url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/12/135936/
ကလေးဝမြို့နယ်တွင် Non-CDM များ ၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းရန်၊ စစ်တပ်နှင့် ဆက်စပ်နေရာများကို ရှောင်ကြဉ်ကြရန် သတိပေးချက် ထုတ်ပြန်
["ကလေးဝမြို့နယ်တွင် Non-CDM များ ၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းရန်၊ စစ်တပ်နှင့် ဆက်စပ်နေရာများကို ရှောင်ကြဉ်ကြရန် သတိပေးချက် ထုတ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင် Non CDM များ၊ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်အဖွဲ့အစည်းများအားလုံး ပြည်သူဘက်သို့ အမြန်ဆုံး ပူးပေါင်းကြရန် စစ်တပ်နှင့် ဆက်စပ်နေရာများအနီးသို့ ပြည်သူများ သွားလာနေထိုင်ခြင်း မပြုရန် ကလေးခရိုင် အမှတ် ၉ တပ်ရင်း (Kalewa PDF) က ဒီဇင်ဘာ ၁၄ ရက်နေ့တွင်သတိပေးချက်တစ်ရပ်ထုတ်ပြန်သည်။", "အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်အဖြစ် လုပ်ကိုင်နေကြသည့် Non CDM များ၊ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်ရှိ လုပ်နေသည်များ ချက်ချင်းရပ်တန့်၍ ပြည်သူဘက် အမြန်ဆုံးပူးပေါင်းကြရန်လိုအပ်ကြောင်း၊ ပြည်သူများအနေနှင့် အသက်အန္တရာယ် ကင်းရေးအတွက် အကြမ်းဖက်စစ်တပ် သွားလာမှုများသည့် နေရာများကို သွားလာမှု မလုပ်ရန်၊ ကလေးဝမြို့ မြို့မ ရဲစခန်း၊ အောင်းချမ်းသာ နယ်မြေရဲစခန်း၊ မစိန် နယ်မြေရဲစခန်းများ၏ အနီးတစ်ဝိုက်တွင် နေထိုင်းခြင်း မပြုကြရန်၊ အဆိုပါ စခန်းများနှင့် အနည်းဆုံး မီတာ ၅၀၀ အကွာခွာ၍ နေထိုင်ကြရန် နှင် ကလေးခရိုင် အမှတ် ၉ တပ်ရင်း (Kalewa PDF)က သတိပေးသည်။", "ကလေး၀မြို့နယ်တွင် ထုတ်ပြန်ထားသည့် သတိပေးချက်များကို မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သည့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို တာဝန်ယူမည်မဟုတ်ကြောင်း ကလေးခရိုင် အမှတ် ၉ တပ်ရင်း (Kalewa PDF) က ပြောဆိုထားသည်။"]
https://yktnews.com/2024/04/157230/
ကလေးဝမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်
["ကလေးဝမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်", "ရန်ကုန်၊ ဧပြီ ၁၅", "စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း Chinland Defense Force – Kalay Kabaw Gangaw အဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၁၅ ရက်နေ့ ကလေးဝမြို့နယ်မှ ဒုရဲအုပ် ၁ ဦးသည် Chinland Defense Force – Kalay Kabaw Gangaw အဖွဲ့ထံ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အလင်းဝင်လာသော ဒုရဲအုပ်သည် BA 94 လက်နက် အမျိုးစား ၁ လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ ကျည်ဆံ အတောင့် ၂၀၀ နှင့် ခြောက် လုံးပြူး ၁ လက် ၊ ကျည် ၁၂ တောင့် ပါ ယူဆောင်လာသောကြောင့် ဆုကြေးငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက် နယ်မြေကို ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#ကလေးဝမြို့နယ်#လက်နက်များ ယူဆောင်လာပြီး အလင်းဝင်"]
https://yktnews.com/2025/04/212919/
ကလေးဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး
["ကလေးဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Kalewa People Defence Organization ထံမှ သိရသည်။", "ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးဝမြို့နယ်ရှိ ကျွဲနန်ရွာ၊ ဆင်ခေါင်းရွာနှင့် ဂဇက်ရွာတို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျွဲနန်ရွာနှင့် ဂဇက်ရွာ တို့မှ အသက် ၅၈ နှစ် အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပြည်သူပိုင် နေအိမ် ၃ လုံးလည်း ထိမှန် ပျက်စီးခဲ့ပြီး ပြည်သူများသည် လက်ရှိချိန်တွင် ကျေးရွာများတွင် နေထိုင်ရဲခြင်းမရှိသောကြောင့် တိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/122765/
ကလေးဝမြို့နယ်၊ ကဇက်ရွာကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး
["ကလေးဝမြို့နယ်၊ ကဇက်ရွာကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ကဇက်ရွာကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်း ကလေးဝမြို့နယ်၊ ကဇက်ရွာကို အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” မနေ့ နံနက်ပိုင်း ကလေးဝမြို့ကို ဆန်တက်လာတဲ့ စစ်ခွေး ရေယာဥ်အုပ်စုက ကဇက်‌ရွာ ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၅ ဦး ထိတယ်။ ၃‌ ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးသွားပါတယ်။ ၂ ဦးကတော့ ဒဏ်ရာ ပြင်းထန်တယ် ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ စစ်သင်္ဘောအုပ်စုသည် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မော် လိုက် မြို့ကို ရောက်ရှိသွားပြီး စစ်သင်္ဘော ၂ စီးနှင့် ရိက္ခာတင် သင်္ဘော ၄ စီး ပါဝင်ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138637/
ကလေးဝမြို့အနီးရှိ မဟာမြိုင်ကားလမ်းမကြီးပေါ်တွင် PDF တပ်ဖွဲ့များက လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်
["ကလေးဝမြို့အနီးရှိ မဟာမြိုင်ကားလမ်းမကြီးပေါ်တွင် PDF တပ်ဖွဲ့များက လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီးရှိ စစ်ကိုင်း – ရွှေဘို – ရေဦး – တန့်ဆည် – ကလေးဝ မဟာမြိုင်ကားလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊အမှတ် (၁) စစ်ဒေသ၊ ကလေးခရိုင် အမှတ် – ၉ တပ်ရင်း (Kalewa PDF) တပ်ဖွဲ့ဝင်များက လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94633/
ကလေး၀မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်၊ စစ်သားအလောင်း တစ်လောင်းနှင့် လက်နက် ၁ လက် သိမ်းဆည်းရမိ
["ကလေး၀မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်၊ စစ်သားအလောင်း တစ်လောင်းနှင့် လက်နက် ၁ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ မတ် ၂၈", "စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်ပြီး စစ်သားအလောင်း တစ်လောင်းနှင့် လက်နက် ၁ လက် သိမ်းဆည်းရမိကြောင်း ကလေး၀မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ၂၅ ရက်နေ့ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ၊ ကြာပင်ရွာမှ ထွက်လာသော စစ်ကြောင်းကို ကလေးဝမြို့နယ် မုံရွာယာကြီးကလေးဝ ကားလမ်း သီးတုံးတံတား အနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ယာဉ်တန်း မိုင်းထိပြီး အသေအပျောက်များနိုင်ကြောင်း၊ စစ်ယာဉ်တန်း ထွက်ခွာပြီးနောက် သွားရောက် စစ်ဆေးရာ စစ်သား ၁ ဦး၏ အလောင်းနှင့် လက်နက် ၁ လက် အပါအဝင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။", "” စစ်ခွေးကားတန်းမိုင်းထိ အသေပျောက်များနိုင်ပါတယ်။ ခွေးအလောင်းတစ်လောင်းနဲ့ လက်နက်တစ်လက်အပါဝင် ပစ္စည်းတွေသိမ်းဆည်းရမိပါတယ်။ ကလေးဝမြို့နယ် ပ.က.ဖ ရင်း၅ က တိုက်ခိုက်တာဖြစ်ပါတယ်”ဟု ကလေး၀မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။"]
https://yktnews.com/2023/02/84587/
ကလေး၊ ဆားလင်းကြီးနှင့် မြိုင်တို့တွင် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်
["ကလေး၊ ဆားလင်းကြီးနှင့် မြိုင်တို့တွင် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း၊ မြိုင်မြို့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/07/115121/
ကလေး​မြို့၊ လက်ပန်ချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ
["ကလေး​မြို့၊ လက်ပန်ချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၂၇", "စစ်ကိုင်းတိုင်း၊ ကလေး​မြို့ရှိ လက်ပန်ချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင် ၂၆ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကလေးမြို့ အခြေစိုက် အမြောက်တပ်က လက်ပန်ချောင်းရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လက်ပန်ချောင်းကျတာ ညက ။ ပထမအလုံးကျတာ အိမ်ခြံစည်းရိုးနား ဘေးပတ်လည် အိမ်က ကလေးတွေ ထိတာ ။ တစ်လုံးက ရွာပြင်ကျတာ။ ထိတာ ၂၀ ကျော် အရွယ်တွေ “ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောပြသည်။", "အကြမ်းဖက် စစ်တပ်က ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှု​များ ပြုလုပ်လေ့ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/11/131913/
ကဝမြို့နယ် ခမရ ၅၅၉ မှ အလင်းဝင်ရောက်လာသော တပ်သား ၁ ဦးကို ဆုငွေကျပ် ၁၀ သိန်းချီး မြှင့်
["ကဝမြို့နယ် ခမရ ၅၅၉ မှ အလင်းဝင်ရောက်လာသော တပ်သား ၁ ဦးကို ဆုငွေကျပ် ၁၀ သိန်းချီး မြှင့်", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ကဝမြိုနယ်တွင် ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ခိုလှုံလာသည့် ခမရ ၅၅၉ မှ စစ် ကောင်စီ တပ်သားတစ်ဦးကို ဆုငွေကျပ် ၁၀ သိန်းချီးမြှင့်ပြီး သွားလိုရာသို့ ဘေးကင်းစွာ ပို့ဆောင် ပေးလိုက်ကြောင်း Bago Region PDF က ထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၉ တပ်မှ တပ်သား ချစ်မင်းကို သည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုကြောင်း ကဝမြိုနယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့(ကဝမြိုနယ်၊ ပကဖ)ကို ချိတ် ဆက်လာခဲ့သဖြင့် နွေးထွေးလှိုက်လှဲစွာကြိုဆိုပြီး ဆုငွေကျပ် ၁၀ သိန်းချီးမြှင့်ကာ ၎င်းသွားလိုရာသို့ ဘေးကင်းစွာ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ အသုံးချခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ပျူစော ထီး)များ အနေဖြင့် အသက်၊ ဂုဏ်သိက္ခာကို ငဲ့ကွက်တန်ဖိုးထားပါက အကြမ်းဖက်စစ်တပ်ကို စွန့်ခွာ၍ ပြည်သူ့ရင်ခွင် ခိုဝင်ကာ အမြန်ဆုံး အလင်းဝင်ရောက်ကြရန်နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာ ကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People’s Embrace)ကို ချိတ်ဆက်ကာ ကူညီ စောင့်ရှောက်မှု များ ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်း အသိပေးထားသည်။", "အလင်းဝင်ရောက်လာသော ပြည်သူ့ဘက်တော်သားများကို လှိက်လှဲစွာ ကြိုဆိုပြီး အသက် အန္တရာယ်မ ရှိ စေရန် အပြည့်အဝ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေရန် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ လူမှုဖူလုံရေး (ဆုချီးမြှင့်ခြင်း) ကို တတ်နိုင်သမျှ ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း၊ သွားလိုရာနေရာသို့ ဘေးကင်းလုံခြုံစွာ ပိုဆောင်ပေးမည်ဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံပါက စစ်သုံပန်းဥပဒေများနှင့်အညီ စောင့် ရှောက်ပေးမည်ဖြစ်ကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ က ထုတ်ပြန်ထားသည်။", "တစ်နိုင်ငံလုံးနီးပါး ထိုးစစ်ဆင်တိုက်ပွဲများ ပြင်းထန်လာချိန်ဖြစ်ပြီး မိဘပြည်သူလူထုအနေဖြင့် စစ်ရေး သတိ၊ စစ်ရေးအသိဖြင့် သွားလာကြရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များနှင့် ၎င်း တို့၏ထောက်တိုင် ပြည်သူ့ စစ်၊ ပျူစောထီးများနှင့် နီးကပ်စွာ နေထိုင်ခြင်းမျိုးကို လုံးဝ(လုံးဝ) မပြုလုပ် ဘဲ တတ်နိုင်သမျှ ဝေးဝေးမှ ရှောင်ကွင်း သွားလာကြရန်နှင့် ၎င်းတို၏ သွားလာ လှုပ် ရှားမှုများကို တော် လှန် ရေးတပ်ဖွဲများထံ အချိန်နှင့်တပြေးညီ သတင်းပေးပို့၍ ပူးပေါင်းပါဝင်ပေးကြပါရန် ဆက်လက် ဖော် ပြထားသည်။"]
https://yktnews.com/2024/02/143876/
ကဝမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကဝမြို့နယ်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ကဝမြို့နယ်ဇ သပြုကျေးရွာ ရွာကြီးပိုင်း စာလေးချောက် ကွမ်းယာဆိုင်အနီးတွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော ပျူစောထီး ကျော်လွင်ဦး(ခ)ကိုလွင်ကို ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကဝ ပကဖ) က ပစ်ခတ် တိုက်ခိုက်ခဲ့​​ရာ သေဆုံးခဲ့​ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို သပြေညိုမြို့ပြ စစ်ဆင်ရေး ၄ အဖြစ် ကဝ ပကဖ က ပြုလုပ်ခဲ့ခြင်းကြောင်း၊ သေဆုံးသွားသော ကျော်လွင်ဦး (ခ) ကိုလွင် သည် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး အဖွဲ့ဝင် ၁ ဦးဖြစ်ပြီး ကျေးရွာအတွင်း သတင်းများ လိုက်လံစုံစမ်း၍ အကြမ်းဖက် စစ်တပ်ထံ ပေးပို့နေသူ ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် တော်လှန်ရေး ရဲဘော်များ၏ သတင်းများနှင့် တည်နေရာများကို ပေးပို့၍ ရှာဖွေဖမ်းဆီးခိုင်းခြင်း၊ သပြုကျေးရွာနှင့် အနီးအနားရှိ ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်း၊ ရိုက်နှက်ထုထောင်းခိုင်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ထောင်ချခိုင်းခြင်း၊ မတန်မဆ ခြိမ်းခြောက်ငွေညှစ်ခြင်းများ ကျူးလွန် ဆောင်ရွက်နေသူ ဖြစ်ပြီး သပြုကျေးရွာနှင့် အနီးအနား ရွာများရှိ ပြည်သူများစွာ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး တချို့လည်း ဖမ်းဆီးခံရကြောင်း၊ ထို့ပြင် ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများကိုလည်း မတန်မဆ ငွေညှစ် ခြိမ်းခြောက်ခဲ့သူဖြစ်ကြောင်း သိရသည်။", "ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက် စစ်တပ် ထောက်တိုင် စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် အမြန်ဆုံးပူးပေါင်း၍ အလင်းဝင်ရောက်လာသူများကို အသက်ချမ်းသာခွင့်ပေးသွားမည်ဟု ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137566/
ကဝမြို့နယ်တွင် ရွာတော်ရှင် နတ်ကနားပွဲ လုံခြုံရေးယူနေသည့် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ တောင်သာမြို့နယ်တွင်လည်း ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကဝမြို့နယ်တွင် ရွာတော်ရှင် နတ်ကနားပွဲ လုံခြုံရေးယူနေသည့် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး၊ တောင်သာမြို့နယ်တွင်လည်း ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် ရွာတော်ရှင် နတ်ကနားပွဲ လုံခြုံရေးယူနေသည့် သရက်ကုန်းရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကဝမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ၏ အကြီးစားထောက်တိုင် ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဘိုမြင့် သည် သရက်ကုန်းကျေးရွာ ရွာတော်ရှင် နတ်ကနားပွဲ၌ လုံခြုံရေးယူနေစဉ် ကဝမြို့နယ် ပကဖ တပ်ဖွဲ့ ဝင်များက သပြေညိုစစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ၂ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။", "သေဆုံးသွားသော ဘိုမြင့်အလာင်းကို သရက်ကုန်းတိုက်နယ် ဆေးရုံမှ တဆင့် ၎င်း၏ နေအိမ်ကို ထော်လာဂျီဖြင့် သယ်ဆောင်သွားကြောင်း၊ ဘိုမြင့်သေဆုံးပြီးနောက် အကြမ်းဖက်စစ်တပ် လက်အောက်ခံဘိုမြင့်၏ တပည့်ပျူစောထီးများက သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“လက်နက်တော့ မသိမ်းနိုင်ခဲ့ဘူး၊ သူတို့ဘက် ပြန်ပစ်တာတော့ ရှိတယ်၊ ပြည်သူတွေရှိနေလို့ အပြန် အလှန် မပစ်ခဲ့ပဲ ပြန်ဆုတ်လာခဲ့တာ၊ ဒီနေ့မနက်တော့ ရွာထဲကို စစ်ခွေး၊ ရဲခွေး၊ ပျူ အင်အား ၃၀ လောက် သက္ကလမြို့ကနေ သရက်ကုန်းရွာကို ဆင်းလာပြီး ရွာပတ်လည်က အိမ်တွေ၊ တဲတွေကို ရှာနေတယ်” ဟု ကဝမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "ဘိုမြင့်သည် အကြမ်းဖက် စစ်ကောင်စီ‌၏ အကြီးစားထောက်တိုင် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ပျူစောထီး သင်တန်းတက်ရောက်၍ သေနတ်ထုတ်ယူထားကာ ပျူစောထီးခေါင်းဆောင်အဖြစ်ခံယူပြီး ပြည်သူကို နည်းလမ်းအမျိုးမျိုးဖြင့် ဒုက္ခ‌ပေးနေသူဖြစ်ကြောင်း၊ ထို့ပြင် ၎င်း၏ နောက်လိုက် ပျူစောထီးများ၊ အနီးအနား ရွာများမှ ပျူစောထီးများ၊ စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်း၊ လက်နက်ကိုင် ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ယူခြင်း၊ အပြစ်မဲ့ပြည်သူနေအိမ်များကို ချိတ်ပိတ်ခြင်း၊ စစ် ကောင်စီတပ်ဖွဲဝင်များကို ၎င်း၏ အိမ်တွင် ခေါ်ယူ၍ စခန်းချခြင်း၊ စစ်ဆေးဂိတ်ဖွင့်ခြင်း၊ သေနတ်ပစ် ဖောက်ကင်းလှည့်ခြင်း၊ လူငယ်၊ လူရွယ်များကို အတင်းအဓမ္မစုဆောင်း၍ ပျူစောထီးသင် တန်းတက် စေခြင်း စသည့် ပြစ်မှုများ ကျူးလွန်လျက်ရှိသူဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်၍ အလင်းဝင်ကြရန် သတိပေးထုတ်ပြန်ထားသည်။", "အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထန်းပင်ကန်းကျေးရွာ အုပ်စု၊ ကျောက်မြေကျေးရွာနေ စစ်ကောင် စီထောက်တိုင် ပျူစောထီး ဟန်ဝင်းအောင်(ခ)လက်ကောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၂၅ ရက် ညနေ ၆ နာရီခန့်က တောင်သာမြို့နယ်၊ ကျောက်မြေကျေးရွာနေ ကျေးရွာ စာ ရေး၊ ပျူစောထီး ဟန်ဝင်းအောင်(ခ)လက်ကောက်သည် ကျေးရွာအတွင်းမှ ၎င်းပိုင် ကြက်သွန်စိုက် ခင်းသို့ သွားရောက်ပြီး ပြန်လာစဉ် ကန္တာရတောစပ်တနေရာအရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားပြီး ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“သူကဟိုးအရင်ကတည်းက ရွာစာရေးလုပ်နေတာ၊ ပျူပေါ့၊ သူ့အရင် အုပ်ကြီးနဲ့ ပျူနှစ်ယောက်တော့ ကားနဲ့ အပစ်ခံရလိုက်ရတာ၊ သေသွားပြီ၊ အဲဒါသေပြီးတော့ လက်နက်တွေ ပြန်သိမ်းသွားတာ၊ သူက အပြင်မထွက်ရဲဘူး၊ အိမ်ထဲမှာပဲ ပုန်းနေတာ၊ အခုက ရွာရဲ့အရှေ့ဘက်မှာရှိတဲ့ သူ့ကြက်သွန်ခင်းကို သွားကြည့်ပြီး ပြန်လာတာ၊ လက်ကောက်လို့ ဒီအနီးအနားပတ်ဝန်းကျင်မှာ နားမည်ကြီးတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ကျောက်မြေကျေးရွာစာရေး ဟန်ဝင်းအောင်(ခ)လက်ကောက် ရုပ်အလောင်းကို ဇဂျမ်းရဲစခန်းမှ ရဲများလာရောက်စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။"]
https://yktnews.com/2024/08/177551/
ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုလုပ်
["ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၆", "ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေတခုတွင် ဩဂုတ်လ ၅ ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါ သင်တန်းဆင်းပွဲသို့ အခြေစိုက်ဒေသရှိ KNU/KNLA မှ တာဝန်ရှိသူများ၊ ပဲခူးခရိုင်ပကဖ တာဝန်ခံများ၊ မဟာမိတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်၅ ၌ ရဲဘော်ရဲမေစုစုပေါင်း ၃၃ ဦး အမျိုးသား ၂၉ ဦး ၊ အမျိုးသမီး ၃ ဦး၊ LGBTQ ၁ ဦး အောင်မြင်စွာသင်တန်းဆင်းနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/91938/
ကသာ-နဘားလမ်းပေါ်တွင် ကား ၄၆ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
["ကသာ-နဘားလမ်းပေါ်တွင် ကား ၄၆ စီးပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၂", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကသာ-နဘားလမ်းပိုင်း ဆယ်မိုင်ကျောက်ခွဲစက်အနီးတွင် ခမရ ၃၀၉ တပ်မှ ထွက်လာသော စစ်ကား ၄၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း Indaw Revolution –IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ယနေ့မတ်လ ၁၂ ရက် နံနက် ၈ နာရီခန့်က ကသာမြို့နယ် ခမရ ၃၀၉ တပ်မှ ထွက်လာသော အကြမ်း ဖက်စစ်ကား ၄၆ စီးပါယာဉ်တန်းကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရရှိကာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း သိရသည်။", "“ဒီနေ့မနက် ကသာ ခမရ ၃၀၉ တပ်ထဲကနေ ထွက်လာတာ၊ တနေ့က သပိတ်ကျင်းဘက်ကနေ တက် လာတဲ့ကောင်တွေပါ၊ ပျက်တဲ့ကားနှစ်စီးက ပင်းမလွတ်ရွာဘက်ကို အရပ်သားကားတွေနဲ့ သယ်သွား တယ်၊ သေတဲ့ကောင်တွေ၊ ဒဏ်ရာရတဲ့ကောင်တွေကို အင်းတော်စစ်တပ်ကုန်းထဲ သယ်သွားတယ်၊ အဲဒီမှာပဲ မြှုပ်လိုက်တယ်၊ KIA ၊ PDF ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု Indaw Revolution –IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "လက်ရှိတွင် ယင်းအကြမ်းဖက်စစ်ယာဉ်တန်းမှ ကား ၄၄ စီးသည် စစ်ကုန်းဘုန်းကြီးကျောင်း၊ လက်ပံ ကုန်းဘုန်း ကြီးကျောင်း၊ လဝကရုံးနှင့် အင်းတောမြို့နယ် ဘောလုံးကွင်းထဲတွင် ရောက်ရပ်နားကာ တပ်စွဲနေရာယူထားကြောင်း သိရသည်။", "ဓာတ်ပုံ-မြိုင်မြို့နယ်တွင် စစ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်မှု မြင်ကွင်း။", "Photo-မြိုင်ပကဖ။"]
https://yktnews.com/2023/06/106537/
ကသာတွင် စစ်တပ်က ဇွန်လဆန်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာ များကို ဆက်တိုက် မီးရှို့၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ပြည်သူများကို ပေါ်တာဆွဲခြင်းများ စစ်တပ်က လုပ်ဆောင်ခဲ့
["ကသာတွင် စစ်တပ်က ဇွန်လဆန်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေပြီး ကျေးရွာ များကို ဆက်တိုက် မီးရှို့၊ ထိတွေ့တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ပြည်သူများကို ပေါ်တာဆွဲခြင်းများ စစ်တပ်က လုပ်ဆောင်ခဲ့", "ရန်ကုန်၊ ဇွန် ၇", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်က ဇွန်လဆန်းမှစတင်၍ စစ်တပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများကို ဆက်တိုက်မီးရှို့မှုများလုပ်ဆောင်လာကာ PDF တပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ အတွင်း စစ်တပ်ဘက်မှ ၃ ဦးထက်မနည်း သေဆုံးကြောင်း ကသာပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။", "ဇွန်လ ၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက ကသာမြို့နယ်အတွင်း ဝင်ရောက်လာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်နေ့ နံနက် ၄ နာရီဝန်းကျင် သံပုရွာ အထက်ဘက်တွင် ကသာခရိုင် PDF တရင်း ၁ နှင့်စစ်တပ် စစ်ကြောင်းအကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် နွယ်နီအိုင်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းနှင့် KIA ၊ ပကဖ တပ်များအကြား ပိလ္လဟာကျေးရွာ အနီးထိတွေ့မှုဖြစ်ပွားကြောင်း၊ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းက ပြည်သူ ၅၀ ကျော်ကို စစ်ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်လာကြောင်း၊ တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုနှင့် ရွာအတွင်း ဝင်ရောက်ပစ်ခတ်မှုများကြောင့် ပိလ္လဟာကျေးရွာမှ အသက် ၆၀ အရွယ် ဒေါ်သန်းလှ လက်မောင်းဒဏ်ရာရကြောင်း၊ ယင်းနောက် ညောင်ခြေထောက်ကျေးရွာမှ နေအိမ်နှင့် လှေများကို စစ်တပ်က မီးရှို့ခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၂ ရက်နေ့ ည ၈ နာရီအချိန် ကသာမြို့နယ် နတ်လှိုင်ရွာ မှ စစ်တပ်စစ်ကြောင်းကို KIAနှင့် မိုးတားပကဖ ပူးပေါင်းတပ်များက သါားရောက် ပစ်ခတ်ခဲ့ကြောင်း၊ ဇွန်လ ၂ ရက်နေ့တွင် ပိလ္လာဟာကျေးရွာနှင့် ညောင်ခြေ ထောက်‌ကျေးရွာမှ နေအိမ် ၇၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၅ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လှေဘိုကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ဇွန်လ ၆ ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ကသာမြို့နယ်၊ နတ်လှိုင်ကျေးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ရေပြာချောင်းအနီး KIA+မိုးတား ပကဖ များနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ ၂၀ မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး စစ်တပ် ၃ ဦးထက် မနည်းသေနိုင်ပြီး ဒဏ်ရာများရနိုင် သိရှိရသည်။", "ယင်းနေ့ ဇွန်လ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ", "၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် စစ်တပ် တိုက်လေယာဉ် ဖြင့် အင်းကြီးရွာ ၊ပွဲစမိတ်ရွာ၊ ကိုးလောင်ကျွန်း စသည့်နေရာများကို ပစ်ခတ်သွားခဲ့ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် အင်းကြီးရွာအထက်ဘက်မှ တဲတစ်လုံး မီးလောင်ပြီး ပြည်သူတစ်ဦး လက်မောင်းဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ဇွန်လ ၇ ရက်နေ့တွင် ကသာမြို့နယ်၊ မင်းလယ်အနီး ဘုရားငါးဆူမှ ထွက်သော စစ်ကြောင်းက မက်လင်ချောင်ရွာမှ ပြည်သူများကို စစ်ပေါ်တာ အဖြစ် ခေါ်ဆောင်သွားကြောင်း ၊ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင်အင်းရွာ သပြေသာမှ စစ်ကြာင်းသည် ပျဉ်လေးပင်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83744/
ကသာတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၂ နှစ် အရွယ် မမိထော် သေဆုံးပြီးနောက် မိခင်ဖြစ်သူ စိတ်ဖောက်ပြန်၊ သားဖြစ် သူလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိထား
["ကသာတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၂ နှစ် အရွယ် မမိထော် သေဆုံးပြီးနောက် မိခင်ဖြစ်သူ စိတ်ဖောက်ပြန်၊ သားဖြစ် သူလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိထား", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာသို့ စစ်တပ်က လက် နက် ကြီး ၁၂၀ မမဖြင့် ပစ်ခတ်ရာတွင် အသက် ၁၂ နှစ်အရွယ် မမိထော် ထိမှန် သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူမှာ စိတ်ဖောက်ပြန်သွားကြောင်း ဒေသ ပြည်သူ များထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကသာမြို့နယ်၊ ကျောက်ထုံး ကြီး ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ ပစ်ခတ်ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ မှန်၍ အသက် ၁၂ နှစ်အရွယ် မမိထော် သေဆုံးပြီး အသက် ၁၃ နှစ် အရွယ် မောင်ထော်ကြီး ဒဏ်ရာရရှိကြောင်း၊ မိခင်ဖြစ်သူမှာ သမီးဖြစ်သူ သေဆုံးမှုကို မြင်တွေ့ရပြီး စိတ်ဖောက်ပြန်သွားကြောင်း သိရှိရသည်။", "“ပစ်တာက ကသာမြို့အနီးက အောင်မြေသာစည်ကျေးရွာ ဘုန်းတော် ကြီး ကျောင်း အတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ ပစ်လိုက်တာ။ လက်နက်ကြီး အရေအတွက်က ၉လုံးပစ်တာမှာ ၈ လုံး က ရွာအပြင်ကျတယ်။ လက်နက်ကြီး ၁ လုံးကတော့ ရွာ အလယ်ခေါင် ကျတာ။ အသက် ၁၂နှစ်အရွယ် ကလေးမလေး ကျည်ထိမှန်သေဆုံးပြီး အသက် ၁၃ နှစ်အရွယ်ကလေး ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသ ပြည် သူတစ်ဦးက ပြောသည်။", "ကျောက်ထုံးကြီးကျေးရွာ နေအိမ်တွင် ရှိနေသော ဦးဆန်းလင်းနှင့်ဒေါ်မျိုး တို့၏ သမီးငယ် မမိထော၏ ဦးခေါင်းကို စစ်တပ်က ပစ်ခတ်လိုက်သော လက်နက် ကြီး ထိမှန် ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူ ဒေါ်မျိုးမှာ စိတ်ဖောက် ပြန်နေကြောင်း သိရှိရသည်။", "“သမီးလေး သူတို့ရှေ့မှာပဲ ဆုံးသွားတာ မြင်တော့ အမေက စိတ်တွေပုံမှန် မဖြစ် တော့ဘူး ။ အငယ်ဆုံး သမီးလေး သေသွားတာဆိုတော့ မိခင်က စိတ်မနှံ့ သလို ဖြစ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "စစ်ကောင်စီက ကျောက်ထုံးကြီးကျေးရွာကို ယခင်ကလည်း လက်နက် ကြီး များ ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသူတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81994/
ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကို စစ်တိုက် လေ ယာဉ် များ ဖြင့် ဗုံးကျဲချမှုကြောင့် သေဆုံးသူ ပြည်သူ ၇ ဦးနှင့် ဒဏ်ရာရရှိသူများ စာရင်း ထွက်ရှိ လာ
["ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကို စစ်တိုက် လေ ယာဉ် များ ဖြင့် ဗုံးကျဲချမှုကြောင့် သေဆုံးသူ ပြည်သူ ၇ ဦးနှင့် ဒဏ်ရာရရှိသူများ စာရင်း ထွက်ရှိ လာ", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာကျေးရွာအုပ်စုကို စစ်တပ်က လေယာဉ် ဖြင့် ဗုံး ကျဲချမှုကြောင့် ပြည်သူ ၇ ဦး သေဆုံးပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူး လွန် ခြင်း ဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့် PDF၊ ABSDF မဟာမိတ် တပ် များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း၊ က သာ မြို့နယ် မိုးတားကျေးရွာ အထက်ဖက် ဆိပ်သာ ဘုရားအနီး ABSDF ဦး ဆောင် သော တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား ခြင်း ဖြစ် ကြောင်း သိရှိရသည်။", "ယင်းနောက် ယမန်နေ့ ၆ နာရီကျော်ဝန်းကျင်အချိန် မြစ်ကြီးနားမှ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် မိုး တား ရွာ စေတီရပ်နှင့် တိုက်ကုန်းရွာသို့ ဗုံးကျဲသဖြင့် ပြည်သူ ၇ ဦးဗုံး ထိမှန် ခြင်း၊ မီးလောင်သေဆုံးခြင်းများ ဖြစ်ပေါ်ပြီး ပြည်သူ ၃၀ ကျော် ဒဏ်ရာ ရရှိ ကြောင်း၊ ABSDF ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိ ကြောင်း သိရှိရ သည်။", "စစ်လေယာဉ်ဖြင့် ဗုံးကျဲချသည့် မိုးတာလေးကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာမဟုတ်သည့်အပြင် စစ်ရေးပစ်မှတ်လည်း မဟုတ်ဘဲ အရပ်သား ပြည် သူ များ နေထိုင်သည့်နေရာဖြစ်ကြောင်း၊ ပြည်သူများနေထိုင်သည့် ကျေးရွာ ကို ဗုံးကျဲချခြင်းဖြင့် စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကသာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။", "“မနေ့က စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချတာက မိုးတာလေးကျေးရွာ အုပ်စုထဲကို ကျဲချတာ။ တိုက်ပွဲဖြစ်တာက အဝေးမှာ ဖြစ်တာ။ အဲဒါကို ရွာထဲ ကို ကျဲချတာ။ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။ ပြည်သူတွေနေထိုင်တဲ့နေရာ က စစ်ရေးပစ်မှတ် လည်း မဟုတ်ဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။ မနေ့က ၆ ဦး သေ ဆုံး တယ်။ ခေါင်းကို ထိထားတဲ့ တစ်ဦး ဒဏ်ရာနဲ့ ထပ်သေဆုံးပါတယ်။ စုစု ပေါင်း သေဆုံးသူ က လက်ရှိမှာ ၇ ဦးပါ” ဟု ကသာ PDF က ပြောသည်။"]
