url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/11/132233/
ကရင်နီပြည်နယ်တွင် ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး ဗိုလ်မှူး ၁ ဦးကို ဖမ်းဆီးရမိဟု NUG ကြေညာ
["ကရင်နီပြည်နယ်တွင် ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး ဗိုလ်မှူး ၁ ဦးကို ဖမ်းဆီးရမိဟု NUG ကြေညာ", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ကရင်နီပြည်နယ်တွင် ပြည်သူလူထုအား ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇ ဝတ်သား စစ်လေယာဥ်မှူး ဗိုလ်မှူး ၁ ဦးကို ဖမ်းဆီးရမိကြောင်း NUG က ကြေညာသည်။", "နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အပြစ်မဲ့ ပြည်သူလူထုကို ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ရာဇဝတ်သား စစ်လေယာဥ်မှူး ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်မှုကြောင့် ပျက်ကျ ခဲ့သည့် K-8 အမျိုးအစား စစ်လေယာဥ်မှ လေထီးခုန်ထွက်လျှက် ထွက်ပြေးပုန်းအောင်းနေသည့် စစ်လေယာဥ်မှူးဖြစ်သူ ဗိုလ်မှူး ——– (စစ်တက္ကသိုလ် အပတ်စဥ် ၄၄) အား ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ နေပြည်တော် တိုင်းစစ်ဌာနလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ KNDF နှင့် KAတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "(Facebook လူမှုကွန်ရက်စည်းမျဉ်းများအရ နာမည်နှင့် ဓာတ်ပုံကို မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/147200တွင် အပြည့်အစုံသွားရောက် ဖတ်ရှုနိုင်ပါသည်။)"]
https://yktnews.com/2024/03/149865/
ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အရပ်သား ပြည်သူ ၂၅ ဦး သေဆုံး
["ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အရပ်သား ပြည်သူ ၂၅ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၁၀", "ကရင်နီပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများကြောင့် အရပ်သား ပြည်သူ ၂၅ ဦး သေဆုံးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြား ရေးဌာနတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နေ့စဥ်နီးပါး ထိတွေ့မှုများ ရှိခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံး အပတ်အတွင်း တိုက် ၆ လုံး ဝန်ထမ်းအိမ်ယာ တလျှောက်၌ ထိတွေ့ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ လွိုင်ကော်မြို့ပေါ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့ကို ဝန်းရံပိတ်ဆို့ထားပြီး စစ်ဆင်ရေးများဆက်၍ ဆင်နွှဲနေကြောင်း သိရသည်။", "“လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်လောက်တော့ ကျနော်တို့ တော်လှန်ရေးတပ်တွေ စိုးမိုးနိုင်တယ်လို့ ပြောရမှာပေါ့နော်၊ စစ်ကောင်စီတပ်တွေက အများကြီးကျန်ပါသေးတယ်၊ လွိုင်ကော်မြို့ရဲ့ အဓိက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ဒကစတို့ အမတတို့ ခလရ တို့၊ ခမရတို့ စသည်ဖြင့်ပေါ့ ၂၆၁ ၊ ၅၄ စသည့်ဖြင့် အဲဒီတပ်ရင်းတွေအားလုံးကတော့ ရှိနေတုန်းပဲဖြစ်တယ်၊ သူတို့အခြေစိုက်တပ်ရင်းတွေကို တော့ မသိမ်းနိုင်သေးလို့ ပြောရမှာပေါ့၊ လွိုင်ကော်မြို့ထဲမှာ စစ်ကောင်စီရဲ့ လှုပ်ရှားတပ်တွေနဲ့ ကျနော် တို့တော်လှန်ရေးတပ်တွေနဲ့ကတော့ အမြဲတမ်းနေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတာပေါ့” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စစ်ကောင်စီတပ်ဖွဲ့များမှာ မြို့ပေါ်အခြေစိုက်တပ်များတွင်သာ ဆက်၍ တပ်စွဲထားနိုင်ပြီး မြေပြင် ထောက်ပို့ လမ်းကြောင်းများ ပြတ်တောက်၍ လေကြောင်းကိုသာ အားထားနေရသည့် အခြေနေရှိပါ ကြောင်း၊ စစ်ကောင်စီမှ လွိုင်ကော်မြို့တွင် နေ့စဥ် လက်နက်ကြီးများ ပစ်ခက်ခဲ့သည့်အပြင် လေကြောင်းဖြင့် ဗုံးကျဲခြင်း ၊ ကင်းထောက်လေယာဥ်များ ၊ ဒရုန်းများဖြင့် ရပ်ကွက်များအတွင်းသို့ မီး လောင် ဗုံးများကျဲချခြင်းတို့ကို နေ့စဥ်နီးပါး ပြုလုပ်ခဲ့ရာ လူထုနေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ရှားတောမြို့အတွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းများ အပါ အဝင် ဗျူဟာကုန်းအား ဖေဖော်ဝါရီလ ၁၂) ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီး သတ် ချေမှုန်းသိမ်းပိုက်ကာ ရှားတောမြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗိုလ်မှူးကြီး ၊ ဒု-ဗိုလ်မှူးကြီး ၊ ဗိုလ်မှူး ၊ ဒုရဲမှူး များအပါအဝင် တပ်ဖွဲ့ဝင် ၁၆၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိ သားစု ဝင်အချို့အား စစ်သုံ့ပန်းဥပဒေ ၊ နိုင်ငံတကာစည်းမျဥ်း စည်းကမ်း ဥပဒေများနှင့်အညီ ထိန်း သိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။", "ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ ၁၂ မိုင်ကုန်း စခန်းအနီးတွင် ထိတွေ့မှုဆက်တိုက်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် အဆိုပါစခန်းကုန်းအား ကရင်နီတော်လှန်ရေး တပ်များ မှ အပြီးသပ်ချေမှုန်းသိမ်းယူ၍ လက် နက်ငယ် ၁၂ လက် ၊ လက်နက်ကြီး ၄ လက် နှင့်ခဲယမ်းကျည်များအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။", "ဖယ်ခုံမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ်ခန့်သာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ပြည်သူလူထုအားပစ်မှတ်ထားသော လက်နက်ကြီးပစ်ခက်တိုက်ခိုက်မှုများအား ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ အတွင်း စစ်ကောင်စီ၏ သံလွင်မြစ်ဘေး နှင့် အရှေ့ဖက်ခြမ်းရှိ ကရင်နီ- ထိုင်းနယ်စပ် တစ်လျှောက် အရေးပါသည့် တပ်စခန်းများဖြစ်သည့် ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်း တစ်ခုဖြစ် သည့် ကျားပါစပ်ကြီးစခန်း ၊ နမ့်ပန်ချောင်းဘေးတွင် အခြေပြုထားသော ဟွေအွန်တပ်စခန်းနှင့် သံလွင်မြစ် ဘေးတွင် အခြေပြုထားသည့် တာတမော့တပ်စခန်းတို့မှာ စခန်းစွန့်ခွာ၍ ဆုပ်ခွာသွား ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် တာဝေးပစ် လက်နက်ကြီးပစ်ခက်ခြင်း ၊ လေကြောင်းတိုက်ခိုက်ခြင်း နှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အရပ်သားပြည်သူ ၂၅ ဦး သေဆုံး၍ ဒဏ်ရာရရှိသူ ၄၂ ဦးရှိကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ ကလေးငယ်များ ပညာသင်ကြားနေသော ဒီးမော့ဆိုမြို့နယ် ၊ ဒေါစီအိစာသင်ကျောင်း နှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းများအား တိုက် လေ ယာဥ် ၅ စီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခက်တိုက်ခိုက်ခဲ့၍ ကလေးငယ် ၄ ဦး ၊ လူကြီး အမျိုး သား ၁ ဦးသေဆုံး၍ အရပ်သားပြည်သူ ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီမှ ရဟတ်ယာဥ် ၃ စီးဖြင့် ရှားတောမြို့နယ် အတွင်း ဆင်းသက်၍ စစ်ကူပို့ခဲ့သောစစ်ကြောင်းက ဒေသခံစစ်ဘေးရှောင်လူထုများအား လမ်းပြ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတွင် ညင်းပန်း နှိပ်စက်ကာ သတ်ဖြတ်ခဲ့၍ ကိုယ်ဝန်ဆောင် နှင့် မသန်စွမ်း အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦး ကလေးသူငယ် ၃ ဦးစုစုပေါင်း ၇ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထား ကာ စစ်ကောင်စီတပ်က တာဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်၊ ရွှေစမ်းကျေးရွာတွင် ဒေသခံအရပ်သား ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးနှင့် အမျိူးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ထို့အပြင် ဒီးမော့ဆိုမြို့နယ်အတွင်း နန်းဟူသွေကျေးရွာထဲသို့ နေအိမ်သန့်ရှင်းရေးပြန်လုပ်သည့် အမျိုးသားတစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သော မြေမြုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက် ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/107430/
ကရင်နီပြည်နယ်တွင် မယ်စဲ့ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ကြီး/ငယ် ၄၂ လက် ကျော်သိမ်းဆည်းရရှိ
["ကရင်နီပြည်နယ်တွင် မယ်စဲ့ရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်၊ ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ကြီး/ငယ် ၄၂ လက် ကျော်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၁၃", "ကရင်နီပြည်နယ်၊ မယ့်စဲ့မြို့မရဲစခန်း အပါအဝင် တပ်စခန်း ၄ ခုကို တပြိုင်နည်းတည်း တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၁၂၀ မမ လက်နက်ကြီး ၂ လက် အပါ အဝင် လက် နက်ကြီး/ငယ် ၄၂ လက်ကျော်သိမ်းဆည်းရရှိခဲ့ ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းနှင့်ပြန်ရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှ စတင်ပြီး မယ်စဲ့မြို့မရဲစခန်း၊ တောင်လှတပ်စခန်း၊ မယ်လနွယ် တပ်စခန်းနှင့် Bp 14 တပ်စခန်းတို့ကို KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့များမှ တပြိုင်တည်းတိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ မယ်စဲ့ရဲစခန်းသိမ်းပိုက်မှုတွင် ရဲစခန်းမှူး သေဆုံးပြီး လက်နက်ငယ် ၄၀ ကျော်သိမ်းဆည်းရ ရှိခဲ့ကြောင်း၊ တောင်လှစခန်းတိုက်ပွဲတွင် ၁၂၀ မမ လက်နက်ကြီး ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိ ရသည်။", "“မယ်စဲ့မြို့ဆိုတာ ရွာသာသာပဲရှိတာ၊ အဲမှာက ရဲစခန်းမှူးပါ ကျသွားတယ်၊ ခံပစ်လို့ဖြစ်မှာပေါ့၊ လေယာဉ်နဲ့က ၄ စီးလာတယ်၊ ရဟတ်ယာဉ်ရော၊ ဂျက်ရောပါနိုင်တယ်၊ ရဟတ်ယာဉ်က နေ့လည် ၁ နာရီအထိကို ဝဲနေသေးတယ်၊ ဒါပေမယ့် မပစ်ဖူးလို့ သိရတယ်၊ မယ်စဲ့မြို့အရှေ့ဘက်မှာ တပ်စခန်းကြီး တစ်ခုရှိသေးတယ်၊ အဲစခန်းလည်း ဆက်တိုက်ဖို့ရှိတယ်၊ အခုထိတော့ ဘာမှမကြားရသေးဘူး၊ လက်နက် ကြီးက ၁၂၀ မမ ၂ လက်၊ ရဲစခန်းက လက်နက် အလက် ၄၀ လောက်ရတယ်၊ တောင်လှတပ်စခန်းက ၁၂၀ မမ ၂ လက်ပေါ့၊ လက်နက်ငယ်တွေလည်း ပါဦးမယ်၊ စာရင်းအတိအကျ မသိရသေးဘူး၊ တောင်လှ စခန်းက စခန်းအကြီးပဲ” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းနှင့်ပြန်ရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ကရင်နီပြည်နယ် ၊BP -14 စခန်းနှင့် မယ်လနွယ်စခန်းသည် ကရင်နီ-ထိုင်းနယ်တွင်တည်ရှိပြီး တောင်လှစခန်းကြီး၌ ယခင် က ရှိခဲ့သော တပ်စခန်းငယ်များမှ ပူးပေါင်းထားကြောင်း၊ မယ်စယ့်မြို့အရှေ့ဘက်ရှိ တပ်စခန်းကြီးတစ်ခု မှ မယ်စဲ့ရဲစခန်းသိမ်းတိုက်ပွဲကို လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေ မသိရသေးကြောင်း သိရသည်။", "ဓာတ်ပုံ- မတ်လအတွင်း ကရင်နီပြည်နယ်အတွင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီတပ်၏ ၁၂၀ မမ လက်နက်ကြီးတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။ )"]
https://yktnews.com/2023/01/79500/
ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ပြီး စစ်သား ၈၀၀ နီးပါးသေဆုံး
["ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ပြီး စစ်သား ၈၀၀ နီးပါးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီလ ၆", "ကယားပြည်နယ်နှင့် ရှမ်းကယားအစပ်(ကရင်နီပြည်နယ်)တွင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၈၀၀ နီးပါးသေဆုံးခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်သည်။", "KNDF၊ KAနှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၃၄၁ ကြိမ်တွင် အ ကြမ်းဖက်စစ်သား ၇၉၇ ဦးသေဆုံးကာ ၉၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် လည်းအကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး ၆၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အရပ်သားပြည်သူ နေအိမ် ၆၇ လုံး၊ ဘာသာရေးအဆောက်အအုံ ၄ လုံး၊ ဘုရားစေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့​သည်ဟု ဆိုသည်။", "အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အသုံးပြုသော လက်နက်ငယ် ၃၃ လက်၊ လက်နက်ကြီး ၇ လက်နှင့် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁၁ ဦးကိုဖမ်းဆီးရရှိပြီး တပ်မ (၆၆) အပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ် သား (၇) ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့ကြောင်းသိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆၅ ဦးတိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ ရဲရင့်စွာကျဆုံးခဲ့ကြောင်း KNDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။", "၂၀၂၂ ခုနှစ်တွင် စစ်ရေးအောင်မြင်မှုများရှိခဲ့သည့်နည်းတူ ၂၀၂၃ ခုနှစ်တွင်လည်း ကရင်နီပြည်နယ် အတွင်းရှိ တိုင်းရင်း သားလူမျိုးများ၊ တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုဖြင့် တစ်နိုင်ငံလုံးအသွင် သဏ္ဍာန်ဆောင်သော တော်လှန်ရေးတစ်ရပ်တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/07/111871/
ကရင်နီပြည်နယ်ရှိ ကြားကာလ ပညာရေး ကျောင်းမှ ၁၀ တန်းအောင်မြင်ပြီး ဂုဏ်ထူးရရှိသည့် ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်
["ကရင်နီပြည်နယ်ရှိ ကြားကာလ ပညာရေး ကျောင်းမှ ၁၀ တန်းအောင်မြင်ပြီး ဂုဏ်ထူးရရှိသည့် ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်", "ရန်ကုန်၊ ဇူလိုင် ၇", "ကရင်နီပြည်နယ်ရှိ ကြားကာလ ပညာရေး ကျောင်းတွင် ၅ ဘာသာဂုဏ်ထူး၊ ၄ ဘာသာဂုဏ်ထူး၊ ၂ ဘာသာဂုဏ်ထူးနှင့် ဆယ်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ဖုန်း၊ အင်္ကျီ၊ ဘောင်းဘီနှင့် အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89443/
ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်ကို ပစ်ခတ် တိုက်ခိုက်ရာ မြေပြင် မဆင်းနိုင်တော့ဘဲ လှည့်ပြန်သွား
["ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်ကို ပစ်ခတ် တိုက်ခိုက်ရာ မြေပြင် မဆင်းနိုင်တော့ဘဲ လှည့်ပြန်သွား", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီ၏ ထောက် ပို့ စစ်ရဟတ်ယာဉ်တစ်စီးကို ကရင်နီဒေသကာကွယ်ရေးတပ်များက ပစ်ခတ် တိုက်ခိုက်ရာ အဆိုပါ ရဟတ်ယာဉ်မှာ မြေပြင်ပင် မဆင်းသက် နိုင် တော့ဘဲ လှည့်ပြန်သွားကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်း ထုတ် ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် ထိုင်း-ကရင်နီနယ်စပ် Bp-12 အနီးရှိ စစ်ကောင် စီတပ်စခန်းတစ်ခုဖြစ်သည့် ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁)သို့ ရိက္ခာပို့ဆောင်ရန် ပျံသန်းလာသော စစ်တပ်ရဟတ်ယာဉ် တစ်စီး ကို ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းက မြေပြင်မှပစ်ခတ်ခဲ့သဖြင့် ဆင်းသက်နိုင်ခြင်းမရှိဘဲ နောက်ကြောင်းပြန်လှည့်ပြန်ခဲ့ရကြောင်း သိရှိရသည်။", "“အရင်ကလည်း ကုန်းကြောင်းက သူတို့ ရိက္ခာပို့ဖို့ လုပ်တာ ကျနော်တို့က ဖြတ် တိုက်လိုက်တော့ သေဆုံး ထိခိုက်မှု များစွာနဲ့ မအောင်မြင်တော့ အခု ရဟတ် ယာဥ်နဲ့ ရိက္ခာပို့ဖို့လုပ်တယ်။ အဲဒါကို မြေပြင် အဖွဲ့က ပစ်ခတ်တိုက်ခိုက်တယ်။ ရဟတ်ယာဉ် ထိ၊ မထိတော့ သေချာ မသိရပေမယ့် အဲဒီရဟတ်ယာဉ်က မဆင်း သက်တော့ဘဲ ပြန်လှည့်သွားတယ်။ ရိက္ခာလည်း မချသွားဘူး” ဟု ကရင်နီစစ် ဘက် ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။", "ရဟတ်ယာဉ် ဆင်းသက်ခြင်းမပြုနိုင်စေရန် ပစ်ခတ်သည့်အတွက် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စစ်ကောင်စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဟွေခမောက် ဝန်းကျင် တစ်ဝိုက်ကို ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယအကြိမ်အဖြစ် ညနေ ၄ နာရီ ၃၀ မိနစ်ခန့် တွင် စစ်လေယာဉ်၂ စီးဖြင့်ပင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းဖြင့် စုစု ပေါင်း ၄ ကြိမ် လာရောက်ပစ်ခတ်ခဲ့သော်လည်း ကရင်နီတပ်မတော်ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ရိက္ခာပို့ရန်လာသော ဖားဆောင်းအခြေစိုက် ခလရ ၁၃၅ စစ်ကြောင်းကို ကရင်နီတပ်မတော်နှင့်ပူးပေါင်းတပ်များက ကြား ဖြတ် တောက်တိုက်ခိုက်ခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် ရိက္ခာနှင့် အခြားပစ္စည်း များ ပို့ဆောင်ရန် စီစဉ်နေစဉ် ယခုကဲ့သို့ ထပ်မံပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“စစ်တပ်က ပို့ဖို့ ကြိုးစားနေတာက ရိက္ခာအပြင် လက်နက်ခဲယမ်းတွေလည်း ပါမှာပေါ့” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ရဟတ်ယာဉ်တစ်စီး။"]
https://yktnews.com/2025/01/199188/
ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အဝတ်အထည်နှင့်စားနပ်ရိက္ခာများ လှူဒါန်း
["ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အဝတ်အထည်နှင့်စားနပ်ရိက္ခာများ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ထိုင်းနိုင်ငံအခြေစိုက် ဖစ်ပူရီအင်အားစု အသင်းကြီးတာဝန်ရှိသူများက အဝတ်အထည်နှင့်စားနပ်ရိက္ခာများကို ကွင်းဆင်း လှူဒါန်းခဲ့ကြောင်း သိရသည်။", "ဖစ်ပူရီအင်အားစု အသင်းကြီးသည် ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထား သော အသင်းကြီးဖြစ်ပြီး မြန်မာပြည်တွင်းကြုံတွေ့ရသော ရေဘေး၊ စစ်ဘေး ဒုက္ခကြုံတွေ့နေရသူ များကို ကူညီပေးနေသည့် အသင်းကြီးဖြစ် ကြောင်း၊ ယခုလှူဒါန်းရာတွင် ဆန်၊ ဆီ ၊ ငါးဘူး ၊ မာမား ခေါက် ဆွဲထုတ်စသည့် စားနပ်ရိက္ခာ တန်ဖိုးသိန်း ၂၁,၁၅၃,၀၀၀ ကျပ် တန်ဖို့းရှိ ပစ္စည်းများ၊ ငွေသား သိန်း ၁၅၀ နှင့်အဝတ်အထည် အထည် ၁၀,၀၀၀ ကျော်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/11/192005/
ကရင်နီပြည်နယ်ရှိ စစ်ရှောင်စာသင်ကျောင်းမှ ကလေး ၄၀၀ ကျော်ကို ထမင်းနှင့်ဟင်း လှူဒါန်း
["ကရင်နီပြည်နယ်ရှိ စစ်ရှောင်စာသင်ကျောင်းမှ ကလေး ၄၀၀ ကျော်ကို ထမင်းနှင့်ဟင်း လှူဒါန်း", "ရန်ကုန်၊နိုဝင်ဘာ ၁၄", "ကရင်နီပြည်နယ်ရှိ စစ်ရှောင်စာသင်ကျောင်းတစ်ကျောင်းမှ ကလေး ၄၀၀ ကျော်ကို နွေဦးအားမာန်ဖောင်ဒေးရှင်းက အလှူရှင်ကိုယ်စား ယနေ့နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထမင်းနှင့်ဟင်း လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/120774/
ကရင်နီပြည်နယ်ရှိ စစ်သား၊ ရဲများ အချိန်မီ CDM ပြုလုပ်ရန် KNPP သတိပေး တိုက်တွန်း
["ကရင်နီပြည်နယ်ရှိ စစ်သား၊ ရဲများ အချိန်မီ CDM ပြုလုပ်ရန် KNPP သတိပေး တိုက်တွန်း", "ရန်ကုန်၊ စက်တင်ဘာ ၂", "ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော စစ်သား၊ ရဲများအနေဖြင့် CDM ပြုလုပ်လိုပါက အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း ကရင်နီအမျိုးသား တိုး တက်ရေးပါတီ (KNPP) ဗဟိုဌာနချုပ်မှ ခူးတော်ရယ်အက်စ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ကရင်နီပြည်နယ် တစ်ဝှမ်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်ဘက် ဆိုင်ရာ အရာရှိများနှင့် အခြားအဆင့်တပ်သားများ၊ ပြန်တမ်းဝင်ရဲအရာရှိများ၊ ရဲအုပ်၊ ဒုရဲအုပ်များနှင့် အခြားအဆင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းခိုလှုံလိုပါက သို့မဟုတ် CDM ပြုလုပ်လိုပါက မိမိ တို့နှင့် နီးစပ်ရာ ကရင်နီပြည်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်အသီးသီးမှ မြို့ နယ်တပ်များ၊ ကရင်နီပြည်နယ်တစ်ဝှမ်း အခြေချလှုပ်ရှားနေသည့် ကရင်နီပြည် တပ်မတော်တပ်ရင်း၊ တပ်ခွဲ၊ တပ်စုများထံသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းလမ်းဖြင့်ဖြစ်စေ အမြန်ဆုံးဆောင်ရွက်နိုင် ကြောင်း KNPP ပါတီကပြောဆိုထားသည်။", "“မြေပြင်တိုက်ပွဲမှာ အကျအဆုံးများတဲ့ စကစ တပ်ဖွဲ့ဝင်တွေဟာ မတိုက်ချင်၊ မခိုက်ချင်သူတွေ ရှိ တယ်လို့ သိရတယ်၊ အဲဒါကြောင့် ဘက်ပြောင်းခိုလှုံလိုတဲ့ သူတွေအတွက် လုံခြုံမှုကို ပေးတဲ့ အစီအစဉ် ရှိကြောင်းနဲ့ လုံခြုံမှုပေးထားကြောင်း အသိပေးတာ ဖြစ်ပါတယ်” ဟု ဘက်ပြောင်းခိုလှုံသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ခူးတော်ရယ်အက်စ် က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "CDM ဝင်ကြမည့် စစ်သားများနှင့်ရဲများအနေဖြင့် မိမိတို့နှင့်အတူ တစ်ပါတည်းပါလာသော လက်နက်ခဲယမ်းများကို သက်ဆိုင်ရာ ကရင်နီပြည်နယ်တပ်မ တော်နှင့် မြို့နယ်တပ်ရင်းများထံ တရားဝင်အပ်နှံပြီးပါက ဘက်ပြောင်းခိုလှုံသူများနှင့် CDM များ ကြီး ကြပ်ရေးလုပ်ငန်းကော်မတီ၏ အစီအမံအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။", "ဘက်ပြောင်းခိုလှုံသူများနှင့် CDM များကြီးကြပ်ရေး လုပ်ငန်းကော်မတီအနေဖြင့် နိုင်ငံတကာ တရားဝင် အစုအဖွဲ့များ၊ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အစုအဖွဲ့များ၊ အမျိုးသား ညီညွတ်ရေးအစိုးရတို့နှင့် တရားဝင် ကွန်ယက်ချိတ်ဆက်မှု လမ်းကြောင်းရှိကြောင်း၊ ကရင်နီပြည် အပြင် မြန်မာနိုင်ငံတဝှမ်းမှ စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သည့် ပုဂ္ဂိုလ်များ အနေဖြင့်ပေးထားသည့် စင်ဂနယ်နံပါတ် – +66 95880 7436 ကို တိုက်ရိုက်ချိတ်ဆက်သွယ်နိုင်ကြောင်း အသိ ပေးထားသည်။", "ဘက်ပြောင်းခိုလှုံလာသူများနှင့် CDM များ ကြီးကြပ်ရေးလုပ်ငန်းကော်မတီသည် ကရင်နီအမျိုးသား တိုး တက်ရေးပါတီ ၊ ပါတီအလုပ်အမှုဆောင် ကော်မတီ၏ ဒုတိယ ၆ လပတ် အစည်းအဝေး၌ တရားဝင် အတည်ပြုဖွဲ့စည်းထားခဲ့သော ဗဟိုအဆင့်လုပ်ငန်းကော်မတီဖြစ်ပြီး ချမှတ်ထားသော လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ရင်ခွင်ကော်မတီနှင့် သော်လည်းကောင်း၊ နိုင်ငံတကာ တရားဝင်အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/07/111756/
ကရင်နီပြည်နယ်ရှိ ပြည်သူ့ အခြေပြု ကျောင်းတစ်ကျောင်းတွင် ဆဲဇင်းဇူလိုင်နေ့ ဟောပြောပွဲ ပြုလုပ်
["ကရင်နီပြည်နယ်ရှိ ပြည်သူ့ အခြေပြု ကျောင်းတစ်ကျောင်းတွင် ဆဲဇင်းဇူလိုင်နေ့ ဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၇", "ကရင်နီပြည်နယ်ရှိ ပြည်သူ့ အခြေပြုကျောင်းတစ်ကျောင်းတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ဆဲဗင်းဇူလိုင်နေ့ ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/157747/
ကရင်နီပြည်နယ်ရှိ မြေပြင်တပ်ဖွဲ့များထံသို့ တောင်ကိုရီးယား KTJ Supporting Group က ကွင်းဆင်း သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာများ ထောက်ပို့
["ကရင်နီပြည်နယ်ရှိ မြေပြင်တပ်ဖွဲ့များထံသို့ တောင်ကိုရီးယား KTJ Supporting Group က ကွင်းဆင်း သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာများ ထောက်ပို့", "ရန်ကုန်၊ ဧပြီ ၁၇", "ကရင်နီပြည်နယ်ရှိ မြေပြင်တပ်ဖွဲ့များထံသို့ တောင်ကိုရီးယား KTJ Supporting Group က ကွင်းဆင်း သွားရောက်တွေ့ဆုံပြီး စားနပ်ရိက္ခာများ ထောက်ပို့ခဲ့ကြောင်း ၊ လိုအပ်သော စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုရီးယားရှိ ညီအစ်ကိုမောင်နှမများ၊ အဖွဲ့အစည်းများ၏ ထောက်ပို့ပါဝင်မှုများနှင့် KTJ Supporting Groupက သွားရောက်ထောက်ပို့ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ကွင်းဆင်း ခရီးစဉ်တွင်", "၁။ အသောကသုခ အဖွဲ့ – ၁၀သိန်း ကျပ်", "၂။ MFDMC – ၁၀၀ သိန်းကျပ်", "၃။ 반석ဆောက်လုပ်ရေးညီအကိုများ – ၁၆၁၅၅၀၀ ဝမ်", "၄။ ယောင်ဂန်း ဂျွမ်ဘီ ညီအကိုများ – ၇၃၀၀၀၀ ဝမ်", "၅။ 국경없는민주주의학교", "နယ်စည်းမခြားဒီမိုကရေစီကျောင်း – 10သိန်းဝမ်", "၆။ KTJ Supporting Group – ၄၀သိန်းကျပ် တို့ကို ထောက်ပို့ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107550/
ကရင်နီပြည်နယ်၊ စစ်​ကောင်စီစခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲများ​ကြောင့် စစ်ဘေး ဒုက္ခ သည် ၃၀၀၀ ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာ
["ကရင်နီပြည်နယ်၊ စစ်​ကောင်စီစခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲများ​ကြောင့် စစ်ဘေး ဒုက္ခ သည် ၃၀၀၀ ကျော် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာ", "ရန်ကုန်| ဇွန် ၁၄", "မြန်မာဘက်ခြမ်းတွင် တိုက်ပွဲကြောင့် စစ်ဘေး ဒုက္ခသည် ၃၀၀၀ ကျော် သည် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး မယ်ဟောင်ဆောင် ခရိုင်ရှိ ယာယီ စစ်ဘေးရှောင် စခန်းကို လာရောက် ခိုလှုံနေကြောင်း ထိုင်းအခြေစိုက် AEC อาเซียน News သတင်းဌာန က ဖော်ပြသည်။", "မြန်မာ-ထိုင်း နယ်နမိတ်ခြင်း ထိစပ်နေသည့် ကယားပြည်နယ် နယ်မြေအတွင်း ယခုရက်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော KNDF နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့ သည် ဘန်မဲချောင်း ရဲစခန်းနှင့် အခြား စစ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့သည်။", "နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေရာမှ မယ်ဟောင်ဆောင်သို့ မြန်မာစစ်ပြေး ဒုက္ခသည်များ အများ အပြား ဝင်ရောက် ခိုလှုံလာခြင်း ဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာ၌ AEC อาเซียน News က ဖော်ပြသည်။", "ကယားပြည်နယ် ဖယ်ခုံ စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက “ထိုင်းသတင်းတွေမှာ ဖော်ပြထားတဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော် ဆိုတဲ့ အရေ အတွက်က နည်းနေပါသေးတယ်။ မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်”ဟု ပြောသည်။", "လက်ရှိတွင် မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ Chettha Mosikarat က ကယားပြည်နယ် နယ်မြေ အတွင်း တိုက်ပွဲများကြောင့် ရောက်ရှိနေသည့် ခိုလှုံရန် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေး ဒုက္ခသည် ၃၃၄၂ ဦးကို ယာယီ ဘေးကင်းရာ နယ်မြေတွင် လက်ခံပေးထားကြောင်း ထိုင်းသတင်းများက ရေးသားထားသည်။", "ကယားပြည်နယ်တွင် လက်ရှိအချိန် အထိ နှစ်ဖက်တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ပစ်ခတ်နေသည့် လက်နက်ကြီးများ ကျရောက်နေ၍ မိုးထဲလေထဲ ဒေသခံ စစ်ဘေးရှောင် ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး အများစုသည် ထိုင်းဘက်ခြမ်းကို ယခုထက် ထွက်ပြေးတိမ်းရှောင်လာနိုင်ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် အဖွဲ့စည်းများက ပြောသည်။"]
