသာမက အသတ်ခံရပုံကိုလည်း ထည့်ပြောဖို့ လိုပါမယ်။ သူအဖမ်းခံရပြီးနောက် ဓားနဲ့ ထိုးသတ်ခံရပြီး သူ့ အလောင်းကို ချောင်းထဲ ပစ်ချထားခဲ့တာပါ။ ဒီကိစ္စက လူတွေကို အတော် ဒေါသထွက်စေပါတယ်။ မကျေ နပ်တာတွေက လူတွေကြားမှာ ပျံ့နှံ့လို့နေပါတယ်။", "လောက်ကိုင်မှာ လက်နက်ချလိုက်တဲ့ ဗိုလ်မှူးချုပ်တွေထဲက သုံးယောက်ကို လည်း ဒီလထဲမှာ သေဒဏ်ချလိုက်ပြီး နောက်သုံးယောက်ကိုလည်း တစ်သက် တစ်ကျွန်းချလိုက်ပါတယ်။ ဒီစစ်တပ်က သူ့အရာရှိတွေကိုတောင်မှ သေဒဏ် ပေးနေတာပါ။ ဒါကလည်း တန်ပြန်သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို သေဒဏ်ပေးတာဟာ တခြား အရာရှိတွေကို မကြောက်ရွံသွားစေရုံသာမက သူတို့ကိုယ်တိုင်ဟာ အခြိမ်းခြောက်ခံနေရတယ်လို့ အထင် ရောက် သွားနိုင် တဲ့အတွက်ကြောင့် တပ်ကို ကျောခိုင်းဖို့ ပိုတောင် နီးစပ်လာနိုင်ပါတယ်။", "စစ်တပ်ထဲမှာကို မကျေမချမ်းမှုတွေ ပိုများလာတဲ့ တပ်က အရာရှိတွေ အစု အဝေးပေါင်းစုံ စုစည်းပြီး ပြန်ပြီး ဖီဆန်ကြဖို့ဆိုတာက အနှေးနဲ့ အမြန် ဖြစ်လာမယ့် ကိစ္စမျိုးပါ။ မင်းပြားမှာလည်း စစ်တပ်က စစ်ကူလွှတ်လိုက်သူတွေ အများကြီးဟာ ပျောက်ကျားတိုက်ခိုက်တဲ့ တော်လှန်ရေးသမားတွေ လက်ထဲမှာ ကျဆုံးခဲ့ရပါတယ်။", "AA တပ်ဖွဲ့ဝင်တွေဟာ ခဲယမ်းမီး‌ကျောက်တွေ တော်တော် များများကို သိမ်း ဆည်းထားနိုင်ပြီး စစ်တပ်လေယာဉ် Y8 ကနေ လေထီးနဲ့ ချပေးလိုက်တဲ့ ရိက္ခာ တွေကိုလည်း ရလိုက်ပါတယ်။", "ဒီပို့စ်မှာ မျှဝေဖို့ အတွက် သိပ်ပြီးသွေးထွက်သံယိုဖြစ်နေလို့ ချန်ခဲ့တဲ့ အခုမြန်မာ ပြည်မှာ လူကြည့်များနေတဲ့ ဗီဒီယိုတွေမှာလည်း တပ်က စစ်သားများစွာ ပက်ပက် စက်စက် ကျဆုံးနေရပုံတွေ ပါဝင်နေပါတယ်။ လူတိုင်းကတော့ ဒါတွေကို ဖြန့်နေကြတယ်။ ဒီလို ဝေမျှနေကြပြီး လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့နေတာဟာ စစ်သားတွေကို အများကြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။", "အထူးသဖြင့် ရှေ့တန်းကို ဆက်တိုးခိုင်းရင် တစ်ရက်နှစ်ရက်အတွင်းမှာ အသေခံ တိုက်ရမယ်လို့ သိနေတဲ့ တပ်တွေအတွက် ပိုပြီး ထိတ်လန့် တုန်လှုပ် စရာ ဖြစ်ပါတယ်။ မနေ့က လူတွေ အကြည့်များတဲ့ ဗွီဒီယိုတစ်ခုမှာတော့ စစ်တပ်က စစ်သားတွေဟာ KIA ကချင်တပ်က တိုက်လို့ ဦးတည်ရာမဲ့ ခြောက်ခြောက် ခြားခြားပေးလွှားနေကြပြီး တရုတ်ပြည်ဘက်ကို ချောင်းဖြတ်ကူးပြီး အသက်လုပြေးနေကြတာကိုတွေ့ရပါတယ်။ စစ်တပ်ဘက်က ဘယ်သူမဆို အတွက် ဒါကို ကြည့်ရင် ရှက်စရာ၊ စိတ်ဓာတ် ကျစရာဖြစ်မှာပါပဲ။", "တခြားဓာတ်ပုံတွေလည်း ပိုပြီးပြန့်နှံ့လာတာတွေ့ရပါတယ်။ အဲဒီလို ဓာတ်ပုံ တွေ ပြန့်တဲ့အခါ လူတွေကို ပျော်ရွှင်ကြည်နူးတဲ့ သင်္ကေတတွေနဲ့ ဖော်ပြ တုံ့ပြန် ကြပါတယ်။ အင်္ဂါနေ့ကအိန္ဒိယဘက်ကို ထွက်ပြေးသွားတဲ့ စစ်သားတွေကို မီဇိုရမ်က လန်ပွီးလေဆိပ်မှာ ပြေးလမ်းချော်သွားတဲ့ စစ်တပ်လေယာဉ် ပါတဲ့ ဓာတ်ပုံ တွေလည်း ပေါ်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က ချင်းပြည်နယ် ပလက်ဝမြို့ မှာလည်း စစ်တပ်ဟာ ရခိုင်တပ်တော်ကို ရှုံးနိမ့်ခဲ့ပြီး စစ်သား များစွာဟာ အိမ်နီးချင်းနိုင်ငံတွေဘက် ထွက်ပြေးခဲ့ကြပါတယ်။", "နေ့တိုင်း တစ်နေ့ တစ်နေ့ကို စစ်တပ်စခန်းတွေ ဘယ်လောက် ကျသွားတယ်၊ တော်လှန်ရေးတပ်တွေဘက်က စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ ဘယ်လောက် သိမ်းဆည်းရမိတယ် ဆိုတာကလည်း လိုက်မှတ်ဖို့တောင် ခက်လာပါတယ်။", "လက်နက်တွေကို အပုံလိုက် သိမ်းထားတာနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြသနေကြတာကလည်း နေ့တိုင်းလိုလို တစ်နိုင်ငံလုံး အနှံ့အပြားမှာ အရှေ့အနောက်တောင်မြောက်တွေ့နေရပါတယ်။", "တပ်ဖွဲ့စည်းပုံပျက်နေတဲ့ လက္ခဏာတွေ၊ စိတ်ဓာတ်ပျက်ပြားနေကြတာတွေ၊ ဦးတည်ရာမရှိ ကြုံသလို စီမံနေကြတာတွေဟာ တစ်နေ့ပြီးတစ်နေ့ မြင် နေကြရပါတယ်။", "တပ်ထဲက သတ္တိရှိတဲ့ အရာရှိတွေနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက ဒီလို တပ်ပြို လာတာကို ရှေ့ဆက်အရှိန်ရအောင် လုပ်ပေးကြဖို့ လိုပါတယ်။ သေလောက်တဲ့ ဒဏ်ရာရပြီး သွေးစက်လက်နဲ့ ရမ်းကားနေတဲ့ သတ္တဝါမျိုးဟာ ပိုပြီး ဖျက်ဆီးနိုင်၊ မိုက်ရိုင်းနိုင်တာကြောင့် ဒီလို နောက်ဆုံးနေ့ရက်တွေ တိုသွားအောင် လုပ်ပေး ဖို့လိုပါတယ်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #AA"]
https://yktnews.com/2022/10/53793/
ကုလသမဂ္ဂတွင် မြန်မာစစ်ကောင်စီက ကိုယ်စားပြုခွင့်ရန် ကြိုးပမ်းနေမှုများကို ဒီမိုကရေစီနိုင်ငံများက တားဆီးရပ်ဆိုင်းရမည်
["By Kelley Currie", "လွန်ခဲ့သည့်လက ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်အစည်းအဝေးအတွင်း ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူခဲ့သော မြန်မာစစ်ကောင်စီအား ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများက တရားဝင်ဖြစ်အောင် လုပ်နေမှုကို ရပ်ဆိုင်းရန် ကမ္ဘာအရပ်ရပ်မှ အရပ်ဖက်အဖွဲ့အစည်း ၇၀၀ ခန့်က အပြင်းအထန် တောင်းဆိုထားသည့် စာတစ်စောင်ကို အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် (Antonio Guterres)ထံသို့ ပေးပို့ခဲ့သည်။", "ဤစာသည် ကုလသမဂ္ဂ၌ ကာလတာရှည် အငြင်းအခုန်ဖြစ်နေသော မြန်မာနိုင်ငံအား ကိုယ်စားပြုမှု လွန်ဆွဲပွဲ၏ လတ်တလော အကျဆုံးထိုးနှက်မှုဖြစ်သည်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားသော မြန်မာအစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက မြန်မာ့ကိုယ်စားပြုမှုဆိုင်ရာ သံခင်းတမန်ခင်း အန္တရာယ်စက်ကွင်းကို ထိန်းကျောင်းနိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများမှာ ကြိုတင်ခန့်မှန်းထားသကဲ့သို့ပင် ရလဒ်ကောင်းများ ပေါ်ထွက်ခဲ့ခြင်းမရှိပေ။", "ထိုသို့ အရေးမလှဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့ လူသိရှင်ကြား ထောက်ခံထားသော အခြေခံမူများကိုလျစ်လျူရှုလျက် လူ့အခွင့်အရေးနှင့် စည်းမျည်းအခြေပြုစနစ်များကို ကာကွယ်စောင့်ရှောက်သူများအဖြစ် မိမိတို့ကိုမိမိ ခံယူထားကြသော ကုလသမဂ္ဂခေါင်းဆောင်များနှင့် အဖွဲ့ဝင်နိုင်ငံ အများအပြားကိုယ်တိုင်က အဂတိမကင်းသော အပေးအယူတစ်ခု ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။", "အာဏာသိမ်းပြီးလျှင်ပြီးချင်း နယူးယောက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် ယခုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖြစ် ဖွဲ့စည်းလိုက်ပြီဖြစ်သော ဒီမိုကရေစီအင်အားစုများဖက်မှ ရပ်တည်၍ သစ္စာခံသွားမည်ဟု အခိုင်အမာ ကတိပြုခဲ့သည်။", "၂၀၂၁ခုနှစ် ဆောင်းဦးရာသီကတည်းက နယူးယောက်ရှိ မြန်မာကိုယ်စားလှယ်နေရာကို ၎င်းက တရားဝင်ဆက်လက် ရယူထားနိုင်လျက်ရှိသော်လည်း ကုလသမဂ္ဂတရားဝင် ခန့်အပ်မှု ကော်မတီဝင်ဖြစ်သော အင်အားကြီးနိုင်ငံအချို့၏ လက်သိပ်ထိုး ပူးပေါင်းကြံစည်မှုဖြင့် ဦးကျော်မိုးထွန်း ခံစားပိုင်ခွင့်ရှိသော ပုံမှန်အခွင့်အရေးနှင့် တာဝန်များကို ငြင်းပယ်ခံထားနေရဆဲ ဖြစ်သည်။", "ကိုယ်တိုင်က အာဏာရှင်နိုင်ငံများဖြစ်သလို စစ်ကောင်စီ၏ မဟာမိတ်များဖြစ်နေသည့် ရုရှားနှင့် တရုတ်နိုင်ငံတို့က ဦးကျော်မိုးထွန်းကို ဟန့်တားပြီး မြန်မာ့ကိုယ်စားပြုမှုအရေး ရှုပ်ထွေးသွားစေလိုသည်မှာ အထူးအဆန်းမဟုတ်ပေ။ လက်နက်ရောင်းချပေးမှုများအပါအဝင် တရုတ်နှင့်ရုရှား နှစ်နိုင်ငံစလုံးက စစ်ကောင်စီအတွက် နိုင်ငံရေးနှင့် စီးပွားရေး အသက်ဆက်ရှင်သန်ရေးကို ထောက်ပံ့ကူညီနေသလို မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူမှုများကိုလည်း ဆယ်စုနှစ်များနှင့်ချီ၍ အရှက်ကင်းမဲ့စွာ ပိတ်ဆို့ဟန့်တားလျက် ရှိကြသည်။", "သို့သော် နားမလည်နိုင်စရာ ကောင်းလှသည့်အချက်မှာ အမေရိကန်ပြည်ထောင်စုကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကဲ့သို့ ကုလသမဂ္ဂခေါင်းဆောင်များက ဤလှည့်ကွက်ကြီးနှင့် အဆင်တပြေ ရပ်တည်နေနိုင်ကြသည့် အချက်ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၇ ကြိမ် မြောက်အစည်းအဝေး၌ ယင်းကိစ္စကို အသိအမှတ်ပြုကော်မတီက စီရင်ဆုံးဖြတ်သည့်အခါ ကော်မတီဝင်နှင့် ကုလသမဂ္ဂအဖွဲ့ဝင် ဒီမိုကရေစီနိုင်ငံများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးနှင့် မြန်မာပြည်သူများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြောရေးဆိုခွင့်နှင့် ကိုယ်စားပြုခွင့် ပေးအပ်နိုင်ရေး ပိုမိုကြိုးပမ်းရမည်ဖြစ်သည်။", "ကုလသမဂ္ဂတရားဝင် ခန့်အပ်မှုကော်မတီတွင် အဖွဲ့ဝင်ကိုးနိုင်ငံပါဝင်ပြီး ၎င်းတို့မှာ တရုတ်၊ ရုရှား၊ အမေရိကန်ပြည်ထောင်စုဟူသော အစဉ်အလာအရ အမြဲတမ်းအဖွဲ့ဝင် (၃) နိုင်ငံနှင့် ဒေသအပေါ် အခြေခံ၍ အထွေထွေညီလာခံဥက္ကဋ္ဌက အချိုးညီခန့်ထားသည့် အခြားနိုင်ငံများ ဖြစ်ကြသည်။ စက်တင်ဘာလရောက်တိုင်း အထွေထွေညီလာခံ ကျင်းပသည့်အခါ ဤကော်မတီသည် တရားဝင်ခန့်အပ်ရန် တောင်းဆိုချက်များကို လက်ခံရယူသော်လည်း ဒီဇင်ဘာလမတိုင်မီအထိ ညီလာခံသို့ ကော်မတီ၏ အစီရင်ခံစာကို တင်ပြခြင်းမရှိသည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များ၏ သဘောထားထုတ်ပြန်ချက်များကို အထူးအာရုံစိုက်နေကြသည့် ထိပ်တန်းအဆင့် ညီလာခံကာလအတွင်း ကိုယ်စားပြုမှုအရေးကိစ္စကို သောင်မတင်ရေမကျ အနေအထားမျိုး ဖြစ်ပေါ်စေလေ့ရှိသည်။", "၂၀၂၁ ခုနှစ် အတွင်းက ကော်မတီသည် မြန်မာ့ကိုယ်စားပြုမှုအရေး ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံအကြား အလွတ်သဘော လူကြီးလူကောင်း နားလည်မှုဖြင့် ဦးကျော်မိုးထွန်းကို ခေတ္တအမြဲတမ်း ကိုယ်စားလှယ်ရာထူးနေရာ၌ ဆက်လက်ထားရှိရင်း အထွေထွေညီလာခံ၌ စကားပြောဆိုခွင့်ကို ကန့်သတ်ကာ ၎င်း၏တာဝန်နှင့် ခံစားခွင့်များကို အပြည့်အဝ ထမ်းဆောင်ခြင်း၊ ရယူခြင်းမရှိအောင် ပိတ်ပင်တားမြစ်ထားသည်။", "တရားဝင်ခန့်အပ်မှုကို အဆုံးအဖြတ်ပေးခဲ့သည့် သမိုင်းကြောင်းဖြစ်ရပ်များအရ မြန်မာ့အာဏာသိမ်းမှုကိစ္စ၌ ကုလသမဂ္ဂက မည်သို့ဆောင်ရွက်သင့်သည် ဟူသောအချက်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခဲ့သည့် အစိုးရအရေအတွက်မှာ မရှိသလောက် နည်းပါးသည်။ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အာဏာရှင်များနှင့် ခင်မင်ရင်းနှီးသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသော ဒေသဆိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)ကပင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အာဆီယံ အစည်းအဝေးများသို့ မြန်မာစစ်ကောင်စီ၏ နိုင်ငံရေးကိုယ်စားလှယ်များ အား တက်ရောက်ခွင့်မပြုခဲ့ပေ။", "ထို့အပြင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေသော NUG၊ မဟာမိတ် လက်နက်ကိုင်အဖွဲ့များနှင့် အာဏာဖီဆန်ရေးအုပ်စုများ၏ တော်လှန်ရေးတွင် အောင်မြင်မှုများပိုမို ရရှိလာပြီး တိုင်းပြည်နယ်နိမိတ် အများစုမှာ အုပ်ချုပ်မှုကင်းမဲ့နေသည် သို့မဟုတ် အတိုက်အခံတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည်။", "NUGသည် ဦးကျော်မိုးထွန်း၏ မြန်မာနိုင်ငံကိုယ်စားပြုမှု အခွင့်အရေးများအပေါ် ကုလသမဂ္ဂ၏ ဆက်လက်ကန့်သတ်ထားမှုကို အထွေထွေညီလာခံ၌သာမက အခြားအစည်းအဝေးများတွင်ပါ အပြင်းအထန်ကန့်ကွက်နေသည်။ ထို့အပြင် လူသားချင်းစာနာမှု ကိစ္စရပ်များနှင့် အခြားနိုင်ငံတကာ အကူအညီပေးရေး ကြိုးပမ်းမှုများတွင်သာ မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စစ်ကောင်စီကို အလွတ်သဘော အသိအမှတ်ပြုရန် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ကိုလည်း NUG က ဝေဖန်ရှုတ်ချလျက်ရှိသည်။", "ကုလသမဂ္ဂဥပဒေရေးရာရုံး၏ ၁၉၅၀ မူလမှတ်တမ်းအရ “အဖွဲ့ဝင်၏ တာဝန်များအား ၎င်းတို့ကို အမှန်တကယ် ထမ်းဆောင်နိုင်သည့် အာဏာရှိသော အစိုးရများကသာ ဆောင်ရွက်နိုင်သည်” ဟုဆိုသည်။ အားပြိုင်နေသည့် တရားပြိုင်များအကြား မည်သည့်အဖွဲ့က အဆိုပါစံသတ်မှတ်ချက်နှင့် ကိုက်ညီကြောင်း ဆုံးဖြတ်ရာတွင် “အစိုးရ [အသစ်]က နိုင်ငံနယ်နိမိတ်အတွင်း ထိရောက်သော လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးနိုင်ခြင်း ရှိ/မရှိနှင့် လူဦးရေအများစုက ပုံမှန်လိုက်နာသည့် အလေ့အထ ရှိ/မရှိတို့ကို စုံစမ်းရန်” လိုအပ်သည်။", "၎င်းတို့သည် ပကတိအခြေအနေမှန်ကို သိရှိစေမည့် မေးခွန်းများဖြစ်သည်။ ကုလသမဂ္ဂသည် ၎င်းမေးခွန်းများကို စုံစမ်း၍ ဖြေရှင်းရန် မည်သည့်တရားဝင် အားထုတ်မှုမျှ မပြုလုပ်သေးသလို ထိုသို့ ပြုလုပ်မည့် အရိပ်လက္ခဏာလည်း ပြသခြင်းမရှိသေးပေ။ ယင်းအခြေအနေမျိုး၌ ကုလသမဂ္ဂ၏ ယခင်အလေ့အထအရ အထွေထွေညီလာခံ၌ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်နေသူ မည်သူပင်ဖြစ်စေ၊ ၎င်းပုဂ္ဂိုလ်ကို အသိအမှတ်ပြုခဲ့ဖူးပြီး ယခုမြန်မာနိုင်ငံဖြစ်စဉ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရမည် ဖြစ်သည်။", "သို့သော် ဦးကျော်မိုးထွန်းအား လက်ရှိရာထူး၌ ဆက်ထားခွင့်ပြုရင်း အခြားတစ်ဖက်ကလည်း မြန်မာပြည်သူများ အရေးမဆောင်ရွက်နိုင်အောင် ၎င်းအားနှုတ်ပိတ်ထားသည့် အပေးအယူမှာ ဤဖြစ်စဉ်ကို လွဲချော်စေသော လှည့်ကွက်ဖြစ်သည်။ အလားတူပင် ကုလသမဂ္ဂသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏မြေပြင်အဖွဲ့အစည်းများကို အာဏာ မသိမ်းမီကအတိုင်းပင် အများအားဖြင့် နေမြဲအတိုင်းထိန်းသိမ်းထားရှိပြီး တရားမဝင်စစ်ကောင်စီနှင့် ၎င်း၏ကိုယ်စားလှယ်များနှင့် လုပ်ငန်းများဆက်လက် ပူးပေါင်းဆောင်ရွက်လျက်ပင် ရှိသည်။", "မြန်မာကိုယ်စားလှယ်အား တရုတ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့က ပြောရေးဆိုခွင့် မပြုသည့် လုပ်ရပ်မျိုးသည် ယခင်က စည်းမျဉ်းအခြေခံဆောက်ရွက်ဖူးသည့် အစဉ်အလာမရှိခဲ့ပေ။ ထို့အပြင် ဥပဒေမဲ့သော အဆိုပါလုပ်ရပ်သည် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ကိုယ်စားပြုမှုဆိုင်ရာ အငြင်း ပွားမှုများအတွက်လည်း ဆိုးဝါးသည့် အကျိုးဆက်များရှိနေသည်။", "ရေတိုကာလတွင် ကုလသမဂ္ဂစနစ်တစ်ခုလုံး၏ လုပ်ငန်းများ မှန်ကန်စွာဆောင်ရွက်နိုင်စွမ်းကို ဤလုပ်ရပ်က ထိခိုက်စေခဲ့ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ဦးကျော်မိုးထွန်းအား အထွေထွေညီလာခံ၌ စကားပြောဆိုခွင့် မပြုသလို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)၊ ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA)၊ နိုင်ငံတကာ အလုပ်သမားကွန်ဖရန့်(ILC) စသည့် အစည်းအဝေးများသို့ တက်ရောက်ခွင့်ကိုလည်း ပိတ်ပင်ခံထားရသည်။", "အဆိုပါ အစည်းအဝေးအားလုံးသည် မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အရေးကြီးကိစ္စရပ်များ၊ ဆက်လက်ဖြစ်ပွားနေဆဲ အကျပ်အတည်းများကို တင်ပြဆွေးနွေးမည့် အစည်းအဝေးများဖြစ်သည်။ သို့သော် မြန်မာပြည်သူများအတွက် တင်ပြဆွေးနွေးနေစဉ် ကာလအတွင်း မြန်မာကိုယ်စားလှယ်၏ ထိုင်ခုံနေရာ လစ်လပ်နေသည်မှာ ၂ နှစ်နီးပါးပင်ရှိလာခဲ့ပေပြီ။", "၎င်းအခြေအနေထက် ပို၍ဆိုးဝါးသည့်အချက်မှာ လူမျိုးတုံးသတ်ဖြတ်သည့်အမှုအတွက် စစ်ကောင်စီအား တရားရုံးရှေ့မှောက်၌ မြန်မာနိုင်ငံကို ကိုယ်စားပြုလျှောက်ထားရန် ခွင့်ပြုခဲ့သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ မမျှတသောဥပဒေအရ သံသယရှိဖွယ် ဆုံးဖြတ်ချက် ဖြစ်သည်။ ICJ စီရင်ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဟု NUG က လျှောက်ထားခဲ့လင့်ကစား တရားရုံးက စစ်ကောင်စီ၏ ကိုယ်စားလှယ်များကို လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီ၏ရှေ့နေအဖွဲ့က တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ကို မလျှော့တမ်း ဆက်လက် ငြင်းဆန်လျက်ရှိနေဆဲပင် ဖြစ်သည်။", "ထို့အတူ တိုင်းပြည်တွင်း လူသားချင်းစာနာမှု အကူအညီနှင့် ကုလသမဂ္ဂ အစီအစဉ်များအတွက် စစ်ကောင်စီနှင့် ပုံမှန်အတိုင်း ဆက်လက်စေ့စပ်ညှိနှိုင်းနေသည် ကုလသမဂ္ဂ၏ချဉ်းကပ်မှုကြောင့် ၎င်းအကူအညီများကို မြန်မာပြည်သူများ၏ သာယာဝပြောရေးအတွက် စိတ်မဝင်စားဘဲ သွေးဆာနေသည့်လူဆိုးဂိုဏ်း တစ်ခုအား စိတ်ကြိုက်ချယ်လှယ်ခွင့် ရရှိသွားစေခဲ့သည်။ လူအများအပေါ် နိုင်ထက်ကလူပြုနေသူများနှင့် ထိုသို့ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာပြည်သူများအကြား နဂိုကတည်းက မကောင်းလှသော ကုလသမဂ္ဂ၏ ပုံရိပ်ကို ပိုမိုဆိုးဝါးပျက်စီးစေလျက် ရှိသည်။", "တစ်ဖက်က ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂအဖွဲ့အများအပြား၌ မြန်မာနိုင်ငံကိုယ်စားပြုမှုကို ငြင်းပယ်ရင်း အခြားတစ်ဖက်က စစ်ကောင်စီနှင့် မြေပြင်တွင် အတိအလင်း ပူးပေါင်းဆောင်ရွက်နေခြင်းအားဖြင့် ကုလသမဂ္ဂသည် တရားဝင် အသိအမှတ်ပြုမှုဆိုင်ရာ အဂတိမကင်းသော အပေးအယူ၏ မူလသတ်မှတ်ချက်ဘောင်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ UNHRC ၊ILC ၊ WHA နှင့် အခြားအဖွဲ့အသီးသီး သည်လည်း အသိအမှတ်ပြုခြင်းဆိုင်ရာ ၎င်းတို့၏ကိုယ်ပိုင်စည်းမျဉ်းများကို ချိုးဖောက်လျက်ရှိကြသည်။", "အဆိုပါအဖွဲ့အစည်းတစ်ခုချင်းသည် “အထွေထွေညီလာခံ၏ သဘောဆန္ဒ”ကို လိုက်နာဆောင်ရွက်သည့် အသိအမှတ်ပြုမှုဆိုင်ရာ မူဝါဒနှင့်အလေ့အထများ အသီးသီး ရှိကြသောကြောင့် ၎င်းတို့၏ဆွေးနွေးပွဲများ၌ ဦးကျော်မိုးထွန်း၏ တရားဝင်ကိုယ်စားပြုမှုကို လက်ခံခွင့်ပြုသင့်ကြသည်။ ကုလသမဂ္ဂ၏ အဆင့်အမြင့်ဆုံး နှင့် အာဏာအရှိဆုံး အဖွဲ့ဖြစ်သောအထွေထွေညီလာခံ၏ တရားဝင် အသိအမှတ်ပြုခြင်းခံထားရသည့် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်သည်နှင့်အညီ ဦးကျော်မိုးထွန်းသည် ကုလသမဂ္ဂ၌ အဆင့်အမြင့်ဆုံး မြန်မာသံတမန်ဖြစ်သည်။", "ကုလသမဂ္ဂက ပုံမှန်အားဖြင့် အလွန်အလေးထားသော သံတမန်ကျင့်စဉ်ရှုထောင့်အရ ၎င်းကို အဆိုပါအစည်းအဝေးတိုင်း၌ စကားပြောဆိုခွင့်ပြုသင့်သည်။ သာမန်အားဖြင့် အထွေထွေညီလာခံ အမြဲတမ်းကိုယ်စားလှယ်တစ်ဦးသည် ကုလသမဂ္ဂ၏ မည်သည့် အခမ်းအနား၌မဆို မိမိနိုင်ငံအမည် တံဆိပ်တုံးအနောက်၌ ထိုင်ခွင့်ရှိသည်မှာ မေးခွန်းထုတ်ရန်မလိုသော ခြွင်းချက်မရှိ အနေအထားဖြစ်သည်။", "နယူးယောက်ကုလသမဂ္ဂရုံး၌ အမေရိကန်ဒုတိယသံအမတ်အဖြစ် စာရေးသူ တာဝန်ထမ်းဆောင်ခဲ့စဉ်က သံရုံးတွင် ဝန်ထမ်းအင်အားနည်းနေသည့်အခါတိုင်း သို့မဟုတ် တရားဝင်အသိအမှတ်ပြု သံအမတ်တစ်ဦး တက်ရောက်ရန်လိုအပ်သည့်အခါတိုင်း ကုလသမဂ္ဂအစည်းအဝေးများရှိ အမေရိကန်နိုင်ငံ အမည်တံဆိပ်တုံးအနောက်သို့ အပြေးအလွှားဝင်ထိုင်ကာ ကိုယ်စားပြု တက်ရောက်ရလေ့ရှိသည်။ ဤအချက်မှာ ကုလသမဂ္ဂအဖွဲ့အစည်းတိုင်းတွင် လုပ်ရိုးလုပ်စဉ်ဖြစ်သလို ကောင်းစွာ လက်ခံထားသည့် အလေ့အထဖြစ်ကာ ယခုဦးကျော်မိုးထွန်းဖြစ်စဉ်ကျမှ ခွဲခြားဆောင်ရွက် ခြင်းမျိုး မပြုလုပ်သင့်ပေ။", "ဦးကျော်မိုးထွန်းအပေါ် အသိအမှတ်ပြုထားခြင်းကို နောက်ကွယ်၌ အခန်းတံခါးပိတ်ဆွေးနွေး၍ ပယ်ဖျက်သည့်လုပ်ရပ်က ဒီမိုကရေစီလောကအတွင်း စိုးရိမ်မှုဂယက်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေလျက်ရှိ သည်။", "အခြားအမြဲတမ်း ကိုယ်စားလှယ်များအနေဖြင့် မှားယွင်းနေသော အဆိုပါဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်တည်း ထုတ်ဖော်ဝေဖန် စိန်ခေါ်သင့်ပြီး ကန့်လန့်ကာနောက်ကွယ်၌ လျှို့ဝှက်ညှိနှိုင်း၍ မြန်မာ ပြည်သူ ၅၅ သန်းအတွက် ကိုယ်စားပြုခွင့်ကို ငြင်းပယ်မည့်အစား အဖွဲ့ဝင်နိုင်ငံများအား ပွင့်ပွင့်လင်းလင်း မဲခွဲဆုံးဖြတ်ခွင့်ပြုရန် တောင်းဆိုသင့်သည်။", "ထို့အပြင် လူသားချင်းစာနာမှုနှင့် အခြားအကူအညီပေးမှုများ၌လည်း မြန်မာပြည်သူများ၏ အမြင်၌ ယုံကြည်ကိုးစားမှုကို ဆက်လက်ထိန်းသိမ်းရန်မျှော်လင့်ပါက ကုလသမဂ္ဂအဖွဲ့အစည်းများသည် စစ်ကောင်စီလက်အောက်ခံဌာနများနှင့် ဝင်ရောက်ခွင့်ရရှိရေး ညှိနှိုင်းခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်းများကို ချက်ချင်း ရပ်ဆိုင်းရမည် ဖြစ်သည်။", "အဆိုပါကုလသမဂ္ဂအဖွဲ့အစည်းများသို့ ပမာဏအများဆုံး ထည့်ဝင်သည့် အလှူရှင်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏မဟာမိတ်များသည် ၂၀၁၂ ခုနှစ်မတိုင်မီက ၎င်းအဖွဲ့များ လက်ခံကျင့်သုံးခဲ့သော အပြိုင်ဆက်သွယ် ဆောင်ရွက်သည့်စနစ်သို့ ပြန်သွားစေအောင် တောင်းဆိုခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းများဖြင့် တွန်းအားပေးရမည်ဖြစ်သည်။ စစ်ကောင်စီ ထိန်းချုပ်မှုမှ လွတ်ကင်းသော နယ်စပ်ဖြတ်ကျော်ပေးအပ်မှုနှင့် အခြားအကူအညီ ပေးအပ်မှုပုံစံများကို တိုးချဲ့ဆောင်ရွက်ရန် ၎င်းနိုင်ငံများသည် NUG ၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၊ မဟာမိတ် အရပ်ဖက်အဖွဲ့များနှင့်လည်း ပူးပေါင်းလုပ်ကိုင်ရမည်ဖြစ်သည်။", "ကုလသမဂ္ဂ၏ ကုန်ကျစရိတ် ကြီးမားလှသော ရန်ကုန်ရုံးများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးထက် ကုလသမဂ္ဂက ပေးအပ်သော အကူအညီများ၏ သမာသမတ်ရှိမှု၊ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တို့က ပို၍အရေးကြီးပေသည်။", "အဆိုပါ တရားမျှတမှုမရှိသော အကူအညီပေးမှု အစီအစဉ်များ ဆက်လက်လုပ်ဆောင်နေခြင်းကို ကန့်ကွက်နိုင်ရေး အမေရိကန်ပြည်ထောင်စုနှင့် အခြားဒီမိုကရေစီနိုင်ငံများက လက်ရှိဖြစ်ပေါ်နေသော တရားဝင်အသိအမှတ်ပြုမှု စဉ်းစားဆုံးဖြတ်မည့်ကိစ္စကို အသုံးချရန် အရေးကြီးသည်။ အာဏာသိမ်းခဲ့ သည်မှာ ၂ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ရာ မြန်မာနိုင်ငံကို အုပ်ချုပ်နေသည်ဟုဆိုသော စစ်ကောင်စီ၏ တရားမဝင်မှုနှင့် မစွမ်းဆောင်နိုင်မှုများကို ဆက်လက်၍ မေးခွန်းထုတ်မနေသင့်တော့ပေ။", "ကုလသမဂ္ဂသည် စစ်ကောင်စီကို လုပ်ပိုင်ခွင့်ပေးရင်း ၂ နှစ်တာကာလကို အချိန်ဖြုန်းခဲ့ပြီးဖြစ်ကာ မြေပြင်လက်တွေ့အခြေအနေ၌လည်း စစ်ကောင်စီ၏ အရေးနိမ့်မှုကို အထင်အရှား တွေ့မြင်နေရပြီး ဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည့် ဒီမိုကရေစီနိုင်ငံများသည် လက်ရှိ လှိုက်စားနေသည့် အခြေအနေများ ဖြစ်ပေါ်လာအောင် ခွင့်ပြုခဲ့ရုံသာမက ၎င်းတို့က တက်တက်ကြွကြွ စေ့စပ်ညှိနှိုင်းပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။", "အပြောနှင့် အလုပ်ညီရန် အချိန်ကျရောက်လာခဲ့ပေပြီ။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ယုံကြည်သောအဖွဲ့ဝင်နိုင်ငံများသည် အခွင့်အရေးများစွာ လက်လွှတ်ဆုံးရှုံးခံထားရပြီးဖြစ်သော မြန်မာပြည်သူများထံသို့ ၎င်းတို့၏ ရပ်တည်မှုအသံကို ပြန်လည်ပေးအပ်နိုင်ရေး လိုအပ်သော ခြေလှမ်းများကို ဆောင်ရွက်ကြရလိမ့်မည် ဖြစ်သည်။", "(Just Security တွင်ဖော်ပြထားသော သံအမတ်ကြီး Kelley Currie ၏ “Democracies Must Stop Playing Games with Myanmar’s Representation at the United Nations” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်)"]
https://yktnews.com/2022/05/18734/
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဝါဒအပေါ်အောင်ပွဲ နေ့တွင် ပြောကြားသည့် ယူကရိန်းသမ္မတ၏ မိန့်ခွန်း
["By Kyiv Post", "ယူကရိန်းသမ္မတ Volodymyr Zelensky သည် ယမန်နေ့ (မေလ ၉ ရက်) တွင် ကျရောက်သော ဒုတိယကမ္ဘာစစ်အတွင်း နာဇီဝါဒအပေါ် အောင်ပွဲခံသည့် (၇၇) နှစ်မြောက် ဥရောပအောင်ပွဲနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် နာဇီဂျာမနီတပ်များကို ယခု ၎င်း၏နိုင်ငံကို ကျူးကျော်တိုက်ခိုက်နေသော ရုရှားများနှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။ဗီဒီယိုမှတဆင့် ပြောကြားသော Zelensky ၏ မိန့်ခွန်းသည် ၄င်း၏ ပြောင်မြောက် ပြတ်သားသော နိုင်ငံရေး ဦးဆောင်မှုကို ဖော်ကျူးနိုင်သည့်အတွက် အများပြည်သူ ဖတ်ရှုနိုင်ရန်အတွက် သင့်လျှော်အောင် ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။=========ကြီးမြတ်သော ယူကရိန်းပြည်သူများခင်ဗျာ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့က ကျွန်ုပ်တို့ရဲ့ နှစ် ၃၀ ပြည့် လွတ်လပ်ရေး အောင်ပွဲနေ့ကို နိုင်ငံတဝန်းလုံး ဆင်နွှဲခဲ့ကြပါတယ်။ ကျွန်ုပ်တို့ စစ်သည်တော်တွေ၊ အမိမြေ ကာကွယ်စောင့်ရှောက်သူတွေ၊ ကျွန်ုပ်တို့ စစ်ယာဉ်တွေဟာ ခရပ်ရှ်ချတစ် (Khreshchatyk) လမ်းမကြီးတလျောက် ချီတက်ခဲ့ကြတယ်၊ ကျွန်ုပ်တို့ရဲ့ “မရီယာလေယာဉ်ကြီး” ကလည်း ကောင်းကင်ထက်မှာ ပျံသန်းခဲ့ပါတယ်။“ပုန်းကွယ်နေတဲ့ ရန်သူထက် ကြောက်ဖို့ကောင်းတာမရှိ၊ အယောင်ဆောင် မိတ်ဆွေထက် အဆိပ်ပြင်းတာ မရှိ”။ ဒီစကားက ယူကရိန်း တွေးခေါ်ပညာရှင်ကြီး Hryhorii Skovoroda ရဲ့ စကား ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ အယောင်ဆောင်မိတ်ဆွေက ယူကရိန်းအပေါ် စစ်ပွဲကြီးတစ်ရပ် စတင်လိုက်ချိန်မှာ ဒီအမှန်တရားကို ကျွန်ုပ်တို့ လက်တွေ့နားလည်ခဲ့ကြရတယ်။ဒီစစ်ပွဲက စစ်တပ်နှစ်ခုကြားဖြစ်တဲ့ စစ်ပွဲမဟုတ်ပါ။ ကမ္ဘာ့အမြင် နှစ်ရပ်ကြားဖြစ်တဲ့ စစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲကို Skovoroda ပြတိုက်ကို ဗုံးကြဲဖျက်ဆီးလိုက်တဲ့ အရိုင်းအစိုင်းတွေက စတင်ခဲ့ကြပြီး၊ ၎င်းတို့ ဒုံးကျည်တွေက ကျွန်ုပ်တို့ရဲ့ ခံယူချက်သဘောတရားတွေကို ဖျက်ဆီးပစ်နိုင်မယ်လို့ ယုံကြည်နေကြတယ်။ဒါက သူတို့ကို စိတ်ဒုက္ခရောက်စေတယ်။ ဒါက သူတို့အတွက် နားမလည်နိုင်အောင် ထူးခြား နေတယ်။ ဒါက သူတို့ကို ခြောက်လှန့်နေတယ်။ ဒီခံယူချက် သဘောတရားရဲ့ အနှစ်ချုပ်က ငါတို့သည် ကိုယ်ပိုင် လမ်းကြောင်းရှိတဲ့ လွတ်လပ်တဲ့သူတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။ ယနေ့ ကျွန်ုပ်တို့ ဒီလမ်းကြောင်းပေါ်မှာ စစ်ပွဲဆင်နွှဲနေကြတာဖြစ်ပြီး၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကျွန်ုပ်တို့နိုင်ငံရဲ့ မြေတမှုန် ကိုတောင် ပေးလိမ့်မည်မဟုတ်ပါ။ယနေ့ နာဇီဝါဒအပေါ်အောင်ပွဲနေ့ကို ကျွန်ုတို့ ဆင်နွှဲကြတယ်။ ကျွန်ုပ်တို့အနေနဲ့ မည်သူတစ်ဦး တစ်ယောက်ကိုမှ ကျွန်ုပ်တို့နိုင်ငံရဲ့ မြေတမှုန်ကိုတောင် ပေးမည်မဟုတ်ပါ။ ဟစ်တလာဆန့်ကျင်ရေး မဟာမိတ်ဖွဲ့မှုမှာ အခြားနိုင်ငံတွေနဲ့အတူ နာဇီဝါဒကို အနိုင်ယူခဲ့တဲ့ ကျွန်ုပ်တို့ ဘိုးဘေးတွေအတွက် ကျွန်ုပ်တို့ ဂုဏ်ယူပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့အနေနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဒီအောင်ပွဲကို တိုက်ခိုက်သိမ်းယူခွင့် ပြုမည်မဟုတ်သလို ဒီအောင်ပွဲကို အပိုင်စီး ရယူခွင့်လည်း ပြုလိမ့်မည်မဟုတ်ပါ။ကျွန်ုပ်တို့ ရန်သူတွေက ကျွန်ုပ်တို့အနေနဲ့ မေ ၉ ရက်နေ့၊ နာဇီဝါဒအပေါ် အောင်ပွဲနေ့ကို ဆင်နွှဲဖို့ ငြင်းဆန်လိမ့်မယ်လို့ စိတ်ကူးယဉ်ခဲ့ကြတယ်။ သန်းပေါင်းများစွာသော ယူကရိန်းတွေက နာဇီဝါဒကို တိုက်ခိုက်ခဲ့ကြပြီး၊ ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ကြရတယ်။ နာဇီတွေကို လူးဟန့်မြို့ကနေ တိုက်ထုတ်ခဲ့ကြတယ်။ နာဇီတွေကို ဒွန်းတက်မြို့ကနေ တိုက်ထုတ်ခဲ့ကြတယ်။ ခါဆန်၊ မီလီတိုပိုနဲ့ ဘတ်ရန့် မြို့တွေဟာ ကျူးကျော်သူတွေထံမှ လွတ်မြောက်ခဲ့ကြတယ်။နာဇီတွေကို ရယ်လ်တ၊ ဆမ်ဖီရိုပိုလ်၊ ခါးချ်နဲ့ ခရိုင်းမီးယား ဒေသတစ်ခုလုံးကနေ တိုက်ထုတ်ခဲ့ကြတယ်။ မာရီပိုလ်မြို့လည်း နာဇီတွေထံမှ လွတ်မြောက်ခဲ့တယ်။ သူတို့အနေနဲ့ နာဇီတွေကို ယူကရိန်းတစ်နိုင်ငံလုံး ကနေ တိုက်ထုတ်ခဲ့ကြတယ်။ သို့ပေမယ့် ကျနော်ပြောသွားတဲ့ မြို့တွေဟာ ယနေ့မှာ ကျွန်ုပ်တို့ကို ထူးထူးခြားခြား လှုံ့ဆော်ပေးနေပါတယ်။ ဒီမြို့တွေက ကျွန်ုပ်တို့အနေနဲ့ ကျူးကျော်ဝင်ရောက်လာသူတွေ ကို ကျွန်ုပ်တို့ပိုင် မြေပေါ်ကနေ မောင်းထုတ်နိုင်မှာ သေချာတယ်ဆိုတဲ့ ယုံကြည်မှုကို ပေးနေတယ်။နာဇီဝါဒအပေါ် အောင်ပွဲနေ့မှာ ကျွန်ုပ်တို့ဟာ အောင်ပွဲသစ်တစ်ရပ်အတွက် တိုက်ပွဲဝင်နေကြရတယ်။ အောင်ပွဲဆီသွားရာလမ်းက ခက်ခဲတယ်။ သို့ပေမယ့် ကျွန်ုပ်တို့နိုင်မယ်ဆိုတာကိုတော့ ယုံမှားသံသယ မရှိပါ။ ရန်သူအပေါ် ကျွန်ုပ်တို့ရဲ့ အရေးသာမှုက ဘာဖြစ်မလဲ။ ကျွန်ုပ်တို့က စာအုပ်တစ်အုပ်ကြောင့် ပိုတော်တဲ့ သူတွေဖြစ်တယ်။ ဒီစာအုပ်က ယူကရိန်းသမိုင်းကြောင်းဆိုင်ရာ ပြဌာန်းစာအုပ် တစ်အုပ်ဖြစ်တယ်။ ကျွန်ုပ်တို့ရန်သူ အားလုံးအနေနဲ့ ဒီစာအုပ်ကို ဖတ်နိုင်ပြီး၊ မှန်ကန်တဲ့ကောက်ချက်တွေသာ ဆွဲနိုင်မယ်ဆိုရင် ကျွန်ုပ်တို့ ပူပန်သောက ရောက်လိမ့်မည်မဟုတ်ပါ။ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားနိုင်ငံက ကျူးကျော်စစ်တစ်ရပ်ကို စတင်ခဲ့တယ်။ တူညီတဲ့ ထွန်တုံးပေါ်ကိုပဲ နင်းတယ်။ ငါတို့မြေကို လာရောက်ကျူးကျော်သူတိုင်းက အဲဒီအပေါ်မှာ နင်းကြတယ်။ ကျွန်ုပ်တို့အနေနဲ့ မတူညီတဲ့စစ်ပွဲတွေကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်ပါတယ်။ သို့ပေမယ့် သူတို့အားလုံးအနေနဲ့ တူညီတဲ့နောက်ဆုံးရလာဒ်ကိုသာ ရရှိခဲ့ ကြတယ်။ကျွန်ုပ်တို့မြေကို ကျည်ဆံ အမြောက်ဆံတွေနဲ့ ကြဲပက် စိုက်ပျိုးခဲ့ကြတယ်။ ဒါပေမယ့် ဘယ်ရန်သူမှ ဒီမြေပေါ်မှာ အမြစ်တွယ် အခြေချနိုင်ခြင်း မရှိခဲ့ကြဘူး။ ရန်သူ့စစ်ယာဥ်ရထားတွေနဲ့ တင့်ကားတွေဟာ ကျွန်ုပ်တို့ စိုက်ခင်းတွေကို ဖြတ်သန်း မောင်းနှင်ခဲ့ကြတယ်။ သို့ပေမယ့် အသီးအပွင့်တွေကို ၎င်းတို့ မခံစားခဲ့ကြရဘူး။ ရန်သူ့မြှားတွေနဲ့ ဒုံးကျည်တွေဟာ ကျွန်ုပ်တို့ ကောင်းကင်ထက်မှာ ပျံသန်းခဲ့ကြတယ်။ သို့ပေမယ့် မည်သူကမှ ကျွန်ုပ်တို့ ကောင်းကင်ပြာကို အရိပ် မလွှမ်းနိုင်ကြဘူး။ကျွန်ုပ်တို့ရဲ့ လွတ်လပ်တဲ့ စိတ်ဓါတ်ကို ချည်နှောင်နိုင်မယ့် နှောင်ကြိုးမရှိပါ။ လွတ်လပ်တဲ့ ကျွန်ုပ်တို့မြေပေါ် အမြစ်တွယ် အခြေချနိုင်မယ့် ကျူးကျော်သူ မရှိပါ။ ကျွန်ုပ်တို့ရဲ့ လွတ်လပ်တဲ့ ပြည်သူတွေအပေါ် အုပ်ချုပ်နိုင်မယ့် ကျူးကျော်သူ မရှိပါ။တချိန်ချိန်မှာတော့ ကျွန်ုပ်တို့ အနိုင်ရမယ်။ လုယက် ဖျက်ဆီးသူတွေဖြစ်စေ၊ နာဇီဝါဒ ဖြစ်စေ၊ ပထမနှင့် ဒုတိယအမျိုးအစား ပေါင်းစပ်ထားတဲ့ လက်ရှိရန်သူဖြစ်စေ၊ ကျွန်ုပ်တို့ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ ဒီမြေဟာ ကျွန်ုပ်တို့ပိုင်တဲ့ မြေဖြစ်လို့ပါပဲ။ တစ်စုံတစ်ယောက်က father tsar အတွက်, the führer အတွက်၊ ပါတီအတွက်နဲ့ အကြီးအကဲအတွက် တိုက်ခိုက် ပေးနေတာကြောင့် ဖြစ်တယ်။ကျွန်ုပ်တို့က အမိမြေအတွက် တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ ကျွန်ုပ်တို့ဟာ တစုံတယောက်အတွက် တိုက်ခိုက်ပေးခဲ့ခြင်း ဘယ်တုန်းကမှ မရှိခဲ့ပါ။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့အတွက်သာ အမြဲတမ်း တိုက်ပွဲဝင်ပါတယ်။ ကျွန်ုပ်တို့ လွတ်လပ်မှုအတွက်၊ ကျွန်ုပ်တို့ လွတ်လပ်ရေးအတွက် ကျွန်ုပ်တို့ ဘိုးဘေးတွေရဲ့ အောင်ပွဲကို အချည်းနှီး မဖြစ်ရအောင်အတွက်။ ဘိုးဘေးတွေက ကျွန်ုပ်တို့အတွက် လွတ်လပ်မှုရဖို့ တိုက်ခိုက်ခဲ့ကြတယ်။ အနိုင်ရခဲ့ကြတယ်။ကျွန်ုပ်တို့က ကျွန်ုပ်တို့ကလေးတွေအတွက် လွတ်လပ်မှုရဖို့ ကျွန်ုပ်တို့ တိုက်ပွဲဝင်ကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ အနိုင်ရရှိလိမ့်မယ်။ ယူကရိန်း ၈ သန်းကျော် သေဆုံးခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျွန်ုပ်တို့ ဘိုးဘေးတွေ လုပ်ဆောင်ခဲ့ကြတာတွေကို ကျွန်ုပ်တို့ ဘယ်တော့မှ မေ့ဖျောက်မှာမဟုတ်ပါ။ ယူကရိန်း ၅ ဦးမှာ တစ်ဦးက အိမ်ပြန်မရောက်နိုင်ခဲ့ကြပါ။ စုစုပေါင်း စစ်ပွဲက အနည်းဆုံး သန်း ၅၀ သော ဘဝတွေကို သေကျေပျက်ဆီးစေခဲ့တယ်။ကျွန်ုပ်တို့အနေနဲ့ “ငါတို့ နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်တယ်” လို့ မဆိုပါ။ ဘာကြောင့်ဆိုရင် ၂၁၉၄ ရက်ကြာ စစ်ပွဲကြီးကို ထပ်မံဖြစ်စေဖို့ လူရူးတစ်ယောက်ကသာလျှင် ဆန္ဒရှိနိုင်လို့ပါပဲ။ နာဇီအတွေးအခေါ်တွေကို လိုက်နာပြီး၊ နာဇီတွေလုပ်ခဲ့သမျှ ပုံတူကူးလုပ်ဆောင်ပြီး ဟစ်တလာအစိုးရရဲ့ ကြောက်မတ်ဖွယ် ရာဇဝတ်မှုတွေကို တကျော့ပြန်လုပ်ဆောင်နေတဲ့ သူတစ်ယောက်။သူ့မှာ ပျက်ဆီးကိန်းဆိုက်နေပြီ။ ဘာကြောင့်ဆိုရင် သန်းပေါင်းများစွာသော ဘိုးဘေးတွေက သူတို့ကို သတ်ဖြတ်ခဲ့သူတွေအတိုင်း တုပလုပ်ဆောင်ဖို့ သူ့အနေနဲ့ စတင်ချိန်မှာပဲ၊ သူ့အပေါ် ကျိန်စာတိုက်ခဲ့တာကြောင့် ဖြစ်ပါတယ် ထို့အတွက်ကြောင့်ပဲ ၎င်းအနေနဲ့ အရာအားလုံး ဆုံးရှုံးရပါလိမ့်မယ်။မကြာတော့မယ့်အချိန်မှာ ယူကရိန်းနိုင်ငံမှာ အောင်ပွဲနေ့ နှစ်ခု ရှိလာပါလိမ့်မယ်။ တစုံတစ်ယောက် အတွက်တော့ မည်သူမှ ကျန်ရှိလိမ့်မည်မဟုတ်ပါ။ ထိုစဉ်က ကျွန်ုပ်တို့ နိုင်ခဲ့တယ်။ ယခုလည်း ကျွန်ုပ်တို့ အနိုင်ရရှိလိမ့်ဦးမယ်။ထို့နောက်မှာ ခရပ်ရှ်ချတစ်လမ်းမကြီးဟာ ယူကရိန်နိုင်ငံရဲ့ အောင်ပွဲအတွက် စစ်ရေးပြ အခမ်းအနားကြီးကို မြင်တွေ့ရပါလိမ့်မယ်။နာဇီဝါဒအပေါ် အောင်ပွဲနေ့ကို ဂုဏ်ပြုပါတယ်။ယူကရိန်းနိုင်ငံ ဂုဏ်ရောင်ထွန်းပြောင်ပါစေ။"]
https://yktnews.com/2024/07/176186/
ပြည်သူလူထု၏ ဒဏ်ခတ်မှု ခံရမည့် စစ်ကောင်စီဘက်တော်သား Asia World ပိုင်ရှင် စတီဗင်လော
["By LZ", "လားရှိုး တိုက်ပွဲတွေ ရပ်ဖို့၊ အပစ်ရပ်ပြီး စစ်တပ် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာ အမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) ထံ ကို တောင်းဆိုထားတဲ့ စာတစောင်ကို Aisa World ကုမ္ပဏီ ပိုင်ရှင် ထွန်းမြင့်နိုင် ခေါ် စတီဗင်လောက ဇူလိုင် ၂၄ ရက်နေ့မှာ တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။", "စတီဗင်လော အပါအဝင် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ခရိုနီ တွေဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး တိုင်းပြည်သယံဇာတတွေ ထုတ်ရောင်းတာ၊ ပြည်သူတွေဆီကနေ မတရားအမြတ်ထုတ်တာတွေလုပ်ဆောင်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာ မြင့်နေပြီဖြစ်ပါတယ်။", "အခုအခါမှာတော့ စစ်တပ်ဘက် ရပ်တည်ပြတဲ့အနေနဲ့ စစ်ပွဲတွေရပ်ဖို့ စစ်တပ်အလိုအတိုင်း တောင်းဆိုလာတာဖြစ်ပါတယ်။ ပြည်သူလူထုကို စစ်တပ်က သတ်ဖြတ်နေချိန်က တိတ်ဆိတ်နေခဲ့တဲ့ ထွန်းမြင့်နိုင်က လက်ရှိ စစ်တပ် အရှုံးတွေနဲ့ အလူးအလဲ ဖြစ်နေချိန်မှာမှ အသံထွက်လာတာဟာ အင်မတန်ကို ရွံ့ရှာစရာကောင်းလှပါတယ်။", "ရှမ်းမြောက်မှာ ကိုးကန့်တပ် အပါအဝင် တော်လှန်ရေး အင်အားတွေ စစ်ရေးအောင်ပွဲတွေ ရနေချိန်မှာ စစ်တပ် နဲ့ စေ့စပ်ရေးလမ်းကြောင်းကို ခရိုနီ ထွန်းမြင့်နိုင် တောင်းဆိုလိုက်မှုဟာ မြန်မာ ခရိုနီ အားလုံးရဲ့ အတွင်းစိတ်ကို ကိုယ်စားပြုဖော်ပြလိုက်မှုလည်း ဖြစ်ပါတယ်။ သူတို့တွေရဲ့ အကျိုးစီးပွားတွေ၊ ပိုင်ဆိုင်မှုတွေအတွက် စစ်အာဏာရှင်တွေ အာဏာ ဆက်လက်တည်မြဲအောင် ခရိုနီတွေက ကြိုးစားနေတယ်ဆိုရင် မမှားနိုင်ပါဘူး။ စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ရဲ့ Asia World ပိုင်ဆိုင်မှုတွေဟာလည်း စစ်တပ်နဲ့ပူးပေါင်းရာက ရလာတဲ့ ငွေတွေဖြစ်ပါတယ်။", "စစ်တပ်နဲ့ပေါင်းတဲ့အပြင် သူ့ရဲ့ ဥစ္စာ စီးပွားငွေကြေးတွေဆိုတာကလည်း တရား မဝင် မူးယစ်ဆေးဝါး ဘိန်းရောင်းခဲ့တဲ့ ဘိန်းဘုရင်လည်းဖြစ် ဖခင်လည်းဖြစ်တဲ့ လော်စစ်ဟန် ဆီက ဆင်းသက်လာတာဖြစ်ပါတယ်။", "စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ရဲ့ ဇစ်မြစ်ကို တူးဖော်ကြည့်ရအောင်ပါ။ သူရဲ့ ဖခင် ဘိန်းဘုရင် လော်စစ်ဟန်ဟာ စစ်အာဏာရှင် နေဝင်းလက်ထက်မှာ လက် နက်ကိုင်ပြီး မှောင်ခိုဘိန်းကုန်သွယ်ခဲ့တာပါ။ Kokang Export-Import And Construction ကုမ္ပဏီ ကို လော်စစ်ဟန်က ၁၉၈၉ ခုနစ်၊ အောက်တိုဘာလ မှာ စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီ နောက်မှာ Asia World ကုမ္ပဏီ ကို ၁၉၉၂ ခုနစ်၊ ဇွန်လ မှာ ထူထောင်ခဲ့ပါတယ်။ အဲဒီ နောက်မှာ ဈေးဝယ်စင်တာတွေ၊ မူးယစ်ဆေးဝါးကနေ ရရှိလာတဲ့ ငွေကြေး ခဝါချမှုတွေ ကို လုပ်ဆောင်လာပါတယ်။ ၁၉၉၆ ခုနစ်မှာ Asia World ဆိပ်ကမ်း နဲ့ ကုန်သည်ကြီးများ ဟိုတယ် (လက်ရှိ ဆူးလေရှန်ဂရီလာဟိုတယ်) တို့ကို ဆောက်လုပ် လုပ်ကိုင်ခဲ့ပါတယ်။", "လားရှိုး-မူဆယ် လမ်းကို စတီဗင်လော တို့ကပဲ ၁၉၉၆ ခုနစ်မှာ ဆောက်လုပ်ခွင့်ရခဲ့သလို မူဆယ်-နမ့်ခမ်းလမ်း၊ နောင်ချို-လားရှိုးလမ်း၊ ကျောက်မဲ-လားရှိုးလမ်းတို့ကိုလည်း ဆောက်လုပ်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ လေဆိပ် လုပ် ငန်းတွေပါ လုပ်ကိုင်လာပြီး ရန်ကုန် နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်တွေကို Asia World ကပဲ လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကိုရရှိဖို့လည်း စစ်တပ်နဲ့ ထဲထဲဝင်ဝင်ပတ်သက်နေတာပါ။", "နေပြည်တော်မှာ ရှိတဲ့ စစ်အာဏာရှင် သန်းရွှေ အိမ်ကိုလည်း စတီဗင်လောပဲ ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အရပ်သား ပြည်သူတွေကို ဗုံးကြဲ သတ် ဖြတ်နေတဲ့ စစ်တပ်ကို လေယာဉ်ဆီ တင်သွင်းပေးတဲ့ Yangon Aerodrome Company ကို စတီဗင်လော တို့ ပိုင်ဆိုင်ပါတယ်။ အဲဒါကြောင့်ပဲ အမျိုးသားညီညွတ်ရေး အစိုးရ က ၂၀၂၂ ခုနစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။", "အထက်ပါ လုပ်ငန်း နယ်ပယ်တွေ ကို ကြည့်ရင် စစ်အာဏာရှင်တွေ နဲ့ ခရိုနီ စတီဗင်လော ကြား ဆက်နွယ်မှု ကို ရှင်းလင်းစွာ သိနိုင်ပါတယ်။ အဲဒီ အတွက် လားရှိုး တိုက်ပွဲမှာ ကိုးကန့် တပ်တွေကို စစ်တပ် နဲ့ စေ့စပ်ရေး သူရဲ့ တောင်းဆိုမှု ဟာ ရိုးသားမှု မရှိဘူး၊ ကိုယ်ကျိုးစီးပွားကို အဓိက ထားပြီး လူထုရဲ့ ဒုက္ခကို လျစ်လျူရှုထားတယ်ဆိုတာ ပေါ်လွင်စေပါတယ်။", "စတီဗင်လောရဲ့ အပစ်ရပ်ရေး၊ စစ်တပ် နဲ့ စေ့စပ်ရေး တောင်းဆိုချက်တွေဟာ ရိုးသားမှုလည်း မရှိတာကတော့ အကျိုးစီးပွားတွေက သက်သေဖြစ်ပါတယ်။။ ဒါပေမယ့်လည်း ဒီနေ့မှာတော့ ကိုးကန့် MNDAA တပ်ဖွဲ့တွေက စစ်အာဏာရှင်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာကို လားရှိုး ရမခတိုင်းဌာနချုပ်ကိုပါ တက်သိမ်းပြီးတော့ သက်သေပြနေပါပြီ။", "ပြည်သူလူထု ကို အဲဒီ လို စီးပွားရေး နည်းလမ်း နဲ့ နှစ်ပေါင်းများစွာ အမြတ်ထုတ်လာတဲ့ Asia World ကုမ္ပဏီအနေနဲ့ ပြည်သူ လူထုတစ်ရပ်လုံးပါဝင်နေတဲ့ နွေဦး တော်လှန်ရေးကို စစ်တပ်ဘက်က ရပ်တည်ပြီး ပေါ်ပေါ်တင်တင်ဆန့်ကျင်နေပါပြီ။", "စစ်တပ်ဘက်က ရပ်တည်ပြနေတဲ့ Aisa World အနေနဲ့ အခုနွေဦးတော်လှန် ရေးမှာ ပြည်သူလူထုဘက်က မရပ်တည်ခဲ့မှုနဲ့ စစ်တပ်ဘက်တော်သားအဖြစ် အသုံးတော်ခံခဲ့မှုအတွက် မကြာခင်မှာ ကြီးကြီးမားမား ပြန်လည် ပေးဆပ်ပြီး လူထုရဲ့ဒဏ်ခတ်မှုကို မလွဲမသွေခံရမယ်ဆိုတာက အသေအချာပါပဲ။", "တစ်နိုင်ငံလုံးအရှိန်တက်လာနေတဲ့ နွေဦးတော်လှန်ရေး အောင်ပွဲတွေနဲ့အတူ ပြည်သူတွေဟာ စစ်တပ်ဘက်တော်သား ခရိုနီတွေကို တော်လှန်ရေးအပြီးနဲ့ တော်လှန်ရေးကာလအတွင်းမှာလည်း သပိတ်မှောက်ခြင်းဖြင့် တိုက်ရိုက် ဒဏ်ခတ်အရေးယူမှုတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုနေပြီဖြစ်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/08/27594/
အာဏာသိမ်းပြီး ၁၈လအကြာတွင် မြန်မာ့ငြိမ်းချမ်းရေးအတွက် သေချာသော ပွဲသိမ်းအဖြေတစ်ခု လိုအပ်နေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
