url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/09/183276/
ကနီ၊မင်းကင်းဒေသ စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို ဆန်များလှူဒါန်း
["ကနီ၊မင်းကင်းဒေသ စစ်ရှောင်စခန်း ၃ နေရာမှ စစ်ရှောင်ပြည်သူများကို ဆန်များလှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၁၃", "ကနီ၊မင်းကင်းဒေသ စစ်ရှောင်စခန်း ၃ နေရာမှ အိမ်ထောင်စု ၁၈၇ စုသို့ ယင်းမာပင်၊ဆားလင်းကြီးမခြေစိုက် ပြည်သူမှပြည်သူသို့ စစ်ရှောင်ကူကယ်ရေးအဖွဲ့က အိမ်ထောင်စုတစ်စုလျှင် ဆန် ၄ ပြည်နှုန်း လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ဒေသတွင် စစ်ရှောင်ကာလ ၄နှစ်အတွင်း ဝင်ရောက်လာပြီဖြစ်ပြီး စားနပ်ရိက္ခာအကူအညီများ၊ ရေတွင်းအကူအညီများ လိုအပ်နေသေးကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/164570/
ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် တော်လှန်ရေးအထောက်ကူပြု ရန်ပုံငွေပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲကျင်းပ
["ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် တော်လှန်ရေးအထောက်ကူပြု ရန်ပုံငွေပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲကျင်းပ", "ရန်ကုန်၊မေ ၂၆", "ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့တွင် တော်လှန်ရေးအထောက်ကူပြုရန်ပုံငွေပွဲနှင့် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲသို့ မေလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး NUG အစိုးရပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့သည် တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။", "အဆိုပါပွဲသို့ ကနေဒါနိုင်ငံ ၊တိုရန်တိုမြို့၏ Councillor Anthony Perruzza လည်း တက်ရောက် အဖွင့် စကားပြောကြားခဲ့ပြီး Parliament member များကလည်း Video Message များပေးပို့၍ ဂုဏ်ပြုစကားပြောကြားခဲ့ကြကြောင်းသိရှိရသည်။", "အခမ်းအနားကို Burma Canadian Association of Ontario (B.C.A.O) မှ ကြီးမှူးကျင်းပခဲ့ပြီး မြန်မာပြည်သူပြည်သားများနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125971/
ကန့်ဘလူ ငှက်ပျောတိုင်းကျေးရွာ တိုက်ပွဲတွင် စစ်ကူလာသော Mi35 စစ်ရဟတ် ယာဉ် အနိမ့်ပိုင်း ပျံ သန်းစဉ် အမြီးပိုင်းထိမှန်သည်အထိ ပစ်ခတ် နိုင်ခဲ့ပြီး အမြောက်တပ် ၆၀၀၆ ထဲသို့ အရေးပေါ် ဆင်းသက်သွားခဲ့
["ကန့်ဘလူ ငှက်ပျောတိုင်းကျေးရွာ တိုက်ပွဲတွင် စစ်ကူလာသော Mi35 စစ်ရဟတ် ယာဉ် အနိမ့်ပိုင်း ပျံ သန်းစဉ် အမြီးပိုင်းထိမှန်သည်အထိ ပစ်ခတ် နိုင်ခဲ့ပြီး အမြောက်တပ် ၆၀၀၆ ထဲသို့ အရေးပေါ် ဆင်းသက်သွားခဲ့", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျော်တိုင်း ကျေးရွာတိုက်ပွဲတွင် စစ်တပ် အထိနာ၍ စစ်ကူလာသော Mi35 စစ်ရဟတ်ယာဉ် အနိမ့်ပိုင်း ပျံသန်းစဉ် အမြီး ပိုင်း ထိမှန်သည်အထိ ပစ်ခတ်နိုင်ခဲ့ပြီး အဆိုပါ စစ်ရဟတ်ယာဉ်သည် ကန့်ဘ လူ အမှတ် ၆၀၀၆ အမြောက်တပ်ထဲသို့ အရေးပေါ်ဆင်းသက်သွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။", "အောက်တိုဘာလ ၉ ရက် နံနက် ၄ နာရီခွဲခန့်အချိန် ကန့်ဘလူမြို့နယ် တောင် ခြမ်း ၊ ငှက်ပျောတိုင်း ရွာသစ် အရှေ့ဘက်ရှိ လျှပ်စစ်ရုံးတွင် အင်အား ၇၀ ခန့် ဖြင့် ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်သား ၊ ပျူစောထီးများကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်း တစ်ခု လုံးသိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသူများမှ အပ ကျန် စစ်သား၊ ပျူစောထီးအားလုံးနီးပါး သေဆုံးကြောင်း၊ ယင်းနောက် နံနက် ၈ နာရီခွဲခန့်တွင် နှစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် တစ်ကြိမ် အနောက်မြောက်တိုင်းစစ် ဌာန ချုပ်မှ တက်လာသော Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း၊ အဆိုပါ စစ်ရဟတ်ယာဉ်များအနက်မှ နံနက်ပိုင်း စစ်ကူလာသော စစ်ရဟတ် ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ရဟတ်ယာဉ်၏ အမြီးပိုင်း ထိမှန်ခဲ့ပြီး ကန့်ဘလူ အမှတ် ၆၀၀၆ အမြောက်တပ်ထဲသို့ အရေးပေါ် ဆင်းသက်ခဲ့ကြောင်း သိရှိရသည်။", "” အောက်တိုဘာလ ၉ ရက်နေ့ မနက် ၈ နာရီ လောက်မှာ နမခကနေ လာတဲ့ Mi35 စစ်ရဟတ်ယာဉ်ကို ပစ်ခတ်တာမှာ အမြီးပိုင်းထိမှန်တယ်။ အဲဒါ နမခကို မပြန်နိုင်ဘဲ ကန့်ဘလူ ၆၀၀၆သို့ အရေးပေါ်ဆင်း သက်ခဲ့ရတယ်။ အဲဒီပွဲမှာ စစ်တပ်ဘက်က ၅၀ လောက် ထိခိုက်သေဆုံးမှုရှိတယ်။ RPG ၃ လက် နဲ့လက်နက်ငယ် ၅၀ ခန့်သိမ်းဆည်းရမိတယ်” ဟု မြေပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ စစ်ရဟတ်ယာဉ်ကို မည်သည့်လက်နက်ဖြင့် ပစ်ခတ်ခဲ့သည်ကိုမူ မြေပြင် သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ စစ်ရဟတ်ယာဉ်ကို ဦးတည် ပစ်ခတ်ခဲ့မှုနှင့် အမြီးပိုင်း ထိမှန်ခဲ့သည်ကိုသာ ထုတ်ဖော်ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ရဟတ်ယာဉ် အမြီးပိုင်းကို ထိမှန်အောင် PDF တပ်များက ပစ်ခတ်နိုင်ခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်ပြီး မြေပြင် အခြေအနေကို အသေးစိတ် အတည်ပြုနိုင်ခြင်းမရှိပေ။", "ဓာတ်ပုံ- မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းရှိ လေယာဉ်ကွင်းမှ Mi35 စစ်ရဟတ်ယာဉ် တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။ )"]
https://yktnews.com/2023/08/116905/
ကန့်ဘလူ တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ နှစ်ဦး နေထိုင်ရန် တဲထိုးနေစဉ် အဖမ်းခံရ
["ကန့်ဘလူ တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ နှစ်ဦး နေထိုင်ရန် တဲထိုးနေစဉ် အဖမ်းခံရ", "ရန်ကုန်၊ ဩဂုတ် ၇", "စစ်ကိုင်းတိုင်း ကန့်ဘလူတောင်ပိုင်း တစ်နေရာတွင်စစ်ဘေးရှောင်တွေအတွက် နေထိုင်ရန် တဲထိုးနေစဉ် အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကန့်ဘလူ တောင်ပိုင်း စစ်ဘေးရှောင်အရေးဆောင်ရွက်ပေးနေသူ မောင်ဖုန်း (သမိုင်းကျောင်းသား) က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကန့်ဘလူတောင်ပိုင်းဒေသများကို အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင် ရောက်ခဲ့သည့်အတွက် ဒေသခံအများအပြား ထွက်ပြေးခဲ့ရကြောင်း ၊ယင်းသို့ထွက်ပြေးတိမ်းရှောင်ပြီး နေထိုင်ရန်အတွက် တဲများထိုးနေစဉ် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းများမှ ဝင်ရောက်လာသည် တိုးမိပြီး တဲထိုးနေသည့် ပြည်သူနှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက် ပေးနေသူ မောင်ဖုန်း (သမိုင်းကျောင်းသား) ကပြောသည်။", "ယင်းသို့အဖမ်းခံရသည့် သတင်းကြားချိန်တွင် ကျန်စစ်ဘေးရှောင် ပြည်သူ ၁၇၀ ခန့်သည် ဘေးလွတ်ရာကို ထပ်မံထွက်ပြေးခဲ့ကြောင်း ဖမ်းဆီးခံရသူနှစ်ယောက်သည် ယခုထက်တိုင် ပြန်လည်လွတ်မြောက်လာ ခြင်းမရှိသည့် အပြင် မည်သည့် သတင်းမှကိုလည်း မကြားရကြောင်း မောင်ဘုန်း(သမိုင်းကျောင်းသား) ကပြောသည်။", "ယင်းစစ်ရှောင် ၁၇၀ သည် ကန့်ဘလူတောင်ပိုင်းနယ်မြေအတွင်း လှည့်လည်စစ်ဘေးရှောင်နေရသည်မှာ ၃ လခန့်ရှိနေပြီး ကိုယ်ရပ်ရွာဒေသများကို မပြန်နိုင်ဖြစ်နေကြောင်း၊ရွာများကို ပြည်သူများရောက်လာလျှင် စစ်ကောင်စီတပ်များက ဝင်ရောက်စီနင်းခြင်းများပြုလုပ်နေ၍ မကြာခဏဆိုသလို ပြေးလွှားနေရကြောင်း ကန့်ဘလူတောင်ပိုင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောသည်။", "“အခက်အခဲတွေကအများကြီးရှိပါတယ်။အခုစားဝတ်နေရေးဆိုတာထက်လောလောဆယ် မိုးတွင်းကာလ ရောက်နေဆိုတော့ ဆေးဝါးခြင်ထောင်ကအစ ဘာမှပါမလာဘူး။အတော်ကို ဒုက္ခရောက်နေတယ်။ ဘယ်သူ အကူအညီမှလည်းမရသေးတော့ အချင်းချင်းပဲ မျှသုံးနေရတယ်”လို့ ကန့်ဘလူတောင်ပိုင်း စစ်ဘေးရှောင် တစ်ဦးကပြောသည်။", "မကြာမီ ဆောင်းတွင်းရောက်လာလျှင် အစားအသောက်အနေအထိုင်အပါအဝင် ကျန်းမာရေးတို့ပါ ပိုမိုခက်ခဲ မည်ဖြစ်ကြောင်း ၎င်းကပြောသည်။", "ယင်းကန့်ဘလူတောင်ပိုင်းမှ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာအနည်းအကျဉ်းနှင့် စောင်ခြင်ထောင် ခေါင်းအုံးအနည်းငယ်သာ ထောက်ပံ့ပေးနိုင်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တခြားအဖွဲ့ အစည်းကြီးများမှ ထောက်ပံ့အကူအညီများ ပိုလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ မောင်ဖုန်း (သမိုင်းကျောင်းသား) ကပြောသည်။"]
https://yktnews.com/2023/11/130575/
ကန့်ဘလူ မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ
["ကန့်ဘလူ မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက်အများအပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင်ခန့် သေဆုံးပြီး လက်နက် အ​မြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာ ၁၀ ရက်နေ့နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်​ရေး ပူး​ပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး ၁၀၀ ဝန်းကျင်ခန့်သေဆုံးကာ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "“စစ်ခွေး အကောင် ၁၀၀ ဝန်းကျင်သေတယ်ဗျို့။ ကြားဖြတ်တိုက်ခိုက်တာပါ။ အပြန်အလှန်တိုက်ပွဲဖြစ်တာ ၄ နာရီကျော်ကြာတယ် ပြောရမယ်။ သူတို့ စစ်ကြောင်းက ၃၀၀ ဝန်းကျင်ပါ။ ကောလင်းမြို့သိမ်းခံရတော့ ဝါသဝ က သူ့ပျူစောထီးစစ်ကြောင်းကို အင်အားပြတာလေ” ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ ၇ ရက်နေ့တွင် ချပ်သင်းတိုက်နယ်မှ ကိုးတောင်ဘို့တိုက်နယ်ဘက်သို့ ချီတက်လာခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှ စ၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်မှ တိုက်ပွဲ ရပ်သွားခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်တပ်ဘက်မှာ သေဆုံးသူများအပြင် ထွက်ပြေးသွားသူများလည်း အများအပြားရှိကြောင်း Infinity Group မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/04/97097/
ကန့်ဘလူ မှ ပြည်သူ ၁၀၀ ကျော်သေဆုံးမှုတွင် ပိုင်းလော့ ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့၊ Yak-130 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူး ရဲဇောနိုင် က ကြီးကြပ်ခဲ့
["ကန့်ဘလူ မှ ပြည်သူ ၁၀၀ ကျော်သေဆုံးမှုတွင် ပိုင်းလော့ ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့၊ Yak-130 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူး ရဲဇောနိုင် က ကြီးကြပ်ခဲ့", "ရန်ကုန်၊ ဧပြီ ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော် သေ ဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီလေတပ်မှ ပိုင်းလော့ ဗိုလ်ကြီး သန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်သော Yak-130 လေယာဉ်ကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုး အစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက် Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။", "တံတာဦးလေတပ်မှ Yak -130 လေယာဉ်အုပ်မှူး ဗိုလ်မှူးရဲဇော်နိုင်က ကြီးကြပ်၍ ဗိုလ်ကြီးသန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့ မောင်းနှင် သော Yak-130 တိုက်လေယာဉ်က ပြည်သူ ၁၀၀ ကျော် သေဆုံးစေရန် ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။", "တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် ထပ်မံ၍ ဗုံးကျဲခဲ့သော အနောက်မြောက် တိုင်း စစ်ဌာနချုပ်မှ Mi35 ရဟတ်ယာဉ်မောင်း၏ အမည်ကို ဆက်လက် စုံစမ်း နေဆဲဖြစ်သည်။", "တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း ၊ ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို ဗုံးကျဲ သတ်ဖြတ်ခဲ့သော Yak -130 လေယာဉ်အုပ်မှာလည်း ဗိုလ်မှူး ရဲဇော်နိုင် ဦးစီးသော ပျံသန်းတိုက်ခိုက် ရေး လေယာဉ်အုပ်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98120/
ကန့်ဘလူ သွေးကြွေးအတွက် နေပြည်တော်အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှု လေယာဉ်ဆီလှောင်ကန်ကြီး ၂ လုံးကို ထိမှန်ပြီး ပေါက်ကွဲ မီးလောင်ခဲ့
["ကန့်ဘလူ သွေးကြွေးအတွက် နေပြည်တော်အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့မှု လေယာဉ်ဆီလှောင်ကန်ကြီး ၂ လုံးကို ထိမှန်ပြီး ပေါက်ကွဲ မီးလောင်ခဲ့", "ရန်ကုန်၊ ဧပြီ ၁၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ပြည်သူ ၁၀၀ ကျော်ကို စစ်တပ်က လေ ကြောင်း ဖြင့် တိုက်ခိုက်သတ်ဖြတ်မှုကို ဂလဲ့စားချေသည့်အနေဖြင့် နေပြည် တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ရှော့တိုက်ဒုံးသည် လေယာဉ်ဆီ ဆီလှောင်ကန်ကြီး ၂ လုံးကိုထိမှန် ပေါက်ကွဲမီးလောင်ခဲ့ကြောင်း MKCDFမှ တာဝန်ရှိသူက ပြောသည်။", "ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူမြိုနယ်၊ ပဇီကြီးကျေးရွာတွင် အရပ်သားပြည်သူ ၁၇၀ ကျော်ကို လေယဥ်ဖြင့်ဗုံးကြဲသတ်ဖြတ်ခဲ့သော အာဏာသိမ်းစစ်ကောင်စီ ၏ ရက်စက်ကြမ်းကြုတ်မှုကို တုန့်ပြန်သောအားဖြင့် ကရင်၊ ကရင်နီ နှင့် MKCDF သည် Brave Warriors for Myanmar (BWM) အဖွဲ ၏ပံ့ပိုး မှု ဖြင့် ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၅၀ အချိန်တွင် နေပြည်တော်၊ အေလာ လေ ဆိပ် အတွင်းသို ၁၀၇ မမ ရှော့တိုက်ဒုန်း ၄ လုံး ဖြင့်အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ ကြောင်း သိရှိရသည်။", "ရှော့တိုက်ဒုံးများသည် အလွန်ပြင်းထန်သည့် ပေါက်ကွဲသံနှင့်အတူ လေယာဉ် ဆီ လှောင် ကန်ကြီး ၂ ခု လုံးထိမှန် ပေါက်ကွဲ ပြီး ဧ‌ပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း အထိ မီးငြိမ်းသတ် ခဲ့ရကြောင်း၊ လေယာဉ် ဆီလှောင်ကန် ကြီး ၂ ခုလုံး ပြင်း အား ကောင်းစွာ ပေါက်ကွဲ လောင်ကျွမ်း မှုကြောင့် အနီးရှိ လေယာဉ် နှင့် အဆောက် အအုံ များ ပျက်စီးမှု အတိအကျကို ဆက်လက်စုံစမ်း နေဆဲ ဖြစ် ကြောင်း သိရှိရသည်။", "ယခု စစ်ရေး မစ်ရှင် ကို BWM အဖွဲ့၏ ပံ့ပိုး မှုဖြင့် တပ်ပေါင်းစု အဖွဲ့က ဖော် ဆောင်ခြင်း ဖြစ်ပြီး အခြား မည်သည့် အလှူရှင် မှ ပါဝင်ခြင်း မရှိကြောင်း ပြောဆိုထားသည်။"]
https://yktnews.com/2023/04/97089/
ကန့်ဘလူ ၊ပဇီးကြီးရွာတွင် စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၈၀ ကို သဂြိုလ် ပြီးစီးပြီဖြစ်သော်လည်း ကျန်ရှိ အလောင်းများကို စစ်ရဟတ်ယာဉ် ဝဲနေ၍ ကောက်ယူ သဂြိုလ်နိုင်ခြင်းမရှိသေး
["ကန့်ဘလူ ၊ပဇီးကြီးရွာတွင် စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ရုပ်အလောင်း ၈၀ ကို သဂြိုလ် ပြီးစီးပြီဖြစ်သော်လည်း ကျန်ရှိ အလောင်းများကို စစ်ရဟတ်ယာဉ် ဝဲနေ၍ ကောက်ယူ သဂြိုလ်နိုင်ခြင်းမရှိသေး", "ရန်ကုန်၊ ဧပြီ ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ပဇီးကြီးရွာတွင် စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ပြည်သူများ၏ ရုပ်အလောင်း ၈၀ ကို သဂြိုလ်ပြီးစီးပြီဖြစ်သော်လည်း ကျန်ရှိ အလောင်းများကို စစ်ရဟတ်ယာဉ် ဝဲနေ၍ ကောက်ယူ သဂြိုလ်နိုင်ခြင်းမရှိသေးကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ် နေသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ကျန်ရှိနေသေးသော ရုပ်အလောင်းများကို ကောက်ယူပြီး ကောင်း မွန်စွာသင်္ဂြိုလ်ပေးနိုင်ရန် သွားရောက်ခဲ့ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တပ်မှ ရဟတ် ယာဉ်တစ်စီးဖြင့် လာရောက်ပျံဝဲခဲ့သည့်အတွက် ကောက်ယူနိုင်ခြင်းမရှိပဲ ရှောင်တိမ်းနေခဲ့ရကြောင်း၊ ယမန်နေ့ ဧပြီလ ၁၁ ရက်ညနေပိုင်း ၅ နာရီ ၄၅ မိနစ်ခန့်က အဆိုပါနမခတပ်အတွင်းမှ ရဟတ်ယာဉ် က သေဆုံးရုပ်အလောင်းများကောက်ယူနေသည့်အဖွဲ့ကို ၃ ကြိမ်လှည်ပတ်ပျံဝဲကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "“ဒီမနက် ကျန်တဲ့သေဆုံးရုပ်အလောင်းတွေကောက်ဖို့ ကျနော်တို့သွားတယ်၊ ရောက်သွားတဲ့ အချိန်မှာ မုံရွာ နမခတပ်ထဲကနေ ရဟတ်ယာဉ်တစ်စီးကလာဝဲလို့ ပြန်ဆုတ်လာခဲ့ရတာ၊ ပစ်တော့ မပစ် သွားဘူး၊ မနေ့က ညနေကတော့ ပစ်သွားတယ်၊ သေဆုံးရုပ်အလောင်းတွေကတော့ အဆောက် အအုံထဲမှာရော၊ အပြင်လမ်းမတွေပေါ်မှာရော ပျံ့ကျဲနေတုန်းပဲ၊ အဲနားမှာတွေ ခွေး သုံးလေးကောင်၊ ဆိတ်တစ်အုပ်နဲ့ နွား သုံးလေးကောင်ပဲတွေ့တယ်” ဟု မြေပြင် ကယ်ဆယ်ရေးလုပ်ဆောင်သူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "သေဆုံးရုပ်အလောင်းများကို သင်္ဂြိုလ်ပေးနိုင်သည်မှာ အလောင်းအားလုံး ၈၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ရွာသားများမှာ တောထဲ၊တောင်ထဲထွက်ပြေးတိမ်းရှောင်နေရပြီး မည်သူမည်ဝါသေဆုံး၊ ပျောက်ဆုံး နေသည်ကို မသိရသေးကြောင်း၊ တောထဲတွင်ပုန်းရှောင်နေသော ရွာသား ၃ ဦးရိက္ခာပြန်လာ ယူသည် ကိုယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သဖြင့် မေးမြန်းခွင့်ရခဲ့ကြောင်း မြေပြင်ကယ်ဆယ်ရေးလုပ် ဆောင်နေ သူက ဆက်လက်ပြောကြား သည်။"]
https://yktnews.com/2024/10/190086/
ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
["ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ရေဦးမြို့နယ် နှင့် ခင်ဦးမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး၍ ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးနေပြီး စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ကျေးရွာများကို ဆက်တိုက် ဗုံးကျဲနေ၍ ထောင်နှင့်ချီသော ပြည်သူများထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ကာဘိုးရွာတွင် အထိုင်ချထားသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုင်ပေါင်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ကျီစုရွာနှင့် ကျောက်တိုင်ရွာများကို ဆက်တိုက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဝင်ရောက် စီးနင်းမှု မပြုလုပ်မီ ဒရုန်းများဖြင့် ရွာထဲကို ကျချ တိုက်ခိုက်ပြီး မြေပြင်မှ ပစ်ခတ် ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျီစုရွာ ၊ ကျောက်တိုင်ရွာ ၊ ပင်စိမ်းခင်းရွာ နှင့် မုံလှရွာ တို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံထားရပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် လာသောကြောင့် လက်ရှိချိန်တွင် ကန့်ဘလူ-ရေဦး-ခင်ဦး နယ်စပ်ရှိ အိုင်ပေါင်းချောင်ရွာ၊ အောင်ချမ်းသာရွာ ၊ ယင်းတိုက်ရွာ ၊ ကျောက်တိုင်ရွာ ၊ ကျီစုရွာ ၊ ပင်စိမ်းခင်းရွာ နှင့် မုံလှရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။", "“ဒီစစ်ကြောင်းက ဒီနေ့ မနက် ကန့်ဘလူနယ် ထန်းကုန်းဘက်ကနေ ကားကြီး ၄ စီးနဲ့ ကာဘိုးကို ဝင်ရောက်လာတယ်လို့ သိရတယ်။ ကာဘိုးကို ရောက်ပြီး အခုလို စစ်ကြောင်းစထိုးလာတာ တိုက်ခိုက်ရေး ဒရုန်းတွေနဲ့ လက်နက်ကြီးတွေလည်း ပါလာတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေက အစ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ ကျီစုရွာကို ဒရုန်းနဲ့ ဗုံးကျဲပြီး ဝင်ရောက် စီးနင်းတာပဲ မွန်းလွဲပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ နောက်ပြီး ခွေးစစ်ကြောင်းက ပင်စိမ်းခင်းရွာကို ဒရုန်းဗုံးကျဲပြီး ထပ်မံဝင်ရောက်စီးနင်းတယ်။ အဲကနေ တစ်ဆင့် ကျောက်တိုင်ရွာကိုလည်း ဒရုန်းနဲ့ ဗုံးကျဲပြီး ပြည်ပိုင်‌နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။ ကျောက်တိုင်ရွာကနေပြီး မုံလှရွာ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းပေါ်ကိုလည်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တယ်။ ဘုရားကျောင်းက ခေါင်းလောင်းစင်လည်း တဝက်ထိထားတယ်လို့ ကနဦးကြားသိရပြီး ကျောင်းဆောင်လည်း ထိမှန်ပျက်စီးတာတွေရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၅၀ ခန့်ပါဝင်ပြီး လက်ရှိချိန်ထိ ကျောက်တိုင်ရွာထဲ၌ တပ်စွဲထားကြောင်း သိရသည်။"]
https://yktnews.com/2023/09/121841/
ကန့်ဘလူခရိုင်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ကန့်ဘလူခရိုင်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ အလားတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တောင်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "” မနေ့ကကော ဒီနေ့ကော စစ်ခွေးတွေက ဆက်တိုက်ကို ရွာတွေကို ဝင်စီးပြီး မီးရှို့နေတာ ပြည်သူတွေလည်း ထွက်​ပြေးတိမ်းရှောင်နေရတယ်။ ဖြစ်စဥ် အသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန်တွင် ကန့်ဘလူခရိုင်အတွင်းရှိ တောင့်တည်းကုန်းရွာ အပါအဝင် သိုးဘိုးရွာ၊ ကိုးမြို့ရွာ၊ ဖလံချိုင်ရွာ၊ ညောင်ဇင်ကြီးရွာ၊ သရက်ခေါင်းရွာ၊ မင်းကုန်း(က) ရွာ၊ ဆူးပုတ်ကုန်းရွာ၊ ဘိုတဲကုန်းရွာ၊ ဘိုကုန်းရွာ၊ ပေလည်ရွာ နှင့် ငါးရာနဲရွာ စသည့် ကျေးရွာများမှ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။", "Photo – ကန့်ဘလူခရိုင်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/05/102998/
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် မြွေဆိပ်ဖြေဆေးများ လိုအပ်နေ
["ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ပြည်သူ ၅၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် မြွေဆိပ်ဖြေဆေးများ လိုအပ်နေ", "ရန်ကုန်၊ မေ ၁၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသည့် ပြည်သူပေါင်း ၅၀၀၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ကန့်ဘလူမြို့နယ်အတွင်း၌ ဒေသခံပြည်သူများ မနေထိုင်နိုင်တော့သည့် ကျေးရွာပေါင်း ၂၄ ရွာ ရှိလာပြီဖြစ်ကာ ယင်းထက် ပိုများနိုင်ကြောင်း၊ ထို့ပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ်အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်းနှင့် အလယ်ခုံကျေးရွာ၊ ချပ်သင်းတိုက်နယ်မှ ချပ်သင်း၊ ချပ်ကြီး၊ ကံကြီး (ရ)၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ တမာကုန်းနှင့် လှည်းပွဲကျေးရွာ တို့သည် အမြဲတမ်း စစ်ဘေး ရှောင်နေရကြောင်း သိရသည်။", "ထို့ပြင် ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်းခြားနှင့် မကျီးကုန်းကျေးရွာ၊ ဇီးကုန်းတိုက်နယ်မှ ရေကြည်ကျေးရွာ၊ မလည်တိုက်နယ်မှ ပဇီကြီး စသည့် ကျေးရွာများမှ ပြည်သူများသည်လည်း စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ရွာအတွင်း ပြန်မဝင်နိုင်ဘဲ အမြဲတမ်းစစ်ရှောင်ရွာများအဖြစ် ရောက်ရှိနေကြောင်း သိရှိရသည်။", "ကန့်ဘလူမြို့နယ်အတွင်းရှိ ညောင်ဇင်၊ သရက်ခေါင်း၊ ဖလံချိုင်၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ငါးရာနဲ စသည့် ကျေးရွာခုနှစ်ရွာမှ ဒေသခံပြည်သူများမှာလည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် မေလ ၁၆ ရက်အထိ ရွာအတွင်း ပြန်မဝင်နိုင်ကြသေးဘဲ နီးစပ်ရာ တောတိုက်များအတွင်း စစ်ဘေးရှောင်နေရကြာင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းမှာ ခြေမြန်တပ်ရင်း (ခမရ) ၃၆၁ နှင့် ၃၈၆ တို့ဖြစ်ကြောင်း သိရှိရသည်။", "လက်တလောတွင် အကြမ်းဖက် စစ်တပ်၏ ခမရ – ၃၆၁ မှာ ကျေးပင်အက်ဆည်ဘက်သို့ လှည့်လည်နေကာ ခမရ – ၃၆၈ စစ်ကြောင်းမှာ ချင်မြစ်ကျင်းကျေးရွာဘက်၌ ယာယီတပ်စွဲ စခန်းချေနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ကန့်ဘလူခရိုင်အတွင်း၌ စစ်ရှောင်ပြည်သူဦးရေ မြင့်တက်လာမှုနှင့်အတူ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံသုံး ဆေးဝါးများ လိုအပ်ချက် မြင့်မားလာသည့်အပြင် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌ သုံးစွဲရသည့် ဆေးဝါးများလည်း လိုအပ်လာနေကြောင်း စစ်ရှောင်များအား ကူညီနေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။"]
https://yktnews.com/2023/09/121399/
ကန့်ဘလူခရိုင်တွင် သြဂုတ်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး
["ကန့်ဘလူခရိုင်တွင် သြဂုတ်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် သြဂုတ်လအတွင်း စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့​ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေဆိုး ကိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း၊ မြွေဆိုးကိုက်ခံရသည့် ပြည်သူ ၁၁ ဦးမှာ အမျိုးသား ၉ ဦး နှင့် အမျိုးသမီး ၂ ဦးတို့ဖြစ်ပြီး အသက် မပြည့်သေးသည့် ၁၄ နှစ်အရွယ် ကလေး ၃ ဦးလည်း ပါဝင်ကာ ကလေး ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။", "မြွေဆိုးကိုက်ခံရသည့် ပြည်သူများမှာ ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့တိုက်နယ်မှ ၄ ဦး၊ ချပ်သင်းတိုက်နယ်မှ ၄ ဦးနှင့် ကျွန်းလှမြို့နယ်မှ ၃ ဦးတို့ဖြစ်ကြောင်း၊ ချပ်သင်းတိုက်နယ်၊ ပင့်သာကြီးကျေးရွာမှ အသက် ၂၆ နှစ်အရွယ် မောင်ရန်လှိုင်ဝင်းသည် ထယ်ထိုးရင်း မြွေပွေးကိုက်ခံရကာ မြန်မာနိုင်ငံထုတ် BPI မြွေဆိပ်ဖြေဆေး ၁၀ လုံးနှင့် အိန္ဒိယ မြွေဆိပ်ဖြေဆေး ၁၂ လုံးထိ ထိုးပေးခဲ့သော်လည်း အသက်သေဆုံးခဲ့ကြောင်း၊ ပုဏ္ဏားကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မောင်ပိုင်ဘုန်းခန့်သည် နွားကျောင်းသွားရင်း မြွေကိုက်ခံရကာ အချိန်မှီဆေးကုသခွင့် မရရှိဘဲ တောထဲ၌ သေဆုံးခဲ့ကြောင်း ‌သိရှိရသည်။", "ကန့်ဘလူခရိုင်တွင် စစ်တပ်က စစ်ကြောင်းထိုးခြင်းများ နေခြင်းကြောင့် တိုက်နယ် ၇ ခုရှိ ကျေးရွာများမှ ပြည်သူ အများအပြား အမြဲတမ်း စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူများသည် နီးစပ်ရာတောတဲများတွင်သာ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ကြောင်းများ ထွက်ခွာသွားစဥ် လယ်ယာ လုပ်ငန်းလုပ်ကိုင်ရာ မြွေဆိုးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ဆေးကုသမှု အလွယ်တကူမရသောကြောင့် အသက်ဆုံးရှုံးမှုများ မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/03/152452/
ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဖျက်ဆီး သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ပျက်စီး
["ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဖျက်ဆီး သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ပျက်စီး", "ရန်ကုန်၊ မတ် ၂၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဖျက်ဆီး သတ်ဖြတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ပျက်စီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "၂၀၂၃ခုနှစ် အတွင်း အကြမ်းဖက် စစ်တပ်က ကန့်ဘလူခရိုင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး သတ်ဖြတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးတိမ်းရှောင်ရင်း မြွေကိုက်ခံရမှုကြောင့် ပြည်သူ ၁၈၅ ဦး သေဆုံးခဲ့ပြီး နေအိမ် ၂၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများက စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၇၇ ဦးသေဆုံးခဲ့ပြီး စစ်ဘေးတိမ်းရှောင်ရင်း မြွေကိုက်ခံရတာကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၅၇ ဦးသေဆုံးခဲ့ရပြီး အသက်မပြည့်သေးသည့် ကလေးငယ် ၂၇ ဦးအထိ ပါ၀င်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ၀င်ရောက်မှုကြောင့် စစ်ဘေးတိမ်းရှောင်ရင်း မြွေကိုက်ခံရသူ ၉၂ ဦးအထိရှိခဲ့ပြီး အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "ကန့်ဘလူခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၉၆၂ လုံးအထိ မီးလောင်ပျက်စီးခဲ့ရပြီး စာသင်ကျောင်းဆောင်၊ ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အဦးများလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဇီးကုန်းတိုက်နယ်အတွင်းက နေအိမ် ၆၂၃ လုံး၊ မလည်တိုက်နယ်က နေအိမ် ၃၈၂ လုံး၊ ကျွန်းလှမြို့နယ်အတွင်းက နေအိမ် ၂၉၄ လုံး၊ ထန်းကုန်းတိုက်နယ်အတွင်းက နေအိမ် ၂၈၀ လုံး၊ ပင့်သာနှင့် ကိုထောင်ဘို့တိုက်နယ်အတွင်းက နေအိမ် ၁၀၀ ကျော်နှင့် ချပ်သင်းရွာက နေအိမ် ၆၈ လုံး၊ ကာဘိုးရွာက နေအိမ် ၂၀ လုံး၊ ကန့်ဘလူမြို့နယ်အတွင်းက နေအိမ် ၉ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများမှ ပြည်သူများ၏ လယ်ယာသုံး စက်ပစ္စည်းများနှင့် ဆိုင်ကယ်၊ ကားများကိုလည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/102404/
