url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/10/187675/
ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရ
["ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို စစ်တပ်က ဒရုန်း ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦးသေဆုံးပြီး ပြည်သူ ၈ ဦး ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာရှိ ပြည်သူပိုင် နေအိမ်များကို ငါတို့ရွာ ပျူစောထီး အထိုင်စခန်းမှ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက ဒရုန်း ဖြင့် ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသူများမှာ အသက် ၃၀ နှစ် အရွယ် မဖြူဝင်း ၊ အသက် ၄ နှစ်အရွယ် မသိမ့်သိမ့်ဖြူ နှင့် အသက် ၁၀ နှစ်အရွယ် မငြိမ်းအိစံ တို့ ၃ ဦးဖြစ်ကြောင်း ၊ ထို့ပြင် ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင်လည်း ရွာမရွာရှိ ပြည်သူပိုင် နေအိမ်များပေါ်ကိုလည်း ဒရုန်းဖြင့် ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ဒရုန်းဖြင့် ဗုံးကျဲနေသော စစ်ကောင်စီတပ်မှာ အောက် တိုဘာလ ၁၁ ရက်နေ့ ကန့်ဘလူ ၆၀၀၆ တပ်မှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ငါတို့ရွာပျူစောထီး အထိုင် ချနေခြင်း ဖြစ် ကြောင်း ၊ အဆိုပါစစ်ကြောင်းက ယခင်ကဲ့သို့ စစ်ကြောင်း ထိုးခြင်းများမလုပ်ဘဲ အနီးအနားတဲတိုက်ရှိ ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်များကို ခိုးယူ ရှာဖွေစားသောက်ကာ အထိုင်စခန်းများမှ ဒရုန်း ဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို အကြောင်းမဲ့သက်သက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်တွင် ထိုသို့ အကြမ်းဖက် စစ်တပ်များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စက်တင်ဘာလအတွင်း အပြစ်မဲ့ ပြည်သူ ၆ ဦး ဗုံးသီး ထိမှန် သေဆုံးခဲ့ကြောင်းကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။"]
https://yktnews.com/2023/11/131016/
ကန့်ဘလူမြို့နယ်၊ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
["ကန့်ဘလူမြို့နယ်၊ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ရှိ အမှတ် ၆၀၀၆ အမြောက်တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kabula Underground Warrors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် သွားရောက် ပစ်ခတ် ခဲ့ရာ အခြေအနေ တစ်ခုကြောင့် ပစ်ခတ်ခြင်းမပြုခဲ့ရဘဲ ပြန်လည် ဆုတ်ခွာခဲ့ပြီး ကန့်ဘလူ ပျူစောထီးခေါင်း ဆောင် သောင်းငွေ၏ တပည့် ပျူစောထီး ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထပ်မံသွားရောက် ပစ်ခတ်ခဲ့ရာ စစ်သား၊ ပျူစောထီများ စုဝေးနေထိုင်ရာ ၆၀၀၆ တပ် ရင်း အနီးရှိ ဘောလုံးကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Kanbula Warriors အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ် ပြီး အကြမ်းဖက်စစ်တပ်၏ ၆၀၀၆ အမြောက်တပ်ရင်းမှ ပြည်သူများ နေထိုင်ရာ အနီးအနားကျေးရွာ များသို့ ဟောင်ဝစ်ဇာလက်နက်ကြီးများနှင့် အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် တန်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ ချပ်သင်းကုန်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ရမ်း သမ်းပစ်ခတ်မှုနှင့် ကျေးရွာအတွင်းမိုင်းထောင်မှုတို့ကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း Kotaungbo Revolution – KTB-R မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၁၀ ရက်တွင် ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ ချပ်ကုန်းကျေးရွာအနောက်ဘက်၊ လယ်ကွင်း ပြင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ချပ်သင်းကုန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ကိုဖိုးကျော်၌ ဝမ်းဗိုက်နှင့် ဒူးတို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး အသက် ၄၈ နှစ် အရွယ် ကိုစောဝင်းမှာ ခြေထောက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နေ့ကလည်း ချပ်သင်းကုန်းကျေးရွာမှ စစ်ကောင်စီတပ်သား များထွက်ခွာသွားပြီးနောက် ချပ်သင်းကုန်းရွာသား ကိုစိုးခိုင်နှင့် ကိုမောင်ခိုင်တို့ တို့သည် ကျေးရွာအတွင်း သို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ရွာ၏ အနောက်ဘက် လယ်ကွင်းပြင် အစပ်၌ အကြမ်းဖက်စစ်တပ်က ထောင်ထားခဲ့သောမိုင်းမိကာ အသက် ၅၀ နှစ်အရွယ် ကိုစိုးခိုင်မှာ နေရာမှာပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အသက် ၄၉ ကိုမောင်ခိုင်မှာ ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121239/
ကန့်ဘလူမြို့နယ်​အတွင်း စစ်​တပ်က စစ်​ကြောင်း ထိုး​နေပြီး ကျေးရွာ ၁၅ ရွာမှ ပြည်သူ ​၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ကန့်ဘလူမြို့နယ်​အတွင်း စစ်​တပ်က စစ်​ကြောင်း ထိုး​နေပြီး ကျေးရွာ ၁၅ ရွာမှ ပြည်သူ ​၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်​တောင်ဘက်ခြမ်းကို စက်တင်ဘာ ၄ ရက်နေ့မှ စ၍ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထပ်မံထိုးနေ၍ ကျေးရွာ ၁၅ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်ပြေးနေရကြောင်း Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ေခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၁ ရက်​နေ့အထိ စစ်​ကြောင်းထိုး၍ စစ်​ရေးလှုပ်ရှားခဲ့ပြီး​နောက် စက်တင်ဘာလ ၄ ရက်​နေ့တွင် နယ်​မြေခံပျူ​စောထီးအများဆုံးပါ​ဝင်​သော စစ်​ကြောင်း ၃ ခုပူး​ပေါင်းကာ ထပ်မံစစ်​ကြောင်းထိုး​နေ​ခြင်းဖြစ်ကြောင်းသိရသည်။", "“ညပိုင်းက​တော့ အင်းလယ်ကြီးရွာထဲ တပ်စွဲတယ်​ပြောတယ်ဗျ။စစ်​ရှောင်ဦး​ရေက ၁၀၀၀၀ ​ကျော်ပါတယ်ဗျ။ တိုက်ပွဲ မကြားမိသေးဘူးဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်နှင် ပျူစောထီးများ စစ်ကြောင်းထိုးနေသည့်အတွက် ကန့်ဘလူမြို့နယ်​တောင်ခြမ်းရှိ ​ညောင်​ပေါင်ရင်း၊ ရွာမ၊ ဉာဏ်အင်း၊ အင်းလယ်ကြီး၊​ ကျေးပင်အက်၊ အင်္ဂါ​ဒေါင့်၊ သရက်တာ၊ ထိန်​တော၊ ဆူးပုတ်ကုန်း၊ ဘိုတဲကုန်း၊ ဘိုကုန်း၊​ ပေလည်၊ မဲသည်၊ သ​ပြေသာ၊ ကိုင်းရိုး အစရှိသည့်​ ကျေးရွာများမှ ​ဒေသခံပြည်သူများ စစ်​ဘေး​ရှောင်​နေရ​ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၅ ရက်​နေ့တွင် အကြမ်းဖက် စစ်တပ်က အင်းလယ်ကြီးရွာအနီးရှိ ​တောထဲတဲတိုက်များကို ဝင်​ရောက်​မွှေ​​နှောက်ကာ ပစ္စည်းများခိုးယက်ယူ​ဆောင်​နေသည့်အပြင် တဲအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီး​နေ​ကြောင်း ​ဒေသပြည်သူများထံမှ သိရသည်။"]
https://yktnews.com/2023/06/107560/
ကန့်ဘလူမြောက်ခြမ်းကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာပြီး ရှမ်းကုန်းရွာကို မီးတင်ရှို့နေ၊ ကျေးရွာ ၁၂ ရွာ ကျော်မှ ပြည်သူများ ထွက်ပြေးနေရ
["ကန့်ဘလူမြောက်ခြမ်းကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာပြီး ရှမ်းကုန်းရွာကို မီးတင်ရှို့နေ၊ ကျေးရွာ ၁၂ ရွာ ကျော်မှ ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇွန်လ ၁၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာပြီး ရှမ်းကုန်းရွာကို မီးတင်ရှို့နေကာ ကျေးရွာ ၁၂ ရွာကျော်မှ ပြည်သူထောင် ပေါင်းများစွာ ထွက်ပြေးနေရကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။", "ယနေ့ဇွန်လ ၁၄ ရက်နံနက်ပိုင်းက စတင်ပြီး ဇွန်လ ၉ ရက်နေ့ကတည်းက ဝင်ရောက်လာသော အင် အား ၁၀၀ ကျော်ပါ ခမရ ၃၆၁ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ချပ်ကြီးကျေးရွာမှ တဆင့် ဇင်းရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးကာ ရှမ်းကုန်းရွာကို ဝင်ရောက်မီးရှို့နေကြောင်း၊ ကျွန်းလှမြို့ နယ်ဘက်မှ ထွက်လာသော အင်အား ၇၀ ခန့်ပါ စစ်သား၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ထန်းပင် ကုန်းရွာဘက်သို့ စစ်ကြောင်းထိုးနေကြောင်း၊ ကန့်ဘလူမြို့မှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ် ကြောင်းသည် ထန်းပင်ကုန်းရွာသို့ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်တာလဲ မရှိဘူး၊ ဓားစာခံဖမ်းခံရတာတော့ မကြားမိသေးဘူး။ ရှမ်းကုန်းရွာမှာ မီးရှို့နေတဲ့ အခြေအနေက လွန်ခဲ့တဲ့ ၁ နာရီလောက်က မီး တောက်မြင်ရသေးတယ်၊ အခုတော့ မမြင်ရတော့ဘူး၊ စစ်ကြောင်းကလည်း ရွာက မထွက်သေးဘူး၊ ကျွန်းလှကနေ ထွက်လာတဲ့ စစ်ကြောင်းက ထန်းပင် ကုန်းရွာကို ဦးတည်နေတယ်ဆိုပေမယ့် ရွာထဲမဝင်သေးဘူး၊ ထွက်ပြေးနေရတဲ့ရွာကတွေကတော့ ၁၂ ရွာ ကျော်တယ်၊ စစ်ကြောင်းက ၃ ကြောင်းထိုးနေတာအပြင် ဘယ်ကို လှည့်ဝင်မလဲ မသိရသေးတော့ အနီး အနားကျေးရွာတွေက အကုန်ပြေးနေရတာ” ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။", "အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းများဝင်ရောက်နေမှုကြောင့် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိကျေး ရွာများဖြစ်သော ကြာတကန်၊ ထန်းပင်ကုန်း၊ ပင်းတည်း၊ ဟင်းဖြူတော၊ ရှမ်းကုန်း၊ အင်းမ၊ ဖလားရ၊ချောင်းကြား၊ ပင့်သာ၊ ပိတောက်ပင်၊ အုတ်ခင်းနှင့် နဂါးပေါ်ရွာစသည့် ကျေးရွာများမှ ပြည်သူများမှာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။", "Photo – ကန့်ဘလူမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်း ဝင်ရောက်စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ"]
https://yktnews.com/2023/04/95437/
ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့နေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့နေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ်ရှိ လျှော်ဖြူကုန်းရွာနှင့် ဉာဏ်အင်းရွာတို့ကို ဝင်ရောက် စီးနင်းမီးရှို့နေခြင်းဖြစ်ကာ ဒေသပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။", "နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထန်းကုန်းတိုက်နယ် အတွင်းရှိ ဉာဏ်အင်းရွာကို ပစ်ခတ် စီးနင်းပြီး နံနက် ၇ နာရီခန့်တွင် ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်နေခြင်း ဖြစ်ကြောင်း သိရသည်။", "နံနက် ၈ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ကိုးတောင်ဘို့အထိုင် ခြေလျင်တပ်ရင်း ခလရ ၁၃၇ တပ်မှ စစ်သားများက လျှော်ဖြူကုန်းရွာကို အကြမ်းဖက် ပစ်ခတ် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။", "” စစ်ကြောင်းက ၂ ကြောင်းပါ ဉာဏ်အင်းရွာနဲ့ လျှော်ဖြူကုန်းရွာကို မီးရှို့နေတာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဘူး။ အဲရွာ ၂ ရွာက စစ်ခွေး စစ်ကြောင်းတွေ ခဏခဏ ဝင်ရှို့နေတဲ့ရွာတွေပါ။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/06/107040/
ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၈ လုံးပြာကျပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ၊ ဆားလင်းကြီးတွင် စစ်ဘေးရှောင်ရင်း အဖွားအို ၂ ဦး အမောဖောက်ပြီး သေဆုံး
["ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၈ လုံးပြာကျပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ၊ ဆားလင်းကြီးတွင် စစ်ဘေးရှောင်ရင်း အဖွားအို ၂ ဦး အမောဖောက်ပြီး သေဆုံး", "ရန်ကုန်၊ ဇွန် ၁၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတို့တွင် ဝင်ရောက် မီးရှို့‌ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၄၈ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။", "ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းရွာကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ထန်းကုန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ခန့်က အကြမ်းဖက် ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပြည်သူပိုင်နေအိမ်အလုံး ၂၀ မီးလောင်ပြာကျ ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။", "ထို့ပြင် ဇွန်လ ၁၁ ရက်နေ့မနက် ၈ နာရီ ၃၀ မိနစ်တွင် ချပ်သင်းတိုက်နယ်အတွင်းရှိ ပေကုန်းရွာကို ဇင်းအထိုင်မှ ထွက်လာသည့် ခမရ -၃၆၁နှင့် ပျူစောထီးစုပေါင်းအင်အား ၁၄၀ ခန့်မှ အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူပိုင်နေအိမ် ၂၈ လုံးနှင့် စပါးတိုက် ၁၅ လုံးမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရပြီးနောက် ယင်းစစ်ကြောင်းသည် ဇင်းအထိုင်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း ကျွန်လှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ပြောကြားသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ချပ်သင်းတိုက်နယ်အတွင်းရှိ ဇင်းရွာနှင့် အနီးအနားကျေးရွာများအပြင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူ ၁၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်", "ထို့ပြင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီး ကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရ​ပြီး ဇွန်လ ၁၁ ရက်နေ့တွင် စစ်ဘေးရှောင် အဖွားအို ၂ ဦး အမောဖောက်ကာ သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။"]
https://yktnews.com/2023/05/104969/
ကန့်ဘလူရှိ ကျေးရွာ ၂ ရွာနှင့် တန့်ဆည်ရှိ ကျေးရွာ ၁ ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေ
["ကန့်ဘလူရှိ ကျေးရွာ ၂ ရွာနှင့် တန့်ဆည်ရှိ ကျေးရွာ ၁ ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေ", "ရန်ကုန်၊ မေ ၂၉", "စစ်ကိုင်းတိုင်း၊ ကန့်လူမြို့နယ်ရှိ ကျေးရွာ ၂ ရွာနှင့် တန့်ဆည်ရှိ ကျေးရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "မေလ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ်အတွင်းရှိ ကုက္ကိုကုန်းရွာနှင့် လွှတ်တိုက်ရွာတို့ကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁ နှင့် ပျူစောထီး စုပေါင်းအင်အား ၁၇၀ ခန့်က အကြမ်းဖက် မီးရှို့ဖျက်ဆီးနေ​ခြင်းဖြစ်ကြောင်း သိရသည်။", "ကုက္ကိုကုန်းရွာ၌ မေလ ၂၈ ရက်နေ့တွင် ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၇ နာရီခန့်တွင် ကုက္ကိုကုန်းမှ ပြည်သူပိုင်တန်ဖိုးကြီး ပစ္စည်းများကို ရှာဖွေ မွှေနှောက် ခိုးယူပြီးနောက် ရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ် စစ်ကြောင်းသည် ကုက္ကိုကုန်းရွာကို မီးရှို့ပြီးနောက် နံနက် ၇ နာရီ ၅၀ မိနစ်တွင် လွှတ်တိုက်ရွာကို အကြမ်းဖက် ပစ်ခတ် ဝင်ရောက်ပြီး ထပ်မံမီးရှို့နေ​ကြောင်းသိရှိရသည်။", "” ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူး။ ပြည်သူပိုင် နေအိမ် ဘယ်လောက် မီးလောင်ပျက်ဆီး ဆုံးရှုံးသွားလဲဆိုတာ အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ကျွန်းလှနှင့် ကန့်ဘလူမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ တောင်ယာဆိပ်၊ တကုန်း၊ ကုက္ကိုကုန်း၊သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊‌ အောင်သာယာ၊မဒေါင်၊ဆွဲလှဲ၊ တင်ငုတ်ကြီး၊ မြင်သာဦး၊ သရက်တော နှင့် အောင်ရန်ကင်းရွာ စသည့် ကျေးရွာ ၁၃ ရွာအပြင် ကန့်ဘလူမြို့နယ်အတွင်းမှ ညောင်ကုန်း၊ လက်ခုပ်ပင် နှင့် ကောလင်းမြို့နယ် အောင်ချမ်းသာကျေးရွာစသည့် ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အလားတူ တန့်ဆည်မြို့နယ် မုံတိုင်ပင်ရွာကိုလည်း တန့်ဆည်မြို့မှ ထွက်လာသည့် အင်အား ၁၇၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယနေ့ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "Photo – စစ်ကိုင်းတိုင်း အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/10/125670/
ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား
["ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ အောက်တိုဘာ ၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရှိရသည်။", "စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၇ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ ခြေမြန် တပ်ရင်း ၃၆၁ နှင့် ပျူစောထီးများက စစ်ကြောင်းထိုးနေမှုကြောင့် ငှက်ပျောတိုင်း၊ ခအုံးတာ၊ ကျေးပင်အက်၊ အင်းလယ်ကြီး၊ ရွာမ၊ ရွာသစ်၊ မြသဇင်၊ ပေကြီး၊ မြိုင်သာယာနှင့် လေးလှ စသည့် ကျေးရွာ ၁၀ ရွာမှ ဒေသပြည်သူများ စစ်ဘေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာ ၅ ရက်နေ့တွင် ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံ၌ အင်အား ၈၀ ခန့် နောက်ချန်အထိုင်အဖြစ် ထားကာ ကျန်အင်အားဖြင့် ဗျူဟာလမ်း အနောက်ခြမ်းရှိ ကျေးပင်အက်၊ ရွာမ နှင့် အင်းလယ်ကြီးရွာတို့အား ဆက်တိုက်စစ်ကြောင်းထိုးရာတွင် အောက်တိုဘာ ၆ ရက်၌ အင်းလယ်ကြီးရွာမှ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကိုပါ ဖမ်းဆီးထားကြောင်း ၊ လက်ရှိအချိန် ဖမ်းဆီးခံထားရသူများမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံတွင် တပ်စွဲပြီး အောက်တိုဘာ ၂ ရက်နေ့၌ အဆိုပါ ကျေးရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း လုယက် ယူဆောင်သွားကြောင်း၊ ငှက်ပျောတိုင်းရွာရှိ လျှပ်စစ်ဓာတ်အားပေးရုံတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲနေသည့်အတွက် ဒေသပြည်သူများမှာ စစ်ဘေးရှောင်တိမ်းနေရသည်မှာ ၂ ပတ်ခန့်ရှိပြီဖြစ်ပြီး မည်သည့်အချိန်တွင် ရွာတွင် ပြန်လည်နေထိုင်ရမည်ကို မသိရ၍ အခက်တွေ့နေ ကြကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ ဆက်တိုက် စစ်ကြောင်းထိုးနေမှုကြောင့် စစ်​ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185539/
ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲမှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲမှု ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ ၂ ရက်ဆက် တိုက်ခိုက်မှုအတွင်း ကန့်ဘလူမြို့နယ်ရှိ စံပါယ်နံ့သာရွာ၊ ရေရှင်ကြီးရွာနှင့် အောင်တိုင်းလယ်ရွာ မှ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းကလည်း စံပါယ်နံ့သာရွာရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်းက ရေရှင်ကြီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ရာ ရေရှင်ကြီးရွာမှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ခရီးသွား ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ အောင်တိုင်းလယ်ကျေးရွာကိုလည်း ယင်းနေ့တွင် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက်၅၀ ကျော်အရွယ် ဒေါ်ရွှေ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် ထပ်တိုက် တွေ့ဆုံမိခဲ့သည် ၂ မိုင်တောတိုက်မှ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီ တပ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စံပါယ်နံ့သာရွာ အထိုင်စခန်းက ဒရုန်းဖြင့် ထပ်မံ၍ ဒရုန်ဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ မှန်နီပင်ရွာမှ အသက် ၃၅ နှစ်အရွယ် မအိအိခိုင်နှင့် အသက် ၂၅ နှစ်အရွယ် မအိအိနိုင် တို့ ညီအစ်မ ၂ ဦး ၊ အသက် ၅၀ အရွယ် ဒေါ်လှော် နှင့် အသက် ၅ နှစ်အရွယ် ကလေးငယ် မဖူးဝေ အပါအဝင် စုစုပေါင်း အပြစ်မဲ့ ပြည်သူ ၄ ဦး ထပ်မံသေဆုံးခဲ့ရကြောင်း သိရသည်။", "ထို့သို့ နှစ်ရက်တာအတွင်း အကြမ်းဖက် စစ်တပ်၏ လူမဆန်သော အကြမ်းဖက် လုပ်ရပ်များကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှ အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၇ ဦးမှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "လက်ရှိအချိန်တွင် စံပါယ်နံ့သာ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများလည်း အရေးပေါ်ထွက်ပြေး တိမ်းရှောင်တိမ်းနေရကြောင်း သိရသည်။"]
https://yktnews.com/2023/08/120107/
ကန့်ဘလူရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကျေးရွာ ၅ ရွာကို တိုက်ခိုက်မှု ၁၀ ဦးသေဆုံး၊ ရေဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပလဖ တာဝန်ခံ ကျဆုံး
["ကန့်ဘလူရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကျေးရွာ ၅ ရွာကို တိုက်ခိုက်မှု ၁၀ ဦးသေဆုံး၊ ရေဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပလဖ တာဝန်ခံ ကျဆုံး", "ရန်ကုန်၊ သြဂုတ် ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော ကျေးရွာ ၅ ရွာကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့ထံမှ သိရသည်။", "သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နတ်ပေး၊ ယော၊ လယ်လှ၊ ငါတို့ရွာနှင့် ဝက်တိုး(မြောက်)ရွာတို့ကို ဒေသ တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Kanbalu Underground Warriors အဖွဲ့၊ MPF U-18 နှင့် မြေပြင် Local အဖွဲ့များ ပူးပေါင်း၍ နတ်ပေးပျူစောထီးရွာကို ၈၁ မမ ၁၀ လုံး၊ ယောပျူစောထီးရွာကို ၈၁ မမ ၄ လုံး ၊ လယ်လှပျူစောထီးရွာကို ၆၀ မမ ၄ လုံး နှင့် ငါတို့ပျူစောထီးရွာကို ၆၀ မမ ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ယင်းနေ့ နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် ဝက်တိုး(မြောက်)ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်ကင်းအတွင်းထိ ဒေသတော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ပလဖ တာဝန်ခံကျဆုံးခဲ့ကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်မှ ရေဦးမြို့နယ်အတွင်း စစ်​ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာများနှင့် တောတောင်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံ ကိုနေမျိုးအောင် ကျဆုံးခဲ့ကြောင်း သိရသည်။", "Photo – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ"]
https://yktnews.com/2023/10/125565/
ကန့်ဘလူရှိ ဇီးကုန်းမြို့အဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ကန့်ဘလူရှိ ဇီးကုန်းမြို့အဝင်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရွှေကျင်ရှိ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အဝင်လမ်းဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံမှ သိရသည်။", "အောက်တိုဘာလ ၅ ရက် ညနေ ၂ နာရီခွဲခန့်က ဇီးကုန်းမြို့လမ်းဆုံ ဦးပိုင်နှင့် တပ်မတော်သကြားစက်ရုံ အနီးရှိ မြို့အဝင်စစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – ပကဖ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PDF ၃၇၀၂ – တပ်ခွဲ ၄ က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၂၆ မိနစ်တွင် ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ RPG-5 ၁ လုံး တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111596/
