url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/07/175227/
ကလေးမြို့နယ်တွင် ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားကြိုးပေးသတ်ဖြတ်ခံရခြင်း ၂ နှစ် ပြည့် အထိမ်းအမှတ်လူထုသပိတ်ပြုလုပ်
["ကလေးမြို့နယ်တွင် ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီ၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားကြိုးပေးသတ်ဖြတ်ခံရခြင်း ၂ နှစ် ပြည့် အထိမ်းအမှတ်လူထုသပိတ်ပြုလုပ်", "ရန်ကုန်၊ဇူလိုင် ၂၃", "ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ မတရားကြိုးပေးသတ်ဖြတ်ခံရခြင်း ၂ နှစ် ပြည့် အထိမ်းအမှတ် အောက်မေ့သတိရခြင်းအခမ်းအနားနှင့် လူထုသပိတ်ကို တော်လှန်ပြည်သူများနှင့် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။", "အဆိုပါအစီအစဉ်တွင် ကိုဇေယျာလွင် ပေးပို့သော ရုပ်သံမှတ်တမ်းကို ဖွင့်ခဲ့ပြီး ဒေသတွင်းကျောင်းသားများ ရွေးကောက်တင်မြှောက်ခဲ့သော ကျောင်းသားခေါင်းဆောင်များ ကျမ်းသစ္စာ ကျန်ဆိုခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/149388/
ကလေးမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ မြင်းမူမြို့ရှောင်လမ်းတွင် ကားပြင်နေသည့် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်
["ကလေးမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ မြင်းမူမြို့ရှောင်လမ်းတွင် ကားပြင်နေသည့် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ မတ် ၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) ထံမှ သိရသည်။", "မတ်လ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကလေးနည်း ပညာတက္ကသိုလ် (GTC) ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ၊ မတ်လ ၂ ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်း၊ ထိုမာရွာနှင့် သာယာကုန်းရွာ အကြား စစ်ကြောင်းလာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့ တို့တွင် ကလေးမြို့နယ် တောင်ပိုင်း မှန်တောရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ စစ်စခန်း တစ်ခု မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှာကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team)နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ် ၊ Chin Secret Service (CSS) ၊ Chin National Defense Force (CNDF) ၊ CDF-KKG (Chinland Defense Force, Kalay -Kabaw- GanGaw) အဖွဲ့တို့မှ ပူးပေါင်း၍ Fixed Wing Droneများ အသုံးပြုကာAir Bombများ ၂၁ လုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြို့ရှောင်လမ်းပေါ်တွင် ကားပျက်၍ ပြင်နေသောအကြမ်းဖက်စစ်သားများ ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၁ – People’s Defence Force – South Monywa ထံမှ သိရသည်။", "မတ်လ ၄ ရက် ညနေ ၃ နာရီအချိန်ခန့်ကမြင်းမူမြို့ မြို့ရှောင်လမ်းပေါ်တွင် Jammer ကားပျက်၍ ပြင်နေကြသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမ ဗုံးသီး အစစ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊ အညာညီ နောင် တပ်ပေါင်းစု နှင့် နွေဦးလူငယ် People’s Defence Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/139863/
ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည် ထိမှန်၍ အသက် ၁၂ နှစ်ရွယ်ကလေးငယ်တစ်ဦး သေဆုံး
["ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည် ထိမှန်၍ အသက် ၁၂ နှစ်ရွယ်ကလေးငယ်တစ်ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း ကလေးမြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ပစ်ခတ်ခဲ့ရာ ကြိုးကြာကွင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "” လက်နက်ကြီးက တောက်လျောက်ထုနေတာလေ။ ဘယ်သူတွေထိတယ်လို့ ကြားမရမလဲဆိုပြီး ရင်တမမနေနေရတာ။ ခုတော့ ကလေးမလေးတစ်ယောက်ထိပြန်ပြီ” ဟု ကလေးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ကလေးမြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာ ကြိုးကြာကွင်း ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် မ၀ုန်ဆန်းလန်သည် ဝမ်းဗိုက် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့မှစတင်၍ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။", "” လက်နက်ကြီးသံတွေကြားပြီဆိုတာနဲ့ တခြားအလုပ်တွေမလုပ်နိုင်တော့ဘူး။ ဒီအသံကြီးနားထောင်ပြီး သတိထားနေရတော့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကလေးမြို့နယ် #စစ်ကောင်စီ #လက်နက်ကြီး"]
https://yktnews.com/2023/11/131946/
ကလေးမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ၂ ဦးအရှင် ဖမ်းမိပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ၊ ပေါင်းတည်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး
["ကလေးမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု ၂ ဦးအရှင် ဖမ်းမိပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ၊ ပေါင်းတည်တွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား၂ ဦးအရှင် ဖမ်းဆီးရမိပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိကြောင်း NUG အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကလေးမြို့နယ်၊ နမ်းချောင်းရွာ တောတိုက်၌ ဗိုလ်အောင်ကိုခန့် ဦးစီးသော ခလရ-၂၂၈၊ ထပရ-၉၃၄ နှင့် ပျူစောထီး အင်အား ၁၇ ဦးပါ စစ်ကြောင်းကို အထူးလှုပ်ရှား တပ်ရင်း၊ ဒေသခံ ပကဖ၊ TCDF၊ RKDF၊ EFDF၊ HNB တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦးနှင့် ပျူစောထီး ၁ ဦး အရှင် ဖမ်းဆီးရမိကာ ဗိုလ်အောင်ကိုခန့်အပါအဝင် ၅ ဦး ဒဏ်ရာရရှိပြီး သေနတ် ၂ လက်နှင့် ကျည် ၆၄ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပေါင်းတည်မြို့နယ်၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာ အကြား ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် အင်အား ၅၅ ဦးပါ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ၊ ၄၀ မမ ၊ Sinper ၊ လက်နက် ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲအသီးသီးမှ ရဲဘော်များနှင့် Sniper အဖွဲ့၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၄ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/156463/
ကလေးမြို့နယ်တွင် စစ်တပ်က ပစ္စည်းသယ်ရန် ပေါ်တာ ဆွဲခဲ့သော ပြည်သူ ၁ ဦးကို ပစ်သတ်၊ သံတောင်ကြီးမြို့နယ်ရှိ ဒေဒါခိုကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်
["ကလေးမြို့နယ်တွင် စစ်တပ်က ပစ္စည်းသယ်ရန် ပေါ်တာ ဆွဲခဲ့သော ပြည်သူ ၁ ဦးကို ပစ်သတ်၊ သံတောင်ကြီးမြို့နယ်ရှိ ဒေဒါခိုကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်", "ရန်ကုန်၊ ဧပြီ ၁၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပစ္စည်းသယ်ရန် ပေါ်တာဆွဲခဲ့သော ပြည်သူ ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။", "ဧပြီလ ၅ ရက်နေ့တွင် ကလေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညောင်တောရွာမှ ဒေသပြည်သူ ၅ ဦးကို ပစ္စည်းသယ်ရန် ပေါ်တာဆွဲခဲ့ပြီး ပေါ်တာဆွဲခံရသူများထဲမှ အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်တပ်က ပြည်သူ ၁ ဦးသည် နှလုံးရောဂါအခံ ရှိသူဖြစ်ပြီး ကြောက်လန့်ထွက်ပြေးရာမှ အကြမ်းဖက် စစ်သားများက သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ ရုပ်အလောင်းကို ကျေးရွာနေ ပြည်သူများက ဧပြီလ ၆ ရက်နေ့တွင် သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ဒေဒါခိုကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ ဒေဒါခိုကျေးရွာကို သံတောင်ကြီး ဘုရင့်နောင် တပ်ရင်းမှ အကြမ်းဖက် စစ်သားများက မီးကျည်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူပိုင်ခြံ တစ်ခြံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“လူထိခိုက်မှုတော့မရှိဘူး။ ခြံတစ်ခြံလုံး မီးလောင်သွားတယ်။ ရွာသားတွေ မနည်း မီးငြိမ်းသတ် ရတယ်။ ဒီနေ့ မွန်းလွဲပိုင်းက ရွာကိုလက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/03/151141/
ကလေးမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ် သား ၈ ဦးသေဆုံးပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိ၊ PDF ၂ ဦးကျဆုံး
["ကလေးမြို့နယ်တွင် စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ် သား ၈ ဦးသေဆုံးပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိ၊ PDF ၂ ဦးကျဆုံး", "ရန်ကုန်၊ မတ် ၁၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၁၉ လက် သိမ်းဆည်းရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန် သည်။", "မတ်လ၁၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့အနီး၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကလေးခရိုင် တပ်ပေါင်းစုအဖွဲ့တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ကလေးမြို့၊ အထူးလှုပ်ရှား တပ်ရင်း ၂၊ ၆၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူး ပေါင်း အဖွဲ့တို့က ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာကို တိုက်ခိုက်ခဲ့ကြကြောင်း၊ ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့ကလည်း မင်းလှရွာကို ဖြတ်တောက်ရေးတာဝန် ယူပေးခဲ့ကြောင်း သိရှိရသည်။", "ကလေးမြို့နယ်၊ အောင်မြင်သာရွာတွင် ဗိုလ်ကြီး ကျော်လင်းမောင် ဦးဆောင်သော စစ်အင်အား ၂၂ ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား ၄၀ ဦး အခြေချနေထိုင်ပြီး ကျောင်းတိုက်ရွာတွင် ဗိုလ်ဖြိုးသန့် ဦးစီးသော စစ်အင်အား ၂၇ ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၉ ဦး အခြေချ တပ်စွဲထားကြောင်း၊ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဝင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေးတပ်က ကျောင်းတိုက်ရွာအား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျောင်းတိုက်ရွာမှ စစ်ကြောင်းက ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာသို့ ဆုတ်ခွာသွားကြောင်း၊ ကျောင်းတိုက်ရွာသို့ ကလေးမြို့မှ တက်လာသော Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကြောင်း သိရှိရသည်။", "ထိုတိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး စစ်တပ်ထံမှ MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ငယ် ၁၇ လက်၊ ကျည်မျိုးစုံ ၁၃၀၀ ကျော်၊ ဗုံးသီးမျိုးစုံ အလုံး ၁၀ ကျော်၊ ကျည်အိမ် ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိကြောင်း သိရှိရသည်", "အလားတူ နန်းစောင်းပုရွာသစ်တွင် ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ-၂၂ လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၃၀ ခန့်ကို အထူးလှုပ်ရှား တပ်ရင်း ၂၊ ၅၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ ကလေးခရိုင် တပ်ရင်း ၂၊ ၄၊ ၅၊ ကလေးမြို့နယ် ပကဖ၊ RKDF၊ HNB၊ EFDF၊ ဒေါင်းသွေးရာဇာ၊ S2UG၊ GRF၊ TCDF ပူးပေါင်းအဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်း၊ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဒု-တပ်ကြပ် ၁ သေဆုံးပြီး အလောင်း ၂ လောင်း ရရှိကြောင်း၊ စစ်တပ်ထံမှ လက်နက် ၂ လက်၊ MA ကျည် ၁၇ တောင့်နှင့် ကျည်အိမ် ၂ ခု သိမ်းဆည်းရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171597/
ကလေးမြို့နယ်တွင် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်
["ကလေးမြို့နယ်တွင် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ဇူလိုင် ၅", "ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေး သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းကာ ဇူလိုင်လ ၇ ရက်နေ့တွင် ကျရောက်မည့် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို တော်လှန်ပြည်သူများနှင့် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများက ဆဲဗင်းဂျူလိုင်အရေးတော်ပုံ နှင့်ပတ်သက်သည့် သပိတ်တရားဟောကြားမှုများလည်း ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။"]
https://yktnews.com/2024/07/171766/
ကလေးမြို့နယ်တွင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်
["ကလေးမြို့နယ်တွင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ဇူလိုင် ၆", "ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို တော်လှန်ပြည်သူများနှင့် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် CDM ဆရာမများကသပိတ်တရားဟောကြားမှုများ ပြုလုပ်ခဲ့ကြပြီးပြည်သူများ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုကိုငြိမ်ခံမနေဘဲ စစ်အာဏာရှင်စနစ်ကို တော်လှန်ကြရန်၊ ကျရာကဏ္ဍ အသီးသီးမှ ပါဝင်တိုက်ပွဲဝင်နိုင်ရန်တိုက်တွန်းခဲ့ကြကြောင်း သိရှိရသည်"]
https://yktnews.com/2024/07/171944/
ကလေးမြို့နယ်တွင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
["ကလေးမြို့နယ်တွင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၇", "ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ်‌ လက်ကမ်းစာစောင်များကို တော်လှန်ပြည်သူများအား ဖြန့်ဝေသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/139815/
ကလေးမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး CDF-KKG ထံ အလင်းဝင်၊ ငွေကျပ် သိန်း ၂၀ ချီးမြှင့်
["ကလေးမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး CDF-KKG ထံ အလင်းဝင်၊ ငွေကျပ် သိန်း ၂၀ ချီးမြှင့်", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ပျူစောထီးရွာမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ခဲ့ကြောင်း CDF – KKG ထံမှ သိရသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် နေ့က ကလေးမြို့နယ်၊ ပျူစောထီးကျေးရွာမှ ပျူစောထီးတစ်ဦးသည် ကာဘိုင် သေနတ်တစ်လက်၊ ကျည် အတောင့် ၁၇၀ နှင့်အတူ CDF – KKG ထံ သို့ ဆက်သွယ်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။", "ထို့သို့လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ခဲ့သော ပျစောထီးကို CDF – KKG မှ ဆုကြေးငွေ ကျပ် သိန်း ၂၀ ချီးမြှင့်ခဲ့ပြီး လွတ် မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #CDF #KKG #ပျူစောထီး #ကလေးမြို့နယ်"]
https://yktnews.com/2023/08/120527/
ကလေးမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံး၊ သာစည်ရွာရှိ ရာနှင့်ချီသော နေအိမ်များကို မီးရှို့ဖျက်ဆီး
["ကလေးမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်တပ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၇ ဦးသေဆုံး၊ သာစည်ရွာရှိ ရာနှင့်ချီသော နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဩဂုတ် ၃၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်တပ် သတ်ဖြတ်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လအတွင်း ကလေးမြို့နယ် မြောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် ထောင်ထားသော နင်းမိုင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး မြို့တွင်းပစ်ခတ်မူကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ချိန်တွင် ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့​ပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီး​ကျည် ထိမှန်ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။", "ထို့ပြင် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကလေးမြို့အနောက်ပိုင်း စက္ကန့်ရွာအနီးသို့ ဆေးခန်းပြရန် လာသည့် သားအမိ ၂ ဦးကို အကြမ်းဖက်စစ်တပ်မှ သေနတ်ဖြင့် ပစ်သတ်၍ ဆိုင်ကယ်နှင့် အတူ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၁၀ ရက်နေ့တွင်လည်း ကလေးမြို့ အနောက်ပိုင်းရှိ ကျေးရွာများဖြစ်သည့် မွန်ထာ၊ မြို့လှ၊ အင်ဒိုင်းကုန်း၊ စက္ကန့်ရွာများကို စစ်ကြောင်းထိုးကာ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် သာစည်ကျေးရွာကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးခဲ့ပြီး ဩဂုတ်လ ၁၆ ရက်နေ့မှ စ၍ ကျေးရွာတွင်းရှိ နေအိမ်များကို နေ့စဥ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ နေအိမ် ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေး​ဘဲ သာစည်ကျေးရွာသည် အိမ်ခြေ ၁၅၀၀ ခန့်ရှိသော ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရသည်။", "သာစည်ရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းထိုးချိန်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်၏ အမြောက်တပ်မှ လက်နက်ကြီးများနှင့်ပါ ပစ်ခတ်ရာတွင် ဓာတုလက်နက်များ အသုံးပြုခဲ့ကြောင်း၊ ဓာတုလက်နက်ကြောင့် ပြည်သူ ၂၀ ခန့် အသက်ရှူမဝခြင်း၊ ခေတ္တသတိလစ်မေ့မျောခြင်း၊ သွေးပေါင်ကျခြင်း၊ ခန္ဓာကိုယ် နုံးချိခြင်း စသည့် ဝေဒနာများ ခံစားခဲ့ရကြောင်း ဆေးတပ်ဖွဲ့ရဲဘော်တစ်ဦးမှ ပြောကြားသည်။"]
https://yktnews.com/2024/03/151118/
ကလေးမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး
["ကလေးမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၁၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်းခုံလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မတ်လ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ ပျဉ်းခုံလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပျဉ်းခုံလေးကျေးရွာမှ အသက် ၁၀ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအ၀င် ဒေသနေ ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်း ရှိကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျဉ်းခုံလေး၊ နတ်ကြီးကုန်း၊ နန်းချောင်း၊ လက်ပံချောင်း စသည့် ကျေးရွာများမှ လူနေအိမ်များလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကလေးမြို့ မြောက်ပိုင်းရှိ ပျူစောထီးရွာ ဖြစ်သော ကျောင်းတိုက်ကျေးရွာကို မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း ၃ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။", "မတ်လ ၁၄ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းကြောင့် ကလေးမြို့ မြောက်ဘက်တွင် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/192488/
ကလေးမြို့နယ်နှင့်ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးဟုဆို
["ကလေးမြို့နယ်နှင့်ချောင်းဦးမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၆ ရက်နေ့ ည နေ ၆ နာရီ ၂၈ မိနစ်ခန့်အချိန် ကလေးမြို့ ဘူတာလမ်းဆုံတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၅ ဦးမှာ ဒဏ်ရာ အခြေအနေ ပြင်းထန်ကြောင်းသိရှိရသည်။", "“ကလေးမြို့ ဘူတာလမ်းဆုံမှာ ကင်းလှည့်နေတဲ့ စစ်ခွေးတွေကို ဗုံးခွဲတိုက်ခိုက်တာ ၈ ကောင် ဒဏ်ရာရတယ်လို့ သိရတယ်။ ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတဲ့ထဲက ၅ ကောင်ကတော့ ပြင်းထန်တယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ခန့် အချိန် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး – မြင်းမူ ကားလမ်း ပေါ် သံလွင်မြန်မာ ဆီဆိုင် အနီးရှိ စစ်ကောင်စီ ကင်းစခန်း မှနေ၍ ခရီးသွားကား နှင့် ဆိုင်ကယ်များကို ဆက်ကြေးကောက်လျက်ရှိသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ၂ ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ(မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ -၃) မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်တပ်စစ်ကြောင်းကို ပထမဦးစွာ တိုက်ခိုက်မှုအနေဖြင့် မဟာမိတ်တော်လှန်ရေးတပ်များမှ မိုင်း ကျွမ်းကျင် ရဲဘော်များက အသင့် စီမံထားသော မိုင်ုကွင်း အနီးရောက်ရှိလာသော စစ်ကောင်စီ တပ်သား ၄ ဦးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား များ ထိခိုက် ကျဆုံးမှု ရှိခဲ့ကြောင်း၊ ဒုတိယအကြိမ် တိုက်ခိုက်မှု အနေဖြင့် စစ်ကောင်စီ တပ်သားများကို အသင့် နေရာ ယူ ထားသော နေရာများမှ မဟာမိတ် တော်လှန်ရေးရဲဘော်များကို စနိုက်ပါ နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအပြင် ၄၀ မမ ဗုံးလက်နက်ဖြင့်လည်း တစ်ကြိမ် ပစ်ခတ်၍ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။", "စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း ၊ စစ်ဆင်ရေးကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃)၊ ရေနဂါး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မီးတောက်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ -၄)၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းတို့က အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မုံရွာလျှပ်စီးတပ်ခွဲမှ PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2025/02/204010/
ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် ပအဖ က အသိပေး ထုတ်ပြန်
["ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်၊ ပြည်သူများ လူစုလူဝေး မပြုလုပ်ရန် ပအဖ က အသိပေး ထုတ်ပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်ရှိ ကျော်ရွာ ဆေးပေးခန်းကို ဂျက်ဖိုက်တာဖြင့် ထပ်မံ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု ရှိမရှိနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“ဒီနေ့ ညနေ ၆ နာရီ ၄၇ မိနစ်မှာ ကျော်ရွာ ဆေးပေးခန်း ဂျက်ဖိုက်တာနဲ့ စစ်ခွေးတွေ ဗုံးထပ်ကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ကလေးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ စတင်၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် လူစုလူဝေး မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။", "“ကလေးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အရေးပေါ် စစ်ရေးဖြစ်ပွားနေစဉ်ကာလ အတွင်း အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်းချုပ် ပြုလုပ်ရန်၊ အသံချဲ့စက်များအားလုံးဝ (လုံးဝ) မဖွင့်ရန်နှင့် လုံခြုံရေးအသိသတိဖြင့် မိဘပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးရန်” ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး နှိုးဆော်ထားသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က နတ်ချောင်း တိုက်နယ် ဆေးရုံကို လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204085/
ကလေးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး
["ကလေးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၄၇ မိနစ်ခန့်တွင် ကျော်ရွာ ဆေးပေးခန်း၊ ည ၁၀ နာရီ ၁၁ မိနစ်ခန့်တွင် မှန်တောရွာနှင့် ည ၁၀ နာရီ ၁၄ မိနစ်ခန့်တွင် သံဖိုရွာတို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သံဖိုရွာမှ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျော်ရွာ ဆေးပေးခန်းနှင့် မှန်တောရွာမှလည်း ထိခိုက်ပျက်စီးမှုများရှိပြီး ပျက်စီးမှု အတိအကျကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "“မနေ့က ညနေပိုင်းကနေစပြီး စစ်ခွေးတွေက လေယာဉ်နဲ့ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်တာ သံဖိုရွာက ပြည်သူ ၄ ဦးသေဆုံးတယ်လို့ အတည်ပြုချက်ရတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်။ ကျန်တဲ့ရွာတွေရဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က နတ်ချောင်း တိုက်နယ် ဆေးရုံကို လေယာဉ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဆေးရုံ အဆောက်အဦး အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ – ဖေဖော်ဝါရီလ ၁၄ ရက်နေ့က အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နတ်ချောင်း တိုက်နယ် ဆေးရုံ"]
https://yktnews.com/2025/02/203088/
ကလေးမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ကလေးမြို့နယ်ရှိ ကျေးရွာ ၅ ခုကို စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းမှ စတင်ကာ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းထိ အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်အတွင်းရှိ ရန်ကြီးအောင်ရွာ ၊ဆည်တောရွာ ၊ကျော်ရွာ ၊ ရှားဖိုရွာနှင့် တင်သားရွာတို့ကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ် ပျက်စီးမှုများလည်းရှိကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "” ပြည်သူတွေ ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ မြေပြင် အခြေအနေအရ အတည်မပြုနိုင်သေးဘူး။ မနေ့က ညတည်းက စစ်ခွေးတွေ လေယာဉ်တွေက ပတ်ပြီးတော့ ရွာတွေကို ကျဲနေတာ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတယ်။ ထိခိုက်မှုတွေ ရှိတယ်လို့တော့ သတင်းကြားထားပေမယ့် အတည်မပြုနိုင်သေးတာပါ။ စစ်ခွေးလေယာဉ်တွေကလည်း တောက်လျှောက် ပျံဝဲနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ် ကုက္ကိုလ်ရွာ စာသင်ကျောင်းရှိ ယောဒေသ စစ်ဘေးရှောင်စခန်းကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ် အရွယ် မောင်ဖြိုးမောင်မောင် ၊ အသက် ၈ နှစ် အရွယ် မဖြူဖြူပွင့် ၊ အသက် ၃၆ နှစ်အရွယ် မသန်းစု၊ အသက် ၁၂ နှစ် အရွယ် မမဲတူစိန် ၊ အသက် ၂၅ နှစ်အရွယ် မမှတ်စာ ၊ အသက် ၄၀ နှစ် အရွယ် မအေးတင် ၊ အသက် ၁၇ နှစ်အရွယ် မအိဇင်မိုး ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ချိုမာဝင်းနှင့် အမည်မသိ ပြည်သူ ၃ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း ကလေးမြို့ တောင်ပိုင်းရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် အဆောက်အဦးများ ပျက်စီးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/117892/
ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကို စစ်တပ်က မီးတင် ရှို့နေ
["ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာကို စစ်တပ်က မီးတင် ရှို့နေ", "ရန်ကုန်၊ ဩဂုတ် ၁၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ စက္ကန့်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျေးရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "“ဒီနေ့က ပြည်သူတွေ ဖမ်းဆီးခံရတာ မရှိ။ ရှောင်ကြတယ် အကုန်။ ခုနကမှ စဝင်ပြီး ရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "စက္ကန့်ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး ဩဂုတ်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်များ စက္ကန့်ကျေးရွာရှိ ဘုရားကျောင်းကို ထိမှန်၍ ဘုရားကျောင်း ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/10/127854/
ကလေးမြို့နယ်ရှိ စက္ကန့်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ
["ကလေးမြို့နယ်ရှိ စက္ကန့်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ စက္ကန့်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက္ကန့်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ နေအိမ်အများအပြားကို စစ်သားများက မီးရှို့ဖျက်ဆီးထားပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "“ လေး ၊ ငါးရက် နားလိုက် ပြန်ရှို့လိုက်နဲ့ ။ ဒီနေ့ကတော့ ၂ ကြိမ်။ အခုထိရှို့တုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက္ကန့်ကျေးရွာအတွင်းမှ အနီးအနားရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး လက်ရှိချိန်တွင် ဒေသပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2025/02/205049/
ကလေးမြို့နယ်ရှိ ဆေးစင်တာနှင့် တိုက်နယ် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံး
["ကလေးမြို့နယ်ရှိ ဆေးစင်တာနှင့် တိုက်နယ် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဆေးစင်တာနှင့် တောင်ပိုင်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း People’s Healthcare Network အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁၃ မိနစ်ခန့်တွင် ကလေးမြို့နယ် တောင်ပိုင်း၌ ပြည်သူများနှင့် ပြည်သူ့ရဲဘော်များ အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော People’s Healthcare Network အဖွဲ့၏ Medical Centre (4) ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ချိန်တွင် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိထားသော ပြည်သူများကို အရေးပေါ်ခွဲစိတ်ကုသမှုပေးနေချိန်ဖြစ်ပြီး အရပ်သား ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ကလည်း ကလေးမြို့နယ်တောင်ပိုင်း၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော People’s Healthcare Network ၏ Station Hospital (Southern Kalaymyo) – တောင်ပိုင်းတိုက်နယ်ဆေးရုံ ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "” အရပ်သားပြည်သူတွေ ကျန်းမာရေးဆေးခန်းတွေ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ‌လေကြောင်းကနေ တိုက်ခိုက်နေတာဟာ အလွန်ကို လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရက်စက်ယုတ်မာစွာ တိုက်ခိုက်ဖျက်ဆီးပါစေ PHN (Kalay) အနေနဲ့ ပြည်သူ့အားနဲ့ ရှေ့ဆက်ပြီး အောင်ပွဲရသည်အထိ ဆက်သွားမှာပါ” ဟု People’s Healthcare Network အဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြားမှ ထိခိုက်ဒဏ်ရာရ ပြည်သူများနှင့် ပြည်သူ့ရဲဘော်များကို သက်စွန့်ဆံဖျား ကယ်ဆယ်ကုသစောင့်ရှောက်မှုပေးခဲ့ကြသော “People’s Healthcare Network (Kalay)” ၏ ကျန်းမာရေးစေတနာ့ ဝန်ထမ်းများကို အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးလျက်ရှိသော စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်လုပ်ရပ်များကို PHN-Kalay မှ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ အောင်မြင်ပြီးမြောက်သည်အထိ ပြည်သူလူထုနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အလေးအနက် အဓိဌာန်ပြုကြောင်း People’s Healthcare Network အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။"]
https://yktnews.com/2023/09/121282/
ကလေးမြို့နယ်ရှိ ပြည်တော်သာရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံး
["ကလေးမြို့နယ်ရှိ ပြည်တော်သာရွာမှ အမျိုးသမီး ၁ ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ပြည်တော်သာရွာမှ အမျိုးသမီး ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၇ ရက်နေ့တွင် ကလေးမြို့၊ ပြည်တော်သာရွာမှ အသက် ၂၀ အရွယ် မဟွဲ့ဟွဲ့သည် သူငယ်ချင်းနှင့်အတူ ကလေးမြို့ထဲသို့ လာရာလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့်တွေ့ပြီး ဖမ်းဆီး ရိုက်နှက် စစ်ဆေးခံရပြီးနောက် ဒဏ်ရာများရရှိကာ စက်တင်ဘာလ ၅ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။", "မဟွဲ့ဟွဲ့သည် ရိုက်နှက်ခံရပြီး နောက်တစ်နေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် ရိုက်နှက်ခံရသည့် ဒဏ်များကြောင့် သတိလစ်မေ့မျောမှု ဝေဒနာများခံစားရပြီး တစ်ကိုယ်လုံးကိုက်ခဲကာ ခေါင်းမတရားကိုက်ခဲမှုကိုခံစားရပြီး သတိလစ်မေ့မျောသွားခဲ့ကြောင်း၊ သတိလစ်မေ့မျောတတ်သောရောဂါ ယခင်က မရှိကြောင်း၊ အကြမ်းဖက်စစ်သားများ ရိုက်နှက်ခံရချိန်တွင် နားထဲမှ သွေးများကျသည်အထိ ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ရိုက်ခံရတဲ့နေ့က ဘာမှ မဖြစ်သေးဘူး။ နောက်နေ့ကျမှဖြစ်လို့ တာဟန်း ဘူတာလမ်းခွဲအရှေ့နားက ရှင်းဟုန်ခန်းမကဆေးရုံကို ပို့ပြီး ကုတာ သတိမလည်လာလို့ မန္တလေးပို့တာမှာ ဟိုမှာပဲဆုံးသွားတာ။ ခေါင်းထဲ ထိသွားတာနေမယ် ရိုက်တာမှာ။ ဖုန်းရောပါလာတဲ့ ပိုက်ဆံတွေပါ ယူထားလိုက်ပြီး ရိုက်နှက်ပြီးပြန်လွတ်လိုက်တာ”ဟု ဒေသပြည်သူတစ်ဦးက မဟွဲ့ဟွဲ့ ရိုက်နှက်ခံရမှုနှင့် ပတ်သက်ပြီး ပြောကြားသည်။", "မဟွဲ့ဟွဲ့ သတိလစ်မေ့မျောသွားသည့်အတွက် ကလေးမြို့ရှင်းဟုန်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သော်လည်း လုံးဝသတိပြန်မလည်လာသဖြင့် ဦးနှောက်နှင့် အာရုံကြောစစ်ဆေးရန် မန္တလေး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မန္တလေးတွင်ပင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် ကလေးမြို့အတွင်း ၎င်းတို့ စိတ်တိုင်းကျစစ်ဆေးနေပြီး လမ်းသွားလမ်းလာများနှင့် ရိုက်နှက်ခြင်း ၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောကြားသည်။"]
https://yktnews.com/2023/11/129933/
ကလေးမြို့နယ်ရှိ မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး
["ကလေးမြို့နယ်ရှိ မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ မြောက်စည်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း VAKOK – CNDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၉ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။", "” စစ်ခွေး အလောင်း ၉ လောင်း သိမ်းဆည်းရရှိတယ်။ တော်လှန်ရေး ရဲဘော် ၃ ဦး ကျဆုံးတယ်” ဟု VAKOK – CNDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "မြောက်စည်းရဲစခန်းကို တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သော ရဲဘော် ၂ ဦးမှာ VAKOK – CNDF မှ ရဲဘော် Salai Thawng Tha Cung ၊ RKDF မှ ရဲဘော် ညိုလုံးနှင့် ရဲဘော် မင်းခန့်တို့ ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို VAKOK – CNDF၊ Ranger Kalay Defend Force – RKDF ၊ ကလေးခရိုင်တပ်ရင်း ၄ ၊ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/06/110350/
ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ
["ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေရန်ကုန်၊ ဇွန် ၂၉စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်းရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဇွန်လ ၂၅ ရက်နေ့ကလည်း သာစည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။“အစက ရှို့မီးလား လက်နက်ကြီးလား မသိရသေးဘူး ။ ခု ရှို့မီးသေချာသွားပါပြီ။ စစ်ခွေးတွေ ရွာထဲက မထွက်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ထို့ပြင် အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ကလေးမြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးနေကြောင်း၊ ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် ဖောကား ၁ စီး ၊ ၁၂ ဘီးကား ၂ ဖြင့် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အဖွဲ့စက်ဂိတ်ကို အင်အား လာရောက် ဖြည့်တင်းသွားကြောင်းသိရသည်။လက်ရှိချိန်တွင် အဆိုပါ အဖွဲ့စက်ဂိတ်ရှိ စစ်ကြောင်းများက ကလေးမြို့နယ် အရှေ့ဘက်ကို စစ်ကြောင်း ထိုးနေကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် သာစည်ကျေးရွာသည် အဖွဲ့စက်ဂိတ်နှင့် လှမ်းမြင်ရသည်အထိ နီးကပ်သည့် ကျေးရွာဖြစ်​ပြီး အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2023/08/118551/
ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဩဂုတ်၁၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ် ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က သာစည်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဒေသပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။", "“ရွာထဲကို ညက စဝင်နိုင်သွားတာ စစ်ခွေးတွေက နေအိမ်တွေကို မီးရှို့နေတာ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "သာစည်ကျေးရွာသည် အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၅ ရက်နေ့တွင် အင်အားအလုံးအရင်း အသုံးပြုပြီး လေကြောင်း ပစ်ကူများဖြင့်ပါ စစ်ကြောင်းထိုးနေသည့်အတွက် လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရ​ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/08/118734/
ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျ၊ PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် ပစ္စည်း တချို့ သိမ်းဆည်းရမိ
["ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျ၊ PDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းစဥ် ပစ္စည်း တချို့ သိမ်းဆည်းရမိ", "ရန်ကုန်၊ သြဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာစည်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် ပြာကျခဲ့ကြောင်း၊ PDF တပ်ဖွဲ့များ ကျေးရွာအနီးအနားကို နယ်မြေရှင်းလင်းစဥ် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် ဝတ်စုံများနှင့် ငွေကြေးတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လက်ရှိအချိန်တွင် သာစည်ရွာ အဝင် ပေလမ်းဘေး၌ တပ်စွဲထားပြီး ပျူစောထီးအဖွဲ့ဝင်များကို ခေါ်ယူကာ အင်အားတိုးချနေကြောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းကလည်း လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက ရွာထဲကို သူတို့ဝင်ရသလောက် မီးရှို့ထားတာ လူနေအိမ် ငါးဆယ်ကျော်လောက် ပြာကျသွားပြီ PDF ရဲဘော်တွေ နယ်မြေရှင်းလင်းရေးဝင်တုန်းက စစ်ခွေး လက်အောက်ခံ ပြည်သူ့စစ် ဝတ်စုံတွေ သိမ်းဆည်းရမိတယ်။ နယ်မြေရှင်းလင်းတာက စစ်ခွေးတွေ ပြန်ဆုတ်သွားတဲ့ နေရာတွေကို ရှင်းလင်းတာ ဒကစမှူး အောင်နိုင်ဦးက သူကိုယ်တိုင် စစ်ကြောင်းထိုးမယ်ဆိုပြီး ခုထိ ဆုတ်မသွားဘဲ ပျူရွာတွေက ပျူတွေ ရသလောက်စုပြီး အင်အား တိုးတိုးချထားတယ်။ ညကလည်း လေးဆင့်ကွဲတဲ့ လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က ဩဂုတ် ၁၅ ရက်နေ့ကလည်း သာစည်ကျေးရွာကို ပစ်ခတ်သည့် လက်နက်ကြီးများထဲတွင် ဓာတုဓာတ်ငွေ့များ အသုံးပြုနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲရာအနီးရှိ ပြည်သူများမှာ သတိလစ်မေ့မျော့ခြင်းအပါအဝင် အသက်ရှူမဝခြင်း၊ ခန္ဓာကိုယ်နုံးချိခြင်း ဝေဒနာများပါ ခံစားခဲ့ရကြောင်း၊ ဓာတုဓာတ်ငွေ့ပါသည့် လက်နက်ကြီးခွံကို ကောက်ယူ၍ ရေထဲထည့်ထားရာတွင်လည်း ၃ ရက်ကြာသည့် အထိ အငွေ့ မသေသေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။"]
https://yktnews.com/2023/08/118788/
ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၃ ရက်ဆက် မီးတင်ရှို့နေ
["ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၃ ရက်ဆက် မီးတင်ရှို့နေ", "ရန်ကုန်၊ ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်ရှိ သာစည်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်​ကာ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး အဖွဲ့များလည်း တိုက်ပွဲဖြစ်ပွားမှု ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ရွာထဲ ဝင်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အကြီးအကျယ်ကို အခုရှို့နေတာ။ သူတို့ ရှိနေတာ ရွာထဲမှာ။ တိုက်အိမ်တွေကိုလည်း JCB တွေနဲ့ ဖြိုသွားတယ်။ ပစ်ခတ်နေရင်း ခွေး‌ဘက်က တဖြေးဖြေးတိုးပြီး တက်လာရင်း မီးပါတခါတည်းရှို့တဲ့အဖွဲ့ကရှို့ လုပ်နေတာ တပြိုင်ထဲ။ ရေရှည်တိုက်ဖို့နဲ့ ပြန်အရယူနိုင်ဖို့ဆို ကျည်လိုအပ်ချက်တွေ ရှိနေတယ် ။ အားလုံးကကူညီပံ့ပိုးပေးကြရင် အမြန်ဆုံးပြန်လည်ရယူနိုင်မှာပါ”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2023/08/118888/
ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၄ ရက်ဆက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ဖျက်ဆီးနေ
["ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၄ ရက်ဆက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ဖျက်ဆီးနေ", "ရန်ကုန်၊ ဩဂုတ် ၁၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်ရှိ သာစည်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်​ကြောင်း၊ ကျေးရွာအနီးအနားတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ၄ ရက်ဆက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး JBC များဖြင့်ပါ ဖြိုချနေ​ပြီး ရွာလုံးကျွတ် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း သိရှိရသည်။", "” ဒီနေ့ နံနံက် ၁၀ နာရီဝန်းကျင်လောက်က စပြီး စစ်ခွေးတွေက ထပ်ရှို့နေတာ ဒီနေ့နဲ့ဆို ၄ ရက်ဆက် ရွာကလုံးကျွတ် ဖျက်ဆီးနေတာ စစ်ခွေးတွေက နေအိမ်တွေကို မီးရှို့ရုံမဟုတ်ဘူး။ JBC တွေနဲ့ပါ ထိုးပြီး ဖျက်ဆီးနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/118650/
ကလေးမြို့နယ်ရှိ သာစည်ရွာ၌ စစ်တပ်က တပ်စွဲပြီး နေအိမ်များကို ၂ ရက်ဆက် မီးတင်ရှို့နေ
["ကလေးမြို့နယ်ရှိ သာစည်ရွာ၌ စစ်တပ်က တပ်စွဲပြီး နေအိမ်များကို ၂ ရက်ဆက် မီးတင်ရှို့နေ", "ရန်ကုန်၊ ဩဂုတ် ၁၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာ၌ အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး နေအိမ်များကို ၂ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စတင်ကာ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ သာစည်ရွာသည် နေအိမ် ၁၅၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ရွာထဲ၌ တပ်စွဲပြီး မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များနိုင်ကြောင်း သိရသည်။", "“မနက်က စပြီး မီးထပ်ရှို့နေတာ။ အရင်စစ်ကြောင်းတွေတုန်းကလည်း ဝင်ရင်ရှို့ခံရတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် သာစည်ကျေးရွာကို ဩဂုတ်လ ၁၅ ရက်နေ့ညပိုင်းမှ စ၍ ဝင်ရောက်တပ်စွဲနေခြင်းဖြစ်ပြီး ပြည်သူများနေအိမ်ကို ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ယနေ့တွင်လည်း ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/08/179878/
ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလူထုအသိပညာပေး ဟောပြောပွဲပြုလုပ်
["ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလူထုအသိပညာပေး ဟောပြောပွဲပြုလုပ်", "ရန်ကုန်၊ဩဂုတ် ၂၁", "စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနှင့်၊ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလူထုအသိပညာပေးဟောပြောပွဲကို ယနေ့ သြဂုတ် ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ကျေးရွာရှိ ကျောင်းသားများ ရွေးကောက်တင်မြောက်ခဲ့သော ရွေးကောက်ခံကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ကျမ်းသစ္စာကျိန်ဆိုပွဲကိုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129438/
ကလေးမြို့နယ်အတွင်းရှိ ရဲစခန်း၊ စစ်တပ်စခန်း များ အပါအဝင် စခန်း ၆ ခုထက်မနည်းကို တော်လှန် ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တစ်ပြိုင်တည်း တိုက်ခိုက်
["ကလေးမြို့နယ်အတွင်းရှိ ရဲစခန်း၊ စစ်တပ်စခန်း များ အပါအဝင် စခန်း ၆ ခုထက်မနည်းကို တော်လှန် ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်း တစ်ပြိုင်တည်း တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုလ် ရဲဘက်စခန်း၊ ရာဇဂြိုလ်ဆည်စောင့် စစ်တပ်စခန်း၊ မြောက်စီးရဲစခန်း၊ သင်တောကျေးရွာပျူစောထီးစခန်း များအပါအဝင် စစ်တပ်စခန်း ၆ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် ယင်းကဲ့သို့ တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ရဲစခန်း၊ ရဲဘက်စခန်း ၊ စစ်တပ်စခန်းနှင့်ပျူစောထီး စခန်း ၆ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး စခန်း ၂ ခု သိမ်းဆည်းရရမိသည်ဟု သိရှိရကြောင်း၊ အခြားသော စခန်းများ သိမ်းဆည်းရရှိသည့်သတင်းများ ကြားသိရသော်လည်း အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။", "“မြောက်စီး ရဲစခန်း ရပြီ။ နောက်တစ်ခုကတော့ သင်တောကျေးရွာ ပျူစောထီး စစ်စခန်းလည်း‌ ရတယ်လို့ သိရတယ်။ ရာဇဂြိုလ် ရဲဘက်စခန်းလည်း ရတယ်ကြားပေမယ့် မသေချာသေးဘူး။ အကုန်လုံးတစ်ပြိုင်နက်တည်း တိုက်တာဆိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်လာပါလိမ့်မယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "အလာတူ ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပတ်မြို့နှင့် စစ်တပ်စခန်းကို လည် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။"]