ကန့်ဘလူခရိုင်ရှိ ရွာ ၈ ရွာကို စစ်တပ်က ၁၂ ရက် အတွင်း မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၈ လုံးပြာကျပြီး ပြည်သူ ၁ ဦး သတ်ဖြတ်ခံရကာ ၁၁ ဦး ဖမ်းဆီး ခံရ
["ကန့်ဘလူခရိုင်ရှိ ရွာ ၈ ရွာကို စစ်တပ်က ၁၂ ရက် အတွင်း မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၈ လုံးပြာကျပြီး ပြည်သူ ၁ ဦး သတ်ဖြတ်ခံရကာ ၁၁ ဦး ဖမ်းဆီး ခံရ", "ရန်ကုန်၊ မေ ၁၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်မှ ၁၂ ရက်နေ့ အတွင်း ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၇၈ လုံး ပြာကျပြီး ပြည်သူ ၁ ဦး သတ်ဖြတ်ခံရကာ ၁၁ ဦး ဖမ်းဆီး ခံရ​ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။", "အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာများမှာ ကန့်ဘလူခရိုင်ရှိ ဇီးကုန်းတိုက်နယ်အတွင်းရှိ ဖိုလ်ကုန်း၊ ထောက်ရှာအိုင်နှင့် ခအုံးတာကျေးရွာ၊ ကာဘိုးတိုက်နယ်မှ သိုးဘိုးနှင့် ချင်မြစ်ကျင်းကျေးရွာ၊ ထန်းကုန်းတိုက်နယ်မှ သရက်ခေါင်း၊ ဖလံချိုင်နှင့် ညောင်ပေါင်းရင်းကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ခြေမြန် တပ်ရင်း ခမရ ၃၆၁ သည် မေလ ၁ ရက်နေ့တွင် ဇီးကုန်းတိုက်နယ်ရှိ ဖိုလ်ကုန်းရွာကို ဒုတိယအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၃၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် မေလ ၄ ရက်နေ့တွင် သရက္ကံကြီးရွာကို ပစ်ခတ် ဝင်ရောက်ပြီးနောက် စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၅၀ အရွယ် ဦးခိုင်ဇော် ဆိုသူကို နေအိမ်ဝန်း အတွင်း၌ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ခမရ – ၃၆၁ တပ်သည် မေလ ၇ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ် ထောက်ရှာအိုင်ရွာကို အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ပြီးနောက် ပြည်သူပိုင်နေအိမ် ၈၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။", "ထို့ပြင် ကာဘိုးတိုက်နယ်၊ ချင်မြစ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်။ ခမရ – ၃၆၈ စစ်ကြောင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ချင်မြစ်ကျင်းရွာမှ ထွက်ခွာ ပြီးနောက် မေလ ၁၀ ရက်တွင် သိုးဘိုးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ် ၁၅ လုံးအား ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးထားသည့် ဒေသခံ ပျူစောထီးစစ်ကြောင်းကလည်း မေလ ၁၀ ရက်နေ့တွင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပေါင်ရင်းရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "မေလ ၁၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခမရ – ၃၆၁ နှင့် ၃၆၈ ပူးပေါင်း စစ်ကြောင်းသည် ထန်းကုန်းတိုက်နယ် အတွင်းရှိ သရက်ခေါင်းနှင့် ဖလံချိုင်ရွာတို့ကို ထပ်မံ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့သော​ကြောင့် သရက်ခေါင်းရွာမှ ပြည်သူပိုင်နေအိမ် ၅ လုံးနှင့် စာသင်ဆောင် ၂ ဆောင်၊ ဖလံချိုင်ရွာမှ နေအိမ် ၂၆ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ မေလ ၁၂ ရက်နေ့ တွင်လည်း ခမရ-၃၆၁ စစ်ကြောင်းက ဇီးကုန်းတိုက်နယ်၊ ခအုံးတာကျေးရွာကို အကြမ်းဖက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူပိုင်နေအိမ် ၁၃ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် ဇီးကုန်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်၊ ကာဘိုးတိုက်နယ်ရှိ ကျေးရွာများကို လှည့်လည် မီးရှို့နေသည့်အတွက် ‌တိုက်နယ်သုံးခုရှိ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။", "Photo – မေလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော သရက်ခေါင်းရွာရှိ ပျက်စီးဆုံးရှုံးမှုများ"]
https://yktnews.com/2023/09/121692/
ကန့်ဘလူခရိုင်ရှိ အင်းလယ်ကြီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ကန့်ဘလူခရိုင်ရှိ အင်းလယ်ကြီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ အင်းလယ်ကြီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နတ်အင်းရွာမှ အင်းလယ်ကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းနှင့်ပိတ်မိသည့် အင်းလယ်ကြီးရွာမှ မောင်ဝင်းကြိုင်နှင့် မောင်ဇင်အောင်တို့ ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီမှစ၍ ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင့်တည်းကုန်းရွာကို ညောင်ဇင်လေးရွာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တောင်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားရှိ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ မိုးထဲ ရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် တောင့်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ညောင်ဇင်ကြီးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးသွားကြောင်းနှင့် တောင့်တည်းကုန်းရွာအပါအဝင် သိုးဘိုး၊ကိုးမြို့၊ဖလံချိုင်၊ညောင်ဇင်ကြီး၊သရက်ခေါင်း၊မင်းကုန်း(က)၊ဆူးပုတ်ကုန်း၊ဘိုတဲကုန်း၊ဘိုကုန်း၊ပေလည် နှင့် ငါးရာနဲ စသည့် ကျေးရွာ ၁၂ ရွာမှာ ပြည်သူများ စစ်ဘေးရှောင်ပုန်းနေရကြောင်း သိရသည်။", "“စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ဝန်းကျင်လောက်များ ဖြစ်မလား မခန့်မှန်းတတ်ဘူးဖြစ်နေတယ်ဗျ။ စခတွေ ညောင်ဇင်ကြီးရွာမှာပဲ ရှိနေပါသေးတယ်။ တောင့်တည်းကုန်း မီးရှို့ခံရတဲ့ အရေအတွက် မသိရသေးပါဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ထန်းကုန်းတိုက်နယ်သည် ကန့်ဘလူ၆၀၀၆၊ ဇီးကုန်းသကြားစက်အထိုင်စခန်း၊ ယမနေပျူစောထီးအထိုင်စခန်း၊စံပါယ်နံ့သာပျူစောထီးအထိုင်စခန်း၊ယော+လယ်လှပျူစောထီးအထိုင်စခန်း၊ညောင်ဇင်လေးပျူစောထီးအထိုင်စခန်းတို့နှင့် နီးကပ်လျက်ရှိခြင်းကြောင့် မကြာခဏဆိုသလို ‌စစ်ကောင်စီစစ်ကြောင်းများ၏ စစ်ကြောင်းထိုးခြင်း၊အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မီးရှို့ဖျက်ဆီးခြင်းခံရ၍ စစ်ဘေးရှောင်ဦးရေ တိုးပွားလျက်ရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။", "စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း ယော၊လယ်လှပျူစောထီးအထိုင်စခန်းမှ မှထွက်လာသည့် ခြေမြန်တပ်ရင်း- ၃၆၁ နှင့် ပျူစောထီးအင်အား ၁၂၀ ခန့်သည် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဉာဏ်အင်းရွာကို တတိယအကြိမ်မီးရှို့ခဲ့ရာ နေအိမ် နှစ်လုံးမီးလောင်ပျက်စီး သွားခဲ့ကြောင်း၊ စက်တင်ဘာလ ၆ ရက်နေ့တွင် လေးလှရွာနှင့် မြိုင်သာယာရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ လေးလှရွာမှ နေအိမ်တစ်လုံး၊ စာသင်ဆောင်တစ်ဆောင် နှင့် မြိုင်သာယာရွာမှ နေအိမ် ၄ လုံးမီးလောင်ပျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်မှ ပြောကြားသည်။"]
https://yktnews.com/2023/09/120626/
ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သရက်ခေါင်းရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး
["ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သရက်ခေါင်းရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီး", "ကျေးရွာပေါင်း ၁၄ ရွာမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သရက်ခေါင်းရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် နေသည့် အင်တောပေါက်တဲတိုက်မှ အသက် ၆၀ အရွယ် ဦးကံထွန်း၊ ဖလံချိုင်ရွာမှ အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ်နှင့် ရင်ခတ်ကုန်းရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ရဲမင်းတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "အင်တောပေါက်တဲတိုက်မှ ဦးကံထွန်းကို အကြမ်းဖက် စစ်တပ်က လက်ပြန်ကြိုးတုတ် ပစ်သတ်ပြီး ရေထဲချထားခဲ့ကြောင်း၊ ဖလံချိုင်ရွာမှ ကိုကောင်းမြတ်သည်လည်း စစ်ဘေးတိမ်းရှောင်ရင်း အင်တောပေါက်တဲတိုက်၌ သတ်ဖြတ်ခံရကြောင်း၊ ရင်ခတ်ကုန်းရွာသား မောင်ရဲမင်းသည်လည်း စစ်ဘေး တိမ်းရှောင်ရင်း ရွာထိပ်၌ စစ်တပ် ကင်းပုန်းက ပစ်သတ်ခဲ့ကြောင်း သိရသည်။", "ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာကို ဇီးကုန်း သကြားစက်အထိုင်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၆၁ တပ်ရင်းနှင့် ပျူစောထီး အင်အား ၁၅၀ ကျော်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်‌ကြောင်းသည် ကန့်ဘလူခရိုင်အတွင်းရှိ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ပြည်သူပိုင်ပစ္စည်းများ ခိုးယူခြင်း၊‌ နေအိမ်မီးရှို့ခြင်းနှင့် ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခြင်းကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ကုန်နှင့် ဆေးဝါးများအရေး‌‌ပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/10/125398/
ကန့်ဘလူခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ကျေးရွာနေ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး
["ကန့်ဘလူခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ကျေးရွာနေ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး", "ရန်ကုန်၊ အောက်တိုဘာ ၆", "ကန့်ဘလူခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများနှင့် ကျေးရွာနေ ပြည်သူများကို စက်တင်ဘာလ ၂၆ ရက်မှ ၃၀ ရက်နေ့ အထိ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) နှင့်အတူ ကန့်ဘလူခရိုင်ဆေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/103098/
ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်း စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ
["ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်း စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ", "ရန်ကုန်၊ မေ ၁၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်း ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ကို အကြမ်းဖက်စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁ / ၃၆၈ စစ်ကြောင်း၊ လယ်လှရွာမှ ပျူစောထီး စစ်ကြောင်း၊ ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်ရင်းမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်း စသည့် စစ်ကြောင်း ၄ ကြောင်းက တစ်ရက်တည်း ဝင်ရောက် စစ်ကြောင်းထိုး လာခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးခံရခြင်းကြောင့် ထန်းကုန်းတိုက်နယ်တွင် ကျေးပင်အက်၊ဉာဏ်အင်း၊အင်းလယ်ကြီး၊‌ ရွာမ၊ရွာသစ်၊ညောင်ပေါင်ရင်း၊ရီးဒွေး၊သရက်တာ၊အင်္ဂါထောင့်၊ကိုင်းရိုး၊ကျွန်းပင်ကုန်း၊ဆူးပုတ်ကုန်း၊ဘိုတဲကုန်း၊ဘိုကုန်း၊မဲသည်၊ညောင်ဇင်ကြီး၊မင်းကုန်း(က)၊ရှမ်းတပ်၊ဇီးဖြူကုန်း၊ယောရှမ်းတပ်၊ထိန်တော၊ပေလည်၊သပြေသာလေး စသည့် ကျေးရွာ ၂၃ ရွာအပြင် အနီးဝန်းကျင်တိုက်နယ်မှ ကျေးရွာများရှိ ပြည်သူများပါ အိုးအိမ်စွန့်ခွါပြီး ထပ်မံ‌ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "” ပြည်သူ ၃၀၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲ့တာက ထန်းကုန်း တိုက်နယ် တစ်ခုပဲ ဘေးတိုက်နယ်က ရွာတွေ နည်းနည်းပါတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ကာဘိုးတိုက်နယ် ကိုးမြို့ရွာဘက်မှထွက်ခွာလာသော စစ်ကောင်စီလက်အောက်ခံ အင်အား၁၅၀ ခန့် ပါ ခြေမြန်တပ်ရင်း -၃၆၈ စစ်ကြောင်းသည် မေလ ၁၇ ရက်နေ့ နံနက် ၆ နာရီတွင် ထန်းကုန်းတိုက်နယ် ညောင်ဇင်ကြီးရွာဘက်မှ မင်းကုန်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ ကျေးပင်အက်ရွာမှထွက်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ အင်အား၁၂၀ ခန့်စစ်ကြောင်းသည် အင်းလယ်ကြီးရွာသို့ အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ်တွင် အင်းလယ်ကြီးရွာမှ အနောက်ဘက်သို့ထွက်ခွါသွားကြောင်း သိရှိရသည်။", "ထို့ပြင် လယ်လှအထိုင်မှ ပျူစောထီးစစ်ကြောင်းသည် ရွာမရွာသို့ ရောက်ရှိနေပြီး ကန့်ဘလူ ၆၀၀၆ အထိုင်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်နှင့်ပျူစောထီးစစ်ကြောင်းသည် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဉာဏ်အင်းရွာသို့ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ကာ တတိယအကြိမ်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရသည်။", "ကန့်ဘလူမြို့နယ်တွင် ဧပြီလမှ မေလအတွင်း အကြမ်းဖက်စစ်တပ်မှ မပြတ် စစ်ကြောင်းထိုးနေ၍ စစ်ရှောင်ပြည်သူ ဦးရေ တိုးသထက်တိုးလာနေသည့်အပြင် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ချပ်သင်းတိုက်နယ်၊ပိတောက်ပင်ရွာမှ ကျွဲ ၁၈ ကောင်၊ နွား ၂၃ ကောင်နှင့် တဲများပျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121004/
ကန့်ဘလူတောင်ပိုင်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအများ အပြားကို ဖမ်းဆီးကာ ပြည်သူ ၁ ဦးကို ပစ်သတ်
["ကန့်ဘလူတောင်ပိုင်း ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအများ အပြားကို ဖမ်းဆီးကာ ပြည်သူ ၁ ဦးကို ပစ်သတ်", "ရန်ကုန်၊စက်တင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူတောင်ပိုင်းကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ် ကြောင်းထိုးဝင်ရောက်နေပြီး ပြည်သူအများအပြားကို ဖမ်းဆီးထားကာ ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်လိုက်ကြောင်း စစ်ဘေးရှောင်ပြည်သူများ အရေးဆောင်ရွက်ပေးနေသူ မောင်ဘုန်းကပြောသည်။", "ယနေ့နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ထန်းကုန်း၊ယော၊လယ်လှရွာဘက်မှ အင်အား၄၀၀ ကျော်ရှိသည့် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း၃ ခုခွဲကာ ရွာမ၊ဥာဏ်အင်း၊ရီးဒွေး၊ရွာသစ်ကုန်း စသည့်ရွာများကို စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရွာမရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "ဖမ်းဆီးခံထားရသည့် ပြည်သူအရေအတွက်ကို လတ်တလော စုံစမ်း၍ မရသေးကြောင်း လက်ရှိတွင် ကျေးရွာ ပကဖ များက အဆိုပါ အကြမ်းဖက်စစ်ကြောင်း ရှိမည့်နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း မောင်ဘုန်းကပြောသည်။", "စစ်ကြောင်း ဝင်ရောက်လာချိန် ထိန်တောရွာမှ ကိုလှိုင်အောင်က ကြောက်လန့်၍ ထွက်ပြေးကြောင်း၊ ကိုလှိုင်အောင်သည် မြောင်းအတွင်း ဆင်းပြေးစဉ် အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့် ကိုလှိုင်အောင်ကို ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်နေရသော ပြည်သူတစ်ဦး။"]
https://yktnews.com/2023/08/116568/
ကန့်ဘလူတောင်ပိုင်းမှ စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော် အကူအညီလိုအပ်နေ
["ကန့်ဘလူတောင်ပိုင်းမှ စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော် အကူအညီလိုအပ်နေ", "ရန်ကုန်၊ဩဂုတ် ၅", "စစ်ကိုင်းတိုင်း ကန့်ဘလူတောင်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာများကို မီးရှို့နေသည့်အတွက် ဒေသခံပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ကန့်ဘလူအခြစိုက် ဒေါင်းနီပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုအောင်ကြီးက ပြောသည်။", "ယင်းစစ်ဘေးရှောင်ပြည်သူအများစုသည် ကန့်ဘလူတောင်ပိုင်း ဖုတ်ကုန်းရွာနှင့်ညောင်ပေါင်ရင်းရွာနှစ်ရွာ အများစုပါဝင်ပြီး ပလက်စတစ်အမိုးအကာနှင့် ဖြစ်သလိုနေထိုင်နေရကြောင်း ဒါအပြင် စားရေးသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်များ လိုအပ်နေကြောင်း ကိုအောင်ကြီးကပြောသည်။", "စစ်ဘေးရှောင်ပြည်သူတွေအနေဖြင့် လိုအပ်ချက်များစွာရှိနေပြီး အဓိကလိုအပ်ချက်က မြွေဆိပ် ဖြေဆေး လိုအပ်နေကြောင်း ဒေါင်းနီပြည်သူ့ကာကွယ်တပ်ဖွဲ့မှ တာဝန်ရှိသူ ကိုအောင်ကြီးက ပြောသည်။", "“ပြည်သူတွေလိုအပ်နေတာလိုအပ်နေတာအများကြီးပဲ၊အခုလည်းကျွန်တော်တို့အဖွဲ့က ထမင်းထုပ်တွေ သွားလှူတာ သူတို့အဓိကလိုနေတာ မြွေဆိပ်ဖြေဆေးဗျ” ဟု ကိုအောင်ကြီးက ပြောသည်။", "ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် မကြာခဏဆိုသလို ရွာများပတ်ပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူများ အမြဲလိုစစ်ရှောင်နေ ကြနေကြောင်း သိရသည်။", "လက်ရှိမှာ ကန့်ဘလူခရိုင်တွင် ဇူလိုင်တစ်လထဲမှာ မြွေဆိုးကိုက်ခံရသည့်ဒေသခံပြည်သူ ၁၁ ဦးရှိပြီး ယင်းထဲက တစ်ဦးမှာ သေဆုံးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။", "ယင်းအပြင် အကြမ်းဖက်စစ်တပ်က ရွာများမီးပတ်ရှို့ဖျက်ဆီးမှုများကြောင့် ကုသပေးရသည့်အခြေအနေမှာလည်း လုံခြုံမှုရှိသည့် အခြေအနေတွင် မရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကထုတ်ပြန် ထားသည်။"]
https://yktnews.com/2023/06/109260/
ကန့်ဘလူတွင် Non-CDM မြေတိုင်း စာရေးဝန်ထမ်း ကျော်မျိုးထွေး PDF ၏ ဖမ်းဆီးခြင်းခံရမှု အပေါ် မိန်းမထံ ပြန်၍ ဖမ်းခံရခြင်းအတွက် တာဝန်မယူဟု စစ်ကောင်စီ ဝန်ကြီးမှတ်ချက်ပေး
["ကန့်ဘလူတွင် Non-CDM မြေတိုင်း စာရေးဝန်ထမ်း ကျော်မျိုးထွေး PDF ၏ ဖမ်းဆီးခြင်းခံရမှု အပေါ် မိန်းမထံ ပြန်၍ ဖမ်းခံရခြင်းအတွက် တာဝန်မယူဟု စစ်ကောင်စီ ဝန်ကြီးမှတ်ချက်ပေး", "ရန်ကုန်၊ ဇွန် ၂၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူ ရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ Non-CDM ဝန်ထမ်း မြေတိုင်း ၄ ကျော်မျိုးထွေးကို PDF တပ်ဖွဲ့ တစ်ခုက ဖမ်းဆီးသွားခဲ့ရာ ထိုသို့ ဖမ်းဆီးခံရမှုသည် မိန်းမထံပြန်၍ ဖြစ်ရခြင်းဖြစ်သည်ဖြင့် တာဝန်မယူကြောင်း အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီး မင်းနောင်က မှတ်ချက်ပေး ကြောင်း သိရှိရသည်။", "ဇွန်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦး စီးဌာနမှ Non-CDM ဝန်ထမ်း မြေတိုင်း ၄ ကျော်မျိုးထွေးသည် မိသားစုရှိရာ ချပ်သင်းကျေးရွာသို့ ပြန်သွားခဲ့ပြီး ည ၉ နာရီအချိန်တွင် PDF အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းခံရကြောင်း၊ ယင်းအတွက် ဇနီးဖြစ်သူက သက်ဆိုင်ရာသို့ အကြောင်း ကြားရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မင်းနောင် က မိန်းမထံပြန်၍ ဖမ်းခံရသဖြင့် တာဝန်မယူဘဲ ကာယကံရှင်၏ တာဝန်သာ ဖြစ်သည်ဟု မှတ်ချက်ပေးကြောင်း သိရှိရသည်။", "မြေတိုင်း ၄ ကျော်မျိုးထွေး အဖမ်းခံရမှုအပေါ် ဝန်ကြီး မင်းနောင်က “ကိုယ်ချင်း စာပါသည်။ သို့သော် ကန့်ဘလူတွင် မနေဘဲ ချပ်သင်းသို့ ပြန်ခြင်းဖြစ်၍ ကာလ ကြာရှည် အားလုံးသိနေ၍ ယခုကဲ့သို့ဖြစ်ရခြင်းဖြစ်၊ မိမိကိုယ် မိမိ အသိ၊ သတိဖြင့် မနေဘဲ သောကြောနေ့ မိန်းမထံ ပြန်ခြင်းဖြစ်၍ ကာယကံရှင်၏ တာဝန်သာဖြစ်၊ အကြိမ်ကြိမ် သတိပေးမှာကြားပြီးဖြစ်၊ DG များအားလုံါ် လက်အောက်ကို ထိထိမိမိ ရှင်းရှင်းလင်းလင်း တစ်ချက်ချင်းရေးသား၍ လိုက်နာရမည့် အချက်များ စာဖြင့် ပေးပို့ညွှန်ကြားပါ” ဟု မှတ်ချက် ပေး ထားကြောင်း သိရှိရသည်။", "မင်းနောင် သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးအဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့တွင် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး စစ်တပ်တွင် ဒုတိယ ဗိုလ်ချုပ် ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဖြစ် သည်။", "စစ်ကောင်စီက ဝန်ကြီးဌာနများတွင် Non-CDM ဝန်ထမ်းများ လုံခြုံရေး အခြေအနေအရ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များလိုက်နာရန်၊ ဝန်ထမ်းအိမ်ရာတွင်သာ နေရန်၊ သတင်းပေးပို့ ခရီးသွားရန်၊ ရုံးတက်ရုံးဆင်းချိန် အတွင်း တာဝန်မှအပ ပြင်ပ မထွက်ရန်၊ နယ်မြေလုံခြု့ရေးအခြေအနေအရ ယူနီဖောင်းဝတ်သွားလာခြင်းမျိုး ရှောင်ကြည်ရန် ၊ လက်နက်ကိုင်အဖွဲ့က ခြိမ်း ခြောက်လာပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။", "“Non-CDM တွေကို ကိုယ့်ဘေးကိုယ်ရှောင်။ မရှောင်နိုင်လို့ အသတ်ခံရရင် အဖမ်းခံရရင်လည်း တာဝန်မယူဘူးလို့ မှာထားပါတယ်။ ကိုယ်ဖြစ်ကိုယ်ခံ ဘယ်မှ မထွက်နဲ့ဆိုပြီးလည်း သက်ဆိုင်ရာ ဌာနအကြီးအကဲတွေက လစဉ် အစည်းအဝေးခေါ်ပြောနေတာတွေလည်း ရှိပါတယ်” ဟု နေပြည်တော်မှ ဝန်ကြီးဌာနတစ်ခုမှ ဖရဲသီးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/146404/
ကန့်ဘလူတွင် ကျန်းမာရေးမကောင်းသော အသက် ၇၀ အရွယ်အဘိုးအို ၁ ဦး နှင့် အသက် ၃၅ နှစ်အရွယ် လူငယ် ၁ ဦးကို စစ်တပ်က ဓားဖြင့်ထိုးသတ်ပြီး ကိုယ် လက်အင်္ဂါများကို အပိုင်း ပိုင်းဖြတ် တောက်ခဲ့
["ကန့်ဘလူတွင် ကျန်းမာရေးမကောင်းသော အသက် ၇၀ အရွယ်အဘိုးအို ၁ ဦး နှင့် အသက် ၃၅ နှစ်အရွယ် လူငယ် ၁ ဦးကို စစ်တပ်က ဓားဖြင့်ထိုးသတ်ပြီး ကိုယ် လက်အင်္ဂါများကို အပိုင်း ပိုင်းဖြတ် တောက်ခဲ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊ ချပ်သင်းတိုက်နယ်အတွင်း လှည်လည်စစ်ကြောင်း ထိုး နေသော အကြမ်း ဖက် စစ်တပ်က ကျန်းမာရေးမကောင်းမွန်သော အသက် ၇၀ အရွယ် အဘိုးအို ၁ ဦးနှင့် အ သက် ၃၅ နှစ်အရွယ် လူငယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်ပြီး ကိုယ်လက်အင်္ဂါများကို အပိုင်းပိုင်းဖြတ်တောက် ပစ်ခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁၅ ရက် နေ့ ကန့်ဘလူမြို့နယ် မြောက်ခြမ်း ချပ်သင်းတိုက်နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုးမွှေနှောက်နေသော စစ်တပ်စစ်ကြောင်းက တင်မော်ရွာမှ အ သက် ၇၀ အရွယ် ဦးရဲရွှေ နှင့် အသက် ၃၅ နှစ်အရွယ် ကိုမောင်ချိုတို့ ၂ ဦး ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အဘိုးအို ဦးရဲရွှေကို လည်ပင်းကြိုးဖြင့်ချည်နှောင်ကာ ဝမ်းဗိုက်ကို ဓါးဖြင့် ၅ ချက်ခန့်ထိုးသတ်သွားကြောင်း၊ အသက် ၃၅ နှစ်အရွယ် ကိုမောင်ချိုကိုလည်း စစ်တပ်က ကိုယ်လက်အင်္ဂါများ တစစီဖြတ်တောက်ကာ ဝမ်းတွင်း ကလီစာများကိုလည်း ဆွဲထုတ်သတ်ဖြတ်သွားသည်ဟု သိရသည်။", "“ကန့်ဘလူမြောက်ခြမ်း၊ ပင့်သာတိုက်နယ်၊ ချပ်သင်းတိုက်နယ်ကို ထိုးနေတဲ့စစ်ကြောင်းဗျ၊ တပတ် ကျော်ပြီး၊ ဒီစစ်ကြောင်းက သတ်တာဆိုရင် ၅ ယောက်ရှိနေပြီ၊ အဘိုးဦးရဲရွှေကတော့ ကျန်းမာရေးမကောင်းတော့ မပြေးနိုင်မလွှားနိုင်ဘဲကျန်ရစ်ပုံရတယ်။ ကိုမောင် ချို ကတော့ ဘယ်လို မိသွားလဲမသိဘူး။ သတ်တာကတော့ ရက်ရက်စက်စက်ကို သတ်သွားတာဗျာ။” ဟု အလောင်းမြင်တွေ့ခဲ့ရသည့် ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီတပ်ကသတ်ဖြတ်သွားသည့် တင်မော်ရွာသား ၂ ဦး၏ရုပ်အလောင်းများကို စစ်ကြောင်း ထွက်သွားပြီးနောက် ဖော်ဝါရီ ၁၆ ရက်နေ့၌ ကျေးရွာနေ ပြည်သူများမှ တွေရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း အင်ငုတ္တိုရွာ သား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "Photo – ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် အင်ငုတ္တိုရွာသား ဦးသိန်းမြင့်။"]
https://yktnews.com/2025/02/202253/
ကန့်ဘလူတွင် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်း၌ ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူတွင် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်း၌ ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်း၌ ကင်းယူရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်း ပျူစောထီး အထိုင်စခန်းမှ ဆိုင်ကယ် ၄ စီးဖြင့် ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်သားနှင့် ပျူစောထီး ၈ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ညောင်ပင်ဆိပ်ရွာမြောက်ဘက်အရောက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး G3 သေနတ် ၃ လက်၊ ကာဘိုင်သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“တိုက်ပွဲဖြစ်ပွားတဲ့ လမ်း‌ကြောက စစ်ခွေးတွေ ထိန်းချုပ်ထားတဲ့ လမ်းကြောဖြစ်တဲ့ အတွက် တော်လှန်တပ်ဖွဲ့ဝင်တွေက အခက်အခဲများစွာကြားက ရအောင် တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အတွင်းမှာတော့ စစ်ခွေးနဲ့ ပျူခွေး ၄ ကောင်သေပြီး သေနတ် ၅ လက် သိမ်းဆည်းနိုင်ခဲ့တယ်” ဟု ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် နယ်မြေခံ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ‌ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/190134/
ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီး
["ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီး", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကိုဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျောက်တိုင်ရွာနှင့် ကျီစုရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းခဲ့ပြီး အနီးအနားရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အိုင်ပေါင်းချောင်ရွာကို ဝင်ရောက်စီးနင်းစဉ် အရပ်သား ပြည်သူ ၃၀ ဦးကို ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ကို လူသားဒိုင်းအဖြစ် ခေါ်ဆာင်သွားပြီး လက်ရှိချိန်ထိ ဖမ်းဆီးထားကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မုံလှရွာရှိ ခရစ်ယာန် ဘုရားကျောင်းလည်း ဗုံးသီး ၂ လုံး ထိမှန်၍ ပျက်စီးသွားကြောင် သိရသည်။", "“အိုင်ပေါင်းချောင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပြည်သူတွေကို ဖမ်းဆီးထားပြီး စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတာ အခုထိဖမ်းထားတုန်းပဲ ပြည်သူ ၃၀‌ ကျော် ဖမ်းဆီးခံရတယ်။ ကန့်ဘလူမြိုနယ်၊ ကာဘိုးရွာက စစ်ခွေးတွေနဲ့ ပျူစောထီးတွေ ပေါင်းထားတဲ့ စစ်ကြောင်း မုံလှရွာက ခရစ်ယာန်ဘုရားကျောင်းကိုလည်း ဗုံးကျဲ ဖျက်ဆီးသွားတယ်။ ကျောက်တိုင်ရွာနဲ့ ကျီစုရွာကို စစ်ခွေးတွေက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်။ နေအိမ် ပျက်စီးမှုတော့မသိရသေးဘူး” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ကာဘိုးရွာကို ပြန်လည်ဆုတ်ခွာသွားပြီး နောက်ကျန်စစ်ကြောင်းများရှိနေသေး၍ ပြည်သူများ‌ ကျေးရွာအတွင်းကို ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။"]
https://yktnews.com/2024/12/196322/
ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ကျွန်းလှရှိ စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၆ ဦး သေဆုံးပြီး သေနတ် ၁၁ လက်သိမ်းဆည်းရရှိ၊ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
["ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် ကျွန်းလှရှိ စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၆ ဦး သေဆုံးပြီး သေနတ် ၁၁ လက်သိမ်းဆည်းရရှိ၊တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ကျွန်းလှမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၆ ဦး သေဆုံးပြီး သေနတ် ၁၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာ အနောက်ဘက်၌ ကျွန်းလှမြို့နယ်၊ ကံပေါက်ပျူစောထီးရွာမှ ထိုးစစ်ဆင် လာသော ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၆၀ ခန့်ကို ကန့်ဘလူခရိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄ ၊ ကန့်ဘလူခရိုင် ပကဖ၊ ပလဖ ၊ ပအဖ၊ ကျွန်းလှမြို့နယ် ပကဖ ၊ ပလဖ ၊ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နုတ် ဒရုန်းအဖွဲ့နှင့် ဒေသ ပကဖ များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ ဘက်မှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး ၂၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် သေဆုံးသွာသော အကြမ်းဖက် စစ်သားများထံမှ ငါးကြင်းမြီး (MA-15) (၁) လက် ၊ MA-1 (၁)လက်၊ MA-2 (၁)လက်၊ G-3 (၂) လက်၊ ကာဘိုင် (၅)လက် ၊ ကျည်မျိုးစုံ (၁၆၇၀) တောင့်၊ ဗုံးသီးမျိုးစုံ (၃) လုံး၊ နင်းမိုင်း (၆) လုံး၊ RPG (၃) လုံး၊ ငါးကြင်းမြီးခါးပတ် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၂၁) ခု၊ RT စက် (၁) လုံး၊ လက်ကောက် (၂) ကွင်း၊ လက်စွပ် (၁) ကွင်း၊ ဆွဲကြိုးအပြတ် (၁) ခု၊ နားကပ် (၁) ခု၊ ငွေသား (၃၂၀,၈၀၀) ကျပ်နှင့် လူသုံးကုန် ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ရွာတွင် အထိုင်ချထားသော ခမရ-၃၆၁ နှင့် ပျူစောထီး ပူးပေါင်း အင်အား ၇၀ ခန့်ရှိသော စခန်းကို ကန့်ဘလူခရိုင် တပ်ရင်း-၁ နှင့် ဒေသ ပကဖ ပူးပေါင်း အဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်းသိရသည်။", "အဆိုပါ တိုက်ခိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် သေဆုံးသွားသော အကြမ်းဖက် စစ်တပ်သားထံမှ MA-1 (၁) လက်၊ MA ကျည် (၄၆၀) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၇) လုံး၊ ကျည်ဘောက် (၅) ခု၊ ဦးထုပ် (၂) လုံး၊ Icom (၁) လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ပွဲတွင် တော်လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။"]
https://yktnews.com/2024/10/190278/
ကန့်ဘလူတွင် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များအပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီး
["ကန့်ဘလူတွင် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း များအပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျီစုရွာနှင့် ကျောက်တိုင်ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အပါအဝင် နေအိမ် ၇၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အောက်တိုဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီချတိုက်ခိုက်မှုကြောင့် အိုင်ပေါင်းချောင်ရွာမှ အမျိုးသားတစ်ဦး ဗုံးစမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အိုင်ပေါင်းချောင်ရွာမှ ဘုန်းကြီးကျောင်းအတွင်း စစ်ရှောင်နေသည့် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၃၇ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ကန့်ဘလူ ၆၀၀၆ တကရ တပ်သို့ ခေါ်ဆောင်သွားကာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရှိရသည်။", "ထို့ပြင် ယင်းနေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ် ကာဘိုးတိုက်နယ်အတွင်းရှိ ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့ကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၆၀ ခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် ကျီစုရွာမှ ဘုန်းကြီးကျောင်း ၂ ကျောင်း နှင့် ပြည်သူပိုင်နေအိမ် ၄၀၀ ခန့် မီးလောင် ပြာကျပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ကျောက်တိုင်ရွာမှ ဘုန်းကြီးကျောင်း(မြောက်)ကျောင်း၊ စာသင်ဆောင် ၁ ဆောင် နှင့် ပြည်သူပိုင်နေအိမ် ၃၀၀ နီးပါးလည်း မီးလောင်ပြာကျ ပျက်စီးဆုံးရှုံးခဲ့ကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“တိုက်ပွဲမဖြစ် မြေပြင်မှာ ထိတွေ့မှု လုံးဝ မရှိပါဘူး။ လတ်တလောတော့ ကျောက်တိုင်နဲ့ ကျီစုက ပြည်သူတွေ ရှောင်နေရတယ်။ အိုင်ပေါင်းချောင်ရွာက ပြည်သူတွေ ဖမ်းခံရတာလည်း အောက်တိုဘာ ၃၀ ရက်နေ့ကပါပဲ”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မီးရှို့ဖျက်ဆီးခံရသည့် ကျီစုရွာနှင့် ကျောက်တိုင်ရွာများသည် လွန်ခဲ့သည့် ၂ နှစ်ကလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခံထားရဖူးသည့် ကျေးရွာများ ဖြစ်ကြောင်း ၊ ပြည်သူများသည် နောက်ပိုင်းတွင်မှ အိမ်ပြန်ဆောက်၍ ဝင်ရောက်နေထိုင်နေကြချိန်တွင် ယခုအကြိမ်၌ ဘုန်းကြီးကျောင်းပါမကျန် မီးရှို့ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/202288/
ကန့်ဘလူတွင် စစ်တပ်က ကျေးရွာ ၆ ရွာကို ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး၊ သပိတ်မှောက်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၇ လုံး ပြာကျ
["ကန့်ဘလူတွင် စစ်တပ်က ကျေးရွာ ၆ ရွာကို ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံး၊ သပိတ်မှောက်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၇ လုံး ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆ ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး သပိတ်မှောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကန့်ဘလူမြို့နယ်ရှိ ငါးရာနဲရွာ၊ ဖလံချိုင်ရွာ၊ သရက်ကောင်းရွာ၊ ရင်ဂါတ်ကုန်းရွာ၊ လက်ထုတ်ကုန်းရွာနှင့် ပေကြီးရွာတို့ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ငါးရာနဲ ရွာမှ ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူများမွေးမြူထားသည့် နွား ၂ ကောင် သည်လည်း စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ကျီးကုန်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ပါသော စစ်ကြောင်းက သပိတ်မှောက်ရွာကို မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၇ လုံးမီးလောင်ပျက်စီးခဲ့ကြာင်း၊ ဒေသပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2024/04/155376/
ကန့်ဘလူတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ တိမ်းရှောင်နေရ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ
["ကန့်ဘလူတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ တိမ်းရှောင်နေရ၊ ဆားလင်းကြီးတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ", "ရန်ကုန်၊ ဧပြီ ၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ တိမ်းရှောင်နေရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြာင်းသည် မတ်လ လကုန်ပိုင်းမှ စတင်ကာ ယနေ့ ဧပြီလ ၆ ရက်နေ့ထိ ၈ ရက်ကြာ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပေကုန်း၊ ဆားတွင်းကြီး၊ ပင်းတဲ၊ ဟင်းဖြူတော၊ နဂါးပေါ်၊ အုတ်ခင်း၊ ချပ်လယ်၊ ပိတောက်ပင်၊ ဇီးကုန်း၊ နှောကုန်းနှင့် ကျေးတော စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာကို ထွက်ပြး တိမ်းရှောင် နေရခြင်းဖြစ်ကြောင်းသိရှိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၅ ရက်နေ့တွင် ဇင်းရွာမှ တဆင့် ချပ်လယ်နှင့် ပိတောက်ပင်ရွာဘက်ကို စစ်‌ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ချပ်လယ်ရွာ အရှ့ဘက်၌ တစ်ညအိပ် တပ်စွဲကာ ဧပြီလ ၆ ရက် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ပိတောက်ပင်ရွာကို မီးရှို့ဖျက်ဆီးပြီး နံနက် ၁၁ နာရီခန့်တွင် ချပ်ကြီးရွာသို့ ဝင်ရောက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်က ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ပေကုန်းကျေးရွာကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ‌‌နေအိမ် ၂ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၃၀ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ တဆင့် ဂါးထာ၊ ဆည်ကြီးဘက်ကို ထွက်ခွာလာသော စစ်ကြောင်းဖြစ်ပြီး ဆည်ကြီးရွာမှ ဆားတွင်းကြီးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကံကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး စီးနင်း ဝင်ရောက်လာသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၆ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ အများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“ပြည်သူတွ အကုန်လုံး ဘေးလွတ်ရာကိုပြေးနေရတယ်။ လက်ရှိသိရတာတော့ ပြည်သူတွေ ထိခိုက်မှုမရှိသေးဘူး။ အကုန်ပြေးနေရတော့ အတည်တော့ မပြုနိုင်သေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/120496/
ကန့်ဘလူတွင် စစ်တပ်က ညအချိန် စစ်ကြောင်း ထပ်မံ ထိုးနေ၍ ကျေးရွာ ပေါင်း ၂၀ ကျော်မှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရ
["ကန့်ဘလူတွင် စစ်တပ်က ညအချိန် စစ်ကြောင်း ထပ်မံ ထိုးနေ၍ ကျေးရွာ ပေါင်း ၂၀ ကျော်မှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရ", "ရန်ကုန်၊ ဩဂုတ် ၃၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး များက ဩဂုတ်လ ၃၀ ရက်ညပိုင်း ထပ်မံစစ်ကြောင်းထိုးနေ၍ ထန်းကုန်းနှင့် ဇီးကုန်း တိုက်နယ်တွင်းရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့်ဒေသသတင်းရင်းမြစ် infinity group ထံမှ သိရှိရသည်။", "ဩဂုတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကန့်ဘလူမြို့နယ် တောင် ဘက် ခြမ်း သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၈၀၀၀ ကျော် တိမ်းရှောင်ခဲ့ရကြောင်း၊ ယင်းနောက် ဩဂုတ်လ ၃၀ ရက်နေ့ နေ့ ညပိုင်းတွင် ထပ်မံ၍ စစ်တပ်က စစ်ကြောင်းထိုးသဖြင့် ကျေးရွာ ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရကြောင်း သိရှိရသည်။", "ယမန်နေ့ နေ့အချိန် စစ်တပ်နှင့်ပျူစောထီးများက သရက်ခေါင်းကျေးရွာသို့ ဝင် ရောက်ခဲ့ ပြီး ထိုမှတစ်ဆင့် စစ်ကြောင်းခွဲထွက်၍ ကြာဘက်ကံကျေးရွာ ဘက်သို့ ဦးတည်၍လည်းကောင်း၊ ဘုတ်ကုန်းကျေးရွာဘက်သို့ ဦးတည်၍လည်းကောင်း လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ဖောက်ကာ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ် ကြောင်း၊ညအချိန်အထိ စစ်တပ်နှင့်ပျူစောထီးများက စစ်ကြောင်းထိုးနေသဖြင့် ကန့်ဘလူတောင်ခြမ်းရှိ ကိုးမြို့၊တောင့်တဲကုန်း၊ညောင်ဇင်ကြီး၊သိုးဘိုး၊ ဖလံချိုင်၊ ငါးရာနဲ၊ သရက်ခေါင်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ ရင်ငတ်ကုန်း၊ မင်းဘာ၊ သရက္ကံကြီး၊ ညောင်ကိုင်း၊ ဘုတ်ကုန်း၊ ဆင်နင်း၊ဆူးတပ်၊ မင်းရွာတော၊ ကြာဘက်ကံ၊ ဇီးဖြူကုန်း၊ ရှမ်းတပ်၊ မကျီးကုန်းကျေးရွာများမှ ပြည်သူများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“စစ်ဘေးရှောင်က ၂ သောင်းနီးပါးလောက်ရှိတယ်။ နေ့ရော ညရော စစ် ကြောင်း ထိုးတော့ ရွာတွေအားလုံးမှာ နေလို့မရကြဘူး။ အကုန်ပြေးကြရတယ်။ အများစုက မိုးတွင်းဖြစ်တော့ ကျန်းမာရေးအရလည်း နေရထိုင်ရ အဆင်မ ပြေကြဘူး။ စားနပ်ရိက္ခာလည်း ခက်ခဲတယ်။ စစ်ကြောင်းလာတဲ့ နေရာနဲ့ ဆန့် ကျင်ဘက်ကို ဦးတည်ပြီး တောတွေ တောင်တွေထဲ ပြေးနေရတာ။ မြောက်ဘက် ကလာရင် တောင်ဘက်ကို ပြေး၊ တောင်ဘက်ကလာရင် မြောက်ဘက် ကိုပြေးနေရတာမျိုး။ မြွေအန္တရာယ်လည်း ကြောက်နေရတယ်။ ပြည်သူတွေ အတော်ဒုက္ခရောက်နေကြတယ်” ဟု ကန့်ဘလူမှ စစ်ဘေးရှောင် များကို ကူညီနေသူ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ရေဦးနှင့်ဒီပဲယင်းအစပ်တွင် ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ညပိုင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူများ ထွက်ပြေးရစဉ် မြင်ကွင်း များဖြစ်သည်။"]
https://yktnews.com/2023/04/99800/
ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ
["ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဧပြီ၁၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်၏ ခမရ ၂၆၁ နှင့် တပ်မ ၈၈ လက် အောက်ခံတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သော ပဇီကြီး ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။", "ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ မလည် တိုက်နယ်အတွင်းရှိ စကျင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ်ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိချိန်အထိ ဖမ်းဆီးထားသော ပြည်သူ ၁၀ ဦးကို စစ်ကြောင်းထိုးရာ နေရာများသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။", "“အခု စစ်ကြောင်းက တရော်ကိုင်းရွာကို ရောက်ပြီး မီးရှို့နေတယ်လို့ ကြားရတယ်၊ အတည်တော့ ပြုမရ သေးဘူး၊ ဖမ်းသွားတဲ့ရွာသား ၁၀ ဦးလည်း ပြန်မလွတ်သေးဘူး၊ တခြားရွာသားတွေလည်း ထွက်ပြေး နေကြရတုန်းပါ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "စစ်တပ်က ပဇီကြီးကျေးရွာ၊ ချောင်းသာကျေးရွာ၊ မြေမွန်ကျေးရွာ၊ လေးတွင်း စဉ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ မယ်ဇတောကျေးရွာ၊ ချောင်းရှည် ကျေးရွာ၊ မေတ္တာမွန်ကျေးရွာ၊ တရော်ကိုင်းကျေးရွာ၊ ရေရှင်ကျေးရွာ၊ ဘူးကုန်း ကျေးရွာ၊ ရွှေပြည်လင်းကျေးရွာ စသည့် ကျေးရွာများမှ ပြည်သူပိုင် နေအိမ်များ ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်ရှိအချိန်အထိ လှည့်လည် စစ်ကြောင်းထိုးနေ​ကြောင်း၊ စစ်ကြောင်းထိုးခံနေရသည့် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော်သည် လက်ရှိချိန်တွင် နေရပ် စွန့်ခွာထွက်​ပြေးနေရကြောင်း သိရသည်။"]
https://yktnews.com/2023/02/88112/
ကန့်ဘလူတွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်
["ကန့်ဘလူတွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်း၊ သိန်ရင်ဆည်ဒေသတွင် စစ်ကောင်စီတပ်က ၅ရက်ဆက် စစ်ကြောင်းထိုးနေစဉ် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကိုဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ကန့်ဘလူမြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးနေသော ခမရ-၃၆၈ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူး‌ပေါင်း စစ်ကြောင်းက ဖေဖော်ဝါရီ၁၇ရက်နေ့ ကိုင်းရိုးရွာအနီးတွင် ဒေသ ကာကွယ် ရေး အဖွဲ့ ဝင်၂ ဦးကို ဖမ်းဆီးနှိပ်စက်၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "“အင်းလယ်ကြီးရွာမှာ ၃ရက်တပ်စွဲပြီးတော့ ကိုင်းရိုးရွာဘက် စစ်ကြောင်းထိုးချိန်မှာ ရဲဘော်၂ ဦးက ကင်းထောက်နေတာကို ဖမ်းမိသွားတယ်။ အဲ့ဒါ နှိပ်စက်မေးမြန်းပြီးတော့ လူတွေရော ဆိုင်ကယ်ရော ထွန်စက်ပေါ်တင်ပြီး မီးရှို့သွားတာ” ဟု ပြောသည်။", "အဆိုပါစစ်ကြောင်းအပြင် ခမရ-၃၆၉ စစ်ကောင်စီတပ်က ရွှေဘို-မြစ်ကြီးနား ‌ဗျူဟာလမ်းဘေးရှိ ငှက်ပျောတိုင်းရွာကို တပ်စွဲနေသဖြင့် ကန့်ဘလူမြို့နယ် သိမ်ရင်ဆည်ဒေသနှင့် ဗျူဟာလမ်းအနီးရှိ ပြည်သူ ၂၀၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်။", "ခမရ-၃၆၈ စစ်ကောင်စီတပ်က သိန်ရင်ဆည်ဒေသသို့ စစ်ကြောင်းမထိုးမီ ဖေဖော်ဝါရီ၁၃ရက်က ကန့်ဘလူအခြေစိုက် ၆၀၀၆ လက်နက်ကြီးတပ်ရင်းမှ ၁၂၀မမ ဟောင်ဝစ်ဇာအမြှောက်ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် သိန်ရင်ဆည်ဒေသ၊ အင်းလယ်ကြီးရွာမှ ဒေသခံပြည်သူတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နွားတစ်ကောင် သေဆုံးခဲ့သည်။", "ဓာတ်ပုံ- ဒေသကာကွယ်‌ရေးအဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ထားစဉ်။"]
https://yktnews.com/2023/04/97707/
ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူများအတွက် အီတလီတွင် ဆုတောင်း ဆန္ဒဖော်ထုတ်
["ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြည်သူများအတွက် အီတလီတွင် ဆုတောင်း ဆန္ဒဖော်ထုတ်", "ရန်ကုန်၊ ဧပြီ ၁၅", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံး ပြည်သူများအတွက် အီတလီတွင် ဆုတောင်းခြင်းနှင့် ဆန္ဒထုတ် ဖော်ခြင်းကို ယနေ့ ပြုလုပ်ကြသည်။", "ယနေ့အီတလီအချိန် နံနက် ၁၁ နာရီတွင် မီလန်မြို့ Suore di Maria Bambina ရှိ မယ်တော်ဗိမာန်ကျောင်းဆောင်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူ", "ပဇီကြီးကျေးရွာနှင့် အခြားဒေသရှိကျေးရွာများကို စစ်အာဏာရှင်က လေ ကြောင်း သုံး၍ လူမျိုးတုန်းသတ်ဖြတ်ခဲ့ခြင်းကြောင့် ကျဆုံးခဲ့ရသူ များအတွက် မြန်မာမိသားစုနှင့် သီလရှင်များက ပုတီးစိတ် ဆုတောင်းကြ ကြောင်း၊ ​တိုင်းရင်းသားပြည်သူများကို ရည်မှန်းကာ ဆီမီး ၁၄ ခွက်လည်း ထွန်းညှိ ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။", "ထို့နောက် အီတလီ မြို့လယ်ရှိ လူစည်ကားရာ Duomo ဘုရားကျောင်းကြီး အနီး တွင် စစ်တပ်မှ လေကြောင်းသုံးပြီး လူမျိုးတုန်းသတ်ဖြတ်နေမှုကို တား ဆီးရေး အတွက် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ ကြကြောင်း Myanmar Community in Italyက ပြောဆိုသည်။"]
https://yktnews.com/2023/04/100194/
ကန့်ဘလူတွင် စစ်ဘေးရှောင် ပြည်သူ ၆၁ ဦး မြွေပွေးအကိုက်ခံရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး သေဆုံး
["ကန့်ဘလူတွင် စစ်ဘေးရှောင် ပြည်သူ ၆၁ ဦး မြွေပွေးအကိုက်ခံရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၃၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်အာဏာသိမ်းသည့် ၂နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ပြည်သူ ၆၁ဦး မြွေဆိုး အကိုက်ခံရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ကန့်ဘလူ-ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရှိရသည်။", "ကန့်ဘလူမြို့နယ်အတွင်း မြေပွေးအကိုက်ခံခဲ့ရသော စစ်ဘေးရှောင်ပြည်သူ ၆၁ ဦးအနက် မောင်မိုးဟိန်း အသက် ၈နှစ် ၊ မလှလှမျိုး အသက် ၉နှစ် ၊ ဦးဌေးမြင့် အသက် ၅၄နှစ် နှင့် ကိုရဲလင်း အသက် ၂၇နှစ် တို့မှာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ရပြီး ဦးဝင်းညွန့် အသက် ၆၁နှစ် နှင့် ဦးကျော်ညွန့် အသက် ၅၃နှစ် တို့မှာ ဆေးမကုသခဲ့ရဘဲ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်‌ရောက်၍ အကြမ်း ဖက်ဖျက်ဆီးမှုများကြောင့် တောတောင်များတွင် စစ်ဘေးရှောင်ကြရသော ပြည်သူတို့မှာ စားဝတ်နေရေး၊ လုံခြုံ ရေး စသည့်ပြဿနာများအပြင် မြွေဆိုးအန္တရာယ်နှင့်ပါ ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "“ပြည်သူတွေ ဒုက္ခရောက်နေတဲ့ကြားထဲ မြွေအန္တရာယ်က ပြဿနာတစ်ခုဖြစ်နေတယ်ဗျ။ စစ်ကြောင်းကြောင့် ဆေးမကုနိုင်ဘဲ အသက်ဆုံးရှုံးရတာတွေရှိတယ်။ မြွေဆိပ်ဖြေဆေးထိုးပေမယ့် အချိန်မမီလို့ အသက်ဆုံးတာလည်းရှိပါတယ်။ မြေပြင်မှာ ကူညီနေတဲ့ အဖွဲ့တွေဆီမှာဝောာ့ ရိက္ခာနဲ့ ဆေးဝါးက လိုအပ်ချက်တစ်ခုအဖြစ်ရှိနေဆဲပါ။ ဒါကြောင့် တတ်နိုင်သမျှ လှူဒါန်းကြဖို့လဲ မျှော်လင့်ပါတယ်” ဟု စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသူက ပြောသည်။", "‌ကန့်ဘလူမြို့နယ်အတွင်း မြွေဆိုးအကိုက်ခံခဲ့ရ‌သော စစ်ဘေးရှောင်ပြည်သူများမှာ အသက်၈နှစ်အရွယ်မှ ၆၁နှစ်အရွယ်အထိ အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၁၆ ဦးတို့ ဖြစ်ပြီး ၂၀၂၃ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ပဇီကြီးရွာ လေ ကြောင်း တိုက်ခိုက်ခံရမှုဖြစ်ပွားပြီး နောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဆက်တိုက်စစ်ကြောင်းထိုးနေသော ကြောင့် ‌‌အချိန်မီဆေးကုသမှုမခံယူနိုင်သဖြင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးအထိ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/103045/
ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၅၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် မြွေ ဆိပ် ဖြေဆေးများ လိုအပ်နေ
["ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၅၀၀၀၀ ကျော်အထိ မြင့်တက်လာပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် မြွေ ဆိပ် ဖြေဆေးများ လိုအပ်နေ", "ရန်ကုန်၊ မေ ၁၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တစ်ခုတည်းတွင် အကြမ်း ဖက် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသည့် ပြည်သူပေါင်း ၅၀,၀၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရှိရသည်။", "ထကန့်ဘလူမြို့နယ်အတွင်း၌ ဒေသခံပြည်သူများ မနေထိုင်နိုင်တော့သည့် ကျေးရွာပေါင်း ၂၄ ရွာ ရှိလာပြီဖြစ်ကာ ယင်းထက် ပိုများနိုင်ကြောင်းလည်း အကူ အညီပေးနေသည့် အဖွဲ့များထံမှ သိရှိရသည်။", "ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်ရှိ ဇီးကနား၊ လျှော်ဖြူကုန်း၊ နှောကုန်း၊ ဂုံညှင်းလျှို၊ ကျခတ်အိုက်၊ ကိုင်းမ၊ သျှားချောင်း၊ မိသလ္လင်၊ ကိုးတောင်ဘို့၊ ပေါက်ကုန်း၊ ဇော်ချောင်းနှင့် အလယ်ခုံကျေးရွာ၊ ချပ်သင်းတိုက်နယ်မှ ချပ်သင်း၊ ချပ်ကြီး၊ ကံကြီး (ရ)၊ ပုဏ္ဏားကြီး၊ ပုဏ္ဏားငယ်၊ တမာကုန်းနှင့် လှည်းပွဲကျေးရွာ၊ ပင့်သာတိုက်နယ်မှ ပင့်သာ၊ ချောင်းခြားနှင့် မကျီးကုန်းကျေးရွာ၊ ဇီးကုန်းတိုက်နယ်မှ ရေကြည်ကျေးရွဦ၊ မလည်တိုက်နယ်မှ ပဇီကြီး စသည့် ကျေးရွာများမှ ပြည်သူများမှ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် ရွာအတွင်း ပြန်မဝင်နိုင်ဘဲ အမြဲတမ်းစစ်ရှောင်ရွာများအဖြစ် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံမှ သိရှိရသည်။", "ထို့ပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ ညောင်ဇင်၊ သရက်ခေါင်း၊ ဖလံချိုင်၊ တင်ကုတ်ကြီး၊ သိုးဘိုး၊ ချင်မြစ်ကျင်း၊ ငါးရာနဲ စသည့် ကျေးရွာခုနှစ်ရွာမှ ဒေသခံပြည်သူများမှာလည်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် မေလ ၁၆ ရက်အထိ ရွာအတွင်း ပြန်မဝင်နိုင်ကြသေးဘဲ နီးစပ်ရာ တောတိုက်များအတွင်း စစ်ဘေးရှောင်နေကြရေ​ကြောင်း၊ ကန့်ဘလူ ခရိုင် အတွင်း စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းမှာ ခြေမြန်တပ်ရင်း (ခမရ) ၃၆၁ နှင့် ၃၈၆ တို့ဖြစ်ကြောင်း သိရှိရသည်။", "လက်တလောတွင် အကြမ်းဖက် စစ်တပ်၏ ခမရ – ၃၆၁ မှာ ကျေးပင်အက်ဆည်ဘက်သို့ လှည့်လည်နေကာ ခမရ – ၃၆၈ စစ်ကြောင်းမှာ ချင်မြစ်ကျင်းကျေးရွာဘက်၌ ယာယီတပ်စွဲ စခန်းချေနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။", "ကန့်ဘလူခရိုင်အတွင်း၌ စစ်ရှောင်ပြည်သူဦးရေ မြင့်တက်လာမှုနှင့်အတူ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အခြေခံသုံး ဆေးဝါးများ လိုအပ်ချက် မြင့်မားလာသည့်အပြင် မြွေဆိပ်ဖြေဆေးကဲ့သို့သော အရေးပေါ်ကုသရာ၌ သုံးစွဲရသည့် ဆေးဝါးများလည်း လိုအပ်လာနေကြောင်း စစ်ရှောင်များအား ကူညီနေသည့် အဖွဲ့အစည်းများထံမှ သိရှိရသည်။"]
https://yktnews.com/2025/03/206186/
ကန့်ဘလူတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး FAW ကား ၁ စီး သိမ်းဆည်းရရှိကာ မီးရှို့ရှင်းလင်း
["ကန့်ဘလူတွင် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး FAW ကား ၁ စီး သိမ်းဆည်းရရှိကာ မီးရှို့ရှင်းလင်း", "ရန်ကုန်၊ မတ် ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး FAW ကား ၁ စီး သိမ်းဆည်းရရှိကာ ယင်းကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် မှ ဇီးကုန်း-မလယ်လမ်း အတိုင်း အရှေ့ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော FAW ကား ၁ စီးနှင့် ဆယ်ပေတိုကား ၁ စီးကို နတ်တောင်ရွာ အရှေ့ဘက် အရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စတင် မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အပြန်အလှန် ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်‌သေဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ စီးနင်းလာသည့် FAW ကား ၁ စီးကို သိမ်းဆည်းရရှိကာ မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက် ကနေ ဇီးကုန်း-မလယ် လမ်းအတိုင်း ထွက်လာတဲ့ စစ်ခွေးကား ၂ စီးကို နတ်တောင်ရွာ အရှေ့ဘက် အရောက်တွင် မိုင်းဆွဲပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ရန်သူ့ဘက်က ထိခိုက်‌သေဆုံးမှုရှိပြီး ရန်သူ့ FAW ကား ၁ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်” ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပကဖ အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/85701/
ကန့်ဘလူတွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မန္တလေးတွင်လည်း ရပ်ကွက်ရုံးနှင့် အင်းဝဘဏ်တို့ကို ဖောက်ခွဲ တိုက်ခိုက်
["ကန့်ဘလူတွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ မန္တလေးတွင်လည်း ရပ်ကွက်ရုံးနှင့် အင်းဝဘဏ်တို့ကို ဖောက်ခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကင်းပတ်နေသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံးကြောင်း ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချောင်းကန်ရွာမှ ကင်းပတ် ထွက်လာသော", "စစ်‌သား တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို ဆင်နင်းရွာနှင့် ချောင်းကန်ရွာ အကြား လယ်ကွင်းပြင်ထဲတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“တိုက်မိုင်းမိပြီး တပ်ကြပ် စစ်ခွေးတစ်ကောင် ခြေဖြတ်ရပြီး အပြင်းအထန် ဒဏ်ရာရတယ်။ သေဖို့များတယ်။ နောက်လိုက် စစ်ခွေးတစ်ကောင်ကတော့ နေရာမှာပဲ ပွဲချင်းပြီး ငရဲ ရောက်ရှိသွားပြီ” ဟု ပဉ္စမံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပဉ္စမံ ပြည်သူ့ ကာကွယ်ရေး အဖွဲ့နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အလားတူ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ၁၂၃ လမ်းရှိ (စ)လုံးရပ်ကွက်ရုံးကို မီးပုလင်း ဗုံးဖြင့် ပစ် ခတ်ပြီး လက်နက်ငယ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေးဗျူရိုမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီခန့်တွင် အဆိုပါရပ်ကွက်ရုံးအား မီးပုလင်း မိုင်းနှစ်လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ တစ်လုံးမှာ ခေါင်မိုးပေါ်ကျရောက်ပြီး ကျန်တစ်လုံးမှာ မြေပြင်ပေါ်ကျရောက်ပေါက် ကွဲခဲ့ကြောင်း၊ ရုံးအတွင်းမှ ပြေးထွက်လာသော စစ်ခွေးများကိုလည်း သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ခေါင်မိုးပေါ်ကျတဲ့ မိုင်းက မီးလောင်တယ်၊ စစ်ခွေးတွေနဲ့ မီးသတ်တွေ ငြှိမ်းသွားတာ၊ သေနတ်နဲ့ ပစ်ခဲ့ တာကတော့ ထိမထိမသိရသေးဘူး၊ ချက်ချင်းပြန်ဆုတ်လာခဲ့ရတာဆိုတော့၊ ခနနေတော့ စစ်ခွေးကား‌‌ တွေ ရောက်လာပြီး သေနတ်တွေ လျှောက်ဖောက်သွားတယ်လို့ သတင်းရတယ်” ဟု မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေးဗျူရိုမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို VOMDY-Front Warrior ၊ NGU:FF မြေခွေးတပ်ဖွဲ့ ၊ Acid Army PDF MDY ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက် ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အောင်မြေသာဇံမြို့နယ်၊ ၂၆လမ်း ၊ ၈၃ လမ်း နှင့်၈၄လမ်းကြားရှိ အင်းဝဘဏ်စောင့် အကြမ်းဖက်စစ်တပ်ရဲကင်းအား အောင်စည်တော် စစ်ဆင် ရေးအဖြစ် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှဝင်ရောက်ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/205985/
ကန့်ဘလူတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို သတ် ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး
["ကန့်ဘလူတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို သတ် ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ကာ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်ပြီး ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆ အမြှောက်တပ်မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ဝါသဝ အဖွဲ့မှ ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကွင်း ၉ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ နေ၍ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၂၀၀ ကျော်ခန့်ပါဝင်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီမှ စတင်၍ ကန့်ဘလူမြို့နယ် ပေကြီးရွာကို ဝင်ရောက် စီးနင်းခဲ့ကာ လက်ရှိချိန်ထိ ယာယီတပ်စွဲထားပြီး ပေကြီးရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပေကြီးရွာမှ သက်ကြီး ရွယ်အိုများ၊ အမျိုး သမီးများနှင့် ကလေးသူငယ်များ အပါအဝင် ပြည်သူ ၃၀ ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ငှက်ပျောတိုင်းရွာသား ၃ ဦးကို ဖမ်းဆီးပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင်ပြည်သူ ၃ ဦးလုံးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပေကြီးရွာ၌ ယာယီ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနှင့် ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“စစ်ကြောင်းက ၁၉ ရက်နေ့ကတည်းကပါ။ ၃၆၁ စစ်ကြောင်းနဲ့ ဝါသဝရဲ့ ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းပါ။ ပြည်သူ ၃၀ ဦးခန့်ကို ပေကြီးရွာထဲမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်။ သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။ ၂၃ ရက်နေ့မှာ အပြစ်မဲ့ ပြည်သူ ငှက်ပျောတိုင်းရွာသား ၃ ဦး ဖမ်ဆီး သတ်ဖြတ်ခံရတယ်။ အသတ်ခံရတဲ့ထဲမှာ ၁၂ နှစ် အရွယ် ကလေးငယ်ပါဝင်ပါတယ်။ ကန့်ဘလူမြို့နယ်မှာ ပျူတွေ ပိုများလာပြီး ဝါသဝရဲ့ ပြည်သူ့စစ်တွေ အင်းအား တောင့်တင်းလာတဲ့အတွက် ပျူအင် အားနဲ့ယှဥ်နိုင်ဖို့ လူကြီးတွေအနေနဲ့ တော်လှန်ရေး အထောက်အပံ့ပိုပြီးတော့ပေးဖို့လိုအပ်နေပါတယ်” ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူက ပြောဆိုသည်။", "ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က ပေကြီးရွာထဲ၌ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/82905/
ကန့်ဘလူတွင် တိုက်ပွဲဖြစ်ပွားပြီး ဂုန်ညင်းရှိုရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၁ လုံးပြာကျ
["ကန့်ဘလူတွင် တိုက်ပွဲဖြစ်ပွားပြီး ဂုန်ညင်းရှိုရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၁ လုံးပြာကျ", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့​ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်၌ ကန့်ဘလူမြို့နယ် ညောင်ဇင်လေး(အနောက်)ရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Kanbalu Underground Warrios၊ MPF U-18၊ လင်းယုန်နီ၊ စွန်ရဲ PLGFနှင့် ကန့်ဘလူတောင်ခြမ်း ဒေသခံ ပကဖ အဖွဲ့များ ပူးပေါင်းကာ ၈၁ မမ ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ၊ဂုန်ညှင်းရှိုရွာကို ကိုးတောင်ဘို့အထိုင် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၃ အင်အား ၅၀ ခန့်မှ နှစ်ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ဟဂုန်ညှင်းရှိုရွာသည် အိမ်ခြေ စုစုပေါင်း ၁၅၀ ရှိပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄ လုံးနှင့် တဲ ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2025/02/205280/
ကန့်ဘလူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ အထိနာသော စစ်တပ် စစ်ကြောင်းက ပြည်သူ ၃၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ
["ကန့်ဘလူတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ အထိနာသော စစ်တပ် စစ်ကြောင်းက ပြည်သူ ၃၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကာ အထိနာသော စစ်တပ် စစ်ကြောင်းက ပြည်သူ ၃၀ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ ၆၀၀၆ အမြှောက်တပ်မှ ထွက်လာသော အင်အား ၁၂၀ ခန့်ပါ စစ်ယာဉ်တန်းသည် ဇီးကုန်း သကြားစက် (ကစရ) သို့ ရောက်ရှိလာပြီး ထိုမှ တဆင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ ကွင်း ၉ အကြမ်းဖက် စစ်တပ် အထိုင်စခန်းသို့ ထပ်မံ ရောက်ရှိလာကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းသည် အင်အား ၂၀၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီမှ စတင်ပြီး ကန့်ဘလူမြို့နယ် ပေကြီးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ပြည်သူ ၃၀ ဦးခန့်ကို ဖမ်းဆီးခံကြောင်း၊ ဖမ်းဆီးခံရသူများထဲတွင် သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ပါဝင်ကြောင်း သိရှိရသည်။", "ထိုသို့ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေကြီးရွာကို ၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီးကြောင်း၊ ထို့နောက် အင်အား ၁၀၀ ခန့်သည် ငှက်ပျောတိုင်းရွာကို ဆက်လက်ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ငှက်ပျောတိုင်းရွာမှ စစ်ဘေးရှောင် ပြည်သူများကို ဒရုန်းဖြင့် အကြိမ် ၂၀ ခန့် လိုက်လံ ဗုံးသီး တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။", "နောက်ချန် အင်အားအဖြစ် ပေကြီးရွာတွင် ကျန်ရှိခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေကြီးရွာနှင့် ထနောင်းသုံးပင်ရွာမှ ပြည်သူပိုင် ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်၍ ကွင်း ၉ စစ်စခန်း ၊ ယမနေ ပျူစောထီးရွာ နှင့် ဇီးကုန်း သကြားစက် (ကစရ) ရှိ ၎င်းတို့ တပ်စွဲထားသော နေရာများကို ပြန်လည် ယူဆောင်သွားကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပေကြီးရွာရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း ထပ်မံ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေး စစ်ကြောင်းက အရပ်သားပြည်သူတွေကို ဖမ်းဆီးထားတုန်းပဲ မြေပြင်မှာလည်း စစ်ခွေး စစ်ကြောင်းက ရှိသေးတော့ ပြည်သူတွေ ထိခိုက်မှု အခြေအနေနဲ့ ကျေးရွာအတွင်း အခြေအနေတွေကို အတည်မပြုနိုင်သေးဘူး။ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်” ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ၃၆၁ တပ်ရင်း မှ စစ်သားများနှင့် ဝါသဝ၏ ပျူစောထီးများ ပါဝင်သော ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး သင်တန်းဆင်း စစ်မှုထမ်း တပ်သားသစ်များလည်း ပါဝင်ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေကြီးရွာ၊ ငှက်ပျောတိုင်းရွာနှင့် ငှက်ပျောတိုင်း လျှပ်စစ်မီးရုံးတို့၌ တပ်စွဲထားကြောင်း သိရသည်။", "ဓာတ်ပုံ – ဇန်နဝါရီလ ၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းရှိ ဇီးကုန်း-မလည် လမ်းဆုံမှ ပြည်သူပိုင် နေအိမ် ၂၀ ခန့်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2025/01/201278/
ကန့်ဘလူတွင် ပအဖအဖွဲ့ ခေါင်းဆောင်က Non-CDM ကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၁ နှစ်ကျော် ကြာသော်လည်း အရေးယူမှု မရှိသေး
["ကန့်ဘလူတွင် ပအဖအဖွဲ့ ခေါင်းဆောင်က Non-CDM ကျောင်းသူကို အလိုမတူဘဲ အဓမ္မပြုကျင့်မှု ၁ နှစ်ကျော် ကြာသော်လည်း အရေးယူမှု မရှိသေး", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဖမ်းဆီး ထိန်းသိမ်းခြင်းခံနေရသည့် Non-CDM ကျောင်းသူ တစ်ဦးကို ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) အဖွဲ့ခေါင်း‌ဆောင် မဲခေါင် ခေါ် မြင့်ဇော်ဦး က အလိုမတူဘဲ အသက် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့မှုကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်း မရှိဘဲ အချုပ်သူ၏ အသက်အန္တရာယ် စိုးရိမ်နေရ၍ ကျူးလွန်သူကို အမြန်ဆုံးအရေး ယူရန် လိုအပ်ကြောင်း အမှုမှန်ပေါ် ကူညီဆောင်ရွက်ပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "ရွှေဘိုတက္ကသိုလ်တွင် တက်ရောက်နေသည့် Non CDM ကျောင်းသူသည် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကန့်ဘလူမြို့နယ်ရှိ ပကဖ များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြည်သူ့ရဲ အုပ်ချုပ်သည့် C2 အချုပ်ခန်းတွင် ထိန်းသိမ်းခံခဲ့ရချိန်တွင် C2 အချုပ် ခန်း၏ စခန်းမှူး ရဲရင့် ခေါ် လင်းယုန် ထံတွင် ဝင်ထွက်သွားလာနေသည့် မဲခေါင်ဆိုသူ၏ အဓမ္မပြုကျင့်မှုကို အကြိမ်ကြိမ်ခံခဲ့ရ၍ တိုင်ကြားခဲ့သော်လည်း လက်ရှိအချိန်အထိအရေးယူခြင်းမရှိကြောင်း ကျောင်းသူအတွက် အမှုမှန်ပေါ်ရေး ကူညီဆောင်ရွက်ပေးနေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထိုသို့ ဖမ်းဆီးခြင်းခံရသူ Non CDM ကျောင်းသူ ကို အတင်းအဓမ္မပြုကျင့်သည့် ဦးမဲခေါင်သည် ကန့်ဘလူခရိုင်၏ ခရိုင်နှင့် မြို့နယ် တွဲကိုင်ထားသည့် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း သိရှိရသည်။", "မဲခေါင် သည် မလဲ့လဲ့ကို C2 အချုပ်ခန်း၏ အမှုစစ်ခုံနားသို့ ခေါ်၍ အတင်းအဓမ္မပြုကျင့်ပြုကျင့်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခဲ့မှုအပေါ် တွင် ဘယ်သူမှ မပြောရန်နှင့် ပြောဆိုလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း ကျောင်းသူ ၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။", "“ဒီကိစ္စကို သူတို့စုံခုံဖွဲ့ပြီး စစ်တယ်ဆိုပြီးတော့ တိုင်းက ဆင်းပြီး စစ်တဲ့ ကိစ္စမျိုး ရှိခဲ့တယ်။ ရှိခဲ့ပေမယ့် ပွင့်လင်းမြင်သာတဲ့ စုံခုံမျိုး မဟုတ်ဘူး။ သူတို့လူချင်းမေးသွားတဲ့ ပုံစံမျိုး နစ်နာသူတွေ ဘာမှ သေချာမေးသွားတာ မရှိဘူး။ တရားရေးက ကျူးလွန်ခံရတဲ့ အချုပ်သူတွေကို စစ်ခွင့်လည်း မရှိခဲ့ဘူး။ အသရေဖျက်သလို ပုံစံမျိုးနဲ့ ပြီးသွားခဲ့တာ။ အခုလည်း အရေးယူခြင်းမရှိသေးဘဲ ကျူးလွန်ခံရသူ အချုပ်သူ၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။ Non CDM ဖြစ်နေလို့ တခြားအချုပ် ထောင်မှာ ချုပ်ထားတယ်” ဟု အမှုမှန်ပေါ်ရေးကြိုးပမ်းပေးနေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြား သည်။", "ထိုသို့ လိင်အမြတ်ထုတ်မှုများအတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသို့ စာပို့တိုင်ကြားထားသော်လည်း တစ်နှစ်ကျော် ကြာသည့်အထိ အရေးယူခြင်းမရှိသေးကြောင်း၊ လတ်တလောအချိန်တွင် အဆိုပါ အမှုကိစ္စအတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အရေးယူခြင်းမရှိကြောင်း အမှုမှန်ပေါ်ရေးကြိုးပမ်းနေသူများထံမှ သိရှိရသည်။", "ထိုသို့ C2 အချုပ်ခန်းတွင် လိင်အမြတ်ထုတ်မှုဖြစ်စဉ်များသည် ကျောင်းသူဖြစ်စဉ် တစ်ခုတည်းမဟုတ်ဘဲ စခန်းမှူးအဖြစ် တာ ဝန် ယူထားသူ ရဲရင့် ခေါ် လင်းယုန် သည်လည်း ဖမ်းဆီးခံထားရသည့် တရားခံ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုလုပ် ဆောင်ခဲ့ပြီး ထိုသို့ လုပ်ဆောင်ခဲ့မှုအတွက် မလုပ်ဆောင်ရန် ပြောဆိုခဲ့သူ ပလဖ အဖွဲ့ဝင်ကို အသက်အန္တရာယ်ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "C2 ပလဖ အချုပ်စခန်းတွင် တာဝန်ကျနေသည့် ရဲ CDM အာကာ ဆိုသူသည်လည်း အချုပ်သူ တစ်ဦး ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လုပ်ဆောင်ခဲ့ကြောင်း ၊ ထိုသို့သော ဖြစ်ရပ်များအတွက်လည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနသို့ တိုင်ကြားထားသော်လည်း အရေးယူသေးခြင်းမရှိကြောင်း အမှုမှန်ပေါ်ရေး လုပ်ဆောင်နေသူများ ထံမှ သိရှိရသည်။"]
https://yktnews.com/2023/12/134812/
ကန့်ဘလူတွင် ပျူစောထီးစခန်းကို ဒရုန်းလေယာဉ်ငယ်ဖြင့် ဗုံးကျဲမှု စစ်သားများ ထိခိုက်သေဆုံးနိုင်
["ကန့်ဘလူတွင် ပျူစောထီးစခန်းကို ဒရုန်းလေယာဉ်ငယ်ဖြင့် ဗုံးကျဲမှု စစ်သားများ ထိခိုက်သေဆုံးနိုင်", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဆားကုန်းရွာနှင့် စိန်နားရွာတို့ရှိ ပျူစောထီးစခန်းများကို ဒရုန်းလေယာဉ်ငယ် (Fixed Wings) ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း တန့်ဆည်PDF မှ ရှေ့သတင်းရင်းမြစ်က ပြောဆိုသည်။", "ကန့်ဘလူမြို့နယ်၊ ဆားကုန်းရွာ ပျူစောထီးစခန်းကို ဒီဇင်ဘာလ ၆ရက်၊ ယနေ့နေ့လယ် ၁နာရီတွင် ၆၀မမ ဗုံးသီး ၃လုံး၊ စိန်နားရွာ ပျူစောထီးစခန်းကို နေ့လယ် ၃နာရီတွင် ဗုံးသီး ၁လုံး မောင်းသူမဲ့လေယာဉ်ငယ် (Fixed Wings)ဖြင့် ကြဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်‌ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "“ကျနော်တို့ Fixed Wings နဲ့ ဗုံးကြဲချတာ ပျူစခန်းထဲ တည့်တည့်ကျတယ်၊ စစ်ခွေးတွေ၊ ပျူတွေ ကစဉ့်ကလျားပြေးကြပြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ။ အဲ့ဒါကြောင့် ကျနော်တို့ Fixed Wings တစ်စီး ဆုံးရှုံးခဲ့ရတယ်၊ ထိခိုက်သေဆုံးမှု‌ကိုတော့ အတည်မပြုနိုင်သေးဘူး ” ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။", "အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်PDF ရွှေဘိုခရိုင် တပ်ရင်း ၇၊ တပ်ရင်း ၈ ၊ တပ်ရင်း ၁၀ နှင့် တပ်ရင်း ၁၆ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/110436/
ကန့်ဘလူတွင် ပျူစောထီးအဖွဲ့အတွက် လူမရလျှင် အိမ်နှင့်လယ်ယာမြေများ သိမ်းယူမည်ဟု သင်္ကန်းဝတ် ဝါသ၀ ခြိမ်းခြောက်၊ ဒေသပြည်သူများထံမှ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးအဆမတန် ပျူစောထီးများက တောင်းခံနေ
["ကန့်ဘလူတွင် ပျူစောထီးအဖွဲ့အတွက် လူမရလျှင် အိမ်နှင့်လယ်ယာမြေများ သိမ်းယူမည်ဟု သင်္ကန်းဝတ် ဝါသ၀ ခြိမ်းခြောက်၊ ဒေသပြည်သူများထံမှ ပုံစံအမျိုးမျိုးဖြင့် ငွေကြေးအဆမတန် ပျူစောထီးများက တောင်းခံနေ", "ရန်ကုန်၊ ဇွန် ၃၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သင်္ကန်းဝတ် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က လူသူစုဆောင်းမှုများကို အကြီး အကျယ် လုပ်ဆောင်လျက်ရှိနေရာတွင် လူသစ်မပေးနိုင်သော ကျေးရွာများတွင် အိမ်နှင့် လယ်ယာမြေများကို သိမ်းယူမည်ဟု ခြိမ်းခြောက်မှု များလုပ်ဆောင် လာကြောင်းဒေသပြည်သူများနှင့် ကျွန်းလှ တက်ကြွလှုပ်ရှာသူများအဖွဲ့ထံမှ သိရှိရသည်။", "ဇွန်လ ၂၃ ရက်က ကန့်ဘလူမြို့နယ်၊ ရေကြည်ရွာစာသင်ကျောင်း၌ တစ်အိမ် တစ်ယောက် မတက်မနေရပုံစံဖြင့် အစည်းအဝေးလုပ်ကာ ကျေးရွာအလိုက် လူ ၂၀ မှ ၃၀ ဦးအထိ ပျူစောထီးသင်တန်းတက် တက်ရမည်ဟု သင်္ကန်းဝတ် ဝါသဝ ကိုယ်တိုင် ပြောဆိုကြောင်း ၊ ပျူစောထီးအဖွဲ့အတွက် လူသစ် ပေးရမည့် ကျေးရွာများမှာ ရေကြည် (အရှေ့)၊ ရေကြည် (အနောက်)၊ အုပ်ဖို၊ ခင်သာနှင့် အုန်း တောများက လူ ၂၀ ဦးစီ၊ ခေါသန္တီကျေးရွာက ၃၀ ဦး ပေးရမည်ဟု အတင်း အဓမ္မ လူစုဆောင်းနေခြင်း ဖြစ်သည်ဟု ကျွန်းလှ တက်ကြွလှုပ်ရှား သူများအဖွဲ့က ပြောသည်။", "“ခေါသန္တီရွာကိုတော့ လူသစ် ၃၀ ဦး ။ အဲဒါ ဝါသဝ က မိုက်ကြီးနဲ့ အော်ဆဲ နေတာ။ အကုန်လုံး PDF ထဲ ဝင်မှာလားလို့ မေးတော့ မဝင်ပါဘူးလို့။ အဲဒါဆို ပျူထဲကို ဝင်လို့ ပြောတယ်။ အကုန်လုံးက တိတ်ကုန်ကြတယ်။ သူက ထွ က်သွား တယ်ဆိုလို့ရှိရင် အိမ်တွေ အကုန်လုံး၊ လယ်တွေအကုန်လုံး သိမ်းမှာ။ အိမ်တို့ လယ်တို့ သိမ်းမှာ အဲဒီလို။ ငါးရက်နေ့ နောက်ဆုံးလို့ ပြောတယ်။ ငါးရက် က မနက်ဖြန်၊ သဘက်ခါဆို ပြည့်မှာ။ ရွာတွေ ခေါင်းတောက်နေကြတယ်။ ရေကြည်က အရှေ့ရေကြည်၊ အနောက်ရေကြည် နှစ်ခုရှိတာ။ အုတ်ဖို ၂၀၊ အုန်းတော ၂၀၊ ခေါသန္တီ ၃၀ အဲဒီလို ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "အဆိုပါ အစည်းအဝေးသို့ တက်ရန်ရောက် ဖိအားပေးစဉ်ကလည်း မတက်သည့် နေအိမ်များအား ကျပ် ၁၀,၀၀၀ (တစ်သောင်း) ဒဏ်ရိုက်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း၊ ပျူစောထီးအဖွဲ့အတွက် အစည်းအဝေးပြုလုပ်သည့်နေ့မှ ငါးရက်အတွင်း လူသစ်စုဆောင်း ပေးရမည်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။", "စစ်တပ်လက်အောက်ခံ ပျူတပ်ဖွဲ့များက ကန့်ဘလူခရိုင်အတွင်း အတင်း အဓမ္မ စစ်သင်တန်း တက်ခိုင်းခြင်းနှင့် လူစုဆောင်းခြင်းများကို ဆက်တိုက် လုပ် ဆောင် နေရာတွင် အချို့ကျေးရွာများ၌ အတင်းအဓ္မ မဲနှိုက် ရွေးချယ်မှု များလည်း ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။", "ဇွန်လ စတုတ္ထပတ်အတွင်းကလည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ တင်းတိမ်ရံ၊ မြနှင်းကုန်း၊ အင်းကောင်းနှင့် ပိုးဇာကုန်းရွာများမှ ဒေသခံအချို့ကို မဲနှိုက်ရွေးချယ် သင်တန်း တက်ခိုင်းခဲ့ကြောင်း၊ ထိုကဲ့သို့ လူသစ်စုဆောင်းမှုကို လယ်လှ ပျူခေါင်းဆောင် ခင်မောင်ကြည် ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး မဲပေါက်သော် လည်း သင်တန်း မတက်လိုပါက ၈၅ သိန်း ပေးရန်နှင့် မဲမပေါက် သည့် အိမ်များကိုလည်း လစဉ်ကြေးပုံစံမျိုးဖြင့် တစ်လ တသိန်းနှုန်းဖြင့် ကောက် ယူလျက် ရှိကြောင်း သိရှိရသည်။", "အလားတူ ကန့်ဘလူမြို့နယ်၊ လိပ်ထူကျေးရွာအုပ်စု ၊ အင်ကြင်းစု ကျေး ရွာတွင် အကြမ်း ဖက်စစ်တပ် လက်အောက်ခံ ဝါသ၀ ဦးဆောင်သော လက်နက် ကိုင်အဖွဲ့က လူငယ်များကို အတင်းအကျပ် ပြည်သူ့စစ်(ခ) ပျူစောထီးထဲသို့ ဝင်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ကန့်ဘလူမြို့နယ် ၊လိပ်ထူအုပ်စု၊အင်ကြင်းစု ကျေးရွာတွင် မဘသအကြမ်းဖက် ဝါသဝ ဦးဆောင်သော လက်နက် ကိုင် ပြည် သူ့စစ်အဖွဲ့က ပျူကျေးရွာအဖြစ် အသွင်းပြောင်းခိုင်းနေကြောင်း၊ ကျေးရွာတွင် ဆယ်အိမ်မှူး ၂၃ ဦးရှိပြီး ဆယ် အိမ် မှူး တစ်ဦးလျှင် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး ကောက်ခံပေးရန် ဝါသ၀က ညွှန်ကြားကြောင်း၊ ထို့ကြောင့် ကျေးရွာတွင် လူငယ် များကို မဲဖောက်ပြီး ပြည်သူ့ စစ်အဖြစ် စုဆောင်းလျက်ရှိကြောင်း၊ မဲပေါက်သော လူငယ်များအ နေဖြင့် ပြည်သူ့စစ်(ခ) ပျူစောထီး မလုပ်လိုလျှင် ငွေကျပ် ၁၀ သိန်း ပေးရန် ဝါသ၀ဦးဆောင်သော လက်နက်ကိုင်အဖွဲ့က တောင်းခံကြောင်း သိရှိရသည်။", "“ရွာမှာ ဆယ်အိမ်ခေါင်း ၂၃ခေါင်းရှိရာတွင် တစ်ခေါင်းလျှင် တစ်ယောက်နှုန်းဖြင့် မဲဖောက်၍ ပျူစောထီးအဖွဲ့ထဲကို အတင်းအကျပ် ဝင်ရောက်ခိုင်းနေပါတယ်။ မဲပေါက်၍ ပျူစောထီး မလုပ်လိုသူတွေအနေနဲ့ ၁၀ သိန်းပေးရမယ်လို့ ငွေ တောင်း တယ်။ မဲပေါက်တဲ့ လူငယ်တွေအနေနဲ့ ပျူစောထီးထဲ မဝင်ချင်၊ တစ်ဖက်မှာလည်း ငွေ ၁၀ သိန်းက မပေးနိုင်တော့ မလိုက်ချင်လို့ မြေလူးပြီး ငိုနေကြရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ခေါ်) ပျူစောထီး အဖွဲ့၏ ခေါင်းဆောင် ဝါသ၀သည် သင်္ကန်းဝတ် မဘသ တစ်ဦးဖြစ်ပြီး ကန့်ဘလူမြို့နယ် မှော်တော ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ကြောင်း၊ ယခင် စစ်တပ်ထောက်ခံ သော အမျိုး သား ရေး အစွန်းရောက်ဖြစ်ပြီး ငါးရာငါးဆယ်ဆရာတော်ဟု အမည်ခံ ထား ကြောင်း ၊ လက်ရှိတွင် စစ်ကောင်စီအတွက် ပျူစောထီးအဖွဲ့များကို ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်တို့တွင် ဦးဆောင်ဖွဲ့စည်းလျက်ရှိကြောင်း သိရှိရ သည်။"]
https://yktnews.com/2023/04/97007/
ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည့် လေကြောင်းတိုက် ခိုက် မှု ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်
["ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည့် လေကြောင်းတိုက် ခိုက် မှု ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်", "ရန်ကုန်၊ ဧပြီ ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော် သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတားဦး လေတပ်မှဖြစ်ပြီး Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်မှာမူ မုံရွာ၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှီသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုးအစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက် Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော် သေဆုံး စေခဲ့သည့် တံတားဦးလေတပ်မှ YAK-130 တိုက်လေယာဉ်၏ ပိုင်းလော့ အမည်နှင့် နမခမှ Mi35 ပိုင်းလော့ အမည်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။", "တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း ၊ ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို ဗုံးကျဲ သတ်ဖြတ်ခဲ့သော Yak -130 လေယာဉ်အုပ်မှာလည်း ဗိုလ်မှူး ရဲဇော်နိုင် ဦးစီးသော ပျံသန်းတိုက်ခိုက်ရေး လေယာဉ်အုပ်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကန့်ဘလူတွေင် ပြည်သူ ၁၀၀ ကျော် သေဆုံးအောင် ပစ်ခတ်ခဲ့ရသော Mi35 ရဟတ်ယာဉ်မှာ နမခ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်သည်။"]
https://yktnews.com/2024/08/177059/
ကန့်ဘလူတွင် ပြည်သူ့နေအိမ်များကို မီးရှို့နေသော စစ်တပ်စစ် ကြောင်း ကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံး
["ကန့်ဘလူတွင် ပြည်သူ့နေအိမ်များကို မီးရှို့နေသော စစ်တပ်စစ် ကြောင်း ကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦးကျဆုံး", "ရန်ကုန်၊ ဩဂုတ် ၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း လှည့်ပတ်နေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၂၅ ရက်နေ့က ကန့်ဘလူမြို့နယ်၊ တင့်ကားတပ်ရင်း ၆၀၀၆ ၊ ခမရ ၃၆၁ ၊ ခမရ ၃၀၇ တပ် ရင်း တို့မှ စစ်သားများသည် ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်လေးရွာပျူရွာမှ ပျူစောထီးများဖြင့် ပူးပေါင်းကာ အင်အား ၁၂၀ ခန့်ဖြင့် သရက်ခေါင်းကျေးရွာဘက်သို့ ထွက်လာပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ သရက်ခေါင်းကျေးရွာနေပြည်သူ ၂ ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "​ေဇူလိုင်လ ၂၅ ရက်နေ့ညတွင် သရက်ခေါင်းကျေးရွာ၌ ညအိပ်တပ်စွဲပြီး ဇူလိုင် ၂၆ ရက်နံနက်ပိုင်းတွင် သရက်ခေါင်းကျေးရွာနေ ပြည်သူ့နေအိမ် ၇၅ လုံးကို မီးရှို့ခဲ့ပြီးနောက် သရက်ခေါင်းကျေးရွာ အရှေ့ ဘက်ရှိ စစ်ဘေးရှောင်ပြည်သူတဲများအတွင်းမှ ကျောင်းသားကလေးငယ် ၅ ဦးကို ဖမ်းဆီးစစ်ဆေး ကာ ရှမ်းတပ်ရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။", "ဇူလိုင်လ ၂၆ ရက်နေ့ ညတွင်ပိုင်းတွင် ရှမ်းတပ်ကျေးရွာကို တပ်စွဲထားပြီး ဇူလိုင်လ ၂၇ ရက်နေ့နံနက် ပိုင်းတွင် နေအိမ် ၁၁၅ လုံးကို မီးရှို့ကာ မင်းကုန်းရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြောင်း၊ မင်း ကုန်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ပေလယ်ကျေးရွာသို့ ဆက်လက် စစ် ကြောင်းထိုးကာ ပေလယ်ကျေးရွာမှ နေအိမ် အလုံး ၆၀ ၊သပြေသာ ၄၅ လုံး၊ ဘိုကုန်းကျေးရွာမှ နေ အိမ် ၆၄ လုံး မီးရှို့ပြီး မဲဇယ်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာခဲ့ခဲ့ကြောင်း သိရသည်။", "ထိုသို့ မဲဇယ်ကျေးရွာဘက်သို့ ဝင်ရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထောင်းထားသော မိုင်းမိကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီး နောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်ဆုတ်ခွာခဲ့ရာ အကြမ်းဖက်စစ်သားများမှာ မဲဇယ် ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ် ၆၅ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "“အဲလိုမီးရှို့ပြီးတော့ သူတို့က မင်းကုန်းကို ပြန်ရောက်တာ၊ မင်းကုန်းရွာ ပျူစခန်းအထိုင်ချဖို့ ပြင်တာ၊ တချို့ကတော့ မင်းကုန်းဘက်ကို ပြန်ရောက်တယ်၊တချို့ကတော့ ထန်းကုန်းဘက်ကိုဝင်ဖို့ထန်းကုန်း မှာ ဘိုတဲကုန်းဆိုတာရှိတယ်၊ အဲဒီဘက်ကို ပြန်ရောက်သွားတာ။ အဲဒီဘိုတဲ့ကုန်းကျေးရွာ ရောက်တဲ့ သူတွေက နောက်တစ်နေ့မှာ ဆူးပုတ်ကုန်းရွာကို မီးလာရှို့တယ်။ နေအိမ် ၁၀ လုံး မီး လောင်သွား တယ်” ဟု ကန့်ဘလူမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဆူးပုတ်ကုန်းရွာကို မီးရှို့ရန်လာရောက်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းမိကာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်သား၊ ပျူစောထီး များ ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် မဲဇယ်ကျေးရွာ၌ အထိုင်ချစခန်းတည်ဆောက်နိုင်ရန်ပြင် ဆင်လျက်ရှိကြောင်း သိရသည်။", "ဇူလိုင်လ ၃၁ ရက်နေ့က မင်းကုန်းကျေးရွာ၌ ရောက်ရှိနေသော အကြမ်းဖက်စစ်သား၊ ပျူ အင်အား ၆၀ ခန့်သည့် ညောင်ဇင်ကြီးဘက်သို့ ဆက်လက်ထွက်ခွာလားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။", "ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ကလည်း မင်းကုန်းတံတား၌ ရောက်ရှိနေသော အကြမ်းဖက်စစ်၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "“အခုက စစ်ဘေးရှောင်ရွာတွေက ၂၀ ဝန်းကျင်လောက်ရှိတယ်။ စစ်ဘေးရှောင်ပြည်သူက ၃ သောင်း ကျော်လောက်ရှိမယ်။ မီးရှို့ခံရတဲ့ရော ပတ်ဝန်းကျင်ကရွာတွေရော၊ ထွက်ပြေးနေကြရတာ၊ ဒီနေ့ကတော့ တောင်တဲကုန်းရွာကို ထပ်ရှို့တယ်။ တောင်တဲ့ကုန်းကတော့ ဘယ်လောက်ရှို့ခံရတဲ့ အိမ်ခြေဘယ်လောက်မသိရသေးဘူး။ ဖမ်းခံရတဲ့ ကျောင်းသားလေး ၅ ဦးက နောက်တစ်နေ့ ပြန် လွှတ်ပေးထားခဲ့တယ်၊ သူတို့စစ်ဆေးမေးမြန်းတာလောက်ပဲရှိတယ်။ လက်ရှိတော့ဖမ်းဆီးခံရတဲ့သူ မရှိဘူး။အဓိကတော့ နယ်မြေပြန်လုတာ၊ ထန်းကုန်းကနေ ရွှေဘိုဘက်အထိထွက်တဲ့ဘောင် လျှောက် ကြီးရှိတယ်။ အဲဒီဘောက်လျှောက်ကြီးကနေ ဇီးကုန်းဘက်သို့ လမ်းပြန်ရချင်လို့နဲ့တူတယ်။ အဲဒီဘက် ကို အထိုင်ချမလို့ ကြံနေတာ၊ အခုတော မင်းကုန်း၊ ညောင်ဇင်ကြီးနားမှာတပ်စွဲထားတုန်း၊ ဘန်ကာ တွေ တောင်ဆောက်လုပ်နေကြပြီ။” ကန့်ဘလူမြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း ၄ ၊ ကန့်ဘလူခရိုင်တပ်ရင်း ၃ ၊ PLA နှင့် ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကန့်ဘလူခရိုင်တပ်ရင်း ၄ မှ ရဲဘော်တစ်ဦး ကျဆုံးကာ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/78854/
ကန့်ဘလူတွင် လက်ဖက်ရည်ထွက်သောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်
["ကန့်ဘလူတွင် လက်ဖက်ရည်ထွက်သောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် လက်ဖက်ရည်ထွက်သောက်သည့် စစ်သားများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ် ဘောလုံးကွင်း အရှေ့ဘက်တွင် လက်ဖက်ရည် သောက်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်ဗိုလ် ၁ ဦးအပါအဝင် တပ်သားနှင့် ပျူစောထီး ၈ ဦးကို ဒေါင်းရာဇာ အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးကတော့ ထိခိုက် ဒဏ်ရာ ပြင်းထန်တယ်သေဖို့များတယ်။ နောက်ထပ် ၂ ဦးလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/98779/
ကန့်ဘလူတွင် အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေဆိုး ကိုက်ခံရပြီး သေဆုံး
["ကန့်ဘလူတွင် အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေဆိုး ကိုက်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အသက် ၈ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် ၁ ဦး ထမင်းချက်ရန် ထင်းသယ်သွားစဥ် မြွေဆိုး ကိုက်ခံရပြီး သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ဝက်သအင်းရွာမှ အသက် ၈ နှစ်အရွယ် စစ်ရှောင် ကလေးငယ် မောင်မိုးဟိန်းသည် ထမင်းချက်ရန်အတွက် ထင်းသယ်သွားစဥ်မြွေဆိုး ကိုက်ခံရသောကြောင့် မြန်မာ့ဆေးဝါးလုပ်ငန်း – BPI ထုတ် မြွေဆိပ်ဖြေဆေး နှစ်လုံးထိုးကာ အရေးပေါ် ကုသပေးခဲ့​ကြောင်း သိရသည်။", "ထို့နောက် ကိုးတောင်ဘို့တိုက်နယ်မှ ကောလင်းမြို့နယ်ဘက်သို့ ဆက်လက်လွှဲပြောင်းကာ BPI ထုတ် မြွေဆိပ်ဖြေဆေး ခြောက်လုံးနှင့် အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေး တစ်လုံး ထပ်မံ ထိုးပေးကာ အရေးပေါ် ကုသမှု ပေးခဲ့သော်လည်း ဧပြီလ ၁၇ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/145126/
ကန့်ဘလူနယ် အင်ငုတ်တိုရွာမှ ပြည်သူနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