https://yktnews.com/2023/01/81832/
ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် မိုးတာလေးကျေးရွာကို စစ်တိုက် လေ ယာဉ်များ ဖြင့် ဗုံးကျဲချမှု စစ်ရာဇဝတ်မှုကျူးလွန်ဖြစ်ပြီး ဗုံးထိ သေဆုံးသူ ပြည်သူ ၇ ဦးအထိရှိလာ
["ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် မိုးတာလေးကျေးရွာကို စစ်တိုက် လေ ယာဉ်များ ဖြင့် ဗုံးကျဲချမှု စစ်ရာဇဝတ်မှုကျူးလွန်ဖြစ်ပြီး ဗုံးထိ သေဆုံးသူ ပြည်သူ ၇ ဦးအထိရှိလာ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ကျဲချမှုကြောင့် ပြည်သူ ၇ ဦး သေဆုံးပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူး လွန် ခြင်း ဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့် PDF၊ ABSDF မဟာမိတ် တပ် များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း၊ က သာ မြို့နယ် မိုးတားကျေးရွာ အထက်ဖက် ဆိပ်သာ ဘုရားအနီး ABSDF ဦး ဆောင် သော တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား ခြင်း ဖြစ် ကြောင်း သိရှိရသည်။", "ယင်းနောက် ယမန်နေ့ ၆ နာရီကျော်ဝန်းကျင်အချိန် မြစ်ကြီးနားမှ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် မိုး တား ရွာ စေတီရပ်နှင့် တိုက်ကုန်းရွာသို့ ဗုံးကျဲသဖြင့် ပြည်သူ ၇ ဦးဗုံး ထိမှန် ခြင်း၊ မီးလောင်သေဆုံးခြင်းများ ဖြစ်ပေါ်ပြီး ပြည်သူ ၃၀ ကျော် ဒဏ်ရာ ရရှိ ကြောင်း၊ ABSDF ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိ ကြောင်း သိရှိရ သည်။", "စစ်လေယာဉ်ဖြင့် ဗုံးကျဲချသည့် မိုးတာလေးကျေးရွာသည် တိုက်ပွဲဖြစ်ပွား သည့် နေရာနှင့် ၅ မိုင်အကွာတွင်ရှိပြီး စစ်ရေးပစ်မှတ်လည်း မဟုတ်ဘဲ အရပ်သား ပြည် သူများ နေထိုင်သည့်နေရာဖြစ်ကြောင်း၊ ပြည်သူများနေထိုင်သည့် ကျေးရွာ ကို ဗုံးကျဲချခြင်းဖြင့် စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။", "“မနေ့က စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချတာက မိုးတာလေးကျေးရွာထဲကို ကျဲချတာ။ တိုက်ပွဲဖြစ်တာက ၅ မိုင်အကွာလောက်မှာ ဖြစ်တာ။ အဲဒါကို ရွာထဲ ကို ကျဲချတာ။ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။ ပြည်သူတွေနေထိုင်တဲ့နေရာ က စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။ မနေ့က ၆ ဦး သေ ဆုံး တယ်။ ဒီနေ့ မနက် ခေါင်းကို ထိထားတဲ့ တစ်ဦး ထပ်သေဆုံးပါတယ်။ စုစု ပေါင်း သေဆုံးသူက လက်ရှိမှာ ၇ ဦးပါ။ ကျနော်တို့ အသေးစိတ်စာရင်းတွေရရင် ပြန်ဆက်သွယ်ပေးပါ့မယ်။ အခု ဒဏ်ရာရသူ တွေကိုလည်း ကူညီပြီး ရှင်းလင်း ရေး လုပ်နေပါတယ်” ဟု ကသာ PDF က ပြောသည်။", "စစ်ကောင်စီက လေယာဉ်ဖြင့် မိုးတားလေးကျေးရွာ ဗုံးကျဲချ၍ သေဆုံးသူ များမှာ-", "၁- ဒေါ်ညို", "၂-ဒေါ်တင်ငြိမ်း", "၃-မစန်း", "၄-ကိုအေးနိုင်", "၅-ဒေါ်ခင်မာကြည်", "၆-ဦးမောင်လွင်", "၇-အမည်မသိ (ဒဏ်ရာဖြင့် ယနေ့ နံနက်သေဆုံး)", "တို့ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မိုးတားလေးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် သေဆုံးသွားသည့် အရပ်သားပြည်သူတစ်ဦး။"]
https://yktnews.com/2023/09/123480/
ကသာနှင့်ရွှေကူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၈၀ ကျော်နှင့် စက်လှေ အစီး ၄၀ ကို မီးရှို့ဖျက်ဆီး
["ကသာနှင့်ရွှေကူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၈၀ ကျော်နှင့် စက်လှေ အစီး ၄၀ ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တို့တွင် စစ် တပ် က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ်အလုံး ၈၀ ကျော်နှင့်စက်လှေ အစီး ၄၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့က ထုတ်ပြန်ပြော ဆို သည်။", "စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ ဗန်းမော်မြို့သို့ တက်လာသော စစ်ကောင်စီ ရိက္ခာတင် သင်္ဘော(ပုံညာ)၊ ကမ်း ထိုး တိုက်ခိုက်ရေး သင်္ဘောအကြီးတစ်စီး၊ တိုက် ခိုက်ရေး စစ်သင်္ဘောအသေး ၂ စီး နှင့် လက်နက်ရိက္ခာ တင်ထားသည့် ဖလပ်ခွံ့တွဲတွန်း သင်္ဘော ၂ စီး အပါ အဝင် စုစုပေါင်း သင်္ဘော ၆ စီးမှာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၁၇ နှင့် ပျူစောထီးပူးပေါင်း အင် အား ၈၀ ခန့် လုံခြုံရေးလိုက်ပါလျက် မြစ်ကမ်းရိုး တလျှောက် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်သင်္ဘောအုပ်စု နှင့် စစ် ကြောင်းများသည် စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ကသာမြို့သို့ ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သိရသည်။", "စက်တင်ဘာ ၁၇ ရက်နေ့တွင် စစ်သင်္ဘောအုပ်စုသည် ကသာမြို့မှ ဆက်လက် ဆန်တက်လာကာ ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာမှ နေအိမ် ၃၄ လုံးကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ တုတ်ကြီးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၈ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း၊ ယင်းနောက် ကသာမြို့မှ သင်္ဘောများ ဆက်လက် ဆန်တက်လာပြီး ငါးအိုးကျေးရွာတွင် အထိုင်ချထားသော ခလရ ၁၂၁ တပ်မှ အင်အား ၆၄ ဦး နှင့် ခလရ ၃၁၉ မှ တပ်သားအင်အား ၂၆ ဦး ထပ်မံ ဖြည့်တင်းခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီခန့်အချိန် စစ်သင်္ဘောအုပ်စုက ရွှေကူ မြို့ နယ်၊ ရေပျံလေးကျေးရွာတွင် ဆိုက်ကပ် ည အိပ်ရပ်နားခဲ့ရာ ဆင်တပ် ကျေးရွာမှ စစ်တပ်က လုံခြုံရေးယူပေးခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ ရပ်နား ပြီး စက်တင် ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် စစ်တပ်က ရွှေဖောင်စက်လှေ အစီး ၄၀ ခန့်ကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ရေလဲကျေးရွာမှ ပြည်သူ့နေအိမ် ၄၅ လုံးကိုလည်း ဆက် လက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ မိုးစစ်ကျေးရွာမှ ပြည်သူ့နေအိမ် ၂ လုံးကို ထပ်မံ မီးရှို့ ဖျက်ဆီး ကာ ဈေးဆိုင်တစ်ဆိုင်အတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူလုယက်သွားကြောင်း သိရသည်။"]
https://yktnews.com/2023/12/134421/
ကသာမြို့နယ်တွင် Non CDM ဝန်ထမ်း ၁၀၀ ကျော်နှင့် စစ်သား၊ ရဲ ၊ အကျဥ်းထောင် ဝန်ထမ်း ၄၄ ဦး အလင်းဝင်
["ကသာမြို့နယ်တွင် Non CDM ဝန်ထမ်း ၁၀၀ ကျော်နှင့် စစ်သား၊ ရဲ ၊ အကျဥ်းထောင် ဝန်ထမ်း ၄၄ ဦး အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် Non CDM ဝန်ထမ်းများ အလင်းဝင်ရောက်ကြရန် ၂ ကြိမ် ထုတ် ပြန်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်နက်မကိုင်ဝန်ထမ်း ၁၀၀ကျော်နှင့် စစ်သား၊ ရဲ ၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၄၄ ဦး ပြည်သူ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ကသာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၁၄ ရက် နောက်ထား၍ ကသာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက် ခံ Non CDM ဝန်ထမ်းများအနေဖြင့် လုပ်ကိုင်နေဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်ပြီး ဌာန ဆိုင်ရာ စာ ရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေး အစိုးရထံ အလင်းဝင်ကြရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။", "ထိုသို့ ထုတ်ပြန်ပြီးနောက် လက်နက်ကိုင် စစ်သား၊ ရဲ များမပါ စစ်ကောင်စီ လက်အောက်ခံ ဌာန ဆိုင်ရာ Non CDM ဝန်ထမ်း ၅၆ ဦး၊ ဒုတိယအကြိမ်တွင် ၂၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရ သည်။", "ထို့သို့ အလင်းဝင်ရောက်မှုများရှိလာပြီးနောက် ကြေညာချက်တွင် ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ် ကို အကြမ်းဖက်စစ်ကောင်စီက ပိတ်ပစ်ခတ်ခဲ့ ကြောင်း၊ ထို့ကြောင့် ထပ်မံ အလင်းဝင်ရောက်လိုသူ များ အနေဖြင့် @kathapap Telegram သို့ ဆက် သွယ်နိုင်ကြောင်း အသိပေးထားသည်။", "“လက်ရှိမှာတော့ သူတို့ကို စစ်ကောင်စီနဲ့ မပတ်သက်ဖို့ ကတိခံဝန်ပြုခိုင်းထားပြီး နေရပ်မှာ ပြန်လည် နေထိုင်ခွင့်ပြုထားပါတယ်၊ လက်နက်ကိုင်ဝန်းထမ်းဖြစ်တဲ့ စစ်သား၊ ရဲ၊ အကျဉ်းဦးစီးဌာနက ၄၄ ဦး အရင်က ဝင်ရောက်မှုရှိခဲ့ပါတယ်၊ နောက်ထပ် ထပ်တိုးဝင်ရောက်လာသူတွေလည်းရှိနေပါတယ်၊ ထပ်တိုးတာက ၃၀ ကျော်ပြီ၊ ပြည်သူတွေကို အကြော်ငးမဲ့သတ်ဖြတ်၊ ပြည်သူ့နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် ရည်တည်မနေပဲ အချိန်မနှောင်းခင် ပြည်သူနဲ့အတူ လက်တွဲကြပါလို့ အလင်းမဝင်ရောက်ရသေးတဲ့ Non CDM ဝန်ထမ်းတွေကို တိုက် တွန်းချင်ပါတယ်” ဟု ကသာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "အလင်းဝင်ရောက်မည့် Non CDM ဝန်ထမ်းများသည် အစိုးရ ဌာနဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တို့က ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း၊ ပစ္စည်းကိရိယာတန်ဆာပလာနှင့် အခြားပစ္စည်းများကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည် ဖြစ် ကြောင်း အသိပေထားသည်။", "CDM ဝန်ထမ်းများကို ထိထိရောက်ရောက် ကူညီခြင်း၊ တောင်လှန်ရေးကို ထိထိရောက်ရောက် ပါဝင် ကူညီခြင်း ပြုခဲ့သည်ဟု အထောက်အထားခိုင်လုံသည့် Non CDM ဝန်ထမ်းများက မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် လျှောက်ထားပါက “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု – CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း”နှင့်အညီ စနစ်တကျ စိစစ်၍ ကာလတို စာချုပ် ဖြင့် တာဝန်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ အလင်းဝင် ရောက်ခြင်းမရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ အ ပြစ် ပေးခြင်းခံရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/96572/
ကသာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၆ ရက်ဆက် စီးနင်း မီးရှို့ပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲ သောကြောင့် ရွာလုံးကျွတ် ပြာကျ
["ကသာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၆ ရက်ဆက် စီးနင်း မီးရှို့ပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲ သောကြောင့် ရွာလုံးကျွတ် ပြာကျ", "ရန်ကုန်၊ ဧပြီ ၉", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၆ ရက်ဆက် စီးနင်းမီးရှို့ပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲသောကြောင့် ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ၇ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ကသာမြို့နယ်၊ ပေလမ်းကုန်း၊ ကျွန်းတောကုန်နှင့် ပျဥ်းလေပင်ရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် အဆိုပါ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "” ကသာမြို့နယ် ပေလမ်းကုန်း၊ ကျွန်းတောကုန်း နဲ့ ပျဉ်းလေးပင်ရွာတွေကို ၆ ရက်ဆက် စစ်ခွေးတွေက စီးနင်းမီးရှို့ခဲ့တယ်။ နောက်ပြီး ၄ ရက်နေ့ ည ၈ နာရီမှာ တိုက်လေယာဥ်နဲ့ ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးလို့ကျေးရွာ ၃ ရွာကတော့ ရွာလုံးကျွတ် နီးပါး ပြာကျသွားပြီ” ဟု Tigyaing Revolution – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ထီးချိုင့်မြို့နယ် ဝဲကြီး(ကမ်းနီ)ရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။", "Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပေလမ်းကုန်းရွာရှိ ပြည်သူပိုင် နေအိမ်များအား တွေ့ရစဥ်"]
https://yktnews.com/2023/06/106645/
ကသာမြို့နယ်ရှိ ဒိုးပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို လု ယက် ဖျက်ဆီး
["ကသာမြို့နယ်ရှိ ဒိုးပင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို လု ယက် ဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၇", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဒိုးပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာထဲ၌ တပ်စွဲထားသောကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က ကသာမြို့နယ်၊ ဒိုးပင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ၎င်းတို့ ယူဆောင်လာသည့် အမည်စာရင်း အတိုင်း တစ်အိမ်ဝင် တစ်အိမ်ထွက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ဘက်ရှိချိန်ထိ ကျေးရွာထဲမှ ပြန်လည် ထွက်ခွာခြင်း မရှိဘဲ တပ်စွဲထားသောကြောင့် လက်ရှိချိန်ထိ မီးငြိမ်းနိုင်ခြင်းမရှိသေးဘဲ မီးလောင်ကျွမ်းလျက်ရှိကြောင်း သိရသည်။", "” ဒိုးပင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့နေတာပါ။ မွန်းလွဲ ၁၂ နာရီလောက်တည်းက မီးစရှို့ခံရတာ အခုထိ မီးမငြိမ်းသေးဘူး။ ဒလန်သတင်းပေးမှုကြောင့် အမည်စာရင်းနဲ့ လာရှို့တာ ပျက်စီးဆုံးရှုံးမှုတော့ မသိရသေးဘူး။ ရွာထဲ မဝင်ရလို့ မသိရသေးဘူး။ စစ်ခွေးတွေက အင်အား ၇၀ ကျော်လို့သိရတယ်။ လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်တာ နွားတွေလည်း ထိမှန်သေတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၄ ရက်နေ့က မုံရွာမှ ကူးလာသာည့် အင်အား ၈၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာတွင် တစ်ညအိပ်တပ်စွဲကာ ဘုန်းကြီးကျောင်းရှိ အစားသောက်များကို အတင်း အဓမ္မ စားသောက်ခဲ့ကြောင်း၊ ဇွန် ၅ ရက်နေ့တွင် ယင်း စစ်ကြောင်းက ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ဝမ်းပေါင်အနီးရှိ ကျော်ရွာမှ အမျိုးသားတစ်ဦးကို ဓားစာခံအဖြစ်စတင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။", "ဇွန်လ ၆ ရက်နေ့ နံနက် အစောပိုင်းတွင် မိုးကြိုးပြင်မြောက်ရွာကို ဝင်ပြီး ဒေသခံ ပြည်သူ ၁၂ ဦးကို အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းစစ်ကြောင်းသည် ယင်းမာပင်နှင့် ဆားလင်းကြီးအစပ်ရှိ ကောင်းဆင့်ရွာကိုညအိပ်တပ်စွဲခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကောင်းဆင်ရွာမှ ပြန်လည်ထွက်ခွာသွားပြီး ဆားလင်းကြီးမြို့နယ်၊ ရွှေသမင်ရွာကို ရောက်ရှိနေကာ ပြန်သူပိုင် တရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ပြီး ညအိပ်တပ်စွဲလျက်ရှိ​ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ ဝင်ရောက် စီးနင်းခဲ့သည့် ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ဒိုးပင်ရွာနှင့် ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးရှောင် ပြည်သူများ"]
https://yktnews.com/2023/01/83435/
ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် စစ်တပ် ပစ်ခတ်သော လက် နက် ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၁၃ နှစ် အရွယ် ကလေးငယ် ဒဏ်ရာရ
["ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် စစ်တပ် ပစ်ခတ်သော လက် နက် ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၁၃ နှစ် အရွယ် ကလေးငယ် ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ၂၇", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာတွင် စစ်တပ်က ပစ် ခတ် သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရရှိကြောင်း‌ ဒေသ ပြည် သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကသာမြို့နယ်၊ ကျောက်ထုံး ကြီး ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ ပစ်ခတ်ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ မှန်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၁၃ နှစ် အရွယ် ကလေးငယ် ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ပစ်တာက ကသာမြို့အနီးက အောင်မြေသာစည်ကျေးရွာ ဘုန်းတော် ကြီး ကျောင်း အတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ ပစ်လိုက်တာ။ လက်နက်ကြီး အရေအတွက်က ၉လုံးပစ်တာမှာ ၈ လုံး က ရွာအပြင်ကျတယ်။ လက်နက်ကြီး ၁ လုံးကတော့ ရွာ အလယ်ခေါင် ကျတာ။ အသက် ၁၂နှစ်အရွယ် ကလေးငယ်၁ ဦးကျည်ထိမှန်သေဆုံးပြီး အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသ ပြည် သူတစ်ဦးက ပြောသည်။", "စစ်ကောင်စီက ကျောက်ထုံးကြီးကျေးရွာကို ယခင်ကလည်း လက်နက် ကြီး များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသူတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116714/
ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီး
["ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ သြဂုတ် ၆", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကိုသတ်ဖြတ်ကာ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ငအိုး ၁၂၁ တပ်ရင်းက ကျောက်ထုံးကြီးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရွာထဲ၌ တပ်စွဲပြီး နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ၎င်းတို့ဖမ်းဆီးလာသည့် ပုလွေရွေရွာမှ ကိုငယ်လေးကိုလည်း ကျောက်ထုံးကြီးရွာအတွင်း သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "“ကျောက်ထုံးကြီးရွာထဲကို ၁၂၁ ငအိုး တပ်ရင်းက စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပစ်ခတ် ဝင်ရောက်လာပြီး ပြည်သူများကို ဘုန်းကြီးကျောင်း အတွင်း ဖမ်းဆီးထားကာ ၂၉ ရက်မှ ၃၁ ရက်နေ့ အထိ နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးတယ်။ နောက်ပြီး စစ်ခွေးတွေက သူတို့ ဓားစာခံအဖြစ် ဖမ်းလာတဲ့ ပုလွေရွေရွာသား ကိုငယ်လေးကိုလည်း သတ်ဖြတ်သွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/06/107053/
ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှ အလှူ ရှင် ကိုဖိုးညိုကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ကိုယ်ခန္ဓာကိုယ်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ပေးပြီး အလောင်းကိုစွန့်ပစ်ခဲ့
["ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာမှ အလှူ ရှင် ကိုဖိုးညိုကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ကိုယ်ခန္ဓာကိုယ်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ပေးပြီး အလောင်းကိုစွန့်ပစ်ခဲ့", "ရန်ကုန်၊ ဇွန် ၁၂", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် အလှူလုပ်နေစဉ် စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီး အလှူရှင် ကိုဖိုးညိုကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ကြောင်း ညောင်ခြေထောက်ကျေးရွာမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်း ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာတွင် ရွှေဖောင်လုပ်ငန်းရှင် ကိုဖိုးညိုသည် အလှူလုပ်နေပြီး အလှူအတွက် လှည့်လည်နေချိန် စစ်တပ်စစ်ကြောင်း ဝင်ရောက်လာကြောင်း၊ စစ်တပ်က အလှူရှင် ရွှေဖောင်လုပ်ငန်းရှင် ကိုဖိုးညိုကို ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးချိန်က ကိုဖိုးညိုသည် အလှူအတွက် အင်္ကျီအဖြူနှင့် ပုဆိုး ဝတ်ဆင်ထားကြောင်း၊ ယင်းနောက် စစ်တပ်က ကိုဖိုးညိုကို ဖမ်းဆီးသတ်ဖြတ်ပြီး ကိုယ်ခန္ဓာကိုယ်တွင် ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်ပေးပြီး အလောင်း ကို စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။", "“ကိုဖိုးညိုကို စစ်တပ်က ဖမ်းသွားတဲ့နေ့ ဇွန်လ ၁ ရက်နေ့မှာ ကိုဖိုးညိုဝတ်ထားတာက Solo အင်းကျီအဖြူနဲ့ပုဆိုးနဲ့ပါ။ စစ်တပ်က အခုသတ်ထားခဲ့တော့ ကိုယ်ခန္ဓာမှာ စစ်ဝတ်စုံ ဝတ်ပေးထားတယ်။ အသတ်ခံရတာတော့သုံးလေးရက်ရှိပြီ။ သူကရွှေဖောင်လုပ်တယ်။ သူ့အိမ်မှာ KIAကို အခွန်ဆောင်ထားတဲ့စာရွက်တွေရော NLD ပြက္ခဒိန်ရောတွေ့လို့ စစ်တပ်က ဖမ်းသွားတာ။ စစ်တပ်က သူ့ကို သတ်ပြီး အဝတ်တွေလဲထားခဲ့တယ်။ သူ့အလောင်းကို ပြန်တွေ့တာက အင်ရွာအုပ်စု နရသိန်ကျေးရွာဘက်မှာ ပြန်တွေ့တယ်။ သားသမီး ၃ ဦး ကျန်ရစ်ခဲ့တယ်။ ကိုဖိုးညိုက အသက် ၄၀ လောက်ရှိပါပြီ” ဟု အသတ်ခံရသူနှင့်နီးစပ်သူ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့ နံနက် ၄ နာရီအချိန် ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးအနားရှိ သံပုရာရွာ အထက်ဘက်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ညောင်ခြေထောက်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကိုဖိုးညိုအပါအဝင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းလုပ်ဆောင်ခဲ့ကြောင်း၊ ဇွန်လ ၂ ရက်နေ့တွင် ညောင်ခြေထောက်ကျေးရွာမှ နေအိမ် ၇၀ ခန့်ကို မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/105857/
ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျပြီး ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ
["ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျပြီး ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ", "ရန်ကုန်၊ ဇွန် ၃", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့တွင် ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။", "“ဇွန်လ ၁ ရက်နေ့က ဖြစ်သွားတာပါ စစ်တပ်က မီးရှို့ဖျက်ဆီးလို့ တစ်ရွာလုံး ပြာကျသွားပါပြီ ကသာမြို့နယ် ညောင်ခြေထောက်ရွာပါ။ အားလုံးပေါင်း နေအိမ်​ ၄၀၀ ကျော်ရှိပါတယ်။ တစ်ရွာလုံးကုန်ပြီး ပြည်သူတွေက အခု ဘုန်းကြီး ကျောင်းထဲ စုနေကြပါတယ်။ စားစရာ နေရာဝတ်စရာ ခက်ခဲနေပါတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/09/122929/
ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာကို စစ်သင်္ဘောအုပ်စု ဆိုက်ကပ်ပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ကာ ရွာကို မီးရှို့ ၊ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
["ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာကို စစ်သင်္ဘောအုပ်စု ဆိုက်ကပ်ပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ကာ ရွာကို မီးရှို့ ၊ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာကို စစ်သင်္ဘောအုပ်စုက ဆိုက် ကပ်လာပြီး ရွာသား ၆ ဦးကို သတ်ဖြတ်ကာ ရွာကို မီးရှို့ဖျက်ဆီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။", "စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်သင်္ဘောများက ကသာမြို့နယ်၊ တုတ်ကြီးကျေးရွာဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီး ကျေးရွာကို ဝင်ရောက်စီးနင်း ကြောင်း၊ ယင်းနောက် ကျေးရွာသား ၆ ဦးကို သတ်ဖြတ်ကာ အလောင်းများကို မီးရှို့ကြောင်း၊ တုတ်ကြီးကျေးရွာကိုလည်း ရွာလုံးကျွတ် မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ်က သတ်ဖြတ်သူတွေက အရပ်သား၊ ရွာသားတွေပါ ။ လက်နက်ကိုင် လည်းမဟုတ်ဘူး။ စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးတွေနဲ့ အပစ်ခံရလို့ သူ တို့ သင်္ဘောတစ်စီး ကျည်ထိမှန်ပြီး ပျက်စီးတယ်၊ သောင်တင်တာ ဖြစ်သွား တယ်။ အဲဒါကြောင့် ကျနော်တို့ ရွာဆိပ်ကမ်းကို သင်္ဘောကပ်ပြီး ရွာသားတွေ ကိုဖမ်းပြီး ၆ ဦးကို သတ်သွားတယ်။ အဲဒီ သတ်သွားတဲ့ အလောင်းတချို့ကို ရွာထဲက အိမ်တွေထဲထည့်ပြီး မီးရှို့သွားကြသေးတယ်။ နောက်ထပ်ရွာသားတွေ ပျောက်နေတယ်။ ရွာသား ၅ ဦးကို ဖမ်ဆီးခေါ်သွားကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စစ်ကောင်စီက တုတ်ကြီးကျေးရွာကို ရွာလုံးကျွတ် မီးတင်ရှို့ခဲ့ရာတွင် နေအိမ် ၃၇ လုံး မီးလောင်ပျက်စီးသွားကြောင်း၊ အဆိုပါ စစ်သင်္ဘောအုပ်စုသည် ဗန်းမော်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက် အရ သိရှိရသည်။"]
https://yktnews.com/2023/06/106724/
ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းများတွင် PDF ဝတ်စုံ ဝတ်ဆင်ပေး၊ စစ်တပ်က ဒိုးပင် ကျေးရွာကို မီးတင်ရှို့ခဲ့
["ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းများတွင် PDF ဝတ်စုံ ဝတ်ဆင်ပေး၊ စစ်တပ်က ဒိုးပင် ကျေးရွာကို မီးတင်ရှို့ခဲ့", "ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် ပြည်သူ ၂ ဦးကို စစ်တပ်က သတ် ဖြတ်ပြီး ကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၇ ရက်နေ့ တွင် စစ်တပ်က ကသာမြို့နယ် ဒိုးပင်ကျေးရွာသို့ ဝင်ရောက် လာပြီး ကျေးရွာကို မီးတင်ရှို့ကြောင်း၊ ယင်းနောက် ရွာဦးဘုန်းကြီးကျောင်းတွင် အသက် ၄၀ နှင့် အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရှိရသည်။", "“ဇွန်လ ၇ ရက်နေ့ ဒိုးပင်ကျေးရွာ၊ မယသိမ် ရွာဦး ဘုန်းကြီးကျောင်းရောက်နေတဲ့ စစ်ခွေးတွေက အသက် ၄၀ ဝန်းကျင်နှင့် ၃၀ ကျော်ဝန်းကျင်ရှိ ပြည်သူ အမျိုးသား ၂ ဦးကို ဦးခေါင်းနောဘက်ကနေ ပစ်ခတ်ပြီး သတ်ဖြတ်တယ်။ ပြီးတော့PDF ဝတ်စုံ တွေကို အလောင်းမှာ ဝတ်ပေးတယ်။ အလောင်းတွေကို ဘုန်းကြီးကျောင်း ကျောင်းအရှေ့ဘက် မီတာ ၁၀၀ ခန့်တွင် မြုပ်ထားခဲ့တယ်။ ဘယ်ရွာသားတွေလဲဆိုတာ စုံစမ်းနေဆဲပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ဒိုးပင်ရွာကျေးရွာကို မီးတင်ရှို့ရာတွင် နေအိမ်အများအပြား ပြာကျသွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က မီးတင်ရှို့နေသော ကျေးရွာတစ်ခု။ (ယခုနှစ်အတွင်းပုံဖြစ်ပါသည်။)"]
https://yktnews.com/2023/01/83783/
ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က နေအိမ် အဆောက်အအုံ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး
["ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က နေအိမ် အဆောက်အအုံ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၉", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ နေအိမ် အဆောက်အအုံ ၃၀ ကျော်ကို မီးရှို့ဖျက် ဆီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုကြသည်။", "ဇန်နဝါရီ ၂၈ ရက်နေ့တွင် ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာအတွင်းသို့ စစ်ကောင် စီတပ်များက ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေအိမ်များ၊ အဆောက် အအုံများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများကို အကြောင်း မဲ့ မီးရှို့ ဖျက်ဆီးသွားကြောင်း၊ တန်ဖိုးရှိပစ္စည်းများကိုလည်း လု ယက် ခိုးယူ ယူဆောင်သွားကြောင်း သိရှိရသည်။", "“ပြာကျသွားတဲ့ အဆောက်အအုံက ၃၀ ကျော်ရှိပါတယ်။ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဉ်းက ပြောဆိုသည်။"]
https://yktnews.com/2023/12/137526/
ကသာမြို့နယ်၊ မိုးတားလေး ရဲစခန်းတွင် PDF တပ်ဖွဲ့များ ရောက်ရှိနေစဉ် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချမှု တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး
["ကသာမြို့နယ်၊ မိုးတားလေး ရဲစခန်းတွင် PDF တပ်ဖွဲ့များ ရောက်ရှိနေစဉ် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချမှု တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးရဲစခန်းတွင် PDF တပ်ဖွဲ့များ ရောက်ရှိနေစဉ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချသဖြင့် တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန် PDF တပ်ဖွဲ့ဝင်တချို့က မိုးတားလေး ရဲစခန်းတွင် ရောက်ရှိနေစဉ် ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲခဲ့ကြောင်း၊ ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချမှုကြောင့် မိုးတားလေး ရဲစခန်း အပါအဝင် အိမ်များစွာ ပျက်စီးထိခိုက်ခဲ့ပြီး PDF ၁ ဦးကျဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှာ မနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ဒလန်ရဲ့ သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ လာရောက် တိုက်ခိုက်ပါတယ်။ မြို့လှ KPDF ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးပြီးတော့ တော်လှန်ရေးရဲဘော် ၃ ဦးဒဏ်ရာ ရသွားပါတယ်။ လေကြောင်းနဲ့ ဗုံးကျဲချတာက ပေါင်၅၀၀ဗုံးနဲ့ ၂ လုံးချသွားပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "အကြမ်းဖက်စစ်ကောင်စီက နယ်မြေ စိုးမိုးမှု မရှိနိုင်သော ဒေသများ၊ မြေပြင် စစ်ကောင်စီ ကြည်းတပ်များ မရောက်ရှိနိုင်သော ဒေသများကို လေ ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိပြီး ပြည်သူများသေဆုံးထိခိုက်မှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/84161/
