url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/08/118731/
ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထားသည့် ခမရ ၃၄၃ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထားသည့် ခမရ ၃၄၃ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၈", "ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းရွာတွင် ရောက်ရှိတပ်စွဲထား သည့် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၄၃ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ဝင် ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာ တွင် တပ်စွဲထားသော ခမရ ၃၄၃ တပ်စခန်းကို KNLA ၊ PDF အပါ အဝင် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုတွင် စစ်သား ၆ ဦးသေဆုံးပြီး အခြားစစ်သား ၆ ဦးဒဏ်ရာရရှိ ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် စစ်တပ်၏ ဒုတိယတပ်ရင်းမှူး လည်း ပါဝင်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "“ နဂါးဖြူစစ်ကြောင်းနဲ့ ပူးပေါင်းစစ်ကြောင်းတွေက ဩဂုတ်လ ၁၆ ရက်နေ့ မနက် ၉ နာရီမှာ စစ်ကောင်စီစခန်းကို ပြောက် ကျားဝင်တိုက်ရာမှာ စစ် ကောင် စီ ဘက်က ၆ ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရပါတယ် ။ ကျနော် တို့ဘက် က ၇ ဦးဒဏ်ရာရခဲ့ပါတယ်” ဟု နဂါးဖြူစစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNU၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ S.O.G တပ်ဖွဲ့၊ ပူးပေါင်းစစ်ကြောင်းများက ပူးတွဲစစ်ဆင်ရေး အနေဖြင့် ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/09/124352/
ကော့ကရိတ်မြို့နယ် လ၀ကရုံး မီးရှို့ခံရပြီး ပြာကျ၊ ညောင်လေးပင်မြို့နယ်တွင် ဓာတ်အားတိုင် ၃ တိုင် မိုင်းခွဲခံရပြီး ပြိုလဲကျ
["ကော့ကရိတ်မြို့နယ် လ၀ကရုံး မီးရှို့ခံရပြီး ပြာကျ၊ ညောင်လေးပင်မြို့နယ်တွင် ဓာတ်အားတိုင် ၃ တိုင် မိုင်းခွဲခံရပြီး ပြိုလဲကျ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗောဓိလမ်းရှိ ကော့ကရိတ် မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး(လက၀) သည် ယမန်နေ့ ညပိုင်း မီးရှို့ခံရပြီး ပြာကျသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်တွင် ကော့ကရိတ်မြို့ နယ်ရုံး မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး တစ်ရုံးလုံး ပြာကျပျက်စီးသွားကြောင်း၊ ရှို့မီးဖြစ်ပြီး ယင်းရုံးတွင် သာမန် ရုံးစောင့်တချို့မှလွဲ၍ မည်သူမှ ရုံးတက်ခြင်း မရှိတော့ကြောင်း၊ မီးလောင်ကျွမ်းချိန်တွင် ရုံးရှိ ပရိဘောဂနှင့် ရုံးတွင်းပစ္စည်း တချို့ မီးလောင်ကျွမ်းခဲ့ကြောင်း၊ ရုံးမှာ အခွံ့သာရှိတော့ကြောင်း သိရှိရသည်။", "“မီးကတော့ ရှို့မီးလို့ သိရပါတယ်။ အဲဒီရုံးမှာက ရုံးစောင့် ဝန်ထမ်းတစ်ဦး တော့ရှိတယ်။ မီးလောင်တဲ့အချိန်မှာတော့ အဲဒီဝန်ထမ်းလည်း ဘယ်ပြေးလဲ တော့ မသိရဘူး။ ရုံးကတော့ ပြာကျသွားတယ်” ဟု ကော့ကရိတ် ဒေသပြည်သူ တစ်ဦးက ဆိုသည်။", "အလားတူ စက်တင်ဘာ ၂၆ ရက် ညပိုင်းက ပဲခူးတိုင်း၊ညောင်လေးပင်မြိုနယ်၊ရေဖြူကန်ကျေးရွာထိပ်ရှိ မဟာဓါတ်အားလိုင်း တာဝါတိုင် ၃ တိုင်မှာလည်း မိုင်းခွဲခံရ၍ ပြိုလဲပျက်စီးသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/115545/
ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ
["ကော့ကရိတ်မြို့နယ်တွင် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၄၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၃ လက်အောက်ခံ၊ နဗဟ ၂ မှူး ဗိုလ်မှူးကြီး ကျော်ဇင်ယျ ဦးဆောင်သော ဝေါ်လေဗျူဟာကုန်းစခန်းမှ ပြည်သူများ နေထိုင်သည့် ကျေးရွာများအနီး ထောင်ထားသော မြေမြှုပ်မိုင်း နင်းမိပြီး အောင်မင်္ဂလာကျေးရွာမှ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဒဏ်ရာရရှိသူ ၃ ဦးမှာ အသက် ၁၂ နှစ်အရွယ် မခင်မာအေး၊ အသက် ၁၉ နှစ်အရွယ် မဌေးမိုး (၁၉) နှစ် နှင့် အသက် ၂၂ နှစ်အရွယ် မကောက်ချမ်း တို့ဖြစ်ပြီး မျှစ်ရှာ မှိုကောက်ရင်း မိုင်းနင်းမိခြင်း ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း နှင့် မိုင်းများ လိုက်လံထောင်ထားခြင်းကြောင့် ဒေသနေ ပြည်သူများသည် ၎င်းတို့၏ ဥယာဥ်ခြံမြေများကို အလုပ်သွားရောက် လုပ်ကိုင်ရန် စိုးရိမ် ထိတ်လန့်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133591/
ကော့ကရိတ်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
["ကော့ကရိတ်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါးနှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အံဖလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဘုန်းကြီး ၂ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ လှိုင်ဝ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အ‌မြောက်တပ် အမတ−၃၁၂ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် အံဖလေးကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် ရေချမ်းစင်တို့ ထိမှန်ပျက်စီးခဲ့ပြီး ဘုန်းကြီး ၂ ပါးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိခိုက် ဒဏ်ရာရရှိသော ဘုန်းကြီး ၂ ပါးမှာ အံဖလေး ကျေးရွာနေ သက်တော် ၁၆ နှစ်ရှိ ရှင်ဣန္ဒြိယနှင့် သက်တော် ၁၄ နှစ်ရှိ ရှင်ထေရိဒ္ဒ တို့ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း)မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အုတ်ဖြတ်ရဲစခန်းမှ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က ကြာအင်း ကျေးရွာအတွင်းကို Lot F-57 အမျိုးအစား Rocket ၃ လုံးကို ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်းနေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မမယ်ပ နှင့် အသက် ၄၆ နှစ်အရွယ် မညိုစန်းတို့မှာ လက်နက်ကြီး ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/04/212095/
ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေး
["ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေး", "ရန်ကုန်၊ ဧပြီ ၂၂", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့်ကျုံဒိုးမြို့မှ စစ်ဘေးရှောင် ပြည်သူများကို စစ်ကောင်စီက လူဦးရေအလိုက် ငွေကြေးတောင်းယူပြီးမှ ဂျိုင်းတံတားကို ဖြတ်သန်းခွင့်ပေးနေကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဂျိုင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ကော့ကရိတ်နှင့်ကျုံဒိုးဘက်မှ ထွက်ပြေး တိမ်းရှောင်လာသော စစ်ဘေးရှောင် ပြည်သူများ၏ ကားများ၊ ဆိုင်ကယ်များကိုစစ် ဆေး ပြီး လူဦးရေအလိုက် ငွေကြေးတောင်းခံကြောင်း၊ ထိုသို့ တောင်းခံပြီးမှသာလျှင် တံတားကို ဖြတ်သန်းခွင့် ပေးကြောင်း၊ စစ်ဘေးရှောင်ပြည်သူများမှာ မိသားစု အလိုက် အနည်းဆုံး ငွေကျပ် ၁ သောင်းမှ ငွေကျပ် သိန်းချီ အထိ ပေးဆောင်ရကြောင်း သိရှိရသည်။", "“ကျုံဒိုး၊ ကမ်းနီ၊သရက်တောကို လက်နက်ကြီးတွေ ပစ်နေတော့ မနေရဲတော့ဘူးလေ။ ရွှေဖြူ ကျောင်းဘက်ရှောင် ဖို့ ဂျိုင်းတံတားကနေ ဟိုဘက်ထိပ်ရောက်တော့ ဂိတ်စောင့်နေတာက အရပ်ဝတ်တွေနဲ့ပဲ၊ သေနတ်တွေတော့ လွယ်ထားတယ်၊ ကားကိုစစ်တယ်၊ လိုင်စင်လား၊ လိုင်စင်မဲ့လားဆိုတော့ ရွာကားပဲလေ လိုင်စင်မရှိဘူး၊ရွှေဖြူကျောင်းကို ရှောင်နေမလို့လာတာပါဆိုတော့ မိသားစု ၅ ဦးကို တစ်သောင်း တောင်းတယ်။ ကားက လိုင်စင်မဲ့မို့ တစ်သောင်းတောင်းတယ်။ မပေးရင်လည်း ပေးမသွားဘူး။ နောက်ပြန်လှည့်ခိုင်းတယ်။ ပြည်သူအားလုံးကို တောင်းတာ။ အကုန်လုံးကိုတောင်းတာ” ဟု ငွေကြေးပေးဆောင်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။", "လတ်တလော တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေချိန် စစ်ဆေးရေးဂိတ်များမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူများကို ပစ်မှတ်ထား ဦးတည်၍ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "” မနှစ်ကမွန်ရွာကော့ဘိန်း၊‌ကော့ပေါက်နဲ့ကျုံဒိုးမှာစစ်ဖြစ်တုန်းကလည်းအဲဒီလိုပဲတံတားမှာကားစစ်၊ ဆိုင်ကယ်စစ်ပြီးငွေညှစ်တာပဲ၊ မွန်ငြိမ်းချမိး ရေးတပ်ဖွဲ့ကနိုင်အိုက်ချမ်းတို့လည်းပါတယ်၊အဲဒီတုန်းကစစ်တပ်နဲ့ပေါင်းပြီးငွေညှစ်တာ၊ အခုလည်းတောင်ပေါ်ကားကြီးတွေ ဆင်းမလာတော့ ရွာသားတွေကို ငွေညှစ်တာ။ မပေးရင်ကားဆိုင်ကယ်သိမ်းမယ် ခြိမ်းခြောက်တယ်။ ရွာကလူတွေကလည်း လိုင်စင်မဲ့တွေချည်း စီးကြတာဆိုတော့ သူတို့အမိန့်လိုဖြစ်နေတယ်”ဟု စစ်ဘေးရှောင်ပြည်သူက ရှင်းပြသည်။", "လက်ရှိကော့ကရိတ်နှင့် ကျုံဒိုးဒေသအတွင်း စစ်ရေးတင်းမာနေမှုအပေါ် အကြမ်းဖက်စစ်တပ်က ဂျိုင်းတံတားတစ်ဖက်ကမ်း ဘားအံမြို့နယ် ၊ကျားကလေး၊ ဇာသပြင်လမ်းဆုံ၊ အိန္ဒု၊ သာမည၊ နောင်လုံ တောင်ကြားလမ်းပိုင်းတစ်လျှောက်တွင် စစ်အင်အားရာချီ စစ်ပြင်ထားပြီး ဆရာတော်မင်းသုည၏ဘုရားကုန်းရွာဘုန်းကြီးကျောင်းတွင်စစ်အင်အား ၆၀ခန့် ဖြင့် တပ်စွဲ နေရာယူကာ လက်နကိကြီးများတပ်ဆင် စခန်းချထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133794/
ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၃ လုံးပျက်စီး
["ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၃ လုံးပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကနဲလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။", "နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကနဲလေးကျေးရွာ တောင်ကုန်းပေါ်၌ စခန်းချထားသော ခမရ ၃၂ ၊ ခလရ ၅၅၅ နှင့် အမတ ၁၃၅ တို့ကနဲလေးကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ကနဲလေး ကျေးရွာရှိ စောမောင်ချစ်လုံး၊ စောဟေသားနှင့် နော်ဘီးလေးမို တို့၏ နေအိမ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114700/
ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး
["ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ တောင်ကြာအင်း ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ စကခ ၉၇ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်ခဲ့ပြီး တောင်ကြာအင်းကျေးရွာနေမှ ဒေါ်ခင်သန်းရွှေ၏ နေအိမ် ၁ လုံးမှာ ပျက်စီးခဲ့ပြီး အိမ်အသုံးအဆောင်များနှင့် မြက်ရိတ်စက် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၉၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့နယ်၊ ရေလည်ကုန်း ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၃၀ အရွယ် နော်ဆိ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/112819/
ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုတွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်
["ကော့ကရိတ်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုတွင် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၁၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တောင်ကြာအင်းရဲစခန်း၊ အထက ကျောင်းနှင့် လက်နက်ကြီးကုန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။", "ယမန်နေ့ ဇူလိုင်လ ၁၂ ရက် နေ့လည် ၁၁ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက် မှုကြောင့် ပြန်ဆုတ်သွားသော အကြမ်းဖက်စစ်ကြောင်းနှင့် ဗောဓိကုန်းလက်နက်ကြီးတပ်စခန်းကို နေ့ လည် ၁ နာရီခန့်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ဘာအံမြို့အမြောက်တပ်မှ ပြောင်းရွှေ့လာသော တပ်ကြပ်ကြီး ဝင်းလှိုင်နှင့် တပ်သား မြတ်လေးတို့ သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ဘားအံဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ကျားဖြူစစ်ကြောင်း တပ်ရင်းရုံး တပ်ခွဲ၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle -PDF)၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅ (Justice Soldier -PDF) တို့မှပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ သော်လည်း ဒရုန်းပစ္စည်းအချို့ ပျက်ဆီးဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ဇူလိုင်လ ၁၂ ရက် ည ၇ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် အထက ကျောင်း၌ တပ်စွဲထားသော အင်အား ၃၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျားဖြူတပ်ခွဲ ၃ မှ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်အဖွဲ့တပ်စွဲထားရာနေရာများ၊ စခန်းများ၊ ၄င်းတို့နှင့်ပတ်သက်ရာနေရာများတွင် အချိန် မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်စခန်းများနှင့် အ နည်းဆုံး မီတာ ၃၀၀ အကွာ၌ နေထိုင်ကြပါရန် ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သတိပေးထားသည်။", "ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်မရဲပျူစောထီးရွာနှင့် ဆင်ချောင်းပျူစောထီးရွာ ၂ ရွာကြားတွင် မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ဇူလိုင်လ ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်က ဆင်မရဲပျူစောထီးရွာမှ ဆင်ချောင်းပျူစောထီးရွာသို့ ဆိုင်ကယ် ၃ စီးဖြင့်လာသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီး ၇ ဦးကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတို်ကခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“သူတို့စိုးမိုးနယ်မြေဆိုတော့ ဆိုင်ကယ်တွေ သူတို့စီးချင်သလို စီးနေကြတဲ့ ပျူစောထီးတွေ၊ လက်နက် တွေလဲပါတယ်၊ မိုင်းဆွဲပြီးတဲ့အချိန်မှာတော့ တောက်လျှောက်မောင်းပြေးတာ၊ ၄ ယောက်ကတော့ တော် တော်ဆိုးဆိုးဝါးဝါးဒဏ်ရာရတယ်လို့ သိရတယ်၊ နားစည်တွေကွဲထွက်တဲ့အထိကို အပြင်းအထန်ဒဏ်ရာ တယ်လို့ သိရပါတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2023/05/104991/
ကော့ကရိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ
["ကော့ကရိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ", "ရန်ကုန်၊ မေ ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Justice Soldier PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၈ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဝါးကျောင်း ဘုန်းကြီးကျောင်းကို တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "” အဲဒီနေရာက ကျွန်တော်တို့ သိမ်းပိုက်ရရှိပြီးတည်းက ကျွန်တော်တို့ ထိန်းချုပ် နယ်မြေ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ထိန်းချုပ် နယ်မြေဆိုပေမယ့် ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့ တပ်စခန်း ထိုင်တာမရှိဘူး။ အဲဒီမှာ ဘုန်းကြီးလည်း မရှိဘူး။ အဲမှာ ကျောင်းထိုင်ခဲ့တဲ့ ဘုန်းကြီးက ပြေးသွားပြီး သူက မဘသ ဘုန်းကြီး အဲတာကို မနေ့က ရန်သူက ပေါင် ၅၀၀ ဗုံး ၂ လုံး လာကျဲသွားတော့ ဘုရားတွေ ကျောင်းတွေ ပျက်စီးသွားတာပေါ့” ဟု Justice Soldier PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/11/131847/
ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU က သတိပေးချက်ထုတ်ပြန်
["ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU က သတိပေးချက်ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU က သတိပေးချက်ထုတ်ပြန်လိုက်သည်။", "ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့ ၊ ကော့ကရိတ်မြို့၊ စုကလိမြို့နှင့် ဝေါ်လေမြိုင်မြို့တို့ရှိ အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေး အောက်တွင် ရှိနေသော ယန္တရားတွင် ပါဝင်နေကြသူများအားလုံး ထွက်ခွာပေးရန် အကြိမ်ကြိမ်သတိပေးအပ်ပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခု အမိန့်ထုတ်ပြန်သည့် ရက်မှစ၍ ၇ ရက်အတွင်း မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် နောက်ဆုံးအကြိမ် သတိပေးအပ်ကြောင်း ဖော်ပြထားသည်။", "အမိန့်ထုတ်ပြန်ချက်ကို မလိုက်နာပါက နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း KNU က တရားဝင် အမိန့် သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/120046/
ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရေကူးကန်ရှိ ခမရ ၃၄၃ စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရေကူးကန်ရှိ ခမရ ၃၄၃ စခန်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်း ရေကူးကန်၌ တပ်စွဲထား သော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခမရ ၃၄၃ စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦး သေဆုံးခဲ့ ကြောင်း နဂါးဖြူစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။", "ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် မှ ညနေ ၅ နာရီခွဲအထိ နှစ်နာရီ ကျော်ကြာ အဆိုပါအကြမ်း ဖက်စစ် တပ်စခန်းကို ပြောက်ကျား နည်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေ ဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ် မှုကြောင့် ကမိုင်ကုန်းရွာသားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပြောက်ကျားစနစ်နဲ့ဝင်တိုက်ခဲ့တာပါ၊ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်တာကို ကျနော်တို့ ရဲဘော် တွေရှိတဲ့နေရာပဲ ပစ်တာမဟုတ်ပဲနဲ့ ရွာတွေဘက် ကိုရော တောက်လျှောက် ရမ်းသမ်းပစ်တာ၊ အဲဒါ ကြောင့် တိုက်ပွဲနဲ့ မဆိုင်တဲ့ ပြည်သူတွေထိတာ၊ ကျနော်တို့ ရဲဘော်တွေထဲက ကျားဖြူစစ်ကြောင်းက ရဲဘော်တစ်ဦး လက်မှာ ဒဏ်ရာရခဲ့တယ်၊” ဟု နဂါးဖြူစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါတိုက်ခိုက်မှုကို KNU/KNLA တပ်ရင်း ၁၈ ၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူ စစ်ကြောင်းတို့ ပူးပေါင်း ကာ ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကော့ကရိတ် မြို့နယ်အတွင်း အကြမ်းဖက်စစ်သားများ လုံးဝ ခြေ ချ ခွင့်မရစေရန် အကြမ်း ဖက် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများကို ထိုးစစ်စနစ်ဖြင့် ဖြစ်စေ၊ ပြောက်ကျားတိုက်ခိုက်ခြင်းဖြင့်ဖြစ်စေ၊ ဒရုန်းဖြင့် ဖြစ်စေ ရရှိနည်းလမ်းဖြင့် တိုက်ခိုက်သွားမည်ဖြစ် ကြောင်း နဂါးဖြူစစ်ကြောင်း ထံမှ သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲဝင်နေစဉ်။"]
https://yktnews.com/2023/10/128975/
ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၄၄ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ စာသင်ကျောင်း၌ အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၄၄ မိနစ်အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကာ ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။", "“ဒရုန်းနဲ့ မချခဲ့ဘူး၊ မြေပြင်တပ်ဖွဲ့တွေက ဝင်တိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော် ၂ ဦးဒဏ်ရာရခဲ့ ပါတယ်၊ ဒါပေမယ့် မစိုးရိမ်ရပါဘူး” ဟု Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါတိုက်ခိုက်မှုကို Saw Dragon Drone Force – SDDF မြေပြင်တပ်ဖွဲ့ ၊နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း နှင့်အတူ KNLA တပ်ရင်း ၁၈ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/133949/
ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေ
["ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ၊ သင်္ဃန်းညီနောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စစ်ကောင်စီတပ်၏ ကော့နွဲ့စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLA ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီမှစတင်၍ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ကြောင်း၊ ယင်းနောက် ယနေ့နံနက်ပိုင်း တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့နွဲ့စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိကြောင်း သိရှိရသည်။", "“ဒီနေ့မနက် တပ်မဟာ ၆ ဦးစီးပူးပေါင်းတပ် ကော့ကရိတ်မြို့အနီးရှိကော့နွဲ့စခန်းအား သိမ်းဆည်းရမိပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်” ဟု KNLA HQ ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ထားသည်။", "ထို့ပြင် သင်္ဃန်းညီနောင်ရဲစခန်းကိုလည်း PDF တပ်များအပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။", "“သင်္ဃန်းညီနောင်မှာလည်း ရဲစခန်းဘက်မှာ တိုက်ပွဲ အတော်ကို ဖြစ်နေတယ်။ မနက်ကတည်းက အခုထက်ထိ ပစ်ခတ်နေကြတာ။လ က်နက်ကြီးတွေရော လက်နက်ငယ်တွေရောပဲ။ ပြည်သူတွေကတော့ ဘေးလွတ်ရာရှောင်နေရတယ်” ဟု သင်္ဃန်းညီနောင်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/03/152746/
ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
["ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂၃ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းကို ယနေ့ တိုက်ခိုက် သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး လက်နက်ချအညံ့ခံသူ ၂၃ ဦး ရှိကာ လက်နက် ၂၇ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Lion Battalion ဗျုဟာစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီမှ စတင်၍ KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ် မြေ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ကော့ဘိန်း ရဲစခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ချ အညံ့ခံသော စစ်သုံ့ပန်း ၂၃ ဦးကိုလည်း ဖမ်းဆီးရရှိကြောင်း၊ သေနတ် ၂၇ လက်နှင့် လက်နက်ခဲယမ်းအမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်တပ်က လေကြာင်းမှ တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းနှင့် ပြည်သူလူထု၏ နေအိမ်များ ထိခိုက်ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။", "“တိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၂ ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပါတယ်။ ပြည်သူ ၁ ဦးလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ စစ်ကောင်စီတပ်ဘက်မှ လက်နက်ချ အညံခံ သူ ၂၃ဦးနှင့် မိသားစုဝင် ၁၈ ဦးတို့ကို လူအခွင့်ရေးနဲ့အညီထိန်းသိမ်းထားပြီးတော့ NUG ထံသို့ စနစ်တကျ လွှဲပြောင်းပေးလိုက်ပါတယ်” ဟု ရဲဘော်အညာသား က ရှင်းပြသည်။", "ကော့ဘိန်းနယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် Lion Battalion စစ်ကြောင်း၊ ဂဠန်စစ်ကြောင်း၊ KNDOတပ်ရင်း၆၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ (AD) ၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့အယ်ဖာဘတ်ဒရုန်းတပ်ခွဲ အပါအဝင် KNLA နှင့် PDF မဟာမိတ် တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်ကြောင်း သိရှိရသည်။", "ကရင်ပြည်နယ်ကော့ကရိတ်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးများအနေဖြင့်စစ်ကောင်စီအတွက်တပ်သားစုဆောင်းရန်လုပ်ဆောင်ပါက မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း၊ အကြမ်း ဖက် စစ်ကောင်စီထံ တာဝန်မထမ်း ဆောင်လို၍ လက်နက်ဖြင့် CDM ပြုလုပ်လို သူများအနေဖြင့် MOD ထံ ချိတ်ဆက်ပြီး ပြည်သူလူထုနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်နှင့် ကရင်ပြည်နယ် ၊ ကော့ ကရိတ်ခရိုင် အတွင်းရှိ အုပ်ချုပ်ရေးမှူးများ အနေဖြင့် စစ်ကောင်စီအတွက် တပ်သားစုဆောင်းရန် လုပ်ဆောင်သူ မည်သူမဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/01/83168/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား ညောင်ရိပ်သာ ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းသမ်းပစ်ခတ်နေ
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား ညောင်ရိပ်သာ ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းသမ်းပစ်ခတ်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား အရှေ့ဘက်ရှိ ညောင် ရိပ်သာ ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ညောင် ရိပ်သာကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနက ထံသို့ ပြောဆို ကြသည်။", "ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာအလယ်မှ စတင်၍ မီးစတင်ရှို့ ခြင်းဖြစ် ပြီး စစ်တပ်လက်အောက်ခံ BGF တပ်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ် ဆောင် နေကြောင်း သိရှိရသည်။", "“ညောင်ရိပ်သာကျေးရွာက အိမ်ခြေ ၁၀၀ လောက်ရှိတယ်။ ကျုံဒိုးကမ်းနား ပိုင်း ကို စစ်တပ်ဘက်က အခု မီးရှို့နေတာ။ ရွာအလယ်က နေစရှို့တာ။ ရွာနဲ့ ကျုံဒိုး မြို့နဲ့ အဲ့ဒီချောင်းလေးပဲ ခြားပါတယ်။ စစ်တပ်က မီးရှို့နေတဲ့အချိန် ကျုံဒိုးမြို့ အခြေစိုက် BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းပြီး သေနတ်တွေ ပစ်နေတယ်။ မီးရှို့တာက စကစ၊ ရမ်းပစ်နေတာက BGF။ ဘယ်သူတွေ မီးရှို့နေတာ ကျုံဒိုး ပြည်သူနဲ့ ရွာက ပြည်သူတွေအားလုံး မြင်နေ တွေ့နေရတယ် ” ဟု ညောင်ရိပ် သာ ကျေးရွာသားတစ်ဦးက ပြောသည်။", "လက်ရှိအချိန်တွင် ညောင်ရိပ်သာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင် နေကြ ရပြီး အနီးအနားကျေးရွာများမှလည်းပြည်သူ အားလုံး ထွက်ပြေးနေ ကြရသည် ဟု သိရှိရသည်။"]
