url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/03/148491/
ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် လားဟူနှင့် အခါတိုင်းရင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေ
["ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် လားဟူနှင့် အခါတိုင်းရင်းသားများကို စစ်ကောင်စီက စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေ", "ရန်ကုန်၊ မတ် ၂", "ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်တို့တွင် လားဟူနှင့်အခါတိုင်းရင်းသားများကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "တာချီလိတ်မြို့နယ်တွင် လွန်ခဲ့သော သီတင်းပတ်များအတွင်း လားဟူတိုင်းရင်းသား ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က စုဆောင်းပြီး စစ်သင်တန်းပေးခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် စစ်သင်တန်းပြီးဆုံးသွားပြီဖြစ်ပြီး ရှေ့တန်းသို့ လွှတ်လိမ့်မည်ဖြစ်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "“တာချီလိတ်မှာ လားဟူတွေကိုပြည်သူ့စစ်သင်တန်းပေးတယ်။ လားဟူတွေက အရမ်းရိုးတော့ ဘာမှသိကြတာမဟုတ်ဘူး။ ရှမ်းအရှေ့ကတောင်ပေါ်လားဟူတော်တော်များများက ပြည်သူ့စစ်သင်တန်းတက်ရတယ်။ လားဟူတော်တော်များများက ဒီနိုင်ငံရေး ဆက်စပ်ပြီး သိပ်မသိတော့ တစ်ဖက်က စားဝတ်နေရေးနဲ့ မက်လုံးပေးပြီး ဆွယ်တာ။ သူတို့ကလည်း စားဝတ်နေရေးအဆင်ပြေရင်ပြီးတာပဲ ဆိုပြီး တက်ကြတာ။ လားဟူပြည်သူ့စစ်တွေဖြစ်ကုန်တာ။ စစ်သင်တန်းပြီးတော့ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး စစ်ရေးလေ့ကျင့်နေတာ ရှေ့တန်းထွက်ဖို့ထင်တယ်” ဟု တာချီလိတ်မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အလားတူ ကျိုင်းတုံမြို့နယ်တွင်လည်း လားဟူနှင့် အခါတိုင်းရင်းသားများ အပါအဝင် လူနည်းစု တိုင်းရင်းသားများကို စစ်ကောင်စီက ပြည်သူ့စစ်များအဖြစ်စုဆောင်းပြီး စစ်သင်တန်းပေးနေကြောင်း၊ ကျိုင်းတုံတွင်လည်း ရာကြီးဂဏန်းအထက် ပြည်သူ့စစ်များကို စစ်တပ်က သင်တန်းပေးနေကြောင်း သိရှိရသည်။", "“ရှမ်းအရှေ့က လားဟူတွေ အာခါလူမျိုးတွေ တော်တော်များများ ပြည်သူ့စစ်သင်တန်းတွေ တက်နေကြရတာ။ တာချီလိတ် ၃၀၀ ၊ ကျိုင်းတုံမှာလည်း ရာဂဏန်းဆိုတော့ နည်းမှာမဟုတ်ဘူး” ဟု ပြည်သူ့စစ်သင်တန်းများ အကြောင်း သိရှိထားသော သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/05/163287/
ကျီခါးမြို့ ကို ချင်းပြည်တော်လှန်ရေးအစိုးရတပ်များက သိမ်းပိုက်လိုက်ပြီး တွန်းဇံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ မကြာမီ သတင်းကောင်းကြားရမည်ဟုဆို
["ကျီခါးမြို့ ကို ချင်းပြည်တော်လှန်ရေးအစိုးရတပ်များက သိမ်းပိုက်လိုက်ပြီး တွန်းဇံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ မကြာမီ သတင်းကောင်းကြားရမည်ဟုဆို", "ရန်ကုန်၊ မေ ၁၉", "ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ကို ချင်းပြည်အစိုးရတပ်များ (Chinland Government Army)က သိမ်း ပိုက်လိုက်ကြောင်း CNF/CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့မေလ ၁၉ ရက်နေ့ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပြည်အစိုးရတပ်များဖြစ်ကြသည့် CNA ၊ CDFs ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း၊ စစ်ကောင်စီတပ်သားများ ဖရိုဖရဲထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းရရှိကြောင်း၊ လက်ရှိတွင် ကျီခါးမြို့ကို ချင်းတော်လှန်ရေးအစိုးရတပ်များက ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။", "“ကျီခါးမြို့ကိုတော့ ကျနော်တို့ သိမ်းပိုက်ရရှိသွားပါပြီ။ Chinland Government Army တပ်တွေက ထိန်းချုပ်ထားပြီ” ဟု CNF/CNA တပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ ချင်းပြည်နယ်၊ တွန်းဇံမြို့ကိုလည်း Chinland Government Army တပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကြောင်း၊ လက်ရှိတွင် ရဲစခန်းကို သိမ်းပိုက်ရရှိထားပြီး စစ်တပ်စခန်းကို လည်း မကြာမီ သိမ်းပိုက်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။", "“တွန်းဇံမြို့ထဲက အိမ်တွေကို စစ်သားတွေနဲ့ လက်အောက်ခံ ZRA တပ်သားတွေက ထွက်ပြေး ပုန်းအောင်းနေကြတယ်။ တွန်းဇံမြို့ကိုတော့ သိမ်းနိုင်ပြီလို့ ပြောလို့မရသေးဘူး။ ၉၀ ရာခိုင်နှုန်းလောက်တော့ ရနေပြီ။ သတင်းကောင်းတော့ ကြားရမှာပါ” ဟု CNF/CNA သတင်းရင်းမြစ်က ဆိုသည်။", "ကျီခါးမြို့နှင့် တွန်းဇံမြို့ စစ်ဆင်ရေးတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် Chinland Government Army တပ်ပေါင်းစု ပါဝင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကျီခါးမြို့ကို ထိန်းချုပ်လိုက်သော ချင်းပြည်အစိုးရတပ်များ။"]
https://yktnews.com/2023/09/123261/
ကျုံဒိုနှင့် ကော့ကရိတ် မြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ
["ကျုံဒိုနှင့် ကော့ကရိတ် မြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း အကြမးဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကလေးငယ် ၂ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။", "ကျုံဒိုးမြို့နယ် တောင်ကြာအင်းကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခမရ ၅၄၆၊ ခမရ ၂၃၀ နှင့် ခလရ ၂၀၈ တပ်ရင်းမှ ၆၀မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့နယ် နောင်တလာကျေးရွာတွင်း ကျရောက်ပေါက်ကွဲပြီး နောင်တလာကျေးရွာနေ အသက် ၁၅ နှစ်အရွယ်‌ မောင်သန်း၏ နှဖူးပြင်ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ထို့ပြင် စက်တင်ဘာ ၁၆ ရက်နေ့ ည ၉ နာရီ ၂၄ မိနစ်အချိန်တွင်လည်း အကြမ်းဖက်စစ်တပ်၏ ကျိုက်ဒုံ အခြေစိုက် စကခ ၁၃ ဗျူဟာမှူး သော်ဇင်နိုင် လက်အောက်ခံ ခလရ ၅၆၁ တပ်ရင်းမှ ၆၀မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ ကျိုက်ဒုံမြို့နေ အသက် ၁၅ နှစ်အရွယ် မပုပု ညာဘက်ခြေသလုံးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံ အ​​ခြေစိုက် စကခ ၁၃ မှ ဗျူဟာမှူး သော်ဇင်နိုင်၏ ညွန်ကြားမှုဖြင့် အကြမ်းဖက်စစ်သားများသည် ဒေသပြည်သူနေထိုင်ရာ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင် ညှင်းပန်နှိပ်စက်ခြင်းများလည်း ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/212582/
ကျုံဒိုးမြို့ကို KNLA နှင့် မဟာမိတ်များ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ချမ်းသာနေသည့် BGF ဗိုလ်မောင်ဝင်းအောင် မိသားစုနှင့် တပ်ဖွဲ့များ မော်လမြိုင်နှင့် ဘားအံ ဘက်သို့ ထွက်ပြေး တိမ်းရှာင်နေ
["ကျုံဒိုးမြို့ကို KNLA နှင့် မဟာမိတ်များ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ချမ်းသာနေသည့် BGF ဗိုလ်မောင်ဝင်းအောင် မိသားစုနှင့် တပ်ဖွဲ့များ မော်လမြိုင်နှင့်ဘားအံ ဘက်သို့ ထွက်ပြေး တိမ်းရှာင်နေ", "ရန်ကုန်၊ ဧပြီ ၂၆", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ကို KNLA နှင့် မဟာမိတ်များ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ချမ်းသာနေသည့် BGF ဗိုလ်မောင်ဝင်းအောင် မိသားစုနှင့် တပ်ဖွဲ့များ မော်လမြိုင်နှင့် ဘားအံ ဘက်သို့ ထွက်ပြေး တိမ်းရှာင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ထိုသို့ တိုက်ခိုက်မှုကြောင့် ကျုံဒိုးမြို့နယ် တစ်ဝိုက်တွင် မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်းနှင့် ဂိတ်ထိုင် ငွေညှစ်မှုများ လုပ်ဆောင်နေသည့် BGF ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မောင်ဝင်းအာင်နှင့် ဆွေမျိုး မိသားစုများ အပါအဝင် တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် မော်လမြိုင်မြို့နှင့် ဘားအံမြို့ ဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။", "ဧပြီလ ၁၅ ရက်နေ့က KNLA မဟာမိတ် ပူးပေါင်းတပ်များက ကျုံဒိုး/ကော့ကရိတ်လမ်းပိုင်းရှိ BGF ဗိုလ်မောင်ဝင်းအောင်၏ ဂိမ်းရုံ၊ မူးယစ်ဆေးဖြန့်သည့် နေရာနှင့် ကုန်ကားငွေတောင်းဂိတ် နေရာများဖြစ်သည့် လေးတိုင်၊ ချောင်းဖျား၊ နွားခြံကုန်းဂိတ်များကိုတိုက်ခိုက် သိမ်းပိုက် ဖျက်စီးလိုက်သည့်အတွက် ဂိတ်များကို စွန့်လွှတ်ထွက်ပြေးရပြီး တပ်ဖွဲ့အလိုက် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။", "” BGF မောင်ဝင်းအာင်က မူးယစ်ဆေး၊ ဂိမ်းရုံ၊ အာဝါဒေး၊ မောင်းတံဂိတ် အကုန်လုပ်တယ်လေ အဲ့တာနဲ့ ချမ်းသာနေတာ မော်လမြိုင်ရော ဘားအံရော အိမ်တွေတက် ဝယ်ဆောက်ထားတာ အခုသူဂိတ်တွေ သူဆေးဖြန့်တဲ့နေရာတွေ PDF /ကရင်အဖွဲ့၊ လက်သုံးချောင်းအဖွဲ့တွေ ဝင်တိုက်တော့ပြေးရပြီ အခုကျုံဒိုးမြို့ထဲ ဝင်သိမ်းရင် သူအိမ်တွေ မိသားစုတွေထိတော့မှာ ကြောက်တော့တပ်ဖွဲ့လိုက် အကုန် မော်လမြိုင်၊ ဘားအံပြေးရှောင်ကြပြီ နောက်တစ်ခုက သူတို့အခု BGF က KNA ဖွဲ့ ပြီး စကစကို ပြန်တိုက်မယ့်ကိစ္စ အကောင်အထည်ဖော်လာပြီဆိုရင် သူမပါရဲဘူးဆိုပြီးတော့ သူလူတွေခေါ်ပြီးပြေးရှောင်တာပေါ့ ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ ကျုံဒိုး အခြေစိုက် BGF တပ်ဖွဲ့ ဗိုလ်မောင်ဝင်း အောင်ဆိုသူသည် ယခင်က ကျုံဒိုးမြို့တွင် ဆိုင်ကယ်အငှားမောင်းသူဖြစ်ပြီး KNU/KLNA /PC ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့သို့ ဝင်ရောက်ကာ မူးယစ်ဆေးဝါး ပို့ဆောင်ရောင်းဝယ်မှုဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ လာရောက်ဖမ်းဆီးခံရစဉ် ငွေသိန်းရာချီ လာဘ်ထိုးကာ ပြန်လည် လွတ်မြောက်လာပြီးနောက် လှိုင်းဘွဲမြို့နယ်BGF တပ်ဖွဲ့သို့ ဘက်ပြောင်းဝင်ရောက်ရာက ကျုံဒိုးမြို့ BGF အဖြစ် လာဘ်ငွေ‌ပေး၍ ဗိုလ်အဆင့်ရာထူးရယူကာ ညီဖြစ်သူ မြင့်အောင်ကိုထပ်မံပြီး‌‌ ဗိုလ်ရာထူးဖြင့် တပ်ဖွဲ့ဝင် လုပ်ဆောင်စေပြီးနောက် ကျုံဒိုးမြို့နယ် ကျေးရွာများတွင် တရားမဝင် လောင်းကစားဂိမ်းရုံ၊ အာဝါဒေးပွဲ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချမှုနှင့် တရားမဝင် လုပ်ငန်းမျိုးစုံ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။", "” အခုသူ့တပည့်တွေ မိသားစုတွေကို ဘားအံအပိုင်ထဲက ဇာသပြင်ကျားကလေးရွာဘက် ရွေ့နေခိုင်းတယ်။ အာဝါဒေးခုံတွေ ငါးပစ်ဂိမ်းခုံတွေ အိမ်ပစ္စည်းတွေ ခွေးတွေကြောင်တွေ မိသားစုတွေအကုန် ရွေ့နေခိုင်းတာ ကျုံဒိုးတိုက်ပွဲဖြစ်မယ်။ သုံးလလောက်ကြာမယ်။ ကျုံဒိုးကို ပြန်ဝင်နေဖို့မလွယ်ဘူး။ KNA ဘက်ပြောင်းပြီး စစ်ဝင်တိုက်ရရင်ရှောင်ပြီးနေကြဖို့ သူ့တပည့်တွေကို မှာထားတယ်” ဟု BGF ဗိုလ်မောင်ဝင်းအောင်တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောဆိုသည်။", "ယခင် ကျုံဒိုးဒေသ တစ်ဝိုက်တိုက်ပွဲများ မဖြစ်ပွားခင်က ကျုံဒိုး အထက ကျောင်းအနောက် ဦးကွဲဇရပ်အနီးတွင် ဇနီးဖြစ်သူ မကေသီဝင်းနှင့် သားတစ်ဦး၊ သမီးတစ်ဦးနှင့် အတူနေထိုင်ကာ မူးယစ်ဆေးဖြန့်သည့် လုပ်ငန်းလုပ်ဆောင်ပြီး လာရောက် ဝယ်ယူသုံးစွဲသူလူငယ်များကို ရဲသတင်းပေး ဖမ်းဆီးခိုင်းခြင်း၊ စစ်မှုထမ်းစစ်သားသစ် စုဆောင်းပေးခြင်း၊ BGF တပ်သားသစ်အဖြစ် စုဆောင်းပြီးမူးယစ်ဆေး၊ အာဝါဒေး၊ တရားမဝင် လုပ်ငန်းပေါင်းစုံတွင် ပါဝင်ခိုင်းစေခြင်းများ ရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94132/
ကျုံဒိုးမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိ
["ကျုံဒိုးမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိ", "ရန်ကုန်၊ မတ် ၂၅", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များဖြင့် ကျုံဒိုးမြို့အတွင်းသို့ ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောသည်။", "မတ်လ၂၅ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ် တပ်များ အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူများနေထိုင်သော နေအိမ်နှင့်ရပ်ကွက်များကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေကြောင်း၊ ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးဆုံးရှုံးကြောင်း သိရှိရသည်။", "“ဒီနေ့မနက် ကျုံဒိုးမြို့တွင်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဉ်၊လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့တွင်းသို့ ရည်ရွယ် ချက်ရှိရှိပစ်ခတ်ခဲ့တယ်။ လက်ရှိ အမှတ် ၄ ရပ်ကွက် တောင်ကရင်စုမှ အိမ်များပျက်စီးတယ်။ အခုလက်ရှိပစ်နေတုန်းပဲ။ ပြည်သူ ၁ ဦးသေတယ်။ သေတဲ့ပြည်သူက အမှတ် ၃ ရပ်ကွက်က စောငယ်ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/05/105198/
ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၆ လုံး ပျက်စီး
["ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၆ လုံး ပျက်စီး", "ရန်ကုန်၊ မေ ၃၀", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU−ဗဟိုက ထုတ်ပြန်ထားသည်။", "မေလ၂၈ ရက်နေ့ ည ၈ နာရီခန့်တွင် ကျုံဒိုးမြို့နယ် အတွင်းရှိ ကော့ကာကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ကျုံဒိုးမြို့ အခြေစိုက် ခမရ ၅၄၆ တပ်ရင်းက ၁၂၀ မမ နှင့် ၁၀၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာ အတွင်း လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကော့ကာကျေးရွာနေ အသက် ၁၅ နှစ်အရွယ် စောထိန်လင်းအောင် ဘယ်ဘက်ပါးစောင်း နှင့် ဘယ်ဘက်နားထင် လက်နက်ကြီး ကျည်စထိမှန်၊ အသက် ၂၁ နှစ်အရွယ် နော်အေးမာန်ထက် ညာဘက်နောက်ကျော ကျည်စ ရှပ်ထိ၊ အသက် ၅၇ နှစ်အရွယ် ဒေါ်သိန်းရွှေ ဘယ်ဘက် လက်မောင်း ကျည်စ ရှပ်ထိပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၆ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "မေလ အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကေအဲန်ယူ-ကျုံဒိုးမြို့နယ် ကော့ကာကျေးရွာ အတွင်းရှိ ပြည်သူ ၆ ဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံး ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114171/
ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးဒဏ်ရာရ၊ မြိုင်ရှိ ကန်ကလေးရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား
["ကျုံဒိုးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးဒဏ်ရာရ၊ မြိုင်ရှိ ကန်ကလေးရွာမှ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ ဇူလိုင် ၂၁", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ရွှေဝါချောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သော​ကြောင့် ကလေးငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် မုဒုံ−ခုနှစ်ခွေတောင်ရှိ အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၃ က ၁၂၀ မမ လက်နက်ကြီးများဖြင့် ရွှေဝါချောင်ကျေးရွာကို ပစ်ခတ်ခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ထွန်းထွန်းမှာ ဘယ်ဘက်နားထင် ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး အသက် ၆ နှစ်အရွယ် မောင်ဇာနည်လင်း မှာ ဦးခေါင်း ကျည်စ ထိမှန် စိုးရိမ်ရ ဒဏ်ရာဖြင့် ဆေးရုံသို့အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။", "ကျုံဒိုးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ နေထိုင်သည့် ကျေးရွာများ အတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသပြည်သူ စိုးရိမ် ထိတ်လန့်စွာ နေထိုင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကန်ကလေးရွာမှ ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က ခိုးယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့နယ်၊ ကန်ကလေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ဖုန်းအလုံး ၂၀ ခန့်အပြင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကာ ဒေသ ပြည်သူ အမျိုးသား ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။", "” စစ်ခွေးတွေက ပစ္စည်းတွေ မွှေနှောက်ပြီး ခိုးယူသွားတယ်။ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်” ဟု နွေဦးတော်လှန်ရေး-မြိုင်မြို့အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ကန်ပျူစောထီးရွာကို နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဝင်ရောက် သွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/188632/
ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး
["ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်အတွင်း (စကခ-၁၂) လက်အောက်ခံ (ခမရ-၂၃၁) တပ်ရင်း လက်အောက် တပ်သစ်အမြှောက်ကုန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းကို ပစ်မှတ်ထား ပစ်ခတ်ခြင်းကြောင့် တောင်ကြာအင်း ကျေးရွာနှင့် မြောက်ကြာအင်းကျေးရွာကို လက်နက်ကြီး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြောက်ကြာအင်းကျေးရွာတွင် နေထိုင်သော အသက် ၇၁ နှစ်အရွယ် ဦးဖိုးအိုမှာ လက်နက်ကြီး ထိမှန်ကာ သေဆုံးခဲ့ပြီး အသက် ၇၀ နှစ်အရွယ် ဦးဖိုးသိန်းလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။", "KNU တပ်မဟာ ၆ နယ်မြေအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီးနှင့် လေယာဥ်များ အသုံးပြု၍ အကြောင်းမဲ့ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ ပစ်ခတ်လျှက်ရှိပြီး အကြမ်းဖက် စစ်တပ်၏ လူသားမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ ထိမှန်သေဆုံး ဒဏ်ရာ ရခဲ့ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းများလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည့်အပြင် ၎င်းတို့၏ ဗုံးကျဲ တိုက်ခိုက် မှုများကြောင့် ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိမှန် ပျက်စီး ခဲ့ရကြောင်း KNU ဗဟိုက ပြောဆိုသည်။"]
https://yktnews.com/2023/08/119339/
ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး
["ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ သြဂုတ် ၂၂", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း စာသင်ကျောင်းတွင်တပ်စွဲထားသော စကခ-၁၂ လက်အောက်ခံ ခမရ-၅၄၆ အား KNDO – ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဗိုလ်ကြီး အောင်ကောင်းမာန်ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့နယ်၊ တောင်တလာကျေးရွာကို ပစ်ခတ်ခဲ့ပြီး နောင်တလာကျေးရွာနေ ဒေါ်မူးထွန့်လှိုင်၏ နေအိမ်၌ မွေးမြူထားသည့် နွား ၄ ကောင် ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။", "သြဂုတ်လ ၁၉ ရက်နေ့တွင်လည်း တောင်ကြာအင်းတံတားထိပ်၌ လမ်းပိတ်ပြီး အင်အား ဖြည့်တင်းနေသော အကြမ်းဖက် စစ်သားများကို KNDO – ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ခလရ-၂၀၈ မှ အရာရှိ ၁ ဦး နှင့် တပ်ကြပ် ၁ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမ နှင့် လက်နက်ငယ်များဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ထည့်ခဲ့သောကြောင့် အသက် ၅၀ နှစ်အရွယ် မန်းမြင့်ကျော် လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း၊ မန်းအေးငြိမ်း၏ နေအိမ်နောက်ခြမ်း ၁၂၀ မမ လက်နက်ကြီးထိမှန်၊ ဒေါ်အေးမြင့်ဌေး၏ နေအိမ်အပေါ်ထပ် ၁၂၀ မမလက်နက်ကြီးထိမှန်၊ ဦးစိန်သောင်း၏ ဆိုင်ခန်း အတွင်း ၆၀ မမလက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118219/
ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန်းဒဏ်ရာရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီး
["ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ပြင်းထန်းဒဏ်ရာရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီး", "ရန်ကုန်၊ သြဂုတ် ၁၄", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦး ပြင်းထန်းဒဏ်ရာရပြီး နေအိမ်နှင့် ပစ္စည်းများ ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၅၄၅ မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာကို ပစ်ခတ်ခဲ့​သော​ကြောင့် အသက် ၅၃ နှစ်အရွယ် နော်ချစ်သန်း ညာဖက်လက် တစ်ဖက်လုံးကြေမွ ပြင်းထန်ဒဏ်ရာရပြီး အသက် ၆၉ နှစ်အရွယ် ဦးတလက်မ ဘယ်ဖက် ပုခုံးစွန်း ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကရင်ကျောက်ဖျာရွာနေ အသက် ၆၅ နှစ်အရွယ် ဒေါ်မယ်ကြည်၏ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် ဦးညိမ်၏ လယ်ထွန်စက် ၁ စီး လည်း ကျည်စထိမှန်ခဲ့ကြောင်းကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/105918/
ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
["ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၃", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU−ဗဟိုက ထုတ်ပြန်ထားသည်။", "မေလ၃၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဒူးပလာယာခရိုင် တပ်မဟာ ၆၊ ကျုံဒိုးမြို့နယ်၊ ညောင်ရိပ်သာကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၅ လုံးဖြင့် ပြည်သူလူထု နေထိုင်ရာ ကျေးရွာများ အတွင်းကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ကျရောက်ပြီး ကျုံဒိုးမြို့နယ် သရက်တော ကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ဦးမင်အေးဝင်း (ခေါ်) အဖောင့် လက်နက်ကြီး ကျည်စ ဦးခေါင်းထိမှန် သေဆုံးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူ အသက် ၃၈ နှစ်အရွယ် ဦးတင်ထွန်းဦးမှာ လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဝမ်းဗိုက်တွင် ဒဏ်ရာရရှိကာ အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ကျုံဒိုးမြို့နယ် ကျောက်ဖျာကျေးရွာနေ အသက် ၄၀ နှစ်အရွယ် ဦးလှဝင်းဌေး (ခေါ်) ဖိုးဒေါ်လည်း ဘယ်ဘက်ပေါင် တင်ပါးအောက် လက်နက်ကြီးကျည်စ ရှပ်ထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/118153/
ကျုံဒိုးမြို့ရဲစခန်းနှင့် ခမရ ၅၄၅ တပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တပ်ရင်းမှူး ကတော်အပါအဝင် ၄ ဦးဒဏ်ရာရ၊ ကားတစ်စီးပျက်စီး
["ကျုံဒိုးမြို့ရဲစခန်းနှင့် ခမရ ၅၄၅ တပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု တပ်ရင်းမှူး ကတော်အပါအဝင် ၄ ဦးဒဏ်ရာရ၊ ကားတစ်စီးပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၁၃", "ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရဲစခန်းနှင့် ခမရ ၅၄၅ တပ်အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခမရ ၅၄၅ တပ်ရင်းမှူး ကတော်အပါအဝင် ၄ ဦးဒဏ်ရာရှိပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း Galon Column – ဂဠုန်စစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၁၂ ရက် နံနက်ပိုင်းက ၇၃ နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျုံဒိုးရဲစခန်းအတွင်းသို့ ဗုံးသီး ၁ လုံးနှင့် ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ တပ်ရင်းအတွင်းသို့ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ခမရ ၅၄၅ တပ်ရင်းမှူးကတော်နှင့် တပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဗုံးသီးကတော့ ရဲစခန်းထဲတစ်လုံး၊ ၅၄၅ တပ်ထဲ တစ်လုံးပဲချတာပါ၊ ကားတစ်စီးပျက်စီးတယ်၊ စကစ တပ်သား ၃ ဦးဒဏ် ရာရတယ်၊ ၅၄၅ တပ်ရင်းမှူးကတော် ဦးခေါင်းဒဏ်ရာ ပြင်း ထန်လို့ ဆေးရုံတင် ထားရတယ်လို့ သိရတယ်၊ သူတို့ဘက်က ပြန်ပစ်တဲ့လက်နက်ကြီးထိလို့ အနီးအနားကျေးရွာက ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရတယ်၊ မစိုးရိမ်ရဘူးလို့ သိရပါတယ်” ဟု Galon Column – ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်းမှ Spring UAV Force G3 (Fixed Wings) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/95423/
ကျုံဒိုးမြို့ရှိ ရပ်ကွက်များကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး တိမ်းရှောင်နေရ
["ကျုံဒိုးမြို့ရှိ ရပ်ကွက်များကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ပေါ်ရှိ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၆ ရက်နေ့က စတင်ကာ ကျုံဒိုးမြို့၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကရင်စု မြောက်ပိုင်း အမှတ် ၁ ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်သန်းမြင့်ကို လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။", "ဧပြီလ ၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် မြို့ပေါ် ရပ်ကွက်များကို ထပ်မံပစ်ခတ်ခဲ့သောကြောင့် ရပ်ကွက်နေ ပြည်သူများအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” ၂၆ ရက်လောက်ကစပြေးရတာ မနေ့ကနဲ့ ဒီနေ့တော့ အကုန်နီးပါးရှောင်နေကျပြီ တစ်မြို့လုံးနီးပါးဆိုတော့ အရေအတွက် မခန့်မှန်းနိုင်ဘူး။ စစ်ခွေးတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ကရင်စု မြောက်ပိုင်း အမှတ် ၁ ရပ်ကွက်က ဒေါ်သန်းမြင့် သေဆုံးသွားတယ်။ တခြား ထိခိုက်တဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရပါဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/12/136924/
ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
["ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၂", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU−ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးထံမှ သိရသည်။", "ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျုံဒိုးမြို့၊ တောင်ကြာအင်းကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၄၆ နှစ်အရွယ် နန်းမီစုသည် ကျည်စထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ တပ်ရင်းက ထပ်မံ၍ ၁၂၀ မမ လက်နက်ကြီးများဖြင့် တောင်ကြာအင်း ကျေးရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ အမျိုးသမီး ၂ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြာအင်းကျေးရွာနေ အသက် ၇၁ နှစ်ရှိ ဒေါ်ခင်ရီနှင့် အသက် ၆၈ နှစ်ရှိ နန်းမူးလားအန် တို့ ထိခိုက် ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/108848/
ကျုံဒိုး၊ ၇ တိုင် လျှပ်စစ်ရုံအတွင်း တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ကျုံဒိုး၊ ၇ တိုင် လျှပ်စစ်ရုံအတွင်း တပ်စွဲထားသော စစ်သားများကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၀", "ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီး၊ ၇ တိုင်လျှပ်စစ်ရုံး၌ တပ်စွဲထားသော စစ်သားများကို 010 Fixed-Wing Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့က ကျုံးဒိုးမြို့မှ ကော့ကရိတ်မြို့နယ်ဘက်အထွက်ရှိ ခုနှစ်တိုင် လျှပ်စစ်ရုံး၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဂဠုန် စစ်ကြောင်းက နည်းပညာ အဆင်မြှင့်တင်ပြီး ကိုယ်တိုင်တီထွင် စမ်းသပ် ထုတ်လုပ်ထားသော 010 Fixed-Wing Drone ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဗုံးသီးက ၁ လုံးပဲ သွားချခဲ့တာပါ၊ သူတို့ဘက်က တန်ပြန်တဲ့အနေအထားနဲ့ ပစ်မှတ်ထိခိုက်မှုပေါ်မူတည်ပြီး ဆက်ပြီးချဖို့ လိုရင် ချပါတယ်၊ မနေ့ တိုက်ခိုက်တဲ့အချိန် ပြန်ပစ်တာမျိုးမရှိဘူးဗျ၊ ဒီနေ့ ၁၁ နာရီလောက်မှာ ရွာတွေဘက်ကို ရမ်းသမ်းပစ် နေတယ်။” ဟု ဂဠုန်စစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း Fixed-Wing Drone တပ်ဖွဲ့မှ Fixed-Wing Drone တပ်ဖွဲ့ (Spring UAV Force – G3)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/04/212808/
ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု ဖုန်းတာဝါတိုင် ပျက်စီးပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရ
["ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု ဖုန်းတာဝါတိုင် ပျက်စီးပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂၈", "ကရင်ပြည်နယ်၊ ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ရာ ဖုန်းတာဝါတိုင် ပျက်စီးပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း KNLA မဟာမိတ် ပူးပေါင်းတပ် စစ်ရေး သတင်းအရင်းအမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျုံဒုံးမြို့ အခြေစိုက် ခမရ ၅၄၅ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း ပစ်ခတ် တိုက်ခိုက်မှု အတွင်း ခမရ ၅၄၅ တပ်ရင်းအတွင်းကို ရှော့တိုက်ဒုံး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး ပြင်းထန် ဒဏ်ရာရရှိကာ ကျန် ၁ လုံးသည် တပ်ရင်းထိပ် အမှတ် ၁ ရပ်ကွက်ရှိ တယ်လီနော တာဝါတိုင်ကို ထိမှန်ခဲ့ကြောင်း သိရှိရသည်။", "“မနေ့က မွန်းလွဲပိုင်းပေါ့။ ၅၄၅ တပ်ရင်းထဲကို ရှော့တိုက်ဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်တာ ၅၄၅ တပ်ထိပ်နားက အမှတ် ၁ ရပ်ကွက် တယ်လီနော ဖုန်းတိုင်ကို ထိတယ်။ နောက်တစ်လုံးက တပ်ဝင်းထဲကျတာ့ အရာရှိတစ်ယောက်နဲ့ စစ်သားတစ်ယောက်ထိတာဒဏ်ရာ ပြင်းတယ်ကြားသိရတယ်။ တတိယအလုံးကတော့ တပ်ရင်းနောက်ဘက်ကျတော့ လူတော့မထိဘူး။ တပ်ခြံစည်းရိုးထိတယ်” ဟု ကျုံဒိုး စစ်ရေးနယ်မြေအတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "ထိုသို့ တိုက်ခိုက်ခံရမှု အပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က ကျုံဒိုးကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် လှည့်ပတ် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး သရက်တောကျေးရွာဘက်တွင် အရပ်သားပြည်သူများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "လက်ရှိချိန်တွင် ကျုံဒိုးမြို့တွင်း ရပ်ကွက်များ၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၊ ပျုစောထီးများ နှင့် ပြည်သူ့စစ် တပ်ဖွဲ့များအရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ကာ စစ်ဘေးရှောင်နေအိမ်များ ဈေးဆိုင်များကို ဖောက်ထွင်းပြီး နေအိမ် အသုံးအဆောင်နှင့်စားသာက်စရာများကို ယူဆောင်မှုများရှိနေကြောင်း သိရှိရသည်။", "” ကျုံဒိုးကလူတွေက ဂျိုင်းဘက်ပြေးကြပြီဆိုတော့ ရဲစခန်းကုန်းမှာရှိတဲ့ စကစ တွေ ပျူတွေ ပြည်သူ့စစ်တွေက ကမ်းနားတန်းဆိုင်တွေ အိမ်တွေကို လိုက်ဖောက်စားနေတယ်။ အိမ်စောင့်ကျန်နေတဲ့ အိမ်တွေတော့ ကပ်မလာဘူး။ အရပ်ဝတ် သေနတ်လွယ်ပြီး စစ်ရှောင်အိမ်တွေ ဝင်မွှေယူနေကြတာမျိုးပေါ့။ ပိုဆိုးတာက ကျုံးဒိုးက ကြံဖွတ် အိမ်တွေဆိုင်တွေပါ ဖောက်နေတာတွေ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ် ပူးပေါင်းတပ်များက ကျုံဒိုး ကော့ဝါလဲရွာဘက်တွင် ပစ်ခတ်မှုများ ဆက်ရှိနေပြီး ကော့ကရိတ်မြို့ ကိုးတိုင်စစ်ကတုတ်နှင့် ရန်ကုတ်ရွာစစ်ကတုတ်ဘက်တွင်လည်း မြေပြင်တိုက်ပွဲနှင့် လက်နက်ကြီး၊ ဒရုန်း အပြန်အလှန် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/93858/
ကျုံပျော်မြို့နယ်၊ အင်ဖျားကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်း ဆန်း ပစ်ခတ်ခံရပြီး သေဆုံး
["ကျုံပျော်မြို့နယ်၊ အင်ဖျားကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်း ဆန်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၃", "ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်ဖျားကျေးရွာအုပ်စုမှ စစ်ကောင်စီခန့် အုပ် ချုပ် ရေးမှူး ထွန်းဆန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ကျုံပျော်မြို့ ပြပြောက် ကျားတပ်ဖွဲ့(KSTF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "မတ်လ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ နယ် အင်ဖျားအုပ်စုမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ထွန်းဆန်းကို ကျုံပျော်မြို ပြပြောက် ကျားအဖွဲ(KSTF)က ရှင်းလင်းခဲ့ကြောင်း၊ ထွန်းဆန်းကို အင်းဖျား ရွာနှင့် လိန်ကုန်းရွာကြားရှိ နတ်စင်နားတွင် သေနတ်ဖြင့် အနီးကပ် ၃ ချက် ပစ် ခတ် ကာ ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ထွန်းဆန်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူ ဖြစ်လာတာ။ အုပ် ချုပ်ရေးမှူး မဖြစ်ခင်ကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ လှေဆွဲကျေးရွာသား ဆန္ဒပြလူငယ်များနှင့် ရွာခံပြည်သူတွေရဲ့ သတင်းကို မြို့ နယ်စစ်ကောင်စီဆီ သတင်းပို့တိုင်ကြားတယ်။ နည်းမျိုးစုံ အကွက်ဆင်ပြီး စစ် တပ် နှင့်ရဲကို သတင်းပို့တိုင်ကြားလို့ကြောင့် ကျေးရွာတွင်း မတရား ဖမ်းဆီး ရှာဖွေမှုများ ဖြစ်ပေါ်လာခဲ့ပါတယ်” ဟု ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။", "ထွန်းဆန်းက ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့ စစ်တပ်ကို ခေါ်၍ လှေဆွဲကျေးရွာ အတွင်း ပစ်ခတ်ခိုင်းသဖြင့် ခလရ ၃၆ တပ်နှင့် ရဲများက လှေဆွဲရွာအတွင်း အကြမ်း ဖက် ပစ်ခတ်ခဲ့ကြကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ပြည်သူ၄ ဦး ကျဆုံး ခဲ့ရပြီး ပြည်သူအများအပြား ထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။", "“ထွန်းဆန်းက ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူတွေကို မဟုတ်မမှန် သတင်း ပေးတိုင်ကြားလို့ လှေဆွဲပစ်ခတ်မှုဖြစ်ရုံမကဘဲ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး တစ်ဦးအနေနဲ့ ရပ်ရွာပြည်သူတွေကို ဆက်လက်ဒုက္ခပေးနေတာကြောင့် ကျုံ ပျော် မြို့ ပြပျောက်ကျား အဖွဲ့က ရှင်းလင်းခဲ့ရတာဖြစ်ပါတယ်” ဟု ကျုံပျော် မြို့ ပြပြောက်ကျားတပ်ဖွဲ့(KSTF) မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။"]
https://yktnews.com/2023/05/101308/
ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ဒဏ်ရာ အပြင်းအထန်ရ
["ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ဒဏ်ရာ အပြင်းအထန်ရ", "ရန်ကုန်၊ မေ ၇", "ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး ၃ ကြိမ်ပေါက်ကွဲမှုဖြစ်ပွားပြီး မြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ဒဏ်ရာ အပြင်းအထန်ရကြောင်း ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။", "မေလ၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဦးဖိုးခလမ်းရှိ အောင်ဆန်းရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးခန်းအတွင်း လက်လုပ်ဗုံး ၁ လုံးပေါက်ကွဲခဲ့သဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးစဉ် နံနက် ၈ နာရီ ၅၅ မိနစ် အချိန် ရုံးရှေ့ခြံစည်းအနီး၌ လမ်းပေါ်တွင် ဒုတိယမြောက် လက်လုပ်မိုင်း ၁ လုံးထပ်မံပေါက်ကွဲခဲ့ကြောင်း၊ မိုင်းပေါက်ကွဲမှုကြောင့် အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပျက်စီးသွားကြောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ထပ်မံ တတိယဗုံးပေါက်ကွဲခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မိုးနှင့် ရဲအုပ် ကိုကိုလင်းတို့ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ဗုံးတွေက တစ်လုံးပြီး တစ်လုံး ပေါက်တယ်။ ကျုံပျော်မြို့ပေါ်မှာတော့ လူငယ်တွေ ရမ်းသမ်း အဖမ်းခံရမှာ ကြောက်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/110300/
ကျုံအိတ်တံတား မိုင်းခွဲမှုကို လာစစ်ဆေးသည့် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့ကို တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အပါ အဝင် အရာရှိ ၆ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးရန်ရှိ
["ကျုံအိတ်တံတား မိုင်းခွဲမှုကို လာစစ်ဆေးသည့် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့ကို တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အပါ အဝင် အရာရှိ ၆ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးရန်ရှိ", "ဒဏ်ရာရရှိသူ ၂၆ ဦးတွင် ဒုရဲမှူးကြီးနှင့်အရာရှိများ ပါဝင်", "ရန်ကုန်၊ ဇွန် ၂၉", "မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြ ကျေးရွာ အနီး ကျုံအိတ်တံတား မိုင်းခွဲခံရမှုကို လာရောက် စစ်ဆေးသည့် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့ကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၆ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးဖွယ်ရှိကြောင်း စစ်ဘက် ကြေးနန်းသတင်းအရ သိရှိရသည်။", "ယနေ့ နံနက် ၄ နာရီဝန်းကျင်အချိန် မိုင်းခွဲခံရ၍ ပြိုကျသွားသော ကျုံအိတ် တံတား ကို ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် စစ်တပ်နှင့်ဌာနဆိုင်ရာများက လာ ရောက် စစ်ဆေးစဉ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီ ဝန်ထမ်း ၁ ဦး သေဆုံးကြောင်း၊စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၊ ဒုဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၆ ဦး ဒဏ်ရာရပြီး ဗိုလ်ကြီး ၁ ဦး သေဆုံးဖွယ်ရှိကြောင်းသိရှိရသည်။", "စစ်တပ်ဘက်မှ ဒဏ်ရာရရှိသူများတွင် တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင် ဟိန်းသည် ဝဲနဖူး ပွန်းပဲ့ဒဏ်ရာ ရရှိကြောင်း၊ အမှတ် ၃၀၁၄ လေကြောင်းရန် ကာ ကွယ်ရေး တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ထွန်းဝင်းတွင် ခြေ ထောက် ပေါက်ပြဲ၊ လက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ယာပေါင်ရင်း ပေါက်ပြဲ ဒဏ်ရာများ ရရှိကြောင်း၊ သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဆန်း ဝင်းအောင်မှာ ယာတင်ပါး ပေါက်ပြဲဒဏ်ရာ ရရှိကြောင်း၊ အမှတ် ၃၀၁၄ လေ ကြောင်း ရန် ကာကွယ်ရေးတပ်မှ ဗိုလ်ကြီး ထင်ကျော်မင်းတွင် ဝဲ/ယာ ခြေမျက် စေ့ စုတ်ပြဲဒဏ်ရာ၊ ဝဲခြေသကျဉ်း စုတ်ပြဲဒဏ်ရာရရှိကြောင်း၊အမှတ် ၉ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး နေဇော်ထွန်းမှာ ပါးစပ်သွေးများ ဆက် တိုက်ထွက်နေပြီး အသက် အန္တရာယ်စိုးရိမ်ရကြောင်း၊ အမှတ် ၉ စစ် အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး မင်းညီညီထွန်းမှာမူ ဝမ်းဗိုက် ပွန်းပဲ့ ဒဏ်ရာ (ယာ) ခြေသလုံးပြတ်ရှ ဒဏ်ရာ၊ (ယာ)လက်ဖဝါး ပြတ်ရှဒဏ်ရာများ ရရှိထား ကြောင်း သိရှိရသည်။", "ထို့ပြင် တပ်ကြပ်ကြီး မိုးဦး၊ တပ်ကြပ် သိန်းဇော်၊ တပ်သား တင်ကျော်ဝင်း၊ ဒုတပ်ကြပ် မောင်မောင်၊ တပ်သားမျိုးဇော်၊ တပ်သား အောင်ကိုမြင့်တို့လည်း ဒဏ်ရာများရရှိကြောင်း သိရှိရသည်။", "ရဲတပ်ဖွဲ့ဝင် ၉ ဦးဒဏ်ရာရရှိရာတွင် သထုံ ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး စိုးပိုင် တွင် (ဝဲ/ယာ)ခြေထောက်ပေါက်ပြဲ ဒဏ်ရာ၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှူး ရဲအုပ် ယဉ်ထွေး တွင် (ဝဲ)နားရွက်စုတ်ပြဲဒဏ်ရာ၊ ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ရဲမင်းခန့် တွင် (ယာ)ခြေသလုံးဖောက်ဝင် ဒဏ်ရာ၊ (ဝဲ)ခြေဖမိုး ပေါက်ပြဲဒဏ်ရာ၊ ရဲအုပ် လွင်လွင်ထွန်း တွင် (ဝဲ)ဘက် လက်ဖျံပွန်းပဲ့ဒဏ်ရာ၊ (ယာ)ဘက် ခါးအောင်ပိုင်း ပွန်းပဲ့ ဒဏ်ရာ၊ ရဲတပ်ကြပ် ကျော်ကျော်လင်းတွင် (ဝဲ)လက်မောင်း ဖောက်ဝင် ဒဏ်ရာ၊ ရဲတပ်ကြပ်ကြီး ထွန်းထွန်းဦးတွင် (ဝဲ)လက်ဖမိုး ပေါက်ပြဲ ဒဏ်ရာ (ဝဲ)ခြေသလုံးဒဏ်ရာ(ယာ)လက်မောင်း ဖောက်ဝင်ဒဏ်ရာ၊ ရဲတပ်သား သန်းတိုး အောင် တွင် (ယာ)ခြေဖမိုးစုတ်ပြဲ ဒဏ်ရာ၊ (ယာ)လက် မောင်းစုတ်ပြဲဒဏ်ရာ၊ (ယာ)နောက်ကျော ပေါက်ပြဲဒဏ်ရာ၊ ရဲတပ်ကြပ် သက်မင်းအောင် တွင် (ဝဲ)ခြေ မျက် စေ့ စုတ်ပြဲ၊ (ယာ)ဒူး စုတ်ပြဲဒဏ်ရာ၊ ရဲတပ်သား သန်းထွေးအောင်တွင် (ဝဲ/ယာ)ခြေထောက် ပေါက်ပြ ဒဏ်ရာ ၊ ရင်ဘတ်အောင့် ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။", "ထို့ပြင် ထွေ/အုပ်ဝန်ထမ်းများ၊ မီးသတ်များ စုစုပေါင်း ၂၆ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/172552/
ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှု NUG အစိုးရ ဖြေရှင်း ပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆို
["ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ရေး အလျှင်အမြန် ဆောင်ရွက်သွားမည်ဟု NUG ထုတ်ပြန်", "ရန်ကုန်၊ ဇူလိုင် ၁၁", "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကျောင်းသား ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး NUG အစိုးရ က ဖြေရှင်းပေးရန် အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၀ ရက်နေ့တွင် NUG အစိုးရ၏ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဝန် ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနတို့ကို ဗကသများ အဖွဲ့ချုပ်က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် G-11 ကျောင်း သား အသက် ၁၆ နှစ်အရွယ် ရဲဘော် မြင့်မြတ်ဦး သည် ရွာပြင် သုဿာန်၌ အင်တာနက်သုံးပြီး နေအိမ်ကို ပြန်လာစဉ် လမ်းတွင် လည်ပင်းကို လှီးဖြတ်၍ အသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။", "“အိမ်အပြန်လမ်းမှာ လည်ပင်းကို ဓားနဲ့လှီးပြီး အသတ်ခံရတာလို့ ကျွန်တော်တို့ကြားထားပါတယ်။ နာရေးတော့ လုပ်ပြီးသွားပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်သူကလုပ်တယ်။ ဘယ်သူက သတ်လဲဆိုတာတော့ ကျွန်တော်တို့ တိတိ ကျကျ သိရတာတော့ မရှိသေးပါဘူး။ ရပ်ကျေး ပကဖ တွေနဲ့ ပအဖ တွေ လုံခြုံရေးပေါ့လျော့မှုကြောင့် ဖြစ်တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒီထက်ပိုတဲ့ ဆက်နွယ်မှုလည်း ရှိနေနိုင်တယ်လို့ ကျွန်တော် တစ်ဦး အအမြင်ရ ယူဆတာတော့ရှိပါတယ်။ စိုင်နိုင်ကြီး ကျောင်းသားသမဂ္ဂကို အစောကတည်းက ရပ်ကျေး ပအဖ၊ ပကဖတွေက သဘောမကျတာ လက်မခံချင်တာတွေလည်း အရင်က ဖြစ်ခဲ့ဖူးပါတယ်” ဟု ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ပြောဆိုသည်။", "ထို့ပြင် ပကဖ၊ ပအဖ များ၏ လုပ်ဆောင်ချက် အမှားများ၊ စာသင်ကျောင်းတွင်း စီမံခန့်ခွဲမှု အလွဲများကို သမဂ္ဂကျောင်းသားများက ထောက်ပြဝေဖန်မှုများ လုပ်ဆောင်ခြင်းကြောင့် ကျောင်းသား သမဂ္ဂရဲဘော်များ ဖိနှိပ်ခံရမှုများရှိကြောင်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ဆက်လက်ပြောဆိုသည်။", "“အဓိကကတော့ ကျောင်းသားသမဂ္ဂ ဖွဲ့တာကိုတောင် သူတို့က မကြိုက်တာက စတယ်။ ပအဖ၊ ပကဖတွေရဲ့ လုပ်ရပ်အမှားတွေ၊ စာသင်ကျောင်းအတွင်းက စီမံခန့်ခွဲမှုအလွဲတွေကို ကျောင်းသားရဲဘော်တွေက ထောက်ပြ ဝေဖန်တာမျိုးတွေရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူတို့က ကျောင်းသား သမဂ္ဂရဲဘော်တွေကို အကုန်ဖိနှိပ်တော့တာပါပဲ။ ရဲဘော်မြင့်မြတ်ဦး သတ်ဖြတ်ခံမှုနဲ့ ပတ်သက်ပြီး ပအဖတွေ ပကဖတွေက လက်ရှိထိတော့ ထိထိရောက်ရောက် ဆောင်ရွက်တာမျိုး မကြားရသေးပါဘူး။ အာဏာရှင်ဆန်တယ်ဆိုတာ ရှင်းရှင်းလေးပါ။ သူတို့မကြိုက်တာ လုပ်ရင် ဟိန်းတယ် ဟောက်တယ်။ ချိန်းတယ် ခြောက်တယ်။ ရှေ့မှာ အများကြီး ကျွန်တော်တို့ ရဲဘော်တွေ ကြုံခဲ့ရဖူးပြီးပါပြီ။ သူတိ့်ရဲ့ဖောက်ပြန်တဲ့ လုပ်ရပ်တွေကို ထောက်ပြတဲ့အခါ မခံနိုင်ဖြစ်ကြပြီး လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်ကြတာပါ။ ဒါအာဏာရှင်ဆန်တာပေါ့ဗျာ။ ဘယ်မှာလဲ ဒီမိုကရေစီရဲ့ လက္ခဏာ ကျွန်တော်တို့ မတရားမှုကို တွန်းလှန်နေကြတာပါ။ မတရားမှုလုပ်တဲ့သူမှန်သမျှ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ချိုးဖောက်တဲ့လူမှန်သမျှကို ကျွန်တော်တို့က ရန်သူလို သတ်မှတ်မှာပါပဲ”ဟု ကိုအောင်ပြည့်စုံဖြိုးက ရှင်းပြသည်။", "ကိုမြင့်မြတ်ဦး သတ်ဖြတ် ခံရမှုကိစ္စနှင့် ပတ်သက်၍ အမြန်ဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ကာ ပြည်ထဲရေးနှင့် လူဝန်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် Signal မှ တဆင့် ဆက်သွယ်ခဲ့ကြောင်း၊ ဝန်ကြီးဌာန၏ မြေပြင်တွင် တာဝန်အကြီးဆုံးသူနှင့် ဆက်သွယ်ပေးပါရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ တောင်းဆိုသော အဆက်သွယ် မရရှိသေးကြောင်း၊ ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်ကိုလည်း Signal မှ ဆက်သွယ်ခဲ့ကြောင်း သိရသည်။", "ကျောင်းသားသမဂ္ဂ ရဲဘော်များ မြေပြင်တွင် ဖိနှိပ်ခံရခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများထံ တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း စာပေးပို့ခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်ကြောင်း၊ သို့သော် ဝန်ကြီးဌာနများဘက်မှ မည်သို့မျှပင် တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း၊ ယခုအခါတွင်မူ ရဲဘော်အသက်တချောင်းကို ပေးဆပ်လိုက်ရပြီဖြစ်ပြီး ဝန်ကြီး ဌာန တာဝန်ရှိသူများ၏ လျစ်လျူရှုမှုကြောင့် ရဲဘော်၏ အသက်ဆုံးရှုံးရခြင်းဟုပင် သတ်မှတ်နိုင်ကြောင်း ဗကသများ အဖွဲ့ချုပ်ကပြောဆိုသည်။", "သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများအနေဖြင့် ဗကသများ အဖွဲ့ချုပ်နှင့် အမြန်ဆုံး တွေ့ဆုံစကားပြော ဖြေရှင်းပေးရန် နောက်ဆုံးအကြိမ် တောင်းဆို အသိပေးလိုက်ပြီး လူကြီးမင်းတို့ လျစ်လျူရှုခဲ့ပါကလည်း နောက်ဆက်တွဲ ကိစ္စရပ်များသည် လူကြီးမင်းတို့၏ တာဝန်ပင်ဖြစ်ကြောင်းကို ထပ်လောင်းသတိပေးလိုက်သည်ဟု ဗကသများ အဖွဲ့ချုပ်၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။", "“ဝန်ကြီးဌာနက လူတွေက တော်လှန်ရေးကို zoom ကနေ လုပ်နေသရွေ့ မြေပြင်ကို ဆင်းမလာသရွေ့ ပကဖ တွေ ပအဖ တွေကိုဘယ်လိုမှ ထိန်းသိမ်းလို့ရမယ်မထင်ဘူး။ အခုတောင်အချိန်နှောင်းနေပြီ” ဟု ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ဆက်လက်ပြောဆိုသည်။", "လက်ရှိတွင် ဝက်လက်မြို့နယ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ NUG အစိုးရ ပညာရေး ဝန်ကြီးဌာန ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းတွင် ကျူးလွန်သူများကို အပြစ်ပေး အရေးယူနိုင်ရန် အလျင်အမြန် ဆောင်ရွက်သွားမည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။", "“မောင်မြင့်မြတ်ဦးအား လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနသည် သက်ဆိုင်ရာအဖွဲအစည်းအသီးသီးနှင့် ပူးပေါင်းပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။", "နွေဦးတော်လှန်ရေးတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တိုအား ချိုးဖောက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံးအနေဖြင့် တာဝန်ခံရမည် ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများအား အပြင်းအထန် ရှုတ်ချပြီး ပြစ်မှုကျူးလွန်မှု ဖြစ်စဥ်များကို အသေးစိတ်မှတ်တမ်းတင်လျက် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို နည်းလမ်း အမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/10/189343/
ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေနစ်မြုပ်မှုမှ ခရီးသည် ၉ ဦးပျောက်ဆုံးနေဆဲဖြစ်သော်လည်း လှေနှင့်အလောင်း ရှာဖွေရေးလုပ်ငန်းအများစု ရပ်နား၊ အသက်ရှင်သူ ၇၅ ဦးနှင့် အလောင်း ၁၇ လောင်း စာရင်းချုပ်ထား
["ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေနစ်မြုပ်မှုမှ ခရီးသည် ၉ ဦးပျောက်ဆုံးနေဆဲဖြစ်သော်လည်း လှေနှင့်အလောင်း ရှာဖွေရေးလုပ်ငန်းအများစု ရပ်နား၊ အသက်ရှင်သူ ၇၅ ဦးနှင့် အလောင်း ၁၇ လောင်း စာရင်းချုပ်ထား", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေနစ်မြုပ်မှုမှ အတည်ပြုနိုင်သော ခရီးသည် ၉ ဦးပျောက်ဆုံးနေဆဲဖြစ်သော်လည်း နစ်မြုပ်လှေနှင့်အလောင်းများ ရှာဖွေရေးလုပ်ငန်းအများစု ရပ်နားသွားပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးတွင်ပါဝင်နေသူ အရှင်ဣန္ဒက ကျောက္ကာကျွန်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။", "အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်း ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်တွင် ခရီးသည်တင်လှေ နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယခုနောက်ဆုံး စာရင်းများအရ အလောင်း ၁၇ လောင်း၊ အသက်ရှင်သူ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၃၆ ဦး စုစုပေါင်း ၇၅ ဦး ပြန်လည် တွေ့ရှိရကြောင်း၊ အတည်ပြုနိုင်သော ခရီးသည် ၉ ဦး ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ရှာဖွေရေးလုပ်ငန်းအများစုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။", "“သက်ဆိုင်ရာ မိသားစုဝင်လေးတွေကတော့ ရှာနေကြတော့။ ပရဟိတအဖွဲ့တွေနဲ့ ရေငုပ်အဖွဲ့တွေ လာပြီး ကူညီရှာဖွေပေးတာကတော့ ရပ်နားသွားပြီ ပြောရမှာပေါ့” ဟု ရှင်ဣန္ဒက ကျောက္ကာကျွန်း က မိန့်ဆိုသည်။", "လက်ရှိစာရင်းများအရ နစ်မြုပ်သွားသော ခရီးသည်တင် လှေပေါ်တွင် လူစုစုပေါင်း ၁၀၁ ဦး လိုက်ပါသည်ဟု အဖြေထွက်ထားသော်လည်း ယင်းလှေပေါ်တွင် လိုက်ပါသည့် အတိအကျ ခရီးသည်တင်စာရင်းကိုမူ အတိအကျ မပြောနိုင်ဘဲ ပိုမိုများနိုင်ကြောင်း သိရှိရသည်။", "အောက်တိုဘာလ ၂၀ ရက်နေ့ညပိုင်း နစ်မြုပ်သွားခဲ့သော ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်း၊ လှေသည် ညပိုင်း ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ထွက်ခွာခဲ့ပြီးနောက် ၁၅ မိနစ်အကြာတွင်ပင် နစ် မြုပ်သွားခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- လှေနစ်မြုပ်မှုတွင် သေဆုံးသွားခဲ့သော လသာအရွယ်ကလေးငယ်နှင့် ပြည်သူတစ်ဦး။"]
https://yktnews.com/2024/10/188910/
ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ နစ်မြုပ်မှုမှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ၊ နစ်မြုပ်နေသော လှေကို ရေအောက်တွင် တွေ့ရှိရပြီး ဖော်ယူရန် ကြိုးစားနေဆဲ
["ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ နစ်မြုပ်မှုမှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ၊ နစ်မြုပ်နေသော လှေကို ရေအောက်တွင် တွေ့ရှိရပြီး ဖော်ယူရန် ကြိုးစားနေဆဲ", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "တနင်္သာရီတိုင်း၊ ပုလောကမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ ၇၀ နီးပါး လိုက်ပါသော ခရီးသည်တင်လှေသည် ယမန်နေ့ညပိုင်း နစ်မြုပ်သွားခဲ့ရာ နစ်မြုပ်သွားခဲ့သောကို လှေကို တွေ့ရှိထားပြီး ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသပြည်သူတချို့ထံမှ သိရှိရသည်။", "ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ပင်လယ်ပြင်တွင် လှေနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး အောက်တိုဘာလ ၂၁ ရက်နေ့ တနင်္လာနေ့ ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်း သိရှိရသည်။", "“ပျောက်နေတဲ့သူတွေကိုတော့ ရှာဖွေနေဆဲပါပဲ။ အလောင်းကတော့ ၁၀ ဦးကျော်လောက်တော့ရထားပြီးပါပြီ။ ဘယ်လောက်သေပြီး ဘယ် လောက်ရှင်မလဲ အတိအကျ မသိရသေးဘူး။ ရှင်တဲ့သူကတော့ နည်းနိုင်ပါတယ်။ လှေကတော့ မြုပ်နေတာ ပြန်တွေ့ပြီ။ ရေပေါ် ဆွဲတင်ဖော်ဖို့ လုပ်နေတုန်းပဲ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိ ဆယ်ယူရရှိသော အလောင်းများကို ပိုင်ရှင်ရှိပါက ချက်ချင်း သဂြိုလ်မှုများပြုလုပ်နေပြီး ကျောက္ကာတိုက်နယ်ဆေးရုံတွင်လည်း အလောင်းတချို့ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ညပိုင်း နစ်မြုပ်သွားသော ခရီးသည်တင်လှေကို ယခု ဖော်ယူရန် လုပ်ဆောင်နေကြစဉ်။", "Photo- CJ။"]
