url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/02/85525/
NUG အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသော ဘိန်းစာမှုန့်အထုပ် ၃ သိန်းခွဲကျော် ကို မြစ်ထဲသို့ ဖောက်ချဖျက်ဆီး
["NUG အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသော ဘိန်းစာမှုန့်အထုပ် ၃ သိန်းခွဲကျော် ကို မြစ်ထဲသို့ ဖောက်ချဖျက်ဆီး", "ရန်ကုန်၊ဖေဖော်ဝါရီ ၅", "တနင်္သာရီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရNUG၏ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသော ဘိန်းစာမှုန့်အထုပ် ၃၅၁၀၀၀ ထုပ်ကို တနင်္သာရီမြစ်အတွင်း ဖောက်ချ ဖျက်ဆီးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "အဆိုပါ ဖမ်းဆီးရမိသော ဘိန်းစာမှုန့်များကို မြစ်ထဲသို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက မြစ်ချောင်းထဲဖောက်ချ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111034/
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပေးအပ်ခဲ့
["NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တီမောလက်စတေး နိုင်ငံသမ္မတတို့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကား ပေးအပ်ခဲ့", "ရန်ကုန်၊ ဇူလိုင် ၃", "NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်နှင့် တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာတို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။", "NUGအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် တီမောလက်စတေး နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် အရှေ့တီမောကို ရောက်ရှိနေစဥ် တီမောလက်စတေးနိုင်ငံသမ္မတထံသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားပေးအပ်ခဲ့ကြောင်း သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ လူမှုကွန်ရက် Facebook တွင် ဖော်ပြခဲ့သည်။", "တီမောလက်စတေးနိုင်ငံ၏ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ကြောင်း၊ တီမောလက်စတေးနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာက မိန့်ခွန်းပြောကြားသည့်အခါ မြန်မာနိုင်ငံ ကိုယ်စားပြုတက်ရောက်လာသည့် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် တို့ကို ထည့်သွင်း နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/164562/
NUG အစိုးရ ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သည့် အခြေခံ ပညာပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်မှု ဖြေဆိုရန် လျှောက်ထားသူ ၇၅၀၀၀ ဦးခန့်ရှိပြီး အောင်လက်မှတ်ရရှိသူ ၅၀၀၀၀ ခန့် ရှိ
["NUG အစိုးရ ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သည့် အခြေခံ ပညာပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်မှု ဖြေဆိုရန် လျှောက်ထားသူ ၇၅၀၀၀ ဦးခန့်ရှိပြီး အောင်လက်မှတ်ရရှိသူ ၅၀၀၀၀ ခန့် ရှိ", "ရန်ကုန်၊ မေ ၂၆", "အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာနသို့ ၂၀၂၃ ခုနှစ်တွင် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေး အကဲဖြတ်ခြင်း (BECA) ဖြေဆိုရန် လျှောက်ထားသူ ၇၅,၀၀၀ ဦးခန့်ရှိကာ ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ဦးခန့် ရှိခဲ့ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာနက မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။", "အဆိုပါ ဖြေဆိုသူများထဲတွင် စည်းကမ်းချက်နှင့် အညီ ဖြေဆို၍ အောင်လက်မှတ် (Certificate) ရရှိသူ ၅၀,၀၀၀ ခန့် ရှိပြီး စည်းကမ်းချက်နှင့် မညီ၍ Certificate မရသူ ၆,၀၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "စည်းကမ်းချက်များနှင့် ကိုက်ညီစွာ ဖြေဆိုလျက် Certificate မရရှိခဲ့ဟု ယူဆသည့် စာဖြေသူများအနေနှင့် ရလဒ်နှင့် ပတ်သက်၍ ပြန်လည် စစ်ဆေးနိုင်ရန် Complaint form လျှောက်ထားနိုင်ကြောင်း ၊ Complaint form များပြားပါက စစ်ဆေးခြင်းလုပ်ငန်းစဉ် ကြန့်ကြာနိုင်၍ စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ယခင်က Complaint Form တင်၍ ပြန်လည်စစ်ဆေးရန် လျှောက်ထားလိုပါက ငွေကျပ် ၃၀၀၀၀ ပေးသွင်းရမည့် အစီအစဉ်ရှိခဲ့သော်လည်း ပြည်သူများက ငွေသွင်းရသည့် အစီအစဉ်ကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများကြောင့် ငွေသွင်းရန် အစီအစဉ်ကို ရပ်နားလိုက်ကြောင်းလည်း သိရှိရသည်။", "Complaint Form လျှောက်ထားမည့် စာဖြေသူများအနေနှင့် ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထား၍ LMS –https://lms.moeedu.org၏ Technical Support Channel တွင် ၁ – ကျောင်းသား ဖြေဆိုခဲ့ရမှု အခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင် ရေးသားထားသည့် လျှောက်လွှာ၊ ၂ – မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲ့အစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန် ကြောင်း ထောက်ခံချက်တိုနှင့် အတူ လျှောက်လွှာတွင် ပူးတွဲ ဖော်ပြလျှောက်ထားရန် လိုအပ်ကြောင်း သိရှိရသည်။", "ထို့ပြင် ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ်ကျောင်းသားဖြစ်ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များကို စစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2024/08/180318/
NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် H.E. Ms. Paetongtarn Shinawatra ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
["NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် H.E. Ms. Paetongtarn Shinawatra ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့", "ရန်ကုန်၊ ဩဂုတ် ၂၄", "အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းဘုရင့်နိုင်ငံတော် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံရသော H.E. Ms. Paetongtarn Shinawatra ထံကို ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။", "​ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ်အနေဖြင့် မြန်မာ ပြည်သူတွေရဲ့ ကိုယ်စား ထိုင်းဘုရင့်နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်သစ် ထမ်းဆောင်ခြင်းအတွက် နွေးထွေးစွာ ဂုဏ်ပြုဝမ်းမြောက်ကြောင်း ဩဂုတ်လ ၁၉ ရက်က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သလို ဒုတိယမြောက် အမျိုးသမီးအဖြစ် ဒီတာဝန်ကိုထမ်းဆောင်မှာဖြစ်တဲ့ အတွက် ဂုဏ်ယူကြောင်း၊ ဒါဟာ ထိုင်းနိုင်ငံက အမျိုးသမီးတွေသာမက ကမ္ဘာတဝှမ်းက အမျိုးသမီးတွေအတွက်ပါ အင်အားကြီးတဲ့ လှုံ့ဆော်မှုဖြစ်တယ်လို့ သဝဏ်လွှာမှာရေးသားထားသည်။", "မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေးတော်ပုံတွင် ထိုင်းနိုင်ငံက ဆက်လက်ပံ့ပိုးမှုနှင့် မြန်မာပြည်သူများကို ကူညီပေးနေတာတွေအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း သဝဏ်လွှာမှာဖော်ပြထားပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းတွေဖြေရှင်းရာမှာ ဆက်လက်ပံ့ပိုးကူညီပေးဖို့နှင့် ၇၆ နှစ်နီးပါ တည်မြဲခဲ့သော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ တွက် လေးလေးနက်နက် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်းပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားသည်။", "အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နှစ်နိုင်ငံပြည်သူတွေ ကောင်းစားရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာစေရေးရန် ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စ၊ နယ်စပ်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ တိုက်ဖျက်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ ပူးပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။"]
https://yktnews.com/2024/11/191476/
NUG အစိုးရထံ ၂ လတာအတွင်း ဗိုလ်ကြီး ၄ ဦးနှင့် ရဲအုပ် ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၄၉ ဦး အလင်းဝင်
["NUG အစိုးရထံ ၂ လတာအတွင်း ဗိုလ်ကြီး ၄ ဦးနှင့် ရဲအုပ် ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၄၉ ဦး အလင်းဝင်", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "အမျိုးသား ညီညွတ်ရေးအစိုးရထံ စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း အရာရှိ အဆင့် ဗိုလ်ကြီး ၄ ဦးနှင့် ရဲအုပ် ၂ ဦး အပါအဝင် စစ်ကောင်စီ ၄၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်ကောင်စီ တပ်သား ၄၉ ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်း ရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း လက်နက်မျိုးစုံ ၁၇ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်အပ်ပါကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/78895/
NUG အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များ အားလုံး အပြောနှင့် အလုပ်ညီအောင် ပြုမူကျင့်ကြံရန် ယာယီ သမ္မတ ဒူဝါလရှီးလ ညွှန်ကြား
["NUG အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များ အားလုံး အပြောနှင့် အလုပ်ညီအောင် ပြုမူကျင့်ကြံရန် ယာယီ သမ္မတ ဒူဝါလရှီးလ ညွှန်ကြား", "ရန်ကုန် ၊ ဇန်နဝါရီ ၃", "အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်များအားလုံး အပြောနှင့် အလုပ် ညီအောင် ပြုမူကျင့်ကြံကြိုးစားကြရန် အထူးတိုက်တွန်းလိုက်ပြီး ၂၀၂၃ ခုနှစ်တွင်လည်း ယခင် နှစ် ဟောင်းကဲ့သို့ အလုပ်နှင့် သက်သေပြကြရမည်ဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ညွှန်ကြားသည်။", "စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH / NUCC / NUG စသည့် ဖွဲ့စည်းမှုများနှင့် စစ်အာ ဏာရှင် ဖြုတ်ချရေးကို စစ်ရေး၊ နိုင်ငံရေးတပ်ဦးမှ ဦးဆောင်လာခဲ့ကြပြီး လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ ကော်မတီ၊ ကော်မရှင်များကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြကြောင်း၊ အစုအဖွဲ့ဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်များနှင် ပတ်သက်၍ လူနှင့် မူ အံဝင်ခွင်ကျ ဖြစ်စေနှင့် လူမှန် နေရာမှန် ဖြစ်ရန် သုံးသပ်ကြရန် ပြောကြားလိုကြောင်း ယာယီသမ္မတဒူဝါလရှီးလက ယနေ့ ကျင်းပသော NUG အစိုးရအစည်းအဝေးတွင် ပြောဆိုသည်။", "“ ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့ မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူနဲ့မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကို ချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင်ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့မူပြဿနာကို အပြီးသတ်ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့မူ အံဝင်ခွင်ကျဖြစ်ရေး၊ လူမှန်နေရာမှန်ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။", "တော်လှန်ရေးအလုပ်များနှင့် အစိုးရအဖွဲ့လုပ်ငန်းစဉ်များ ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိရေးသည် NUG အစိုးရအဖွဲ့ခေါင်းဆောင်အားလုံး၏ စီမံခန့်ခွဲမှု အရည်အချင်းများပေါ်တွင် မူတည်ကြောင်းနှင့် ရှိထားသည့် အရင်းအမြစ်များကို တော်လှန်ရေးအရွေ့တစ်ခုဖြစ်စေရန် အလေ့အလွင့်မရှိဘဲ စီမံခန့်ခွဲနိုင်ရန်အတွက်လည်း အလွန်အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။", "ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍လည်း အမှန်တကယ်လိုအပ်သည့် နေရာတွင် သုံးစွဲတတ်ရန်၊ အလေအလွင့်မရှိဘဲ သုံးစွဲနိုင်ရန်နှင့် လက်ရှိဆောင်ရွက်နေသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို တိတိကျကျ ခံယူရန် လိုအပ်ကြောင်း၊ စီမံ/ဘဏ္ဍာကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ/ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချကများကို တိတိကျကျလိုက်နာရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ကော်မရှင် ၊ ကော်မတီများအတွက် မူနှင့် လူ ကိုက်ညီခြင်း ရှိ/ မရှိ စိစစ်သုံးသပ်မှုများ လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ညွှန်ကြားသည်။", "ထို့ပြင် ပြည်သူလူထံမှ ရရှိသည့် အထွေထွေရင်းမြစ်များကို တော်လှန်ရေးအောင်မြင်ရန်အတွက် အလေအလွင့်မရှိ စနစ်တကျ စီမံကွပ်ကဲကြရန်အလွန်အရေးကြီးကြောင်း ယာယီသမ္မတဒူဝါလရှီးလက မှာကြားတိုက်တွန်းသည်။"]
https://yktnews.com/2025/02/202335/
NUG အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် လွှတ်တော်အမတ်များသမဂ္ဂတို့က ပူးတွဲ ပြုလုပ်သည့် မြန်မာ့အရေးကြားနာပွဲကို ဂျပန် အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များ တက်ရောက်
["NUG အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် လွှတ်တော်အမတ်များသမဂ္ဂတို့က ပူးတွဲ ပြုလုပ်သည့် မြန်မာ့အရေးကြားနာပွဲကို ဂျပန် အစိုးရတာဝန်ရှိသူများနှင့်လွှတ်တော်အမတ်များ တက်ရောက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ဂျပန်နိုင်ငံတွင် NUG အစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် လွှတ်တော်အမတ်များ သမဂ္ဂတို့က ပူးတွဲ ပြုလုပ်သည့် မြန်မာ့အရေးကြားနာပွဲကို ဂျပန် အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဂျပန်နိုင်ငံ လွှတ်တော်အမတ်များရုံးတွင် မအောင်မြင်သော စစ်အာဏာသိမ်းမှု ၄ နှစ် အလွန် လက်ရှိ မြန်မာနိုင်ငံ​၏ ပကတိအခြေအနေမှန်များ၊ စစ်တပ်မှ အာဏာလုယူမှု နောက်ဆက်တွဲ ပဋိပက္ခများနှင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ဂျပန်အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ၊ နိုင်ငံတကာ သံတမန်များနှင့် သတင်းမီဒီယာများထံ ရှင်းလင်းတင်ပြနိုင်ရန် အတွက် မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသော လွှတ်တော်အမတ်များ သမဂ္ဂနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတို့က ပူးတွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် အထက် လွှတ်တော်နှင့် အောက် လွှတ်တော် အမတ်များထံမှ ကြိုတင် ကောက်ခံထားသည့် လက်မှတ်ရေးထိုး တောင်းဆိုစာကို ကြားနာပွဲသို့ တက်ရောက်ကြသူများမှ တညီတညွတ်တည်း ထောက်ခံအားပေးခဲ့ကြပြီး ဂျပန်အစိုးရထံသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တဆင့်ဆက်လက်ပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ ကြားနာပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာန အကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့မှလည်း တက်ရောက်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စစ်ရှောင် ကလေးငယ်များ​၏ ပန်းချီများနှင့် မြန်မာပြည်တွင်း အခြေအနေမှန်များကို သိရှိနားလည်နိုင်ရန် ဓါတ်ပုံများအကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။", "ယင်း အခမ်းအနားသို့ လွှတ်တော်အမတ်အများအပြား စိတ်ဝင်စားတက်ရောက်ခဲ့ကြပြီး တက္ကသိုလ် ပါမောက္ခများ၊ NGO/NPO များ၊ အလုပ်သမားအဖွဲ့ချုပ် (ILO) မှ တာဝန်ရှိသူများ ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ခံများ၊ သတင်းမီဒီယာများနှင့် မြန်မာ့အရေးအစဉ်တစိုက် ကူညီပေးနေသူ ဂျပန်နိုင်ငံသားများ ၊ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများအပါအဝင် ပရိတ်သတ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121801/
NUG အစိုးရ၏ ဝန်ကြီးဌာန Website များကို နေပြည်တော်မှ DDOs Attack ဖြင့် တိုက်ခိုက်မှု အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့
["NUG အစိုးရ၏ ဝန်ကြီးဌာန Website များကို နေပြည်တော်မှ DDOs Attack ဖြင့် တိုက်ခိုက်မှု အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးဌာန Websites များကို နေပြည် တော်မှ DDOs Attack စနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသား ညီညွတ် ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department ထံမှ သိရှိရသည်။", "စက်တင်ဘာလ ၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီအထိ NUG အစိုးရ ဝန်ကြီးဌာန Websites ကို DDOS Attack ဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို NUG ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department က တိုက်ခိုက်မှုကို ချက်ချင်းသိရှိခဲ့ပြီး တိုကခိုက်နေသော IP များကို Block နိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနများအားလုံး၏ Websites များ မကျစေရန် IT & Cybersecurity ဌာနက စောင့်ကြည့် ကာကွယ်ခဲ့သည့်အတွက် Websites များအားလုံး ပုံမှန် လည်ပတ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ အိုင်တီဌာန မှ ဒေါက်တာကေ က ပြောကြားသည်။", "“တစ်ဆက်တည်းမှာပဲ အခုလိုတိုက်ခိုက်တဲ့ IP ရဲ့ ISP ကို သိရှိထားပြီး ဖြစ် တယ်လို့ဆိုပါတယ်။ အခုလိုတိုက်ခိုက်မှုများဟာ အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ IT ဌာနကို အနည်းငယ် အလုပ်ရှုပ်စေတာကလွဲလို့ ဘာမှ ထိခိုက်မှု မရှိ ကြောင်း”ဟု ဒေါက်တာကေက ပြောဆိုသည်။", "NUG အစိုးရ၏ ဝန်ကြီးဌာန Websites များကို တိုက်ခိုက်ခဲ့သော IP မှာ နေပြည်တော်အခြေစိုက် IT Spectrum Company Limited ၏ ISP ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး IT Spectrum Company Limited မှာ Director အဖွဲ့ဝင် ၄ ဦးပါဝင်ကြောင်း စုံစမ်းသိရှိရသည်။", "“အခုလိုတိုက်ခိုက်မှုတွေဟာ ဘာမှ အရာထင်မှာမဟုတ်ဘူးဆို တာပြောချင် တယ်။ သူတို့အချက်အလက်တွေအားလုံးကိုမြင်နေရတယ်။ သူတို့ domain တွေမြင်နေရတယ်။ နည်းပညာဆိုတာတော့ ဒီလိုပါပဲ။ ကျမ တို့ဘက်ကလည်း စကစ ရဲ့ အခုရက်ပိုင်းဝယ်ယူနေတဲ့ Jammer အမျိုးအစားတွေ အားလုံး hack လို့ရထားပါတယ်။ ဝယ်ယူပေးတဲ့ Company ဝယ်ယူတဲ့ ပစ္စည်းအမျိုးအစား နဲ့ ဘယ်နေ့ ရောက်မယ်ဆိုတာက အစ အားလုံးကို ကြိုသိထားတာကြောင့် ဆက် သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန Federal Wings Drone R& D ဌာနကို ပို့ပေးထားပါတယ်” ဟု ဒေါက်တာကေ က ပြောကြား သည်။", "ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ကိုယ့်အကျိုးစီးပွားအတွက် စစ်ကောင်စီကို ကူညီ နေသည့် ကိုယ်ကျိုးရှာ အတ္တသမားများကို ပြင်းပြင်းထန်ထန်သတိ ပေး လိုက် ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန IT & Cybersecurity Department က သတိပေးသည်။"]
https://yktnews.com/2023/02/88034/
NUG အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး AAC မဟာမိတ် အဖွဲ့၊ LPN Foundation တို့နှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆွေးနွေး
["NUG အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး AAC မဟာမိတ် အဖွဲ့၊ LPN Foundation တို့နှင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆွေးနွေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ဦးဆောင်သော ဝန်ကြီးဌာနတာဝန်ရှိသူများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိ ပြီး AAC မဟာမိတ် အဖွဲ့၊ LPN Foundation တို့နှင့်တွေ့ဆုံပြီး မြန်မာအလုပ်သမားများကို အားပေးစကားပြောကြားခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဦးဆောင်သူကိုရဲမင်းက ပြောသည်။", "“ဒုဝန်ကြီးက AAC မဟာမိတ်အဖွဲ့ရုံးခန်းကို လာရောက်တယ်။ နောက်တစ်ခါ MOU နဲ့ လာရောက်ပြီး ဒုက္ခရောက်နေလို့ AAC ရုံးခန်းမှာ ခိုလှုံနေတဲ့ မြန်မာအလုပ်သမားတွေကိုလည်း အားပေးစကားပြောတယ်။ နောက်တစ်ခါ အလုပ် သမား အရေးဆောင်ရွက်နေတဲ့ LPN Foundation တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပါတယ်။ ဘန်ကောက်မြို့ကို ရောက်ရှိ တွေ့ဆုံတာဖြစ်ပါတယ်” ဟု AAC မဟာမိတ်အဖွဲ့မှ ဦးဆောင်သူ ကိုရဲမင်းက ရှင်းပြသည်။", "ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့နှင့် NUG အလုပ်သမားဝန် ကြီးဌာန အကြား ယခင်ကတည်းက ပူးပေါင်း ဆောင်ရွက်မှုများဖြင့် မြန်မာရွှေ့ ပြောင်း အလုပ်သမားများ အရေးဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင်လည်း ထပ်မံ၍ တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီ ဦး ဆောင်သော ဝန်ကြီးဌာနတာဝန်ရှိသူများက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အရေးကိစ္စများအတွက် အဓိက တွေ့ဆုံ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81140/
NUG ၊ CRPH ၊ PDF နှင့် စစ်တပ်ဆန့်ကျင်သော Website ၊ လူမှုကွန်ရက်အကောင့်များ ပိတ်သိမ်းပေးရေး စစ်ကောင်စီက Google နှင့် Facebook ထံသို့ ကန့်ကွက်စာ ရေးသား ပေးပို့နေသော်လည်း အကြောင်းမထူး၊ စစ်တပ်ပိုင်မီဒီယာများ လူမကြည့်၍ မီဒီယာ နှင့် လူမှုကွန်ရက်တွင် ရှုံးနိမ့်နေမှု ကုစားရန် နည်းလမ်းရှာနေရ
["NUG ၊ CRPH ၊ PDF နှင့် စစ်တပ်ဆန့်ကျင်သော Website ၊ လူမှုကွန်ရက်အကောင့်များ ပိတ်သိမ်းပေးရေး စစ်ကောင်စီက Google နှင့် Facebook ထံသို့ ကန့်ကွက်စာ ရေးသား ပေးပို့နေသော်လည်း အကြောင်းမထူး၊ စစ်တပ်ပိုင်မီဒီယာများ လူမကြည့်၍ မီဒီယာ နှင့် လူမှုကွန်ရက်တွင် ရှုံးနိမ့်နေမှု ကုစားရန် နည်းလမ်းရှာနေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ပြည်သူလူထု တစ်ရပ်လုံးက ထောက်ခံနေသော NUG ၊ CRPH ၊ PDF နှင့် စစ်တပ်ဆန့်ကျင်သော Website ၊ လူမှုကွန်ရက်အကောင့်များ ပိတ်သိမ်းပေးရေး စစ်ကောင်စီက Google နှင့် Facebook ထံသို့ကန့်ကွက်စာများ ရေးသား ပေးပို့နေသော်လည်း အကြောင်းမထူးသဖြင့် နည်းလမ်းရှာနေရကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး အောင်ကျော်ထွန်းက ပြောသည်။", "စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း‌ ပြောဆိုခြင်းဖြစ်သည်။", "“နည်းပညာကုမ္ပဏီ Google နှင့် Facebook တို့ကိုလည်း ကန့်ကွက်စာများ ထုတ် ပြန်ပေးလျက်ရှိပါကြောင်း၊ အချို့ကိစ္စများသည် ဝယ်ယူဆောင်ရွက်နေသည့် ကိစ္စများဖြစ်သည့်အတွက် အသေးစိတ်ပြောပြရန် ကန့်သတ်ချက်များရှိပါကြော်ငး၊ မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီး အောင်ကျော်ထွန် ပြောဆိုသည်။", "ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က နိုင်ငံပိုင် မီဒီယာများကို လူတိုင်း မကြည့်ကြကြောင်း၊ ဖုန်းများကို လူတိုင်းကြည့်ကြကြောင်း၊ အကြမ်းဖက်မှု ပါဝင်ခြင်း၊ အားပေးခြင်းများကို ထိထိရောက်ရောက် အရေးယူမည်ဆိုသော သတင်း စကားများကို မိုဘိုင်းလ်ဖုန်း ၄၆ သန်းမှတစ်ဆင့် SMS များ ပေးပို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချိန်သတ်မှတ်၍ SMS ကို နှစ်ကြိမ်၊ သုံးကြိမ် ပေးပို့ခြင်းဖြင့် ဆောင်ရွက်ရန်၊ PDF Game များကို နှိမ်နင်းရန် အကြံပြုသည်။", "နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကမူ လက်ရှိတွင် လူကိုယ်တိုင် တစ်ဖက် သတင်းများ ရယူနိုင်မှု လွန်စွာ အားနည်း နေပြီး ကန့် သတ်ချက်များရှိနေကြောင်း၊ ဖုန်းနှင့် စကားပြောစက်များတို့ကို ကြားဖြတ် ဖမ်းယူ နားထောင်ခြင်း၊ လူမှုကွန်ရက်များတွင် Hacker များနှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြင့် တစ်ဖက်သတင်းများကို ပိုမိုရရှိနိုင်ကြောင်း အကြံပြုသည်။", "(စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းအပြည့်အစုံကို လုံခြုံရေး နံပါတ်များ၊ ကုတ်များ ဖယ်ရှားပြီး မကြာမီ ထုတ်ပြန်ပေးပါမည်)"]
https://yktnews.com/2023/01/81119/
NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်
["NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီနီးပါး ကြာမြင့်သော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေးတစ်ခုကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။", "အဆိုပါ သွေးပျက်ခြောက်ခြားနေသည့် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးမှု ရလဒ်များကို မင်းအောင်လှိုင်ထံ တိုက်ရိုက် အစီရင်ခံရသော အစည်းအဝေးလည်းဖြစ်သည်။", "ယင်း သွေးပျက်ခြောက်ခြားနေသည့် အစည်းအဝေး တက်ရောက်သူများ၊ အစည်း အဝေး မှတ်တမ်းများအားလုံးကို ရန်ကုန်ခေတ်သစ်က ရရှိထားပြီး စာမျက်နှာ ၄၀ ပါရှိရာ ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် စစ်ကောင်စီ၏ ထိပ်တန်း အရာရှိ ၅၅ ဦး တက်ရောက် ခဲ့ကြသည့် အစည်းအဝေးလည်းဖြစ်သည်။"]
https://yktnews.com/2023/06/106826/
NUG၏ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို ဦးသန်းမြင့် ဓားဖြင့် ထိုးသတ်ခံရ ၊ စစ်တပ်ထောက်ခံသူများက သူတို့လက်ချက်ဖြစ်သည်ဟု လူမှုကွန်ရက်တွင် မှတ်ချက်ရေးသား အောင်ပွဲခံ
["NUG၏ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကို ဦးသန်းမြင့် ဓားဖြင့် ထိုးသတ်ခံရ ၊ စစ်တပ်ထောက်ခံသူများက သူတို့လက်ချက်ဖြစ်သည်ဟု လူမှုကွန်ရက်တွင် မှတ်ချက်ရေးသား အောင်ပွဲခံ", "ရန်ကုန်၊ ဇွန် ၉", "အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး၏ အစ်ကိုဖြစ်သူ ဓားဖြင့် ထိုးသတ်ခံလိုက်ရပြီး စစ်တပ်ထောက်ခံသူများက သူတို့လက်ချက်ဖြစ်သည်ဟု လူမှုကွန်ရက်တွင် မှတ်ချက်ရေးသား အောင်ပွဲခံလျက်ရှိကြောင်း သိရှိရသည်။", "ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဒေါပုံနွယ်အေးဗလီအနီးတွင် ဇွန်လ ၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဆေးဆိုင်မှ အိမ်ပြန်လာရင်း လမ်းတွင် ဓားဖြင့် ရက်ရက်စက်စက် ထိုးသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ၊ ဓားဖြင့် ထိုးသတ်ခံရသူ ဦးသန်းမြင့်သည် NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ဦးအောင်ကျော်မိုး၏အကိုဖြစ်ကြောင်း သိရှိရသည်။", "” ညဘက် သူရဲ့ဆေးဆိုင်ကနေ အိမ်ပြန်လာရင်း လမ်းမှာ ရက်ရက်စက်စက်အသတ်ခံရတယ်။ ရဲတွေက မှတ်တမ်းယူသွားပေမယ့် ဘာမှ မလုပ်ပေးဘူး” ဟု NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ဦးအောင်ကျော်မိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်တွင် NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးအရာရှိ ဦးအောင်ကျော်မိုး၏ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို သတ်ဖြတ်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း မှတ်ချက်ပြု ရေးသား အောင်ပွဲ ခံလျက်ရှိကြောင်း သိရှိရသည်။", "“ဘာအခုမှ ကြောက်ပါပြီလဲ။ မင်းတို့ PDF တွေ လုပ်တုန်းက ကောင်းတယ်။ ငါတို့လုပ်မှ ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ်နဲ့” ဟု ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် Thiha Aung အကောင့်က မှတ်ချက်ပြု ရေးသားထားသည်။"]
https://yktnews.com/2023/12/134588/
NW PDF အတွက် စောင်နှင့် အသုံးအဆောင်များ ထောက်ပံ့
["NW PDF အတွက် စောင်နှင့် အသုံးအဆောင်များ ထောက်ပံ့", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "အညာပစ်တိုင်းထောင်လေးများအဖွဲ့ မှNW PDF အတွက် စောင်နှင့်င့်အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89873/
Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် ဖျော်ရည် အပါအဝင် စားသောက်ကုန် များ ထုတ်လုပ် နေသည့် ဆွစ်ဇာလန် Nestle ကုမ္ပဏီက စစ် အာဏာသိမ်းမှု ကြောင့် မြန်မာ နိုင်ငံမှ လုပ်ငန်းများ ပိတ်သိမ်း ထွက်ခွာမည်
["Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် ဖျော်ရည် အပါအဝင် စားသောက်ကုန် များ ထုတ်လုပ် နေသည့် ဆွစ်ဇာလန် Nestle ကုမ္ပဏီက စစ် အာဏာသိမ်းမှု ကြောင့် မြန်မာ နိုင်ငံမှ လုပ်ငန်းများ ပိတ်သိမ်း ထွက်ခွာမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "မြန်မာနိုင်ငံတွင် Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ မိုင်လို အာဟာရ ဖျော်ရ ည် အပါအဝင် စားသောက် ကုန်များ ထုတ်လုပ်နေသည့် ဆွစ်ဇာလန် Nestle ကုမ္ပဏီ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းပိတ် သိမ်းထွက် ခွာမည်ဖြစ်ကြောင်း AFP သတင်းအရ သိရှိရသည်။", "၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူများအပေါ် စစ်တပ်၏ လူ မဆန် သော ရက်စက်သတ်ဖြတ်မှုများကြောင့် ကြီးမားသော နိုင်ငံခြား ရင်းနှီး မြုပ်နှံမှု ကုမ္ပဏီများ ထွက်ခွာလျက်ရှိရာ ယခုနောက်ဆုံး စားသောက်ကုန် လုပ်ငန်း လုပ်ကိုင်နေသော ဆွစ်ဇာလန် စားသောက်ကုန် ကုမ္ပဏီကြီး Nestle က မြန်မာနိုင်ငံ တွင် ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်ပြောဆိုသည်။", "စစ်အာဏာသိမ်းပြီးနောက် ပြင်သစ် ရေနံကုမ္ပဏီကြီး Total နှင့် Chevron နှင့် နော်ဝေ တယ်လီကွန်းအော်ပရေတာ Telenor တို့ အပါအဝင် နိုင်ငံခြားကုမ္ပဏီ များက မြန်မာ နိုင်ငံမှ ဆက်တိုက် ထွက်ခွာနေကြခြင်းဖြစ်သည်။", "လက်ရှိ စီးပွားရေးအခြေအနေကြောင့် ရန်ကုန်ရှိ ရုံးချုပ်နှင့် Nestle ၏ စက်ရုံ တို့ ၏ လုပ်ငန်းလည်ပတ်မှုအားလုံး ရပ်ဆိုင်းသွားမည်ဖြစ်သော်လည်း အချိန် အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။", "Nestle သည် မြန်မာနိုင်ငံတွင် Nescafe အသင့်စားကော်ဖီ၊ Maggi ခေါက်ဆွဲ နှင့် Milo ချောကလက် ဖျော်ရည် အပါအဝင် စားသောက်ကုန်များကို ထုတ် လုပ် ရောင်းချနေခြင်းဖြစ်ပြီး ထိုင်း၊ မလေးရှားနှင့် ဖိလစ်ပိုင်မှ Nestle ထုတ် ကုန် များကိုသာ ဖြန့်ဖြူးရောင်းလိမ့်မည်ဟု ဆိုသည်။", "Nestle ၏ စက်ရုံနှင့် ရန်ကုန်ရုံးချုပ်တွင် ဝန်ထမ်း ၁၃၈ ဦးရှိပြီး၎င်းတို့ မနစ်နာ စေရန် ဆောင်ရွက်ပေးမည်ဟု ကုမ္ပဏီက ဆက်ပြောသည်။", "Nestle သည် ယမန်နှစ် ကမ္ဘာတစ်ဝန်း စားသောက်ကုန်ထုတ်လုပ်ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၉၅ ဘီလီယံခန့် ရရှိခဲ့သော ကမ္ဘာ့အကြီးဆုံး စားသောက် ကု န်ထုတ်လုပ်သည့် ကုမ္ပဏီကြီးများတွင် တစ်ခု အပါအဝင်ဖြစ်သည်။", "ဓာတ်ပုံ- Nestle က ထုတ်လုပ်နေသော Nescafe ကော်ဖီ၊ Maggi ခေါက်ဆွဲ၊ Milo ချောကလက် ဖျော်ရည်။"]
https://yktnews.com/2024/06/167635/
စစ်ကောင်စီက ကျပ်ငွေဘီလီယံများစွာ ရိုက်ထုတ်ခြင်း၊ VPN ပိတ်ပင်ခြင်းများ လုပ်ဆောင်ပြီးနောက် ပြည်သူများ ဒီဂျစ်တယ်ငွေကြေး နှင့် ဒီဂျစ်တယ်ငွေပေး ချေမှုစနစ် အသုံးပြုရန် ညွှန်ကြားပြန်