https://yktnews.com/2023/06/107879/
ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များကို အခွန်စတင်ကောက်ခံနေပြီး အခွန်ရှောင်သည့် လုပ်ငန်းရှင် များကို ဥပဒေနှင့်အညီအရေးယူမည်ဟု ကြေညာ
["ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များကို အခွန်စတင်ကောက်ခံနေပြီး အခွန်ရှောင်သည့် လုပ်ငန်းရှင် များကို ဥပဒေနှင့်အညီအရေးယူမည်ဟု ကြေညာ", "ရန်ကုန်၊ ဇွန် ၁၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအပေါ် အခွန်စတင်ကောက်ခံနေပြီဖြစ်ပြီး အခွန် ထမ်းဆောင်ခြင်းမရှိပဲ တိမ်းရှောင်နေသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။", "ကလေးမြို့နယ်အတွင်း၌ တားမြစ်ကုန်စည် တင်ဆောင်ရောင်းချသည့်ဆိုင်များ၊ အခွန်/ဒဏ်ကြေး မထမ်း ဆောင်သည့်လုပ်ငန်းများ ကလေးမြို့နယ် (တောင်ပိုင်း၊မြောက်ပိုင်း)တွင် အရေးယူဆောင်ရွက်မှု စတင်နေ ပြီဖြစ်ပါကြောင်းနှင့် နောက်ကျအခွန်/ဒဏ်ကြေး ဆောင်သူများ ရက်လွန်ကြေးပါပေးဆောင်ရမည်ဖြစ် ကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။", "“အဓိက ကတော့ စီးပွားရေးလုပ်ငန်းရှင်ကို ဦးတည်တဲ့အခွန်ကောက်မှုပါ၊ အဓိကတော့ မြို့ပေါ်စီးပွားရေး လုပ်ငန်းရှင်တွေပေါ့၊ NLD အစိုးရလက်ထက်က အခွန်ဆောင်ခဲ့ရတဲ့ လုပ်ငန်းအားလုံး ပြန်ပြီးတော့ အခွန် ထမ်းဆောင်ပေးရမှာပေါ့၊ လုပ်ငန်းရှင်တွေအနေနဲ့ အခွန်မဆောင်ဘူးဆိုရင် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို အမျိုး သားညီညွတ်ရေး ထိန်းချုပ်နယ်မြေမှာ ဖြန့်ဖြူးရောင်းချခွင့်ပြုမှာ မဟုတ်ဘူး၊ ဒါကကလေးမြို့နယ် တစ်မြို့ နယ် ထဲမဟုတ်ပဲနဲ့ NUG ထိန်းချုပ်မြို့နယ်တွေ အကုန်လုံးနဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့၊ သပိတ် မှောက်ပစ္စည်းတွေက ဘယ်ဆိုင်ကိုမှ တင်ခွင့်မပြုဘူး၊ ဒီပစ္စည်းတွေက အခွန်ဆောင်ထားလဲ ဖမ်းမှာပဲ” ဟု ကလေးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင် ရဲမှူး အောင်ကြီးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန် အမျိုးသားညီ ညွတ်ရေးအစိုးရ၏ မြို့နယ်အဆင့် အစိုးရယန္တရားလည်ပတ်နိုင်ရန်အတွက် ပြည်သူလူထုအား ဝန်မပိစေဘဲ လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် အခွန်စနစ် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးမြို့ ပေါ်/ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ အခွန်ထမ်း ဆောင်ရန် တာဝန်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။", "ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မေလ ၂၆ ရက်နေ့မှ စတင်၍ ဇွန်လ ၄ ရက်နေ့ အထိ ၁၀ ရက်ကြာ ပညာပေးကာလ သတ်မှတ်ခဲ့ကြောင်း၊ အခွန်ရှောင်သည့် လုငန်းရှင်များ၏ ပစ္စည်းများအား အမျိုးသားညီညွတ်ရေး အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ချိတ်ဆက် ၍ ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။", "အခွန်ထမ်းဆောင်ရမည့် ပစ္စည်းများမှာ ရေနံ၊ ကျောက်ခွဲစက်၊ အုတ်ဖို၊ အုတ်ခွေ၊ ကျောက်ခွေ၊ မီးသွေး၊ ထင်း၊ ဝါး၊ ဓာတ်ဆီ၊ ဒီဇယ်၊ ကုန်စုံဆိုင်များ၊ လိုင်းကားများ၊ လိုင်းကားယာဉ်ထွက်ခွင့်၊ သီးနှံပွဲရုံ၊ သစ်စက်၊ ယစ်မျိုး တို့ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီထုတ် သပိတ်မှောက်ကုန်စည်ပစ္စည်းများပါဝင်ခြင်းမရှိကြောင်းသိရသည်။"]
https://yktnews.com/2024/03/150134/
ကလေးမြို့နယ်၊ ကံသာယာရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ သေနတ် ၂၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
["ကလေးမြို့နယ်၊ ကံသာယာရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ သေနတ် ၂၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၁၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကံသာယာရွာ၌ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး ကာ သေနတ် ၂၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။", "ယမန်နေ့ မတ်လ ၁၀ ရက် နေ့က ကလေးမြိုနယ်၊ ကံသာယာရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အလောင်း ၃ လောင်း၊ လက်နက်ငယ် ၂၄ လက်၊ ကျည်မျိုးစုံ ၁၂၀၀ ခန့်၊ ရှေ့ထွက်မိုင်း ၂ လုံး နှင့် ကျည်အိမ် ၂၄ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF နှင့် ကလေးမြို့နယ် ပကဖတို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲခြင်းဖြစ်ကြောင်း သိရသည်။", "ကံသာယာရွာသည် ပျူစောထီးကျေးရွာတစ်ရွာဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ရရှိထားခြင်းဖြစ်ကာ ယင်းကံသာယာရွာကို ပြန်လည်သိမ်း ပိုက် ရယူနိုင်ရန် အကြမ်းဖက်စစ်သား၊ ပျူစောထီးများက စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရ သည်။"]
https://yktnews.com/2025/04/211076/
ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၅ လောင်းရရှိပြီး လက်နက်ခဲယမ်းများလည်း ရရှိ
["ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်း ၁၅ လောင်းရရှိပြီး လက်နက်ခဲယမ်းများလည်း ရရှိ", "ရန်ကုန်၊ ဧပြီ ၁၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့တွင် ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်တပ် အခြေစိုက်တပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းစခန်းကို သိမ်းပိုက်ရရှိမှုတွင် အလောင်း ၁၅ လောင်း အတည်ပြု ထားပြီး အရှင်ဖမ်းဆီးရရှိသူမရှိကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "” စစ်သားအလောင်း ၁၅ လောင်းကတော့ အတည်ပြုပါတယ်။ အရှင်ဖမ်းဆီးရမိတာ မရှိပါဘူး။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း အရေအတွက်ကတော့ စိစစ်ဆဲပါ။ ခဲယမ်း များပါတယ်” ဟု CNA မှ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အဆိုပါ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် CNA ၊ ABSDF ကျောင်းသားတပ်မတော် အမှတ် ၃ စစ် ကြောင်း၊ တပ်ရင်း ၁၂ ၊ KKG-CDF၊ ဟံသာ၀တီ (ပကဖ)၊ CDF.-SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ၊ ထန်တ လန် DR အဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/212872/
ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ စစ် Mi-35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့
["ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်ဆင်လာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ စစ် Mi-35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့", "ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာရွာသို့ ထိုးစစ်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ် သား ၂၇ ဦးသေဆုံးပြီး Mi 35 ရဟတ်ယာဉ် ၁ စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း Chinland Information Center နှင့် CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီတို့ထံမှ သိရှိရသည်။", "ဧပြီလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာဘက်သို့ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့် အသုံးပြုပြီး စစ်ကြောင်း ၂ ခု ဖြင့် ထိုးစစ်ဆင်လာကြောင်း၊ တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်း၊ လက်နက်ငယ် ၁၁ လက်နှင့်ခဲယမ်းအချို့ သိမ်း ဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဒဏ် ရာရ စစ်သားများကို ပြန်လည်သယ်ဆောင်သွားသည်များ ရှိသော် လည်း ဒဏ်ရာရ စစ်သားတချို့ကိုမူ ပစ်သတ်သွားကြောင်း သိရသည်။", "“အလောင်း ၇ လောင်းနဲ့ လက်နက် ၁၁ လက်သိမ်းဆည်းရရှိခဲ့တယ်။ သေဆုံးတာ စုစုပေါင်းက ၂၇ ဦးရှိပါတယ်။ Mi-35 စစ်ရဟတ်ယာဉ်ကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး မီးခိုအူထွက်ပြီးတော့ ဟံသာဝတီရွာဘက်ကို ဆင်းသွားတယ်။ အခုထိတက်မလာနိုင်သေးဘူး။ အဲဒီနေ့က မနက်အစော ကြီး၊ စခ၊ ပျူပူးပေါင်းအင်အား ၂၀၀ လောက်နဲ့ မြေပြင် လက်နက်ကြီးပစ်ကူယူပြီး ကြံသာရွာဘက်ကို ကပ်လာတာ။ Mi 35 နဲ့မပစ်ခင် ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တွေနဲ့အရင်ဗုံးကျဲတယ်။ ၁၂၀ မမ လက် နက်ကြီးနဲ့က အလုံး ၂၀ ကျော်ထုတယ်” ဟု တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြစ်မဲ့ပြည်သူများနေထိုင် ရာ နတ်ချောင်း၊ နတ်မြောာင်း၊ အောင်ချမ်းသာ ၊ သံဖိုနှင့် ငါးဖားတို့ကို ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့ကာ ရွာသူရွာသားများဘေးလွတ်ရာထွက်ပြေးနေကြရ ကြောင်း သိရသည်။", "“မနေ့ ကအထိကို လက်နက်ကြီးနဲ့ ၂ ချက်ထုသေးတယ်၊ ဒီဘက်မှဆိုရင် မိုးတွေရွာနေတာ၊ ကြံသာ၊ မှန်တော၊ အောင်ချမ်းသာရွာတွေက လူမနေတော့တာ ကြာပြီ။ စစ်ရှောင်နေကြရတာပါ” ဟု တော် လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို CNA ၊ CDF – KKG ၊ CDF Vakok ၊ MCR နှင့် ပြည်သူ့ကာကွယ် ရေးတပ် မတော် အမှတ် ၁ စစ်ဒေသတပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်အထိ အခိုက်မရှိ ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီက ငလျင်ဒါဏ်ကြောင့် အပစ်အခတ်ရပ်စဲထားသည်ဟု တရားဝင် ကြေ ညာချက်ထုတ်ပြန်ထားသော် လည်း ၎င်းတို့ ထုတ်ပြန်ချက်ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ကာ ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း Chinland Information Center က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/125678/
ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာမှ မြေးအဖွား ၂ ဦးကို စစ်သားများက သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီး
["ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာမှ မြေးအဖွား ၂ ဦးကို စစ်သားများက သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ အောက်တိုဘာ ၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာမှ မြေးအဖွား ၂ ဦးကို စစ်သားများက သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စက္ကန့်ကျေးရွာမှ အသက် ၆၇ နှစ်အရွယ် Nu Ngaih Hnem နှင့် အသက် ၁၄ နှစ် အရွယ် Salai Van Bawi Lian တို့ကို သတ်ဖြတ်ပြီး ရုပ်အလောင်းနှင့် စီးလာသည့် ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စက္ကန့်ကျေးရွာကို ထပ်မံ မီးရှို့နေပြီး ကျေးရွာအတွင်း၌ စစ်သားများ ရှိနေသောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“စက္ကန့်ကိုလည်း ခုထိ မီးထပ်ရှို့နေတယ်။ ရွာထဲမှာ မီးရှို့နေတာ အခုအထိပဲ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/10/125772/
ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး
["ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း CDF – KKG တပ်ဖွဲ့ထံမှ သိရသည်။", "အောက်တိုဘာလ ၇ ရက် နံနက် ၈ နာရီခန့်က ကလေးမြို့နယ်တောင်ပိုင်း မြို့လှဘက်မှ စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်တပ်ကို စက္ကန့်ကျေးရွာ၌ တော်လှန်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးကာ ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း ကလေးမြို့၊ တောင်ဖီလာ တပ်ကုန်းမှ လက်နက်ကြီးများ တရစပ် ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို CDF – KKG ၊ CNDF (TZ) ၊ CNDF ( NA) နှင့် Kalay PDF တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြန်လည် ဆုတ်ခွာချိန်တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးထိမှန်မှုကြောင့် CDF – KKG မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရဒဏ်ရာ)နှင့် CNDF (TZ) မှ ရဲဘော်တစ်ဦး (ပြင်းထန်ဒဏ်ရာ) အသက် အန္တရာယ်မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အောက်တိုဘာလ ၈ ရက်ညပိုင်းတွင်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ တပ်စွဲထားရာ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် တစ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများမှာ စက္ကန့်ကျေးရွာအတွင်း တပ်စွဲထားပြီး လူနေအိမ် များကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကာ ပြည်သူများလည်း ထိခိုက်မှု ရှိကြောင်း၊ လတ်တလော တိုက်ပွဲအခြေအနေကြောင့် ကလေးမြို့သို့ ခရီးသွားလာခြင်းမပြုလုပ်ကြရန် CDF – KKG က အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/02/147487/
ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာရွာတို့မှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာရွာတို့မှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာကျေးရွာတို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကလေး ဒကစ လက်အောက်ခံ ဗိုလ်ကြီး မင်းခန့်ဇင် ဦးဆောင်သော အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ဖြင့် အခြေချ တပ်စွဲထားသည့် စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းစခန်းများကို သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသည့် လက် နက် ငယ် ၁၀ လက်၊ RPG-7 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ဗုံးမျိုးစုံ ၉ လုံး၊ 7.62 ကျည် ၃၈၈ တောင့်၊ 5.56 ကျည် ၆၄၁ တောင့် နှင့် ကျည်အိမ် ၄ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်း တပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မြင့်မြတ် စွာကျဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/202004/
ကလေးမြို့နယ်၊ ဆည်တောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ လေကြောင်းတိုက်ခိုက်ခံရသော တင်သားရွာနှင့် ကုက္ကိုလ်ရွာတွင် သေဆုံးသူ ပြည်သူ ၁၁ ဦးအထိ မြင့်တက်လာ
["ကလေးမြို့နယ်၊ ဆည်တောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြန်၊ လေကြောင်းတိုက်ခိုက်ခံရသော တင်သားရွာနှင့် ကုက္ကိုလ်ရွာတွင် သေဆုံးသူ ပြည်သူ ၁၁ ဦးအထိ မြင့်တက်လာ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီ ကျော်ခန့်တွင် ကလေးမြို့ တောင်ပိုင်းရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦးများ ပျက်စီးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ကလေးမြို့နယ် တောင်ပိုင်းက ဆည်တောရွာကို စစ်ခွေးတွေ မနေ့က ညနေပိုင်းက လေကြောင်းနဲ့ ဗုံးထပ်ကျဲသွားပါတယ်။ တော်လှန်ရေး ရဲဘော် ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဝက်စာသွားကျွေးနေရင်း ထိတာလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်နှင့် ၂၇ မိနစ်ခန့်ကလည်း ကလေးမြို့နယ် တောင်ပိုင်းရှိ တင်သားရွာ ကျေး လက် ကျန်းမာရေး ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင်သေဆုံးသူ ပြည်သူ ၁၁ ဦး အထိမြင့်တက်လာကြောင်း၊ ဒဏ်ရာရ ပြည်သူ ၄ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း စစ်ဘေးရှောင် ကျောင်းသား လူငယ် ၄ ဦးနှင့် အမျိုးသမီး ၇ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးထဲမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးသည် ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရသည်။", "“မနေ့က လေကြောင်းတိုက်ခိုက်မှုက စုစုပေါင်း ပြည်သူ ၁၁ ဦး သေဆုံးတယ်။ စစ်ဘေးရှောင် ကျောင်းသား လူငယ် ၄နဲ့ အမျိုးသမီး ၇ သေဆုံးတယ်။ တစ်အိမ်ထဲကနေ မိသားစု ၂ စုထက်မနည်း ပါဝင်ပါတယ်။ ဒဏ်ရာရတဲ့ ၃၀ ထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကတော့ စိုးရိမ်ရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ – ကလေးမြို့နယ်ရှိ ဆည်တောရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှုများ။"]
https://yktnews.com/2025/01/200926/
ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနှင့် ထိုမာရွာရှိ စစ်တပ်ဂိတ်များကို အသေခံ အရုန်း အပါအဝင် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်ဒဏ်ရာရ
["ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနှင့် ထိုမာရွာရှိ စစ်တပ်ဂိတ်များကို အသေခံ အရုန်း အပါအဝင် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနှင့် ထိုမာရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်များကို အသေခံ အရုန်း အပါအဝင် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဇင်းဂလင်းကျေးရွာရှိ စစ်တပ် အထိုင်ဂိတ်ကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း ဇင်းဂလင်းကျေးရွာ စစ်တပ်ဂိတ်နှင့် ထိုမာ GTC ရှိ စစ်တပ် အထိုင်ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း ထိုမာ GTC ရှိ စစ်တပ် အထိုင်ဂိတ်၏ စစ်ကောင်စီ တပ်သားများ Drone Gun ပစ်ခတ်သော နေရာကိုလည်း အသေခံ ဒရုန်း ၁ စီးဖြင့် ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး ထက်မနည်း ထိခိုက်မှုရှိပြီး သေဆုံးမှုစာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "လေးမြို့နယ် တောင်ပိုင်း ဇင်းဂလင်းကျေးရွာ ရှိ စစ်တပ် အထိုင်ဂိတ်နှင့် ထိုမာကျေးရွာ GTC (GTU) စစ်တပ် အထိုင်ဂိတ်များသည် ထိုမာကျေးရွာ ၊ သာယာကုန်းကျေးရွာ၊ ထောက်ကြန့် ကျေးရွာများရှိ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းကို ဒရုန်း များဖြင့် ဗုံးသီးကျဲချခြင်း ၊လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကွယ်ရေးအဖွဲ့ (ပကဖ) ရုံး Drone Team Wing of Kalay တပ်ဖွဲ့နှင့် ကလေးမြို့နယ်ပကဖ တိုက်နယ် ၃ တပ်ဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ယုတ်မာရက်စက်မှုများကို အကာအကွယ်များ ပြုလုပ်ကာ သတိရှိရှိဖြင့် နေထိုင်ကြရန် နှိုးဆောင်လိုကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/05/160811/
ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ခင်ပွန်းဖြစ်သူ ဒဏ်ရာရ
["ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ခင်ပွန်းဖြစ်သူ ဒဏ်ရာရ", "ရန်ကုန်၊ မေ ၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး ခင်ပွန်းဖြစ်သူ ဒဏ် ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မေလ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ကလေးမြို့နယ်၊ ကြံသာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခဲ့ရာ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် တင်သားကျေးရွာ၊ အမှတ် ၂ ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်၍ ဒေါ်ယုယုအေး အသက် ၄၂ နှစ် ပွဲချင်းပြီး သေဆုံးပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးစိန်လွင်မှာ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“စစ်တပ်က တိုက်ပွဲ မရှိဘဲ ကြံသာကျေးရွာမှာ တပ်စွဲပြီးတော့ ပတ်ဝန်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာ။ အဲဒါ လင်မယား ၂ ဦးမှာ ဇနီးဖြစ်သူ ဒေါ်ယုယုအေး ထိမှန်သေဆုံးပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ဒဏ်ရာရတယ်။ သူတို့လင်မယားမှာ သားတစ်ဦး၊ သမီးတစ်ဦးရှိတယ်။ ကလေးတွေကတော့ဒဏ်ရာ မရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်များက မကြာခဏ ဆိုသလို စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဆက်တိုက် ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/201826/
ကလေးမြို့နယ်၊ တင်သားရွာ ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရ
["ကလေးမြို့နယ်၊ တင်သားရွာ ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တင်သားရွာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို အကြမ်း ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်နှင့် ၂၇ မိနစ်ခန့်တွင် ကလေးမြို့နယ် တောင်ပိုင်းရှိ တင်သားရွာ ကျေး လက် ကျန်းမာရေး ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦး သေဆုံးပြီး စစ်ဘေးရှောင် ပြည်သူ ၃၀ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ပြီး လက်ရှိချိန်တွင် ဆေးကုသမှုများ ပြုလုပ်နေကာ ဒဏ်ရာအခြေအနေကို ဆက်လက် စောင့်လက်စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။", "“တင်သားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ခွေးတွေက ဗုံးကျဲသွားတာ ဂျက်ဖိုက်တာနဲ့ ကျဲသွားတာ စစ်ဘေးရှောင် ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၉ ဦးသေဆုံးတယ်လို့ သိရတယ်။ စစ်ဘေးရှောင် ပြည်သူ ၃၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရတယ်။ တင်သားရွာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းနဲ့ ကုက္ကိုလ်ကျေးရွာ စာသင်ကျောင်းကတော့ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ပူးပေါင်းအဖွဲ့များဖြစ်သော SNA (ရှမ်းနီလက် နက်ကိုင်)၊ UNLF (ကသည်းလက်နက်ကိုင်) အဖွဲ့တို့နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။"]
https://yktnews.com/2025/02/203816/
ကလေးမြို့နယ်၊ တောင်ပိုင်း ကမ်းပါးနီ စစ်စခန်း အနီးရှိ ရွာများကို ယနေ့ ညပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်