https://yktnews.com/2023/03/91575/
ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာပို့ရန်နှင့် လုံခြုံရေး ယူနေသည့် ခမရ ၅၁၀ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
["ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာပို့ရန်နှင့် လုံခြုံရေး ယူနေသည့် ခမရ ၅၁၀ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၀", "ကရင်နီပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများသို့ ရိက္ခာပို့ရန်နှင့် လုံခြုံရေး ယူရန် ထွက်လာသော မရ ၅၁၀ စစ်ကြောင်းကို ကရင်နီတပ်ဖွဲ့များက ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။", "ရှမ်းပြည်နယ်၊ ကျိုင်းခမ်းမြို့ အခြေစိုက် ခမရ ၅၁၀ အင်အား ၇၀ ခန့်ရှိ အကြမ်း ဖက်စစ်ကြောင်းက ကရင်နီပြည်နယ်ရှိ စစ်တပ်စခန်းများအတွက် ရိက္ခာပို့ရန် ထွက်လာစဉ် ကရင်နီတပ်မတော်(KA) တပ်ဖွဲ့နှင့် KNDF တပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက် ပွဲ ၃ ကြိမ်အတွင်း အကြမ်းဖက် စစ်သား ၈ ဦးသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ ဇန်နဝါရီလလောက်ကတည်းက ခမရ ၅၁၀ တပ်က ရိက္ခာပို့ဖို့နဲပ လုံခြုံရေးယူဖို့ ထွက်လာ တာပေါ့၊ ဒေါတခဲ စစ်ဒေသကို ပို့ဖို့များတယ်၊ နောက်ထပ်စစ် ကြောင်း တစ်ကြောင်းလည်း ရှိသေးတယ်၊ အဲဒီ စစ်ကြောင်းနဲ့ပေါင်းမလားမသိရသေးဘူး၊” ဟု ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ခမရ ၅၀၁ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရှားတောမြို့နယ်၊ တာတမော စခန်းမှ ရှားတောဗျူဟာကုန်းသို့ ရိက္ခာပို့ရန် စီစဉ်နေစဉ် KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ မတ်လ ၆ ရက်နေ့ ရှားတောမြို့နယ်၊ တာတမောစခန်းမှ ထွက်လာစဉ် BP -9 တောင် ကုန်းအမှတ် ပွိုင့် ၃၂၂၂ အနီးအရောက်ခမရ ၅၀၁ စစ်ကြောင်းကို KA ၊ KNDF ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ယမန်နေ့ မတ်လ ၉ ရက် နံနက် ၆ နာရီခွဲခန့်အချိန် ထိုင်း-ကရင်နီ နယ် စပ်အနီး ဒေါတခဲ စစ် ဒေသတွင်လည်း ခမရ ၅၀၁ စစ်ကြောင်းကို ကရင်နီတပ်မတော်(KA) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကရင်နီတပ်မတော် တပ်ဖွဲ့ဝင်များ၏ စစ်ရေးပြ မြင်ကွင်း။"]
https://yktnews.com/2023/05/101654/
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆားကုလားပဲများ ထောက် ပံ့ပေးအပ်
["ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆားကုလားပဲများ ထောက် ပံ့ပေးအပ်", "ရန်ကုန်၊ မေ ၉", "ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် အမျိူးသားညီညွတ်ရေးအစိုးရ အမျိူးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနမှတစ်ဆင့် ရွှေလူငယ်များအဖွဲ့က လှုဒါန်းပေးသော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲအပါအဝင် အခြေခံ စားနပ်ရိက္ခာများကို ယမန်နေ့ ညနေပိုင်းတွင် ကျေးလက်မြေအဖွဲ့က သွားရောက် ထောက်ပံ့ပေးအပ်ကြသည်။"]
https://yktnews.com/2022/12/76365/
ကရင်နီပြည်နယ်၊ ဖရူဆိုတွင် အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို စစ်တပ်က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှု ၁ နှစ်ပြည့်ခဲ့ပြီ
["ကရင်နီပြည်နယ်၊ ဖရူဆိုတွင် အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို စစ်တပ်က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှု ၁ နှစ်ပြည့်ခဲ့ပြီ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် ယမန်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်ကောင်စီတပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၄၀ ကျော်ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့မှုမှာ ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။", "၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ မီးတင်ရှို့ခဲ့သည်။", "အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊ သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်း များမှာ မီးလောင်ကျွမ်းခဲ့ပြီး အရိုးစုများသာ ကျန်ရစ်ခဲ့သည်။", "ပြည်သူ ၄၀ ဦးကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်မှာ တပ်မ ၆၆ ဖြစ်ပြီး ယခုအချိန်အထိ ပြစ်မှု ကျူးလွန်သူ စစ်ရာဇဝတ်သား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးယူနိုင်ခြင်းမရှိသေးပေ။", "ဓာတ်ပုံ- ပြည်သူအစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရသော နေရာတွင် အမှတ် တရ အောက်မေ့ဖွယ် အထိမ်းအမှတ် ဆီမီးများ ထွန်းညှိထားပြီး လွမ်းသူ့ပန်းများ ချထားစဉ်။"]
https://yktnews.com/2023/08/118715/
ကရင်နီပြည်နယ်၊ ဖရူဆိုရှိ “သနားခြင်းမယ်တော်” ခရစ်ယာန် ဘုရားရှိခိုး ကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ဘုရားကျောင်း ပျက်စီး၊ စစ်ရေး ပစ်မှတ် မဟုတ်သည့် ဘာသာရေး အဆောက်အအုံကို စစ်ကောင်စီက တိုက်ခိုက်
["ကရင်နီပြည်နယ်၊ ဖရူဆိုရှိ “သနားခြင်းမယ်တော်” ခရစ်ယာန် ဘုရားရှိခိုး ကျောင်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှု ဘုရားကျောင်း ပျက်စီး၊ စစ်ရေး ပစ်မှတ် မဟုတ်သည့် ဘာသာရေး အဆောက်အအုံကို စစ်ကောင်စီက တိုက်ခိုက်", "ရန်ကုန်၊ ဩဂုတ် ၁၈", "ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ “သနားခြင်းမယ် တော်” ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချတိုက်ခိုက်ရာ ဘုရားကျောင်းပျက်စီးသွားပြီး စစ်ရေးပစ်မှတ် မဟုတ် သည့် ဘာသာရေးအဆောက်အအုံကို စစ်တပ်ကတိုက်ခိုက်မှုဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။", "ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီအချိန် ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ် ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွား မှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဘုရားကျောင်းအဆောက်အဦအပြင် ဘုရား ကျောင်းဝန်း အတွင်းရှိ အခြားအဆောက်အဦများ အပါအဝင် ခြံစည်းရိုး အုတ်တံ တိုင်းများလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက် ခံတပ်ရင်းများနှင့်ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ ၂ ရက်နေ့မှစ၍ ဩဂုတ် ၁၄ ရက်နေ့အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာ သစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တလျှောက် တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "လက်ရှိအချိန်အထိ ဖရူဆိုမြို့နယ်၊ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ အချိန်မရွေး ထိတွေ့မှု ဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီး တ လျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ သွားလာ နေထိုင် ပေးကြပါရန် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန အသိပေး နှိုးဆော် ထားသည်။"]
https://yktnews.com/2023/06/109685/
ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်းစစ်တပ်စခန်းမှ အင်အား ၁၀၀ နီးပါး ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး ဇာနည်အောင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူစိုးတို့ပါပါဝင်
["ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်းစစ်တပ်စခန်းမှ အင်အား ၁၀၀ နီးပါး ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူး ကြီး ဇာနည်အောင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်သူစိုးတို့ပါပါဝင်", "ရန်ကုန်၊ ဇွန် ၂၅", "ကရင်နီပြည်နယ်၊ မယ်စဲ့ ဗျူဟာကုန်း စစ်တပ်စခန်း (BP 13 ) စခန်းမှ အင်အား ၁၀၀ နီးပါးရှိသော ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး တော်လှန်ရေးတပ်ဖွဲ့များထံ တွင် လက်နက်ချ အလင်းဝင်လာကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။", "ပြည်တွင်း တော်လှန်ရေးသတင်းမီဒီယာတစ်ခုဖြစ်သော ငွေမောင်းသံမီဒီယာက ခမရ ၄၃၀ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇာနည်အောင်နှင့် ဒုတိယ တပ် ရင်း မှူး ဗိုလ်မှူးကျော်သူစိုးတို့ ပါဝင်သော တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်း ဝင်လာကြောင်း သတင်းဖော်ပြခဲ့ပြီး ယင်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်က တော်လှန်ရေး သတင်းရင်းမြစ်များထံ ဆက်သွယ် မေးမြန်း ရာမှ သတင်းမှန်ကန်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။", "“သတင်းကတော့မှန်ပါတယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်လို့ ပြောဆိုခွင့်မရှိပါ ဘူး။ ဖြေဆိုခွင့်လည်းမရှိပါဘူး။ သက်ဆိုင်ရာဘက်ကနေ တရားဝင် ထုတ်ပြန်တာ စောင့်ပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက အခြားသော တော်လှန်ရေး သတင်းရင်းမြစ် များထံသို့ ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး အလင်းဝင် လာမှုနှင့်ပတ်သက်၍ ထပ်မံစုံစမ်းမေးမြန်းရာ အသုတ်လိုက် အလင်းဝင်လာခြင်းဖြစ်ပြီး ပထမ အသုတ်အဖြစ် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးဦးဆောင်အဖွဲ့က စခန်းပြင်ပ တွင်လည်းကောင်း၊ ဒုတိယအသုတ်အဖြစ် စခန်းတွင် ကျန်ရှိအင်အားများက လက်နက်ချ အလင်းဝင်ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် လက်နက် ၁၀၀ ကျော်၊ အမြောက်များ ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။", "” တချို့အချက်အလက်တွေက သက်ဆိုင်သူတွေရဲ့ သဘောထားဆန္ဒမပါဘဲ ပြောလို့မရဘူး။ ငဲ့ညှာရမှာတွေလည်းရှိတယ်” ဟုအခြား ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ခမရ ၄၃၀ မှ လက်နက်ချ အလင်းဝင်သူများအားလုံး၏ လုံခြုံရေးနှင့် စားဝတ်နေရေး အတွက် သက်ဆိုင်ရာက စီစဉ်နေပြီး အချိန်တန်လျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135291/
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲဌာနချုပ် ကို တော်လှန်ရေးတပ်များ သိမ်းပိုက်
["ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲဌာနချုပ် ကို တော်လှန်ရေးတပ်များ သိမ်းပိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲဌာနချုပ်ကို KNDF ဦးဆောင်သော တော်လှန်ရေးတပ်က သိမ်းပိုက်လိုက်ကြောင်း Progressive Karenni People Force – PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက သတင်းထုတ်ပြန်သည်။", "“မနေ့ညက သိမ်းတာပါ။ လေယာဉ်တွေနဲ့ တောက်လျှောက် ဗုံးကျဲနေလို့ အခုငြိမ်သွားမှ သတင်းထုတ်ပြန်ကြတာ” ဟု ကရင်နီတော်လှန်ရေးတပ်နှင့် အတူရှိနေသော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ပြည်နယ်ရဲဌာနချုပ်ကို သိမ်းပိုက်ရရှိမှုတွင် လက်နက်ခဲယမ်းတချို့၊ ရဲဆိုင်ကယ်၊ ရဲကားများနှင့် အဓိကရုဏ်းနှိမ်နင်းရေးကားများ ပါ သိမ်းဆည်းရရှိကြောင်း သိရှိရပြီး တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150936/
ကရင်နီပြည်ရဲဌာန (KSP) ယာဥ်ထိန်းဌာနခွဲက ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း သင်တန်းပေး
["ကရင်နီပြည်ရဲဌာန (KSP) ယာဥ်ထိန်းဌာနခွဲက ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း သင်တန်းပေး", "ရန်ကုန်၊ မတ် ၁၆", "ကရင်နီပြည်နယ်တွင်၊ ကရင်နီပြည်ရဲဌာန(KSP) ယာဉ်ထိန်းဌာနခွဲမှ တာဝန်ရှိသူများသည် ကရင်နီပြည်ရဲ အမှတ်(၁) ရဲစခန်းသို့သွားရောက်ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ပြီး သွားရောက်သင်တန်းပေးခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2024/01/142293/
ကရင်နီပြည်ရှိ အဖိုးတန်သတ္တုများ ထွက်ရှိရာ သတ္တုမြို့တော် မော်ချီးမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်
["ကရင်နီပြည်ရှိ အဖိုးတန်သတ္တုများ ထွက်ရှိရာ သတ္တုမြို့တော် မော်ချီးမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်ရှိရာ သတ္တုတွင်းမြို့တော် မော်ချီးမြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်း ရင်းမြစ်တချို့ထံမှ သိရှိရသည်။", "ကရင်နီနှင့် ကရင်ပြည်နယ် အစပ်တွင်ရှိသော မော်ချီးမြို့ရှိ စစ်တပ် စခန်း ၂ ခုဖြစ်သော တောင်ပေါ်ကျောက်ကြားစခန်းနှင့် မြို့အဝင် အမှတ် ၂ စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ မော်ချီးမြို့တွင် စစ်တပ် တပ်စခန်း လုံး၀ မရှိတော့ကြောင်း သိရှိရသည်။", "“ကရင်နဲ့ကရင်နီအစပ်မှာ ရှိနေတာ မော်ချီးက။ ရှိနေတဲ့ တပ်စခန်းတွေပြန်ရုပ်သိမ်းသွားတာရယ်၊ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာရယ်မှာ စစ်တပ်စခန်းကြီး ၂ ခု ပဲကျန်တော့တာ။ မနေ့(ဇန်နဝါရီလ ၂၇ ရက်နေ့) က အပြီးသတ်သိမ်းတယ်။ စစ်ကောင်စီတပ်စခန်းတွေကို နယ်မြေရှင်းလင်းလုပ်နေတာရှိပါတယ်။ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားကြတာလည်းရှိပါတယ်။ အသေးစိတ်ကတော့ တရားဝင်သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မော်ချီးမြို့သည် ကယားပြည်နယ် ဘောလခဲနယ်၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး သတ္တုတွင်းမြို့တော်အဖြစ် ထင်ရှားသည်။ မော်ချီးမြို့သည် လွိုင်ကော်မြို့၏ တောင်ဘက် ၉၃ မိုင် အကွာ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄,ဝဝဝ ကျော်မြင့်သော အရပ်တွင် တည်ရှိ၍၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း စသော အဖိုးတန် သတ္တုများထွက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/144641/
ကရင်နီပြည်၊ ရှားတောတွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါ အဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို ခလရ ၂၄၉ စစ်တပ် စစ်ကြောင်းက ပစ်သတ်ခဲ့
["ကရင်နီပြည်၊ ရှားတောတွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါ အဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို ခလရ ၂၄၉ စစ်တပ် စစ်ကြောင်းက ပစ်သတ်ခဲ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ကရင်နီပြည်၊ ရှားတောမြို့နယ်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ကရင်နီတပ်မတော် KA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်း ကိုယ်ဝန်ဆောင် မိခင် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး အလောင်းများကို ကရင်နီတပ်မတော် KA နှင့် KNDF တို့က တွေ့ရှိခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အလောင်းတွေမှာက သေနတ်ဒဏ်ရာတွေပဲ။ ကလေးရော ၊ ကိုယ်ဝန်ဆောင်ရော ၊ အမျိုးသမီးတွေကိုရော စစ်တပ်စစ်ကြောင်းက ပစ်သတ်ထားတာပါ။ စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး အဖမ်းခံရတယ်။ တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျန်တဲ့လူတွေကို စစ်တပ်က အကုန်ပစ်သတ်လိုက်တာ” ဟု KA သတင်းရင်းမြစ်က ပြောဆိုသည်။", "KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက “ဒီကလေးတွေနဲ့ အမေကို ဘယ်လိုလို့ လုပ်ရက်တာလဲ။ ပြောစရာ စကားမရှိတော့ဘူး ။ ဟိုရက်ကလည်း ကလေး၄ယောက် ။ မင်းတို့ကလေးတွေ သားသမီးတွေ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံရပါစေနဲ့” ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။", "အမျိုးသမီးများနှင့် ကလေးများကို ပစ်သတ်သွားသည့် စစ်တပ်စစ်ကြောင်းမှာ ခလရ ၂၄၉ စစ်တပ်စစ်ကြောင်းဖြစ်ကြောင်း KA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2024/06/165542/
ကရင်နှင့် ကရင်နီ ဒေသ စစ်ဆင်ရေးများတွင် ပူးပေါင်း ပါဝင်တိုက်ပွဲဝင်နေသာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်သား ၄၀၀ ကျော် သေဆုံးပြီး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့
["ကရင်နှင့် ကရင်နီ ဒေသ စစ်ဆင်ရေးများတွင် ပူးပေါင်း ပါဝင်တိုက်ပွဲဝင်နေသာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်သား ၄၀၀ ကျော် သေဆုံးပြီး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့", "ရန်ကုန်၊ ဇွန် ၂", "ကရင်ပြည်နယ်နှင့် ကရင်နီ ဒေသ စစ်ဆင်ရေးများတွင် ပူးပေါင်း ပါဝင်တိုက်ပွဲဝင်နေသာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ ၃ နှစ်တာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်သား ၄၀၀ ကျော် သေဆုံးပြီး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်‌‌‌ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ (P3. 9918) ကို ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ရှမ်းပြည်နယ် ​တောင်ပိုင်း၌ စတင်ဖွဲစည်းခဲ့ပြီး အမျိုးသားညီညွတ်‌‌ရေး အစိုးရ (NUG) ၊ ကာကွယ်‌‌‌‌ရေးဝန်ကြီးဌာန (MOD) တို့၏ ဦးဆောင်မှုဖြင့် ဖက်ဒရယ် ဒီမိုက‌‌ရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ အထူးစစ်ဆင်‌‌‌ရေး အဖွဲ့သည် တော်လှန်‌ရေး ၃ နှစ်တာကာလအတွင်း ကရင်နီ ဒေသ၊ ရှမ်းတောင် နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသ တို့တွင် မဟာမိတ်အဖွဲ့များနှင့် အတူ ပူးပေါင်းကာ စစ်ဆင်ရေးပေါင်း ၃၀ ကျော် ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့၏ ဖျက်မြင်း Fighter + Sniper စစ်ကြောင်းသည် အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ၊ တပ်သားများ၊ Sniper များ အပါအဝင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀၀ ကျော် တိုက်ပွဲအတွင်း ရှင်းလင်းနိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၅ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းသိရသည်။", "လက်ရှိအချိန်တွင် အထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် Fighter / Sniper နှင့် Drone အဖွဲ့များကို ပိုမိုအားကောင်းအောင် စုဖွဲ့ပြင်ဆင်ပြီး စစ်ဆင်‌ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးစစ်ဆင်ရေးအဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်သားများ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်း ကမ်းများနှင့်အညီ ပြည်သူလူထုလိုလားသော ဖက်ဒရယ်ဒီမိုက‌ရေစီစနစ် အကောင်အထည် ဖော်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/04/158469/
ကရင်ပြည်နယ် စစ်ရှောင်မိသားစုများကို စားသောက်ကုန်ပစ္စည်းများ လှူဒါန်း
["ကရင်ပြည်နယ် စစ်ရှောင်မိသားစုများကို စားသောက်ကုန်ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ဧပြီ ၂၁", "ကရင်ပြည်နယ် သံတောင်ကြီး ကျေးရွာ ၃ရွာမှ စစ်ရှောင်မိသားစုများအတွက် ဆန်၊ဆီ၊ဆား၊အသင့်စားခေါက်ဆွဲခြောက်၊ကြက်ဥ၊ကြက်သွန် အစရှိသည့် ရိက္ခာခြောက်များအပြင် ဖိနပ်များကို အလှူရှင် ကိုယ်စား Karenni Humanitarian Team -KHTအဖွဲ့ က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။"]
https://yktnews.com/2023/03/94112/
ကရင်ပြည်နယ် နေရာအများအပြားတွင် တိုက်ပွဲများ ဖြစ်နေသဖြင့် မြ၀တီ-မဲဆောက် အမှတ် ၁ တံတား ပိတ်ပြီး တရားမဝင် ကူးလမ်း၊ ကုန်သွယ်ရေး လမ်းကြောင်းများအားလုံးပိတ်
["ကရင်ပြည်နယ် နေရာအများအပြားတွင် တိုက်ပွဲများ ဖြစ်နေသဖြင့် မြ၀တီ-မဲဆောက် အမှတ် ၁ တံတား ပိတ်ပြီး တရားမဝင် ကူးလမ်း၊ ကုန်သွယ်ရေး လမ်းကြောင်းများအားလုံးပိတ်", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်၊ မြ၀တီမြို့နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် မြ၀တီ- မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတား ပိတ်သိမ်းသွားပြီး တရားမဝင် ကူးလမ်း၊ ကုန်သွယ်ရေး လမ်းကြောင်းများ အားလုံးပါ ပိတ်သွားကြောင်း သိရှိရသည်။", "မတ်လ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကော့ကရိတ်မြိုု့နယ်၊ မြ၀တီမြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကာ စစ်တပ်က လက်နက်ကြီးများ၊ လေယာဉ်ပစ်ကူများဖြင့် တိုက်ခိုက်နေကြောင်း၊ မြေပြင်တွင်မူ ပြည်သူ့ကာကွယ် ရေး မဟာမိတ် ပူးပေါင်း တပ်များက တိုက်ခိုက်နေကြောင်း ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနေသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှလည်း အထိအခိုက်များ ရှိနေကြောင်း သိရှိရသည်။", "“မဲဆောက်-မြ၀တီ အမှတ် ၁ ချစ်ကြည်ရေးတံတား ပိတ်သွားပြီ။ အာရှလမ်းမ ကြီး လည်း ပိတ်သွားပြီ။ တရားမဝင် အောက်လမ်းက ကူးတာတွေ၊ ကုန်သွယ် တာတွေလည်း အခု ရပ်သွားပြီ။ ဒီနေ့ တိုက်ပွဲ ရက်ရှည် ဖြစ်မယ့်သဘောမြင် ရတယ်။ မဲဆောက်ဘက်ကို တံတားပေါ်က ကူးတဲ့လူတွေတော့ ဘယ်ရက် ပြန်ဖွင့် မယ်မှန်းမသိရင်တော့ ပိတ်မိကုန်မယ်ထင်တယ်။ ကုန်သွယ်ရေး လမ်း ကြောင်း ကတော့ လမ်းမှာ မိုင်းတွေ ခွဲထားတော့ ရက်ပိုင်းတော့ ရပ်နေဦး မယ် လို့ တွက်ဆရတယ်” ဟု မြ၀တီ-မဲဆောက် ကုန်သွယ်ရေး လုပ်သူတစ်ဦးက ပြောသည်။", "လက်ရှိအချိန်တွင် မြ၀တီမြို့ခံများကလည်း မြို့တွင်းအထိ တိုက်ပွဲများ ကူးစက် လာပါက စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/95552/
ကရင်ပြည်နယ် ဖွေးထော်ရူရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွား ဦးခေါင်းကြေမွသေဆုံးပြီး ၂ လသား ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ
["ကရင်ပြည်နယ် ဖွေးထော်ရူရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွား ဦးခေါင်းကြေမွသေဆုံးပြီး ၂ လသား ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၃", "ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလူထာကျေးရွာအုပ်စုအတွင်းရှိ ဖွေးထော်ရူရွာကို အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ ည ၈ နာရီ ၁၃ မိနစ်အချိန်တွင် အမြောက်လက်နက် ၂ လုံးဖြင့် တမင်ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ အသက် ၇၂ နှစ်အရွယ် အဘွား နော်မဆွေသန်း ၏ ဦးခေါင်းထိမှန် သေဆုံးသွားကာ အပြစ်မဲ့ရွာသူ၊ရွာသား ၄ ဉီးသည်လည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ-မူတြော်က သတင်း ထုတ်ပြန်သည်။", "ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ ၄ ဦးတွင် ကလေးငယ်များလည်း ပါဝင်နေပြီး အသက် ၂ လ သားအရွယ် နော်ဟဲညောဖိုးသည် တစ်ကိုယ်လုံးတွင် ကျည်စများ ထိမှန်ခဲ့ကာ အသက် ၅ နှစ်အရွယ် စောဖလယ်စေး ၏ ဘယ်ခြေထောက်လည်း ထိမှန်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အသက် ၃၅ နှစ်အရွယ် စောသန်းဝင်း၏ လက်၊ လည်ပင်းနှင့် ညာဖက်ပါး ထိမှန်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ် နော်မူဆာနော ၏ ဘယ်ဘက်တင်ပါးဆုံ တို့ ထိမှန်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းတွင် ဖော်ပြထားသည်။"]
https://yktnews.com/2024/01/138097/
ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့သော တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြို့တွင်းစစ်ဆင်ရေး အရှိန်မြှင့်တင်မည်ဟု တော်လှန်ရေးတပ်ဖွဲ့ပြောဆို
["ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့သော တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြို့တွင်းစစ်ဆင်ရေး အရှိန်မြှင့်တင်မည်ဟု တော်လှန်ရေးတပ်ဖွဲ့ပြောဆို", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အများအပြား သေဆုံးခဲ့သော တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြို့တွင်းစစ်ဆင်ရေး အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၏ ပြန်ကြားရေး ကိုအောင်စံရှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ ကော့ကရိတ်မြိုနယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းနှင့် ရဲစခန်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ကို KNLA၊ KNDO၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F ၊ Federal wings ဒရုန်းအဖွဲ့ ၊ ဂဠုန်စစ်ကြောင်းနှင့်ပူးပေါင်းအဖွဲ့များက ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၅း၃၀ နာရီမှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီအချိန်တွင် အပြီးတိုင် ချေမှုန်းရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၄ ဦးရှိပြီး လက်နက်ချအညံ့ခံသူ ၁၁ ဦး၊ လက်နက်မျိုးစုံ ၂၈ လက် နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ပြည်သူ့ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သိရှိရသည်။", "အကြမ်းဖက်စစ် တပ်၏ လေကြောင်းနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ (၁၀) လုံးကျော် ပျက်စီးဆုံးရှုးခဲ့ကာ ပြည်သူအများအပြား လက်နက်ကြီးထိမှန်၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F (P2 9999 / အထူးတပ်ဖွဲ့) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း ကျေးလက်စစ်ဆင်ရေးနှင့် မြိုတွင်းစစ်ဆင်ရေး အထူးတာဝန်များကို အရှိန်မြှင့်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၏ ပြန်ကြားရေး ကိုအောင်စံရှားက ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2025/02/204943/
ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ
["ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများသိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးသတင်းရင်း မြစ်၏ ပြောဆိုချက်နှင့် Justice Solider PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက အောင်ဇေယျာစစ်ကြောင်းက ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်းရှိ အာရှ လမ်းမကြီးကို နယ်မြေစိုးမိုးမှုရရှိရန်နှင့် မြ၀တီမြို့နယ်သို့ စစ်အင်အားများ ဖြည့်တင်းရောက်ရှိစေရန် ဆက်တိုက် စစ် ကြောင်းထိုးလျက်ရှိကြောင်း၊ အဆိုပါ အောင်ဇေယျာစစ် ကြောင်းကို ဒေါနတောင်ပေါ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်နေကုန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲများ ယမန်နေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြို့သစ်ကုန်းရွာအနီး ဝင်ရောက်လာသော အောင်ဇေယျစစ်ကြောင်းကို ကော့ကရိတ်မြို့နယ်မှ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်အကြာဖြစ်ပွားခဲ့ကြောင်း ၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ၃ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA -1 အ မျိုးအစား သေနတ် ၁ ၊ ခဲယမ်း၊ မိုင်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိခဲ့ကြောင်း Justice Solider PDF က ယနေ့ သတင်းထုတ်ပြန်သည်။", "ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ပြည်သူ့စစ်မှုထမ်း အပက်စဉ် ၁ သင်တန်းဆင်းတပ်သားများ အများအပြားပါဝင်လာပြီး တော် လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်မဆန့်ကျင်ဘဲ ပြည်သူနှင့်တစ်သားတည်းရပ်တည်ကြရန် Justice Solider PDF က တိုက်တွန်းထား သည်။", "ကော့ကရိတ်တိုက်ပွဲတွင် နယ်မြေခံပူးပေါင်းတပ်ဖွဲ့ ၊ ကျားနဂါး (Southern Eagle) ၊ Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။"]
https://yktnews.com/2023/01/83929/
ကရင်ပြည်နယ်တွင် စစ်တပ် အခြေအနေ မကောင်းတော့ဘဲ အရေးနိမ့် လာ သဖြင့် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် မြေကွက် များရယူထားသော စစ်အရာရှိများ မြေကွက်များ ရသည့်စျေးနှင့် ထုတ်ရောင်း
["ကရင်ပြည်နယ်တွင် စစ်တပ် အခြေအနေ မကောင်းတော့ဘဲ အရေးနိမ့် လာ သဖြင့် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် မြေကွက် များရယူထားသော စစ်အရာရှိများ မြေကွက်များ ရသည့်စျေးနှင့် ထုတ်ရောင်း", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ကရင်ပြည်နယ်တွင် စစ်တပ် အခြေအနေ မကောင်းတော့ဘဲ အရေးနိမ့်လာ သ ဖြင့် တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် မြေကွက် များရယူထားသော စစ် အရာရှိ များက မြေကွက်များ ရသည့်စျေးဖြင့် ထုတ်ရောင်းနေကြကြောင်း ကရင် ပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "၂၀၁၈ခုနှစ် NLD အစိုးရလက်ထက် စတင် အကောင်အထည်ဖော်ခဲ့သော တောင် ကလေးတိုးချဲ့မြို့ပြစီမံကိန်းတွင် စစ်ကောင်စီ တပ်မှ တိုင်းမှူး၊ ဗျူဟာ မှူး၊ တပ်ရင်းမှူးများက တိုးချဲ့မြို့ပြ၏ အချက်အချာဖြစ်လာမည့် မြေနေ ရာများ ကို ရယူထားကြပြီး ပြည်နယ်အရာရှိများကပါ မြေကွက်များ ဝယ်ယူ ထားခဲ့ ကြကြောင်း၊ ယခုအခါတွင်မူ စစ်တပ်၏ အခြေအနေမှာ ကရင်ပြည်နယ်တွင် အရေး နိမ့်လာသဖြင့် စစ်တပ်အသိုင်းအ၀ိုင်းက ရယူထားသော မြေကွက် များ ကို ရသည့်စျေးဖြင့် ရောင်းထုတ်နေကြကြောင်း သိရှိရသည်။", "“ကရင်ပြည်နယ်၊ တောင်ကလေးရွာက တောင်ကလေးဆရာတော်ကို အ ကြောင်း ပြုပြီး ပတ်ဝန်းကျင်ရွာများနှင့်ရွာချင်းဆက် တောင်ကလေးကို မြို့ပြ ပုံစံ ဖန်တီးဖို့ လုပ်ခဲ့တဲ့ စီမံကိန်းရှိတယ်။ တောင်ကလေး ဘုန်းကြီးကျောင်း အနောက်မှာ ပြည်သူပိုင်မြေတွေကိုသိမ်းယူပြီး တပ်ပိုင်မြေ မကျူးကျော်ရ နဲ့ပြည်နယ်တွင်းဝန်ထမ်းတွေကို လုပ်သက်နှင့် ခွဲပြီး အစိုးရစျေး နဲ့ ခွဲဝေပေး ခဲ့တယ်။ နဂိုကလည်း တောင်ကလေးရွာက တပ်ထောက်ခံရွာဖြစ်ပြီး သန်းရွှေ မိန်းမ ကြိုင်ကြိုင် ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းလည်းရှိတယ်။ တောင်ကလေး ရွာအနောက် မြေကွက်တွေမှာ စစ်တပ်နဲ့တပ်ထောက်ခံသူ ရာထူးကြီးပိုင်း တွေ က ရယူထားကြတာ အခုတော့ စစ်တပ်က အခြေအနေမကောင်းတော့လို့ တိုင်း မှူး၊တပ်နယ်မှုး၊တပ်မမှူးနှင့်အသွင်ပြောင်းခေါင်းကြီးပိုင်းတွေက ရတဲ့စျေးနဲ့ မြေကွက်တွေ ထုတ်ရောင်းကြတာ ကုန်လည်းကုန်နေပါပြီ” ဟု ကရင်ပြည်နယ် စစ်ကောင်စီသတင်းရင်းမြစ်က ပြောသည်။", "ယခင်က တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်းရှိ မြေကွက်များကို စစ်တပ်နှင့် ဌာန ဆိုင်ရာဝန်ထမ်းများက စျေးကောင်းရရှိစေရန် သိုလှောင် ရောင်းချ ဝယ် ယူခြင်း များ ပြုလုပ်ခဲ့ကြသော်လည်း ယခုအခါအတွင်မူ KNU ၏ ထိန်းချုပ် နယ်မြေ ကြီးမားလာခြင်း၊ ထိုးစစ်များ ကျယ်ပြန့်လာခြင်းတို့ကြောင့် ၎င်းတို့၏ အနာဂတ် မသေချာ မရေရာတော့သည်ကို သိရှိလာကြကြောင်း ၊ မြို့ပြ စီမံ ကိန်း မှာလည်း အကွက်သာချထားပြီး ဟန်ပြသာရှိတော့ကြောင်း သိရှိရသည်။", "” စစ်အရာရှိတွေနဲ့ ထွေအုပ်၊ စသုံးလုံး တွေက ခေတ်ကောင်းတုန်းက မြေကွက် တွေကို စျေးတက်အောင်လုပ်ပြီး စျေးကစားခဲ့ကြတယ်။ အခု သူတို့ အခြေနေ မကောင်းတော့ သုဿာန်၊ပန်းခြံ၊စျေးတို့ကို ပန္ဒက်ရိုက်ပြပြီး မြေကွက် တွေ အားလုံး အကုန်ရောင်းထုတ်ခဲ့တယ်။ ပြည်သူပိုင်မြေကိုသိမ်းယူပြီး ပြည်သူ ကို ရတဲ့စျေးတွေနဲ့ ပြန်ထုတ်ရောင်းနေတယ်။ တချို့ငွေရှိတဲ့သူတွေကလည်း မြို့ ဖြစ်မယ် ထင်ပြီး ဝယ်ကြတယ်” ဟု ကရင်ပြည်နယ် စစ်ကောင်စီ သတင်း ရင်းမြစ်က ပြောသည်။", "NLD အစိုးရ လက်ထက်တွင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် မြေ ၉၂၈ ဒသမ ၉၃ ဧကကို ပြည်ထဲရေး ဝန်ကြီး ဌာနအမိန့် ကြေညာစာ အမှတ် ၄၇၁/ ၂၀၁၈ ၊ ၂၀၁၈ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် နိုင်ငံတော်ပိုင်မြေအဖြစ် ပြန် လည်သတ်မှတ်လိုက်ပြီး တပ်မ ၂၂ ခြေမြန် တပ်မဌာနချုပ်က ကရင်ပြည်နယ် အစိုးရအဖွဲ့ထံ ပြန်လည် လွှဲအပ်ခဲ့သည်။", "တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအတွက် ကရင်ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တောင်ကလေး တိုးချဲ့မြို့ပြအိမ်ရာ စီမံကိန်း တိုးချဲ့ရေးကော်မတီဖွဲ့စည်းကာ ယင်းကော်မတီဦး ဆောင်မှုဖြင့် စံဖရီးကျေးရွာအုပ် စုအတွင်းရှိ စစ်တပ်၏ စွန့်လွှတ်မြေ ၉၂၈ ဒသမ ၉၃ ဧကပေါ်တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။", "တောင်ကလေးမြို့ပြ စီမံကိန်းအနေဖြင့် မြေ ၉၂၈ ဒသမ ၉၃ ဧကပေါ်၌ ပေ ၆၀-၈၀ အကွက်ပေါင်း ၄၁၆ ကွက်၊ ဧရိယာ အားဖြင့် ၄၅ ဒသမ ၈၃ ဧက၊ အကျယ်ပေ ၄၀-၆၀ အကွက်ပေါင်း ၅,၆၀၂ ကွက်၊ ဧရိယာအားဖြင့် ၃၀၈ ဒသမ ၁၁ ဧက၊ အဆင့်မြင့် အိမ်ရာအတွက် ဧက ၁၀၀၊ လမ်းမြေအတွက် ၂၇၄ ဧက၊ စာသင်ကျောင်းနှင့် အစိုးရရုံး ဌာနများအတွက် ၈ ဧက၊ သုဿန်မြေ ၆ဧက၊ သာသနာ့မြေ ၂၂ ဧကနှင့် စံပနုံရွာမြေအဖြစ် ပြန်လည်သတ်မှတ် ပေးမည့် ၂၀၃ ဒသမ ၇၃ ဧကတို့ သတ်မှတ်ခဲ့သည်။", "တောင်ကလေးမြို့ပြစီမံကိန်းတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းအဖြစ် မြေဧက ၁၀၀ ပေါ်တွင် SMH ကုမ္ပဏီကလည်းကောင်း၊ မြေဧက ၂၀ ပေါ်တွင် Golden ZENITH Construction ကုမ္ပဏီကလည်းကောင်း ၄ ခန်းတွဲ ၅ ထပ် များ ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရ ပူးပေါင်းပြီး အကျိုးတူ ဆောင်ရွက်သွားရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133474/
ကရင်ပြည်နယ်တွင် စစ်တပ်က KNLA ၊ PDF များအကြား ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူ နားထောင်ပြီး အစီရင်ခံစာ အမြဲတင်ပြနေ
["ကရင်ပြည်နယ်တွင် စစ်တပ်က KNLA ၊ PDF များအကြား ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူ နားထောင်ပြီး အစီရင်ခံစာ အမြဲတင်ပြနေ", "ကော့ကရိတ်မြို့ကို တိုက်မည့် အစီအစဉ်ကို စစ်တပ်က ကြားဖြတ် ဖော်ထုတ် ဖမ်းယူခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "ကရင်ပြည်နယ်တွင် စစ်တပ်က KNLA ၊ PDF များအကြား ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်နားထောင်ပြီး အစီရင်ခံစာအမြဲတင်ပြနေကာ ကော့ကရိတ်မြို့ကို တိုက်မည့် အစီအစဉ်ကို စစ်တပ်က ဖော်ထုတ် ဖမ်းယူ ရရှိခဲ့ကြောင်း စစ်တပ်အတွင်း တင်ပြသည့် အစီရင်ခံစာအရ သိရှိရသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၀၅ မိနစ်အချိန် စစ်တပ်က အမှတ် ၁၄၄၄၆ လှိုင်းမှ ဖမ်းယူရရှိသည့်သတင်းဟုဆိုကာ အထက်သို့ အစီရင်ခံ တင်ပြခဲ့ကြောင်း၊ အဆိုပါ တင်ပြမှုမှာ ကော့ကရိတ်မြို့ကို ဝင်တိုက်မည့်အစီအစဉ်ဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ်က ကြားဖြတ် ဖမ်းယူ ဖော်ထုတ်ခဲ့သော KNLA ၊ PDF များအကြား ကော့ကရိတ်မြို့ကို ဝင်တိုက်မည့် အစီအစဉ်မှာ အောက်ပါ အတိုင်းဖြစ်သည်ဟု အစီ ရင် ခံစာတွင် ရေးသားထားသည်။", "“ယခုငါတို့တပ်မဟာ ၆ နယ်မြေက PDFတပ်ဖွဲ့ဝင်တွေ မနက်ဖြန်ကစပြီးလှုပ်ရှားဖို့ အခု တောင်ပိုင်းဘက်မှာ အင်အား ၃၀၀နဲ့အကုန်လုံးပြန်လည်ရောက်ရှိကုန်ပြီ။ယခုငါတို့တပ်မဟာ ၆ နယ်မြေက PDFတပ်ဖွဲ့ဝင်တွေ မနက်ဖြန်ကစပြီးလှုပ်ရှားဖို့ အခု တောင်ပိုင်းဘက်မှာ အင်အား ၃၀၀နဲ့အကုန်လုံးပြန်လည်ရောက်ရှိကုန်ပြီ။ယခုငါတို့တပ်မဟာ ၆ နယ်မြေက PDFတပ်ဖွဲ့ဝင်တွေ မနက်ဖြန်ကစပြီးလှုပ်ရှားဖို့ အခု တောင်ပိုင်းဘက်မှာ အင်အား ၃၀၀နဲ့အကုန်လုံးပြန်လည်ရောက်ရှိကုန်ပြီ။မြောက်ပိုင်းဘက်မှာလည်း အကုန်လုံးနေရာတွေအဆင်သင့်ယူထားပြီးကုန်ပြီ။ ကြာအင်းဆိပ်ကြီးဘက်မှာ သွားထားတဲ့လူတွေ ကော့ကရိတ်မှာ ပြန်လာကုန်ပြီ။ အခု ကော့ကရိတ်မြို့ကြီး ပတ်ပတ်လည်နားမှာ ငါတို့ တပ်ဖွဲ့ဝင်​တွေနေရာ ယူထားတယ်။ စည်ပင်ရုံး၊ထွေအုပ်ရုံး၊ခရိုင်ရုံး အဲ့ဘက်မှာ တစ်ချို့ဝန်ထမ်းတွေက ​ရှောင်နေတဲ့သူကရှောင်နေပြီ။ အဲ့ဒီဘက်မှာ အခု တပ်တွေတော်တော်များများနေရာယူထားတယ်။ ဒီတစ်ခါဝင်ရင် ငါတို့တွေ ဆေးရုံကုန်းဘက်က ဝင်မှရမယ်” ဟု အစီရင်ခံစာတွင် ကြားဖြတ်ဖမ်းယူရရှိသည့်သတင်းအချက်အလက်များကို စစ်ကောင်စီထိပ်ပိုင်းသို့ ပေးပို့ရာတွင် အသေးစိတ်ဖော်ပြထားသည်။"]
https://yktnews.com/2023/01/80834/
ကရင်ပြည်နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၂ နှစ် ကလေးနှင့်မိခင်၊ ခရစ်ယန်ဘာသာရေးဆရာ အပါအဝင် စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံး၊ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ်များ ပျက်စီး
["ကရင်ပြည်နယ်တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အသက် ၂ နှစ် ကလေးနှင့်မိခင်၊ ခရစ်ယန်ဘာသာရေးဆရာ အပါအဝင် စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံး၊ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း အပါအဝင် ကျေးရွာများကို စစ်ကောင်စီက တိုက် လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့်မိခင် ၁ ဦး၊ ခရစ်ယန် ဘာသာရေးဆရာ ၁ ဦး အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးကြောင်းကရင်အမျိုးသမီးအဖွဲ့နှင့် ကရင် လူ့အခွင့်အရေးအဖွဲ့တို့က အရေးပေါ် သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီ ၁၂ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၁၃ မိနစ်အချိန် လေးဝါကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့်မိခင်၊ ခရစ်ယာန်ဘာသာရေး နှစ်ခြင်း သင်းအုပ်ဆရာ ၁ ဦး၊ ဘုရားကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦး ၊ ခရစ်ယန်ဘာသာဝင်တစ်ဦး စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံးကြောင်း သိရှိရသည်။", "စစ်တပ်က လေယာဉ်ဖြင့် ကျဲချလိုက်သော ဗုံးသည် နေအိမ် ၃၁ လုံး၊ ဘုရားရှိခိုးကျောင်း ၁ ခု၊ စာသင်ကျောင်း ၂ ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစတင်ပြီး စစ်တပ်က တိုင်းရင်းသား ဒေသများနှင့် စစ်တပ် ဆန့်ကျင်နေသော တိုင်းဒေသကြီးများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ မှုများကို ဆက်တိုက်ဆောင်ရွက်နေသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများမှာလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးနေသော အပျက်အစီးများ။", "Photo- KHRG"]
https://yktnews.com/2023/02/85176/
ကရင်ပြည်နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများက တော်လှန်ရေးအဖွဲ့များအတွက် လိုင်စင်မဲ့ကားများဖြင့် လက်နက် သယ်ယူ ပေးနေဟုဆို
["ကရင်ပြည်နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများက တော်လှန်ရေးအဖွဲ့များအတွက် လိုင်စင်မဲ့ကားများဖြင့် လက်နက် သယ်ယူ ပေးနေဟု ကရင်ဝန်ကြီးချုပ် စောမြင့်ဦးပြောဆို၊ လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် စတင်အရေးယူ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ကရင်ပြည်နယ်တွင် စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသော တော်လှန် ရေးတပ်ဖွဲ့များအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများက လိုင်စင်မဲ့ ကားများဖြင့် လက်နက်များ သယ်ယူပေးနေကြောင်း စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီး ချုပ် စောမြင့်ဦးက ပြောဆိုလိုက်ပြီး ကရင်ပြည်နယ်တွင်လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် စတင်အရေးယူနေကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ ကရင်ပြည်နယ်စစ်ကောင်စီအစည်းအဝေးတွင် ဌာနဆိုင်ရာ ဝန်ထမ်းများက လိုင်စင်မဲ့ကားများကို အသုံးပြု၍ တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းများကို သယ်ယူမှုများ လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသူများကို မကူညီရန်နှင့် လိုင်စင်မဲ့ကား တင်သွင်းရောင်းချ သယ်ယူသည့် လုပ်ငန်းများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ မပါဝင်ရန် လိုအပ်ကြောင်း၊ လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးရန် လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ကရင်ဝန်ကြီးချုပ် စောမြင့်ဦးက ပြောဆိုသည်။", "ကရင်ဝန်ကြီးချုပ် စောမြင့်ဦးက လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့် ဖမ်းဆီးရန် ကရင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်ကို ညွှန်ကြားကြောင်း သိရှိရသည်။", "“ကရင်ပြည်နယ်မှာ ဝန်ထမ်းတွေ W ကားစီးပီးထင်တိုင်းကျဲနေမတာ၊ အဲဒီဝန်ထမ်းတွေ စီးတဲ့ လိုင်စင်မဲ့ကားတွေက လက်နက်ခဲယမ်းတွေ သယ်ပေးပြီး အားပေးအားမြှောက်ကူညီနေတယ်။ လက်နက်တွေ ခဲယမ်းတွေ တဆင့်သယ်ဆောင်ပေးနေတယ်ဆိုတာ တွေ့ရှိရတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ W ကားစီးပြဿနာဖြစ်ရင် ကားတင်မက လူပါအရေးယူမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက ကြိမ်းမောင်းတယ်” ဟု ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဌာနမှ သတင်းရင်းမြစ်က ပြောသည်။", "လက်ရှိ ကရင်ပြည်နယ်တွင် လက်နက်ခဲယမ်းများ သယ်ယူမှုများနှင့်ပတ်သက်ပြီး လိုင်စင်ကား ၂၀ ကျော်နှင့် လိုင်စင်မဲ့ကား ၇၀ ကျော်ကို ပြည်နယ်ရဲဝင်းနှင့် ရဲစစ်ရေးပြကွင်းတွင်သိမ်းဆည်းထားကြောင်း၊ အမှုရင်ဆိုင်နေ၍ ဖမ်းဆီးထိန်းသိမ်းထားသော ကားများတွင် ကားပစ္စည်းများ လုံး၀ မရှိတော့ဘဲ ကားများမှာ အခွံ့သာကျန်တော့ကြောင်း၊ ပြင်ပမှ လာရောက် ခိုးယူ၍ မရဘဲ ကားသိမ်း ထားသော ရဲစခန်းတာဝန်ခံများ ကားအတွင်းပစ္စည်းများကို ဖြုတ်ရောင်းခိုးထုတ် မှု ကြောင့်သာ ဖြစ်ကြောင်း ၊ ထို့ကြောင့် ထိုဖြစ်စဉ်များကိုလည်း ကြပ် မတ် ဆောင်ရွက်ရန် စောမြင့်ဦးက ရဲမှူးကြီး ခင်ဇော်ကို ညွှန်ကြားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များကို အမှတ်၉ လှိုင်းဘွဲ့ လမ်းဆုံ၊ အမှတ်၂ ဘုရားကြီးလမ်းဆုံ၊ တက္ကသိုလ်မီးပွိုင့်၊ ရွှေကြက်ဖမီးပွိင့်များတွင် ဖမ်းဆီး အရေးယူနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/82479/
ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များ ပြား ကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မြိုင်မြို့နယ်၊ သရက် ကွရွာ စစ်စခန်းကို တိုက်ခိုက်မှု ပျူစော ထီး ၄ ဦးသေဆုံး
["ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များ ပြား ကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မြိုင်မြို့နယ်၊ သရက် ကွရွာ စစ်စခန်းကို တိုက်ခိုက်မှု ပျူစော ထီး ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ် တပ်ဖွဲ့များ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးအပါအဝင် ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း သံတောင် မြောက်ပိုင်း အထူးဒေသ တပ်ဖွဲ့ (NTDF) မှ ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ် မီဒီယာသို့ပြောဆိုသည်။", "ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သံတောင်မြို့နယ်နှင့် ရေတာရှည်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ လိပ်သို ၆၀၃ ဗျူဟာတပ်၊ ထုံးဘိုကြီး စခန်း၊ ဇလဲ စခန်းတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော စစ်ကား ၅ စီးကိုပါ ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၆၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ၂ ရက်ဆက် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရဲကုန်း ကျေးရွာအုပ်စု ကြာကန် လိပ်သို (ထုံးဘိုကြီး) ဗျူဟာလမ်းဘေး ဘောဓိကုန်းနှင့် ရေပြားကုန်း အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။", "” ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်ခွေး ၆၀ ဦးခန့် သေဆုံးတယ်။ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှ ၂ ရက်ဆက် တိုက်ပွဲ ၂ ကြိမ် ထပ်ဖြစ်တယ်။ အဲမှာ စစ်ခွေး ၃၀ ခန့် သေတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တိုက်ပွဲ ၁ ကြိမ်ထပ်ဖြစ်တယ် စစ်ခွေး အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထပ်မနည်း သေတယ်” ဟု သံတောင် မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ(ပျူစောထီး)ရွာရှိ ဘန်ကာအားဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးဒဏ်ရာရရှိပြီး မြိုင်မြို့ရှိဆေးရုံသို့ ပို့ဆောင်ပြီးပြန်လာသော ပျူစောထီးအဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ပျူစေထီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ကွ(ပျူ)စောထီးများ ကင်းစောင့် နေ သည့် ဘန်ကာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဒဏ်ရာရရှိသော ပျူစောထီး ၂ ဦးကို မြိုင်မြို့နယ်ဆေးရုံသို့ သွားရောက်ပို့ ဆောင်ပြီး ရွာသို့ ပြန်လာသော ပျူစောထီးတပ်ဖွဲ့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ များက ကင်း ပုန်းဝပ် ထပ်မံတိုက်ခိုက်ရာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဘန်ကာကို ဝင်တိုက်လို့ ဒဏ်ရာရတဲ့ ပျူစောထီး နှစ်ကောင်က မြိုင်ဆေးရုံမှာ မနေ့က သေသွားပြီ၊ သူ တို့ကို ဆေးရုံပို့ပြီး ပြန်လာတဲ့အဖွဲ့ကိုလည်း တိုက်ခိုက်ခဲ့တာ ပျူနှစ်ကောင်သေတယ်၊ ၈ ကောင်ဒဏ်ရ တယ်၊ အဲဒီနေ့က တိုက်ပွဲမှာ ပျူလေးကောင်သေသွားတာပေါ့” ဟု ဝံပုလွေပြောက် ကျားတပ်ဖွဲ့(မြိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ခွဲ -၁၊ တပ်ခွဲ -၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ -၃ ( တရုတ်ကြီး) ၊ တပ်ခွဲ -၄ ( စင်္ကြာ) ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) ၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ MVPRF ၊ Hero New GZ ၊ Myaing warriors၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) နှင့် ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဓါတ်ပုံ – NTDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)"]
https://yktnews.com/2023/10/127779/
ကရင်ပြည်နယ်အတွင်းရှိ CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ကရင်ပြည်နယ်အတွင်းရှိ CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "ကရင်ပြည်နယ်အတွင်းရှိ CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင် ပြည်သူများကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများနှင့် AAC ကိုရဲမင်း ဦးဆောင်သော MHAC မဟာမိတ်အဖွဲ့က စားသောက်ကုန် ပစ္စည်းများ လှူဒါန်းခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2023/12/136294/
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ အခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်းကို KNLA နှင့် ကရင်နီ တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက် ရရှိ
["ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ အခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်းကို KNLA နှင့် ကရင်နီ တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက် ရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "ကရင်ပြည်နယ် KNU တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီ၏ အခိုင်အမာ တပ်စခန်း ထီးထ/ဖဲထာ(မို့လို့ကျိုး) စခန်းကို KNLA နှင့် ကရင်နီ တော်လှန်ရေးတပ်များက သိမ်းပိုက် ရရှိကြောင်း Force for Federal Democracy – FFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကရင်ပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် ရှိ ထီးထ/ဖဲထာ (မို့လို့ကျိုး) စခန်းသည် အကြမ်းဖက် စစ်တပ်မှ နှစ်ပေါင်း ၃၀ ခန့် အခိုင်အမာတပ်စွဲပြီး ခြေကုပ်ရယူထားသော စခန်းကြီးဖြစ်ကြောင်း၊ အဆိုပါစခန်းကို စခန်းကို KNU/KNLAနှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထီးထစခန်းတွင် စစ်တပ်အင်အား ၁၂၀ ခန့်နှင့် ကွန်ကရစ် ကတုတ်ကျင်း ကြီးငယ် ၃၀ ခန့်ဖြင့် အခိုင်အမာတပ်စွဲထားပြီး ခြေကုပ်ရယူထားသော စခန်းဖြစ်သောကြောင့် တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး ၂ ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာပင် ရန်သူ၏ ရဟတ် ယာဉ်များဖြင့် စစ်လက်နက်ပစ္စည်းများ ချပေးခြင်း၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ အကြိမ်ကြိမ်ပြုလုပ်နေသည့်ကြားမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်သော FFD (Force for Federal Democracy) တပ်ဖွဲ့ကလည်း Missile များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone အမြောက် အမြားဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး အခက်အခဲများစွာထဲမှ စစ်တပ်၏ခံစစ် ပျက်စီးစေရန် အကောင်းဆုံး ထိုးနှက်နိုင်ခဲ့ကြောင်း၊ FFD တပ်ဖွဲ့က စစ်တပ်၏ စခန်းအနီးတွင် ယာယီစခန်းတစ်ခုထားကာ ရက်ပေါင်း ၂၀ နီးပါး နေ့စဉ်တိုက် ခိုက်နေခဲ့ပြီး စစ်တပ်၏ စိတ်ဓာတ် နှင့် ခံစစ်ဖွဲ့စည်းပုံကို ဖွဲမီးသဏ္ဍန် တိုက်စစ်ဖြင့် တမြေ့မြေ့ခြွေချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "FFD (Force for Federal Democracy) တပ်ဖွဲ့ အနေဖြင့် Drone များဖြင့် စစ်ကောင်စီ၏ စခန်း ဝေဟင်ကိုစိုးမိုး၍ ဖိနှိပ်ထားခြင်း၊ Missile များဖြင့် အဝေးမှ ခြိမ်းခြောက်ခြင်းဖြင့် ရက်ပေါင်း အတော်အကြာ တိုက်ခိုက်ပြီး‌နောက် မြေပြင်မှ ချေမှုန်းရေးတပ်များဖြင့် အတူတကွ စစ်ကောင်စီ၏ပွိုင့် ၉၃၉ “မဆုတ်တမ်း” ခံစစ်စခန်းဟုခေါ်သော ဖဲထာ စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စခန်းကနေလက်နက်ခဲယမ်းတွေတော့သိမ်းဆည်းရရှိပါတယ်ခင်ဗျ။ အရေ အတွက်ကတော့ ကျနော်တို့အနေနဲ့အတိအကျမသိရှိသေးပါဘူး။ ထွက်ပြေးလွတ် မြောက်သွားဝာာ‌ တွေလည်းရှိ‌သေးတဲ့အတွက် နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်တာတွေလုပ်နေရသေးတော့ ရန်သူ့ဘက်က အသေအဆုံးထိခိုက်စာရင်းကတော့ ကျနော်တို့မသိရှိသေးပါဘူး” ဟု Force for Federal Democracy – FFD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/05/102076/
ကရင်ပြည်နယ်၊ KNU ထိန်းချုပ် နယ်မြေအတွင်း ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦးသေဆုံး
["ကရင်ပြည်နယ်၊ KNU ထိန်းချုပ် နယ်မြေအတွင်း ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၁", "ကရင်ပြည်နယ်၊ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦးသေဆုံး ခဲ့ကြောင်း KNU ဗဟို ထံက ထုတ်ပြန်ထားသည်။", "၂၀၂၃ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ ကေအဲန်ယူ−ကရင် အမျိုးသား အစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နှင့် အကြမ်းဖက် စစ်တပ်၊ ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (B.G.F) များ အကြား တိုက်ပွဲပေါင်း ၁၆၄၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၄ ဦး၊ ဒု−တပ်ရင်းမှူး ၅ ဦး အပါအဝင် ၁၇၃၆ ဦးသေဆုံးခဲ့ကာ ၁၁၈၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဘက်မှ ရဲဘော် ၅၉ ဦး ကျဆုံးခဲ့ပြီး ၁၉၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှမှ ယနေ့ အချိန်အထိ အကြမ်းဖက် စစ်တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ စစ်ရေး လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုတိုးမြင့်လုပ်ဆောင်လာခြင်းကြောင့် ဒေသ ပြည်သူ ၄ သိန်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားခြင်းနှင့် အကြမ်းဖက် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဒေသပြည်သူ ၁ သိန်းကျော်သည် လုပ်ကိုင် စားသောက်သည့် လုပ်ငန်းခွင်များ ဖျက်ဆီးခံရပြီး ပြည်သူ အမြောက်အများမှာ စားဝတ် နေရေးနှင့် ပတ်သက်သော အခက်အခဲများစွာ ရင်ဆိုင် ကြုံတွေ့နေကြရကြောင်း၊ ၂၀၂၃ ဇန်နဝါရီလ မှ ယနေ့အချိန်အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထု ၈၅၀၀၀ အတွက် လစဥ်စားနပ် ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။", "စစ်ဘေးရှောင် ပြည်သူသည် စားနပ်ရိက္ခာ မလုံလောက်မှုများ၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှုများ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာများနှင့် ရင်ဆိုင် ကြုံတွေ့နေရပြီး ၎င်းတို့ အတွက် အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ် လျက်ရှိကြောင်း၊ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး အနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ နိုင်ငံရေး၊ စစ်ရေးအရ ရင်ဆိုင်နေရသည် သာမက ကော်သူးလေ အုပ်ချုပ်နယ်မြေများအတွင်း ဖြစ်ပွားခဲ့ သော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများ၏ လိုအပ်ချက်များကိုလည်း ကြိုးစား ကိုင်တွယ်ဖြေရှင်း နေကြရကြောင်း သိရသည်။", "ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးအနေဖြင့် စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လိုအပ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို ဝိုင်းဝံ ကူညီပံ့ပိုးပေးမည့် သူများအား အစဉ်အမြဲကြိုဆိုလျက်ရှိကြောင်း၊ စစ်ဘေးရှောင် ပြည်သူ လူထုများအတွက် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်ပြီး သိရှိလိုပါက ကေအဲန်ယူ−သတင်းနှင့်ပြန်ကြား ရေး ဗဟို အား ဆက်သွယ်မေးမြန်း နိုင်​ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/169491/
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်
["ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးဂိတ် ယာယီပိတ်", "ရန်ကုန်| ဇွန် ၂၂", "ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထိုင်း-မြန်မာ နပ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်သော ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့က နှစ်ဖက်စလုံးက ယာယီပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့/ တင်သွင်းမှုများ ရပ်တန့်သွားကြောင်း ဒေသခံများနှင့် ကုန်သွယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။", "အဆိုပါ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ မြန်မာဘက်ခြမ်းမှ ယာယီပိတ်လိုက်ပြီးနောက် အလာတူ ထိုင်းဘက်ကပါ ထပ်မံပိတ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ရပ်တန့်သွားကြောင်း ဘုရားသုံးဆူမြို့ခံများနှင့် ကုန်သည်များထံမှ သိရသည်။", "” မြန်မာဘက်က ပိတ်လိုက်တာပါ။ ဘာကြောင့် ပိတ်တာကိုတော့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။ နောက်ပြီး သိပ်မကြာဘူး။ ထိုင်းဘက်ကပါ ထပ်ပိတ်လိုက်တာ ဖြစ်တယ်” ဟု ဒေသခံကုန်သည်တစ်ဦးက ပြောသည်။", "လက်ရှိတွင် မြန်မာဘက်က ဘုရားသုံးဆူ ဂိတ်ပိတ်ထားခြင်းကြောင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရ‌တော့သဖြင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်သွားကာ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်းမြင့်တက်လာသဖြင့် ဒေသခံပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့နေကြောင်း သိရသည်။", "လတ်တလော မြ၀တီမြို့နယ်ဘက်တွင် မိုးရွာသွန်းမှုများနေ၍ ကုန်တင်ကားများ သွားလာရခက်ခဲမှုများကြောင့် ဘုရားသုံးဆူဂိတ်ကို ဝင်ထွက်သွားလာမှု ပိုများနေကြောင်း ဒေသခံများက ပြောသည်။", "” အခုဆိုရင် မြ၀တီဘက်ကလည်း သွားလာလို့ မရသလို ဒီဘက်မှာလည်း ပိတ်လိုက်တော့ အိမ်သုံးကုန်နဲ့ စားသောက်ကုန်တွေ စျေးတက်သွားတာ ရှိနေတယ်”ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။", "လက်ရှိတွင် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ဂိတ်အပါအဝင် တာချီလိတ်၊ မယ်ဆိုင်၊ မြဝတီ- မဲဆောက်၊ ထီးခီး-နမ့်ဖုရော်၊ မြိတ်-မောတောင်နှင့် ကော့သောင်း-ရနောင်းစသည့် နယ်စပ်ဂိတ်တို့တွင် တိုက်ပွဲ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးလျက်ရှိကြောင်း ဒေသခအခြေစိုက် ပြည်သူများထံမှ သိရသည်။"]
https://yktnews.com/2023/01/83561/
ကရင်ပြည်နယ်၊ ခလယ်လထွီထူခရိုင် အတွင်းရှိ ပြည်သူ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ပြီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား
["ကရင်ပြည်နယ်၊ ခလယ်လထွီထူခရိုင် အတွင်းရှိ ပြည်သူ ၁ ဦးကို စစ်တပ်က စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ပြီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ကရင်ပြည်နယ်၊ ခလယ်လထွီထူခရိုင် အတွင်းရှိ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ပြီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း ကေအဲန်ယူ- ဗဟိုက ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စကစ-၂၀၇ တပ်ရင်းမှ KNU−ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်၊ ဆိတ်ကလေးဆူးတောကျေးရွာမှ အသက် ၄၀ နှစ်အရွယ် ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် ၃ ရက်ကြာ စစ်ဆေးပြီးနောက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သိမ်ဇရပ် နာရေးကူညီမှုအသင်း ပရဟိတအား ခေါ်ယူပြီး ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီး၏ ရုပ်အလောင်းကို မိသားစုဝင်ထံ ပြန်လည်ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။", "ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးကို အကြမ်းဖက် စစ်တပ်က ၃ ရက်ကြာ ဖမ်းဆီး စစ်ဆေးချိန်တွင် မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးခဲ့ကြောင်း၊ ရုပ်အလောင်း ပြန်ရသည့်အချိန်မှသာ ရုပ်အလောင်းတွင် ပြင်းထန်သည့် ဒဏ်ရာ ဒဏ်ချက်များစွာကို တွေ့ရကြောင်း သိရှိရသည်။", "ဖမ်းဆီး သတ်ဖြတ်ခံရသည့် ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးသည် ကယ်ရီလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကြောင်းသူတစ်ဦးဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အိမ်မှထွက်ခွာပြီး ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ဘက်သို့ ကယ်ရီအဖြစ်လိုက်ပါသွားခဲ့ကြောင်း၊ ထိုသို့ လိုက်သွားစဉ် စကစ-၂၀၇ တပ်ရင်းရှေ့ရှိ ကွမ်းယာဆိုင်တွင် ကိုယ်ကျော်ဇင်လတ် (ခ) ရှမ်းကြီး၏ အသိ ကွမ်းယာရောင်းသူ အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံစဉ် ကွမ်းယာရောင်းသူအမျိုးသမီးတစ်ဦးက ပျောက်သွားသည့်သူမ၏ အမျိုးသားကို ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးက PDF ထံသို့ ခေါ်ဆောင်သွားသည်ဟု စွပ်စွဲပြောဆိုနေသည်ကို ကွမ်းယာဆိုင်တွင် ထိုင်နေသည့် စကစ-၂၀၇ တပ်ရင်းမှ တပ်မှူးက ကြားသွားပြီး ကိုကျော်ဇင်လတ် (ခ) ရှမ်းကြီးကို တပ်ရင်းထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ၃ ရက်ကြာ ဖမ်းဆီးစစ်ဆေး နှိပ်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း KNU-ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ တုံးတံတား ကျေးရွာရှိ ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးသွားပြီး မည်သည့် အတွက်ကြောင့် ဖမ်းဆီးသည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "အဆိုပါ ဖမ်းဆီးခံရသူ ၂ ဦးမှာ အသက် ၃၅ နှစ်အရွယ် စောအယ်ထူးနှင့် အသက် ၃၀ အရွယ် စောပါချစ်တို့ဖြစ်ပြီး လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကေအဲန်ယူ- ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/96642/
ကရင်ပြည်နယ်၊ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေး အထူးတပ်ဖွဲ့များ ချထားမည်ဖြစ်ပြီး မသင်္ကာသူမှန်သမျှကို ပစ်ခတ်ဖမ်းဆီးခွင့်ရှိသည့် ပစ်မိန့် တစ်ပါတည်း ပေးအပ်
["ကရင်ပြည်နယ်၊ စစ်ကောင်စီ၏ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေး အထူးတပ်ဖွဲ့များ ချထားမည်ဖြစ်ပြီး မသင်္ကာသူမှန်သမျှကို ပစ်ခတ်ဖမ်းဆီးခွင့်ရှိသည့် ပစ်မိန့် တစ်ပါတည်း ပေးအပ်", "ရန်ကုန်၊ ဧပြီ ၁၀", "ကရင်ပြည်နယ်၊ မြို့တော် ဘားအံတွင် ကျင်းပပြုလုပ်မည့် စစ်ကောင်စီ ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာ သင်္ကြန်မဏ္ဍပ်များတွင် လုံခြုံရေး အထူး တပ်ဖွဲ့များ ချထားမည်ဖြစ်ပြီး မသင်္ကာသူမှန်သမျှကို ပစ်ခတ် ဖမ်းဆီးခွင့် ပစ်မိန့် ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။", "ဧပြီလ ၁၃ ရက်နေ့ စတင်မည့် သင်္ကြန်အကြိုနေ့မှစတင်၍ သင်္ကြန်အတက်နေ့ ၁၆ ရက်နေ့ အထိ ကရင်ပြည်နယ်၏ မြို့တော် ဘားအံတွင် သင်္ကြန်ကို မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သော်လည်း အထူး လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်း တာဝန်ပေးကာ လုံခြုံရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုံခြုံရေး ဆောင်ရွက်ရာတွင်လည်း တင်းကျပ်သော စည်းမျဉ်းများဖြင့် ပစ်မိန့်ပါ တစ်ပါတည်း ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သင်္ကြန် မဏ္ဍပ် လုံခြုံရေးယူတဲ့ စစ်ဘက်နဲ့ရဲဝန်ထမ်းတွေကို သေနတ်နဲ့ ကျည်အပြည့်ထည့်ပေးထားမယ်၊ မသင်္ကာရင် ပျော်ရွှင်နေတဲ့ လူအုပ်စုကို အန္တရာယ်ပြုမယ်လို့ မသင်္ကာရင် တစ်ပါးတည်း ဖမ်းဆီးပစ်သတ်ခွင့်ပေးထားလိုက်ပါတယ်။ ဒါကလည်း နစက ထိပ်ပိုင်းကနေ လာတဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ နယ်လုံဝန်ကြီးနဲ့ ဝန်ကြီးချုပ်တို့က တရားဝင် ထုတ်ပြောတယ်လို့သိရပါတယ်။ စစ်တပ်၊ ရဲ ၊စစစ ၃ ဦးစီ အရာရှိတို့ကို အတွင်းစည်း တာဝန်၊ စစ်တပ်၊ရဲ အခြားဆင့် ၁၀ဦးနဲ့ အရာရှိတစ်ဦးတို့ကို အပြင်စည်းတာဝန်ပေးအပ်ပါတယ်။ အဲဒါ ဗဟိုမဏ္ဍပ်နဲ့ ဌာနဆိုင်ရာ မဏ္ဍပ် လုံခြုံရေးတွေအတွက်ပါ” ဟု ကရင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သော သတင်းရပ်ကွက်က ပြောသည်.", "သင်္ကြန်မဏ္ဍပ်များကို လုံခြုံရေးပေးရာတွင် ဘားအံမြို့နယ်ရှိ ပြည်နယ်သင်္ကြန်ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာ မဏ္ဍပ်များကိုသာ လုံခြုံရေးပေးမည်ဖြစ်ပြီး အခြားသော ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များကိုမူ အရန်မီးသတ်၊ ပျူစောထီးနှင့် စစ်မှုထမ်းဟောင်းများကို နေ့စားခ တစ်ရက် ၃၀၀၀ ဖြင့် လုံခြုံရေး ချထားမည်ဖြစ်ကြောင်း သိရှိရသည်။", "“မြို့နယ်တွေမှာတော့ အရန်မီးသတ်၊ အရပ်ထဲက လူငယ်တွေကို မီးသတ်ဝတ်စုံဝတ်ခိုင်းပြီး အရက်၊ ဆေးလိပ်အ ပြည့်အစုံ၊ နေ့စားခ ၃ထောင်နဲ့ လုံခြုံရေးယူခိုင်းထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေး ရာအိမ်မှူးတွေကတော့ လုံခြုံရေးမှူးတွေ ဖြစ်မယ်” ဟု ဘားအံမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။", "အကြမ်းဖက် မင်းအောင်လှိုင်က ယခုနှစ်သင်္ကြန်ကို မဖြစ်မနေ စည်ကားသိုက်မြိုက်စွာ ကျင်းပရန် အတင်းအကျပ် ဖိအားပေး တိုက်တွန်းလျက်ရှိပြီး ပုံစံမျိုးဖြင့် လူစည်ကားရေး လုပ်ဆောင်ရန် ပြည်နယ်/တိုင်းစစ်ကောင်စီကို ဖိအားပေးထားသည်ဟု သိရှိရသည်။", "ဓာတ်ပုံ- ယမန်နှစ် ဘားအံမြို့ပေါ်ရှိ ရေကစားမဏ္ဍပ်တချို့တွင် လူမရှိဖြစ်နေသည့် မြင်ကွင်း။"]
https://yktnews.com/2023/03/93347/
ကရင်ပြည်နယ်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် မတ်လ လဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိ၊ အရာခံ ၂ ဦး အပါအဝင် စစ်သား ၃၁ ဦးသေဆုံး
["ကရင်ပြည်နယ်၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် မတ်လ လဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ အရာရှိ၊ အရာခံ ၂ ဦး အပါအဝင် စစ်သား ၃၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၀", "ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ် နယ်မြေအတွင်း ၁၅ ရက်တာ ဖြစ်ပွားခဲ့သောထိတွေ့တိုက်ပွဲများအတွင်း အရာရှိ၊ အရာခံ ၂ ဦး အပါအဝင် စစ်သား ၃၁ ဦးသေဆုံးကြောင်း KUN-မူတြော် သတင်းစဥ်ထံမှ သိရသည်။", "မတ်လ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မူတြော်ခရိုင်၊ KNU တပ်မဟာ ၅ ထိန်းချုပ် နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် ၅ တပ်မဟာ တပ်ဖွဲ့ဝင်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ၇၂ ကြိမ် ဖြစ်ပွားပြီး ဒု-ဗိုလ် ၁ ဦး၊ ဒု-အရာခံဗိုလ် ၁ ဦး အပါအဝင် တပ်သား ၃၁ ဦးသေဆုံးကြောင်း သိရသည်။", "ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ မော်တော်ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီးကို ဖျက်ဆီးနိုင်ခဲ့​ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခြေလျင်တပ်များက ပြည်သူများ၏ လယ်ယာ၊ တောင်ယာနှင့် ကျေးရွာများကို လက်နက်ကြီးကျည် ၂၀ လုံး ပစ်ခတ်ခဲ့ပြီး ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KUN-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/91091/
ကရင်ပြည်နယ်၊ တောင်စွန်းတိုက်ပွဲ အတွင်း စစ်သား ၂၃ ဦး ရှင်းလင်းနိုင်ခဲ့သည့် S.O.F စနိုက်ပါ အဖွဲ့ကို လက်နက် တပ်ဆင်ရန်အတွက် ပြည်သူများ၏ အလှူငွေ လိုအပ်
["ကရင်ပြည်နယ်၊ တောင်စွန်းတိုက်ပွဲ အတွင်း စစ်သား ၂၃ ဦး ရှင်းလင်းနိုင်ခဲ့သည့် S.O.F စနိုက်ပါ အဖွဲ့ကို လက်နက် တပ်ဆင်ရန်အတွက် ပြည်သူများ၏ အလှူငွေ လိုအပ်", "ရန်ကုန်၊ မတ် ၆", "ကရင်ပြည်နယ်၊ တောင်စွန်းတိုက်ပွဲ အတွင်း စစ်သား ၂၃ ဦးကို ရှင်းလင်းနိုင်ခဲ့သည့် S.O.F စနိုက်ပါ အဖွဲ့ကို လက်နက် တပ်ဆင်ရန်အတွက် အလှူငွေများ လိုအပ်လျက်ရှိကြောင်း S.O.F Snipers အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "S.O.F စနိုက်ပါအဖွဲ့ ကို KNU တပ်မဟာ ၆၊ တပ်ရင်း ၁၈ မှ စနိုက်ပါ သင်တန်းဆရာများနှင့် အမေရိကန် မရိန်းသင်တန်းဆရာ (မရိန်းတပ်ဖွဲ့ဝင်ဟောင်း) များ ကိုယ်တိုင် အဆင့်ဆင့် အနီးကပ် လေ့ကျင့်သင်ကြားပေးထားပြီး သင်တန်းပြီး မြောက်ချိန်မှာ အကောင်းဆုံး လက်ဖြောင့်တပ်သား တပ်စိတ်တစ်စိတ်ပေါ်ထွက်လာပါပြီး ယခု စနိုက်ပါ တပ်စု တစ်စုရှိနေကြောင်း သိရသည်။", "ထို့ပြင် S.O.F စနိုက်ပါ (လက်ဖြောင့်) တပ်သား ၁ ဦးဖြစ်ရန် အခြေခံ စစ်သင်တန်း တစ်လခွဲ ၊ physical training တစ်လခွဲ၊ စနိုက်ပါအထူးသင်တန်း တစ်လခွဲ၊ Live Fire နှစ်ပတ် စုစုပေါင်းအချိန် ငါးလခန့် လေ့ကျင့်သင်ကြားရကြောင်း၊ ၂၀၂၃ ဇန်နဝါရီလအတွင်း တောင်စွန်းတိုက်ပွဲ အတွင်း S.O.F စနိုက်ပါနှင့် ပူးပေါင်းအဖွဲ့များက စစ်တပ်ဘက်မှ စစ်သား ၂၃ ဦးအထိ သုတ်သင်ရှင်းလင်းနို​င်ခဲ့ကြောင်းသိရှိရသည်။", "စနိုက်ပါ လက်ဖြောင့်တပ်သားများသည် တပ်ဖွဲ့စစ်ကြောင်းနှင့် ပူးပေါင်းပြီး စစ်ကြောင်းများ ကျရာတာဝန် ထမ်းဆောင်လျက်ရှိပြီး ယခုလက်ရှိ စနိုက်ပါ နှစ်လက်ဖြင့် အလှည့်ကျ မစ်ရှင်များ ဆောင်ရွက်နေကြောင်း၊ စနိုက်ပါ တပ်သားများသည် တိုက်ပွဲ တစ်ပွဲတွင် အနည်းဆုံး စစ်သား ၁ ဦးမှ ၅ ဦးအထိ ပွဲတိုင်းသုတ်သင်နိုင်ခဲ့ကြောင်း၊ S.O.F တပ်ဖွဲ့အတွင်း စနိုက်ပါများ ထပ်မံ တပ်ဆင်နိုင်ရင် ယခုထက် အောင်မြင်မှုများ ပိုရလာမည်ဖြစ်ကြောင်း၊ စနိုက်ပါရဲဘော် အားလုံး ယုံကြည်မှုအပြည့်ဖြင့် အလုပ်များ လုပ်ရန် စိတ်အားထက်သန်နေကြပြီး စနိုက်ပါ သေနတ်များ ထပ်မံ တပ်ဆင်နိုင်ရန် ဝိုင်းဝန်း ကူညီ လှူဒါန်းပေးစေလိုကြောင်း S.O.F တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/11/132649/
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
["ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တပ်စွဲထားသော ကော့ကရိတ် ခလရ ၉၇ တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး အေးချမ်းသည် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့က ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ကော့ကရိတ် မြို့ ၊ ခလရ ၉၇ တပ်မှ ဒုတိယတပ် ရင်းမှူး ဗိုလ်မှူး အေးချမ်း ဘုရားသုံးမြို့၊ ​ချက်ပွိုင့်အနီးရှိ Beauty Parlor ဆိုင်တွင် စနိုက်ပါသေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဦးခေါင်း သေနတ်ထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။", "“ခလရ ၉၇ ဒုတပ်ရင်းမှူး အေးချမ်း သေသွားတာ အတည်ပြုလို့ရတယ်။ ကွန်ဖန်းပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီ လက်အောက်ခံ ခလရ ၉၇ တပ်ရင်း သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် တပ်ရင်းဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် လာရောက်တပ်စွဲထားခြင်းဖြစ်သည်။"]
https://yktnews.com/2023/08/118011/
ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံး ၅ ခုထက်မနည်း တစ်ပြိုင်နက်တည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီဝန်ထမ်းအားလုံးထွက်ပြေးနေ၍ ဒဏ်ရာရသူမရှိ
["ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးရုံး ၅ ခုထက်မနည်း တစ်ပြိုင်နက်တည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီဝန်ထမ်းအားလုံးထွက်ပြေးနေ၍ ဒဏ်ရာရသူမရှိ", "ရန်ကုန်၊ ဩဂုတ် ၁၂", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့ပေါ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးရုံး ၅ ခုထက်မနည်းကို ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းတွင် တပြိုင် နက်တည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်ကောင်စီ ဝန်ထမ်း အားလုံး ထွက်ပြေးနေ၍ ဒဏ်ရာရသူမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီအချိန် ဖာပွန်မြို့ပေါ်ရှိ ပြည်ထဲရေး ဝန်ကြီး ဌာန၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှု ကြီးကြပ်ရေးရုံး၊ စာရင်းစစ် ရုံး နှင့် ဥပဒေရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲမှု ကြောင့် ရုံးများအားလုံး ပျက်စီးသွားကြောင်း သိရှိရသည်။", "“ဖာပွန်မှာက စစ်တပ်နဲ့ ရဲ ကွက်ကွက်လေးပဲ ရှိတော့တာ။ ကျန်တဲ့ ဝန်ထမ်း တွေ က အကုန်ပြေးကုန်ကြတာ‌ကြာပြီ။ KNU ဘက်ကလည်း လုံခြုံရေး တာဝန် မယူဘူးဆိုပြီး ကြေညာချက်ထုတ်ထားတာကြာပြီ။ အဲဒါကြောင့် ရုံးတွေ ဖောက်ခွဲ ပေမယ့် လူမရှိတော့ ထိခိုက်တာမရှိဘူး။ တချို့ရုံးတွေဆိုရင် မြက်ရိုင်း တွေတောင် ပေါက်နေပြီ။ ဝန်ထမ်း တွေ မရှိကြတော့လို့ ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/98870/
ကရင်ပြည်နယ်၊ ဘားအံတံတားအနီးတွင် အိမ်စီးကားတစ်စီး ပေါက်ကွဲပြီး ယာဉ်မောင်း ဦးခေါင်းပြတ် သေဆုံး
["ကရင်ပြည်နယ်၊ ဘားအံတံတားအနီးတွင် အိမ်စီးကားတစ်စီး ပေါက်ကွဲပြီး ယာဉ်မောင်း ဦးခေါင်းပြတ် သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၂", "ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံတံတားနှင့်မြိုင်ကလေး လမ်းဆုံ အနီးတွင် ယနေ့ နံနက်ပိုင်း အိမ်စီးကား တစ်စီးပေါက်ကွဲမှုဖြစ်ပွားပြီး ယာဉ် မောင်းဖြစ်သူ ဦးခေါင်းပြတ်သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။", "ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန် ကရင်ပြည်နယ်၊ ဘားအံတံတားနှင့် မြိုင်ကလေး လမ်းဆုံနား မိုင်တိုင်အမှတ် ၀/၅ တွင် Nissan Xtrial အိမ်စီးကား တစ်စီးသည် မောင်းနှင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ကားမောင်းနေရင်းနဲ့ ပေါက်ကွဲသွားတာမျိုးလို့ သုံးသပ်ပါတယ်။ ဗုံး(သို့မဟုတ်) မိုင်းကို ရှေ့ခန်းမှာ တင်ပြီး မောင်းလာတယ်လို့ ယူဆရပါတယ်။ ယာဉ်မောင်းက ပွဲချင်းပြီး သေဆုံးပါတယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း အတည်ပြုဖို့ ကြိုးစားနေပါတယ်” ဟု ကရင်ပြည်နယ်ရဲသတင်းရင်းမြစ်က ပြောသည်။", "စစ်ကောင်စီလော်ဘီများကမူ သေဆုံးသူသည် ဗုံးသယ်လာသူဟု ဝါဒဖြန့်နေကြ ပြီး ကားပေါ်တွင် ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ ၇ တောင့်၊ ကျည်ကတ် ၁ ခု သိမ်းဆည်းရမိသည်ဟု စစ်တပ်ထောက်ခံသော သတင်းစာမျက်နှာများက သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/170667/
ကရင်ပြည်နယ်၊ မြ၀တီဘက်အခြမ်းရှိ တရားမဝင် တပ်ဆင်ထားသော ထိုင်းအင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖြတ်တောက်
["ကရင်ပြည်နယ်၊ မြ၀တီဘက်အခြမ်းရှိ တရားမဝင် တပ်ဆင်ထားသော ထိုင်းအင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖြတ်တောက်", "ရန်ကုန်| ဇွန် ၃၀", "ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီဘက်အခြမ်းရှိ တရားမဝင် တပ်ဆင်ထားသော ထိုင်းအင်တာနက် ကေဘယ်လ်ကြိုးလိုင်းများကို ထိုင်းအာဏာပိုင်များက စစ်ဆေးဖြတ်တောက်လိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။", "မြန်မာ-ထိုင်း နယ်စပ်တစ်ခု ဖြစ်သည့် မြ၀တီ-မဲဆောက်တွင် ထိုင်းဘက်မှ မြန်မာဘက်သို့ မြေအောက်ကနေ တဆင့် တရားမဝင် ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများကို ထိုင်းအာ ဏာပိုင် ပူးပေါင်းအဖွဲ့က စစ်ဆေး ဖြတ်တောက်လိုက်ကြောင်း၊ အဆိုပါ ကေဘယ်ကြိုးလိုင်းများကို ဇွန် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးပြီး ဖြတ်တောက်လိုက်ကြောင်း မဲဆောက်မြို့ အခြေစိုက် ထိုင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်များ အရ သိရ သည်။", "ထိုင်းနိုင်ငံ တာ့ပ်ခရိုင် မဲဆောက်မြို့နယ်၊ ဖိုးဖမြို့နယ်နှင့် မယ်လမတ်မြို့နယ်တို့မှတစ်ဆင့် ကရင် ပြည်နယ် မြ၀တီခရိုင် မြ၀တီမြို့နယ်ဘက်ရှိ ဝမ်ယာနှင့် ရွှေကုက္ကိုမြို့သစ်တွင်ရှိသည့် ကာစီနိုလောင်းကစားရုံတို့တွင် အသုံးပြုရန် တရားမဝင် မြေအောက်လမ်းမှ ဆက်သွယ်ထားသည့် အင်တာနက် ကေဘယ်ကြိုးလိုင်းများ ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက ဆိုသည်။", "ထိုင်းဘက်မှ မြန်မာဘက်သို့ တရားမဝင် တပ်ဆင်ထားသည့် အဆိုပါ မြေ အောက် အင်တာနက် ကေဘယ်ကြိုးလိုင်း နေရာ ၅နေရာ အနက် ၃ နေရာကို တာ့က်ခရိုင် ရဲတပ်ဖွဲ့ က ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ သွား ရောက် စစ်ဆေးဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထိုင်အာဏာပိုင်များက အင်တာနက် ကေဘယ်လ်လိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းကာ ဖြတ်တောက်လိုက်ခြင်း ဖြစ်ကြောင်း ရဲမှူးကြီး စမ်မလစ် အေကမွန်က ဇွန် ၂၈ ရက်နေ့က MAESOT POLICE STATION တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။", "တရားမဝင် အင်တာနက်လိုင်းများ သွယ်ယူမှုများနှင့်ပတ်သက်၍ ပါဝင်သူများကို ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိနိုင်‌ရန် တာ့ပ်ခရိုင်ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ အဆိုအရ သိရှိရသည်။"]
https://yktnews.com/2023/03/94129/
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေညာ
["ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ကြေညာ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အကြား စစ် ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွား လာ ခြင်း မပြုရန် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ကျော်သက်က အရေးပေါ် ကြေညာချက် ထုတ် ပြန်သည်။", "“ယနေ့ ( ၂၅၊၃၊၂၀၂၃ ) ရက်နေ့မှ စ၍ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် မှ မြဝတီ မြို့နယ်အတွင်း စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူ လူထုအနေဖြင့် အဆိုပါ ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်း နှင့်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝ( လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်” ဟု ကျားဖြူ စစ်ကြောင်း၊ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်က အရေး ပေါ် ကြေညာချက် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/94160/
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ထပ်မံ ကြေညာ
["ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကျုံဒိုးမြို့အကြား စစ်ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ် ထပ်မံ ကြေညာ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အကြား စစ် ရေး အခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူများ ဖြတ်သန်းသွား လာ ခြင်း မပြုရန် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ကျော်သက်က အရေးပေါ် ကြေညာချက် ထုတ် ပြန်ပြီးနောက် နဂါးဖြူစစ်ကြောင်းကပါ အလားတူ ထပ်မံ၍ သတိပေး ချက် ထုတ်ပြန်သည်။", "“ယနေ့ ( ၂၅၊၃၊၂၀၂၃ ) ရက်နေ့မှ စ၍ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် မှ မြဝတီ မြို့နယ်အတွင်း စစ်ရေး၊ လုံခြုံရေးအခြေအနေများ ရှုပ်ထွေးနေပါသဖြင့် ပြည်သူ လူထုအနေဖြင့် အဆိုပါ ကျုံဒိုးမြို့နယ်မှ မြဝတီ မြို့နယ် အထိ မည်သည့်နည်း နှင့်မျှ ဖြတ်သန်းသွားလာခြင်း လုံးဝ( လုံးဝ) မပြုလုပ်ကြပါရန် အထူးမေတ္တာရပ်ခံ အပ်ပါသည်” ဟု နဂါးဖြူစစ်ကြောင်းက ထပ်မံ၍ အရေးပေါ် ကြေညာချက် ထုတ်ပြန်သည်။"]
https://yktnews.com/2023/04/96125/
ကရင်ပြည်နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို တိုက် ခိုက်သိမ်းပိုက်မှု BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက်ရရှိ