["Non-CDM ဝန်ထမ်းနှင့်စစ်သားများကို လစာပေးခြင်း၊ စစ်ကောင်စီ အသုံး စရိတ်များကို ငွေရိုက်မထုတ်တော့ဘဲ ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးရန် ကြိုးစားမှုဖြစ်နိုင်၍ ကျရှုံးရန်သာရှိ", "ရန်ကုန်၊ ဇွန် ၁၄", "အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ခြင်း၊ VPN များ ပိတ်ပင်ခြင်းများ လုပ်ဆောင်ပြီးနောက် ပြည်သူများ ဒီဂျစ်တယ်ငွေကြေးနှင့်ဒီဂျစ်တယ်ငွေပေးချမှုများ အသုံးပြုရန် အမိန့် ထုတ်ပြန် ညွှန်ကြားလာကြောင်း ဗဟိုဘဏ်က ပေးပို့သော ညွှန်ကြားစာအရ သိရှိရသည်။", "စစ်ကောင်စီ၏ ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်သော ညွှန်ကြားချက်တွင် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ဝန်ကြီးဌာနနှင့် အများပြည်သူများ ဒီဂျစ်တယ် ငွေပေးချေမှုများကို အသုံးပြုနိုင်ရေးအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်သော ပေးချေမှုများအတွက် CBM-System ACH စနစ် အသုံးပြုရန်၊ QR အသုံးပြုငွေပေးချေမှုများ၊ လက်ရှိ အကောင်အထည်ဖော်နေသည့် Digital Payment Switch နှင့်ချိတ်ဆက်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။", "စစ်ကောင်စီဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များမှာ", "၁ – လူပုဂ္ဂိုလ်အချင်းချင်း ငွေပေးချေခြင်းကို လုပ်ငန်းဆောင်ရွက်မှုကို တစ်ကြိမ်လျှင် ငွေကျပ် ၁၀ သိန်းဖြင့် တစ်ရက်လျှင် ငွေကျပ် သိန်း ၅၀ ။", "၂ – လူပုဂ္ဂိုလ်မှ ရောင်းချသူသို့ ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် ရွှေဆိုင်များ၊ အီလက်ထရောနစ် အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများအပါအဝင် အုပ်စုအတွက် လုပ်ဆောင်ရွက်မှု ပမာဏအား တစ်နေ့လျှင် အများဆုံး ကျပ်သိန်း ၁၀၀။", "၃ – မိုဘိုင်းငွေကြေးစာရင်းများ၏ အမြင့်ဆုံး လက်ကျန်ပမာဏကို ကျပ်သိန်း ၁၀၀ အထိသာထားရန်နှင့် ကျပ်သိန်း ၁၀၀ ကျော်ပါက ဘဏ်စာရင်းနှင့်ချိတ်ဆက်၍ နေ့စဉ် ဘဏ်စာရင်းသို့ ပြောင်းရွှေ့ရန်။", "၄ – ကျပ်သိန်း ၁၀၀ အထိ လူပုဂ္ဂိုလ်အချင်းချင်းငွေပေးချေခြင်းနှင့် အစိုးရငွေပေးချေမှုများအတွက် Mobile Banking အသုံးပြုဆောင်ရွက်ခြင်းကို CBM-NET ACH Function ဖြင့် ချိတ်ဆက်ဆောင်ရွက်ရန်။", "၅ – ကျပ်သိန်း ၁၀၀ နှင့်အထက် ပေးချေမှုများအတွက် CBM-NET System B2B Function ဖြင့် ဆောင်ရွက်ရန် ။", "၆ – ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများက CBM-NET ACH Functionကို ၂၄ နာရီအမြဲတမ်း အသုံးပြုနိုင်ရန်အတွက် Debit Cap (ACH Allocation) တွင် ငွေလုံလောက်စွာ ရွှေ့ပြောင်းထားရန်။", "၇ – စားသုံးသူ Wallet ကို အသုံးပြု၍ ကုန်သည်ကဲ့သို့ ရောင်းဝယ်မှုများ ဆောင်ရွက်ခြင်း ( လူပုဂ္ဂိုလ်ပေးချေမှုကို အသုံးပြု၍ ကုန်ပစ္စည်းဝယ်ယူခြင်း၊ ရောင်းချခြင်း) မပြုနိုင်စေရေးအတွက် စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊ ပေးချေမှုများတွင် အကြောင်းအရာ ဖော်ပြရန်နှင့် လုပ်ငန်းဆောင်ရွက် အကြိမ်အရေအတွက်ကို ကန့်သတ်ဆောင်ရွက်ရန်။", "၈ – Merchant များအတွက် မှတ်ပုံတင်ရာတွင် အချက်အလက် မှန်ကန်မှု ရှိစေရေး သေချာစိစစ်ရန်၊ အမှန်တကယ် Merchant ဖြစ်ကြောင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများက အာမခံပေးရန် တို့ကို သတ်မှတ်ထားသည်။", "စစ်ကောင်စီဗဟိုဘဏ်၏ သတ်မှတ်ချက်များကို မလိုက်နာပါက ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၁၅၄ အရ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားသည်။", "အကြမ်းဖက်စစ်ကောင်စီက လက်ရှိ အသုံးပြုနေသော ငွေရေးကြေးရေးကဏ္ဍကို ဒီဂျစ်တယ်ငွေကြေး အဖြစ် ပြောင်းလဲ အသုံးပြုရန် စီစဉ်ခြင်းမှာ ကျပ်ငွေဘီလီယံရိုက်နှိပ်နေရခြင်းမှ ရှောင်ရှားရန် အဓိက ဖြစ်ပြီး ဒီဂျစ်တယ်ငွေရေးကြေးရေးအတွက် အာမခံချက် မရှိကြောင်း၊ နိုင်ငံတကာကဲ့သို့ ဒီဂျစ်တယ် ငွေရေးကြေးရေးနှင့် စီးပွားရေးကဏ္ဍတစ်ခုလုံး ချိတ်ဆက်ထားခြင်းမရှိဘဲ လက်ပူတိုက်၍ ကျပ်ငွေ ဘီလီယံချီ ရိုက်ထုတ်ရခြင်း ရှောင်ရှားရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု စီးပွားရေးကျွမ်းကျင်သူ တချို့က မှတ်ချက်ပြုသည်။", "“သူ့ကို ဘယ်လိုသွားယုံမလဲ။ ငွေတွေအများကြီး ရိုက်ထုတ်နေရတာကို သူက ဝန်ထမ်းတွေကို လစာပေးရင် ဒီဂျစ်တယ် ငွေကြေးနဲ့ပေးမယ်။ ဝန်ကြီးဌာနအသုံးစရိတ်တွေကို ဒီဂျစ်တယ်ငွေပေးချေမှုနဲ့ ပေးမယ်ပေါ့။ ဒီလိုလုပ်ချင်တာ။ အဲဒါကလည်း တကယ်တော့ ခိုင်မာတဲ့ စီးပွားရေးရှိရမယ်။ ငွေလဲနှုန်းငြိမ်ရမယ်၊ တိုင်းပြည်ရဲ့ GDP နဲ့ စီးပွားရေး Sector တစ်ခုလုံး တည်ငြိမ်မှ ဒီဂျစ်တယ်ငွေကြေးက ထွန်းကားတာ။ အခြေခံအချက်တွေ အများကြီးပဲ။ အဲဒါတွေပြောရင် အများကြီးပဲ။ လိုရင်းကတော့ အခု စစ်တပ်က စျေးကွက်စီးပွားရေးမဟုတ်ဘဲ လုပ်ချင်သလိုလုပ် ဖမ်းချင်သလို ဖမ်း နေတဲ့အချိန်မှာ ဘယ်လိုမှ ဒီဂျစ်တယ်ငွေကြေးစနစ်က မအောင်မြင်နိုင်ပါဘူး။ ငွေတွေ မရိုက်ထုတ်တော့ဘဲ ဝန်ထမ်းတွေနဲ့ စစ်သားတွေကို ဒီဂျစ်တယ်ငွေကြေးနဲ့ လစာပေးဖို့ ပြောင်းလုပ်တဲ့ လုပ် ရပ်လို့ ပဲ မြင်ပါတယ်။ အင်တာနက်တောင် တစ်နိုင်ငံလုံး ဖြတ်တောက်နေတာ ဘယ်လို ဒီဂျစ်တယ်ငွေကြေးသုံးမလဲ” ဟု ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ CDM အရာရှိတစ်ဦးက သုံးသပ်ပြောဆိုမေးခွန်းထုတ်သည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/03/208285/
Non-CDM ဝန်ထမ်းများ တော်လှန်ရေးတပ်များ၏ ဖမ်းဆီးမှု မခံရစေရေး သတိပြုရန် စစ်ကောင်စီက ညွှန်ကြားမှုများ ဆက်တိုက် လုပ်နေ
["Non-CDM ဝန်ထမ်းများ တော်လှန်ရေးတပ်များ၏ ဖမ်းဆီးမှု မခံရစေရေး သတိပြုရန် စစ်ကောင်စီက ညွှန်ကြားမှုများ ဆက်တိုက် လုပ်နေ", "ရန်ကုန်၊ မတ် ၂၀", "နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်းလုံးမှ Non-CDM ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးတပ်များ၏ ဖမ်း ဆီးမှု မခံရစေရေး သတိပြုကြရန် စစ်ကောင်စီက ညွှန်ကြားမှုများ ဆက်တိုက် လုပ်နေကြောင်း နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးမှု မခံရစေရေး စဉ်ဆက်မပြတ် အသိပညာပေးရန်၊ ဆောင်ရန်နှင့်ရှောင်ရန်များကို တောက် လျှောက် ညွှန်ကြားရန် အမိန့် ထုတ်လာခြင်းဖြစ်သည်။", "စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ ဝန်ထမ်းများကို တော်လှန်ရေးအဖွဲ့များက ဖမ်း ဆီးခေါ်သွားခြင်း၊ ပြန်လည် လွတ်မြောက်လာခြင်း အပါအဝင် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သတင်းပို့ရန်ကိုလည်း ဌာနဆိုင်ရာများအားလုံးသို့ စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်သည်။", "လတ်တလော စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများမှာ တော်လှန်ရေးတပ်များ၏ ဖမ်းဆီးမှုများကို ဆက်တိုက် ခံနေရပြီး ယင်းသို့ ဖမ်းဆီးခံရမှုများအတွက် ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲများကို စစ်ကောင်စီက အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် Aung San’s Land Natmaukက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ တွင် ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့် ဒေါ်ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်တွင် စစ်ကောင်စီ၏ ထောက်ပို့တပ်မှ တပ်ကြပ် ၁ ဦး၊ ပျူစောထီး ၁ ဦး၊ ကပစ စစ်သား ၁ ဦး နှင့် ဗိုလ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ယယုယုခိုင်တို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဇန်နဝါရီလအတွင်းကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းအနီး နတ်မောက်-ပျော်ဘွယ်လမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းကို တော်လှန်ရေးတပ်များက ဖမ်းဆီးသွားခဲ့ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းသည် မွေးရပ်ဇာတိ ရွှေတောင်မှ တာဝန်ကျရာ တောင်ကြီးသို့ အသွားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128627/
Operation 1027 ကို မြန်မာပြည်သူ တစ်ရပ်လုံးအပါအဝင် အဖွဲ့ များက ထောက်ခံအားပေးမှု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကျေးဇူးတင်၊ စစ်ဆင်ရေး မပြီးမချင်း ပြည်သူများအနေဖြင့် အားပေးထောက်ခံ ဝန်းရံကြရန် တိုက်တွန်း
["Operation 1027 ကို မြန်မာပြည်သူ တစ်ရပ်လုံးအပါအဝင် အဖွဲ့ များက ထောက်ခံအားပေးမှု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကျေးဇူးတင်၊ စစ်ဆင်ရေး မပြီးမချင်း ပြည်သူများအနေဖြင့် အားပေးထောက်ခံ ဝန်းရံကြရန် တိုက်တွန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "Operation 1027 ကို မြန်မာပြည်သူ တစ်ရပ်လုံးအပါအဝင် အဖွဲ့ အစည်း များက ထောက်ခံအားပေးမှု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ကျေးဇူးတင်ပြီး စစ်ဆင်ရေး မပြီးမချင်း ပြည်သူများအနေဖြင့် အားပေးထောက်ခံ ဝန်းရံကြရန် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်တွန်းလိုက်သည်။", "Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထု တစ်ရပ်လုံး အပါအဝင် အဖွဲအစည်း အသီးသီး၊ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကို မိမိတို့ အနေဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မြောက် ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲအနေဖြင့်လည်း မိမိတို့ ရည်မှန်းထားသော စစ်‌ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အဝရရှိသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ပြောသည်။", "စစ်ဆင်ရေးအောင်မြင်ရန်အတွက် ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံပံ့ပိုးမှုတိုသည် အလွန်အရေးကြီးပြီး ဤစစ်ဆင်ရေးကြီး မပြီးမချင်း တစ်သွေးတည်း၊ တစ်သားတည်းရှိရန် ဆက်လက် လိုအပ်နေဦးမည် ဖြစ် ကြောင်း၊ ထိုပြင် ဤစစ်ဆင်ရေးကြီးကို အထောက်အပံ့၊ အကူအညီဖြစ်သော မည်သည့်လုပ်ဆောင်ချက်မျိုးဖြင့်မဆို တိုက်ရိုက် (သိုမဟုတ်) သွယ်ဝိုက် ပါဝင်၍သော်လည်းကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့် သော်လည်းကောင်း ဆက်လက်ပူးပေါင်းပါဝင်ကြရန် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်တွန်း တောင်းဆိုထားသည်။", "ဓာတ်ပုံ- AA ၊ MNDA နှင့် TNLA တို့၏ စစ်ဦးစီးချုပ် ၃ ဦး။"]
https://yktnews.com/2024/05/161988/
PDF ကို ကြောက်နေရ၍ ရေနံမြေရဲများ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် လုပ်ကွက်များတွင် သွားရောက် တာဝန်မထမ်းရရေး အနည်းဆုံး သိန်း ၃၀ မှစတင်၍ လာဘ်ထိုးနေရ
["PDF ကို ကြောက်နေရ၍ ရေနံမြေရဲများ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် လုပ်ကွက်များတွင် သွားရောက် တာဝန်မထမ်းရရေး အနည်းဆုံး သိန်း ၃၀ မှစတင်၍ လာဘ်ထိုးနေရ", "ရန်ကုန် ၊ မေ ၁၂", "မကွေးတိုင်းအတွင်းတွင် PDF များကို ကြောက်နေရ၍ ရေနံမြေလုံခြုံရေးစောင့်ရဲများ လက်ပံတို၊ ကျောက်ခွက်ရေနံမြေ အပါအဝင် ရေနံမှော် လုပ်ကွက်များတွင် သွားရောက် မထမ်းဆောင်ရရေး ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်တန်း အရာရှိကြီးများကို အနည်းဆုံး သိန်း ၃၀ မှစတင်၍ လာဘ်ထိုးနေရကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။", "ရေနံမြေရဲတပ်ဖွဲ့မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များသည် PDF များ စိုးမိုးနေသော မကွေးတိုင်းအတွင်းရှိ ရေနံလုပ်ကွက်များတွင် တာဝန် မကျစေရန်အတွက် ရေနံမြေရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှရီ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိကြီးများကို လာဘ်ထိုးနေရကြောင်း၊ အရာရှိဆိုလျှင် ငွေကျပ် သိန်း ၃၀ လာဘ်ထိုးရပြီး အခြားအဆင့်ဆိုလျှင် ငွေကျပ် ၅ သိန်း လာဘ်ထိုးရကြောင်း သိရှိရသည်။", "“PDF တွေကို ကြောက်နေရလို့ ရှေ့တန်းရေနံမြေလုပ်ကွက်တွေဆီကို မသွားရဖို့အတွက် ရေနံမြေ ရဲတပ်ဖွဲ့မှူးကို အရာရှိဆိုရင် သိန်း ၃၀ အခြားအဆင့် ဆိုရင် ၅သိန်းအထိ ပေးရတယ်။ ရေနံမြေ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှရီရဲ့ သားကလည်း လကုန်ရင် သူ့အတွက် မုန့်ဖိုးဆိုပြီး ရဲအရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေဆီက သီးသန့်လိုက်တောင်းတယ်။ ရဲမှူးကြီး လှရီရဲ့သားက အာကာတဲ့ ။ လက်ပံတို ကျောက်ခွက် ရေနံမြေများကို မသွားချင်ကြဘူး။ ငွေပေးလို့ရရင်ရ မရရင်လည်း သေမှာဆိုတော့ ထောင်ကျခံမယ်ဆိုပြီး ဘယ်ရဲမှ မသွားကြဘူး” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။", "ထိုကဲ့သို့ မကွေးတိုင်းအတွင်းရှိ ရေနံမြေ လုပ်ကွက်များသို့မ ပြောင်းရွှေ့သဖြင့် အရေးယူခံရသော ရေနံမြေရဲတပ်ဖွဲ့ဝင်များ ရှိနေပြီး မှတ်တမ်းဝင် လက်မှတ်ရေးထိုး သတိပေးကြောင်း သိရှိရသည်။", "PDF အားနည်းသော ရေနံမြေလုပ်ကွက်များတွင်မူ ရေနံမြေ ရဲများကိုယ်တိုင် ရေနံများ ခိုးထုတ်ပြီး ငွေကြေးရှာဖွေကြကြောင်း၊ ရေနံမြေရဲများနှင့်အတူ စစ်တပ်ကပါ ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။", "“ဒုရဲမှူး တင်မောင်အေး က ထန်းကိုင်းရေနံမြေကပါ အထက်မင်းလှနယ်ဘက်မှာ ရေနံမြေသူခိုးတွေ တပ်ကလူတွေနဲ့ပေါင်းပြီး ရေနံလိုက်ခိုးပြီးထုတ်တယ်။ စစ်တပ်က ဗိုလ်ကြီး မင်းဝေ တို့နဲ့လည်း ပတ်သက်တယ်။ လုပ်စား ရေနံခိုးတဲ့ အဖွဲ့တွေပါ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိတွင် မကွေးတိုင်းအတွင်းရှိ ရေနံလုပ်ကွက်အများစုမှာ PDF များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသဖြင့် စစ်ကောင်စီက ရေနံများ သယ်ယူရောင်းချခြင်းမပြုရန် ပိတ်ပင်မှုများ ပြုလုပ်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။"]
https://yktnews.com/2023/08/116401/
PDF တစ်ဦး မိလျှင် ငွေ ၁၀ သိန်းပေးမည်ဟု ဆုကြေးငွေ ကြေညာသည့် နတ်မောက်မြို့၊ ဒန့်သလွန်ပင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါင်းတင် ပစ်ခတ်ခံရပြီး သေဆုံး
["PDF တစ်ဦး မိလျှင် ငွေ ၁၀ သိန်းပေးမည်ဟု ဆုကြေးငွေ ကြေညာသည့် နတ်မောက်မြို့၊ ဒန့်သလွန်ပင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါင်းတင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၄", "မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဒေါင်းတင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့် နတ်မောက်မြို့နယ်မြောက်ခြမ်းတွင် အကြမ်း ဖက်စစ်တပ်ကို ထောက်ခံကာ ပျူစောထီးသင်တန်းတက်ရန် စည်းရုံးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် နှစ်ဦးကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးတိုင်ကြားသဖြင့် ဖမ်းဆီးခံရခြင်း၊ CDM ဝန်ထမ်းများ၏ မိသားစုများကို ခြိမ်း ခြောက်ခြင်း၊ ပြည်သူများကိုလည်း ဖမ်းဆီးရန် မဟုတ်မမှန်သတင်းပေးတိုင်ကြား ခြင်းတို့ လုပ်ဆောင်နေသဖြင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "“ဒီလူက အတော်ဆိုးတဲ့လူ၊ PDF တစ်ဦးမိရင် ၁၀ သိန်းပေးမယ်ဆိုပြီး ကြွေးကြော်ကာ ပျူစောထီး ဥက္ကဌ လုပ် မိုက်ကြေးခွဲနေတာ၊ သူ့ကြောင့် PDF ကလေးတွေ ဆုံးရှုံးရတာလည်း ရှိတယ်၊ သူ့ကို ဝမ်းဗိုက် ၂ ချက်၊ နားထင် တစ်ချက်ပစ်ပြီး ရှင်းလင်းခဲ့တာ” ဟု နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါပစ်ခတ်ရှင်းလင်းမှုကို People Defense Force – Natmauk – 902 တပ်ခွဲ နှင့် AH NYAR MYAY SPECIAL COMMANDO DEFENSE FORCE ( ASCDF ) မဟာမိတ်အဖွဲ့တို့ ပူးပေါင်း ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နတ်မောက်မြို့နယ်ပကဖနှင့် ပြည်သူများထံမှ ရရှိသော အချက်အလက်များကို သေချာစောင့်ကြည့် လေ့လာလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125438/
PDF တပ်ဖွဲ့ဝင်များကို စစ်သည်တော်ကျင့်ဝတ်၊ စည်းကမ်း၊ ဂျနီဗာကွန်ဗန်းရှင်းဥပဒေတို့ကို သင်ကြား ပို့ချ
["PDF တပ်ဖွဲ့ဝင်များကို စစ်သည်တော်ကျင့်ဝတ်၊ စည်းကမ်း၊ ဂျနီဗာကွန်ဗန်းရှင်းဥပဒေတို့ကို သင်ကြား ပို့ချ", "ရန်ကုန်၊ အောက်တိုဘာ ၆", "နေပြည်တော်စစ်ဒေသခွဲ၊ တပ်ရင်း အမှတ် ၈၀၅ ရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်၊ စည်းကမ်း၊ ဂျနီဗာကွန်ဗန်းရှင်း ဥပဒေတို့ကို သင်ကြားပို့ချခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။", "အောက်တိုဘာလ ၃ ရက်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နေပြည်တော်စစ်ဒေသခွဲ၊ ပြည်သူလူထု လုံခြုံရေးဌာနမှ ဦးစီးကာ PDF ရဲဘော်များ၊ စစ်သည်တော်များ၊ စစ်မှုထမ်းများလိုက်နာကျင့်ကြံရမည့် COC – Code of Conduct ၊ Soldier’s rules စစ်သည်တော်ကျင့်ဝတ်များ စစ်မှုထမ်းများ ယေဘူယျ လိုက်နာရမည့် စစ်စည်းကမ်းများ၊ စစ်သည်တော်များ သိရှိလိုက်နာရမည့် အပြည်ပြည်ဆိုင်ရာ လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေ များဖြစ်သည့် IHL – International Humanitarian Law (အပြည်ပြည် ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေ) ၊ Geneva Conventions ( ဂျနီဗာကွန်ဗန်းရှင်း) တို့ကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။", "အဆိုပါ သင်တန်းသို့ နေပြည်တော်စစ်ဒေသခွဲ တပ်ရင်းအမှတ် ၈၀၅ မှ ရဲဘော် ၂၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသားရဲဘော်များအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခြင်း ၊ ကော်ဖီအအေးနှင့် မုန့်များ ကျွေး မွေး ဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်)၊ ကာကွယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/105660/
PDF တပ်များ၏ လက်နက်များကို ဖမ်းဆီးသော ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်နှင့် စစ်တပ်စခန်းများကို ဒရုန်းများဖြင့် ဗုံး အလုံး ၂၀ ကျော်ကျဲချ
["PDF တပ်များ၏ လက်နက်များကို ဖမ်းဆီးသော ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်နှင့် စစ်တပ်စခန်းများကို ဒရုန်းများဖြင့် ဗုံး အလုံး ၂၀ ကျော်ကျဲချ", "ရန်ကုန်၊ ဇွန် ၂", "မကွေးတိုင်း၊ ပခုက္ကူအင်ပင်စစ်ဆေးရေးဂိတ်နှင့် စစ်တပ်စခန်းများကို ဒရုန်းများဖြင့် ယမန်နေ့ ဇွန်လ ၁ ရက်နေ့ ဗုံး အလုံး ၂၀ ကျော် ကျဲချခဲ့ကြောင်း Anyar Eaglesမှ တာန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မကွေးတိုင်း၊ပခုက္ကူ-မြိုင်ကားလမ်းမကြီးပေါ်ရှိ အင်ပင်စစ်ဆေးရေးဂိတ် ဇွန်လ ၁ ရက်နေ့တွင် PDF ပူးပေါင်းအဖွဲ့များက ဒရုန်းများဖြင့် ဗုံးများ သွားရောက်ကျဲချခြင်းဖြစ်ကြောင်း၊ PDF တပ်များ၏ လက်နက်နှင့် ခဲယမ်းများကို ဖမ်းဆီးသည့်ဂိတ်ဖြစ်၍ လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကျနော်တို့ပစ္စည်းတွေဖမ်းတဲ့ အင်ပင်ကခွေးတပ်ကို ဗုံးသီးမိုး ရွာပစ်လိုက်တယ်။ ဒရုန်းအစီးရေ တစ်ဒါဇင်လောက်ရှိမယ်ထင်တယ်။ ကျနော်တို့ချည်းပဲ ငါးခေါက် … ၁၄ လုံးကျဲတယ်။ ရန်သူ့စခန်းတည်နေရာတွေကိုလည်း ဗုံးမိုးတွေ ကျဲတယ်” ဟု Anyar Eaglesမှ တာန်ရှိသူက ဆိုသည်။", "Anyar Eagles နှင့် Earthquake PDF တို့၏ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဒရုန်းများ အသုံးပြုကာ 1 KG ၊ 2 KG ဗုံးသီး အလုံး 20 ကျော်ဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ရေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်မှ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အထိ ၃ နာရီ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။", "စစ်ဆင်ရေးအား ပူးပေါင်းပါဝင်ခဲ့ကြသော အဖွဲ့များမှာ RDF(Royal Defense Force)၊ Black Cheetah၊ Hero New GZ၊ PPDF(ပခုက္ကူ People defense force)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၃)MOD၊ MFDF(Myaing Fighter Defense Force၊ MSPDF (Myaung Special People Defense Force)၊ ကျားသစ်နက်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111985/
PDF နှင့်ဆက်သွယ်သည်ဆိုသော မသင်္ကာမှုဖြင့် ဒိုက်ဦး ထောင်ပိုင် ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်း ၆ ဦးကို စစ်တပ်က ဖမ်းဆီး
["PDF နှင့်ဆက်သွယ်သည်ဆိုသော မသင်္ကာမှုဖြင့် ဒိုက်ဦး ထောင်ပိုင် ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်း ၆ ဦးကို စစ်တပ်က ဖမ်းဆီး", "တောင်ငူထောင်မှ အကျဉ်းသား ၁၀ ဦးထွက်ပြေးခဲ့မှုအတွက် တောင်ငူထောင်ပိုင် ဦးကြည်ဦ်း ဖမ်းဆီးခံထားရ", "ရန်ကုန်၊ ဇူလိုင် ၈", "ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှ ထောင်ပိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် ဝန်ထမ်း ၆ ဦးကို PDF နှင့် ဆက်သွယ်သည်ဆိုသော မသင်္ကာမှုဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးတရားစွဲထားကြောင်း သိရှိရသည်။", "” PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး မသင်္ကာလို့ ဒိုက်ဦး ထောင်ပိုင် ဦးရန်နိုင်ထွန်း နှင့် ဝန်ထမ်း ၆ ဦးကို ဖမ်းဆီးထားပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့မှာ တရား ရုံးထုတ်မယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊တောင်ငူထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၁၀ ဦးထွက်ပြေးလွတ်မြောက်ခဲ့မှုအတွက် တောင်ငူထောင်ပိုင် ဦးကြည်ဦးကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားကြောင်း သိရှိရသည်။", "မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်းမှ အချုပ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၇ ဦး၊ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦး ၊ သေဒဏ်ကျ နိုင်ငံရေး အကျဉ်းသူ ၂ ဦး တို့က ရုတ်တရက် အချုပ်ခန်းတံခါးကို ခြေထောက်ဖြင့် ကန် အတင်းတိုးထွက်ပြီး စစ်ကောင်စီတပ်များထံမှ လက်နက်များ လုယူ ထွက်ပြေးခဲ့ကြကြောင်း ၊ ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ် ၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။", "ယင်းဖြစ်စဉ်အတွက် တောင်ငူ ထောင်ပိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး တရားစွဲဆိုထားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဦးကြည်ဦးကို သီးသန့်တိုက်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/160934/
ပေါင်းတည်တွင် လူငယ်များကို စစ်သားအဖြစ် စုဆောင်းနေသူ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံး
["PDF ပစ်ခတ်၍ သေဆုံးခဲ့သော နွားခြံကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနေရာ လုပ်ချင်လွန်း၍ စစ်တပ်ထံမှ ခွင့်ပြုချက်ယူအုပ်ချုပ် ရေးမှူး လုပ်ခဲ့သူ ဝင်းလှိုင် ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့", "ရန်ကုန်၊ မေ ၆", "ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသူ နွားခြံကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာနေ အုပ်ချုပ်ရေးမူး ဝင်းလှိုင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၅(တောဘုရင်)အဖွဲ့က သူ၏နေအိမ်သို့ သွားရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "နွားခြံကုန်းကျေးရွာ၏ ပထမ အုပ်ချုပ်ရေးမှူးသည် PDF များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ ယင်းနောက် ဝင်းလှိုင်က မည်သူမှ အုပ်ချုပ်ရေးမှူး မလုပ်ရဲလျှင် ၎င်းကိုယ်တိုင် အုပ်ခှုပ်ရေးမှူး လုပ်လိုကြောင်း စစ်တပ်ကို သွားရောက် အသိပေး၍ အုပ်ချုပ်ရေးမှူး ရာထူးတာဝန်ရယူခဲ့ကြောင်း၊ အုပ် ချုပ်ရေးမှူဖြစ်လာသောအခါ လယ်ယာမြေကိစ္စများတွင် ပြည်သူများထံမှ အတင်းအဓမ္မ ငွေညှစ်ခြင်း၊ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များကို စစ်သားအဖြစ် ဖမ်းဆီးခြင်း၊ မျက်နှာမွဲ ဆင်းရဲနွမ်းပါးသော လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်း၊ မိဘလုပ်ကျွေးနေသော လူငယ်များကို စစ်မှုထမ်းရန် အတွက်ဟုဆိုကာ ခေါ်ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ပေါင်းတည်မြို့နယ် အတွင်း ကျန်ရှိနေသောအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များ ကို တပ်သား သစ်စု ဆောင်းများ လုပ်ဆောင်မည်ဆိုပါက ဝင်းလှိုင်ဖြစ်စဉ်ကို နမူနာယူကြရန်နှင့် အမြန်ဆုံးနှုတ်ထွက်ကြပါရန် သတိပေးထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အုပ်ချုပ်ရေးမှူး ဝင်းလှိုင် ပစ်ခတ်ခံရ"]
https://yktnews.com/2023/05/103772/
PDF များ ၏ ဝင်ငွေရလမ်း ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများမှ စက်သုံးဆီများ သယ်ယူရောင်းချခွင့်ကို စစ်တပ်က နည်းလမ်းအမျိုးမျိုးဖြင့် ပိတ်ပင်
["PDF များ ၏ ဝင်ငွေရလမ်း ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများမှ စက်သုံးဆီများ သယ်ယူရောင်းချခွင့်ကို စစ်တပ်က နည်းလမ်းအမျိုးမျိုးဖြင့် ပိတ်ပင်", "ရန်ကုန်၊ မေ ၂၁", "မကွေး၊ စစ်ကိုင်း ၊ မန္တလေး၊ ပဲခူးနှင့် ဧရာ၀တီ တိုင်းတို့ရှိ ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှုနှင့် လိုင်စင် သက်တမ်းတိုးမှုများ ရပ်ဆိုင်းလိုက်ပြီးနောက် အဆိုပါ ရေနံမှော်နှင့် ရေနံချက်ဖိုများမှ ထွက်ရှိသည့် စက်သုံးဆီများကိုလည်း သယ်ယူရောင်းချခွင့်များကိုနည်းလမ်းအမျိုးမျိုးဖြင့် ပိတ်ပင်လျက်ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ မေလ ၄ ရက်နေ့ ကန့်သတ် ကြေညာချက်တွင် ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်း လိုင်စင်၊ အသစ် ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် သက်တမ်းရှိ လုပ်ငန်း လုပ်ကိုင်နေခြင်းတို့ကို မေလ ၂ ရက်နေ့စတင်၍ ဆိုင်းငံ့ထားရန် စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့သည်။", "ထို့ပြင် စစ်ကောင်စီက ပိတ်ပင်ထားသော ရေနံမြေနှင့်‌ ရေနံမှော်များထံမှ စက်သုံးဆီများကို သယ်ယူ ရောင်းချခြင်း၊ ဝယ်ယူခြင်းများ မပြုလုပ်ရန်၊ ပြုလုပ်ပါ စစ်ကောင်စီက အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားစာများကို ထပ်မံ ထုတ်ပြန်လျက်ရှိကြောင်း သိရှိရသည်။", "“မကွေး မြိုင်၊ ပေါက်နဲ့ စစ်ကိုင်းဘက်က ရေနံမြေတွေမှာ အခုက PDF တွေက စိုးမိုးထားတယ်။ ရေနံချက်လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရနေတာတွေရှိတယ်။ အဲဒါတွေကို ရပ်တန့်ချင်လို့ ဒီလို မျိုး စစ်ကောင်စီက အမိန့်ထုတ်တယ်လို့ ထင်ပါတယ်။ ဒီလို ရပ်ခိုင်းလို့လည်း လုပ်ငန်းတွေ ရပ်သွားမှာမဟုတ်ဘူး။ ဥပမာဆိုရင် မြိုင်တို့ ပေါက်တို့မှာ ရှိတဲ့ ရေနံမှော်တွေဆိုရင် စစ်တပ်ရော ရဲရော မလာနိုင်တော့ဘူး။ ရောက်လည်း မရောက်တော့ဘူး။ နယ်မြေစိုးမိုးမှု သူတို့ မလုပ်နိုင်တော့ဘူး” ဟု မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။", "နေပြည်တော်သတင်းရင်းမြစ်ကမူ လက်ယက် ရေနံတွင်းနှင့် ရေနံချက် လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်သဖြင့် ဆီစျေးနှုန်းများ အဆမတန် မြင့်မားလာနိုင်ပြီး ရေနံမှော်လုပ်သားများ အလုပ်အကိုင်အခက်အခဲဖြစ်နိုင်သည်ဟုဆိုသည်။", "“လက်ယက်တွင်း ရေနံလုပ်ငန်း၊ ရေနံ ချက်ဖိုအားလုံး ပိတ်သိမ်းဆိုင်းငံ့တဲ့အတွက် ဆီဈေးများ အဆမတန်စျေးတက်ပါမယ်။ ရေနံလုပ်သားအားလုံးဒုက္ခရောက်မယ်။ ဒေသတွင်း သုံးနေတဲ့ ရေနံ၊ စက်သုံးဆီ ရင်းမြစ်ကို ဖြတ်တောက်တဲ့ သဘောပါပဲ” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။", "ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော ရေနံတွင်းနှင့် ရေနံချက် လုပ်ငန်းများမှ ရရှိသော စက်သုံးဆီများက တိုင်းဒေသကြီးတချို့ရှိ လုပ်ငန်းများ၊ ရွှေတူးဖော် ရေးလုပ်ငန်းများ အပါအဝင် ထုတ်လုပ်ရေးလုပ်ငန်းများ အတွက် အလွန်အရေးပါသော စက်သုံးဆီ ရင်းမြစ်ငယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/124306/
PDF များကို ဖမ်းဆီး သတ်ဖြတ်ခဲ့သူများ၊ တပ်နှင့်ရဲထိပ်ပိုင်းအရာရှိများ၏ သဘောကျ နှစ်ခြိုက်မှု ရရှိသူများ အပါအဝင် ရဲအရာရှိ ၉၂ ဦးကို ရာထူးတိုးပေး
["PDF များကို ဖမ်းဆီး သတ်ဖြတ်ခဲ့သူများ၊ တပ်နှင့်ရဲထိပ်ပိုင်းအရာရှိများ၏ သဘောကျ နှစ်ခြိုက်မှု ရရှိသူများ အပါအဝင် ရဲအရာရှိ ၉၂ ဦးကို ရာထူးတိုးပေး", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "အကြမ်းဖက်စစ်ကောင်စီက PDF များကို ဖမ်းဆီး သတ်ဖြတ်ခဲ့သူများ၊ တပ်နှင့်ရဲထပ်ပိုင်း အရာရှိကြီးများ၏ သဘောကျ နှစ်ခြိုက်မှု ရရှိသူများ အပါအဝင် စုစုပေါင်း ရဲ အရာရှိ ၉၂ ဦးကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ရာထူးတိုးပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ရာထူးတိုးပေးမည့် ရဲ ၉၂ ဦး၏ နောက်ကြောင်းရာဇဝင်များကို ကောက်ယူ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၊ ရာထူးတိုးပေးမည့် ရဲများတွင် ရဲမှူး ၂ ဦး၊ ဒုရဲမှူး ၅ ဦး၊ ရဲအုပ် ၂၆ ဦး၊ ဒုရဲအုပ် ၅၄ ဦး၊ ရဲအရာခံ ၄ ဦး၊ ဦးစီးအရာရှိ ၁ ဦးစုစုပေါင်း ၉၂ ဦးတို့ကို ရာထူးပေးရန် အတွက် ဌာနတွင်း စိစစ်နေကြောင်း၊ ထိုသို့ ရာထူးပေးမည့် သူ ၉၂ ဦး အမျိုးအစားပုံစံ ၃ မျိုးခွဲခြားနိုင်ကြောင်း သိရှိရသည်။", "ရာထူးတိုးမည့် ရဲအရာရှိ ၉၂ ဦးတွင် PDF များကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူများ၊ အထက်လူကြီး သဘောကျ နှစ်ခြိုက်မှု ရရှိထားသည့် ရုံးစာရေး ရဲများ၊ ရဲအရာရှိကြီးများနှင့် လူမှုရေးပတ်သက်နေသည့် ရဲမေနှင့် အရာရှိများ ပါဝင်ကြောင်း၊ ဌာနပေါင်းစုံမှ ရဲများ ပါဝင်ကြောင်း သိရှိရသည်။", "“လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ ရာထူးတိုးပေးမယ့်သူတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အသတ်ဖြတ်နိုင်ဆုံးနဲ့ PDF တွေထံကနေ လက်နက် ခဲယမ်း၊ စခန်းတွေကို စစ်တပ်နဲ့ပေါင်းပြီး ဖျက်ဆီးနိုင်လို့ ရာထူးတိုးပေးခံရမယ့်သူတွေ။ ဒီလူတွေကို PDF တွေက သေသေချာချာကို မှတ်သားထားရမယ့်သူတွေပါ။ နောက် ရာထူးတိုးပေးမယ့် သူတွေကတော့ .ဦး.ရေး.ထောက်.မဥန.ထူး.ရလန..နဲ့ ဒုရဲချုပ်ရုံးအဖွဲ့တွေမှာ အမှုထမ်းနေသူတွေ၊ ရဲချုပ်ရုံးမှာနေတဲ့ လူကြီးဘောမတွေပါ။ တချို့ဆို လူကြီး PSO တွေ၊ ရုံးအဖွဲ့၊ ယာဥ်မောင်းတွေပါပါတယ်။ သူတို့တွေက လူကြီးအရှိန်နဲ့ ရာထူးတွေတိုးပေးနေကြတဲ့အတွက်", "ဥပမာ-အပတ်စဉ် ၁၉ က ရဲအုပ် ရဲလင်းထိုက်ဆိုရင် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်ရဲ့ PSO ပါ။ စိန်လွင်ဆိုရင် ပြုတ်သွားပြီလေ။ ရာထူးတိုးမယ့် တချို့ ရဲမေအရာရှိလေးတွေကတော့.အရာရှိကြီးတွေ ခြေတော်တင်ခံရသူတွေပါ” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။", "ရာထူးတိုးမြှင့်ပေးသူများတွင် မတရ (ခေါ်) မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယထ (ခေါ်)ယာဥ်ထိန်းတပ်ဖွဲ့၊ ရနရ (ခေါ်) ရေနံမြေရဲတပ်ဖွဲ့၊ မယတ (ခေါ်)", "မူးယစ်အထူးတပ်ဖွဲ့၊ စကရ (ခေါ်) စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မကရ (ခေါ်) မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပခရ (ခေါ်) ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့", "၊ နပရ (ခေါ်) နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ ရကရ (ခေါ်) ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ သတရ (ခေါ်) သတင်းရဲတပ်ဖွဲ့ ၊ နရခ (ခေါ်) မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရခရ (ခေါ်) ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တို့မှ ရဲများ ပါဝင်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီထိုသို့ ညီမျှခြင်းမရှိသော ရာထူးတိုးပေးမှုများကို လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များ အကြား ကျေနပ်မှုမရှိကြဘဲ တချို့သော ရဲတပ်ဖွဲ့ဝင်များမှာ တော်လှန်ရေး အင်အားစုများကို ကူညီကြမည့် ဖရဲသီးများအဖြစ် စိတ်အား ထက်သန် ကူးပြောင်းလာကြကြောင်း သိရှိရသည်။", "(Facebook လူမှုကွန်ရက်၏ စံချိန်စံညွှန်းများအရ ရာထူးတိုးမည့်ရဲများ၏ နာမည်များကို မဖော်ပြ နိုင်ဘဲ အသေးစိတ် အချက်အလက်များကို ရန်ကုန် ခေတ်သစ်၏ တယ်လီဂရမ်တွင်သာ သွားရောက် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။)"]