["ကလေးမြို့နယ်၊ တောင်ပိုင်း ကမ်းပါးနီ စစ်စခန်း အနီးရှိ ရွာများကို ယနေ့ ညပိုင်းတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တောင်ပိုင်း ကမ်းပါးနီ အကြမ်းဖက် စစ်တပ် စခန်း အနီးရှိ ရွာများကို ယနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၇ နာရီ ၅ မိနစ်မှ ၇ နာရီ ၄၄ မိနစ်ထိ အကြမ်းဖက် စစ်တပ်က ကမ်းပါးနီ အကြမ်းဖက် စစ်တပ်စခန်း အနီးအနားရှိ ကျေးရွာများကို ကလေး လေဆိပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ကမ်းပါးနီ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းမှ စတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားသော နေရာများ အပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများကိုပါ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲအတွင်း အထိနာသောကြောင့် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ရောက်ရှိနေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။", "“ကျနော်တို့ ရေတွက်ထားတော့ ဗုံးကျဲနေတာ စုစုပေါင်း အလုံး ၄၀ ကျော်နေပြီး ကမ္ဘာပျက်မတတ်ဘဲ ကမ်းပါးနီ အနီးအနားကိုပဲ ကျဲချနေတာ ဆက်တိုက်ပဲ ၇ နာရီ ကျော်လောက်တည်းကျဲနေတာ ၈ နာရီ မထိုးခင်လောက်ထိကို ဆက်တိုက်ကျဲချနေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် ဝမ်းရောဂါများ ဖြစ်ပွားနေခြင်းကြောင့် ဆေးဝါးများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/10/125524/
ကလေးမြို့နယ်၊ တောင်ပိုင်း စက္ကန့်ရွာဘက်သို့ စစ်တပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် ၂ လုံးကို မီးရှို့၊ လက်နက်ကြီးများဖြင့် စစ်တပ်က ဆက်တိုက်ပစ်ခတ်နေ
["ကလေးမြို့နယ်၊ တောင်ပိုင်း စက္ကန့်ရွာဘက်သို့ စစ်တပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် ၂ လုံးကို မီးရှို့၊ လက်နက်ကြီးများဖြင့် စစ်တပ်က ဆက်တိုက်ပစ်ခတ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၇", "စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တောင်ပိုင်း စက္ကန့်ရွာဘက်သို့ အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက် အစောပိုင်းမှ စ၍ စစ် ကြောင်းစထိုးနေပြီး ရွာစွန်ရှိ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်း မဝင်ရောက်မီ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းမှ စ၍ ဖုန်းလိုင်းများကို ဖြတ်တောက်ထားခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်း တွင်လည်း အကြမ်းဖက်စစ်တပ်၏ မြို့တွင်း အမြောက်တပ်က တောင်ပိုင်းသို့ လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“ည ၁၀ နာရီက အော်ရီဒူး စဖြတ်တယ်။ ၁၂ လောက်ကျ MPT ကို ဖြတ်တယ်။ ခုမနက် ၁၀ နာရီ ၄၀ လောက်မှ MPT ၊ အော်ရီဒူး လိုင်းပြန်ပွင့်လာတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးနေမှုကြောင့် စက္ကန့်ရွာနှင့် အင်တိုင်း ကုန်းရွာရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/190652/
ကလေးမြို့နယ်၊ ထိုမာကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီး
["ကလေးမြို့နယ်၊ ထိုမာကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ယနေ့နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ထိုမာကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း ကျေးရွာ မြောက်ဘက်ရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် ထိုမာကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လက စတင်ပြီး ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယနေ့ချိန်ထိ တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထိုမာကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့တွင် စစ်ကြောင်းထိုးပြီး ကျေးရွာသား ၁ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့သို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီ တပ်သားများက ထိုမာကျေးရွာကို ဒရုန်းဖြင့် ဆက်တိုက် လာရောက် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၈ လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။", "ထိုမာရွာ အနောက်ဘက် မိုင်ဝက်ခန့် အကွာရှိ ကလေးနည်းပညာတက္ကသိုလ်ကျောင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အာဏာသိမ်းပြီးချိန်ကစ၍ အခိုင်အမာ တပ်စွဲထားကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ထိုမာကျေးရွာအနောက်ဘက်ရှိ နည်းပညာတက္ကသိုလ်မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၁ ရက် နှင့် ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက ကလေးမြို့လေယာဥ်ကွင်းကို ထောက်ပို့လေယာဥ်များဖြင့် လူအင်အားနှင့် လက်နက် အင်အားများ ဖြည့်တင်းနေကြောင်း သိရှိရသည်။", "(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်"]
https://yktnews.com/2024/03/150275/
ကလေးမြို့နယ်၊ ထိုမာရွာသား ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီး
["ကလေးမြို့နယ်၊ ထိုမာရွာသား ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၁၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မတ်လ၉ ရက်နေ့တွင် ကလေးမြို့နယ်၊ ထိုမာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးနောက် မြေပြင်မှ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု လေကြောင်းက ဗုံးကျဲ တိုက်ခိုက်မှုနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ထိုမာကျေးရွာရှိ နေအိမ် ၁၄ လုံး မီးလောင် ပျက်စီးခဲ့ပြီး ရွာထဲတွင် ကျန်ရှိနေသည့် ပြည်သူ ၁ ဦးကိုလည်း ရက်ရက် စက်စက် သတ်ဖြတ်ကာ ရုပ်အလောင်းကို မီးရှို့ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ထိုမာကျေးရွာတွင် ရှိနေပြီး ထိုမာကျေးရွာမှ ပြည်သူများသည်လည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသ တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေး တင်းမာနေခြင်းကြောင့် ကလေးမြို့နယ် တောင်ပိုင်း လမ်းမကြီးကို လုံခြုံရေးအခြေအနေအရ မတ်လ ၁၁ ရက်နေ့ကနေစ၍ သွားခြင်း မပြုလုပ်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)"]
https://yktnews.com/2024/02/148021/
ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာကို စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်
["ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာကို စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၄၀ ဝန်းကျင်အချိန်တွင် ကလေးမြို့ လေယာဉ်ကွင်းအတွင်းမှ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် တက်သွားပြီး ကလေးမြို့တက္ကသိုလ် အနီးရှိ ထောက်ကြန့်ကျေးရွာကို ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“ကလေးနည်းပညာတက္ကသိုလ် ထောက်ကြန့်ရွာကို ဗုံးကျဲတာ။တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ကလေးနည်းပညာတက္ကသိုလ်နားမှာ ထိုမာရွာပြီးရင် ထောက်ကြန့်ရွာပဲ။ အဲဒီရွာကို ဗုံးကျဲတာ။ နောက်ပြီး လက်နက်ကြီးတွေနဲ့လည်း တစ်ချိန်လုံး ပစ်ခတ်နေတယ်” ဟု ကလေးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ကလေးမြို့နယ်ဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် တော်လှန် ရေးတပ်များ တိုက်ပွဲများ တောက် လျှောက်ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/149198/
ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၈၀ အရွယ် အဖွားအို ၁ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
["ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၈၀ အရွယ် အဖွားအို ၁ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၈၀ အရွယ် အဖွားအို ၁ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မတ်လ ၆ ရက်နေ့တွင် ကလေးမြို့နယ်၊ နန်းဟံနွဲရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် အသက် ၈၀ အရွယ် အဖွားအို ၁ ဦး ခြေတောက်ကို လက်နက်ကြီး ကျည်စ ထိမှန်ပြီး သွေးထွက်လွန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ် သော လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်များနှင့် ပြည်သူပိုင် ပစ္စည်းများလည်း ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိကျေးရွာနေ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ကလေးမြို့ နယ် နန်းဟံနွဲရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းပစ်လို့ အသက်၈၀ အရွယ် အဘွားအို ၁ ဦး ခြေတောက်ကို လက်နက်ကြီး ကျည်စမှန်ပြီး သွေးထွက်လွန် သေဆုံးသွားတယ်။ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးနေကြရပြီ လက်နက်ကြီး ကျည်စတွေမှန်ပြီး အိုးခွက် ပန်းကန်တွေ နေအိမ်တွေလည်း ရစရာမရှိအောင် ပေါက်ပြဲ ပျက်ဆီးကုန်ပြီ” ဟု ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2023/05/104955/
ကလေးမြို့နယ်၊ ပေါက်ခုံကျေးရွာအနီး စစ်ကြောင်း မိုင်းဆွဲခံရမှုကြောင့် စစ် သား ၂၀ နီးပါး သေဆုံးမှုတွင် ဗိုလ်ကြီး တင်ကျော်ထွေးပါ သေဆုံး
["ကလေးမြို့နယ်၊ ပေါက်ခုံကျေးရွာအနီး စစ်ကြောင်း မိုင်းဆွဲခံရမှုကြောင့် စစ် သား ၂၀ နီးပါး သေဆုံးမှုတွင် ဗိုလ်ကြီး တင်ကျော်ထွေးပါ သေဆုံး", "ရန်ကုန်၊ မေ ၂၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ပေါက်ခုံကျေးရွာအနီး စစ်ကြောင်း မိုင်းဆွဲခံရမှုကြောင့် စစ်သား ၂၀ နီးပါး သေဆုံးမှုတွင် ဗိုလ်ကြီး တင်ကျော်ထွေးပါ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "မေလ၂၇ ရက်နေ့ နံနက် ၈ နာရီ ကျော်ခန့်အချိန် ကလေးမြို့ တောင်ပိုင်းသို့ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပေါက်ခုံကျေးရွာအနီးတွင် တော်လှန်ရေး အင်အားစုများက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း၊ မိုင်းထိသော စစ်ကြောင်းသည် ကလေးမြို့သို့ ပြန်လည် ဆုတ်ခွာလာစဥ် မွန်းလွဲ ၁၂ နာရီခန့်၌ တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း၊ သေဆုံးသူများတွင် ဗိုလ်ကြီးတင်ကျော်ထွေး ပါဝင်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။", "ဗိုလ်ကြီးတင်ကျော်ထွေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၅၀ ကျောင်းဆင်းဖြစ်ပြီး ရန်ကုန်၊ ဗဟန်းဇာတိဖြစ်ကြောင်း၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တာဝန်ကျနေစဉ် မိုင်းဆွဲခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/04/159155/
ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
["ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၅", "စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်း၊ ပျဉ်းတောဦး ကျေးရွာတွင် ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သောလက်နက်ကြီးကျည်သည် ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦး၊ သက်ကြီးရွယ်အို အမျိုးသား ၁ ဦး စုစုပေါင်း ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "“မနေ့က နန်းချောင်းကျေးရွာဘက်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာ။ အဲဒါ ပျဉ်းတောဦးကျေးရွာထဲကို လက်နက်ကြီးတွေကျပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုပြည်သူ ၁ ဦး သေဆုံးတာဖြစ်ပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။", "စစ်ကောင်စီတပ်က ယမန်နေ့ ကလေးမြို့နယ်၊ နန်းချောင်းကျေးရွာ ၊ ယောက်ချိုကွင်းကျေးရွာတို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရှိရသည်"]
https://yktnews.com/2023/04/95898/
ကလေးမြို့နယ်၊ ပျဉ်းတောဦးသုဿန်အနီးတွင် တိုက်ပွဲပြင်းထန်ပြီး စစ်သား ၇ ဦးသေဆုံး
["ကလေးမြို့နယ်၊ ပျဉ်းတောဦးသုဿန်အနီးတွင် တိုက်ပွဲပြင်းထန်ပြီး စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဆက်လက် ပြင်း ထန် နေရာ ပျဉ်းတောဦး သုဿန် အနီး တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း CDF KKG က ထုတ်ပြန်သည်။", "မတ်လ၃၀ ရက်နေ့မှစတင်၍ ကလေးမြိုနယ်မြောက်ပိုင်းသို့ အကြမ်းဖက် စစ် တပ်က အင်အား အ များ အပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ချမ်းသာ ကြီးကျေးရွာစာသင်ကျောင်း၌ တပ်စွဲခဲ့သဖြင့် CDF – KKG နှင့်ချမ်းသာကြီ ပကဖ ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာခဲ့ ပြီး အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန် လည် ဆုတ်ခွာခဲ့ရ ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု အတည် မပြုနိုင်ခဲ့ကြောင်း သိရသည်။", "မတ်လ ၃၁ ရက်နေ့တွင် နန်းစောင်းပုကျေးရွာမှ ချီတက်လာသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများ ကို CDF- KKG မှ ပျဉ်းတောဦးကျေးရွာ သုဿန်အနီး တွင် ၃ နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီး TCDF ၊ CNDF၊ PDF Kalay၊ HNB ၊ CR ၊ PDF ၊ CDM Syin ပကဖ စသည့်တို့မှ ပူးပေါင်းတိုက်ိခုက်ခဲ့သဖြင့် တိုက်ပွဲ ပိုမို ပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ပစ်ကူ၊ တိုက်ခိုက်ရေး ရ ဟတ်ယာဉ် များဖြင့်ပါ တိုက်ခိုက်ခဲ့ရာ CDF –KKG မှ ရဲဘော်တစ်ဦး လက်နက်ကြီးဒဏ်ရာ(မစိုးရိမ်ရ) ရရှိ ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲတွင် အကမြ်းဖက်စစ်သား အလောင်း ၇ လောင်းမျက်မြင်တွေ့ ရှိခဲ့ရ ကာ MA ကျည်ဘောက် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၀ ၊ ဓါး ၁ ချောင်းနှင့် ယူနီး၊ ကျော်ပိုးအိတ်အပါအဝင် ပစ္စည်းအချို့ သိမ်း ဆည်းရရှိခဲ့ ကြောင်း၊ ဧပြီလ ၁ ရက်နေ့တွင် CDF –KKG မှ နယ်မြေရှင်းလင်းရေး လုပ် ဆောင်ခဲ့ရာ MA 3 ကျည်ဘောက် ၁ ခုနှင့် ကျည် ၈ တောင့်ကို ထပ်မံ သိမ်း ဆည်းရရှိခဲ့ကြောင်း CDF –KKG က ထုတ် ပြန်ထားသည်။", "ဧပြီလ ၂ ရက်နံနက် ၈ နာရီခန့်မှ စတင်ပြီး ညနေ ၆ နာရီအထိ ညောင်ကုန်း သင်္ချိုင်း အနီးတွင် ထိတွေ့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ကြိမ်ဖန်များစွာ ပစ် ကူပေးတိုက် ခိုက်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက် မရှိခဲ့ ကြောင်း၊ အကြမ်း ဖက်စစ်သား ထိခိက်သေဆုံးမှုအတည်မပြုနိုင်ကြောင်း သိရသည်။", "ဧပြီလ ၃ ရက်နေ့တွင် ညောင်ကုန်းရွာ အနီးလည်းကောင်း၊ ပျဉ်းတောဦးရွာနှင့် မြောက်ချောတောရွာ ကြားတို့၌လည်းကောင်း၊ ဆက်လက်တိုက်ပွဲ ပြင်းထန် ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ညနေ ၃ နာရီ မှ ၇ နာရီခန့်အထိ တိုက်ခိုက် ရေးရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် များအထိအခိုက်မရှိခဲ့ဟု ဆိုသည်။", "လက်ရှိအချိန်အထိ အကြမ်းဖက်စစ်သားများမှာ ညောင်းကုန်းရွာ ဘုန်းကြီး ကျောင်းနှင့် ပျဉ်းတောဦးရွာ အနီးတဝိုက်တို့တွင် တပ်စွဲထားပြီး ယင်းနေရာ များမှ တဆင့် အနီးအနားပတ်ဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုး လှုပ်ရှား နေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေကြောင်း CDF –KKG ထုတ်ပြန် ချက် အရသိရသည်။"]
https://yktnews.com/2023/11/131715/
ကလေးမြို့နယ်၊ မန္တာရွာမှ ပျူစောထီးအချို့နှင့် မိသားစုဝင် ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["ကလေးမြို့နယ်၊ မန္တာရွာမှ ပျူစောထီးအချို့နှင့် မိသားစုဝင် ၆ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မန္တာကျေးရွာမှ ပျူစောထီးအချို့နှင့် မိသားစုဝင် ၆ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၅ ရက်နေ့က ကလေးမြို့နယ်၊ မန္တာကျေးရွာမှ ပျူစောထီးအချို့နှင့် မိသားစုဝင် ၆ ဦးသည် ကာဘိုင် သေနတ် ၂ လက်၊ ကာဘိုင် ကျည် ၂၀၉ တောင့်၊ G3 ကျည် ၅ တောင့်နှင့်အတူ ဂန့်ဂေါမြို့နယ်၊ ခရိုင် တပ်ရင်း အမှတ် ၁ ၊ အမှတ် ၇ ၊ အမှတ် ၁၁ ၊ အမှတ် ၁၂ ၊ အမှတ် ၁၄ ၊ အမှတ် ၁၉ တို့ထံ အလင်း ဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့သို့ အလင်းဝင်ရောက်ခဲ့သည့် ပျူစောထီးများကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် လက်နက်အပ်နှံ ပွဲနှင့် ဆုငွေချီးမြှင့်ပွဲအခမ်းအနားကျင်းပ ကြိုဆိုလက်ခံခဲ့ကြောင်း၊ ယင်းအခမ်းအနားသို့ ဂန့်ဂေါခရိုင် အမှတ် ၁ ၊ အမှတ် ၁၂ ၊ အမှတ် ၁၄ တပ်ရင်းမှ ဒုတပ်ရင်းမှူးများမှ ဂန့်ဂေါမြို့နယ် တပ်ရင်း ၆ ရင်းကိုယ် စား တက်ရောက်ကာ ဂုဏ်ပြုပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130402/
ကလေးမြို့နယ်၊ ရာဇဂြိုလ် ရဲဘက်စခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နှင့် ဖမ်းဆီးရမိ
["ကလေးမြို့နယ်၊ ရာဇဂြိုလ် ရဲဘက်စခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နှင့် ဖမ်းဆီးရမိ", "ရန်ကုန်၊ နိုဝင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ် ရဲဘက်စခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နှင့် ဖမ်းဆီးရမိခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။", "နိုဝင်ဘာလ ၃ ရက် နံနက် ၃ နာရီခွဲခန့်က ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာအနီးရှိ အကျဉ်းစခန်း ၁ နှင့် ၂ တို့ကို အထူးလှုပ်ရှားတပ်ရင်း ၂ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကျဉ်းစခန်းသိမ်းပိုက်ရရှိခဲ့ပြီး မွန်း တည့် ၁၂ နာရီ ၄၆ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေး လေယာဉ် (Jet Fighter) ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါအကျဉ်းစခန်း ၁ မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးခန့်သည် ပြည်သူ့ဘက်သို့ ကူးပြောင်းခိုလှုံခဲ့ကြောင်း သိရသည်။", "ထိုစခန်းသိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နှင့်အတူ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့၌ ဖမ်းဆီးရရှိခဲ့ပြီး နိုင်ငံ တကာ စစ်သုံ့ပမ်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ထိန်းသိမ်းထားကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/06/165397/
ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်
["ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်", "ရန်ကုန်၊ ဇွန် ၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာ၊ နန်းကျစ်လှော် ရပ်ကွက်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်က ထိုသို့ ပစ်ခတ်ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိသော်လည်း ဆည်မြောင်းရုံးဝင်းအတွင်းရှိကားများ ပျက်စီးမှုများရှိကြောင်း သိရှီရသည်။", "“ပစ်တာက လေယာဉ်နဲ့ ၃ ပတ်လောက်ပတ်ပြီး ပစ်သွားတာ။ လူထိခိုက်မှုမရှိဘူး။ ဆည်မြောင်းရုံးဝင်းအတွင်းကကားတွေပျက်စီးတာတော့ရှိတယ်”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ကလေးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် မကြာခဏဆိုသလို ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106216/
ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
["ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း CNO Upper Chindwin Refion- UCR ထံမှ သိရသည်။", "ယနေ့ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ကလေးမြို့နယ်၊ လက်ချောင်း-ရာဇဂြိုလ်လမ်းပေါ်ရှိ ရှုခင်း သာကျေးရွာနှင့် စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၁ စီးဖြင့် လာရောက်ပြီး ၅ မိနစ်ခန့် တရပ်စပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါရှုခင်းသာကျေးရွာ စာသင်ကျောင်းတွင် ကျေးရွာ လူကြီးများ အစည်းအဝေး ကျင်းပနေစဉ် ပစ် ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လူနေအိမ်ထိခိုက်မီးလောင်ပျက်စီးမှုကို အတိအကျမသိရသေးကြောင်း CNO Upper Chindwin Refion- UCR က ထုတ်ပြန်ထားသည်။", "ထို့ပြင် မွန်းလွဲ ၁၁ နာရီ ၃၇ မိနစ်တွင် ကလေးမြို့တွင်းမှ အမြောက်တပ်မှ လက်နက်ကြီးဖြင့် တစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ကလေးမြို့မြောက်ပိုင်းရှိ မိဘပြည်သူများအနေဖြင့် ဂရုတစိုက်နေထိုင်ကြ စေလိုကြောင်း နေပြည်သူများက လူမှုကွန်ယက်မှ တဆင့် သတိပေး ပြောဆိုထားသည်။"]
https://yktnews.com/2023/06/109945/
ကလေးမြို့နယ်၊ သာစည်ရွာနှင့် မှန်တောရွာရှိ နေအိမ် ၂၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကလေးမြို့နယ်၊ သာစည်ရွာနှင့် မှန်တောရွာရှိ နေအိမ် ၂၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၂၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ သာစည်ကျေးရွာနှင့် မှန်တောကျေးရွာရှိ နေအိမ် ၂၀ ကျော်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသနေပြည်သူများ ထံမှ သိရသည်။", "ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ကလေးမြို့တောင်ဘက် ၃ မိုင်အကွာရှိ သာစည်ကျေးရွာကို ကလေးမြို့ ပေါ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများက သာစည်ကျေးရွာအရှေ့ပိုင်းရှိ နေအိမ် ၄ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ မှန်တောကျေးရွာရှိနေအိမ် ၁၃ လုံးကျော်ကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။", "အဆိုပါ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သာစည်ကျေးရွာ ဝန်းကျင်၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကလေးမြို့ထဲမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အများပြား သေဆုံးခဲ့ကြောင်းသိရှိရသည်။။", "အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှားဖိုရွာ စာသင်ကျောင်းကို ထိမှန်ပျက်စီးခဲ့ ပြီး လူထိခိုက်မှုမရှိကြောင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေပြီး ကလေးမြို့တွင်းရှိ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် နေ့စဉ်နေ့တိုင်း ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "ဇွန်လအတွင်း ကလေးမြို့နယ်တောင်ပိုင်းနေပြည်သူ ၁၀ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၃၀ ခန့် ဒဏ်ရာရရှိထားကြောင်း၊ အကြမ်းဖက်စစ်သား၊ ဒေသနေ ပြည်သူများသည် ပျူစောထီးရန်ကို ကြောက်ရွံ့နေပြီး နေရပ်စွန့်ခွာထွက် ပြေး နေရသည့် ပြည်သူထောင်ချီရှိကြောင်း သိရသည်။"]
https://yktnews.com/2023/05/104797/
ကလေးမြို့နယ်၊ သာယာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရ
["ကလေးမြို့နယ်၊ သာယာကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ မေ ၂၈", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာကုန်းရွာကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "မေလ၂၇ ရက်နေ့ ညနေ ၃နာရီခန့်အချိန် ကလေးမြို့ GTC အတွင်းတွင် တပ်စွဲ ထားသော စစ်တပ်က သာယာကုန်းကျေးရွာသို့ အကြောင်းမဲ့ လက်နက် ကြီး ဖြင့် လှမ်းပစ်ခတ်ခဲ့ရာ သာယာကုန်းကျေးရွာနေ ပြည်သူ ၂ ဦးနှင့် မိန်းက လေး ၂ ဦး စုစုပေါင်း ၄ ဦး လက်နက်ကြီး ကျည်ထိမှန်ခဲ့ကြောင်း ဒေသပြည်သူ များ ထံမှ သိရှိရသည်။", "စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့ရသူများတွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးပါ ပါဝင်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ အရေးပေါ် ခွဲစိတ်ကုသနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မေလ ၂၇ ရက်နေ့ ညပိုင်းတွင် လည်း လက်နက်ကြီးများနှင့် ကလေးမြို့ တောင်ပိုင်းသို့ ပစ်ခတ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/04/154892/
ကလေးမြို့နယ်၊ သာယာဝတီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉၀ ကျော်ပြာကျ၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ
["ကလေးမြို့နယ်၊ သာယာဝတီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၉၀ ကျော်ပြာကျ၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ ဧပြီ ၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာယာဝတီရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၉၀ ကျော်ပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မတ်လ၁၇ ရက်နေ့ကစ၍ အကြမ်းဖက် စစ်တပ်က သာယာဝတီကျေးရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် အားလုံးနီးပါး မီးလောင်ပြာကျကာ နေအိမ် ၅ လုံးနီးပါသာ ကျန်ရှိတော့ကြောင်း၊ သာယာဝတီကျေးရွာသည် ကလေးမြို့ နည်းပညာတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင်ရှိပြီး နေအိမ် ၁၀၀ ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း သိရှိရသည်။", "“ရွာမှာက ဘယ်သူမှ မရှိဘူး။ နေအိမ် ၅ လုံးပဲ ကျန်တာလို့သိရတယ်။ သာယာဝတီက လက်လုပ်လက်စားတွေ အများစုနေတာ နေအိမ်က ၁၀၀ ကျော်ရုံရှိတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဧပြီလ ၃ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ရေမျက်နီကျေးရွာကို တောင်ဘက်၊ မြောက်ဘက် ညှပ်ပြီး အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်သည် နွေရာသီဖြစ်သောကြောင့် လေတိုက်ခတ်မှုနှင့် အပူချိန် များပြားမှုကြောင့် နေအိမ် ၃၀၀ ဝန်းကျင်ခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ကြောင်းဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။"]
https://yktnews.com/2023/01/79001/
ကလေးမြို့နှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှုဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး
["ကလေးမြို့နှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှုဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် ယင်းမာပင်မြို့ပေါ်တွင် စစ်တပ် စစ်ကြောင်း များကို PDF တပ်များက တိုက်ခိုက်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပြင်သာရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီလ ၂ ရက် နေ့ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကလေး PDF က ပြောသည်။", "ကလေးမြို့၊ ပြင်သာရပ်ကွက်မှ ကလေးမြို့နယ်အရှေ့ပိုင်းသို့ အင်အား ၆၀ ခန့် ဖြင့် ဦးတည် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်သားများကို ဇန်နဝါရီ လ ၂ ရက် နေ့လည် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ မွန်း တည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် အသင့်ပြင်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ကျန်တပ် ဖွဲ့ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အကြမ်းဖက် စစ် ကောင်စီတပ်သားများက မိုင်းဖောက်ခွဲရာ အနီးပတ် ဝန်းကျင်ကို ၁၀ မိနစ် ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကို People’s Defense Force –Kalay မိုင်းတပ်ဖွဲ့နှင့် အောင် မေတ္တာ အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေး PDF က ထုတ် ပြန် ထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲ ထား သော နေ ရာနှစ်ခုကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ် ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျား တပ်ဖွဲ့ ခေါင်း ဆောင် ဗိုလ်စံဖဲက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြား သည်။", "ဇန်နဝါရီလ ၁ ရက်နေ့ည ၁၁ နာရီခွဲခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားရာဝန်ထမ်းအိမ်ရာနှင့် စိုက်ပျိုးရေးရုံးတို့ကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ယာသို့ အလုံး ၅၀ ကျော် ပစ် ခတ် တိုက်ခိုက်မှုတွင် ၁၀ လုံးကျရောက်ပေါက် ကွဲခဲ့ကြောင်း သိရသည်။", "“မြို့ပေါ်တိုက်ပွဲက အပြင်းအထန်ဖြစ်ခဲ့တာ၊ ပထမ ကျနော်တို့ဘက်က လက် နက်ကြီးတွေနဲ့လှမ်းပစ်နေ တာ၊ ပထမတော့ သူတို့ဆီမရောက်တော့ ပြောင် နေကြသေးတယ်၊ နေရာပြောင်းထုတော့ ထိတော့ ခွေး တွေဘက်က ပြန်ထု တယ်။ ကင်းပုန်းတွေကလည်း လက်နက်ငယ်တွေနဲ့ ပစ်တယ်၊ အဲဒီမှာတင် ကျနော် တို့ ကင်းပုန်းနဲ့တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ ခွေးတစ်ကောင် အတိအကျသေတယ်”ဟု နယ် စည်းမ ခြား ဇာမဏီပြောက်ကျား တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်စံဖဲက ပြောကြားသည်။", "အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ စိုက်ပျိုးရေး ရုံးကို မဟာမိတ်ပူးပေါင်း တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်သား ထိခိုက်သေဆုံးမှု မသိရသေးဟု ဆို သည်။", "ဒီဇင်ဘာလ ၃၁ ရက်ည ၁၂ နာရီ တိတိတွင်လည်း နှစ်သစ်ကူး ည အစီအဖြင့် ဘန့်ဘွေးရွာ ပျူစောထီး စခန်းကို လည်းကောင်း၊ ရွှေတောင်ဦးအနောက်ဘက် တပ်ကျိုးကုန်းနေကိုနေရာကိုလည်းကောင်း၊ အမှတ် ၂၈ ရဲတပ်ရင်းနေရာကို လည်း ကောင်း ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့်ပူပေါင်းကာ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။", "ဓာတ်ပုံ- ကလေး PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/04/98415/
ကလေးမြို့ပင်မ သပိတ်အဖွဲ့ဝင် မကိမ်ဘွဲ့ ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ၎င်း၏နေအိမ်ကို ဘူဒိုဇာနဲ့ဖြိုချဖျက်ဆီး
["ကလေးမြို့ပင်မ သပိတ်အဖွဲ့ဝင် မကိမ်ဘွဲ့ ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ၎င်း၏နေအိမ်ကို ဘူဒိုဇာနဲ့ဖြိုချဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၁၉", "စစ်ကိုင်းတိုင်း၊ကလေးမြို့၊တောင်ဖီလာရပ်ကွက်က ကလေးပင်မသပိတ် စစ်ကြောင်း ရဲ့အဖွဲ့ဝင် တစ်ဦး ဖြစ်သူ မကိမ်ဘွဲ့(ခေါ်)ကျိန်ဒွန့်ကိမ်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် နေအိမ်ကို ဒီကနေ့ ဧပြီလ ၁၉ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင် မှာ ဘူဒိုဇာနဲ့ စစ်တပ်က ဖြိုချ ဖျက်ဆီးသွားတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။", "”အိမ်နားလမ်းပေါ်မှာ စစ်သားတွေကစောင့်ပြီး JCB နဲ့ဖြိုချသွားတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။", "စစ်တပ်က မကိမ်ဘွဲ့(ခေါ်)ကျိန်ဒွန့်ကိမ်ကို ဧပြီ ၁၆ရက်နေ့ တပ်ဦးသီတာရပ်ကွက်၊ဗိုလ်ချုပ် လမ်းမ ထက် တံတားဦးအနီး လျှပ်တပြက်သပိတ်ပြုလုပ်နေစဥ် အခြားသပိတ်အဖွဲ့ဝင်သုံးဦးနဲ့ အတူဖမ်း ဆီးသွားခဲ့တာလည်းဖြစ်ပါတယ်။", "မကျိန်ဒွန့်ကိမ်ကိုဖမ်းဆီးပြီးမှာ သူမရဲ့မိခင်၊သူမရဲ့ ဝမ်းကွဲညီမငယ်နဲ့ မောင်ငယ်တို့ကိုပါ စစ်ကောင်စီ က လာရောက် ဖမ်းဆီးခဲ့ပြီး ညီမနဲ့မောင်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/02/87646/
ကလေးမြို့ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ကလေးမြို့ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် “တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” စာတန်းကိုင်ဆွဲ၍ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109535/
ကလေးမြို့ပေါ် အရက်ဘီယာဆိုင်များကို ကလေးပြည်သူ့ရဲတပ်ဖွဲ့က စစ် ဆေးပြီး စစ်တပ် ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိ
["ကလေးမြို့ပေါ် အရက်ဘီယာဆိုင်များကို ကလေးပြည်သူ့ရဲတပ်ဖွဲ့က စစ် ဆေးပြီး စစ်တပ် ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိ", "ရန်ကုန်၊ ဇွန် ၂၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ လိုက်လံ စစ် ဆေးခဲ့ရာ အကြမ်းဖက် စစ်တပ်ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀ နှင့် ဆက်စပ် ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့ထံမှ သိရသည်။", "ယနေ့ဇွန်လ ၂၄ ရက်နေ့ ကလေးမြို့ပေါ် အရက်ဘီယာဆိုင်များတွင် စစ်တပ် ထုတ်ပစ္စည်းများ ရောင်း ချနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ NUG အောက်ရှိ ကလေးမြို့နယ် ပြည် သူ့ ရဲတပ်ဖွဲ့နှင့် ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့မှတပ်ဖွဲ့ဝင်များပူး ပေါင်းပြီး စစ် ဆေးခဲ့ရာ အရက်ဘီယာဆိုင် ၄ ဆိုင်မှ စစ်တပ်ထုတ်ကုန် ဒဂုံဘီယာ ဖာ ၆၀ နှင့် ဘီယာဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသော Light Truck အမျိုးအစား ကား တစ်စီးနှင့် Camda အမျိုးအစားကားတစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "အဆိုပါရှာဖွေတွေ့ရှိသော ဘီယာဖာ၆၀ နှင့် ဆက်စပ်စ္စည်းများကို လုပ်ထုံးလုပ် နည်းနှင့် အညီ သိမ်းဆည်း အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ ကလေးမြို့ နယ် စည်ပင်ကော်မတီသို့ သက်သေခံပစ္စည်းများကို အပ်နှံထားရှိကြောင်း ကလေး မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။", "ကလေးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ်အစိုးရ လက်ထက်တွင် အခွန်ထမ်းဆောင်ရသော လုပ်ငန်း များအားလုံး အမျိုးသားညီညွတ်ရေးအစိုးရလက် အောက်ရှိ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ တရားဝင်အခွန်ထမ်းဆောင်ကြရန်နှင့် ပျက်ကွက် ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ရရှိသော အခွန်ဘဏ္ဍာငွေ များကို အမျိုးသားညီညွတ်ရေး အစိုးရ၏ ဘဏ္ဍာရေးမူဝါဒနှင့်အညီ သုံးစွဲလျက် ရှိကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ ထိန်းချုပ် နယ်မြေ အတွင်းရှိ ပြည်သူ များ၏ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နေပြီဖြစ်ကြောင်း သိရှိရ သည်။", "ကလေးမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် အကြမ်းဖက် စစ် ကောင် စီ ထုတ်ကုန်ပစ္စည်း များကို ရောင်းဝယ် ဖောက်ကားဖြန့်ဖြူးခြင်း မပြု လုပ်ကြရန်နှင့် ပြုလုပ်ပါက ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ပြင်းထန်စွာ အရေး ယူမည်ဖြစ်ကြောင်း၊ အခွန်ထမ်းလုပ်ငန်းရှင်များကို ပညာပေး ကာလ အဖြစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ပညာပေးကာဆောင်ရွက် ခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/07/112726/
ကလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး
["ကလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ ဇူလိုင် ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း NUG အစိုးရ၏ စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၁၂ ရက်နေ့တွင် ကလေးမြို့၊ တာဟန်းရပ်ကွက်နှင့် တောင်ဖီလာရပ်ကွက်များ အတွင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဥ် လမ်းဘေး၌ ရပ်တန့်ထားသည့် ဆိုင်ကယ်ပေါ်၌ ထိုင်နေသည့် အမျိုးသား ၁ ဦးကို မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းဆိုင်ကယ်အရှေ့ ခွကြားပေါ်ရှိ ပလတ်စတစ်အိတ် အမည်း ဖြင့် ထုတ်ထားသော MAMEE ဖာအတွင်းမှ မူးယစ်ဆေးဝါးဟု ယူဆရသည့် အဝါရောင်ဖောက်မှု့န် ဆပ် ပြာခွက်၂၁ ခွက်၊ အလေးချိန် ၂၁၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၈၄ သိန်းကျပ်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသည့် Redmi အမျိုးအစား ခဲရောင်ဖုန်း ၁ လုံး၊ CIRCULAR အ မျိုးအစား အနက်ရောင်ဆိုင်ကယ် ၁ စီးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါဖမ်းဆီးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးဆောင်သော တပ် ဖွဲ့ဝင်များ၊ PDF Kalayတပ်ရင်း ၅)မှ တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင် များ ပါ ဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။", "ဖမ်းဆီးရရှိသော ပစ္စည်းများကို ဥပဒေနှင့်အညီ သိမ်းဆည်းကာ အရေးယူဆောင်ရွက်ထားရှိပြီး အမှုနှင့် ပတ်သက်သည့် ကျန်ရှိကွင်းဆက် တရားခံအား ဖမ်းဆီးရမိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။", "အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းဖမ်းဆီးရေးအဖွဲ့အား ကလေးမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆုကြေးငွေ ၆ သိန်းကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးများကို သတိထား၍ ရှောင်ကြဉ်ကြပါရန်နှင့် မူးယစ်ဆေးဝါး ‌ရောင်းဝယ်ဖောက်ကားမှုများအား ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ရဲတပ် ဖွဲ့ဌာန၊E-Police Station MOHAI-NUG၊ မြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ရဲတပ် ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များနှင့် တော်လှန်‌ရေးတပ်ဖွဲ့များ၏ Facebook Page များသို့ ဆက်သွယ်၍ တိုင်ကြား သတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/87325/
ကလေးမြို့ပေါ်တွင် လက်ဖက်ရည်လာ သောက်သည့် ဗိုလ်ကြီးဟောင်း၊ လ/ထညွှန်မှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက် ၁ လက်၊ ကား ၁ စီး၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
["ကလေးမြို့ပေါ်တွင် လက်ဖက်ရည်လာ သောက်သည့် ဗိုလ်ကြီးဟောင်း၊ လ/ထညွှန်မှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက် ၁ လက်၊ ကား ၁ စီး၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ယနေ့ နံနက်ပိုင်း လက်ဖက် ရည်လာသောက်သည့် ဗိုလ်ကြီးဟောင်း၊ လက် ထောက် ညွှန်ကြားရေးမှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ကလေးမြို့ပေါ် ၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် လက်ဖက်ရည်လာသောက်သည့် စစ်မှု ထမ်းဟောင်း ဗိုလ်ကြီးဟောင်း ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း၊ ဗိုလ်ကြီးဟောင်း ငွေဇင်သည် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ကြောင်း ၊ အသက် ၅၃ နှစ်အရွယ်ရှိပြီး ၎င်းထံမှ သေနတ် ၁ လက်၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းများ၊ ကား ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။", "“ရှင်းလင်းတဲ့အဖွဲ့က အော်ပရေးရှင်းမိုမို ဆိုတဲ့ UG အဖွဲ့ ။ သူတို့က ပထမဆုံး အဖွဲ့ပဲ ကလေးမြို့မှာ ။ ဗိုလ်ကြီးဟောင်းငွေဇင် ဆီက လက်နက်၊ ကား၊ အီကွေးမန့်၊ မှန်ဘီလူးတွေရတယ်။ မနက်စောစော တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ မနက် အစောကြီး လက်ဖက်ရည်လာသောက်တာ။ အပြန်မှာ အပစ်ခံရပြီး သေတာ” ဟု ကလေးမြို့အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ဗိုလ်ကြီးဟောင်း ပစ်ခတ်ခံရပြီးနောက် ယနေ့ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များက လုံခြုံရေးအင်အား အများအပြားချပြီး စစ်ဆေးမှုများလုပ်ဆောင်နေ ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/12/76581/
ကလေးမြို့ပေါ်တွင် သားသမီး ၄ ဦး၏ဖခင် U Thian Zei Thang ကို စစ်တပ် က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်
["ကလေးမြို့ပေါ်တွင် သားသမီး ၄ ဦး၏ဖခင် U Thian Zei Thang ကို စစ်တပ် က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့‌ပေါ်တွင် သားသမီး ၄ ဦး၏ ဖခင် U Thian Zei Thang ကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း‌ ဒေသ ပြည်သူများနှင့်ဒေသတင်းရင်းမြစ် Zalen ထံမှ သိရှိရသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် ကလေးမြို့၊ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်တွင် စစ်ဆေးရေး ဂိတ်ချထား သော စစ်တပ်က ပြည်သူ ၂ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို အကြောင်း မဲ့ ရမ်းသမ်းပစ်ခတ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ဆိုင်ကယ် နောက်တွင် လိုက်ပါလာသော U Thian Zei Thang သည် ရင်ဘတ် တွင် ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးကာ ဆိုင်ကယ် မောင်းနှင်သူ မှာမူ လက် မောင်း ကျည်ဆန်ထိမှန်သွားကြောင်း သိရှိရသည်။", "“အပစ်ခံရတဲ့သူ ၂ ဦး က ပျဉ်းခုံကြီးရွာသားနှစ်ဦးပါ။ ကလေးမြို့ပေါ်မှာ စစ်တပ် က အဲဒီလိုပဲ မကြာခဏ ရမ်းကား ပစ်ခတ်လေ့ရှိပါတယ်။ အခုကလည်း ဆိုင်ကယ် ကို အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ။ အလောင်းကိုတော့ သဂြိုလ် လိုက်ပြီလို့သိရပါတယ်။ ကလေးမြို့ပေါ်မှာ အခြေအနေဆိုးပါတယ်။ ခွေးတွေက စိတ်မထင်ရင် မထင်သလို လုပ်နေပါတယ်” ဟု ကလေးမြို့ခံတစ်ဦးက ပြော ဆိုသည်။", "ဓာတ်ပုံ- ကလေးမြို့‌ပေါ်တွင် သားသမီး ၄ ဦး၏ ဖခင် U Thian Zei Thang ကို စစ်တပ်က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ထားစဉ်။"]
https://yktnews.com/2023/06/106368/
ကလေးမြို့ပေါ်နှင့် လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ
["ကလေးမြို့ပေါ်နှင့် လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် လက်ပံချောင်းရွာထဲကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇ နှစ် အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း CNO Upper Chindwin Region –UCR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဇွန်လ ၅ ရက် ည ၁၀ နာရီခန့်က ကလေးမြို့ရှိ အကြမ်းဖက် စစ်တပ်မှ လက်ပံချောင်း ကျေးရွာ အတွင်းကို လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "“လက်ပံချောင်းမှာတော့ နေအိမ် ထိခိုက်တာမသိရသေးဘူး၊ ကလေးမြို့တာဟန်းရပ်ကွက်ကတော့ နေ အိမ်တစ်လုံးထိတယ်၊ အိမ်ရှင်အမျိုးသမီးတစ်ယောက်ရယ်၊ ကလေးတစ်ယောက်နဲ့ ကလေးမိဘ နှစ်ဦး၊ အိမ်ခြေက တစ်ခြားအမျိုးသား ၂ ဦးဒဏ်ရာရတာ” ဟု CNO Upper Chindwin Region –UCR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "ထို့အပြင် ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ ၁၀ အတွင်းသို့ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့ ရာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၇ နှစ်အရွယ် ကလေး ၁ ဦးနှင့် ကလေး မိဘ ၂ ဦးနှင့် အခြားအမျိုးသား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။"]
https://yktnews.com/2025/01/200812/
ကလေးမြို့ပေါ်ရှိ စစ်ကား ၂ စီး ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ယင်းမာပင်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ကလေးမြို့ပေါ်ရှိ စစ်ကား ၂ စီး ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ဆားလင်းကြီးနှင့် ယင်းမာပင်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကိုလည်းလက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ဒရုန်း ၁ စီးနှင့် Jammer ၂ လုံး ပျက်စီးခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ GTC ကျောင်းထဲသို့ စစ်ကား အကြီး ၂ စီး ဖြင့် ဒရုန်း၊ Jammer များ သယ်ဆောင်လာသည့် စစ်သားများကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ဒရုန်း ၁ စီးနှင့် Jammer စက် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ကလေးမြို့ထဲမှ GTC ဘက်ကို အကြမ်းဖက် စစ်သား ၅၀ ခန့်တင်ဆောင်ပြီး ထွက်လာသော စစ်ကားအကြီး ၂ စီးကို အဝေးထိန်း မိုင်း ၅ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်ပြုနေဆဲဖြစ်ကြောင်း သိရှိရသည်။", "“ထိခိုက်သေဆုံးမှုက များနိုင်တယ်။ ဘယ်လောက်သေပြီး ဘယ်လောက်ထိတယ် အတိအကျ မသိ ရတာ ကားပေါ်မှာပါတဲ့သူတွေရော မြေပြင်မိုင်းရှင်းအဖွဲ့နဲ့ရောဆိုရင် ၅၀ လောက်ရှိတာ မနေ့က တိုက်ခိုက်မှုမှာဆိုရင် စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်။ လုပ်ဆောင်ခဲ့တာက သူတို့ စိုးမိုးနယ်မြေထဲမှာဆိုတာ့ သူတို့ ခံပြင်းနေမှာသေချာတယ်။ ဂျိမ်းမစ်ရှင်ဖော်ဆောင်နေတာ အခုဆိုရင် ၃ ကြိမ်ရှိပါပြီ၊ ဂျိမ်းမစ်ရှင်ဖော်ဆောင်နိုင်ဖို့ မိုင်းဘထ္ထရီ‌ တွေ အများကြီးလိုအပ်ပါတယ်၊ အရင်အဟောင်းတွေ သုံးနေရတာဆိုတော့ အားကြာကြာ မခံတွေ ဖြစ်လာတယ်။ ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ကလေး ခရိုင်မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ကလေးခရိုင်မိုင်းတပ်ဖွဲ့မှ ဦးဆောင်၍ Operation Mo Mo မြို့နယ် ပကဖ တို့ ပူးပေါင်းကာ ဂျိမ်း မစ်ရှင်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း မစ်ရှင်ဖော်ဆောင်သည့် ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၄ရက်နေ့ မွန်းလွဲပိုင်းတွင် ဆားလင်းကြီးမြို့ပေါ် အမှတ် ၂ ရပ်ကွက်တွင် တပ်စွဲထားသော စစ်စခန်းကို ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၇လုံးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်းသိရှိရသည်။", "“၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးသေစာရင်းကတော့ မသိရသေးပါ” ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို RoyalRoyal Brother၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ (CDF)၊ SPDF ချင်းတွင်းဒိုင်းနမိုက်၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊ SoLoအောင်ကြီး၊ တောဘုရင်ဗိုလ်ယက္ခ၊ ဒေါင်းတမာန်-GZ၊ မျိုးဆက်သစ်-ကိုလေး၊ 5/Fighter Group၊ တောင်ပံနီ၊ အာဏာရှင်တော်လှန်ရေး၊ တောသားကြီး ၊ဒေါင်းဖိုက်တာ၊ အညာသားကြီး၊ ဖိးနစ်၊ အညာမြေဝေကြီး၊ မုံရွာတပ်ရင်း(၂၃)၊ ကမြင်းနီ(PDF)၊ Defence Force(5/သခင်ကြီး)၊ပြည်သူအားလုံးရဲ့PK၊ BNRAခွဲ(၃)၊ BAD Tigers၊Fighter 9တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသည့် အင်အား ၁၀၀ ခန့်ရှိသော စုပေါင်းရုံးကိုလည်း ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ၂ ကြိမ်သွားရောက် ပစ်ခတ်ခဲ့ကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၃ရက်နေ့ မွန်းလွဲ ၂ နာရီ နှင့် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အထိုင်ချ တပ်စွဲထားသော စုပေါင်းရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်ခွေးသေစာရင်းကတော့ မသိရသေးပါဘူး။ အတွင်းသတင်းမပို့သေးပါဘူး။ ထိခိုက်မှုများတယ်ပဲ သိရသေးလို့ပါ။ အသေစာရင်း မသိရသေးပါဘူး။ စကစ တွေနေတဲ့ အထိုင်စခန်းပါ” ဟု စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDFမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို စစ်ကျွန်မခံမြွေဆိုးတသိုက် PDF၊ BlackEagle LPDF၊ SALINGYI BORDER TASK FORCE(SBTF)၊ Black VOTE FIGHTER အဖွဲ့တို့နှင့် ဒေသတွင်း အဖွဲ့စည်းများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/04/96171/