["By Maria Siow", "မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေသူများနှင့် အာဆီယံက တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဆော်ဩလျက်ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံအားလုံး၏ တစ်ပြေးညီ လိုလားမှုကား မတွေ့ရှိရသေးပေ။", "ယမန်နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အဆုံးသတ်စေရေး “တရုတ်၊ အိန္ဒိယ၊ ဂျပန်ကဲ့သို့ နိုင်ငံများထံမှ ပြင်ပ အကူအညီများ” ရယူရန်လည်း သူကအကြံပြုသည်။", "တုံ့ဆိုင်းနှေးကွေးနေသော မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သေချာသော ပွဲသိမ်းအဖြေ တစ်ခုရရှိရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဆော်ဩမှုအား ဒေသဆိုင်ရာ စောင့်ကြည့်လေ့လာသူများက သတိကြီးစွာဖြင့် ကြိုဆိုခဲ့ကြသည်။", "အဆိုပါစောင့်ကြည့်လေ့လာသူများသည် အချို့အာဆီယံအဖွဲ့ဝင်များအနေဖြင့် မြန်မာစစ်တပ်အား တင်းတင်းမာမာ ကိုင်တွယ်ရန်လိုအပ်သည်ကို သဘောပေါက်သင့်ကြောင်း ထောက်ပြထားကြသူများ ဖြစ်သည်။", "ဆောင်ရွက်မည့်လုပ်ငန်းစဉ် တစ်ခုခုအတွက် အာဆီယံတစ်ဖွဲ့လုံး၏ သဘောတူညီမှုရရှိရန်မှာ ခက်ခဲနိုင်သည်ဟု လေ့လာဆန်းစစ်သူတစ်ဦးက ရှုမြင်သုံးသပ်သည်။", "မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရှင်းလင်းပြတ်သားသော အဆုံးသတ် အဖြေတစ်ခုရရှိရန် မလေးရှားက လိုလားပြီး အာဆီယံအနေဖြင့် စစ်ကောင်စီ၏ အတိုက်အခံများနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဩဂုတ်လ ၁၀ရက် ကပြောဆိုခဲ့သည်။", "ထို့အပြင် ပိုမိုထိရောက်မှုရှိစေရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက် ပိုမိုတိုးမြှင့် သတ်မှတ်သင့်ကြောင်းနှင့် အခြားနိုင်ငံများကိုလည်း ဆွေးနွေးမှုစားပွဲဝိုင်းထဲသို့ ဖိတ်ခေါ်သင့်ကြောင်း ၎င်းကဆက်လက် အဆိုပြုသည်။", "ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ စမ်းသပ်ကာလကို အဆုံးသတ်သွားစေခဲ့သော ယမန်နှစ်အာဏာသိမ်းမှု နောက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်လာသည့် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်တော်လှန်မှုများ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ အသေအပျောက်များသော အင်အားအသုံးပြုမှုများ နှင့်အတူ မြန်မာနိုင်ငံသည် အကြမ်းဖက်မှု သံသရာစက်ဝိုင်းအတွင်း ချောင်ပိတ်မိနေလျက်ရှိသည်။", "စစ်အုပ်ချုပ်ရေးအား ဆန့်ကျင်သည့်နိုင်ငံရေးသမားများကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့အပြီး နေပြည်တော်အပေါ် တင်းမာသော ရပ်တည်ချက်ထားရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ)နှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ရမည်ကို အာဆီယံက သဘောပေါက်လာပုံရသည်ဟု စင်္ကာပူ အမျိုးသားတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ချောင်ဂျအီယန်က ဆိုသည်။", "စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၁ခုနှစ်အာဏာသိမ်းမှုကြောင့် ပြုတ်ကျခဲ့သော ရွေးကောက်ခံ ဥပဒေပြုအမတ်များ၊ လွှတ်တော်အမတ်များဖြင့် အင်န်ယူဂျီ အစိုးရကို ဖွဲ့စည်းထားသည်။", "“မြန်မာ့အရေးမှာ လတ်တလော ရှင်းလင်းပြတ်သားတဲ့ အဖြေ မရရှိနိုင်သေးတဲ့ အခုလိုအခြေအနေမျိုးမှာ [အင်န်ယူဂျီနဲ့ ချိတ်ဆက်ပူးပေါင်းဖို့] အထူးပင် အရေးကြီးပါတယ်” ဟု ချောင်ကပြောဆိုသည်။", "သို့သော် ထိုသို့အင်န်ယူဂျီနှင့် ချိတ်ဆက်ခြင်းက ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးဟူသော အာဆီယံ၏ အစဉ်အလာကို ပြောင်းလဲရာရောက်နိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပင် ထောက်ပြပြောဆိုခဲ့ရာ အာဆီယံနိုင်ငံများအကြား လုပ်ငန်းစဉ်တစ်ရပ်ရပ်အပေါ် သဘောတူညီမှု ရရှိရန်မှာ စိန်ခေါ်မှု ပိုမိုကြီးမားနိုင်သည် ဟု ချောင်ကဆွေးနွေးတင်ပြသည်။", "၁၉၆၇ခုနှစ် စတင်တည်ထောင်ဖွဲ့စည်းစဉ်ကတည်းက အာဆီယံဒေသဆိုင်ရာ အဖွဲ့ဝင်များသည် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ပြင်ပကြားဝင် စွက်ဖက်မှုမပါရှိဘဲ ၎င်းတို့ကိုယ်တိုင် ဖြေရှင်းရမည်ဟု ဘုံသဘောတူညီချက်တစ်ခု ချမှတ်ထားခဲ့သည်။", "သို့ရာတွင် အဖွဲ့ပေါင်းစုံပါဝင်သည့် ဆွေးနွေးမှုများပြုလုပ်ရန်၊ လူသားချင်း စာနာမှုအကူအညီများ ဝင်ရောက်ပေးအပ်နိုင်ရန်နှင့် ရန်လိုမှုများ အဆုံးသတ်ရန် စသည့်အချက်များ ပါဝင်သော အစီအစဉ်ကို မြန်မာစစ်ကောင်စီက လိုက်နာမှုမရှိခြင်းအပေါ် အချို့အာဆီယံနိုင်ငံများက သည်းခံနိုင်မှု လျော့နည်းလာကြသည် ဟုဆိုသည်။", "အင်န်ယူဂျီနှင့် အလွတ်သဘော ဆက်သွယ်ရေးလမ်းကြောင်းများ တည်ထောင်ထားပြီးဖြစ်သော အချို့အဖွဲ့ဝင်များသည် လွန်ခဲ့သည့်အပတ်က ကျင်းပခဲ့သော အာဆီယံဝန်ကြီးများ အစည်းအဝေးအပြီးတွင် မြန်မာစစ်ကောင်စီ မဟုတ်သော အခြားအဖွဲ့အစည်းတစ်ခုခုနှင့် ချိတ်ဆက်ဆောင်ရွက်ရန် စဉ်းစားလာကြကြောင်း ယူဆွဖ်အီရှက်ခ်တက္ကသိုလ် အာဆီယံလေ့လာရေးဌာနမှ အကြီးတန်းအဖွဲ့ဝင်နှင့် ညှိနှိုင်းရေးမှူး ရှရွန်ဆီးယား ကပြောသည်။", "“ကမ်ပူးချားအရေးအခင်း ကာလတုန်းက အိမ်နီးနားချင်းနိုင်ငံတွေဟာ ကမ္ဘောဒီးယားနိုင်ငံက အတိုက်အခံ အဖွဲ့အမျိုးမျိုးနဲ့ အလားတူ ချိတ်ဆက်ဆောင်ရွက်ဖူးတာကို အာဆီယံ မူလအဖွဲ့ဝင်နိုင်ငံများက ပြန်ပြောင်းအမှတ်ရနိုင်ပါတယ်” ဟု ဆီးယားက ပြောဆိုသည်။", "ထိုသို့ချိတ်ဆက်ခဲ့သောအဖွဲ့များတွင် ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် အတိုက်အခံ Funcinpec တော်လှန်ရေးအဖွဲ့များလည်း အပါအဝင်ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။", "(ဗီယက်နမ်ကထောက်ပံ့ခဲ့သည့်) ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် ၁၉၇၉ မှ ၁၉၈၉ ခုနှစ်အထိ တည်ရှိ ခဲ့သောအဖွဲ့ဖြစ်ကာ ကမ္ဘောဒီးယား၌ ခမာနီတို့၏ ဖိနှိပ်အုပ်ချုပ်မှုကို မကျေနပ်၍ ၎င်းတို့ထံမှ ထွက်ပြေးကူးပြောင်းလာသော ဆန့်ကျင်တော်လှန်သူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ Funcinpec အဖွဲ့မှာမူ ၁၉၈၁ခုနှစ်တွင် သီဟာနုဘုရင်က တော်လှန်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သော ဘုရင့်သစ္စာတော်ခံ နိုင်ငံရေးအုပ်စုဖြစ်ကာ ထိုအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံရေးတွင် ယနေ့ထက်တိုင် ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။", "၁၉၇၈မှ ၁၉၉၁ခုနှစ်အထိ ကြာမြင့်ခဲ့သည့် ကမ်ပူးချားအရေးအခင်းအတွင်း ၁၉၇၈ခုနှစ်၊ ဒီဇင်ဘာလတွင် ခမာနီခေါင်းဆောင် ပိုပေါ့အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့် ဗီယက်နမ်ကျူးကျော်စစ်ကို ကြုံတွေ့ခဲ့ရကာ ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ကျင်းပသည့် ၁၉၉၁ခုနှစ် ရွေးကောက်ပွဲများအပြီးတွင် ပဋိပက္ခများ အဆုံးသတ်သွားခဲ့သည်။", "အဆိုပါရွေးကောက်ပွဲများမတိုင်မီ ၁၉၉၀ ပြည့်နှစ်တွင် ကမ်ပူးချားနိုင်ငံကို ကမ္ဘောဒီးယားနိုင်ငံအဖြစ် အမည်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။", "မလေးရှားအမျိုးသားတက္ကသိုလ်၊ မဟာဗျူဟာလေ့လာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ အကြီးတန်းကထိက ဟူချီအာပင်ကမူ မည်သို့တုံ့ပြန်မည်ကို အာဆီယံတစ်နိုင်ငံချင်းစီက ဆုံးဖြတ်ရမည်ဖြစ်သလို မြန်မာနိုင်ငံအပေါ် ယခင်ကနားလည်ထားရှိမှု၊ မြန်မာစစ်တပ်နှင့် ဆက်ဆံရေး တည်ဆောက်ထားမှုတို့အပေါ် အခြေခံလျက် အင်န်ယူဂျီနှင့် ပူးပေါင်းခြင်း၏ အကျိုးနှင့်အပြစ်များကို တစ်နိုင်ငံချင်းအလိုက် စဉ်းစားနိုင်ကြောင်း ပြောဆိုသည်။", "“အဓိက အကျိုးသက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဖို့ တွန်းအားပေးလိုတယ်ဆိုတာ မလေးရှားရဲ့ တောင်းဆိုမှုက ဖော်ပြနေတယ်။ဒါပေမဲ့ အာဆီယံတူညီဆန္ဒငါးချက်ကို [စစ်တပ်က] လိုက်နာခြင်း မရှိတဲ့အတွက် ဒါဟာအကျိုးရှိမယ်လို့တော့ တထစ်ချယူဆထားလို့ မရပါဘူး” ဟု ဟူကထောက်ပြသည်။", "အကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်ရန်၊ အဖွဲ့အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်ရန် တို့အပါအဝင် တူညီဆန္ဒငါးရပ်ကို အာဆီယံက ရေးဆွဲခဲ့သော်လည်း ၎င်းအစီအစဉ်မှာ တိုးတက်မှုမရရှိခဲ့ပေ။", "ဆွေးနွေးပွဲအတွင်း အခြားနိုင်ငံများကို ဖိတ်ခေါ်ရန် ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ အကြံပြုချက်နှင့် စပ်လျဉ်း၍ ၎င်းမှာစစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် တရုတ်နိုင်ငံသာမက ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု တို့ကိုပါ ဆိုလိုခြင်း ဖြစ်ဖွယ်ရှိသည်ဟု ချောင်က ပြောကြားသည်။", "“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအထဲမှာ မြန်မာ့အရေး ဒီလိုရဲတင်းတဲ့ ရပ်တည်ချက်မျိုးကို ထုတ်ဖော် ပြောဆိုသူဟာ ဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ တစ်ဦးတည်းရှိတဲ့အတွက် အာဆီယံနိုင်ငံများအကြား ဒီအဆိုအပေါ် ထောက်ခံမှုအပြည့်အဝ မရရှိသေးဘူးလို့ ယူဆနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။", "“မလေးရှားမှာ ရွေးကောက်ပွဲတွေရှိနေပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့လည်း ဦးတည်နေတဲ့အတွက် ဝန်ကြီး ဆိုင်ဖူဒင်အနေနဲ့ မလေးရှားပြည်တွင်းရေး အနေအထားကို ထည့်တွက်ပြောဆိုတာမျိုးလဲ ဖြစ်နိုင်ပါတယ်” ဟု နောက်နှစ် စက်တင်ဘာမတိုင်မီ ကျင်းပရမည်ဖြစ်သော်လည်း ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် မျှော်လင့်ထားသည့် မလေးရှားရွေးကောက်ပွဲများကို ရည်ညွှန်းလျက် ချောင်ကဆက်လက် ပြောကြားသည်။", "ဆီးယားကမူ ဝန်ကြီး ဆိုင်ဖူဒင်၏ ပြောဆိုမှုသည် တရုတ်၊ အီးယူနှင့် အမေရိကန်ပြည်ထောင်စု တို့အပြင် ဩစတြေလျ၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် ယူနိုက်တက် ကင်းဒမ်းနိုင်ငံများ ပါဝင်သည့်အာဆီယံ ဆွေးနွေးဖက်နိုင်ငံများကို ဖိတ်ခေါ်သင့်သည် ဟုဆိုလိုခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။", "တရုတ်၊ အိန္ဒိယနှင့် ဂျပန်ကဲ့သို့နိုင်ငံများသည် မြန်မာ့အရေးတွင် အကျိုးစီးပွားများရှိနေနိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့က ပါဝင်ကူညီလိုကြဖွယ် ရှိသည်ဟု ဆီးယားကဆိုသည်။", "“ပွင့်ပွင့်လင်းလင်း အားပေးထောက်ခံတာမျိုးကိုတော့ နိုင်ငံတိုင်းက ဆောင်ရွက်လိုမှာ မဟုတ်ဘူး။ တချို့နိုင်ငံတွေက နောက်ကွယ်ကနေပဲ တိတ်တဆိတ် ပါဝင်လိုကြတယ်” ဟု ၎င်းက ပြောကြားသည်။ ဝန်ကြီး ဆိုင်ဖူဒင်မှာ တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ဖူးသဖြင့် ထိုရပ်တည် ပြောဆိုချက်မှာ ဝန်ကြီး၏ပင်ကိုသဘာဝ ဟုဆိုနိုင်ကြောင်းလည်း ၎င်းကထောက်ပြသည်။", "“မြန်မာပြည်တွင်း၊ ပြည်ပက မတူကွဲပြားတဲ့ အကျိုးသက်ဆိုင်သူ အုပ်စုတွေအကြား နှစ်ဖက်လုံးနဲ့ သံတမန် ဆက်ဆံမှု အလိုက်အထိုက် ထားရှိခြင်းဟာ အာဆီယံအတွက် မကောင်းဘူးလို့တော့ ဆိုလို့မရပါဘူး”ဟု ဆီးယားက ဆိုသည်။", "ဝန်ကြီးဆိုင်ဖူဒင် သုံးနှုန်းခဲ့သော “ပြင်ပအကူအညီ” ဆိုသည့်စကားလုံးမှာ နိုင်ငံခြားအစိုးရများကို မဆိုလိုဘဲ နှစ်ဖက်ရန်လိုသူများကို အောင်မြင်စွာ ပေါင်းစည်းပေးနိုင်သည့် မှတ်တမ်းများရှိသော အစိုးရမဟုတ်သည့် အဖွဲ့များကို ရည်ညွှန်းခြင်း ဖြစ်နိုင်ကြောင်း ဟူကသုံးသပ်သည်။", "“ဆွေးနွေးပွဲတွေကို အထောက်အကူပြုဖို့ မတူကွဲပြားမှုနှင့် အတူယှဉ်တွဲနေထိုင်ရေး ချဉ်းကပ်မှုနဲ့ ဒီအန်ဂျီအိုတွေ၊ နိုင်ငံစုံအဖွဲ့တွေကို တတိယအဖွဲ့ စေ့စပ်ညှိနှိုင်းသူအဖြစ် သို့မဟုတ် စေ့စပ်ညှိနှိုင်းရေး စင်မြင့်အဖြစ် ကြိုဆိုနိုင်ပါတယ်” ဟုလည်း ဟူကမှတ်ချက်ပြုသည်။", "အာဆီယံ တူညီဆန္ဒငါးရပ်မှာ မအောင်မြင်ကြောင်း အာဆီယံပြင်ပမှ အဓိက အကျိုးသက်ဆိုင်သူ အများအပြားက သိရှိနားလည်ပြီးဖြစ်သဖြင့် “ကြားဖြတ်အင်အားစုအသစ်” တစ်ရပ် အရေးပေါ် လိုအပ်နေပြီ ဖြစ်ကြောင်း ဟူကသုံးသပ်သည်။", "“မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ဖို့ (ဒီအင်အားစုဟာ) အဖွဲ့အားလုံးကို အမှန်တကယ် ချိတ်ဆက် ပေးနိုင်လိမ့်မယ်။ အာဆီယံဒေသအတွင်း မြန်မာ့အရေးဟာ ကာလရှည် ပဋိပက္ခကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမှာကို ဘယ်သူမှ မလိုလားပါဘူး” ဟု ဟူက ပြောဆိုသည်။", "(South China Morning Post ပါ Maria Siow ၏ “18 months after coup, Myanmar needs a ‘clear endgame’ for peace, urges Malaysia’s Foreign Minister Saifuddin Abdullah” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)"]
https://yktnews.com/2022/12/72504/
မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းစခန်းများမှ တိုက်ရိုက် သတင်းစကားများ
["By Michael Martin", "မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့မှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အဖွဲ့ဝင်များအပြင် အခြားသူများနှင့် တွေ့ဆုံရန် စာရေးသူသည် အိန္ဒိယနိုင်ငံ အိုက်ဇောမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်မြို့များသို့ အောက်တိုဘာလလယ်က သွားရောက်ခဲ့သည်။", "တစ်စိတ်တစ်ပိုင်းအားဖြင့် စနစ်တကျ ပြင်ဆင်ထားသော အင်တာဗျူး အများအပြား ပြုလုပ်ခဲ့ပြီးနောက် စာရေးသူသည် ပဋိပက္ခ၏ ပကတိ အခြေအနေများကို ကိုယ်တွေ့ကြားသိခဲ့ရသလို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများအနေဖြင့် ၎င်းတို့၏ တိုက်ပွဲအောင်နိုင်ရေးအတွက် အမေရိကန်အစိုးရထံမှ မည်သည့်အကူအညီများ ရရှိရန် လိုလားနေသည်ကို သိရှိခွင့်ရရှိခဲ့သည်။", "ဤဆောင်းပါးတွင် အဆိုပါ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်များကို အကျဉ်းချုပ်တင်ပြကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အဓိကအခြေအနေများကို ကောက်နုတ် ဆွေးနွေးထားသည်။", "အဆိုပါတွေ့ဆုံမှုများအပြီး ရုပ်လုံးပေါ်လာခဲ့သည့် အနေအထားမှာ ဝါရှင်တန်က သိရှိထားသည်နှင့် တစ်နည်းတစ်ဖုံ ကွဲလွဲလျက်ရှိသည်။ စာရေးသူပြုလုပ်ခဲ့သည့် အင်တာဗျူးများအရ မြန်မာစစ်ကောင်စီတပ်ဖွဲ့များသည် ငွေအားလူအား ပစ္စည်းရင်းမြစ် ပြတ်လပ်မှုနှင့် စိတ်ဓာတ်ပျက်ပြားမှုများကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေရကာ ၎င်းတို့၏တိုက်ခိုက်နိုင်စွမ်းကို ကြီးမားစွာ ထိခိုက်လျက်ရှိသည် ဟုဆိုသည်။", "ဆန့်ကျင်ဘက်အားဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ EAO နှင့် PDF ပူးပေါင်း တပ်ဖွဲ့များသည် ယခင် စစ်ကောင်စီ ထိန်းချုပ်ထားသော နယ်မြေများအတွင်းသို့ ထိုးစစ်ဆင် ချင်းနင်း ဝင်ရောက်လျက်ရှိကြသည်။", "အချို့ဖြစ်ရပ်များတွင် EAO နှင့် PDF များသည် ၎င်းတို့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေသစ်များကို အပြည့်အဝ ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ဒေသန္တရကြားဖြတ် အစိုးရများကိုပင် တည်ထောင်ဖွဲ့စည်းလာလျက် ရှိသည်။", "စစ်ကောင်စီအပေါ် အောင်ပွဲဆင်နိုင်မည့် အလားအလာမှာ ပိုမိုဖြစ်နိုင်ချေရှိလာသဖြင့် အဓိက EAO အဖွဲ့တိုင်းသည် မိမိတို့ပြည်နယ်အသီးသီး၌ အစိုးရသစ်တစ်ခု ဖွဲ့စည်းနိုင်မည့် နည်းလမ်းကို ရှာကြံနေကြသည်။", "ထိုသို့ နည်းလမ်းကြံဆမှုများကို တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍ သော်လည်း ဆောင်ရွက်လျက်ရှိသောကြောင့် ၎င်းတို့ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖက်ဒရယ်သမ္မတ နိုင်ငံသစ်တစ်ခုဖွဲ့စည်းရန် ဖြစ်နိုင်ခြေရှိလာခဲ့သည်။", "ကိုယ်တိုင်ဖွဲ့စည်း တည်ထောင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် ရံဖန်ရံခါအဆိုပါ ဆွေးနွေးပွဲများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသော်လည်း EAO နှင့်PDF အဖွဲ့များ သိရှိထားသမျှ ဆွေးနွေးမှုများကို NUG က ဦးဆောင်နေခြင်း မရှိပေ။ အချို့သော EAO နှင့်PDF အဖွဲ့များအတွင်း၌ လွတ်လပ်သော နိုင်ငံတစ်ခု တည်ထောင်ဖွဲ့စည်းနိုင်မည့် ဖြစ်နိုင်ချေ အလားအလာကိုပါ ထည့်သွင်းစဉ်းစားလျက်ရှိကြသည်။", "စစ်ကောင်စီတပ်ဖွဲ့များသည် လုံးဝပြိုလဲတော့မည့် အနေအထား၌ ရောက်ရှိနေဖွယ်ရှိကြောင်း အချက်အလက်များက ညွှန်ပြနေသည်ဟု ဇွန်လအတွင်းက စာရေးသူ၏ ခန့်မှန်းသုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့ဖူးသည်။", "ယခုခရီးစဉ်အတွင်း စာရေးသူတွေ့ဆုံ မေးမြန်းရရှိခဲ့သည့် အသေးစိတ် အချက်အလက်များအရလည်း ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွှဲနိုင်ရေး စစ်ကောင်စီတပ်များ ရုန်းကန်နေကြရကြောင်း နောက်ထပ်သက်သေ အထောက်အထားများ ပေါ်ထွက်လာသည်။", "သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများတွင် မကြာသေးမီက ထုတ်လုပ်ထားသည့် ရက်စွဲများ ဖော်ပြပါရှိသဖြင့် စစ်ကောင်စီအနေဖြင့် သိုလှောင်ထားသော ခဲယမ်းမီးကျောက်များ ကုန်ခမ်းသွားပြီး မိမိတပ်ဖွဲ့များအတွက် ပြန်လည်ဖြည့်တင်းပေးရန် ခဲယမ်းအသစ် ထုတ်လုပ်မှုအပေါ် မှီခိုနေရကြောင်း ထင်ရှားနေသည်။", "အလားတူပင် စစ်ကောင်စီတပ်များက စွန့်ပစ်ခဲ့သည့် သေနတ်နှင့် မော်တာများသည် ဆေးရောင်ကောင်းစွာ မသုတ်ထားသလို သေသေသပ်သပ် အချောကိုင်ထားခြင်းလည်း မရှိသဖြင့် စစ်တပ်၏ လက်နက်စက်ရုံများအနေဖြင့် အလျင်မီအောင် ကတိုက်ကရိုက် ထုတ်လုပ်နေရသည့် လက္ခဏာဖြစ်သည်။", "စစ်ကောင်စီလေယာဉ်များက ကြဲချသည့် ဗုံးအများအပြားသည် ပေါက်ကွဲခြင်းမရှိဘဲ စနက်တံအပိုင်း ချွတ်ယွင်းနေကြောင်း စစ်ဆေးတွေ့ရှိရသည်။", "စစ်ကောင်စီလေယာဉ်များသည် ဒေသအပေါ် ဖြတ်ကျော်ပျံသန်းမှုများ ပြုလုပ်နေသော်လည်း ဗုံးကြဲချခြင်းများကို ပြုလုပ်လေ့မရှိကြပေ။ ထိုသို့ ပျံသန်းရုံ ပျံသန်းနေခြင်းမှာ ပစ်မှတ်ထားသည့် လူ့အဖွဲ့အစည်းအတွက် သို့လောသို့လောနှင့် ထိတ်လန့်တုန်လှုပ်စေအောင် ရည်ရွယ်ခြင်း ဖြစ်နိုင်သော်လည်း စစ်ကောင်စီလေတပ်တွင် လက်နက်ပစ္စည်း အကန့်အသတ်ရှိနေသဖြင့် ချွေတာသုံးစွဲနေရသည့် အနေအထားလည်း ဖြစ်နိုင်သည်။", "၎င်းလက္ခဏာများကို ပေါင်းစပ်စဉ်းစားကြည့်သည့်အခါ စစ်ကောင်စီသည် မိမိစစ်တပ်အတွက် လိုအပ်သော လက်နက်ပစ္စည်းထောက်ပံ့ရေးတွင် အခက်အခဲများ တွေ့ကြုံနေရသည်ဟု EAO နှင့်PDF များက ရှုမြင် သုံးသပ်လျက်ရှိသည်။", "တွေ့ဆုံမေးမြန်းခဲ့သည့် EAO နှင့်PDF ကိုယ်စားလှယ်များ၏ အဆိုအရ စစ်ကောင်စီသည် ၎င်း၏တပ်ဖွဲ့ဝင် အင်အားကို ထိန်းသိမ်းနိုင်ရေး အတွက်လည်း အခက်ကြုံနေရသည်ဟု သိရှိရသည်။ ပုံမှန်အားဖြင့် တပ်သား ၁၂၀ ရှိရမည့် တပ်ခွဲတစ်ခုသည် လက်တွေ့စစ်မြေပြင်၌ အင်အား ၆၀ မှ ၈၀ ခန့်ဖြင့်သာ တိုက်ပွဲဝင်နေရသည်။", "တိုက်ပွဲအတွင်း အကျအဆုံးများနှင့် ရေရှည်တွေ့ကြုံနေရသော တပ်စုများကို တပ်သားသစ်များဖြင့် အင်အားပြန်လည် ဖြည့်တင်းပေးခြင်းမရှိဘဲ လျော့နည်းအင်အားဖြင့်ပင် အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ချထားလျက် ရှိသည်။", "အချို့ဖြစ်ရပ်များ၌ စစ်သားများအား ဆန်အိတ်များအစား ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရိက္ခာအဖြစ်ပေးဝေနေကြသည်။ သို့ဖြစ်၍ စစ်ကောင်စီသည် စစ်တပ်ရိက္ခာ ထောက်ပံ့ရေးအတွက်လည်း အခက်အခဲ ဖြစ်နေရသည်ဟု EAO နှင့်PDF များက ရှုမြင်သုံးသပ်ကာ ယင်းအချက်ကြောင့်ပင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ပျက်ပြား လျက်ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။", "စစ်ကောင်စီ တပ်ရင်းတစ်ခုသည် EAO တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ရန်စေခိုင်းခြင်းကို ငြင်းဆန်ကြောင်း သတင်းရရှိရာ ၎င်းမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားနေခြင်း၏ နောက်ထပ်သက်သေတစ်ခုပင် ဖြစ်သည်။", "EAO နှင့် PDF များသည် မူလက ခုခံကာကွယ်ရေးဗျူဟာကို ကျင့်သုံးနေရာမှ ယခုအခါ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဝင်ရောက်ထိုးစစ်ဆင် လာကြသည်ဟု စာရေးသူနှင့် တွေ့ဆုံခဲ့သူများက ဆိုကြသည်။", "အနောက်မြောက်ပိုင်းဒေသတွင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ချင်းပြည်နယ်ကာကွယ်ရေး တပ်ဖွဲ့(CDF) မှအဖွဲ့များသည် မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ဒေသခံ PDF များနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြသည်။", "ဟားခါးနှင့် တွန်းဇန်မြို့နယ်များ၏ အချို့အစိတ်အပိုင်းများမှအပ ကျန် ချင်းပြည်နယ် ဒေသအားလုံးကို CNF နှင့်CDF တို့က ထိန်းချုပ်ထားသလို မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ၏ ဒေသအချို့ကိုလည်း သိမ်းပိုက်ထားသည်ဟု ၎င်းတို့ကဆိုသည်။", "အရှေ့မြောက်ပိုင်းဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံ PDF များနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်များအား တိုက်ထုတ်ကာ နယ်မြေအသစ်များ ထိန်းချုပ်ရယူလာကြသည်။", "အရှေ့တောင်ပိုင်းဒေသ၌ အများအားဖြင့် မိမိနယ်မြေကို ခုခံကာကွယ်နေရဆဲ ဖြစ်သော်လည်း လက်ရှိ ကရင်ပြည်နယ်နယ်နိမိတ်၏ အပြင်ဖက်ရှိ အစဉ်အလာအားဖြင့် ကရင်ဒေသဟု ယူဆထားသော နယ်မြေများကို ၎င်းတို့ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ဆိုသည်။", "သတင်းရရှိသော ထိုကဲ့သို့ ရှေ့တိုးချီတက်မှုများအပြင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အခြားတိုက်ပွဲများကြောင့် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများမှာ လျော့နည်း ကျဆင်းလာလျက် ရှိသည်။", "ယေဘုယျအားဖြင့် တွေ့ဆုံမေးမြန်းခဲ့သည့် EAO နှင့်PDF များ၏ ရုပ်လုံးဖော်မှုသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) ၏ အစီရင်ခံစာပါအချက်များနှင့် ကိုက်ညီလျက်ရှိပြီး သိသာသည့် ကွဲလွဲမှုတစ်ချက်သာ တွေ့ရှိရသည်။", "၎င်းမှာတော်လှန်ရေးစစ်ပွဲ၏ အရေးပါသော အဖွဲ့တစ်ခုအဖြစ် NUG ကို SAC-M အစီရင်ခံစာက ပုံဖော်ထားသော်ငြား NUG သည် တော်လှန်ရေးလှုပ်ရှားမှု၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု EAO နှင့်PDF များက ရှုမြင်ကြပုံ မရဘဲ ၎င်းတို့၏စစ်ရေးမဟာဗျူဟာ ရေးဆွဲရေးနှင့် လက်နက်အထောက်အပံ့ ရရှိရေးတို့အတွက် NUG အပေါ် မှီခို အားထားမှု တစ်စုံတစ်ရာ ရှိနေကြောင်းလည်း ပြသနေခြင်းမရှိသည့် အချက်ဖြစ်သည်။", "စစ်ကောင်စီတပ်များကို အနိုင်ယူပြီးနောက် NUG နှင့် ပူးပေါင်းလုပ်ကိုင်မည်/ မလုပ်ကိုင်မည်ဆိုသည်နှင့် ပူးပေါင်းမည်ဆိုပါက မည်သို့လက်တွဲမည်ဆိုသည် တို့မှာ မသေချာ မရေရာသေးကြောင်း EAO နှင့် PDF များက ပြောဆိုသည်။", "လက်ရှိပဋိပက္ခများ ဖြစ်ပွားနေဆဲအချိန်မှာပင် EAO နှင့်PDF အဖွဲ့များသည် ၎င်းတို့သက်ဆိုင်ရာ ပြည်နယ်ရှိ လွတ်မြောက်ဒေသများ၌ ကြားဖြတ်အစိုးရအဖွဲ့များ မည်သို့ဖွဲ့စည်းမည်ကို တစ်လှည့်တစ်ပြောင်း စဉ်းစားနေကြသည်။", "စာရေးသူကို CNF နှင့်CDF တို့က အိုက်ဇောမြို့သို့ သီးသန့် ဖိတ်ကြားပြီး ချင်းပြည်နယ်အစိုးရတစ်ခုအား မည်သို့ဖွဲ့စည်းမည်ဟူသော ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ထုတ်ဖော်ပြောကြားခဲ့သည်။", "ကရင်နှင့် ရှမ်းဒေသရှိ EAO များနှင့်စကားပြောခဲ့ရာတွင်လည်း ဒီမိုကရေစီနည်းလမ်းကျပြီး ရှင်သန်နိုင်သော ပြည်နယ်အစိုးရများ ဖွဲ့စည်းရေးကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်။", "ပြည်နယ်အစိုးရများ ဖွဲ့စည်းရေးဆွေးနွေးမှုမှာ အတော်ပင် အကျယ်တဝင့်ရှိပြီး ထူးခြားဆန်းသစ်မှုများလည်း ရှိသည်။ ၎င်းဆွေးနွေးမှုများတွင် ချင်းပြည်နယ် ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ လူမျိုးနွယ်စု၏ အခန်းကဏ္ဍ၊ လွှတ်တော်တစ်ခုအား ခရိုင်အခြေပြု ရွေးကောက်ပြီး၊ ကျန်တစ်ခုကို လူမျိုးနွယ်အခြေပြု ရွေးကောက်မည့် ဥပဒေပြုလွှတ်တော်နှစ်ရပ်စနစ်၏ အားသာချက်များကို ဆန်းစစ်ခြင်း၊ စသည်တို့ ပါဝင်သည်။", "ထို့အပြင် EAO နှင့်PDF အဖွဲ့များသည် အိမ်နီးချင်း တိုင်းဒေသကြီးများ၌ အစဉ်အလာအားဖြင့် ၎င်းတို့နယ်မြေအဖြစ် ရှုမြင်ထားသော ဒေသအချို့အား ၎င်းတို့ပြည်နယ်အတွင်းသို့ သွတ်သွင်း၍ နယ်မြေချဲ့ထွင်ရန်ကိုလည်း စဉ်းစားလျက်ရှိသည်။", "ယေဘုယျအားဖြင့် ပြည်နယ်အစိုးရများ ဖွဲ့စည်းခြင်းသည် အခြားတိုင်းရင်းသား ပြည်နယ်များနှင့် ပူးတွဲတည်ထောင်မည့် ဗမာလူမျိုးများပါ ပါဝင်နိုင်ချေရှိသော ဖက်ဒရယ်သမ္မတနိုင်ငံ သို့မဟုတ် ကွန်ဖက်ဒရေးရှင်း နိုင်ငံတစ်ခုသို့ ပေါင်းစပ်ပါဝင်မှု၏ ရှေ့ပြေးအစီအစဉ်ဖြစ်သည်ဟု EAO နှင့်PDF အဖွဲ့များက ရှုမြင်ကြသည်။", "၎င်းတို့၏ဆွေးနွေးပွဲများ၌ အဓိကကျသော အချက်တစ်ချက်မှာ အဆိုပြုထားသော ဗဟိုအစိုးရနှင့် အသစ်ဖွဲ့စည်းထားသော ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေရေး ဖြစ်သည်။", "EAO အများအပြား၏ အမြင်အရ ၁၉၄၈ ခုနှစ် ဥပဒေအပါအဝင် လွတ်လပ်ရေး ရပြီးကတည်းက ပေါ်ထွန်းခဲ့သမျှ မြန်မာ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအားလုံးသည် ဗမာလူမျိုးကြီးစိုး ထားသည့် ဗဟိုအစိုးရအား အာဏာအလွန်အမင်း ခွဲဝေပေးထားသည်ဟု ယူဆလျက်ရှိသည်။", "လက်ရှိအချိန်၌ နည်းလမ်းသုံးခုကို ဆွေးနွေးနေကြသည်။ ပထမနည်းလမ်းမှာ ဗဟိုအစိုးရ၏ အာဏာကို ကန့်သတ်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြောက်အများ ပေးအပ်မည့် ဖက်ဒရယ်သမ္မတနိုင်ငံ တည်ထောင်ခြင်း ဖြစ်သည်။", "ဤဖက်ဒရယ်သမ္မတနိုင်ငံတွင် လက်ရှိ တိုင်းရင်းသားပြည်နယ် ၇ ခုနှင့် အသစ်ဖွဲ့စည်းထားသော ဗမာလူမျိုးအတွက် ပြည်နယ်တစ်ခုတို့ ပါဝင်ဖွယ် ရှိပြီး ဝ လူမျိုးနှင့် ရှမ်းပြည်နယ်ရှိ အခြားတိုင်းရင်းသား အုပ်စုများအတွက် ပြည်နယ်အသစ်များလည်း ပါဝင်လာနိုင်သည်။ အဆိုပါ ဖက်ဒရယ်သမ္မတနိုင်ငံတွင် ပြည်နယ်အားလုံးသည် ဗဟိုအစိုးရအတွင်း တူညီသော အာဏာကိုယ်စီ အသီးသီး ရှိကြမည်ဖြစ်သည်။", "ဒုတိယနည်းလမ်းမှာမူ ဗဟိုအစိုးရ၏ အာဏာကို နိုင်ငံ့ကာကွယ်ရေးကဲ့သို့ ကဏ္ဍအတွက်သာ အလွန်အမင်း ကန့်သတ်ထားမည့် ကွန်ဖက်ဒရေးရှင်းစနစ် ဖြစ်သည်။ ဤပုံစံကို ရခိုင်တပ်မတော်နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့က အဆိုပြုထားခြင်းဖြစ်သည် ဟုသိရှိရပြီး အချို့EAO နှင့် PDF များအတွင်း ၎င်းနည်းလမ်းကို ထောက်ခံသူများရှိနေသည်။", "တတိယနည်းလမ်းမှာ သီးခြားလွတ်လပ်သော နိုင်ငံများအဖြစ် ရပ်တည်ရန် ဖြစ်သည်။ အချို့ချင်းနှင့် ကရင်အဖွဲ့များအတွက် သီးခြားလွတ်လပ်သော နိုင်ငံအယူအဆက ဆွဲဆောင်မှု ရှိနေသော်လည်း လွတ်လပ်ရေးကြောင့် ပေါ်ထွန်းလာမည့် ၎င်းတို့၏ နိုင်ငံတော်သစ်အတွက် စိန်ခေါ်မှုများ ရှိနေသည်ကို အသိအမှတ်ပြု လက်ခံကြသည်။", "တွေ့ဆုံမေးမြန်းခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှု ရရှိရေးအတွက် အထူးစိုးရိမ်ပူပန် လျက်ရှိကြောင်း ပြောဆိုကြသည်။", "ယခုခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူများက အမေရိကန်ပြည်ထောင်စုထံမှ အကူအညီများ ပိုမိုရရှိရန် မည်သို့ဆောင်ရွက်မည်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဆီးရီးယားနှင့်ယူကရိန်းသို့ လက်နက်အကူအညီ အမြောက်အများ ပေးအပ်ရန် အမေရိကန်တို့က လိုလိုလားလား ရှိသော်လည်း လွတ်လပ်မှုနှင့် ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများအတွက်မူ အကူအညီ လုံးဝမပေးအပ်သော ရှေ့နောက် မညီသည့် သဘောထားကို EAO နှင့်PDF အဖွဲ့များက နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။", "၎င်းတို့၏ အမြင်အရ အထက်ပါနိုင်ငံများသို့ ပေးအပ်နေသည့် အကူအညီများအနက် ပမာဏအနည်းငယ်ကိုသာ ၎င်းတို့ရရှိမည်ဆိုပါက စစ်ကောင်စီတပ်များကို အနိုင်တိုက်ခိုက်ရန် လုံလောက်သည်ဟု ပြောဆိုကြသည်။", "စစ်ရေးအကူအညီအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များသာမက မြန်မာနိုင်ငံအတွင်းမှ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူများ အတွက်ပါ အကူအညီများ ပိုမိုပေးအပ်ရန် EAO နှင့် PDF အဖွဲ့များက မျှော်လင့်လျက် ရှိသည်။", "နယ်စပ်ဒေသ တိုင်းရင်းသားပြည်နယ်များကို ၎င်းတို့က ထိရောက်စွာ ထိန်းချုပ်ထားနိုင်သည့် အချက်ကို ထောက်ဆ၍ အမေရိကန်လူသားချင်း စာနာမှုအကူအညီများကို NUG သို့မဟုတ် စစ်ကောင်စီမှ တစ်ဆင့်မပေးအပ်ဘဲ EAO နှင့်PDF အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဒေသခံလူသားချင်း စာနာမှု ကူညီရေးအဖွဲ့များ မှတစ်ဆင့် ပေးအပ်သင့်သည်ဟု ၎င်းတို့ကယူဆသည်။", "NUG ဖြစ်စေ၊ စစ်ကောင်စီဖြစ်စေ၊ အကူအညီများကို အမှန်တကယ် လိုအပ်နေသူများထံ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်လိမ့်မည် မဟုတ်ဟု ၎င်းတို့က ပြောဆိုသည်။", "(Center for Strategic & International Studies (CSIS) စာစဥ်ပါ Michael Martin ၏ “News from the Front: Observations from Myanmar’s Revolutionary Forces” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Michael Martin သည် ဝါရှင်တန်ဒီစီ၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုများဗဟိုဌာန၊ အရှေ့တောင်အာရှ အစီအစဉ်မှ (ဌာနေမဟုတ်သော) အချိန်ပိုင်းအဖွဲ့ဝင်တစ်ဦးဖြစ်သည်။"]
https://yktnews.com/2022/10/46519/
ရန်ကုန်အခြေစိုက် စစ်ကောင်စီ လေတပ်မှ ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေကြသည့် ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်ပိုင်းလော့ ၁၅ ဦး
["By Operation Spitfire", "အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ပြီး ပြည်သူကို စာနာမှု မရှိ သတ်ဖြတ် ဗုံးကျဲနေသော စစ်ကောင်စီ လေတပ် (ရန်ကုန်)မှ ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်မောင်းသူ ပိုင်းလော့ ၁၅ ဦးအမည်စာရင်းကို Operation Spitfire က ထုတ်ပြန်သည်။", "၁-ဗိုလ်မျိုးလွင်၂-ဒုမှူးကြီးကျော်ကျော်ထွန်း၃-ဒုမှူးကြီးထက်နောင်တင့်၄-ဗိုလ်စိုးလွင်၅ု-ဗိုလ်ထွန်းထွန်းဦး၆-ဗိုလ်ထင်အောင်၇-ဗိုလ်ဝင်းနုဝေ၈-ဗိုလ်ကြီးကျော်သီဟ၉-ဗိုလ်ကြီးရဲသွေး၁၀-ဗိုလ်ကြီးဘုန်းခန့်ကျော်၁၁-ဗိုလ်ကြီးကိုကိုလွင်၁၂-ဗိုလ်ကြီးဇော်လတ်၁၃-ဗိုလ်ကြီးဇော်ဇော်အောင်၁၄-ဗိုလ်ကြီးကျော်ဇောဟိန်း၁၅-ဗိုလ်ကြီးနိုင်ညီညီထွန်း", "(လေတပ်ဆိုင်ရာ သတင်းများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews နှင့် Operation Spitfire တယ်လီဂရမ် https://t.me/opspitfire တွင်ကြည့်နိုင်ပါသည်)"]
https://yktnews.com/2024/05/162906/
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအနေဖြင့် မသေချာမရေရာမှု အသစ်များနှင့်ထပ်မံ ရင်ဆိုင်နေရ (အပိုင်း-၁)
["By USIP", "ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ခုခံတော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ၎င်းတို့၏ထိန်းချုပ်မှုကို ချဲ့ထွင်ရန် ကြိုးပမ်းနေသည်နှင့်အတူ ရိုဟင်ဂျာပြဿနာအတွက် ရှေ့ဆက်ရမည့်လမ်းက ရှင်းရှင်းလင်းလင်းမရှိ ဆက်၍ဖြစ်နေသည်။", "ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုတို့အကြား ပဋိပက္ခ၏ အရှိန်မြင့်လာနေမှုက ရိုဟင်ဂျာတို့၏ ကံကြမ္မာအပေါ် စိုးရိမ်ပူပန်မှုများကို တိုးလာစေခဲ့သည်။ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များ အတွင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုများမှ လွတ်မြောက်ရန်အတွက် မူဆလင်ဘာသာဝင် အများစုဖြစ်သည့် ရိုဟင်ဂျာလူမျိုး ၈၀၀,၀၀၀ ကျော်တို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။", "လက်နက်ကိုင် ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်ရာတွင် စစ်တပ်၏ အားနည်းချက်များက တိုးများလာနေမှုကြောင့် ယခုအခါ ပိုမို၍ရဲရင့်မှုရှိလာသည့် အာရက္ခတပ်တော် (အေအေ) က ပြည်နယ်တစ်ခုလုံးအနှံ့ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးအရ ထိန်းချုပ်မှုတို့ကို အပြင်းအထန် တွန်းအားပေး တိုးချဲ့လုပ်ဆောင်သွားရန် အခိုင်အမာ ဆုံးဖြတ်ထားသည်။ သို့ရာတွင် ရိုဟင်ဂျာအရေးအား ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ်များနှင့် ပတ်သက်၍ အေအေခေါင်းဆောင်များအနေဖြင့် ရှင်းရှင်းလင်းလင်း ရှိမနေပေ။", "ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများနှင့် အခြားရပ်ရွာလူ့အဖွဲ့အစည်းများအနေဖြင့် မလုံခြုံမှုများ၊ အတင်းအကြပ် စစ်သားအဖြစ် စုဆောင်းခံရမှုများနှင့် တင်းမာနေပြီးဖြစ်သည့် ရခိုင်လူမှုအသိုက်အဝန်းများနှင့် ဆက်ဆံရေးတို့အပေါ် သက်ရောက်မှုရှိသည့် အခြားစိုးရိမ်စရာ ဖိအားများက တိုးလာနေမှုနှင့်အတူ၊ ဆိုးရွားလာနေသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ခံစားနေကြရသည်။", "စစ်အာဏာရှင်အုပ်စု၏ ကုန်းလမ်းနှင့် ရေလမ်းမှ ပိတ်ဆို့ဖြတ်တောက် ထားမှုများကြောင့်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် အစားအစာပြတ်လပ်မှုနှင့် ငတ်မွတ်မှုများက တိုးလာလျက် ရှိနေသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ အကူအညီများက မရရှိသ‌လောက်ပင် ဖြစ်သည်။", "ပြည်နယ်တစ်လွှား ရခိုင်လူမျိုးများနှင့် အခြားသော လူမှုအသိုက်အဝန်းများသို့လည်း အကူအညီပေးပို့မှုများကို ဖြတ်တောက်ထားသည်။ သို့ရာတွင် ၎င်းတို့မှာ အထူးတလည် ပို၍ထိခိုက်လွယ်ပြီး ယခင်ကမရှိခဲ့သည့် အဆင့်မျိုးဖြင့် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံတွေ့နေရသည်ဟု ရိုဟင်ဂျာများက ဆိုကြသည်။ တွေ့ဆုံမေးမြန်းမှုများအတွင်း ၎င်းတို့က အစားအစာပြတ်၍ ငတ်မွတ်လာမှုကို အရပ်သားများ၏ ခုခံတော်လှန်မှုအား အားနည်းသွားစေသည့် ကိရိယာအဖြစ် နစကက အသုံးချနေသည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။", "မွတ်စလင်တို့၏ ရမ်ဇာန်လမြတ်တွင် ဘာသာရေးအရ အရေးပါသည့် ရိုးရာအစားအစာများကို စားသုံးရမည့်အခါမျိုးတွင်ပင် အစားအစာ မရရှိနိုင်မှုကြောင့် အထူးပင် နာကျင်ခံစားကြရသည်။ ယခုနှစ်တွင် ရိုဟင်ဂျာမိသားစုများအနေဖြင့် နေ့စဥ်အစာရှောင်မှုအပြီး စားသုံးရန်အတွက် အစားအစာများကို ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ကြရသည်။", "မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်းရှိ ရိုဟင်ဂျာကျေးရွာခေါင်းဆောင်များက ၎င်းတို့၏ ရပ်ရွာအသိုက်အဝန်းများအနေဖြင့် အကူအညီများကို အလွန်အမင်း လိုအပ်နေသည်ဟု ပြောဆိုကြသည်။ ပိတ်ဆို့ဖြတ်တောက်မှုများအတွင်း ၎င်းတို့အား အဆက်အသွယ်မလုပ်ခြင်းဖြင့် အကူအညီပေးရေးဝန်ထမ်းများ၏ စွန့်ပစ်ထားခြင်းခံရသည်ဟု ခံစားနေကြရသည်။", "ကျေးရွာသားအများအပြားမှာ အလွတ်သဘော ချိတ်ဆက်မှုများမှတဆင့် လွှဲပြောင်းပေးမှုဖြင့် ငွေကြေးများရရှိကာ စျေးကွက်အတွင်းမှ အစားအစာများကို ၀ယ်ယူရရှိနိုင်နေဆဲဖြစ်သော်လည်း၊ ကျေးရွာခေါင်းဆောင်များက ငွေလွှဲပို့ခြင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ နတ်မြစ်ကိုဖြတ်၍ အကူအညီများ လွှဲပြောင်းပေးခြင်း ကဲ့သို့သော ဖြေရှင်းမှုနည်းလမ်းများ ရရှိလာရေးအတွက်၊ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံရေးတွင် ပါဝင်နေကြသူများအား ပိုမိုအားစိုက် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။", "တစ်ချိန်တည်းမှာပင် ကုန်ဈေးနှုန်းများက တဟုန်ထိုးမြင့်တက်လာနေကာ၊ ခရီးသွားလာမှုတွင် အန္တရာယ်များရှိနေသဖြင့် လယ်သမားများမှာ ၎င်းတို့၏ စိုက်ပျိုးမြေများကို သွားရောက်နိုင်ခြင်းမရှိ ဖြစ်နေကြသည်။ နေရာများစွာတွင်၊ အနီးအနားရှိ ဈေးများတွင် အစားအစာဝယ်ယူရန်အတွက် အိမ်မှ စွန့်စားထွက်ခွာကြရသူများအနေဖြင့် စစ်တပ်များထူထပ်စွာ ချထားပြီး မိုင်းများဖြန့်ကျက်ထားသည့် နေရာများကို ဖြတ်သန်းသွားလာကြရမည် ဖြစ်သည်။", "ဒေသခံကုန်သည်များအနေဖြင့် နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိက္ခာအချို့ကို သယ်ယူနိုင်ခဲ့သော်လည်း၊ နတ်မြစ်ကမ်းမှ ကုန်းတွင်းပိုင်းရှိ မိမိတို့၏ရပ်ရွာများဆီသို့ ရိက္ခာများကို သယ်ယူပို့ဆောင်ရန်မှာ နောက်ထပ်အန္တရာယ်များက ရှိနေကြသေးသည်။", "ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ကြခြင်း မရှိချေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆေးဘက်ဆိုင်ရာဌာနများက လုံလောက်မှုမရှိဘဲ၊ ဆေးရုံဆေးခန်းများ အများအပြားမှာလည်း – ဒဏ်ရာရ အေအေ တိုက်ခိုက်ရေးသမားများကို ကုသပေးမှုမှ ကာကွယ်ရန် နစက၏ နည်းလမ်းတစ်ခုအဖြစ် – မကြာသေးမီလများအတွင်းက ပိတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။", "ငွေကြေးတတ်နိုင်သည့် ရိုဟင်ဂျာလူနာများက နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ဆေးကုသနိုင်ရန် ကြိုးစားကြလေ့ရှိသော်လည်း၊ နယ်စပ်ဖြတ်ကျော်မှုများကို နှစ်အတော်ကြာကပင် တရားဝင်ပိတ်ထားခဲ့ပြီး ဖြစ်သည်။ ကျည်ဆန်ထိဒဏ်ရာများ၊ မြေမြှုပ်မိုင်းများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရသည့် အရပ်သားအရေအတွက်များက တိုးလာနေသည်နှင့်အတူ ဆေးဝါးကုသမှုများကို ယခင်ကထက်ပို၍ လိုအပ်လာနေသည့်တိုင်၊ နယ်စပ်ကိုဖြတ်ကျော်ရန်မှာ ယခုအခါ မဖြစ်နိုင်တော့ပေ။", "မကြာသေးမီလများအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရာနှင့်ချီသည့် ရိုဟင်ဂျာရွာသားများမှာ အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြသော်လည်း လိုအပ်သည့်ကုသမှုများကို မရရှိကြသေးပေ။ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရပြီး ကာလရှည်ကြာ ခရီးသွားလာခွင့် ပိတ်ပင်ထားခံရသည့် ရိုဟင်ဂျာများကဲ့သို့မဟုတ်ဘဲ၊ ရခိုင်လူမျိုးများတွင် မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် စာအုပ်များရှိနေကြပြီး ပိတ်ပင်တားဆီးခံရမှု၏ အတိုင်းအတာမှာ အနည်းငယ်မျှသာရှိသည်ဟု ရိုဟင်ဂျာများက ပြောဆိုကြသည်။", "ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ်ဘဇားမြို့ရှိ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (အေအာရ်အက်စ်အေ) နှင့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (အာရ်အက်စ်အို) တို့အကြား နယ်မြေစိုးမိုးရေးအတွက် ခါးသီးသည့် ယှဥ်ပြိုင်မှုများ ရှိနေသည့် စခန်းများတွင် ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့် အခြားသော မလုံခြုံမှုများနှင့်လည်း ရင်ဆိုင်နေကြရသည်။", "အေအာရ်အက်စ်အေသည် ၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုကို ဖြစ်လာစေခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့မှုအတွက် လူသိများသည်။ ထိုအချိန်မှစ၍ ၂၀၂၂ ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် အေအာရ်အက်စ်အေက လွှမ်းမိုးနေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ၎င်း၏လုပ်ရပ်များကို သည်းခံနိုင်မှု လျော့ကျလာခဲ့သည်။", "၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၀၀ ခုနှစ်လွန် နှစ်များနောက်ပိုင်းတွင် စစ်ရေးအရ ငြိမ်သက်နေခဲ့သည့် အာရ်အက်စ်အိုအဖွဲ့က ယခုအခါ စခန်းများအတွင်း သြဇာအရှိဆုံးအဖွဲ့အဖြစ် အေအာရ်အက်စ်အေကို ကျော်တက်သွားခဲ့ပြီး ဖြစ်သည်။", "အေအာရ်အက်စ်အေနှင့် အာရ်အက်စ်အို အဖွဲ့ဝင်များသည် များပြားလှသည့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများမှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်မှု၊ ပြန်ပေးဆွဲမှုနှင့် လုံခြုံရေးပျက်ပြားစေမှုများ အပါအဝင် နည်းမျိုးစုံဖြင့် ဒုက္ခသည်များအား နေ့စဉ်မပြတ် ခြိမ်းခြောက်လျက် ရှိနေကြသည်။ သို့ရာတွင် မည်သည့်အဖွဲ့ကိုမျှ ရာဇ၀တ်မှုတစ်ခုသက်သက်အနေဖြင့် ရှင်းထုတ်၍ ရနိုင်မည်မဟုတ်ပေ။ ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသည့် ပဋိပက္ခအခင်းအကျင်းတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုက တစ်ခါတစ်ရံ ရှင်းရှင်းလင်းလင်း မရှိသော်လည်း၊ အေအာရ်အက်စ်အေ တပ်ဖွဲ့ဝင်များက နစကတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေကြသည်ကို မြင်တွေ့ကြရချိန်တွင် အာရ်အက်စ်အို ခေါင်းဆောင်များက အေအေအား လူသိရှင်ကြား ထောက်ခံအားပေးခဲ့ကြသည်။", "နည်းဗျူဟာအရ လေ့ကျင့်မှုများအတွက် အဖွဲ့နှစ်ခုစလုံးမှ တပ်သားသစ်အချို့က အခြေစိုက်စခန်းများရှိရာသို့ သွားရောက်နေကြဆဲဖြစ်ပြီး၊ ခေါင်းဆောင်များကလည်း ခုခံတော်လှန်ရေး အယူဝါဒများကို လက်ခံထားကြသည်။ သို့ရာတွင် ပုံမှန်အားဖြင့် တပ်သားသစ်များက ဤအမြင်သဘောထားများကို စခန်းအဆင့် တပ်သားများထံ ဖြန့်ဖြူးခြင်း မပြုကြပေ။ အဆိုပါအဖွဲ့များ၏ ပြန့်ကျဲနေသည့် အမိန့်ပေးဖွဲ့စည်းပုံများကြောင့် စခန်းအဆင့် တပ်ဖွဲ့ဝင်အများစုမှာ လေ့ကျင့်သင်ကြားမှုမရှိဘဲ စည်းကမ်းမဲ့သူများ ဖြစ်နေကြသည်။", "ထိုကဲ့သို့သော ကွာဟချက်များကြောင့်၊ စခန်းများအတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်များက အာရ်အက်စ်အို နှင့် အေအာရ်အက်စ်အေတို့ကို မလုံခြုံမှုနှင့် စိုးရိမ်ကြောက်ရွံ့မှုများ ရှိနေသည့် ပတ်ဝန်းကျင်အား ဖန်တီးရာတွင် တာဝန်ရှိသည့် ရာဇ၀တ်ဂိုဏ်းများအဖြစ် ရှုမြင်ကြသည်။", "ယေဘုယျအားဖြင့် ၎င်းတို့၏ အကျိုးစီးပွားများကို အကာအကွယ်ပေးရာတွင် – မြန်မာနိုင်ငံအတွင်း အခြားဒေသများတွင် တွေ့ရသကဲ့သို့ပင် – ခိုင်မာအားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (အီးအေအို) တစ်ခု ရှိနေခြင်းက အကျိုး‌ကျေးဇူးများ ရရှိနိုင်သည်ဟု ရိုဟင်ဂျာအများစုက ယုံကြည်ထားကြသည်။", "သို့ရာတွင် နိုင်ငံရေးအရ ခေါင်းဆောင်မှု ကင်းမဲ့နေခြင်းက မြန်မာနိုင်ငံအတွင်းရှိ အခြားသော တိုင်းရင်းသားများနှင့် ဆက်ဆံရေးထူထောင်မှုတွင် အဟန့်အတား ဖြစ်နေစေပြီး၊ စစ်အုပ်စုဆန့်ကျင်ရေး ခုခံတော်လှန်‌ရေး လှုပ်ရှားမှုအတွင်း ပါဝင်နိုင်မည့် အခွင့်အလမ်းကို မတွေ့ရှိရသေးကြောင်း ၎င်းတို့က ပြောဆိုကြသည်။ ဤအချက်ကြောင့်ပင် ၎င်းတို့၏ နိုင်ငံတစ်ဝန်း ခုခံတော်လှန်မှုနှင့်အတူ စည်းလုံးညီညွတ်မှုရှိနေခြင်းကို သက်သေပြနိုင်စွမ်းမရှိ ဖြစ်နေရသည်။", "“အခု (စစ်အုပ်စု) ကို တိုက်ခိုက်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေး ရှိရပါမယ်။ အဲဒီလိုမှမဟုတ်ရင် အခုအချိန်မှာ ကျွန်တော်တို့က သူတို့ကို မကူညီခဲ့တဲ့အတွက် နောင်တစ်ချိန်မှာ မြန်မာတွေက ကျွန်တော်တို့ကို လက်ခံမှာ မဟုတ်ပါဘူး” ဟု ဤဆောင်းပါးအတွက် လူ‌တွေ့မေးမြန်းရာတွင် ဖြေဆိုခဲ့ကြသည့် အခြားသူများကဲ့သို့ပင် အမည်ကို မဖော်ပြလိုသည့် ဆရာမတစ်ဦးက ရှင်းပြခဲ့သည်။", "ခုခံ‌တော်လှန်မှုကို အာရ်အက်စ်အိုတို့က အပြောအရ ထောက်ခံနေသော်လည်း ၎င်းတို့က ရခိုင်ပြည်နယ်၏ ပဋိပက္ခ နယ်ပယ်အတွင်းသို့ သိသာထင်ရှားသည့် နည်းလမ်းဖြင့် ဝင်ရောက်ခြင်း မရှိသေးဘဲ၊ တရားဝင် အီးအေအိုအဖွဲ့ တစ်ခုကဲ့သို့ စတင်ပြုမူလာနိုင်မည့်အပေါ် ဒုက္ခသည်များက သံသယရှိနေကြသည်။ စစ်အုပ်စုတပ်ဖွဲ့များကို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရမည့်အစား၊ ဒုက္ခသည်စခန်းများအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ၏ ရာဇ၀တ်မှုလုပ်ရပ်များကြောင့် အာရ်အက်စ်အိုကို ဒုက္ခသည်များအကြား ပို၍ လူသိများနေသည်။", "အာရ်အက်စ်အိုတပ်ဖွဲ့ဝင် အများစုက အဖွဲ့နှစ်ခုအကြား ပြိုင်ဆိုင်မှုများအတွင်း လက်နက်ချ သို့မဟုတ် ဘက်ပြောင်းလာခဲ့ကြသည့် အေအာရ်အက်စ်အေ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြပြီး၊ ဘက်ပြောင်းပြီးနောက်ပိုင်းတွင် ပိုမိုကောင်းမွန်သည့် အမူအကျင့်များ ရှိမလာခဲ့ကြပေ။", "အာရ်အက်စ်အိုသည် မကြာသေးမီလများအတွင်း ၎င်း၏လက်နက်များကို ဖြည့်တင်းခဲ့ပြီး ရာနှင့်ချီသည့် တပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် စစ်မြေပြင်သို့ ဝင်ရောက်ရန်အတွက် စီစဉ်နေခြင်း ဖြစ်နိုင်သည်။ ထို့အတွက် ဒုက္ခသည်များထံမှ ယုံကြည်စိတ်ချမှုအချို့ကို ရရှိနိုင်စေမည်ဖြစ်သော်လည်း၊ ထိုသို့ဖြစ်လာရန်မှာ စခန်းအဆင့်တွင် စည်းကမ်းကောင်းမွန်လာမှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။ သို့ရာတွင် ထိုကဲ့သို့ ဖြစ်လာနိုင်မည်မဟုတ်ဟု ထင်မြင်ရသည်။", "ဓာတ်ပုံ – AA ထိန်းချုပ်နယ်မြေများတွင် ခှိုလှုံလာသည့် ရိုဟင်ဂျာများကို AA ရဲဘော်များက အကူအညီပေးနေစဉ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/06/22681/
