url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/04/158042/
မြန်မာနိုင်ငံတွင် စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းနေသဖြင့် လူငယ်များ ပုန်းရှောင်နေရပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးနေရကာ အနာဂတ်ပျောက်နေဟု ကုလသမဂ္ဂ ၂၀၂၄ လူငယ်ဖိုရမ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြ
["ကုလသမဂ္ဂက ထိရောက်သော အရေးယူမှု ပြုလုပ်ပေးရန် တောင်းဆို", "ရန်ကုန်၊ ဧပြီ ၁၉", "မြန်မာနိုင်ငံတွင် စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းနေသဖြင့် လူငယ်များ ပုန်းရှောင်နေရပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးနေရကာ အနာဂတ်ပျောက်နေရသည်ဟု ကုလသမဂ္ဂ ၂၀၂၄ လူငယ်ဖိုရမ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြလိုက်ကြောင်း သိရှိရသည်။", "ဧပြီလ ၁၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် စီးပွားရေးနှင့်လူမှုရေးကောင်စီ၏ “၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်” နှင့် ဆက်စပ်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း တင်ပြပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ်၏ တရားမဝင်သော အတင်းအကြပ် စစ်သားစုဆောင်းရေးကြောင့် လည်း ပြည်သူများ ကြုံတွေ့နေသော ဒုက္ခကို ပိုမိုဆိုးရွားစေကြောင်း၊ လူငယ်အချို့မှာ ပုန်းရှောင်နေရပြီး အချို့မှာ ပြည်ပနိုင်ငံများကို ထွက်ပြေးကြရကြောင်း၊ မိမိတို့အနေဖြင့် လူငယ်များအား အနာဂတ်မဲ့စေသည့် ထိုသို့သော အခြေအနေဆိုး တစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရကြောင်း၊ လူငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ်ပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာလူငယ်များ၏ မျှော်မှန်းချက်များကို မမေ့လျော့ သင့်ပါကြောင်း၊ ထို့အတူ 2030 Agenda ကို ဗဟိုပြုလျက် “မည်သူတစ်ဦးတစ်ယောက် ကိုမျှ မချန်လှပ်ရေး” မူနှင့်အညီ လိုအပ်သော ထိရောက်သောအရေးယူမှုများကို အလျင်အမြန် ဆောင်ရွက်သင့်ပါကြောင်း ဦးကျော်မိုးထွန်းက တင်ပြတောင်းဆိုသည်။", "မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင်ခဲ့သည့် မအောင်မြင်သော တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် မြန်မာလူငယ်လူရွယ်များအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ရင်ဆိုင်နေရကြောင်း၊ စင်စစ်အားဖြင့် မိမိတို့၏ လူငယ်များသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များကျရှုံးရေးနှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာရေးအတွက် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ လူငယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ UNDP စာရင်းဇယားများအရ ၂၀၂၃ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေးငယ် ဦးရေ ထက်ဝက်ကျော်မှာ နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် ကျရောက်နေကြောင်း၊ ၁၂ ဒသမ ၉ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈ ဒသမ ၆ သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက် ရှိကြောင်း အလွန် အမင်း ဆင်းရဲနွမ်းပါသည့် မိသားစုများအနေဖြင့် ရွေးချယ်ရန်မရှိသဖြင့် စားသောက်ကုန်များအတွက် ငွေကြေးကျခံသုံးစွဲနိုင်မှု လျော့နည်းလာကြောင်း ဦးကျော်မိုးထွန်းက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#သံအမတ်ကြီးဦးကျော်မိုးထွန်း #ကုလသမဂ္ဂ ၂၀၂၄ လူငယ်ဖိုရမ်"]
https://yktnews.com/2024/02/144131/
စစ်ကောင်စီက အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်မှုများကို ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချ
["ကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ကောင်စီကို ထိရောက်စွာ အရေးယူရေး သံအမတ်ကြီးဦးကျော်မိုးထွန်း တောင်းဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "အကြမ်းဖက်စစ်ကောင်စီက အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု အပါ အဝင် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းနှင့် အလှည့်ကျ အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ဗြိတိန်၊ အမေရိကန်၊ ဆွစ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လတာ၊ တောင်ကိုရီးယား၊ စလိုဗီးနီးယား စုစုပေါင်း အဖွဲ့ဝင် ၉ နိုင်ငံက ယင်းကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်လာပြီဖြစ်သော်လည်း တိုင်းပြည်အခြေအနေမှာ ဆိုးဝါးလာနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီက အရပ်ဘက်၊ စစ်ဘက်ခွဲခြားခြင်းမရှိသော လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ အရပ်သားများနှင့် အရပ်ဘက်အဆောက်အဦများကို စစ်ကောင်စီက တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရေး အာဆီယံ၏ တောင်းဆိုမှုအပေါ် ထောက်ခံကြောင်း အဖွဲ့ဝင် ၉ နိုင်ငံ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။", "စစ်အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ပြည်သူ ၁၈ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေပြီး ၂ ဒသမ ၆ သန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေသော ပြည်သူများထံ လျှင်လျှင်မြန်မြန် ပြည့်ပြည့်၀၀ ဘေးကင်းလုံခြုံစွာ ရောက်ရှိရေး တောင်းဆိုထားသည်။", "ထို့ပြင် ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ပြီး တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ်လည်း စိုးရိမ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသခွင့်များ ကန့်သတ်ခံနေရမှုများအပေါ်လည်း စိုးရိမ်ကြောင်း၊ ရိုဟင်ဂျာများ နေရပ်သို့ ၎င်းတို့ဆန္ဒသဘောထားအလျောက် ပြန်နိုင်သည့်အခြေအနေများ ဖန်တီးပေးရန်လည်း တောင်းဆိုကြောင်း သိရှိရသည်။", "ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တောင်းဆိုချက်များဖြစ်သော အကြမ်းဖက်မှုများ ရပ်တန့်ပြီး တင်းမာမှုများ လျှော့ချရန် ၊ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန် လည်း တောင်းဆိုကြောင်း၊ လူ့အခွင့်အရေး တရားဥပဒေစိုးမိုးရေး၊ အခြေခံအခွင့်အရေးများကို အားလုံးက လေးစားလိုက်နာရန်ကို လေးစားနာကြရန်လည်း တောင်းဆိုထားသည်။", "လက်ရှိ အခြေအနေများတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နှင့်ပတ်သက်၍ တိုးတက်မှုများ မရှိသည့်အပေါ် စိုးရိမ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ရန်၊ အာဆီယံဘုံသဘောတူညီချက် ၅ ရက်ကို အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။", "ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး မြန်မာလူထု၏ ဒီမိုကရေစီလိုလားသော ဆန္ဒကို လေးစားကြောင်း ထုတ်ပြန်ပြောဆိုထားသည်။", "ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကမူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးအတွက် ထိရောက်စွာ ဖြေရှင်းပေးပြီး စစ်ကောင်စီကို ထိရောက်စွာ အရေးယူရန် တောင်းဆိုထားသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar"]
https://yktnews.com/2024/04/155217/
မြန်မာပြည်သူများကို အကြမ်းဖက်နေသော စစ်ကောင်စီကို လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမပြုရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ် တောင်းဆို
["ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်ရေး အရေးယူဆောင်ရွက်ရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်း", "ရန်ကုန်၊ ဧပြီ ၅", "မြန်မာပြည်သူများကို အကြမ်းဖက်နေသော စစ်ကောင်စီကို လေယာဉ်ဆီနှင့် စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းမပြုရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ် တောင်းဆိုလိုက်ကြောင်း AP သတင်းတစ်ရပ်အရ သိရှိရသည်။", "အီရန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၎င်းတို့၏ ပြည်သူများကို အကြမ်းဖက်နေသည်ဟု အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်ပြီးနောက် ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နိုင်ငံတကာအစိုးရများကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။", "အကြမ်းဖက် မြန်မာစစ်ကောင်စီက ဒီမိုကရေစီလိုလားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ပိုမို ပြင်းထန်သော အကြမ်းဖက် ရက်စက်မှုများ ကျူးလွန်လာကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှ လွတ်လပ်သော ကျွမ်းကျင်သူတစ်ဦးက ပြီးခဲ့သည့်လတွင် သတိပေးခဲ့သည်။​နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မြန်မာနိုင်ငံသို့ လေယာဉ်ဆီများ တင်ပို့ရောင်းချမှုကို ပိတ်ပို့ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး ဇန်နဝါရီလတွင် လေကြောင်းလောင်စာဆီ ထောက်ပံ့မှုကွင်းဆက်များနှင့် ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် ကြိုးပမ်းမှုနေမှုများကို ထောက်ပြ ထုတ်ပြန်ခဲ့သည်။", "“စစ်ရာဇ၀တ်မှုကျူးလွန်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ လေယာဉ်ဆီ ရောင်းချနေခြင်းဟာ ပုံမှန် စီးပွားရေးအဖြစ် လက်ခံလို့မရပါဘူး။ ဒါက ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ရဲ့ အဓိက အရေးကြီးတဲ့သတင်းစကားတစ်ခုပါ” ဟု ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် ကိုယ်စားလှယ် Iniyan Ilango က ပြောကြားသည်။", "ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်မှုသည် ကောင်းမွန်သော အစကောင်းဖြစ်သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံသို့ လေကြောင်းလောင်စာဆီ တိုက်ရိုက် သွယ်ဝိုက် တင်ပို့မှုများကို ပိတ်ဆို့အရေးယူသင့်ကြောင်း၊ ထိုသို့ အရေးယူခြင်းဖြင့် “ လေကြောင်းတိုက်ခိုက်ခြင်းဖြင့် စစ်ရာဇ၀တ်မှုများ”ကို ကာကွယ်တားဆီးနိုင်ဖြစ်ကြောင်း သူက ဆက်ပြောသည်။", "ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖေဖော်ဝါရီ ၂၆ ရက်က စတင်ခဲ့သော ယခုနှစ်၏ ပထမအကြိမ်အစည်းအဝေးကို အပြီးသတ်ကျင်းပနေပြီး ကလေးသူငယ်အခွင့်အရေးများကဲ့သို့ ကွဲပြားသည့် ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်ပေါင်း ၄၀ ကျော်ကို အရေးယူဆောင်ရွက်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး၊ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေး၊ ဆူဒန်၊ ဘီလာရုစ်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့ ကောင်စီရှိ အခွင့်အရေးအခြေအနေများကို သုံးသပ် အစီရင်ခံတင်ပြလျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ၂၀၂၃ ခုနှစ် စစ်လေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတက်နေသော အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အကြမ်းဖက်နေသောစစ်ကောင်စီ#လေယာဉ်ဆီနှင့်စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချခြင်းမပြုရန်#ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကဆုံးဖြတ်"]
https://yktnews.com/2024/11/193116/
ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ရန်ရှိနေသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” မူကြမ်းတွင် မြန်မာ့အရေး ဖြေရှင်းပေးနိုင်ရေး မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ပျက်ကွက်မှုများရှိနေ
["ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ရန်ရှိနေသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” မူကြမ်းတွင် မြန်မာ့အရေးဖြေရှင်းပေးနိုင်ရေး မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ပျက်ကွက်မှုများရှိနေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ရန်ရှိနေသည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” မူကြမ်းတွင် မြန်မာ့အရေး ဖြေရှင်းပေးနိုင်ရေး မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ပျက်ကွက်မှုများရှိနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။", "နိုဝင်ဘာလ ၂၀ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြု ဆုံးဖြတ်ချက် မချမှတ်မီ ဆွေးနွေးစဉ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "ယခုနှစ်အတွက် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂတို့မှ ပူးတွဲ တင်သွင်း သည့် “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်းတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ၊ မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရေး အတွက် မှန်ကန်စွာ ထင်ဟပ် မှု မရှိဘဲ ယခင်အတိုင်းပင် ပျက်ကွက်ခဲ့ပါကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။", "လက်ရှိ မြန်မာနိုင်ငံအတွင်း မြေပြင်တွင် ဖြစ်ပေါ်နေသော ပကတိ အခြေအနေ မှာ မိမိတို့ မြင်တွေ့ရသည်ထက် မမျှာ်မှန်း နိုင်အောင် အလွန်ဆိုးရွားလျက်ရှိကြောင်း၊ စစ်အုပ်စုအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ တစ်ထောင့်တစ်နေရာမှ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ ရရှိနေသော ပံ့ပိုးမှုများကြောင့် ထိုကဲ့သို့သော လူမဆန် သည့် ရာဇဝတ်မှုများ ကျူးလွန်ခွင့် ရရှိနေသည်မှာ ရှင်းလင်းမြင်သာကြောင်း၊ အထူးသဖြင့် စစ်အုပ်စုမှ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှု များသည် မကြာသေးမီက အပြန်အလှန် သွားရောက်ခဲ့သည့် နိုင်ငံခြားခရီးစဉ်များအပြီးတွင် သိသိသာသာ မြင့်တက် လာခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။", "ထို့ကြောင့် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်ရေးကိစ္စရပ်များတွင်ပါ နှစ်မျိုး အသုံးပြုနိုင် သည့် ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများနှင့် ငွေကြေးထောက်ပံ့မှုများ စီးဆင်းနေခြင်းကို ချက်ချင်း ရပ်တန့်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအား လူသား ဆန်မှု ရှု့ထောင့်မှ တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွက် သင့်လျော်စွာ မဖော်ပြခြင်းနှင့် ဖြေရှင်းပေးခြင်း မရှိသည်ကို ကြည့်ခြင်း အားဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံရှိ အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက် အိုးအိမ်ကို မျက်ကွယ်ပြု နေသည်လော၊ ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စု၏ ယုတ်ရင်းကြမ်းတမ်းသော ရည်ရွယ်ချက်များကိုသာ ထောက်ခံအားပေးနေလောဟူသည့် အထူးစိုးရိမ် ရသည့် အမေးများ ကိုသာ ဖြစ်ပေါ်လာစေကြောင်း ၎င်းက ဆိုသည်။", "မြန်မာအရေးအား အရေးယူဆုံးဖြတ်ရာတွင်လည်း မြန်မာပြည်သူများ၏ ဆန္ဒ နှင့် အကျိုးစီးပွားတို့ကို အခြေခံ ၍သာ လုပ်ဆောင်ရမည်ကို ၎င်းက အလေးအနက်ထား တိုက်တွန်းသည်။", "အဆိုမူကြမ်းမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂတို့၏ကိုယ်စား ဆော်ဒီအာရေဗျကိုယ်စားလှယ်က တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုမူကြမ်းကို ဆွေးနွေးသည့်လုပ်ငန်းစဉ်တစ်လျှောက်တွင် မိမိတို့ ကိုယ်စားလှယ်အဖွဲ့ က အပြု သဘောဆောင်စွာ ပါဝင်ဆွေးနွေးနိုင်ခွင့် နည်းပါးခဲ့ခြင်းက မိမိတို့အတွက် ခက်ခဲ စေကြောင်း၊ အဆိုမူကြမ်းမှာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး နိုင်ငံပိုင်၊ နိုင်ငံ ဦးဆောင်ခြင်းမူအရ အဆိုမူကြမ်းအား ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းစဉ်တစ်လျှောက် တွင် မိမိတို့၏ ကိုယ်စားလှယ်အဖွဲ့နှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း၊ မည်သို့ဆိုစေ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျနှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့တို့မှ အချို့သော အခြေအနေများတွင် မိမိတို့နှင့် ညှိနှိုင်းဆွေးနွေး၍ မိမိတို့ဘက်မှ အလေးထား သည့် အချို့သော အကြောင်းအရာများကို လက်ခံပေးသည့်အတွက် ကျေးဇူးတင်ကြောင်း သံအမတ်ကြီးက ပြောသည်။", "အဆိုပါမူကြမ်းတွင် စစ်အုပ်စု ထံသို့ လက်နက်နှင့် တိုက်လေယာဉ်ဆီများ တင်ပို့ ရောင်းချခြင်းအား ရပ်တန့်ရေးနှင့်သက်ဆိုင်သည့် စာသားများ အပါအဝင် အခြားသော အရေးကြီး သည့် စာသားများအား ခိုင်ခိုင်မာမာ ထည့်သွင်းနိုင်ခြင်း မရှိသည့်အပေါ် အလွန်အမင်း စိတ်ပျက် ရကြောင်း၊ အထူးသဖြင့် ယင်းသို့သော စာသားများမှာ အသစ်မဟုတ်ကြောင်း၊ လူ့အခွင့်အရေး ကောင်စီ၏ မဲမခွဲဘဲ အတည်ပြုထားသည့် ဆုံးဖြတ်ချက်အဆို ၅၅/၂၀ တွင် ယင်းစာသားများ ပါဝင် ထားပြီး ဖြစ်ကြောင်း၊ ယခုအခါ အဆိုပါစာသားများကို အဆိုမူကြမ်း၌ ထည့်သွင်းနိုင်ခြင်း မရှိသည့်အတွက် အလွန့် အလွန် စိတ်ပျက်ရခြင်းမှတပါး အခြားမရှိတော့ကြောင်း၊ တစ်ဖက်တွင်လည်း ယင်းအခြေအနေက ကုလသမဂ္ဂစနစ်အတွင်း၌ ဟန်ချက်ညီမှု လစ်ဟင်းနေခြင်းကို တွေ့မြင်နိုင်ကြောင်း သံအမတ်ကြီးက ပြောဆိုသွားသည်။"]
https://yktnews.com/2023/01/82503/
ကောလင်း တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ ကံမမြို့နယ်၊ ရေနံသာ တိုက်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ
["ကောလင်း တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ ကံမမြို့နယ်၊ ရေနံသာ တိုက်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၂", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ် ကြောင်းကို ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၂ နာရီခွဲခန့်တွင် တိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း Kawlin Revolution-KR ထံမှ သိရသည်။", "ယနေ့ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်း အင်အား ၅၃ ဦး ပါသော စစ်တပ် စစ် ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသမှ ထွက်ခွာလာပြီး ကော လင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာရှိ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ယင်း နောက် ထိုစစ်ကြောင်းက ကိုးတောင်ဘို့ ပြန်လာစဉ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များက လမ်းတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာတွင် ကောလင်းခရိုင် တပ်ရင်း ၁ ၊ ဇင်ဇော် လေး တပ်စိပ်၊ ကျော်ကြီးတပ်စိပ်နှင့် ကော လင်းမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲခြင်းဖြစ်ပြီး တိုက်ပွဲကြာ ချိန် ၁ နာရီ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာတိုက်နယ် ရဲစခန်း ကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ရဲများထိခိုက် သေဆုံးမှု ရှိနိုင် ကြောင်း Eagle Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က အင်အား ၁၅ ဦးခန့် ဖြင့် တပ်စွဲထားသော ရေနံ့ သာတိုက်နယ်ရဲစခန်းကို သရက်ခရိုင် ၊ တပ်ရင်း-၄ (EAGLE FORCE) က ပထမဆုံးအကြိမ် ဒရုန်းမစ်ရှင် အဖြစ် ဒရုန်းဖြင့် ဗုံး၁ လုံးကျဲချတိုက်ခိုက်ရာ ရဲတစ်ဦးထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။", "“ခြင်းခတ်နေတဲ့ ရဲခွေးတွေကို ဒရုန်းနဲ့ ဗုံးချဖို့ ပျံသန်းနေတုန်းမှာ ဒရုန်းမြင်ပြီး ရဲတွေ ထွက်ပြေးသွားတယ်၊ ပြေးနေတဲ့ ရဲခွေးနှစ် ကောင်နောက်ကို လိုက်ပြီး ဗုံးချခဲ့တာ၊ နောက်ဆုံးသိရတာကတော့ ဆေးရုံနောက်ပေါက်ကနေ ရဲတစ် ယောက် ကို တွဲပြီး ဝင်ပို့တာမြင်တယ်လို့ ပြောပါတယ်၊ ဆေးရုံကလည်း စခန်း ဘေးကပ်မှာရှိတယ်။ တစ်ယောက်ထိခိုက်ဒဏ်ရာရရှိတဲ့သဘောပေါ့” ဟု Eagle Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။", "အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဲများက ပြန်လည်ပစ်ခတ် တိုက် ခိုက်နိုင်ခြင်း မရှိကြောင်း၊ လက်ရှိတွင် ကံမမြို့နှင့် သရက်မြို့မှ စစ်သား၊ ရဲများ ထပ်မံအင်အားဖြည့်ထားကြောင်း၊ ယမန်နှစ် ဩဂုတ်လပိုင်းကလည်းရဲစခန်းကို PDF များက လာရောက်တိုက်ခိုက်ရာ ရဲများ အားလုံးထွက်ပြေးသွား ခဲ့ကြ ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80022/
ကောလင်း ပကဖ အဖွဲ့ဝင် အမျိုးသမီးနှစ်ဦး မိုင်းသယ်လာစဉ် စစ်ကြောင်းနှင့်တိုးပြီး အသေခံမိုင်းခွဲ တိုက်ခိုက်
["ကောလင်း ပကဖ အဖွဲ့ဝင် အမျိုးသမီးနှစ်ဦး မိုင်းသယ်လာစဉ် စစ်ကြောင်းနှင့်တိုးပြီး အသေခံမိုင်းခွဲ တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၉", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက်၊ ကောလင်း-ဥက္ကံလမ်းမကြီးတွင် ကောလင်း ပကဖ အဖွဲ့ဝင် အမျိုး သမီးနှစ်ဦး လက်လုပ်မိုင်း သယ်လာစဉ် အကြမ်းဖက်စစ်တပ်နှင့် ထိပ်တိုက်တိုးရာ အသေခံမိုင်းခွဲတိုက်ခိုက်သွားကြောင်း Kalawlin Revolution –KR က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ အတည်ပြုပြောကြားသည်။", "ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကောလင်းမြို့ပတ်လည်ရှိ ကျို့ခုံ၊ ဝါးရုံခုံရွာမှ ချမ်းသာ၊ မင်းတဲကြီးရပ်ကွက်များသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကောလင်းမြို့ နယ် ပကဖ အဖွဲ့ဝင်ဖြစ် သည့် မစုစုရည်နှင့် မနှင်းဆီလှိုင်တို့ သည် မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် သယ်လာစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့ပွိုင့်စစ်ကြောင်းနှင့်ထိပ်တိုက်တိုးကာ စစ်ဆေးခံရစဉ် အသေခံ မိုင်းခွဲတိုက်ခိုက်သွားခြင်းဖြစ် ကြောင်း သိရသည်။", "“စစ်ကြောင်းရှေ့က ရောက်ဖို့သွားပေမယ့် တည့်တည်းတိုးတာ၊ ဆိုင်ကယ်ကို စစ်ဆေးဖို့လုပ်တော့ ပါလာတဲ့ ရီမုမိုင်းကို အသေ ခံဖောက်ခွဲသွားတာ၊ ခွေးတွေကတော့ ဒဏ်ရာရတယ်လို့ကြားတယ်၊ သေမသေ အတိအကျတော့မသိရဘူး။ ရဲဘော်တွေရဲ့ အလောင်းတွေလဲ ပြန်မရဘူး၊ မနေ့က စစ်ခွေးတွေက သင်္ဂြိုလ် လိုက်တယ်လို့ပဲ သိရတယ်၊ ဘယ်နေရာမှာ သင်္ဂြိုလ်လိုက်လဲဆိုတာ မသိရဘူး။” ဟု Kawlin Revolution – KR မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။", "အာဇာနည်သူရဲကောင်းအဖြစ် ကျဆုံးသူ အသက် ၄၅ နှစ်အရွယ် မစုစုရည်သည် ကောလင်းမြို့ဇာတိဖြစ်ပြီး ကွမ်းယာရောင်းသူဖြစ်ကြောင်း၊ အသက် ၂၀ အရွယ် မနှင်းဆီလှိုင်သည်လည်း သာမန်အရပ်သူပင် ဖြစ်ကြောင်း သိရသည်။", "“မနေ့က မစုစုရည်ရဲ့နေအိမ်ကို စစ်ခွေးတွေက ဖျက်ဆီးပြီး ချိတ်ပိတ်သွားတယ်၊ မစုစုရည်မှာက အသက် ၇၀ အရွယ် အမေအိုတစ်ယောက်နဲ့ အသက် ၂၀ အရွယ်သားတစ်ယောက်လဲ ကျန်ခဲ့တယ်။ မနှင်းဆီလှိုင် အကြောင်းကတော့ သူ့မိသားစုဝင်တွေက ပြောမပြစေချင်တဲ့အတွက် ပြောပြလို့မရဘူး”ဟု Kawlin Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "Photo- အာဇာနည် သူရဲကောင်းအဖြစ် ကျဆုံးသူ မစုစုရည်"]
https://yktnews.com/2023/11/129914/
ကောလင်း မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေး အလံတော်ကို လွှင့်ထူ
["ကောလင်း မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူ့တော်လှန်ရေး အလံတော်ကို လွှင့်ထူ", "ရန်ကုန်၊ နိုဝင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ တော်လှန်ရေး အလံကို လွှင့်ထူလိုက်ပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန် သည်။", "ယနေ့နိုဝင်ဘာလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ် ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းကာ ကောလင်းမြို့ကို အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြည်သူ့တော်လှန်ရေး အလံတော်ကို ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးတွင် လွှင့်ထူထားပြီ ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2025/01/198341/
ကောလင်း သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး CDM အရာရှိ ဦးအရိန္ဒမာ ကို လုပ်ကြံသတ်ဖြတ်ခံရမှု ကျူးလွန် သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် CDM အဖွဲ့များက စုပေါင်း တောင်းဆို
["ကောလင်း သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး CDM အရာရှိ ဦးအရိန္ဒမာ ကို လုပ်ကြံသတ်ဖြတ်ခံရမှု ကျူးလွန် သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် CDM အဖွဲ့များကစုပေါင်း တောင်းဆို", "ရန်ကုန်၊ ဇန်နဝါရီ ၅", "စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး CDM ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ပြစ်မှု ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပြီး ထိုက်သင့်သည့် အပြစ်ဒဏ်ချမှတ် အရေးယူရန် CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများက စုပေါင်းတောင်းဆိုသည်။", "စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီနှင့် အခြား CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့ကိုယ်စား က ထိုသို့ တောင်းဆိုခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသူ ဦးအရိန္ဒမာသည် NUG စိုးမိုးနယ်မြေဖြစ်သည့် ကောလင်းမြို့ အနောက်ဘက်ခြမ်းတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ကနီမြို့နယ် တပုန်းကျေးရွာနေ ပညာရေး CDM ဦးဝင်းဌေးနှင့် အတူ ၃ လသားအရွယ် ကလေးငယ်နှင့် ဇနီးဖြစ်သူတို့ ၃ ဦးသည်လည်း ၎င်းတို့၏ နေအိမ်တွင် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော်လည်း လက်ရှိအချိန် ကျူးလွန်သူများအပေါ် ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အတွက် များစွာ စိတ်ပျက်ရကြောင်း CDM အဖွဲ့များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။", "“တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့ CDM ဆရာ အရိန္ဒမာ နှင့် မိသားစုအတွက် တရားမျှတမှု ရှိရေးနှင့် အမှုမှန် မြန်မြန်ဆန်ဆန် ပေါ်ပေါက်ရေးအတွက် တွန်းအားဖြစ်စေရန် ရည်ရွယ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဒေသလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းနေသည့် အချိန်တွင် အခွင့်ကောင်းယူ၍ တော်လှန်ရေးတာဝန် လုပ် ဆောင်နေသူများနှင့် ပြည်သူများကို လက်နက်အားကိုးနှင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေသူများ၏ လုပ်ရပ်များကိုလည်း CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများက အကြမ်းဖက်စစ်အုပ်စုနှင့် တန်းတူသတ်မှတ်၍ အပြင်းအထန် ဖော်ထုတ်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း CDM အဖွဲကများက ကြေညာသည်။", "အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရာမှ လက်နက်နှင့် အာဏာအပေါ် ယစ်မူးသည့် စစ်ခေါင်းဆောင်များ ထပ်မံ ပေါ်ပေါက်လာမည့်အရေးကို CDM နိုင်ငံဝန်ထမ်းများမှ အဖိနှိပ်ခံပြည်သူများနှင့် အတူ ပူးပေါင်း၍ ထပ်မံတော်လှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ဒေသအသီးသီးရှိ CDM နိုင်ငံဝန်ထမ်းများအနေနှင့်လည်း တရားဥပဒေစိုးမိုးရေး၊ လုံခြုရေး၊ အုပ်ချုပ်မှုဖော်ဆောင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍအသီးသီးတွင် တတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီအားဖြည့်ကြရန်နှင့် ပြည်သူ့နွေဦးတော်လှန်ရေး၏ မူလရည်ရွယ်ချက်များမှ သွေဖည်ခြင်းမရှိစေရန်အတွက် တော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့် အတူပူးပေါင်းကာ ဝိုင်းဝန်းထိန်းကျောင်းတည့်မတ်ပေးနိုင်ကြရန် အလေးအနက် ထပ်မံတိုက်တွန်းနှိုးဆော်ထားသည်။", "NUG အစိုးရက ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူရေး တောင်းဆိုချက်ကို မန္တလေးဒေသ အကြမ်းမဖက်အာဏာဖီဆန်ရေးအဖွဲ့၊ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ၊ ကြားကာလ မြန်မာ့မီးရထားကောင်စီ၊ အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကောင်မတီ တို့ ပူးပေါင်း၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130745/
ကောလင်းကို စစ်ကြောင်းထိုးရန် လာသည့် အင်အား ၂၆၀ ပါ စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းတပ်ကို ၂ ကြိမ် ကြားဖြတ်တိုက်မှု စစ်သား ၁၀၀ ဦး ထက်မနည်း သေဆုံး