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး၊ အလယ်ကျွန်းရွာတွင် စာသင်ကျောင်း အပါအဝင် လူနေအိမ် ၄၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့
["ကသာမြို့နယ်၊ မိုးတားလေးကျေးရွာကို စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး၊ အလယ်ကျွန်းရွာတွင် စာသင်ကျောင်း အပါအဝင် လူနေအိမ် ၄၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ၊ စေတီရပ်၊ ပေါက်ကုန်းတန်းရှိ နေအိမ်များကို စစ်တပ်က ယမန်နေ့ ထပ်မံ မီးရှို့ဖျက်ဆီးကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၃ နာရီ စတင်ကာ မိုးတားလေးကျေးရွာ စေတီရပ် ပေါက်ကုန်းတန်းရှိ နေအိမ် ၇ လုံးကို စစ်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း၊ အခြားနေအိမ်များသို့ မီးမကူးစေရန် ပြည်သူများ မီးငြိမ်းသတ်ခဲ့ရကြောင်း၊ ယမန်နေ့ ည ၇ နာရီ ၃၀ မိနစ် အချိန်တွင်လည်း စေတီရပ်တွင်ပင် ပြည်သူ ၂ ဦး၏ နေအိမ် ထပ်မံ မီးရှို့ခံရကြောင်း၊ လက်ရှိတွင် စစ်တပ်က မိုးတားလေးကျေးရွာတွင် ရောက်ရှိနေကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က စာသင်ကျောင်း အပါအဝင် လူနေအိမ် ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၂၁ တပ်မှ တပ်သားအင်အား ၁၀၀ ကျော် ဖြင့် ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် ကသာခရိုင် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲ သည် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကြာမြင့်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ စစ်ဗိုလ် ၁ ဦး၏ ဒူးဆစ် အထက် မိုင်းစထိမှန်ဒဏ်ရာရရှိ၍ ရဟတ်ယာဉ်ဖြင့် သယ်ယူသွားကြောင်း သိရသည်။", "“တိုက်ပွဲက ၂ ရက်ကြာတယ်၊ စစ်ခွေးတွေက အထိနာတော့ အလယ်ကျွန်း ရွာကို သေဆုံးစစ်ခွေး အ လောင်းတွေနဲ့ အတူမီးရှို့သွားတာ၊ ၈ ကောင်သေတယ်၊ ဗိုလ်တစ်ဦးက ဒူးဆစ်အထက်နား မိုင်းစ ထိ မှန်တာ ထုတ်မရလို့ ရဟတ်ယာဉ် နဲ့ သယ်သွားတယ်၊ နယ်မြေရှင်းလင်းရင်းနဲ့ စစ်ခွေး အလောင်း တွေ တွေ့ခဲ့ တယ်” ဟု ကသာခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။", "တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အကြမ်းဖက်စစ်သားများ ဝင်ရောက်မီးရှို့ သွား ရာနေရာများကို နယ်မြေ ရှင်း လင်း ရေးလုပ်ဆောင်ခဲ့ရာ သေဆုံးစစ်သား အလောင်းများ၊ စစ်အဝတ်အစားများ၊ အသုံး အဆာင် များ တွေ့ရှိခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၂ လုံး၊ အထက် တန်း ကျောင်းခွဲ တစ် ကျောင်း နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းတို့ မီးလောင်ပြာ ကျခဲ့ ကြောင်းသိရသည်။"]
https://yktnews.com/2023/01/81855/
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ပတ်၀န်းကျင်ကို စစ်လေယာဉ် များ ဖြင့် ဆက်တိုက်ဗုံးကျဲနေ
["ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ပတ်၀န်းကျင်ကို စစ်လေယာဉ် များ ဖြင့် ဆက်တိုက်ဗုံးကျဲနေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ပတ်ဝန်းကျင်ကို စစ် တပ် က ယနေ့ တွင်လည်း ထပ်မံ ဗုံးကျဲနေကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် မိုးတားလေးကျေးရွာကို စစ်တပ်က လေယာ ဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူ ၇ ဦး သေဆုံးပြီး အများအပြား ဒဏ် ရာရရှိခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင်လည်း တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲလျက်ရှိကြောင်း သိရှိရသည်။", "“ဒီနေ့လည်း ဗုံးကျဲတာက မိုးတားလေး ပတ်ဝန်းကျင်ကို အကုန်ကျဲနေတာ။ ဗုံး တွေ ၅ လုံး ၆ လုံးလောက်ရှိတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်နေတယ်။ မိုးတား လေး ပတ်၀န်းကျင်အကုန်လုံးကို ပစ်နေတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောသည်။", "ABSDF ဦးဆောင်သော မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်း ဖက် စစ်ကောင်စီတပ်များအကြား ယနေ့တွင် လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ပြည်သူများမှာ စစ်ဘေးရှောင်နေကြရကြောင်း၊ လေယာဉ်ဖြင့် ယနေ့ ညနေပိုင်းတွင်လည်း ဟဲနားလမ်းဆုံကို လေယာဉ်ဖြင့် ဗုံး ၁ လုံးထပ်မံ ကျဲချသွားကြောင်း သိရှိရသည်။", "“လေယာဉ်နဲ့ ဗုံးကျဲတာ ရဲဘော်တွေတော့ အထိအခိုက်မရှိဘူး။ ဒါပေမယ့် ပြည်သူ တွေနဲ့ အိုးအိမ်တွေတော့ အခြေအနေ ဘယ်လိုရှိလဲ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "ဓာတ်ပုံ- ယမန်နေ့ စစ်ကောင်စီတိုက်လေယာဉ်များ၏ ဗုံးကျဲမှုကြောင့် ပျက်စီး သွားသော မိုးတာလေးကျေးရွာမှ ပြည်သူ့နေအိမ်များ။"]
https://yktnews.com/2023/01/82513/
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုကို စစ်တပ်က တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး
["ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုကို စစ်တပ်က တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုကို စစ်တပ်က တိုက် လေယာဉ်များဖြင့် ပစ်ခတ်ပြီး ကျေးရွာများကို မီးရှို့ ဖျက်ဆီးလျက် ရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ကသာမြို့ နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရွာနှင့် ဆင်ကုန်းတိုင်ရွာ အကြားရှိ ဆိပ်သာ ဘုရားအနီးတွင် ​ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်​ကောင်စီ လက် အောက် ခံတပ်များ အကြား ၃ ရက်မြောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာ ကွယ် ရေးတပ်များက မြေပြင်အသာစီးရယူ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "သို့ရာတွင် ယင်းနေ့ နံနက် ၉ နာရီ ၂၀ မိနစ် အချိန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် ၃ ကြိမ် ၊ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ၊ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် ရဟတ်ယာဉ် ၃ စီးဖြင့် ၄ ကြိမ် စစ်ကူလူချခြင်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအပြင် ကင်း ထောက် လေယာဥ် ၁ စီးပါ ပျံဝဲပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ဂျက်ဖိုက်တာ ၁ စီးက တိုက်ကုန်းရွာဦးဘက်သို့ ဗုံးကျဲခြင်း ပစ်ခတ်ခြင်းများ ၂ ကြိမ် ပြုလုပ်ခဲ့သဖြင့် နေအိမ် ၁ လုံး ချက်ချင်းမီးလောင်သွားကြောင်း၊ ဇန်န ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဂျက်လေယာဥ် ဖြင့် ဗုံးကျဲရာ ကသာမြို့နယ် နမ့်စမ်းစာသင်ကျောင်း ပျက်စီးထိခိုက်သွားကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန် ကသာမြို့နယ်၊ မိုးတား လေးကျေးရွာ အုပ်စု ဆိပ်သာဘုရားကုန်းမှ စစ် ကြောင်းက တိုက်ကုန်းရွာမှ နေ အိမ် ၁၄ လုံးကို မီးရှို့ခဲ့ပြီး မိုးတားလေးဘက်သို့ ထွက်ခွာလာကြောင်း၊ မိုးတား လေးကျေးရွာ အုပ်စု တိုက်ကုန်းရပ်မှ အဆောက်အဦး မျိုးစုံ ၁၅ လုံးမှာလည်း စစ်တပ်၏ မီးရှို့မှု ခံခဲ့ရ ကြောင်း သိရှိရသည်။", "လက်ရှိတွင် မိုးတားလေးကျေးရွာအုပ်စုမှ ပြည်သူများအားလုံး စစ်တပ်၏ စစ် ကြောင်း ထိုးမှုကြောင့် တောတောင်များထဲတွင် ထွက် ပြေးတိမ်းရှောင် နေရ ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/82563/
ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရပ်ကျေးရွာကို စစ်တပ် က ရွာလုံးကျွတ် ထပ်မံ မီးရှို့ဖျက်ဆီးနေ
["ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရပ်ကျေးရွာကို စစ်တပ် က ရွာလုံးကျွတ် ထပ်မံ မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၃", "ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရပ်ကျေးရွာကို စစ်တပ် က ယနေ့ နံနက်ပိုင်းတွင် ရွာလုံးကျွတ် ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်တွင် စစ်တပ်က တိုက်ကုန်းရပ်ကျေးရွာကို မီးရှို့နေခြင်းဖြစ်ပြီး မီးညွန့် မီးတောက်များကို အဝေး မှ ပင် မြင်နိုင်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "“မိုးတားလေးနားမှာ တိုက်ပွဲတွေဖြစ်ကတည်းက အနားက ရွာတွေကို လေ ယာဉ်နဲ့ပစ်လိုက် မီးရှို့လိုက် စစ်တပ်က လုပ်နေတာ။ ဒီနေ့တော့ တိုက်ကုန်း ရပ်ကျေးရွာတွေအားလုံး ကုန်ပြီထင်တယ်။ မီးတောက်တွေတောင် မြင်ရတယ်။ အခြေအနေကတော့ ဆိုးတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအုပ်စုရှိ ကျေးရွာများ အနီး တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်တပ်က မီးရှို့ ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ကသာမြို့ နယ်၊ မိုးတားလေးကျေးရွာအုပ်စု၊ တိုက်ကုန်းရွာနှင့် ဆင်ကုန်းတိုင်ရွာ အကြားရှိ ဆိပ်သာ ဘုရားအနီးတွင် ​ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်​ကောင်စီ လက် အောက် ခံတပ်များ အကြား ၃ ရက်မြောက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပြည်သူ့ ကာ ကွယ် ရေးတပ်များက မြေပြင်အသာစီးရယူ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "သို့ရာတွင် ယင်းနေ့ နံနက် ၉ နာရီ ၂၀ မိနစ် အချိန် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် ၃ ကြိမ် ၊ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်ဂျက်ဖိုက်တာ ၁ စီး ဖြင့် ၂ ကြိမ် ၊ ယင်းနေ့ မွန်းလွဲ ၂ နာရီအချိန် ရဟတ်ယာဉ် ၃ စီးဖြင့် ၄ ကြိမ် စစ်ကူများ ချပေးခြင်း၊ ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအပြင် ကင်း ထောက် လေယာဥ် ၁ စီးပါ ပျံဝဲပြီး ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ် အချိန် ဂျက်ဖိုက်တာ ၁ စီးက တိုက်ကုန်းရွာဦးဘက်သို့ ဗုံးကျဲခြင်း ပစ်ခတ် ခြင်းများ ၂ ကြိမ် ပြုလုပ်ခဲ့သဖြင့် နေအိမ် ၁ လုံး ချက်ချင်းမီးလောင် သွား ကြောင်း၊ ဇန်န ဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဂျက်လေယာဥ် ဖြင့် ဗုံးကျဲရာ ကသာမြို့နယ် နမ့်စမ်းစာသင်ကျောင်း ပျက်စီး ထိခိုက် သွား ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန် ကသာမြို့နယ်၊ မိုးတား လေးကျေးရွာ အုပ်စု ဆိပ်သာဘုရားကုန်းမှ စစ် ကြောင်းက တိုက်ကုန်းရွာမှ နေ အိမ် ၁၄ လုံးကို မီးရှို့ခဲ့ပြီး မိုးတားလေးဘက်သို့ ထွက်ခွာလာကြောင်း၊ မိုးတား လေး ကျေးရွာ အုပ်စု တိုက်ကုန်းရပ်မှ အဆောက်အဦး မျိုးစုံ ၁၅ လုံးမှာလည်း စစ်တပ်၏ မီးရှို့မှု ခံခဲ့ရ ကြောင်း သိရှိရသည်။", "လက်ရှိတွင် မိုးတားလေးကျေးရွာအုပ်စုမှ ပြည်သူများအားလုံး စစ်တပ်၏ စစ် ကြောင်း ထိုးမှုကြောင့် တောတောင်များထဲတွင် ထွက် ပြေးတိမ်းရှောင် နေရ ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/87142/
ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး
["ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ရာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော် ပြာကျပျက်စီးသွားကြောင်း ကသာမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ ကျော် ပြာကျပျက်စီးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။", "“ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ မယ်ငိုကျေးရွာမှာရှိတဲ့ အိမ်ခြေ ၅၀ ကို စစ်တပ်က မီးရှို့တယ်။ ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ တက်တူလယ် အခင်းစု ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀ ကို စစ်တပ်က မီးရှို့တယ်။ အဲဒီနေ့မှာပဲ သာယာကုန်းကျေးရွာ အိမ်ခြေ ၃၀ ၊ အင်းကြီးတိုက်နယ်ဆေးရုံရှိတဲ့ အင်းကြီးကျေးရွာ အိမ်ခြေ ၃၀၀ ကို စစ်တပ်က မီးတင်ရှို့တယ်။ အဲဒါ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် ပြာကျသွားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "စစ်တပ်က လှေဘိုကျေးရွာကိုလည်း မီးရှို့မည်ဟု ပြောဆိုထားပြီး ကျေးရွာများမှ ပြည်သူများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ကျေးရွာများကို မီးရှို့ရာတွင် ဘုန်းကြီးကျောင်း၊ စာသင်​ကျောင်းများကိုပါ စစ်တပ်က မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ ကသာမြို့နယ်၊ ကျေးရွာများအနီးတွင် စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ် ဆောင်နေသည်ဟု ပြောဆိုသည်။", "“ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၁၁ နာရီမှာ ငအိုးမှထွက်လာတဲ့ စစ်ခွေးတွေကို ပျဥ်ထောင်လေးကျေးရွာအုပ်စု နတ်ရေတွင်းအနီး လွင်ကြီးကွင်းမှာ PDF က တိုက် ခိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မယ်ငိုရွာအနီး ဝါးခုတ်တောတွင် ထပ်မံတိုက်ပွဲဖြစ်ပါတယ်။ ညအချိန်တွင် မယ်ငိုရွာထဲဝင်နေတဲ့ စစ်ခွေးတွေက ရွာကို မီးတင်ရှို့တယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တက်တူလယ်ရွာကို မီးထပ်ရှို့တယ်။ သာယာ ကုန်းကျေးရွာရှိ ပြည်သူနေအိမ်တွေကို ဖျက်ဆီးမီးရှို့တယ်။ ညနေပိုင်းမှာ အင်းကြီးရွာကို စစ်ကြောင်း တစ်ခု ရောက်လာပြီး Ooredoo တာဝါတိုင်ကို ဖျက်ဆီးတယ်။ စာသင်ကျောင်းမီးရှို့တယ်။ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးပါတယ်။ ပြည်သူတွေအားလုံးထွက်ပြေးနေရပါတယ်” ဟု ကသာ PDF မှ တာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2023/07/115628/
ကသာမြို့နယ်၊ အင်းဒရန့်ရွာနှင့် ပုလွှေရွှေရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ပြည်သူ ၁၀ ဦးလည်း ပျောက်ဆုံးနေ
["ကသာမြို့နယ်၊ အင်းဒရန့်ရွာနှင့် ပုလွှေရွှေရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ပြည်သူ ၁၀ ဦးလည်း ပျောက်ဆုံးနေ", "ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းဒရန့်ရွာနှင့် ပုလွှေရွှေရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကသာမြို့နယ်၊ အင်းဒရန့်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း၊ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ပွဲ ရပ်နားသွားပြီး တိုက်ပွဲအတွင်းပိတ်မိနေသည့် အင်းဒရန့်ရွာနှင့် ပုလွှေရွှေရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦးမှာ အသက် ၄၅ နှစ်အရွယ် ဦးသန်ဇင်ဉီး(ခ)ရှပ်ပြေး၊ အသက် ၁၈ နှစ်အရွယ် ကိုကချင်ကြီး၊ အသက် ၃၂ နှစ်အရွယ် ကိုကုလားကြီး၊ အသက် ၂၄ နှစ်အရွယ် ကိုငယ်၊ အသက် ၃၈ နှစ်အရွယ် ကိုအောင်မျိုးကျော်တို့ ဖြစ်ပြီး ပြည်သူ ၁၀ ဦးလည်း ပျောက်ဆုံးနေကြောင်း သိရှိရသည်။", "” စစ်ခွေးတွေက ၂၇ ရက်နေ့မှာ အင်းဒရန်ကျေးရွာကိုစစ်ကြောင်းထိုး ဝင်ရောက်လာပြီး အင်းဒရန့်ဘုန်းကြီးကျောင်းမှာ တပ်စွဲတယ်။ ၂၈ရက်နေ့မှာ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ခွေးတွေဘက်က အသေများတယ်။ မွန်းလွဲ ၁၁ နာရီ ၃၀ မှာ တိုက်ပွဲရပ်သွားပြီး ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး ၅ ဦးကို သတ်ဖြတ်သွားတယ်။ ပြည်သူ ၁၀ ဦးလည်း ပျောက်ဆုံးနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/82794/
ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာရှိ စာသင်ကျောင်း အပါအဝင် ပြည်သူ ပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာရှိ စာသင်ကျောင်း အပါအဝင် ပြည်သူ ပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာရှိ စာသင်ကျောင်း အပါ အဝင် ပြည်သူပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းကသာမြို့နယ်၊ ဧရာ၀တီမြစ် အရှေ့ဘက် ကမ်း အလယ်ကျွန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာကြောင်း၊ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းနှင့် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အလယ်ကျွန်းကျေးရွာ၏ ရွာသစ် နှင့် ရွာဟောင်း နေရာ ၂ ခုစလုံးတွင် စစ်တပ် က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။", "စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အလယ်ကျွန်းကျေးရွာ စာသင်ကျောင်း အပါ အဝင် နေအိမ်၊ အဆောက်အအုံ ၃၀ နီးပါး မီးလောင် ပြာကျသွားကြောင်း၊ အလယ် ကျွန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းသည် ငအိုးကျေးရွာမှ ထွက်လာသော စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။", "ယခု ဇန်နဝါရီလလယ်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်များသည် ကသာမြို့ နယ်အတွင်း ကျူးကျော်ဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ် ရေးတပ်များ၊ KIA ၊ ABSDF မဟာမိတ်တပ်ပေါင်းစုများဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လျက်ရှိကြောင်း၊စစ်တပ်က လေယာဉ်များ၊ လက်နက်ကြီးများ အဆမတန် အသုံးပြု တိုက်ခိုက်နေသဖြင့် ပြည်သူများ ထိခိုက်မှုရှိနေပြီး ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83981/
ကသာမြို့နယ်၊ အလယ်ကျွန်းရွာ တိုက်ပွဲတွင် စစ်သား ၈ ဦးသေဆုံး၊ ကောလင်း တွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်၍ အသက် ၃၄ နှစ် အရွယ် မခိုင်နွယ် သေဆုံး
["ကသာမြို့နယ်၊ အလယ်ကျွန်းရွာ တိုက်ပွဲတွင် စစ်သား ၈ ဦးသေဆုံး၊ ကောလင်း တွင် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်၍ အသက် ၃၄ နှစ် အရွယ် မခိုင်နွယ် သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာအနီးတိုက်ပွဲတွင် အကြမ်း ဖက်စစ်သား ၈ ဦးသေ ဆုံးခဲ့ကြောင်း ကသာခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ပြော ကြားသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခလရ ၁၂၁ တပ်မှ တပ်သားအင်အား ၁၀၀ ကျော် ဖြင့် ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သဖြင့် ကသာခရိုင် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ပွဲ သည် ဇန်နဝါရီလ ၂၄ ရက်နေ့အထိ ကြာမြင့်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ စစ်ဗိုလ် ၁ ဦး၏ ဒူးဆစ် အထက် မိုင်းစထိမှန်ဒဏ်ရာရရှိ၍ ရဟတ်ယာဉ်ဖြင့် သယ်ယူသွားကြောင်း သိရသည်။", "“တိုက်ပွဲက ၂ ရက်ကြာတယ်၊ စစ်ခွေးတွေက အထိနာတော့ အလယ်ကျွန်း ရွာကို သေဆုံးစစ်ခွေး အ လောင်းတွေနဲ့ အတူမီးရှို့သွားတာ၊ ၈ ကောင်သေတယ်၊ ဗိုလ်တစ်ဦးက ဒူးဆစ်အထက်နား မိုင်းစ ထိ မှန်တာ ထုတ်မရလို့ ရဟတ်ယာဉ် နဲ့ သယ်သွားတယ်၊ နယ်မြေရှင်းလင်းရင်းနဲ့ စစ်ခွေး အလောင်း တွေ တွေ့ခဲ့ တယ်” ဟု ကသာခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ပြောကြားသည်။", "တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အကြမ်းဖက်စစ်သားများ ဝင်ရောက်မီးရှို့ သွား ရာနေရာများကို နယ်မြေ ရှင်း လင်း ရေးလုပ်ဆောင်ခဲ့ရာ သေဆုံးစစ်သား အလောင်းများ၊ စစ်အဝတ်အစားများ၊ အသုံး အဆာင် များ တွေ့ရှိခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၂ လုံး၊ အထက် တန်း ကျောင်းခွဲ တစ် ကျောင်း နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းတို့ မီးလောင်ပြာ ကျခဲ့ ကြောင်းသိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုကုန်းရွာကို အကြမ်းဖက် စစ် တပ် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Kawlin info ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကန့်ဘလူမြို့နယ် ခမရ ၃၆၉ တပ်ရင်းမှ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့် စီးနင်းပစ်ခတ်မှုကြောင့် အသက် ၃၄ နှစ် အရွယ် မခိုင်ဇင်နွယ် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "စစ်ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ပြီးနောက် စစ်တပ်မှ အင်အား ၇၂ ဦးပါ စစ် ကြောင်း သည် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ် ၄ လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၇ ဦး ​ပျောက်ဆုံးနေကာ ထိခိုက် ဒဏ် ရာ ရရှိသည့် ပြည်သူများလည်း ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကသာမြို့နယ်၊ အလယ်ကျွန်းကျေရွာအနီး တိုက်ပွဲတွင် တွေ့ရသော စစ်သားအလောင်းတချို့နှင့် မီးသဂြိုလ်ပေးနေစဉ် မြင်ကွင်း။"]
https://yktnews.com/2023/08/116530/
ကသာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၆ ရွာမှ ပြည်သူ ၁၅၀၀ ကျော် တိမ်းရှောင်နေရ
["ကသာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၆ ရွာမှ ပြည်သူ ၁၅၀၀ ကျော် တိမ်းရှောင်နေရ", "ရန်ကုန်၊ သြဂုတ် ၅", "စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၆ ရွာမှ ပြည်သူ ၁၅၀၀ ကျော် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၃ ရက်နေ့တွင် ကသာမြို့ ၁၀ ရပ်ကွက်ရှိ သဖန်းကိုင်းကို ဆိုက်ရောက်နေသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၉ စီးဖြင့် လိုက်ပါလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဧရာဝတီ မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေခြင်း ဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ဧရာဝတီ မြစ်ကမ်းတစ်လျှောက်ရှိ အင်းဒရန်ရွာ၊ ပုလွေရွေရွာ၊ သစ်ဖြူကုန်းရွာ၊ ပိုးဇာကုန်းရွာ၊ ကျောက်ထုံးကြီးရွာနှင့် ဒုန်းအော့ရွာမှ ပြည်သူ ၁၅၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“စစ်ခွေး သင်္ဘောတွေက ၃ ရက်နေ့တည်က ရောက်နေတာ အဲစစ်ခွေး သင်္ဘော ၉ စီးက အခု ကသာမြို့ ရပ်ကွက် ၁၀ မှရှိတဲ့ သဖန်းကိုင်းမှာ ဆိုက်ကပ်ထားတယ်။ သင်္ဘောပေါ်ပါလာတဲ့ စစ်ခွေးတွေက မြစ်ကမ်းတစ်လျှောက်ရွာတွေကို စစ်ကြောင်းထိုးနေတယ်။ ရွာ ၆ ရွာက ပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးနေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/03/207938/
ကသာမြို့သို့ ထွက်ပြေးနေသည့် တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်မှု စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထား
["ကသာမြို့သို့ ထွက်ပြေးနေသည့် တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်မှု စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထား", "ရန်ကုန်၊ မတ် ၁၇", "စစ်ကိုင်တိုင်း၊ ကသာမြို့သို့ ထွက်ပြေးနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ မှ စစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်က လိုက်လံ တိုက်ခိုက်ရာ စစ်သား ၃၄ ဦးထိ အရှင်ဖမ်းမိထားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ် ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်ကို စစ်ကူလာသည့် တပ်မ ၇၇ မှ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးသေဆုံးပြီး ၃၀ ဦးအရှင်ဖမ်းမိ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကသာမြို့ဘက်ကို ဖွဲ့စည်းပုံပျက်၍ ထွက်ပြေးနေခြင်းဖြစ်ပြီး KIA ပူးပေါင်းတပ်များကလည်း နောက်မှ လိုက်လံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။", "ယနေ့ မတ်လ ၁၇ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ်သား ၄ ဦးကို KIA ပူးပေါင်းတပ်က ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး စုစုပေါင်း အရှင် ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သား ၃၄ ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။", "ကျန်ရှိနေသည့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်သားများကိုလည်း လိုက်လံ ဖမ်းဆီးနေပြီး နယ်မြေရှင်းလင်းရေးများလည်း ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "“ဒီနေ့ ကသားမြို့ဘက်ကို ဖွဲ့စည်းပုံပျက်ပြီး ခြေဦးတည့်ရာထွက်ပြေးနေတဲ့ စစ်ခွေးတွေထဲက ၄ ကောင်ကို ထပ်မံ အရှင်ဖမ်းမိပါတယ်။ စုစုပေါင်း ဖမ်းဆီးရမိတာ ၃၄ ဦးထိ ရှိလာပြီ ကျန်ရှိနေတဲ့ စစ်ခွေးတွေကို လိုက်လံ ဖမ်းဆီးနေပါတယ်။ နယ်မြေရှင်းလင်းရေးတွေလည်း ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/01/139044/
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို အနားပေးပြီး ဒု ဗိုလ်ချုပ် ကြီး ဇွဲဝင်းမြင့်ကို အစားထိုးခန့်အပ်၊ တိုင်းမှူးနှင့် တပ်မမှူး ရာထူးတချို့ ကို လည်း တပ်တွင်း အပြောင်းအလဲများ ပြုလုပ်
["ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို အနားပေးပြီး ဒု ဗိုလ်ချုပ် ကြီး ဇွဲဝင်းမြင့်ကို အစားထိုးခန့်အပ်၊ တိုင်းမှူးနှင့် တပ်မမှူး ရာထူးတချို့ ကို လည်း တပ်တွင်း အပြောင်းအလဲများ ပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၈", "အကြမ်းဖက်မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို အနားပေးပြီး စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဗိုလ်ချုပ်ကြီး မိုးအောင်ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ်မှ အနားပေး လိုက် သော်လည်း အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ပြောင်းလဲ ခန့်အပ် ကြောင်း သိရှိရသည်။", "“ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ကို မနှစ်ကလည်း ရာထူးကနေ လဲ တယ်ဆိုပြီး သတင်းအတိအကျ ထွက်ခဲ့တာ။ အမိန့် စာ တောင် ထုတ်မယ့် အခြေ အနေကနေ ဘာကြောင့်မှန်းမသိဘူး ရပ်သွားခဲ့တယ်။ အခုတော့ တ ကယ် အနားပေးပြီ။ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးမှာ ဆက်ထား ပေမယ့် အဲဒီရာထူးကတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ ဘေးကို ကန်ထုတ်ပစ်တာလို့ ပြောလို့ရတယ်” ဟု စစ် တပ်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။", "ယမန်နှစ် ၊ ဩဂုတ်လအတွင်း စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် အပေါင်း အပါများကို ဒေါ်လာစျေးတက်စေမှု၊ လာဘ်ပေး လာဘ်ယူ မှုများဖြင့် အရေး ယူခဲ့ရာတွင် ပုဂ္ဂလိဘဏ်တချို့ကိုလည်း ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ယင်းတို့ထဲ တွင် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဆက်နွယ်နေ သော အမရာဘဏ် UAB ဘဏ်မှ ပိုင်ရှင်နှင့်တာဝန်ရှိသူတချို့ကို စစ်တပ်က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ၊ ယင်း သတင်း ကြောင့် ဗိုလ်ချုပ်‌ကြီး မိုးအောင်ကို ရာထူးမှ ဖယ်ရှားဖွယ် ရှိသည် ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက် ပေါ်ခဲ့ကြောင်း သိရှိရသည်။", "ဗိုလ်ချုပ်ကြီး မိုးအောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ လူယုံ စက်မှု ဝန်ကြီးဟောင်း အောင်သောင်း၏ သားဖြစ်ကာ စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်းဖြစ်ကြောင်း၊ ၂၀၂၁ တွင် ဗိုလ်ချုပ်ကြီး မိုးအောင် သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး မိုးအောင်တွင် နေအောင်၊ ပြည်အောင်၊ ခင်ငုရည်ဖြိုး ဆိုသော ညီအစ်ကို မောင်နှမ ၃ ဦးရှိပြီး ၎င်းတို့သည် ယူနိုက်တက် အမရာဘဏ်ခေါ် UAB ဘဏ်ကို ပိုင်ဆိုင် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင်က တပ်တွင်း တိုင်းမှူးနှင့် တပ်မမှူး ရာထူးတချို့ကိုလည်း အပြောင်းအလဲ ပြုလုပ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ရာထူးမှ အနားပေးခံရသော ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) အသစ်ဖြစ်လာသော ဒုတိယ ဗိုလ် ချုပ်ကြီး ဇွဲဝင်းမြင့်။"]
https://yktnews.com/2024/12/195429/
“အဘမျှော်သည် အိုင်စီစီ(ICC)”
["ကာတွန်း – ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/01/197880/
“သူခိုးဂျပိုး မအလ”
["ကာတွန်း – ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/04/211662/
“အယုတ် ပြုတ်ချိန်”
["ကာတွန်း – ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/01/197727/
“ဗုံး၊ ကျည်ဆန်တွေကြား မဟက်ပီးတဲ့ နယူးရီးယား”
["ကာတွန်း – ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/12/195213/
“သူသိမ်း ကိုယ်သိမ်း”
["ကာတွန်း – ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/11/193772/
“I စကားလုံး မအလ မုန်း”
["ကာတွန်း – ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/12/197601/
“မအလ တစ်ယောက် သေကံရောက်မယ်”
["ကာတွန်း – ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2025/01/198040/
“ဘက်ထရီ သင်္ဘော အိပ်မက်”
["ကာတွန်း- နာနတ်သီး", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/04/98267/
“ကမ္ဘာကျော်ပြီကွ ငါကွ….”