https://yktnews.com/2024/08/179404/
PDF များ၏ ထိုးစစ်ကို မခုခံ နိုင်မှုဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း ရာထူးမှ ဖြုတ်ပယ်အရေးယူခံရပြီး တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ် ကျော်ကိုထိုက်ကို ခန့်အပ်ပြန်
["PDF များ၏ ထိုးစစ်ကို မခုခံ နိုင်မှုဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း ရာထူးမှ ဖြုတ်ပယ်အရေးယူခံရပြီး တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ် ကျော်ကိုထိုက်ကို ခန့်အပ်ပြန်", "ဗိုလ်ချုပ်အောင်ခိုင်ဝင်း၏ လပခ တိုင်းမှူး သက်တမ်း ၁ လကျော်သာ ကြာ မြင့်ခဲ့", "ရန်ကုန်၊ ဩဂုတ် ၁၈", "မန္တလေးတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထိုးစစ်ကို မခုခံနိုင်မှုဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို စစ်ကောင်စီက ရာထူးမှ ဖြုတ်ပယ်အရေးယူလိုက်ပြီး တိုင်းမှူးအသစ်အဖြစ် ဗိုလ်ချုပ်ကျော်ကိုထိုက်ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဇူလိုင်လဆန်းပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာသော ဗိုလ်ချုပ်အောင်ခိုင်ဝင်းသည် ၁ လကျော်ကြာသာ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးမှ အနားပေးခံလိုက်ရခြင်းဖြစ်ကြောင်း၊ အဓိကအား ဖြင့် မန္တလေးတိုင်းတွင် PDF တပ်များ၏ ထိုးစစ်ကို မခုခံနိုင်သဖြင့် ရာထူးမှ ဖြုတ်ပယ် အနားပေး အရေးယူခံရခြင်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ခိုင်ဝင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ကျောင်းဆင်းဖြစ်ပြီး တြိဂံတိုင်းစစ်ဌာန ချုပ် တိုင်းမှူးအဖြစ်မှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် လွန်ခဲ့သော ၁ ခန့်ကမှ ပြောင်းရွှေ့ခန့်အပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအသစ်အဖြစ် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်း ဗိုလ်ချုပ်ကျော်ကိုထိုက်ကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။", "လတ်တလော ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အပါအဝင် တော် လှန်ရေးတပ်များက မန္တလေးတိုင်းအတွင်းတွင် မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်တိုပကို သိမ်းပိုက်ရရှိထားပြီး သပိတ်ကျင်း၊ မတ္တရာအပါအဝင် နေရာပေါင်းစုံတွင် ထိုးစစ်များဆင်နွှဲနေပြီး စစ်ကောင်စီတပ်များ အထိနာကာ စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- တြိဂံတိုင်းမှူးဖြစ်ခဲ့စဉ်က ဗိုလ်ချုပ်အောင်ခိုင်ဝင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/11/132027/
PDF များ၏ ဒရုန်းများကို ကြောက်ရွံ့သဖြင့် ရန်ကုန်တိုင်း၊ မြို့နယ်များအားလုံးတွင် ဒရုန်းမရောင်းရန်နှင့် ပျံသန်းခြင်းမပြုရန် စစ်ကောင်စီက အမိန့်ထုတ်
["PDF များ၏ ဒရုန်းများကို ကြောက်ရွံ့သဖြင့် ရန်ကုန်တိုင်း၊ မြို့နယ်များအားလုံးတွင် ဒရုန်းမရောင်းရန်နှင့် ပျံသန်းခြင်းမပြုရန် စစ်ကောင်စီက အမိန့်ထုတ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "စစ်ကောင်စီက (PDF) ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဒရုန်းများကို ကြောက် ရွံ့နေသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် ဒရုန်းမရောင်းရန်၊ ဒရုန်းများ ပျံသန်းခြင်းမပြုရန် အမိန့်တစ်ရပ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြောင်း သိရှိရသည်။", "ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များအားလုံးတွင် Drone နှင့် Drone ဆက်စပ်ပစ္စည်းများ ရောင်းချမှု မရှိစေရေး၊ လက်ဝယ် အသုံးပြုမှုမရှိစေရေး၊ Drone ပျံသန်းမှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ ခွင့်ပြုချက်မဲ့ ဒရုန်းပျံသန်းခြင်းများကို အရေါ်ယူမည်ဖြစ်ကြောင်း ရန်ကု်တိုင်းစစ်ကောင်စီက အမိန့်ထုတ်ပြန်သည်။", "ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ အပါအဝင် နေရာများတွင် ဒရုန်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်စိုးရိမ်၍ အဆိုပါ အမိန့်ကို တရားဝင် ထုတ်ပြန်ခြင်းဖြစ်ပြီး ယခင်က ယင်းကဲ့သို့ ထုတ်ပြန်မှုမရှိကြောင်း၊ ထွေ/အုပ်က စာထုတ်၍ ဒရုန်းများကို တားဆီးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရသည်။", "ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်မှ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးကလည်း စစ်ကောင်စီက ဒရုန်းများ မရောင်းရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြောင်းကြားလာကြောင်း ပြောဆိုသည်။", "“အရင်တုန်းကတော့ ဆိုင်တွေမှာ ရဲတပ်ဖွဲ့က ဒရုန်းနဲ့ ဆက်စပ်စ္စည်းမရောင်းနဲ့ဆိုတာလောက်ပဲ လာပြေတာာမျိုးရှိတယ်။ အဲဒီလိုမျိုး ထွေ/အုပ်က စာထုတ်တာကတော့ ပထမဆုံးအကြိမ်ပါပဲ။ ရပ်ကွက်ရုံးကလည်း ခေါ်ပြောတယ်” ဟု ရန်ကုန်မြို့လယ်၊ ၂၉ လမ်းအလယ်တွင် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်ထားသူ ဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးတပ်များက ဒရုန်းများအသုံးပြု၍ တိုက်ခိုက်နေသဖြင့် စစ်ကောင်စီမှာ အရေးနိမ့်ပြီး စခန်းများ လက်လွှတ်ရခြင်း၊ သေဆုံးမှုများပြား နေခြင်းများဖြစ်ပေါ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဒရုန်းမရောင်းရန် အမိန့်ထုတ်သည့် ထွေ/အုပ်၏ ညွှန်ကြားချက်။"]
https://yktnews.com/2023/03/91060/
PDF ရန်ကြောက်၍ ရန်ကုန်ရှိ မိသားစုထံ ခွင့်ပြန်ရာတွင် ခရီးသည်တင်ကားဖြင့် သွားသော ဗိုလ်မှူး ဇော်ဝင်းထိန် ကားမှောက်သေဆုံးခဲ့
["PDF ရန်ကြောက်၍ ရန်ကုန်ရှိ မိသားစုထံ ခွင့်ပြန်ရာတွင် ခရီးသည်တင်ကားဖြင့် သွားသော ဗိုလ်မှူး ဇော်ဝင်းထိန် ကားမှောက်သေဆုံးခဲ့", "ရန်ကုန်၊ မတ် ၆", "ရှမ်းပြည်နယ်၊ ဟိုပုန်းတပ်နယ်မှ ဗိုလ်မှူး ဇော်ဝင်းထိန်သည် ရန်ကုန်ရှိ မိသားစုထံသို့ ခွင့်ပြန်ရာတွင် ကိုယ်ပိုင်ကားရှိသော်လည်း PDF ရန်ကြောက်၍ ဒို့ညီ နောင် ခရီးသည်တင်ကားဖြင့် ပြန်စဉ် မတ်လ ၄ ရက်နေ့ ကားမှောက်မှုတွင် ပါ ဝင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "မတ်လ၄ ရက်နေ့ နံနက် ၅ နာရီခွဲဝန်းကျင်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၇ မိုင် ၄ဖာလုံ နှင့် ၁၆၇ မိုင် ၅ဖာလုံ အကြား ဒို့ညီ နောင်ခရီးသည်တင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် တန်းများကို တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း၊ ကားမှောက်မှုကြောင့် ဗိုလ်မှူးဇော်ဝင်းထိန်ပါ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“တကယ်က နေပြည်တော်က ဘယ်သူ့ကိုမှ ခွင့်မပေးဘူး။ အားလုံးကို တပ်ထဲမှာပဲ နေခိုင်းထားတဲ့ အရေးပေါ်ကာလ။ အဲဒါကို အဲဒီ ဗိုလ်မှူးက ကလေးဆေး ကုဆိုပြီးခွင့်တင်တယ်။ နေပြည်တော်က ခွင့်မပေးသေးဘူး။ တပ်ရင်းမှူးက နားလည်မှုနဲ့ လွှတ်ပေးလိုက်တာ။ သူ့မှာ ကားရှိတယ်။ PDF ရန်ကြောက်လို့ ခရီး သည်တင်ကားနဲ့ ပြန်တာမှာ ကားမှောက်ပြီး ဆုံးတာ။ သူ့မိသားစုတွေမှာ သူ့အဖေကအစ ရူးသလိုဖြစ်နေတယ်။ တောင်ဥက္ကလာမှာ” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။", "ဗိုလ်မှူးဇော်ဝင်းထိန်က ရှေ့တန်းမသွားလိုသည့်အတွက် ဟိုပုန်းတပ်နယ်ရှိ စစ် တပ်သင်တန်းကျောင်းတစ်ခုကို ရာထူးတိုး ဆရာအဖြစ် ပြောင်းရွှေ့ခဲ့သူဖြစ် ကြောင်း သိရှိရသည်။", "ဒို့ညီနောင် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ခရီးသည် ၃၁ ဦး အနက်မှ အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် လက်ဝှေ့ကျော် ရွှေဓူဝံပါ ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83615/
PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုးကို ဖမ်းဆီးရ မိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား
["PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုးကို ဖမ်းဆီးရ မိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ကချင်ပြည်နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းတွင် PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုး သမီး ၁ ဦးကို မုဒိမ်းကျင်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစစ် နိုင် ကို ယနေ့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား ကြောင်း မိုးကောင်း မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ် UG Black K မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဗန်းမော်တပ်နယ်မှ စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစိုးနိုင်ကို ၎င်း၏ ကားနှင့်အတူ လာရောက် သတင်းစုံစမ်းထောက်လှမ်းနေစဉ် ဖမ်းဆီးရမိကြောင်း၊ ၎င်းထံမှ စစ်ဘက်ဆိုင်ရာ အထောက် အထားများ၊ ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ PDF ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော အထောက်အထားများ ရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးမြန်းစဉ် သေဆုံးသွားကြောင်း သိရှိရသည်။", "“သူ့ကို မိတာ ဖားကန့်-မြစ်ကြီးနားလမ်းကြောမှာ ဖမ်းဆီးရမိတယ်။ သူကားနဲ့လာတဲ့အချိန်မှာ ဖမ်းမိတာ။ သူက စစ်ထောက် လှမ်းရေးပါ။ သူက ဗန်းမော်တပ်က လို့ သိရတယ်။ သူက ကွန်မန်ဒို ထောက်လှမ်းရေးအရာရှိပေါ့။ ကချင်ပြည်နယ်မှာ သူက ထောက်လှမ်းရေး သတင်းစုဆောင်းတယ်။ သူ့ကို ကိုင်တာက နေပြည်တော်က တိုက်ရိုက် ကွပ်ကဲတယ်။ သူက KIA ၊ KIO PDF တွေရဲ့ လှုပ်ရှားတဲ့သတင်း အရင်းအမြစ်တွေ စုံစမ်းတယ်။ လိုက်တယ်ပေါ့။ သူ မုဒိမ်းကျင့်ထားတာ အမျိုးသမီး ၁ ဦးရှိပါတယ်။ အဲဒီ စစ်ထောက်လှမ်း ရေးဗိုလ်ကြီးက ၂၀၂၁ ခုနှစ်မှာ မန္တလေး ပြန်ဆင်းတဲ့ PDF ၄ ဦးကို ဖမ်းတယ်။ မနှစ်က PDF ၁၇ ဦးကို သူဖမ်းခဲ့တယ်။ အဲဒါကြောင့် သူ့ကို စောင့်ကြည့်ပြီး သူလာတဲ့ လမ်းကြောကနေ တားဆီး ခေါ်ဆောင်ပြီးမှ စောင့်ဖမ်းတာပါ။ သူ့ဖုန်းထဲကနေ သူယူနီဖောင်းနဲ့ရိုက်ထားတဲ့ပုံတွေ၊ သူနဲ့ပတ်သက်တာတွေ အကုန်ရရှိပြီးတော့ မေးမြန်းပါတယ်။ မွန်းလွဲ ၁၂ နာရီ ၁၅ မှာ သူ့ကို ကားနဲ့ အတူ ဖမ်းဆီးတယ်။ မေးမြန်းစစ်ဆေးနေစဉ်မှာ သေဆုံးသွာပါတယ်” ဟု မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/195761/
PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အမြန်ဆုံးထွက်ခွင့်ရရှိရေး အဓိက ကျသည့် OWIC ကတ် အမြန်ကြေး ငွေကျပ်သိန်း ၂၀ ကျော်အထိ စျေးပေါက်
["PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အမြန်ဆုံးထွက်ခွင့်ရရှိရေး အဓိက ကျသည့် OWIC ကတ် အမြန်ကြေး ငွေကျပ်သိန်း ၂၀ ကျော်အထိ စျေးပေါက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "မြန်မာနိုင်ငံမှ PJ အလုပ်အကိုင် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အမြန်ဆုံးထွက်ခွင့်ရရှိရေးအတွက် အဓိက ကျသည့် OWIC (Oversea Workers Identity Card) ကတ် အမြန်ကြေး ငွေကျပ်သိန်း ၂၀ ကျော်အထိ စျေးပေါက်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက PV အလည်အပတ်နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမှုများကို အထူးတင်းကျပ်စိစစ်ပြီး PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာမှုများကို စိစစ်မှု မရှိသလောက် ခွင့်ပြုနေကြောင်း၊ ထို့ကြောင့် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွင့်မရသူများက PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်အကိုင်ဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာလာကြကြောင်း၊ PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်သို့ ထွက်ခွာရာတွင် အဓိကအားဖြင့် OWIC က အဓိကကျပြီး ယင်းကတ်ပါမှသာ ပြည်ပနိုင်ငံသို့ ထွက်ရှိကြောင်း သိရှိရသည်။", "” OWIC ကတ်လုပ်ဖို့က ပြည်ပအလုပ်အကိုင်လမ်းညွှန်မှုသင်တန်း တက်ရတယ်။ Demand Letter ၊ ကျွမ်းကျင်မှု လက်မှတ်၊ ဗီဇာ၊ အလုပ် စာချုပ် (Employment Contract) တင်ပြရတယ်။ အဲဒါရှိမှ OWICထုတ်ပေးတာ။ အဲဒီအဆင့်တွေကို ကျော်ဖြတ်ပြီး အစားထိုး အမြန် OWIC ကတ်ထုတ်တာက အခု သိန်း ၂၀ ကျော်တယ်။ OWIC ကတ်က အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတာ။ အဆင့်ဆင့် လုပ်စားကြတာ။” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။", "OWIC ကတ်ရရှိသည်နှင့် လေယာဉ်လက်မှတ် အမြန်စီစဉ်ကာ ပြည်ပထွက်ခွာနေကြပြီး အထူးသဖြင့် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် အသက် အရွယ်ပိုင်းမှ အမျိုးသားလူငယ်များလည်း ဖြစ်နိုင်သည့်၊ ရသည့် လမ်းကြောင်းများမှ ငွေကြေး လာဘ်ထိုး၍ ထွက်ခွာနေရကြောင်း သိရှိရသည်။", "“ငွေတတ်နိုင်သူအားလုံးက စစ်မှုထမ်းရှောင်ဖို့ အမြန်လုပ်ကြတာပဲ။ ရတဲ့နိုင်ငံကို ရတဲ့ လမ်းကြောင်းကနေ PJ နဲ့ အမြန်ဆုံး ထွက်ဖို့ လုပ်ကြတာ။ တရား ဝင် Demand Letter က အသက် ၂၃ ကနေ ၃၂ အတွင်း လက်မခံဖို့ အလုပ်သမားဝန်ကြီးဌာနဘက် ပြောထားတာရှိပေမယ့် ကျွမ်းကျင်လုပ်သားတွေက သွားလို့ရနေသေးတယ်။ လေဆိပ်မှာလည်း PJ တွေ အလွယ်တကူသွားလို့ရအောင် အချိတ်အဆက်တွေကို အေဂျင်စီတွေက လုပ်ထားရတယ်။ ဌာနပေါင်းစုံအတွက် ငွေတွင်းကြီးဖြစ်နေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။", "လက်ရှိတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပသို့ အလုပ်သမားစေလွှတ်မှုများကို ပြည်တွင်းလုပ်သားစွမ်းအားလျှော့နည်းလာ၍ ပြန်လည်သုံးသပ် အရေးယူဆောင်ရွက်ရန် ညွှန်ကြားထားရာ ယင်းအခြေအနေ​ကြောင့် အမြန်ဆုံး PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာခွင့်ရရေး အမျိုးသမီး၊ အမျိုးသားများ အားလုံး ကြိုးစားနေရကြောင်း စုံစမ်းသိရှိရသည်။", "“လာမယ့် နှစ်ထဲမှာ ကျွမ်းကျင်လုပ်သားကလွဲရင် အထွေထွေ လုပ်သားတွေကို ပြည်ပမလွှတ်တော့ဘူးလို့ သတင်းတွေ ထွက်နေပြီ။ အဲဒါကြောင့် အခုရက်ပိုင်းလပိုင်းမှာ PJ နဲ့ သွားခွင့်ရဖို့ အားလုံး ကြိုးစားနေကြတာ။ အထွေထွေလုပ်သားအဖြစ်နဲ့ ပြည်ပ အလုပ်အကိုင် ထွက်ခွာခွင့်ပိတ်ပင်မယ့် အခြေအနေတွေလည်းရှိနေတယ်။ MOU နဲ့ G to G မဟုတ်ရင် ထွက်ခွင့်မပေးတော့ဘူးလည်း သတင်းတွေထွက်နေတယ်” ဟု ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်နေသော ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ မန်နေဂျာက ရှင်းပြသည်။", "အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း ၁၈၁,၈၉၉ ဦးကို OWIC ကတ် ပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။", "ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများအတွက် ရွှေ့ပြောင်းအလုပ်သမားဌာနစု (မြောက်ဒဂုံ) ပင်လုံခန်းမတွင် OWIC ထုတ်ယူနိုင်ပြီး မိမိအစီအစဉ်ဖြင့် သွားရောက်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိရာမှ ခွင့်ပြန်လာသည့် အလုပ်သမား များနှင့် PJ Passport ကိုင်ဆောင်ထားပြီး အမြဲတမ်းနေထိုင်ခွင့် ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်နေသူများအတွက် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ OWIC စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။"]
https://yktnews.com/2024/01/142241/
PNLO/PNLA ၏ ကြေညာချက်ကို ထောက်ခံကြိုဆို၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ကြေညာ
["PNLO/PNLA ၏ ကြေညာချက်ကို ထောက်ခံကြိုဆို၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ကြေညာ", "ပအိုဝ်း လူမျိုးအချင်းချင်းကြား ပဋိပက္ခမဖြစ်စေရေး PNO/PNA က ပူးပေါင်းဆောင်ရွက်ပေးရန် တောင်းဆို", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "စစ်အာဏာရှင် စနစ်ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်သည်အထိ ဘဝတူမဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည် ဆိုသည့် PNLO/PNLA ၏ ကြေညာချက်ကို ထောက်ခံကြိုဆို၍ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC က ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။", "ထို့ပြင် ပအိုဝ်းလူမျိုး အချင်းချင်းကြား ပဋိပက္ခမဖြစ်စေရေး PNO/PNA က ပူးပေါင်းဆောင်ရွက်ပေးရန်လည်း PNFC က တောင်းဆိုထားသည်။", "PNO/PNA သည် သမိုင်းအစဉ်အလာကောင်းရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ လိမ်လည်လှည့်ဖျားမှုများနှင့် အတင်းအကျပ်ဖိအားပေးမှုများကြောင့် တော်လှန်ရေးအဖွဲ့အစည်းအဖြစ်မှ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ရကြောင်း၊ PNO/PNA အနေနှင့် လူထုတော်လှန်ရေးကြီးတွင် ပြန်လည်ပူးပေါင်းဆင်နွှဲပါရန် ပန်ကြားကြောင်း PNFC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။", "အကြမ်းဖက်စစ်တပ်သည် ပအိုဝ်းအချင်းချင်းကြား ပဋိပက္ခဖြစ်စေရေး၊ ပအိုဝ်းနှင့် အခြားတိုင်းရင်းသားများအကြား လူမျိုးရေးပဋိပက္ခဖြစ်စေရေး နည်းမျိုးစုံဖြင့် သပ်လျှိုဖြိုခွဲလျက်ရှိပြီး ပအိုဝ်းဆရာတော် သံဃာတော်များနှင့်တကွ ပအိုဝ်းမိဘပြည်သူများ ဝိုင်းဝန်းကာကွယ်တားဆီးပေးကြရန်ပန်ကြားကြောင်းလည်း PNFC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ် လက်အောက်ရှိ စစ်သား၊ ရဲနှင့် ပြည်သူ့ စစ်များ ပြည်သူ့ရင်ခွင်သို့ ယုံကြည်စွာ ဘက်ပြောင်းခိုလှုံရန်နှင့် ဘက်ပြောင်းလာသူများကို ကျင့်ဝတ်စည်းကမ်းများနှင့် အညီ နွေးထွေးစွာကြိုဆိုရန် ပန်ကြားကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။", "တော်လှန်ရေးအဖွဲ့ဝင်များအနေနှင့်လည်း စစ်အာဏာရှင်နှင့် အပေါင်းပါများ ဖန်တီးသည့် လူထုဆန့်ကျင်ရေး ထောင်ချောက်များအတွင်း မကျရောက်စေရေး အထူးသတိထားဆောင်ရွက်ကြရန်လည်း PNFC က ကြေညာချက်တွင် ပါရှိသည်။", "ထို့ပြင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC သည် “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တလျက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်” ဟူသည့် PNLO /PNLA ၏ ထုတ်ပြန်ချက်ကို အလေးအနက်ကြိုဆိုထောက်ခံ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2025/04/211015/
PTTEP အနေဖြင့် မြန်မာစစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေခြင်းအား ရပ်တန့်ရမည်ဟု ထုတ်ပြန်သတိပေး
["PTTEP အနေဖြင့် မြန်မာစစ်အုပ်စုထံ ဘဏ္ဍာငွေ ပေးအပ်နေခြင်းအား ရပ်တန့်ရမည်ဟု ထုတ်ပြန်သတိပေး", "ရန်ကုန်၊ ဧပြီ ၁၁", "ထိုင်းနိုင်ငံ၏ ရေနံကုမ္ပဏီကြီး PTT Exploration and Production Public Company Limited (PTTEP) သည် စစ်အုပ်စုထိန်းချုပ်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နှင့် မကြာသေးမီက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။", "အဆိုပါ နားလည်မှုစာချွန်လွှာအတွင်း စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ရှာဖွေပေးနေသော သဘာဝဓတ်ငွေ့လုပ်ကွက်တစ်ခုဖြစ်‌သည့် ရတနာကမ်းလွန် သဘာဝဓါတ်ငွေ့လုပ်ကွက်၏ ထုတ်လုပ်မှု တိုးချဲ့ဆောင်ရွက်ရန် ဆိုသည့်အချက် ပါဝင်ကြောင်း သိရသည်။", "PTTEP အနေဖြင့် ထိုသို့စစ်အုပ်စုနှင့် စီးပွားရေးဆက်လက်လုပ်ကိုင်ကာ ဘဏ္ဍာငွေများ ရှာဖွေပေးအပ်နေခြင်းများအား ရပ်တန့်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့တစ်ခုဖြစ်သော Justice For Myanmar က ယမန်နေ့က ထုတ်ပြန်သတိပေးထားသည်။", "PTTEP သည် မြန်မာနိုင်ငံတွင်းရှိ ရတနာ၊ ဇောတိက နှင့် M3 သဘာဝဓါတ်ငွေ့စီမံကိန်းများတွင် အကြီးဆုံးရင်းနှီးမြှုပ်နှံသူနှင့် ကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီး၊ တွင်းသစ်တူးဖော်ခြင်းများကို ဆက်လက်လုပ်ဆောင်ကာ စစ်အုပ်စုကို အကျိုးအမြတ်များ ရှာဖွေပေးနေသည့် ကုမ္ပဏီလည်းဖြစ်သည်။", "စစ်အုပ်စုသည် မြန်မာနိုင်ငံတွင်း ဖျက်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်ပိုင်း ပြည်သူများအတိဒုက္ခရောက်‌နေချိန်တွင်ပင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး၊ ထိုင်းအစိုးရသည် စစ်တပ်ကို ဝင်ငွေရှာဖွေပေးနေသည့် PTTEP ၏ မိခင်ကုမ္ပဏီ PTT တွင် ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းကြောင့် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေပြီဖြစ်သည်ဟု JFM ကထုတ်ပြန်သည်။", "PTTEP အနေဖြင့် စစ်တပ်ကို ဘဏ္ဍာငွေရှာဖွေပေးအပ်နေခြင်းအား ရပ်တန့်ပြီး ဘဏ္ဍာငွေအားလုံးကို အကာအကွယ်ရရှိထားသော ဘဏ်အကောင့်တစ်တွင် ထိန်းသိမ်းထားရန် JFM ကတိုက်တွန်းထားပြီး၊ ထိုသို့ မလုပ်ဆောင်နိုင်ပါက PTTEP အနေဖြင့် တာဝန်ယူမှုရှိစွာဖြင့် စီးပွားရေးလုပ်ငန်းများမှ ရုတ်သိမ်းထွက်ခွာရမည် ဟုလည်းသတိပေးထုတ််ပြန်ထားသည်။"]
https://yktnews.com/2024/03/151761/
Political Prisoners Network – Myanmar ( PPNM) အဖွဲ့သားများနှင့် ပြည်သူများပူးပေါင်း၍ လေယာဉ်ဆီတင်ပို့နေမှု ပိတ်ဆို့ဖြတ်တောက်ရေး လှုပ်ရှားမှု ပြုလုပ်
["Political Prisoners Network – Myanmar ( PPNM) အဖွဲ့သားများနှင့် ပြည်သူများပူးပေါင်း၍ လေယာဉ်ဆီတင်ပို့နေမှု ပိတ်ဆို့ဖြတ်တောက်ရေး လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ မတ် ၂၀", "မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် Political Prisoners Network – Myanmar ( PPNM) အဖွဲ့သားများနှင့် ပြည်သူများ ပူးပေါင်း၍ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်စေရန် အကြမ်းဖက်စစ်အုပ်စုထံ လေယာဉ်ဆီတင်ပို့နေမှု ပိတ်ဆို့ဖြတ်တောက်ရေး လှုပ်ရှားမှု Ban Jet Fuel Campaign ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2023/01/82849/
RCSS ဥက္ကဌ ရွတ်ဆစ်နှင့် စစ်တပ် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် SSA/SSPP ဌာနချုပ်အပေါ် တိုက်လေယာဉ် အနိမ့်ပျံ သန်းကာ ခြိမ်းခြောက်
["RCSS ဥက္ကဌ ရွတ်ဆစ်နှင့် စစ်တပ် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် SSA/SSPP ဌာနချုပ်အပေါ် တိုက်လေယာဉ် အနိမ့်ပျံ သန်းကာ ခြိမ်းခြောက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "အကြမ်းဖက်စစ်ကောင်စီနှင့် RCSS ဥက္ကဌရွတ်ဆစ်နှင့် ငြိမ်း ချမ်းရေး ဆွေးနွေး နေစဉ် ရှမ်းပြည် နယ်တိုးတက်ရေးပါတီ SSA/SSPP ဌာနချုပ် ရှိရာ ဝမ်ဟိုင်းမြို့ အပေါ်သို့ တိုက်လေယာဉ် အနိမ့်ပျံ သန်းကာ ခြိမ်းခြောက်ခဲ့ကြောင်း SSPP/SSA က ထုတ်ပြန်သည်။", "ယနေ့ဇန်နဝါရီလ ၂၄ ရက် နေ့လည် ၁၁ နာရီမိနစ် ၅၀ တွင် အကြမ်းဖက် စစ်ကောင်စီတပ်u ဝမ်ဟိုင်းမြို့ ပေါ်သို့ YAK -130 အမျိုးအစား ဂျက်တိုက် လေယာဉ်ဖြင့် အနိမ့်ရှပ်ပျံသန်းခဲ့ကြောင်း၊ ထိုသို့ အကြောင်းမ ကြားဘဲ အနိမ့် ရှပ်ပျံသန်းမှုပြုလုပ်ခြင်းသည် SSPP/SSA အပေါ် ရန်စ စော်ကားသည့် လုပ်ရပ်သာဖြစ်သည် ဟု ယူဆနိုင်သည့်အတွက် နောက်တစ်ကြိမ် ယခုကဲ့သို့ အကြောင်းကြားခြင်းမရှိပဲ ပျံသန်းခြင်းများ၊ လေ့ ကျင့်ခြင်းများ ထပ်မံပြုလုပ် ပါက အကြမ်းဖက်စစ်တပ်တာဝန်သာဖြစ်ကြောင်း SSPP/SSA က အသိပေး ထားသည်။", "ထိုသို့ပျံသန်းမှုကိစ္စနှင့်ပတ်သက်၍ SSPP/SSA ဗဟိုလူကြီးများက သိရှိလို ကြောင်း မေးမြန်းသဖြင့် ရှမ်းပြည် နယ်တိုးတက်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော်ငြိမ်းချမ်းရေးညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ထံ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ် ဖြစ်နေသည့် အချိန်သည် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ စဝ်ယွတ်ဆစ်နှင့် ဆွေး နွေးပွဲ လုပ်ဆောင်နေသည့်အတွက် ၎င်းကိုယ်တိုင်မသိရသေးကြောင်း၊ သိရှိရပါက အကြောင်းပြန် ကြား ပေးမည်ဟု ဖြေကြားခဲ့ကြောင်း SSPP ကထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/92434/
SME လုပ်ငန်းများ စက်သုံးဆီခွဲတမ်းမရတော့၍ လုပ်ငန်းအများစု ပိတ်သိမ်း၊ စစ်တပ်နှင့်ဆီကုမ္ပဏီများ စက်သုံးဆီများ အကြီးအကျယ် သိုလှောင်နေပြီး ဆီပြတ်လပ်မှုများ ရှိလာနိုင်ဟုဆို
["SME လုပ်ငန်းများ စက်သုံးဆီခွဲတမ်းမရတော့၍ လုပ်ငန်းအများစု ပိတ်သိမ်း၊ စစ်တပ်နှင့်ဆီကုမ္ပဏီများ စက်သုံးဆီများ အကြီးအကျယ် သိုလှောင်နေပြီး ဆီပြတ်လပ်မှုများ ရှိလာနိုင်ဟုဆို", "ရန်ကုန်၊ မတ် ၁၅", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားဝင်ငွေ အလွန်နည်းပါးလာသည့်အတွက် စက်သုံးဆီ တင်သွင်းမှုများ လျှော့ချမည်ဟု တရားဝင် ပြောဆိုပြီးနောက် SME အသေးစားနှင့်အလတ်စား လုပ်ငန်းများသို့ ဆီခွဲတမ်းပေးမှုကို အကြီး အကျယ်လျှော့ချလိုက်ကြောင်း၊ SME လုပ်ငန်းအများစု ပိတ်သိမ်းနေကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၉ ရက်နေ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံ တကာတွင် စက်သုံးဆီစျေးတက်နေကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး နှင့် အသုံးစရိတ် မြင့်မားမှု ရှောင်ရှားစေရေး အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချသုံးစွဲရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။", "လက်ရှိတွင် စစ်ကောင်စီက SME လုပ်ငန်းများအတွက် စက်သုံးဆီ ခွဲတမ်း အကြီး အကျယ် လျှော့ချသဖြင့် SME လုပ်ငန်းများ ဆက်လက် ရပ်တည်ရန် ခက်ခဲနေပြီး အာဏာသိမ်းပြီးနောက်ပိုင်း SME လုပ်ငန်းအများစု ပိတ်သိမ်းသွားကြောင်း သိရှိရသည်။", "“အရင်ကတည်းက ကျနော်တို့ SME တွေက ဆီခွဲတမ်း နည်းနည်းပဲရတာ။ ခွဲတမ်းချပေးနေတာကလည်း တကယ့်ကို နည်းတော့ SME တွေ ပိတ်သိမ်းကုန်ပြီ။ တော်တော်များများ ပိတ်ကုန်ကြတာ။ SME တွေရဲ့ အခက်ခဲ တင်ပြပါဆိုလို့ တင်ပြတော့လည်း အလကားပါပဲ။ ဘာမှလည်းဖြစ်မလာပါဘူး။ အခုဆို မီးစက်က တစ်နေကုန်နီးပါး နှိုးရတော့ လုပ်ငန်းလည်ပတ်ဖို့က မလွယ်ဘူး။ တစ်ဖက်မှာလည်း စစ်ကောင်စီက SME တွေအတွက် ဆီခွဲတမ်း မပေးတော့သလောက်ဖြစ်လာနေတယ်” ဟု SME လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။", "ထို့ပြင် စစ်တပ်၊ ဆီကုမ္ပဏီများက စက်သုံးဆီသိုလှောင်မှုများ အကြီးအကျယ်လုပ်ဆောင်နေကြကြောင်း စက်သုံးဆီ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြော သည်။", "“စက်သုံးဆီတွေ အဓိက ပြန်သိုလှောင်နေကြတယ်။ သိုလှောင်တာကလည်း စစ် တပ်နဲ့ သူတို့နဲ့ နီးစပ်တဲ့ ဆီကုမ္ပဏီတွေပဲ။ စက်သုံးဆီသိုလှောင်တယ်ဆိုတာက သာမန်လုပ်ငန်းရှင် မလုပ်နိုင်ပါဘူး။ မြေနေရာတွေ ဆီကန်တွေလိုတယ်။ အဲဒါတွေ တတ်နိုင်တာက စစ်တပ်နဲ့ ၊ တပ်နဲ့ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေပဲ လုပ်နိုင်တာ။ ရွှေသမင် ဘယ်က ထွက် မင်းကြီး တာကထွက်ပေါ့။ စစ်တပ်က စက်သုံးဆီ တင်သွင်းမှု လျှော့ချမယ်ပြောတယ်။ ပြီးတော့ သိုလှောင်တာကလည်း သူတို့ပဲ” ဟု စက်သုံးဆီ လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောဆိုသည်။", "အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် စက်သုံးဆီများကို အရောင်းဆိုင်များတွင် ပြတ်လပ်မှု မရှိစေရေး လုပ်ဆောင်ရမည်ဟု အမိန့်နှင့်ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်နေကြောင်း သိရှိရသည်။", "“ဆီဆိုင်တွေကို ဆီပြတ်တော့မယ်အခြေအနေဆို ချက်ချင်း စာတင်ခိုင်းတယ်။ ဆီဆိုင်တွေမှာ လူအုံလာရင် သူတို့ကို ထိခိုက်တယ်ပေါ့။ လက်ရှိ အခြေအနေကတော့ အနှေးနဲ့ အမြန်တော့ ဆီတွေ ပြတ်တာက ဖြစ်လာမယ်။ အဲဒါကတော့ ပြေးမလွတ်တဲ့ အခြေအနေ” ဟု ရန်ကုန်ဆီဆိုင်တစ်ခုက ဆိုသည်။", "မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော်ဖိုး စက်သုံးဆီများ တင်သွင်းသွင်းခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် မော်တော် ကားစီရေ ၁ သန်းကျော်(ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁,၁၄၀,၀၀၀ ကျော်) နှင့် ဆိုင်ကယ်စီးရေ ၆ သန်း (မော်တော်ဆိုင်ကယ် စုစုပေါင်း ၆, ၄၅၀,၀၀၀ ကျော်) ရှိကြောင်း ၊ ပုဂ္ဂလိကစက်ရုံ၊ မီးစက်၊ အခြားသော ကုန်ထုတ်လုပ်ရေး လုပ်ငန်း သိန်းချီရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲခန့် တန်ဖိုးရှိ စက်သုံးဆီများ မဖြစ်မနေ တင်သွင်းရန် လိုအပ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စက်သုံးဆီ မပြတ်လပ်ရေး စစ်ကောင်စီလက်အောက်ခံ ဆီအသင်း၏ ထုတ်ပြန်စာများနှင့် စက်သုံးဆီဆိုင်များက စစ်ကောင်စီထံ တင်ပြရသည့် စက်သုံးဆီ အခြေအနေ တင်ပြစာများ။"]
https://yktnews.com/2023/02/85993/
SSPP နှင့် မွန်ပြည်သစ် ပါတီတို့ကို ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် ဖိတ်ခေါ်
["SSPP နှင့် မွန်ပြည်သစ် ပါတီတို့ကို ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင် ဖိတ်ခေါ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "SSPP နှင့် မွန်ပြည်သစ် ပါတီ ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ NUG၏ ယာယီသမ္မတ ဒူဝါလရှီးလ က တရားဝင် ဖိတ်ခေါ်လိုက်သည်။", "NUGအမျိုးသား ညီညွတ်ရေး အစိုးရ၏ ၅ /၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က အထက်ပါအတိုင်း ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၏ ထုတ်ပြန်ချက်အရ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို လိုလားသည့် အင်အားစုများနှင့် လက်တွဲချိတ်ဆက်မည့် အကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင် မွန်ပြည်သစ်ပါတီမှ ၇၆ ကြိမ်မြောက်မွန် အမျိုးသားနေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များကို အသိအမှတ် ပြုလျက် တိုင်းပြည်၏ အနာဂတ် ဖက်ဒရယ်အရေးအတွက် အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ရန် NUG အစိုးရအနေဖြင့် အမြဲဖိတ်ခေါ်လျက်ရှိကြောင်း ယာယီသမ္မတက ဖိတ်ခေါ်သည်။", "” အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်နိုင်ဖို့ ပြည်တွင်းအင်အားစုတွေအကြား ညီညွတ်မှုဟာ အင်အားတရပ်ဖြစ်ပါတယ်။ စုစည်းမှု၊ ညီညွတ်မှုနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေ ကျွန်တော်တို့အကြား တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီနေ့တက်ရောက်လာကြတဲ့ ကတ်ဘိနက်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများအနေဖြင့်လည်း တိုင်းရင်းသားအရေး ၊ မဟာမိတ်ချိတ်ဆက်မှုအပိုင်းကို ဦးစားပေးလျက် အမြဲချိတ်ဆက်ဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်း လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုသည်။", "NUG အစိုးရနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးသည် အကြမ်းဖက် မင်းအောင်လှိုင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ၂ နှစ်တာ ကြံ့ကြံ့ခံ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း၊ တော်လှန်ရေး အောင်မြင်သည် အထိ ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၏ သုညကနေ စတင်ခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုကို ကဏ္ဍပေါင်းစုံမှ ရင်ဆိုင် နိုင်ပြီဖြစ်ကြောင်း၊ အချိန်တိုအတွင်း အောင်မြင်မှု စွမ်းဆောင်လာနိုင် ခြင်းသည် တိုင်းရင်းသား ပြည်သူအပေါင်း၏ ညီညွတ်မှုဖြင့် အာဏာရှင်စနစ်ကို ပြတ်သားစွာ လက်မခံ မလိုလားမှုကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတကာ အစိုးရအနေဖြင့် NUG အစိုးရကို တရားဝင်အစိုးရ တရပ်အဖြစ် လက်ခံအသိအမှတ်ပြုရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ယာယီသမ္မတက ပြောဆိုသည်။"]