["ကောလင်းကို စစ်ကြောင်းထိုးရန် လာသည့် အင်အား ၂၆၀ ပါ စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းတပ်ကို ၂ ကြိမ် ကြားဖြတ်တိုက်မှု စစ်သား ၁၀၀ ဦး ထက်မနည်း သေဆုံး", "သေဆုံးသူအများစုမှာ ဝါသ၀ ဦးဆောင်သည့် ပျူစောထီး တပ်ဖွဲ့မှ ဖြစ်ဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ၁၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကြောင်းထိုးရန်လာသည့် အင်အား၂၆၀ ပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့က ၂ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀၀ဦးထက်မနည်း သေဆုံးခဲ့ပြီး အလောင်းများ ပြန့်ကြဲနေကြောင်း၊ ယနေ့နံနက်ပိုင်းတွင် စစ်တပ်က ကန့်ဘလူမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာနေကြောင်း ကန့်ဘလူခရိုင် အမှတ်(၂)တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။", "နိုဝင်ဘာလ ၁၀ရက် နံနက် ၆နာရီခန့်မှ နံနက် ၁၁နာရီခန့်အထိ ကန့်ဘလူမြို့နယ် အလယ်ခုံရွာအနောက်ဘက်၌ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈၀ဦး‌ထက်မနည်း သေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး လက်နက်မျိုးစုံ ၅၉လက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် နိုဝင်ဘာလ၁၀ ရက်နေ့ မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီခန့်အထိ ကန့်ဘလူမြို့နယ် ချပ်ကုန်းရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦးခန့် ထပ်မံသေဆုံးခဲ့ပြီး ကျည်ဆန်ခဲယမ်းများ ထပ်မံ ‌သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲနေရာတွင် စစ်သားအလောင်းများ ပြန့်ကြဲနေပြီး တစ်လောင်းချင်း မသယ်နိုင်တော့သဖြင့် အစုလိုက်အပြုံလိုက် မီးသင်္ဂြိုလ်နေကြကြောင်း ကန့်ဘလူခရိုင် အမှတ်(၂)တပ်ရင်းမှ ရှေ့တန်းရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "“စကစတွေ၊ ဝါသဝတပည့် ပျူစောထီးတွေ သေတာ အစုလိုက်အပြုံလိုက်ပဲ။ သူတို့ အလောင်းတွေကို မီးရှို့တာ မနေ့တစ်နေ့လုံး မီးခိုးတွေအူနေတာ။ အဲ့တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက ကိုယ့်အသက်ကိုယ်နှမြောရင် ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းပါ။ လက်နက်ချ အလင်းဝင်ပါ။ ရှေ့လျှောက် ဒီထက် ဆိုးလာဖို့ပဲရှိတယ်။ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်” ဟု ပြောသည်။", "ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို ပြန်လည် သိမ်းယူပြမည်ဟု ပျူစောထီးခေါင်းဆောင်ဝါသဝ ကြွေးကြော်ပြီးနောက် မကြာမီ ယခုဖြစ်ပွားခဲ့‌သောတိုက်ပွဲအတွင်း ဝါသဝဖွဲ့စည်းပေးထားသော အထူးကွန်မန်ဒို ပျူစောထီးများ အများအပြား သေဆုံးခဲ့ကြခြင်းဖြစ်သည်။", "စစ်ကောင်စီစစ်ကြောင်းမှ အင်အား တစ်ဝက် ပြုန်းတီးစေခဲ့သည့် အဆိုပါတိုက် ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် ၂ တပ် ရင်း၊ ကန့်ဘလူခရိုင် လှုပ်ရှားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တို့က ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။", "ဓာတ်ပုံ- ဝါသ၀ ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပျူစောထီးများ။"]
https://yktnews.com/2024/07/174833/
ကောလင်းခရိုင် ပကဖ ပြည်သူများကို ကူညီ ကောက်စိုက်ပေး
["ကောလင်းခရိုင် ပကဖ ပြည်သူများကို ကူညီ ကောက်စိုက်ပေး", "ရန်ကုန်၊ ဇူလိုင် ၂၁", "ကောလင်းခရိုင်ပကဖ အဖွဲ့က ပြည်သူများ၏ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်တွင် ပါဝင် ကူညီကောက်စိုက်ခြင်းများ လုပ်ဆောင်ပေးနေကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။"]
https://yktnews.com/2023/11/131936/
ကောလင်းခရိုင်အတွင်းရှိ CDM ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်
["ကောလင်းခရိုင်အတွင်းရှိ CDM ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းရှိ CDM ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ပေးကြပါရန် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဖိတ်ခေါ်ထားကြောင်း သိရသည်။", "ယနေ့နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်း ရေးအဖွဲ့မှ ကြေညာချက်အမှတ် ၃/၂၀၂၃ ဖြင့် ကောလင်းခရိုင်၊ မြို့နယ်အတွင်းမှ (Civil Disobedience Movement)တွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဖိတ်ခေါ်ခြင်းကို ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၆ ရက်နေ့တွင် ‌စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ကို အမှတ် ၁ စစ်ဒေသ ခရိုင် ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကောလင်း ခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့် အမှတ် ၁/၂၀၂၃ ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။", "ထို့ကြောင့် ကောလင်းခရိုင်၊ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် ကောလင်းခ ရိုင်၊ မြို့နယ်အတွင်းရှိ ဌာနအသီးသီးမှ CDM ဝန်ထမ်းများအနေဖြင့် ခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ များထံသို့ ဆက်သွယ် သတင်းပေးပို့ တာဝန်ထမ်းဆောင်နိုင်ပါကြောင်း အသိပေး ဖိတ်ခေါ်ထား ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123250/
ကောလင်းတွင် စစ်တပ်က ရိုက်နှက်မှုကြောင့် အမျိုးသမီး ၁ ဦး အရေးပေါ် ဆေးကုသမှု ခံယူနေရ၊ မြင်းခြံတွင် စစ်တပ်က နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးပြီး ရွှေထည် ပစ္စည်းများကို လုယက် ယူဆောင်သွား
["ကောလင်းတွင် စစ်တပ်က ရိုက်နှက်မှုကြောင့် အမျိုးသမီး ၁ ဦး အရေးပေါ် ဆေးကုသမှု ခံယူနေရ၊ မြင်းခြံတွင် စစ်တပ်က နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးပြီး ရွှေထည် ပစ္စည်းများကို လုယက် ယူဆောင်သွား", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ရွှေအိပ်မက် KTV တွင် အကြမ်းဖက်စစ်သားများ ပစ်ခတ်တိုက်ခိုက်ခံ ရပြီးနောက် အနီးအနားဝန်းကျင်ရှိ ပြည်သူများကိုကို အကြမ်းဖက်စစ်သားများက ရိုက်နှက်နှိပ်စက်ခဲ့ရာ အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရ ဒဏ်ရာဖြင့် ဆေးဝါးကုသမှုခံယူနေရကြောင်းKawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့က ကောလင်းမြို့ပေါ်ရှိ ရွှေအိပ်မက် KTV ၌ အကြမ်းဖက်စစ်သားများ သောက်စားမူးယစ်ပျော်ပါးနေစဉ် ကောလင်းခရိုင်တပ်ရင်း ၁ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း၊ ထိုသို့တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ် သားများမှ အနီးအနားရှိ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးရိုက်နှက်နှိပ်စက်မှုကြောင့် အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ဦးခေါင်း၊ ကျော တို့ တွင် အပြင်းအထန်ဒဏ်ရာရရှိပြီး မန္တလေးသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးဝါးကုသနေရကြောင်း သိရ သည်။", "“ရိုက်နှက်ခံရတာက ၇ ယောက်လောက်ရှိတယ်၊ ကျန်တဲ့သူတွေက ဒဏ်ရာက သိပ်မပြင်ဘူး၊ သူက ကျော၊ ခေါင်းတွေမှာ ဒဏ်ရာပြင်းလို့ မန္တလေးကို ပို့ပြီး ဆေးကုနေရတယ်၊ စစ်သားတွေက သေနတ် ဒင်နဲ့ ထုထားတဲ့တာပါ၊ အဲဒီနေ့က အကုန်လုံးဆိုရင် ၇ ယောက်လောက်ရှိတယ်၊ ရိုက်နှက်နှိပ်စက်ခံရတာ” ဟု Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ မကျီးစုရွာမှ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာသားများကို ဖမ်းဆီးကာ ရွှေထည် ပစ္စည်းများကို လုယက် ယူဆောင်သွားကြောင်း နွားထိုးကြီး သတင်းစုံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ဘလဲ့ကျေးရွာရှိ တောကျောင်းမှ စစ်ကြောင်းထိုးလာသည့် အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မန်ကျီးစုကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "မန်ကျီးစုကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာ အရှေ့ပိုင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို မွန်းလွဲ ၁ နာရီခန့်၌ မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ရွာလုံးရှိ ပြည်သူများကို မန်ကျီး ကျေးရွာဘုန်းကြီးကျောင်းကို ခေါ်ပြီး ရိုက်နှက် စစ်ဆေးပြီး မိန်းကလေးများ၏ နားကပ်များကို ချွတ်ယူသွား​ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးထားသော ပြည်သူများကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မန်ကျီးစုနှင့် ရွာသာယာ အကြားတွင် ထားခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် လက်ရှိချိန်တွင် ရွာသာယာ ရွှေဟင်းသာကျောင်း၌ တပ်စွဲထားကြောင်း သိရှိသည်။"]
https://yktnews.com/2023/04/98659/
ကောလင်းတွင် တပ်စွဲထားသော စစ်တပ်မှ စစ်သားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ CDM ဝင်၊ ကောလင်းရဲစခန်းအတွင်းမှ ရဲ ၂ ဦး လက်နက်နှင့် အတူ ထွက်ပြေး
["ကောလင်းတွင် တပ်စွဲထားသော စစ်တပ်မှ စစ်သားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ CDM ဝင်၊ ကောလင်းရဲစခန်းအတွင်းမှ ရဲ ၂ ဦး လက်နက်နှင့် အတူ ထွက်ပြေး", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် အ.ထ.က ကျောင်းတွင် တပ်စွဲထားသော စစ်တပ်မှ စစ်ကောင်စီ တပ်သားတစ်ဦးနှင့် ဇနီးဖြစ်သူတို့ ဧပြီလ ၁၇ ရက်နေ့ တွင် ထွက်ပြေးလာပြီး CDM အဖြစ် အလင်းဝင်လာကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယခုရက်ပိုင်းများအတွင်း ကောလင်းမြို့ အထက ကျောင်းဝင်းအတွင်းမှ စစ်သား ၄ ဦး ထက်မနည်းမှာလည်း ထွက်ပြေးသွားသည်ဟု သတင်းကြားသိရကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ဆက်လက်ပြောကြားသည်။", "အလားတူ ကောလင်းရဲစခန်းမှ ရဲ ၂ ဦးမှာလည်း လက်နက်နှင့်အတူ ဧပြီလ ၂၀ ရက်နေ့တွင် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။", "“စစ်သားလင်မယားနှစ်ယောက်တော့ အလင်းဝင်လာပြီ။ NUG အစိုးရဆီ အလင်း ဝင်လာတာပါဗျ။ ကောလင်းရဲစခန်းမှ ရဲ ၂ ဦး ကိစ္စတော့ ထွက်ပြေး သွားတယ်လို့ပဲ နောက်ဆုံးသိရပါတယ်ဗျ။” ဟု Kawlin Revolution-KR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှိတွင် လက်နက်အတူ ထွက်ပြေးသွားသည့် ရဲ ၂ ဦး၏ နောက်ဆက် တွဲသတင်းမသိရရှိသေးကြောင်း၊ CDM ဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် ဇနီးဖြစ်သူတို့မှာမူ လက်နက် မပါရှိကြောင်း Kawlin Revolution – KR မှ တာဝန်ရှိသူက ပြောဆိုသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။ (ပုံအဟောင်းဖြစ်သည်။)", "Photo- Agency ။"]
https://yktnews.com/2023/02/88669/
ကောလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရသူ များပြား၊ မင်းလှတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို PDF များ တိုက်ခိုက် စစ်သား ၂ ဦးသေဆုံး
["ကောလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရသူ များပြား၊ မင်းလှတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို PDF များ တိုက်ခိုက် စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသ ကာကွယ် ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း Kawlin Revolution – KR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကောလင်းမြို့၊ တောင်ပလူကျေးရွာ၊ ဘုရားတောင်ရိုးအနီး ကိုးတောင်ဘို့မှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် တပ်မ ၃၆၃ မှ အင်အား ၅၂ ဦးပါ စစ်​ကြောင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရသူများပြားကြောင်း သိရသည်။", "” ၁၇ ကောင် သေတယ်ဆိုတာ ခွေးဘက်က ဖြန့်တဲ့သတင်းပါ။ အမှန်ကတော့ ၃၀ ခန့် ထိခိုက်မှုတယ်လို့ တော်လှန်ရေး အဖွဲ့စည်းတွေက အတည်ပြုထားပါတယ်” ဟု Kawlin Revolution – KR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကိုးတောင်ဘို့ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ တိုက်ပွဲအတွက်း စစ်သား ၁၇ ဦသေဆုံးပြီး သုံးပွင့်ဗိုလ် ဧရာမင်း ဆိုသူလည်းပါဝင်ကာ တောင်ပလူရွာရှိ ဦးသောကြာအိမ်၌ မီးသဂြိုလ်ခဲ့ကြောင်း သတင်းဖြန့်မှုများ ရှိကြောင်း Kawlin Revolution – KR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း ၁ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ ဇင်ယော်လေးတပ်စိတ်၊ ထော်လှန်တပ်စိတ် နှင့်ကျောက်ပျဥ်သာတိုက်နယ် ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့် မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ မီးလောင်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ် တပ်ကို PDF မဟာမိတ်တပ်များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Southern Magway People’s Defense Force Magwayမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာတွင် မကွေးတောင်ပိုင်းပြည်သူ့ကာကွယ် ရေးအဖွဲ့ (SMPDF)၊အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့(UMHPDF) နှင့် အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ACDF) ပူးပေါင်းတပ်ဖွဲ့ များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသမှ စစ်ရေး စွမ်းရည်ပြသနေကြသည့် PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/01/138054/
ကောလင်းနှင့် ဘုတလင်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရ
["ကောလင်းနှင့် ဘုတလင်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် တောင်မော် ကျေးရွာကို ၀န်းသိုမြို့ ခမရ ၁၂၀ က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေ သခံပြည်သူ(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။", "ကောလင်းမြို့နယ် တောင်မော်တိုက်နယ် တောင်မော်ကျေးရွာကို ၀န်းသို ခမရ(၁၂၀)က ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီခွဲ၀န်းကျင်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။", "အဲဒီပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့ပြီး အမျိုးသမီး ၂ ဦး၊အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်", "လို့ ဒေသတွင်းသတင်းတွေဖော်ပြပေးတဲ့ Kawlin Revolution-KR အဖွဲ့က ထုတ်ပြန်ထားပါတယ်။", "လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ဒေသခံပြည်သူတွေရဲ့ ဒဏ်ရာအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ၀န်းသိုအခြေစိုက်စစ်ကောင်စီတပ်ဖွဲ့က ကောလင်းမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအ၀င် ဒေသပြည်သူ ၃ ဦးသေဆုံးပြီး၊သံဃာတော် ၁ ပါးနဲ့အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။", "အလားတူ စစ်ကိုင်းတိုင်း ၊ ဘုတလင်မြို့နယ် သပြေပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ရွာခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။", "ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင်အချိန် ဘုတလင်မြို့မရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီး(၁)လုံး သပြေပင်ကျေးရွာတောင်ပိုင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၀၀န်းကျင်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။", "“သူက အိမ်မှာတင် ယက္ကန်းယက်နေတာပေါ့။အဲ့ဒီမှာ လက်နက်ကြီးကျကွဲတာ။ ပစ်တာက ဘုတလင် ရဲစခန်းကပစ်တာ။ခါးနဲ့တင်ပါးတွေကျည်စ မှန်တယ်။အသက်အန္တရယ်ကတော့ မစိုးရိမ်ရပါဘူး”လို့ ဘုတလင်ဒေသပြည်သူတစ်ဦးက ပြောပါတယ်။", "ဘုတလင်မြို့မရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသတွင်းကျေးရွာတွေကို စစ်ကြောင်းထိုး ပစ်ခတ်ဖမ်းဆီးမှုတွေ မကြာခဏပြုလုပ်လေ့ရှိသလို စခန်းတွင်းကနေလည်း လက်နက် ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပါတယ်။", "ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ဘုတလင်ရဲစခန်းက ပစ်ခတ်တဲ့လက်နက်ကြီးတစ်လုံးဟာ ဘုတလင်မြို့အနောက်ဘက် လွှဲတဲကျေးရွာအနီးက စပါးရိတ်တောင်သူတွေအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်၂၀ ၀န်းကျင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။"]
https://yktnews.com/2023/12/134585/
ကောလင်းနှင့် ဝန်သိုမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၅၈ ဦး အလင်းဝင်
["ကောလင်းနှင့် ဝန်သိုမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်း ၁၅၈ ဦး အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ Non CDM ဝန်ထမ်း ၁၅၈ ဦး ဦးအလင်းဝင်ရောက်ခဲ့ကြောင်း NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်သည်။", "ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက်အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်း များ ဒီဇင်ဘာလ ၂၅ ရက်နောက်အဆုံးထားပြီး ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံဆက် သွယ် အလင်းဝင်ကြရန် ထုတ်ပြန်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ထွေအုပ် ဝန်ထမ်း ၁ ဦး၊ ပညာရေးဌာနမှ ဝန်ထမ်း ၃၃ ဦး၊ စည်ပင် ၅ ဦး၊ လျှပ်စစ်ဌာနမှ ၅ ဦး၊ အခွန်ဦးစီးဌာနမှ ၂ ဦး၊ သစ်တောဌာနမှ ၇ ဦး၊ မီးသတ်ဌာနမှ ၁ ဦး၊ စိုက်ပျိုးရေး ဌာနမှ ၂ ဦး၊ မြန်မာ့စီးပွားရေးဘဏ်မှ ၂ ဦး၊ မီးရထားဌာနမှ ၂၀ ဦး၊ မီးရထားရဲတပ်ဖွဲ့ဝင် ၁ ဦး၊ ဆက် သွယ် ရေးဌာနမှ ၁ ဦး၊ အား/ကာမှ ၂ ဦး၊ မြေစာရင်းဌာနမှ ၁၃ ဦး၊ လဝက ၁ ဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ၂ ဦး စုစုပေါင်း ၉၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အလားတူ ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံမှ အလင်း ဝင် ရောက်လာသူ Non CDM ဝန်ထမ်း ၆၀ ဦးရှိပြီး ၎င်းတို့ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် အမျိုး သားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ နှင့်အညီ စီမံခန့်ခွဲနိုင်ရန် ညွှန်ကြားချက်များအရ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူ့အခွင့်အရေးများနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။", "နိုဝင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ “Non CDM ဝန်ထမ်းများ အလင်းဝင် ရောက်ကြရန်” ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆို ပါ ထုတ်ပြန်ချက်သည် Non CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးအပ်သည့် နောက်ဆုံးသော အခွင့်အရေးဖြစ်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်ကြရန်နှင့် လိုက်နာဆောင်ရွက် ခြင်း မရှိပါက ဥပဒေများအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/11/130059/
ကောလင်းမြို့ အသိမ်းခံရပြီးနောက် ထီးချိုင့်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုံး စစ်တပ်နှင့်ရဲစခန်းများတွင် သွားရောက် တိမ်းရှောင်ပြီး ရုံးများပိတ်ထား ၊ မြို့နေပြည်သူများအားလုံး မြို့ကို စွန့်ခွာနေကြ
["ကောလင်းမြို့ အသိမ်းခံရပြီးနောက် ထီးချိုင့်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုံး စစ်တပ်နှင့်ရဲစခန်းများတွင် သွားရောက် တိမ်းရှောင်ပြီး ရုံးများပိတ်ထား ၊ မြို့နေပြည်သူများအားလုံး မြို့ကို စွန့်ခွာနေကြ", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အနီးစပ်ဆုံးနေရာတွင်ရှိနေသည့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီဝန်ထမ်းများ ဂယောက်ဂယက်ဖြစ်ကာ စစ်တပ်တပ်ရင်းများနှင့်ရဲစခန်များတွင် သွားရောက် တိမ်းရှောင်ပြီး ရုံးများပိတ်ထားကြောင်းသိရှိရသည်။", "ကောလင်းနှင့်နီးကပ်နေသော မြို့ဖြစ်သည့် ထီးချိုင့်တွင် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ကို ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံးက စိုးရိမ်နေကြသဖြင့် ရဲစခန်းနှင့် တပ်စခန်းများထံသို့ သွားရောက် တိမ်းရှောင်ကြပြီး ဌာနဆိုင်ရာရုံးများကို ပိတ်ထားကြကြောင်း သိရှိရသည်။", "“ထီးချိုင့်ထွေအုပ်ရုံးကနေ အကုန် လုံး တောင်ပေါ်ရဲစခန်းထဲကို ရွှေ့ကုန်ကြတယ်။ ထွေအုပ်ရုံးထဲမှာ ဘာမှ မရှိတော့ဘူး။", "တောင် ပေါ်ရဲစခန်းမှာ အခိုင်အမာဘန်ကာတွေနဲ့ တပ်ချထားတဲ့ပုံစံမျိုးပဲ။ နိုဝင်ဘာလ ၅ ရက်နေ့ကစပြီး ထွေအုပ်ကနေ ပစ္စည်းတွေအကုန်တောင်ပေါ်ရွေ့နေတာ။ အခြားဌာနဆိုင်ရာတွေလည်း ရွှေ့ကြ တိမ်းရှောင်ကြပြီ” ဟု ထီးချိုင့်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း ထီးချိုင့်တွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဆိုပါက စစ်တပ်က ရမ်းကားပစ်ခတ်မည့် လေကြောင်းအန္တရယ်နှင့် လက်နက်ကြီးအန္တရယ်စိုးရိမ်သောကြောင့် မြို့လုံးကျွတ်နီးပါး ပြည်သူများ မြို့ကို စွန့်ခွာတိမ်းရှောင်နေကြကြောင်း သိရှိရသည်။", "“ဒီနေ့မနက်ဆို ထီးချိုင့် တစ်မြို့လုံးခြောက်ကပ်သွားပြီ။ အိမ်စောင့်တဲ့ လူတွေပဲကျန်တော့တယ်။ စျေးလည်းအကုန်ပိတ်ထားကြတယ်။ မြို့ထဲကဆိုင်တွေလည်း မဖွင့်ကြတော့ဘူး။ နိုဝင်ဘာလ ၄ ရက်နေ့လောက်ကတည်းက ပြည်သူတွေ မြို့ကို ထွက်ခွာနေကြတာတရက်နည်းနည်း နဲ့ထွက်နေကြတာ ၄ ရက်လောက်တော့ရှိပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ထီးချိုင့်တစ်မြို့လုံးနီးပါး ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြပြီး မြို့ထဲတွင် လူသူ အလွန်နည်းပါးသွား‌ကြောင်း သိရှိရသည်။", "“ဒီနေ့တော့သိသိသာသာ အကုန်လုံးနီးပါးထွက်ကြတာ။ ထီးချိုင့်မြို့ပေါ်ကနေ တိမ်းရှောင်နေကြတာ။ အခုတော့မြို့ပေါ်လူမရှိတော့ဘူး” ဟု ထီးချိုင့်မြို့မှ ပြည်သူက ရှင်းပြသည်။"]
https://yktnews.com/2023/12/137806/
ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကလေး ၂ ဦးအပါအ၀င် ပြည် သူ ၃ ဦးသေဆုံး
["ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှု ကလေး ၂ ဦးအပါအ၀င် ပြည် သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၉", "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေး ၂ ဦးအပါအ၀င် ပြည် သူ ၃ ဦးသေဆုံးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲ၀န်းကျင်မှစတင်ပြီး ၀န်းသို အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးအပါ အ၀င် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ သံဃာတော် ၁ ပါးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "၀န်းသိုမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ယမန်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ၂ ကြိမ်၊ နံနက် ၁၁ နာရီနှင့် နံနက် ၁၁ နာရီခွဲ၀န်းကျင်တွင် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကောလင်းမြို့နယ်ဒေသတွင်းသတင်းများ ကို ဖော်ပြနေတဲ့ ပြည်သူမှ ပြည်သူ သို့အဖွဲ့က ထုတ်ပြန်သည်။", "စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးနှင့် အသက် ၈ နှစ်အရွယ်ကလေးများ အပါအဝင် အသက် ၆၆ နှစ်အရွယ် ဦးကျော်၀င်း တို့ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကလေး ၂ ဦး၏ မိခင်ဖြစ်သူနှင့် သံဃာတော် ၁ ပါးလည်း လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "ကောလင်းမြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် KIA အပါအဝင် တော်လှန် ရေး တပ်များ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နို၀င်ဘာလ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည် ။"]
https://yktnews.com/2024/02/145197/
ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိသေး
["ကောလင်းမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ခြေလျင်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိသေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး ခြေလျင်စစ်ကြောင်း အင်အား အလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း သိမ်းပိုက် နိုင်ခြင်းမရှိသေးကြောင်း ရှေ့တန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ကစ၍ NUG ၊ PDF တပ်ဖွဲ့ဝင်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကောလင်း မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်း အင်အား ထောင်ချီ အသုံး ပြုကာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အများအသုံးပြုပြီး ထိုး စစ်ဆင်တိုက်ခိုက် နေသော်လည်း ၉ ရက်ကြာသည်အထိ မြို့အနီအနားပတ်ဝန်းကျင်ကို ကပ်နိုင်သာ ရှိသေးပြီး မြို့ကို သိမ်းပိုက်ထားနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "“စစ်ခွေးတွေဘက်က မြို့အနားနားကို ကပ်နိုင်ရုံပဲရှိပါသေးတယ်၊ မသိမ်းနိုင်သေးပါဘူး၊ ကိုယ့်ဘက် က အသားစီးရပါတယ်၊ တိုက်ပွဲကတော့ ဖြစ်လိုက်နားလိုက်ပေါ့၊ အတွင်းထဲ တစ်မြို့လုံး ခြုံငုံပြီးတော့ မသိမ်းနိုင်သေးပါဘူး၊ စစ်ခွေးတွေဘက်က ဟောင်ဝှစ်ဇာ တွေလည်း သုံးတယ်၊ ၆၀၀၆ က ဟောင်ဝှစ် ဇာ ကို ပေကုန်းဘက်အထိသယ်ပြီး လှမ်းထောက်တယ်၊ ကိုးတောင်ဘို့ခွေးကုန်းမှာလည်း ၇၅ မမ ပါ လာတယ်ဗျ၊ ၇၅ မမနဲ့ပစ်တယ်၊ ကောလင်းကို ကျတော့ ဝန်းသိုကနေ ဟောင်ဝှစ်ဇာနဲ့ ထုတယ်။” ဟု ရှေ့တန်းသတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ကောလင်းမြို့တိုက်ပွဲအတွင်း PDF ရဲဘော် ၂ ဦးကျဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများလည်း ထိခိုက်သေဆုံးမှုများပြာလျက်ရှိပြီး တိုက်ပွဲဖြစ်နေဆဲ ကာလဖြစ်သည့်အတွက် အရေအတွက်အတိအကျ သိရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "ကောလင်းမြို့ကို ပေးလိုက်ရသည်ဟု ဆိုသော သတင်းမှာ မှန်ကန်မှုမရှိပဲ မြို့ပြင်တွင် တိုက်ပွဲဖြစ် နေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေ့မနား၊ ညမနားအလုပ်လုပ်ကာ မြို့ကို ကာကွယ်နေသည်မှာ ၉ ရက်ရှိပြီဖြစ်ကြောင်း စစ်ရေးသတင်းဖြစ်သဖြင့် လျှိုဝှက်စွာလုပ်ကိုင် ဆောင်ရွက်နေကြပြီး ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ မိဘပြည်သူအားလုံးလက်တွဲပူးပေါင်းကာ ဆောင် ရွက်နိုင်ပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း Kawlin Revolution – KR က အသိပေးထားသည်။", "photo လက်ရှိကောလင်းအခြေအနေ"]
https://yktnews.com/2023/11/130584/
ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် လာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးပြီး သေနတ် ၅၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်
["ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် လာသည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးပြီး သေနတ် ၅၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် လာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးပြီး သေနတ် ၅၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာန အတည်ပြု ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၈ ရက်တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှ ကောလင်းမြို့ ဘက်ကို စစ်ကြောင်းထိုးရန် ထွက်လာသည့် ရန်သူ့အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် အမှတ် (၂) တပ်ရင်း၊ ခရိုင် ပကဖ လှုပ်ရှားရေးအဖွဲ့နှင့် မြို့နယ်/နယ်မြေခံ ပကဖ အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ရာ ကန့်ဘလူမြို့နယ်၊ အလယ်ခုံ ကျေးရွာ အနောက်မြောက်ဘက်တွင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၈၀ ဦးကျော်ခန့် သေဆုံးခဲ့ပြီး ၂၀ ဦး ဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၅၉ လက်နှင့် ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိ ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137724/
ကောလင်းမြို့ကို စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး
["ကောလင်းမြို့ကို စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် ၊ နံနက် ၁၁ နာရီနှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တို့တွင် ဝန်းသိုမြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကောလင်မြို့အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာများကို ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆၆ နှစ်အရွယ် ဦးကျော်ဝင်းတို့ ပွဲချင်းပြီးသေဆုံးပြီး ဘုန်းကြီး တစ်ပါးနှင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။", "” အသက် ၂ နှစ် အရွယ်ကလေးငယ်က ဦးခေါင်းပွင့်ထွက်သွားတယ်။ ၁ ဦးကတော့ တစ်ကိုယ်လုံး ကျည်စတွေမှန်တာ လူကြီးကတော့ အသဲထိပြီး သေဆုံးသွားတယ်” ဟု ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/01/138251/
ကောလင်းမြို့ကို ယနေ့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စျေးအတွင်း ကျရောက်ပြီး ပြည်သူ ၂ ဦးသေဆုံး
["ကောလင်းမြို့ကို ယနေ့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု စျေးအတွင်း ကျရောက်ပြီး ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စျေးအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီမှ နံနက် ၉ နာရီ ၃၀ မိနစ်အကြား စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ၀န်းသိုအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ၆ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံး ပြီး(၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "“လက်နက်ကြီးက စျေးထဲကို ကျတာ။ အဲဒီမှာ စျေးသွားစျေးလာ နဲ့ စျေးသည် ပြည်သူတွေ ထိခိုက်သေဆုံးပါတယ်။ ၂ ဦး သေဆုံးပါတယ်။ ၈ ဦးလောက် ဒဏ်ရာရတယ်။ အဓိက စျေးထဲကို လက်နက်ကြီးကျည်က တည့်တည့်ကျတာ” ဟု ကောလင်းမြို့မှ PDF သတင်းရင်းမြစ်က ပြောဆိုသည်။", "၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နှင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ၀န်းသိုအခြေစိုက် စစ်ကောင် စီတပ်ဖွဲ့က ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကောလင်းမြို့ပေါ်နှင့် တောင်မော်ကျေးရွာတွင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။"]