https://yktnews.com/2024/10/188860/
ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ ပင်လယ်ပြင်တွင် လှိုင်းကြီး၍ နစ်မြုပ်၊ လူ ၇ ဦးအလောင်းသာ ဆယ်ယူနိုင်ပြီး အများစု ပျောက်ဆုံးနေ
["ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ ပင်လယ်ပြင်တွင် လှိုင်းကြီး၍ နစ်မြုပ်၊ လူ ၇ ဦးအလောင်းသာ ဆယ်ယူနိုင်ပြီး အများစု ပျောက်ဆုံးနေ", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ ၇၀ နီးပါး လိုက်ပါသော ခရီးသည်တင်လှေသည် ယမန်နေ့ညပိုင်း လှိုင်ကြီးလှေထန်၍ နစ်မြုပ်သွားခဲ့ရာ လူ ၇ ဦး၏ အလောင်းကိုသာ ဆယ်ယူနိုင်ပြီး အများစု ပျောက်ဆုံးနေကြောင်း ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး အောက်တိုဘာလ ၂၁ ရက်နေ့ တနင်္လာနေ့ ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်း၊ လှေသည် ညပိုင်း ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ထွက်ခွာခဲ့ပြီးနောက် ၁၅ မိနစ်အကြာတွင်ပင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း၊ စတင်ထွက်ခွာချိန် လှေပေါ်တွင် လိုက်ပါသူတစ်ဦးက လှိုင်းများ အရမ်းကြီး၍ လေအလွန်တိုက်ကာ လှေလူးနေသည်ဟု မိသားစုထံသို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့ကြောင်း၊ ယင်း နောက် အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“၇ ဦးအလောင်းတော့ ရပြီပြောတယ်။ လှေသမားတွေပြောတာက ၂၀ လောက်တော့ အလောင်းတွေ့ပြီလည်း ပြောတယ်။ ကျနော့်ညီအလောင်း တော့မရသေးဘူး” ဟု ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင်က ပြောဆိုသည်။", "နစ်မြုပ်သွားသော လှေမှာ ဦးဝင်းရှီပိုင်ဆိုင်သော ခရီးသည်တင်လှေတင်ဖြစ်ပြီး ပလမြို့မှ စစ်ဘေးရှောင်များက မြိတ်မြို့ဘက်သို့ စစ်ဘေးရှောင်ရန် စီးနင်းကြခြင်းဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းဆဲလ်သည် ပိုမိုအား ကောင်းလာနိုင်ကာ လာမည့် ၆နာရီအတွင်း လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ အောက်တိုဘာလ ၂၂ ရက်နေ့ တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း၊ အောက်တိုဘာလ ၂၃ ရက်နေ့ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်း ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်း သတိပေးချက် ထုတ်ပြန်ထား သည်။", "ဓာတ်ပုံ- ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန် လှေနစ်မြုပ်မှုမှ ပြန်လည် ဆယ်ယူရရှိသည့် အလောင်းတချို့။"]
https://yktnews.com/2023/01/80322/
ကျောက်ကြီးတွင် CDM ကျောင်းဆရာ ကျဆုံးမှုအတွက် စစ်တောင်းတံတား ဂိတ် စစ်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ညောင် လေး ပင် တွင်လည်း စစ်တပ်တပ်ရင်းကို ဗုံးသီးဖြင့် တိုက်ခိုက်
["ကျောက်ကြီးတွင် CDM ကျောင်းဆရာ ကျဆုံးမှုအတွက် စစ်တောင်းတံတား ဂိတ် စစ်တပ်ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ညောင် လေး ပင် တွင်လည်း စစ်တပ်တပ်ရင်းကို ဗုံးသီးဖြင့် တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းတံတားဂိတ်‌စောင့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း ပဲခူးတိုင်း”ရိုးမ” တပ်ဖွဲ့ ၃၇၀၂ PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ညပိုင်းက အကြမ်းဖက်စစ်သားများတပ်စွဲထားရာ စစ်တောင်းတံတားကို လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ ယမန်နေ့ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံး ခဲ့ သော ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး အတွက် လက်စားချေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“မနက်က ကျနော်တို့ ချစ်ခင်ရတဲ့ CDM ဆရာလေး တိုက်ပွဲအတွင်း ကျဆုံး ခဲ့ပါတယ်၊ အဲဒီညမှာပဲ စစ်တောင်းတံ တားကို လက်နက်ကြီးနဲ့ လှမ်းပစ် လိုက် တာ ခွေး ၁ ကောင် သေပြီး ၃ ဦးဒဏ်ရာရ ပါတယ်၊ အပြည့်အစုံကတော့ KNU မထုတ်ပြန်သေးလို့ စည်းကမ်းအရ အတိအကျပေးမရတာ နား လည် ပေးပါ” ဟု ပဲခူးတိုင်း”ရိုးမ” တပ်ဖွဲ့ ၃၇၀၂ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၉ ရက်နံနက် ၉ နာရီ ခန့်တွင် ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်၊ နောင် ကုန်းရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၀ နှင့် ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့၊ “ရိုးမ” ပဲခူးတိုင်း၊ တပ်ဖွဲ့ ၃၇၀၂ ၊ BPDF –Yoma တပ်ဖွဲ့ တို့ကြား ၂ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး ကျဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၄ ဦးကျဆုံးခဲ့ကြောင်း သိရသော် လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။", "တိုက်ပွဲအတွင်း ကျဆုံးသူ CDM ကျောင်းဆရာ စောလဲဘွယ်ထူးသည် ရန်ကင်း ပညာရေးကောလိပ် BTED (18/13) S 1၊ ရန်ကင်းပညာရေး ကောလိပ် ကျောင်း သား များသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ ဒီမိုက ရေစီ တိုက်ပွဲ တွင် ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူ တိုက်ပွဲဝင် သွားသူ ဖြစ်ကြောင်း ရန်ကင်းပညာရေး ကော်လိပ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က အတည်ပြုထုတ်ပြန်ထားသည်။", "အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အခြေစိုက် စစ် ကောင် စီ ၏ ခြေမြန်တပ်ရင်း ၂၆၄ တပ်ဝန်းအတွင်းသို့ M 79 နှစ်လုံး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန် စစ်ကောင် စီ တပ်ရင်းအား M 79 နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး နေအိမ် ရှေ့ တည့် တည့် ကျရောက်ပေါက်ကွဲပြီး စစ်သားတစ်ဦး သေ ဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ဆက်တွဲထိခိုက်ပျက်စီးမှုများလည်း ရှိနိုင်သဖြင့် အတည် ပြု စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။", "အလားတူ ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီ၏ ဆက်သွယ်ရေး လမ်းကြောင်းဖြစ်သော ခင်ကန့်လန့်ရွာနှင့် ကညင်ကျိုးရွာကြားရှိ တံတား တစ် စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ နေ့လည် ၁၂ နာရီခွဲခန့် တွင်လည်း အခြား တံတား တစ်စင်းကို ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ကျဆုံးသွားသော ရန်ကင်းပညာရေးကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး ။"]
https://yktnews.com/2023/04/99004/
ကျောက်ကြီးတွင် KNU နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု၊ နောင်ချို တွင် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၂၁ ဦးအထိရှိ
["ကျောက်ကြီးတွင် KNU နှင့် PDF ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှု၊ နောင်ချို တွင် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၂၁ ဦးအထိရှိ", "ရန်ကုန်၊ ဧပြီ ၂၃", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် KNU နှင့် PDF တပ်များ၏ တိုက်ခိုက်မှု၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ ၁၂၁ ဦးအထိရှိကြောင်း သက်ဆိုင်ရာ PDF တပ်ရင်း တပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။", "ဧပြီလ ၂၂ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီစခန်း ၄ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၂၁ ဦးသေဆုံးကြောင်း၊ ကျောက်ကြီးမြို့နယ် အတွင်း စစ်ကောင်စီစခန်းများဖြစ်သည့် ရန်ကြီးအောင်စခန်း ညောင်ကုန်းစခန်း နောင်ကုန်းစခန်း ကျွန်းစခန်း များကို KNLA နှင့် PDF ပူးပေါင်းဗျူဟာ စစ်ကြောင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းတွင် Spring Warriors Column ၊ Royal Peacock Column နှင့် တပ်မဟာ ၃ နယ်မြေရှိ PDF စစ်ကြောင်းများ ပူးပေါင်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။", "အလားတူ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အစပ်တွင် ဧပြီလ ၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများ တွင် စစ်ကောင် စီဘက်မှ ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း အပါအဝင် စစ်တပ် ဘက်မှ ၁၀၀ ဦးဝန်းကျင်သေဆုံးကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။", "ဧပြီလ ၅ ရက်နေ့ မှ ၂၂ ရက်နေ့အထိ နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နှင့် စစ်ကောင်စီတပ် များ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ အင်အား ၉၀၀ နှင့် ၁၀၀၀ အကြားရှိခဲ့ကြောင်း ၊ ၁၈ ရက်တာတိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရသော တိုက်ပွဲကြီး ၄ ကြိမ်နှင့် တိုက်ပွဲငယ် ၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ဧပြီလ ၂၂ ရက်နေ့တွင် မြေပြင်သတင်းအရ စစ်ကောင်စီတပ် အခြေ ပြု တပ်စွဲထားသည့် ခလရ ၁၄၇ စခန်းကုန်းသို့ နံနက် ၃ နာရီခန့်တွင် ချဥ်းကပ်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်သားများက စခန်းကုန်း စွန့်ခွာ ထွက်ပြေးသဖြင့် PDF တပ်ဖွဲ့ဝင်များက စခန်းကို အစားထိုး နေရာယူသိမ်းပိုက် ခဲ့ကြောင်း၊ ထို့နောက် PDF တပ်များက စခန်းသိမ်းထားစဉ် အိမ်စီးကား ၂ စီး ရောက်ရှိ လာရာ ကားပေါ်တွင် စစ်ယူနီဖောင်းဝတ်တစ်ဦး ပါလာသဖြင့် တားမြစ် စစ်ဆေးခဲ့ကြောင်း၊ ကား မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားပေါ်မှ ခလရ ၁၄၇ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းကို သက်သေခံ ပစ္စည်းများ နှင့်တကွ အသေဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။", "ဧပြီလ ၂၂ ရက်နေ့တွင်ပင်နောင်ချိုမြို့ပေါ်ရှိရန်သူ့တပ်၏ခလရ ၁၁၄ နှင့်ခလရ ၁၁၅ တို့ကို ရှော့တိုက်ဒုန်း များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ ၁၁၄ တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး စစ်သား ၅ ဦးသေ ဆုံး ခဲ့ကြောင်း၊ ခလရ ၁၁၄ ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရှိရသော်လည်း ဆက်လက် စုံစမ်း နေဆဲဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။", "၁၈ ရက်တာ တိုက်ပွဲကာလအတွင်း ခလရ ၁၄၇ တပ်ရင်းမှုး ဒုတိယဗိုလ်မှူးကြီး တစ်ဦး ၊ ခလရ ၂၅၈ မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦးနှင့်ခလရ ၂၅၃ မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီဘက်မှ ၁၀၀ ဦး ဝန်းကျင်ထိ သေဆုံး ခဲ့ပြီး ခလရ ၂၅၃ မှ စစ်ကြောင်းမှူးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၁ ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု တစ်ချို့ ရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/81226/
ကျောက်ကြီးတွင် စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ၈ ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး
["ကျောက်ကြီးတွင် စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ၈ ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၈ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။", "ယနေ့ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ နေ့လည် ၂ နာ ရီ ၁၅ မိနစ်တွင် တစ်ကြိမ်၊ ၂ နာရီ ၄၃ မိနစ်တွင်တစ်ကြိမ် လယ်ဝိုင်းကြီးရွာသစ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“မဟာမိတ်အဖွဲ့ရဲ့ကွက်ကဲမှုနဲ့ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ် ဖွဲ့က တိုက်ခဲ့တာပါ၊ ပစ်မှတ် ၄ ခုကို ဒရုန်းနဲ့ ၈ ကြိမ်တိုက်ခိုက်ခဲ့တယ်၊ မိုင်းခွဲမှု တစ်ကြိမ်လုပ်ခဲ့တယ်၊ စစ်ခွေး ၈ ကောင်၊ ပျူ ၂ ကောင် သေတယ်၊ ၄ ကောင် ဒဏ်ရာရတယ်၊ စစ်ခွေး ထောက်ပို့တံတားတစ်ခုပျက်စီးခဲ့ပါတယ်၊ စစ်ခွေး တချို့ ထိ ခိုက်သေဆုံးမှုတွေရှိနိုင်ပါသေးတယ်” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီတွင် ကျောက်ကြီး- နတ်သံ ကွင်း လမ်းမပေါ် ဘုံသတောတံတားရှိ အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဘုံသတောတံတား ပျက် စီးကာ စစ်ကောင်စီ တပ်သား(၄)ဦးနှင့် ပျူ‌စောထီး(၂) ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပျက်စီးသွားသည့် ဘုံသတောတံ တားကို လာရောက်ပြင်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို နံနက် ၇ နာရီ ၄၄ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီတွင် တစ်ကြိမ်၊ နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီ မိနစ် ၅၀ တွင် တစ်ကြိမ် ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဇန်နဝါရီလ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထောက်ပို့အဖြစ် အသုံးပြုနေသော နရွဲပင်တံတားကို PDF တပ်ရင်း ၃၇၀၂၊ မြေပြင်တပ်ဖွဲ့ တပ်ခွဲ ၁ က မိုင်းဖြင့် ဖောက်ခွဲ ဖျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/190478/
ကျောက်ကြီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှူ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ ဆားတောင်မြို့ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကျောက်ကြီးတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှူ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး၊ ဆားတောင်မြို့ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ပြောဆိုသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင် ရောက်လာသော စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ အဆက်မပြတ် ပို့ဆောင်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ P2-7803 ရိုးမ ၁ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ ၂ စစ်ကြောင်း၊ ဖြူးပြည်သူ့ကာ ကွယ်ရေးအဖွဲ့ နှင့် KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့နယ်၊ ဆားတောင် ရဲစခန်းမှ ရဲအချို့နှင့် ညောင်ငုတ်တိုရွာမှ ပျူစောထီးများသည် ဆားတောင်မြို့ အထက်တန်းကျောင်းအတွင်း အထိုင်ချတပ်စွဲ၍ ဘောလုံးကန်နေစဉ် ဒရုန်းဖြင့် ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဆားတောင်ရဲစခန်း၊ အထက ကျောင်းထဲမှာ တပ်စွဲနေတဲ့ စခ တွေကို ဒရုန်းနဲ့ ဗုံးကျဲခဲ့တာပါ။ ဗုံးသီး ၄ လုံးချခဲ့တယ်။ တစ်လုံးက မကွဲဘူး။ ၃ ဦးထက်နည်း ထိခိုက်မှုတော့ရှိတယ်။ သေမသေကတော့ စုံ စမ်း မရသေး ဘူး ။ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာ လည်းရှိပါတယ်။ ကျနော်တို့ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ပါဘူး” ဟု Royal Falcon Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အလားတူ ဆားတောင်ရဲစခန်းရှေ့၌ ပြည်သူများထံမှ ဆက်ကြေးကောက်၊ ငွေညှစ်အနိုင်ကျင့်နေသော ရဲများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့ ည ၉ နာရီခန့်ကလည်း ဆားတောင်ရဲစခန်းမှ ရဲများ ကင်းပတ် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို Royal Falcon Guerrilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118520/
ကျောက်ကြီးတွင် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ရွာပေါင်း ၄၀ ကျော်မှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင်ထွက်ပြေး နေရ
["ကျောက်ကြီးတွင် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ရွာပေါင်း ၄၀ ကျော်မှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင်ထွက်ပြေး နေရ", "ရန်ကုန်၊ သြဂုတ် ၁၆", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ၄ လတာအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေသဖြင့် ရွာပေါင်း ၄၀ ကျော်မှ ပြည်သူ ၈၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေး နေရကြောင်း ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီထံမှ သိရသည်။", "မေလမှ ဩဂုတ်လ ၁၅ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းမှ တိုက်ခိုက်မှု ၃၃ ကြိမ်၊ Drone ဖြင့် ၁ ကြိမ် နှင့် လက်နက်ကြီး ၃၇ ကြိမ် ပစ်ခတ်ခဲ့ပြီးလက်နက်ကြီးအလုံးရေ ၄၀၀ လုံးထက်မနည်း ပစ်ခတ်ခဲ့​ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂၀ လုံး ထက်မနည်း ပျက်စီးပြီး ကျောင်းသားကျောင်းသူ ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၁၃ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁၈ ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့ပြီး ပြည်သူ ၂ ဦး ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ကာ် ၃ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၂၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူပိုင် ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၁ လုံးကို အတင်းအဓမ္မ သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်မှ ပြည်သူများ စစ်ဘေး တိမ်းရှောင်နေရပြီး ကောက်ခံရရှိသော စာရင်းအရ ကျေးရွာပေါင်း ၁၀ ရွာမှ စစ်ဘေးရှောင်ပြည်သူ ၈၀၀၀ နီးပါးရှိကြောင်းသိရသည်။", "ကျောက်ကြီးမြို့နယ်တွင် မိုးရာသီကာလ ဖြစ်သည့်အတွက် သဘာဝဘေးဒဏ်ကိုလည်း ခံစားနေရကာ ရေကြီးရေလျှံမှုများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်း၊ ရွာပေါင်း ၈ ရွာကျော်မှ နေအိမ် ၆၄၂ လုံး၊ လူဦးရေ ၂၀၀၀ နီးပါး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း၊ စာသင်ကျောင်း ၃ကျောင်းမှ ကျောင်းသူကျောင်းသား ၃၀၀ ကျော် ကျောင်းတက်ရန်အတွက် အခက်အခဲရှိနေပြီး​ ကျောင်းပိတ်ထားရကြောင်းသိရှိရသည်။", "မိုးတွင်းကာလဖြစ်သည့် အတွက် ပြည်သူများသည် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါ များလည်းဖြစ်ပွားလျက်ရှိပြီး သွားလာရေး အခက်အခဲပြဿနာ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုများကို ကြုံတွေ့နေရကြောင်း၊ အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင်မရှိခြင်းကြောင့် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း သိရသည်။", "ထို့ကြောင့် အကြမ်းဖက် စစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခြင်းများ ပပျောက်သွားစေရန် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဖိအားပေးသွားကြရန်၊ စစ်ဒဏ်၊ ဘဘာဝဘေးဒဏ်ကြောင့် ကျောက်ကြီးမြို့နယ် ရှိပြည်သူလူထုများအတွက် ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးအခက်အခဲများအတွက် အကူအညီများ လိုအပ်လျက်ရှိသဖြင့် အကူအညီပေးကြရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တိုက်တွန်းထား သည်။"]
https://yktnews.com/2024/03/148468/
ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက် တော်သား ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးနှင့် ဆေးခန်း ပျက်စီး
["ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက် တော်သား ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးနှင့် ဆေးခန်း ပျက်စီး", "ရန်ကုန်၊ မတ် ၂", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ၆ ရက်တာအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးနှင့် ဆေးခန်းတို့ ထိခိုက် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ၆ ရက်တာအတွင်း အကြမ်း ဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေယာဉ်ဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ပစ်ခတ် ခြင်း စုစုပေါင်း ၃၆ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် ၃၀၃ လုံး ပစ်ခတ်ခဲ့သောကြောင့် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ် ၇ လုံးနှင့် ဆေးခန်း ၁ လုံး ထိခိုက် ပျက်စီးကာ တော်လှန်ရေး ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဘာဘူကုန်းကျေးရွာ၌ နေရာယူထားသော အကြမ်းဖက် စစ်တပ်က ဇီးကုန်းကျေးရွာကို လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ ဇီးကုန်းကျေးရွာမှ မောင်သက်စီး၏ နေအိမ်နှင့် ဦးခိုင်လွင်၏နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၆ စီးနှင့် MI-35 ၁ စီးသည် ကေအဲန်ယူ-လယ်ဒိုကော်ဆာ၏ ထီးမိုဂီထာရဲစခန်းနှင့် ကျွန်းတောစခန်းကို ဗုံးကျဲခြင်းနှင့် အော်လီဂန်းဖြင့်ပစ်ခတ်ခြင်း စုစုပေါင်း ၁၄ ကြိမ် ပြုလုပ်ခဲ့ရာ အချုပ်ခန်းတွင် ဖမ်းခံထားရသည့် စစ်တပ် ထောက်တိုင် ဇရပ်ခင်ကျေးရွာရှိ သန်းဇော်ဦး ၄၅ နှစ် သေဆုံးခဲ့ရပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ကျွန်းတောစခန်းရှိ KNLA လက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၅၅ မမ ၁ လုံးကို ထိုးဝါးစိုက် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာမှ စောဖားထောခေါ်၏ နွား ၂ ကောင် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်း၊ ဆက်လက်၍ လက်နက်ကြီး ၁၅၅ မမ ၅ လုံးကို ဘောကထာကျေးရွာအရှေ့ဘက်ကို ပစ်ခတ်ခဲ့ကြောင်း၊ နတ်သံကွင်းတံတားထိပ်နှင့် ကုန်းချောင်းဝ ကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး ၆၀ မမ စုစုပေါင်း ၇၅ လုံးကို နတ်သံကွင်းမြို့ ဆေးရုံနှင့် တံခွန်တိုက်ရပ်ကွက်ကို ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့် ၅ ကြိမ် လက်နက်ကြီး ၆၀ မမ စုစုပေါင်း ၁၅ လုံးကိုလည်း ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကုန်းချောင်းဝမှ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်က လက်နက်ကြီး ၆၀ မမ စုစုပေါင်း အလုံး ၄၀ ၊ ဒရုန်းဖြင့် ၆ ကြိမ် လက်နက်ကြီး စုစုပေါင်း ၉ လုံး၊ နတ်သံကွင်း တံတားထိပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်များက ဒရုန်းဖြင့် လက်နက်ကြီး ၃ လုံး၊ မူးမြို့နယ်မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ရွှေဝါတပ်ရင်း ခမရ-၃၀၇ က ဟောင်ဝစ်ဇာ လက်နက်ကြီး စုစုပေါင်း ၁၂ လုံးကို နံနက် ၇ နာရီမှ ည ၆ နာရီကျော်အထိ နတ်သံကွင်းမြို့ တံခွန်တိုင်ရပ်ကွက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၅၅ မမ ကို ဘောကထာ ကျေးရွာ အရှေ့ဘက်တွင် ၁ လုံး၊ လက်နက်ကြီး ၁၂၀ မမ ကို ကညင်ကျိုးကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ရာ ယင်း ပစ်ခတ်မှုကြောင့် ကညင်ကျိုးကျေးရွာမှ ဦးစိန်ထွန်း၏ နေအိမ် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ မှ လက်နက်ကြီး ၁၅၅ မမ ကို ဘောကထာကျေးရွာအနီး ၇ လုံး၊ လက်နက်ကြီး ၁၂၀ မမကို ကညင်ကျိုးကျေးရွာ ၃ လုံး ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့် ကညင်ကျိုးကျေးရွာမှ ဆေးခန်း ၁ လုံးနှင့် ဦးမောင်ထွန်းထွန်းနှင့် ဦးအောင်ထွန်းလင်း တို့၏ နေအိမ် ၂ လုံးကို ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ထိန်တော၊ ကုန်းချောင်းဝ၊ နတ်သံကွင်းတံတား ထိပ်တွင် နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်များသည် လက်နက်ကြီး ၈၁ မမ နှင့် ၆၀ မမ စုစုပေါင်း ၁၂၃ လုံးနှင့် ဒရုန်းဖြင့် ၉ ကြိမ် လက်နက်ကြီး စုစုပေါင်း ၂၇ လုံးကို နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီကျော် အထိ နတ်သံကွင်းမြို့ တံခွန်တိုင်ရပ်ကွက်ကို အဆက်မပြတ် ပစ်ခတ်ခဲ့သည့်အပြင် တံခွန်တိုင် ရပ်ကွက်ထိပ်တွင် လေယာဉ်ဖြင့် မီးလောင်ဗုံး ၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ဟောင်ဝစ်ဇာ လက်နက်ကြီး ၁၅၅ မမ ကို နတ်သံကွင်းမြို့သို့ ၂ လုံး၊ စောမူသယ်နှင့် ဝက်လာတောကျေးရွာသို့ ၂ လုံး၊ ရွှေဝါတပ်ရင်း ခမရ-၃၀၇ က ဟောင်ဝစ်ဇာလက်နက်ကြီးကို တမောမကျေးရွာသို့ ၅ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က လက်နက်ကြီး ၁၂၀ မမ ကို အင်းပရိကျေးရွာသို့ ၄ လုံး ပစ်ခတ်ခဲ့ရာ ထိုပစ်ခတ်မှုကြောင့် အင်းပရိကျေးရွာမှ တီးခေါမဲ၊ ညားဝါးရှီး၏ နေအိမ်ကို ထိမှန်ပျက်စီးခဲ့ရကြောင်း၊ ခိုသေစိုးစခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်က မူသယ် ကျေးရွာတွင်းကို လက်နက်ကြီး ၁၂၀ မမ ၁၅ လုံး ပစ်ခတ်ခဲ့သောကြောင့် မူသယ်ကျေးရွာမှ နော်ငြင်းလေ၏ နေအိမ် ထိမှန်ပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/120017/
ကျောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ ဖြူးတွင် စစ်သားများ နေထိုင်သော နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး
["ကျောက်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ ဖြူးတွင် စစ်သားများ နေထိုင်သော နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၂၇", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဩဂုတ်လ ၂၅ ရက်နေ့၊ ည ၈ နာရီ ၄၅ မိနစ်ခန့်မှ ၉ နာရီ ၁၅ မိနစ်ထိ ကျောက်ကြီးမြို့နယ်၊ အုတ်ဖြတ်တံတားအရှေ့ဘက်ခြမ်းကို ပြည်သူကာကွယ်ရေး တပ်မတော် (PDF) အထူး ကွန်မန်ဒို တပ်ရင်း ရိုးမစစ်ကြောင်း ၂ ၊ KNLA နှင့် ပကဖ ပူးပေါင်းအဖွဲ့တို့ နယ်မြေရှင်းလင်းစဥ် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်သားများ နေထိုင်သော နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။", "ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာရှိ အကြမ်းဖက် စစ်သားများ နေထိုင်သော နေအိမ်ကို ပြည်သူကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း ၂ နှင့် KNLA ဒရုန်း ပူးပေါင်းအဖွဲ့က ၆၀ မမ ဗုံးသီးဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/79705/