["ကန့်ဘလူနယ် အင်ငုတ်တိုရွာမှ ပြည်သူနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်း ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်တွေထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ကန့်ဘလူနယ် ချပ်ကြီးပျူစောထီးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ် ခမရ-၃၆၁ နှင့် ပျူ စောထီးအင်အား ၁၅၀ ၀န်းကျင်က အင်ငုတ်တိုကျေးရွာသို့ ၀င်ရောက်ပြီး ကျေးရွာမှ ပြည်သူ အမျိုးသား၂ဦးကိုဖမ်းဆီးသတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်", "“အင်ငုတ်တိုရွာမှ အသက် ၄၅ နှစ်အရွယ် ဦးသိန်းမြင့်နှင့် အသက်၂၉ နှစ်အရွယ် ကိုချိုသန်း(ခ)ရွှေအိုးစည် တို့ နှစ်ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်သွားတယ်”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် အဖွဲ့က သတင်းဖော်ပြထားသည်။", "ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်တွင် ရှိသည့် အင်ငုတ်တိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၂ခုနှစ် ဧပြီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ်တိုင်တိုင်မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၅၇ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ချပ်သင်းတိုက်နယ်၊ပင့်သာတိုက်နယ်နှင့် ကိုးတောင်ဘို့တိုက်နယ်တို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ် ပွားနေကြောင်း၊ ထို့ကြောင့် ကျေးရွာ ၂၅ ရွာထက်မနည်း စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ် သတ်ဖြတ်သွားသော ပြည်သူတစ်ဦး၏ ကြွင်းကျန်ရစ်သော သွေးများ။"]
https://yktnews.com/2024/08/180063/
ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်များအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးရေထဲ စစ်ဘေးရှောင်တိမ်းနေရ
["ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်များအတွင်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးရေထဲ စစ်ဘေးရှောင်တိမ်းနေရ", "ရန်ကုန်၊ ဩဂုတ် ၂၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း တပ်များက စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးထဲရေထဲ စစ်ဘေးရှောင်နေကြရကြောင်း ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှားတိုက်ခိုက်ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သားနှင့် ပျူစောထီး အင်အား ၇၄ ဦး ပါ စစ်ကြောင်းသည် ယမားရွာနှင့် ငတိုပျူရွာ အကြားရှိ တည်ဆောက်လျက်ရှိသော ဆည်ဘောင်ပေါ်ကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်း ထိုးလာသောကြောင့် အနီးအနားကျေးရွာများမှ ပြည်သူများသည် စစ်ဘေးရှောင်နေရပြီး လက်ရှိချိန်ထိ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "“စစ်ဘေးရှောင်က လောလောဆယ် ယမား၊ ယအင်း၊ ရွာသစ်၊ နတ်အင်းကန်ဘောရင်းတို့ အဲဒီမြောက်ကြောက အဲဒီရွာတွေပဲရှိမယ်။ ငတိုရွာဆိုတာ ပျူရွာတွေ စစ်ကြောင်းကမရှိဘူး။ သူတို့ဘက် ကရှေ့ တိုးပြီး ဘန်ကာဆောက်တာဆိုတော့ ကိုယ့်ဘက်က အမြဲရှောင်လို ဖြစ်သွားတာ အခုလောလော ဆယ်တော့ နတ်အင်း၊ ကန်ဘောင်ရင်း၊ ယမား၊ ရွာသစ် ၄ ရွာ ပြီးတော့ ယမားတဲတိုက်တွေနဲ့ဆိုတော့ ရွာ ၄ ရွာနဲ့ယမားတဲတိုက်တွေပဲပေါ့။ ယမားရွာကတော့ အိမ်ခြေ ၃၀၀ လောက်ရှိတာ လူဦးရေ ကတော ပျမ်းမျှလောက်ပဲ၊ အတိအကျတော့ မသိရဘူး။ နည်းရင်ရွာသစ်က ပဲနည်းမှာ ရွာသစ်ကတော့အိမ်ခြေ ၁၀၀ ကျော်လောက် ယမားရွာနဲ့ ငတိုပျူရွာကြားထဲမှာ ဆည်ရှိတယ်။ အဲဒီဆည်ဘောင်ပေါ်မှာ ဘန် ကာဆောက်နေတာ အဲဒီနေရာ အင်အား ၇၀ လောက်လာပြီး အင်အားဖြည့်တာ စစ်ကြောင်းထိုးတာတော့မဟုတ်ဘူး။ သူတို့လာလို့ စစ်ဘေးရှောင်တာတော့မဟုတ်ဘူး။ နဂိုကတည်းက ကိုက ရှောင် ထားရတာ ရွာတွေကလည်း နီးတာဆိုတော့ ရှောင်နေကြတော့တာ” ဟု ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ထို့ပြင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၇ နာရီ ၃၅ မိနစ်အချိန် ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ် အနီးမှ ထွက်လာသော အကြမ်းဖက်စစ်သားနှင့် ပျူစောထီး အင်အား၂၀၀ ခန့်စစ်ကြောင်းသည် ကန့် ဘလူမြို့နယ်၊ အင်းမရွာတောင်ဘက်မှ ရှမ်းကုန်းဘက် ဦးတည်ထွက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ချပ်ကြီးရွာဘက်သို့ ဦးတည်ထွက်နေကြောင်း သိရှိရသည်။", "“ကန့်ဘလူမြောက်ခြမ်းမှာတော့ စစ်ကြောင်းရှိတယ်။ ပင့်သာ၊ အင်းမတို့အဲဒီဘက်ခြမ်းမှာ အဲဒီဘက်မှာ တော့အင်အားရှိသေးတယ်။ ၆၀၀၆ ကနေ ထွက်ပြီးတော့ ကျွန်းလှဘက်ကနေ ချပ်ကြီး ဘက်ကို ထွက်တဲ့စစ်ကြောင်းပဲ အဲဒီစစ်ကြောင်းက ပြန်ဆုတ်နေတာ အခုက ပင့်သာ နှစ်ရာချောင်း ကြားရှိတယ်လေ အဲဒီနေရာမှာ ပျောက်နေတယ်လို့ သိရတယ်” ဟု ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှား တိုက်ခိုက်ရေးတာဝန်ခံက ပြောဆို သည်။", "ထိုသို့ အကြမ်းဖက် စစ်သား၊ ပျူစောထီးများ စစ်ကြောင်းထိုး လှုပ်ရှားနေမှုကြောင့် စစ်ဘေးရှောင်နေရ သည့် ပြည်သူများမှာ တစ်ပတ်ကျော်ရှိပြီဖြစ် မိုးရေထဲတွင် စစ်ဘေးရှောင်နေရသဖြင့် အရေးပေါ် စား၊ ဝတ်၊ နေရေးအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။"]
https://yktnews.com/2025/03/206922/
ကန့်ဘလူနှင့် ရေစကြိုတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁ ဦး လက်နက် ၄ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူနှင့် ရေစကြိုတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁ ဦး လက်နက် ၄ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KBL ပြည်သူကာကွယ်ရေး တပ်မတော် တပ်ရင်း ၃ က ပြောဆိုသည်။", "မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စပါယ်နံ့သာရွာ အနောက်ဘက်ရှိ ၂ မိုင်ပေါက်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ စစ်ကြောင်းကို စစ်ကြောင်း ၃ နှင့် တပ်ရင်း ၃ မှ တော်လှန်ရေး ရဲဘော်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီး ၁ ဦး သေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း ရေစကြိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ထံမှ သိရသည်။", "မတ်လ ၅ ရက်နေ့ ရေစကြိုမြို့နယ် ဇရပ်နီရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တောလှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား ၄ ဦး၏ မသာအလောင်းများကို စစ်ကောင်စီ တပ်သားများက ပြန်လည်ဆွဲယူသွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80626/
ကန့်ဘလူနှင့် ဝက်လက်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်
["ကန့်ဘလူနှင့် ဝက်လက်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့ ဗျူဟာလမ်းဘေးရှိ စံပါယ်နံ့သာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Kanbalu Underground Warriors၊ မြေပြင်လှုပ်ရှား ညီနောင်များနှင့် စွန်ရဲအဖွဲ့ မဟာမိတ် ညီနောင်များ ပူးပေါင်းပြီး ၆၀ မမ ၈ လုံး ၊ ၁၂၀ မမ ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ဇန်နဝါရီ ၁၀ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်ခန့်ကလည်း ကန့်ဘလူမြို့နယ် ချောင်းကန်ရွာ နှင့် ဇာဒီရွာတို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် Kanbalu Underground Warriors၊ လင်းယုန်နီနှင့် ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ၆၀ မမ ၁၂ လုံးဖြင့် သွားရောက် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကွေ့တွင် တပ်စွဲထား အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စိုင်နိုင်လေးကွေ့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကာ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို TRUE ARROW SPECIAL TASK FORCE – AYATAW (LPDF)၊ သံမဏိလိပ်ပြာ LPDF ၊ ဇွဲညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခွပ်ဒေါင်းသွေးမာန် ပြည်သူကာကွယ်ရေးအဖွဲ့ နှင့် မဟာမိတ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/82539/
ကန့်ဘလူနှင့် ဝန်းသို မြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မီးတင်ရှို့နေ
["ကန့်ဘလူနှင့် ဝန်းသို မြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မီးတင်ရှို့နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် ဝန်းသိုမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ် က ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးတင်ရှို့နေ ကြောင်း ဒေသသတင်းရင်းမြစ် Kawlin Revolution-KR က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်က ၆ နာရီ ၃၀ မိနစ်အချိန် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ဂုဏ်ညှင်းလျှို ကျေးရွာတွင် ညအိပ် ရပ်နားခဲ့သော စစ် တပ်စစ်ကြောင်းက ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စစ် တပ် စစ်ကြောင်းမှာ အင်အား ၅၀ ခန့်ပါဝင်ပြီး စစ်ကြောင်း ပြန်လည် မထွက် ခွာခင် ကျေးရွာကို မီးတင်ရှို့နေခြင်းဖြစ်သည်ဟု သိရှိရသည်။", "အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန် ဝန်းသိုမြို့ နယ် ပိန္နဲကုန်းရွာကိုလည်း စစ်တပ်က မီးစတင်ရှို့နေကြောင်း၊ မီးတင်ရှို့နေ သော စစ်ကြောင်းသည် အင်အား ၁၀၀ နီးပါး ပါဝင်ကြောင်း သိရှိရသည်။", "“စစ်တပ် စစ်ကြောင်းတွေက စစ်ကြောင်း ထိုးလာပြီး လမ်းမှာ သူတို့နား တဲ့ရွာ တွေကို မနက်အစောကိုမီးရှို့နေတာပါ” ဟု Kawlin Revolution-KR မှ တာဝန် ရှိသူက ပြောဆိုသည်။", "လက်ရှိတွင် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသည့် ကျေးရွာများအနီးမှ ပြည် သူ များမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်က မီးရှို့ထားသော ကျေးရွာတစ်ခုမြင်ကွင်း။"]
https://yktnews.com/2023/10/126005/
ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီး
["ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီး", "ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ပေကြီးရွာကို မီးရှို့ဖျက်ဆီးကာ နေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကန့်ဘလူမြို့နယ်၊ ပေကြီးရွာကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၁ မှ စစ်သားများနှင့် ပျူစောထီးများက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ထိ ပေကြီးရွာနှင့် ငှက်ပျောတိုင်း အနီးအနားရှိ ကျေးရွာများကို မွှေနှောက် ဖျက်ဆီးနေကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ငှက်ပျောတိုင်းရွာလျှပ်စစ် ဓာတ်အားပေးရုံအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက် အထိအခိုက် အကျအဆုံးများခဲ့သောကြောင့် ငှက်ပျောတိုင်းအနီးရှိ ကျေးရွာများအား ဆက်တိုက်စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးနေ‌ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အောက်တိုဘာလ ၆ ရက်နေ့ကလည်း အင်းလယ်ကြီးရွာမှ စစ်ဘေးရှောင် တဲတိုက်များတွင် စစ်ဘေးရှောင်နေသည့် အသက် ၁၆ နှစ်အရွယ် မောင်ပိုင်သက်ကျော် ၊ အသက် ၃၀ အရွယ် ကိုတာဝေး နှင့် အသက် ၃၀ အရွယ် ကိုကျောက်စိမ်းဦး တို့ ၃ ဦးကို ငါတို့ရွာ ပျူစောထီး အထိုင်စခန်းကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် အသက်မပြည့်သေးသည့် မောင်ပိုင်သက်ကျော်ကို ပြန်လည် လွတ်မြောက်လာသော်လည်း ကျန် ၂ ဦးကို ရွာသုဿာန်တွင် ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။", "” စစ်ခွေး စစ်ကြောင်းက အခုထိ ငှက်ပျောတိုင်း ဝန်းကျင်က ရွာတွေကို မွှေ​ေနေတုန်းပဲ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။ မြေပြင်အခြေအနေတွေကို အခုထိ အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကန့်ဘလူခရိုင် အတွင်းရှိ တိုက်နယ် ၈ ခုအနက် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ မလည်တိုက်နယ်နှင့် ကာဘိုးတိုက်နယ် စသည့်တိုက်နယ် ၆ ခုအတွင်းရှိ ကျေးရွာ အများအပြားမှ ပြည်သူ ၂၀၀၀၀ ခန့်သည် အမြဲစစ်ဘေးရှောင်နေရပြီး ၁ နှစ်ခွဲကျော်လာပြီဖြစ်ကြောင်းသိရှိရသည်။"]
https://yktnews.com/2025/04/212496/
ကန့်ဘလူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်က မြေပဲနုတ်နေသည့် ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ၁၅ ဦးကို ဖမ်းဆီးသွား
["ကန့်ဘလူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်က မြေပဲနုတ်နေသည့် ပြည်သူ ၂ ဦးကို ပစ်သတ်ပြီး ၁၅ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့် တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ညောင်ဝန်းရွာ အနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကောလင်းမြို့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဧပြီလ ၉ ရက်နေ့ကလည်း ကိုးတောင်ဘို့မှနေ၍ အရှေ့မြောက်ဘက် ၂ မိုင်ခန့် အကွာကို စစ်ကြောင်းထိုးပြီး မြေပဲနုတ်နေသည့် ကိုင်းမရွာသား ၂ ဦးဖြစ်သည့် ကိုနန်းလွင် နှင့် မရီရီဦး တို့ကို ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ကိုင်းမရွာသား ၁၅ ဦးကိုလည်း ကိုးတောင်ဘို့သို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။", "“ကိုးတောင်ဘို့ကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ မြောက်ဘက် ၃ မိုင်ခန့်အကွာ ညောင်ဝန်းရွာအနီးမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတယ်။ ကောလင်းမြို့ထဲကို နံနက် ၉ နာရီ လောက်မှာ ပြန်ဝင်သွားတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ အဲခွေး စစ်ကြောင်းက ဧပြီလ ၉ ရက်နေ့ကလည်း မြေပဲနုတ်နေတဲ့ ကိုင်းမရွာသား ၂ ဦး ပစ်သတ်ပြီး ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားသေးတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/103303/
ကန့်ဘလူမြို့နယ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ရွာပေါင်း ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ကန့်ဘလူမြို့နယ်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး၊ ရွာပေါင်း ၃၀ ကျော်က ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ မေ ၁၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ် အတွင်း အကြမ်း စစ်တပ် စစ်ကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ မေလ ၁၇ ရက် နံနက် ၇ နာရီခန့်က ကန့်ဘလူမြို့နယ်၊ အမှတ် ၆၀၀၆ အမြောက်တပ်မှ ဟောင်ဝှစ်ဇာမြောက်ကြီးဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ထိန်တောရွာ ကွမ်းခြံထဲတွင် အလုပ်လုပ်နေသူ အသက် ၂၆ နှစ်အရွယ် လင်မယား ၂ ဦးကို ထိမှန်ခဲ့ပြီး အမျိုးသမီး ဖြစ်သူမှာ ဆေးရုံ၌ သေဆုံးသွားကြောင်း၊ အမျိုးသားဖြစ်သူမှာ ဆေးရုံ၌ ဆက် လက်ကုသမှုခံယူနေရကြောင်း သိရသည်။", "“ကန့်ဘလူ ၆၀၀၆ တပ်က အမြဲလိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတာဗျ၊ အရင်ကလဲ လူအသေအ ပျောက်မရှိပေမယ့် အိမ်တွေပျက်စီးတာရှိခဲ့တယ်၊ အခုကတော့ လူထိပြီး သေဆုံးသွားတာဗျ” ဟု ကျွန်း လှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယနေ့ မေလ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်တပ် ကန့်ဘလူမြို့နယ်၊ ညောင်ပေါင်ရင်း ကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာနေ စစ်ဘေးရှောင်အမျိုးသားနှစ်ဦးသည် ယော၊ လယ်လှရွာဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းနှင့် တည့်တည့်တိုးပြီး ပစ်ခတ်ခံရကာ ရွာသစ်ကုန်း ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားသေဆုံးကာ ညောင်ပေါင်းရင်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ်မျိုးသားမှာ ကျည်ထိမှန်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။", "“ထန်းကုန်းတိုက်နယ်ထဲကို စစ်ကြောင်း ၄ ကြောင်းနဲ့ မနေ့က ကတည်းက ထိုးနေတာဗျ၊ စစ်ဘေးရှောင် တဲ့ အမျိုးသား နှစ်ဦးက စစ်ကြောင်းနဲ့တည့်တည့်တိုးပြီး ပစ်သတ်ခံရတာ၊ ဦးခေါင်းကျည်ထိတဲ့အမျိးသား သေသွားတယ်၊ ကျန်တဲ့တစ်ယောက်က အရေးပေါ်ဆေးကုသမှုခံယူနေရတယ်၊ နေအိမ်တွေလဲ မီးရှို့နေ တယ်၊ လူသားဒိုင်းတွေ ဖမ်းပြီး စစ်ကြောင်းထိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်မှ ယနေ့ မေလ ၁၈ နံနက် ၈ နာရီခန့်က ထန်းကုန်းတိုက်နယ်၊ ဥာဏ်အင်းကျေး ရွာ ကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၂၃ လုံး ၊ စစ်ဘေးရှောင်တဲ ၉ လုံးမီးလောင်ပြာကျခဲ့ကြောင်း၊ ကျွန်းပင် ကုန်းရွာ၌ ညအိမ်တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း – ၃၆၈ စစ် ကြောင်း၌ အသက် ၆၀ အရွယ် အမျိုးသားနှစ်ဦး လူသားတံတိုင်း ဖမ်းဆီးခံထားရကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်နေမှုကြောင့် ထန်းကုန်းတိုက်နယ် ကျေး ရွာ ၂၃ ရွာအပါအဝင်အနီးအနားကျေးရွာ စုစုပေါင်း ရွာပေါင်း ၃၀ ခန့်မှ ပြည်သူအမြောက်အများ စစ်ဘေး ရှောင်နေရပြီး ယနေ့ မေလ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်တွင်လည်း ဇီးကုန်းတိုက်နယ်၊ မကျည်းကုန်းရွာ အား ပစ်ခတ်စီးနင်း၊ မီးရှို့ဖျက်ဆီးပြီးခဲ့သည့် စစ်ကြောင်းမှာ ယနေ့ညအထိ မကျည်းကုန်းကျေးရွာ အတွင်း တပ်စွဲထားကြောင်း သိရသည်။", "Photo – အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ထွက်ပြေးနေရသော ထန်းကုန်းတိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ"]
https://yktnews.com/2024/11/191517/
ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ် ၁၃၃ လုံးကို မီးရှို့ဖျက်ဆီး
["ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ် ၁၃၃ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ် ၁၃၃ လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျောင်းကုန်းရွာ၊ ဖိုလ်ကုန်းရွာနှင့် သပြေသာရွာတို့ကို သကြားစက်မှ ထွက်လာသည့် စစ်ကောင်စီ တပ်သား ၁၂၀ ခန့်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သပြေသာ ကျေးရွာကို ဝင်ရောက် စီးနင်းစဉ် ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ ပြည်သူ ၁ ဦးလည်း ဖမ်းဆီးခံရကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောင်းကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၄၃ လုံး၊ ဖိုလ်ကုန်းရွာမှ နေအိမ် ၂၃ လုံးနှင့် သပြေသာရွာမှ နေအိမ် ၆၇ လုံး စုစုပေါင်း ပြည်သူပိုင်နေအိမ် ၁၃၃ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။", "ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းတိုက်နယ်သည် အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများနှင့် အလွန်နီးကပ်ခြင်းကြောင့် စစ်ကြောင်းလာသည်နှင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဇီးကုန်း သကြားစက်မှကား ၄ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဇီးကုန်းမူးဘောင်ဘက်ကို ရောက်ရှိနေပြီး အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထပ်မံတိမ်းရှောင်နေရကြောင်းရကြောင်း သိရသည်။"]
https://yktnews.com/2023/07/111963/
ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကျေးရွာ ၂ ရွာကို မီးတင်ရှို့
["ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကျေးရွာ ၂ ရွာကို မီးတင်ရှို့", "ရန်ကုန်၊ ဇူလိုင် ၈", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း အင်အား ၃၀၀ ခန့်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကိုးမြို့ရွာနှင့် ဆူးပုတ်ကုန်းကျေးရွာ ၂ ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ် Infinity Group ထံမှ သိရှိရသည်။", "ဇူလိုင် ၇ ရက်နေ့ နံနက် ၇ နာရီအချိန် တင်ကုတ်ကြီး ပျူစောထီးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ကိုးမြို့ရွာသို့ ဝင်ရောက်၍ မီးတင်ရှို့ခဲ့ကြောင်း၊ ထန်းကုန်းစံပြရွာဘက်မှ ထွက်လာသည့် အင်အား ၁၅၀ ခန့်ပါ ခမရ ၃၆၁ နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ဆူးပုတ်ကုန်းရွာကို မီးတင်ရှို့ခဲ့ကြောင်း ‌ဒေသပြည်သူများတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“အခုရက်ပိုင်းမှာ ကန့်ဘလူနယ်ထဲမှာ ပြည်သူတွေ အတော်ကို ဒုက္ခရောက်နေကြတယ်။ စစ်တပ်က စစ်တပ်သီးသန့်ချည်း စစ်ကြောင်းထိုးသလို၊ ပျူစောထီးတွေနဲ့ပေါင်းပြီးလည်း စစ်ကြောင်းတွေ ထိုးနေတယ်။ နံနက်အစောပိုင်းတွေ၊ ညဉ့်နက်ပိုင်းတွေ စစ်ကြောင်းတွေ ဝင်လာတာ။ လူတွေလည်း ရွာတွေမှာ မနေရဲကြဘူး။ စစ်ကြောင်းနဲ့တိုးရင် အသတ်ခံရတယ်။ မိုးတွင်းကို စားနပ်ရိက္ခာ အဝတ်အထည် ဆေးဝါး အရမ်းလိုအပ်နေတယ်။ ပြေးနေကြရတာ ပြည်သူတွေအားလုံးက ” ဟု ကန့်ဘလူမြို့နယ်မှ စစ်ဘေးရှောင်ကူညီရေး လုပ်နေသူ ပရဟိတသမားတစ်ဦးက ပြောသည်။", "ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ ထန်းကုန်းတိုက်နယ််ကို စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဒေသပြည်သူများ စစ်ဘေးရှောင်ပုန်းနေရပြီး ပြည်သူ ၄၀၀၀ ခန့် စစ်ဘေးရှောင်ပုန်းနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် ထန်းကုန်းတိုက်နယ်ဒေသကို ထန်းကုန်းစံပြရွာဘက်မှ အင်အား ၁၅၀ ခန့်ပါစစ်ကြောင်း၊ တင်ကုတ်ကြီး ပျူစောထီးရွာဘက်မှ အင်အား ၅၀ ခန့်ပါစစ်ကြောင်းနှင့် ဇီးကုန်းမှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းတို့ကို အသုံးပြု စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံနေရသည့် ပြည်သူ့ကျေးရွာများ မီးလောင်မှုမြင်ကွင်း။"]
https://yktnews.com/2024/01/139475/
ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရှောင်တဲ ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နွားများကို ခိုးယူသွား
["ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရှောင်တဲ ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နွားများကို ခိုးယူသွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရှောင်တဲ ၃၃ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် နွားများကို ခိုးယူသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ၆၀၀၆ အမြောက်တပ်မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နတ်အင်းရွာမှ ပျူစောထီးများဖြင့် ပူးပေါင်းပြီး ထန်းကုန်းတိုက်နယ်ကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ဘေးရှောင်တဲတိုက်များတွင်နေထိုင်သည့် ထိန်တောရွာမှ အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်ဌေးကို သေနတ်ဖြင့် ၂ ချက် ပစ်ခတ်သတ်ဖြတ်ကာ၊ ရွာမရွာမှ အသက် ၃၅ နှစ်အရွယ် ကိုတင်မျိုးအောင်ထွန်း(ခ)ကုလားကို တဲပေါ်တင်၍ မီးရှို့သတ်ဖြတ် ပြီးနောက် စစ်ရှောင်တဲ ၃၃ လုံးကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူပိုင် နွားများကိုလည်း ခိုးယူ သယ်ဆောင်သွားကြောင်းသိရသည်။", "“စစ်ခွေးစစ်ကြောင်းက ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ နတ်အင်းရွာထဲကို ပြန်ဝင်သွားတယ်။ ပြည်သူပိုင် နွားတွေကိုလည်း ခိုးယူသွားတယ်။ ဒီမနက်တော့ ၆၀၀၆ က စစ်ကား ၄ စီး ထန်းကုန်းဘက်ထပ်ထွက်တယ်လို့ ပြောပါတယ်။ အခြေအနေတော့ မသိရသေးဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ အများအပြားများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပြီး ကန့်ဘလူ ၆၀၀၆ အမြောက်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများကြောင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးကာ ကျွဲ၊ နွားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တချို့ကျေးရွာများမှာလည်း လက်ရှိချိန်ထိ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကန့်ဘလူ #စစ်တပ် #စစ်ဘေးရှောင်ပြည်သူ"]
https://yktnews.com/2024/07/171705/
ကန့်ဘလူမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး ရိက္ခာဖြင့် လာရောက် လဲလှယ်ခိုင်း၊ မလဲလှယ်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်
["ကန့်ဘလူမြို့နယ်တွင် စစ်တပ်က အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး ရိက္ခာဖြင့် လာရောက် လဲလှယ်ခိုင်း၊ မလဲလှယ်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဇူလိုင် ၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးထားပြီး ရိက္ခာဖြင့် လာရောက် လဲလှယ်ခိုင်းပြီး မလဲလှယ်လျှင် ပစ်သတ်မည်ဟု ခြိမ်းခြောက် အကြပ်ကိုင်နေကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။", "ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့ အထိုင် စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဂုန်ညှင်းလျှိုရွာမှ ကောက်စိုက်သမ ၁၁ ဦး၊ အမျိုးသား ၃ ဦး နှင့် နွား ၄ ကောင်ကို ဖမ်းဆီးထားပြီး ဓားစာခံများ ပြန်လည် လွှတ်ပေးစေလိုလျှင် မိသားစုဝင်များ အနေဖြင့် ရိက္ခာဖြင့် လာရောက် လဲလှယ်ရမည်ဟု ခြိမ်းခြောက်အကြပ်ကိုင်နေကြောင်း သိရှိရသည်။", "“ပြန်လွှတ်ပေးစေလိုလျှင် ရိက္ခာနဲ့ အလဲအလှယ် လုပ်ရမယ်။ လာမရွေးရင် သေနတ်သံ တစ်ချက်ကြားလျှင် ဓားစာခံ တစ်ယောက်သတ်ဖြတ်မယ်” ဟု အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။", "လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ်နှင့် ကောလင်းခရိုင်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) များက လနှင့်ချီ၍ ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီ တပ်သားများ ရိက္ခာ ပြတ်လပ်လျက်ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရိက္ခာရရှိရေးအတွက် ယခုကဲ့သို့ အရပ်သားပြည်သူများကို ဓားစာခံဖမ်းဆီး၍ ခြိမ်းခြောက် ရိက္ခာရှာဖွေရသည့် အခြေအနေကို ဆိုက်ရောက်နေခြင်း ဖြစ်ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/12/137476/
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေစဥ် အဖွားအို ၂ ဦး သေဆုံး၊ ငါးရာနဲတောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉ လုံး မီးလောင်ပျက်စီး
["ကန့်ဘလူမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေစဥ် အဖွားအို ၂ ဦး သေဆုံး၊ ငါးရာနဲတောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉ လုံး မီးလောင်ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေစဥ် အဖွားအို ၂ ဦး သေဆုံး ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ဖလံချိုင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် အသက် ၈၇ နှစ်အရွယ် အဖွား ဒေါ်အုန်းရွှေနှင့် အသက် ၉၂ နှစ်အရွယ် အဖွား ဒေါ်အေးကြံတို့ ရာသီဥတုဒဏ်နှင့် စစ်ဘေးရှောင်ရင်း စိုးရိမ်ပူပန်မှုများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(တောင်)ရွာကို အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ပြီး ပြည်သူပိုင်နေအိမ် ၉ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းသည် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကာဘိုးရွာမှတစ်ဆင့် ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ငါးရာနဲ(တောင်)ရွာကို မီးရှို့ဖျက်ဆီးကာ ညနေ ၃ နာရီဝန်းကျင်တွင် ချင်မြစ်ကျင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပေါင်ရင်းရွာကို ကန့်ဘလူ ၆၀၀၆ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် အင်အား ၁၀၀ ကျော်က အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူပိုင်နေအိမ် ၁၃ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။", "ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ ချင်မြစ်ကျင်း၊ ဖလံချိုင်၊ သရက်ခေါင်း နှင့် ညောင်ဇင်ကြီးကျေးရွာ ၆ ရွာမှ အဒေသပြည်သူ ၁၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115244/
ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၁ ဦး သေဆုံးကာ မြွေဆိပ်ဖြေဆေးများ လိုအပ်နေ
["ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၁ ဦး သေဆုံးကာ မြွေဆိပ်ဖြေဆေးများ လိုအပ်နေ", "ရန်ကုန်၊ ဇူလိုင် ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ဇူလိုင်လအတွင်း ကန့်ဘလူမြို့နယ်တွင် မြွေကိုက်ခံရသော ပြည်သူ ၁၁ ဦးမှာ ထန်းကုန်းတိုက်နယ်မှ ၃ ဦး၊ ချပ်သင်းတိုက်နယ်တို့မှ ၄ ဦး၊ ဇီးကုန်းတိုက်နယ်မှ ၂ ဦး၊ ပင့်သာတိုက်နယ်မှ ၁ ဦးနှင့် ကန့်ဘလူတိုက်နယ်မှ ၁ ဦးတို့ဖြစ်ပြီးဇူလိုင်လ ၁၄ ရက်နေ့က ဇချပ်သင်းတိုက်နယ်မှ မြွေကိုက်ခံရသည့် အသက် ၅၀ အရွယ် ဦးစိန်ချိုမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော ဦးစိန်ချိုသည် ဆေးကုသရန် ရောက်ရှိလာချိန် နောက်ကျပြီး BPI မြွေဆိပ်ဖြေဆေး ၁၇ လုံးနှင့် အိန္ဒိယ မြွေဆိပ်ဖြေဆေး ၂၃ လုံးထိ ထိုးပေးခဲ့သော်လည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မြွေကိုက်ခံရသူ အချို့လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။", "ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ရွာစဥ်လှည့်၍ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသ ပြည်သူများသည် စစ်ဘေးရှောင်နေရပြီး သက်မွေးဝမ်းကြောင်း လုပ်ငန်းများ မလုပ်နိုင်ဘဲ ဝင်ငွေမဲ့လာသည့် ပြည်သူများသည် မြွေကိုက်ခံရပါက ဆေးရုံးဆေးခန်းများသို့ ပြသရန် ခက်ခဲခြင်း၊ ငွေကုန်ကြေးကျခံ ကုသနိုင်ခြင်း မရှိသဖြင့် ရိုးရာဆေးမြီးတိုဖြင့် ကုသခြင်း၊ စုပ်ပေါက်ခြင်း စသည့် နည်းလမ်းများဖြင့် ဖြစ်သလို ကုသနေရသောကြောင့် သေဆုံးခြင်းများ ရှိကြောင်း သိရှိရသည်။", "ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရသည့် ဒေသ ပြည်သူများကို ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်နှင့် ပြည်တွင်း၊ ပြည်ပမှ ပြည်သူများက မြွေဆိပ်ဖြေဆေးများ ကူညီမှုများ ရှိသော်လည်း လုံလောက်မှု မရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးမှုများကြောင့် ကုသမှုပေးရသည့် အခြအနေမှာလည်း လုံခြုံသည့်အခြေအနေတွင် မရှိကြောင်း သိရသည်။"]
https://yktnews.com/2023/05/100876/
ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို ၃ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်နှင့် စာသင်ဆောင် ၄ ဆောင် မီးလောင် ပြာကျ
["ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို ၃ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်နှင့် စာသင်ဆောင် ၄ ဆောင် မီးလောင် ပြာကျ", "ရန်ကုန်၊ မေ ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်နှင့် စာသင်ဆောင် ၄ ဆောင် မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကန့်ဘလူမြို့နယ်ရှိ သရက်ခေါင်းရွာ၊ ထရော်ကိုင်းရွာ၊ ငါးရာနဲ(မြောက်)ရွာ၊ သောက္ကန်ရွာ၊ ဖိုလ်ကုန်းရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈၀ ကျော်၊ စစ်ရှောင်တဲ ၁၅ လုံးနှင့် စာသင်ဆောင် ၄ ဆောင် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် သရက်ခေါင်းရွာကို ဧပြီလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ စာသင်ဆောင် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့တွင်ပင် မလည်တိုက်နယ်အတွင်းရှိ ထရော်ကိုင်းရွာကို စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၁ မှ အင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင် အိမ် ၃ အိမ်နှင့် ကန်ကြီးတောတဲတိုက်မှ စစ်ရှောင်တဲ ၁၅ လုံး မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "“စစ်ကြောင်းတွေကတော့ တိုက်ပွဲဖြစ်တာ မဖြစ်တာထက် စစ်လမ်းကြောင်းတစ်လျှောက်က ရွာတွေကို မီးရှို့တတ်တာပါပဲ။ ထိတွေ့မှု အနည်းငယ်လည်း ရှိခဲ့ပါတယ်။ တချို့ရွာတွေတော့ ပြန်ဝင်နေကြပါပြီဗျ။ တချို့တစ်ဝက်တော့ ကျန်ကြသေးတယ်လို့သိရပါတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ဧပြီလ ၃၀ ရက်နေ့တွင် သရက်ခေါင်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(မြောက်)ရွာကို အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၄၆ လုံးထိမီးလောင်ပျက်ဆီးခဲ့ကြောင်း၊ တရော်ကိုင်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည်လည်း ဇီးကုန်းတိုက်နယ်အတွင်းရှိ သောက္ကန်ရွာကို ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ စာသင်ဆောင် နှစ်ဆောင် မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဇီးကုန်းတိုက်နယ်အတွင်းရှိ ဖိုလ်ကုန်းရွာကိုလည်း မေလ ၁ ရက်နေ့တွင် ထပ်မံ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၃၁ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း၊ ဖိုလ်ကုန်းနှင့် သောက္ကန်ကျေးရွာတို့သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကို ဒုတိယအကြိမ်ခံရသည့် ကျေးရွာများဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ပြောကြားသည်။", "ဇီးကုန်းတိုက်နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ်မီးရှို့ခံခဲ့ရ၍အကြမ်းဖက် စစ်ကောင်စီသည် ဖိုလ်ကုန်းရွာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ်ဝင်ရောက် မီးရှို့ခဲ့ရာ ပြည်သူပိုင်နေအိမ် ၈ လုံးနှင့် စာသင်ဆောင်တစ်ခု မီးလောင်ပျက်ဆီးခဲ့ကြောင်း၊ သောက္ကန်ရွာကို မီးရှို့ဖျက်ဆီးရာတွင်လည်း ပြည်သူပိုင်နေအိမ် ၇၇ လုံးထိ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ပြည်သူ ၄၀၀၀၀ ကျော်ခန့်ရှိနေကြောင်း၊ စစ်ကောင်စီ စစ်ကြောင်း ဝေးသွားလျှင် ရွာသို့ ပြန်ဝင်နေကြသည့် ပြည်သူများ ရှိသကဲ့သို့ ပြည်သူအချို့မှာ ရွာထဲတွင် လုံးဝ မနေရဲကြဘဲ နီးစပ်ရာတောထဲတွင်သာ တဲထိုးနေကြ​ရကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/102085/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် မီးရှို့ ဖျက်ဆီးနေပြီး ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်​နေရ
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် မီးရှို့ ဖျက်ဆီးနေပြီး ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်​နေရ", "ရန်ကုန်၊ မေ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် မီးရှို့ ဖျက်ဆီးနေကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "မေလ၁၁ ရက်‌နေ့ နံနက် ၆ နာရီခန့်တွင် ကန့်ဘလူမြို့နယ်ရှိ သရက်ခေါင်းရွာနှင့် ဖလံချိုင်ရွာတို့ကို အကြမ်းဖက်စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁နှင့် ၃၆၈ တို့က ဝင်ရောက် စီနင်း မီးရှို့ ဖျက်ဆီး နေခြင်း ဖြစ်ပြီး ကျေးရွာနေ ပြည်သူများနှင့် အနီးအနားရှိ ကျေးရွာများမှ ၂၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၈ စစ်ကြောင်းသည် မေလ ၁၀ ရက်‌နေ့ နံနက်ပိုင်းက သိုးဘိုးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့ကလည်း သရက်ခေါင်းရွာကို ပထမအကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး စာသင်ဆောင် ၁ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၁ စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်သည် ဖုတ်ကုန်းရွာအနီးရောက်ရှိနေကြောင်း၊ အဆိုပါ စစ်ကြောင်းသည် မေလ ၇ ရက်နေ့က ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာကို အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ရှောင်ပြည်သူ ၁၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။", "“ထပ်ဖမ်းထားသူတော့ အခုထိတော့ မကြားသေးဘူးဗျ။ ပြန်လွတ်လာတာလည်း မရှိသေးပါဘူးဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "စစ်ကောင်စီမှ ဧပြီလကုန်မှ စ၍ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ဇီးကုန်းတိုက်နယ်နှင့် ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် မနားတမ်းလှည့်ပတ်ထိုးနေခြင်းကြောင့် ကျေးရွာ ၂၀ ခန့်မှပြည်သူ နှစ်သောင်းခန့်စစ်ဘေးရှောင်နေရပြီး အခြေခံစားသောက်ကုန်၊အမိုးအကာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/01/139739/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာရှိ နေအိမ် ၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဇင်လေးရွာပျူစောထီး အထိုင်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မင်းကုန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်၍ နေအိမ် ၄၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်ဇင်ကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၃၀ ကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင့်တည်းကုန်းရွာ၊ ကိုးမြို့ရွာနှင့် သရက်ခေါင်းရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ရာ တောင့်တည်းကုန်းရွာမှ နေအိမ် ၁၂ လုံးနှင့် သရက်ခေါင်းရွာမှ နေအိမ် ၃၁ လုံးပျက်စီးဆုံးရှုံးကာ ကိုးမြို့ရွာရှိ ပြည်သူပိုင် နေအိမ်များ ပျက်ဆီး ဆုံးရှုံးမှု စာရင်းကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ ၂ ရက်ဆက် မီးရှို့ ဖျက်ဆီးခြင်းကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာ ၅ ရွာမှ နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်ဆီးဆုံးရှုံးထားပြီး ကျေးရွာ ၁၁ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၌ ချင်မြစ်ကျင်းရွာထဲက်ု ရောက်ရှိနေပြီး လက်နက်ကြီးများဖြင့် ဘေးပတ်ပတ်လည်ရွာများကို ရမ်းသမ်း ပစ်ခတ်နေကြောင်းသိရသည်။", "အလားတူ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ် ၇ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကန့်ဘလူမြို့နယ် #အကြမ်းဖက်စစ်တပ်"]
https://yktnews.com/2023/03/90659/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ မတ် ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၄ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ် အတွင်းရှိ အောက်တဲကျေးရွာနှင့် ပင့်သာတိုက်နယ်အတွင်းရှိ ပင့်သာ (တည်ပင်) ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးနေ​ခြင်း ဖြစ်ကြောင်း သိရသည်။", "အောက်တဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းသည် ကိုးတောင်ဘို့ အထိုင် ခြေလျင်တပ်ရင်း – ၁၃၇ (ပူတာအိုခရိုင်၊ မချမ်းဘော့) ဖြစ်ပြီး အင်အား ၆၀ ခန့်ရှိကာ ဝက်သအင်းရွာမှ တစ်ဆင့် အောက်တဲရွာအား ဝင်ရောက်စီးနင်းမီးရှို့နေခြင်းဖြစ်ကြောင်း၊ ပင့်သာ (တည်ပင်) ရွာအား မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းသည် အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများ ပါဝင်သည့် အင်အား ၁၅၀ ခန့်ရှိသော စစ်​ကြောင်းဖြစ်ကာ မတ်လ ၃ ရက်နေ့ ညနေပိုင်းက ကျွန်းလှမြို့ပေါ်မှ တစ်ဆင့် မြို့မြောက်ဘက် ပေကုန်းရွာ၌ အင်အား စုစည်းပြီး ချောင်းကြားရွာ၌ ညအိပ် စခန်းချ၍ ယနေ့နံနက်ပိုင်းတွင် ပင့်သာ (တည်ပင်) ရွာအား ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။", "” ရွာထဲက အခြေအနေမသိရသေးဘူး။ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ခွေးတွေက မီးရှို့နေတာ ပြည်သူတွေ ထိခိုက်တာ ဖမ်းဆီးခံရတာတော့ မကြားရသေးဘူး။ တိုက်ပွဲကတော့ မရှိပါဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသဘည်။", "အောက်တဲရွာသည် ၂၀၂၂ ခုနှစ် ဇွန်နှင့် အောက်တိုဘာလတို့တွင် ၂ ကြိမ် မီးရှို့ ဖျက်ဆီးခံရသည့် ကျေးရွာ ဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ပင့်သာရွာသည်လည်း ၂၀၂၂ ခုနှစ် သြဂုတ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ တို့တွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၉၉ လုံး မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88797/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျ
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျ", "ရန်ကုန်၊ဖေဖော်ဝါရီ ၂၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၉ မှ အင်အား ၈၀ ခန့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၁၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရော်ကိုင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းသောကြောင့် ပြည်သူပိုင်နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ပြီး နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျွန်းလှမြို့ပေါ်ရှိ စစ်တပ်နှင့် ပျူစောထီးများက ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို တတိယအကြိမ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၈ လုံး မီးလောင်ပျက်ဆီးသွားကြောင်း သိရသည်။", "” ပြည်သူတွေ ထိခိုက်မှု သတင်းတော့ မကြားရသေးဘူး။ စစ်တပ်က ၃ ရက်ဆက်တိုက် ကျေးရွာ ၃ ရွာကို စီးနင်းမီးရှို့လို့ နေအိမ် ပြည်သူပိုင် နေအိမ် ၂၄၈ လုံး မီးလောင် ပြာကျသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/03/153390/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များ စစ်မှုထမ်းဖို့ စာရင်းကောက်ယူရန် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များ စစ်မှုထမ်းဖို့ စာရင်းကောက်ယူရန် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ လူငယ်များ စစ်မှုထမ်းဖို့ စာရင်းကောက်ယူရန် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ သပြေသာရွာ ၊ ကျောင်းကုန်းရွာ နှင့် ဖိုလ်ကုန်းရွာတို့ကို အကြမ်းဖက် စစ်တပ်က အင်အားသုံး၍ လူငယ်များ စစ်သင်တန်း တက်ရောက်ရန်အတွက် စာရင်းကောက်ယူရန် စစ်ကြောင်းဖြင့် ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မဝင်ရောက်မီ ရှေ့ကင်းများချ၍ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး အင်အားအလုံးဖြင့် လာရောက်လာသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အကြမ်းဖက် စစ်တပ်ထံ စစ်မှုထမ်း၍ သားသမီးများကို အသတ်အသေမခံနိုင်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိမ်းရှောင်လာသော ပြည်သူများကို တော်လှန်ရေး ရဲဘော်များက ဘေးလွတ်ရာခေါ်ထုတ်ပေးခဲ့ပြီး နေထိုင်ရေး စီစဉ်ပေးထားကာ ၎င်းတို့၏ ရိက္ခာများဖြင့် ကျွေးမွေးစောင့်ရှောက်ထားကြောင်း၊ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်တို့သည် အကြမ်းဖက် စစ်တပ်၏ ပျူစောထီး အထိုင်ကျေးရွာများနှင့် အလွန်နီးကပ်ခြင်းကြောင့် အမြဲတမ်း ပြည်သူများ စစ်ဘေးရှောင်ရပြီး တချို့ရွာများသည် ၁ နှစ် နီးပါး ကြာမြင့်လာပြီဖြစ်ပြီး ယင်း တိုက်နယ်များတွင် စစ်ဘေးရှောင်ဦးရေ ထပ်တိုးလာသောကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ကန့်ဘလူခရိုင် အတွင်းရှိ ကန့်ဘလူမြို့၊ ကျွန်းလှမြို့နှင့် ၎င်းတို့ စိုးမိုးထားသည့် ကျေးရွာ အများအပြားရှိ အိမ်ထောင်စုစာရင်းနှင့် တိုက်စစ်ကာ စစ်သင်တန်း တက်ရောက်ရန် အတင်းအကျပ် ဖိအားပေး၍ လျှောက်လွှာ ဖြည့်ခိုင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ရပ်ဝေးသို့ ပြောင်းရွှေ့နေကြသူများကိုပါ မဖြစမ‌နေပြန်ခေါ်ရန် ဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/103673/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က ၄ ရက်ဆက် မီးရှို့ဖျက်ဆီး
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က ၄ ရက်ဆက် မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မေ ၂၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ) ၃၆၈ စစ်ကြောင်းက ၄ ရက်ဆက်တိုက် မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ပြီး မကျီးကုန်း၊ ဆူးတပ်၊ ဖုတ်ကုန်းကျေးရွာနှင့် ဘုတ်ကုန်းရွာ တို့မှ ပြည်သူပိုင် နေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။", "မေလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မကျီးကုန်းရွာကို အကြမ်းဖက် ပစ်ခတ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ မေလ ၁၉ ရက်နေ့တွင် ဆူးတပ်ရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၂၀ လုံး ပျက်စီးခဲ့ရကြောင်းသိရသည်။", "မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖုတ်ကုန်းရွာကို ထပ်မံ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို အတည်မပြု နိုင်သေးကြောင်း၊ ယနေ့ မေလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၃၆၈ က ဘုတ်ကုန်းကျေးရွာကို ထပ်မံမီးတင်ရှို့နေကြောင်း သိရသည်။", "“တစ်ရွာဝင် တစ်ရွာထွက် ရှိ့နေတာပါဗျ။ ဒီနေ့မနက်လည်း ခမရ ၃၆၁ နဲ့ ပျူစစ်ကြောင်က စပယ်နံ့သာအုပ်စုက ပစ်တိုင်းထောင်ရွာကို မီးရှို့ပြီး မှန်နီပင်ရွာကို ထပ်ရှို့နေပါတယ်ဗျ။ လောလောဆယ်ဆို ထွက်ပြေးပြည်သူ ၂၀၀၀ ကျော် ခန့်မှန်းရှိမယ်ဗျ” ဟု Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖုတ်ကုန်းရွာ၌ ညအိပ်တပ်စွဲပြီး ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်ရင်းမှ ထွက်ခွာလာသော စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း- ၃၆၁ စစ်ကြောင်းသည် ရွှေဘို-မြစ်ကြီးနားလမ်းရှိ စံပါယ်နံ့သာ အထိုင်သို့ ရောက်ရှိနေကြောင်း​ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။", "Photo – မေလ ၁၉ ရက်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ဆူးတပ်ရွာအား တွေ့ရစဥ်"]
https://yktnews.com/2024/09/185466/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေသုံး
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေသုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၅ ဦးသေသုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက မှန်နီပင်ရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲမှ ညနေ ၆ နာရီခန့် အထိ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ ရေရှင်ကြီးကျေးရွာကို စံပါယ်နံ့သာရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ခရီးသွား ပြည်သူ ၁ ဦး သေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ယမန်နေ့ နံနက်ပိုင်းကလည်း စံပါယ်နံ့သာရွာစခန်းမှ ထွက်လာသော အကြမ်းက် စစ်တပ် စစ်ကြောင်းသည် စခန်းအနောက်ဘက် ၂ မိုင်အနီးတွင် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံမိသည့် အမျိုးသမီး ၁ ဦးကို အကြောင်းမဲ့ ပစ်သတ် ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က သီရိမွန်ရွာ ကိုလေကြောင်းဖြင့် ၅ ကြိမ် တိုက်ခိုက်ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် ထပ်မံ၍ မေတ္တာမွန်ရွာနှင့် သီရိမွန်ရွာ အကြားကို လေကြောင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးမှုရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/103388/
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား
["ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား", "ရန်ကုန်၊ မေ ၁၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၁၉ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် အကြမ်းဖက် စစ်တပ် ခမရ ၃၆၈ တပ်နှင့် လက် အောက်ခံ ပျူစောထီး များပျူစောထီး အင်အား ၁၅၀ ခန့်ဖြင့် ဆူးတပ်ကျေးရွာအား လက်နက်ကြီး ၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်မည်မျှ ပြာကျ ပျက်စီး ဆုံးရှုံးခဲ့သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“အခုတော့ ခွေးတပ်က ရွာကနေ ထွက်သွားပြီး သကြားစက်ဘက် ရောက်နေတယ်။ ဓားစာခံပြည်သူ တွေလဲ မလွတ်သေးဘူးလို့ကြာတယ်။ အတိအကျ မသိရသေးဘူး။ လှည့်ပတ်မွှေပြီး ပြည်သူပိုင်ပစ္စည်း ရွှေ၊ ငွေနဲ့တန်ဖိုးရှိတာတွေလှည့်ပတ်ခိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ် ဦဂက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောကြားသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေး ရွာများအား စစ်ကြောင်းထိုးဝင်ရောက်ကာ ဇီးကုန်းတိုက်နယ်၊ မကျီးကုန်းကျေးရွာကို မီးရှို့ ဖျက်ဆီးပြီးနောက် ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဆူးတပ်ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ နံနက် ၈ နာရီ ၁၂ မိနစ်ခန့်မှ စတင်၍ မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသော ဆူးတပ်ရွာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်တပ်က ပထမ အကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၆ လုံးမီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "မေလ ၁၆ ရက်နေ့တွင် ထန်းကုန်းတိုက်နယ်၊ကျေးပင်အက်ရွာသို့ အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ခဲ့သော စစ်တပ် လက်အောက်ခံခြေမြန် တပ်ရင်း-၃၆၁ စစ်ကြောင်းသည် ကျေးပင်အက်ရွာမှ ပြည်သူပိုင်အဖိုး တန် ပစ္စည်းများအား မွှေနှောက်ခိုးယူသည့်အပြင် စာသင်ကျောင်းအတွင်းမှ ကျောင်းအသုံးအဆောင် ပစ္စည်းများအား ဖျက်ဆီးပြီး ကျောင်းသားကျောင်းသူများအတွက် လေကြောင်းအန္တရာယ်မှ အရေးပေါ် ရှောင်တိမ်းနိုင်ရန် ပြုလုပ်ထားသည့် ဗုံးခိုကျင်းများကိုလည်း ဖျက်ဆီးသွားကြောင်းသိရသည်။", "ယခုအခါ စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း-၃၆၁ သည် ကန့်ဘလူ၆၀၀၆အမြှောက်တပ်ရင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး၊ဆူးတပ်ရွာအား အကြမ်းဖက်မီးရှို့ပြီးထွက်ခွါသွားသော စစ်‌ကောင်စီ လက် အောက်ခံခြေမြန်တပ်ရင်း-၃၆၈ စစ်ကြောင်းသည် ယနေ့မနက် ၉ နာရီ ၄၀ မိနစ်တွင် ဖုတ်ကုန်းရွာသို့ ပစ်ခတ်ကာ ဝင်ရောက်သွားကြောင်း သိရသည်။"]
https://yktnews.com/2023/11/129441/
ကန့်ဘလူမြို့နယ်ရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၅ လုံး မီးလောင် ပြာကျ ပျက်စီး
["ကန့်ဘလူမြို့နယ်ရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၅ လုံး မီးလောင် ပြာကျ ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ငှက်ပျောတိုင်းရွာနှင့် လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် နေအိမ် ၃၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဇီးကုန်းတိုက်နယ် အတွင်းရှိ ငှက်ပျောတိုင်းရွာ ဓာတ်အားပေးရုံ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ဓာတ်အားပေးရုံမြောက်ဘက်ရှိ ပြည်သူပိုင် နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီခန့်တွင် ကိုးတောင်ဘို့အထိုင် ခြေမြန်တပ်ရင်း ၃၆၃ နှင့် ပျူစောထီး အင်အား ၈၀ ခန့်သည် လျှော်ဖြူကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် အလုံး ၃၀ ကျော်ကို မီးရှို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းသည် ငှက်ပျောတိုင်းရွာရှိ ဓာတ်အားပေးရုံ၌ အထိုင်ချတပ်စွဲထားသည်မှာ ၁ လခွဲခန့် ရှိနေပြီဖြစ်ပြီး ငှက်ပျောတိုင်းရွာ၊ ခအုံးတာရွာနှင့် ပေကြီးရွာတို့မှ ပြည်သူများ စစ်ဘေးရှောင်တိမ်းနေရသည်မှာလည်း ၂ လနီးပြန့်ခန် ကြာမြင့်နေပြီးဖြစ်ကြောင်း သိရသည်။", "လျှော်ဖြူကုန်းရွာသည် ကိုးတောင်ဘို့အထိုင်နှင့် နီးကပ်သည့် အတွက် စစ်တပ်၏ စစ်ကြောင်းထိုးခြင်းကို အမြဲလိုလို ခံနေရပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့်အပြင် ၂၀၂၂ ခုနှစ် ၁၁ လပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လျှော်ဖြူကုန်းရွာမှ အသက် မပြည့်သေးသည့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦးနှင့် ဇီးကနားရွာမှ ပြည်သူ ၁ ဦးသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ၆ လပိုင်းတွင် လျှော်ဖြူကုန်းရွာကို ပထမအကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၁၂၀ လုံး ပြာကျခဲ့ကြောင်း ၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ၉ လပိုင်းတွင် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂ လုံစ ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ၄ လပိုင်းတွင် တတိယအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံမှ သိရသည်။"]
https://yktnews.com/2023/08/116086/
ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မြွေဆိပ်ဖြေဆေးများ လှူဒါန်း
["ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို မြွေဆိပ်ဖြေဆေးများ လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၂", "ကန့်ဘလူမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ယနေ့ သြဂုတ်လ ၂ ရက်နေ့တွင် မြွေဆိပ်ဖြေဆေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/86351/
ကန့်ဘလူမြို့နယ်ရှိ စိန်နားကျေးရွာ ပျူစောထီး စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ
["ကန့်ဘလူမြို့နယ်ရှိ စိန်နားကျေးရွာ ပျူစောထီး စခန်းကို PDF ပူးပေါင်းတပ်များ ဝင်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကင်းတပ်ဆည်ထိပ်ရှိ စိန်နားရွာ ပျူစောထီးစခန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်သား ၂ ဦးသေဆုံးကာ လက်နက် ၂ လက်ရရှိကြောင်း PDFသတင်းရင်းမြစ်ထံမှ သိရသည်။", "ကန့်ဘလူမြို့နယ်၊ စိန်နားရွာ ပျူ‌စောထီးစခန်းကို PDFပူး‌ပေါင်းတပ်များက ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၀၀ နာရီ ၆ မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁ နာရီခန့်အချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၂ ဦး သေဆုံးကြောင်း၊ ကျန်စစ်သားနှင့် ပျူစောထီးများမှာ ခြေဦးတည့်ရာသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ MA-1သေနတ်တစ်လက်နှင့် ကာဘိုင်‌သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း စခန်းသိမ်းရာတွင် ပါဝင်ခဲ့သည့် ရှေ့တန်းရဲဘော်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "“စိန်နားကိုသိမ်းပြီးတဲ့နောက်မှာ စစ်ခွေးတွေပျူတွေ စစ်ကူလာလို့ ကျနော်တို့ ပြန်ဆုတ်ခဲ့တယ်။ ညအ‌မှောင်ထဲမှာ နယ်မြေရှင်းလင်းရေး သေချာမလုပ်လိုက်ရလို့ အလောင်းနှစ်လောင်းနဲ့ သေနတ်၂ လက်ပဲရခဲ့တာ။”ဟု ရှေ့တန်းရဲဘော်က ပြောသည်။", "အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် တန့်ဆည်မြို့နယ်အခြေစိုက် ရွှေဘိုခရိုင်တပ်ရင်း ၁၆ နှင့် ကန့်ဘလူခရိုင် တပ်ရင်း ၁ မှ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၄ အပါအဝင် ပူးပေါင်းတပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။", "လက်ရှိအချိန်တွင် စိန်နားရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပြန်လည်ဝင်ရောက် တပ်စွဲထားပြီး ပျူစောထီးစခန်း ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်မှု ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။"]
https://yktnews.com/2024/02/143870/
ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က စိတ်ရောဂါ ခံစားနေရသူ ၁ ဦးကို မီးရှို့သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်မှ ထွက်လာသောအကြမ်းဖက် စစ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ ကျော်ပါ စစ်​ကြောင်းသည် ထန်းကုန်း တိုက်နယ်အတွင်းရှိရှမ်းတပ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နှစ်ညအိပ် တပ်စွဲကာ စိတ်ရောဂါ ခံစားနေရသူ အသက် ၄၉ နှစ်အရွယ် ဦးကြည်မြင့်ကို စစ်ကောင်စီ တပ်သားများက နေအိမ်ထဲထည့်ကာ မီးရှို့ သတ်ဖြတ်ခဲ့‌ကြောင်း​ သိရှိရသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရှမ်းတပ် ကျေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အသက် ၆၂ နှစ်အရွယ်အမျိုးသား ၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်း စစ်ကြောင်းသည် ပေလည်ကျေးရွာကို မွန်းလွဲ ၁ နာရီခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။", "ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ပေလည်ရွာတွင် ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူပိုင် နေအိမ် ၆ လုံးနှင့် စပါးတိုက် ၄ လုံးကို မီးရှို့ခဖျက်ဆီးခဲ့ကြောင်း၊ ၎င်းစစ်ကြောင်းသည် ပေလည်ရွာမှ ထွက်ခွာလာပြီးနောက် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် ဘိုကုန်းရွာကို ပစ်ခတ်ဝင်ရောက်ခဲ့​ပြီး နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဘိုကုန်းရွာမှသပြေသာလေးကျေးရွာကို ထပ်မံ ထွက်ခွာလာကာ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် သပြေသာလေးကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။", "“ထိခိုက် ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေ ထိခိုက်မှုနဲ့ ဖမ်းဆီးခံရမှု အခြေအနေလည်း မကြားမိသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ပျဥ်းတော်၊ ညောင်ကိုင်း၊ သရက္ကံကြီး၊ ကြာဘက္ကံ၊ မောင်းတိုင်၊ ယော၊ ရှမ်းတပ်၊ မင်းကုန်းနှင့် ပေလည် စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။"]
