url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/02/87974/
KNU တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများကို စစ်လေယာဉ်များ ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းများ အပါအဝင် လူနေအိမ်များ၊ တန်ဖိုးရှိ ပစ္စည်းများ အများအပြား မီးလောင်ပြာကျ
["KNU တပ်မဟာ ၅ နယ်မြေရှိ ကျေးရွာများကို စစ်လေယာဉ်များ ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းများ အပါအဝင် လူနေအိမ်များ၊ တန်ဖိုးရှိ ပစ္စည်းများ အများအပြား မီးလောင်ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က ၂ ရက်ဆက်တိုက် စစ်လေယာဉ် ၆ စင်းဖြင့် ဗုံးကျဲမှု စာသင်ကျောင်းများ အပါအဝင် လူနေအိမ် အများအပြား မီးလောင်ပြာကျသွားခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။", "စစ်ကောင်စီတပ်များက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၂ ရက်တာကာလ ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း ၊ ယင်းသို့ ဗုံးကျဲမှုကြောင့် စာသင်ကျောင်းနှင့် ပြည်သူများ၏ လူနေအိမ်အများအပြား ပျက်စီး မီးလောင် ပြာကျသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ပထမနေ့အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီ အချိန် အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၃ စင်းက KNU တပ်မဟာ ၅ နယ်မြေ၊ လူသောမြို့နယ်၊ ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး ၆ လုံး လာရောက် ကျဲချခဲ့သဖြင့် နေအိမ် ၆ လုံး ထိမှန် မီးလောင် ပြာကျပျက်စီးသွားကြောင်း သိရှိရသည်။", "ဒုတိယနေ့အဖြစ် ဖေဖော်ဝါရီလ‌ ၁၅ ရက်နေ့ည ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၃ စင်းက KNU တပ်မဟာ ၅ နယ်မြေ လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု ၊ ထော့ထီးပယ်ကျေးရွာကို တိုက်လေယာဉ်တစ်စင်းလျှင် ဗုံးသီး ၂ လုံးနှုန်းဖြင့် စုစုပေါင်း ဗုံးသီး (၆)လုံး လာရောက်ကျဲချကြောင်း သိရှိရသည်။", "ဒုတိယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် ထော့ထီးပယ်ကျေးရွာမှ အဆောက်အဦး ၇ လုံးပါရှိသည့် စာသင်ကျောင်း ဧရိယာတစ်ခုလုံး၊ နေအိမ် ၆ လုံး၊ ဈေးဆိုင် ၃ ဆိုင်နှင့် စပါးကျီ ၂ လုံးအားထိမှန်ကာ မီးလောင်ပြာကျသွားကြောင်း၊ လယ်ထွန်စက် ၄ စီး၊ ဆိုင်ကယ် ၂ စီး၊ ဆန်စက်၁ လုံးလည်း ထိခိုက်ပျက်စီးသွားပြီး စုစုပေါင်းကာလတန်ဖိုး ထိုင်းဘတ်ငွေ ၃ သန်းဖိုးကျော် ဆုံးရှုံးသွားခဲ့ကြောင်း KNU သတင်းထုတ်ပြန်သည်။"]
https://yktnews.com/2023/12/136562/
KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော မိုလိုကျိုးနှင့် စော်ထာ တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်မှုတွင် စစ်သား အလောင်း ၇၀ နှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
["KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော မိုလိုကျိုးနှင့် စော်ထာ တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်မှုတွင် စစ်သား အလောင်း ၇၀ နှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်က အခိုင်အမာ တပ်စွဲထားသော မိုလိုကျိုးနှင့် စော်ထာ တပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာတွင် စစ်သား အလောင်း ၇၀ နှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့​ကြောင်း KNU-မူတြော် က တရားဝင် သတင်းထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် KNLA-ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်မဟာ စစ်သည်တော်များနှင့်အတူ ကရင်နီအမျိုးသား တိုးတက်ရေး တပ်မတော်(KNPP)နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်မတော် (KNPLF) တို့က ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်၏ ခလရ ၅၇ တပ်စခန်းဖြစ်သည့် မိုလိုကျိုး (ခေါ်) ဖဲထာစခန်းနှင့် စော်ထာစခန်းတို့ကို တပြိုင်တည်း တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက် ချေမှုန်းမှု အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးနေသော စစ်သား ၇၀ ဦး၏ အလောင်းများကို တွေ့ရှိကာ စစ်သား အနည်းငယ်မျှသာ ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေး လွတ်မြောက်သွားနိုင်ဖွယ်ရှိနိုင်ကြောင်းသိရသည်။", "ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ ရဲဘော် ၅ ဦး တိုင်းပြည်နှင့် လူမျိုးများအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်းသိရှိရသည်။", "ယင်း စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ ၈၁ မမ စိန်ပြောင်း ၁ လက် ၎င်းကျည် ၁၂ လုံး ၊ RPG-7 ၁ လက် ယမ်းတောင့် ၄၀ တောင့်နှင့် ၎င်းကျည်ဖူး ၃၈ လုံး ၊ K-3 မော်တာ ၃ လက်၊ K-3 ၁၆ လက် ကျည်ဘောက် ၄၅ ချပ်နှင့် ၎င်းကျည် ၁၄၁၇၇ တောင့် ၊ G-3 ၁ လက် ၊ စက်လတ် ၁ လက်နှင့် ၎င်းကျည် ၁၇၈ တောင့် ၊ BKM စက်လတ် ၁ လက်နှင့် ၎င်းကျည် ၉၄၆ တောင့် ၊ အသေးစား စက်လတ် ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်နှင့် ၎င်းကျည်ဖူး ၈ လုံး၊ 60mm Long Range ကျည်ဖူး ၈ လုံး၊ ၉ မမ ပစ်စတို ၂ လက်၊ ခွင်းဗုံး ၁၇ လုံး ၊ လက်ပစ်ဗုံး ၁၂ လုံး၊ 14 mm နင်းမိုင်း ၉၁ လုံး၊ 16 mm နင်းမိုင်း ၁၂ လုံး၊ တိုက်မိုင်း ၁၂ လုံး၊ Nato စက်လတ်ကျည် ၅၅၀၀ တောင့်၊ ရှေ့ထွက်မိုင်းပြား ၈ ချပ်၊ မိုင်းရှင်းစက် ၁ လုံး၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် ဒရုန်းပစ် သေနတ် ၁ လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လာရောက်တပ်စွဲထားသော မိုလိုကျိုးနှင့် စောထတပ် စခန်းများသည် ကရင်-ကရင်နီ နယ်စပ် ကရင်ပြည်နယ် အပိုင်တွင်တည်ရှိကာ ၁၉၉၂ ခုနှစ်မှ စတင်ပြီး ၃၁ နှစ်ကြာမျှ မတရားနယ်မြေ သိမ်းပိုက်ကာ အခိုင်အမာ တပ်စွဲထားပြီး ထိုဒေသအတွင်းရှိ ဌာနေပြည်သူများ ကူးလူးသွားလာသည့်အခါတိုင်းတွင် စားနပ်ရိက္ခာများ အဓမ္မ တောင်းရမ်းစားသောက်ခြင်းနှင့် စစ်ဆေးခြိမ်း‌ခြောက်ခြင်းများ နေ့စဥ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "မိုလိုကျိုးနှင့် စော်ထာ တပ်စခန်းမှ ထွက်ပြေး လွတ်မြောက်သွားသည့် ခလရ ၅၇ တပ်သားများသည် သံလွင်ကမ်းနားနှင့် အတော်အလှမ်းအကွာ‌ရှိ ကော်ဝေကျိုးတွင် တပ်စွဲထားသည့် ခမရ ၄၄၀ တပ်များနှင့် ပြန်ရောက်ပူးပေါင်းသွားကြောင်း သိရသည်။"]
https://yktnews.com/2023/02/89420/
KNU တပ်မဟာ ၅ နယ်​မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအ​လောင်း ၁ ​လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိ
["KNU တပ်မဟာ ၅ နယ်​မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအ​လောင်း ၁ ​လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ ​ဖေ​ဖော်ဝါရီ ၂၅", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်​မြေတွင် စစ်တပ်နှင့် BGF စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအ​လောင်း ၁ ​လောင်းနှင့် လက်နက် ၂ လက် သိမ်းဆည်းရမိ​ကြောင်း ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော်(BPLA)မှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။", "ယ​နေ့နံနက် ၆ နာရီအချိန် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များက KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီနှင့် BGF ပူးတွဲနေထိုင်သော တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်​ကြောင်းသိရှိရသည်။", "တိုက်ပွဲမှာ မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးကြပြီး နာရီဝက်ခန့်အကြာတွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့​ကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း စစ်သားအ​လောင်းအလောင်းတစ်လောင်း၊ လက်နက်(၂)လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့​ကြောင်း၊ တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/166475/
KNU တပ်မဟာ ၆ ထိန်းချုပ် နယ်‌မြေအတွင်း စစ်တပ်မှ တပ်ထောက်ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၇၀ ချီးမြှင့်
["KNU တပ်မဟာ ၆ ထိန်းချုပ် နယ်‌မြေအတွင်း စစ်တပ်မှ တပ်ထောက်ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၇၀ ချီးမြှင့်", "ရန်ကုန်၊ ဇွန် ၇", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ် နယ်‌မြေအတွင်း စစ်တပ်မှ တပ်ထောက်ဗိုလ်ကြီး အဆင့်ရှိသူ ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း KNU−ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။", "ဇွန်လ ၇ ရက်နေ့တွင် မော့ကနင် အခြေစိုက် စကခ-၁၉ လက်အောက်ခံ ခလရ-၁၀၆ တပ်ရင်းမှ တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် သည် KNLA – တပ်မဟာ ၆ ထံ လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ထောက်ပံ့ငွေ ငွေကျပ် သိန်း ၇၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "အလင်းဝင်လာသော တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် သည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၁၃၀ တောင့်၊ MA-5 ပစ္စတို သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု ၊ ကျည် ၁၁ တောင့် နှင့် အီနာဂါ ဗုံးသီး ၄ လုံး ယူဆောင်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။", "KNU ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ ထိန်းချုပ် နယ်မြေအတွင်း နေရာအနှံ့ တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း အများအပြားကို KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားပြီး လူအင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ ကျဆင်းလာသည့်အတွက် KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များသည်လည်း အထက်အမိန့်ကို ဖီဆန်၍ KNU ကရင် အမျိုးသား အစည်းအရုံး – K.N.L.A – တပ်မဟာ ၆ ထံ အများအပြား လာရောက်ပူးပေါင်းခြင်းများရှိကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ် အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့် ထောက်တိုင်မှန်သမျှကို ဆန့်ကျင်ရန်နှင့် စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မတရားဖိနှိပ်အုပ်ချုပ်နေသော စစ်တပ်ကို စွန့်ခွာ၍ KNU – ကရင် အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများ၏ ရင်ခွင်ကို စိတ်ရင်းဖြင့် လာရောက်ပူးပေါင်းကြရန် KNU ဒူးပလာယာခရိုင် – ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/08/117662/
KNU တပ်မဟာ ၆ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသော တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ စစ်သား ၂ ဦးကို ဆုငွေ ထိုင်းဘတ် ငါးသောင်းစီ ချီးမြှင့်
["KNU တပ်မဟာ ၆ ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသော တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ စစ်သား ၂ ဦးကို ဆုငွေ ထိုင်းဘတ် ငါးသောင်းစီ ချီးမြှင့်", "ရန်ကုန်၊ သြဂုတ် ၁၀", "ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်တွင် တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈မှ စစ်သား ၂ ဦး လက်နက်နှင့် အလင်းဝင်လာသောကြောင့် တစ်ဦးလျှင် ဆုငွေ ဘတ် ၅၀၀၀၀ ချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင် ၃၆ နှစ်နှင့် တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့သည် KNLA – ပူးပေါင်းတပ်ဖွဲ့ထံကို လာရောက် ပူးပေါင်းခဲ့ သော ကြောင်း KNLA – ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။", "အလင်းဝင်လာသော စစ်သား ၂ ဦးသည် 60mm ကွန်မန်ဒို စိန်ပြောင်း (၁) လက်၊ 60mm ကျည် (၅) လုံး၊ MA-2 (၁) လက်၊ ကျည်ဘောက် (၅) ဘောက် နှင့် MA-2 ကျည် (၁၅၀) တောင့်တို့ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်သား ၂ ဦးသည် အကြမ်းဖက် စစ်တပ်၏ မတရား ဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်၍ တော်လှန်ရေးပြီးဆုံးသည်အထိ KNLA- ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့်အတူ အာဏာရှင်စနစ်ကို တွန်းလှန် တိုက် ထုတ် တိုက်ပွဲဝင်ရန် ပူးပေါင်းလာခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98544/
KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က YAK-130 တိုက်လေယာဉ်ဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်၏ လက်နက်များ သိမ်းဆည်းရမိ
["KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က YAK-130 တိုက်လေယာဉ်ဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စစ်ကောင်စီတပ်၏ လက်နက်များ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဧပြီ ၂၀", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေကို စစ်တပ်က YAK-130 တိုက် လေယာဉ်ဖြင့် ပစ်ခတ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျူးကျော်ရန် ကြိုးစားခဲ့သော်လည်း တော်လှန်ရေး တပ်ပေါင်းစု၏ ခုခံမှုကြောင့် စစ်တပ် ဘက်မှ အထိနာကာ စစ်ကောင်စီ တပ်၏ လက်နက်များ သိမ်း ဆည်းရမိ ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။", "ဧပြီလ ၂၀ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်း ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့၏ စိုးမိုးနယ်မြေကို စစ်တပ်က လက်နက်ကြီးများဖြင့် အဆက် မပြတ်ပစ်ခတ်ပြီး လေကြောင်းပစ်ကူ YAK130 တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ထက် မနည်း ပစ်ခတ်ကာ ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း၊ MA1 ၁ လက်၊ MA2 ၁ လက်၊ MAကျည်ဘောက် ၃ ဘောက်၊ MA 2 ကျည်ဘောက် အဝိုင်း ၁ ဘောက်၊ ၄၀ မမအသီး ၆ လုံး၊ ၆၀ မမ ၆ လုံး၊ RPG ၁ လုံး၊ နင်းမိုင်း ၄ လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်ကို တပ်မဟာ ၆ KNU/ KNLA၊ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာစစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းခုခံတိုက်ခိုက် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/76752/
KNU တပ်မဟာ ၆ နယ်မြေတွင် ကော်ဘရာစစ်ကြောင်း စစ်သင်တန်း ဆင်းပွဲ ကျင်းပပြီး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေးအပ်
["KNU တပ်မဟာ ၆ နယ်မြေတွင် ကော်ဘရာစစ်ကြောင်း စစ်သင်တန်း ဆင်းပွဲ ကျင်းပပြီး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေးအပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "KNU တပ်မဟာ ၆ နယ်မြေတွင် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်မိန့်ခွန်းပြောကာ လက်နက် ၅၀ ပေး အပ်ခဲ့ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။", "စစ်သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အစိုးရ ၏ တစ်နှစ်စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာ မိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက် ထား နိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီး ရယူ ဆောင်ရွက်ထားနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။", "ယင်းနောက် တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များအနက်မှ သေနတ် အလက် ၅၀ ကို ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ် ခဲ့ကြောင်း၊ CRPH မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဂုဏ်ပြု ဆုငွေ ၁၀ သိန်းကျပ်ပေးအပ်ကြောင်း သိရှိရသည်။", "စစ်သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူ သင်း၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ ဗိုလ်စောရှား၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အိသဥ္စာမောင်တို့တက်ရောက်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116675/
KNU တပ်မဟာ ၆ နယ်မြေတွင် ဇူလိုင်လအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁၃ လုံးပျက်စီး
["KNU တပ်မဟာ ၆ နယ်မြေတွင် ဇူလိုင်လအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁၃ လုံးပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၆", "ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ၌ ဇူလိုင်လအတွင်း အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက် မှု၊ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ် ၁၃လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။", "ဇူလိုင်လ ၁ ရက် မှ ၃၁) ရက် အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လေတပ်၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် မော်လမြိုင် (ရတခ) မှ Mi-35p Helicopter ဖြင့် ၆ ကြိမ် လာရောက် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ လူထု၏နေအိမ် ၇ လုံး ပျက်စီးခဲ့ရပြီး ၁ လုံးမှာ လုံးဝ ပြန်လည်ပြုပြင်မရသည်အထိ ပျက်စီး ဆုံး ရှုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ပြည်သူလူထုများနေထိုင် ရာ ကျေးရွာများ အ တွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ၅၃ ကြိမ် ပစ်ခတ်ခဲ့ရာ အသက် ၆ နှစ်နှင့် ၈ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ပြည်သူ ၉ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။", "အဆိုပါ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် ဘာသာရေး အဆောက် အဦး ဖြစ်သော ဘုန်းကြီး ကျောင်း ၁ ကျောင်း၊ ပြည်သူနေအိမ် ၆ လုံး၊ ပြည်သူ ပိုင် ပစ္စည်းများဖြစ်သော အိမ်စီးကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ရကာ ပြည်သူလူထုများ မွေးမြူထားသည့် နွား ၁၇ ကောင်လည်း ကျည်ထိမှန် သေ ဆုံးခဲ့ကြောင်း သိရသည်။", "အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူလူထု အသုံးပြု သောလမ်းများနှင့် နေထိုင်သော ကျေးရွာများအနီး ထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် အပြစ်မဲ့ ပြည်သူ အမျိုးသမီးငယ် ၃ ဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဒူးပလာယာခရိုင်အတွင်း အပြစ်မဲ့ပြည်သူလူထုများမှာ အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ကျေးရွာများ အကြား မြေမြှုပ်မိုင်းများ လိုက်လံထောင်းထားခြင်းနှင့် မိုးကြီးရေလျှံ ခြင်း ကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်ရကြောင်း သိရသည်။", "ဓာတ်ပုံ- KNU အုပ်ချုပ်မှုနယ်မြေများတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူများ တွေ့ကြုံနေရသည့် ပျက်စီးဆုံးရှုံးမှုများ။"]
https://yktnews.com/2023/07/114196/
KNU တပ်မဟာ ၆ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး အပါအဝင် ၄၆ ဦးသေဆုံ
["KNU တပ်မဟာ ၆ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး အပါအဝင် ၄၆ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၁", "KNU တပ်မဟာ ၆ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး အပါအဝင် ၄၆ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အတွင်း KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် K.N.L.A ၊ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ K.N.D.O ၊ KNLA နှင့် KNDO တို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်း စစ်ကြောင်းများနှင့် အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲကြီး ၅ ကြိမ် နှင့် တိုက်ပွဲငယ် ၂၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ဒု-ဗိုလ်မှူးကြီး ၁ ဦး နှင့် နယ်ထိန်းရဲ အရာရှိ ၁ ဦး အပါအဝင် စုစုပေါင်း ၄၆ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "KNU တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က ဇွန်လ အတွင်း လေကြောင်းဖြင့် ၃ ကြိမ် လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ပြီး အဆိုပါ ဗုံးကျဲပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦးဖြစ်သော ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၁၂ ကြိမ် ပစ်ခတ်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့ကာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "စစ်ဘေးရှောင်နေရသော ပြည်သူများမှာ မိုးရာသီ ကာလ ဖြစ်သည့်အတွက် နေရာထိုင်ခင်း လုံလောက်မှုမရှိခြင်း၊ စားနပ်ရိက္ခာ လုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် ကုသမှုများ လုံလုံလောက်လောက်မရှိခြင်း စသည့် အခက်အခဲ ဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူနေ ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး အပြစ်မဲ့ ပြည်သူများအား လူသားဒိုင်းအဖြင့် ဖမ်းဆီးခြင်း၊ အများပြည်သူ သွားလာနေသော ပြည်သူပိုင် လမ်းများအား ပိတ်ပင်ခြင်း တူးဖောက် ဖျက်ဆီးခြင်း၊ စသည့် အဖျက်အမှောင့် လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို နေ့စဥ်နှင့်အမျှ ကျူးလွန်လျှက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/100179/
KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဆက်သွယ်ရေးဖြတ်တောက်စက် အပါအဝင် လက်နက်များ သိမ်းဆည်းရရှိ
["KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ဆက်သွယ်ရေးဖြတ်တောက်စက် အပါအဝင် လက်နက်များ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဧပြီ ၃၀", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး ဗိုလ်မှူး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ အပါအဝင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်သည်။", "ဧပြီလ ၂၉ ရက်နေ့တွင် စစ်တပ်က KNU တပ်မဟာ ၆ နယ်မြေ၊ မြ၀တီမြို့နယ်အတွင်းရှိ ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်တပ်များ ထိန်းချုပ်ထားသော နယ်မြေများသို့ လက်နက်ကြီးဖြင့်အကြိမ်ရေ ၉၀ အထက်၊ အတွဲလိုက် ဒုံးများဖြင့် ၈ ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ရာမှ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ရင်ဆိုင်ထိတွေ့တိုက်ပွဲများတွင် တပ်ရင်း ၂၀၇ ဗိုလ်မှူး ၁ ဦး၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ (IO) ၁ ဦး အပါ အဝင် စစတပ်ဘက်မှ ၅ ဦးသေဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာရကြောင်း၊ လက်နက်သိမ်းဆည်းရရှိမှု အနေဖြင့် ကပစကျည် ၆၇ တောင့်၊ MA5 ၁ လက်၊ MA5 ကျည်ဘောက် ၁ ဘောက်၊ 9mm ကျည် ၁၅ တောင့်၊ MAကျည်ဘောက်", "၄ ဘောက်၊ စကားပြောစက် ၂ လုံး၊ အီနာဂါ ၄ လုံး၊ RPG ၃ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ ဓား ၁ လက်၊ Jammer ကျောပိုးစက် ၁ လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် တွင် ၁ ကြိမ်၊ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ၁ ကြိမ် YAK-130 Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်တပ်များ ထိခိုက်ခြင်းမရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/101460/
KNU တပ်မဟာ ၆ နယ်မြေတွင် ဧပြီလ တိုက်ပွဲအတွင်း စစ်သား ၁၀၇ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀ ဦး ကျဆုံး
["KNU တပ်မဟာ ၆ နယ်မြေတွင် ဧပြီလ တိုက်ပွဲအတွင်း စစ်သား ၁၀၇ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁၀ ဦး ကျဆုံး", "ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဘုန်းကြီးကျောင်း၊ ခရစ်ယန်ကျောင်းနှင့်နေအိမ်များကို စစ်တပ် ကဖျက်ဆီး", "ရန်ကုန်၊ မေ ၇", "ကေအဲန်သူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆၊ ဒူးပလာယာခရိုင်အတွင်း၌ ဧပြီလ အတွင်း တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပြီး စစ်တပ်မှ ၁၀၇ ဦးသေဆုံးကာ ခလရ ၂၀၇၊ ခလရ ၈ တပ်ရင်းမှူးနှင့် ဗိုလ်မှူးအဆင့် (၂)ဦး၊ ဗိုလ်ကြီး (၁)ဦးတို့ အပါအဝင် ၈၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင်မှ တရားဝင် သတင်း ထုတ်ပြန်သည်။", "အဆိုပါတိုက်ပွဲများတွင်း ကြမ်းဖက်စစ်တပ်မှ တပ်သား ၃ ဦး စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိကာ KNLA ၊ KNDO နှင့် ပူးပေါင်း စစ်ကြောင်းများမှ တော်လှန်ရေးရဲဘော် ၁၀ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရပြီး ၁၉ ဦး ဒဏ်ရာရကာ တိုက်ခိုက်ရေး ဒရုန်း တစ်စင်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "ဧပြီလ အတွင်း အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ၃၁ ကြိမ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၁၈၄ ကြိမ်ရှိပြီး စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၂ လုံး နှင့် ပြည်သူပိုင် အိုးအိမ် ပေါင်း ၃၈၇ လုံး ပျက်စီးခဲ့ပြီး ၁၂ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏‌ လေကြာင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုး သမီး ၃ ဦး၊ မီးနေသည် အမျိုးသမီး ၃ ဦး၊ ခြေထောက်မသန်သူ ၂ ဦး၊ မျက်မမြင် ၁ ဦး၊ သက်ကြီးရွယ်အို ၆ ဦး အပါအဝင် မူကြိုကျောင်းနေအရွယ် ကလေးငယ်များ၊ ဘုန်းတော်ကြီးများပါ ထွက်ပြေးတိမ်းရှောင် နေ ရပြီး စစ်ဘေးရှောင်ဦးရေ ၂၃၀၂၁ ဦးရှိကြောင်း ဒူးပလာယာခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အကြမ်းဖက်စစ်တပ် စကခ ၁၃ တပ်ရင်းမှူး မျိုးဆက်အောင် လက်အောက်ခံ ၊ စစ်ဗျူဟာမှူး အောင်မျိုး ထွန်း လက်အောက်ခံ၊ ခလရ ၃၂ တပ်ရင်းမှူး ရဲထက်ဇော် ဦးဆောင်အဖွဲ့မှ အပြစ်မဲ့ပြည်သူ ၂ ဦးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ၁ ဦးကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်းသိရသည်။", "အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ရးမ်သမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင် အိမ်မွေး တိရိစ္ဆာန် နွား ၃၄ ကောင်၊ ဝက် ၂၁ ကောင်၊ ဆိတ် ၂၀ ကောင်နှင့် အခြားသော အိမ်မွေး တိရိစ္ဆာန် မြောက်များစွာ ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့နေအိမ် ၁၂ လုံးအပါအဝင် ဥယျာဉ်ခြံမြောက်များစွာ မီးလောင်ပျက်စီးခဲ့ ကြောင်း ဒူးပလာယာခရိုင် က ထုတ်ပြန်ထားသည်။", "Photo – အကြမ်းဖက် စစ်တပ်မှ လေယာဉ် နှင့် လက်နက်ကြီးများရမ်းသမ်း ပစ်ခတ်မှုကြောင့် ပျက်စီး သွားသော ဘာသာရေးအဆောက်အဦ ၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ လူနေအိမ် နှင့် စစ်ဘေးရှောင် မီးနေသည် အမျိုးသမီး။"]
https://yktnews.com/2023/08/120530/
KNU တပ်မဟာ ၆ နယ်မြေရှိ စစ်တပ်၏ ဥကရစ်ထ စခန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["KNU တပ်မဟာ ၆ နယ်မြေရှိ စစ်တပ်၏ ဥကရစ်ထ စခန်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၃၁", "ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထ စခန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Cobra Column 2 VENOM စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၆ နာရီခန့်တွင် တပ်မဟာ ၆ နယ်မြေရှိ အကြမ်းဖက် စစ်တပ်၏ ဥကရစ်ထ ခြေကုတ်စခန်းကို VENOM စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့်မှ ၆၀ မမ ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး VENOM စစ်ကြောင်းမှ စနိုက်ပါသမားက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိမှန်သေဆုံး​ပြီး တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့်ပတ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၄၀ မမ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စနိုက်ပါ ၂ ချက် ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း VENOM စစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ ည ၇ နာရီ ၃၀ နာရီမိနစ်ခန့်တွင် KNDO ပူးပေါင်းအဖွဲ့နှင့် အတူ RPG ဖြင့် ထပ်မံ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦး ထပ်မံ သေဆုံးကြောင်း၊ ဒဏ်ရာရ စစ်သားများကိုလည်း Ambulance များဖြင့် ဝေါလေဘက်ကို သယ်ဆောင်သွား​ပြီး အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခက်ခဲ့သော်လည်း VENOM စစ်ကြောင်းမှ ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။", "ရာသီဥတု အခက်အခဲများကြားမှ ဇွဲသတ္တိအပြည့်ဖြင့် ​အကြမ်းဖက်စစ်တပ်ကို ချီတက်တိုက်ပွဲဝင်ခဲ့သည့် VENOM စစ်သည် တစ်ဦးချင်းစီအား ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ကြောင်းနှင့် Cobra Column 2 VENOM စစ်ကြောင်းသည် လိုအပ်သည်များကို ပြင်ဆင် ဖြည့်စွတ်လျက် အကြမ်းဖက်စစ်ကောင်စီတပ်များအား အနားမပေးပဲ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/79314/
KNU တပ်မဟာ ၆ နယ်မြေရှိ ဒေါင်းမင်းတပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု လူထိခိုက်မှု မရှိ သော် လည်း စခန်းပျက်စီး၊ ပြည်သူများ ကူညီကြရန် အကူအညီတောင်း