စစ်တွေမြို့တွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး နှင့် စစ်သား ၁ ဦးကို AA က ဖမ်းဆီးပြီး နောက် အရပ်သားများကို စစ်တပ်က ပြန်ဖမ်းနေ
["By Western News", "ဇွန် ၂၃ ရက်နေ့က နေ့လည် ၂ နာရီခန့်က မြန်မာစစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးနှင့် စစ်သား ၁ ဦးတို့ကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီး ပြီးနောက် စစ်တွေမြို့အတွင်းက ရပ်ကွက်များ၊ လမ်းဆုံး၊ လမ်းခွများနှင့် နေ အိမ် များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးများ ပြုလုပ် နေပြီး အရပ်သားတစ်ချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်။", "ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၃၅၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးသည် စစ်တွေမြို့ မင်းဂံ ရပ်ကွက်တွင် ဖမ်းဆီးခံရပြီး အခြား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှာလည်း အနောက်စံပြင်ရပ်ကွက် ဆိုင်ကယ် ပြင်ဆိုင်တစ်ခုတွင် ဆိုင်ကယ်ပြင်နေစဉ် AA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။", "ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့က မင်းဂံရပ်ကွက်၊ အနောက်စံပြရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ ဗျိုင်းဖြူရွာ၊ ရွှေပြည်သာစသည့်နေရာများ၊ လမ်းဆုံ၊ လမ်းခွများ စစ်တွေမြို့ အဝင်၊ အထွက်ဂိတ်များကို စစ်ကောင်စီက ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေသည်။", "စစ်တွေမြို့ခံတစ်ဦးက “စစ်ကားတွေက မြို့ထဲမှာ လှည့်ပတ်ပြီးတော့ သွားလာ နေကြတယ်။ ကားဂိတ်တွေမှာတော့ ကားတွေကို စစ်ဆေးနေတာတွေရှိတယ်။ နောက်ပြီးတော့ စံပြရပ်ကွက်မှာလည်း လုံခြုံရေးတွေ တင်းတင်း ကျပ်ကျပ် ချထား တယ်” ဟု ပြောသည်။", "ယင်းအပြင် စစ်တွေ မြို့မှ ပေါက်တော-မင်းပြား-မြောက်ဦး၊ ရသေ့တောင်-ဘူးသီးတောင်နှင့် ကျောက်ဖြူ-တောင်ကုတ်စသည့် မြို့နယ်အသီးသီးသို့ ပြေးဆွဲနေသည့် ရွှေပြည်တန်ရေကြောင်းလိုင်းအပါအဝင် ရေကြောင်းလိုင်း ခရီးစဉ်တစ်ချို့ကို ယနေ့ ဇွန်လ ၂၄ ရက်နေ့မှစကာ စစ်ကောင်စီက သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း ရေကြောင်းလိုင်း ပြေးဆွဲနေသူများက Western News ကို ပြောသည်။", "ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က ဘီယာသောက်နေ့သည့် ကျောက်တော်မြို့မ ရဲစခန်းမှ ရဲတပ်သား ၃ ဦးနှင့် ဇွန် ၂၁ ရက်နေ့ က မြောက်ဦးမြို့စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)သုံးဦးကို ရက္ခိုင့်တပ်တော်က AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။", "အလားတူ ပုဏ္ဏားကျွန်းတွင် ဇွန် ၁၆ ရက်နေ့က ဆောက်လုပ် ရေး ပစ္စည်း များဝယ်ရန်လာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီးခဲ့ရာတွင် ၁ ဦး ထွက်ပြေးလွှတ်မြောက်ခဲ့ပြီး အခြားတစ်ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းအပြင် ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီက ရမ်းဗြဲမြို့မှ ပြန်လာစဉ် သင်္ဂနက် ကျေးရွာ ကူးတို့ဆိပ်ကမ်းတွင် ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ရဲတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်က AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။", "စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းကဲ့သို့ မြို့နယ်အသီးသီးတွင် ဖမ်းဆီး ခံရပြီး နောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ စစ်တွေမြို့နယ်များ အရပ်သားများကို စစ်ကောင်စီက ဒေသခံများအား ရာနှင့်ချီ ဖမ်းဆီး စစ်ဆေး နေမှုများ ရှိနေသည်။", "ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စား လှယ်ဟောင်း ဦးဖေသန်းက” တစ်ဖက်နဲ့တစ်ဖက် တပ်ဖွဲ့ဝင်အချင်းချင်း ဖမ်းတာ၊ ဆီးတာ၊ သတ်တာ၊ ဖြတ်တာ၊ တိုက်တာ၊ ခိုက်တာတို့က ရှိမှာပဲလေ။ ဒါပေမယ့် အဲ့လိုဖမ်းတဲ့အတွက် ပြည်သူတွေကို အကြောင်းရှာပြီး ဖမ်းတယ်။ နှိက်စက်တယ်။ အရေးယူတယ်။ ထောင်ချတာမျိုး မဖြစ်သင့်ဘူးထင်တယ်။ မိဘပြည်သူတွေကတော့ ရခိုင်တွေများပါတယ်။ အိမ်ကွင်းမို့လို့ ကျနော်တို့ ရခိုင်ပြည်သူတွေပိုလို့နစ်နာတာပေါ့။ ပြောလိုတာကတော့ အချင်းချင်း တိုက် ကြပါ။ ဘာမှပြဿာနာမရှိဘူး။ ပြည်သူတွေကိုတော့ အဲ့လိုတစ်ဖက်သတ် အနိုင် အကျင့်တာတွေ၊ ဖမ်းဆီးတာတွေ နှိက်စက်တာတွေ မလုပ်ဖို့လို တယ်လို့ ပြောချင် ပါတယ်”ဟုပြောသည်။", "စစ်ကောင်စီတပ်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင် များ၏ နေအိမ်များကို ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိနေသည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြန်လည်ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ ကပြောဆို ခဲ့သည်။", "ဓာတ်ပုံ-ဖမ်းဆီးခံရသည့် စစ်တွေမြို့ရှိ ၃၅၄ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး", "(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)"]
https://yktnews.com/2022/11/60192/
လူထု ထောက်ခံမှု မြင့်မားလာမှုနှင့်အတူ အင်အားသိန်းချီရှိလာသော PDF၊ LDF ၊ PDT တပ်များက စစ်ကောင်စီ ထိန်းချုပ်ခဲ့သော နယ်မြေများကို တဖြည်းဖြည်း စိုးမိုးသိမ်းယူလာပြီ
["By YMH", "မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PD)တွေကို စတင်ဖွဲ့စည်းခဲ့ချိန်မှာ PDF တွေကို စစ်ကောင် စီတပ်တွေက အချိန်တိုလေးအတွင်းမှာ နှိမ်နင်းပစ်လိမ့်မယ်လို့ လူတော်တော်များများက ထင်ခဲ့ကြပါတယ်။ လူငယ်လက်နက်ကိုင်တွေရဲ့ အလျှင်စလို စုဖွဲ့မှုမျိုးပဲလို့ ထင်မှတ်ခဲ့ကြပါတယ်။", "ဒါပေမယ့် အားလုံးရဲ့ ထင်ကြေးတွေက လွဲမှားခဲ့ပါတယ်။ လူအများထင်သလို စစ်ကောင်စီက PDF တွေကို မနှိမ်နင်းနိုင်ခဲ့ဘဲ လူထောက်ခံမှု ပိုမိုမြင့်တက်လာပြီး PDFတွေရဲ့ အင်အားက ကြီးမားလာနေပါတယ်။", "ဖွဲ့စည်းပုံနဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေက ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်းပိုပြီး အားကောင်းလာလိုက်တာ အခုဆိုရင် စစ်တပ်ရဲ့ ရပ်တည်မှုကိုတောင် အကြီးမားဆုံး ထိုးနှက်နိုင်တဲ့အဖွဲ့အစည်းတွေဖြစ်လာခဲ့ပြီ။ လက်နက်ကြီးတွေ၊ စနစ်ကျနတဲ့အမိန့်ပေးမှုစနစ်တွေ ကြိုးပမ်းတည်ဆောက်နေကြပါတယ်။", "နိုင်ငံတကာအကူအညီတွေ သူတို့ဆီမှာ မရှိပေမယ့် နိုင်ငံ အနှံ့အပြားမှာပေါ်ပေါက်လာကြတဲ့ PDFတွေမှာ နည်းဗျူ ဟာအရ ကျွမ်းကျင်မှုရှိလာတာ၊ အခက်အခဲကိုမဆုတ်မနစ်တုံ့ပြန်နိုင်တာတွေကို မြင်နိုင်ပါတယ်။ တကယ်လို့ သူတို့ဟာ ဖွဲ့စည်းပုံစနစ်ကိုတည်ဆောက်နိုင်ပြီး လက်နက်ကောင်းကောင်းရလာမယ်ဆိုရင် သူတို့ဟာ တော်လှန်ရေးဘက်က ရလာနိုင်တဲ့နယ်မြေတွေကို ပိုပြီး ချဲ့ထွင်လာ၊ ထိန်းထားလာနိုင်မှာဖြစ်ပြီး စစ်တပ်ရဲ့လဲပြိုမှုကို ခပ်မြန်မြန်ဆွဲချသွားနိုင်မှာပါ။", "လက်ရှိမှာတော့ ကျဲပြန့်နေတဲ့ ဖွဲ့စည်းပုံနဲ့ အလျင်အမြန် ကြီးထွားလာရမှုကြောင့် PDFတွေရဲ့ အနေအထားက နိုင်ငံ တကာ သုံးသပ်သူတွေနဲ့ မူဝါဒရေးရာသမားတွေအတွက် ခပ်ရှင်းရှင်းမမြင်နိုင်တဲ့အနေအထားဖြစ်နေပါတယ်။ ပြည်သူရဲ့ ထောက်ခံမှုကို အင်တိုက်အားတိုက်ရထားတဲ့ ဒီလက်နက်ကိုင်အုပ်စုတွေဟာ ရင်ဆိုင်ရတဲ့တိုက်ပွဲတွေကြောင့် လက်ရုံးရည်အားကောင်းလာသလို ပိုပြီးလည်း စုစည်းမှုအားကောင်းလာနေပါတယ်။", "မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍအခင်းအကျင်းမှာ အရေးကြီးတဲ့နေရာကပါဝင်လာနေတာမို့ နိုင်ငံရဲ့ အရေးကိစ္စတွေမှာအဆုံးအဖြတ်ပေးနိုင်တဲ့သူတွေေ ဖြစ်လာနေပါတယ်။", "၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းအပြီးနောက်မှာ ဖြစ်လာတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို စစ်တပ်က အချိန်အနည်းငယ်သာ သည်းခံခဲ့ပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သူတွေကိုဆက်တိုက်ကြမ်းကြုတ်စွာနှိမ်နင်းလာခဲ့ပါတယ်။", "ဒီလို ကြမ်းကြမ်းတမ်းတမ်းနှိမ်နင်းလိုက်ရင် စစ်အုပ်ချုပ်ရေးအောက်ပြန်မသွားချင်တဲ့ပြည်သူကို စစ်တပ်ကိုပြန်မလှန်ရဲအောင်လုပ်ပစ်လိုက်နိုင်မယ်လို့ စစ်တပ်ကမျှော်လင့်ခဲ့ကြတယ်။ မှန်းထားတာနဲ့လွဲပြီး အဲဒီလိုနှိမ်နင်းတာကြောင့်ပဲ တော်လှန်ရေးဘက်ကိုလူတွေဟာ အားပိုထည့်လာခဲ့ကြပြီး စစ်တပ်ရန်ကနေ ပြည်သူတွေကိုကာကွယ်ဖို့ PDFတွေပေါ်ပေါက်လာခဲ့တဲ့ဆီကိုရောက်လာခဲ့တယ်။", "အထူးသဖြင့် ဗမာလူမျိုးအများစုပါတဲ့ စစ်ကောင်စီတပ်ကို တော်လှန်တဲ့ ဗမာလူငယ်တွေကိုယ်တိုင် စစ်တပ်ကို တော်လှန်လာကြတာဖြစ်ပါတယ်။ PDFဆိုတာ ဒီလိုစစ်အာဏာသိမ်းလိုက်ကတည်းက နေရာအနှံ့အပြားမှာပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေကို ကိုယ်စားပြုတဲ့ အခေါ်အဝါ်တစ်ခုဖြစ်ပြီး PDF အပြင် ဒေသကာ ကွယ်ရေးအဖွဲ့ (LDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အစရှိသည်ဖြင့် ရှိကြပါတယ်။", "ဒီ PDF တွေကို ယေဘုယျအားဖြင့်တော့ ရွေးကောက်ခံပါလီမန်အမတ်အများစုပါဝင်တဲ့ စင်ပြိုင်အစိုးရအဖြစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဖွဲ့စည်းတာထားတာတွေလည်းရှိသလို ရှိနေတဲ့အဖွဲ့အစည်းကိုအသိအမှတ်ပြုတ်ထားတာလည်းရှိပါတယ်။ NUG နဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ကို တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးတွဲတည်ဆောက်ထားတဲ့ ဖွဲ့စည်းပုံစနစ်အောက်မှာ PDFတွေဟာ လည်ပတ်နေတာဖြစ်ပါတယ်။", "LDF ဒေသခံတွေကကိုယ်တိုင်ဖွဲ့စည်းထားတဲ့တော်လှန်ရေးအဖွဲ့တွေဖြစ်ကြပြီးသူတို့နယ်မှာ သူတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့လှုပ်ရှားကြတယ်။ NUGရဲ့ အဆုံးအဖြတ်အောက်မှာမဟုတ်ဘဲ သူတို့ဘာသာလှုပ်ရှားတာတွေလည်းရှိတယ်။ ပကဖ PDTတွေကတော့ ပြည်သူ့လုံခြုံရေးအတွက် ဒေသအခြေပြုဖွဲ့ထားတဲ့ ပျောက်ကျားအဖွဲ့တွေဖြစ်တယ်။ PDF တွေက တိုင်းနဲ့ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ အထိုင်ရှိနေကြတဲ့ တပ်ဖွဲ့တွေဖြစ်ကြပြီးတော့ LDF နဲ့ PDT ကတော့ ရပ်ရွာက မိမိတို့ဘာသာ စစ်တပ်ရန်ကနေ အကာအကွယ်ရဖို့ ရပ်ရွာအဆင့်မှာဖွဲ့ထားတဲ့တပ်ဖွဲ့တွေဖြစ်ကြပါတယ်။", "• ဒီဆောင်းပါးအတွက် အင်တာဗျူးခဲ့ရာမှာ PDF အရေအတွက်ဟာ အကြမ်းအားဖြင့် ၆၅၀၀၀ လောက်ရှိပြီး သူတို့ထဲက ၂၀ ရာခိုင်နှုန်းလောက်ဟာ ပုံမှန်တပ်တစ်ခုလို လက်နက်တပ်ဆင်ထားနိုင်ပြီး ၄၀ ရာခိုင်နှုန်းလောက်ကတော့ လက်လုပ်သေနတ်တွေရှိပါတယ်။", "• အောက်တိုဘာ ၂၀၂၂ စာရင်းအရ pdf အဖွဲ့ပေါင်း ၃၀၀လောက်ရှိပြီး တပ်တစ်ခုကို လူ ၂၀၀ကနေ ၅၀၀ အထိရှိကြပါတယ်။ NUG ကအသိအမှတ်ပြုတဲ့ pdf ဖြစ်လာဖို့စောင့်နေတဲ့ အဖွဲ့က ၆၃ ဖွဲ့ရှိနေသေးတယ်လို့ ဆိုပါတယ်။", "• PDFs တွေဟာ the Central Command and Coordination Committee (C3C)ဗဟိုတပ်အုပ်ချုပ်ရေးစနစ်အောက်မှာ၊ ဒါမှမဟုတ် NUG နဲ့ EAOs မဟာမိတ်တွေပူးပေါင်းထားတဲ့ ပူးတွဲတပ်အုပ်ချုပ်ရေးစနစ် Joint Command and Coordination (J2C)အောက်မှာသွားနေကြပါတယ်။ PDF အများစုဟာ NUG က ဖွဲ့ပေးထားပြီး NUG အမိန့်နဲ့သွားနေတာဖြစ်ပြီးတော့ တချို့ကတော့ NUG လက်အောက်မှာတိုက်ရိုက်မဟုတ်ဘဲ အားကောင်းတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် Karenni National Defense Force (KNDF)နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်မတော် KPDF တို့အောက်မှာရှိပေမယ့် C3Cထဲမှာ စစ်ဆင်ရေးဆောင်ရွက်နေကြတာဖြစ်ပါတယ်။", "တစ်နိုင်ငံလုံးမှာ ဘယ်အဖွဲ့အောက်ကပဲသွားသွား တိုက်ခိုက်ရေးကိုဆောင်ရွက်ရာမှာတော့ C3C နဲ့ J2C ရဲ့ တိုက်ရိုက်ကွပ်ကဲမှုမပါဘဲ နီးစပ်ရာဒေသစစ်တိုင်းအလိုက် လှုပ်ရှား ဆုံးဖြတ်ဆောင်ရွက်လေ့ရှိကြတဲ့ပုံစံ စစ်ဒေသအုပ်ချုပ်မှု military division commands (MDCs)ပုံစံနဲ့ ပိုပြီးဆောင်ရွက်ကြတာကိုတွေ့ရပါတယ်။", "ပြီးခဲ့တဲ့လတွေမှာ PDF တွေရဲ့ စခန်းချပုံ၊ လှုပ်ရှားပုံတွေကိုကြည့်ရင် MDCs က အဓိက မဟာဗျူဟာဖြစ်လာနေတယ်ဆိုတာကိုတွေ့ရပါတယ်။", "• လက်ရှိမှာဆိုရင် MDCs သုံးခုရှိနေပါတယ်။ PDF အဖွဲ့ပေါင်း ၂၀၀ လောက်ဟာ အခုဆိုရင်ကချင်၊ အညာနဲ့ ချင်း စစ် မြေပြင်တွေကို ညှိနှိုင်းဆောင်ရွက်တဲ့ MDC 1 အောက်မှာရှိပါတယ်။ PDF ၅၀ လောက်ဟာ ဆိုရင် ကရင်နဲ့ ကရင်နီထဲမှာရှိတဲ့စစ်ဆင်ရေးတွေကိုဆောင်ရွက်နေတဲ့ MDC 2 နဲ့ MDC 3 ရဲ့အောက်မှာရှိနေကြပါတယ်။", "• လူမျိုးစုဒေသတွေမှာရှိတဲ့ PDF တွေဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုအောက်မှာ စစ် ဆင်ရေးတွေလုပ်ရင်လုပ် ဒါမှမဟုတ် သူတို့နဲ့ လက်တွဲပြီး အတူ ဆောင်ရွက်ရင်ဆောင်ရွက်ဆိုတဲ့ ပုံစံမျိုးနဲ့ရှိနေကြတယ်။ ဥပမာ- KPDF ဟာ KIA ရဲ့ အုပ်ချုပ်မှုအောက်မှာရှိပြီး CDF ကတော့ Chinland Joint Defense Committee (CJDC)အောက်မှာရှိတာဖြစ်ပါတယ်။ KNDF ကတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ကရင်နီတပ်မတော် (KA)နဲ့ ဆက်စပ်နေပါတယ်။", "• PDF တွေကဟာ NUG နဲ့ EAOs တွေက စနစ်တကျဖွဲ့စည်းထားပြီး လေ့ကျင့်သင်ကြားမှုတွေ၊ လက်နက်တပ်ဆင်မှုတွေလည်း ရထားကြတာဖြစ်ပါတယ်။ PDF တပ်ဖွဲ့တစ်ခုစီတိုင်းဟာ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းအဆင့်ဆင့်နဲ့ ဖွဲ့စည်းထားပြီး အဆင့်တစ်ခုမှာ သုံးခုစီရှိရမယ်ဆိုတဲ့ ပုံစံနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဥပမာ- တပ်စုတစ်ခုမှာ တပ်စိတ်သုံးခုပါရမှာဖြစ်ပြီး တပ်ခွဲတစ်ခုမှာ တပ်စုသုံးစုနဲ့ တပ်ရင်းတစ်ခုမှာ တပ်ခွဲသုံးခုပါဝင်တာဖြစ်ပါတယ်။", "• ၂၀၂၂ ဧပြီလတုန်းက LDF အဖွဲ့ပေါင်း ၄၀၁ ဖွဲ့ရှိတယ်လို့ NUG က ခန့်မှန်းပါတယ်။ LDFတွေက PDT နဲ့ PDF တွေထက်ပိုပြီး ကိုယ့်ခြေကိုယ့်လက်လှုပ်ရှားနေကြပါတယ်။ C3C နဲ့ J2C ထဲမှာ ပါနေကြတာမဟုတ်ပေမယ့် အလွတ် သဘော ချိတ်ဆက်ဆောက်ရွက်နေကြတာက ၃၅၄ ဖွဲ့ရှိတယ်လို့ ဆိုပါတယ်။ ဒါက LDF တွေကို ပိုပြီကျယ်ပြန့်တဲ့ တပ်အုပ်ချုပ်ရေးစနစ်ထဲပူးပေါင်းပါဝင်လာဖို့အတွက် ပထမခြေလှမ်းဖြစ်ပါတယ်။ LDF အဖွဲ့ပေါင်း ၁၀၀လောက်ဟာ PDF ကူးပြောင်းခဲ့ကြပြီး အဖွဲ့ တစ်ချို့ကတော့ PDT အဖြစ်ပါဝင်လာကြပါတယ်။", "• မကြာသေးခင်က ခန့်မှန်းထားကြတာကတော့ LDF အဖွဲ့ဝင်ပေါင်း သုံးသောင်းလောက်ရှိမယ်လို့ ဆိုကြပါတယ်။ LDF တွေဟာ အဖွဲ့ဝင်အရေအတွက်ကွာခြားမှုရှိနိုင်ပြီး အချို့က လူတစ်ဒါဇင်လောက်နဲ့ဖွဲ့ထားတာ ဖြစ်နိုင်သလို အချို့ကလည်း ထောင်ချီပြီရှိနေကြတာလည်း ရှိပါတယ်။ ဘယ်လောက်ရှိနေတယ်ဆိုတာက အတက်အကျများတဲ့ ကိန်းဂဏန်းဖြစ်နေပေမယ့် လွန်ခဲ့တဲ့ ၆ လ အတွင်းမှာ LDF တွေရဲ့ 25 ရာခိုင်နှုန်းက PDF သို့မဟုတ် PDT အဖြစ်ပြောင်းလဲလာခဲ့ပြီဖြစ်ပြီးဖြစ်ပါတယ်။", "• LDFတွေဟာ ကိုယ့်ရံပုံငွေကိုယ်ရှာဖွေပြီးတိုက်နေကြတဲ့သူတွေဖြစ်ပြီး ရပ်ရွာထဲက ထည့်ဝင်မှုနဲ့ ပြည်ပရောက် ရပ်သူရွာသားမြန်မာနိုင်ငံသားတွေရဲ့ ထည့်ဝင်မှုအပေါ် အဓိကမှီခိုရတာဖြစ်တယ်။ အဲဒီထဲမှာမှ တချို့ LDF တွေကတော့ လက်နက်တွေနဲ့ စစ်ပညာတွေပေးနိုင်တဲ့ အင်အားကြီး EAOs တွေနဲ့ချိတ်ဆက်လှုပ်ရှားနေကြတာဖြစ်တယ်။", "• LDF တွေရဲ့ တိုက်ရေးခိုက်ရေးကိုကြည့်မယ်ဆိုရင် သူတို့ဟာ မြင်နေကျတိုက်ပွဲပုံစံမျိုးမဟုတ်ဘဲ မိုင်း‌ထောင်တာ၊ ခြုံခိုတိုက်တာ၊ အလစ်အငိုက်ဝင်တိုက်တာ၊ ရန်သူပစ်မှတ်တွေကို ချောင်းပြီးသတ်ဖြတ်တာ အစရှိတာတွေကို ဆောင် ရွက်လေ့ရှိပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူတို့နယ်မြေတွေမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေး အထိုင်ကျသွားမှာကို အဖြစ်မခံနိုင်တာပဲဖြစ်တယ်။", "• ပကဖတွေကို NUG ကဖွဲ့စည်းပေးခဲ့ပြီး မြို့ပြပျောက်ကျားစစ်ဆင်ရေး တွေဆောင်ရွက်ဖို့၊ PDF တွေကိုကူဖို့၊ ပြည်သူကိုစည်းရုံးဖို့၊ ထောက်ပို့နဲ့ တော်လှန်ရေးတပ်သားသစ်တွေကို အခြေခံစစ်သင်တန်းပေးဖို့အတွက် တွေကို အထူးဆောင်ရွက်တဲ့အဖွဲ့ဖြစ်ပါတယ်။", "• NUG ရဲ့ အဆိုအရ ပကဖတွေဟာ မြို့နယ်ပေါင်း ၃၃၀ မှာ အဖွဲ့ပေါင်း ၂၅၀ လောက်ဖွဲ့ထားပြီးပြီလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်းမှာ ကျေးရွာအဆင့်မှာ ဖွဲ့စည်းမှုပိုမိုများပြားလာပါတယ်။ ပကဖတွေဟာ အညာမှာ ပိုပြီး လှုပ်ရှားမှုအများဆုံးဖြစ်ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းတွေမှာ ပိုတွေ့ရပါတယ်။", "• ပကဖတွေဟာ ကျေးရွာအဆင့်မှာ လှုပ်ရှားနေကြတယ် ဆိုပေမယ့် မြို့နယ်အဆင့်မှာလည်း စုစည်းလုပ်ကိုင်ကြတာရှိပါတယ်။ မြို့နယ်တစ်ခုမှာ ပကဖအဖွဲ့ဝင် ၂၀၀၀ လောက်စုစည်းပါဝင်ကြတဲ့အထိရှိပါတယ်။ ပကဖတွေဆီမှာ အများအားဖြင့်တော့ အိမ်လုပ် လက်နက်ငယ်တွေသာရှိပါတယ်။", "• ပကဖတွေဟာ တော်လှန်ရေးလှုပ်ရှားမှုကြီးတစ်ခုလုံးနဲ့ ရပ်ရွာကြားကို ဆက်စပ်ပေးနေတဲ့ အခြေခံအုတ်မြစ်တွေအဖြစ်တည်ရှိကြပါတယ်။", "စစ်တပ်ရဲ့ နှိပ်ကွပ်မှုတွေကြောင့် အကြမ်းမဖက်တော်လှန်ရေးနည်းလမ်းတွေက ပါဝင်နေတဲ့သူတွေအတွက် ဆက်လုပ်လို့မရနိုင်လောက်အောင် အန္တရာယ်များလာချိန်မှာ PDF, LDF နဲ့ ပကဖတွေဟာ တော်လှန်ရေးရဲ့ ဗဟိုချက်ဖြစ်လာကြပါတယ်။ ပြည်သူတွေကလည်းအားကောင်းကောင်းနဲ့ထောက်ခံနေကြပြီး EAOs တွေနဲ့လည်း ပိုပြီးနီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်လာကြတဲ့အချိန်မှာ လျင်မြန်စွာ ကြီးထွားလာကြတာဖြစ်ပါတယ်။", "ရုရှားက ပေးတဲ့ လက်နက်တွေနဲ့ လူမျိုးတုန်းကြံတဲ့ စစ်တပ်နဲ့ တရုတ်ရဲ့ အားပေးကူညီမှုကို အစဉ်အဆက်ရခဲ့တဲ့ တိုက်ရည်ခိုက်ရည် အတွေ့အကြုံဆယ်စုနှစ်များစွာပိုပြီးရထားပြီးလက်ရဲဇက်ရဲ ကြမ်းကြုတ်ယုတ်မာတဲ့ တပ်နဲ့ ရင်ဆိုင်နေရင်းနဲ့ကို တော်လှန်ရေးအင်အားစုဟာ ကြီးမားလာခဲ့တာဖြစ်ပါတယ်။", "အာဏာသိမ်းပြီး ၁၈ လအကြာမှာတော့ PDF, LDF နဲ့ ပကဖတွေဟာ ကြုံသလိုဖွဲ့ထားရပြီးတစစီပြန့်ကျဲနေတဲ့ ဒေသန္တရအဖွဲ့တွေအဖြစ်ကနေ ပိုပြီး ညှိနှိုင်းဆောင်ရွက်မှုအားကောင်းလာတဲ့အဖွဲ့တွေဖြစ်လာကြပြီး လက်နက်တပ်ဆင်မှုလည်းတိုးတက်လာပါတယ်။", "တော်လှန်ရေးတပ်ဖွဲ့တွေဟာ တစ်ဖွဲ့ချင်းစီ အသီးသီးပေါ်ပေါက်လာကြတာဖြစ်ပြီး အစပိုင်းမှာ ပြန့်ကျဲပြီး ထက်အောက်အုပ်ချုပ်မှုပုံစံမရှိဘဲ အချင်းချင်းချိတ်ဆက်ပြီးကွန်ရက်သဖွယ်ပေါ်ပေါက်လာတဲ့ ပျောက်ကျားအဖွဲ့တွေဖြစ်ကြပါတယ်။", "စစ်တပ်ရဲ့ ပိုပြီးကြမ်းကြုတ်တဲ့ နှိမ်နင်းမှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ NUG ဟာ ဒီလို ကျဲပြန့်နေတဲ့ ပြည်သူ့တော်လှန်ရေးအစုအဖွဲ့တွေကို စုစည်းဖို့ကြိုးစားလာပါတယ်။ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို မဟာမိတ် EAOsတွေနဲ့ ပူးပေါင်းဆောင်ရွက်လာကြပြီး စစ်တပ်တစ်ခုအနေနဲ့ ဗဟိုက အုပ်ချုပ်မှုရှိလာနိုင်ဖို့ကို ကြိုးစားလာခဲ့တယ်။", "အောက်တိုဘာ ၂၀၂၁ မှာတော့ NUG က EAOs မဟာမိတ်တွေနဲ့ လက်တွဲပြီး C3C နဲ့ ဗဟိုအုပ်ချုပ်ရေးတစ်ရပ်ကိုတည်ထောင်လိုက်ကြောင်းကြေညာခဲ့တယ်။ ဒီ C3C စနစ်ထဲမှာ NUG, KIA, KNPP, CNF နဲ့ ABSFU တို့ပါဝင်ကြတယ်။ NUG က C3C ထဲမှာ မပါဝင်တဲ့ KNU နဲ့ J2C ကိုဖွဲ့စည်းလိုက်ပြီး KNU နယ်မြေတွေထဲမှာရှိတဲ့ တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့စနစ်ပေါ်ပေါက်လာခဲ့တယ်။ C3C နဲ့ J2C ဟာ တစ်ခုနဲ့တစ်ခု မတူသော်လည်း ဒီ ဖွဲ့စည်းပုံနှစ်ခုစလုံးမှာ NUG က အရေးကြီးတဲ့ အချိတ်အဆက်ဖြစ်လာခဲ့တယ်။", "ဒီလို တပ်အုပ်ချုပ်ရေးစနစ်တွေကိုဖော်ထုတ်နေတုန်းအချိန်မှာပဲ တပ်တွေအားလုံးရဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေဟာ ပိုပြီးစည်းလုံးလာကြပြီး အချိတ်အဆက်ပိုမိစွာလှုပ်ရှားလာနိုင်တာကြောင့် စစ်တပ်နဲ့ တိုက်ပွဲတွေမှာ တော်လှန်ရေးဘက်က ဆက်ပြီးအရေးသာလာတဲ့အခြေအနေတွေဘက်ကို ရွေ့လာခဲ့တယ်။ အရေးကြီးတဲ့အချက်ကတော့ PDF, LDF နဲ့ PDT တွေဟာ C3C နဲ့ J2C ပုံစံနဲ့ ဗဟိုက ချိတ်ဆက်အုပ်ချုပ်လို့ရလာတာမို့ စစ်ဆင်ရေးတွေ တစစ အခြေအနေ ပိုအရေးသာခဲ့ပါတယ်။", "လက်ရှိမှာ NUG ဟာ စစ်ရုံးအသစ်တစ်ခုဖွဲ့စည်းဖို့ ပြင်ဆင်နေပြီး ဌာနသုံးခု ပါဝင်မယ်လို့ဆိုပါတယ်။ အဲဒါတွေကတော့ အထွေထွေ၊ တပ်ထိန်းရုံးနဲ့ စစ်ထောက်ချုပ်ရုံးတို့ ဖြစ်ကြပါတယ်။ အထွေထွေဌာနက စစ်ဆင်ရေးတွေကို ကြီးကြပ်ဆောင်ရွက်မှာဖြစ်ပြီး တပ်ထိန်းနဲ့ စစ်ထောက်ချုပ်ရုံးတို့ကတော့ တပ်အုပ်ချုပ်ရေးစနစ်ကို ပူးတွဲဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အခုရှိနေတဲ့ စိန်ခေါ်မှုကတော့ လက်ရှိ ရှိနေတဲ့ C3C, J2C နဲ့ LDF တွေကို တပ်အုပ်ချုပ်ပုံတစ်ခုတည်းအောက်ရောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာပါ။", "ဒီတော်လှန်ရေးကို စခဲ့တဲ့အချိန်က လက်လုပ်သေနတ်တွေနဲ့ပါ။ တူးမီးတွေ၊ ဂက်စ်ရိုင်ဖယ်တွေ၊ လက်လုပ် ဗုံးတွေနဲ့ မို့လို့ စစ်တပ်က ခေါင်းဆောင်တွေဟာ ဒီလို မဖြစ်ညစ်ကျယ်ပုန်ကန်သူတွေဟာ မကြာခင်ကျရှုံးသွားမှာပဲလို့ ထင်ခဲ့ကြတယ်။", "ယူကရိန်းနဲ့မတူတာက မြန်မာပြည်ရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ နိုင်ငံတကာကနေ တိုက်ခိုက်ရေးအကူအညီတွေ ဘာမှ မရခဲ့တာကြောင့် ပြည်သူ့တော်လှန်ရေးဘက်က ရပ်လိုတဲ့ EAOs တွေရဲ့ အထောက်အပံ့ကို အားကိုးခဲ့ရတာဖြစ်ပြီး တချို့လက်နက်တွေကိုတော့ မှောင်ခိုလမ်းကြောင်းက ဝယ်ခဲ့ရပါတယ်။", "တော်လှန်ရေးအင်အားစုတွေဟာ ကိုယ့်ဘာသာ အိတ်စိုက်ပြီးတော်လှန်ရေးကိုလုပ်ရတာရှိသလို EAOs တွေနဲ့ အခြားနေရာတွေကနေ လက်နက်ဝယ်ယူဖို့ကို ပြည်သူက ထည့်တဲ့အလှု‌ငွေအပေါ်အားကိုးပြီးလုပ်ရတာဖြစ်ပါတယ်။ ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ အလှု‌ငွေကောက်ခံရရှိလာတဲ့အခါမှာ တော်လှန်ရေးကာလတစ်ခုလုံးမှာ ဒေါ်လာ ၅၅ သန်းအထိ ရရှိလာခဲ့တယ်လို့ ဒီဆောင်းပါးအတွက် အင်တာဗျူးချိန်မှာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။", "အဲဒီလိုရရှိလာတဲ့ငွေတွေကို လက်နက်ဝယ်ယူဖို့ အများဆုံးအသုံးပြုခဲ့ရပါတယ်။ ဝယ်ယူရရှိတဲ့လက်နက်အရေအတွက်ဟာ အားလုံးကိုတပ်ဆင်ပေးဖို့အတွက် မလုံလောက်ပေမယ့် မူလက ထင်မှတ်ထားတာထက် အများကြီးကျော်လွန်ပြီးလုပ်နိုင်ခဲ့သလို တော်လှန်ရေးခါးဆက်မပြတ်သွားဖို့ ထိန်းထားနိုင်ခဲ့ပါတယ်။", "EAOs တွေနဲ့ ဝေးပြီးလက်နက်မှောင်ခိုစျေးကွက်ရှိရာတရုတ်နယ်စပ်နဲ့လည်းလှမ်းတဲ့ အညာဒေသမှာဆိုရင် လက်နက်စျေးက ပိုပြီးကြီးမြင့်ပါတယ်။ ဒါက အညာက PDF, LDF နဲ့ ပကဖတွေကို ထင်သလောက်ခရီးမပေါက်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါကိုဖြေရှင်းဖို့ အညာဒေသတွေဟာ မိမိတို့ဘာသာ တိုက်နေရင်း လက်နက်ထုတ်လုပ်ကြရပြီး ဒါဟာ မြန်မာရဲ့ ခေတ်သစ်သမိုင်းမှာ မကြုံစဖူးတွေ့ရှိရတဲ့ အခြေအနေဖြစ်ပါတယ်။", "စာရေးသူရဲ့ ၂၀၂၂ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ တစ်နိုင်ငံလုံးမှာ လက်နက်ထုတ်တဲ့ အလုပ်ရုံပေါင်း ၇၀ ကျော်ရှိပြီး အခြေခံစစ်လက်နက်တွေကို ထုတ်လုပ်ကြရာမှာ ဒေသတော်လှန်ရေးအဖွဲ့တွေရဲ့ လိုနေတဲ့လက်နက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။", "PDF တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က လက်နက်တပ်ဆင်ပြီးပြီးပေမယ့် တပ်တွေအားလုံးကိုပေါင်းလိုက်ရင် တစ်ဝက်လောက်ကိုပဲ လက်နက်တပ်ဆင်ပေးနိုင်တဲ့အခြေအနေရှိပြီး အများစုရှိတဲ့လက်နက်တွေကလည်း အရည်အသွေးမကောင်းတဲ့ ဒေသထွက်လက်နက်တွေဖြစ်နေကြပါတယ်။ တပ်အများစုဟာ လက်နက်ကြီးတွေ၊ လေကြောင်းခုခံရေးလက်နက်တွေနဲ့ တင့်ကားဖျက်ဒုံးကျည်တွေကို အနားမကပ်နိုင်သေးပါဘူး။", "အထူးသဖြင့် လေကြောင်းကာကွယ်ရေးလက်နက်တွေလို ပိုပြီးထိရောက်တဲ့လက်နက်တွေကိုမရနိုင်ဘူးဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်ကို အကန့်အသတ်နဲ့ပဲ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကျေးလက်ပျောက်ကျားနည်းနဲ့ အောင်မြင်မှုအချို့ကိုရရှိခဲ့ပေမယ့် မြို့ပြမှာတော့ စစ်ကောင်စီရဲ့ လုံခြုံရေးအင်အားကို ပျောက်ကျားနည်းနဲ့ ယှဉ်ပြိုင်တိုက်နိုင်မဖို့ မလွယ်သေးပါဘူး။", "စစ်တပ်ရဲ့ ကြည်းတပ်တွေဟာ PDFတွေရဲ့ မဆုတ်မနစ်တိုက်ခိုက်မှုနဲ့တွေ့ရင် အထိနာလေ့ရှိကြပေမယ့် လေတပ်ကို စစ်တပ်ဘက်က သုံးလာရင်၊ တင့်ကားနဲ့ လက်နက်ကြီးတွေကို သုံးလာရင် ဒီမိုကရေစီအရေးလှုပ်ရှားတော်လှန်သူတွေဟာ ဆုတ်ခွာကြရပါတယ်။", "အင်တိုက်အားတိုက်ပါဝင်ကြတဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးအတွက် ထည့်ဝင်မှုဟာ တစ်ပြည်လုံးမှာ ခပ်ပါးပါး ချထားရတဲ့ စစ်ကောင်စီရဲ့ ကြည်းတပ်တွေနဲ့ ရင်ဆိုင်ဖို့အတွက် ခွန်အားတွေဖြစ်လာပါတယ်။ အခုချိန်ထိတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လျော့သွားတဲ့တပ်အင်အားကိုပြန်ဖြည့်ဖို့၊ တပ်အင်အားကိုဖြည့်တင်းဖို့အတွက် စစ်သားစုဆောင်းရာမှာ အခက်အခဲမရှိသေးပါဘူး။", "စစ်တပ်ဘက်မှာတော့ တပ်ပြေးတွေ ရှိနေသလို စစ်သားသစ်စုဆောင်းဖို့လည်း ခက်ခဲလာပါတယ်။ ဒါပေမယ့် နိုင်ငံ တကာရဲ့ ထိထိရောက်ရောက်အားပေးမှုကို မြန်မာဒီမိုကရေစီဘက်တော်သားတွေမရနိုင်ဘူးဆိုရင်တော့ တော် လှန်ရေးဟာ ပြည်တွင်းအင်အားကိုပဲ လုံးလုံးမှီစရာရှိတာမို့ ကြာရှည်ပြည်သူ့တွေရဲ့ ထောက်ပံ့နိုင်စွမ်းကို ထိန်းထားဖို့ ခက်လာနိုင်ပါတယ်။", "အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့တဲ့ ရွာတွေကိုမီးရှို့ပစ်တာ၊ ထောက်ပို့ပေးတဲ့သူတွေကို သတ်ပြတာတွေအစရှိတဲ့ တော်လှန်ရေးကိုအားပြတ်‌ဖို့ ဆောင်ရွက်တဲ့နည်းတွေနဲ့ စစ်တပ်ဟာ ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားကို နည်းမျိုးစုံနဲ့ သပ်သျှိုလာတာတွေလည်းရှိနိုင်ပါတယ်။", "စစ်တပ်ဘက်က အကျအဆုံးများတာတွေဟာ စစ်သားတွေကို စိတ်ဓာတ်ကျဆင်းစေသလို အထိနာလာအောင်လည်း လုပ်နိုင်ကြောင်း PDF, LDF နဲ့ ပကဖတွေရဲ့ တိုက်ခိုက်မှုက ပြသခဲ့ပါတယ်။ အကျိုးဆက်ကတော့ စစ်တပ်ဟာ တော်တော်ကျယ်ဝန်းတဲ့နယ်မြေပမာဏတွေကို သူ့ထိန်းချုပ်မှုအောက်မှာ မထားနိုင်တော့ပါဘူး။", "အထူးသဖြင့် ကျေးလက်ဘက်မှာ စစ်တပ်က မထိန်းနိုင်တဲ့နယ်ပိုများလာပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဖွဲ့စည်းပုံဘက်မှာ အားနည်းချက်ရှိတာတွေကို ပြင်ဆင်ဖို့ တိုးတက်ပြောင်းလဲလာနေကြသလို လက်နက်ပိုမို တပ်ဆင်နိုင်ဖို့လည်း အခြေအနေ ပိုကောင်းလာပါတယ်။", "မော်စီတုန်းက တစ်ချိန်ကပြောခဲ့သလိုပဲ “တော်လှန်ရေးပျောက်ကျားတပ်တစ်ခုဟာ အစောပိုင်းအခက်အခဲတွေကိုအောင်မြင်စွာကျော်လွှားနိုင်ပြီးတိုင်းပြည်လူဦးရေရဲ့ ၁၅-၂၅ ရာခိုင်နှုန်းလောက်ရဲ့ ထောက်ခံအားပေးကူညီမှုကိုရနိုင်တယ်ဆိုရင် သူ့ကို ဖြိုချဖျက်စီးနိုင်ဖို့ မျှော်လင့်လို့ရစရာသိပ်မရှိတော့ဘူး” ဆိုတာပါ။", "အင်မတန်ဆိုးရွားလှတဲ့ ဖြိုခွင်းဖိနှိပ်မှုတွေကိုကြုံနေကြပေမယ့် မြန်မာ့တော်လှန်ရေးပျောက်ကျားလှုပ်ရှားမှုဟာ ပထမအဆင့်ကို အောင်မြင်ခဲ့သလို ပြည်သူ့ထောက်ခံမှုကိုလည်း တည်ဆောက်ယူနိုင်ခဲ့ပါတယ်။ နည်းဗျူဟာတီထွင်မှုတွေနဲ့ တော်လှန်ရေးတပ်တွေဟာ တပ်ဖြစ်လာရုံ မည်ကာမတ္တကနေပြီးတော့ မဟာဗျူဟာမြောက်အခင်းအကျင်းဆီကို သွားနေပါပြီ။", "စစ်တပ်ဟာ သူသာလျှင် ဒီတိုင်းပြည်ကို တည်ငြိမ်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်တယ် ဆိုတဲ့ အဆိုနဲ့ တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံတွေဆီက အားတွေကိုရယူနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ လတွေထဲမှာ အခြေအနေကိုကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ အဆိုပါ ယုံချင်စရာမကောင်းတော့ဘဲ နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ နယ်မြေတွေကို မထိန်းထားနိုင်ပါဘူး။", "စစ်တပ်ကိုယ်တိုင်ကပဲ တိုင်းပြည်နဲ့ ဒေသတွင်း မတည်ငြိမ်ရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်တယ်ဆိုတာကို ပြသနေခဲ့ပါတယ်။ စစ်တပ်ကပစ်လိုက်တဲ့လက်နက်တွေဟာ ထိုင်း၊ ဘင်္ဂလားဒေ့ရှိကိုပါရောက်ခဲ့တဲ့အပြင်ဘာသာရေးအဓိကရုဏ်းတွေပေါ်လာဖို့ကို တက်တက်ကြွကြွ မြှောက်ပေးနေတာက ထိတ်လန့်စရာပါ။", "တစ်ချိန်တည်းမှာ လူတွေ ကြောက်စိတ်ဝင်လာအောင် ရက်စက်ပြနေပြီး ဒုက္ခသည်ပေါင်းများစွာကို လအနည်းငယ်အတွင်းထွက်ပေါ်လာစေခဲ့တယ်။ စစ်ခေါင်းဆောင်တွေဟာ သြဂုတ်လမှာကျင်းပဖို့လျာထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် နယ်မြေတည်ငြိမ်မှုအတိုင်းအတာတစ်ခုထိရအောင် အသည်းအသန်ကြိုးစားနေတာကြောင့် ဒီအတောအတွင်းမှာ အခုချိန်ထိလျော့မသွားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပိုပြီးစုစည်းမိလာတဲ့အား၊ ပိုပြီး ကြွယ်ဝလာတဲ့ ပရိယာယ်ကို ရင်ဆိုင်ကြရပါလိမ့်မယ်။", "ဓာတ်ပုံ-အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် PDF ကွန်မန်ဒိုတပ်ဖွဲ့ ။", "( USIP က ဖော်ပြထားသည့် Understanding the People’s Defense Forces in Myanmar ကို ဆီလျှော်အောင် ဘာသာပြန်ထားပါသည်)"]
https://yktnews.com/2022/08/28180/
ရုရှားက အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ် လှုပ်ရှားနိုင်ရန် မြန်မာတွင် ရေတပ်အခြေစိုက် စခန်း ရရှိရေး ကြိုးပမ်း
["By စတီဖန် ဘလန့်က် (နယူးလိုင်းစ် အင်စတီကျု)", "ရုရှားနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်း တက်ကြွစွာ လှုပ်ရှားကစားနေသူ တစ်ဦးအဖြစ် စောင့်ကြည့်လေ့လာသူ အချို့က ယူဆကြသော်လည်း၊ ရုရှားအနေဖြင့် ထိုဒေသအတွင်း အမြဲတမ်းအခြေစိုက်စခန်းများ ထူထောင်နိုင်ရန် ကာလရှည်ကြာ ကြိုးပမ်းရှာဖွေလျက် ရှိနေခဲ့သည်။", "ဆိုဗီယက်ခေတ်က စတင်ခဲ့သည့် အာဖရိကဦးချိုဒေသနှင့် ပင်လယ်နီဒေသ အခြေစိုက်စခန်းများနှင့်အတူ ကြိုးပမ်းရှာဖွေမှုများက၊ မကြာသေးမီက ဆူဒန်နှင့် မြန်မာနိုင်ငံတို့သို့ တိုးဝင်မှုများနှင့်အတူ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ဆူဒန်နိုင်ငံတွင် ရေတပ်အခြေစိုက်စခန်းတစ်ခုနှင့် – အခြားလွှမ်းမိုးသည့် ပုံစံများကို – ထူထောင်ရန် ရုရှား၏ လုပ်ဆောင်လာမှုများက၊ ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာတို့ကို ပြန်လည်ရယူလိုသည့် မော်စကို၏ ဆန္ဒရှိမှုကို ခင်းကျင်းပြသလျက် ရှိနေသည်။", "မကြာသေးမီက မြန်မာနိုင်ငံသို့ ရုရှား၏ လက်ဆန့်တန်း ချဥ်းကပ်လာမှုက၊ မော်စကိုအနေဖြင့် မြန်မာနိုင်ငံတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု ရရှိရန်နှင့် ထိုဒေသရှိ နိုင်ငံတကာပြိုင်ဆိုင်မှု အတွင်းသို့ ပါဝင်လာရန် ရည်မှန်းထားကြောင်း ညွှန်ပြနေနိုင်သည်။", "အိန္ဒိယသမုဒ္ဒရာ၊ အာဖရိကဦးချိုဒေသနှင့် အထူးသဖြင့် ပင်လယ်နီရှိ ဆူးအက်တူးမြောင်းသို့ ဝင်ထွက်ရာ ဘက်ဘဲလ်မန်းဒက်ဘ် ရေလက်ကြား တစ်ဝိုက်တွင် အခြေစိုက်စခန်းများ ထားရှိရန် ရုရှား၏ရည်မှန်းချက်က၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှု၏ နောက်ဆုံးအခြေအနေကို၊ အထူးသဖြင့် ထိုဗျူဟာကျသည့် ပင်လယ်ရေပြင်များကို ဖြတ်သန်းလျက်ရှိနေသည့် စွမ်းအင်သယ်ပို့မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ကြိုးပမ်းအားထုတ်မှုများအဖြစ် အထင်အရှား ဖော်ပြလျက် ရှိနေသည်။", "အကယ်၍သာ ထိုဒေသများတွင် တာဝေးသို့ တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် အခြေစိုက်စခန်းများ ရှိခဲ့ပါက၊ အထူးသဖြင့် အီရန်နှင့် ဖြစ်နေသည့် ပဋိပက္ခတစ်ခုအတွင်း၊ မြေထဲပင်လယ်ရှိ နေတိုးနှင့် အိန္ဒိယသမုဒ္ဒရာရှိ အမေရိကန် ရေတပ်သင်္ဘောများအား ခြိမ်းခြောက်နိုင်လိမ့်မည် ဖြစ်သည်။", "ထို့အပြင်၊ အားဇော့ဗ်ပင်လယ်၊ ကာ့ချ်ရေလက်ကြား နှင့် ပင်လယ်နက်တို့အတွင်း ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ ကော်မရှင်စာချုပ်ကို ရုရှားက အကြိမ်ကြိမ် ချိုးဖောက်နေမှုများနှင့် အခြားနေရာများတွင်လည်း ၎င်း၏အလားတူ လုပ်ဆောင်လိုမှုများကြောင့်၊ အခြေစိုက်စခန်းသစ်များ ထူထောင်ရန် ရုရှား၏ တွန်းအားပေး လုပ်ဆောင်နေခြင်းများက ကမ္ဘာ့ပင်လယ်ပြင်ဥပဒေ၏ အခြေခံမူကို ခြိမ်းခြောက်ရာ ရောက်နေသည်။", "အာဖရိကတိုက် တစ်ခုလုံးတွင် ၎င်း၏ ဘက်ပေါင်းစုံမှ ရှိနေမှုကို မြှင့်တင်ပေးနိုင်ရန်၊ အဓိကကျသည့် အာဖရိကသို့ ရုရှားသြဇာအာဏာ ဖြန့်ကျက်ရေး မျှော်မှန်းချက်အတွက် အလားအလာ တစ်ခုလည်း ဖြစ်နိုင်ပါလိမ့်မည်။", "ရုရှားလေ့လာဆန်းစစ်သူများနှင့် တာဝန်ရှိသူများက၊ အိန္ဒိယသမုဒ္ဒရာအတွင်း ရုရှား၏ စိတ်ဝင်စားမှု ရှိနေခြင်းကို အချက်ပြမှု အဖြစ် – ၂၀၁၅ ခုနှစ် ပင်လယ်ရေကြောင်းဆိုင်ရာ မူဝါဒသဘောထားအတွင်း ယင်းဒေသအား ဦးစားပေးနယ်မြေအဖြစ် သတ်မှတ်ရန် – တောင်းဆိုထားသော်လည်း၊ ထိုဒေသအတွင်း ကြီးမားသည့် သြဇာအာဏာ ရှိနေသည်ကို အသိအမှတ် ပြုသည်ထက် ကျော်လွန်၍ မိမိတို့၏ ရည်မှန်းချက်များကို မော်စကိုက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။", "၂၀၁၇ ခုနှစ် ရေတပ်၏ မူဝါဒအမြင် သဘောထားအတွင်း၊ ရုရှားအတွက် ပင်လယ်ရေကြောင်းမှ ခြိမ်းခြောက်မှု ရှိနေခြင်းများနှင့် ရုရှားအနေဖြင့် “ကမ္ဘာ့သမုဒ္ဒရာရေပြင်” တွင် နေရာတိုင်း၌ ရှိနေရန် လိုအပ်ကြောင်း အခိုင်အမာ ပြောဆိုမှုများဖြင့် ပြည့်နှက်နေသော်လည်း၊ အိန္ဒိယသမုဒ္ဒရာကိုမူ ဂျီဘူတီနိုင်ငံ၏ ပင်လယ်ဓားပြမှုများနှင့် ဆက်စပ်၍ ဖော်ပြရုံမျှသာ ပါရှိခဲ့သည်။ သို့ရာတွင် အဆိုပါ မူဝါဒသဘောထားတွင် ဖော်ပြထားသည်မှာ၊", "“၂၁ ရာစုတွင်၊ သမုဒ္ဒရာများနှင့် ပင်လယ်ပြင်တွင် ခေါင်းဆောင်မှုနေရာ ရရှိရေးအတွက် နိုင်ငံအများ၏ ယှဉ်ပြိုင်မှုအတွင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခန်းကဏ္ဍက သိသိသာသာ တိုးမြင့်လာခဲ့သည်။ ပင်လယ်ပြင် စစ်ဆင်ရေးများဖြင့် ကမ္ဘာ့အင်အားကြီး ရေတပ်များက လက်နက်ကိုင်ပဋိပက္ခ၏ လမ်းကြောင်းကို လွှဲပြောင်းပစ်နိုင်ပြီး၊ စစ်ပွဲ၏ ရလဒ်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည်။ ဤအချက်ကို၊ နိုင်ငံတကာလုံခြုံရေးအတွက် စိန်ခေါ်မှုအသစ်နှင့် ရုရှားဖက်ဒရေးရှင်း၏ စစ်ရေးအရ လုံခြုံမှုကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် အမေရိကန်တို့၏ ‘ကမ္ဘာအနှံ့ တိုက်ခိုက်နိုင်စွမ်းရှိမှု’ သဘောတရားက အတည်ပြုထားပြီး ဖြစ်သည်။ ရေတပ်တပ်ဖွဲ့များသည် ဤသဘောတရားကို အကောင်အထည် ဖော်ရာတွင် အရေးကြီးသည့် အဓိကအစိတ်အပိုင်း ဖြစ်သည်။”", "ထို့ကြောင့် မော်စကို၏ ရည်မှန်းချက်များက၊ ထိုပင်လယ်ရေပြင်များ အတွင်းရှိ အနောက်နိုင်ငံများ၏ အထူးသဖြင့် အမေရိကန်တို့၏ ရေတပ်သင်္ဘောများကို ဟန့်တားရန်နှင့် ထို့ထက်ပို၍ ခြိမ်းခြောက်ရန်ပင် ဖြစ်သည်ဟု ကောက်ချက်ချ နိုင်သည်။ ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး ရေတပ်အဖြစ် – ယင်းရည်မှန်းချက်ကို မရရှိနိုင်သည့်တိုင် – ကမ္ဘာလုံးဆိုင်ရာ ရေတပ်အင်အား တည်ရှိမှုကို၊ ရုရှားက လိုလားနေသည်။", "ထို့ကြောင့်၊ ရုရှားအနေဖြင့် ၎င်း၏ ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးမားသူဖြစ်ရေး ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက်၊ အိန္ဒိယသမုဒ္ဒရာ၊ ပါရှားပင်လယ်ကွေ့၊ ပင်လယ်နီနှင့် အခြားနေရာဒေသများကဲ့သို့ အဓိကကျသည့် ပင်လယ်ရေပြင်များတွင် မဖြစ်မနေ ရှိနေစေရမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေး၏ “ဥက္ကဌစားပွဲ” တိုင်းတွင် ဝင်၍ ထိုင်လိုသည့် ဆန္ဒက၊ ရုရှားနိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒ၏ အဓိကမောင်းနှင်အားအဖြစ် ဆက်ရှိနေသည်။", "ရုရှား၏ ရည်ရွယ်ချက်မှာ ၁၉၇၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ၂၄ ကြိမ်မြောက် ပါတီညီလာခံတွင် ဆိုဗီယက် နိုင်ငံ ခြားရေး ဝန်ကြီး အန်ဒရေဂရိုမီကို တောင်းဆိုထားသည့် အဆင့်နေရာကို ပြန်လည်ရယူရန်ဖြစ်ပြီး၊ ထိုအစည်းအဝေးအတွင်း ဂရိုမီကိုက ဆိုဗီယက်ယူနီယံ မပါဝင်ဘဲ ကမ္ဘာ့နိုင်ငံရေးတွင် မည်သည့်မေးခွန်းအတွက်မျှ အဖြေမရှိစေရ (သို့မဟုတ်၊ မကြာသေးမီကပင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆေဂေးလဗ်‌ရော့ဗ်က “ကျွန်တော်တို့ သဘောဆန္ဒမပါဘဲ ဥရောပမှာ ဘယ်အမြောက်မှ ပစ်ခတ်လို့ မရစေရ”) ဟု ပြောကြားခဲ့သည်။", "မကြာသေးမီက အိန္ဒိယသမုဒ္ဒရာအတွင်း ရေကြောင်းကုန်သွယ်မှုကို အထောက်အပံ့ ဖြစ်စေရန် အထင်အရှားလုပ်ဆောင်မှုအဖြစ် ပြုလုပ်ခဲ့သည့် ရုရှား-အီရန် ရေတပ်စစ်ရေးလေ့ကျင့်မှု ကဲ့သို့သော လက်ရှိဖြစ်ပေါ်နေသည့် လမ်းကြောင်းများက၊ မော်စကိုအနေဖြင့် ရှိနေသည့် နိုင်ငံတကာ ထုံးတမ်းစဥ်လာကို ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် ပြန်လည်ပြင်ဆင်ရန် ရည်ရွယ်ထားကြောင်း အတည်ပြုလျက် ရှိနေကြသည်။", "မြန်မာနိုင်ငံအပေါ် အထူးသဖြင့် မြန်မာစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထားရှိသည့် ရုရှား၏ လက်ရှိ မူဝါဒများက၊ ဆူဒန်တွင် အသုံးပြုခဲ့သည့် ၎င်း၏ ယခင်နည်းဗျူဟာများနှင့် ဆင်ဆင်တူနေသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် ရုရှားက လက်နက်ရောင်းချမှုနှင့်၊ ကုလသမဂ္ဂတွင် ယင်းစစ်အုပ်စုများအပေါ် ရန်လိုသည့် လုပ်ရပ်များကို ပိတ်ဆို့တားဆီး ပေးရန် သို့မဟုတ် ၎င်းတို့၏ကိုယ်စား အပြုသဘောဆောင်သည့် ကုလသမဂ္ဂမူဝါဒများ ထုတ်ပြန်နိုင်ရေးအပေါ် သြဇာလွှမ်းမိုးမှု ပေးရန်၊ အားကောင်းသည့် သံတမန်ရေး ပံ့ပိုးကူညီမှုတို့ကို အသုံးချခဲ့သည်။ ခုခံဆန့်ကျင်သူများကို တိုက်ခိုက်ရာတွင်၊ မည်သည့်အကြောင်းကြောင့် မတည်ငြိမ်မှု ဖြစ်လာစေကာမူ၊ ထိုအာဏာရှင်အုပ်စုများဘက်မှ ရုရှားက အင်တိုက်အားတိုက် ထောက်ခံပေးခဲ့ပြီး သတင်းအချက်အလက် စစ်ဆင်မှုများဖြင့် ပံ့ပိုးပေးခဲ့သည်။", "ဆူဒန်တွင် ရုရှားက စီးပွားရေးအရ ထိုးဖောက်ဝင်ရောက်မှုကို တိုးမြှင့်ရန် ရည်မှန်းထားသည်။ မြန်မာနိုင်ငံတွင် လှုပ်ရှားလုပ်ဆောင်မှုများက၊ လက်နက်ရောင်းချမှုဆိုင်ရာ သဘောတူညီချက် အသစ်များမှတစ်ဆင့် အရှေ့တောင်အာရှတွင် ဒေသတွင်းအစိုးရများနှင့် ထိတွေ့မှုပိုမိုမြင့်မား လာစေရေးအပေါ် ၎င်းတို့၏ အသစ်တဖန် စိတ်ဝင်စားမှုနှင့် ဆက်စပ်လျက် ရှိနေသည်။ ထို့ကြောင့်၊ မော်စကိုအနေဖြင့် ၎င်း၏ သြဇာလွှမ်းမိုးမှု ချဲ့ထွင်လာမှုအပေါ်တွင် အခြေခံ၍ စစ်အုပ်စုအား ထောက်ခံပံ့ပိုးပေးရမှုအတွက် အတုံ့အလှည့်အဖြစ်၊ မြန်မာနိုင်ငံတွင် ရေတပ် နှင့်/သို့မဟုတ် လေတပ်စခန်းတစ်ခု ရရှိနိုင်ရေးအတွက် ရေလာမြောင်းပေးလုပ်ကောင်း လုပ်နေလိမ့်မည်ဖြစ်သည်။", "ဆူဒန်ဆိပ်ကမ်းတွင် ရုရှား၏ အခြေစိုက်စခန်းတစ်ခုကို ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့ခြင်းက၊ ၎င်း၏ ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးမားသူ၏ အဆင့်အတန်းနှင့် ရည်မှန်းချက်များကို သက်သေပြရန် အိန္ဒိယသမုဒ္ဒရာအတွင်း အခြေစိုက်စခန်းများ ရရှိရေးအတွက် ကြိုးပမ်းရှာဖွေနေခြင်းကို နမူနာအဖြစ် ပြသလျက် ရှိသည်။", "ထိုအခြေစိုက်စခန်းနှင့် ပတ်သက်၍ ဆူဒန်-ရုရှား ပွတ်တိုက်မှုများ ရှိနေသည်ဟု ဆိုသော်လည်း၊ မော်စကိုအနေဖြင့် ၎င်းစခန်းအား ဆုံးရှုံးသွားရမည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ (အကယ်၍ ထိုသို့ဖြစ်လာခဲ့ပါက၊ ရုရှားအနေဖြင့် အစားထိုးနေရာ ရရှိရန် အခြားနေရာများတွင် ရှာဖွေနေလိမ့်မည် ဖြစ်သည်)။", "ဆူဒန်တွင် အသုံးပြုသည့် ရုရှား၏ နည်းပရိယာယ်များက၊ နောက်ထပ် ဗျူဟာမြောက် အပြောင်းအလဲတွင် ထိရောက်မှု ရှိစေရန်အတွက်၊ ဗျူဟာမြောက် သို့မဟုတ် ဗျူဟာမြောက် အားသာချက်များကို လုံခြုံမှုရှိစေရန်၊ ၎င်း၏ အင်အားနှင့် မူဝါဒဆိုင်ရာ အစိတ်အပိုင်းများ အားလုံးကို ပေါင်းစပ်အသုံးချမှုအား နမူနာအဖြစ် ပြသနေသည်။ ဂျိမ်းမ်စ်ရှားက၊ ယခုအခါ “ရုရှားက ၎င်း၏ နိုင်ငံအဆင့် ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင်၊ နိုင်ငံရေး-စစ်ဘက် ပေါင်းစပ်မှု၏ ထူးခြားသည့် အတိုင်းအတာတစ်ခုကို တွေ့ရှိနေသည်” ဟု ရေးသားခဲ့သည်။", "မာဂရိကလိုင်းက အလားတူ မှတ်ချက် ပြုခဲ့သည်မှာ -သြဇာလွှမ်းမိုးမှုကို အသုံးချရာတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် အလွန်အရေးပါသည့် ကိရိယာတစ်ခု ဖြစ်လာခဲ့ပြီး၊ စစ်တပ်နှင့်မဆိုင်သည့် အရပ်ဘက်နည်းလမ်းများအတွက် အားဖြည့်တိုးချဲ့စရာတစ်ခု အဖြစ်လည်း အသုံးပြုလာခဲ့ကြသည်။ ၎င်းတို့ကို ပြောင်ပြောင်တင်းတင်းနှင့် ကွယ်ဝှက်ဖုံးအုပ်သည့် နည်းလမ်းနှစ်မျိုးလုံးဖြင့် အသုံးပြုလျက် ရှိနေကြသည်။ ထို့အပြင် မော်စကိုက အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်အတွက်၊ ၎င်း၏ စစ်ဘက်ဆိုင်ရာ နည်းလမ်းများကို အသုံးပြုလျက် ရှိနေသည်။", "စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက၊ တူရကီနှင့် လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် တရုတ်၊ အီဂျစ်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကဲ့သို့သော၊ လက်ရှိ မိတ်ဖက်များအား ခိုင်မာလာစေရေး သို့မဟုတ် မိတ်ဖက်အသစ်များ တိုးပွားလာရေးတို့အတွက်၊ တိုး၍ အရေးကြီးလာသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။", "ဤပေါင်းစပ်မှုက အထူးသဖြင့် ပြင်းထန်သည့် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော ဆူဒန်ကဲ့သို့ နိုင်ငံများတွင် ထိရောက်မှု ရှိနေသည်။ ဤမဟာဗျူဟာနှင့် အဆိုပါ အစိုးရများ၏ လိုအပ်ချက်တို့ အတူတကွ ပေါင်းစပ်မှုက ရုရှား၏ပန်းတိုင်များနောက် လိုက်ပါလျှောက်လှမ်းရန်အတွက် အကောင်းဆုံး အခြေအနေတစ်ရပ်ကို ကိုယ်စားပြုနေသည်။ ထိုသို့ဖြစ်ရသည်မှာ အဆိုပါနိုင်ငံများသည် ပကတိအားဖြင့် ရုရှားလိုလားမှုကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ လက်ခံနိုင်ခြင်း မရှိသည့် ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုခြင်းမရှိဘဲ ၎င်းတို့ ကြုံတွေ့နေရသည့် အကျပ်အတည်းများမှ သက်သာရာရစေမည့် မဟာဗျူဟာမြောက် ကုန်ပစ္စည်းများ (စစ်ဘက်နှင့် နှစ်မျိုးသုံးပစ္စည်း နှစ်ခုလုံး) တင်သွင်းသူအဖြစ် ရုရှားက ဆွဲဆောင်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။", "ဥပမာအားဖြင့်၊ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းပြိုင်ဘက်များနှင့် တောင်ဆူဒန်တို့ကို ဆန့်ကျင်ရာတွင် စစ်ရေးအရ ပံ့ပိုးကူညီခဲ့မှုအတွက် အတုံ့အလှည့်အနေဖြင့်၊ ဆူဒန်သမ္မတ အိုမာဘရှီးယားက ရုရှားအား အခြေစိုက်စခန်း တစ်ခုကို ကမ်းလှမ်းခဲ့သည်။ တစ်ချိန်တည်းတွင် ဆူဒန်က၊ ၂၀၀၅ ခုနှစ်တွင် တောင်ဆူဒန်အား လွတ်လပ်ရေးရရှိစေခဲ့သည့် စစ်ပွဲအတွင်း ဆုံးဖြတ်ချက်အမှတ် ၁၅၉၁ အရ ချမှတ်ထားခဲ့သည့် လက်နက်ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေး ကုလသမဂ္ဂအား ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။ ဆူဒန်သည် နိုင်ငံအဆင့် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံထားရမှုကြောင့် အမေရိကန်က ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ရုပ်သိမ်းပေးရန်နှင့် ချေးငွေများ ရရှိရန်အတွက်လည်း ကြိုးပမ်းနေခဲ့သည်။", "ဆူဒန်က အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုခဲ့သော်လည်း၊ ထိုအချက်က ရှင်းလင်းစွာပင် ရုရှား၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရန်အတွက် လုံလောက်မှု မရှိခဲ့ပေ။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် ရှိနေခဲ့သော်လည်း၊ ဆူဒန်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ဖြေ လျှော့ပေးရန်နှင့်၊ ဒုက္ခရောက်နေသည့် ဒါဖာဒေသတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအား အဆုံးသတ်သွားစေရန် မော်စကိုက ကာလကြာရှည် ထောက်ခံမှု ပေးနေခဲ့သည်။", "ဤအချက်များက၊ ဆူဒန်အနေဖြင့် ရုရှားထံမှ လက်နက်ရရှိမှုနှင့် နိုင်ငံရေးအရ ပံ့ပိုးမှုတို့ကို အဘယ်ကြောင့် တောင်းခံနေခဲ့ကြောင်းနှင့်၊ အပြန်အလှန်အားဖြင့် ရုရှားက ၎င်းတို့ ကာလရှည်ကြာ ရှာဖွေနေသည့် အခြေစိုက်စခန်းတစ်ခု ရရှိရေးအတွက် တုံ့ပြန်မှုပေးရန် ဆန္ဒရှိကြောင်းတို့ကို ရှင်းပြလျက် ရှိနေသည်။ ပြည်တွင်းရေးတွင် ပံ့ပိုးကူညီရန် ဘရှီးယား၏ တောင်းဆိုမှုမှာ၊ ရုရှား၏မက်လုံးများ စာရင်းထဲသို့ ပေါင်းထည့်လိုက်ရုံမျှသာ ဖြစ်သည်။", "ဆူဒန်၏ စိတ်ပျက်အားမရဖြစ်မှုကို အသိအမှတ်ပြုခြင်းဖြင့်၊ ရုရှား၏ ဆူဒန်နှင့် အဆက်အသွယ်များက ကုလသမဂ္ဂနှင့် ဒဏ်ခတ်အရေးယူမှုများကို ရှောင်ရှားရန် ဗဟိုပြု၍ လုပ်ဆောင်ခဲ့ကြသည်။ ဤနေရာတွင် ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီ ဝက်ဂနာအုပ်စုနှင့် အင်တာနက် သုတေသနအဖွဲ့ ခေါင်းဆောင် ယက်ဘ်ဂေနီ ပရီဂိုရှင်းတို့ လုပ်ဆောင်ခဲ့ကြသည့်၊ သြဇာလွှမ်းမိုးမှု စစ်ဆင်ရေးတစ်ခုက ဆူဒန်အား ကယ်တင်မှုပေးရန် ရောက်ရှိလာခဲ့သည်။", "၂၀၂၀ ခုနှစ် နိုဝင်ဘာလထုတ် ဒေးလီးဘိစ်ထ် သတင်းစာက ဖော်ပြထားသည့် အစီရင်ခံစာတွင်၊ ပရီဂိုရှင်း၏ အပေါင်းပါများက ဆူဒန်အပေါ် ဒဏ်ခတ်အရေးယူရေး အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန် တာဝန်ပေးခံထားရသည့်၊ ကုလသမဂ္ဂ၏အဖွဲ့အတွင်း မည်ကဲ့သို့ စိမ့်ဝင်ခဲ့သည်ကို ဖော်ပြထားသည်။ စိန့်ပီတာစဘတ်တက္ကသိုလ်မှ ပါမောက္ခနှင့် အာဖရိကရေးရာ ကျွမ်းကျင်သူ နီကိုလိုင် ဒိုဘရွန်ရာဗင်သည် ရုရှားအာဏာပိုင်များအား သိရှိကျွမ်းဝင်မှုဖြင့် ဗဟိုအာဖရိကသမ္မတနိုင်ငံရှိ ပရီဂိုရှင်း၏ လုပ်ငန်းနှစ်ခုအတွက် အတိုင်ပင်ခံအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။", "ထို့နောက် ၂၀၁၈ ခုနှစ်တွင် သူသည် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို ကြီးကြပ်သည့်အဖွဲ့တွင် ပါဝင်လာခဲ့သည်။ “ဒိုဘရွန်ရာဗင်သည် ပထမ ဗဟိုအာဖရိက သမ္မတနိုင်ငံအတွက်နှင့် ဒုတိယ ဆူဒန်နိုင်ငံအတွက် ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့တွင် ရုရှားပြည်ထောင်စုကို ကိုယ်စားပြုနိုင်ရန် ၎င်းစောင့်မျှော်နေသည့် လျှောက်ထားမှုနှင့်ပတ်သက်၍၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် မကြာခဏ စာရေးသား ဆက်သွယ်ခဲ့သည်” ဟု အစီရင်ခံစာက ဆိုသည်။", "အပြန်အလှန်အားဖြင့် ပရီဂိုရှင်းသည် ဆူဒန်နိုင်ငံတွင် ရွှေတူးဖော်ခွင့်ကို ရရှိခဲ့သည်။ ထိုအတောအတွင်း၊ ဝက်ဂ်နာအုပ်စုသည် ဆူဒန်အစိုးရအား ကူညီပံ့ပိုးရန်နှင့်၊ ဆူဒန်တပ်ဖွဲ့များကို ကုန်ကျစရိတ်အနည်းငယ်ဖြင့် လေ့ကျင့်ပေးရန် ရုရှားတွင် စွမ်းရည်နှင့်ဆန္ဒတို့ ရှိနေကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ အနောက်နိုင်ငံများမှ အစီရင်ခံစာများတွင် ဖော်ပြထားသည့်အတိုင်း၊ ဒေသခံတပ်ဖွဲ့များကို ဝက်ဂ်နာအုပ်စုက ကုန်ကျစရိတ်အနည်းငယ်ဖြင့် လေ့ကျင့်ပေးခြင်းအတွက် ပေးချေမှုကို သတ္တုတူးဖော်ခွင့် ရရှိမှုများက ကိုယ်စားပြုလျက် ရှိနေကြသည်။", "၎င်းတို့နှင့် အခြားလုပ်ငန်းများက၊ ၂၀၁၉ ခုနှစ်တွင် အာဏာသိမ်းမှုဖြင့် ဘရှီးယားအား ဖြုတ်ချခဲ့ပြီး နောက်ပိုင်းတွင်ပင်၊ ရုရှားအား ဆူဒန်နိုင်ငံအတွင်း ကာလကြာရှည် သြဇာလွှမ်းမိုးနေမှုကို ပံ့ပိုးဖြည့်ဆည်း ပေးနေခဲ့သည်။ အစိုးရအပြောင်းအလဲ ရှိလာခဲ့သော်လည်း၊ ဆူဒန်၏ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များမှာ မပြောင်းလဲဘဲ ရှိနေခဲ့ပြီး၊ ရှိနေသည့် အခြေခံအချက်များအပေါ်တွင်ပင် ရုရှားနှင့်ဆက်ဆံရန် သင့်လျော်မှုရှိကြောင်း အစိုးရသစ်က တွေ့ရှိလာခဲ့သည်။ .", "အာဖရိကဦးချိုဒေသ၏ လုံခြုံရေးအခြေအနေသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။ ဂျီဘူတီရှိ တရုတ်၏ အဓိက ရေတပ်အခြေစိုက်စခန်းနှင့်အတူ၊ ယင်းဒေသသည် နိုင်ငံတကာ ပြိုင်ဆိုင်မှု ကြီးထွားလာခြင်း၏ ဇစ်မြစ်တစ်ခု ဖြစ်လာခဲ့ပြီး၊ အစ္စလာမ် ပင်လယ်ဓါးပြများနှင့် ရှဟယ်လ်ဒေသမှ တိုးပွားလာနေသည့် အကြမ်းဖက်သမားများအား တိုက်ခိုက်ရန် ကုလသမဂ္ဂ တပ်ဖွဲ့တစ်ခုကလည်း ဂျီဘူတီတွင် အခြေစိုက်ထားကာ၊ တူရကီတပ်ဖွဲ့များက ဆိုမာလီယာတွင် လှုပ်ရှားလျက် ရှိနေကြသည်။", "အီသီယိုးပီးယားနိုင်ငံသည် တော်လှန်ပုန်ကန်နေသည့် တီဂရေးပြည်နယ်နှင့် ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့ပြီး၊ အီရီထရီးယားနှင့် ဖြစ်နိုင်ခြေရှိစွာ ဆူဒန်ကိုလည်း စစ်ပွဲအတွင်း ဆွဲသွင်းလာနေပုံ ရသည်။ အီသီယိုးပီးယားနှင့် အီဂျစ်တို့သည် မဟာအီသီယိုးပီးယားမြစ် ဆည်ကြီးနှင့်ပတ်သက်၍ အဓိက အငြင်းပွားနေကြပြီး၊ အီဂျစ်၏ ရှုထောင့်မှကြည့်လျှင် ထိုဆည်ကြီးက နိုင်းမြစ်မှ ၎င်း၏ ရေအရင်းအမြစ်များ လုံခြုံမှုကို ခြိမ်းခြောက်လျက် ရှိနေသည်။", "ထို့အပြင်၊ အီရီထရီးယားနှင့် ဆိုမာလီလန်းဒ်တို့က အခြေစိုက်စခန်းများမဟုတ်သည့်တိုင်၊ ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနများ ကဲ့သို့သော တည်ဆောက်မှုများအတွက် ၎င်းတို့၏ကမ်းရိုးတန်းများကို ရုရှားအား ကမ်းလှမ်းထားကြသည်။ ထိုကဲ့သို့သော အခြေအနေများအောက်တွင်၊ တိုးလာသည့် ရုရှားတပ်ဖွဲ့များက ဒေသအတွင်း ဖြစ်နေသည့် စစ်မက်များကို ပြေငြိမ်းစေရာတွင် အထောက်အကူ မဖြစ်စေနိုင်ဘဲ – အမှန်တကယ်တွင်၊ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုအဖြစ် အဓိက အင်အားကြီးနိုင်ငံတစ်ခုချင်းစီ၏ တိုး၍ဝင်ရောက်လာမှုက တဆင့်ခံစစ်ပွဲ ဖြစ်လာနိုင်သည့် အန္တရာယ်ကိုသာ တိုးမြင့်လာစေလိမ့်မည် ဖြစ်သည်။ ဆူဒန်နှင့် အမေရိကန် ဆက်ဆံရေးက တိုးတက်လာခဲ့သည့်တိုင်၊ ဤအရာအားလုံးက အမှန်ပင် ဖြစ်နေသည်။", "အကျိုးဆက်အဖြစ်၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရုရှားက ဆူဒန်ကမ်းရိုးတန်းရှိ ဆူဒန်ဆိပ်ကမ်းတွင် ရေတပ်အခြေစိုက်စခန်း သို့မဟုတ် ထောက်ပံ့ရေးဗဟိုဌာန တစ်ခုကို ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုစခန်းမှာ သင်္ဘောသား ၃၀၀ အထိ ထားရှိရန်အတွက် နေရာအကျယ်အဝန်းရှိပြီး၊ အနုမြူစွမ်းအင်သုံး သင်္ဘောများအပါအဝင် သင်္ဘောလေးစင်းအထိ ဆိုက်ကပ်နိုင်သော ၂၅ နှစ်တာကာလအထိ အသုံးပြုနိုင်မည့် ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်းတစ်ခုအဖြစ် ဖော်ပြထားသည်။", "အပြင်ပန်းအားဖြင့်၊ ဤအခြေစိုက်စခန်းသစ်က “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်” ရည်မှန်းထားသော်လည်း၊ ၎င်းအား ပြုပြင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ဖြည့်တင်းရေးနှင့် ရုရှားရေတပ်တပ်ဖွဲ့များအတွက် အနားယူရာနေရာအဖြစ်လည်း အသုံးပြုလိမ့်မည် ဖြစ်သည်။ ဤစခန်းသည် ရုရှားအတွက် ဒုတိယမြောက် ပြည်ပအခြေစိုက်စခန်းဖြစ်ပြီး – အခြားတစ်ခုမှာ ဆီးရီးယားနိုင်ငံ တာတပ်စ်တွင် တည်ရှိသည် – ယခင် အတွေ့အကြုံများအရ “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး” အတွက်ဟူသည့် ဟန်ဆောင်မှုအောက်တွင်၊ ၎င်းကို အရွယ်အစားနှင့် လုပ်ငန်းနယ်ပယ် အကျယ်အဝန်းအပြင် အဆိုပါနေရာတွင် တပ်စွဲထားနိုင်သည့် တပ်ဖွဲ့များနှင့် စစ်ရေးဆောင်ရွက်မှုများကို ချဲ့ထွင်လာနိုင်ဖွယ် ရှိနေသည်။", "ထို့အပြင် ထိုစခန်းတွင် ရေငုပ်သင်္ဘောများအပါအဝင် အနုမြူစွမ်းအင်သုံး စစ်သင်္ဘောများကိုလည်း လက်ခံကာ ဆိုက်ကပ်ထားစေနိုင်သည်။ ထိုစခန်းကို ရုရှားက မျှော်လင့်ထားသော သိသာကြီးမားသည့် စီးပွားရေးအရ ထိုးဖောက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်စောင့်ရှောက်ရာတွင်လည်း အသုံးပြုလိမ့်မည် ဖြစ်သည်။", "မြန်မာနှင့် ဆူဒန်တို့အပေါ် ထားရှိသည့် ရုရှား၏ မူဝါဒများအကြား၊ နှိုင်းယှဥ်စရာ တူညီမှုများက အထင်အရှား ရှိနေကြသည်။ ၂၀၀၀ ခုနှစ်မှစ၍ ရုရှားက မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ တန်ဖိုးရှိသည့် လက်နက်များကို ထောက်ပံ့ပေးခဲ့ပြီး၊ တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွက် ဒုတိယအကြီးဆုံး လက်နက်ရောင်းချသူ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ မစ်-၂၉ တိုက်လေယာဥ် အစီး ၃၀၊ ယက်-၁၃၀ လေယာဥ် ၁၂ စီး၊ မီ-၁၇ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှင့် မီ-၃၅ တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁၇ စီး၊ ပက်ချိုရာ-၂အမ် လေယာဉ်ပစ်ဒုံးစနစ် ၈ ခု တို့ကို ဝယ်ယူခဲ့သည်။", "၂၀၁၈ ခုနှစ်အတွင်း အက်စ်ယူ-၃၀ တိုက်လေယာဥ် ၆ စီး ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့ကြောင့် ရုရှားထံမှ ရေကြောင်းနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ယခင်က ဝယ်ယူမှုများရှိခဲ့ပြီး၊ ၎င်းတို့ကို အနာဂတ် ရေတပ် နှင့်/သို့မဟုတ် လေတပ် အခြေစိုက်စခန်းများတွင် ရုရှားတို့အတွက် အနာဂတ်တွင် အသုံးပြုနိုင်ရန် ဖြန့်ကျက်ချထားနိုင်သည်။", "“စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု” ဟု အဓိပ္ပာယ်ရသည့် လက်နက်ရောင်းချမှုက ဖေဖော်ဝါရီလ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကြီးထွားလာလျက် ရှိနေသည်။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ မော်စကိုနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီယေ ရှိုင်ဂုသည် မြန်မာနိုင်ငံသို့ စစ်တပ်က အာဏာမသိမ်းမီ လာရောက်လည်ပတ်ခဲ့ပြီး၊ ရုရှားထောက်လှမ်းရေးအနေဖြင့် ကြိုတင်သတိပေးမှု မရှိခဲ့ခြင်း မဖြစ်နိုင်ပေ။", "၎င်း၏ခရီးစဉ်အတွင်း ပြည်တွင်းပြည်ပတွင် ပြဿနာများနှင့် ကြုံတွေ့နေရသည့် မြန်မာစစ်တပ်အတွက် ပန့်ဆီယာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်နှင့် အော်လန် ၁၀-အီး ထောက်လှမ်းရေးဒရုန်းများကို ရောင်းချရန် ဆာဂီယေရှိုင်ဂုက စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့ထက် ပို၍ အရေးကြီးနိုင်သည်မှာ၊ မြန်မာဆိပ်ကမ်းသို့ ရုရှားစစ်သင်္ဘောများ ဝင်ရောက်ခွင့်ပြုရန် နှစ်ဘက်စလုံးမှ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ အမှန်တကယ်တွင်၊ ရုရှားသင်္ဘောများ အနေဖြင့် ယခင်ကလည်း မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။", "ဆူဒန်နိုင်ငံကဲ့သို့ပင်၊ မြန်မာနိုင်ငံသည် အထူးသဖြင့် မော်စကို၏ စစ်ဘက်ဆိုင်ရာ ပညာသင်ကြားပေးမှု၊ နိုင်ငံအဆင့် ခရီးစဉ်များ အပါအဝင် နှစ်နိုင်ငံ အဆင့်မြင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ထောက်လှမ်းရေး အချက်အလက် မျှဝေမှုဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုမှုနှင့်၊ နည်းပညာအကူအညီပေးမှု တို့မှတစ်ဆင့် ရုရှားနှင့် နီးကပ်စွာဆက်ဆံလျက် ရှိနေခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဆူဒန်တွင် ကဲ့သို့ပင်၊ အတိုက်အခံ အင်အားစုများကို ဆန့်ကျင်လျက် – မြန်မာနိုင်ငံကိစ္စတွင် အစိုးရက ရိုဟင်ဂျာလူမျိုး လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံရသည့် ရခိုင်ပြည်နယ်အကျပ်အတည်းအတွင်း – စစ်အုပ်စုကို မော်စကိုက ထောက်ခံမှု ပေးခဲ့သည်။", "အာဏာသိမ်းမှုနှင့် စစ်အုပ်စုအသစ် ဖွဲ့စည်းမှုတို့အား ရှုတ်ချသည့် နိုင်ငံတကာ ဆန့်ကျင်မှုများနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသော်လည်း၊ ကုလသမဂ္ဂတွင် ရုရှားက စစ်အုပ်စုကို အကာအကွယ်ပေးကာ ၎င်း၏ ပြည်တွင်းမူဝါဒများကို ရှုတ်ချရန် ငြင်းဆန်ခဲ့ပြီး၊ တပ်မတော်နေ့အခမ်းအနားတွင် ပါဝင်တက်ရောက်ရန် ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်ဒါ ဖမြွင်ကို စေလွှတ်ခဲ့သည်။", "ဖမြွင်က မြန်မာနိုင်ငံအား ”အရှေ့တောင်အာရှနှင့် အာရှပစိဖိတ်ဒေသရှိ ရုရှား၏ ယုံကြည်စိတ်ချရသော မဟာမိတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်” အဖြစ် ခေါ်ဆိုခဲ့ပြီး၊ မော်စကိုအနေဖြင့် “နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန် မဟာဗျူဟာလမ်းကြောင်းကို လိုက်နာလျက်ရှိကြောင်း” အလေးပေး ပြောကြားခဲ့သည်။", "မြန်မာနှင့် ဆူဒန် နှစ်နိုင်ငံစလုံးတွင် ရုရှားနိုင်ငံက လက်နက်ရောင်းချမှုနှင့် ပိုမိုကျယ်ပြန့်သည့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုအတွက် ရေရှည်သဘောတူ စာချုပ်များကို ချုပ်ဆိုခဲ့ပြီး၊ ရုရှား၏ စီးပွားရေးအရ ထိုးဖောက်ဝင်ရောက်နိုင်မှု အလားအလာကို တိုးမြှင့်ပေးကာ၊ ပြည်တွင်းအတိုက်အခံ အင်အားစုများကို ဆန့်ကျင်လျက် အာဏာရှင်အုပ်စုများအား ထောက်ခံမှု ပေးခဲ့ရာတွင် – မော်စကိုနှင့် အဆိုပါ အာဏာရှင်များအကြား ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်အတွက် နိုင်ငံရေးအရ ထုတ်ဖော်ပြောဆိုမှုများအပေါ် အတိုင်းအတာ ကြီးမားသည့် မနှစ်မြို့မှုအရ တူညီမှုရှိနေသည် ဆိုသည့်အပေါ် သံသယဖြစ်စရာ မရှိပေ။", "မြန်မာနိုင်ငံကိစ္စတွင်၊ ရုရှားစွမ်းအင်ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း နှစ်အတန်ကြာ ရှိနေခဲ့သည့် ကျိုးကြောင်းဆက်စပ်မှုအရ၊ နောက်တစ်ဆင့်မှာ ရေနံရောင်းချမှု ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ရုရှား၏ ဂျေအက်စ်စီ ဇရူဘေဇညက်ဖ်အီထေရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံမှ ဆန်းဂရုပ်တို့သည် မြန်မာနိုင်ငံအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (အမ်အိုဂျီအီး) နှင့်၊ မြန်မာနိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရန် သဘောတူညီခဲ့ကြပြီး၊ ရုရှားနိုင်ငံမှ ဆီးလ်ဗားဝေ့ဗ် စပွတ်ညစ် ပက်ထရိုလီယမ် ကုမ္ပဏီကလည်း အလားတူ သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။", "ရုရှားစွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ဂက်ဇ်ပရွမ်ကလည်း မြန်မာနိုင်ငံတွင် ဘူမိဗေဒဆိုင်ရာ တိုင်းတာမှုများလုပ်ဆောင်ရန် ၂၀၁၁ ခုနှစ်က စီစဉ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်၊ မြန်မာနိုင်ငံတွင်း လည်ပတ်လုပ်ကိုင်နေပြီးဖြစ်သည့် ရုရှားရေနံကုမ္ပဏီ ဘပ်စ်ညက်ဖ်က၊ ရေနံရှာဖွေရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။", "ရုရှားနိုင်ငံထက် တရုတ်နိုင်ငံသည်၊ မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးတို့ကို အဓိကထား အာရုံစိုက်၍ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံနေသူ ဖြစ်သည်။ ၂၀၁၇ ခုနှစ် စာရင်းအရ၊ မြန်မာနိုင်ငံတွင် အတည်ပြုပြီး ဓာတ်ငွေ့သိုက် ၂၃ ထရီလီယံ ကုဗပေရှိနေပြီး၊ ကမ္ဘာပေါ်တွင် အဆင့် ၃၉ နေရာတွင် ရပ်တည်လျက် ရှိကာ၊ အာရှတွင် သဘာဝဓာတ်ငွေ့ အဓိက ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။", "မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်စာရင်းအရ ရေနံစည်ပေါင်း သန်း ၅၀ ရှိသည့် အတည်ပြုထားပြီး ရေနံသိုက်လည်း ရှိနေသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့၏ ၈၀ ရာခိုင်နှုန်းကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့လျက် ရှိနေသည်ဟု ခန့်မှန်းထားကြသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိရာနယ်မြေများမှာ – မူဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်အသိုက်အဝန်းများအကြား အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်မှုများ ပုံမှန်ဖြစ်ပွားလေ့ရှိရာ၊ ရခိုင်ပြည်နယ်အတွင်းနှင့် ဘင်္ဂလားပင်လယ်အော်ရှိ ၎င်း၏ ကမ်းဦးရေတိမ်ပိုင်းတို့တွင် တည်ရှိနေသည်။", "ရုရှားနှင့် မြန်မာတို့အကြား နက်ရှိုင်းလာနေသည့် ဆက်ဆံရေးများ ရှိနေမှုက၊ ဝက်ဂ်နာ ကဲ့သို့သော ရုရှားသတင်း အချက်အလက် စစ်ဆင်မှုစနစ် ပေးသွင်းသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကာ၊ စစ်အာဏာရှင် အုပ်စုအတွက် စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို၊ လေတပ် နှင့်/သို့မဟုတ် ရေတပ်အခြေစိုက် စခန်းများနှင့် အလဲအလှယ်အဖြစ် ပေးဆောင်နိုင်ခြေ ရှိလာနိုင်သည်။", "နောက်ဆုံးအနေဖြင့်၊ မြန်မာနိုင်ငံတွင် ဝင်ရောက်လှုပ်ရှားရန် ရုရှားတို့အတွက် စေ့ဆော်မှုဖြစ်စေသည့် အကြောင်းရင်းများမှာ၊ လက်နက်ရောင်းချခြင်းမှ ဝင်ငွေ ရရှိရန်၊ လက်နက်ကိုင်တော်လှန်ရေးကြောင့် ခြိမ်းခြောက်ခံနေရသည့် မဟာမိတ် စစ်အုပ်စုအား ထောက်ခံမှုရှိကြောင်း ပြသရန်နှင့်၊ ရုရှားတို့အတွက် လက်နက်ရောင်းချရနိုင်ရေး အပြင်းပြဆုံးဆန္ဒရှိနေသည့် အရှေ့တောင်အာရှ ဒေသတွင် သြဇာချဲ့ထွင်ရန် အခွင့်အလမ်းတို့ ဖြစ်ကြောင်း၊ ရုရှား လေ့လာဆန်းစစ်သူများက ထောက်ပြခဲ့ကြပြီး ဖြစ်သည်။", "အိန္ဒိယသမုဒ္ဒရာတွင် ခြေကုပ်ယူရန် ရုရှား၏ နှစ်ရှည်လများ ရှိနေခဲ့သည့် ရည်မှန်းချက်များနှင့် ယခုအချိန်တွင် ထွက်ပေါ်လာနေသည့် အခွင့်အလမ်းများကြောင့်၊ ဤအရေးပါမှု တိုးလာနေသည့် ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားအတွက် နောက်ထပ် အခြေစိုက်စခန်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်တို့ အကြား ရှိနေပြီးသား ဒေသတွင်းပြိုင်ဆိုင်မှုများ တိုးပွားလာနေခြင်းကြောင့်၊ ပြိုင်ဆိုင်မှုများ ရှိနေသည့် ရေပိုင်နက်အတွင်းသို့ ရုရှားအား ပေါင်းထည့်လိုက်ခြင်းက၊ အင်အားကြီးမားသည့် ပြိုင်ဆိုင်မှုအတွက် စစ်မြေပြင် အစစ်တစ်ခုကို ဖန်တီးလာလိမ့်မည် ဖြစ်သည်။", "(ဒေါက်တာ စတီဖန် ဘလန့်က်သည် နိုင်ငံခြားရေးမူဝါဒ သုတေသနအဖွဲ့ – အက်ဖ်ပီအာရ်အိုင် မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ အမေရိကန် အစိုးရဌာနများနှင့် ကော်ပိုရေးရှင်း အများအပြားနှင့် အတူအလုပ်လုပ်နေသည့် လွတ်လပ်မှုရှိသော အတိုင်ပင်ခံတစ်ဦး ဖြစ်ပြီး၊ အမေရိကန်စစ်ဘက်ဆိုင်ရာ‌ကောလိပ်မှ ပါမောက္ခဟောင်း တစ်ဦးလည်း ဖြစ်သည်။)", "ဓာတ်ပုံ- ရုရှားစစ်တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံခဲ့သည့် အကြမ်းဖက်မင်းအောင်လှိုင်။"]
https://yktnews.com/2022/09/40970/
ဒီပဲယင်းတွင် ကလေးငယ်များကို ပစ်သတ်သွားသည့် စစ်ရဟတ်ယာဉ်များကို အဓိက ပြင်ဆင်ပေးရသူ၊ အကျင့်ပျက်ခြစားမှုများသော ဒုတိယ ဗိုလ်မှူးကြီး ဝင်းမော်
["By ဖရဲသီး", "စက်တင်ဘာလ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင် ကျောင်းကို လေတပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ် ၆ ဦး၊ ရွာသား ၇ ဦး၊ အပြစ်မဲ့ဒေသခံပြည်သူစုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရသည်။", "ထိုဖြစ်စဉ်အတွက် လေတပ်တွင် အဓိက တာဝန်ရှိပြီး ဒုတိယဗိုလ်မှူးကြီးဝင်းမော်သည်လည်း တာဝန်ရှိသူများထဲတွင် တစ်ဦးအဖြစ် ပါဝင်နေသည်။ ဒုတိယဗိုလ်မှူးကြီးဝင်းမော်သည်လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မိတ္ထီလာ) မှဖြစ်ပြီး တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များကို ပြင်ဆင်ပေးရမှုတွင် ဦးဆောင်ရသူတစ်ဦးလည်းဖြစ်သည်။", "ကလေးငယ်များကို သတ်ဖြတ်သော တရားခံတစ်ဦးအဖြစ်သာမက လေတပ်၏ အကျင့်ပျက်ခြစားမှုတွင်လည်း ၎င်းက ထိပ်ဆုံးမှ ဦးဆောင်နေသူလည်းဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင် လေတပ်တွင် လုပ်ရိုးလုပ်စဉ် အစဉ်အလာအတိုင်း အုပ်မှူးနှင့် စက်လက်တပ် မှူးများသည် လေယာဉ်ဆီခိုးယူရောင်းချမှု အပါအဝင် အကျင့်ပျက်ခြစားမှုများ၏ အဓိက လက်သည်တရားခံများ ဖြစ်ကြသည်။ ဒုတိယဗိုလ်မှူးကြီး ဝင်းမော်သည် လေယာဉ်ဆီများ ခိုးယူရောင်းချနေသည့် စက်လက်တပ်မှူးများအကြားတွင် ဩချရလောက်သူ ဖြစ်သည်။", "လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ် (လသခ-ရှမ်းတဲ)တွင် စက်လက်တပ်မှူးဖြစ်စဉ်က လေတပ်အတွင်းရှိ အုပ်မှူး၊ ဒုဌာနချုပ်မှူးနှင့် ဌာနချုပ်မှူးများကို အထက်ဖား အောက်ဖိ အလွန်တော်သောသူ ဖြစ်သည်။ အင်ဂျင်နီယာဟုဆိုသော်လည်း လေယာဉ်၏ အင်ဂျင်နီယာနှင့် ပတ်သက်သော ပညာရပ်များကို စိတ်မဝင်စား၊ မသိနားမလည်ဘဲ ဆီခိုးဖို့သာ ခေါင်းထဲ အမြဲရှိသောသူ ဖြစ်သည်။", "လေယာဉ်၏ စက်ချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက လက်အောက်ရှိ EO အငယ်များကို ဆဲဆို ကြိမ်း မောင်းပြီး ဖိအားပေးသည်။ ခိုးယူရသမျှ လေယာဉ်ဆီ ရောင်းရငွေများကိုလည်း လက်အောက်ရှိ စစ်သည် အခြားအဆင့်များသို့ မစို့မပို့ သာ ခွဲဝေပေးပြီး ရာခိုင်နှုန်းအများဆုံးရယူသည်။ ၎င်း၏ ကားကို မောင်းရသော ကားသမားကိုယ်တိုင် ၎င်း၏ လေ ယာဉ်ဆီ မတရားနင်းဖြဲခိုးယူမှုများကို နှုတ်မှပင် ထုတ်၍ ပြောသည်အထိ နာမည် သတင်းမွှေးလေသည်။", "လက်အောက်စစ်သည်နှင့် လက်အောက်အဆင့်များအား ဆဲဆိုကြိမ်းမောင်းသည့် နေရာတွင်လည်း နာ မည်ကြီးသူဖြစ်ပြီး ကပ်စေးနှဲသောနေရာတွင်လည်း ဒုမှူးကြီး ဝင်းမော်နှင့် ၎င်း၏ ဇနီးမှာ ဩချရသည်။", "ဒုတိယ ဗိုလ်မှူးကြီး ဝင်းမော်သည် ဂေါက်ရိုက်ချိန်တွင်ပင် ကိုယ်ပိုင် ဂေါက်အိတ်မဝယ်ဘဲ ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေနှင့် နှစ်ယောက်ပေါင်း ဂေါက်အိတ်တစ်အိတ်ဖြင့် ပေါင်းရိုက်သည်အထိ နှ မြောသည်။ ဂေါက်အိတ် မဝယ်နိုင်၍ မဟုတ်ဘဲ ကပ်စေးနှဲခြင်းဖြစ်သည်။", "ယခုအချိန်တွင် ဒုတိယ ဗိုလ်မှူးကြီး ဝင်းမော်သည် လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ် (လသခ- ရှမ်းတဲ) မှ ခြံစည်းရိုးသာခြားသော လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မိတ္ထီလာ) သို့ ပြောင်းရွှေ့သွားသည်။", "အကြမ်းဖက်စစ်တပ်၏ လေတပ်တွင် စစ်ရာဇဝတ်မှုကျူးလွန်ပြီး လေယာဉ်ဆီ ခိုးဝှက်ရောင်းချခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ ကိုယ်ကျင့်တရားမကောင်းမွန်သူများ စုဝေးနေကြသည်ဟုဆိုလျှင် မမှားပေ။"]
https://yktnews.com/2022/09/37059/
ပြည်သူကို ဗုံးကျဲ သတ်ဖြတ်နေသည့် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များကို ပြုပြင်ပေးခြင်းဖြင့် စစ်ရာဇဝတ်မှု တရားခံ ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်
["By မိုက်ကယ် (CDM)", "အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော ဖက်ဆစ်စစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇ ဝတ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို သွယ်၀ိုက် ပါဝင်ပတ်သက် ကျူးလွန်နေသူများတွင် ရုရှားပြန် ဗိုလ်ကြီး မင်းမော်ဟန်လည်း ပါဝင်သည်။", "ဗိုလ်ကြီးမင်းမော်ဟန်သည် DSTA အမှတ် ၉ သင်တန်းဆင်းပြီး ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ကာ DSTA တွင်ပင် ဗိုလ်လောင်းနည်းပြ အဖြစ် ပြန်လည် ရောက်ရှိခဲ့သူဖြစ်သည်။ စစ်ကောင်စီ၏ အဓိက ထောက်တိုင်အဖြစ် နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သူဆိုလျှင်လည်း မမှားနိုင်ပေ။", "ထို့နောက် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(မင်္ဂလာဒုံ) သို့ ပြန်လည်ရောက်ရှိကာ အမောင်းသင်လေယာဉ် ထုတ်လုပ်ရေး၊ ကျေးရွာများနှင့်ပြည်သူများကို ဗုံးကျဲတိုက်ခိုက်နေသော တိုက်လေယာဉ်များ ပြုပြင်၊ ပြင်ဆင်မှုများတွင် အဓိက အားသွန်ခွန်စိုက် တက်ကြွစွာ ဦးဆောင်ပါဝင်နေသူလည်းဖြစ်သည်။", "တိုင်းရင်းသားနယ်မြေများမှ အပြစ်မဲ့ပြည်သူများ၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းမှ ပြည်သူများကို ဗုံးကျဲ တိုက်ခိုက်နေသော စစ်တိုက်လေယာဉ်များကို အဓိက အမာခံ ပြင်ဆင်နေရသူမှာ ဗိုလ်ကြီးမင်းမော် ဟန်ပင်ဖြစ်သည်။", "အထူးသဖြင့် ကရင်နီပြည်နယ်၊ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ လွိုင်ကော်၊ ကရင်ပြည်နယ်မှ လေးကေ့ကော်၊ ဥကထရစ်၊ သုံးထပ်ကွေ့ ကဲ့သို့သော နေရာများကို ဗုံးကျဲချသည့် စစ်တိုက်လေယာဉ်များသည် ဗိုလ် ကြီး မင်းမော်ဟန်၏ ပြုပြင် ထိန်းသိမ်း ပေးမှုများဖြင့် တိုက်ပွဲဝင်နေနိုင်ခြင်းဖြစ်သည်။", "ပြည်သူကို သတ်ဖြတ်နေသည့် စစ်တိုက်လေယာဉ်များကို စွမ်းစွမ်းတမံ ပြုပြင် ထိန်းသိမ်းဆောင်ရွက် ပေးသည့်အတွက် အကြမ်းဖက်မင်းအောင်လှိုင်က ချီးမြှင့်သော နည်းပညာဂုဏ်ထူးဆောင်ဆုရရှိသူလည်း ဖြစ်သည်။", "DSTA (ပြင်ဦးလွင်) မှ မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ရေး ပြင်ဆင်ရေးဌာနချုပ်သို့ ပြောင်းရွှေ့ရောက်ရှိသည်မှာ ၂ နှစ်ကျော်သာ ရှိသေးသော်လည်း လေတပ်၏ ဗိုလ်မှူးအဆင့် ရာထူးတိုးမြှင့်ခံရမည့် သူများ စာရင်းတွင် သူက ထိပ်ဆုံး နံပါတ် ၁ ဖြစ်နေသည်။", "ဗိုလ်ကြီးမင်းမော်ဟန်သည် လက်ရှိ ဂျာမနီထုတ် Grob အမောင်းသင် လေယာဉ် အင်ဂျင်အပျက်များကို တရုတ်နိုင်ငံထုတ် Pt-6 လေယာဉ်အဟောင်းများတွင် ပြန်လည် တပ်ဆင်မှုကို တီထွင် လုပ်ဆောင် နေသည်။ ထိုသို့ သုတေသနလည်းမရှိ မည်သည့်နိုင်ငံမှ မပြုလု်ပသော မအပ်စပ်သော လက်တန်း လေယာဉ်များကို ပြင်ဆင် ထုတ်လုပ်ရန် ကြိုးပမ်းမှုသည် အာမခံချက် မရှိသော လေတပ်၏ အရူးထသော လုပ်ရပ်ဖြစ်သည်။", "ယင်းကဲ့သို့ လေယာဉ်အင်ဂျင်အပျက်များကို ပြုပြင်၍ အခြားလေယာဉ်ကိုယ်ထည်တွင် တပ်ဆင် အသုံးပြုရန် ကြိုးပမ်းခြင်းသည် သူ၏ ရာထူးနှင့်နေရာကောင်းရရှိရေး အတွက် ပေါက်ကရ လုပ် ဆောင်သည့် လုပ်ရပ်လည်းဖြစ်သည်။ သူ၏ ရူးနှမ်းသော လုပ်ရပ်အတွက် အောက်အဆင့်ရှိ စစ်သည်များကို ဖိအားပေး ခိုင်းစေသည်။", "လေတပ်သားအများစုသည် လေယာဉ်ဆီများများ ခိုးရသော MIG-29 -အမှတ် ၆၃ အုပ်၊ F-7 -အမှတ် ၁၁ အုပ်၊ Yak -130 -အုပ်/တံတားဦး၊ မှော်ဘီ၊ စသည့် တိုက်လေယာဉ် အုပ်များတွင် သာ တာဝန်ထမ်းဆောင်လိုကြသည်။ မည်သူကမှ လေယာဉ်အဟောင်းများကို ပြန်လည် ပြုပြင် ထုတ်လုပ်ရန် မလုပ်လိုကြပေ။ သို့သော် ဗိုလ်ကြီးမင်းမော်ဟန်က ဖိအားပေးခိုင်းစေနေသည်။", "ဗိုလ်ကြီးမင်းမော်ဟန်သည် စစ်တပ်၏ ဒေါက်တိုင်ဖြစ်ရုံမျှမက မဖြစ်နိုင်သော မိုက်ရူးရဲဆန်သော ရူးနှမ်းနှမ်းဆန်သော အလုပ်များဖြင့် စစ်တပ်တည်မြဲရေး ထောက်ကူနေသူဖြစ်သည်။"]
https://yktnews.com/2022/08/28889/
စစ်တပ်၏ ဒေါက်တိုင် လေတပ် အရာရှိဆိုးများ (သို့မဟုတ်) အကျင့်ပျက်ခြစားမှုများဖြင့် ကြောက်တတ်လွန်းသော ဒုဗိုလ်မှူးကြီး နေမင်းနှင့် ဗိုလ်ကြီး အောင်ကိုကိုထက်
["By မိုက်ကယ် (CDM)", "အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များတွင် လေတပ်သည် အဓိက အခန်းကဏ္ဍမှပါဝင်သည်။ စစ်ပွဲမနိုင်လျှင် လေတပ်ကို သုံး၍ ရမ်းကားသည်။ လေတပ်ကို သုံး၍ ဗိုလ်ကျ အနိုင်ကျင့်သည်။ လေတပ်ကို သုံး၍ ပြည်သူကို သတ်ဖြတ်သည်။ လေတပ်တွင် ကောင်းသူများရှိသကဲ့သို့ မကောင်းသူများကလည်း ဒုနှင့်ဒေးရှိနေကြသည်။", "လေတပ်မှ အရာရှိဆိုးများက လက်ရှိနောက်ဆုံးတွင် မင်းအောင်လှိုင်စစ်တပ်၏‌ နောက်ဆုံးခံတပ်များဖြစ်သည်။ ရန်ကုန်တိုင်း မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် အကျင့်ပျက်ခြစားမှုများ၊ ဌာနဆိုင်ရာ မမျှတမှုနှင့် ဖိနှိပ်မှုများ လုပ်ဆောင်ပြီး အပြင်ထွက်ရန် ကြောက်တတ်လွန်းသော အရာရှိဆိုး ၂ ဦးရှိနေသည်။", "သူတို့နှစ်ဦးမှာ ဒုဗိုလ်မှူးကြီး နေမင်းနှင့် ဗိုလ်ကြီး အောင်ကိုကိုထက်တို့ဖြစ်ကြသည်။", "လေကြောင်းလျှပ်စစ်နှင့် ချိန်ခွက်ထုတ်လုပ်ပြင်ဆင်ရေးဌာန(လလထ)မင်္ဂလာဒုံမှ ဗိုလ်ကြီး အောင်ကိုကိုထက် (ခေါ်) ကုလားကြီးသည် DSTA အပတ်စဉ် ၁၀ မှ စာမေးပွဲကျ၍ အပတ်စဉ် ၁၁ သို့ ပြောင်းရွှေ့ကာ ကျောင်းဆင်းလာခဲ့သူဖြစ်ပြီး ဗိုလ်လောင်းဘ၀ကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။", "မကောင်းသော အလုပ်မှန်သမျှ မလုပ်ဖူးသည် မရှိသူ ဖြစ်ပြီး လလထဌာနတပ်ရေးဖြစ်သောအခါ အရူးဘုံမြောက်သကဲ့သို့ အထက်လူကြီးအကြိုက် လိုက်ပါလုပ်ဆောင်ကာ လက်အောက်ရှိ အပတ်စဉ်ကွာသော အရာရှိများနှင့် ကျောင်းဆင်းကာစ ဘာမှ မသိနားမလည်သော အရာရှိငယ်များကို ဖိနှိပ်လွန်းသူလည်းဖြစ်သည်။", "သူသည် အရည်အချင်းထက် လူကြီးနှင့် ပိုင်သည် ဆိုကာ တပ်တွင်း ဖိနှိပ်မှုများဖြင့် ခြယ်လှယ်ကြိုးကိုင်နေသူဖြစ်သည်။ လက်အောက်မှ အရာရှိများနှင့် ငယ်သားများမှာလည်း သိသိကြီးနှင့် အောင့်သက်သက်ဖြင့် ခံနေရသည်။ ကုလားကြီးသည် အလွန်ကြောက်တတ်သူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးသည်နှင့် သူ့အပေါ် ထိခိုက်နိုင်သည့် အရေးကိစ္စများအား အခြားသူများကို လွှဲချထိုးချလျက်ရှိသည်။", "ဌာနခွဲမှူး ဒုတိယဗိုလ်မှူးကြီး နေမင်းနှင့် ပိုင်အောင်ပေါင်းကာ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်ဖြင့် အရာရှိ၊ စစ်သည်များကိုလည်း အာဏာပြ ခြယ်လှယ်လျက်ရှိနေသည်။ ဌာနမှူး ဒုမှူးကြီး နေမင်းက လည်း ဗိုလ်ကြီးအောင်ကိုကိုထက်၏ မြောက်ထိုးပင့်ကော်၊ အတို့အထောင်စကားများအား နားထောင်ကာ သူ့အား အမှုမပတ်ရေး၊ ခေါင်းမရှုပ်ရေးအတွက် အောင်ကိုကိုထက်ကို အာဏာကုန်လွှဲအပ်ထားပေသည်။", "အကျင့်ပျက်ခြစားမှုအနေဖြင့် လေတပ်ပိုင် သက်တမ်းရင့် ဘက်ထရီအဟောင်းများကို ပြင်ပတွင်ရောင်းစားကြပြီး ဒုမှူးကြီး နေမင်းနှင့် ဗိုလ်ကြီးအောင်ကိုကိုထက်တို့ ခွဲဝေယူကြသည်။ ဆရာ၊ တပည့်နှစ်ဦး အတိုင်းအဖာက်ညီညီနှင့် ဌာနတွင်းရှိ အခြားအဆင့်များရှေ့တွင်ပင် မျက်နှာပြောင်တိုက်ပြီး ရောင်းစားခဲ့ကြသည်။ ဌာနတွင်း အကျင့်ပျက်ခြစားမှု အများအပြားတွင် ဆရာ၊ တပည့်အတိုင်အဖောက်ညီညီ ပါဝင်ကြသည်။", "လေကြောင်းလျှပ်စစ်နှင့်ချိန်ခွက်ဌာနတွင်းရှိ အရာခံဗိုလ်/ ဆရာကြီးများမှာလည်း အသက်အရွယ်ကြီးရင့်၍ ထိုသူတို့ ရာထူးရရှိရေး၊ အရှက်မကွဲရေးအတွက် သက်ဆိုင်သော/ မသက်ဆိုင်သော အလုပ်များကိုလည်း ခါးချိအောင် လုပ်နေကြရသည်။", "အောင်ကိုကိုထက်က လေတပ်အတွင်း စကားကြီး စကားကျယ်များဖြင့် ဦးဆောင်လေ့ရှိပြီး လူပေါ်လူဇော် လုပ်ခွင့်ရသည်။ လေတပ်အတွင်း နေ့စဉ် ဟောက်စား၊ ခြောက်စား၊ ဖြတ်စားဖြင့် အောင်ကိုကိုထက်က ကျူးလွန်သည်။ သို့သော် သူတို့နှစ်ဦးစလုံးတွင် တူညီသော အချက်က ဒုဗိုလ်မှူးကြီး နေမင်း နှင့် အောင်ကိုကိုထက် အလွန်ကြောက်တတ်ခြင်းပင်ဖြစ်သည်။", "တပ်ပြင်ပသို့ ထွက်လျှင်ပင် ပုန်းရှိုးကွက်ရှိုးနှင့် ထွက်နေသူဖြစ်သည်။ ကိုရီးယားနန်းတွင်းဇာတ်လမ်း ကြည့်နေရသကဲ့သို့ပင်ဖြစ်နေသည်။ ထိုသူတို့၏ အုပ်ချုပ်မှုညီညွတ်မျှတမှု မရှိခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အမြင်မှန်မရှိခြင်းတို့ကြောင့် လက်အောက်ရှိ အရာရှိ၊ စစ်သည်များ CDM လုပ်ရန်နှင့် ထွက်ပြေးရန် ကြံစည်ကြမှုများ ရှိလာနေသည်။", "လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် စစ်အာဏာသိမ်းမှု၏ ဆိုးမွေကို ခံစားနေရပြီး ပြည်သူကို သတ်ဖြတ်နေရကာ အရာရှိဆိုးများကြောင့် ဖက်ဆစ်စစ်တပ် ဒေါက်တိုင်ကြီးဖြစ်နေရသည်။", "ဓာတ်ပုံ- မင်္ဂလာဒုံ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် မြင်ကွင်း။", "(ဆောင်းပါးရှင် မိုက်ကယ်သည် လေတပ်မှ CDM အရာရှိတစ်ဦးဖြစ်သည်)"]
https://yktnews.com/2022/09/37432/
မင်းအောင်လှိုင် ဦးဆောင်မှုဖြင့် ဆီ ခိုးထုတ်၊ ဆက်ကြေးတောင်း၊ လူသတ်နေသော ဖက်ဆစ် လေတပ်
["By မိုက်ကယ်(CDM)", "နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် လေတပ်၏ လေယာဉ်ဆီ ခိုးရောင်းသည့် ခြစားမှုကြီးများသည် မင်းအောင်လှိုင်လက်ထက်တွင် ပို၍ ဆိုးဝါးလာသည်။ အဘယ်ကြောင့်ဆိုသော မင်းအောင်လှိုင်ကိုယ် တိုင်က လေတပ်အရာရှိနှင့် စစ်သည်များ CDM လုပ်မည် စိုးရိမ်၍ CDM မလုပ်လျှင်ပြီးရော လုပ်ချင်ရာ လုပ်ခွင့် ပြုလိုက်ခြင်းကြောင့်ဖြစ်သည်။", "လက်ရှိ စစ်ကောင်စီက အသုံးပြုနေသော MIG-29 ၊ K-8W၊ Yak-130 ၊ A-5 ၊Mi-17 ၊Mi-35၊ Y-8 တိုက် လေယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် ဆီစားနှုန်း အလွန် မြင့်မားသည်။", "ဆီစားနှုန်းများသော လေယာဉ်အုပ်များတွင် MIG-29 လေယာဉ်အုပ်မှ လေယာဉ်မောင်း ပိုင်းလော့နှင့် EO များသည် လေယာဉ်ဆီ အများဆုံး ခိုးရောင်းခွင့်နှင့် ကကလေ (နေပြည်တော်) စစ်ရုံးသို့ လေယာဉ်ဆီ ခိုးရောင်းချမှုမှ ရရှိငွေများကို ခွဲတမ်းပြုလုပ်ပေးကြရသည်။", "လေယာဉ်ဆီခိုးရောင်းချမှု ရရှိသော ငွေများကို စစ်ရုံးဌာနများရှိ G-1 စစ်ဦးစီးအရာရှိ (ပထမတန်း) များ၊ B.G စစ်ဦးစီး ဗိုလ်မှူးချုပ်၊ COS စစ်ဦးစီးအရာရှိချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ထံသို့ လျှို့ဝှက်သော ငွေလွှဲနည်း အကောင့်များမှတစ်ဆင့် ပေးပို့ကြရသည်။", "လေယာဉ်ဆီ ခိုးထုတ်နိုင်သော နေရာများသည် လေတပ်တစ်ခုလုံးတွင် ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့် အများဆုံးရရှိကာ စစ်ရုံးရှိ အဓိကနေရာ ဌာနများကိုလည်း ချုပ်ကိုင်ထားနိုင်သည်။", "MIG-29 လေယာဉ်အုပ်ရှိ အုပ်မှူး(ခေါ်) ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးများနှင့် First EO ခေါ် အင်ဂျင်နီယာများမှာလည်း လေယာဉ်ဆီ ရောင်းချငွေများမှ ရာခိုင်နှုန်း အများဆုံးရယူ၍ နောက်ဆုံး ပေါ် ကား တဝီဝီနှင့် ထည်လဲစီးနိုင်ကြသည်။ နှစ်ပေါင်းများစွာ ယနေ့အချိန်အထိ မော်ကြွား ဂုဏ်ဆာနိုင်နေကြဆဲပင်ဖြစ်သည်။", "လေယာဉ်ဆီရောင်းချခွင့်အာဏာရှိနေသူများသည် ရရှိငွေဖြင့် လက်အောက်ရှိ စစ်သည် ၊ လေယာဉ်သား များသို့ ဖြန့်ဝေ၍ ထိန်းချုပ်ခိုင်းစေကြသည်။ ယခုအခါ လေယာဉ်ဆီခိုးထုတ်မှုပင်မကတော့ဘဲ ဂိတ်များတွင် ဆက်ကြေးကောက်သည့် အဆင့်အထိ လေတပ်က ပါဝင်ပတ်သက်လာကြသည်။", "စစ်သည်အင်အားနည်းပါးမှုကြောင့် လေတပ်သည်လည်း ဂိတ်စောင့်အထိ ပါဝင်ပတ်သက်လာကြရသည်။ ဂိတ်စောင့်ရလျှင် ဆက်ကြေးတောင်းရသည့် ဂွင်ကလည်း တိုးလားပြန်သည်။ ဇီးရိုးမိုင်တိုးဂိတ်တွင် ဖြတ်သန်းသွားသော ကုန်ကားများထံမှ ဆက်ကြေး၊ ဂိတ်ကြေးက နေ့စဉ် သိန်းပေါင်းများစွာ ဝင်နေသည်။", "ထို့ကြောင့် လေယာဉ်ဆီခိုးနိုင်သူများသာမက ဂိတ်စောင့်ခွင့်ရသူ လေတပ်အရာရှိများကလည်း လေတပ်တွင် အရေးပါလာကြသည်။ မင်းအောင်လှိုင်လက်ထက်တွင် လေတပ်သည် ငွေရှာခွင့် အကြီး အကျယ် ရနေကြသည်။", "စစ်ကောင်စီက စေခိုင်းသည့်အချိန်တွင် လေကြောင်းဖြင့် ဗုံးကျဲပေးနေလျှင် မည်သည့် နည်းလမ်းနှင့်မဆို လေတပ်အရာရှိများနှင့် စစ်သည်များ စီးပွားရှာခွင့် ရရှိကြပြီဖြစ်သည်။", "လေယာဉ်ဆီ ခိုးရောင်းနိုင်သည်၊ ဂိတ်စောင့် ဆက်ကြေးနှင့်ဂိတ်ကြေးများ ရှာနိုင်သည်။ လေတပ်သာမက လက်နက်ကိုင် တပ်အားလုံးတွင် မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို သစ္စာရှိနေလျှင် ပြည်သူကို သတ် ဖြတ် အနိုင်ကျင့် ဓားပြ တိုက်ခွင့် တရားဝင် ရရှိပြီဖြစ်သည်။"]
https://yktnews.com/2022/12/73929/
မြန်မာပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီ လေတပ်ရဲ့ လေယာဥ်ဆီ လမ်း ကြောင်းတွေကို ဘယ်လိုဖြတ်တောက်ကြမလဲ
["By မောင်း", "အကြမ်းဖက် စစ်ကောင်စီလက်ထဲကို လေယာဥ်ဆီတွေ မရောက်ရှိရေးဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ လက်ရှိ မြေ ပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပြသနေပါတယ်။", "မြင်သာတဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုအနေနဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းနယ် လက်ယက်ကုန်း စာသင်ကျောင်းကို စစ်တပ်ရဲ့ လေကြောင်းက ပစ် ခတ်တိုက်ခိုက်မှုအတွင်း ကလေးသူငယ် အများအပြား သေဆုံးခဲ့ရတဲ့ ဖြစ် ရပ်နဲ့၊ ဖားကန့် အနန့်ပါ ဒေသ ဂီတပွဲ ဗုံးကြဲခံရလို့ ပွဲကြည့်သူများ အစုလိုက် အပြုံ လိုက် သေကြေခဲ့ရတဲ့ ဖြစ်ရပ်တွေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ သိသာထင်ရှားတဲ့ ရက်စက်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လေကြောင်း တိုက် ခိုက်မှုတွေပဲ ဖြစ်ပါတယ်။", "အရပ်သားများကို လေကြောင်းကနေ အကြမ်းဖက် ထိုးစစ်ဆင်ပြီး စစ်ရာဇ၀တ် မှုမြောက်တဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပုံစံတွေ အပါအဝင်၊ တိုက် လေယာဥ်တွေ အခြေစိုက် ရာစခန်းတွေနဲ့ လေယာဉ်ဆီ ဖြည့်တင်းမှုတွေ အကြောင်းကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) ရဲ့ သုတေသနပြု လေ့လာတွေ့ရှိချက် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။", "ဦးစွာ အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို အကြမ်းဖက် ဗုံကျဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်ဆီတွေကို ဝယ်ယူရာမှာ တိုက်လေယာဥ်ဆီအနေနဲ့ ဝယ်ယူတာ မဟုတ်ဘဲ “ပြည်တွင်းသုံး အရပ်ဖက်/ ခရီးသည်တင် လေယာဉ်တွေ” မှာ အသုံး ပြုမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာကနေ လီဆယ်ဝယ်ယူနေခြင်း ဆိုတာကို ဒီဆောင်းပါးရဲ့ ပထမအပိုင်းမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။", "ပြည်သူကို ပြန်သတ်နေတဲ့ စစ်ရာဇဝတ်မြောက်တဲ့ လေကြောင်းတိုက်ခိုက်မှု တွေမှာ လေယာဥ်ဆီတွေကို ဘယ်မှာသိုလှောင်ထားတာနဲ့ တိုက်လေ ယာဥ်တွေ ဘယ်နေရာတွေကနေ တက်လာတာ ဆိုတာမျိုးကို တိတိကျကျ ခြေရာခံနိုင်အောင် ကြိုးစားခြင်းကလည်း တရားမျှတမှု ပြန်လည် ရရှိရေး အတွက် အထောက်အကူ ပြုစေနိုင်တဲ့အချက်တွေပဲ လို့လည်း အစီရင်ခံစာ ထဲမှာ ထောက် ပြထားပါတယ်။", "တောင်ငူ၊ တံတားဦး၊ မှော်ဘီ၊ မကွေးလေဆိပ်တို့ကနေ တက်လာတဲ့ လေယာဉ် တွေ ဟာ ဘယ်လိုနေရာတွေကို တိုက်ခိုက်သွားလဲ ဆိုတာကို CDM ပြုလုပ် လာတဲ့ လေတပ် အရာရှိတွေနဲ့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ အချက် အလက် အများအပြား ရယူစုဆောင်းနိုင်ခဲ့တယ်လို့ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) က ဆိုပါတယ်။", "စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေဟာ ဟဲဟိုး၊ မန္တလေးနဲ့ နေပြည်တော်လို စစ်တပ်နဲ့ အရပ်သား ရောယှက်နေတဲ့ လေယာဉ်ဆီ သိုလှောင်ကန်တွေမှာ အများ ဆုံးရပ်နား ဆီဖြည့်ပြီး တိုက်ခိုက်မှုတွေကို စတင်လေ့ရှိတယ်လို့ လေ့လာ တွေ့ရှိချက်အချို့မှာ ဖော်ပြထားပါတယ်။", "မတူညီတဲ့ ရှုထောင့်သုံးခုလောက်ကနေ ဂြိုဟ်တုကတစ်ဆင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ နေပြည် တော်အခြေစိုက် လေတပ်စခန်းရဲ့ အနောက် မြောက်ဘက်မှာ အဆောက်အအုံသစ်ခြောက်ခုနဲ့ လေယာဉ် ပြေး လမ်းတွေကို တွေ့ခဲ့ရတယ်လို့ Myanmar Witness ရဲ့ စုံစမ်းဖော် ထုတ်ချက် တွေမှာ ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။", "အဲ့ဒီအဆောက်အအုံတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ စတင် ဆောက် လုပ်ခဲ့ပြီး၊ မတ်လမှာတော့ ရုရှားက ဝယ်ယူထားတဲ့ တိုက်လေယာဉ်အသစ်တွေ ရောက်ရှိလာခဲ့တာကို ဂြိုလ်တု ဓာတ်ပုံမှတ်တမ်းတွေ အရ တွေ့ရပါတယ်။", "ဒါဟာ စစ်ကောင်စီက လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ် တွေကို အရှိန်မြှင့် လုပ်ဆောင်ဖို့ရာအတွက် ကြံစည်အားထုတ်နေ တယ်ဆို တာကို သိသာပေါ်လွင်စေခဲ့တာပါ။", "အခုနှစ်ထဲမှာ ရုရှားကနေ အသစ်ဝယ်ယူ ရောက်ရှိနေပြီဖြစ်တဲ့ Su-30 တိုက် လေယာဥ်တွေဟာဆိုရင် အကွာအဝေးအားဖြင့် နေပြည်တော်ကနေ မြန်မာ ပြည် မြောက်ပိုင်း ကချင်ပြည်နယ် အပေါ်ပိုင်းထိ သွားရောက် တိုက်ခိုက် နိုင်သလို၊ တောင်ဖျားက ကော့သောင်းအထိပါ သွားရောက်နိုင်ပါတယ်။", "လေကြောင်းကနေ အတိအကျ တိုက်ခိုက်သွားတဲ့ နေရာ၊ နေ့ရက်၊ အချိန်နဲ့ လေယာဉ် ကွင်းတွေကို အတိအကျ ဖော်ထုတ်ထားနိုင်ခြင်းက စစ်ရာဇဝတ်မှုကို မရပ်မနား ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ပြစ်ဒဏ်ပြန်လည် စီရင်နိုင်တဲ့ တနေ့မှာ အလွန်အရေးပါတဲ့၊ လုံး၀ပြေးထွက်လို့ မလွတ်နိုင်တဲ့ အထောက် အထားတွေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။", "ဒါ့အပြင် ဒီလို ရက်စက်လှတဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေအနေနဲ့ “အမိန့်ကြောင့်ပါ” ဆိုတဲ့ ဆင်ခြေကို ပြည်သူတွေက လက်ခံတော့တဲ့ အခြေအနေ မှာ ရှိနေမှာ မဟုတ်တော့ဘူး ဆိုတာကို မဖြစ်မနေ သိထားရ ပါတော့မယ်။", "ပြည်သူကို မျက်နှာမမူဘဲ ဒီလိုစစ်ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေအတွက် တနေ့မှာ လုပ်ရပ်အတွက် မဖြစ်မနေ အပြစ်ပေးခြင်းကို ခံရမယ်ဆိုတာ ကတော့ မလွဲဧကန် ဖြစ်လာပါလိမ့်မယ်။"]