https://yktnews.com/2025/03/206757/
Sanctions စီးပွားရေးပိတ်ဆို့ခံရလျှင် ဆော့ဝဲ(Software)များ အင်အားစုစည်းမှု ပိုမိုရရှိစေဟု ဘယ်လာရုစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်၏ ပြောဆိုမှု အင်္ဂလိပ်လို နားမလည်ဘဲ အင်္ဂလိပ်စကားလုံးများ အသုံးပြုခဲ့ပုံရဟု သုံးသပ်
["Sanctions စီးပွားရေးပိတ်ဆို့ခံရလျှင် ဆော့ဝဲ(Software)များ အင်အားစုစည်းမှု ပိုမိုရရှိစေဟု ဘယ်လာရုစ်နိုင်ငံ သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်၏ ပြောဆိုမှုအင်္ဂလိပ်လို နားမလည်ဘဲ အင်္ဂလိပ်စကားလုံးများ အသုံးပြုခဲ့ပုံရဟု သုံးသပ်", "ရန်ကုန်၊ မတ် ၈", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း Sanction စီးပွားရေးပိတ်ဆို့ခံရလျှင် အတိုက်အခိုက်ခံရသော ဆော့ဝဲ(Software)များက အင်အားစုစည်းမှု ပိုမိုရရှိစေကြောင်း ပြောဆိုခဲ့မှုသည် စီးပွားရေးပိတ်ဆို့မှုကို ကွန်ပျူတာဆော့ဝဲနှင့် အမှတ်မှားနေပုံရကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပြောဆိုသည်။", "မတ်လ ၇ ရက်နေ့ ဘယ်လာရုစ်နိုင်ငံတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မင်းအောင်လှိုင်က စီးပွားရေးပိတ်ဆို့ခံရလျှင် ကွန်ပျူတာဆော့ဝဲများ အင်အားစုစည်းမှုကို ပိုမိုရရှိစေပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာစေကြောင်း ပြောဆိုသွားခြင်းဖြစ်သည်။", "“Sanctions လုပ်တယ်ဆိုလို့ရှိရင် Sanctions လို့ခေါ်တဲ့ အဖွဲ့အစည်းတွေ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက အတိုက် အခိုက်ခံရတဲ့ Software တွေက အင်အားစုစည်းမှုကို ပိုမို ရရှိစေပြီးတော့မှ ပြိုင်ဆိုင်မှုတွေကို ပြင်းထန်လာစေမယ်ဆိုတာကိုလည်း သတိပြုစေလိုပါတယ်”ဟု မင်းအောင်လှိုင်က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။", "မင်းအောင်လှိုင်သည် Sanctions စီးပွားရေးပိတ်ဆို့မှုနှင့် ကွန်ပျူတာဆော့ဝဲ Software အကြား မည်သို့မှ မပတ်သက်သော စကားလုံးနှစ်ခုကို ချိတ်ဆက် ပြောဆိုသွားခြင်းမှာ အဆိုပါ အင်္ဂလိပ်စကားလုံး ၂ ခု၏ အဓိပ္ပာယ်ကို သေချာစွာ နားမလည်ဘဲ ထင်ရာမြင်ရာ ပြောဆိုသွားခြင်းဖြစ်ကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်သည်။", "“Sanctions စီးပွားရေးပိတ်ဆို့မှုနဲ့ Software ကွန်ပျူတာဆော့ဝဲက ဘယ်လိုမှ မဆက်စပ်ဘူး။ သူပြောခဲ့တာကိုလည်း ဘာအဓိပ္ပာယ်မှ ဖော်လို့မရဘူး။ သူကြည့်ရတာ Sanctions ဆိုတာ ကွန်ပျူတာ Software လို့ ထင်နေပုံရတယ်” ဟု ဦးတိုးဇော်လတ်က ဆိုသည်။", "ပြည်တွင်းမှ သတင်းစာဆရာတစ်ဦးကလည်း မင်းအောင်လှိုင်၏ ပြောဆိုမှုကို ယနေ့ စစ်ကောင်စီထုတ် မြန်မာနှင့် အင်္ဂလိပ် သတင်းစာ များတွင်လည်း ဖော်ပြထားကြောင်း၊ မင်းအောင်လှိုင်အနေဖြင့် အင်္ဂလိပ်လို သေချာစွာ နားမလည်ဘဲ အင်္ဂလိပ်စကားလုံးများကို ညှပ်သုံးခဲ့ရာမှ အမှားအယွင်း ဖြစ်ခဲ့ပုံရကြောင်း သုံးသပ်ပြောဆိုသည်။", "“အရင် ဦးသိန်းစိန်တုန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို National Convention ဆိုပြီး မှားသုံးခဲ့ဖူးတယ်။ အခုလည်း ဦးမင်းအောင်လှိုင်က Sanctions နဲ့ Software ဘယ်လိုတွေနားလည်ပြီး တွဲသုံးသွားတာလဲမသိဘူး။ သူ အဓိပ္ပာယ်မှားယွင်းစွာ နားလည်ပြီး သုံးသွားပုံရတယ်။ အဲဒီနှစ်ခု ညှပ်သုံးသွားတာ သူပြောထားတာ ဘာအဓိပ္ပာယ်မှ မရှိဘူး” ဟု ဝါရင့်သတင်းစာဆရာက သုံးသပ်ပြောဆိုသည်။", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှား ခေါင်းဆောင် ပူတင်၊ ဘယ်လာရုစ်သမ္မတတို့နှင့်တွေ့ဆုံရာတွင် အင်္ဂလိပ်စကား ပြောဆိုနိုင်ခြင်းမရှိဘဲ မြန်မာစကားဖြင့်သာ ပြောဆိုကာ ဘာသာပြန်ကို အဓိက အသုံးပြုသည်ကို တွေ့မြင်ရသည်။", "ထို့ပြင် မတ်လ ၄ ရက်နေ့ မင်းအောင်လှိုင်က ပူတင်နှင့်တွေ့ဆုံစဉ် သမိုင်းအထောက်အထားနှင့် မှတ်တမ်းမှတ်ရာ အထောက် အထား မရှိဘဲ ပူတင်ကို ဘုရားဗျာဒိတ်တော်ပါ ကြွက်မင်းဟု ရေးသားညွှန်းဆိုထားသော စာအုပ်ကိုလည်း ပေးအပ်ခဲ့သည်။"]
https://yktnews.com/2025/03/209414/
Sky Villa အဆောက်အဦး ပြိုကျမှုမှ ရုပ်အလောင်း ၉ လောင်းတွေ့ရှိထားပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးထိရှိကာ ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ
["Sky Villa အဆောက်အဦး ပြိုကျမှုမှ ရုပ်အလောင်း ၉ လောင်းတွေ့ရှိထားပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးထိရှိကာ ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ", "ရန်ကုန်၊ မတ် ၂၉", "မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျမှုမှ ရုပ်အလောင်း ၉ လောင်းတွေ့ရှိထားပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးထိရှိပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဒဏ်ကြောင့် အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ပြိုကျခဲ့ပြီး ပိတ်မိနေသူများကို ဗဟိုမီးသတ်သင်တန်းကျောင်း၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်း နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်ထိ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ ၄၃ ဦးရှိပြီး သေဆုံးသူ ၉ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/156506/
Special Report- မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက် ကြောင်းပြန် လယ် မြေသိမ်းမှုများဖြင့် အရေး ယူ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ပြီး မိသားစုကိုလည်း အကျယ်ချုပ်ထား
["Special Report- မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင်ကို နောက် ကြောင်းပြန် လယ် မြေသိမ်းမှုများဖြင့် အရေး ယူ၊ နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါ ချိတ်ပိတ်ပြီး မိသားစုကိုလည်း အကျယ်ချုပ်ထား", "By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ရင်ဖွင့်ကြံစည်ခဲ့သည့် လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က လယ်မြေသိမ်းမှုများဖြင့် နောက်ကြောင်းပြန် အမှုဖွင့်လိုက်ပြီး နေအိမ်နှင့်ပိုင်ဆိုင်မှုများကိုပါချိတ်ပိတ်လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ လယ်/ဆည်ဝန်ကြီးဟောင်းလည်းဖြစ်သူ မြင့်လှိုင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆောင်ရွက်မှုများသည် ပျော့လွန်းပြီး ပြတ်ပြတ်သားသားမကိုင်တွယ်သည့်အတွက် တိုင်းပြည် ပြို ကွဲသည်အထိ ဖြစ်လာနေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ပယ်ခြင်း မပြုပါက တပ်မတော် နှင့် နိုင်ငံ၏ အနာဂတ် ပြိုလဲမည်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် တိုင်ပင်ခဲ့ကြကြောင်း၊ ယင်းသို့ တိုင်ပင်မှုကို ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီက ပြန်လည် သိရှိပြီး မင်းအောင်လှိုင်ထံသို့ သတင်းပို့ တိုင် ကြားခဲ့ကြောင်း၊ မင်းအောင်လှိုင်က ၎င်းကို ဖြုတ်ချရန် မြင့်လှိုင်၏ ကြံစည်ပြောဆိုမှုများ အကြောင်း သိရှိသောအခါ လည်/ဆည်ဝန်ကြီးဖြစ်စဉ်က လယ် မြေသိမ်းဆည်းမှုများဖြင့် အမှုဖွင့်အရေးယူပြီး ပိုင်ဆိုင်မှုများ ချိတ်ပိတ်ရန် အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။", "လည်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လယ်မြေ ၁၇၃၂ ဧကကို သားမက်ဖြစ်သူ၏ အမည်များဖြင့် လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားရယူခဲ့ကြောင်း၊ ထို့ကြောင့် ဦးမြင့်လှိုင်ကို အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ ၅၅ ဖြင့် အရေးယူရန် အမှုဖွင့်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "“ဦးမြင့်လှိုင်ရဲ့ နေအိမ်တွေ ဘဏ်အကောင့်တွေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးကိုပါ ချိတ်ပိတ်လိုက်တယ် ။ နောက်ပြီးတော့ သားမက်ကိုလည်း ဖမ်းဆီးထားတယ်။ ကျန်တဲ့မိသားစုဝင်တွေကိုတော့ အကျယ်ချုပ်ပုံစံမျိုး ထိန်းသိမ်းထားတာရှိတယ်။ ဒါနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်(ငြိမ်း)ကို ကြားဝင်ပေးဖို့ ၊ ညှိနှိုင်းပေးဖို့ ဦးမြင့်လှိုင်ဘက်က သွားပြောထားတာလည်းရှိတယ်။ အဓိက တပ်ချုပ်ကို ဖယ်ရှားဖို့ သူက စပြီး တိုင်ပင် ဆော်ဩတာ လုပ်တာကြောင့်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "မြင့်လှိုင်သည် စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၁ ခုနှစ် မှ ၂၀၁၆ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်/ဆည်ဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ကြံ့ဖွတ်ပါတီ၏ ထိပ်တန်းခေါင်း ဆောင်တစ်ဦးလည်းဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ စိတ်ချယုံကြည်ရသော လူယုံတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150910/
TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်မှ ပြည်သူ့ဆေးရုံတွင် အောက်မြန်မာပြည်မှ CDM ဆရာဝန်ကြီး၊ CDM ကျန်းမာရေးဝန်ထမ်းများနှင့် စတင် လည်ပတ်နေပြီဖြစ်ပြီး CDM ကျန်းမာရေးဝန်ထမ်းများ ထပ်မံ ဖိတ်ခေါ်မည်
["TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်မှ ပြည်သူ့ဆေးရုံတွင် အောက်မြန်မာပြည်မှ CDM ဆရာဝန်ကြီး၊ CDM ကျန်းမာရေးဝန်ထမ်းများနှင့် စတင် လည်ပတ်နေပြီဖြစ်ပြီး CDM ကျန်းမာရေးဝန်ထမ်းများ ထပ်မံ ဖိတ်ခေါ်မည်", "ရန်ကုန်၊ မတ် ၁၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်မှ ပြည်သူ့ဆေးရုံတွင် CDM ဆရာဝန်ကြီး၊ CDM ကျန်းမာရေးဝန်ထမ်းများနှင့် စတင် လည်ပတ်နေပြီဖြစ်ပြီး CDM ကျန်းမာရေးဝန်ထမ်းများ ထပ်မံ ဖိတ်ခေါ်မည်ဖြစ်ကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။", "တအာင်းပြည်နယ်၊နမ္မတူမြို့ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်ကြောင်း၊ နမ္မတူပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီး အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချိုနှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ ပါဝင်ကြောင်း သိရှိရသည်။", "PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြိုတွင် လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချိုနှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း TNLA က တရားဝင် ကြေညာသည်။", "ထိုကြောင့် နမ္မတူမြိုနှင့် အနီးဝန်းကျင်မှ ကျေးရွာခံပြည်သူများအား ကျန်းမာ ရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖိုအတွက် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်မှ CDMပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဟု TNLA က ဆိုသည်။", "“ အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို ကျနော်တို ကြိုးစားနေပါတယ်၊ အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်၊ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး။ ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်တိုနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ”ဟု PSLF/TNLA ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်း ပိုက်ခဲ့ပြီး စစ်ကောင်စီက မတ်လ ၄ ရက်နေ့ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြောင်း ကြေညာခဲ့သည်။"]
https://yktnews.com/2024/06/165370/
TNLA ထိန်းချုပ် နယ်မြေတွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်
["TNLA ထိန်းချုပ် နယ်မြေတွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်", "စစ်ကောင်စီနှင့် မြန်မာအစိုးရအဆက်ဆက် ခွင့်ပြုထားသော သတ္တုလုပ်ငန်းနှင့် အခြားပုဂ္ဂလိကလုပ်ငန်း၏ လိုင်စင်နှင့်ခွင့်ပြုမိန့်များကိုလည်း TNLA က ပယ်ဖျက်", "ရန်ကုန်၊ ဇွန် ၁", "ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA ထိန်းချုပ် နယ်မြေအတွင်း မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်လိုက်ကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်သည်။", "တအာင်းပြည်နယ်အတွင်းရှိ သဘာ၀ပတ်ဝန်းကျင်း ထိန်းသိမ်းကာကွယ်ရေးအတွက် စီမံချက် လုပ်ငန်းများ ပြင် ဆင်ဆောင်ရွက်နေဆဲကာလဖြစ်နေသဖြင့် မြေရှားသတ္တု လုပ်ငန်းကို စမ်းသပ်ရှာဖွေတိုင်းတာခြင်း၊ တူးဖော် ထုတ်လုပ်ခြင်း၊ အသေးစားထုတ်လုပ်ခြင်းနှင့် အကြီးစားထုတ်လုပ်ခြင်းများကို မည်သည့် လုပ်ငန်းရှင်တစ်ဦးတစ်ယောက်မှ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း၊ အထက်ပါ ညွှန်ကြားချက် လိုက်နာဆောင်ရွက်ခြင်းမရှိပါက TNLA က ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာသည်။", "ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေတွင် ယခင်မြန်မာအစိုးရ အဆက်ဆက်နှင့်စစ်ကောင် စီလက်ထက် က ထုတ်ပေးခဲ့သည့် မြေရှားသတ္တုလုပ်ခြင်းအပါအဝင် လုပ်ငန်းများအားလုံး ရပ်ဆိုင်းလိုက်ကြောင်း ယမန်နေ့ မေလ ၃၁ ရက်နေ့တွင် TNLA က ကြေညာသည်။", "ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF မှ တအာင်းပြည်ရှိ မိဘပြည်သူများ၏ ရေရှည် အကျိုး စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေးအတွက် ယခင် မြန်မာအစိုးရ အဆက် ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာ ရယူပြီး လည်ပတ် လျက်ရှိသည့် တအာင်းပြည်တွင်းရှိ သတ္တုလုပ်ငန်း၊ အခြားပုဂ္ဂလိကလုပ်ငန်းများအားလုံး ယာယီ ရပ် ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။", "မြန်မာအစိုးရ အဆက်ဆက်လက်ထက် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ခွင့်ပြုခဲ့သည့် ခွင့်ပြုမိန့်/ လိုင်စင်/ အမိန့်စာများကို အသိအမှတ် မပြုကြောင်း၊ ထိုလုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားရ မည်ဖြစ်ပြီး၊ သက်ဆိုင်ရာ လုပ်ငန်းများ ဆက်လက် လုပ်ကိုင်လိုပါက သတ်မှတ်ထားသည့်အတိုင်း ခွင့်ပြုချက်များကို ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက် မတိုင်မီ နောက်ဆုံးထား ရယူလျှောက် ထား ကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။", "သတ်မှတ်ထားသည့် ကာလအတွင်း ခွင့်ပြုချက်ရယူခြင်းမပြုပါက ထိုလုပ်ငန်းများ၊ လုပ်ငန်းနှင့် ဆက် စပ်သည့် အဆောက်အုံ၊ ပစ္စည်း အစရှိသည့်များကို တအာင်းပြည်သူပိုင်အဖြစ် သိမ်းယူမည် ဖြစ်သည့် အပြင် ထိုလုပ်ငန်းလည်ပတ်ရန် ဆက်လက်ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက PSLF/TNLA ၏ တည်ဆဲဥပဒေ အရ အရေး ယူသွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထား သည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က မြို့နယ် ၇ ခုကို တိုက်ခိုက်သိမ်းပိုက်ထားTNLA ထိန်းချုပ် နယ်မြေတွင် မြေရှားသတ္တု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပိတ်ပင်"]
https://yktnews.com/2024/08/178534/
TNLA ထိန်းချုပ်ထားသည့် မြို့နယ် ၁၂ ခုတွင် တရားစီရင်ရေး ဆောင်ရွက်ရန် ဗဟို၊ ခရိုင်၊ မြို့နယ်တရားသူကြီးများ နှင့် ဥပဒေအရာရှိ ရှေ့နေများ စုစုပေါင်း ၂၂ ဦးကို ရာထူးနှင့်တာဝန်များ အပ်နှင်း
["TNLA ထိန်းချုပ်ထားသည့် မြို့နယ် ၁၂ ခုတွင် တရားစီရင်ရေး ဆောင်ရွက်ရန် ဗဟို၊ ခရိုင်၊ မြို့နယ်တရားသူကြီးများ နှင့် ဥပဒေအရာရှိ ရှေ့နေများ စုစုပေါင်း ၂၂ ဦးကို ရာထူးနှင့်တာဝန်များ အပ်နှင်း", "ရန်ကုန်၊ ဩဂုတ် ၁၂", "ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းအတွင်း တအာင်းတပ်မတော် TNLA က ထိန်း ချုပ်ထားသည့် မြို့နယ် ၁၂ ခုတွင် တရားစီရင်ရေးလုပ်ငန်းများ ဆောင် ရွက် နိုင်ရန် ဗဟိုတရား သူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရား သူ ကြီးများနှင့် ဥပဒေရှေ့နေများကို ရာထူးနှင့်တာဝန်များ အပ်နှင်း လိုက်ကြော်ငးTNLA ကသတင်းထုတ်ပြန်သည်။", "၁၀၂၇ စစ်ဆင်ရေးများအတွင်း TNLA က သိမ်းပိုက်ထားသော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြို့နယ် ၁၂ ခုတွင် တအာင်းတပ်မတော် TNLA က ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအားလုံးထံသို့ လုပ်ငန်းတာဝန်လွဲပြောင်းခြင်း၊ တာဝန် ခံအပ်ခြင်းနှင့် ရာထူး အပ်နှင်းခြင်း အခမ်းအနားကို တအာင်းပြည်၊ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ဩဂုတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။", "တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရား ဥပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင် ရွက်နိုင်ရန် ရည်ရွယ်ပြီး တအာင်းပြည် ဗဟိုတရားသူကြီး ၃ ဦး၊ ခရိုင်တရားသူကြီး ၄ ဦး၊ မြို့နယ်တရားသူကြီး ၈ ဦးနှင့် ဥပဒေရှေ့နေ ၇ ဦး အသီးသီးတို့ထံ PSLF/TNLA ဗဟိုအလုပ် အမှု ဆောင်ကော်မတီမှ အမိန့်စာ ထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းခြင်းဖြစ် ကြောင်း သိရှိရသည်။", "ထို့ပြင် သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့၏ လုပ်ငန်းတာဝန်များကိုလည်း အသိ အမှတ်ပြုခဲ့ပြီး ၎င်းတို့ထံ လုပ် ငန်းနှင့် တာဝန်ရာထူးများခန့်အပ်ခဲ့ကြောင်း၊ ထိုတရားသူကြီးများ၏ အလုပ်နှင့်ရာ ထူးများခန့်အပ်လွှာ အပ်နှင်းသည့် အခမ်းအနားကို ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဉီး TNLA အထွေထွေအတွင်းရေးမှူး ဗိုလ် ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေ ထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရား သူကြီး များနှင့် ဥပဒေရှေ့နေများ စုစုပေါင်း ၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/145186/
TNLA ထိပ်ပိုင်း ခေါင်းဆောင်များ နမ့်ခမ်းမြို့ကို သွားရောက် ကြည့်ရှုစစ်ဆေး
["TNLA ထိပ်ပိုင်း ခေါင်းဆောင်များ နမ့်ခမ်းမြို့ကို သွားရောက် ကြည့်ရှုစစ်ဆေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "တအာင်းတပ် TNLA က ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် တာဝန်ရှိသူများ အကြမ်းဖက် စစ်ကောင်စီ လက်ထဲမှ သိမ်းပိုက်ရယူထားသည့် နမ့်ခမ်းမြို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နမ့်ခမ်းအုပ်ချုပ်ရေး ကော်မ တီဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး အားပေးခဲ့ကြောင်း PSLF / TNLA က သတင်းထုတ်ပြန်ထားသည်။", "တွေ့ဆုံပွဲတွင် ဗိုလ်မှူးချုပ် တားဘုန်းကျော် က မြို့တည်ငြိမ်းအေးချမ်းသာယာရေး၊ ပြည်သူလူထုကျန်းမားရေး၊ ရပ်တန့်နေသည့် လူငယ်များ၏ ပညာရေး ပြန်လည်သင်ကြားနိုင်ရေး၊ မြို့အုပ်ချုပ်ရေး ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေးနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဒေသပြည်သူများကလည်း လိုအပ် ချက်များကို တင်ပြခဲ့ကြောင်း သိရသည်။", "အဆိုပါ တွေ့ဆုံပွဲကို PSLF/TNLA အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် တာဝန်ရှိသူများ၊ မြို့အုပ်ချုပ်ရေးကော်မတီဝင်များ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ရှမ်း၊ ကချင်၊ လီဆူ စသည့် တိုင်းရင်းသား မောင်နှမများ စုစုပေါင်း လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/162626/
TNLA သိမ်းထားသော မြို့နယ် ၇ ခုရှိ စစ်ကောင်စီ Non-CDM ဝန်ထမ်းအား လုံး၏ တာဝန်များ ရပ်ဆိုင်းလိုက်ပြီး သတ်မှတ်ချက်နှင့်မညီသူများကို အပြစ် ပေး အရေးယူမည်ဟု တရားဝင် ကြေညာ
["TNLA သိမ်းထားသော မြို့နယ် ၇ ခုရှိ စစ်ကောင်စီ Non-CDM ဝန်ထမ်းအား လုံး၏ တာဝန်များ ရပ်ဆိုင်းလိုက်ပြီး သတ်မှတ်ချက်နှင့်မညီသူများကို အပြစ် ပေး အရေးယူမည်ဟု တရားဝင် ကြေညာ", "ရန်ကုန်၊ မေ ၁၅", "TNLA သိမ်းထားသော မြို့နယ် ၇ ခု အတွင်း ရှိနေကြသည့် အကြမ်းဖက်စစ်အုပ်စု လက်အောက် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဝန်ထမ်းများကို လုပ်ငန်း တာဝန်အားလုံး ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး စစ်အုပ်စုထံမှ လစာထုတ်ယူခြင်း၊ အစီရင်ခံစာ ပေးပို့ခြင်း ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းများ တွေ့ ရှိပါက အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း TNLA က တရားဝင် ကြေ ညာသည်။", "၁၀၂၇ စစ်ဆင်ရေး စတင်သည့်ကာလမှ စတင်၍ ယနေ့အချိန်အထိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံမြို့များအပါအဝင် PSLF အုပ် ချုပ်ရေးနယ်မြေအတွင်း လူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို ပြည်သူလူထု နှင့်အတူ ပူးပေါင်းပြီး ယခင်ကထက် ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင် ရွက်နေကြောင်း၊ ထိုကဲ့သို့ ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရာတွင် လုပ်ငန်းများ ပိုမိုထိ ရောက်စွာ ဆောင်ရွက်နေကြောင်း သိရှိရသည်။", "TNLA က သိမ်းထားသော နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ မြို့များ အပါအဝင် တအာင်းပြည်အတွင်းရှိ အကြမ်းဖက်စစ် အုပ်စု ၏ လက်အောက် လုပ်ငန်းတာဝန် ထမ်းဆောင်ခဲ့သည့် Non-CDM ဝန်ထမ်းများ အားလုံး သည် လက်ရှိအချိန်ကာလတွင် မည်သည့်တာဝန်မျှမရှိတော့ဘဲ ယင်းတို့၏ လုပ်ငန်းတာဝန်များ အားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း TNLA က ကြေညာသည်။", "သို့ရာတွင် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non-CDM ဝန်ထမ်းများကို အပြစ်ပေး အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာက ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့် ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်သည့်စီမံချက်အရ အပြစ်ပေးအရေးယူခြင်းများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။", "တအာင်းပြည်အတွင်း ဆက်လက်နေထိုင်နေသည့် Non-CDM ဝန်ထမ်းများသည် စစ်အုပ်စုထံမှ လစာ/ ငွေကြေးများ ထုတ်ယူခြင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ လုပ်ငန်း အစီ ရင်ခံစာ များပေးပို့ခြင်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ တွေ့ရှိပါက အပြစ်ပေးအရေးယူ သွားမည် ဖြစ်ကြောင်း TNLA က ကြေညာသည်။"]
https://yktnews.com/2024/01/140841/
TNLA သိမ်းပိုက်ထားသော နမ္မတူမြို့နယ်သို့ ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် အဖွဲ့ သွားရောက် စစ်ဆေး
["TNLA သိမ်းပိုက်ထားသော နမ္မတူမြို့နယ်သို့ ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် အဖွဲ့ သွားရောက် စစ်ဆေး", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့နယ်သို့ တအာင်းတပ်မတော် ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်း ကျော် ဦးဆောင်သော အဖွဲ့က သွားရောက် ကြီးကြပ်စစ်ဆေးကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ အထွေထွေ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အထွေထွေအတွင်းရေး မှူး ၁ ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို နမ္မတူမြို့နယ် အတွင်းသွားရောက်ကြည့်ရှုကြီးကြပ်ကြကြောင်း ၊ TNLA ထိပ်တန်းတာဝန်ရှိသူများက သိမ်းပိုက်ထားသော မြို့နယ်များကို ဆက် တိုက် ဆိုသလို စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားပြီဖြစ်သော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့်ကွတ်ခိုင်တို့တွင် လုံခြုံရေးနှင့် အုပ် ချုပ် ရေးယန္တရားအသစ် ဖော်ဆောင်မည်ဟု TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် “၆၁” နှစ်မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြု မိန့်ခွန်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #PSLF #နမ္မတူမြို့နယ် #ရှမ်းပြည်နယ်မြောက်ပိုင်း"]
https://yktnews.com/2025/05/213433/
TNLA သိမ်းပိုက်ထားသော မိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ညနှင့် ယနေ့အထိ စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲပြန်
["TNLA သိမ်းပိုက်ထားသော မိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ညနှင့် ယနေ့အထိ စစ်တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲပြန်", "ရန်ကုန်၊ မေ ၄", "မန္တလေးတိုင်းတွင် TNLA သိမ်းပိုက်ထားသော မိုးကုတ်နှင့်နောင်ချိုမြို့နယ်တို့ကို ယမန်နေ့ညနှင့် ယနေ့အထိ စစ် တပ်က လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ မေလ ၃ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန် မိုးကုတ်မြို့နယ်၊ ဆင်ခွာတောရကျောင်းကို ဗုံးကျဲခဲ့ကြောင်း၊ ယမန်နေ့ညပိုင်း ဗုံးကျဲမှုတွင် လူထိခိုက်မှုမရှိကြောင်း၊ ယနေ့နံနက်ပိုင်းဗုံးကျဲမှုတွင် အခြေအနေ အသေးစိတ် မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "“အခုက လေယာဉ်နဲ့ တောက်လျှောက်ကျဲနေတော့ အားလုံး မအိပ်ရဲ၊ မစားရဲ၊ မသွားရဲဖြစ်နေတယ်။ ကင်း ထောက်လေယာဉ်တွေ လည်း တောက်လျှောက်ပါပဲ” ဟု မိုးကုတ်မြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "TNLA က သိမ်းပိုက်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာတွင်လည်း မေ လ ၃ ရက်နေ့ ည ၈ နာရီအချိန် ဗုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ကလေး ၁ ဦး ထိခိုက်ခဲ့ကြောင်း သိရှိရသည်။", "မေလ ၂ ရက်နေ့ နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာကိုလည်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးကျဲချခဲ့ရာ ဗုံး ၂ လုံးကွဲပြီး ဗုံး ၂ လုံး မပေါက်ကွဲဘဲ ကျန်ရစ်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "မေလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က မိုးကုတ်မြို့နယ်၊ အနောက် ပိုင်းရှိ ပြည်သူ များ နေထိုင်သော ကသဲရပ်ကွက်ထဲသို့ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပြီး ပန်းရံ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက ဧပြီလ ၂၈ ရက်နေ့နှင့် ဧပြီလ ၂၉ ရက်နေ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်၏ ကြားဝင် စွက် ဖက်မှုဖြင့် ပြု လုပ်သော TNLA နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီးနောက် ယမန်နေ့ညပိုင်းမှ ယနေ့ နံနက်ပိုင်းအထိ လေကြောင်းတိုက် ခိုက်မှုများ တောက်လျှောက် လုပ်ဆောင်လာခြင်းဖြစ်သည်။"]
https://yktnews.com/2025/04/210316/
TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ ၊ပင့်ကူတောင်ခြေရှိ ကျောက်တွင်း လုပ်ကွက်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ
["TNLA သိမ်းပိုက်ထားသော မိုးကုတ်မြို့ ၊ပင့်ကူတောင်ခြေရှိ ကျောက်တွင်း လုပ်ကွက်များကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ ဧပြီ ၅", "မန္တလေးတိုင်း၊ မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်း လုပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မိုးကုတ်မြို့ ပင့်ကူတောင်ခြေရှိ ကျောက်တွင်း လုပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်ချိန်သည် ကျောက်တွင်း လုပ်သားများရှိနေချိန် ဖြစ်၍ ထိခိုက်မှုရှိနိုင်ပြီး အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ မိုးကုတ်မြို့မှာ TNLA က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သိရှိရသည်။", "“မိုးကုတ် ပင့်ကူတောင်ခြေ တွင်းလုပ်ကွက်တွေ အပေါ် ဒီနေ့ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြောင်း ဗုံး ၂ လုံး လာကျဲချ သွားတယ်။ တွင်းလုပ်သားတွေ အလုပ်လုပ်ချိန်ဆိုတော့ အထိအခိုက်ရှိနိုင်တယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှစ၍ ၂၂ ရက်နေ့ထိ အပစ်အခတ် ရပ်စဲကြောင်း ကြောညာထားသော်လည်း မြန်မာနိုင်ငံအနှံ့ကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်လျက်ရှိသည်။"]
https://yktnews.com/2024/08/181321/
TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာ ပေးပို့မှု မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC က ပြင်းထန်စွာရှုတ်ချ
["TNLA အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်စာ ပေးပို့မှု မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက် စော်ကားမှုအဖြစ် NUCC က ပြင်းထန်စွာရှုတ်ချ", "ရန်ကုန်၊ ဩဂုတ် ၃၁", "တအာင်းအမျိုးသားတပ်မတော် (TNLA) အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ပေးပို့သည့် ခြိမ်းခြောက်စာသည် မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုအဖြစ် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြင်းထန်စွာရှုတ်ချကြောင်းသဘောထားကြေညာချက်ထုတ်ပြန်သည်။", "မြန်မာပြည်သည် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများ ရှိနေသော်လည်း နိုင်ငံတွင်းမှီတင်း နေထိုင်ကြသော လူမျိုးဘာသာစုံ ပြည်သူများ၏ အချုပ် အခြာ အာဏာပိုင် နိုင်ငံတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံ၏ ဒေသအသီးသီးရှိ လူမျိုးများနှင့် ၎င်းတို့၏ ပြည်နယ်များ၊ နယ်မြေများ သည်လည်း သက် ဆိုင်ရာလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အချုပ်အခြာအာဏာပိုင် ပြည်နယ်များ၊ နယ်မြေပိုင်နက်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတနိုင်ငံလုံးကိုသော်လည်းကောင်း၊ နိုင်ငံအတွင်းရှိလူမျိုးတမျိုး၊ ပြည်နယ် တခု၊ နယ်မြေဒေသတခုကိုသော်လည်းကောင်း မည်သည့် တိုင်းတပါးနိုင်ငံကမှ နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ၊ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင် ဟန့်တားခြင်းများ ပြုလုပ်ခွင့် မရှိကြောင်း NUCC က ထုတ်ပြန်သည်။", "မြန်မာတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ဟု လိပ်မူ၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီမှ စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော်ငြာချက်ဟု ခေါင်းစဉ်တပ်ထားသည့် သတိပေး ခြိမ်းခြောက်စာတစောင် ပေးပို့ခဲ့ကြောင်း ၊ စာပါအချက် အလက် များအရ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်ဟု ရိုင်းပျစော်ကားသည့် အသုံးအနှုန်းများဖြင့် ရေးသားထား သည်ကို တွေ့ရကြောင်း၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အနေ ဖြင့် မိမိတို့၏ မဟာမိတ် တော်လှန်ရေး အင်အားစုတခု ဖြစ်သည့်အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်သည့် တအာင်း အမျိုးသားတို့၏ တပ်မတော် အပေါ်နှင့် မိမိတို့ပြည်သူများ၏ တော်လှန်ရေးအပေါ် ယခုကဲ့သို့ ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ဖော်ကြေညာ သည်။", "အဆိုပါစာကိုပေးပို့ခဲ့သော ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီ အနေဖြင့် စာပေး ပို့မှုကို ပြန်လည်ရုပ်သိမ်းရန်၊ မြန်မာနိုင်ငံနှင့် သက် ဆိုင်ရာ လူမျိုးများ၊ ပြည်သူများ အပေါ် နိုင်ငံတကာဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ လေးစားအသိအမှတ်ပြုရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထားလိုလားသူများဖြစ်ပြီး၊ စစ်အာဏာရှင် များ၏ ရက်စက်ကြမ်းကြုတ်မှုများ မတရားဖိနှိပ်မှုများကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရခြင်းသာ ဖြစ်ကြောင်း ​NUCC ၏ ကြေညာချက်တွင်ဖော်ပြထားသည်။", "တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူမျိုးစုံပြည်သူများ စစ်တပ်၏ မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုး ပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်း NUCC က အကြံပြုတိုက်တွန်းထားသည်။"]