["KNU တပ်မဟာ ၆ နယ်မြေရှိ ဒေါင်းမင်းတပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု လူထိခိုက်မှု မရှိ သော် လည်း စခန်းပျက်စီး၊ ပြည်သူများ ကူညီကြရန် အကူအညီတောင်း", "ရန်ကုန်၊ ဇန်နဝါရီ ၅", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဒေါင်းမင်း တပ်ဖွဲ့ပိုင် စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိ သော်လည်း စခန်းပျက်စီးသွားသဖြင့် ပြည်သူများ ကူညီကြရန် ဒေါင်းမင်းတပ်ဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒေါင်းမင်းတပ်ဖွဲ့တည်နေရာက တောင်ပိုင်းတိုင်းစစ်ဒေသ KNU တပ်မဟာ(၆) ကော့ကရိတ်စစ်ဂွင်ကို ဒီဇင်ဘာလ နှောင်းပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ လုံခြုံရေးအခြေအနေကြောင့် ယခုမှ သတင်းထုတ်ပြန် ခြင်းဖြစ် ပြီး ​ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်က အထိနာသဖြင့် လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ ကြောင်း၊ ထို့ကြောင့် ဒေါင်းမင်းတပ်ဖွဲ့ပိုင် စခန်းပျက်စီးခဲ့ရကြောင်း သိရှိရသည်။", "“နေ့ရောညရော လက်နက်ကြီးနဲ့ ထင်ရာပစ်တယ်။ ပထမနေ့ ည ၁၁ နာရီ တစ်ကြိမ် ၊ ၁၂ နာရီမှာတစ်ကြိမ် သင်္ကန်းညီနောင်မှာရှိတဲ့ စစ်တပ်ကုန်းကနေ Missiles တွေနဲ့ပစ်တာမှာ စခန်းကို Missile နှစ်လုံး လက်နက်ကြီးသုံးလုံး စုစုပေါင်းငါးလုံးကျတယ်။ မနက် ၂ နာရီအထိ လက်နက်ကြီးနဲ့ပစ်တယ်။ ဒုတိယရက်မှာ ည ၁၂ နာရီကနေ မနက် ၂ နာရီအထိ လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကျဲ တယ်။ လေယာဉ်ပေါ်မှ စက်သေနတ်နဲ့ပါပစ်ခတ်တယ်။ လေယာဉ် ဗုံးကျဲချိန် တခေါက်နဲ့တခေါက်ကြား ၁ နာရီခြားတယ်။ ပေါင် ၅၀၀ ဗုံး (၄)လုံးကျဲ ချ တယ်။ လေယာဉ်ပေါ်က စက်သေနတ်နဲ့ပစ်တယ်။ သင်္ကန်းညီနောင်မှ တောက် လျှောက်လက်နက်ကြီး ပစ်ကူပေးတယ်။ စခန်းက အခိုင်အမာ ဆောက် ထားတဲ့ တဲနှစ်လုံးမှအပ အားလုံးပြိုပျက်သွားတယ်။ တပ်ဖွဲ့​ပိုင် ပစ္စည်း (၄)ပုံ(၁)ပုံစာလောက် ပျက်စီးဆုံးရှူံးတယ်။ လူထိခိုက်မှုမရှိ၊ အထိ အခိုက် မရှိ စခန်းကိုစွန့်ခွာရတယ်။ လတ်တလောတွင် နေရာပြောင်းရွှေ့၍ ယာယီ စခန်းချနေကြတယ်” ဟု ဒေါင်းမင်းတပ်ဖွဲ့မှ ခေါင်းဆောင်က ပြောသည်။", "စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ပစ္စည်းများထဲတွင် တပ်ဖွဲ့ အတွက် အရေးကြီးသော ဆက်သွယ်ရေးနဲ့ လုံခြုံရေးပစ္စည်းများ အမြန် ဆုံး ဝယ်ယူဖို့လိုအပ်နေကြောင်း၊ ဒေါင်းမင်းတပ်ဖွဲ့ page ၏ လူမှုကွန်ရက် စာမျက်နှာhttps://www.facebook.com/KingPeacockColumn?mibextid=LQQJ4dမှတစ်ဆင့် ပြည်သူများ ကူညီနိုင် ကြောင်း ဒေါင်းမင်းတပ်ဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။"]
https://yktnews.com/2022/12/78391/
KNU တပ်မဟာ ၆ နယ်​မြေတွင် တစ်ပတ်တာ တိုက် ပွဲ အတွင်း စစ်သား ၅၆ ဦးသေဆုံး
["KNU တပ်မဟာ ၆ နယ်​မြေတွင် တစ်ပတ်တာ တိုက် ပွဲ အတွင်း စစ်သား ၅၆ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာခရိုင်၊ တပ်မဟာ ၆ နယ်မြေတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အ ထိတစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၁၁ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၆ ဦးသေဆုံးကာ ၄၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာခရိုင်က ထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၂၄ ရက် ညနေ ၄ နာရီခန့်က အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွာသစ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ဆိုင်ကယ်တစ်စီး၊ ထော်လာဂျီတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ည ၈ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိုးစီမှု စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပဲဒလဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ စေဖားဘရော်တွင် ဦးခေါင်းထိမှန်စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၂၅ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်တွင်လည်း အကြ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ရွာသစ်ကုန်းကျေးရွာမှ နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ဝက်တစ်ကောင်သေဆုံးခဲ့ကြောင်း၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်း ပစ်ခတ်မှုတွင် သံဃာတော် တစ်ပါး ပျံလွန်တော်မူပြီး ၃ ပါးဒဏ်ရာရရှိကာ ကျောင်းနေ ပြည်သူ တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာခရိုင်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။", "ဒီဇင်ဘာလ ၂၇ ၊ ၂၈ ရက်နေ့တို့ တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်မှ ကောနွဲ့ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ များ အတွင်း ဗုံးကြဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းလုပ်ဆောင်ခဲ့ရာ ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138393/
KNU တပ်မဟာ ၆ ရှေ့တန်းတပ်ဖွဲ့ဝင်များထံသို့ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီး သွားရောက်တွေ့ဆုံ အားပေး
["KNU တပ်မဟာ ၆ ရှေ့တန်းတပ်ဖွဲ့ဝင်များထံသို့ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီး သွားရောက်တွေ့ဆုံ အားပေး", "ရန်ကုန်၊ ဇန်နဝါရီ ၃", "ကရင်အမျိုးသားအစည်းအရုံး-KNU မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက KNU တပ်မဟာ ၆ ရှေ့တန်းတပ်ဖွဲ့ဝင်များထံသို့ သွား ရောက် အားပေးကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "KNUကရင်အမျိုးသားအစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ် အမှု ဆောင် ကော်မတီဝင် ပဒိုစောတောနီးက နှစ်သစ်ကူးအချိန်အခါသာမယအတွင်း ရှေ့တန်းရှိတပ်ဖွဲ့ဝင်များထံသို့ သွားရောက် အားပေးကြောင်း၊ ပဒိုစောတောနီးသည် KNU တပ်မဟာ ၆ ရှေ့တန်းနယ်မြေရှိ ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘော၊ အဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းတွင် သွားရောက် ရိုက်ကူးထားသော ဓာတ်ပုံနှင့်ဗီဒီယိုများကို ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/211805/
KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်
["KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ စစ်ဘေးရှောင်", "ရန်ကုန်၊ ဧပြီ ၁၉", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KNU တပ်မဟာ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မော်ဖားသူးစစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေမှုကြောင့် ရွာသား ၂၁၅ ဦး ထိုင်းနိုင်ငံသို့ တိမ်းရှောင်လာကြောင်း ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့မှစတင်၍ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်အပိုင် မော်ဖားသူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်ကုန်းကို KNLA မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့ များက တိုက်ခိုက် နေသည့် တိုက်ပွဲ ဖြစ်စဉ်ကြောင့် ဒေသမှ ပြည်သူများ ထိုင်းနိုင်ငံဘက် အခြမ်းက မယ်လမတ် မြို့ နယ် ဟွိုင်ပလာကောင် ထိုင်းကျေးရွာ ဘက်သို့ တိမ်းရှောင်လာကြောင်း၊ စစ်ဘေးရှောင် အရေ အတွက် ၂၁၅ ဦးရှိပြီး ထိုင်းအာဏာပိုင်များက စောင့်ရှောက်ပေးထားကြောင်း သိရှိရသည်။", "” အခုတိုက်ပွဲဖြစ်နေတဲ့ မောဖားသူရွာက မြဝတီမြို့နယ် ကုက္ကိုလ် ကျေးနယ်အုပ်စုဝင်ရွာပေါ့။ KNU တပ်မဟာ၇ ဂွင်ပေါ့၊ ထိုင်း-မြန်မာ နယ်ခြားမျဥ်း ၂ ကီလိုမီတာအကွာပဲ ဝေးတယ် လေ ၊ ထိုင်းစစ်တပ်က အသင့် စောင့်ကင်းပတ် နေတယ်။ မော်ဖားသူးစခန်း တိုက် နေကြတော့ ရွာသား တွေမှာ ကျား ၃၉ မ ၇၂ ကလေးအရေအတွက်က ကျား ၅၃ ၊ နောက် ထပ်စာရင်းက မ ၅၁ ယောက်စုစုပေါင်း ၂၁၅ ဦးထွက်ပြေးလာ တော့ တာခ့် စစ်တပ် ဗျုဟာမှုးနဲ့ လူမှုကယ်ဆယ် ရေး တွေက မောက္ခလာဂူ ဂိတ်ဘက်က နေ ဟွေ ပလာကွန် ရွာဘက် နေရာ ရွေ့ပြီး အဲ့ဒီမှာ နေရာချထားပြီး စောင့်ရှောက်ထားတယ် ” ဟု ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်က ရှင်းပြသည်။", "လက်ရှိအချိန်အထိ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက အသာစီးရရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/172798/
KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦး ကျဆုံး
["KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦး ကျဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၂", "KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "၂၀၂၄ခုနှစ် ပထမ ၆ လတာ တိုက်ပွဲများအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲများသည် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်းကို အကြမ်းဖက် စစ်တပ်က ကျူးကျော် ဝင်ရောက် တပ်စွဲထားခြင်းကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၁၈၂၇ ပွဲခန့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ၈၁ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၂၉၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/155520/
KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ် တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရမိသော ကာလတန်ကြေး သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှို့ဖျက်ဆီး
["KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ် တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရမိသော ကာလတန်ကြေး သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၇", "ပဲခူးတိုင်း၊ KNU ထိန်းချုပ်နယ်မြေ မူးမြို့နယ် တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရမိသော ကာလတန်ကြေး သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ် ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဧပြီလ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မူးမြို့နယ်/တပ်ရင်း ၈ ဒေသအတွင်း ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေးဝါး များကို KNU-မူးမြို့နယ်/တပ်ရင်း ၈ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီတာဝန်ရှိသူများ ၊ (KNLA) တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့်အတူ ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF) တာဝန်ရှိ ခေါင်းဆောင်များ ဦးစီး၍ မူးယစ်ဆေးဝါးတိုက်ဖျက်ခေါင်းစဉ်ဖြင့် မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများအနက် ဆေးခြောက်၊ ဆေးပြားများအပြင် အရက်သေစာများလည်းပါဝင်ခဲ့ပြီး ကာလတန်ကြေး စုစုပေါင်းသိန်း ၇၀၀ ကျော်ခန့်ရှိကြောင်း၊ လက်ရှိအချိန်တွင် KNU-မူးမြို့နယ်/တပ်ရင်း ၈ ဒေသအတွင်း မူးယစ်ဆေးဝါးများ ဝယ်ယူရောင်းချ သုံးစွဲခြင်းများကို တင်းကြပ်စွာ ပိတ်ပင်တားပြီး ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများကို KNU မှ ပြဌာန်းထားသည့် မူးယစ်ဆေးဝါးအထူးအက်ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86412/
KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး
["KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေတွင် အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွားပြီး စစ်သား ၇၀၀၀ နီးပါး သေဆုံးကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။", "မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွား စစ်တပ်ဘက်မှ ၆၈၇၆ ဦးသေဆုံးကာ ၅၅၁၉ ဦးဒဏ်ရာရရှိကြောင်း၊KNLA /KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၁၉ ဦးတိုင်းပြည်အတွက် အသက် ပေး လှူခဲ့ရပြီး ၆၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "KNU တပ်မဟာ ၁ နယ်မြေ ဒူးသထူခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၈၀၁ ကြမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၂၆ ဦးသေဆုံးကာ ၁၃၄၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၂ တောအူး ခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပါင်း ၂၇၇ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၅၀၅ ဦးသေဆုံးကာ ၂၀၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNU တပ်မဟာ ၃ ခလယ်လွီထူ ခရိုင် အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၆၀၆ ဦးသေဆုံးကာ ၃၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "KNU တပ်မဟာ ၄ ဘိတ်−ထာဝယ်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅၉ ဦး သေဆုံးကာ ၂၄၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ မူတြော်ခရိုင် တပ် မဟာ ၅ အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲပေါင်း ၅၆၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၇၆၀ ဦးသေဆုံးပြီး ၂၃၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ဒူးပလာယာ တပ်မဟာ ၆ အုပ်ချုပ်မှုနယ်မြေတွင် တိုက်ပွဲ ပေါင်း ၆၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၁၂၂၀ ဦး သေဆုံးကာ ၉၉၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။", "အဆိုပါခုခံတိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ စစ်ရေးဦး ဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ Drone တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ခုခံတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေးတိုက်ပွဲကိုလည်း ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "ဓာတ်ပုံ- KNU တပ်မဟာနယ်မြေတွင် သေဆုံးခဲ့ကြသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းများကို စုစည်းဖော်ပြပါသည်)"]
https://yktnews.com/2025/04/212127/
KNU ထိန်းချုပ်နယ်မြေများသို့ စစ်တပ်က တစ်ပတ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးကျော်သေဆုံးပြီး ပြည်သူ ၅၀၀၀၀ ကျော် တိမ်းရှောင်ရ
["KNU ထိန်းချုပ်နယ်မြေများသို့ စစ်တပ်က တစ်ပတ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၂၀ ဦးကျော်သေဆုံးပြီး ပြည်သူ ၅၀၀၀၀ ကျော် တိမ်းရှောင်ရ", "ရန်ကုန်၊ ဧပြီ ၂၂", "ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေများသို့ စစ်တပ်က တစ်ပတ်အတွင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ရဟန်း သံဃာများ အပါအဝင် အရပ်သား ပြည်သူ ၂၀ ကျော်သေဆုံးပြီး ပြည်သူ ၅၀၀၀၀ ကျော် တိမ်း ရှောင်ရကြောင်း မွန်နှင့်ကရင် ပြည် နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရှိရသည်။", "ဧပြီလ ၁၄ ရက်နေ့မှ ဧပြီလ ၂၁ ရက်နေ့ အထိ KNU ထိန်းချုပ်နယ်မြေများဖြစ်သော ဘီးလင်း၊ သထုံ၊ ဘားအံ၊ဖာပွန် ၊ ကော့ကရိတ်၊ ကျုံဒိုးဒေသများသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ရဟန်း၊ သံဃာများ အပါအဝင် ပြည်သူ ၂၀ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ ၅၀၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ရန်အတွက် နေရပ်စွန့်ခွာ ထွက် ပြေးရကြောင်း သိရှိရသည်။", "” ဧပြီလ ၁၄ ရက်နေ့ စစ်တပ်က ကျုံဒိုးမြို့၊ ကမ်းနီဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲရာကနေ ဧပြီလ ၂၁ ရက် နေ့ အထိ ဘီးလင်း၊ မင်းစောရွာဘုန်းကြီးကျောင်းဗုံးကျဲခဲ့တယ်။ ဖာပွန်၊ ကတိုင်တိ၊ ဘားအံ၊ တဂေးလောင်ရွာ၊ ကော့ကရိတ်အင်းကြီး၊မိဂလုံ၊နွားခြံကုန်း စတဲ့ ရွာပေါင်း ၂၀ ကျော်ကိုလည်း လေယာဉ်နဲ့ ဗုံးကျဲတယ်။ သေဆုံးမှုက ဘုန်းကြီးရော၊ လူရော၊ ကလေးတွေ၊ ကိုရင်တွေပါ အပါဆိုရင် သေတာ၂၀ ဦးကျော်ပြီ။ ဒဏ်ရာရတာ က ၃၀ ကျော်ရှိပြီ၊ စာရင်း မသိရသေးတာတွေလည်းရှိသေးတယ်။ KNU တပ်မဟာ ၁၊ တပ်မဟာ ၅ ၊ တပ်မဟာ ၆၊ တပ်မဟာ ၇ နယ်မြေတွေမှာ လေယာဉ်နဲ့ ဗုံးကျဲတာ၊ တိုက်ပွဲဖြစ်တာကြောင့် စစ်ဘေးရှောင်အားလုံးပေါင်း ပြည်သူ ၅၀၀၀၀ ကျော်ရှိနေပြီ။ ဗုံးဆက်ကျဲနေရင် စစ်ရှောင်တွေ ဆက်များလာဖို့ပဲ ရှိတယ်” ဟု KNU နယ် မြေအတွင်းစစ်ဘေးရှောင်ကူညီနေသည့် ကွန်ရက်အဖွဲ့တစ်ခုက ပြောဆိုသည်။", "ဧပြီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၆ နာရီအထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ၊ အရှေ့ဘက်ကမ်း ကျေးရွာများ၊ တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီးလမ်းပိုင်းရှိ ကျေးရွာများပေါ်သို့ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နာရီ ခန့် ဆက်တိုက်လုပ် ဆောင် ခဲ့ကြောင်း၊ လူထိခိုက်သေဆုံးမှုများရှိကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "” ညပိုင်း ဒရုန်းကင်းထောက် ၊ဂျက်လေယာဉ်ကင်းထောက်တွေ ပျံတယ်၊ ဖုန်းလိုင်းတွေမရဘူး၊ မနက် ၃နာရီခွဲလောက်မှာ Y-12 လေယာဉ်သံကြားပြီး ဗုံးတွေ ကျဲတာနဲ့ ပေါက်ကွဲသံတွေကြားနေရတယ်။ အဓိကတော့ ကရင်အဖွဲ့ ၊ မွန်အဖွဲ့ ၊ PDF အဖွဲ့ ရှိနေတဲ့နေရာတွေ၊ ရွာ တွေဆိုပြီးကျဲနေတာ၊ အခုသိရသလောက် တောင်ကမ္မရိုက်၊မြောက်ကမ္မရိုက်၊ သမိန်ဒွတ်၊ဝင်းက ဘက်တွေကိုလည်း ဗုံးတွေကျတယ်။ အထိအခိုက်နဲ့ အပျက်အစီးကိုသိဖို့ နဲ့ ရွာသားတွေကယ်ထုတ်ဖို့က မိုးကြီး ရွာထား‌တာ ရွာလမ်းတွေပျက်နေတော့လောလောဆယ်မသိရသေးဘူး၊ထိခိုက် တာတွေတော့ရှိ‌နေတယ်” ဟု KNU စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိ KNU တပ်မဟာနယ်မြေများတွင် စစ်ကောင်စီလက်လွှတ်ဆုံးရှုံးထားရသည့် စစ်စခန်းများအားပြန်လည်သိမ်းပိုက်ရန် လေကြောင်းစစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "” အခုတက်နေတာ က Y12က မော်လမြိုင်က ၊ဂျက်ဖိုက်တာတွေက တောင်ငူလေတပ်ကတက်လာနေတာ။ စစ် ဆင် ရေးတပ်တွေ မြေပြင်မှာ ပြုန်းတီးကုန်ပြီဆိုတော့လေယာဉ်နဲ့ ဗုံးကျဲ၊ မြေပြင်သိမ်းပုံစံပေါ့ ၊လိုအပ်ရင်ဘားအံတောင်ကလေးလေယာဉ်ကွင်းကို စစ်သုံးလေ ကြောင်းထောက်ပို့ကွင်းသုံးမယ့်အစီအစဉ်လည်းရှိနေတယ်” ဟု ဘားအံအခြေစိုက် ကရင်ပြည်နယ်စစ်ကောင်စီနှင့်နီး စပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။"]
https://yktnews.com/2023/02/88666/
KNU ထိန်းချုပ်နယ်မြေအတွင်း ဇန်နဝါရီလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၃၇ ဦးသေဆုံး၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီ ၁၅ ရက်အတွင်း စစ်သား ၂၈ ဦးသေဆုံး
["KNU ထိန်းချုပ်နယ်မြေအတွင်း ဇန်နဝါရီလတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၃၇ ဦးသေဆုံး၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီ ၁၅ ရက်အတွင်း စစ်သား ၂၈ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "KNU ထိန်းချုပ်နယ်မြေရှိ တိုက်ပွဲများတွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီဘက်မှ ၃၃၇ ဦးသေဆုံးပြီး KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီ ၁၅ ရက်အတွင်း စစ်သား ၂၈ ဦးသေဆုံးကြောင်း KNLA ဌာနချုပ်နှင့် KNU တပ်မဟာ ၅ မူတြော် သတင်းစဉ်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။", "၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် KNU/ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၃၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၃၃၇ ဦးသေဆုံးကာ ၂၈၀ ဦးဒဏ်ရာရရှိကြောင်း၊ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၄ ဦးတိုင်းပြည်နှင့်လူမျိုး အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ ၇၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကျဆုံးဒဏ်ရာရရှိသူများတွင် PDF တပ်ဖွဲ့ ဝင်များ ပါဝင်ကြောင်း KNLA ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "အလားတူ ကရင်ပြည်နယ်၊ ကော်သူးလေအုပ်ချုပ်နယ်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်း ဖေဖော်ဝါရီလ လ ဝက်အတွင်း တိုက်ပွဲပေါင်း ၉၁ ကြိမ်ဖြစ်ကာ စစ်သား ၂၈ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ ၅ ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင် တို့အကြား ရင်ဆိုင်တိုက်ပွဲပေါင်း ၉၁ ကြိမ်တွင် အကြမ်း ဖက်စစ်တပ်မှ စစ်သား ၂၈ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိပြီး KNLA တပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စု၊ တာဘောကော်ဒဲနေ အပြစ်မဲ့ရွာသား စောမောင်နူးကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဉ်ဖြင့် ကျေးရွာများ၊ စာသင်ကျောင်းများ၊ လယ်ယာ များ၊ တောင်ယာလုပ် ငန်းခွင်များအတွင်း ဗုံးသီး အလုံး ၄၀ ကြဲချတိုက်ခိုက်ခဲ့ပြီး မြေပြင်ခြေလျင်တပ်ဖွဲ့က လည်း လက်နက်ကြီး ၁၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်း၊ လူနေအိမ် ၊ ဧည့်ရိပ်သာ စုစု ပေါင်း ၂၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ဆန်သိုလှောင် စပါးကျီ ၃ လုံး၊ ဈေးရောင်းဆိုင် ၃ ဆိုင်၊ မော်တော် ကား ၁ စီး၊ ဆိုင်ကယ် ၂ စီး၊ လယ်ထွန်စက် ၄ လုံး၊ စပါးကြိတ်စက် ၁ လုံး၊ အင်တာနက် ဝိုင်ဖိုင် ၁ ခု၊ မီးစက် ၁ လုံးနှင့် အိမ်ထောင် ပရိဘောဂ ပစ္စည်းများ၊ ကုန်စုံပစ္စည်းများနှင့် အခြေခံစားသောက်ကုန်အများအပြား ဆုံးရှုံးခဲ့ ကြောင်း သိရသည်။", "ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင် ၁ ဦး။", "Photo- AFP။"]
https://yktnews.com/2023/05/100957/
KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်၊ ပြည်သူ ၂ ဦးလည်း ဖမ်းဆီးနှိပ်စက်ခံရ
["KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်၊ ပြည်သူ ၂ ဦးလည်း ဖမ်းဆီးနှိပ်စက်ခံရ", "ရန်ကုန်၊ မေ ၅", "KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း KNU-ဗဟိုထံမှ သိရသည်။", "မေလ၃ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင် လယ်ဒိုမြို့နယ်၊ နတ်သံကွင်းမြို့၊ တံခွန်တိုင် ရပ်ကွက်တွင် နေထိုင်သည့် စောလေးလေးထူး (ခ) ဝဏ္ဏ သည် ရေတွင်းကုန်း ကျောင်းဘေး ဦးဟန်ကျော်အိမ်မှ အလုပ်ပြန်လာချိန်တွင် နတ်သံကွင်းဆေးရုံရှေ့၌ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "စောလေးလေးထူး (ခ) ဝဏ္ဏကို အကြမ်းဖက် စစ်တပ်က ပစ်သတ် ပြီးနောက် ပိုက်ဆံ အများအပြားထည့်ထားသော လွယ်အိတ် ၁ လုံးနှင့် ဖုန်းတို့ကို ယူဆောင်သွားကြောင်း သိရသည်။", "ထို့ပြင် KNU – ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီး ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် စောအယ်မူးသည် ဧပြီလ ၂၅ ရက်နေ့က ရွှေကျင်မြို့သို့ စျေးဝယ်ရန် သွားရောက်စဥ် လမ်းပိုင်းတစ်နေရာ၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၅၇ မှ ဖမ်းဆီးပြီး ခလရ-၃၄၉ စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။", "ဖမ်းဆီးခံရသော စောအယ်မူးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ တပ်သားတစ်ဦးဖြစ်သည်ဟု စွပ်စွဲပြီး အကြမ်းဖက် စစ်တပ်က စခန်းတွင် ဖမ်းဆီး ချုပ်နှောင်ပြီး မျက်နှာကို အဝတ်ဖြင့်ပတ်ချည်ထားပြီး တစ်ကိုယ်လုံးကို ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့သည့်အပြင် အကြမ်းဖက် စစ်သားများက စောအယ်မူးကို ၎င်းတို့၏ ကျင်ငယ်ရေဖြင့်ပန်းပြီးမှ မေလ ၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။", "ထို့ပြင် KNU-မူးမြို့နယ်၊ သပြေညွှန့် ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် စောလိုလိုကို အကြမ်းဖက် စစ်တပ်က တလကြာဖမ်းဆီးထားပြီး ဧပြီလ ၂၂ ရက်နေ့တွင် ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ပြီးနောက် ၎င်း ဖမ်းဆီးခံရချိန်၌ အမျိုးမျိုး ညှင်းပန်း နှိပ်စက်ခံ ခဲ့ရသော ဒဏ်ရာများကြောင့် လက်ရှိထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/136298/
KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ၄ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး
["KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ၄ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၄ ရက်ဆက် ပစ်ခတ်ရာ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်မှ ၇ နာရီ ၁၉ မိနစ်အထိ အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ မှ ၁၅၅ မမ လက်နက်ကြီးများဖြင့် သမင်အင်းကုန်း ကျေးရွာအတွင်းကို ၁ လုံး၊ ခြောက်သဲစုကျေးရွာကို ၁ လုံး၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရေတွင်းကုန်း ကျေးရွာကို ၁ လုံး၊ အလယ်ကျေးရွာကို ၁ လုံး၊ ကြိတ်ကွင်းကျေးရွာကို ၄ လုံး၊ ဖျံတလင်းကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ကြောင်းသိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိတ်ကွင်းကျေးရွာမှ အသက် ၅၅ နှစ်အရွယ် နော်သန်းအေး ၊ အလယ်ကျေးရွာမှ အသက် ၇၅ နှစ်အရွယ် တီးဖိုးစစ်နှင့် အသက် ၄၅ နှစ်အရွယ် ဒေဝ တို့ ၃ ဦး သေဆုံးခဲ့ပြီး ကြိတ်ကွင်းကျေးရွာမှ အသက် ၈ နှစ်အရွယ် နော်ထီးခူ ၊ အလယ်ကျေးရွာမှ ပြည်သူ ၁ ဦး နှင့် အသက် ၂၀ အရွယ် စောတာဒို တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ခလရ−၂၆၄ မှ သမင်အင်းကုန်း ကျေးရွာ အတွင်းကို ၁၅၅ မမ လက်နက်ကြီး ၄ လုံး၊ အလယ်ကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး ယင်းနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် အလယ်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်ပစ်ခဲ့ပြီး ကြိတ်ကွင်း ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာကာ ကျေးရွာတွင်းရှိ ပြည်သူများကို ရွာပြင် မထွက်ခိုင်းဘဲ အကာကွယ်ယူခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီမှ ၁ နာရီအထိ တောင်ခင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများ ထိမှန်ပြီး တောင်ခင်ကျေးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ ၁ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့နောက် ယင်းနေ့ ညနေ ၅ နာရီ ၅၄ မိနစ်တွင် အကြမ်းဖက် စစ်တပ်က တောင်ခင်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၆ လုံး၊ ည ၈ နာရီ ၃၅ မိနစ်တွင် ရေတွင်းကုန်း ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၅ လုံး၊ ည ၁ဝ နာရီ ၁၅ မိနစ်တွင် ၁၅၅ မမ လက်နက်ကြီး ၃ လုံးဖြင့် ခိုလှုံကျေးရွာကို ထပ်မံ ပစ်ခတ်ခဲ့သည့်အတွက် ခလရ-၂၆၄ တပ်ရင်းသည် ဒီဇင်ဘာလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာပင် KNU-လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို လက်နက်ကြီးစုစုပေါင်း အလုံး ၃၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှစ၍ ည ၈ နာရီအထိ ခလရ-၂၆၄ က ၁၅၅ မမ လက်နက်ကြီးများဖြင့် ကော်သာစေးကျေးရွာကို ၂ လုံး၊ စွယ်တိန်ကျေးရွာကို ၂ လုံး၊ ပဒဲကော ကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးများဖြင့် တောင်ခင်ကျေးရွာကို ၁၁ လုံး၊ အလယ်ကျေရွာကို ၆ လုံး စုစုပေါင်း ၂၃ လုံး ခန့်ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ခလရ−၂၆၄ က ချုံအင်း ကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီး ၁ လုံး၊ ညနေ ၄ နာရီခွဲခန့်တွင် ဖိုးတကျေးရွာကို ၁၅၅ မမ လက်နက်ကြီး ၂ လုံး၊ ည ၈ နာရီခန့်တွင် သမင်အင်းကုန်းကျေးရွာတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး စုစုပေါင်း ၅ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း နံဇကျေးရွာသား ၁ ဦးသည် စစ်ဘေးရှောင်နေရာမှ ကျေးရွာတွင်းကို ပစ္စည်းရိက္ခာများ ပြန်လည်သယ်ဆောင်ရန်အတွက် ထော်လာဂျီဖြင့် ပြန်လာစဉ် လမ်းပိုင်း တစ်နေရာ၌ အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ထော်လာဂျီပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119485/
KNU ဒူးပလာယာခရိုင်တွင် BGF မှ တပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်
["KNU ဒူးပလာယာခရိုင်တွင် BGF မှ တပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်", "ရန်ကုန်၊ သြဂုတ် ၂၃", "KNU ဒူးပလာယာခရိုင်တွင် BGF မှ တပ်သား ၁ ဦး KNLA – ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်ခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေး က ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၁၇ ရက်နေ့တွင် BGF – တပ်နယ် (၂) မှ တပ်သား အောင်ကိုဦး သည် အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်သောကြောင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA – ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်ကို တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်းသိရသည်။", "ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်သား အောင်ကိုဦးကို KNLA – ပူးပေါင်းတပ်ဖွဲ့များမှ နွေးထွေးစွာကြိုဆိုပြီး KNLA – ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော က ဆုတော်ငွေအဖြင့် ထိုင်းဘတ်ငွေ ၅၀၀၀၀ ငါးသောင်းဘတ် ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။", "BGF – တပ်နယ် (၂) မှ တပ်သား အောင်ကိုဦးသည် M16-A1 ၁ လက်၊ ကျည်ဘောက် ၅ ခု နှင့် ၅.၅၆ ကျည်တောင့် ၁၅၀ တောင့်တို့ကို ယူဆောင်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား ဆန့်ကျင်၍ KNLA – ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သားမဆို KNLA – ပူးပေါင်းတပ်ဖွဲ့များ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျက်ရှိနေပြီး ဆုတော်ငွေများဖြင့်လည်း ဆုချီးမြှင့်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။", "လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးအတွက် အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ယနေ့ထိတိုင် တစ်လကျော်အကြာ ထိုးစစ်ဆင်ခဲ့သော်လည်း KNLA- ပူးပေါင်းတပ်ဖွဲ့များ၏ ပြောက်ကျား ပစ်ခတ်မှုကြောင့် အရာရှိ အပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ရပြီး လေကြောင်း ပစ်ကူအဖြင့် အသုံးပြုနေရကြောင်း သိရသည်။"]
https://yktnews.com/2023/12/136813/