ကန့်ဘလူရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ် တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး၊ ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်တပ်၏ သံတံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကန့်ဘလူရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ် တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး၊ ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်တပ်၏ သံတံတားဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၆", "ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းရဲစခန်းကို ဇူလိုင်လ ၅ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။", "ဇီးကုန်းတိုက်နယ်သည် အကြမ်းဖက်စစ်တပ် စိုးမိုးထားသည့် နယ်မြေတစ်ခုဖြစ်ပြီး အရှေ့ဘက် ၁ မိုင်ခွဲ အကွာတွင် စစ်တပ် အထိုင်စခန်းဖြစ်သည့် ဇီးကုန်းသကြားစက်နှင့် အလွန်နီးကပ်သောကြောင့် တော်လှန်ရေး အင်အားစုများ လှုပ်ရှားရန် ခက်ခဲသည့် နယ်မြေဖြစ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ သံတံတားဂိတ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။", "ယနေ့ ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ သံတံတားဂိတ်ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်မှ ၈၀ မမ စိန်ပြောင်း ၆ လုံးဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/127458/
ကန့်ဘလူရှိ ယောကျေးရွာ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ ဘုတလင်မြို့ ပေါ်ရှိ ထွေအုပ်ရုံးနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ
["ကန့်ဘလူရှိ ယောကျေးရွာ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ ဘုတလင်မြို့ ပေါ်ရှိ ထွေအုပ်ရုံးနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောကျေးရွာရှိ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။", "ယနေ့အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ယော ကျေး ရွာပျူအထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပြောက်ကျား ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ထွက်ပြေးသွားကြောင်း သိရသည်။", "“ပြည်သူတွေ မြေပဲ စိုက်ရာသီဖြစ်တဲ့အတွက် ပြည်သူတွေ‌ မြေပဲ စိုက်နေတာကို အဲဒီရွာက ပျူတွေက လက်နက်တွေနဲ့ ပစ်ခတ်တာတွေလုပ်နေသော တောင်သူတွေက ထွက်ပြေးခဲ့ရတာ၊ အဲဒါကြောင့် သူတို့ ထွက်လာမယ့်အချိန်ကို ရွာထိပ်ကနေ စောင့်ပြီး ပြောက်ကျားနည်း နဲ့ဝင်ပစ်တာဗျ၊ အထဲအထိုင် စခန်း အထိ ဝင်ပစ်နိုင်ခဲ့တယ်၊ အဲရွာထဲမှာက စက်ကလေးအထိုင်ရှိတော့ စက်ကလေးနဲ့ ရမ်းတာတို့ လက် နက်ကြီးနဲ့ပစ်တာတို့ ရှိတဲ့အတွက် ပြန်ဆုတ်လာခဲ့လိုက်တာ၊ လက်နက်တွေတော့မရခဲ့ဘူး” ဟု Kanbalu-Underground Warriors တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Kanbalu-Underground Warriors အဖွဲ့နှင့် ဒေသတော်လှန်ရေး အင်အားစုများက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားသော ထွေအုပ်ရုံး၊ ရဲစခန်းအပါ အဝင် နေရာ ၄ ခုကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့ထံမှ သိရသည်။", "အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ်ခန့်က အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီး ၂ ကြိမ်၊ ကြောင်မန်းလမ်းခွဲရှိ အကြမ်းဖက်စစ်သားများကို မောင်းသူမဲ့လေယာဉ်ငယ် ဖြင့် ဗုံးသီး ၂ ကြိမ် တို်ကခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးလက်မောင်း၊ ကျောပြင်ထိမှန်ဒဏ်ရာ၊ တပ်ကြပ်ကြီးတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာ( ဖြတ်တောက်ရမည့်အခြေအနေ) ရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အောက်တိုဘာလ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ဘုတလင်မြို့ကျောက်ကုန်း ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို မောင်းသူမဲ့လေယာဉ်ငယ် ဖြင့် ၂ ကြိမ်၊ အောက် တိုဘာလ ၁၄ ရက်နေ့ကလည်း ဘုတလင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့လေယာဉ် ငယ်ဖြင့် ၂ ကြိမ်၊ ရဲစခန်းအတွင်းသို့ တစ် ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို Chindwin Brothers တပ်ဖွဲ့၊ B21 ကနီ၊ ကိုဘရာအဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့၊ တပင်ရွှေထီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111136/
ကန့်ဘလူရှိ ရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉ လုံးနှင့် စစ်ရှောင်တဲ ၂၅ လုံးပြာကျ၊ ကျေးရွာ ၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["ကန့်ဘလူရှိ ရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉ လုံးနှင့် စစ်ရှောင်တဲ ၂၅ လုံးပြာကျ၊ ကျေးရွာ ၆ ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉ လုံးနှင့် စစ်ရှောင်တဲ ၂၅ လုံးပြာကျ ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင် ၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးရွာ အထိုင် စခန်းမှ ထွက်ခွာလာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ်သည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မကျီးကုန်း ကျေးရွာကို ရောက်ရှိလာပြီး ပြည်သူကိုင် နေအိမ် ၉ လုံးနှင့် စပါးတိုက် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းခြားကျေးရွာအနီးရှိ စစ်ရှောင်တဲ ၂၅ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းခြားကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားကြောင်း သိရှိရသည်။", "ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်း မှုကြောင့် အင်းမ၊ မကျီးကုန်း၊ ချောင်းခြား၊ ရှမ်းကုန်း၊ ပင့်သာနှင့် ဖလားရ ရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/09/185383/
ကန့်ဘလူရှိ သီရိမွန်ရွာအနီးကို စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်၊ လယ်ဒိုရှိ ကျေးရွာများကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ ပျက်စီး
["ကန့်ဘလူရှိ သီရိမွန်ရွာအနီးကို စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်၊ လယ်ဒိုရှိ ကျေးရွာများကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၍ နေအိမ်များ ပျက်စီး", "ရန်ကုန်၊စက်တင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ သီရိမွန်ရွာအနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က သီရိမွန်ရွာ ကိုလေကြောင်းဖြင့် ၅ ကြိမ် တိုက်ခိုက်ပြီးနောက် ယနေ့ ညနေပိုင်းတွင် ထပ်မံ၍ မေတ္တာမွန်ရွာနှင့် သီရိမွန်ရွာ အကြားကို လေကြောင်းဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "” ကန့်ဘလူနယ်ကို အခု ညနေပိုင်း Mi-35မှာ စစ်ခွေးတွေ လေကြောင်းနဲ့ ထပ်ပစ်သွားတယ်။ အခုထပ်ပစ်တဲ့ နေရာက မေတ္တာမွန်ရွာနဲ့ သီရိမွန်ရွာ အကြားကို လေကြောင်းနဲ့ ပစ်ခတ်နေတယ်လို့ သိရတယ်။ ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ ကန့်ဘလူ ၆၀၀၆ က တက်လာတဲ့ Mi-35 နဲ့ပဲ လာပစ်သွားတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်း ဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် ၂ လုံး ထိခိုက် ပျက်စီး ခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။", "စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ရေတွင်းကုန်းကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ဦးဇော်ထွန်းနိုင် နှင့် ဦးကျော်ဦး တို့၏ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀နာရီ ၁၉ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ ၂ လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့် ကျေးရွာအတွင်း ကျရောက် ရောက် ပေါက် ကွဲခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၁၁ မိနစ် နှင့် ညနေ ၆ နာရီ ၁၃ မိနစ်ခန့်တို့တွင် ယင်းတပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနှင့် ‌ဂွေးကုန်း ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။"]
https://yktnews.com/2023/04/100116/
ကန့်ဘလူအကြွေး ကမ်ပိန်း ၁၄ ရက်တာ အတွင်း ကျပ် သိန်းပေါင်း ၅၀၀၀ ကျော် ရရှိ
["ကန့်ဘလူအကြွေး ကမ်ပိန်း ၁၄ ရက်တာ အတွင်း ကျပ် သိန်းပေါင်း ၅၀၀၀ ကျော် ရရှိ", "ရန်ကုန်၊ ဧပြီ ၃၀", "ကန့်ဘလူအပါအဝင် တစ်နိုင်ငံလုံးရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရသည့် ပြည်သူများ၏ အကြွေးကို ပြန်ယူရန် ရည်ရွယ်ချက်နှင့် ပြုလုပ်သည့် ကန့်ဘလူအကြွေး ကမ်ပိန်းသည် ၁၄ ရက် (နှစ်ပတ်တာ)အတွင်း ကျပ် သိန်းပေါင်း ၅၃၃၃ ကျပ်ခန့်ကို ရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ကမ်ပိန်းတွင် စင်ကာပူနိုင်ငံမှာ အများဆုံးလှူဒါန်းခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ မြန်မာ၊ ဂျပန်၊ UK ၊ ဩစတြေးလျ၊ ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ ကနေဒါ၊ ဂျာမနီ၊ ဘရူနိုင်း၊ နယူးဇီဘန်၊ ထိုင်ဝမ်၊ UAE၊ ဆွီဒင်၊ ဩစတြီးယား၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ ပါပူဝါနယူးဂီနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ငွေကြေးလှူဒါန်းမှုအနေနှင့် အစဉ်လိုက် အသီးသီး လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။", "ကန့်ဘလူအကြွေး ကမ်ပိန်းကို ကမ္ဘာတစ်ဝန်းလုံးရှိ မြန်မာပြည်ဖွားများက တစ်ညီတစ်ညွတ်တည်း ပါဝင်အားဖြည့်မှုနှင့် ကန့်ဘလူအကြွေး ကမ်ပိန်းပြီးဆုံးပြီဖြစ်ကြောင်း သရုပ်ဆောင် မင်းမော်ကွန်း၏ Facebook စာမျက်နှာတွင် ဧပြီလ ၂၉ ရက်နေ့တွင် ရေးသားထားသည်။", "ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက် ၆ လသားအရွယ် ကလေးအပါအဝင် ကလေး ၃၇ ဦးနှင့် အတူ လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရခြင်းဖြစ်သည်။", "ထိုသို့ ပြည်သူပေါင်းများစွာ သေဆုံးခဲ့ရသည့် ကန့်ဘလူ ပဇီကြီးရွာမှ ပြည်သူများအတွက် ကန့်ဘလူအကြွေး ကမ်ပိန်းကို ဧပြီလ ၁၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့တွင် ကမ်ပိန်းပြီးဆုံးခဲ့ခြင်းဖြစ်ကာ ကမ်ပိန်းမှ ရရှိလာသည့် အလှူငွေများကို ကန့်ဘလူအကြွေးအတွက်ပဲ အဓိက အသုံးပြုသွားမည်ဟု သရုပ်ဆောင် မင်းမော်ကွန်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ကြေညာထားသည်။"]
https://yktnews.com/2025/05/213283/
ကန့်ဘလူ၊ ကာဘိုး-ဇီးကုန်း လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူ၊ ကာဘိုး-ဇီးကုန်း လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၂", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုး-ဇီးကုန်း လမ်းပိုင်းတွင် ကင်းယူရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း ၂ (KB-2) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ် ကာဘိုး-ဇီးကုန်း လမ်းပိုင်းရှိ ဝက်တိုး‌ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သား ၅ ဦးသည် လမ်းကင်းယူရန် ထွက်လာစဉ် ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေး ဦးဆောင်သော တော်လှန်ရေးအင်အားစုက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးကာ ပျူစောထီး ၁ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့ပြင် AK 47 သေနတ် ၁ လက် ၊ ကျည်ဘောက် ၁ ခု ၊ ၇.၆၂ ကျည် ၁၅ တောင့် ၊ ဖုန်း ၁ လုံး တို့ကိုလည်း သိမ်းပိုက် ရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။၏", "“ကာဘိုး-ဇီးကုန်း လမ်းပိုင်း ဝက်တိုး(တ)ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စခန်းက စစ်ခွေး အင်အား ၅ ကောင်က ကင်းယူဖို့ ထွက်လာတုန်း တော်လှန်ရေး အင်အားစုတွေက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာ စစ်ခွေးနဲ့ ပျူခွေး ၂ ကောင် သေဆုံးတယ်” ဟု ကန့်ဘလူခရိုင် တပ်ရင်း ၂ (KB-2) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/86368/
ကန့်ဘလူ၊ ကိုးတောင်ဘို့စျေးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စျေးတစ်ခုလုံးပြာကျ
["ကန့်ဘလူ၊ ကိုးတောင်ဘို့စျေးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စျေးတစ်ခုလုံးပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုတောင်ဘို့စျေးကို အကြမ်းဖက် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် စျေးတစ်ခုလုံးပြာကျခဲ့ကြောင်း Kotaungbo Revolution KTB-R အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကိုးတောင်ဘို့စျေးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး လေယာဥ်အချက်ပြ မီးကျည်များဖြင့်ပါ ပစ်ခတ်သောကြောင့် စျေးတစ်ခုလုံးပြာကျခဲ့ပြီး ပြည်သူပိုင်နေအိမ် တချို့လည်း ထိမှန်မီးလောင်ခဲ့ကြောင်း သိရသည်။", "“မနေ့ညက တိုက်ပွဲဖြစ်ပြီး ကိုးတောင်ဘို့စျေး တစ်ခုလုံး မီးလောင် ပြာကျသွားတယ်။ တိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေ အလင်းရောင်ရစေတဲ့ လေယာဥ်အချက်ပြ မီးကျည်တွေ ဆက်တိုက် ပစ်ခတ်လို့ စျေးထဲကို ကျပြီး စျေးတစ်ခုလုံးပြာကျသွားတယ်။ အကြမ်းဖက် စစ်တပ်ပစ်တဲ့ လက်နက်ကြီး တချို့လည်း ပြည်သူပိုင် နေအိမ်တွေထဲထိကျတယ်။ ပြည်သူတွေထိခိုက်မှုတော့ မရှိဘူး” ဟု Kotaungbo Revolution KTB-R အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/07/174798/
ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည် နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ကျေးရွာ ၃ ရွာကို စီးနင်းပြီး နေအိမ် ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီး
["ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည် နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ကျေးရွာ ၃ ရွာကို စီးနင်းပြီး နေအိမ် ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီး", "ရွာပေါင်း ၁၃ ရွာမှ သောင်းနှင့်ချီသော ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၂၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်က ကျေးရွာ ၃ ရွာကို စီးနင်းကာ နေအိမ် ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၁ ​ရက်​နေ့တွင် ​ကန့်ဘလူ-စံပယ်နံ့သာ-​ရွှေဘိုလမ်းပိုင်းရှိ ရေ​အေးရွာအနီး၌ အကြမ်းဖက် စစ်​တပ် စစ်​ကြောင်း၏ ကင်းပုန်းက ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ​ဒေသ ကာကွယ်​ရေးရဲ​ဘော် ၂ ဦး ကျဆုံးခဲ့​ကြောင်း ၊ ဇူလိုင်လ ဒုတိယအပတ်အတွင်း ကျွန်းလှ-တန့်ဆည် အစပ်ရှိ ​ကျေးရွာများကို စစ်​ကြောင်းထိုးလာ​သော အကြမ်းဖက် စစ်တပ် နှင့် ပူး​ပေါင်း စစ်​ကြောင်းကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်​တပ် နှင့်ပျူ​စောထီး ပူး​ပေါင်းစစ်​ကြောင်းသည် ကျွန်းလှမြို့နယ် ​ညောင်ကိုင်းအုပ်စုတွင်းရှိ မြင်သာရွာမှ နေအိမ် ၁၁ လုံး၊ တန့်ဆည်မြို့နယ်တွင်းရှိ စည်းသာရွာမှ ​နေအိမ် ၆၃ လုံးနှင့် ဇူလိုင်လ ၁၄ ရက်​နေ့၌ တန့်ဆည်မြို့နယ် ပုတီးရွာမှ ​နေအိမ် ၈၆ လုံးအား မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် ဇွန်လမှ စတင်ကာ လက်ရှိအချိန် အထိ နယ်​မြေခံ ပျူ​စောထီးများကို လက်နက်တပ်ဆင်​ပေးကာ အင်အားအလုံးအရင်းဖြင့် ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း သိရသည်။", "လက်ရှိတွင် အကြမ်းဖက်စစ်​ကောင်စီစစ်​ကြောင်းသည် ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းရှိ ဝက်ပုတ်ရွာ၌ ဇူလိုင်လ ၁၆ ရက်​နေ့မှစတင်ကာ အထိုင်ချတပ်စွဲကာ ရွာသားများကို ပျူ​စောထီးအဖွဲ့ဝင်များအဖြစ် လူသစ်စု​ဆောင်း​နေ​ကြောင်း၊ ကန့်ဘလူ-စံပယ်နံ့သာ-​ရွှေဘိုလမ်းပိုင်းတွင်ဖြစ်​ပေါ်​နေ​သော စစ်​ရေးအ​ခြေအ​နေများ​ကြောင့် စစ်​ကောင်စီနှင့်ကာကွယ်​ရေးတပ်ဖွဲ့များမှ ကားလမ်းပိတ်ထားလျက်ရှိသည်မှာ ၁ လနီးပါးကြာမြင့်​နေပြီဖြစ်ကာ ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းကို အကြမ်းဖက်စစ်​ကောင်စီတပ်က အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးပမ်း​လျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်းရွာ၌ အကြမ်းဖက်စစ်​တပ်နှင့် ပျူ​စောထီးများက အခိုင်အမာတပ်စွဲထားဆဲဖြစ်ပြီး ဇူလိုင်လ ဒုတိယအပတ်တွင်လည်း အင်အား ၂၀၀ ​ကျော်အသုံးပြုကာ ကျွန်းလှ-တန့်ဆည်အစပ်ရှိ ​ညောင်ကိုင်း၊ပုတီး၊စည်းသာရွာများသို့ စစ်​ကြောင်းထိုး လှုပ်ရှားခဲ့​ကြောင်း Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/01/83749/
ကန့်ဘလူ၊ ချောင်းကြားရွာကို စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၃ လုံးပြာကျပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ကန့်ဘလူ၊ ချောင်းကြားရွာကို စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၃ လုံးပြာကျပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၂၃ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း – ၃၆၈ နှင့် ပျူစောထီး အင်အား ၁၂၀ ခန့်က ဒုတိယအကြိမ် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၃ လုံးပြာကျကာ အနီးအနားရှိ ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူ မြို့နယ် အစပ်ရှိ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊‌ ညောင်ကုန်း၊ မန်ကျည်းကုန်း၊‌ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာကျေးရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ ပြည်သူတွေကတော့ စစ်ကြောင်း ထွက်လာကတည်းက အကုန်ကြိုရှောင်နေကြတော့တာပါ။ ရွာထဲ မနေရဲကြတော့တာ အဲဒီ အကြမ်းဖက် စစ်ကြောင်းက ကျွန်းလှမြို့နယ်ထဲက ကံပေါက်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲပြီး ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်အတွင်းကို လှည့်လည်စစ်ကြောင်းထိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၈ လုံးနှင့် စပါးကျီများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/125760/
ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာသစ် ဓာတ်အားခွဲရုံတွင် စစ်တပ်က တပ်စွဲပြီး နောက် ကန့်ဘလူ နှင့် တန့်ဆည်မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးများ ဖြတ် တောက်ထား ၊ ကန့်ဘလူမြို့တွင် စစ်တပ်နှင့်ပျူစောထီးများက ခံတပ်များ ဆောက်လုပ်
["ကန့်ဘလူ၊ ငှက်ပျောတိုင်းရွာသစ် ဓာတ်အားခွဲရုံတွင် စစ်တပ်က တပ်စွဲပြီး နောက် ကန့်ဘလူ နှင့် တန့်ဆည်မြို့နယ်တစ်ခုလုံးကို လျှပ်စစ်မီးများ ဖြတ် တောက်ထား ၊ ကန့်ဘလူမြို့တွင် စစ်တပ်နှင့်ပျူစောထီးများက ခံတပ်များ ဆောက်လုပ်", "ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်​တောင်ဘက်ခြမ်း ငှက်​ပျောတိုင်းရွာသစ် ဓာတ်အား ခွဲရုံ တွင် အကြမ်းဖက် စစ်​တပ်က အထိုင်ချတပ်စွဲပြီး​နောက် ကန့်ဘလူမြို့နယ်၊ ထန်းကုန်း တိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ ကာဘိုးတိုက်နယ် နှင့် တန့်ဆည်မြို့ နယ်တစ်ခုလုံးကိုအောက်တိုဘာလ ၅ ရက်​နေ့မှစတင်ကာ လျှပ်စစ်မီးများဖြတ်​တောက်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ငှက်ပျောတိုင်းလျှပ်စစ်ဓာတ်အားခွဲရုံဆို စစ်ကိုင်းတိုင်းတစ်တိုင်းလုံးက သူတွေ သိတယ်ဗျ။ သူတို့အဲဒီလျှပ်စစ်ဓာတ်အားခွဲရုံအနီးတပ်စွဲပြီးမှ မီးဖြတ်လိုက် တာ ဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ် သတင်း ဌာန သို့ပြောကြားသည်။ �", "�အကြမ်းဖက်စစ်တပ်က လျှပ်စစ်ဓာတ်အားခွဲရုံအနီး ခံတပ်တစ်ခုဆောက်လုပ်၍ အထိုင်ချတပ်စွဲနေခြင်းဖြစ်ပြီး လျှပ်စစ်မီးဖြတ်တောက်ထားခြင်းကြောင့် ဒေသ ပြည်သူ များ စားသောက်ချက်ပြုတ်ရေးနှင့် စားဝတ်နေရေးအတွက် အခက် အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။", "စစ်တပ်က ကန့်ဘလူတောင်ဘက်ခြမ်းကို ပိတ်ဆို့ဖြတ်တောက်မည့် အနေ အထား ဖြစ်ပြီး လတ်တလောတွင် စစ်ကြောင်းထိုးခြင်းမျိုး မရှိဘဲ ခံစစ်အထိုင် ချနေကြောင်း၊ ကန့်ဘလူမြို့နယ်​တောင်ခြမ်း ကင်းတပ်–​ရွှေဘိုတူး​မြောင်းအနီးရှိ ဇီးကုန်းမြို့အဝင်လမ်း​ဘေးမှ ​နေအိမ်များနှင့်ဆိုင်ခန်းများကို စစ်​ကောင်စီနှင့်ပျူ​စောထီးများက ​အောက်တိုဘာလ ၆ ရက်​နေ့မှစ၍ ဖြိုဖျက်ဖယ်ရှားကာ မြို့အ​ဝင် တွင် ​ခံတပ်အချို့ ​ဆောက်လုပ်​နေ​ကြောင်း Infinity Group မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“ကန့်ဘလူ​တောင်ခြမ်းကို ပိတ်ဆို့ဖြတ်​တောက်မယ့်အ​နေအထားဗျ။ ဘာလို့ဆို အရင်က သူတို့မလုပ်ဖူးတဲ့အရာမျိုး ဇီးကုန်းမြို့အဝင်နားက အ​ဆောက်အအုံ ဆိုင်ခန်း​တွေဖျက်ပီး ခံစစ်ထိုင်တာမျိုး​တွေ ဒီရက်ပိုင်း လုပ်လာတယ်။နယ်နဲ့မြို့ အကူးအသန်းကို ဖြတ်​တောက်မယ့်အ​နေအထားဗျ”ဟု Infinity Group မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ကန့်ဘလူမြို့အဝင်တွင် စစ်တပ်က အထိုင်ချ၍ တပ်စွဲထားသည့်အတွက် ပြည်သူများမှာ မြို့ဘက်သို့ အရောင်းအဝယ်မသွားရဲကြတော့ကြောင်း၊ မီးဖြတ် ခံထားရသည့်အတွက် အခြေခံလိုအပ်ချက်မှ စ၍ စားဝတ်နေရေး ကျပ်တည်း နေကြောင်း၊ ရေရှည်တွင် ပိုမို၍ အဆင်မပြေဖြစ်နိုင်ကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။", "ထို့ပြင် ကန့်ဘလူမြို့နယ်​တောင်ဘက်ခြမ်း ထန်းကုန်းတိုက်နယ်နှင့်ဇီးကုန်း တိုက်နယ် အတွင်း​ကျေးရွာများမှ ကုန်​ရောင်းကုန်ဝယ်ပြုလုပ်မည့် ​ဒေသ ပြည်သူများကိုလည်း ဇီးကုန်းမြို့တွင်းသို့ ဝင်​ရောက်မည်ဆိုပါက ​သေနတ် ဖြင့်ပစ်သတ်မည်ဖြစ်​ကြောင်း အကြမ်းဖက်စစ်တပ်ဘက်မှ ခြိမ်း​ခြောက်​ပြောဆို​မှုများလည်း ရှိနေကြောင်း ဒေသပြည်သူများက ပြောကြားသည်။"]
https://yktnews.com/2024/10/189482/
ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်
["ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းများမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုငွေချီးမြှင့်ခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G3 ‌သေနတ် ၁ လက် ယူဆောင်လာ၍ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ဆုငွေ ချီးမြှင့်တယ်။ အရေအတွက်တော့ ကျွန်တော်တို့ မပြောတော့ဘူး။ ဆုငွေတော့ထိုက်သင့်သလောက်တော့ ကျွန်တော်တို့ ချီးမြှင့်တယ်။ သူနဲ့ ထိုက်တဲ့ဟာပေါ့။ G3 သေနတ် ၁ လက်ပါခဲ့တယ်။ လောလောဆယ်တော့ သူ့ကို အနားပေးထားတုန်းပဲ ရှိသေးတယ်။ သူ့စိတ်ကြိုက် စဉ်းစား ရွေးချယ်ခွင့် ပေးထားသေးတယ်။ လောလောဆယ်တော့ သူ မဆုံးဖြတ်သေးဘူးပေါ့။ သူက ရဲတပ်သားဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေတော့ တိုက်ပွဲ အတွေအကြုံဘာညာတော့ များများစားစားရှိမှာ မဟုတ်ဘူး။ တစ်ခါတစ်ရံ ရှေ့တန်းပို့တဲ့အခါလောက်ပဲရှိတယ်”ဟု ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သူ၏ နေထိုင်ရေးနှင့် လိုအပ်သည်များကို ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ ကူညီထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/11/190903/