https://yktnews.com/2025/03/205934/
TNLA အုပ်ချုပ်သော နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရ
["TNLA အုပ်ချုပ်သော နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁", "ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ အနောက်ပိုင်း ဝန်းထရံ ရပ်ကွက်အတွင်း လေယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ဘူတာရပ်ကွက်နှင့် နောင်ချို ပြည်သူ့ဆေးရုံပေါ်ကို အကြမ်းဖက် စစ်တပ်က ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့တွင် မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၆ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရွှေမုဠောကျေးရွာနှင့် တောင်ရှည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဗုံးသီး ၃၂ လုံး လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်ရှည် နှင့် မန်မော်ကျေးရွာကြား၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြု တိုက်ခိုက်ခြင်းကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၄ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံး လာရောက်ကျဲချ တိုက်ခိုက်ခြင်းကြောင့် မယ်သီလရှင် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/202245/
TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်တပ်က ဇန်နဝါရီလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရ
["TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်တပ်က ဇန်နဝါရီလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ အတွင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ဇန်နဝါရီလ ၈ ရက်နေ့တွင် အကြမ်းဖက် စ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့ အရှေ့ပိုင်းကို လေကြောင်း အသုံးပြုပြီး ဗုံး အလုံး ၂၀ ခန့် လာရောက်ကျဲချ တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် မော်တော်ယာဥ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၄ လုံး လာရောက် ကျဲချ တိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၉ လုံးနှင့် ဘုန်ကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ကျောက်မဲမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဗုံး ၄ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီသည် တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ဦးတည်ကာ ရည်ရွယ်ချက် ရှိရှိ လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင်း PSLF/TNLA သတငးနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137685/
TNLA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နမ္မတူ ဗျူဟာမှူးနှင့် စစ်ကြောင်းတချို့ အင်အား ၂၀၀ ဝန်းကျင် ဆုတ်ခွာ၊ နမ္မတူတွင် တပ်စခန်းမရှိတော့ဘဲ ပြန့်ကျဲကွဲထွက်နေသော စစ်တပ် စစ်ကြောင်းတချို့လည်း တပြိုင်နက်တည်း ထွက်ပြေးရ
["TNLA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နမ္မတူ ဗျူဟာမှူးနှင့် စစ်ကြောင်းတချို့ အင်အား ၂၀၀ ဝန်းကျင် ဆုတ်ခွာ၊ နမ္မတူတွင် တပ်စခန်းမရှိတော့ဘဲ ပြန့်ကျဲကွဲထွက်နေသော စစ်တပ် စစ်ကြောင်းတချို့လည်း တပြိုင်နက်တည်း ထွက်ပြေးရ", "နမ္မတူမြို့ကို TNLA က အပြည့်အ၀ သိမ်းပိုက်ထိန်းချုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ မြို့နယ်တွင် တအာင်း TNLA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နမ္မတူ ဗျူဟာမှူးနှင့် စစ်ကြောင်းတချို့ ယမန်နေ့ ညပိုင်း ဆုတ်ခွာသွားပြီး နမ္မတူမြို့နယ်တွင် ပြန့်ကျဲနေသော စစ်တပ်စစ်ကြောင်းတချို့လည်း တပြိုင်နက်တည်း ထွက်ပြေးဆုတ်ခွာရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။", "“မနေ့ညပိုင်းက နမ္မတူဗျူဟာက ဗျူဟာမှူးနဲ့ စစ်ကြောင်း စုစုပေါင်း အင်အား ၂၀၀ ဝန်းကျင် ဆုတ်ခွာပါတယ်။ နမ္မတူ ဂွင်ထဲမှာ ပြန့်ကျဲနေတဲ့ စစ်ကြောင်းတချို့တွေလည်း ခွာစစ်ဆုတ်ဖို့ လက်နက်တွေ ချန်မထားဖို့ ညွှန်ကြားချက်တွေရှိပါတယ်။ ဆုတ်ခွာတဲ့ စစ်ကြောင်းတွေကတော့ အခုထက်ထိ အဆက်အသွယ်ရတုန်းပဲလို့ သိရပါတယ်” ဟု တပ်ဘက်သတင်းရင်းမြစ်က ဆိုသည်။", "လက်ရှိတွင် တအာင်း TNLA တပ်မတော်က နမ္မတူမြို့ကို သိမ်းပိုက် ထိန်းချုပ်ရရှိသွားခြင်းဖြစ်ကြောင်း တပ်ဘက် သတင်းရင်းမြစ်တချို့က အတည်ပြုပြီး TNLA ပြန်ကြားရေးကမူ လက်ရှိအချိန်အထိ သတင်းပေးပို့မှု မရရှိသေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ကျမတို့ဆီတော့ သတင်းတက်မလာသေးလို့ အတည်မပြုနိုင်သေးပါဘူး၊ မနေ့က အထိတော့ နမ္မတူ မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်တွေ၊ Mi 35 တွေ သုံးပြီးတော့ နမ္မတူမြို့ထဲကို ဗုံးလာကျဲတာတွေရှိတယ်၊ တခြားနေရာတွေ တိုက်ပွဲဖြစ်တာမ ဟုတ်ပဲနဲ့ ကျောက်မဲမှာရော၊ လားရှိုးမှာရှိတဲ့ ဖန်တောင်ကျေးရွာမှာရော ရဟတ်ယာဉ် ဗုံးကျဲတာ မျိုးတွေရှိတယ်၊ ကို့ကန့်ဘက်မှာရော ဂျက်နဲ့လာပစ်တာတွေရှိတယ်၊ တိုက်ပွဲဖြစ်တာ စစ်ကောင်စီ တပ်စခန်းရှိတဲ့နေရာမှာပဲ ဖြစ်တာ၊ ဒါပေမယ့်လက်နက်ကြီးနဲ့ ပစ်တာက နမ္မတူမြို့ထဲကို ပစ်တာ” ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နမ္မတူအခြေစိုက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၂၄ ကိုလည်း TNLA တပ်ဖွဲ့များက သိမ်းပိုက်ရရှိထားပြီး အဆိုပါ တပ်ရင်းသည် လက် နက်ကြီးများဖြင့် ပြည်သူများ သေဆုံးထိခိုက်စေရန် အဓိက ပစ်ခတ်ခဲ့သော တပ်ဖြစ်ကြောင်း နမ္မတူမြို့ဒေသပြည်သူတချို့က ဆိုကြသည်။", "ဓာတ်ပုံ- နမ္မတူအခြေစိုက် ခမရ ၃၂၄ တပ်ရင်းကို TNLA တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားစဉ်။"]
https://yktnews.com/2023/08/119888/
UAB ဘဏ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နေရာတွင် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးသည်ဆိုသော အတည်မပြုနိုင်သေးသည့် သတင်းများထွက်ပေါ်
["UAB ဘဏ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နေရာတွင် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးသည်ဆိုသော အတည်မပြုနိုင်သေးသည့် သတင်းများထွက်ပေါ်", "စစ်ဘက်ထိပ်ပိုင်း ဗိုလ်ချုပ်နေရာတချို့ အပြောင်းအလဲဖြစ်နေဟုဆို", "ရန်ကုန်၊ ဩဂုတ် ၂၇", "အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နေရာတွင် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးလိုက်သည် ဆို သော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ဆက်စပ်နေသော အမရာ UAB ဘဏ်ကိုလည်း စစ်တပ်က စုံစမ်းစစ်ဆေး နေသည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်", "ယခုရက်ပိုင်းအတွင်း စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နေရာတွင် အစားထိုး လိုက် သည် ဆိုသော သတင်းများ ထွက်ပေါ်နေသည့်အပြင် ယူနိုက်တက် အမရာ ဘဏ် UAB ဘဏ်ကို စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေသည် ဆိုသော သတင်းများထွက်ပေါ်နေကြောင်း၊ စစ်တပ်က ဘဏ်တချို့သည် မရိုးမသား လုပ်ဆောင်နေသည်ဟု ဩဂုတ်လ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီ အစည်းအဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း၊ ယင်းသို့ ပြောဆိုပြီးသည့်နောက်ပိုင်း ဗိုလ်ချုပ်ကြီး မိုးအောင် ရာထူးမှ ဖယ်ရှားခံရသည် ဆိုသော သတင်းများ၊ UAB ဘဏ် စစ်ဆေးခံရသည်ဆိုသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“UAB ဘဏ်က ဒေါ်လာကိစ္စနဲ့ပတ်သက်လို့ မရိုးမသားလုပ်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ စစ်ဆေးခံရတယ်ဆိုတာမျိုး အတော်ကို သတင်းထွက် ပါတယ်။ နောက်တစ်ခါ အောင်သောင်း သား ရေချုပ် မိုးအောင် နေရာမှာ ဇွဲဝင်းမြင့် ဖြစ်လာတယ်ဆိုတာ တွေလည်း သတင်းကျယ်ကျယ်ပြန့်ပြန့်ကို ထွက်နေတယ်” ဟု ရန်ကုန် UMFCCI မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်မင်းအောင်လှိုင်က စစ်အာဏာသိမ်းချိန်က ဘဏ်များပြိုလဲ မည် စိုးရိမ်၍ အကူအညီပေးခဲ့သော်လည်း လက်ရှိတွင် ဘဏ်များက ရိုးသားမှု မရှိသည်ကို တွေ့ရှိရကြောင်း၊ ဘဏ်များကို စနစ်တကျ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီ အစည်းအဝေး တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။", "“မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ် ပြိုလဲသွားပါကတိုင်းပြည်စီးပွားရေးပြိုလဲသွားနိုင်သဖြင့် မိမိကိုယ် တိုင် တာဝန်ရှိသူ များဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင် ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ် မလုပ် နိုင်စေရန် ဆောင်ရွက်ခဲ့ မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့ သော်လည်း ဘဏ် အချို့ ၏ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယ ရှိဖွယ်များ တွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်းပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန် အထိ လည်း အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင် ရွက်မှုမရှိ သည် ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့် ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း” ဟု မင်းအောင် လှိုင်က ပြောဆိုခဲ့သည်။", "UAB ဘဏ်ကို ယခင်ဝန်ကြီးဟောင်း အောင်သောင်း၏ သားသမီးများက အဓိ က ပိုင်ဆိုင်ကြပြီး အောင်သောင်းတွင် မိုးအောင်၊ နေအောင်၊ ပြည်အောင်၊ ခင်ငုရည်ဖြိုးဟူသည့် သားသမီး ၄ ဦးရှိကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်က နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်ထံသို့ ရေချုပ် မိုးအောင် အဖြုတ်ခံရသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မေးမြန်းရာ အတည် မပြုနိုင်သေးသော်လည်း စစ်ဘက် ရာထူးတချို့ အပြောင်း အလဲ ရှိသည်ဟု သိရှိရကြောင်း၊ ပြောင်း လဲသွားသည့် စစ်ဘက်ရာထူး များနှင့်ပတ်သက်၍ ဆက်လက် စောင့်ကြည့်နေကြောင်း ပြောဆိုသည်။", "“စစ်တပ် ထပ်ပိုင်း ရာထူးတချို့တော့ အပြောင်းအလဲဖြစ်တယ်။ ဘယ်သူတွေ ဘယ်လို လဲဆိုတာတော့ အတိအကျမသိရဘူး။ ကာချုပ်ရေ ကိစ္စကလည်း ကျနော်တို့လည်း မသိရသေးဘူး။ သေသေချာချာ သိရဖို့က နည်းနည်း လေး အချိန်ယူရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "လတ်တလော အတည်မပြုနိုင်သေးသော သတင်းများအရ အနောက် တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နတခ (ပုသိမ်) သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး လပခ (မန္တလေး) အဖြစ်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး လပခ( မန္တလေး) ဗိုလ်ချုပ်ကိုကိုဦး သည် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးဖြင့် ကစထ ၁ အဖြစ်လည်းကောင်း၊", "ဒုတိယဗိုလ်ချုပ်ကြီးတေဇာကျော်သည် ကစထ-၁ မှူး မှ ကစထ-၆ မှူး အဖြစ်သို့လည်းကောင်း၊ နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်လည်းကောင်း၊ ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်‌စောသန်းလှိုင်က နေပြည်တော် တိုင်းတိုင်း မှူးအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် စစ်ဦးစီးအရာရှိချုပ် (ရေ) မှ ကာကွယ်ရေး ဦးစီးချုပ်(ရေ) အဖြစ်လည်းကောင်း အပြောင်းအလဲ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109702/
UK တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သားဖြစ်သူ၊ မြေးဖြစ်သူများနှင့်အတူ ပြည်ပရောက် မြန်မာ တစ်ထောင်ဝန်းကျင်က တက်ရောက်ဂုဏ်ပြု
["UK တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သားဖြစ်သူ၊ မြေးဖြစ်သူများနှင့်အတူ ပြည်ပရောက် မြန်မာ တစ်ထောင်ဝန်းကျင်က တက်ရောက်ဂုဏ်ပြု", "ရန်ကုန်၊ ဇွန် ၂၆", "ဗြိတိန်(UK) ၊ လန်ဒန်မြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက် မွေးနေ့ပွဲ အထိမ်းအမှတ်ဖြစ် သားဖြစ်သူ၊ မြေးဖြစ်သူများ နှင့်အတူ ပြည်ပရောက် မြန်မာတစ်ထောင်ဝန်းကျင်က တက်ရောက် ဂုဏ်ပြု ကျင်းပကြသည်။", "ဇွန်လ ၂၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ အဖြစ် UK ရောက် မြန်မာ မိသားစုများက ကျင်းပခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည် ၏ သားငယ် ကိုထိန်လင်း(Kim)နှင့် မြေးနှစ်ယောက်တို့ပါ တက် ရောက်ကြကာ မွေးနေ့ကိတ်ကို ခွဲပေးခဲ့ကြသည်။", "သားဖြစ်သူ ကိုထိန်လင်းက မွေးနေ့အမှတ်တရ စကားပြောကြားရာတွင် မိခင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသူ များအား လုံးကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထိုအခမ်းအနားသို့ UK နိုင်ငံ ဆိုင် ရာ NUG ကိုယ်စားလှယ်များဖြစ်ကြသော ဦးမောင်မောင်အောင်နှင့် ဒေါက်တာ သက်ကိုကိုတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/191409/
UK ရောက်မြန်မာတိုင်းရင်းသားများ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ
["UK ရောက်မြန်မာတိုင်းရင်းသားများ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ", "ရန်ကုန်၊နိုဝင်ဘာ ၁၀", "ယူကေရောက် မြန်မာတိုင်းရင်းသားများက လန်ဒန်မြို့ရှိ တရုတ်သံရုံး နှင့် မန်ချက်စတာမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတို့ ရှေ့၌ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် နိုဝင်ဘာလ ၉ ရက်နေ့က သွားရောက်ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြ မြန်မာတိုင်းရင်းသားများက ပြောသည်။", "တရုတ်အစိုးရက စစ်ကောင်စီကပြုလုပ်ရန်စီစဉ်နေသည့် ရွေးကောက်ပွဲကို ထောက်ခံအားပေးနေခြင်း၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဖိအားပေး အပစ်ရပ်ခိုင်းနေခြင်း နှင့် အထူးသဖြင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အား ကူမင်းမြို့သို့ဖိတ်ခေါ်ပြီး တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ပေးခဲ့ခြင်းများသည် မြန်မာပြည်သူတို့၏ ဆန္ဒကို မျက်ကွယ်ပြု ဆန့်ကျင်နေသဖြင့် ချက်ချင်း ရပ်တန့်ပေးရန်ရန်နှင့် တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင် းရေးကို ဝင်မစွက်ဖက်ရေး အပါအဝင် မြန်မာပြည်၏ အနာဂတ်ကို မြန်မာပြည်သူတို့ ကိုယ်တိုင်သာလျှင်ဆုံးဖြတ်ခွင့် ရှိကြောင်းလည်း ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။", "ယင်းအပြင် ပြည်သူ့ဆန္ဒဖြစ်သော နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားပြန်လွှတ်ပေးရန်စစ်ကောင်စီကို ဖိအားပေးခြင်း၊ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်မပြုရန်၊ ပြည်သူကို ရက်စက်စွာ သတ်ဖြတ်နေသော စစ်ကောင်စီအား လက်နက်နှင့် လေယာဉ်ဆီရောင်းချခြင်းများ မပြုလုပ်ရန်၊ ပြည်သူ့အစိုးရ NUG နှင့် ERO များနှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်တောင်းဆိုချက်များပါဝင်သော အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း စုပေါင်းလက်မှတ်ထိုး၍ ပေးပို့ခဲ့ကြကြောင်း ဆန္ဒပြ မြန်မာတိုင်းရင်းသားများက ပြောသည်။", "ယင်း အိတ်ဖွင့်ပေးစာတွင် ယူကေရောက်မြန်မာများအနေဖြင့် ပြည်တွင်းမှ ညီအစ်ကိုမောင်နှမများ၏ ဆန္ဒသဘောထားကို ထင်ဟပ်၍ ကိုယ်စားလာရောက်တောင်းဆိုပေးခြင်း ဖြစ်ကြောင်းလည်း ရေးသားထားကြောင်း သိရသည်။"]
https://yktnews.com/2023/07/112408/
UOB ဘဏ်မှ MAI လေကြောင်းလိုင်း၏ ဘဏ်စာရင်း၊ ဘဏ်အကောင့် ပိတ်သိမ်းခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု ထုတ်ပြန်၊ ထပ်မံ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာမည်ဟု ပြောဆို
["UOB ဘဏ်မှ MAI လေကြောင်းလိုင်း၏ ဘဏ်စာရင်း၊ ဘဏ်အကောင့် ပိတ်သိမ်းခြင်းကို ကြိုဆိုကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု ထုတ်ပြန်၊ ထပ်မံ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာမည်ဟု ပြောဆို", "ရန်ကုန်၊ ဇူလိုင် ၁၀", "စင်ကာပူနိုင်ငံအခြေစိုက် United Oversea Bank-UOB ဘဏ်မှ အကြမ်းဖက် စစ်တပ်နှင့် မိတ်ဖက်ဖြစ်သည့် Myanmar Airways International – MAI လေကြောင်းလိုင်း၏ နိုင်ငံခြား ဘဏ်စာရင်း၊ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်းကို ထောက်ခံကြိုဆိုကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ယနေ့ ဇူလိုင် ၁၀ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။", "UOB ဘဏ်အနေသည် MAI လေကြောင်းလိုင်း၏ UOB ဘဏ်အသုံးပြု ငွေပေးချေမှုများကို ဇူလိုင် ၃၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်ခွင့် မပြု​တော့ဘဲ ဘဏ်စာရင်းများ အားလုံးကိုလည်း ဩဂုတ်လ ၁၅ ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် သယ်ယူ ပို့ဆောင်ရေး/ ခရီးသွားကဏ္ဍမှ တဆင့် အကြမ်းဖက် စစ်အုပ်စုရရှိနေသော နိုင်ငံခြားငွေပမာဏ အများအပြားကို ရပ်တန့်ခြင်း သည် ပုံပေါ်လာပြီ ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို နေ့စဉ်နှင့်အမျှ နည်းမျိုးစုံဖြင့် မတရားညှင်းပန်းနှိပ်စက် သတ်ဖြတ်ရန်အတွက် အဓိကအားဖြင့် နိုင်ငံခြားငွေကြေးစီးဆင်းမှုကို အသုံးပြု၍ စစ်လက်နက်ပစ္စည်းများ၊ စစ်ထောက်ပံ့ရေး ပစ္စည်းများ၊ လောင်စာဆီများကို ဝယ်ယူနေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပတ်သက်၍ ပိတ်ဆို့မှုများ ထပ်မံ၍ ဖြစ်ပေါ်လာမည်ဖြစ်​ကြောင်း သိရသည်။", "“အခု ကျွန်တော်တို့ကတော့ ကြိုဆိုလိုက်တယ်။ ပြည်သူကိုလည်း တင်ပြချင်တာက ဒီပိတ်ဆို့မှုတွေက ထပ်လာမှာပါ။ ဒါကြောင့်မိုလို့ ပြည်သူအားလုံးပြင်ထားပါ။ ကျွန်တော်တို့ ပိတ်ဆို့နေရတဲ့အကြောင်းကလည်း မင်းအောင်လှိုင်တို့ ဗုံးကျဲနေတဲ့ ဗုံးတွေ ဝယ်လို့မရအောင်၊ ဗုံးကျဲနေတဲ့ လေယာဉ်ပျံတွေ ၊ ဆီတွေ ဝယ်လို့မရအောင် ကျွန်တော်တို့က တောင်းဆိုတာ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကို လွန်ခဲ့သော ၂ နှစ်ကနေ အစဉ်တစိုက်တောင်းဆိုခဲ့တာ အခု ပုံသဏ္ဍာန်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့သည် ပြည်သူ သက်သာအောင်လုပ်ခြင်းဖြစ်တယ်။ အခိုက်အတန့်အားဖြင့်တော့ အခက်အခဲဖြစ်မယ်။ သို့သော် မင်းအောင်လှိုင်ရဲ့ ဝင်ငွေဖြတ်တောက်ဖို့ လုပ်ငန်းလုပ်တာဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ဒါဟာ အစပဲ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ထပ်မံဖြည့်စွက်ချင်ပါတယ်” ဟု မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားငွေကြေး စီးဆင်းမှုများကို အရေးယူဆောင်ရွက်ရန် အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံအစိုးရမှ အုပ်ချုပ်ရေးအမိန့် ၁၄၀၁၄ (Executive order 14014) ကို ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဗဟိုဘဏ်နှင့် အမေရိကန်နိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စုမှ စုဆောင်းထားသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ပိတ်ဆို့ထားခြင်း၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့တွင် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေး အဖွဲ့ Financial Action Task Force – FATF မှ Black List သွင်းထားခြင်း၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်နိုင်ငံအစိုးရမှ ထပ်မံ၍ အုပ်ချုပ်ရေးအမိန့် ၁၄၀၁၄ (Executive order 14014) ကိုရည်ညွှန်း၍ အကြမ်းဖက်စစ်အုပ်စုပိုင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နယ်နိမိတ်ထိစပ် (Track 1.5 countries) အိမ်နီးချင်းနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများအနေနှင့် မြန်မာပြည်သူများကို နည်းမျိုးစုံဖြင့် မတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်တပ်၏ ဘဏ်အကောင့်များဖွင့်လှစ်ခြင်း၊ ငွေကြေးစီးဆင်းမှုများကို ခွင့်မပြုကြရန်၊ စစ်တပ်ကို ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ပါက (Secondary Sanctions) တပ်ဆင့်ခံ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခံရမည် ဖြစ်ပါကြောင်း မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/96891/
Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ
["Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ", "ရန်ကုန်၊ ဧပြီ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။", "” အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြုနိုင်ပါပြီ။ ဗုံးကျဲခံရတဲ့နေရာက ဆိုးဆိုး ရွား ရွား ဖြစ်သွားလို့ ဘယ်က ဘယ်လို စပြီး အလောင်းကောက် ရမှန်းမသိ တော့အောင်ပါပဲ” ဟု လက်ရှိ မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူ ပြည်သူတစ်ဦးက ဆိုသည်။", "“ကလေးငယ်တွေ အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေ လည်းများတယ်။ နောက်ပြီး တချို့ အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်း သူမှန်းတောင် မသိရတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "လက်ရှိတွင် လေယာဉ်ဖြင့် ဗုံးကျဲခံရသော နေရာသို့ ကျေးရွာသားတချို့ ရောက် ရှိ နေသော်လည်း အလောင်းကောက်ခြင်းနှင့် ကူညီရေး လုပ်ငန်းများ အနည်း ငယ်သာ လုပ်ဆောင်နိုင်ကြောင်း၊ ဒဏ်ရာရရှိထားသူ အများ အပြား လည်း ရှိနေပြီး ဆေးဝါးကုသမှုနှင့်ကူညီကယ်ဆယ်ရေး မလုပ်နိုင်သေးကြောင်း သိရှိရ သည်။", "(အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးရသော ပြည် သူ ၁၀၀ ကျော်၏ နောက်ဆုံး မြေပြင်အခြေအနေ ဓာတ်ပုံများကို ရန်ကုန် ခေတ် သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/111104တွင် တင်ပြ ထားပါသည်။)"]
https://yktnews.com/2024/04/155580/
Update News- စစ်ကောင်စီကိုယ်စားလှယ်များလိုက်ပါသော MNA ATR 72- 600 လေယာဉ် မဲဆောက်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညတွင်းချင်း ပြန် လည် ထွက်ခွာမည်
["Update News- စစ်ကောင်စီကိုယ်စားလှယ်များလိုက်ပါသော MNA ATR 72- 600 လေယာဉ် မဲဆောက်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညတွင်းချင်း ပြန် လည် ထွက်ခွာမည်", "ရန်ကုန်၊ ဧပြီ ၇", "အကြမ်းဖက် စစ်ကောင်စီကိုယ်စားလှယ်များလိုက်ပါသော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA ATR 72- 600 လေယာဉ်သည် မဲဆောက်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညတွင်းချင်း ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ယနေ့ညပိုင်း ရန်ကုန်လေဆိပ်မှ ည ၇ နာရီဝန်းကျင်အချိန် ထွက်ခွာခဲ့သော MNA ATR 72- 600 လေယာဉ်သည် မဲဆောက်လေဆိပ်သို့ မြန်မာစံတော်ချိန် ည ၈ နာရီဝန်းကျင်အချိန်တွင် ဆိုက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် ထိုင်းစစ်တပ် အပါအဝင် ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ပြီး မဲဆောက်တွင် အထိုင်ချ နေခဲ့ကြမည့်သူများ ကျန်ရစ်ကာ ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်ပိုင်းတချို့မှာ မဲဆောက်မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။", "” ရန်ကုန်-မဲဆောက် ပျံသန်းချိန်က ၁ နာရီပါ ။ အကြမ်းဖျဉ်းတော့ ည ၉ နာခွဲလောက် မဲဆောက်လေဆိပ်ကနေ ပြန်တက်ဖို့ လျာထားတယ်။ ဒါပေမယ့် ဟိုဘက်မှာ ဆွေးနွေးတာ ကြာရင်တော့ နောက်ကျနိုင်တယ်။ လျာထားတာကတော့ ရန်ကုန်လေဆိပ်ကို ည ၁၀ နာရီခွဲ ပြန်ရောက်လို့ လျာထားတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။", "ထိုင်းအာဏာပိုင်များက မဲဆောက်လေဆိပ် အဝင်အထွက်များကို ပိတ်ဆို့ထားပြီး မြန်မာစစ်ကောင်စီ၏ လေယာဉ်ကို အထူးလုံခြုံရေးပေးထားကြောင်း၊ ဆွေးနွေးမှုများတွင် စစ်ကောင်စီက လူနှင့် လက်နက်ပစ္စည်းများ သယ်ယူမည်ဟု အသိပေးထားကြောင်း သိရှိရသည်။", "လာမည့် ဧပြီလ ၈ ရက်နေ့မှစတင်ပြီး ဧပြီလ ၁၀ ရက်နေ့ နေ့စဉ် MNA လေ ယာဉ်များ က ရန်ကုန်-မဲဆောက် လေယာဉ်ခရီးစဉ်များ ပျံသန်းပြီး မြ၀တီမြို့တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ကယ်ဆယ်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယနေ့ ညပိုင်း မဲဆောက်လေဆိပ်အဝင်အထွက်ကို ထိုင်းအာဏာပိုင်များက ပိတ်ဆို့ထားစဉ်။"]
https://yktnews.com/2024/04/155574/
Update News- ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်တွင် စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 အတွက် ထိုင်းစစ်တပ်နှင့်ထိုင်းရဲတပ်ဖွဲ့က အထူးလုံခြုံရေးတိုးမြှင့်ယူပေးထား
["Update News- ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်တွင် စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 အတွက် ထိုင်းစစ်တပ်နှင့်ထိုင်းရဲတပ်ဖွဲ့က အထူးလုံခြုံရေးတိုးမြှင့်ယူပေးထား", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကောင်စီက စေလွှတ်လိုက်ပြီး လက်ရှိ မဲဆောက်လေဆိပ်တွင် ဆိုက်ရောက်နေသော မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ATR 72-600 လေယာဉ်ကို ထိုင်းစစ်တပ်နှင့် ထိုင်းရဲတပ်ဖွဲ့က လေယာဉ်ကွင်းအပြည့် လုံခြုံရေးယူပေးထားကြောင်း ထိုင်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ညပိုင်း၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသော စစ်ကောင်စီ၏ MNA လေယာဉ်သည် ယနေ့ည ထိုင်းစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မဲဆောက်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း၊ မြ၀တီတွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးကြမည့် စစ်ကောင်စီ ကိုယ်စားလှယ်တချို့လိုက်ပါသွားကြောင်း၊ ပိတ်မိနေသူများကို ကယ်ဆယ်ရေး ဧပြီလ ၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရှိရသည်။", "“လေယာဉ်က မနက်ကတည်းကသွားရမှာ။ အခု ညမှ ထွက်သွားတာ။ မနက်ဖြန်ကစပြီး ၃ ရက်ပျံသန်းမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။", "ထိုင်းနိုင်ငံအခြေစိုက် The Standard သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းအစိုးရနှင့် စစ်ကောင်စီတို့အကြား ညှိနှိုင်းချက်အရ စစ်ကောင်စီ၏ ATR 72- 600 လေယာဉ် ဆိုက်ရောက်ခွင့်ပြုလိုက်ပြီး ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။", "” မြန်မာစစ်ကောင်စီက နိုင်ငံခြားရေး ဝန်ကြီးဌာန လမ်းကြောင်းကနေ ထိုင်းအစိုးရနဲ့ ညှိနှိုင်းလာပါတယ်။ မြ၀တီဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရွှေ့ပြော်ငးဖို့ မြန်မာ စစ်တပ် လေယာဉ် ATR 72-600 ကို တာ့ခ်ခရိုင် မဲဆောက် လေဆိပ်မှာ ဆင်းခွင့်ပြု လိုက်ပြီ” ဟု ထိုင်းစစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ-မဲဆောက်လေဆိပ်တွင် ယနေ့ည ထိုင်းစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်အချိန် ဆိုက်ရောက်လာသော စစ်ကောင်စီ၏ MNA ATR 72-600 လေယာဉ်။"]
https://yktnews.com/2024/04/154976/
Update News- နေပြည်တော် အေလာလေတပ်စခန်းနှင့် စစ်ရုံးချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး အရာရှိနှင့်စစ်သည် ၁၅ ဦးဒဏ်ရာရရှိ
["Update News- နေပြည်တော် အေလာလေတပ်စခန်းနှင့် စစ်ရုံးချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး အရာရှိနှင့်စစ်သည် ၁၅ ဦးဒဏ်ရာရရှိ", "ရန်ကုန်၊ ဧပြီ ၄", "နေပြည်တော် အေလာလေတပ်စခန်းနှင့် စစ်ရုံးချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာ လေတပ်စခန်းအတွင်းသို့ ဒရုန်းများ ဝင်ရောက်လာပြီး နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုများကြောင့် အေလာလေတပ်အတွင်း စစ်သား ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း၊ စစ်ရုံးချုပ်အတွင်း ကျရောက်ပေါက်ကွဲမှုတွင် စစ်သည်နှင့်အရာရှိ ၁၁ ဦးဒဏ်ရာရရှိပြီး ခန်းမဆောင်၏ ခေါင်မိုး ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“အေလာလေတပ်စခန်းမှာ စစ်သား ၂ ဦးသေဆုံးတယ်။ အရာရှိနဲ့ စစ်သား ၄ ဦးဒဏ်ရာပြင်းထန်ပါတယ်။ စစ်ရုံးမှာတော့ အရာရှိ ၃ ဦးနဲ့ စစ်သည် ၈ ဦး ဒဏ်ရာရရှိပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် လူနှင့်အဆောက်အအုံထိခိုက်မှု မရှိဘဲ ဒရုန်းများကို ပစ်ချနိုင်ခဲ့ကြောင်း လိမ်လည် သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- နေပြည်တော်လေဆိပ်တွင် ကျရောက်ပေါက်ကွဲခဲ့သည့် PDF ဒရုန်းတစ်စီး။"]
https://yktnews.com/2024/11/191498/
Update News- မိထ္တီလာရှိ ရှမ်းတဲလေတပ်စခန်း အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ
["Update News- မိထ္တီလာရှိ ရှမ်းတဲလေတပ်စခန်း အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းအပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ယနေ့ နံနက်ပိုင်းရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ရှမ်းတဲလေတပ်သို့ ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခြားသော တပ်ရင်းစခန်းများဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်များပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။", "“ရှမ်းတဲလေတပ်အပြင် လေကြောင်းရန်ကာကွယ်ရေးတပ်၊ တပ်မ ၉၉ ၊ ကပစတပ်တွေလည်း အပစ်ခံရတယ်လို့ သိရတယ်။ ရှမ်းတဲလေတပ်ထဲကိုတော့ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲတာ အတည်ပြုလို့ရတယ်။ ထိခိုက်မှုဘယ်လောက်ရှိလဲ မသိရသေးဘူး” ဟု မိတ္တီလာ​ဒေသသတင်းရင်းမြစ်က ဆိုသည်။", "လတ်တလော မိထ္တီလာတွင် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားပြီး မိတ္တီလာမြို့နယ် ပတ်ဝန်းကျင်မှ ကျေးရွာများမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုး စီးနင်းခံရမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြကြောင်း ယင်းဒေသမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ပစ်သွားတာကတော့ မြို့ပြင်တွေကနေ ပစ်သွားတာလို့ ယူဆနေကြတယ်။ မြို့ပြင်ဘက်က ရွာတွေကို ရမယ်ရှာ စစ်ကြောင်းထိုးလာမှာ ကြောက်နေရတယ်” ဟု မိတ္တီလာမြို့နယ်မှ ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မိတ္တီလာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းလှည့်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/02/205360/