https://yktnews.com/2024/02/147352/
ကောလင်းမြို့တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးနေပြီး ပြည်သူ ၂၅၀၀၀ ခန့် စစ်ဘေးရှောင်နေရ
["ကောလင်းမြို့တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးနေပြီး ပြည်သူ ၂၅၀၀၀ ခန့် စစ်ဘေးရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "ကောလင်းမြို့ပေါ် ၈ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားပြီး နောက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နားကပ်ရွာများကို မီးရှို့ဖျက်ဆီးနေ၍ ကောလင်းမြို့သည် ၈၀ ရာခိုင်နှုန်းပျက်စီးနေပြီ ဖြစ်ကာ စစ်ေရှာင်ပြည်သူ ၂၅၀၀၀ ခန့်ရှိလာပြီ ဖြစ်ကြောင်း Kawlin Revoluation- KR ထံမှ သိရှိရသည်။", "ဖေဖော်ဝါရီ ၈ ရက်မှ စကာ အကြမ်းဖက်စစ်တပ်သည် မြို့ပေါ် ၈ ရပ်ကွက်ကို အပြည့်အဝထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်ရက်ကွက်များကို မီးရှို့၍ အထပ်မြင့်တိုက်များကို အမာခံ နေရာယူထားကြောင်း၊ ကောလင်းမြို့ ပတ်ပတ်လည်ရှိ အကာအရံများ အားလုံးကို မီးရှို့ဖျက်ဆီးထားခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် မြို့နားကပ်ရွာများဖြစ်သည့် ကျွန်းလှခုံ၊ခွင့်တောင်း၊လက္ပံကွေ့၊ ကျူတော၊ရွာမ၊စံတော်ရာကုန်း၊ဆေးမင်းခုံ၊ဆိုင်ဒူး၊ဝါးရုံခုံ၊ ဇီးခုံ စသည့် ရွာများသည်လည်း မီးလောင်ခံထားရသည့် ရွာများဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "လက်ရှိအချိန်တွင် မီးလောင်ခံထားရသည့် ရွာများ အပါအဝင် စုစုပေါင်း ၂၅ ရွာခန့်ရှ်ိ ပြည်သူများ စစ်ဘေးရှောင်တိမ်းနေကြရကြောင်း၊ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ အပါအဝင် စစ်ဘေးရှောင်တိမ်းနေကြရသည့် ပြည်သူ ၂၅၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း Kawlin Revoluation- KR မှ တာဝန်ရှိသူက ပြောကြားသည်။", "“ကျွန်တော်တို့ သိရသလောက်ကတော့ စစ်ရှောင် ၂၅၀၀၀ ဝန်းကျင်ထိရောက်လာပါပြီဗျ” ဟု Kawlin Revoluation- KR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်တပ်၏ လမ်းကြောပိတ်ဆို့ခံထားရမှုများကြောင့် စစ်ရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာအခက်အခဲများရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/182792/
ကောလင်းမြို့တွင် စစ်ရှောင်ပြည်သူများအတွက် ယာယီတဲများ ဆောက်လုပ်လှူဒါန်း
["ကောလင်းမြို့တွင် စစ်ရှောင်ပြည်သူများအတွက် ယာယီတဲများ ဆောက်လုပ်လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၁၀", "ကောလင်းမြို့တွင် စစ်ရှောင်ပြည်သူများအတွက် ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့က အလှူရှင်ကိုယ်စား ယာယီတဲများ ဆောက်လုပ်ပေးခဲ့ကြောင်း သိရှိရသည်။", "ယာယီတဲတစ်လုံးလျှင် ၅၀,၂၀၀၀ ကျပ် ကျသင့်ကြောင်း ၊ ယာယီတဲ ၅ လုံး ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/146387/
ကောလင်းမြို့တွင် ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် စစ်တပ်က ပြည်သူပိုင် အဆောက်အအုံများ၊ နေအိမ်များကို မီးရှို့ပြီး ပစ္စည်းများကို ခိုးယူ
["ကောလင်းမြို့တွင် ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် စစ်တပ်က ပြည်သူပိုင် အဆောက်အအုံများ၊ နေအိမ်များကို မီးရှို့ပြီး ပစ္စည်းများကို ခိုးယူ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင် စီတပ်သားများက ပြည်သူပိုင်အဆောက်အအုံများ၊ နေ အိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်း များကို ခိုးယူသယ်ဆောင်နေကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအင်အား အမြောက်အများ အသုံးပြုသည့်အပြင် မြေပြင်မှလည်း အင်အား ထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တမြို့လုံးအား ပြန်လည် ထိန်းချုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။", "“မနေ့ကအထိ ကောလင်းမြို့ထဲမှာ မီးရှို့တာနေတာရှိတယ်၊ သူတို့ စဝင်တဲ့နေ့ကတည်းက မြို့ထဲကို မီးရှို့နေတာ တစ်ပတ်ရှိပြီ၊နေ့တိုင်းရှို့နေတာ၊ ပြည်သူတွေကလည်း တောထဲရှောင်နေတဲ့သူတွေလဲရှိ တယ်၊ တခြားရွာတွေဘက်ကပ်ပြီးရှောင်နေတဲ့သူတွေလည်းရှိတယ်။ တစ်မြို့လုံးက ပြည်သူတွေအပြင် မြို့နားနီးစပ်ရာက ရွာတွေပါ ရှောင်နေရတော့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးက ရေရှည်ဆိုရင် အဆင်မပြေနိုင်ဘူးဗျ၊ နိုင်ငံတကာက အလှူရှင်အဖွဲ့တွေအနေနဲ့ ကောလင်းက စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ မေတ္တာရပ်ခံချင်တယ်၊ ကိုယ် တိုင်ရောက်ခဲ့တာဆိုတော့ ပိုသိခဲ့ရတယ်”ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ မြို့ကို ထိန်းချုပ်ပြီးနောက် ကောလင်းမြို့တွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ဝန်းသိုမြို့သို့ သယ် ယူကာ ပြည်သူ ပိုင်အဆောက်အဦးများ၊ နေအိမ်များ၊ လမ်းတံတားများကို နေ့တိုင်း မီးရှို့ဖျက်ဆီးနေ ခြင်းဖြစ်ပြီး ဆုံးရှုံမှုများပြား နိုင်ကြောင်း၊ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ ပြတ်လတ်နေပြီး စစ်ဘေးရှောင်ပြည်သူ များ မှာလည်း တစ်မြို့လုံးအပြင် အနီးအနားကျေးရွာများကပါ တိမ်းရှောင်နေ ရသဖြင့် စား ဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။", "ကောလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသနေပြည်သူအချို့ကိုလည်း အကြမ်း ဖက် စစ်သားများက ဖမ်းဆီးသတ်ဖြတ်ခြင်း လုပ်ဆောင်နေသဖြင့် မြို့ပေါ်နေပြည်သူများ မည် သည့်အကြောင်းနှင့်မျှ မြို့တွင်းသို့ ပြန် လည်ဝင်ရောက်နေထိုင်ခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက သတိပေးထားသည်။", "အဆိုပါ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကစတင်၍ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး ၃ ကျော်အကြာ၌ အကြမ်းဖက်စစ်ကောင်စီတပ်က ပြန် လည်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။", "ဓာတ်ပုံ–ကောလင်းမြို့အား ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် စစ်ကောင်စီ တပ်မှ မီးရှို့နေစဥ်၊ ကောလင်းစစ်ဘေးရှောင်မြင်ကွင်း၊ ခမောက်တောင်။", "Photo-Infinity Group"]
https://yktnews.com/2023/12/136344/
ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်း
["ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်း", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား နေသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များ ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) က ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကောလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တို့ပူးပေါင်းကာ ကောလင်းမြို့ပေါ်ရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ ၊ကွင်းဆက် တရားခံများကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။", "ဖမ်းဆီး ထိန်းသိမ်းခဲ့သော မူးယစ် ဆေးဝါး ဆက်စပ်ပစ္စည်းများနှင့်ကွင်းဆက်တရားခံများမှာ ကောလင်းမြို့ မြောက်အင်းရပ်ကွက်နေ ဝတုတ် ကုန်မာဆိုင် မိသားစုမှ ဦးရဲရင့်အောင်၊ ဒေါ် မြစန်းဌေး ဖြစ်ပြီး ၎င်း တို့ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် – ၁၅၅ ခွက် ၊ ရာမ (အပြား၁၅၀ခန့်ပါ) – ၁၆၇ ထုပ် ၊ ဘိန်းမဲ ၅၀ ကျပ်သားခန့် – ၁ ထုပ်၊ ဘိန်းမဲ ၂၅ ကျပ်သားခန့် – ၁ ထုပ် ၊ လက်စွပ်ကြီးသေး – ၃ ကွင်း၊ ဆွဲကြိုး – ၃ ကုံး ၊ လက်ကောက်သေး – ၁ ကွင်း ၊ ဆံထိုး – ၁ ခု ၊ ပီချူးရုပ် – ၁ ခု(ရွှေဟုယူဆရ)၊ ငွေစက္ကူ – ၂၈၈၂၅၀၀၀ ကျပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဆည်တိုကျေးရွာမှ မောင်ငဗျော် ဆိုသူထံမှ ဘိန်းဖြူ ဆပ်ပြာခွက် – ၁၁ ခွက် ၊ ကောလင်းမြို့ ၊ သုဝဏ္ဏရပ်ကွက်တွင် နေထိုင်သူ ဦးဝင်းမြင့် ထံမှ ဘိန်းဖြူ ဆပ်ပြာခွက် – ၈ ခွက် ၊ Grand အရက် ချိုးပုလင်း (ဘိန်းဖြူထည့်ထားသော) – ၁ ပုလင်း ၊ အုန်းဆီဘူး(အရွယ်အစား) – ၁ ဘူး ၊ ငွေစက္ကူ – ၂၀၀၀၀၀၀ ကျပ် ၊ နားဆွဲ(ရွှေဟုယူဆရ) – ၃ ခု ၊ TECNO ဖုန်း – ၁ လုံး ၊ ပန်းရောင်အိတ်- ၁ လုံး၊ ကောလင်းမြို့ မြို့ကုန်း/မြို့မ ရပ်ကွက်နေ ဦးစည်သူလွင်(ခ) အီတူး ထံမှ ဘိန်းဖြူ (ဒိန်ချဥ်ဘူးသေးအရွယ်) – ၁ဘူး၊ ငွေစက္ကူ – ၁၅၀၃၅၀ ကျပ် တို့ကို သိမ်းဆည်း ရရှိခဲ့​ကြောင်း သိရသည်။"]
https://yktnews.com/2025/02/204071/
ကောလင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ
["ကောလင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကောလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများ နေထိုင်သော ဝက်သဲကုန်းရွာ စာသင်ကျောင်းကို တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ နွား ၁ ကောင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ဝက်သဲကုန်းရွာ စာသင်ကျောင်းမှာ စစ်ဘေးရှောင် ပြည်သူ အနည်းငယ်ရှိနေချိန် စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ၁၀ နှစ် အရွယ် ကလေးငယ် ၁ ဦးတော့ ထိခိုက်မှုအနည်းငယ်ရှိတယ်။ နွား ၁ ကောင် သေဆုံးတယ်လို့ သိရတယ်။ ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ လေကြောင်းနဲ့ ဗုံးကျဲသွားတာ” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/12/134940/
ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါး‌ ရောင်းဝယ် ဖောက်ကား သူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး
["ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါး‌ ရောင်းဝယ် ဖောက်ကား သူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ကောလင်းမြို့နယ်တွင် မူးယစ်ဆေးဝါး‌ ရောင်းဝယ် ဖောက်ကားသူ ၅ ဦးကို ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း NUG အစိုးရ၏ စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် တရားခံများမှတဆင့် ကွင်းဆက်တရားခံများကို ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ပါကြောင်း၊ ဖမ်းဆီးထိန်းသိမ်းခံရသော တရားခံ ၅ ဦးကို ဥပဒေနှင့်အညီ ဆက်လက် အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။", "အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ် နေသူ ၅ ဦးကို ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ မြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့(ပ.အ.ဖ)နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)တို့က ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးများကို သတိထား၍ ရှောင်ကြဉ်ကြပါရန်နှင့် မူးယစ်ဆေးဝါး‌ ရောင်းဝယ် ဖောက်ကားမှုများအား ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ ရဲတပ်ဖွဲ့ဌာန၊ E-Police Station MOHAI-NUG Facebook Page များသို့လည်းကောင်း၊ မြို့နယ်များရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်‌ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်၍ တိုင်ကြားကာ သတင်းပေးနိုင်ကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/05/164375/
ကောလင်းမြို့နယ်တွင် ရှေ့ပြေးကင်း ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ကောလင်းမြို့နယ်တွင် ရှေ့ပြေးကင်း ထွက်လာသော စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၂၄", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ရှေ့ပြေးကင်း ထွက်လာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ ထံမှ သိရသည်။", "မေလ၂၂ ရက်နေ့တွင် ကောလင်းမြို့ အနောက်ဘက် ၁ မိုင်ကျော်ခန့် အကွာရှိ ကြာအင်းကျေးရွာနှင့် ရွာဟောင်းကျေးရွာ အနီး တောစပ် တစ်နေရာကို ရှေ့ပြေးကင်း အဖြစ် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးကို ကောလင်းခရိုင် တပ်ရင်း ၂ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိပြီး တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်"]
https://yktnews.com/2023/12/134223/
ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုး ထိန်းချုပ်မှု ကင်းစင်သော ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း NUG က ကြေညာ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ်နှင့်ငွေကြေးကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံကို စတင်လည်ပတ်
["ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုး ထိန်းချုပ်မှု ကင်းစင်သော ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း NUG က ကြေညာ၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ တရားစီရင်ရေး၊ ကျန်းမာရေး၊ ဘဏ်နှင့်ငွေကြေးကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံကို စတင်လည်ပတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုး ထိန်းချုပ်မှု ကင်းစင်သော ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ တရားဝင် ကြေညာသည်။", "နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ကို အမှတ်(၁)စစ်ဒေသ၏ကွပ်ကဲမှုဖြင့် ကောလင်းခရိုင်ကာကွယ်ရေးတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်အုပ်စု၏ စိုးမိုးထိန်းချုပ်မှု ကင်းစင်ကာ ပြည်သူ့အုပ်ချုပ်ရေး စတင်ပြီ ဖြစ်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးကို ကဏ္ဍများစွာ ခွဲခြားအုပ်ချုပ်နေကြောင်း သိရှိရသည်။", "ကောလင်းမြို့နယ် အုပ်ချုပ်ရေးအနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင် ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ကောလင်းမြို့နယ်၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကောလင်းမြို့နယ်သည် ခရိုင်အဆင့် အစိုးရဌာနများ ရုံးစိုက်ရာ မြို့ ဖြစ်သည်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနအသီးသီးကလည်း သက်ဆိုင်ရာ ဝန်ကြီး ဌာနရုံးများ ပြန်လည်လည်ပတ်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြို့သိမ်းပြီး နောက် ရပ်ကျေးနှင့်တိုက်နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ အဆင့်ဆင့် စီမံကွပ်ကဲမှုအား ကောင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။", "ကောလင်းမြို့နယ်၏ ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေး အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် နိုင်ရေး အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့ လုံခြုံရေး အဖွဲ့(ပလဖ) နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့ပေါင်းစပ်ကာ စည်း ၃ စည်းဖြင့် တာဝန်ယူ ဆောင်ရွက် လျက် ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ကောလင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့က သက်ဆိုင်ရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမှ ကာကွယ်နိုင်စေရန် ကြိုတင်သတိပေးစနစ် (Early Warning System) ထားရှိနိုင်မှုနှင့် ဗုံးခိုကျင်းများ စီမံထားနိုင်မှုအခြေအနေများကို ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များမှ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားပြီး လိုက်နာဆောင်ရွက်ရေး တင်းတင်းကြပ်ကြပ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ပြည်သူ့ဝန်ဆောင်မှုပေးရေးအနေဖြင့် ကောလင်းမြို့နယ်အတွင်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆရာဝန်၊ သူနာပြုဆရာမ၊ အခြေခံကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း ၆၅ ဦး ပါဝင်သော မြို့နယ်ကျန်းမာရေးအဖွဲ့က လုံခြုံသောနေရာများတွင် အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ခရိုင်ဆေးရုံမှ သိမ်းဆည်းရရှိသော ဆေးနှင့် ဆေးပစ္စည်းများကို စနစ်တကျစာရင်းပြုစု ထားပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုအပ်ချက်ပေါ်မူတည်၍ စီမံခန့်ခွဲဖြန့်ဝေ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။", "ပညာရေးကဏ္ဍတွင် အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးမှု BECA စာမေးပွဲများကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိပြီး မြို့နယ် ပညာရေးဌာန နှင့် စာသင်ကျောင်းများမှ သိမ်းဆည်းထားသည့် ဌာနပိုင်ပစ္စည်းများကိုလည်း စာရင်းပြုစု ထိန်းသိမ်းထား ရှိပါသည်။ ကျောင်းသူ၊ကျောင်းသားများ ပညာရေးနစ်နာမှုမရှိအောင် ပညာရေးဝန်ကြီးဌာန ဦးဆောင်လျက် Online/ On Ground ဖြင့် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။", "တရားစီရင်ရေးအတွက်မူ ကောလင်းမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားသော အချုပ်သား စုစုပေါင်း (၉၈) ဦးအနက် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော ပြည်သူ (၆၃) ဦးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ပြန် လည်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသော အချုပ်သား/အကျဉ်းသားများကိုလည်း တရားဥပဒေ နှင့်အညီ ဆက်လက်စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သင့်တော်သည့် တရားသူကြီးများကို ခန့်အပ်တာဝန်ပေး၍ တရားရုံးများဖွင့်လှစ်ထားရှိကာ မှန်ကန်သည့် တရားရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရှိရသည်။", "ဘဏ်လုပ်ငန်းများစီမံခန့်ခွဲရေး အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့စီးပွား ရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂ ဒသမ ၃၄၃ ကို လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ် နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှုကြောင်း၊ ကောလင်း မြို့ရှိ ပုဂ္ဂလိကဘဏ်များမှ လက်ခံသိမ်းဆည်းရရှိသော ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၄၄,၅၁၈ ဒသမ ၂၉၇ ကိုလည်း စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီလက်အောက်မှ Non-CDM ဝန်ထမ်းများအရေး နှင့်ပတ်သက်၍ CDM နိုင်ငံဝန်ထမ်းများဆိုင်ရာ မူဝါဒ ကို အခြေခံ၍ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီက ထုတ်ပြန်ထားသော “ကြားကာလ Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားချက်” နှင့်အညီ စီမံဆောင်ရွက်လျက်ရှိပါသည်။ ကောလင်းမြို့နယ်တွင် မြို့နယ် အတွင်း CDM ပြု လုပ်သည့် နိုင်ငံ့ဝန်ထမ်းများအပြင် အခြားမြို့နယ်များမှ CDM ပြုလုပ်သည့် နိုင်ငံ့ဝန်ထမ်းဦးရေများစွာ ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/186817/
ကောလင်းမြို့နယ်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ကောလင်းခရိုင်တပ်ရင်း ၂ က ဂုဏ်ပြု ဆုငွေများ ချီးမြှင့်
["ကောလင်းမြို့နယ်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ကောလင်းခရိုင်တပ်ရင်း ၂ က ဂုဏ်ပြု ဆုငွေများ ချီးမြှင့်", "ရန်ကုန်၊ အောက်တိုဘာ ၇", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ခဲ့ကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၆ ဦးကို ကောလင်းခရိုင်တပ်ရင်း ၂ က ၁ ဦးလျှင် ငွေကျပ်သိန်း ၃၀ ဆီ ချီးမြှင့်ခဲ့ပြီး ဘေးကင်းရာ နေရာတွင် လုံခြုံစွာ ထားရှိကြောင်း သိရှိရသည်။", "လက်နက်နှင့် အလင်းဝင်လာသူများ၏ လုံခြုံရေးနှင့် ၎င်းတို့၏ မိသားစုများလုံခြုံရေးအတွက် တပ် အမည်နှင့် အမည်စာရင်း များကို ထုတ်ပြန်မည်မဟုတ်ကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်ထံ ပြန်လည်ပေးလိုက်ရသည့် အချိန်မှစ၍ ကောလင်းခရိုင်တပ်ရင်း ၂ ထံ လက်နက် နှင့်အလင်းဝင်လာသူ ၆ ဦး နှင့် လက်နက်မပါဘဲ အလင်း ဝင်လာသူ ၄ ဦးရှိကြောင်း ကောလင်းခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးကဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/11/129854/
ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ရရှိ၊ နိုင်ငံရေးအကျဉ်းသားများနှင့် အချုပ် သားများကို တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်
["ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်ရရှိ၊ နိုင်ငံရေးအကျဉ်းသားများနှင့် အချုပ် သားများကို တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်", "ရန်ကုန်၊ နိုဝင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း စစ်ကောင်စီတပ်စခန်းများနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ကောလင်းမြို့နယ်ရဲစခန်းကိုပါ တိုက်ခိုက်ခဲ့ကြောင်း၊ အခိုင်အမာတပ်စွဲထားသော ကောလင်းမြို့နယ်ရဲစခန်းကို ၃ ရက်တာတိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိကြောင်း Kawlin Revolution နှင့် Kawlin Info တို့ထံမှ သိရှိရသည်။", "” မိမိတို့ရဲဘော်များမှ ကောလင်း ရဲစခန်းအား အောင်မြင်စွာသိမ်းပိုက်နိုင်။ နိုင်ငံရေးအကျဥ်းသားများအား မိမိတို့ရဲဘော်များမှ အန္တရာယ်ကင်းစွာ ခေါ်ထုတ်လာနိုင်ခဲ့၍ လုံခြုံသောနေရာ၌ ထားရှိကြောင်း။ ဆက်လက်၍ မြို့ထဲ၌ ကျန်ရှိနေသော မိဘပြည်သူများအား မိမိတို့တတ်နိုင်သမျှ ခေါ်ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါသည်ခင်ဗျ” ဟု KawLin Revolution က သတင်းထုတ်ပြန်ထားသည်။", "Kawlin Info ကလည်း ကောလင်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်မှုမှာ မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။", "ကောလင်းမြို့ခံတချို့ကမူ မြို့ပေါ်တွင် ပစ်ခတ်မှုများရှိနေပြီး သေဆုံးနေသည့် အလောင်းတချို့လည်း လမ်းပေါ်တွင် ရှိနေကြောင်း၊ ပြည်သူအများစုမှာ မြို့ပေါ်မှ ထွက်ခွာနိုင်ခြင်းမရှိဘဲ ပိတ်မိနေကြောင်း၊ ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ရံဖန်ရံခါမှ သာ ဖုန်းလိုင်း ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေကြောင်း၊ မြို့၏ အခြေအနေ အလွန်ဆိုးရွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။", "ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)", "Photo- Getty Image ။"]
https://yktnews.com/2024/09/185487/
ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
["ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာ ၂၈ ရက်နေ့တွင် မွန်းလွဲ ၁နာရီ ဝန်းကျင်ခန့်တွင် ကောလင်းမြို့နယ်ရှိ တဂေါင်းရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပစ်တာက ရွာစာသင် ကျောင်းကို ပစ်မှတ်ထားပစ်ခတ်တာ။ဘာသတင်းရလို့တော့မသိဘူး။မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ပစ်တာက Rocketနဲ့ရာ စက်လက်နဲ့ရာပစ်တာ။အဲလိုပစ်ခတ်လို့ ပြည်သူထဲက လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယာက် ကျည်စထိမှန်ထားတာရှိတယ်။လူကြီးက လက်ထိတယ်။ကလေးက ခြေထောက်ထိတယ်။နှစ်‌ယောက်စလုံးက‌တော့အသက်အန္တရယ်တော့ မစိုးရိမ်ရဘူးလို့” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ရဟတ်ယာဉ်သည် ကန်ဘလူမြို့နယ် ၆၀၀၆ တပ်ရင်းမှ တက်လာခြင်းဖြစ်ကြောင်း။ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း လူနေအိမ်နှင့် စာသင်‌ကျောင်းများ ပျက်စီးမှုရှိနိုင်ပြီး နောက်ထပ် ၁ ကြိမ် စစ်တပ်က လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မည်ကို ပြည်သူများ စိုးရိမ်ပြီး သွားရောက်မကြည့်ရဲဘဲ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။", "အလားတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ အနောက် ခြမ်းရှိ တကောင်းအိုင်ရွာ ဘုန်းကြီးကျောင်း၊ ဥက္ကံရွာနှင့် မူတိမ်ရွာ အနီးတို့ကို Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုကိုလည်း ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။", "“လောလောဆယ်ကတော့ အနောက်ခြမ်းမှာ ဝဲနေတုန်းပါက။ ၅ကြိမ်တိုက်သွားတယ်။ တကောင်းအိုင်နဲ့ ဒီဥက္ကံရွာ ပတ်ချာလည်က ဒီတောစပ်တွေ ပစ်သွားတာပေါ့။ ကောလင်းမြို့ အနောက်ခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူလာလုပ်ပါတယ်။ ၅ ကြိမ် တိုင်တိုင်လုပ်ထားပါတယ်။ လက်ရှိ အခြေအနေထိပေါ့” ဟု ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။"]
https://yktnews.com/2025/05/213442/
ကောလင်းမြို့နယ်ရှိ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ
["ကောလင်းမြို့နယ်ရှိ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၄", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၃ ရက်နေ့ ည ၉ နာရီခန့်တွင်ကောလင်းမြို့နယ် အနောက်ခြမ်းရှိ ချောင်းနားရွာနှင့် ဥက္ကံစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ရော့ကတ် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ်များပေါ် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦးများ ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "“ပြည်သူတွေကို အမြဲသတိကပ်ပြီး လုံခြုံဘေးကင်းစွာနေထိုင်ပေးကျပါ။ အရေးပေါ် ‌ပုံးခိုနိုင်ဖို့ အိမ်တိုင်း အိမ်တိုင်း ဗုံးခိုကျင်းတူးပေးကျပါလို့တောင်းဆိုချင်ပါတယ်။ နောက်ပြီး စစ်ကောင်စီက ပြည်သူတွေက ကြောက်စိတ်နဲ့အကြောက်တရား ရိုက်သွင်းနေချိန်မှာ ကျွန်တော်တို့ ပြည်သူတွေ လုံခြုံရေးအသိ၊ သတိနဲ့ စနစ်တကျ ဘေးကင်း လုံခြုံအောင် အထူးဂရုစိုက်ပေးကျဖို့ တောင်းဆိုချင်ပါတယ်” ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/08/177665/
ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း၊ စစ်ရှောင် ပြည်သူများ သောင်းနှင့်ချီ ရှိသောကြောင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲ
["ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်း၊ စစ်ရှောင် ပြည်သူများ သောင်းနှင့်ချီ ရှိသောကြောင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲ", "ရန်ကုန်၊ ဩဂုတ် ၇", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့က စားနပ်ရိက္ခာများ လှူဒါန်းခဲ့ပြီး စစ်ရှောင် ပြည်သူများ သောင်းနှင့်ချီ ရှိသောကြောင့် စားနပ်ရိက္ခာများ လိုအပ်နေဆဲဖြစ်ကြောင်း ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ကောလင်းမြို့မှ စစ်ဘေးတိမ်းရှောင်လာသော သောင်းနှင့်ချီသော ပြည်သူများသည် ကောလင်းမြို့နယ် အနောက်ခြမ်းကို စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့က စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့သော်လည်း စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ခန့်ရှိသောကြောင့် အစားအစာ၊ ဆန်၊ ဆီ၊ ဆား ၊ အဝတ်အထည်၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကာ စစ်ဘေးရှောင် ပြည်သူများတွင် ကိုယ်ဝန်သည်၊ မသန်စွမ်းနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/170722/
ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ပြည်သူမှ ပြည်သူသို့အဖွဲ့က နေကြာဆီများ ထောက်ပံ့လှူဒါန်း
["ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ပြည်သူမှ ပြည်သူသို့အဖွဲ့က နေကြာဆီများ ထောက်ပံ့လှူဒါန်း", "ရန်ကုန်၊ ဇွန် ၃၀", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ယနေ့ ဇွန်လ ၃၀ ရက်နေ့တွင် ပြည်သူမှ ပြည်သူသို့အဖွဲ့က အိမ်ထောင်တစ်စုလျှင် ၁ လီတာ နှုန်းဖြင့် နေကြာဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။", "ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အချိန်ကြာမြင့်စွာ စစ်ဘေးတိမ်းရှောင်နေရသောကြောင့် လက်ရှိချိန်တွင် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေပြီး ပြည်သူများ ပူးပေါင်း ပါဝင်လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။"]
https://yktnews.com/2024/06/169563/
ကောလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေသော သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ
["ကောလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေသော သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေ", "ရန်ကုန်၊ ဇွန် ၂၂", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေသော သောင်းနှင့်ချီသော ပြည်သူများ စားနပ်ရိက္ခာ၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စ၍ ကောလင်းမြို့မှ စစ်ဘေးတိမ်းရှောင်လာသော သောင်းနှင့်ချီသော ပြည်သူများသည် ကောလင်းမြို့နယ် အနောက်ခြမ်းကို စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ခန့်ရှိပြီး အစားအစာ၊ ဆန်၊ ဆီ၊ ဆား ၊ အဝတ်အထည်၊ မိုးကာ၊ သောက်သုံးရေနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကာ စစ်ဘေးရှောင် ပြည်သူများတွင် ကိုယ်ဝန်သည်၊ မသန်စွမ်းနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရှိရသည်။", "“မြိုရဲ့ လူဦးရေ တော်တော် များများ ရှောင်လာရတော့ ထောက်ပံ့ကူညီနေတဲ့ အဖွဲ့တွေအနေနဲ့လည်း တော်တော်ကြိုးစားလုပ်ကိုင်ပေးနေကြပေမယ့် အကူညီတွေ လိုအပ်နေပါတယ်။ အခြေခံအစားအစာ၊ ဆန်၊ ဆီ၊ ဆား သာမက အဝတ်အထည် မိုးကာ၊ သောက်သုံးရေနဲ့ ဆေးဝါးတွေ‌ လိုအပ်နေပါတယ် အဲ့ထဲမှာက ကိုယ်ဝန်သည် မသန်စွမ်းနဲ့ ကလေး သူငယ်တွေလည်း ပါဝင်နေပါတယ်။ လူဦးရေက ၂၀၀၀၀ ကျော်လောက်ရှိတယ်” ဟု ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/105370/
ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွား
["ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွား", "ရန်ကုန်၊ မေ ၃၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွားကြောင်း Kawlin Revolution – KR အဖွဲ့ထံမှ သိရသည်။", "မေလ၂၇ ရက်နေ့တွင် ကောလင်းဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကောလင်းမြို့ကျောက်တန်းရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ကားကြီး ကားငယ်များဖြင့် သစ်ဖုလတောင်ကုန်းရှိ စစ်တပ် အထိုင်စခန်းကို ယူဆောင်သွားကြောင်း သိရသည်။"]
https://yktnews.com/2024/01/138133/
ကောလင်းမြို့နယ်၊ တောင်မော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျ
["ကောလင်းမြို့နယ်၊ တောင်မော်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျ", "ရန်ကုန်၊ ဇန်နဝါရီ ၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တောင်မော်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပြာကျခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်နှင့် ည ၈ နာရီ ၄၅ မိနစ်တို့တွင် ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၂၀ မှ ဟာဝစ်ဇာ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာအတွင်း ၂ ကြိမ် ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၂ လုံးထိမှန်ခဲ့ပြီး ၁ လုံးပြာကျကာ ပြည်သူ ၁ ဦး နှလုံးရပ် သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပထမ အကြိမ် ပစ်ခတ်သော လက်နက်ကြီး ၁ လုံးသည် တောင်မော်ကျေးရွာရှိ ဦးဖိုးနိုင်နေအိမ်ကို ထိမှန်ခဲ့ပြီး နေအိမ်မီးလောင်ပျက်ဆီးကာ နေအိမ်အတွင်းရှိ မဂျူးဂျူးလိုင် ထိခိုက်ဒဏ်ရာရှိခဲ့​ကြောင်း၊ ဒုတိယအကြိမ် ထပ်မံ ပစ်ခတ်သော လက်နက်ကြီးသည် ဦးဇော်မင်းနိုင်၏ နေအိမ်ရှေ့ကို ကျရောက်ပေါက်ကွဲကာ ဦးဇော်မင်းနိုင်မှာ ခြေတောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ဦးဇော်မင်းနိုင်၏အမျိုးသမီးဖြစ်သူ ဒေါ် မင်းမင်းစိန်သည် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရရှိဘဲ နှလုံးဖောက်ကာ သတိလစ်မေ့မျောပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/152706/
ကောလင်းမြို့နယ်၊ ပန်းတင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင် ပျက်စီး
["ကောလင်းမြို့နယ်၊ ပန်းတင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင် ပျက်စီး", "ရန်ကုန်၊ မတ် ၂၅", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ပန်းတင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ကောလင်းမြို့တွင်းမှ အကြမ်းဖက် စစ်တပ်က ပန်းတင်ရွာကို ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင် ပြာကျခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။", "“ထိတွေ့မှုမရှိဘဲ ကျဲတာလို့ သိထားပါတယ်။ ပြည်သူထိခိုက်မှု မရှိလိုက်ပါဘူးဗျ”ဟု Kawlin Revolution-KR ၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2024/03/149006/
ကောလင်းမြို့နယ်၊ ဘုရားကုန်းရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားများ သေဆုံး မှုများပြား
["ကောလင်းမြို့နယ်၊ ဘုရားကုန်းရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားများ သေဆုံး မှုများပြား", "စစ်တပ်၏ မီးရှို့မှု၊ လေကြောင်းမှ ဗုံးကျဲပစ်ခတ်မှုတို့ကြောင့် စာသင် ကျောင်း၊ ဆေးခန်းနှင့် ပြည်သူ့နေအိမ်များ ပျက်စီး", "ရန်ကုန်၊ မတ် ၅", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အရှေ့ခြမ်း သစ်ဖုလဘုကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ် သား ထိခိုက်သေဆုံးမှုများပြားကြောင်း ကောလင်းစစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ကောလင်းမြို့နယ်၊ အရှေ့ခြမ်းရှိ သစ်ဖုလဘုရားကုန်း စစ် တပ် စခန်းကို တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားသေဆုံးခဲ့ပြီး သေဆုံးစစ်သားအလောင်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှင်းလင်း ခဲ့ရ ကြောင်း သိရသည်။", "“အဲဒီစခန်းသိမ်းပိုက်မှုမှာက ခွေးသေများတယ်၊ ဘယ်လောက်သေတယ်ဆိုတာက တပ်ရင်းကနေ အတည်ပြုမှ သိရမယ်၊သစ်ဖုလအထိုင်စခန်းကိုတော့ ကိုယ့်ဘက်က ရှင်းလိုက်တယ်၊ ဘုရားကုန်း ပေါ်မှာက လှိုဏ်ဂူကြီးရှိတယ်လေ၊ အဲဒါကို အထိုင်လုပ်ထားတာ၊ အဲဒါကိုသိမ်းပိုက်လိုက် နိုင်တယ်၊ အဲဒီအပေါ်မှာ ကိုယ့်ဘက်နေရာယူထား၊ မယူထားလားတော့ မသိရဘူး၊ အဲဒီတိုက်ပွဲမှာက လေယာဉ် ပစ်ကူ ၂ ကြိမ်လာတယ်၊ မတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ ၂ ရက်ဆက်တိုက်ပဲ။ သစ်ဖုလကုန်းအနီး တဝိုက်ကရွာတွေကို လှည့်ပတ်ဗုံးကျဲပစ်သွားတာ၊” ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စစ်တပ်စခန်းကို စွန့်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများသည် ခံသာကျေး ရွာဘက်သို့ ဆုတ်ခွာ သွားပြီး ခံသာကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့် ငါးကြီးအိုင်ကျေးရွာမှ ပြည်သူ့နေအိမ် အမြောက် အများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကြောင့် လူနေအိမ် ၄ လုံး၊ ကျန်းမာရေးဆေးခန်းတစ်လုံးနှင့် အထက စာ သင်ကျောင်းဆောင် နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“သစ်ဖုလကနေရှုံးပြီး ဆုတ်သွားတဲ့ စစ်ခွေးတွေက ကျောက်တန်းတို့ ဘာတို့ ခံသာရွာတို့ ဘက်ကို ဆုတ်တာ၊ သူတို့ရှုံးတော့ သူတို့ဝင်တဲ့ရွာတွေကို မီးတွေရှို့တယ်၊ အထိနာပြီး ဆုတ်တာ၊ အခုသိထားရ တာက ငါးကြီးအိုင်ရွာဘက်မှာပဲ သိထားရသေးတယ်၊ ငါးကြီးအိုင်ရွာကို ကျ ၂ ကြိမ်မြောက်ထပ် ရှို့ တယ်၊ ဒီနေ့လည်း ထပ်ရှို့နေတယ်၊ ငါကြီးအိုင်ရွာဆိုရင် စစ်ကူတက်တုန်းကတစ်ခါရှို့တယ်၊ အခု ပြန် ဆုတ်တော့ တစ်ခါထပ်ရှို့တယ်၊ ခံသာရွာ၊ ကျောက်တန်းရွာလည်းရှို့တယ်၊ နေအိမ်အလုံးရေ ဘယ် လောက်ကုန်ပြီလဲတော့ မသိရသေးဘူး၊” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ထို့ပြင် မတ်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က ခံသာကျေးရွာကို ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် အလုံး ၂၀ ခန့်ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ငါကြီးအိုင်ကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/211005/
ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံး
["ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၁၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၅၆ နှစ်အရွယ် စစ်ဘေးရှောင် ပြည်သူ ဒေါ်ဝင်းကြည်ပွဲချင်းပြီး သေဆုံးပြီး အသက် ၄၀ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်း ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ကောလင်းမြို့ပေါ် ရပ်ကွက်ကနေ စစ်ရှောင်လာတဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်ဝင်းကြည်ကတော့ ပွဲချင်းပြီး သေဆုံးတယ်။ နောက်ပြီး အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးလည်း ဆေးရုံကို ပို့ဆောင်နေတုန်း လမ်းခရီးမှာ သေဆုံးတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/110603/
ကောလင်းမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ရုပ်အလောင်းများကို စစ်တပ်က ယူဆောင်သွား
["ကောလင်းမြို့ပေါ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးပြီး ရုပ်အလောင်းများကို စစ်တပ်က ယူဆောင်သွား", "ရန်ကုန်၊ ဇူလိုင် ၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ကျော်ဇေယျာရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၃၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ကောလင်း ထွေအုပ်ရုံးအတွင်းရှိ အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ပေါ်ရှိ ကျော်ဇေယျာ ရပ်ကွက် ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘက ကျောင်းအနီးရှိ ဦးသာထူးခနေအိမ် နှင့် မဇာခြည်ဦးတို့ နေအိမ်တို့ကို ထိမှန်ကာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသူ ၄ ဦးမှ အသက် ၆၀ နှစ်အရွယ် ဦးသာထူး၊ ၄င်း၏ ဇနီး၊ အသက် ၈ နှစ်အရွယ် မြေး ဖြစ်သူနှင့် အသက် ၄၃ နှစ် အရွယ် မဇာခြည်ဦးတို့ဖြစ်​ပြီး ရုပ်အလောင်းများကို စစ်တပ်က ယူဆောင်သွားကြောင်း သိရှိရသည်။", "” ရုပ်အလောင်းတွေကို စစ်ခွေးတွေ သယ်သွားတယ်။ မနက်က ရောက်လာတယ်ပြောတယ်။ လက်နက်ကြီးကျတဲ့ နေအိမ် ပတ်ပတ်လည်ကိုလည်း ပိတ်ဆို့ ရှာဖွေသွားတယ်” ဟု Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့​ကြောင်း၊ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129878/
ကောလင်းမြို့ပေါ်တွင် ထွေ/အုပ်ရုံးအနီးတွင်သာ စစ်တပ် ကျန်ရှိပြီး မြို့နေရာအားလုံးတွင် တော်လှန်ရေးတပ်က စိုးမိုးထား၊ စစ်တပ်က မြို့နေလူထုကို ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ အနည်းဆုံး ၃၀ ထက်မနည်းသေဆုံးနိုင်
["ကောလင်းမြို့ပေါ်တွင် ထွေ/အုပ်ရုံးအနီးတွင်သာ စစ်တပ် ကျန်ရှိပြီး မြို့နေရာအားလုံးတွင် တော်လှန်ရေးတပ်က စိုးမိုးထား၊ စစ်တပ်က မြို့နေလူထုကို ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ အနည်းဆုံး ၃၀ ထက်မနည်းသေဆုံးနိုင်", "ရန်ကုန်၊ နိုဝင်ဘာ ၆", "စစ်ကိုင်းတိုင်း ကောလင်းမြို့ပေါ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးအနီးတွင်သာ စစ်တပ် ကျန်ရှိတော့ပြီး မြို့နေရာ အားလုံးကို တော်လှန်ရေးတပ်များက စိုးမိုးထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များနှင့် ဒေသပြည်သူများကို ချိတ်ဆက် ကူညီနေသောအဖွဲ့တချို့ထံမှ သိရှိရသည်။", "နိုဝင်ဘာလ ၃ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ကောလင်းမြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်ခဲ့ရာ ကောလင်းရဲစခန်း ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင်လည်းကောင်း၊ ကောလင်း အထက ၁ ကျောင်းတွင် စခန်းချထားသည့် စစ်တပ်စခန်းကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိ ကောလင်းမြို့ ထွေအုပ်ရုံးအနီးတွင်သာ စစ်တပ်ကျန်ရှိတော့ကြောင်း ၊ စစ်တပ်က ကောင်လင်းမြို့ကို နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်ခဲ့ကြောင်း Kawling Revolution -KR Team ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးမှုများရှိပြီး လမ်းပေါ်တွင်ပါ အလောင်းများရှိနေကြောင်း၊ စစ်တပ်က ရဟတ်ယာဉ်များ၊ လေယာဉ်များဖြင့် လူနေရပ်ကွက်များကို ဗုံးကျဲချခဲ့ကြောင်း၊ လက်ရှိအချိန်အထိ သေဆုံးသူ ပြည်သူ ၃၀ ဦးထက်မနည်း ရှိနိုင်ကြောင်း၊ ပြည်သူအများစုမှာ ကောလင်းမြို့ပေါ်တွင် ပိတ်မိနေကြောင်း ၊ ဖုန်းလိုင်းများ ပြတ်တောက်နေပြီး ရံဖန်ရံခါမှ သာ ဖုန်းလိုင်း ရတစ်ချက်၊ မရတစ်ချက်ဖြစ်နေကြောင်း၊ မြို့၏ အခြေအနေ အလွန်ဆိုးရွားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုကြသည်။", "“ပိတ်မိတာ ဒီနေ့နဲ့ဆို ၄ ရက်ရှိသွားပါပြီ။ မြို့ထဲဝန်းကျင် အများဆုံးပိတ်မိတာ။ ထွက်လို့မရဘူး။ လမ်းပေါ်မှာလည်း ထွက်မိလို့ အပစ်ခံထားရတဲ့ အလောင်းတွေရှိတယ်။ သာမန်ပြည်သူတွေပါ။ လမ်းပေါ်ထွက်တာနဲ့ အပစ်ခံရတယ်။ လက်နက်ကြီးတွေလည်း ကျတယ်။ လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လာပစ်တယ်။ ဘယ်လိုမှ ထွက်လို့မရပါဘူး။ ၄ ရက်ဆက်တိုက် ပစ်ခတ်နေတာပါ” ဟု ကောလင်းမြို့မှမိဘများနှင့် အဆက်အသွယ်ရရှိထားသည့် ရန်ကုန်ရောက် လူငယ်တစ်ဦးက အခြေအနေကို ရှင်းပြသည်။", "၎င်း၏ အဆိုအရ ကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးရှိ လမ်းများ၊ မြို့လယ်ခေါင်လမ်းများမှ ပြည်သူများမှာ အများဆုံး ပိတ်မိနေခြင်းဖြစ်ကြောင်း၊ ဖုန်းလိုင်းနှင့် လျှပ်စစ်မီးလိုင်းများလည်း ၄ ရက်ဆက်တိုက် ပြတ်တောက်နေကြောင်း ပြောဆိုသည်။", "Kawlin Revolution ကမူ ကောလင်းရှိပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်များကို စစ်တပ်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကျဲနေကြောင်း၊ ယမန်နေ့ နိုဝင်ဘာ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်မှု ခုနှစ်ကြိမ်တိတိ ကျူးလွန်ခဲ့ကြောင်း ၊ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ သေဆုံးကာ အိမ်မီးလောင်မှုများရှိခဲ့ကြောင်း၊ အရပ်သားပြည်သူ သေဆုံးမှုနှင့် နေအိမ် မီးလောင်မှု အရေအတွက် ကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။", "ဓာတ်ပုံ- ကောလင်းရဲစခန်းနှင့်စစ်တပ်စခန်းမှ သိမ်းပိုက်ရရှိသည့် လက်နက်များ။"]
https://yktnews.com/2023/11/129601/
ကောလင်းမြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး
["ကောလင်းမြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်သားများက စစ်ဘေးရှောင် ပြည်သူများကို လိုက်လံပစ်ခတ်မှုများပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၄", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုင်ဝင်ဘာလ ၄ ရက်နေ့တွင် ကောလင်းမြို့ပေါ်၌ ပိတ်မိနေသော ပြည်သူများကို PDF တပ်ဖွဲ့များက ကယ်ထုတ်နေပြီး အကြမ်းဖက် စစ်တပ်က နံနက်ပိုင်းတွင် မြို့ပေါ်ကို ဗုံးကျဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့​ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းက ဖလဲရွာကို စစ်တပ်က ဗုံးကျဲခဲ့ပြီး ကျေးရွာနေပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "ကောလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် အထက ၁ ကျောင်းတို့ကို PDF တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်တပ်ကို လက်ရှိချိန်ထိ တိုက်ခိုက် သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။", "အဆိုပါ ထွေအုပ်ရုံး၌ တပ်စွဲထားသော စစ်သားများက နေအိမ်များအတွင်းမှ ထွက်ခွာလာသည့် စစ်ဘေးရှောင် ပြည်သူများကို ပစ်ခတ်ခြင်းများ ပြုလုပ်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေရှိတဲ့ ထွေအုပ်ရုံးကိုက မသိမ်းနိုင်သေးဘူး။ နံနက်ပိုင်းကတော့ စစ်ခွေးတွေ လေယာဥ် နဲ့တစ်ခါ ဗုံးကျဲတယ်။ မနေ့ကညက ကောလင်းအရှေ့ခြမ်း ကျောက်ပုထိုးနားက ကညို့အင်း ဖလဲရွာဘက်ကို ဗုံးကျဲသွားတာ ဖလဲရွာသား ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ အခု နံနက်ပိုင်း ကောလင်းမြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ပကဖ၊ ပအဖ နဲ့ PDF တွေက ကူညီကယ်ထုတ်ပေးနေတယ်။ ထွေအုပ်ရုံးထဲက အကြမ်းဖက် စစ်တပ်က လမ်းမပေါ်တက်လာတဲ့ စစ်ရှောင်ပြည်သူတစ်ချို့ကို ရမ်းသမ်းပစ်ခတ်လို့ပြည်သူတစ်ချို့ ထိခိုက်မှုရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ​ပြောဆိုသည်။"]
https://yktnews.com/2023/06/109724/
ကောလင်းမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး ဝန်းသိုတွင် စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက်၊ မြင်းမူရဲစခန်းနှင့်ထွေအုပ်ရုံးကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ကောလင်းမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီး ဝန်းသိုတွင် စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်းကို တိုက်ခိုက်၊ မြင်းမူရဲစခန်းနှင့်ထွေအုပ်ရုံးကိုလည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ ဇွန် ၂၆", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်းဈေးအရှေ့ဈေးအနီးရှိ ကမ္ဘောဇ ဘဏ်-၂ အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Kawlin Revolution-KR ထံမှ သိရသည်။", "ယမန်နေ့ ဇွန်လ ၂၅ ရက် နံနက် ၆ နာရီ ၁၈ မိနစ်ခန့်က အကြမ်းဖက် စစ်သား များ ပုံမှန်ကင်းပုန်းဝပ်နေ ကျနေရာဖြစ်သည့် ကမ္ဘောဇဘဏ် – ၂ (ကောလင်း အရှေ့စျေး) အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အကြမ်း ဖက်စစ်သား အချို့ထိခိုက် ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်သားများမှ ဈေးတန်းရှိရာဘက်သို့ နာရီဝက်ခန့် ကြာသည်အထိ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူအချို့ အပြင်းအထန် ဒဏ်ရာ ရ ရှိခဲ့ကြောင်း သိရသည်။", "ထို့အပြင် ဇွန်လ ၂၂ ရက် နေ့လည် ၁၁ နာရီ ၅၅ မိနစ်တွင် ဝန်းသိုမြို့နယ်၊ ဂျိုးထောင်-နမ့်ခမ်းဒေသရှိ နမ်းခမ်းရွာရှိ ပျူစခန်းနှင့် အကြမ်းဖက်စစ်တပ် အထိုင် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက် လုပ် ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ရာ ညနေ ၃ နာရီ အထိဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိ ခိုက် မှုရှိခဲ့သော်လည်း အတိအကျ မသိရသေးကြောင်း THE SECRET WARRIOR KAWLIN ထံမှ သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ဝန်းသိုမြို့နယ် ပ.က.ဖ ၊ ဒေသခံ ပ.က.ဖ များ၊ ကော လင်း မြို့နယ် ပ.က.ဖနှင့် ကောလင်းမြို့ပေါ် ပ.က.ဖ တိုက်ခိုက်ရေးအဖွဲ့ THE SECRET WARRIOR KAWLIN တို့ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက် အင်အားမမျှတသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း လက်လုပ် လက်နက်ကြီးအချို့ ပြောင်းကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့ပေါ်ရှိ မြင်းမူရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ တိုက်ခိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Federal Wings ထံမှ သိရသည်။", "ဇွန်လ ၂၄ ရက်နေ့ ညဦးပိုင်း မြင်းမူရဲစခန်းကို ဗုံးသီး ၂ လုံး၊ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကို ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ထိမှန်ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်သား၊ အ ဆောက်အဦ ထိခိုက်ပျက်စီးမှုရှိသော်လည်း အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် ကွက်ကဲရေးအဖွဲ့၏ ကွက်ကဲမှုဖြင့် တပ် ရင်း ၁၈၀၁ စစ်ကိုင်း ဒေသ တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက် ခဲ့သည့် ရဲစခန်းနှင့်ထွေအုပ်ရုံးသည် Drone J‌ေmmer တပ်ဆင်ကာကွယ်ထားသည့် နေရာဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/07/113456/
ကောလင်းမြို့ပေါ်တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်သား ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၁ ဦး သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ
["ကောလင်းမြို့ပေါ်တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်သား ၂ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၁ ဦး သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ", "ရန်ကုန်၊ ဇူလိုင် ၁၇", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသည့် စစ်သား ၂ ဦးကို ကောလင်း PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၁ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း Kawlin Info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက်နေ့တွင် ကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက် အနောက်ဘက် လက်ခုပ်ပင်အနီးတွင် လက်လုပ်သေနတ်များဖြင့် ပြည်သူများကို ဓားပြတိုက်နေသည်ဟု သတင်းရ၍ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ပိတ်ဆို့ ဖမ်းဆီးခဲ့ပြီး ဓားပြတိုက်သူ ၂ ဦးမှာ အကြမ်းဖက် စစ်တပ်၏ ဝန်းသို ခမရ ၁၁၁ တပ်မှ တပ်သား ရွှေလျှံထွန်းဆိုသူနှင့် ဝန်းသို ခမရ ၁၂၀ တပ်မှ တပ်သား ဟန်ဝင်းအောင်တို့ ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဓားပြတိုက်သူ ၂ ဦးသည် လမ်းသွားလမ်းလာ ပြည်သူများကို လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်နေသူများဖြစ်ပြီး PDF တပ်ဖွဲ့များ ဖမ်းဆီးစဥ်တွင် ဝန်းသို ခမရ ၁၁၁ တပ် မှ တပ်သား ရွှေလျှံထွန်းဆိုသူသည် လက်လုပ်သေနတ်ဖြင့် ပြန်လည် ပစ်ခတ် ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးရမှ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓားပြတိုက်နေသည့် စစ်သားများကို ဝန်းသို ခမရ ၁၁၁ တပ်ရင်းမှ လက်ရှိတွင် ကောလင်း ဆေးရုံ၌ လုံခြုံရေးတာဝန်ကျနေသည့် ဗိုလ်ဝင်းထွန်းဆိုသူမှ လက်လုပ်သေနတ်များ ပေး၍ ကောလင်းမြို့ပေါ်နေရာအနှံ့တွင် ဓားပြတိုက်ခိုင်းခြင်းဖြစ်ကြောင်း၊ ဆီတင်ကားများ၊ လောင်းကစားဝိုင်းများကို ငွေကောက်ခံခြင်းတို့ လုပ်ဆောင်၍ တော်လှန်ရေးအဖွဲ့များမှ ပြုလုပ်သယောင် ထင်ယောင်ထင်မှား ‌ဖြစ်စေရန် စေခိုင်းခဲ့သည်ဟု စစ်ဆေးသိရှိရကြောင်း Kawlin Info ထံမှ သိရှိရသည်။", "” ည ၁၂ လောက် ဓါးပြတိုက်နေတယ်လို့ ပြည်သူတွေသတင်းပေးလို့ PDF၊ ပကဖ တွေသွားပြီးဝိုင်းဖမ်းတာပါ” ဟု Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဓားပြအဖြစ်လုပ်ဆောင်နေသည့်အကြမ်းဖက်စစ်သားများထံမှ လက်လုပ်သေနတ်တစ်လက်၊ ဖုန်း၂ လုံး၊ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာနယ်မြေခံ PDF တပ်ရင်းသို့ စနစ်တကျအပ်နှံခဲ့ကြောင်း ၊ အဆိုပါ စစ်ဆင်ရေးကို ကောလင်းမြို့နယ် ပကဖနှင့် The Secretwarrier Kawlin တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/125215/
ကောလင်းမြို့ပေါ်တွင် လိုင်းကြေးယူပြီး ဖဲရိုက်နေသော မီးထားရဲများ တိုက်ခိုက်မှု တပ်ကြပ်ကြီး တစ်ဦးသေဆုံး သေနတ် တစ်လက်သိမ်းဆည်းရရှိ
["ကောလင်းမြို့ပေါ်တွင် လိုင်းကြေးယူပြီး ဖဲရိုက်နေသော မီးထားရဲများ တိုက်ခိုက်မှု တပ်ကြပ်ကြီး တစ်ဦးသေဆုံး သေနတ် တစ်လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ အောက်တိုဘာ ၄", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် မူးယစ်ဆေးဝါးရောင်း ချသည့်နေအိမ်မှ လိုင်းကြေးယူပြီးဖဲရိုက် နေသော မီးရထားရဲများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့ကြောင်း Kawlin Info မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ကောလင်းမြို့၊ မီးရထားရထား ရပ်ကွက်၊ မီးရထားလိုင်းခန်းတွင် မူးယစ်ဆေးဝါးရောင်းချနေသည့် မီးငယ်လေး နေအိမ်မှ လိုင်းကြေးယူပြီးနောက် ဖဲထိုင်ရိုက်နေသော မီးရထားရဲများကို ကောလင်းအရှေ့ခြမ်း ပကဖ အဖွဲ့နှင့် ဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရထားရဲတပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“အပြန်အလှန်ပစ်ခတ်မှုကခဏပါပဲ၊ ရထားရဲ ၃ ရစ်နဲ့ တစ်ကောင်သေတာ၊ နာမည်ကကျော်အောင်တဲ့၊ ဒီနေ့သင်္ဂြိုလ်ပြီးတယ်၊ ကျန်တဲ့နှစ်ဦးက ဗိုက်ရှပ်ထိဒဏ်ရာရတာ၊ မသေဘူး၊ မီးရထားရဲတွေ၊ မူးယစ်ဆေး ရောင်းတဲ့အိမ်ကို လိုက်ကြေးကောက်ပြီး ဖဲထိုင်ရိုက်နေတာကို ဝင်ပစ်ကြတာ၊ လက်နက်ရတယ်လို့တော့ မကြားမိဘူး၊ လက်နက်ရတယ်ဆိုရင်လည်း သေတဲ့ ရခဟာဖြစ်နိုင်တယ်၊ ဖြစ်တာက မီးရထားလိုင်းခန်း အနောက်ဘက်မှာဖြစ်တာ၊” ဟု Kawlin Info မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။", "အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မစိုးရိမ်ရ၊ မပြင်းထန် ဒဏ်ရာရရှိခဲ့ ကြောင်း၊ယနေ့ အောက် တိုဘာလ ၄ ရက်ညပိုင်းတွင် ကောလင်းမြို့မရဲစခန်းရှိအ ကြမ်းဖက်စစ်သားများ မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။", "Photo – သိမ်းဆည်းရရှိသော သေနတ်"]
https://yktnews.com/2023/11/129423/
ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ပစ်ခတ်နေ
["ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ပစ်ခတ်နေ", "တိုက်ပွဲအတွင်း မြို့ပေါ်နေ ပြည်သူများ ပိတ်မိနေ", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက် အစောပိုင်း ၄ နာရီခန့်က စတင်ကာ ကောလင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။", "တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားပြီး ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ပစ်ခတ်နေကာ မြို့ပေါ်နေ ပြည်သူများလည်း ပိတ်မိနေကြောင်း သိရှိရသည်။", "” ကောလင်းမြို့ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ယူနေပြီ စစ်ခွေးတွေက Fighter တွေ Mi 35 တွေ နဲ့ အကြိမ်ကြိမ် ပစ်နေတယ်။ မနက် ၄ နာရီလောက်တည်းက စဖြစ်နေတာ ရဲစခန်းနဲ့ ထွေအုပ်ကို တိုက်တာ စစ်ခွေးတွေက Mi 35 နဲ့ ခုနထပ်ပြီး ထွေအုပ်နဲ့ ရဲစခန်းပတ်ပတ်လည်ကိုပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/01/138285/
ကောလင်းမြို့ပေါ်ရှိ အရှေ့စျေးကြီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရကာ နေအိမ် ၄ လုံးပျက်စီး
["ကောလင်းမြို့ပေါ်ရှိ အရှေ့စျေးကြီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရကာ နေအိမ် ၄ လုံးပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ အရှေ့စျေးကြီးကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၂၁ မိနစ်ထိ ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၁၂၀ တပ်ရင်းက ကောလင်းမြို့အတွင်းကို လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ၂ လုံးသည် ကောလင်းမြို့ အရှေ့စျေးကြီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး စျေးသည်များနှင့် စျေးဝယ်သော ပြည်သူ ၅ ဦး လက်နက်ကြီးကျည် ထိမှန်ကာသေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးလည်း ထိခိုက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော ပြည်သူများမှာ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး ဖြစ်ပြီး သေဆုံးသူများထဲတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးပါဝင်ကြောင်း၊ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိချိန် သေဆုံးသူများကို လူမှုကူညီရေးအဖွဲ့များမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရှိသူများကိုလည်းသက်ဆိုင်ရာ ဆေးအဖွဲ့များမှ ဆေးကုသမှုပေးလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/09/123040/
ကောလင်းမြို့ရှိ KTV ၌ သောက်စားပျော်ပါးနေသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး
["ကောလင်းမြို့ရှိ KTV ၌ သောက်စားပျော်ပါးနေသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ KTV ၌ သောက်စားပျော်ပါးနေသောအကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့် ကောလင်းမြု့တွင်းရှိ KTV တစ်ခု၌ သောက်စား ပျော်ပါးနေသော အကြမ်းဖက်စစ်သားများကို ကောလင်းခရိုင် တပ်ရင်း ၁ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိသူရှိပြီး စိုးရိမ်စရာရကြောင်း သိရသည်။", "“ဖြစ်စဉ်က မှန်ပါတယ်၊ စစ်ခွေးတွေချည်းပါပဲ၊ ၂ ဦးက ပွဲချင်းပြီးသေတယ်၊ ကျန်တာတွေက ဆေးရုံမှာ ၅ ယောက်သေတာလို့ ပြောတယ်၊ စုစုပေါင်း ၇ ဦးသေတာ၊ ဗိုလ်တစ်ဦးပါတယ်လို့ ကြားတယ်၊ မနေ့က အနီးအနားအိမ်က မိန်းကလေးနှစ်ဦးကိုပါ ပါးရိုက်သွားသေးတယ်၊ ဖမ်းတော့ မသွားပါဘူး၊” ဟု Kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "Photo – ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ"]
https://yktnews.com/2024/03/152374/
ကောလင်းမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး
["ကောလင်းမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၂၃", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ နေရာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Kawlin Revolution – KR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်သည့်နေရာနှင့် ဝေးသည့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ရှောင်နေသည့် ပန်းတင်ရွာသား ဦးမြင့်သန်း ရင်ဘတ်ကို ဗုံးစမှန်ကာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲဖြစ်ရာနေရာနဲ့ အလှမ်းတော်တော်ဝေးတဲ့နေရာကို ကျဲတာဖြစ်လို့ တမင်လို့ ယူဆရပါတယ်ဗျ”ဟု Kawlin Revolution – KR ၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များသည် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ကောလင်း အနောက်ခြမ်း မင်းကုန်း၊ ဖန်းခါးခုံရွာအနီး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းမှ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်"]
https://yktnews.com/2023/11/130486/
ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးပြီး ၂၁ ဦးလက်နက်ချ အညံ့ခံ၊ PDF ရဲဘော် ၃ ဦးကျဆုံး