["ကာတွန်း- ပန်းတနော်လမ်းပျော်"]
https://yktnews.com/2024/10/189287/
“စီးပွားရေးတွေ ဦးမော့လာပြီ”
["ကာတွန်း-ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/189046/
“ရက်စက်မှုအပေါင်း သရဖူ ဆောင်းတဲ့ ဘုတလင်”
["ကာတွန်း-ဝေယံ(တောင်ကြီး)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/12/197390/
“ဂွက်ထော် လက်သစ်”
["ကာတွန်း-ဝေယံ(တောင်ကြီး)"]
https://yktnews.com/2025/01/198332/
“ကျပြီးရင်း ကျ…. ကျ… ကျ…ကျ”
["ကာတွန်း-ဝေယံ(တောင်ကြီး)"]
https://yktnews.com/2025/04/209703/
“ငလျင်လှုပ်လည်း ဖက်တွယ်ဆဲ”
["ကာတွန်း-ဝေယံ(တောင်ကြီး)"]
https://yktnews.com/2023/02/89601/
“မသမာတဲ့ မသာ မင်းအောင်လှိုင်”
["ကာတွန်း-ဝေယံတောင်ကြီး"]
https://yktnews.com/2023/11/130341/
ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က သူရဲ့ ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုတွေကို ဖုံးကွယ်ရင်း မြို့နှင့်စခန်းများ ဆုံးရှုံးမှု၊ စစ်သားများ ရာချီ သေဆုံးမှုများ အပါအဝင် အချက်အလက်များ လိမ်လည်ပြော
["ကာလုံအစည်းအဝေးမှာ မင်းအောင်လှိုင်က သူရဲ့ ညံ့ဖျင်းတဲ့ခေါင်းဆောင်မှုတွေကို ဖုံးကွယ်ရင်း မြို့နှင့်စခန်းများ ဆုံးရှုံးမှု၊ စစ်သားများ ရာချီ သေဆုံးမှုများ အပါအဝင် အချက်အလက်များ လိမ်လည်ပြော", "“သူခိုး သေဖော်ညှိ” အစည်းအဝေးသို့ စစ်ကောင်စီအဖွဲ့ဝင်အားလုံး မျက်နှာမသာမယာ၊ ပူပန်မှုများဖြင့် တက်ရောက်ခဲ့ကြ", "ရန်ကုန်၊ နိုဝင်ဘာ ၉", "အကြမ်းဖက်မင်းအောင်လှိုင်က နိုဝင်ဘာလ ၈ ရက်နေ့မှာ ကာ/လုံအစည်းအဝေး တစ်ရပ်ခေါ်ယူခဲ့ပြီး သူရဲ့ ညံ့ဖျင်းတဲ့ ခေါင်း ဆောင်မှုတွေကို ဖုံးကွယ်ရင်း လက်ရှိကြုံနေရတဲ့ စစ်ရေးအရ ရှုံးနိမ့်မှုတွေအပေါ် အခြားသူတွေကို အပြစ်ပုံချ ပြစ်တင်ဝေဖန်မှုတွေ ပြောဆိုခဲ့ပါတယ်။", "အောက်တိုဘာလ ၂၇ ရက်နေ့ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့တွေ၊ နယ်မြေတွေ ဆုံးရှုံးလာရတာ၊ စစ်သားတွေ သေဆုံးမှု များပြားနေတာ၊ စစ်သား ရာချီ သေဆုံးခဲ့တာ စတဲ့ အချက်အလက်မှန်တွေကို အစည်းအဝေးမှာ အမှန်တိုင်း တင်ပြခြင်း မရှိဘဲ စစ်တပ်က နယ်မြေတွေကို ပြန်လည် ထိန်းချုပ်နိုင်ပြီဆိုတာမျိုးကို ကာလုံ အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။", "လက်ရှိ ၁၀၂၇ စစ်ဆင်ရေးဟာ ကိုးကန့်မျိုးနွယ်စု နှစ်ခုအကြား ရန်ပွဲရဲ့ နောက်ဆက်တွဲဖြစ်ပြီး မူးယစ်ဆေးဝါးက ရရှိတဲ့ဝင်ငွေ အကျိုးအမြတ်ကို ခံစားလိုမှု ၊ ဆုံးရှုံးသွားတဲ့ အာဏာ ပြန်လည်ရရှိဖို့ လုပ်ဆောင်တဲ့ စစ်ပွဲအဖြစ် မင်းအောင်လှိုင်က ပုံဖော်ခဲ့ပါတယ်။ ဒါ့အပြင် MNDAA ကိုးကန့်တွေက “၀” နယ်မြေထဲကနေ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး နမ့်တစ်တံတားကနေ ချင်းရွှေဟော်ကို ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့တယ်လို့ မင်းအောင်လှိုင်က အခြားသူတွေအပေါ် အပြစ်ပုံချပါတယ်။", "လက်ရှိအခြေအနေမှာ စစ်တပ်အနေနဲ့ အခြေအနေတွေကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ မင်းအောင်လှိုင်က လိမ်လည်ပြီး စစ်သားတွေ ရာချီ သေဆုံးခဲ့တာကို မပြောဘဲ MNDAA ကိုးကန့်အဖွဲ့တွေ ထိခိုက် ကျဆုံးမှုများစွာ ဖြစ်ပေါ်လျက်ရှိတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင်က လိမ်လည် ပြောဆိုခဲ့ပြန်ပါတယ်။", "မင်းအောင်လှိုင်အနေနဲ့ လက်ရှိမှာ ခေါင်းဆောင်မှု ညံ့ဖျင်းသူအဖြစ် စစ်တပ်အတွင်း အကြီးအကျယ် ဝေဖန်ခံနေရတဲ့အပြင် စစ်ဗိုလ်ချုပ်တွေအကြားမှာပါ မင်းအောင်လှိုင်ရဲ့ အာဏာမက်မောတဲ့လုပ်ရပ်ကြောင့် စစ်တပ်၊ နိုင်ငံနဲ့ ပြည်သူတွေအားလုံး ပျက်စီး ဒုက္ခ ရောက် ရတယ်ဆိုတဲ့ ဝေဖန်မှုတွေ တီးတိုး ရှိလာနေတယ်လို့ စစ်တပ် အသိုင်းအ၀ိုင်းက ဆိုပါတယ်။", "စစ်တပ်အတွင်းနဲ့ စစ်ဗိုလ်ချုပ် အသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှု ဖိအားကို အကြီးအကျယ်ခံနေရတဲ့ မင်းအောင်လှိုင်အနေနဲ့ ကာလုံခေါ်ပြီး လက်ရှိ ကြုံရတဲ့ အခြေအနေတွေက သူ့ကြောင့်မဟုတ်ဘဲ မူးယစ်ဆေးဝါးကြောင့်၊ တရုတ်နိုင်ငံကြောင့်၊ လောင်းကစားတွေကြောင့်၊ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် ရယ်လို့ အပြစ်ပုံချပြပါတယ်။ ဒါ့အပြင် လက်ရှိ အခြေအနေတွေ အားလုံးက သူတစ်ဦးတည်းမှာ တာဝန်ရှိတာမဟုတ်ဘဲ ကာလုံအစည်းအဝေးခေါ်ပြီး အားလုံးမှာပါ တာဝန်ရှိတယ်ဆိုတဲ့ သူခိုး သေဖော်ညှိ သလိုမျိုး လုပ်ဆောင်တာလည်း ဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ဆိုပါတယ်။", "ဘယ်လိုပဲဖြစ်ဖြစ် မင်းအောင်လှိုင် အပါအဝင် ကာလုံ အမည်ခံ သူခိုး သေဖော်ညှိ အစည်းအဝေးကို တက်ရောက်လာကြတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေအားလုံးရဲ့ မျက်နှာ ပူပန်မှုတွေ မသာမယာဖြစ်မှုတွေကို ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေမှာ အထင်းသား တွေ့မြင်နေရပါတယ်။", "ရှမ်းမြောက်ဒေသမှာ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် သေဆုံးရတဲ့အထိ စစ်ကောင်စီတပ်ဖွဲ့ ရာချီ သေဆုံးနေရတာကြောင့် အောက်ခြေ စစ်တပ်အသိုင်းအဝိုင်းနဲ့ အရာရှိငယ်တွေအကြားမှာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ အပေါ် အယုံအကြည် မရှိတော့တဲ့အပြင် အလကား အသက်အသေမခံတော့ဘဲ လွတ်မြောက်အောင် ပြေးမယ်ဆိုတဲ့ အခြေအနေတွေ စစ်တပ်အတွင်းမှာ ဖြစ်ပေါ်နေတယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။"]
https://yktnews.com/2023/07/114623/
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေးကွပ်မျက်မှု ၁ နှစ်ပြည့် အမေရိကန်သံရုံးက ပူဆွေးဟု ထုတ်ပြန်
["ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေးကွပ်မျက်မှု ၁ နှစ်ပြည့် အမေရိကန်သံရုံးက ပူဆွေးဟု ထုတ်ပြန်", "ရန်ကုန်၊ ဇူလိုင် ၂၄", "အကြမ်းဖက်စစ်တပ်က နွေဦးတော်လှန်ရေး အာဇာနည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေးကွပ်မျက်မှု ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ အမေရိကန်သံရုံးက ပူဆွေးကြောင်း ထုတ်ပြန်လိုက်သည်။", "ရန်ကုန်အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က နှင်းဆီပန်းကို ကိုင်ဆောင်ထားပြီး အထိမ်းအမှတ်ကျောက်တုံးရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေပုံကို ထုတ်ပြန်ထားသည်။", "“ယနေ့သည် စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်ခြင်းတစ်နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပါသည်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းခဲ့သည့်အချိန်မှစပြီး အာဏာရှင်အဖွဲ့အစည်းနှင့် ၄င်းတို့ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှူံးခဲ့ကြရသော လူပေါင်း ၃၈၀၀ကျော်အတွက် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပါသည်။ အခြေခံကျသော အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးနိုင်ရန် စိတ်အားထက်သန်လျက်ရှိကြသည့် သင်တို့ကို မိမိတို့ ဆက်လက် အားပေးထောက်ခံသွားပါမည်” ဟု ရန်ကုန်အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/177683/
ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ရာ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ
["ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ရာ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေ", "ရန်ကုန်၊ ဩဂုတ် ၇", "မကွေးတိုင်း မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းမှ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ရာ လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း BLDF စစ်ဒေသ ၁ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးနှင့်Pakokku People Defense Force -PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဩဂုတ်လ ၇ ရက်နံနက် ၄ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမ ကျေးရွာရှိ စာသင်‌ကျောင်း၊ ရေစက်တို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ရာ ယနေ့ နံနက် ၄ နာရီ မှ ၇ နာရီထိ တိုက်ပွဲ ၁ ကြိမ် ၊ နံနက် ၉ နာရီမှ ၁၁ နာရီ အထိ တိုက်ပွဲ ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ကောင်စီ တပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမရွာ အနီးဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲခဲ့သော နေရာများကို ရှင်းလင်းရေး ပြုလုပ်နေကြောင်း သိရှိရသည်။", "” တိုက်ပွဲစဖြစ်တဲ့ နေ့ကတော့ စစ်ခွေး ၄ ကောင်လောက်သေတယ်။ နောက်ရက် တစ်ရွာကနေ လာရောက်ပူးပေါင်းတဲ့ ခွေးစစ်ကြောင်းကိုလည်း တိုက်ခိုက်ခဲ့တယ်။ ဒီနေ့ကျတော့ ခွေးတွေအားလုံး စခန်းကို စွန့်ခွာထွက်ပြေးသွားတာ” ဟု BLDF စစ်ဒေသ ၁ သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးပြောဆိုသည်။", "ကိုင်းတောမရဲစခန်းနှင့် ကိုင်းတောမကျေးရွာရှိ ရေစက်စောင့် စစ်သားများကို ဩဂုတ်လ ၃ ရက် နေ့က တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက်ပိုင်းတွင် တစ် ကြိမ်၊ ညနေပိုင်းတွင်တစ်ကြိမ်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "ထို့နောက် ဩဂုတ်လ ၄ ရက် ၊ ဩဂုတ်လ ၅ ရက်နေ့တို့တွင် ဆက်လက် ဖိအားပေးတိုက်ခိုက်ခဲ့သည့် အပြင် သရက်ကန်ရွာဘက်မှ တက်လာသော အကြမ်းဖက်စစ်တပ် ရိက္ခာပို့စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက် ဟန့်တားခဲ့ပြီး ကိုင်းတောမကျေးရွာမှ စစ်သား၊ ရဲများမှာ ခံနိုင်ရည်မရှိတော့ဘဲ ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် အစောပိုင်းတွင် စခန်းခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ စခန်းစွန့်ပြေးကြတာ၊ ကိုင်းတောမရဲစခန်းမှာလည်းမရှိတော့ဘူး။ ရေစက်တွင်းက စစ်ခွေးတွေ လည်းမရှိတော့ဘူး။ အခုက သရက်ကန်ဘုန်းကြီးကျောင်းမှာ သွားပေါင်းနေကြတယ်လို့ သိရတယ်။ စခန်းစွန့်သွားတဲ့ စစ်ခွေးတွေကို လိုက်တိုက်တာမှာ လက်နက်ခဲယမ်းအချို့တော့ ရလိုက်သေးတယ်။ ရဲစခန်းနဲ့ ကိုင်းတော့မရွာကို ဝင်ပြီး နယ်မြေရှင်းလင်းမှုတွေလုပ်နေပါတယ်” ဟု Pakokku People Defense Force -PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် – PDA၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ – SRF ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် -PLA –(အမှတ် ၈၁၅ တပ်ဖွဲ အနောက်မြောက်စစ်ဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး- BLDF ၊ Lighting Drone Force ၊ ပခုက္ကူစုဖွဲ့မှု (YoungForce.PPDF.ThuRain.HunterPakokku. Earthquake) ၊ အ ညာမြေတပ်ပေါင်းစု ၊ မြိုင်မြိုနယ်မှ တော်လှန်ရေးအဖွဲ့များ ၊ မြိုင်ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၄ ၊စင်္ကြာ အဖွဲ့၊ ပေါက် ပလဖ နှင့် Justice Revolution Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/02/85299/
ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျူစောထီးရွာအကြား မိုင်းဆွဲထားသည့်နေရာ ကို နယ်မြေရှင်းလင်းစဉ် ပျူစောထီး အလောင်း နှင့် သေနတ် ၁ လက် တွေ့ရှိ
["ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျူစောထီးရွာအကြား မိုင်းဆွဲထားသည့်နေရာ ကို နယ်မြေရှင်းလင်းစဉ် ပျူစောထီး အလောင်း နှင့် သေနတ် ၁ လက် တွေ့ရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "မကွေးတိုင်း၊ ကိုင်းတောမရဲစခန်းနှင့် သရက်ကန်ပျူစောထီးရွာ အကြား PDF တပ်များက မိုင်းဆွဲ တိုက်ခိုက်ထားသည့် နယ်မြေများကို ရှင်းလင်းရေးလုပ်ရာတွင် ပျူစောထီးအလောင်း ၁ လောင်းနှင့် အူစီသေနတ်၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသညကြ", "ဇန်နဝါရီလ ၂၃ ရက်နေ့က ပခုက္ကူမြို့မှ မြိုင်မြို့နယ် Well 2 ရေနံမြေသို့ ရိက္ခာပို့သွားသော စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သရက်ကန် ပျူ‌စောထီးရွာ နှင့်ကိုင်းတော မ နယ်မြေရဲစခန်းကြားတွင် ရှေ့ထွက်မိုင်း ၄ လုံး မိုင်းပွိုင့် ၂ နှစ်နေရာတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးသွားရောက် ဆောင်ရွက်ခဲ့ကြောင်း၊ ပျူစောထီး တစ်ဦး၏ အလောင်းနှင့် အူစီသေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“မိုင်းဆွဲတဲ့နေ့က အဲဒီစစ်ခွေးတွေ အတော်ထိနာတယ်လို့ အဲနားက ဖြတ်သွားတဲ့ပြည်သူတွေ ပြောပြ ချက်အရ သိရတယ်ဗျ၊ သွေးအိုင်တွေနဲ့သွေးတွေပေနေတဲ့ သူတွေလည်း တွေ့ရတယ်လို့ ပြောတယ်၊ ဖော ကားအပြာရောင်နဲ့ သရက်ကန်ဘက်ကို သယ်သွားတာ၊ အလောင်းနဲ့လက်နက်ကတော့ဘယ်လိုကျန် ရစ်လဲ မသိဘူး၊ ကြားထဲမှာ ရဲဘော်တွေ ထိခိုက်တာတွေရှိနေတော့ ဒီနေ့မှ သွားရှင်းနိုင်တာ” ဟု စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁) တပ်ခွဲ(၄)စင်္ကြာဒေသကာကွယ်ရေး တပ်ဖွဲ့နှင့် တပ်ခွဲ(၁)၊ မုန်တိုင်းတပ်ဖွဲ့၊ အပြုံးမပျက်တဲ့ ဂတုံးတပ်ဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ‌ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ယမ်းချက်ရင်း လက်နှင့် မျက်နှာအနည်းနယ် မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့က လည်း မိုင်းဆင်ရင်း မတော်တဆဖြစ်ကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မျက်လုံးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မျက်လုံးထိခိုက်ဒဏ်ရာရ ရဲဘော်၏ အမြင်အာရုံပြန်လည်ရရှိနိုင်ရန် မျက် ကြည်လွှာခွဲစိတ်ကုသရမည်ဖြစ်သဖြင့် အလှူငွေများလိုအပ်လျက်ရှိကြောင်း စင်္ကြာဒေသကာကွယ်ရေး တပ်ဖွဲ့က မေတ္တာရပ်ခံသည်။"]
https://yktnews.com/2023/04/99946/
ကိုင်းတောမရဲစခန်းမှ ကမ္မမြို့ကို ရေပန့်လာပြင်သည့် ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကိုင်းတောမရဲစခန်းမှ ကမ္မမြို့ကို ရေပန့်လာပြင်သည့် ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၉", "မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းမှ ကမ္မမြို့သို့ ရေပန့်လာပြင်သည့် ရဲ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကိုင်းတောမရဲစခန်းမှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်သားချင်းလေးသည် ကမ္မမြို့သို့ ရေပန့်ပြင်ရန် ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာစဉ် ကမ္မ-မြိုင်လမ်းဆုံအနီးအရောက် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ခွဲ ၁ ရဲဘော်များ မှ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။", "“ဆိုင်ကယ်နဲ့ တစ်ယောက်တည်းထွက်လာတာ၊ သေနတ်တွေလည်းမပါဘူး၊ ချင်းလေးဆိုတာကတော့ မြေပြင်ကနေ သိရတဲ့နာမည်ပါ၊ အလောင်းကိုလည်း ဘယ်သယ်သွားလဲ မသိဖူး၊ ကမ္မ- မြိုင်လမ်းနားမှာ တွေ့တယ်လို့ပဲ သတင်းရတယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2024/05/161816/
AA က ရိုဟင်ဂျာ မွတ်စလင်များကို ကူညီဆောင်ရွက်ပေးနေပုံများ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ပြန်
["ကိုယ်ကျိုးရှာသမားများက ဝေဖန် တိုက်ခိုက်နေလင့်ကစား AA တပ်ဖွဲ့ဝင်များက စစ်မှန်သော သူရဲကောင်းများအဖြစ် အမိမြေကို စောင့်ရှောက်နေဟုဆို", "ရန်ကုန်၊ မေ ၁၁", "ရခိုင်ပြည်နယ်တွင် AAက ရိုဟင်ဂျာ မွတ်စလင်များကို ကူညီဆောင်ရွက်ပေးပုံများကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လိုက်သည်။", "အဆိုပါဓာတ်ပုံများတွင် ရိုဟင်ဂျာဒုက္ခသည်များကို AA တပ်ဖွဲ့ဝင်များက ကူညီစောင့်ရှောက်ပေးနေပြီး နှစ်ဦးနှစ်ဖက်အကြား နှစ်လိုဖွယ် ကူညီစောင့်ရှောက်မှုများဖြင့် အပြန်အလှန် အပြုံးပန်းများ ရှိနေသည့် ပုံများကို ထုတ်ပြန်သည်။", "“ကိုယ်ကျိုးရှာပြီး မိမိအကျိုးစီးပွားအတွက် တက်ကြွလှုပ်ရှားသူများနှင့် ကိုယ်ကျိုးစီးပွားကို သစ္စာစောင့်သိသော လက်ကိုင်တုတ်များက ပြင်းထန်စွာ ထိုးနှက်နေသော်လည်း စစ်မှန်သော သူရဲကောင်းများသည် ၎င်းတို့၏လမ်းစဉ်အတွက် ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားကြောင်း၊ ၎င်းတို့သည် ရခိုင် အမိမြေအတွက် စစ်မှန်တဲ့ သူရဲကောင်းများဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/01/83208/
ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၁ သန်းဖိုး တန်ဖိုးရှိ 308 စနိုက်ပါ ၃ လက်နှင့်ကျည်များ စကော်ပီယံ စစ်ကြောင်းထံသို့ လှူဒါန်း
["ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၁ သန်းဖိုး တန်ဖိုးရှိ 308 စနိုက်ပါ ၃ လက်နှင့်ကျည်များ စကော်ပီယံ စစ်ကြောင်းထံသို့ လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေး ကူညီ ဆောင်ရွက် ပေးနေ သော ကိုရဲမင်း ဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၁ သန်းဖိုး တန်ဖိုးရှိ 308 စနိုက်ပါ သေနတ် ၃ လက်ကို တောင်ပိုင်းတိုင်း စစ်ဒေသ လက်အောက်ရှိ စကော်ပီယံ စစ်ကြောင်းထံသို့ ယနေ့ လှူဒါန်းကြောင်း ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စကော်ပီယံစစ်ကြောင်းသည် KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ ပေါင်း စပ်ထားသော စစ်ကြောင်းဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဒေသတွင် အခြေစိုက် ထားကြောင်း၊ ယင်းစစ်ကြောင်းအတွက် စနိုက်ပါ ၃ လက်ကို ကျည်ဆန်များနှင့် အတူ လှူဒါန်းခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁ သန်း တန်ဖိုး ရှိကြောင်း သိရှိရသည်။", "ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အရေးဆောင်ရွက်နေသည့်အပြင် နွေဦး တော်လှန် ရေးတွင် လည်း အဓိက ထောက်ပို့ မဟာမိတ်အဖွဲ့အဖြစ် ချိတ်ဆက် ဆောင် ရွက်၍ ပါဝင် နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။"]
https://yktnews.com/2023/10/128788/
ကိုးကန့် MNDAA တပ်ဖွဲ့က လာရောက်တိုက်ခိုက်ရန် ရှိနေသဖြင့် လောက် ကိုင်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များက စစ်ပြင်ဆင်နေကြပြီး စားသောက်ကုန် စျေးနှုန်းများ တဟုန်ထိုးတက်ကာ ၀ရုန်းသုန်းကားဖြစ်နေ
["ကိုးကန့် MNDAA တပ်ဖွဲ့က လာရောက်တိုက်ခိုက်ရန် ရှိနေသဖြင့် လောက် ကိုင်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များက စစ်ပြင်ဆင်နေကြပြီး စားသောက်ကုန် စျေးနှုန်းများ တဟုန်ထိုးတက်ကာ ၀ရုန်းသုန်းကားဖြစ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့စစ်များက စစ် တိုက်ရန် ပြင်ဆင်နေကြပြီး အစား အသောက်ကြိုတင်စုဆောင်းမှုများ၊ မြိုု့မှ ထွက်ပြေးသူများဖြင့် ဝရုန်းသုန်းကားဖြစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "လောက်ကိုင်မြို့ပေါ်ရှိ ဟိုတယ်များတွင် ဂိတ်အဝင်အ၀များကို အုတ်များဖြင့် ပိတ်၍ ပြည်သူ့စစ်များက ဟိုတယ်တစ်ခုလုံး ပတ်ပတ်လည်တွင် တပ်စွဲထား ကြောင်း၊ စစ်တပ်ကလည်း လမ်းဆုံးလမ်းခွများရှိ တိုက်အမြင့်များပေါ်တွင် နေရာယူပြီး စစ်ပြင်ဆင်နေကြကြောင်း၊ လောက်ကိုင် ဒကစ အတွင်းတွင်လည်း စစ်ပြင်ဆင်နေပြီး ဒကစ ဝင်းအတွင်း ပတ်ပတ်လည်တွင် မိုင်းများစွာ ထောင် ထားကြကြောင်း သိရှိရသည်။", "လောက်ကိုင်မှာ ပြည်သူ့စစ်တွေ ယူနီဖောင်းမဝတ်တော့ဘူး။ အရပ်ဝတ်တွေနဲ့။ ကျားဖျန့် ဟိုတယ်တွေက ငှားထားတဲ့ ပြည်သူ့စစ်တွေက တချို့ဟိုတယ်တွေမှာ လုံခြုံရေး အပြည့်အ၀ ယူနေကြပြီ။ ဟိုတယ်တော်တော်များများမှာ ပြည်သူ့ စစ်နဲ့ စစ်တပ် နေရာယူထားကြတာ။ တချို့ဟိုတယ်တွေဆိုရင် အဝင်အ၀ကိုပါ အုတ်တွေနဲ့ အသေပိတ်ပြီး ဟိုတယ်ပေါ်ကနေ ပစ်ခတ်ဖို့ ပြင်ဆင်နေကြတယ်။ လမ်းဆုံလမ်းခွ အထပ်မြင့်တိုက်တွေမှာ စစ်တပ်တွေက စနိုက်ပါတွေနဲ့ နေရာ ယူထားကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် MNDAA ကိုးကန့်တပ်များ လာရောက်တိုက်ခိုက်ရန် ရှိနေသဖြင့် ပြည်သူများ လောက်ကိုင်မြို့မှ ထွက်ခွာနေကြပြီး တရုတ်ပြည်ဘက်သို့ ကူးနေကြ ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့စစ်များက တရုတ်ပြည် ဘက်သွား ရောက် တိမ်းရှောင်သူများကို တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၁၅၀၀ အတင်းအကျပ် တောင်းခံနေကြောင်း သိရှိရသည်။", "“ရန်လုံကျိုင်းဂိတ်မှာ တရုတ်ပြည်ဘက်ကို သွားရောက်တိမ်းရှောင်တဲ့ ကိုးကန့် ဒေသခံတွေဆီကနေ တရုတ်ယွမ်ငွေ ၁၅၀၀ ကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ် တွေက ကောက်နေတယ်။ နေ့စဉ် အနည်းဆုံး လူ ၁၀၀ ကနေ ၅၀၀ လောက် တရုတ်ဘက်ကို ကူးပြီး စစ်ဘေးရှောင်ဖို့ လုပ်နေကြရတာ” ဟု ဒေသပြည် သူတစ်ဦးက ရှင်းပြသည်။", "ထို့ပြင် လောက်ကိုင်မြို့တွင် များမကြာမီ စစ်ဖြစ်ပွားမည့် အခြေအနေရှိနေ၍ အစားအသောက်များ ဝယ်ယူစုဆောင်းခြင်း၊ သိုလှောင်ထားခြင်း ဖြင့် ကုန် ပစ္စည်း များ ပြတ်လပ်ကာ စျေးနှုန်းများပါ မြင့်တက်နေကြောင်း သိရှိရသည်။", "” လောက်ကိုင်မှာ အခု စားသောက်ကုန်တွေ ဝယ်မရတော့ဘူး။ ပြတ်လပ် တာပေါ့။ ဆန်တစ်အိတ်ကို တရုတ်ငွေ ၁၀၀၀ ယွမ် ဖြစ်နေပြီ။ ဒါတောင် ဝယ်မရတော့ပါဘူး။ အလုပ်လာလုပ်တဲ့ မြန်မာပြည်သူတွေလည်း ကိုယ့်ရပ် ကိုယ့်ဒေသ ပြန်ချင်ပေမယ့် ပြန်လို့မရတော့ဘူး။ လမ်းတွေကလည်း ပိတ်သွားပြီ။ သူဌေးတွေက အကုန်ဝယ်သိုလှောင်ကြတာ။ အဆင်မပြေတဲ့ မြန်မာပြည်သူတေ ဝယ်မစား၊ ဝယ်မစုဆောင်းနိုင်ကြဘူး။ လောက်ကိုင်မှာ ညနေ ၆ နာရီနောက်ပိုင်းထွက်မရတော့ဘူး။ လောက်ကိုင်မြို့ပေါ်တော့ တိုက်ပွဲ မဖြစ်သေးပါဘူး။ အနီးအနားတွေက ပစ်ခတ်သံတွေနဲ့ ချနေကြတယ်” ဟု လောက်ကိုင်တွင် ရောက်ရှိနေသော ရွှေ့ပြောင်း မြန်မာလုပ်သား တစ်ဦး ကရှင်းပြသည်။", "ကိုးကန့် MNDAA က လောက်ကိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ အနေဖြင့် အလင်းဝင်ကြရန်၊ လာရောက် ခိုလှုံကြရန် တရားဝင် သတိပေးချက် ထုတ်ပြန်လိုက်ပြီဖြစ်သည်။", "ဓာတ်ပုံ- လောက်ကိုင် ဟိုတယ်များတွင် စနိုက်ပါများနှင့် သေနတ် ပစ်ခတ်ရန် ပြည်သူ့စစ်များက ပြင်ဆင်ထားပြီး ဟိုတယ် အဝင်အ၀များကိုပါ အုတ်များဖြင့် အသေပိတ်ကာ စစ်ပြင်ဆင်နေကြပြီဖြစ်သည်။"]
https://yktnews.com/2024/08/180471/
ကိုးကန့် MNDAA တပ်မတော်တွင် ဗမာတိုင်းရင်းသား ရဲဘော် ၁၃ ဦးက ကတိသစ္စာပြု ပါဝင်ပြီး တပ်သားသစ်များဖြစ်လာ
["ကိုးကန့် MNDAA တပ်မတော်တွင် ဗမာတိုင်းရင်းသား ရဲဘော် ၁၃ ဦးက ကတိသစ္စာပြု ပါဝင်ပြီး တပ်သားသစ်များဖြစ်လာ", "ရန်ကုန်၊ ဩဂုတ် ၂၅", "ကိုးကန့် MNDAA တပ်မတော်တွင် ဗမာတိုင်းရင်းသား ရဲဘော် ၁၃ ဦးက ကတိသစ္စာပြု ပါဝင်ပြီး တပ်သားသစ်များဖြစ်လာကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ဩဂုတ်လ ၂၃ ရက်နေ့ တွင် MNDAAတပ်မတော်က ထူးခြားသော တပ် သားသစ် ကြိုဆိုပွဲ အခမ်းအနားကို စခန်းတစ်ခုတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ကွတ်ခိုင် ခရိုင် အုပ်ချုပ်ရေးကော်မတီ၏ ဒုတိယအတွင်းရေးမှူးMr.LiXinhai နှင့် ဒေသ ခံ စစ်ဘက်နှင့် နိုင်ငံရေးဌာန မှတာဝန်ခံပုဂ္ဂိုလ်များ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနားတွင် ကိုမိုးထွန်း ဦးဆောင်သော ဗမာရဲဘော် ၁၃ ဦးသည် အသစ်စက်စက် စစ်ယူနီဖောင်းများ ၀တ်ဆင်ကာ ညာလက်သီးများကို ဆုပ်ကိုင်ကာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်တွင် တရားဝင်ပါဝင်ရန် MNDAAတပ်မတော်အလံရှေ့တွင် လေးနက်စွာ ကတိသစ္စာပြုကြကြောင်း သိရှိရသည်။", "အခမ်းအနားသို့ တက်ရောက်လာသော ဒုတိယအတွင်းရေးမှူး Mr. Li Xinhai မှ တပ်သားသစ် ဗမာရဲဘော် ၁၃ ဦးနှင့် ရင်းရင်းနှီးနှီး အမှာစကား ပြောကြားခဲ့ပြီး ဒုတိယအတွင်းရေးမှူးMr.LiXinhai က ကတိသစ္စာပြုပွဲ ပြီးဆုံးသွားခြင်းသည် စစ်မှန်သော မဟာမိတ်စစ်သည်တစ်ဦး ဖြစ်လာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။", "တပ်သားသစ်များအား စစ်မှုထမ်းခြင်းဆိုင်ရာ စံနှုန်းများကို အချိန်တိုင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားရန်နှင့် စစ်မှုထမ်းရန် ကတိသစ္စာစကားကို အမြဲသတိရရန် တောင်းဆိုခဲ့ကြောင်း၊ ၎င်းတို့တွင် မတူညီသော တာဝန်များ ရှိပြီး ဘာ သာစကား ကွဲပြားသော်လည်း ၎င်းတို့သည် မဟာမိတ်တပ်ဖွဲ့ မိသားစုကြီး၏ အဖွဲ့ဝင်များ ဖြစ်နေဆဲဖြစ်ကြောင်း ၎င်းက တပ်သားသစ်များအား အလေးပေးပြောကြားခဲ့သည်ဟု သိရှိရသည်။", "၂၀၁၅ ခုနှစ်အစောပိုင်းတွင် ဗမာစစ်သုံ့ပန်းများနှင့် လက်နက်ချအလင်းဝင်သူများသည် မဟာမိတ် တပ်သို့ တရားဝင်ဝင်ရောက်ခဲ့ကြပြီး ဗမာရဲဘော်အချို့မှာ ကိုးကန့်စကားကို ကျွမ်းကျင်၍ ပြောဆိုနေတတ်ကြောင်း သိရှိရပေသည်။", "ယင်းနောက်တွင် ဗမာစစ်သုံ့ပန်း၊ တိုင်းရင်းသားလူငယ်များက ဒီမိုကရေစီ တော်လှန်ရေးအတွက် မြှုပ်နှံပြီး မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်ထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ကြောင်း၊ လူတိုင်းတွင် မတူညီသောဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်ရှိသော်လည်း ၎င်းတို့အားလုံးသည် တူညီသောပန်းတိုင်အတွက် ကြိုးစားအားထုတ်ကြကြောင်း၊ ရည်မှန်းချက်ကြီးသော ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ်များသည် MNDAAတပ်မတော်၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း MNDAA က ဆိုသည်။", "၎င်းတို့၏ ပူးပေါင်းပါဝင်မှုသည် ရောင်စုံရိုးရာယဉ်ကျေးမှုကို စစ်တပ်စခန်းသို့ သယ်ဆောင်လာကာ မတူညီသော လူမျိုးစုများကြား စည်းလုံးညီညွတ်မှုစိတ်ဓာတ်နှင့် စစ်အစိုးရ၏ အာဏာရှင်စနစ် အုပ်ချုပ်မှုကို တွန်းလှန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြသခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/05/213636/
ကိုးကန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်တည်ဆောက်မည်