KNU ဒူးပလာယာခရိုင်တွင် ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၃ ဦးနှင့် BGF တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["KNU ဒူးပလာယာခရိုင်တွင် ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၃ ဦးနှင့် BGF တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ကရင်ပြည်နယ်၊ KNU ဒူးပလာယာခရိုင်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ၁ ဦး အပါအဝင် တပ်သား ၃ ဦးနှင့် BGF တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာ​ကြောင်း KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် K.N.L.A အမှတ် ၆ တပ်မဟာ လုံခြုံရေး စစ်ကြောင်းထံကို တပ်မ ၄၄ လက်အောက်ခံ ခမရ-၁၀၂ တပ်ရင်းမှ ဗိုလ်ကြီး ကျော်ဗိုလ်ဗိုလ်ဟိန်းသည် MA-5 သေနတ် ၁ လက်၊ 9 mm ကျည်ဘောက် ၁ ခု နှင့် ကျည် ၁၀ တောင့် တို့ ယူဆောင်လာကာ အလင်းဝင်ခဲ့ကြောင်း၊ ထို့ပြင် ဆေးတပ်သား အောင်မျိုးဝင်းသည် MA-3 သေနတ် ၁ လက် နှင့် ၎င်းကျည်ဘောက် ၁ ခု ၊ တပ်သား အောင်ကိုမင်းသည် MA-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု နှင့် ၅.၅၆ ကျည်တောင့် ၁၅ တောင့် စသည့် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း ၁၀၂၂ တပ်နယ် ၄ မှ B.G.F တပ်သား စောပေထူး(ခ) တော့ဘရားသည် M-4 သေနတ် ၁ လက်၊ ကျည်ဘောက် ၇ ခု၊ ၅.၅၆ ကျည် ၆၀ တောင့် နှင့် လက်ပစ်ဗုံး ၂ လုံး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း တပ်ရင်း ၁၀၂၂ တပ်နယ် ၄ မှ B.G.F တပ်သား ကောင်းဆက်ထွန်းသည်လည်း M-4 Crbine ၁ လက်၊ ကျည်ဘောက်တို ၁ ခု နှင့် ၅.၅၆ ကျည်တောင့် ၂၀ တောင့် လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။", "၎င်းတို့နှင့် အတူ ပါလာသော လက်နက်ခဲယမ်းများအလိုက် ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးတွင် ထုတ်ပြန်ထားခဲ့သည့်အတိုင်း ဒူးပလာယာခရိုင်၊ အမှတ် ၆ တပ်မဟာ မှ ထောက်ပံ့ငွေများဖြင့် ထိုက်တန်စွာ ပြန်လည်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မည့်သည့် စစ်သားမဆို တပ်ကို စွန့်ခွါကာ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူရ့င်ခွင်ထံ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော စစ်သားများကို ပြည်သူများက နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ယူဆောင်လာသော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်ပြီး သာမန် ပြည်သူအဖြစ် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/110116/
KNU နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ မူတြော်ခရိုင် အတွင်း စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်
["KNU နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ မူတြော်ခရိုင် အတွင်း စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၂၈", "KNU နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃၂ မိနစ်ခန့်၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၀ က စစ်တောင်းမြစ်အနောက် ဘက်ကမ်းရှိ အင်းဝိုင်းကျေးရွာ မှနေ၍ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ သက်ကယ်ကုန်း ကျေးရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၄၄ နှစ်ရှိ ဒေါ်မိုးမိုး ဘယ်ဘက်ပုခုံး ထိမှန် ဒဏ်ရာရ၊ အသက် ၁၀ နှစ်ရှိ မယွန်းနဒီဖူး တင်ပါးနှင့်ကျောကို ထိမှန် ဒဏ်ရာရ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ပြော့အိ ဆီးခုံအပေါ်ပိုင်းကို ထိမှန်ပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပဲသောင်ကျေးရွာနှင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ သမင်အင်းကုန်းကျေးရွာကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ပြီး ပဲသောင်ကျေးရွာရှိ အသက် ၄၂ နှစ်ရှိ ဒေါ်လင်းလင်းအေးသည် ကျည်စ ထိမှန်သေဆုံးခဲ့ရပြီး အသက် ၁၃ နှစ်ရှိ မဖြူနှင်းသက်နှင့် အသက် ၁၃ နှစ်ရှိ မောင်ဖြိုးဝေလင်းတို့ ကျည်စ ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် သမင်အင်းကုန်းကျေးရွာရှိ အသက် ၅၀ နှစ် အရွယ် ဒေါ်ခင်နု ကျည်စထိမှန် သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်ရှိ မောင်ဉာဏ်လင်းထွန်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ပုဇွန်မြောင်းမှနေ၍ ပျဉ်ရေ အနောက်ဘက်ကမ်း ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်မှ ၁၀ နာရီကျော်အထိ ၁၂၀ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အခန့်တွင် အကြမ်းဖက် စစ်တပ်က ပုဇွန်မြောင်း ကျေးရွာ အတွင်းကို ကား ၂ စီး၊ ဆိုင်ကယ် အချို့ အင်အား ၅၀ ကျော်ခန့်ဖြင့် ဝင်ရောက်လာပြီး မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို ၈၁ မမ လက်နက်ကြီးများဖြင့် စုစုပေါင်း ၁၃ လုံးခန့် ပစ်ခတ်ခဲ့ပြီး ဝိုင်ကျွန်းကျေးရွာကို လက်နက်ကြီး ၆ လုံး၊ ပျဉ်ရေ အရှေ့ဘက်ကမ်းကျေးရွာသို့ လက်နက်ကြီး ၂ လုံး၊ သိုက်တူးကျေးရွာသို့ လက်နက်ကြီး ၂ လုံး၊ သက်ကယ်ကုန်းကျေးရွာသို့ လက်နက် ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့​ပြီး အသက် ၂၂ အရွယ် စောလေးစိုး ဦးခေါင်း ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်တောင်းမြစ် အနောက်ဘက်ကမ်းမှနေ၍ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျွန်းကြီး၊ ထိုးဝါးစိုက်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီခန့်တွင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်းကျေးရွာမှနေ၍ လိန်ပင်ဝဲကျေးရွာနှင့် သစ်ဖရောင်းတန်း ကျေးရွာကို လက်နက်ကြီး ၄ လုံး ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၂၁ ရက်နေ့မှစ၍ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ သည် ပိန်းဇလုပ်၊ ကျောက်တံခါးနှင့် စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကားလမ်းတစ်လျှောက်နှင့် ကျေးရွာများမှနေ၍ လက်နက်ကြီး ၁၂၀ မမကို ကားဖြင့် တင်ဆောင်ပြီး ကေအဲန်ယူ−လယ်ဒိုမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို နေ့စဥ် ပစ်ခတ်လျက်ရှိကြောင်းသိရသည်။", "ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲါကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခြင်း၊ ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးရခြင်းများ ရှိပြီး ထိခိုက်ပျက်စီးရသည့်နေအိမ်များ၊ ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများ၏ အရေအတွက်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုရယူနိုင်ရန် ကေအဲန်ယူမှလုပ်ဆောင်လျက်ရှိကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ မူတြော်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ် တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်မှ သိရသည်။", "ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၈ မိနစ်ခန့် နှင့် ၁၁ နာရီခန့်တွင် မူတြော်ခရိုင်အတွင်းရှိ မျိုးဆက်သစ်ကျောင်းပရဝုဏ်အတွင်း အကြမ်းဖက် စစ်တပ်က ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လူသူမနေသည့် အဆောက်အဦးများ ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/91885/
KNU နယ်မြေတွင် ဖေဖော်ဝါရီလ တိုက်ပွဲ ၄၁၈ ကြိမ်အတွင်း စစ်တပ်ဘက်မှ ၃၈၆ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံး
["KNU နယ်မြေတွင် ဖေဖော်ဝါရီလ တိုက်ပွဲ ၄၁၈ ကြိမ်အတွင်း စစ်တပ်ဘက်မှ ၃၈၆ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၁", "KNU အုပ်ချုပ်မှု နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲ ၄၁၈ ကြိမ် ဖြစ်ပွားကာ စစ်တပ်ဘက်မှ ၃၈၆ ဦးသေဆုံးကြောင်း KNU ဗဟိုက တရားဝင်သတင်းထုတ်ပြန်သည်။", "KNUအုပ်ချုပ်မှု နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်များအတွင်းတွင် ဖေဖော်ဝါရီလ ၁ လအတွင်း စစ်တပ်နှင့် လက်အောက်ခံ နယ် ခြားစောင့်တပ် (B.G.F) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များအကြား တိုက်ပွဲကြီး ငယ် ၄၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၃၈၆ ဦးသေကာ ၂၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် ၂ ဦးအသက်ပေးလှူခဲ့ရပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်နှင့် BGF တပ်များက ကျေးရွာများနှင့် လုပ်ငန်းခွင်များသို့ လေကြောင်း ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူလူထုများ သွား လာသော လမ်းတွင် မိုင်းထောင်ခြင်း ၊ ပြည်သူလူထုများကို အကြောင်းမဲ့ သေ နတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရကြောင်း၊ သံဃာ တော် ၃ ပါး ၊ ကိုရင် ၂ ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၄၁ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်က KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူများ နေထိုင်သော ကျေးရွာများ၊ လုပ်ငန်းခွင်များကို တိုက်လေယာဉ်ဖြင့် ၂၁ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီးများဖြင့် ၇၆ ကြိမ်ခန့်၊ လက်နက်ကြီး အလုံးရေ ၃၅၁ လုံးထက် မနည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ့နေအိမ် ၄၄ လုံး၊ Junior college ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၂ လုံး၊ ပြည်သူပိုင်အဆောက်အအုံ ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ စစ်တပ်က ပြည်သူ့နေအိမ် ၂၁ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ ၆ ဦးကို တရားစွဲဆို၍ ထောင် ၆ လချခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်သား ၁ ဦး၏ အသုဘ နာရေး မြင်ကွင်း။"]
https://yktnews.com/2023/08/119572/
KNU နယ်မြေရှိ CDM ဝန်ထမ်း များကို စားနပ်ရိက္ခာနှင့် အဝတ်အစားများ လှူဒါန်း
["KNU နယ်မြေရှိ CDM ဝန်ထမ်း များကို စားနပ်ရိက္ခာနှင့် အဝတ်အစားများ လှူဒါန်း", "ရန်ကုန်၊ ဩဂုတ် ၂၄", "ကရင်ပြည်နယ်၊ KNU နယ်မြေရှိ CDM ဝန်ထမ်းများကို စားနပ်ရိက္ခာနှင့် အဝတ်အစားများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း AAC ကိုရဲမင်းဦးဆောင်သောအဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် အဆိုပါ CDM ဝန်ထမ်းများကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားညီ အစ်ကို မောင်နှမများမှ စုပေါင်းထောက်ပံ့သော စားနပ်ရိက္ခာများ၊ အဝတ်အထည်များ စုစုပေါင်း ငွေကျပ် သိန်း ၇၀ ဖိုးခန့်ကို AAC ကိုရဲမင်းအဖွဲ့မှ ဦးဆောင်ကာ သွားရောက်ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေမှ တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး အား ပေး စကားပြောကြားခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123076/
KNU မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃ လုံး ပြာကျပြီး ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့
["KNU မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃ လုံး ပြာကျပြီး ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "KNU မုန်းမြို့နယ်ရှိ ငထွေစုပ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃ လုံး ပြာကျပြီး ကျေးရွာအတွင်း နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း KNU ဗဟို ကထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၁၄ ရက်နေ့က ငထွေစုပ်ကျေးရွာအတွင်း ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်သားများ သည် ကျေးရွာအတွင်းနေထိုင်စဉ် ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ နေအိမ် ၂၃ လုံး၊ စပါးကျီ ၃ လုံး နှင့် နွားတင်ကုတ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာအတွင်း၌ M-14 နင်းမိုင်းများကို ထောင်ထားခဲ့ရာ နွားတစ်ကောင်နင်းမိုင်းမိပြီးသေဆုံးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့က ပြန်ထွက်သွားရာ ဖမ်းဆီးထားသော ပြည်သူ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်သားများ ပြန်လည် ထွက်ခွာသွားပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (K.N.L.A) နှင့် ပူးပေါင်းတပ်များမှ နယ်မြေရှင်းလင်းရေး လုပ်ငန်များလုပ်ဆောင်ပေးလျက်ရှိရာ ယခုအချိန်အထိ နင်းမိုင်း ၁၂ လုံးကို ဖယ်ရှားပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121970/
KNU မူတြော်ခရိုင်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၄ ဦးသေဆုံး
["KNU မူတြော်ခရိုင်ရှိ စာသင်ကျောင်းနှင့် ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၄ ဦးသေဆုံး", "စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက လက်တွေ့ကျသော နည်းလမ်းဖြင့် အရေးယူပေးရန် KNU တောင်းဆို", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်ရှိ စာသင်ကျောင်းများနှင့် ကျေးရွာများကို စစ်တပ်က လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းဆရာ ၁ ဦးနှင့် ကျောင်းသား ၄ ဦးသေဆုံး ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး က သတင်းထုတ်ပြန်သည်။", "စက်တင်ဘာ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သေသူးခီးကျေးရွာကို ဂျက်တိုက်လေယာဉ်ဖြင့် ၁ ကြိမ်၊ လယ်မုပလောကျေးရွာအုပ်စုရှိ ကော်ရော်ဘောထကျေးရွာသို့ ၁ ကြိမ်၊ ဒွယ်လိုးမြို့နယ် နာကိုးခီးကျေးရွာအုပ်စု ထီးကော်ထာရွာသို့ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်း ၁ကျောင်း၊ ကျောင်းသားဘော်ဒါဆောင် ၁ လုံး၊ ဘုရားကျောင်း ၁ ကျောင်း၊ ဝတ်ပြုဆုတောင်းရာ နေရာ ၁ နေရာနှင့် လူနေအိမ်ခြေ ၁၀ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူသောမြို့နယ် ခေါးပူကျေးရွာ အုပ်စု သေသူးခီးရွာတွင် နေထိုင်သည့် စောဆရေးမူး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စောဟဲမူ ၊ စောလေမူ၊ စောသဝါးနှင့် စောမောငဘတို့၏ နေအိမ် ၄ လုံး ပျက်စီးသွားခဲ့ကြောင်း၊ လူသောမြို့နယ် လယ်မုပလော ကျေးရွာအုပ်စု ကော်ရော်ဘောထာရွာရှိ စောအယ်ကညော၊ စောကီမဲ၊ စောခါးဂေမူး၊ စောစေးပွယ်ဝါး၊ နော်ထူးနူး၊ စောပလာဝါးတို့၏ နေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး ဘုရားကျောင်း ၁ ကျောင်း၊ စာသင်ကျောင်းနှင့် ဝတ်ပြုဆုတောင်းရာ ကျောင်းဆောင် ၁ ဆောင်တို့ ထိခိုက်ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ဒွယ်လိုးမြို့နယ် နာကိုးခီကျေးရွာအုပ်စု ထီကော်ထာရွာသို့ အကြမ်းဖက်စစ်တပ်မှ ဗုံးကျဲတိုက်ခိုက်ရာတွင် ကျောင်းသူ ကျောင်းသားမျး နေထိုင်သည့် ဘော်ဒါဆောင် ထိမှန်၍ ကျောင်းဆရာဖြစ်သူ စောဖားဒါး ၊ ကျောင်းသားများဖြစ်သည်ံ အသက် ၁၄ နှစ်အရွယ် စောအယ်မူလား၊ အသက် ၁၆ နှစ်အရွယ် နော်ထူးခူဖော် ၊ အသက် ၁၃ နှစ်အရွယ် စောဘိုကြီး တို့ ၄ ဦး သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် အသက် ၁၄ နှစ်အရွယ် နော်ဖော်စေးထူး၊ အသက် ၁၁ နှစ် အရွယ် နော်ဒါးဝါး၊ အသက် ၉ နှစ်အရွယ် စောအယ်မူလာဝါး၊ အသက် ၁၅ နှစ်အရွယ် ၊ စောအယ်နေထူး၊ အသက် ၁၆ နှစ်အရွယ် နော်မူလာကပေါ်နှင့် ကျောင်းဆရာမ ဖြစ်သူ အသက် ၂၄ နှစ်အရွယ် နော်ဒါးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှဒများ ကျူးလွန်၍ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာတရားရေးယန္တယားများ၊ ဒေသတွင်းအဖွဲ့အစည်းများဖြစ်သည့် အာဆီယံ၊ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ပို၍ လက်တွေ့ကျသည့် နည်းလမ်းများနှင့် တိုးချဲ့၊ ပိတ်ဆို့ အရေးယူးဆောင်ရွက်ကြရန် တောင်းဆိုကြောင်းလည်း ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။"]
https://yktnews.com/2023/12/135450/
KNU မူးတြော်ခရိုင်နှင့် သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး
["KNU မူးတြော်ခရိုင်နှင့် သထုံခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရကာ နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ကရင်ပြည်နယ်၊ KNU မူးတြော်ခရိုင်ရှိ ကောလူဒဲနယ်မြေကို အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။။", "ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် ဖျက်ဆီး၏ လေကြောင်းက ကြောင်းဖြစ် ဗုံးကျဲ တိုက်ခိုက်ရာ မူပယ်ထာရွာရှိ နေအိမ်များနှင့် စပါးကျည် ၁ လုံး လည်း ထိခိုက်ပျက်စီးခဲ့ရပြီး တဘိုထာရွာမှ စောတာပွယ်၏ နေအိမ်များအပြင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် ဝတ်ပြုဆုတောင်းခန်းတစ်ခုလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု​အတွင်း နေအိမ် ၆၁ လုံးမှ ဒေသပြည်သူ ၃၆၀ ဦး အသက်ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ကေားလူဒဲ ကျေးရွာအုပ်စုကို အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ အချိန်ထိ ရပ်တန့် သွားခြင်းမရှိသောကြောင့် ဒေသ ပြည်သူ သူများ ကြောက်ရွံ့၍ အသက်မွေးဝမ်းကြောင်အတွက် သွားလာလှုပ်ရှားကာ လုပ်ကိုင် စားသောက်လျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ-၈ လက်အောက်ခံ အမှတ် ၄၀၄ ခြေမြန်တပ်ရင်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သထုံခရိုင် နတ်ကြီးကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် စောထက်ဝေယုံ ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နတ်ကြီးရွာကြီး ပန်ကာခီးကျေားရွာစုထဲကို လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် နော်ဆန်းထွေး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရကာ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/110819/
KNU မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး၊ ရွာ ၃ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["KNU မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီး၊ ရွာ ၃ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၂", "KNU မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို ထံမှ သိရသည်။", "ဇူလိုင်လ ၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး၊ နွားတဲ ၁ လုံး နှင့် မြက်ရိတ်စက် ၁ လုံးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ−မူးမြို့နယ်အတွင်းရှိ ရေတွင်းကုန်း ကျေးရွာမှ တစ်ဆင့် ဝင်ရောက်လာကာ ဒေသပြည်သူများကို လက်နက်ကြီး ၃၂ လုံးအပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် အသက် ၄၂ နှစ်အရွယ် စောစိုးမိုးခိုင်နှင့် အသက် ၃၀ အရွယ် စောခါဒူတို့ ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိပြီး ရေတွင်းကုန်းနှင့် ဥသျှစ်ကုန်း ရွာအတွင်းရှိ လူနေအိမ် ၄ လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ မူးမြို့နယ် အတွင်းရှိ ရေတွင်းကုန်းကျေးရွာ၊ ဥသျှစ်ကုန်း ကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့မှ ပြည်သူ ၁၄၅၆ ဦး ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။"]
https://yktnews.com/2023/07/114138/
KNU မူးမြို့နယ်၊ နိုကူးရွာရှိ နေအိမ် ၂၇ လုံး နှင့် ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး
["KNU မူးမြို့နယ်၊ နိုကူးရွာရှိ နေအိမ် ၂၇ လုံး နှင့် ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇူလိုင် ၂၁", "KNU မူးမြို့နယ်၊ နိုကူးရွာရှိ ပြည်ပိုင်နေအိမ် ၂၇ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ နှင့် နယ်ခြားစောင့်တပ် B.G.F တို့ ပူးပေါင်းပြီး နိုကူးကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၇ လုံး၊ တဲ ၁၁ လုံး၊ စပါးကျီ ၁၆ လုံး၊ ထင်းစင် ၇ စင်၊ ဆိုင်ကယ် ၅ စီး၊ စက်ဘီး ၃ စီး၊ မီးစက် ၁ လုံးနှင့် ဝက်ခြံ ၁ ခြံတို့ကို မီရှို့ဖျက်ဆီးကာ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၂၇ လုံး၏ ပိုင်ရှင်များမှာ စောကြည်စိုး ၊ စောလွဲ ၊ စောဝင်းနီ ၊ စောဂေါင်းလေး ၊ နော်တာအေးဖိုး ၊ တီးကော်လာသူး ၊ စောစံချို (၈) စောသာကြည်ဦး ၊ စောစန်းအောင် ၊ နော်ချိုဖိုး ၊ နော်နေဘူမူး ၊ စောဝါး ၊ နော်ဝါးဝါး ၊ စောစတိုင် ၊ နော်ကြူကြူမြင့် ၊ စောမြတ်ထွန်း ၊ စောအယ်ဂေထူး ၊ စောမောင်ကျား ၊ စောမောင်ဒုတ် ၊ စောဘိုးဘိုး ၊ စောဇော်ဝင်း ၊ စောခွါးခွါး ၊ စောမောင်ဝါး ၊ နော်စိန်စိန် ၊ နော်ပန်းငွေ ၊ စောစောဂေ နှင့် စောရွှေဝါထွန်း တို့ဖြစ်ကြောင်း သိရသည်။", "မီးရှို့ဖျက်ဆီးခံရသည့် တဲ ၁၁ လုံး၏ ပိုင်ရှင်များမှာ စောကြည်စိုး ၊ နော်တာအေးဖိုး ၊ တီးကော်လာသူး ၊ နော်ချိုဖိုစောအောင်ချို ၊ စောနေဘူမူး ၊ စောဝါး ၊ စောစတိုင် ၊ စောဝါးတူ ၊ စောဘိုးဘိုး ၊ စောကစယ်ခို တို့ဖြစ်ကြောင်း၊ ထို့ပြင် စောစန်းအောင် ၊ စောသံတုံး ၊ စောသာလွဲ ၊ စေသာဘိုးဘိုး နှင့် စောအယ်ဂေထူး တို့ ၏ ဆိုင်ကယ် (၅) စီး နှင့် စောဖိုးဒစော ဘိုးဘိုး ၏ စက်ဘီး ၃ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ နိုကူးကျေးရွာသည် ၂၀၂၂ ခုနှစ် အစောပိုင်း ကတည်းက စတင်ကာ ဒေသပြည်သူများ စစ်ဘေးရှောင်နေရပြီး လက်ရှိချိန်အထိ ကျေးရွာအတွင်းသို့ ပြည်လည် နေထိုင်နိုင်ခြင်းမရှိသေးကြောင်း၊ KNU မူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ ပြည်သူများ အတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးလိုလျှင် ကေအဲန်ယူ−သတင်းနှင့် ပြန်ကြားရေး (ဗဟို) သို့မဟုတ် ကရင်ပြည်တွင်းနေရပ် စွန့်ခွာ ရသူများကော်မတီ (C.I.D.K.P) သို့ ဆက်သွယ်ကူညီနိုင်ကြောင်း KNU −ဗဟို က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/115402/
KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာပေါင်း ၄၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာပေါင်း ၄၁ ရွာမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၂၉", "KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၄၁ ရွာမှ သောင်းနှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇူလိုင်လ ၂၅ ရက်နေ့ ည ၇ နာရီခန့်တွင် လယ်ဒိုမြို့နယ်၊ ခရုကုန်းရွာ၌ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉လက်အောက်ခံတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီး နောက် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်း အနီးအနားရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် အလုံးရေ အများအပြား ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ရေတွင်းကုန်းကျေးရွာ သင်္ချိုင်းကုန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ လက်အောက်ခံ တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိကာ စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် မှ ၅ နာရီဝန်းကျင်အတွင်း ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ရေတွင်းကုန်းရွာအတွင်းကို လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ပြီး ရေတွင်းကုန်းရွာသား အသက် ၃၈ နှစ်အရွယ် ဇော်ဝင်းနိုင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရွာအတွင်းဝင်ရောက်လာစဥ် ထိခိုက် ဒဏ်ရာရရှိခဲ့သော ကိုဇော်ဝင်းနိုင်ကို ရိုက်နှက်ထိုးကြိတ်ထားခဲ့ကြောင်း သိရှိရသည်။", "ယင်းသို့ တိုက်ပွဲများနှင့် အကြမ်းဖက် စစ်တပ်၏ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အင်းပရိ၊ ကျောင်းကုန်း၊ ရေတွင်းကုန်း၊ ကန်ကလေး၊ ဝါချဲ၊ ပိန်းဇလုပ်ရွာမ၊ ပိန်းဇလုပ်မြို့၊ ပေါက်ကုန်း၊ ခင်ကန့်လန့်၊ ကညင်ကျိုး၊ ငဖယ်အင်း၊ ဘုရားငုတ်တို၊ တောင်ခင်၊ ကြိတ်ကွင်း၊ အလှိုင်၊ နွားရေချောင်း၊ သူဌေးကုန်း၊ ဘာဘူကုန်း၊ သာယာကုန်း၊ ဇီးကုန်း၊ ချွဲတလဲ၊ သမင်အင်းကုန်း၊ ဖျံတလင်း၊ ဘောဒီကွင်း၊ သင်္ကန်းချောင်း၊ ဝဲပျံကုန်း၊ ဇီးရေတွင်း၊ စဉ့်အိုးလာ၊ ပေါက်ပင်ကုန်း၊ နံဇ၊ တလဲခင်၊ ဖိုးတ၊ ချောင်းဝ၊ လက်ခံ၊ ဒိုးတန်း၊ ကျောက်စရစ်အနောက်ဘက်ကမ်း၊ နတ်တလင်း၊ ခြောက်သဲစု၊ ရှားစု၊ နတ်စင်ကုန်း၊ ဇရပ်ကုန်း စသည့်ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရသည်။", "အဆိုပါ ကျေးရွာ ၄၁ ရွာအနက်မှ နတ်စင်ကုန်း၊ ငါးဖယ်အင်း၊ ကန်ကလေး၊ ဝါချဲ၊ ဇရပ်ကုန်း၊ ခင်ကန့်လန့်၊ ကျောင်းကုန်း၊ ပိန်းဇလုပ်ရွာမ၊ လက်ခံနှင့် ကညင်ကျိုးစသည့် ကျေးရွာပေါင်း ၁၀ ရွာမှ အိမ်ခြေစုစုပေါင်း ၁၆၅၅ အိမ်၊ ကျား ၃၇၆၄ ဦး၊ မ ၄၀၆၃ ဦး၊ လူဦးရေ စုစုပေါင်း ၇၉၉၂ ဦးရှိပြီး ကျန်ကျေးရွာများ၏ အိမ်ခြေစာရင်းနှင့် လူဦးရေစာရင်းကို ပြုစုနေဆဲဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/136749/
KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ၃ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး
["KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ၃ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ကရင်ပြည်နယ်၊ KNU လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၃ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီကျော်အထိ အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်စခန်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် တောင်ခင်ကျေးရွာကို ၂ လုံး၊ အလယ်ကျေးရွာကို ၅ လုံး၊ ငဖယ်အင်းကျေးရွာကို ၃ လုံး၊ သူဌေးကုန်းကျေးရွာကို ၈၁ မမလက်နက်ကြီး ၁၀ လုံး၊ ၁၅၅ မမ လက်နက်ကြီးများဖြင့် လှေတန်းကျွန်းကြီးကျေးရွာကို ၄ လုံး၊ ကညင်ကျိုးကျေးရွာကို ၂ လုံး၊ ရေတွင်းကုန်း ကျေးရွာကို ၂ လုံး လက်နက်ကြီး ၂၈ လုံးခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရေတွင်းကုန်းကျေးရွာအတွင်းကို ၈၁ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး နတ်တလင်းကျေးရွာမှ မြို့ပေါ်ကို ဈေးဝယ်ရန်သွားသည့် မောင်ယဉ်ထွေး၊ မောင်စိုးမင်းသူ၊ မောင်လင်းလင်းထွန်းနှင့် ဒဝယ်ပေါက် တို့ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ မောင်ယဉ်ထွေးနှင့် ဒဝယ်ပေါက် ၂ ဦးကိုသာ ပြန်လွတ်ပေးပြီး ကျန် ၂ ဦးကို လက်ရှိချိန်ထိ ဖမ်းဆီး ထားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဘာဘူကုန်းကျေးရွာမှနေ၍ သူဌေးကုန်းကျေးရွာ အတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ သူဌေးကုန်းကျေးရွာရှိ ဒေါ်ညို၏ နေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အသက် ၆၇ နှစ်အရွယ် ဒေါ်ညို ပွဲချင်းပြီးသေဆုံးခဲ့ပြီး သမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် မအိသည် ကျောက်တံခါးဆေးရုံတွင် ထပ်မံသေဆုံးခဲ့​ကာ မြေးဖြစ်သူ အသက် ၄ နှစ်အရွယ် မပုံပုံ လက်နက်ကြီး ကျည်စထိမှန်၍ ကျောက်တံခါး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။"]
https://yktnews.com/2023/05/102041/
KNU လယ်ဒိုမြို့နယ်ရှိ စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၄၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
["KNU လယ်ဒိုမြို့နယ်ရှိ စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၄၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊‌ မေ ၁၁", "KNU – ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ လယ်ဒိုမြို့နယ် အတွင်း၌ အကြမ်းဖက်စစ်တပ်က စာသင်ကျောင်း၊ ဘုရားကျောင်းအပါ အဝင်နေအိမ် အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "မေလ၉ ရက် နံနက် ၅ နာရီခွဲခန့်က ခလယ်ထွီခရိုင် တပ်မဟာ ၃ အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက်စစ်တပ်မှ ပိုးလိုနိုဖိုးကျေးရွာမှ နေအိမ် ၂ လုံး၊ လယ်ဝိုင်းကြီးကျေးရွာမှ ရွာလုံး ကျွတ် ၄၂ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနှင့် ဘုံ ပစ္စည်းထားရာနေရာ အဆောက်အဦးအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အလားတူ မေလ ၄ ရက်နေ့ကလည်း ကေအဲန်ယူ-မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင်းသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၁၈ လုံး မီးလောင် ပြာကျခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "နေအိမ်များမီးလောင်မှုကို ငြှိမ်းသတ်ရန် ကျေးရွာနေပြည်သူလူထုမှ ကျေးရွာအတွင်း ပြန်လည် ဝင် ရောက် ရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက်စစ်တပ်မှ ကျေးရွာအတွင်း နေထိုင်စောင့်ကြည့်နေသဖြင့် နေအိမ်မပြန်ရဲပဲ နေအိမ်အသုံးအဆောင်ပစ္စည်းများအားလုံး မီးလောင်ပြာကျခဲ့ရသည်ဟု ဆိုသည်။", "အကြမ်းဖက်စစ်တပ်မှ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တွေ့ရာလူ ဖမ်း ဆီးနှိပ်စက်ခြင်း တို့ကြောင့် KNU – ကေအဲန်ယူ – လယ်ဒိုမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုးနိုဖိုး ကျေးရွာ၌ နေထိုင်သူ ပြည်သူ ၁၂၀၆ ဦး၊ ကေအဲန်ယူ−မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင် နေထိုင်သူ ပြည်သူ ၁၀၂၀ ဦးတို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ယနေ့အထိ ကျေးရွာများအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123316/
KNU ဝင်းရေးနှင့် ကျိုက်ထို မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး
["KNU ဝင်းရေးနှင့် ကျိုက်ထို မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီးကာ ပြည်သူပိုင် ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးသွားကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဝင်းရေးမြို့နယ်ရှိ တံခွန်တိုင် ရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ကျိုက်ထို တပ်မ ၄၄ လက်အောက်ခံ ခလရ-၂ ၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်) ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ BGF တပ်ရင်း ၁၀၂၁ ၊ BGF တပ်နယ် ၃ စသည့် စစ်ကြောင်းကို KNLA – တပ်ရင်း ၁၆ ၊ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်က စတင်ပြီး ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး လာသည့်အတွက် ဝင်းရေးမြို့နယ် ခလယ်အုပ်စု နှင့် တံခွန်တိုင်ကျေးရွာအုပ်စု ပြည်သူ ၁ သောင်းကျော်ခန့်သည် နေအိမ်များကို စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ဘေးရှောင် ပြည်သူများ၏ ကျေးရွာအတွင်း နေရာယူ တပ်စွဲထားကာ ပြည်သူပိုင် အိုးအိမ်များကို ဝင်ရောက် ဖျက်ဆီးခြင်း၊ အိမ်တွင်းရှိ ပစ္စည်းမှန်သမျှ မွှေနှောက်ဖျက်ဆီးခြင်း၊ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။", "စက်တင်ဘာလ ၁၄ ရက် မှ စက်တင်ဘာလ ၁၈ ရက်နေ့ထိ ဝင်းရေးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အိမ်​​ခြေပေါင်း ၅၀ ဝန်းကျင်ခန့် ထိမှန် ပျက်စီးခဲ့ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်လည်း ဝင်းရေးမြို့နယ်၊ ခလယ်ကျေးရွာ ရပ်ကွက် ၂ နေ စောတင်ထူးအောင် ၄၀ နှစ်သည် ၎င်း၏ နေအိမ်၌ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး​ ကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်နှင့် KNLA – ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက် ထိတွေ့ ပစ်ခတ်မှုများ​ ဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင် ပြည်သူများသည် မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းနေမှုများကြောင့် နေရာထိုင်ခင်းများအတွက် အမိုးအကာများ လုံလောက်မှု မရှိသည့်အပြင် စစ်ဘေးရှောင် စခန်းများမရှိသည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူများ၏ စားဝတ်နေရေးအတွက် ရိက္ခာများ၊ ကျန်းမာရေးဆိုင်ရာအတွက် ဆေးဝါးများနှင့် ကုသမှုများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စောင်နိုင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကလောရွာ အတွင်း လာရောက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အမှတ် ၆၀၂ အမြောက် တပ်ရင်း ဂိတ်စခန်း တပ်ဖွဲ့ဝင်များ စောင်နိုင်ကြီးကျေးရွာအတွင်း လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111013/
KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၃", "KNU ဝင်းရေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၈ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်၏ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် အမြောက်တပ် ၃၁၈ က ၁၂၂ ဟောင်ဝစ်ဇာအမြောက်များ၊ ၁၂၀ မမ စိန်ပြောင်းများဖြင့် ခလယ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ပုလိန်မြို့ဟောင်းနှင့် ငြိမ်းချမ်းမြိုင်ရွာတို့ကို ပစ်ခတ်ခဲ့ပြီး ကျေးရွာအနီးနား ဝန်းကျင် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် အမတ ၃၁၈ က ပုလိန်မြို့ဟောင်းကျေးရွာအတွင်း ၁၂၂ ဟောင်ဝစ်ဇာ အမြောက်များနှင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားပြီး ကျေးရွာအနီးအနား ဝန်းကျင်ကို အမြောက်ကြီးများနှင့် အချိန်မရွေး ပစ်ခတ်ခဲ့သောကြောင့် ပုလိန်၊ ခလယ်၊ တံခွန်တိုင်နှင့် နန်းသိုင်းထွန်ကျေးရွာမှ ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသ ပြည်သူများ စားဝတ်နေရေး ခက်ခဲမှုရှိလာခြင်းကြောင့် မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း၊ ဇွန်လ ၁၉ ရက်နေ့ကလည်း အဘစ်အမြောက်တပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်များ တံခွန်တိုင်ကျေးရွာထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၆ နှစ်ခန့်ကလေးတစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး လွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသ ပြည်သူများကို အကူအညီ ပေးနိုင်ရေး အတွက် ဒုစစ်ဒေသခွဲမှူးရုံးအနေနှင့် ဝင်းရော်ဒေသ အရေးပေါ် စစ်ရှောင်ကူညီရေးကော်မတီ (အောက်ပိုင်း)တို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/01/140727/
KNU အုပ်ချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀၀၀ ကျော်သေဆုံး
["KNU အုပ်ချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၀၀၀ ကျော်သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "KNU−ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၄၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "KNU−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေများ အတွင်းကို ဝင်ရောက် ကျူးကျော်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ နှင့် ဒရုန်းစစ်ဆင်ရေး တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၄၆၂၃ ကြိမ်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ၊ အရာခံ၊ တပ်သား စုစုပေါင်း ၅၀၀၅ ဦး သေဆုံးခဲ့ပြီး ၃၃၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှု အောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ တိုင်းပြည်နှင့် လူမျိုးအတွက် ၁၅၄ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၅၉၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲများအတွင်း အဖက်ဖက်မှ ရှုံးနိမ့်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည်ဟပြည်သူလူထုအပေါ် အညှိုးကြီးစွာ ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသော အကြမ်းဖက် လုပ်ရပ်များကို တစ်နေ့ တစ်ခြား တိုးမြှင့် လုပ်ဆောင်ခဲ့သောကြောင့် ကော်သူးလေအုပ်ချုပ် နယ်မြေအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ နေရပ်စွန့် ခွာ ထွက်ပြေး တိမ်းရှောင်ရသူ ၇၅၁၆၆၉ ဦးအထိရှိလာပြီဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန် ထား သည်။"]
https://yktnews.com/2023/10/126017/
KNU အုပ်ချုပ်နယ်မြေများ၌ ၉ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများအပါအဝင် စစ်သား ၄၀၀၀ နီးပါး သေဆုံး
["KNU အုပ်ချုပ်နယ်မြေများ၌ ၉ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများအပါအဝင် စစ်သား ၄၀၀၀ နီးပါး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၉ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများ အပါအဝင် တပ်သား ၄၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေများ အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်း အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၅၇၀ ကြိမ်ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ၊ အရာခံများအပါအဝင် တပ်သားပေါင်း ၃၈၆၅ ဦးသေဆုံးခဲ့ပြီး ၂၂၆၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် ၁၁၂ ဦး အသက်ပေးလှူခဲ့ရပြီး ၃၉၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/03/91498/
KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်း မဟုတ်မှန်ဘဲ စစ်ကောင်စီ လက်အောက်ခံ BGF အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီး ၏ သား လိုက်ပါသော ကားတန်း မိုင်းဆွဲခံရခြင်းဖြစ်
["KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်း မဟုတ်မှန်ဘဲ စစ်ကောင်စီ လက်အောက်ခံ BGF အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီး ၏ သား လိုက်ပါသော ကားတန်း မိုင်းဆွဲခံရခြင်းဖြစ်", "ရန်ကုန်၊ မတ် ၉", "ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်းမှာ မှန်ကန်မှုမရှိသော သတင်းအမှားသာ ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြော ဆိုသည်။", "မတ်လ၉ ရက်နေ့ နံနက် ၉ နာရီအချိန်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲ၊ ကစို ကျေးရွာအနီးတွင် စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြား စောင့်တပ်ဖွဲ့ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီး၏ သားလိုက်ပါသော ကားတန်း မိုင်းဆွဲခံရပြီး KNU ဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရသည့် သတင်းမဟုတ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။", "“မိုင်းဆွဲခံရတာက KNU ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ် ကားဆိုတာမဟုတ်ပါဘူး။ BGF အကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ် ဖားနွီးရဲ့သား ကားတန်း မိုင်းဆွဲခံရတာပါ။ KNU ဥက္ကဋ္ဌ နဲ့စစ်ဦးစီးချုပ်ကားတန်း မိုင်းဆွဲခံရတယ်ဆိုတာ သတင်းအမှား။ ဘာကြောင့် ဒီလို သတင်းမျိုးကို အတည်ပြုချက်မရှိဘဲ ထုတ်ပြန်လဲတော့ နားလည်ရခက်ပါတယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/01/138390/
KNU၊ KNLA ၏ အမည်၊ အမှတ်တံဆိပ်နှင့် စည်းတံဆိပ် အသုံးချ၍ မတရားငွေကြေးတောင်းခံမှု ဖြစ်ပွားခဲ့မှုအပေါ် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်
["KNU၊ KNLA ၏ အမည်၊ အမှတ်တံဆိပ်နှင့် စည်းတံဆိပ် အသုံးချ၍ မတရားငွေကြေးတောင်းခံမှု ဖြစ်ပွားခဲ့မှုအပေါ် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်", "ရန်ကုန်၊ ဇန်နဝါရီ ၃", "ကရင်အမျိုးသားအစည်းအရုံး KNU ၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အမည်၊ အမှတ်တံဆိပ်၊ စည်းတံဆိပ် အသုံးချ၍ မတရားငွေကြေးတောင်းခံမှုဖြစ်ပွားခဲ့မှုအပေါ် အမှုဖော်ထုတ်နိုင်ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁ ရက်နေ့တွင် မသမာသူ လူတစ်စုက KNU နှင့် KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ အမည် ၊ အမှတ်တံဆိပ်နှင့် စည်းတံဆိပ်ကို တုပပြုလုပ်၍ မြဝတီမြို့နေ လုပ်ငန်းရှင်တစ်ဦးထံမှ ငွေကြေးအတင်းအဓမ္မခြိမ်းခြောက်တောင်းခံရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ယင်းအမှုကျူးလွန်သူများသည် KNU အပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားကာ နိုင်ငံရေးဂုဏ်သိက္ခာညှိုးနွမ်းစေရန်ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဟု ယူဆကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် ပြည်သူများအနေနှင့် အလားတူ ဖြစ်ရပ်များ ရင်ဆိုင်ကြုံတွေ့လာပါက နီးစပ်ရာ KNU တာဝန်ရှိသူများထံဆက်သွယ်အကြောင်းကြားရန်လည်း KNU ဗဟိုက အသိပေးချ ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/138044/
Khit Thit Media က ဖော်ပြခဲ့သည့် ထောင်ကျ စစ်အရာရှိဟောင်းနှင့်စစ်သည် ၆၄၅ ဦး ကို လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်းသည့် လျှို့ဝှက် အမိန့်စာနှင့် ပြည်ထဲရေး အရာရှိများ ရာထူးတိုးနယ်ပြောင်း အမိန့်စာ ပေါက်ကြားမှုကြောင့် နေပြည်တော် ဝန်ကြီးရုံးအဖွဲ့များ စစ်ဆေးခံနေရ
["Khit Thit Media က ဖော်ပြခဲ့သည့် ထောင်ကျ စစ်အရာရှိဟောင်းနှင့်စစ်သည် ၆၄၅ ဦး ကို လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်းသည့် လျှို့ဝှက် အမိန့်စာနှင့် ပြည်ထဲရေး အရာရှိများ ရာထူးတိုးနယ်ပြောင်း အမိန့်စာ ပေါက်ကြားမှုကြောင့် နေပြည်တော် ဝန်ကြီးရုံးအဖွဲ့များ စစ်ဆေးခံနေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "Khit Thit Media က ဖော်ပြခဲ့သည့် ထောင်ကျ စစ်အရာရှိဟောင်းနှင့်စစ်သည် ၆၄၅ ဦး ကို လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှုထမ်းခိုင်းသည့် လျှို့ဝှက် အမိန့်စာနှင့် ပြည်ထဲရေး အရာရှိများ ရာထူးတိုးနယ်ပြောင်း အမိန့်စာပေါက်ကြားမှုကြောင့် နေပြည်တော် ပြည်ထဲရေးဝန်ကြီးရုံးအဖွဲ့ကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့များက ခေါ်ယူစစ်ဆေးနေကြောင်း သိရှိရသည်။", "Khit Thit Media က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပတ်သက်သူများ၊ စစ်အရာရှိဟောင်း မိုးကျရွှေကိုယ်များ အပါအဝင် ဒုညွှန်ကြားရေးမှူး ၇ ဦးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး များအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း အမိန့်စာနှင့် ညွှန်ကြားရေးမှူးများ နယ်ပြောင်းသည့် အမိန့်စာတို့ကို ဖော်ပြခဲ့သည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်သားများ သေဆုံးမှု အလွန်များပြားနေ၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ပြစ်ဒဏ်ကျ အရာရှိနှင့် စစ်သည် ၆၄၅ ဦးကို လျှို့ဝှက် လွတ်ငြိမ်းခွင့်ပေးပြီး စစ်မှု ထမ်းခိုင်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ လျှို့ဝှက် ညွှန်ကြားချက် အမိန့်စာကို Khit Thit Media က ဖော်ပြခဲ့သည်။", "အဆိုပါ လျှို့ဝှက် အမိန့်စာများ ပေါက်ကြားမှုကြောင့် နေပြည်တော်စစ်ရုံးချုပ်ရှိ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က နေပြည်တော်ရှိ ပြည်ထဲရေး ဝန်ကြီးရုံးမှ ရုံးအဖွဲ့၊ ဒုဝန်ကြီးရုံးအဖွဲ့ တို့၏ မိုဘိုင်းလ်တယ်လီဖုန်းများ သိမ်းဆည်း၍ ခေါ်ယူစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“အကျဉ်းဦးစီးဌာနကို ညွှန်ကြားတဲ့ လျှို့ဝှက်အမိန့်စာ။ ထောင်ကျ စစ်အရာရှိဟောင်းနဲ့စစ်သည် ၆၄၅ ဦးကို လွတ်ငြိမ်းပေးပြီး စစ်မှုထမ်းခိုင်းတဲ့စာ။ အဲဒါပေါက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးစီးအရာရှိ ဦးသိန်းထိုက်ပါ ပြည်ထဲရေးဒုဝန်ကြီးရုံးအဖွဲ့ စစ်ဆေးခံရတယ်။ နောက်တစ်ခါ ညွှန်ကြားရေးမှူးအပြောင်းနဲ့ ရာထူးတိုး စာတွေ ထပ်ပေါက်လို့ ပြည်ထဲရေးဝန်ကြီးရုံးအဖွဲ့ အတော်များများ စစ်ဆေးခံရတယ်။ စစ်ဆေးခံရတယ်ဆိုတာက ဖုန်းတွေ ယူစစ်တယ်။ မက်ဆင်ဂျာ၊ ဗိုက်ဗာ၊ စင်ဂနယ်၊ တယ်လီဂရမ် လူမှုကွန်ရက်မှာရှိတဲ့ အကောင့်တွေ အကုန်ဝင်ကြည့်တယ်။ စစ်တယ်ပေါ့။ ဘယ်တွေကို ဆက်သွယ်ထားလဲဆိုတာကို စစ်တာ။ အစစ်ခံရတာကတော့ အများကြီးပဲ အကုန်ခေါ်စစ်တာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် လက်ထက်ကလည်း အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ ထိပ်ပိုင်းအစည်းအဝေး မှတ်တမ်း အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန၏ လျှို့ဝှက် ကိစ္စများအားလုံး Khit Thit Media သို့ ပေါက်ကြားခဲ့သဖြင့် အရေးယူမှု အများ အပြားလုပ်ဆောင်ခဲ့ပြီး နောက်ဆုံး စိုးထွဋ်ကို ရာထူးမှ ဖယ်ရှားကာ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ချ အပြစ်ပေးခဲ့သည်။"]
https://yktnews.com/2025/03/205955/
Khit Thit သတင်းဌာန မတ် ၂ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန မတ် ၂ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ မတ် ၂ ရက်နေ့ မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့် သွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်မှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှ ထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေး ထားတာလည်း ဖြစ်ပါတယ်"]
https://yktnews.com/2023/09/120620/
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ စက်တင်ဘာ ၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – အမေရိကန်နိုင်ငံ ၊ ဝါရှင်တန်ဒီစီ မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။", "– စစ်ကိုင်းတိုင်းက ခင်ဦးမြို့ နဲ့ ကံသာယာ-ကျေးရွာကြားမှာ အင်အား ၁၀၀ ကျော်ပါတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦး သေသွားတယ်လို့ MRDA ၊ စေတန်တပ်ခွဲရဲ့ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါ တယ်။", "– မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်က အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားတဲ့ အင်ပင်ဂိတ်ကို (MRTF) Drone တပ်နဲ့ Royal Defense Force အဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ သတင်းအပါ အဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/09/41167/
Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း ၊ တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ နဲ့ ရေဦးမြို့နယ်တွေမှာရှိတဲ့ ကျေးရွာ ၈ ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရ ပါတယ်။ – အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီးတော့ အရပ်သား အမည်ခံ အစိုးရနဲ့ သမ္မတ တင်မြှောက်ပြီး ၊ တပ်ချုပ်ရာထူးနဲ့ပဲ နိုင်ငံ့ဥသျှောင် အကြီးအကဲ လုပ်လိုတဲ့ အလားအလာတွေ မြင်တွေ့ရတယ်လို့ စစ်ဘက်သတင်းရပ်ကွက်တချို့က သုံးသပ်ပြောဆိုထားပါတယ်။ – မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တန်ခိုးကြီးဘုရား၊ စေတီ ၊ ပုထိုး တွေမှာ ရရှိထားတဲ့ အလှူငွေတွေကို စနစ်တကျ ဖြစ်စေရေးအတွက်လို့ ဆိုပြီး ၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေး ဘဏ်တွေမှာ ဌာနဆိုင်ရာ အရာရှိတစ်ဦးနဲ့ တွဲဖက်ပြီးတော့ Joint Account စာရင်းဖွင့်လှစ် အပ်နှံရ မယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။"]
https://yktnews.com/2024/12/196642/
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့", "-နိုင်ငံတစ်ဝှမ်း အကြီးအကျယ် စစ်ရှုံးနေတဲ့အချိန် အကြမ််းဖက် မင်းအောင်လှိုင်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို တစ်ရက်တည်း လေယာဉ်နဲ့ ကူးပြီး ပွဲတွေ ထပ်တက်ပြန်ပြီး ၊ စစ်ရှုံးနေပေမယ့် ပွဲတက်နေတဲ့ မင်းအောင်လှိုင်ပုံကတော့ ပျော်ရွှင်နေတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။", "ချင်းပြည်နယ်က မင်းတပ်နဲ့ကန်ပက်လက်မြို့ကို ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီး သတ် သိမ်ပိုက်ပြီးတဲ့နောက် ချင်းပြည် တောင်ပိုင်းတစ်ခုလုံးမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေ ကင်းစင် သွားပြီး မင်းတပ် ခလရ ၂၇၄ စစ်တပ် တပ်ရင်းက ဗိုလ်မှူးကြီးကိုလည်း အရှင်ဖမ်းဆီးရမိထား ပြန်တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။", "-ရန်ကုန်မြို့က မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်မှာ မင်္ဂလာပွဲ လာတက်တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ဝင် ဗိုလ်မှူး ဇေယျာမင်း ဆိုသူကို ရန်ကုန်မြိုပြ တော်လှန်ရေး ရဲဘော်တွေက ပစ်ခတ်ရာ မသေသေးပဲ ဒဏ်ရာ သာ ရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/11/61016/
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မွန်ပြည်နယ်၊ ကျိုက်မရော-မြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာရှိတဲ့ စစ်ကောင်စီအောက်ခံ ရဲစခန်းနဲ့ တံတားလုံခြုံရေးဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဒီကနေ့ နိုဝင်ဘာလ ၁၂ ရကပ်နေ့ မနက် ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စခန်းနဲ့ ဂိတ်ကို မီးရှို့ရှင်းလင်းလိုက်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ – ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းချထားတဲ့ ဘောကထာ-ကျေးရွာ အနီးမှာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေသလို ၊ စစ်ကောင်စီ ဘက်က တိုက်ခိုက်ရေး – ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ က‌ပြောပါ တယ်။ – စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဘီယာတွေ အပါအဝင် စစ်တပ် ထုတ်ကုန်တွေကို ရောင်းချနေတဲ့သူတွေကို ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့ တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/11/65874/
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရေးမြို့မ ရဲစခန်းမှူး လိုက်ပါလာတဲ့ကားကို မွန်ပြည်နယ် ရေးဘီလူးအဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာမှာ ရဲစခန်းမှုး အပါအဝင် ရဲ ၃ ဦး သေသွားတဲ့အပြင် ၊ M 16 သေနတ် ၁ လက်ပါ ရရှိခဲ့ပါတယ်။ – စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှာ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၇ နာရီခွဲလောက်က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ကင်းစောင့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး အရက်ဝိုင်းဖွဲ့- သောက်နေတဲ့အချိန် Zero ပြောက်ကျားတပ်ဖွဲ့ကနေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်၊ ပုလဲမြို့ပေါ်ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို နိုဝင်ဘာ ၂၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကနေ လက်နက်ကြီးတွေနဲ့သွားရောက် ပစ်ခတ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/11/68071/
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – ရန်ကုန်မှာ ဧည့်စာရင်းတိုင်မယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခံနေရတဲ့ အတွက်ကြောင့် ရပ်ကွက်ရုံးမှာ ဧည့်စာရင်း တိုက်ရိုက်တိုင်ခွင့်မပြု တော့ဘဲ စနစ်သစ်ပြောင်းလဲ လိုက်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တချို့ဆီကနေ သိရပါတယ်။ – ပဲခူးတိုင်း၊ တောင်ငူ-ခရိုင်၊ ထန်းတပင်-မြို့နယ် ၊ ကင်မွန်းချုံကျေးရွာက အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း အောင်ဝင်းကို နိုဝင်ဘာ၂၇ ရက်နေ့ ညနေပိုင်းမှာ ထန်းတပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ထန်းတပင်၊ ပကဖ)ကနေ ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ ပဲခူး PDF က ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က မွန်းလွဲပိုင်းမှာ လှတောကျေးရွာကနေ ရွှေဘိုဘက်ကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
["Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – ရန်ကုန်မှာ ဧည့်စာရင်းတိုင်မယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခံနေရတဲ့ အတွက်ကြောင့် ရပ်ကွက်ရုံးမှာ ဧည့်စာရင်း တိုက်ရိုက်တိုင်ခွင့်မပြု တော့ဘဲ စနစ်သစ်ပြောင်းလဲ လိုက်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တချို့ဆီကနေ သိရပါတယ်။ – ပဲခူးတိုင်း၊ တောင်ငူ-ခရိုင်၊ ထန်းတပင်-မြို့နယ် ၊ ကင်မွန်းချုံကျေးရွာက အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း အောင်ဝင်းကို နိုဝင်ဘာ၂၇ ရက်နေ့ ညနေပိုင်းမှာ ထန်းတပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ထန်းတပင်၊ ပကဖ)ကနေ ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ ပဲခူး PDF က ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က မွန်းလွဲပိုင်းမှာ လှတောကျေးရွာကနေ ရွှေဘိုဘက်ကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/11/57775/
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်ဘက်တော်သား ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုအပြင် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းရေး နဲ့ အိမ်တိုင်းမှာ ဘုရားစင် မပျောက်ရေးအတွက် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပေါ် လာတယ်ဆိုတဲ့ သဘောထား တွေကို လှည့်လည် ပြောဆိုနေပါတယ်။ – မြန်မာနိုင်ငံတစ်ဝန်း ကျေးလက်ဒေသတွေမှာ တန်ဆောင်တိုင် ဘုရားပွဲတွေ ၊ ပွဲလမ်းသဘင်တွေ နဲ့ စနေ၊ တနင်္ဂနွေအားလပ်ရပ် ပျော်ပွဲရွှင်ပွဲတွေမှာ လူစည်ကားအောင်ဆိုပြီး ၊ လောင်းကစား၀ိုင်းတွေကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ရဲတွေက မဖြစ်မနေ ထည့်သွင်း ကျင်းပခိုင်းတဲ့ အပြင် ၊ ဆက်ကြေး ကောက် ယူမှုတွေလည်း ရှိနေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောကြပါတယ်။ – မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နိုင်ဝင်ဘာလ ၃ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခြေကျင် စစစ်ကြောင်းကို PDF တပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေပြီး ၊ ခြေပြတ် လက်ပြတ် ဒဏ်ရာရရှိသူတွေပါရှိသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/11/59015/
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ မြွေတလိုင်းကျေးရွာမှာနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်ကြီးအောင်နိုင်စိုးဆိုသူဟာ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားတယ်လို့ တောကြီး-မြွေပွေး အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ – တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ၊ အခွန်လွတ်ဈေး အနီးမှာရှိတဲ့ လမ်းဆုံမှာ ကြံ့ဖွတ်ပါတီ လွှတ်တော်ကို ယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံသူ မင်းထွးဆိုသူဟာ ဒီကနေ့ နိုဝင်ဘာ လ ၇ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး သေသွားတယ်လို့ နီးစပ်သူတွေနဲ့ မျက်မြင်တွေ့သူ အချို့ဆီက နေ သိရပါတယ်။ -ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခလရ ၂၈၄ က တပ်သား ရဲနိုင်သွေးဆိုသူဟာ သေနတ် ၂ လက် ၊ လက်ပစ်ဗုံး ၃ လုံး အပါအဝင် လက်နက်ခဲယမ်းများစွာနဲ့ နိုဝင်ဘာ လ ၆ ရက်နေ့မှာ CDM ပြုလုပ်လာတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/11/58990/
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ပြည်တွင်းမှာ ကမ္ဘာ့စတော့ရှယ်ယာစျေးကွက် ရင်းနှီးမြှုပ်နှံမှု အမည်ခံ Power 96 ကုမ္ပဏီဟာ ငွေကျပ် သိန်းပေါင်း ၇ သောင်းကျော်ကို လိမ်လည်ပြီး စင်ကာပူကို ထွက်ပြေးခဲ့ရာကနေ အခုအခါ လူမှုကွန်ရက် မှာ Page အသစ်နဲ့ ထပ်ပြီး ငွေလိမ်နေတယ်လို အဲ့ဒီ့ ကုမ္ပဏီ နဲ့ ပတ်သက်ခဲ့သူတွေက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။ -ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်၊ ကမ်းနားလမ်းမှာရှိတဲ့ RV စားသောက်ဆိုင်ထဲမှာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်ငါး – လုပ်ငန်းဦးစီးမှူး ဦးသက်ဦး ဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရပြီး၊ စစ်တွေဆေးရုံကြီး ရဲ့ အရေးပေါ် ICU အခန်းထဲမှာ အသက်လုနေရ တယ်လို့ ဆေးရုံသတင်းရပ်ကွက်က ပြောပါတယ်။ – မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ကို နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၉ ဦးသေသွားတဲ့သတင်းအပါဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2022/11/59469/
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော်မှာ စစ်ကောင်စီက လူစည်စေဖို လမ်းတချို့ ပိတ်ပြီး ပွဲကျင်းပတဲ့နေရာကို ဖြတ်သန်းခိုင်းနေတယ်လို့ တောင်ကြီးမြို့ခံတချို့က ပြောပါတယ်။ – ပဲခူးမြို့ ရွှေမော်ဓောဘုရား တန်ဆောင်တိုင်ပွဲတော် လူစည်ကားတဲ့ဓာတ်ပုံရဖို့အတွက် တစ်နေရာမှာ လူတွေကို စုဝေးခိုင်းပြီး စေတီနောက်ခံနဲ့ ဓာတ်ပုံရိုက်ကာ ဝါဒဖြန့်နေတယ်လို့ ပွဲမှာ ရောက်ရှိနေတဲ့ ရန်ကုန်ခေတ်သစ် သတင်းရင်းမြစ်က ပြောပါတယ်။ – စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2024/07/170909/
Khit Thit သတင်းဌာန၏ ပိုင်ရှင် အပါအဝင် ပြည်ပ အခြေစိုက် မီဒီယာများ၏ ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရေး၊ အရေးယူနိုင်ရေး အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန ပေါင်းစုံက ဆောင်ရွက်နေဟု ခြိမ်းခြောက်
["Khit Thit သတင်းဌာန၏ ပိုင်ရှင် အပါအဝင် ပြည်ပ အခြေစိုက် မီဒီယာများ၏ ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရေး၊ အရေးယူနိုင်ရေး အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန ပေါင်းစုံက ဆောင်ရွက်နေဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဇူလိုင် ၁", "Khit Thit သတင်းဌာန၏ပိုင်ရှင် အပါအဝင် ပြည်ပ အခြေစိုက် မီဒီယာများ၏ ပိုင်ရှင်များကို အမည်ပျက်စာရင်းသွင်းရေး၊ အရေးယူနိုင်ရေး အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန ပေါင်းစုံက ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြိမ်းခြောက်သည်။", "၂၀၂၁ခုနှစ် မတ်လတွင် Mizzima ၊ DVB ၊ Khit Thit Media ၊ Myanmar Now သတင်းဌာနများက နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့်အတွက် မီဒီယာလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များကို ရုပ်သိမ်းခဲ့ကြောင်း၊ ဧရာ၀တီသတင်းဌာနကိုလည်း ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်လည်း ပိတ်သိမ်းအရေးယူခဲ့ကြောင်း စစ်ကောင်စီက ပြောဆိုသည်။", "ထိုသတင်းဌာနများက လုပ်ငန်းပိတ်သိမ်းထားသော်လည်း သတင်းများ ဆက်လက် ဖော်ပြနေသည့်အတွက် ၂၀၂၁ ခုနစ် မေလတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ဆက်လက် ပေးပို့ ဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။", "ထို့ပြင် ပိုင်ရှင်များဖြစ်ကြသည့် Khit Thit Media ၏ ပိုင်ရှင် ဦးလှိုင်းသစ်ဇင်ဝေ(ခေါ်) သာလွန်ဇောင်းထက်၊ Mizzima ၏ ပိုင်ရှင် ဦးစိုးမြင့်နှင့် Myanmar Now ပိုင်ရှင် ဦးဆွေဝင်းတို့ကို ၂၀၂၁ ခုနှစ် ဧပြီလတွင် အမည်မည်းစာရင်း (Black List) အဖြစ် သတ်မှတ် ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပေးပို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီက ပြည်ပ အခြေစိုက် မီဒီယာများဖြစ်သည့် Mizzima၊ The Irrawaddy ၊ Khit Thit နှင့် Myanmar Now တို့ကို အရေးယူဆောင် ရွက်နိုင်ရေး စစ်ကောင်စီ၏ ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနများက ပူးပေါင်းဆောင်ရွက်နေကြောင်းအကြမ်းဖက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြိမ်းခြောက်နေ သည်။"]
https://yktnews.com/2025/02/202994/
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "ထိုင်းနိုင်ငံကနေ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းမှု အစီအစဉ် တစ်ရပ်အနေနဲ့ မြန်မာနိုင်ငံ နယ်စပ်မြို့တွေကို ထိုင်းဘက်ကနေလျှပ်စစ်မီး နဲ့ လောင်စာဆီတွေ ဖြတ်တောက်လိုက်တဲ့နောက်မှာပဲ မြ၀တီမြို့မှာ စစ်တပ်လော်ဘီ အမျိုးသားရေးအစွန်းရောက် သူရိန်မင်းထွန်းဆိုသူဦးဆောင်ပြီး ထိုင်း ကုန်စည်တွေကို သပိတ်မှောက်ရေး လှို့ဆော် နေပြန် သလို ၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို ကာကွယ် ပေးထားတဲ့ စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေပါ ပြည်သူအယောင်ဆောင်ပြီး ပါဝင်ဆန္ဒပြနေ တယ်လို့ မြဝတီမြို့နေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။", "အကြမ်းဖက် စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီး ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းနေပေမယ့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့မိသားစုတွေ ကစပြီး စစ်ဗိုလ်ချုပ်တွေ ရာထူးကြီးထိပ်ပိုင်းအသိုင်းအ၀ိုင်းရဲ့ သား သမီးမြေးမြစ်တွေဟာ စစ်မှုထမ်း စာရင်းထဲမှာ မပါဝင်ဘူးလို့ စစ်တမ်းတွေအရ သိရပါတယ်။", "ကရင်နီပြည်နယ်က မိုးဗြဲမြို့တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေရဲ့ မသာအလောင်း ၅ လောင်းနဲ့အတူ လက်နက်ခဲယမ်းတွေပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားပြီး ၊ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်က အမျိုးသမီး စစ်သည်တချို့ကိုပါ အသုံးပြုနေတာကို မြင်တွေ့နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2025/03/207977/
Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ မတ် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ မတ် ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "-စစ်ကိုင်တိုင်း၊ ကသာမြို့ကို ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၇၇ က စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်သား ၃၄ ဦးအထိ အရှင်ဖမ်းမိထားတယ်လို့ KIA ရဲ့ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။", "မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို အလုပ်အကိုင်နဲ့ သွားရောက်မှုတွေအားလုံးကို ကန့်သတ်စိစစ်လိုက် ပြီလို့ စစ်ကောင်စီက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို တရားဝင်အသိပေးကြေညာလိုက်ပါတယ်။", "အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းနဲ့ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံကာ မြန်မာပြည်က စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအထောက် အပံ့တွေပိုမိုရရှိစေဖို့ ကြိုးပမ်းတဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2025/05/213584/
Khit Thit သတင်းဌာန၏ မေ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ မေ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ မေ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "-ပြည်သူ့နှလုံးကို မသိမ်းကြုံးနိုင်တဲ့ တော်လှန်ရေးဟာ စစ်မှန်တဲ့ တော်လှန်ရေးအောင်ပွဲကို ရရှိမှာ မဟုတ် ဘဲသေနတ်ပြောင်းဝ လှည့်ရမယ့်ဘက်ကို ပြည်သူကသာ ဆုံးဖြတ်တာဖြစ်တယ်လို့ ယာယီသမ္မ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။", "ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အနေနဲ့ လာမယ့်၂၀၂၇ ခုနှစ်မှာ KNDO ဌာနချုပ်ကို တည် နေရာဟောင်းဖြစ်တဲ့ ရန်ကုန်၊ အင်းစိန်မှာ ပြန်လည် တည်ဆောက်မယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြားလိုက်တယ်လို့ KNDO က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။", "-ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အပါအဝင် အချက် ၅ ချက်ကို စစ်ကောင်စီနှင့်အပစ်ရပ်လက် မှတ်ရေးထိုးထားတဲ့ ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခု(7 EAO Alliance) က ထုတ်ပြန်တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2025/04/212527/
Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ ဧပြီ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဧပြီ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "-ပဲခူးတိုင်းနဲ့ ရခိုင်အစပ် ပန်းတောင်း – တောင်ကုတ်လမ်းပိုင်းက အာဏာသိမ်းစစ်ကောင်စီရဲ့ လေးအိမ်စု စခန်းကို အာရက္ခတပ်တော် AA က အင်အား ၁၅၀၀ နဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားခဲ့တာဖြစ် တယ်လို့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းကနေ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သားမင်းခန့်က ပြောပါတယ်။", "တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာက ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၆ ဦး သေဆုံးခဲ့တယ်လို့ မွန်တော်လှန်ရေးတပ် – MSRF က ပြောပါတယ်။", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ရာ နယ်ထိန်းခေါင်းဆောင် ငွေစိုးအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2025/04/212903/
Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဧပြီ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ စစ်ကောင်စီရဲ့ မြန်မာပြည်သူအပေါ် အကြမ်းဖက် လုပ်ရပ်တွေကို အာဆီယံက လျစ်လျူရှုထားရင် မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်မှု မရနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိပေး ပြောဆိုလိုက်ပါတယ်။", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကြံသာ ကျေးရွာဘက်ကို ဝင်ရောက်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၂၇ ဦးကတော့ သေကုန်ကြပြန်တဲ့အပြင် အလောင်းတွေနဲ့အတူ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားပြီး ၊ စစ်ကူလာနဲ့ Mi 35 ရဟတ်ယာဉ် ၁ စီးကိုပါ ထိမှန်သွားအောင် ပစ်ခတ်နိုင်ခဲ့တယ်လို့ Chinland Information Center နဲ့ CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ တို့က ပြောပါတယ်။", "အကြမ်းဖက် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးမြို့ပေါ်မှာ ရွှေဇာမဏီ ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ ၂၃ ကျပ်သား ပါသွားပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2025/04/212869/
Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "ပဲခူးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက် အာရက္ခတပ်တော် AA ဟာ နယ်မြေခံ PDF တပ်တွေနဲ့ပါ ထပ်မံ ချိတ်ဆက်မိသွားပြီး စစ်ဆင်ရေးတွေ ပူးပေါင်းဆောင်ရွက်နေပြီလို့ ပြည်ခရိုင် PDF ၃၆၀၁ တပ်ရင်းတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။", "-မန္တလေးမြို့မှာ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ထွေးထွေး ဆိုသူကို အိမ်ခြံမြေ လိုက်လံပြသမယ်ဆိုပြီး ရိုက်နှက်သတ်ဖြတ်ပြီးတော့ လက်ဝတ်လက်စား နဲ့ ပိုင်ဆိုင်မှုတွေကို လုယက်သွားကြတယ်လို့ မန္တလေးမြို့ခံ တချို့ရဲ့ ပြောဆိုချက်နဲ့ ဆွေမျိုးတစ်ဦးရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။", "ထိုင်းနိုင်ငံက စမုစခွန်မှာ မြန်မာတွေအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ အပန်းဖြေ ဖျော်ဖြေရေးနေရာကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ၊ လက်နက်နဲ့ မူးယစ်ဆေးပြားတွေပါ ဖမ်းမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2025/04/210319/
Khit Thit သတင်းဌာန၏ ဧပြီ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["Khit Thit သတင်းဌာန၏ ဧပြီ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်", "By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဧပြီ ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "-ထိုင်းနိုင်ငံမှာ BIMSTEC အစည်းအဝေးတက်ရောက်ခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်ကို ထိုင်းပြည်သူ တချို့က လူသတ်ကောင် မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီးတော့ပါ ဆန္ဒပြမှုတွေဖြစ်ပွားမှုအပြီး အကြမ်းဖက် မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကနေ သတ်မှတ်ရက်ထက်စောပြီး ညတွင်းချင်း နေပြည်တော် ကို ပြန်ရောက်လာတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။", "ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ မင်းအောင်လှိုင်ကို ဆန္ဒပြမယ့် အဖွဲ့ကို ထိုင်း အမျိုးသားရေးအဖွဲ့က တိုက်ခိုက်ဖို့ကြိုးစားတဲ့အတွက် ၊ ထိုင်းရဲတပ်ဖွဲ့က ဆန္ဒပြအဖွဲ့ ခေါင်းဆောင်ကို ကာကွယ်ခေါ်ထုတ်ပေးခဲ့တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။", "မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန် ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ စက်လှေ ၁ စီးကို ဖမ်းဆီး နှိပ်စက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ပြည်သူတွေက ပြည်လည်ခုခံ တိုက်ခိုက်ရာမှာ ရဲတပ်သား မိုးထက်ဝဌာကျော် ဆိုသူကတော့ ပွဲချင်းပြီး ကိုသေသွားပြီး ပြည်သူတွေက ပစ်စတို သေနတ် ၁ လက်လည်းကိုပါ ယူပြီး ထွက်ပြေး လွတ်မြောက် သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။"]
https://yktnews.com/2024/09/182615/
Launglone People Defence Force – LLPDF ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်
["Launglone People Defence Force – LLPDF ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်", "ရန်ကုန်၊စက်တင်ဘာ ၉", "လောင်းလုံးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ Launglone People Defence Force- LLPDF ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အခမ်းအနားကိုစက်တင်ဘာလ ၈ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းဟသိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် အလံတော်အလေးပြုခြင်း ၊ သစ္စာအဓိဌာန်ဆိုခြင်း ၊ ကျဆုံးရဲဘော်အား အလေးပြုခြင်း ၊ သုံးနှစ်ပြည့် ထုတ်ပြန်ချက်ဖတ်ကြားခြင်း ၊ ရဲဘော်တို့ပေးပို့သော ကဗျာများ ရွတ်ဖတ်ခြင်း ၊လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်အမှာစကားပြောကြားခြင်းနှင့် တပ်စု ၁၃ စုဖြင့် စုပေါင်းကာ Launglone PDF ဖြစ်ပုံလာ ပုံသမိုင်းကြောင်းကို ဒုတာဝန်ခံ ကိုကြွက်ဖြူက ရှင်းလင်းတင်ပြခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့ကြကာ အခမ်းအနား တက်ရောက်သူများကို အစားအစာများနှင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109106/
MFTB နှင့် MICB အပေါ် အမေရိကန် စီးပွားရေးပိတ်ဆို့မှုအသစ် တုံ့ပြန်ရေး စစ်ကောင်စီက အစည်းအဝေးခေါ်ယူရန်ရှိနေ
["MFTB နှင့် MICB အပေါ် အမေရိကန် စီးပွားရေးပိတ်ဆို့မှုအသစ် တုံ့ပြန်ရေး စစ်ကောင်စီက အစည်းအဝေးခေါ်ယူရန်ရှိနေ", "ပို့ကုန်သွင်းကုန်လုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အပါအဝင် မြန်မာ့ စီးပွားရေး ကဏ္ဍတစ်ခုလုံးကို ထိခိုက်မည်ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်း နိုင် ဟုဆို", "ရန်ကုန်၊ ဇွန် ၂၂", "စစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) ၊ မြန် မာ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးဘဏ် (MICB) တို့ကို အမေရိကန် ပြည် ထောင်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာလိုက်သဖြင့် မြန်မာ့ စီးပွားရေးကဏ္ဍတစ်ခုလုံး ထိ ခိုက်မှုများ ရှိလာမည်ဖြစ်ရာ စစ်ကောင်စီက စီးပွားရေးဒဏ်ခတ်မှုကို ထိန်းညှိတုံ့ပြန်ရေး အစည်းအဝေး ခေါ်ယူရန် ရှိနေ ကြောင်း သိရှိရသည်။", "“ဗဟိုဘဏ်၊ စီမံဘဏ္ဍာဆီကနေ ဘဏ္ဍာရေး ကော်မရှင်ဘက်က အခု လက်ရှိ စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေနဲပတ်သက်တဲ့ စာ တမ်း တွေ တောင်းတာရှိတယ်။ ပိတ်ဆို့မှု လာဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ထိုင်း ဘက်က ထွက်လာက တည်းက တောင်းနေတာ။ ချက်ချင်း အမြန် တောင်း နေတာ။ လက်ရှိ MFTB နဲ့ MICBကို ပိတ်ဆို့ခံရမှုကြောင့် ထိခိုက်မှုက သေချာပေါက်ရှိပါတယ်။ ဘယ်လိုကျော်လွှားမလဲ၊ ဘယ်လို ဖြတ်ကျော်မလဲ ဆိုတာ ဒီရက်ပိုင်း အတွင်း အစည်းအဝေးရှိမယ်လို့ သိရတယ်။ MICB နဲ့ MFTB ဆိုတာက တစ်နိုင်ငံလုံးရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန်သွင်းကုန် အပါအဝင် မြန်မာ့စီးပွားရေးတစ်ခုလုံးရဲ့ ဝင်ပေါက်၊ ထွက်ပေါက်ပဲ။ အဲဒါ ၂ ခု အပိတ် ခံရ တာက သက်ရောက်မှုတော့ကြီးတယ်” ဟု ရန်ကုန်ခေတ်သစ်၏ နေပြည် တော် စစ်ကောင်စီ သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာစစ်တပ်၏ ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB ၊ မြန်မာ့ ရင်း နှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်တို့ကို ပိတ်ဆို့ အရေး ယူလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။", "UMFCCI အသိုင်း၀ိုင်းမှ စီးပွားရေးသမားတစ်ဦးကမူ နိုင်ငံရေး ဆိုးဝါးလာမှု ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသော အခြေအနေများကို နိုင်ငံရေး အရသာ အဖြေရှာမှ စီးပွားရေးကဏ္ဍတစ်ခုလုံး ပြန်လည် ရှင်သန်နိုင်မည် ဖြစ် ကြောင်း၊ ပြည်တွင်း စီးပွားရေး မသေချာမှုက ကျပ်ငွေတန်ဖိုး တောက်လျှောက် ကျဆင်းမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။", "“ကျပ်ငွေတန်ဖိုးကျမှာတွေ ဒေါ်လာတန်ဖိုးတက်မှာတွေ ဒါတွေ မမေးနဲ့တော့ ။ အဲဒါတွေက ဖြစ်လာမှာ။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လည်း တဖြည်းဖြည်း ထွက် သွားမှာပဲ။ ကျန်ရင် တရုတ်ပဲ ကျန်မယ်။ အခုဖြစ်နေတာက နိုင်ငံရေး အကျပ် အတည်းနဲ့ စစ်ကောင်စီဘက်က စကား၀ိုင်းဆွေးနွေးပွဲ မသွားလို့ ဖြစ်လာတာ။ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီလိုဖြစ်လာတာ။ ပြဿနာက နိုင်ငံ ရေး ပြေလည်မှ စီးပွားရေးက ပြန်ကောင်းနိုင်မယ်” ဟု UMFCCI အသိုင်း ၀ိုင်းမှ စီးပွားရေးသမားကဆိုသည်။", "စီးပွားရေးပိတ်ဆို့ခံရသော MICB နှင့် MFTB ဘဏ်တို့သည် ပြည်တွင်းတွင် စက်သုံးဆီ၊ စားအုန်းဆီ၊ ဆေးဝါးများ အပါအဝင် သွင်း ကုန်များ တင်သွင်းခြင်း၊ မြန်မာ့ပို့ကုန်များဖြစ်သည့် ဆန်၊ ရေထွက်ပစ္စည်း၊ အထည်ချုပ်တင်ပို့ခြင်း ကဲ့သို့ မြန်မာ့ ကုန်သွယ်ရေးတစ်ခုလုံးကို ထိန်းချုပ်ဆောင်ရွက်နေသော ဘဏ်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် ပြည်ပရင်းနှီး မြှုပ် နှံမှုများအားလုံးမှာလည်း MFTB နှင့် MICB ဘဏ်တို့တွင် ငွေစာရင်းဖွင့်လှစ်၍ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို မြန်မာကျပ်ငွေ ပြောင်းလဲရယူ၍ စီးပွားရေး လုပ်ကိုင်ရကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ အဝင်အထွက်အားလုံးကို ယင်း ဘဏ် ၂ ခု ထိန်းချုပ် ထားကြောင်း သိရှိရသည်။", "စီးပွားရေးပိတ်ဆို့ခံရမှုကြောင့် ပြည်တွင်းစီးပွားရေးလည်ပတ်မှု အလွန် နှေး ကွေး သွားနိုင်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းကာ ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်၊ အိမ်ခြံမြေစျေးကွက်များတွင် ရင်းနှီးမြုပ်နှံမှုများ မြင့်တက်နိုင်ကြောင်း ပြည် တွင်း စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။", "“ကျပ်ငွေက လက်ထဲထားရင် အငွေ့ပျံသလိုဖြစ်နေတော့ ဘဏ်တွေမှာ မအပ် ကြဘဲ အပြင်မှာပဲ ရွှေဝယ်၊ အိမ်ခြံမြေဝယ်တာတွေ ဒေါ်လာဝယ်တာတွေက အတော်များတယ်။ ၂၀၂၂ နှစ်ဆန်းပိုင်းကနေ ၂၀၂၃ ခုနှစ်အခုထိ အိမ်ခြံမြေ တိုက်ခန်းစျေးတွေ အတော်ကို အလုပ်ပြန်ဖြစ်တယ်။ ရောင်းသူကလည်း ကိုယ့် အိမ်စျေးမြှင့်ရောင်းသလို အဝယ်လည်းလိုက်တယ်။ သာမန် တစ်ပိုင် တစ်နိုင် တွေက ကန်ထရိုက်တိုက်ခန်းတွေ၊ တိုက်ခန်းတွေ သိန်း ၅၀၀ ကနေ ၁၅၀၀ အတွင်း ဝယ်ရောင်းလုပ်ကြတယ်။ အိမ်ခြံမြေဘက်မှာဆိုရင် သိန်း ၁၀၀၀ ကနေ ၅၀၀၀ အထိက အရောင်းအဝယ် အတော်ဖြစ်တယ်ပြောရမယ်။ ငွေကို လက်ထဲ မထားကြဘူး။ ဒီလို ပိတ်ဆို့မှုတွေ ဖြစ်ရင် အိမ်ခြံမြေပိုပြီး သွက်လာ အလုပ် ဖြစ် လာ နိုင်ပါတယ်” ဟု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်နှင့် မန္တလေးတို့တွင် အိမ် ခြံမြေ ဝယ်ရောင်း အကျိုးဆောင် ကုမ္ပဏီရုံးများ ဖွင့်လှစ်ထားသည့် စီးပွားရေး သမား က သုံးသပ်ပြောဆိုသည်။", "ဇွန် ၂၁ ရက်နေ့ ရွှေစျေးကွက်နှင့် အမေရိကန်ဒေါ်လာစျေးကွက်မှာ လုံး ၀ ရပ် ဆိုင်းနေပြီး အဝယ်သာရှိပြီး ရောင်းသူ မရှိသလောက်ဖြစ်ခဲ့ကြောင်း၊ ရွှေ စျေးမှာ တစ်ကျပ်သား ၃၁ သိန်း ၇ သောင်းကျော်ရှိခဲ့ပြီး ဒေါ်လာစျေးမှာမူ အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ နီးပါး စျေးနှုန်းဖြစ်ပေါ်ခဲ့သော်လည်း ဝယ်လိုအား ထိုးတက်ကာ ရောင်းသူပျောက်စျေးကွက်ဖြစ်နေခဲ့ကြောင်း သိရှိရ သည်။", "Photo -Damir Sagolj / Reuters"]
https://yktnews.com/2024/07/173127/
MNDAA က ထိုးစစ်ရပ်မည်ဟု ကြေညာပြီးနောက် လားရှိုးမြို့တွင် ယခုညပိုင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများဖြင့် တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီက လေယာဉ် ဖြင့် ဗုံးကျဲပစ်ခတ်မှုများလည်းရှိ
["MNDAA က ထိုးစစ်ရပ်မည်ဟု ကြေညာပြီးနောက် လားရှိုးမြို့တွင် ယခုညပိုင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများဖြင့် တိုက်ပွဲ ပြင်းထန်နေ၊ စစ်ကောင်စီက လေယာဉ် ဖြင့် ဗုံးကျဲပစ်ခတ်မှုများလည်းရှိ", "ရန်ကုန်၊ ဇူလိုင် ၁၄", "ကိုးကန့် MNDAA က ၄ ရက်ကြာ ထိုးစစ်ရပ်မည်ဟု ကြေညာပြီးနောက် လားရှိုးမြို့တွင် ယခုညပိုင်း လက် နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "MNDAA က ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၂ နာရီမှ ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၂ နာရီအထိ ထိုးစစ်များအားလုံးကို ရပ်တန့်ထားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးရှိသဖြင့် MNDAA ၏ ထိုးစစ်ရပ်နားထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "သို့ရာတွင် ယနေ့ ညပိုင်း ၁၁ နာရီအချိန်တွင် လားရှိုးမြို့နှင့် ခမရ ၅၀၇ ဘက်တွင် တိုက်ပွဲဖြစ်သံများ၊ လေယာဉ်ဖြင့် ဗုံးကျဲသံများ ဆူညံစွာ ကြားနေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“အခုည ၁၁ နာရီ ၁၀ မိလောက်မှာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေရော၊ ဒုံးနဲ့ပစ်တာတွေရော ဆူညံနေတာပဲ။ ည ၁၀ နာရီကျော်လောက်ကလည်း လေယာဉ်နဲ့ ဗုံးကျဲပစ်ခတ်သံတွေလည်း ကြားနေရတယ်။ ဆင်တောင် အနောက်ဘက်ကို လေယာဉ်နဲ့ ဗုံးကျဲတာလို့ သိရတယ်။ အခုက ကုန်းမုန်နဲ့ ၄၁ ဂိတ် အသံတွေစုံနေတာပဲ။ လားရှိုးမြို့ ပတ်ပတ်လည်မှာဖြစ်နေတာလားမသိဘူး။ အထက်မန်အိုင်ဘက်မှာလည်း အသံတွေ ကြားနေရတယ်” ဟု လားရှိုးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ညပိုင်း မြင်တွေ့ရသည့် စစ်ကောင်စီ၏ လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/08/179559/
MNDAA က ရှမ်းပြည်အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင် အထည် ဖော်နေပြီ
["MNDAA က ရှမ်းပြည်အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင် အထည် ဖော်နေပြီ", "လားရှိုး ပြည်သူ့ဆေးရုံတွင် ပြည်သူများကို ဆေးကုသပေးနေပြီး နိုင်ငံ တကာ အဆင့်မီ ဆေးရုံကြီးအဖြစ် တည်ထောင်သွားမည်", "ရန်ကုန်၊ ဩဂုတ် ၁၉", "ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသော ရှမ်းပြည် အထူးဒေသ ၁ တွင် နိုင်ငံတကာအဆင့်မီကျန်းမာ ရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း ၅၀၀ ဝန်းကျင်ဖြင့် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အထူးဒေသ ၁ ၏ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန် ဒေါက်တာဘသက် က ပြောဆိုသည်။", "၁၀၂၇ ပထမလှိုင်း ပြီးစီးချိန်ကတည်းက အထူးဒေသ ၁ တွင် ကျန်းမာ ရေး ဌာနဖွင့်လှစ်လိုက်ပြီး CDM များအပါအဝင် ကျန်း မာရေးဝန်ထမ်းပေါင်း ၅၀၀ ဝန်းကျင်ဖြင့် စတင်လည်ပတ်ခဲ့ကြောင်း ၊ ယင်းနောက် ကုသရေးလုပ်ငန်းများကို အကောင် အထည် အရှိန်အဟုန်မြှင့် လျက်ရှိကြောင်း သိရှိရသည်။", "“အထူးဒေသ ၁ ရဲ့ ကျန်းမာရေးဌာနကို ၁၀၂၇ Operation နောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ ခန့်နဲ့ ကျနော်တို့ လည်ပတ်နေပါတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာပေါ့။ အထူးဒေသ ၁ ကျန်းမာရေးဌာနကို ရည်ရွယ်ချက် ၃ ချက်နဲ့ အကောင်အထည်ဖော်ပါတယ်။ နံပါတ် ၁က အထူးဒေသ ၁ အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေးတန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အဘက်ဘက်က ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ် အဆင်မြှင့်တင်ရန်နဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်တစ်ခုကိုတည်ဆောက်ရန်ဖြစ်ပါတယ်။ ကျနော်တို့ လို ကျန်းမာရေး CDM ဝန်ထမ်းအားလုံး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးဖြစ်ပါတယ်” ဟု CDM ဆရာဝန် ဒေါက်တာဘသက်က ပြောဆိုသည်။", "လက်ရှိ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီး လူမျိုးဘာသာမရွေး ကုသပေးလျက်ရှိကြောင်း၊ တစ်ရက်တည်းတွင် လူနာလာရောက်ပြသမှု ၁၆၈ ဦးရှိပြီး အတွင်းလူနာ ၃၈ ဦးရှိပြီဖြစ်ကြောင်း၊ လားရှိုးမြို့တွင် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစက်ပစ္စည်းများကို တပ်ဆင်သွားရန် ရှိကြောင်း သိရှိရသည်။", "“လားရှိုးပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့ကနေစပြီးတော့ ပြန်လည် လည်ပတ်နေပါပြီ။ လူနာတွေကလည်း တစ်ရက်ထက် တစ်ရက် ပိုပိုပြီးတော့များလာပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ လူမျိုးဘာသာ မရွေးကုသမှု ခံယူနိုင်ပါတယ်။ လက်ရှိ တက်ရောက်ကုသမှုမှာ မနေ့က တစ်ရက်တည်းတင် OPT လူနာက ၁၆၈ ဦးရှိပြီးတော့ အတွင်းလူနာက ၃၈ ဦးရှိနေပါပြီ။ အဲဒါအပြင် တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ကုသမှုပေးနေပါတယ်။ လားရှိုးပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးဝါးတွေ ခေတ်မီစက်ကိရိယာတွေ ဖြည့်စွက်ပြီးတော့ နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးဖြစ်အောင် တည်ဆောက်သွားပါမယ်” ဟု အထူးဒေသ ၁ မှ ဒေါက်တာဘက်သက်ပြောဆိုသည်။", "MNDAA က လားရှိုးမြို့အပါအဝင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို ဩဂုတ် လ ၃ ရက်နေ့တွင် တရားဝင် သိမ်းဆည်းရရှိကြော်ငး တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။"]
https://yktnews.com/2025/02/202259/
MNDAA က သိမ်းပိုက်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို နေရာသစ်၊ မြို့သစ်တွင် ပြန်လည်အခြေစိုက် ဖွင့်လှစ်နိုင်ရေး စစ်ကောင်စီက တိုင်းမြို့သစ်စီမံချက် ရေးဆွဲနေပြီး မိုင်းရယ်နှင့်တန့်ယန်းတွင် ​အခြေပြုမည်
["MNDAA က သိမ်းပိုက်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို နေရာသစ်၊ မြို့သစ်တွင် ပြန်လည်အခြေစိုက် ဖွင့်လှစ်နိုင်ရေး စစ်ကောင်စီက တိုင်းမြို့သစ်စီမံချက် ရေးဆွဲနေပြီးမိုင်းရယ်နှင့်တန့်ယန်းတွင် ​အခြေပြုမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကိုးကန့် MNDAA က သိမ်းပိုက်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို နေရာသစ်၊ မြို့သစ်တွင် အခြေစိုက် ပြန်လည်ဖွင့်ရေး စစ်ကောင်စီက တိုင်းမြို့သစ်စီမံချက်ရေးဆွဲနေကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "၂၀၂၄ ခုနှစ်ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်ပြီးနောက် စစ်ကောင်စီက ယာယီအားဖြင့် မိုင်းရယ်နှင့်တန့်ယန်းဘက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ယာယီ) ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အသစ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်မြို့သစ် စီမံချက်ကို ပြန်လည် ရေးဆွဲနေကြောင်း၊ MNDAA ထံမှ လားရှိုးမြို့ ပြန်လည်ရရှိရေး တရုတ်နိုင်ငံ၏ အကူအညီဖြင့် စစ်ကောင်စီက ပြန်လည်တောင်းခံနေကြောင်း၊ သို့ရာတွင် လားရှိုးမြို့ ပြန်လည် ရရှိခဲ့သည့်တိုင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးတွင် ပြန်လည် ဖွင့်ရန်မရှိတော့ဘဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အဆင့်သာ ထားရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။", "“တကယ်လို့ လားရှိုးနဲ့ ရမခနေရာဟောင်းကို ပြန်ရခဲ့ရင်တောင် တိုင်းရုံးကို အဲဒီမှာ မထိုင်တော့ဘူး။ လားရှိုးပြန်ရခဲ့ရင် အဲဒီမှာ စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) အဆင့်ပဲ ထိုင်တော့မယ်။ အခု ရမခတိုင်းစစ်ဌာနချုပ်နေရာသစ်အတွက် မိုင်းရယ်နဲ့ တန့်ယန်းဘက်ကို ဦးတည်ထားတယ်လို့ သိရတယ်။ ဒီမြို့ ၂ ခုလုံးက ရမခနယ်မြေတွေ ဖြစ်လာမယ်။ အခု Town Plan(တိုင်းမြို့သစ်စီမံချက်) စဆွဲနေပြီ။ တိုင်းရုံးကတော့ တန့်ယန်းမှာ မြေနေရာတချို့ ရွေးနေတာရှိတယ်။ သေချာတာကတော့ လားရှိုးမှာ ရမခ ပြန် အခြေမစိုက်တော့ဘူးလို့ သိရတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။", "ယခုအခါ MNDAA နှင့် စစ်ကောင်စီတပ်များအကြား နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထားပြီး လားရှိုးမှ MNDAA တပ်များ ပြန်လည် ဆုတ်ခွာမည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသော်လည်း MNDAA က အတည် ပြု ထုတ်ပြန်ခြင်းမရှိပေ။", "၂၀၂၄ ခုနှစ် ဩဂုတ်လတွင် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တိုင်းမှူးအသစ်ဖြစ် ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ခန့်အပ်ကာ မိုင်းရယ်နှင့်တန့်ယန်းကို အခြေပြု၍ တိုင်းစစ်ဌာနချုပ်ပုံစံ ပြန်လည် ဖွဲ့စည်းခဲ့သည်။", "ဓာတ်ပုံ- ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် MNDAA က သိမ်းပိုက်ခဲ့သော စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်။"]
https://yktnews.com/2023/11/133748/
MNDAA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ရေး ပြန်လည် လည်ပတ်
["MNDAA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ရေး ပြန်လည် လည်ပတ်", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်MNDAA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဆိုင်းမြို့တွင် အုပ်ချုပ်ရေး ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း MNDAA က တရားဝင် ကြေညာသည်။", "နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်း ရှမ်းပြည်နယ်အထူးဒေသ(၁) မုံးကိုးခရိုင် ၊ မိုင်းပေါ်ဒေသ ၊ ပန်ဆိုင်းမြို့၏ အုပ်ချုပ်မှုယန္တရား ပြန်လည်ထူထောင်ခဲ့ပြီကြောင်း၊ ယင်းနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပန်ဆိုင်းမြို့အုပ်ချုပ်‌ရေးအဖွဲ့ပြန်လည်ဖွဲ့စည်းထူထောင်ရေးအစည်းအဝေးကို အုပ်ချုပ်ရေးရုံးတွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် ခရိုင်ပါတီကော်မတီဥက္ကဌက ပန်ဆိုင်းမြို့အုပ်ချုပ်ရေးအဖွဲ့ကိုပြန်လည်ဖွဲ့စည်းထူထောင်လိုက် ကြောင်း ကြေညာပြီး သက်ဆိုင်ရာပုဂ္ဂိုလ်၏ ရာထူးခန့်အပ်မှုနှင့် တာဝန်ခွဲဝေမှုများကို ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ အဆင့်ဆင့်သောလုပ်ငန်းစဉ်ကို ချမှတ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဌာန တာဝန်ခံ အသီးသီးမှ မိမိ၏တာဝန်ဝတ္တရားများကို ရှင်းလင်းနားကြရန် ၊ ပြည်သူလူထုများကိုဂရုပြုစည်းရုံးကြရန် ၊ လူမှုစည်းမျဉ်းစည်းကမ်းများပြန်လည်ထူထောင်ကြရန်၊ ပြည်သူများကို လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်စေရန် နှင့် ထုတ်လုပ်မှုများ ၊ စာသင်ကျောင်းများပြန်လည်စတင်ပြီး ကလေးသူရွယ်များကို စာသင်ကျောင်းသို့ အမြန် ဆုံး ပြန်ရောက်စေရန် ရည်မှန်းချက်များ ချမှတ်ကြောင်း သိရှိရသည်။", "၁၀၂၇ စစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာသည့်တလျှောက်တွင် MNDAA、TNLA、AAတို့ညီနောင် မဟာမိတ်(၃)ဖွဲ့တို့ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ)နှင့် ကွတ်ခိုင်နေရာများတွင် စစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၉ ရက်နေ့ ပန်ဆိုင်း နယ်စပ်ဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်နှင့်တပြိုင်နက် ပန်ဆိုင်း မြို့ကို ပြန်လည်ထူထောင်နိုင်ခဲ့သည်ဟုကြေညာခြင်းဖြစ်ကြောင်း၊ ပန်ဆိုင်းနယ်စပ်ဂိတ်သည် MNDAAက သိမ်းပိုက်ခဲ့သော တတိယမြောက် မြန်မာ-တရုတ်နယ်စပ်ဂိတ်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134974/
MNDAA က သေဆုံးသူ ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ အလောင်းကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုသော်လည်း အကြမ်းဖက် ဇော်မင်းထွန်းက မသေဘူးဟု ဗြောင်လိမ်ပြန်
["MNDAA က သေဆုံးသူ ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ အလောင်းကို စစ်ကောင်စီထံ ပြန်လည်လွှဲပေးလိုသော်လည်း အကြမ်းဖက် ဇော်မင်းထွန်းက မသေဘူးဟု ဗြောင်လိမ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ရှမ်းပြည်နယ်၊ နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားပြီး အလောင်းကို MNDAA က စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းလိုသော်လည်း စစ်တပ်က အကြောင်းပြန်ခြင်း မရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "MNDAA က ကိုးကန့်ဒေသတွင် ပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်နှိမ်နင်းလျက်ရှိရာ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၊ ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိရကြောင်း၊ ၎င်း‌‌‌ရုပ် အလောင်း ပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ် သည်ကို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "MNDAAပြောရေးဆိုခွင့်ရှိသူက “မိမိတို့ဘက်မှ အောင်ဇော်လင်း၏အလောင်းကို စကစထံ ပြန်ပို့လိုသောဆန္ဒရှိပါသည်။ လက်ရှိသက်ဆိုင်ရာဌာနနှင့်ဆက်သွယ်သော်လည်းအကြောင်းပြန်ခြင်းမရှိသေးပါ”ဟု သတင်းထုတ်ပြန်သည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသည့် တပ်မမှူးတစ်ယောက် အသေရရှိသည်ဟု သတင်းလွှင့်နေကြောင်း၊ တပ်မမှူးသည် ရှေ့တန်းစစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ပြောဆိုပြီး အလောင်းထုတ်ပြထားသည့် ဗိုလ်မှူးချုပ် အောင်ဇော်လင်း၏ သေဆုံးမှုကို မသေဆုံးဟု ဗြောင်လိမ်ပြောဆို သတင်းထုတ်ပြန်သည်။", "“ သူတို့ပြောနေတဲ့ တပ်မမှူးဆိုသူဟာ ရှေ့တန်းမှာ စစ်ဆင်ရေးတာ ဝန်တွေကို ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားလိုပါတယ်” ဟု အကြမ်းဖက်ဇော်မင်းထွန်းက ပြောဆိုသည်။", "ဗိုလ်မှူးချုပ်အောင်ဇော်လင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးနှင့်သားသမီးများကျန်ရစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173073/