Update News- မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု အလောင်း ၁၀ လောင်းရရှိထားပြီး ကျန်ရှိအလောင်းများကို ဆက်ရှာရန် ခက်ခဲနေ၊ သတို့သားနှင့်သတို့သမီး ထိခိုက်မှု ရှိ၊ မရှိ မသိရသေး
["Update News- မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု အလောင်း ၁၀ လောင်းရရှိထားပြီး ကျန်ရှိအလောင်းများကို ဆက်ရှာရန် ခက်ခဲနေ၊သတို့သားနှင့်သတို့သမီး ထိခိုက်မှု ရှိ၊ မရှိ မသိရသေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်၊ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ လက်ရှိအချိန် အလောင်း ၁၀ လောင်းရရှိထားပြီး ကျန်ရှိအလောင်းများကို ဆက်လက်ရှာရန် လေယာဉ်အန္တရာယ်ရှိနေ၍ အလုပ်မတွင်ကျယ်သေးကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသ၊ ဆုံ ကုန်းရွာ ဘုန်း ကြီးကျောင်း၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်တည့် တည့်ကျ ရောက် ပေါက်ကွဲခဲ့ပြီး မင်္ဂလာဆောင် ထမင်းချက်နေသောပြည်သူများအပါအဝင် ပြည်သူ အမြောက်အများ သေဆုံးမှုရှိကြောင်း သိရသည်။", "“ဗုံးကျတာကတော့ ထမင်းချက်တဲ့နေရာမှာပဲ။ ပွဲချင်းပြီး နေရာတင်ဆုံးတာက အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁ ဦး။ တခြားနေရာကတော့ ရှာနေတုန်းပဲ။ လေယာဉ်က ကြောက်နေရသေး။ သေဆုံးသူအရေအတွက်ကတော့ ၂၀ နားနီးမယ်ထင်တယ်။ မင်္ဂလာဆောင်ကလည်း စီစဉ်ထားတာကြာပါပြီ။ ရက်ရွေးပြီးတော့ လုပ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မင်္ဂလာ သတို့သားနဲ့ သတို့ သမီး လွတ်လားမလွတ်လားလည်း မသိရသေးဘူး။ အကုန်ရှုပ်နေတော့ ” ဟု မြိုင်ပကဖတာဝန်ရှိသူကရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်နေမှုကြောင့် ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း အန္တရယ်ကို သတိထားကြရန်နှင့်လူစုလူဝေးမလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက် တွန်းထားသည်။"]
https://yktnews.com/2024/09/182558/
Update News- ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေ၊ လေတပ်အသီးသီးမှ ယနေ့ ပျံသန်းရမည့် လေယာဉ် စာရင်း များပြားနေပြီး ရန်နိုင်မင်း စစ်ဆင်ရေး ဆောင်ရွက်နေဟုဆို
["Update News- ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေ၊ လေတပ်အသီးသီးမှ ယနေ့ ပျံသန်းရမည့် လေယာဉ် စာရင်း များပြားနေပြီး ရန်နိုင်မင်း စစ်ဆင်ရေး ဆောင်ရွက်နေဟုဆို", "ရန်ကုန်၊ စက်တင်ဘာ ၉", "အကြမ်းဖက်စစ်ကောင်စီက ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး နေ့အချိန်နှင့် ညအချိန်တွင်ပါ လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဒီနေ့ လေတပ်အသီးသီးက ပျံသန်းမယ့် အတက် တိုက်လေယာဉ် List တွေ များနေတယ်။ ရန်နိုင်မင်း စစ်ဆင်ရေးအောက်မှာ ပျံသန်းကြမှာ။ လေယာဉ်အတက်များတာက ဗုံးကျဲမှုတွေ များနိုင်တဲ့သဘောပါ။ ဒီနေ့ တစ်နေ့လုံး ၊တစ်ရက်လုံး၊ တစ်ညလုံး လွတ်မြောက်နယ်မြေဘက်တွေ သတိထားရမယ်ထင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး) က ပြောဆိုသည်။", "ယနေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို င် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခြင်းဖြစ်ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လတ်တလော ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“ရပ်ကွက် ၁ ၊ ဗျူဟာလမ်းနဲ့ တိုင်းရုံးဘက်လို့ ပြောတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အကုန်လုံး ထွက်ပြေးနေရတယ်။ အဆောက်အအုံတွေ ပြိုကုန်တယ်။ ကားတွေလည်း ထိကုန်တယ်။ လေယာဉ်က ဝဲနေတုန်းပဲ။ ဗုံး ၂ လုံးကျဲပြီးသွားတာတောင် ထပ်ဝဲနေတယ်” ဟု လားရှိုးဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "ယနေ့ နံနက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ တတိယအကြိမ်ဗုံးကျဲမှုဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက “ရန်နိုင်မင်း စစ်ဆင်ရေး” အမည်ဖြင့် ဆုံးရှုံးထားသော နယ်မြေများအားလုံးကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးတစ်ရပ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်လိုက်ပြီး ယင်းစစ်ဆင်ရေးမှာ နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကို အချိန်မရွေး ဆောင်ရွက်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုထားသည်။", "ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် Su 30 အမျိုးအစား တိုက်လေယာဉ် သစ်ကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/12/135082/
Update News- ရန်ကုန်၊ မြို့နယ်အချို့တွင် ကားလမ်းပေါ် တာယာ မီးရှို့ ဆန္ဒပြ၊ တာမွေတွင် စစ်တပ်က ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦး ကျဆုံးပြီး တချို့ အဖမ်းခံရဟု သပိတ်အင်အားစု ဘက်က အတည်ပြု
["Update News- ရန်ကုန်၊ မြို့နယ်အချို့တွင် ကားလမ်းပေါ် တာယာ မီးရှို့ ဆန္ဒပြ၊ တာမွေတွင် စစ်တပ်က ပစ်ခတ်၍ ဆန္ဒပြလူငယ် ၂ ဦး ကျဆုံးပြီး တချို့ အဖမ်းခံရဟု သပိတ်အင်အားစု ဘက်က အတည်ပြု", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ရန်ကုန်၊ မြို့နယ်တချို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကားလမ်းပေါ် တာ ယာ မီးရှို့ဆန္ဒပြကြပြီး တာမွေမြို့နယ်၊ သီတာလမ်းထိပ် ဆန္ဒပြပွဲတွင် ဆန္ဒပြ လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သဖြင့် ကျဆုံးကာ သပိတ်အဖွဲ့ဝင်လူငယ်တချို့ အဖမ်းခံရကြောင်း ရန်ကုန်မြို့ရှိ သပိတ်အင်အားစုက အတည်ပြုပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၈ရက်နေ့ ညနေပိုင်းအချိန်၌ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် ကားလမ်းမများပေါ်တွင် တာယာကွင်းများ မီးရှို့ ဆန္ဒပြခဲ့ကြကြောင်း၊ အဆိုပါလှုပ်ရှားမှုကို ရန်ကုန်မြို့ပြ တော်လှန်ရေးအင်အားစုများက စုပေါင်းချိတ်ဆက် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွဲအမှားများကြောင့်ဖြစ်ပေါ်လာသော ကုန်စျေးနှုန်းကြီးမြင့်မှု၊ လောင်စာဆီ စျေးနှုန်း မြင့်တက်လာမှုနှင့် လုံလောက်စွာ မရရှိမှု စသော ပြည်သူလူထု ခံစားနေရသော အထွေထွေအကျပ်အတည်းများကို ရည်ရွယ်၍ လူထုနှင့်အတူ လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေးတိုက်ပွဲအတွင်းတွင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် တိုက်ပွဲမမျှော်ဘဲ မိမိတို့ကိုယ်တိုင် တိုက်ပွဲခေါ်ကြရန် အသင့်ပြင်ဆင်ထားနိုင်စေရေး တပ်လှန့်နှိုးဆော်သည့်အနေဖြင့် ယခုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ရန်ကုန်မြို့နယ်များတွင် ယနေ့ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး တာယာကွင်း မီးရှို့ ဆန္ဒပြ လှုပ်ရှားမှုတွင် တာမွေမြို့နယ်၊ သီတာလမ်းထိပ် တာယာကွင်းမီးရှို့ဆန္ဒပြကြသည့် လူငယ်နှစ်ဦးကို အရပ်၀တ်စစ်သား များက သေနတ်ဖြင့် အသေပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး လူငယ်အဖွဲ့ဝင်အချို့ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရကြောင်း သပိတ်ကွန်ရက်အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“တာမွေက ကျနော်တို့ ရဲဘော်တွေအားလုံးနဲ့ လုံး၀ အဆက်အသွယ်မရတော့ဘူး” ဟု သပိတ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "လူထုလွတ်မြောက်ရေးတိုက်ပွဲကြီးတွင် ပါဝင်တိုက်ပွဲဝင်ရင်းကျဆုံးသွားသော ရဲဘော် နှစ်ဦးကို အလေးပြု ဦးညွှတ်ရင်း လူထုတရပ်လုံးအနေဖြင့်လည်း လှည်းနေလှည်းအောင် မြင်းဇောင်းမကျန် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်ရေး နည်းလမ်းပေါင်းစုံသုံး၍ တိုက်ပွဲဝင်ကြရန်လည်း သပိတ်အင်အားစုများက နှိုးဆော်တိုက်တွန်းထားသည်။", "ဓာတ်ပုံ- ယနေ့ညပိုင်း ရန်ကုန်တွင် လူငယ်တချို့က တာယာမီးရှို့၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြစဉ်။"]
https://yktnews.com/2024/04/157124/
Update News- ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ၊ လူနာတင်ကားနဲ့ စစ်ကားတွေ မြို့ထဲမှာ သွားလာနေ
["Update News- ရှော့တိုက်ဒုံး အလုံး ၂၀ ထက်မနည်း ပစ်ခတ်မှု ဖြစ်ပေါ်နေသော ပြင်ဦးလွင်တွင် အပြန်အလှန် ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်နေ၊ လူနာတင်ကားနဲ့ စစ်ကားတွေ မြို့ထဲမှာ သွားလာနေ", "ရန်ကုန်၊ ဧပြီ ၁၄", "မန္တလေးတိုင်း၊ ပြင်ဦးလွင်မှာ ဒီနေ့ည ၉ နာရီ ၁၇ မိနစ်ကစတင်ပြီး ရှော့တိုက်ဒုံးပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အခု သတင်းရေးသား ဖော်ပြနေတဲ့အချိန်အထိ အပြန်အလှန် ပစ်ခတ်မှု တွေဖြစ်နေပါတယ်။", "ရှော့တိုက်ဒုံးတွေက ပထမမူလက DSA ကျောင်းကို ဦးတည်ပစ်ခတ်ခဲ့ပြီးနောက်မှာတော့ အကြမ်းဖက်မင်းအောင်လှိုင် တည်းခိုနေနိုင်တဲ့ ကန်တော်ကြီးဘေးနားက စစ်တပ်နဲ့ပတ်သက်တဲ့ အဆောက်အုံဘက်တွေမှာလည်း ပစ်ခတ်မှုတွေကြောင့် ပေါက်ကွဲမှုတွေဖြစ်နေပါတယ်။", "ဒီည ၉ နာရီ ၄၅ မိနစ်လောက်မှာတော့ စစ်ကားတွေ ပြင်ဦးလွင် တပ်တွေထဲက စစ်ကားတွေ သံချပ်ကာကားတွေ ထွက်လာပြီး ပြင်ဦးလွင်မြို့တစ်ခုလုံးကိုလည်း မီးဖြတ်လိုက်ပါတယ်။", "ရှော့တိုက်ဒုံးပစ်ခတ်မှုတွေက ဒီည ၁၀နာရီကျော်အထိ ဆက်လက်ပစ်ခတ်နေပြီး စစ်တပ်ကလည်း သေနတ်တွေနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်နေပါတယ်။", "ပြင်ဦးလွင် စစ်တက္ကသိုလ်အတွင်းမှာတော့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲတာကြောင့် သင်တန်းသား စစ်သားတွေ ပြေးကြ လွှားကြ၊ လက်နက်တွေ ထစွဲကြနဲ့ ကမ္ဘာပျက်နေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။", "ရန်ကုန်ခေတ်သစ်က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဒီ ည ၉ နာရီ ၁၇ မိနစ်မှာ ရှော့တိုက်ဒုံး ၃ လုံး၊ ၉ နာရီ ၁၉ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၉ နာရီ ၂၇ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး ၊ ၉ နာရီ ၃၂ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ၉ နာရီ ၄၂ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ၉ နာရီ ၄၅ မိနစ်မှာတော့ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ်ပါတယ်။", "ဒါ့အပြင် ၉ နာရီ ၄၇ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ၉ နာရီ ၄၈ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး၊ ည ၁၀ နာရီမှာ ရှော့တိုက်ဒုံး ၃ လုံး ၊ ည ၁၀ နာရီ ၄ မိနစ်မှာ ရှော့တိုက်ဒုံး ၄ လုံး၊ ည ၁၀ နာရီ ၈ မိနစ်မှာ ရှော့တိုက်ဒုံး ၂ လုံး စုစုပေါင်း ရှော့တိုက်ဒုံး အလုံး ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။", "ပြင်ဦးလွင် နန်းမြိုင်ဟိုတယ်ထဲမှာ ဂီတပွဲလုပ်နေတာတွေလည်း ရှော့တိုက်ဒုံး ပစ်ခတ်မှုတွေကြောင့် ရုတ် ရုတ်သဲသဲနဲ့ လူစုကွဲပြီး ပြေးကြ လွှားကြ ရှိုးပွဲပါ ရပ်ဆိုင်းသွားပါတယ်။", "လက်ရှိ သိရတာကတော့ ပြင်ဦးလွင်မြို့ပေါ်မှာ လူနာတင်ကားတချို့နဲ့ စစ်ကားတချို့ သွားလာနေတယ်လို့ သိရပါတယ်။", "အခုသတင်းရေးသားဖော်ပြနေတဲ့အချိန်အထိ ပြင်ဦးလွင်မှာ သေနတ်သံတွေ ဆက် တိုက်ကြားနေရပြီး သင်္ကြန်ကာလ ပြင်ဦးလွင်မှာ ရောက်ရှိ အနားယူနေတဲ့ မင်းအောင်လှိုင်တော့ ကျည်ကာဝတ်ပြီး ဘန်ကာထဲ ဝင်ပုန်းနေလောက်ပြီလို့ ပြင်ဦးလွင်ပြည်သူတွေက ပြောဆိုနေကြပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ရှော့တိုက်ဒုံး #ပြင်ဦးလွင်#လူနာတင်ကားနဲ့ စစ်ကား"]
https://yktnews.com/2024/09/182569/
Update News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ လေယာဉ်ဖြင့် ဗုံးကျဲမှု အနည်းဆုံး အရပ်သား ၁၂ ဦးဒဏ်ရာရရှိပြီး ဆုံးရှုံးမှုနှင့်အသေအပျောက် ဆက် လက် အသိပေးမည်ဟု MNDAA က သတင်းထုတ်ပြန်
["Update News- လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ လေယာဉ်ဖြင့် ဗုံးကျဲမှု အနည်းဆုံး အရပ်သား ၁၂ ဦးဒဏ်ရာရရှိပြီး ဆုံးရှုံးမှုနှင့်အသေအပျောက် ဆက် လက် အသိပေးမည်ဟု MNDAA က သတင်းထုတ်ပြန်", "ရန်ကုန်၊ စက်တင်ဘာ ၉", "အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အနည်းဆုံးအရပ်သား ၁၂ ဦးဒဏ်ရာရရှိပြီး ဆုံးရှုံးမှုနှင့်အသေအပျောက် ဆက်လက် အသိပေးမည်ဟု MNDAA က သတင်းထုတ်ပြန်သည်။", "ယနေ့စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်ဖွဲ့က လားရှိုးမြို့ လူနေရပ်ကွက်များသို့ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဗုံးများသည် လားရှိုး ရပ်ကွက် ၁ တွင် ဗုံး ၂ လုံး ကျရောက်ခဲ့ကြောင်း သိရှိရသည်။", "ကနဦး သတင်းအရ ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၁၂ ဦး ဒဏ် ရာ ရခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အတိအကျ ဆုံးရှုံးမှုနှင့် အသေအပျောက်များကို ထပ်မံအသိပေးမည်ဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "လားရှိုးမြို့ကို ယနေ့ နံနက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ တတိယအကြိမ်ဗုံးကျဲမှုဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ် ဆောင် ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85272/
Update News- ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု
["Update News- ဟုမ္မလင်းတွင် PDF က ပစ်ချလိုက်သော စစ်ကောင် စီ ရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက်ပို့ ရဟတ်ယာဉ် ဖြစ် ကြောင်း မြေပြင်တပ်ဖွဲ့အတည်ပြု", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင် PDF တပ်များက ပစ်ချလိုက်သော စစ်ကောင်စီရဟတ်ယာဉ်မှာ ရုရှား Mi 17 အမျိုးအစား ထောက် ပို့ ရဟတ်ယာဉ်ဖြစ်ကြောင်း HPDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေး မြို့သစ်တွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ရွှေပြည်အေး မြို့သစ်ကို PDF တပ်များက ထိန်းချုပ်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားပြီး ယနေ့တွင် Mi17 ထောက်ပို့ ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ရဟတ်ယာဉ် ပစ်ချတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ရဟတ်ယာဉ် အမျိုးအစားက Mi 17 အမျိုးအစားဖြစ်ပါတယ်။ ပစ်တဲ့ လက်နက်ကိုတော့ ကျနော်တို့ ပြောပြလို့ရမပါဘူး။ ရဟတ်ယာဉ် ပျက်ကျအောင် ပစ်ချနိုင်ခဲ့တာကိုတော့ Confirm ပေးနိုင်ပါတယ်။ အခု ရွှေပြည်အေးမြို့သစ်ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားပါတယ်” ဟု HPDF မိုးကြိုးမှ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။", "ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားသည်။", "ဟုမ္မလင်း၊ ရွှေပြည်အေးမြို့သစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊HPDF-124 ၊ HPDF၊HPDF မိုးကြိုး အပါအဝင် မဟာမိတ် တပ်ပေါင်းစုများက စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်း ဖြစ် သည်။", "ဓာတ်ပုံ- စစ်တပ်၏ Mi 17 ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ်။"]
https://yktnews.com/2023/10/128228/
Update – ချင်းရွှေဟော် ဖောင်ဆိပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး မြို့ထဲတွင် ပြည်သူများကို ဘေးကင်းရာ ရွှေ့ပြောင်းနေ
["Update – ချင်းရွှေဟော် ဖောင်ဆိပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး မြို့ထဲတွင် ပြည်သူများကို ဘေးကင်းရာ ရွှေ့ပြောင်းနေ", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့အနီးရှိ စစ်ကောင်စီ ဖောင်ဆိပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ချင်းရွှေဟော်မြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "“ချင်းရွှေဟော်ဖောင်ဆိပ်စခန်းကိုတော့ သိမ်းလိုက်ပြီ။ အကုန်သိမ်းလိုက်တာ။ စစ်ခွေးတွေ သေတာများတယ်။ မြို့ထဲမှာ ပစ်ခတ်မှု တချို့ဖြစ်နေတယ်။", "ချင်းရွှေဟော်မြို့က ပြည်သူတွေက ဝ ပြည် နမ့်တစ်မြို့ဘက်ကို ပြေးနေကြတယ်။ ချင်းရွှေဟော် ဖောင်ဆိပ်စခန်းက ချင်းရွှေဟော်မြို့နဲ့ဆိုရင် ၄ မိုင်လောက်ပဲ ဝေးတယ်” ဟု‌ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ချင်းရွှေဟော်မြို့ထဲတွင်လည်း ပစ်ခတ်မှုများ ယခု သတင်းရေးသားအချိန်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ချင်းရွှေဟော် ဖောင်ဆိပ်စခန်းတွင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။"]
https://yktnews.com/2024/06/166640/
VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေပြီး မကြာမီ အတည်ပြု ကြေညာရန်ရှိနေ
["VPN အသုံးပြုသူများကို ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ ချမှတ်နိုင်သော ဥပဒေကြမ်း စစ်ကောင်စီက ရေးဆွဲနေပြီး မကြာမီ အတည်ပြု ကြေညာရန်ရှိနေ", "ရန်ကုန်၊ ဇွန် ၉", "အကြမ်းဖက်စစ်ကောင်စီက VPN အသုံးပြုသူများကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိချမှတ်နိုင်သော ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး မကြာမီ အတည်ပြု ကြေညာရန် ရှိနေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက မေလ ၃၀ ရက်နေ့မှစတင်ပြီး VPN များကို အသုံးမပြုနိုင်ရန် Secure Web Gateway ဖြင့် ပိတ်ပင်လိုက်ကြောင်း၊ သို့ရာတွင် VPN များအားလုံးကို မပိတ်နိုင်ဘဲ ပြည်သူများက Facebook ကို ဆက် လက် အသုံးပြုနေကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲပြီး VPN များအသုံးပြုလျှင် ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိလည်းကောင်း၊ ငွေဒဏ်ကိုလည်းကောင်း ချမှတ်နိုင်သော ဥပဒေကို မကြာမီအတည်ပြုကြေညာရန် ရှိနေကြောင်း သိရှိရသည်။", "” Secure Web Gatewayနဲ့ VPN တွေ ပိတ်ပင်ပေမယ့်လည်း ပြည်သူတွေက Facebook ဆက်သုံးနေတုန်းပဲလေ။ အဲဒါကို ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်း ထုတ်ပြီး ထပ်ပြီး အရေးယူဖို့ လုပ်နေတယ်။ ဖေ့ဘုတ်စ်ကို ခိုးသုံးရမယ့် အခြေအနေ ဖြစ်လာတော့မယ်။ VPN ပိတ်လိုက်တော့ Facebook Live Sale တွေ တအားကျသွားပြီးတော့ ပြည်သူတွေ ဒုက္ခရောက်ကြတယ်။ စီးပွားရေးတွေလည်း လုပ်မရတော့တာမျိုးတွေ ဖြစ်နေတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံမတည်မငြိမ် ဖြစ်နေမှုသည် Facebook ကြောင့်ဟုဆိုကာ ပိတ်ပင်ရန် ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2022/06/22614/
ပြန်ပေးဆွဲခံ ပညာရေးဝန်ထမ်း ၂ ဦး ဘင်္ဂလားဒေ့ရ်ှ နယ်စပ် တစ်နေရာတွင် လွှဲပြောင်းပေး၊ ကျပ်သိန်း ၁၀၀၀ နှင့် ညှိနှိုင်းမှု အဆင်ပြေ
["Western News-ဇွန် ၂၃ ရက်", "ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ပညာရေးဝန်ထမ်းနှစ်ဦးကို ၁ ပတ်ကြာ ပြန်ပေးဆွဲခဲ့သည့် အဖွဲ့က ဇွန် ၂၂ ရက်နေ့ ည ၁၁ နာရီ ကျော်ခန့်တွင် ဘင်္ဂလား ဒေ့ရှ် နယ်စပ်တစ်နေရာတွင် လွှဲပြောင်းပေးခဲ့ပြီး ပြန်ပေးဆွဲသမားများက တောင်း သည့် ငွေကိုလည်းညှိနှိုင်းပေးခဲ့ရကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။ယင်းပညာရေးဝန်ထမ်း နှစ်ဦးသည် ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးခံရပြီး ၇ ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာကာ ပြန်ပေးဆွဲသမားနှင့် ကနဦး ညှိနှိုင်းချက်အရ ဘင်္ဂလားဒါကငွေ သိန်း(၅၀)နှင့် ညီမျှသော မြန်မာငွေ သိန်း (၁၀၀၀) ကျပ်အား လွှဲပေးရန် မြို့နယ် ပညရေးမှူးကို ဖုန်းဆက် အကြောင်း ခဲ့ကြောင်း သိရသည်။မောင်တောမြို့နယ် သင်္ဘောလှကျေးရွာကကျောင်းအုပ်ဆရာကြီး ဘိုဝင်းနှင့် လက်ထောက်ဆရာမ ဥမ္မာကျော်တို့အား ပြန်ပေးဆွဲသမားများက ဘင်္ဂလား ဒေ့ရှ် နယ်စပ်တစ်နေရာတွင်ဖြစ်သည့် ခြံချောင်း (ရခိုင်)ရွာတွင် လွှဲပေးခဲ့ကြောင်း မောင်တောမြို့နယ်ပညာ‌ရေးမှူး ဦးအောင်စံကျော်မှ Western News ကို ပြောသည်။“သူတို့နှစ်ဦးကို မနေ့က ၁၁ နာရီကျော် ၁၂ နာရီလောက်မှာ လွှတ်ပေးတယ် ဆိုပြီးတော့ အဲ့ဒီဆရာ၊ ဆရာမဆီက ကျနော်ဆီကို ဖုန်းလာပါတယ်။ အခုက သူတို့ လောလောဆယ် ခြံချောင်း (ရခိုင်) အဲ့ဒီရွာကိုအခုရောက်နေတယ်။ သူတို့နှစ်ယောက်လုံး ကျန်းမာရေး အခြေအနေလည်း ကောင်းပါ တယ်”ဟုပြော သည်။၎င်းတို့နှစ်ယောက်ရှိသည့်နေရာကို တာဝန်ရှိသူများက သွားရောက်ခေါ်ဆောင် ရန် ပြင်ဆင်နေပြီး တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်ကြောင်း မောင်တောမြို့နယ် ပညာ‌ရေးမှူး ဦးအောင်စံကျော်မှ Western News ကိုပြောသည်။ပြန်ပေးဆွဲသမားတို့၏ ကနဦးနှစ်ဖက် ညှိနှိုင်းထားသည် မြန်မာငွေ သိန်း (၁၀၀၀) ဒါကာငွေ သိန်း ၅၀နှင့် ပြေလည်သွားသော်လည်း ပညာရေးဝန်ထမ်း နှစ်ဦးကို မည်သည့်အဖွဲ့က ဖမ်းဆီးသည်ဆိုသည်ကို ထုတ်ဖော်ပြောဆို ခြင်းမရှိကြောင်း ပညာ‌ရေးမှူး ဦးအောင်စံကျော်မှ ဆက်ပြောသည်။အဆိုပါ ပညာရေးဝန်ထမ်း နှစ်ဦးကို မြို့နယ်ပညာရေးမှူးက ကျောင်းစစ်ရန်ဟု ရုံးကိုဆင့်ခေါ်သောကြောင့် ဇွန်လ ၁၆ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် မောင် တောမြို့သို့ သွားကြစဥ့် ဇီးပင်ချောင်းကျေးရွာ အနီးတွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ပြန်ပေးဆွဲ ဖမ်းဆီးသွားခြင်းဖြစ်သည်။အဆိုပါ ပညာရေးဝန်ထမ်း နှစ်ဦးဖမ်းဆီးခံခဲရသောကြောင့် မောင်တောမြို့နယ် က ပညာရေးဝန်ထမ်းများ ကျောင်းမတက်သပိတ် ပြုလုပ်ခဲ့ကြပြီး ပညာရေး ဝန်ထမ်း များ အား ကျောင်းပြန်တက်ရန် ဖိအားပေးမှုတွေရှိခဲ့သည်ဟု ပညာရေး ဝန်ထမ်းများကပြောသည်။အဆိုပါပညာရေးဝန်ထမ်းနှစ်ဦးကို ARSA အဖွဲ့က ပြန်ပေးဆွဲသွားခြင်းဖြစ် ကြောင်း ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆို ထား သော်လည်း ၎င်းတို့လက်ချက်မဟုတ်ဟု ARSA အဖွဲ့က ငြင်းဆိုထားသည်။ဓာတ်ပုံ-အောင်ကျော်မင်း(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။ )"]
https://yktnews.com/2022/06/22417/
ကျောက်တော်မြို့မရဲစခန်းမှ ဘီယာသောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA ဖမ်းဆီး
["Western News-ဇွန်၂၀ ရက်နေ့", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန် ၂၀ ရက်နေ့ ည ၆ နာရီ ဝန်းကျင်လောက်က ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက် တော် မြို့ခံမျက်မြင်သက်သေများက Western News ကိုပြောသည်။ကျောက်တော်မြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ကို မြို့မရဲစခန်းရှေ့တွင် ဘီယာသောက်နေသည်အချိန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျောက်တော်မြို့ခံ မျက်မြင်တစ်ဦးက Western News ကို ပြောသည်။“အဲ့ဒီမှာ ရဲတပ်သား သုံးယောက်ဖမ်းသွားတာဗျ။ ကျနော်သိရသလောကတော့ ရဲအုပ်တစ်ယောက်ရယ်၊ ပြီးတော့ ရဲတပ်သား ၂ ယောက်ရယ် ဖမ်းသွားတာ။ မြို့မစခန်းရှေ့က ဆိုင်မှာဖမ်းသွားတာပါ။ ဘီယာသောက်နေတဲ့အချိန်မှာ ဖမ်းသွားတာဗျ”ဟုပြောသည်။Western News သတင်းဌာနက ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင်များ၏ အမည်နှင့် နေရပ်လိပ်စာများကို စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံ ဖော်ပြပေးသွားမည်ဖြစ်သည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် မြောက်ဦးမြို့နယ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယခုတစ်ပတ်အတွင်း ၄ ဦးထက်မနည်း ရက္ခိုင့်တပ်တော်က AA က ဖမ်းဆီးခဲ့သည်။ကျောက်တော်မြို့အခြေစိုက်စကခ ၉ က စစ်ကောင်စီတပ်သား၂ ဦးကို AA ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်အင်အား ၁၂၀ခန့် မြို့အတွင်း ဝင်ရောက်မွှေနှောက်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ချို့ကို ဖမ်းယူစစ်ဆေးမှုများရှိခဲ့သည်။အလားတူပုဏ္ဏားကျွန်းတွင် ဇွန် ၁၆ ရက်နေ့က ဆောက်လုပ်ရေး ပစ္စည်းများဝယ်ရန်လာသည့် စစ်ကောင်စီတပ်သား ၁ ဦးကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးနောက်ပိုင်းတွင် စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့ခံ ၁၂ ဦးထက် မနည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။ယင်းအပြင် ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့အတွင်း ဝင်ရောက်ကာသေနတ် ပစ်ဖောက်ခြင်းများပြုလုပ်ခဲ့ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။စစ်ကောင်စီတပ်သားများက AAတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့၍ စစ်ကောင်စီတပ်သားများကိုလည်း ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဇွန်လ ၁၄ ရက်နေ့ကပြုလုပ်သည့် ULA/AA ၏ သတင်း စာရှင်း လင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2022/05/20410/
ပလက်ဝတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေ
["Western News-မေ ၂၆", "ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက် ၁၀ နာကျော်ခန့်မှ စတင်ကာ တိုက်ပွဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။တိုက်ပွဲမှာ ပလက်ဝမြို့နယ်ရှိ အဘောင်သားကျေးရွာအနီးတွင် ဖြစ်နေခြင်းဖြစ်သည်ဟု သိရသည်။“ဒီနေ့မနက် ၁၀ နာရီလောက်က စပြီး နှစ်ဖက် ပစ်ခံသံတွေ ကြားနေရတာပါ။ တိုက်ပွဲဖြစ်တယ်လို့ ယူဆရပါတယ်။ လက်နက်ကြီးသံတွေရော့ လက်နက်ငယ်သံတွေပါ အဆက်မပြတ်ကြားနေရတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။စစ်ကောင်စီတပ်ရင်း ၂၈၉ ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။တိုက်ပွဲ ဖြစ်ပွားသည့် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော် တပ်စခန်းများ အခြေစိုက်၍ ရှိသလို စစ်ကောင်စီတပ်များလည်း အခြေစိုက်၍ ရှိကြောင်း ဒေသခံများ အဆိုအရသိရသည်။မေလ ၂၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တင်းမာမှုရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ရက္ခိုင့်တပ်တော် ပြန်ကြားရေးအား ဆက်သွယ်ရန် ကြိုးစားလျက်ရှိသည်။(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/12/136825/
Youths for Community-YfC Myaung က ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံ အသိပညာပေးဆွေး နွေးစကားဝိုင်း ပြုလုပ်
["Youths for Community-YfC Myaung က ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံ အသိပညာပေးဆွေး နွေးစကားဝိုင်း ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "Youths for Community-YfC Myaung က ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံ အသိပညာပေးဆွေး နွေးစကားဝိုင်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၀၀ ကျော် တစ်ရောက်ခဲ့ကြောင်း ၊ တက်ရောက်သူများအတွက် မေတ္တာလက်ဆောင် အနေဖြင့် မြောင်လူငယ်ကွန်ရက်မှ တစ်ဦးလျှင် ကြက်ဥ ၅ လုံး၊ ခေါက်ဆွဲ တစ်ထုတ် တို့ကို မျှဝေပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123122/
kNU မူးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ
["kNU မူးမြို့နယ်တွင် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "KNU မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီထံမှ သိရသည်။", "ဩဂုတ်လ ၃၁ ရက်နေ့မှ စ၍ စက်တင်ဘာလ ၁၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်၏ လေတပ် အပါအဝင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ အမြောက်တပ်နှင့် ကြည်းတပ်များက အင်အားအလုံးအရင်းဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်၊ လက်နက်ကြီးများဖြင့် ကျေးရွားများအတွင်း ပစ်ခတ်မှု ၄၅၁ ကြိမ်တို့ ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် ဖျက်ဆီးမီးရှို့ပြီး ရွာအတွင်းမိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ၃ ဦးကို ဖမ်းဆီးသွားကြောင်း၊ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၁၃၈၇ ဦး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "ပြည်သူလူထုအပေါ် အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပြီး ဤလုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် တောင်းဆိုကြောင်း၊ စစ်ဘေးရှောင် ပြည်သူများကို လုံခြုံမှုနှင့်စားဝတ်နေရေး၊ ပညာရေး ၊ ကျန်းမာရေး စသည့် လိုအပ်သော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများအား တောင်းဆိုကြောင်းနှင့် နိုင်ငံတကာ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက စစ်တပ်၏ ပြည်သူကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်တန့်ပြီး၊ ပြန်လည်ရုပ်သိမ်းရန်အတွက် ထိရောက်သော အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် တောင်းဆိုကြောင်း ကရင်အရေးပေါ် ကူညီ ကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ထားသည်"]
https://yktnews.com/2023/10/127366/
ကချင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီ ဝန်ခံ၊ အောင်ဂျာစခန်းသိမ်း တိုက် ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦး ထက်မနည်း သေဆုံး
["ကချင် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီ ဝန်ခံ၊ အောင်ဂျာစခန်းသိမ်း တိုက် ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦး ထက်မနည်း သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို ယခုရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက် သိမ်းပိုက်ထားကြောင်း အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်၍ ဝန်ခံထားသည်။", "အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ နမ့်ကွတ်စခန်း ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ လဲလုံစခန်း(အောင်ဂျာစခန်း) ကို ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ၈၁ ကြိမ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အောင်ဂျာစခန်း (လဲလုံစခန်း) ကို KIA က သိမ်းပိုက်သွားကြောင်း ၊ စခန်းများ ပြန်လည် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာ ဝန်ခံထားသည်။", "အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော စစ်ရေးသတင်းများ ဖော်ပြလေ့မရှိဘဲ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စခန်း ၂ ခု သိမ်းဆည်းခံရမှု သတင်းကို ဖော်ပြခြင်းမှာ ထူးခြားပြီး KIA နယ်မြေတွင် ၎င်းတို့ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် အရပ်သား ပြည်သူများ သေဆုံးမှု များအတွက် ၎င်းတို့တွင် အပြစ်မရှိဘဲ KIA က တပ်စခန်းများကို တိုက်ခိုက်၍ ဖြစ်ပေါ်သည့်ပုံစံမျိုး ဖုံးကွယ်ရန် အတွက် ကြိုးစားဟု ယူဆနိုင်ကြောင်း နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က သုံးသပ် ပြောဆိုသည်။", "“ကချင်နဲ့ ရှမ်းမြောက်မှာ ဒီလို မျိုး စစ်တပ်က စခန်းတွေ အသိမ်းခံရတယ်ဆိုတဲ့ သတင်းမျိုးကို ထုတ်ပြန်ဖော်ပြလာတာကတော့ စစ်တပ်အတွက်တော့ အမင်္ဂလာသတင်းကို ဖော်ပြတာမျိုးဖြစ်လို့ ရှားတောင့်ရှားခဲပဲ။ ကချင်ဘက်မှာ သူတို့ ဗုံးကျဲလို့ အရပ်သားပြည်သူတွေ သေဆုံးမှုတွေအတွက် သူတို့ အလွန်မဟုတ်ဘူး၊ KIA က တပ်စခန်းတွေကို တိုက်နေလို့ ဆိုတာမျိုး ပုံဖော်ချင်ပုံရတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ယမန်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာ စစ်တပ်စခန်းကို KIA တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း၊ တပ်စခန်း သိမ်းပိုက်ခံရသည့်အတွက် စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။", "နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ အဆိုအရ အောင်ဂျာစခန်းတိုက်ခိုက်ခံရမှုတွင် စစ်သည် ၂၀ ဦးထက်မနည်း ပျောက်ဆုံးသည်ဟု မြေပြင် သတင်းပေးပို့ချက်များရရှိထားသဖြင့် စစ်သား ၂၀ ဦး အနည်းဆုံး သေဆုံးသည်ဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။", "ဓာတ်ပုံ- အောင်ဂျာစခန်းသိမ်းတိုက်ပွဲတွင် သေဆုံးသည့် အကြမ်းဖက်စစ်သား ၁ ဦး၊ လက်နက်များနှင့် ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများ။", "(အောင်ဂျာစခန်းသိမ်း တိုက်ပွဲတွင် အကြမ်းဖက် စစ်သားတချို့ သေဆုံးနေသည့် ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/141479တွင် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2023/10/125788/
ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် ၁ နှစ်ကျော် ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၁ ဦးသေဆုံးပြီး ပြည်သူ ၂၂၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
["ကချင်နှင့် ရှမ်းမြောက်ပိုင်းတွင် ၁ နှစ်ကျော် ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၁ ဦးသေဆုံးပြီး ပြည်သူ ၂၂၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး", "ရန်ကုန်၊ အောက်တိုဘာ ၉", "ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁ နှစ်ကျော် ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၉၁ ဦးသေဆုံးပြီး ပြည်သူ ၂၂၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။", "၂၀၂၂ခုနှစ် မေလ မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုပြင်းထန်လာနေပြီး အရပ်ဘက်နေရာများတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၁၉၁ ဦးအထိရှိခဲ့ပြီး လူသားဒိုင်းများအဖြစ် အသုံးပြုခံရသည့် ရွာသူ ရွာသားများအရေအတွက်မှာ ၂၂၁ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်သည် တရုတ်နိုင်ငံ၏ BRI – ပိုးလမ်းမစီမံကိန်းအောက်တွင် မြန်မာနိုင်ငံတွင်းရှိ အခြေခံအဆောက်အဦး စီမံကိန်းများ တည်ဆောက်ရာတွင် တံခါးပေါက်များဖြစ်သည့် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ လုံခြုံရေးအတွက် ထိုးစစ်များကို အရှိန်မြှင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး အကြမ်းဖက် ချိုးဖောက်မှုများလည်း ပို၍ ပြင်းထန်လာခဲ့ခြင်းဖြစ်ကြောင်း ၊ တော်လှန်ရေးအင်အားစုများအပေါ် စစ်ရေးအရ ရှုံးနိမ့်လာသည်နှင့် အမျှ ၎င်းတို့ နယ်မြေထိန်းချုပ်နိုင်ရေးအတွက် အရပ်သားများကို ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြင့်လာပြီး ကချင်ပြည်နယ်ရှိ နေအိမ်များကို အစုလိုက်အပြုံလိုက် မီးရှို့မှုများ လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။", "အကြမ်းဖက် စစ်တပ်သည် ၂၀၂၂ ခုနှစ် မေလ မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ၁၅ လအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်တွင် လူပေါင်း ၄၄၁ ဦးကို မတရားဖမ်းဆီးခဲ့ပြီး KBC အကြီးအကဲဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်အပါအဝင် ကချင်ဘာသာရေးခေါင်းဆောင်အများအပြား မတရားဖမ်းဆီးခံခဲ့ရကြောင်း၊ ဧပြီလ ၂၁ ရက်‌နေ့ ဖားကန့်တွင် အစုလိုက်အဖမ်းခံရသည့် အများသား ၂၀၀ တွင် ဖမ်းခံရသူများကို တော်လှန်ရေးအဖွဲ့များနှင့် ဆက်နွှယ်မှုရှိသည်ဟု စွပ်စွဲခဲ့ပြီး လူ ၁၃ ဦးမှာ စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်ခံခဲ့ရပြီး အမျိုးသာ ၄ ဦးမှာ ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်သားများ၏ ပစ်သတ်ခံခဲ့ရသည့်ဟု သိရှိရကာ ပျောက်ဆုံးနေသူမှာ ၂၄ ဦးအထိ ရှိကြောင်း KWAT ၏ အစီရင်ခံစာတွင် ပါရှိသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ IDP ၁၀၇,၀၀၀ ကျော်နေထိုင်သည့် ရှိရင်းစွဲ စစ်ဘေးရှောင်စခန်းများပိတ်သိမ်းရန် တွန်းအားပေးလုပ်ဆောင်နေသော်လည်း အရပ်သားများကို တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ကျေးရွာပေါင်း ၁၄၀၀၀ နီးပါး ထပ်မံ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "သို့ရာတွင် IDP စခန်းများတွင် စခန်းတွင်း အကူအညီပေးရေးအဖွဲ့များ၏ နည်းပါးလားသည့် ရိက္ခာပံ့ပိုးမှုများဖြင့် ဆက်လက်အသက်ရှင်ရန် ခက်ခဲလာသည့် IDP ၄၀၀၀ ကျော်သည် မြစ်ကြီးနားတောင်ဘက်ရှိ ၎င်းတို့၏ မူလကျေးရွာများသို့ ပြန်ခဲ့ကြသော်လည်း ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စ၍ အကြမ်းဖက်စစ်တပ်၏ ဗန်းမော်-မြစ်ကြီးနားကားလမ်းလုံခြုံစေရန် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများကြောင့် နေရပ်ပြန် IDP ၁၁၀၀ ကျော်သည် ၎င်းတို့၏ နေရပ်များမှ ထပ်မံ ထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ်၏ မြန်မာပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများ တိုးမြှင့်နေသည့် ကြားမှပင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ ၎င်း၏ BRI ပိုးလမ်းမစီမံကိန်းများကို စိုင်းပြင်းလုပ်ဆောင်နေပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အမျိုးသမီးများနှင့် ကလေးငယ်ဒါဇင်ပေါင်းများစွာ အပါအဝင် ပြည်သူပေါင်း ၁၆၅ ဦး‌ သေဆုံးခဲ့သည့် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီး သီတင်းပတ်အနည်းငယ်အကြာ မေလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်၏ အဓိကပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ကတိပြုခဲ့ခြင်းဖြစ်ကြောင်း KWAT ၏ လေ့လာမှု အစီရင်ခံစာတွင် ဖော်ပြထားသည်။", "အကြမ်းဖက်စစ်တပ်၏ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် တိုက်ခိုက်မှုများနှင့် အခွင့်အရေးချိုးဖောက်မှုအများစုသည် အဓိက သယ်ယဓပို့ဆောင်ရေးလမ်းကြောင်းပေါ်တွင် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ၏ BRI – ပိုးလမ်းမစီမံကိန်းအောက်ရှိ လုပ်ငန်းများကို အလျင်အမြန်လုပ်ဆောင်နိုင်ရေးအတွက် လုံခြုံရေးပေးရန် စစ်တပ်မှ ကြိုးပမ်းလုပ်ဆောင်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "KWAT အနေနှင့် အကြမ်းဖက်စစ်တပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရပ်တံ့ရန်နှင့် ၎င်းတို့အပေါ် သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ တိုးမြှင့်ပေးရန် အရေးပေါ်တောင်းဆိုကြောင်း၊ အလှူရှင်နိုင်ငံများအနေနှင့် စစ်တပ်၏ IDP စခန်းများ ပိတ်သိမ်းရေးအစီအစဉ်ကို ပံ့ပိုးမှုမပြုရန်၊ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများကို ဦးစားပေးကာ ရှိရင်းစွဲနှင့် နောက်ထပ်တိုးပွားလာသည့် IDP အကူအညီများကို တို့မြှင့်ပေးရန်အတွက်လည်း တိုက်တွန်းကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/10/127064/
ကချင်နှင့်ချင်းတိုင်းရင်းသားများကို စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်မ ပေး ရန် ညွှန်ကြားချက် ထွက်ရှိ
["ကချင်နှင့်ချင်းတိုင်းရင်းသားများကို စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်မ ပေး ရန် ညွှန်ကြားချက် ထွက်ရှိ", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ကချင်တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများ နိုင်ငံကူးလက်မှတ် လျှောက် ထားမှု များကို စစ်ကောင်စီက ခွင့်မပြုတော့ဘဲ ငြင်းပယ်နေကြောင်း နိုင်ငံကူး လက်မှတ် လျှောက်ခဲ့သော ကာယကံရှင်များက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။", "ယခုအောက်တိုဘာလ လဆန်းပိုင်း ရန်ကုန်တွင် နိုင်ငံကူးလက်မှတ်သွား ရောက် လျှောက်ထားခဲ့သော ကချင်တိုင်းရင်းသားတစ်ဦးက နိုင်ငံကူးလက်မှတ် လက်မှတ်ရန် အဆင့်များစွာ ဖြတ်သန်းပြီးနောက် စလစ်ထုတ်ယူချိန် ရောက်သော အခါ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ရဲမှူး တစ်ဦးက ခေါ်ယူ၍ ကချင်တိုင်းရင်းသား ဖြစ်နေ၍ နိုင်ငံကူးလက်မှတ် ထုတ်မပေးနိုင် ကြောင်း ခေါ်ယူပြောဆိုခဲ့ကြောင်း ကိုယ်တိုင်တွေ့ကြုံခဲ့ရသူ ကာယကံရှင် တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "“ကျနော်တစ်ဦးတော့မဟုတ်ဘူး။ ရှေ့မှာလည်း ကချင်လူမျိုးလို့ ပါတဲ့သူတွေ နိုင်ငံကူးလက်မှတ် မပေးတော့ဘူးလို့ ပြောတယ်။ ခဏ ဆိုင်းငံ့ထားတယ်ပေါ့။ နောက်မှ ပြန်လာစုံစမ်းပါ။ ထုတ်ပေးလို့ရတဲ့အချိန်ကျရင် မူလ တင်ထားတဲ့ လျှောက်လွှာတွေနဲ့ ပြန်လက်ခံပေးမယ်ပြောတယ်” ဟု ကချင်တိုင်းရင်း သားတစ်ဦးက ရှင်းပြသည်။", "အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် နိုင်ငံကူးလက်မှတ် လုပ်ခဲ့သော ချင်းတိုင်းရင်းသားတစ်ဦးကလည်း ချင်းတိုင်းရင်းသားများကို နိုင်ငံကူးလက်မှတ် ထုတ်မပေးရန် တရားဝင် ကန့်သတ်သည့် ညွှန်ကြားချက်ရရှိထား၍ လတ်တလော ထုတ်မပေးနိုင်တော့ကြောင်း၊ နောင်မှ ပြန်လည် လျှောက်ထားရန် ခေါ်ယူ ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "“ကျနော်က ဗမာ၊ ချင်း အစပ်ပါ။ မြ၀တီဘက်မှာ အိမ်ထောင်ကျတယ်။ အဲဒါ ကျနော့်မှတ်ပုံတင်ကလည်း ကရင်ပြည်နယ် ၃/ ကိုင်ဆောင်ထားတာပါ။ အဲဒါ မြ၀တီမှာ Passport လုပ်တာ ချင်းလူမျိုး လို့ပါရင် passport မလုပ်ပေးဘူးဆိုပြီး အမှုစစ်ရဲက ပြောပါတယ်။ ချင်းလူမျိုး မလို့ကို မလုပ်ပေးတာပါဆိုပြီး ပြောပါတယ်။ တန်းစီ အပင်ပန်းခံပြီးမှ နောက်ဆုံး အမှုစစ်အခန်းရောက်မှ ချင်းလူမျိူး ဆိုတာပါနေလို့ လျှောက်မရပါဘူးတဲ့။ ကျန်တာမရတာထက် ချင်လူမျိူး ဆိုတာ ပါနေလို့ နိုင်ငံကူးလက်မှတ် မပေးဘူးဆိုတာကို ဒေါသထွက်မိတာပါ။လူမျိုးရေး ခွဲခြားမှုတွေ လုပ်နေတာပါ” ဟု ကာယကံရှင်က ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထဲရေး သတင်းရင်းမြစ်ထံသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ ညွှန်ကြားချက် အသစ်များဖြင့် တင်းကျပ်မှုများရှိနေကြောင်း၊ အဓိကအားဖြင့် နိုင်ငံကူးလက်မှတ်များ လုပ်ပေးရာတွင် ငွေတောင်းယူမှုများကို စိစစ်ရန်၊ CDM ဝန်ထမ်းများနှင့် နိုင်ငံရေး လှုပ်ရှား မှုကြောင့် ဖမ်း၀ရမ်း ထွက်ထားသူများက ငွေကြေးပေး၍ နိုင်ငံကူးလက် မှတ် ထုတ်ယူသွားမှုများ မရှိစေရေး စိစစ်ရန်၊ နယ်ကျော် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု မှန်သမျှကို ခွင့်မပြုရန် ညွှန်ကြားချက်ရှိကြောင်း၊ ကချင်နှင့်ချင်းလူမျိုးများကို နိုင်ငံကူးလက်မှတ် ထုတ်မပေးမှုသည် နယ်ကျော် လျှောက်ထားမှုများကို ခွင့်မပြုရန် ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုသည်။"]
https://yktnews.com/2023/09/123244/
ကချင်ပြည်နယ် တနိုင်းမြို့အဝင်ဂိတ်တွင် စစ်တပ်က ကားတစ်စီးလျှင် ကျပ် ၁၅ သိန်းအထိ ဂိတ်ကြေးအဖြစ် မတရား အဆမတန်ကောက်ခံနေ
["ကချင်ပြည်နယ် တနိုင်းမြို့အဝင်ဂိတ်တွင် စစ်တပ်က ကားတစ်စီးလျှင် ကျပ် ၁၅ သိန်းအထိ ဂိတ်ကြေးအဖြစ် မတရား အဆမတန်ကောက်ခံနေ", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "ကချင်ပြည်နယ် တနိုင်းမြို့အဝင် ကောင်ရာဂိတ်တွင် ကားဝင်ဂိတ်ကြေးများကို အကြမ်းဖက်စစ်တပ်က ကျပ် ၅၀၀၀၀ မှ ကျပ် ၁၅ သိန်းအထိ မတရား အဆမတန် ကောက်ခံနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အိမ်စီးကား အသေးမှ စ၍ ဂိတ်ကြေးကောက်ခံနေပြီး အိမ်စီးကား အသေး တစ်စီး လျှင် ကျပ် ၅ သောင်းမှ ကျပ် ၁ သိန်းအထိ၊ ၆ ဘီးကားတစ်စီးလျှင် ကျပ် ၅ သိန်း၊ ၁၂ ဘီးကားများကိုမူ တစ်စီးလျှင် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအထိ ကောက်ခံနေကြောင်း အဆိုပါ ဂိတ်ကို ဖြတ်သန်းသွားလာနေရသူများက ပြော ကြားသည်။", "“ဂိတ်ကြေးက အလွန်များလွန်းလို့ ပြောတဲ့အခါ လျှာမရှည်နဲ့ နင်တို့ကားမှာ ဘာတွေ ပါတယ် ဘာညာ ပြောပါတယ်။ ကုန်ပဲပါတာ မယုံရင် ရှာကြည့်ပါ ပြောတော့ ရှာကြည့်တယ်။ စားသောက်ကုန်ပစ္စည်းပဲ တွေ့တာကို ၇ သိန်းပေး၊ မပေးရင် ငါတို့ ကောင်ရာဂိတ်က ဖြတ်ခွင့်မပေးဘူးလို့ စစ်သားတွေက ပြောပါ တယ်” ဟု ကုန်ကား မောင်းနှင်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြောကြားသည်။", "ထို့ပြင် တနိုင်းမြို့အဝင် ဂိတ်စောင့် အကြမ်းဖက်စစ်သားများက ကားများကို ရှာသည့်အခါတွင်လည်း ကုန်ပစ္စည်းများကို တက်နင်း၍ ရှာဖွေ၍ ကုန်ပစ္စည်း များ အကုန်ပျက်စီးကုန်ကြောင်း၊ ကားသမားများအနေနှင့် ကုန်ပစ္စည်းပျက်စီး သည့်အခါတွင် ကုန်ပိုင်ရှင်ကို ပြန်လည် ပေးလျှော်ရကြောင်း ကားသမားများ ထံမှ သိရှိရသည်။", "တနိုင်းမြို့အဝင် ကောင်ရာဂိတ်တွင် ယခင်က ယခုကဲ့သို့ ဂိတ်ကြေး အဆမတန် ကောက်ခံခြင်းမရှိခဲ့ကြောင်း၊ လတ်တလော အသစ်ပြောင်းလာသည့် အကြမ်း ဖက် စစ်တပ်မှ စစ်ဗိုလ်က ဂိတ်ကြေးကို အဆမတန်ကောက်ခံနေ ခြင်းဖြစ် ကြောင်း၊ ကောင်ရာဂိတ်မှလွဲ၍ ကျန် ဂိတ်များမှာ ကျပ် ၅ ထောင်မှ အများဆုံး ကျပ် ၁၀၀၀၀ ခန့်သာ ကောက်ခံကြောင်း ကုန်ကားမောင်းနှင်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနသို့ပြောကြားသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ခရီးသည်တင်ကားများနှင့်ကုန်ကားများကို အဖွဲ့စုံ စစ်ဆေးနေသည့်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/10/126649/
ကချင်ပြည်နယ်တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် စစ်သွေးကြွဖြစ်ပြီး အာဏာသိမ်းမှု ထောက်ခံသော သဘောထားတင်းမာသူဖြစ်
["ကချင်ပြည်နယ်တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် စစ်သွေးကြွဖြစ်ပြီး အာဏာသိမ်းမှု ထောက်ခံသော သဘောထားတင်းမာသူဖြစ်", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ အမှတ် ၁၀၃ ခြေမြန်တပ်ရင်း၊ တောင်တွင်းကြီးတပ်မှ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံးခဲ့ပြီး ၎င်းသည် သဘောထ ား တင်းမာသော စစ်တပ်ထောက်ခံသူ၊ စစ်သွေးကြတစ်ဦးဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတို က်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်း ကြီး တပ်မှ အသက် ၄၁ နှစ်အရွယ် ဒုတိယဗိုလ်မှူး‌ကြီး သက်အောင်အောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဂျာတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု အလွန်များပြားသဖြင့် လေကြောင်းဖြင့် လာရောက် တိုက်ခိုက် ဗုံးကျဲခဲ့ကြောင်း၊ သေဆုံးသူ ဒုဗိုလ်မှူး‌ကြီး သက်သက်အောင်သည် စစ်အာဏာရှင်ကို အကြီး အကျယ် ထောက်ခံသူဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။", "“သူက စစ်တက္ကသိုလ် အပတ်စဉ် ၄၆ ကျောင်းဆင်းပါ။ စစ်ကိုင်းဇာတိပါ။ ဗိုလ်ကြီး၊ ဗိုလ်မှူးဘ၀မှာ နာဂ၊ ရှမ်းပြည်နယ် နမ့်စမ်၊ မော်လမြိုင် စတဲ့နေရာတွေ ရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒါတွေပြီးတော့မှ တောင်တွင်းကြီး ခမရ ၁၀၃ မှာ တပ်ရင်းမှူး ဖြစ်လာတာ။ စစ်တပ်ဘက်တော်သား စစ်စစ်ဖြစ်သလို အာဏာသိမ်းမှု ထောက်ခံတယ်။ သဘောထားတင်းမာသူလည်းဖြစ်တယ်။ စစ်သွေးစစ်မာန် အမြဲကြွနေသူလည်းဖြစ်ပါတယ်။ သေဆုံးချိန်မှာ ဇနီးနဲ့ သမီးတစ်ဦး ကျန်ခဲ့ပါတယ်။ သူ့ကြည့်ရင်တော့ အေးအေးဆေး ပိန်ပိန်ပါးပါးနဲ့ စစ်သွေးကြသူလို့ ထင်စရာမရှိဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ကချင်ပြည်နယ် တိုက်ပွဲ သေဆုံးသော ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင်သည် သေဆုံးချိန်တွင် အသက် ၄၁ နှစ်ရှိနေပြီဖြစ်သည်။", "ဓာတ်ပုံ- အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျစဉ် ဗိုလ်မှူးရာထူးဖြင့် တွေ့ရသည့် ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူး‌ကြီး သက်အောင်အောင်။"]
https://yktnews.com/2023/08/118244/
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်အရာရှိတချို့နှင့် စီးပွားရေးသမားများ ပူးပေါင်း၍ တရားမဝင် ရွှေတူးဖော်မှုများကြောင့် အမျိုးသားအမွေအနှစ် အင်းတော်ကြီးအိုင် ပျက်စီးမည့်အရေး စိုးရိမ်နေရ
["ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်အရာရှိတချို့နှင့် စီးပွားရေးသမားများ ပူးပေါင်း၍ တရားမဝင် ရွှေတူးဖော်မှုများကြောင့် အမျိုးသားအမွေအနှစ် အင်းတော်ကြီးအိုင် ပျက်စီးမည့်အရေး စိုးရိမ်နေရ", "ရန်ကုန်၊ ဩဂုတ် ၁၄", "ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီတပ်အရာရှိတချို့နှင့် စီးပွားရေးသမားများ ပူးပေါင်း၍ တရားမဝင် ရွှေတူးဖော်မှုများကြောင့် အမျိုးသားအမွေအနှစ် အင်းတော်ကြီးအိုင် ပျက်စီးမည့်အရေး စိုးရိမ်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် မမုန်ကိုင်ရွာ ရွှေလုပ်ငန်း ရှာဖွေတူးဖော်သူ လုပ်ငန်းရှင်ခရိုနီများဖြစ်ကြသည့် ရခိုင်ဆန်းဝင်း l မိုးထိမိုးမိ ၊ ကိုထွန်းရင်၊ အောင်ဖြိုးဝေ ၊ ဦးဆယ်ဘို ၊ မိုင်းနောင်ရွာ ရွှေရှာဖွေတူးဖော်သူလုပ်ငန်းရှင်ခရိုနီများ ဖြစ်ကြသည့် ဦးဇော်ဌေး ၊ ဦးသန်းဇော်အေး၊ ကိုအောင်စိုးဦး၊ ဦးအားသာ၊", "ကိုဖိုးချွန် ၊ ဦးဌေးမောင်+ဒေါ်လွင်းငယ် ဦးပြူးမောင် ၊ ဦးဖိုးစော့ ၊ မိုင်းနောင်ရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊", "နန်မွန်းမြို့မှ ဦး၀င်းထိန် ၊ နန့်မီးလောင်ရွာမှ ခရိုနီအောင်နိုင်ဝင်းတို့က ခမရ၃၈၁ ဗိုလ်ကြီးအောင်မျိုးဟန်နှင့်် ခလရ ၄၂ မှ တပ်ရင်းမှူး လှိုင်ဘွားထွန်းထံ လာဘ်ငွေပေး၍ တရားမဝင် ရွှေတူးဖော်ကြကြောင်း၊ ယင်းသို့ တရားမဝင် ရွှေတူးဖော်မှုများကြောင့် အင်းတော်ကြီးအိုင် ပျက်စီးမည့် အခြေအနေရှိလာကြောင်း သိရှိရသည်။", "“ရခိုင်ဆန်းဝင်းက မိုးထိမိုးမိနှင့်တွဲကာ ရွှေမျောသမား ၂၀၀ ကျော်ကိုဦးဆောင်တယ်။ နန့်မွန်းအုပ်ချုပ်ရေးမှုးဝင်းထိန်က နန့်မွန်းရှိ ရွှေမျော ၇၀ ကိုဦးဆောင်ကာ စစ်တပ်ကို ငွေပေးပြီး ရွှေတူးနေခြင်းဖြစ်ပါတယ်။ မြေစာများစနစ်တကျလုပ်ဆောင်ခြင်းမရှိခြင်း၊ သစ်တောများဖျက်ဆီးခံရခြင်းတို့ကြောင့် အမျိုးသားအမွေအနှစ်ဖြစ်သည့် အင်းတော်ကြီးအိုင်ပျက်ဆီးမည့်အရေးနှင့်ကြုံတွေ့လာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ နန့်မီးလောင်ကျေးရွာမှ အောင်နိုင်ဝင်းဦးဆောင်သော ရွှေတူးသမားများကလည်း စစ်ကောင်စီတပ်နှင့်ပေါင်းကာ အင်းတော်ကြီးအိုင်ဒေသတွင် တရားမဝင် ရွှေတူးဖော်မှုများဖြင့် တောတောင်ရေမြေများကို ဖျက်ဆီးနေကြောင်း သိရှိရသည်။", "ထိုသို့ တရားမဝင် ရွှေတူးဖော်မှုများနှင့် မဆင်မခြင် မြေစာပုံ စွန့်ပစ်မှုများကြောင့် ဇူလိုင်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့ အင်းတော်ကြီးဒေသတွင် မိုးများသည်ထန်းစွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ကြောင်း၊ မကြုံဖူးသည့် ရေကြီးမှုများ၊ လယ်မြေများ ပျက်စီးခြင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "“ဇူလိုင် ၂၆ ရက်နေ့ကစပြီး ဇူလိုင်လ ၂၇ ရက်နေ့ အထိ မိုးရွာလိုက်သာ အင်းတော်ကြီးဒေသ မိုင်းနောင်ရွာ ရေနစ်ပြီး မိုင်းနောင်ရွာရှိ အထက်တန်းစာသင်ကျောင်း ခြံအုတ်စည်းရိုး ပြိုကျတယ်။ ရွာတစ်ခြမ်းရေနစ် ကုန်စုံဆိုင်တွေ ရေစို၊ ရေမျော ဆုံးရှုံးသွားပါတယ်။ ဒါတွေအားလုံးက အင်းတော်ကြီးဒေသ၊ မိုင်းနောင်ရွာ၊ မမုန်ကိုင်ရွာ အနောက်ဘက် မှာရွှေတူးဖော်ခြင်း၊ ခရိုနီတွေရဲ့ ရွှေကျင်းတူးဖော်ရာမှာ စည်းကမ်းမရှိဘဲ မြေစာစွန့်ပစ်ခြင်း ၊ သစ်/ဝါး များအလွန့်ခုတ်လှဲကြခြင်းနဲ့ ဥပဒေ စိုးမိုးမှုမရှိခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ လာဘ် ပေးလာဘ်ယူခြင်း ကြောင့် သဘာဝရဲ့ ဒဏ်ကို လူထုကခံစားနေရခြင်းဖြစ်ပါတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။", "တရားမဝင် ရွှေတူးလုပ်ငန်းများကြောင့် အင်းတော်ကြီးဒေသ၊ ရေကြီး ရေလျှံမှုများဖြစ်ပေါ်ပြီး လယ်မြေဧက ရာပေါင်းများစွာ ပျက်စီးခဲ့ရာတွင် လယ်မြေအားလုံးစုစုပေါင်း ၂၅၀ ဧက နီးပါးတွင် စိုက်ပျိုးမရသည်အထိ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။", "“အင်းတော်ကြီးဒေသ နန့်မွန်း၊ မိုင်းနောင်၊ မမုံကိုင်၊ ဆနွင်းကုန်း ၊ အင်းသာကျေးရွာတွေမှာ မိုးသည်းထန်စွာ ရွာလို့ တောင်တွေပြိုပြီး သစ်တုံး၊ အမှိုက်တွေ၊ နွံ့ တွေ ကျောက်တုံးတွေ၊ သစ်ပင်တွေေက မိုးရေနှင့်အတူ လယ်ယာမြေ ရွာထဲတို့ ဝင်ရောက်တယ်။ လယ်မြေများပျက်စီးတဲ့အပြင် တောင်ပြိုကာ ကားလမ်းပိတ်ဆို့သွားခဲ့ပါတယ်။ ခလရ ၄၂ ၊ ခလရ ၁၁ ၊ ခမရ ၃၈၁ တို့နဲ့ပေါင်းကာ စည်းကမ်းမဲ့ရွှေတူးနေတဲ့ခရိုနီအုပ်စု နဲ့သစ်တောပြုန်း အောင်သစ်ခုတ်နေတဲ့ အုပ်ကြီးကြောင့် ဒီလိုတွေ ပျက်စီးမှုတွေ ဖြစ်ပေါ်တာဖြစ်ပါတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။", "ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် နယ်မြေစိုးနေသော KIO/KIA အဖွဲ့အနေဖြင့်လည်း ယင်းကဲ့သို့ အမျိုးသားအမွှေအနှစ် အင်းတော်ကြီးအိုင်ကို ပျက်စီးစေနိုင်သော တရားမဝင် ရွှေတူးဖော်မှုများ၊ သစ်ခုတ်လှဲခြင်းများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခြင်းနှင့် အင်းတော်ကြီးဒေသကို ဖျက်ဆီးနေသူများကို အရေးယူရန် ဒေသပြည်သူများက တောင်းဆိုကြသည်။"]
https://yktnews.com/2023/10/126538/
ကချင်ပြည်နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံး
["ကချင်ပြည်နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ အမှတ် ၁၀၃ ခြေမြန်တပ်ရင်း၊ တောင်တွင်းကြီးတပ်မှ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံးခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်နှင့် KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်း ကြီး တပ်မှ အသက် ၄၁ နှစ်အရွယ် ဒုတိယဗိုလ်မှူး‌ကြီး သက်အောင်အောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဂျာတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု အလွန်များပြားသဖြင့် လေကြောင်းဖြင့် လာရောက် တိုက်ခိုက် ဗုံးကျဲခဲ့ကြောင်း KIA သတင်းရင်း မြစ်နှင့် စစ်တပ်သတင်းရင်းမြစ်တို့က ဆိုသည်။", "“ခမရ ၁၀၃ တပ်ရင်းမှူး ကျဆုံးတာတော့ အတည်ပြုလို့ရပါတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။", "KIA သတင်းရင်းမြစ်ကမူ အောင်ဂျာကျေးရွာအနီးတွင် တိုက်ပွဲများ ရက်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် တောက်လျှောက်ဆိုသလို အင်အားတိုး ထိုးစစ်ဆင်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ စစ်တပ်က လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုသည်။", "“အောင်ဂျာတိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ။ အရာရှိတွေလည်း သေဆုံးတဲ့အထဲပါနိုင်တယ်။ စစ်သားတွေလည်း သေဆုံးတာမှာ အလောင်းတောင် လာမကောက်နိုင်ကြဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "သေဆုံးသွားသော ခမရ ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင်သည် သေဆုံးချိန်တွင် ဇနီးနှင့် သမီး ၁ ဦး ကျန်ရစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/164084/
ကချင်မှာ စစ်ရေးအရ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်နေချိန် တရုတ်လုပ်ချင်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ က လုပ်လာ
["ကချင်မှာ စစ်ရေးအရ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်နေချိန် တရုတ်လုပ်ချင်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ က လုပ်လာ", "ရန်ကုန် ၊ မေ ၂၃", "ကချင်မှာ စစ်ရေးအရ စစ်တပ်က အကြီးအကျယ် ရှုံးနိမ့်နေချိန် တရုတ်အစိုးရက လုပ်ချင်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စစ်ကောင်စီ က လုပ်လာပါတယ်။", "စစ်ကောင်စီ ကဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ပြီး ဦးဆောင်အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်တယ်လို့ မေလ ၁၇ရက်နေ့ စစ်ကောင်စီရဲ့ ပြန်တမ်းအရ သိရှိရပါတယ်။", "ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကို ဦးဆောင်ပြီး ကချင်ပြည် နယ် သယံဇာတရေးရာဝန် ကြီးဌာနဝန်ကြီးက ဒုတိယခေါင်းဆောင်အနေနဲ့ ပါဝင်ကာ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။", "ဒီအဖွဲ့ဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ ၊ သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်တွေလုပ်ဆောင်ဖို့ နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းတာဖြစ်တယ်လို့ စစ်ကောင်စီ က ဆိုပါတယ်။", "တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြုပ် နှံမှုကော်ပိုရေးရှင်း- CPI ကနေ နာမည်ပြောင်းထားတဲ့ SPIC Yunnan International Power Investment Co.Ltd (SPICYN) နဲ့ပူးပေါင်းပြီး လုပ်ငန်းတွေ ဆောင်ရွက်သွား မယ်လို့ ဆိုပေမယ့် လုပ်ငန်းစတင်မယ့် အချိန်နဲ့ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာတွေကို တိတိကျကျ ထုတ်ပြန်ထားတာ မရှိပါဘူး။", "အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် ကတော့ “ ကချင်ပြည်နယ်မှာ KIA အားကောင်းလာတာနဲ့အမျှ စကစ ကတော့ တရုတ်အစိုးရ နဲ့ လှည့်တိုက်ဖို့ ကြံနေပြီ။” လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် သူရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာမှတ်ချက်ရေးသားထားပါတယ်။", "ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဧရာဝတီမြစ် မြစ်ဆုံဒေသ မှာဆောက်လုပ်မယ့် ဒီစီမံကိန်း ယခင်ဗိုလ်ချုပ်မှူးသန်းရွှေဦးဆောင်တဲ့ စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။", "၂၀၁၁ ခုနှစ်မှာတော့ ကချင်ပြည်နယ်က ဒေသခံပြည်သူတွေ ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ၊ ပညာရှင်တွေ ရဲ့ ကန့်ကွက်မှုကြောင့် စီမံကိန်း ကိုရပ်နားထားမှာဖြစ်တယ်လို့ ဦးသိန်းစိန်အစိုးရ ကြေညာ ခဲ့ပါတယ်။", "ယခင်စီမံကိန်း ရဲ့ အချက်အလက်တွေ အရ ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ မေခနဲ့ မလိခတို့ဆုံတဲ့ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် နှစ်သောင်းနီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ(ဆည်) ၇ ခုနဲ့ မေခမြစ်အရှေ့ ဘက်နားမှာလည်း ၉၉ မဂ္ဂ၀ပ်ထွက်မယ့် ချီဖွေငယ်ဆည်တို့ကို တည်ဆောက်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။", "လက်ရှိ စစ်ကောင်စီက မြစ်ဆုံစီမံကိန်းကို စတင်ဖို့ ကြိုးပမ်းနေချိန်က ကချင် ပြည်နယ်မှာ စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်ပြီး စစ်စခန်းပေါင်း ၁၀၅ ခုနဲ့ မြို့တွေ အများစုကို လက်လွှတ်လိုက်ရချိန်လည်း ဖြစ်ပါတယ်။", "ဓာတ်ပုံ- မြစ်ဆုံစီမံကိန်းဆိုင်းဘုတ်အဝင်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/06/109311/
ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ထွက်ပြေးသွားပြီးနောက် ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို စစ်တပ်က ပိတ်ဆို့ရှာဖွေနေ
["ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ထွက်ပြေးသွားပြီးနောက် ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို စစ်တပ်က ပိတ်ဆို့ရှာဖွေနေ", "ရန်ကုန်၊ ဇွန် ၂၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းအောင် ထွက်ပြေးသွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို ပိတ်ဆို့ရှာဖွေနေလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။", "ဇွန်၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ ရဲအုပ် ဇော်မင်းအောင်သည် နေ့စဥ် ပုံမှန် တန်းစီချိန်တွင် လာရောက်ခြင်းမရှိသောကြောင့် နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကို က ၎င်းနေထိုင်သည့် နေအိမ်လိုင်းခန်းကို သွားရောက် ရှာဖွေစဥ် နေအိမ်လိုင်းခန်းအတွင်း ၎င်းကိုင်ဆောင်သည့် သေနတ် ၃၈ ဗို့ ခလပ ၁ လက်၊ ကျည် ၁၂ တောင့်တို့ကိုထားခဲ့ကာ ထွက်ပြေး သွားကြောင်း သိရှိရသည်။", "အဆိုပါ ထွက်ပြေး တိမ်းရှောင်သွားသော ရဲအုပ် ဇော်မင်းအောင်ကို နယ်ထိန်း အရာရှိ ဒုရဲအုပ် ဝင်းကိုကို ဦးစီးအဖွဲ့မှ လိုက်လံ စုံစမ်း ရှာဖွေလျက်ရှိပြီး အကြမ်းဖက် စစ်တပ်မှလည်း ဘီးလင်းမြို့နယ်၊ ရွှေသံလွင်တိုးဂိတ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း စစ်ဆေးရေးစခန်း၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်တို့ကို ပိတ်ဆို့ ရှာဖွေ လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/152225/
ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး တို့ ရာထူးတာဝန်မှ အနားပေးခံရ
["ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး တို့ ရာထူးတာဝန်မှ အနားပေးခံရ", "ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တိုင်းမှူးများ အပြောင်းအလဲလုပ်", "ရန်ကုန်၊ မတ် ၂၃", "အကြမ်းဖက်စစ်ကောင်စီက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများနှင့် တိုင်းမှူးများ အပြောင်းအလဲလုပ်လိုက်ပြီး ကစထ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးတို့ ကို ရာထူးတာဝန်များမှ ဖယ်ရှားအနားပေးလိုက်ကြောင်း သိရှိရသည်။", "အလယ်ပိုင်းတိုင်း တိုင်းမှူးဘ၀မှ ကစထမှူး ၁ ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး(DSA-38)ကို ကျန်းမာရေးအရ ရာထူးတာဝန်မှ အနားပေးလိုက်ကြောင်း၊ ကစထ ၁ မှူးနေရာတွင်တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း(DSA-36)ကို ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးပေး၍ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။", "AA ကို စစ်ရှုံးနေသည့် ရခိုင်တိုင်းမှူး (သို့မဟုတ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး(DSA-35)ကို ရာထူးတာဝန်မှ ဖယ်ရှားအနားပေးလိုက်ပြီး ရခိုင်တိုင်းမှူးအဖြစ် အမှတ် ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်(DSA-41)ကို ရာထူးတိုးပေးခန့်အပ်လိုက်ကြောင်း သိရှိရသည်။ ဗိုလ်မှူးချုပ် ကျော်ကျော်ဟန် သည် ရခိုင်တိုင်းရင်းသားဖြစ်ပြီး ရသေ့တောင်ဇာတိဖြစ်ကာ အသက်အငယ်ဆုံးဖြင့် တိုင်းမှူးဖြစ်လာသူလည်းဖြစ်သည်။", "တနင်္သာရီတိုင်း တိုင်းမှူး (သို့မဟုတ်) ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး (အလုပ်သင်-၂၂) ကို ရာထူးမှ ဖယ်ရှား အနားပေးလိုက်ပြီး ကမ်းရိုးတန်းတိုင်းမှူးအသစ်အဖြစ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း(DSA-39) ကို ပြောင်းရွှေ့ ခန့်အပ်လိုက်ကြောင်း သိရှိရသည်။", "စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်လင်းမောင်(DSA-40)ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းရွှေ့ ခန့်အပ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138450/