https://yktnews.com/2022/09/35740/
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ စစ်မှုထမ်းဟောင်း ဒုဥက္ကဋ္ဌ၊ အငြိမ်းစား ဗိုလ်မှူး ပျူစောထီး ခေါင်းဆောင် လှဝင်းသိန်း ပစ်ခတ်ခံရပြီး သေသွားတယ်လို့ ဒေသခံတွေ နဲ့ ဘီးလင်း UG အဖွဲ့ဆီကနေ သိရပါတယ်။ – ကချင်ပြည်နယ် ၊ မိုးကောင်းမြို့ ၊ ဈေးကုန်း- ရပ်ကွက်က စိုးကံသာတည်းခိုခန်း နဲ့ အရက်ဆိုင်ပိုင်ရှင် ပျူစောထီး ခေါင်းဆောင် မောင်စိုး ဆိုသူကို ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့ မနက် ၄ နာရီကျော် လောက်က ပစ်ခတ်ရှင်းလင်းရာမှာ ပွဲချင်းပြီး သေသွားတယ်လို့ UG black K အဖွဲ့ကပြောပါတယ်။ – ရန်ကုန်မြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်၊ ရဲ နဲ့ ယာဉ်ထိန်းရဲတွေက ကားတွေ၊ ပြည်သူတွေကို စစ်ဆေးရေးပုံစံနဲ့ တွေ့တဲ့ နေရာမှာ ရှာဖွေစစ်ဆေးပြီး ၊ ငွေတောင်းယူတာတွေဟာ အလွန်များပြား လာနေတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/08/28238/
Khit Thit သတင်းဌာန၏ ဩဂုတ် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၇ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့အချိန် ၊ စစ်ကိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခဲ့တဲ့နေရာမှာ ‘’ How many dead bodies UN need to take action ’’ ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ ကြပါ တယ်။ – ရေစကြိုမြို့နယ်မှာရှိတဲ့ ငတမျှော်-ကျေးရွာကို ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီ လောက်က အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ လက်ပါးစေ ပျူစောထီးတွေဟာ သေနတ်တွေနဲ့ ပစ်ခတ် ဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ -စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်ပင်ထီး- ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ပူးပေါင်းစခန်းကို ဩဂုတ် လ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲ ကနေ ၇ နာရီအထိ မြန်မာ့ တော်ဝင် နဂါးတပ်တော်(M.R.D.A) တပ်ရင်း ၄ ကနေ လက်နက်ကြီး ၃၅ လုံး နဲ့ သွားရောက် ပစ်ခတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/08/33033/
Khit Thit သတင်းဌာန၏ ဩဂုတ်၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မြန်မာရဲတပ်ဖွဲ့ နဲ့ ထိတွေ့ ဆက်ဆံပေး နေမှု ၊ မှန်သမျှဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ရဲရဲတင်းတင်း ဆက်လက် ကျူးလွန်ဖို့ အားပေး/အားမြှောက် ပြုနေတာပဲ ဖြစ်တယ်လို့ JFM ကပြောသည်။ – မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်း- ပျံကျစျေးအနီးမှာ သြဂုတ်လ ၂၈ နေ့ မနက် ၇ နာရီခွဲလောက်က စျေးကောက်ကောက်ပြီး ကင်းပတ်လာတဲ့ ပျူစောထီး ခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မြို့ပြ- စစ်ဆင်ရေး မဟာမိတ်ပူးပေါင်း တပ်ဖွဲ့က ပစ်ခတ်ရှင်းလိုက်တယ်လို့ သိရပါတယ်။ – ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊လောက်ကိုင်မြို့မှာ ဩဂုတ်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ ကြံ့ဖွတ် အမတ်ဟောင်း ဦးခင်မောင်လွင်က ကိုးကန့်တရုတ်လူမျိုးတွေနဲ့ ပေါင်းပြီး ဈေးဟောင်းအနီးက နေအိမ်တွေကို ဘူဒိုဇာ နဲ့ ထိုးပြီး ၊ မြေအပိုင်သိမ်းယူဖို့ ကြိုးပမ်းနေတဲ့ အတွက် လူဦးရေ ၈၀ ကျော် နေစရာမဲ့ ဖြစ်သွားတဲ့သတင်းအပါအဝင်နောက်တုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/10/53233/
“ပြည်သူလူထုပေါ်ပဲ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တယ်ဆိုတော့ငြိမ်ချမ်းရေးဘက်မှာ ထိခိုက်နိုင်တာပေါ့။ စစ်ကောင်စီကိုလည်း လူထုက ယုံ ကြည်မှု ရှိမှာ မဟုတ်ဘူးဆိုတော့ မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံက ပိုပြီးတော့မှ ရှည်နိုင်တယ်”
["By ရန်ကုန်ခေတ်သစ်", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် KIO ၆၂ နှစ်ပြည့် အခမ်းအနား အထိမ်း အမှတ် အခမ်းအနားပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကချင်တိုင်းရင်းသား အနုပညာရှင်နှင့် ပြည်သူ ၅၀ ကျော်သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KIA/KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ​ကို ရန်ကုန်ခေတ်သစ် မီဒီယာက ဆက်သွယ်မေးမြန်းထားသည်။", "မေး။ ။ ဗုံးကျဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ။ဆေးသွားကုတဲ့ သူတွေလည်း ဆေးကုခွင့်မရဘူးလို့ သိရလို့ပါ။", "ဖြေ။ ။ တချို့ဒီကတော့ ဆေးကုသဖို့ပေါ့။ အဲကနေ့ ထုတ်ဖို့ ခွင့်တောင်းထားတာ ရှိပါတယ်။ ရပြီလားတော့ မသိဘူး။ ရတော့ ရလောက်ပါပြီ ဒဏ်ရာရသူ တော်တော်များများပါတယ်ဆိုတော့လေ ဒါပေမယ့် အတိအကျတော့ ကျွန်တော်တို့တော့ မကြားရသေးဘူး။", "မေး။ ။ နောက်ဆုံးသေဆုံးနဲ့ ဒဏ်ရာရ အရေအတွက်ကိုရော ဗိုလ်မှူးကြီးတို့ အတည်ပြုနိုင်ပြီလား။", "ဖြေ။ ။ မရသေးဘူးဗျ။ မေးတော့မေးကြည့်ထားပါတယ်။ သူတို့လည်း ရှုပ်ခက်နေတဲ့ အခြေအနေဆိုတော့ အရေအတွက်တော့ အကြောင်းကြားတာ မရှိသေးဘူး။", "မေး။ ။ တိုက်ခိုက်ခံရတဲ့နေရာက စစ်ရေး ပစ်မှတ်လား အရပ်သားတွေနေတဲ့ ကျေးရွာလား။", "ဖြေ။ ။ ကျွန်တော်တို့ တပ်မဟာ ၉ ရဲ့ ဌာနချုပ်နားကတော့ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်တာကတော့ ပြည်သူလူထုတွေ ရှိတဲ့ နေရာလည်းပါတယ်။ မနေ့က ဂုဏ်ပြုတဲ့နေရာမှာလည်း ပြည်သူ လူထုနဲ့ အားလုံးပူးပေါင်းပြီးတော့မှ နေတဲ့နေရာဖြစ်ပါတယ်။", "မေး။ ။ ဒီဖြစ်စဥ်ကြောင့် ရှေ့ဆက် ဘာတွေသက်ရောက်မှုရှိလားမလဲ။", "​ဖြေ။ ။ အဲတာအတိအကျတော့ ကျွန်တော်လည်း ပြောမရဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ အမြင်နဲ့ ပြန်ပြောမယ်ဆိုရတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ရက်တွေကတော့ ပြည်သူလူထုပေါ်ပဲ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တယ်ဆိုတော့ ငြိမ်ချမ်းရေးဘက်မှာ ထိခိုက်နိုင်တာပေါ့။ စစ်ကောင်စီကိုလည်း လူထုက ယုံကြည်မှုရှိမှာ မဟုတ်ဘူးဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရှုပ်တော်ပုံက ပိုပြီးတော့မှ ရှည်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။", "မေး။ ။ လက်ရှိဖြစ်ပျက်တဲ့ အဖြစ်အပျက်ကြောင့် ငြိမ်းချမ်းရေး ထိခိုက်တယ်ဆိုတာထက် စစ်တပ်ဘက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာဆိုတော့ နိုင်ငံတကာကိုကော အရေးယူဖို့ တောင်းဆိုတာတွေ ရှိနိုင်မလား။", "ဖြေ။ ။ အဲတာကတော့ ဗဟိုကော်မတီဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်မှာပါ။ အခုထိကတော့ ကျွန်တော်တို့ ဘာမှ မကြားသိရပါဘူး။ ဒါကတော့ ဗဟိုကောမတီရဲ့ ဆုံးဖြတ်ချက်ပေါ့။ သူတို့ အစည်းအဝေးမှာ ဘယ်လိုဆုံးဖြတ်လာမလဲပေါ့။ သူတို့နဲ့ပဲဆိုင်မှာပါ။", "မေး။ ။ ဒီနေ့ အလံတိုင်လဲ တစ်ဝက်လွှင့်တယ်လို့ သိရပါတယ်။ အဲတာကကော ဘယ်လိုပြောပြလို့ရမလဲ။", "ဖြေ။ ။ ဒါကတော့ အဖြစ်အပျက်ကတော့ ကျွန်တော်တို့ ပြည်သူလူထုတွေ ထိခိုက်တာ သေဆုံးတာ ကျဆုံးသွားတာတွေရှိလို့ ကျွန်တော်တို့ ကချင် အလံတော်တွေကို ဂုဏ်ပြုတဲ့ အနေအထားပေါ့။ သူတို့ကို ဝမ်းနည်းကြေကွဲဂုဏ်ပြုဆုတောင်းတဲ့ အနေအထားမျိုးဖြစ်ပါတယ်။", "မေး။ ။ ကျဆုံးသွားတဲ့အထဲမှာ အနုပညာရှင်တွေ တေးဂီတအဆိုတော်တွေ လူငယ်တွေတော်တော်များများပါတယ်လို့ သိရပါတယ်။ အဲဒါကော အတည်ပြုနိုင်ပါလား။", "ဖြေ။ ။ ပါတယ်လို့ကတော့ အတည်ပြုပြောလို့ရပါတယ်။ ဒါပေမယ့် ဘယ်သူတွေ မည်သူ မည်ဝါတွေ ဘယ်နှစ်ဦးဆိုတာကတော့ ကျွန်တော်တို့ စုံစမ်းနေတုန်း ဖြစ်ပါတယ်။ အဲဒီ အနုပညာရှင်တွေ ပါသွားတာ မှန်ပါတယ်။", "ဓာတ်ပုံ- KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ။", "Photo- မြစ်ကြီးနားဂျာနယ်။"]
https://yktnews.com/2022/09/41525/
ရွှေကူတွင် စစ်တပ်စက်လှေ ၃ စီး မြုပ်ကာ စစ်သား ၂၇ ဦးသေဆုံးမှု အပါအဝင် နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် စစ်သား ၅၉ ဦးသေဆုံး၊ PDF ၃ ဦးကျဆုံး
["By ရန်ကုန်ခေတ်သစ်", "ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်တပ်စက်လှေများ တိုက်ခိုက်ခံရပြီး လှေ ၃ စီးနစ်မြှုပ်ကာ စစ်သား ၂၇ ဦးသေဆုံးမှုအပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်သား ၅၉ ဦးသေဆုံးကြောင်း၊ PDF ၃ ဦး ကျဆုံးကြောင်း ဒေသကာ ကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန် မြို့လှ K-PDF နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မ ၈၈ လက်အောက်ခံတပ် ခလရ (၇၈) အင်အား ၁၀၀ ခန့်သည် ရွှေကူမြို့ ကျွန်တော်ရွာမှ ကူတို့ စက်လှေ ၄ စီးဖြင့် မိုးစစ်ရွာဘက်သို့ ကူးလာစဥ် မြို့လှ K-PDFက တိုက်ခိုက်ရာ စက်လှေ စက်လှေ ၃ စီး နစ်မြုပ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရွှေကူမြို့ သို့ ဒဏ်ရာ ရသူ ၅ ဦးသယ်ယူသွားခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် မိုးစစ်ရွာဘက်သို့ ရမ်းသမ်း ပစ်ခတ်မှု့ကြောင့် ပြည်သူနေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးထိခိုက်ခဲ့ကြောင်း၊ အပြစ်မဲ့ကလေးငယ် ၇ နှစ်အရွယ် ကလေး တစ်ဦး သေဆုံးခဲ့ကြောင်း မြို့လှ K-PDF က သတင်းထုတ်ပြန်သည်။", "ယနေ့ စက်တင်ဘာလ ၂၃ရက်‌နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန်ခန့် ချောင်းဦးမြို့နယ် ကံဇီးကျေးရွာမှ တပါယ်အင်းကျေးရွာ အနောက်တောင်ဘက်သို့ ထွက်လာသော စစ်သား ၅ ဦးကို အသင့်ကင်းပုန်းဝပ်‌စောင့်ဆိုင်းနေသော ကျွန်ုပ်တို့ မုံရွာခရိုင်တပ်ရင်း (၅)၊ Aung San Force တပ်ခွဲ(၁)၊ တပ်ခွဲ(၂) ရဲဘော်များမှ လက်ဦးမှုရယူ၍ လက်နက်ငယ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားရာ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းထီးလင်းမြို့နယ် ကြူသာရွာစခန်းချအိပ်ခဲ့သော စစ်သား ၁၅၀ ခန့် သည် ကြူသာရွာအရှေ့တောင်ဘက် ဒေသအခေါ် ခြင်းကုန်းနားသို့ရောက်ရှိလာပြီး PDF တပ်ပေါင်းစုနှင့် ဖြစ်ပွားကြောင်း၊ တိုက်ပွဲ ကြာမြှင့်ချိန် နာရီဝက်တိတိ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံးကြောင်း အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း ၇၀၇က သတင်းထုတ်ပြန်သည်။", "စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၃နာရီအချိန် အရာတော်မြို့နယ် သလဲဘာကျေးရွာရှိ အင်အား ၃၀ ခန့်ရှိသော ပျူစောထီးစခန်းကို အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုနှင့် ဝက်လက်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတို့ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၇ဦးနှင့် စစ်သား ၄ဦး တိုက်ပွဲနေရာတွင် သေဆုံးပြီး ၉ဦး ဆေးရုံရောက်ရှိသွားကြောင်း လျှပ်စစ်မိုးကြိုးမုန်တိုင်းတပ်ဖွဲ့က ပြောသည်။", "ထိုတိုက်ပွဲတွင် လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့မှ စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်တော်သား ၇ဦး နေရာတွင်လဲကျသေဆုံးကြောင်း ၊တိုက်ပွဲချိန်အားဖြင့် ၄၅မိနစ်ခန့် တိုက်ပွဲပြင်းထန်၍ စစ်ကောင်စီဘက်မှ လက်နက်ကြီး အလုံး၃၀ခန့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ်တွင် စက်တင်ဘာလ ၁၈ ရက် ညနေ ၅ နာရီ ၂၅ နာရီတွင် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစုက စစ်ကောင်စီ၏ ၅၃၀ အ‌မြှောက်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံးကြောင်း၊ ယင်းတိုက်ပွဲတွင် အမှတ်(၁၀၀၅) တပ်ရင်းမှ လက်လုပ်အ‌မြှောက်များဖြစ်သည့် (၁၀၀၅-မမ)နှင့် ၆၀ မမ တို့ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း တရားဝင်သတင်းထုတ်ပြန်ထားချက်အရ သိရှိရသည်။", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ- ကျွန်းချောင်း မြိုကနယ်အတွင်းတွင် စစ်ကောင်စီတပ်များနှင့် PDF တပ်များ ၉ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးကာ ၃၀ ကျော်အထက် ထိခိုက်ဒဏ်ရာရရှိကြောင်း မြစ်ခြေ-ကျွန်း ချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသတင်းထုတ်ပြန်သည်။", "စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်း အင်အား ၅၇၀ ခန့်ဖြန့် စက်တင်ဘာလ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့အထိ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်တပ်ဝင်ရောက်စီးနင်းခဲ့သော နေရာများတွင် ငွေကျပ် သိန်း ၆၀၀ ပမာဏ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသောအကြမ်းဖက် စစ်တပ်နှင့် မဟာမိတ် တပ်ပေါင်းစုများအကြား ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်မှစ၍ စတင်ထိတွေ့မှုဖြစ်ခဲ့ပြီး ညနေ ၆ နာရီ အချိန်အထိ တစ်နေကုန် တိုက်ပွဲပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်သားအများအပြားသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အသေစားဒဏ်ရာ ၄ ဦး၊ စိုးရိမ်ရဒဏ်ရာ ၃ ဦးရရှိပြီး တာဝန်ထမ်းဆောင်ရင်း ရဲဘော် ၂ ဦးမှာကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2022/08/25956/
ကနီ၊ နွားထိုးကြီး၊ တန့်ဆည်၊ တနင်္သာရီ၊ ဟားခါး၊ ယင်းမာပင်တို့တွင် တိုက်ပွဲ များ ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၇ ဦးသေဆုံး၊ ကနီတွင် အမျိုးအမည် မသိ သည့် လက်နက်ကြီး ကျည်တချို့ စစ်တပ်က အသုံးပြု
["By ရန်ကုန်ခေတ်သစ်", "ကနီ၊ နွားထိုးကြီး၊ တန့်ဆည်၊ တနင်္သာရီ၊ ဟားခါး၊ ယင်းမာပင်တို့တွင် တိုက်ပွဲ များ ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၇ ဦးသေဆုံးပြီး ကနီတွင် အမျိုး အမည် မသိသည့် လက်နက်ကြီးကျည်တချို့ စစ်တပ်က အသုံးပြုနေကြောင်း ဒေသ ကာကွယ် ရေးတပ်များထံမှ သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်များကို မြွေဝိုင်းတောင်အနီးတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂၀ ကျော်သေဆုံးကြောင်း အာဏာရှင် တော် လှန် ရေး ပြည်သူ့တပ်မတော် – DRPA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "သြဂုတ်လ ၇ ရက်နေ့ တွင် စစ်သင်္ဘောတစ်စီးနှင့် ထောက်ပို့ မော်တော်ရေယာဉ် ၃ စီးကို DRPA ၊ KGF ၊ IA ၊ Black Shadow နှင့် နယ်မြေခံ ပကဖ ပူးပေါင်း အဖွဲ့ များ က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ ထောက်ပို့သင်္ဘော ၂ စီး လက် နက်ကြီးတိုက်ရိုက်ထိမှန်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များက အထိအခိုက်မရှိ ဆုတ် ခွာ ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများက ယင်းရွာတွင် ဝင်ရောက်၍ အ လောင်း များ မီးရှို့သွားသည်ဟု သိရှိရကြောင်း DRPA တာဝန်ရှိသူက ဆို သည်။", "အလားတူ ကနီမြို့နယ်တွင်ပင် ဩဂုတ်လ၇ရက်နေ့ တစ်ရက်တည်း စစ်တပ်နှင့် တိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများနိုင်ကြောင်း ကျောက်လုံးကြီးအဖွဲ့တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“မနေ့ မနက်ခင်း ၉နာရီက စပြီး တိုက်ပွဲတစ်နေရာဖြစ်တယ်။ အဲဒီနေရာကနေ ကနီမြို့အနောက်ဖက်မှာ ရှိတဲ့ ရေ လည် ကျွန်းပျူ‌ရွာကို ကနီမြို့ကနေ ရိက္ခာ သွားပို့တဲ့ စစ်ခွေးတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ အဲဒီပွဲမှာ စစ်ခွေးတစ် ကောင် ကျတယ်။ နောက်တစ်နေရာက ချင်တွင်းမြစ်ကနေ အထက်ပိုင်းဆန်တဲ့ စစ်ကောင် စီတပ်ကိုညနေ ၄ နာရီခွဲမှာ ပဲခင်းရွာနဲ့ကဲတောင်ရွာကြားကနေ ပွိုင့်၂ နေရာ ကနေပစ်ခတ်တာ စစ်ခွေး ၁၀ကောင် ကျော်ကျမယ်။နောက်ထပ် တစ်နေရာက ကင်းရွာထဲကနေ အဲဒီစစ်ကောင်စီမော်တော်ကို ၆နာရီလောက် မှာ ထပ်ပစ်ခတ်တယ်။အဒီအကြိမ်မှာ စစ်ခွေး ၅ ကောင် အထက်ကျ တယ်”ဟု ကျောက်လုံးကြီးPDF သတင်းပြန်ကြားရေးတာဝန်ရှိသူပြောသည်။", "စစ်တပ်ကပစ်ခတ်ရာတွင် ထူးဆန်းသော လက်နက်များကို သုံးစွဲကြောင်း ကျောက် လုံးကြီး PDF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။", "“ဒီတစ်ခေါက်က စစ်တပ်က စက်လက်နက်တွေ၊ စစ်သင်္ဘောတွေပါ အသုံးပြု လာတယ်။ ထူးထူးခြားခြားအရှည်၂ တောင် လောက်ရှိတဲ့လက်နက်ကြီး တွေ နဲ့ပါ ပစ်ခတ်တယ်။ ဒီလိုမျိုးကျည်ဆံကို တစ်ခါမှ မမြင်ဘူးဘူး။အခုလို မပေါက် ကွဲ လို့ အခုလိုမြင်ဘူးရတယ်”ဟု ကနီဒေသခံPDFတစ်ဦး က ပြောသည်", "တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု ၊ ကိုးအင်းရွာတွင် ဩဂုတ်လ ၇ ရက်နေ့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ် ပွား ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရ သည်။", "ဩဂုတ်လ ၇ ရက်နေ့ ညနေ (၅)နာရီအချိန် မိနစ်သုံးဆယ်ကြာ တိုက်ပွဲဖြစ် ပွားခဲ့ ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ် ခဲ့ ကြောင်း၊ ရွာသားအချို့ကိုလည်း ဖမ်းဆီးခံခဲ့ရ ကြောင်း ၊ တိုက်ပွဲဖြစ်ပွားသော တပ်မှာ မြိတ်မြို့အခြေစိုက် (၁၇) နှင့် (၁၀၁) တပ်ရင်းတို့ဖြစ်ကြောင်း၊ စစ်တပ် က ကော်တောရွာရှိ ရွာသားအချို့ကိုဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုကာ သမီးလှရွာဘက်သို့ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။", "ယမန်နေ့တွင် တိုက်ပွဲ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ဝန်း ကျင် တိုက်ပွဲအတွင်းပိတ်မိသဖြင့် ၎င်းတို့ကို မပစ်ရန် တောင်းပန်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ထံမှ သိရှိရသည်။", "“တိုက်ပွဲမှာကျွန်တော်တို့ကိုမပစ်ပါနဲ့။ တပ်ရင်းပြန်မလို့ပါ။ တိုက်ပွဲတိုက်ဖို့ လာတာ မဟုတ်ဘူး။ အဲလိုအော်သံတွေကြားရတယ်” ဟု ဘက်မလိုက် ပြောက် ကျား အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။", "တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အချက်ပေါင်း ၅၀ ကျော် ပစ် ခတ် ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ထံမှ သိရှိရသည်။", "ယနေ့ ဩဂုတ် ၈ရက် နံနေပိုင်းတွင် ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက် စစ် ကောင် စီရဲစခန်းနီးရှိ စစ်ကောင်စီစာရင်း စစ်ရုံး၊ စစ်တပ် တပ်စွဲထားသည့် အခြေခံပညာကျောင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့၀င်များက သွားရောက် တိုက် ခိုက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသ သတင်း ရင်းမြစ်များက သတင်းဖော်ပြသည်။", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တောဂျင်ရွာမှ ထွက်‌လာသော စစ်ကောင်စီ စစ်ကြောင်းကို ယနေ့နံနက်၆နာရီခန့်တွင် တန့်ဆည်PDF တပ်ရင်း(၆)နှင့် ပူး ပေါင်း အဖွဲ့တို့က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံး မှု ရှိကြောင်း သိရသည်။", "တိုက်ပွဲသည် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များ အထိနာသဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။", "အင်အား၁၀၀ကျော်ပါသော စစ်ကောင်စီ‌စစ်ကြောင်းသည် ယနေ့နေ့လယ် က စပြီး တန့်ဆည်မြို့နယ်၊ ရွာမုံတောင်ရွာတွင် တပ်စွဲထားလျက်ရှိကြောင်း သတင်း ရရှိသည်။", "ဩဂုတ်လ ၇ ရက်နေ့ည၈နာရီအချိန် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာ မြို့နယ် ​မြို့အတွင်း၌ စစ်ကောင်စီတပ်က ကင်းပတ်နေစဉ် မိုင်းနှစ်လုံး ခွဲ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၃ဦး သေဆုံးခဲ့ကြောင်း ၊ တိုက်ခိုက်မှု B-21Kani PDFနှင့်အတူ Dae Doe PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "နွားထိုးကြီးတွင် စစ်အုပ်စုကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဗိုလ်တစ်ဦး အပါ အဝင် ၄ ဦးသေဆုံး", "===========================================", "မန္တလေးတိုင်း နွားထိုးကြီးမြို့ပေါ် ရှိ စစ်ကောင်စီတပ်ကို ယမန်နေ့ညနေပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၄ ဦး သေ ဆုံး ကြောင်း Natogyi People Defense Force – နွားထိုးကြီး NPDF က သတင်း ထုတ်ပြန်သည်။", "ယမန်နေ့ ညနေပိုင်း နွားထိုးကြီးမြို့လယ်ခေါင်၊ ဆောက်လုပ်ရေးရုံးဝင်းထဲတွင် ခြင်းခတ်နေချိန် နွားထိုးကြီး NPDF က လက်နက်ကြီးများဖြင့် အနီးကပ် ဝင် ရောက် ပစ်ခတ်ခဲ့ရာ ဗိုလ်အဆင့် အပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ၊ ၅ ဦး လည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကနီတွင် စစ်တပ်က အသုံးပြုသည့် အမျိုးအမည်မသိသော လက်နက် ကြီး ကျည်တချို့။"]
https://yktnews.com/2022/10/51921/
ရှားတောတွင် ထောက်ပို့ စစ်ရဟတ်ယာဉ်ကို ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး၊ မြ၀တီနှင့်ကျိုက်ထိုတို့တွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး
["By ရန်ကုန်ခေတ်သစ်", "ကရင်နီပြည်နယ်၊ ရှားတောတွင် ရိက္ခာနှင့်လက်ခဲယမ်းလာပို့သည့် ထောက်ပို့စစ် ရဟတ်ယာဉ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရာ စစ် သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ မြ၀တီနှင့်ကျိုက်တို့တွင်လည်း တိုက်ပွဲဖြစ်ပြီး စစ် သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ် ပြန်သည်။", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ပိန္နဲကုန်းကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက် လာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုများအကြား ယမန်နေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Kyaikhto Revolution and Information Networkက ပြောသည်။", "စစ်သား ၂ ဦးသေဆုံးပြီးနောက် နေ့ချင်းပြီး သင်္ဂြိုလ်ခဲ့ကြောင်း ၊ ယင်းနောက် စစ်တပ်က ရွာထဲရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများက နေအိမ် ၈ လုံး နှင့် ဆိုင်ကယ် ၃ စီး ထက်မနည်း မီးရှို့ခဲ့ကြပြီး တခြားအိမ် များကိုလည်း ဖျက်ဆီးခဲ့ကြကြောင်း၊ အိမ်ရှိပစ္စည်းများကိုလည်း ရိုက်ခွဲ ဖျက်ဆီးကြခဲ့ကြောင်း၊ ရွာသား ၂ ဦး ပျောက်ဆုံးနေကြောင်း ၊ စစ်တပ်ကို တိုက်ခိုက်လျှင် တစ်ရွာလုံးမီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းအချိန် ကရင်နီပြည်နယ်၊ ရှားတောမြို့ထိုင် ဗျူဟာကုန်း နှင့် ခလရ ၄၂၈ တပ်ရင်းအတွက် ရိက္ခာနှင့် လက်နက်ပစ္စ ည်းများ လာရောက်ပို့ဆောင်ခဲ့သည့် Helicopter လေယာဥ် တစ်စီးကို KA နှင့် KNDF B17 က အနီးကပ်သွားရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၃ ဦး သေပြီး ၆ ဦး ဒဏ်ရာ ရခဲ့သည်ဟု ကရင်နီတပ်မတော်ဘက် သတင်းထုတ် ပြန် သည်။", "ထိုသို့ စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ လက် နက်ကြီး ပစ်ခတ်သဖြင့် အသက် ၁၅ နှစ်ကလေး တစ်ဦး နှင့် အသက် ၅၀ ကျော် အရပ်သား တစ်ဦး ပြင်းထန်စွာဒဏ်ရာ ရခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီဗျူ ဟာမှူးက ရှားတောမြို့ပေါ် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူတွေ့ဆုံပြီး ပစ် ခတ်မှုများ ထပ်မံဖြစ်ပွားလျှင် ရှားတောတစ်မြို့လုံးပြာကျသွားမည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ လူခို့ ညောင်ချောင်း နေရာကို ကျူးကျော် အခြေပြုရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီ တပ်များကု အတွဲလိုက် ဒုံးစနစ် MLRS ဖြင့် ယမန်နေ့အောက်တိုဘာ ၁၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ပူးပေါင်း တပ်ဖွဲ့များကို ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းများဖြင့် ပြန်လည် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များတွင် ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့ ပါဝင်ကြောင်း၊ ပူး ပေါင်း တပ်ဖွဲ့များ၏ ယမန်နေ့ ည တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင် စီ၏ ခလရ (၂၀၇) မှ (၂) ဦး သေဆုံးကြောင်း ကော်ဘရာက သတင်းထုတ် ပြန်သည်။", "ဓာတ်ပုံ- ကျောက်ထုတွင် အဝေးကြည့်မှန်ပြောင်းဖြင့် မြင် တွေ့ရသည့် စစ်ရဟတ်ယာဉ်များ။"]
https://yktnews.com/2022/04/14140/
ခင်ဦးမြို့နယ်တွင် ၁၂ ရက်အတွင်း အင်အား ၁၀၀ နီးပါး ပါ စစ်တပ်စစ်ကြောင်းက ရွာပေါင်း ၂၅ ရွာကို မီးရှို့ဖျက်ဆီးသဖြင့် လူနေအိမ် ၂၈၀ လုံးပြာကျ၊ PDF နှင့်ပြည်သူ ၉ ဦးအသတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံး
["By ရန်ကုန်ခေတ်သစ်", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အင်အား ၁၀၀ နီးပါး ပါ စစ်ကောင်စီစစ်ကြောင်းသည် ရွာပေါင်း ၂၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။မတ်လ ၂၄ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်တွင် စစ်သား ၉၁ ဦးနှင့် ပျူစောထီး ၈ဦးစုစုပေါင်း အင်အား စုစုပေါင်း ၉၉ဦး သည် ယနေ့အထိ စစ်ကြောင်းနှစ်ကြောင်းခွဲ ပြီး ယာတော်၊ ဥယာဥ်၊ ပျဥ်ထောင်၊ ကင်းပြစ်၊ သရက်ကုန်း ဗအိုး ဂလုံ ရှားတော ပေါက်တော မဒေါင်းလှ ပင်တင်း အိုင်ပေါက်ကြီး အလယ်ရှို တမုတ် ကုလားလူး ရှားလွင် ရွာစဥ် ထနောင်းကိုင်းလေး ညောင်ကန် ထနောင်းကိုင်းကြီး မင်းဝံစိုက်ကွင်း ရွှေလူးအိုင် ငါးတင်းကြီး အုန်းပင်ကုန်း ဆိုင်ဂေါင်း စသည့်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ဝင်ရောက် မွှေနှောက် မီးရှို့ဖျက်ဆီးကြကြောင်း သိရှိရသည်။ဒေသ ကာကွယ်ရေးတပ်များကလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို လမ်းကြောတစ်လျောက် ကုလားလူးကျေးရွာအဝင် မတ်လ ၂၉ ရက်နေ့တွင် တစ်ကြိမ် မိုင်းဆွဲခြင်း၊ မတ်လ ၃၀ ရက်နေ့တွင် တစ်ကြိမ် မိုင်းဆွဲခြင်း၊ ဧပြီလ ၁ ရက်နေ့ ထနောင်းကိုင်းကြီးကျေးရွာအဝင်တွင် မိုင်းဆွဲခြင်း၊ ဧပြီလ ၄ ရက်နေ့ အုန်းပင်ကုန်းနှင့်ဆိုင်ဂေါင်းကြားနားနေစဥ် မိုင်းဆွဲခြင်းများဖြင့် ပြန် လည် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ယနေ့ နံနက်ပိုင်း ခင်ဦးမြို့နယ်အတွင်းမှ အဆိုပါ စစ်ကောင်စီစစ်ကြောင်း ပြန်လည် ထွက်ခွာရာတွင် စုစုပေါင်း ၈၂ ဦးသာကျန်ရှိပြီး ၁၇ ဦး မိုင်းထိပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။မတ်လ ၂၄ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ၊ မတ်လ ၃၁ ရက်နေ့တွင် ဒေသကာကွယ်ရေးလူငယ် ၃ ဦးနှင့်ပြည်သူ ၁ ဦး၊ ဧပြီလ ၃ ရက်နေ့တွင် လူငယ် ၃ ဦး စုစုပေါင်း ၉ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။စစ်တပ်က မီးရှို့ဖျက်ဆီးရာတွင် မတ်လ ၃၁ ရက်နေ့ ကုလားလူးကျေးရွာတွင် ၅၂အိမ်(ဒုတိယအကြိမ်)ရှားလွင်ကျေးရွာတွင် ၆အိမ်(ဒုတိယအကြိမ်)၊ ဧပြီလ၂ ရက်နေ့ မင်းဝံစိုက်ကွင်းကျေးရွာတွင် ၄ အိမ်၊ ဧပြီလ၃ ရက်နေ့တွင် ငါးတင်းကြီးကျေးရွာတွင်လူနေအိမ် ၂၀၉ (တိုက်အိမ် ၁၇၆လုံး)၊ ယနေ့နံနက်အချိန်တွင် အုန်းပင် ကုန်းကျေးရွာ ၆အိမ် နှင့် ဆိုင်ဂေါင်းကျေးရွာ၃အိမ် တို့အကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ် တပ် က ၁၃ ရက်အတွင်း ပြည်သူပိုင်နေအိမ်စုစုပေါင်း ၂၈၀မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ခင်ဦးမြို့နယ်တွင် မတ်လ ၁ ရက်နေ့မှစတင်ပြီးယနေ့ထိ စုစုပေါင်း ၆၄၆ အိမ် မီးရှို့ခံခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၃၅၀၀ ဝန်းကျင်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ ကျေးရွာများမှ အပြစ်မဲ့ပြည်သူပေါင်း ၃၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/170985/
“ပ သုံးလုံးတွေက ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ ဖိနှိပ်နေတာတွေ ၊ ကိုယ်ထိ လက် ရောက်ကျူးလွန်နေတာတွေရှိနေသလိုမျိုး ပြည်သူလူထုကလည်း ဒီပသုံးလုံးရဲ့ ဖိနှိပ်ရေး ယန္တရားရဲ့ ဒဏ်တွေကို ခံစားနေရပါတယ်”
["By ရန်ကုန်ခေတ်သစ်", "စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပသုံးလုံးအဖွဲ့ဝင်များက ဗကသ ကျောင်းသား၊ ကျောင်းသူများအပေါ် ဆိုင်ကယ်ဖြင့် တိုက်၊ ထိုးကြိတ်ရိုက်နှက်မှုဖြစ်စဉ်အပေါ် ဗကသများအဖွဲ့ချုပ် ဗဟိုပြောရေးဆိုခွင့်ရှိသူ မခင်နီနှင့်ဆက်သွယ်မေးမြန်းထားပါသည်။", "မေး။ ပုလဲမြို့နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပသုံးတွေက ကျောင်းသားကို ထိုးကြိတ်မှု ဘယ်တုန်းက ဖြစ်ခဲ့ တာလဲ။ နေ့ရက်၊ နေရာ အတိအကျ သိပါရစေ။", "ဖြေ။ ။ ပုလဲမြို့နယ် လက်ပုကန်ကျေးရွာမှာ ကျေးရွာ ပကဖ အဖွဲ့တွေက ဗကသရဲဘော်တွေကို ကိုယ် ထိလက် ရောက်ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေက ၂ ခုရှိပါတယ်။ ပထမဖြစ်စဉ်က ဇွန်လ ၂၅ ရက်နေ့မှာ ဗကသ ဗဟိုစည်းရုံးရေးကော်မတီဝင် မစောခက်နွယ်ကို ကျေးရွာပကဖအဖွဲ့ဝင် တစ်ဦးက ဆိုင်ကယ် နဲ့ ဝင်တိုက်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဒဏ်ရာရအောင်လုပ်ခဲ့တာရှိပါတယ်။", "ဒီ ပကဖအဖွဲ့ဝင် ဟာ မူးမူးနဲ့ အရှိန်တင်ပြီးတော့ မောင်းလာတယ်။ မစောခက်နွယ်ဆိုင်ကယ်နဲ့လာတဲ့လမ်းကို လမ်း ပြောင်းပြန်ဝင်လာပြီးတော့ အတင်းဝင်တိုက်သွားတာပါ။ မစောခက်နွယ်လည်း ခြေထောက်မှာ ထိ ခိုက်ဒဏ်ရာခဲ့ပါတယ်။ ဒီအချိန်မှာ ဘေးက ရွာသားတွေလည်း ထွက်လာပြီးတော့ မောင်းတဲ့သူကို ပြောကြတာတောင်မှ သူက တစ်ခါတည်းမောင်းပြီးတော့ ထွက်သွားတာပါ။ အဲဒီအချိန်တုန်းကရော၊ အခုချိန်အထိရော သူ့ဘက်က တောင်းပန် ခြင်းမျိုး လုံးဝမရှိခဲ့ပါဘူး။", "နောက်တစ်ခုကတော့ ဝိုင်းပြီးတော့ ထိုးကြိတ်တဲ့ကိစ္စပါ။ ပုလဲမြို့နယ် သမဂ္ဂအတွင်းရေးမှူး ကိုတဆစ် က အရင်က ဆိုရင်လည်း ဒေသတွင်း အခြေအနေတွေ၊ ဆန္ဒပြပွဲတွေကို ဓာတ်ပုံမှတ်တမ်း ရိုက်တာ မျိုးတွေရှိပါတယ်။ မှတ်တမ်း မယူရဘူးဆိုပြီးတော့ ကြိုတင်တားမြစ်ထားတာမျိုးလည်းမရှိဘူး။", "အရင် ကလည်းမရှိခဲ့ပါဘူး။ ဒါပေမယ့် ဇွန်လ ၂၇ ရက်နေ့ ညနေ ဆန္ဒပြပွဲမှာတော့ ဒီဆန္ဒပြပွဲကို ဓာတ်ပုံ ရိုက် လို့ဆိုပြီးတော့ ပကဖ အဖွဲ့ဝင် ၅ ယောက်လောက်က ကိုတဆစ်ကို ဝိုင်းပြီးတော့ ထိုးကြိတ်လိုက်ကြ ပါတယ်။ သူ့ဖုန်းကိုလည်း လွှင့်ပစ်လိုက်ပါတယ်။ ကိုတဆစ်က သာမန် ပြည်သူ တစ်ယောက်ပဲဖြစ် တယ်။", "သူ့အနေနဲ့ ဒီလိုထိုးကြိတ်ခံရတဲ့အခါမှာ ရှောင်ရုံ ၊ ပြန်ကာရုံပဲ လုပ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ တော့ သူ့အနေနဲ့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခဲ့တာရှိပါတယ်။", "မေး။ ။ ဒီဖြစ်စဉ်ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုလုပ်ဆောင်ထားတာမျိုးရှိလဲ။", "ဖြေ။ ။ ကျမတို့ ဒီအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြောင်းကြားထား တာတွေရှိသလို ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။", "မေး။ ။ ပ သုံးလုံးတွေက ပြည်သူတွေအပေါ်လည်း နှိပ်စက်မှုတွေရှိတယ်၊ အခုဆိုကျောင်းသားတွေ အပေါ်မှာပါ နှိပ်စက်မှုတွေလုပ်လာတယ်၊ အဲလိုလုပ်နေတဲ့အပေါ် ဗကသ အဖွဲ့ချုပ် အနေနဲ့ ဘာ ပြောချင်ပါလဲ။", "ဖြေ။ ။ ဒီလိုမျိုး ကျောင်းသားတွေအပေါ်မှာပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာပဲ ဖြစ်ဖြစ် ကိုယ်ထိ လက်ရောက်ကျူးလွန်တာတွေ၊ နောက်ပြီးတော့ စစ်ကောင်စီလိုမျိုး ဖိနှိပ်ရေးစည်းကမ်းချမှတ်တာ တွေက မဖြစ်သင့်ပါဘူး။ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဖြေရှင်းချက် လိုချင်ပါတယ်။", "မေး။ ။ ဗကသအဖွဲ့ချုပ်အနေနဲ့ NUG အစိုးရလက်အောက်မှာရှိတဲ့ ဒီ ပသုံးလုံးတွေအပေါ် ဘယ်လို ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။", "ဖြေ။ ။ လက်ရှိမှာဆိုရင် ကျမတို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားတာမျိုးတွေ၊ ချိတ်ဆက်ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း ဆက်လက် လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဘာတွေဆက်လက်လုပ်ဆောင်သွားမလည်း ဆိုတာတော့ ပြောပြလို့မရသေးပါဘူး။", "မေး။ ။ ပြီးတော့ NUG အစိုးရ၊ လက်အောက်က ကျောင်းတွေကလည်း စစ်ကောင်စီလိုပဲ ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေ ရှိ နေတယ်လို့ ထုတ်ပြန်ထားတာတွေ့ပါတယ်။ ဘယ်လိုဖိနှိပ်မှုတွေ၊ ကန့်သတ်မှု တွေရှိလည်း ပြောပြလို့ ရသလောက်ပြော ပေးပါအုံး။", "ဖြေ။ ။ ကျောင်းသားတွေကို ဖိနှိပ်တယ်ဆိုတာ ဒီလိုပါ၊ အခု NUG ၊ ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွင့်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းအာဏာပိုင်တွေနဲ့ ပ သုံးလုံးတွေနဲ့ ပူးပေါင်း ပြီး တော့ စစ်ကောင်စီ စာသင်ကျောင်းတွေမှာလိုမျိုး ဖိနှိပ်ရေး စည်းကမ်းတွေ ထုတ်ပြန်ထားတာရှိတယ်။", "ဒီစည်းကမ်းတွေထဲမှာဆိုရင်‌ ကျောင်းသားတွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်တွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ နောက်ပြီးတော့ လွတ်လပ်စွာကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်၊ အသင်းဖွဲ့ စည်းမှုတွေကို ဖိနှိပ်နေတာတွေ့ရတယ်။ ဒါတွေက NUG ရဲ့ ဖက်ဒရယ်ပညာရေးနဲ့လည်းကိုက်ညီမှုမ မရှိဘူး။ နောက်ပြီးတော့ ပညာရေးဝန်ကြီးဌာနကလည်း ဒီစည်းမျဉ်းစည်းကမ်းတွေချမှတ်ထားတာ မရှိဘူးလို့ ကျမတို့ သိရတယ်။", "မေး။ ။ ဒီလို NUG အစိုးရကျောင်းတွေမှာ ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေ၊ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ ပတ် သက်လို့ ဗကသ အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားဖို့ရှိပါလဲ။", "ဖြေ။ ။ ရှေ့မှာပြောခဲ့သလိုပဲ ကျောင်းသားတွေအပေါ် ဖိနှိပ်မှုတွေ ကန့်သတ်မှုတွေ ဒီအခြေအနေတွေ နဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ လက်ရှိ မှာ မပြောနိုင်သေးပါဘူး။ သေချာတာတစ်ခုက ဗကသများအဖွဲ့ချုပ်က ကျောင်းသားထုနဲ့ အပြတ်အ သတ် ရပ်တည်သွားမှာပဲဖြစ်ပါတယ်။", "မေး။ ထပ်ဖြည့်ပြောစရာရှိရင် ပြောပေးပါအုံး။", "ဖြေ။ ။ ပ သုံးလုံးတွေက ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ ဖိနှိပ်နေတာတွေ ၊ ကိုယ်ထိ လက် ရောက်ကျူးလွန်နေတာတွေရှိနေသလိုမျိုး ပြည်သူလူထုကလည်း ဒီပသုံးလုံးရဲ့ ဖိနှိပ်ရေး ယန္တရားရဲ့ ဒဏ်တွေကို ခံစားနေရပါတယ်။ ဒါကြောင့်မို့လည်း ဇွန်လ ၃၀ ရက်နေ့မှာ ပြည်သူလူထု ကိုယ်တိုင်က ဗကသနဲ့အတူ ပူးပေါင်းပြီးတော့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးနဲ့အတူ ပသုံးလုံး ဖိနှိပ်မှုဆန့်ကျင့်ရေးအတွက်လည်း ဆန္ဒပြခဲ့ကြပါတယ်။", "ဒီဆန္ဒပြပွဲမှာဆိုရင် ပြည်သူလူထုကိုယ်တိုင် က ဦးဆောင်ပြီးတော့ ထွက်ခဲ့တာပါ၊ ဗကသက ဦးဆောင်ခဲ့တာမဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင် က ဒီလိုလုပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောလာလို့ လုပ်ဖြစ်ခဲ့ကြတာပါ။ ပြည်သူလူထုကိုယ်တိုင်က ဒီ ပ သုံး လုံး ရဲ့ ဖိနှိပ်မှုတွေကို ခံစားလာရလို့ ထုတ်ဖော်ပြောဆိုလာကြတာပါပဲ။ ဒေသခံလူထုကပဲ ဦးဆောင် ပြီးတော့ ဒေသခံလူထုကပဲ ဗကသရဲ့ခွပ်ဒေါင်းအလံကို ကိုင်ဆွဲသွားတာပဲဖြစ်ပါတယ်။", "ဆန္ဒပြ ပွဲမှာ ဆိုရင်လည်း “စစ်သုံးစစ်ကို တိုက်ဖျက်ကြ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ တန်ပြန်တော်လှန်ရေး လုပ် ရပ်များ ဆန့်ကျင်ကြ၊ ကျောင်းသားများကို ဖိနှိပ်မှုအလိုမရှိ ၊ ပ သုံးလုံး အလိုမရှိ၊ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်၊” ဆိုတဲ့အချက်တွေကို ကြွေးကြော်ခဲ့ကြပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/11/65828/
မြိုင်၊ ပုလဲ၊ ပခုက္ကူ၊ မြင်းမူနှင့်ထားဝယ် တို့တွင် စစ်ကြောင်းများကို PDFများက တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး
["By ရန်ကုန်ခေတ်သစ်", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ပုလဲမြို့နယ်၊ မကွေးတိုင်း၊ မြိုင်မြို့နယ် နှင့်ပခု က္ကူ မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်တို့တွင် စစ်ကြောင်းများကို PDF တပ် များ က တိုက်ခိုက်ပြီး စစ်သား ၁၅ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေး တပ် ဖွဲ့ များ က ပြောဆိုကြသည်။", "မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို PDF အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် လက်နက် အပြည့် အစုံ ဖြင့် မြေပဲဖော်ထွက်လာသော မြိုင်မြို့နယ်တောင်ပိုင်း သရက်ကွရွာ ပျူစခန်းမှ ပျူစောထီးများကို သရက်ကွရွာ အနောက်တောင်ဘက်တွင် ကာကွယ်ရေး တပ်ဖွဲ့ များက ကင်းပုန်းဝပ် အသင့်စောင့်ဆိုင်းပြီး ပစ်ခတ် တိုက် ခိုက်ခဲ့ သော ကြောင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေက လက်နက် အပြည့်အစုံနဲ့ လုံခြုံရေး ယူပေးပြီး မြေပဲ ဖော်ထွက် လာတဲ့အချိန် သရက်ကွရွာရဲ့ အနောက် တောင်ဘက်မှာ PDF ရဲဘော်တွေက ကင်းပုန်းဝပ်ပြီး အသင့်စောင့်ဆိုင်းနေတာ အလစ်အငိုက် ပစ်ခတ်တိုက် ခိုက် ခဲ့တယ်။ ဆယ်မိနစ်ခန့်အကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးတော့ စစ် ခွေး နဲ့ ပျူစောထီး အများအပြား ထိခိုက် ဒဏ်ရာရရှိပြီး ပျူစောထီး ၂ ကောင် နေရာ မှာ တင် ပွဲချင်းပြီး ဂိန်သွားတယ်” ဟု Middle Revolution Task Force (MRTF) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ saw htoowa ကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force (MRTF)၊ ဝံပုလွေ ပြောက် ကျားတပ်ဖွဲ့(မြိုင်)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ JRT၊ GOE၊ Royal Seven တပ်ဖွဲ့နှင့် ကိုအောင်ကြီးတပ်ဖွဲ့ တို့ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့ပေါ် ထွေအုပ်ရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်များကို ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀နာရီကျော် အချိန် လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးသေ ဆုံးကြောင်း ဒေါင်းနက်ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "“ပထမ ၇၀ မမ ၂လုံး နဲ့ ထွေအုပ်ရုံးထဲပစ်ခတ်တယ်။ ၂လုံး စလုံး ထွေအုပ်ရုံး ထဲကျတယ်။ အဲလိုသူတို့ပစ်လို့ဆိုပြီး မြို့ပြင်ကို ထွက်ပြီးကျွန်တော်တို့ကို ပစ် တယ်။ ခဏလောက်ထိပ်တိုက် တိုက်ပွဲဖြစ်တယ်။ သူတို့ထပ်တက်လာလို့ ရှေ့ထွက်မိုင်းတစ်လုံးနဲ့ထပ်ခွဲခဲ့တယ်။ ၇၀ မမ နဲ့ပစ်တာကတော့ ၅ ယောက် သေပြီး ၆ယောက်ဒဏ်ရာရတယ်လို့တော့သိထားရတယ်။ ကျနော်တို့ဘက်က စစ်ဆင်ရေးကို ရဲဘော် ၁၄ဦးနဲ့ပဲ လုပ်ခဲ့တာဖြစ်လို့ အထိအခိုက်မရှိခဲ့ဘူး” ဟု ဒေါင်းနက်ပျောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင် ဆရာပေကပြောသည်။", "ယခုတိုက်ခိုက်မှုကို ရဲဘော် ချစ်ငယ် ဦးဆောင်သည့် ယင်းမာပင်ရိုင် တပ်ရင်း -၁၀၊ ဒေါင်းနက် -နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ၊ တပ်ရင်း -၈ ၊ ပုလဲဂျိုကာ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ပခုက္ကူမြို့နယ် အနောက် ဘုန်းကန်ကျေးရွာတွင် စခန်းချနေထိုင်နေသော စစ်ကြောင်းကို Earthquake People’s Defense Force နှင့် မဟာမိတ်အဖွဲ့များက လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ စစ်သား ၃ ဦး ထက်မနည်းသေဆုံးပြီး ထိ ခို က် ဒဏ် ရာများ ရရှိကာ သေဆုံးမှု များပြားနိုင်ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့တွင် ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ် အချိန် မြန်မာ့စီးပွားရေးဘဏ်ရှေ့ ကင်းစောင့်နေသည့် အကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ဝင် ၇ ဦး အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခံရပြီး ၅ ဦး သေဆုံးကြောင်း၊ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းနှင့် မစ်ရှင် ဆောင်ရွက်သည့် အဖွဲ့သားများ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း- ၇ က သတင်းထုတ်ပြန်သည်။", "တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း ၇ မြင်းခြံခရိုင်နှင့် TRUE Fighter အဖွဲ့ တပ်ခွဲ (၃) တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "တနင်္သာရီတိုင်း ထားဝယ်-ရေဖြူကားလမ်းရှိ မောင်မယ်ရှောင်ရွာနှင့် ဇီးကျရွာ ကြား တစ်နေရာတွင် ယနေ့ညနေပိုင်း မိုင်း ရှင်းလင်းရေး လုပ်နေ သည့် စစ် သားများ မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၂ ရက်၊ ညနေ ၄ နာရီခွဲခန့်အချိန် မောင်မယ်ရှောင်ရွာဘက်မှ ခြေ လျင်လာ၍ မိုင်းရှင်းနေသည့်စစ်ကောင်စီတပ်သားများကို ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့က မိုင်း ၁ လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ယင်းဖောက်ခွဲမှုကြောင့် စစ် ကောင် စီ တပ်သား(၂)ဦးမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပြီး ထိခိုက် သေဆုံး မှု များ နိုင်သော်လည်းအတိကျတည်ပြုနိုင်ရန် စုံစမ်းနေကြောင်း ဒေသ သတင်း ရင်းမြစ်က ဆိုသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ PDF များ။"]