MNDAA က ၄ ရက်ကြာ ထိုးစစ်ရပ်နားမည်ဟု ကြေညာ
["MNDAA က ၄ ရက်ကြာ ထိုးစစ်ရပ်နားမည်ဟု ကြေညာ", "ရန်ကုန်၊ ဇူလိုင် ၁၄", "ကိုးကန့် MNDAA က ယနေ့ ည ၁၂ နာရီမှစတင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန်အထိ ထိုးစစ်ကို ၄ ရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း အမိန့် ထုတ်ပြန်ကြေညာသည်။", "MNDAA တပ်ဖွဲ့ဝင်များအားလုံးလိုက်နာရမည့် ထိုအမိန့်တွင် ထိုးစစ်ရပ်နားရမည်ဖြစ်ပြီး ခံစစ်ပြင်ရန်ဖြစ်ကြောင်း၊ စစ်ကောင်စီက တိုက်ခိုက်လာပါက တန်ပြန်ခုခံတိုက်ခိုက်ခွင့်ရှိကြောင်း သိရှိရသည်။", "တရုတ်နိုင်ငံတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ကြိမ်မြောက် ဗဟိုကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးရှိသဖြင့် MNDAA ၏ ထိုးစစ်ရပ်နားထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၁၀၂၇ ပထမလှိုင်းအတွင်း သိမ်းဆည်းရရှိထားသည့် စစ်ကောင်စီတပ်စခန်းနှင့် လက်နက်ခဲယမ်းများ။"]
https://yktnews.com/2024/01/139170/
MNDAA ယူနီဖောင်းဝတ်ဆင်၍ စေတီကို တူဖြင့် ထုပြမှု အကြံဆိုးဖြင့် ဘာ သာ ရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ရန် လှုံ့ဆော်မှုကို အရေးယူမည်
["MNDAA ယူနီဖောင်းဝတ်ဆင်၍ စေတီကို တူဖြင့် ထုပြမှု အကြံဆိုးဖြင့် ဘာ သာ ရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ရန် လှုံ့ဆော်မှုကို အရေးယူမည်", "ဘာသာရေးလွတ်လပ်မှုကို လေးစားရန်နှင့် ဘာသာရေး အဆောက် အအုံ များကို အလေးထား အကာ အကွယ်ပေးရန် MNDAA က ညွှန်ကြားထုတ်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၉", "လောက်ကိုင်တွင် ကိုးကန့် MNDAA ယူနီဖောင်းဝတ်ဆင်၍ စေတီကို တူဖြင့် ထုပြကာ အကြံဆိုးဖြင့် ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခဖြစ်ရန် လှုံ့ဆော်မှု ကို MNDAA က အရေးယူမည်ဖြစ်ကြောင်း၊ MNDAA အနေဖြင့် လွတ်လပ် သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာ ရေးအဆောက် အအုံဖျက်ဆီးရန်အမိန့်ပေးခြင်းများလုံးဝမရှိခဲ့ကြောင်း MNDAA က တရားဝင် ကြေညာသည်။", "ဇန်နဝါရီလ ၈ ရက်နေ့တွင် MNDAA စစ်ယူနီဖောင်းဝတ်ဆင်ထားသော လူငယ်တစ်ဦး သည် ဗုဒ္ဓဘာသာဘုရားတစ်ဆူကို သံတူဖြင့် ရိုက်ထုနေသော ဗီဒီယိုဖိုင် သည် မီဒီယာပလက်ဖောင်းပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း၊ ၎င်းဗီဒီယိုဖိုင် ကြောင့် ပြည်သူလူထုက MNDAA အပေါ် နားလည်မှုလွဲမှားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ပြင် အကြံဆိုးရှိသူများမှ ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်မှု များကိုတားမြစ်ရန်နှင့် ဗုဒ္ဓဘာသာဝင်များက ၎င်းဗီဒီယိုကြောင့် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ် တပ်မတော် စစ်ရေးကော်မတီက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။", "သံတူဖြင့် ဘုရားစေတီတော်ကိုရိုက်ထုခြင်းသည် MNDAAက အမိန့်ပေးခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်ဖြစ်ကြောင်း၊လက်အောက်ငယ်သား၏ တပ် စည်း မျဉ်းစည်းကမ်း ညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသောလုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်အပ်ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးများ ဆန့်ကျင်ခြင်း နှင့် ဘာသာရေး အဆောက်အအုံ ဖျက်ဆီးရန် အမိန့်ပေးခြင်း များလုံးဝ မရှိခဲ့ ကြောင်း ကြေညာထားသည်။", "MNDAA စစ်ရေးကော်မတီက ယင်းကိစ္စအတွက် သက်ဆိုင်ရာဌာနကို တာဝန် ပေးထားပြီး တရားခံကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်း၊ MNDAA အရာရှိနှင့် စစ်သည် တော်အားလုံးများအနေဖြင့် ဘာသာရေး လွတ် လပ်မှု ကိုလေးစားရန်နှင့် ဘာသာရေးအဆောက်အအုံများကို အလေးထား အကာ အကွယ်ပေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/182415/
MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ
["MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ", "ရန်ကုန်၊ စက်တင်ဘာ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကသိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၁၂ ၊ ပြည်ထောင်စုအားကစားကွင်းထဲသို့ စစ်ကောင်စီ၏ တိုက် လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရပ်နားထားသော ကားများနှင့် အဆောက်အအုံများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။", "“ဒီမနက် ၄ နာရီ ၇ မိနစ်အချိန်မှာ လားရှိုးမြို့ ၊ အမှတ် ၁၂ ရပ်ကွက် ပြည်ထောင်စုအားကစားကွင်းထဲကို ဗုံးကျပါတယ်။ လူအထိခိုက်မရှိပါဘူး။ကင်းစောင့်နေတဲ့MMDAA တပ်ဖွဲ့ဝင် ၂ ဦးလည်းဘေးကင်းပါတယ်။ ဗုံးကျဲမှုမှာ ဆိုးတာကည အိပ်မောကျနေတဲ့အချိန်တွေပဲ” ဟု လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူက ရှင်းပြသည်။", "လားရှိုးဒေသမှ ပြည်သူများကလည်း ယနေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့တွင် အလွန်ကြီးမားသော ပေါက်ကွဲသံနှင့်အတူ အိမ်များပင် တုန်ခါသွားကြောင်း ပြောဆိုကြသည်။", "အလားတူ ဩဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် နှင့် ည ၈ နာရီ ၅၀ မိနစ်အချိန်တို့တွင် လားရှိုးမြို့ အမှတ် ၉ ရပ်ကွက် အမှတ် ၈ အခြေခံပညာ အထက် တန်းကျောင်းတွင် ဗုံးများ ကျခဲ့ပြီး စာသင်ကျောင်းအတွင်း အဆောက် အဦးအများအပြား ပျက်စီးခဲ့ကြောင်း၊လူနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ယခု စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ကရင်နီနှင့် ရှမ်းမြောက်ဒေသရှိ လားရှိုး အပါအဝင် ဆုံးရှုံးထားသော နယ်မြေများ ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်မည့် “ရန်နိုင်မင်း စစ်ဆင်ရေး” စတင်နေပြီဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးအရ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ၊ လေကြောင်းတိုက်ခိက်မှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာကြောင်း၊ စက်တင်ဘာလ ၆ ရက်နေ့ ကရင်နီနှင့် နမ့်ခမ်းမြို့တို့တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/181262/
MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ထိခိုက်ပျက်စီး
["MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၃၁", "ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချခဲ့သဖြင့် စာသင်ကျောင်းနှင့်နေအိမ် ထိခိုက်ပျက်စီးသော်လည်း လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ် ၃၀ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန် လားရှိုးမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကျဲချသွားခဲ့ကြောင်း၊ အဆိုပါဗုံးများသည် အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်းဆောင် ထိခိုက်ပျက်စီးခြင်းနှင့် နေအိမ် ထိခိုက်ပျက်စီးသွားကြောင်း ၊ သို့ရာတွင် လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။", "“မနေ့ညက ဗုံးကျဲချတာ မီးတွေပါပွင့်သွားပြီး ပေါက်ကွဲသွားတယ်။ လူထိခိုက်မှုမရှိဘူးလို့ကြားတယ်။ နောက်ထပ် ဗုံး ၁ လုံးမပေါက်ကွဲသေးဘဲ ကျန်နေတယ်လို့ ပြောတယ်” ဟု လားရှိုးမြို့မှ CJ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "MNDAA က ဩဂုတ်လ ၃ ရက်နေ့တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁ လနီးပါးကြာမြင့်လာချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လားရှိုးမြို့တွင် ယမန်နေ့ ညပိုင်း စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော အဆောက်အအုံများ။", "Photo- Saw Nay Wai Soe ။"]
https://yktnews.com/2023/01/78983/
MNDAAက တပ်ဖွဲ့ဝင် ၁၂၂၈ ဦး စစ်သင်တန်းဆင်းပြီး လက်နက်များပေးအပ်ကာ စစ်အာဏာရှင် တော် လှန်ရေးတွင် ပူးပေါင်းပါဝင်မည်ဟုထုတ်ပြန်၊ TNLA ကလည်း အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်
["MNDAAက တပ်ဖွဲ့ဝင် ၁၂၂၈ ဦး စစ်သင်တန်းဆင်းပြီး လက်နက်များပေးအပ်ကာ စစ်အာဏာရှင် တော် လှန်ရေးတွင် ပူးပေါင်းပါဝင်မည်ဟုထုတ်ပြန်၊ TNLA ကလည်း အရာရှိသင်တန်းဆင်းပွဲ ပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၃", "မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ ၆၁၁ တွင် ဇန်နဝါရီလ ၁ ရက်နေ့ သင်တန်းဆင်းပွဲ ကျင်းပပြီး အရာရှိနှင့် စစ်သည် ၁၂၂၈ ဦး သင်တန်းတက်ရောက်ကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။", "၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ထူထောင်ခဲ့သော MNDAA တပ်မဟာ ၆၁၁ ၏ ပထမနှစ် ပတ် လည်နေ့ကိုလည်း ကျင်းပခဲ့ပြီး စစ်သင်တန်းတက်ရောက်ကြသည့် အရာရှိနှင့် စစ်သည်များ အပါအဝင် စုစုပေါင်း လူ ၁၂၂၈ ဦးကိုလည်း လက်နက်များ ပေးအပ်ကြောင်း သိရှိရသည်။", "MNDAA တပ်မဟာ ၆၁၁ ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အချိန်တို အတွင်း ထူထောင်ခဲ့သော်လည်း ထိုတပ်မဟာသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ စစ် အာဏာ ရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီ ရရှိရေးတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "အလားတူ ရှမ်းပြည်နယ်တွင် TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) ကလည်း ထိန်းချုပ်နယ်မြေတနေရာတွင် ဗိုလ်လောင်းသင်တန်း (ATA)နှင့် အလုပ် သင်အရာရှိ (TAOT)သင်တန်းဆင်းပွဲကို ဇန်နဝါရီလ ၁ ရက်နေ့ ကျင်းပခဲ့ပြီး တပ်ဖွဲ့ဝင် ၁၅၆ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/08/32016/
ဒေါ်လာ သတ်မှတ်နှုန်း ပြောင်းလဲရန်(သို့မဟုတ်) နှုန်းရှင် ပြန်ထားရန် စီးပွား ရေးသမားများက စစ်တပ်ကို ပြော ၊ စစ်ကောင်စီက ဒေါ်လာ နည်းနေ၍ ငွေလဲနှုန်းကို မလွှတ်ပေးဟု တုံ့ပြန်
["MOGE ကိုပိတ်ဆို့ရန်ရှိနေမှု၊ စစ်ခေါင်းဆောင်များကို ICC တရားရုံးတင်ရန် ကြိုးပမ်းမှု၊ စစ်ပွဲများ တပြည်လုံး ကျယ်ပြန့်လာမှု နှင့် အမေရိကန်ဗဟိုဘဏ် ၏ အတိုးနှုန်း မြှင့်တင်ရန်ရှိနေမှုတို့ကြောင့် ဒေါ်လာ တန်ဖိုးထိုးတက်ရန် ဦးတည်နေ", "ရန်ကုန်၊ ဩဂုတ် ၂၈", "အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က သတ်မှတ်ထားသော အမေရိကန်ဒေါ်လာ တန်ဖိုးကို ပြောင်းလဲရန် (သို့မ ဟုတ်) စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်ထားရန် UMFCCI နှင့် စက်သုံးဆီ လုပ်ငန်းရှင်များက စစ်ကောင်စီကို အကြံပြုထားကြောင်း သိရှိရသည်။", "အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄၀၀ ကျပ်အထိ ထိုးတက်ပြီးနောက် စစ်ကောင်စီ၏ ဗဟိုဘဏ်၊ UMFCCI ၊ ပုဂ္ဂလိကဘဏ်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြား ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိရာ စီးပွားရေးသမားများက ငွေလဲနှုန်းကို စျေးကွက်ပေါက်စျေးအတိုင်း နှုန်းရှင် ပြန်လည် ထားရှိရန် (သို့မဟုတ်) စျေးကွက်ပေါက်စျေးနှင့်နီး စပ်သော ရည်ညွှန်းစျေးနှုန်း ပြောင်းလဲရန် အကြံပြုကြကြောင်း သိရှိရသည်။", "“ဒီဘက်က စီးပွားရေးလုပ်ငန်းရှင်တွေက စျေးကွက်ပေါက်စျေးနဲ့ သတ်မှတ်စျေးနှုန်းဟနေတယ်။ အဲဒါကြောင့် အလုပ်လုပ်လို့မရဘူး။ အဲဒီတော့ ငွေလဲနှုန်းကို နှုန်းရှင် ပြန်ပြောင်းဖို့ ပြောတယ်။ ဗဟိုဘဏ်ဘက်ကလည်း နှုန်းရှင်တော့ ပြန် မပြောင်းနိုင်ဘူး။ သူတို့ ထိန်းမနိုင်ဘဲ စျေးတွေ တက်လာမှာ ကြောက်တယ်။ တစ်ဖက်မှာလည်း ဒေါ်လာက ဝင်ငွေ နည်းနေတာ သူတို့ဝန်ခံတယ်။ အကျပ်ရိုက်နေတယ်။ အဲဒီတော့ အခု Hybrid သွားဖို့ ဆွေးနွေးတာရှိပါတယ်။ သတ်မှတ်စျေးကို ထပ်ပြောင်းမယ်။ မူဝါဒတွေ ထပ်ဖြည်လျှော့မယ်။ သူတို့ ၅၀ ရာခိုင်နှုန်းထိန်းမယ်၊ စျေးကွက်ကိုလည်း ၅၀ ရာခိုင်နှုန်းလွှတ်ပေးမယ်။ အဲဒီလိုတော့ ပြောသံကြားရပါတယ်” ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။", "စစ်ကောင်စီက လက်ရှိ သတ်မှတ်ထားသော တစ်ဒေါ်လာ ၂၁၀၀ ကျပ်ကို တစ်ဒေါ်လာ ၂၅၀၀ ကျပ် (သို့မဟုတ်) ၂၇၀၀ သို့ ပြောင်းလဲ ပြင်ဆင်ရန် အလားအလာရှိကြောင်း၊ ထို့ပြင် စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချပြီး မလိုအပ်သော သွင်းကုန်များ ပိတ်ပင်ရန်၊ ပို့ကုန်များ တိုးမြှင့်ရေး အမြန်ဆုံးစနစ်တစ်ခုထူထောင်ပြီး စီးပွားရေး မြှင့်တင်ရန်၊ ပို့ကုန်ရငွေများကို စစ်တပ်က သိမ်းယူမှု ရာခိုင်နှုန်း ထပ်မံလျှော့ချရန် ဆွေးနွေးနေကြကြောင်း၊ သို့ရာတွင် စီးပွားရေး ပြိုကျပျက်စီးခြင်း၏ အဓိက အကြောင်းတရားဖြစ်သော နိုင်ငံရေး အခြေအနေဆိုးဝါးမှုနှင့် စစ်အာဏာသိမ်းမှုအပေါ် ထည့်သွင်းဆွေးနွေးမှုမရှိဟု သိရှိရသည်။", "“အားလုံးက ဘယ်လိုလုပ်ရင် ကောင်းမယ်၊ ဘယ်လိုလုပ်ရင် ငွေလဲနှုန်း ထိန်းနိုင်မယ်ပြောနေကြတာ။ တကယ့် အဓိက အကြောင်းအရာကို မဆွေးနွေးကြဘူး။ အခုဖြစ်နေတာက နိုင်ငံရေး အခြေအနေ ဆိုးဝါးလာတာနဲ့ အာ ဏာသိမ်းထားလို့ဆိုတာကိုတော့ ထည့်မဆွေးနွေးကြဘူး။ အခြေခံ အကြောင်းတရားကို ပြင်ဖို့ မဆွေးနွေးတော့ သူတို့ ပြောတဲ့ နည်းလမ်းတွေက ဆေးမြီးတိုပဲ။ ဒါကိုလည်း အားလုံးသိကြပါတယ်။ သိသိနဲ့ပဲ မသိချင်ယောင်ဆောင်ပြီး ပြောဆိုဆွေးနွေးကြတာ။ အမေရိကန်ဒေါ်လာကို မသုံးဘဲ ကုန်သွယ်ဖို့ဆိုတာ တရုတ်နဲ့ရုရှားတောင် မလုပ်နိုင်ဘူး။ အဲဒါမျိုး မဖြစ်နိုင်တာတွေလည်း မီတင်မှာ ပြောဆို ဆွေးနွေးကြတာ တွေ့ရတယ်” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။", "လက်ရှိ အမေရိကန်က MOGE ကို ပိတ်ဆို့ရန် ရှိနေမှု၊ စစ်ခေါင်းဆောင်များကို ICC တရားရုံးတင်ရန် နီးစပ်လာနေမှုများကလည်း စီးပွားရေးလောကတွင် မသေချာ မရေရာမှုများ ဖြစ်ပေါ်စေကြောင်း၊ တစ်နိုင်ငံလုံး ကျယ်ပြန့်လာသော စစ်ပွဲများကြောင့် ပြည်တွင်းစီးပွားရေးလောကတွင် မည်သည့်အာမခံချက်မှ မရှိတော့ဟု ဆိုသည်။", "“ICC တရားရုံးတင်ဖို့က နီးစပ်လာသလိုလို သတင်းတွေကြောင့်လည်းပါတယ်။ စီးပွားရေးသမားတွေနဲ့ စီးပွားရေး လောကအတွက် အာမခံချက်က မရှိလှဘူး။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဥပမာ- MOGE ကို ပိတ်ဆို့တာတွေလည်း လာမယ်ဆိုတော့ အလုပ်လုပ်ဖို့ထက် ကိုယ့်ပိုင်ဆိုင်မှု မပျောက်ပျက်ဖို့နဲ့ ရှိတာထုတ်ပြီး ရွှေ့ဖို့ပဲ စဉ်းစားကြတယ်။ တချို့ စီးပွားရေးသမားကြီးတွေ လုပ်နေတယ်ဆိုတာက ဟန်ပြသက်သက်လောက်ပဲ။ လုပ်ရင်းနဲ့ကို ဆုံးရှုံးနေတာ။ စီးပွားပျက်နေတာ။ တ ကယ်က ဘေးဖြစ်မှာစိုးလို့ သိုသိုသိပ်သိပ် ရွှေ့နေကြပြီ။ အပေါ်ယံ ပြောဆိုဆက်ဆံလောက်ပဲ လုပ်နေကြတာပါ။ အဲဒီတော့ ပို့ကုန်နဲ့ စီးပွားရေးကို ပြန် Drive လုပ်မယ်ဆိုတာကလည်း လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဘာဥပဒေ စည်းကမ်းမှ မရှိတာ။ သေနတ်ပြောင်းက လာတာက ဥပဒေ အမိန့်ဖြစ်နေတာကြောင့် ဘာအာမခံချက်မှ မရှိတာ” ဟု ၎င်းက ဆက်ပြောသည်။", "လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၂၅၀ နှင့် ၃၃၀၀ ကျပ်အကြား စျေးပေါက်လျက်ရှိပြီး ရွှေစျေးမှာလည်း ၂၉ သိန်းနီးပါး ပတ်ဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116010/
MRI တပ်ဖွဲ့မှ အာဇာနည် သူရဲကောင်း ရဲဘော် မူမူနှင့် ကျဆုံးခဲ့ပြီးသော အာဇာနည်သူရဲကောင်းများ အတွက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း
["MRI တပ်ဖွဲ့မှ အာဇာနည် သူရဲကောင်း ရဲဘော် မူမူနှင့် ကျဆုံးခဲ့ပြီးသော အာဇာနည်သူရဲကောင်းများ အတွက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း", "ရန်ကုန်၊ ဩဂုတ် ၁", "Monywa Roads Information – MRI တပ်ဖွဲ့မှ အာဇာနည်သူရဲကောင်း ရဲဘော်မူမူနှင့် ကျဆုံးခဲ့ပြီးသော အာဇာနည်သူရဲ ကောင်းများအတွက် ရည်စူးကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း အဖွဲ့တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဩဂုတ်လ ၁ ရက်နံနက်ပိုင်းတွင် လွန်ခဲ့သော ၄ လပိုင်းက ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်း ရဲဘော်မူမူ နှင့်တကွ ကျဆုံးခဲ့ပြီးသော သူရဲကောင်းအပေါင်းတို့ ကောင်းမွန်ရာဘုံဘဝရောက်ရှိကြစေရန် ရည်စူးပြီး ဆရာတော်သံဃာတော်အပေါင်းအား ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ပြီး ရေစက်ချအမျှ ပေးဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ရဲဘော်မူမူ၏ တော်လှန်စိတ်အားထက်သန်မှုများနှင့်မပြီးပြတ်သေးသော တာဝန်များကို ကျန်ရှိနေသော တပ်ဖွဲ့ဝင်များမှ ပြီး ဆုံးသည့်တိုင်အောင် ဆက်လက်ထမ်းဆောင်သွားမည်ဖြစ် ကြောင်း Monywa Roads Information – MRI အဖွဲ့သားများမှ ကတိသစ္စာပြုထားသည်။"]
https://yktnews.com/2024/06/169295/
မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ဝင်းကျော်နှင့် ခင်ကေခိုင်က အဓိကပါဝင်
["Mascots Group က Facebook ကို အစားထိုးရန် Myspace Application ကို ရေးဆွဲခဲ့", "ရန်ကုန်၊ ဇွန် ၂၁", "မြန်မာနိုင်ငံတွင် Facebook နှင့် VPN ပိတ်ဆို့ရေး စစ်ကောင်စီ၏ စီမံချက်တွင် Mascots Group ကုမ္ပဏီ အုပ်စုမှ ဝင်းကျော်၊ ခင်ကေခိုင်တို့က အဓိက ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပြောဆိုသည်။", "Mascots Group သည် စစ်အုပ်စုက လုပ်ကိုင်နေသည့် အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်တွင် ထဲထဲဝင်ဝင်ပါဝင်ပြီး Mascots Group ၏ ဆက်စပ်ကုမ္ပဏီများနှင့် မြန်မာစစ်တပ်တို့အကြားတွင်လည်း စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်နေကြောင်း သိရှိရသည်။", "အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှု လုပ်ငန်းကြောင့် Mascots Group ကုမ္ပဏီအနေဖြင့် စစ်အုပ်စု ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သွားခဲ့ပြီး၊ ယင်းသည် ဖက်ဒရယ် ဒီမိုကရေစီအတွက် မြန်မာလူထုတို့၏ ရုန်းကန် လှုပ်ရှားမှုကို ထိခိုက်ပျက်စီးစေကြောင်း သိရှိရသည်။", "Mascots Group ကုမ္ပဏီပိုင်ရှင် ဒေါက်တာဝင်းကျော်နှင့် မိန်းမ ခင်ကေခိုင်၊ လုပ်ဖော်ကိုင်ဖက် မောင်မောင်ဦးနှင့် ဒေါက်တာထင်လင်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ခန့်ဖြင့် ဖြန့်ကျက်ထားသော စီးပွားရေးကွန်ရက် တစ်ခုကို ပိုင်ဆိုင်ထားသည်။", "မြန်မာစစ်အုပ်စုအတွက် လက်နက်နှင့်ကိရိယာများကို ကြားခံဝယ်ယူ ပေးသည့် King Royal Technologies ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဖော်ထုတ်သတ်မှတ်ထားသည့် ကုမ္ပဏီ ၁၈ ခုတွင် Mascots Group စီးပွားရေးကွန်ရက်တွင် ထပ်မံပါဝင်နေသည်။", "Mascots ကုမ္ပဏီအုပ်စုသည် ဝင်းကျော် က ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီ ၅ ခုနှင့် စုဖွဲ့ထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။", "ဝင်းကျော်နှင့် မိန်းမ ခင်ကေခိုင်တို့ ပိုင်ဆိုင်သည့် Mascots Technologies Company Limited သည် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတွင် ပစ္စည်းပေးသွင်းရောင်းချ သူအဖြစ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး၊ စစ်တပ်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင်ကို သက်တမ်းတိုးထားသည်။", "၂၀၂၁ ခုနှစ်မှစတင်သော Mascots Technologies ကုမ္ပဏီဝဘ်ဆိုဒ် အာခိုက်မှတ်တမ်းများတွင် အီလက်ထရောနစ်နှင့်ဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများနှင့်ဝန်ဆောင်မှုများ ပေးအပ်ကြောင်း၊ ယင်းတို့တွင် “မြေပြင်စစ်သည်များအတွက် ရှေ့တန်းနေရာရှိ မော်တော်ယာဉ်တစ်ချင်းစီကို ခြေရာခံဆက်သွယ်နိုင်သည့် ဂြိုလ်တုခြေရာခံစနစ်များ ပါရှိသည့် စစ်ဘက်ဆက်သွယ်ရေး ပစ္စည်းများ၊ ရေဒါနည်းပညာ၊ ကြားဖြတ်ဖမ်းယူရေးနှင့် စောင့်ကြည့်ရေးစနစ်များနှင့် ဂြိုလ်တုဆက်သွယ်ရေးများ ပါဝင်ကြောင်း ဖော်ပြထားသည်။", "Mascots Technologies သည် Mascots အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရပိုင် China National Electronics Import and Export Corporation (CEIEC)ထံမှ တည်နေရာခြေရာခံနည်းပညာ ဝယ်ယူရာတွင်လည်း ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။", "Mascots Technologies နှင့် ဆက်စပ်ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအကြား စစ်တပ်ထိန်းချုပ်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ထံမှ တင်ဒါများစွာ ကိုလည်း ရရှိခဲ့ကြောင်း သိရှိရသည်။", "၂၀၂၄ ခုနှစ်တွင် Mascots Group သည် ထိုင်းနိုင်ငံတွင် Mascots Technologies Company Limited အမည်ဖြင့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး၊ ဝင်းကျော်သည် ယင်းကုမ္ပဏီ၏ တစ်ဦးတည်းသော ဒါရိုက်တာဖြစ်ကြောင်း၊ ထိုင်းကုမ္ပဏီတစ်ခု တည်ထောင်ထားခြင်းဖြင့် Mascots ကုမ္ပဏီအနေနှင့် စစ်အုပ်စုအတွက် နိုင်ငံတကာငွေကြေးစနစ်ကို သုံးစွဲနိုင်ရန်နှင့် ပစ္စည်းကိရိယာများ နှင့် နည်းပညာများ ဝယ်ယူနိုင်ရန် တို့အတွက် ထိုင်းနိုင်ငံကို အသုံးပြုနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေကြောင်း သိရှိရသည်။စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှ သိပ္ပံနှင့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်း များ ဝယ်ယူရာတွင်လည်း Mascots Technologies နှင့် Mascots Didactic & Analytical Company Limited တို့ကိုအသုံးပြုခဲ့ကြောင်း ပို့ကုန်မှတ်တမ်းများအရ သိရပြီး၊ ယင်းပစ္စည်းများကို နောက်ဆုံးလက်ဝယ်အသုံးပြုသူမှာ စစ်အုပ်စုသာ ဖြစ်မည်ဟု JFM က ဆိုသည်။", "Mascots Technologies & Telecommunication Company Limited သည် အင်တာနက်စောင့် ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူ ဟုဆိုနိုင်သည့် Mascots Group ၏ နောက်ထပ်မြန်မာကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ ကုမ္ပဏီသည် ကွန်ရက်ထောက်ပံ့ပစ္စည်းများ ဝန်ဆောင်မှုဆိုင်ရာ ဆက်သွယ်ရေးလိုင်စင်တစ်ခုကို လက်ရှိကိုင်ဆောင်ထားကြောင်း သိရှိရသည်။", "Mascots Technologies၊ Mascots Technologies and Telecommunication နှင့် Mascots Didactic & Analytical တို့ကို လက်နက်ပွဲစားကွန်ရက်၏ အစိတ်အပိုင်းများအဖြစ် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာတွင် အမည်ထုတ်ဖော် စာရင်းသွင်းခဲ့ကြောင်း သိရှိရသည်။", "Mascots Group သည် Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကို ပိတ်ပင်ရေး စစ်အုပ်စု၏ ကြိုး ပမ်းအားထုတ်မှုများတွင် အင်တိုက်အားတိုက်ကူညီပေးနေသလို၊ တစ်ဖက်တွင်လည်း စစ်အုပ်စု၏ အပြည်အဝ ကြီးကြပ်ထိန်းချူပ်မှုအောက်ရှိ ဆိုရှယ်မီဒီယာကွန်ရက်တစ်ခုဖြစ်သော MySpace Myanmar ကို ရေးသားဖြန့်ချိခြင်းဖြင့် အကျိုးအမြတ်များစွာရရှိအောင် ကြိုးပမ်းနေပြန်သည်။", "Mascots Group သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် My Space CNS Company Limited ကို မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့ပြီး၊ သိပ်မကြာခင်တွင်ပင် ဝဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပလီးကေးရှင်းများနှင်အတူ ၎င်း၏ ဆိုရှယ်မီဒီယာအဖြစ် ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "MySpace သည် သုံးစွဲသူ ၂၀,၀၀၀ ကျော်ရှိကြောင်း ပြောဆိုထားသော်လည်း စစ်အုပ်စု၏ အင်တာနက်ထိန်းချုပ်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်နေသည့်အတွက် အွန်လိုင်း တိုက်ခိုက်ခြင်းများကို အကြီးအကျယ်ခံရနေကာ မြန်မာအင်တာနက်သုံးစွဲသူများက Google Play Store ပေါ်ရှိ MySpace အက်ပလီကေးရှင်းကို တိုင်ကြားရန် ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့အပြီး မကြာမီ အဆိုပါအက်ပလီကေးရှင်း ဖယ်ရှားခံခဲ့ရကြောင်း သိရှိရသည်။", "Mascots Group ပိုင်ရှင် ဝင်းကျော်သည် National Energy Group of Companies (NEGC) ၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနှင့် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီများနှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသည်။", "NEGC ကုမ္ပဏီကို ယခင်စစ်အုပ်စုလက်ထက် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီအုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို ကုမ္ပဏီ၏ အဓိက ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖောက်သည်ဖြစ်ကြောင်း သိရှိရသည်။", "NEGC သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ရရှိခဲ့ပြီး NEGC ကို ဝင်းကျော်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး မောင်မောင်ဦးသည် NEGC ကုမ္ပဏီများ၏ ဒါရိုက်တာတစ်ဦးအဖြစ် ထမ်းဆောင်နေသည်ဟု သိရှိရသည်။", "NEGC ၏ စင်ကာပူကုမ္ပဏီ NEGC Pte. Ltd. နှင့် ဆက်စပ်ကုမ္ပဏီ PKE Singapore Pte. Ltd. တို့သည် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိ စက်ပစ္စည်းကိရိယာများ တင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ထုတ်ခံခဲ့ရသည်။", "၂၀၂၃ ခုနှစ်တွင် NEGC Pte. Ltd. နှင့် PKE Singapore Pte. Ltd. ကုမ္ပဏီနှစ်ခုလုံး၏ စင်ကာပူနိုင်ငံ မှတ်ပုံတင်ကို ဖျက်သိမ်းခဲ့သည်။", "ဝင်းကျော်၊ မောင်မောင်ဦးနှင့် ထင်လင်းတို့သည် MOI Offshore Pte. Ltd. ဟုဆိုသည့် စင်ကာပူနိုင်ငံ၌ လက်ရှိမှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ဝင်းကျော်၏ မိန်းမ ခင်ကေခိုင်သည်လည်း စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ထင်လင်းနှင့်အတူ စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Super Knight Pte. Ltd. ကို စင်ကာပူနိုင်ငံ၌ တည်ထောင်ခဲ့သည်။", "သူတို့အားလုံးသည် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် စင်ကာပူမြို့ပြနိုင်ငံကို ဆက်လက်အသုံးချနေနိုင်ဆဲဖြစ်သည်။", "မောင်မောင်ဦးသည် မြန်မာစစ်အုပ်စု စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုဖြစ်သည့် Interstellar Limited ၏ ပိုင်ရှင်ဖြစ်သည်။ ယင်းကုမ္ပဏီသည် ယူကရိန်းကုမ္ပဏီ Ukroboronprom ၏ အရောင်းကိုယ်စား လှယ်ကုမ္ပဏီဖြစ်ပြီး၊ မြန်မာ့လေတပ်ထံ Mi-2, Mi-17 နှင့် MiG-29 လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများကို ရောင်းချပေးပို့ခဲ့သည်။", "Interstellar ကုမ္ပဏီ၏ လက်နက်ပွဲစားလုပ်ဆောင်ခဲ့မှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် Justice For Myanmar က ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည်။", "မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ဝင်းကျော်၊ ၎င်း၏ ကုမ္ပဏီများနှင့် မိတ်ဖက်များ၏ ကြံရာပါပတ်သက်မှုများ ထင်ရှားစွာရှိနေသော်လည်း ဆက်စပ်ကုမ္ပဏီ King Royal Technologies ကုမ္ပဏီမှလွဲ၍ ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသေးပေ။", "King Royal Technologies ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စက်မှုနှင့် သိပ္ပံဗျူရိုက ၂၀၂၁ ခုနှစ် ဒဏ်ခတ်ပိတ်ဆို့မှုအဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့ပြီး King Royal Technologies နှင့် မြန်မာစစ်အုပ်စုတို့၏ ပူးပေါင်း လုပ်ဆောင်ခဲ့သော စီးပွားရေးလုပ်ငန်းကို Justice For Myanmar က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။", "စစ်တပ်၏ မိတ်ဖက် Mascots အုပ်စုနှင့် ကုမ္ပဏီများကို ထိုင်းနိုင်ငံနှင့် စင်ကာပူတို့တွင် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြင့် ဒေသတွင်း အစိုးရများသည် မြန်မာစစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက် လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်မှု များကို အားပေးမြှင့်တင်ပေးနေပြီး၊ ဒေသတွင်း လုံခြုံရေးယိုယွင်းလာမှုများကိုလည်း ပါဝင် ထောက်ပံ့ပေးနေကြောင်း၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နယ်မြေတွင် ဆက်လက် လည်ပတ်နေသော Mascots အဖွဲ့၊ ၎င်း၏အဖွဲ့ဝင်များနှင့် အပေါင်းအပါများအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့်ကြောင်း JFM က ထောက်ပြသည်။", "စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုသည် သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တရုတ်ကုမ္ပဏီများနှင့် မြန်မာခရိုနီများ၏ ပံ့ပိုးမှုဖြင့် စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် နိုင်ငံတကာ ကြံရာပါပတ်သက်မှုနှင့် ၎င်းအပေါ် အရေးယူရန်ပျက်ကွက်မှုများသည် မြန်မာလူထု၏ ပုဂ္ဂလိကအခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့အပေါ် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်ဟု JFM က ဆိုသည်။", "နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆက်ဆံနေသည့် လမ်းကြောင်းကို ပြောင်း လဲကျင့်သုံးရန်၊ တရားမဝင်စစ်အုပ်စုအား လက်နက်၊ စက်ကိရိယာများ၊ နည်းပညာများ၊ နည်းပညာပံ့ပိုးမှုများနှင့် လေယာဉ်လောင်စာများ ထောက်ပံ့နေသော ၎င်းတို့ပိုင်နက်အတွင်းမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား တားမြစ်အရေးယူခြင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရဲရင့်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများကို အထောက်အပံ့ဖြစ်စေသည့် တိကျပြတ်သားသော အရေး ယူဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန် Justice For Myanmar က တောင်းဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/03/149042/
Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း ထိုးကျနေ
["Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း ထိုးကျနေ", "ရန်ကုန်၊ မတ် ၅", "Meta(ခေါ်) Facebook ကုမ္ပဏီ၏ ပလက်ဖောင်းများဖြစ်သည့် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး ယခု ဝင်မရတော့ကြောင်း၊ တစ်ကမ္ဘာလုံးရှိ အကောင့်များအားလုံး ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် Meta(ခေါ်) Facebook ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် ထိုးကျနေ ကြောင်း သိရှိရသည်။", "မိမိ၏ ဖေ့ဘုတ်စ်အကောင့်ကို ဝင်ပါက “session expired, please log in again.” ၊ “Unable to log in. An unexpected error occurred. Please try logging in again.” ၊ “password you’ve entered is incorrect.” ဆိုသော စာသားများ ပြနေကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/09/121393/