["ကရင်ပြည်နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို တိုက် ခိုက်သိမ်းပိုက်မှု BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက်ရရှိ", "BGF တပ်သည် စစ်တပ်လက်အောက်ခံဖြစ်ပြီး မူးယစ်ဆေးဝါး၊ လောင်း ကစားနှင့် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေ", "ရန်ကုန်၊ ဧပြီ ၆", "ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်း နှင့် တော်လှန် ရေး မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်နှင့် BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက်ရရှိကြောင်း Lion Battalion ဗျုဟာစစ်ကြောင်းမှ တာဝန်ခံ ရဲဘော်တစ်ဦးဖြစ်သူ အညာသားက ပြော ဆိုသည်။", "ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်ဒေသရှိ ဒုစရိုက်လုပ်ငန်းများ၊ မာဖီယား ဂိုဏ်းများနှင့်မူယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ် ဒေသ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများ အတွင်းတပ်စွဲ နေရာယူ ထား သော စစ်တပ်၊ BGF စခန်းများကို ဗိုလ်အယ်ဆေးဝါးဦး ဆောင် သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဗျုဟာ မြောက် ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း၊ အကြမ်းဖက် စစ်တပ် နှင့်BGF တပ် များ ၏ စခန်းကုန်း ၅ ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်နှင့် BGF ဘက်မှ သေဆုံးသူ ၈၅ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိကာ လက်နက် ၇၅ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "လက်ရှိအချိန်အထိ ရွှေက္ကိုလ်ဒေသကို ဆက်လက် ထိုးဖောက် တိုက်ခိုက် လျက် ရှိပြီး အသေးစိတ်ကို ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။", "(ဗီဒီယို အသေးစိတ်ကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် တင်ပြပါမည်။)"]
https://yktnews.com/2023/03/93641/
ကရင်ပြည်နယ်၊ လူသောမြို့နယ်အတွင်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီးပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ
["ကရင်ပြည်နယ်၊ လူသောမြို့နယ်အတွင်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးပြီးပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊မတ် ၂၂", "ကရင်ပြည်နယ်၊ KNU -ကရင်အမျိုးသားအစည်းအရုံးထိန်း ချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဗဟို KNU က ထုတ်ပြန်ထား သည်။", "မတ်လ၂၀ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ဖာပွန်မြို့အခြေ စိုက် အကြမ်းဖက်စစ်တပ်က လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ထူမောဒဲ(အနောက်ဘက်ကမ်း) ကျေး ရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၄၅ နှစ်အရွယ် စောအေဘို ဝမ်းဗိုက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရသည်။", "အလားတူ မတ်လ ၂၀ ရက် ည ၇ နာရီ ၂၇ မိနစ်ကလည်း ဖာပွန် အခြေစိုက် အကြမ်းဖက်စစ်တပ်မှ ထူမောဒဲရွာနှင့် အနီး အနားတစ်ဝိုက်သို့ လက်နက်ကြီး ကျည် ၉ လုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း သိရသည်။", "မတ်လ ၂၀ ရက် နံနက် ၃ နာရီ ခွဲခန့်က KNU တပ်မဟာ (၃) မူးမြို့နယ်၊ နတ်သံကွင်း တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ်က ဥသျှစ်ကုန်းကျေးအတွင်းနှင့်အနီးတဝိုက်သို့ လက်နက်ကြီး ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ရေတွင်းကုန်းကျေး ရွာအတွင်း ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ၆၇ လုံးပစ်ခတ်ရာ ဥသျှစ်ကုန်းကျေးရွာအတွင်းသို့ ၁၀ လုံး၊ အုန်းပင်စုရွာအတွင်းနှင့်အနီး တစ်ဝိုက်သို့ ၅၇ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်သားများသည် ဥသျှစ်ကုန်းကျေးရွာအ တွင်းသို့ ဝင်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ရေလဲကျေးရွာအတွင်းသို့ ဒရုန်းဖြင့် လက်နက်ကြီး ၆ လုံးကျဲချတိုက် ခိုက်ခဲ့ကြောင်း၊ ပြည်သူ ၂၂ ဦးကိုလည်းဖမ်းဆီးခဲ့ပြီးကြိုးနှင့်တုတ်ကာ စစ်ကြောင်းထိုးလမ်းကြောင်းတလျှေက် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်သားများသည် ပြည်သူလူထုနေထိုင်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူ သားဒိုင်းအဖြစ် အသုံး ပြုခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ လုပ်ဆောင်နေမှုကြောင့် မူးမြို့နယ် အတွင်းရှိ ကျေးရွာ ၇ ရွာမှ ပြည်သူ ၄၁၅၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မတ်လ ၂၀ ရက်နေ့က နော်သယူဖောဆိုသူ၏ ဖုန်း ၃ လုံးနှင့်ငွေကျပ် ၇ သိန်းကို အတင်းအဓမ္မသိမ်းဆည်းသွားကြောင်း သိရသည်။"]
https://yktnews.com/2023/02/86200/
ကရင်ပြည်နယ်၊ ဝေါလေ-ထီးကပလယ် ကားလမ်းကို ယနေ့မှ စတင်၍ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် KNDO က သတိပေးချက်ထုတ်ပြန်
["ကရင်ပြည်နယ်၊ ဝေါလေ-ထီးကပလယ် ကားလမ်းကို ယနေ့မှ စတင်၍ လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် KNDO က သတိပေးချက်ထုတ်ပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ ဝေါလေ-ထီးကပလယ် ကားလမ်းမကြီးကို လုံး၀ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့ KNDO က သတိပေးချက်ထုတ်ပြန်သည်။", "ယနေ့ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဝေါလေနှင့် ထီးကပလယ် လမ်းပိုင်းကို အရပ်သားအဖွဲ့အစည်း မည်သည့်ကား၊ ဆိုင်ကယ် မဆို လုံးဝ ဖြတ်သန်း သွားလာခွင့်မပြုကြောင်း၊ သတိပေး ထုတ်ပြန်ထားသည့် နေ့မှစ၍ တိုက်ပွဲပြီးဆုံးသည့် အချိန်အထိ မည့်သည့် အကြောင်း ကိစ္စမဆို ဖြတ်သန်းသွားလာခွင့် မပြုကြောင်းနှင့် လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုး ဆက်ကို တာဝန်ယူမည် မဟုတ်ကြောင်း KNDO အမှတ် ၈ တပ်ရင်း ဌာနချုပ် အမှတ် ၆ တပ်မဟာ ကော်သူးလေက ထုတ်ပြန်ထားသည်။", "“ထီးကပလယ်-ဝေါ်လေ-မြဝတီ လမ်းက အာရှလမ်းမကြီးနဲ့တော့ မဆိုင်ဘူး။ အဲဒီလမ်းက သီးခြားတစ်လမ်း။ ဒေါနအရှေ့ဘက်ခြမ်း။မြဝတီ ကနေ လေးကေ့ကော် သေဘော်ဘိုး ဝေါ်လေ ပြီးရင် ထီးကပလယ် ရောက်ပြီ။ အဲဒီနေရာတွေက အခုလက်ရှိမှာ စစ်ရေး တင်းမာနေတဲ့နေရာတွေ” ဟု ကရင်ဒေသသတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို တောက်လျှောက် ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။"]
https://yktnews.com/2023/09/123213/
ကရင်ပြည်နယ်၊ ဝေါ်လေ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
["ကရင်ပြည်နယ်၊ ဝေါ်လေ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "ကရင်ပြည်နယ်၊ ဝေါ်လေ အခြေစိုက် တပ်မ ၄၄ လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ တပ်သား ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၆ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဝေါ်လေအခြေစိုက် တပ်မ ၄၄ လက်အောက် ခံ ခမရ-၅၅၆ တပ်ရင်းမှ အသက် ၂၀ နှစ်အရွယ် တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၆ ထံတွင် အလင်းဝင် လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလင်းဝင်လာသော စစ်သား ၂ ဦးက MA-1 ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ၅.၅၆ ကျည်တောင့် ၂၃၉ တောင့် နှင့် အီကွေးမင့် ၁ စုံ တို့ယူဆောင်လာကြောင်း၊ တပ်သား ၂ ဦးကို KNU က ထိုင်းဘတ်ငွေ ငါးသောင်း ဘတ်တိတိ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။", "(Facebook ၏ လူမှုကွန်ရက်စည်းမျဉ်းများအရ တပ်သား ၂ ဦး၏ အမည်များနှင့် ဓာတ်ပုံများကို မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် အသေးစိတ်ဖော်ပြထားပါသည်။ )"]
https://yktnews.com/2023/02/89604/
ကရင်ပြည်နယ်၊KNU အုပ်ချုပ်မှုနယ်မြေတွင် ခိုလှုံနေသော CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင်များနှင့် တိုင်းရင်းသားပြည်သူများကို အ​ရေး​ပေါ်အကူအညီများ ထောက်ပံ့
["ကရင်ပြည်နယ်၊KNU အုပ်ချုပ်မှုနယ်မြေတွင် ခိုလှုံနေသော CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင်များနှင့် တိုင်းရင်းသားပြည်သူများကို အ​ရေး​ပေါ်အကူအညီများ ထောက်ပံ့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "ကရင်ပြည်နယ်၊ KNU အုပ်ချုပ်မှုနယ်မြေတွင် ခိုလှုံနေသော CDM ဝန်ထမ်းများ၊ စစ်ဘေးရှောင်များနှင့် တိုင်းရင်းသားများကို AAC မဟာမိတ်အဖွဲ့၊ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်နှင့် အနုပညာရှင်တချို့က အ​ရေး​ပေါ် အကူအညီများ ပူးပေါင်း ထောက်ပံ့ကြသည်။", "AACမဟာမိတ်အဖွဲ့၊ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်နှင့် အနုပညာရှင်တချို့ ပူးပေါင်းပြီး", "ကရင်ပြည်နယ် အစွန်အဖျား နယ်စပ်​ဒေသ တိုက်ပွဲများ ဖြစ်ပွား​နေ​သော ​နေရာများမှ စစ်​ဘေး​ရှောင်နှင့် ကရင်တိုင်းရင်းသားရွာသူရွာသားများ၊ KNU စီမံအုပ်ချုပ်နယ်​မြေတွင် ခိုလှူံ​နေ​သော ရဲ၊တပ်၊ကျန်းမာ​ရေး၊ပညာ​ရေး CDM ဝန်ထမ်းမိသားစုများအား ဆန်၊ဆီ၊​ခေါက်ဆွဲ၊ ငါး​သေတ္တာ၊ ​​ဆေးဝါးများ၊​စောင်၊ခြင်​ထောင် နှင့် ရိက္ခာပစ္စည်းများ စုစု​ပေါင်း တန်ဖိုး ထိုင်းဘတ်​ငွေ တစ်သိန်း​ကျော်ဖိုးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ​နေရာသုံး​​နေရာခွဲ​ဝေ လှူဒါန်း​ထောက်ပံ့​ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/211813/
ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၃ သေဆုံးပြီး KNU က ပြည်သူများထံသို့ အသိပေး ချက်ထုတ်ပြန်
["ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ပြည်သူ ၃ သေဆုံးပြီး KNU က ပြည်သူများထံသို့ အသိပေး ချက်ထုတ်ပြန်", "ရန်ကုန်၊ ဧပြီ ၁၉", "ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ် နယ်မြေများကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူများ ထိခိုက်သေဆုံးနေပြီး KNU က ပြည်သူများထံသို့ သတိပေး၊ အသိပေးချက်ထုတ်ပြန်လိုက်သည်။", "ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် KNU တပ်မဟာ ၁ နယ် မြေ ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်။. မင်းစောရွာဘုန်းကြီးကျောင်းကို လေ ယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ကိုရင် ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "အလားတူ ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန် ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရေတွင်းကုန်းကျေးရွာ ဇရပ်ကုန်းအပိုင်းသို့ တိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ပိန်းဇလုပ်မြို့ အခြေစိုက် ခလရ ၂၆၄ ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဇရပ်ကုန်းကျေးရွာအတွင်း ထပ်မံကျရောက်ပေါက်ကွဲ၍ ပြည်သူတဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ အသက် ၄၂ နှစ်အရွယ် ကိုမျိုးသန့်ဖြစ်ပြီး ဘယ်ဘက်ရင်အုံသို့ ကျည်စထိမှန်သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "လတ်တလော ကရင်ပြည်နယ်အနှံ့အပြားတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်တပ်က စစ်ဘေးရှောင်ပြည် သူများ၊ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် လျက်ရှိကြောင်း KNU ဗဟိုက သတိပေးချက် ထုတ်ပြန်သည်။", "လက်ရှိအချိန်တွင် ကရင်ပြည်နယ်နေရာအနှံအပြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး အာ ဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုများအား ပစ်မှတ်ထား ကာ စာ သင်ကျောင်းများ၊ ဘုန်းကြီး ကျောင်း များ၊ ဘုရားကျောင်းများ နှင့် စစ်ရှောင် ပြည်သူလူထုများ နေထိုင် ရာ နေရာ ဒေသများအတွင်းသို့ လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိ ကြောင်း သိရှိရသည်။", "ထို့ကြောင့် သတင်းမီဒီယာများ ဒေသတွင်းတက်ကြွလုပ်ရှားသူများအနေဖြင့် သတင်းရယူ တင်ဆက် ရာတွင် ပြည်သူလူထုများ ပုန်းရှောင် နေထိုင်သော နေရာများအား အာဏာသိမ်း အကြမ်းဖက် စစ် ကောင်စီတပ်မှ အလွယ်တကူရှာဖွေပြီး လေကြောင်း ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း မပြု လုပ်နိုင်ရန်အတွက် သတိထား၍ တင်ဆက် ပေးပါရန် KNU က အသိပေးပန်ကြားသည်။", "ထို့အပြင် ပြည်သူလူထုများအနေဖြင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ပစ်မှတ် ထား တိုက်ခိုက်ခံရနိုင်သော အဆောက်အဦများ အဝေးတွင် နေထိုင်ပေးကြပါရန်နှင့် တိုက်ပွဲဖြစ် ပွားရာ ဒေသများ အတွင်းသို့ အရေးပေါ် အကြောင်းကိစ္စမရှိဘဲ သွားလာခြင်းမပြုရန် အသိပေး ထုတ် ပြန်ထားသည်။"]
https://yktnews.com/2025/01/199617/
ကရင်၊ ပဲခူးနှင့် မွန် ပြည်နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
["ကရင်၊ ပဲခူးနှင့် မွန် ပြည်နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း KNU ၏ ဒူးပလာယာခရိုင် ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက ပြောဆိုသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်က မောင်းမကျေးရွာအုပ်စုရှိ ကမိုင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၂၇ နှစ်အရွယ် စောသားသားသည် ခန္ဓာကိုယ်တစ်ခုလုံး ထိမှန်ပြီး မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အသက် ၅၇ နှစ် အရွယ်ရှိ စောပလုံးချီ (ခေါ်) ဦးမောင်အောင်မြင့်သည် ပြင်းထန် ဒဏ်ရာဖြင့် ဆေးရုံသို့ရောက်ရှိစဥ် သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လျှက်ရှိကြောင်း ဒူးပလာယာခရိုင် – ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးကပြောဆိုသည်။", "ပဲခူးတိုင်း ခလယ်လွီထူခရိုင် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။", "ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ကျောက်စရစ် ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းနေ့ ည ၆ နာရီ ၄၃ မိနစ်ခန့်တွင် ၁၂၀ မမ လက်နက်ကြီး ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ကျောက်စရစ်ကျေးရွာ စာသင်ကျောင်းအနီးနှင့် အင်တိုင်းကုန်းကျေးရွာအနီးကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "မူးမြို့နယ်၌ ဇန်နဝါရီ ၇ ရက်နေ့တွင် သပြေညွှန့်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကမူလိုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စောမောင်ချိုကို သပြေညွှန့်ကျေးရွာတွင် ဖမ်းဆီးကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆီဆုံကုန်းရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အလားတူ မွန်ပြည်နယ်၊ ဒူးသထူခရိုင်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံး ရမ်းသမ်း ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ ဌက်ပျောတောရွာ ထီးညအိုးပိုင်းရွာ အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ဌက်ပျောတောရွာ ထီးညအိုးပိုင်းနေ ဦးအောင်စိုးနေအိမ်ကို လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး နေအိမ် အသုံးအဆောင်ပစ္စည်းများ၊ ငွေကျပ် ၆၅ သိန်း နှင့် ရွှေ ၇ ပဲ မီးလောင်ပျက်စီးခဲ့ပြီး နော်အေး ၏ ဘယ်မေးရိုးကိုလည်း လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/147330/
ကလောတွင် တပ်မ ၅၅ က လယ်သမားများထံမှ မြေဧက ၃၀ ကျော် အတင်းအဓမ္မ သိမ်းယူပြီး စစ်ဗိုလ်ချုပ်များ ခွဲဝေပေး၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအမည်ဖြင့် ခြံခတ်သွားဟုဆို
["ကလောတွင် တပ်မ ၅၅ က လယ်သမားများထံမှ မြေဧက ၃၀ ကျော် အတင်းအဓမ္မ သိမ်းယူပြီး စစ်ဗိုလ်ချုပ်များ ခွဲဝေပေး၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအမည်ဖြင့် ခြံခတ်သွားဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် တပ်မ ၅၅ က တောင်သူလယ်သမားများ ပိုင်ဆိုင်သော မြေဧက ၃၀ ကျော် အတင်းအဓမ္မ သိမ်းယူလိုက်ကြောင်း မြေသိမ်းခံရသည့် တောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဖဖော်ဝါရီလ ၁၀ ရက်နေ့ ကလောမြို့နယ်၊ အောင်ပန်း – ပင်းတယလမ်းမကြီး လမ်းဘေးဝဲယာ ၊ လွယ်မခံရွာ အနီးရှိ တောင်သူလယ်သမားများ၏ မြေယာများကို တပ်မ ၅၅ က သိမ်းယူသွားကြောင်း၊ တပ်မ ၅၅ က တာဝန်ခံ သိမ်းယူပြီးနောက် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်တချို့က ယင်းသိမ်းဆည်းမြေများကို ခွဲဝေယူသွားကြောင်း သိရှိရသည်။", "“လွယ်မခံရွာ ကောင်းမှုတော်ဘုရား မြောက်ဘက်ခြမ်း ၊ ကားလမ်းမကြီး အရှေ့ဖက်ခြမ်းမှာ ဧက ၃၀ ပြည့်အောင် ယူမယ်ဆိုပြီး အများကြီး သိမ်းသွားတာပါ။ မြေယာဆုံးရှုံးလိုက်ရတဲ့ တောင်သူ ခြံရှင် တွေ အများကြီးပါ။", "သိမ်းတာကတော့ တပ်မ ၅၅ က တာဝန်ယူသိမ်းတယ်။ စစ်တပ် အရာရှိတွေက ကိုယ်ကျိူးအတွက် အဓမ္မသိမ်းဆည်းတာ။ ကလောတပ်မ ၅၅ သိမ်းခိုင်းတာဆိုပြီး တောင်သူတွေ လက်ရှိပိုင်ဆိုင်စိုက်ပျိုးနေဆဲမြေယာတွေပေါ်မှာ အလံနီတွေစိုက်ပြီး သိမ်းတာပါ” ဟု မြေယာသိမ်းဆည်းခံရသည့် တောင်သူတစ်ဦးက ရှင်းပြသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အမည်ကို အသုံးပြု၍ ကလောမြို့နယ်၊ လွယ်မခံရွာအဝင်၊ နှင်းရွေရည် စက်သုံးဆီဆိုင် မျက်စောင်းထိုး ၊ ကားမလမ်းမကြီး အရှေ့ဘက်ခြမ်းတစ်ခုလုံးကို စစ်ကားများဖြင့် ကွန်ကရစ်တိုင်များ သယ်လာကာ ခြံဝင်းများခတ်သွားကြောင်း သိရှိရသည်။", "“စစ်ကားတွေနဲ့ ကွန်ကရစ်တိုင်တွေ တစ်ခါတည်းသယ်လာတယ်။ အိမ်စီးကား Mark 2 အဖြူရောင်နဲ့ စစ်ဗိုလ် တွေက လာကြီးကြပ်ပြီး ကြိုးဆွဲ၊ တိုင် တွေစိုက် ၊ တိုင်ထိပ်မှာ အစိမ်းရောင် အမှတ်အသား တွေ သုတ်ပြီး တစ်ခါထဲခြံခတ်သိမ်းသွားတယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ ခြံဖြစ်သွားပြီလို့ ပြောတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အရာရှိ တွေ ရဲ့ အဓမ္မ မြေယာသိမ်းဆည်းမှုမှာ ဆုံးရှုံးလိုက်ရတဲ့ တောင်သူ မြေရှင်တွေများတယ်” ဟု မြေသိမ်းဆည်းခံရသည့် တောင်သူက ဆက်လက်ရှင်းပြသည်။", "ကလောမြို့သည် ခရီးသွားလုပ်ငန်းထွန်းကားပြီး ရာသီဥတုအေးဆေးသဖြင့် စစ်ဗိုလ်ချုပ်များ မျက်စိကျကာ အတင်းအဓမ္မ မြေယာသိမ်းဆည်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဓာတ်ပုံ- မြေယာအဓမ္မသိမ်းယူသည့် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး။"]
https://yktnews.com/2024/09/184752/
ကလောမြို့တောင်ဘက်ရှိ တောင်ကိုးလုံး ပြိုကျ၍ ကျေးရွာ ၄ ရွာမှ ပြည်သူများ ပိတ်မိနေ၊ လမ်းပိုင်းများ ပျက်စီးသွား၍ ကယ်ဆယ်ရေး အဖွဲ့များ သွားလာရန် ခက်ခဲနေ
["ကလောမြို့တောင်ဘက်ရှိ တောင်ကိုးလုံး ပြိုကျ၍ ကျေးရွာ ၄ ရွာမှ ပြည်သူများ ပိတ်မိနေ၊ လမ်းပိုင်းများ ပျက်စီးသွား၍ ကယ်ဆယ်ရေး အဖွဲ့များ သွားလာရန် ခက်ခဲနေ", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "ရှမ်းပြည်နယ်၊ ကလောမြို့တောင်ဘက်ရှိ တောင်ကိုးလုံး ပြိုကျ၍ ကျေးရွာ ၄ ရွာမှ ပြည်သူများ ပိတ်မိနေပြီး လမ်းပိုင်းများ ပျက်စီးသွား၍ ကယ်ဆယ်ရေး အဖွဲ့များ သွားလာရန် ခက်ခဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ကလောမြို့ တောင်ဘက် အရှည် ၃ မိုင်ခန့်ရှိသော တောင်ကိုးလုံးသည် သဘာဝဘေးဒဏ်ကြောင့် အနောက်ဘက်တောင် တစ်ခြမ်းလုံး ပြိုကျသွားပြီး မြင်းဒိုက်ကျေးရွာအုပ်စုရှိ အင်းခေါင်းကျေးရွာ၊ ရေအေးချောင်းကျေးရွာ၊ စလယ်အင်းကျေးရွာနှင့် တောင်ပွားကျေးရွာများမှ ပြည်သူများ ပိတ်မိနေကြောင်း သိရသည်။", "အဆိုပါ ကျေးရွာများကို သွားရောက်နိုင်သော လမ်းပိုင်းသည် မြေများပိသွားပြီး သွားလာရန် အခက်အခဲဖြစ်ကြောင်း၊ ယင်း လမ်းပိုင်းကို ပြန်လည် ပြုပြင်ရန် စက်ယန္တယားများ အသုံးပြုမှ သာလျှင် ပိတ်ဆို့နေသော မြေကျောက်များကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်းသိရသည်။", "“သောက်ရေသန့် စားနပ်ရိက္ခာနဲ့ စက်ယန္တာယားအတွက် ဆီဖိုးတွေ အရေးပေါ်လိုအပ်နေပါတယ်။ မြေကျောက်တွေကို ဖယ်နိုင်မှ လမ်းကပြန် ပွင့်မှာပါ။ ပြည်သူတွေနဲ့ ချိတ်ဆက်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေသ ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/09/183396/
ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှု ဖြစ်ပွားပြီးနောက် အလောင်းများ ပြန်လည် တွေ့ရှိနေပြီး အများစုသော အလောင်းများကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိဘဲ သဂြိုလ်နေရ၊ အလောင်း ၅၀ ခန့် ရရှိထားပြီး ပျောက်ဆုံးသူ ၁၀၀ ဝန်းကျင်ရှိ
["ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှု ဖြစ်ပွားပြီးနောက် အလောင်းများ ပြန်လည် တွေ့ရှိနေပြီး အများစုသော အလောင်းများကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိဘဲ သဂြိုလ်နေရ၊ အလောင်း ၅၀ ခန့် ရရှိထားပြီး ပျောက်ဆုံးသူ ၁၀၀ ဝန်းကျင်ရှိ", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ရှမ်းပြည်တောင်းပိုင်း၊ ကလောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွားပြီးနောက် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှုများဖြစ်ပွားပြီးနောက် အလောင်းများကို ပြန်လည်တွေ့ရှိရနေပြီး အများစုအလောင်းများကို မည်သူမည်ဝါမှန်းခွဲခြားနိုင်ခြင်းမရှိဘဲ စုဆောင်းကောက်ယူ သဂြိုလ်နေရကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့က ပြောဆိုသည်။", "လက်ရှိကလောတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ မရရှိသေးဘဲ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ တိုးမြှင့်နိုင်ရေးအတွက် အင်တာနက်နှင့်ဖုန်းလိုင်းမိသောနေရာအထိ သွားရောက်၍ သတင်းနှင့်အခြေအနေများကို ပြည်သူလူထု သိရှိနိုင်စေရေး ဆောင်ရွက်နေရကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက် တင်ဘာလ ၁၂ ရက်နေ့ ကလောမြို့တွင် တောင်ကျချောင်းရေများနှင့်အတူ မြေပြိုခြင်း၊ ရေများ အလုံးအရင်းဖြင့် မြို့ထဲသို့ စီးဆင်းခဲ့ကာ ရေကြီးမှုများ ဖြစ်ပေါ်ခဲကြောင်း၊ စက်တင်ဘာလ ၁၃ ရက်နေ့နှင့် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကူညီရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ အလောင်းများ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ အလောင်း ၅၀ နီးပါး ရရှိထားကြောင်း သိရှိရသည်။", "“အခု ဟိုမှာ အလောင်းတွေ့တယ်၊ ဒီမှာ အလောင်းတွေ့တဲ့စာရင်းတွေ ပြန်ပေါင်းတာတင် ၅၀ လောက်တော့ရှိတယ်။ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မရဘူး။ ရတဲ့နေရာသွားပြီး ကူညီရေးအတွက်အကူအညီတောင်းရတယ်။ တွေ့တဲ့အလောင်းတွေက ဘယ်သူ ဘယ်ဝါမှန်း ခွဲလို့မရဘူး။ ရေနစ်ထားတော့ ရုပ်တွေပျက်နေတယ်” ဟု ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုသည်။", "လတ်တလော ပျောက်ဆုံးနေသူ အရေအတွက်သည် မိသားစုများ၏ စာရင်းပေးချက်အရ ၁၀၀ နီးပါး ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့များလည်း ထင်သလောက် ကူညီရေး မလုပ်နိုင်ကြောင်း၊ အိမ်အလုံးလိုက် မျောပါသွားခြင်း၊ မိသားစုလိုက် ပျောက်နေဆုံးနေခြင်း များအပါအဝင် ရေဘေးသင့် ပြည်သူများ ကူညီရေး အကူအညီများစွာ လိုအပ်နေကြောင်း သိရှိရသည်။", "“အကူအညီတွေကတော့ အကုန်လိုတယ်။ မြို့တောင် အတော်ရှင်းလင်းရမယ့် အခြေအနေ။ ကူညီရေးအဖွဲ့တွေ ပိုပြီးလိုတယ်” ဟု ဒေသမှ ကူညီကယ်ဆယ်ရေးလုပ်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ကလောမြို့ရှိ အပျက်အစီးပုံများ။"]
https://yktnews.com/2025/05/214794/
ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး PDF ထံ အလင်းဝင်
["ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး PDF ထံ အလင်းဝင်", "ရန်ကုန်၊ မေ ၁၆", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "မေလ ၁၅ ရက်နေ့တွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့ အခြေစိုက် တပ်မ ၁၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် မော်လမြိုင်ရှေ့တန်းသို့ ပို့ဆောင်ခံရစဉ် လက်ပစ်ဗုံး ၃ လုံးဖြင့် ယူဆောင်လာပြီး People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲထံသို့ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သိရှိရသည်။", "“ကျွန်တော်တို့ကို ဆက်သွယ်တာကတော့ မေလ ၁၂ရက်နေ့ကပါ။ ကျနော်တို့တပ်ဖွဲ့ကို မေလ ၁၅ ရက်နေ့က ရောက်လာတာပါ။ သေနတ်တော့ မပါဘူး။ လက်ပစ်ဗုံးတော့ပါလာပါတယ်။ နောက်က လိုက်ဖမ်းတော့ အကုန်ပစ်ထားခဲ့ရတယ်လို့ ပြောပါတယ်။ ပေါ်တာဆွဲခံရပြီးပါသွားတာပါ။ မြို့ပေါ်ဈေးဝယ်သွားတုန်းကို စစ်မှုထမ်းအတွက်ဖမ်းဆီးခံရတာပါ။ ဖေဖော်ဝါရီလ ၁၆ရက်နေ့က ချောက်မြို့ပေါ်မှာ ဖမ်းဆီးခံရတာပါ။ အဲကနေ အမှတ် ၃ တပ်မတော် တန်းမြင့် လေးကျင့်ရေးကျောင်း ကျိုင်းတောင်းကို အပို့ခံရပါတယ်။ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်း တပ်သားသစ်က စစ်မှုထမ်းအပတ်စဉ် ၁၀ ကပါ။ ဟဲဟိုး တပ်မ ၁၈ ခြေမြန်တပ်ရင်းကနေ မော်လမြိုင်ကိုပို့တဲ့အချိန် သန်လျင် အမှတ် ၁၃၉ ခြေလျင်တပ်ကနေထွက်ပြေးလာတာပါ” ဟု People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်မှ လွတ်မြောက်ရန် ကြိုးစားနေသည့် စစ်မှုတပ်သားသစ်များစွာရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့် အမြန်ဆုံးပူးပေါင်းကြရန် People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲက အသိပေး နှိုးဆော်ထားသည်။"]
https://yktnews.com/2023/11/131745/
ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအားလုံး၏ ဓာတ်ပုံမှတ်တမ်းနှင့်အချက်အလက်များ ရဲစခန်းနှင့်စစ်တပ်ထံသို့ ပေးပို့ရန် ဟိုတယ်များကို အမိန့်ပေး
["ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအားလုံး၏ ဓာတ်ပုံမှတ်တမ်းနှင့်အချက်အလက်များ ရဲစခန်းနှင့်စစ်တပ်ထံသို့ ပေးပို့ရန် ဟိုတယ်များကို အမိန့်ပေး", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအား ဓာတ်ပုံမှတ်တမ်း နှင့်ကိုယ်ရေးအချက်အလက်များကို စာရင်းပို့ ပေးရမည်ဟု ရဲစခန်းနှင့်စစ်တပ်က ဟိုတယ်များကို ဖိအားပေးခြိမ်းခြောက်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များ က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ လကုန်အထိ ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များကို ဓာတ်ပုံမှတ်တမ်းယူကာ သက်ဆိုင်ရာ ရဲစခန်းနှင့်စစ်တပ်သို့ Memory Stick သို့မဟုတ် CD သို့မဟုတ် Viber မှ တင်ပြ ရန်ကြားထားကြောင်း၊ ဟိုတယ်လုပ်ငန်းရှင်များက အဆင်မပြေနိုင်သဖြင့် ပြန်လည် စဉ်းစား ပေးရန် မေတ္တာရပ်ခံသော်လည်း အထက်အမိန့်အရဟု ဆိုကာ ဖိအားပေးပြီး မဖြစ်မနေ ဆောင်ရွက် ပေးရန် ပြောဆိုကြောင်း သိရသည်။", "“နိုဝင်ဘာလ ၁၅ ရက်နေ့က Green Haven Hotel မှာ လုပ်သွားတဲ့ အစည်းအဝေးမှာ ပြောသွားတာ၊ အခုလ ၂၀ ရက်နေ့ကနေ လကုန်အထိ ကလောမြို့မှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေကို ဓာတ်ပုံ မှတ်တမ်းရိုက်ယူပြီး သက် ဆိုင်ရာ ရဲစခန်းကို တင်ပြရမယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြား ထားတယ်၊ ဟိုတယ်လုပ်ငန်းရှင်တွေက အဆင်မပြေနိုင်လို့ ပြန်လည် စဉ်းစားပေးပါလို့ မေတ္တာရပ်ခံပေ မယ့် အထက်အမိန့်အရ ဆိုပြီး မဖြစ်မနေဆောင်ရွက်ပေးဖို့ ဖိအားပေးပြောလိုက်တယ်” ဟု ဟိုတယ် လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ကလောမြို့၏ ခရီးသွားလုပ်ငန်းများပါ ထိခိုက်မည့်အပြင် ဧည့်သည်များ လာရောက် လျော့ကျနိုင်ကြောင်း ကလောမြို့မှ ဟိုတယ်လုပ်ငန်းများက တညီတညွတ်တည်းပြောဆိုကြသည်။"]
https://yktnews.com/2024/09/183376/
ကလေးခရိုင် အမှတ် ၁၁ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်
["ကလေးခရိုင် အမှတ် ၁၁ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ကလေးခရိုင် အမှတ် ၁၁ တပ်ရင်း၏ အခြေခံစစ်ပညာ ၂ / ၂၀၂၄ သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။", "အဆိုပါ သင်တန်းကို သင်တန်းသားရဲဘော် ၂၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် တပ်ရင်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကာတပ်ရင်းမှူး က အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/172906/
ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခေါင်းဆောင်မှုမြှင့်တင်ရေးသင်တန်းပြုလုပ်
["ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခေါင်းဆောင်မှုမြှင့်တင်ရေးသင်တန်းပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁၃", "ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရုံးလုံခြုံရေးနှင့် တိုက်ခိုက်ရေးလှုပ်ရှားတပ်ဖွဲ့ကို ခေါင်းဆောင်မှုနှင့် ခေါင်းဆောင်ကောင်းမြှင့်တင်ရေးသင်တန်းများ ပို့ချခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/192776/
ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ၃ နှစ်ပြည့် အခမ်းအနား ပြုလုပ်
["ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ၃ နှစ်ပြည့် အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့ တာဝန်ခံအသီးသီးနှင့် ပကဖရုံး လက်ရုံးတပ်ဖွဲ့များစုပေါင်း၍ ပကဖ ၃ နှစ်ပြည့်အခန်းအနားပွဲကို ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါပွဲတွင် နိုင်ငံတော်အလံအလေးပြုခြင်းအခန်းအနား၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ ၊နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော တော်လှန်ရေးရဲဘော်များအား ဦးညွှတ်အလေးပြုခြင်း၊ တော်လှန်ရေးအစိုးရ လက်အောက်တွင် စစ်အာဏာရှင်တော်လှန်ရေး ပြီးဆုံးသည်အထိ တော်လှန်ရေးရဲဘော်အားလုံးနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု သစ္စာဓိဋ္ဌာန်ပြုခြင်းတို့ လုပ်ဆောင်ခဲ့ကြကြောင်းသိရှိရသည်။"]
https://yktnews.com/2023/10/125956/
ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးစေခဲ့သည့် လိုင်ဇာ စစ်ဘေးရှောင် စခန်းကို စစ်တပ်က တိုက်ခိုက်မှု စစ်ရာဇဝတ်မှု ကျူးလွန် မှု ဖြစ်၍ KNU ၊ AA ၊ MNDAA နှင့် TNLA တို့က ရှုတ်ချ
["ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးစေခဲ့သည့် လိုင်ဇာ စစ်ဘေးရှောင် စခန်းကို စစ်တပ်က တိုက်ခိုက်မှု စစ်ရာဇဝတ်မှု ကျူးလွန် မှု ဖြစ်၍ KNU ၊ AA ၊ MNDAA နှင့် TNLA တို့က ရှုတ်ချ", "မြန်မာစစ်တပ်က ကမ္ဘာ့ အရက်စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံးသော အကြမ်းဖက် အဖွဲ့အဖြစ် သက်သေ ထပ်မံ ပြသနေဟု KNU ဗဟိုအလုပ် အမှုဆောင် ပဒိုစောတောနီးပြောဆို", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက်ခိုက် ခဲ့သဖြင့် ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံးစေခဲ့ရာ အဆိုပါ လုပ်ရပ်အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ၊ AA ရခိုင် တပ်တော်၊ ကိုးကန့် MNDAA နှင့် TNLA ပလောင်တပ်မတော်တို့က ကန့် ကွက်ရှုတ်ချ လိုက်ကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၉ ရက်နေ့ ညသန်းခေါင်အချိန် စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦး အပါအဝင် ပြည်သူ ၃၂ ဦးသေ ဆုံးခဲ့ကြောင်း ၊ ထိုလုပ်ရပ်သည် စစ်ကောင်စီသည် ကမ္ဘာ့ အရက်စက်ဆုံးနှင့် အကြမ်းကြုတ်ဆုံး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သက်သေထူလိုက် ခြင်းဖြစ်‌ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကောင်စီကို ချက်ချင်း အ ရေးယူရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်း အရုံး KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောဆိုသည်။", "“စစ်ဘေးစစ်ဒဏ်ကြောင့် အခုလို ထွက်ပြေး တိမ်းရှောင်နေရတဲ့ အရပ်သား လူထုအပေါ်မှာ ဒီလိုမျိုး သက်သက်မဲ့ လုပ်တာက တကယ် ရိုင်းစိုင်း ရက်စက် ကြမ်းကြုတ်ဆုံးသော အကြမ်းဖက် အဖွဲ့အစည်းဆိုတာ ကမ္ဘာကြီးကို ပြသလိုက်တာပဲ အဲဒါက ဘာလိုလဲဆိုတော့ နိုင်ငံတကာ နဲ့ ကမ္ဘာ့အသိုင်း အ၀ိုင်းရဲ့ အရေးယူ တုံ့ပြန်မှုက ဒီလို နှေးတုံ့ နှေးတုံ့ ဖြစ်လေလေ အဲဒီ အကြမ်းဖက် အဖွဲ့အစည်းက အဲဒါကို အခွင့်ကောင်းယူပြီး ပြည်သူလူထုကို ပိုပြီး ရက်စက် ကြမ်းကြုတ် ယုတ်မာမှုတွေက ပိုပြီးတော့ အတင့်ရဲလာလေလေ ဆိုတာ ကျနော်တို့ တွေ့မြင်ရတယ်။ အဲဒါကြောင့်မို့လို့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီထက်ပိုပြီးတော့ လုံလောက်တဲ့ အရေးယူမှုမျိုး လုပ်သင့်တယ်။ အဲဒါမှ မဟုတ်ဘူး ဆိုရင်တော့ ဒီလိုပဲ အဖြစ်ဆိုးမျိုးတွေ ခဏခဏ ပဲ ကြုံနေရမယ် ဆိုရင် မကောင်းပါဘူး”ဟု ပဒိုစောတောနီးက ပြောဆိုသည်။", "အလားတူ ကချင်ပြည်နယ် လိုင်ဇာ စစ်ဘေးရှောင်စခန်းက ကလေးငယ်များ အပါအဝင် ပြည်သူများ သေဆုံးစေခဲ့ရသည့် စစ်ကောင်စီ၏ တိုက်ခိုက်မှုအပေါ် မိုက်တွင်းနက်နက်ဖြင့် ဆိုးရွားစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဟု AA ၊ MNDAA နှင့် TNLA တို့ ပါဝင်သည့် မဟာမိတ်သုံးဖွဲ့ က ထုတ်ပြန်လိုက်သည်။", "နိုင်ငံရေး၊ စစ်ရေးနှင့် အဘက်ဘက်တွင် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် ၎င်းတို့အား မထောက်ခံသော ပြည်သူများအပေါ် အငြိုးအတေး အာဃာတကြီးစွာထားပြီး လက်နက်ကြီးများနှင့် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်နေခြင်း၊ တရားလက်လွတ်သတ်ဖြတ်နေသောလုပ်ရပ်များကို မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် တွေ့ရှိနေရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။", "ယင်းကဲ့သို့သော စစ်ကောင်စီ၏ လုပ်ရပ်များမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျကျူးလွန်ခြင်းများ ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။", "စစ်ကောင်စီမှ ညအချိန်မတော် လက်နက်ကြီးများဖြင့် အဆက်မပြတ် မြောက်မြားစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်စခန်းအတွင်းမှ ကလေးသူငယ် ၁၀ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထု ၂၈ ဦး အစုလိုက်အပြုံလိုက် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်က ရေးသည်။", "ထို့ပြင် အဆိုပါနေရာမှာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူလူထုများ ခိုလှုံ နေထိုင်ကြသော စစ်ဘေးရှောင်စခန်းတစ်ခုသာဖြစ်ပြီး ယင်းကဲ့သို့ ပစ်ခတ်မှုအတွက် များစွာဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အလားတူ တစ်ချိန်တည်း၌ လိုင်ဇာရှိ ရက္ခိုင့်တပ်တော်၊ တပ်စခန်းတစ်ခုအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများနှင့် တစ်ပြိုင်နက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံး ခဲ့ရပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အဆိုပါ ထုတ်ပြန်ချက်ကို ရက္ခိုင့်တပ်တော် AA အပါအဝင် ကိုးကန့်တပ်မတော် MNDAA နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့က ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။"]
https://yktnews.com/2023/12/136645/
ကလေးငယ်များ ပညာရေးအတွက် ပုံနှိပ်စာအုပ်များ၊ White Board များ ထောက်ပံ့
["ကလေးငယ်များ ပညာရေးအတွက် ပုံနှိပ်စာအုပ်များ၊ White Board များ ထောက်ပံ့", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "ဆားလင်းကြီးမြို့နယ် NUGပညာရေးကျောင်းရှိ ပညာရေးအတွက် ခက်ခဲနေသော ကျောင်းသား ၁၉ ဦးအတွက် ပုံနှိပ်စာအုပ် ၁၉စုံ ငွေကျပ် ၂၂၀၀၀၀၊ ကနီမြို့နယ် ပညာရေးကျောင်းအတွက် White Board ၂ချပ် ၊ ငွေကျပ် ၁၂၀၀၀၀၊ တောင်ပေါ်ဒေသကလေးငယ်များအတွက် စာအုပ်စာတန်းအစုံ ၊ ငွေကျပ် ၇၂၀၀၀ ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80992/
ကလေးငယ်များအပါအဝင် တရားမဝင်မြန်မာအလုပ်သမား ၂၀ကျော် ထိုင်းမြောက်ပိုင်းတွင် ဖမ်းဆီးခံရ
["ကလေးငယ်များအပါအဝင် တရားမဝင်မြန်မာအလုပ်သမား ၂၀ကျော် ထိုင်းမြောက်ပိုင်းတွင် ဖမ်းဆီးခံရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "ကလေးငယ်များအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား နှစ်ဆယ်ကျော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ဇန်နဝါရီလ ၁၃ ရက် ညက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။", "အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ရှိ ရွှေတြိဂံဒေသ နမ့်ဟုတ်မြစ်ကိုဖြတ်၍ အုပ်စုလိုက်လမ်းလျှောက်ဝင်ရောက်လာသည်ကို သတင်းရရှိခဲ့သဖြင့် နယ်ခြားစောင့်တပ်က သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။", "ထိုသို့စစ်ဆေးရာတွင် ကလေးငယ် ၇ ဦးအအပါအဝင် စုစုပေါင်း ၂၂ ဦးကို တွေ့ရှိရပြီး ၎င်းတို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။", "ကလေးငယ် ၇ ဦးအပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦးနှင့်အတူ လမ်းပြကူညီသူ ၂ ဦး ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။", "အဆိုပါ မြန်မာအလုပ်သမားများသည် ရှမ်းပြည်နယ် တာချီလိတ်ခရိုင်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း ရေးသားထားသည်။", "ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ချင်းစယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။", "Ref: MGR Online, Ban Muang"]
https://yktnews.com/2022/12/76133/
ကလေးတွင် စစ်ကောင်စီတပ်သားများက PDF တပ်ဖွဲ့ကို မြင်ပြီး လက်နက်များစွန့်ပစ်ကာ ထွက်ပြေး
["ကလေးတွင် စစ်ကောင်စီတပ်သားများက PDF တပ်ဖွဲ့ကို မြင်ပြီး လက်နက်များစွန့်ပစ်ကာ ထွက်ပြေး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းမီးပွိုင့်ဂိတ်ရှိကြမ်းဖက်စစ်သားများကို တိုက်ခိုက်ရန်သွား သော်လည်း လက်နက်များစွန့်ပစ်ကာထွက်ပြေးသဖြင့် လက်နက်များသိမ်းဆည်းကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း CDF-KKG ထံမှသိရသည်။", "ယနေ့ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က အဆိုပါဂိတ်အား ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် ချဉ်းကပ်စဉ် မူးယစ်သောက်စားနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မြင်တွေ့သွားပြီးနောက် ကြောက်လန့်ကာထွက်ပြေးသဖြင့် MA -2 စက်ကလေး တစ် လက်၊ ကျည်ဘောက်တစ်ခုနှင့်အတူ ၅ ဒသမ ၅၆ ကျည် အတောင့် ၆၀ တို့အား သမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့သိမ်းယူပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့်သည် တပ်စွဲထားရာ အဆောက်အအုံအတွင်းမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရ သေဆုံးသူ များအတွက် စိတ်မကောင်းဖြစ်ရကြောင်း CDF –KKG က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/86227/
ကလေးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးသေဆုံး၊ မြင်းမူရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်သားများကို ဗုံးပစ် တိုက်ခိုက်မှု ၅ ဦးသေဆုံး
["ကလေးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးသေဆုံး၊ မြင်းမူရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်သားများကို ဗုံးပစ် တိုက်ခိုက်မှု ၅ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် CDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အရာရှိ ၁ ဦး သေဆုံးခဲ့ကြောင်း CDF-KKG တပ်ဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရန်ကြီးအောင် စခန်းနှင့် မြောက်စည်းရဲစခန်းတို့မှ စစ်သားနှင့် ပျူစောထီး ၂၀ ဦးခန့်သည် တပ်ချိန်းရန်အတွက် ဂန့်ဂေါမြို့ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာလာစဥ် CDF-KKG တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ တပ်ချိန်းရန် လာသော စစ်ကြောင်းနှင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဂန့်ဂေါမြို့နယ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၁၀၀ ခန့်က ကမ္ဘာနီတံတားဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း အရာရှိ ၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူမှာ မြောက်စည်းရဲစခန်းမှူး ၂ ပွင့်ဗိုလ် ဟန်ထက်ဟု ဒေသခံ ပြည်သူများ ပြောဆိုသော်လည်း အတည်မပြုနိုင်သေး​ကြောင်း၊ CDF-KKG ရဲဘော်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးကြောင်း Chinland Defense Force – Kalay Kabaw Gangaw တပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့ စီးပွားဘဏ်တွင် ကင်းစောင့်နေသည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၅ ဦးသေဆုံးကြောင်း True Fighter အဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၉ နာရီ ၄၆ မိနစ်ခန့်တွင် မြင်းမူမြို့ မြန်မာ့ စီးပွားရေးဘဏ်တွင် အုပ်စုဖွဲ့ ကင်းစောင့်နေသည့် စစ်သားများကို True Fighter အဖွဲ့မှ လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/201622/
ကလေးထောင်တွင် ထောင်တာဝန်ခံအရာရှိများက နိုင်/ကျဉ်းများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်
["ကလေးထောင်တွင် ထောင်တာဝန်ခံအရာရှိများက နိုင်/ကျဉ်းများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်", "ရန်ကုန်၊ ဇန်ဝါရီ ၃၀", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးအကျဉ်းထောင်တွင် ထောင်တာဝန်ခံအရာရှိများက နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ကလေးမြို့ အကျဉ်းထောင်တာဝန်ခံအရာရှိများဖြစ်ကြသည့် ထောင်ပိုင် အောင်မိုးဟိန်းနှင့် ထောင်လုံခြုံရေးတာဝန်ခံတစ်ပွင့် ဟန်ဝင်းအောင်တို့က နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။", "“အထဲက အကျဉ်းကျခံနေရတဲ့ အမျိုးသားကို ငဲ့ညှာကြတဲ့ နိုင်ငံရေးအကျဉ်းသားများ၏ အမျိုးသမီးတွေရဲ့အခက်အခဲကို အခွင့် အရေးအဖြစ် အသုံးချနေတယ်လို့ပဲမြင်ပါတယ်။ ဒီလုပ်ရပ်ဟာ အရမ်းကို အောက်တန်းကျလွန်းတဲ့ လုပ်ရက်ဖြစ်တယ်လို့ပဲပြောချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကျဉ်းထောင်တာဝန်ခံ အရာရှိအောင်မိုးဟိန်းက ထောင်ဝင်စာဧည့်တွေ့ ပြန်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူကို ဖုန်းဖြင့် ဆက်သွယ်ကာ ၎င်းနှင့် အတူနေရန် ချိန်းဆိုသည့်စကားများပြောကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုမှုများကိုလည်း ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကျဉ်းထောင်တာဝန်ခံ အရာရှိအောင်မိုးဟိန်း၏ ကျူးလွန်မှုသည် အဆိုပါ အမျိုးသမီးတင်မကဘဲ အခြားနိုင်/ကျဥ်းမိသားစုဝင်အမျိုးသမီးများအပေါ်၌လည်း ယင်းကဲ့သို့ဆက်သွယ်ကာ နှောင့်ယှက်မှုများကို ပြုလုပ်ခဲ့သေးကြောင်း ၊ ယင်း ထောင်အာဏာပိုင်များသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ကျူးလွန်ခဲ့ရာ၌ နိုင်ငံရေးအကျဉ်းသားများ၏ မိန်းမများ၊ မိသားစုဝင်များအပေါ် ဦးတည်ပြီး ပြုလုပ်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။", "အလားတူ ကလေးအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများက နိုင်/ကျဥ်းမိသားစုဝင် အမျိုးသမီးများကို ဆက်သွယ်ကာ ၎င်းတို့အတွက် ငွေကြေးအပါအဝင် နာရီ အစရှိသည့် အသုံးဆောင်ပစ္စည်းများ၊ ခရီးစရိတ်တောင်းခံခြင်းများကိုလည်း ပြုလုပ်နေကြောင်းသိရှိရသည်။", "ထိုသို့ ကလေးအကျဉ်းထောင်ရှိ နိုင်/ကျဉ်းမိသားစုဝင်များအပေါ် ထောင်အာဏာပိုင်များမှ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေမှုများသည် လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးအရ ချိုးဖောက်နေခြင်း ဖြစ်၍ အပြင်းအထန်ရှုတ်ချကြောင်း၊ ‌ယခုဖြစ်စဉ်များကို မှတ်တမ်းတင်ထားပြီး အမှန်တရားနှင့် တရားမျှတမှုကိုဖော်ဆောင်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ကြေညာချက်ထုတ်ပြန်သည်။"]
https://yktnews.com/2024/06/169790/
ကလေးဒေသ တော်လှန်ရေးတပ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်
["ကလေးဒေသ တော်လှန်ရေးတပ်က အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်", "ရန်ကုန်၊ ဇွန် ၂၄", "ကလေးဒေသ တော်လှန်ရေးတပ် Kalay Revolution Force (KRF) ၊ ဗဟိုလေ့ကျင့်ရေးဌာနတွင် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85904/
ကလေးမြို့ GTC အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရေစကြို မင်းရွာတွင် တပ်စွဲထားသော စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ပျူစောထီးနှင့်စစ်သား ၅ ဦးသေဆုံး
["ကလေးမြို့ GTC အနီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ရေစကြို မင်းရွာတွင် တပ်စွဲထားသော စစ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ပျူစောထီးနှင့်စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အစိုးရ နည်းပညာကောလိပ် GTC အနီးတွင် ယမန်နေ့ နံနက်ပိုင်း စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ကလေးမြို့အခြေစိုက် တော်လှန်ရေး အဖွဲ့များထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ကလေးမြို့‌တောင်ဘက်မှ စက်ဂိတ်မှ အင်အား ၁၀၀ ခန့် ပါသော စစ်ကြောင်းသည် ခြေလျင်ဖြင့် အစိုးရနည်းပညာကောလိပ်GTC ကျောင်းတွင် တပ်စွဲထားသော စစ်ကြောင်းဖြင့် တပ်ပြောင်းတပ်ချိန်းပြုလုပ်ရန် လာရောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး မိုင်းဆွဲမှုကြောင့် အနည်းဆုံး စစ်သား ၅ ဦးသေဆုံးကြောင်း သိရှိရသည်။", "” ပထမ စစ်ကြောင်းက ချင်းဆိုင်တောင်ဘက်အထွက် GTC ဆီမရောက်ခင် ကြားမှာ မိုင်း ၂ လုံးဆင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ ခွေးတွေ က လမ်းဘယ်ညာ တစ်ဝက်စီခွဲပြီး ခြေလျင်လျှောက်လာကြတာ။ ပထမ မိုင်းဖောက်ခွဲမှုက ဟန်ပြ ဖောက်ခွဲတယ်။ အဲဒီနောက်မှာ စစ်ကြောင်းက ခြေလျင်လျှောက်ပြီး ဆည်မြောင်းရုံး ဘေးလမ်း အပင်အောက်မှာ အရိပ်ခိုတဲ့အချိန်မှာ တကယ်ခွဲကြလိုက်တာ မိုင်းကြီးတွေကို ထိတာက ၅ ဦးပဲ။ ပထမ နေရာတင် ၁ ဦးသေတယ်။ နောက်တော့ ၃ ဦး။ နောက်ဆုံးမှာ ၅ ဦး သေတာ။ လမ်းမှာ မောင်းလာတဲ့ ပြည်သူရဲ့ကားကို ထိတယ်။ လူတော့ မထိခိုက်ဘူး။ မနေ့က ဆည်းမြောင်းရုံး အပင်အောက် မိုင်းက စုစုပေါင်း စစ်သား ၅ ဦးသေဆုံးတာ အတည်ပြုနိုင်ပါတယ်” ဟု ကလေးမြို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။", "ကလေးမြို့တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်သော အဖွဲ့မှာ ကလေးမြို့နယ် ပကဖ လက်အောက်တွင် လှုပ်ရှားနေသော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာရှိ တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း အညာသားပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ မင်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မွန်းလွဲ နာရီထိ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်း တပ်ရင်းဘ၄ (MSPDF)၊ အညာသားပြောက်ကျား တပ်ဖွဲ့၊ CDSO Mအနောက်ပိုင်း တိုက်ခိုက်ရေးအဖွဲ့ (001)၊ ပခုက္ကူခရိုင်း တပ်ရင်း ၁၀ ၊ခွဲ ၃ PHOENIX အထူးပြောက်ကျား တပ်ဖွဲ့ -ရေစကြို၊ SSTS တပ်ဖွဲ့၊ KPDF-2 တပ်ဖွဲ့နှင့် ရဲဘော်ညီနှောင် တပ်ဖွဲ့ -တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အညာသားပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ကလေးမြို့ပေါ်တွင် ကင်းလှည့်နေသော PDF တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)"]
https://yktnews.com/2024/04/159044/
ကလေးမြို့ စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
["ကလေးမြို့ စစ်တပ်ဂိတ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ", "ရန်ကုန်၊ဧပြီ ၂၃", "စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာ၊ ကလေး- ဂန့်ဂေါ လမ်းမကြီးဘေးက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ဧပြီ ၂၁ ရက်နေ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေးခရိုင် ပြည်သူကာကွယ်ရေး Drone တပ်ဖွဲ့ – Wings of Kalay Drone Team က ထုတ်ပြန်ပြောဆိုပါတယ်။", "”အဲဒီနေ့က မြို့ထဲက ပြည်သူတွေအိမ်မီးလောင်ရင် မသွားတဲ့မီးသတ်ကားတွေ အဲ့ဒီအဖွဲ့စက်ဂိတ်ဘက်ကိုသွားတာ ဆူညံနေတာပဲ။ အဖွဲ့စက်ဂိတ်နားမီးလောင်တာလို့သိရတယ်။ ဒရုန်းကချတဲ့ဟာနဲ့ ဘေးနားကအမှိုက်ပုံမီးလောင်တာဖြစ်မယ်” လို့ ကလေးမြို့ဒေသခံတစ်ဦးကပြောပါတယ်။", "အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်အုပ်စုဘက်မှ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရတယ်လို့ Wings of Kalay Drone Team က ထုတ်ပြန်ပါတယ်။", "ဧပြီ ၂၂ ရက်နေ့ကလည်း ကလေးတက္ကသိုလ်အတွင်း စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို မောင်းသူမဲ့ ဒရုန်း အသုံးပြုပြီး ဗုံးသီး လေးလုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး တက္ကသိုလ်ဝင်းအတွင်းမှာတပ်ဆင်ထားတဲ့ လက်နက်ကြီး ၂ လက်ထိခိုက်ပျက်စီးနိုင်တယ်လို့သတင်းရင်းမြစ်ဆီကသိရပါတယ်။", "ဒီ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ – Wings of Kalay Drone Team နဲ့ အတူ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ် တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်"]
https://yktnews.com/2022/12/77516/
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
["ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76509/
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
["ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76930/
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်
["ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114041/
ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်မှု နေအိမ် ၁ လုံး ပျက်စီး
["ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်မှု နေအိမ် ၁ လုံး ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၂၀", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ မြောက်ပိုင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင်လည်း ကလေးတောင်ပိုင်းကို လက်နက်ကြီးများဖြင့် အကြမ်းဖက် စစ်တပ်က ဆက်လက် ပစ်ခတ်နေပြီး ဆည်းမြောင်းရုံးအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီဝင်များ အင်အား အများအပြားနှင့် တပ်စွဲထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“ခုတောင်ပိုင်းကို ၃ လုံးရှိပြီ။ ဆည်မြောင်းရုံးနားမှာလည်း ခွေးအင်အားများတယ်။ စောင့်နေတာ။ သံချပ်ကာ ကားတွေရောလို့ ပြောတယ်။ တောင်ပိုင်း ဝင်ချင်နေတာလား မသိသေးဘူး။ မြောက်ပိုင်းက တိုက်ပွဲမှ မရှိတာ တမင်ထုတာ။ လူတော့ ဘာမှ မဖြစ်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/08/118069/
ကလေးမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ဆီလှောင်ကန်နှင့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကလေးမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ဆီလှောင်ကန်နှင့် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဩဂုတ် ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေယာဉ်ကွင်းရှိ လေယာဉ်ဆီလှောင်ကန်နှင့် အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့်ထိခိုက်မှုရှိနိုင်ကြောင်း ဒေါင်းတမန်လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၁ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ လေယာဉ်ကွင်းထဲသို့ ဗုံဂသီး ၁ လုံးဖြင့်လည်း ကောင်း၊ အလားတူ လေယာဉ် ဆီသိုလှောင်ကန်ပေါ်သို့ ဗုံးသီး ၁ လုံးဖြင့်လည်းကောင်း ကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ပြန် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။", "ဩဂုတ်လ ၁၂ ရက် နေ့လည် ၁၂ ရက်ခန့်တွင် ကလေးမြို့မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကလေးမြို့ထဲတနေရာ၌ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၅ ဦးခန့် ထိခိုက်မှုရှိခဲ့ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဒရုန်းကို ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်တိုက်မှုများကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF ၊ စစ်ကိုင်းခရိုင်၊ တပ်ရင်းအမှတ် ၄ MSPDF ၊ ဗိုလ်ချုပ်၊၀က်လက်၊ Wings Of Kalay ကလေး ၊ ကျောက်လုံးကြီး KLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM ၊ MRTF အရာတော်၊ Monywa Ranger ၊ Seven People Defense Force-Mandalay ၊ Union Brothers UB(ပြည်သူ့ အကျိုး ဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ ဖိုးမောင်ပြန် လာပြီ ဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy ၊ မဖြူလေးနှင့် ဒေသကာကွယ်ရေး တပ် ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။", "ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးပူးပေါင်းတပ်ဖွဲ့၀င်များသည်ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက် များကို ကိုကြိုးစားလုပ်ဆောင်နေကြပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ပြတ်စေရေး၊ ဖက်ဒရယ် ဒီမိုကရေစီအမြန်ဆုံးရရှိစေရေး လုပ်ငန်းများကို တော်လှန်ရေးကြီးပြီးဆုံးသည်အထိ လက်တွဲညီညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း မလျော့သောဇွဲဖြင့် ဆက်လက်ပါဝင် ပေးကြပါရန် အထူးမေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2024/12/194883/
ကလေးမြို့ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ အခန်းခ ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေပြီး အခန်းခ မပေးနိုင်သောသူများကို မတရားဖိနှိပ် ခိုင်းစေမှုကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် သေဆုံး
["ကလေးမြို့ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ အခန်းခ ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေပြီး အခန်းခ မပေးနိုင်သောသူများကို မတရားဖိနှိပ်ခိုင်းစေမှုကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ အခန်းခ ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေပြီး အခန်းခ မပေးနိုင်သောသူများကို မတရားဖိနှိပ် ခိုင်းစေမှုကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ကလေးမြို့ အကျဉ်းထောင်တွင် ထောင်ပိုင် အောင်မိုးဝင်းနှင့် ထောင်ပိုင်လေး ချိုမင်းလတ်တို့က အခန်းခအတွက်ဟုဆိုကာ အကျဉ်းသားတစ်ဦးလျှင် ငွေကျပ် ၃ သောင်းမှ ၂ သိန်းထိ တောင်းခံနေခြင်း ဖြစ်ပြီး ငွေကြေးမတတ်နိုင်သော အကျဉ်းသားများကို မကောင်းသော အခန်းများတွင် ထားကြောင်း သိရသည်။", "၎င်းတို့ တောင်းခံသော အခန်းခ မပေးနိုင်သူများကို မတရားဖိနှိပ်၍ အလုပ်ခိုင်းစေခြင်းကြောင့် အကျဉ်းသား ကိုအေးချမ်းအောင် အလုပ်ကြမ်း လုပ်နေစဉ် အမောဖောက်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“အခုလက်ရှိ တခြား ရာဇဝတ်အကျဉ်းသားတွေထဲ တန်းစီးချုပ်ကိုကျော်နိုင်လင်းဆိုတဲ့ လူက ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရည်ရွယ်ချက်ရှိ ရှိ ဖိနှိပ်နေတယ်။ ဒါအပြင် မတရားသော ငွေကြေးတွေကိုပါတောင်းခံတယ်။ မပေးနိုင်တဲ့လူတွေ အိမ်သာနားမှာ အိပ်ရတယ်။ အနံ့အသက်ဆိုးရွားတဲ့ နေရာတွေမှာထားတယ်။ ဒါကြောင့် ကျန်းမာရေးထိခိုက်တဲ့လူတွေ များလာတယ်။ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ့ ပိုပြီးတော့ ဆိုးရွားလာတာရှိတယ်။ ပိုက်ဆံကောက်ယူတဲ့ ကိစ္စက တော်တော်လေးဆိုးဆိုးရွားရွားဖြစ်လာနေတယ်။ ဒါအပြင် သူတို့ ပိုက်ဆံကောက်ယူမှုကို တင်ပြတဲ့ လူတွေကိုလည်း ခြိမ်းခြောက်ပြောဆိုတာမျိုး အသက်အန္တရာယ်ကိုပါ ဂရုမစိုက်တဲ့ ပြောဆိုမှုတွေ လုပ်ဆောင်လာတာဖြစ်တဲ့အတွက် အခုလိုမျိုး အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။", "ကလေး အကျဉ်းထောင်အတွင်းတွင် ရောဂါအခံရှိသူများကိုပင် အလုပ်မလုပ်ပါက လျှော့ရက်ဖြတ်မည် ခြိမ်းခြောက်ကာ အလုပ်ကြမ်းများကို ခိုင်းစေနေခြင်းဖြစ်ပြီး အကျဉ်းထောင်တွင် မီးသီး၊ မီးလုံး၊ သော့မှ အစ အစစအရာရာ အထွေထွေပြင်ဆင်စရိတ်များကို အကျဉ်းသားများထံမှ ကောက်ခံသည့်အပြင် ခရီးသွားလာရေး စရိတ်များကိုပင် အကျဉ်းသားများထံမှ အတင်းအကျပ် တောင်းယူလေ့ရှိကြောင်း သိရှိရသည်။", "ထို့ပြင် အကျဉ်းထောင်အတွင်း ထောင်အရာရှိများက နှစ်ကြီးသမားများကို လက်သပ်မွေးကာ‌ တရားဥပဒေဘောင်ကို ကျော်လွန်သည့် အခွင့်အရေးများပေးပြီး နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့အမြင်မကြည့်သည့် အကျဉ်းသားများကို ကိုယ်ထိလက်ရောက် ကျူးလွန်စေခြင်း၊ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ပေးခြင်းများ ပြုလုပ်ခိုင်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။", "ကလေးအကျဉ်းထောင်၏ ထောင်ပိုင် အောင်မိုးဝင်းသည် “မင်းတို့တွေ စစ်တပ်နဲ့တရားသူကြီးတွေကို သုံးလေးဆယ် ပေးရတုန်းက အသံမထွက်ဘူး။ အခုငါတို့ကို နှစ်သိန်းသုံးသိန်းပေးရတော့မှ အသံလာမထွက်နဲ့” ဟု ပြောဆိုကြိမ်းမောင်းမှုမျိုးကိုပင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။"]
https://yktnews.com/2024/10/186789/
ကလေးမြို့ အဝင် လမ်းပိုင်း တစ်နေရာကို စစ်တပ်က မြောင်းတူးဖျက်ဆီးပြီး မြေမြုပ်မိုင်း ထောင်ထားမှု ရှိမရှိကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စစ်ဆေးနေ
["ကလေးမြို့ အဝင် လမ်းပိုင်း တစ်နေရာကို စစ်တပ်က မြောင်းတူးဖျက်ဆီးပြီး မြေမြုပ်မိုင်း ထောင်ထားမှု ရှိမရှိကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် စစ်ဆေးနေ", "ရန်ကုန်၊ အောက်တိုဘာ ၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ အဝင် လမ်းပိုင်း တစ်နေရာကို အကြမ်းဖက် စစ်တပ်က မြောင်းတူးဖျက်ဆီးပြီး မြေမြုပ်မိုင်း ထောင်ထားမှု ရှိမရှိကို ဆက်လက် စစ်ဆေးနေကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၅ ရက်နေ့တွင် ကလေး-ဂန့်ဂေါ လမ်းရှိ ကလေးမြို့အဝင် လမ်းပိုင်း တစ်နေရာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြောင်းတူး၍ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မြေမြုပ်မိုင်းဟု ယူဆရသော အရာများကိုလည်း မြုပ်နှံသွားပြီး တော်လှန်ရေး တပ်ဖွဲ့များက စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။", "အဆိုပါ လမ်းပိုင်းသည် ဒေသပြည်သူများ ကလေး မြို့ပေါ် ဈေးဝယ်သွားရန် အဓိကထား အသုံးပြုနေသော လမ်းပိုင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က လမ်းပိုင်းကို ဖျက်ဆီးလိုက်ခြင်းကြောင့် ပြည်သူများ သွားလာရေးနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ပိုမိုခက်လာမည်ကို ကြုံတွေ့နိုင်ကြောင်း သိရှိရသည်။", "“ကလေးမြို့ အဝင်လမ်းပိုင်း တစ်နေရာကို စစ်ကောင်စီ တပ်သားတွေက မြောင်းတူး ဖျက်ဆီးလိုက်တာဟုတ်ပါတယ်။ ပြီးတော့ မိုင်းလို့ယူဆရတဲ့ အရာတွေကိုလည်း မြုပ်တယ်လို့သိရပါတယ်။ ဆက်လက် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/212661/
ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ
["ကလေးမြို့တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ၂ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၆ ရက် ညနေပိုင်းမှ ညပိုင်းအထိ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနှင့် နတ် မြောင်းကျေးရွာတို့ကို အကြမ်းဖက်စစ်ကောာင်စီ၏ မိထ္ထီလာလေတပ်မှ တပ်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးသီး ၆ လုံး၊ Y12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်း သိရသည်။", "အလားတူ ယနေ့ ဧပြီလ ၂၇ ရက် နံနက်၈ နာရီ ၃၀ မိနစ်က ကလေးမြို့နယ်တောင်ပိုင်းရှိ အောင်ချမ်း သာကျေး ရွာနှင့် ငါးဖားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ မိတ္ထီလာရှမ်းတဲလေးလေတပ်မှတက် လာသော ဂျက်ဖိုက်တာ ၁ စီး၊ Y12 လေယာဉ် ၁ စီး တို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "“ဘာတိုက်ပွဲမှ မရှိပဲနဲ့ ကျဲနေတာပါ။ မနေ့က နတ်ချောင်းရွာကို ဂျက်ဖိုက်တာ ၂ စီး၊ Y12 လေယာဉ် ၁ စီးနဲ့ တစ်ရွာလုံးကို ပတ်ပြီး ကျဲချပစ်ခတ်တိုက်ခိုက်သွားတာ။ ပြည်သူ ၃ ဦးသေတယ်၊ ထိခိုက်ဒဏ်ရာ ရှိတဲ့သူတွေလည်းမျးတယ်။ ဒီနေ့မနက်က အောင်ချမ်းသာရွာနဲ့ ငါးဖားရွာကို တိုက်ခိုက်သွားတာ၊ ဗုံး အလုံးရေတော်တော်များတယ်။ ဆိုင်ကယ်မောင်းနေတဲ့ ပြည်သူ ၁ ဦးသေတယ်။ နွားတွေလည်း သေတယ်” ဟု ဒေသနေပြည်သူ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2024/11/191587/
ကလေးမြို့တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံး
["ကလေးမြို့တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကား ၁ စီးနှင့် စစ်ကူ စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့ကြောင်း မိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ ကလေးကွန်ပျူတာ တက္ကသိုလ်ကို ထွက်လာသည့် စစ်ကောင်စီ တပ်သား ၆ ဦးခန့် လိုက်ပါလာသော ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း ကားမှာ မိုင်းထိမှန်ပြီး ထိုးရပ်သွားကြောင်း၊ ကားထိုးရပ်သွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "တိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း ကျီးကုန်းဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကွန်ပျုတာတက္ကသိုလ်မှ ခြေလျင် စစ်ကြောင်းတို့ စစ်ကူ ရောက်ရှိလာသောကြောင့် မိုင်းတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများက တော်လှန်ရေးတပ်ဖွဲ့များ မြေမြုပ်ထားသည့် မိုင်းကွင်း ပေါ်တွင် နေရာယူမိသောကြောင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲအရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းမရှိဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "“စစ်ခွေး အင်အား ခန့်မှန်း ၆‌ ကောင်လောက် လိုက်ပါလာတဲ့ ကား ၁ စီးကို အသင့်စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းခွဲ တိုက်ခိုက်တဲ့အချိန်မှာ ကားက ရပ်တန့်သွားတော့ ပစ်ခတ်မှုပါ ထပ်လုပ်ခဲ့တယ်။ တိုက်ခိုက်မှုဖြစ်နေချိန် ကျီးကုန်းဘက်ကနေ စစ်ကူ စစ်ကြောင်း ၁ ကြောင်းနဲ့ ကွန်ပျုတာတက္ကသိုလ်ကနေ ခြေလျင် စစ်ကြောင်း ၁ ကြောင်း ရောက်လာလို့ ကျန်တော်တို့ မိုင်းတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်ခဲ့တယ်။ ရာထူးကြီးထဲက ရဲ ၁ ကောင်ရယ် စစ်ခွေး ၈ ကောင်ရယ် မျက်မြင် စုစုပေါင်း ၉ယောက်သေတယ်” ဟု မိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို မိုင်းတပ်ဖွဲ့နှင့် Operation MoMo အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ မိုင်းတပ်ဖွဲ့သည် လက်ရှိချိန်တွင် ဘဏ္ဍာရေး အခက်အခဲများရှိနေကြောင့် ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/11/192209/
ကလေးမြို့တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲချသဖြင့် ကလေးငယ်နှင်ဖခင်တို့ ဒဏ်ရာရ
["ကလေးမြို့တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကျဲချသဖြင့် ကလေးငယ်နှင်ဖခင်တို့ ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ မြို့ကြီးကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးချခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၄၀ ဝန်းကျင် ဖခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။", "“ဗုံးကွဲသံ လေးချက်။ လေးလုံးချတာ။ အဖေဖြစ်တဲ့သူက ခေါင်းကိုထိသွားတာ” လို့ ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ သားဖြစ်သူကလေးငယ်ကတော့ ပခုံးမှာထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။", "မြို့ကြီးကုန်းကျေးရွာဟာ စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးနည်းပညာတက္ကသိုလ်ရဲ့ အနောက်တောင်ဘက် တစ်မိုင်ဝန်းကျင်အကွာမှာ တည် ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။", "ကလေးမြို့နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီက အနီးအနားဝန်းကျင်တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာ လချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။", "“ဒီနေ့လည်း ထိုမာထဲကိုချတယ်။ လူတွေမနေတော့ လူတွေတော့မထိဘူး။ အမှတ် ၆၊ အမှတ် ၇ ရပ်ကွက်က အိမ်တွေတော့ ပျက်စီးနေပြီ” လို့ စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးမြို့နည်းပညာတက္ကသိုလ်နဲ့ မိုင်ဝက်ခန့်အကွာ ထိုမာကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။", "အဲဒီလိုပါပဲ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ကလေးမြို့တောင်ဘက်၊ ထိုမာကျေးရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့တယ်။ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ရွာကို ဆက်တိုက်နေ့တိုင်းနီးပါးလာချနေတာဖြစ်တယ် လို့ ထိုမာဒေသခံကပြောပါတယ်။", "စစ်ကောင်စီက ပြည်သူတွေကို ဒရုန်းတွေနဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်းတန်ပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။", "စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးနည်းပညာတက္ကသိုလ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တစ်ခုက နိုဝင်ဘာ ၁၄ ရက်နေ့မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။", "နိုဝင်ဘာ ၇ ရက်နေ့၊ နေ့လယ်ပိုင်းမှာကလေးမြို့နဲ့ ကလေးဝကြား လမ်းပေါ်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေပါတဲ့ ကားတစ်စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရဲအရာရှိ ၁ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။", "ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်၏ ဒရုန်းနှင့်ဗုံးများ။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2025/04/210193/
ကလေးမြို့တွင် စစ်ခေါင်းဆောင်၏ BIMSTEC အစည်းအဝေးတက်ရောက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အနက်ရောင်လှုပ်ရှားမှု ပြုလုပ်
["ကလေးမြို့တွင် စစ်ခေါင်းဆောင်၏ BIMSTEC အစည်းအဝေးတက်ရောက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အနက်ရောင်လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဧပြီ ၄", "ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ကလေးမြို့ပင်မသပိတ်အင်အားစုအနေဖြင့် လက်ရှိငလျင်ကပ်ဘေးအတွင်း ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများရပ်တန်းကရပ်ရန်နှင့် အကြမ်းဖက် စစ်ခေါင်းဆောင်၏ BIMSTEC အစည်းအဝေးတက်ရောက်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း အနက်ရောင်လှုပ်ရှားမှု (Black Clothing Campaign)ကိုပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2024/01/142670/
ကလေးမြို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ကလေး၂ ဦး ဒဏ်ရာရ
["ကလေးမြို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ကလေး၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်မြောက်ဘက် လေးအိမ်စု (မြောင်းလှ) ကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်အချိန် ကလေးမြို့ပေါ်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ကျရောက် ပေါက်ကွဲပြီး ကလေး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။", "“လက်နက်ကြီးက မထုတာကြာပြီ။ ညကထုတာမှာ ကလေးနှစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးဆိုပေမယ့် နှာခေါင်းကိုရှပ်ထိသွားတဲ့ကလေး က အသက် ၂ နှစ်ရှိသေးတာဗျ။ နုလွန်းသေးတော့ စိတ်မကောင်းဖြစ်ရတယ်။ သူဘာဖြစ်မှန်းလည်းသိရှာမှာမဟုတ်ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။", "စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၂ နှစ်အရွယ် ဆလိုင်း အာရွန်းဗျက်နွန်းဆန်းဟာ နှာခေါင်းရိုးပေါ် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိုင်ဗန်နွန်းခိမ်း ခေါင်းပေါ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။", "ဒဏ်ရာရရှိသူနှစ်ဦးဟာမောင်နှမတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးဒဏ်ကြောင့် နေအိမ်တစ်လုံးနဲ့ ယက်ကန်းစင်တစ်လုံး ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။"]
https://yktnews.com/2024/01/142074/
ကလေးမြို့တွင် စစ်တပ်က ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်
["ကလေးမြို့တွင် စစ်တပ်က ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး ၁ ဦးကို သတ်ဖြတ်", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် သင်္ဘောပင်ကွင်းရွာ အနီးမှာ ဇန် နဝါရီ ၂၄ ရက်နေ့က စစ်တပ်နှင့် တော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ် တပ်က ပြည်သူ ၆ ဦးကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ၁ ဦး ကို သတ်ဖြတ် ထားခဲ့တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။", "ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ကလေးမြို့ပေါ် စစ်ကောင်စီတပ်က သင်္ဘောပင်ကွင်းရွာကို စစ်ကြောင်းထိုးရာမှာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေနဲ့ ၁၅ မိနစ်ဝန်းကျင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။", "တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရွာခံပြည်သူ ၆ ဦးကို ဓားစာခံ လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဓားစာခံ ၆ ဦးထဲက အသက် ၂၇ နှစ်အရွယ် ကိုလားလ်ဗျက်မွန်နာ ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။", "” သူတို့က မြို့အနောက်ပိုင်းဘက် စစ်ဆေးတာတွေလုပ်နေတာ လချီပြီ။ မြို့ အထွက် ဟိုဘက်ကိုဆို သိပ်မထွက်ရဲဘူး။ ခုလည်း အထက်အမိန့်အရ ထွက် ရတဲ့ပုံစံပဲ။ တော်လှန်ရေးတပ်ဖွဲ့တွေကို မနိုင်တော့ ပြည်သူကိုလုပ်တယ်။ သတ် တယ်ပေါ့။ မြို့ထဲစစ်ဆေးတဲ့နေရာမှာလည်း ငွေညစ်ရိုက်နှက်တာတွေရှိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။", "ကလေးမြို့နယ်ဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ အားကောင်းတဲ့ ဒေသ ဖြစ်ပြီး မြို့နယ်တောင်ပိုင်းနှင့်အနောက်မြောက်ပိုင်းတွေကို ကာကွယ်ရေး တပ်ဖွဲ့ တွေက စိုးမိုးထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။", "ကလေးမြို့ပေါ်စစ်ကောင်စီတပ်ဟာ မြို့ထဲနဲ့မြို့အနောက်ပိုင်းဝန်း ကျင်တွေ ကိုသာ မကြာမကြာ စစ်ဆေးတာတွေလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။", "စစ်တပ်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ပြည်တော်သာကျေးရွာက အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦးကို လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ကာ အလောင်း ဖျောက်ခဲ့ ပါတယ်။ မိသားစုဝင်တွေက သတ်ဖြတ်အလောင်းဖျောက်ခံရတာကို ဇန်နဝါရီ ၂၂ ရက်နေ့မှ သိကြရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/03/151854/
ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျဉ်းခုံကြီးကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံး၊ ပျဉ်းခုံလေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျဉ်းခုံကြီးကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံး၊ ပျဉ်းခုံလေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျဉ်းခုံကြီးကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံး၊ ပျဉ်းခုံလေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၂၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းရှိ ပျဥ်းခုံလေးရွာကို မတ် ၁၉ ရက်နေ့မှစတင်၍ ယမန်နေ့အထိ စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူတွေက ပြောဆိုပါတယ်။", "မတ်လ၂၀ ရက်နေ့မှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကနေ တရစပ်ပစ်ခတ်နေတာကြောင့် ပျဥ်းခုံကြီးကျေးရွာမှ အရပ်သား ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။", "” ပျဥ်းခုံလေးကိုက တိုက်ပွဲလည်းမဖြစ်ဘူး။ ဘာမှမဆိုင်ဘဲ မီးရှို့တာ။ မတ်လ ၁၉ ရက်နေ့ကရှို့တာ ညအထိ။ မနေ့မနက်လည်း ထပ်ရှို့တာ လောင်တုန်းပဲ။ ရွာတဝက်ကျော်လောက်တော့အနည်းဆုံးပါသွားပြီ။ စပါးအပြည့်နဲ့စပါးတိုက်တွေရောပါတယ်” လို့ ကလေးမြို့ မြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။", "စစ်ကောင်စီတပ်က ပျဥ်းခုံလေးရွာကိုမီးရှို့ဖျက်ဆီးနေတာအပြင် မြို့ပေါ်ကနေ နေ့ရော၊ညပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။", "မတ်လ ၂၀ရက်နေ့ မနက် ၇ နာရီဝန်းကျင်အချိန် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ပျဥ်းခုံကြီးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့်အသက် ၅၀ ကျော်အမျိုးသားနှစ်ဦးနှင့် အသက်သုံးဆယ်ကျော်အမျိုးသားတစ်ဦးပွဲချင်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေအပါအဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။", "ကလေးမြို့ဝန်းကျင်မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ခတ်နေတာကြောင့် ဒေသခံထောင်ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့သိရပါတယ်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/05/104902/
ကလေးမြို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂၀ ကျော်သေဆုံး၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
["ကလေးမြို့တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂၀ ကျော်သေဆုံး၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ မေ ၂၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ပေါက်ခုံကျေးရွာအနီးမှာ မေ ၂၇ ရက်နေ့မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို နံနက် ၈ နာရီကျော်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီအဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနှင့် တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။", "ကလေးမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ကလေးမြို့ပြစီမံချက် UG အဖွဲ့နှင့် မြို့နယ် ပ.က.ဖ ပူးပေါင်းအဖွဲ့က အသင့်ပြင်ဆင်ထားတဲ့မိုင်းတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။", "” မိုင်းကွင်းထဲမှာဆိုတော့တော်တော်မိသွားတာ။ မိုင်းကွဲပြီးတော့ ထွက်ပြေးကြတယ်။ အလောင်းတွေကိုလည်း ထမ်းသယ်သွားကြတယ်” လို့ တော်လှန်ရေးအင်အားစုဝင်တဦးကပြောပါတယ်။", "စစ်ကောင်စီအဖွဲ့ဝင်တွေက မိုင်းမိလို့သေဆုံးတဲ့ သူတို့အဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းကို သယ်ဆောင်သွားတဲ့ video ဖိုင်ကိုလည်းတော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ခဲ့ပါတယ်။", "မိုင်းဆွဲတိုက်ခိုက်မူကြောင့်စစ်ကောင်စီအဖွဲ့ဝင် ၂၈ ယောက်သေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။", "စစ်ကောင်စီအဖွဲ့ဝင်တွေကျကျန်ခဲ့တဲ့ ကျဥ်ဘောက် ၃ ခု၊ ကျဥ်ဆံ ၆၀ကျော် ၊ ကျဥ်အိတ် နှင့် ဖုန်း ၃ လုံး အပါအဝင် အခြားပစ္စည်းတွေကို ကလေးမြို့ မြို့ပြပျောက်ကျားစီမံချက် UG နှင့် ပကဖ အဖွဲ့ပူးပေါင်းအဖွဲ့က သိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။", "စစ်ကောင်စီဟာ ခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်းကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်နေတာကြောင့် ပြည်သူတဦးသေဆုံးပြီး ဆယ်ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။", "စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် မေ ၂၇ ရက်နေ့က ကလေးမြို့တောင်ဘက် သာယာဝတီကျေးရွာက အမျိုးသမီးတဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မေ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မူကြောင့် သာစည်ရွာက နေအိမ်တချို့ပျက်စီးခဲ့သလို မေ ၂၅ ရက်နေ့ကလည်း ထောက်ကြန့်ကျေးရွာက ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။"]
https://yktnews.com/2023/05/101979/
ကလေးမြို့တွင် စစ်တပ်တပ်စွဲနေရာနှင့် တစ်မိုင်ပတ်လည် မနေကြရန် တော် လှန်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ပြီးနောက် ပြည်သူများ ရွှေ့ပြောင်း