https://yktnews.com/2022/08/29157/
ယင်းမာပင်၊ ကန့်ဘလူ၊ ဂန့်ဂေါ၊ ထီးချိုင့်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၄၀ ဦးသေဆုံးကာ ရဲ ၁ ဦး အရှင်ဖမ်းမိ
["By ရန်ကုန်ခေတ်သစ်", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကန့်ဘလူ၊ ထီးချိုင့်မြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၄၀ ဦးသေဆုံးကာ ရဲ ၁ ဦးအရှင်ဖမ်းမိကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။", "စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ယင်မောင်တိုင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)တပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ် ဂျပန်က ပြောဆိုသည်။", "ယင်မောင်တိုင်ရွာတွင် တပ်စွဲ ထားသော စစ်တပ်ကို သြဂုတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ PRA တပ်မတော်၊CNA၊ မုံရွာ ဗိုလ်သံမဏိ၊ ဆရာစံ၊ ပုလဲ ပကဖ၊ မုံရွာ တပ်ရင်းများမှ ၄ ရက်တိတိ ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းကြောင့် စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။", "သြဂုတ်လ ၁၀ ရက်နေ့ကလည်း တွင် PRA တပ်မတော်နှင့် CNA တပ်ဖွဲ့ ရဲဘော်များမှ ပစ္စည်းများ သယ်ဆောင်ပြီး ပြန်လာစဉ် ယင်မောင်တိုင်ရွာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စစ်တပ် သတင်းပေး ဒလန် ကြောင့် ရဟတ်ယာဉ် လေယာဉ် ၄ စီးဖြင့် လာရောက်ပြီး ၂ စီးဖြင့် ပစ်ခတ်ပြီး ကျန် ၂ စီးဖြင့် စစ်သား အင်အား ၂၀၀ ခန့်ဖြင့် ရွာကို ဝိုင်းထားသောကြောင့် PRA နှင့် CNA ရဲဘော် ၁၃၇ ဦး ယူဆောင်လာသည့် ပစ္စည်းများဖြင့် ဖောက်ထွက်စဉ် ရဲဘော် ၂ ဦးကျဆုံးပြီး ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ ကျန်ရဲဘော်များကို ကယ်ထုတ်နိုင်ခဲ့သော်လည်း လက်နက်အများအပြား ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပင့်သာရွာကို မီးရှို့ဖျက်ဆီခဲ့သော အကြမ်းဖက် စစ်တပ် စစ်သားများ လိုက်ပါလာသည့် Light Truck ကား ၁ စီး၊ သုံးဘီး ၁ စီးနှင့် ဆိုင်ကယ်၂ စီးကို သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လှည်းဘွဲ့ရွာ အနီး၌ ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။", "မကွေးတိုင်း ဂန့်ဂေါမြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ အိမ်သစ်ကျေးရွာအနီး သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ရဲ ၁ ဦး အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၇ဝ ခန့်ပါဝင်ပြီး စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကာ YPDF၊ YDF၊ CDF-KKG ၊ နဂါးညီနောင်အဖွဲ့ (၁) ပ.က.ဖ နှင့် Gangaw PDF အဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန်သည် ၂ နာရီခန့် ကြာမြင့်ခဲ့ကာ တိုက်ပွဲအတွင်း ရှေ့ပြေး ကင်းထောက် အဖြစ် တက်လာတဲ့ စစ်သားများ ချုံခို တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် နွားကျောင်းသား ပြည်သူ ၁ ဦး လက်နက်ကြီး ထိမှန် သေဆုံးကာ ဝါးခုတ်သွားသည့် ခေါက်ခူရွာမှ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် လိုက်ပါလာသည့် ရဲ ၁ ဦးက လက်နက် ခဲယမ်းများနှင့် အတူ ထွက်ပြေးလာစဉ် မဟာမိတ် ပူးပေါင်းအဖွဲ့မှ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။", "ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း ထီးချိုင့်မြိုနယ်ဘက်မှ အင်းတော် ဘက်သို့ တက်လာသည့် အင် အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်းတော်ကြား ဆင်မတောင်ဘက်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း၍ မိုင်း သုံးလုံး ဆွဲ တိုက်ခိုက်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ၊မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း Indaw Revolution-IR က သတင်းထုတ်ပြန်သည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်PRA တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2022/08/28929/
စစ်ကောင်စီ ထုတ်တဲ့ လျှို့ဝှက်စာတွေရဲ့ လုံခြုံရေးကုတ် ဆိုတာ ဘယ်လိုမျိုးလဲ၊ ဖရဲသီး နှိမ်နင်းရေး ဆိုတဲ့ စစ်တပ်ရဲ့ စီမံချက် အောင်မြင်နိုင်မှာလား
["By ရန်ကုန်ခေတ်သစ်", "စစ်ကောင်စီက ထုတ်တဲ့ လျှို့ဝှက်စာတွေမှာ တိုင်းနဲ့ ပြည်နယ်အလိုက် လုံခြုံရေးကုတ်တွေ ထည့်သွင်းလေ့ရှိပါတယ်။ အဲဒီ စာလုံးလေးတွေက အတော်ကို သေးလွန်းပြီး သေချာကြည့်မှ မြင်ရပါတယ်။ ရုံးစည်းတံဆိပ်တွေ၊ ညွှန်ကြားစာတွေ ၊ ရုံးလက်မှတ်ထိုးသူ အရာရှိတွေက ပုံစံမျိုးစုံနဲ့ အမှတ်အသားပြုလုပ်ကြတာလည်းဖြစ်ပါတယ်။", "အခုနောက်ပိုင်း နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီက ညွှန်ကြားတဲ့ စာတိုင်းမှာ ပြည်နယ်/တိုင်းအတွက် လုံခြုံရေးကုတ် နံပါတ်တွေ ထည့်သွင်းပြီးမှ ပေးပို့လေ့ရှိပါတယ်။ လျှို့ဝှက်စာတွေရော မလျှို့ဝှက်စာတွေရောမှာပါ လုံခြုံရေး ကုတ်နံပါတ်တွေ ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။ ရုံးစာအမှတ်တွေမှာလည်း လျှို့ဝှက် နံပါတ်တွေ ထည့်သွင်း လေ့ရှိပါတယ်။ အခြား လျှိ့ဝှက်စာကုတ်တွေရှိနေသေးပေမယ့်လည်း ရုံးစာအမှတ်နဲ့ ပြည်နယ်/တိုင်း လုံခြုံရေး ကုတ်နံပါတ်ကိုတော့ ရုံးစာနဲ့ ညွှန်ကြားစာတွေမှာ အများဆုံးသုံးတယ်လို့ဆိုပါတယ်။", "အခုနောက်ဆုံး စစ်ကောင်စီရဲ့ အတွင်းရေးမှူး အောင်လင်းဒွေးက ရုံးစာတွေ လျှို့ဝှက်စာတွေ ပေါက်ကြားရင် ဌာနတစ်ခုလုံးကို အရေးယူမယ်၊ ဖရဲသီးတွေကို အရေးယူထောင်ချမယ်၊ မဖော်တဲ့သူတွေကို စစ်ကြောရေး ပို့မယ့်ဆိုပြီး ခြိမ်းခြောက်လာပါတယ်။", "နေပြည်တော်အတွင်းမှာ ရှိနေတဲ့ ဖရဲသီးတွေဟာ အလွှာပေါင်းစုံမှာရှိနေတာပါ။ အဆုံးစွန် စစ်တပ်ရဲ့ ထိပ်တန်းအရာရှိ ကြီးတွေမှာပါ မင်းအောင်လှိုင်ကို မကျေနပ်တဲ့သူတွေ ရှိလာနေပါတယ်။ အဓိကကတော့ မဲလိမ်မဲခိုးလို့ အာဏာထိန်း တယ်လို့ ဘယ်လိုပဲ မင်းအောင်လှိုင်က ဆိုပေနေပေမယ့် အာဏာသိမ်းကာလ ၁၈ လကျော်ကြာလာတဲ့အခါ ဒါတွေဟာ မင်းအောင်လှိုင် အလိမ်အညာတွေဆိုတာ စစ်တပ် ထိပ်ပိုင်း ဗိုလ်ချုပ်တွေကိုယ်တိုင် သိလာကြပါပြီ။", "စစ်တပ်ရဲ့ စီမံကိန်း ဆောက်လုပ်ရေး ပရောဂျက်တွေ၊ လက်နက်စက်ရုံ တည်ဆောက်တာတွေမှာ မင်းအောင်လှိုင် မိသားစု၊ ထိပ်ပိုင်း ဗိုလ်ချုပ်မိသားစုတွေကပဲ ချုပ်ကိုင်ထားပြီး လုပ်ကိုင်နေကြတာပါ။ အခုနောက်ဆုံး စက်သုံးဆီ တင်သွင်းမှု လုပ်ငန်းတွေကစလို့ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ချိုးရေလို့ရတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကပဲ ထိန်းချုပ်လုပ် ကိုင်လာပါတယ်။", "မြေကွက်တွေ၊ စက်ရုံတွေကို အာဏာသိမ်း ၁၈ လကျော်ကြာကာလအတွင်း မင်းအောင်လှိုင်နဲ့ထိပ်ပိုင်းခေါင်းဆောင် မိသားစုတွေရဲ့ အမျိုးအဆွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီ လွှဲပြောင်းတာတွေလည်းရှိလာပါတယ်။", "နေပြည်တော်ရဲ့ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ ကိုယ်တိုင် မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အာဏာ ထိန်းတယ်ဆိုတာဟာအလိမ်အညာနဲ့ သူတို့ ထိပ်ပိုင်းအုပ်စုတစ်ခုတည်း အကျိုးစီးပွားအတွက် အာဏာသိမ်း တယ်ဆိုတာ မြင်လာကြပါပြီ။", "ရန်ကုန်ခေတ်သစ်ကို ပေါက်ကြားခဲ့တဲ့ လျှို့ဝှက်စာတွေနဲ့ သတင်းတွေမှာ မင်းအောင်လှိုင် မိသားစုနဲ့ပတ်သက်တာတွေ အတော်များများပါလာပါတယ်။ ဒီသတင်းရင်းမြစ်တွေဟာ ဒုတိယတန်း စစ်ခေါင်းဆောင်တချို့ရဲ့ အသိုင်းအ၀ိုင်းတွေဆီက ထွက်ရှိလာတာဖြစ်ပါတယ်။", "လက်ရှိမှာ မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလိမ်အညာစကားတွေအပေါ် စစ်တပ်ရဲ့ ဒုတိယတန်း ခေါင်းဆောင်တွေ မယုံကြတော့ပါဘူး။ ဒါကြောင့်ပဲ ဘယ်လောက် ထိန်းချုပ်အရေးယူမယ်ပြောပြော လျှို့ဝှက် ချက်တွေ ပေါက်ကြားနေတာဖြစ်ပါတယ်။", "အာဏာနဲ့ ကိုယ်ကျိုးစီးပွားရေးအတွက် ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ် ကို ကြာလာတာနဲ့အမျှ ဒီလုပ်ရပ်တွေကို ရွံ့ရှာ ဖော်ထုတ်မယ့် လူတွေက ရှေ့လျှောက် ပိုမိုလို့ များပြားလာဦးမှာဖြစ်ပါတယ်။", "မင်းအောင်လှိုင်နဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်တွေရဲ့ ဖရဲသီး နှိမ်နင်းရေးဆိုတာကလည်း ဖြစ်လာဖို့မရှိတဲ့အပြင် ပိုလို့တောင် ကြီးထွားလာဖို့ပဲရှိနေပါတယ်။", "ဓာတ်ပုံ- မကွေးတိုင်း ကုတ်နံပါတ် 18 ထည့်သွင်းထားတဲ့ စစ်ကောင်စီရဲ့ လျှို့ဝှက် အမိန့်စာတစ်ခုကို ထုတ်နုတ်တင်ပြထားသည်။ အဆိုပါညွှန်ကြားစာမှ နေပြည်တော်ရှိ စစ်ကောင်စီက မကွေးတိုင်းစစ်ကောင်စီကို ညွှန်ကြားသည့်စာ ဖြစ်သည်။"]
https://yktnews.com/2022/08/29723/
စစ်တပ်နှင့်ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
["By ရန်ကုန်ခေတ်သစ်", "စစ်တပ်နှင့်ပျူစောထီးများ၏ ပစ်ခတ်မှုကြောင့် ဟိုပင်မြို့၊ မုံရွာမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်တို့တွင် ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာတွင် NLD ပါတီဝင် ကိုအမောင် ဆိုသူကို ယနေ့တွင် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။", "“ကိုအမောင်က NLDအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မျက်နှာဖုံးများနဲ့လူတစ်စုအိမ်ထဲဝင်ပြီး သေနတ်နဲ့လာပစ်သွားပါတယ်။ ဒီနေ့မှအသတ်ခံရတာပါ။သေနတ်ကနှစ်ချက် ပစ်ပြီး ၃ ချက်မြောက်မှာမှ သူ့အမေက သိရတာ။ သူတို့အိမ်က ရွာကားလမ်းပိုင်းမှာနေပါတယ်။ ကုန်စုံဆိုင်ရောင်းပါတယ်။ နေ့လယ်ကြီးလာပစ်သွားတာပါ။ မိန်းမက ဟိုပင်မြို့ကိုဈေးတက်ဝယ်သွားချိန်ဖြစ်သွားတာပါ” ဟု ဒေ သခံတစ်ဦးကပြောသည်။", "ဒေသခံတချို့ကမူ ပစ်ခတ်မှုသည် စစ်တပ်နှင့်ဆက်နွယ်သော ပျူစောထီးအဖွဲ့က ဖြစ်နိုင်ကြောင်း၊ ကိုအမောင် သည် NLD ပါတီဝင်ဖြစ်‌ပြီး စစ်အာဏာ ရှင်စနစ်ကို မကြိုက်ကြောင်း ထုတ်ဖော်ပြောဆိုလေ့ရှိကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းရွာမှ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် အကြောင်းမဲ့ ပစ်သတ်သွားပြီး ယခုအချိန် အထိ အလောင်းမကောက်ယူနိုင်သေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "“ဖြစ်ချိန်က ဒီနေ့ နံနက် ၁၁နာရီဝန်းကျင်မှာပစ်သတ်ခံရတာ။ အခုချိန်ထိလည်း စခတွေ ဘုန်းကြီးကျောင်းနာက ဇရပ်မှား နားပြီးအိပ်နေပါတယ်။ ပစ်သတ်ခံရတာက ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းနေဆဲပါ။ ရွာထဲ ခြေလျင် စစ် ကြောင်း တက်လာကြတာ” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် တွင် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၂ နာရီ အချိန် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖလံချိုင်ကျေးရွာအတွင်းသို့ နေအိမ် နှစ်လုံး လက်နက်ကြီးထိမှန်ကာ ပြည်သူ ၄ ဦး ထိ ခိုက် ဒဏ်ရာရရှိကြောင်း တန့်ဆည် သတင်းရင်းမြစ်များထံမှသိရှိရသည်။", "လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၆၀ ခန့် အရွယ် အမျိုးသားနှင့် အမျိုးသမီး လင်မယားသည် လည်ပင်းနှင့် ဗိုက်တို့တွင် ရှပ်ထိဒဏ်ရာများရရှိကြောင်း၊ အခြားနေအိမ်မှ သားအဖနှစ်ဦး လည်းဒဏ်ရာရရှိရာ သမီးဖြစ်သူ အသက်၂၅ နှစ်ခန့် သည် ပါးနှစ်ဖက် ဖောက်ထွက်ပြီး သွေးထွက်များနေကြောင်း၊ ဖခင်ဖြစ်သူမှာ ခြေထောက် ထိမှန် ကြောင်း ၊ လူနာများအားလုံး လူနာတင်ကားဖြင့် (ကျေးရွာအစီအစဉ်ဖြင့်) မန္တလေး သို့ ပို့ဆောင်ရန် စီစဉ်ထားသော်လည်း ကားငှား၍မရသောကြောင့် အခက်ခဲဖြစ်နေကြောင်းတန့်ဆည် သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် သြဂုတ်လ၂ ၀ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ အတွဲလိုက်ဒုန်းများ ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အသက်(၁၂) နှစ်အရွယ် မောင်စနေဦး ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ အတွဲလိုက်ဒုန်းများ နေ့စဉ်ပစ်ခတ်မှုကြောင့် ယခုအချိန်ထိ အရပ်သားပြည်သူ(၇)ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2022/03/9888/
စစ်ကိုင်းတိုင်းမှာ ဝီရသူ ဦးဆောင်တဲ့ ပဏ္ဍိတ၊ ဝါသဝ၊ ဝီရရာဇာ အပါအဝင် အစွန်း ရောက် မဘသ ဘုန်းကြီးတွေ လက်နက်ကိုင်ပြီး ပြည်သူကို ကွင်းဆင်းစည်းရုံး၊ စစ်တပ်ထောက်ခံတဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေးနဲ့ PDF ဖြိုခွဲရေး ဟောပြော
["By ရန်ကုန်ခေတ်သစ်", "စစ်တပ်အထိနာနေတဲ့ စစ်ကိုင်းတိုင်းမှာ အမျိုးသားရေး အစွန်းရောက် ဝီရသူ ဦးဆောင်ပြီး အစွန်းရောက် မဘသ ဘုန်းကြီးတွေဖြစ်တဲ့ ပဏ္ဍိတ၊ ဝါသဝ၊ ဝီရ ရာဇာတို့လို အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတွေကိုယ်တိုင် လက်နက်ကိုင်ပြီး PDF ဖြိုခွဲရေး တရားတွေ လိုက်လံဟောပြော စည်းရုံးမှုတွေ လုပ်ဆောင်လာပါတယ်။“အနီ၊ အစိမ်း မခွဲခြားဘူး၊ ဗုဒ္ဓဘာသာ ကိုယ့်မြန်မာလူမျိုးတွေကို ဘုန်းဘုန်းတို့က စောင့်ရှောက်မယ်။ နိုင်ငံရေး အကြောင်းပြ လူသတ်နေတဲ့ PDF အကြမ်းဖက်တွေကို ဖမ်းဆီး နှိမ်နင်းသတ်ဖြတ်ရမယ်” ဆိုတဲ့ အစချီလာတဲ့ PDF ဖြိုခွဲရေး ဟောပြောမှုတွေကို ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးတွေက ဘုန်းကြီး ကျောင်းတွေမှာ လူစုခိုင်းပြီး စည်းဝေး ဟောပြောလာတာလည်းဖြစ်ပါတယ်။ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ကျွန်းလည်ရွာ၊ ကဘဲရွာ၊ မူးကျင်းရွာ၊ ဘေရင်း ရွာမှာ အမျိုးသားရေး အစွန်းရောက် ဦးဝါသဝ၊ဦးပဏ္ဍိတ၊ ဦးဝီရသူတို့က ပြည်သူတွေကို စုရုံးပြီး PDF ဖြိုခွဲရေးတရားတွေ ဟောပြောပါတယ်။ထူးခြားချက်ကတော့ ဦးဝါသ၀နဲ့ ဦးပဏ္ဍိတ အပါအဝင် နောက်လိုက် အမျိုးသားရေး အစွန်းရောက် ဘုန်းကြီး တွေမှာ စက်သေနတ်နဲ့ ပစ္စတိုသေနတ်တွေကို လွယ်ထားတာလည်းဖြစ်ပါတယ်။ သင်္ကန်းနဲ့ လက်နက်ကိုင်ဆောင်ပြီး PDF ဖြိုခွဲရေး လိုက်လံဟောပြောလာတာလည်းဖြစ်ပါတယ်။ဝီရသူနဲ့ မဘသ အစွန်းရောက်ဘုန်းကြီးတွေကို စစ်တပ်မှ ဗိုလ်ကြီး ကျော် သူရိန်၊ ကျေးရွာ ပြည်သူ့စစ်အမည်ခံ အဖွဲ့ခေါင်းဆောင် ဦးညွန့်ခိုင်တို့က လုံခြုံရေးယူပေးထားကြပါတယ်။ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ အခြေပြုပြီး ကွပ်ကဲရေး စခန်းဖွင့်တာ၊ လေ့ကျင့်ရေး စခန်းဖွင့်တာတွေ ပြည်သူ့စစ်ဌာနချုပ်စခန်းပုံစံ တပ်စွဲတာတွေကိုလည်း စစ်တပ်ဘက်က လုပ်ဆောင်လာပါတယ်။သာမန် စစ်ကြောင်းတွေ ဝင်ရင် ခက်ခဲနေတဲ့ စစ်ကိုင်းတိုင်းကျေးရွာတွေမှာ သင်္ကန်းစည်းထားတဲ့ အမျိုးသားရေး မဘသ ဆရာတွေကို လက်နက်ကိုင်ဆောင် ဝင်ရောက်စေပြီး လူထုစည်းရုံးမှုတွေ လုပ်လာတာလည်းဖြစ်ပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေကို မဘသ အစွန်းရောက် ဘုန်းကြီးတွေဘက်က ဦးဆောင် ဖွဲ့ပေးလာနေပြီး အခုဆိုရင် ပြည်သူ့စစ်အမည်ခံ အဖွဲ့ ၇၇ ဖွဲ့နဲ့ လက်နက်ပေါင်း ၂၀၈၀ တပ်ဆင်ပြီးဖြစ်ပါတယ်။ဝီရသူနဲ့ အတူ တန့်ဆည် ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ဟောပြောသွားတဲ့ ပဏ္ဍိတ၊ ဝါသဝတို့ အကြောင်းကိုလည်း လေ့လာကြည့်ရအောင်ပါ။ဝါသ၀ (ပစ္စတိုလွယ် ဘုန်းကြီး)=======================ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တန့်ဆည်မြို့နယ်၊ ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ပစ္စတိုလွယ်ပြီး ဝင်လာတဲ့ မဘသ ဘုန်းကြီးကတော့ ဝါသ၀ ဖြစ်ပါတယ်။သူ့ကတော့ ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ပါတယ်။ အမျိုးသားရေး တက်ကြွ လှုပ်ရှားသူဖြစ်ပေမယ့် နာမည်သိပ်မထွက်ပါဘူး။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှာ တက်တက်ကြွကြွ ပါဝင်နေပြီး ငါးရာငါးဆယ်ဆရာတော်ဆိုတဲ့ အမည်ခံပြီး ကျောင်းသားလူငယ်နဲ့ကလေးငယ်တွေကို ဘာသာရေး သင်တန်းတွေ ပေးနေတဲ့ ဘုန်းကြီးဖြစ်ပါတယ်။မှော်တောကျေးရွာဘက်မှာတော့ ပညာရေး၊ လူမှုရေး ဦးဆောင်တယ်ဆိုပြီး ကြည်ညိုကြသူတွေ ရှိတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ ဝီရသူနဲ့ ချိတ်ဆက်ပြီး ဘုန်းကြီးတွေ ဦးဆောင်တဲ့ လက်နက်ကိုင် တန်ပြန် ရေး အစီအစဉ်မှာ သူရှေ့ဆုံးက ပါဝင်လာတာဖြစ်ပါတယ်။ပဏ္ဍိတ-တက်ခေတ်ဗန်းမော်(ကျောက်ဆည်)====================================ပဏ္ဍိတ-တက်ခေတ်ဗန်းမော်(ကျောက်ဆည်)ကတော့ ဝီရသူရဲ့ လက်ရုံးတစ်ဦး သွေးသောက်တစ်ဦးလည်းဖြစ်ပါတယ်။ ကျောက်ဆည်မှာ မဘသနဲ့ အမျိုးသားရေး အစွန်းရောက် လုပ်ငန်းတွေ ဦးဆောင်နေသလို ကိုယ်တိုင်လည်း လက်နက်ကိုင်ဆောင်ထားပါတယ်။ ရန်ကုန်မှာ အကြမ်းဖက်စစ်သားတွေကို ရိက္ခာလှူဒါန်းတဲ့ ကိစ္စတွေမှာ ပါဝင်အလှူခံပေးသူဖြစ်သလို NLD ခေတ်မှာလည်း NLD ဆန့်ကျင်ရေး ရှေ့ဆုံးက ဦးဆောင် ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။သူဟာလည်း အခုဆိုရင် ဝီရသူနဲ့ ပူးပေါင်းပြီး ကျေးရွာအခြေပြု ပြည်သူ့စစ်တွေ ပေါ်ပေါက်ရေးနဲ့ PDF ဖြိုခွဲရေးမှာ ရှေ့ဆုံးက ပါဝင်လာနေတာလည်းဖြစ်ပါတယ်။ဝီရရာဇာ=======ဝီရရာဇာကလည်း မန္တလေးမြို့၊ တမ္ပဝတီရပ်မှ မဘသ အမျိုးသားရေး အစွန်း ရောက် ဘုန်းကြီးတစ်ဦးဖြစ်ပြီး ဝီရသူကို အမာခံထောက်ခံသူလည်းဖြစ်ပါတယ်။ သူကတော့ လက်နက် အပြည့်အစုံ ကိုင်လို့ ကျည်ကို လွယ်ထားတာလည်း ဖြစ်ပါတယ်။စစ်တပ်ထောက်ခံတဲ့ မဘသဘုန်းကြီးတွေရဲ့ ပြည်သူ့စစ်မဟာဗျူဟာ======================================ဝီရသူနဲ့ မဘသ ဘုန်းကြီးတွေကတော့ အနီ၊ အစိမ်းမခွဲခြားဘဲ ဗုဒ္ဓဘာသာဝင်မှန်သမျှ ကာကွယ်ပေးမယ်ဆိုတဲ့ ကြွေးကြော် စည်းရုံးလာတဲ့ လက်နက်ကိုင် တန်ပြန် စစ်ရေး လှုပ်ရှားမှုက စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာတာဖြစ်ပြီး အောင်မြင်လာတယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ ဦးတည်နေတာလည်းဖြစ်ပါတယ်။"]
https://yktnews.com/2022/09/41330/
စေတုတ္တရာ၊ တန့်ဆည်၊ ဝက်လက်၊ မြ၀တီ၊ မုံရွာတို့တွင် စစ်ကောင်စီတပ်များကို PDF များ တိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး
["By ရန်ကုန်ခေတ်သစ်", "စေတုတ္တရာ၊ တန့်ဆည်၊ ဝက်လက်၊ မြ၀တီ၊ မုံရွာတို့တွင် စစ်ကောင်စီတပ်များကို PDF တပ်များက တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။", "မကွေးတိုင်း စေတုတ္တရာမြို့နယ်မြောက်ပိုင်း အပေါကျေးရွာတွင် စက်တင် ဘာလ ၂၀ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို CDF ကန်ပက်လက်၊ မဟူ ရာတပ်ရင်း ၂ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေ ဆုံးကြောင်း သိရှိရသည်။", "အပေါကျေးရွာမှ ပြည်သူများက မုန်းချောင်း တစ်ဖက်ကမ်း မင်းဒင်ကျေးရွာတွင် စစ်ဘေးရှောင်ကြရင်း စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ၁၀၀ ဝန်းကျင်က မင်းဒင်နှင့်အပေါကျေးရွာမှ ပြည်သူ ၄၈၉ ဦးကို အခြားဒေသများသို့ ရှောင်တိမ်းမသွားနိုင်အောင် ပိတ်ဆို့ထားကြောင်း၊ အပေါကျေးရွာမှ ရပ်မိရပ်ဖ ၅ ဦးကို ခေါ်ယူ စစ်ဆေးမေးမြန်းပြီး အပေါကျေးရွာ မှ တစ်အိမ်တစ်ယောက် မလာမနေရ ပြန်လာခိုင်းသဖြင့် ၄၅ ဦး စစ်တပ်ထံသွားရောက်ကြောင်း၊ စစ်တပ်က သေဆုံးစစ်သားများ၏ အလောင်းများကို သဂြိုလ်ခိုင်းပြီး ယနေ့ ညနေ ၅ နာရီအထိ ရွာသား ၄၅ ဦးစလုံး ပြန်မရောက်သေးသဖြင့် မိသားစုများမှာ စိုးရိမ်စိတ်ပူနေကြကြောင်း၊ မင်းဒင်နှင့်အပေါကျေရွာမှ ၄၈၉ ဦး မှာလည်း ပိတ်ဆို့ခံထားရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ရွာပေါင်းစုံပတ်၍ မီးရှို့နေသော စစ်ကောင်စီတပ်နှင့် တန့်ဆည်PDF တပ်ပေါင်းစုတို့ ယနေ့နံနက် ၈နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၅ဦးသေဆုံးပြီး PDF ၃ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း တန့်ဆည်PDF ထံမှ သိရသည်။", "အင်အား၁၀၀ခန့်ရှိသော စစ်ကောင်စီတပ် တပ်မ(၃၃)နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို နဘက်ငယ်ရွာကို မီးရှို့ပြီး အထွက်တွင် တန့်ဆည်PDF တပ်ပေါင်းစုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ရာမှ နာရီဝက်ခန့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "“နဘက်ငယ်ကအထွက်မှာ ထိတွေ့မှုဖြစ်တာ နာရီဝက်လောက်ကြာတယ်၊ တိုက်ပွဲပြီးတော့ စခတွေက အလောင်း ၅ လောင်း လောက်ကို ထမ်းသွားတာ မြင်ရတယ်။ ကိုယ့်ဘက်ကတော့ ရဲဘော်၃ဦး မစိုးရိမ်ရ ဒဏ်ရာရတယ်” ဟု တိုက်ပွဲဝင် ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။", "တိုက်ပွဲတွင် တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၅)၊ တပ်ရင်း(၂၆)၊ Guerrilla Warfare KPK၊ TSR၊ Nine Star နှင့် မြို့နယ်ပကဖတို့ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။", "ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း၊ သေ့ဘော့ဘိုးကျေးရွာ အနီးသို့ ကျူးကျော်ရန် ကြိုးစားလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNLA ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ် ဖွဲ့ အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ စက်တင်ဘာ ၂၂ ရက်‌နေ့တွင် ပူပေါင်းတပ်ဖွဲ့များဘက်မှ လက်ဖြောင့်စနိုက်ပါစစ်သည်တော် နှစ်ဦး၏ စွမ်းဆောင်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ကော်ဘရာစစ် ကြောင်းက သတင်းထုတ်ပြန်သည်။", "စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ်၂ ရဲစခန်းနှင့် မြန်မာဘီယာ စက်ရုံကို စက်တင် ဘာ ၂၁ ရက်နေ့တွင် မိုင်များဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ရဲ၂ဦးနှင့် စစ်သား ၁ဦး သေဆုံးခဲ့ကြောင်း MRDA-Monywa အဖွဲ့က တရားဝင်သတင်းထုတ်ပြန်ထား သည်။", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန်းလေးကားလမ်းပေါ်တွင် စက် တင်ဘာ လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန်ခန့် ရွှေဘိုဘက်မှ ထွက်လာသော စစ်အင်အား ၇၀ ပါ သံပြားကာ ကား၂ စီးကို သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီသွေးတပ်ခွဲ မှ(၆)လုံးမိုင်းပဒေသာဖြင့် မိုင်းခွဲတိုက် ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကား ၁ စီးထိမှန်ကာ မောင်းမရ အောင် ပျက်စီးဆုံးရှုံးသွားသောကြောင့် စစ်သားများက စိုင်နိုင်ကွေ့လမ်းဘေးဝဲယာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခက်ခဲ့သော် လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စိုင်နိုင်ကွေ့မှ ပစ်ခတ်ပြီးအပြန်တွင် ကားတစ်စီး ရွှေဘိုဘက်သို့ ထွက်ခွာသွားရာ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စိုင်နိုင်လေးနှင့် ဘုန်းဘွဲ့ကျေးရွာကြားတွင် ထပ်မံပြီး ပဒေသာမိုင်း ၅ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ၊တိုက်ခိုက်မှုကြောင့် စစ်သားသေဆုံးမှုများနိုင်ကြောင်း သိရှိရသည်။", "Eဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့။"]
https://yktnews.com/2024/10/185974/
မင်းအောင်လှိုင် ပေးတဲ့ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်၊ သူရဲကောင်းမှတ်တမ်းဝင်၊ စစ်မှုထမ်းကောင်းဘွဲ့ရ FTC 2000G ဒုဗိုလ်မှူးကြီး ဝင်းဟန်ဦး လေယာဉ်ဆီခိုးရောင်းမှု အပါအဝင် တရားမဝင်ငွေ လစဉ် သိန်းထောင်ချီ ရနေ
["By ရန်ကုန်ခေတ်သစ်", "တရုတ်နိုင်ငံလုပ် FTC 2000 G လေယာဉ်တွေက မြန်မာနိုင်ငံအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စိုးမိုးထားတဲ့နယ်မြေတွေကို အဓိက ဗုံးကျဲတိုက်ခိုက်နေတဲ့ လေယာဉ်အုပ်စုဖြစ် လာပါတယ်။", "လေယာဉ်အပိုပစ္စည်း အလွယ်တကူနဲ့ အမြန်ဆုံးရရှိနိုင်တာ၊ နည်းပညာအရ F7 တိုက်လေယာဉ်တွေနဲ့ အလားသဏ္ဍန်တူတာ၊ လေယာဉ်ဆီစားနှုန်းက ရုရှား SU 30 ထက် နည်းတာတွေကြောင့် စစ်ကောင်စီက FTC 2000 G တိုက် လေယာဉ်တွေကို ပိုပြီး သုံးလာနေပါတယ်။ လွန်ခဲ့တဲ့ ဩဂုတ်လမှာ တရုတ်နိုင်ငံက FTC 2000 G တိုက်လေယာဉ်အသစ် ၆ စီး ထပ်ရောက်ခဲ့တာမို့ စုစုပေါင်း FTC 2000 G စုစုပေါင်း ၁၂ စီး လက်ခံရရှိခဲ့ပါပြီ။ ဒါပေမယ့် တစ်စီးက ကချင်ပြည်နယ်မှာ ပစ်ချခံခဲ့ရတာမို့ စုစုပေါင်း ၁၁ စီးပဲ ကျန်ပါတော့တယ်။", "စစ်ကောင်စီက FTC 2000 G တိုက်လေယာဉ်တွေကို လေကြောင်းတိုက်ခိုက်မှုအတွက် အဓိက အားထားနေရတာမို့ အဲဒီ FTC 2000 G တိုက်လေယာဉ်အုပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပြီး မင်းအောင်လှိုင်က မြှောက်စားထားပါတယ်။", "မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် ၂၄၂ / ၂၀၂၃ နဲ့ ဒုတိယဗိုလ်မှူး ကြီး ဝင်းဟန်ဦးကို တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ပေးအပ်ခဲ့ပါတယ်။", "၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အမိန့်ကြော်ငြာစာ အမှတ် ၅ / ၂၀၂၄ နဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးကို စစ်မှု ထမ်းကောင်းတံဆိပ် ထပ်မံချီးမြှင့်ခဲ့ပါတယ်။", "မင်းအောင်လှိုင် ပေးအပ်တဲ့ ဘွဲ့ ၃ ဘွဲ့ရ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးက လားရှိုး၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရှိတဲ့ နေရာတွေကို အဓိက ဗုံးကျဲနေခဲ့တဲ့ တိုက်လေယာဉ်အုပ်မှူး စစ်ရာဇဝတ်ကောင်တစ်ဦလည်းဖြစ်ပါတယ်။", "ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးက FTC 2000 G တိုက်လေယာဉ်အုပ်မှူးအဖြစ် နမ့်စန်လေတပ်မှာ အထိုင်စခန်းချ ကွပ်ကဲနေပြီး သူရဲ့ ဇနီးသည် ခင်သန္တာကျော်ဆွေနဲ့အတူ နမ့်စန်လေတပ်မှာ နေထိုင်နေတာလည်းဖြစ်ပါတယ်။", "ဝင်းဟန်ဦးရဲ့ မိန်းမဖြစ်သူ ခင်သန္တာကျော်ဆွေဆိုတာက အောက်ခြေ တပ်ကြပ်ကြီးတစ်ဦးရဲ့ သမီးဖြစ်ပြီး အရာရှိငယ်ဘ၀ဖြစ်နေတဲ့ ဝင်းဟန်ဦးကို ယူထားခဲ့ရာကနေ ဗိုလ်ကတော်ဖြစ်လာသူလည်းဖြစ်ပါတယ်။", "အသွင်တူမှ အိမ်သူဖြစ်တဲ့ ခင်သန္တာကျော်နဲ့ ရက်စက်လွန်းတဲ့ ဝင်းဟန်ဦးတို့ နှစ်ဦးဟာ ကိုယ်ကောင်းစားရေးအတွက်ဆို ဘယ်သူ့ကိုမဆို ချနင်းတတ်ကြတဲ့ အထက်ဖားအောက်ဖိ လူစားတွေလည်းဖြစ်ပါတယ်။ လက်အောက်ငယ်သားတွေအပေါ်မှာလည်း ညှာတာမှုတစ်စက်လေးတောင်မရှိဘဲ အာဏာပါဝါပြလွန်းသူတွေရယ်လို့ လေတပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။", "၂၀၂၂ ခုနှစ်ကတည်းက FTC 2000 G လေယာဉ်အုပ်မှူးဖြစ်လာတဲ့ ဝင်းဟန်ဦးက လေယာဉ်ဆီ ခိုးရောင်းတာ၊ လေယာဉ်ပြင်ဆင်မှုဆိုင်ရာစရိတ်တွေ စာရင်းပြ ခိုးတာတွေ အပါအဝင် တစ်လကို သိန်း ၂၀၀၀ ဝင်ငွေ ရှိနေပါတယ်။", "မင်းအောင်လှိုင် အလေးထားရတဲ့သူမို့ လုပ်ချင်ရာလုပ်ပြီး ခိုးချင်ရာ ခိုးခွင့်လည်းရနေတာဖြစ်ပါတယ်။", "၂၀၂၂ ခုနှစ်က ရောက်ရှိလာတဲ့ FTC 2000 G လေယာဉ် ၆ စီးက စရောက်တည်းက တစ်နိုင်ငံလုံးပတ်ပြီး ဗုံးကျဲခဲ့တာခဲ့မို့ ပျံသန်းချိန် နာရီ အလွန်များနေလို့ ပြင်ဆင်စရိတ်နဲ့ လေယာဉ်ဆီလည်း ပိုပြီးတော့ ကုန်ကျပါတယ်။ အဲဒါကိုက ဝင်းဟန်ဦးအတွက် ငွေရပေါက် ရလမ်းကြီးဖြစ်နေတာပါ။ လက်ရှိမှာလည်း အသစ်ရောက်လာတဲ့ FTC 2000 G လေယာဉ် ၆ စီးနဲ့ တစ်နိုင်ငံလုံးကို ပတ်ပြီး ဗုံးကျဲနေတာလည်းဖြစ်ပါတယ်။", "နမ့်စန်မှာ အတွဲညီပြီး ဂေါက်လည်း အတူတူ၊ တရားမဝင်ငွေရှာလည်း အတူတူဖြစ်နေတာကတော့ FTC 2000 G အုပ်မှူး ဒုတိယဗိုလ်မှူးကြီးဝင်းဟန်ဦးနဲ့ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကိုတို့ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အထက်မှာတော့ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်က အုပ်ချုပ်ပါတယ်။ နမ့်စန်မှာ ဗိုလ်ချုပ်စိုးအောင်၊ ဗိုလ်မှူးကြီး လင်းကိုနဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးတို့ ၃ ဦးလုံးကတော့ ပုလင်းတူ ဘူးစို့ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစားတဲ့ ကိုယ်ကောင်းစားဖို့ဘာမဆို လုပ်ရဲသူတွေလည်းဖြစ်ပါတယ်။", "နမ့်စန် လေတပ်ဂေါက်ကွင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဂေါက်ရိုက်ကစားနေတတ်တဲ့ ဗိုလ်ချုပ်စိုးအောင်၊ ဗိုလ်မှူးကြီး လင်းကိုနဲ့ ဒုတိယဗိုလ်မှူးကြီး ဝင်းဟန်ဦးတို့ ၃ ဦးစလုံးက ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကျဲသတ်ဖြတ်ရာမှာ အောက်ခြေအဆင့် အမိန့်ပေးသူ၊ စီစဉ်ညွှန်ကြားသူနဲ့ ကာယကံ မြောက်ကျူးလွန်သူတွေအဖြစ် ရာဇဝင်မှတ်တမ်းတင်ရမယ့် စစ်ရာဇဝတ်ကောင်တွေ ဖြစ်ပါတယ်။", "ဓာတ်ပုံ – အသစ်ရောက်လာတဲ့ ရုရှားလုပ် တိုက်လေယာဉ်ကို ဝင်ထိုင်နေကြည့်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/06/21424/
Khit Thit သတင်းဌာန၏ ဇွန် ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဇွန် ၁၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆင်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးအားသေဒဏ်ပေးမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မနေ့ကစာပေးပို့ တောင်းဆိုလိုက်တယ်လို့သိရပါတယ်။– မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဇွန်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အာဏာရှင် တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးမှာ ဒေသခံပြည်သူတွေက PDFတွေ လက်နက်တပ်ဆင်ဖို့အတွက် ရွှေကလစ်တွေ၊ ရွှေနားဆွဲတွေ ၊ ရွှေနားကပ်တွေပါ ချွတ်ပြီးလှူဒါန်းခဲ့ကြတယ်လို့ BEGSC-MYAING သပိတ် အင်အားစုဆီကသိရပါတယ်။– ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၅ ရပ်ကွက် ဝနဝသီလမ်းမှာ ရာအိမ်မှူးဟိန်းမင်းလတ်ကို အမည်မသိသေနတ်သမားတွေက ဇွန်လ ၁ဝ ရက်နေ့ မွန်းလွဲ၂နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။– မကွေးတိုင်း ရေစကြိုမြို့နယ် ဇရပ်နီရွာနဲ့ရွှေလှံရွာကြားမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့မှာ ၂ ကြိမ် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/06/22461/
Khit Thit သတင်းဌာန၏ ဇွန် ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဇွန် ၂၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့– အကြမ်းဖက် စစ်ကောင်စီတပ်မှာ စစ်သားတွေ သေဆုံးတာ ၊တပ်ကနေထွက်ပြေးတာ၊ ထောင်ကျတာ ၊ထွက်ခွင့်ပေးတာ အပါအဝင် အင်အားပြုန်းတီးမှု နှုန်း ၂ ရာခိုင်နှုန်းအထက် ရှိနေပြီး ၊ အဲ့ဒီလို အင်အားပြုန်းတီးမှု ရာခိုင် နှုန်း မြင့်တက်လာမှု မရှိစေရေးအတွက် ဆောင်ရွက်ဖို့ တပ်အတွင်း သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။– စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးပြီး ၊ အများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။– မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ရန်ကုန်ကနေ ပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ကြပ်ကြီး -မျိုးထွေး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မန္တလေး အခြေစိုက် Generation Z Power Mandalay က သတင်းထုတ်ပြန်ထားပါတယ်။စတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။"]
https://yktnews.com/2024/12/194669/
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "– ရခိုင်ပြည်နယ်က အမ်းမြို့ နဲ့ ဂွမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ကူ စစ်ကြောင်းတွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်ခြေမှုန်းမှုတွေအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၂၀ ကျော်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ စစ်သုံ့ပန်းတချို့လည်း အရှင်ဖမ်းဆီးရမိထားပြီး ၊ လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်း ရရှိထားပြန်တယ်လို့ အာရက္ခတပ်တော် AA က ဓါတ်ပုံတွေနဲ့တကွ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။", "– ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုသလမဂ္ဂက ဆက်လက်ရပ်တည်ခွင့်ပေးလိုက်ပြီး ၊ စစ်ကောင်စီဘက်က တင်ပြတဲ့ သံအမတ်ကို ပယ်ချလိုက်တယ်လို့ NUG နဲ့ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးဆီကနေ သိရပါတယ်။", "– ကချင်ပြည်နယ်က ဗန်းမော် နဲ့ မံစီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေကို KIA – PDF ပူးပေါင်းတပ်တွေက က ဒီကနေ့မှာလည်း အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/03/11227/
Khit Thit သတင်းဌာန၏ မတ် ၁၁ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ မတ်လ ၁၁ ရက် မနက်ပိုင်းရရှိထားတဲ့ သတင်းတွေကတော့-မွန်ပြည်နယ် ရေးမြို့ ၃၁၆ အမြောက်တပ်က စစ်ကားတစ်စီးကို မတ်လ ၇ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ရာမှာဗျူဟာမှူးအပါအဝင် ၅ဦးသေဆုံးခဲ့ပါတယ်။-စစ်ကောင်စီမှ လတ်တလောမှာ လေကြောင်းကနေ ပစ်ကူတာတွေတော်တော်များများတွေနေပြီး လေတပ် မပါရင် မရတဲ့အနေအထားကို ဖြစ်နေပါတယ်။ စတဲ့သတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။"]
https://yktnews.com/2022/09/33663/
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေ ဒဏ် အမိန့် ချမှတ်မှု နှင့် စီရင် သတ်ဖြတ်မှုတို့တွင် အင်းစိန်ထောင် စစ်ခုံရုံးတရားသူကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်
["By ရန်ကုန်ခေတ်သစ်", "ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်မှုနှင့် သတ်ဖြတ်မှုတွင် စစ်ဘက်တရား သူ ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ပါဝင်ပတ်သက်ကြောင်း ရန် ကုန်တိုင်း စစ်ဘက်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။", "အင်းစိန်ထောင်စစ်ခုံရုံး၏ အထူးတရားသူကြီး ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် မင်းအောင်လှိုင်၏ တိုက်ရိုက် တာဝန်ပေးအပ်ခံရသော တရား သူကြီး ဖြစ်ပြီး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် သေဒဏ်ပေးရန် နောက်ဆုံးအချိန် အတည်ပြုပြီး သေဒဏ်စီရင်သည့် ဖြစ်စဉ်တစ်ခုလုံးတွင် ပါဝင် ပတ်သက်နေကြောင်း သိရှိရသည်။", "“ကိုမျိုးမြင့်အောင် ပါတာတော့ အတည်ပြုလို့ရတယ်။ အခြားအရာရှိတွေလည်းပါတယ်။ အဖွဲ့လိုက်ကြီး လုပ်ကြတာ။ သေဒဏ်ပေးတာရော ၊ စီရင်တာရော။ ကြီးကြပ်ကွပ်ကဲတာက ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေးဝန်ကြီးပဲ။ သူက တိုက်ရိုက် ကိုင်တာလို့ သိရတယ်။ ကိုမျိုးမြင့်အောင်ကတော့အ ခုနောက် ပိုင်း ယဉ်ကျေးလိမ္မာသင်တန်းတွေ၊ အဘိဓမ္မာလိုလို ဟာတွေတော့ တောက် လျှောက်လုပ်နေတယ်။ ဘာသာရေးဘက်ကို ဇောင်းပေးနေတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။", "ရန်န်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် စစ်ခုံရုံးများ စတင်ထူထောင်ချိန်ကတည်းက စစ်ဘက်ဆိုင်ရာ တရားသူကြီးအဖြစ် အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထိုင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်မှုထမ်း နှစ် ၃၀ နီးပါးရှိပြီး ၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်တွင် အမှတ် ၁ တပ်မ တော် စစ်သား စုဆောင်းရေးတပ်မှ တပ်မှူးအဖြစ် ပြောင်းရွှေ့လာသူလည်းဖြစ်ပြီး လက်ရှိ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ (DSA ၃၆) ထက်ပင် စီနီယာကျသူဖြစ်သည်။", "ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်သည် ဇနီး ဒေါ်မီမီစန်း၊ သမီး မဆုမြတ်၀င်း အပါအဝင် သမီးများ နှင့်အတူ အမှတ် ၁ တပ်မတော် စစ်သား စုဆောင်းရေးတပ်တွင် နေထိုင်လျက်ရှိသည်။", "ရန်ကုန်တိုင်းကို စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ခုံရုံးများကို ထူ ထောင်သောအခါ မျိုးမြင့်အောင်သည် စစ်ဘက်ဆိုင်ရာ တရားသူကြီးဖြစ်လာသည်။", "တပ်ပိုင်းဆိုင်ရာ ရာထူး မတိုးတော့သော်လည်း ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှု အားကောင်းသည့်အတွက် ၎င်းကို စစ်ဘက်တရားသူကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်လိုက်သည်။", "အင်းစိန်ထောင် အထူးစစ်ခုံရုံးတွင် စစ်ဘက်တရားသူကြီးဖြစ်လာသူ မျိုးမြင့်အောင်က လူငယ်များစွာကို‌ သေဒဏ်များချမှတ်ခြင်း၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်များချမှတ်ခြင်းနှင့် ထောင်ဒဏ်များစွာကို ကျေကျေနပ်နပ်ဖြင့် ချမှတ်လျက်ရှိသည်။", "“စစ်အုပ်ချုပ်ရေးကြေညာတော့ သူက စစ်တရားရုံးမှာ တရားသူကြီးဖြစ်ပါတယ်။ အင်းစိန်ကိုအမှုတွေရှိရင်သွားပြီး အရင်တုန်းကတော့ဆန္ဒပြသူတွေ နောက်ပိုင်း PDF တွေကို စစ်ခုံရုံးတရားသူကြီးအဖြစ် အမိန့်ချတယ်။ သူ့ကြောင့် သေဒဏ် ထောင်ဒဏ်တစ်သက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရတဲ့လူငယ်တွေအများကြီးပါ။ စစ်ခုံရုံးက ပြန်လာရင် တပ်ထဲမှာ ဘယ်သူကို ဘယ်လို သေ ဒဏ် ချပစ်လိုက်တယ်။ ဘယ်သူကိုတော့ တစ်သက်တစ်ကျွန်းချပစ်လိုက်ပြီဆိုတာမျိုး မြိန်ရေရှက်ရေ ပြောလေ့ရှိတယ်။ သူအရမ်းကျေနပ်နေတာ” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။", "မျိုးမြင့်အောင်သည် ၎င်း၏ အမှတ် ၁ တပ်မတော်အမှတ် ၁ စစ်သား စုဆောင်းရေးတပ်တွင် အ လွန် လုံခြုံရေးတင်းကျပ်ထားပြီး ၎င်း၏ တပ်ကို လာရောက်တိုက်ခိုက်၍ သေရမည်ကို အလွန်စိုးရိမ်သူလည်းဖြစ်သည်။", "စစ်အာဏာသိမ်းပြီးချိန်မှစ၍ တပ်တွင်း တရားပွဲနှင့်ပဋ္ဌာန်းပွဲများ ဆက်တိုက် ကျင်းပပြီး ၁ ဧက မပြည့်သည့် တပ်ကို ဂိတ် ၁၀ ခုထား၍ ကင်းလုံခြုံရေး အထူးတင်းကျပ်ထားသည်။", "” ဒီအမှတ် ၁ စုဆောင်းရေး တပ်ဆိုတာကလေ ကျဥ်းကျဥ်းလေး။ ဧကနဲ့ တွက်မယ်ဆိုရင် ၀ ဒသမ ၈၅ ဧကပဲရှိပါတယ်။ အဲဒီမှာချထားတဲ့ကင်းက ၁၀ကင်းလောက်ရှိပါတယ်။ သူ့ကိုယ်သူသေမှာတော့အရမ်းစိုးရိမ်တယ်” ဟု စစ်ဘက်သတင်းရပ်ကွက်ကပြောသည်။", "မျိုးမြင့်အောင်သည် တပ်တွင်း ဖိနှိပ်မှုအလွန်များပြားစွာ လုပ်ဆောင်ကြောင်း၊ တပ်တွင်း မိသားစုများကို ဖိနှိပ်ငွေကြေးရှာ၍ အပေါ်ဖား အောက်ဖိ လူစားမျိုးလည်းဖြစ်သည်ဟု ဆိုသည်။", "ရန်ကုန်တိုင်း၊ ဒညင်းကုန်း၊ အင်းစိန်မြို့နယ် အမှတ် ၁ တပ်မတော်စစ်သားစုဆောင်း ရေးတပ်မှ တပ်မှူး ဒုတိယမှူးကြီးမျိုးမြင့်အောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို မတရား သတ်ဖြတ်ခဲ့သော သူများထဲမှ တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းဝင်ပြီဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီက ဇူလိုင် ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့တို့တွင် တော် လှန်ရေး ဦးဆောင်သူနှင့် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို သေဒဏ်ပေးပြီး မတရားသတ်ဖြတ်ခဲ့သည်။", "ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်အောင်သည် ၂၀၁၇ ခုနှစ် ကလေးစစ်သား အောင်ကိုထွေးကို စစ်တပ်ကိုယ်စား တရားစွဲဆိုခဲ့သော တရားလို စစ်အရာရှိတစ်ဦးလည်းဖြစ်သည်။", "ဓာတ်ပုံ- ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်။", "Photo- ဧရာ၀တီသတင်းဌာနနှင့် တပ်သတင်းရင်းမြစ်များ။"]
https://yktnews.com/2022/08/26219/
ငွေစက္ကူအသစ် ဘီလီယံပေါင်းများစွာ အကန့်အသတ်မဲ့ ရိုက်နှိပ်နေမှု၊ ဒေါ်လာ အရန် ငွေ နည်းမှု ၊ စီးပွားရေးတစ်ခုလုံး ပြိုဆင်းနေမှုကြောင့် ကျပ်ငွေ တန်ဖိုး ထိုး ဆင်းနေ၊ စီးပွားရေးသမားတိုင်း မြန်မာ ငွေ မကိုင်ရဲတော့