["ကိုးကန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီးရမခတိုင်းစစ်ဌာနချုပ်ကို ပြန်တည်ဆောက်မည်", "ရန်ကုန်၊ မေ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA ထံ လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး လားရှိုးဆေးရုံဖွင့်ပွဲ အပါအဝင် လားရှိုးမြို့ပြန်လည် တည်ဆောက်ရေးကို ဦးဆောင် လုပ်ကိုင်နေကြောင်း လားရှိုးဒေသပြည်သူများက ပြောဆိုသည်။", "ယမန်နေ့ မေလ ၅ ရက်နေ့ လားရှိုးပြည်သူ့ဆေးရုံကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦး လာရောက်ဖွင့်လှစ်ခဲ့ပြီး မြို့ကိုလည်း လှည့်ပတ်စစ်ဆေးခဲ့ကြောင်း၊ ယနေ့ လက်ရှိအချိန်အထိလားရှိုးမြို့တွင်ပင် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ရှိနေဆဲဖြစ်ကြောင်း လားရှိုးမြို့မှ ပြည်သူတချို့က ပြောဆိုသည်။", "“မနေ့က ဆေးရုံဖွင့်ပွဲ တိုင်းမှူး လာတယ်။ ဒီနေ့အထိလည်း လားရှိုးမှာပဲ။ ဒီမှာပဲ ရုံးထိုင်တော့မယ်လို့လည်း ကြားပါတယ်” ဟု လားရှိုးမှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "MNDAA က ဧပြီလ နှောင်းပိုင်း လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်မှ ဆုတ်ခွာသွားပြီးနောက် အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးမှာ လားရှိုးကို ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကမူ လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြန်လည် အခြေစိုက် ဖွင့်လှစ်မည်ဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“လားရှိုးမှာပဲ ရမခ တိုင်းစစ်ဌာနချုပ် ပြန်အခြေစိုက်မယ်။ အစက မိုင်းရယ်နဲ့ တန့်ယန်းမှာ ထားမလား ရွေးပေးမယ့် ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ လားရှိုးမှာပဲ ရမခတိုင်း စစ်ဌာနချုပ်ပြန်ဖွင့်မယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။", "လားရှိုးမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီး တရုတ်၏ကြားဝင်မှုကြောင့် ယခုနှစ် ဧပြီလတွင် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။", "လက်ရှိ လားရှိုးမြို့ ပြန်လည် တည်ထောင်ရေး ဦးဆောင်နေသော တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးသည် မတ်လအတွင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။", "ဗိုလ်မှူးချုပ် အေးမင်းဦးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ MNDAA က လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)ကို သိမ်းပိုက်ခဲ့စဉ် အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး အဖြစ် တာဝန်ထမ်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် ၁၆ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးတို့နှင့်အတူ MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သူဖြစ်သည်။", "လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် ဩဂုတ် လအတွင်း ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီက တန့်ယန်းမြို့ကို အခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး တိုင်းမှူးအဖြစ် ဗိုလ် ချုပ် မြင့်ကျော်ထွန်းကို ခန့် အပ်ခဲ့သည်။", "ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်ကျော်ထွန်းသည် ကျားဖြန့်တရုတ်ငွေလိမ်ဂိုဏ်းများထံမှ ငွေကျပ်သိန်းထောင်ချီ လာဘ်ယူမှုဖြင့် စစ်ကောင်စီက ရာထူးမှ ဖယ်ရှား ဖမ်းဆီးလိုက်ပြီးနောက် ဗိုလ်မှူးချုပ် အေး မင်းဦးကို ရမခ တိုင်းမှူး (တန့်ယန်း)အသစ် အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2024/02/143884/
ကိုးကန့် အထူးဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်စဥ် ပြစ်မှု ကျူးလွန်သူ ၃၀ ကျော်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ
["ကိုးကန့် အထူးဒေသတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်စဥ် ပြစ်မှု ကျူးလွန်သူ ၃၀ ကျော်နှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသော လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကိုးကန့် အထူးဒေသ နယ်မြေ အတွင်း ရှင်းလင်းရေး အထူးစီမံချက် ဒုတိယနေ့တွင် အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ရာဇဝတ်မှု ပေါင်းစုံ လုံးဝပပျောက်စေရန်အတွက် အထူးဒေသ စစ်အုပ်ချူပ်ရေး ကော်မတီ လက်အောက်ရှိ အဖွဲ့များသည် ရှင်းလင်းရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။", "အထူး စီမံချက် တွင် ကိုးကန့်ဒေသ စွမ်းဟော့ချိန်နှင့် တုံချိန်ရှိ အဓိက နေရာ ၂ ခုတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၃၆ ဦးနှင့် ပြစ်မှု ကျုးလွန်ရာတွင် အသုံးပြုသော လက်ကိုင်ဖုန်း အများအပြားနှင့် ဆက်စပ် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး အထူးဒေသ ရဲ ဌာနသို့ အပ်နှင်းခဲ့ကြောင်း သိရှိရသည်။", "တရားဝင် နေထိုင်သည့် ပြည်ပနိုင်ငံသား ယာယီနေထိုင် ခွင့် မှတ်ပုံတင်ရေး၊ ယာယီနေထိုင်ခွင့် သက်သေခံလက်မှတ် ပြုလုပ်ပေးမှု အစီအစဥ်သည်လည်း တစ်ချိန်ထဲဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။။"]
https://yktnews.com/2023/11/129654/
ကိုးကန့်ခရိုင်နှင့် မုံးကိုးခရိုင်ရှိ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တုန်းရှမ်းဒေသရှိ စစ်စခန်း ၃ ခုကို ၉ မိနစ်ဖြင့် သိမ်းပိုက်နိုင်ခဲ့
["ကိုးကန့်ခရိုင်နှင့် မုံးကိုးခရိုင်ရှိ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တုန်းရှမ်းဒေသရှိ စစ်စခန်း ၃ ခုကို ၉ မိနစ်ဖြင့် သိမ်းပိုက်နိုင်ခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်နှင့် မုံးကိုးခရိုင်ရှိ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တုန်းရှမ်းဒေသရှိ စစ်စခန်း ၃ ခုကို ၉ မိနစ်ဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။", "ယနေ့နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ၊ ရှောက်ကန် ထန် နေရာရှိ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို MNDAA ပူးပေါင်း စစ်ကြောင်းများက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၉ မိနစ်ခန့်အကြာ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် နံနက် ၁၀ နာရီခွဲခန့်တွင် ကိုးကန့်မြောက်ပိုင်း ရှင်းဝမ်ဒေသ ၊ ဟုန်ကုတ်ရွာ၊ ကော်တီထန် ပေါက် ပေါက် တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်ကိုလည်း ကိုးကန့်(MNDAA) က အောင်မြင်စွာ တိုက်ခိုက် သိမ်းယူခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၃ မိနစ်တွင် မုံးကိုးမြို့အပြင်ဘက်ရှိ စစ်ကောင်စီ၏ ရှောက် ကွမ်းလုံ အမှတ် ၃ စခန်းကို ကိုးကန့် (MNDAA) နှင့် ရက္ခိုင့် တပ်တော် (AA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁ နာရီ အကြာဖြစ်ပွားခဲ့ပြီး မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်တွင် ၎င်းစခန်းကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "လက်တလောပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုသည် စိတ်ဓာတ်များကျဆင်းနေပြီး ကိုးကန့် (MNDAA) ၏ ထိုးစစ်မှုများကို ရင်ဆိုင်နေရသည့် အချိန်တွင် လက်နက်များ စွန့်လွှတ်ကာ ထွက်ပြေးကြကြောင်း၊ လက်ရှိ အချိန်ထိ စစ်ကောင်စီ၏ တပ်စခန်း အကြီး၊ အသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၁၀၆ ခုကို အောင်မြင်စွာ သိမ်းယူရရှိခဲ့ထားကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၃ ရက် နံနက် ၃ နာရီခန့်က ကိုးကန့်ခရိုင်၊ ချောက်ပကျိုင့်ရွာရှိ စစ်ကောင်စီ တပ်စခန်းကို MNDAA က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခွဲ အချိန်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် နံနက် ၇ နာရီ ၃၃ မိနစ်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ဝမ်နင်ကျွမ်း ၊ ရှိမိန်ခိုင်နှင့် ကျန်ကြားလယ်ကွင်း တပ်စခန်း ၃ ခုကို MNDAA တပ်ဖွဲ့က ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်တွင် ၎င်းစခန်းများကို အပြီးသိမ်းယူခဲ့ကြောင်း၊ ဝမ်နင်ကျွမ်း စစ်ကောင်စီစခန်းက လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိသည့်အပြင် ကျန်ကြားလယ်ကွင်းစခန်းထဲမှ မူးယစ် စိတ်ကြွ ဆေးပြားများကိုလည်း တွေ့ ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၂ နာရီ ၄၈ မိနစ်က ကိုးကန့်ခရိုင်၊ တာရွှေထန်ရွာအုပ်စု၊ ရှောက်ပိုက်အိုင်တွင် အခြေချ နေထိုင်သော စစ်ကောင်စီတပ်ဖွဲ့မှ တာရွှေထန်ဘက်ကို စစ်ကူပို့ရန်ချီတက်လာစဉ် ကိုးကန့် (MNDAA)က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကူအဖွဲ့က နောက်ပြန်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆံတစ်လုံးမှာ နန်ကော်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် မုံးကိုးတံတားရှိ စစ်ကောင်စီစခန်းကို MNDAA တပ်ဖွဲ့က ထိုးစစ်တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီခွဲခန့်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီ မိနစ် ၅၀ ခန့်ကလည်း မုံးကိုးမြို့အပြင်ဘက် ရှောက်ကွမ်းလုံနေရာရှိ စစ်ကောင်စီ စခန်း တစ်ခု ကို ကိုးကန့်(MNDAA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူခဲ့ကြောင်း၊ အလား တူ ညနေ့ ၄ နာရီ မိနစ် ၄၀ အချိန်တွင် မုံးကိုးခရိုင်၊ ဟဲ့ကျင်ကော် တောင်ကုန်းရှိတပ်စခန်းကို ကိုးကန့် (MNDAA)နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ၄၇ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂ ရက်နေ ည ၁၂ နာရီ ၂၂ မိနစ်တွင် မူပန်(သိန္နီ)ခရိုင် ရှိ စစ်ကောင်စီ၏ မေဟန်စစ်ဆေးရေး ဂိတ်ကို ကိုးကန့်(MNDAA)မှ အင်အားတစ်စုက ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ မွန်းလွဲ ၁ နာရီ ၂၄ မိနစ်က လည်း ဟိုပန်ကျေးရွာ၊ မာချီနှော နှင့် ကွမ်ကျက်ဒေသကြားရှိ စစ်ကောင်စီစခန်းကို မူပန်(သိန္နီ)လုံခြုံရေး အဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/131901/
ကိုးကန့်ခရိုင်ရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထား
["ကိုးကန့်ခရိုင်ရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထား", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထားကြောင်း MNDAA ၏ ပြန်ကြားရေးဖြစ်သော The Kokang က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ခုတ်ထန်တပ်စခန်းကို MNDAA က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် တွင် MNDAA က ကိုးကန့်ခရိုင်၊ ရှီးရှမ်း‌ဒေသရှိ ရှင်းဖောက်လုပ် တပ်စခန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "နိုင်ဝင်ဘာလ ၁၇ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်စခန်း ၁ ခုကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင် MNDAA က ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ တပ်စခန်း ကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆင်နွှဲနေသည့် ၁၀၂၇ စစ်‌ဆင်ရေး ဖော်ဆောင်ခဲ့သည့် ၂၂ ရက်မြောက်နေ့တွင် ကိုးကန့် MNDAA က တပ်စခန်း စုစုပေါင်း ၁၅၂ ကိုသိမ်းပိုက်နိုင်ခဲ့ကာ MNDAA ၏ အခြားစစ်ကြောင်းများလည်း စစ်ကောင်စီနှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/11/130613/
ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိ၊ လောက်ကိုင်မြို့နယ်ရှိ စစ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်ထား
["ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိ၊ လောက်ကိုင်မြို့နယ်ရှိ စစ်စခန်း ၄ ခုကိုလည်း သိမ်းပိုက်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ရှမ်းပြည်နယ်၊ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ယနေ့ သိမ်းပိုက်ရရှိခဲ့​ကြောင်း MNDAA ၏ ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။", "၁၀၂၇စစ်ဆင်ရေး Operation ၏ ၁၅ ရက်နေ့မြောက်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းအကြီးအသေး၊ ယာယီတပ်စခန်း စုစုပေါင်း ၁၃၃ ခုကို အောင်မြင်စွာသိမ်းပိုက်ထားကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA သည် တုန်းရှမ်းဒေသ ၊ တာတုန်းနေရာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီ ၃၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့​ပြီး စခန်းထဲရှိ စစ်ကောင်စီ တပ်သား များလည်း ထွက်ပြေးသွားကြောင်း သိရှိရသည်။", "နံနက် ၈ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ရှီယွင်ကြည်ရွာအနီး၊ လောက်ချွင်ပုနေရာကို ရှေ့တိုးလာပြီး ထွက်ပြေးနေသော ကိုးကန့် ပြည်သူ့စစ်များကို ဝန်းရံတိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၀ မိနစ်တွင် လောက်ချွင်ပုစခန်းကိုလည်းသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၉ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုးကန့် စစ်ကြောင်းသည် လောက်ကိုင်ဝန်းကျင် ရှီယွင်ကြည်ရွာ၊ ရှီရှမ်ဒေသ ၊ တာရွှေထန်အုပ်စုနှင့် မန်လော်အုပ်စုရှိ အကြမ်းဖက် စစ်တပ် စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကိုးကန့် (MNDAA) တပ်ဖွဲ့ သည် ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်းကို လေကြောင်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်ပြီး တပြိုင်နက်တည်း ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် စစ်တပ် ဗျူဟာကုန်း၏ အနောက်တောင်ကုန်းရှိ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ဟဲ့ဟုတ်တောင်ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပြီး အဓိက စခန်းနှင့် တွဲဖက်စခန်းများကို တိုက်ခိုက်ကာ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် အပြီးသိမ်းပိုက်ခဲ့ကြောင်းသိရသည်။", "မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ကိုးကန့် ပြည်သူ့စစ် မင်ရှယ်ချန်အဖွဲ့ ၏ ရှီယွင်ကြည်ရွာအနီးရှိ စခန်းကို ထိုးစစ်တိုက်ခိုက်ကာ ၁၂ မိနစ် အကြာတွင် သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ နံနက် ၇ နာရီခန့်ကလည်း ကိုးကန့် MNDAA တပ်ဖွဲ့သည် ယခင်ရက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်ထားသော ရှောက်ထောင် ကျိုင့်ရွာ၏ ဘယ်ဘက်ခြမ်းရှိ အမည်မသိတောင်ကုန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ကြည်ရှမ်းရွာ၌ တပ်စွဲထားသော စစ်တပိစခန်းကို လက်နက်ကြီးအမြောက် ဖြင့်ဦးစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၃ နာရီ ၃၀ မိနစ်တွင် ခြေလျင်တပ်ဖြင့် တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၃ နာရီခန့်တွင် ကြည်ရှမ်းစခန်းကို သိမ်းပိုက်ရရှိကာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃ သေဆုံးကာ ၁ ဦး ဖမ်းဆီရရှိကာ လက်နက် ခဲယမ်း တချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယင်းနေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ရန်ခန့်နေရာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး နံနက်အချိန်တွင် ခြေလျင်တပ်ဖြင့် ၁ ကြိမ်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နံနက် ၃ နာရီ ၃၀ မိနစ်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် လန့်ချောင်နေရာ၌ တပ်စွဲထားသော စစ်တပ် စခန်းကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ၇ ကြိမ်လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ကိုးကန့် MNDAA တပ်ဖွဲ့သည် နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရှောက်ပယ်အိုင်ရှိ စစ်တပ် စခန်းကို သိမ်းပိုက်ခဲ့ကြောင်း၊ ၎င်းစခန်းရှိ အကြမ်းဖက် စစ်‌ကောင်စီ တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း၊ နံနက် ၉ နာရီခန့်တွင် ကိုးကန့် MNDAA တပ်ဖွဲ့သည် ဖုန်ချွေတောင်ဘက်ကို ချီတက်စဉ် ဟွာရှိပန်ဘက်မှ ရှောက်ပယ်အိုင်ကို လာရောက် စစ်ကူပေးမည့် ကိုးကန့် ပြည်သူ့စစ်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီ ၂၅ မိနစ်တွင် တိုက်ပွဲ ပြီးဆုံးပြီး ပြည်သူ့စစ် အဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ ကား ၃ စီး ဖျက်ဆီးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရှိကာ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/134638/
ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသတွင် တိုက်ပွဲရှိုးနိမ့်၍ ထွက်ပြေးသွားသော စစ်သားများက ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူများက တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးအရှင်မိ
["ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသတွင် တိုက်ပွဲရှိုးနိမ့်၍ ထွက်ပြေးသွားသော စစ်သားများက ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ပြည်သူများက တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးအရှင်မိ", "ကုန်းကြမ်း စခန်းမှ ထွက်ပြေးသွားသည့် စစ်သားများကို MNDAA က လိုက်လံ ဖမ်းဆီးစဥ် ၁ ဦးသေဆုံးပြီး ၇ ဦးအရှင်မိ", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသတွင် တိုက်ပွဲရှုံးနိမ့်၍ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသော ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ပြီး ပြည်သူများက တုတ်၊ ဓားများဖြင့် ပြန်လည် ခုခံ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦး အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ကိုးကန့် MNDAA တပ်ဖွဲ့ထံမှ သိရသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရှောက်ကိုင်ရွာအုပ်စု ဝကြည်ကျိုင့်ရွာ ၊ ဟုန်မူ လင်ရွာနှင့် ထောက်ပိုင်ချန်ရွာတို့တွင် တိုက်ပွဲရှုံးနိမ့်ပြီး ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူများ၏ နေအိမ်များအတွင်း ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟုန်မူလင်ရွာမှ ပြည်သူ ၁ ဦး၊ ဝကြည်ကျိုင့်ရွာမှ ပြည်သူ ၅ ဦး ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ကျေးရွာနေပြည်သူများက တုတ်၊ ဓားများ ကိုင်ဆောင်၍ ပြန်လည် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက်ကိုင်ဆောင် ခြင်းမရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဖမ်းဆီးရမိကာ MNDAA တပ်ဖွဲ့ထံလွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။", "ဒေသ ပြည်သူများအပေါ် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်း အဖြစ်ဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒေသနေ ပြည်သူလူထုမှလည်း မကျေမနပ်ဖြစ်ကာ ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများကိုပင်ရန်ရှာနေသဖြင့် MNDAA တပ်ဖွဲ့ထံ စစ်သုံ့ပန်းများကို လွှဲပြောင်း ပေးခဲ့ရကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရှီးရှမ်းဒေသ ရှောက်ကိုင်ကြည်နေရာလမ်းခွဲ၌ ကုန်းကြမ်း စခန်းမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို တွေ့ရှိခဲ့ရာ ၇ ဦးအရှင် ဖမ်းမိ ပြီး တစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာသေဆုံးသွားကြောင်း၊ သေဆုံးသွားသူသည် တပ်ခွဲမှူးဖြစ်ပြီး တာရွှေထန် အမြောက် တပ်ရင်းမှ ကုန်းကြမ်းစခန်းသို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။", "သေဆုံးသူများနှင့် ဖမ်းဆီးခံရသူများသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စကခ ၁၂ လက် အောက်ခံ လမရ ၅၄၅ မှ ၂ ဦး၊ ခမရ ၅၄၇ မှ ၂ ဦးနှင့် ကျန်ရှိသူများသည် ပြည်သူ့စစ်များဖြစ်ကြောင်း၊ ထို့ပြင် ဒီဇင်ဘာ လ ၃ ရက်နေ့ နံနက်ပိုင်းက မူပန်(သိန္နီ)ခရိုင်၊ မိုင်းယော်ဒေသ၊ မုန်းကျက်စခန်းမှ ထွက်ပြေးလာသော ခမရ ၅၂၀ မှ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/133868/
ကိုးကန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ဖြူးနှင့်ကျောက်ထုတွင်လည်း စစ်တပ် ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၄ ဦး ပွဲချင်းပြီးသေဆုံး
["ကိုးကန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ဖြူးနှင့်ကျောက်ထုတွင်လည်း စစ်တပ် ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၄ ဦး ပွဲချင်းပြီးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ခရိုင်ရှိ နန်ကော်ရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang ထံမှ သိရသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ နန်ကော်ရွာထဲကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးကျည် ၁၀ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "နန်ကော်ကျေးရွာကို နန်ထင်မိန်တောင်တန်းဘက်ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ထိခိုက် ဒဏ်ရာ အပြင်းအထန်ရရှိသူကို ဆေးရုံသို့ပို့ဆောင်ထားကာ အရေးပေါ်ကုသလျက်ရှိကြောင်း၊ လက်ရှိချိန်တွင် နန်ကော်ကျေးရွာနေ ပြည်သူများသည် အနီးစပ်ဆုံး တောတောင်များထဲကို သွားရောက်တိမ်းရှောင်နေရကြောင်း သိရသည်။", "၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ကိုးကန့် MNDAA ၏ အထူးဒေသ ဆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသပြည်သူ ၃၈ ဦးသေဆုံးခဲ့ရကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့ ပဲခူးတိုင်း၊ဖြူးမြို့နယ်ညောင်ပင်သာအရှေ့ကျီးရိုးကျေးရွာအုပ်စုရှိ ရေတွင်းကုန်ရွာနှင့် ဇဟားရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်ရာ ပြည်သူနှစ်ဦးဖြစ်သည့် ဒေါ်စန်းမှီ၊ဒေါ်ဗျားဝင်းနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ်ထဲမှ လက်နက်ကြီး ၁၂၀ မမ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်သည် ပန်းဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းမှ လက်ထောက် ဆရာတော်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦး ဖြစ်သည့် ဦးသိန်းဇော်(၄၈)နှစ်၊ဦးစည်သူကျော်(၃၃)နှစ်တို့မှာ နေရာတွင်လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း၊ နောက်ထပ်အပြစ်မဲ့ပြည်သူ ဦးမောင်လှ ၆၀ နှစ်ဆိုသူမှာလည်း ပြင်းထန်ဒဏ်ရာ(စိုးရိမ်ရ)ရရှိထားကြောင်း ဒေသသတင်းရင်းမြစ် ယောအလင်းတန်း၏ သတင်းဖော်ပြချက်အရ သိရှိရသည်။"]
https://yktnews.com/2023/10/126847/
ကိုးကန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရရှိ
["ကိုးကန့်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရရှိ", "ရန်ကုန်၊ အောက်ဆိုဘာ ၁၇", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ဖမ်းဆီးရရှိကြောင်း MNDAA ကိုးကန့် သတင်းဌာန The Kokang က သတင်းဖော်ပြသည်။", "အောက်တိုဘာ ၁၄ ရက်နေ့ ကိုးကန့် ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိကြောင်း၊ အဆိုပါ စစ်သားထံမှ မူးယစ်ဆေးဝါး ဆေးပြားများ ပါဝင်သည့်အထုပ် ၊ ၆၀ မီလီမီတာ မော်တာ ၁ လုံးနှင့် လက်ကိုင်ဖုန်းတစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်သား၏ ဝန်ခံချက်အရ အောက်တိုဘာ ၁၄ ရက်နေ့ တိုက်ပွဲမဖြစ်ပွားမီ စစ်ကောင်စီတပ်၏ တပ်ရင်းမှူးက မူးယစ်ဆေးဝါးများကို တစ်သုတ်စီ ခွဲယူသယ်ဆောင်ကြရန် ပြောဆိုခဲ့ကြောင်း၊ အဆိုပါစစ်သားမှာ မူးယစ်ဆေးဝါးများနှင့်အတူ ထွက်ပြေးခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့ ကိုးကန့်တပ်ဖွဲ့များက ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများသည် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်ရင်းမှူး၏ စေခိုင်းချက်အရ မူးယစ်ဆေးဝါးများ လက်ခံ ရယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/109749/
ကိုးကန့်တွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သော တပ်မ ၉၉ မှ တပ်သား သန်းထိုက်အောင်ကို သိန်း ၂၀ ဂုဏ်ပြု ချီးမြှင့်ပြီး MNDAA တပ်စိတ်မှူး ရာထူး ပေးအပ်
["ကိုးကန့်တွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သော တပ်မ ၉၉ မှ တပ်သား သန်းထိုက်အောင်ကို သိန်း ၂၀ ဂုဏ်ပြု ချီးမြှင့်ပြီး MNDAA တပ်စိတ်မှူး ရာထူး ပေးအပ်", "ရန်ကုန်၊ ဇွန် ၂၆", "ရှမ်းပြည်နယ်၊ မုံးကိုးတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့သော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၄၁၉ မှ တပ်သား သန်းထိုက်အောင်ကို မြန်မာ အမျိုး သားဒီမိုကရက်တစ် မဟာမိတ်တပ်မ တော်ကိုးကန့်(MNDAA) က အခမ်း အနားဖြင့် ကြိုဆို သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး တပ်စိတ်မှူးရာထူးပါ ပေးအပ်ခဲ့ ကြောင်း The Kokang က ထုတ်ပြန်သည်။", "ဇွန်လ ၂၀ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ သည့် တပ်သားသန်းထိုက်အောင်ကို အထူးဒေသ ၁ မုံးကိုးခရိုင်အုပ်ချုပ်ရေး အဖွဲ့မှ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး ယင်းအခမ်းအနားသို့ ခရိုင်အထွေ ထွေ အတွင်းရေးမှူးနှင့် ဒုခရိုင်မှူး တက်ရောက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ အလင်းဝင်ရောက်ရာတွင် ရိုင်ဖယ်သေနတ်တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ ၁၈၆ တောင့်ဖြင့် လက်နက်ချ အလင်း ဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာ မိတ် တပ်မတော် ကိုးကန့်(MNDAA)မှ ငွေကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့သည့်အပြင် တပ်ဖွဲ့အတွင်း၌ တပ်စိပ်မှူး အဆင့် ခန့်အပ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွင် လက်အောက်ငယ်သားများကို အမြဲ ဆဲဆိုရိုက်နှက်နှက်ခြင်း၊ အာဏာ သိမ်းပြီးနောက် ပြည်သူလူထုကို အနိုင်ကျင့် ခြင်း စသည့် လုပ်ရများကို မကြိုက်နှစ်သဖြင့် MNDAA ထံသို့ ဆက်သွယ်ကာ လက်နက်ချအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ MNDAA တပ်ထဲတွင် အကြမ်း ဖက် စစ် တပ်မှ ထွက်ပြေးလာသည့် လူငယ် ၁၀ ဦး အထက် လက်ခံ ရရှိထားကြောင်း The Kokang က ထုတ်ပြန် ထား သည်။"]