ကလေးမြို့မြောက်ပိုင်း ၅ ရက်ကြာတိုက်ပွဲအတွင်း စစ်သား ၂၅ ဦးသေဆုံး၊ PDF တစ်ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်
["ကလေးမြို့မြောက်ပိုင်း ၅ ရက်ကြာတိုက်ပွဲအတွင်း စစ်သား ၂၅ ဦးသေဆုံး၊ PDF တစ်ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ၅ ရက်ကြာတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်သား ၂၅ ဦးသေ ဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား ကြောင်း CNO Upper Chindwin Region-UCR (ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်းဒေသ) က ထံမှ သိရသည်။", "မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်း ထိုးဝင် ရောက်လာသော အ ကြမ်းဖက် စစ်တပ်ကို ချမ်းသာကြီးကျေးရွာနှင့် လက်ပံချောင်းရွာကြားတွင် CNDF ၊ CDF-Tonzang ၊ HNB ၊ CR ၊ PDA ၊ PDF-Zoland၊ Cangelzawl-ပကဖ၊ RKDF ၊ CDF-KKG ၊ ပျဉ်းတောဦး-ပကဖ နှင့် CDM Siyin ပူးပေါင်းပြီးခုခံတိုက်ခိုက်ခဲ့ရာ စတင်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ် သားများသည် နန်းစောင်း ပုကျေးရွာအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။", "မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီခန့်မှစတင်ပြီး ညမိုးချုပ်တဲ့အထိ ပျဉ်းတောဦးရွာ အရှေ့ဘက် သင်္ချိုင်း ကုန်းတွင် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ကလေးမြို့မှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ယင်းတိုက် ပွဲအတွင်း အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်က အသာစီးနိုင်ခဲ့သည့် အတွက် အကြမ်းဖက် စစ်ကောင်စီတပ်က ညနေ ၃ နာရီနှင့် ၄ နာရီ အကြားတွင် ခြေလျင်ဖြင့် လည်းကောင်း၊ လေကြောင်းဖြင့်လည်းကောင်း၊ လက်နက်ကြီး များဖြင့် ပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအချိန်တိုက်ပွဲတွင် အကြမ်း ဖက် စစ်သား အနည်းဆုံး ၇ ဦးသေဆုံးကြောင်း သိရသည်။", "ဧပြီ ၁ ရက်နေ့ အကြမ်းဖက် စစ်သားများ နန်းစောင်းပုရွာသို့ တပ်ပြန် ဆုတ် သွားသဖြင့် တိုက်ပွဲဖြစ်ခဲ့ ခြင်း မရှိကြောင်း၊ သို့သော်လည်း ကလေးမြို့မှ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဧပြီ ၂ ရက် နံနက် ၈ နာရီတွင် နန်းစောင်းပုရွာမှ နတ်တံခါးချောင်းအတိုင်း အနောက်ဘက်သို့ အကြမ်းဖက် စစ်သားများ တက် လာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၉ နာရီ ၁၀ နာရီ အကြားတွင် ၄၅ မိနစ် အကြာ အကြမ်းဖက်စစ်တပ်က MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး ကလေးမြို့မှလည်း လက်နက်ကြီး ဖြင့် ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။", "ဧပြီ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၃ စီးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ကာ စစ်ကူအင်အားချပေးခဲ့ကြောင်း၊ စစ်ကူမချခင် နေ့ လည် ၁၂ နာရီခွဲကစပြီး ကလေးမြို့မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ပျဉ်းတောဦးရွာမှ တပ်ဆုတ်ခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သားများက ညောင်ကုန်းရွာနှင့် ပျဉ်း တောဦးရွာထဲသို့ဝင်ရောက်ပြီး ဘန်ကာများ ဆောက်ကာ တပ်စွဲခဲ့ကြောင်း၊ တိုက်ပွဲတွင် အကြမ်ဖးက်စစ်သား ၈ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဧပြီ ၄ ရက်နေ့ ညပိုင်း ပျဉ်းတောဦးကျေးရွာတွင် တပ်စွဲထားသည့် အာဏာ သိမ်းအကြမ်းဖက် စစ်သားများကို CNDF က သွားရောက် ပစ်ခတ်ခဲ့ ပြီးအကြမ်းဖက်စစ်သားများ ထိခိုက် ဒဏ်ရာရရှိသူများရှိသော်လည်း သေ ဆုံး ဦးရေ အတိကျမသိရှိရဟု ဆိုသည်။", "ဧပြီ ၅ ရက်နေ့ နံနက်ပိုင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် များသည် ချင်းစုရွာထိပ်နှင့် နေရာ အနှံ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ရှိသည့်နေရာကို ဝိုင်းထားသဖြင့် တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ၊ လက်နက် အင်အား မမျှသဖြင့် တပ်ဆုတ်ခဲ့ရကြောင်း၊ အဆိုပါတိုက်ပွဲတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်မှ ပစ်ခတ်သည့် ၄၀ မမ ပေါက်ကွဲမှုကြောင့် CNDF ရဲဘော်တစ်ဦး အပါအဝင် ကာကွယ်ရေးပူးပေါင်း တပ်မှ ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဧပြီ ၆ ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များ ချင်းစုနှင့် ပျဉ်းတောဦး ရွာမှတပ်ပြန်ဆုတ်သွားသဖြင့် CNDF တပ်ဖွဲ့က ဝင် ရောက် ပြီး နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ပျဉ်း တောဦး-နန်းစောင်းပု ကျေးရွာလမ်းကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ၏ အလောင်း နှင့် အရပ်သားပြည်သူ ၂ ဦးရဲ့ အလောင်း တွေ့ရှိခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူတစ်ဦးမှာ ဖလမ်းမြို့နယ်၊ ဘွာလ်ခေါကျေးရွာမှ ကလေးမြို့နယ်၊ ပျဉ်းခုံကြီးရွာသို့ အလည်လာ သည့် Sui Khaw Muang (၁၈နှစ်) ဖြစ် ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ချင်းစုကျေးရွာ နှစ်ခြင်း ဘုရားကျောင်းထဲတွင် ပြုစု ကုသခဲ့ပြီး ပျဉ်းတောဦးရွာမှ လူနေအိမ် ၄ လုံး၊ စပါးကျီ ၁ လုံးမီးရှို့ခဲ့ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နှစ်ခြင်း ဘုရားကျောင်း၊ AG ဘုရားကျောင်းနှင့် ဘုရားကျောင်း ရိပ်သာ တစ်လုံးပျက်စီး ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး၏ ရုပ်အလောင်းကို မီးရှို့ထားခဲ့သည်ကို တွေ့ရှိရကြောင်း သိရသည်။", "အကြမ်းဖက်စစ်သားများက ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်းကျေးရွာက လူနေအိမ်များကို ဖောက်ထွင်း ပြီး အဖိုးတန် ပစ္စည်းများခိုးယူကာ အိမ်မွေး တိရစ္ဆာန်များသတ်ဖြတ် စားသောက်ခဲ့ပြီး ၎င်းတို့ဝင်ရောက် မှုကြောင့် ကလေး မြို့ မြောက်ပိုင်း ကျေးရွာ ၁၇ ရွာဖြစ်သည့် ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော၊ ချင်းစု၊ ပျဉ်းတောဦး၊ညောင် ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသားကြီး၊ ရာဇဂြိုလ်ကျေးရွာ စသည့်ကျေးရွာ များမှ ပြည်သူ ငါးသောင်းကျော် မြို့တွင်းနှင့် တောထဲမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။", "ကလေးမြို့မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီက အင်တာနက်ဖြတ် တောက်ထားပြီး ပြည်တွင်း ပြည်ပမှ မိဘပြည်သူများအနေဖြင့် CNO/CNDF -UCR ထံ တိုက်ပွဲအတွင်းလိုအပ်သည့် ငွေကြေးများ စိတ်အားထက်သန်စွာ ပါဝင်လှူဒါန်းသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ လတ်တလော စစ်ရေး အခြေ အနေကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် မိဘ ပြည်သူများ အနေဖြင့် ကလေးမြို့နယ် မြောက် ပိုင်းဘက်သို့ သတိထားသွားလာရန်နှင့် နယ်မြေလုံခြုံရေး စိတ်ချသည့်ချိန်မှာ ပြန်လည်အသိပေးကြေ ညာမည်ဖြစ်ကြောင်း CNDF က အသိပေးထားသည်။", "“ထွက်ပြေးနေရတဲ့ ပြည်သူတွေကို စစ်တပ်ဘက်က အတွဲလိုက်ပစ်တဲ့ ဒုံးတွေ၊ လက်နက်ကြီးတွေ အမြှောက်တွေနဲ့ ပစ်ခတ်နေတာက သိပ်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေမှာ နေ့နေ့ ညည တောတွေ တောင်တွေထဲ ပြေးလွှားနေရတယ်။ အကြမ်းဖက် စစ်တပ်က တကယ့်ကို စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်ပါ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုထားသည်။"]
https://yktnews.com/2023/03/91431/
ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် စစ်တပ်စစ်ကြောင်းတစ်ခု ချင်းပြည် နယ် ဘက်သို့ ရိက္ခာများ တင်ဆောင် ထွက်ခွာ
["ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် စစ်တပ်စစ်ကြောင်းတစ်ခု ချင်းပြည် နယ် ဘက်သို့ ရိက္ခာများ တင်ဆောင် ထွက်ခွာ", "ရန်ကုန်၊ မတ် ၉", "ချင်းပြည်နယ်ဘက်သို့ ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် စစ်ကြောင်းတစ်ခု ရိက္ခာများ တင်ဆောင် ထွက်ခွာသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "မတ်လ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် ချင်းပြည်နယ်၊ တီးတိန်ဘက်သို့ ရိက္ခာများနှင့်အတူ စစ်အင်အား ၇၀ ကျော် တက်သွားကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။", "“၁၂ ဘီးကားတွေက အရပ်သား ကားတွေ ပုံစံနဲ့ ချင်းပြည်နယ်ဘက် တက်သွားတယ်။ စစ်ကားမဟုတ်ဘူး။ စစ်သားတွေနဲ့ ရိက္ခာတွေ ပါသွားတယ်။ စစ်အင် အား ၇၀ နဲ့ ၁၀၀ ကြားလောက်တော့ရှိမယ်။ တောင်ပေါ် တက်တာ။ ချင်းပြည် နယ် တီးတိန်ဘက် ဦးတည်နေတယ်”ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "ကလေးမြို့ သတင်းရင်းမြစ်တချို့ကလည်း စစ်တပ် သံချပ်ကာ ၂ စီး၊ ပြည်သူများထံမှ အတင်းအကျပ် ချောဆွဲထားသော ၁၂ ဘီးကား ၂၈ စီးဖြင့် ချင်းပြည် နယ်ဘက်သို့ စစ်ကြောင်းတစ်ခု ထွက်ခွာသွားကြောင်း အတည်ပြု ပြောဆိုကြသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ချင်းပြည်နယ်ဘက်သို့ တက်သွားခဲ့သည့် စစ်ကားတန်း တစ်ခု။ (ပုံအဟောင်းဖြစ်သည်။)"]
https://yktnews.com/2024/03/149691/
ကလေးမြို့မှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်
["ကလေးမြို့မှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်", "ရန်ကုန်၊ မတ် ၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်ခဲ့ရောက် ခဲ့ရာ ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးခဲ့ကြောင်း Chinland Defense Force -Kalay Kabaw Gangaw – CDF KKG ထံမှ သိရသည်။", "ယနေ့မတ်လ ၉ ရက်နေ့တွင် ကလေးမြို့ မှ ရဲတပ်သား တစ်ဦးသည် G3 အမျိုးစား သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက် ၊ ကျည်ဆံ အတောင့် ၃၃၀ ၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ CDF – KKG အဖွဲ့အစည်းထံသို့ လာရောက်အလင်းဝင်ခဲ့ကြောင်း သိရသည်။", "ထို့သို့ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့သည့် ရဲတပ်သားကို CDF – KKG အဖွဲ့အစည်းမှ ဆုကြေး ငွေ ကျပ်သိန်း ၅၀ ချီးမြင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း အသိပေး ထားသည်။"]
https://yktnews.com/2023/06/108960/
ကလေးမြို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံး
["ကလေးမြို့မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၁", "စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် သာစည်ကျေးရွာမှာ စစ်ကောင်စီက ပစ်ခတ် လိုက် တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၂၀ ကျော်အမျိုးသား ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။", "ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက် ကြီး ကျည် ကျရောက် ပေါက်ကွဲလို့ အသက် ၂၀ ကျော်အမျိုးသား ၁ ဦး ကျည်စထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်။", "” စစ်တပ် စက်ဂိတ်ကနေပစ်တာ။ မနေ့ ၁၀ နာရီထိုးခါနီးအချိန်ပဲ။နောက် ကြော ကို လက်နက်ကြီးကျည်ထိမှန်ပြီးသေတာ။ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်” လို့ ဒေသပြည်သူတစ်ဦးကပြောပါတယ်။", "ကလေးမြို့တောင်ဘက်အထွက်မှာရှိတဲ့ စစ်ကောင်စီဂိတ်က လက်နက် ကြီးနဲ့ ပစ် ခတ်တာကြောင့် ကလေးမြို့တောင်ဘက် သာစည်ကျေးရွာမှ အရပ်သား ပြည်သူတဦးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။", "စစ်ကောင်စီဟာ ကလေးမြို့နယ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ရက် ဆက် ပစ်ခတ်နေပြီး ဇွန်လ ၁၈ ရက်နေ့ကလည်း လက်နက်ကြီးထိမှန်ပြီး ထိုမာ ကျေး ရွာမှ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။", "စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မူကြောင့် ဇွန်လအတွင်းပြည်သူ ၄ ဦး သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။"]
https://yktnews.com/2023/08/118191/
ကလေးမြို့မှာ ဆေးခန်းလာပြတဲ့ သားအမိနှစ်ဦးကို စစ်တပ်က သတ်ဖြတ် မီးရှို့ အလောင်းဖျောက်
["ကလေးမြို့မှာ ဆေးခန်းလာပြတဲ့ သားအမိနှစ်ဦးကို စစ်တပ်က သတ်ဖြတ် မီးရှို့ အလောင်းဖျောက်", "ရန်ကုန် ၊ ဩဂုတ် ၁၄", "စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် စက္ကန့်ရွာအနီး စစ်တပ်က သားအမိနှစ်ဦးကို သတ်ဖြတ်ကာ မီးရှို့ အလောင်း ဖျောက်ဖျက် ခဲ့တယ် ဒေသခံတွေက ပြောပါတယ်။", "ကလေးမြို့အနောက်တောင်ဘက် စက္ကန့်ကျေးရွာအဝင် ကျောက်ခွဲစက်အနီး သြဂုတ် ၁၂ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ် မီးရှိူ့ထားခဲ့တဲ့ရုပ်အလောင်းနှစ်လောင်းနဲ့ဆိုင်ကယ်တစ်စီးကို ဒေသ တော်လှန်ရေးအင်အားစုတွေကတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။", "အဆိုပါသတ်ဖြတ် မီးရိူ့ခံရတဲ့ ရုပ်အလောင်းနှစ်လောင်းဟာ ကလေးမြို့တောင် ဘက် ကျွန်းချောင်းကျေးရွာက ဒေါ်ဟွေးအီယာန် (Nu Hoi Iang ) အသက် (၅၀) ကျော် နှင့် ၊ သားဖြစ်သူ စမူအဲလ်(Samuel) အသက် (၃၀) ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။", "စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ သားအမိနှစ်ဦးဟာ ကလေးမြို့ တာဟန်း ကိုဆေးကုသဖို့ လာရောက်လာစဉ် စစ်ကောင်စီ တပ်ရဲ့ စစ်ကြောင်းနဲ့ တိုးကာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။", "ကလေးမြို့အနောက်ပိုင်းကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိစစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။", "စစ်ကြောင်းစတင်ထိုးတဲ့သြဂုတ်လ ၁၀ ရက်နေ့ညနေပိုင်းကလည်း စစ်ကောင်စီ စစ်သားတွေရဲ့ပစ်ခတ်မူကြောင့် တောင်ဖီလာရပ်ကွက်မှာ ဆိုင်ကယ်စီး လာတဲ့ အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။"]
https://yktnews.com/2023/06/108542/
ကလေးမြို့မှာ ပန်းပန်တဲ့အမျိုးသမီး ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီး
["ကလေးမြို့မှာ ပန်းပန်တဲ့အမျိုးသမီး ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီး", "ရန်ကုန်၊၊ ဇွန် ၁၉", "စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ပန်းပန်ထားတဲ့အမျိုးသမီး နှစ်ဆယ်ဝန်းကျင်ကို စစ်ကောင်စီက ဒီကနေ့ ဇွန် ၁၉ ရက်နေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။", "ကလေးမြို့၊ မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ပန်းပန်စျေးရောင်းနေကြတဲ့ လမ်းဘေးစျေးသည်တွေကို ပန်းပန်ထားလို့ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးပြီး ကားတစီးနဲ့ရဲစခန်းကိုခေါ်ဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။", "” ကားငါးစီးလောက်နဲ့လာတာ။ ရဲတွေက လမ်းပေါ်ဆင်းဖမ်းပြီး တင်ခေါ်သွားတာ။ စစ်သားတွေကတော့ကားပေါ်ကမဆင်းဘူး” လို့ဒေသခံတဦးကပြောပါတယ်။", "ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ဗိုလ်ချုပ်လမ်းဘေးမှာ မိုးမလင်းစျေးရောင်းတဲ့စျေးသည်တွေကအများစုဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးခံရတဲ့သူနှစ်ဆယ်ဝန်းကျင်ရှိပြီး အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးပါဘူး။", "” ပန်းပန်တဲ့သူတွေဖမ်းတယ်။မြို့ထဲမှာလည်း မနက်ပိုင်းစစ်ဆေးရေးကြမ်းတယ်။ ရွာဘက်တွေကိုလက်နက်ကြီးတွေနဲ့ထုတယ်။ ပြည်သူကိုအကြောက်တရားသွင်းတဲ့အလုပ်တွေလုပ်နေတာပါပဲ” လို့ ​ဒေသသတင်းရင်းမြစ်က ​ပြောပါတယ်။", "ဓါတ်ပုံ- စစ်ကိုင်းတိုင်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမူတစ်ခု။"]
https://yktnews.com/2023/07/112905/
ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ
["ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စက္ကန့်ရွာ၊ မြို့လှရွာ၊ ရှားတောရွာနှင့် စီးစံကျေးရွာများသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စီးစံကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် စက္ကန့်ရွာကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သူများမှာ အသက် ၂၆ နှစ်အရွယ် ဦးလာလာလ် နှင့် ဇနီး ဖြစ်သူ အသက် ၂၄ နှစ်အရွယ် Nu Lal Pek Hlu တို့ဖြစ်ပြီး ၎င်းတို့၏ အသက် ၃ နှစ်အရွယ်ကလေးငယ်မှာ ဦးခေါင်းထိမှန်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“ခေါင်းထိတာ ၃ နှစ်က။ မိဘတွေက ဆုံးသွားပြီ။ အိမ်ရှေ့က လက်နက်ကြီးထိတဲ့ အမျိုးသမီးက မစိုးရိမ်ရဘူး” ဟု‌ ဒေသပြည်သူတစ်ဦးမှ ‌ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်ခံရသည့် ကျေးရွာများမှာ ကလေးမြို့၏ အနောက်တောင်ဘက်တွင်ရှိကာ မြို့တွင်းနှင့် ၃ မိုင်ဝန်းကျင်ခန့် ဝေးသည့် ဝေဘူလတောင်ခြေတွင် တည်ရှိသည့် ရွာများ ဖြစ်ကြောင်း သိရှိရသည်။", "“အမြောက်တပ်ကနေ ထုတာ။ တိုက်ပွဲ မရှိဘူး။ ရွာထဲပဲ ထုတာ။ စက္ကန့်ရွာကို ကျတဲ့ဟာက ဒဏ်ရာပြင်းထန်တစ်ယောက်ရှိတယ်ကြားတယ်။ ၃ ယောက်ထိတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။"]
https://yktnews.com/2023/07/112978/
ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု လင်မယား ၂ ဦး သေဆုံးပြီး ကလေးငယ် ဦးခေါင်းကျည်ထိမှန်၊ ယနေ့သဂြိုလ်
["ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု လင်မယား ၂ ဦး သေဆုံးပြီး ကလေးငယ် ဦးခေါင်းကျည်ထိမှန်၊ ယနေ့သဂြိုလ်", "ရန်ကုန်၊ ဇူလိုင် ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စက္ကန့်ရွာ၊ မြို့လှရွာ၊ ရှားတောရွာနှင့် စီးစံကျေးရွာများသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စီးစံကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် စက္ကန့်ရွာကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သူများမှာ အသက် ၂၆ နှစ်အရွယ် ဦးလာလာလ် နှင့် ဇနီး ဖြစ်သူ အသက် ၂၄ နှစ်အရွယ် Nu Lal Pek Hlu တို့ဖြစ်ပြီး ၎င်းတို့၏ အသက် ၃ နှစ်အရွယ်ကလေးငယ်မှာ ဦးခေါင်းထိမှန်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“ခေါင်းထိတာ ၃ နှစ်က။ မိဘတွေက ဆုံးသွားပြီ။ အိမ်ရှေ့က လက်နက်ကြီးထိတဲ့ အမျိုးသမီးက မစိုးရိမ်ရဘူး” ဟု‌ ဒေသပြည်သူတစ်ဦးမှ ‌ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်ခံရသည့် ကျေးရွာများမှာ ကလေးမြို့၏ အနောက်တောင်ဘက်တွင်ရှိကာ မြို့တွင်းနှင့် ၃ မိုင်ဝန်းကျင်ခန့် ဝေးသည့် ဝေဘူလတောင်ခြေတွင် တည်ရှိသည့် ရွာများ ဖြစ်ကြောင်း သိရှိရသည်။", "“အမြောက်တပ်ကနေ ထုတာ။ တိုက်ပွဲ မရှိဘူး။ ရွာထဲပဲ ထုတာ။ စက္ကန့်ရွာကို ကျတဲ့ဟာက ဒဏ်ရာပြင်းထန်တစ်ယောက်ရှိတယ်ကြားတယ်။ ၃ ယောက်ထိတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။", "လက်နက်ကြီးထိမှန်သော လင်မယား ၂ ဦးကို ယနေ့သဂြိုလ်လိုက်ပြီး ၎င်းတို့၏ ဒဏ်ရာရ ကလေးငယ်မှာမူ မိဘမဲ့ အဖြစ် ကျန်ရစ်ခဲ့ကြောင်း သိရှီရသည်။"]
https://yktnews.com/2023/10/126171/
ကလေးမြို့ရှိ စက္ကန့်ရွာကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေ၊ စစ်သားများ ရွာထဲ၌ တပ်စွဲထားပြီး အနီးနားရှိ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ကလေးမြို့ရှိ စက္ကန့်ရွာကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေ၊ စစ်သားများ ရွာထဲ၌ တပ်စွဲထားပြီး အနီးနားရှိ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စက္ကန့်ရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင်လည်း ထပ်မံ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး စက္ကန့်ရွာကို စစ်ကြောင်းထိုးကာ ရွာထဲတွင် တပ်စွဲထားပြီး မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။", "“စက္ကန့်မှာပဲ ခွေးတွေက။ အခု စက္ကန့်ရွာကိုရှို့နေကြပြီ။ ၇ ရက်နေ့ကတည်းက နေပြီး ရှို့နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုနခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် စက္ကန့်ကျေးရွာတွင် အထိုင်ချ၍ အနီးနားရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ကလေးတောင်ပိုင်း ရှားတောကျေးရွာအုပ်စုအတွင်းရှိ ထောင်နှင့်ချီသော ပြည်သူများ အောက်တိုဘာ ၇ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှားတောကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး လမ်းဘေး သစ်ပင်များနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ဒေသပြည်သူများက နေအိမ်များရှိ ကြက်၊ ဝက်၊ နွား၊ ငှက် အစရှိသည့် အိမ်မွေး တိရစ္ဆာန်များ အစားအစာ ကျွေးမွေးရန် တော်လှန်ရေးရဲဘော်များကို အကူအညီ တောင်းခံခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်များက သွားရောက် ကျွေးမွေးခဲ့ရကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“ဘယ်နေ့က လက်နက်ကြီးကျတယ်လို့ မသိရဘူး။ စနေနေ့က စရှောင်ကြလို့ ပြည်သူတစ်ယောက်မှ မကျန်ဘူး ရွာထဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "လက်ရှိတွင် ရှားတော ၊ ဆင်တော၊ မြောင်းဆုံ၊ စီးစံ ကျေးရွာမှ ဒေသပြည်သူများမှာ ဘေးကင်းမည်ထင့်နေရာများသို့ တိမ်းရှောင်နေကြရပြီး နေရာဒေသအသီးသီးမှ တာဝန်ယူစောင့်ရှောက်ကျွေးမွေးထားသော်လည်း စစ်ကြောင်းရက်ကြာလာသည်နှင့် အမျှ စားနပ်ရိက္ကာနှင့် ဆေးဝါးအကူအညီများ အရေးတကြီး လိုအပ်လာနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/07/115762/
ကလေးမြို့ရှိ ဆည်မြောင်းရုံးအနီးတွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက်ပြတ်