ကန့်ဘလူ၊ ဇီးကုန်းမြို့ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသပြည်သူများကို ဖမ်းဆီး၍ လက်ဆည်ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးနေ
["ကန့်ဘလူ၊ ဇီးကုန်းမြို့ကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသပြည်သူများကို ဖမ်းဆီး၍ လက်ဆည်ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးနေ", "ရန်ကုန်၊ နိုဝင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဒေသ ပြည်သူများကို ဖမ်းဆီး၍ လက်ဆည်ရပ်ကွက်ကို မီးရှို့ ဖျက်ဆီးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကာဘိုးရွာတွင် စစ်တပ် အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဇီးကုန်းမြို့ပေါ်ကို ဝင်ရောက် စီးနင်းပြီး ဒေသပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းသည် ဇီးကုန်းမြို့ပေါ်ကို ရောက်ရှိလာပြီးနောက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ခန့်မှ စတင်၍ လက်ဆည်ရပ်ကွက်ကို စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးခံထားရသည့် ပြည်သူအရေအတွက်နှင့် နေအိမ် ဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“ပြည်သူတွေ ဖမ်းခံရတယ်လို့တော့ သိရတယ်။ ကျန်တော်တို့ ဆက်လက် စုံစမ်းနေတယ်။ ဘာမှ အတည်မပြုနိုင်သေးဘူး။ မီးရှို့ခံရတဲ့ နေအိမ်စာရင်းတော့ အတိအကျ မသိနိုင်သေးဘူး။ ဇီးကုန်းမြို့က စစ်တပ် ထိန်းချုပ်ထားတုန်း လွတ်မြောက်နယ်မြေ မဟုတ်သေးတဲ့ အတွက်ကြောင့် ကျန်တော်တို့ အတည်ပြုနိုင်ဖို့ ခက်နေတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/02/86619/
ကန့်ဘလူ၊ ညောင်ကိုင်းရွာ စစ်တပ် ဂိတ်စခန်းကို PDF က တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်မှုထမ်း ဟောင်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကန့်ဘလူ၊ ညောင်ကိုင်းရွာ စစ်တပ် ဂိတ်စခန်းကို PDF က တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံး၊ လောင်းလုံးတွင် စစ်မှုထမ်း ဟောင်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကန့်ဘလူ မြို့နယ်၊ ညောင်ကိုင်းကျေးရွာတွင် အထိုင်ချ ဂိတ်ဖွင့်ထားသော စစ်သားနှင့် ပျူစောထီးများကို PDF တပ်ပေါင်းစုက Drone၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ချိန် ၄ နာရီခန့် ဖြစ်ပွားပြီး ကန့်ဘလူ မဟာမိတ် PDF တပ်ပေါင်းစုများက ဂိတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "“သူတို့က အကုန်ရှောင်ထွက် ပြေးတော့ သိမ်းဆည်းမိတာမရှိဘူးလို့ပြောတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေး ပါတီကဒ်တွေ လက်ပတ်တွေ အထပ်လိုက်ရခဲ့တယ်ပြောတယ်။ စစ်ခွေးတွေဘက်က ၁ ဦးသေပြီး အများအပြားဒဏ်ရာရတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြော ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ MPF U.18 ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်မှုထမ်းဟောင်း ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် လောင်းလုံးမြို့၊ ဂ ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီးအဖွဲ့ဝင် စစ်မှုထမ်းဟောင်း မောင်ငွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။", "သေဆုံးသွားသော စစ်မှုထမ်းဟောင်း ပျူစောထီး မောင်ငွေသည် လောင်းလုံးမြို့နယ်အတွင်းရှိ တက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများ၏ အချက်အလက်များကို စစ်တပ်ထံ ပေးပို့ခြင်း၊ လောင်းလုံးမြို့ ပျူစောထီး ခေါင်းဆောင် မင်းသိန်းနှင့် မြို့နယ်အတွင်း ကင်းလှည့်လေ့ရှိသူဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/01/81339/
ကန့်ဘလူ၊ ညောင်ကုန်းရွာကို စစ်တပ်က မီးရှို့ပြီး သက်ကြီးရွယ်အို ၂ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးရမိသူများကို စစ်တပ်က ဓားဖြင့် ထိုး၍ ၃ ဦး ဒဏ်ရာအပြင်းအထန်ရ
["ကန့်ဘလူ၊ ညောင်ကုန်းရွာကို စစ်တပ်က မီးရှို့ပြီး သက်ကြီးရွယ်အို ၂ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးရမိသူများကို စစ်တပ်က ဓားဖြင့် ထိုး၍ ၃ ဦး ဒဏ်ရာအပြင်းအထန်ရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ညောင်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများ စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပလူသာရွာမှ လမ်းပြအဖြစ် ဖမ်းခေါ်လာသည့် ဦးသန်းလွင် (၅၅ နှစ်) နှင့် ညောင်ကုန်းရွာထဲတွင် ပိတ်မိနေသည့် ဦးနွားတင် (၇၇ နှစ်) တို့ကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် မီးရှို့သတ်ဖြတ်ခဲ့ပြောင်း၊ ပိတ်မိနေသည့် အမျိုးသမီး ၃ ဦးကိုလည်း စစ်တပ်က ညှဉ်းပန်းနှိပ်စက်ရာ တစ်ဦးမှာ လည်ပင်း ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ ကျန် နှစ်ဦးမှာ ဝမ်းဗိုက်ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။", "“အမျိုးသား ၂ ဦးလုံးက မီးရှို့သတ်ခံရတော့ ပြာပုံပဲကျန်တယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကိုလည်း လည်ပင်းလှီးပြီး ပစ်ထားခဲ့တာ။ အင်္ကျီထူနေလို့ မလှီးမိဘဲ အသက်ရှင်တာ။ ကျန်အမျိုးသမီးနှစ်ယောက်ကိုက နှိပ်စက်ပြီး ဝမ်းဗိုက်ဓားနဲ့ ထိုးထားတာ။ အိမ်ပေါ်မီးတင်ရှို့ပြီး သတ်မလို့ ကောက်ရိုး‌သွားယူနေတုန်း ထွက်ပြေးလွတ်မြောက်လာတာ ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့သို့ ဒေသခံ တစ်ဦးက ပြောကြားသည်။", "လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးမှာ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး အသက်အန္တရာယ် မစိုးရသော်လည်း ဝမ်းဗိုက်ဓားဒဏ်ရာရရှိထားသည့် အသက် ၄၂ နှစ်နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးများမှာမူ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။", "“ပထမအကြိမ် ၈ လပိုင်း ၂၃ ရက်‌နေ့က ရှို့တာ ၃၅ အိမ်နဲ့ မနေ့က ရှို့ခံရတာ နေအိမ် ၅၀ ၊ စပါးတိုက် ၁၅ လုံးနဲ့ စစ်ရှောင်တဲ ၇ လုံးပါဗျ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ညောင်ကုန်းရွာသို့ မီးရှို့ဖျက်ဆီး၍ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်ပင် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ရွာတောင်ဘက်သို့ ထွက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။"]
https://yktnews.com/2023/03/93954/
ကန့်ဘလူ၊ ညောင်ဇင်ကြီးရွာမှ စိတ်ဝေဒနာရှင် ၁ ဦးကို စစ်တပ်က မီးရှို့ သတ် ဖြတ် ပြီး ရွာကို မီးရှို့ဖျက်ဆီး
["ကန့်ဘလူ၊ ညောင်ဇင်ကြီးရွာမှ စိတ်ဝေဒနာရှင် ၁ ဦးကို စစ်တပ်က မီးရှို့ သတ် ဖြတ် ပြီး ရွာကို မီးရှို့ဖျက်ဆီး", "ကျေးရွာ ၇ ခုမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၂၄", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ဇင်ကြီးရွာတွင် စိတ်ဝေဒနာရှင် ၁ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွ လှုပ်ရှား သူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ညောင် ဇင် ကြီးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၅၀ ခန့်က ဝင် ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်း စစ် ကြောင်းသည် ညောင်ဇင်ကြီးရွာမှ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးခေါ် ဆောင် သွားပြီး စိတ်ရောဂါ ခံစားနေရသည့် အသက်၂၀ အရွယ် အမျိုးသား ၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ ပစ်ခတ် စီးနင်းမှုကြောင့် ဆူးပုတ်ကုန်း၊ ဗိုလ်ကုန်း၊ ဗိုလ်တဲကုန်း၊ မကုန်း၊ ညောင်ဇင်ကြီး၊ ပေလည်နှင့် သရက်ခေါင်းရွာမှ ပြည်သူ ၁၀၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရသည်။", "” ရွာထဲက ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ စစ်ခွေးတွေက စိတ် ရောဂါ ခံစားနေရတဲ့ ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်သွားတယ်။ ကျေးရွာ ၇ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ကျွန်းလှတက်ကြွ လှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "မတ်လ ၂၂ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းက ဘဆူးပုတ်ကုန်းရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း မပြေးလွှားနိုင်ဘဲ ကျန် ရှိခဲ့သည့် သက်ကြီးရွယ်အိုများထံမှ ဖုန်း၊ ပိုက်ဆံ ၈ သိန်းနှင့် နားကပ်ပါ မကျန် ဓါးပြတိုက် ယူဆောင်သွားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်းရှိ ပြည်သူ ပိုင် ဆိုင်ကယ်များနှင့် နွားအကောင် ၄၀ ကျော်ကိုလည်း ခိုးယူသယ်ဆောင် သွား ခဲ့ကြောင်း သိရသည်။", "သတ်ဖြတ် မီးရှို့မှုများ လုပ်ဆောင်ခဲ့ပြီးနောက် စစ်တပ် စစ်ကြောင်းသည် လက်ရှိ အချိန်တွင် ညောင်ဇင်လေးရွာရှိ ပျူစောထီး အထိုင်စခန်းသို့ ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယခင်လပိုင်းအတွင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။"]
https://yktnews.com/2024/01/139418/
ကန့်ဘလူ၊ တင်ငုတ်ကြီးရွာရှိ စစ်တပ်နှင့် ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရရှိ
["ကန့်ဘလူ၊ တင်ငုတ်ကြီးရွာရှိ စစ်တပ်နှင့် ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ စစ်တပ်နှင့် ပျုစောထီး စခန်း ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။", "အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲရေးဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာတွင် အခြေပြုထားသော စစ်ကောင်စီနှင့်ပျုစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်တပ်ရင်းများ၊ ခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့များ၊ မြို့နယ်/ရပ် ကျေးပကဖ များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ကာဘိုင် (၈) လက်၊ G-3 (၁) လက်၊ Shoot Gun (၅) လက်အပါအဝင် ကျည်နှင့်ခဲယမ်းပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/11/192305/
ကန့်ဘလူ၊ တန့်ဆည်နှင့် ရေဦး မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေသော စစ်ကောင်စီ တပ်သားများက ယနေ့ ညပိုင်းတွင် လက်ဆည်ရွာနှင့် ခပေါင်းကြိုင်ရွာကို မီးရှို့ဖျက်ဆီးနေ
["ကန့်ဘလူ၊ တန့်ဆည်နှင့် ရေဦး မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေသော စစ်ကောင်စီ တပ်သားများက ယနေ့ ညပိုင်းတွင် လက်ဆည်ရွာနှင့်ခပေါင်းကြိုင်ရွာကို မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ယနေ့ ညပိုင်းတွင် လက်ဆည်ရွာနှင့် ခပေါင်းကြိုင်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူနယ်၊ ဇီးကုန်းသကြားစက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညပိုင်းတွင် လက်ဆည်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ တန့်ဆည်နှင့် ရေဦး မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အင်အား ၅၀ ပါ စစ်ကြောင်းသည် တန့်ဆည်မြို့နယ် တောင်ဘက်ခြမ်းရှိ ခပေါင်းကြိုင်ရွာကို ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေပြီး ရေဦးနယ်မြို့နယ် မြောက်ဘက်ခြမ်းတွင် ရောက်ရှိနေသော အင်အား ၁၈၀ ပါ စစ်ကြောင်းသည် ဆီဆုံရွာတွင် တပ်စွဲထားကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ရေဦးနယ်မြို့နယ် မြောက်ဘက်ခြမ်းကို ရောက်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထို့ပြင် တန့်ဆည်မြို့နယ်ကို ရောက်ရှိနေသော စစ်ကြောင်းကြောင့် ပြည်သူ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“တန့်ဆည်နယ် တောင်ဘက်ခြမ်း ကျွဲဆွဲရွာမှာ အထိုင်ချထားတဲ့ စစ်ခွေး ၅၀ ခန့်က တနယ်ရွာဘက် စတင်စစ်ကြောင်းထိုးလာပြီး လက်ရှိ ခပေါင်းကြိုင်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြတယ်။ ကန့်ဘလူနယ် ဇီးကုန်း သကြားစက်က စစ်ခွေးနဲ့ ပျူခွေးတွေကလည်း လက်ဆည်ရွာကို အခုလက်ရှိ အချိန်ထိ မီးရှို့ဖျက်ဆီးနေတယ်လို့ သိရတယ်။ တန့်ဆည်နယ် အရှေ့ခြမ်းကနေ ရေဦးနယ်မြောက်ဘက်ခြမ်းကို ဝင်ရောက်လာတဲ့ ခွေးစစ်ကြောင်းကတော့ ဆီဆုံရွာမှာ တပ်စွဲထားတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/06/110097/
ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေ
["ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေ", "ရန်ကုန်၊ ဇွန် ၂၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။", "ဇွန်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျွန်းလှမြို့ပေါ်မှ ထွက်လာသော အင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းက ပင့်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ပင့်သာကျေးရွာသည် အိမ်ခြေ ၆၃၅ အိမ်ရှိသည့် ရွာကြီးတစ်ရွာဖြစ်​ပြီး အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း၊ ဒေသပြည်သူများသည် လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပင့်သာရွာ အပါအဝင်အနီးအနားရှိကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၉ နာရီ ဝန်းကျင်ခန့်တွင် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ချပ်ကြီးကျေးရွာကို ထွက်ခွာသွားကြောင်း သိရပြီး ပင့်သာကျေးရွာအတွင်း နောက်၌ ကျန်ရှိခဲ့သော စစ်ကြောင်းများ ထပ်မံဝင်ရောက်နိုင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97264/
ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပြည်သူ ၁၄၄ ဦး၏ ကျေးရွာနှင့်နေရပ်များ အကြမ်းဖျဉ်း စတင် ကောက်ရရှိ
["ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပြည်သူ ၁၄၄ ဦး၏ ကျေးရွာနှင့်နေရပ်များ အကြမ်းဖျဉ်း စတင် ကောက်ရရှိ", "ရန်ကုန်၊ ဧပြီ ၁၃", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ပဇီကြီးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပြည်သူ ၁၄၄ ဦး၏ ကျေးရွာနှင့်နေရပ်များ အကြမ်းဖျဉ်း စတင် ကောက်ရရှိထားပြီဖြစ်ကြောင်း မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။", "လတ်တလော ကောက်ယူရရှိထားသော စာရင်းဇယားများအရ သေဆုံးသူများတွင် ပဇီကြီးရွာမှ ကလေးငယ် ၂၁ ဦး၊ လူကြီး ၉၆ ဦး၊ လေးတွင်းစဥ်ရွာမှ ပြည်သူ ၁၀ ဦး၊ ရွာသာယာရွာမှ ပြည်သူ ၁၄ ဦးနှင့် ထနောင်းကိုင်းကြီးရွာမှ ပြည်သူ ၁ ဦး စုစုပေါင်း ပြည်သူ ၁၄၄ ဦး သေဆုံးခဲ့သည်ကို အတည် ပြုနိုင်ကြောင်း၊ အခြားသော အလောင်းများ၏ ကျေးရွာများနှင့် နေရပ်များကို ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်ပြီး ကျေးရွာနှင့် နေရပ် အတည်မပြုနိုင်သေးသည့် အလောင်းအရေအတွက်ကိုလည်း မသိရှိရသေးကြောင်း မြေပြင်ကယ်ဆယ်ရေးသမားများက ဆိုကြသည်။", "” အခုဗုံးကျဲတိုက်ခိုက်ခံရတဲ့ နေရာက ပအဖတို့ ပကဖတို့ ဖွဲ့စည်းရေးတို့ မြို့နယ်ရုံးတို့ ဆိုတာ မဟုတ်ပါဘူး။ ရွာအဝင်ကင်းတဲပါ စစ်အာဏာသိမ်းပြီး မလုံခြုံတဲ့ ပြည်သူတွေက ကျေးရွာ လုံခြုံရေး ကင်းသမားတွေ နေထိုင်ဖို့ အဆောက်အဦးအသစ်ကို အန္တရာယ်ကင်း တရားနာ ကျင်းပပြီး ကြာဇံနဲ့ဝက်သား ကျွေးမွေးနေတုန်း တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခံရတာပါ။ အရေအတွက်ကတော့ အခုထိ အတည်မပြုနိုင်သေးဘူး။ နယ်မြေရှင်းလင်းနေတုန်းပါပဲ ဒီနေ့မှာလည်း ရုပ်အလောင်းတွေကို သင်္ဂြိုလ်လိုက်ပါတယ်” ဟု မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး Mi 35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁၀၀ ကျော်​သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး ဒဏ်ရာ ရသူတွေထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးပါဝင်ကာ တစ်ဦး လက်ဖြတ်ထားရကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် ပဇီကြီးရွာရှိ ပြည်သူပိုင် နေအိမ်များကို ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခဲ့ပြီး နေအိမ် အများအပြား ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။"]
https://yktnews.com/2023/02/86070/
ကန့်ဘလူ၊ ပိတောက်ပင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျ
["ကန့်ဘလူ၊ ပိတောက်ပင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ပိတောက်ပင်ရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၄ လုံး ပြာကျခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေ တပ်စွဲထားတဲ့ ကျေးရွာ စာသင်ကျောင်းကို PDF တပ်တွေ ဝင်တိုက်လို့ ခွေးတွေ အသေများတယ်။ စစ်ခွေးတွေက ရွာထဲကို သေသွားတဲ့ စစ်ခွေးအလောင်းတွေ သယ်လာပြီး ပြည်သူပိုင် နေအိမ်တွေထဲ ထည့်ပြီး မီးရှို့သွားတယ်။ နေအိမ် ၁၄ လုံးပြာကျသွားတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/12/197416/
ကန့်ဘလူ၊ မြကန်သာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိ
["ကန့်ဘလူ၊ မြကန်သာ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ ပျူစောထီး ၁ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိကာ သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားသော ကန့်ဘလူမြို့နယ်၊ မြကန်သာ ပျူစောထီးစခန်းနှင့်ကျေးရွာကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ တချို့ ပျူစောထီးများနှင့် စစ်သားများက လက်နက်ချ အညံ့ခံခဲ့ သော်လည်း လက်နက်မချဘဲ ခုခံသူများ ရှိခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီး ၁ ဦးသေဆုံးပြီး ၁ ဦး အရှင် ဖမ်းမိကာ ကျန်ရှိသူများ ထွက်ပြေး လွတ်မြောက်သွား ကြောင်း သိရှိရသည်။", "“ပျူစောထီး ၃၀ ကောင် နဲ့ စစ်ခွေး ၂၈ ကောင် စုစုပေါင်း ၅၈ ဦးရှိတယ်။ ဝင်တိုက်တဲ့အချိန်မှာ ခုခံသူ ရှိသလို လက်နက်ချသူတွေလည်းရှိပါတယ်။ ၁၁ နာရီမှာ စတိုက်တာ ၁၂ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သိမ်းပိုက်ပြီးတော့ ပြည်သူပိုင် ပစ္စည်းတွေကို မဖျက်ဆီးဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ထို စခန်းသိမ်း တိုက်ပွဲအတွင်း G3 အမျိုးအစား သေနတ် ၂ လက် ၊ ကာဘိုင် အမျိုးအစားသေနတ် ၃ လက်၊ လက်ပစ်ဗုံး ၊ ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ချအညံ့ခံသော ပျူစောထီးအဖွဲ့ဝင်များ၊ ဆေးကုသမှုခံယူနေသော ပျူစောထီးအဖွဲ့ဝင်များနှင့် မိသားစုဝင်များ ကို နောက်နောင်တွင် စစ်ကောင်စီ အကြမ်းဖက်မှုဖြစ်စဉ်၌ ပါဝင်ပတ်သက်ခြင်း လုံးဝမပြုလုပ်ကြရန် မှာကြားကာ နှစ်သစ်တွင် မိသားစုနှင့်အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ကြပါစေဟု ဆုတောင်း ပေးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88612/
ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး
["ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "“မြေမွန်ရွာကို စစ်ခွေးတွေ ဒီနေ့ မီးရှို့သွားတာ ပျက်စီးဆုံးမှု အခြေအနေတော့ အတိကျ မသိရသေးဘူး။ ကျေးရွာရဲ့ သုံးပုံနှစ်ပုံ လောက် ပြာကျသွားတယ်။ ရွာမှာက နေအိမ် ၇၀၀ ကျော်လောက်ရှိတယ်။ နေအိမ် ရာနဲ့ချီပြီး မီးထဲပါသွားတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့ပြီး ၂ နာရီလောက် တိုက်ပွဲဖြစ်သွားသေးတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးလက် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဇီဖြူကုန်း ပျူစောထီးရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများက နွယ်အင်းရွာကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူများ၏ တောတဲများကို မီးရှို့ဖျက်ဆီးပြီးနောက် နွယ်အင်းရွာမှာ တပ်စွဲကာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နွယ်အင်းရွာ၌ ညအိပ် တပ်စွဲပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီး တုံးကန်ကျေးရွာ၌ တပ်စွဲထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88806/
ကန့်ဘလူ၊ မြေမွန်ရွာကို မီးရှို့ဖျက်ဆီးသော စစ်တပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါ အဝင် ၃ ဦးသေဆုံး၊ အရာရှိ အ​လောင်းများကို ရဟတ်ယာဥ်ဖြင့် သယ်ယူသွား
["ကန့်ဘလူ၊ မြေမွန်ရွာကို မီးရှို့ဖျက်ဆီးသော စစ်တပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါ အဝင် ၃ ဦးသေဆုံး၊ အရာရှိ အ​လောင်းများကို ရဟတ်ယာဥ်ဖြင့် သယ်ယူသွား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်အား PDF တပ်ဖွဲ့များ တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ဒေသ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြေဆိုသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ် မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေသော အင်အား ၁၂၀ ပါအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေက မြေမွန်ရွာထဲဝင်ပြီး ၁၈ ရက်နေ့က အရင်ဆုံးအိမ် ၁ လုံး မီးရှို့တယ်။ ၁၉ ရက်ကျတော့ မြေမွန်ရွာမှာရှိတဲ့ နေအိမ် ၂၀၀ ကျော်လောက်ကို မီးစတင်ရှို့တော့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ရွာမီးရှို့တော့ စစ်ခွေးတွေကို မြေမွန်ရွာ အပြင်ကနေဝိုင်းပြီး တိုက်တော့ တိုက်ပွဲဖြစ်ပွားပြီး မုံရွာ နမခ စစ်ခွေးတပ်ကနေ ရဟတ်ယာဥ် တစ်စီးရောက်လာပြီး တိုက်ပွဲမှာကျသွားတဲ့ အရာရှိ စစ်ဗိုလ် ၂ ကောင်အလောင်းကို သယ်သွားတယ်။ ကျန်တဲ့ တပ်သား ၁ ကောင်အလောင်းကိုတော့ မီးရှို့ထားခဲ့တယ်” ဟု ဒေသ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် သေမင်းတမာန် အဖွဲ့ နှင့် ကန့်ဘလူမြို့နယ် ဗိုလ်လင်းယုန်မြေအောက်ပြောက်ကျားတပ်ဖွဲ့ အပါအဝင် မဟာမိတ် ညီနောင် ၇ ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/107871/