["By ရန်ကုန်ခေတ်သစ်", "ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်း စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲအကြာမှာ စစ်ကောင်စီရဲ့ စီးပွား ရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ် ဆို့မှု တွေကြောင့် ကျပ်ငွေ တန်ဖိုးတဟုန်ထိုး ကျဆင်းနေပြီး မြန်မာကျပ်ငွေကို စီးပွား ရေးသမားတွေ လက်ထဲ မထားရဲတော့ဘဲရွှေ၊ ငွေ၊ အိမ်ခြံမြေ၊ ကားစျေး ကွက်တွေမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံနေကြတယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။", "ကမ္ဘာ့ဘဏ်ရဲ့ ကြိုတင် ခန့်မှန်းချက်တွေမှာပါတဲ့ အတိုင်း စစ်အာဏာ သိမ်းထား တဲ့ မြန်မာပြည်ရဲ့ စီးပွားရေး အခြေ အနေဟာ လက်ရှိမှာ တဖြည်းဖြည်းပြို ဆင်းနေပြီး မသေချာ မရေရာမှုတွေ ပြည့်နှက် နေတယ်လို့ စီးပွားရေး လုပ်ငန်း ရှင်တွေဘက်က ဆိုပါတယ်။", "စစ်တပ်ရဲ့ မဆင်မခြင် အထိန်းအကွပ်မဲ့ ကျပ်ငွေ ရိုက်ထုတ်နေတာ၊ အခု ရက် ပိုင်း အတွင်း စစ်ကောင်စီ အစည်းအဝေး ၃ ရက်မှာ မင်းအောင်လှိုင်ရဲ့ ထင်ရာ မြင်ရာ လုပ်မယ့် စီးပွားရေးဆိုင်ရာ ပညာမဲ့ ပြောဆို ချက်တွေကြောင့် စီးပွားရေး သမားတွေအနေနဲ့ အနာဂတ် မှာ စီးပွားရေး တစ်ခုလုံး နာလန် မထူတော့ဘဲ အခြေအနေဆိုးဝါးလာဖို့ သေချာနေပြီဆိုတာ သိရှိကြတာကြောင့် စီးပွားရေး စျေးကွက်တစ်ခုလုံး ပရမ်းပတာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။", "စစ်တပ်က ထုတ်ချေးမယ့် ကျပ်ငွေ ဘီလီယံ ၄၀၀ ရိုက်နှိပ်မှု၊ ငွေစက္ကူကုန်ကြမ်း တန်ချိန်များစွာ တင်သွင်းမှု ဂယက်", "===========================================", "စစ်ကောင်စီက ကိုဗစ်ချေးငွေ ဆိုပြီး ငွေကျပ် ဘီလီယံ ၄၀၀ ကို စီးပွားရေး လုပ်ငန်း တွေကို ထုတ်ချေးဖို့ ငွေစက္ကူတွေ အကန့်အသတ်မဲ့ ဘီလီယံများစွာ ရိုက်နှိပ် နေပါတယ်။ ငွေစက္ကူကုန်ကြမ်းတန်ချိန်များစွာကိုလည်း ဥဘကစ္စတန် နိုင်ငံက မှာယူပြီး လေယာဉ်နဲ့ လျှို့ဝှက်သယ်ယူခဲ့ပါတယ်။", "စစ်ကောင်စီအနေနဲ့ စီးပွားရေးအထနှေးနေလို့ ကျပ်ငွေဘီလီယံ ၄၀၀ ထုတ် ချေးပြီး စီးပွားရေးလည်ပတ်အောင် စျေးကွက်ထဲ ထည့်သွင်း ဆေးထိုးမယ့် အစီအစဉ်ဟာ မြန်မာကျပ်ငွေကို ဂျပန်ခေတ်ငွေစက္ကူလို ပေါပေါလောလော တန်ဖိုးမရှိ အောင်လုပ်နေတာလို့ စီးပွားရေးသမားတွေဘက်က ရှုမြင်ပါတယ်။", "ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဘီလီယံပေါင်းများစွာ ငွေစက္ကူ တွေ လိုသလောက်ရိုက်ထုတ်နေတယ်ဆိုတာကိုလည်း စီးပွားရေး အသိုင်းအ၀ိုင်းမှာ သိရှိ သတိပြုမိနေကြပြီလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာကျပ်ငွေ ဘီလီယံရာပေါင်းများစွာ ရိုက်နှိပ်နေတာတွေကြောင့်လည်း ကျပ်ငွေ တန်ဖိုးဟာ ထိန်းမနိုင်သိမ်းမရ ထိုးကျနေတယ်လို့ ဆိုပါတယ်။", "“ငွေစက္ကူရိုက်နှိပ်တယ်ဆိုတာ ကိုယ့်နိုင်ငံရဲ့ အရန်ဒေါ်လာငွေ၊ ရွှေ၊ GDP အကုန်ချိန်ဆပြီး ဘယ်လောက်ရိုက်မလဲ ဆိုတာ ဆုံးဖြတ်တာ။ အခု သူတို့ ငွေတွေ လိုတိုင်း ရိုက်ထုတ်နေတယ်။ အခု ဘီလီယံ ၄၀၀ ထုတ်ချေးမယ်ဆိုပြီး ပြောတယ်။ ဒီငွေတွေက ရိုက်ထုတ်မယ့် ငွေတွေ။ စီးပွားရေးတစ်ခုလုံး ၁ နှစ်ခွဲ အတွင်း ဘယ်လိုဖြစ်ကုန်လဲ ပြန်ကြည့်။ ဘာကိုမှ မချိန်ဆဘဲ လုပ်ချင်သလို လုပ်ခဲ့တယ်။ မြန်မာငွေကြေးအပေါ် ယုံကြည်မှု Trust ပျောက်သွားပြီ။ မြန်မာ ငွေက ဂျပန်ခေတ်ငွေစက္ကူလိုဖြစ်သွားပြီ။ ဘယ်သူကိုင်ရဲတော့မလဲ။ အဆိုးဆုံး ဖြစ်မယ်။ တကယ့်ကို အဆိုးဆုံးပါ” ဟု ရန်ကုန်စီးပွားရေး သမား တစ်ဦး ကဆိုပါတယ်။", "လုပ်ချင်တိုင်းလုပ်တဲ့အမိန့်တွေ", "==================", "ပြည်တွင်းစီးပွားရေးစျေးကွက်တစ်ခုလုံးနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို ဇောက် ထိုးမိုး မျှော်ဖြစ်စေ တာကတော့ စစ်ကောင်စီနဲ့ ဗဟိုဘဏ်ရဲ့ လုပ်ချင် တိုင်း လုပ်နေတဲ့ အမိန့်တွေကြောင့်လို့ ဆိုပါတယ်။", "အာဏာစသိမ်းစဉ်ကတည်းက စစ်တပ်ဟာ ငွေကြေးတွေကို ထုတ်မပေးဖို့ ဘဏ် တွေကို အမိန့်ထုတ်ပြီး တားဆီးခဲ့ပါတယ်။ အဲဒီနောက် သူတို့ စိုးရိမ် ချက်တွေအတွက် စျေးကွက်စီးပွားရေးနဲ့ ငွေကြေးကဏ္ဍကို ထိခိုက်စေမယ့် အမိန့်တွေ ဆက်တိုက် ထုတ်ခဲ့ပါတယ်။ သီရိလင်္ကာ စီးပွားပျက်ကပ်ကို မြင် ပြီးချိန် မှာတော့ စစ်တပ်က ပြည်တွင်းမှာ ရှိတဲ့ ဒေါ်လာ မှန်သမျှ သူ့ လက် ထဲ သိမ်းယူလိုက်ပါတယ်။", "အဆိုးဆုံးကတော့ စျေးကွက်သဘောအတိုင်း နှုန်းရှင်ဖြစ်နေတဲ့ ငွေလဲနှုန်းကို အမိန့်အာဏာနဲ့ သတ် မှတ် စျေးနှုန်း တစ်ခုအဖြစ် သတ်မှတ်ခဲ့တာတွေက စီးပွားရေးကဏ္ဍတစ်ခုလုံးကို ဖျက်ဆီးခဲ့တာလို့ ရန်ကုန်စီးပွားရေးသမားတွေက ဆိုပါတယ်။", "“အာဏာသိမ်းကတည်းက ထုတ်လိုက်တဲ့ အမိန့်တွေ။ အဲဒီအမိန့်တွေကြောင့် စီးပွားရေးတွေ ကမောက် ကမ ပရမ်း ပတာဖြစ်ကုန်တာပဲ။ အခု စီးပွားပျက် နေတာလည်း အဲဒီအမိန့်တွေကြောင့်ပဲ။ တစ်ဒေါ်လာ ၁၈၅၀ သတ်မှတ်တယ်။ တစ်ဒေါ်လာ ၂၁၀၀ ကျပ် ပြောင်းသတ်မှတ်တာလည်း စာရွက်တစ်ရွက်ပေါ်မှာ ရေးပြီး အမိန့်ထုတ်လိုက်ရင်ပြီးတာပဲလို့ စကစ ထင်နေပုံရတယ်။ ၁၈၅၀ ကနေ ၂၁၀၀ ပြောင်းသွားရင် ဘာတွေဖြစ်မလဲ။ နှုန်းရှင်ဖြစ်နေတာကို ပုံမှန် သတ် မှတ် နှုန်း အဖြစ်ပြောင်းလဲရင် ဘာတွေဖြစ်မလဲ ဒါတွေကို မထည့်တွက်ခဲ့ဘူး။ သူတို့စိုးရိမ်တာမှန်သမျှ အမိန့်နဲ့လုပ်လိုက်တယ်။ ခေတ်က အရင်လို ပိတ်ထား လို့ရတဲ့ခေတ်မှ မဟုတ်တာ။ အားလုံးက ကမ္ဘာကြီးကို မြင်တတ်နေကြပြီ။ စျေးကွက် ကို အမိန့် အာဏာနဲ့ ဘယ်တုန်းကမှ ထိန်းလို့မရခဲ့ဘူး။ ဒီအခြေခံ လေး တောင် နားမလည်ဘဲ လုပ်ခဲ့ကြတာပဲ” လို့ ရန်ကုန်စီးပွားရေးသမား ကဆိုပါတယ်။", "စစ်ကောင်စီလက်ထဲမှာ ဒေါ်လာ အရန်ငွေ နည်းပါးနေမှု", "===============================", "အခြားတစ်ဖက်မှာလည်း စီးပွားရေး ပိတ်ဆို့မှုတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထွက်ခွာ နေမှု တွေကြောင့် စစ်ကောင်စီမှာ ဒေါ်လာ အရန်ငွေ အလွန်နည်းပါး နေပြီး လစဉ်၊ နှစ်စဉ် နိုင်ငံခြားချေးငွေတွေကို ပမာဏ ကြီးကြီးမားမား ပြန် လည် ပေးဆပ်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စက်သုံးဆီ၊ စားသုံးဆီ အပါအဝင် သွင်းကုန်တွေအားလုံး လျှော့ဖို့ မင်းအောင်လှိုင်ဘက်က အမိန့်တွေ ထုတ်နေတာလို့ဆိုပါတယ်။", "“စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း ကြီးတယ်။ တစ်နိုင်ငံလုံးကလည်း အပ်ကအစ သွင်းကုန်အနေနဲ့ အကုန်သွင်းနေရတာ။ စစ်ကောင်စီ လက်ထဲမှာရှိတဲ့ ဒေါ်လာ က တစ်နိုင်ငံလုံး သွင်းကုန်ရဲ့ ၆ လစာ လောက်ပဲရှိတော့မယ်။ အရန် ငွေကြေး က အတော်နည်းနေပြီ။ အကြွေးတွေကလည်း ဆပ်နေရတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း ထွက်နေပြီ။ MOGE တောင် စီးပွားရေး ပိတ်ဆို့ ခံရဖို့ရှိနေတော့ ဒေါ်လာ ရပေါက်ရလမ်းက မရှိတော့ဘူး။ အဲဒါကြောင့် စကစက သွင်းကုန်တွေ လျှော့ဖို့ လုပ်တာ” လို့ စီးပွားရေးကျွမ်း ကျင်သူ တစ်ဦးက ဆိုပါ တယ်။", "အဲဒီစီးပွားရေးကျွမ်းကျင်သူကတော့ စစ်ကောင်စီလက်ထဲမှာ အမေရိကန် ဒေါ်လာ အရန်ငွေ သန်း ၅၀၀ နဲ့ သန်း ၇၀၀ အကြားလောက်ပဲရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်အသုံး စရိတ်တွေမှာ ဒေါ်လာ သုံး နေရတဲ့အတွက် ဒီအရန်ငွေ ဒေါ်လာပမာဏဟာ နည်းပါတဲ့ပမာဏ ဖြစ် တယ်လို့ ဆိုပါတယ်။", "ရွှေ၊ငွေနဲ့ ငွေဖြစ်လွယ် ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပြောင်းရွှေ့နေကြပြီ", "=========================================", "ငွေကြေး အပိုရှိသူတိုင်း မြန်မာကျပ်ငွေတွေကို ကိုင်မထားတော့ဘဲ အသွင် ပြောင်း နေကြပါပြီ။ ရွှေစျေးကွက်မှာ ဝယ်သူများလွန်းတာကြောင့် ရွှေဝယ် ဖို့ခက်နေပါတယ်။ ဒေါ်လာစျေးကွက်မှာလည်း အလားတူပါပဲ။", "ဒါ့အပြင် ပြင်ပစျေးကွက်ပေါက်စျေးနှုန်းနဲ့ ရွှေ၊ ဒေါ်လာ ဝယ်ရင် တရားမဝင် သ လို စစ်တပ်က ပုံဖော် ထားတာကြောင့် တိုးတိုး တိတ်တိတ်ချိတ်ဆက်ပြီး ရောင်းဝယ် နေကြပါတယ်။ ရွှေနဲ့ဒေါ်လာ သည်း သည်း မည်းမည်း ဝယ်ယူ နေ သူ တွေမှာ စစ်တပ်နဲ့ ပတ်သက်နွယ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ၊ စီးပွားရေး သမား တွေက ရှေ့ဆုံးက စုဆောင်းနေကြတာပါ။", "စီးပွားရေးသမားတွေနဲ့ ငွေကြေးအပိုရှိသူတွေက ကျပ်ငွေ သိန်းထောင် သောင်း ချီပြီး နိုင်ငံခြားငွေ စျေးကွက်မှာ ပြောင်းလဲ ရင်းနှီးမြှုပ်နှံနေကြပါတယ်။ မြန်မာ ကျပ် ငွေတွေကို ထိုင်းငွေကြေး ဘတ်အဖြစ် ပြောင်းလဲတာ၊ မလေးရှားငွေ ရင်းဂစ် အဖြစ် ပြောင်းလဲတာ၊ တရုတ်ငွေ ယွမ်အဖြစ် ပြောင်းလဲ နေကြ တာ အလွန်များပြားပါတယ်။", "“ကျနော့်မှာတင် သိန်း ၄၀၀၀ ဖိုးလောက် ရင်းဂစ်(မလေးရှား) ပြောင်းချင်လို့ Offer လာပေးနေတယ်။ ဒါ နာရီပိုင်း လဲတဲ့ပမာဏပါ။ ထိုင်းဘတ်ငွေအဖြစ် ပြောင်းဖို့ သိန်း ၂၀၀၀ လောက် လဲချင်လို့ လာပြောတာလည်းရှိတယ်”လို့ ငွေလဲဒိုင်တစ်ဦးက ဆိုပါတယ်။", "တရုတ်-မြန်မာနယ်စပ်မှာလည်း မြန်မာကျပ်ငွေတွေကို အလုံးအရင်းနဲ့ ထုတ် ရောင်းနေပြီး တရုတ် ယွမ်ငွေ ပြောင်းလဲနေကြပါတယ်။", "အလားတူပါပဲ အိမ်ခြံမြေစျေးကွက်နဲ့ ကားစျေးကွက်တွေမှာလည်း ပုံစံမျိုးစုံနဲ့ မြန်မာကျပ်ငွေကို ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုနေကြတယ်လို့ ရန်ကုန် စီးပွားရေးသမားတွေကဆိုပါတယ်။", "အဆိုးဆုံးတွေ လာမယ်", "==============", "ဩဂုတ်လ ၁၁ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၂၇၅၀ ကျပ်၊ ရွှေစျေးက အခေါက် ရွှေတစ်ကျပ်သား ၂၅ သိန်း ၂ သောင်းနဲ့ စျေးပိတ်သွား ခဲ့ပါတယ်။", "စီးပွားရေးသမားတွေကတော့ ကျပ်ငွေတန်ဖိုး ဘယ်လောက်အထိ ထိုးဆင်း မလဲ ဆိုတာ ခန့်မှန်းရ ခက်တဲ့အထိ ကြောက်စရာကောင်းတယ်လို့ ဆိုပါတယ်။", "“အရင်ကတော့ တစ်ဒေါ်လာ ငွေကျပ် ၃၀၀၀ ဖြစ်မယ်လို့ ခန့်မှန်းထားတာ။ ဒါပေမယ့် အဲဒီထက် တောင်ပိုနိုင်မယ်။ တန်ဖိုးကျတာ။ အားလုံး ပြင်ဆင် ကြရ မှာပဲ။ ကျနော်တို့ အားလုံး ဒုက္ခများမယ့် စီးပွားပျက်ကပ် ကြီးကို ဖြတ်သန်း နေရ ပြီ” လို့ ရန်ကုန်စီးပွားရေးသမားက သုံးသပ်ပါတယ်။"]
https://yktnews.com/2022/09/43818/
စစ်အာဏာရှင် တော်လှန်ရေးကို နှိပ်ကွပ်ရန် လူသတ်မှု ၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးမှုဆိုင်ရာ ရာဇဝတ်သား လူမိုက်များကို စီမံချက်ဖြင့် လွှတ်ပေးခဲ့၊ လောင်းကစား၊ မူးယစ်ဆေးဝါးနှင့်ပြည့်တန်ဆာလုပ်ငန်း အဖမ်းအဆီးမရှိ ခွင့်ပြု
["By ရန်ကုန်ခေတ်သစ်", "မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုများ နှိပ်ကွပ်ရန် လူသတ်မှု ၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးမှုများ ကျူးလွန်ပြီး ထောင်ဒဏ်ကျခံနေရသူ လူမိုက်များ၊ ဇိုးများကို စီမံချက်ဖြင့် လွှတ်ပေးခဲ့ပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့်ပြည့်တန်ဆာလုပ်ငန်း အဖမ်းအဆီးမရှိ ခွင့်ပြုမှုများရှိနေကြောင်း စစ်ဘက်သတင်းရပ်ကွက်နှင့် ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက ထောင်ဒဏ် နှစ် ၇၀ ကျော် ချမှတ်ခံထားရသော အင်းစိန်မှ လူမိုက်ကျော်ဝင်းစိန်နှင့် အဖွဲ့ကို ပြန်လည်လွှတ်ပေးမှု သတင်းကို ဖော်ပြပြီးနောက် တပ်သတင်းရပ်ကွက်တချို့နှင့် ပြည်သူများက ယင်းကဲ့သို့ လူမိုက်များကို ပြန်လည်လွှတ်ပေးမှုများသည် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ အများစုသော လူမိုက်များမှာ စစ်တပ်လက်ကိုင်တုတ်များ ဖြစ် လာ ပြီး နိုင်ငံရေးလှုပ်ရှားမှုများကို နှိပ်ကွပ်ရာတွင် ပါဝင်ခြင်း၊ စစ်ကြောရေးတွင် ဖမ်းဆီးခံရသူများကို နှိပ်စက်ညှဉ်ပန်းသတ်ဖြတ်ရာတွင် ပါဝင်ခြင်း၊ ပြည်သူ လူထုအပေါ် ခိုးမှုနှင့်မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ကြကြောင်း ပြောဆိုကြသည်။", "လွတ်ငြိမ်းသက်သာခွင့် ၆ ကြိမ်ဖြင့် အကျဉ်းသား ၅၇၀၀၀ နီးပါး လွှတ်ပေးမှုတွင် ရာဇဝတ်သားများအားလုံးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့=========================================‌", "အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် အကျဉ်းထောင်၊ အချုပ်ထောင်စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၂၃၃၁၄ ဦး ကို ပထမဆုံးအကြိမ် လွတ်ငြိမ်းသက် သာခွင့်ပြုခဲ့သည်။", "၂ဝ၂၁ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၂၃၀၀၀ ကျော် ၊ ၂၀၂၁ ခုနှစ် ဇွန်လတွင် အကျဉ်းသား ၂၂၀၀ ကျော်၊ ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် အကျဉ်းသား ၅၆၀၀ ကျော်၊ ၂၀၂၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အကျဉ်းသား ၈၀၀ ကျော် ၊ ၂၀၂၂ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် အကျဉ်းသား ၁၆၀၀ ကျော် စုစုပေါင်း လွတ်ငြိမ်းသက်သာခွင့် ၆ ကြိမ်ဖြင့် အကျဉ်းသား ၅၇၀၀၀ နီးပါးကို ပြန်လွှတ်ပေးခဲ့ပြီး ယင်းတို့အထဲတွင် မုဒိမ်းမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု ကျူးလွန်သူ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သည်။", "“လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး အမှုတွေအားလုံး ပြန်လွတ်တယ်။ ရာဇ ဝတ်မှုနဲ့ သေဒဏ်ချထားတဲ့သူတွေကိုပါ ပြန်လွှတ်လိုက်တာ။ ဒါကလည်း တစ်ဖက်မှာ ထောင်ခါတယ်လို့ ပြောလို့ရသလို အပြင်မှာဖြစ်နေတဲ့ စစ်အာဏာ ရှင် တော်လှန်ရေး လှုပ်ရှားမှုကို ဟန့်တားဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ပြောလို့ရပါတယ်။ ဥပမာပြောရမယ်ဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့် အကျဉ်းသား ၂၃၀၀၀ ကျော်လွှတ်တာမှာ အားလုံးက ရာဇဝတ်သားတွေအကုန်ပါတာ။ အဲဒီအထဲလူအများစု ပျူစောထီး၊ ပြည်သူ့ စစ်နဲ့ စစ်တပ်သတင်းပေးတွေ အဖြစ် ပြန်အသုံးပြုခံရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောသည်။", "၂၀၂၁ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်တွင် လူသတ်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရသည့် သရုပ် ဆောင်မင်းအုပ်စိုး ပြန်လည်လွတ်မြောက်မှု ၊ သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ကျနေသည့် မင်းရာဇာ လင်မယား၊ အိမ်အကူကို နှိပ်စက်၍ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် အင်း၀ အပ်ချုပ်ဆိုင်ပိုင်ရှင် စသည့်ဖြင့် ရက်စက်သော ရာဇဝတ်မှုကျူးလွန်သူများကိုပါ ပြန်လွှတ်ပေးခြင်းလည်းဖြစ်သည်။", "အဆိုပါ လွှတ်ပေးမှုသည် ပြည်သူများ မှတ်မိလွယ် ထင်သာမြင်သာရှိသည့် ပြန်လည်လွှတ်ပေးမှုများကို ဖော်ပြခြင်းဖြစ်ပြီး မူးယစ်ရာဇာ၊ လူသတ်မှုများစွာ ကျူးလွန်သူနှင့် မုဒိမ်းကျူးလွန်သူအားလုံးနီးပါးမှာလည်း စစ်ကောင်စီ၏ လွတ်ငြိမ်း သက်သာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်ဟု သိရှိရသည်။", "အင်းစိန်လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ရန်ပြုမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ လိုင်စင်မဲ့ ယာဉ်များသုံးစွဲမှု စသည်ဖြင့် ရာဇဝတ်မှုပေါင်းမြောက်မြားစွာဖြင့် ထောင်ဒဏ်နှစ် ၇၀ ကျော် ချမှတ်ခံခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် အတွင်း လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။", "လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က ထောင်မှ လွတ်မြောက်သည်နှင့် စစ်တပ်ထံချည်း ကပ်ကာ လက်ကိုင်တုတ်များဖြစ်လာပြီး အင်းစိတ်ပေါက်တောဝ၊ကမ်းနား ရပ်ကွက်တွင် ဖြစ်ပေါ်နေသော စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ကြသည်။", "တချို့သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များမှာ လူမိုက်ကျော်ဝင်းစိန်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည်။ လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့၏ ဖမ်းဆီးမှုကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအများအပြားလည်း အဖမ်းခံခဲ့ရသည်။", "အင်းစိန်အောင်ဇေယျာတံတား (အင်းစိန်ဘက်ခြမ်း) လုံခြုံရေး၊ လျှပ်စစ်မီတာရုံးလုံခြုံရေး၊ ရပ်ကွက်များတွင် PDF များ မရှိစေရေး၊ ဧည့်စာရင်းစစ်ခြင်း အပါ အဝင် စစ်တပ်ကို ကူညီသော လုပ်ငန်းများကို လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က လုပ်ဆောင်ပေးခဲ့ကြသည်။", "ယင်းအတွက် လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်း ဝယ်ရေးလုပ်ငန်းများကို တရားဝင် လုပ်ခွင့်ရရှိပြီး ပေါ်ပေါ်တင်တင် ရောင်းဝယ်လျက်လည်းရှိနေကြသည်။", "“သူတို့က ထောင်က လွတ်ပြီးတာနဲ့ စစ်တပ်နဲ့ပေါင်းလိုက်တော့ မူးယစ်ဆေးဝါးကတော တရားဝင်လိုကို ရောင်းခွင့်ရတယ်။ မျိုးဆက်တွေ မူးယစ်နွံ့ထဲမှာ အကုန်ဘဝပျက်အောင် ရဲတွေ စစ်သားတွေနဲ့ပေါင်းပြီး လုပ်နေတဲ့ခွေးမသားတွေ။ ပတ္တမြားလမ်း ရပ်ကွက်မှာ မူးယစ်ဆေးဝါး ပေါ်တင်ရောင်းနေတာပါ။အဲဒီ ပတ္တမြား ရပ်ကွက်မှာ ပပတို့ ဘိဆိုအကုန်သိတယ်။ သူတို့ တရားဝင်ရောင်းနေတာ။ အေးဆေးပဲ အရောင်းမပြတ်ဘူး။ အရင်က ဘိန်းဖြူ ပင်နယ်စလင် တစ်ပုလင်းကို ဟိုးအရင်က ၅သောင်းလောက်မှရတာ အခုလက်ရှိ ၁၂၀၀၀ ဆိုရပြီ ။ ဘိန်း၊ အသီး၊ ဆေးခြောက်၊ ICE ရေခဲ အကုန်ရတယ် ။ကျော်ဝင်းစိန် အိမ်ရှေ့က လမ်းကြားမှာ လည်း ပေါ်တင်ပဲ ။ လူတိုင်းသိနေကြတယ်။ ကျော်ဝင်းစိန်နဲ့ကျင်ဟုတ်တို့က သမိုင်းဘုရင့်နောင်ကုန်းတံတားနားကအလောင်းဘုရားလမ်း မရောက်ခင် မင်္ဂလာစားသောက် ဆိုင်ဘေးမှာဂိမ်းဆိုင်ဖွင့်ထားတယ်။ ဆိုင်ကမမြင်ရဘူး။ မှန်အမည်းတံခါးတွေနဲ့။ အဲဒီဂိမ်းဆိုင်ကလည်း မူးယစ်ဆေးဝါး တွေ ရောင်းပေးနေတာပဲ” ဟု ပြည်သူတစ်ဦးက ပြောသည်။", "မူးယစ်ဆေးဝါး ရောင်းချမှု တရားဝင်ရသည့်အတွက် ထောင်မှ လွတ်ချိန် ငွေတစ်ပြားမှ မရှိသော်လည်း ၁ နှစ်ကျော်ကာလအတွင်း ကားတစ်ဝီဝီနှင့် အလွန်ချမ်းသာသွားခဲ့ပြီး လက်နက်များပါ ကိုင်ဆောင်ခွင့်ရလာသည်။", "သို့သော် သူတို့သည် စစ်တပ်၏ လက်အောက်ခံ သဘောမျိုးဖြင့် စစ်အာဏာရှင် ဒေါက်တိုင်ကို ဆက်လက် အကျိုးပြုနေကြသည်။ တရားဝင် အလုပ်အကိုင်အနေဖြင့် ဆိုင်ကယ်အရောင်းအဝယ်နှင့် ဆိုင်တချို့ ဖွင့်ပြထားကြသည်။", "လှိုင်သာယာမှ မူးယစ်ဆေးဝါး ရောင်းဝယ်သူ လူမိုက် စိုးညီ၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်းဘက်မှ လူမိုက်ကျော်ကျော် အပါအဝင် ရန်ကုန်မြို့မှ နာမည်ကြီး လူမိုက်များမှာ စစ်တပ်၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြပြီး စစ်တပ်၏ လက်ကိုင်တုတ်များဖြစ်လာကြသည်။", "ထိုအထဲတွင် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ လူမိုက်ကျော်ကျော်သည် စစ်တပ်အတွက် အလုပ်လုပ်ပေးပြီး တော်လှန်ရေးလူငယ်များကို လိုက်လံ ဖမ်းဆီးနေသည်။", "“ကြည့်မြင်တိုင်တဖက်ကမ်း ဘလုပ်ညွန့်ရပ်ကွက်က လူမိုက်ကျော်ကျော်ဆိုတာလည်း သေနတ်နဲ့ကျည်တွေအများကြီးမိတယ်။ လူသတ်မှု လုယက်မှု ဓားပြမှုတွေနဲ့ဖမ်းသွားပြီး လပိုင်းလောက်နဲ့ပြန်လွှတ်ပေးလိုက်တယ်။ သူခိုး ဖာခေါင်း လုယက် ဓားပြ တွေကိုတပည့်အဖြစ်မွေးထားပြီး ကြည့်မြင်တိုင်တဖက်ကမ်းတခုလုံးကိုအုပ်စိုး ခြယ်လှယ်နေတာ။ သူ့တပည့်တပန်းတွေကိုပဲ ရာဂဏန်းလောက် ဖြစ်နေပြီ။ ကြည့်မြင်တိုင်တဖက်ကမ်းမှာ လောင်းကစားဝိုင်းတွေထောင်၊ ဆက်ကြေးကောက်ပြီးလုပ်စားနေတာ။ ကြက်ဝိုင်း ဖဲဝိုင်း ဂျင်ဝိုင်း ဂလုံးလုံး ဆေးပြား သူတို့ဆီမှာအကုန်ရတယ်။ ကြည့်မြင်တိုင်တဖက်ကမ်းက ရဲကင်းစခန်းမှူးလောက်က သူတို့ခါးပိုက်ထဲကဖားပဲ။ စစ်တပ်အတွက် အဓိက သူတို့ပြန်လုပ်ပေးရတာက PDF လူငယ်နဲ့ ဆန္ဒပြလူငယ်တွေကို ရှာဖွေဖမ်းဆီးပေးရတာပါ” ဟု ကြည့်မြင်တိုင်ဒေသခံတစ်ဦးက ဆိုသည်။", "ရန်ကုန်မြို့တော်တွင် မူးယစ်ဆေးဝါးနှင့် ပြည့်တန်ဆာလုပ်ငန်းများ၊ လောင်း ကစားလုပ်ငန်းများကို ဖမ်းဆီးခြင်းမပြုတော့ဘဲ စစ်တပ်နှင့်ရဲများက PDF နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုသာ အဓိက နှိမ်နင်းရန် ကြိုးစားနေကြသည်။", "မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယင်းသို့ သော အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်း အပါ အဝင် နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာများတွင် ရဲနှင့်စစ်တပ်က ဦးစီးသော လောင်း ကစားဝိုင်းများ ထူထောင်လာခြင်းဖြစ်သည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့်လည်း ရဲနှင့်စစ်တပ်က မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ လောင်းကစားဝိုင်းများတွင် ထမင်းပင်ကျွေးသည့် ဝန်ဆောင်မှု များ လုပ်ဆောင်နေကြောင်း သတင်းများ မကြာ ခဏ ဖော်ပြခဲ့ပြီးဖြစ်သည်။", "မွန်ပြည်နယ် ကျိုက်မရောမြို့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက မြို့နယ်တွင် လောင်းကစားဝိုင်းများကို အပတ်စဉ် ငွေကြေးယူကာ ဖွင့်ခွင့်ပေးထားလျက် ရှိကြောင်း ဒေသခံများက ဆိုကြသည်။", "မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မြို့နယ် စစ်ကောင်စီအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လောင်းကစား ဝိုင်းတွေကို အပတ်စဉ် ၃ သိန်းကနေ ၅ သိန်းကြားယူပြီး ဖွင့်ခွင့်ပေးထားကြောင်း၊ ကျေးရွာများအနေဖြင့် ကရင်တောကျေးရွာ၊ ရှမ်းကုန်းကျေးရွာ၊ ကဒါကျေးရွာ၊ အံကရဲကျေးရွာ၊ ဝါးပျံကုန်း ကျေး ရွာ အုပ်ချုပ်ရေးမှူးအပါဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်နက်ကိုင်အဖွဲ့၊ လောင်းကစားဒိုင်များ ပေါင်းပြီးတရားဝင် လောင်းကစား၀ိုင်းများ ဖွင့်လှစ်ကြပြီး လာရောက်ကစားကြရန်လည်း ဖိတ်စာဖြင့် ဖိတ်ကြသည်။", "“ လောင်းကစားဝိုင်းတွေလုပ်ခိုင်းတာ။ အဲ့ဝိုင်း တွေကိုလည်း ပိုက်ဆံ တအားတောင်းတာ။ ရပ်ကွက်တွေထဲထိလည်း ရဲတွေနဲ့ BGFတွေခေါ်လာပြီး ပါဝါက ပြသေးတယ်”ဟု ကဒါကျေးရွာမှ ပြည်သူတစ်ဦးက ပြောသည်။", "လောင်းကစားဝိုင်းများပြားလာမှုနှင့်အတူ ဒေသပြည်သူများတွင် ပစ္စည်းများ ပျောက်ဆုံးခြင်း၊ လုယက်ခံရခြင်း အပါအဝင် ရာဇဝတ်မှုများ များပြားလာကြောင်း၊ ဒေသပြည်သူများ မလုံမခြုံ ဖြစ်လာကြကြောင်း သိရှိရသည်။", "မွန်ပြည်နယ်၊ မြို့နယ်များတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များကို ထိန်းချုပ်နိုင်ရေး ပျော်ပွဲရွှင်ပွဲများ၊ လောင်းကစား၀ိုင်းများ စီမံချက်ဖြင့် ဖွင့်လှစ်ခွင့်ပြုနေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။", "ရန်ကုန်အင်းစိန်ထောင်မှ တန်းစီဖြစ်နေကြသည့် ထောင်ဒဏ်နှစ်ရှည်ချခံထားရသည့် လူမိုက်တချို့ကို စစ်တပ်နှင့်ရဲက စစ်ကြောရေးများတွင် အသုံးပြုရန် ညှိ နှိုင်းပြီး ထောင်မှ ထုတ်ကာ လွတ်လပ်ခွင့်ပေးထားကာ စစ်ကြောရေးတွင် အသုံး ပြုနေကြောင်း ပြည်ထဲရေး သတင်းရပ်ကွက်က အတည်ပြုသည်။", "“တချို့လူမိုက်တွေ လက်မရွံ့တဲ့ကောင်တွေကို ထောင်ထဲမှာ စရဖက သွားတွေ့ပြီး သူတို့အတွက် အလုပ်လုပ်ပေးရင် အပြင်မှာ လွတ်လွတ်လပ်လပ်နေရမယ်။ နေစရာအိမ်၊ စီးစရာကား၊ လစာပေးမယ်ဆိုပြီး ညှိတာရှိတယ်။ ပြီးတော့ အဲဒီလူမိုက်တွေ ထုတ်လာပြီးတော့ အဲဒီလူတွေက စစ်ကြောရေးမှာ စစ်တပ်က ခိုင်းတဲ့အတိုင်းလုပ်ရတာ။ ခင်ဗျားတို့ပြောနေတဲ့ စစ်ကြောရေးမှာ မုဒိမ်းမှုကျူးလွန်တာတို့ ၊ ရက်ရက် စက်စက် သတ်ဖြတ်တာတွေမှာ စစ်တပ်ဘက်ကတင်မဟုတ်ဘူး။ အဲဒီလို လူမိုက် တွေနဲ့ပါ လုပ်တာပါ။ တချို့စစ်အရာရှိတွေက အဲဒီလူမိုက်တွေကို သတ်ခိုင်း နှိပ်စက်ခိုင်းတာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ဆိုသည်။", "စစ်ကြောရေးတွင် အမှုစစ်ရန် လူမလုံလောက်ခြင်း၊ ရန်ကုန်မြို့လုံခြုံရေးအတွက် ဗျာများနေရသည့်အတွက် တချို့သော စစ်ကြောရေးများတွင် စစ်အရာရှိများက သူတို့ လိုချင်သည့်အကြောင်းအရာများကို စစ်ဆေးမည့် လူမိုက်အဖွဲ့ကို ရှင်းလင်းပြောဆိုပြီး ဖမ်းဆီးထားသည့် ပြည်သူများကို စိတ်ကြိုက် စစ်ဆေးရန် လူမိုက်အဖွဲ့လက်ထဲ အပ်နှံမှုများ လည်းရှိသည်ဟု သိရှိရသည်။"]
https://yktnews.com/2022/09/38413/
စစ်ကောင်စီအတွက် လက်နက်သယ်၊ နိုင်ငံခြားငွေရှာ ၊ လေတပ်လိုအပ်ချက်များ ဖြည့်ဆည်းနေသည့် MNA လေကြောင်းလိုင်းကို သပိတ်မှောက်ရန်နှင့် အမည်ပျက်စာရင်း သွင်းရန်လိုအပ်နေ
["By ရန်ကုန်ခေတ်သစ်", "မြန်မာ့အမျိုးသားလေကြောင်းလိုင်း လို့ခေါ်တဲ့ MNA ဟာ ခေတ်အဆက်ဆက် နာမည်ကောင်း၊ အစဉ်အလာ ကောင်းတွေနဲ့ ၇၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမယ့် အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်မှာတော့ စစ်တပ်ရဲ့ အာဏာတည်မြဲရေး ထောက်ပံ့ပေးနေတဲ့ ဒေါက်တိုင်တစ်ခုဖြစ်လာပါတယ်။", "ကိန်းဂဏန်း စာရင်းဇယားတွေအရ MNA လေကြောင်းလိုင်းဟာ အကြီးအကျယ်အရှုံးပေါ်နေပေမယ့်လည်း စစ်ကောင်စီရဲ့ အာ ဏာ တည်မြဲရေးကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်နေတာကြောင့် MNA လေကြောင်းလိုင်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဒါရိုက်တာတွေ ဦးဆောင်သူတွေ ထိုင်ခုံမြဲနေကြပါတယ်။", "MNA မြန်မာ့လေကြောင်းလိုင်းဟာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိပြီး စစ်ကောင်စီရဲ့ ရေချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဝန်ကြီးအဖြစ် လေကြောင်းလိုင်းကို စီမံကွပ်ကဲနေတာဖြစ်ပါတယ်။", "၂၀၂၁ ခုနှစ် စတင်အာဏာသိမ်းချိန်မှာ MNA လေကြောင်းလိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများစွာ CDM လုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာစစ်ကောင်စီက CDM လုပ်တဲ့ဝန်ထမ်းတွေကို ဖမ်း၀ရမ်းထုတ်ပြီး CDM ဝန်ထမ်းတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို အမည်ပျက်စာရင်း သွင်းပြီး ပြည်ပထွက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။", "MNA လေကြောင်းလိုင်းအနေနဲ့ စစ်ကောင်စီအတွက် အလုပ်တွေများစွာ လုပ်နေတဲ့ အထဲက အဓိက အရေးကြီးတဲ့ အချက်တွေကို‌ ကောက်နုတ်တင်ပြပါ့မယ်။", "ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဝန်ကြီးအဖြစ် ဆောင်ရွက်တဲ့ ပို့/ဆက် ဝန်ကြီးဌာန အောက်မှာရှိတဲ့ MNA လေ ကြောင်း လိုင်းက အများစု သတိ မထားမိတဲ့ နိုင်ငံခြားငွေ ငွေကြေးစီးဆင်းမှုတွေကို စစ်ကောင်စီအတွက် လုပ်ပေးနေတဲ့ လေကြောင်းလိုင်းဖြစ်ပါတယ်။ နိုင်ငံခြားငွေ ငွေပေး၊ ငွေယူတွေကအစ စစ်ကောင်စီရဲ့ ငွေကြေးတွေ အဝင် အထွက် လုပ်နိုင်အောင် ဆောင် ရွက်ပေးနေတဲ့ ဌာတစ်ခုဆိုရင်လည်း မမှားပါဘူး။", "MAN လေကြောင်းလိုင်းက စစ်တပ်အတွက် လက်နက်တွေကို သယ်ယူပေးနေတာ အာဏာသိမ်းစအချိန်ကတည်းက ဖြစ်ပါတယ်။ ပြည်တွင်းခရီးသည်တင် လေယာဉ်တွေနဲ့ လက်နက်တွေ ခဲယမ်းတွေ သယ်ယူတယ်ဆိုတာဟာ နိုင်ငံ တကာခရီးသည်တင် လေကြောင်းလိုင်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်တပ်အကျိုးစီးပွားအတွက် MNA လေယာဉ်မှူးတွေကစလို့ ဝန်ထမ်းတွေနဲ့ ခေါင်းဆောင်တွေက မျက်စိမှိတ်ပေးနေကြပါတယ်။", "မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ စစ်ကောင်စီရဲ့ လေတပ်ဟာ တိုက်ရိုက်ရော သွယ်၀ိုက်ရော ပတ်သက်နေပါတယ်။ လေကြောင်းလိုင်းမှာ လေယာဉ်မောင်းနေတဲ့ ပိုင်းလော့ အများစုက လေတပ်က လာကြတဲ့ အရာရှိဟောင်း တွေလည်းဖြစ်ပါတယ်။ အုပ်ချုပ်မှုဒါရိုက်တာတွေကလည်း လေတပ်အရာရှိဟောင်းတွေနဲ့ စစ်တပ်က လူတွေပဲဖြစ်ပါတယ်။", "လေတပ်အတွက် လိုအပ်တဲ့ လေယာဉ်ဆီက စလို့ လိုအပ်ချက်တွေကို MNA ကဖြည့်ဆည်း ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။", "“စစ်သုံး လေယာဥ်မှ သာလျှင် ထောက်ပို့ ရေး လမ်းကြောင်းလို့ ပြည်သူတွေက ထင်နေကြတာ။ တကယ်က MNA နဲ့ MAI က စစ်တပ်အတွက် နောက်ကွယ်ကနေ လှုပ်ရှား ပေးနေပါတယ်။ မင်းအောင်လှိုင် လက်ရှိ နိုင်ငံခြားခရီးစဥ်မှာ အသုံးပြုနေတဲ့ Airbus လေယာဥ်တွေကိုလည်း လေကြောင်းလိုင်းတွေက အမည်ခံပေးတာပဲ။ တကယ်ပိုင်ဆိုင်တာကစစ်တပ်နဲ့ မအလ ပဲလေ။ စစ်တပ်ရော စစ်ကောင်စီအတွက်ရော လိုအပ်တာတွေ ပြည်တွင်းပြည်ပ MNA နဲ့ MAI က သယ်ပေးနေတာ။ နိုင်ငံခြားဝင်ငွေ အနေ နဲ့ ကတော့ ခရီးသည်အပြင် flight cargo တွေကို လေကြောင်းတွေက ရှာပေးနေတာပဲ” ဟု MNA မှ CDM တစ်ဦးက ပြောပါတယ်။", "လက်ရှိမှာ ဝန်ကြီးဌာနနဲ့ MNA ထိပ်တန်း‌ ခေါင်းဆောင်ရာထူးတွေကို အရာရှိဟောင်းတွေနဲ့စစ်တပ်နဲ့ နီးစပ်တဲ့သူတွေကပဲ ကြီးစိုးထားပါတယ်။ MNA စီအီးအို ကပ္ပတိခုပ်ခန့်မုံ ဆိုရင်လည်း စစ်တပ်အသိုင်းအ၀ိုင်းကပါပဲ။ လာဘ်ပေးလာဘ်ယူတွေနဲ့ နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ ကျော်ဇေယျ (ဗိုလ်ကြီး/ငြိမ်း ) ၊ဒါရိုက်တာအဖွဲ့ဝင် သန်းထွန်း ၊ မန်နေဂျာ စိုးမြင့်အောင်(ဗိုလ်ကြီး/ငြိမ်း)တွေဟာလည်း MNA နာမည်ကျော် လာဘ်စားကြတဲ့ MNA ခေါင်းဆောင်ပိုင်း တွေဖြစ်ကြပါတယ်။", "ပြည်သူတွေအနေနဲ့ စစ်ကောင်စီအတွက် ရပ်တည်ပြီး အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားလေ ကြောင်းလိုင်း MNA ကို အပြည့်အ၀ သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်တွေမှာ MNA လေကြောင်းလိုင်းကို တတ်နိုင်သမျှ မစီးဘဲ သပိတ်မှောက်ဖို့ကြနဲ့ သပိတ်မှောက်ရေး Campaign တွေလည်းရှိသင့်တယ်လို့ MNA CDM ဝန်ထမ်းတွေက ဆိုပါတယ်။", "NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း MNA မှာ ဦးဆောင်နေတဲ့ ဝန်ထမ်းတွေ အပါအဝင် အရာရှိတွေနဲ့ စီအီးအိုတွေ၊ ဒါရိုက်တာတွေကို အမည်ပျက်စာရင်းသွင်းကြောင်း ကြေညာဖို့ လိုတယ်လို့ CDM ဝန်ထမ်းတွေက ဆက်ပြောပါတယ်။", "Sun Far Travel and Tour ၊ Maing Fong Travel and tour ကုမ္ပဏီတွေနဲ့ တွဲဖက် စီးပွားရှာနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းဟာ ပြည်သူတွေ သပိတ်မှောက်ရမယ့် လေကြောင်းလိုင်း၊ NUG က အမည်ပျက်စာရင်း‌ ကြေညာရမယ့် လေကြောင်းလိုင်းဖြစ်တဲ့အပြင် စစ်တပ်အာဏာ တည်မြဲရေး ထောက်ပံ့နေတဲ့ ဒေါက်တိုင်ဖြစ်တာမို့ ပစ်မှတ်ထား အရေးယူမှုတွေနဲ့ ကြေညာမှုတွေ မဖြစ်မနေ လုပ်ဖို့ လိုနေပြီလို့ ထောက်ပြကြပါတယ်။", "ဓာတ်ပုံ- MNA စီအီးအို ကပ္ပတိခုပ်ခန့်မုံ။"]
https://yktnews.com/2022/11/62643/
မုပ္ပလင်ဂိတ်၊ ဆားလင်းကြီး၊ အရာတော် ၊ ဝန်းသို၊ ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး
["By ရန်ကုန်ခေတ်သစ်", "မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ဂိတ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ အရာတော်၊ ဝန်းသိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများကို ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူ့ကာကွယ် ရေး တပ်များက လုပ်ဆောင်ခဲ့ကြပြီး စစ်သား ၁၀ ဦးသေဆုံးကြောင်း သိရှိရသည်။", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်လမ်းဆုံဂိတ်တွင် စောင့်ကြပ်နေသော စစ်ကောင်စီတပ်မှ စစ်သားများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ၄၀ မမများဖြင့် ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် သွားရောက်ပစ်ခတ်ရာ စစ်သား ၃ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း Kyaikhto Information Teamက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။", "” သွားပစ်တာက ၄၀ မမ ၄ လုံး။ ၃ လုံး ကွဲတယ်။ စစ်ခွေး ၃ ကောင်သေးတယ်။ ၄ ကောင် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ခွေးတွေကို Double cab နဲ့ ကျိုက်ထိုကို ပြန်သယ်သွားတယ် ” လို့ မြေပြင် သတင်းပို့သူမှ ပြောသည်။", "စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်၊ကမ်းဖြူရွာအနီး စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်များ ယနေ့ နိုဝင် ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း အရာတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။", "စစ်ကောင်စီတပ်က စစ်အရာရှိခရီးစဉ်အတွက် ကင်းပုန်းစောင့်ပေးရန် ကင်ပုန်းဝတ်နေစဉ် ပြည်သူကာကွယ်ရေးအဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ခွေးလမ်းကြောင်းရှိတယ်လို့သတင်းအတိကျရလို့ အလစ်သွားတိုက်ခဲ့တာ။ ပထမ မနက်ခင်း ၉ နာရီ၃၀ မိနစ် တစ်ကြိမ် ‌ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်။ မနက် ၁၁နာရီ ၄၅မိနစ်အချိန်မှာ မြေပြင်ထိပ်တိုက် တိုက်ပွဲထပ်ဖြစ်တယ်။တိုက်ပွဲနှစ်ကြိမ်စလုံး စစ်သား ၃ ကောင်ကျဆုံးသွားတယ်” ဟု Zeroပြောက်ကြားတပ်ဖွဲ့မှ ခေါင်းဆောင် ကိုသက်ကြီးကရန်ကုန်‌ ခေတ်သစ်ထံ ပြောဆိုသည်။", "စစ်ကောင်စီတပ်ကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ၊Danger Force နဂါးနီ ကျောက်ဆည် အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ဆာလင်းကြီး မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနရုံးဌာနများကို လက်နက်ကြီး ၃၂ လုံးဖြင့် နိုဝင်ဘာ၁၄ရက်နေ့ ည ၈နာရီအချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဆာလင်းကြီးဒေသ ‌ကာကွယ်ရေးအဖွဲ့များက ပြောသည်။", "“ပစ်ခတ်ခဲ့တာက ရဲစခန်း၊ထွေအုပ်ရုံးနဲ့တရာရုံးကို ပစ်ခဲ့တာ။အလုံးအရေ အတွက် ကတော့ ၃၂လုံးပါ။လက်နက်ကြီးအမျိုအစားတွေက ၈၀ မမ ၊၁၂၀ မမ နဲ့ပစ်ခဲ့တာပါ ။ ရဲစခန်းထဲကို လက်နက်ကြီး ၈လုံး ထက်မနည်းကိုကျသွားတယ်။ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်တရားရုံးအတွင်းကို လက်နက်ကြီး ၅ လုံးကျရတယ်။ အသေအပျောက်အတိအကျတော့မသိရသေးဘူး။ သူတို့ဘက်က စက်လက်နက်၊ ၄၀ မမ ၂လုံးပြန်လည် ပစ်ခတ်တာတော့ရှိတယ်။အထိခိုက်တော့မရှိခဲ့ဘူး” ဟု ဆားလင်းကြီး PDF ခေါင်းဆောင်က ပြော သည်။", "မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၆ တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးက တရားဝင် သတင်းထုတ်ပြန်သည်။", "” ၄၀ မမနဲ့ M4 လက်နက်ငယ်တွေသုံးပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အတည်ပြုချက်ရရှိထားတဲ့သတင်းကတော့ ၄ ယောက်ကတော့ ဒဏ်ရာရတယ်။ ၂ ဦးသေတယ်လို့ သိရတယ်။ နာရီဝက်လောက်ပစ်ခတ်ဖြစ်ပြီးတော့ ဆုတ်လမ်းကို အောင်မြင်စွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်မှု ဘာမှ မရှိဘူး။ ဒီထက်ကောင်းမွန်တဲ့ မစ်ရှင်တွေကိုလည်း ပြုလုပ်သွားမယ်လို့ ပြည်သူ့အပေါ် ကတိသစ္စာပြုပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။", "နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် စစ်တပ်၏ ဂိတ်တစ်ခုဖြစ်သော ကျောက် တိုင် ဘက်အဝင်စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကြောင်း Wuntho Revolution-WR က သတင်းထုတ်ပြန်သည်။", "ဓာတ်ပုံ- မုပ္ပလင်စစ်ဆေးရေးဂိတ်မရောက်ခင် စစ်တောင်းတံတား(မုပ္ပလင်) ။"]
https://yktnews.com/2022/02/4011/
ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲမှုများပြား၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
["By ရန်ကုန်ခေတ်သစ်", "ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်အချိန် နိုင်ငံတစ်ဝန်း စံချိန်တင် ဗုံးပေါက်ကွဲမှုများ၊ တိုက်ခိုက်မှုများ များပြားပြီး စစ်ကောင်စီတပ်ဖွဲ့အများအပြားသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။", "ရန်ကုန်ခေတ်သစ်တွက်ချက်မှုများအရ ရန်ကုန်တိုင်း ၁၇ မြို့နယ်တွင် ယနေ့ စံချိန်တင် ဗုံးပေါက်ကွဲကြောင်း၊ မန္တလေး၊စစ်ကိုင်း၊ကချင်နှင့်ရှမ်းပြည်နယ်တို့တွင်လည်း ဗုံးများပေါက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ကြောင်း သိရှိရသည်။", "ရန်ကုန်တိုင်း========", "ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ လှော်ကား တာဆုံအကျော် လှော်ကားကျေး ရွာ ရဲတပ်ရင်း (၁) ရဲသင်တန်းကျောင်းက၌ ဖေဖော်ဝါရီလ ၁ရက်နေ့ ည ၆နာရီ ၅၀မိနစ်ခန့်တွင် ဗုံး ၂လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်း ရပ်ကွက်ရုံးဘေးတွင် ဖေ ဖော်ဝါရီလ ၁ရက်နေ့ နံနက် ၇နာရီခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၁ဦးသေဆုံးကာ ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ် လှော်ကားလမ်းနှင့် ချမ်းမြသာစည်လမ်းထောင့်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီ ၃ဝမိနစ်ခန့်၌ ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမပေါ်ရှိ စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်းရှေ့ရှိ လုံခြုံရေး ကင်းတဲကို ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၅နာရီခန့်၌ လှိုင်သာယာ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ(HRDF)က အဝေးထိန်းမိုင်း ၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကင်းတဲဗုံးထိမှန် ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိမရှိကို မသိရှိရသေးကြောင်း HRDF တပ်ဖွဲ့ထံမှ သိရသည်။", "ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ည ရပ်ကွက်၊ သုနန္ဒာလမ်း၊ မြစေတီဘုရားဝင်းရှေ့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၂ဝ မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ ၉နာရီ ၃ဝမိနစ်ခန့် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။", "ရန်ကုန်တိုင်း အတွင်းရှိ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ အင်းစိန်၊ ရန်ကင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံနှင့် အရှေ့ဒဂုံ မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ ည ၈နာရီ ကျော်ခန့်တွင် ဗုံးများ ဆက် တိုက် ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ယမုံနာ ၁ ရပ်ကွက် အောင်မေတ္တာလမ်းပေါ်ရှိ Mytel တာဝါတိုင် ဖေဖော်ဝါရီလ ၁ရက်နေ့ ညနေ ၆ နာရီ ၅၅မိနစ်ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊ အလုံမြို့နယ် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရုံးဝင်းအတွင်း ဖေဖော် ဝါရီလ ၁ရက်နေ့ နံနက် ၈နာရီခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရန်ကုန်တိုင်း၊တောင်ဒဂုံမြိုနယ် လဝကရုံးအနီးတွင် ယနေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။", "ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရုံးအနီးတွင် ယနေ့ ည ၁၀ နာရီ ၇ မိနစ်အချိန် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်", "ဧရာဝတီတိုင်းတွင် ရဲ ၂ ဦးသေဆုံး===================", "ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၁ဝ နာရီခန့်အချိန် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် လက် အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မအူပင်တွင် ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် စတင်ကာ ခရိုင်ရဲတပ်ဖွဲ့လိုင်းခန်း အနီးတွင် ဗုံးပေါက်ကွဲမှုတစ်ခု စတင်ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူအခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။", "ထို့သို့ ဗုံးပေါက်ကွဲပြီးနောက် မလက်တိုရဲစခန်းမှ နယ်ထိန်း အောင်စည်မင်း(ခ) ကြည်လွင်ဦး ဆိုသူကို လက်ပံကုန်းကျေးရွာအနီးတွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဦးနှောက်ပွင့်ထွက်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည်။", "ယင်း နယ်ထိန်း ပစ်သတ်ခံရပြီးနောက် မလက်တို ရဲစခန်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ထိခိုက်သေဆုံးသူအခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။", "အဆိုပါ ရဲစခန်း ဗုံးပေါက်ကွဲပြီးနောက် တပ်ထောက်ခံပွဲပြုလုပ်ရန် စစ်တက်က အာရုံစိုက်နေစဉ် မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ်ဖြစ်သည့် ခေတ္တိယ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီး ရဲ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဧရာဝတီတိုင်း၊ ဖျာပုံမြို့ထဲတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ ညပိုင်း၌ ပစ်ခတ်သံများ တိုက်ခိုက် ထွက်ပေါ်နေပြီး မည်သည့်နေရာ၌ ဖြစ်ပွားသည်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မန္တလေးတိုင်း============", "မန္တလေးတိုင်း၊ ၁၂၊ ၇၅၊ ၇၆ လမ်းကြားရှိ ယာဉ်ထိန်းရဲကင်းနှင့် စည်ပင် ဆာဗာပုံးကို ဖေဖော်ဝါရီလ ၁ရက်နေ့ နံနက် ၆နာရီ ၅ဝမိနစ်၌ Eagle Brothers မြို့ပြပြောက်ကြား၊ YNO Mandalay မြို့ပြပြောက်ကြားနှင့် Ranger Of Mandalay မြို့ပြပြောက်ကြားအဖွဲ့တို့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း အဆိုပါ မြို့ပြပျောက်ကြား တပ်ဖွဲ့များထံမှ သိရသည်။", "မန္တလေးတိုင်း သာစည်မြို့နယ် မင်းလှကန်အနီးရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးစခန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်း၌ တော်လှန်‌ရေး အင်အားစု ၄ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ တော်လှန်ရေး အင်အားစုများ ထံမှသိရသည်။", "ထိုတိုက်ခိုက်မှုကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ တော်လှန်ရေး အင်အားစုများက ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ဖေဖော်ဝါရီလ ၁ရက်နေ့၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူကာ ပြုလုပ်သည့် တပ်ထောက်ခံပွဲမှ ပြန်လာသူများ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်တပ်က ရမ်းသမ်း ပစ်ခတ်သော ကျည်ဆံ လူ ၁ ဦးကို ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြိုနယ် အောင်နန်းရိပ်သာ အနောက်ရပ်ကွက်၊ ၈၅ လမ်းရှိ အောင်မြင်သူ စက်သုံးဆီဆိုင်ကို ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း၊ မိုးကုတ်အနောက်ပိုင်း၊ကျပ်ပြင်(ဈေးကျောင်း)အနီးဗုံးပေါက်ကွဲပြီးနောက် ကျပ်ပြင်ရဲစခန်းက ​​သေနတ်များဖြင့်ပစ်ခတ်‌လျက်ရှိကြောင်း သိရှိရသည်။", "ကချင်ပြည်နယ်=========", "ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းဈေးအနီး ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉နာရီ ၅ဝမိနစ်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အသံတိတ်သပိတ် နေ့တွင် ဖားကန့် မှော်ဝမ်းတွင် ဗုံးပေါက်ကွဲမှု ၁ ကြိမ်၊ ဆိုင်းတောင် (ဆိပ်မူ) အုပ်စုတွင် ဗုံး ၅ ကြိမ် ပေါက်ကွဲကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း============", "စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Snake Eyes- PDF (Shwebo) ၊ The Guys Of Burma Revolution Force(GBRF)နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ရှမ်းပြည်နယ်===========ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ကံသာရပ်ကွက်ခြင်္သေ့နှစ်ကောင်အနီးတွင် ဗုံးပေါက်ကွဲကြာင်း သိရှိရသည်။"]