["ကောလင်းမြို့သိမ်းတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးပြီး ၂၁ ဦးလက်နက်ချ အညံ့ခံ၊ PDF ရဲဘော် ၃ ဦးကျဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်မြို့သိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးခန့်သေ ဆုံးပြီး ၂၁ ဦးလက်နက်ချအညံ့ခံကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက တရားဝင် သတင်း ထုတ်ပြန်သည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်မှ နိုဝင်ဘာလ ၅ ရက် ည ၇ နာရီခန့်အထိ ကောလင်းမြို့ သိမ်း တိုက်ပွဲဆင်နွှဲခဲ့ရာ စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံးပြီး လက်နက်ချ အညံ့ခံသူ စစ်သုံ့ပန်း ၂၁ ဦး ရှိ ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စစ်ကောင်စီတပ်သားများ အသုံးပြုသော လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၉ လက်၊ Jammer ၄ ခု၊ ခဲယမ်း၊ ကျည်အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။", "အဆိုပါ ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၃၆၉ တပ်မှ ဒုဗိုလ်မှူးကြီး သက်ပိုင်မြင့် ဦးစီး အင်အား ၅၇ ဦးက အထက်တန်းကျောင်း၌လည်းကောင်း ၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁၁ ၊ ၁၂၀ တပ်မှ ဒုဗိုလ်မှူးကြီး သိန်းဇော်လင်း ဦးစီးပြီး အင်အား (၄၀) ခန့်က အထွေထွေအုပ်ချုပ်ရေးရုံး၌ လည်းကောင်း ၊ ဒုရဲမှူး သန်းလွင် (မြို့နယ်မှူး) ဦးစီး ရဲအင်အား ၆၆ ဦးက ရဲစခန်း၊ ရွှေနွယ်ဖြိုး လက် ဖက် ရည်ဆိုင်နှင့် မီးရထားဘူတာတို့၌ လည်းကောင်းတပ်စွဲကာ ထိန်းချုပ်ထားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် အမှတ် ၁ တပ် ရင်း၊ အမှတ် ၂ တပ်ရင်း၊ စစ်ကိုင်းတိုင်း ပကဖ၊ ကောလင်းခရိုင်/မြို့နယ် ပကဖနှင့် Federal Wings ပူး ပေါင်း အဖွဲ့တို့မှ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြတ်တောက်ရေးအနေဖြင့် ကောလင်းခရိုင် အမှတ် တပ်ရင်း ၃ တပ်ရင်း ၄ နှင့် ဝန်းသိုမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်း သိရသည်။", "မြို့သိမ်းတိုက်ပွဲ ၃ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက် တာတိုက်လေယာဉ်နှင့် ကန့်ဘလူမြို့ တကရ-၆၀၀၆ မှ တက်လာသည့် Mi-35 ရဟတ်ယာဉ်တို့ဖြင့် လေ ကြောင်း တိုက်ခိုက်မှုပေါင်း ၄၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ ၊ စစ်ဦးစီးရုံးက ထုတ်ပြန် ထား သည်။"]
https://yktnews.com/2023/11/132478/
ကောလင်းမြို့အတွင်း စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ထိခိုက်ပျက်စီး၊ ကျိုက်ထိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ကောလင်းမြို့အတွင်း စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ထိခိုက်ပျက်စီး၊ ကျိုက်ထိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်း အကြမ်းဖက် စစ်တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝန်သိုမြို့နယ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကောလင်းမြို့အတွင်းကို ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "” အိမ်တွေဘဲထိတယ်။ လူကတော့ အသေးစားတော့ထိခိုက်မှုရှိတယ်။ လက်နက်ကြီးနဲ့ ထုတဲ့အချိန် လူသူလည်းမရှိဘူး။ နံနက်ပိုင်းသာ လက်နက်ကြီးကျရင် လူထိခိုက်မှုရှိနိုင်တယ်။ အိမ်ပေါ်ကျတာကလည်း ဆိုင်ခန်းထဲလူမနေလို့” ဟု ကောလင်းမြို့နယ် ပြည်သူမှ ပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "အဆိုပါ ပစ်ခတ်မှုသည် အကြမ်းဖက် စစ်တပ်ကို သတင်းပေးသူများရှိ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်တောင်းမြစ် အနောက်ဘက်ခြမ်း ရွှေကျင်မြို့နယ်၊ ဝေါမြို့ရှိ အုတ် ၂ အရှေ့ဘက်ခြမ်း အုန်းတောကျောင်းတိုက်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ရာ ဦးသီလ ဘုရားကုန်းအနီးရှိ ဦးနိုးတူး အိမ်အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ဦးနိုးတူး မွေးမြူထားသည့် နွား ၁ ကောင် သေဆုံးခဲ့ရပြီး ၃ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ် အုပ်ချုပ်မှုနယ်မြေ အတွင်းရှိ ကျောက်ဖျာ ကျေးနယ်၊ ပျဉ်းကတိုးကုန်း ကျေးနယ်၊ ဇီးပြောင်း‌ ကျေးနယ်၊ ဝင်းကံ ကျေးနယ်၊ ဝင်းကလော ကျေးနယ်၊ အာလူး ကျေးနယ်၊ ငှက်ပျောတော ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်မှုများကြောင့် ဒေသပြည်သူလူထု ထိခိုက်ဒဏ်ရာရ သေဆုံးမှု၊ နေအိမ် အဆောက်အဦးနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု များလာကာ စိုးရိမ်ထိတ်လန့်မှုများ ဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း သိရသည်။"]
https://yktnews.com/2023/11/131364/
ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က အသိပေး ထုတ်ပြန်
["ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က အသိပေး ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "စစ်ကိုင်းတိုင်း ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။", "ကောလင်းမြို့ သိမ်းတိုက်ပွဲအတွင်း လုံခြုံရေး အခြေအနေအရ တိမ်းရှောင် နေရသည့် ပြည်သူများအနေဖြင့် ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က ကောလင်း မြို့တွင်း၌ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ စီမံဆောင်ရွက်နေပြီ ဖြစ်ပါသဖြင့် ကောလင်းမြို့ တွင်းသို့ ဝင်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။", "နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တအုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် ၁/၂၀၂၃ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ် ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။", "ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် အမှတ် ၁ စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/151994/
ကောလင်းမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြား
["ကောလင်းမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြား", "ရန်ကုန်၊ မတ် ၂၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ နှင့် တော်လှန်ရေးတပ်ဖွဲ့ သတင်း ရင်းမြစ်ထံမှ သိရသည်။", "ယနေ့မတ်လ ၂၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်မှစ၍ ကောလင်းမြို့ အနောက်ခြမ်းရှိ ရွာမရွာ၊ စံတော်သာကုန်း၊ မင်းကုန်း၊ ဖန်ခါးကုန်း၊ ကျောက်ကြမ်းတောင်တို့ဘက်ကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တနေကုန် နီးပါးတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ ကြောင်း သိရသည်။", "“ကောလင်းမြို့နားပတ်ချာလည်ကို ဒီနေ့ မနက်ပိုင်းလောက်စက ဖြစ်တာ၊ လေကြောင်းတော့ မလာ ဘူး၊ စစ်ခွေးတွေကလည်း မြို့အနီးအနား ပတ်ချာလည်ကို စစ်ကြောင်းထိုးပြီး မီးရှို့နေလို့ ဖြစ်တာ၊ တိုက်ပွဲကြီးဖော်ဆောင်တာတော့ မဟုတ်သေးဘူး၊ ထိတွေ့တိုက်ပွဲကတော့ ဖြစ်နေတယ်၊ အခုထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတုန်း” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း ၂ ၊ ယင်းမာပင်ခရိုင် ပူးပေါင်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပကဖ နှင့် ကောလင်းခရိုင် ပကဖ လက်ရုံးတပ် တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျ ဆုံးခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/11/130005/
ကောလင်းမြို့၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ မြို့ အပါအဝင် မြို့ ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားပြီး နိုင်ငံတစ်ဝန်း စစ်တပ်စခန်းများကိုလည်း တစ်ခုပြီး တစ်ခု ဆက်တိုက်သိမ်းနေ
["ကောလင်းမြို့၊ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ မြို့ အပါအဝင် မြို့ ၅ ခုကို တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားပြီး နိုင်ငံတစ်ဝန်း စစ်တပ်စခန်းများကိုလည်း တစ်ခုပြီး တစ်ခု ဆက်တိုက်သိမ်းနေ", "ရန်ကုန်၊ နိုဝင်ဘာ ၆", "မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိရာ တစ်နေ့ထက် တစ်နေ့ နိုင်ငံတစ်ဝန်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ပိုမိုများပြားလာကြောင်း သိရှိရသည်။", "မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီမြို့တို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားရာ ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကောလင်းမြို့ကိုပါ သိမ်းပိုက်လိုက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် သိမ်းပိုက်ထားနိုင်သော မြို့ ၅ ခုရှိလာပြီဖြစ်သည်။ လက်ရှိတွင် ရှမ်းပြည်နယ်၊ နမ့်ခမ်း၊ မန်တုံအပါအဝင် မြို့များ၏ အချက်အချာကျသော တပ်စခန်းများနှင့် ရဲစခန်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားပြီး မကြာမီ သိမ်းပိုက်ရရှိသည့် မြို့အရေအတွက် တိုးတက်များပြားလာနိုင်ခြေရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း စခန်းသိမ်းတိုက်ပွဲများစွာ ရှိခဲ့ကြောင်း သိရှိရသည်။", "ယနေ့နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီ ၄၃ မိနစ်တွင် ကိုးကန့် တုန်းရှမ်းဒေသ ၊ ရှင်ရွှေထန်တွင်ရှိသော စစ်ကောင်စီ၏တပ်စခန်းကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAA မှ ထိုးစစ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၀ မိနစ် ကြာ စခန်းသိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၆ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ကိုးကန့်ရှင်းဝမ်ဒေသ ၊ ရှင်ဟွာ ကျေး ရွာအုပ်စု ၊ တုံရပ်ထန် ပေါက်ပေါက်တောင်ကုန်း နှင့် ကျင်ဖန်ဟော် နေရာ၌ရှိ စစ်ကောင်စီစခန်းများကို MNDAA မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး စစ်ပစ္စည်း အချို့ လည်း သိမ်းဆည်းရရှိခဲ့ရရှိခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂ ရက်နေ့ တွင် သံလွင်မြစ် အရှေ့ဘက်ခြမ်း ကွမ်းလုံဒေသကို MNDAA မှ သိမ်းယူနိုင်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကွမ်းလုံအနောက်ဘက်ရှိ စစ်ကောင်စီစခန်းကို စတင်ထိုးစစ် တိုက် ခိုက်ခဲ့ရာ လက်ရှိ အချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။", "ယနေ့နိုဝင်ဘာ နံနက် ၆ နာရီ ၄၁ မိနစ်တွင် မူပန် (သိန္နီ)ဒေသရှိ စစ်ကောင်စီ၏ တပ်ရင်း ၂၉၁ စခန်းကို MNDAA မှ ဒရုန်းဖြင့် တစ်ကြိမ် သွားရောက် ဗုံးချဲတိုက်ခိုက်ခဲ့ပြီး ယခုအချိန်အထိ စစ်ကောင်စီတပ်စခန်း ကြီး/ငယ်ပေါင်း ၁၁၂ ခုကို သိမ်းယူရရှိထားကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၅ ရက်နေ့တွင် ကိုးကန့် ခရိုင်၊ တုန်းရှမ်းဒေသ၊ တာကန်ထန်တပ်စခန်း ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်MNDAAမှ တိုက်ခိုက် သိမ်းယူခဲ့ကြောင်း၊ တာရွှေထန် အခြေချနေ ထိုင် သော ကိုးကန့်ရုပ်သေးအဖွဲ့များလည်း တိုက်ပွဲဝင်ချင်သောစိတ်ဓာတ်များကျဆင်းပြီး လက်နက်များ စွန့်လွှတ်ပစ်ချကာ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။", "နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ တာကန်ထန်တပ်စခန်းကို ခြေလျင်အဖွဲ့နှင့် လေကြောင်းအဖွဲ့ပူးတွဲပြီး ထိုးစစ်တိုက်ခိုက်ခဲ့ရာ ည ၇ နာရီ ၅၈ မိနစ်အထိ တိုက်ပွဲဖြစ် ပွားခဲ့ပြီး နိုဝင်ဘာလ ၅ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် နည်းဗျူဟာ အသစ်ပြောင်းလဲချမှတ် ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၅ ရက်နေ့က ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ တာရွှေထန်နေရာတွင်အခြေချနေထိုင်သော ကိုးကန့်ရုပ်သေးအဖွဲ့ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့နှင့် ပြည်သူ့စစ်များသည် ဆက်လက် တိုက်ခိုက် ခြင်းမရှိတော့ပဲ လက်နက်များစွန့်လွှတ် ပစ်ချခဲ့ကာ စခန်းမှ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။", "နိုဝင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ကိုးကန့်ခရိုင်၊ မန်တုံပကျေးရွာအုပ်စု ၊ ကျောက် ထန်ပရွာကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပြီး အကြီးစား ဗုံး ၂ လုံး ကျဲချ ခဲ့ရာ နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး အသက် ၃ နှစ်အရွယ်မိန်းကလေးတစ်ဦး၊ အသက် ၆၈ နှစ်အရွယ် အမျိုး သမီးတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦး သာမန်ဒဏ် ရာရရှိခဲ့ ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများကို MNDAA အဖွဲ့မှ အချိန်မီ ကုသပေးခဲ့ကာ နောက်တန်းဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၄ ရက် ည ၉ နာရီ မိနစ် ၃၀ အချိန်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ လားရှိုးမြို့နယ်ရှိ စစ် ကောင်စီ၏ တပ်ရင်း ၅၀၇ နှင့် သိန္နီခရိုင် ၊ နန်ဖိုင်းနေရာရှိ တပ်ရင်း၂၉၁ စခန်းတို့ကို MNDAA မှ တစ်နေ ကုန် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မူပန်(သိန္နီ)ဒေသ စကခ ၁၆ စခန်းမှ ထွက်လာ သော စစ်ကူများကို ၎င်းတို့စခန်းနှင့် မီတာ ၂၀၀ အကွာအရေက် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မူပန်(သိန္နီ)ဒေသ ရေပူဂိတ်နေရာရှိသော စစ်ကောင်စီတပ်ဖွဲ့ကိုလည်း နှစ်ကြိမ်ကြားဖြတ် တားမြစ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၅ ရက်နေ ညနေ ၃ နာရီခန့် မူပန်(သိန္နီ)ဒေသ ၊ ဟိုပင်ကျေးရွာအုပ်စု ၁၄ မိုင် မှ ၁၅ မိုင် ကြား တွင် စစ်ကောင်စီ၏ အရပ်သားယာဉ်အဖြစ် ဟန်ဆောင် ထားသော ပို့ဆောင်ယာဉ်တန်း ၅ စီးကို MNDAA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီး ပျက်စီးခဲ့ပြီး ကျန်ပို့ဆောင်ယာဉ်များ ပြန် ဆုတ်သွား ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၅ ရက်နေ့ ည ၉ နာရီမှ ၁၀ နာရီအချိန်အထိ သန္နီခရိုင်၊ နန်ဖိုင်းနေရာရှိ စစ်ကောင်စီ၏ တပ်ရင်း ၂၁၉ စခန်းကို MNDAA မှ ဒရုန်းဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့အပြင် နိုဝင် ဘာလ ၅ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မုံးကိုးဒေသ ၊ ရှောက်ချင်ရှူနေရာရှိ စစ်ကောင်စီ တပ် စခန်းကို MNDAAနှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ထိုးစစ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီ၏ ဗျူဟာကုန်းများအနက် ပန်လုံဗျူဟာကုန်း(အဓိကပင်မကုန်း) ၏ အောက်ဘက်ရှိ “ကာကင်း” ဗျူဟာစခန်း ၂ ခုကိုကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့ ကြောင်း၊ ထို့အပြင် စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းထိုင် ထားသော “ပန်လုံဗျူဟာကုန်း” ကို နိုဝင်ဘာလ ၅ ရက် နံနက် ၅ နာရီ အချိန်ခန့်မှစ၍ စတင် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ အချိန်ခန့်တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ “ကာကင်း” ဗျူဟာစခန်း (၂) ခုနှင့် ၎င်း၏ ပင်မ “ပန်လုံ” ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ အဓိက ဦးဆောင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ရေးအရ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရသည့် စခန်း သိမ်း တိုက်ပွဲတစ်ခုဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်တို့ ဖြင့် အကြိမ်ပေါင်းများစွာ ခုခံကာကွယ်တိုက်ခိုက်နေသည့်ကြားမှ ဗျူဟာမြောက်ထိုးစစ်ကာ ပေး ဆပ်မှုများစွာဖြင့် “ပန်လုံဗျူဟာကုန်း”ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီ အချိန်ခန့်မှစ၍ စစ်ကောင်စီ၏ စစ်ရေးဗျူဟာကျသော “တာဂန်ထန်” တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့များ မှ စတင်ထိုးစစ်ဆင် တိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ကာကွယ်ပေးခဲ့သော်လည်း နိုဝင် ဘာလ ၅ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် ၎င်းစခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း သိရ သည်။", "ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်း မြို့ရှိ “နမ့်ခမ်းရဲစခန်း” အား တအာင်းတပ်မတော် (TNLA) မှ အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ ကြောင်း၊ ထို့အပြင် ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်တံတားအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် (TNLA) နှင့် MDY PDF ပူးပေါင်း တပ်ဖွဲ့တို့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် လည်း နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အနီးရှိ စစ်ကောင်စီတပ်စခန်းကို TNLA ၊ MDY PDF ပူး ပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပတ်ဝန်းကျင်နှင့် မြို့တွင်းရှိ စစ် ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များပါဝင်သည့် ပူးပေါင်းမဟာမိတ်တပ်ပေါင်းစုမှ တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် ကောလင်းမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၄ ရက်နေ့က မုံးကိုးခရိုင်၊ ရှောက်ကွမ်းလုံးဒေသရှိ ရန်သူစစ်ကောင်စီ၏ အမှတ် ၃ တပ် စခန်းနှင့် မုံးကိုးဗျူဟာကုန်းအနောက်ဘက် တောင်ကုန်းရှိ အမှတ် ၄ တပ်စခန်းတို့ကို ကိုးကန့် တပ်မ တော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်နေစဉ် အကြမ်းဖက်စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် မုံးကိုးခရိုင်၊ မုံးကြည်ဒေသ၊ နန်တုန်ကျေးရွာအုပ်စု၊ ရှင်းကျိုင့်ကျေးရွာမှ အရပ်သားကလေးငယ် ၃ ဦးနှင့် လူကြီး ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၄ ရက် နံနက် ၆ နာရီ ၂၅ မိနစ် အချိန်ခန့်က ကိုးကန့်တပ်မ‌တော် (MNDAA) နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ ဟိုပန်အုပ်စု၊ မုံးတင်တိတောင်ကုန်းရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းအား ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးနောက် ညနေ ၆ နာရီ မိနစ် ၃၀ နှင့် ၇ နာရီကြားတွင် စစ်ကောင်စီတပ်မှ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ သိန္နီ၊ မုံးယောင်ဒေသ၊ ဟွေလော့ ကျေးရွာမှ အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီခန့်တွင် မုံးကိုးဒေသအနီးရှိ “မုံးကိုးနမ့်ဟာစစ်ရှောင်စခန်း”ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ရှောင်စခန်းရှိ နေအိမ် မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။", "၁၀၂၇ စစ်ဆင်ရေး Operation ကြီး စတင်ဆောင်ရွက်လာချိန်မှစ၍ အထူးဒေသ ၁ မုံးကိုးခရိုင် မုံးကိုး ဒေသ ဖောင်းဆိုင်ကျေးရွာအုပ်စု ဖောင်းဆိုင်ရွာ ၊ ရှိကျိကျတောင်တန်း နှင့် မန်ယန် ပေါက်ပေါက်တောင် တန်း စသည့်နေရာများရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ရာချီ သိမ်း ပိုက်ထားကာ ကိုးကန့်(MNDAA)မှ ဒေသအုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် စတင်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/02/146408/
ကောလင်းမြို့၏နေရာအများစုကို တော်လှန်ရေးတပ်များ ယာယီ ခေတ္တ စွန့်ခွာပေးရမှုအပေါ် NUG နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ရှင်းလင်း
["ကောလင်းမြို့၏နေရာအများစုကို တော်လှန်ရေးတပ်များ ယာယီ ခေတ္တ စွန့်ခွာပေးရမှုအပေါ် NUG နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော် ရှင်းလင်း", "ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် မြို့အတွက် ထည့်သွင်းစဉ်းစားပြီး ရှေ့တိုးရန် နောက်တစ်လှမ်းဆုတ်ခဲ့ဟုဆို", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်က မြေပြင်၊ လေကြောင်းတို့ဖြင့် အင်အားအလုံးအရင်းသုံး၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားပြီး ခေတ္တ စွန့်ခွာ ပေးလိုက်ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ-NUG နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ် အချိန်မှစတင်ကာ အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲ၍ ကောလင်းမြို့ တောင်ဘက်နှင့် မြောက်ဘက်မှ စတင် ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီး ပစ်ကူများ လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန်တိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ကောလင်းမြို့ကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ အပြင်းအထန်းဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများ၏ လုံခြုံရေး အခြေအနေ စိုးရိမ်ရသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ခေတ္တစွန့်ခွာပေးလိုက်ကြောင်း သိရှိရသည်။", "“ကောလင်းကတော့ သူတို့သာလွန် အင်အားတွေနဲ့ စစ်ကြောင်းတွေထိုးတယ်။ လေယာဉ်ပျံတွေနဲ့ ဗုံးကျဲတယ်။ အမြောက်ကြီးတွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ မြို့အတွက် ထည့်ပြီးစဉ်းစားတာရှိတယ်။ ပြီးတော့ စစ်ရေးနည်းဗျူဟာ အရလည်း ကျွန်တော်တို့တွေ မလိုအပ်ဘဲနဲ့ ကျွန်တော်တို့ အကျအရှုူံးတွေကို တတ်နိုင်သမျှ နည်းအောင်နောက် အထူးသဖြင့် ပြည်သူလူထုတွေရဲ့ လုံခြုံရေး အသက်အိုးအိမ် သူတို့ရဲ့ အိမ်ရာတွေ အတွက်ပါ ထည့်သွင်းစဉ်းစားပြီးတော့ အခုတော့ ကောလင်းမြို့ရဲ့ အများစုက အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်ခံ တပ်တွေ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့မှာ စစ်ရေးမှာကျတော့ တစ်ခါတစ်ခါကျရင် ရှေ့တက်မယ့် နှစ်လှမ်းအတွက် နောက်တစ်လှမ်းပြန်ဆုတ်တာရှိတယ်။ အခုကောလင်းမြို့ရဲ့ အခြေအနေကတော့ အဲအတိုင်းဖြစ်ပါတယ်။ ရှေ့နှစ်လှမ်း၊ သုံးလှမ်းတက်မယ့် အတွက်ကို နောက်တစ်လှမ်းကို ဒီအကြောင်း အမျိုးမျိုးကြောင့် အထူးသဖြင့် အရပ်သားပြည်သူ လူထုတွေအတွက် ထည့်သွင်းစဉ်းစားပြီးတော့ ကျွန်တော်တို့ ဒီဆုံးဖြတ်ချပြီးတော့ တချို့ ခေတ္တစွန့်ခွာပေးလိုက်တာဖြစ်ပါတယ်” ဟု NUG အစိုးရ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောဆိုသည်။", "လက်ရှိတွင် ကောလင်းမြို့ပတ်ဝန်းကျင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/116814/
ကောလင်းရဲစခန်းနှင့် ထွေအုပ်ရုံးကို ဝင်ရောက် တိုက်ခိုက်မှု ဒုရုဲအုပ် ၁ ဦးနှင့် ရဲမေ ၁ ဦးသေဆုံး၊ ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စုကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး
["ကောလင်းရဲစခန်းနှင့် ထွေအုပ်ရုံးကို ဝင်ရောက် တိုက်ခိုက်မှု ဒုရုဲအုပ် ၁ ဦးနှင့် ရဲမေ ၁ ဦးသေဆုံး၊ ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စုကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၆", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ပေါ်ရှိ ကောလင်းရဲစခန်း အထွေထွေအုပ်ချုပ် ရေး မှူးရုံးရှိ အကြမ်းဖက် စစ်သား ရဲများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးနှင့် ရဲမေတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိ သူများရှိကြောင်း Kawlin Revolution – KR ထံမှ သိရသည်။", "ယနေ့ဩဂုတ်လ ၅ ရက် နံနက် ၄ နာရီခွဲခန့်က ကောလင်းမြို့အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲများ အထိုင်ချတပ်စွဲထားရာ မြို့မရဲစခန်းနှင့် အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း၌ ဒုရဲအုပ်တစ်ဦးနှင့် ရဲမေတစ်ဦးသေဆုံးပြီး အချို့ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထွေအုပ်ရုံးအတွင်းတပ်စွဲထားသော အကြမ်းဖက်စစ် သား များလည်း ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ ကောလင်းမြို့ နယ် ပကဖနှင့် The Secret Warrior အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။", "အလားတူ ဩဂုတ်လ ၅ ရက် နံနက် ၁ နာရီခန့်က ၅ မိုင်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများ ကောလင်းမြို့အတွင်းသို့ ဝင်ရောက်လာပြီးနောက် နံနက် ၄ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကန်ကြီးကုန်း(ပျူ)ကျေးရွာသို့ လက်နက် ခဲယမ်း များပို့ဆောင်ပြီး ဆန် တက်လာသော စစ်သင်္ဘောများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Chaung U Revolution Army –CRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့က ဧရာဝတီမြစ်ဘက်မှ လက်နက်ခဲယမ်း၊ ရိက္ခာများတင်ဆောင်ကာ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ သင်္ဘော ၅ စီးသည် ကန်ကြီးကုန်း(ပျူ)ရွာသို့ လက်နက်ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ပြီး နောက် မုံရွာဘက်သို့ ဆက်လက်ဆန်တက်လာစဉ် မြစ်ကြောင်းတ လျှောက် စနိုက် ပါသေနတ် ၂ လက်ဖြင့် ၁၃ ချက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထိမှန်ပြီး တစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။", "အလားတူ ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက် စစ်တပ်မှ လက်နက် ငယ်များနှင့် ၄၀ မမ၊ ၆၀ မမ ပြောင်းရှည် များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နောက်ဆုံး သင်္ဘော ၂ စီး၏ စလင်း ခန်း ထဲ သို့ ရှေ့ထွက်မိုင်းများဖြင့် ချိန်တွယ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။", "အဆိုပါတိုက်ခိုက်မှုများကို ချောင်းဦး မြို့နယ် တော်လှန်ရေးတပ်-CHAUNG U REVOLUTION ARMY (CRA)၊ တပ်စု ၅ အဖြူရောင်စစ်သည်တော်များ WHITE WARRIORS နှင့် ဆားလင်းကြီးပြည်သူ့ ကာ ကွယ်ရေးအဖွဲ့- SALINGYI PEOPLE DEFENSE FORCE(SPDF)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ် ကြောင်း စနိုက်ပါ ကျည် တစ်တောင့်လျှင် ၂၅၀၀၀ ကျပ် တန်ကြေး ရှိနေ သဖြင့် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း Chaung U Revolution Army –CRA တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/131327/
ကောလင်းသို့ စစ်ကြောင်းထိုးသွားခဲ့သည့် စစ်သားနှင့် ပျူစောထီးအဖွဲ့မှ ၁၀၀ သေဆုံးမှု ပျူစောထီး ခေါင်းဆောင် ဝါသ၀ က သတင်းအမှားဟု ငြင်းဆို
["ကောလင်းသို့ စစ်ကြောင်းထိုးသွားခဲ့သည့် စစ်သားနှင့် ပျူစောထီးအဖွဲ့မှ ၁၀၀ သေဆုံးမှု ပျူစောထီး ခေါင်းဆောင် ဝါသ၀ က သတင်းအမှားဟု ငြင်းဆို", "ရန်ကုန်၊ နိုဝင်ဘာ၁၄", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကြောင်းထိုးရန်လာသည့် အင်အား၂၆၀ ပါ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့က ၂ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ ဝါသ၀ ဦးဆောင်သော ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့မှ ဖြစ်သော်လည်း ဝါသ၀ကမူ ဝန်ခံခြင်းမရှိဘဲသတင်းအမှားဟု ငြင်းဆိုသည်။", "နိုဝင်ဘာလ ၁၀ရက် နံနက် ၆နာရီခန့်မှ နံနက် ၁၁နာရီခန့်အထိ ကန့်ဘလူမြို့နယ် အလယ်ခုံရွာအနောက်ဘက်၌ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈၀ဦး‌ထက်မနည်း သေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး လက်နက်မျိုးစုံ ၅၉လက်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ကြောင်း ၊ထို့နောက် နိုဝင်ဘာလ၁၀ ရက်နေ့ မွန်းလွဲ ၁နာရီမှ ညနေ ၅နာရီခန့်အထိ ကန့်ဘလူမြို့နယ် ချပ်ကုန်းရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ဦးခန့် ထပ်မံသေဆုံးခဲ့ပြီး ကျည်ဆန်ခဲယမ်းများ ထပ်မံ ‌သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲနေရာတွင် စစ်သားအလောင်းများ ပြန့်ကြဲနေပြီး တစ်လောင်းချင်း မသယ်နိုင်တော့သဖြင့် အစုလိုက်အပြုံလိုက် မီးသင်္ဂြိုလ်နေကြကြောင်း၊ သေဆုံးသူများမှာ ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲကမှ ဖြစ်ကြောင်း ကန့်ဘလူခရိုင် အမှတ်(၂)တပ်ရင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုခဲ့သည်။", "“စကစတွေ၊ ဝါသဝတပည့် ပျူစောထီးတွေ သေတာ အစုလိုက်အပြုံလိုက်ပဲ။ သူတို့ အလောင်းတွေကို မီးရှို့တာ မနေ့တစ်နေ့လုံး မီးခိုးတွေအူနေတာ။ အဲ့တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက ကိုယ့်အသက်ကိုယ်နှမြောရင် ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းပါ။ လက်နက်ချ အလင်းဝင်ပါ။ ရှေ့လျှောက် ဒီထက် ဆိုးလာဖို့ပဲရှိတယ်။ တစ်လှိုင်းပြီး တစ်လှိုင်းလာမယ်” ဟု ပြောသည်။", "ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို ပြန်လည် သိမ်းယူပြမည်ဟု ပျူစောထီးခေါင်းဆောင် ဝါသဝ ကြွေးကြော်ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း ဝါသဝဖွဲ့စည်းပေးထားသော အထူးကွန်မန်ဒို ပျူစောထီးများ အများအပြား သေဆုံးခဲ့ကြခြင်းဖြစ်သည်။", "သို့ရာတွင် ယနေ့ မဘသနှင့် စစ်တပ်ထောက်ခံသော မီဒီယာဖြစ်သော Myanmar National Post နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်း၏ အဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းမှာ မှန်ကန်မရှိဘဲ သတင်းအမှားများဖြစ်ကြောင်း၊ ကန့်ဘလူအခြေအနေလည်း အေးအေးဆေးဆေးရှိနေကြောင်း၊ အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်နေ၍ လူမှုကွန်ရက်မတက်လာခြင်းဖြစ်ကြောင်း ပြောဆိုသွားသည်။", "ဓာတ်ပုံ- ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့မှ သေဆုံးနေကြသည့် ပြည်သူ့စစ်အဖွဲ့ဝင်များ။"]
https://yktnews.com/2024/09/183849/