ကန့်ဘလူ၊ ရှမ်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံး ပြာကျပြီး ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ကန့်ဘလူ၊ ရှမ်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄ လုံး ပြာကျပြီး ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁၆", "စစ်ကိုင်းတိုင်း၊ ကန့်လလူမြို့နယ်၊ ရှမ်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ပြောဆိုသည်။", "ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဇင်းရွာမှထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ-၃၆၁ စစ်ကြောင်းက ရှမ်းကုန်းကျေးရွာအတွင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ ဖျက်စီးခဲ့​ပြီး နေအိမ် ၄ လုံးပြာကျခဲ့ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ်က ကျွန်းလှနှင့် ကန့်ဘလူ မြို့နယ်အတွင်း စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကြာတကန်၊ ထန်းပင်ကုန်းရွာ၊ ရှမ်းကုန်း၊ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊ နဂါးပေါ်၊ အုတ်ခင်း၊ ဟင်းဖြူတော၊ ပင်းတဲ၊ အင်ကြင်းစုနှင့် အင်ကြင်းမြိုင်ရွာ စသည့်ကျေးရွာ ၁၃ ရွာက ပြည်သူ ၇၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ရှမ်းကုန်းရွာကို စစ်ခွေးတွေ မီးရှို့တာ နေအိမ် ၄ လုံးပြာကျသွားတယ်။ ကျေးရွာ ၁၃ ရွာက ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်။ မနေ့က တချို့တဝက် ပြန်ဝင်တယ်လို့တော့ သိထားရတယ်” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ရှမ်းကုန်းကျေးရွာသည် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၁", "ရက်နေ့က ပထမအကြိမ် မီးရှို့ဖျက်စီးခံရပြီး ပြည်သူပိုင်နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် မီးရှို့ဖျက်စီးခံရခြင်းကြောင့် ပြည်သူပိုင်နေအိမ် ၄ လုံးနှင့် စပါးတိုက် ၁ လုံးပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/191240/
ကန့်ဘလူ၊ သိန်ရင်ဆည်ကို ရောက်ရှိနေသည့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး
["ကန့်ဘလူ၊ သိန်ရင်ဆည်ကို ရောက်ရှိနေသည့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် သိန်ရင်ဆည်ကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် သိန်ရင်ဆည် ရေပိုလွှဲ နေရာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း ဆိတ်ဖူးမြောင်ပျူစောထီးရွာမှ စစ်ကောင်စီ တပ်သား ၃ ဦးနှင့် ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်မှ ပျူစောထီး ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုထိခိုက်ဒဏ်ရာရရှိသူများထဲမှ နိုဝင်ဘာလ ၇ ရက်နေ့တွင် ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးစစ်ကြောင်း သိန်ရင်ဆည်ရေပိုလွှဲ နေရာကို ရောက်ရှိနေတုန်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားက ၁၅၀ လောက်ပါတယ်။ ဆိတ်ဖူးမြောင်ပျူစောထီးရွာက စစ်ခွေး ၃ ကောင်နဲ့ ကန့်ဘလူမြို့ အမှတ် ၂ ရပ်ကွက်က ပျူခွေး ၂ ကောင် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာ ၁၅ ကောင်ရှိတယ်။ အဲဒဏ်ရာရတဲ့ ကောင်တွေထဲက ၇ ရက်နေ့မှ ၁ ကောင်ထပ်သေတယ်။ ၅ ကောင်လည်း အခြေအနေမကောင်းဘူးလို့ ထပ်သိရတယ်” ဟု ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား (KDF) အဖွဲ့မှ ကိုပေါက်ကြီး ဦးဆောင်၍ မြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ (KDF) ၊ (KGF) ၊ အမှတ်(၃) ၊ အမှတ် (၄) Drone အဖွဲ့ ကျေးရွာ ပကဖ နှင့် တိုက်နယ် ပကဖ များပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111376/
ကန့်ဘလူ၊ အင်းမနှင့် မိဿလင်ကုန်းရွာမှ ကလေးငယ်များအပါအဝင် ပြည်သူ ၆၀ ကျော်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ၊ဝက်လက်ရှိ ရွှေကျင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၅ လုံး မီးလောင်ပြာကျ
["ကန့်ဘလူ၊ အင်းမနှင့် မိဿလင်ကုန်းရွာမှ ကလေးငယ်များအပါအဝင် ပြည်သူ ၆၀ ကျော်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ၊ဝက်လက်ရှိ ရွှေကျင်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၅ လုံး မီးလောင်ပြာကျ", "ရွှေကျင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဖျက်ဆီးခဲ့ပြီး ရွှေညောင်တော် ဘုရားပေါ်တွင် မိုင်းထောင်ခဲ့", "ရန်ကုန်၊ ဇူလိုင် ၅", "စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ အင်းမရွာနှင့် မိဿလင်ကုန်းရွာမှ ပြည်သူ ၆၀ ကျော်ကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဇူလိုင် ၄ ရက်နှင့် ၅ ရက်နေ့များတွင် အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူများတွင် အသက်မပြည့်သေးသည့် ကလေးများ ပါနေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကန့်ဘလူမြို့နယ် ပင့်သာရွာနှင့် ချောင်းကြားရွာရှိ စစ်ရှောင်တဲများကို ဇူလိုင်လ ၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီးနောက် ထွက်လာသည့် အကြမ်းဖက်စစ်တပ်၏ ခြေမြန်တပ်ရင်း-၃၆၁နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ကျော်သည် ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပင့်သာတိုက်နယ်၊အင်းမရွာ စစ်ရှောင်တဲတိုက်မှ ကုန်း ကွက် များတွင် ထယ်ထိုးနေသော အပြစ်မဲ့ပြည်သူ ၁၂ ဦးကို အကြမ်းဖက် ဖမ်း ဆီး သွားကြောင်း၊ ဖမ်းဆီးခံရသူများတွင် အသက်မပြည့်သေးသည့် ကလေး ငယ် ၃ ဦး၊ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။", "ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာတွင် ပြည်သူများသည် တစ်လလျှင် ၅ ရက် ခန့် မျှ သာ ရွာထဲတွင် နေထိုင်နိုင်ပြီး စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် အမြဲ စစ်ဘေးရှောင်နေရကြောင်း၊ ဖမ်းဆီးခံရသူများမှာ ထယ်ထိုးသွားကြရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများတွင် အသက် ၁၂ ၊ အသက် ၁၃ နှစ်နှင့် အသက် ၁၅ နှစ်အရွယ် အသက်မပြည့်သေးသည့် ကလေး ၃ ဦးလည်း ပါဝင်ပြီး မိဘများမှာ စိတ်ပူပန်၍ ငိုကြွေးနေကြရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှား သူများအဖွဲ့က ပြောကြားသည်။", "ထို့ပြင် ယနေ့ ဇူလိုင် ၅ ရက်နေ့ နံနက် ၆ နာရီအချိန်တွင်လည်း ကန့်ဘလူ မြို့နယ်၊ကိုးတောင်ဘို့အထိုင်ရှိ စစ်တပ် ခြေမြန်တပ်ရင်း-၃၆ မှ အင်အား ၅၀ ကျော်သည် မိဿလင်ကုန်းရွာသို့ အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး ကျေးရွာ အတွင်းရှိ အပြစ်မဲ့ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကိုးတောင်ဘို့အထိုင်သို့ ဖမ်းဆီးခံရသူများကို ခေါ်ဆောင်၍ ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“အင်းမရွာက ၁၂ ယောက်ပါ။ စစ်ကြောင်းက နှစ်ကြောင်းပါဗျ။ မိဿလင် ကုန်း က ၅၀ ကျော်ဖမ်းခံရတာပါ။ တိုက်နယ်လည်း မတူပါဘူး။ အခုထိတာ့ ဘာမှ မကြား ရ သေးဘူးဗျ။ ရိုက်နှက်ခံရတာတွေရှိတယ်လို့ပြာတယ်ဗျ” ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ ပြောကြားသည်။", "မိဿလင်ကုန်းကျေးရွာရှိပြည်သူများမှာ စစ်ကြောင်း သတင်းမကြားရဘဲ ရုတ် တ ရုက် ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ်ကြောင့် ရှောင်တိမ်းချိန် မရ ဘဲ ပြည်သူ ၅၀ ဦးကျော်ခန့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန် အထိ ဖမ်းဆီးခံရသူ ပြည်သူများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှသိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် စစ် ကြောင်းထိုးနေသည့် စစ်တပ်က ရွှေကျင်ရွာကို ဇူလိုင် ၂ ရက်နှင့် ၃ ရက်နေ့များ တွင် ဝင်ရောက် တပ်စွဲ၍ နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွှေကျင်ရွာ အရှေ့ဘက် တောင်ထိပ်ပေါ်ရှိ သာသန နေမ္မိတာရုံကျောင်းတိုက်အတွင်း ကျောင်းပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခြင်း၊ ပစ္စည်းများ ခိုးယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ရွှေကျင်ကျေးရွာ၊ သာသနနေမ္မိတာရုံကျောင်းတိုက်အတွင်းတွင် စစ်သားများက အရက်များ မူးရူးသောက်စားခြင်း၊ ကျောင်းဆောင်အတွင်း ဖိနပ်များဖြင့် တက် ခြင်း၊ ဘုန်းကြီးကျောင်းထဲရှိ ဗီရိုများနှင့် အံဆွဲများကို ရိုက်ဖျက်၍ ပစ္စည်းများကို ခိုးယူရုံမက ကျောင်းပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများ လှူဒါန်း ထားသည့် ဆန်များကိုလည်း ကြမ်းပြင်ပေါ်တွင် ကျဲချပြီး ကျောင်း ဆောင်နံရံများတွင် ညစ်ညမ်းစာသားများ ရေးသားခြင်း၊ ကျောင်းဆောင် များကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ လုပ်ဆောင် ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ် သတင်းဌာနသို့ ပြောကြားသည်။", "“ကျောင်းတိုက်ကို ဖျက်ဆီးတာက ၇ လပိုင်း ၃ ရက်နေ့ ။ မီးရှို့တာက ၇ လပိုင်း ၂ ရက်နဲ့ ၃ ရက်နေ့။ သူက ၂ ရက်ဆက်တိုက်တပ်စွဲတာ ။ တပ်စွဲပြီးတော့မှ မီးရှို့တာ။ အိမ်ခြေက ၃၅ လုံးလောက်ပါသွားတာပေါ့။ ပြည်သူက ဖမ်းခံရတာ ၃ ၊ ၄ ဦး ရှိတယ်ကြားတယ်” ဟု Wetlet Information Network မှ တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။", "ထို့ပြင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ရွှေညောင်တော်ဘုရားပေါ်တွင် စစ်တပ် က မိုင်းများ ထောင်ထားခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်များက ပြည်သူ များ သတိပေးချက်ထုတ်ပြန်၍ မိုင်းများကို ဇူလိုင် ၄ ရက်နေ့တွင် ရှင်းလင်းခဲ့ ကြောင်း သိရှိရသည်။", "လက်ရှိအချိန်တွင် ရွှေကျင်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်က ရေကြောင်း မှတစ်ဆင့် ကျောင်းမြောင်းဘက်သို့ ဆန်တက်သွားကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ပြောကြားသည်။", "“သူတို့ နိုင်တဲ့ တစ်ယောက်စာနိုင်တဲ့ ပစ္စည်းတွေ သယ်ပြီးတော့မှ ဒီကောင် တွေက စစ်ကြောင်း ပြန်ထွက်သွားတာ မြစ်ကမ်းဘေးကို လာခေါ်သွားတာဗျ။ မနေ့က ရေကြောင်းကနေ ကျောက်မြောင်းဘက်ကို ဆန်တက်သွားတယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူက ပြောကြားသည်။"]
https://yktnews.com/2023/04/95906/
ကန့်ဘလူ၊ အင်းလယ်ကြီးရွာသား ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၂၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီး
["ကန့်ဘလူ၊ အင်းလယ်ကြီးရွာသား ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၂၀၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၅", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာသား ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၅၀ ခန့်မှ ၂ ရက်ဆက်တိုက် စီးနင်းခဲ့ပြီး ဆွံ့အ၊ နားမကြားသည့် စိတ်ဝေဒနာရှင် ခံစားနေရသည့် အသက် ၃၅ နှစ်အရွယ် ကိုဝလီ ကို ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ပြီး အသက် ၆၅ နှစ်အရွယ် ဦးဌေးမောင်ကို လက်ပြန်ကြိုးတုပ်ကာ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ် ၂၀၀ ခန့်ကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အင်းလယ်ကြီးရွာသည် အိမ်ခြေ ၈၀၀ ကျော်ရှိသော ကျေးရွာကြီး ဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧပြီလ ၂ ရက်နေ့၌ ဉာဏ်အင်းရွာအား မီးရှို့ ဖျက်ဆီး ခဲ့ပြီးနောက် ညနေ ၅ နာရီတွင် အင်းလယ်ကြီးရွာသို့ အကြမ်းဖက်ပစ်ခတ် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ် ဇင်းရွာအနောက်ဘက်အား စစ်ကောင်စီမှ ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်းသိရှိရသည်။"]
https://yktnews.com/2023/03/94953/
ကန့်ဘလူ၊ အလယ်ခုံရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား
["ကန့်ဘလူ၊ အလယ်ခုံရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား", "ရန်ကုန်၊ မတ် ၃၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံ ကျေးရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပစ်သတ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၉ ရက်နေ့တွင် အလယ်ခုံကျေးရွာ၌ ညအိပ် ရပ်နားနေသည့် ကိုးတောင်ဘို့ အထိုင် ခြေလျင်တပ်ရင်း (ခလရ) ၁၃၇ မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျေးရွာအတွင်းမှ စစ်ကြောင်းထိုး ထွက်ခွာခဲ့ကြောင်း သိရသည်။", "ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာလာစဥ် အလယ်ခုံရွာသား အသက် ၂၂ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးနှင့်တွေ့ဆုံကာ စစ်သားများက ဖမ်းဆီးပြီး ဦးခေါင်းတစ်ခြမ်းပွင့်သည့်အထိ ပစ်သတ်သွားကြောင်း၊ ထို့ပြင်အသက် ၁၃ နှစ်အရွယ် ကလေးငယ် တစ်ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။", "” အသတ်ခံရတဲ့သူက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်ခွေးတွေရဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုရန်က တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေပါ တောတွင်းမှာရှိ စစ်ဘေးရှောင် တဲတိုက်မှာ တိမ်းရှောင်နေတုန်း စစ်ကြောင်းနှင့် တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာပါ။ ရွာတော့ မဖျက်ဆီးသွားဘူး။ မီးမရှို့သွားပေမယ့် ကျန်တာတော့ ထုံးစံပါပဲ အကုန်ရှာဖွေယူသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ချပ်သင်း တိုက်နယ်တွင်လည်း မတ်လ ၂၉ ရက်နေ့ကလည်း ချပ်သင်းအထိုင်စခန်းမှ စစ်သားများနှင့် ပျူစောထီးတပ်ဖွဲ့များက ချပ်သင်းတိုက်နယ်၊ ပုဏ္ဏားငယ်ကျေးရွာကို အကြမ်းဖက် ပစ်ခတ်စီးနင်းပြီး ပြည်သူပိုင်နေအိမ် ၉ လုံး၊ လက်တွန်းထွန်စက် ၁ စီး၊ ထော်လာဂျီ ၁ စီးနှင့် စပါးကျီ ၃ ခုတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/127270/
ကန့်ဘလူ​တွင် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေ
["ကန့်ဘလူ​တွင် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၁၀ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၁ ရွာကျော်မှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကာ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်နေကြောင်း Infinity Group ထံမှ သိရသည်။", "အောက်တိုဘာလ ၇ ရက်နေ့မှ စ၍ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့အထိ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ပင့်သာ၊ မကျည်းကုန်း(မ)၊ အုပ်ခင်း၊ ပင့်သာကြီး၊ ညောင်ကန်သာ၊ လှည်းပွဲ၊ တမာကုန်းနှင့် ဆားကျင်းကျေးရွာများမှ ပြည်သူများမှာ ရက်ရှည်စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။", "ကန့်ဘလူမြို့နယ်အတွင်း မိုးရွာသွန်းမှုများပြားနေ၍ ရေကြီးမှုများလည်း ဖြစ်ပေါ်နေကာ စစ်ဘေးရှောင် ပြည်သူများသည် မအိပ်ရဘဲ ညလုံးပေါက်မတ်တတ်ရပ်နေရခြင်းများလည်း ရှိကြောင်း၊ မိုးရေများ၍ ရေများ ဒူးအထိ တက်လာသည့် အတွက် ဖျားနာနေသူများလည်းရှိကြောင်း သိရသည်။", "ကန့်ဘလူမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းတွင် စံချိန်တင် မိုးရွာသွန်းခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများသည် မိုးရေထဲတွင် အခက်အခဲများစွာ ကြုံတွေ့ရပြီး ဝက်သအင်းရွာအနီးရှိ စစ်ရှောင်ထဲမှ သားအဖ ၂ ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ရခြင်းလည်း ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ၎င်းတို့၏ အထိုင်စခန်းများရှိရာ ချပ်ကြီးရွာ၊ ချပ်သင်းရွဦနှင့် ကိုးတောင်ဘို့ရွာများကို ရိက္ခာပို့နိုင်ရန်အတွက် အောက်တိုဘာ ၁၂ ရက်နေ့မှ စ၍ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းလမ်းပိုင်းရှိ နေရာအများအပြားကို ကင်းပုန်းများ ဝပ်၍ နေရာယူထားခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အောက်တိုဘာ ၁၆ ရက်နေ့တွင်မူ ကျွန်းလှမြို့မှ ထွက်လာသည့် စစ်တပ်၏ ရိက္ခာတင်ဆောင်လာသော ကား ၅ စီးကို ပင့်သာရွာနှင့် ချပ်ကြီးရွာအကြား တစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁စီးထိမှန်၍ နှစ်ဖက် အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ချပ်ကြီးရွာအထိုင်စခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်၏ သုံးဘီးကား ၁ စီးနှင့် လှည်းတန်းကို‌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဘီးကား ၁ စီးနှင့် နွားလှည်း ၂ စီးတိမ်းမှောက်ပျက်စီးသွားကြောင်း Infinity Group ထံမှ သိရှိရသည်။", "Photo – Infinity Group"]
https://yktnews.com/2024/12/196519/
ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး စွန့်ခွာထွက်ပြေးသွား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက်
["ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး စွန့်ခွာထွက်ပြေးသွား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များကထိန်းချုပ်သိမ်းပိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး ယမန်နေ့ည ၁၂ နာရီ မြို့မှ စွန့်ခွာသွား၍ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း CDF ကန်ပက်လက် သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန် ကန်ပက်လက်မြို့မှ စစ်သားနှင့် ရဲများအားလုံးက ကန်ပက်လက်မြို့မှ စတင်ဆုတ်ခွာသွားကြောင်း၊ မြို့ပေါ်ရှိ တပ်စခန်းများ အားလုံးမှ ဆုတ်ခွာသွားခြင်းဖြစ်ပြီး ကန်ပက်လက်မြို့တွင် မည်သည့် စစ်ကောင်စီတပ်မှ မကျန်ရှိတော့ကြောင်း သိရှိရသည်။", "“စစ်သားနဲ့ရဲတွေအားလုံး ကန်ပက်လက်က စွန့်ခွာ ဆုတ်ခွာသွားတာ။ အဲဒါကြောင့် မနက်ပိုင်းမှာ ကန်ပက်လက်မှာ ဘယ်စစ်တပ်မှ မရှိတော့ဘူး။ အခုတော့ ချင်းညီနောင်တပ်ဖွဲ့တွေအားလုံး နေရာဝင်ယူထားလိုက်ပြီ။ တိုက်ပွဲလည်း မဖြစ်ဘူး။ သေနတ်သံလည်းမကြားရဘဲ ကန်ပက်လက်မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်တာ” ဟု ကန်ပက်လက်မြို့အခြေစိုက် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်ရှိကန်ပက်လက်မြို့တစ်ခုလုံးတွင် ချင်းညီနောင် တပ်ဖွဲ့များသာ စိုးမိုးထားပြီး စစ်ကောင်စီတပ်စခန်းများကို နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114576/
ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က ထောင်ထားသည့်မိုင်း နင်းမိကာ ပြည်သူ ၁ ဦးသေဆုံး
["ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က ထောင်ထားသည့်မိုင်း နင်းမိကာ ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၃", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ တင်းချောင်းအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF Kanpetlet ထံမှ သိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ စတင်ကာ ၁ နာရီ ၃၀ မိနစ်ထိ ကန်ပက်လက်မြို့မှ တပ်ချိန်းပြီးပြန်လာသည့် အကြမ်းဖက် စစ်တပ်နှင့် CDF Kanpetlet တို့ ပါကွန်းကျေးရွာ အောက်ဘက်ရှိ တင်းချောင်းအနီးတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အများအပြား ဒဏ်ရာရရှိကာ ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိကာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း CDF Kanpetlet က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/113102/
ကန်ပက်လက်မြို့တွင် တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ၊ ရေဖြူတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ကန်ပက်လက်မြို့တွင် တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ၊ ရေဖြူတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၅", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Nyaung Young Fortress အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကန်ပက်လက်မြို့၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးသီးများနှင့် တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီအချိန်ခန့်တွင် လက်နက်ငယ်များဖြင့် ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး အဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ နာရီဝက်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကျည်မလုံလောက်မှုကြောင့် တော်လှန်ရေးအဖွဲ့များဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရ​ကာ ဒရုန်း ၁စီး ပျက်ကျ ဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။", "“မြို့တွင်းက သတင်းပေးတာတော့ သူတို့ဖက်က ထိခိုက်မှုများတယ်၊အတိအကျ သတင်းတော့ မရသေးဘူးဗျ”ဟု Nyaung Young Fortress အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ညောင်ဦးခရိုင်ရင်း၂(ညောင်ရမ်း)နှင့်တူမီးတပ်ရင်း CDF ကန်ပက်လက်တို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးမရှိကြောင်း Nyaung Young Fortress အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Dawei Defense Team – DDT တပ်ဖွဲ့က ထုတ်ပြန်သည်။", "ဇူလိုင်လ ၁၁ ရက် နံနက် ၈ နာရီ ၁၀ မိနစ်က ရေဖြူမြို့နယ်၊မခရ ၄၀၆ /၄၀၇ တပ်ရင်းဘက်မှ ရှမ်းလမ်း အတိုင်း ရန်ကင်းတံတားကိုဖြတ်၍ နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းဘက်သို့ ထွက်ခွာလာသော အ ကြမ်းဖက်စစ်ကောင်စီကား ၇ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကားတစ်စီး လမ်းဘေးထိုးကျသွားကာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ ၃ ၊ ထားဝယ် ပကဖ နှင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ ဝေဟင်)၊ ပကဖ KBDF ၊ ထားဝယ်ခရိုင် တပ်ရင်း ၁ ၊ နွေဦးပျောက် ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/187948/
ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့၏ ရဲတပ်သားသစ်သင်တန်းပြုလုပ်
["ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့၏ ရဲတပ်သားသစ်သင်တန်းပြုလုပ်", "ရန်ကုန်၊အောက်တိုဘာ ၁၄", "ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့၏ ရဲတပ်သားသစ်သင်တန်း အမှတ်စဉ် ၁/၂၄ ကို ဩဂုတ်လအတွင်း ၁၀ ရက်ကြာပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113481/
ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို စစ်တပ်မှ လေယာဉ် ၅ စီးဖြင့်ဗုံးကျဲ တိုက်ခိုက်
["ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို စစ်တပ်မှ လေယာဉ် ၅ စီးဖြင့်ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၈", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှ စ၍ လေယာဉ် ၅ စီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မဆာတီကျေးရွာရှိ ပြည်သူ့ နေအိမ်များ လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ပျက်စီး ဆုံးရှုံးမှု များပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၁၀၀၀ ကျော်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှသိရှိရသည်၊", "အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ စ၍ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ ခန့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း Khonu Battalion အဖွဲ့မှ ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/114336/
ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၂", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မှန်တောင်လမ်းခွဲတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၃၀၄ နှင့် တပ်မ ၈၈ မှ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မှန်တောင်လမ်းခွဲတွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့် အနီးကပ် ဖြစ်ပွားကာ ရှေ့ပွိုင့် အဖြစ် တက်လာသည့် စစ်သား ၆ ဦးထက်မနည်း သေဆုံး​ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ခေါနုတပ်ရင်း CDF ၊ မင်းဘူးခရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၆ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/99697/
ကန်ပက်လက်မြို့ပေါ်၌ တပ်စွဲထားသော စစ်သားကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ကန်ပက်လက်မြို့ပေါ်၌ တပ်စွဲထားသော စစ်သားကို ဝင်ရောက် တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၇", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၃ ဦး သေဆုံးကြောင်း CDF-Kanpetlet ထံမှ သိရသည်။", "ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ ၉ နာရီ ၃၀ မိနစ် အထိ ကန်ပက်လက်မြို့ အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲ ထားသော စစ်သားများကို CDF-Kanpetlet ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး CDF-Kanpetlet ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့​ကြောင်းသိရသည်။", "အလားတူ ဧပြီလ ၂၀ ရက်နေ့ကလည်း အမှတ် ၁ အ.ထ.က ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Chin Defense Force-Kanpetlet က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/174927/
ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ဦးကွီးလိန်း လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက် ၁ လုံးနှင့်အတူ အလင်းဝင်
["ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ဦးကွီးလိန်း လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက် ၁ လုံးနှင့်အတူ အလင်းဝင်", "ရန်ကုန်၊ ဇူလိုင် ၂၂", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မရဲစခန်းမှ ရဲဒုတပ်ကြပ် ဦးကွီးလိန်း လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက် ၁ လုံးနှင့်အတူ အလင်းဝင်လာကြောင်း CDF-Kanpetletက သတင်းထုတ်ပြန်သည်။", "ဇူလိုင်လ ၁၈ ရက်နေ့ ကန်ပက်လက်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင် နေသော ရဲဒုတပ်ကြပ်ဦးကွီးလိန်းသည် BA. 63 ၁ လက် ၊ ကျည် ၃၀ တောင့် ၊ ကျည်ဘောက် ၂ ခု နှင့် ဆက်သွယ်ရေးစက် ၁ လုံး တို့နှင့်အတူ CDF-Kanpetletထံသို့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် CDF-Kanpetlet ထံသို့ ယုံကြည်စွာ ဆက်သွယ် အလင်းဝင်နိုင်ကြောင်း Chin Defense Force-Kanpetlet က ဖိတ်ခေါ်ထားသည်။"]
https://yktnews.com/2025/01/198213/
ကန်ပက်လက်မြို့မှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
["ကန်ပက်လက်မြို့မှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့မှ ထွက် ပြေးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့နယ်ကြားတနေရာတွင် တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း လောင်းရှည် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၃၀ ရက်နေ့ ကန်ပက်လက်မြို့မှ စခန်းစွန့်ဆုတ်ခွါလာကြသော စစ် သားနှင့် ရဲ စုစုပေါင်းအင်အား ၅၄ ဦးပါ စစ်ကြောင်းက ဆောမြို့မှ တဆင့် လောင်းရှည်စစ်ကောင်စီတပ်စခန်းသို့ အင်အားပူးပေါင်းလာခဲ့ရာ ကန်ပက်လက်မြို့နယ်နှင့် ဆော မြို့နယ် နယ်ခြားတစ်နေရာအရောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာဖြင့် အရှင်ဖမ်းမိကာ ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာများ ဖြင့် ကစဉ့်ကလျားထွက်ပြေးသွား ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်းနှင့်အတူ အမှတ် ၃ တပ်ရင်း လောင်းရှည်တိုက် နယ် ပ. က. ဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ကစဉ့်ကလျားထွက်ပြေးသွးသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို လိုက်လံ ရှင်းလင်းရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာဖြင့် ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲ ၂ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ G3 အမျိုးအစား သေနတ် ၁ လက်MA2 အမျိုးအစား သေနတ် ၂ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက် နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ် ၆ တပ်ရင်း၊ လောင်းရှည်တိုက်နယ် ပ.က.ဖ အဖွဲ့၊ ဂန့်ဂေါ ခရိုင် အမှတ် အမှတ် ၃ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း ၊ ကိုဘခက်အဖွဲ့ (စလင်း) နှင့် မကွေးတိုင်း ဒရုန်း တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“နောက်ထပ်ဖမ်းမိတာမျိုးမလဲ မရှိသေးပါဘူး၊ တိုက်ပွဲဖြစ်တာလဲ မရှိသေးပါဘူး။ လောလောဆယ် တော့ နယ်မြေ လုံခြုံရေး ဦးစားပေးလုပ်ဆောင်နေပါတယ်” ဟု လောင်းရှည် PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း တောတွင်း တနေရာ၌ ထွက်ပြေး ပုန်းအောင်းနေသော အကြမ်း ဖက် စစ်သား ၂ ဦးကို မသင်္ကာသဖြင့် ပြည်သူများမှ သွားရောက်စုံစမ်းမေးမြန်းရာ ယင်းစစ်သား ၂ ဦး က ပစ်ခတ်ထွက်ပြေးသဖြင့် ပြည်သူ ၁ ဦးသေနတ်ထိမှန် ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရသည်။", "ယခုအခါ ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်းမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နေပြီး ပြည်သူများအနေဖြင့် မိမိတို့ဒေသပတ်ဝန်းကျင်တွင် လူစိမ်းများတွေ့ရှိပါက အမြန်ဆုံးသတင်း ပေးပို့ကြပါရန် နှိုးဆော်တိုက်တွန်းထားသည်။"]
https://yktnews.com/2023/10/127407/
ကန်ပက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
["ကန်ပက်လက်မြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက် ၆ နာရီခန့် စတင်ကာ နံနက် ၁၁ နာရီအထိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင်စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ကို CDF-Kanpetlet တပ်ဖွဲ့က စစ်ကြောင်း ၅ ကြောင်းခွဲကာ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုကိခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိသူ များပြားကာ CDF-Kanpetlet တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ပြည်သူများအနေဖြင့် ကန်ပက်လက်မြို့အတွင်း၌ စစ်ရေးတင်းမာနေ၍ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် စစ်တပ်စခန်းနှင့် နီးသောနေရာများတွင် နေထိုင်ခြင်းမပြု ကြရန် CDF-Kanpetlet တပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/114608/
ကန်ပက်လက်မြို့၊ ရန်အောင်စေတီကုန်းအနီး ကင်းစခန်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ကန်ပက်လက်မြို့၊ ရန်အောင်စေတီကုန်းအနီး ကင်းစခန်းကို တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၄", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကန်ပက်လက်မြို့၊ ဒေသအခေါ် ရန်အောင်စေတီကုန်းအနီးရှိ အ ကြမ်းဖက်စစ်တပ်ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။", "ဇူလိုင်လ ၂၂ ရက် နေ့လည် ၃ နာရီခွဲခန့်က အဆိုပါ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(ဂန့်ဂေါခရိုင်) အမှတ် ၁၃ တပ်ရင်းနှင့် CDF မင်းတပ်၊ CDF ကန်ပက်လက် ပူး ပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မ ရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် မကွေးတိုင်းအနောက်ခြမ်းနှင့် ချင်းပြည်နယ်လမ်းပိုင်းများကို စိုးမိုးထိန်းချုပ်ရန် ကြိုးစားဆောင်ရွက်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သား များနှင့် မဟာမိတ် ပူးပေါင်းတပ်များက ကြံ့ကြံ့ခိုင် ရင်ဆိုင်တိုက်ခိုက်နေလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ (စစ်ရုံးချုပ်)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန် ထားသည်။"]
https://yktnews.com/2024/04/158105/
ကန်ပက်လက်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ၊ ထီးလင်းရှိ အထက်ကျော်ရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်
["ကန်ပက်လက်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ၊ ထီးလင်းရှိ အထက်ကျော်ရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်", "ရန်ကုန် ဧပြီ ၁၉", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာ ၃ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဧပြီလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လွီးစုံရွာကို စက်သေနတ်ကြီးများဖြင့် လှည့်ပတ် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး မျက်လုံးအောက် ရှပ်ထိ ဒဏ် ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အောက် ကလေးငယ် ၁ ဦး ခါး၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကောက်ဆောင်းကျေးရွာမှ အသက် ၅၇ နှစ်အရွယ် အရပ်သားပြည်သူ ၁ ဦးသည်လည်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပေါင်ကို ဗုံးစ ထိမှန်ခဲ့ကြောင်းသိရှိရသည်။", "ကန်ပက်လက်မြို့နယ်ရှိ အောက်ကန့်အုပ်စု၊ အုံရွာအနီးဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် အကြမ်းဖက် စစ်သားများ ချရန် ပြင်ဆင်နေစဉ် ချင်းကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စစ်သားများ မချနိုင်ဘဲ ပြန်သွားရပြီးနောက် နာရီပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က အုံကျေးရွာကို ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းဆောင် ၁ လုံး၊ ဝန်ထမ်း အိမ်ရာ ၂ လုံး၊ အရပ်သား ပြည်သူ့နေအိမ် ၂ လုံး ပျက်စီးသွားခဲ့ပြီး ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အုံရွာ အပါအဝင် အနီးဝန်းကျင်ရှိ လွီးစုံရွာ၊ ကောက်ဆောင်းရွာတို့ကိုလည်း လေယာဥ်လေးစီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အုံရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး လွီးစုံကျေးရွာကိုလည်း စက်သေနတ်ကြီးများဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။", "လက်ရှိ အချိန်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အုံရွာ၊ လွီးစုံရွာနှင့် ကောက်ဆောင်းရွာတို့မှ ဒေသ ပြည်သူ ၃၀၀ ဝန်းကျင်သည် ရပ်ရွာထဲကို မပြန်ရဲသေးဘဲ လက်ရှိ အချိန်အထိ တောတောင်ထဲတွင် စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်းသိရှိရသည်။", "အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အထက်ကျော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်နှင့် မွန်းလွဲ ၃ နာရီခန့်တွင် အထက်ကျော်ရွာ မြောက်ဘက် ဂိတ်တဲအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၃ ကြိမ် ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် MI-35 ဖြင့် ၁ ကြိမ်လာရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂိတ်အနီးတွင်ရပ်ထားသောကား ၁ စီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်ပွားတာလည်း မရှိပါဘူး။ ပြည်သူတွေ ထိခိုက်တာလည်း မရှိဘူး။ ကား ၁ စီးတော့ ပျက်စီးသွားတယ်လို့ ကြားသိရတယ်။ ပထမ အကြိမ်က ၁ နာရီဝန်းကျင်လောက် MI-35 ဝဲပြီး ပစ်တာ ဒုတိယ အကြိမ် ကတာ့ ၃ နာရီဝန်းကျင် လာတယ်” ဟု ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/10/188993/
ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ
["ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က သိမ်းပိုက်ရရှိ၊ ပန်ဝါမှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များအပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သော ပန်ဝါမြို့မှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "“လက်နက်ကြီးငယ်က ၅၀၀ ကျော်တယ်။ ခဲယမ်းတွေကတော့ ရေတွက်လို့ကို မကုန်ဘူး။ များချက်က ရက်စက်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "ယနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက လက်ရှိတွင် ကန်ပိုက်တီးမြို့တွင် လက်နက်ခဲယမ်းနှင့်စစ်အင်အားတချို့ ဖြည့်တင်းနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90254/
ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာ စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်၊ စစ်တပ်နှင့်ပျူစောထီများ အထိနာ
["ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာ စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက် ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်၊ စစ်တပ်နှင့်ပျူစောထီများ အထိနာ", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာရှိ ပျူစောထီးနှင့် စစ်တပ်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် စစ်ကူ ပစ်ခတ်ခဲ့ပြီး စစ်တပ်နှင့်ပျူစောထီများ အထိနာနေကြောင်း ကန့်ဘလူလင်းယုန်နီအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။", "မတ်လ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီး စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်း ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။", "“အဲဒီ ချပ်ကြီးရွာက ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးမှာရှိတဲ့ရွာ။ အဲဒီရွာမှာ စစ်ကောင်စီက တပ်စွဲထားသလို ရွာကလည်းပျူရွာလို့လည်းပြောလိုရတယ်။ အဲဒီစစ်စခန်းကို ပြည်သူကာကွယ်ရေးတွေက ဝင်သိမ်းပြီး သူတိုဘက်ကအကျဆုံးများလို့ Mi-35 ၂ စီးနဲ့ အခုမနက်ခင်း လာပစ်နေတယ်။ နှစ်ဖက် အကျအဆုံးကတော့ လက်တစ်လောမသိရသေးဘူး” ဟု ကန့်ဘလူလင်းယုန်နီအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။", "လက်ရှိ ချပ်ကြီးရွာ စစ်ဆင်ရေးကို မဟာမိတ် တပ်များဖြစ်ကြသည့် KB2ရယ်၊တောညီနောင်အဖွဲ့ အပါအဝင် တပ်ပေါင်းစုက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စစ်ကောင်စီတပ်ကတော့ စစ်ကိုင်းတိုင်းမှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ မြေပြင်မှာ ယှဉ်တိုက်နိုင်စွမ်းမရှိတော့ဘဲ အခု‌လို လေကြောင်းပစ်ကူ အမြဲသုံးနေရတာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2024/09/182549/
ကမာရွတ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် အသွင်းပြောင်း မွေးမြူပြီးနောက် ခိုးမှု၊ ဖောက်ထွင်းမှု နှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာ
["ကမာရွတ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် အသွင်းပြောင်း မွေးမြူပြီးနောက် ခိုးမှု၊ ဖောက်ထွင်းမှု နှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာ", "ရန်ကုန်၊ စက်တင်ဘာ ၉", "ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးများအဖြစ် အသွင်ပြောင်း မွေးမြူပြီးနောက် ကမာရွတ်မြို့ နယ်တစ်ဝန်းလုံးတွင် ခိုးမှု၊ ဖောက်ထွင်းမှုနှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာကြောင်း ကမာရွတ်မြို့နယ်မှ ပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "ကမာရွတ်မြို့နယ်တွင် ကမာရွတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် စိုးမင်းပိုင်က ဦးဆောင် ၍ လူငယ်များကို ဖမ်းဆီးစစ်ဆေး ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေသကဲ့သို့ စစ်တပ်က သတင်းပေးနှင့် ပျူစောထီးများအဖြစ် မွေးမြူထားသော သူခိုး၊ လူမိုက်နှင့်ထောင်ထွက်များမှာလည်း အုပ်စုဖွဲ့၍ ရာဇဝတ်မှုများ ကျူး လွန်နေကြောင်း၊ အထူးသဖြင့် ကမာရွတ်တစ်မြို့နယ်လုံးတွင် ခိုးမှုနှင့် ဖောက် ထွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၃ ရက်နေ့နှင့် စက်တင်ဘာလ ၄ ရက်နေ့တို့တွင် ကမာရွတ်မြို့နယ်၊ ဇောတိကလမ်းထဲတွင် ကားများ သော့ဖျက်၍ ပစ္စည်းခိုးခံရပြီး အုပ်စုဖွဲ့၍ ခိုးမှုများ ကျူးလွန်နေကြောင်း၊ ရဲစခန်းသို့တိုင်ကြားသော်လည်း အကြောင်း မထူးဘဲ ခိုးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။", "“အခုရက်ပိုင်း ညအချိန်တွေ ကမာရွတ် ၄ ရပ်ကွက်ထဲမှာ သူခိုးတွေ အရမ်း သောင်းကျန်းနေပါတယ်။ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက် ညပိုင်းတွေမှာ ကားတွေကို သော့ဖျက်ပြီး ပစ္စည်းခိုးတာတွေ ‘ဆက်တိုက်’ ဖြစ်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် သူခိုးတွေဟာ ရပ်ကွက် တစ်ခုထဲမှာ ခိုးမှု ကျူးလွန်ပြီးရင် နောက်တစ်နေ့မှာ ပြန်လာလေ့ မရှိပါဘူး။ ဒါက ယေဘုယျ ကျပါတယ်။ ရပ်ကွက်ထဲက လူတွေက သတိရှိသွားတော့ အဖမ်းခံရနိုင်ခြေ ပိုများတာမို့ပါ။ ဒါပေမဲ့ ၄ ရပ်ကွက်မှာ သောင်းကျန်းနေတဲ့ သူခိုးတွေကတော့ ညတိုင်း တူညီတဲ့ ဧရိယာမှာပဲ လှုပ်ရှားနေတာပါ။ အဓိပ္ပါယ်ကတော့ သူတို့အတွက် ဒီနယ်မြေဟာ မီးသေတယ်၊ အေးဆေးပဲ၊ ဘာကိုမှ ဂရုစိုက်စရာ မလိုဘူးလို့ တထစ်ချ ယုံကြည်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့အတူ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန်အိမ်ရာတွင်လည်း တိုက်ခန်းများ ဖောက်ထွင်းခံရခြင်း၊ ရေမော်တာ၊ စက်ဘီးနှင့် အိမ်များ ဖောက်ထွင်းခံရခြင်း၊ ကမာရွတ်ခုံးကျော်တံတားပေါ်တွင် ညအချိန် ဖုန်းလုခံရခြင်း၊ အိတ်လုခံရခြင်းများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "“ကမာရွတ်ရဲစခန်းနဲ့အနီးဆုံး ပြည်ရိပ်မွန်အိမ်ရာမှာဆိုရင် ရေမော်တာတွေ ဖြုတ်အခိုးခံရတယ်။ စက်ဘီးတွေ ပျောက်တယ်။ ကမာရွတ်ခုံးကျော်တံတားဆိုတာက တံတားအဆင်းမှာ ရဲစခန်းရှိတယ်။ အဲဒီမှာ ခုံးကျော်တံတားပေါ်မှာ ညပိုင်း ဖုန်းအလုခံရတယ်။ အိတ်အလုခံရတယ်။ လူငယ်တွေဆိုရင် အရိုက်ခံရပြီး ပိုက်ဆံအိတ်အလုခံရတယ်။ အဲဒီလိုတွေဖြစ်နေတာ။ ဘာကြောင့်လဲမေးရင် ထောင်ထွက်၊ သူခိုးနဲ့ လူမိုက်တွေကို ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးတွေ ပြန်ခန့်ထားတော့ အဲဒီလိုတွေ လက်ရဲဇက်ရဲ ဖြစ်နေတာ။ အဲဒီတံတားပေါ်မှာ ရိုက်အလုခံရလို့ ကျနော်တို့ ဆေးရုံပို့ပေးရတာတင် လူနာတွေ ၇ ဦး၊ ၈ ဦးရှိတယ်။ အရင်လက “ဟု ကမာရွတ်မြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းမှ ပရိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။", "ထို့ပြင် စစ်တပ်ကလည်း လူမိုက်၊ ထောင်ထွက်နှင့် သူခိုးများကို ကမာရွတ်မြို့နယ်ရပ်ကွက်များအတွင်း နိုင်ငံရေးလှုပ်ရှားသူများ၏ သတင်း၊ PDF ရဲဘော်များ သတင်းရရှိပါက ချက်ချင်းအကြောင်းကြားရန် ခေါ်ယူ အသိပေးထားပြီး ယင်းသို့ သတင်းပေးရန်အတွက် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုများကို မျက်ကွယ်ပြုထားကြောင်း သိရှိရသည်။", "” အခု စစ်တပ်သတင်းပေး လူမိုက်တွေ၊ သူခိုးတွေနဲ့ ထောင်ထွက်တွေက ချဲရောင်း၊ မူးယစ်ဆေးရောင်းလို့ရတယ်။ ရိုက်မှု၊ ခိုးမှု ၊ လုယက်မှုလောက်ကတော့ စစ်တပ်ကလည်း အရေးမလုပ်ဘူး။ ရဲတွေကလည်း မဖမ်းဘူး။ အဲဒီ ပျူစောထီးတွေကပဲ သူတို့ မကျေနပ်တဲ့လူတွေဆိုရင် PDF ဆိုပြီး ရဲစခန်းကို ညှောင့်၊ စစ်တပ်ကို ညှောင့်ပြီး အများပြည်သူကိုလည်း ဒုက္ခပေးကြတယ်။ ရပ်ကွက်ထဲမှာ သူခိုး၊ ထောင်ထွက်၊ လူမိုက် ပျူစောထီးတွေကို အဓိကကြောက်နေရတယ်” ဟု ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။", "စစ်ကောင်စီတပ်နှင့်ရဲစခန်းက မွေးမြူထားသော ပျူစောထီးခေါ် ရာဇဝတ်မှု ကျူးလွန်သော နောက်ခံသမိုင်းကြောင်းရှိသူများသည် လက်ရှိတွင် လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင် စီးခွင့်ရရှိထားပြီး သေနတ်နှင့် လက်ထိပ်များကိုလည်း ကိုင်ဆောင်ခွင့်ရရှိနေကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်က ကမာရွတ်မြို့နယ်မှ ထောင်ထွက်၊ သူခိုးနှင့်လူမိုက်များကို ပျူစောထီးအဖွဲ့ဝင်များ ခေါ်ယူ၍ ဂုဏ်ပြုပွဲ လုပ်ပေးနေစဉ်။"]
https://yktnews.com/2023/10/124850/
ကမာရွတ်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ဝင် ၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
["ကမာရွတ်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့ဝင် ၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၂", "ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ စစ်ကောင်စီအဖွဲ့ဝင် ၀ဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်ကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) အဖွဲ့က ပြောဆိုသည်။", "အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီ ၂၆ မိနစ်အချိန် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့ နယ်၊ အောင်မြေသာစည် အိမ်ရာ အတွင်းရှိ ၀ဏ္ဏမောင်လွင်၏ သားဖြစ်သူ နေအိမ်ကို စစ်ဆင်ရေး မဟာမိတ်အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“ကမာရွတ်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ဝက်နွားမောင်လွင် အမျိုး လား၊ သား လားမသိတဲ့အိမ်ရှေ့ ဗုံးပေါက်လို့ အင်တိုက်အားတိုက်ရှာဖွေသွားတယ်။ ဗုံးပေါက်တာက မနေ့ည ၉ နာရီမခွဲခင်။ အဲဒါ စစ်ခွေးတွေက မနေ့ည ၁၀ နာရီ ၄၀ မိနစ်အချိန်မှာ အုံပြီး ဝိုင်းထားခဲ့တာ”ဟု ရပ်ကွက်နေပြည်သူ တစ်ဦးက ပြောဆိုသည်။", "တိုက်ခိုက်ရခြင်း အကြောင်းအရင်းမှာ အကြမ်းဖက် စစ်ကောင်စီ၏ သားဖြစ်သူ နေအိမ်ဖြစ်ခြင်း၊ အကြမ်းဖက်မှု အသုံးစရိတ်များ၊ နိုင်ငံခြားစီးပွားရေးများကို ခရိုနီများနှင့် ပူးပေါင်းပြီး အကျိုးအမြတ် ရှာဖွေ ပေးနေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ယမန်နေ့ည ၉ နာရီ ၃၀ မိနစ်အချိန် မြောက်ဒဂုံမြို့နယ်၊ ထားဝယ် ချောင် နယ်မြေရဲစခန်းကို U.S.O မဟာမိတ်တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၀ဏ္ဏမောင်လွင် မိသားစုများ။"]
https://yktnews.com/2022/12/75861/
ကမာရွတ်မြို့နယ်၊ စာရင်းစစ်ရုံးကို ဗုံးပစ်တိုက်ခိုက်