ကညွတ်ကွင်းတိုက်ပွဲတွင် ပြည်သူ ၁ ဦး သေဆုံးပြီး တံတားတစ်စင်းကျိုးကျသွား
["ကညွတ်ကွင်းတိုက်ပွဲတွင် ပြည်သူ ၁ ဦး သေဆုံးပြီး တံတားတစ်စင်းကျိုးကျသွား", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီး ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကညွတ်ကွင်းမြို့နှင့်ကပ်လျက် ၁၄၂ မိုင် သံတား ကျိုးကျသွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "“ကညွတ်ကွင်းမြို့နဲ့၂မိုင်အကွာ တောင်ဂုံးတဲ့ရွာမှာမနက်၃နာရီလောက်တိုက်ပွဲဖြစ်တယ်။ ပြည်သူတစ်ဦးသေတယ်။ နာမည်က ဒေါ်ရီမြင့်။ တိုက်ပွဲဖြစ်တဲ့အနားက သံတံတားကြီဆိုတဲ့သံတံတားကျိုးသွားတယ်။ ကညွတ်ကွင်းမြို့ဆိုင်းဘုတ်အဝင်ကပ်လျက်ပဲ။တံတားက ရန်ကုန်-မန္တလေး လမ်းဟောင်းမှာရှိတဲ့ ၁၄၂ မိုင်တံတားလို့လည်း ခေါ်တယ်။ ဖြူးမြို့နယ် နဲ့ကျောက်တံခါးမြို့နယ်ကြား", "တံ တားပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "တော်လှန်ရေးတပ်များက ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။", "ယနေ့ နံနက် ၃ နာရီအချိန် ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများမှ စစ်သားများ ကိုယ်လွတ်ရုန်း ထွက်ပြေးကာ စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယနေ့ နံနက်ပိုင်းကညွတ်ကွင်းတွင် ကျိုးကျသွားသော တံတား။"]
https://yktnews.com/2023/04/99759/
ကညွတ်ကွင်းမြို့လျှပ်စစ်မှူး သေဆုံးမှု ဖြူးမြို့နယ်ပကဖ ဗိုလ်ကျားကြီးအဖွဲ့၏ တိုက်ခိုက်မှုဟုဆို၊ ပုသိမ်ကြီးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၏သား ဖြစ် သူ ပစ်ခတ်ခံရပြီးသေဆုံး
["ကညွတ်ကွင်းမြို့လျှပ်စစ်မှူး သေဆုံးမှု ဖြူးမြို့နယ်ပကဖ ဗိုလ်ကျားကြီးအဖွဲ့၏ တိုက်ခိုက်မှုဟုဆို၊ ပုသိမ်ကြီးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၏သား ဖြစ် သူ ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၈", "ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့တွင် မီတာခ မဆောင်သော ပြည်သူ များကို ရဲခေါ် ရိုက်နှက်ပြီး တရားစွဲဆိုခဲ့သူ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းသည် ဧပြီလ ၂၇ ရက်နေ့ တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားမှုမှာ ဖြူးမြို့နယ်၊ ပကဖ ဗိုလ်ကြီးကျားကြီးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်းတော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းသည် ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်မှ အပြန်၊ ကညွတ်ကွင်းမြို့၊ တောင်ဂုံးတဲ ကျေးရွာအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး (ကားလမ်းဟောင်း)ဘေးရှိ ကွင်းနောက် ၁ ရပ်ကွက်၊ တောင်ဂုံးတဲကျေးရွာ၊ မိုင်တိုင်အမှတ်-၁၁၄/၁ ဖာလုံအနီးတွင် ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံ လင်းသည် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ မေးစေ့အောက် ကျည်ဖောက် ဝင် ဒဏ်ရာ၂ ချက်ဖြင့် လမ်းဘေးတွင် လဲကျသေဆုံး နေခြင်းဖြစ်ကြောင်း၊ ကျော်စံ လင်း ကို ဖြူးမြို့နယ် ပကဖ ဗိုလ်ကျားကြီး အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ တောင်ဂုံးတဲ အနီးမှာ မြို့လျှပ်စစ်မှူး ကျော်စံလင်းပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ သူက မီတာခ မဆောင်သူတွေကို ရဲခေါ် ရိုက်နှက်‌ပြီး တရားစွဲဆိုခဲ့တဲ့သူပါ။ အခုတော့ သေရှာပါပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်အချိန် ဖြူးမြို့ နယ်၊ ကညွှတ်ကွင်းမြို့၊ စျေးတန်းဟောင်းရပ်ကွက်မှ ဦးကျင်ရွှေ၏ နေအိမ်ကို မီတာခမဆောင်၍ မီတာ လာဖြုတ်ရာ မီတာစာရေးနှင့် ဦးကျင်ရွှေ စကားများ ကြကြောင်း၊ မီတာစာရေးက ရဲခေါ်ပြီး ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဦးကျင်ရွှေ၏ တူဖြစ်သူ ကလေးငယ် မောင်စိုးသူရထွန်း၏ ပေါင်ကို ကျည် နှစ်ချက်ထိမှန်ခဲ့ကြောင်း ၊ အဆိုပါဖြစ်စဉ်ကို ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းက အိမ်ရှင်က တုတ်ဖြင့် ရိုက်သည်ဟူ၍ လည်းကောင်း၊ ဓားဖြင့်ခုတ်သည်ဟူ၍ လည်း ကောင်း အထက်သို့ မဟုတ်မမှန်ရေးသား အစီရင်ခံသည့်အပြင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ ဦးကျင်ရွှေနှင့် ကလေးငယ် မောင်စိုးသူရထွန်းတို့ကို အမှုဖွင့် တရားစွဲဆိုခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မန္တလေး၊ ပုသိမ်ကြီး မြို့ နယ်၊လက်ကောင်ကျေးရွာတွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူး မောင် မောင်ကြီး ၏ သားဖြစ်သူ စန်းယုမောင် အသက် ၃၉ နှစ်သည် နေအိမ်တွင် ရှိနေ စဥ် သေနတ်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာများဖြင့် နန်းတွင်းဆေးရုံသို့ တင်ပို့ ကုသခဲ့ရာမှ စန်းယု မောင်သည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဓာတ်ပုံ-ယမန်နေ့ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်း ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။"]
https://yktnews.com/2024/01/138446/
ကညွတ်ကွင်း၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော် လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး
["ကညွတ်ကွင်း၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော် လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံးကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်သည်။", "ယနေ့နံနက် ၃ နာရီအချိန် ရန်ကုန်-မန္တလေး လမ်းဟောင်း ကညွတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကင်းစခန်းငါးခုကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တော်ဝင်ဒေါင်းစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းများမှ စစ်သားများ ကိုယ်လွတ်ရုန်း ထွက်ပြေးကာ စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ယနေ့ နံနက်ပိုင်း တိုက်ပွဲတွင် အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ကညွတ်ကွင်းမြို့နှင့်ကပ်လျက် ၁၄၂ မိုင် သံတား ကျိုးကျသွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "“ကညွတ်ကွင်းမြို့နဲ့၂မိုင်အကွာ တောင်ဂုံးတဲ့ရွာမှာမနက်၃နာရီလောက်တိုက်ပွဲဖြစ်တယ်။ ပြည်သူတစ်ဦးသေတယ်။ နာမည်က ဒေါ်ရီမြင့်။ တိုက်ပွဲဖြစ်တဲ့အနားက သံတံတားကြီဆိုတဲ့သံတံတားကျိုးသွားတယ်။ ကညွတ်ကွင်းမြို့ဆိုင်းဘုတ်အဝင်ကပ်လျက်ပဲ။ တံတားက ရန်ကုန်-မန္တလေး လမ်းဟောင်းမှာရှိတဲ့ ၁၄၂ မိုင်တံတားလို့လည်း ခေါ်တယ်။ ဖြူးမြို့နယ် နဲ့ကျောက်တံခါးမြို့နယ်အကြားက တံတားပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/01/140079/
စစ်ကောင်စီတပ်သားများ “မသေလိုလျှင် အလံဖြူထောင်ရန် ၊ ထွက်ပြေး လိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်” AA စစ်ဦးစီးချုပ် သတိပေး
["ကတုပ် ကျင်းထဲမှ ခေါင်းပေါ် သေနတ်ပြောင်း တည့်ထားပြီး လမ်းဖွင့်ပေးရန် ခွင့်တောင်းလျှင် အရှင်ဖမ်းမိသည်ဟု သတ်မှတ်မည်ဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီ တပ်သား များအနေဖြင့် “မသေလိုလျှင် အလံဖြူထောင်ရန် ၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ခွင့်တောင်းရန်” တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ယနေ့ ထုတ် ဖော် ပြောဆိုလိုက်သည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်၀မြို့နယ်ကို အလုံးစုံသိမ်းပိုက်ပြီး ရခိုင် ပြည်နယ်အတွင်းရှိ စစ်တပ်စခန်းများကိုလည်း တိုက်ခိုက် ရယူပြီးနောက် ရက္ခိုင့် တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာ လူမှု ကွန်ရက်မှတစ်ဆင့် ရေးသား ထုတ်ပြန်လာခြင်းဖြစ်သည်။", "စစ်ကောင်စီတပ်သားများအနေဖြင့် မသေလိုလျှင်၊ မနာလိုလျှင် စောစောစီးစီး အလံဖြူထောင်ရန်၊ ထွက်ပြေးလိုလျှင် လမ်းဖွင့်ပေးပါ ဟု ခွင့်တောင်းရန်၊ ထိုသို့မဟုတ်ဘဲ ကတုပ်ကျင်းထဲမှ ခေါင်းပေါ် သေနတ်ပြောင်းတည့်ထားပြီး လမ်းဖွင့်ပေးပါဟု ပြောဆိုလျှင် အရှင်ဖမ်းမိသည်ဟု သတ်မှတ်မည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။", "“မသေ၊မနာချင်ရင်စောစောစီးစီးအလံဖြူထောင်၊ထွက်ပြေးချင် တယ် လမ်းဖွင့်ပေးပါ ဘာညာခွင့်တောင်းပေါ့။ခြံစည်းရိုး၃ထပ်လုံးပေါက် ကတုပ် ကျင်းထဲမှာဂေါင်းပေါ်-ပြောင်းတည့်ထားပြီးမှလမ်းဖွင့်ပေးပါတော့မလုပ်နဲ့ အာ့ဒါကို အရှင်ဖမ်းမိတာလို့သတ်မှတ်တယ်” ဟု ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်တွင်ရေးသားထားသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တွစ်တာ လူမှုကွန်ရက်တွင် “Run Forest Run ” ဆိုသော စာသားကို တင်ခဲ့ပြီး ယင်းစာသားသည် အမေရိကန်ရုပ်ရှင်ကားကို အမှီပြု၍ အနိုင်ကျင့်ခံရမည့် ဇတ်ကောင်ကို ပြေးနိုင်သမျှ အမြန်ပြေးခိုင်းခြင်းဖြစ်သည်။", "Run Forest Run ဆိုသည့် အသုံးသည် ၁၉၉၄ ခုနှစ်က ရိုက်ကူးခဲ့သည့် အမေရိကန် ရုပ်ရှင်ဇာတ်ကား “Forest Gump” တွင် စတင်သုံးခဲ့ခြင်း ဖြစ် ကြောင်း၊ မင်းသား Tom Hanks သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Robert Zemeckis ဖြစ်ကြောင်း၊ စာရေးဆရာ Winston Groom ၏ ဝတ္တုရှည်ကို အခြေခံပြီးရိုက်ထားခြင်းဖြစ်ပြီး ဉာဏ်ရည်နိမ့်ပါးတဲ့ (IQ level ၇၅ သာသာပဲရှိသည့်) လူတစ်ဦးအကြောင်းကို တင်ဆက်ထားခြင်းဖြစ်ကြောင်း၊ ရုပ်ရှင်ထဲတွင် အဓိက ဇာတ်ကောင် ဖြစ်သည့် Forest Gump ကို အနိုင်ကျင့် သူများလက်မှ လွတ်စေရန် သူငယ်ချင်း Jenny က “ပြေး Forest ပြေး” (Run Forest Run) ဆိုပြီး အော်ဟစ်အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် အဆိုပါ စကားသည် ကြောက်၍ ဖြစ်စေ၊ ဒေါသကြောင့်ဖြစ်စေ ခံစားချက် တစ်ခုခု ကြောင့် ထွက်ပြေးသည့်သူများကို သရော်သည့် အသုံးအနှုန်းဖြစ်လာကြောင်း သိရှိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AAစစ်ဦးစီးချုပ် #ဗိုလ်ချုပ်ထွန်းမြတ်နိုင် #RunForestRun #ForestGump #TomHanks #RobertZemeckis #IQLevel75 #WinstonGroom #Jenny"]
https://yktnews.com/2023/08/120090/
ကနီ စစ်ဘေးရှောင်ပြည်သူများအတွက် ဟင်းများ လှူဒါန်း
["ကနီ စစ်ဘေးရှောင်ပြည်သူများအတွက် ဟင်းများ လှူဒါန်း", "ရန်ကုန်၊ ဩဂုတ် ၂၈", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်သို့ စစ်ဘေးတိမ်းရှောင် နေကြသော စစ်ဘေးရှောင်ပြည်သူ ၉၀၀ ကျော်အတွက် အလှူရှင်များက ဟင်းများ လှူဒါန်းကြကြောင်း သိရှိရသည်။", "IDPsSupport Group မှတစ်ဆင့် Mu Kon ၏ မွေးနေ့အလှူ အဖြစ် အလှူ ငွေ ​တစ်သိိန်းငါးသောင်းကျပ် ၊ ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ် အင် အားစု က တစ်သိန်းငါးသောင်းကျပ် ၊ဗိုလ်ဆံရှည် ပ.က.ဖ အဖွဲ့မှ မီးဖိုချောင် သုံး စားနပ်ရိက္ခာပစ္စည်း အစုံ အပါအဝင် တော်လှန်ဟင်း အလှူအဖြစ် ဝက်သားနှင့် ကျောက်ဖရုံသီး၊ မျှစ်ဆူးထိုးချက်များ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/75570/
ကနီတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်း များ သိမ်းဆည်းရမိထား
["ကနီတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်း များ သိမ်းဆည်းရမိထား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီ ရိက္ခာ တင် ရေယာဉ် ၈ စီးအတွက် မြေပြင်လုံခြုံရေးယူပေးသည့် အင်အား ၁၅၀ ခန့်ရှိ စစ် ကြောင်းကို ကနီ ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်း ဝန်း တိုက် ခိုက် ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း Myanmar Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာ သော အကြမ်းဖက် စစ် ကောင်စီ ရိက္ခာတင်ရေယာဉ် ၈ စီးကို မြေပြင်မှ လုံခြုံရေး ယူပေးထားသည့် အင်အား ၁၅၀ ခန့်ဖြင့် စစ်တပ်စစ်ကြောင်းကို Myanmar Defense Force နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အခုထိ ပွဲကမပြီးသေဘူး၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တလျှောက်မှာ ဖြစ် နေတာပါ၊ စစ်ဒေသရုံး က ဦးဆောင်ပွဲမို့ သူတို့ထုတ်ပြန်သလာက်ပဲ တင်ပြ ပေးပါဦး၊ ပြောလို့ရသလောက်တော့ ထပ်ပြောပေးပါ မယ်”ဟု ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းမီဒီယာသို့ ပြောဆို သည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ အထိနာခဲ့သဖြင့် ဒီဇင်ဘာလ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့် တွင် စစ်တပ်က MI 35 ရဟတ်ယာဉ်ဖြင့် အပြစ်မဲ့ ပြည်သူ များ နေထိုင်ရာ ကျေးရွာများအ တွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အချို့လည်း ထိခိုက်ဒဏ်ရာရရှိထား ကြောင်း သိရသည်။", "ရှေ့တန်းသတင်းရင်းမြစ်တချို့ကမူ သေဆုံးသွားသော စစ်ကောင်စီ တပ်ဖွဲ့များ ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ထားသော်လည်း အသေးစိတ်ကို သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များကိုသာ စောင့်ဆိုင်းရန် အသိပေး ပြောဆို သည်။", "ဓာတ်ပုံ- Myanmar Defense Force တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/01/83768/
ကနီတွင် CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစုကို ဆန်တစ်တင်းခွဲ ၃၂ အိတ်နှင့် ငွေကျပ် သိန်း ၁၀၀ လှူဒါန်း
["ကနီတွင် CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစုကို ဆန်တစ်တင်းခွဲ ၃၂ အိတ်နှင့် ငွေကျပ် သိန်း ၁၀၀ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "ကနီမြို့နယ်တွင် CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစုကို ဆန်တစ်တင်းခွဲ ၃၂ အိတ်နှင့် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့ကြောင်း KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကနီမြို့နယ်တွင် CDM ဝင်ထားသည့် ဆင်ဦးစီး မိသားစု ၃၂ စု လူဦးရေ ၁၁၇ ဦး ဆင်ကောင်ရေ ၃၆ ကောင်အတွက် ပြည်သူများမှ ထောက်ပံ့လှူဒါန်းထားသည့် ဆန်တစ်တင်းခွဲ ၃၂ အိတ်နှင့် ကနီမြို့နယ် လူသားချင်းစာနာအဖွဲ့မှ လှူတန်းထားသည့် ငွေကျပ် သိန်း ၁၀၀ တိတိကို KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ ဆင်ဦးစီးမိသားစုထံ သွားရောက် ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/82392/
ကနီတွင် PDF ရဲဘော်များက စစ်ရှောင်ပြည်သူများအား ဆန်နှင့် ဟင်းသီး၊ ဟင်းရွက်များ ထောက်ပံ့လှူဒါန်း
["ကနီတွင် PDF ရဲဘော်များက စစ်ရှောင်ပြည်သူများအား ဆန်နှင့် ဟင်းသီး၊ ဟင်းရွက်များ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "ကနီတွင် ကျောက်လုံးကြီး KLG PDF ရဲဘော်များက စစ်ဘေးရှောင် ပြည်သူများအား ဆန် နှင့် ဟင်းသီး၊ ဟင်းရွက်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/81585/
ကနီတွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်းမှ လူငယ်များက စစ်ဘေးရှောင် ပြည်သူများအား ဆေးဝါး စောင့်ရှောက်မှု ပြုလုပ်
["ကနီတွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်းမှ လူငယ်များက စစ်ဘေးရှောင် ပြည်သူများအား ဆေးဝါး စောင့်ရှောက်မှု ပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်းမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ဘေးရှောင် ပြည်သူများအား ဆေးဝါး စောင့်ရှောက် ကုသပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/84167/
ကနီတွင် စက်လှေ ၁ စီးကို စစ်ရေယာဥ်က ပစ်ခတ်မှု မမာမာဝင်း သေဆုံး၊ ယင်းမာပင်တွင် စစ်တပ် စီးနင်းမှုကြောင့် ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် တိမ်းရှောင်နေရ
["ကနီတွင် စက်လှေ ၁ စီးကို စစ်ရေယာဥ်က ပစ်ခတ်မှု မမာမာဝင်း သေဆုံး၊ ယင်းမာပင်တွင် စစ်တပ် စီးနင်းမှုကြောင့် ကျေးရွာ ၁၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်အကြားတွင် ပြည်သူများ လိုက်ပါသည့် စက်လှေ ၁ စီးကို စစ်တပ်ရေယာဥ် အုပ်စုက ပစ်ခတ်ခဲ့သောကြောင့် မမာမာဝင်း သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကနီမြို့နယ် ယင်းယိမ်ကျေးရွာတွင် နေထိုင်သည့် မိသားစုတစ်စုသည် ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်သို့ စက်လှေတစ်စီးဖြင့် ပြန်လာစဥ် ကနီမြို့နယ် သပြေတောကျေးရွာအနီးသို့ ရောက်ရှိချိန်၌ အကြမ်းဖက် စစ်တပ် ရေယာဥ်များပေါ်မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် စက်လှေပေါ်၌ လိုက်ပါလာသည့် မိသားစုထဲမှ နှလုံးရောဂါသည် မမာမာဝင်း နှလုံးဖောက်၍ သေဆုံးသွားကြောင်း သိရသည်။", "အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့ တပ်စွဲနေထိုင်လျက်ရှိသော သပြေတောကျေးရွာသို့ ပစ်ခတ်ခံရသည့် မိသားစုကိုခေါ်ဆောင်ကာ အထက်သို့ ဆန်မတက်စေဘဲ အောက်သို့ စုန်ဆင်းခိုင်းကြောင်း၊ ယင်း သေဆုံးမှုနှင့် ပတ်သက်၍ အကြမ်းဖက် စစ်အုပ်စုက တာဝန်ယူမှု မရှိကြောင်း၊ သေဆုံးသူ အမျိုးသမီးကို ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် သင်္ဂြိုလ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ယင်းမာပင်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၇ ရွာကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ ဝင်ရောက် စီးနင်းလျက်ရှိပြီး ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကနီမြို့နယ်ဘက်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းကာ ယင်းမာပင်မြို့နယ်အတွင်း ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျောက်မှော်ကျေးရွာ၊ အင်းဘက်ကျေးရွာ၊ ကြက်လျှာ​ကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ နှောပင်ကျေးရွာ၊ ကျွန်းပေါ်ကျေးရွာ၊ နှုန်းတန်းကျေးရွာ၊ ကျောက်မှော်ကျေးရွာ၊ အင်းဖျားကျေးရွာ ၊စုန်းချောင်းကျေးရွာ၊ အောင်မိုးကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ စည်လှောင်ချောင်းကျေးရွာ၊ မြရိပ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ရွာသာကျေးရွာ၊ ပုပ္ပါကျေးရွာတို့မှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/05/103478/
ကနီတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းများ ထွက်ပေါ်သဖြင့် ပြည်သူ များ နံနက် အစောပိုင်း ထွက်ပြေး တိမ်းရှောင်ရ
["ကနီတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည်ဟု သတင်းများ ထွက်ပေါ်သဖြင့် ပြည်သူ များ နံနက် အစောပိုင်း ထွက်ပြေး တိမ်းရှောင်ရ", "ရန်ကုန်၊ မေ ၂၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမည် ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ပြည်သူများ ယနေ့ နံနက်အစောပိုင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီဒေသပြည်သူများက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မေလ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်မှစတင်ပြီး ကနီမြို့နယ်၊ ချောင်းမ ကျေး ရွာ၊ မင်းမကျေးရွာ၊ သမင်ခြံကျေးရွာတို့တွင် စစ်ကောင်စီက တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲမည်ဆိုသော သတင်းများ ထွက်ပေါ်နေသဖြင့် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“သတင်းတွေထွက်နေတာက စာသင်ကျောင်းတွေ ရွာထဲကို တိုက်လေယာဉ်နဲ့ ဗုံးထပ်ကျဲမယ်ဆိုတဲ့ သတင်းထွက်တော့ ညပိုင်းက စပြီး ပြည်သူတွေက ရှောင် ကြ တယ်။ မနက်အစောပိုင်းမှာလည်း ရှောင်တဲ့ ပြည်သူပိုများလာတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "စစ်ကောင်စီက ကနီမြို့နယ်၊ မင်းမကျေးရွာကို မေလ ၁၄ ရက်နေ့တွင်လည်း ကောင်း၊ ချောင်းမကျေးရွာ မေလ ၁၆ ရက်နေ့တွင်လည်းကောင်း တိုက် လေ ယာဉ် ဖြင့် ဗုံးကျဲခဲ့ပြီး စာသင်ကျောင်းများ လုံး၀ ပျက်စီးကာ ကျောင်းဝင်း အတွင်း တွင် မြေကျင်းကြီးများ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။", "“တိုက်လေယာဉ်နဲ့ ဗုံးကျဲတုန်းက ကလေးတွေ ကျောင်းပိတ်ထားလို့ ဘာမှ မဖြစ်တာ။ သူတို့ကတော့ PDF တွေ စာ သင် ကျောင်းမှာ တပ်စွဲနေတယ်ဆိုပြီး အထင်နဲ့ ဗုံးကျဲတာထင်တယ်။ စာသင်ကျောင်းတွေ အကုန်လုံး တစစီ ဖြစ်ကုန် တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ကနီမြို့နယ်၊ မင်းရွာနှင့် ချောင်းမကျေးရွာကို တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက ဗုံးကျဲချပြီးနောက် စာသင်ကျောင်းဆောင်များ ပျက်စီးနေစဉ်။"]
https://yktnews.com/2023/01/79384/
ကနီတွင် စစ်တပ် စက်လှေကို PDF တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံး၊ ကန့်ဘလူတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ကနီတွင် စစ်တပ် စက်လှေကို PDF တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံး၊ ကန့်ဘလူတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းထောက် စက်လှေ ၁ စီးကို PDF တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း KLG PDF တပ်ဖွဲ့က တာဝန်ရှိ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကနီမြို့နယ် မုဋ္ဌောကျေးရွာ အနီးတွင် သောင်တင်နေသော အကြမ်းဖက် စစ်တပ် ထောက်ပို့ သင်္ဘောများထဲမှ စစ်သား ၇ ဦးပါ ကင်းထောက် စက်လှေဖြင့် ပန်းဆိုင်းကျေးရွာအနီး‌ ရောက်ရှိလားစဥ် PDF တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၁ ဦးထွက်ပြေးလွတ်မြောက်သွားပြီး စက်လှေကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။", "” လက်နက်မရလိုက်ဘူး၊ စစ်ခွေးတွေက သေနတ်တွေကို ရေထဲလွှင့်ပစ်ပြီး ထွက်ပြေးသွားတာ စစ်ခွေး ၆ ကောင်သေတယ်။ ၁ ကောင်လွတ်သွားတယ်။ သိမ်းပိုက်ရရှိတ​ဲ့ စက်လှေကတော့ ရေထဲ မြှုပ်လိုက်တယ်” ဟု KLG PDF တပ်ဖွဲ့က တာဝန်ရှိ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ ဦးဆောင်ပြီး ဆရာစံအဖွဲ့နှင့် အတူ DRPA အဖွဲ့တို့က ပူးပေါင်း ပါဝင်ခဲ့ပြီး အကြမ်းဖက် စစ်တပ် တပ်သားများထံမှ အသုံးအဆောင် ပစ္စည်းများနှင့် ဝတ်စုံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ယောကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ယောကျေးရွာ၌ ဝင်ရောက် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် ဒရုန်း ဗုံးသီး ၂ လုံးပါ ပစ်ချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” ရွာသူရွာသားတွေကို စစ်ခွေးတွေိနဲ့ ပျူတွေက ပျူစောထီး သင်တန်း တက်ရမယ်ဆိုပြီး ယောရွာမှာ တပ်စွဲပြီးကို ခြိမ​်းခြောက်စေခိုင်းနေတာ ပြည်သူတွေဆီက အဓမ္မ ငွေကြေး​ကောက်ခံတာတွေလုပ်နေလို့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်တိုက်တာ စစ်ခွေး ၃ ကောင်နေရာမှာပဲ သေတယ်။ စစ်ခွေးတွေဘက်က စစ်ကူ ရောက်လာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ MPF U.18 ၊ လင်းယုန်နီ ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူ တောင်ခြမ်း Local အဖွဲ့များ ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/81491/
ကနီတွင် စစ်တပ် စက်လှေထံမှ သိမ်းဆည်း ရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများထံ ထောက်ပံ့လှူဒါန်း
["ကနီတွင် စစ်တပ် စက်လှေထံမှ သိမ်းဆည်း ရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများထံ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စက်လှေထံမှ သိမ်းဆည်းရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများကို ပြန်လည် လှူဒါန်းခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျောက်လုံးကြီး KLG PDF အဖွဲ့က အကြမ်းဖက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့သည့် နတ်ကြီးရွာနှင့် အလယ်ကျွန်းပျူရွာမှ ဒေသခံ ပြည်သူများကို ဆန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျောက်လုံးကြီး KLG PDF အဖွဲ့က အကြမ်းဖက် စစ်တပ် သက်လှေတစ်စီးနှင့် ရိက္ခာများကို သိမ်းဆည်းရမိခဲ့​ကြောင်း၊ စက်လှေပေါ်မှ သိမ်းဆည်းရမိသော ရိက္ခာများထဲမှ ဆန် ၄၅ တင်းကို နတ်ကြီးရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ကနီမြို့နှင့် အလယ်ကျွန်းပျူရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၄၅ စုကိုလည်း ဆန် ၁၅ တင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများက ကနီမြို့နယ် နတ်ကြီးကျေးရွာတွင် တပ်စွဲနေထိုင်ပြီး ပြည်သူပိုင် နေအိမ် ၈၄ လုံးကို မီးရှို့ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/83268/
ကနီတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာ ၈ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ
["ကနီတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာ ၈ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာ ၈ ခုက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း KLG ကျောက်လုံးကြီး တပ်မဟာက တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့​​ပြောဆိုသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ ကနီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ပြည်သူပိုင် ကျေးရွာများအတွင်း စစ်ကြောင်း ထိုးဝင် ရောက်လာခြင်းကြောင့် နတ်လဘို့တောင်ရွာ၊ နတ်လဘို့မြောက်ရွာ၊ ဒေါင်းခြံရွာ၊ ကျွန်းကလေးရွာ၊ နွားခြံကုန်းရွာ၊ သပြေတော ရွာ၊ အုန်းပင်ဆိပ်ရွာနှင့် ယင်းမိုးရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိအချိန်တွင် ကျေးရွာ ၈ ခုမှ စစ်ဘေးရှောင် ပြည်သူ ၁၀၀၀ ကျော်သည် ၁၂ ရက်ကြာ တောတောင်များအတွင်း တိမ်းရှောင်နေရသောကြောင့် အနွေးထည်၊ ရိက္ခာနှင့် ဆေးဝါးပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။", "“ပြည်သူတွေက စစ်ဘေးရှောင် နေရတာ ၁၂ ရက်လောက်ရှိပြီ စစ်ဘေးရှောင် လူဦး ရေ ၁၀၀၀ ကျော်ရှိတယ်။ အနွေးထည် ရိက္ခာ ဆေးဝါးများ လိုအပ် နေ တယ်။ စစ်ဘေးရှောင်ရင်း မီးဖွားထားတာ ၃ ရက်လောက်ပဲ ရှိသေးတဲ့ အမျိုး သမီးတချို့လည်းပါတယ်။ အဖိုးကြီး အဖွားကြီးတွေလည်း တော်တော် ဒုက္ခ ရောက်နေတယ်။ ခွေးတွေက သပြေတောကျေးရွာမှာ အခုထိ စခန်းချ ထား တော့ ပြည်သူတွေ ရွာထဲ ပြန်မဝင်နိုင်သေးဘူး” ဟု KLG ကျောက်လုံးကြီး တပ်မဟာက တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/98083/
ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို သိမ်းဆည်းမှု လက်နက် ၁၆ လက် ၊ ကျည်ထောင်ချီ၊ ဗုံးသီးများ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိ၊ စစ်တပ်ဘက်မှ ၂၀ သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိ
["ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို သိမ်းဆည်းမှု လက်နက် ၁၆ လက် ၊ ကျည်ထောင်ချီ၊ ဗုံးသီးများ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိ၊ စစ်တပ်ဘက်မှ ၂၀ သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိ", "ရန်ကုန်၊ ဧပြီ ၁၇ ဒ", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စစ်တပ်အင်အား ၃၀ ခန့် အထိုင်ချထားသော တာ ဝါ တိုင် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်သိမ်း ပိုက် လိုက် ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က တရားဝင် သတင်း ထုတ်ပြန် သည်။", "ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီအထိ စစ်ကိုင်း တိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ စစ်အင်အား ၃၀ ခန့် ရှိသော စစ်ကောင်စီ တပ်၏ တာဝါတိုင်စခန်း ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏ တာဝါတိုင်စခန်းကို သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း သိမ်းဆည်း ရရှိမှုအနေဖြင့် –", "(၁) MA-2 (၃) လက်", "(၂) MA – 11 (၆) လက်", "(၃) MA – 3 (၅)လက်", "(၄) MA – 4 (၁)လက်", "(၅) MA ကျည်ဘောက် (၈)ခု", "(၆) ၅.၅၆ ကျည် (၉၃၈၀) တောင့်", "(၇) 60mm – ပြောင်းတို (၁)လက်", "(၈) 60 mm ဗုံးသီး (၅၀) လုံး", "(၉) 40 mm ဗုံးသီး (၅၇) လုံး", "(၁၀) လက်ပစ်ဗုံးသီး (၅၆) လုံး", "(၁၁) ရှေ့ထွက်မိုင်း (၁၀) လုံး", "(၁၂) နင်းမိုင်း (၂၉) လုံး", "(၁၃) Detonator(လက်ပစ်) (၃၇) ခု", "(၁၄) Detonator (မိုင်း) (၄၅) ခု", "(၁၅) ချပ်ဝတ်တန်ဆာ (၂) ခု", "(၁၆) ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းသည် မုံရွာ-ယာကြီး-ကလေး လမ်မဘေး မိုင်တိုင်၄၉မှာတည်ရှိပြီး စစ်ကောင်စီဆက်သွယ်ရေး တာဝါတိုင်စခန်းတစ်ခု လည်းဖြစ်ကြောင်း သိရှိရသည်။", "“တိုက်ပွဲက၁နာရီနီးပါးလောက်ကြာမယ်ဗျ။စခန်းကိုတော့ အကုန်သိမ်းနိုင်ခဲ့ တယ်။ခွေးစခန်းတွေအကုန်မီးရှို့ထားခဲ့တယ်။တိုက်ပွဲမှာ ခွေးဘက်က ၂၀ နီးပါး လောက် ကျမယ်။၆ ဦး ထွက်ပြေးတာ တစ်ဦးမိထားတယ်။နောက်ထပ် တိုက်ပွဲ ထဲက ၅ ဦးလည်းအရှင်ဖမ်းမိထားတာရှိတယ်။ ပြည်သူ့ ကာကွယ် ရေး ဘက်က တော့တစ်ဦးကျဆုံးပြီး မစိုးရိမ်ရဒဏ်ရာရထားတဲ့ရဲဘော်လေးတွေ တော့ရှိတယ်။ ခွေးစခန်းကနေ စက်လက်ငယ်အပါဝင်လက်နတ်၁၆လက်ကျော် ရရှိထား တယ်။ နောက်ပြီး ကျည်အမျိုးစုံ၊နင်းမိုင်းအမျိုးစုံနဲ့ လက်နက်ကြီးကျည် အမျိုးစုံ လည်းရရှိထားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ တော်လှန် ရေး သတင်းရင်းမြစ်က ပြောသည်။", "စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အားများ ချထားကာ ထိုးစစ် ဆင် ရန် ပြင်ဆင်မှုများတွေ့မြင်ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/82469/
ကနီတွင် စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်သူပုန် သပိတ် အင်အားစုများက စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း
["ကနီတွင် စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်သူပုန် သပိတ် အင်အားစုများက စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက်သူပုန် သပိတ် အင်အားစုများက ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်အုပ်စု၏ ကနီမြို့နယ်အတွင်း ရေကြောင်းလှုပ်ရှားမှု မြေပြင် စစ်ကြောင်းထိုးမှုတွေ​များကြောင့် စစ်ဘေးရှောင်ရွာပေါင်း ၂၀ ကျော်ရှိလာပြီး စစ်ရှောင်လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိကာ အချိန်ကာလ ကြာမြင့် လာသည်နှင့်အမျှ စစ်ဘေးရှောင် ပြည်သူတွေများလည်း ရက်ပေါင်းများစွာ နေအိမ်စွန့်ခွာနေရပြီး စာနပ်ရိက္ခာအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုများနဲ့ ဆေးဝါးလိုအပ်ချက်များရှိကြောင်း သိရသည်။"]
https://yktnews.com/2023/01/82893/
ကနီတွင် စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးစောင့်ရှောက်မှု ပြုလုပ်
["ကနီတွင် စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးစောင့်ရှောက်မှု ပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "ကနီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၄ ခုတွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်း လူငယ်များနှင့် Burma Liberation Force ဆေးတပ်ဖွဲ့တို့ဦးဆောင် စစ်ရှောင်ပြည်သူများအား ဆေးဝါး စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]