https://yktnews.com/2023/03/94304/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ အပါအဝင် စစ်တပ် တပ်စွဲနေရာ ၅ ခုကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ အပါအဝင် စစ်တပ် တပ်စွဲနေရာ ၅ ခုကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးထက်မနည်းသေဆုံး", "ကော့ကရိတ်မြို့ပေါ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး အရပ်သားများ ပိတ်မိ နေသော်လည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ", "ရန်ကုန်၊ မတ် ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ရဲစခန်း၊ ခမရ ၅၄၅၊ ခမရ ၅၄၆ အပါ အဝင် စစ်တပ်တပ်စွဲနေရာ ၅ ခုကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်သည်။", "မတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တွင် ဂဠုန်စစ်ကြောင်း အပါ အဝင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ကော့ကရိတ် မြို့နယ်၊ ကျုံဒိုးမြို့ ရဲစခန်း ၊ ခမရ ၅၄၅ ၊ ခမရ ၅၄၆ ၊ကျုံဒိုး ဗျူဟာ ကုန်း နှင့် ဂျိုင်းတံတား အနီး တပ်စွဲထား‌စစ်‌ေကာင်စီတပ်ဖွဲ့ဝင်များကို လက်နက် ကြီး ၊လက်နက်ငယ်များ ၊Fixed Wing Drone များ၊ Sniper များဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်က လက်နက် ကြီး၊ လက်နက်ငယ်များ ဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူ ရဟတ် ယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယမန်နေ့ ကျုံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေဆုံး ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းကြောင်း၊ စစ်ဆင်ရေးကို ဂဠုန်စစ် ကြောင်း၊ ကျားဖြူတပ်ခွဲ(၃)၊ Lion Battalion နှင့်အခြားသောမဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သိရှိရသည်။", "အလားတူ ယနေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားခဲ့ကြောင်း၊ နေ့လယ်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် စစ်တပ်က တိုက် ခိုက်ရေး ရဟတ်ယာဉ်များ ဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“မနက်အစောကြီးကတည်းက ကော့ကရိတ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်တယ်။ အရင် တစ်ခေါက်ကလိုပဲ။ ဒါပေမယ့် သတင်းက အရမ်းကြီး မထွက်ဘူး။ အပြန် အလှန် ပစ်ကြတယ်။ ရဟတ်ယာဉ်တွေနဲ့လည်း စစ်တပ်က တချိန် လုံးပစ်နေတယ်။ ပြည်သူတွေက ပြေးဖို့က ဘယ်ပြေးရမှန်း မသိဘူးဖြစ်နေတယ်။ ပတ်ပတ် လည်လည်မှာ တိုက်ပွဲဖြစ်နေတာဆိုတော့” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/100152/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်း ပစ် ခတ်ခံရပြီး သေဆုံး
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်း ပစ် ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၃၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတွင် ယာဉ်ထိန်းရဲတပ်သား နေလင်းထွန်းကို ကျားဖြူတပ်ခွဲ – ၃၊ ပျံလွှားတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ကျားဖြူတပ်ခွဲ -၃ ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အဓိပတိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ နံနက် ၃ နာရီအချိန် ယဉ်ထိန်းရဲတပ်သား နေလင်းထွန်း မောင်းနှင်လာသော ကားကို ကရင် ပြည်နယ် ၊ကျုံဒိုးမြို့ ကမ်းနီအလွန် ကော့လျမ်းနှင့် တံတားဦးထိပ်ကြားတွင် စောင့်ဆိုင်းစစ်ဆေးရာအသာတကြည် စစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးကြောင်း၊ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲတပ်သား နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ၎င်း၏ Nissan AD ယာဉ်အတွင်းမှ ယဉ်ထိန်းရဲ အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“ယဉ်ထိန်းရဲ မောင်းလာတဲ့ကားကို တားစစ်တာ ထွက်ပြေးလို့ ပစ်ဖမ်းတာပါ။ ကရင်ပြည်နယ် ကျုံဒိုးမြို့ ကမ်းနီအလွန် ကော့လျမ်းနှင့် တံတားဦးထိပ်ကြား ဖမ်းတာကို ရပ်မပေးဘဲ ထွက်ပြေးတာ။ လူကတော့ သေသွားပြီ” ဟု ကျားဖြူ တပ်ခွဲ -၃ ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အဓိပတိက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/01/83006/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးနှင့် အထက် သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သောကြောင့် မီးလောင်
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးနှင့် အထက် သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သောကြောင့် မီးလောင်", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက် မှ ၄၀ ဦးနှင့်အထက်သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က မီး တင် ရှို့ခဲ့ကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက တရား ဝင် သတင်းထုတ်ပြန်သည်။", "ကော်သူလေး တပ်မတော် KTL Army ၏ ဗျူဟာမှူးဗိုလ်အယ်စေးဝါး ဦးဆောင် သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့် အခြား သော ပူး ပေါင်း မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ တိုက်ပွဲ များ ပြင်းထန်လျက်ရှိပြီး ယနေ့တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း စစ်ကူ Mi 35 ရဟတ်ယာဥ် အမျိုးအစားများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက် လျက် ရှိ ကြောင်း ၊ လွန်ခဲ့သော ၃ ရက်ခန့်မှစတင်၍ နေ့စဉ် ဖြစ်ပွားနေသော တိုက်ပွဲ များ အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ‌ စစ်သား ၄၀ ဦး နှင့် အထက်ရှိကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ ကရင် ပြည် နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိ သည့်ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးများက ပြည်သူများ၏ နေအိမ်များ အ ပေါ်သို့ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးလျက်ရှိကြောင်း၊‌ ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့အနီး ကျေးရွာများ မီးလောင်နေစဉ်။"]
https://yktnews.com/2023/01/82938/
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက် ကြီး များဖြင့် ပစ် ခတ် ပြီး မီးရှို့ဖျက်ဆီး၊ ပြည်သူများ ထွက်ပြေးနေရ
["ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က လက်နက် ကြီး များဖြင့် ပစ် ခတ် ပြီး မီးရှို့ဖျက်ဆီး၊ ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က ယနေ့ ဝင်ရောက်စီးနင်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင် နေသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများ က ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုကြသည်။", "ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ပတ်ဝန်းကျင်ရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ကာ၊ ကော့ ကျိုက် ကျေးရွာများသို့ စစ်ကောင်စီတပ်များက ဝင်ရောက်လာပြီး ကျေး ရွာ များကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဒေသပြည်သူတစ်ဦးကမူ “အခု ကျုံဒိုးကမ်းနီ တိုက်ပွဲဖြစ်နေတာ။ ညက တစ်ည လုံး လက်နက်ကြီးတွေပစ်တယ်။ အခုလည်း ပစ်နေတယ်”ဟု ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ညပိုင်း ကျုံဒိုးမြို့ ကမ်းနီကျေးရွာအတွင်းရှိ နေအိမ်များအပေါ် လက် နက် ကြီးကျရောက် ပေါက် ကွဲ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကျုံဒိုးမြို့၊ ကမ်းနီကျေးရွာကို စစ်တပ်ကမီးတင်ရှို့နေစဉ်။"]
https://yktnews.com/2023/05/104163/
ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီး
["ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီး", "ရန်ကုန်၊ မေ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီးခဲ့​ကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။", "မေလ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၁ ကျောင်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာသည် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၂၀၁ နယ်မြေတွင် ရှိပြီး အကြမ်းဖက် စစ်တပ်၏ နေပြည်တော်လေတပ် ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲချခြင်းဖြစ်​ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ ဗုံးထိမှန်ပြီး ပြန်လည်ပြုပြင်လို့ မရသည်အထိ ပျက်စီးသွားကြောင်း KNU−ဗဟို က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/106527/
ကော့ကရိတ်မြို့နယ်၊ ဆံဖလားရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီး
["ကော့ကရိတ်မြို့နယ်၊ ဆံဖလားရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီး", "ရန်ကုန်၊ ဇွန် ၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၆ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၄၆ မိနစ်ခန့်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ၊ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် Cluster Bomb ကို ကျေးရွာအတွင်း လာရောက်ကျဲချခဲ့ပြီး ဆံဖလားကျေးရွာ အခြေခံမူလတန်းစာသင်ကျောင်း ၁ ကျောင်း၊ ပြည်သူနေအိမ် ၄ လုံး နှင့် ပြည်သူပိုင် ခြံစိုက်သီးပင်တစ်ချို့ ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါ ဂျက်ဖိုက်တာသည် နေပြည်တော်လေတပ်မှ လာရောက် ကျဲချခြင်းဖြစ်ပြီး Cluster ဗုံး ၁ လုံးအတွင်း ပါဝင်သော ဗုံးသီးငယ်များသည် ဆံဖလားရွာ စာသင်ကျောင်းဝင်းထဲ ၂ လုံး ကျရောက် ပေါက်ကွဲပြီး ကျောင်းဆောင်၏ ပြတင်းပေါက်၊ တံခါးပေါက်၊ ကျောင်းခေါင်မိုး၊ ဘေးနံရံ၊ မျက်နှာကျက်၊ ကျောက်သင်ပုန်း၊ ကျောင်းတိုင်၊ ကျောင်းသောက် ရေအိုး နှင့် ကျောင်းတွင်း တတ်ဆင်ထားသော ပန်ကာများမှာ ကျည်စထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။", "ထို့ပြင် ၎င်းဗုံးသီးငယ်များ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး၏ အိမ်လှေကား နှင့် အိမ်ခေါင်မိုး ကျည်စထိမှန်၊ ပြည်သူ ၁ ဦး၏ ဆိုင်ကယ် ဝပ်ရှော့ရုံ ဘေးနံရံကျည်စထိမှန်၊ ပြည်သူ ၁ ဦး၏ အိမ်နံရံ နှင့် ဘုရားစင် ကျည်စထိမှန်၊ ပြည်သူ ၁ ဦး၏ အိမ်ခေါင်မိုးနှင့် အိမ်နံရံတို့ ကျည်စထိမှန်ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137889/
ကော့ကရိတ်မြို့နယ်၊ တေင်ကြာအင်းရဲစခန်းမှ ရဲ ၁၀ ဦး လက်နက်ချအညံ့ခံ၊ တောင်ကြာအင်းကျေးရွာ တပ်စခန်းနှင့်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်
["ကော့ကရိတ်မြို့နယ်၊ တေင်ကြာအင်းရဲစခန်းမှ ရဲ ၁၀ ဦး လက်နက်ချအညံ့ခံ၊ တောင်ကြာအင်းကျေးရွာ တပ်စခန်းနှင့်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်ချအညံ့ခံပြီး တော်လှန်ရေးတပ်များက တောင်ကြာအင်းရဲစခန်းနှင့် တောင်ကြာအင်းကျေးရွာရှိ စစ်တပ်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဂျီဖက်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ဒီနေ့မနက်မှာ ကော့ကရိတ်မြို့နယ် တောင်ကြာအင်းကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့အတူ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရဲစခန်းကိုတော့ သိမ်းနိုင်ခဲ့တာကြာပြီဖြစ်တယ် စာသင်ကျောင်းမှာ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားတဲ့ နေရာကိုတော့ ယနေ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရဲ ၁၀ ဦးလက်နက်ချပါတယ်” ဟု ရဲဘော် ဂျီဖက်က ပြောဆိုသည်။", "လက်ရှိတွင် တောင်ကြာအင်းကျေးရွာရှိ စစ်တပ်စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး စစ်သားများ သေဆုံးမှုနှင့် လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုတို့ကို အတိအကျ မထုတ်ပြနိုင်သေးကြောင်း၊ အခြေအနေကို စိစစ်နေဆဲဖြစ်နေကြောင်း ၎င်းက ဆိုသည်။", "“စစ်သားတွေ ထိခိုက်သေဆုံးတာတွေနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုကတော့ နယ်မြေရှင်းလင်းရေးလုပ်နေဆဲမလို့ ထုတ်ပြန်ပေးလို့မရသေးပါဘူး။ နယ်မြေ ရှင်းလင်းရေးလုပ်ပြီးရင်တော့ သတင်းကို အတိအကျ ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟု ရဲဘော် ဂျီဖက်က ဆက်လက်ရှင်းပြသည်။", "တောင်ကြာအင်းကျေးရွာ တပ်စခန်း တိုက်ခိုက်သိမ်းပိုက်မှုတွင် KNLA ဦးဆောင်သော တပ်ရင်းတပ်ဖွဲ့များ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/138013/
ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးထက်မနည်းသေဆုံး
["ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးထက်မနည်းသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာလ ၃၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင် ကျောင်း၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၇ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်းက ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းနှင့် စာသင် ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ ၂၀၈ ၊ ခမရ ၅၄၆ တပ်ရင်းမှ တပ်သားများကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောာင်စီ တပ်သား ၂၇ ဦးထက်မနည်းသေဆုံးပြီး ရဲ ၁၀ ဦးအရှင်ဖမ်းမိကာ လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ KNDO ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ နှင့် ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများမှာ တောင်ကြာအင်းကျေးရွာမှ ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး တိုင်းပြည်နှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။", "၁၀၂၇ စစ်ဆင်ရေးနှင့်အတူယှဉ်တွဲ၍ ကျားဖြူစစ်ကြောင်းအနေဖြင့် တပြိုင်တည်း ပါဝင်တိုက်ပွဲ ဆင် နွှဲ လျက်ရှိပြီး ကျားဖြူစစ်ကြောင်း၏ လက်ရှိတာဝန်ကျရာနေရာဖြစ်သော ကော့ကရိတ်ခရိုင်တွင် နေ့ စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားစွင့်၍ ဘေးကင်းလုံခြုံသော နေရာများတွင် နေထိုင်ပေးကြပါရန် ကျားဖြူစစ်ကြောင်းက အသိပေး ထုတ် ပြန်ထားသည်။", "ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/143681/
ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး
["ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိတန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU-ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၂၀ မိနစ်ခန့်၌ အကြမ်းဖက် စစ်တပ်၏ နေပြည်တော်လေတပ် မှ Yak – 130 Jet Fighter ဖြင့် ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ စာသင်ကျောင်းဝင်း အတွင်းကို ပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့် လာရောက် ဗုံးကျဲ ပစ်ခတ်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "ကျိုက်ဒုံမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်နေခြင်းကြောင့် ပြည်သူ ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ကျိုက်ဒုံမြို့ အခြေစိုက် ဗျူဟာက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျိုက်ဒုံမြို့အနီး ပိုးရေးကျေးရွာနေ အသက် ၄၂ နှစ် အရွယ် အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/120662/
ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Albino Tiger Column – P29909 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၉ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာ၊ ကျောက်စက်အနီး တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၂၂ မှ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်းခဲ့ကြောင်း သိရသည်။", "“သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်ပါ ပြန်ပစ်ပါတယ်။ သူတို့ဘက်က ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ အရေအတွက်တော့ အတိအကျမပြောတတ်ဘူး” ဟု Albino Tiger Column – P29909 အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းလုံခြုံရေးတပ်ခွဲ (Southern Eagle- PDF)၊ ကျားဖြူတပ်ခွဲ-၄၊ကျားဖြူတပ်ခွဲ -၅ (Justice Soldier-PDF) Drone တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86735/
ကော့ကရိတ်မြို့ပေါ် စစ်တပ်ဂိတ်စခန်းကို ဝင်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ
["ကော့ကရိတ်မြို့ပေါ် စစ်တပ်ဂိတ်စခန်းကို ဝင်တိုက်ခိုက်မှု စစ်သား ၆ ဦးထက်မနည်း သေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားဦးရပ်ကွက်၊ ညောင်ပင်အောက်ဂိတ် စစ်တပ် ဂိတ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းတာဝန်ရှိသူက ပြောသည်။", "ယနေ့ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၅ နာရီခွဲခန့်တွင် အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေကို အတည်မပြုနိုင်သေးကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော ပစ္စတိုသေနတ် တစ်လက်၊ MA3 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ RPG 7 ဗုံးသီး ၁ လုံး ကို သိမ်ဆည်း ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း တို့ ပြုလုပ်လာနိုင်ကြောင်း သတိပေးထားသည်။", "ထို့ကြောင့် ကော့ကရိတ်မြို ဝန်းကျင်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူ လူထုအနေဖြင့် စစ်ကောင်စီ တပ်များ၏ ဘေးအန္တရာယ်မှ ကင်းရှင်းစေရန် သတိ ဖြင့် သွားလာကြရန်အလေးနက် တိုက်တွန်း ကြောင်း၊ မြေပြင်အခြေအနေ အသေးစိတ်အား ထပ်မံသိရှိပါက ဆက်လက် ဖော်ပြပေးသွားမည်ဖြစ် ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/133945/
ကော့ကရိတ်မြို့ပေါ် တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရရှိသူများရှိသော်လည်း ကယ်ဆယ်ရေးနှင့်ဆေးကုသရေး မလုပ်နိုင်
["ကော့ကရိတ်မြို့ပေါ် တိုက်ပွဲတွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံး၊ ဒဏ်ရာရရှိသူများရှိသော်လည်း ကယ်ဆယ်ရေးနှင့်ဆေးကုသရေး မလုပ်နိုင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့်မြို့ပြင်ဘက်တွင် KNLA ဦးဆောင်သော မဟာမိတ် တော်လှန်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍ ကော့ကရိတ်မြို့နှင့် မြို့ပြင်တွင် တိုက်ပွဲများ စတင်ခြင်းဖြစ်ကြောင်း၊ KNLA ဦးဆောင်သော ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီးများ၊ ရဟတ်ယာဉ်နှင့်တိုက်လေ ယာဉ်များဖြင့်ပါ ပစ်ခတ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးလည်း ပိတ်ဆို့နေပြီး ကယ်ဆယ်ရေးလည်း လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။", "“ကားသမား တချို့ကျည်ထိပြီး သေဆုံးတာရှိတယ်။ နောက်တစ်ခါ တံတားဦးပလီဘက်မှာ စစ်တပ်ဘက်ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မိသားစု တစ်စု စုစုပေါင်း ၄ ဦးလောက် သေဆုံးတာရှိတယ်။ အဲဒါက မနက် ၁၀ ခွဲလောက်မှာဖြစ်တာ။ နောက်တစ်ခါ မြို့ပေါ်မှာ ဒဏ်ရာရတဲ့ ပြည်သူတွေရှိတယ်။ အဲဒါတွေလည်း ကယ်ထုတ်ဖို့ ကယ်ဆယ်ရေးလုပ်ဖို့ မဖြစ်နိုင် ဘူး။ တိုက်ပွဲက မရပ်မနားဖြစ်နေတာ” ဟု ကော့ကရိတ်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိ ကော့ကရိတ်- မြ၀တီ အာရှလမ်းမကြီးတွင် ကုန်ကားများနှင့် ခရီးသွားကားများ ရာပေါင်းများစွာ ပိတ်ဆို့နေပြီး ခရီးသည်များနှင့်ကုန်တင်ယာဉ်မောင်းများမှာလည်း မြောင်းထဲဆင်း၍ ပုန်းအောင်းရသည်အထိ ပစ်ခတ်မှုများ တောက်လျှောက်ဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132351/
ကော့ကရိတ်မြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံး၊ မြို့ပေါ်မှ ပြည်သူအများစု စစ်ဘေးရှောင်နေရပြီး စစ်တပ်က ရပ်ကွက်များကို မကြာခဏဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်နေ
["ကော့ကရိတ်မြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံး၊ မြို့ပေါ်မှ ပြည်သူအများစု စစ်ဘေးရှောင်နေရပြီး စစ်တပ်က ရပ်ကွက်များကို မကြာခဏဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့ပေါ်ရှိ ပြည်သူများနေထိုင်ရာ နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက တရားဝင်သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် စကခ ၁၂ လက်အောက် ခံ အမြောက်တပ်က ပစ်လွှတ်လိုက်သော ၈၁ မမ ဗုံးသီးသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို နန့်ကော်ထိုးရပ်ကွက်နေ ပြည်သူအများ စစ်ရှောင်နေသော မြို့တော်ဦးရပ်ကွက်သို့ ကျရောက်ပေါက်ကွဲပြီး ရွာသား ၃ ဦး ဒဏ်ရာရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ကော့ကရိတ်မြို့ပေါ်တွင် ခမရ ၉၇ အပါအဝင် စစ်ကောင်စီတပ်များက မကြာခဏဆိုသလို လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ရပ်ကွက်နှင့်လမ်းများကို ပစ်ခတ်လေ့ရှိကြောင်း၊ လက်ရှိတွင် ကော့ကရိတ်မြို့ပေါ်တွင် ပြည်သူ အများစု နေထိုင်မရတော့ဘဲ စစ်ဘေးရှောင်ရပြီး တချို့မှာ ဆွေမျိုးများ ရှိသော အခြားမြို့များသို့ ပြောင်းရွှေ့သွားကြ ကြောင်း သိရှိရသည်။", "“ကော့ကရိတ်မြို့ပေါ်မှာက အိမ်တွေမှာ အိမ်စောင့်လောက်ပဲ ချန်ပြီး အကုန်စစ်ဘေးရှောင်ကြတယ်။ တချို့တွေကတော့ အိမ်တွေ ခြံတွေ ထားပြီး တစ်နယ်တစ်ကျေး အမျိုးတွေ ဆွေမျိုးတွေ ရှိတဲ့နေရာပြောင်းကြတယ်။ ကော့ကရိတ်မှာ တိုက်ပွဲဖြစ်ရင် ခမရ ၉၇ အပါအဝင် စစ်တပ်က လက်နက်ကြီးတွေနဲ့ ရပ်ကွက်တွေထဲ ပစ်ထည့်တယ်။ ဘုန်းကြီးကျောင်းတွေမှာ ပြည်သူတွေ စုပြီး စစ်ဘေးရှောင်နေရင်လည်း လက်နက်ကြီးနဲ့ပစ်တယ်။ အဲဒီတော့ မြို့ထဲမှာ အိမ်စောင့်လောက်ကလွဲရင် ဘယ်သူမှ မနေရဲတော့ဘူး။ ကော့ကရိတ်ပတ်ပတ်လည်မှာကလည်း တော်လှန်ရေး တပ်ဖွဲ့တွေရှိနေတယ်။ မြို့ပေါ်မှာပဲ စစ်တပ်က ရှိတော့တာ” ဟု ကော့ကရိတ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/126864/
ကော့ကရိတ်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကော့ကရိတ်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၁၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ကော့ကရိတ်မြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာ မောင်းသူမဲ့လေယာဉ်ငယ် ၂ စီးဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်း ဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "“ပစ်မှတ်ကို ထိတာ အတိအကျပဲ၊ ရုံးကုန်းလို့ခေါ်တဲ့ သူတို့ရုံးတွေရှိတဲ့ နေရာကို အတိအကျ ချခဲ့တာ၊ အဲဒါကြောင့် သူတို့ပြန်ပစ်တာ၊ တော်တော်များများကို ပြန်ပစ်တယ်၊ စစ်ခွေးဘက်က ထိခိုက်ပျက်စီး သေဆုံး စာရင်းတော့ မသိရသေးဘူး၊ စုံစမ်းနေတုန်းပဲ၊ စစ်ခွေးတွေဘက်က လက်နက်ကြီးလက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိခဲ့ပေမယ့် ကျနော်တို့ရဲဘော်တွေဘေးကင်းပါတယ်၊ ပြည်သူတွေ လည်းထိခိုက်မှုရှိတယ်လို့ မကြားမိပါဘူး” ဟု Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာဖြင့် Kloud ၊ Angry Bird Drone Ranger နှင့် Power Of Ababil (POA)တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက် နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/154939/
ကော့ကရိတ်မြို့ပေါ်၊ အလက ၂ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက် မှု ၄ ဦး ထက်မနည်း သေဆုံး
["ကော့ကရိတ်မြို့ပေါ်၊ အလက ၂ ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် တိုက်ခိုက် မှု ၄ ဦး ထက်မနည်း သေဆုံး", "ရန်ကုန်၊ ဧပြီ ၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ ဧပြီလ ၃ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ကော့ကရိတ်မြို့ပေါ်ရှိ အလက ၂ တောင်ပေါ်ရပ်စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ တပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF လက်အောက်ခံ ကျားဖြူ စစ်ကြောင်း Sniper တပ်ဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“စနိုက်ပါတပ်ဖွဲ့က လှုပ်ရှားခဲ့တာပါ၊ စစ်တပ်ဘက်က ပြည်သူ့နေအိမ်တွေပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပါတယ်၊” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။", "ကော့ကရိတ်မြို့တိုက်ပွဲသည် ၄ လကျော်ကြာမြင့်လာပြီဖြစ်ပြီး KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ကော့ ကရိတ်မြို့ကို ၇၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားပြီး မြို့၏ ထွက်ပေါက်အားလုံးကို လည်း ပိတ်ဆို့ထား ပြီဖြစ်ကြောင်း သိရသည်။", "ထို့ကြောင့်ကော့ကရိတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင် သမျှ ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တားမြစ်ထားသော နေရာကို ဖြတ် သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။", "ယနေ့တွင်လည်း တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်၏ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ ကို တိုက်ခိုက်သောအခါ ခလရ ၉၇ က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကော့ကရိတ်မြို့တွင်း ပြည်သူ့ နေအိမ်များ မီးလောင်ပြာကျမှုများ ကြုံတွေ့နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/114063/
ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၀", "ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့​ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ကော့ကရိတ်မြို့ရှိ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိုင့် အဖွဲ့စုံ ရဲကင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” ကော့ကရိတ် စိန်ပန်း တိုက်ပွဲက နံနက် ၆ နာရီကနေ ၃ နာရီ ၃၀ မိနစ် ထိ ဖြစ်ပွားခဲ့တယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိုင့် အဖွဲ့စုံ ရဲကင်း ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တယ် စစ်ခွေး ၆ ကောင်သေပြီး ၆ ကောင် ဒဏ်ရာရတယ်။ မြို့တစ်ဝက်ထိ စီးနင်နိုင်ခဲ့တယ်။ စနိုက်ပါ သင်တန်းဆင်းတွေ အခြေခံ စစ်သင်တန်း ဆင်းတွေကို စမ်းတိုက်တာပဲ ရှိသေးတယ်။ အလင်းမဝင်ရင် အခေါင်းကြိုဝယ်ထားဖို့ မှာချင်ပါတယ်” ဟု ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/02/147759/
ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီး
["ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။", "ကော့ကရိတ်မြို့အတွင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု တိုက်ပွဲ များကြောင့် မြို့တွင်းနေ ပြည်သူများသည် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြရချိန်၌ ကော့ကရိတ်မြို့တွင် အခြေစိုက် တပ်စွဲ နေရာယူထားသော အကြမ်းဖက် စစ်တပ်၏ ခလရ ၉၇ ၊ ခလရ ၃၄၃ ၊ ခလရ ၅၄၈ ၊ မခရ ၂၀၇ ၊ ခမရ ၂၀၁ နှင့် ခမရ ၂၀၃ တပ်ရင်းတို့မှ မြို့တွင်း ရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို ဖောက်ထွင်း၍ တန်ဖိုးရှိ ပစ္စည်းများကို သိမ်းဆည်း ယူဆောင်သွားခြင်း၊ ပြည်သူပိုင် အိုးအိမ် ဆိုင်ခန်းများကို မီးရှို့ ဖျက်ဆီးခြင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် နေ့စဥ်နှင့် အမျှ လိုက်လံ ဗုံးကျဲ ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "ဇန်နဝါရီလ ၂၁ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့အတွင်းရှိ အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့အတွင်း ဝင်ရောက်နေရာယူထားသည့် (K.N.L.A) ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တည်ရှိနိုင်မည့် နေရာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် နေ့စဥ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲပစ်ခတ်ခြင်း နှင့် ရပ်ကွက်တွင်းရှိ ပြည်သူပိုင်အိုးအိမ် ဆိုင်ခန်းများကို မီးတင်ရှို့ ဖျက်ဆီးခြင်းများ ထပ်မံ လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ၏ မီးတင်ရှို့ဖျက်ဆီးမှုနှင့် ဗုံးကျဲ ပစ်ခတ်မှုများကြောင့် ကော့ရိတ်မြို့တွင်းရှိ ပြည်သူပိုင် အိုးအိမ် ဆိုင်ခန်း မြောက်များစွာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "KNU – ကရင်အမျိုးသားအစည်းအရုံး (K.N.L.A) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဦးဆောင်မှုပြု၍ စစ်ရေးအရ စနစ်ကျသော စစ်ရေးဗျူဟာများဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုအတွက် အထူးအရေးပါသော အာရှလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး မြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်များကို တိုက်ထုတ်ကာ မြို့တွင်းတစ်ခုလုံး သိမ်းပိုက် ထိန်းချုပ်နိုင်ရန် နှင့် အုပ်ချုပ်ရေး ယန္တရားများ ချမှတ်ထားနိုင်ရန် စနစ်တစ်ကျ စီစဥ်ဆောင်ရွက်ပြီး တိုက်ပွဲများအား နေ့စဥ်နှင့်အမျှ ဆက်လက်ဖော်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။", "ကော့ကရိတ်မြို့အတွင်းတွင်လည်း (K.N.L.A ) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်နေခဲ့သည့်အတွက် (K.N.U) ကရင်အမျိုးသားအစည်း အရုံးမှ ဦးဆောင်ကာ မြို့တွင်းနေ ပြည်သူများကို ဘေးလွတ်ရာ နေရာဒေသများကို ရွေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/08/119937/
ကော့ကရိတ်မြို့အဝင်ရှိ စစ်တပ် စခန်းနှင့် ကော့နွဲ့ကျေးရွာရှိ စစ်တပ်စခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကော့ကရိတ်မြို့အဝင်ရှိ စစ်တပ် စခန်းနှင့် ကော့နွဲ့ကျေးရွာရှိ စစ်တပ်စခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများနှင့် ကော့နွဲ့ကျေးရွာ ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ခန့်သေဆုံးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာ န ထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက် ၈ နာရီမိနစ် ၂၀ နှင့် နံနက် ၉ နာရီခွဲခန့်တွင်ကော့ကရိတ်မြို့အဝင် အာရှလမ်းမဘေးရှိ ဆောက်လက်စဆီဆိုင်ဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနှင့် ကော့နွဲ့ ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတို့ကို ၁၀၇ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီးတို့အသုံးပြုပြီး ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့်အပြင်းအထန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။", "“တစ်နေရာကို ၃၀ နဲ့ ၅၀ ဝန်းကျင်ကြားလောက်မှပဲ တပ်စွဲထားတာပါ၊ ၁၀၇ မမ ဗုံးသီးကြောင့် စစ်ခွေး တွေသေဆုံးထိခိုက်များတာ၊ ၁၀၇ မမ ဗုံးသီးကို ဒရုန်းမှာတပ်ပြီး ကျဲချခဲ့တာ၊ စစ်တပ်က ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ရွာသားတစ်ဦးထိတယ်လို့ သိရတယ်၊ဘယ်ရွာကလည်းတော့ မသိရ ဘူး၊ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိမရှိလည်း မသိရသေးပါဘူး” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာ န ထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ Cloud Wings ဒရုန်းတပ်ဖွဲ့ နှင့် Special Operation Group တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အလုံး၅၀ ထက်မနည်း နေရာအနှံ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ၊ Cloud Wings ၊ SOG ပူးပေါင်း တပ်ဖွဲ့ ဝင်များ ၊ လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု တစုံတရာမရှိခဲ့ကြောင်း သိရသည်။", "ပြည်သူလူထုအပေါ် ဥပဒေမဲ့ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား၊ လက်အောက်ခံဝန်ထမ်းများကို ကော့ကရိတ်မြို့နယ်မှ စတင်ကာ အမြစ်ပြတ်တိုက်ခိုက် ချေ မှုန်း သွားမည်ဖြစ်ကြောင်း Cloud Wings တပ်ဖွဲ့မှ ထုတ်ပြန်အသိပေးထားသည်။"]
https://yktnews.com/2023/03/94176/
ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ
["ကော့ကရိတ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ် သား ၂၀ နီးပါးသေဆုံးခဲ့ပြီး စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "မတ်လ ၂၂ ရက်နေ့ တွင် ကျားဖြူ စစ်ကြောင်း၏ စိုးမိုးနယ်မြေအတွင်းသို့ စစ်ကောင်စီအင်အား ၈၀ ခန့်ပါ စစ်ကြောင်းက အင်အား ၄၀ စီ စစ်ကြောင်းခွဲ၍ နှစ်ဖွဲ့ ဝင်ရောက်လာခဲ့ကြောင်း၊ ကော့ကရိတ်နယ်မြေအတွင်းရှိ ကျားဖြူစစ်ကြောင်း အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များက ၀ိုင်းဝန်း တိုက်ခိုက်ကြရာ စစ်တပ်ဘက်မှ ၂၀ နီးပါး သေဆုံးကြောင်း၊ စစ်သားအလောင်း ၆ လောင်းရရှိကြောင်း သိရှိရသည်။", "“ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ရန်သူဘက်ကနေပြီးတော့ အင်အား ၄၀ စီပါတဲ့ စစ်ကြောင်း ၂ ကြောင်းထိုးတယ်ပေါ့။ ကျနော်တို့က သတင်းရရှိပြီးတော့ လက်ဦးမှုရယူပြီးတော့ ပစ်ခတ်လိုက်တာ စစ်ခွေး ၂၀ လောက်သေသွားတယ်။ အလောင်း ၆ လောင်းလောက်တော့ရလိုက်တယ်။ ပါဝင်တိုက်ခိုက်တာက ကျားဖြူ တပ်ခွဲ ၄ ၊ တပ်ခွဲ ၅ ကျားဖြူစစ်ကြောင်းတွေပေါ့” ဟု PDF သတင်းရင်းမြစ်က ပြောသည်။", "ယင်းနောက် စစ်တပ်က မတ်လ ၂၂ ရက်နေ့နှင့် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူများနေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တစ်ညနှင့် တစ်ရက်ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိမှု အပါအဝင် ပြည်သူ ၅ ဦးထိခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123135/
ကော့ကရိတ်ရှိ PDF တပ်ရင်းထံ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဘတ်ငွေ ၁ သိန်း ချီးမြှင့်
["ကော့ကရိတ်ရှိ PDF တပ်ရင်းထံ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဘတ်ငွေ ၁ သိန်း ချီးမြှင့်", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ PDF တပ်ရင်းထံ အကြမ်းဖက် စစ်တပ်၏ ခမရ ၉ မှ စစ်သား ၁ ဦး 338 စနိုက်ပါ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ ပြန်ကြားရေး PVTV သတင်းဌာနက သတင်းဖော်ပြထားသည်။", "အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၉ မှ တပ်သား ၁ ဦးသည် 338 စနိုက်ပါ နှင့် ကျည်အတောင့် ၅၀ ယူဆောင်လာကာ တောင်ပိုင်းတိုင်း၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ PDF တပ်ရင်းထံ အလင်းဝင်လာသောကြောင့် ဂုဏ်ပြုဆုငွေ ဘတ် ၁ သိန်း ချီးမြှင့်ခဲ့ကာ ကော်ဘရာစစ်ကြောင်း၏ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက လက်ခံကြိုဆို ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/86504/
ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သက် ကြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးမြို့တွင် ကိုယ်ဝန် ဆောင် ဇနီးသည်နှင့် ခင်ပွန်းကို စစ်တပ်က ပစ်သတ်ပြီး အလောင်း ၂ လောင်းကို မီးရှို့
["ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သက် ကြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကလေးမြို့တွင် ကိုယ်ဝန် ဆောင် ဇနီးသည်နှင့် ခင်ပွန်းကို စစ်တပ်က ပစ်သတ်ပြီး အလောင်း ၂ လောင်းကို မီးရှို့", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ ကျေးရွာ ၂ ရွာကို အကြမ်း ဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကော့ ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ မိဂဠုန်ရွာနှင့် ကျောက်ဖျာရွာတို့ကို လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၆၀ အရွယ် ဒေါ်တပ်မူးနော် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "” စစ်တပ်ဘက် လက်နက်ကြီးတွေနဲ့ မိဂဠုန်ရွာနဲ့ ကျောက်ဖျာရွာတွေကို ပစ် ခတ်လို့ ပြည်သူ့ပိုင် နေအိမ်တစ်လုံး ထိမှန်ပျက်စီးတယ်။ ကရင်တိုင်းရင်းသူ အသက် ၆၀ အရွယ် ဒေါ်တပ်မူးနော် ပွဲချင်းပြီးသေဆုံးတယ်။ မပေါက်ကွဲသေးတဲ့ လက် နက်ကြီးတစ်လုံးလည်း ကျန်သေးတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူများ တစ်ဦးကပြောဆိုသည်။", "အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၁၁ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က ဦးဟမ်မန်နှင့် ကိုယ်ဝန် ၅ လ ဇနီးသည်ကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်ကိုပါ မီးရှို့သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“စစ်တပ်က ကလေးမြို့မှာနေတဲ့ ဦးဟမ်မန်ရဲ့ နေအိမ်ကို ဝင်စီးပြီး သူနဲ့ သူ့ဇနီး ကိုယ်ဝန် ၅ လ ကို ပစ်သတ်တယ်။ ပြီးတော့ အလောင်း ၂ လောင်းလုံးကို အိမ်နဲ့အတူ မီး ရှို့ လိုက်တယ်။ လင်မယား ၂ ဦးလုံးကို သေနတ်နဲ့ ၁၅ ချက်လောက် တောက် လျှောက်ပစ်သတ်တာပါ။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/09/123943/
ကော့ကရိတ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၈ လုံးပျက်စီး
["ကော့ကရိတ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၈ လုံးပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။", "စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ မယ်တလဲ ကျေးရွာကို ဖိုးချိမူတပ်စခန်းတွင် အခြေစိုက် တပ်စွဲထားသော စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၈ ၊ ခမရ ၅၆၁ နှင့် ခလရ ၉၉၃ တပ်ရင်းများမှ စစ်သားများက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ကျောင်းဆရာမ တစ်ဦး၏ နေအိမ် အပါအဝင် နေအိမ် ၃ လုံးနှင့် ကား၊ ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် မယ်တလဲ ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး ပြည်သူပိုင် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း နေထိုင်သော ပြည်သူများကို မိမိတို့ နေအိမ်များ၌သာ နေထိုင်သွားလာရန် ပြောဆိုခဲ့ပြီး နေအိမ်များကို စွန့်ခွာ တိမ်းရှောင်ထွက်ပြေး မည်ဆိုပါက နေအိမ်များကို ထပ်မံ မီးရှို့ ဖျက်ဆီးမည်ဟု ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၈ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်စခန်းမှ ထီးပူလူကျေးရွာအတွင်းကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ နေအိမ် ၇ လုံး ထိမှန်ပျက်စီးပြီး နွား ၂ ကောင် ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်စခန်းမှ စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁ဝ နာရီ ၃၀ မိနစ်တွင် ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် လိန်ပင်ဝဲကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့​ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128370/
ကော့ကရိတ်ရှိ ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဘုတလင် တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံးနိုင်
["ကော့ကရိတ်ရှိ ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဘုတလင် တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံးနိုင်", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီးကျောင်း ဝင်းအတွင်း တပ်စွဲထားသော အကြမ်း ဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၄ ထံမှ သိရသည်။", "ယနေ့အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီး ကျောင်းဝင်း အတွင်း၌ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု စာရင်း သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ဖွဲ့၊ ကျားဖြူစစ်ကြောင်းတပ်ခွဲ-၄ နှင့်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအရှိန်မြှင့်နိုင်ရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးပါရန် ကျားဖြူတပ်ခွဲ-၄ က ထုတ်ပြန်ထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးနိုင်ကြောင်း ဘုတလင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့ နမခ တပ်မှ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာ သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဘုတလင်မြို့နယ်၊ ဇီးတောရွာအနီးအရောက် မိုင်းကွင်း ဖြတ်သန်းစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ ပြီး အတုံးအရုန်းလဲနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။", "“ဘုတလင်ဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာပါ၊ ကျနော်တို့မိုင်းဆွဲခဲ့တာက တစ် ကြောင်း၊ တခြားတစ်ကြောင်းလည်း ထွက်သေးတယ်၊ ကျနော်တို့နဲ့ဖြစ်တဲ့စစ်ကြောင်းက မိုင်းကွင်းထဲ ဖြတ်တဲ့အချိန်ဆွဲခဲ့တာဆိုတော့ ခွေးတွေ လေပေါ်မြောက်တက်သွားတာတွေပါ မြင်ရတယ်လို့ မိုင်းဆွဲခဲ့ တဲ့ရဲဘော်က သတင်းပို့ထားပါတယ်၊ မိုင်းကွင်းဆိုတော့ မိုင်းတွေက အများကြီးခင်းထားတာ၊ ရှေ့ထွက် မိုင်းတွေလည်းပါတယ်၊ ထိတာတော့ ၃၀ လောက်ထိတယ်လို့ပြောပါတယ်၊ အခြားသတင်းတွေပါကြည့်‌ ပြီး အနည်းဆုံး ၁၅ ဦးလောက်ထိတယ်၊ အဲဒီထက်မှ ၅ ယောက်လောက်ကတော့ သေနိုင်တယ်လို့ ခန့် မှန်းလို့ရပါတယ်” ဟု ဘုတလင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။", "မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက် စစ်ကြောင်းမှာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဇီးတောကျေးရွာအနီး တွင် စခန်းချနေကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ၁၅ မိနစ်ခန့် ပစ်ခတ်ကာ လက်နက် အင်အားနည်းသဖြင့် ပြန်လည် ဆုတ်ခွာလာခဲ့ရကြောင်း သိရသည်။"]
https://yktnews.com/2023/11/129291/
ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်ရှိ ကျင်းသာဘုန်းကြီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး
["ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်ရှိ ကျင်းသာဘုန်းကြီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့မရဲစခန်း၊ ခမရ ၉၇ တပ်ရင်းအပါအဝင် စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ညောင်ပင်ဂိတ်၊ အမှတ် ၃ ဂိတ် ၊ ခမရ ၉၇ တပ်ရင်းဝန်း ၊‌‌ ကော့ကရိတ် မြို့မရဲစခန်း ၊ ရွှေနတ်တောင် ၊ချောင်းဆုံ ဘုန်းကြီးကျောင်း အနီး စစ်ကောင်စီတပ်သားများတပ်စွဲရာနေရာ ၊ မြို့တော်ဦး ဘုန်းကြီးကျောင်း အနီး စစ်ကောင်စီတပ် သား များ တပ်စွဲရာနေရာများကို မောင်းသူမဲ့လေယာဉ် ငယ်များဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းတပ်ခွဲ ၅ ၊ Justice Soldier-PDF ၊ Shar Htoo Waw နည်း ပညာဖြင့် Kloud ၊ Angry Bird Drone Ranger နှင့် Power Of Ababil (POA)တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာ ဘုန်းကြီးကျောင်း၀န်း အတွင်းတပ်စွဲ အထိုင်ချ ထားသည့် စစ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ကျင်းသာဘုန်းကြီးကျောင်းအတွင်း အင်အား ၃၀ ခန့် ဖြင့် အထိုင်ချတပ်စွဲထားသော စစ်သားများကို Drone ဖြင့် ဝေဟင်မှ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "“မြို့သာရဲစခန်းဘက်က နေထွက်လာပြီးတော့ အဲနားလေးမှာ သူတို့က သွားလိုက် ပြန်လိုက် တခြား ရွာတွေလည်း ဝင်လိုက်နဲ့ ရွာတွေကို တစ်လှည့်စီလိုက်ပြီး တပ်စွဲနေတာ၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် – ၄ တပ်ရင်း၊ ငါန်း ဇွန်မြို့ နယ် ပကဖ နှင့် မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၂ တပ်ခွဲ ၃ Special Task Force Ngazun တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123823/
ကော့ကရိတ်ရှိ နောင်တလာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး၊ တန့်ဆည်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်
["ကော့ကရိတ်ရှိ နောင်တလာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး၊ တန့်ဆည်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်ရှိ နောင်တလာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကျုံဒိုးမြို့နယ်၊ စကခ ၁၂ လက်အောက်ခံ တပ်သစ်အမြှောက်ကုန်း မှ ကျုံဒိုးမြို့နယ် နောင်တလာကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နောင်တလာကျေးရွာနေမှ အသက် ၃၀ အရွယ်ရှိ စောကေတွန့် လက်နက်ကြီး ကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ ၊ ခမရ ၅၄၆ ၊ ခလရ ၂၀၈ တပ်ရင်းများ နှင့် KNDO တပ်ရင်း ၆ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး တင်းမာနေပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများ အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွှေတကျေးရွာမှ အသက် ၆၈ နှစ်အရွယ် အဖိုးအို ၁ ဦးကို အကြမ်းဖက် စစ်သားများက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရွှေတကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး အရှေ့တောတဲ၌ နေထိုင်သည့် အသက် ၆၈ နှစ်အရွယ် ဦးပြား ကို ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်ဖြင့် တေ့၍ ပစ်သတ်ခဲ့ကြောင်း သိရသည်။။"]
https://yktnews.com/2023/08/119434/
ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ
["ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ သြဂုတ် ၂၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်ခန့်တွင် ပြောင်းဖူးစိုက်ခင်းသို့ သွားသည့် ဝေါ်လေကျေးရွာသူ ၂ ဦးကို အကြမ်းဖက် စစ်တပ်၏ ခမရ-၅၅၉ ဝေါ်လေဗျူဟာမှ စစ်သားများက အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဝေါ်လေကျေးရွာနေမှ အသက် ၄၀ နှစ်အရွယ် နော်ဖါးကလေးနှင့် အသက် ၁၈ နှစ်အရွယ် နော်ဖေါအယ် တို့ ၂ ဦး ပြောင်းဖူး စိုက်ခင်းသို့သွားရောက်စဥ် အကြမ်းဖက် စစ်တပ်မှ စစ်သားများက လှမ်းခေါ်သောကြောင့် ကြောက်လန့်၍ ထွက်ပြေးစဥ် အကြမ်းဖက် စစ်သားများက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/107116/
ကော့ကရိတ်၊ ကမိုင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ
["ကော့ကရိတ်၊ ကမိုင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၁၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်၏ လှိုင်ဝ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ထိခိုက် ဒဏ်ရာ ရရှိသူများမှာ ကမိုင်ကုန်း ကျေးရွာနေ အသက် ၄၂ နှစ်အရွယ် ဒေါ်မှူးလုံး ညာဘက်နားထင် ပြင်းထန်ဒဏ်ရာရ၊ ကမိုင်ကုန်း ကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဦးကျော်မင်းထွန်း ဘယ်ဘက်ဝမ်းဗိုက် ဒဏ်ရာ၊ ကမိုင်ကုန်းကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မနန်းစမှူး ဘယ်ဘက်ပေါင်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က ကျူးလွန်လျက်ရှိနေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ပြည်သူလူထုများသည် နေ့စဉ်နှင့်အမျှ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေကြရပြီး စိုးရိမ်ထိတ်လန့် စွာဖြင့်အသက်ရှိနေထိုင်နေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/83231/
ကော့ကရိတ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက်ခိုက်ပြီး စစ်ကောင်စီ ဘက်မှ ၉၀ ကျော် သေဆုံး ကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံး၊ စစ်သား များ ခွေးပြေးဝက်ပြေး ထွက်ပြေးဟုဆို
["ကော့ကရိတ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက်ခိုက်ပြီး စစ်ကောင်စီ ဘက်မှ ၉၀ ကျော် သေဆုံး ကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံး၊ စစ်သား များ ခွေးပြေးဝက်ပြေး ထွက်ပြေးဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တိုက်ပွဲတွင် DKBA ပါဝင်တိုက် ခိုက် ပြီး စစ်ကောင်စီဘက်မှ ၉၀ ကျော်သေဆုံးကာ ပြည်သူ့ဘက်တော်သား ၃ ဦးကျဆုံးကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော် အညာသားက ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၀ ရက်နေ့တွင်ကျုံဒိုးမြို့အနီးရှိ ကော့ကျိုက်၊ အံဂလုံနှင့် ကမ်းနီ စံပြ ကျေးရွာများအတွင်းသို့ ကျုးကျော်ဝင်ရောက်တပ်စွဲလာသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ၄၄ လက်အောက်ခံတပ်များ ၊ အရှေ့တောင်ပိုင်းတိုင်း လက် အောက်ခံတပ်များအင်အား ၁၅၀ ခန့်ရှိသောစစ်ကြောင်းကို KTL Army ၏ ဗျူဟာမှူး ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battelion Commando – ဗျူဟာစစ်ကြောင်း၊ KNU/ KNDO အမှတ် ၆ တပ်ရင်း၊ ဂဠုန်စစ်ကြောင်း နှင့် DKBA စစ်ကြောင်းများပူးပေါင်းကာ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ အပြင်း အထန် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၉၀ ကျော်သေ ဆုံးပြီး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း၊ ကမ်းနီစံပြ ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၅၄၅ ၊၅၄၆ အမြောက် တပ်မှ လက်နက်ကြီးအကြိမ်ရေပေါင်း ၂၀၀ ကျော်ပစ်ခတ်ခဲ့သည့်အပြင် လေ ကြောင်းမှ တိုက် လေယာဉ် ၊ Mi 35 လေယာဉ်များဖြင့် ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်၊ လေကြောင်းမှ ဗုံးကြဲ တိုက် ခိုက် မှုကြောင့် နေအိမ် ၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး KNDO အမှတ် ၆ တပ် ရင်းမှ တပ်ခွဲမှုးဗိုလ်စောလင်းဌေးနှင့် ရဲဘော် ၂ ဦး တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရှိရသည်။", "“ဒီပွဲမှာ စစ်ခွေးတွေက ခွေးပြေးဝက်ပြေးပြေးရတာ။ ဒီပွဲမှာ DKBA နဲ့ ကရင်တပ် တော်တော်များများပါတယ်” ဟု ရဲဘော်အညာသားက ပြောဆိုသည်။"]
https://yktnews.com/2023/04/96197/
ကော့ကရိတ်၊ ကျုံဒိုးမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျ
["ကော့ကရိတ်၊ ကျုံဒိုးမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျ", "ရန်ကုန်၊ ဧပြီ ၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဧပြီလ ၆ ရက်နေ့ ညပိုင်းတွင် ကျုံဒိုးမြို့ပေါ် ကရင်စုမြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်၏ ၅၄၅ တပ်ရင်းကက လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်​ခဲ့သော​ကြောင့် ပေါ်တော်မူ စေတီပါ ကျည်ထိမှန်ပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေက တိုက်ပွဲ မဖြစ်ဘဲ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ ၅၄၅ တပ်ရင်းက ပစ်တာ နေအိမ် ၄ လုံး မီးလောင် ပြာကျပြီး ပေါ်တော်မူ စေတီပါ ကျည်ထိမှန် ပျက်စီးတာတွေရှိတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ကျုံဒိုးမြို့တွင် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့သော​ကြောင့် စစ်ကောင်စီတပ်များက တပ်ထဲမှ အပြင်မထွက်ရဲတော့ဘဲ လက်နက်ကြီးများဖြင့် နေရာစုံ ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/83000/
ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံး မှုများပြား၍ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ ဘုရားသုံးဆူအနီးရှိ KNU တပ်မဟာ ၆ သတ္တုလုပ်ကွက်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ
["ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံး မှုများပြား၍ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ ဘုရားသုံးဆူအနီးရှိ KNU တပ်မဟာ ၆ သတ္တုလုပ်ကွက်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်အနီး ကမ်းနီ၊ ကော့ကာ၊ မိဂလုံ ကျေးရွာများအနီးတွင် ယနေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ် တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများကျဲချသွားကြောင်း ဒေသပြည်သူ များ က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကျုံဒိုးမြို့နယ်အနီးတွင် တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့် စစ်တပ်က တစ်ချိန် လုံးပစ်ခတ်နေကြောင်း၊ ယင်းနောက် စစ်တပ်ဘက်မှ အထိနာသဖြင့် တိုက် လေ ယာဉ် များဖြင့် ကမ်းနီး၊ ကော့ကာကျေးရွာများအနီးသို့ ဗုံးကျဲချ သွား ကြောင်း သိရှိရသည်။", "“တိုက်ပွဲတွေက ဖြစ်နေတာ ၃ ရက်၊ ၄ ရက်ရှိနေပြီ။ ဒီနေ့မနက်ပိုင်းမှာလည်း အပြန်အလှန် ပစ်ခတ်ကြတာ။ တိုက်ပွဲက ၃ နေရာ၊ ၄ နေရာ တစ်ပြိုင် နက် တည်းဖြစ်တာ။ စစ်တပ် စစ်ကြောင်းဝင်လာတာရော၊ စစ်တပ်စခန်း တွေ အတိုက် ခံရတာတွေရော။ ပြည်သူတွေကတော့ ပြေးနေကြတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ လေယာဉ်တွေနဲ့ ဗုံးတွေ လာကျဲချသွားတယ်” ဟု ဒေသပြည် သူတစ်ဦးက ပြောသည်။", "PDF သတင်းရင်းမြစ်တချို့ ၏ အဆိုအရ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေ ဆုံး ထိခိုက်မှု များပြားနေသဖြင့် စစ်တိုက်လေယာဉ်များ အသုံးပြု ဗုံးလာ ကျဲ ချခြင်း ဖြစ် ကြောင်း သိရှိရသည်။", "အလားတူ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ ကြာအင်းဆိပ်ကြီး မြို့ နယ်၊ ဘုရားသုံးဆူ မြို့နှင့် ၁၈မိုင် အကွာ သတ္တုတူးဖော်ရေး လုပ်ကွက် တစ်ခု ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ယနေ့ နံနက်ပိုင်း ဗုံးကျဲချသွား ကြောင်း ဒေသပြည်သူတချို့ ပြောဆိုသည်။", "ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် KNU တပ်မဟာ ၆ နယ် မြေ သ တ္တု ဖော်ရေး လုပ်ကွက်ကို စစ်တပ်က ဗုံးကျဲချခြင်းဖြစ်ပြီး လူထိခိုက်မှု ရှိ၊ မရှိကို အသေးစိတ် မသိရှိရသေးပေ။", "ဓာတ်ပုံ- ဘုရားသုံးဆူအနီးရှိ KNU သတ္တုလုပ်ကွက်များကို စစ်တပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချထားစဉ်။"]
https://yktnews.com/2023/03/94103/
ကော့ကရိတ်၊ ကျုံဒိုးရဲစခန်း မီးရှို့လောင်နေပြီး အာရှလမ်းမကြီး နေရာ ၄ ခု ထက်မနည်းတွင် တိုက်ပွဲများ ပြင်းထန်နေ၊ မြ၀တီ၊ သင်္ကန်းညီနောင်တွင်လည်း တိုက်ပွဲ ဆက်ဖြစ်နေ
["ကော့ကရိတ်၊ ကျုံဒိုးရဲစခန်း မီးရှို့လောင်နေပြီး အာရှလမ်းမကြီး နေရာ ၄ ခု ထက်မနည်းတွင် တိုက်ပွဲများ ပြင်းထန်နေ၊ မြ၀တီ၊ သင်္ကန်းညီနောင်တွင်လည်း တိုက်ပွဲ ဆက်ဖြစ်နေ", "စစ်ကောင်စီတပ်သား ၂၀ ထက်မနည်း ဖမ်းဆီးရမိထားပြီး လက်နက်များပါ သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့်မြ၀တီမြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်း မှ စတင်၍ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး ကျုံဒိုးမြို့ ရဲစခန်း မီးလောင် နေ ကြောင်း ဒေသစစ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ကော့ကရိတ်-မြ၀တီလမ်းပိုင်း ၄ နေရာ၊ ကော့ကရိတ်မြို့နယ်အနီး ကျုံဒိုးရဲစခန်း တို့တွင် တိုက်ပွဲများဖြစ်ပြီး ကျုံဒိုးရဲစခန်းမီးလောင် သွားကြောင်း၊ စစ်ကောင်စီ ဘက်မှ ၂၀ ဦးထက်မနည်း ကို ဖမ်းဆီးရမိပြီး လက်နက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "“ကျုံဒိုးရဲစခန်းတော့ မီးလောင်သွားပြီ။ ကော့ကရိတ်-မြ၀တီလမ်းပိုင်း နေရာ ၄ ခု၊ နောက်ပြီး မြ၀တီကုန်သွယ်ရေးဇုန် အဲဒီဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတယ်။ အခုသိရသလောက်ကတော့ စစ်သား တွေ ၂၀ လောက် အရှင်ဖမ်းမိတယ်။ လက် နက် ခဲယမ်းတွေ လည်း အများအပြား ဖမ်းဆီးရမိတယ်။ သက်ဆိုင်ရာ အဖွဲ့တွေက တရားဝင် သတင်းထုတ်ပြန်ပါလိမ့်မယ်။ ကရင်ပြည်နယ် နေရာ တော်တော်များများမှာ တိုက်ပွဲတွေဖြစ်နေတာ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိအချိန်တွင် တိုက်ပွဲများ နေရာအနှံ့အပြား ဖြစ်ပွားနေသဖြင့် ပြည်သူများ အနေဖြင့် ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီး အပါအဝင် လမ်းခရီး သွား လာမှုများကို အထူးဂရုပြု ရှောင်ကြည်သွားလာကြရန် ဒေသတော်လှန်ရေး သတင်း ရင်းမြစ်များက သတိပေးထားသည်။", "ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားသော မြ၀တီကုန်သွယ်ရေးဇုန်။"]
https://yktnews.com/2023/11/129383/
ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်တည်း ဝင်တိုက်နေ
["ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်တည်း ဝင်တိုက်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU/KNLA ဦးဆောင်သော မဟာမိတ်တပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။", "နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း မြ၀တီမြို့နယ်နှင့်နီးစပ်သော ကော့ကရိတ်မြို့နယ် ကနဲလေး အမြောက်တပ် စစ်အခြေစိုက်စခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီးလုံတိုင်စစ်စခန်းတို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။", "“လတ်တလော အဲဒီဘက်မှာ အဆက်အသွယ်တွေ ဖုန်းလိုင်းတွေ ပြတ်ကုန်လို့ နောက်ထပ် ဘာသတင်းမှ မရသေးဘူး။ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးဘက်မှာ တစ်ပြိုင်တည်းဝင်တိုက်တာ” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်များထံသို့ မေးမြန်းရာ လက်ရှိတွင် စစ်ဆင်ရေးအချိန်ဖြစ်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုရန် မသင့်သေးဟု ပြောဆိုသည်။", "“စစ်ဆင်ရေးလုပ်နေတုန်း ဘာမှ ပြောဖို့ မသင့်တော်ဘူး။ အချိန်တန်ရင် ပြည်သူကို အသိပေးမှာပါ” ဟု တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/06/169587/
ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၃၇ လက်နှင့် ခဲယမ်းများရရှိ
["ကော့ကရိတ်၊ စုကလိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ၊ လက်နက် ၃၇ လက်နှင့် ခဲယမ်းများရရှိ", "ရန်ကုန်၊ ဇွန် ၂၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNLA ဦး ဆောင် သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ ဗိုလ်မှူး ကြီး ၀ဏ္ဏတိုး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရကြောင်း KNU တပ်မဟာ ၆ ၊ ဒူပလာယာခရိုင်ကသတင်းထုတ်ပြန်သည်။", "ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ စုကလိ စစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး အ များ အပြား ဒဏ်ရာရကြောင်း၊ စစ်သား ၂၁ ဦး ဖမ်းဆီးရရှိပြီး ဖမ်းမိသူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း၊ စစ်ကောင်စီတပ်သား ၁၄ ဦး လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စုကလိမြို့ အ‌ခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော အထိုင်ချစခန်းဖြစ်ကြောင်း၊ စစ်ကောင် စီတပ်ဖွဲ့ဝင်များကို လက်နက်ချကာ အမှန်တရားဘက် ရပ်တည်ရန် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားထားခဲ့ကြောင်း၊ သို့ရာတွင် လိုက် နာခြင်းမရှိသည့်အတွက် မတ်လ ၃၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ အထိ စနိုက်ပါ ဖြင့် သော် လည်း ကောင်း ၊ ဒရုန်း ၊ လက်နက်ကြီးဖြင့် သော်လည်းကောင်း ပစ်ခတ်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သော စုကလိ တပ်စခန်းသိမ်းတိုက်ပွဲမှ လက်နက် ၃၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး အဆိုပါ သိမ်းဆည်းရရှိပစ္စည်းများမှာ", "၁- ၆၀ မမ (ပြောင်းရှည်) – ၁ လက်", "၂-၆၀ မမ (ပြောင်းတို) – ၁ လက်", "၃- RPG – 7 – ၁ လက် (ပျက်စီး)", "၄- MA-1 – ၁၂ လက် (၄ လက် ပျက်စီး)", "၅- MA-2 – ၁၅ လက် (၄ လက် ပျက်စီး)", "၆- MA-3 – ၄ လက် (၁ လက် ပျက်စီး)", "၇- MA-79 – ၂ လက်", "၈- ငါးကြင်းမှီး စက်လက် – ၁ လက် (ပျက်စီး)", "၉- ၈၁ မမ ကျည် – ၃၇ လုံး", "၁၀- ၆၀ မမ ကျည် – ၃၉ လုံး", "၁၁- ရှေ့ထွက်မိုင်း (အကြီး) – ၃ လုံး", "၁၂- ရှေ့ထွက်မိုင်း (အသေး) – ၂၇ လုံး", "၁၃- နင်းမိုင်း – ၁၁ လုံး", "၁၄- ခွင်းဗုံး – ၁၀ လုံး", "၁၅- တိုက်မိုင်း – ၁၄ လုံး", "၁၆- လက်လုပ် သံပိုက်မိုင်း – ၈ လုံး", "၁၇- ဆက်သွယ်ရေး စက်ကြီး – ၂ လုံး", "၁၈- MA-1,2,3,4 ကျည်ဘောက် – ၇၀ ဘောက်", "၁၉- MA-1,2,3,4 ကျည် – ၆၅၀၁ တောင့်", "၂၀- ငါးကြင်းမှီး စက်လက် ကျည် – ၇၉၂၃ တောင့်", "၂၁- RPG-7 ကျည် – ၇၇ လုံး", "၂၂- ပို့ယမ်း – ၅၄ တောင့်", "၂၃- မိုင်းရှင်းစက် – ၁ ခု", "၂၄- ဒရုန်း အသေး – ၁ စီး", "၂၅- Jumper – ၁ ခု", "၂၆- ဆက်သွယ်ရေး စက်အသေး – ၂ လုံး", "၂၇- ဆက်သွယ်ရး (အထိုင်) စက်တိုင် – ၂ ခု", "၂၈- ER ဘောက် – ၁၃၀ ခု", "၂၉- ကျည်ကာ ဦးထုပ် – ၈ လုံး စသည့် လက်နက်ခဲယမ်း နှင့် အခြားပစ္စည်းများ ဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူဖြစ်စေသော မည်သည့် ဒေါက်တိုင် မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနေဖြင့် စစ်တပ်ကို စွန့်ခွာကာ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် က်ပူးပေါင်းပေးပါရန် K.N.U – ကရင်အမျိုးသားအစည်းအရုံး က ဖိတ်ခေါ်ထားသည်။"]
https://yktnews.com/2023/12/137917/
ကော့ကရိတ်၊ တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်မှု ရဲ ၁၀ ဦးဖမ်းမိပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
["ကော့ကရိတ်၊ တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်မှု ရဲ ၁၀ ဦးဖမ်းမိပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရဲစခန်းနှင့် စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်းအချိန် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် KNDO ဦးစီးတော်လှန်ရေးပူးပေါင်းတပ်က လာ့တကော(တောင်ကြာအင်း)ရဲစခန်းနှင့် စစ်တပ်စခန်း ကို တိုက်ခိုက်ရှင်းလင်းသိမ်းပိုက် ခဲ့ကြောင်း၊ ရဲ တပ်ဖွဲ့ဝင် ၁၀ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက် ၂၅ လက်နှင့် ဆက်စပ် ခဲယမ်းကျည်များ၊ စစ်အသုံးအ ဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“အခုထက်ထိတော့ တောင်ကြာအင်းရဲစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်တယ်။ KNLA ၊ PDF ပူးပေါင်းတပ်တွေ အားလုံး သိမ်းကြတာပါ။ ဒူးပလာယာခရိုင် ပြန်ကြားရေးက အတိအကျ သတင်းပြန်ထုတ်ဖို့ ရှိပါတယ်။ အခုထက်ထိတော့ စစ်တပ်က လက်နက်ကြီးတွေ ပစ်နေဆဲပါပဲ” ဟု Lion Battalion ဗျူဟာစစ်ကြောင်းမှ ရဲဘော် အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းမှသိမ်းဆည်းရရှိခဲ့ သောလက်နက်ခဲယမ်းနှင့် စစ်ပစ္စည်းများ။"]
https://yktnews.com/2023/06/106465/
ကော့ကရိတ်၊ တံတဂူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
["ကော့ကရိတ်၊ တံတဂူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတဂူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတဂူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice soldiers PDF နှင့် ကျားဖြူ တပ်ရင်းရုံးတပ်ခွဲ Southern Eagle PDF မှ ရဲဘော်များ ကျေးရွာအတွင်း ကင်းလှည့်ပြီး ပြန်လည် ထွက်ခွာသွားချိန်တွင် အကြမ်းဖက် စစ်တပ်က ရွာထဲကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "” ကျွန်တော်တို့ တပ်ကင်းလှည့်ပြီးတာနဲ့ ရွာထဲက ကျွန်တော်တို့ ပြန်ထွက်လာခဲ့တယ်ပေါ့။ ပြန်ထွက်လာတဲ့အချိန်မှ ရန်သူက သတင်းရပြီးတော့ တစ်ကြောင်း သူတို့သတင်းပေးတွေ ရှိလို့ ဖြစ်မှာပေါ့။ အဲတာနဲ့ ကျွန်တော်တို့ကို လက်နက်ကြီးနဲ့ ထုတာပေါ့။ အဓိကတော့ ကျွန်တော်တို့ ရွာထဲမှာ မရှိတော့တဲ့ အချိန်မှ ရွာထဲကို ကျွန်တော်တို့လာရင် ဒါမျိုးခံရမယ် ပုံစံမျိုးနဲ့ သူတို့က ထုတာပေါ့။ အဲမှာ ရွာသား ၁ ဦးထိသွားပြီး ကျွန်တော်တို့ကို အကူအညီတောင်းလို့ ကျွန်တော်တို့ ကူညီပေးခဲ့ရသေးတယ်။ နောက်ထပ် ရွာသား ၃ ဦးလည်း ထပ်ထိတယ်ပေါ့။ အခုထိတာ များတဲ့ ၁ ဦးကတော့ သေဆုံးသွားတယ်ပေါ့” ဟု ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/129857/
ကော့ကရိတ်၊ မုံးကိုးနှင့် သိန္နီတို့တွင် စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံး
["ကော့ကရိတ်၊ မုံးကိုးနှင့် သိန္နီတို့တွင် စစ်တပ် ၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးနှင့်သိန္နီတို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့်တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုသည်။", "အောက်တိုဘာ ၂၇ ရက်နေ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တပ်မ ၄၄ လက်အောက်ခံ ခလရ ၉၇ ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးခဲ့ကြောင်း၊ အိုးအိမ်အဆောက်အအုံများနှင့် နွားများပါ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကော့ကရိတ်မြို့ပေါ် အမှတ်၇ တံတားဦီးရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၅ ဦးထိမှန်၍ ၂ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ထပ်မံ၍ လက်နက်ကြီးများ ပစ်ခတ်ရာ အရပ်သား ပြည်သူ ၃ ဦး ထပ်မံသေဆုံးခဲ့ပြီး ၂ ဦးထပ်မံ ဒဏ်ရာရကြောင်း၊ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကြောင်း ကျားဖြူစစ်ကြောင်းက ပြောဆိုသည်။", "အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ကြောင်း၊ ထိုသို့ သိမ်းပိုက်နေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်ရာ မုံးကိုးခရိုင်၊ မုံးကြည်ဒေသ၊ နန်တုန်ရွာအုပ်စု၊ ရှင်းကျိုင့်ရွာအတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၃ ဦး၊ လူကြီး ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ရကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြောသည်။", "ထို့အတူ နိုဝင်ဘာလ ၄ ရက်နေ့ သိန္နီမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအချိန်အထိတွင် စစ်တပ်က လေကြောင်းမှ တစ်ဆင့် မုံးယောင်ဒေသ၊ ဟွေလော့ရွာကို ဗုံးကျဲတိုက်ခိုက်သဖြင့် အရပ်သားတစ်ဦးသေဆုံးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/95697/
ကော့ကရိတ်၊ မြ၀တီနှင့် ရေတာရှည် တို့တွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ
["ကော့ကရိတ်၊ မြ၀တီနှင့် ရေတာရှည် တို့တွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ", "ရန်ကုန်၊ ဧပြီ ၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦး ထက် မနည်း သေဆုံးကြောင်း ကျားဖြူ တပ်ခွဲ ၅ (Justice Solider PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်းက ကော့ကရိတ်မြို့နယ် ကြောင်ရှာကုန်းရွာကို ဝင်ရောက် စီးနင်းခဲ့စဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။", "” ကြောင်ရှာကုန်းရွာဆိုတာ အရင်တုန်းက BGF နဲ့ စစ်ခွေးတွေ ထိန်းချုပ်မှု ရှိတဲ့နေရာပေါ့။ အခု ကျွန်တော်တို့က စစ်အင်အား တိုးချဲ့ပြီး လှုပ်ရှား လာတာ နဲ့အမျှ သူတို့ တိုးချဲ့ပြီး လှုပ်ရှားလာတာကို လှုပ်ရှားမခံတော့ဘဲ သူတို့ လှုပ်ရှား လာတဲ့ အင်အား ၅၀ ကျော် စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကျဲပြီး မြေပြင်ကပါ ဝင် ရောက် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၃ ကောင် သေတာတော့ တွေ့မြင်ခဲ့တယ်။ အဲထက်များနိုင်တယ်။ စစ်ခွေးတွေ တပ်​ပျက်ပြီး ပြန်ဆုတ်သွားတယ်” ဟု ကျားဖြူ တပ်ခွဲ ၅ (Justice Solider PDF) မှ တာဝန်ရှိသူ တစ်ဦး ကပြော ဆိုသည်။", "အဆိုပါ ကျား ဖြူတပ်ခွဲ ၅ (Justice Solider PDF) နှင့် Southern Eagle PDF တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆက်ရစ်ရိုးကုန်းရွာတွင်တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNLA၊PDF ပူးပေါင်း တပ်ဖွဲ့မှ ဧပြီလ ၃ ရက် ညနေ ၆ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PDF 3502 Hunter Rangers 2 ထံမှ သိရသည်။", "အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီ တပ်သားများမှ လက်နက်ကြီး၊ စစ် လက်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားချိန် ၁ နာရီခွဲခန့် ကြာမြင့် ခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည် မပြု နိုင်သေးကြောင်း သိရသည်။", "ဧပြီလ ၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် သင်္ကန်းညီနောင်မှ မြဝတီသို့ ပြန်လာသော အင်အား ၄၀ ခန့်ပါ ဖောကားတစ်စီးကို ကော်ဘရာ စစ် ကြောင်းက ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ခိုက်မှု နာရီဝက် ခန့် ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ပြည်သူ့ ကာ ကွယ် ရေး တပ်များဘက်မှ ထိခိုက်မှု မရှိခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် အနီး အနားရှိ သင်္ကန်းညီနောင်ရဲစခန်းနှင့်ပါ အပြန်အလှန်ပစ် ခတ်မှု ရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက တရားဝင် သတင်းထုတ် ပြန်ထားသည်။"]
https://yktnews.com/2023/06/106561/
ကော့ကရိတ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
["ကော့ကရိတ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၄ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ဒဏ်ရာရရှိခဲ့ကြောင်း KNU-ဗဟို က ထုတ်ပြန်ထားသည်။", "ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဒူးပလာယာခရိုင် တပ်မဟာ ၆ ၊ ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည် ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ စကခ−၁၂ လက်အောက်ခံ လှိုင်ဝအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်ပြီး ရွာတန်းရှည်ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် စောကျော်သန်းအောင် ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် နန်းရေဝတီနှင့် အသက် ၄၃ နှစ်အရွယ် ဒေါ်တပိတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်၏ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြည်သူလူထုမှာ နေ့စဥ်နှင့်အမျှ အသက်ဆုံးရှုံး နေကြရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးနေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/01/79921/
ကော့ကရိတ်၊ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦး သေ ဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
["ကော့ကရိတ်၊ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦး သေ ဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်း က သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၂ ဦး အပါ အဝင် ၄၈ ဦး သေဆုံးကြောင်း၊ စစ်သား ၆၁ ဦး ဒဏ်ရာရပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ၊ စစ်ကောင်စီဘက်မှ နယ်မြေခံတပ် ခလရ ၂၃၁၊ ခလရ ၂၃၀၊ ခလရ ၉၇၊ အမြှောက်တပ် ၅၄၇၊ တပ်မ(၄၄) လက်အောက်ခံ ခမရ ၉၊ ခလရ ၁၀၄၊ တပ်မ(၁၁) ထုတ်နုတ်အင်အား တို့က ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနှင့် ကော့နွဲကျေးရွာဘက်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော် ဝင်ရောက် လာသည့်အတွက် လုံခြုံရေးယူထားသော ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့ တို့နှင့် ရက်ရှည် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ Cobra စစ်ကြောင်းမှ ၁၀ ဦး ဒဏ်ရာရပြီး ၁ ဦးကျဆုံးခဲ့ခဲ့ကြောင်း၊ ဒေါနစစ်ကြောင်းမှ ၄ ဦး၊ နဂါးဖြူစစ်ကြောင်းမှ ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ MA3 ၂ လက်၊ MA2 -စက်က လေး ၁ လက်၊ ကျည်ဘောက် ၁၂ ဘောက်၊ ၄၀မမ ကျည် ၂၉ လုံး၊ ခြေနင်း မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ RPGကျည် ၂ လုံး၊ ပို့ယမ်း ၃ တောင့်၊ ၆၀မမ ကျည် ၁ လုံး၊ အီနာဂါ ၁ လုံး၊ ၇.၆၂ကျည် ၆၅၀ တောင့်၊ ၅.၅၆ကျည် ၅၆၅ တောင့်၊ ကျည်ကာခမောက် ၆ လုံး တို့ကို Cobra စစ်ကြောင်းက သိမ်းဆည်းရ မိကြောင်း သိရှိရသည်။", "KNLA တပ်ရင်း(၁၈) ကလည်း MA3 ၁ လက် သိမ်းဆည်းရမိပြီး စစ်ကောင်စီ ၏ သံချပ်ကာကား (၂)စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ကော့နွဲကျေးရွာမှ လူနေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ရွာလုံးနီးပါးရှိ အိမ်ခြေများ ပျက်စီးခဲ့ကြောင်း၊ ကျေးရွာအတွင်း မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက် အမြောက်အများ သေဆုံးခဲ့ပြီး စစ်တပ်က ကုန်းကြောင်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်"]
https://yktnews.com/2023/05/101505/
ကော့မှူးတွင် နိုင်ငံခြားသွား အလုပ်လုပ်သူ ရှိသော နေအိမ်များကို လစဉ် အနည်းဆုံး ၃ သောင်းမှ ငွေကြေး ၁ သိန်းအထိ စစ်တပ်က ဆက်ကြေး ကောက်ယူ
["ကော့မှူးတွင် နိုင်ငံခြားသွား အလုပ်လုပ်သူ ရှိသော နေအိမ်များကို လစဉ် အနည်းဆုံး ၃ သောင်းမှ ငွေကြေး ၁ သိန်းအထိ စစ်တပ်က ဆက်ကြေး ကောက်ယူ", "ရန်ကုန်၊ မေ ၈", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် သူများရှိနေသည် နေအိမ်များ၏ စာရင်းကို စစ်တပ်က ကောက်ခံနေပြီး ပြည်ပ သွားရောက်အလုပ်လုပ်သူ ရှိသည့် နေအိမ်တိုင်းသည် လစဉ် စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့များထံသို့ ဆက်ကြေး ပုံမှန်ပေးရန် ပြောဆိုလာကြောင်း သိရှိရသည်။", "“ကော့မှူးဘက်က ရွာတွေမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက ရွာသားတွေဆီက ဆက်ကြေးကောက်တယ်။ အရင်ဆုံးတပ်စွဲ စတုန်းက သန်းခေါင်စာရင်းလိုက်စစ်တယ် ။ စစ်လို့လည်းပြီးရော နိုင်ငံခြားသွားတဲ့သူရှိတဲ့အိမ်ကို အခွန်ဆိုပြီးတောင်းနေပါတယ်။ ထိုင်းမှာ အလုပ်သွားလုပ်တဲ့သူ ရှိတဲ့အိမ်ဆိုရင် တစ်အိမ်ကို ၃သောင်း။ မလေး ဆို ၅သောင်း", "ကိုရီးယား ဆို ၁သိန်း၊ စင်ကာပူ ဆိုရင် ၁သိန်း၊ သင်္ဘောသား ၁သိန်း လတိုင်း ကောက်တယ်။ ပေးရမယ်။ မပေးရင် အရေးယူခံရမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်” ဟု ကော့မှူး ဒေသခံတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ရန်ကုန်-ကော့မှူး-ဒလလမ်းဘေးရှိ ထန်းမနိုင်ကျေးရွာ၊ ဝါးဘလောက်သောက် ကျေးရွာများတွင် စစ်တပ်က တပ်စွဲထားပြီး လမ်းဘေးတွင်လည်း ကင်းပုန်းများ ချထားကြောင်း၊ စစ်တပ်က ကျေးရွာများမှ ပြည်သူများကို ကင်းစောင့်ရန်လည်း ဖိအားပေးပြီး ကင်းမစောင့်နိုင်သည့် အိမ်များကို ငွေကြေးကောက်ခံပြီး ကင်းစောင့်မည့် လူငှား ငှားခိုင်းနေကြောင်း၊ တချို့သော‌ ကျေးရွာများတွင် လူငယ်တချို့ကို စုဆောင်း၍ ပြည်သူ့စစ်နှင့် ပျူစောထီး စစ်သင်တန်းအတွက် လူဆောင်စုများရှိနေကြောင်း သိရှိရသည်။", "“ကော့မှူးဘက်မှာလည်း အခြေအနေက စစ်တပ်၊ ရဲနဲ့ ရယက၊ ပျူစောထီးတွေက ထင်တိုင်းကျဲနေတာ။ ပြည်ပသွားသူရှိတဲ့ အိမ်တွေက ငွေကောက်သလို ကင်းစောင့်ဖို့ဆိုပြီး လူစုခိုင်းတယ်။ ကင်းမစောင့်ချင်ရင် လူငှား၊ မငှားနိုင်ရင် စစ်တပ်နဲ့ရဲက တောင်းသလောက်ပေးပဲ။ နောက်တစ်ခါ လူတွေကို မထင်ရင် မထင်သလို ပါးနားတွေ ရိုက်နေတာတွေ ဖြစ်ပျက်နေတယ်။ အရမ်းကို အနိုင်ကျင့်ခံနေရတယ်” ဟု ကော့မှူးမြို့ခံ လူငယ်တစ်ဦးက ဆိုသည်။", "ရန်ကုန်တိုင်းကော့မှူးမြို့နယ်သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်ပြီး NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တခဲနက် ထောက်ခံအားပေးနေသည့် ကော့မှူး ပြည်သူများ အပေါ် စစ်တပ်က ရမ်းကားနှိပ်စက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/136257/
ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ်ခံရပြီး သေဆုံး
["ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၇", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦး အရပ်ဝတ်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကော့မှူး ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ကျိုက်ထော်ကျေးရွာ ရဲစခန်းမှ နယ်ထိန်း ၁ ဦးဖြစ်သော တင်မိုးဇော် (ခ) စမိုင်းသည် အရပ်သားအသွင်ဖြင့် တော်လှန်ရေး ရဲဘော်များ၏ သတင်းများ စုံစမ်းနေစဥ် တလုတ်ထော်ကျေးရွာနှင့် အင်ယားချောင်ကျေးရွာ အကြားတွင် ကော့မှူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော တင်မိုးဇော်သည် တော်လှန်ရေး ရဲဘော်များ၊ မိသားစုများကို ဖမ်းဆီးစစ်ဆေးရာတွင် အဓိက ပါဝင်သူ ၁ ဦးဖြစ်ပြီး၊ နယ်မြေအပိုင်များတွင် 2D ၊ 3D ၊ ကြက်ဝိုင်း၊ ဖဲဝိုင်း၊ လေးကောင်ဂျင် အစရှိသော လောင်းကစားပေါင်းစုံကို ဖွင့်ခွင့်ပေးပြီး ပိုက်ဆံရှာဖွေစားသောက်နေသူ ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114287/
ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်သည် ရန်ကုန် တိုင်း အစိုးရပိုင်မြေ ကျူးကျော် ဆောက်လုပ်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း
["ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်သည် ရန်ကုန် တိုင်း အစိုးရပိုင်မြေ ကျူးကျော် ဆောက်လုပ်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း", "ရန်ကုန်၊ ဇူလိုင် ၂၂", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရှာဘွားကျေးရွာ အုပ်စုရှိ နေအိမ် ၂၀၀ ကျော်ကို ရန်ကုန်တိုင်း အစိုးရပိုင်မြေ၌ ကျူးကျော် ဆောက်လုပ်ထားသည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရှာဘွာကျေးရွာအုပ်စုရှိ ဘောလုံးကွင်းကျေးရွာ အနောက်ပိုင်းရှိ နေအိမ်များ၊ တကူပုံကျေးရွာနှင့် ဖျံရွာချောင်ကျေးရွာ အကြားရှိ နေအိမ်များ၊ တကူပုံကျေးရွာနှင့် ‌ရှာဘွား ကျေးရွာ အကြားရှိ နေအိမ်များသည် ရန်ကုန်တိုင်းအစိုးရပိုင် မြေဧက ၁၃၂၅ ပေါ်တွင် နေအိမ် ဆောက်လုပ်ပြီး သီးနှံများ စိုက်ပျိုးထား​သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း​ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ မြေနေရာ၌ ဖယ်ရှားရမည်ဆိုသော အကြောင်းကြားစာကို အုပ်ချုပ်ရေးမှူးနှင့် အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၆ ရက်နေ့တွင် လာရောက် ပေးပို့သွားပြီး ၁ လအတွင်း ဖယ်ရှားခိုင်းခြင်းဖြစ်သောကြောင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖယ်ရှားရမည်ဖြစ်ကြောင်း သိရသည်။", "” ဖျက်ခိုင်းတာက အိမ်ခြေ ၂၀၀ ကျော်ပါတယ်။ နေအိမ်ဖယ်ပေးရမယ့်သူတွေထဲမှာ တိုက်ခံ အိမ်တွေပါပါတယ်။ သတ်မှတ်ရက်ထက် နောက်ကျပြီးမှ အိမ်တွေဖျက်ရင်လည်း ဒဏ်ကြေးပေးဆောင်ရမယ်ပြောပါတယ်။ နေအိမ်အချို့က ယခင်အစိုးရ လက်ထက်မှာ မီးရရှိထားတဲ့အိမ်တွေပါ။ အဲ့လူတွေ ဖျက်ရရင် နေဖို့နေရာမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/07/110806/