https://yktnews.com/2023/12/134881/
ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံး
["ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။", "MNDAA က ကိုးကန့်ဒေသတွင် ပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်နှိမ်နင်းလျက်ရှိရာ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိရကြောင်း၊ ၎င်း‌‌‌ရုပ် အလောင်း ပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ် သည်ကို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97226/
ကိုးကန့်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး MNDAA တပ်ဖွဲ့ထံ အလင်းဝင်
["ကိုးကန့်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်တပ်မှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး MNDAA တပ်ဖွဲ့ထံ အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၁၃", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး MNDAA တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာ​ကြောင်း နယ်​မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The Kokang ထံမှ သိရသည်။", "အဆိုပါ စစ်သား ၂ ဦးသည် အကြမ်းဖက် စစ်တပ် စကခ ၁၂ လက်အောက်ခံ ၂၃၁ တပ်ရင်းမှ တပ်သား ဝင်းကျော်မျိုးနှင့် တပ်သား စောယူဖော တို့သည် မော်ထိုက်မြို့ အဝင်ဂိတ်၌ စစ်သားများက ပြည်သူများအပေါ် ငွေကြေးကောက်ခံနေခြင်းအား ကျေနပ်မှု မရှိသော​ကြောင့် MNDAA တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။", "” မော်ထိုက်မြို့ အဝင်ဂိတ်မှာ နေရင်းနဲ့ ပြည်သူတွေကို ပိုက်ဆံ ၁၀၀၊ ၄၀၀ ကောက်လို့ မခံချင်လို့ ဒီဘက် (MNDAA) ကို ဝင်လာတာ တပ်ရင်းမှူး အရာရှိတွေက ပိုက်ဆံရပြီးရော ဆိုတဲ့ ပုံစံမျိုးနဲ့ ပြည်သူတွေ ဒုက္ခရောက်တာကို မကြည့်ဘဲ ပိုက်ဆံရပြီးရော လုပ်နေကျတဲ့ သူတွေ ဖြစ်နေလို့ အဲတာကို မခံချင်လို့ ရောက်လာတာ” ဟု တပ်သား ဝင်းကျော်မျိုးပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စကခ ၁၂ လက်အောက်ခံ ၂၃၁ တပ်ရင်းသည် လောက်ကိုင်ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် တခြား တပ်ရင်းများလည်း အကုန်လုံး စစ်ကြောင်းထိုး ဝင်ရောက်ရန် ရောက်ရှိနေကြောင်း သိရသည်။"]
https://yktnews.com/2023/06/109464/
ကိုးကန့်ဒေသတွင် ခလရ ၁၂၈ မှ စစ်သား ၁ ဦး MNDAA တပ်ဖွဲ့ထံ အလင်းဝင်
["ကိုးကန့်ဒေသတွင် ခလရ ၁၂၈ မှ စစ်သား ၁ ဦး MNDAA တပ်ဖွဲ့ထံ အလင်းဝင်", "ရန်ကုန်၊ ဇွန် ၂၄", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင်တပ်ရင်း ၁၂၈ မှ စစ်သား ၁ ဦး MNDAA တပ်ဖွဲ့ထံ အလင်း ဝင်ရောက် လာကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The kokang ထံမှ သိရသည်။", "ဇွန်လ ၁၅ ရက်နေ့တွင် ကိုးကန့်ဒေသ၌ အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၁၂၈ မှ တပ်သား တိုက်အုပ်မိုးသည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။", "တိုက်အုပ်မိုးသည် စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လပိုင်းတွင် အကြမ်းဖက် စစ်တပ်၌ ဝင်ရောက်ခဲ့ပြီး စစ်တပ်တွင် ဆက်လက် နေထိုင်စိတ် မရှိခြင်းနှင့် အထက် အရာရှိ၏ အကြိမ်ကြိမ် ရိုက်နှက်မှုကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်ထံမှ ထွက်ပြေးသွားသော တိုက်အုပ်စိုးသည် မန်လတ်ဒေသလမ်းခွဲရှိ တပ်စခန်းမှ ထွက်ပြေးလာခြင်းဖြစ်ပြီး MNDAA ၏ စစ်သုံ့ပန်း ဦးစားပေး မူဝါဒအရ မည်သည့် နေရာမဆို ဖမ်းဆီးခံရခြင်း သို့မဟုတ် လက်နက်ချ အလင်းဝင်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သားများကို လူသားချင်း စာနာထောက်ထားမှုအရ ဆက်ဆံပြီး အိမ်ပြန်လွှတ် ယုံသာမက လမ်းစရိတ်အဖြစ် တရုတ်ငွေ ၅၀၀ ကူညီ‌ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/137948/
ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်က ဒဏ်ရာကြောင့် စွန့်ပစ်ထားခဲ့တဲ့ စစ်သားကို MNDAA က ကယ်ဆယ် ကုသပေး၊ စစ်ကောင်စီကို စိတ်နာပြီး MNDAA ကိုကျေးဇူးတင်ဟု ဒဏ်ရာရ စစ်သားပြောဆို
["ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်က ဒဏ်ရာကြောင့် စွန့်ပစ်ထားခဲ့တဲ့ စစ်သားကို MNDAA က ကယ်ဆယ် ကုသပေး၊ စစ်ကောင်စီကို စိတ်နာပြီး MNDAA ကိုကျေးဇူးတင်ဟု ဒဏ်ရာရ စစ်သားပြောဆို", "ရန်ကုန်| ဒီဇင်ဘာ ၃၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အထိနာပြီး ပြန်လည်ဆုတ်ခွာချိန် ထားရစ်ခဲ့တဲ့ ဒါဏ်ရာရစစ်သား ၁ဦးကို ကိုးကန့်တပ် MNDAAက ကယ်ဆယ်ကုသပေးခဲ့ရတယ်လို့ ဆိုပါတယ်။", "လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ တပ်မ၉၉လက်အောက်ခံတပ်ဖွဲ့နဲ့ ညီနာင်မဟာမိတ်တပ်ဖွဲ့တွေ မုံးကိုးခရိုင် ၊နန်ခုန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားချိန် အဆိုပါ စစ်သားဟာ ဒါဏ်ရာကြောင့် ကျန်ရစ်ခဲ့တာလို့ ဆိုပါတယ်။", "အဆိုပါစစ်ကောင်စီစစ်သားဟာ ပေါက်ကွဲမှုကြောင့် ပေါင်မှာ ဒါဏ်ရရှိခဲ့ပြီး စစ်တပ်က ပြန်လည်မခေါ်ဆောင်သွားဘဲ ရက်ပေါင်းများစွာ အစာငတ်နေချိန် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ရက်နေ့က ကိုးကန့်တပ်တွေက တွေ့ရှိပြီးကယ်ဆယ်ခဲ့တာလို့ ကိုးကန့်ပြန် ကြားရေးမီဒီယာက ဆိုပါတယ်။", "သူဟာ အသက်၄၂နှစ် အရွယ် ဆေးတပ်သား၁ဦးဖြစ်ပြီး စစ်ကောင်စီတပ်မ(၉၉)လက်အောက်ခံအထူးတပ်ရင်း၁၅မှာ တာဝန်", "ထမ်းဆောင်နေသူလို့ ကိုးကန့်တပ်တွေဘက်ကဆိုပါတယ်။", "” ကျွန်တော်ခေါ်တယ်၊ ကျွန်တော့်ကို ကယ်ပါအုံး၊ မထားခဲ့ပါနဲ့အုံးပြောချိန် အကုန်ပြေးကုန်တယ်၊ ကျွန်တော်တယောက်တည်းဆင်းလာရတယ်။ မကူညီဘူး တယောက်မှမကူညီဘူး ဟိုဟာဖြစ်တဲ့ကောင်တွေ” လို့ ကိုးကန့်တပ်ကယ်ဆယ်ထားတဲ့ ဒါဏ်ရာရစစ်ကောင်စီစစ်သားက ကိုးကန့်မီဒီယာက ထုတ်ပြတဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားတာတွေ့ရပါတယ်။", "MNDAAတပ်တွေရှိရာကို သိပေမယ့် မလာရောက်နိုင်ဘဲ ၈ ရက်လောက်အစာငတ်နေခဲ့ရတယ်လို့သူကပြောဆိုပါတယ်။", "စွန့်ပစ်ထားခဲ့တဲ့ စစ်ကောင်စီတပ်ကို စိတ်နာပြီး ကယ်ဆယ်ကုသပေးတဲ့ ကိုးကန့်တပ်တွေကို ကျေးဇူးတင်တယ်လို့လည်း သူကပြောဆိုသွားပါတယ်။"]
https://yktnews.com/2023/10/128023/
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး၊ စစ်တပ်ထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ
["ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး၊ စစ်တပ်ထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ နှင့် MNDAA တပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်ခန့်က ကိုးကန့်ခရိုင်၊ ရှင်ဝမ်ဒေသ ၊ ရှိပတ်လင် စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် စစ်တပ် လက်အောက်ခံ ပတ်စော်ချိန် ပြည်သူ့စစ် အဖွဲ့ ၏ စခန်းကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒရုန်း ၂ စီးနှင့် ကား ၄ စီးတို့ ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်တပ်ထံမှ ကျည်ကာ အင်္ကျီ ၁ ထည်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်အတောင့် ၆၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် နမ့်ခုံဟော်ရွာနှင့် ရှိပတ်လင်ကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့နှင့် ကိုးကန့် ပြည်သူ့စစ် ပူးပေါင်း အင်အား ၁၀၀ ခန့်သည် လက်နက်ကြီး ပစ်ကူယူကာ MNDAA ၏ ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ကျည်ဘောက် ၁ ခု၊ ကျည် ၂၆ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၂၄ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ နေရာကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ လက်နက်ခဲယမ်းအချို့၊ မူးယစ် ဆေးဝါးစိတ်ကြွပြား ၄ ထုပ်နှင့် မြေမြုပ်ထားသည့် ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁ ဦး၏ ရုပ်အလောင်းတစ်လောင်းတို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။", "စစ်မြေပြင်၌ ကိုးကန့်လူမျိုးနှင့် မင်းအောင်လှိုင်တပ်ဖွဲ့တို့ပူးပေါင်း ရောနှောနေသည် ကိုမတွေ့ချင်ကြောင်း၊ ကိုးကန့်(MNDAA) သည် ကိုးကန့်လူမျိုးအချင်းချင်း မပစ်ခတ်ဟု ဆိုသည့် ရပ်တည်ချက်ကို စွဲမြဲထား သော်လည်း သေနတ်ဖြင့် ကိုယ့်လူကို ချိန်စပါက မိမိတို့ဘက်မှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA)မှအရာရှိတစ်ဦးက ပြောဆို ထားသည်။"]
https://yktnews.com/2023/12/134266/
ကိုးကန့်ဒေသတွင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်သား ၁၀၀ ကျော် ချေမှုန်းပြီးနောက် စစ်တပ် အကြွင်းအကျန် အင်အား ၁၈၀ နီးပါးကို လိုက် လံတိုက်ခိုက်နေဟု MNDAA ပြော
["ကိုးကန့်ဒေသတွင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်သား ၁၀၀ ကျော် ချေမှုန်းပြီးနောက် စစ်တပ် အကြွင်းအကျန် အင်အား ၁၈၀ နီးပါးကို လိုက် လံတိုက်ခိုက်နေဟု MNDAA ပြော", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသည့် စစ်သား ၁၀၀ ကျော်ကို ချေမှုန်း တိုက်ခိုက်ပြီးနောက် ထပ်မံ၍ ထွက်ပြေးနေသည့် စစ်တပ် အကြွင်းအကျန် အင်အား ၁၈၀ နီးပါးကိုလည်း ရှာဖွေ လိုက်လံ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်းကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းမြို့ရှိ စစ်တပ်စခန်းကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး ကုန်းကြမ်းမြို့တွင် တပ်စွဲ ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်း တစ်ခုလုံးနှင့် စကခ ၁၂ တပ်ဖွဲ့ဝင် အချို့ လက်နက်ချအညံ့ခံခဲ့ကာ စကခ ၁၆ မှူးက ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ခေါ်ယူပြီးထွက် ပြေးခဲ့ ကြောင်း၊ ထို့သို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့သို့ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် အခြား တပ်များမှ ထွက်ပြေးလာသော စစ်သား ၂၈၀ ကျော်သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာ နှင့် စူကြာ ကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းနေခဲ့ကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ် တွင် နယ်မြေရှင်းလင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်ခဲ့သည့်နေရာကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၂၀ တွေ့ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းတွင် ကျန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ထပ်မံလိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။", "“ထပ်လွှတ်နေတဲ့သူတွေ ရှိပါတယ်။ ရှင်းလင်းရေးတွေ ဆက်လုပ်နေပါတယ်” ဟု MNDAA ပြန်ကြားရေး လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/12/135217/
ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို ကိုးကန့် MNDAA က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး
["ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိသည့် ပြည်သူ့စစ်အဖွဲ့ဝင် ၄၉ ဦးကို ကိုးကန့် MNDAA က လွတ်ငြိမ်းချမ်းသာ ခွင့်ပေး", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် ၁၀၂၇ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိသည့် ပြည်သူ့စစ် အဖွဲ့ဝင် ၄၉ ဦးကို ကိုးကန့် MNDAA က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း MNDAA ထံမှ သိရသည်။", "၁၀၂၇စစ်ဆင်ရေးအတွင်း ရှုံးနိမ့်လျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက် ချ ထွက်ပြေးခြင်း၊ အချို့တပ်ဖွဲ့များမှာ မိမိနေထိုင်ရာနေရာမှ ထမြောက်ပုန်ကန်ကာ မဟာမိတ်တပ်ဖွဲ့ ထဲတွင် ပါဝင်ဆင်နွှဲခြင်း၊ အချို့ စစ်သည်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးရမိသော ပြည်သူ့စစ် အဖွဲ့ဝင် စစ်သုံ့ပန်း အဖွဲ့ဝင် ၄၉ ဦးကို MNDAA က စစ်သုံ့ပန်း ဥပဒေနှင့်အညီ ဦးစားပေးလိုက်နာပြီး MNDAA ၏ တရားစီရင်ရေးဌာနမှ စစ်ဆေး စုံစမ်းမေးမြန်းပြီးနောက် ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ကိုးကန့် ရုပ်သေး အဖွဲ့အစည်း (ပြည်သူ့စစ်) ထံတွင် တာဝန်ထမ်း ဆောင် နေသူများအနေဖြင့် လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်ပြီး ပြည်သူ့ရင်ခွင်ထံ ပြန်လာကြရန် ကိုးကန့် MNDAA က တိုက်တွန်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/129917/
ကိုးကန့်ဒေသနှင့် သိန္နီရှိ စစ်ကောင်စီ၏ တာဂန်ထန် ဗျူဟာစခန်း အပါအဝင် စခန်း ၄ ခု၊ စစ်ယာဉ်တန်းတို့ကို MNDAA က တိုက်ခိုက် သိမ်းပိုက်
["ကိုးကန့်ဒေသနှင့် သိန္နီရှိ စစ်ကောင်စီ၏ တာဂန်ထန် ဗျူဟာစခန်း အပါအဝင် စခန်း ၄ ခု၊ စစ်ယာဉ်တန်းတို့ကို MNDAA က တိုက်ခိုက် သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသနှင့် သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ တာဂန်ထန်စခန်း အပါအဝင် စခန်း ၄ ခုနှင့် စစ်ယာဉ်တန်းတို့ကို ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာ ၄ ရက်နေ့ တွင် MNDAAက ကိုးကန့်နယ်မြေတွင် စစ်ကောင်စီ၏ မဟာဗျူဟာ စခန်းဖြစ်သော တာဂန်ထန်စခန်းကို တိုက်ခိုက်ခိုက်ရာ စစ်သားများ လက်နက်ကို စွန့်၍ ထွက်ပြေးကြကြောင်း၊ ကိုးကန့်တပ်ပေါင်းစုက နိုဝင်ဘာ ၄ ရက်မှ ၅ ရက်နေ့အထိ တာဂန်ထန်စခန်းကို ထိုးစစ်ဆင်ခဲ့ပြီး စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီတွင် ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်က နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်သူများနေထိုင်သော ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲရာ ပြည်သူ ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအထိ တော်လှန်ရေးတပ်များက ဒရုန်းများဖြင့် လားရှိုးနယ်မြေရှိ တပ်ရင်း ၅၀၇ ၊ တပ်ရင်း ၂၉၁ တို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီတွင် မဟာမိတ်တပ်ဖွဲ့က သိန္နီမြို့နယ်တွင် စစ်ကူတက်လာသော စစ်ယာဉ်တန်း ၅ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး ကားပေါ်မှ ၆၀ မမ မော်တာကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး ၁၅၀ လုံး၊ ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ကျည်ဆန်သေတ္တာ ၂၂ လုံးနှင့် ဆေးဝါးပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီမှ ၁၀ နာရီအထိ မဟာမိတ်တပ်ခွဲက ဒရုန်းများဖြင့် စစ်ကောင်စီ၏ တပ်ရင်း ၂၉၁ ကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မုံးကိုးဒေသတွင်လည်း စစ်ကောင်စီတပ်၏ စခန်းတစ်ခုကိုယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "ယနေ့ နံနက်ပိုင်း ကိုးကန့်ဒေသတွင်ပင် စစ်ကောင်စီ၏ တပ်စခန်း နှစ်ခုကို ထပ်မံ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204920/
ကိုးကန့်ဒေသမှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျားဖြန့် ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အစိုးရက စွဲချက်တင်
["ကိုးကန့်ဒေသမှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျားဖြန့် ငွေလိမ်ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို တရုတ်အစိုးရကစွဲချက်တင်", "ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ဒေသမှာ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ်အဖွဲ့ဝင် မြီမိသားစုပိုင် ကျား ဖြန့် အွန် လိုင်းငွေလိမ်ဂိုဏ်း မှာ အလုပ်လုပ်ပေးခဲ့တဲ့ တရုတ်နိုင်ငံသား ၂၃ ဦးကို‌ ရှင်ကျန်းပြည်နယ် ဝမ်ကျိုးမြို့ တရားရုံးမှာ ရုံးတင်စစ်ဆေး ပြီး စွဲချက်တင်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာန CCTV ကဖော်ပြပါတယ်။", "တရုတ်နိုင်ငံသား ၂၃ ဦးကို မြီမိသားစု ကျားဖြန့်ဂိုဏ်းအတွက် ငွေလိမ်ပေးခဲ့တဲ့အမှု လူသတ်မှု ၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ငွေညှစ်မှု ၊လောင်းကစားမှု ၊ ပြည်တန်ဆာမှု ၊ မူးယစ်ဆေး သုံးစွဲရောင်းဝယ်မှု တွေ အပါအဝင် ရာဇဝတ်မှု ၁၁ မှုနဲ့ တရားရုံး က စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။", "စွဲချက်တင်ခံရသူတွေဟာ ကိုးကန့်ဒေသ ကြံ့ခိုင်ရေး အမတ်ဟောင်း မြီရှောက်ချန်းမိသားစုရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းထဲမှာ လူ ၁၄ ဦးကို သတ်ဖြတ်မှုကျူးလွန်ခဲ့ပြီး ယူနန်ပြည်နယ်ထဲမှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ ဆီက ယွမ်ငွေဘီလီယံ နဲ့ ချီလိမ်လည်ခဲ့တယ်လို့ လည်းတရုတ်အစိုးရ ရှေ့နေတွေက တရားရုံးကို ‌လျှောက်ထားခဲ့ပါတယ်။", "မြီမိသားစုရဲ့ ကျားဖြန့် ဂိုဏ်းဟာ တရုတ်နိုင်ငံသားတွေ ဆီကင်းနှီးမြှုပ်နှံမှုအစီအစဉ်အတုတွေ နဲ့ဖြားယောင်းပြီး ငွေလိမ်လည်ခဲ့တာဖြစ်တယ်လို့လည်းတရုတ်အစိုးရရှေ့နေတွေ ကပြောပါတယ်။", "၂၀၂၃ ခုနှစ်နိုဝင်ဘာလ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ပြည်သူ့စစ် မြီမိသားစုကို တရုတ်အထူးတပ်တွေက ကိုးကန့်ဒေသမှာဝင်ရောက်ဖမ်းဆီးချိန် ဦးမြီရှောက်ချန်းဟာ ကိုယ့်ကိုယ်ကိုယ် ပစ္စတိုသေနတ်နဲ့ပစ်ပြီး အဆုံး စီရင်ခဲ့တာဖြစ်ပါတယ်။", "မြီရှောက်ချန်း ရဲ့ သားဖြစ်သူ မြီကော်ဖျင် နဲ့ သမီးတွေဖြစ်တဲ့ မြီကျွီလန် နဲ့မြေးဖြစ်သူ မြီကျိန်းကျိန်း တို့ကို တော့တရုတ်အစိုးရက ဖမ်းဆီးထားဆဲဖြစ်ပါတယ်။", "၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်းရဲ့ မိသားစုဝင်တွေ အပါအဝင် မြန်မာနိုင်ငံသား ၁၆ ဦးကို တရုတ်အစိုးရက လူသတ် မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ်တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် စွဲချက်တင်ခဲ့ပါတယ်။", "တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်မှာ ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက် တင်ခဲ့ကြောင်း၊ ၎င်းတို့အနက် ၁၆ ဦးမှာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ၎င်းတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ် တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။", "အဲဒီ စွဲချက်တင်ခံရသူတွေထဲမှာ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် မြီရှောက်ချန်း၏ မိသားစုဝင်တွေလည်း ပါဝင်ခဲ့ပါတယ်။", "(Connect Burma နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)"]
https://yktnews.com/2023/10/128440/
ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ ပြည်သူ့စစ်များ လက် နက်ချ အလင်းဝင်ရန် MNDAA က ပြင်းပြင်းထန်ထန် သတိပေး
["ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ ပြည်သူ့စစ်များ လက် နက်ချ အလင်းဝင်ရန် MNDAA က ပြင်းပြင်းထန်ထန် သတိပေး", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ လက်နက် ကိုင်ဆောင်ထားသော ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်သားများ လက်နက်ချ အလင်း ဝင်ရန် MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော်မတီက ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။", "စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ရုပ်သေးအဖွဲ့၏ လက်နက်ကိုင် တပ်ဖွဲ့ ဝင်များဖြစ်သော စစ်သားနှင့် ရဲ များသည် မိမိတို့ အသိစိတ် ဖြင့် လက်နက်ချ၍ MNTJP/MNDAA ရှိရာ နေရာကို လာရောက်အလင်းဝင်ရမည်ဖြစ်ကြောင်း၊ MNTJP/MNDAA သည် ရောက်ရှိ လာသူမှန်သမျှ၏ အသက်အိုးအိမ် စည်းစိမ် များကို ကာကွယ်စောင့်ရှောက်သွားပါမည်ဖြစ်ပြီး ဆက်လက်၍ ခေါင်းမာပြီး ဆန့်ကျင်နေပါက ပြင်းထန်စွာအရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။", "“စစ်သုံ့ပန်းအား ဂရုတစိုက် စောင့်ရှောက်ရေး” ဟူသော မူဝါဒသည် စစ်ကောင် စီ တပ်ဖွဲ့ဝင်များ အတွက်ပါ အကျုံးဝင်ပြီး လက်နက်ချ၍ အလင်းဝင်ရောက် လာပါက စစ်သုံ့ပန်းမူဝါဒကို အပြည့်အဝခံစားရမည်ဖြစ်ကြောင်း၊ ဒဏ်ရာ ရသူများ ကိုလည်း ကောင်းမွန်စွာ ကုသပေးသွားပါမည်ဖြစ်ပြီး ကိုးကန့် ဒေသ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကိုးကန့်ရုပ်သေးအဖွဲ့များ၏ စစ်သား၊ ရဲ နှင့် အုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် MNTJP/MNDAA ထံကို မိမိတို့ အသိ စိတ်ဖြင့် အပြစ်ဝန်ခံရန် လာရောက်သောသူများကို လှိုက်လှဲစွာ ကြိုဆိုကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။", "MNTJP/MNDAA အနေဖြင့်လည်း ပြစ်မှုများကို သဘောထားကြီးစွာဖြင့် စီရင်ဖြေရှင်းပါမည်ဖြစ်ပြီး အဆိုပါ သတိပေးစာသည် ထုတ်ပြန်သည့်နေ့မှစ၍ စစ်ရေးအုပ်ချုပ်မှုကာလပြီးဆုံးသည်အထိ အာဏာတည် အကျုံးဝင်မည် ဖြစ် ကြောင်း သိရသည်။", "ကိုးကန့် ရုပ်သေးအဖွဲ့၏ အဆင့်ဆင့်သော အုပ်ချုပ်ရေးနှင့် ဌာနဝန်ထမ်း များအနေဖြင့် မိမိ၏ လုပ်ငန်းတာဝန် နှင့်သက်ဆိုင်သော စာရွက်စာတမ်း ဓာတ် ပုံ၊ စာရင်းဇယား၊ ဘောက်ချာ နှင့် ငွေကြေးများကို ကောင်းမွန်စွာ ထိန်းသိမ်း ထားရမည်ဖြစ်ကြောင်း၊ အထက်ဖော်ပြပါ ပစ္စည်းများကို ရည်ရွယ်ချက် ရှိရှိဖြင့်ဖျက်ဆီးပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ပြီး ပစ္စည်းများကို ထိန်း သိမ်း ကာကွယ်သော်လည်း ပျက်စီးသွားပါက တိုက်ပွဲအပြီး တွင်တာဝန် မကျေမှု ဖြင့် အရေးယူသွားကြောင်း သိရှိရသည်။", "ဝရမ်းထုတ်ထားသော ရာဇဝတ်မှု ကျူးလွန်သူများကို ၎င်းတို့၏ စာရင်းကိုင်၊ ကိုယ် ရံတော်နှင့် မိသားစုဝင် တို့က MNTJP/MNDAA ထံကို လာရောက် သတင်းပေးရမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှု ကျူးလွန်သူများကို အကာ အကွယ် ပေးခြင်း ဝှက်ထားခြင်း၊ ထွက်ပြေးလွတ်မြောက်ရန်ကူညီခြင်းများကို ပြုလုပ် ပါက ပြင်းထန်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/134338/
ကိုးကန့်ဒေသရှိ စစ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထား၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၆ ဦးအရှင် ဖမ်းမိ
["ကိုးကန့်ဒေသရှိ စစ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထား၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ၆ ဦးအရှင် ဖမ်းမိ", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၅ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ပြီး တပ်စခန်း စုစုပေါင်း ၂၀၂ ခု သိမ်းပိုက်ထားကြောင်း MNDAA ထံမှ သိရသည်။", "ယနေ့ဒီဇင်ဘာလ ၃ ရက် နံနက် ၁၀ နာရီမိနစ် ၂၀ ခန့်တွင် တုန်ရှင်းတုန်ချိန် အပြင်ဘက် မာဟိုင်တောင် နေရာ၌ ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို MNDAA က ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ရာ ၁ နာရီ မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ပြီး နံနက် ၁၁ နာရီ ၄၆ မိနစ်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ ထို့အတူ နံနက် ၁၀ နာရီ ၁၆ မိနစ်တွင် စခန်းတာအိုင်တောင်ခြေ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ရာ ၁၁ နာရီ ၁၆ မိနစ်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရသည်။", "ထို့ပြင် နံနက် ၁၀ နာရီခန့်က စတင်ပြီး တုန်ရှမ်းဒေသ၊ လောက်ရှုကုတ်ရွာအနောက်ဘက် တောင်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ၅၂၇ တပ်ရင်းစခန်းကို MNDAA တပ်ဖွဲ့ ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၅ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားပြီး ညနေ ၂ နာရီ ၄၈ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသော အကြမ်းဖက် စစ်ကောင်စီတပ်သား အချို့ရှိပြီးလက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "သိန္နီခရိုင်တွင် ယနေ့ ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်၌ နန့်စလပ်ဗျူဟာကုန်းမှ ထွက်ပြေး လာ သောအကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့ဖွတ်ထားခဲ့သော စိန် ပြောင်း တစ်လက်၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်နှင့် ဂရန်ဒီယာ စသည့်လက်နက် မျိုးစုံနှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "၁၀.၂၇ စစ်ဆင်ရေး ၃၈ ရက်မြောက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ကြီးငယ်ပေါင်း ၂၀၂ ခုကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း ၊ ကုန်းကြမ်း စသည့်မြို့ ၅ မြို့ ကို သိမ်းပိုက်နိုင်ခဲ့ကာ ချင်းရွှေဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစံကျော်နယ်စပ်ဂိတ် ၄ ခုကိုသိမ်းပိုက်ရရှိထားကြောင်း၊ လက်ရှိ လက်နက်ကိုင်တော်လှန်‌ရေး တပ်ဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၁၉ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။"]
https://yktnews.com/2023/11/132892/
ကိုးကန့်ဒေသရှိ စစ်စခန်းများကို ကိုးကန့် MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထား၊ MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ကို ဦးတည်နေပြီဖြစ်ကြောင်း အသိပေး