ကောလင်းအနောက်ခြမ်း စစ်ရှောင်စခန်းများမှ စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် စားသောက်ကုန်များ လှူဒါန်း
["ကောလင်းအနောက်ခြမ်း စစ်ရှောင်စခန်းများမှ စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် စားသောက်ကုန်များ လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "ကောလင်းအနောက်ခြမ်း စစ်ရှောင်စခန်းများမှ စစ်ရှောင်အိမ်ထောင်စု ၂၀၀ အတွက် အိမ်ထောင်တစ်စုလျှင် ဆား ၅၀သား၊ ငါးခြောက် ၁၀ သား၊ လက်ဖက်တစ်ထုပ်၊ ဘိုစားပဲပြားကြီး နို့ဆီတစ်ဘူး၊ ကြာဇံအထုပ်သေး တစ်ထုပ် စုစုပေါင်းတန်ဖိုး ၅မျိုးတစ်ထုပ်လျှင် ၆၀၀၀ ကျပ် တန်ဖိုးရှိသော အစားအစာများကို ပြည်သူမှ ပြည်သူသို့ အဖွဲ့က ကူညီထောက်ပံ့‌လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/202893/
ကောလင်းအနောက်ခြမ်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ အတွက် အခြေခံရိက္ခာခြောက်လှူဒါန်း
["ကောလင်းအနောက်ခြမ်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ အတွက် အခြေခံရိက္ခာခြောက်လှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၇", "ကောလင်းအနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင်ရှိသော စစ်ရှောင်အိမ်ထောင်စု ၁၂၀ အတွက် အိမ်ထောင်တစ်စုလျှင် ဆန် ၁ ပြည်၊ မြေထောက်ပဲ ၂ ဘူး၊ ပန်းအာလူး ၂၅ ကျပ်သား စုစုပေါင်းတန်ဖိုး ၃ မျိုးတစ်ထုပ်လျှင် ၁၀၀၀၀ ကျပ် တန်ဖိုးရှိသော အစားအစာများကို ပြည်သူမှ ပြည်သူသို့ ကူညီထောက်ပံ့‌လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/188673/
ကောလင်းအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာတွင် ပြည်သူမှပြည်သူသို့ အဖွဲ့က ဆေးအလှူနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး
["ကောလင်းအနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာတွင် ပြည်သူမှပြည်သူသို့ အဖွဲ့က ဆေးအလှူနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ကောလင်းခရိုင် ကောလင်းမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုတွင် ဆေးကုသစရိတ်ခက်ခဲနေသော စစ်ရှောင်ပြည်သူများအတွက် ပြည်သူမှပြည်သူသို့ အဖွဲ့က ပြည်တွင်းပြည်ပ အလှူရှင်များကူညီမှုဖြင့် ဆေးဝါးဝယ်ယူလှူဒါန်း မတည်ပေးခဲ့ပြီး အသေးစားကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/113611/
ကောလင်း၊ ကရာကုန်းရွာတွင် စစ်တပ်၏ လက်နက်ကြီးကျ၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ၊ သထုံတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးပြီး ပြည်သူများထွက်ပြေးနေရ
["ကောလင်း၊ ကရာကုန်းရွာတွင် စစ်တပ်၏ လက်နက်ကြီးကျ၍ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ၊ သထုံတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်များ ပျက်စီးပြီး ပြည်သူများထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၁၉", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ထွေအုပ်ရုံးနှင့် ကောလင်းရဲစခန်းတွင် တပ်စွဲထားသော စစ်တပ်က ဇူလိုင် ၁၆ ရက် ည ၉ နာရီခွဲအချိန် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကရာကုန်းရွာသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စစ်တပ် ပစ်ခတ်ခဲ့သော လက်နက်ကြီးထိမှန်ခဲ့သူများမှာ ကရာကုန်းရွာရှိ ဒေါ်ဝိုင်း၊ မဖြူ၊ ကိုစိုးနိုင် တို့ဖြစ်ပြီးမဖြူ မှာ လက်နက်ကြီးစ အဆုတ်နားထိမှန်သဖြင့် စိုးရိမ်ရကြောင်း kawlin info မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "” ဇူလိုင်လ ၁၆ ရက်နေ့ ည ၉ နာရီ ၁၇ လောက်ကနေ စပစ်တာ ။ ၁၂ချက် ထွေအုပ်ရုံးကရော ၊ရဲစခန်းကရော ကောလင်းမြို့မြောက်ဘက် ကပ်နေတာ အဲ့ဒီရွာတွေက။ အိမ်ပေါ်ကျပြီးလူတွေ ထိတာ”ဟု kawlin Info မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင်လည်း ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်မှ ပြည်သူ၂၀ ခန့်ကိုလည်း ဖမ်းဆိီးခေါ်ဆောင်သွားကြောင်း၊ နေ့လယ်ပိုင်းတွင်လည်း ကောလင်းမြို့ ပြင်ဦးလွင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်လည်း ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၃၀ ခန့်ပါသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ထို့ပြင် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၁ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်၏ (အမတ−၃၁၄) တပ်ရင်းမှ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ပန်းအောင်ကုန်းရွာတွင်း လက်နက်ကြီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့၍ စောသာထူး၊ စောမောင်ဝင်းသန်းနှင့် ဒေါ်မမီးမိုးတို့၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရပြီး အဝန်းကြီးဘုန်းကြီး ကျောင်းနှင့် လားဝါရွာဟောင်းအနီးတို့တွင် လက်နက်ကြီး ၁ လုံးစီ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက သတင်းထုတ်ပြန်သည်။", "အကြမ်းဖက်စစ်တပ်က အမှတ် ၃၁၄ အမြောက်တပ်ရင်းမှ ကေအဲန်ယူ−သထုံ မြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အရပ်သားနေထိုင်ရာ နေရာများထဲသို့ ရည်ရွယ်ချက်ရှိရှိ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ထွက်ပြေးတိမ်းရှောင်သူများရှိကာ ယခုတွင် ရွှေရောင်ပြကျေးရွာနေ မိသားစု ၂၇ စုမှ အမျိုးသား ၅၆ ဦးနှင့် အမျိုးသမီး ၆၅ ဦး စုစုပေါင်း လူဦးရေ ၁၂၁ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ကျန်ရှိ ဒေသပြည်သူများမှာလည်း ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နေထိုင်ကြရကြောင်း ကေအဲန်ယူ−ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/01/81931/
ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေယာဉ်ဖြင့် ဗုံးလာကျဲမှုအချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ (ဓါတ်ပုံသတင်း)
["ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေယာဉ်ဖြင့် ဗုံးလာကျဲမှုအချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ (ဓါတ်ပုံသတင်း)", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ကျေးရွာနေ ပြည်သူ များ ယနေ့ အစည်းအဝေးလုပ်နေချိန် စစ်လေယာဉ်ဖြင့် ဗုံးလာကျဲရာ အားလုံး အချိန်မီ ရှောင်တိမ်း နိုင်၍ လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကောလင်းမြို့နယ် ကျောက်ပြင်သာ အ နောက် တောင်ရိုးနှင့် ကိုးတောင်ဘို့မြောက်ဘက်၊ ရွာဦးဘုန်းကြီးကျောင်းကို စစ်တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း၊ ကျေးရွာ နေပြည်သူများက ရပ် ရေးရွာရေး ကိစ္စ ဆွေးနွေးစဉ် တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ပြီး အချိန်မီ ရှောင် တိမ်းနိုင်သဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။", "“ပြည်သူတွေက အစည်းအဝေးလုပ်နေတဲ့ ရွာဦးကျောင်းဓမ္မာရုံဘက်ကိုပစ်တယ်။ ဗုံး ၃ လုံးကျဲတာ။ အသေအပျောက်မရှိဘူး။ ပြည်သူတွေ အစည်းအဝေး လုပ်နေတဲ့အချိန် ဒါ သတင်းပေး ရှိလို့ လာပစ် တယ်ယူဆရပါတယ်။ ဓမ္မာရုံ ပျက်စီးသွားပြီးပြည်သူတွေထိခိုက်မူမရှိပါဘူး ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။", "စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်သော ကျောက်သာပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81928/
ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေယာဉ်ဖြင့် ဗုံးလာကျဲ၊ အချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ
["ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေယာဉ်ဖြင့် ဗုံးလာကျဲ၊ အချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ကျေးရွာနေ ပြည်သူ များ ယနေ့ အစည်းအဝေးလုပ်နေချိန် စစ်လေယာဉ်ဖြင့် ဗုံးလာကျဲရာ အားလုံး အချိန်မီ ရှောင်တိမ်း နိုင်၍ လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကောလင်းမြို့နယ် ကျောက်ပြင်သာ အ နောက် တောင်ရိုးနှင့် ကိုးတောင်ဘို့မြောက်ဘက်၊ ရွာဦးဘုန်းကြီးကျောင်းကို စစ်တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း၊ ကျေးရွာ နေပြည်သူများက ရပ် ရေးရွာရေး ကိစ္စ ဆွေးနွေးစဉ် တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ပြီး အချိန်မီ ရှောင် တိမ်းနိုင်သဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။", "“ပြည်သူတွေက အစည်းအဝေးလုပ်နေတဲ့ ရွာဦးကျောင်းဓမ္မာရုံဘက်ကိုပစ်တယ်။ ဗုံး ၃ လုံးကျဲတာ။ အသေအပျောက်မရှိဘူး။ ပြည်သူတွေ အစည်းအဝေး လုပ်နေတဲ့အချိန် ဒါ သတင်းပေး ရှိလို့ လာပစ် တယ်ယူဆရပါတယ်။ ဓမ္မာရုံ ပျက်စီးသွားပြီးပြည်သူတွေထိခိုက်မူမရှိပါဘူး ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။", "စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်သော ကျောက်သာပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185561/
ကောလင်း၊ တဂေါင်းအိုင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု အသက် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရ၊ နေအိမ် ၆ လုံးခန့်ပျက်စီး
["ကောလင်း၊ တဂေါင်းအိုင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု အသက် ၉ နှစ်အရွယ် မိန်းကလေး ၁ ဦး အပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရ၊ နေအိမ် ၆ လုံးခန့်ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တဂေါင်းအိုင်ကျေးရွာကို အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ၁၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၂ ဦး ထိမှန်ဒဏ်ရာရရှိ ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကောခရိုင်အမှတ် ၂ တပ်ရင်းထံမှ သိရသည်။", "ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်မှ ၁ နာရီခွဲခန့်အထိ ကောလင်းမြို့နယ်၊ တဂေါင်းအိုင်ကျေးရွာကို ကန်ဘလူမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ် အမှတ် ၆၀၀၆ တပ်ရင်းမှ တက်လာသော Mi 35 ဖြင့် ၆ ကြိမ်၊ Mi2 ဖြင့် ၈ ကြိမ် စုစု ပေါင်း ၁၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ သက် ၉ နှစ်အရွယ် မခိုင်သဇဝင်းတွင် ခြေထောက် ကျည် ထိမှန်ပြီး ခြေထောက်ဖြတ်ရမည့် ဒဏ်ရာ အခြေအနေရရှိခဲ့ကြေင်း၊ ထို့အပြင်နေအိမ် ၆ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“ပစ်တာက ရွာစာသင် ကျောင်းကို ပစ်မှတ်ထားပစ်ခတ်တာ။ ဘာသတင်းရလို့လည်းတော့ မသိဘူး။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ ပစ်တာက Rocketနဲ့‌ရော စက်လက်နဲ့ပါပစ်တာ။ အဲလိုပစ်ခတ် လို့ ပြည်သူထဲက လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယာက် ကျည်စထိမှန်ထားတာရှိတယ်။ လူကြီး က လက်ထိတယ်။ ကလေးက ခြေ ထောက် ထိတယ်။ နှစ်‌ယောက်စလုံးက‌တော့ အသက်အန္တရယ် တော့ မစိုးရိမ်ရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည့် တဂေါင်းအိုင် ကျေးရွာကို တိုက်ပွဲ လည်းမရှိသကဲ့သို့ PDF တပ်ဖွဲ့ဝင်များလည်းနေထိုင်မှုမရှိဘဲ ပြည်သူများသာ အေးအေးချမ်းချမ်းနေထိုင်သည့်ကျေးရွာတစ်ရွာဖြစ်ကြောင်း ကောလင်းခရိုင်အမှတ် ၂ တပ်ရင်းက ပြောဆိုထားသည်။", "အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ အနောက် ခြမ်းရှိ ဥက္ကံရွာနှင့် မူတိမ်ရွာ အနီးတို့ကိုလည်း Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကျေးရွာ နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/149057/
ကောလင်း၊ သစ်ဖုလှဘုရားကုန်းစခန်းကို စစ်ကူလာသည် စစ်တပ်ကို တိုက် ခိုက် မှု စစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ
["ကောလင်း၊ သစ်ဖုလှဘုရားကုန်းစခန်းကို စစ်ကူလာသည် စစ်တပ်ကို တိုက် ခိုက် မှု စစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းလမ်းဆုံ၊ သစ်ဖုလှ ဘုရားကုန်းစစ်တပ်သို့ စစ်ကူပေး ရန်လာရောက်သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား အလောင်း ၃ လောင်း နှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းက ပြောဆိုထုတ်ပြန်သည်။", "မတ်လ၂ ရက်နေ့တွင် ကောလင်းမြို့နယ် ၊ ကျောက်တန်းလမ်းဆုံ သစ်ဖုလှ ဘုရားကုန်းမှ ခံသာရွာသို့ အင်အား ၁၂၀ ခန့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား အလောင်း ၃ လောင်း ၊ MA 3 သေနတ် တစ်လက်၊ ကင်း ထောက်ဒရုန်း ၁ စီး၊ ငါးကြင်းမြီး ပြောင်းတစ် ခု နှင့် ခဲယမ်းအချို့ကျန်ရှိခဲ့ကာ ကျောက်တန်းရွာသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင်အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း ၊ ကောလင်းခရိုင် ပကဖ နှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးကပ်အနေအထားတွင် ရှိနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေ ရှိကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဗုံးသီး ၆ လုံး နှင့် စက်လက်ပစ်ခတ်မှုပြုလုပ်ခဲ့ရာ အထက ကျောင်းဆောင်ကြီး ၂ ဆောင်အပါအဝင် ပြည်သူ့နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။", "“သစ်ဖုလကနေရှုံးပြီး ဆုတ်သွားတဲ့ စစ်ခွေးတွေက ကျောက်တန်းတို့ ဘာတို့ ခံသာရွာတို့ ဘက်ကို ဆုတ်တာ၊ သူတို့ရှုံးတော့ သူတို့ဝင်တဲ့ရွာတွေကို မီးတွေရှို့တယ်၊ အထိနာပြီး ဆုတ်တာ၊ အခုသိထားရ တာက ငါးကြီးအိုင်ရွာဘက်မှာပဲ သိထားရသေးတယ်၊ ငါးကြီးအိုင်ရွာကို ၂ ကြိမ်မြောက်ထပ် ရှို့ တယ်၊ ဒီနေ့လည်း ထပ်ရှို့နေတယ်၊ ငါကြီးအိုင်ရွာဆိုရင် စစ်ကူတက်တုန်းကတစ်ခါရှို့တယ်၊ အခု ပြန် ဆုတ်တော့ တစ်ခါထပ်ရှို့တယ်၊ ခံသာရွာ၊ ကျောက်တန်းရွာလည်းရှို့တယ်၊ နေအိမ်အလုံးရေ ဘယ် လောက်ကုန်ပြီလဲတော့ မသိရသေးဘူး၊” ဟု ကောလင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။"]
https://yktnews.com/2024/10/188884/
ကောလင်း၊ ဥက္ကံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား
["ကောလင်း၊ ဥက္ကံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား", "ရန်ကုန်၊အောက်တိုဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အနောက်ဘက်ရှိ ဥက္ကံကျေးရွာကို အကြမ်း ဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသသတင်းရင်းမြစ် Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၂၁ ရက်နေ့တွင် နံနက် ၁၀ နာရီ ၃၀ မိနစ်နှင့် နံနက် ၁၁ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ် အနောက်ဘက်ရှိ ဥက္ကံရွာလယ် ရွှေဆိုင်တစ်ဆိုင်ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူ ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိအချိန်တွင် ကျေးရွာနေပြည်သူများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "” ဗုံး ၃လုံး ကျဲသွားတာ နေအိမ်ပျက်စီးမှု အခြေအနေတော့ အတိအကျမသိရသေးဘူး။ ပထမ အကြိမ်ပစ်တာတော့ အမျိုးသမီး ၂ ဦးသေတယ်။ ထိခိုက်မှုရှိတယ်။ နောက် ၂ ခါ ပစ်တာတော့ မသိရသေးဘူး။ အဲ့ဒီဘက်က စစ်ကြောင်းမထိုးဘူး။ ကောလင်းမြို့အနောက်ဘက် ၂၅ မိုင်ခန့်မှာရှိတယ်။ အဲ့ဒီဒေသ တိုက်ပွဲမဖြစ်ဘဲ အရင်တစ်ခါကလည်း အပစ်ခံထားရတယ်။ ပထမ အကြိမ် ပစ်ခတ်ခံရတာက ဥက္ကံရွာလယ်က ရွှေဆိုင်တစ်ခုပေါ် ဗုံးကျတာတယ်။ ဒုတိယအကြိမ်က ဘယ်နေရာကျတယ်ဆိုတာ မသိရသေးဘူး” ဟု Kawlin info မှ တာဝန်ရှိသူ က ရှင်းလင်းပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ကောလင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအ တွင်း ထိုးစစ်များ ဆင်ခြင်း၊ စစ်ကြောင်းထိုးခြင်းများကို ယခုအောက်တို ဘာလအတွင်း အရှိန်အဟုန်မြှင့်တင်လာပြီး လေ ကြောင်းတိုက်ခိုက်မှုများကိုလည်း တိုးမြှင့်လာနေကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်များက​ ပြောဆိုကြသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်တွင် အသုံးပြုသည့် ဗုံးနှင့်ရော့ကတ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/10/188916/
ကောလင်း၊ ဥက္ကံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ
["ကောလင်း၊ ဥက္ကံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ", "ရန်ကုန် ၊အောက်တိုဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၂၁ ရက်နေ့တွင် နံနက် ၁၀ နာရီ ၂၀ မိနစ် ၊ ၄၃ မိနစ်နှင့် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ် အနောက်ဘက်ရှိ ဥက္ကံရွာလယ် ရွှေဆိုင်တစ်ဆိုင်ကို လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှု ၃ ကြိမ်အတွင်း ပြည်သူ ၃ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၇ ဦးရှိကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်းရှိကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကျဲသွားတာ ဗုံးသီး ၆ လုံးပေါ့။ ၅ လုံးပေါက်ကွဲတယ်။ ၁ လုံးကတော့ မကွဲဘူး။ အခုထပ်သိရတာက သေဆုံးသူ ပြည်သူ ၃ ဦးရှိပြီး ၇ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/126251/
ကော့ကရိတ် မြို့နယ်၊ မြဝတီ-အာရှလမ်းမကြီးပေါ်ရှိ စစ်တပ်ဂိတ်ကို စနိုက်ပါ ဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ကော့ကရိတ် မြို့နယ်၊ မြဝတီ-အာရှလမ်းမကြီးပေါ်ရှိ စစ်တပ်ဂိတ်ကို စနိုက်ပါ ဖြင့် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ် ကောင်စီ စခန်းကို စနိုက်ပါ၊ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း ဒေါနစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ဒုစစ်ကြောင်းမှူးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲခန့်အချိန် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်၌ ကော့ကရိတ် မြို့နှင့်တောနော်ရေတံခွန်အကြား အကြမ်းဖက်စစ်သား ၂၀ ခန့်ဖြင့် ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသော တပ်မ ၂၂ ၊ ၂၀၁ တပ်ရင်းမှ တပ် သားများကို ပြောက်ကျား စစ်ဆင်ရေး စနိုက်ပါ မစ်ရှင်အဖြစ် စနိုက်ပါ ပွိုင့် ၃၃၈ ၊ ၄၀ မမတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။", "“ကော့ကရိတ်မြိုနယ်ထဲက ကော့ကရိတ်နဲ့ တောနော်ရေတံခွန်ကြားမှာ ဖွင့်ထားတဲ့ ဆက်ကြေးဂိတ်ပါ၊ ဒေါနနဲ့ KNLA ပူးပေါင်းအဖွဲ့တွေက Sniper Mission အဓိထား သွားလုပ်ကြတာပါ၊” ဟု ဒေါနစစ်ကြောင်း မှ ပြောရေးဆိုခွင့်ရှိသူ ဒုစစ်ကြောင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဒေါနစစ်ကြောင်း နှင့် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့ တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ၈၁ မမ၊ စက်လက်၊ MA လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ၊ မိဘပြည်သူများ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စနိုက်ပါ တပ်သားတချို့၏ စစ်ရေးပြ လေ့ကျင့်မှု။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2022/12/76100/
ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မြင်းမူတွင်လည်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးသေဆုံး
["ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး၊ မြင်းမူတွင်လည်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်း အမှတ် ၃ ဂိတ် (ချက်ပွိုင့်ဂိတ်)တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီခန့်တွင်ကော့ကရိတ်-မြဝတီ လမ်းဟောင်း အမှတ် ၃ ဂိတ်၌ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့ များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အရပ်သား ပစ်မှတ်များကို အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း People Defence Force Myinmu-MMPDF ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၃ ရက် နေ့လည် ၁ နာရီခန့်က ရက်ကာလကြာရှည်စွာ ထီးဆောင်ကျေးရွာ၌ တပ်စွဲထားသော အင်အား ၇၀ ကျော်ခန့်ရှိ တပ်မ ၃၃ နှင့် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက်စစ် သား များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း၊ မြင်းမူမြို့နယ်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (MMUPDF) ၊ Zero Power- Myinmu ၊ GTR –MMU ၊ စစ်ကိုင်းခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ NDRF နှင့် မြင်းမူမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122391/
ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် ၁ လတာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း စစ်သား ၃၁ ဦးသေဆုံး
["ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် ၁ လတာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း စစ်သား ၃၁ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် ၁ လတာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း စစ်သား ၃၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို က ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့ အထိ ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်းတွင် မိုးကြီး၍ မြေပြိုကာ လမ်းပိုင်းများ ပျက်စီးပြီးနောက် အကြမ်းဖက် စစ်တပ်က လမ်းများကို တံတားထိုးကာ ပြန်လည် ပြုပြင်ရေးကို အကြောင်းပြ၍ နယ်မြေလုံခြုံရေး လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ လမ်းပိုင်းတွင် လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို KNU – တပ်မဟာ ၆ ၊ KNLA တပ်ရင်း ၁၈ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် လည်းကောင်း၊ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု အဖြင့် သော်လည်းကောင်း ၁၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၃၁ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရပြီး စစ်သုံးကား ၇ စီးကို ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲများအတွင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ ရဲဘော် ၄ ဦးမှာ ကျဆုံးခဲ့ကြောင်း သိရသည်။", "ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးသည် အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေးအရ သော်လည်းကောင်း တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးအရ သော်လည်းကောင်း အဓိကကျ အရေးပါသည့် ထောက်တိုင်ကြီး တစ်တိုင်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားများ တည်တံ့ခိုင်မြဲရေးအတွက် ထောက်တိုင်ဖြစ်သော ၎င်းလမ်းမကြီးကို နေ့စဥ်နှင့်အမျှ ပြန်လည်ကြိုးစား ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။", "ထို့ကြောင့် ယင်းလမ်းမကြီးကို အမှီပြုကာ မိသားစုဝမ်းရေးအတွက် သော်လည်းကောင်း စီးပွားရေးအရ သော်လည်းကောင်း သွားလာလှုပ်ရှားနေသည့် ပြည်သူလုထုများအနေဖြင့် ဖြစ်စဥ်များကို သိရှိနားလည်နိုင်စေပြီး စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်သော ယန္တရားများကို ဆန့်ကျင်ကာ KNU – ကရင်အမျိုးသား အစည်းအရုံးနှင့်အတူ ပူးပေါင်း ပါဝင်ပေးဖို့ရန်လည်း လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။"]
https://yktnews.com/2023/01/80378/
ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး လမ်းအလယ်တွင် အပေါက်ကြီးဖြစ် ကျန်ရစ်၊ စစ်ကောင်စီက မြ၀တီ-မဲဆောက်တံတား ၁ ကို ဖွင့် လှစ်ရန် ပြင် ဆင်နေသော်လည်း တိုက်ပွဲများ ဖြစ်နေဆဲ
["ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး လမ်းအလယ်တွင် အပေါက်ကြီးဖြစ် ကျန်ရစ်၊ စစ်ကောင်စီက မြ၀တီ-မဲဆောက်တံတား ၁ ကို ဖွင့် လှစ်ရန် ပြင် ဆင်နေသော်လည်း တိုက်ပွဲများ ဖြစ်နေဆဲ", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီး၊ ဆိတ်ဖူးတောင်ကြားတွင် ယနေ့ နံနက်ပိုင်း မိုင်းပေါက်ကွဲပြီး လမ်းလယ်တွင် အပေါက်ကြီး ဖြစ်ကျန်ရစ်ခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။", "ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်း အစောပိုင်းအချိန်တွင် မိုင်းပေါက် ကွဲခဲ့ ကြောင်း၊ သို့ရာတွင် လမ်းကို ဖောက်ခွဲခြင်းဖြစ်၍ ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။", "“လမ်းအလယ်မှာတော့ မြေကြွင်းကြီးဖြစ်သွားတယ်။ ဘေးက ကပ်သွားရင် တော့ ရပါတယ်။ လမ်းက ပွင့်နေတုန်းပဲ။ ကော့ကရိတ် ဘက်က ဖြတ်ရင်တော့ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရတုန်း။ သွားသာသွားနေရတာ ကျောကတော့ ချမ်းတယ်။ တိုက်ပွဲတွေကတော့ အချိန်မရွေးဖြစ် နိုင်တဲ့သဘော လို့လည်းပြောကြတယ်။ သတိထားသွားနေရတယ်” ဟု မြ၀တီမှ ကုန်စည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။", "အကြမ်းဖက် စစ်ကောင်စီနှင့် ထိုင်းအစိုးရက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မဲဆောက်-မြ၀တီ အမှတ် ၁ တံတားကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေပြီး ထိုင်းအစိုးရက တံတားဖွင့်လှစ်မည့်အစီအစဉ်ကို တရားဝင် ကြေညာခဲ့သည်။", "“အခု မြ၀တီအထိကို ထော့ကော်ကိုးဘက်က လမ်းက လုံခြုံနေသေးတယ်။ အာရှလမ်းမကြီးက စစ်မျက်နှာဂွင်ထဲကျနေတော့ အာမခံချက်မရှိဘူး။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး။ ဖြစ်ရင်လည်း ကိုယ်ဖြစ်ကိုယ်ခံသဘောဖြစ်နေတယ်။ တံတားဖွင့်ပေမယ့်လည်း လမ်းအခြေအနေက မလုံခြုံသေးဘူး” ဟု မြ၀တီမှ ကုန်စည်သယ်ပို့ဆောင်ရေး လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။", "ဇန်နဝါရီ ၁၂ ရက်နေ့ မဲဆောက်-မြ၀တီ အမှတ် ၁ တံတား ပြန်လည် ဖွင့်လှစ် ချိန်တွင် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားမည် ဆိုသော သတင်း များက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။", "ဓာတ်ပုံ-ယနေ့ နံနက်မိုင်းပေါက်ကွဲမှုကြောင့် အာရှလမ်းပိုင်းတွင် လမ်းအလယ် အပေါက်ကြီးဖြစ်ကျန်ရစ်နေစဉ်။"]
https://yktnews.com/2023/05/104735/
ကော့ကရိတ်ခရိုင်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး
["ကော့ကရိတ်ခရိုင်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး", "ရန်ကုန်၊ မေ ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရှိ သလွဲထော်ကျေးရွာနှင့် ကမိုင်ကုန်းကျေးရွာများအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြည်သူများရှိရာသို့ ဦးတည်ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။", "ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းရှိ သလွဲထော်ကျေးရွာအတွင်းသို့ မေလ ၂၅ ရက် နေ့လယ် ၁၂ နာရီ ၂၇ မိနစ်မှ နေ့လယ် ၁၂ နာရီ ၃၃ မိနစ်အချိန်ကြားတွင် အကြမ်းဖက်စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၂၃၁ လက်နက်ကြီးတပ်သစ် အမြောက်ကုန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပြည်သူများရှိရာသို့ ဦးတည်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်။", "လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နော်မူးလာအဲ၏ တိုက်ပုအိမ်တစ်လုံးမှာ လက်နက်ကြီး ကြောင့် မှန်ပြင်တင်းပေါက်၊ အိမ်နံရံ နှင့် ခေါင်မိုးများ ထိမှန် ပျက်စီးခဲ့ပြီး နွတ်တလေလာ့အင်းအနား လယ်ကွင်းထဲတွင်လည်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မေလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ၀၇ မိနစ်နှင့် ၁၁ နာရီ ၁၇ မိနစ်အချိန်တွင် စကခ ၁၂ လက်အောက်ခံ တပ်ရင်း ၂၃၁ လက်နက်ကြီးတပ်သစ် အမြောက်ကုန်းမှ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထု ရှိရာသို့ ၁၀၅ မမ ဟောင်ဝစ်ဇာ (၃) လုံးဖြင့် လှမ်းပစ်ရာ ကေအဲန်ယူ−ကျုံဒိုးမြို့နယ် ကမ္မရိုက် နှင့် တောင်ကမ္မရိုက်ကြား တောအုပ်သို့ ၂ လုံး နှင့် ကေအဲန်ယူ−ကျုံဒိုးမြို့နယ် အရှေ့ကွင်းကျေးရွာ လယ်ကွင်း ထဲသို့ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပါကြောင်း ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "စစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်များကြောင့် ပြည်သူများမှာ နေ့စဥ်စားဝတ်နေရေးအတွက် ဥယျာဥ်ခြံမြေသို့ သွားရောက်လုပ်ကိုင်စားသောက်ခြင်း၊ လယ်ယာမြေများသို့ သွားရောက် ထွန်ခြစ် စိုက်ပျိုးခြင်းများ မပြုနိုင်တော့ဘဲ စိုးရိမ်ထိတ်လန့်မှုများနှင့် အသက်ရှင် နေထိုင်နေကြရကြောင်း သိရှိရသည်။", "ထို့ပြင် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမိုင်ကုန်းကျေးရွာအတွင်းသို့လည်း မေလ ၂၅ ရက် ညနေ ၁ နာရီမှ ညနေ ၅ နာရီအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၉၇ အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ခန့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ ညနေ ၂ နာရီခွဲအချိန်ခန့်တွင် ကမိုင်ကုန်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးအသောင်းနှင့် အသက် ၃၁ နှစ်အရွယ် ကျော်မင်းထွန်း တို့ နှစ်ဦးကို လက်နက်ကြီးစ ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ကော့ကရိတ်မြို့နယ် ရွာတန်းရှည် ကျေးရွာနေ ဦးကျော်ဘောင် ၏ နွား တစ်ကောင် နှင့် ဒေါ်မူးသောက်၏ နွား တစ်ကောင် ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ကောက်ကျစ်ယုတ်မာသည့် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရုံသာမက ဘာသာရေး အဆောက်အအုံများ၊ ပြည်သူပိုင် အိုးအိမ်များ၊ အိမ်မွေး တိရစ္ဆာန်များ နှင့် ပြည်သူပိုင် စိုက်ပျိုးသီးနှံပင်များ ပျက်စီး ဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/75825/
ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ် ခလရ ၉၇ ယာယီတပ်ရင်း မှူး သေဆုံးပြီး အာရှ လမ်းမကြီး ဆက်လက် ပိတ်နေ၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး
["ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ် ခလရ ၉၇ ယာယီတပ်ရင်း မှူး သေဆုံးပြီး အာရှ လမ်းမကြီး ဆက်လက် ပိတ်နေ၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန် နေပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး ယမန်နေ့ တိုက်ပွဲ တွင် သေဆုံးသွားကြောင်း ကော့ကရိတ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "“ကော့ကရိတ်တိုက်ပွဲမှာ ခလရ ၉၇တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး မုန့်ဟင်းခါး ဖြစ်ပါတယ်။ PDF ၃ ဦးဒဏ်ရာရတယ်။မနေ့က ကော့ကရိတ် ကော့နွဲ မှာ ထိ တွေ့ မှု တွေ တောက်လျှောက် ဖြစ်ခဲ့တယ်။ စစ်ခွေးတွေက လက်နက်ကြီး ဆက် တိုက် ထုနေခဲ့တာ။ မနေ့ မနက် ကတည်းက လက်နက်ကြီးနဲ့ ထုလိုက် နားလိုက်ပဲ။ မနေ့ညက ကျိုက်သလဲ့ကျေးရွာ ဘက်က ချောင်းထဲကို လေယာဉ် နဲ့ လာပစ်တယ်။ စစ်တပ်က ညပိုင်းလေယာဉ်တွေနဲ့ ပစ်တာတွေရှိနေတယ်။ လက်နက်ကြီးတွေက တချိန်လုံးထုနေတာ။ တိုက်ပွဲကတော့ ဖြစ်လိုက် နား လိုက်ပဲ။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ထု၊ ကင်းထောက် လေ ယာဉ် တွေ ဝဲတယ်” ဟု PDF ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။", "စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေး ရွာ များသို့ ဆက်တိုက် ပစ်ခတ်နေသဖြင့် ပြည်သူများ သေဆုံးမှု နှင့် ထိခိုက် ဒဏ်ရာရရှိမှု များရှိကြောင်း၊ သို့ရာတွင် နယ်မြေအခြေအနေမှာ မတည် ငြိမ် သည့်အတွက် သတင်းအတိအကျနှင့် အသေးစိတ်ကို သိရှိရန် ခက်ခဲနေ ကြောင်း၊ အင်တာနက်လိုင်းများ ကော့ကရိတ် ဘက်တွင် ပြတ်တောက် နေ ကြောင်း သိရှိရသည်။", "လက်ရှိ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးမှာမူ ဆက်လက် ပိတ်ဆို့ နေဆဲ ဖြစ်ပြီး ခရီးသည်တင်ယာဉ် များစွာ ပိတ်မိနေကြောင်း၊လတ်တလော လမ်းပြန် လည် ဖွင့်လှစ်ခြင်းမရှိသေးဘဲ ကားများရပ်တန့်၍ လမ်းဖွင့်မည့်အချိန်ကို စောင့် ဆိုင်းနေရကြောင်း သိရှိရသည်။", "ယခုနောက်ဆုံး ဝင်ရောက်လာ သော သတင်းများအရ စစ်တပ်က ကော့ကရိတ် ဘက်သို့ စစ်အင်အားများ ထပ်မံ တိုးချဲ့နေပြီး မြေပြင်တွင်လည်း စစ်ကားများ ဖြင့် အင်အားချထားပေးသကဲ့သို့ ထောက်ပို့ရဟတ်ယာဉ်များဖြင့်လည်း စစ် လက်နက်များ ပေးပို့များရှိနေကြောင်း သိရှိရသည်။", "အလားတူ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၂၁ ရက် နေ့ တစ်ရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေ ဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း မူတြော်သတင်းစဉ်က သတင်း ထုတ်ပြန် သည်။", "ဒီဇင်ဘာလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က လူသောမြို့နယ်အတွင်းရှိ စစ် ကောင် စီ ၏ ထော်မူလယ်မဲစခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ရာ အ ကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်တွင် ဒွယ်လိုးမြို့နယ် အတွင်းရှိ ထီးခေလော်နှင့် မြေနီကုန်းကြား၌ လူနာပြန်လည် ပို့ဆောင်သော စစ် ကောင်စီတပ်သားများကို KNLA တပ်ဖွဲ့ဝင်များက ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်သား ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်း၊ KNLA ဘက်မှ အထိအခိုက် မရှိကြောင်း မူတြော်သတင်းစဉ် ထုတ်ပြန်ချက်အရ သိရသည်။", "ဒီဇင်ဘာ ၂၁ ရက် နံနက် ၁ နာရီခန့်တွင် ဒွယ်လိုးမြို့နယ်၊ မြေနီကုန်းနှင့် ကူး ဆိပ် ကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တစ်ကြိမ်၊ ဘူးသိုမြို့ နယ်အတွင်းရှိ ကောကော့ ထာ့တွင်လည်း ညနေ ၃ နာရီ ၇ မိနစ်က တစ်ကြိမ် အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ယင်းတိုက် ခိုက် မှုနှစ်ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် ဒဏ်ရာ ရရှိမှုကို စုံစမ်းနေဆဲ ဖြစ်ပြီး KNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရ သည်။", "ဓာတ်ပုံ- မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ပိတ်ဆို့နေသည့်ကားများ။", "Photo- CJ"]
https://yktnews.com/2025/04/211375/
ကော့ကရိတ်တွင် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီး
["ကော့ကရိတ်တွင် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဧပြီ ၁၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီးခဲ့ကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။", "ဧပြီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကော့ကရိတ်မြို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မောင်းမရွာသစ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူ အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၅၅ နှစ်အရွယ် အမျိုသား တစ်ဦး နှင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဧပြီလ ၈ ရက်နေ့ ည ၁၀ နာရီ ၂၇ မိနစ်ခန့်တွင် ကော့ကရိတ်မြို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ နှင့် ၁၂၂ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အံကောင်ကျေးရွာ၊ ကျိုက်သလိုက်ကျေးရွာ နှင့် ဒေါက်ပလန်ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး အံကောင်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၂၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦး၊ အသက် ၉ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၆ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီး ကယ်ဆယ်ရေးကာလဖြစ်သော်လည်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် နေ့စဥ်နှင့်အမျှ လိုက်လံပစ်ခတ်လျက် ရှိကြောင်း ဒူးပလာယာခရိုင် – ပြည်သူ့ဆက်ဆံရေး နှင့် သတင်းပြန်ကြားရေးက ပြောဆိုထားသည်။"]
https://yktnews.com/2024/04/158416/
ကော့ကရိတ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် မြန်မာငွေ သိန်း ၈၀ နှင့် ညီမျှသော ဘတ်ငွေ ၈ သောင်း ချီးမြှင့်
["ကော့ကရိတ်တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် မြန်မာငွေ သိန်း ၈၀ နှင့် ညီမျှသော ဘတ်ငွေ ၈ သောင်း ချီးမြှင့်", "ရန်ကုန်၊ ဧပြီ ၂၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် မဲသရောထ စခန်းသို့ ဝင်ရောက်မတိုက်ခိုက်မီ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦးသည် လက်နက်နှင့် တကွအလင်းဝင်ရောက်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးအဖွဲ့ – SOF ကပြောသည်။", "မတ်လ၁၅ ရက် နေ့က ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ် မဲသရောထ စခန်းမှ တပ်ကြပ်ကြီး သက်နိုင်ဦးသည် ၎င်းကိုင်ဆောင်သော MA4 ပူးတွဲ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ ၅.၅၆ ကျည် အတောင့် ၂၀၀ တို့ ဖြင့် KNLA နှင့် SOF တော်လှန်ရေး ပူးပေါင်းအဖွဲ့ထံသို့ လက်နက်ချ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သူ တပ်ကြပ်ကြီးသက်နိုင်ဦးကို မြန်မာငွေကျပ် သိန်း ၈၀ နှင့်ညီမျှသော ဆုကြေးငွေ ဘတ် ၈၀၀၀၀ ချီးမြှင့်ခဲ့ကြောင်း၊ ထို့ပြင် တပ်ကြပ်ကြီး သက်နိုင်ဦး၏ ဘဝရှေ့ရေး အဆင်ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက်ပေး လျက်ရှိကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ၊ အထူးစစ်ဆင်ရေးအဖွဲ့ – SOF က ထုတ်ပြန်ထားသည်။", "စစ်ကောင်စီတပ်သားများအနေဖြင့် မည်သူမဆို SOF ထံသို့ ဆက်သွယ်၍ လာရောက်ပူးပေါင်းပါက ထိုက်ထိုက်တန်တန် ဆုကြေးငွေများချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထား သည်။"]
https://yktnews.com/2025/04/212877/
ကော့ကရိတ်တွင် စစ်တပ် တပ်စွဲထားသော တပ်စခန်း ၃ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင် နက်တည်း ပိတ်ဆို့ တိုက်ခိုက်နေ
["ကော့ကရိတ်တွင် စစ်တပ် တပ်စွဲထားသော တပ်စခန်း ၃ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင် နက်တည်း ပိတ်ဆို့ တိုက်ခိုက်နေ", "ရန်ကုန်၊ ဧပြီ ၂၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခု ကို KNLA ပူးပေါင်းတပ်များက တစ်ပြိုင်တည်း ပိတ်ဆို့ တိုက်ခိုက်နေကြောင်း KNLA ပူးပေါင်း စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ကော့ကရိတ်မြို့တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနီးရှိ ကိုးတိုင်စစ်ကတုတ် ၊ အောင်ဇေယျစစ်ဆင်ရေး နောက်တန်းကွပ်ကဲရေးစခန်း (ရွှေကြက်မင်းဘုန်းကြီးကျောင်း) နှင့် ခလရ ၉၇ တပ်ရင်း အနောက်ဘက် ခံစစ်ကတုတ်နေရာများကို KNLA မဟာမိတ်တပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ပိတ်ဆို့ တိုက်ခိုက်နေသည့် အတွက် တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။", "“ဖြစ်နေတာ တစ်ချိန်တည်းတိုက်တာပေါ့။ စကခ ၁၂ ကာကင်း ကိုးတိုင်နေရာရယ်၊ အောင်ဇေယျကို ကွပ်ကဲရေး လုပ်နေတဲ့ ရွှေကြက်မင်း ကျောင်းရယ်၊ ခလရ ၉၇ နောက်ဘက် စစ်တပ်ခံကတုတ်ရယ်ပေါ့။ အဖွဲ့စုံပိတ်ပြီး တိုက်နေတာ သူတို့ ဒရုန်းတက်၊ ကိုယ်လည်းဒရုန်းတက်၊ သူတို့ လက်နက်ကြီးပစ် ကိုယ်လည်း ပြန်ပစ်ထည့်ပဲ ချနေတာ စကစ ဘက်ကတော့ ခံပစ် ပုံစံပါပဲ။ သေတာတွေ ထိတာတွေ လာမဆွဲထုတ်နိုင်တာတွေလည်း ဖြစ်နေတယ်” ဟု ကော့ကရိတ် KNLA မဟာမိတ် ပူးပါင်းတပ်ဖွဲ့၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "ထိုသို့ တိုက်ပွဲ ပြင်းထန်နေသည့် နေရာများသို့ စစ်ကောင်စီ တပ်စွဲထားသော ကျုံဒိုး၊ ဂျိုင်းတံတားဘက်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့်လည်းကောင်း၊ လှိုင်ဝအမြောက်တပ်က ရန်ကုတ်ရွာဘက်သို့လည်းကောင်း၊ ခလရ ၉၇ တပ်က ရွှေကြက်မင်း တတန်ကူးရွာဘက်သို့လည်းကောင်း လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေသော်လည်း KNLA မဟာမိတ်တပ်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။", "” စကစ က လက်နက်ကြီး နေရာများတယ်။ ဟောင်ဝှစ်ဇာတို့ ၁၂၀ တို့နဲ့ လှမ်းပစ်ကူပေးတာမျိုးရှိတယ်။ ဂျိုင်းတံတား၊‌ ကျုံဒိုးဗျူဟာတို့ လှိုင်ဝ လက်နက်ကြီးကုန်းတို့ကနေ ပစ်ထည့်နေတာ ကိုယ်ဘက်ကတော့ စစ်ခွေး စခန်း ကတုတ်တွေကို ထိချက်မှန်အောင်ပစ်တာ ဒရုန်းနဲ့ ကျဲချတာမျိုးပေါ့။ လေယာဉ်က ပျံတယ်။ ကင်းထောက်တယ် ဗုံးတော့လာမကျဲသေးဘူး” ဟု စစ်မြေပြင် သတင်းရင်းမြစ်က ပြောဆိုသည်။", "ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင်ရွှေကြက်မင်း တတန်ကူးရွာဘက်ပိုင်း နေရာတွင် နှစ်ဖက် တိုက်ပွဲများကြောင့် ပေါက်ကွဲသံများ ကျယ်ကျယ်လောင်လောင်ကြားနေရပြီး အဆိုပါ ရွှေကြက်မင်းဘုန်းကြီး ကျောင်းနေရာရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်း ခံစစ် ကွပ်ကဲရေးစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပါက အကြမ်းဖက် စစ်ကောင်စီတပ်၏ မြဝတီ-အာရှလမ်း စစ်ဆင်ရေးကို အမြစ်ဖြတ်နိုင်ပြီ ဖြစ်ကြောင်း စစ်ရေးနယ်မြေ တာဝန်ရှိသူက သုံးသပ် ပြောဆိုသည်။"]
https://yktnews.com/2023/11/130282/
ကော့ကရိတ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တပ်ခွဲမှူး အပါအဝင် ၃ ဦး သေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
["ကော့ကရိတ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တပ်ခွဲမှူး အပါအဝင် ၃ ဦး သေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ၉၇ တပ်ရင်းနှင့် ဇိနသုခဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ တပ်ခွဲမှူး အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းတွင် ကော့ကရိတ်မြို့နယ်၊ တပ်မ ၄၄ လက်အောက်ခံ ၉၇ တပ်ရင်း နှင့် ဇိနသုခဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဉ်များဖြင့် ၆ ကြိမ် ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၉၇ တပ်ရင်းမှ တပ်ခွဲမှူး ၊ Body guard ၁ ဦးနှင့် စစ်သား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။", "“ခလရ ၉၇ တပ်ရင်းနဲ့ ဇိနသုခ ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတဲ့ တပ်မ ၄၄ လက်အောက်ခံ တပ် သား တွေကို ဗုံးကျဲချခဲ့တာ၊ ဇိနသုခနေရာမှာက တစ်ယောက်သေတယ်၊ ၉၇ တပ်ရင်းထဲကျဲချတာက တပ်ခွဲမှူးနဲ့ သူ့ရဲ့ဘော်ဒီဂတ်သေတယ်၊ လက်နက်ကြီးနဲ့ ရမ်းထုတာ အနည်းငယ်တော့ရှိတယ်၊” ဟု KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ Justice Soldier PDF drone တပ်ခွဲ၊ Shar Htoo Waw နည့်ပညာဖြင့် Kloud , Angry Bird Drone Ranger, Power of Ababil (POA) စသည့် ဒရုန်း တပ် ဖွဲ့များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ပျားကျေးရွာကို ဝင်ရောက်စီးနင်း မီးရှို့ပြီး ဖိုးဝှီးကားဖြင့် မြင်းခြံဘက်သို့ ပြန်လာထွတ်ခွာလာသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ကို နွားထိုးကြီးမြို့နယ်၊ မင်းရွာနှင့် ကူကုန်းကျေးရွာအရောက် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပျားရွာက မိန်းကလေးတစ်ယောက် ယောက်ျားလေး ၅ ယောက် အသတ်ခံထားရတယ်လို့ သိထားရ တယ်၊ ပထမတစ်ကြိမ် မနက်ခင်းမှာ မီးရှို့ပြီးတော့ ၁၀ ယောက်ကျော်လောက် ဖိုးဝှီးကားနဲ့ ပြန်လာတဲ့ အဲဒီကားကို မိုင်းဆွဲလိုက်တာ၊ ညနေခင်းပိုင်းမှာလည်း တကြိမ်ထပ်ရှို့တယ်၊ အဲဒီမှာ တိုက်ပွဲတွေဖြစ်ကြ သေးတယ်၊ ဘယ်အဖွဲ့နဲ့ ဖြစ်လဲ တော့မသိဘူး၊ ကျနော်တို့အဖွဲ့နဲ့တော့ တိုက်ပွဲမဖြစ်ဘူး၊ ကျနော်တို့ အဖွဲ့ က မိုင်းပဲ ဆွဲလိုက်တာ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် MDY-PDF ခရိုင်တပ်ရင်း -၃ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/03/207715/
ကော့ကရိတ်တွင် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး
["ကော့ကရိတ်တွင် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး", "ရန်ကုန်၊ မတ် ၁၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက်တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းသည် ကော့ကရိတ်မြို့နယ်၊ ပေါ်ကြူကုန်းရွာမှ ကော့ဘိန်းရွာသို့ ကားဖြင့် အသွားတွင် အမည်မသိ သေနတ်သမားများက ဘုရားကြီး ဇီးဖြူကုန်း ရပ်ကွက်အနီးတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ဒုံရွာ လောင်းကစားကွင်း အဟောင်းအနီးတွင် မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ စစ်ကြောင်းမှူး ဗိုလ်တောက်ကို အမည်မသိ သေနတ်သမားများက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ နိုင်အောင်ချမ်းနဲ့ စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ၂ ဦးလုံး တစ်နေ့တည်း ပစ်ခတ်ခံရတာ သူတို့ ၂ ဦးလုံး ဦးခေါင်းကို သေနတ်ကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတယ်” ဟု ဒေသတွင်း သတင်းရင်းက ပြောဆိုသည်။", "သေဆုံးသွားသော စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ ကော့တုံဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ် နှင့် ကော့ကရိတ်မြို့နယ် တို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းနှင့် လောင်းကစားဝိုင်းများကို လုပ်ခိုင်ခွင့် ရရှိထားသူဖြစ်ပြီး စစ်တပ်နှင့် ပူးပေါင်းကာ စစ်ရေးလုပ်ဆောင်ခြင်းများကို လမ်းညွှန်ပေးနေသူဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေး ပူးပေါင်းတပ်များ၏ လှုပ်ရှားနေသည်ဟု ယူဆသော ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရန် စေခိုင်း ညွှန်ကြားသူလည်း ဖြစ်ပြီး ပြည်သူပိုင်လယ်ယာမြေများကိုလည်း အတင်း အဓမ္မ သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126700/
ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ပုလောတွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ကြဲရွာရှိ လူနာတင်ယာဥ် ၂ စီးကို မီးရှို့ဖျက်ဆီး
["ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ပုလောတွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ကြဲရွာရှိ လူနာတင်ယာဥ် ၂ စီးကို မီးရှို့ဖျက်ဆီး", "ရန်ကုန် ၊ အောက်တိုဘာ ၁၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကော့ကရိတ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ လှိုင်ဝ အမြှောက်တပ် အမတ-၃၁၃ က ကော့ကရိတ်မြို့နယ်ရှိ ကျောက်စရစ်ကုန်း၊ ဆင်ကုန်းကို နှင့် တတန်ကူးရွာ တို့ကိုလည်း လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့နယ် တတန်ကူးကျေးရွာနေ အသက် ၅၃ နှစ်အရွယ်ရှိ ဦးထွန်းအေး၏ ညာဘက်ပေါင်ရင်း ကျည်စ ထိမှန်ခဲ့ပြီး တတန်ကူး ကျေးရွာနေ အသက် ၃၅ နှစ်အရွယ်ရှိ နော်မကလယ်၏ နေအိမ်ကို ထိမှန်ကာ ခေါင်မိုး နှင့် နံရံတို့ပျက်စီးခဲ့ကြောင်း၊ တတန်ကူးကျေးရွာနေ အသက် ၅၅ နှစ် အရွယ်ရှိ စောဖားကော်လာ၏ နွားသိုး ၂ ကောင်လည်း ကျည်စ ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲရှိ ကြဲကျေးရွာ၏ ဘုန်းကြီးကျောင်းတွင် ထားရှိသည့် အရေးပေါ်လူနာတင်ယာဥ် ၂ စီးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကြဲကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တပ် ဝင်ရောက်ပြီး မကြာခင်တွင် ရွာထဲမှ မီးခိုးများ တက်လာသည်ကို အဝေးမှ မြင်တွေ့ခဲ့ရပြီး နောက်တစ်နေ့နံနက်ပိုင်းတွင် ရွာဘုန်းကြီးကျောင်းရှိ လူနာတင်ယာဉ် ၂ စီးမီးရှို့ခံထားရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“ကြဲရွာရော၊ စက်တော်ရာရွာမှာရော အိမ်တွေမီးရှို့ခံထားရတယ်တဲ့။ လူတွေလည်း လွတ်ရာပြေးနေရတာနဲ့ဘာမှကိုမသိရသေးဘူး။ ကိုယ့်ဒေသမှာဖြစ်ပျက်နေတာ မသိရတာလောက် ရင်နာစရာကောင်းတာမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာ ၁၁ ရက်နေ့မှ စ၍ ထမင်းမစားကျေးရွာအုပ်စုနှင့် ကြဲကျေးရွာအုပ်စုတို့ကို စစ်ကြောင်းထိုးခြင်းဖြစ်ကာ လမ်းတလျှောက်တွေ့သည့် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ ဖမ်းဆီးခံရသူများ၏ ဖုန်းများကို သိမ်းဆည်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/10/126407/
ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ
["ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ အမြှောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကော့ကရိတ်မြို့ အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) ဝင်းကြီးအနီး ကျရောက်ပေါက်ကွဲခဲ့​​ကာ စာမေးပွဲ ဖြေဆိုပြီး နေအိမ်ကို ပြန်လာသည့် အသက် ၁၂ နှစ် ကလေးငယ် ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။", "စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့သော အသက် ၁၂ နှစ်အရွယ် ကလေးငယ်သည် (Grade -4) တက်ရောက်နေသော နော်မိုးမိုးအေး ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ကျည်စ ထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ရေလယ်မြိုင်အုပ်စု နန်းကော်တိုးကျေးရွာမှ (Grade -1) တက်ရောက်နေသည့် အသက် ၆ နှစ်အရွယ် နော်ဝေဝေနှင်း သည် လည်ပင်း၊ ခြေထောက် နှင့် လက်တို့တွင် ကျည်စထိမှန်ခဲ့ကြောင်း ၊ (Grade -4) တက်ရောက်နေသည့် အသက် ၁၂ အရွယ် နော်ခုခုဖော မှာလည်း ခြေသလုံးတွင် ကျည်စ ထိမှန်ခဲ့ကြောင်း၊ (Grade -9) တက်ရောက်နေသည့် အသက် ၁၆ နှစ်အရွယ် နော်ဆုယဥ်အေး သည်လည်း ပေါင်နှစ်ဖက်တွင် ကျည်စ ထိမှန် ဒဏ်ရာများ ရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။", "ဒူးပလာယာခရိုင် အတွင်း ဝင်ရောက် လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူနေအိမ်များကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးကာ ပစ္စည်းများကို ယူဆောင်သွားခြင်းနှင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း၊ ရမ်းသမ်း ပစ်ခတ်ခြင်း သော်လည်းကောင်း စသည့် Geneva Convention နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှု (War Crime) များကို နေ့စဥ်နှင့် အမျှ ကျူးလွန်လျက် ရှိကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/04/158145/
ကော့ကရိတ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၃၀ နှင့် ၄၀ အကြားသေဆုံး၊ စစ်တပ်က မီးလောင်ဗုံးများအသုံးပြုပြီး နေအိမ်များကို မီးရှို့
["ကော့ကရိတ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၃၀ နှင့် ၄၀ အကြားသေဆုံး၊ စစ်တပ်က မီးလောင်ဗုံးများအသုံးပြုပြီး နေအိမ်များကို မီးရှို့", "စစ်တပ်က အင်အား၈၀၀ ဖြင့် ကော့ကရိတ်ပြန်ရ တပ်စွဲရေး ကြိုးပမ်းနေပြီး တော်လှန်ရေးတပ်များက ဖြတ်တောက် တိုက်ခိုက်ထားနိုင်", "ရန်ကုန်၊ ဧပြီ ၁၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ကော့ကရိတ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၃၀ နှင့် ၄၀ အကြားသေဆုံးပြီး စစ်တပ်က မီးလောင်ဗုံးများအသုံးပြုကာ နေအိမ်များကို မီးရှို့မှုများ လုပ်ဆောင်ကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီးကော့ကရိတ်မြို့နယ် ၁၀ နေရာထက်မနည်းတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ သေဆုံးသည့် အရေအတွက် ၃၀ နှင့် ၄၀ အကြားရှိကြောင်း၊ တော်လှန်ရေးတပ်ဘက်မှလည်း သေဆုံးထိခိုက်မှုများရှိပြီး အရေအတွက်အားဖြင့် နည်းပါးကြောင်း၊ စစ်တပ်က မီးလောင်ဗုံးများ အသုံးပြုပြီး အထူးသဖြင့် မြင်ကွင်းမရှင်းသော နေရာများကို စစ်တပ်က မီးလောင်ဗုံးများဖြင့် ကျဲ ချမီးရှို့ကြောင်း ၎င်းက ဆိုသည်။", "“ဒီနေ့ တိုက်ပွဲဖြစ်တာက ကော့ကရိတ် ၁၀ နေရာလောက်မှာဖြစ်တယ်။ စစ်တပ်ဘက် အနည်းဆုံး ၃၀ ကနေ ၄၀ အကြား သေတယ်။ ကျနော့်စစ်ကြောင်းမှာလည်း မနေ့က ၁ ဦး ကျပါတယ်။ ၄ ဦးဒဏ်ရာရတယ်။ ဒီနေ့လည်း ၄ ဦးဒဏ်ရာရတယ်။ အခြား စစ်ကြောင်းတွေမှာလည်း ကျဆုံးတာနဲ့ ထိခိုက်တာတွေရှိပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လတ်တလော စစ်ကောင်စီက ကော့ကရိတ်ကို အခြေပြု၍ မြ၀တီကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားနေကြောင်း၊ ကော့ကရိတ်သို့ စစ်ကူ အင်အား ၅၀၀ နီးပါး တက်လာပြီး ကော့ကရိတ် မြို့စောင့်တပ် ခလရ ၉၇ တွင်လည်း စစ်အင်အား ၃၀၀ ရှိနေကြောင်း ၊ ထို့ကြောင့် ကော့ကရိတ်တွင် စစ်အင်အား ၈၀၀ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး မြို့ကို ပြန်လည် သိမ်းယူ အခြေပြုရန် ကြိုးစားနေကြောင်း၊ သို့ရာတွင် တော်လှန်ရေးတပ်များက အစွမ်းကုန် ပိတ်ဆို့ ဖြတ်တောက် တားဆီးခုခံနေကြောင်း ၎င်းက ရှင်းပြသည်။", "“ကော့ကရိတ်ဂွင်ကို ကျနော်တို့ တပ်ပေါင်းစုတွေက ဖြတ်တောက်တားဆီးနေတယ်။ အပေါ်ဘက်ကို ဗိုလ်ဒါဘောက တာဝန်ယူထားတယ်။ အစွမ်းကုန် ကျနော်တို့ တိုက်ခိုက်နေပါတယ်။ စစ်တပ်ဘက်ကတော့ သေဆုံးမှုများနေတယ်။ ကိုယ့်ဘက်မှာလည်း အထိအခိုက်သေဆုံးမှု တချို့တော့ရှိပါတယ်” ဟု", "လက်ရှိ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေရာတွင် စစ်ကောင်စီက မီးလောင်ဗုံးများ အသုံးပြု ဗုံးကျဲကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများလည်း အဆက်မပြတ်လုပ်ဆောင်နေကြောင်းကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။", "မြ၀တီသို့ စစ်ကူသွားရန် ကြိုးစားနေသော စစ်တပ်စစ်ကြောင်းမှာလည်း အထိနာပြီး ကော့ကရိတ်ဘက်သို့ ပြန်လည် ဆုတ်ခွာ လာနေသော သတင်းများရရှိထားသော်လည်း အခြေအနေ အသေးစိတ် မသိရှိရသေးကြောင်း ၊ ကျုုံဒိုးဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။"]
https://yktnews.com/2025/05/214042/
ကော့ကရိတ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှု ကြောင့် လှိုင်ကွယ်ကျေးရွာမှ ဆရာတော် ဘန္ဒဒ ဥူးသုဇာတ ပျံလွန်တော်မူ
["ကော့ကရိတ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှု ကြောင့် လှိုင်ကွယ်ကျေးရွာမှ ဆရာတော် ဘန္ဒဒ ဥူးသုဇာတ ပျံလွန်တော်မူ", "ရန်ကုန်၊ မေ ၁၀", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှု ကြောင့် လှိုင်ကွယ်ကျေးရွာမှ ဆရာတော် ဘန္ဒဒ ဥူးသုဇာတ ပျံလွန်တော်မူသွားကြောင်း လှိုင်ကွယ်ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်း ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စု၊ လှိုင်ကွယ်ကျေးရွာ အတွင်းသို့ စစ်တပ်က သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာမှ လှိုင်ကွယ်ကျေးရွာ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်", "ဘန္ဒဒ ဥူးသုဇာတမှာ သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆေးရုံတင်ပို့ရန် လုပ်ဆောင်နေစဉ်မှာင် ရရှိသော သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။", "” လက်နက်ကြီးက နေ့ရော ညရော ကိုးတိုင်ဘက်မှာရှိတဲ့ စကစတပ်တွေက ပစ်နေတာ၊ မနေ့မနက်ကတော့ လက်သုံးချောင်းအဖွဲ့ ၊ KNU အဖွဲ့ တွေရှိနေတယ်ဆိုတဲ့ အထင်နဲ့ စစ်တပ်က လှိုင်ကွယ်ကျေးရွာအတွင်းကို သေ နတ် တွေနဲ့ ပစ်တယ်။ အဲဒီလို စစ်တပ်က ပစ်တာကြောင့် ကျောင်းဝိုင်းထဲမှာနေတဲ့ ဆရာတော်ကိုထိသွားတယ်။ရွာက လူမှုကယ်ဆယ်ရေးကားခါ်ပြီးကော့ကရိတ်ဆေးရုံတင်ပို့ဖို့ လုပ်နေတုန်းမှာ ဆရာတော်က အသက်မရှိတာ့ဘူး” ဟု လှိုင်ကွယ် ရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသော လှိုင်ကွယ်ကျောင်းတိုက်ဆရာတော် ပျံလွန်တာ် မူသည့် ဈာပနအခမ်းအနားကျင်းပရန် လှိုင်ကွယ်ကျေးရွာမှာ လက်ရှိ အခြေအနေအရ တိုက်ပွဲဖြစ်ပွားနေသည့် ဧရိယာအတွင်းရှိနေသည့်အတွက် ဈာပနကို အကျဉ်းချုံး ပြုလုပ်ရန် ကော့ကရိတ်မြို့နယ်သံဃာ့မဟာ နာယက မြို့မကျောင်းတိုက်ဆရာတော်၊ တောင်ပေါ်ကျောင်းတိုက်ဆရာတော်တို့ထံသို့ အကြောင်းကြား လျှောက်ထားကြောင်း သိရှိရသည်။", "စစ်တပ်က ကော့ကရိတ်၊ ကျုံဒိုး၊ တောင်ကြာအင်းဒေသအတွင်းသို့ ယခုနှစ် မတ်လမှ မေလအတွင်းလက်နက် ကြီး၊ ဒရုန်း၊ လေကြောင်းဗုံးကြဲမှုများ လုပ်ဆောင်ခဲ့ရာ ရဟန်းသံဃာတော်များအပါအဝင်အရပ်သား ၂၀ ဦးကျော်သေဆုံးပြီး ပြည်သူ ၃၀ဦးခန့်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ယခုရက်ပိုင်းအတွင်း KNLA မဟာမိတ်တပ်များက ကိုးတိုင်၊တံတားကျိုး၊သုံးထပ်တိုက်နေရာများတွင်ရှိနေသည့်အကြမ်းဖက်စစ်ကာင်စီဂိတ်များကို တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒရုန်း၊လက်နက်ကြီးလေယာဉ်များဖြင့်ဗုံးကျဲမှု များဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/208986/
ကော့ကရိတ်တွင် အောင်ဇေယျ စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
["ကော့ကရိတ်တွင် အောင်ဇေယျ စစ်ကြောင်းမှ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၆", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အောင်ဇေယျ စစ်ကြောင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Justice Soldier PDF ကပြောဆိုသည်။", "မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ကော့ကရိတ်မြို့နယ်ရှိ အောင်ဇေယျ စစ်ကြောင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော သဲပုံစေတီ ၊ တောနော်၊ ရွှေကြက်မင်း၊ နိုနိုပွိုင့် နှင့် သီလရှင်ကျောင်း နေရာများကို Justice Soldier PDF ဒရုန်းတပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအနေဖြင့် ဘေးကင်းရာနေရာများကို ပြောင်းရွှေ့ နေထိုင်ကြရန် တိုက်တွန်းထားသည်။", "ထို့ပြင် ပြည်တွင်း၊ ပြည်ပတွင်ရှိသော လူငယ်များအနေဖြင့်လည်း စစ်မှုထမ်း ဥပဒေများ ပေါ်တာဆွဲခြင်းများကို နေ့စဉ်ကြုံတွေ့နေရပြီး နီးစပ်ရာ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့များထံ အမြန်ဆုံး ပူးပေါင်းပါဝင်ကြရန် Justice Soldier PDF က မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2025/05/214530/
ကော့ကရိတ်တွင် အောင်ဇေယျ စစ်ဆင်ရေးတပ်၏ ကာကင်း စခန်းတစ်ခု KNLA က သိမ်းပိုက်ရရှိ