ကော့မှူး၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ လယ်ကွင်းများ၌ အိမ်ဆောက် နေထိုင်သူများထံမှ စစ်တပ်က ငွေကျပ် ၁ သိန်းခွဲ အဓမ္မ လိုက်လံ ကောက်ခံနေ
["ကော့မှူး၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ လယ်ကွင်းများ၌ အိမ်ဆောက် နေထိုင်သူများထံမှ စစ်တပ်က ငွေကျပ် ၁ သိန်းခွဲ အဓမ္မ လိုက်လံ ကောက်ခံနေ", "ရန်ကုန်၊ ဇူလိုင် ၂", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ လယ်ကွင်းများ၌ အိမ်ဆောက် နေထိုင်သူများထံမှ စစ်တပ်က နေအိမ် ၁ အိမ်လျှင် ငွေကျပ် ၁ သိန်းခွဲ အဓမ္မ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကော့မှူးမြို့နယ်၊ ရွာတန်းရှည် ကျေးရွာအုပ်စုရှိ ရွာတန်းရှည်ကျေးရွာ၊ ရိုးကန့်လန့်ကျေးရွာနှင့် ဒုံးညိုကျေးရွာရှိ နေအိမ် တချို့ထံမှ တစ်အိမ်လျှင် ငွေကျပ် ၁ သိန်း ခွဲ စတင်ကောက်ခံသွားပြီး ကျန်ရှိနေအိမ်များကို ဇူလိုင်လ ၃ ရက်နေ့တွင် ဆက်လက် ကောက်ခံရန် အုပ်ချုပ်ရေးမှူးက စာထုတ်ပြီး ထပ်မံ ခေါ်ယူထားကြောင်း သိရသည်။", "” ဒီနေ့ ရွာတန်းရှည်ကျေးရွာအုပ်စုက နေအိမ် တချို့ကို အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်တဲ့ ပုံစံမျိုး ခေါ်ဆောင်ပြီး တစ်အိမ်ကို ငွေကျပ် ၁ သိန်းခွဲ ကောက်သွားတယ်။ တိုက်အိမ်တွေဆို ပိုက်ဆံပိုပေးရတယ်ပြောတယ်။ ဘယ်နှအိမ် ကောက်သွားလည်း မသိရသေးဘူး။ မနက်ဖြန်လည်း ကျန်တဲ့ အိမ်တွေ ခေါ်ထားတယ်ပြောတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ မြေနေရာတွင် ပြည်သူများ နေထိုင်လာသည်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်နေပြီဖြစ်ပြီး အကြမ်းဖက် စစ်တပ် လက်ထက်မှ စတင်ကာ ငွေကြေး ကောက်ခံမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/06/110110/
ကော့မှူး၊ ရှာဘွားရွာ အုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို စစ်တပ်ပိုင် ရော် ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ၁ လအတွင်း ဖျက် သိမ်း ထွက်ခွာခိုင်း
["ကော့မှူး၊ ရှာဘွားရွာ အုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို စစ်တပ်ပိုင် ရော် ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ၁ လအတွင်း ဖျက် သိမ်း ထွက်ခွာခိုင်း", "ပြည်သူများ နှစ်ပေါင်း ၂၅ နှစ်ကျော် နေထိုင်လာသည့်မြေကို ရန်ကုန်တိုင်း စစ်ကောင်စီပိုင်မြေများဟုဆို", "ရန်ကုန်၊ ဇွန် ၂၈", "ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် အနောက်ခြမ်း ရှာဘွားအုပ်စုရှိ အိမ်ထောင်စု ၁၀၀၀ ကျော်ကို ၁ လအတွင်း ဖျက်သိမ်း ထွက်ခွာသွားရန် အကြမ်းဖက်စစ်တပ်မှာ လာရောက် ခြိမ်းခြောက် ပြောဆိုကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီဝင်နှင့် ရဲ အင်အား ၈၀ ဝန်းကျင်ခန့်နှင့် ဖျက်သိမ်း ထွက်ခွာရန် လာရောက်ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။", "“တစ်အိမ်တစ်ယောက် မနေ့က အစည်းအဝေးခေါ်ပါတယ်။ ၁ လအတွင်းဖယ်ပေးဖို့။ မဖယ်ရင် သူတို့က ဖယ်ရှားမယ့် စက်တွေနဲ့ လာခဲ့မယ်တဲ့ ။ နေအိမ် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ အဲဒီမှာ စိုက်ပျိုးစားပြီး နေကြရတာ ။ အခုတော့ လာနှင်ထုတ်တယ်။ ရှာဘွားအုပ်စု ရွာ ၄၊ ၅ ရွာက ရွာသူရွာသားတွေ အခု ဒုက္ခဖြစ်ကုန်ပါပြီရှင်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယင်း ရှားဘွားကျေးရွာအုပ်စုတွင် နေထိုင်ကြသည့် ပြည်သူများမှာ ယခင် စက်မှု ၁ စီမံကိန်း လာရောက် လုပ်ကိုင်စဉ်ကတည်းက အလုပ်ဝင်၍ နေထိုင်ကြသူများဖြစ်ကြကြောင်း၊ စက်မှု ၁ ဖျက်သိမ်းသွားသော်လည်း အဆိုပါ နေရာတွင် စိုက်ပျိုးရေး လုပ်၍ နေထိုင်ကြသည်မှာ နှစ်ပေါင်း ၂၅ နှစ် ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စစ်ကောင်စီက နေအိမ်များကို ဖျက်သိမ်းခိုင်းသည့် အကြောင်းကြားစာတွင် ရှာဘွားကျေးရွာအုပ်စုရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ပိုင် ဆူးကလပ်ရော်ဘာခြံ ၁၃၂၅ ဧကတွင် ကျူးကျော်နေထိုင်၍ ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း ရွှေ့ပြောင်းထွက်ခွာရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။"]
https://yktnews.com/2022/12/76949/
ကော့သောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေး အကျင့်ပျက်ခြစားပြီး အနိုင်ကျင့် ဗိုလ်ကျ မှုများ ကျူးလွန်၊ တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်
["ကော့သောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေး အကျင့်ပျက်ခြစားပြီး အနိုင်ကျင့် ဗိုလ်ကျ မှုများ ကျူးလွန်၊ တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမောင်ဌေးက လာဘ်ယူမှုများ၊ အနိုင် ကျင့်ဗိုလ်ကျမှုများ ကျူးလွန်နေပြီး တရားမဝင် ရွှေတူးဖော်ရေးနှင့် သယံဇာတများ ခိုးထုတ်မှု များတွင် ပါဝင် ပတ်သက်နေကြောင်း ကော့သောင်းအခြေစိုက် သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ကော့သောင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ဗိုလ်မှူးမောင်ဌေးကို ခန့်အပ်ထားရာတွင် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင် ရာထူး၊ စစ်ဘက်ရာထူးများဖြင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးစလုံးတွင် လာ်ယူမှုများ၊ အကျင့်ပျက်ခြစားမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများ ကျူးလွန် နေကြောင်း၊ အထူးသဖြင့် စီးပွားရေးသမားများနှင့် ပူးပေါင်း၍ ရွှေတူးဖော်ရေးလုပ်ငန်းများကို တရားမဝင် ခွင့်ပြုခြင်း၊ သယံဇာတများ ခိုးထုတ်ခြင်းများတွင် အကြီးအကျယ် ပါဝင်ပတ်သက် နေကြောင်း သိရှိရသည်။", "ဗိုလ်မှူးမောင်ဌေးက လာဘ်ငွေယူ၍ ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု အောင်ဘာ ကျေးရွာ နှင့် ကျွန်းကန့်လန့် အကြား နေရာ၊ ဝါးကျွန်းနေရာ အနီးတစ်ဝိုက် မြစ်ကြောင်း၊ ပင်လယ် ဘက်တွင် တရားမဝင် ရွှေတူးဖော်မှုများ၊ သတ္တုတူးဖော်မှုများကို ခွင့်ပြုထားကြောင်း သိရှိရသည်။", "ထိုသို့ တရားမဝင် ရွှေတူးဖော်မှုသူများအနေဖြင့် သက်ဆိုင်ရာ စစ်ဒေသနှင့် မြို့နယ် အုပ်ချုပ် ရေးစစ် ကောင်စီထံသို့ ဗိုလ်မှူးမောင်ဌေးမှတစ်ဆင့် မှ ရွှေဖောင် ၁ ဖောင်လျှင် ပထမဦးဆုံး ဆက်ကြေး ၁၅ သိန်း ပေးဆောင်ရပြီး လစဉ်ကြေး ၈ သိန်း ပေးဆောင်ကာ တရားမဝင် ရွှေနှင့်သတ္တုတူးဖော်မှုများ လုပ်ကိုင်ခွင့်ရကြောင်း၊ ဗိုလ်မှူးမောင်ဌေး ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ် ဇွန် လမှ စတင်လုပ် ကိုင်ခွင့်ရရှိခဲ့ကြကြောင်း သိရှိရသည်။", "ထို့ပြင် ဗိုလ်မှူးမောင်ဌေးက သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် လည်ပတ်လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်း များကို ခေါ်ယူ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခြင်း၊ ဆက်ကြေးသဘောမျိုး ငွေတောင်း ယူခြင်း၊ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရှိသည့်တိုင် ငွေမပေးနိုင်သည့် စီးပွားရေးကုမ္ပဏီများကို ကော့ သောင်းမြို့နယ်အတွင်း လုပ်ငန်း လုပ်ခွင့်မပေးဟုဆိုကာ လုပ်ငန်းရပ်ဆိုင်းရန် ဖိအားပေးခြင်းစသည့် ဖိနှိပ်မှုများ လုပ်ဆောင်ကြောင်း၊ လုပ်ငန်းရှင်များကိုလည်း PDF ထောက် ပံ့ သည်ဟု အကြောင်း ပြချက်ဖြင့် ဒုက္ခပေးမည်ဟု မကြာခဏ ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88959/
ကော့သောင်း ၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင် ၁၀၀ ​ကျော် တိမ်း​ရှောင်
["ကော့သောင်း ၊ ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင် ၁၀၀ ​ကျော် တိမ်း​ရှောင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ထိုင်း – မြန်မာနယ်စပ်က ရှမ်းကိုးရွာဒေသ မှာ စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့အကြား မနေ့ကစလို့ တိုက်ပွဲဖြစ်ပေါ်နေတာကြောင့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော် အထိ ထိုင်းဘက်​ရောက်ရှိ​နေတယ်လို့ထိုင်းသတင်းတွေက ဖော်ပြပါတယ်။", "ကော့သောင်းမြို့နယ်၊ ရှမ်းကိုးရွာဒေသ၊ ဝိုင်ဒင်း ကျေးရွာတိုက်ပွဲကြောင့် ထိုင်း ဘက် ကို စစ်ရှောင်သွားကြသူတွေဟာ အခုလ ၁၃ ရက်​နေ့ စစ်ရေးတင်း မာလာ ချိန်က စတင်ပြီး ထိုင်းဘက်ကို စစ်ရှောင်သွားကြပါတယ်။", "စစ်ရှောင်တွေကို ထိုင်းနိုင်ငံ၊ သပခရာနယ်မြေမှာ လူ ၆၀ နဲ့ သဝေထောင် နယ် မြေ မှာ လူ ၅၀ စီ ရှိ​နေပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ ပေး ဖို့ အသင့်ဖြစ်နေပြီလို့ ရနောင်းပြည်နယ် အုပ်ချုပ်ရေး တာဝန်ရှိ သူတွေက ကြေညာထားပါတယ်။", "စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်အဖွဲ့တို့ရဲ့ တိုက်ပွဲ အခြေအနေနဲ့ နှစ်ဖက်အကျအဆုံးကို အခုအချိန်ထိမသိရသေးဘဲ ဒီနေ့မှာတော့ တိုက် ပွဲ ခေတ္တငြိမ်သက်နေတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။"]
https://yktnews.com/2023/09/123663/
ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွား၊ ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
["ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွား၊ ကော့ကရိတ်ရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ ခမောက်ငယ်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ခမောက်ငယ်ကျေးရွာကို ကော့သောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခြင်းကြောင့် ဥယျာဥ်ခြံ လုပ်ကိုင်နေသည့် အသက် ၆၀ ကျော်အရွယ် ဦးခင်မြင့် လက်နက်ကြီးကျည်ဆ ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခမောက်ငယ်ရွာ အနီးရှိ ရာဘာခြံ၌ အလုပ်လုပ်ကိုင်နေသော ဒေသ ပြည်သူ ၃၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ အဆက်အသွယ် မရသေး​ကြောင်း သိရှိရသည်။", "အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။", "ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာနှင့် နောင်တလာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/123399/
ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရ
["ကော့သောင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၂၁", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ မလိဝမ်းကျေးရွာနှင့် ခမောက်ကြီးချောင်း၀တို့တွင် တိုက်ပွဲများ ၂ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့် အချိန်တွင် ဆီအုန်းခြံထဲသို့ အကြမ်းဖက်စစ်သားများ ဝင်ရောက်လာစဉ် တော်လှန်ရေးအဖွဲ့များထောင်ထားသည့် မိုင်းဖောက်ခွဲခံရပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲဖြစ်ပွားပြီးနောက် ပင်လယ်ကမ်းစပ်ရှိ ရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဒေသပြည်သူ ၃၀ ကျော် ၄၀ နီးပါး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်၏ အင်အား ၃၀ ကျော်ပါ တပ်ဖွဲ့သည် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ခမောက်ကြီးမြို့ရှိ ခမောက်ကြီး ချောင်း၀ရွာ (ဒေသ အခေါ် ချောင်း၀) သို့ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသပြည်သူ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီးနောက် ထပ်မံ၍ စစ်ရှောင် ၁၇၀ ကျော် ထိုင်းဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောကြားသည်။", "စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၆၀ကျော်အရွယ်ရှိ ချောင်း၀ရွာမှ ဦးခင်မြင့် ဖြစ်ပြီး အလောင်းကို မြေမြုပ်ခြင်း မလုပ်ခဲ့ရဘဲ ထားခဲ့ရကြောင်း ၊ ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် နှစ်ဖက် တိုက်ပွဲကြောင့် ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ကို ထွက်ပြေးခဲ့ရသေးကြောင်း ထွက်ပြေးလာခဲ့ရသည့် စစ်ရှောင်ပြည်သူများ ထံမှ သိရှိရသည်။", "(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2025/04/211150/
ကော့သောင်းတွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့်ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရား သိမ်းယူနေသူ မြင့်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်းတွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့်ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရား သိမ်းယူနေသူ မြင့်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ပူးပေါင်းပြီး ပြည်သူပိုင် ဥယျာဉ်၊ ခြံမြေများကို မတရားသိမ်းယူနေသူ မြင့်လွင်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် မြို့ပြ ပြောက်ကျား(ဗိုလ်သမန်းကျား )မှ ဗိုလ်သမန်းကျားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။", "ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့ ည ၇ နာရီအချိန် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ အုပ်စု၊ သောင်ဖြူဖြူ ကျေးရွာမှ မြင့်လွင်ဦးကို ကော့သောင်းမြို့နယ်မှ Local pdf ဖြစ်သည့် ပျံလွှားတပ်ဖွဲ့ နှင့် မြို့ပြ ပြောက်ကျား(ဗိုလ်သမန်းကျား )တို့က နေအိမ်တွင် ဝင်ရောက်ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ မြင့်လွင်ဦးသည် ပြည်သူပိုင် ဥယာဉ်၊ခြံမြေ များကို စစ်တပ်၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့်‌ ပေါင်းပြီး အဓမ္မသိမ်း ယူကာ ပြည်သူများကို နည်းမျိုးစုံ ဖြင့် ဒုက္ခပေးနေသူဖြစ်ကြောင်း၊ ၎င်းကို အကြိမ်ကြိမ် သတိပေးသော် လည်း မြေသိမ်းမှုများ ဆက်လက်လုပ်ကိုင်နေသဖြင့် ဝင်ရောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "မြင့်လွင်ဦးသည် ပြည်သူပိုင် အိမ်ခြံမြေများကို မတရားသိမ်းယူ၍ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရေး အဓိက လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ၎င်းကို ပစ်ခတ် ရှင်းလင်းစဉ် ၎င်း​နေထိုင်ရာနေအိမ်မှ​ မတရားသိမ်းဆည်းထားသော ​မြေကွက်စာချုပ်များ၊ ဘဏ်စာအုပ် ၄ အုပ်၊လက်ကိုင်ဖုန်း ၂ လုံး၊​ငွေသား ဘတ်၄၀၀၀နှင့်မြန်မာ​ငွေသိန်း၂၀ တိတိ၊ ဆက်သွယ်ရန် စကား​ပြောစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“ဝင်ရောက် ရှင်းလင်းပစ်ခတ်ချိန်မှာ အချိန်မရလိုက်လို့ မှတ်တမ်း မယူနိုင်ခဲ့ပါဘူး” ဟု ကော့သောင်းမြို့နယ် မြို့ပြ ပြောက် ကျား(ဗိုလ်သမန်းကျား )မှ ဗိုလ်သမန်းကျားက ရှင်းလင်းပြောဆိုသည်။", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာ အုပ်စု၊ သောင်ဖြူဖြူ ကျေးရွာမှ ပြည်သူတချို့ကမူ မြင့်လွင်ဦးသည် စစ်တပ်အတွက် အမှန်တကယ် အလုပ်လုပ်နေသူဖြစ်ကြောင်း အတည်ပြု ပြောဆိုကြသော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာန အနေဖြင့် မြေပြင်အခြေအနေကို သွားရောက် အတည်ပြုနိုင်ခြင်းမရှိပေ။"]
https://yktnews.com/2025/02/204973/
ကော့သောင်းတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို စုဆောင်းပြီး စစ်တပ်အတွက် ရိက္ခာပို့ပေးနေသူ ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်တပ်ရိက္ခာသယ်နေသော ၎င်းပိုင်ကားလည်း မီးရှို့ခံရ
["ကော့သောင်းတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို စုဆောင်းပြီး စစ်တပ်အတွက် ရိက္ခာပို့ပေးနေသူ ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်တပ်ရိက္ခာသယ်နေသော ၎င်းပိုင်ကားလည်းမီးရှို့ခံရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် စစ်တပ်အတွက် ရိက္ခာပို့ခြင်း၊ စစ်မှုထမ်းခိုင်းရန် လူသစ်စုဆောင်းပေးနေသူ စစ်တပ်ဒေါက်တိုင် ရန်အောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ကော့သောင်းမြို့နယ်၊ ရှမ်းကိုကျေးရွာအုပ်စု ၊ အောင်သာယာ ကျေး ရွာ အနီး စစ်တပ်ဒေါက်တိုင်လည်းဖြစ်၊ ကြံ့ဖွတ်ပါတီဝင်လည်းဖြစ်သူ ရန်အောင်ကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး ပကဖ က ရှောင်တခင် ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင် ပင်သေဆုံးသွားကြောင်း၊ တပ်ရိက္ခာသယ်ရာတွင် အသုံးပြုသော ၎င်းပိုင်ကားကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။", "“သူက အောင်သာယာရွာသားပါ၊ စစ်တပ်ကို ရိက္ခာတွေသွားပို့မယ့်အချိန် ရှောင်တခင် ဝင်ရောက် ရှင်းလင်းခဲ့တာပါ၊ ကားပေါ်က စစ်တပ်စခန်းကို ပို့မယ့် စားရိက္ခာတွေတော့ ရတယ်။ ကားကိုလည်း မီး ရှို့လိုက်ပြီ” ဟု ကော့ သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "သေဆုံးသူ စစ်ကောင်စီဒေါက်တိုင်ရန်အောင်မှာ စစ်ကောင်စီ တပ်အတွက် စားနပ် ရိက္ခာများ၊ လက်နက်ခဲယမ်းများကို သယ်ယူပို့ဆောင်ပေးခြင်းနှင့် တော်လှန်ရေး သမားများ၏ သတင်းများအား စုံစမ်းထောက်လှမ်းကာ စစ်ကောင်စီထံ ပေးပို့ခြင်း၊ စစ်မှုထမ်းဥပဒေ ဖြင့် လူသစ်စု ဆောင်းရာတွင် အားကြိုးမာန်တက်ပါဝင်ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုကို ရပ်တန့်ရန် တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း သိရှိရသည်။", "ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများနှင့် ပျူစောထီးများ အပါအဝင် စစ်ကောင်စီဒေါက်တိုင်အားလုံးအနေဖြင့် အချိန်မနှောင်းခင် ပြည်သူ့ဘက်ရပ် တည်၍ ပြည်သူနှင့် ပူးပေါင်းပေးကြပါရန်၊ ပြည်သူ့ဘက်တွင် ရပ်တည်ခြင်းမရှိသော မည်သူ့ကို မဆို ထိ ရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားသည်။"]
https://yktnews.com/2025/04/210568/
ကော့သောင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်
["ကော့သောင်းတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်စဉ် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် တပ်သားသစ် စုဆောင်းခံရသူ ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁ ရက်နေ့တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် ဖမ်းဆီးခံရသော ကိုမင်းမင်း (အမည်လွှဲ) သည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလင်းဝင်လာသော ကိုမင်းမင်းသည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရနောင်းမြို့မှ ကော့သောင်းသို့ လွှဲပြောင်းစဉ် စစ်မှုထမ်း တပ်သားအသစ်အဖြစ် ဖမ်းဆီးခံရပြီး ကော့သောင်းမြို့နယ်ရှိ ၄၃၁ တပ်ရင်း ကို ပို့ဆောင်ခံရသူဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် အလင်းဝင်လာသော ကိုမင်းမင်းကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။", "“သူက လက်နက်တော့ ဘာမှ ပါမလာပါဘူး။ မနက်တန်းစီနေတုန်း ထွက်ပြေးလာတာလို့ သိရပါတယ်။ ထိုင်းကို ပြန်ပို့ခံရသူ အကုန်လုံးကို စစ်ခွေးတွေက စစ်မှုထမ်းအဖြစ် တပ်သားသစ် စုဆောင်းတာလို့ သိရတယ်။ ကျွန်တော်တို့ဆီ ဆက်သွယ်လာတာကတော့သူ ၁ ရောက်တည်းပဲ အားလုံးပေါင်း ထွက်ပြေးလာတာ ၅ ယောက်လို့သိရပါတယ်။ ၄ ယောက်က စစ်ခွေး ပြန်မိသွားလို့ ရိုက်နှက်ခေါ်သွားတာလို့ မြို့ခံတွေဆီက သိရတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/109359/
ကော့သောင်းတွင် ပျူစောထီး ကင်းစခန်း ကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ၊ ရေစကြိုမြို့ပေါ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်
["ကော့သောင်းတွင် ပျူစောထီး ကင်းစခန်း ကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ်နှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ၊ ရေစကြိုမြို့ပေါ်ရှိ စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ရေငန်ချိုင်ရွာရှိ ပျူစောထီးကင်းစခန်း နှင့် ပျူစောထီးခေါင်းဆောင်နေအိမ်တို့အား ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ ပျူစောထီး ခေါင်းဆောင် ၃ ဦးသေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ ဇွန်လ ၂၂ ရက် သန်းခေါင်းယံအချိန် ၁၂ နာရီ ၄၅ မိနစ်ခန့်က ရေငန်းချိုင်ရွာရှိ ပျူစောထီး ခေါင်းဆောင် စိန်သန်းကို နေအိမ်တွင်း၌ ဝင်ရောက်ရှင်းလင်းခဲ့ပြီး၊ ပျူစောထီး ဒုခေါင်းဆောင် ဦးဝမ်းနှင့် ပျူစောထီး တပ်စုမှူး သန့်ဇင်တို့ကို ပျူကင်းစခန်းအတွင်း ပစ်ခတ်လင်းရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံး သွားကြောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းကာ မြင်းဆေးများအပါအဝင် ကင်းစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ပြီး ယင်းတိုက်ခိုက်မှုသည် ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ)သက်ဆိုင်ခြင်းမရှိပဲ မိမိတို့ ကော့ သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သက်ဆိုင်ကြောင်း ၊ပြည်သူလူထုအား ခြိမ်းခြောက်၊ နှောက်ယှက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီထောက်တိုင် များ၊ ပျူစောထီးများ၊ ဒလန်များကို ဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ငြိမ်းဇာနည်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယနေ့ ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ရေစကြိုမြို့၊ အမှတ် ၄ ဖောင်တော်ဦးရပ်ကွက်တွင် အင် အား ၁၈ ဦးခန့်ဖြင့် တပ်စွဲနေထိုင်သော စစ်သားများကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးကြောင်း၊ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ခွေးသေကတော့ စုံစမ်းလို့မရသေးဘူးဗျ၊ ကျနော်တို့ဘက်ကလည်း မြို့ပေါ်ကို မတက်နိုင်တဲ့ အနေ အထားတစ်ခုမှာဖြစ်နေတာ၊ ခွေးသတင်းမှာ တင်ထားတောင်မှ RPG နဲ့ပစ်တယ်လို့ တင်ထားတယ်၊ ကျနော်တို့ ကမ်းပိန်းပြီးတဲ့ရက်ကစပြီး ဒီကောင်တွေ ကင်းပုန်းဝပ်နေတာ ဒီနေ့အထိပဲ၊ ၁၀ ကောင် ဝပ် တယ်၊ ၁၅ ကောင်ဝပ်တယ်၊ မြို့ပေါ်ကို တက်မဲ့လမ်းတွေကို အကုန်ကင်းပုန်းဝပ်နေတဲ့အတွက် ကင်း ထောက်ဖို့ ခက်ခဲနေတဲ့အတွက်ပါဗျ” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည် ပစ် ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် ၁၀ ရက်ခန့်က ယင်းအကြမ်းဖက်စစ်တပ်စခန်းကို သွားရောက် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း၊ နောက်တစ်ကြိမ်တိုက်ခိုက်ခံရပါက ရပ်ကွက်အတွင်း လက်နက် ကြီးများဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။"]
https://yktnews.com/2023/02/84990/
ကော့သောင်းတွင် ပျူစောထီးဒုတိယခေါင်းဆောင် ဆန်းတင် ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၂ လက်နှင့်ခဲယမ်းများကို PDF က သိမ်းဆည်း ၊ အလောင်း လာကောက်သည့် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး
["ကော့သောင်းတွင် ပျူစောထီးဒုတိယခေါင်းဆောင် ဆန်းတင် ပစ်ခတ်ခံရပြီး သေဆုံးကာ သေနတ် ၂ လက်နှင့်ခဲယမ်းများကို PDF က သိမ်းဆည်း ၊ အလောင်း လာကောက်သည့် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၈ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲတွင် ပျူစောထီး ဒုတိယ ခေါင်းဆောင် ဆန်းတင်ကို ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး ၎င်း ထံမှ M16 A1 သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း ကော့ သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြော သည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က ခမောက်ကြီး မြို့နယ်ခွဲ ၊ မာရမ်းကျေးရွာ နေ ပျူစောထီး ဒုခေါင်းဆောင်ဆန်းတင်ကို ၎င်း၏ နေအိမ်မှာပင် ကော့သောင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ M16၊ A1 သေနတ် ၂ လက်၊ ကျည်ဘောက်အရှည် တစ်ခု၊ ကျည်ဆံ ၂၈ တောင့်၊ ဓားမြောင် ၃ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရ သည်။", "ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ပျူစောထီး ဆန်းတင်၏ အလောင်းကို သယ်ဆောင်ရန် အကြမ်းဖက်စစ်တပ်က ကားအကြီး ၂ စီး အင်အား ၆၀ ခန့်ဖြင့် ခမောက်ကြီးမြို့မှ မာရမ်းကျေးရွာဘက်သို့ လာရောက်ရာ ရှမ်း ကိုးရွာ ရွာချင်း ဆက်လမ်းမပေါ် အောင်ချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာအကြား ပလက်ခွ တံတားအ နီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "အဆိုပါတိုက်ခိုက်မှုကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်နေ ပြည်သူများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိဟု တော်လှန်ရေးတပ်ဖွဲ့က တရားဝင် ထုတ်ဖော်ပြော ဆိုထားသည်။", "ဓာတ်ပုံ- သေဆုံးသွားသည့် ဆန်းတင်ထံမှ သိမ်းဆည်းရရှိသည့် M16 A1 သေနတ် ၂ လက်နှင့် ခဲယမ်းများ။"]
https://yktnews.com/2023/08/118558/
ကော့သောင်းတွင် ပြည်သူ ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား
["ကော့သောင်းတွင် ပြည်သူ ၄ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ သြဂုတ် ၁၆", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်ရှိ မလိဝမ်းကျေးရွာသား ပြည်သူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မလိဝမ်းကျေးရွာ၊ အေးသာယာရပ်ကွက် ဗိုလ်ချုပ်လမ်းမနေ အသက် ၄၀ အရွယ် ကိုဖိုးမှေး၊ အသက် ၃၈ နှစ်အရွယ် ဇနီးဖြစ်သူ မမီးမီးတို့နေအိမ်ကို အကြမ်းဖက် စစ်တပ်က ကား ၃ စီးဖြင့် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။", "ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အေးသာယာရပ်ကွက်၌ နေထိုင်သည့် အသက် ၆၀ နှစ်အရွယ် ဦးဝေ ဆိုသူကို နေအိမ်အတွင်း အကြမ်းဖက် စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း၊ သြဂုတ် ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မလိဝမ်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မလှိုင်ဇာနည်ကျော်ကိုလည်း အကြမ်းဖက် စစ်တပ်က နေအိမ်၌ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။", "အဆိုပါ ပြည်သူ ၄ ဦးကို ကော့သောင်းမြို့ရှိ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် စစ်ဗျူဟာအဖွဲ့၌ ဖမ်းဆီးထားကြောင်း သိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တော ဒေသကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "သြဂုတ်လ ၁၅ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝကုန်းရွာကို ရောက်ရှိလာပြီး ယနေ့ နံနက်ပိုင်းတွင် ကျေးရွာမှ ပြန်လည် ထွက်ခွာစဥ်၌ ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ရှိပြီး သြဂုတ်လ ၁၄ ရက်နေ့က ကျောက်မဲတောင် ရဲစခန်းမှ ထွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ဝကုန်းရွာ၊ ဘဝပင်ရွာ၊ သင်္ကန်းတုံးနှင့် လိပ်ကြယ်ပြောင်ရွာတို့မှ ဒေသ ပြည်သူ အများအပြား နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်ထိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ရေး တင်းမာလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/11/190906/