ကျောက်ကြီးတွင် မိုင်းရှင်းနေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဒီပဲယင်းနှင့် အင်းတော်တွင် စစ်တပ် ကင်းစခန်းနှင့် ရဲကားများကို မိုင်းဆွဲ တိုက်ခိုက်
["ကျောက်ကြီးတွင် မိုင်းရှင်းနေသည့် စစ်သားများကို ဖောက်ခွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဒီပဲယင်းနှင့် အင်းတော်တွင် စစ်တပ် ကင်းစခန်းနှင့် ရဲကားများကို မိုင်းဆွဲ တိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၇", "ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ် သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားတွင် ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီခန့်က မိုင်းရှင်းနေသော အကြမ်းဖက်စစ်သားများမိုင်းပေါက်ကွဲပြီး ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြား နတ်သံကွင်း-ကျောက်ကြီးလမ်းမ ပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဖောက်ခွဲတိုက်ခိုက်ရန် PDF တပ်ဖွဲ့မှ ထောင်ထားသည့် မိုင်း များကို အကြမ်းဖက်စစ်တပ်မှ လာရောက်ရှင်းလင်းစဉ်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“မုန်းအခြေစိုက် ခမရ ၅၉၉ တပ်ကလို့ သိရတယ်၊ မိုင်းရှင်းနေတုန်းထပေါက်တာ၊ ၃ ဦးသေတယ်၊ ၆ ဦး အပြင်းအထန်ဒဏ်ရာရတယ်၊ နောက်ဆက်တွဲတော့ မသိရသေးဘူး” ဟု Bago Region PDF မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။", "အဆိုပါမိုင်းထောင်ထားမှုကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ ၊တပ်ခွဲ ၂ မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရန် ရည်ရွယ် ခဲ့ကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသွားသော အကြမ်းဖက်စစ်သားများ၏ နောက်ဆက်တွဲအခြေအနေ ကို ထပ်မံအတည်ပြုစုံစမ်းလျက်ရှိကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ကင်းစခန်းဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း DRPA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်က ဒီပဲယင်းမြို့အနောက်ခြမ်းရှိ အဆိုပါကင်းဂိတ်စခန်း ရှေ့ထွက်နေသော အကြမ်းဖက်စစ်သား ၂ ဦး အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက် ခဲ့ရာ လဲကျသွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။", "“အဲဒီဂိတ်မှာ စစ်ခွေး ၁၀ ကောင်လောက်ပဲရှိပါတယ်။ အပြင်းအထန်ဒဏ်ရာရပြီး လဲကျသွားတာတော့ မျက်မြင်အတည်ပြုနိုင်ခဲ့တယ်၊ သေမသေတော့ မသိရသေးဘူး။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဂိတ် တစ်ခုပါ” ဟု DRPA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ယင်းအကြမ်းဖက်စစ်ကောင်စီကင်းဂိတ်သည် ခရီးသွားပြည်သူလူထုကို အမျိုးမျိုးအကြောင်းပြကာ ခြိမ်း ခြောက်ငွေကောက်ခံမှုများကို ကျူးလွန်လေ့ရှိကြောင်း၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် -DRPA တပ်ဖွဲ့မှ နယ်မြေခံ ဒီပဲယင်းပကဖအဖွဲ့နှင့်ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီးကို မို်ငးဆွဲ တိုက် ခိုက်ခဲ့ရာ ရဲ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Indaw Revolution –IR ထံမှ သိရသည်။", "ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်က အင်းတော်မြို့၊ ပညာရေးမှူးရုံးအနီးရှိ ရဲစစ်ဆေးရေးဂိတ် ကိုလာသော ကားတစ်စီးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးထိခိုက်ဒဏ် ရာရရှိခဲ့ပြီး တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော ရဲတစ်ဦးမှ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် အကြမ်းဖက် စစ်တပ် ရိက္ခာကုန်းအဖြစ် နေရာယူထားသည့် ဂျပန်မြေအောက် ဆေရုံးဟောင်း( Worls War II CaVe) တွင် ဆေးကုသမှုခံယူနေကြောင်း၊ ပျက်စီးသွားသော ကားကို သစ်တောရုံးဝန်းထဲတွင် ရပ်ထားကြောင်း သိရသည်။", "မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများများမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ ပြီး လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်များကိုလည်း တားဆီးစစ်ဆေးနေကြောင်း သိရသည်။"]
https://yktnews.com/2024/09/184541/
ကျောက်ကြီးတွင် ရေတာတမံများကျိုးခြင်း နှင့် နေ့စဉ်မပြတ် မိုးရွာသွန်းမှုကြောင့် ကျေးရွာတွင် ရေကြီးရေလျှံမူများဖြစ်ပေါ်နေပြီး ပြည်သူ ၂ ဦးသေဆုံးကာ လူပေါင်း ၂ သိန်းနီးပါး ရေဘေးသင့်
["ကျောက်ကြီးတွင် ရေတာတမံများကျိုးခြင်း နှင့် နေ့စဉ်မပြတ် မိုးရွာသွန်းမှုကြောင့် ကျေးရွာတွင် ရေကြီးရေလျှံမူများဖြစ်ပေါ်နေပြီး ပြည်သူ ၂ ဦးသေဆုံးကာ လူပေါင်း ၂ သိန်းနီးပါး ရေဘေးသင့်", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် မြန်မာပြည်အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်း နှင့် နေ့စဉ်မပြတ် မိုးရွာသွန်းမှုကြောင့် ကျေးရွာအတွင်း ရေကြီးရေလျှံမူများဖြစ်ပေါ်နေကြောင်း KNU က သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၁၀ ရက်နေ့မှ ယနေ့အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြန်မာပြည် အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်း တို့ကြောင့် ကျေးရွာအ တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ ခလယ်လွီထူခရိုင် အတွင်း လယ်ဒိုမြို့နယ်၊မူးမြို့နယ်နှင့်ဆောထိမြို့နယ် စုစုပေါင်း နယ်မြေ ၃ ခု အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြန်မာပြည်အထက်ပိုင်းမှ ရေတာတမံများကျိုးခြင်း ကြောင့် ကျေးရွာများရေကြီးရေလျှံမှုများဖြစ်ပေါ်ကာကျေးရွာပေါင်း ၂၈၉ ရွာ၊ အိမ်ခြေ ၃၂၂၄၆ လုံး၊ လူဦးရေ ၁၆၈,၄၂၇ ဦးရေဘေးသင့်နေရကြောင်း သိရှိရသည်။", "လွန်ခဲ့သည့် လအတွင်းမိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအတွင်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ကာ စပါးများရေလွှမ်းကာ ပျက်စီးခြင်းနှင့်ကျန်ရှိနေသောစပါးပင် များ ပိုးကျခြင်းများ ရင်ဆိုင် ကြုံတွေ့ ခဲ့ရကြောင်း၊ ယခုဒုတိယအကြိမ်ရေကြီးရေလျှံမှုများနှင့်ဆည်တာတမံများကျိုးပျက်ခြင်းတို့ကြောင့်နယ်မြေ ၃ ခုအတွင်းရှိကျေးရွာများမှကျန်ရှိသောစပါးပင်များရေထပ်မံလွှမ်းမိုးကာကျေးရွာအတွင်းရှိနေထိုင်သော ပြည်သူလူထုများ၊စစ်ဘေးရှောင်ပြည်သူများနှင့် တိရစ္ဆာန်များအတွက် နေရာအခက်အခဲနှင့် စားဝတ်နေရေးအ ခက်အခဲများစွာကြုံတွေ့နေရပြီး ဒုတိယအကြိမ် ရေကြီးမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "ထိုကဲ့သို့အခက်အခဲကြုံတွေ့နေရသော ကျေးရွာ များကို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနှင့်အဖွဲ့သားများက လှေများဖြင့် အမြင့်ပိုင်း နေရာများသို့ပို့ဆောင်ခြင်း၊အရေးပေါ်အကူအညီများထောက်ပံပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း လုံလောက်မှုမရှိဘဲ အရေးပေါ်အကူအညီများနှင့်ဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/206752/
ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ
["ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ မတ် ၈", "ပဲခူးတိုင်းကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "မတ်လ ၆ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် မူးမြို့နယ်၊ ကျောက်ကြီးပေါက် ကျေးရွာအတွင်းသို့ တောင်ငူ လေ တပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၆၃ နှစ် ဒေါ်ထွေး သေ ဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မဝင်းဝင်းအေးနှင့် အသက် ၂၄ နှစ်အရွယ် မဖြိုးရတနာအောင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့အတူ နံနက် ၂ နာရီ ၅ မိနစ်တွင် မူးမြို့နယ်၊ မကျည်းတောကျေးရွာအတွင်းသို့ အကြမ်းဖက် စစ် ကောင်စီတပ်က ထပ်မံ၍ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၃ နှစ်အရွယ် မခိုင်ဦး ၊ အသက် ၅၅ နှစ် အရွယ် ဦးအောင်မြင့်အေးတို့ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၆ လုံးထိမှန်ပျက်စီးခဲ့ကာ နေအိမ် ၁ လုံးမှာ မီး လောင်ပြာကျခဲ့ကြောင်း၊ အလားတူ နံနက် ၂ နာရီ ၁၅ မိနစ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ရော့ကတ်ဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "မတ်လ ၅ ရက်နေ့ ညနေ ၆ နာရီ ၄၆ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ အင်းနက်အကျေးရွာအ တွင်းသို့ အကြမ်း ဖက် စစ်ကောင်စီ၏ လေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း၊ မတ်လ ၆ ရက်နေ့ ည ၈ နာရီ ၅၃ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ တရေးစီလော်(နရွဲပင်) ကျေးရွာတွင်းသို့ ထပ်မံ ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ − အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီး သေဆုံးရမှုများ။"]
https://yktnews.com/2025/04/211889/
ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
["ကျောက်ကြီးနှင့် မူးမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၀", "ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေ ကျောက်ကြီး နှင့် မူးမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး နေအိမ် ၇ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၆ မိနစ်အချိန် KNU−လယ်ဒို မြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံးကို ရေတွင်းကုန်းကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ရာ အသက် ၄၃ နှစ်အရွယ် စောမျိုးသန့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး၊ ဆိုင် ကယ် ၂ စီးနှင့် ထော်လာဂျီ ၁ စီးတို့ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့အပြင် ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီလေတပ်က ဂျက်ဖိုက် တာ တစ်စီးဖြင့် နိုဂေါ်ကျေးရွာဘေးအတွင်းသို့ ဗုံးကျဲ ပစ်ခတ်ခဲ့ရာ ဝက်တစ်ကောင်သေဆုံးပြီး နွား ၂ ကောင် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဧပြီလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကလည်း ကေအဲန်ယူ−မူးမြို့နယ်တွင်းရှိ အကြမ်းဖက်စစ် ကောင်စီ၏ ခမရ−၃၅၁ တပ်ရင်းက ထွနီကုန်းကျေးရွာထဲသို့ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "အာဏာသိမ်အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ခလယ်လွီထူခရိုင် အတွင်းနေ အပြစ်မဲ့အရပ်သား ပြည်သူပိုင်ပစ္စည်းများနှင့်နေအိမ်များ များစွာထိခိုက်ပျက်စီးဆုံးရှုံးနေရ ပြီး ပြည်သူလူထုများအနေဖြင့်လည်း စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် အသက်ရှင် နေထိုင် နေကြရ ကြောင်း KNU ဗဟို ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/89993/
ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင်ပင်သာကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ်
["ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင်ပင်သာကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းအုပ်စုရှိ ညောင် ပင်သာကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ဦးကျော်မိုးဝင်း နှင့် ဦးကြာပေါ်တို့ကို ပစ်သတ် သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စ၍ စစ်တပ်က ညောင်ပင်သာ ကျေးရွာအတွင်းသို့ ဝင်ရောက်၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် နေအိမ် ၄ လုံးလက်နက်ကြီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၂ ဦး ရွာအတွင်းတွင် ပစ်ခတ်၍ သေဆုံးသွားကြောင်း၊ စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်များအကြားတွင်လည်း တိုက်ပွဲများဖြစ် ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်တပ်က ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူထောင်သောင်းကျော် ထွက်ပြေးပုန်းရှောင်နေကြရကြောင်း၊ လက်ရှိ စစ်ဘေးရှောင်ပြည်သူများ ထွက်ပြေးနေရသည်မှာ ၄ ရက်ခန့်ရှိလာပြီဖြစ်ကြောင်း၊ စစ် တပ်က ကျေးရွာအတွင်းရှိ နေအိမ်များသို့လည်း ‌ဖောက်ထွင်း၍ ပြည်သူပိုင်ပစ္စည်များကို ခိုးယူ မွှေနှောက်ယူခြင်း၊ ကြက်ဝက်များကို သတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "” ကျနော့်အိမ်မှာရှိတဲ့ လက်စွပ် ဆွဲကြိုးတွေပါ ယူသွားကြတယ်။ ပြည်သူတစ်ဦး ကျည်ထိမှန် ဆေးရုံရောက်တယ်။ နောက်ပြည်သူ ၂ ဦး အိမ်ထဲမှာ အသတ်ခံရတယ်။ အလောင်းမကောက်ရသေးဘူး။ ကျည်ထိတာ မတင်တင်ညိုလို့ ခေါ်ပါတယ်။ အသတ်ခံရတာက မနေ့ည (ဖေဖော်ဝါရီ ၂၇) ရက်နေ့ကပါ။ အသက်ခံရတဲ့ အမျိုးသားနှစ်ယောက်ရဲ့ နာမည်က ကျော်မိုးဝင်းနဲ့ ကြာပေါ်လို့ ခေါ်ကြတယ်။ အိမ်ထဲမှာအသတ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက်ပြောဆိုသည်။", "လက်ရှိအချိန်တွင် စစ်တပ်က ညောင်ပင်သာရွာရှိ စာသင်ကျောင်းထဲတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရှိရသည်။", "” နေ့တိုင်း ပစ်နေတာ။ အခုတောင် ပစ်နေတုန်းပါခင်ဗျာ။ အသတ်ခံရတာ မနေ့ညက ညောင်ပင်သာကပဲ။ အမျိုးသား နှစ်ယောက်။ အခြားရွာတွေဘက်ကတော့ အသေအပျောက် မသိရသေးဘူး။ ဘယ်မှလည်း မထွက်ရဲဘူး။ ကျေးရွာ ၆ ရွာ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အတွက် ထွက်ပြေး ပုန်းရှောင်နေကြရသည့် ကျေးရွာများမှာ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာ၊ ဆင်ဆိပ်ရွာ ‌စသည့် ကျေးရွာ ၆ ရွာမှ ပြည်သူများ ထွက်ပြေးပုန်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/142651/
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး
["ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၂၆၄ တပ်ရင်းမှ နတ်သံကွင်းမြို့သို့ ဟောင်ဝစ်ဇာ ၁၂၂ မမ ၁ လုံး၊ ၁၅၅ မမ ၁ လုံး၊ ကော်သာစေးကျေးရွာသို့ ၁၅၅ မမ ၃ လုံး၊ တောင်ခင် ကျေးရွာသို့ လက်နက်ကြီး ၁၂၀ မမ ၈ လုံး စုစုပေါင်း ၁၃ လုံးပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကြိတ်ကွင်းကျေးရွာသို့ လက်နက်ကြီး ၈၁ မမ ၄ လုံး၊ ထိုးဝါး စိုက် ကျေးရွာသို့ ဟောင်ဝစ်ဇာ ၁၅၅ မမ ၃ လုံး စုစုပေါင်း ၇ လုံးပစ်ခတ်ခဲ့ရာ ထိုးဝါးစိုက်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် တီးရွှေဘ နှင့် အသက် ၃၅ နှစ်အရွယ် ဝေဝေလတ် တို့ လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာ ရရှိကာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခင်တန်းကျေးရွာသို့ လက်နက်ကြီး ၁၂၀ မမ ၁ လုံး၊ ဘုရားဇီး ကုန်း ကျေးရွာသို့ လက်နက်ကြီး ၈၁ မမ ၃ လုံး စုစုပေါင်း ၄ လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/140713/
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ
["ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ဖိုးတကျေးရွာကို ၄ လုံး ပစ်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် ငဖယ်အင်းကျေးရွာကို ၁ လုံး၊ နတ်သံကွင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ဖိုးတကျေးရွာကို ၈၁ မမ လက်နက်ကြီး ၁ လုံးနှင့် ည ၉ နာရီခန့်တွင် ခလရ-၂၆၄ တပ်ရင်းက အလယ်ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး စုစုပေါင်း ၈ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဘောကထာစခန်းကို အထုပ် ၂ ထုပ် ပစ်ချခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း အနန်းဘော်ကျေးရွာကို ဝင်ရောက်စီးနင်းကာ အနန်းဘော်ကျေးရွာမှ မောင်ဇော်မင်းသိန်း၊ ဖိုးဇော်နှင့် အမည်မသိ ပြည်သူ ၂ ဦးကို ဖမ်ဆီး သတ်ဖြတ်ခဲ့ပြီး ရွှေဝါတပ်ရင်းမှ အနန်းဘော်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေါ်မာမာဦး ၃၂ နှစ်နှင့် မောင်စိုးအောင် ၃၅ နှစ် တို့ လက်နက်ကြီး ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ အမတ-၃၁၀ တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် သုံးခွကျေးရွာမှ ၁၀ တန်းကျောင်းသား ၁ ဦးနှင့် ပြည်သူ ၁ ဦး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သိမ်ဇရပ်မြို့ အမတ-၃၁၀ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးခွကျေးရွာနေ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသား ကိုဇော်ဇော်အောင် ဘယ်ဖက်ပေါင်၌ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ရာဘာခြံ အလုပ်သမား အသက် ၁၉ နှစ်အရွယ် ကိုလှမျိုးထွေးလည်း ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/120257/
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေ
["ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေ", "ရန်ကုန်၊ သြဂုတ် ၂၉", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က သမန်းကျင်းရွာကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ၃ ကြိမ် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်း မီးလောင်လျက်ရှိကြောင်း သိရသည်။", "” စစ်ခွေးတွေက နံနက်က တိုက်လေယာဥ် ၂ စီး လာပစ်တယ်။ မွန်းလွဲပိုင်းမှာ တိုက်လေယာဥ်ကော ရဟတ်ယာဥ်ကောနဲ့ ပစ်နေတာ အခုညနေပိုင်းလည်း ထပ်လာပစ်တယ်။ ပြည်သူတွေ ကတော့ တိမ်းရှောင်နေရတယ်။ ပစ်ခတ်သံတွေလဲ ဆက်တိုက်ကြားနေရတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နေတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/109634/
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်၏ ထောက်ပို့လမ်းကြောင်းရှိ တံတား ၁ စင်းကို ဖောက်ခွဲ ရှင်းလင်း
["ကျောက်ကြီးမြို့နယ်တွင် စစ်တပ်၏ ထောက်ပို့လမ်းကြောင်းရှိ တံတား ၁ စင်းကို ဖောက်ခွဲ ရှင်းလင်း", "ရန်ကုန်၊ ဇွန် ၂၅", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့လမ်းကြောင်းရှိ တံတား ၁ စင်းကို KNLA – PDF ပူးပေါင်း တပ်က ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။", "ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် KNU – ထိန်းချူပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်၊ ရန်မျိုးအောင် ကျေးရွာ အထွက်ရှိ ကျောက်ကြီးနှင့် နတ်သံကွင်းကို သွယ်တန်းထားသော တံတားကို KNLA – PDF ပူးပေါင်းတပ်ဖွဲ့က ဖောက်ခွဲ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တံတားသည် အကြမ်းဖက် စစ်တပ်၏ အဓိက လက်နက်၊ ရိတ်က္ခာထောက်ပို့နေသော တံတား ၁ စင်းဖြစ်ပြီး ကျောက်ကြီး (လယ်ဒို) နယ်မြေအတွင်း နယ်မြေစိုးမိုးမှုမရှိတော့သည့် အကြမ်းဖက် စစ်တပ် အနေဖြင့် နယ်မြေစိုးမိုးရေးအတွက် လူအင်အားတိုးချဲ့မှုများ၊ စစ်ကြောင်းထိုးမှုများ၊ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ရန် အဓိက အသုံးပြုသော တံတား ၁ စင်းဖြစ်သောကြောင့် KNLA ပူးပေါင်းတပ်က ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း KNLA-PDF ကျောက်ကြီး တပ်ရင်း ၉ – ၁၀၃၅ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/130227/
ကျောက်ကြီးမြို့နယ်နှင့် မိုးမောက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါး သေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရ
["ကျောက်ကြီးမြို့နယ်နှင့် မိုးမောက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါး သေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၈", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီမှစ၍ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ဖွဲ့များအကြား မိနစ် ၂၀ အကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁၂ လုံးကို ပြည်များ နေထိုင်ရာ ကျေးရွာများ အတွင်း ပစ်ခတ်ခဲ့ရာ အလယ်ကျေးရွာ၊ ငါးဖယ်အင်း ကျေးရွာ၊ သမင်အင်းကုန်းကျေးရွာ၊ ကညင်ကျိုးကျေးရွာနှင့် ခင်ကန့်လန့်ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "ခင်ကန့်လန့်ကျေးရွာ အတွင်း ကျရောက်ခဲ့သော လက်နက်ကြီးသည် ကျေးရွာနေ ပြည်သူ စောကျဲကျဲ၏ နေအိမ်ကို ထိမှန်ကာ သက်တော် ၇၀ ရှိ ဥူးဇင်းဦးသောမ လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တလခင်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး တလိုင်းခင်ရွာသား စောပယော်ဖိုး၏ ပုဇင်း ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အလားတူ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ မံပုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် မိုးမောက်မြို့နယ်ရှိ မံပုံရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ကြောင့် နေအိမ် ၄ လုံးထိမှန်ကာ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“မနေ့ညက မိုးမောက်မြို့ မံပုံရွာထဲကို စစ်ခွေးတွေ ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ ၄ အိမ် ထိသွားပြီး လူ ၄ ဦး ဒဏ်ရာရသွားပါတယ်။ အူပွင့်တဲ့ လူနာက သွေးထွက်လွန်လို့ အချိန်မှီ သွေး ၃ လုံး အမြန်သွင်းပေးလိုက်ရတယ်။ စိတ်ချရတဲ့ အခြေအနေရောက်မှ ဗန်းမော်ပြည်သူ့ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/03/90129/
ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော်ထွက်ပြေး တိမ်းရှောင်နေရ
["ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော်ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၁", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ညောင်ပင်သာရွာ၊ တောပုရွာ၊ တလိုင်းအိုင်ရွာ၊ ယောက်သဝရွာ၊ မဲဖလံရွာနှင့် ဆင်ဆိပ်ရွာ အပါအဝင် ကျေးရွာ ၁၅ ရွာကို ဝင်ရောက် စီးနင်းမှုကြောင့် ပြည်သူ တစ်သိန်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "” မုန်းမြို့နယ်ထဲကို စစ်ခွေးတွေက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာ ကျေးရွာ ၁၅ ရွာက ပြည်သူ တစ်သိန်းလောက် ထွက်ပြေး တိမ်းရှောင်နေရတယ်။ ညောင်ပင်သာရွာ တစ်ရွာတည်းမှာ အိမ်ခြေပေါင်း ၁၂၀၀ ကေျာ်နဲ့ လူဦးရေ ၅ထောင်လောက်ရှိတယ်။ ထိတွေ့ တိုက်ပွဲ ဖြစ်တာတွေလည်းရှိတယ်။ ညောင်ပင်သာရွာနားမှာ တိုက်ပွဲဖြစ်ပြီး နေအိမ် တွေ မီးလောင်ထားတယ်။ ၄ လုံးလောက်ရှိမယ်။ အရေအတွက် အတိအကျတော့ မသိနိုင်သေးဘူး။ စစ်ခွေးတွေက ကျေးရွာ စာသင်ကျောင်းနားမှာ တပ်စွဲထားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ညောင်ပင်ကျေးရွာ အထက ကျောင်းနှင့် ကျောင်းအနီးအနားရှိ နေအိမ်များ၌ တပ်စွဲထားကြောင်း သိရသည်။"]
https://yktnews.com/2023/09/121278/
ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ၊ ဘီးလင်းရှိ အီးကြူးခီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရ
["ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ၊ ဘီးလင်းရှိ အီးကြူးခီးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၆", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ လော်မူသောကျေးရွာနှင့် ဘုရားလေးကုန်းဘုန်းကြီးကျောင်း အနီးကို အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းတို့ ထိခိုက် ပျက်စီးခဲ့ပြီး ပြည်သူ ၇၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရကာ စာသင်ကျောင်း တ ကျောင်းလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။", "လေကြောင်း တိုက်ခိုက်မှုကြောင့် လော်မူသောကျေးရွာနှင့် လော်မူပယ်ကျေးရွာတို့မှ ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အဆိုပါ ကျေးရွာ ၂ ရွာတွင် အိမ်ခြေ ၁၄၉ အိမ်ရှိပြီး ပြည်သူ ၆၃၂ ဦး နေထိုင်ကြောင်း၊ ထို့ပြင် ကျောင်းသား ကျောင်းသူ ၃၃ ဦး တက်ရောက် ပညာသင်ယူနေသည့် လော်မူပယ်မူလတန်း ကျောင်းနှင့် ကျောင်းသား ကျောင်းသူ ၂၇၂ ဦး တက်ရောက် ပညာသင်ယူနေသည့် လော်မူသော အထက်တန်းကျောင်းလည်း ယာယီပိတ်ထားရကြောင်း သိရှိရသည်။", "ထို့ပြင် မိုးတွင်းကာလဖြစ်သည့်အတွက် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် တောတောင်များအတွင်း ခက်ခဲစွာ ရှင်သန်နေထိုင်နေကြရပြီး အရေးပေါ် စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။", "ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အီးကြူးခီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အီးကြူးခီးရွာနှင့် ဝါးကတဲရွာအကြား၌ နတ်ကြီးစခန်းရှိ ခမရ−၄၀၅ တပ်စခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် KNLA တပ်ရင်း ၃ တပ်ခွဲ ၁ တပ်ဖွဲ့တို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားပြီး မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မယ်ပလီရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမှတ်−၄၀၅ ခြေမြန် တပ်ရင်းစခန်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အီးကြူးခီးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၃၁ နှစ်အရွယ် နော်နုနု လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း အမှတ်-၈၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ အမှတ်−၄၁၀ ခြေမြန် တပ်ရင်းစခန်းက လေးကေရွာနေ ပြည်သူများအား ဝါးအလုံးပေါင်း ၅၀၀ လုံးနှင့် ဖက်အပျစ်ပေါင်း ၁၀၀၀ ပျစ်ပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့ပြီး ဒေသ ပြည်သူများက ဝါးအလုံးပေါင်း ၃၀၀ လုံးနှင့် ဖက်အပျစ်ပေါင်း ၅၀၀ ပျစ်သာ ပေးခဲ့ပြီး ကျသင့်ငွေ အပြည့်ဝမပေးဘဲ ငွေကျပ် နှစ်သောင်းသာ ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/183838/
ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး
["ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၈ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျောက်တံခါး ဘောလုံးကွင်းမှနေ၍ ဖျံတလင်း ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ဂေါ်ဖီထုပ် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ နေအိမ် ၁ လုံး၊ ဆိုင်ကယ် ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပဲနွယ်ကုန်းအနောက်ဘက် အလိုင်ခင်ကျေးရွာမှနေပြီး သဲဖြူရွာသစ်ကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ မဝင်ဇင်မိုး အသက် ၃၇ နှစ် နှင့် ၎င်း၏ သမီးဖြစ်သူ မမြဘုန်းတင့် အသက် ၈ လခွဲ တို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဆောထိမြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့၌ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ−၅၉၈ တပ်ဖွဲ့ဝင်များက ၎င်းတို့ တပ်စွဲထားသော ဖားဘော်တပ်စခန်းမှ နေ၍ ၈၁ မမ လက်နက်ကြီး ၁၇ လုံးဖြင့် ဝေါ်ကေ့ကျေးရွာနှင့် ရှမ်းစုကျေးရွာများ အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/132068/
ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာရ
["ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုကော်ဆာ)ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ အတွင်း ရဟတ်ယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း လယ်ဒိုကော်ဆာ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမြောက်တပ်နှင့် ကြည်းတပ်များက လက်နက်ကြီးအလုံးရေ စုစုပေါင်း ၁၇၄ လုံး နှင့် လေတပ်မှ ဗုံး ၉ လုံး ကျဲချခဲ့ပြီး အော်လီဂန်း (လေယာဥ်ပစ် စက်သေနတ်အကြီး) ဖြင့် လည်း ၁၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၆ ဦး နှင့် နွား ၁၂ ကောင် ထိခိုက်ဒဏ်ရာ ရရှိကာ နွား ၂ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်သည့်အပြင် မတရားဖမ်းဆီး ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံခြင်း၊ ပြည်သူလူထုများ၏ ကား၊ ဆိုင်ကယ်၊ ဆောင်းဘောက်ကဲ့သို့သော တန်ဖိုးကြီးပစ္စည်းများကိုလည်း မတရားသိမ်းဆည်း ယူဆောင်သွားခြင်းများလည်းပြုလုပ်လျှက်ရှိကြောင်း၊ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုများ ထိပ်လန့်ကြောက်ရွံ့ဖွယ်ရာ အခြေအနေများ အကြား လူမှုဘဝလုံခြုံမှုကင်းမဲ့စွာ အသက်ရှင်ရပ်တည်နေထိုင်ရကြောင်း သိရသည်။", "ကျောက်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများ အပေါ် အကြမ်းဖက် စစ်တပ်များက လူ့အခွင့်အရေး ချိုးဖောက်မှုများသည် အာဏာသိမ်းသည့် အချိန်မှသာစတင်ပြီး ဖောက်ဖျက် ကျူးလွန်လာခြင်း မဟုတ်ဘဲ ယခင်ကာလများစွာကတည်းက နည်းလမ်း ပေါင်းစုံဖြင့် ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ မိုင်းထောင်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း ၊ ရပ်ရွာပြည်သူများကို လူသာဒိုင်းသဖွယ်အသုံးပြုခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးခြင်းကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ပို၍ကျူးလွန်လာကြောင်း သိရှိရသည်။", "ပြည်သူလူထုအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်နေသော အကြမ်းဖက် စစ်တပ်နှင့် ၎င်းအာဏာသိမ်း အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေသော အဖွဲ့အစည်း လူပုဂ္ဂိုလ်များအား ပြင်းထန်စွာကန့်ကွက်ရှုံ့ချပြီး အကြမ်းဖက်မှုများကို ကျူးလွန်ခြင်း၊ အားပေးလှုံ့ဆော်နေခြင်းများကို ရပ်တန့်ရန်၊ အကြမ်းဖက် လုပ်ရပ်များကို တိုက်ရိုက်ခံစားနေရသော ပြည်သူများနှင့် စစ်ဘေးရှောင်နေရသော ပြည်သူများ၏ လုံခြုံမှုနှင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့အတွက် လိုအပ်နေသော လူသားခြင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီများကို နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်ရန်၊ ပြည်တွင်းပြည်ပ တွင်ရှိသော တိုင်းရင်းသား ပြည်သူများနှင့်တကွ ပြည်သူများကို ကိုယ်စားပြုသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ နှင့် လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့ အစည်းများမှလည်း စစ်ကောင်စီတပ်က ပြည်သူလူထုများအပေါ် ပစ်မှတ်ထားအကြမ်းဖက် တိုက်ခိုက် နေမှုများကို ချက်ချင်းရပ်တန့်ပြီး ပြန်လည်ရုပ်သိမ်းရန်အတွက် ပို၍ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လယ်ဒိုကော်ဆာ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီက တောင်းဆိုထားသည်။", "Photo – ပဲခူတိုင်းအတွင်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/02/146050/
ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ
["ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၄ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KUN-ဗဟိုက ထုတ်ပြန်ထားသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ်အခြေစိုက် တပ်စခန်း ခလရ-၂၆၄ က လက်နက်ကြီး ၁၂၀ မမ ဖြင့် ချုံအင်းကျေးရွာ နှင့် ကညင်ကျိုးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကညင်ကျိုး ကျေးရွာမှ မောင်စန်းအောင်၏ နေအိမ်ခြံဝင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး မောင်စန်းအောင်၏ နေအိမ်ရှိ ပုဇင်း ၁ စီး၊ ဆိုလာပြား ၁ ချပ် ပျက်စီးခဲ့ပြီး", "မယုမော် ၄၂ နှစ်သည် ကျည်စထိမှန် သေဆုံးခဲ့ပြီး မောင်စန်းအောင် ၄၁ နှစ်၊ ယွန်းယွန်း ၈ နှစ်၊ မိမာ ၁၃ နှစ်၊ ကလားလေး ၁၄ နှစ်၊ ရွှေလှဝန် ၄၅ နှစ်တို့ လက်နက်ကြီးကျည်စထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ည ၉ နာရီခန့်တွင် ခမရ-၂၆၄ က လက်နက်ကြီး ၁၅၅ မမ ဖြင့် နတ်သံကွင်းမြို့သို့ ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ည ၉ နာရီ ၂၁ မိနစ်ခန့်တွင် လက်နက်ကြီး ၈၁ မမ ၅ လုံး ခင်ကန့်လန့်ကျေးရွာကို ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့်ကျေးရွာမှ တီးဘူလူ၏နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲ ပြီး တီးဘူလူ၏နေအိမ်ပျက်စီးပြီး မယဉ်ဒွေး ၈၅ နှစ် ကျည်စထိမှန် သေဆုံးကာ မကြူကြူ ၄၄ နှစ် ကျည်စ ထိမှန် ဒဏ်ရာရရှိပြီး နွား ၃ ကောင်လည်း ကျည်စထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106553/
ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၇", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ယနေ့ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတံတားဂိတ်ရှိ အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာ ၁၀ ရွာကျော်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရေတွင်းကုန်း၊ ဂွေးတန်ရှည်၊ အုန်းချစ်ကုန်း၊ အုန်းပင်စု၊ တောကြောင်ပေါက်၊ ဒေါင်းမို့၊ အင်းတိုင်းကုန်း၊ ၊ကျောက်စရစ်၊ လိန်ပင်၊ ပဲသောင် စသည့် ကျေးရွာများမှ ပြည်သူများသည် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“စစ်တပ်က အခု ထုနေတာပါ။ ဘေးနားက ရွာတွေကို ။ ရေတွင်းကုန်၊ ဂွေးတန်ရှည်ရွာ၊ အုန်းချစ်ကုန်း၊ အုန်းပင်စု၊ ရေလဲဘက်တွေ အခြေအနေကတော့ မကောင်းကြဘူး။ ရွာကတော့ များတယ်။ တောကြောင်ပေါက်၊ ဒေါင်းမို့၊ အင်းတိုင်းကုန်း၊ ကျောက်စရစ်၊ လိန်ပင်၊ ပဲသော်၊ အကုန်ကရင်ရွာတွေချည်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများ ရှိရာဘက်သို့ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး လေယာဉ်နှင့် ပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ဂွေးတန်ရှည်ရွာပစ်တယ်။ တောကြောင်ပေါက်ကကို လက်နက်နဲ့ ထုတယ် တံတားကျိုးတဲ့ ဟိုဘက်ထိပ်က ဂိတ်က အခုထိ တောရွာထဲက လူတွေ ကြောက်နေကြတယ်။ ဆင်းရဲတဲ့ ပြည်သူတွေကတော့ ရွာထဲမှာပဲ တော်တော်များများက ပြေးကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2023/09/122545/
ကျောက်ကြီးမြို့နယ်ရှိ ငါးထွေဆုပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ကျောက်ကြီးမြို့နယ်ရှိ ငါးထွေဆုပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ စက်တင်ဘာ ၁၅", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ငါးထွေဆုပ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်ကြီးမြို့နယ် ငါးထွေးဆုပ်ရွာကို ဝင်ရောက် စီးနင်းပြီး မွန်းလွဲ ၁ နာရီခန့်တွင် ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။", "“ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကငါးထွေဆုပ်ကျေးရွာကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ရှို့နေတာ ၁၄ ရက်နေ့က ရွာထဲကို လေယဥ်နဲ့ ဗုံးကျဲပြီး ဒီနေ့ ရွာကို စစ်ခွေးတွေက ဝင်စီးနင်းတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်ထိ ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ ကျေးရွာ အနီးအနားမှ PDF တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားချိန်တွင် စစ်တပ်က ကျေးရွာကို လေယာဥ်ဖြင့် ဗုံးကျဲပြီး စစ်ကြောင်းထိုး မီးရှို့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/120234/
ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေ
["ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေ", "ရန်ကုန်၊ သြဂုတ် ၂၉", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲ ပိုင်းတွင် ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "“လေယာဥ်နဲ့ ၃ ခေါက် လာပစ်တယ်။ လေယာဥ် ပျက်ကျတာတော့ မကြားဘူး။ နံနက် အစောကတည်းကတိုက်ပွဲ ဖြစ်နေတယ်လို့ သိရတယ်။ မနက်ကဖိုက်တာ ၂စီးပစ်တယ် အခု ၁ စီး ထပ်လာပစ်တယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုအခြေအနေကို မသိရှိရသေးဘဲ ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူများလဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2025/02/204166/
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်း ပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက် နက် ၅ လက်သိမ်း ဆည်းရရှိ
["ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်း ပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက် နက် ၅ လက်သိမ်း ဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ဝင်ရောက်တပ်စွဲထားသော စစ်တပ်ဂိတ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၆၀ မမစိန်ပြောင်း ၁ လက်အပါအဝင် လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၁၂ နာရီအချိန် လယ်ဒိုမြို့နယ်အတွင်း ဝင်ရောက်တပ်စွဲ ထားသည့် ခမရ ၅၆၀ တပ်၏ နရွဲပင် ဂိတ်စခန်း၊ တောဝိရွာ နှင့် ထိန်တပင်ကြား ရှိ ဂိတ်စခန်း နှင့် ကျွန်းကုန်းကျေးရွာဘေး တောရ ကျောင်းတွင် တပ်စွဲထားသော ဂိတ်စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။", "ယင်းဂိတ်စခန်းများ သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိပြီး စစ်ကောာင်စီတပ်သားများ အသုံးပြုသော ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက် အပါအဝင် လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "ဓာတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းများမှ သိမ်ပိုက်ရရှိသော လက်နက်ခဲယမ်း များ။"]
https://yktnews.com/2023/11/130327/
ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာတွင် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံး
["ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာတွင် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၉", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။", "နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာနေ အသက် ၄၅ နှစ်အရွယ် ဦးချိုသည် ကွမ်းသီးခွာရန် သွားရောက်စဥ် ကော့ပြင့်ရွာ လမ်းပိုင်း၌ စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း သိရသည်။", "” ကော့ပြင့်ကြေးရွာမှာ စစ်ခွေးတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူ တစ်ဦးသေဆုံးသွားတယ်။ သူက ကွမ်းသီးခွာဖို့ သွားတုန်း ကော့ပြင့်ရွာထဲက ရွာလမ်းမှာပဲ မိုင်းထိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အပါအဝင် မြို့နယ်အများအပြားတွင် စစ်တပ်က ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့များကို တော်လှန်ရေး တပ်ဖွဲ့များ လာရောက်တိုက် ခိုက် မည်ကို စိုးရိမ်၍ အများပြည်သူ သွားလာနေသော လမ်းများတွင်ပါ မချန် မြေမြုပ်မိုင်းများ ထောင် ထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/184022/
ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ပြည်သူများပိတ်မိနေ၍ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ
["ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာတစ်ရွာလုံး ရေနစ်မြှုပ်သွားပြီး ပြည်သူများပိတ်မိနေ၍ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာ တစ်ရွာလုံးရေနစ်မြုပ်သွားပြီး ပြည်သူများပိတ်မိနေ၍ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "မုန်တိုင်းမိုးရွာပြီး စစ်တောင်းမြစ်ရေကြီးမှုကြောင့် ကျောက်ကြီးမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက် ကမ်းရှိ အိမ်ခြေ ၁၅၀ ခန့်ရှိသော ခုံကြီးကျေးရွာတစ်ရွာလုံးရေနစ်မြှုပ်သွားပြီး နေအိမ်အောက်ထပ် များ နေထိုင်မရပဲ နေအိမ်အပေါ်ထပ်များတွင်သာ နေထိုင်ကြရကြောင်း ယခုအခါရေကျနေပြီဖြစ် သော်လည်း လုံးဝကျဆင်းခြင်းမျိုးမဟုတ်ပဲ တအိအိဖြင့်သာ ကျဆင်းနေသဖြင့် အရေးပေါ် သောက် သုံးရေသန့်နှင့် စားသောက်စရာများ လိုအပ်လျက်ရှိကြောင်း သိရသည်။", "“အဓိကတော့ စားစရာလိုနေတာ၊ ရေကလည်း လုံးဝလျော့သွားတာမဟုတ်သေးဘူး။ နှစ်ထပ်အိမ် တွေကတော့ အောက်ထပ်တွေအကုန်မြှုပ်တယ်၊ တထပ်အိမ်တွေကျတော့ နှစ်ထပ်အိမ်တွေပေါ်မှာ သွားပြီးပေါင်းနေကြရတာ၊ ချက်ပြုတ်စားသောက်ရတာကျတော့လည်း ထင်းတွေက ရေထဲပါသွား တော့ အဆင်မပြေကြဘူး။ လှေရှိတဲ့သူတွေကတော့ နည်းနည်းအဆင်ပြေသေးတယ်၊ လှေမရှိတဲ့သူ တွေက ဘယ်လိုမှအဆင်မပြေဘူး။ တခြားအနီးအနားရွာတွေကတော့ စက်လှေတွေ၊ဘာတွေလာနဲ့ လာပြီး ကူညီကယ်ဆယ်တာတွေရှိတယ်၊ ညီမတို့ရွာကျတော့ စက်လှေလာလို့မရဘူးလို့ပြောပြီး မလာကြဘူး။ အခုချိန်အထိ ဘယ်သူတစ်ဦးတစ်ယောက်မှမလာတာ။ ဘေးနားက ရွာချင်းနည်းနည်း နီးတဲ့ရွာမှာတော့လာတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ကျောက်ကြီးမြို့နယ်၊ ခုံကြီးကျေးရွာသည် အိမ်ခြေ ၁၅၀ ခန့်ရှိပြီး တစ်ရွာလုံးက အစ္စလာမ်ဘာသာကို ကိုးကွယ်သည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် အိမ် ၁၅ အိမ်ခန့်သာရှိ ကြောင်း သိရသည်။"]
https://yktnews.com/2025/02/203601/
ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ စစ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်
["ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ စစ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း – ကျောက်ကြီး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သားသစ် ၂ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "အလင်းဝင်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားသစ် ၂ ဦးသည် MA-3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၉၇ တောင့် တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် ၁၀ သိန်း ချီးမြှင့်ငွေ အဖြစ် ပြန်လည်ချီးမြှင့်ခဲ့ပြီး ပြည့်သူ့ ရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိ​ကြောင်း သိရသည်။", "“ကျွန်တော် တပ်ရင်းအနေနဲ့ ကနဦး ချီး​မြင့်ငွေ ဆယ်သိန်းကိုတော့ ကျွန်တော်တို့ တပ်ရင်းအနေနဲ့ ချီးမြှင့်တာဖြစ်ပါတယ်။ အဲဒါတော့ လက်နက်နဲ့ အလင်းဝင်လာတဲ့သူတွေကို တပ်ရင်းအနေနဲ့ ချီးမြှင့်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ရင်းကို ချိတ်ဆက်ပြီးတော့ ကြိုပြီး ချိတ်ဆက်ပြီး ဝင်လာတာမျိုး မဟုတ်ဘူး။ သူတို့ တာဝန်ကျတဲ့ နေရာကနေပြီးတော့။ ပြေးလာပြီးတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ဘက်ကို သူတို့ ဦးတည်ပြီးပြေးလာတာ ပြေးလာပြီးတော့ စိုးမိုးနယ်မြေထဲကို ရောက်တဲ့အခါမှာ သူတို့ အလင်းဝင်ချင်လို့ပါ ဆိုပြီး တွေ့တဲ့သူကို ဆက်သွယ်ပြီးတော့။ သူတို့ အလင်းဝင်ချင်လို့ပါဆိုပြီး ကျွန်တော်တို့ လှမ်းပြီးတော့ပြောတဲ့ ပုံစံမျိုးပါ ကြိုတင်ချိတ်ဆက်ထားမျိုး မရှိပါဘူး” ဟု ပဲခူးခရိုင်၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီက အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေဖြင့် တော်လှန်ရေးတပ်ရင်း ၊ တပ်ဖွဲ့များကို အမြန်ဆုံး ချိတ်ဆက်ပြီး အလင်းဝင်ကြရန် အလင်းဝင်လာသူများ အနေဖြင့်https://www.facebook.com/profile.php?id=61552261812842ဆက်သွယ်နိုင်ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/06/106883/
ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲခံရသဖြင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးသေဆုံး
["ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲခံရသဖြင့် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးသေဆုံး", "ရန်ကုန်၊ ဇွန် ၉", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီက ဌာနဆိုင်ရာ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချသဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ယနေ့ဇွန်လ ၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အဆိုပါရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအစည်း အဝေးလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲခံရခြင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံးခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနီဌေးမှာ ညာပေါင်၊ နောက်ကျောတို့တွင် ဗုံးစထိမှန်ဒဏ်ရာဒဏ်ရာနှင့် အခြားဝန်ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာမြို့နယ်အဆင့် ဌာနဆိုင်ရာ အစည်းအဝေးလုပ်နေ တုန်း ဗုံးကျဲတာ၊ မြို့နယ်မီးသတ်ဦးစီးမှူးနဲ့ ဝန်ထမ်းတစ်ဦးဒဏ်ရာရတယ်၊ စိုက်ပျိုးရေးမှူး တစ်ဦးသေတယ်၊ ဒဏ်ရာရသူတွေကို ကျောက်ကြီးဆေးရုံကို ပို့ထားပါတယ်”ဟု ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။", "ကျောက်ကြီးမြို့နယ်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ အဓိက စိုးမိုးထားသော နယ်မြေဖြစ်ပြီး မြို့တွင်းမှ လွဲ၍ ကျန်ဧရိယာအားလုံးမှာ တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသော ဒေသဖြစ်သည်။"]
https://yktnews.com/2023/08/120394/
ကျောက်ကြီးရှိ ကြက်တက်ညောင်ပင်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီး
["ကျောက်ကြီးရှိ ကြက်တက်ညောင်ပင်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီး", "ရန်ကုန်၊ သြဂုတ် ၃၀", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကြက်တက်ညောင်ပင်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ သမန်းကျင်းရွာ၊ ကညင်ကျရွာနှင့် ကြက်တက်ညောင်ပင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းမှ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း​ခဲ့​ကြောင့် ကြက်တက်ညောင်ပင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ရုရှားပြန် ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်အပါအဝင် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း သိရသည်။", "ယနေ့ သြဂုတ်လ ၃၀ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်ပြီး စစ်ကြောင်းများ တပ်စွဲထားသောကြောင့် သမန်းကျင်းရွာနှင့် ကညင်ကျရွာရှိ ပျက်စီးဆုံးရှုံးမှုများကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "” ဒီနေ့ ၃၀ ရက်နေ့မှာ ရွာထဲလှည့်ပတ်ကြည့်တာ နေအိမ် ၁၀ ကျော်ပျက်စီးတယ်။ နေအိမ် ၁ လုံးကတော့ ရုရှားပြန် ၃ ပွင့်ဗိုလ်ကြီး ချစ်စမ်းမောင် နေအိမ်လည်း စုတ်ပြတ်သွားတယ်။ ချစ်စမ်းမောင်က ရှမ်းပြည်ဘက်မှ တာဝန်ကျနေတာ ပဲခူးမှာတော့ မရှိဘူး။ စစ်ခွေးတွေ ပစ်တာပဲ လေကြောင်းကနေလည်း ဗုံးကျဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ စစ်ခွေးတွေက အကုန်ထုတ်ပစ်တာပဲ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး။ စစ်ခွေးတွေ မနက်ပိုင်း လက်နက်ကြီးတွေနဲ့ ပစ်တည်းက ပြည်သူတွေကရှောင်လိုက်နိုင်တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် သမန်းကျင်းရွာကို စစ်ကားများဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာထဲ၌ တပ်စွဲကာ ကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် တစ်ဦး၏ အကူအညီဖြင့် အနီးအနားရှိ ကျေးရွာများကို စစ်​ကြောင်းထိုးစဥ် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သောကြောင့် ရဟတ်ယာဥ်၊ တိုက်လေယာဥ်များဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲများသည့် ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ထိ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/206288/
ကျောက်ကြီးရှိ စစ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["ကျောက်ကြီးရှိ စစ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၄", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်စခန်း ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း (P2-9914) က ပြောဆိုသည်။", "မတ်လ ၁ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ ‌တောင်စုကျေးရွာနှင့် တမာခေါ ကျေးရွာတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်း ၃ ခုကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၁ လက် ၊ MA ကျည် ၅၂၅ တောင့် ၊ ကျည်ဘောက် ၆ ခု ၊ ကျည်ဘောက် ၃ ခု ၊ ကျည်ကာ ဦးထုပ် ၆ လုံး ၊ RPG ၃ လုံး ၊ RPG (ပို့ယမ်း) ၂ ခု ၊ ၆၀ မမ ဗုံးသီး ၇ လုံး ၊ အီနာကာ (MA) ၃ ခု ၊ မိုင်းရှာစက် ၁ ခု နှင့် ဂျန်ဘာစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ၊ တပ်ရင်း ၈ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အထူး ကွန်မန်ဒိုတပ်ရင်း (P2-9914) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကွင်းချောင်းဝရွာနှင့် ရွာကြီးအင်းရွာ၌ အထိုင်ချတပ်ဆွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားမျာက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်ကြီးမြို့နယ် အင်းနက်ရွာကို အကြမ်းဖက် စစ်တပ် က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/05/213300/
ကျောက်ကြီးရှိ စစ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး၊ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌များ သိမ်းဆည်းရရှိ
["ကျောက်ကြီးရှိ စစ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး၊ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌များ သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၃", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ စစ်တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ် သား ၂၀ ကျော်သေဆုံး၊ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌များ သိမ်းဆည်းရရှိကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတို့တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဒုတိယတပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ ၃၀ ကျော်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ ၂၄ ၊ ဗျူဟာ ၂၅ ၊ အမှတ် ၇၈၀၃ တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် ၃၅၀၃ တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ ၃ ၊ ဧရာဝတီ အမှတ် ၃ တပ်ရင်း၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် ၁၈၀၅ ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ ၂၅၊၂၆ ဒရုန်းတပ် ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း ၈ ၊ တပ် ရင်း ၉ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/204184/
ကျောက်ကြီး၊ ကျောက်တံခါး နှင့် ဖြူးမြို့နယ်တို့ရှိ စစ်တပ် ကာကင်း တပ်စခန်း ၇ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု ရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံး
["ကျောက်ကြီး၊ ကျောက်တံခါး နှင့် ဖြူးမြို့နယ်တို့ရှိ စစ်တပ် ကာကင်း တပ်စခန်း ၇ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု ရဲမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "ပဲခူးတိုင်း၊ ကျောက်ကြီး၊ ကျောက်တံခါးနှင့်ဖြူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ကာကင်း တပ်စခန်း ၇ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ ၊ စစ်ဆင်ရေးနယ်မြေ ၂ မှ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ဖြူးမြို့နယ်အတွင်းရှိ စစ်တပ်ကာကင်းစခန်း ၇ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေး နယ်မြေ ၂ အတွင်းရှိ ဗျူဟာ ၂၄ ၊ ၂၅ ၊ ၂၆ တပ်ရင်းများက တိုက်ခိုက်ခဲ့ကြောင်း၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်း တောရကျောင်း စစ်တပ်ကာကင်း စခန်းကို မဟာမိတ် KNLA တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန် စခန်း ၅ ခုကို PDF တပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။", "“ကျနော်တို့ စစ်ဆင်ရေးနယ်မြေ ၂ မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ အတူပူးပေါင်းပြီး တိုက်ပွဲဝင်နေပါတယ်” ဟု ရဲဘော် တင်ဦးက ရှင်းပြသည်။", "ယမန်နေ့ ည ၁၂ နာရီအချိန် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ အဝင် သံလမ်းဂုံးပေါ်ရှိ စစ်ကောင်စီ၏ ကာကင်းဂိတ်စခန်းနှင့် ကျောက် တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အဝင် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၀၇ ထိပ် သံလမ်းဂုံးပေါ်ရှိ စစ်တပ် ကာကင်းဂိတ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးရှင်းလင်းကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဆင်တဲကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ် ကာကင်းစခန်းကို PDF ၇၈၀၃ တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဖြူးမြို့နယ် ရန်ကုန် မန္တလေး လမ်းဟောင်းဘေးရှိ ဆာဂွန်းဂိတ်ကိုလည်း ဖြူး ပ.က.ဖ နှင့် ၆၀၀၂ ဧရာဝတီ တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုအတွင်း ရဲမှူး ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။", "ထို့အတူ ပဲခူးတိုင်း ၊ ပဲနွယ်ကုန်း-ကွင်းချောင်းဝ လမ်းပေါ်ရှိ နရွဲပင်ရွာ စစ်တပ်ကင်းစခန်းကိုလည်း ဗျူဟာ၂၅ ပူးပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး G3 ၂ လက်၊ MA1 ၁ လက်၊ ခမောက်", "၃ လုံး၊ ကျည် ၁၀၀ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်များက အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ အနီးတောရကျောင်း စစ်တပ်စခန်းကို PDF တပ်ရင်း ၃၇၀၂ ၊ KNLA တပ်ရင်း ၉ ပူးပေါင်းအဖွဲ့ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။", "ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၂၆ က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် တော်ဝိ နှင့် ထိန်တပင်ရွာကြား ရန်ကုန်- မန္တလေး ရထားလမ်း ကာကင်းဂိတ်စခန်းကို PDF တပ်ရင်း ၉၉၁၃ တော်ဝင်ဒေါင်းတပ်ရင်းနှင့်အတူ စီးနင်းတိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်", "စစ်တပ်စခန်း ၇ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ကွပ်ကဲမှုအောက်ရှိ ဗျူဟာ၂၄ အာဠာဝက စစ်ကြောင်း -PDF တပ်ရင်း ၇၈၀၃ ၊ တပ်ရင်း ၃၅၀၃ ၊ဟင်္သာတခရိုင် အမှတ်၂ တပ်ရင်း- ၆၀၀၂ ၊ ဖြူး ပကဖ ၊ ဗျူဟာ ၂၅ တပ်ရင်း ၃၇၀၂ ၊ PDF အထူးကွန်မန်ဒိုတပ်ရင်း ၉၉၁၄ ၊ ဒရုန်းအထူးတပ်ဖွဲ့ ၁၈၀၅ ၊Spring Warrior Column ၇၀၀၁ ၊ KNLA တပ်ရင်း ၉ ၊ ဗျူဟာ ၂၆ တော်ဝင်ဒေါင်းတပ်ရင်း ၉၉၁၃ တို့ ပါဝင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134703/
ကျောက်ကြီး၊ နတ်သံကွင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ
["ကျောက်ကြီး၊ နတ်သံကွင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဒီဇင်ဘာ ၆", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့ ကျောက်ကြီးမြို့နယ်ရှိ နတ်သံကွင်းမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း ပစ်ကူများ အသုံးပြုကာ ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က နတ်သံကွင်းမြို့ပေါ်နှင့် ရေတွင်းကုန်းကြီးရွာ၊ ရေတွင်းကုန်းလေးရွာ၊ ရေလဲရွာ တို့ကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကား ၄ စီးဖြင့် စစ်ကူများ ရောက် ရှိလာပြီး နတ်သံကွင်းမြို့၊ စိန်ပန်းဘုန်းကြီးကျောင်း၌ တပ်စွဲထားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များက ပြည်သူများ ထိခိုက်သေဆုံးမှု ပိုမိုများပြားလာမည်ကို စိုးရိမ်​သောကြောင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။", "” မနေ့က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမှာ တိုက်ပွဲဖြစ်တာ စစ်တပ်က လေ ကြောင်းနဲ့ အရပ်သားတွေကို လာပစ်သွားလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ် ရာရတယ်။ စစ်တပ်က အထိနာလို့ စစ်ကား ၄ စီးနဲ့ စစ်ကူလာရတယ်။ စစ်ကားတွေ နတ်သံကွင်းမြို့၊ စိန်ပန်းဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတယ်။ စစ်ခွေးတွေက အကြောင်းမဲ့ ရွာတွေကို ဗုံးကျဲသွားတာ မြို့ကို သိမ်းတာတော့ အပိုင်သိမ်းတာပဲ ပြည်သူတွေထိမှာ ဆိုးတာလည်းပါတယ်။ လေကြောင်းလည်းပါလာတော့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်ဆုတ်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "နတ်သံကွင်းမြို့တွင် အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ တော်လှန်ရေး ရဲဘော်များက ပြည်သူများ နေရပ် ရွေ့ပြောင်းကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။"]
https://yktnews.com/2023/10/126134/
ကျောက်ကြီး၊ မူးမြို့နယ် ၊ ဝေါမြို့နယ်နှင့် ကျိုက်ထို တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန် နွားများ သေဆုံး
["ကျောက်ကြီး၊ မူးမြို့နယ် ၊ ဝေါမြို့နယ်နှင့် ကျိုက်ထို တို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးကာ အိမ်မွေးတိရိစ္ဆာန် နွားများ သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က ပစ် ခတ်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ပျက်စီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆို သည်။", "အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန် ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ လက်ပံကျေးရွာ ကိုးသိန်းရှင် ၊ဘုရား အရှေ့ရှိ ​၊ လက်ပံ – ကျွန်းစု – မြစ်ကျိုး သွားသော တာဘောင် လမ်းမကြီး ဘေးတွင် စစ်တပ်က ၁၂၀ မမ လက် နက်ကြီး ၂ လက်ဖြင့် လက်နက်ကြီးကျည် ၉ လုံးပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ လက် နက်ကြီးကျည်များသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အပိုင် ချောင်းဝကျေးရွာ အတွင်းရှိ အိမ်ခေါင်းရင်း အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး", "အိမ် ခေါင်းရင်း နှင့် အမိုးများပေါက်ပြဲ ပျက်စီးခဲ့ကြောင်း၊ နွား ၂ ကောင် ဒဏ် ရာ ရရှိပြီး ဆိုင်ကယ် ၊ စက်ဘီး များ ပျက်စီးခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။", "ထို့ပြင် လက်နက်ကြီးကျည် ၂ လုံးသည် ဝင်းကံကျေးရွာ (ရွှေကျင် အပိုင်) သို့ ကျရောက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း၊ အခြား လက်နက်ကြီးကျည် ၁ လုံး မှာ ကလောမြောင် သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း ၊ ဝေါမြို့နယ် အပိုင် လက်ပံကျေးရွာ အရှေ့ဘက် အရပ်ရှိ စစ်တောင်မြစ်ကမ်းဘေး သို့ ၅ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး စပါးခင်းများ ပျက်စီး ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ ပဲခူးတိုင်း၊ ကျောက်ကြီးနှင့် မူးမြို့နယ်၊ KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။", "အောက်တိုဘာလ ၁၀ ရက်နေ့ ကျောက်ကြီးမြို့နယ်တွင် ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်း က ၁၅၅ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ရွာကန်လန့် ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်သည် ကျေးရွာအတွင်း နေအိမ်သို့ ကျရောက်ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ နွား ၂ ကောင် မှာမူ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အလားတူ အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန် မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ ခမရ−၃၀၇ တပ်ရင်းက လက်နက်ကြီး ၂ လုံးကို ပြည်သူလူထုများ နေထိုင်ရာကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ကြောင်း၊ ထိုလက်နက်ကြီးများသည် သနပ်ကွင်းကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာကျောင်းတိုက်ဆရာတော် ဦးကောဝိတ (၇၄) နှစ်မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန် ခမရ ၄၃၉ တပ်ရင်းက လက်နက်ကြီးများကို ပစ်ခတ်ခဲ့ရာ ကျော်လှကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မယူရတီနိုင် အသက် ၁၄နှစ် မှာ လက်နက် ကြီး ထိမှန် သေဆုံးခဲ့ရပြီး နေအိမ် ပျက်စီးခဲ့ရကြောင်း၊ ယင်းနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်တပ်က ထပ်မံ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် နန္ဒမိတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/209512/
ကျောက်ဆည် Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ၊ မန္တလေး အမြောက်တန်းဗလီ ပြိုကျမှု ရုပ်အလောင်း ၁၂၀ ကျော် တွေ့ရှိထား
["ကျောက်ဆည် Bright Kids school ပြိုကျမှု သေဆုံးသူ ၅၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေ၊ မန္တလေး အမြောက်တန်းဗလီ ပြိုကျမှု ရုပ်အလောင်း ၁၂၀ ကျော် တွေ့ရှိထား", "ရန်ကုန်၊ မတ် ၃၀", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ Bright Kids school ပြိုကျမှု သေဆုံးသူ ၄၀ ကျော်ထိရှိလာပြီး ကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မြေငလျင်ကြောင့် ကျောက်ဆည်မြို့ရှိ Bright Kids school ပြိုကျခဲ့ပြီး လက်ရှိချိန်ထိ ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း သိရသည်။", "အဆိုပါ ကျောင်းပြိုကျမှုကြောင့် ဆရာမ ၉ ဦးနှင့် ကလေးငယ် ၄၀ ကျော် သေဆုံးခဲ့ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကာ သေဆုံးမှု အရေအတွက်ကို ဆက်လက် မြင့်တက်လာနိုင်ကြောင်း သိရှိရသည်။", "“Bright Kids school က ဆရာမ ၉ ဦးနဲ့ ကလေးငယ် ၄၀ ကျော် သေဆုံးပါတယ်။ အတိအကျတော့ ခုထိမသိရသေးပါ။ ကယ်ဆယ်ရေးတွေ လိုအပ်ပါတယ်။ ခုထိတော့ ကယ်ဆယ်နေတုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မန္တလေးမြို့ အမြောက်တန်းဗလီ ပြိုကျမှုတွင်လည်း ရုပ်အလောင်း ၁၂၀ ကျော်တွေ့ရှိထားကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများလည်း ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင် သိရသည်။", "“မန္တလေး အမြောက်တန်းဗလီ ပြိုကျတာက Dead body ၁၂၀ ကျော်တွေ့ထားပြီ ဒဏ်ရာရသူတွေ အရမ်းများပြားပါတယ်။ ကယ်ဆယ်ရေးတွေက အခုထိ ဆက်လက် လုပ်ဆောင်နေတုန်းပါပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/79893/
ကျောက်ဆည် သိန်းငှက်ဖြူပျောက်ကြားအဖွဲ့ မြေပဲစိုက်၍ မောင်းပြန်သေနတ် ဝယ်ယူရန် ကြိုးပမ်းနေရသဖြင့် ပြည်သူများ ပါဝင်ကူညီရန် မေတ္တာရပ်ခံ
["ကျောက်ဆည် သိန်းငှက်ဖြူပျောက်ကြားအဖွဲ့ မြေပဲစိုက်၍ မောင်းပြန်သေနတ် ဝယ်ယူရန် ကြိုးပမ်းနေရသဖြင့် ပြည်သူများ ပါဝင်ကူညီရန် မေတ္တာရပ်ခံ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှ သိန်းငှက်ဖြူအဖွဲ့က တော်လှန်ရေး အတွက် မောင်းပြန်သေနတ် ဝယ်ယူရန် မြေပဲခင်းများ စိုက်ပျိုးထားပြီး အဆိုပါ မြေပဲများကို ရောင်းချ၍ မောင်းပြန် သေနတ်ဝယ်ယူရန် ရည်စူးထားကြောင်း အဆိုပါအဖွဲ့မှ ဗိုလ်ကျောက်ခဲက ပြောသည်။", "ယနေ့ဇန်နဝါရီ ၈ ရက်နေ့တွင် စိုက်ပျိုးထားသည့် မြေပဲများ အားလုံးနုတ်၍ ခြွေလှေ့ပြီးသွားပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သိန်းဖြူအဖွဲ့မှ ဗိုလ်ကျောက်ခဲက ပြောကြားသည်။", "“မြေပဲအရေအတွက်နဲ့ မောင်းပြန်ဝယ်ဖို့ မလုံလောက်ဘူးဗျ။ မြေပဲအရေ အတွက်နဲ့ မောင်းပြန်ဝယ်ဖို့ ဘတ်ဂျက်မလုံလောက်တဲ့အတွက် မိဘပြည်သူ တွေ ကူညီပေးကြဖို့ တင်ပြချင်ပါတယ် ခင်ဗျ” ဟု ဗိုလ်ကျောက်ခဲက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "လက်ရှိအချိန်တွင် သိန်းငှက်ဖြူ ပျောက်ကြားတပ်ဖွဲ့တွင် မောင်းပြန် အော်တို သေနတ် တစ်လက်ပင် မရှိသေးသည့် အတွက် မြေပဲများ စိုက်၍ မောင်းပြန် အော်တိုသေနတ် ဝယ်ရန် ကြိုးစားကြခြင်းဖြစ်ကြောင်း၊ ပါဝင်လှူဒါန်းလိုသူ ပြည်သူများ သိန်းငှက်ဖြူ ပျောက်ကြားတပ်ဖွဲ့၏ Facebook ပေ့ဖြစ်သည့်https://www.facebook.com/profile.php?id=100088898455536သို့ သိန်းငှက်ဖြူ ပျောက်ကြား တပ်ဖွဲ့က ပြောဆိုသည်။"]
https://yktnews.com/2024/12/196840/
ကျောက်ဆည် အခြေစိုက် ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်
["ကျောက်ဆည် အခြေစိုက် ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ၁ ဦး အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အခြေစိုက် ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ၁ ဦး လက် နက်မပါဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျောက်ဆည်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ဆက်သွယ်ရေးတပ်မှ တပ်သား ၁ ဦး အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်လာ၍ တော်လှန်ရေး တပ်ဖွဲ့များက သွားရောက်ခေါ်ဆောင်ပြီး လုံခြုံသည့် နေရာတွင် စောင့်ရှောက်ထားကြောင်း သိရသည်။", "“လက်ရှိသူ့ကို လုံခြုံတဲ့နေရာမှာ ခဏ စောင့်ရှောက်ထားပါတယ်။ လက်နက်ယူခဲ့ဖို့က လမ်းကြောင်း အကြပ်အတည်းကြောင့် ယူမလာနိုင်တာပါ။ သွားခေါ်တဲ့အချိန်မှာလည်း ခက်ခက်ခဲခဲ ခေါ်ထုတ်ခဲ့ရတယ်။ လက်ရှိ စကစအခြေအနေ သိသင့်သလောက် သိနေတာမို့ ရတဲ့နည်းနဲ့ ရသလိုပြေးကြဖို့ တိုက်တွန်းချင်တယ်။ စိတ်ရင်းနဲ့ အလင်းဝင်မယ်ဆိုရင် ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ကူညီပေး သွားမှာပါ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/111536/
ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူ့အခြေပြု ကျောင်း တစ်ကျောင်းတွင် ၇ ဇူလိုင် အကြိုဟောပြောပွဲ ပြုလုပ်
["ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူ့အခြေပြု ကျောင်း တစ်ကျောင်းတွင် ၇ ဇူလိုင် အကြိုဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၆", "ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်း တစ်ကျောင်းတွင် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)နှင့် ကျောက်ဆည်ခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသ များ အဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ၇ ဇူလိုင် အကြိုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/76909/
ကျောက်ဆည်တက္ကသိုလ်တွင် ဂိတ်ချထားသည့် စစ်တပ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ အောင်လံမြို့နယ်စရဖရုံးတွင် ဗုံးပေါက်ကွဲ
["ကျောက်ဆည်တက္ကသိုလ်တွင် ဂိတ်ချထားသည့် စစ်တပ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ အောင်လံမြို့နယ်စရဖရုံးတွင် ဗုံးပေါက်ကွဲ", "ရန်ကုန်၊ဒီဇင်ဘာ ၂၆", "မန္တလေးတိုင်း ကျောက်ဆည်မြို့ ကျောက်ဆည်တက္ကသိုလ်တွင် ဂိတ်ချထား သည့် စစ်သား ၅ ဦးကို လက်ပစ်ဗုံးဖြင့် ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့လယ် ၁ နာရီ ၁၉ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကြောင်း Garuda People’s Defense Force GPDF (GPDF) အဖွဲ့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောသည်။", "ယနေ့တွင် Garuda People’s Defense Force GPDF (GPDF) မှ ရဲဘော် ၂ ဦးက ကျောက်ဆည်တက္ကသိုလ် စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် ပစ်သွင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးထိမှန်၍ စစ်ကောင်စီဝင် ၂ ဦးသေဆုံးခဲ့ကြောင်း၊ ရဲဘော် ၂ ဦးလည်း ဘေးလွတ်စွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီခန့်အချိန် မကွေးတိုင်း အောင်လံ မြို့နယ်ရှိ စရဖရုံးအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မည်သည့်အဖွဲ့က ဖောက်ခွဲသည်ကို မသိရှိရသေးဘဲ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကိုလည်း မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဓာတ်ပုံ- ကျောက်ဆည်တက္ကသိုလ် အဝင်အ၀ မြင်ကွင်း။"]
https://yktnews.com/2024/04/156667/
ကျောက်ဆည်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လောင်းလုံးတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး
["ကျောက်ဆည်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ လောင်းလုံးတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၂", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကြီးအင်းကျေးရွာတွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်နှင့် ဇနီး ဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဧပြီလ ၁၁ ရက် ညနေ ၇ နာရီခန့်က ကျောက်ဆည်မြို့နယ်၊ ဘော်တောင်ဒေသ၊ ကြီး အင်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့်အုပ်ချုပ်ရေး အသက် ၆၅ နှစ်အရွယ် ခင်အောင်နှင့် ၎င်း၏ ဇနီးဖြစ်သူတို့သည် အကြမ်းဖက်စစ်ကောင်စီက မတရားထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ကျေးရွာနေ လူငယ်များကို စာရင်း အတိအကျလိုက်လံကောက်ယူနေသည့် အပြင် ကျေးရွာနေပြည်သူများအပေါ်တွင်လည်း မချေမငံဆက်ဆံနေသဖြင့် တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "“သူတို့ ဥက္ကဌလင်မယား တော်တော်လေးလည်းစွာတယ်၊ စစ်တပ်က စာရင်းတွေကောက်ခိုင်းပြီဆိုရင် လည်း အတိအကျလိုက်ကောက်ပေးတယ်၊ အကုန်လုံးခိုင်းတဲ့အတိုင်းလုပ်ပေးတာပေါ့၊ လင်မယားနှစ် ယောက်လုံးက ရွာသူ၊ရွာသားတွေအပေါ် ဆက်ဆံတာ မာရေ၊ကျောရေနဲ့။ စစ်မှုထမ်းဖို့စာရင်းတွေ လည်း အတိအကျ လိုက်ကောက်ပေးနေတာ။ ယောက်ျားမရှိတဲ့အချိန်ဆိုရင် မိန်းမဖြစ်သူက လုပ် တယ်၊ သူလည်း ရွာသူ၊ရွာသားတွေအပေါ် ဆက်ဆံတာ မာရေ၊ကျောရေနဲ့ပဲ။ အဲလိုတွေဆိုတော့ မခံ နိုင်တဲ့အဖွဲ့အစည်းတစ်ခုက ဝင်ပစ်သွားတာ။ ဘယ်အဖွဲ့ကလို့တော့ မသိရသေးဘူး၊” ဟု ဒေသနေ ပြည် သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ ဦးကို PDF တပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဉ် ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၁၂ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာရှိ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကြည်လေး ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းနေအိမ်၌ သွားရောက်ဖမ်းဆီးစဉ် ဝက်ခြံအတွင်းရှိ အခန်းတစ်ခန်း၌ WY စိတ်ကြွဆေးပြားသုံးစွဲနေချိန်ဖြစ်ပြီး PDF ရဲဘော်များ ရောက်ရှိချိန်၌ နေအိမ် အနောက်ဘက်ရှိ တောအုပ်ထဲ ဝင်ပြေးသွားသောကြောင့် ရဲဘော်များမှ မပြေးရန် ပြောဆို၍ လိုက်လံဖမ်းဆီးစဉ် လုံချည် ခြုံ၍ ထွက်ပြေးသွားသည့်အတွက် ပစ်ခတ်ဖမ်း ဆီးစဉ် မတော်တဆ ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ကြည်လေး ဆိုသူ၏ အခန်းကို PDF ရဲဘော်များက ဝင်ရောက် ရှာဖွေစဉ် မူးယစ်ဆေးဝါးများ လတ်တလောသုံးစွဲထားသည်ကို တွေ့ရှိရပြီး WY မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကြည်လေးဆိုသူသည် မီးသတ် တပ်ဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး စရဖ သတင်းပေး အဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း၊ အာဏာမသိမ်းခင်က လောင်းလုံးမြို့နယ် ရဲစခန်း၌ တာဝန်ကျခဲ့ဖူးသည့် မြို့နယ်စခန်းမှူးသည် လက်ရှိအချိန်တွင် လောင်းလုံးမြို့နယ်စခန်းမှူးအဖြစ် လောင်းလုံးမြို့နယ် ရဲစခန်းကို ပြန်လည် ပြောင်းရွေ့လာခဲ့ပြီး ကြည်လေးဆိုသူနှင့် အင်မတန် ရင်းနှီးသူဖြစ်ကာ စခန်းမှူး အသစ်ရောက်ရှိလာပြီးအချိန်မှစ၍ ကြည်လေးသည် စစ်တပ်ထံ သတင်းပေးခြင်း ၊ စစ်ကောင်စီ ထောက်တိုင်အဖြစ် ပေါ်ပေါ်ထင်ထင် ပါဝင်လာခြင်း နှင့် ဒေသခံများ၏ သတင်းအချက်အလက်များအရ စောင့်ကြည့်နေသည်မှာအချိန်ကာလကြာပြီဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ယင်းဖြစ်စဉ်နှင့် ပတ်သက်၍‌ လောင်းလုံး PDF ရဲဘော်များ အနေဖြင့် ပစ်ခတ်ရှင်းလင်းရန် ရည်ရွယ်လုပ်ဆောင်ခြင်းမဟုတ်ဘဲ သွားရောက် ဖမ်းဆီးခြင်းသာဖြစ်ပြီး၊ အဖမ်းမခံဘဲ ထွက်ပြေးစဉ် ပစ်ခတ်ဖမ်းဆီးရာမှ မတော်တဆ သေဆုံးသွားခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ လောင်းလုံး (ပကဖ) အနေဖြင့် တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိကြောင်း ထုတ်ပြန်ထားသည်။", "စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကြည်လေးဆိုသူကို လောင်းလုံး (ပကဖ) က မြို့နယ်အတွင်း ဆက်လက်နေထိုင်၍ စစ်ကောင်စီ ထောက်တိုင် အဖြစ် ဆက်လက် လုပ်နေမည်ဆိုပါက လောင်းလုံးမြို့နယ်အတွင်းမှ ၂၄ နာရီအတွင်း ထွက်ခွာရန် ဧပြီလ ၈ ရက်နေ့က သတိပေးစာကို PDF ရဲဘော်များက အိမ်တိုင်ရာရောက် သွားရောက်ပေးပို့ သတိပေးခဲ့သော်လည်း ထွက်ခွာသွားခြင်းမရှိဘဲ “ရွာထဲကတော့ မထွက်ပေးနိုင်ဘူး။ တစ်ရွာလုံးပြာကျပြီးမှငါထွက်မယ်” ရွာထဲ၍ အော်ဟစ် ကြုံးဝါးကာ ဆက်လက် နေထိုင်နေသည့် အတွက် အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "Photo – အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကြည်လေး ထံမှ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#လူစုဆောင်းနေသော အုပ်ချုပ်ရေးမှူး ခင်အောင်#ကျောက်ဆည်"]
https://yktnews.com/2024/05/164752/
ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းပြီးနောက် စစ်တပ်က မီးမလောင်သည့် ဆိုင်များကိုပါ ဖယ်ရှား ရှင်းလင်းမည်ကို ဆိုင်ခန်း ပိုင်ရှင်များ စိတ်ပူနေ
["ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းပြီးနောက် စစ်တပ်က မီးမလောင်သည့် ဆိုင်များကိုပါ ဖယ်ရှား ရှင်းလင်းမည်ကို ဆိုင်ခန်း ပိုင်ရှင်များ စိတ်ပူနေ", "ရန်ကုန်၊ မေ ၂၇", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းပြီးနောက် စစ်တပ်က မီးမလောင်သည့် ဆိုင်များကိုပါ ဖယ်ရှား ရှင်းလင်းမည်ကို စိတ်ပူနေကြောင်း ဆိုင်ခန်း ပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။", "မေလ၂၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး KMD Computer၊ မိုဘိုင်းဖုန်းဆိုင်၊ မျက်မှန်ဆိုင်များ အပါအဝင် ဆိုင်ခန်း‌ပေါင်း ၈ ခန်းကျော် မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့ကြောင်း သိရှိရသည်။", "“ကျောက်ဆည်မြို့လယ်က မီးရထားဘူတာပိုင်မြေပေါ်မှာ ဆောက်ထားတဲ့ ဆိုင်ခန်းတွေ ညကမီးလောင်တယ်။ မီးလောင်ကျွမ်းမှုကိုအကြောင်းရှာပြီး ကျန်ဆိုင်ခန်းတွေကို စစ်ကောင်စီက ဖယ်ရှား ရှင်းလင်းမှာကို ဆိုင်ခန်းပိုင်ရှင်တွေက စိုးရိမ် ပူပန်နေတာ”ဟု ဆိုင်ခန်းရှင် တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ဘူတာတိုက်ခန်းရှိ ဆိုင်ခန်းများမှာ ၁၉၉၂ / ၉၃ ခုနှစ်ဝန်းကျင်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၈၀ ဝန်းကျင်ရှိကြောင်း၊ မီးလောင်ကျွမ်းမှု အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရှိရသည်။"]
https://yktnews.com/2024/05/162623/
ကျောက်ဆည်မြို့နယ်တွင် စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ
["ကျောက်ဆည်မြို့နယ်တွင် စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ", "ရန်ကုန်၊ မေ ၁၅", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Tigher Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၃ ရက်နေ့ ည‌နေ ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ် ဟန်မြင့်ဗိုလ်မှ ဆင်းခေါင်းတောင်ဘက်ကို သွားသည့် စစ်ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ရဲကြီးရွာနှင့် ဈေးရွာ အကြား မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၃ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“အဲတိုက်ခိုက်မှုက စဉ့်ကိုင်က စစ်ခွေး အကြီးစား ၁ ကောင်သေပါတယ်။ ၃ ကောင်က ဆေးရုံမှာတဲ့ သေတဲ့ကောင်က ဗိုလ်လို့ သိရပါတယ်” ဟု Tigher Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Tigher Brother PDF၊ ဗိုလ်စားပြောက်ကျား၊ မြင်းခြံမြို့နယ် ပကဖ၊ မြစ်သား ပကဖနှင့် မြင်းခြံတပ်ရင်း ၁ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။", "အလားတူ ကျောက်ဆည်မြို့ အထက ၁ ကျောင်းတွင် အစည်းအဝေး ပြုလုပ်ရန်လာသည့် စစ်ကား ၁ စီးကို မေလ ၆ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက အထက အမှတ် ၁ ကျောင်းပန်းခြံလမ်း အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "“အစည်းအဝေးတော့ ပျက်စီးသွားတယ်လို့ သိရတယ်။ စစ်ခွေး အသေအပျောက် စာရင်းတော့ မသိရသေးဘူး” ဟု Tigher Brother မြစ်သား PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Tiger Brother PDF နှင့် မြင်းခြံ ၂၇ မြစ်သား ပကဖ အဖွဲ့တို့က ပူးပေါင်ူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/188611/