["ကလေးမြို့တွင် စစ်တပ်တပ်စွဲနေရာနှင့် တစ်မိုင်ပတ်လည် မနေကြရန် တော် လှန်ရေးတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ပြီးနောက် ပြည်သူများ ရွှေ့ပြောင်း", "ရန်ကုန်၊ မေ ၁၀", "ကလေးမြို့အနောက်ပိုင်း ချင်းပြည်နယ်စပ် ကလေးတက္ကသိုလ်နှင့် ခိုင်ကမ်းရဲစခန်းအနီးဝန်းကျင်က ပြည်သူထောင်ချီပြီး ဒီကနေ့ မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ သူတို့နေထိုင်ရာတွေကနေပြောင်းရွေ့ကြတယ်လို့ ကလေးမြို့ခံတွေဆီကသိရပါတယ်။", "ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM SIYIN အဖွဲ့က စစ်ကောင်စီတပ်စွဲထားတဲ့ ကလေးတက္ကသိုလ်နှင့်ခိုင်ကမ်းရဲစခန်းတမိုင်ပတ်လည်က ပြည်သူတွေကို မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီနောက်ဆုံးထားပြီး နေရာရွေ့ပြောင်းကြဖို့ မေလ ၉ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။", "အဆိုပါထုတ်ပြန်ချက်ကြောင့် ဒေသခံပြည်သူတထောင်ဝန်းကျင်ဟာ ကလေးမြို့ထဲနဲ့ နီးစပ်ရာနေရာတွေကိုရွေ့ပြောင်းကြတာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။", "” အမှန်အတိုင်းပြောရရင် ချင်းပြည်မှာ စစ်သားသိပ်မရှိတော့ဘူး။ အရင်ကဆို ရိဒ်ခေါ်ဒါ( အိန္ဒိယ ချင်းပြည်နယ်စပ်) ကနေ ကလေးကိုလာရင် စစ်ကောင်စီဂိတ်တွေအများကြီး။ အခုတဂိတ်မှမရှိတော့ဘူး။ တော်လှန်ရေးအဖွဲ့တွေက ကလေးထိဆင်းတိုက်တော့မယ့်သဘောဖြစ်နေတယ်” လို့ ဒေသခံတဦးကပြောပါတယ်။", "ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF CDM SIYIN ရဲ့ထုတ်ပြန်ချက်ထဲမှာ ထုတ်ပြန်ချက်အတိုင်း မပြောင်းရွေ့တဲ့ပြည်သူတွေတစုံတရာထိခိုက်မူရှိရင်တာဝန်ယူမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။", "ပြောင်းရွေ့တဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပစ်မယ်လို့ စစ်ကောင်စီဘက်ကလည်း ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီရဲ့ခြိမ်းခြောက်မူတွေရှိနေပေမယ့် စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခဲ့ရင် ပြည်သူတွေကို လူသားဒိုင်းလိုအသုံးချတာမျိုးလုပ်လေ့ရှိတဲ့အတွက် ဒေသခံတွေက ပြောင်းရွေ့ကြတယ်လို့ဆိုပါတယ်။", "ခုရက်ပိုင်းအတွင်းကလေးမြို့ဝန်းကျင်မှာ စစ်ကောင်စီဟာ စစ်ကြောင်းတွေထွက်လှုပ်ရှားနေပြီး စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားစစ်ရေးတင်းမာနေတယ်လို့သိရပါတယ်။ ကလေးမြို့တောင်ပိုင်းကားလမ်းတွေကို ပိတ်ထားသလို သံဆူးကြိုးအပါအဝင် ဆောက်လုပ်ရေးပစ္စည်းသယ်ယူခွင့်ကိုလည်း တော်လှန်ရေးအဖွဲ့တွေကတားမြစ်ထားပါတယ်။ ဒီလိုတားမြစ်တာဟာ စစ်ကောင်စီက မြို့နယ်တွင်းမှာ အခြေခံစခန်းတွေခိုင်မာအောင်ဆောက်လုပ်ဖို့ကြိုးစားလာတာကြောင့်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးကဆိုပါတယ်။", "ချင်းပြည်နယ်မှာ စစ်ရေးအခြေအနေမလှတဲ့စစ်ကောင်စီဟာ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ ကလေး- ဂန့်ဂေါ- ထီးလင်းဒေသကို နယ်မြေစိုးမိုးဖို့လေကြောင်းပစ်ခတ်မူတွေစတင်လုပ်ဆောင်လာတယ်လို့ တော်လှန်ရေး အဖွဲ့တွေဆီကသိရပါတယ်။ မေ ၉ ရက်နေ့က ထီးလင်းမြို့နယ်တနေရာကိုလေကြောင်းကနေပစ်ခတ်ခဲ့သလို ကလေးမြို့အနောက်ဘက်လေးအိမ်စုကျေးရွာကိုလည်း ရဟတ်ယာဥ်နဲ့ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/03/148509/
ကလေးမြို့တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ အသက် ၂ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် သေ ဆုံး၊ ဂန့်ဂေါတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး ဒဏ်ရာရ
["ကလေးမြို့တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ အသက် ၂ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် သေ ဆုံး၊ ဂန့်ဂေါတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိ၍ အသက် ၂ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးသေဆုံးကြောင်း သိရှိရသည်", "ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ စစ်ဘေးရှောင်လာသည့် မိသားစု ၃ဦးသည် ကလေးမြို့အနောက်ဘက် စက္ကန့်ကျေးရွာတွင် စစ်ကောင်စီ၏ တိုက်မိုင်းမိပြီး ၂နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ကြောင်း၊ မိဘ ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်ဘေးရှောင်မိသားစုသည် ကလေးမြို့မှ ကလေးမြို့တောင်ပိုင်းသို့ ဆိုင်ကယ်ဖြင့် စစ်ဘေးရှောင်လာခြင်းဖြစ်ကြောင်း၊ ကလေးမြို့၊ စက္ကန့်ရွာသည် လွန်ခဲ့သော တစ်ပတ်ခန့်က စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က စက္ကန့်ကျေးရွာတွင် တပ်စွဲထားစဉ် မိုင်းများ စွာ ထောင်ခဲ့ကြောင်း သိရှိရသည်။", "” ပြီးခဲ့တဲ့ တပတ်ကျော်လောက်ကမှ စစ်ကောင်စီတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ထားတဲ့ရွာ။ စက္ကန့်ရွာမှာ စစ်ကောင်စီတပ်စွဲကတည်းက မိုင်းတွေတော်တော်ထောင်ထားတာ။ သူတို့ထောင်တဲ့မိုင်းကြောင့်သေတာ လေးယောက်လောက်ရှိပြီ။ ခုမိသားစုက ရွာထဲလမ်းမှားဝင်သွားတာလို့ပြောကြတယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောဆိုသည်။", "ကလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ စစ်ရေးတင်းမာကာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း၊ ဖေဖေဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ မိုင်း၊ ပစ်ခတ်မူကြောင့် ကလေး ၃ ဦးအပါအဝင် အရပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင် စစ်ရေးအရှိန်တိုး မြှင့်တော့မည်ဖြစ်၍ ပြည်သူများ စစ်ဘေးရှောင်ကြရန် ကလေးခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တရားဝင် စာ ထုတ်ပြန် အသိပေးခဲ့သည်။", "” မြိုအရှေ့အနောက်ပိုင်း ရှောင်ကြတဲ့သူတွေတော့ရှိပြီ။ မြို့အလယ်ပိုင်း၊အရှေ့ပိုင်းတွေတော့ မရှောင်ကြသေးဘူး။ အခြေအနေကြည့်နေကြတာပေါ့။ တမြို့လုံးအတိုင်းအတာကြီးထိရှောင်ဖို့ကတော့မလွယ်သေးဘူး”ဟု ကလေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ် ခ.လ.ရ ၅၀ တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် မတ် ၁ ရက်နေ့ ညပိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွာစည်ရွာမှ အမျိုးသမီးတစ်ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၁ ရက်နေ့ ဂန့်ဂေါမြို့ပေါ် ခ.လ.ရ ၅၀ စစ်ကောင်စီတပ်က ဂန်ဂေါမြို့အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်တစ်လုံးသည် ရွာစည်ရွာမှ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၅၀ ကျော် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "လက်နက်ကြီးထိမှန်သော အမျိုးသမီးသည် ပေါင်အရင်းတစ်ဖက်တွင် ကြေမွသွားပြီး အသက် အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/07/174807/
ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို ချီတက်
["ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို ချီတက်", "ရန်ကုန်၊ ဇူလိုင် ၂၁", "စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ ရေးထိုးကြ” စာသားကိုင်စွဲကာ တော်လှန်ပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်ကို ချီတက်ခဲ့ကြသည်။"]
https://yktnews.com/2023/07/111910/
ကလေးမြို့တွင် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် အဖြစ် လူထု ဟောပြောပွဲ ပြုလုပ်
["ကလေးမြို့တွင် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် အဖြစ် လူထု ဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၇", "ကလေးမြို့တွင် မြို့နယ် သပိတ် ကော်မ‌တီ၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် ကော်မတီ၊ လက်ပံတောင်းတောင် လူထုသပိတ် ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် အဖြစ် လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98092/
ကလေးမြို့တွင် ပဇီကြီးရွာ၌ ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားပြုလုပ်
["ကလေးမြို့တွင် ပဇီကြီးရွာ၌ ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားပြုလုပ်", "ရန်ကုန်၊ ဧပြီ ၁၇", "ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ပဇီကြီးရွာ၌ ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2023/09/121545/
ကလေးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရပ်ကွက် နေရာ အများအပြား ရေနစ်မြှုပ်နေ
["ကလေးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရပ်ကွက် နေရာ အများအပြား ရေနစ်မြှုပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၈", "စစ်ကိုင်းတိုင်း ကလေးမြို့တွင် မိုးရွာသွန်းမှုကြောင့် စက်တင်ဘာ ၈ ရက်နေ့၌ နေရာတော်တော်များများ ရေကြီးနေပြီး စစ်ဘေးရှောင်ပြည်သူများ အခက်တွေ့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မိုးရွာသွန်းမှုကြောင့် စက်တင်ဘာ ၈ ရက်နေ့တွင် ကလေးမြို့ရှိ တောင်ဖီလာ၊ အောင်သစ္စာ၊ အောင်မင်္ဂလာ၊ တာဟန်း၊ တောင်ဇလပ်၊ အင်တိုင်းကုန်း၊ မြို့လှ၊ တောင်သာ ၊ လက်ပန်ချောင်း၊ ချမ်းမြေ့အောင်စည် ၊ ကြို့သုံးပင် စသည့် ရပ်ကွက်များအတွင်း ရေကြီးနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“ရေမကျသေးဘူး။ မိုးမပြတ်တာပေါ့။ ရှောင်တဲ့နေရာတွေမှာပဲ ရေကြီးနေတာက” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။"]
https://yktnews.com/2023/03/90834/
ကလေးမြို့တွင် မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ထားသည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကလေးမြို့တွင် မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ထားသည့် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မုဒိမ်းမှု၊ လူသတ်မှုများ ကျူးလွန်ထားသည့် ပျူစောထီး ခေါင်းဆောင် ချမ်းမြေ့အောင် (ခေါ်) ဖိုးချမ်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း UGF – Kalay တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကလေးမြို့နယ် အောင်မေတ္တာရပ်ကွက် ပျဥ်သာရွာတွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် ချမ်းမြေ့အောင် (ခေါ်) ဖိုးချမ်းကို UGF-Kalay တပ်ဖွဲ့မှ ကလေးမြို့နယ်၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ဖိုးချမ်းသည် ကလေးမြို့ မြောက်ပိုင်း အိတ်စွပ်ရွာရှိ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း၊ အကြမ်းဖက် စစ်တပ်နှင့်အတူ မတရားမှုများ ဆက်တိုက်လုပ်ဆောင်ခြင်း၊ ပြည်သူပိုင် ဆိုင်ကယ် အစီးပေါင်း ၁၀၀ ကျော်ကို ခိုးယူရောင်းချခြင်း၊ ရွှေဘုံသာ ဘုရားကြီးလမ်းရှိ လူမိုက် ကျော်ကြီးတို့အဖွဲ့နှင့် ပူးပေါင်းကာ ခိုးဆိုး လုနှိုက် ဓါးပြတိုက်မှုများ ကျူးလွန်ခြင်း၊ ရွှေဆိုင်တစ်ဆိုင်ကို အနုကြမ်းစီးခြင်း၊ တော်လှန်ရေးတွင် ပါဝင်သူများကို ဖမ်းဆီးရန် ဦးဆောင်ခြင်း၊ PDF များကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ထားသူ ဖြစ်ကြောင်း UGF-Kalay တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ှု"]
https://yktnews.com/2023/02/87370/
ကလေးမြို့တွင် လက်ဖက်ရည်သွားသောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဗိုလ်ကြီးဟောင်း ငွေဇင် မသာ အသုဘ ယနေ့ ချမည်
["ကလေးမြို့တွင် လက်ဖက်ရည်သွားသောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဗိုလ်ကြီးဟောင်း ငွေဇင် မသာ အသုဘ ယနေ့ ချမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် လက်ဖက်ရည်သွားသောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဗိုလ်ကြီးဟောင်း ငွေဇင် မသာ အသုဘ ယနေ့ ချမည်ဖြစ် ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ကလေးမြို့ပေါ် ၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် လက်ဖက်ရည်လာသောက်သည့် စစ်မှု ထမ်းဟောင်း ဗိုလ်ကြီးဟောင်း ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း၊ ဗိုလ်ကြီးဟောင်း ငွေဇင်သည် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ကြောင်း ၊ အသက် ၅၃ နှစ်အရွယ်ရှိပြီး ၎င်းထံမှ သေနတ် ၁ လက်၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းများ၊ ကား ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။", "ဗိုလ်ကြီးဟောင်း ငွေဇင်သည် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ တွင် စစ်တပ်က သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနသို့ ဦးစီးအရာရှိ အဖြစ် ပြောင်းရွှေ့စေခဲ့သော စစ်တပ် အရာရှိ ၁၀ ဦးအနက်မှ ၁ ဦးအပါ အဝင် ဖြစ်သည်။", "“သူက ဦးစီးအရာရှိ အဖြစ် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို မိုးကျရွှေကိုယ်ထဲမှာပါတယ်။ ဒီနေ့ အသုဘချမယ်လို့သိရတယ်။ ကလေးမြို့မှာပဲ ချမယ်လို့ ကြားရပါတယ်” ဟု ဝန်ထမ်းအသိုင်းအ၀ိုင်းမှ သတင်းရင်းမြစ်က ပြောသည်။"]
https://yktnews.com/2024/06/168082/
ကလေးမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်
["ကလေးမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်အထိမ်းအမှတ် ပန်းသပိတ်ပြုလုပ်", "ရန်ကုန်၊ ဇွန် ၁၇", "ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီနှင့် ကလေးမြို့ဒေသပြည်သူများ ပူးပေါင်း၍ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်အထိမ်းအမှတ် ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89800/
ကလေးမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖလား ဘောလုံးပြိုင်ပွဲပြုလုပ်
["ကလေးမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖလား ဘောလုံးပြိုင်ပွဲပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ကလေးမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ကြားကာလ ပြည်သူ့အုပ်ချူပ်ရေး ဖလား ဘောလုံး ပြိုင်ပွဲနှင့် ကလေးမြို့ပင်မသပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/139965/
ကလေးမြို့နည်းပညာတက္ကသိုလ် စစ်တပ်ဂိတ်က အမျိုးသမီးနှစ်ဦး ကိုဖမ်းဆီး၊ လောင်းလုံးတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်
["ကလေးမြို့နည်းပညာတက္ကသိုလ် စစ်တပ်ဂိတ်က အမျိုးသမီးနှစ်ဦး ကိုဖမ်းဆီး၊ လောင်းလုံးတွင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်၊ နည်းပညာတက္ကသိုလ် စစ်တပ်ဂိတ်က အမျိုးသမီးနှစ်ဦးကို ဇန်နဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။", "”သားအမိနှစ်ယောက် ကလေးမြို့ကနေ သူတို့ရွာအပြန်မှာအဖမ်းခံရတာ။ သမီးဖြစ်သူက ဆယ်ကျော်သက်အရွယ်ပဲရှိဦးမယ်။ ဖုန်းထဲမှာ တစ်ခုခုတွေ့ လို့ဖမ်းတာလို့သိရတယ်” လို့ ကလေးတောင်ပိုင်း ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။", "ဖမ်းဆီးခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ ကလေးမြို့တောင်ပိုင်း ထောက်ကြံ့ ကျေးရွာ က ဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ရိုက်နှက် စစ်ဆေးတာ တွေရှိတယ် လို့လည်း နီးစပ်သူတစ်ဦးကပြောပါတယ်။", "” သူတို့က ရိုးရိုးအရပ်သားတွေပါ။ ကလေးမြို့ကိုစျေးဝယ်သွားတာကနေ အပြန်မှာ ဖမ်းဆီးခံရတာပါ။ သူတို့က ကလေးတောင်ပိုင်းကဟာတွေဆို အငြိုး ထားပြီး ဖမ်းတဲ့သဘောပါ” လို့ ကလေးတောင်ပိုင်း ဒေသခံ အမျိုးသမီး တစ်ဦး ကပြောပါတယ်။", "၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကလေး မြို့တောင်ပိုင်း မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် ခဲ့ ပြီးကတည်းက ကလေးတောင်ပိုင်းအားလုံးနီးပါးကို ဒေသခံကာကွယ်ရေးတပ်တွေက ထိန်း ချုပ်ထားတာဖြစ်ပါတယ်။", "စစ်ကောင်စီတပ်ဟာ ကလေးမြို့အနောက်ပိုင်းနဲ့ ကလေးမြို့ ထွက် တောင် ပိုင်းတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးလေ့ရှိပြီး ဖမ်းဆီးပြီး ငွေညစ်တာတွေ၊ ရိုက်နက်တာတွေလည်း မကြာမကြာကျူးလွန်လေ့ရှိတယ်လို့ ကလေးမြို့ခံ တွေ ဆီ ကသိရပါတယ်။", "အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်က အောက်ကျောက်ဝပ်ရွာသား ၁ ဦးကို ဖမ်းဆီး သတ် ဖြတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုပါတယ်။", "ဒီဇင်ဘာလကုန်ပိုင်းက စတင်ကာ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်း ထိုးနေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မွှေနှောက် ရှာဖွေ ခြင်းများ လုပ်ဆောင်ကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူ လုယက် မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။", "အဲဒီ စစ်ကြောင်းက ဇန်နဝါရီ ၁၁ ရက်နေ့တွင် အောက်ကျောက်ဝပ်ရွာအနီး ရောက်ရှိလာစဥ် ကျေးရွာနေ ပြည်သူ ကိုကျော်နိုင်ကို သေနတ်ဖြင့် အကြောင်းမဲ့ လိုက်လံ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။", "” လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာသား ကိုကျော်နိုင်ကို စစ်ခွေးတွေ ပစ်သတ်တာဟုတ်တယ်။ စစ်ခွေးစစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတာပါ။ အခုထိ စစ်ကြောင်းက မဆုတ်သေးဘူး”လို့ လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုပါတယ်။", "အဲဒီ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်နီမော်၊ ကျောက်ဝပ်ပြင် အနီးအနားတွင် ရှိနေဆဲဖြစ်ပါတယ်။", "ဓာတ်ပုံ- လောင်းလုံးတွင် စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှု ခံရသည့် ကိုကျော်နိုင်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #ကလေးမြို့ #စစ်ကောင်စီ #နည်းပညာတက္ကသိုလ်"]
https://yktnews.com/2024/04/158300/
ကလေးမြို့နယ် စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး
["ကလေးမြို့နယ် စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေး", "ရန်ကုန်၊ဧပြီ ၂၀", "ကလေးမြို့နယ်၊ စစ်ရှောင်ပြည်သူများကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်အဖွဲ့ဝင်ဖြစ်သော", "People Health Care Network – Kalay အဖွဲ့က စစ်ရှောင် စခန်းတစ်နေရာရှိ ပြည်သူများထံသို့ အရောက်သွား၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ကလေးမြို့နယ် စစ်ရှောင်ပြည်သူ"]
https://yktnews.com/2024/02/147711/
ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်နှင့်ပျူစောထီးများက ၄ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးနေမှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
["ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်နှင့်ပျူစောထီးများက ၄ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးနေမှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းမကြီးဘေးရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ၄ ရက် ဆက်တိုက်မီးရှို့ဖျက်ဆီးနေမှုကြောင့် ပြည်သူထောင်ချီထွက် ပြေးနေရကြောင်း ဒေသနေပြည်သူများ ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့စ၍ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ၊ ဟံသာဝတီရွာ၊ ကုက္ကားကျေးရွာတို့ ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၂၀၀ ခန့်မှ ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ထိုး လာပြီး ကလေး – ဂန့် ဂေါ လမ်းမကြီးဘေးရှိ မှန်တောကျေးရွာ၊ ပြည်ခိုင်ဖြိုးကျေးရွာနှင့် အောင် သာယာကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး လျက်ရှိရာ ကျေးရွာနေ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” နေ့တိုင်းမီးတောက်တွေမြင်နေရတယ်။ ဘယ်နှလုံးလောင်လို့ ဘယ်နှလုံးကျန်မယ်မပြောနိုင်ဘူး။ နေ့တိုင်းကြီးဆိုတော့ အိမ်ကတော့ သိပ်မကျန်လောက်ဘူး၊ သူတို့စစ်ကြောင်းထိုးတုန်းက မိုင်းတော် တော်များများမိကြတယ်။ အဲ့ဒါကိုမကျေနပ်လို့ ခုလိုရက်ဆက်မီးရှို့နေတာ” ဟု ကလေးတောင်ပိုင်း ဒေသနေ တစ်ဦး ကပြောကြားသည်။", "မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ကလေးမြို့ပေါ်အပါအဝင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၊ စစ်ကြောင်းများ ရှိသည့် ကျေးရွာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။", "ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကာ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား၊ ပျူစော ထီး များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၇ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2024/04/159035/
ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီး
["ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၂၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ အကြမ်းဖက်စစ်တပ်က ကလေးမြို့နယ်၊ ယောက်ချိုကွင်းရွာထဲသို့ ဝင်ရောက်တပ်စွဲနေခြင်း ဖြစ်ပြီး ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“အခုက ဘယ်သူမှ ရွာထဲ ဝင်လို့မရဘူး ဒီကောင်တွေက ရှိတော့ ။ ယောက်ချိုကွင်းရွာ အကုန်လုံးနီးပါး ပုန်းနေရတယ်။ မီးခိုးငွေ့မြင်တာနဲ့ စစ်ခွေးတွေက လှမပစ်တယ်။ ဒီခွေးသူတောင်းစားတွေက ရွာကလည်း မထွက်ဘူးဆိုတော့ အောက်လမ်းကနေ ကလေးဘက်ကို ကူးကြတာပေါ့”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ယောက်ချိုကွင်းမှ အိမ်ခြေ ၃ ပုံ ၂ ပုံခန့်ကို မီးရှို့ ဖျက်ဆီးထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။"]
https://yktnews.com/2023/09/124266/
ကလေးမြို့နယ်တောင်ပိုင်းနှင့် ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ ကလေးတွင် စစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၅ ဦးသေဆုံး
["ကလေးမြို့နယ်တောင်ပိုင်းနှင့် ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ ကလေးတွင် စစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ထွေအုပ်ရုံးနှင့် ပညာရေးမှူးရုံးရှိ စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း CDF Kanpetlet ထံမှ သိရသည်။", "ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခန့်က ကန်ပက် လက်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေး မှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးတိကျမှုမရှိခြင်း၊ လက်နက်ကြီး ပစ်ကူ၊ ဒရုန်းပစ်ကူ မရှိတို့ကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ နေ့လည် ၁၁ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ အ ကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။", "အလားတူ မွန်းလွဲ ၂ နာရီခန့်တွင် ကန်ပက်လက်မြို့ပေါ်ရှိ ပညာရေးမှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ထပ်မံတိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အ တည် ပြုနိုင်ခြင်းမရှိကြောင်း CDF – Kanpetlet တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ကန်ပက်လက်မြို့ပေါ်တွင် စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအ နေဖြင့် အကြမ်းဖက်စစ်တပ်စခန်းများနှင့် နီးနီးနေထိုင်သွားလာခြင်း မပြုကြပါရန် CDF – Kanpetlet ကမေတ္တာရပ်ခံထား သည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ၂ တာ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း CDF – KKG ထံမှ သိရသည်။", "ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခွဲက ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာနှင့် အနီးအနားကျေးရွာများရှိ ပျူစောထီးများ ပူးပေါင်းကာ အင်အား ၁၀၀ ကျော်ဖြင့် အောင်သာယာ ကျေးရွာအတွင်းသို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ CDF – KKG မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကလေးမြို့နယ် ပကဖ တပ် ဖွဲ့ဝင် တစ်ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။", "ထို့နောက် အောင်သာယာ အရှေ့ရပ်ကွက်ဘက်တွင် ခြေကုပ်ယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ကလေးခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပူးပေငါ်းအဖွဲ့မှ နေ့လည် ၁ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့လည်ပိုင်းတွင်အောင်သာယာကျေး ရွာမှ တဆင့် မှန်တောကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာသော အကြမ်းဖက်ကောင်စီတပ်ဖွဲ့ဝင်များကို မှန်တောကျေးရွာအနီး အရောက် CDF – KKG ၊ ကလေးခရိုင် တပ် ရင်း ၄၊ ကလေးမြို့နယ် ပကဖ ၊ CNDF (Thal Pau) ပူးပေါင်း တပ်ဖွဲ့ဝင်များမှ ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှားဖိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ းကာ အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ပြည်သူ ၄ ဦးသေဆုံးသည်ကို မြင်တွေ့ခဲ့ရသည့် မိခင် တစ်ဦးမှာလည်း ထိတ်လန့်ပြီး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်းပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း CDF – KKG က ထုတ်ပြန်ထားသည်။", "“ကလေးတောင်ပိုင်းမှာ ၂၆ ရက် မနက်ပိုင်းကစလို့ ဒီနေ့ ၂၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်၊ ဖောကား ၈ စီးနဲ့ စစ်ကြောင်းထိုးခဲ့တာပါ၊ တိုက်ပွဲအခြေအနေက ပြင်းထန်နေတုန်းမို့ နှစ်ဖက် ထိခိုက်မှု အသေးစိတ်ကို မသိရသေးပါဘူး၊ အာဏာသိမ်းစကတည်းက အဲဒီဘက်မှာက အင်တာနက် လိုင်းတွေဖြတ်ထားခဲ့တာပါ၊ စစ်ကြောင်းထိုးတော့ ဖုန်းလိုင်းတွေပါဖြတ်ထားပါတယ်သေးတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယနေ့ နံနက်ပိုင်းက ပြောဆိုထားသည်။"]