ကော့သောင်းနှင့် မင်းဘူး တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး ထက်မနည်း သေဆုံး
["ကော့သောင်းနှင့် မင်းဘူး တို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၄ ဦး ထက်မနည်း သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၅", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသရှိ ပြည်သူများကို ဖမ်းဆီးပြီး နေအိမ်များကို မီး ရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်၍ ကော့သောင်းမြို့နယ်၊ မလိဝမ်းဒေသတဝိုက်ကို အကြမ်းဖက် စစ်တပ်က အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ၂၂ မိုင်ကျေးရွာ နှင့် ၁၉ မိုင်ကျေးရွာတို့ အတွင်းကို ဝင်ရောက်ပြီး ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မလိဝမ်းကျေးရွာအနီး ဒေသအခေါ် ဂေါရင်ချောင်း အတွင်းသို့ ဝင်ရောက်လာစဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ပျံလွှား LPDF တပ်ဖွဲ့မှ မိုင်း ၇ လုံးဖြင့် စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "“ထိတာတော့ တော်တော်များများထိတယ်၊ သေတာတေ့ စာရင်းအတိအကျ မသိရသေးဘူး။ မိုင်းထိ တဲ့ခွေးတွေကိုလည်း လှေနဲ့ပြန်ပြီးတော့ သယ်သွားတယ်လေ။ တိုက်ပွဲဖြစ်ပြီးတော့ မီးရှို့သွားသေး တယ်၊ လက်ရှိတော့ ခမောက်ကြီး အမှတ် ၄ တံတားမှာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေး နေတာတွေရှိတယ်။ ဒီနေ့ဖြစ်စဉ်ပေါ့၊ ညတုန်းကလည်း ကား ၂ စီးနဲ့ ထပ်ပြီးတော့ အင်အားဖြည့် ဆင်းလာတယ်။ လှုပ်ရှားနတာရှိတယ်။ ကင်းပုန်းဝပ်တာတို့ လမ်းသွားလမ်းလာတွေ စစ်ဆေးတာတို့ အဲဒါမျိုးတွေတော့ရှိတယ်” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုနောက် နိုဝင်ဘာလ ၁ ရက် နံနက် ၁၁ နာရီအချိန်တွင် ဂေါရင်ချောင်းအတွင်းရှိ ဥယျာဉ်ခြံများအ တွင်းမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ကော့သောင်းမြို့မှ စက်လှေအကြီးတစ်စီးဖြင့် အကြမ်းဖက်စစ်သား ၁၀၀ ခန့် ကို မလိဝမ်းကျေးရွာအနီး ဒေသအခေါ် တိုက်ဖြူသို့ လာရောက်ပို့ဆောင် အင်အားဖြည့်တင်းကာ ၎င်း စက်လှေဖြင့် မိုင်းထိစစ်သားများကို သယ်ဆောင်ပြီး ကော့သောင်းမြို့သို့ ပြန်သွားကြောင်း သိရသည်။", "ထပ်မံအင်းဖြည့်တင်းထသည့် အကြမ်းဖက်စစ်ကြောင်းသည် နိုဝင်ဘာလ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဂေါရင်းချောင်းအတွင်းရှိ ပြည်သူ့နေအိမ်များ၊ ဥယျာဉ်ခြံမြေများကို ထပ်မံမီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုံရွာ -ပုသိမ်လမ်းမပေါ်တွင် တိုက်ခိုက်ခံရပြီး ပျက်စီးသွား သော ဆွဲယူ ရန် ထွက်လာသည့် စစ်တပ် ကရိန်းကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေ ဆုံး ခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြော ကြားသည်။", "အောက်တိုဘာလ ၃၁ ရက်နံနက် ၁၁ နာရီခန့်က မင်းဘူးမြို့နယ်၊ မုံရွာ-ပုသိမ်လမ်းပေါ်တွင် အရပ် သား ဟန်ဆောင်ထားသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ကရိန်းကား အဖြူရောင် တစ်စီးကို သတင်းအရ ကြိုတင်စောင့်ပြီး ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။", "“မင်းဘူးကနေ ထွက်လာတာ ၇ ယောက်လောက်ပါတယ်။ အမ်းကိုသွားတဲ့ကားတန်းကို အဲဒီဘက် တပ်ရင်းတွေက တိုက်ရင်းပျက်သွားတဲ့ကားကို ဆွဲဖို့သွားတာ၊ စတစ်ကော်လံအဖြူတွေနဲ့ အရပ်သား ဟန်ဆောင်ထားတာ၊ ကျနော်တို့ထိန်းချုပ်ထားတဲ့နယ်မြေကို ဖြတ်တဲ့အချိန် တိုက်လိုက်တာပါ၊ လက်ဦးမှုရတော့ သူတို့ပြန်မပစ်နိုင်ပဲ ရှေ့ကို အတင်းမောင်းပြေးသွားတယ်၊ မျက်မြင် ၁ ဦးသေတယ်၊ မင်းဘူးဆေးရုံကို စုံစမ်းလိုက်တော့ ၄ ယောက်သေတယ်လို့ သိရတာ၊” ဟု မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အရပ်သားများ ဟန်ဆောင်ပြီး အရပ်သားများနှင့်အတူ သွားလာခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် တိုက်ခိုက်ခဲ့ရပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ထောက်တိုင်များနှင့်ဝေးဝေးနေထိုင်ပေးကြပါရန် မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက မေတ္တာရပ်ခံပြောဆိုသည်။", "အဆိုပါ အကြမ်းဖက်စစ်ကောင်စီးကားအား မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းနှင့်အတူ မင်းဘူးမြို့နယ်၊ ပကဖက တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် မင်းဘူးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။"]
https://yktnews.com/2023/03/92632/
ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၁၆", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ပျူစောထီးခေါင်းဆောင် ကျော်မိုးခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကော့သောင်းမြို့ ခမရ ၃၄၂ တပ်ရင်းကို ဈေးဝယ်ပြီး ပြန်သည့် ပျူစောထီး ခေါင်းဆောင် ကျော်မိုးခိုင်ကို ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ သေနတ်၊ ဓားများဖြင့် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "” ကျော်မိုးခိုင်ကို ပစ္စတို သေနတ်နဲ့ ၆ ချက် ပစ်ပြီးတဲ့အပြင် ဓားနဲ့ပါ တိုက်ခိုက်ခဲ့တာပါ။ သေတယ်လို့တော့ သိရတယ်။ သူက စစ်တပ် တွေထဲမှာနေတာ ခမရ ၃၄၂ တပ်ကို စျေးသွားဝယ်ပြီး ပြန်အလာမှာ ရှင်းခဲ့တာ” ဟု ကော့သောင်း မြို့ပြ ပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/119722/
ကော့သောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကော့သောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၂၅", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကော့သောင်းမြို့ နယ်၊ မလိဝမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် အင်အား ၅ဝ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှေ့ ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကော့သောင်းမြို့ နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ လာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ကော့သောင်းမြို့ နယ်အတွင်းရှိ ပြည်သူလူထုကို ခြိမ်းခြောက်ကာ ဒုက္ခပေးနေသည့် စစ်ကောင်စီ တပ်သားများ၊ ရဲတပ်သားများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးထောက်တိုင်များ၊ ပျူစောထီး နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူများကို ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/89129/
ကော့သောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူပိုင်နေအိမ်များ ပျက်စီး
["ကော့သောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ပြည်သူပိုင်နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်း ဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးကြောင်း ကော့သောင်းခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၂၁ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ကော့သောင်းမြို့မှ အကြမ်းဖက်စစ်သား အင်အား ၁၇၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကြောင်းက ဝိုင်ဒင်ကျေးရွာအတွင်းသို့ လက် နက်ကြီး ၂ ချက်ပစ်ခတ် ဝင်ရောက်လာခဲ့သဖြင့် ကော်သူးလေ Army နှင့်ပူးပေါင်းတပ်ဖွဲ့မှ ခုခံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ ညနေ ၃ နာရီခွဲခန့်တွင် ပြန်ဆုတ်သွားကြောင်း သိရသည်။", "“စစ်ခွေးတွေဘက် လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်တော်တော်များများတော့ ထိသွားတယ်၊ ပြည်သူတွေတော့ တစ်ယောက်မှ မထိပါဘူး၊ တိုက်ပွဲက ၄ နာရီလောက်ပြင်း ပြင်းထန်ထန် ဖြစ်ခဲ့တာပါ” ဟု ကော့သောင်း ခရိုင်၊ အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ဝိုင်ဒင်ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း နှင့် ကော်သူလေး Army ပူးပေါင်းစစ်ကြောင်းတို့ အခြေပြုရာကျေးရွာဖြစ်ပြီး တိုက်ပွဲ အတွင်း ကော်သူ လေ Army မှ ရဲဘော်တစ်ဦး၊ PDF ရဲဘော်တစ်ဦး စုစုပေါင်း ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "လက်ရှိ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ် ရှမ်းကိုး ရွာဒေသ မှာ စစ်တပ်နှင့် PDF မဟာမိတ်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ် ပေါ်နေသဖြင့် စစ်ဘေးရှောင်ဦးရေ ၁၀၀ ကျော် အထိ ထိုင်းဘက်​သို့ ထွက်ပြေးနေရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/199840/
ကော့သောင်းမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးရုံမကတော့ဘဲ စစ်တပ်က စစ်ကြောင်းထိုးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းလာ၊ စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လူမပြည့်သေးဟုဆို
["ကော့သောင်းမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးရုံမကတော့ဘဲ စစ်တပ်က စစ်ကြောင်းထိုးပြီး အတင်းအဓမ္မ စစ်သားစုဆောင်းလာ၊ စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လူမပြည့်သေးဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၁၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးရုံမကတော့ဘဲ စစ်ကြောင်းထိုးကာ လူအမည် စာ ရင်းနှင့်တကွ အတင်းအဓမ္မ လိုက်လံ စစ်သားစုဆောင်းနေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့မှ စ၍ ကော့သောင်းမြို့နယ်၊ မာရမ်းဒေသ၊ ရှမ်းကိုးရွာဘက်သို့ အင်အား ၅၆ ဦး ဖြင့် စစ်ကြောင်းထိုးကာ မာရမ်းကျေးရွာ ရွာဦးတောင်ပေါ်ကျောင်းနှင့် မာရမ်းရဲစခန်းတို့တွင် တပ် စွဲပြီး အနီးအနားကျေးရွာများရှိ အုပ်ချုပ်ရေးမှူးထံ စစ်မှုထမ်းလူဦးရေစာရင်းများပေပို့ကာ လိုက်လံ ဖမ်းဆီး၍ စုဆောင်းနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ကျေးရွာနေလူငယ်အများအပြား ထွက်ပြေးတိမ်း ရှောင် နေကြရကြောင်း သိရသည်။", "“လွန်ခဲ့တဲ့ ၃ ရက်လောက်က ကော့သောင်းကို စစ်မှုထမ်းဖို့ အမြန်ရေယာဉ်နဲ့ ၂၀ ဦး လောက် ပို့လိုက် တယ်၊ ၂ ယောက်တော့ ပျောက်သွားလို့ဆိုပြီး စခတွေလိုက်ရှာနေတယ်။ စစ်မှုထမ်းဖမ်းဖို့အတွက် ရွာကအုပ်ကြီး ဆီကို လူငယ်အမည်စာရင်းပေးပို့ပြီး ခေါ်ခိုင်းနေတာ၊ မလိုက်တဲ့သူတွေဆို လိုက် ဖမ်းနေတာ၊ ဘယ်နှစ်ယောက်ပါသွားလဲဆိုတာတော့ အတိအကျ ပြောမရသေးဘူး။ ဖမ်းနေတာ လည်းရှိတယ်၊ ပို့နေတာ လည်းရှိတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၉ သင်တန်းပေးရန် လူငယ်များကို အတင်း အဓမ္မလိုက်လံဖမ်းဆီးကာ စုဆောင်းနေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်၏ အတင်းအဓမ္မ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်၍ သတင်းပေးပို့ကြပါရန် ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က အသိပေးထားသည်။", "လက်ရှိအချိန်အထိ ကော့သောင်းမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၉ အတွက် လိုအပ်သော တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသေးကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ပြည်သူ ၁ ဦးကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- Agnecy။"]
https://yktnews.com/2023/12/134828/
ကော့သောင်းမြို့နယ်တွင် မိုက်ကြေးခွဲ သေနတ်ဖောက် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင် ခရီးသွားတချို့၏ ခုခံမှုကြောင့် သေဆုံး
["ကော့သောင်းမြို့နယ်တွင် မိုက်ကြေးခွဲ သေနတ်ဖောက် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင် ခရီးသွားတချို့၏ ခုခံမှုကြောင့် သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ဆက်ကြေးကောက်နေသည့် တပ်ကြပ်ကြီး သိန်းအောင်သည် ခရီးသွားပြည်သူတချို့၏ ခုခံမှုကြောင့် သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၃ ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ အများပြည်သူများ သွားလာနေသည့် လမ်းမကြီးတွင် သေနတ်ဖောက်၍ ဆက်ကြေးတောင်း ငွေကောက်ခံနေသည့် တပ်ကြပ်ကြီး သိန်းအောင်နှင့် ခရီးသွားပြည်သူတချို့၊ ရော်ဘာခြစ်လုပ်သားတချို့တို့ စကားများကြကြောင်း၊ ယင်းနောက် တောလိုက် လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆက်ကြေးကောက်သည့်နေရာတွင်ပင် တပ်ကြပ်ကြီး သိန်းအောင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "“သေနတ်ဖောက်ပြီး ဆက်ကြေးကောက်နေတုန်း ခရီးသွားပြည်သူတွေ၊ ရော်ဘာလုပ်သားတွေနဲ့ အချင်းများတယ်။ အဲဒါ ခရီးသွားပြည်သူတွေနဲ့ ရော်ဘာလုပ်သားတွေက သူ့ကို ပြန်ခုခံချိန်မှာ တောလိုက် လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေနတ်ထိမှန်သေဆုံးပါတယ်။ ” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "သေဆုံးပြီးချိန်တွင် စစ်တပ်က အလောင်းကို လာရောက်ကောက်ယူသော် လည်း ပစ်ခတ်သွားသည့် ခရီးသွားပြည်သူတချို့ကို ဖမ်းဆီးနိုင်ခြင်းမရှိ ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/143307/
ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံး၊ မြင်းမူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ရဲမေ ၂ ဦး အရှင်ဖမ်းမိ
["ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံး၊ မြင်းမူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ရဲမေ ၂ ဦး အရှင်ဖမ်းမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁ဝ နာရီ ၅၀ မိနစ်ခန့်တွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာတွင် နေထိုင်သော ရဲသတင်းတပ်ဖွဲ့မှ ရဲတပ်ကြပ် နေစိုးဦးနှင့် ၎င်း၏ ဖခင်ဖြစ်သူ စိုးတင့်တို့ ၂ ဦးသည် ဆိတ်ဖူးကျေးရွာမှ မာရမ်းကျေးရွာကို ကားဖြင့် ပြန်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ ရဲမေ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေး ရဲဘော် တစ်ဦး ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြင်းမူမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသောနေရာကို တော်လှန်ရေး မဟာမိတ် အင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲမေ ၂ ဦး အရှင်ဖမ်းမိပြီး ကျန်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ပျက်ကာ ထွက်ပြေးသွား​ကြောင်း၊ ဖမ်းဆီးရမိသော ရဲမေ ၂ ဦးကို သက်ဆိုင်ရာ ပကဖ အဖွဲ့ထံ အပ်နှံထားကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းမြို့မှ ထွက်လာသော စစ်ကားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ညောင်ပင်၀န်း အနီးတွင် ဆက်လက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး မိုင်းထိမှန်ကာ လူနာတင်ယာဥ် ၂ စီးဖြင့် ထိခိုက် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သယ်ဆောင်သွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/190605/
ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာနှင့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှ နေအိမ်များကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန် ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအနီးတွင် စစ်အင်အား ၄၀ ပါ စစ်ကောင်စီတပ် နှင့် ပျံလွှားအမည်ရှိ ဒေသတော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတချို့လည်းရှိကြောင်း၊ ယင်းနောက် စစ်တပ်က မလိဝမ်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "“စစ်ကြောင်းက အထိနာလို့ တိုက်ပွဲဖြစ်တဲ့အနားက ကျေးရွာကို ဝင်ပြီး မီးရှို့တာပါ။ နေအိမ် ၆ လုံးထက်မနည်း ပြာကျသွားပါတယ်။ တိုက်ပွဲမှာ တော်လှန်ရေးဘက်ကတော့ အထိအခိုက်မရှိဘူးလို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ညအချိန် စစ်ကောင်စီတပ်က မီးရှို့နေသော ကျေးရွာတစ်ခု မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)", "အလားတူ တနင်္သာရီတိုင်း ထားဝယ်-ရေဖြူကားလမ်းမပေါ်ရှိ မောင်မယ်ရှောင်ရွာမှပြည်သူပိုင်နေအိမ်များကို ရွာထဲတွင် တပ်စွဲထားသည့်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီခန့်မှာ ၎င်းရွာထိပ်ရှိလူနေအိမ်တချို့ကို စစ်သားများ ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများခိုးယူပြီးနောက် အိမ်များကို အကြောင်းပြချက်မရှိဘဲ မီးထပ်ရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။", "‘ရှေ့လကရွာထဲကို စစ်တပ်ဝင်လာပြီးနောက်ပိုင်းဘယ်သူမှ အိမ်မပြန်ရဲကြသလိုပစ္စည်းတွေလဲသွားမသယ်ကြဘူး။ တချို့အိမ် တွေထဲမှာဆိုဘာမှယူမခံလို့ပစ္စည်းကောင်းတွေကြီးပဲ့။ရွာထဲလူမရှိတော့ သူတို့ကြိုက်သလိုခိုးယူလို့ရတာပေါ့။မနက်ကလဲမြေတင်ကားပေါ်ကို အိမ်အသုံးအဆောင်ပြည်သူပစ္စည်းတွေတင်ပြီး ဇဟာဖက်ဆင်းသွားတာမြင်ရတယ်။ရွာထဲမှာလဲမီးရှို့ခံထားရတဲ့အိမ်တွေမနည်းတော့ပါ ဘူး” ဟုမောင်မယ်ရှောင်ခံစစ်ရှောင်တစ်ဦးက ပြောသည်။", "ယင်းနေရာအနားတွင် ယာယီတပ်စွဲထားသောစစ်တပ်ကို အောက်တိုဘာ ၂၉ ရက်နေ့ တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိ​ေက်ခဲ့ပြီးနောက် စစ်တပ်က ပြည်သူ့နေအိမ်များကို မီးထပ်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ မောင်မယ်ရှောင်ရွာသည် ထားဝယ်ခရိုင်အတွင်းမှာ နှစ်ဖက်ထိတွေ့တို-က်ပွဲဖြစ်ပွားမှုအများဆုံးနေရာဖြစ်ပြီး ကျေးရွာတစ်ခုလုံးကို စစ်တပ်ဘက်မှ အခြေပြုတပ်စွဲထားသဖြင့် ကျေးရွာနေပြည်သူများမှာ နီးစပ်ရာ ရပ်ရွာများနှင့် ဥယျာဥ်ခြံများတွင် တိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/05/104061/
ကော့သောင်းမြို့နယ်၊ အောင်ချမ်းသာရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်းမြို့နယ်၊ အောင်ချမ်းသာရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အောင်ချမ်းသားရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာ ကျေးရွာမှ ရာအိမ်မှူး တင်သန်းနှင့် အရံမီးသတ် တပ်ခွဲမှူး အေးချိုတို့ကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အမည်မသိ သေနတ်သမားများက သေဆုံးသွားသော ရာအိမ်မှူး တင်သန်း နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၂ ဦးလုံး နေရာတွင် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2023/02/84674/
ကော့သောင်းမြို့နှင့် ဓနုဖြူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်
["ကော့သောင်းမြို့နှင့် ဓနုဖြူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နှင့် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2022/12/76347/
ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ
["ကော့သောင်းအကျဉ်းထောင်မှ ဦးစီးမှူး သီရစိုးကို ငွေကျပ် ၁၇ သိန်း၊ ဖုန်း ၁ လုံးနှင့်အတူ PDF က ဖမ်းဆီးရမိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးတွင် ယမန်နေ့ ​ကော့သောင်းအကျဥ်းထောင်မှ ၂ ပွင့် ဦးစီးမှူး သီရစိုး ကို PDF တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန် မြိတ်-ထားဝယ် လမ်းမကြီး တစ် နေရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မျာားက လုံခြုံရေးအတွက် စစ်ဆေးရေးများ ပြုလုပ်နေချိန် ခရီးတင်ယာဥ်တစ်စီးပေါ်တွင် လိုက်ပါလာ သော ကော့သောင်း အကျဉ်းထောင် ဦးစီးမှူးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။", "” ကျန်တဲ့သူတွေကိုရော၊ ကားတွေကိုရော လွှတ်ပေးလိုက်ပါပြီ။ သူ့ကိုတော့ ဆက်ပြီး ဖမ်းဆီးထားပါတယ်။ ပုံထဲမှာတော့ ကြယ်တစ်ပွင့်ပဲရှိသေးတယ်။ အပြင် မှာ နှစ်ပွင့်​ဖြစ်နေပါပြီ။ သူ့ကိုဘယ်လိုဆက်လုပ်မလဲဆိုတာကိုတော့ ညွှန် ကြားချက်တွေနဲ့အညီဆွေးနွေးဆုံးဖြတ်သွားမှာပါ” ဟု မြိတ်ခရိုင် တပ်ရင်း(၁) PPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။", "ကော့သောင်းထောင် အကျဉ်းဦးစီးဌာန ဦးစီးမှူးကို ငွေကျပ် ၁၇ သိန်း ၊ ဖုန်း ၁လုံးနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဆိုပါ ဖမ်းဆီးမှုကို ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ PSGF တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အကျဥ်းထောင်ဦးစီးမှူးကို PRDF ကဆက်လက် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။", "(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)"]
https://yktnews.com/2023/02/89050/
ကော့သောင်း၊ ခမောက်ငယ်ရွာတွင် PDF စခန်းနှင့်တည်နေရာကို စစ်တပ်ထံသို့ ပြသ လမ်း ညွှန် ခဲ့သော ရာအိမ်မှူးနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦး တွင် လည်း ရာအိမ်မှူး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး
["ကော့သောင်း၊ ခမောက်ငယ်ရွာတွင် PDF စခန်းနှင့်တည်နေရာကို စစ်တပ်ထံသို့ ပြသ လမ်း ညွှန် ခဲ့သော ရာအိမ်မှူးနှင့် ဇနီး ပစ်ခတ်ခံရပြီး သေဆုံး၊ ညောင်ဦး တွင် လည်း ရာအိမ်မှူး ဝင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့နယ်ခွဲ၊ ခမောက်ငယ်ရွာ ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း ကော့ သောင်းမြို့နယ် PDF အဖွဲ့က ပြောသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ခမောက် ကြီး မြို့နယ်ခွဲ၊ ခမောက်ငယ်ရွာ ရွာသစ်ကျေးရွာနေ စစ်တပ်ခန့် ရာ အိမ် မှူး လင်းထွန်းအောင်နှင့် ဇနီးဖြစ်သူ အေးစိန်တို့ ၎င်းနေအိမ်၌ပင် ကော့ သောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ရာအိမ်မှူးနှင့် ဇနီးဖြစ်သူတို့သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ တည်နေရာများ စခန်းများကို လမ်းပြသတင်းပေးမှုများ လုပ် ဆောင် နေခြင်း၊ ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်မှုများ ပြုလုပ် နေ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။", "အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြိုနယ်၊ ဝက်လူးကျေးရွာတွင် စစ်ကောင် စီခန့် ရာအိမ်မှူး ဝင်းနိုင်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရာအိမ်မှူး ဝင်းနိုင်၏ နေအိမ်တွင်ရှိနေစဉ် သေနတ် သမား တချို့က ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သဖြင့် ၀င်းနိုင်ပွဲချင်း‌ပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“ရာအိမ်မှူး ဝင်းနိုင်ကို သေနတ် ၄ ချက်နဲ့ပစ်သွားတာ။ ပွဲချင်းပြီးသေတယ်။ သူ က ပျူစောထီးလိုမျိုး စစ်တပ်အတွက် အလုပ်လုပ်နေတာ။ သတင်းပေးတယ်။ ရပ်ကွက်ထဲမှာ စစ်တပ်ကို ဆန့်ကျင်သူမရှိစေရ ဘူး အမြဲပြောနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/211755/
ကော့သောင်း၊ စစ်ကိုင်း နှင့် ဘုတ်ပြင်း တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်
["ကော့သောင်း၊ စစ်ကိုင်း နှင့် ဘုတ်ပြင်း တို့တွင် စစ်မှုထမ်း တပ်သားသစ် ၄ ဦး အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၁၈", "ထိုင်းနိုင်ငံ၊ ရနောင်းမြို့ မှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရပြီး စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ကိုအောင်စိုး အလင်းဝင်ရောက်ခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့ မှ ကော့သောင်းမြို့သို့ ပို့ဆောင်ခံရသော ကိုအောင်စိုးကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် တပ်သားသစ်အဖြစ် စုဆောင်းပြီးနောက် ကော့သောင်းမြို့ အခြေစိုက် ၄၃၁ တပ်ရင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။", "ကိုအောင်စိုးသည် ၄၃၁ တပ်ရင်းတွင် ၁ လကြာ သင်တန်းတက်ရောက်ပြီးနောက် ဧပြီလ ၁၇ ရက်နေ့တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ထွက်ပြေး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ကျွန်တော်တို့ သွားရောက်ပြီးတော့ ခေါ်ဆောင်ခဲ့ရတာ အားလုံးပေါင်း ထွက်ပြေးလာတာ ၃ ဦးလို့ သိရတယ်။ ၂ ဦးကတော့ အခုထိ အဆက်အသွယ် လုပ်မလာသေးပါဘူး။ လက်ရှိတော့ စစ်မှုထမ်းသင်တန်း မတက်ခင် ထွက်ပြေးလာတယ် လို့သိရပါတယ်။ ၄၃၁ တပ်ရင်းမှာ တစ်လ လောက်တော့ရှိပြီလို့ပြောပါတယ်။ စုစုပေါင်း ၁၀၃ ယောက်ရှိတယ်လို့သိရပါတယ်။ တနင်္သာရီတိုင်းကပါ။ မြိတ်မြို့ကလို့သိရပါတယ်။ အခုလောလောဆယ်တော့ ဒီအတိုင်းပဲထားပါတယ်။ ကောင်းကောင်းမွန်မွန်ထားပါတယ်။ ပြည်သူ့ဘက်ပြောင်းချင်တဲ့ စကစ တပ်သားများကို ကျွန်တော်တို့ ပကဖ အဖွဲ့ကနေပြီး ကြိုဆိုလျှက်ပါလို့ပြောချင်ပါတယ်” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက ပြောဆိုသည်။", "ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် ပြည်သူဘက်သို့ ကူးပြောင်း အလင်းဝင်လိုသော မည်သူ့ကိုမဆို လက်ခံကြိုဆိုပါသွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၇ ရက်နေ့တွင် ပဲခူးမြို့ တပ်မ ၇၇ တွင် မွန်းမံ သင်တန်းသားများအဖြစ် သင်တန်း တတ်ရောက်ပြီးစီးပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ စစ်မြေပြင်များသို့ အတင်းအကြပ် စေလွှတ်ခြင်းခံရသော ဒုတပ်စိပ်မှူး ဖြိုးသီဟ နှင့် စစ်မှုထမ်းတပ်သားသစ် မောင်သက်တို့ ၂ ဦးသည် စစ်ကိုင်းမြို့တပ်မ ၃၃ သို့ ရောက်ရှိလာစဉ် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ယနေ့ ဧပြီ လ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ မိသားစုများထံသို့ ပို့ဆောင် အပ်နှင်း ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အလင်းဝင်လာတဲ့ တပ်သား မောက်သက်ကိုတော့ စစ်ခွေးတွေက နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်တာလို့ သိရပါတယ်။ တပ်စိပ်မှူး ဖြိုးသီဟ ကတော့ ရပ်ကွက်ရုံးမှာ မှတ်ပုံတင် လုပ်ရင်း ဖမ်းဆီး ခေါ်ဆောင်သွားတာ ၂ ဦးလုံးကတော့ အပတ်စဉ် ၈ ကပါ။ ကျနော်တို့မှာ ဂုဏ်ပြုငွေ ပေးအပ်ချင်ပေမယ့် မတတ်နိုင်သေးပါဘူး။ သက်ဆိုင် အလှူရှင် ပေါ်ပေါက်ခဲ့ရင်တော့ ချိတ်ဆက် ထောက်ပံ့ပေးသွားမှာပါ။ သက်ဆိုင်ရာ CDM supporter တွေနဲ့လည်း ချိတ်ပြီး အထောက်ပံ့ရဖို့ လုပ်ပေးသွားမှာပါ။ ကျ‌န်ရှိနေသေးတဲ့ သူတွေလည်း စကစ အတွက် အသေမခံဘဲ ပြည်သူ့ထံ ခိုလှုံပြီး ပြည်သူနဲ့ တသားတည်း နေနိုင်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်” ဟု လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အလာတူး တနင်္သာရီတိုင်း ဘုတ်ပြင်း အခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်မပါဘဲ အလင်းဝင်ရောက် ခဲ့ကြောင်း KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ က ပြောဆိုသည်။", "ဧပြီလ ၁၇ ရက်နေ့ ၈ နာရီခန့်တွင် ဘုတ်ပြင်း အခြေစိုက် ခလရ ၂၂၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး အောင်ကိုကိုသည် လက်နက်မပါဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးအောင်ကိုကိုသည် တနင်္သာရီတိုင်း တကူကျေးရွာမှ ဖြစ်ပြီး စစ်မှုထမ်းသက်တမ်း ၁ နှစ် ရှိပြီ ဖြစ်ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/03/90825/
ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး
["ကော့သောင်း၊ ဝိုင်ဒင်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး", "ရန်ကုန်| မတ် ၅", "တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ဝိုင်ဒင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။", "မတ်လ၄ ရက် နံနက် ၈ နာရီခန့်က ဝိုင်ဒင်းရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။", "“ပါကလပ် (ထိုင်းဘက်ခြမ်းက ရွာ) မှာရှိတဲ့ စစ်ဘေးရှောင်တွေကို စကစ (စစ်ကောင်စီ) တပ်က သွားခေါ်ပြီးနောက် သိပ်မကြာဘူး ချက်ချင်းဝင်ချတယ်ကြားတယ်။ အဝေးက လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ပြီးမှ ဝင်တိုက်တာလို့ သိရတယ်။ အလစ်အငိုက်မိသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။", "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးရှိသည့်အနက် ကျန်ခြောက်ဦးမှာ လွတ်မြောက်သွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။", "အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားခြင်း မရှိသေးပေ။", "စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိသည့် လူမှုကွန်ရက်စာမျက်နှာများတွင်မူ ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးသည့်အပြင် သေနတ် ၅ လက်၊ ကျည်တောင့် ၂၀၀၊ လက်လုပ်မိုင်း ၃၈ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု ရေးသားထားကြသည်။", "ဝိုင်ဒင်းကျေးရွာသည် ထိုင်းမြန်မာနယ်စပ်ရှိ ရှမ်းကိုးရွာထဲမှ ရွာတစ်ရွာဖြစ်ပြီး ဝိုင်ဒင်းအပါအဝင် အေးမြမင်္ဂလာကျေးရွာ၊ တပ်ဦးမြိုင်သာယာကျေးရွာတို့ကို ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်နှင့် ကော်သူးလေတပ်မတော်တို့က ထိန်းချုပ်ထားကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်က ကြေညာခဲ့သည်။", "ယင်းနောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ကျော်မှာ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။", "မြန်မာစစ်ကောင်စီနှင့် ထိုင်းအစိုးရတို့၏ ဖိအားပေးမှုကြောင့် မတ်လ ၄ ရက်တွင် ပြန်ပို့ခံရပြီး စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။", "(Dawei Watch သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/04/97915/
ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ
["ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ", "ရန်ကုန်၊ ဧပြီ ၁၆", "ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်ကို ကော့သောင်း ပကဖက ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။", "ဒီနေ့ ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ ညနေ ၄နာရီမှာ သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အထိခိုက်မရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။", "သူတို့ဆီကနေ AK-47 နှစ်လက်၊ ကျည် (၁၁၉)တောင့်၊ 9mm ပစ္စတိုတစ်လက်၊ ကျည်ကာ (၄)ထည်၊ ယူနီဖေါင်း နှစ်စုံ၊ ဆုံလည် ဂစ်(စ်)သေနတ် တစ်လက်၊ ကျည်ဘောက် (၅)ခုနဲ့ ဓါးတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။", "ကော့သောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးများအနေနဲ့ လူထုနဲ့အတူ အမြန်ဆုံးပူးပေါင်းကြဖို့နဲ့ မပူးပေါင်းရင် ဆက်လက်ချေမှုန်းသွားမယ်လို့ သတိပေး ဖော်ပြထားပါတယ်။"]
https://yktnews.com/2023/12/136929/
ကံပေါက်ဒေသတွင် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွား
["ကံပေါက်ဒေသတွင် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အကြမ်းဖက် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရစ်မြစ်များထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေဖြူမြို့နယ်၊ ကံပေါက်‌‌ဒေသ လှည်းကုန်း ၂ ရပ်ကွက်တွင် နေထိုင်သည့် မနီနီရှိန်နှင့် ညီမဖြစ်သူ မမော်မော်ရှိန်တို့ကို အကြမ်းဖက် စစ်တပ်က အိမ်စီးကားဖြင့် အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က အိမ်စီးကားများ အသုံးပြု၍ နေအိမ်အထိ လိုက်လံဖမ်းဆီးခြင်းကို ပြီးခဲ့သည့်နှစ် သပိတ်ကာလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်ကြာင်း၊ ယခင်က ကံပေါက်ဒေသတွင် ပြည်သူများကို ဖမ်းဆီးသည့်အချိန်မှာ မောရဝတီရေတပ်စခန်းက စစ်ကားများနှင့် ညပိုင်းတွင်သာ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းကလည်း ကံပေါက်ဒေသရှိ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ၎င်းတို့၏ နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးခံရသူများအားလုံး၏ လက်ကိုင်ဖုန်းများကိုလည်း အကြမ်းဖက်စစ်သားများက သိမ်းယူသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "ဖမ်းဆီးထားသူအားလုံးကို မောရဝ​တီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ တစ်ဦးမှ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးသွားသူများမှာ စျေးဆိုင်ဖွင့်ထားသူများ၊ ယာဥ်မောင်းများနှင့် သာမန်ပြည်သူများသာဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "(The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)"]
https://yktnews.com/2023/02/84529/
ကံပေါက်နှင့် ပခုက္ခူတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်
["ကံပေါက်နှင့် ပခုက္ခူတွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ထားဝယ် ကံပေါက်ဒေသနှင့် မကွေးတိုင်း ပခုက္ခူမြို့တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/12/197565/
ကံမတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကိုလည်း တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ကံမတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်သားများ လိုက်ပါလာသည့် ကား ၁စီးကိုလည်း တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "မကွေးတိုင်း၊ ကံမမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် ကံမြို့နယ်အတွင်းရှိ လူငယ်များကို စစ်တပ်နှင့် ပူးပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်း လူစားမပေးနိုင်သည့် ကျေးရွာများထံမှ ငွေကျပ် သိန်း ၁၀၀ ယူဆောင်ကာ စစ်မှုထမ်း လူစားထိုး ရောင်းစားနေသည့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး စိန်ဝင်းမောင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“သူက စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ ပေါ်တာလိုက်ဆွဲတယ်။ သူက ပွဲစားလို့ ဖြစ်နေတာပေါ့။ ကံမမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် လူပေးဖို့တောင်းတာတွေရှိတယ်။ အဲလိုအချိန်မှာ လူမပေးနိုင်တဲ့ ရွာတွေက စန်းဝင်းမောင်အုပ်ကြီးဆီမှာ သိန်း ၁၀၀ နဲ့လူဝယ်ရ တာပေါ့။ တကယ်က သူက ကံမမြို့နယ်စစ်ကောင်စီနဲ့ ပေါင်းပြီးလုပ်စားနေတာ ပြီးရင်သူတို့ကအချိုးကျ ခွဲဝေယူကြတာ နောက်ထပ်ကြားသိရတာတစ်ခုက ကံမမြို့နယ်အပြင် ပန်းတောင်းမြို့နယ်ကပါ သူ့ဆီက လူစားထိုးဝယ်ရတာတွေရှိတယ်လို့ သိရတယ်” သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ ၂ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ကံမမြို့နယ်၊ ကျောက်မဲကျေးရွာနှင့် ဖရုံလှကျေးရွာ အကြားတွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသော အိမ်စီးကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဆက်လက်ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကံမမြို့မှ မုံရွာ -ပုသိမ် လမ်းပိုင်းဘက်သို့ ကံပြား – ပြကြီးလမ်း အတိုင်း မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးခန့်လိုက်ပါလာ သည့် အဖြူရောင် Light Truck ကားကို ကျောက်မဲကျေးရွာနှင့် ဖရုံလှကျေးရွာ အကြား အရောက်တွင် မိုင်းဆွဲ ပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် စစ်သားများကို ဥသျှစ်ပင်မြို့ရှိ စစ်ဆေးရုံသို့ သယ်ဆောင်ကာ ဆေးကုသနေကြောင်း သိရ သည်။", "“မိုင်းဆွဲတယ်။ လက်နက်ငယ်နဲ့ဝိုင်းပစ်တယ်။ ၅ မိနစ် ၁၀ မိနစ်လောက်ပဲကြာခဲ့တယ်။ သူတို့ဘက် ပြန်ပစ်ခတ်နိုင်တာမျိုးမရှိဘူး။ ကျနော်တို့ဘက်က ပစ်တယ်။ ပြန်ဆုတ်လာတယ်။ သေဆုံးတဲ့သူတွေ ကိုတော့ ကံမပြန်သယ်တယ်လို့ ကြားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ သူတို့ဦးတည်နေတဲ့ ပုသိမ်-မုံရွာ လမ်းအတိုင်းတက်ပြီးတော့ ဥသျှစ်ပင်စစ်ဆေးရုံကို ပို့ဆောင်ကုသထားတယ်လို့ သတင်းရထားတယ်၊ အဲဒီဆေးရုံတင်ထားတဲ့အထဲက ၃ ယောက်ကလည်း ဒဏ်ရာအပြင်းအထန်ရထားလို့ သေနိုင်တယ်လို့ သိရတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၁ စစ်ဒေသ မကွေးတိုင်း သရက် ခရိုင် အမှတ် -၄ တပ်ရင်း တပ်ခွဲ ၂ မိုင်းတပ်စိတ်မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ထပ်ဖြည့်ပြောချင်တာ ပြည်သူတွေထက် စစ်ကောင်စီထောက်တိုင်တွေပေါ့။ ကံမြို့နယ်၊ မင်းတုန်း မြို့နယ်၊ သရက်မြို့နယ်ထဲမှာ ရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို ပြောချင်တာ။ လက်ရှိ စစ်ကောင်စီက စစ်ရှုံးနေတယ်။ စစ်ရှုံးနေလို့ စစ်မှုထမ်းဖို့အတွက် ဒေသခံပြည်သူတွေကို မတရားဖမ်း ဆီးပြီးတော့ သူတို့တပ်အင်အားကို ဖြည့်နေရတယ်။ စစ်ပွဲတွေမှာ ကျဆုံးနေတာဟာ သေချာတယ်။ သူတို့ဘက်ကို ရပ်တည်နေတယ်ဆိုရင် အခုလိုမျိုး အသက်အန္တရာယ်တွေရှိမယ်။ ကျနော်တို့ ရှင်းလင်း ရတာမျိုးတွေရှိမယ်။ အဲဒါကြောင့် စစ်ကောင်စီနဲ့မပူးပေါင်းဖို့ ၊ စစ်ကောင်စီလက်အောက်ကနေ ရုန်း ထွက်ဖို့ အဓိက သူတို့ကို ပြောချင်ပါတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်း သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံ ကိုမြတ်က ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2025/04/212538/
ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ရဲစခန်းမှူးနှင့်အဖွဲ့ လက်နက်ချမည်ဟုဆိုကာ ထွက်ပြေးသွား၊ ရဲ ၁ ဦးကို လက်နက်ခဲယမ်းများ၊ ကားများ၊ ဆိုင်ကယ်များနှင့်အတူဖမ်းဆီးရရှိပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း
["ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ရဲစခန်းမှူးနှင့်အဖွဲ့ လက်နက်ချမည်ဟုဆိုကာ ထွက်ပြေးသွား၊ ရဲ ၁ ဦးကို လက်နက်ခဲယမ်းများ၊ ကားများ၊ဆိုင်ကယ်များနှင့်အတူဖမ်းဆီးရရှိပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း", "ရန်ကုန်၊ ဧပြီ ၂၆", "မကွေးတိုင်း၊ ကံမမြို့နယ်၊ ရေနံ့သာရဲစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ရဲစခန်းမှူးနှင့်အဖွဲ့ လက်နက်ချမည်ဟုဆိုကာ ထွက်ပြေးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၂၅ ရက် နံနက် ၅ နာရီက ကံမမြိုနယ် ၊ သရက် – ကံမ – ပြည် ကားလမ်းမဘေး ၊ ကပစ ၁၂ နှင့် ၁၃ မိုင် အကွာ၊ ရေနံ့သာကျေးရွာရှိ စခန်းမှူး မြတ်သွင်အောင် ဦးဆောင်သော ရေနံ့သာ ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းငယ်သာ ပြန်လည်ခုခံတိုက်ခိုက်ပြီး လက်နက်ချအညံ့ခံမည်ဟု ပြောဆိုသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က အပစ်ရပ်ပေးခဲ့ကြောင်း၊ ထို့သို့ အပစ်ရပ်ပေးချိန်တွင် စခန်းမှူးအပါအဝင် ရဲများ လက်နက်ကိုယ်စီ ဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။", "ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရဲစခန်း အ တွင်း ဝင်ရောက်ရှင်းလင်းခဲ့ရာ ရဲတပ်ကြပ် အဆင့်စစ်သုံ့ ပန်း ၁ ဦး ဖမ်းဆီးရမိပြီး ၊G3 အမျိုးအစား သေ နတ် ၁ လက်၊ G3 ကျည်ဘောက် ၃ ခု ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော် ၊ ကား ၂ စီး ၊ ဆိုင်ကယ် ၄ စီးတို့နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းကာ ရဲစခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း သိရသည်။", "“သူတို့က စခန်းရဲ့နောက်ဘက်မှာ တမံ ၂ ထပ်၊ ဘန်ကာ ၂ ခုပေါ့၊ ဘန်ကာဆိုတာကလည်း အုတ်နဲ့ ဆောက်ထားတဲ့ဘန်ကာနဲ့ အခိုင်အမာနေကြတာပေါ့၊ ကျနော်တို့ဘက်က စတင်တိုက်ခိုက်ခဲ့တဲ့ အခါမှာ အနည်းအပါးပဲ ခုခံပစ်တာရှိပြီးတော့ လက်နက်ချမယ်ပြောတာပေါ့။ ပြောတော့ အပစ်ရပ်ပေး တဲ့အချိန်မှာ သူတို့တွေက အဲဒီရေနံ့သာစခန်းရဲ့နောက်ဘက်မှာရှိတဲ့ ရေနံ့သာချောင်းထဲက ကိုင်း တောတွေထဲထွက်ပြေးကြတာ။ စခန်းထဲဝင်ရှင်းတော့ ရဲသုံ့ပန်း တစ်ဦးဖမ်းမိတာ၊ သူနဲ့အတူ လက် နက် ၁ လက်၊ ကျည်ဘောက်တွေ သိမ်းဆည်းရရှိခဲ့တာ၊ နောက်ပြီးတော့ လက် နက်တိုက်ထဲက တော့ ကျည်ဆံတွေ၊ လက်ပစ်ဗုံးသီးတွေ သိမ်းဆည်းရရှိခဲ့တယ်။ သူတို့ဆီမှာ လက်နက်ခဲယမ်းအပိုမရှိဘူး။ သူတို့ ကိုယ်စီကိုင်ထားတဲ့ လက်နက်တွေနဲ့ပဲ ထွက်ပြေးကြတာ။ ရဲစခန်းကိုမီးရှို့ပေးခဲ့လိုက်တာ အ ကုန် လုံးပြာကျသွားတယ်” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်း ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တပ်ခွဲ ၁ နှင့် တပ်ခွဲ ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“ဖြစ်စဉ်ဖြစ်ပြီးတော့ ဒေသခံတစ်ယောက်ကို မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်လို့တော့ သတင်း ကြားတယ်၊ တခြားထွေထွေထူးထူတော့မရှိဘူး။ မင်းတုန်း ၅ မိုင်ဂိတ်ကနေလည်း လက်နက် ကြီး ၂ ချက် ၃ ချက်ထုတာရှိတယ်။” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်း ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။"]
https://yktnews.com/2023/08/118885/
ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော “ဘာမှမမျှော်လင့်နဲ့” ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီး
["ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် ပြည်သူ လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူ ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော “ဘာမှမမျှော်လင့်နဲ့” ဇာတ်လမ်းပါဝင်သူ ၁၄ ဦးကို စစ်တပ်က ဖမ်းဆီး", "ရန်ကုန်| ဩဂုတ် ၁၉", "ကျင့်ဝတ်ဝိနည်းနှင့်မညီသော ရဟန်းများအတွက် လှူဒါန်းသော ဆွမ်းစားလျှင် သံရည်ပူကဲ့သို့ ဖြစ်လိမ့်မည်ဟု ဝေဖန်ထောက်ပြခဲ့သော “ဘာမှမမျှော်လင့်နဲ့” (Don’t expect anything!) အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းသည် ဗုဒ္ဓသာသနာကို အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် ဇာတ်လမ်းဖြစ်သည်ဟုဆိုကာစစ်ကောင်စီက အသက် ၁၂ နှစ်အရွယ် မိန်းကလေးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၄ ရက်နေ့မှာ အဆိုပါဇာတ်လမ်းကို Isi Dhamma YouTube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံခဲ့ရာ ဖန်တီးသူများကို ဖမ်းဆီးရန် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်ကတစ်ဆင့် စတင်လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။", "ဇာတ်ညွှန်း၊ ဒါရိုက်တာမှာ ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer ဖြစ်ကြောင်းနှင့် သရုပ်ဆောင်များဖြစ်သော ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ) ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ (ခ) ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ) ကဲကဲ၊ ကောင်းစံထွန်း(ခ) ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး(ခ) ဘရိုင်ယန် တို့ကို စစ်တပ်က ဖမ်းဆီးခဲ့သည်။", "စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဆွစ်ဇာလန် နိုင်ငံသား Didier Nusbaumer ၏ ဇာတ်လမ်း သည် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည်ဟုဆိုသော်လည်း လက်တွေ့ဇာတ်လမ်းတွင် ဝိနည်းနှင့်မညီပါက ရဟန်းသံဃာတော်များ စားသော ဆွမ်းသည် သံရည်ပူကဲ့သို့ ပူလောင်လိမ့်မည်ကို ထောက်ပြထားခြင်းဖြစ်သည်။", "ဇာတ်လမ်းတွင် ပါဝင်သူများကို ဗုဒ္ဓဘာသာဝင်များဖြစ်ပါလျက် ကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့် ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိခိုက်ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသူများဟု စစ်တပ်က စွပ်စွဲထားသည်။", "စစ်ကောင်စီ၏ စွပ်စွဲချက်တွင် ဇာတ်လမ်းကို ကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို၏ စိတ်နှလုံးကို ထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူများ သက်ရောက်ခဲ့သည်ဟု ထုတ်ပြန်သော်လည်း ဇတ်လမ်းတစ်ခုလုံးသည် ရဟန်းတု၊ ရဟန်းယောင်၊ စစ်တပ်နှင့်ပူးပေါင်းသော ဘုန်းကြီးများ၏ ဝိသေသလက္ခဏာများကို ပုံဖော်ထားခြင်းလည်းဖြစ်သည်။"]
https://yktnews.com/2024/02/147991/
ဆေးရုံ၊ ဆေးပေးခန်းများ ၊ ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများ အပေါ် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်နေမှု နိုင်ငံတကာက ထိရောက်လျှင်မြန်စွာ တားဆီးပေးရန် NUG ပန်ကြား
["ကျန်းမာရေးကဏ္ဍကို တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်သူများကို ပြင်းထန်စွာ အရေးယူမည်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲ၍ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူ အားလုံးကို ပြည်သူ့တရားဥပဒေနှင့်အညီ ပြင်းထန်ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး တရားမျှ တမှု ပြန်လည်ရရှိအောင် ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။", "“ကျနော်တိုအနေနဲ့ကတော့ ၂ မျိုးပေါ့ဗျာ၊ နံပါတ် ၁ ပြည်တွင်း ဥပဒေပေါ့ဗျာ၊ လက်ရှိမှာ ကျနော်တို စိုးမိုးထိန်းချုပ်မြေတွေမှာ ဖမ်းမိခဲ့တာမျိုး၊ ပြီးတော့ ရှာဖွေဖမ်းမိတာမျိုးတွေရှိမယ်၊ ပြီးရင်နောက်တစ် ခုက နိုင်ငံတကာဥပဒေ ယန္တရား တွေနဲ့လုပ်မှာပေါ့နော်၊ အဓိကတော့ နှစ်ပိုင်းပေါ်၊ နိုင်ငံတကာကို စောင့်နေတာမျိုးမဟုတ်ပဲနဲ့ ကိုယ်လည်းစိုးမိုးထိန်းချုပ်နယ်မြေတွေရှိနေပြီပဲ၊ လက်ရှိဒီကိစ္စနဲ့ပတ် သပ်ပြီး ကျူးလွန်ထားတဲ့သူတွေကို ကျနော်တို စုံစမ်းဖော်ထုတ်ဖမ်းဆီးတာမျိုးလည်းရှိလာနိုင်တယ်” ဟု NUG အစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆို ခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့အထိ မြန်မာနိုင်ငံတွင် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁,၂၀၀ ကျော်အထိ ရှိခဲ့ပြီး ဆေးရုံ ၊ ဆေးခန်း ပျက်စီးမှု ၃၀၈ ခု၊ ကျန်းမာရေးလုပ်သားများ သတ်ဖြတ်ခံရမှု ၁၀၄ ဦး၊ ကျန်းမာရေး လုပ်သားများ ထိခိုက်ဒဏ် ရာ ရရှိမှု ၁၃၆ ဦး ရှိကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၇ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်ခန့်က ရက္ခိုင်ပြည်၊ မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တမင်တကာ ရည်ရွယ် ချက်ရှိရှိ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံ ဝန်ထမ်းများ၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရသည်။", "အဆိုပါဆေးရုံသည် စစ်ကောင်စီတပ်ဖွဲဝင် သုံပန်းများ၊ သုံပန်းမိသားစုဝင်များကို ဆေးကုသပေးနေ သော အရပ်ဘက် ဆေးရုံတစ်ခုဖြစ်ကြောင်း သိရသည်။", "ထိုပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရက္ခိုင်ပြည်၊ ရမ်းဗြဲမြိုကို အကြမ်းဖက်စစ်ကောင်စီက တိုက် လေယာဉ်ဖြင့် ဖျက်အားပြင်းဗုံးများ ကျဲချတိုက်ခိုက်ခဲ့ရာ မြိုမဆေးရုံ တစ်ခုလုံး၊ မြိုမစျေး၊ သီလရှင် ကျောင်းနှင့် လူနေအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြိုရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဆေးရုံတစ်ခုလုံး ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ပြီး လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အချိန်မီတိမ်းရှောင်နိုင်ခဲ့ သဖြင့် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေ များနှင့် ပြည်တွင်း၊ ပြည်ပဥပဒေများကို မျက်ကွယ်ပြု၍ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ ပြည်သူများ အပေါ် တမင်ရည်ရွယ်ပစ်မှတ်ထားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ရက်စက်စွာ ကျူးလွန်လျက်ရှိကြောင်း NUG က ထောက်ပြသည်။", "နိုင်ငံတကာ အနေဖြင့်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ၌ ကျန်းမာ ရေး ကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများကို လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများအသုံးပြု၍ အကြမ်းဖက် စစ် ကောင်စီကို မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေရှိကြောင်း NUG ကျန်းမာရေးဝန်ကြီးဌာနက ပြောဆို သည်။", "NUG ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေသည့်တိုင် ပြည်သူ့ကျန်း မာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ အစည်းများ၊ ဒေသခံ အဖွဲအစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ အစွမ်းကုန် ဆက်လက် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ် ထွန်းသည်အထိ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/07/114452/
ကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ထုတ်ဝေမည့် သတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကွက်အားလုံး အရောင်း ယာယီပိတ်
["ကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ထုတ်ဝေမည့် သတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကွက်အားလုံး အရောင်း ယာယီပိတ်", "ရန်ကုန်၊ ဇူလိုင် ၂၃", "အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနှင့်ကားစျေးကွက်အားလုံး အရောင်း ယာယီပိတ်လိုက်ကြကြောင်း သိရှိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူများ ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာလိုက်ရာ ယင်းသတင်းထွက်ပေါ်ပြီး နာရီပိုင်းအတွင်းတွင် စျေးကွက်များအားလုံးတွင် အရောင်းများ ယာယီ ပိတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီနေ့ တနင်္ဂနွေနေ့ စျေးကွက်က ပုံမှန်က နားသူနားကြတယ်။ ရောင်းသူ ဝယ်သူတချို့လည်း ဝယ်ကြတာတယ်။ ဒါက ပုံမှန်အခြေအနေပါ။ အခုကတော့ ဒေါ်လာစျေးကွက်နဲ့ရွှေစျေးကွက်ကတော့ အရောင်းပိတ်သွားပြီ။ စျေးနှုန်းလည်း ခန့်မှန်းတောင် မဖွင့်ဘူး။ မနက်ဖြန်တောင် စျေးကွက်တွေ ဖွင့်နိုင်ပါမလားမသိဘူး။ ငွေစက္ကူ နှစ်သောင်းတန်ဂယက်က ဘယ်လိုပဲ အကန့်အသတ်နဲ့ ထုတ်တယ်ပြောပြော စျေးကွက်က ငွေကြေးဖောင်းပွမှုလာမယ်ဆိုတာ အားလုံးက တွက်ထားကြတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင် ကုန်သည်တစ်ဦးက ပြောဆိုသည်။", "လက်ရှိ အိမ်ခြံမြေစျေးကွက်တွင်လည်း တိုက်ခန်း၊ ကွန်ဒိုနှင့် အိမ်ခြံမြေ အထူးအရောင်းအဝယ် ကောင်းမွန်နေရာမှ ငွေကျပ် နှစ်သောင်းတန်သတင်းကြောင့် အရောင်းဖွင့်ထားသော တိုက်ခန်း၊ ကွန်ဒိုနှင့်အိမ်ခြံမြေတချို့ ခေတ္တယာယီ အရောင်းရပ်သွားပြီဟု သိရှိရသည်။", "“တချို့ အရောင်းတင်ထားတဲ့ ကွန်ဒို၊ တိုက်ခန်းနဲ့ အိမ်ခြံမြေတချို့ စျေးနှုန်းအပြောင်းအလဲ ရှိနိုင်လို့ အရောင်းခဏ ပိတ်ပေးပါဆိုပြီး ဒီမနက်ပိုင်း ဖုန်းတွေနဲ့ Cancel လုပ်တယ်။ နှစ်သောင်းတန် သတင်းကြောင့်ပါ” ဟု ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်တွင် တည်ရှိနေသည့် အိမ်ခြံမြေလက်ကြီး အကျိုးဆောင် စီးပွားရေးသမားတစ်ဦးက ပြောသည်။", "ကားစျေးကွက်တွင်လည်း လက်ရှိ နှစ်သောင်းတန် ထုတ်ဝေမည့် သတင်းကြောင့် ရိုက်ခတ်မှုကြီးနေပြီး လက်ရှိ မြင့်တက်နေသော ကားစျေးနှုန်းများ ပိုမို မြင့်တက်လာနိုင်ကြောင်း၊ ကားအရောင်းတချို့ မရောင်းတော့ဘဲ စျေးကွက်ကို စောင့်ကြည့်ရန် အရောင်း ရပ်ဆိုင်းသွားကြောင်း သိရှိရသည်။", "“Suzuki နောက်ဆုံးနံပါတ်ကားတွေက သိန်း ၁၀၀၀ ကျော်နေပြီ။ နံပါတ်အဟောင်းတွေ သိန်း ၉၀၀ လောက် တက်ခေါ်နေပြီ။ အခု အဲဒီ ဆူဇူကီး ကားတွေပါ အရောင်းပိတ်ကုန်ကြတယ်။ အခြား တစ်ပတ်ရစ်ကားတွေလည်း အရောင်း ခဏ ရပ်ထားမယ်ဆိုပြီး ဖြစ်ကုန်ကြတယ်။ ငွေကြေးဖောင်းပွမှုကို စောင့်ကြည့်ကြမယ်ထင်တယ်” ဟု မော်တော်ယာဉ် ဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်အသစ်ထုတ်ဝေမည့်သတင်းကြောင့် စားသောက်ကုန်များ၊ အခြား လူသုံးကုန်များ၊ ဆေးဝါးများအပေါ်ပါ သက်ရောက်မှုရှိနေပြီး စျေးနှုန်းမြင့်တက်မှုများရှိနေကြောင်း စျေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။"]