["ကိုးကန့်ဒေသရှိ စစ်စခန်းများကို ကိုးကန့် MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထား၊ MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်မြို့ကို ဦးတည်နေပြီဖြစ်ကြောင်း အသိပေး", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို MNDAA က ဆက်တိုက် သိမ်းပိုက်နေပြီး တပ်စခန်း စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ထားကြောင်း MNDAA ၏ ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့် တုန်းရှမ်းဒေသ၊ ပါကျောက်ရွှေနှင့် လွမ်းလောက်လင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို ထိုးစစ်တိုက်ခိုက်ကာ နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ကြောင်း သိရသည်။", "ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် MNDAA က ကိုးကန့်တုန်းရှမ်းဒေသ (လောက်ကိုင်တုန်းချိန်ပြင်ပတစ်ဝိုက်) ဆိုင်တာအိုင် တောင်ကုန်းရှိ အကြမ်းဖက် စစ်တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် ခြေလျင် တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ခြေလျင်နှင့် အမြောက်များ၏ ပူးတွဲတိုက်ခိုက်မှုဖြင့် မွန်းလွဲ ၃ နာရီ ၁၆ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်စခန်းသည် အကြမ်းဖက် စစ်တပ်၏ လောက်ကိုင်ဒေသတွင် အခြေချသော နောက်ဆုံးတောင်ကုန်း (High Point)တစ်ခု ဖြစ်ပြီး လက်ရှိတွင် MNDAA ၏ စစ်ဆင်ရေးသည် လောက်ကိုင်‌မြို့ဘက်ကို ဦးတည်လာနေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။", "ထို့ပြင် ကိုးကန့်မြောက်ပိုင်း ဟုန်ရှင်းဒေသတွင်လည်း နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၆ မိနစ်ခန့်တွင် MNDAA က လောက်ပေါက်ကျိုင့် အနောက်တောင်ကုန်းမှ စစ်ကောင်စီ အခြေချနေထိုင်သော ပေထန်တပ်စခန်းကို ချီတက်လာကာ ဒရုန်းဖြင့် ဦးစွာ ပစ်ကူတိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီ ၄၀ မိနစ်တွင် ခြေလျင်တပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့​သိရသည်။", "ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အရေအတွက်ကို အတည်မပြုနိုင်ကြောင်း၊ ထို့ပြင် ၆၀ မမ စိန်ပြောင်း (၂)လက် ၊ (၈၄ မမ) နောက်ကန်အားမဲ့အမြောက်(၁)လက် ၊ စက်သေနက် အကြီး(၂)လက် ၊ ရိုင်ဖယ်(၃)လက် ၊ ပီစတို(၁)လက် ၊ မိုင်းထောက်စက်(၁)စက်နှင့် ၆၀မမကျည်များ ၊ ဟောင်ဝီဇာ အမြောက်ကျည် ၊ လက်ပစ်ဗုံးအမျိုးမျိုး နှင့် ကျည်ဆံများ စသည့်စစ်ပစ္စည်းများနှင့် ကွန်ဗျူတာ တစ်လုံး ၊ မြင်းနှင့် မြည်း(၁၅)ကောင် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့က ကိုးကန့် တုန်းရှမ်းဒေသရှိ ဟူတောင်စခန်းကို သိမ်းပိုက်စဉ်တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် MNDAA တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး အနည်းဆုံး စုစုပေါင်း ၁၇၁ ခု သိမ်းပိုက်ရရှိထားကြောင်း သိရသည်။"]
https://yktnews.com/2023/11/132815/
ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်၊ ကိုးကန့် တိုင်းရင်းသားများ၏ ရိုးရာ၊ ဘာသာရေး အဆောက်အအုံများကို စစ်တပ်က ဖျက်ဆီးခဲ့
["ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်၊ ကိုးကန့် တိုင်းရင်းသားများ၏ ရိုးရာ၊ ဘာသာရေး အဆောက်အအုံများကို စစ်တပ်က ဖျက်ဆီးခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်ခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် MNDAA က ရှီးရှမ်းဒေသ၊ လူရွှေအနီး သူ့ကြားလယ်ကွင်းအနောက်တောင်ကုန်းတွင် အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ဒရုန်းဖြင့် ပစ်ခတ်ပြီးနောက် ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ကာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး လက်နက် ခဲယမ်း အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ဖောက်လုပ်တောင် စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ အဖွဲ့ဝင် ၁ ဦးသည် ရှီးရှမ်း ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်လာကြောင်း သိရသည်။", "အလားတူ တုန်းရှမ်းဒေသ ရှိဟူတောင်နေရာရှိ စစ်ကောင်စီ၏ တပ်စခန်းကို မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် MNDAA က ဒရုန်း ပစ်ကူမှုဖြင့် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် လောက်ရှုကုတ်ရွာမှ MNDAA အခြေချ နေထိုင်ရာ လောက်ရှုကုတ်အနောက်တောင်ကုန်းကို ချီတက်လာပြီး မွန်းလွဲ ၁၁ နာရီခန့် တွင် စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်းခွဲ၍ MNDAA ကို ထိုးစစ်တိုက်ခိုက်လာကာ တိုက်ပွဲဖြစ်ပွားပြီး MNDAA က စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လောက်ရှုကုတ်ရွာထိ နောက်ပြန်ဆုတ် ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "MNDAA က တိုက်ပွဲဖြစ်ပွားရာ နေရာကို နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ချိန်တွင် ၆၀ မမ အမြောက်၂ လက် ၊ရိုင်ဖယ် ၄ လက် (၈၁အမျိုး အစား ၁ လက်အပါအဝင်) ၊ ပစ်စတို ၁ လက် စသည့်လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့မှ စွန့်ပစ်ခဲ့သော အလောင်း ၄ လောင်းတွေ့ရှိခဲ့ပြီး ဗိုလ်အဆင့် အရာရှိ ၁ ဦးလည်း ပါဝင်ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်မှ စစ်သား ၁၀ ဦးခန့် ထိခိုက် သေဆုံးနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် MNDAA က ဒရုန်းပစ်ကူမှုဖြင့် ရင့်ရှင့် ၊ ကွမ်ညိုရှမ်းရာခုတ် နေရာတွင် အခြေချ နေထိုင်သော စစ်ကောင်စီစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "သိန္နီမြို့နယ်တွင်လည်း နိုဝင်ဘာလ ၂၂ ရက်နေ့၌ MNDAA နှင့် ဒေသ လုံခြုံရေးအဖွဲ့တို့သည် မူပန်ခရိုင် ၊ မူပန်ဒေသ ၊ ဟိုပင်အုပ်စု ၊ ၁၃၊ ၁၄ မိုင် နေရာတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို ဒရုန်းများဖြင့် ၁ ကြိမ်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ကိုးကန့်နယ်မြေအတွင်း တောင်ကုန်းများပေါ် ရှိ ကိုးကန့်တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှုအမွေအနှစ်များ နှင့် ဘာသာရေးကျောင်းများကို ဖျက်ဆီးခဲ့ပြီး တပ်စခန်းများတည်‌ဆောက်ခဲ့ကြောင်း ကိုးကန့် MNDAA က ထုတ်ပြန်ထားသည်။", "အကြမ်းဖက် စစ်တပ်က ရင်းရှင်း‌တောင်ကုန်းရှိ နတ်ပူဇော်ရေး ကျောင်း၏ တံခါးများကိုဖျက်ဆီးခြင်း၊ နတ်ရုပ်ထုများကို ဖျက်ဆီးခြင်း၊ အမွေးတိုင်အိုးများ ရိုက်ခွဲခြင်း၊ စစ်ကတုတ်ကျင်းတူးခြင်း စသည့် တိုင်းရင်းသား ရိုးရာယဥ်ကျေးမှု နှင့် ဘာသာရေးကို လုံးဝအလေးမထား၊ အရေးမစိုက်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်းကို ကိုးကန့် MNDAA က ဗီဒီယိုဖိုင်ဖြင့် ထုတ်ပြန်ထားသည်။", "Photo – ရှမ်း​ပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲဝင်နေသော MNDAA တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/11/132399/
ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်၊ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်၊ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ကိုးကန့် MNDAA က စစ်တပ်၏ တပ်စခန်း စုစုပေါင်း ၁၆၁ ခုကို သိမ်းပိုက်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေးဖြစ်သော The Kokaung က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တုန်းရှမ်းဒေသ၊ တာကျူချင့် အနောက်တောင်ကုန်း ကြွယ်ပါးစခန်းကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ညနေပိုင်းတွင် MNDAA က ကိုးကန့်ဒေသ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်တပ်စခန်း ၃ ခုကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မဟာမိတ်တပ်ဖွဲ့နှင့် ကိုးကန့် MNDAA က စစ်တပ်၏ တပ်စခန်းအကြီးအသေးစုစုပေါင်း ၁၆၁ ခုကို သိမ်းပိုက်ထားကြောင်း သိရပါသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် MNDAA က ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ၊ ချာလူကျိုင့်ရွာတွင် အခြေချထားသော အကြမ်းဖက် စစ်တပ် စခန်းကို ချဉ်းကပ်ပြီး ဒရုန်းဖြင့် ဗုံးပစ်တိုက်ခိုက်ခဲ့ပါကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် MNDAA က ခြေလျင်တပ်ဖြင့် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာကာ မွန်းလွဲ ၁ နာရီ ၅၉ မိနစ်ခန့်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စက်သေနတ် ၁ လက် ၊ ဗုံးသီး ၃၃ လုံး ၊ RPG ယမ်းအား ၂၅ ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် MNDAA က ရှီးရှမ်း‌ဒေသ ရှောက်ကိုင်အုပ်စု ၊ ဖောက်လုပ်တောင်တွင် အခြေချသော အကြမ်းဖက် စစ်တပ် စခန်းကို စတင်ထိုးစစ်ဆင်ပြီး ဒရုန်း ပစ်ကူမှု‌နှင့် ခြေလျင်တပ်ဖွဲ့က တစ်နေ့တာအတွင်း ၃ ကြိမ် ထိုးစစ်တိုက်ခိုက်ကာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖောက်လုပ်တောင်သည် နယ်စပ်မျဉ်းနှင့် နီးကပ်သောနေရာဖြစ်ပြီး ဖောက်လုပ်တောင်အဟောင်းနှင့် အသစ် ဟူ၍ရှိကာ လက်ရှိအချိန်တွင် ၎င်းနေရာရှိ စစ်တပ်စခန်းများကို MNDAA က တစ်ခုချင်းရှင်းထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ရှင်းဝမ်ဒေသ ၊ ရှင်ဟွာအုပ်စု ၊ ရှောက်တင့်ပါးနေရာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် သိန္နီမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၈ နာရီ ၄၃ မိနစ် အထိ MNDAA က မူပန်ခရိုင်၊ နန့်ပုံနေရာရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၂၉၁ စခန်းကို ၃ ကြိမ် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/131359/
ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို MNDAA က ထပ်မံ သိမ်းပိုက်ရရှိပြီး စုစုပေါင်း တပ်စခန်း ၁၄၄ ခုကို သိမ်းပိုက်ထား
["ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို MNDAA က ထပ်မံ သိမ်းပိုက်ရရှိပြီး စုစုပေါင်း တပ်စခန်း ၁၄၄ ခုကို သိမ်းပိုက်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို MNDAA က ထပ်မံ သိမ်းပိုက်ရရှိပြီး စုစုပေါင်း တပ်စခန်း ၁၄၄ ခုကို သိမ်းပိုက်ထားကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။", "ယနေ့နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ကိုးကန်းခရိုင်၊ ရှီးရှမ်းဒေသ၊ ဟွာရှိပန် ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို MNDAA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ယခင် ရက်ပိုင်းကတည်းကပင် ၎င်းစစ်ကောင်စီတပ်စခန်းနေရာကို လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့​အထိ စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၄၄ ခုကို အောင်မြင်စွာ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က ရှောက်ကိုင်စစ်ဆေးရေးဂိတ်ကို ကိုးကန့် (MNDAA) က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် လွတ် မြောက်ဒေသဖြစ်သော ဟုန်အိုင်ဒေသ၏ မျက်နှာချင်း ဆိုင်ရှိ မော်ထိုက်ရန်ချန်တောင်ကုန်း စစ်ကောင် စီစခန်းကို ထိုးစစ်တိုက်ခိုက်ရာညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စက် သေနက် ၁ လက် ၊ ၆၀ မမ စိန်ပြောင် ၁ ခု ၊ ဗုံးသီး ၊ ကျည်ဆံ ၊ လက်ပစ်ဗုံး စသည့်လက်နက်ခဲယမ်း တစ်ချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် မော်ထိုက်နေရာမှ ဆင်းလာသောစစ်ကောင်စီအဖွဲ့ဝင်များကို ကိုးကန့်(MNDAA)က ချုံကန် နေရာအရောက်၌ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ ညအချိန်တွင် မူပန်(သိန္နီ) ရေပူဂိတ်ရှိ စစ်ကောင်စီတပ်စခန်းကို ကိုးကန့် (MNDAA) နှင့် မဟာမိတ်အဖွဲ့တို့ ပူးတွဲပြီး အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ၎င်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "လားရှိုးမြို့အပြင် မန်အိုင်လမ်းခွဲ၌ ကိုးကန့်(MNDAA)နှင့် စစ်ကောင်စီအဖွဲ့တို့ အကြား တိုက်ပွဲဖြစ် ပွားခဲ့ပြီး လားရှိုးမြို့အပြင် ၁၁ မိုင် ၁၂ မိုင်ရှိ စစ်ကြောင်းကလည်း စကခ ၁၆ စခန်းကို အမြောက်ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134250/
ကိုးကန့်ဒေသရှိ နန်ကော်ရွာ၊ ရှရှင်ကျိုင့်ရွာနှင့် လားရှိုးရှိ လုံတွေရွာကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံး
["ကိုးကန့်ဒေသရှိ နန်ကော်ရွာ၊ ရှရှင်ကျိုင့်ရွာနှင့် လားရှိုးရှိ လုံတွေရွာကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၉ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ နန်ကော်ရွာနှင့် ရှရှင်ကျိုင့်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းဖြင့် ဗုံးကျဲခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကိုးကန့်ဒေသရှိ နန်ထင်မိန် တောင်ကုန်းစခန်းမှ တစ်ဆင့် ရှီးရှမ်းဒေသ၊ နန်ကော်ရွာကို လက်နက်ကြီးဖြင့်‌ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် နန်ကော်ရွာကို ထပ်မံ လာရောက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး ကားထဲတွင် ဝင်အိပ်နေသည့် အိမ်ပိုင်ရှင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တုန်းရှမ်းဒေသရှိ ရှရှင်ကျိုင့်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများသည် တအာင်းတိုင်းရင်းသားများဖြစ်ပြီး သေဆုံးသူများမှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၂၀ နှစ်ရွယ် ယောကျ်ားလေး ၁ ဦးတို့ဖြစ်ပြီး ၃ ဦးသည် ပွဲချင်းပြီး သေဆုံးသွားကာ ကျန် ၁ ဦးသည် ဆေးရုံကို ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထိခိုက် ဒဏ်ရာရရှိသူ ၂ ဦးမှာ အသက် ၁၀ နှစ် နှင့် ၁၂ နှစ်အရွယ် ကလေးများဖြစ်ပြီး လက်ရှိချိန်တွင် MNDAA က နောက်တန်းကို ပို့ဆောင်ပြီး ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။", "အလားတူ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လုံတွေကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီ ၅ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ လုံတွေကျေးရွာမှ အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၉ လုံးကျော် ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။", "ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်တပ်မှ အရပ်သားပြည်သူများကို ပေါင် ၅၀၀ ဗုံးအပြင် Cluster Bomb အမျိုးအစားကဲ့သို့သော လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာ ပြုလုပ်လာနေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/12/134083/
ကိုးကန့်ဒေသ၊ နန်ကော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရပြီး စိုးရမ်ရ
["ကိုးကန့်ဒေသ၊ နန်ကော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ မှု ပြည်သူ ၂ ဦး ပြင်းထန် ဒဏ်ရာရပြီး စိုးရမ်ရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ရှမ်းပြည်နယ်​ မြောက်ပိုင်း၊ ကိုးကန့်ဒေသရှိ နန်ကော်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ၏ သတင်းနှင့် ပြန်ကြားရေး The kokang က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နန်ထမ်မိန်တောင်တန်း၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးကျည် ၁၀ လုံး ပစ်ခတ်ခဲ့ရာ နန်ကော်ရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသပြည်သူ အရပ်သား ၂ ဦး ထိမှန်သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် နန်ကော်ရွာမှ ပြည်သူများသည် တောတောင်များ အတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ပြည်သူ တစ်ချို့သာ ရွာထဲ၌ ဆက်လက် အိမ်စောင့်နေထိုင်နေကြကြောင်း၊ ထို့ပြင် ညအချိန်တွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် နန်ကော်ရွာရှိ တိုက်အိမ်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် တစ်လျှောက် အကြမ်းဖက် စစ်တပ်က ရှမ်းမြောက်စစ် နယ်မြေတွင် ပြင်းပြင်းထန်ထန် အထိနာသွားသောကြောင့် နေအိမ်ရပ်ကွက်များ ၊ စာသင်ကျောင်းများကို ပစ်မှတ်အဖြင့်ထားပြီး လက်စားခြေသည့်သဘောဖြင့် ဦးတည်တိုက်ခိုက်လာကြောင်း၊ အထူးဒေသ ၁ နယ်မြေအတွင်းတွင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃၈ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး စိုးရိမ်ရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ထန်းတပင်မြို့နယ်၊ ဂွေ့ကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး စိုးရိမ်ရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။", "“ထန်းတမြို့နယ် ဂွေ့ကြီးကျေးရွာကို ဒီနေ့ ၁၂ နာရီလောက်က ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လာရောက်ပစ်သွားတာ ပြည်သူ ၄ ဦးထိမှန်ပြီး နေအိမ် ၃ လုံးပျက်စီးသွားတယ်။ အမျိုးသား ၁ ဦး ခါးအောက်ပိုင်း စုတ်ပြတ်သွားတယ်။ အမျိုးသမီးကလည်း ဗိုက်ကိုမှန်သွားပြီး စိုးရိမ်တယ်။ အခုဆေးရုံကို ပို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/128108/
ကိုးကန့်ဒေသ၊ ဟောနမ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်‌ သေဆုံး
["ကိုးကန့်ဒေသ၊ ဟောနမ်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်‌ သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "ရှမ်းပြည်နယ်၊ ကိုးကန့်ဒေရှိ ဟောနမ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း​ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း MNDAA ၏ သတင်းပြန်ကြားရေး The Kokang က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် ကိုးကန့် အထူးဒေသ ၁ မူပန်ခရိုင်ရှိ ဟောနမ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဟောနမ်ရွာတွင် နေထိုင်သည့် အသက် ၅၅ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး အသက် ၈၀ အရွယ်နှင့် ၄၈ အရွယ် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ ညပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ခေါ်ဆောင်ပြီး ဟောနမ်ရွာကို သွားရောက်ကာ ထိခိုက် ဒဏ်ရာ ရရှိသူများကို ဆေးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/133399/
ကိုးကန့်နှင့် ကျောက်မဲတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်ပြီး MNDAA က သိမ်းပိုက်ရရှိထားသော စစ်တပ်စခန်းပေါင်း ၁၇၈ ခုရှိလာ
["ကိုးကန့်နှင့် ကျောက်မဲတွင် စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်ပြီး MNDAA က သိမ်းပိုက်ရရှိထားသော စစ်တပ်စခန်းပေါင်း ၁၇၈ ခုရှိလာ", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်ပြီး MNDAA က သိမ်းပိုက်ရရှိထားသော စစ်တပ်စခန်းပေါင်း ၁၇၈ ခုရှိလာကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့တို့တွင် MNDAAနှင့် မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး ကိုးကန့်နှင့် ကျောက်မဲဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မူဆယ်မြိုု့နယ်၊ လုံခမ်း စစ်ကောင်စီတပ်စခန်းမှ ခလရ ၇၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျာဝင်းကို ပစ်သတ်နိုင်ခဲ့ပြီး စစ်သားတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် MNDAAက လေကြောင်းပစ်ကူမှုဖြင့် တုန်းရှမ်းဒေသ မှတ်တိုင် ၁၂၇ ဓာတ်အားပေးစက်ရုံတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၇ မိနစ်အကြာ ယင်းနေ့ ညနေ‌ ၅ နာရီ ၄၇ မိနစ်အချိန် စခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၃၁ မိနစ် အချိန် MNDAA အင်အားတစ်စုနှင့် TNLA တို့ပူးပေါင်းပြီး ကျောက်မဲနှင့် လားရှိုး အကြားရှိ ခုတန်စေတီကုန်း High Pointတွင် အခြေချနေထိုင်သော စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ ခြေလျင်နှင့် ဒရုန်း ပူးပေါင်းစစ်ဆင်မှုရေးဖြင့် ယင်းနေ့ ည ၈နာရီအချိန်တွင် အောင်မြင်စွာ သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် MNDAA က မူပန်(သိန္နီ)ခရိုင် ၊ မူပန်‌ဒေသ ၊ ဟိုပင်အုပ်စု ၊ မိုင်းတင်ရော်ဘာကုန်းနှင့် လက် ဖက် တောင်ကုန်းရှိ စစ်ကောင်စီစခန်းများကို ဒရုန်းဖြင့် ၇ ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/137233/
ကိုးကန့်နှင့် သိန္နီတွင် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး
["ကိုးကန့်နှင့် သိန္နီတွင် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်နှင့် သိန္နီတို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့တွက် ကိုးကန့် ဒေသ ရှိအိုနေရာကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကိုးကန့်ဒေသ ရှိအိုလုံတုံ့နေရာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိကာ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နယ်စပ်မှတ်တိုင် ၁၂၃ နေရာရှိ စစ်ဘေး တိမ်းရှောင်နေသော အသက် ၁၆ နှစ် အရွယ် မိန်းကလေး ၁ ဦးသည် နယ်စပ် မှတ်တိုင် ၁၂၄ အနီး ထင်းကောက်နေစဥ် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေနှစ်ချောင်းထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့မှစ၍ ကိုးကန့်ဒေသတွင် ရက်အနည်းငယ် တည်ငြိမ်မှုရှိခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ကိုးကန့်ဒေသနှင့် ကိုးကန့် ပတ်ဝန်းကျင်ရှိ နေရာများကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ မြေပြင်တွင်လည်း စစ်ပွဲများပြန်လည် ဖြစ်‌ပေါ်လာပြီး လက်ရှိ ကိုးကန့် လောက်ကိုင်ဒေသအတွင်း ပစ်ခတ်မှုဆက်လက်ဖြစ်ပွားနေကာ အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ခတ်မှုများလည်း ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း သိန္နီ ဒေသရှိ ရဲစခန်းပတ်ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ရှမ်းပြည်နယ်အထူးဒေသ ၁ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅၅ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ထိခိုက် ဒဏ်ရာရကာ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135066/
ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသတွင် စစ်တပ် အကြွင်းအကျန်အဖွဲ့ များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိ၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရ
["ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသတွင် စစ်တပ် အကြွင်းအကျန်အဖွဲ့ များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိ၊ တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရ", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်၊ တာရင်တောင်အနီးနှင့် ကုန်းကြမ်းဒေသမှ စစ်တပ် အကြွင်းအကျန်တပ်ဖွဲ့ဝင်များကို MNDAA က တိုက်ခိုက်မှု စစ်သား ၁၇ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးကို အရှင်းဖမ်းမိကြောင်း၊တပ်ကြပ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားအလောင်းတွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်တွေ့ရှိရကြောင်း MNDAA က သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၇ ရက်မှ ၈ ရက်နေ့အထိ ကိုးကန့်တုန်ရှမ်းဒေသ တာရင်တောင်နှင့် လောက်ရှုကုတ်နေရာတကြော တွင် စစ်ကောင်စီတပ်ဖွဲ့သည် အင်အားငယ်များကိုပြန်လည်စုဖွဲ့နေသဖြင့် MNDAAက အဆိုပါ စစ်သားများကို တိုက်ခိုက်ခဲ့ကြောင်း၊ မြောက်ဘက်ခြမ်း ရှီရှမ်းဒေသတကြောတွင် MNDAAက ဆက်လက်၍ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့များရှင်းလင်းသုတ်သင်ရန် ဆောင်ရွက်နေဆဲရှိကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၈ ရက်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန် လောက်ကိုင်တုန်ချိန်ရပ်ကွက်တပ်စွဲထားသော စစ်ကောင်စီအင်အားတစ်စုက MNDAA က သိမ်းပိုက်လိုက်သော ရှောက်ရင်တောင်(တာရင်တောင်နှင့် SiMianFo၏အစိတ်အပိုင်းတစ်ခု)သို့ ချီတက်လာရာ MNDAAက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ MNDAAက အဖွဲ့ငယ်များခွဲပြီး တုန်ချိန်ရပ်ကွက် ဝေါ့ဟူ အပန်ဖြေစခန်း ၊ တာရင်တောင်အောက်ခြေနှင့် ရှောက်ရင်တောင်အောက်ခြေသို့ဝင်ရောက်ပြီး ပုန်းအောင်းနေသော သောစစ်ကောင်စီအဖွဲ့ဝင်အချို့ကိုရှင်းလင်းခဲ့ကာ ကြားတွင် တိုက်ပွဲကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်တွင်လည်း ဟွာရှိပန်နေရာတွင် စစ်ကောင်စီစစ်သုံ့ပန်း ၁ ယောက်ဖမ်းဆီးရရှိခဲ့ပြီး တာရင်တောင်မှ စက်သေနတ်ကြီး ၃ လက် ၊ စိန်ပြောင်း ၁ ခု ၊ ရိုင်ဖယ် ၅ လက်နှင့် ခဲယမ်းပစ္စည်းအမြောက်အမြားသိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "ယင်းအပြင် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် လောက်ကိုင်တွင် အခြေချနေထိုင်သော စစ်ကောင်စီအင်အား တစ်စုက MNDAA၏ လောက်ရှုကုတ်နောက်တောင်ကုန်းနေရာရှိခံတပ်တစ်ခုသို့ ချီတက်ရာ MNDAAက တွေ့ရှိပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီတပ်သားများ နောက်ပြန်ဆုတ်အောင် တိုက်ခိုက် နိုင်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုအသေးစိတ်မသိရသေးကြောင်း သိရှိရသည်။", "အလားတူ ရှီရှမ်းဒေသတလျှောက်တွင် MNDAA သည် ကုန်းကြမ်းစခန်းမှ ထွက်ပြေးသွားသောစစ်ကောင်စီအကြွင်းအကျန် အဖွဲ့ဝင်များကို ဆက်လက်၍လိုက်လံရှင်းလင်းနေဆဲဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့ ရှီရှမ်း‌ဒေသ ဖုန်းချွင်တောင်နှင့် ရှောက်ကိုင်ကြည်နေရာသို့ ထွက်ပြေးပုန်းအောင်း လာသော စကစ စစ်ပြေးအဖွဲ့များကို ပစ်ခတ်ရာ စစ်သား ၂ ယောက်သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၁ ယောက် ဖမ်းဆီးရရှိကြောင်း၊ ထို့ပြင် လိမ်ရှမ်နေရာတွင် စစ်ကောင်စီအဖွဲ့ဝင် ၄ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ဒီဇင်ဘာလ ၇ ရက်နေ့ ညတွင် ရှောက်ကိုင်ကြည်နေရာတွင် ဗိုလ်ကြီးအဆင့် စစ်အရာရှိ ၁ ဦး ဖမ်းဆီးရပြီး လိမ်ရှမ်နှင့် ရှောက်ပိုက်အိုက် နေရာတွင် စစ်သား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ၊ သေဆုံးသူ စစ်သား ၁၁ ဦးတွင် တပ်ကြပ်ယူနီဖောင်းဝတ်ဆင်ထားသော ရုပ်အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်အဆင့်တံဆိပ်ကိုတွေ့ရှိရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/120578/