ကျောက်ဆည်မြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား လုပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကျောက်ဆည်မြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား လုပ်နေသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား လုပ်နေသူ ၁ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာ ၁၈ ရက်နေ့ ည ၆ နာရီခန့်တွင် ကျောက် ဆည့်မြို့၊ ပွတ္တိုင်ရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခိုင်းပြီး အမှုပွဲစား ချယ်ရီဝင်း ကို ဒေသမြေအောက် တော်လှန်ရေးအဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ချယ်ရီဝင်းသည် စစ်မှူထမ်း ဥပဒေနဲ့ ပက်သတ်ပြီး ကျေးရွာအတွင်း ဖိအားပေး ခြိမ်းခြောက်ခြင်းများ၊ စစ်တပ်နှင့် ပူးပေါင်း၍ အမှုပွဲစား လုပ်ခြင်းများနှင့် အကြမ်းဖက် စစ်တပ်၏ သန်းခေါင်စာရင်း ကောက်ယူမှုများကို နောက်ကွယ်မှ ပံ့ပိုးပေးနေသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။", "“သူကအမှုပွဲစား စစ်တပ်နဲ့ပေါင်းပြီး ဖမ်းဆီးတာတွေကို နောက်ကွယ်ကနေလုပ်တယ်။ ပြီးရင် အဖမ်းခံရတဲ့ ပြည်သူတချိူ့ကတော့သူ့ဆီကိုသွားပြီး ငွေပေးတာတွေ လုပ်ဆောင်တယ်။ လက်ရှိ စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး သူက ကျေးရွာအတွင်း ဖိအားပေးခြိမ်းခြောက်တာမျိုးတွေ ရှိတယ်လို့လည်း သိရပါတယ်။ နောက်ပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေလည်း နောက်ကွယ်ကနေ လုပ်ကိုင်ပေးနေတဲ့သူ ဆက်လက်ပြီး ကျောက်ဆည်မြို့နယ်အတွင်းက အကြမ်းဖက် မင်းအောင်လှိုင်အတွက် သန်ခေါင်စာရင်း ကောက်ခံပေးနေတဲ့ မည်သူမဆို အလုပ်နဲ့ပဲ သတ်သေပြသွားပါမယ်” ဟု မြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အမှုပွဲစား ချယ်ရီဝင်း၏ ဖုန်းကို မြေအောက် တော်လှန်ရေးအဖွဲ့မှ ရဲဘော် တစ်ဦးက သိမ်းဆည်းရရှိခဲ့ပြီး မြို့နယ်မှူး၊ တိုင်းမှူးနှင့် နယ်ထိမ်းရဲများကို တိုက်ရိုက်ဆက်သွယ်ထားသော ဖုန်းပြောဆိုမှုများကို စိစစ်တွေ့ရှိရကြောင်း မြေအောက် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/08/177134/
ကျောက်ဆည်မြို့နယ်တွင် စစ်ယာဉ်တန်း ဖြတ်သွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် ပြည်သူစစ် အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကျောက်ဆည်မြို့နယ်တွင် စစ်ယာဉ်တန်း ဖြတ်သွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် ပြည်သူစစ် အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၃", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်ယာဉ်တန်း ဖြတ်သွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် ပြည်သူစစ် အဖွဲ့ဝင် ၁ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ KRA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်ဆည်မြို့မှ တံတားဦးကို သွားရောက်မည့် စစ်ယာဉ်တန်း ဖြတ်သန်းသွားမည့် လမ်းပိုင်းကို မိုင်းရှင်းပြီး ပြန်လာသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် အောင်မြိုင်သည် ပွတ္တိုင်ကျေးရွာရှိ ၎င်းနေအိမ်ကို ပြန်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် အောင်မြိုင်သည် ဒုအရာခံဗိုလ် ၁ ဦး ဖြစ်ပြီး ပင်စင် ရယူပြီးနောက် စစ်တပ်က ပြန်‌ခေါ်၍ အကြမ်းဖက် စစ်တပ် သတင်းပေးအဖြစ် ပြည်သူ့စစ် အဖွဲ့ဝင် ပြန်လည် ခန့်အပ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အဲခွေးက အရင်က ဒုအရာခံဗိုလ် ပင်စင်နဲ့နားသွားတာ အခုမှ စစ်တပ်က ပြန်ခေါ်တော့ ပြည်သူ့စစ်တပ်သား အမာခံလုပ်နေတာ ဒီကောင်က ကျောက်ဆည်ကနေ တံတားဦးကို စစ်ခွေးယာဉ်တန်းဖြတ်ဖို့အတွက် ရှေ့ပြေးခြေလျင် မိုင်းတွေရှိမရှိ တစ်ယောက်ထဲလာရှာတာပါ။ စစ်ကားတန်းကတော့ တံတားဦးကို မောင်းနှင်သွားပြီ ဒီစစ်ခွေးအိမ်ပြန်မှာပဲ ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကို ပြတ်ပြတ်သားသား ဆောင်ရွက်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ တသားထဲ နေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ စစ်တပ်ထောက်တိုင်တွေကို ပြောချင်တာက ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခင်များတို့ရဲ့ အရိပ်တွေလို တကောက်ကောက်လိုက်နေတယ်ဆိုတာလေးပဲ သိစေချင်ပါတယ်” ဟု ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ KRA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့KRA နှင့်အတူ ကျောက်ဆည်KDDF နှင့် ကျောက်ဆည်ဒေါင်းမင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/162250/
ကျောက်ဆည်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်
["ကျောက်ဆည်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမြိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၁၃", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့်ကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ဆည်မြို့နယ်၌ စစ်သားသစ် စုဆောင်းပေးနေသော ညောင်ရွေရွာ ဆယ်အိမ်မှူး မျိုးမြင့်ကို ညောင်ရွေကျေးရွာနှင့် ညောင့်ဝန်းကျေးရွာ အကြားရှိ ဆံပင်ညှပ်ဆိုင်တွင် တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“သူက ပြည်သူတွေ အပေါ် စစ်တပ်နဲ့ပေါင်းပြီး အနိုင်ကျင့် ခြိမ်းခြောက်နေတဲ့ကောင် စစ်မှူထမ်း ဥပဒေအတွက် စာရင်းကောက်တဲ့ကောင် နောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားမှုကို စစ်တပ်ကိုအမြဲ သတင်းပေးတိုင်တမ်းနေတဲ့ ပျူ စောထီးပါ။ ကျေးရွာရဲ့ ဆယ်အိမ်မှူးလည်းဖြစ်သလို စစ်တပ်အမာခံထောက်ခံသူတစ်ဦးပေါ့” ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း(A) လမ်း ၊ ၃၉ လမ်း လမ်းထောင့်ရှိ မဟာမြိုင် ၂ ရပ် ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD တပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ မေလ ၁၁ ရက် ညနေ ၆ နာရီခန့်က အတင်းအဓမ္မ စစ်မှုထမ်းရန်ခေါ်ယူခြင်း ၊ငွေညစ်ခြင်း၊ သန်းခေါင်စာရင်းစစ်ခြင်း အကြောင်းပြကာ ပြည်သူများအား ဒုက္ခပေးခြင်းတို့ လုပ်ဆောင်နေသော မဟာမြိုင် ၂ ရပ်ကွက်ရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။", "အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို “No More Dictatorship People Defence Force-NMD” မှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ထောက်တိုင်အဖြစ် ဆက်လက်လုပ်ကိုင်နေသော အုပ်ကြီး များ၊ ရာအိမ်မှူးများ၊ ပျူစောထီးများကို ပိုမိုထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/02/143792/
ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ရွာမှ ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ရွာမှ ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ရွာမှ ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း 7 STAR People Revolution Force Kyause မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ရေကြည်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အောင်ဇော်ကို 7 STAR People Revolution Force Kyause အဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/79760/
ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်သတင်းပေး လူဆိုး ကျော်မြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျောက် တံခါးတွင် ပျူစောထီး မင်းအောင် အသတ်ခံရမှု လာစစ်သည့် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦး ဒဏ်ရာရ
["ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်သတင်းပေး လူဆိုး ကျော်မြင့် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျောက် တံခါးတွင် ပျူစောထီး မင်းအောင် အသတ်ခံရမှု လာစစ်သည့် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၃ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၇", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်အားကိုးဖြင့် လုယက်နေသော သတင်းပေး ကျော်မြင့် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိန်းငှက်ဖြူ ပြောက်ကျား တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီခန့်က ၎င်း၏ နေအိမ်အတွင်းသို့ ဝင်ရောက်ပြီး မြို့ပြပြောက် ကျား ရဲဘော်များက ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "စစ်တပ် သတင်းပေးကျော်မြင့်သည် စစ်တပ် အားကိုးဖြင့် ကျောက် ဆည်မြို့ပေါ်တွင် ခိုးဆိုးလု ယက် နေသူတစ်ဦးဖြစ်ပြီး စစ်တပ်ကို သတင်းပေးလုပ် နေသူ တစ်ဦးဖြစ် ကြောင်း သိန်းငှက်ဖြူပြောက် ကျားတပ်ဖွဲ့က ပြောဆိုသည်။", "အလားတူ ဇန်နဝါရီလ ၇ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (အောင်မြင်)မြို့တွင် ပျူစောထီးခေါင်းဆောင် မင်းအောင်ကို ကျောက်တံခါး မြို့နယ် ပကဖ၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း ဗိုလ်ကျောက်ခဲအဖွဲ့က ပြောသည်။", "ပျူစောထီး ခေါင်းဆောင် မင်းအောင်၏ အလောင်းကို လာရောက်စစ်ဆေးသည့် တောကျွဲ အင်း နယ်‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကို ဗိုလ်‌ကျောက်ခဲမြို့ပြပျောက်ကြားအဖွဲ့က ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်ရန်နိုင်မှာ လက်တစ်ဖက်ပြတ်ကျဒဏ်ရာ(စိုးရိမ်ရ)၊ ရဲတပ်သားနေဇော်မှာ ဦးခေါင်းထိမှန်ဒဏ်ရာ (စိုးရိမ်ရ) နှင့် ရဲတပ်သားမောင်မြင့်မှာ လက်ချောင်းများပြတ်တောက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "စိုးရိမ်ဒဏ်ရာရရှိခဲ့သော ဒုရဲအုပ်ရန်နိုင်နှင့် ရဲတပ်သားနေဇော်တို့ကို အတွင်းလူနာအဖြစ် ဆေးကုသ မှုခံ ယူလျက်ရှိပြီး ရဲတပ်သားမောင်မြင့်မှာလည်း ဆေးကုသမှုခံယူလျက်ရှိသည်ဟု ဗိုလ်ကျောက်ခဲ အဖွဲ့က ပြောသည်။", "ဓာတ်ပုံ- ကျောက်ဆည်မြို့ပေါ်တွင် စစ်တပ်သတင်းပေး လူဆိုး ကျော်မြင့် ပစ်ခတ်ခံရပြီး သေဆုံးနေ စဉ်။"]
https://yktnews.com/2025/04/210254/
ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြည်သူများ ထိတ်လန့်
["ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် ပြည်သူများ ထိတ်လန့်", "ရန်ကုန်၊ ဧပြီ ၄", "မန္တလေးတိုင်း ကျောက်ဆည်မြို့အနီးသို့ ဗဟိုပြု၍ လှုပ်ခတ်သော ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က ထုတ်ပြန်လိုက်ပြီး အဆိုပါငလျင်ကြောင့် ပြည်သူများ ထိတ်လန့်တုန်လှုပ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဧပြီလ ၄ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန် ကျောက်ဆည်မြို့ ၏ အနောက် ဘက် ၇ ကီလိုမီတာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“လူကို ကိုင်ရိုက်လိုက်သလို မြောက်တက်သွားတယ်။ ဒီငလျင်က ပြင်းတယ်လို့ ခံစားရတယ်။ ရင်တွေတောင် တုန်တယ်” ဟု ကျောက်ဆည်မြို့မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။", "ယနေ့ ည ၉ နာရီ ၅၅ မိနစ် လှုပ်ခတ်ခဲ့သော ငလျင်ကို မန္တလေး အပါအဝင် မြို့ကြီးများတွင် ခံစားသိရှိရပြီး ပြည်သူအများ ထိတ်လန့် တုန်လှုပ်နေကြကြောင်း သိရှိရသည်။", "“မတ်လ ၂၈ ရက်နေ့ကတည်းက ညတိုင်း၊ နေ့တိုင်း နောက်ဆက်တွဲ ငလျင်တွေ လှုပ်နေတာ။ အခုထက်ထိ မရပ်သေးတော့ ဘယ်လိုတောင် အိမ်ပြန်ရမလဲ စဉ်းစားမရဘူး” ဟု မန္တလေး၊ ကျုံးနံဘေးတွင် ယာယီတဲဖြင့် နေထိုင်သူ မန္တလေးမြို့ခံတစ်ဦးက ရှင်းပြသည်။", "မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လက်ရှိတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီနှင့် NUG က တရားဝင် သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် မန္တလေးတွင် နောက်ဆက်တွဲ ငလျင်ကြောက်လန့်၍ ကွင်းပြင်များတွင် အိပ်စက်နေကြသော ပြည်သူများ။"]
https://yktnews.com/2024/11/193184/
ကျောက်တန်း၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများကို အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်၍ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်
["ကျောက်တန်း၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများကို အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်၍ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟုခြိမ်းခြောက်", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ညောင်၀ိုင်းကျေးရွာအုပ်စုတွင် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးက ပြည်သူများ အစည်းအဝေးခေါ်ပြီး လူတိုင်းစစ်မှုထမ်းရမည်ဖြစ်ကာ စစ်မှုမထမ်းလိုလျှင် ငွေပေးရမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကျောက်တန်းမြို့နယ်၊ ညောင်၀ိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးမင်းအောင်က ပြည်သူများကို အေးစေတီဘုန်းကြီး ကျောင်း တွင် အစည်းအဝေးခေါ်ယူကြောင်း၊ ယင်းအစည်းအဝေးသို့ ကျောက်တန်းမြို့နယ်၊ ဘဘွေးကုန်းကျေးရွာတွင် အထိုင်ချထားသော စစ်တပ် စစ်ကြောင်းမှူးလည်း တက်ရောက်ပြီး ပြည်သူများအားလုံး မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းလိုလျှင်​ ငွေကြေး ပေးရမည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရှိရသည်။", "“မြိုင်သာယာ ၃ ရပ်ကွက်မှာ ရှိတဲ့ ပြည်သူတွေအားလုံး တစ်အိမ် တစ်ယောက် အစည်းအဝေး တက်ခိုင်းတယ်။ အဓိက စစ်မှုထမ်းအတွက် တစ်အိမ်ထောင်ကို ၂ သောင်း တောင်းတာ မပေးလို့စစ်တပ် စစ်ကြောင်းမှူးဆိုသူကိုယ်တိုင် အစည်း အဝေးခေါ်တာ။ ဒီရပ်ကွက်ထဲမှာနေရင်အကုန်ပေးရမယ်။မပေးရင် မနေနဲ့။ အိမ် ဖျက်ယူပြီး အခြားနေရာသွားနေကြလို့ ခြိမ်းခြောက်တယ်။ စစ်မှုထမ်းအတွက် ငွေကောက်တာ။ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်အထိ မိန်းမ၊ ယောင်္ကျား ငွေမပေးနိုင်ရင် စစ်မှုထမ်းဖို့ မဲဖောက်ရင် ကျတဲ့သွားရမယ်ဆိုပြီး ခြိမ်း ခြောက်တယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သော ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ထို့ပြင် စစ်မှုထမ်းအတွက် ငွေကောက်ခံမှုနှင့်ပတ်သက်၍ တိုင်ချင်သည့်နေရာ တိုင်လို့ရကြောင်း၊ သတင်းဌာနများက သတင်းဖော်ပြလျှင်လည်း ဂရုမစိုက်ကြောင်း၊ သို့ရာတွင် တိုင်သည့်သူနှင့် သတင်းဌာနများထံသို့ သတင်းပေးပို့သူကို မိလျှင် သက်သာလိမ့်မည်မဟုတ်ဟု ခြိမ်းခြောက်ကြောင်း သိရှိရသည်။", "“ဒီလို ငွေတောင်းလို့ မကျေနပ်ရင် တိုင်ချင်တဲ့နေရာတိုင်လို့ရတယ်။ ကြိုက်တဲ့သတင်းဌာနကနေ သတင်းရေးလို့ရတယ်။ တွေရင်တော့မသက်သာဘူးလိုပြောသွားတယ်။ အုပ်ချုပ်ရေးမှူ စိုးမင်းအောင်ရော စစ်တပ်ကရော ခြိမ်းခြောက်တာ ပြည်သူတွေကို။ အလှူငွေ မထည့်သူတွေကို အိမ်ချိတ်ပိတ်မယ်။ ငွေမပေးချင်ရင် ရပ်ကွက်ထဲ မနေနဲ့ အိမ်ရွှေ့ပြီး အိမ်ဖျက်ပြီး ပြောင်းသွားလိုက်ဆိုတာကို ထပ်ခါ ထပ်ခါ ပြောပြီး ခြိမ်းခြောက်တာ” ဟု အစည်းအဝေး တက် ရောက်သူ ပြည်သူက ရှင်းပြသည်။", "ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်း ဥပဒေအကြောင်းပြ၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ငွေကြေးကောက်ခံမှုများ၊ အာဏာအလွဲသုံးစားလုပ်၍ အကျင့်ပျက်ခြစား ငွေကြေး ခြိမ်းခြောက်တောင်းယူမှုများ၊ ငွေလိမ်လည်မှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်က ယင်းအခြေအနေများကို တိုင်ကြားလာလျှင်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/140385/
ကျောက်တော် ကန်စောက်တောင်၊ ခမရ ၅၃၉ တပ်ရင်းမှ အရာရှိ၊ စစ်သားနှင့် မိသားစုဝင် ၃၀၀ ကျော် AA ထံ လက်နက်ချအညံ့ခံမှု နေပြည်တော် စစ်ရုံးက မသိရှိဘဲ အဆက် အသွယ် ပြတ်တောက်နေဟုဆို
["ကျောက်တော် ကန်စောက်တောင်၊ ခမရ ၅၃၉ တပ်ရင်းမှ အရာရှိ၊ စစ်သားနှင့် မိသားစုဝင် ၃၀၀ ကျော် AA ထံ လက်နက်ချအညံ့ခံမှု နေပြည်တော် စစ်ရုံးက မသိရှိဘဲ အဆက် အသွယ် ပြတ်တောက်နေဟုဆို", "ရန်ကုန်| ဇန်နဝါရီ ၁၆", "ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင်ခြေရင်းတွင် အခိုင်အမာ တပ်စွဲအခြေချထားသည့် ခမရ ၅၃၉ တပ်ရင်းမှ စစ်သားနှင့် မိသားစုဝင် ၃၀၀ ကျော် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AAထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နေပြည်တော်စစ်ရုံးချုပ်ကမူ ယနေ့ ကျောက်တော် ခမရ ၅၃၉ တပ်မှ အရာရှိ၊ စစ်သည်နှင့်မိသားစုဝင်များ လက်နက်ချ အညံ့ခံမှုကို ရခိုင် အခြေစိုက် သတင်း မီဒီယာများ၏ သတင်းဖော်ပြမှုကြောင့်သာ သိရှိထားပြီး လတ်တလော အဆက် အသွယ်ပြတ်တောက်နေသည်ဟုသာ အစီရင်ခံမှုရှိကြောင်း သိရှိရသည်။", "ရန်ကုန်- စစ်တွေ ကားလမ်းနားဘေး ကန်စောက်တောင်ခြေရင်း၌ အခြေစိုက် ထားသည့် တပ်ရင်းတစ်ခု ဖြစ်ပြီး ကျောက်တော်မြို့နှင့်လည်း အနီးစပ်ဆုံး တပ်ရင်းတစ်ခု ဖြစ်ကြောင်း၊ လက်နက်ချရန် အကြိမ်ကြိမ် သတိပေးခဲ့သော် လည်း လက်နက် မချဘဲ AA က တပ်ဖွဲ့ဝင်များ ၀ိုင်းရံပိတ်ဆို့ တက်လုံးမှသာ လက်နက်ချ အညံ့ခံခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“လက်နက်ချဖို့ အကြိမ်ကြိမ်ပြောတာကို ဒီဘက်က တက်လုံးမှ အညံ့ခံတာ။ အမျိုးသမီးတွေ ကလေးတွေနဲ့ စစ်သည် အင်အား စုစုပေါင်း ၃၀၀ ကျော်ရှိ တယ်” ဟု AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ရှင်းပြသည်။"]
https://yktnews.com/2024/01/139574/
ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်း စခန်းသိမ်း တိုက်ပွဲတွင် AA နှင့်အတူ ယော ကာကွယ်ရေးတပ်-YDF ပါဝင် တိုက် ခိုက်
["ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်း စခန်းသိမ်း တိုက်ပွဲတွင် AA နှင့်အတူ ယော ကာကွယ်ရေးတပ်-YDF ပါဝင် တိုက် ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာကုန်းစခန်း သိမ်း တိုက်ပွဲနှင့်အတူ ရခိုက်ပြည်နယ်တိုက်ပွဲများအတွင်း ဆက်လက် ပူးပေါင်း ပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ယောကာကွယ်ရေးတပ်ဖွဲ့- YDFမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ‌ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းအား ယောကာကွယ်ရေးတပ် – YDF သည် မဟာမိတ်တပ်များနှင့်အတူ စစ်ရေး အတွေ့ အကြုံယူရင်း ရဲရင့်တက် ကြွစွာ ပူးပေါင်း ပါဝင်၍ တိုက်ပွဲဆင်နွှဲခဲ့ရာ ၃ ပတ်အကြာ အပြီးသိမ်း ပိုက်နိုင်ခဲ့ ပြီး လက်နက်ခဲယမ်းမြောက်များစွာသိမ်းဆည်းရရှိခဲ့ကြောင်း၊ သိရသည်။", "“ ကျနော်တို့ ယောကာကွယ်ရေးတပ်ဖွဲ့ – YDF လည်းပဲပါဝင်တိုက်ခိုက်ခဲ့ ပါတယ်၊ လုံခြုံ ရေးအရ အချက်အလက်အကုန်တော့ပြောပြလို့မရဘူးပေါ့၊ တိုက်ပွဲအစကနေ အဆုံးအထိ ကျနော်တို့ YDF ရော၊ ရခိုင့်တပ်တော်ရော သူတို့ နဲ့အတူတူ ပူးပေါင်းပြီးမှ တိုက်ပွဲဝင်ခဲ့တာပါဗျ၊ တိုက်ပွဲကာလ ကတော့ ၃ ပတ် လောက် ကြာသွားတယ်၊ စခန်းကုန်းကျအောင်အထိ၊ သူတို့(စစ်ကောင်စီ) ဘက် အညံ့ခံ သည်အထိ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်တိုက်ပွဲ တွေ လည်း ဆက်လက်ပူးပေါင်းတိုက် ခိုက်နေပါတယ်” ဟု ယောဒေသ ကာကွယ် ရေး တပ်ဖွဲ့- YDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံ သို့ ပြောကြားသည်။", "ထိုကဲ့သို့ စစ်ရေး အတွေ့အကြုံနှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော်ကို YDF က ကျေးဇူးများ စွာ တင်ရှိပါကြောင်း တောင်ရှည်တောင်ဗျူဟာကုန်း သိမ်း တိုက် ပွဲသည် ကာလအားဖြင့် ၃ ပတ်ကြာ မြင့် ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ လ ၆ ရက်နေ့တွင် တောင်ရှည်တောင်ဗျူဟာစခန်းအား အပြီးသတ် သိမ်းပိုက် ခဲ့ရာတွင် YDF တပ်ဖွဲ့က ဗျူဟာကုန်းတစ်ခုလုံးအားသိမ်းပိုက် လိုက်သည့် အချိန်အထိ တက် ကြွစွာပါဝင်ခဲ့ကြောင်း ယောကာကွယ်ရေးတပ် – YDF က ပြောသည်။", "ယောကာကွယ်ရေးတပ် – YDF ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ယောဒေသ နေ လူငယ်များမှ ဦးဆောင်၍ဖွဲ့စည်းခဲ့သော အဖွဲအစည်း တစ်ခုဖြစ်ပြီး မည်သည့်အဖွဲအစည်း၏ လက်အောက်ခံမဟုတ် ဘဲ ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် ဖွဲစည်းတည်ထောင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ စတင် ဖွဲ့စည်းသည့် အချိန်မှစ၍ ယောကာကွယ်ရေးတပ်၏ ပြည်သူလူထု အပေါ် သစ္စာရှိမှု၊ ရိုးသားမှု၊ အများ ပြည်သူများ၏ လိုအပ်ချက်များကို ကူညီပေးမှု၊ ပြည်သူများကိုစောင့်ရှောက်ပေးမှုများကြောင့် ပြည်သူ များမှ ယုံကြည်ကိုးစားမှုများနှင့် ထောက်ခံမှုများကို တစနှင့် တစရရှိလာခဲ့ကြောင်း သိရသည်။", "အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင်တော်လှန် ရေးလမ်းစဉ်ဖြင့် အမြစ် ပြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေမှုကို ပြည်သူလူထု ကြီးက လည်း အားပေးထောက်ခံလာခဲ့ သည်မှာ နှစ်နှစ်ကျော်ကြာလာ သည့်တိုင် အခက် အခဲမျိုးစုံကြားမှ ခိုင်မာစွာဖြင့်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီးပြည် သူများ လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက် လာ ရေး အတွက် တိုက်ပွဲပေါင်းများစွာကို ရာချီဆင်နွှဲနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရ သည်။", "လက်ရှိတွင် ယောကာကွယ်ရေးတပ် – YDF တဖွဲ့တည်း တိုက်ခိုက်နေခြင်းထက် လက်နက် အင်အား သာလွန်ပြီး အင်အားကြီးမားသည့် ဘုံရန်သူ အကြမ်းဖက် စစ်အုပ်စုကို တိုက်ခိုက်ရာတွင် တော်လှန် ရေး အဖွဲအစည်းများ အချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ပူးပေါင်းတိုက်ခိုက်ကြပါက အောင်ပွဲသည် အချိန်တို တို အတွင်း ရရှိနိုင်သည်ဟူသော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်တို့ကို စံနမူနာယူပြီး မဟာမိတ်အဖွဲအစည်းများနှင့်အတူ အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပူးတွဲ စစ်ဆင်ရေး များ ထိရောက်အောင်မြင်စွာ လုပ်ဆောင် လျက်ရှိ ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2024/05/162617/
ကျောက်တော် ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂၀ ဦး ထက်မနည်း ဒဏ်ရာရပြီး သေဆုံးသူအချိုရှိခဲ့၊ ဆေးရုံတစ်ခုလုံး ပျက်စီးသွား
["ကျောက်တော် ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂၀ ဦး ထက်မနည်း ဒဏ်ရာရပြီး သေဆုံးသူအချိုရှိခဲ့၊ ဆေးရုံတစ်ခုလုံး ပျက်စီးသွား", "စစ်ရှုံးနေသဖြင့် စစ်ကောင်စီက အမုန်းတရားဖြင့် ပြည်သူများကို သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေ၊ နိုင်ငံတကာသို့ မှတ်တမ်းများ ပေးပို့မည်", "ရန်ကုန်၊ မေ ၁၅", "ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် ပြည်သူ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချိုရှိခဲ့ကာ ဆေးရုံတစ်ခုလုံး ပျက်စီးသွားကြောင်း ရခိုင်တပ်တော် AAက သတင်းထုတ်ပြန်သည်။", "မေလ ၁၅ ရက်နေ့၊ နံနက် ၀၀ နာရီ ၁၆ မိနစ် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ “ဝဲကြီးထောင့်ဆေးရုံ” ကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချိုရှိခဲ့ကြောင်း၊ လူနာ ၂၀ ဦးထဲတွင် အပြင်းစားဒဏ်ရာရသူ ၅ ဦးရှိခဲ့ပြီး မြင်း ၁ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်တပ်က လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့အတူ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်ကြောင်း AA က ထောက်ပြသည်။", "ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ယခုကဲ့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲအစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်သည်။"]
https://yktnews.com/2024/01/139273/
ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး၊ မင်းပြားတွင် ၁ဦးဒဏ်ရာရ
["ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး၊ မင်းပြားတွင် ၁ဦးဒဏ်ရာရ", "ရန်ကုန် ဇန်နဝါရီ ၁၀", "ရခိုင်ပြည် မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၁၀ ရက် နေ့၌ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ထိ ခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများက ပြောသည်။", "ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာသို့ ယနေ့ အာရုဏ်တက်ချိန်နံနက် ၄ နာရီဝန်းကျင်ခန့်အချိန် ကံစောက်တောင်ရှိ စစ်ကောင်စီ ၅၃၉ တပ်ရင်းက ပစ် ခတ် သော လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု ဒေသပြည်သူ တစ်ဦးကပြောသည်။", "“ကန်ဇောက်တောင်အောက် အမြောက်တပ်ကပစ်တာ။ ၂ ယောက်သေပါတယ်။ တစ်ယောက်က နေရာမှာပဲ သေတယ်။ တစ်ယောက်က နီးစပ်ရာ ဆေးခန်း ကိုပို့တဲ့ အချိန်မှာသေတယ်။ တိုက်ပွဲ ဖြစ်တာမရှိဘဲ ပစ်တာပါ” ဟုပြောသည်။", "သေဆုံးသူ ၂ ဦးမှာ အသက် ၇၀ ကျော်အရွယ် ဦးအထွန်းချေနှင့် အသက် ၅၀ ကျော်အရွယ် ဦးဒမောက်တို့ ဖြစ်ပြီး ဒဏ်ရာရရှိသူကို နီးစပ်ရာ ဆေးခန်းသို့ ပို့ဆောင်ထားကြောင်းသိရသည်။", "မင်းပြားမြို့တွင်လည်း ယမန်နေ့ ဇန်နဝါရီ ၉ ရက်ညဉ့် အချိန်မှစ၍ စစ်ကောင် စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ယနေ့ နံနက် ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၁ ဦးထိခိုက်ဒဏ်ရာ ရရှိ ထားသည်။", "မင်းပြားဒေသခံတစ်ဦးက”လက်နက်ကြီးက မနေ့ညကတည်းက ပစ်နေတာပါ။ ဒီနေ့မနက်ပိုင်းမှာ ပြည်တော်ဖက်က တစ်ယောက် ထိခိုက်ထားတယ်။ သူ အကူ အညီတောင်း နေပေမယ့်။ ကျနော်တို့လည်းသွားကူ လို့မရဘူး” ဟု ပြောသည်။", "မြောက်ဦးတွင် ယမန်နေ့ ဇန်နဝါရီ ၉ ရက်ကလည် စစ်ကောင်စီတပ် လမ်းမှာ တွေ့ သည့် အရပ်သား သုံးဦးကို သေနတ်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦး မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။", "ရခိုင်နှင့် ပလက်ဝမြို့နယ်များတွင် စစ်ကောင်စီတပ်ရင်း အသီးသီးမှ မြို့နယ် အနှံ့လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးသူငယ်အများ အပါအဝင် အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရမှုတို့မှာ တိုးလာနေသည်။"]