https://yktnews.com/2025/02/202318/
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ် ဓာတ်အား ပေးထားမှု ချက်ချင်းဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ် အတည်ပြု
["ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ် ဓာတ်အား ပေးထားမှု ချက်ချင်းဖြတ်တောက်မည်ဟု ထိုင်းဝန်ကြီးချုပ် အတည်ပြု", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက်ထားသည့် မြဝတီမြို့သို့ လျှပ်စစ်ဓာတ်အား ပေးထားမှု တုံ့ဆိုင်းမှုမရှိဘဲ ဖြတ်တောက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က အတည်ပြု ပြောဆိုလိုက်သည်။", "ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းနိုင်ငံအနေဖြင့် မြန်မာနယ်စပ် မြ၀တီမြို့သို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်သွားမည်ဖြစ်ပြီး မြန်မာဘ်ကအခြမ်းတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို လည်ပတ်နေမှုကို နှိမ်နင်းရန် တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ပြောဆိုသည်။", "ယနေ့တွင် ထိုင်းအစိုးရက ဝန်ကြီးအစည်းအဝေးတစ်ရပ်ခေါ်ယူခဲ့ပြီး ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အမျိုးသားလုံခြုံရေးကောင်စီ (NSC) နှင့် တွေ့ဆုံ၍ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ၏ ပြဿနာများကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေခဲ့ကြောင်း ပြောဆိုသည်။", "ထိုင်းအမျိုးသားလုံခြုံရေးကောင်စီဥက္ကဋ္ဌ Phumtham က နိုင်ငံတကာသို့ လှည့်လည်လိမ်လည်နေသော ကျားဖြန့်ဂိုဏ်းများ အခြေစိုက်ရာ မြဝတီမြို့သို့ လျှပ်စစ်မီး ချက်ချင်းဖြတ်တောက်ရန် ထိုင်းလျှပ်စစ် အာဏာပိုင်အဖွဲ့ (PEA) ထံသို့ အမိန့်ပေး ညွှန်ကြား ထားကြောင်း ပြောဆိုသည်။", "အမိန့်ကို လိုက်နာရန် ပျက်ကွက်သည့် မည်သည့်အရာရှိမဆို ထိုင်းနိုင်ငံကို ထိခိုက်စေမည့် ငွေလိမ်ဂိုဏ်းများကို ခွင့်ပြုခြင်းကြောင့် နယ်ပြောင်းခံရခြင်း (သို့မဟုတ်) ပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော သည်။", "“ဘယ်သူမှ မတွန့်ဆုတ်ပါဘူး။ နယ်စပ် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ရင် ဓာတ်အား ချက်ချင်း ဖြတ်တောက်နိုင်မှာပါ” ဟု ထိုင်းဝန်ကြီး ချုပ်က ပြောဆိုသည်။", "ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော်၍ လောင်စာဆီရောင်းဝယ်မှုများကိုလည်း ရပ်တန့်သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်ကို ဦးစား ပေးရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။", "“အခု ဖြစ်ပျက်နေတာက ထိုင်းပြည်သူတွေနဲ့ နိုင်ငံရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်နေတယ်။ စာနာနားလည်မှုနဲ့ ဦးစားပေးအရေးကြီးတာကို မလုပ်ခဲ့ရင် ပြဿနာက ရေရှည်ဖြစ်သွားမယ်။ အခုအချိန်က ပြတ်ပြတ်သားသား အရေး ယူရ မယ့်အချိန်ပါ” ဟု ထိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။", "ထိုင်းဝန်ကြီးချုပ်က ကျားဖြန့် ဂိုဏ်းများကို လျှပ်စစ်မီးပေးနေသည့်သူများကို တရားဥပဒေအရ အရေးယူမည်ဟုလည်း ကတိပြုပြောဆိုသည်။", "“ဒါက နိုင်ငံတော်တော်များများကို အလေးထားတဲ့ ကိစ္စပါ။ ကျူးလွန်သူတွေကို အရေးယူမှု မလုပ်ရင် ထိုင်းနိုင်ငံရဲ့ ယုံကြည်စိတ်ချရမှု ဆုံးရှုံးနိုင်ခြေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။"]
https://yktnews.com/2024/05/161492/
ကျားဖြန့်၊ လောင်းကစားမှုများဖြင့် အဖမ်းခံထားရသော မိတ္တီလာ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်၏ သတင်း ဖြုတ်ချပေးလျှင် အလှူငွေ သိန်း ၅၀ ပေးမည်ဟု လာဘ်ထိုးလာ
["ကျားဖြန့်၊ လောင်းကစားမှုများဖြင့် အဖမ်းခံထားရသော မိတ္တီလာ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်၏ သတင်း ဖြုတ်ချပေးလျှင် အလှူငွေ သိန်း ၅၀ ပေးမည်ဟု လာဘ်ထိုးလာ", "​ ဗိုလ်မှူးကြီး ညီညီမောင်၏ မိန်းမက လင်ဖြစ်သူ လွတ်မြောက်ရေး နာမည် ကြီး ဗေဒင်ဆရာ၊ ဘုန်းကြီးများဖြင့် ယတြာချေနေ", "ရန်ကုန်၊ မေ ၆", "မန္တလေးတိုင်း၊ မိတ္တီလာ အခြေစိုက် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်ကို စစ်တပ်က လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခဲ့သည့်သတင်းကို Khit Thit Media က သတင်းဖော်ပြခဲ့ပြီး အဆိုပါ သတင်းကို ဖြုတ်ချပေးပါက အလှူငွေပေးအပ်မည်ဟု Khit Thit သတင်းဌာနထံသို့ စစ်တပ်အသိုင်းအ၀ိုင်းက ဆက်သွယ်ပြောလာသည်။", "မေလ ၃ ရက်နေ့ ညပိုင်း စစ်ဖက်ရေးရာ ထောက်လှမ်းရေးတပ်ဖွဲ့များက အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူး ကြီး ညီညီမောင်ကို ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး ယင်းသို့ ဖမ်းဆီးမှု သတင်းကို Khit Thit Media က ဖော်ပြခဲ့သဖြင့် ယင်းဖော်ပြမှုအပေါ် ဖြုတ်ချပေးစေလိုကြောင်း၊ ယင်းသို့ ဖြုတ်ချပေးပါက Khit Thit Media နှင့် တော်လှန်ရေး အင်အားစုများထံသို့ အလှူငွေ အနည်းဆုံး သိန်း ၅၀ မှ စတင်၍ ပေးအပ်မည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။", "ငွေကြေးပေးရန် ကမ်းလှမ်းလာသူများက ၎င်းတို့ကို ဒုတပ်မမှူး၏ သားတပည့်များဟုသာ မှတ်ထားပေးရန်နှင့် သတင်းဖြုတ်ချလိုက်သည်နှင့် K-Pay ၊ Wave (သို့မဟုတ်) တရုတ်ဘဏ်အကောင့်ရှိလျှင် တရုတ်ဘဏ်အကောင့်၊ ထိုင်းဘဏ်အကောင့်ရှိလျှင် ထိုင်းဘဏ်အကောင့်မှ တဆင့် အလှူငွေပေးအပ်မည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ သတင်းမှာ ခိုင်မာသော သတင်းဖြစ်၍ ဖြုတ်ချပေးရန် မရှိဘဲ အလှူငွေကိုလည်း လက်ခံမည်မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။", "စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်သော ဗိုလ်မှူးကြီးညီညီမောင်သည် ၂၀၂၁ ခုနှစ် တပ်မ ၇၇ ဗျူဟာမှူး ဖြစ်ခဲ့စဉ်က မြောက်ဥက္ကလာပတွင် ဆန္ဒပြပြည်သူများကို ကိုယ်တိုင် စက်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်ကြောင်း သိရှိရသည်။", "ဗိုလ်မှူးကြီးညီညီမောင်သည် ရုရှားပြန်စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်သမျှ ကာလပတ်လုံး မိန်းမရှုပ်သူအဖြစ် နာမည်ကြီးသူလည်းဖြစ်သည်။", "စစ်တက္ကသိုလ်ကျောင်းဆင်းပြီးချိန်တွင် KTV မှ အမျိုးသမီးနှင့် ပထမ အိမ် ထောင်ကျပြီး သမီးတစ်ဦး မွေးဖွားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှားသို့ ပညာ တော်သင်သွားရပြီး မြန်မာပြည်ပြန်ရောက်ချိန် ပထမအိမ်ထောင်နှင့်ကွဲကာ စစ်တက္ကသိုလ်တွင် ဗိုလ်ကြီးရာထူးဖြင့် နည်းပြတာဝန်ထမ်းဆောင်သည်။", "ထိုအချိန် စစ်တက္ကသိုလ် (ချယ်ရီရိပ်) လက်ဖက်ရည်ဆိုင်ပိုင်ရှင် သမီးအကြီးမနှင့်ငြိစွန်းခဲ့ပြီး ကိုယ်ဝန်ဖျက်ချခဲ့ရကာ မိန်းမကိစ္စအတွက် တိုင်ကြားခံခဲ့ရသည်။ အဆိုပါ အမျိုးသမီးမှာ နောင်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ကျောင်းဆင်း ဗိုလ်မှူးဇော်ပိုင်၏ ဇနီးဖြစ်လာသည်။", "ယင်းနောက် ဒုတိယအိမ်ထောင်အဖြစ် မီမီစံနှင့် အိမ်ထောင်ကျပြီး စစ်တက္က သိုလ် စာပေ ၂ တွင် ဘောလုံးဒိုင်ကိုင်ခြင်း အပါဝင် လောင်းကစား အလုပ်များကို လုပ်ကိုင်ခဲ့သည်။", "၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးရာထူး တိုးပြီး ၂၀၁၃ ခုနှစ်တွင် ဖာပွန် ခလရ ၁၉ သို့ ဒုတိယတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ရသည်။ ထိုစဉ် ဒေသမှ အမျိုးသမီး ၁ဦးနှင့် ငြိစွန်းသဖြင့် တိုင်ကြားခံရကာ ငွေကြေးပေးလျှော်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် တောင်ငူ ခလရ ၂၆ သို့ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ရသည်။ တပ်ရင်းမှူးဘ၀တွင်လည်း ဒေသမှ အမျိုးသမီး တစ်ဦးနှင့် ထပ်မံ ငြိစွန်းခဲ့သဖြင့် ယင်းကိစ္စကို ဖြေရှင်းခဲ့ရသည်။", "တပ်ရင်းမှူးဘ၀ မြ၀တီ- တောင်ငူ လိုင်စင်မဲ့ကားများ သယ်ယူခြင်း၊ ဆက်ကြေးကောက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး တောင်ငူတွင် KTV မှ အမျိုးသမီးတစ်ဦးဖြင့် ငြိစွန်းသဖြင့် လျှော်ကြေးပေး ဖြေရှင်းခဲ့ရပြန်သည်။", "၂၀၁၇ ခုနှစ်တွင် ဗထူးကျောင်းသို့ နည်းပြဖြင့် ပြောင်းရွှေ့ပြီး တပ် ရင်းမှူး သင် တန်းသားများထံမှ ငွေကြေး ကောက်ခံသဖြင့် ကျောင်းအုပ်ကြီး၏ သတိပေးမှု ခံခဲ့ရသည်။", "၂၀၂၁ ခုနှစ်တွင် တပ်မ ၇၇ ၏ဗျူဟာမှူးဖြစ်ခဲ့ပြီး ရန်ကုန်ရှိ စစ်အာဏာရှင်ကို ဆန္ဒပြသည့် အရေးအခင်းတွင် ပြည်သူများကို စက်သေနတ်ဖြင့် ကိုယ်တိုင် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်သည်။", "၂၀၂၃ ခုနှစ်တွင် တပ်မ ၉၉ ၏ ဒုတိယတပ်မမှူးဖြစ်လာပြီးနောက် လောက်ကိုင်တွင် ခေတ္တသွားရောက် တာဝန်ယူခဲ့ကြောင်း၊ ထိုသို့ တာဝန်ယူစဉ် လောင်းကစားနှင့် ကျားဖြန့်များထံမှ ငွေကြေး မြောက်များစွာ လက်ခံခဲ့ကြောင်း၊ ထို့ကြောင့် ယခုမေလတွင် လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင်ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။", "လက်ရှိတွင် ဗိုလ်မှူးကြီး ညီညီမောင်၏ မိန်းမဖြစ်သူ မီမီစံက လင်ဖြစ်သူ ပြန်လည် လွတ်မြောက်ရေးအတွက် နာမည်ကြီး ဗေဒင်ဆရာများ၊ ဘုန်းကြီးများနှင့် တွက်ချက်၍ ယတြာချေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်"]
https://yktnews.com/2023/09/121882/
ကျားသစ်နက် တပ်မတော်၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေး
["ကျားသစ်နက် တပ်မတော်၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေး", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "ကျားသစ်နက်တပ်မတော် (Black Leopard Army) ၏ စားနပ်ရိက္ခာ အခက်အခဲကို စပါးစိုက်၍ ဖြေရှင်းနေရပြီး ပြည်သူများက ဝိုင်းဝန်း ကူညီ စိုက်ပျိုးပေးကြောင်း သိရသည်။", "တပ်ဖွဲ့၏ စားနပ်ရိက္ခာ အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရေးအတွက် ကျားသစ်နက်တပ်မတော်မြိုင်တပ်ခွဲ စိုးမိုးနယ်မြေအတွင်း လယ်မြေအလွတ်တွေမှာ", "စပါးများ ထွန်ယက် စိုက်ပျိုးနေရကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "စိုက်ပျိုးရေး လုပ်ငန်းများ မြန်ဆန်စွာ ပြီးမြောက်နိုင်ရေးအတွက် ကျားသစ်နက် တပ်မတော်မြိုင်တပ်ခွဲမှ ရဲဘော်များနှင့် အတူ ဒေသ ပြည်သူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၀ ကျော်က ပျိုးနှုတ်ကောက်စိုက် လုပ်အားများ", "ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး စေတနာရှင် ပြည်သူတချို့ကလည်း အသားဟင်းနှင့် ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/80534/
ကျိုက္ကော်နှင့်ဘီးလင်းအကြားတွင် စစ်တပ်ကုန်စည်သယ် ရထား ကို မိုင်းဆွဲတိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာ ပြင်းထန်
["ကျိုက္ကော်နှင့်ဘီးလင်းအကြားတွင် စစ်တပ်ကုန်စည်သယ် ရထား ကို မိုင်းဆွဲတိုက်ခိုက်၊ ဘီးလင်းတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ် ရာ ပြင်းထန်", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း PDF သတင်း ရင်းမြစ်က ပြောသည်။", "ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်ကျင်အချိန် ဘီးလင်းမြို့နယ်၊ ဒေါက် ရပ် ကျေးရွာ၊ ရွှေအင်တုံကုန်းတွင် စစ်ကားတန်းကို KNLA ၊ PDF ပူးပေါင်းတပ် များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်ကား ၂ စီး ထိမှန်ပြီး စစ်တပ်ဘက်မှ ၇ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦးမှာ ဆေးရုံတင်ပို့ ကုသနေရ ကြောင်း သိရှိရသည်။", "” မနေ့က မိုင်းဆွဲတာက ရွှေအင်တုံကုန်းဆင်း ဘီးလင်းနှင့်သထုံအကြားမှာပါ။ စစ်ခွေး ကား၂စီး ပျက်စီးတယ်။ စစ်ခွေး ၇ ကောင်သေတယ်။ ၃ ကောင် ဒဏ် ရာ ရတယ်” ဟု PDFသတင်းရင်းမြစ်က ပြောသည်။", "ထို့ပြင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် မွန်ပြည်နယ်၊ ကျိုက္ကော် နှင့် ဘီးလင်း အကြား စစ်တပ်ကုန်စည်တင် ရထားကို KNLA နှင့်PDF ပူးပေါင်း တပ် များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်ဘက်ကမူ စစ်တပ်ကုန်စည်ရထားမဟုတ်ဘဲ ကျောက်တင်ရထားဟုဆို သတင်းထုတ်ပြန်ထားသည်။", "စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာအနီး၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးဘူတာမှ ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာသို့ ကျောက်တင်ဆောင်ရန် ထွက်ခွာလာသည့် စက်ခေါင်းမောင်း ဦးထွန်းထွန်းခိုင်နှင့် မီးရထားဂတ်ဗိုလ် ဦးမျိုးကျော်စိုး ပါ ရထားဝန်ထမ်း ၅ ဦးတို့ လိုက်ပါလာသည့် စက်ခေါင်းအမှတ် DF-2029 ၊ တွဲ ၁၃ တွဲပါ၊ ကျောက်တင်ရထားသည် မိုင်းထောင်ဖောက်ခွဲခံရသဖြင့် ရထား စက်ခေါင်း၊ ရထားတွဲ(၂)နှင့် တွဲ(၃)တို့ ရထားတွဲ ၃ တွဲသည် ရထားလမ်းချော်ပြီး ရပ်တန့်ကာ ရထားလမ်း ၄ ပေခန့်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/93501/
ကျိုက်ထို တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ကျေး ရွာနှင့် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်လျှင် စစ်တပ်တပ်ရင်း ဌာန ချုပ် များကို တန်ပြန်တိုက်ခိုက်မည်ဟု သတိပေး
["ကျိုက်ထို တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ကျေး ရွာနှင့် ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်လျှင် စစ်တပ်တပ်ရင်း ဌာန ချုပ် များကို တန်ပြန်တိုက်ခိုက်မည်ဟု သတိပေး", "ရန်ကုန်၊ မတ် ၂၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူးနေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း သထုံပြည်သူ့ ကာ ကွယ်ရေး တော်လှန်ရေးအင်အားစု(TPDF) မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြာသည်။", "ယနေ့မတ်လ ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ တပ်မ ၄၄ ဌာန ချုပ် ရုံးနှင့် တပ်မမှူးနေ အိမ်အား KNLA၊ PDF၊ KRF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၇ လုံး ပေါက်ကွဲပြီး ထိခိုက် ပျက်စီး မှုအ ခြေအနေ မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“အထိအခိုက်ရှိနိုင်ပါတယ်၊ အသေးစိတ်တော့မသိရသေးဘူး၊ ခွေးတွေဘက်က ပြန်ပစ်တာမျိုးမရှိဘူးဗျ၊ အရင်ကဆိုရင် မြေပြင်မစ်ရှင်ဖော်ပြီးတာနဲ့ မကြာပါဘူး၊ သူတို့ဘက်က လက်နက်ကြီးတွေ အများကြီး ပြန်ပစ်လေ့ရှိတယ်၊ အခုနောက် ပိုင်း တော့ နည်းသွားတယ်၊ ကျည်ကုန်နေတာလား၊ ကျည်စုနေတာ မပြော တတ်ဘူး၊ အရင်က ထက်တော့ လက်နက်ကြီး ပစ်တာ လျော့သွားတယ်” ဟု သထုံ ပြည်သူ့ ကာကွယ်ရေး တော်လှန်ရေး အင် အားစု(TPDF)မှ တာဝန်ရှိ သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာသည်။", "အကြမ်းဖက်စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်း လက်နက် ကြီး ပစ်ခတ်တိုင်း ၎င်းတို့ ၏ တပ်ရင်း၊ တပ်မ၊ ဌာနချုပ်စခန်းများကို တန်ပြန် ပစ်ခတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူ များအနေဖြင့် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ယာဉ်တန်းများ၊ တပ်ဝန်းများနှင့် ဝေးဝေးနေပေး ကြပါရန် သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု(TPDF) ကမေတ္တာ ရပ်ခံထားသည်။", "ဓာတ်ပုံ- ကျိုက်ထိုမြို့နယ်ရှိ တပ်မ ၄၄ ဌာနချုပ် လက်အောက်ခံ ခမရ ၂ ။"]
https://yktnews.com/2024/12/196706/
ကျိုက်ထို မုပ္ပလင်လမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ စလင်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရ
["ကျိုက်ထို မုပ္ပလင်လမ်းဆုံ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ စလင်းမြို့တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် လမ်းဆုံ စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဗုံးသီးချပြီးတော့ နာရီဝက်လောက်ကြာတော့ လက်နက်ကြီးနဲ့ ရမ်းပစ်တာရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ပြီးပြီဖြစ်တဲ့အတွက်အထိအခိုက်မရှိခဲ့ဘူး။ ခရီးသွား ပြည်သူတစ်ဦးတော့ ကားမှန်စစင်ပြီ ထိခိုက်ဒဏ်ရာရတယ်လို့ ကြားတယ်၊ သတင်းတော့ အတည် မပြုနိုင်သေးဘူး။ ဘုရားဖူးပြည်သူတွေကို အသိပေးချင်တာ စခတွေနဲ့ ဝေးဝေးရှောင်နေကြဖို့ တိုက် တွန်းချင်ပါတယ်။ စစ်ရေးဆိုတာ အချိန်မရွေး၊ နေရာမရွေးဖြစ်လာနိုင်လို့ပါ” ဟု ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA နှင့် PDF ၇၈၀၅ တပ် ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကျိုက်ထို တော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပြီး ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာပျက်စီးဆုံးရှုံးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများကို ပြုလုပ်မည်မဟုတ်ကြောင်း အသိပေး ပြောဆိုထားသည်။", "အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြောင်းခြားရွာဘက်ကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းကပြောဆိုသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အင်အား ၃၀ ကျော်ဖြင့် စလင်းမြို့နယ်၊ မြောင်းခြားရွာဘက်သို့ တောင်ခြေမှ ခြေလျင်ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီ ကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ကူယူကာ ပြန်လည်ဆုတ်ခွာသွားပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသင့်ထောင်ထားသော မိုင်းများထပ်မံနင်းမိကာ ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/199092/
ကျိုက်ထို သိမ်ဇရပ် ရဲစခန်းနှင့် ပေါက် ကပစ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ကျိုက်ထို သိမ်ဇရပ် ရဲစခန်းနှင့် ပေါက် ကပစ ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ခမရ ၂၀၇ တပ်ရင်းမှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Kyaikhto Revolution Force မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃ဝ မိနစ်ဝန်းကျင်ခန့်တွင် သိမ်ဇရပ် ရဲစခန်း ကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ၊ KNU/KNLA နှင့် PDF (၇၈ဝ၅) တပ်ရင်း ပူးပေါင်း အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းရှိ ခမရ ၂၀၇ တပ်ရင်းမှ အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ယင်း တိုက်ခိုက်မှု အတွင်း ဒရုန်း ၁ စီး ဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ကျိုက်ထို တော်လှန်ရေးအင်အားစု KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင် Kyaikhto Revolution Force မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုရှိကြောင်း ပုံတောင် Tiger PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်တွင် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ တပ် အတွင်း သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“နောက်ဆက်တွဲထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေဆဲပဲ ပျက်စီးဆုံးရှုံးမှုကတော့ ရှိနိုင်တယ်။ ဝန်ထမ်းအိမ်ယာထဲက အရာရှိအဆောက်ပေါ် ချခဲ့တာ ပစ်မှတ်ကတော့ ထိတယ်။ ဂျန်ပါနဲ့ ကောင်တာ ပစ်နေတာကြောင့် ၅ စီး တစ်ခေါက်ပဲ ချပြီး ပြန်ဆုတ်လာခဲ့တာ။ တစ်စီးကို ဗုံးသီး ၂ လုံးချပြီး စုစု ပေါင်း ၁၀ လုံးချခဲ့တာ ၈၁ မမ လက်နက်ကြီးနဲ့ လေးငါးချက်လောက်ပစ်တယ်။ ကျနော်တို့ရဲဘော် တွေတော့ အထိအခိုက်မရှိဘူး” ဟု ပုံတောင် Tiger PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ ပုံတောင်TIGER PDF နှင့် EAGLE WINGS Drone Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ် Jammer ကြောင့် ကင်းထောက်ဒရုန်းတစ်စီးနှင့် Fixed Wings Drone တစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/205357/
ကျိုက်ထို သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများနှင့် အမှတ် ၃၁၀ အမြောက်တပ်တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ကျိုက်ထို သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းများနှင့် အမှတ် ၃၁၀ အမြောက်တပ်တို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း အင်းတကော် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သိမ်ဇရမ် အခြေစိုက် ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲပြီး ရှော့တိုက်ဒုံးများဖြင့် တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“သိမ်ဇရပ် ခမရ ၂၀၇ တပ်ရင်း ကာကင်းစခန်းတွေ အင်အားထပ်ဖြည့်ထားတယ်လို့ သတင်းလို့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ပြီး ရှော့တိုက်ဒုံးနဲ့ တပြိုင်တည်းသွားရောက်တိုက်ခိုက်ခဲ့တယ်။ ရန်သူ့ဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ ရန်သူ့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည်", "ဆုတ်ခွာနိုင်ခဲ့တယ်” ဟု အင်းတကော် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဝေါမြို့နယ် ပကဖ ၊ အင်းတကော်မြို့နယ် ပကဖ နှင့် တောင်ညို စစ်ကြောင်းတို့က ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်အတွင်းကို မစ်ဇိုင်း ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အကြမ်း ဖက်စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်ရင်း၊ ဗဟိုကင်းနှင့် လူပျိုဆောင်တို့အား မစ်ဇိုင်းဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံး၊ ထိခိုက်လူနာ များကို ပဲခူးမြို့နှင့် မော်လမြိုင်မြို့ဘက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။", "“သေဆုံးထိခိုက်မှုက စုံစမ်းလို့မရဘူး။ လူနာတင်ယာဉ်တွေနဲ့ သိမ်ဇရပ် ကျိုက်ထို ဆေးရုံကို မတင်ဘဲ ပဲခူးနဲ့ မော်လမြိုင်ကို ပို့တယ်လို့ သိရတယ်။ လူပျိုဆေင်ဘားတိုက်နားကျတာ ထိခိုက်သေဆုံးမှုကတော့ရှိတယ်။ အခုထိ သိမ်ဇရပ်က လူနာတင်ယာဉ်တွေ အကုန်နီးပါး လိုက်ပို့ရတယ်လို့ သတင်းရ ထားတယ်။ ပထမ ၂ လုံးပစ်တော့ ပြန်ပစ်တာမျိုးမရှိဘူး။ တတိယအလုံး သူတို့နားကျပြီးတော့ ပြန် စပစ်တာ လက်နက်ကြီးရော လက်နက်ငယ်ရောပဲ စကစဘက်ကို ကျနော်တို့ ဒရုံးနဲ့ချဖို့ ဂျန်ဘာတွေ တအားသုံးလာတဲ့အပြင် gps ဂျန်ဘာတွေပါ အဆင်မြင့်တပ်လာတယ်။ ဒိီအချိန် ကျနော်တို့ မိုင်အကွာအဝေးနဲ့ ပစ်မှတ်တိကျမှုအနီးဆုံး ထုတ်လုပ်နိုင်သော မစ်ဇိုင်းတွေ ၆၀ မမတွေ ရှော့တိုက်ဒုံးတွေကလဲ စကစ အတွက် ကြီးမားသော ထိုးစစ်ခံရမှုပါပဲ။ ကျနော်တို့ တိုက်ခိုက်မှု စနစ်တကျတွေနဲ့ ခြေသံလုံလုံ အတက်နိုင်ဆုံး သတင်းမပေါက်ကြားအောင်လုပ်ပြီး စကစ တိုက်ထုတ် စစ်တောင်းမှသည် အိမ်အပြန်သို့ ခရီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် (ပကဖ) ဦးဆောင်၍ UDF ၊ ဝေါ (ပကဖ) နှင့် ကဝ(ပကဖ) လက် နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက် ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် သေဆုံးစစ်သားများ အသုဘချရာတွင်လည်းကောင်း၊ လူများကို ပို့ဆောင်ရာတွင်လည်းကောင်း၊ နာရေးကူညီမှုအသင်း၊ ပရဟိတအသင်းတို့မှ အဖွဲ့ဝင်များ ကို သတင်းမပေါက်ကြားစေရန် ခြိမ်းခြောက်ဖိအားပေးထားကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုး မောင်က ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/03/93773/
ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၂", "မွန်ပြည်နယ်၊ ကျိုထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်တိုက်ခိုက်မှုနှင့် ဘီလင်းမြို့နယ်၊ သံတံတားဂိတ် တိုက် ခိုက်မှုတွင် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင် အားစု(TPDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "မတ်၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူး ၏ နေအိမ်တို့ကို KNLA၊ PDF၊ KRF နှင့် TPDF Drone ယူနစ်တို့ ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၇ လုံး ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“၂ နေရာကို ၄ ကောင်သေတာပါ၊ တခြားထိခိုက်ပျက်စီးမှုတော့ မကြားသေးဘူး၊ ကျိုက်ထိုနဲ့ ဘီးလင်း ကြား သံတံတားဂိတ်ကို တိုက်ခိုက်မှု နှစ်ကြိမ်မှာက တစ်ကောင် ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့သူတွေ ထဲက ဆေးရုံမှာ တစ်ကောင် ထပ်သေတယ်၊ တပ်မ ၄၄ ဌာနချုပ်ကို တိုက်ခိုက်မှုမှာလည်း ၂ ကောင် သေတယ်” ဟု သထုံ ပြည် သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF) မှ ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က တစ်ကြိမ်၊ ညနေ ၆ နာရီခန့်က တစ်ကြိမ် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဖြင့် တပ်စွဲထားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်ကြားရှိ သံတံတားဂိတ် ကို KNLA ၊PDF ၊ KRF နှင့် TPDF Drone ယူနစ် ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် လမ်းကင်းယူနေ နေသာအကြမ်းဖက်စစ်သားများတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့မတ်လ ၂၂ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က လမ်းကင်းလုံခြုံရေးယူနေသော အကြမ်းဖက်စစ် သားများကို တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]