["ကမာရွတ်မြို့နယ်၊ စာရင်းစစ်ရုံးကို ဗုံးပစ်တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ဆီစက်လမ်းရှိ မြို့နယ်စာရင်းစစ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ကာ ဖောက် ခွဲကာ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ဒီဇင်ဘာလ ၂၃ ရက်​နေ့ မွန်းလွဲ ၁ နာရီဝန်း ကျင် အချိန် အ ကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ကမာရွတ်မြို့နယ်စာရင်းစစ်ရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေ မသိရသေးကြောင်း Freeland Attack Force က ထုတ်ပြန်ထားသည်။", "“ကမာရွတ်ဘက်မှာ အစစ်အ​ဆေး​တွေတအားများတယ်။ စစ်သားနဲ့ရဲ​တွေလည်း ပတ်​နေကြတယ်။ ဗုံးကွဲတာ​တော့ မသိလိုက်ဘူး။ လုံခြုံ​ရေး​တော့ တအား များတယ်” ဟု ကမာရွတ်​မှ ပြည်သူတစ်ဦးက ​ပြောသည်။", "ဗုံးပစ်တိုက်ခိုက်မှုကို Freeland Attack Force ၊ Emerald Girl Army (EGA) ၊ Revolution of 21 Century အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက် ကျားတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသောနေရာများ၊ ၎င်းတို့နေထိုင်ရာ ရုံးများ၊ အကြမ်းဖက်စစ်သားများ၊ ထောက်တိုင်များနှင့် ဝေးကွာစွာ ရှောင်ရှားသွား လာနေထိုင်ပေးကြပါရန် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များက ထုတ်ပြန်သတိပေးထားသည်။"]
https://yktnews.com/2025/04/211771/
ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["ကမာရွတ်မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ ဧပြီ ၁၉", "ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင် စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Operation Flame (OF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီ ၅၇ မိနစ်ခန့်တွင် ကမာရွတ်မြို့နယ်၊ မြို့မရဲစခန်းကို တော်လှန်ရေး ရဲဘော်များက လက် ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း မြေပြင် အခြေအနေ အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“ကမာရွတ် ရဲစခန်း ရဲခွေးကင်းကို လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်မှု ရှိနိုင်ပါတယ်” ဟု Operation Flame (OF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Operation Flame (OF) နှင့် မဟာမိတ် Yangon UG People Army – YUPA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/184356/
ကမ္ဘာကြီးနှင့် ရေဘေး ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ၏ အသိအမှတ်ပြုမှုနှင့် တရားဝင် အစိုးရ ဖြစ်မှုကို သက်သေထူကြရန် အကြမ်းဖက် မင်းအောင်လှိုင်ညွှန်ကြား
["ကမ္ဘာကြီးနှင့် ရေဘေး ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာ ၏ အသိအမှတ်ပြုမှုနှင့် တရားဝင် အစိုးရ ဖြစ်မှုကို သက်သေထူကြရန် အကြမ်းဖက် မင်းအောင်လှိုင်ညွှန်ကြား", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေကြီးရေလျှံမှုကြောင့် ပြည်ပ နိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ကြခြင်းဖြင့် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံကြီးများ၊ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုနှင့် တရားဝင် အစိုးရဖြစ်မှုကို သက်သေ ပြသနိုင်သည်ဟုပြောဆိုညွှန်ကြားထားကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် ရာဂီမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများကို အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံကလည်း ရင်ဆိုင်ကြုံတွေ့ရကြောင်း၊ ထိုသို့ ကြုံတွေ့ရမှုအတွက် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက် ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် မြန်မာနိုင်ငံတွင် လက်ရှိ အုပ်ချုပ်နေသော အစိုးရမှာ မိမိတို့အစိုးရဖြစ်ပြီး မိမိတို့နှင့်သာ ချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် ရေဘေး ကူညီရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့သည်သာ တရားဝင်အစိုးရဖြစ်သဖြင့် ကူညီကယ်ဆယ်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အသိအမှတ်ပြုမှုနှင့် တရားဝင်မှုကို ရယူနိုင်သည့်သဘောဖြစ်သည်ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "“တပ်ချုပ်ပြောတဲ့အထဲမှာ နိုင်ငံတကာကို အကူအညီပေးရေးကိစ္စတွေ ချိတ်ဆက်ဆောင်ရွက်ရမယ်။ ဒီလို ဆောင်ရွက်တာက ပြည်သူတွေအတွက် အကူအညီတွေ ရမှာဖြစ်သလို တစ်ဖက်မှာလည်း ဘယ်သူက တရားဝင်အစိုးရဖြစ်တာကို ပေါ်လွင်စေတဲ့ သက်သေပြမှုဖြစ်တယ်ပေါ့။ အဲဒီသဘောမျိုး ထည့်သွင်းပြောကြားတယ်။ နိုင်ငံတကာအကူအညီတွေကလည်း လေဆိပ်တွေကနေတစ်ဆင့်ပဲ လက်ခံပြီး ဆောင်ရွက်ပေးနေတယ်ပေါ့။ မြန်မြန်ဆန်ဆန်နဲ့ အခက်အခဲမရှိ လက်ခံဆောင်ရွက်ပေးကြဖို့ တပ်ချုက်ဘက်က ညွှန်ကြားတယ်”ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်မင်းအောင်လှိုင်က ထိုသို့ ပြောဆိုညွှန်ကြားနေချိန် တပ်လော်ဘီများကလည်း တယ်လီဂရန်ချန်နယ်များမှတစ်ဆင့် NUG သည် လေလှိုင်းအစိုးရသာဖြစ်ပြီး လက်တွေ့ ရေဘေးကယ်ဆယ်ရေး ကို စစ်တပ်နှင့် စစ်ကောင်စီကသာ အဓိက အကူအညီပေးနိုင်သည်ဆိုသော ဝါဒဖြန့်မှုများကို တောက်လျှောက်ဆိုသလို နေ့စဉ် နေ့တိုင်း ဝါဒဖြန့်လျက်ရှိသည်။", "မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၉ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ရာဂီမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းများကြောင့် မိုးသည်း ထန်စွာ ရွာသွန်းခဲ့ပြီး မြို့နယ်ပေါင်း ၆၀ ကျော်တွင် ပျက်စီးမှုများ ကြုံတွေ့ခဲ့ကာ လူပေါင်း ၃၀၀ ကျော် သေဆုံးပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/125221/
ကမ္ဘာတွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက အင်တာနက် လွတ်လွပ်ခွင့် အပေါ် ဖိနှိပ်ချိုးဖောက်နေသော ဒုတိယ အဆိုးဝါးဆုံး နိုင်ငံ ဖြစ်လာ၊ မြန်မာ စစ်တပ်က မိုဘိုင်းလ်ဖုန်းနှင့်အင်တာနက် အသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်
["ကမ္ဘာတွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက အင်တာနက် လွတ်လွပ်ခွင့် အပေါ် ဖိနှိပ်ချိုးဖောက်နေသော ဒုတိယ အဆိုးဝါးဆုံး နိုင်ငံ ဖြစ်လာ၊ မြန်မာ စစ်တပ်က မိုဘိုင်းလ်ဖုန်းနှင့်အင်တာနက် အသုံးပြုမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်", "ရန်ကုန်၊ အောက်တိုဘာ ၅", "ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံက အင်တာနက် လွတ်လပ်ခွင့် အပေါ် ဖိနှိပ်နေသော ဒုတိယအဆိုးဝါးဆုံးနိုင်ငံတစ်ခုဖြစ်လာကြောင်း အမေရိ ကန် Freedom House အဖွဲ့က ယမန်နေ့ ထုတ်ပြန်လိုက်သော အစီရင်ခံ စာအရ သိရှိရသည်။", "အစီရင်ခံစာအရ တရုတ်နိုင်ငံသည် အမှတ် ၁၀၀ တွင် ရမှတ် ၉ မှတ်ဖြင့် ပထမ အင်တာနက် လွတ်လပ်ခွင့်အပေါ် အချိုးဖောက်ဆုံးသော နိုင်ငံအဖြစ် လည်း ကောင်း၊ မြန်မာနိုင်ငံက ရမှတ် ၁၀ မှတ်ဖြင့် ဒုတိယ၊ အီရန်က ရမှတ် ၁၁ မှတ် ဖြင့် တတိယ၊ ကျူးဘားက ရမှတ် ၂၀ ဖြင့် နံပါတ် ၄ ၊ ရုရှားက ရမှတ် ၂၁ မှတ် ဖြင့် နံပါတ် ၅ ၊ ဗီယက်နမ်က ရမှတ် ၂၂ မှတ်ဖြင့် နံပါတ် ၆ နိုင်ငံများအဖြစ် အသီးသီး ရပ်တည် လျက်ရှိသည်။", "မြန်မာနိုင်ငံသည် ယမန်နှစ်က ရမှတ် ၁၂ မှတ် ရရှိခဲ့သော်လည်း ယခုနှစ်တွင် အင်တာနက် လွတ်လပ်ခွင့် ထပ်မံကျဆင်းကာ ရမှတ် ၁၀ မှတ်ဖြင့် ကမ္ဘာတွင် ဒုတိယ အင်တာနက်လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံဖြစ်လာခြင်းဖြစ်သည်။", "အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်း ခဲ့ ပြီးနောက် ပြည်တွင်း မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှင့် အင်တာနက်လိုင်းများကို ဖြတ် တောက်ခြင်း၊ အင်တာနက် အွန်လိုင်းအသုံးပြုသူများအနက်မှ စစ်တပ်ကို ဝေဖန်နေသူများ၊ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။", "စစ်တပ်သည် အာဏာဖီဆန်မှုနှင့် လက်နက်ကိုင် တော်လှန်ရေးများ လွှမ်းခြုံ ထားသည့် ကာလများအတွင်း အင်တာနက် လွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ်နေ ကြောင်း၊ ဒေသအလိုက် အင်တာနက်ပိတ်ခြင်း၊ အင်တာနက် အသုံးပြု ခ ဒေတာဈေးတက်ခြင်း၊ စစ်တပ်ကို ဆန့်ကျင်သူသော အရေးအသား အွန်လိုင်း တွင် ရေးသားသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်း၊ ဖုန်းနှင့် အင်တာ နက် အသုံးပြုသူများကို မှတ်ပုံတင်ခိုင်းခြင်း အပါအဝင် တင်းကျပ် သောစည်း မျဉ်းများဖြင့် ထိန်းချုပ်ခြင်း၊ ဆင်ဆာဖြတ်ခြင်းနှင့် စောင့်ကြည့်ခြင်းတို့ကို စစ်တပ်က လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် နိုင်ငံခြားပိုင် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသော Telenor နှင့် Ooredoo တို့သည် ၎င်းတို့၏မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း များကို ပြည်တွင်းကုမ္ပဏီများထံသို့ ရောင်းချ ထွက်ခွာသွားပြီးနောက်တွင် ဆက်သွယ်ရေး ဝန်ဆောင်မှု အားလုံးသည် စစ်တပ် ၏ထိန်းချုပ်မှု အောက် ရောက်ရှိ စောင့်ကြည့်ခံနေရကြောင်း သိရှိရသည်။", "စစ်တပ်က ပိတ်ပင်ထားသော Website ၁၅၀၀ ခန့်မှာလည်း ဆက်လက် ပိတ်ပင် ခံထားရဆဲဖြစ်ကြောင်း၊ ပြည်သူအများစုမှာ VPN ခေါ် ကျော်လွှားရ သည့် နည်းပညာများအသုံးပြုနေရကြောင်း၊ အွန်လိုင်းတွင် စစ်တပ်ဆန့် ကျင်ရေး ရေးသားသည့် အင်တာနက်အသုံးပြုသူ အများအပြားသည် ၎င်းတို့၏ အွန်လိုင်းလှုပ်ရှားမှုများအတွက် စစ်ခုံရုံးများက ဖမ်းဆီး နှစ်ရှည်ထောင် ဒဏ်များ ချမှတ်ခဲ့သည့်အပြင် တချို့ အမှုများတွင် သေဒဏ်ပေးမှုများ ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/193081/
ကမ္ဘာတွင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက စံချိန်တင်၊ စစ်တပ်က မသန်စွမ်းသူများကိုပါ အရှိန်မြှင့်တိုက်ခိုက်နေ
["ကမ္ဘာတွင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက စံချိန်တင်၊ စစ်တပ်က မသန်စွမ်းသူများကိုပါအရှိန်မြှင့်တိုက်ခိုက်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ကမ္ဘာတွင် မြေမြှပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက စံချိန်တင်သွားပြီး အကြမ်းဖက် စစ်တပ်က မသန်စွမ်းသူများကိုပါ အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်ကြောင့် အသေအပျောက်အများဆုံးနိုင်ငံဖြစ်လာပြီး ၂၀၂၃ ခုနှစ် တစ်နှစ်တည်းတွင် သေဆုံးသူ ၁၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါသေဆုံးမှုနှုန်းသည် အခြားနိုင်ငံများအားလုံးထက် သာလွန်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာအရ သိရှိရသည်။", "အဆိုပါ သေဆုံးမှု ကိန်းဂဏန်းများသည် အလွန်ကြီးမားသော အကျပ်အတည်း၏ အပေါ်ယံသာဖြစ်ပြီး မြန်မာစစ်အာဏာရှင်က မသန်စွမ်းသူများအပါအဝင် အရပ်သားများအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း လူ့အခွင့် အရေးလှုပ်ရှားသူများနှင့် ကျွမ်းကျင်သူများက သတိပေးသည်။", "“ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်စစ်ကို ဖြိုခွင်းဖို့ စစ်ကောင်စီက မြေမြှုပ်မိုင်းအသုံးပြုမှုကို နှစ်ဆ သုံးနေတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews နှင့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Heba Hagrass တို့က ပြောကြားသည်။", "စစ်တပ်က အရပ်သားများကို စစ်ကြောင်းများရှေ့တွင် မိုင်းကွင်းများဖြတ်၍ သွားလာခိုင်းခြင်း၊ မိုင်းထိသူများကို ဆေးကုသမှုနှင့် ခြေတုလက်တုကဲ့သို့သော အသက်ကယ်ပစ္စည်းများ အသုံးပြုခွင့်မရန် စနစ်တကျ ပိတ်ပင်ခြင်းတို့မှာ ဆိုးရွားသောချိုးဖောက်မှုများဖြစ်ကြောင်း ၎င်းတို့က မီးမောင်းထိုးပြခဲ့သည်။", "စစ်ကောင်စီ၏ ထိုသို့သော လုပ်ရပ်များက မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၁၁ နှင့် စစ်ပွဲအတွင်း မသန်စွမ်းသူများကို အကာအကွယ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၄၇၅ အပါအဝင် နိုင်ငံတကာဥပဒေများနှင့် လုံးဝဆန့်ကျင်ကြောင်း ၎င်းတို့က အလေးပေးပြောကြားခဲ့သည်။", "မြန်မာနိုင်ငံမှ ကလေးများသည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များ ၏ သက်ရောက်မှုဒဏ်ကို အများဆုံးခံနေရကြောင်း၊ ၂၀၂၃ ခုနှစ် အစောပိုင်းက ထုတ်ပြန် ခဲ့သော UNICEF ၏ အချက်အလက် အရ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များကြောင့် သေဆုံးရသည့် အရပ်သား ၁၀၅၂ ဦး၏ ၂၀ ရာခိုင်နှုန်း ကျော်မှာ ကလေးငယ် များ ဖြစ်ကြောင်း ၊ လက်ရှိ အခြေအနေမှာ ၂၀၂၂ ခုနှစ် ထက်ပို၍ သေဆုံးမှုနှုန်း မြင့်တက်လာပြီး ဖြစ်စဉ် ၃၉၀ ခုရှိကြောင်း၊ ကလေးများသည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော လက်နက်များ (UXO) တို့၏ အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ မြေမြုပ်မိုင်းများကို အိမ်များ၊ ကျောင်းများ၊ ကစားကွင်းများနှင့် လယ်ယာလုပ်ငန်းခွင်များတွင် ခွဲခြားခြင်းမရှိဘဲ မိုင်းထောင်ခြင်းက ကလေးငယ်များအတွက် အန္တရာယ်ဖြစ်စေ ကြောင်း ကျွမ်းကျင်သူများက ထောက်ပြထားသည်။", "မြေမြှုပ်မိုင်းဒဏ်ခံရသူများအတွက် အကျိုးဆက်များမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်းထက် ပိုမိုများပြားကြောင်း၊ အသက်အန္တရာယ်နှင့် ရုန်းကန်နေချိန် စစ်ကောင်စီ၏ အနိုင်ကျင့် ဖမ်းဆီးခံရမည့် အရေး ကိုလည်း စိုးရိမ်ကြောင်း၊ စစ်ကောင်စီက မြေမြှုပ်မိုင်းထိသူများကို ဖမ်းဆီး အနိုင်ကျင့်မှုများမှာ ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ မြေမြုပ်မိုင်းကြောင့် ခြေလက်များ ဆုံးရှုံးခြင်းကို ပြစ်မှုကျူးလွန်မှု၏ သက်သေအဖြစ် စစ်ကောင်စီက အသုံးပြုနေကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြသည်။", "ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက စစ်ကောင်စီ၏ ပြည်သူများအပေါ် တိုက်ခိုက်နေသော လုပ်ရပ်များကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အရေးယူရန်လည်း တိုက်တွန်းနှိုးဆော်သည်။", "Photo- UNICEF ။"]
https://yktnews.com/2025/02/204917/
ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာဟု ကုလသမဂ္ဂက သတိပေး
["ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာဟု ကုလသမဂ္ဂက သတိပေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "ကမ္ဘာတွင် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်လာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)က သတိပေးထုတ်ပြန်သည်။", "မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ အရေအတွက်မှာ ကမ္ဘာတွင် အများဆုံးဖြစ်လာကြောင်း၊ အရှိန်မြင့်လာသည့် ပဋိပက္ခ၏ ရလာဒ်အဖြစ် မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်များကြောင့် သေဆုံးသူ ဦးရေမှာ ထိခိုက်မှု ပြင်းထန်သော အခြားနိုင်ငံများထက် ကျော်လွန်ကာ ကမ္ဘာ့အများဆုံး ဖြစ်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထောက်ပြသည်။", "ထို့ပြင် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာ မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းကျော် စံချိန်တင်ကာ အရပ်သား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများမြင့်တက်လာခြင်းတို့နှင့်အတူ ဖြစ်ပွားဆဲ ပဋိပက္ခများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များဖြင့်ဆက်လက်ရုန်းကန်နေရဆဲဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြား (အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်း) ၌ တပ်မတော်နှင့် လက်နက်ကိုင် အင်အားစု အမျိုးမျိုး အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ကုလသမဂ္ဂက ထောက်ပြသည်။", "မြန်မာနိုင်ငံမှ အရပ်သားပြည်သူများမှာ ကျယ်ပြန့်သည့် ပဋိပက္ခများအပြင် ဘေးအန္တရာယ်များ၊ ရောဂါများ၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ငွေကြေးဖောင်းပွမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်းနှင့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများ ပုံမှန်မရရှိခြင်းများ အပါအဝင် အကျပ်အတည်းမျိုးစုံကို တပြိုင်နက်တည်း ရင်ဆိုင်နေရကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ပုံမှန်မရချိန်တွင် လူဦးရေ ၁၅ သန်းကျော်သည် စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်နေရပြီးသန်းပေါင်းများစွာသောပြည်သူများသည် ဘေးကင်းလုံခြုံသော မှီခိုရာနေရာ သို့မဟုတ် သောက်သုံးရေ မရရှိဘဲ နေထိုင်နေကြရကြောင်း သိရှိရသည်။", "ကုလသမဂ္ဂက ရန်ပုံငွေရရှိမှု မလုံလောက်ခြင်းနှင့် အခြားအခက်အခဲများကြားမှပင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များက ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၄ ဒသမ ၂ သန်းအား အကူအညီပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်ရေး အစီအစဉ်အရ လူမှုဂရုဏာလုပ်သားများက လူဦးရေ ၅ ဒသမ ၅ သန်းကို လူမှုဘ၀ကယ်ဆယ်ရေး အကူအညီများ ပေးနိုင်ရန် ရည်မှန်းထားပြီး ယင်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ လိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/08/118709/
ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်များ ရောင်းချသည့်ကုမ္ပဏီ H&M က မြန်မာ နိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း တရားဝင် ကြေညာ
["ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်များ ရောင်းချသည့်ကုမ္ပဏီ H&M က မြန်မာ နိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း တရားဝင် ကြေညာ", "ရန်ကုန်၊ ဩဂုတ် ၁၈", "ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်အထည်များ ရောင်းချသည့်ကုမ္ပဏီ H&M က မြန်မာနိုင်ငံမှ ၎င်း၏ လုပ်ငန်းများကို တဖြည်းဖြည်း ထွက်ခွာမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၇ ရက်နေ့တွင် ရိုက်တာသတင်းဌာနသို့ တရားဝင် ပြောဆို ကြေ ညာလိုက် သည်။", "မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်နေချိန် အထည်ချုပ် စက်ရုံ များတွင် ကျူးလွန်ဖြစ်ပွားနေသော အလုပ်သမားအခွင့်အရေးချိုးဖောက် ခေါင်းပုံဖြတ်မှုများနှင့် ဖိနှိပ်မှုများကြောင့် H&M သည် မြန်မာနိုင်ငံမှ ထွက် ခွာရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အလုပ်သမားအခွင့် အရေး ချိုး ဖောက်မှု ၂၀ ကို စုံစမ်းနေကြောင်း၊ H&M သည် မြန်မာနိုင်ငံမှ ထွက်ခွာ မည့် နောက်ဆုံးဖက်ရှင် အထည်လုပ်ငန်းအမှတ်တံဆိပ် ဖြစ်လာပြီး ရှေ့တွင် Zara ၏ Inditex (ITX.MC)၊ Primark (ABF.L)၊ Marks & Spencer (MKS.L) အပါအဝင် နိုင်ငံခြားကုမ္ပဏီကြီးများက မြန်မာနိုင်ငံမှ အသီးသီး ထွက်ခွာခဲ့ကြ ပြီးဖြစ်သည်။", "“သေချာစဉ်းစားပြီးမှ မြန်မာနိုင်ငံမှာ ကျနော်တို့ရဲ့ လုပ်ငန်းတွေကို တဖြည်း ဖြည်း ချင်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ မြန်မာနိုင်ငံမှာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ရဲ့ စံချိန်စံညွှန်းနဲ့ လိုအပ်ချက်တွေနဲ့အညီ လုပ်ငန်း ဆောင်ရွက်ဖို့ စိန်ခေါ်မှုတွေ တိုးလေနေတာကို တွေ့ရပါတယ်” ဟု H&M က Reuters သို့ ပြောဆိုလိုက်သည်။"]
https://yktnews.com/2024/05/164405/
ကမ္ဘာ့ရွှေစျေးကျသော်လည်း မြန်မာ့ရွှေစျေး ကျဆင်းခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၂ သိန်း ၃ သောင်းဖြင့် စံချိန်တင် စျေးထပ်တက်ပြန်
["ကမ္ဘာ့ရွှေစျေးကျသော်လည်း မြန်မာ့ရွှေစျေး ကျဆင်းခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၂ သိန်း ၃ သောင်းဖြင့် စံချိန်တင် စျေးထပ်တက်ပြန်", "မြန်မာကျပ်ငွေတန်ဖိုး ထိုးကျမှု ထိန်းမနိုင်သိမ်းမရ", "ရန်ကုန်၊ မေ ၂၅", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာ့ရွှေစျေးနှုန်းမှာ ထပ်မံ၍ စံချိန်တင်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၃ သောင်းကျပ်အထိစံချိန်တင် ထပ်မံမြင့်တက်ခဲ့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။", "မေလ ၂၄ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးသည် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၃၇ စျေးရှိပြီး စံချိန်တင် စျေးနှုန်းမှ ပြန်လည် ကျဆင်းလာကြောင်း၊ သို့ရာတွင် ကမ္ဘာ့ရွှေစျေးကျဆင်းသော်လည်း မြန်မာ့ရွှေစျေးမှာ ကျဆင်းခြင်းမရှိဘဲ စံချိန်တင် မြင့်တက်ရခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ မေလ ၂၄ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၃ သောင်းကျပ်ဖြင့် စျေးပိတ်ခဲ့ကြောင်း သိရှိရသည်။", "ယမန်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၃၀ ကျပ်နှင့် ၄၂၀၀ အကြား ညှိနှိုင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့်မားနေသည့်အတွက် မြန်မာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးစျေးကွက်တွင် ရွှေကုန်သည်အများစု အရောင်းအဝယ် အနည်းသာလုပ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီး စစ်ဆေးမေးမြန်းမှုကို တိမ်းရှောင်နေကြကြောင်း သိရှိရသည်။", "“ကမ္ဘာ့ရွှေစျေးကျလည်း မြန်မာ့ရွှေစျေးက အရွက်စျေး (အမေရိကန်ဒေါ်လာ) မာတော့ စံချိန်တင် ပြန်တက်တယ်။ အခု စသုံးလုံးနဲ့ စရဖ ကြောက်တာနဲ့ ရန်ကုန်၊ မန္တလေး ရွှေကုန်သည်တချို့တော့ စျေးကွက်လည်း မလာဘူး။ အရောင်းအဝယ်လည်း ရပ်ထားကြတယ်။ စျေးကတော့ တက်ဦးမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာလည်း ဒေါ်လာ ရှားပါးမှုက ဖြစ်နေပြီ။ နယ်စပ်ကုန်သွယ်ရေးတွေလည်းရပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း မဝင်ဆိုတော့ ကြာလေ၊ ကြာလေ ဒေါ်လာ ရှားလာလေပေါ့။ မြန်မာကျပ်ငွေ တန်ဖိုးထိုးကျတာကလည်း ထိန်းမနိုင် သိမ်းမရဖြစ်နေတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။"]
https://yktnews.com/2024/05/163226/
ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ စျေးမြင့်တက်
["ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်မှုကြောင့် မြန်မာ့ရွှေစျေး ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ စျေးမြင့်တက်", "ရန်ကုန်၊ မေ ၁၉", "ကမ္ဘာ့ရွှေစျေးစံချိန်တင် မြင့်တက်နေမှုကြောင့် မြန်မာ့ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၀ သိန်း ၇ သောင်းအထိ မြင့်တက်လာကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ စုံစမ်းသိရှိရသည်။", "ကမ္ဘာ့ရွှေစျေးနှုန်းသည် ယနေ့ မေလ ၁၉ ရက်နေ့ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၁၉ အထိ စံချိန်ချိုးမြင့်တက်သွားပြီး မြန်မာ့ရွှေစျေးနှုန်းများလည်း ယမန်နေ့ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၀ သိန်း ၇ သောင်းကျပ်ဖြင့် စျေးပိတ်ခဲ့ကြောင်း သိရှိရသည်။", "“မနေ့က စျေးပိတ်တာ မီးလင်းရွှေက သိန်း ၅၀ နဲ့ ၇ သောင်း ပိတ်တယ်။ ဒီနေ့လည်း ထပ်တက်ဖို့ပဲရှိတယ်။ ကမ္ဘာ့ရွှေစျေးကလည်း အရမ်းကိုတက်တာ။ အမေရိကန်ဒေါ်လာ ၂၄၁၉ အထိရှိတယ်။ အဓိက ကမ္ဘာ့ရွှေစျေးက စံချိန်တင် တက်နေတာရယ် အရွက်(အမေရိကန်ဒေါ်လာ) စျေးမာနေတာရယ်ကြောင့် ပြည်တွင်းရွှေစျေး ကျဖို့ မမြင်ဘူး” ဟု လမ်းမတော်မှ ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။", "ထို့ပြင် ပြည်တွင်းစျေးကွက်တွင် မိုးဦးကျကာလ နီးကပ်လာသည့်အတွက် ရွှေထုတ်လုပ်ရေး လုပ်ငန်းအများစု စတင်ရပ်နားနေကြပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် ရွှေထုတ်လုပ်မှုနှင့် ရွှေအဝင်နည်းလာသဖြင့် ရွှေစျေး ပိုမိုမြင့်တက်ရန်သာရှိကြောင်း ၎င်းက ရှင်းပြသည်။", "“မိုးဦးကျဆိုတော့ ရွှေထုတ်လုပ်ရေးတွေ စနားကြပြီ။ မိုးကုန်နှောင်းပိုင်းလောက်မှ ပြန်ပြီးတော့ ရွှေထုတ်လုပ်ရေး တွေစကြမှာ။ အဲဒါကြောင့် ရွှေအဝင်ကတော့ နည်းသွားပြီ။ ရှိနေတဲ့ ရွှေကိုပဲ လည်ပတ်သုံးစွဲရမှာ။ အဝင်နည်းတော့ ရွှေလိုအပ်ချက်နဲ့ ဝယ်လိုအားက မြင့်နေဦးမှာမို့ ရွှေစျေးက အမြင့်ပိုင်းမှာပဲရှိနေမယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။", "ရန်ကုန်မှ ရွှေကုန်သည် ၅ ဦးက လက်ရှိ မြန်မာ့ရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် အနိမ့်ဆုံး ၄၉ သိန်းနှင့် အမြင့်ဆုံး ၅၂ သိန်းအထိ ယခုကာလအတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ အဖမ်းအဆီးများရှိလာလျှင် ရွှေစျေးကွက်ရပ်ဆိုင်းမှုများရှိလာနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။", "အမေရိကန်ဒေါ်လာစျေးနှုန်းမှာမူ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၀၂၀ ကျပ်နှင့် ၄၀၅၀ ကျပ်အကြား စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/193987/
ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ်သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်း
["ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုးရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ်သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန်ကမ်းလှမ်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံရှိ လယ်ယာစိုက်ပျိုး ရေးနှင့် စက်ရုံ၊ အလုပ်ရုံများက အခြေခံ အလုပ်များအတွက် မြန်မာအလုပ် သမား ခေါ်ယူလာပြီး လုပ်ခလစာ သက်သာ၍ မြန်မာများကို စတင်ခေါ်ယူရန် ကမ်းလှမ်းလာကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကမ္ဘောဒီးယားရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများတွင် အခြေခံအလုပ်သမား ရှားပါးမှု ရှိနေပြီး ယင်းအတွက် မြန်မာအလုပ်သမားများကို စတင်ခေါ်ယူလာခြင်းဖြစ်ကြောင်း၊ လတ်တလော ကမ္ဘောဒီးယားရှိ အေဂျင်စီတချို့က မြန်မာနိုင်ငံမှ အလုပ်အကိုင်အေဂျင်စီတချို့နှင့် ချိတ်ဆက်ကာ အလုပ်သမား ခေါ်ယူလာကြောင်း၊ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဝန်ဆောင်ခမှာမူ Zero Cost ဖြစ်ကြောင်း သိရှိရသည်။", "“ကမ္ဘောဒီးယားက အလုပ်သမားခေါ်တဲ့ အေဂျင်စီတချို့က ရန်ကုန်မှာရှိတဲ့ အေဂျင်စီတချို့ကို ချိတ်ဆက်ပြီး လယ်ယာလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ သံချည် သံကွေး လုပ်ငန်းတွေ အတွက် မြန်မာအလုပ်သမားတွေ ခေါ်လာတယ်။ လစာကတော့ တစ်လကို အခြေခံလစာ ဒေါ်လာ ၂၀၀ ကျော်လောက်ထွက်မယ်။ ဝန်ဆောင်ခနဲ့ လေယာဉ်လက်မှတ်က ဟိုဘက်က ကျခံပေးမယ်။ အခုတော့ ၃၀ နဲ့ ၄၀ အကြား စခေါ်နေပြီ” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ရှင်းပြသည်။", "သို့ရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် စစ်ကောင်စီအကြား မြန်မာအလုပ်သမား ခေါ်ယူရေးအတွက် MOU ထိုးထားခြင်းမရှိသေးဘဲ ပုဂ္ဂလိကပုံစံဖြင့်သာ ခေါ်ယူနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော ပြည်ပအလုပ်အကိုင်ကျွမ်းကျင်လုပ်သား သင်တန်းတွင် ကမ္ဘောဒီးယားနိုင်ငံသို့သွားရောက်ကြမည့် မြန်မာနိုင်ငံမှ အလုပ်သမားတချို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။", "လာအိုနိုင်ငံသို့လည်း မြန်မာနိုင်ငံမှ အလုပ်သမားများ လယ်ယာလုပ်ငန်း၊ အထည်ချုပ်နှင့် စက်ရုံအလုပ်ရုံများတွင် သွားရောက် အလုပ်လုပ်ကိုင်သူ အရေအတွက် ၁၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း၊ လာအိုနှင့် စစ်ကောင်စီအကြား အလုပ်သမားပို့ဆောင်ရေး MOU လက်မှတ်ရေးထိုးပြီးနောက် မြန်မာအလုပ်သမားများ အရေအတွက်များစွာဖြင့် လာအိုနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာအလုပ် သမားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/09/181927/
ကမ္မစက်ရုံ ရဲကင်းစခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး
["ကမ္မစက်ရုံ ရဲကင်းစခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေး", "ရန်ကုန်၊ စက်တင်ဘာ ၄", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကမ္မစက်ရုံ ရဲကင်းစခန်းကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း Kamma Regional Revolution Coalition အဖွဲ့က ပြောဆိုသည်။", "ဩဂုတ်လ ၃၁ ရက်နေ့မှ စ၍ ကမ္မ စက်ရုံရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ရဲကင်းစခန်းရှိ စစ်ကောင်စီ တပ်သား အားလုံး စခန်း စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။", "ယင်း ၄ ရက်ဆက် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ကမ္မတပ်ပေါင်းစု၏ Drone အဖွဲ့များ၊ မြိုင်မြိုနယ် ပကဖ ၏ Droneအဖွဲ့များ ၊ ပေါက်မြိုနယ် ပကဖ ၏ Droneအဖွဲ့များ၊ မကွေးတိုင်း Drone Team နှင့် မဟာမိတ် တော်လှန်ရေးအဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ပခုက္ကူမြို့နယ် နယ်မြေ (၂)/ ကမ္မ ဒေသ ပကဖ အနေဖြင့် ပခုက္ကူခရိုင်အတွင်း ကျန်ရှိသည့် စစ်ရေး ပစ်မှတ်များဖြစ်သော အကြမ်းဖက် စစ်ကောင်စီ စခန်းများကို မဟာမိတ် တော်လှန်ရေးအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/166835/
ကမ္မမြို့ ရေနံ ဖြန့်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်
["ကမ္မမြို့ ရေနံ ဖြန့်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဇွန် ၁၀", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရေနံ သဘာဝ ဓာတ်ငွေ့ ဖြန်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦး လက်နက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ ထံမှ သိရသည်။", "ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် ကမ္မမြို့ ရေနံသဘာဝဓါတ်ငွေ့ဖြန်ဝေရေးရုံးမှ ရဲတပ်သား ၁ ဦးသည် BA-93 (U Zi) သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၅၀ တောင့် တို့ယူဆောင်လာပြီး ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အလင်းဝင်လာသော ရဲတပ်သားကို ဂုဏ်ပြုဆုကြေးငွေ ချီးမြှင့်ခဲ့ပြီး ဘေးကင်းရာကို ပို့ဆောင်ထားကြောင်း၊ ဆက်လက်၍ စစ်ကောင်စီ တပ်သားများ အနေဖြင့်လည်း နီးစပ်ရာမှ တစ်ဆင့် ပြည်သူ့ရင်ခွင်လှုံ၍ အမြန်ဆုံးအလင်းဝင်ကြရန် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောဆိုသည်။"]
https://yktnews.com/2025/01/198161/
ကမ္မမြို့တွင် စစ်တပ်၏ နောက်ချန်ကင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး
["ကမ္မမြို့တွင် စစ်တပ်၏ နောက်ချန်ကင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် အကြမ်းဖက် စစ်တပ်၏ နောက်ချန်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကမ္မမြို့ တမာပင်ရွာနှင့် ရိုးယာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း၏ နောက်ချန်ကင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေး စစ်ကြောင်း နောက်ချန်ကင်းကို တိုက်ခိုက်ခဲ့တာပေါ့။ ဧရာဒေါင်း အဖွဲ့က ရဲဘော် ၄ ဦး မစိုရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်။ စစ်ခွေးတွေဘက်ကတော့ ၂ ကောင် မျက်မြင်နေရာတင် လဲကျသေဆုံးတယ်။ နောက်ပါ ၁၀ ကောင်ထက်မနည်း ဒဏ်ရာတယ်လို့ သိရတယ်” ဟု ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို BLY (ပေါက် ပကဖ) နှင့် ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ်တပ်ဖွဲ့ (၅) ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကိ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111421/
ကမ္မမြို့တွင် စျေးဝယ်ထွက်လာသည့် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ
["ကမ္မမြို့တွင် စျေးဝယ်ထွက်လာသည့် ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ ဇူလိုင် ၅", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စျေးဝယ်ထွက်လာသည့် ရဲ ၁ ဦး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း People`s Defense Force – Kamma တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင်", "ကမ္မမြို့ အတွင်း၌ စျေးဝယ်ထွက်လာသည့် ရဲ ၁ ဦးကို ကမ္မမြို့ အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် People`s Defense Force – Kamma တပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "” စျေးဝယ်ထွက်လာတဲ့ ရဲခွေးကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု People`s Defense Force – Kamma တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "သေဆုံးသွားသော ရဲထံမှ G-3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/12/197070/
ကမ္မမြို့ပေါ် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ကမ္မမြို့ပေါ် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "မကွေးတိုင်း၊ ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေ၍ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကမ္မဈေးကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေ၍ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖောက်ထွင်းခိုးယူသွားသော ပစ္စည်းအရေအတွက်နှင့် တန်ဖိုးကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကိုလည်း ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ ခိုးယူသွားတဲ့ ပစ္စည်း အရေအတွက်နဲ့ တန်ဖိုးကို ကျန်တော်တို့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ စစ်ခွေးတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာတော့ရှိတယ်။ စစ်ခွေးသေစာရင်းကို ဆက်လက် အတည်ပြုနေပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကမ္မတပ်ပေါင်းစု အနေဖြင့် မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/12/196953/
ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ
["ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "မကွေးတိုင်း၊ ကမ္မမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဂျစ်ပင်နှင့် ရေလာလေးရွာ၌ တပ်စွဲထးသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကမ္မမြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကမ္မမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် အနီးအနားဝန်းကျင်ရှိ ကျေးရွာ ၁၈ ရွာမှသောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး နေရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“နေအိမ်ပျက်စီးမှု အခြေအနေနဲ့ ပြည်သူတွေ ဖမ်းဆီးခံရမှုရှိမရှိတော့ မသိရသေးရဘူး။ စစ်ခွေးစစ်ကြောင်း ကမ္မမြို့ပေါ်မှာပဲရှိသေးတယ်။ သူတို့ထွက်လာတာက ညောင်ဂျစ်ပင်နဲ့ ရေလာလေးပေါ့ အဲက ထွက်လာတာ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နဲ့ အနီးနာ ကျေးရွာတွေက ရွာပေါင်း ၁၈ ရွာလောက် တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ဒေသနေ သတင်းသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) မှ ကားများဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ဘုတလင်မြို့နယ်၊ ဇီးတော(န)ရွာ ၊ ရွှေချောင်းလည်ရွာ ၊ သရက်တိုရိုးရွာ နှင့် ကံသစ်ရွာတို့မှ ပြည်သူ များနှင့် ခရီးသွားပြည်သူများ ဈေးသည် များကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေခြင်းကြောင်း သိရသည်။", "“ဘုတလင်မြို့တွင်းကို ကားအကြီး ၃ စီး အင်အားအပြည့်နဲ့ ဝင်ရောက်လာပြီး ပြည်သူတွေဖမ်း စစ် ကြောင်းထိုးနေတာ၊ အခုက စစ်ကြောင်းက မငြိမ်သေးဘူး။ ကျီးပင်ချောင်းရွာနားမှာ ကျန်သေးတယ်။ ဘုတလင်မြို့တွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သတင်အချတ်အဆက် မပြတ်ကြဖို့နဲ့ အချိန်မီရှောင် တိမ်းကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေသနေ သတင်းသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်သားများက စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ စစ်ကြောင်း ထိုးနေခြင်းဖြစ်ပြီး မုံရွာ – ဘုတလင်လမ်းပိုင်းကို ခရီးသွားလာခြင်းမပြုကြရန်၊ ကျေးရွာနေ ပြည်သူများ အနေဖြင့်လည်း စစ်ကြောင်းချီတက်လာပါက အချိန်မီရှောင်တိမ်းကြရန်နှင့် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်ကြရန် ဒေသတွင်း အဖွဲ့အစည်းများက သတိပေးချက် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/113360/
ကမ္မမြို့ပေါ်တွင် PDF တပ်ဖွဲ့များ လက်နက်ချရန် စစ်တပ်က ရေးသားထားသော ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်သစ် ပြန်ထောင်
["ကမ္မမြို့ပေါ်တွင် PDF တပ်ဖွဲ့များ လက်နက်ချရန် စစ်တပ်က ရေးသားထားသော ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်သစ် ပြန်ထောင်", "ရန်ကုန်၊ ဇူလိုင် ၁၆", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင် PDF တပ်ဖွဲ့များ လက်နက်ချရန် စစ်တပ်က ရေးသားထားသော ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားများ အလင်းဝင်ရန် ဆိုင်းဘုတ်သစ် ပြန်ထောင်ခဲ့ကြောင်း People’s Defense Force Kamma မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်တွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် တစ်နေရာ၌ People`s Defense Force Kamma အဖွဲ့မှ အကြမ်းဖက် စစ်တပ်မှ စိုက်ထူးထားသည့် PDF တပ်ဖွဲ့များ လက်နက်ချရန် ရေးသားထားသော ဆိုင်းဘုတ်ကို PDF Kamma ရဲဘော်များက မီးရှို့ ရှင်းလင်းခဲ့​ကြောင်း သိရသည်။", "အဆိုပါ ဆိုင်းဘုတ်နေရာ၌ PDF Kamma ရဲဘော်များက “စစ်အာဏာရှင်လက်အောက် ယခုထိ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းအပေါင်းနှင့် ပြည်သူ့စစ် ပြည်သူ့ရဲအပေါင်းတို့ လက်ရှိဖြစ်ပေါ်နေသော အခြေနေအရပ်ရပ်အား မိမိတို့၏ ဆင်ခြင်တုံတရားအသိဥာဏ်ဖြင့် သုံးသပ် ၊ ဆုံးဖြတ်၍ စစ်အာဏာရှင်လက်အောက်မှ အမြန်ရုံးထွက် ပြည်သူ့ဘက်တော်သားအဖြစ် ခံယူလာပါရန်နှင့် ရုန်းထွက်ပူးပေါင်းလာသူများအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ အမြဲကိုဆိုလျက်ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်” အကြမ်းဖက် စစ်သားများ အမြန်ဆုံး အလင်းဝင်ရန် ဆိုင်းဘုတ် ပြန်လည် စိုက်ထူခဲ့ကြောင်း သိရှိရသည်။", "“အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားတဲ့ သတိပေးချက်ကို PDF ရဲဘော်တွေက ဆန့်ကျင်ပြီး စစ်ခွေးတွေကို ပြန်လည် သတိပေးလိုက်တာပါ။ အဲဆိုင်းဘုတ်က ကမ္မမြို့ပေါ်မှာရှိတာ ကမ္မမြို့ စျေး အနီးမှာပါ” ဟု People’s Defense Force Kamma မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/08/119502/
ကမ္မမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊ စစ်ကိုင်းတွင် ဆက်ကြေး တောင်းနေသာ ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေဆုံး
["ကမ္မမြို့ပေါ်တွင် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦး သေဆုံး၊ စစ်ကိုင်းတွင် ဆက်ကြေး တောင်းနေသာ ရဲများကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၃", "မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အတွင်း၌ ကင်းလှည့်နေသော အကြမ်းဖက်စစ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ ထံမှ သိရသည်။", "ဩဂုတ်လ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က အင်အား ၅၀ ခန့်ဖြင့် ကမ္မမြို့ပေါ်သို့ ကင်းလှည့်ထွက်လာ သော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လက်ပစ်ဗုံး ၃ လုံးနှင့်အတူ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ တပ်ခွဲ ၁ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းရှေ့၌ ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်တပ်လက်ကိုင်တုတ်ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးလွင့်စင်မြောက် တက်သွား ပြီးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း ၁ ထံမှ သိရသည်။", "ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ် ညောင်ပင် ဝန်းရဲစခန်းရှေ့၌ ခရီးသွားပြည်သူများ၏ ကားများကို အတင်းအဓမ္မငွေကြေးကောက်ခံနေသည့် အကြမ်း ဖက်စစ်တပ်လက်ကိုင်တုတ် ရဲများကို စစ်ကိုင်းခရိုင်တပ်ရင်း ၁ နှင့် Ground Fighter ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး လွင့်စင်မြောက်တက်ကာ ပြုတ်ကျသွားပြီး ပွဲချင်းပြီးသေဆုံးသွား ကြောင်း သိရသည်။"]
https://yktnews.com/2023/06/105495/
ကယန်းပြည်သူ့စစ် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ
["ကယန်းပြည်သူ့စစ် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ ဇွန် ၁", "ကရင်နီပြည်နယ်၊ မိုးဗြဲ -ပီကင်းလမ်းပေါ်ရှိ ကယန်းပြည်သူ့စစ်လုံခြံရေးဂိတ်စခန်းတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ယနေ့ဇွန်လ ၁ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်က မိုးဗြဲ – ပီကင်းလမ်းပေါ်ရှိ ကယန်းပြည်သစ် တပ်မ တော် လုံခြုံရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ ရာ ဂိတ်စခန်းတစ်ခုလုံးထိခိုက်ပျက်စီးသွားပြီး ကယန်းပြည်သစ်ရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရသေးကြောင်း သိရသည်။", "“ထိခိုက်မှုကတော့ မသိရသေးဘူး၊ မနက် ၄ နာရီကနေ ၅ နာရီအထိ၊ မိုးဗြဲဂိတ်၊ ဖယ်ခုံ၊ မြေနီကုန်း၊ စက်တော်၊ လွယ်လုံ၊ ခေါင်းအိ အဲဒီနေရာ တွေကို လေယာဉ် ၅ စီးနဲ့လာပစ်သွားတယ်၊ ဘာကိစ္စနဲ့ပစ် တာလဲတော့ မသိရသေးဘူး၊ မေလ ၁၈ နေ့တုန်းက လွိုင်ကော်၊နောင်ယားထဲမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌဦးသန်းစိုးနိုင်ရဲ့အိမ်ကို စစ်တပ်တွေလာဝိုင်းပြီး စစ်ဆေးတယ်လို့ သိရတယ်၊ အဲဒီအချိန်က ဥက္ကဌက မရှိဘူး၊ အဲဒီအချိန်မှာလည်း ဆီဖူးဘက်မှာ အခြေ အနေ မကောင်းဘူး၊တင်းမာနေတယ်၊ တပ်အင်အား ဖြည့်လာတယ်၊ အခုကတော့ ဗုံးနဲ့လာကျဲသွားတာ၊” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။", "ကယန်ပြည်သစ်တပ်မတော်သည် ၂၀၀၉ ခုနှစ်ကတည်းက စ၍ ပြည်သူ့စစ်အဖွဲ့အစည်းအဖြစ် ရပ်တည် ခဲ့ကြောင်း၊ သို့သော်လည်း ကယန်းပြည်သစ်တပ်မတော်နေ့၊ ကယန်းပြည်သစ်မွေးနေ့များကို ကျင်းပပြီး သီးခြားအဖွဲ့အစည်းပုံသဏ္ဍာန် လှုပ်ရှားကာ ကရင်နီဒေသတိုက်ပွဲများ၌လည်း အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ပူးပေါင်းပါဝင်တိုက်ခိုက်ပေးခြင်း မရှိကြောင်း၊ ဆီဖူးတွင် ဌာနချုပ်စခန်းအထိုင်ချထားပြီး မိုးဗြဲ၊ ဖယ်ခုံ၊ ရာဇဂြိုလ်၊ ပေါင်းလောင်း တို့၌ ထိန်းချုပ်နယ်မြေများရှိကြောင်း သိရသည်။", "“၂၀၀၉ ကတည်းက သူတို့ကို ပြည်သူ့စစ်သတ်မှတ်ထားတယ်၊ ဒါပေမယ့် သူတို့ တပ်မတော်နေ့ တွေလည်းလုပ်တယ်၊ ကယားပြည်သစ်ရဲ့ ဘယ်နှနှစ်မြောက်မွေးနေ့တို့အဲဒီလိုလည်းလုပ်တယ်၊ နောက်ပြီးတော့ ကယားပြည်သစ်တပ်မတော်ဆိုပြီးဖွဲ့တာရှိတယ်၊ အမှန်တရားဝင်ကတော့ သူတို့က ပြည်သူ့စစ်၊ တပ်မ တော်လို့တော့ သူတို့ကို သူတို့ခေါ်တယ်၊ ဒါပေမယ့်အရင်အစိုးရတွေက သူတို့ကို ပြည်သူ့စစ်လို့ သတ် မှတ်ထားတယ်၊ ကယားပြည်သစ်တပ်မတော်ဆိုတာ မိုးဗြဲရယ်၊ ဖယ်ခုံရယ်၊ ရာဇဂြိုလ်၊ ပေါင်းလောင်း ဆိုတာ ကယန်းပြည်သစ်နယ်မြေ၊ ဆီဖူးတောမှာက သူတို့ဌာနချုပ်ရှိတယ်၊ စကစက သူတို့ လက် အောက်ခံ တပ်ကို သူတို့ ဗုံးကျဲသွားတဲ့သဘောမျိုးဖြစ်သွားတာပေါ့၊ စစ်တပ်က အဲဒီပြည်သူ့စစ်တွေကိုတော့ တိုက်တော့ မတိုက်ဘူး” ဟု တော်လှန်ရေး စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။"]
https://yktnews.com/2023/11/132852/
ကယား ဒီးမော့ဆိုရှိ ပြည်သူအချို့ကို ငွေကြေးထောက်ပံ့ကာ လွိုင်ကော် စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း
["ကယား ဒီးမော့ဆိုရှိ ပြည်သူအချို့ကို ငွေကြေးထောက်ပံ့ကာ လွိုင်ကော် စစ်ဘေးရှောင်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ပြည်သူအချို့အတွက် လိုအပ်သည်များသုံးစွဲရန် ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ အလှူငွေ ၅ သိန်းကျပ် လှုဒါန်းပေးခဲ့ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာသူများကိုလည်း ကြက်သားဟင်း၊ဖရုံသီးဟင်းချို၊ ငြုပ်သီးထောင်းတို့ဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83642/
ကယား ပြည်နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ခွင့်မပြုဘဲ တိုက်ဖျက် မည်ဖြစ်ပြီး မည်သူမှ နိုင်ငံရေးပါတီ ဖွဲ့စည်း ပါဝင် ယှဉ်ပြိုင်ခွင့် မရှိဟု DMO-PDF နှင့် KNDF တို့ ပူးတွဲ​ ကြေညာ