https://yktnews.com/2022/10/51615/
အင်းစိန်ထောင်၊ ပါဆယ်ဗုံးပေါက်ကွဲချိန် စစ်တပ်က ထောင်ဝင်စာ အဆောင် ပတ်ဝန်းကျင်ရှိ နိုင်/ကျဉ်း မိသားစုဝင်များနှင့် ပြည်သူများကို ပစ်သတ်ခဲ့
["By ရန်ကုန်ခေတ်သစ်", "ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်၊ ထောင်ဝင်စာတွေ့ဆုံသည့် အဆောင်တွင် ယနေ့ နံနက် ၉ နာရီခွဲ အချိန် ပါ ဆယ်ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ဝင်စာ လာပို့သည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များနှင့် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မျက်မြင်သက်သေများနှင့် အကျဉ်းဦးစီးဌာနသတင်း ရပ်ကွက်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ အတည်ပြုပြော ဆိုသည်။", "အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်တစ်ခုက ဗုံးပေါက်ကွဲပြီးသည်နှင့် စစ်တပ်က ဗုံးပေါက်ကွဲသည့် ထောင်ဝင်စာ ပေးပို့သည့် အဆောင်ကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ထောင်ဝင်စာ အဆောင်ကို ပစ်ခတ်သည်ကို မသိရှိသော်လည်း နေရာနှစ်ခုမှ လားရာတူ ထောင်ဝင်စာ အဆောင် နေရာသို့ သေနတ်ဖြင့် ဆက်တိုက် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း အတည်ပြုသည်။", "“ဗုံး ၂ လုံးဆင့် ပေါက်ပြီးတော့ တဒိုင်းဒိုင်းနဲ့ပစ်တာ။ ထောင်ဝင်စာ အဆောင်ဘက်ကို ။ ပစ်တာကလည်း လုံခြုံရေးယူထားတဲ့ နေရာနှစ်ခုကနေ ပစ်တာ ။ ပစ် ခတ်တာကလည်း လားရာတူ အဆောင် ဆိုတော့ တစ်နေရာတည်းက ဆိုရင်တောင် ရမ်းသမ်းပစ်တယ် ပြောလို့ရပေမယ့် နေရာနှစ်ခုက လားရာတူကို တစ်ပြိုင်နက်တည်း ပစ်တာမျိုးဆိုတော့ ရည်ရွယ် ချက်တူ လုပ်တာမျိုးလို့ သုံးသပ်နိုင်တယ်။ ဗုံးပေါက်တဲ့အချိန်မှာ လူတွေက ဝရုန်းသုန်းကား အဆောင်ထဲမှာ ဖြစ်နေပြီ။ အဲဒီအချိန်မှာ လူတွေ ၀ရုန်းသုန်းကား ဖြစ်နေတဲ့ အဆောင်ကို လုံခြုံရေးက ပစ်တာကိုတော့ သေချာပေါက်ပြောနိုင်တယ်” ဟု အကျဉ်းဦးစီး ဌာနသတင်းရင်းမြစ်က ဆိုသည်။", "ထောင်ဝင်စာအဆောင်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အုတ်နံရံ ကျည်ထိမှန်မှုများနှင့် ကျည်ဆန်ထိမှန်ကြောင့် ပျက်စီးမှုများရှိသည်ဟု အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်ကဆိုသည်။", "သေဆုံးသူများတွင် ကျောင်းသားခေါင်းဆောင်ဟောင်း ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ)ကိုလင်းထက်နိုင်၏ မိခင် ဒေါ်ကြီးမြင့်၊ နိုင်ငံရေးအကျဉ်သား ကိုရဲစိုးထွန်း မိခင် ဒေါ်ခင်ခင်ထွန်း၊ ဖမ်းဆီးခံထားရသော Dark Shadow အဖွဲ့မှ ရဲဘော်ဟိန်းမင်းထက်၏မိခင်တို့ပါ ပါဝင်ကြောင်း သိရှိရသည်။", "အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကို မျက်မြင်တွေ့ရှိသော ပြည်သူတချို့က ဗုံးပေါက် ကွဲမှု အပြင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူများ သေဆုံးခဲ့ကြောင်း၊ ၀ရုန်းသုန်းကားဖြစ်နေစဉ် စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူတချို့ လဲကျ သေဆုံးမှုကို မြင်တွေ့ရကြောင်း ထုတ်ဖော်ပြောဆိုထားသည်။", "“အင်းစိန်မှာဗုံးပေါက်တာ၉ နာရီခွဲ။ စာအိတ် နဲဆေး ပေးရတဲ့ကောင်တာက စပေါက်တာ။ ဗုံးပေါက်ပြီးတော့ ဝရုန်း သုန်းကားနဲ့ပြေးကြတာ။ တချို့လည်း ဝင်တိုက်ခံရလို့ပစ်လဲသွားကြတယ်။ ကောင်တာရှေ့မှာ အရပ်ဝတ်ဘောင်းဘီတိုအဖြူနဲ့ ပြည်သူတယောက်လဲကျနေတယ်။ သွေးတွေနဲ့ ပြန်မထနိုင်ဘူး။ ကောင် တာအတွင်းဘက်မှာ ၃ ယောက်လောက်ထိသွားတယ်။ ထောင်ဝန်ထမ်းတွေလေ။ သူတို့ကောင်တာထဲ ပါဆယ်အထုပ်က စပေါက်တာ။ ဗုံးပေါက်ပြီးတော့ အဆောင်ထဲကို ၇ ချက်၊ ၈ ချက်လောက် ဆက်တိုက် လှမ်းပစ်တာ။ သူတို့ လှမ်းပစ်တဲ့အချိန်မှာလည်း အထဲမှာ ထိကုန်ကြတယ်” ဟု မျက် မြင်သက်သေတစ်ဦးက ပြောဆိုသည်။", "အခြားထောင်ဝင်စာသွားတွေ့သည့် မျက်မြင်တစ်ဦးကလည်း “အင်းစိန် ထောင်ရှေ့ ဗုံးပေါက်တာမှာ စစ်ခွေးတွေ ရမ်းပစ်လို့ ပြည်သူ တစ်ဦး ထိသွားပြီး လဲကျသွားတယ်။ ပြန်မထနိုင်တော့ဘူး။ စစ်တပ်က ရမ်းပစ်တာမှာလည်း ထိတယ်။ ကျနော် တို့လည်း ပြန်လာခဲ့ရတာ။ ဒီဘက်လမ်းကနေ မြင်နေရတယ်” ဟု ဆိုသည်။", "အင်းစိန်ထောင် ထောင်ဝင်စာ ဗုံးဖောက်ခွဲမှုကို STA အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး ထောင်တွင်း ဖိနှိပ်မှုများကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အကျဉ်း ထောင် ဝန်ထမ်း ၄ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း၊ စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထား သည်။", "အင်းစိန်ထောင်တွင် ယနေ့ အောက်တိုဘာ ၁၉ ရက်နေ့တွင် ဗုံးပေါက်ကွဲမှုနှင့် ထောင်လုံခြုံရေးမျှော်စင်ပေါ်မှ ပစ်ခတ်မှုများကြောင့် ထောင်ဝင်စာလာပို့သူများနှင့် ထောင်တွင်းရုံးထုတ်သို့ လာရောက်သည့် ပြည်သူများ ထိခိုက် သေဆုံးခဲ့ရမှုကို ပြင်းထန်စွာ ရှုတ်ချပြီး တိုက်ခိုက်မှုကို မည်သည့်အစုအဖွဲ့က လုပ်ဆောင်သည် ဖြစ်စေ တာဝန်ခံရမည်ဖြစ်ကြောင်း ၊အင်းစိန်ထောင်သည် မတရားအကျဥ်း ချခံထားရသော နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားများအ တွက် ထောင်ဝင်စာပေးပို့ရန် လာရောက်သည့် မိသားစုဝင်များ၊ ဥပဒေအထောက် အကူပြုပုဂ္ဂိုလ်များ အပါအဝင် အရပ်သားများ အမြဲလှုပ်ရှားသွား လာနေသည့် နေရာဖြစ်ပြီး ထိုသို့ အများပြည်သူသွားလာနေသည့် နေရာမျာ းသည် စစ်ရေးပစ်မှတ်အဖြစ် မသတ်မှတ်သင့်သည့် နေရာများဖြစ်သည်ဟု ယူဆကြောင်း စစ်အာဏာရှင် တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ (AJMM) ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ် ကော်မတီ (GSCN) တို့ ပူးတွဲကြေညာသည်။", "အလားတူ Dark Shadow ၊ HRD ၊ YUG အပါအဝင် မြေအောက် UG အဖွဲ့များက ဗုံးဖောက်ခွဲမှုနှင့် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကို ရှုတ်ချကြောင်း ပြောဆိုထားကြသည်။", "ဓာတ်ပုံ- ယနေ့ ဗုံးပေါက်ကွဲမှုနှင့် စစ်တပ်၏ ပစ်ခတ်မှု ဖြစ်ပွားသော အင်းစိန်အကျဉ်းထောင် ထောင်ဝင်စာ အဆောင်။"]
https://yktnews.com/2022/04/16196/
ရန်ကုန်ရှိ လေတပ်ဝန်ထမ်းအိမ်ရာနှင့် မြောက်ဥက္ကလာလူမှုဝန်ထမ်းရုံးအနီး ဗုံးကွဲပြီး စစ်သား ၁ ဦး သေဆုံးနိုင်၊ ဝန်းသိုတွင် စစ်တပ်အသေကြမ်းပြီး သေဆုံးမှု ၂၆ ဦးအထိရှိ ၊ မြင်းခြံအမှတ် ၁ ရဲစခန်း ဗုံးပစ်ခံရပြီး စစ်သား ၂ ဦးသေဆုံး၊ မတူပီတွင် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံး
["By ရန်ကုန်ခေတ်သစ်", "ရန်ကုန်ရှိ လေတပ်ဝန်ထမ်းအိမ်ရာလုံခြုံရေးကင်းတဲကို ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးနိုင်ကြောင်း မျက်မြင်တွေ့ရှိရသူ ရန်ကုန်မြို့ခံများက ပြောသည်။ဧပြီလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန် အင်းစိန်မြို့နယ်၊ ဂျပန်လမ်းအနီးတွင် ပေါက်ကွဲသံထွက်ပေါ်လာကြောင်း၊ အဆိုပါပေါက်ကွဲမှုသည် လေတပ်ဝန်ထမ်းအိမ်ရာ လုံခြုံရေးကင်းတဲမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး လုံခြုံရေးကင်းတဲမှာ စစ်သား ၁ ဦး ပက်လက်ဖြစ်သွားပြီး ကားပေါ်သို့ ဆွဲတင်နေရမှုကို မြင်တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။“ဒီည ၇ ခွဲလောက်က ထန်းပင်ကုန်းမီးပွိုင့်မှာ မီးပွိုင့်စောင့်နေတုန်း အုန်းဆိုတဲ့အသံအကျယ်ကြီးတစ်ချက်ကြားလိုက်ရတယ်။ ဂျပန်လမ်းထဲရောက်တော့မှ လေတပ်အရာရှိဝန်ထမ်းအိမ်ရာရဲ့ ကင်းတဲပေါ်ကနေ စစ်ခွေးတစ်ကောင်ကို ဆွဲချနေတာတွေ့လိုက်ရတယ်။ ကင်းတဲလည်း ရွဲ့စောင်းသွားတယ်။ တစ်ကောင်တော့ မသာပေါ်သွားပြီထင်တယ်။ဖမ်းဆီးသတင်းတော့ မကြားရဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ထို့ပြင် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဒ (၁၇) ရပ်ကွက် လှော်ကားလမ်းမကြီးပေါ်ရှိ လူကယ်ပြန်ရုံးတွင် တပ်စွဲထားသော နေရာတွင်လည်း ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီ ၂၁ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နောက်ဆက်တွဲ အခြေအနေများ မသိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။မြင်းခြံ အမှတ် ၁ ရဲစခန်း ဗုံးပစ်ခံရပြီး စစ်သား ၂ ဦးသေဆုံး================================မန္တလေးတိုင်းမြင်းခြံမြို့တွင် ဧပြီလ ၂၀ ရက်နေ့တွင် အမှတ် ၁ ရဲစခန်းကို PDF စုပေါင်းတပ်များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးကြောင်း ၊ တိုက်ခိုက်မှုကို MG6 ပြောက်ကျားတပ်(မြင်းခြံ)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ (မြင်းခြံ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် (အမှတ်၅)က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။မတူပီတွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံး=================================ချင်းပြည်နယ်၊ မင်းတပ်-မတူပီလမ်းမတွင် မတူပီအခြေစိုက် ခမရ (၃၀၄)တပ်ရင်းအောက်ခံ စစ်ကောင်စီတပ်နှင့် မတူပီ CDFတို့ ဧပြီလ ၂၀ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၈ဦးသေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။ဝန်းသိုတွင် စစ်ကောင်စီတပ် အသေကြမ်းနေပြီး ၁ပတ်အတွင်း စစ်သား ၂၆ ဦးသေဆုံး==========================================စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ၊ ဂျိုးတောင်ကျေးရွာအနီးဖြစ်ပွားနေသော PDF မဟာမိတ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်များ၏ တိုက်ပွဲများသည် ၁ ပတ်ခန့်ကြာမြင့်လာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၆ ဦးသေဆုံးကြောင်း ကောလင်းခရိုင် PDF တပ်ရင်း ၁ ခေါင်းဆောင်၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သတင်းပေးပို့သည်။“ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက် ၂၀ သေဆုံးတယ်။ အများ အပြားဒဏ်ရာရတယ်။ အတိအကျဆိုရင်တော့ စစ် တပ်က ၂၀ ကျတယ်။ ၄၀ နီးပါး ဒဏ်ရာရတယ်။ တိုက်ပွဲဖြစ်နေတာ ၁ပတ်ခန့်ကြာမြင့်နေပြီ။ ရှေ့ရက်တွေကလည်း စစ်တပ်ဘက်က ၆ဦး လောက်ကျထားတယ်။ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်နေတာပါ။ တိုက်ပွဲဖြစ်နေတဲ့အနားက ရွာပေါင်း ၆ရွာရှိတယ်။ အဲဒီရွာတွေက ပြည်သူ ၁ သောင်းလောက် စစ်ဘေးရှောင် နေရတယ်” ဟု ကောလင်းခရိုင် PDF နှင့်နီးစပ်သော ဒေသသတင်းရင်းမြစ်က ပြောသည်။ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။Photo – Agencies။"]
https://yktnews.com/2022/09/41869/
ရေဖြူ၊ခင်ဦး ၊ ချောင်းဦး၊ မြိုင်၊ တန့်ဆည်နှင့်တမူး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၃ ဦးသေဆုံး
["By ရန်ကုန်ခေတ်သစ်", "ရေဖြူ၊ခင်ဦး ၊ ချောင်းဦး၊ မြိုင်၊ တန့်ဆည်နှင့်တမူး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၃ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။", "တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊သက်ကယ်ကွက်ရွာအနီးတွင် စစ်ကား ၅ စီးကို ယနေ့နံနက်ပိုင်း၊ မိုင်းခွဲတိုက်ခိုက်ပြီး စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့် ထားဝယ်မှကလိန်အောင်ဘက်သို့ ဦးတည်တက်လာခဲ့သော စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့် ရေဦးမြို့အခြေချ ခွေးများ နှင့် ရွာသစ်ကုန်းရွာပျူစောထီးများမှ ခင်ဦးနယ်အနောက်ခြမ်း အင်းပတ်ကျေးရွာ သို့ လက်နက်ကြီးငယ်ပစ်ပြီး ဝင်ရောက်လာမှုကြောင့် ပြည်သူများပိတ်မိနေသည်ဟု သိရသဖြင့် Khin U Support Organization-KSO နှင့် မြို့နယ်ပကဖအဖွဲ့တို့ပူးပေါင်းပြီး ပြည်သူတွေဘေးကင်းရာ ထွက်နိုင်ရန် ၎င်းတို့လာရာ လမ်းပိုင်းအနီး တိုက်မိုင်းများ အချိန်မီ ပြင်ဆင်နိုင်ခဲ့ပြီး ဖောက်ခွဲခဲ့ကြောင်း၊ မိုင်းခွဲမှုကြောင့် စစ်သား ၈ ဦးသေဆုံးသွားကြောင်း သိရှိရသည်။", "တစ်ဖန် ယနေ့ နံနက်၁၀ နာရီ ၃၉ မိနစ်အချိန် အင်းပတ်ကျေးရွာအတွင်း ဝင်ရောက်၍ နေအိမ်များကို မီးတင်ရှို့လာသဖြင့် ကြောင့် မြို့နယ်ပကဖ၊မြို့နယ်တပ်ရင်း နှင့် KSOအပါအဝင် မဟာမိတ်LDF၁၀ဖွဲ့ ပူးပေါင်း၍ အပြန်အလှန်ပစ်ခတ်ကြရာ ၄၂မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ဒရုန်း ၅ စီးဖြင့်လည်း ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း နှင့် အနီးရှိ ရွာသစ်ကုန်းရှိ စစ်တပ်တပ်စခန်းသို့ လည်း ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ Mytel အမြောက်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စစ်သား ၁၁ ဦး ထပ်မံ သေဆုံးကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် Brave Heart Army – BHA က မုံရွာမှ ချောင်းဦးဘက်သို့ ကားရှေ့မီးကြီးများပိတ်ကာ တိတ်တဆိတ်ထွက်လာသည့် အင်အား၄၀ခန့်ပါ စစ်ကား ၂ စီးကို ပဒေသာမိုင်း ၃ လုံးဖြင့် ပွိုင့်နေရာ အရောက်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကား ၂ စီးလုံး ကိုယ်ထည်ပျက်စီးသွားပြီး စစ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၃ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူရွာ) မှ အနောက်ဘက်သို့ စစ်ခွေးနှင့် ပျူစောထီး စုစုပေါင်း အင်အား ၈၀ခန့် စစ်ကြောင်းထိုးထွက်လာရာ ပခုက္ကူခရိုင် အမှတ် ( ၆ ) တပ်ရင်း ( MVRF )နှင့်ဒေသခံကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက် ပစ်ခတ်ခဲ့ကြောင်း၊ ၁၀ မိနစ်ကျော်ခန့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "တန့်ဆည်မြို့နယ် ငှက်ပျောတောရွာ အနောက်ဘက်ရှိ မူးဘောင်တံတားထိပ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တန့်ဆည်PDFတပ်ပေါင်းစုက စက်တင်ဘာလ၂၄ရက် နေ့လယ်၂နာရီခန့်တွင် ရှေ့ထွက်မိုင်းများဆွဲရာ ၄ဦး သေဆုံးပြီး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။", "အင်းနားရွာနှင့် ငှက်ပျောတောရွာကို မီးရှို့ပြီး ရှေ့ဆက်ချီတက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး ရှေ့ပြေးအဖွဲ့ကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း(၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၂၅) TPC၊ KPK၊ PLAနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။", "” ငှက်ပျောတော မူးတံတားထိပ်မှာ ရှေ့ထွက်မိုင်းထိတာ ၄ဦးသေတယ်၊ အဲ့နောက်မှာ ကျနော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ နာရီဝက်လောက်ကြာတယ်၊ အသေအပျောက်များနိုင်တယ်။ ဒီဘက်ကိုမလာခင် ငှက်ပျောတောရွာကို စဝင်တုန်းကလည်း ဒီကောင်တွေ မိုင်း၃ပွိုင့်မိတာ အသေများတယ်ကြားတယ်။ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ ကိုယ့်ဘက်ကတော့ အထိအခိုက်မရှိပါဘူး”ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။", "အဆိုပါ စစ်ကောင်စီတပ်သည် ငှက်ပျောတောရွာသို့ ဝင်ရောက်လာစဉ် ယနေ့နေ့လယ်၁နာရီတွင် တန့်ဆည်မြောက်ပိုင်းပကဖအဖွဲ့ ထောင်ထားသော မိုင်းပွိုင့်၃ခု မိပြီးနောက် နေ့လယ် ၃နာရီခန့်တွင် မိုင်းပွိုင့်၂ခု၊ ‌ညနေ ၄နာရီခန့်တွင် မိုင်းပွိုင့်တစ်ခု ထပ်မိသဖြင့် ထိခိုက်သေဆုံးမှုများနိုင်ကြောင်း တန့်ဆည်မြောက်ပိုင်းပကဖအဖွဲ့ထံမှ သိရသည်။", "ထို့နောက် သစ်တော်ပေါက်(မ)ရွာကို ဝင်ရောက်မီးရှို့နေသော စစ်ကောင်စီတပ်ကို ယနေ့ညနေ ၅နာရီကျော်တွင် PLAအဖွဲ့က ၁၀မိနစ်ခန့် ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့ မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသောစခများနှင့် မဟာမိတ် တပ်ပေါင်းစုများ ဖြစ်ကြသော နေပြည်တော် PDF (BO-804) နေပြည်တော်PDF (BO 805) MBPDF 1001၊ MBPDF 1007၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO 1102 တပ်ရင်း၊ ၊ KNDF၊ KGZ၊ URF များနှင့် တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ စတင်ထိတွေမှုဖြစ်ခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန် အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှာလည်း အသေစားဒဏ်ရာ (၅)ဦး၊ ရရှိခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု မသိရှိရသေးကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို စက်တင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ABSDF ကျောင်းသားတပ်မတော်၊ ကူကီး အမျိုးသားတပ်မတော် – KNA (Burma) နှင့် PDF – CEU တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ကစဉ့်ကလျှား ဆုတ်ခွာ ထွက်ပြေး သွားကြောင်း PDF – CEU တပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2022/10/49683/
အာဆီယံ စစ်ဘက်ဆိုင်ရာ အစည်းအဝေးသို့ မြန်မာစစ်ကောင်စီ တက်ရောက်ရန် ဖိတ်ကြားခဲ့သော ဩစတေးလျကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ
["By ရန်ကုန်ခေတ်သစ်", "လာမည့်နိုဝင်ဘာလအတွင်း ဘရူနိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အဆင့်မြင့် စစ်ဘက် ဆေးဘက်ဆိုင်ရာညီလာခံကို ဩစတေးလျ ကာကွယ်ရေးဝန် ကြီးဌာနက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပါညီလာခံတွင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များကို ဖိတ်ကြားထားမှုကြောင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက “ခွင့်လွှတ်၍မရသော” စစ်ရာဇ၀တ်ကောင်များကို အလျော့ပေးဆက်ဆံသည့် လုပ်ရပ်တခုအနေနှင့် ကန့်ကွက်ရှုတ်ချနေကြသည်။", "အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (ADMM) နှင့် ဆက်စပ် စစ်ဘက်-ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်သူများအစုအဖွဲ့၏ ပူးတွဲဥက္ကဌများအဖြစ် တာဝန်ယူထားသော ဩစတေးလျနှင့် ဘရူနိုင်းနိုင်ငံတို့၏ ဖိတ်ကြားချက်အရ မြန်မာစစ်တပ်သည် Bandar Seri Begawan ၌ နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သုံးရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု သိရှိထားကြောင်း The Weekend Australian မဂ္ဂဇင်းက ဆိုသည်။", "၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့် ADMM-Plus နိုင်ငံပေါင်း ၁၈ နိုင်ငံလုံးပါဝင်သည့် စစ်ဘက်-ဆေးဘက်ဆိုင်ရာ လေ့ကျင့်မှုတစ်ခုအတွက် ကြိုတင်ပြင်ဆင်မှုများ ပါဝင်သည့် အဆိုပါညီလာခံသည် သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell ကို နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်မှုဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။", "သြစတြေးလျပူးတွဲဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် ADMM အလုပ်အဖွဲ့သည် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား၊ အမေရိကန်နှင့် အာဆီယံနိုင်ငံများ ပါဝင်သည့် ADMM-Plus ၁၈ နိုင်ငံများအကြား စစ်ဘက်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတို့ကို မြှင့်တင်အားကောင်းစေရန် ရည်ရွယ်သည်။", "သို့သော် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက အဆိုပါ မြန်မာနိုင်ငံအား ဖိတ်ကြားထားမှုကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုမှုအပါအဝင် သြစတြေးလျနိုင်ငံအနေနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့ပြီး အရပ်သား ၂,၃၅၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့သော မြန်မာစစ်ကောင်စီနှင့် ဘက်ပေါင်းစုံ ထိတွေ့ဆက်ဆံမှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။", "“သြစတြေးလျနိုင်ငံအနေနဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို အပြစ်ပေးခံရခြင်း တစုံတရာမရှိပဲနဲ့ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အခုလိုအစည်းအဝေးတွေ ဖိတ်ကြားတာဟာ ခွင့်လွတ်နိုင်စရာအကြာင်း မရှိပါဘူး” ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့ဖြစ်သော Justice for Myanmar (JFM) မှပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က Weekend Australian သို့ ပြောကြားခဲ့သည်။", "“ဒါဟာ သြစတြေးလျနိုင်ငံအနေနဲ့ စာသင်ကျောင်းတွေကို ဗုံးခွဲတဲ့၊ ကလေးတွေကို သတ်ဖြတ်တဲ့၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ဆေးပညာနဲ့ ထောက်ပံ့ပို့ဆောင်ရေး စွမ်းရည်တွေကို ထက်မြက်အောင် တက်တက်ကြွကြွ ထောက်ပံ့နေတာပဲဖြစ်တယ်”", "“ဒီ (ညီလာခံ) က ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆင်နွှဲနေတဲ့ မြန်မာစစ်တပ်ကို စစ်မြေပြင်မှာ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုတွေကို ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။", "မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ တရားဝင် အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရန်တို့ကို အဆိုပါအဖွဲ့ (JFM) မှ ထပ်မံ တောင်းဆိုခဲ့သည်။", "အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် EU တို့သည် မြန်မာစစ်တပ်၊ အကြီးတန်းခေါင်းဆောင်များ၊ ဆွေမျိုးများနှင့် စစ်တပ်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုများစွာ ချမှတ်ထားသည်။", "မြန်မာစစ်တပ်၏ “အရပ်သားများအပေါ် စနစ်တကျနှင့် ကျယ်ပြန့်စွာ အသုံးပြုသည့် ပြုကျင့်မှုများ” သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသော်လည်း ဩစတေးလျက မသိကျိုးကျွံပြုထားသည်။", "ADMM ပွဲတွင် ပူးတွဲအိမ်ရှင်ဖြစ်ပြီး ဖိတ်ကြားချက်အားလုံးကို ပူးတွဲလက်မှတ်ထိုးထားသည့် သြစတြေးလျနိုင်ငံအနေနှင့် မည်သူမည်ဝါအား ဖိတ်ကြားထားကြောင်း ဆိုသည်နှင့် ပတ်သတ်၍ The Weekend Australian ၏မေးခွန်းအား သြစတြေးလျကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်း မရှိပေ။", "“အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး-Plus (ADMM) အပါအဝင် အာဆီယံ ဖိုရမ်တွေမှာ အဖွဲ့ဝင်အဖြစ်နဲ့ တက်ရောက်တာကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အာဆီယံ ပရိုတိုကောနှင့် ကိုက်ညီပါက ဘရူနိုင်းနိုင်ငံ၌ လာမည့်လ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပမည့် စစ်ဘက်ဆိုင်ရာ ဆေးလုပ်ငန်းအဖွဲ့အတွက် ပူးတွဲဖိတ်ကြားချက်ကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ADMM-Plus အဖွဲ့ဝင်အားလုံးထံ ပေးပို့ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။", "သြစတေးလျသည် ရုရှား၏ ယူကရိန်းကို ကျူးကျော်မှုနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်ပတ်သက်၍ ၎င်း၏စိုးရိမ်ပူပန်မှုများကို မှတ်တမ်းတင်ဖော်ပြရန်အတွက် အာဆီယံကာကွယ်ရေးဖိုရမ်များကို စဉ်ဆက်မပြတ်အသုံးပြုခဲ့သည်။", "အာဆီယံအနေနှင့် မြန်မာစစ်ကောင်စီ၏ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရန် ငြင်းဆန်မှုကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များကို အဆင့်မြင့်အစည်းအဝေးများမှ ဖယ်ထုတ်ထားသော်လည်း၊ (စစ်ကောင်စီ) ကာကွယ်ရေးအရာရှိများမှာမူ ADMM အစည်းအဝေးများသို့ ဆက်လက်တက်ရောက်ခွင့် ရနေသည့်အတွက် ယခုကဲ့သို့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရခြင်းလည်း ဖြစ်သည်။", "ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာသိမ်းပြီး ငါးရက်အကြာတွင် ဖမ်းဆီးခံခဲ့ရသော ၎င်း၏ နှစ်ရှည်စီးပွားရေးအကြံပေး ပါမောက္ခ တာနဲလ် အပါအ၀င် အနည်းဆုံး လူပေါင်း ၁၂,၆၄၃ ဦးကို မြန်မာစစ်ကောင်စီက ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။", "၎င်း၏ ဆက်လက်အကျဉ်းချခံရမှုသည် မြန်မာစစ်ကောင်စီအပေါ် အစိုးရ (သြစတေးလျ) က ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တွန့်ဆုတ်နေရသည့် အဓိကအကြောင်းရင်းဖြစ်သည်ဟု ယူဆရသည်။", "(The Australian ပါ AMANDA HODGE ၏ “Activists savage Defense department for hosting Myanmar junta” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်သည်)"]
https://yktnews.com/2022/07/24007/
သင်္ဃန်းကျွန်း၊ မိုးမောက်၊ ကျိုက်ထို၊ ပခုက္ကူ၊ ကျောက်ဆည်၊ မြင်းခြံနှင့်ရေနံချောင်း တွင် ရဲတပ်သား၊ စစ်မှုထမ်း ဟောင်း၊ စစ်တပ်ထောက်ခံသူနှင့်သတင်း ပေး၊ ရာအိမ်မှူး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး ၇ ဦး သေဆုံး
["By ရန်ကုန်ခေတ်သစ်", "သင်္ဃန်းကျွန်း၊ မိုးမောက်၊ ကျိုက်ထို၊ ပခုက္ကူ၊ ကျောက်ဆည်၊ မြင်းခြံနှင့်ရေနံချောင်းတွင် ရဲတပ်သား၊ စစ်မှုထမ်း ဟောင်း၊ စစ်တပ်ထောက်ခံသူနှင့်သတင်းပေး၊ ရာအိမ်မှူး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး ၇ ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ရန်ကုန်၊ သင်္ဃန်းကျွန်းတွင် စစ်တပ်သတင်းပေး ရာအိမ်မှူး ၂ ဦး အသတ်ခံရ", "==========================================", "ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင်း စစ်တပ်အတွက် သတင်းယူပေးနေသည့် ရာအိမ်မှုးရဲထွဋ်နှင့် ဇော်ထွန်းတို့ ယမန်နေ့ နံနက်ပိုင်း လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဇူလိုင်လ ၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ရန်ကုန်သစ်ရပ်ကွက် အောင်ဇေယျ (၅) လမ်းထိပ်က ရွှေကျား လက်ဖက် ရည်ဆိုင်တွင် ထိုင်နေစဉ် စစ်တပ်အတွက် သတင်းပေး ရာအိမ်မှုးနှစ်ဦးပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။", "မိုးမောက်တွင် အငြိမ်းစား တပ်ကြပ်ကြီး ထွန်းလင်း ပစ်ခတ်ခံရပြီး သေဆုံး", "=========================================", "ကချင်ပြည်နယ် မိုးမောက်မြို့နယ် မိုင်းခတ်ကျေးရွာအနီး ရွှေအိမ်စည် စားသောက်ပိုင်ရှင် အငြိမ်းစား တပ်ကြပ်ကြီး ထွန်းလင်းကို ဇူလိုင်လ ၆ ရက်နေ့က အမည်မသိ သေနတ်သမားများ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။", "သေဆုံးသူ အငြိမ်းစား တပ်ကြပ်ကြီး ထွန်းလင်းသည် ယာဘက်လက်ပြင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးအထက်မှ အရှေ့ဝမ်းဗိုက်အထိ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ပခုက္ကူမှ ပျူစောထီးစန်းထွန်းအောင် အသတ်ခံရ", "===========================", "ပခုက္ကူ မြို့နယ် ကိုးပင်ကျေးရွာနေ ပျူစေားထီး စန်းထွန်းအောင်ကို တိကျမှန်ကန်သော အထောက်ထားများနှင့် သတင်းအချက်အလက်များအရ ဇူလိုင် ၈ ရက်နေ့တွင် ရှေ့ပြေး ကင်းထွက်လာစဉ် ရှင်းလင်းလိုက်ကြောင်းတော်ဝင်ကာကွယ်ရေးတပ်ဖွဲ့ (R.D.F)က သတင်းထုတ်ပြန်သည်။", "ကျောက်ဆည်တွင် စစ်ကောင်စီခန့် ဇရပ်ဖြူးကျေရွာအုပ်ချုပ်ရေးမှူး အောင်စိုးလင်း အသတ်ခံရ", "===========================================", "မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ဇရပ်ဖြူ ကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်စိုးလင်းသည် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီတွင် ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရှိရသည်။", "“အောင်စိုးလင်းက သူ့သမီးကျောင်းသွားကြိုရင်း ညနေ ၃ နာရီလောက် EPC ရုံး လမ်းမှာ သေနတ်နဲ့ ၄ချက်ပစ်လိုက်တယ်။ ဘယ်အဖွဲ့စည်းက လုပ်တယ်မှန်းမသိဘူး။ အလောင်းကိုတော့ ဆေးရုံသယ်သွားတယ်” ဟု ဒေသခံတစ်ဦက ပြောဆိုသည်။", "ရေနံချောင်းတွင် စစ်တပ်အတွက် ရိက္ခာပေးသူ ကျော့ခိုင်း အသတ်ခံရ", "=========================================", "Caf-Spupdfမြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့က မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ယာကြီးပြင်အဝင်တွင် စစ်တပ်ထောက်ခံပြီး ကျေးရွာသို့ စစ်တပ်ခေါ်ကာ ရမ်းကားသူ၊ ရေနံခိုးထုတ်သူ အသက် ၄၀ အရွယ် ကျော့ခိုင်ကို ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် စစ်တပ်အတွက် ထမင်းသွားပို့စဉ် ရှင်းလင်းပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ကျိုက်ထိုတွင် ရဲတပ်သား ကျော်သက်ပိုင် အပစ်ခံရ", "============================", "အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ၊ ကဒက်ချောင်းအနီးတွင် ရဲတပ်သား ကျော်သက်ပိုင်ကို အမည်မသိ သေနတ်သမားများက ယနေ့ ဇူလိုင်လ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution and Information Network အဖွဲ့ထံမှ သိရသည်။", "ပစ်ခတ်ခံရသော ရဲတပ်သား ကျော်သက်ပိုင်သည် ကင်မွန်းချောင်းကျေးရွာအနီးရှိ ၎င်း၏ အမေဆိုင်တွင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခြေထောက်နှင့် ဦးခေါင်းတို့တွင် သေနတ်ကျည် ထိမှန်ကာ ကျိုက်ထိဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။", "” သေတယ်လို့လည်းကြားတယ်။ မသေဘူးလည်း ကြားတယ်ဗျ အတည်ပြုလို့တော့ မရသေးဘူး မနက်ဖြန်ဆိုရင်တော့သိရမှာပါ။ သေရင်တော့ နာရေးအိမ်ဖြစ်မှာပေါ့။ သူက ကင်မွန်းချောင်းအနီး စစ်ဆေးမှုတွေမှာ ပါတတ်တယ်လို့ သိရတယ်။ နယ်မြေခံ ရဲစခန်းကပဲ ဖြစ်နိုင်တယ်။", "သူ့က အာဏာသိမ်းခါစ ဒါမှမဟုတ် အာဏာ မသိမ်းမှီလောက်ကမှ ရဲဖြစ်တာထင်တယ်။ ဘယ်စခန်းကဆိုတာကတော့ အတည်မပြုနိုင်သေးဘူး” ဟု Kyaikhto Revolution and Information Network အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "မြင်းခြံတွင် စစ်တပ်သတင်းပေး ကျော့ခိုင် အသတ်ခံရ", "=============================", "မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာမှ စစ်ကောင်စီသတင်းပေး သံ ချောင်း ကို ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် အမည်မသိလူတချို့က ပစ်ခတ်ရာမှ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/175046/
သမ္မတရာထူး ၁၀ နှစ်အထိ တာဝန်ယူလိုရတယ်လို ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ မင်းအောင်လှိင် နောက်ဆုံးမှာ ယာယီ သမ္မတရာထူး ရယူ
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ မဲစာရင်းမှားယွင်းမှုကြောင့် အာဏာထိန်းတယ်ဆိုတဲ့ စကားကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက တွင်တွင်ကျယ်ကျယ် ပြောခဲ့ပေမယ့်လည်း အာဏာသိမ်းမှု ၃ နှစ်ခွဲလာချိန်မှာတော့ ယာယီသမ္မတရာထူးနဲ့တာဝန်တွေကို ရယူလိုက်ပါတယ်။", "အရင်ကတည်းက သမ္မတရူးရူးနေတဲ့ မင်းအောင်လှိင်ဟာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ဘယ်သူမှ ရွေးကောက်တင်မြှောက်တာမရှိဘဲ သူ့ကိုယ်သူ ယာယီသမ္မတရာထူးတာဝန်ကို လွှပြောင်းရယူတာပါ။ သူ ယာယီသမ္မတရာထူး လွှပြောင်းရယူမှုက ဖွဲစည်းပုံ အခြေခံဥပဒေမှာလည်း ပြဋ္ဌာန်းချက်မရှိသလို သူ့ကိုယ်သူ သမ္မတရာထူး ပြန်လည် အပ်နှင်းခြင်းလည်းဖြစ်ပါတယ်။", "ဒါ့အပြင် သမ္မတရာထူးတာဝန်ကို နောက်ထပ် ၁၀ နှစ်အထိ လုပ်ဖိုရှိနေတယ်ဆိုတာ နိုင်ငံတကာကို သူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။", "၂၀၀၈ အခြေခံဥပဒေ ပါ ပုဒ်မတွေအရ အကြမ်းဖက်စစ်ကောင်စီက ရွေး ကောက်ပွဲကျင်းပကာ နိုင်တဲ့သူကို အာဏာလွှပေးမယ်လို အဓိပ္ပာယ်မဲ့စကားတွေ မင်းအောင်လှိင် ပြောနေပေမယ့်လည်းအခြားတစ်ဘက်မှာ သူ့အနေနဲ့ အခြေခံဥပဒေအရ သမ္မသက်တမ်း ၂ ကြိမ် စုစု ပေါင်း ၁၀ နှစ် လုပ်လိုရတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့မှာပဲ ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်။", "အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိင်က ဥပဒေကြောင်းအရ မြန်မာ နိုင်ငံသမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်ကာလ အဖြစ် တာဝန်ယူ ဆောင် ရွက်နိုင်တယ်လို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။", "အကြမ်းဖက် မင်းအောင်လှိင်က လက်ရှိ သူ့အနေနဲ့ နိုင်ငံကို မည်ကဲ့သို တိုးတက်ကောင်းမွန်အောင် ဆောင် ရွက်မယ် ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်ဖွံဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်၀သည့်နိုင်ငံဖြစ်လာရန် လာမယ့် ကာလမှာ အထွေ ထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မယ့် အစိုးရ အဖွဲ က ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလ အဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ကြောင်း၊ မင်းအောင်လှိင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။", "အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ မင်းအောင်လှိင်က သူကိုယ်တိုင် သမ္မတလုပ်မယ့် သဘော ပုံစံမျိုးတွေ လုံး ထွေး ပြောဆိုခဲ့တာဖြစ်တဲ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရာထူးဟာ ၅ နှစ် ၂ ကြိမ် စုစုပေါင်း ၁၀ နှစ် တာဝန်ထမ်းဆောင်နိုင်တယ်လို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzerကို ပြောဆိုခဲ့တာပါ။", "အကြမ်းဖက် စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ သတင်း စာရှင်းလင်းပွဲ လုပ်ပြီး စစ်တပ်အနေနဲ့ “အာဏာ မသိမ်းဘူးလို မှတ်ယူလို မရဘူး” ဆိုတဲ့ အဓိပ္ပာယ်မျိုးစုံထွက်တဲ့ စကားတွေ ပြောပြီး အာဏာကို တကယ် လက်တွေ့ သိမ်းယူခဲ့ပါတယ်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ သူအာဏာရရှိရေးအတွက် လူထု ရွေးကောက်ခံ အစိုးရဆီက အာဏာသိမ်းယူပြီး ပြည်သူထောင်ချီ သတ်ဖြတ် ၊ သောင်းချီ ထောင်သွင်းအကျဉ်းချကာ တစ်နိုင်ငံလုံးကို ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သူ့လုပ်ရပ်နဲ့ အပြုအမူတွေက အချိန်ကြာလာတာနဲ့အမျှ ထင်ရှားပေါ်လွင် လာနေတာလည်းဖြစ်ပါတယ်။", "“သူ မလုပ်ရဲတာ မရှိဘူး” လို ပြောဆိုခဲ့တဲ့ မင်းအောင်လှိင်က သူ့အာဏာ အတွက် အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာကို လည်း ဂရုမစိုက်တဲ့အပြင် နောက်ထပ် မတရား ဖမ်းဆီး သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုတွေ ဆက်လက် လုပ် ဆောင်မယ့် သဘောထားတွေကိုလည်း ဆက်လက် ပြသနေတာဖြစ်ပါတယ် ။", "မင်းအောင်လှိင်ဟာ သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ပြီး သမ္မတ မင်းအောင်လှိင်ဆိုတဲ့ အရှက်မရှိ သိက္ခာမဲ့စွာ ပြည်သူတွေကို ဆက်လက်ဒုက္ခပေး၊ နိုင်ငံကို ရေတိမ်နစ်အောင် ဆက်လက်လုပ်ဆောင်မှာကတော့ အသေအချာဖြစ်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/01/142842/
စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ ၊ BGF များ ဘက်ပြောင်းချိန်တန်ပြီ (သို့မဟုတ်) စစ်တပ်ကို သစ္စာခံခဲ့သော်လည်း ကိုးကန့် ပြည်သူ့စစ်ခေါင်း ဆောင် ပယ်ဆောက်ချိန်နှင့်အဖွဲ့ ကို တရုတ်ထံ စစ်ကောင်စီက လွှဲပေးခဲ့
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ဟာ သူတို့ အာဏာနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ဘာမဆိုလို လုပ်ဖို့ အဆင့်သင့်ပဲဆိုတာကို ယမန်နေ့ညပိုင်းမှာ သက်သေပြလိုက်ပါတယ်။", "၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ညပိုင်း စစ်ကောင်စီက တရုတ် အစိုးရက ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့် ကျားဖျန့် အဓိက တရားခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ အဖွဲ့ကို နေပြည်တော်လေဆိပ်မှာ တရုတ်အစိုးရထံ စစ်ကောင်စီက လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။", "စစ်ကောင်စီက အခုလွှဲပေးလိုက်တဲ့ ကျားဖျန့် အဓိက တရားခံ ဆိုသူ ပယ် ဆောက် ချိန်ဟာ စစ်တပ်ကို သစ္စာခံခဲ့သူ၊ စစ်တပ်အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့သူ ကိုးကန့် တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။", "ပယ်ဆောက်ချိန်က ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ဦးဆောင်မှု အောက်ကနေ ခွဲထွက်ခဲ့ချိန်ကနေ ၂၀၀၉ ဩဂတ် ၂၅ ရက်နေ့အထိ နဝတ စစ်အစိုးရနဲ့ ပထမဦးဆုံး အပစ်အခတ်ရပ်စဲခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ အဓိက ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကိုးကန့် တပ်ဖွဲ့မှာ ဖုန်ကျားရှင် က စစ်ဦးစီးချုပ် ဖြစ်ပြီး ပယ်ဆောက်ချိန် က ဒုတိယ စစ်ဦးစီးချုပ် တာဝန်ယူခဲ့တာပါ။", "၂၀၀၉ ခုနှစ်ထဲမှာ နအဖ စစ်အစိုးရက အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လုပ်ခိုင်းတဲ့အချိန်မှာ ဖုန်ကျားရှင် နဲ့ ပယ်ဆောက်ချိန် တို့ အမြင်မတူကြတော့ပါဘူး။ ထိုစဉ်တုန်းက ပယ်ဆောက်ချိန်က ဖုန်ကျားရှင်းကို အသိမပေးဘဲ နအဖ စစ်အစိုးရနဲ့ ပူးပေါင်းပြီး ကိုးကန့်ဒေသကို ရုတ်တရက် အာဏာသိမ်းယူခဲ့ပါတယ်။", "ထိုစဉ်က ကိုးကန့်တပ်ဖွဲ့ ဥက္ကဌ စစ်ဦးစီးချုပ် ဖုန်ကျားရှင်း နဲ့ သစ္စာခံ တပ်တွေဟာ အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရပြီး အကျအဆုံး များပြားခဲ့ပါတယ်။ လက်ရှိ MNDAA စစ်ဦးစီးချုပ် ဖုန်တယ်ရန်ကလည်း ဖခင် ဖုန်ကျားရှင်နဲ့အတူ စစ်တပ်နဲ့ပူးပေါင်းတဲ့ ပယ်ဆောက်ချိန်တို့အဖွဲ့ကို အလူးအလဲ ခံတိုက်ခဲ့ပါတယ်။", "အခု MNDAA က ပြန်လည် သိမ်းယူထားပြီ ဖြစ်တဲ့ လောက်ကိုင် -ရန်လုံကျိုင်း နယ်စပ်ဂိတ် နယ်ခြားကူး တံတားမှာ နောက်ဆုံးအချိန်အထိ ဖုန်ကျားရှင်နဲ့ တပ်တွေက စစ်တပ်နဲ့ပူးပေါင်းသွားတဲ့ ပယ်ဆောက်ချိန်ကို ခုခံ တိုက်ခိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာ ဖုန်ကျားရှင်နဲ့ တပ်တွေက အရှုံးများစွာနဲ့ ဆုတ်ခွာပြီး လက်ကျန် သစ္စာခံ ရဲဘော်တွေနဲ့ ဆုတ်ခွာ တပ်ဖျောက်နေခဲ့ရပါတယ်။ ‌", "အဲဒီနောက်မှာ ပယ်ဆောက်ချိန်က ၂၀၀၉ ဩဂုတ် ၂၅ ရက်နေ့က စပြီး ကိုးကန့် အထူးဒေသ(၁) ဥက္ကဌ ၊ ကိုးကန့် ပြည်သူ့စစ်တပ်ရဲ့ စစ်ဦးစီးချုပ် တာဝန်ယူခဲ့ပါတယ်။ နအဖ စစ်အစိုးရခေတ်ကနေ အခု စစ်ကောင်စီ စစ်အစိုးရခေတ်အထိ နိုင်ငံရေး ရော စစ်ရေး အရပါ အကျိုးတူ မိတ်ဖက်တွေ ဖြစ်ခဲ့ကြပါတယ်။ ၁၄ နှစ်အကြာ အကြမ်းဖက် စစ်တပ်အတွက် ပယ်ဆောက်ချိန်က အမှုထမ်းပြီး အကျိုးဆောင်ခဲ့သူ စစ်တပ်သစ္စာခံတစ်ဦးဖြစ်ခဲ့ပါတယ်။", "လက်ရှိအချိန်မှာတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ထိုးစစ်တွေ ဆက်လက်မရှိစေရေးအတွက် ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန်နဲ့ အဖွဲ့ကို တရုတ် လက်ထဲ ထိုးအပ်လိုက်ပါပြီ။", "တရုတ်ရဲတွေကို နေပြည်တော်လေဆိပ် မြေနင်းစေပြီး စစ်တပ်က အမြဲတမ်း ဟစ်ကြွေးနေတဲ့ အချုပ်အခြာအာဏာဆိုတာကို ထိခိုက်ခံလို့ ပယ်ဆောက်ချိန်ကို တရားဝင် လွှဲအပ်ပေးလိုက်ပါတယ်။", "ဒီနေရာမှာပြောချင်တာက စစ်ကောင်စီရဲ့ “ကမ္ဘာမီးလောင် သားတောင်ချနင်း” လုပ်ရပ်ကို ပြောချင်တာပါ။ စစ်ကောင်စီဟာ ဘယ်တုန်းကမှ သူတစ်ပါး အကျိုးအတွက်ဆိုတာမျိုး မတွေးတော၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာကို နားမလည်ပါဘူး။ သူ့အတွက် အကျိုးရှိရင် မည်သူ့ကိုမဆို အသုံးပြုပြီး သူ့အကျိုးစီးပွားနဲ့ သူ့ရပ်တည်ရေး ထိခိုက် လာမယ်ဆိုရင် ဘယ်လိုလုပ်ရပ်မျိုးမဆို လုပ်မယ့် အယုတ်တမာ စိတ်ဓာတ်ရှိတယ်ဆိုတာပါပဲ။", "စစ်တပ်မှာ ရဲဘော်ရဲဘက် စိတ်ဓာတ်ဆိုတာမရှိဘဲ အတ္တတွေနဲ့ တည်ဆောက်ထားတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်တွေဟာ သူတို့ အာဏာ တည်မြဲရေးနဲ့ သူတို့မိသားစုတွေ ချမ်းချမ်းသာသာ နေထိုင်ရေး အတွက် သူတို့ရဲဘော်တွေရဲ့ အသက်တွေကိုတောင် စစ်မြေပြင်မှာ စတေးနေပါတယ်။", "ပယ်ဆောက်ချိန်ရဲ့ ဖြစ်စဉ်ကို ကြည့်ရင် စစ်တပ်က သူ့ကို ဘယ်လောက်ပဲ သစ္စာခံပါစေ သူ့အကျိုးစီးပွားကို ထိခိုက်လာရင် သစ္စာခံ ဖြစ်ပါစေဦးတော့ ထိုးကျွေးပြီး မျက်နှာလွှဲ ခဲပစ် သေချင်သလို သေ၊ ငါနဲ့မဆိုင်ဘူးဆိုတာမျိုး လုပ်တတ်တာပါ။", "လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးလည်း ပယ်ဆောက်ချိန်ရဲ့ ဖြစ်ရပ်ကို နမူနာယူကြဖို့လိုပါတယ်။", "မြန်မာစစ်တပ်နဲ့ စစ်ကောင်စီဟာ အာဏာတည်မြဲရေးနဲ့ သူတို့ထိပ်ပိုင်း မိသားစုတွေ ချမ်းသာနေဖို့ အရေး မည်သူ့ကိုမဆို ချနင်းဖို့ အသင့်ရှိနေတယ်ဆိုတာကို သိမြင်ပြီး ပြည်သူ့စစ်၊ နယ်ခြားစောင့် BGF ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ အချိန်မီ စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ဘက်တော်သားတွေဆီကို အမြန်ဆုံး ဘက်ပြောင်းသင့်နေပြီလို့ ဆိုချင်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #BGF"]