["ကလေးမြို့ရှိ ဆည်မြောင်းရုံးအနီးတွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက်ပြတ်", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ဆည်မြောင်းရုံးအနီးတွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက်ပြတ်ကာ ဆေးကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဇူလိုင် ၂၉ ရက်နေ့တွင် ကလေးမြို့၊ ဆည်မြောင်းရုံးအနီးရှိ ကျန်စစ်သားလမ်းဘေးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိ၍ ဘူးခွံသွားကောက်သည့် ပြည်သူ ၁ ဦး ‌ဘယ်ခြေထောက်ဖြတ်တောက်လိုက်ရကြောင်း၊ အဆိုပါ ဆည်မြောင်းရုံး ပတ်ပတ်လည်တွင် အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့များ လာရောက် ပစ်ခတ် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ခြေနင်းမိုင်းများ ထောင်ထားခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“စစ်ခွေးတွေက ဆည်မြောင်းနီးနားက လူတွေကို ပြောထားပြီးသား အနီးတစ်ဝိုက်မသွားနဲ့ အကုန်မိုင်းထောင်ထားတာလို့ အသက် ၃၁ ၊ ဘယ်ခြေပြတ် နာမည် မသိရဘူး။ အခု စစ်ဆေးရုံမှာ ကုသမှု ခံယူနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2023/07/111558/
ကလေးမြို့ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ဆဲဗင်း ဇူလိုင်အကြို ဟောပြောပွဲ ပြုလုပ်
["ကလေးမြို့ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ဆဲဗင်း ဇူလိုင်အကြို ဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၆", "ကလေးမြို့ရှိ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့၌ ဆဲဗင်းဇူလိုင် အကြို ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဟောပြောပွဲကို ကလေးမြို့နယ် သပိတ်ကော်မ‌တီ၊ ယင်းမာပင်-ဆားလင်းကြီးနယ် ရွာပေါင်းစုံ သပိတ်ကော်မတီနှင့် လက်ပံတောင်းတောင် လူထုသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/119592/
ကလေးမြို့ရှိ သာစည်ကျေးရွာကို ၉ ရက်မြောက်နေ့ အဖြစ် စစ်တပ်က ထပ်မံမီးတင်ရှို့
["ကလေးမြို့ရှိ သာစည်ကျေးရွာကို ၉ ရက်မြောက်နေ့ အဖြစ် စစ်တပ်က ထပ်မံမီးတင်ရှို့", "ရန်ကုန်၊ ဩဂုတ် ၂၄", "စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာကို အကြမ်းဖက်စစ်တပ်မှာ ၉ ရက်မြောက်နေ့အဖြစ် ယနေ့ ဩဂုတ် ၂၄ ရက်နေ့တွင်လည်း ထပ်မံ မီးတင်ရှို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“၉ရက်မြောက်နေ့ အဖြစ် အခုပဲ စရှို့တာနေတယ် သာစည်ရွာကို” ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "လက်ရှိအချိန်ထိ အကြမ်းဖက် စစ်တပ်က သာစည်ကျေးရွာအတွင်း တပ်စွဲထားပြီး နေ့စဉ်နှင့် အမျှ ရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "သာစည်ကျေးရွာသည် အိမ်ခြေ ၁၅၀၀ ရှိ ရွာကြီးဖြစ်ပြီး ဩဂုတ်လ ၁၅ ရက်နေ့မှ စ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်တပ်က သြဂုတ်လ ၁၆ ရက်နေ့က စတင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်"]
https://yktnews.com/2023/08/118508/
ကလေးမြို့ရှိ သာစည်ကျေးရွာသို့ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် များတွင် ဓာတုအဆိပ်ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦး ခန့် အဆိပ်သင့်၍ ဆေးဝါးကုသမှုခံယူရ
["ကလေးမြို့ရှိ သာစည်ကျေးရွာသို့ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည် များတွင် ဓာတုအဆိပ်ဓာတ်ငွေ့များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦး ခန့် အဆိပ်သင့်၍ ဆေးဝါးကုသမှုခံယူရ", "ရန်ကုန်၊ ဩဂုတ် ၁၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာသို့ အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များတွင် ဓာတုအဆိပ် ဓာတ်ငွေ့ များ ပါဝင်နိုင်ဖွယ်ရှိပြီး ပြည်သူ ၂၀ ဦးခန့် အဆိပ်သင့် ဆေးဝါးကုသ မှုခံယူခဲ့ ရကြောင်း ဆေးဝါးကုသပေးနေသည့် ဆေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။", "အဆိုပါ လက်နက်ကြီးများကို အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲရာတွင် မည်းမည်း ညစ်ညစ် မီးခိုးများ ထွက်ရှိလာကာ အနံ့သည် စိမ်းရွှေရွှေဖြစ်ကြောင်း၊ အနံ့ရှူရှိုက်မိရာတွင်လည်း လည်ပင်းထဲတွင် စပ်ရှရှဖြစ်ခြင်း၊ အပူချိန် တက်ခြင်း၊ သွေးပေါင်ချိန် ကျ၍ ခန္ဓာကိုယ် နုံးချိ လက်ထိပ်ခြေထိပ်ကျင်တက်ခြင်း၊ အသက်ရှူမဝခြင်း ၊ ခေတ္တ သတိလစ်မေ့မျောခြင်း လက္ခဏာများ တွေ့ရှိခဲ့ရကြောင်း ဆေးတပ်ဖွဲ့ရဲ ဘော် တစ် ဦးက ပြောဆိုသည်။", "“လူတော့မသေဘူး အဲဒီဟာက။ မူးဝေ ပျော့ခွေပြီး မပြေးနိုင်တာတွေဖြစ် ကုန်တာ။ ရေလောင်းရင်လည်း မီးကလောင်သေးတာ သူတို့ဗုံးသီးတွေက။ ခုပစ်နေတဲ့ဟာတွေ အရင်က မသုံးဘူး။ ခု ဒကစမှူးအသစ် အောင်နိုင်ဦး သူရောက်မှ စသုံးတာ”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကြီးအမျိုးအစားသိစေရန် အတည်ပြု နိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် သာစည် ကျေးရွာသို့ ဩဂုတ်လ ၁၅ ရက်နေ့တွင် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးခဲ့ပြီး လက်နက်ကြီးပစ်ခတ်ရာတွင် ၄ လုံးခန့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲပစ်ခတ်‌ခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် သာစည်ကျေးရွာတွင် ရှိနေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဆေးတပ်ဖွဲ့က ကုသမှုပေးနေစဉ်။"]
https://yktnews.com/2023/08/116247/
ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး
["ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို မိုင်းခွဲ တိုက်ခိုက်မှု ၁ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို မိုင်းခွဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၃ ရက်နေ့တွင် ကလေးမြို့ရှိ အ.ထ.က ၂ ကျောင်းရှေ့၌ စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို အမည်မသိ တော်လှန်ရေး အင်အားစုများက မိုင်းခွဲတိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။", "“၃ ယောက်လှုပ်တောင် မလှုပ်နိုင်ဘူး။ ဒရွတ်တိုက် အမှိုက်သိမ်းတဲ့ကားပေါ်ဆွဲတင်သွားတယ်။ အဲဒီထဲက အကုန်သေ မသေ မသိသေးဘူး။ မိုင်းခွဲတာက ၁ ယောက်သေတယ်” ဟု ဒေသပြည်သူ ၁ ဦးမှ ပြောကြားသည်။", "မိုင်းထိ၍ စစ်သား ၁ ဦး သေဆုံးချိန်တွင် အကြမ်းဖက်စစ်သားများက ရမ်းသမ်း ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ၎င်းတို့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ပေါင်ကို သေနတ်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“မနက်က မိုင်းထိပြီး စခတွေ ရမ်းပစ်တာမှာ ပြည်သူထဲက ပေါင် သေနတ်မှန်၊ တစ်ယောက် ကျောင်းနားကလို့ပြောတယ်။ အသက် ၆၅ တော့ အနည်းဆုံးရှိမယ် အမျိုးသား။ အသက်တော့ မစိုးရိမ်ရဘူး “ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များသည် တိုက်ခိုက်ခံရပြီးနောက် ၁ ဦး သေဆုံးကာ ၃ ဦး မလှုပ်နိုင်ဖြစ်ခဲ့သည့်အတွက် ကျန် အကြမ်းဖက်စစ်သားများသည် လဲကျသွားသူများကို အမှိုက်ကားနှင့် ဆွဲတင်၍ မောင်းပြေးသွားကြောင်းလည်း သိရှိရသည်။"]
https://yktnews.com/2023/10/126295/
ကလေးမြို့ရှိ အင်တိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီး
["ကလေးမြို့ရှိ အင်တိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီး", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အင်တိုင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်း၌ အကြမ်းဖက် စစ်တပ်က အင်တိုင်းကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေက နံနက်ပိုင်းကစပြီး မီးရှို့နေတာ။ ရွာထဲမှာတော့ ပြည်သူတွေ မရှိတော့ဘူး။ စစ်ရှောင်နေကြပြီ ပြည်သူတွေက စနေနေ့တည်းက စပြီးရှောင်နေကြတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး စက္ကန့်ရွာကို စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲပြီး စက္ကန့်ရွာနှင့် အင်တိုင်းကုန်းရွာတို့ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/12/134089/
ကလေးမြို့ရှိ အင်ဒိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ မုံရွာမြို့နယ်ရှိ ကြာပိုင်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပျက်စီး
["ကလေးမြို့ရှိ အင်ဒိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ မုံရွာမြို့နယ်ရှိ ကြာပိုင်ကျေးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "စစ်ကိုင်းတိုင်း ကလေးတောင်ပိုင်းရှိ အင်ဒိုင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က အင်ဒိုင်းကုန်းကျေးရွာအတွင်း တပ်စွဲနေထိုင်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းလည်း မရှိကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ယနေ့ မီးရှို့ဖျက်ဆီးမှုကြောင့် ခန့်မှန်းခြေ ၄ အိမ်ခန့် ပျက်စီးနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ မထွက်ဘူးလေ ကြာပြီ။ အဲဒီမှာ နေကြတော့တာ အိမ်တွေမှာ။ တစ်ခါတစ်ခါ အရူးထပြီး သူတို့ရှို့နေကြတာ။ စက္ကန့်ရွာကတော့ ကုန်သလောက်ရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်က မြို့လှရွာ၊ အင်ဒိုင်းကုန်းရွာ၊ စက္ကန့်ရွာ၊သာစည်ရွာနှင့် ဇင်းကလင်းရွာများထဲတွင် ဝင်ရောက်နေထိုင်၍ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ လနှင့်ချီ၍ ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အလားတူ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာကိုလည်း ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ အကြမ်းဖက်စစ်တပ်နှင့် တောပုကျေးရွာမှ ပျူစောထီးများက ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း မုံရွာ- အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကြာပိုင်ကျေးရွာတွင် နေအိမ် ၁၀ လုံးထက် မနည်း လောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/188756/
ကလေးမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို စစ်တပ်က ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး
["ကလေးမြို့အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို စစ်တပ်က ဥပဒေမဲ့ ပြန်လည်ဖမ်းဆီး", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ မော်လိုက်အကျဉ်းထောင်မှ လွတ်ရက်စေ့၍ ပြန် လည်လွတ်‌မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းထက်ကို အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ကိုဇော်မင်းထက်သည် ကလေးမြို့‌၊ မော်လိုက်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ်ချခံခဲ့ရပြီးနောက် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာစဥ် စစ်တပ်၏ ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“ဒကစမှူး အောင်နိုင်ဦးက အကျဉ်းထောင်က လွတ်ရက်စေ့လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေကို စစ်တပ်ဝန်းထဲမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ပြီး ငွေငါးသိန်းကနေ သိန်းနှစ်ဆယ်အထိ ငွေညှစ်လေ့ရှိပြီး ပေးနိုင်တဲ့သူမှ ပြန်လွတ်ပေးတာမျိုးလုပ်ဆောင်နေပါတယ်။ ကိုဇော်မင်းထက်ကိုတော့ သူတို့လိုချင်တဲ့ငွေပမာဏ မပေးနိုင်သည့်အတွက် မတရားပုဒ်မတွေ ကပ်ပြီး မြို့မ ရဲစခန်းမှာ လက်ရှိထိ ချုပ်နောင်ခံထားရဆဲဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်သည် မော်လိုက်အကျဉ်းထောင်မှ လွတ်သည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကိို မိသားစုဝင်များထံ ချက်ခြင်းမပို့ဆောင်ဘဲ ကလေးမြို့မရဲစခန်းနှင့် ကလေးမြို့ရှိ ဒကစမှ အကြမ်းဖက်စစ်သားများပေါင်း၍ ငွေတောင်းခံလေ့ရှိပြီး မပေးနိုင်သူများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ပြန်လည်ဖမ်းဆီးပြီး မတရားပုဒ်မများကပ်၍ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လျက်ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။", "ကိုဇော်မင်းထက်လွတ်သည့်နေ့တွင်လည်း အကျဉ်းထောင်မှတစ်ဆင့် မလွတ်ပေးခဲ့ဘဲ မြို့မရဲစခန်းကို ပို့ဆောင်၍ ချုပ်နှောင်ခဲ့ပြီးနောက် ကလေးမြို့ ဒကစ သို့ ပို့ဆောင်၍ တစ်ပတ်ခန့် ဥပဒေမဲ့ချုပ်နှောင်ခဲ့ကာ ကိုဇော်မင်းထက်ကို ထပ်တိုးပုဒ်မများဖြစ်သည့် မတရားပုဒ်မ ၅၂္-က နှင့် ပုဒ်မ ၅၀-ည တို့ဖြင့် ထပ်မံတရားစွဲဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အပြစ်မရှိဘဲ ပြန်လည် ဖမ်းဆီးခြင်းမှာ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည့်အပြင် ငွေကြေးမရ၍ ထပ်မံချုပ်နှောင်ခြင်းမှာ လူသားတစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်များကိုပင် အကြောက်တရားများဖြင့် ဖိနှိပ်ခြင်းဖြစ်ကြောင်း၊ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံ‌နေရခြင်းပင် ဖြစ်ပြီး ဖမ်းဆီးခံရသူ ကိုဇော်မင်းထက်အား အမြန်ဆုံး မိသားစုထံ ပို့ဆောင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က တောင်းဆိုထားသည်။", "“နောက်အမှုကပ်တယ်ဆိုရင်တောင် သူတို့ စတင်ဖမ်းဆီးတဲ့အချိန်မှာ ကပ်လို့ရတယ် တရားစွဲပြီးမှ ထောင်ချလို့ရတယ်။ ဒီလိုအခြေအနေမျိုးမှာ ၅၀၅ နဲ့ လွတ်ရက်စေ့ပြီးကာမှ ထောင်ထဲက လွတ်မောက်လာတဲ့လူကို အခုလိုမျိုး အဓိပ္ပါယ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ နှစ်ရှည်ချလို့ရတဲ့ ပုဒ်မတွေ ကပ်ပြီး ဖမ်းဆီးလိုက်တာဟာ နောက်လွန်လာမယ့် နိုင်ကျဉ်းတွေ ငွေကြေးမပေးနိုင်ရင် အလားတူပုံစံနဲ့ ဖြစ်ရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး သူတို့ ကိုဇော်မင်းထက်ကို စံပြအနေနဲ့ လုပ်ပြတယ်လို့ ယူဆပါတယ်။ လွတ်ရက်စေ့တဲ့ လူကို မိနစ်တောင်မှ မခြားဘဲ မိသားစုရင်ခွင်ဆီကို အပြည့်အဝပြန်လည်ပို့ပေးရမှာ ဖြစ်ပါတယ်။ ဒါကို အကျဉ်းထောင်လက်စွဲဥပဒေမှာလည်း တရား ဝင်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2024/10/189707/
ကလေးမြို့အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ဖလမ်းမြို့တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄ ဦး ထိခိုက် ဒဏ်ရာရ
["ကလေးမြို့အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ဖလမ်းမြို့တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၄ ဦး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးရှိ ထိုမာရွာနားတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့အနီးရှိ ထိုမာရွာနားတွင် ဆန်အိတ်သယ်ရန် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှည် ပစ်ခတ်မှု ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူတို့က မနက်ပိုင်း ထိုမာရွာ ဘူတာနားကို ဆန်အိတ်တွေသယ်ဖို့လာတာမှာ တော်လှန်ရေး တပ်ဖွဲ့တွေက လှမ်းပစ်ကြတာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကလေးမြို့ရှိ နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ဖြစ်ပြီး နည်းပညာတက္ကသိုလ်နှင့် မိုင်ဝက်လောက်သာဝေးသည့် ထိုမာကျေးရွာကို လာရောက်စဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး ထိုမာရွာထဲကို ဒရုန်းများ ပျံဝဲခဲ့ကြောင်း သိရှိရသည်။", "အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်ပြီး အောက်တိုဘာ ၂၇ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "ဖလမ်းမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဖလမ်းမြို့ထဲတွေကို လာရောက်လေ့မရှိဘဲ ၎င်းတို့ တပ်စွဲထားသော တပ်ကုန်း ဝန်းကျင်၌သာ နေထိုင်လေ့ရှိပြီး အောက်တိုဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့ အ.ထ.က (၁) ကျောင်းထဲ၌ တပ်စွဲရန် စစ်ကြောင်းထွက်လာသောကြောင့် CNDF နှင့် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ပြီး မြို့နေ ပြည်သူ ထက်ဝက်ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။", "“တော်လှန်ရေး အင်အားစုတွေဘက်ကနေ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တယ်နေပါတယ်။ မြို့နေ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိတယ်” ဟု ဒေသတွင် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အောက်တိုဘာ ၂၆ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့ပေါ်မှ အမျိုးသမီး ၁ ဦး၊ တောင်ယာလုပ်နေသည့် ဒေသနေ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသနေ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီက ဖလမ်းမြို့နယ်ရှိ ပြည်သူများကို သတ်ဖြတ်မှုများ လုပ်ဆောင်လာခြင်းကြောင့် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်၍ ဖလမ်းမြို့နယ်ပြည်သူများအနေဖြင့် စစ်ရေး အခြေအနေကို သတိထား၍ နေထိုင်ကြရန် CNDF က အောက်တိုဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။", "Photo – ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများ"]
https://yktnews.com/2023/08/119046/
ကလေးမြို့၊ စက္ကန့်ကျေးရွာကို စစ်တပ် ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များကို PDF တပ်ဖွဲ့က ရှင်းလင်းရေး ပြုလုပ်
["ကလေးမြို့၊ စက္ကန့်ကျေးရွာကို စစ်တပ် ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များကို PDF တပ်ဖွဲ့က ရှင်းလင်းရေး ပြုလုပ်", "ရန်ကုန်၊ ဩဂုတ် ၂၀", "စစ်ကိုင်းတိုင်း ကလေးမြို့စက္ကန့်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကို ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် တွေ့ရှိ၍ ရှင်းလင်းဖယ်ရှားပေးခဲ့ရကြောင်း မိုင်းရှင်းလင်းရေးအဖွဲ့ထံမှ သိရှိရသည်။", "အကြမ်းဖက် စစ်တပ်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများထဲမှ ၆၀ မမ လက်နက်ကြီးကို မပေါက်ကွဲသေးဘဲ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ၆၀ မမ ကို ပြည်သူတွေက တွေ့ပြီး အကြောင်းကြားခဲ့ပါတယ်။ ရှိနေမှာ လက်နက်ကြီး အကြွင်းအကျန်တွေက။ အဲဒါတွေ တွေ့ရင်", "ထိတွေ့ကိုင်တွယ်တာ၊အနားကို ကပ်ကြည့်တာ၊ အနီးအနား သွားလာတာ လုံးဝမပြုလုပ်ကြဘဲ သက်ဆိုင်ရာ ရှင်းလင်းရေး အဖွဲ့ကို ဆက်သွယ် အကြောင်းကြား ပေးကြပါရန် သတိပေးလိုပါတယ်” ဟု မိုင်းရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် ကလေးမြို့ အနောက်တောင်ဘက် စက္ကန့်ကျေးရွာအတွင်း ဩဂုတ် ၁၀ ‌ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာမှ မပေါက်ကွဲသေးသည့် လက်နက်ကြီးကို တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/08/118083/
ကလေးမြို့၊ စက္ကန့်ရွာအနီး ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်
["ကလေးမြို့၊ စက္ကန့်ရွာအနီး ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်", "စက္ကန့်ရွာကိုလည်း စစ်တပ်က ဝင်ရောက် မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဩဂုတ် ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက္ကန့်ရွာအနီး ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၂ ရက်နေ့တွင် စက္က့န်ကျေးရွာအနီးရှိ ကျွန်းချောင်းမှ ဆေးခန်းလာပြသည့် သားအမိ ၂ ဦးကို အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ပြီး ဆိုင်ကယ်နှင့်အတူ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ပစ်ခတ် သတ်ဖြတ် သတ်ဖြတ်ခဲ့သည့် သားအမိ ၂ ဦးမှာ အသက် ၅၀ ဝန်းကျင် ဟွေးအိယာန် နှင့် အသက် ၃၀ ဝန်းကျင် စမူအဲလ်တို့ ဖြစ်ကြောင်း သိရှိရသည်။", "“ဆေးကုသွားရင်း အပြန် စက္ကန့်ကို ခွေးတွေက ဝင်ကပ်ဖို့ ကြိုးစားနေချိန်တွေ့သွားတာ။ အပစ်ခံရတာက ၄ ယောက်၂ ယောက်က တစ်ယောက်က ဒူးခေါင်းမှာ ကျည်မှန်ပေမယ့် လွတ်မြောက်သွားပြီး ကျန် ၂ ဦးက ပစ်ခတ်ရပြီး မီးရှို့ဖျောက်ဖျက်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယင်း အကြမ်းဖက်စစ်တပ်သည် စက္ကန့်ရွာမှ ပြန်ထွက်ချိန်တွင် ရွာပတ်လည်တွင် မိုင်းများ ထောင်ထားခဲ့ပြီး တော်လှန်ရေးအဖွဲ့ များမှ မိုင်းများကို ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း ၊ စက္ကန့်ရွာထဲတွင်လည်း ပြည်သူများ နေအိမ်ကို မွှေနှောက်ခြင်းအပြင် ကားများ ၊ လုပ်ငန်းသုံးယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/03/151792/
ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် စစ်တပ်က လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး
["ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် စစ်တပ်က လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂၀", "စစ်ကိုင်းတိုင်း၊ ကလေးမြို့ စမ်းမြို့ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အသိပေးခြင်းမရှိဘဲ လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။", "မတ်လ၁၈ ရက်နေ့ ၉ နာရီခန့်တွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ကမ္ဘောဇဘဏ် ၂ အနီးတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အသိပေးခြင်းမရှိဘဲ လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "“ဘဏ်နားက တံတားမှာ ထောင်ထားတဲ့ ဗုံးကို စစ်သားတွေက လူတွေ သွားလာနေတုန်းမှာ သေနတ်နဲ့ ပစ်ပြီးခွဲတာ။ ဆိုက်တွဲနဲ့လာတဲ့ ဆိုက်တွဲသမားရော၊ ကလေးရော ဗုံးစထိပြီး ကလေးသေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဗုံးကို အဝေးမှ သေနတ်ဖြင့်ပစ်ခွဲချိန်တွင် လမ်းပိတ်ခြင်းနှင့် လမ်းသွား လမ်းလာ ပြည်သူများကို သတိပေးခြင်းမရှိသောကြောင့် ဗုံးပေါက်ကွဲချိန်တွင် အသက် ၅ နှစ်အရွယ် မောင်ထန်းရှန်ဗန် သည် ပြင်းထန် ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ဘေးတွဲ ဆိုင်ကယ်မောင်းနှင်သူလည် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လမ်းမကြီးမှာဆိုတော့ စဥ်းစားစရာပေါ့။ PDF ကထောင်ရင်လည်း ဒီလိုပြည်သူတွေသွားလာတဲ့လမ်းမကြီးမှာ ထောင်မှာမဟုတ်ဘူးလို့ ထင်တယ်” လို့ ဒေသနေပြည်သူ တစ်ဦးကပြောဆိုသည်။", "(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)"]
https://yktnews.com/2023/08/118306/
ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံး
["ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်တွင် စစ်တပ် ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၄", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ဘူတာလမ်းခွဲအနီးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယနေ့သြဂုတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ထောင်ထားသည့် မိုင်းကြောင့် သေဆုံးရသည့် ပြည်သူမှာ အသက် ၃၉ နှစ်အရွယ် ဦးလွင်လန်ထမ် ဖြစ်ပြီး ကလေး ၃ ဦး၏ ဖခင်ဖြစ်ကြောင်း၊ မိုင်းကြောင့် ခြေထောက်နှစ်ဖက် ပြတ်ထွက် ဒဏ်ရာနှင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "“ဦးလွင်လမ်ထန်း အသက် ၃၉ နှစ်၊။ ရုပ်အလောင်းကို ရဲခွေး စစ်ခွေးတွေက လူနာတင်ကားနဲ့ လာသယ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။", "မိုင်းပေါက်ကွဲခဲ့သည့် နေရာတစ်ဝိုက်သည် အကြမ်းဖက် စစ်သားများ လှုပ်ရှားသွားလာလေ့ရှိပြီး ထိကွဲ ၊ နင်းမိုင်း၊ တိုက်မိုင်းများသည် အကြမ်းဖက်စစ်တပ် အသုံးပြုလေ့ရှိသည့် မိုင်းများ ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် စစ်တပ်နှင့် ဝေးဝေးနေရန်နှင့် ဖုံးအုပ်ထားသည့် အထုပ်များရှိရာ နေရာသို့ သွားလာသည့်အခါတွင်လည်း မသင်္ကာစရာအနေအထားနှင့် ပစ္စည်းများ တွေ့ပါက ကောက်ယူကြည့်ရှုကိုင်တွယ်ခြင်း မလုပ်ကြရန် သတိပေးလိုကြောင်း တော်လှန်ရေးရဲဘော်များက ပြောကြားသည်။"]
https://yktnews.com/2023/07/112518/
ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နှင့် ကြို့သုံးပင်ရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦး သေဆုံး
["ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နှင့် ကြို့သုံးပင်ရပ်ကွက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန် ၊ ဇူလိုင် ၁၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်နှင့် ကြို့သုံးပင်ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် တောင်ဖီလာ ရပ်ကွက်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး လက်နက်ကြီးထိမှန်ကာ နေအိမ်အတွင်းရှိ မောင်နှမ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အစ်မ ဖြစ်သူမှာ လည်ပင်းကို ကျည်ဆထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ မောင်ဖြစ်သူမှာ ရင်ဘတ် ကျည်ဆထိမှန် ဒဏ်ရာနှင့် အရေးပေါ် ဆေးရုံတင်ကုသနေရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "“တောင်ဖလာရပ်ကွက်ကျတဲ့ တစ်လုံးက တစ်ယောက် သေတယ်။ မောင်နှမတွေ အသက် ၅၀ ကျော်ပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးသည် ကြို့သုံးပင်ရပ်ကွက်ရှိ ဆေးခန်းဘေးကို ထပ်မံ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆေးခန်းအပါအဝင် ဆိုင်ကယ်များ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "“တောင်ပေါ်သိုင်းငင်းကို ထုတာ လက်နက်ကြီးက ။ ကြို့သုံးပင်ကျတဲ့ဟာက လူထိခိုက်မရှိဘူး “ ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "တီးတိန်မြိုန့ယ် စီးယင်းဒေသ သိုင်းငင်းကျေးရွာအတွင်းရှိ စစ်ကောင်စီ၏ ကင်းစခန်းကို တော်လှန်ရေးအဖွဲ့များက ယနေ့ ဇူလိုင် ၁၁ ရက်နေ့တွင် တိုက်ခိုက်စီးနင်းခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ သိုင်းငင်းဘက်သို့ လက်နက်ကြီးများ ပစ်ကူခဲ့ကြောင်း၊ သိုင်းငင်း ကင်းစခန်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှာ အမြောက်အမြားသေဆုံး၍ လက်နက်ခဲယမ်းများကို တော်လှန်ရေးအဖွဲ့များဘက်မှ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေး ရဲဘော်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောပြသည်။"]
https://yktnews.com/2023/06/107350/
ကလေးမြို့၊ ထိုမာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် အချို့ ထိခိုက်ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ
["ကလေးမြို့၊ ထိုမာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် အချို့ ထိခိုက်ပျက်စီးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁၃", "စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းရှိ ထိုမာရွာကို ဇွန်လ ၁၂ ရက်နေ့ ညပိုင်း၌ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "“ရွာတောင်ဘက်ပိုင်းက ကြက်ခြံဝန်းထဲကျတာ။ အဲညတုန်းကဟာက ၂၂၈ ကထုတယ် ၃ ချက်လောက်။ ဒကစထဲကနေလည်း ထုတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖစ်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြကြောင်း၊ လက်နက်ကြီးများမှာ ရွာတောင်ဘက်သို့ ၁ လုံး၊ မြောက်ဘက်ရွာစပ် ၁ လုံး၊ ရွာအရှေ့နားသို့ ၁လုံးနဲ့ ရွာတောင်ပိုင်းဘက်ကို ၁ လုံးကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး အခြားနေရာများသို့လည်း လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီဝင်များ တပ်စွဲထားသည့် ဇင်းကလင်းရွာသို့လည်း တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးဖြင့် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98704/
ကလေးမြို့၊ ထိုမာရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး
["ကလေးမြို့၊ ထိုမာရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ထိုမာရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပန်းရံ လုပ်နေသည့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” ထိုမာကျေးရွာကို ကလေးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်လို့ ရွာထဲမှာ ပန်းရံ လုပ်နေတဲ့ ပြည်သူ ၂ ဦးသေဆုံးတယ်လို့ သိရတယ်။ လက်နက်ကြီး ၄ လုံးလောက် ရွာထဲကျတယ်။ ဘာတိုက်ပွဲမှ မရှိဘူး။ စစ်ခွေးတွေက ရမ်းပစ်နေတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2022/12/73102/
null
["ကလေးမြို့၊ နန်းချောင်းရွာကို စစ်တပ် မီးရှို့မှု ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပြာကျ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့ နန်းချောင်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းအပါအဝင် နေအိမ် ၂၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းချောင်းရွာကို ခွေးတွေ မီးရှို့ တာ နေအိမ်၁၉ ပါသွားတယ်။ ခရစ်ယာန် ဘုရားကျောင်းလဲပါတယ်။ ရွာထဲ မဝင်နိုင်သေးဘူး။ ခွေးတွေ ရှိနေလို့ နေအိမ် အရေအတွက် အတိအကျ မပြောနိုင်ပေမယ့် နေအိမ် ၂၀ ​ကျော်လောက် ပြာကျသွားပြီလို့ သိထားရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်းချောင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ကျေးရွာအတွင်း တပ်စွဲထားသောကြောင်း သိရသည်။"]
https://yktnews.com/2023/04/95400/
ကလေးမြို့၊ ပျဉ်တော်ဦးရွာကို စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၊ တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံး
["ကလေးမြို့၊ ပျဉ်တော်ဦးရွာကို စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၊ တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်တော်ဦးကျေးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း CNO Upper Chindwin Region-UCR ထံမှ သိရသည်။", "ယနေ့ဧပြီလ ၂ ရက် နံနက် ၈ နာရီခန့်က စတင်ပြီး ကလေးမြို့ မြောက်ဘက် ပျဉ်းတောဦးရွာ(Tuingo) နှင့် မင်းလှရွာ (Zotlang) ကြားရှိ နတ်တံခါးချောင်းမှ အကြမ်းဖက်စစ်သားများသည် အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ကာ ကလေးမြို့မှ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ကူ ပေး နေသည့်အပြင် နံနက် ၁၀ နာရီခန့်ကစတင်ပြီး အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။", "“အခုကလေးမြို့မြောက်ပိုင်း လက်ပံချောင်း၊ ပျဉ်တော်ဦးဘက်ကို ခွေးတွေ လေကြောင်းနဲ့ တိုက်ခိုက် ပြန်ပြီ၊ MI 35 နံစစ်ခွေးတွေက လာပစ်နေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယင်းတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိအခိုက်မရှိခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့ က တိုက်ပွဲတွင် ဒဏ်ရာရ အကြမ်းဖက်စစ်သား ၂ ဦးကို ၎င်းတို့တပ်ဖွဲ့များမှ ပစ်ထားခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ အရေးပေါ်ဆေးဝါးကုသပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံး သွားကြောင်း CNO Upper Chindwin Region-UCR ထံမှ သိရသည်။", "မတ်လ ၃၁ ရက်နံနက်ပိုင်းက စတင်ပြီး ကလေးမြို့မြောက်ပိုင်း၊ ပျဉ်တော်ဦးရွာနှင့် နန်းဆောင်းပုရွာ ကြားတွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အထိနာခဲ့သဖြင့် ကလေးမြို့၊ အောင်ဇေယျရပ်ကွက်ရှိ ဒကစတပ်မှ လက်နက်ကြီးများဖြင့်လည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး MI 17 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးဖြင့်လည်း စစ် သားများပို့ဆောင်ခဲ့ကြောင်း သိရသည်။", "Photo Credit – Zalen"]
https://yktnews.com/2023/09/124615/
ကလေးမြို့၊ မြောင်းဆုံရွာကို စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီး၊ ကျေးရွာ ၃ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ကလေးမြို့၊ မြောင်းဆုံရွာကို စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီး၊ ကျေးရွာ ၃ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြောင်းဆုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကလေးမြို့၊ မြောင်းဆုံကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "“၈၀ မမ ကျတာ လက်နက်ကြီးက တောင်ဖီလာကရော ၊ မြို့ထဲကရော ၊ မွန်ထာအမှတ် ၇ ထဲက အခုခြေကုတ်ယူနေတဲ့ ၃ ထပ်တိုက်ကနေရော ထုတာ။ ခွေးတွေက ထုရင် ပတ်ရမ်းထုတာလေ အဲဒါကြောင့် ဘယ်က ထုတယ်ဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လက်ရှိချိန်တွင် မွန်ထာရွာ၊ အင်တိုင်းကုန်းရွာနှင့် စက္ကန့်ရွာမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ အကြမ်းဖက် စစ်တပ်က မွန်ထာရွာထဲတွင် စက်တင်ဘာ ၂၆ ရက်နေ့မှ စ၍ ခြေကုတ်ယူထားပြီး ပြည်သူများကို ကျေးရွာအတွင်း ပြန်လာခြင်း မပြုလုပ်ရန် ခြိမ်း​ခြောက်ပြောဆိုထားကြောင်း သိရသည်။", "“၂၆ ရက်နေ့က အင်အားအထိုင်လာချပြီး အနားပတ်လည်က ပြည်သူတွေကို ရှောင်ခိုင်းတယ်။ ဘယ်တော့မှ ပြန်မလာဖို့ ခြိမ်းခြောက်ပြောဆိုပြီး မွန်ထာရွာထဲမှာ စစ်ခွေးတွေ တပ်စွဲထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/106263/
ကလေးမြို့၊ လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရ
["ကလေးမြို့၊ လက်ပံချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရ", "ရန်ကုန်၊ ဇွန် ၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ လက်ပံချောင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၆ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၇ မိနစ်တွင် ကလေးမြို့တွင်း ၂၂၈ တပ်ကပ်လျက် အမြောက်တပ် မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်ပံချောင်းရွာ B ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးစိုးရိမ်ရကြောင်း သိရသည်။", "“လေကြောင်းပစ်ပြီးတော့ မြောက်ပိုင်းကို လျှောက်ထုတာ။ ကျတော့လက်ပံချောင်း B ရပ်ကွက်။ တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ ပစ်တာ “ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ၆ ဦးထဲမှ ၁ ဦးသည် စိုးရိမ်ရပြီး ခြေထောက် နှစ်ဖက် ဆုံးရှုံးဖွယ်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102109/
ကလေးမြို့၊ လက်ပံချောင်းရွားကို အကြမ်းဖက်စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးအပြင်းအထန်ဒဏ်ရာရပြီး နေအိမ် ၁ လုံးမီးလောင်ပျက်စီး
["ကလေးမြို့၊ လက်ပံချောင်းရွားကို အကြမ်းဖက်စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦးအပြင်းအထန်ဒဏ်ရာရပြီး နေအိမ် ၁ လုံးမီးလောင်ပျက်စီး", "ရန်ကုန်၊ မေ ၁၁", "စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသမီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး မီး လောင်ပျက်စီးခဲ့ကြောင်း CNO Upper Chindwin Region-UCR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့‌ မေလ ၁၁ ရက် နေ့လည် ၁၂ နာရီခန့်က ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၌ တိုက်ပွဲ ဖြစ် ခြင်းမရှိပဲ ကလေးမြို့အမြောက်တပ်မှ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာ အပြင်းအထန်ရရှိကာ မွန်းလွဲ ၂ နာရီ ၂၅ မိနစ် တွင်လည်း လက်နက်ကြီး ၂ လုံးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အမျိူးသမီးတစ်ဦး ထိမှန်ဒဏ်ရာအပြင်းအထန် ရရှိပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "“ကလေးမြို့အမြောက်တပ်က ဖြစ်ဖို့များတယ်၊ အတိအကျတော့ မသိရဘူး၊ လက်ပံချောင်းရွာမှာက တိုက်ပွဲလဲဖြစ်တာမရှိဘူး၊ မနက်က တိုက်ပွဲဖြစ်နေတဲ့ ရာဇဂြိုလ်ကျေးရွာနဲ့လည်း မနီးဘူး၊ အမျိုးသမီး ၂ ဦး ထိခိုက်အပြင်းအထန်ဒဏ်ရာရတယ်၊ နေအိမ်တစ်လုံးမီးလောင်ပျက်စီးတယ်၊ အဲလောက်ပဲ သိရ သေး တယ်၊” ဟု CNO Upper Chindwin Region-UCR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ယနေ့ မေလ ၁၁ ရက် နံနက် ၆ နာရီခန့်ကစတင်ပြီး ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာတွင် အကြမ်း ဖက်စစ်တပ်နှင့် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ကလေးမြို့အကြမ်းဖက်စစ်တပ်မှ သံချပ်ကာ ကား ၅ စီးဖြင့် စစ်ကူတက်သွားကြောင်း၊ ယင်းတိုက်ပွဲတွင် ကလေး PDF ရဲဘော်တစ်ဦး ကျဆုံးထားသည် ဟု ကနဦးသတင်းရရှိထားကြောင်း CNO Upper Chindwin Region-UCR ထံမှ သိရသည်။"]
https://yktnews.com/2023/06/109629/
ကလေးမြို့၊ သာစည်ကျေးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၁ ဦး သေဆုံး
["ကလေးမြို့၊ သာစည်ကျေးရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ ဇွန် ၂၅", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "“ခွေးတွေ သာစည်ရွာကို ဝင်လာတာ။ ၄ အိမ်ရှိပြီ ရှို့တုန်း မနက်က စဝင်တာ။ မြို့တွင်း အမြောက်တပ် (အမတ) ကနေ ၁၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ အလုံး ၅၀ ကျော်ပြီ မှတ်ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် မြို့တွင်း အမြောက်တပ် (အမတ) မှ မွန်းလွဲ ၁၂ နာရီ ၆ မိနစ်မှ စ၍ လက်နက်ကြီးဖြင့် ၈ ချက်တိတိပစ်ခတ်ပြီးဖြစ်ပြီး ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။", "“မနက်က သာစည်ကို လက်နက်ကြီး ၁ လုံးကျတာက သာစည်အရှေ့ဖျားက ရွာမ တိုက်တဲထဲ ကျလို့ ပြည်သူ အမျိုးသား ၁ ဦး သေတယ်။ ဒီနေ့ လက်နက်ကြီးနဲ့ပစ်တာ အမတ က ပစ်တာပဲ မှတ်တမ်းယူထားတာ ကျန်တ​ဲ့ စက်ဂိတ်၊ မဟာအောင်မြေကျောင်း၊ တောင်ဖီလာနဲ့ GTC က စစ်ခွေးတွေလည်း ပစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/08/119022/
ကလေးမြို့၊ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ ယနေ့တွင်လည်း ၅ ရက်မြောက်နေ့အဖြစ် ထပ်မံ မီးတင်ရှို့နေ
["ကလေးမြို့၊ သာစည်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျ၊ ယနေ့တွင်လည်း ၅ ရက်မြောက်နေ့အဖြစ် ထပ်မံ မီးတင်ရှို့နေ", "ရန်ကုန်၊ ဩဂုတ် ၂၀", "စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်းပိုင်းရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သာစည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၆ ရက်‌နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး နေ့စဉ်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် လက်ရှိအချိန်အထိ အိမ်ခြေ ၁၀၀ ကျော်မီးရှို့ဖျက်ဆီး ခံရ​ကာ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင်လည်း ၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက် စစ်တပ်က ထပ်မံ မီးတင်ရှို့နေကြောင်း သိရသည်။", "“၁၀၀ ကျော်နေပြီး ဟိုရပ်ကွက် နည်းနည်း ဒီနား နည်းနည်း ရှို့နေတာ။ အခုလည်း ရှို့နေတုန်း။ စစ်ကြောင်းက စထိုးကတည်းက ၂၀၀ လောက်နဲ့ ထိုးနေတာ။ သေတာနဲ့ အင်အားထပ်ဖြည့်တာတွေနဲ့ဆိုတော့ အတိအကျမပြောတတ်ဘူး ။ စစ်ခွေးတွေနဲ့အတူ ပြည်သူ့စစ်၊ ပျူစောထီးရွာက လူတွေလည်းပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် ဩဂုတ်လ ၁၅ ရက်နေ့က သာစည်ရွာကို စစ်ကြောင်းထိုးစဉ် ပစ်ခတ်သည့် လက်နက်ကြီးများတွင်လည်းဓာတုဓာတ်ငွေ့များ အသုံးပြုနေပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲရာအနီးရှိ ပြည်သူများမှာ သတိလစ်မေ့မျော့ခြင်းအပါအဝင် အသက်ရှူမဝခြင်း၊ ခန္ဓာကိုယ်နုံးချိခြင်း ဝေဒနာများပါ ခံစားခဲ့ရသည်။"]
https://yktnews.com/2023/06/107854/
ကလေးမြို့၊ သာစည်ရွာရှိ ဘက ကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ကလေးငယ် ၁ ဦးသေဆုံးပြီး ရွာမီးလောင်နေ
["ကလေးမြို့၊ သာစည်ရွာရှိ ဘက ကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ကလေးငယ် ၁ ဦးသေဆုံးပြီး ရွာမီးလောင်နေ", "ရန်ကုန်၊ ဇွန် ၁၆", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ သာစည်ရွာရှိ ဘက ကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးကာ ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ယနေ့ဇွန်လ ၁၆ ရက် နံနက်ပိုင်းမှ စတင်ပြီး ကလေးမြို့တွင်းရှိ အမြောက်တပ်နှင့် ကလေးမြို့ တောင် ဘက်အထွက်ရှိ စစ်တပ် ဂိတ်အတွင်းမှ သာစည်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ကလေးများစာသင်နေသည့် ဘက ကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး ဗိုက် ပွင့်ထွက်သေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး အခြားပြည်သူများလည်း ထိခိုက်ဒဏ်ရာရရှိ မှုရှိ ခဲ့ကြောင်း သိရသည်။", "“ရွာထဲက ကျောင်းဖွင့်နေတဲ့ ဘကကျောင်းကို ကျတာ၊ ကလေး ၃ ယောက်ထိတယ်၊ တစ်ယောက်က အူထွက်ပြီး ဆုံးသွားပြီ၊ လူကြီးတွေရော အထိအခိုက်များတယ်၊ မနက်ပိုင်းကတည်းက ထုနေတာ၊ ၇ လုံး၊ ၈ လုံးလောက်ရှိတယ်၊ အရေအတွက်အတိအကျ မမှတ်မိတော့ဘူး၊ ရွာထဲကို စစ်ခွေးတွေ ဝင်လာသေး တယ်၊ ဘကကျောင်းရှေ့မှာလဲ သေနတ်တွေနဲ့ ပစ်သွားသေးတယ်၊ အခုတော့ ရွာထဲမှာ မရှိတော့ဘူး၊ ထမင်းဆိုင်ကတော့မီးလောင်သွားတယ်၊ တခြား ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး” ဟု ကလေးမြို့ နယ်တွင်နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ထိခိုက်ပြီး သာစည်ရွာအတွင်းရှိ မိသားစု ထမင်းဆိုင်၊ အရက်ဆိုင်မီးလောင်ပျက်စီးခဲ့ကြောင်း၊ ကျောင်းဖွင့်ထားသော ဘက ကျောင်းအပါအဝင် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိပြီး အရေအတွက်အတိအကျမသိရသေးကြောင်း၊ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ကလေးမြို့အမြောက်တပ်မှ လက်နက်ကြီး တစ်လုံး၊ ၁၁ နာရီတွင် တစ်လုံး၊ ၁၁ နာရီ ၁၄ မိနစ် တွင် တစ်လုံး၊ ၁၁ နာရီ ၁၅ မိနစ်တွင် တစ်လုံးနှင့် ၁၁ နာရီ ၄၃ မိနစ်တွင် တစ်လုံးထုနေကြောင်း သိရ သည်။"]
https://yktnews.com/2023/06/109154/
ကလေးမြို့၊ အရှေ့စံသာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ၅ နှစ်အရွယ် ကလေးငယ် ဦးခေါင်းပွင့်ထွက် သေဆုံးပြီး မိသားစုဝင် အားလုံး ထိခိုက် ဒဏ်ရာရ
["ကလေးမြို့၊ အရှေ့စံသာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ ၅ နှစ်အရွယ် ကလေးငယ် ဦးခေါင်းပွင့်ထွက် သေဆုံးပြီး မိသားစုဝင် အားလုံး ထိခိုက် ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၂၂", "စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အရှေ့စံသာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ၅ နှစ်အရွယ် ကလေးငယ် ဦးခေါင်းပွင့်ထွက် သေဆုံးပြီး မိသားစုဝင် အားလုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီ ၃၂ မိနစ်ခန့်တွင် ကလေးမြို့အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ကလေးမြို့ တောင်ပိုင်းရှိ အရှေ့စံသာကျေးရွာကို ပစ်ခတ်ခဲ့ပြီး အသက် ၅ နှစ် အရွယ် ကလေးငယ် ဦးခေါင်းပွင့်ထွက် သေဆုံးကာ ကျန်မိသားစုဝင်အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး မိခင် ဖြစ်သူ အသက် ၄၀ မှာ ခြေတစ်ဖက် ဖြတ်တောက်ခဲ့ရကြောင်း၊ သေဆုံးသူ၏ အစ်ကို ဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေးမှာလည်း ဦးခေါင်း ဒဏ်ရာပြင်းထန်ပြီး အသက် ၁၂ နှစ်အရွယ် အစ်မ ဖြစ်သူမှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း သိရှိရသည်။", "“မရှိဘူးဗျ တိုက်ပွဲက ညက ၃ လုံးပစ်တာ ပထမ ၁ လုံးက ရွာထဲကျတာ ကျန် ၂ လုံးက ဘယ်မှာကျလဲမသိရသေးဘူး။ သေဆုံး ၅ နှစ် ၊ အမေ ၄၀ နှစ်၊ အစ်မ ၁၂ နှစ်နဲ့ အစ်ကို ၇ နှစ်ပါ ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်”ဟု ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ပြည်သူများလည်း ရှိနေပြီး သာစည်၊ ချင်းဆိုင် ၊ဇင်းကလင်း စသည့် ရွာများမှ ပြည်သူအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/01/79819/
ကလေးဝတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦးကျဆုံး၊ မဲဇလီကုန်းမြို့ ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား
["ကလေးဝတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦးကျဆုံး၊ မဲဇလီကုန်းမြို့ ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား", "ရန်ကုန်၊ ဇန်နဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကလေးဝ PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။", "ဇန်နဝါရီလ ၇ ရက်နေ့တွင် ကလေးဝမြို့နယ် အုန်းပင်စုရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် ကလေးဝ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ရဲစခန်း ဝန်းတွင် ဇန်နဝါရီလ ၇ ရက်နေ့ ည ၇ နာရီ ၃ဝမိနစ် ခန့်တွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲနှင့် စစ်သားများက လမ်းများ ပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် စစ်သားနှင့် ရဲများ ထိခိုက်မှုရှိမရှိကို အတည် မပြုနိုင်သေးသိရသည်။"]