ကုန်စျေးနှုန်းကြီးမြင့်မှုကို အကြောင်းပြ၍ စစ်တပ်က စီးပွားရေးသမားများကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာမှု လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက အလွန် စိုးရိမ်ထိတ်လန့်၊ တချို့ တိမ်းရှောင်
["ကုန်စျေးနှုန်းကြီးမြင့်မှုကို အကြောင်းပြ၍ စစ်တပ်က စီးပွားရေးသမားများကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာမှု လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက အလွန် စိုးရိမ်ထိတ်လန့်၊ တချို့ တိမ်းရှောင်", "ရန်ကုန်၊ စက်တင်ဘာ ၁", "မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းကြီးမြင့်မှုကို အကြောင်းပြ၍ စစ်တပ်က စီးပွားရေး သမားများကို ပစ်မှတ်ထား ဖမ်းဆီးအရေးယူလာမှုအပေါ် စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များနှင့် ကုန်သည်အသိုင်းအ၀ိုင်းက အလွန်စိုးရိမ် ထိတ်လန့်နေကြကြောင်း UMFCCI နှင့် စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။", "အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးသမားများကို ဝိသမလောဘသားများဟုလည်းကောင်း၊ ပုဂ္ဂလိကဘဏ်တချို့ သစ္စာမရှိဟုလည်းကောင်း ၊ စောင့်ကြည့်အရေးယူမည်ဟုလည်းကောင်း အမျိုးမျိုး ခြိမ်းခြောက်လာသဖြင့် စီးပွားရေးနယ်ပယ်အားလုံးမှ ကုန်သည်၊ ပွဲစားနှင့် လုပ်ငန်းရှင်များ အကြား မလုံခြုံမှုများ ခံစားနေရကြောင်း သိရှိရသည်။", "စျေးကွက်စီးပွားရေး၏ သဘောတရားသည် ဝယ်လိုအားနှင့် ရောင်းအားလိုအားပေါ်မူတည်၍ စျေးနှုန်းများ ဖြစ်ပေါ် ခြင်းဖြစ်သော်လည်း စစ်ကောင်စီက ကုန်စျေးနှုန်းကြီးမြင့်ခြင်း၊ ဒေါ်လာစျေးတက်ခြင်း၊ ရွှေစျေးတက်ခြင်း၊ စက်သုံးဆီနှင့်စားအုန်းဆီစျေးတက်ခြင်းများမှာ ကုန်သည်များ၏ စျေးကစားမှု၊ ဝိသမ လောဘကြောင့်ဟု တောက်လျှောက်ဆိုသလို ဝေဖန်ပြစ်တင် အရေးယူမည်ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း ကုန်သည်တချို့က ပြောဆိုသည်။", "“သူတို့ ပြောပြောနေတဲ့ အမေရိကန်ဒေါ်လာတစ်ဒေါ်လာကို ၂၉၂၀ ကျပ်နဲ့ ရောင်းပေးနေတယ်ဆိုတာ တကယ်လက်တွေ့မှာ အမှန်မဟုတ်ဘူး။ ကျနော်တို့ လိုသလောက် သူတို့ မရောင်းပေးတဲ့အတွက် အပြင်ကနေ ကျနော်တို့ ဒေါ်လာရှာရတယ်။ သူတို့ အယောင်ပြ ရောင်းပေးတာကို ယူပြီး ကိုယ့်ဟာကိုယ် ပြင်ပက ဒေါ်လာနဲ့ဖြည့်ပြီး သွင်းကုန်သွင်းရတာ။ အဲဒါကို တောက်လျှောက် သူတို့ ရောင်းပေးတဲ့ ဒေါ်လာက လုံလုံလောက်လောက် ရောင်းပေးတာမဟုတ်ပါဘူး။ အဲဒါကိုလည်း သူတို့ သိရက်နဲ့ အခုလိုတွေ ပြောဆိုနေတာ အတော်ကို ဆိုးပါတယ်။ နောက်တစ်ခါ သွင်းကုန်လိုင်စင် တွေလည်း ချမပေးတော့ဘူး။ တစ်ခါတစ်ခါ သွင်းကုန်သွင်းဖို့ ရက်လရှည်ကြာ စောင့်နေရတယ်။ ကုန်သည်တွေက ရှိတဲ့ဟာကို လှောင်ပြီး ချွေတာ ရောင်းတာမျိုးလည်းရှိပါတယ်။ စျေးနှုန်းတက်တယ်ဆိုတာက Supply ပြတ်လပ်လာတာကြောင့် အဓိကပဲ။ သူတို့ဘက်က ဒေါ်လာ ပေါပေါသီသီ ချပေး၊ ကျနော်တို့ကလည်း ပေါပေါသီသီ သွင်းရင် ဘာစျေးနှုန်းမှ တက်စရာမရှိဘူး။ ဒေါ်လာလည်း ဒီလိုပဲ။ သူတို့က ဒေါ်လာကို စျေးကွက်ထဲ လိုသလောက် ရောင်းပေး။ ဒေါ်လာစျေးနှုန်းတည်ငြိမ်သွားမယ်။ အခုက အကုန်လုံးကို ပတ်ရမ်းနေတာဖြစ်နေတယ်” ဟု ရန်ကုန်အခြေစိုက် သွင်းကုန် လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် စစ်ကောင်စီက ရွှေကုန်သည်များ၊ ဒေါ်လာဝယ်ရောင်းပွဲစားများ၊ သွင်းကုန်တင်သွင်းများအပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ကျော်ကို ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေပြီး တချို့ကို ငွေကြေးခဝါချမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံခြားငွေ တရားမဝင် ကိုင်ဆောင်မှုများ ဖြင့် အမှုဖွင့် တရားစွဲထားသည်။", "“ရွှေကုန်သည်နဲ့ ဒေါ်လာဝယ်ရောင်းက ၁၀၀ ကျော်လောက် သူတို့ ဖမ်းထားတာရှိတယ်။ ဆီကုန်သည်တချို့ ဒီရက်ပိုင်းအတွင် အဖမ်းခံရတယ်။ ပို့ကုန်ရငွေ မပေးလို့ဆိုပြီး စီးပွားရေးသမားတချို့ အဖမ်းခံရတယ်။ ဘဏ်ပိုင်ရှင်တချို့လည်း အစစ်ဆေးခံနေရတယ်။ အဲဒီတော့ ပြောမယ်ဆိုရင် စီးပွားရေးသမားတွေ ၁၅၀ ကျော်နဲ့ ၂၀၀ အကြား လက်ရှိမှာ အဖမ်းခံ စစ်ဆေးခံနေရတယ်။ စီးပွားရေးသမားတွေကို ရန်သူလို သဘောထားလို့ စျေးကွက်ကြီးတည်ငြိမ်ပြီး စျေးနှုန်းကျဆင်းသွားမှာမဟုတ်ပါဘူး။ အခုသွားနေတဲ့ပုံစံက မြောက်ကိုရီးယားလိုအားလုံးကို စစ်တပ်က ဝင်ထိန်းချုပ်ချင်မယ့် အနေအထားဖြစ်နေပါတယ်” ဟု ရန်ကုန် UMFCCI မှ စီးပွားရေးသမားက ပြောဆိုသည်။", "လက်ရှိတွင်လည်း အလယ်အလတ် စီးပွားရေးသမားတချို့နှင့်ကုန်သည်တချို့ က စစ်တပ်၏ ဖမ်းဆီး စစ်ဆေးမှု ခံရမည်ကို စိုးရိမ်၍ ပိုင်ဆိုင်မှု ငွေကြေးတချို့ကို ရွှေ့ပြောင်းခြင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ကျန်းမာရေး အကြောင်းပြ ယာယီသွားရောက် တိမ်းရှောင်ခြင်းများ လုပ်ဆောင်လာကြကြောင်း သိရှိရသည်။", "ထို့ပြင် ဩဂုတ်လ ၂၈ ရက်နေ့ Facebook အစရှိသည့် လူမှုကွန်ယက်စာမျက်နှာများဖြစ်သော “ဒေါ်လာ Dollar Buy/Sell Market and News” နှင့် “ယူရို၊ဒေါ်လာ ရောင်းဝယ်ပို့ဆောင်လိုသူများစုံစည်းရာ Euro Dollar Trading Group” စသည့် Facebook Page များမှတစ်ဆင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ နှင့်ညီမျှသော မြန်မာကျပ်ငွေအား တရားဝင်ပေါက်ဈေးထက်ကျော်လွန်၍ ဈေးနှုန်းအမျိုးမျိုးများ သတ်မှတ်၍ တရားမဝင် ရောင်းဝယ်မှုများပြုလုပ်နေသဖြင့် အဆိုပါ Facebook Page မှတစ်ဆင့် အမေရိကန် ဒေါ်လာရောင်းချသူတစ်ဦးကို သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လိုအပ်သည်များ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- စီးပွားရေးသမားများနှင့် မကြာခဏတွေ့ဆုံလေ့ရှိသည့် အကြမ်းဖက် မင်းအောင်လှိုင်။"]
https://yktnews.com/2023/12/133863/
ကုန်းကြမ်းမြို့နယ်တွင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံသော ခလရ ၁၂၅ တပ်မှ လက်နက်ခဲယမ်းများ ရရှိမှု အလွန်များပြား
["ကုန်းကြမ်းမြို့နယ်တွင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံသော ခလရ ၁၂၅ တပ်မှ လက်နက်ခဲယမ်းများ ရရှိမှု အလွန်များပြား", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်-ဒကစ) လက်အောက်ခံ ကုန်းကြမ်းမြို့နယ်မှ ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံ အလင်းဝင်ပြီးနောက် ယင်းတပ်ရင်းမှ သေနတ်အလက် ရာပေါင်းများစွာ၊ အမြောက်များစွာ၊ လက်နက်ကြီးကျည်နှင့်လက်နက်ငယ် ကျည်ဆန် သောင်းပေါင်းများစွာ ရရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၈ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစ လက်အောက်ခံ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) ၊ ခလရ ၁၂၅ မှ တပ်ဖွဲ့ဝင် ၉၃ ဦး ၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ရှိခဲ့ကြောင်း၊ ခလရ ၁၂၅ တွင် ရဟတ်ယာဉ်ကွင်းပါရှိပြီး Jammer များပါ အထူးတပ်ဆင်ထားကြောင်း MNDAA က ထုတ်ပြန်ပြောဆိုချက်အရ သိရှိရသည်။", "သို့ရာတွင် MNDAA ၏ တိုက်စစ်ဆင်မှုကို မခံနိုင်သဖြင့် အလင်းဝင်လာခဲ့ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန်အချက်ပြခဲ့ကြောင်း၊ ထို့နောက် ၎င်းတပ်ရင်းမှတပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ပြီး ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေးချပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ၄ နာရီခန့်တွင် ၎င်းတပ်ရင်းမှူးသည် လက် အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီး MNDAAထံသို့ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊ ၎င်းတပ်ရင်းမှူး၏ ပြောဆိုချက်အရ စစ်ကောင်စီမှ စကခ ၁၆ ၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။", "“လက်နက်တွေ၊ အမြောက်တွေ၊ ကျည်တွေ ရတာတော့ အရမ်းများတယ်။ သယ်တာတောင် အခေါက်အခါခါ မနည်းသယ်ယူရတယ်။ အရေအတွက်တော့ MNDAA ဘက်က တရားဝင် ထုတ်ပြန်မှသိရမယ်။ ကျနော်သိသလောက်တော့ ကျည်ဆန်တွေဆိုတာ တောင်ပုံရာပုံပဲ။ လက်နက်ခဲယမ်းကတော့ တပ်ရင်းအလိုက် ရတာ၊ လက်နက်ဂိုဒေါင်ပါရတာဆိုတော့ အတော်ကို များတဲ့ ပမာဏပါ” ဟု MNDAA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသော PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "MNDAA ၏ ‌ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကမူ လက်ရှိတွင် ခလရ ၁၂၅ ရရှိသော လက်နက်ခဲယမ်းအရေအတွက်ကို အတိအကျ မသိရသေးဟု ပြောဆိုသည်။", "“အတိအကျတော့ မသိရသေးဘူးခင်ဗျ” ဟု လီကျားဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးစီးသည့် အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသား စု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး တပ်ရင်းအလိုက် MNDAA ထံတွင် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/78137/
ကုန်းလမ်းခရီးမိုင်းဆွဲတိုက်ခိုက်ခံရမှုများပြား၍ မြိတ်မြို့နှင့်ပုလောဘက်သို့ စစ်သင်္ဘော၊ စက်လှေများဖြင့် စစ်သားများသယ်ယူပို့ဆောင်ရေး လုပ်နေ
["ကုန်းလမ်းခရီးမိုင်းဆွဲတိုက်ခိုက်ခံရမှုများပြား၍ မြိတ်မြို့နှင့်ပုလောဘက်သို့ စစ်သင်္ဘော၊ စက်လှေများဖြင့် စစ်သားများသယ်ယူပို့ဆောင်ရေး လုပ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "တနင်္သာရီတိုင်း မြိတ်မြို့နှင့်ပုလောမြို့များထံသို့ စစ်သင်္ဘောများ၊ ငါးဖမ်းစက် လှေ များဖြင့် စစ်သားများ ပို့ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ပုလောတိုက်ပွဲကို စစ်ခွေးတွေ ကုန်းလမ်းက မသွားရဲတော့ဘူး။ မိုင်းထိပြီး အကျအဆုံး များတော့ ရေလမ်းက ထောက် ပို့လုပ်ပေးနေတာ။ ငါးဖမ်းပိုက် လှေအသွင်ယူပြီး ပို့နေတဲ့ လှေထောက်ပို့လုပ်တယ်။ စစ်သင်္ဘောတွေနဲ့ ထား ဝယ် ပုလောဘက်ကို အထက်မြို့ကနေပြီး စစ်ခွေး အင်အား ၁၅၀ ဝန်းကျင် မြိတ် မြို့ကိုလာပို့တယ်။ မြိတ်မြို့ကနေ စစ်လှေအငယ်တွေနဲ့ ပုလောဘက်ကို ပြန်သယ်တယ်။ ၃ ခေါက်လောက် ရှိပါပြီ။ မြိတ်မြို့က သူတို့ရဲ့အဓိကတပ် ရင်းဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။", "မြိတ်မြို့ရှိ သူဌေး လှသန်းသည် အကြမ်းဖက် စစ်ကောင်စီတပ်များကို လှေများ ဖြင့် သက်ယူပို့ဆောင်ပေးနေကြောင်း ၊ ပုလောတိုက်ပွဲ စဖြစ်သည့်အချိန်မှ စ၍ ပုလောဘက်သို့ ငါးဖမ်းလှေများဖြင့် စစ်သားများပို့ဆောင်သည့်နည်းလမ်းကို အသုံး ပြုနေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "“ဦးလှသန်းရဲ့ ပုစွန်ငါးရုံးကို စစ်ခွေးအဖွဲ့ကို လုံခြုံရေးလုပ်ဖို့သွား နေကြ ပါတယ်။ နှစ်ကူးပွဲတော်ပြုလုပ်ဖို့ ရှိလို့အကောင်ကြီးတွေလည်း လာဖို့ရှိတယ် ပြော တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။"]
https://yktnews.com/2025/03/209090/
ကုလ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းရာ စစ်ကောင်စီ၏ မဟာမိတ် ရုရှားက စာသားများ ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မဲအပြတ် အသတ် ဖြင့် ရှုံးနိမ့်
["ကုလ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းရာ စစ်ကောင်စီ၏ မဟာမိတ် ရုရှားကစာသားများ ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မဲအပြတ် အသတ် ဖြင့် ရှုံးနိမ့်", "ရန်ကုန်၊ မတ် ၂၇", "ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာနှင့်လူနည်းစုများ အပါအဝင် ပြည်သူများ၏ အခွင့်အရေး မြှင့်တင်ရေးနှင့် ပြဿနာများ​ ဖြေရှင်းပေးရေး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို တင်သွင်းခဲ့ရာတွင် စစ်ကောင်စီ၏ မဟာမိတ် ရုရှားနိုင်ငံက ယင်းအဆိုပြု မူကြမ်းပါ စာသားများကို ဖြုတ်ပယ်ရန်ကြိုးစားသော်လည်း မအောင်မြင်ဘဲ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားကြောင်း သိရှိရသည်။", "မတ်လ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ၆၂ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများနှင့်လူနည်း စုများ အပါအဝင် မြန်မာပြည်သူများအရေး အတွက် “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” ဆုံးဖြတ်ချက်အဆိုမူကြမ်းကို မြန်မာစစ်တပ်၏ မဟာမိတ် ရုရှားက ပြင်ဆင်ရန် ကြိုးစားသည့်ကြားမှ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ယင်းအစည်းအဝေး၌ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများအပါအဝင် ပြည်သူအားလုံး၏ အခြေခံ အခွင့်အရေးများ ကို မြှင့်တင် ကာကွယ်ခြင်းနှင့် ၎င်းတို့၏ အခြေအနေများအား ဖြေရှင်းပေးရေးတို့က မြန်မာနိုင်ငံ၏ ဦးစားပေး အကြောင်းအရာဖြစ်ကြောင်း၊ ရိုဟင်ဂျာ အရေးကိစ္စသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်၍ ပြဿနာ၏ ဇစ်မြစ်မှာ စစ်အာဏာရှင်နှင့် ၎င်းတို့ ကျင့်သုံး နေသည့် အာဏာရှင် စနစ်ဖြစ်၊ အဆိုပါ ဇစ်မြစ်ကို ဘက်ပေါင်းစုံမှ ကုံလုံပြည့်ဝစွာ ဖြေရှင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။", "ထို့ပြင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကမ္ဘာကြီးအနေဖြင့်လည်း မြန်မာ နိုင်ငံ၏ လက်ရှိ အခြေအနေနှင့်ပတ်သက်၍ စစ်တပ်မှ အရပ်သား ပြည်သူ လူထု အပေါ် ပုံစံအမျိုးမျိုးဖြင့် ရက်စက်ကြမ်းကြုတ်၊ လူမဆန်စွာ ကျူးလွန်နေခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ စစ်တပ်က မြန်မာနိုင်ငံတစ်ဝန်းတွင် ကျူးလွန်နေသည့် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် မဆင်မခြင် ဗုံးကျဲ တိုက်ခိုက်မှုများကို အပြီးတိုင် မရပ်တန့်နိုင်ပါက ဒုက္ခသည်များ နေရပ် ပြန်လည်သွားရောက်ရေးမှာ မဖြစ်နိုင်ကြောင်း ကုလသမဂ္ဂညီလာခံတွင် ထုတ်ဖော်ပြောဆိုသည်။", "အဆိုပါ ကုလသမဂ္ဂညီလာခံတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ က L. 67 အဆိုမူကြမ်း၌ ပါဝင်သည့် လူ့အခွင့်အရေး ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ စောလျင်စွာ ပြန်လည်သွားရောက်နိုင်ရေး အတွက် သင့်လျော်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးစာသားတို့ကို ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 68၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပါဝင်မှုနှင့်ပတ်သက်သည့်စာသားကို ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 69 နှင့် Gender Parity နှင့် လူငယ်များ ကိုယ်စားပြုမှုနှင့်ဆက်စပ် စာသားအား ဖြုတ်ချရန် တောင်းဆိုသည့် ပြင်ဆင်ချက် L. 70 တို့အား အသီးသီး တင်သွင်းခဲ့သည်။", "စစ်ကောင်စီ၏ မဟာမိတ် ရုရှားနိုင်ငံက ဆုံးဖြတ်ချက် အဆို မူကြမ်းပါ စာသားများကို ဖြုတ်ပယ် ပြင်ဆင်ရေး တင်သွင်းမှုအတွက် ကုလသမဂ္ဂညီလာခံတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ L. 68 ပြင်ဆင်ချက်အတွက် ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၁၀၃ မဲနှင့် ကြားနေမဲ ၂၄ မဲဖြင့်လည်းကောင်း၊ L. 69 ပြင်ဆင်ချက်ကို ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၉၆ မဲနှင့် ကြားနေမဲ ၃၂ မဲဖြင့်လည်းကောင်း၊ L. 70 ပြင်ဆင်ချက် ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ ၈၀ မဲနှင့် ကြားနေမဲ ၄၀ မဲဖြင့်လည်း ကောင်း အသီးသီး ပယ်ချခဲ့သဖြင့် ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့က တင်ပြသော ပြင်ဆင်ချက်များမှာ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားကြောင်း သိရှိရသည်။", "ရုရှားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့၏ ပြင်ဆင်ချက်များကို အတည်ပြုခြင်းမရှိဘဲ မူလဆုံးဖြတ်ချက် အဆိုမူကြမ်း L.67 ကို အထွေထွေညီလာခံ သဘာပတိက တင်သွင်းခဲ့သည့်အတိုင်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၀ မဲနှင့် ကြားနေမဲ ၁၀ မဲဖြင့် အတည်ပြုဆုံးဖြတ်နိုင်ခဲ့သည်။", "မြန်မာနိုင်ငံအနေဖြင့် ရုရှားကိုယ်စားလှယ်အဖွဲ့မှ တင်သွင်းသည့် ပြင်ဆင်ချက် ၃ ခုလုံးအား ကန့်ကွက်မဲ ပေးခဲ့ပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာ ပတိက တင်သွင်းသည့် အဆိုမူကြမ်း တစ်ခုလုံးကို ထောက်ခံမဲ ပေး၍ ရပ်တည်ခဲ့ကြောင်း၊ အဆိုပါအဆင့်မြင့်နိုင်ငံတကာကွန်းဖရင့် ကျင်းပခြင်းက ပြဿနာ ဖြေရှင်းရေးအတွက် မိမိတို့၏ လုပ်ဆောင်မှုများ ကို အရှိန်အဟုန်မြှင့်တင်နိုင်မည့် အခွင့်အရေးအဖြစ် ရှုမြင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၏ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရေးကိုလည်း အလေးထား မျှော်မှန်းထားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။", "ကုလသမဂ္ဂညီလာခံတွင် ရိုဟင်ဂျာများနှင့် လူနည်းစုများ အခွင့်အရေး မြှင့်တင်ရေး အဆိုဖြစ်သည့် “Scope, modalities, format and organization of the High-Level Conference on Rohingya Muslims and Other Minorities in Myanmar” ဆုံးဖြတ်ချက် အဆိုမူကြမ်းကို အထွေထွေညီလာ ခံ သဘာပတိက ဦးဆောင် တင်သွင်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုမူကြမ်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများအတွက် Co-facilitator များအဖြစ် ဖင်လန်နှင့် မလေးရှား အမြဲတမ်းကိုယ်စားလှယ်တို့က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98875/
ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံ
["ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများတွေ့ဆုံ", "ရန်ကုန်၊ ဧပြီ ၂၂", "ကုလသမဂ္ဂ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ Mr. Thomas Andrews ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံး အပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ အချို့နှင့် ယနေ့ ဧပြီလ ၂၂ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။", "Mr. Thomas Andrews သည် အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လာရောက်ကာ ကိုယ်စားလှယ် ဦးစောဘလှသိန်း အပါအဝင် ရုံးအဖွဲ့ဝင်အချို့နှင့် တွေ့ဆုံပြီးအပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံရောက် တိုင်းရင်းသားခေါင်းဆောင်များ၊အဖွဲ့အစည်းအသီးသီးမှ", "ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်များ၊ မြန်မာ့အရေးထောက်ခံအားပေးသော ဂျပန်လူမျိုးအချို့နှင့် တွေ့ဆုံကာ တက်ရောက်လာသူများ၏ မေးမြန်းသော မေးခွန်းများကို ပြန်လည်ဖြေကြားဆွေးနွေးပြီး အကြံပြုချက်များကို မှတ်ယူကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။", "အာဏာသိမ်းစစ်ကောင်စီ လက်အောက်တွင် နေ့စဉ်နှင့်အမျှ အခြေအနေဆိုးရွားလာနေသည့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာရှဒေသတွင်း ဒီမိုကရေစီအင်အားကြီးနိုင်ငံတခုဖြစ်သည့် ဂျပန်နိုင်ငံအား ယခုထက်ပိုမို ဖိအားပေးတိုက်တွန်းသွားရန်အတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိလာရခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးကိုယ်စားလှယ်မှ ပြောကြားခဲ့သည်။"]
https://yktnews.com/2023/01/83112/
ကုလသမဂ္ဂက R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အထူးအစည်းအဝေးတွင် တင်ပြ တောင်းဆို
["ကုလသမဂ္ဂက R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အထူးအစည်းအဝေးတွင် တင်ပြ တောင်းဆို", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ကမ္ဘာ့ ကုလသမဂ္ဂအနေဖြင့် R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန် မာ စစ်တပ်ကို ချက်ချင်း အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန် မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း အထူးအစည်းအဝေးတွင် တင်ပြ တောင်းဆို လိုက်သည်။", "ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ကျင်းပ သော ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူး လွန် သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေး လုပ်ဆောင်ချက်များ” အထူးအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထိုသို့ တင်ပြတောင်းဆိုလိုက်ခြင်းဖြစ်သည်။", "မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ် သင်ရှင်း လင်းမှုနှင့် လူသား မျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူး လွန်ခြင်းမှ တားမြစ်နိုင်ရန် လူမှုရေးနှင့် စီးပွားရေး အရေးယူဆောင်ရွက် ချက်များ ချမှတ်ရန် အရေးကြီးကြောင်း၊ အလားတူပင် ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာနိုင်ငံအရေး ကိစ္ စနှင့် မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရ သည့် ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂက အသံတစ်သံ တည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ် ဆုံး အချိန်ပင်ဖြစ်သည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။", "မြန်မာနိုင်ငံတွင် ဖက်ဆစ်စစ်တပ်က တိုင်းရင်းသားလူနည်းစုများနှင့် ရိုဟင်ဂျာ များ အပါအဝင် မြန်မာပြည်သူပြည်သားများအပေါ်တွင် ရက်စက် ကြမ်းကြုတ် မှုများစွာ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၌ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့ သည့် ရက်စက်ကြမ်း ကြုတ်မှုမှာ ၎င်းတို့၏ လုပ်ရပ်မြောက်များစွာအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ပြောင်းရွှေ့ခဲ့ရကြောင်း၊ ဖက်ဆစ်စစ်တပ်အနေဖြင့် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို ရပ်တန့် ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာ သိမ်းမှု ကိုပင် ကျူးလွန်ခဲ့ကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကြာမြင့် သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်း တရား ဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာ ပြည်သူ များနှင့် ဒေသတွင်းအခြေအနေအပေါ် ကြီးလေးသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။", "မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်မှု အား လုံး ကို ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း စစ်တပ်အနေ ဖြင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုး နွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို စဉ်ဆက်မပြတ်ကျူးလွန် လျက်ရှိကြောင်း၊ သို့ရာတွင် စစ်တပ်မှ တရားမဝင်အာဏာဆက်လက်ရယူလို သည့် တစ်ခုတည်းသော ဆန္ဒကြောင့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ မလုံခြုံ မှု၊ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေရမှု၊ နေရပ်စွန့်ခွာနေရမှုနှင့် နယ်ခြားဖြတ်ကျော်မှုခင်းများ၏ ဦးတည်ရာနေရာဖြစ်လာခြင်းစသော လူသား ချင်း ဆိုင်ရာ အကျပ်အတည်းများကို နဖူးတွေ့ ဒူးတွေ့ ထိပ်တိုက်ရင်ဆိုင် ကြုံ တွေ့လျက်ရှိကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။", "တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်သူတစ်ရပ်လုံးအား လူမျိုးတုံး သတ် ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းခြင်းနှင့် လူသား မျိုး နွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များမှ အကာအကွယ်ပေးရမည့် တာဝန်ရှိသည်ကို ထပ် လောင်းအတည်ပြုကြောင်း၊ မြန်မာစစ်တပ်နှင့် ယင်း အဖွဲ့ အစည်းအား အားဖြည့်ထောက်ခံပေးနေသူများအနေဖြင့်မူ လူ့အခွင့် အရေး နှင့် လူသားဆန်မှုအပေါ် မထီမဲ့မြင်ပြုလျက်ရှိကြောင်းကို ကြိမ်ဖန် များစွာ ပြသနေခဲ့ကြကြောင်း ၊ အခြားတစ်ဖက်တွင်လည်း မြန်မာပြည်သူ ပြည်သားများမှ ကုလသမဂ္ဂအား မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြု၍ ကူညီပေးရေးနှင့် No-Fly Zone သတ်မှတ်ပေးရေး ကနဦးတောင်းဆိုမှုများမှာ ရလဒ်ဖြစ်ထွန်းခဲ့ခြင်း မရှိကြောင်း သံအမတ်ကြီးက ထောက်ပြသည်။", "ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့်လည်း နိုင်ငံတကာအသိုက် အဝန်း အနေဖြင့် မြန်မာပြည်သူ များအပေါ်တွင် ပျက်ကွက်ခဲ့သည်ဟု မှန်မှန်ကန်ကန် ထောက်ပြ ခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂအနေဖြင့် ထိရောက်မှုရှိ သော အရေးယူမှုများကို အချိန်နှင့်တပြေးညီ ချမှတ်ပေး ခြင်းဖြင့် အတွင်းရေး မှူးချုပ် အနေဖြင့် ဤနှစ်အတွင်း၌ အလားတူထပ်မံပြောကြားရန် လိုအပ်မည် မဟုတ်ဟု မျှော်လင့်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။", "ကုလသမဂ္ဂ၏ အထူး အစည်းအဝေးသို့ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား လူမျိုးတုံးသတ်ဖြတ်ရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်၊ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌ (Pre-recorded Video) နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ကော်မရှင် ဥက္ကဋ္ဌ ၊ Global Centre for Responsibility to Protect ၏ အလုပ် အမှု ဆောင်ညွှန်ကြားရေးမှူး၊ World Academy of Art and Science ၏ ဥက္ကဋ္ဌ နှင့် Auschwitz Institute for the Prevention of Genocide and Mass Atrocities ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး၊ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးနှင့် နိုင်ငံရေးရာနှင့် ငြိမ်းချမ်းရေးတည် ဆောက်ရေး ရာဌာန (Department of Political and Peacebuilding Affairs – DPPA) တို့မှ လက်ထောက်အတွင်းရေးမှူးချုပ်တို့က ပါဝင် တက်ရောက် ဆွေးနွေးကြ ကြောင်း သိရှိရသည်။"]