["ကော့ကရိတ်တွင် အောင်ဇေယျ စစ်ဆင်ရေးတပ်၏ ကာကင်း စခန်းတစ်ခု KNLA က သိမ်းပိုက်ရရှိ", "ရန်ကုန်၊ မေ ၁၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အောင်ဇေယျ စစ်ဆင်ရေးတပ်၏ ကာကင်း စခန်းတစ်ခု KNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။", "မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကော့ကရိတ်မြို့ တတန်ကူးကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းမကြီးအနီးရှိ အောင်ဇေယျ စစ်ဆင်ရေးတပ် ကာကင်း စခန်းကို KNLA မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ် အောင်ဇေယျ တတန်ကူးနဲ့ ရွာသစ်ကုန်းထိပ်မှာရှိတဲ့ ကာကင်းစခန်းပေါ့။ အရင်က DKBA ဗိုလ်နားမကြားတို့ ဂိတ်ထိုင်ခဲ့တဲ့နေရာ စကစ ရွှေကြက်မင်း နောက်တန်းစခန်းနဲ့တော့ ရွာထိပ်နဲ့ ရွာထဲပေါ့။ အာရှလမ်းကို Y12 က ၂ ရက်ရှိပြီ ပတ်ကျဲနေတာ ဒီမနက် ဂျက်နဲ့လည်း လာပစ်သေးတယ်။ အောက်ဘိုတဲဘက်ကို အဲ့ကြားကပဲ ကပ်တက်ပြီးသိမ်းတာ” ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောဆိုသည်။", "လက်ရှိ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် မေလ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ တတန်ကူးရွာ ရွှေကြက်မင်းကျောင်းနေရာနှင့် ရန်ကုတ်ဘုန်းကြီး ကျောင်းနေရာများရှိ အကြမ်းဖက်စစ်တပ်ကို KNLA မဟာမိတ်တပ်များ ပိတ်ဆို့တိုက်ခိုက်နေကြောင်း KNLA မဟာမိတ် စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။", "“တတန်ကူးတစ်နေရာထဲကိုဘဲ Y12 လာကျဲနေတာ ၂ ရက်ရှိပြီ ရွာအိမ်တွေ ပျက်ကုန်ပြီ စစ်တပ်က ရွာထဲမှာရှိနေတာရယ် ရွှေကြက်မင်းဘုန်းကြီးကျောင်းနဲ့ ရန်ကုတ်ဘုန်းကြီးကျောင်းဘက်ကို ကရင်အဖွဲ့ PDF အဖွဲ့တွေလာတိုက်နေတော့ အကာအကွယ်မရှိအောင်ဗုံးသီးကျဲ ဒရုန်းနဲ့လည်းကျဲပြီး ဖျက်ဆီးနေတာ မနှစ်က ဟိုဘက်ရွာကော့နွဲလည်း အဲ့လိုပဲ ဗုံးကျဲတာ အကုန်စီးကုန်ပြီ လူမရှိပေမယ့်ကျွဲ၊ နွားတွေ ဝက်တွေအကုန်ထိပြီး သေတာပဲ လူလည်း ပြန်မရဲသေးဘူး” ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။", "လက်ရှိ ရက်ပိုင်းအတွင်းKNLA မဟာမိတ်တပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အကြမ်းဖက် အောင်ဇေယျစစ်ဆင်ရေးတပ်တွေကို အပြီးသတ်ရှင်းလင်းရန် နောက်တန်းအထိုင်စခန်း ရွေကြက်မင်းကျောင်းနေရာနှင့် တောနော်ရေတံခွန်တောင်ကြောဘက်ကရှေတန်းစစ်ကြောင်းနေရာသာ ကျန်တော့ကြောင်းနှင့် စစ်ကူပြတ်၊ ရိက္ခာပြတ်ဖြစ်နေပြီဖြစ်ကြောင်း KNLA မဟာမိတ်စစ်ကြာင်းတပ်ဖွဲ့ဝင်များပြောဆိုချက်အရ သိရပါသည်။"]
https://yktnews.com/2024/12/196653/
ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၅ လက် သိမ်းဆည်း ရရှိ
["ကော့ကရိတ်တွင် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၅ လက် သိမ်းဆည်း ရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင် စီ၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၅ လက်သိမ်းဆည်း ရရှိခဲ့ကြောင်း Justice Soldier PDF တပ်ဖွဲ့က ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ MA 1 အမျိုးအစား သေနတ် ၁ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA3 အမျိုးအစား သေနတ် ၃ လက်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၃၂ ဗျူဟာမှ ကော်ဘရာစစ်ကြောင်း ၊ Venom စစ်ကြောင်း၊ ကျား သစ်နက်စစ်ကြောင်းနှင့် Justice Soldier PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းကို နေ့ညမပြတ် တိုက်ခိုက်နှိမ်နင်းလျက် ရှိပြီး ပြည်သူများအနေဖြင့်လည်း လိုအပ်လျက်ရှိသော ကျည်ကာ၊ ကျည်ကာဦးထုပ်များနှင့် ကျည်များ ကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/10/125228/
ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီး
["ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၅ လုံး ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ကျေးရွာ များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးဒဏ်ရာ ရပြီး နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန် ထားသည်။", "အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်တွင် ကော့ကရိတ်မြို့ အခြေ စိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးများဖြင် အံဖကြီးကျေးရွာကို ၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အံဖကြီးကျေးရွာ နေ မှ အသက် ၅၆ နှစ်အရွယ် ဒေါ်မယ်တင်အေး၏ နေအိမ်ကို ထိမှန်ခဲ့ပြီး ဒေါ်မယ်တင်အေးလည်း ဝမ်းဗိုက်ကို ကျည်ဆထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရ ရှိခဲ့ကြောင်း၊ ထို့ပြင် အံဖကြီးကျေးရွာအတွင်းရှိ မောင်မြအေး နှင့် မောင်သိန်း တင်တို့ နေအိမ်များလည်း လက်နက်ကြီး ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၃၂ တပ်ရင်းက အောက်တိုဘာလ ၂ ရက်နေ့ ည ၁ဝ နာရီ ၃၀ မိနစ်တွင် ကြာအင်း ဆိပ် ကြီးမြို့ အမှတ် ၁ ရပ်ကွက် ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အောင် တေဇ လမ်းကို ကျရောက် ပေါက်ကွဲကာ ပြည်သူပိုင် နေအိမ် ၂ လုံး ထိမှန် ပျက်စီးစေခဲ့ပြီး အိမ်မွေး တိရိစ္ဆာန် ခွေး ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ် စက်ခြင်း၊ ပြည်သူနေအိမ်များအား ဝင်ရောက် မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်း များ ကို ယူဆောင်သွားခြင်း နှင့် ပြည်သူနေ ကျေးရွာများသို့ လက်နက် ကြီးများ ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း သော်လည်းကောင်း၊ ရမ်းသမ်း ပစ်ခတ်ခြင်း သော်လည်းကောင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်မှုများ ကို နေ့စဥ်နှင့်အမျှ ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/173019/
ကော့ကရိတ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မစ်ဆိုင်းဒုံး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး နေအိမ်နှင့်ကားများ ပျက်စီး
["ကော့ကရိတ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မစ်ဆိုင်းဒုံး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရပြီး နေအိမ်နှင့်ကားများ ပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၁၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ပဲခူးတိုင်း မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က မစ်ဆိုင်းဒုံး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့်ကားများပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။", "ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် ခမရ-၃၀၇ တပ်ရင်းမှ ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ၁ လုံး ဂွေးကုန်းရွာထဲသို့ ကျရောက် ပေါက်ကွဲ ခဲ့ပြီး အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဇူလိုင်လ ၁၁ ရက် ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်တပ် ခမရ-၃၀၇ တပ် ရင်းမှ ထပ်မံ၍ ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အသက် ၄၂ နှစ် အရွယ်အမျိုးသား ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အောင်ဇေယျ စစ်ကြောင်းက ပစ်ခတ်သော အတွဲ လိုက် မစ်ဇိုင်းဒုန်းများသည် ကော့ကရိတ်မြို့နယ်၊ ထီးမူးထကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အ သက် ၅၅ နှစ်အရွယ် ပြည်သူ ၁ ဦး ၊ အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး နှင့် အသက် ၅ နှစ်အရွယ် ကလေး ၁ ဦးတို့ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၂ လုံး ၊ ပြည်သူ ပိုင် ကားတချို့ နှင့် အိမ်သုံးပစ္စည်းများ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127111/
ကော့ကရိတ်နှင့် မြ၀တီမြို့တို့တွင် ထွေ/အုပ်စာရေး ၁ ဦးနှင့် Non-CDM ကျန်းမာရေး ဝန်ထမ်း ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး
["ကော့ကရိတ်နှင့် မြ၀တီမြို့တို့တွင် ထွေ/အုပ်စာရေး ၁ ဦးနှင့် Non-CDM ကျန်းမာရေး ဝန်ထမ်း ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်မြ၀တီမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး ၁ ဦးနှင့် Non-CDM ကျန်းမာရေး ဝန်ထမ်း ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန် ကော့ကရိတ်မြို့နယ်၊ နန်းကော်တိုးကျေးရွာအနီးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အငယ်တန်းစာရေး ညီညီနိုင်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ညီညီနိုင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထီဟူးသံကျေးရွာအုပ်စုကို တာဝန်ယူရသော အငယ်တန်းစာရေး ဝန်ထမ်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်း ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝင်းအတွင်းနေထိုင်သူ Non-CDM ကျန်းမာရေးဝန်ထမ်း စိုးမင်းအောင်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "“မြဝတီဆေးရုံထဲကို ဝင်ပစ်သွားတာ။ Non-CDM ကျန်းမာရေးဝန်ထမ်းရဲ့ နားထင်ကို တေ့ပစ်တာ။ ဆိုင်ကယ်နဲ့လာပစ်သွားတာပါ။ ပစ်ခတ်ခံရသူက နေရာတင်သေတယ်။ စစ်တပ်ကို သတင်းပေးလို့ဆိုတာမျိုး စွပ်စွဲတာတွေတော့ရှိတယ်။ အတိအကျ မသိရဘူး။ ” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2025/04/212099/
ကော့ကရိတ်နှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲချခဲ့ပြီး ဓာတုအဆိပ်ငွေ့ဗုံးနှင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု တိုက်ခိုက်
["ကော့ကရိတ်နှင့်နောင်ချိုမြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲချခဲ့ပြီး ဓာတုအဆိပ်ငွေ့ဗုံးနှင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၂၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ကျေးရွာအုပ်စု၊ လောင်ကိုင်ရွာလမ်းမ နှင့် ကော့ဖောင်ရွာ အောက်ခြမ်း ဘက်သို့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများ ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအုပ်စု၊ လောင်ကိုင်ရွာလမ်းနှင့် ကော့ဖောင်ရွာအောက်ခြမ်းသို့ စစ်တပ် တိုက်လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "” ပေါင် ၅၀၀ ဗုံးတွေဆိုတော့ တော်တော်လေးတုန်ခါသွားတယ်။ သမိန်ဒွတ်ရွာဘက်၊ လောင်ကိုင်ရွာလမ်းဘေးမှာတိုက်တန်း၊ဆိုင်ခန်သစ်ဆောက်ထားတဲ့အနောက်ဘက် ရော်ဘာခြံထဲ ဗုံးကျရောက်ပေါက်ကွဲတာ၊လူတော့မထိဘူး။အဲဒီ တိုက်တန်းဆိုင်ခန်းသစ်တော့ပျက်စီးတာပေါ့။ လူမနေရ သေးလို့ ၊လူနေနေပြီဆိုရင် လူတွေပါ ထိမှာ။မလွယ်ဘူး၊နောက်တစ်လုံးက ကော့ဖောင်ရွာအောက်ခြမ်းဘက်မှာ ကျတယ်။ ထိခိုက်တာတော့မသိရသေးဘူး”ဟုသမိန်ဒွတ် ကျေးရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆုိုသည်။", "ကော့ကရိတ်တွင် စစ်ကောင်စီက ဧပြီလ ၂၁ ရက်နေ့ တစ်ရက်လုံး လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၀ ဝန်းကျင်ဖြင့် ဗုံးအလုံးရေ ၅၀ ခန့် ကျဲချခဲ့ကြောင်း ကော့ကရိတ်အခြေပြု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့ ဓာတုအဆိပ်သင့်ပြီး မူးဝေအော့အန်ဝေဒနာခံစားခဲ့ရကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ် မတော် – DPLA ကသတင်း ထုတ်ပြန်သည်။", "ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီး တဝိုက် ရှိ ဓနုပြည်သူ့လွတ် မြောက်ရေး တပ်မတော် -DPLA နှင့် မဟာမိတ်TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ နေရာကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဓာတုအဆိပ်ဓာတ်ငွေ့ဗုံး ၃ လုံး၊ ညနေ ၃ နာရီ ၆ မိနစ်တွင် ဓာတုအဆိပ်ဗုံး ၄ လုံးအသုံးပြု၍ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ဓာတုအဆိပ်ငွေ့ဗုံးများဖြင့် ကျဲချတိုက်ခိုက်မှုကြောင့် အဆိပ်ငွေ့ရှူရှိုက်မိသောရဲဘော်များမှာ မူးဝေ အော့ အန်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ဝေဒနာများခံစားခဲ့ရသည်။", "အကြမ်းဖက်စစ်ကောင်စီက အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော်လည်း နိုင်ငံတကာက တားမြစ်ထားသော အဆိပ်ဓာတ်ငွေ့ဗုံးများကို အသုံးပြု၍ အကြိမ်ကြိမ် တိုက်ခိုက်လျက်ရှိကြောင်း၊ တောင်းခမ်းတွင်သာမက အခြားတော်လှန်ရေးတပ်များ ရှိသောနေရာများတွင်လည်း မကြာခဏ တိုက်ခိုက်နေသည်ကို တွေ့မြင်နေရကြောင်း DPLA က ပြောဆိုထားသည်။", "တောင်းခမ်းကျေးရွာတွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးများကျဲချခြင်း၊ လက်နက်ကြီးများပစ် ခတ်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများ အသုံးပြု၍ ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် TNLA ၊ DPLA တပ် တို့နှင့် စစ်ကောင်စီတပ်များကြား ယနေ့အချိန်ထိ တိုက်ပွဲဆက်လျက်ဖြစ်ပွားလျက် ရှိသည်။"]
https://yktnews.com/2024/04/156308/
မြ၀တီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို ဆုတ် ခွာသွားဟု KNU ပြောခွင့်ရ ပဒိုစောတောနီး အတည်ပြု
["ကော့ကရိတ်နှင့်မြ၀တီဘက်သို စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများ ဆက်လက် တက်လာနေပြီး စစ်သင်္ဘော၃ စီး လည်း သံလွင်မြစ်ကြောင်း အတိုင်း ဝင်ရောက်လာ", "ရန်ကုန်၊ ဧပြီ ၁၁", "ကရင်ပြည်နယ်၊ မြ၀တီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို ဆုတ်ခွာသွားကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို အတည်ပြုပြောဆိုသည်။", "“မနေ့ည ၁၀ နာရီမှာ ခလရ ၂၇၅ ကို ရပါတယ်။ တပ်မ ၄၄ တပ်မမှူးနဲ့ သူ့ရဲ့ နောက်လိုက် စစ်အင်အား ၂၀၀ လောက်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို ဆုတ်ခွာသွားပါတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို အတည်ပြုပြောဆိုသည်။", "လက်ရှိတွင် ကော့ကရိတ်နှင့် မြ၀တီဘက်သို လမ်းများအားလုံးမှ စစ်တပ်စစ်ကူစစ်ကြောင်းများ တက်လာနေကြောင်း၊ စစ်ကောင်စီတပ်က ကော့ကရိတ်ကို အခြေပြု၍ မြ၀တီဘက်သို ပြန်လည် ထိုးစစ်ဆင် တိုက်ခိက်ရန် လှုပ်ရှားနေကြောင်း သိရှိရသည်။", "“ဒီနေ့မနက် ၅ နာရီ ဝန်းကျင်လောက်မှာ ဘားအံ ၂၀၁ တပ်ရင်းက ထောက်ပိုကားအစီးရေ ၃၀ ဝန်းကျင်ခန့် အာရှလမ်းအတိုင်း တက်သွားတယ်။ မနက် ၆ နာရီဝန်းကျင်မှာလည်း နောက်ထပ်ကား အစီးရေ ၂၀ခန့်ထပ်တက်သွားပါတယ်။ ဒုတိယအသုတ်ကားများတွင် ယာယီတံတားထိုးနိုင်တဲ့ ကားအမျိုးအစားတွေလည်းပါသွားပါတယ်။ စစ်သည်အင်အားကတော့ စစ်ကားတစ်စီး ၄ ဦးနဲ့ ၅ ဦးလောက်ပဲ ပါသွားတယ်”ဟု ဒေသသတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။", "ထိုပြင် ကော့ကရိတ်၊ ဂျိုင်းတံတားဘက်သို ဦးတည်၍ သံလွင်မြစ်ကြောင်းအတိုင်း စစ်သင်္ဘောအကြီး ၃ စီး သွားရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။", "ထိုအတူ ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန် မြ၀တီဘက်သို ထေ့ကေ့ကိုကိုး လမ်းအတိုင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းတစ်ခု ခြေလျင် တက်လာသည်ကို မြင်တွေ့ရကြာင်း ဒေသပြည်သူများက ဗီဒီယိုများနှင့်တကွ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို သတင်းပေးပိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#မြ၀တီခလရ ၂၇၅ တပ်#ပဒိုစောတောနီး#အမှတ် ၂ ချစ်ကြည်ရေးတံတား"]
https://yktnews.com/2025/02/205829/
ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
["ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း Southern Eagle PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျ စစ်ကြောင်း နေရာယူထားသော ကော့ကရိတ်မြို့ တောင်ပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃) Tiger Dragon Revolution Force မှ တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။", "အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံ မဟာမိတ် တပ်ဖွဲ့များ ဖြစ်သော P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃) Tiger Dragon Revolution Force (မိုင်းတွဲဘက်) ၊ Special Operation Force (SOF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် ကျေးရွာပြည်သူများ လုံခြုံမှုရှိသော နေရာများကို တိမ်းရှောင်ကြရန် Southern Eagle PDF က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။"]
https://yktnews.com/2024/01/142168/
ကော့ကရိတ်မြို့ကို စစ်တပ်က လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက် များ၊ တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေသဖြင့် နေအိမ် တချို့ မီးလောင်နေ
["ကော့ကရိတ်မြို့ကို စစ်တပ်က လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက် များ၊ တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေသဖြင့် နေအိမ် တချို့ မီးလောင်နေ", "နေအိမ်စိတ်ချ၍ ပြန်လည် ဝင်ရောက်သွားသည့် ကော့ကရိတ် ပြည်သူတချို့ ပိတ်မိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်တပ်က လက်နက်ကြီးများ၊ ဟောင်ဝစ် ဇာ အမြောက်များ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေပြီး နေအိမ်စိတ်ချ၍ ပြန်လည် ဝင်ရောက်သွားသည့် ပြည်သူတချို့ ပိတ်မိနေ ကြောင်း ဒေသပြည်သူတချို့၏ ပြောဆိုချက်နှင့် ကျားဖြူစစ်ကြောင်း၏ ထုတ် ပြန် ချက်အရ သိရှိရသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်နှင့် ည ၉ နာရီ အချိန် တို့တွင် စစ်တပ်က ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်မှစ၍ သတင်းထုတ်ပြန်သည့် နံနက် ၇ နာရီအချိန် စစ်ကောင်စီက Y-12 Military Transport လေယာဉ် ၂စီး ဖြင့် ကော့ကရိတ် မြို့တွင်းသို ၆၀ မမ ဗုံးသီးများ ၊ ၈၁ မမ ဗုံးသီးများဖြင့် ကျဲချလျက်ရှိကြောင်း၊ ကော့ကရိတ်မြို့ အလုံးစုံပျက်စီးရန် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလျက်ရှိကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။", "စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေချိန် ပြည်သူတချို့မှာ မြို့တွင်းရှိ နေအိမ်များကို စိတ်မချ၍ ပြန် သွားကြသူများရှိသဖြင့် မြို့တွင်းတွင် ပိတ်မိသူများရှိကြောင်း သိရှိရသည်။", "“ဇန်နဝါရီ ၂၁ ရက်နေ့ ကော့ကရိတ်၊ ကျူလယာတန်းမှာ မီးလောင်တယ်လေ။ အိမ်ခြေ အနည်းဆုံး ၅၀ ကျော်လောက်ပြာကျသွားတယ်။ အဲဒါ စစ်ဘေး ရှောင် နေတဲ့ ပြည်သူတချို့က အိမ်တွေ စိတ်မချတော့ တစ်အိမ်ကို အနည်းဆုံး တစ်ဦး လောက် ပြန်လာကြည့်ပြီး အိမ်တွေမှာ ပုန်းပြီး နေထိုင်ကြတာရှိတယ်။ အခု အဲဒီသူတွေ ပြန်မထွက်ရဘူးဖြစ်နေတယ်။ စစ်ခွေးတွေကလည်း မြို့ကို ပတ်နေ တာဆိုတော့ မြင်တဲ့နေရာမှာ ပစ်မှာ။ ကိုယ့်အိမ် ကိုယ့်ပစ္စည်းစိတ်မချလို့ အိမ် စောင့်ပြန်လာကြတာ” ဟု ကော့ကရိတ်မြို့မှ စစ်ဘေး ရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။", "ကော့ကရိတ်အခြေစိုက် ကျားဖြူစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် များက မူ ပြည်သူများ အနေဖြင့် မည်သို့သောသတင်းများ ကြားသည် ဖြစ်ပါစေ တော်လှန်ရေးအဖွဲများထံ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကော့ကရိတ် မြို့ အတွင်းသို့ ပြန်မလာကြရန်နှင့် လုံခြုံဘေးကင်းသော နေရာများတွင် နေထိုင် ကြ ပါရန် သတိပေးတိုက်တွန်းထားသည်။", "လက်ရှိတွင် စစ်ကောင်စီက လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးများ ကျဲချ သဖြင့် ကော့ကရိတ်မြို့၊ ချောင်းတောင်ရပ်ကွက်၊ ဗလလမ်းထဲတွင် နေအိမ် တချို့ မီးလောင်နေကြောင်း သိရှိရသည်။", "“ချောင်းတောင်နဲ့ ရပ်ကွက်၇ မှာ ဗုံးတွေကျဲချလို့ နေအိမ်တချို့ မီးလောင်တယ်။ မနက်ပိုင်း လက်နက်ကြီး၊ လက်နက်ငယ် အသံတွေ ဆူညံနေတယ်။ လေယာဥ် တွေက အဆက်မပြတ်ဝဲနေတယ်။ မြို့ပြင်ရပ်ကွက် အမှတ်၅ ဘက်မှာ ပြည်သူ တွေက အိမ်တွေထဲ ပြန်ဝင်နေကြတာ။ အခု တိုက်ပွဲဖြစ်တော့ ပြန်ပိတ်မိ နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ဓာတ်ပုံ- ဇန်နဝါရီလ ၂၁ ရက်နေ့ ကော့ကရိတ်မြို့တွင် မီးလောင်နေစဉ်။"]
https://yktnews.com/2024/04/158462/
ကော့ကရိတ်မြို့ကို ဓာတုအဆိပ်ဗုံးများဖြင့် စစ်တပ်က တိုက်ခိုက်မှုကြောင့် တော်လှန် ရေးတပ်ဖွဲ့ဝင်များ မူးဝေ၊ အော့အန်ခြင်း ဝေဒနာခံစားရ
["ကော့ကရိတ်မြို့ကို ဓာတုအဆိပ်ဗုံးများဖြင့် စစ်တပ်က တိုက်ခိုက်မှုကြောင့် တော်လှန် ရေးတပ်ဖွဲ့ဝင်များ မူးဝေ၊ အော့အန်ခြင်း ဝေဒနာခံစားရ", "ရန်ကုန်၊ ဧပြီ ၂၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်တပ်က ဓာတုအဆိပ်ဗုံးများဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့်ဒေသနေပြည်သူအချို့ မူးဝေ၊ အော့အန် ခြင်း ဝေဒနာများခံစားနေရကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြား သည်။", "ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ကော့ကရိတ်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၉၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ကော့ကရိတ်မြို့မြောက် ခြမ်းသို့ ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးများ ကျဲချကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာခဲ့ကြောင်း သိရသည်။", "ထိုသို့ ဓာတုအဆိပ်ဗုံးအသုံးပြုကာ ကျဲချတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မြို့တွင် နေပြည်သူအချို့ ဓာတုအဆိပ်သင့်ကာ မူးဝေ အော့အန်ခြင်း၊ အသက်ရှုကြပ်ခြင်း ဝေဒနာများခံစားနေ ရပြီး မြေပြင်တပ်စွဲ ထားရာမြို့တွင်း နေရာချို့ကို ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။", "“တိုက်ပွဲက မပြီးသေးဘူး၊ မြေပြင်မြို့တွင်းနေရာအချို့ကို ယာယီစွန့်ခွာပေးလိုက်ရတာရှိတယ်။ မငြိမ် သေးဘူး၊ စစ်ခွေးတွေဘက်က ဓာတုအဆိပ်ဗုံးတွေကို ဒရုန်းနဲ့ကျဲချနေတာ၊ အဲဒါကြောင့် ရဲဘော်တွေ မူးဝေအော့အန်တာ၊ အသက်ရှုကြပ်တာတွေဖြစ်တယ်။ မြေပြင် Update အခြေအနေတော့ မသိရ သေးဘူး” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဧပြီလ ၁၁ ရက်နေ့မှစ၍ မြဝတီမြို့ကို စစ်ကူပေးရန် ကြည်းကြောင်း၊ လေကြောင်းအသုံးပြုကာ ချီ တက်လာသော အကြမ်း ဖက်စစ်ကြောင်းများကို ကော့ကရိတ်မြို့အနီးတဝိုက်၌ KNLA ပူးပေါင်း တပ် ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်ကလည်း လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ကော့ကရိတ်မြို့နှင့်အနီးတဝိုက်ကျေးရွာများကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ဒေသနေ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။", "ဓာတ်ပုံ- ကော့ကရိတ်မြို့ကို စစ်တပ်က မီးလောင်ဗုံးများဖြင့် ကျဲချ ဖျက်ဆီးနေစဉ်။"]
https://yktnews.com/2024/04/157038/
ကော့ကရိတ်မြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["ကော့ကရိတ်မြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၁၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီ တပ်သား ၂ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။", "ဧပြီလ ၁၂ ရက်နေ့တွင် ကော့ကရိတ်မြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းမှ စစ်ကောင်စီ တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KNDO (တပ်ရင်း ၆) ၊ ဂဠုန်စစ်ကြောင်း ၊ ကျားဖြူတပ်ခွဲ (၃) ၊ Lion Battalion ၊ မွန်ပြည်သစ် ခွဲထွက် (AD) ၊ မွန်လွတ်မြှောက်ရေး တပ်တော် (MLA) ပူးပေါင်း မဟာမိတ်များနှင့် စိုးမိုးမူ ရရှိထားသော နယ်မြေအတွင်းကို လက်နက်နှင့် အတူ အလင်းဝင်လာသောကြောင့် ဂုဏ်ပြု ဆုငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/134093/
ကော့ကရိတ်မြို့တွင် ဒုတိယနေ့အဖြစ် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသူများ မြို့မှ စွန့်ခွာ၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းတို့ကြောင့် သေဆုံးသူ ပြည်သူများ ရှိပြီး နေအိမ်တချို့ မီးလောင်
["ကော့ကရိတ်မြို့တွင် ဒုတိယနေ့အဖြစ် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသူများ မြို့မှ စွန့်ခွာ၊ တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းတို့ကြောင့် သေဆုံးသူ ပြည်သူများ ရှိပြီး နေအိမ်တချို့ မီးလောင်", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ဒုတိယနေ့အဖြစ် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပိတ်မိနေသူများ မြို့မှ စွန့်ခွာမှုများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ကော့ကရိတ်မြို့ပေါ်နှင့် မြို့ပြင် နေရာအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ ဒုတိယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရပ်ကွက်များနှင့် လူနေအိမ်များကို ပစ်ခတ်သဖြင့် ပြည်သူများ သေဆုံးမှုရှိပြီး နေအိမ်တချို့လည်း မီးလောင်ကျွမ်းနေကြောင်း သိရှိရသည်။", "“ဒီနေ့တော့ ၃ နာရီအတွင်း မြို့ကထွက်ပါဆိုတဲ့ သတင်းတွေ ဝင်လာလို့ မြို့ထဲမှာ ရှိနေတဲ့ လက်ကျန် ပြည်သူတွေ အကုန်ပြေးကြတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေကြတယ်။ လေယာဉ်နဲ့ရော လက်နက်ကြီးတွေနဲ့ရော တပ်ဘက်က ပစ်ခတ်တယ်။ အမှတ်၅ ကွက်သစ်မှာ ပြည်သူ ၂ ဦး၊ ဝင်းကြီး သပြေကုန်းမှာ ၃ ဦး လက်နက်ကြီးထိမှန်ပြီး ကွယ်လွန်တယ်။ ဘုန်းကြီးကျောင်းတွေလည်း လေယာဉ်နဲ့ကျဲလို့ ထိတယ်။ သပြေကုန်းနဲ့ ဝင်းကြီးဘက်မှာ နေအိမ်တွေ လက်နက်ကြီးကျပြီး မီးလောင်တာရှိတယ်။ မြို့ထဲမှာတော့ လူ မရှိသလောက်တော့ ဖြစ်နေပြီ။ ကျန်တဲ့သူတွေက အိမ်စောင့် အဖြစ်ကျန်တဲ့သူတွေလည်းရှိတယ်။ ” ဟု ကော့ကရိတ်မြို့ခံပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ BGF တပ်များက မြို့အဝင်အထွက်ကို ပိတ်ဆို့ရန် ကြိုးစားနေပြီး ထွက်ပြေးနေသည့် စစ်ဘေးရှောင်ပြည်သူများကို ဦးတည် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“မနက်ပိုင်းက ထွက်ဖို့ ကြိုးစားတဲ့သူတွေကို စစ်တပ်က စျေးအပေါ်ထပ်ကနေ လှမ်းပစ်တယ်။ အဲဒါကြောင့် အခြားလမ်းကြောင်းတွေက ပြန်ရှောင်ထွက်ရတယ်။ သေနတ်ထိတဲ့သူတွေလည်း ထိနေကြတာ ဘယ်သူမှ မကူနိုင်ဘူး။ ကိုယ့်အသက်ကိုယ် လုပြေးနေရတာ။ စနိုက်ပါတွေနဲ့ လည်း ပစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကရှင်းပြသည်။"]
https://yktnews.com/2023/07/110596/
ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်တပ်ရင်းများထံ လာရောက်နိုင်သော လမ်းများအားလုံးကို စစ်ကောင်စီတပ်များက ဖျက်ဆီး ဖြတ်တောက်
["ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်တပ်ရင်းများထံ လာရောက်နိုင်သော လမ်းများအားလုံးကို စစ်ကောင်စီတပ်များက ဖျက်ဆီး ဖြတ်တောက်", "ရန်ကုန်၊ ဇူလိုင် ၁", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းတွင် မြို့ပေါ် စစ်တပ်တပ်ရင်း တပ် ဖွဲ့ များထံသို့ လာရောက်နိုင်သော ရွာချင်းဆက် လမ်းများကို စစ်ကောင်စီ တပ်များက လိုက်လံ ဖျက်ဆီး ဖြတ်တောက်လျက်ရှိကြောင်း ဒေသပြည်သူ များ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၂၉ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့တို့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြောက်ပိုင်းရှိ၊ ကမ်မရာရွာနှင့် ကော့ကရိတ်မြို့တို့ကို ဆက်သွယ်ထားသော ရွာချင်းဆက် လမ်းများကို စစ်ကောင်စီတပ်များကလာရောက် ဖျက်ဆီး ဖြတ်တောက်သွားကြောင်း သိရှိရသည်။", "“မြေကော်စက်တွေနဲ့ လမ်းတွေကို ဖျက်တာ။ လမ်းကတော့ ရွာချင်း ဆက်လမ်းလို့ပြောရမယ်။ ဆိုင်ကယ်၊ ကား သွားလို့ရတဲ့ လမ်းကို မြောင်းကြီး တွေ တူးပြီး ဖြတ်တောက်ပစ်တာ။ အဲဒီလမ်းတွေက ကော့ကရိတ်မြို့ပေါ်ကို စျေးဝယ်ဘာဝယ် သွားကြတဲ့လမ်း။ အခုတော့ စစ်တပ်က စပြီး လိုက်ဖျက် နေပြီ” ဟု ကော့ကရိတ်မြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ကော့ကရိတ်မြို့ပေါ်သို့ လမ်းများကို စစ်တပ်က ဖျက်ဆီးဖြတ်တောက်ရာတွင် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသော KNU/KNLA PC ကိုအသိပေးပြီးမှ စစ်ကောင်စီတပ်က ဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းများ ထွက် ပေါ်လျက်ရှိကြောင်း၊ သို့ရာတွင် KNU/KNLA PCဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖျက်ဆီးထားသော ရွာချင်းဆက်လမ်းများ။"]
https://yktnews.com/2024/02/143844/
ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီးလိင်ဖျော်ဖြေရေး ကျားတုကိရိယာမျိုးစုံ၊ ကားလိုင်စင်ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရ
["ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီးလိင်ဖျော်ဖြေရေး ကျားတုကိရိယာမျိုးစုံ၊ ကားလိုင်စင်ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီး လိင်ဖျော်ဖြေရေး ကိရိယာမျိုးစုံ၊ ကားလိုင် စင် ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့ ကော့ကရိတ်မြို့နယ်အတွင်းမှ ထွက်ပြေးသွားသော စစ်တပ်အရာရှိများ၏နေအိမ်များကို PDF နှင့် မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရာ တရားမဝင်သော ကားလိုင်စင်နံပါတ်ပြားအများအပြား၊ ကားအရောင်းအဝယ်စာချုပ်စာတမ်းများတွေ့ရှိရကြောင်း၊ ယင်းအပြင်ပြည်ပဘဏ်ကတ်မျိုးစုံ၊ငွေတိုးချေးထားသော စာရွက်စာတမ်းစာရင်းများနှင့် အောက်လမ်းဆန်ဆန် ယတြာစာရွက်များကိုလည်းသိမ်းဆည်းတွေ့ရှိရကြောင်း သိရှိရသည်။", "ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အရာရှိစစ်ဗိုလ်များသည် ခေတ်အဆက်ဆက် တရားမဝင်သောလုပ်ငန်းပေါင်းစုံဖြင့် စီးပွားရှာကာ ကြီးပွားချမ်းသာလျက်ကြောင်း ၊အဆိုပါ အရာရှိများ၏နေအိမ်များအတွင်း၌ အမျိုးသမီးသုံးလိင်ဖျော်ဖြေရေး ကျားတုမျိုးစုံကိုလည်းတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။"]