Myanmar Now ဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်
["Myanmar Now ဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်", "ရန်ကုန်၊ စက်တင်ဘာ ၇", "Myanmar Now သတင်းဌာန၏ ဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်ကို စက်တင်ဘာ ၆ ရက်နေ့ အင်းစိန်ထောင် စစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ကြောင်း Myanmar Now သတင်းဌာနက သတင်းထုတ်ပြန်သည်။", "သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်သည် ၂၀၂၃ ခုနှစ် မေလ ရခိုင်ပြည်နယ် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသတွင်းပြည်သူများ ဒုက္ခရောက်နေပုံကို ရန်ကုန်မှ လျှို့ဝှက်သွားရောက် သတင်းရယူချိန်တွင် မေလ ၂၃ ရက်နေ့ စစ်တွေ မြို့တွင်အကြမ်းဖက်စစ်တပ်၏ ဖမ််းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်။", "ကိုစိုင်းဇော်သိုက်ကို အကြမ်းဖက်စစ်တပ်သည် ဖမ်းဆီးပြီးနောက် ရန်ကုန်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနောက် ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်ကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားကာ စက်တင် ဘာ ၆ ရက်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းပြီးနောက် သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းမီဒီယာများကို ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်တပ်၏ လက်ချက်ဖြင့် သတင်းသမား အနည်းဆုံး ၄ ဦးကျဆုံးခဲ့ရကာ အကျဉ်းထောင် များ တွင် သတင်းသမား ၄၀ ကျော် ထောင်သွင်းအကျဉ်းချခံထားရသည်။", "ဓာတ်ပုံ- သတင်းဓာတ်ပုံဆရာ ကိုစိုင်းဇော်သိုက်။", "Photo- Myanmar Now"]
https://yktnews.com/2023/10/128777/
NDAA (မိုင်းလား) ခေါင်းဆောင် ဦးစိုင်းလင်း တောင်ကြီးဆေးရုံမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် သွားရောက်‌ ဆေးကု သမှုခံယူနေ၊ စစ်ကောင်စီက အကြီးအကျယ် ကူညီပံ့ပိုးနေ
["NDAA (မိုင်းလား) ခေါင်းဆောင် ဦးစိုင်းလင်း တောင်ကြီးဆေးရုံမှတစ်ဆင့် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် သွားရောက်‌ ဆေးကု သမှုခံယူနေ၊ စစ်ကောင်စီက အကြီးအကျယ် ကူညီပံ့ပိုးနေ", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ရှမ်းပြည်နယ်၊NDAA မိုင်းလား အဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းသည် ကျန်းမာရေး မကောင်းမွန်သဖြင့် တောင်ကြီးဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရာမှ စစ်ကောင်စီ၏ ကူညီပံ့ပိုးမှုဖြင့် လူနာတင် အထူးလေယာဉ် စီးနင်း၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သွားရောက် ဆေးကုသမှု ခံယူနေရကြောင်းစစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီးဆေးရုံတွင် လာရောက် ဆေးကုသမှုခံယူနေရသော ဦးစိုင်းလင်းသည် အောက်တိုဘာလ ၂၈ ရက် နေ့တွင် စစ်ကောင်စီတပ်က စီစဉ်ပေးသည့် အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် သွားရောက် ဆေးကုသမှု ခံယူနေရကြောင်း၊ ဦးစိုင်းလင်း ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားကြောင်း သိရှိရသည်။", "“အောက်တိုဘာလ ၂၈ ရက်နေ့ မနေ့က တောင်ကြီးဆေးရုံကနေ လူနာတင် လေယာဥ်နဲ့ ဦးစိုင်းလင်းကို လာခေါ်သွားတယ်။ စစ်တပ်က အကုန်စီစဉ် ပေးတာ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆေးသွားကုတာ။ သူဆေးကုဖို့ အစအဆုံးကို စစ်ကောင်စီက ကူညီပေးတာ။ ဦးစိုင်းလင်းကို ကြည့်ဖို့ အမျိုးသမီး ၂ ဦး လူနာစောင့်ပါသွားတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( National Democratic Alliance Army- အတိုကောက် NDAA) သည် မြန်မာနိုင်ငံ အရှေ့ မြောက် ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရက် တစ် မဟာမိတ်တပ်မတော် – ရှမ်းပြည် အရှေ့ပိုင်း (National Democratic Alliance Army-Eastern Shan State (NDAA-ESS)သည်၊ ရှမ်းအထူးဒေသ ၄ ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလား ဒေသတွင် အခြေစိုက် ထား သည့်တပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်း ၍ မိုင်းလားဒေသကို အုပ်ချုပ်ရေး လုပ်ငန်းများ စီမံလုပ်ကိုင် လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186718/
NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ယနေ့ နံနက် ၃ နာရီတွင် ကွယ်လွန်ပြီ
["NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ယနေ့ နံနက် ၃ နာရီတွင် ကွယ်လွန်ပြီ", "ရန်ကုန်၊ အောက်တိုဘာ ၇", "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဒုတိယဥက္ကဋ္ဌ နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)တွင် ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၃ နာရီအချိန် ကွယ်လွန်သွားပြီဖြစ်ကြောင်း မန္တလေး NLD ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။", "သွေးကင်ဆာခံစားနေရသော ဒေါက်တာဇော်မြင့်မောင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ထားပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေး မကောင်းမွန်ခဲ့ရာမှ ယခုနောက်ဆုံး မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဒေါက်တာဇော်မြင့်မောင်မကွယ်လွန်မီ အကြမ်းဖက် စစ်ကောင်စီက အောက် တိုဘာလ ၆ ရက်နေ့တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု ကြောင်း အမိန့်စာကို ဆေးရုံတွင် လာရောက် ဖတ်ကြားခဲ့ကြောင်း သိရှိရသည်။", "ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးကာ ထောင်ဒဏ်များမှတ်ခဲ့ကြောင်း၊ ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။", "၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။", "၂၀၂၁ခုနှစ် စစ်အာဏာသိမ်းခံရသည့်နေ့တွင် မိသားစုနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး စစ်တပ်က ပုဒ်မ အမျိုးမျိုးတပ်ကာ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သည်။"]
https://yktnews.com/2024/06/165384/
NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်
["NLD နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်", "ရန်ကုန်၊ ဇွန် ၁", "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက လည်းဖြစ် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့သူ သူရဦးတင်ဦးသည် အသက် ၉၈ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အနီးကပ်ပြုစု စောင့်ရှောက်ပေးနေသူ စာရေး ဆရာ ထင်လင်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း၊ အဆုတ်ရောင်ဝေဒနာ အပါအဝင် လူကြီးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသစဉ် ကွယ်လွန်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူက အသက်ရှုစက်တွေ၊ ပိုက်တွေ တပ်ထားရတာ။ အသက်ကလည်း အရမ်းကြီးတော့ ဒဏ်မခံနိုင်တော့တဲ့သဘောပဲ” ဟု NLD သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သူရ ဦးတင်ဦး သည် ၁၉၂၇ ခုနှစ် ၊ မတ်လ ၁၂ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ မြန်မာ့တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။", "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌတာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့သည်။", "ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖြစ် တာဝန်ယူခဲ့ပြီး NLDပါတီ၏ အရေးကြီးသော ဦးဆောင်မှု အခန်းကဏ္ဍတွင်ပါဝင်ခဲ့သော အငြိမ်းစားဗိုလ်ချုပ်ကြီးလည်းဖြစ်ကာ ဩဇာကြီးမားသော နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည်။"]
https://yktnews.com/2023/03/94293/
NLD အစိုးရလက်ထက် စိုက်ပျိုးရေးချေးငွေများကို အတင်းအဓမ္မ ပြန်ဆပ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဖမ်းချုပ် ငွေတောင်း၊ ချေးငွေမဆပ်လျင် လယ်သိမ်းမည်ဟုဆို
["NLD အစိုးရလက်ထက် စိုက်ပျိုးရေးချေးငွေများကို အတင်းအဓမ္မ ပြန်ဆပ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဖမ်းချုပ် ငွေတောင်း၊ ချေးငွေမဆပ်လျင် လယ်သိမ်းမည်ဟုဆို", "ရန်ကုန်၊ မတ် ၂၆", "NLD အစိုးရလက်ထက်တွင် တောင်သူများထံသို့ စိုက်ပျိုးရေးချေးငွေများကို အတင်း အဓမ္မ ပြန်ဆပ်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး ပြန်ပေးဆွဲသည့် ပုံစံ ဖြင့် ဖမ်းချုပ် ငွေတောင်းလျက်ရှိကြောင်း၊ အကြွေးမဆပ်လျှင် လယ်မြေများကို စစ်တပ်ပိုင် အဖြစ် သိမ်းယူမည်ဟု ခြိမ်းခြောက်လျက်ရှိကြောင်း တောင်သူ များကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပဲခူးတိုင်း ပြည်မြို့ အရှေ့ဘက် ဝက်ထီးကန်မြို့ဘက်ရှိ ကျေးရွာများရှိ တောင်သူ များကို NLD အစိုးရလက်ထက်တွင် ထုတ်ချေးပေးခဲ့သည့် ချေးငွေများကို ရဲစခန်း များမှ တစ်ဆင့် တောင်သူများကို ခေါ်၍ အတင်းအဓမ္မ လိုက်တောင်း နေပြီး ချေးငွေ မဆပ်နိုင်သည့် တောင်သူများကို အချုပ်ထဲထည့်ခြင်းများနှင့် ချေးငွေ ပိုတောင်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံ တောင်သူများ ထံမှ သိရှိရသည်။", "“ရဲစခန်းတွေကမှ တောင်သူတွေကို ခေါ်ပြီး တောင်းပါတယ်။ ပြေလည်ရာ ပြေ လည် ကြောင်းလည်း ပြောလို့ မရပါဘူး။ ပိုက်ဆံပါမလာရင် တစ်ခါတည်း အချုပ် ထဲ ထည့်အိမ်ကနေ လိုက်ရွေးခိုင်ပါတယ်။ တစ်ဝက်ပဲ ဆပ်ပါရစေ ကျန် တစ်ဝက် ကို ရက်ချိန်းပေးပါ ပြောပေမယ့် အပေးမခံဘဲ တစ်ခါတည်း အကျေ ဆပ် ခိုင်းပါတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ရန်ကုန်ခတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။", "တောင်သူများအနေနှင့် ဝက်ထီးကန်ရဲစခန်းက ခေါ်ခြင်းကို မလာပါက ရွာထဲ အထိ အတင်းဝင်ရောက် ဖမ်းဆီးခေါ်ဆောင်မှုများရှိကြောင်း၊ ချေးငွေများမှာ စိုက်ပျိုးချေးငွေဘဏ်၊ သမဝါယမ ဘဏ်များမှ ကိုဗစ်ကာလအတွင်း ထုတ်ချေး ပေးထားသည့် ပိုက်ဆံများကို အတင်းအဓမ္မ ချက်ချင်းဆပ်ရန် ရဲများနှင့် ဖမ်းခိုင်း ၍ တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စိုက်ပျိုးချေးငွေဘဏ်ဆို ၂၀၁၆ မိုးရာသီ စိုက်ပျိုးချေးငွေကနေ စတောင်းတာပါ။ ၂၀၁၆ စိုက်ပျိုးချေးငွေဆို အမေစု လက်ထက်က တောင်သူတွေကို အခု အတင်း အဓမ္မလည်း မတောင်းခဲ့ပါဘူး။ အခုက လက်နက်ပြ အတင်း အဓမ္မ တောင်းနေတာပါ။ အခု တောင်သူတွေက ကိုယ့်အိမ်မှာ ရှိသမျှ ပစ္စည်းတွေ ရတဲ့ ဈေးနဲ့ပဲ ရောင်းချပြီး ပေးနေရတာပါ။ မပေးနိုင်တဲ့ လူတွေကျတော့ လူကို ဖမ်းတယ်။ လူကို မတွေ့ရင် ပိုင်ဆိုင်မှုကို သိမ်းမယ်ဆိုပြီးတော့လည်း ခြိမ်း ခြောက် နေပါတယ်” ဟု ဒေသခံတောင်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောပြသည်။", "စိုက်ပျိုးရေးချေးငွေ အကျေပ်မဆပ်နိုင်သူကို ဖမ်းဆီးထားရာတွင်လည်း အစွန်း ထွက် ထောင်ဂဏန်းလိုသည့် ပိုက်ဆံများမှ အစ လာဆပ်ရန် ပြောဆိုပြီး ၇ သိန်း ဆပ်ရမည့် တောင်သူက ၅ သိန်း ပေးပြီး ကျန်ရှိငွေများ တဖြည်းဖြည်း ဆပ်ရန် မေတ္တာရပ်ခံချက်များကိုလည်း လက်မခံကြောင်း၊ ပိုက်ဆံရမှ ဖမ်းဆီးထားသည့် တောင်သူများကို လွှတ်ပေးသော ပြန်ပေးဆွဲသည့် ပုံစံများဖြင့် ချေးငွေ ပြန် တောင်း ခံ နေခြင်း ဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောဆိုသည်။", "ထိုသို့ ချေးငွေဆပ်ရန် အတင်းအဓမ္မပြန်ပေးဆွဲသည့် ပုံစံနှင့် တောင်းခံ ခံနေရ သည့် ကျေးရွာများမှာ ကျေးရွာ ၁၅ ရွာထက် မနည်းရှိနေပြီး ဖမ်းဆီးချုပ် နှောင်ခံရမှု များရှိနေကြောင်း၊ အိမ်ခြံများကိုပါ ရောင်းချ၍ အကျေဆပ် နေရ သည့် တောင်သူများလည်း ရှိနေကြောင်း၊ ချေးငွေများကို ပြန်တောင်း ရာတွင်လည်း ပို၍ တောင်းခံနေကြောင်း တောင်သူများ ထံမှ သိရှိရသည်။", "“ပိုက်ဆံကျတော့လည်း တောင်သူတွေချေးထားတာက သူတို့တောင်း သ လောက် မဟုတ်ဘူး။ ရှင်းပြတော့လည်း လက်မခံဘူး။ ပိုတောင်းပါတယ်။ အရင်က လတိုင်းသွင်းထားတဲ့ ပိုက်ဆံကျ သူတို့ ရှင်းမပြပါဘူး။ အဲဒါက အ ချုပ်ထဲ ထည့်လိုက်ပြီ အဲဒီလိုပဲ ပြောတယ်။ လယ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက် တာမျိုးလည်း ရှိတယ်။ ပုံစံ ၇ သိမ်းမယ်။ လူတွေ့ရင် လူဖမ်းမယ် မတွေ့ရင် ပိုင်ဆိုင် မှု သိမ်းမယ်။ အဲဒီလိုပြောတယ်။ အခုက ဒီနေ့ စိုက်ပျိုးဘဏ် နောက်‌နေ့ သမဘဏ် ၊ ဘာဘဏ် အဲဒီလို အမည်တပ်ပြီးတော့ကို တောင်းနေတာ။ ဆက်တိုက် တောင်းတယ်” ဟု ဒေသခံ တောင်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "အလားတူ မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူးစိုက်ဘဏ်၊ မန်နေဂျာ က တောင်သူများထံမှ စိုက်ပျိုး စာရိတ်ချေးငွေများကို မတ်လအတွင်း အပြီး ပေး ဆပ် ရန် ဖိအားပေး တောင်းဆိုနေပြီး မပေးဆပ်လျှင် ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်နေကြောင်း၊ စိုက်ပျိုးချေးငွေ မဆပ်သည့် လယ်များကိုလည်း စစ်ကောင်စီက သိမ်းယူမည်ဖြစ်ကြောင်း သိရှိရသည်။", "ယင်းကဲသို့ ဖြစ်စဉ်မျိုးကို ပဲခူးတိုင်း၊ ဖြူးမြို့နယ် အပါအဝင် မကွေးတိုင်း၊ စစ် ကိုင်း တိုင်း၊ ဧရာ၀တီတိုင်းတို့တွင်လည်း ကြုံတွေ့နေရ ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/192197/
NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ
["NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော Inle Princess Resort ဟိုတယ် မီးလောင်ပြီး အပျက်အစီးများပြားကြောင်း သိရှိရသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် တန်ဆောင်တိုင်လပြည့်ညတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ Inle Princess Resort ဟိုတယ်တွင် မီးများလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်တစ်ခုလုံး နီးပါး မီးလောင်ပြာကျသွားကြောင်း၊ ဟိုတယ် မီးလောင်မှုမှာ ကနဦး ပြောဆိုချက်များအရ မီးပုံးပျံပျက်ကျသည်ဟု သတင်း ထွက်ပေါ်သော်လည်း အတိအကျ မသိရှိရသေးကြောင်း၊ NLD အစိုးရလက်ထက် ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဖြစ်သူ ဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော ဟိုတယ်ဖြစ်၍ မီးလောင်မှုမှာ သံသယဖြစ်ဖွယ် အခြေအနေများရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။", "စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာန၏ သတင်းထုတ်ပြန်ချက်အရ ဟိုတယ်မီးလောင်မှုသည် ၃ နာရီပါး ကြာမြင့်ခဲ့ကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်မှ ည ၁၀ နာရီ ၁၅ မိနစ်အချိန် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။", "ဟိုတယ်ပိုင်ရှင် ဦးအုန်းမောင်သည် ၁၉၈၈ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ညောင်ရွှေမြို့နယ်NLD ဥက္ကဋ္ဌ ဖြစ်လာကြောင်း၊ ထို့နောက် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ် လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် စစ်ခုံရုံးက ထောင် ဒဏ် ၁၀နှစ် ချမှတ်ခဲ့ကြောင်း၊ ၁၉၉၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ ပါတီအောင်နိုင်ရေးအတွက် ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။", "ဦးအုန်းမောင်သည် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် NLD အစိုးရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူချိန် ခေတ္တထိန်း သိမ်းခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင် စစ်ကောင်စီက ၎င်းကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/10/52641/
CDM ပါမောက္ခ ဆရာဝန်ကြီး ၁၄ ဦးအပါအဝင် ဆရာဝန် ၅၅၇ ဦးကို ဝန်ထမ်း အဖြစ် ထုတ်ပယ်သည့်အပြင် ဆေးကုသခွင့်လိုင်စင်များ ရုပ်သိမ်းဟု စစ်ကောင် စီ လျှို့ဝှက် အမိန့်များထုတ်ပြန်
["NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး၏ အကိုဖြစ်သူ ညွှန်ချုပ် ဒေါက်တာမြတ် ၀ဏ္ဏစိုးက လက်မှတ်ရေးထိုးထား", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "စစ်ကောင်စီကို တော်လှန်အာခံခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာန CDM ပါ မောက္ခ ဆရာဝန်ကြီး ၁၄ ဦးအပါအဝင် ဆရာဝန် ၅၅၇ ဦး ကို ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်သည့်အပြင် ဆေးကုသခွင့်လိုင်စင်များကိုလည်း ရုပ်သိမ်းကြောင်း စစ်ကောင်စီ လျှို့ဝှက် အမိန့်များထုတ်ပြန်လိုက်သည်။", "အဆိုပါအမိန့်များတွင် NLD အမတ် ဒေါက်တာမြတ်ဉာဏစိုး၏ အကိုဖြစ်သူ ညွှန်ချုပ် ဒေါက်တာမြတ်၀ဏ္ဏစိုးက လက်မှတ်ရေးထိုးထားကြောင်း သိရှိရသည်။", "ယခုနှစ် ၂၀၂၂ ခုနှစ်နှစ်စပိုင်းမှစတင်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်ကြီးများ၊ ဆရာဝန်များအပါအဝင် ဆရာဝန် ၅၅၇ ဦး၏ လိုင်စင်များကို ရုပ်သိမ်းကြော်ငး ၊ယခုနှစ် ဖေဖော်ဝါရီလ တွင် ဆရာဝန် ၁၄ ဦး၊ မတ်လတွင် ၅၀ ဦး၊ ဧပြီလ တွင် ၄၁ ဦး ၊ မေလတွင် ၆၆ ဦး၊ ဇွန်လ တွင် ၆၀ ဦး၊ ဇူလိုင်လတွင် ၆၁ ဦး၊ ဩဂုတ်လ တွင် ၈၀ ဦး၊ စက်တင်ဘာလတွင် ၈၇ ဦး၊ အောက်တိုဘာလတွင် ၉၈ ဦး၏ ဆေးကုသခွင့်လိုင်စင်များကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။", "“တစ်နိုင်ငံလုံးနီးပါးပဲ။ ပထမ ၁၄ ယောက်ဆို ပါမောက္ခအဆင့်တွေ၊ အငယ်တွေတော့ မပါသေးဘူး။ တွဲဖက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက အဆင့်တွေ” ဟု ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။", "အဆိုပါ ဆေးကုသခွင့်လိုင်စင်များကို ပိတ်သိမ်းသူမှာ NLD အမျိုးသားလွှတ် တော် အမတ် ဒေါက်တာမြတ်ဉာဏစိုး၏ အစ်ကိုဖြစ်သူ ညွှန်ချုပ်ဒေါက်တာမြတ်၀ဏ္ဏစိုးဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/78690/
NUCC ၊ NUG အပါအဝင် တော်လှန်ရေး အဖွဲ့များပေါင်း၍ စစ်အာဏာရှင် ချေ မှုန်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု နှင့်ဖက်ဒရယ် တပ်မတော်ထူထောင်ရေး အပါအဝင် ပြည်သူ့ တော်လှန်ရေး ပူးတွဲ ကြေညာစာတမ်း ထုတ်ပြန်
["NUCC ၊ NUG အပါအဝင် တော်လှန်ရေး အဖွဲ့များပေါင်း၍ စစ်အာဏာရှင် ချေ မှုန်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု နှင့်ဖက်ဒရယ် တပ်မတော်ထူထောင်ရေး အပါအဝင် ပြည်သူ့ တော်လှန်ရေး ပူးတွဲ ကြေညာစာတမ်း ထုတ်ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၂", "အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)အပါအဝင် စစ်အာဏာရှင်တော်လှန်ရေး အဖွဲ့အစည်း ၁၆ဖွဲ့ရဲ့ ပြည် သူ့ တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲကြေညာစာတမ်းကို ဇန်နဝါရီ လ ၁ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။", "အချက် ၁၂ချက်ပါဝင်တဲ့ အဆိုပါ ပူးတွဲထုတ်ပြန်ကြေညာစာတမ်းမှာ ဖက်ဒရယ် ဒီမိုကရေစီပဋိညဉ်အရ သဘောတူချမှတ်ထားတဲ့ နိုင်ငံရေးလမ်းပြ မြေပုံ အ ကောင် အထည်ဖော်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည် ထောင် ရေး၊ အသွင်ကူးပြောင်းရေးကာလ အုပ်ချုပ်ရေး၊ အာဏာခွဲဝေရေး ဆိုင်ရာ အ ကောင် အထည်ဖော်ရေးတွေကို ဖော်ပြထားပါတယ်။", "ထပ်မံပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲနဲ့ပက်သက်လို့ တရားမဝင် ကြောင်းနဲ့ အတုအယောင်ရွေးကောက် ပွဲ ကို ဆန့်ကျင်ကြောင်းတွေ ဖော်ပြပါ ရှိပါတယ်။", "ဒါ့အပြင် စစ်အာဏာရှင်အမြစ်ပြတ်ပြီး ပြည်သူ့တော်လှန်ရေးကြီး အောင်ပွဲခဲ့တဲ့ အထိ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မဆုတ်မနစ် သွေးစည်းညီညွတ်မှု အားနဲ့ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။", "ပူးတွဲထုတ်ပြန်ကြေညာစာတမ်း အပြည့်အစုံကို အောက်ပါအတိုင်း ဆက်လက် ဖတ်ရှုနိုင်ပါတယ်။", "ပြည်သူ့တော်လှန်ရေးဆိုင်ရာ နှစ်သစ်ကူး ပူးတွဲထုတ်ပြန်ကြေညာစာတမ်း", "========================================", "၁။ လက်ရှိ မြန်မာ့နွေဦး ပြည်သူ့တော်လှန်ရေးကြီးသည် လူမျိုးပေါင်းစုံ၊ လူထု လူ တန်းစား ပေါင်းစုံနှင့် ဒေသပေါင်းစုံမှ ပြည်သူတရပ်လုံး၏ တစ်ခဲနက် ထောက် ခံ ပါဝင်မှုဖြင့် ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သော စစ်အာဏာ ရှင် စနစ်ကို အမြစ်ပြတ်တွန်းလှန် ဖယ်ရှားပြီး နောက် တော်လှန်ရေး အင်အား စုများ၏ စုစည်းညီညွတ်မှု တနည်းအားဖြင့် အမျိုး သား ညီညွတ်ရေးကို တည်ဆောက်လျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ အနှစ် (၇၀) ကျော်ခဲ့ပြီဖြစ်သော နိုင်ငံရေးပြဿနာ ကို အပြီးတိုင်ဖြေရှင်းရန်အတွက် ကြိုးပမ်းဆောင်ရွက် နေကြခြင်း ဖြစ်သည်။", "၂။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီ ညွတ် ရေး အစိုးရ (NUG) တွင် ပါဝင်သော တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံ ရေးသဘောတူညီချက် ဖြစ်သည်။ ဤပဋိညာဉ်ပါ မျှော်ရည်ချက်နှင့် စံတန်ဖိုး များကို အလေးအနက်ခံယူလျက် အားလုံး သဘောတူ ချမှတ်ထား သော “နိုင်ငံရေးလမ်းပြမြေပုံ”ကို NUCC နှင့် NUG တွင် ပါဝင်သော တော်လှန် ရေး အင်အားစုများက စု‌ပေါင်း ခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာ သော ကတိကဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ သန္နိဋ္ဌာန် ချမှတ် ထားပြီး ဖြစ်သည်။", "၃။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီးနောက် ကျွန်ုပ်တို့ မျှော်ရည်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသည် မည်သည့် မဟာလူမျိုးကြီးဝါဒကိုမဆို ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံမည်ဖြစ်လျက် နိုင်ငံသား ရပိုင်ခွင့် များ၊ လူသားရပိုင်ခွင့်များ၊ လူနည်းစုအခွင့်အရေး များကို အကာအကွယ် ပေးသည့် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ဖော်ဆောင်ကျင့်သုံးသွားမည်ဖြစ်သည်။", "၄။ ဒီမိုကရေစီဆိတ်သုဉ်းခြင်း၊ ခွဲခြားဆက်ဆံမှုများနှင့် တိုင်းရင်းသားလူမျိုးများ လိုလားသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆုံးရှုံးခြင်းတို့၏ အဓိက နိုင်ငံရေးပြဿနာ သည် ပင်လုံစာချုပ်နှင့် ကတိကဝတ်များကို အကောင်အထည်ဖော်ရန် မျက်ကွယ်ပြုခဲ့ခြင်းနှင့် အတူ နောက်ဆက်တွဲ ဖြစ်ပေါ် လာသည့် ဗဟိုဦးစီးချုပ်ကိုင်မှု လွန်ကဲသည့်စနစ်နှင့် စစ်အာဏာရှင်အတွေးအခေါ်ကို လက်ကိုင်ပြုသော စစ်တပ်တစ်ခု ရှိနေရခြင်းကပင် အထက် ဖော်ပြပါ မဖြေရှင်းနိုင်သည့်အရင်းခံ နိုင်ငံရေးပြဿနာ များအား ပိုမိုဆိုးဝါးစွာ ပေါ်ပေါက်လာ ရခြင်း၏ အရင်းခံအကြောင်းအရင်းဖြစ်သည်ဟု ကျွန်ုပ်တို့ မှတ်ယူသည်။", "၅။ ကျွန်ုပ်တို့ မျှော်ရည်သော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်တွင် နိုင်ငံရေးနယ်ပယ်၌ ပါဝင်ပတ်သက်မှု လုံးဝကင်းရှင်းပြီး နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်သော၊ အရပ်သားအစိုးရ၏ ကွပ်ကဲမှု (Civilian Supremacy) ကို လိုက်နာခံယူသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုပါဝင်သော “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်” ကို တည်ထောင်ရန်လည်း ကျွန်ုပ်တို့က ခိုင်မာစွာ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။", "၆။ စစ်အာဏာသိမ်းမှုကို အောင်မြင်စွာဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလသို့ ရောက်ရှိချိန်တွင် ချမှတ်ထားသောလမ်းပြမြေပုံအရ ယခုရရှိထားပြီးဖြစ်သော အမျိုးသားညီညွတ်ရေး ကို ဆက်လက်ထိန်းသိမ်း၊ အရှိန်မြှင့်တင်လျက် ၂၀၂၀ ရွေးကောက်ပွဲမှ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကို ကိုယ်စားပြုသော နိုင်ငံရေးအင်အားစုများနှင့် ရွေးကောက်ပွဲ မဟုတ်သော အခြားနည်းလမ်းများဖြင့်ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုသော နိုင်ငံရေး အင်အားစုများ၏ စုစည်းပူးပေါင်းဆောင်ရွက်မှုဖြင့် အသွင်ကူးပြောင်းရေးကာလ အစီအမံအရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာများကို စနစ်တကျ ခွဲဝေ ကျင့်သုံး ဆောင်ရွက်သွားမည် ဖြစ်သည်။", "၇။ ကျွန်ုပ်တို့သည် ဤနိုင်ငံ၌ အာဏာရှင်အဆက်ဆက်က တိုင်းရင်းသား ပြည်သူ လူထုအပေါ် ကျုးလွန်ချိုးဖောက်ခဲ့သည့် မတရားမှုများ၊ လူ့အခွင့်အရေး ချိုးဖောက် မှုများ၊ နိုင်ငံတကာရာဇဝတ်မှု များအတွက် အမှန်တရားပေါ်ပေါက်ရန်၊ တရားမျှတမှုရရှိရန်၊ ကျူးလွန် သူများက မိမိကျုးလွန်မှုများ အတွက်တာဝန်ခံမှုရှိရန်နှင့် နောက်ထပ်အလားတူကိစ္စရပ်များ ထပ်မံ မကြုံတွေ့ရေးအတွက် ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဥ်များ ချမှတ်အကောင်အထည် ဖော်ရန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ကို ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်သည်။", "၈။ ဥပဒေအရပ်ရပ်ကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစား နေရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာလုံးဝမရှိပေ။ ၎င်းတို့က ကျင်းပမည်ဆိုသော “ရွေးကောက် ပွဲ” ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ပြဿနာ၏ ထွက်ပေါက် အဖြေ လုံးဝမဟုတ်ရုံသာမက ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပေသည်။", "၉။ အကြမ်းဖက်စစ်အုပ်စု၏ ယင်းသို့ကြံစည်လုပ်ဆောင်ချက်သည် ၎င်းတို့ ရင်ဆိုင် နေရသော စစ်ရေး၊ နိုင်ငံရေး အထွေထွေအကြပ်အတည်းများကို လျှော့ချနိုင်ရေး အတွက် ရည်ရွယ် လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေးထောင်ချောက်သာဖြစ်သဖြင့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် ဆောင်ရွက်ချက်မှန်သမျှကို ကျွန်ုပ်တို့က ပြတ်ပြတ် သားသား ဆန့်ကျင်သည်။", "၁၀။ ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးနှင့် ဘဝများကို ပေးဆပ်လျက် ပြည်သူ့ တော်လှန်ရေးတွင် ပါဝင်နေကြသော အင်အားစုများ၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များမှ တိုက်ပွဲဝင်ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် CDM နိုင်ငံ့ ဝန်ထမ်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများအပါအဝင် အခြားသော နည်းလမ်း ပေါင်းစုံဖြင့် တော်လှန်နေကြသော အင်အားစု များသည် တော်လှန်ရေး အောင်မြင်ပြီး သည့်အခါ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်၏ အသိအမှတ်ပြုမှု နှင့် တာဝန်ယူမှုများကို အတူတကွ ခံစားရရှိကြရမည်ဖြစ်ပါသည်။", "၁၁။ ဤနိုင်ငံ၌ စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်နိုင်မှသာ စစ်မက်ကင်းစင်ချုပ်ငြိမ်း၍ ငြိမ်းချမ်း သာယာသော၊ နိုင်ငံရေး တည်ငြိမ်မှုရှိသော၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သဟဇာတဖြစ်၍ အပြန်အလှန်အထောက်အကူပြုနိုင်သော၊ ရေရှည်ဖွံ့ဖြိုး တိုးတက်သောပြည်ထောင်စုကို တည်ဆောက် နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့က ယုံကြည်သည်။ သို့ဖြစ်သောကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်၍ ပြည်သူ့ တော်လှန်ရေးကြီး အောင်ပွဲခံ သည် အထိ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများ အားလုံး၏ သွေးစည်းညီညွတ်မှုအားဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွား ကြမည်ဖြစ်သည်။", "၁၂။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံမှ မြန်မာပြည်သူတရပ်လုံးအနေဖြင့်လည်း တိုင်းပြည်၏ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် သမိုင်းဝင်တော်လှန်ရေးကြီးတွင် ပြင်းပြထက်သန်သော ဇွဲ၊ သတ္တိ၊ လုံ့လ၊ ဝီရိယ၊ ဆန္ဒ၊ ဉာဏ်ပညာတို့ဖြင့် အစွမ်းကုန် ဆက်လက်ဆင်နွှဲပါဝင် ပူးပေါင်းကြစေ လိုကြောင်း ကျွန်ုပ်တို့၏ သဘောထားများကို ပူးတွဲ ထုတ်ပြန်ကြေညာအပ်ပါသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ (NUG)", "အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)", "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)", "၁၉၉၀၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)", "လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)", "၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း", "စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီ-မန္တလေး (AFCC)", "စစ်အာဏာရှင်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC)", "နည်းပညာဆိုင်ရာ ဆရာဆရာမများအဖွဲ့ ချုပ် (TTF)", "မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA)", "မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် (MTF)", "မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (MLA)", "မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ", "လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)", "အခြေခံနှင့် အဆင့်မြင့်ပညာ အထွေထွေသပိတ်ကော်မတီ (GSCBHE)", "အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC)", "အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)", "အရေးပါသောလှုပ်ရှားမှု (CM)", "ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)", "ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)", "ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)", "မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC)", "မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF"]
https://yktnews.com/2023/01/82321/
NUG က E – Police Station များ ဖွဲ့စည်းပြီးနောက် NLD ရုံးပိုင်ရှင် နေအိမ် မိသားစုကို သတ်ဖြတ်ခဲ့သည့် တရားခံ တစ်ဦးကို စတင် ဖမ်းမိ