https://yktnews.com/2024/08/177008/
ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော် မီးလောင် ပျက်စီး
["ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော် မီးလောင် ပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၅ ရက်နှင့် ဇူလိုင်လ ၂၉ ရက်နေ့ထိ ကန့်ဘလူမြို့နယ် တောင်ဘက်ပိုင်းရှိ ၅ ရက်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၈ ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကောင်းရွာမှ နေအိမ် ၇၅ လုံး ၊ ရှမ်းတပ်ရွာမှ နေအိမ် ၁၁၅ လုံး ၊ မဲသည်ရွာမှ နေအိမ် ၆၅ လုံး ၊ သပြေသာရွာမှ နေအိမ် ၄၅ လုံး ၊ ဘိုကုန်းရွာမှ နေအိမ် ၆၄ လုံး ၊ ပေလည်ရွာမှ နေအိမ် ၆၀ လုံး ၊ ဆူးပုတ်ကုန်းရွာမှ နေအိမ် ၁၀ လုံး နှင့် ညောင်ဇင်ကြီးရွာမှ နေအိမ် ၄၀ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို လက်နက်ကြီး ၊ ဒရုန်းများဖြင့် ဝင်ရောက် စီးနင်းခြင်း မပြုလုပ်မီ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်"]
https://yktnews.com/2024/08/178303/
ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ မီးရှို့ဖျက်ဆီး နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီး
["ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ မီးရှို့ဖျက်ဆီး နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေခြင်းကြောင်း၊ ဩဂုတ် ၈ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်ကြောင်းသည် ရွာသစ်ကုန်းရွာနှင့် ရွာမရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်ခွေးတွေက ဇူလိုင်လ ၂၅ ရက်နေ့တည်းကစပြီး စစ်ကြောင်းထိုးနေတာ အခုထိ အဲစစ်ခွေးတွက ရွာမရွာ ဆည်ဘောင်မှာ နေရာယူထားတုန်းပဲ အင်အား ၁၀၀ လောက်ရှိတယ်။ ရွာတွေကို ဆက်တိုက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတာ ရွာသစ်ကုန်းရွာနဲ့ ရွာမရွာက နေအိမ် ၆၀ ကျော် စစ်ခွေးတွေ မီးရှို့လို့ မီးလောင် ပျက်စီးသွားတယ်” ဟု ကန့်ဘလူတိုက်နယ် ပကဖ လှုပ်ရှားရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် သရက်ကောင်းရွာမှ နေအိမ် ၇၅ လုံး ၊ ရှမ်းတပ်ရွာမှ နေအိမ် ၁၁၅ လုံး ၊ မဲသည်ရွာမှ နေအိမ် ၆၅ လုံး ၊ သပြေသာရွာမှ နေအိမ် ၄၅ လုံး ၊ ဘိုကုန်းရွာမှ နေအိမ် ၆၄ လုံး ၊ ပေလည်ရွာမှ နေအိမ် ၆၀ လုံး ၊ ဆူးပုတ်ကုန်းရွာမှ နေအိမ် ၁၀ လုံး နှင့် ညောင်ဇင်ကြီးရွာမှ နေအိမ် ၄၀ လုံးတို့ကို မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126704/
ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေရ
["ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေရ", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေရကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ချောင်းခြားကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ချောင်းခြားရွာ၊ ဖလားရရွာ၊ အင်းမရွာ၊ ရှမ်းကုန်းရွာ၊ ပင့်သာရွာနှင့် မကျီးကုန်းကျေးရွာမှ ဒေသပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချောင်းခြားကျေးရွာကို ရောက်ရှိချိန်၌ ကန့်ဘလူခရိုင် PDF တပ်ရင်းများ၊ ဒေသခံတော်လှန်ရေးအင်အားစုများက သွားရောက်ပစ်ခတ်ခဲ့ကြပြီး အကြမ်းဖက်စစ်သားများဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း၊ ဖလားရကျေးရွာကို အကြမ်းဖက်စစ်တပ်က ရောက်ရှိချိန်တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင်လည်း နံနက် ၆ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်မှ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် ဖလားရရွာမှ ထွက်ခွာ၍ ပင့်သာ ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပင့်သာမှ တစ်ဆင့် မြောက်ဘက်မှ ဦးတည်ထွက်ခွာသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/01/142120/
ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂၅ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၂၅ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၅ ဦးသေဆုံး သေနတ် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ပျူစောထီးအထိုင်စခန်း ကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)နှင့် ခရိုင် PDF တပ်ရင်းတို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ် ကောင်စီတပ်သား၊ ပျူစောထီး ၂၅ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ သေနတ် ၈ လက်၊ ကျည်ဆံ များ၊ Jumper စက် ၂ လုံး၊ ဖုန်းနှင့် ကျည်ဘောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း ၄၊ ရွှေဘိုခရိုင် တပ်ရင်း ၂၅ ၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့နှင့် ဒေသခံပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး PDF ရဲဘော် ၄ ဦး ၊ ပကဖ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်း သိရသည်။"]
https://yktnews.com/2024/11/190729/
ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက ဘူးကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၅၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား
["ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ စစ်ကောင်စီ တပ်သားများက ဘူးကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၅၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွား", "ရန်ကုန်၊ နိုဝင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဘူးကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၅၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကာဘိုးရွာ ပျူစောထီး အထိုင်စခန်းမှ ကား ၃ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည့် ဘူးကြီးရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာ အတွင်း၌ ပိတ်မိနေသော ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။", "ထိုသို့ အစည်းအဝေး ပြုလုပ်ပြီးနောက် မွန်းလွဲ ၁ နာရီခန့်တွင် ဘူးကြီးရွာမှ ပြည်သူ ၅၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "“မနက်က ၁၀ နာရီ ၁၅ မိနစ်လောက်က ကာဘိုးရွာ ပျူစောထီးအထိုင်စခန်းက ထွက်လာတဲ့ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က ဘူးကြီးရွာက အပြစ်မဲ့ ပြည်သူ ၅၀ ကျော်ကို ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းသွားတယ် ဘယ်လိုရည်ရွယ်ချက်နဲ့ ဖမ်းသွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း အတည်ပြုလို့မရသေးဘူး။ ဒီလိုဖြစ်စဉ်တွေက အောက်တိုဘာ ၃၀ ရက်နေ့က အိုင်ပေါင်းချောင်ရွာမှာလည်းဖြစ်ခဲ့တယ်။ အားလုံးပေါင်း ၃၇ ဦးကို ဖမ်းသွားတဲ့ ဖြစ်စဉ်တွေလည်းရှိတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Photo – အောက်တိုဘာလ ၃၀ ရက်နေ့တွင် အိုင်ပေါင်းချာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဘုန်းကြီးကျောင်း အတွင်း၌ ပြည်သူများကို ဖမ်းဆီးထားစဉ်"]
https://yktnews.com/2025/05/213271/
ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီးစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီးစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ ပျူစောထီးစခန်းမှ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာ ပျူစောထီး စခန်းမှ ဆိုင်ကယ် ၂ စီးဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သား ၄ ဦးသည် ဂွေးကုန်းကျေးရွာ မြောက်ဘက်တွင် ခရီးသွား ပြည်သူများကို ဆက်ကြေး ကောက်ခံရန် လာရောက်စဉ် ကန့်ဘလူမြိုနယ် ထန်းကုန်းတိုက်နယ် ပြည်သူ့ အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး ဦးဆောင်သော တော်လှန်ရေး မဟာမိတ် အင်အားစုက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး G-3 သေနတ် ၁ လက် ၊ ကာဘိုင်သေနတ် ၁ လက် ၊ 125 ဆိုင်ကယ် ၁ စီး ၊ ဖုန်း ၁ လုံး ၊ စက်သွယ်ရေး စကားပြောစက် ၁ လုံး ၊ G3 ကျည်ဘောက် ၃ ခု ၊ ကာဘိုင် ကျည်ဘောက် ၁ ခု ၊ 7.62 ကျည် ၂၄ တောင့် ၊ ကာဘိုင်ကျည် ၁၄ တောင့် ၊ လေးခွ ၁ လက် ၊ Tiger ပုလင်း ၂ လုံး တို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ် အင်အားစု ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ကာဘိုးကျေးရွာ ပျူစောထီး စခန်းကနေ ဆိုင်ကယ် ၂ စီး အင်အား ၄ ကောင်နဲ့ ဂွေးကုန်းကျေးရွာ မြောက်ဘက်ကို နေ့စဉ် ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ခံဖို့ လာရောက်တုန်း တော်လှန်ရေး မဟာမိတ် အင်အားစုတွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာ ၃ ဦး တော့ ပွဲချင်းပြီး သေဆုံးတယ်” ဟု ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး က ပြောဆိုသည်။"]
https://yktnews.com/2024/10/190003/
ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကာဘိုးရွာ စာသင်ကျောင်း၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး G-3 သေနတ် ၁ လက်၊ ကာဘိုသေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရရှိရသည်။", "“ကာဘိုးရွာ စာသင်ကျောင်းထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်တာပေါ့။ ဝင်ပစ်ပြီးတော့ လက်နက်တွေ သိမ်းဆည်းပြီး ပြန်လည် ဆုတ်ခွာခဲ့တာလို့ သိရတယ်။ G-3 ၁ လက်၊ ကာဘို ၁ လက်နဲ့ MA-1 ၁ လက် သိမ်းဆည်းရရှိခဲ့တယ်။ ဝင်ရောက်ပစ်ခတ်တာက နံနက် ၁၀ နာရီ ၃၀ မိနစ်လောက်က ဝင်ရောက် တိုက်ခိုက်တာ ၁၁ နာရီ ၃၀ မိနစ်လောက်မှာ အပြီးသတ် ဆုတ်ခွာနိုင်တယ်။ စစ်ခွေးတွေက ရွာထဲမရှိဘူး။ ဘေးရွာတွေကို စစ်ကြောင်းရောက်နေတဲ့အချိန် ဝင်ပစ်တာ” ဟု ကန့်ဘလူမြို့နယ် လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း(၄) နှင့် ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179434/
ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ ခုရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာများကို ဖျက်ဆီး
["ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ ခုရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာများကို ဖျက်ဆီး", "ရန်ကုန်၊ ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျေးရွာ ၃ ခုရှိ ပျူစောထီး စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး ဘန်ကာများကို ဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ပြောဆိုသည်။", "ဩဂုတ်လ ၁၆ ရက်နေ့တွင် ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားသော မကုန်းရွာ၊ ညောင်ဇင်ကြီးရွာနှင့် ဘိုတဲကုန်းရွာရှိ ပျူစောထီး စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ရဲဘော်များက စခန်းအတွင်းရှိ ဘန်ကာများကို ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင်တပ်ရင်းများဖြစ်သော ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့၊ ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/81060/
ကန့်ဘလူမြို့နယ်၊ ကြံ့ဖွတ်ပါတီဝင်များ ကြီးစိုးသည့် ငါးမြောင်ရွာတွင် NLD ထောက်ခံသူ မိသားစုဝင် ၈ ဦး အသတ်ခံရပြီး ၄ နှစ်သား အပါအဝင် ကလေး ၃ ဦးပါ အသက်ဆုံးရှုံး၊ အလောင်းကောက်မည့်သူမရှိဘဲ ဖြစ်နေ
["ကန့်ဘလူမြို့နယ်၊ ကြံ့ဖွတ်ပါတီဝင်များ ကြီးစိုးသည့် ငါးမြောင်ရွာတွင် NLD ထောက်ခံသူ မိသားစုဝင် ၈ ဦး အသတ်ခံရပြီး ၄ နှစ်သား အပါအဝင် ကလေး ၃ ဦးပါ အသက်ဆုံးရှုံး၊ အလောင်းကောက်မည့်သူမရှိဘဲ ဖြစ်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာတွင် NLD ပါတီကို ထောက် ခံသည့် မိသားစုဝင် ၈ ဦး အသတ်ခံရပြီး အသက် အငယ်ဆုံး ၄ နှစ်ကလေး အပါ အဝင် ကလေး ၃ ဦးပါ အသတ်ခံရသူများတွင် ပါဝင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် အသက် ၄ နှစ်အရွယ် ကလေး အပါအဝင် ကလေး ၃ ဦး၊ လူကြီး ၅ ဦး စုစုပေါင်း မိသားစုဝင် ၈ ဦးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၆ နာရီတွင် အသတ်ခံထားရသည့် အလောင်းများ တွေ့ရှိရကြောင်း၊ ကျေးရွာမှာ ကြံ့ဖွတ်ပါတီဝင်များ စိုးမိုးထားသည့်ရွာဖြစ်၍ မည်သူကမှ အလောင်းကောက်ရန် မသွားရဲကြကြောင်း သိရှိရသည်။", "“အသတ်ခံရတာက ဦးလှိုင်ကြီး၊ ဒေါ်မဲညွှန့်၊ မနှင်းမြလှိုင်၊ နှင်းမြခိုင်၊ ကိုမျိုးဝင်း၊ ကလေး ၃ ဦး သေသွားတာ။ အငယ်ဆုံးက ၄ နှစ်သားလေး ပါ အသတ်ခံရတာ။ သတ်သွားတာက မနေ့ညကတည်းက ။ သူတို့ရွာမှာ တစ်ရွာလုံးကြံ့ခိုင်ရေးပါတီ ဝင်တွေ၊ သူတို့မိသားစုပဲ NLD ထောက်ခံသူတွေ၊ NLD ရွေးကောက်ပွဲကာလတုန်းက မဲဆွယ်လိုက်တာတို့ ဘာတို့ရှိတာပေါ့။ မနှင်းမြခိုင်တို့ ကိုမျိုးခိုင် ထန်းတပင်ရွာ ကွက်သစ် လမ်းဘေးမှာ နေတာ။ သူတို့နားမှာ လင်မယားနှစ်ယောက် အသတ်ခံရတယ်။ အဲဒါ ကြောက်လို့ဆိုပြီး သူ့မိဘတွေ ရှိတဲ့ ငါးမြောင်ကို ရွှေ့ပြီး လာနေကြတဲ့အချိန်မှာ မိသားစုဝင် ၈ ဦးလုံး အသတ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "လက်ရှိတွင် အလောင်းကောက်မည့်သူမရှိ၍ အလောင်းများကို ပစ်ထားထားပြီး ဆွေမျိုးဟူ၍လည်း မရှိကြောင်း၊ ကြံ့ဖွတ်ပါတီဝင်များနှင့် ပျူစောထီးများက NLD ပါတီနှင့်ထောက်ခံသူများကို အပြတ်ရှင်းသည့်ပုံစံမျိုး ကန့်ဘလူမြို့နယ်ဘက်တွင် လုပ်ဆောင် လာကြောင်း ဒေသခံများက ပြောဆိုကြသည်။", "“မိသားစုဝင် ၈ ဦး အသတ်ခံရတာကို စစ်တပ်နဲ့ရဲက လာရောက်စစ်ဆေး တာမျိုးလည်း မရှိဘူး။ ပတ်ဝန်းကျင်ကလည်း ဒီအတိုင်း ပစ်ထားတဲ့သဘောဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ကန့်ဘလူမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးမှုမြင်ကွင်း။"]
https://yktnews.com/2024/02/145016/
ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာမှ အကြမ်းဖက်စစ်သား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေ
["ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာမှ အကြမ်းဖက်စစ်သား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာမှ အကြမ်းဖက်စစ်သား အင်အား ၁၅၀ ခန့်ဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ကြိုကြား ကြိုကြား တိုက်ခိုက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် သတင်းနှင့် ထောက်လှမ်းရေးတာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ချပ်ကြီးကျေးရွာမှ အင်အား ၁၅၀ ခန့်ဖြင့် ကန့်ဘလူမြောက်ဘက်သို့ ထွက်ခွာလာသော အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းသည် ကျေးရွာ များကို ဝင်ရောက်ခြင်းမရှိဘဲ တောတောင်ခြုံတောများအတွင်းမှ စစ်ကြောင်းထိုးလျက်ရှိကြောင်း၊ ထို့ကြောင့် ကန့်ဘလူ မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း အခွင့်အရေးရသည့်နေရာမှ ကြိုကြား ကြိုကြား ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "“နှစ်ကြောင်းထွက်တာ၊ ကန့်ဘလူချပ်ကြီးရွာကနေ ထွက်တဲ့ခွေးကြောင်း၊ လိုက်တုန်းရှိသေးတယ်၊ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလို့၊ မြောက်ဘက် တပ်ကုန်း၊ဆားကျင်း၊ လှည်းပွဲ၊ ပင့်သာ၊ ဇီးကုန်းရှိ မယ်၊ အဲဒီဘက်တွေပေါ့၊ အခုကတော့ ခြုံတောတိုးနေတုန်းပဲရှိသေးတယ်၊ ချပ်သင်းကိုသွားကူမလားဆို တာတော့အတိအကျမပြောနိုင်သေးဘူး၊ ကြားမှာက ချပ်သင်းခွေးကုန်းရယ်၊ ကိုးတောင်ဘို့ခွေးကုန်း ရယ်ကျန်သေးတယ်လေ၊ကျနော်တို့အယူအဆကတော့ လက်ရှိသူတို့ ဟောင်ဝှစ်ဇာထိုင်ထားတဲ့နေရာ က တစ်နေရာရယ်၊ အခုချက်ကြီးနေရာတစ်နေရာရယ်၊ ချပ်သင်းနေရာတစ်နေရာရယ်ဆိုတော့ ကြားကို တောက်လျှောက်ကြီးခါးဖြတ်ချင်တဲ့သဘောလားတော့ မပြောတတ်သေးဘူး၊ ကောလင်းကို ကူနိုင်တဲ့ ကြားရွာတွေကို ဝင်မွှေပြီးတော့ ထိုင်ချင်လို့လား မပြောတတ်သေးဘူးဗျ၊လက်ရှိအခြေအနေ ကတော့ ကျနော်တို့ဘက်က လက်ဦးမှုရတဲ့နေရာလေးကနေ ဝင်ပစ်လိုက်၊ ပြန်ဆုတ်ပေးလိုက်နဲ့ ကြိုကြားကြိုကြားဖြစ်တာတော့ရှိတယ်၊ အပြင်းအထန်ဖြစ်တာတော့မရှိသေးဘူး” ဟု ကန့်ဘလူမြို့ နယ် သတင်းနှင့် ထောက်လှမ်းရေးတာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။"]
https://yktnews.com/2024/02/144730/
ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာများကို လာရောက် ပစ်ခတ်သည့် စစ်တပ်၏ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပွိုင့်ဖိုက်ဖြင့် ပစ်ချခံရပြီး အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်း အတွင်းကို အရေးပေါ် ဆင်းသက်ခဲ့ရ
["ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာများကို လာရောက် ပစ်ခတ်သည့် စစ်တပ်၏ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပွိုင့်ဖိုက်ဖြင့် ပစ်ချခံရပြီး အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်း အတွင်းကို အရေးပေါ် ဆင်းသက်ခဲ့ရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာများကို လာရောက် ပစ်ခတ်သည့် စစ်တပ်၏ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီး ပွိုင့်ဖိုက်ဖြင့် ပစ်ချခံရပြီး အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်း အတွင်းကို အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း ကန့်ဘလူမြို့နယ် သတင်းနှင့်ထောက်လှမ်းရေး တာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန် ကန့်ဘလူမြို့နယ်၊ ချပ်သင်းဒေသရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက်စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လှည့်ပတ် ပစ်ခတ်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပွိုင့်ဖိုက်ဖြင့် ပစ်ချခဲ့ရာ ရဟတ်ယာဉ်ကို ထိမှန်ပြီး ဒယီးဒယိုင်ဖြင့် အမှတ် ၆၀၀၆ လက်နက်ကြီးတပ်ရင်းအတွင်းသို့ အရေးပေါ်ဆင်းသက် သွားကြောင်း သိရသည်။", "“ပစ်ချခဲ့တာ ဟုတ်တယ်ဗျ၊ တော်တော်လေးအထိနာနေတာ၊ နေ့လည်ကတည်းက အခုထိ ပြန်မ တက်နိုင်သေးဘူး၊ နေ့လည် ၂ နာရီ မိနစ် ၂၀ လောက်မှာ ဒယီးဒယိုင်နဲ့ ပြန်ဆင်းသွားတာ အခုချိန် အထိပြင်နေဆဲပဲ၊ ကန့်ဘလူလက်နက်ကြီးတပ်ရင်း ၆၀၀၆ ထဲကို ဆင်းသွားတာ၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဗျ၊ ချပ်သင်းဝန်းကျင်က ရွာလေးကို ပစ်ခတ်တိုက်ခိုက်နေချိန်မှာ ကျနော်တို့ဘက်က ပွိုင့်ဖိုက်နဲ့ပစ်တော့ ထိပြီးတော့ တောက်လျှောက်ပြန်ဆင်းသွားတာ၊ အမြီးပိုင်းပြတ်သွားတာလို့ သိရတယ်၊ အဲဒါကြောင့် အငြိုးနဲ့ ဗုံးကျဲနေတာ” ဟု ကန့်ဘလူမြို့နယ်သတင်း နှင့် ထောက်လှမ်းရေး တာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ကန့်ဘလူမြို့နယ်ချပ်သင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ပေကုန်းနှင့် ချောင်းဖျား အကြားတွင် ဟောင်ဝှစ်ဇာ လက်နက်ကြီး ၂ လက်တပ်ဆင်ကာ ပစ်ကူပေးနေကြောင်း၊ ထို့အပြင် လေကြောင်းမှ လည်း ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့် ပစ်ကူပေးတိုက်ခိုက်နေကြောင်း၊ ယနေ့ ညနေ ၆ နာရီ ခန့်က လည်း နမ့်ဆန်လေတပ်စခန်းမှ ဂျက်ဖိုက်တာလေယာဉ်တစ်စီးတက်လာကာ ချပ်သင်းဒေသကို ဗုံးကျဲ ပြီး တံတားဦးလေဆိပ်သို့ ဆင်းသွားကြောင်း သိရသည်။", "“တိုက်ပွဲကတော့ ပြင်းထန်ဆဲပါပဲ၊ လက်ရှိကတော့ ပစ်လိုက်နားလိုက်ပုံစံမျိုးပဲ၊ သူတို့ဘက်က ဖိုက် တာ နဲ့ပစ်လိုက်၊ ရဟတ်ယာဉ်နားလိုက်နဲ့ အဲလိုမျိုးလေးတွေ၊ လာပစ်လိုက် ကျနော်တို့ဘက်က ပြန် ဆုတ် လိုက်၊ အဲလိုမျိုးလေးတွေတော့ လုပ်နေရတာပါဗျ၊ အရမ်းကြီးတော့ တိုးဝင်တိုက် လို့မရသေး တာပေါ့၊ တိုက်ပွဲလက်ရှိကတော့ ချပ်သင်းဝန်းကျင်မှာပဲဖြစ်နေတယ်၊ သူတို့က ပေကုန်းနဲ့ ချောင်းဖျား ကြားမှာ ဟောင်ဝှစ်ဇာလက်နက်ကြီး ၂ ခုထောင်ပြီးတော့ ပစ်ကူနေတာ၊ အလုံး ၃၀ ကျော် လောက်ရှိ နေပြီ၊ ဝေဟင်ကလည်း တရစပ်နေ့တိုင်းလိုလိုလာပစ်နေတာ ဆိုတော့ တအားကြီးကပ်လို့ မရသေး တာပေါ့” ကန့်ဘလူမြို့နယ် သတင်းနှင့် ထောက်လှမ်းရေး တာဝန်ခံ ကိုဆန်းထွန်းက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာချိန်တွင် ဒေသနေ ပြည်သူများ ကြိုတင် ရှောင်ရှားနိုင်ခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။"]
https://yktnews.com/2023/04/100144/
ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က မီးရှို့
["ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က မီးရှို့", "ရန်ကုန်၊ ဧပြီ ၃၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးရာနဲကျေးရွာမှ အစ္စလမ်ဘာသာ ဝင်များ နေထိုင်သည့် နေအိမ်များနှင့် ဗလီကို စစ်တပ်က ယနေ့ မီးဝင်ရှို့ ဖျက်ဆီး ကြောင်း ဒေသပြည်သူများက ပြောသည်။", "ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကန့်ဘ လူ မြို့နယ်၊ ငါးရာနဲကျေးရွာကို စစ် ကြောင်း နှစ်ကြောင်းခွဲ၍ ဝင်ရောက် မီးရှို့ သွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ မီးဝင်ရှို့ သွားခြင်းဖြစ်ပြီး အဓိကအားဖြင့် အစ္ဒလမ်ဘာသာဝင်များ၏ နေအိမ်များနှင့် ဗလီကို ဦးတည် မီးရှို့သွားခြင်းဖြစ်ကြောင်း၊ ပြည်သူအများစု ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။", "” ငါးရာနဲကျေးရွာ ကို ဒီနေ့စစ်ကြောင်းဝင်ပြီး မီးရှို့သွားပါတယ်။ အဓိကရှို့ သွားတာ အစ္စလာမ် တွေနေတဲ့ဘက်ခြမ်းကို ရှို့သွားတာ။ မီးလောင်တဲ့ အိမ်ခြေ ကခုထိ မသိသေးပါဘူး။ စစ်တပ်က တိုက်ပွဲဖြစ်တာမျိုးမရှိဘဲ ဒီအတိုင်း ရှို့သွားတာ။ မနေ့က ရွာဘေးက သရက်ခေါင်းနဲ့ ဖလံကြိုင် ကျေးရွာကို စစ်ကြောင်းတွေ ဝင်ပါတယ်။ ဒီနေ့မှာ အဲဒီရွာတွေကနေ တစ်ဆင့် ငါးရာနဲ ရွာကိုဝင်ပြီး မီးရှို့တာပါ။ အိမ်ခြေဘယ်လောက် မီးလောင် ဆုံးရှုံးလဲ မသိရ သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ဝင်ရောက် မီးရှို့နေသည့် ကန့်ဘလူမြို့နယ်၊ ငါးရာနဲရွာတွင် တောင် ရွာ၊ အ​ရှေ့ရွာ၊အနောက်ရွာ တို့ ပါဝင်ပြီး အိမ်ခြေ စုစုပေါင်း ၄၀၀ ဝန်း ကျင် ရှိ ကြောင်း၊ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ စုပေါင်း နေထိုင် ကြသည့် ရွာဖြစ်ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးလာချိန်တွင် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း မီးရှို့ခံရသည့် ကျေးရွာတစ်ခု။ (ပုံအဟောင်း ဖြစ်သည်။)"]
https://yktnews.com/2023/01/81095/
ကန့်ဘလူမြို့နယ်၊ ညောင်ကုန်ကျေးးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကန့်ဘလူမြို့နယ်၊ ညောင်ကုန်ကျေးးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကုန်းရွာကို အကြမ်းဖက်စစ်တပ်က ဇန်န ဝါရီလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် စစ် ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် အချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၁၀၀ ခန့်ပါ ခမရ ၃၆၈ ခြေမြန်တပ်ရင်းမှ တပ်သားများနှင့် ပျူစောထီးများသည် ပြောင်ဒိုးတော ထဲရှိ တဲတိုက်များကို မီးရှို့ဖျက်ဆီးကာ ညောင်ကုန်းရွာအရှေ့ဘက်မှ ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထိုသို့ ဝင်ရောက်ပြီး ညနေ ၃ နာရီ မိနစ် ၅၀ ခန့်တွင် ညောင်ကုန်းရွာအား စတင်မီးရှို့ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်ဝင်ရောက် လာမှုကြောင့် ညောင်ကုန်း၊ ပလူသာ၊ တောင်ယာဆိပ်၊ အောင်ရန်ကင်း၊ မြင်သာ ဦး၊ သရက်တော၊ မကျီးကုန်း၊ ပင့်သာ(တည်ပင်)၊ ချောင်းကြား၊ ဖလားရ၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာ ပင်စု နှင့် မြဘုံသာ စုစုပေါင်းရွာ ၁၄ ရွာမှ ပြည်သူထောင်နှင့်ချီမှာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကန့်ဘလူမြို့ နယ်၊ ဗျူဟာလမ်းပိုင်းရှိ လွှဲဆိပ်၊ လက်ခုပ်ကုန်း နှင့် ဂါးဂလော်ရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၄ ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးမှာလည်း ယနေ့အချိန်အထိ ပျောက်ဆုံးနေ ကြောင်း သိရသည်။", "အလားတူ ယခု ဇန်နဝါရီလ အစောပိုင်းတွင်လည်း ကျွန်းလှမြို့နယ် အတွင်းရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ရွာမှ ပြည်သူပိုင်နေအိမ်များနှင့် တောထဲရှိ တဲတိုက်များကို မီးရှို့ဖျက်ဆီးကာ ကြာတကန် ရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦး၊ ပင့်သာ (တည်ပင်)ရွာမှ အပြစ်မဲ့ပြည်သူ ညီအစ်ကိုအရင်း ၂ ဦး နှင့် ရှမ်းကုန်း ရွာမှ အပြစ်မဲ့ပြည်သူ ၁ ဦး၊ စုစုပေါင်း ၅ ဦးကို ရက်ရက်စက်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံမှ သိရသည်။"]
https://yktnews.com/2024/01/139537/
ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ ပျူစောထီး အထိုင်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က အနီးအနားရှိ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ
["ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ ပျူစောထီး အထိုင်စခန်း သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က အနီးအနားရှိ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ ပျူစောထီး အထိုင်စခန်း သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာ ပျူစောထီး အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းမှ တဆင့် သံချပ်ကာကား ၄ စီးဖြင့် တင်ငုတ်ကြီးရွာကို အင်အားဖြည့်တင်းရန် ထွက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တင်ငုတ်ကြီးရွာကို ရောက်ရှိပြီးနောက် စစ်ကြောင်း ၂ ကြောင်းခွဲထွက်ကာ အနီးအနားရှိခကိုးမြို့ရွာ၊ တောင့်တည်းကုန်းရွာနှင့် သရက်ခေါင်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တောင့်တည်းကုန်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူပိုင်‌နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကိုးမြို့ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထပ်မံ ပစ်ခတ် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၂ နာရီ ဝန်းကျင်တွင် သရက်ခေါင်းရွာကို ထပ်မံ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“မီးရှို့ခံရတဲ့ ကျေးရွာ ၃ ရွာက တင်ငုတ်ကြီးနဲ့ နီးတယ်။ တင်ငုတ်ကြီးပျူစောထီးရွာကို တော်လှန်ရေးအဖွဲ့တွေကတိုက်တော့ သူတို့ဘက်က အကျများသလို လက်နက်တွေပါပေးရတော့ မကျေနပ်တာ‌ကြောင့် တောက်လျောက်စစ်ကြောင်းထိုးလာပြီး အနီးအနားရွာတွေကို အကြမ်းဖက်မီးရှို့ပြတာ ရှင်းရှင်းပြောရရင် ရှုံးမဲ မဲတာပေါ့။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေး စစ်​ကြောင်းတွေက ရှိနေတုန်းပဲ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် တောင့်တည်းကုန်းရွာနှင့် ကုန်းမြို့ရွာတို့မှ ပြည်သူပိုင်နေအိမ် မည်မျှ မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့သည်ကို အတည်မပြုနိုင်သေးဘဲ သရက်ခေါင်းရွာမှ နေအိမ် ၃၁ လုံး မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်​တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ တောင့်တည်းကုန်း၊ ဖလံချိုင်၊ သရက်ခေါင်း၊ ညောင်ဇင်ကြီး၊ မင်းကုန်းနှင့် ဘိုတည်းကုန်းစသည့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ပျူစောထီး"]
https://yktnews.com/2023/05/101319/
ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီး
["ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီး", "ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာသား ၁၅ ဦးခန့်ကို စစ်တပ်က ဖမ်းဆီးသွား​ပြီး နေအိမ် ၆၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကန့်ဘလူမြို့ယ်၊ ထောက်ရှာအိုင်ရွာကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း- ၃၆၁ မှ ဝင်ရောက် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တိုးသည့် ထောက်ရှာအိုင်ရွာသား စစ်ဘေးရှောင် ပြည်သူ ၁၅ ဦးခန့်ကိုလည်း စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။", "“ထောက်ရှာအိုင်က စစ်ဘေးရှောင်ဖို့ တိမ်းရှောင်လာတဲ့ခန့်မှန်း​ခြေ ပြည်သူ ၁၅ ဦးလောက်ကို စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားတယ်။ စစ်တပ် စစ်ကြောင်းက မီးရှို့သွားလို့ ပြည်သူပိုင် နေအိမ် ၆၀ လောက် ပြာကျသွားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/09/185785/
ကန့်ဘလူမြို့နယ်၊ ပင်းတဲရွာနှင့် မကျီးကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး
["ကန့်ဘလူမြို့နယ်၊ ပင်းတဲရွာနှင့် မကျီးကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင်းတဲရွာနှင့် မကျီးကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောဆိုသည်။", "စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခွဲနှင့် ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ပင့်သာတိုက်နယ်အတွင်းရှိ ပင်းတဲကျေးရွာ နှင့် မကျီးကုန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင် နေအိမ် ၄ လုံး ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "ပင့်သာတိုက်နယ်ရှိ ပင်းတဲရွာကို အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော Jet Fighter ၁ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချကာ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၄ လုံး ပျက်ဆီးဆုံးရှုံးခဲ့ပြီး ကျေးရွာရှိ ပြည်သူများလည်း ရွာအတွင်း မနေရဲတော့ဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "ထို့အတူ မကျီးကုန်းရွာ ဘုန်းကြီးကျောင်းကိုလည်း မိတ္ထီလာလေတပ်မှ တက်လာသည့် Y12 ထောက်ပို့ယာဉ် ၁ စီးဖြင့် အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် သဖြင့် ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။", "“ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူးလို့ သိရတယ်။ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေတော့ ပျက်ဆီးသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/127570/
ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးရွာမှာ ပြည်သူ ၈ ဦးကို စစ်တပ်ဖမ်းဆီးနှိပ်စက်မှု တစ်ဦးသေဆုံးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ဖျောက်ဖျက်
["ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးရွာမှာ ပြည်သူ ၈ ဦးကို စစ်တပ်ဖမ်းဆီးနှိပ်စက်မှု တစ်ဦးသေဆုံးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ဖျောက်ဖျက်", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးကျေးရွာမှ ပြည်သူအမျိုးသား ၈ ဦးကို အကြမ်းဖက်စစ်တပ် က ဖမ်းဆီးနှိပ်စက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ရုပ်အလောင်းကို မိသားစုထံ ပြန်ပေးခြင်းမရှိကြောင်း Kotaungbo Revolution – KTB-R မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာ ၂၁ ရက် နံနက် ၆ နာရီခန့်က ကန့်ဘလူမြို့နယ် မြောက်ပိုင်း၊ ချပ်သင်းတိုက် နယ်၊ ချပ်သင်းစံပြကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပုဏ္ဏားကြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ပြီး ရွာသား ၈ ဦးကို ဓားစာခံဖမ်းဆီးကာ ချပ်သင်းကျေးရွာ အထိုင်စခန်းအတွင်းသို့ နံနက် ၈ နာရီခန့်တွင် ပြန်လည်ဝင် ရောက်ခဲ့ကြောင်း သိရသည်။", "“ချပ်သင်းနဲ့ ပုဏ္ဏားကြီးကျေးရွာဆိုတာ ၃ မိုင်လောက်ပဲဝေးပါတယ်၊ ကိုကျော်အေးတစ်ယောက်တည်း အသတ်ခံရတာပါ၊ ကျန်တဲ့သူ ၇ ယောက်ကိုတော့ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်၊ သူတို့လည်း ရိုက် နှက်နှိပ်စက်ခံထားရလို့ ဒဏ်ရာပြင်းထန်ပါတယ်၊ မနေ့က သူတို့ကို ဖမ်းသွားတော့ တော်လှန်ရေး အင် အား စုတွေက ချပ်သင်းရွာထဲအထိ ဝင်စီးပြီး လိုက်ကယ်ပေမယ့် ဘန်ကာထဲထိ ခေါ်သွားလို့ မရခဲ့တာ၊ ချပ်သင်းမှာက ရွာရဲ့မြောက်ဘက်အစွန်မှာ စစ်ခွေးကုန်း ဘန်ကာရှိတယ်၊ အဲဒီဘန်ကာထဲလောက်သာ စစ်ခွေးတွေ ထိန်းထားနိုင်တာပါ” ဟု Kotaungbo Revolution – KTB-R မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ထို့သို့ ဖမ်းဆီးခံရသူများကို ချပ်သင်းကျေးရွာအထိုင်ချ တပ်စခန်းအတွင်း၌ ရိုက်နှက်ညှင်းပန်းနှိပ်စက်ခဲ့ ရာ အသက် ၃၅ နှစ်အရွယ် ရွာသား ကိုကျော်အေးမှာ သေဆုံးသွားပြီး ရုပ်အလောင်းကို မိသားထံ ပြန် လည် ပေးအပ်ခြင်းမရှိခဲ့ကြောင်း၊ ကျန်အမျိုးသား ၇ ဦးကို ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ပြန်လည်လွတ်ပေးခဲ့သော်လည်း ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများရရှိထားကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်တပ်၏ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုခံရသော ကျေးရွာသားတချို့။"]
https://yktnews.com/2024/03/151031/
ကန့်ဘလူမြို့နယ်၊ ပေကြီးရွာသား ၁ ဦးကို စစ်တပ်က ဦး ခေါင်းဖြတ်၍ သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာကုန်းကြီးရွာကိုလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကန့်ဘလူမြို့နယ်၊ ပေကြီးရွာသား ၁ ဦးကို စစ်တပ်က ဦး ခေါင်းဖြတ်၍ သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာကုန်းကြီးရွာကိုလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မတ် ၁၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဦးခေါင်းဖြတ်၍ သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "မတ်လ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာသစ် မီးရုံးမှ လူချိန်းပြီး ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၁ မှ စစ်သားများ နှင့် ပျူစောထီး စုပေါင်း အင်အား ၁၈၀ ခန့်သည် ပေကြီးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးခင်မောင်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၁၄ ရက်နေ့က ဇီးကုန်းသကြားစက်အထိုင်မှ ထွက်လာပြီး ပေကြီးရွာ၌ တစ်ညအိပ် တပ်စွဲကာ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ငှက်ပျောတိုင်း ရွာသစ် မီးရုံး အထိုင်ကို ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မီးရုံးအထိုင် စစ်ကြောင်းနှင့် လူချိန်းပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းအတိုင်း ငှက်ပျောတိုင်းရွာသစ်မှ တောင်ဘက်ကို ဦးတည်ထွက်ခွာကာ ပေကြီးရွာကို ထပ်မံ ဝင်ရောက်ကာ ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။", "ထို့ပြင် မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာ အနီးကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ Jetfighter တစ်စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။"]
https://yktnews.com/2023/07/111007/
ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာကို စစ်တပ်က မီးတင်ရှို့နေ
["ကန့်ဘလူမြို့နယ်၊ မကျီးကုန်းရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဇူလိုင် ၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မကျီးကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က မကျီးကုန်း ကျေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း ရှိနေသောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။", "Photo – ယခင် အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးနေသော မကျီးကုန်းကျေးရွာကို တွေ့ရစဥ်။"]
https://yktnews.com/2024/12/196062/
ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးပြီး သေနတ် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုများ ဘက်မှ Drone ၂ စီး ဆုံးရှုံးခဲ့ပြီး ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲ ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရသူများကို ကား ၃ စီးဖြင့် ကျွန်းလှမြို့မှတဆင့် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲသည် တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အကျအဆုံးများသောကြောင့် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်နှင့် ၁၂ မိနစ်တို့တွင် တံတားဦးမှ တက်လာသည့် Jet Fighter ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး အလောင်းများကို ကန့်ဘလူ သုဿာန်တွင် ယနေ့ မွန်းလွဲပိုင်း၌ မီးသင်္ဂြုဟ် ခဲ့ကြောင်း၊ မီးသင်္ဂြိုဟ်သည့် အချိန်၌ သုဿာန်အနီး ပြည်သူများပင် ဖြတ်သန်းခွင့်မရှိဟု သိရကြောင်း၊ သုဿာန်အနီးတွင်လည်း အကြမ်းဖက် စစ်တပ်က ဘန်ကာဆောက်၍ ဂိတ်ချထားကြောင်း သိရသည်။", "ထို တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် နတ်ပေးရွာမှ ပျူစောထီး ၁ ဦး ၊ သင်မန်းတောရွာမှ ငဖြိုးနှင့် ရာကျော်ဝင်းအပြင် အလောင်းပြန်မရသည့် ပိုင်ရှင်မဲ့ အထုပ် ၅ ထုပ်လဲ ရွာပြန်ရောက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/09/184397/
ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ကန်တောင်ရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၃ ဦး သေဆုံး
["ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ကန်တောင်ရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၃ ဦး သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ၂၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာအနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်း၊ စဉ်ကူးမြို့နယ် ကန်တောင်ရွာအနီး သို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ထိုသို့ ကျဲချမှုကြောင့် ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“စဉ့်ကူး၊ ကန်တောင်ကျေးရွာနားမှာ PDF တွေ အထိုင်ချထားတဲ့ စခန်းရှိတယ်။ အဲဒီကို လာကျဲတာထင်ပါတယ်။ ဒါပေမယ့် PDF နေရာမကျဘဲ ပြည်သူတွေ နေတဲ့ ကျတော့ ပြည်သူ ၃ ဦးသေဆုံးတယ်။ အခုနဲ့ဆိုရင် ဗုံးလာကျဲတာ ၃ ကြိမ်ရှိသွားပြီ။ ၁ လ တစ်ခါ လေယာဉ်နဲ့ လာပြီး ဗုံးကျဲလိုက် ပစ်ခတ်လိုက်နဲ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စက်တင်ဘာ ၁၇ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ကန့်လလူ၊ မလယ်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်နေရာ နေ့စဉ်ရက်ဆက် တိုက်ပွဲ ပြင်းထန်နေသဖြင့် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ခုခံနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၈ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ပျူစောထီးများ စစ်မတိုက်ဘဲ ကြောက်လန့်၍ ထွက်ပြေးသောကြောင့် တံတားဦး မှ တက်လာသည့် Jet Fighter ဖြင့် နံနက် ၁၁ နာရီ ၁၆ မိနစ်တွင် တစ်ကြိမ်၊ ၁၁ နာရီ ၁၇ မိနစ်တွင် ၁ ကြိမ် ဗုံးသီး ၂ လုံး ကျဲချပြီး ၁၁ နာရီ ၁၈ မိနစ်တွင် စက်လက်ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းသို့ တိုက်ခိုက်ပြီးနောက် တံတားဦးမှ ဒုတိယအကြိမ် တက်လာသည့် Jet Fighter ဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဗုံးသီး ၂ လုံး၊၁၁ နာရီ ၃၁ မိနစ်နှင့် ၃၅ မိနစ်တို့တွင် ဗုံးသီး ၂ လုံးထပ်မံ ကျဲချပြီး စက်လက်ဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်း ပစ်ကူများ ပေး၍ တိုက်ခိုက်သော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် တံတားဦးမှ တတိယအကြိမ်တက်လာသည့် Jet Fighter ဖြင့် ၁ ကြိမ် ဗုံးသီးချပြီး မွန်းလွဲ ၁ နာရီ ၃၇ မိနစ်၊ ၃၈ မိနစ်နှင့် ၄၂ မိနစ်တို့တွင် Jet Fighter ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာ လေတပ်မှ တက်လာသည့် Jet Fighter ၁ စီးက ဗုံးသီးတစ်လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင်စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၅၂ မိနစ်တွင် တံတားဦးမှ ဆဌမအကြိမ်မြောက် တက်လာသည့် Jet Fighter ဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးရွာ ဘုန်းကြီးကျောင်းကို အကြောင်းမဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်ဆီးမှု တချို့ရှိကြောင်း၊ ရေကြည်ဦးရွာသည် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မလယ်ရွာ ဘုန်းကြီး ကျောင်းဆောင်နှင့် ပြည်သူပိုင် နေအိမ် တချို့လည်း မီးလောင် ပျက်စီးခဲ့ကြောင်း၊ မလယ်ရွာတိုက်ပွဲသည် ဆက်လက် ပြင်းထန်နေ၍ ခရီးသွားပြည်သူများ လမ်းကြောင်း လုံခြုံရေးအတွက် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို တော်လှန်ရေး အင်အားစုများက စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ခေတ္တခဏ ယာယီပိတ်ထားပြီး အန္တရာယ်ကင်းစွာ သွားလာ၍ရချိန်၌ ပြန် လည်ဖြတ်သန်းခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။", "“ကန့်ဘလူ မလယ်ကျေးရွာကတော့ လေယာဉ်နဲ့ ဗုံးကျဲခံနေရာ ခဏခဏပဲ။ အခုတော့ ပြည်သူတွေအားလုံး ထွက်ပြေးနေရတယ်။ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေလည်း တိုက်နေကြတုန်းပဲ” ဟုဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။", "ဓာတ်ပုံ- စစ်တပ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ ဘုန်းကြီးကျောင်း။"]
https://yktnews.com/2023/01/81707/
ကန့်ဘလူမြို့နယ်၊ ယောရွာထိပ်တိုက်ပွဲတွင် စစ်သား ၈ ဦးထက်မနည်းသေဆုံး၊ ဘီးလင်းမြို့နယ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ကန့်ဘလူမြို့နယ်၊ ယောရွာထိပ်တိုက်ပွဲတွင် စစ်သား ၈ ဦးထက်မနည်းသေဆုံး၊ ဘီးလင်းမြို့နယ်ရှိ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောရွာထိပ်တိုက်ပွဲတွင်အကြမ်းဖက်စစ်သား ၈ ဦးထက်မနည်းသေ ဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ညောင် ဇင် လေး(အနောက်)၌ အထိုင် ချတပ်စွဲထားသော အကြမ်းဖက်စစ်သား အင်အား ၂၀ ခန့်ကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြန်လည်ပစ် ခတ်ခြင်းမရှိဘဲ ယောရွာဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ပြန်လည် ဆုတ်ခွာစဉ် ဘိုတဲကုန်း ကျေးရွာနှင့် ဆူးပုတ်ကုန်းကျေးရွာကြား မူးဘောင်လမ်း၌ မဟာမိတ် တပ်ဖွဲ့များက မိုင်း ၂ လုံးဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။", "“ညောင်ဇင်လေးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေကို သွားတိုက်တာ။ ၆၀ မမ လက်နက်ကြီး ၈ လုံးပစ်ခတ်ခဲ့တယ်၊ အဲဒီမှာက စစ်ခွေး တွေက ပြန်လည်ပစ်ခတ်တာမရှိဘဲ ဆုတ်သွားတာ၊ ဘိုတဲကုန်းနဲ့ ဆူးပုတ်ကုန်းရွာကြား၊ မူးဘောင်လမ်းမှာလည်း မဟာမိတ်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ အဲဒီ မှာက ခွေးတွေက လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်” ဟု ကျွန်းလှ တက်ကြွ လှုပ်ရှား သူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ယမန်နေ့ ,ညနေ ၄ နာရီခန့်အချိန် ယော ရွာ ထိပ်တွင် စစ်တပ်က အင်အား ၆၀ ခန့်ထပ် တိုးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက် ခဲ့ကြောင်း၊ ထို့ကြောင့် PDF များက Drone ဗုံးသီးတစ်လုံး၊ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၈ ဦးထက်မနည်းသေဆုံးကာ အ များ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ MPF U.18 ၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ပကဖ ၊ မြေပြင်လှုပ်ရှားညီနောင်များနှင့် ကန့်ဘလူမြို့နယ် L-PDF အဖွဲ့များ စုပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မြို့လယ်ခေါင်ရှိ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတချို့ရှိနိုင်သော်လည်း အတိအကျ မသိရှိရ သေးကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ- ကန့်ဘလူတိုက်ပွဲတွင် သေဆုံးသွားခဲ့သော ပျူစောထီး ၂ ဦး။"]
https://yktnews.com/2024/07/176103/
ကန့်ဘလူမြို့နယ်၊ သရက်ချောင်းရွာနှင့် သပြေရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး၊ နေအိမ် ၇၂ လုံးကို မီးရှို့ဖျက်ဆီး
["ကန့်ဘလူမြို့နယ်၊ သရက်ချောင်းရွာနှင့် သပြေရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး၊ နေအိမ် ၇၂ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇူလိုင် ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သရက်ချောင်းရွာနှင့် သပြေရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာနှင့် သပြေသာရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ ဒရုန်းဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် သရက်ခေါင်းရွာမှ ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရ၍ သပြေသာရွာမှ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သရက်ခေါင်းရွာမှ ပြည်သူပိုင်နေအိမ် ၇၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "“တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ဝင်တိုက်တာ။ စစ်ရှောင်ဦးရေက ဘေးရွာတွေရော ဆိုတော့ များတယ်‌ဗျ၊ ခန့်မှန်းမသိရသေးပါဘူး။ ဒီနေ့ထိထပ်ထိုးနေတော့ ပြောမရသေးတာပါ”ဟု ကျွန်းလှတက်ကြွသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ကန့်ဘလူမြို့နယ်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းရွာကို ၆၀၀၆ တကရတပ်မှ ထွက်လာသော အကြမ်းဖက်စစ်သားနှင့်ပျူစောထီးအင်အား ၁၂၀ ခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး Droneဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့သဖြင့် ဒေါ်ဝိုင်းရှင် ၇၅ နှစ် နှင့် သားဖြစ်သူ ကိုသန့်ဇင် ၄၅ နှစ်ခန့်တို့ ဗုံးစ ထိမှန်သေဆုံးခဲ့ပြီး သမီးဖြစ်သူမှာမူ အရေးပေါ်ကုသမှုခံယူနေရကြောင်း သိရသည်။", "ယခင်က စစ်ကြောင်း ပြန်လှည့်သွားတတ်၍ ဒေသပြည်သူများမှာ မရှောင်ဘဲ ရွာထဲတွင်ပင် နေနေကြရာမှ အကြမ်းဖက် စစ်တပ်က ဒရုန်းဗုံးသီးချခဲ့ခြင်းကြောင့် အိမ်ကွင်းထဲကျကာ သားအမိ ၂ ဦးသေဆုံးပြီး ၁ ဦး ဆေးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း၊ ထို့သို့ အကြမ်းဖက် ဝင်ရောက်မှုကြောင့် ပြည်သူများ ရှောင်တခင် ထွက်ပြေး တိမ်းရှောင်ကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ဗုံးချခံရပြီးနောက်ပိုင်းမှ အကုန်ရုတ်ရုတ်သဲသဲဖြစ်ပြီး ထွက်ပြေးကြရတာ။ သက်ကြီးရွယ်အိုတွေကိုလည်း နိုင်သလောက်ထုတ်ရတာ။ လူစုတွေအကုန်ကွဲကုန်တာ။ ကိုယ့်မိသားစုနဲ့ ကိုယ်ကို မတွေ့ရဘူး။ ပြီးမှလှည့်ပတ်ရှာရတာ။ ကိုယ့်ရွာနားတိုက်ပွဲလည်း မရှိတော့ မဝင်ဘူးထင်နေတာ။ အရင်နေ့ကတော့ ကျီကုန်းရွာဂိတ်ကို တော်လှန်ရေးအင်အားစုတွေဘက်က ဝင်ပစ်တာ အတော်အထိနာတယ်ထင်တယ်။ သေနတ် ၁၆ လက်ရတယ်လို့လည်း ပြောကြတယ်။ အဲဒါ မကျေနပ်လို့ စစ်ကြောင်းထိုးပြီး ပတ်မွှေမီးရှို့တာဖြစ်နိုင်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဇီးကုန်းသကြားစက်မှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၆၀ခန့်သည် ဗောဓိကုန်းဘုရားအနီးမှ ဇီးကုန်းတိုက်နယ်၊သပြေသာရွာကို ၆၀ မမ ဖြင့်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူ အသက်၆၂ နှစ်အရွယ် ဦးသောင်းတင် ထိမှန်သေဆုံးပြီး အသက် ၅၇ နှစ်နှင့် ၅၉ နှစ်အရွယ် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်း၊ထိုစစ်ကြာင်းသည် ဇီးကုန်းသကြားစက်သို့ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။", "သရက်ခေါင်းရွာတွင် တညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် သရက်ခေါင်းရွာမှ ပြည်သူပိုင်ပစ္စည်းများကို အိမ်ပေါက်စေ့ မွှေနှောက်ရှာဖွေ ခိုးယူပြီး နေအိမ်များအား အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၇၂ လုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ခြင်း ဖြစ်ပြီး သရက်ခေါင်းရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ၄ ကြိမ်ထိခံထားရပြီး ယခုအကြိမ်သည် ၅ ကြိမ်မြောက်မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ စစ်ကြောင်းသည် သရက်ခေါင်းရွာကို မီးရှို့ဖျက်ဆီးပြီး နံနက် ၉ နာရီ ဝန်းကျင်တွင် ယောရွာဘက် ဦးတည်ထွက်ခွါပြီး ယောရှာရွာမှတစ်ဆင့် ရှမ်းတပ်ရွာသို့ ဝင်ရောက်ကာ တစ်ညအိပ်တပ်စွဲခဲ့ပြီး ဇူလိုင်လ ၂၇ ရက်နေ့မနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းတပ်ရွာမှ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးကာ နံနက် ၁၀ နာရီဝန်းကျင်တွင် မင်းကုန်းတောရကျောင်းဘက်သို့ ရောက်ရှိနေကြောင်း ကျွန်းလှတက်ကြွသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/09/185324/
ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်
["ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်၊ ၃၂ မိနစ်၊ ၃၅ မိနစ်နှင့် ၄၈ မိနစ်တို့တွင် ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ သီရိမွန် ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကန့်ဘလူနယ် အရှေ့ခြမ်း သီရိမွန်ရွာကို ကန့်ဘလူ ၆၀၀၆ တက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ အကြောင်းမဲ့ ပစ်ခတ်သွားတာပါ။ ထိခိုက်မှုတော့ မကြားရသေးဘူး။ ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ ပစ်သွားတာ” ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။"]
https://yktnews.com/2024/02/145041/
ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာရှိ ဝါသ၀၏ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှု လက်နက်များသိမ်းဆည်း ရရှိ၊ ရေဦးတွင်လည်း စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာရှိ ဝါသ၀၏ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှု လက်နက်များသိမ်းဆည်း ရရှိ၊ ရေဦးတွင်လည်း စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာရှိ သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီး စခန်း တစ်ခုကိုတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "ယနေ့‌ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၄ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာ ပျူစော ထီးတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခန့်တွင် သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျ သိရှိ ရခြင်းမရှိသေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ကို အတည်ပြုနိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "“ကျွန်းလှနဲ့ ကန့်ဘလူကြား၊ လိပ်ထူရဲ့မြောက်ဘက်နားက အင်ကြင်းစုဗျ၊ မနက် ၅ နာရီလောက်မှာ သိမ်းဆည်းမိတာ၊ လက်နက်ခဲယမ်းတွေတော့ သိမ်းဆည်းရမိတယ်၊အဲဒီမှာက စခန်းသိမ်းနိုင်လိုက် ပေမယ့် စခန်းထဲက ပစ္စည်းဘာညာယူပြီး ပြန်ဆုတ်ရုံပဲ၊ အဲဒီမှာစခန်းထိုင်လို့မရဘူး၊ ခွေးဘယ်နှစ် ကောင်သေလဲတော့ မသိရဘူး၊ လက်နက်ခဲယမ်းပစ္စည်း သိမ်းဆည်းရရှိတယ်ပဲ အတည်ပြုလို့ရ တယ်၊” ၎င်းက ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် ကန့်ဘလူမြို့နယ်၊ ကိုးတောင် ဘို့ အထိုင် စခန်း၌ ခမရ ၃၆၇ ၊ ခမရ ၃၆၁ နှင့်ဝါသဝ ပျူစောထီး အင်အား ၁၀၀ ကျော်ကို Mi 17 ထောက်ပို့ ရဟတ်ယာဉ် ဖြင့် ပို့ဆောင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ အင်အားအမြောက် အများဖြင့် စစ်ကြောင်းထိုး နေသော်လည်း အကြမ်းဖက်စစ်သားများ အထိနာပြီး ပြည်လည်ဆုတ်ခွာ နေရကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ဂါဝီပန်းခြံအနီး၌ စစ်သားများလာကြိုစဉ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF ထံမှ သိရသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁၀ နာရီခန့်အချိန် ထန်းတောရွာမှ ရေဦးမြို့သို့ ပြန်ဝင်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ရေဦးမြို့တိုင်းရင်းဆေးရုံမှ ဂါဝီပန်းခြံအနီး စစ်ကား ၂ စီးဖြင့် လာ ရောက်ကြိုဆိုစဉ် တော်လှန်ရေးတပ်က Fixed Wing Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများ ဖရိုဖရဲဖြင့်ထွက်ပြေးသွားပြီး လာကြိုသည့်ကားမှာလည်း မြို့ထဲသို့ ပြန်မောင်းဝင်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/82208/
ကန့်ဘလူမြို့နယ်၊ အင်းမရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့ပြန်
["ကန့်ဘလူမြို့နယ်၊ အင်းမရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့ပြန်", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းမရွာကို ဒီနေ့ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ် အချိန်မှစတင်ပြီး စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။", "စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် လယ်လှရွာနဲ့ကံပေါက်ရွာဘက်ကနေ အင်အားထပ်ဖြည့်ထားတဲ့ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးစုပေါင်းအင်အား ၁၅၀ ခန့်ဟာ စစ်ကြောင်းထိုးလာပြီး အင်းမ ကျေး ရွာကို ဒုတိယအကြိမ် မီးဝင်ရှို့နေတာဖြစ်ပါတယ်။", "“သူတို့လာပြီဆိုတာနဲ့ ရွာသားတွေကတော့ ရွာထဲကနေ အကုန်ထွက်ပြေးကြရတယ်။ အခုလည်း ရွာ ထဲကိုဝင်ပြီး မီးရှို့နေတယ်။ဘာကြောင့် ရွာကိုမီးရှို့နေတာလဲ မသိဘူး ။ အခုမှ ရွာကိုမီးရှို့နေတုန်းပဲ။ ရွာထဲကနေ မီးခိုးတွေတက်လာတာ အဝေးကနေမြင်နေရတယ်။ အိမ်ဘယ်နှစ်လုံး လောက်ကုန်အောင် ရှို့မယ်မှန်းမသိရသေးဘူး” လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။", "စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတဲ့အင်းမရွာဟာ ပထမအကြိမ်မှာလည်း ရွာရဲ့ တစ်ဝက်လောက် မီးရှို့ခံလိုက်ရပြီး အခု ဒုတိယအကြိမ်မှာလည်း အိမ်ခြေအတော်များများကို စစ်တပ်ရဲ့ မီးရှို့ခြင်း ခံနေရ တာဖြစ်ပါတယ်။"]
https://yktnews.com/2024/10/187564/
ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ထိခိုက် ဒဏ်ရာရ
["ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာရှိ ပြည်သူပိုင် နေအိမ်များကို ငါတို့ရွာ ပျူစောထီး အထိုင်စခန်းမှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ဒရုန်း ဖြင့် ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသူများမှာ အသက် ၃၀ နှစ် အရွယ် မဖြူဝင်း ၊ အသက် ၄ နှစ်အရွယ် မသိမ့်သိမ့်ဖြူ နှင့် အသက် ၁၀ နှစ်အရွယ် မငြိမ်းအိစံ တို့ ၃ ဦးဖြစ်ကြောင်း ၊ ထို့ပြင် ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင်လည်း ရွာမရွာရှိ ပြည်သူပိုင် နေအိမ်များပေါ်ကိုလည်း ဒရုန်းဖြင့် ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ဒရုန်းဖြင့် ဗုံးကျဲနေသော စစ်ကောင်စီတပ်မှာ အောက် တိုဘာလ ၁၁ ရက်နေ့ ကန့်ဘလူ ၆၀၀၆ တပ်မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ငါတို့ရွာပျူစောထီး အထိုင် ချနေခြင်း ဖြစ် ကြောင်း ၊ အဆိုပါစစ်ကြောင်းက ယခင်ကဲ့သို့ စစ်ကြောင်း ထိုးခြင်းများမလုပ်ဘဲ အနီးအနားတဲတိုက်ရှိ ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်များကို ခိုးယူ ရှာဖွေစားသောက်ကာ အထိုင်စခန်းများမှ ဒရုန်း ဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို အကြောင်းမဲ့သက်သက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်တွင် ထိုသို့ အကြမ်းဖက် စစ်တပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စက်တင်ဘာလအတွင်း အပြစ်မဲ့ ပြည်သူ ၆ ဦး ဗုံးသီး ထိမှန် သေဆုံးခဲ့ကြောင်းကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။"]