["ကယား ပြည်နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ခွင့်မပြုဘဲ တိုက်ဖျက် မည်ဖြစ်ပြီး မည်သူမှ နိုင်ငံရေးပါတီ ဖွဲ့စည်း ပါဝင် ယှဉ်ပြိုင်ခွင့် မရှိဟု DMO-PDF နှင့် KNDF တို့ ပူးတွဲ​ ကြေညာ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ကရင်နီ(ကယား) ပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုပ်ငန်း စဥ် မှန် သမျှ တစ်ညီတစ်ညွတ်တည်း တိုက်ဖျက်မည်ဟု DMO-PDFနှင့် KNDF တို့က ယနေ့ ဇန်နဝါရီလ ၂၈ ရက်စွဲဖြင့် ပူးတွဲ​ကြေညာသည်။", "၂၀၂၃ခုနှစ်တွင် အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် အထွေထွေ ရွေး ကောက် ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်စေရန် ကြိုးပမ်းသည့် အတု အယောင် ဆောင်ရွက်မှု တစ်ခုသာဖြစ်သည်ဟု ကရင်နီတော်လှန်ရေး အင်အား စုများက မှတ်ယူကြောင်း၊ လူထုဆန္ဒမပါဝင်သော တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ကရင်နီပြည်နယ်အတွင်း ပြုလုပ်ခွင့်ပြုမည် မဟုတ်ဘဲ ရွေး ကောက် ပွဲဆိုင်ရာ လုပ်ငန်းစဥ်မှန်သမျှကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင် တိုက်ဖျက်ကြမည်ဟု ကြေညာထားသည်။", "အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထု ဆန္ဒကို လေးစား လိုက်နာခြင်း မရှိဘဲ အတင်း အဓမ္မ အာဏာသိမ်းယူခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော် သည့် ပြည်သူလူထုကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခြင်း၊ လူထုခေါင်းဆောင် များ နှင့် ဆန္ဒပြပြည်သူများကို မတရား ဖမ်းဆီး ထောင်ချခြင်း၊ စစ်ကြောရေး တွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များကို မတရား ခိုးယူ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားချိန်မှ စ၍ အကြမ်းဖက် စစ်ကောင်စီမှ စစ်ဘေးရှောင်စခန်းများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ အမြောက် အများသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ကြောင့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြင်ဆင်ရေး အတွက် တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းများ ကောက်ခံခြင်း၊ ကြိုတင်မဲ များကောက်ယူခြင်း၊ စည်းရုံးဟောပြောခြင်း၊ တာဝန်ပေးအပ်ခြင်း အစရှိသည့် လုပ်ဆောင်မှုများကို ငြင်းဆန်၍ မပူးပေါင်းကြရန်၊ တစ်သီးပုဂ္ဂလ သော်လည်း ကောင်း အစုအဖွဲ့ဖြင့် သော်လည်းကောင်း နိုင်ငံရေးပါတီ ဖွဲ့စည်း၍ ဝင်ရောက် ယှဥ်ပြိုင်ခြင်း လုံးဝမပြုလုပ်ရန်၊ကရင်နီပြည် တစ်ဝှမ်းလုံးတွင် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သော လုပ်ငန်းစဥ် မှန်သမျှ ပိတ်ပင်ကြောင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ရွေးကောက်ပွဲ ဖြစ် မြောက် ရေး ဆောင်ရွက်မှုများ တွေ့ရှိပါက တော်လှန်ရေး အင်အားစုများမှ ကျင့်ဝတ်နည်းနာများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။", "ဓာတ်ပုံ- KNDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/11/132493/
ကယားက KNDF ရဲဘော်အချို့အတွက် ရိက္ခာလှူဒါန်း
["ကယားက KNDF ရဲဘော်အချို့အတွက် ရိက္ခာလှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ကယားပြည်နယ်ရှိ KNDF ရဲဘော်အချို့အတွက် Helping Hands အဖွဲ့မှ လှူဒါန်းပေးသော ရိက္ခာခြောက်အချို့ကို အလှုရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125984/
ကယားစစ်ဒေသခွဲတွင် PDF တပ်ဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရမည့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာ သင်တန်းများပို့ချ
["ကယားစစ်ဒေသခွဲတွင် PDF တပ်ဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရမည့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာ သင်တန်းများပို့ချ", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "ကယားစစ်ဒေသခွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် PDF တပ်ဖွဲ့ဝင်များ လိုက်နာကျင့်ဆောင်ရမည့် ပြည်သူလူထု လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။", "စက်တင်ဘာလ စတုတ္ထပတ်တွင် ကယားစစ်ဒေသခွဲရှိ ပြည်သူလူထု လုံခြုံရေးဌာန တာဝန်ရှိသူနှင့် တပ်ရင်း “လုံ” အရာရှိများက PDF ရဲဘော်များနှင့်အတူ ရှေ့တန်းစစ်မြေပြင် တစ်နေရာ၌ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights)၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေ (International Humanitarian Law)၊ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) များကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ သင်တန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဥ်များကို ရှင်းလင်းမျှဝေခဲ့ကြောင်း၊ သင်တန်းတွင် စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်များကို ရှင်းလင်းမြင်သာစေရန် လက်တွေ့အစီအစဉ်များလည်း လေ့ကျင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/79482/
ကယားစစ်ဘေးရှောင်စခန်းရှိ ကျန်းမာရေးမကောင်း၊ ထိခိုက်ဒဏ်ရာရ ရဲဘော်များနှင့် တော်လှန်ရေးရဲဘော်များကို ကျေးလက်မြေအဖွဲ့ မှ ဆေးဝါးနှင့် အာဟာရများလှူဒါန်း
["ကယားစစ်ဘေးရှောင်စခန်းရှိ ကျန်းမာရေးမကောင်း၊ ထိခိုက်ဒဏ်ရာရ ရဲဘော်များနှင့် တော်လှန်ရေးရဲဘော်များကို ကျေးလက်မြေအဖွဲ့ မှ ဆေးဝါးနှင့် အာဟာရများလှူဒါန်း", "ရန်ကုန် ၊ ဇန်နဝါရီ ၆", "ကယားစစ်ဘေးရှောင် စခန်းတစ်ခုအတွင်းရှိ ကျန်းမာရေးမကောင်းသူ၊ ပြည်သူ့အတွက် တိုက်ပွဲဝင်ရင်း ခြေလက်အင်္ဂါပေးဆပ်ထားရသူ ရဲဘော်အချို့နှင့် တော်လှန်ရေးရဲဘော်များအတွက် ကျေးလက်မြေအဖွဲ့နှင့် အမည်မဖော်လိုသူ အလှူရှင်များ ပူးပေါင်း၍ ဆေးဝါးကုသစရိတ်၊လိုအပ်သည့်နေရာတွင် သုံးရန်အသုံးစရိတ်နှင့် စားနပ်ရိက္ခာအတွက်အမဲသား၊ဝက်သား၊ငါး၊ကြက်ဥ၊ ခရမ်းချဉ်သီး၊ငြုပ်သီးစိမ်း၊ဂေါ်ဖီထုပ်၊ပန်းမုန်လာ၊ပဲသီး အစရှိသည်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "ကျေးလက်မြေအဖွဲ့သည် ခရစ်စမတ်ကာလတွင်လည်း စစ်ရှောင်မိဘပြည်သူ ညီအစ်ကိုမောင်နှမများကို အားပေးစကားများပြောပြီး ခရစ်စမတ်လက်ဆောင်များပေးခဲ့သလို သောက်သုံးရေ၊ဆန်၊ဆီ၊ဆားများ လှူဒါန်းခဲ့ကြောင်းနှင့် ကလေးငယ် ၂၂ ဦးကို ကျောင်းထားပေးခဲ့ကြောင်း၊ စစ်ရှောင်စခန်းတစ်ခုတွင်လည်း ကလေးငယ်များ ပညာတတ်မြောက်စေရန် ဆရာမနှစ်ဦးနှင့် စာသင်ပေးလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132502/
ကယားစစ်ဘေးရှောင်များကို ဆန်လှူဒါန်း
["ကယားစစ်ဘေးရှောင်များကို ဆန်လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် အင်ဒိုနီးရှားနိုင်ငံမှ ကိုလင်းဦး လှူဒါန်းပေးသော ဆန် ၁၀ အိတ်ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/06/110353/
ကယားစစ်ဘေးရှောင်များကို အမဲသားဆန်ပြုတ်နှင့် ပေါင်မုန့်များ လှူဒါန်း
["ကယားစစ်ဘေးရှောင်များကို အမဲသားဆန်ပြုတ်နှင့် ပေါင်မုန့်များ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၉", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ အမဲသားဆန်ပြုတ်/ပေါင်မုန့်တို့ကို Japan Myanmar Friendship Association ကိုယ်စား လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128637/
ကယားစစ်ဘေးရှောင်များအတွက် ဆန်လှူဒါန်း
["ကယားစစ်ဘေးရှောင်များအတွက် ဆန်လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၉", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များကို ရန်ကုန်မြို့နေ ကိုစိုင်းထိန်လင်းမှ လှုဒါန်းပေးသော ဆန် ၅ အိတ်ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109570/
ကယားစစ်ရှောင်များကို ဆန်/ဆီ မိုးကာလှူဒါန်း
["ကယားစစ်ရှောင်များကို ဆန်/ဆီ မိုးကာလှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၅", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့ကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ ဆန်၊ဆီ၊မိုးကာများကို", "Japan Myanmar Friendship Association ကိုယ်စား လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/110953/
ကယားစစ်ရှောင်များကို ရေချမ်းစင်အဖွဲ့မှ မိုးကာများ လှူဒါန်း
["ကယားစစ်ရှောင်များကို ရေချမ်းစင်အဖွဲ့မှ မိုးကာများ လှူဒါန်း", "ရန်ကုန်၊ ဇူလိုင် ၃", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်များအတွက် ရေချမ်းစင်(စင်္ကာပူ)မှ လှူဒါန်းပေးသော မိုးကာများကို ကျေးလက်မြေအဖွဲ့တာဝန်ခံဦးဇော်မင်းထိုက်မှ စစ်ဘေးရှောင်များကို လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/131025/
ကယားစစ်ရှောင်အချို့ကို ငွေကျပ် ၁၀ သိန်းနှင့် အာဟာရလှူဒါန်း
["ကယားစစ်ရှောင်အချို့ကို ငွေကျပ် ၁၀ သိန်းနှင့် အာဟာရလှူဒါန်း", "ကယားပြည်နယ်ရှိ စစ်ရှောင်စခန်း ၂ ခုအတွက် အအေး၊ပေါင်မုန့် နှင့် ငွေကျပ် ၁၀ သိန်းကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့ဒါရိုက်တာ ဒေါ်မူစဲနှင့် တာဝန်ခံဦးဇော်မင်းထိုက်တို့မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89246/
ကယားတွင် CDM ဆရာ ဆရာမ ၈၀ ဦးအတွက် ကျပ် ၁၆၀ သိန်း ထောက်ပံ့
["ကယားတွင် CDM ဆရာ ဆရာမ ၈၀ ဦးအတွက် ကျပ် ၁၆၀ သိန်း ထောက်ပံ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "ကယားတွင် ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာမမူစဲမှ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု Freedom of Religion and Be lief အစီအစဉ်ဖြင့် ဆရာ ဆရာမလက်စွဲစာအုပ် သင်ရိုးနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲ ၃ ရက် ကျင်းပပေးခဲ့ပြီး CDM ဆရာ ဆရာမ ၈၀ ဦးကို တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ ဖြင့် ကျပ်သိန်း ၁၆၀ ကို ပံ့ပိုး ပေးအပ်ခဲ့သည်။"]
https://yktnews.com/2023/10/125308/
ကယားတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြုလုပ်၊ ကျေးလက်မြေအဖွဲ့မှ အာဟာရဒါန လှူဒါန်း
["ကယားတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြုလုပ်၊ ကျေးလက်မြေအဖွဲ့မှ အာဟာရဒါန လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၅", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး ကျေးလက်မြေအဖွဲ့တာဝန်ခံဦးဇော်မင်းထိုက်မှ ထမင်း၊အမဲသားဟင်း၊သီးစုံချဉ်ဟင်း၊ဂျူးမြစ်အထောင်း၊ ဂေါ်ဖီခရမ်းချဉ်သီးသုပ်တို့ဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109399/
ကယားတွင် ကျေးလက်မြေအဖွဲ့မှ စစ်ဘေးရှောင်များကို မုန့်လှူဒါန်း
["ကယားတွင် ကျေးလက်မြေအဖွဲ့မှ စစ်ဘေးရှောင်များကို မုန့်လှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၄", "ကယားပြည်နယ်ရှိ စစ်ဘေးရှောင်အချို့ အတွက် ကျေးလက်မြေအဖွဲ့၏ တာဝန်ခံ ဦးဇော်မင်းထိုက်မှ မုန့်များကို လှူဒါန်းခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/03/95072/
ကယားတွင် ပြည်သူများ စားဝတ်နေရေးအတွက် သက်ကယ်ပစ်ရင်း ဖြေရှင်းနေရ ၊ အကူအညီများ လိုအပ်နေ
["ကယားတွင် ပြည်သူများ စားဝတ်နေရေးအတွက် သက်ကယ်ပစ်ရင်း ဖြေရှင်းနေရ ၊ အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ မတ် ၃၁", "တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေသည့် ကယားရှိ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအတွက် သက်ကယ်ပစ်ရင်း ခက်ခက်ခဲခဲ ဖြတ်သန်းနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။", "စစ်ရှောင်းများ နေထိုင်ရာဒေသတွင် သောက်ရေ သုံးရေမှ အစ ဝယ်သုံးနေရပြီး အကူအညီများ လိုအပ်နေကြောင်းနှင့် သက်ကယ်ပစ်ရာတွင်လည်း တစ်ချက် ၁၂၀၀ ကျပ်မျှသာ ရရှိပြီး ကုန်ကြမ်းကို ၁၀ မိုင်မက ဝေးသည့် နေရာတွင် ခက်ခက်ခဲခဲ ရှာဖွေနေရခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132075/
ကယားတွင် ၁၁၁၁ စစ်ဆင်ရေးကို ထောက်ခံသော ကမ်ပိန်းပြုလုပ်
["ကယားတွင် ၁၁၁၁ စစ်ဆင်ရေးကို ထောက်ခံသော ကမ်ပိန်းပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကယန်း၊ကယော၊ကရင်၊ကယား အစရှိသည့် တိုင်းရင်းသားလူငယ်များ ၁၁၁၁ စစ်ဆင်ရေးကို ထောက်ခံသည့်အနေနှင့် ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/08/117447/
ကယားနှင့် မကွေးရှိ CDM ဝန်ထမ်းများကို ကျေးလက်မြေအဖွဲ့မှ တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်း
["ကယားနှင့် မကွေးရှိ CDM ဝန်ထမ်းများကို ကျေးလက်မြေအဖွဲ့မှ တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ သြဂုတ် ၉", "ကယားပြည်နယ်နှင့် မကွေးတိုင်းရှိ ရဲ၊ ကျန်းမာရေး၊ ထွေအုပ်၊ သမဝါယမ၊ ပညာရေးနှင့် စိုက်ပျိူးရေး တို့ရှိ CDM ဝန်ထမ်း ၃၂ ဦးကို ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် ကျေးလက်မြေ ဒါရိုက်တာ မမူစဲနှင့် တာဝန်ခံ ဦးဇော်မင်းထိုက်တို့က တစ်ဦးလျှင် ကျပ် ၁ သိန်းနှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/124762/
ကယားပြည် ဒီးမောဆိုမြို့နယ်ရှိ စစ်ဘေးရှောင်များကို အာဟာရလှုဒါန်း
["ကယားပြည် ဒီးမောဆိုမြို့နယ်ရှိ စစ်ဘေးရှောင်များကို အာဟာရလှုဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁", "ကယားပြည် ဒီးမောဆိုမြို့နယ်ရှိ ကယားစစ်ဘေးရှောင်များကို ဝက်သားဟင်း၊ကြက်ဥခရမ်းချဉ်သီးချက်၊သီးစုံပဲကုလားဟင်း၊ဂျူးမြစ်အထောင်း၊ဂေါ်ဖီခရမ်းချဉ်သီးသုပ်တို့ဖြင့် ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် ဒါရိုက်တာဒေါ်မူစဲတို့မှ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/10/127599/
ကယားပြည်က စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့မှ အာဟာရလှူဒါန်း
["ကယားပြည်က စစ်ဘေးရှောင်များကို ကျေးလက်မြေအဖွဲ့မှ အာဟာရလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၂", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ လူသူအရောက်အပေါက်နည်းသော စစ်ဘေးရှောင်ပြည်သူများကို ကြက်သားအာလူးဟင်း၊ကြက်ဥခရမ်းချဉ်သီးချက်၊ကြက်ကောင်လုံးကင်၊မုန့်မျိုးစုံနှင့် ကလေးငယ်များအတွက် ကျောင်းသုံးစာအုပ်များကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် ဒါရိုက်တာ ဒေါ်မူစဲတို့မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126456/
ကယားပြည်တွင် ကလေးငယ်များကို အာဟာရလှူဒါန်း
["ကယားပြည်တွင် ကလေးငယ်များကို အာဟာရလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "ကယားပြည် ဒီးမော့ဆိုမြို့နယ်ရှိ ကယန်းလူမျိုး ကလေးငယ်များကို တောင်ကြီးမြို့မှ အလှူရှင်မှ လှူဒါန်းပေးသော ခေါက်ဆွဲနှင့် ကြက်ဥပြုတ်အလှူကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်မှ လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/92384/
ကယားပြည်နယ် ရှေ့တန်း တိုက်ပွဲများ၌ ကရင်နီရဲဘော်များ ဝတ်ဆင်ခဲ့သော ယူနီဖောင်း အစ များ မြုပ်နှံချုပ်လုပ်ထားသည့် Hoodie အင်္ကျီများ ရောင်းချမည်၊ ပြည်သူများ ဝယ်ယူအားပေးကြရန် ဖိတ်ခေါ်
["ကယားပြည်နယ် ရှေ့တန်း တိုက်ပွဲများ၌ ကရင်နီရဲဘော်များ ဝတ်ဆင်ခဲ့သော ယူနီဖောင်း အစ များ မြုပ်နှံချုပ်လုပ်ထားသည့် Hoodie အင်္ကျီများ ရောင်းချမည်၊ ပြည်သူများ ဝယ်ယူအားပေးကြရန် ဖိတ်ခေါ်", "ရန်ကုန်၊ မတ် ၁၄", "ကယားပြည်နယ် ရှေ့တန်း တိုက်ပွဲများ၌ ကရင်နီရဲဘော်များ ဝတ်ဆင်ခဲ့သော ယူနီဖောင်း အစများ မြုပ်နှံချုပ်လုပ်ထားသည့် Hoodie အင်္ကျီများ ရောင်းချသွားမည် ဖြစ်ကြောင်း လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။", "ယင်းသို့ လုပ်ဆောင်ခြင်းသည် လွိုင်ကော် PDF ၏ fund raising အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ ရှေ့တန်း၌ တိုက်ပွဲဝင်နေကြသည့် လွိုင်ကော် PDF ရဲဘော်တွေ၏ ဟောင်းနွမ်း သွားသည့် ယူနီဖောင်း အပိုင်းအစများကို ဖြတ်ညှပ်ကပ် ပြုလုပ်ပြီး Hoodie အင်္ကျီ၏ ရင်ဘတ်တည့်တည့်တွင် ချုပ်လုပ် မြုပ်နှံထားခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ Hoodie အင်္ကျီ၏ ယူနီဖောင်းပိုင်ရှင် ရဲဘော် နာမည်နှင့် theme color ကိုလည်း အသုံးပြုထားကြောင်း၊ လက်ရှိချိန်တွင် ရဲဘော် ၄ ဦး၏ ယူနီဖောင်း အပိုင်းအစများ မြုပ်နှံထားသည့် အင်္ကျီ ဒီဇိုင်း ၄ မျိုး ကနဦး ထွက်ရှိထား​ကြောင်း သိရသည်။", "အဆိုပါ Project ကို “ချပ်ဝတ်နီ” ဟု အမည်ပေးထားပြီး ကရင်နီ ရဲဘော်များ၏ ချပ်ဝတ် တန်ဆာ ကဲ့သို့ ဝတ်ဆင်ကြသည့် အင်္ကျီများသည် ပြည်သူများကိုပါ ကျည်ကာသဖွယ် ကာကွယ်ပေးနေတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း၊ ထို Hoodie အင်္ကျီများကို မကြာခင် Pre-order တင်လို့ရမည်ဖြစ်ပြီး စျေးနှုန်းကိုလည်း မကြာခင် ကြေညာသွားမည် ဖြစ်ကာ အင်္ကျီ အရောင် ၄ မျိုး ထွက်ရှိမည်ဖြစ်ကြောင်း၊ ဒီဇိုင်း အရောင် ၁ မျိုးလျှင် အထည် အရေအတွက် စုစုပေါင်း ၁၅၀ သာ ထုတ်လုပ်မည့် limited product ဖြစ်ကြောင်း ချပ်ဝတ်နီ ရံပုံငွေရှာဖွေရေး ဌာန ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/95750/
ကယားပြည်နယ်တွင် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၈၁ ဦးသေဆုံးပြီး ၁၃ ဦးအရှင်ဖမ်းမိကာ KNDF ရဲဘော် ၁၂ ဦးကျဆုံး
["ကယားပြည်နယ်တွင် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၈၁ ဦးသေဆုံးပြီး ၁၃ ဦးအရှင်ဖမ်းမိကာ KNDF ရဲဘော် ၁၂ ဦးကျဆုံး", "ရန်ကုန်၊ ဧပြီ ၄", "ကယားပြည်နယ်တွင် မတ်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်သား ၂၈၁ ဦးသေဆုံးပြီး ၁၃ ဦးအရှင် ဖမ်းမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။", "မတ်လတစ်လတာအတွင်း ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တို့ကို အကြမ်းဖက် စစ်တပ်ကထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းအား စစ်မျက်နှာ စာနှစ်ဖက်ညှပ်၍ လွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့တွင် တိုက်ပွဲစုစုပေါင်း ၁၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈၁ ဦး သေဆုံးကာ၊ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား ၁၃ ဦး အရှင် ဖမ်းမိပြီး စစ်ကြောင်းထိုးစဥ် အတွင်း ခလရ ၁၂ မှ ဆက်သွယ်ရေးဒုတပ်ကြပ်တစ်ဦးသည် MA-3 သေနတ် တစ်လက်နှင့်တကွ KNDF တပ်ဖွဲ့ထံ လာရောက် ခိုလှုံခဲ့ကြောင်းသိရသည်။", "တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF ဗျူဟာ(၆) မှ တပ်ရင်းတစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ(၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD တို့မှ ခုခံ တိုက်ခိုက်လျက်ရှိပြီး တနီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ပြင် ဘောလခဲမှ စစ်ကြောင်း ထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေါတမကြီး၊ ဒေါညေးခူနှင့် ဒေါဆိုဖျကျေးရွာအနီးတွင် ကရင်နီတပ်မတော် (KA)၊ KNDF/B04၊ KNDF/B10၊ KNDF/B15၊ KNDF/B16၊ KNDF-ETD နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းများမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို KA၊ KNDF/B03၊ KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။", "လွိုင်ကော်မြို့နယ် နှင့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များအကြား စစ်ကြောင်းထိုး လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်ကို KNDF/B02၊ KNDF/B03၊ KNDF/B12 နှင့် KNDF/B14 တို့မှ အခြားပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဥ်၌ ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းလျက်ရှိပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ပင်လောင်းမြို့နယ် တောင်မဲတင်း၊ ဘောရမ်၊ နန်းနိမ် နှင့် လုံးပျဉ်ကျေးရွာများ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ၊ ဖယ်ခုံမြို့အစပ် ရွှေပြည်အေးရပ်ကွက်တို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ရှမ်း-ကယား နယ်စပ်ရှိ လွိုင်ကော်မြို့ နှင့် မိုးဗြဲမြို့ အကြားရှိ ဆောင်ကန်းကျေးရွာ နှင့် ကုန်းသာရွာတို့တွင် အကြမ်းဖက် စစ်တပ်က တပ်အင်အား ဖြန့်ထားသောကြောင့် ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ကယန်းသာယာ စစ်ဆင်ရေးဂိတ် နှင့် လွိုင်ကော်မြို့နယ်အခြေစိုက် တပ်ရင်းများသို့ KNDF နှင့် KA တပ်ရင်းများမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာဘက်သို့လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် KA၊ KNDF/B21 နှင့် ဘောလခဲPDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နှင့် လေကြောင်းဖြင့်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများ၏ နေအိမ် ၂၂၈ လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနှင့် စာသင်ကျောင်း ၃ ကျောင်းတို့ ထိခိုက် ပျက်ဆီးခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် မှ သံဃာတော် ၃ ပါး အပါအဝင် အရပ်သားပြည်သူ ၂၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အတူ လေကြောင်းပစ်ခတ်မှု နှင့် လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၂၉ ဦး ထိခိုက်ခဲ့ကြောင်း သိရသည်။", "မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများ၌ KNDF ရဲဘော် ၁၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် တိုက်ပွဲများအတွင်း KNDF နှင့် မဟာမိတ်တပ်များမှ အကြမ်းဖက် စစ်တပ် ထံမှ လက်နက်ငယ် ၅၁ လက်၊ လက်နက်ကြီး ၉ လက် နှင့် ခဲယမ်း အမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်သည် ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ နေရာဒေသများကို စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/126715/
ကယားပြည်နယ်တွင် ရဲဘော်အချို့အတွက် မိုးကာလှူဒါန်း
["ကယားပြည်နယ်တွင် ရဲဘော်အချို့အတွက် မိုးကာလှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၁၆", "ကယားပြည်နယ်ရှိ ရဲဘော်အချို့ မိုးရာသီကာလတွင် မိုးမလုံပဲ မိုးရေယိုနေသည့် အမိုးအကာအတွက် အသုံးပြုနိုင်ရန် မိုးကာအလှူကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/132252/
ကယားပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကျင်းပ
["ကယားပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကျင်းပ", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကမ္ဘာ့ကလေးများနေ့ သို့မဟုတ် အပြည်ပြည်ဆိုင်ရာကလေးများနေ့ကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် စစ်ရှောင်ကလေးငယ်များနှင့် ဒေသတွင်းရှိကလေးငယ်အချို့ကို “ကလေးတွေရဲ့ဘဝ”၊ ကလေးတွေရဲ့အိပ်မက်ခေါင်းစဉ်နှင့် ကျောင်း ၅ ကျောင်းတွင် ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/91267/
ကယားပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပြုလုပ်
["ကယားပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပြုလုပ်", "ရန်ကုန်၊ မတ် ၈", "ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၏ တစ်နေရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အမျိုးသမီးနှင့် ကလေးသူငယ်ဝန်ကြီးဌာနနှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းပြီး အမျိုးသမီး ၁၀၀ ကျော်နှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ပြုလုပ်ခဲ့ကြသည်။", "ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာ မမူစဲနှင့် နာယက ဖြစ်သူ ဦးဇော်မင်းထိုက်မှ နိုင်ငံတကာအမျိုးသမီးများနေ့ ၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံကို ရှင်းပြပေးခဲ့ပြီး အမျိုးသမီးများ၏ အခန်းကဏ္ဍသည်လည်း နေရာတိုင်းတွင် အရေးကြီးကြောင်း၊ ကျားမ မခွဲခြားဘဲ အမျိုးသမီးများ၏အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားကာ ပေါင်းကူးတံတားအသွင်နှင့် အတူတစ်ကွလက်တွဲလုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကာ တက်ရောက်လာသူများကို ဝက်သား /ကြက်ဥ ထမင်းကြော်များနှင့်လည်း ကျွေးမွေးခဲ့သည်။"]