["NUG က E – Police Station များ ဖွဲ့စည်းပြီးနောက် NLD ရုံးပိုင်ရှင် နေအိမ် မိသားစုကို သတ်ဖြတ်ခဲ့သည့် တရားခံ တစ်ဦးကို စတင် ဖမ်းမိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန် ကြီး ဌာန၊ ပြည်သူ့ရဲတပ် ဖွဲ့လက်အောက်တွင် E –Police Station ဖွဲ့စည်း ကြောင်း ကြေညာပြီးနောက် NLD ရုံးနေအိမ်ပိုင်ရှင်မိသားစုကို သတ်ဖြတ်ခဲ့ သည့် တရားခံ တစ်ဦးကို ဖမ်းမိထားကြောင်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီး ရေး ဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင် ကျေးရွာရှိ NLD ရုံး နေအိမ်ပိုင်ရှင် ဦးကျော်လှိုင်နှင့်မိသားစုကို သတ်ဖြတ်သွားသူ များအနက်မှ တရားခံ တစ်ဦး ဖြစ်သူ ရဲမင်းနောင်ကို ဖမ်းဆီးရရှိခဲ့ကြောင်း NUG၊ ပြည်ထဲရေးနှင့် လူ ဝင်မှုကြီး ကြပ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။", "ပြစ်မှုကျူးလွန်သူ ရဲမင်းနောင်ကို ဇန်နဝါရီလ ၁၈ ရက်နေ့က ဘန့်ဘလူမြို့နယ်၊ ကျေးရွာတစ်ရွာ၌ ဖမ်း ဆီးရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ပျူစောထီးသင်တန်း တက် ရောက် ပြီးသူဖြစ်သည့်အပြင် ပြီးခဲ့ သည့်ဇန်န ဝါရီလ ၁၃ ရက်နေ့က ငါးမြောင်ကျေးရွာရှိ NLD ရုံးနေအိမ်ပိုင်ရှင်မိသားစုကို သတ်ဖြတ်သူများ အနက်မှ တရားခံတစ်ဦးဖြစ်သည်ကို စစ်ဆေးပေါက်ပေါက်ခဲ့ကြောင်း NUG ၊ ပြည်ထဲရေးနှင့် လူ ဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "လူသတ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သည့် ရဲမင်းနောင်ကို လူ့အခွင့် အရေး စံချိန်စံနှုန်းများ နှင့် အညီ ထိန်းသိန်းထားပြီး ကျန်တရားခံများ ဖမ်းဆီး ရရှိရေးနှင့် ဥပဒေနှင့်အညီအရေးယူနိုင်ရန် ဆက်လက်‌ ဆောင်ရွက်နေကြောင်း သိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ထိန်းချုပ်နယ်မြေများတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာအမှတ် (၁၂/၂၀၂၂) ဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ ပြည်သူ့ ရဲတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။", "ယခု အခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် သာမကပဲ နိုင်ငံတဝှမ်း လုံးရှိ အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက် ခံများ က ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပြည်သူ အ ချင်းချင်း ကျူးလွန်သော ရာဇဝတ်မှုများကို မှတ်တမ်းတင် ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူ တရားခံ မျာကို တရားဥပဒေ၏ ရှေ့မှောက် သို့ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ)အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက် တွင် E police stationများကို ဇန်နဝါရီလ ၂၀ ရက် နေ့တွင် စတင်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။"]
https://yktnews.com/2025/03/209498/
NUG က ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် နှစ်ပတ် အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်
["NUG က ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် နှစ်ပတ် အပစ်ရပ်ထားသော်လည်း ပေါက်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ မတ် ၃၀", "မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကျဲခဲ့ ပြီး ကပစ ၂၄ အတွင်းသို့ ဆင်းသက်သွားကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို မသိရှိရသေးဘဲ သွားရောက် နေဆဲဖြစ်ကြောင်း သိရသည်။", "“လေကြောင်းကနေ တိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဖုန်းလိုင်းတွေလည်း အဆက်အသွယ်မရ သေးလို့ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး ။ ထိခိုက်ပျက်စီးမှုတွေလည်း မေးလို့မရသေးပါ ဘူး” ဟု ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ် ကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် ယနေ့ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာ ထိုးစစ်များ ရပ်တန့်ကြောင်း ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လာခြင်းဖြစ်သည်။"]
https://yktnews.com/2023/07/115677/
NUG က တရားမဝင် ကြေညာထားသော နှစ်သောင်းတန်ငွေစက္ကူအသစ် များကို ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေး သမားများထံသို့ မယူမနေရစနစ်ဖြင့် စစ်ကောင်စီက ဖြန့်ချိ
["NUG က တရားမဝင် ကြေညာထားသော နှစ်သောင်းတန်ငွေစက္ကူအသစ် များကို ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေး သမားများထံသို့ မယူမနေရစနစ်ဖြင့် စစ်ကောင်စီက ဖြန့်ချိ", "ယနေ့ ရွှေစျေး၊ ငွေစျေး အပါအဝင် ကုန်စျေးနှုန်းများအားလုံး အလှုပ်အရမ်းများမည်ဟုဆို", "ရန်ကုန်၊ ဇူလိုင် ၃၁", "အကြမ်းဖက်စစ်ကောင်စီက ယနေ့ စတင်ထုတ်ဝေသော ငွေစက္ကူ နှစ် သောင်းတန်များကို ပုဂ္ဂလိက ဘဏ်များနှင့် စီးပွား ရေးသမားများထံသို့ မယူမနေရ စနစ်ဖြင့် စတင်ဖြန့်ချိခြင်းဖြင့် NUG ၏ ငွေစက္ကူ တရားမဝင် ကြေညာ ချက်ကို တန်ပြန်အရေး ယူဆောင်ရွက်နေကြောင်း ရန်ကုန်စီးပွားရေး သမား တချို့ထံမှ သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူများအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကြေညာလိုက်သည်။", "အကြမ်းဖက် စစ်ကောင်စီက ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူကို တရားမဝင်ငွေစက္ကူများအဖြစ် သတ် မှတ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြေညာခဲ့ကြောင်း ၊ အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခြင်း ခံထားရသည့် တရား မဝင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဗဟို ဘဏ်က နှစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ၊ အဆိုပါလုပ်ရပ် သည် အဖက်ဖက်က အကျပ်အတည်းဆိုက်နေသော တရားမဝင်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာ ဆင်နွှဲလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်နိုင်ရန် လိုအပ်လျက်ရှိသည့်ဘဏ္ဍာရန်ပုံငွေကို ငွေစက္ကူအမျိုး အစား သစ် စတင်ရိုက်ထုတ်ခြင်းအားဖြင့် အရေးပေါ်ဖြည့် တင်းနိုင်ရေးအတွက် အားထုတ် ဆောင်ရွက်မှုဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ဖော်ပြထားသည်။", "NUG က စစ်တပ် ထုတ်ဝေမည့် နှစ်သောင်းတန်ငွေစက္ကူအသစ်ကို တရားမဝင်ကြောင်း ကြေညာမှုအတွက် တန်ပြန်သည့်အနေဖြင့် ပုဂ္ဂလိကဘဏ်များ၊ စီးပွားရေးသမားများကို နှစ်သောင်းတန်ငွေစက္ကူများ မယူမနေရ လာရောက် လဲလှယ် လက်ခံ ယူကြရန် စစ်ကောင်စီဘက်က လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီနေ့ ဘဏ်မှာ နှစ်သောင်းတန် လာယူရမယ် ပြောတယ်။ ပမာဏ ဘယ် လောက်လဲပေးမလဲမသိဘူး။ နှစ်သောင်းတန်ကို လက်ခံသုံးစွဲတာမျိုး လုပ်ရမယ် ဆိုပြီး ပြောလာတယ်။ NUG ကြေညာချက်ကို တန်ပြန်လုပ်တာ” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီကမူ နှစ်သောင်းတန်ကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ပြီး ငွေကြေးဖောင်းပွရန် မရှိကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ စီးပွားရေးသမားများနှင့်ဘဏ်များကို နှစ်သောင်းတန်များ မယူမနေရ လာရောက် ထုတ်ယူရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယနေ့ နှစ်သောင်းတန်ငွေစက္ကူအသစ် ထွက်ရှိလာသည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေ လဲလှယ်နှုန်း၊ ရွှေစျေးနှုန်း အပါအဝင် ကုန်စျေးနှုန်းအားလုံး အလှုပ်အရမ်းများနိုင်ကြောင်း ရန်ကုန်စီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "“နှစ်သောင်းတန် ထွက်မယ်လို့ ကြေညာတဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက ရွှေစျေးကွက် ဒေါ်လာစျေးကွက်မှာ အရောင်းပိတ်ထားတယ်။ အခြားစျေးကွက်တွေလည်း သူ့နည်းသူ့ဟန်နဲ့ အရောင်းပိတ်ကြတယ်။ ဒီနေ့တော့ နှစ်သောင်းတန် တကယ်ထွက်လာမှာဖြစ်လို့ အရမ်း အလှုပ်အခတ်များနိုင်မယ်။ လူတွေလက်ထဲမှာ နှစ်သောင်းတန်ရောက်လာတာနဲ့အမျှ စျေးကွက်တော့ အလှုပ်အရမ်းများမှာပဲ” ဟု UMFCCI အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။", "စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၄၀၀ နှင့် ၃၆၀၀ ကျပ်အကြား၊ ရွှေစျေးနှုန်းမှာ အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၃၅ သိန်းမှ ၃၆ သိန်းအကြား စျေးနှုန်း အတက်အကျ ဖြစ်ပေါ်လျက်ရှိပြီး ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေတို့နှင့် လဲလှယ်ရာတွင်လည်း မြန်မာကျပ်ငွေမှာ တန်ဖိုး ထိုးကျနေကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/209454/
NUG က ထိုးစစ်များ နှစ်ပတ်​ကြာ ရပ်တန့်ပြီး စစ်ကောင်စီ ထိန်းချုပ်သော မြို့ကြီးများတွင် လုံခြုံရေး အာမခံချက်ရှိပါက CDM ဝန်ထမ်းများနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ကုသရေး ဆောင် ရွက်မည်ဟု ကြေညာ
["NUG က ထိုးစစ်များ နှစ်ပတ်​ကြာ ရပ်တန့်ပြီး စစ်ကောင်စီ ထိန်းချုပ်သော မြို့ကြီးများတွင် လုံခြုံရေး အာမခံချက်ရှိပါက CDM ဝန်ထမ်းများနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက်အရေးပေါ် ကယ်ဆယ်ရေးနှင့် ကုသရေး ဆောင် ရွက်မည်ဟု ကြေညာ", "ရန်ကုန်၊ မတ် ၂၉", "အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ထိုးစစ်များ နှစ်ပတ်​ကြာ ရပ်တန့်ပြီး လုံခြုံရေး အာမခံချက်ရှိပါက CDM ဝန်ထမ်းများနှင့်အတူ ငလျင်ဘေးသင့်ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ကုသရေး ဆောင်ရွက်မည်ဟု ယနေ့ညပိုင်း ထုတ်ပြန် ကြေညာလိုက်သည်။", "စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက အမျိုးသားညီညွတ် ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာကူညီကယ် ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်၍ ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာလာခြင်းဖြစ်သည်။", "ထို့ပြင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးသင့်သည့် ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ကာ နှစ်ပတ်ကြာရပ်နားထားမည်ဖြစ်သည်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။", "ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာသည်။", "နိုင်ငံအဝှမ်း ငလျင်ဘေးသင့်ပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန် ကနဦးတွင် အမေရိကန်ဒေါ်လာ ၁ သန်း လျာထားသုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် အတူလက်တွဲကာ “ပြည်သူမှ ပြည်သူသို့ အစီအမံ” ဖြင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေး အင်အားစုများနှင့် အစွမ်းကုန် ကူညီပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းထားသည်။"]
https://yktnews.com/2023/05/102425/
NUG က မိုခါ မုန်တိုင်း၏ အန္တရာယ်မှ ပြည်သူများကို ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ကန်ဒေါ်လာ ၁ သန်း မတည်
["NUG က မိုခါ မုန်တိုင်း၏ အန္တရာယ်မှ ပြည်သူများကို ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ကန်ဒေါ်လာ ၁ သန်း မတည်", "ရန်ကုန်၊ မေ ၁၃", "အမျိုးသားညီညွတ်ရေးအစိုးရက ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)”ကို ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁ သန်းမတည်လိုက်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။", "မေလ၁၃ ရက်နေ့ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA) အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မုန်တိုင်း အန္တရာယ် ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁ သန်းမတည်လိုက်ကြောင်း သိရှိရသည်။", "အစည်းအဝေးတွင် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး လက်ရှိဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ မုန်တိုင်းသက်ရောက်နိုင်သည့် ပြည်နယ်၊ တိုင်းများမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူသို့ မုန်တိုင်းသတင်းများ၊ သတိပေးချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်ပေးနေမှုများ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။", "NUG က လက်ရှိတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပြီး လုပ်ငန်းအဖွဲ့တာဝန်အလိုက်စတင် ဆောင်ရွက်ရန်၊ ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁ သန်း မတည် ဆောင်ရွက်ရန် ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှာ မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ ၁၀ ရာခိုင်နှုန်း သုံးစွဲရန်၊ မိုးလေဝသသတင်းအပါအဝင် မုန်တိုင်းတုံ့ပြန်ရေးနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်မည့် သတင်းများကို စိစစ်အတည်ပြုပြီး လုထူဆီ အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ပေးရန် သဘောတူညီကြကြောင်း သိရှိရသည်။", "နိုင်ငံတကာအကူအညီတွေရရှိရေးနှင့် NUG မူဝါဒ ကြေညာချက် ထုတ်ပြန်ရေးအတွက် EOCC ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ရန်၊ မုန်တိုင်းအရေးပေါ်ကာလအတွင်း ပအဖ၊ ပကဖများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် အရေးပေါ်လုပ်ငန်းများတွင် ဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရေး အချိန်နှင့်တပြေးညီ ညွှန်ကြားပေးရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ မုန်တိုင်းအန္တရာယ်မှ ပြည်သူများကို ကူညီရေးနှင့် ကယ်ဆယ်ရေးအတွက် ရခိုင်ပြည်သူ့အစိုးရဖြစ်သော ရခိုင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ AA နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်သူများကို ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ရခိုင်ပြည်သူ့ အစိုးရ၊ ရခိုင်တပ်တော် AA တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/11/192335/
NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF နှင့် ပကဖ ၆ ဦးကို အောက်တိုဘာလအတွင်း စစ်ခုံရုံးဖြင့် အရေးယူ
["NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF နှင့် ပကဖ ၆ ဦးကို အောက်တိုဘာလအတွင်း စစ်ခုံရုံးဖြင့် အရေးယူ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက စည်းကမ်းဖောက်ဖျက်ကာ ပြစ်မှုကျူးလွန်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖအဖွဲ့ဝင် စုစုပေါင်း ၆ ဦးကို အောက်တိုဘာလအတွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။", "အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ PDF ၁ ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်‌ဆေး၍ PDF ၁ ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ၄ ဦး အနက် ၁ ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ ၂ ဦးကို တာဝန်မှ ၆ လ ယာယီ ရပ်ဆိုင်းခြင်းနှင် ၁ ဦး ကို စာဖြင့် သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ်၍ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မျှတသည့် တရားစီရင်မှုများ (Fair Trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/131653/
NUG နှင့် တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်ထားသော ကောလင်းမြို့နယ်တွင် စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိ
["NUG နှင့် တော်လှန်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်ထားသော ကောလင်းမြို့နယ်တွင် စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ရှိ PDF အပါအဝင် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသော ကောလင်းမြို့နယ်တွင် စျေးနှင့် စက်ရုံလုပ်ငန်းများ ပုံမှန်လည်ပတ်၍ ပြည်သူများ ပြန်လည် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း NUG ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။", "စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်ရုံးစိုက်ရာ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာလ (၆)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နိုဝင်ဘာ (၁၄) ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကောလင်းမြို့အတွင်း၌ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ စီမံဆောင်ရွက်နေပြီ ဖြစ်ပါသဖြင့် ပြည်သူများ ကောလင်းမြို့တွင်းသို့ ဝင်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ ကြေညာပြီးနောက်ပိုင်း ကောလင်းမြို့အတွင်းသို့ ပြည်သူများက ပြန်လည်ဝင်ရောက်နေထိုင်ကာ စျေးများဖွင့်လှစ်ခြင်း၊ ကုန်ထုတ်လုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ခေါက်ဆွဲစက် ထုတ်ကုန်လုပ်ငန်းများကို စတင်လည်ပတ်၍ လုပ်ငန်းများ လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိတွင် ကောလင်းမြို့နေလူထုအနေဖြင့် ၃၅ ရာခိုင်နှုန်းခန့် မြို့နယ်အတွင်း ဝင်ရောက်နေထိုင်လျက်ရှိကြပြီး၊ မြို့နေလူထု ဝင်ထွက်သွားလာမှုမှာ ပုံမှန်အနေအထား၏ ၈၀ ရာခိုင်နှုန်းခန့်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/01/140353/
NUG ပညာရေးကျောင်းရှိ ကလေးငယ်များကို မုန့်လှူဒါန်း
["NUG ပညာရေးကျောင်းရှိ ကလေးငယ်များကို မုန့်လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "ဆားလင်းကြီးမြို့နယ်ရှိ NUG ပညာရေးကျောင်းရှိ ကလေးငယ်များကို ထိုင်းနိုင်ငံ နွေဦးမျိုးဆက် မဟာမိတ်အဖွဲ့ ရန်ပုံငွေ အထည် ရောင်းရငွေဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က မုန့်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88293/
NUG ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည်ဖြစ်ပြီး PDF ရဲဘော်များ ဝင်ရောက် ဖြေဆိုကြမည်
["NUG ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည်ဖြစ်ပြီး PDF ရဲဘော်များ ဝင်ရောက် ဖြေဆိုကြမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ တပ်ရင်းတပ်ဖွဲ့များရှိ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေ ဆိုမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် စစ်ဒေသခွဲ အမှတ် ၃ အတွင်းရှိ ဒေသခံပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်၊ ရဲမေများ ပါဝင်ဖြေဆိုရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဖြေဆိုမည့် ဒေသခံပြည်သူများနှင့် ရဲဘော်၊ ရဲမေများကို အောင်မြင်စွာဖြင့် ဖြေဆိုနိုင်ရန်အတွက် တောင်ပိုင်းစစ် ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိပုဂ္ဂိုလ်များမှ ပူး ပေါင်း ပါဝင်ကာ ပံ့ပိုးကူညီနေကြောင်း သိရှိရသည်။", "” ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့လို ရဲဘော်တွေအတွက် ပညာဆက်လက်သင်ယူနိုင်ခွင့် မဆုံးရှုံးစေဖို့ အခုလို အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့အတွက် NUG အစိုးရကို ကျေးဇူးအထူးပင်တင်ရှိပါတယ် ” ဟု တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆို မည့် PDF ရဲဘော် ၁ ဦးက ပြောကြားသည်။", "NUG ပညာရေးဝန်ကြီးဌာနမှ ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ပြီး CDM လှုပ် ရှားမှုတွင် ပါဝင်ခဲ့သော ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်း သူများမှလည်း စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသည့် ဒေသခံပြည်သူများနှင့် ရဲ ဘော်၊ ရဲမေများကို တစ်နေ့လျှင် ၂ နာရီ နှုန်းဖြင့် စာသင်ကြားပေးနေကြောင်း သိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ရဲဘော်များ၏ တော်လှန်ရေးကာလ အတွင်း ပညာသင်ယူခွင့်အခွင့်အလမ်းနှင့် ပညာသင်ယူရာတွင် No Discrimination – ခွဲခြားဆက်ဆံ ခံရမှု မရှိစေရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများအတွင်းရှိ ရဲဘော်များအား ဂရုတစိုက်စောင့်ကြည့်လျက်ရှိပြီး သင့်လျော်မှန်ကန်သော စီမံအုပ်ချုပ်မှုများနှင့် သက် ဆိုင် ရာ ဝန်ကြီး ဌာနများနှင့် ပူးပေါင်းကာ လူငယ်များ၏ ရသင့်ရထိုက်သော အခွင့်အရေးများအား တော်လှန်ရေး ကာလအတွင်း မဆုံးရှုံးစေရန်အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/11/130773/
NUG မြေပြင်ပြည့်သူ့ အခြေပြုကျောင်းမှ ကျောင်းသူ/သားများမှ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှုပြုလုပ်
["NUG မြေပြင်ပြည့်သူ့ အခြေပြုကျောင်းမှ ကျောင်းသူ/သားများမှ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "စစ်ကိုင်းတိုင်းရှိ NUG မြေပြင်ပြည့်သူ့ အခြေပြုကျောင်းမှ ကျောင်းသူ၊ကျောင်းသားများမှ ၁၁၁၁ အောင်သပြေ လှုပ်ရှားမှုအဖြစ် ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2025/03/206221/
NUG မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိနေချိန် MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာ ရှိနေ၊ ဖေဖော်ဝါရီအတွင်း ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့်ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
["NUG မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိနေချိန် MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာ ရှိနေ၊ ဖေဖော်ဝါရီအတွင်း ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနှင့်ရဲ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ", "ရန်ကုန်၊ မတ် ၄", "အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်မှ နုတ်ထွက်သည့် တပ်ရင်းတချို့ရှိသကဲ့သို့ ​MOD လက်အောက်သို့ ဝင်ရောက်ရန် လျှောက်ထားနေသည့် တပ်ရင်းများစွာရှိနေကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။", "ယနေ့ ထုတ်လွှင့်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်တွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုခြင်းဖြစ်သည်။", "အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှု (Chain of Command) အောက်မှ တပ်ရင်းအချို့နုတ်ထွက်ကြနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် MOD အနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မတရားအုပ်စိုးမှု လက်အောက်မှ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်ချက်တူ တော်လှန်ရေးအင်အားစုတွေ အားလုံးနှင့် ပူးပေါင်းပြီး မဟာဗျူဟာမြောက် စစ်ရေးဖော်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လိုအပ်ချက်အရ တပ်ပြောင်းတပ်ရွှေ့ပြုလုပ်ရပြီး စစ်ရေးဖော်ဆောင်မှုအခြေအနေကိုလိုက်၍ လက်နက်တပ်ဆင်ရကြောင်း၊ ယင်းအခြေအနေတွင် လိုက်ပါ ဆောင်ရွက်နိုင်ခြင်း မရှိ၍ ဖြစ်စေ အခြားသော အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ MOD ၏ Chain of Command အောက်မှ နုတ်ထွက်သွားကြသည့် တပ်ရင်းအချို့ရှိနေကြောင်း၊ သို့ရာတွင် MOD ၏ Chain of Command အောက်တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့် တပ်ရင်းများစွာရှိနေပြီး ကွပ်ကဲမှုအောက်သို့ ဝင်ရောက်လို၍ တပ်ရင်းလျှောက်ထားမှုတွေလည်း များစွာ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။", "“တပ်ရင်းတွေထွက်တာကိုပဲ Highlight လုပ်နေကြလို့ COC အောက်လုပ်နေတဲ့ တပ်ရင်းတွေနဲ့ COC အောက်ဝင်ချင်တဲ့ တပ်ရင်းတွေ အများကြီးရှိနေတယ်။ တပ်ရင်းအရေအတွက်ကတော့ ပြောလို့ မရဘူး” ဟု ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် ယခု ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီး လက်နက်မျိုးစုံ ၄၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင် အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်း များ၊ ပကဖများကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံခဲ့သူ စစ်ကောင်စီတပ်မှ အရာရှိ အဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၆၄ ဦးရှိကြောင်း၊ ၎င်းတို့ လက်နက်နှင့်တကွ ခိုလှုံလာ သူ ၄၅ ဦး ရှိကြောင်း သိရသည်။", "ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်လာသူများမှာ ဗိုလ်မှူး ၁ ဦး၊ ရဲတပ်ကြပ် ၁ ဦး၊ စစ်တပ်မှ ဒုတပ်ကြပ် ၂ ဦး ၊ ရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ၂ ဦး၊ စစ်တပ်မှ တပ်သား ၂ ဦး၊ ရဲတပ်ဖွဲ့မှ ရဲတပ်သား ၂ ဦး၊ စစ်မှုထမ်း တပ်သား ၃ ဦး၊ ပျူစောထီး ၁၅ ဦး နှင့် SNA ၅ ဦး တို့ဖြစ်ကြောင်း သိရသည်။", "ထို့သို့ ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာသူများ အနက် လက်နက်ယူဆောင်လာသူများကို အမျိုးသား ညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ် ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် လက်နက်မျိုးစုံ ၄၄ လက်၊ ခဲယမ်း မီးကျောက်များ ရရှိခဲ့ ကြောင်း သိရသည်။", "အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စု ဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင် ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထားသည်။"]
https://yktnews.com/2024/01/138899/
NUG သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီး၊ ကနန်ကျေးရွာကို စစ်တပ်က ဗုံးကျဲမှု ရုပ်အလောင်း ၁၅ လောင်းအထိ တိုးလာ
["NUG သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီး၊ ကနန်ကျေးရွာကို စစ်တပ်က ဗုံးကျဲမှု ရုပ်အလောင်း ၁၅ လောင်းအထိ တိုးလာ", "ရန်ကုန်၊ ဇန်နဝါရီ ၇", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ရွာကို ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးဆယ်လုံးကျော် ကျဲချခဲ့ပါတယ်။", "စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင်အရပ်သားနှစ်ဆယ်ကျော်ထိခိုက်ပြီး လက်ရှိအချိန်ထိ ရုပ်အလောင်း ၁၅ လောင်းအထိ တိုးလာတယ်လို့သိရပါတယ်။", "” ဒါလောလောဆယ်အတိအကျမသိရသေးဘူး။ သေဆုံးသူထဲမှာ အရွယ်မရောက်သေးတာ လေးယောက်ပါတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။", "ကနန်ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာဟာ ဒလန်သတင်းပေးမူကြောင့်ဖြစ်တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။", "စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့ ကနန်ကျေးရွာဟာ အမျိုးသားညီညွတ်ရေးအစိုးရသိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီးမှာတည်ရှိတာဖြစ်ပါတယ်။"]
https://yktnews.com/2025/01/198456/
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ဒီဇင်ဘာလ အတွင်း စစ်သားနှင့် ရဲ ၂၈ ဦး အလင်းဝင်၊ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများလည်း ယူဆောင်လာ
["NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ဒီဇင်ဘာလ အတွင်း စစ်သားနှင့် ရဲ ၂၈ ဦး အလင်းဝင်၊ လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများလည်း ယူဆောင်လာ", "ရန်ကုန်၊ ဇန်နဝါရီ ၆", "NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ဒီဇင်ဘာလ အတွင်း စစ်သားနှင့် ရဲ ၂၈ ဦး အလင်းဝင်ရောက်ခဲ့ပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများလည်း ယူဆောင်လာကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနထံမှ သိရသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖ များသို့ ဆက်သွယ်ကာ ဒုရဲအုပ် ၁ ဦးအပါအဝင် စစ်သားနှင့် ရဲ ၂၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "အလင်းဝင်ရောက်ခဲ့သူများတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ ၊ တပ်သား ၅ ဦး နှင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၉ ဦးတို့ ပါဝင်ကြောင်း သိရသည်။", "ထို့သို့ အလင်းဝင်ရောက်လာသူများတွင် လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ခဲ့သူ ၁၃ ဦးရှိပြီး လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ခဲ့ သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။", "၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ စစ်တပ်ဘက်မှ ၃၈၂ ဦး၊ ရဲဘက်မှ ၁၀၈၈၈ ဦး စုစုပေါင်း CDM ဝင်ရောက်သူ ၁၄၇၆၀ ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပြီး အရာရှိ အဆင့် CDM ဝင်ရောက်သူ ဒုဗိုလ်မှူးကြီး ၅ ဦး၊ ဗိုလ်မှူး ၄၂ ဦး၊ ဗိုလ်ကြီး ၃၂၃ ဦး၊ ဗိုလ် ၁၀၂ ဦးရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထားသည်။"]
https://yktnews.com/2025/03/209422/
NUG အစိုးရ စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၁၈ ဦးရှိပြီး ၃၀၀ ဦး ဒဏ်ရာ ရရှိကာ ထိခိုက်သေဆုံးမှု စာရင်းများ ဆက်လက် ကောက်ယူနေ
["NUG အစိုးရ စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် လက်ရှိချိန်ထိ သေဆုံးသူ ၁၈ ဦးရှိပြီး ၃၀၀ ဦး ဒဏ်ရာ ရရှိကာ ထိခိုက်သေဆုံးမှု စာရင်းများ ဆက်လက် ကောက်ယူနေ", "ရန်ကုန်၊ မတ် ၂၉", "NUG အစိုးရ၏ စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်းအတွင်း လက်ရှိချိန်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၈ ဦး ရှိပြီး ၃၀၀ ဦး ဒဏ်ရာရရှိထားကြောင်း NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ပြင်းအားမြင့် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးရမှုနှင့် ပတ်သက်၍ NUG အစိုးရက လက်ရှိ ကောက်ခံထားမှုအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူသေဆုံးမှု ၄၆၉ ဦး၊ စိစစ်ဆဲ ၂၂၃ ဦး၊ ထိခိုက်သူ ၁၈၂၂ ဦး ၊ လမ်းထိခိုက်ပျက်စီး ၃၀ ခန့်၊ လူနေအိမ် ၂၉၇၀ ခန့်၊ တံတား ၇ စင်း၊ ရေကာတာ/တာတမံ ၅ ခု၊ စေတီ ပုထိုး ၉၅ ဆူ၊ ဗလီ ၅၀ ကျော်ခန့် ပျက်စီးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "“NUG စိုးမိုးနယ်မြေ စစ်ကိုင်းတိုင်း အတွင်း ယခုကောက်လို့ရသလောက်ကတော့ ၁၈ ဦးသေဆုံးပြီး ၃၀၀ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ နောက်ဆုံး စာရင်းတော့ မဟုတ်သေးပါဘူး။ ဆက်လက် ကောက်ယူဆဲပါ” ဟု NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။"]