https://yktnews.com/2025/05/214820/
ကျောက်တော်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရ
["ကျောက်တော်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်သူထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မေ ၁၇", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ပြည်သူ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စစ်ကောင်စီက မေလ ၁၄ ရက်နှင့် ၁၅ ရက် ၂ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ကျောက်တော်မြို့မှ ကလေးငယ်များ အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ရပြီး ၁၁ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း၊ စစ်ကောင်စီက ထပ်မံ ဗုံးကျဲလာမည်ကို စိုးရိမ်ကြ၍ မြို့ခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။", "“စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို ကြောက်ပြီး အခု ကျောက်တော်မြို့က ဒေသခံတွေ တစ်မြို့လုံးနီးပါး လွတ်မြောက်ရာကို ထွက်ပြေးသွားကြကုန်ပြီ။ စစ်ကောင်စီက အရပ်သားပြည်သူကို ပစ်မှတ်ထားပြီ ဗုံးကျဲနေတော့ ပြည်သူတွေကလည်း စိုးရိမ်ကြတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။", "ကျောက်တော်မြို့ ရွာမရပ်ကွက်နှင့် စိုက်ပျိုးရေးကျောင်းအနီးကို မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။", "အခြားကျောက်တော်ဒေသခံတစ်ဦးက ” ကျောက်တော်မြို့ကနေ မေလ ၁၄ ရက်နေ့က စစ်ကောင်စီ ဗုံးကျဲကတည်းက ဘေးလွတ်ရာကို ထွက်ပြေးလာတာ။ ထပ်ပြီး ဗုံးကျဲခံရမှာကို စိုးရိမ်လို့ မြို့ထဲကို မဝင်ရဲတော့ဘူး။ အခုလည်း တစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်ရှောင်နေကြတယ် ကြားမိတယ်” ဟု ပြောသည်။", "မေလ ၁၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။", "ရခိုင်ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု AA က ထုတ်ပြန်ထား သည်။", "အပြစ်မဲ့အရပ်သား ရခိုင်ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချကြောင်း AA က ဆိုသည်။", "အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်လည်း စစ်တပ်က လက်နက်ကြီး၊ လေယာဥ်ဖြင့် မကြာခဏ ပစ် ခတ် မှုများကြောင့် ဝင်းကံ ကျေးနယ်(ကျေးရွာအုပ်စု)ရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစု ကျေးရွာတို့မှ ၂၇၂၁ ဦး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။", "စစ်တပ်က အရပ်သားပြည်သူများနေထိုင်ရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု​များကြောင့် ဒေသခံပြည်သူများ အသက်အန္တရာယ် စိုးရိမ်ထိတ်လန့်၍ နေအိမ်ဥစ္စာများစွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း၊ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "မေလ ၁၄ ရက်နေ့ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၁၁ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့ ည ၉ နာရီ ၁၂ မိနစ်အချိန် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်၏ အမြောက် တပ် ၃၁၀ က လက်နက်ကြီး ၁၂၂-မမ ၃လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မေလ ၁၄ ရက်နေ့ တိုက်လေယာဉ်ဖြင့် ကျိုက်ထိုမြို့နယ် ကျောက်ဖျာ ကျေးနယ်(ကျေးရွာအုပ်စု)အတွင်း ဗုံးကျဲချခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။", "ဓာတ်ပုံ- ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/04/211791/
ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော်ကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး အရပ်သား ၂၀ ကျော် ဒဏ်ရာရ
["ကျောက်တော်မြို့ နေရာအနှံ့ကို စစ်ကောင်စီက ဗုံး ၁၀ လုံးကျော်ကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး အရပ်သား ၂၀ ကျော် ဒဏ်ရာရ", "ရန်ကုန်| ဧပြီ ၁၉", "ရခိုင်ပြည်၊ ကျောက်တောမြို့ထဲ နေရာအနှံ့ကို ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၃ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်း ကနေ ဗုံးအလုံး ၁၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။", "ပြည်သူများ အိပ်မောကျနေချိန် စစ်ကောင်စီက စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူများ ထွက်ပြေးချိန်မရလိုက်ဘဲ အရပ်သား ၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု သိရှိရသည်။", "ကျောက်တော်မြို့ထဲက နေရာ ၃ ခုကို စစ်ကောင်စီက ၄ ကြိမ်းထက်မနည်း ဗုံးအလုံး ၁၀ ကျော်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသမှ ပြည်သူတစ်ဦးက ပြောသည်။", "“လူအိပ်မောကျနေချိန် စစ်ကောင်စီက ဗုံးလာကြဲတယ်။ ပြည်တော်သာ၊ မြို့သစ်နဲ့ ဆေးရုံကြီးအနီးကို ကျရောက်ခဲ့ပါတယ်။ ကနဦး သိရတာက ၁ ဦးထက်မနည်း သေဆုံးတယ်။ ၂၀ ကျော် ဒဏ်ရာရတယ်။ အားလုံး အရပ်သားတွေ ဖြစ်ပါတယ်။ လောလောဆယ် နာမည်စာရင်း အတိအကျ သိရဖို့ ခက်တယ်။ စစ်ကောင်စီက ကျောက်တော်မြို့ တစ်ခုလုံးကို ဖြန့်ကျက်ပြီး ကြဲခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။", "ယခု ထိခိုက်သေဆုံးမှုများထဲတွင် ကလေးငယ်များလည်း ပါဝင်ပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် အသေး စိတ် အချက်အလက်များကို မသိရသေးပေ။", "နောက်ထပ် ကျောက်တော် ဒေသခံတစ်ဦးက “တိုက်ပွဲ ဖြစ်နေတာလည်း မဟုတ်ဘူး။ စစ်ရေးနဲ့ ဆိုင်တာလည်း ရှိတာ မဟုတ်ဘူး။ လူတွေ အိပ်နေတဲ့အချိန် ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ကောင်စီက ပြည်သူတွေကို ရည်ရွယ်ချက်ချက်ရှိရှိ သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတာထက် ပိုသွားပါပြီ။ လူသားမျိုးနွယ် မျိုးတုံးအောင် သတ်ဖြတ်တာ ဖြစ်ပါတယ်။ စစ်အုပ်စုတစ်ခုလုံးကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။", "ကျောက်တော်မြို့ထဲကို အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့မှာလည်း ဂျက်ဖိုက်တာဖြင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိကာ နေအိမ် ၅ ဆောင် ပျက်စီးခဲ့ရသည်။", "ဓာတ်ပုံ- APM ။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/01/139066/
ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် လက်နက်ချအညံ့ခံ၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်တောင်စခန်းကို AA က အပြီးသတ် သိမ်းပိုက်၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
["ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် လက်နက်ချအညံ့ခံ၊ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်တောင်စခန်းကို AA က အပြီးသတ် သိမ်းပိုက်၊ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်ရှည်တောင် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော်လက်နက်ချအညံ့ခံခဲ့ပြီး မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တောင်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိထားကြောင်း ရခိုင်တပ်တော် – AA ကထုတ်ပြန်ထားသည်။", "ရှမ်းမြောက်ဒေသ အတွင်း၌ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းမှ စစ်ကောင်စီတပ်သား အင်အား ၂၀၀ ကျော်လက်နက်ချအညံ့ခံခဲ့ပြီး ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း ရခိုင်တပ်တော်နှင့်အတူ မိတ်ဖက် အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြ ကြောင်း သိရသည်။", "ယမန်နေ့ ဇန်နဝါရီလ ၇ ရက် ညနေ ၄ နာရီခန့်က ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ သင်းကျစ်တော် တောင် စခန်းကို ရခိုင်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စစ်အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "ဇန်နဝါရီလ ၇ ရက်နေ့မှ စ၍ ပလက်ဝမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ရရှိထားပြီး ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သည့် နယ်မြေ ဖြစ်လာနိုင်ရန် ကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို ယခုရက်ပိုင်းအတွင်း အပြီးသတ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "ရှင်းလက်ဝ(ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ အိန္ဒိယနိုင်ငံအတွင်းသို့ အာသံ ရိုင်ဖယ်၏ အကူအညီဖြင့် ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၁၀၄ ဦး နှင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပွိင့် ၃၇၇ စခန်းမှ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲဝင် အင်အား ၁၅၁ ဦး တို့ကို အိန္ဒိယအစိုးရမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။", "စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက အချိန်မရွေး ဆက် သွယ်နိုင်ကြောင်း၊ စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံရန် ဆက်သွယ်မှုများရရှိထားကြောင်း ရခိုင်တပ်တော် – AA က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137075/
ကျောက်တော်မြို့နယ်၊ ပြင်လှရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင် ပျက်စီး
["ကျောက်တော်မြို့နယ်၊ ပြင်လှရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင် ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြင်လှရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကျောက်တော်မြို့နယ်၊ ပြင်လှရွာကို အကြမ်းဖက် စစ်တပ်၏ ကျောက်တော် အခြေစိုက် စကခ ၉ က ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဒေါ်လှညွှန့်ရီခထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကျောက်တော် အခြေစိုက် စကခ ၉ က လက်နက်ကြီးဖြင့် ပြင်လှရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ ဦးအောင်စံထွန်း၏ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲကာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138303/
ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ
["ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီနှင့် ၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "သေဆုံးသူ ၂ ဦးမှာ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာမှ အသက် ၃ နှစ်အရွယ် မောင်ဉာဏ်ဟိန်းမင်းနှင့် အသက် ၂၂ နှစ်အရွယ် ကိုမောင်ပြားတို့ ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ဦး​ကျော်သန်းလှိုင် ၊ အသက် ၇၁ နှစ်အရွယ် ဒေါ်ပြားမ ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်လှနုယဉ် ၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဌေးဌေးနှင့် အသက် ၆၉ နှစ်အရွယ် ဒေါ်ဦးညွန့်စိန် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/05/162610/
ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၁၀ ဦးခန့် ဒဏ်ရာအပြင်းအထန်ရ
["ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှု ပြည်သူ ၁၀ ဦးခန့် ဒဏ်ရာအပြင်းအထန်ရ", "ရန်ကုန်| မေ ၁၅", "ရခိုင်ပြည် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ကျေးရွာကို ယနေ့ မေလ ၁၅ ရက် နံနက် ၁ နာရီခန့်က စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကျဲခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။", "ဝဲကြီးထောင့်ကျေးရွာကို ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ပြီး ဝဲကြီးထောင့်ဆေးရုံနှင့် စာသင်ကျောင်း လုံးဝပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။", "” ည ၁၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၃ လုံးကြဲချခဲ့တယ်။ တိုက်ပွဲရှိတာလည်း မဟုတ်ဘူး။ ပြည်သူတွေသေအောင် တမင် လာကြဲတာ။ ကြဲတာကလည်း ဆေးရုံနဲ့ စာသင်ကျောင်းကို။ အမျိုးသမီးတွေ အပါအဝင် ၁၀ ယောက်လောက် ပြင်းထန်ဒဏ်ရာရသွားတယ်။ ” ဟု ပြောသည်။", "ယမန်နေ့ မေလ ၁၄ ရက် ည ၉ နာရီခန့်တွင် သံတွဲမြို့နယ် လင်းသီကျေးရွာကို မြို့အဝင်ရှိ ဘားဒါန်းတောင်တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကမန်လူမျိုး ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။", "ဆက်လက်ပြီး ယမန်နေ့ မေလ ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် မောင်တောမြို့နယ် ကင်းချောင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး ၃ ဦးအပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်။", "ကင်းချောင်းကျေးရွာအနီး တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ လူစုလူဝေးရှိသည်ကို စစ်ကောင်စီ သတင်းရသွား၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကင်းချောင်းရွာသားတစ်ဦးက ပြောသည်။", "” စစ်ကောင်စီက ကျနော်တို့ရွာကို လေယာဉ်နဲ့ ဗုံးနှစ်လုံးနဲ့ လာကြဲတယ်။ ဒီနားမှာ တိုက်ပွဲရှိတာလဲမဟုတ်ဘူး။ ရွာထဲမှာ လူစုလူဝေးရှိနေတယ်။ သတင်းရသွားလို့ ထင်တယ်။ ကျနော်တို့ရွာက နှစ်ယောက်သေတယ်။ ကျနော်တို့ရွာကို တခြားရွာက ဈေးလာရောင်းတဲ့ နှစ်ယောက် သေသွားတယ်။ ၇ ဦးထက်မနည်းက ထိခိုက်ဒဏ်ရာ ရတယ်။ သေတဲ့သူရော၊ ထိခိုက်တဲ့သူရော အရမ်းကို ရုပ် ပျက်ဆင်းပျက် ဖြစ်သွားတာ။ နှလုံးရောဂါရှိတဲ့သူဆို ကြည့်ရဲမှာမဟုတ်ဘူး။ တော်တော်လေးကို စိတ်မကောင်းဖြစ်စရာ ကောင်းပါတယ်။ ” ဟု ပြောသည်။", "သံတွဲ၊ မောင်တော၊ ဘူးသီးတောင်ဒေသတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လျှက်ရှိနေသော်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော လူနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ယမန်နှစ် ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့မစျေး မီးလောင်ကျွမ်းခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/02/145228/
ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်
["ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။", "ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲတွင် ရန်သူ၏ စစ်သင်္ဘောများအား မိမိတို့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်ထားနိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (၇/၈) ရက်များအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော ၃ စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် စစ်သင်္ဘော ၃ စီးကို ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော ၄ စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "AA က ရေထဲနစ်မြုပ်ခဲ့သော စစ်သင်္ဘော (၃) စီးအပြင် နောက်ထပ်အထိနာခဲ့သော စစ်သင်္ဘော ၄ စီးအထိ ရှိခဲ့ကြောင်း၊ ဤရေကြောင်းတိုက်ပွဲအတွင်း ရန်သူ၏ လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက်တိုက်ခိုက်နေခဲ့သည့်ကြားမှ စစ်တပ်၏ စစ်သင်္ဘောများကို မိမိတို့မှ အပြတ်အသတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း သိရှိရသည်။", "၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ ရက္ခိုင်နှင့် ပလက်ဝဒေသ မိမိတို့၏ ထိုးစစ်များအောက်တွင် လက်နက်ချအညံ့ခံသော ရန်သူများနှင့် ရန်သူ့မိသားစုဝင်များကို ကောင်းစွာလက်ခံပြီး ကောင်းစွာ ကျွေးမွေးထားသည်ကို မိမိတို့လက်ထဲတွင်ရှိသော စစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး အသိပင်ဖြစ်ကြောင်း၊ စစ်သုံ့ပန်းများအပေါ်သဘောထားမှာ ယခင်လည်းဤသို့ ယခုလည်းဤသို့ပင်ဖြစ်ကြောင်း AA က ဆိုသည်။", "ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲတွင် ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် (၃) ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့ကြောင်း သိရှိရသည်။", "စစ်သင်္ဘောသင်္ဘဘေ စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း စစ်တပ်က ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် AA တပ်ဖွဲ့ဝင် (၁၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့ကြောင်း၊ အကယ်၍ မိမိတို့မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်ကြောင်း။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့ကို AA က ကယ်တင်ထားနိုင်ခဲ့ကြောင်း၊ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။", "စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ မိမိတို့၏ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့ကြောင်း၊ ယခုလည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ AA ကလည်း ပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138407/
ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ အသက် ၃ လ ၊ ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရပြီး စိုးရိမ်ရ
["ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး၊ အသက် ၃ လ ၊ ၂ နှစ်နှင့် ၇ နှစ်အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရပြီး စိုးရိမ်ရ", "ရန်ကုန်၊ ဇန်နဝါရီ ၃", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ အသက် ၃ လ ၊ ၂ နှစ်နှင့် ၇ နှစ် အရွယ် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရပြီး စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၂ နှစ်အရွယ် ဒေါ်ခိုင်အေးနု သေဆုံးပြီး အသက် ၃ လတစ်ဦး၊၂ နှစ် အရွယ်တစ်ဦးနှင့် ၇နှစ်အရွယ် ကလေးငယ် တစ် ဦး အပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရကာ စိုးရိမ်ရကြောင်းသိရသည်။", "ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးမှာ အသက် ၂၁ နှစ်အရွယ် မခိုင်အေးဆန်း၊ အသက် ၁၈ နှစ်အရွယ် မသိန်းဦးနွေ၊ အသက် ၃၁ နှစ်အရွယ် ဒေါ်စောနွေ၊ အသက် ၃၂ နှစ်အရွယ် ဒေါ်ခိုင်ခိုင်ညွန့်၊ အသက် ၇ နှစ်အရွယ် မခိုင်နုဝါ၊ အသက် ၃ လအရွယ် မောင်အဘုချေ၊ အသက် ၃၀ အရွယ် ဒေါ်ဦးမေဆန်းနှင့် အသက် ၂ နှစ်အရွယ် မောင်မျိုးချစ်အောင် တို့ဖြစ်ကြောင်း သိရှိရသည်။", "” ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ လူတွေ ပါပါတယ်။ အရေးပေါ် ကျေးလက်ဆေးရုံတွေကို ပို့နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/131128/
ကျောက်တော်မြို့နယ်၊အပေါက်ဝရဲစခန်း မှ စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ဦး အလင်းဝင် ၊ ရသေ့တောင်တွင် နယ်ခြားစောင့် တပ်စခန်း ၂ ခုလုံးကို AA က သိမ်းပိုက်
["ကျောက်တော်မြို့နယ်၊အပေါက်ဝရဲစခန်း မှ စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ဦး အလင်းဝင် ၊ ရသေ့တောင်တွင် နယ်ခြားစောင့် တပ်စခန်း ၂ ခုလုံးကို AA က သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊အပေါက်ဝရဲစခန်း မှ စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ဦး အလင်းဝင်လာကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ရဲစခန်းတခုလုံး ရက္ခိုင့်တပ်တော် (AA)ထံမာ လက်နက်ချ အလင်းဝင် လာကြောင်း၊ အပေါက်ဝရဲစခန်းကို ရက္ခိုင့်တပ်တော်(AA ) ကလက်နက်ချရန် ပြောဆိုရာတွင် စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ယောက် လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။", "အလားတူ ရသေ့တောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း ရက္ခိုင်တပ်တော် (AA)က ဒုံးပိုက်နန့် ချိန်ခါလီ နယ်ခြားစောင့်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/145656/
ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းဆည်းရရှိသည့် ဓာတ်ပုံများ AA ထုတ်ပြန်
["ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းဆည်းရရှိသည့် ဓာတ်ပုံများ AA ထုတ်ပြန်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ရက္ခိုင်ပြည်၊ ကျောက်တော်မြိုအတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများရှေ့တို့၌ ရက္ခိုင့်တပ်တော် စစ်သည်တော်များ ရိုက်ကူးထားသည့် ဓာတ်ပုံများကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။"]
https://yktnews.com/2024/01/139796/
ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ မင်းပြားနှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရ
["ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ မင်းပြားနှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်တော်မြို့နယ်၊ လက်ပံရွာရှိ ကွမ်းခင်း စိုက်ပျိုးထားသောခြံထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကွမ်းခြံအတွင်းရှိ တဲထဲ၌ အိပ်ပျော်နေသော အသက် ၆၀ နှစ်အရွယ် ဒေါ်စံဂိုးမ ပွဲချင်းပြီး သေဆုံးပြီး အသက် ၅ နှစ်အရွယ် မောင်ဝင်းခိုင်နှင့် အသက် ၆၂ နှစ်အရွယ် ဦးမောင်သောင်းစိန် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဇန်နဝါရီ ၁၂ ရက်နေ့ ည ၈ နာရီ ၂၂ မိနစ်တွင် မင်းပြားမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၁ တပ်ရင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားသော ပြည်သူ ၁ ဦးမှာ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်တွင် နေထိုင်သော အသက် ၇၆ နှစ်အရွယ် ဦးသိန်းထွန်းစိန်ဖြစ် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးမှာ ဦးကျော်သန်းချေ ၅၅ နှစ် ၊ ဦးင/တူ ၅၂နှစ် နှင့် ဒေါ်မရွှီအေး ၄၈ နှစ် တို့ ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၇၆ တပ်ရင်းအနီး အကြမ်းဖက်စစ်တပ်ထောင်ထားသည့် စွန့်လွှတ်မိုင်း တက်နင်းမိ၍ အသက် ၂၈ နှစ်အရွယ် ပြည်သူ ၁ ဦး ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားပြီး ညာဖက်ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ညီနောင် ၃ ဖွဲ့မှ သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ တမန်းသားအခြေစိုက် နယ်ခြားစောင့်တပ်စခန်းက မောင်တောမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများနှင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့၍ မောင်တောမြို့နယ် သက်ကညှာကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး ၁ဦးနှင့် အမျိုးသမီး ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မယ်တော်တောင်တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီစခန်းက ပိုက်သည်ကျေးရွာကို လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦးအပါအဝင် အမျိုးသမီး ၁ ဦးတို့မှာ လက်နက်ကြီးကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် ၆နှစ်နှင့် ၁၃ နှစ်အရွယ် ယောက်ျားလေး ၂ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်တွင်လည်း ကြပ်စင်မြစ်ကြောင်းအတိုင်း ပေါက်တောဘက်သို့ ဦးတည်သွားလာနေသည့် အကြမ်းဖက်စစ်တပ်၏ နေဗီသင်္ဘော ၂ စီးသည် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ၁ လုံးသည် မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ကိုလည်း ဇန်နဝါရီလ ၁၂ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် လက်နက်အင်အားအပြည့်အစုံနှင့် အကြမ်းဖက်ဝင်ရောက်ကာ ပြည်သူ ၁ ဦး၏ နေအိမ်ကို ဖြိုဖျက်ခဲ့ပြီး နေအိမ်ထဲတွင် ပုန်းအောင်နေခဲ့ကြသည့် ဒေသပြည်သူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင်လည်း ရခိုင်ပြည် အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းမှ ပြည်သူများ နေထိုင်ရာ‌ကျေးရွာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခဲ့ရာ ကမ်းထောင်းကြီးမြို့နယ် သရက်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၆၅ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံးသွားကာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ထို့ပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့နယ်များ၏ မြို့ပေါ်ရပ်ကွက်များအပါအဝင် အနီးအနားကျေးရွာများကို အကြမ်းဖက်စစ်တပ်စခန်းများနှင့် နေဗီသင်္ဘောများပေါ်မှာ လက်နက်ကြီးမျာနှင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်များကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်တွင် ရန်သူ့ဇက်ရေယာဉ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ထိမှန်၍ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ နေအိမ် ၄ လုံးနှင့် သက်ပုန်းကျေးရွာက နေအိမ် ၁၂ လုံး နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကျောက်တော် #မြောက်ဦး #မောင်တော #မင်းပြား #အမ်းမြို့နယ်"]
https://yktnews.com/2023/07/112737/
ကျောက်တံခါးမြို့တွင် ပြည်သူ ၂၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထားပြီး အများစုကို ထောင်ချမည်ဟုဆို
["ကျောက်တံခါးမြို့တွင် ပြည်သူ ၂၀ နီးပါးကို စစ်တပ်က ဖမ်းဆီးထားပြီး အများစုကို ထောင်ချမည်ဟုဆို", "ရန်ကုန်၊ ဇူလိုင် ၁၃", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့မှာ ဇူလိုင်လ ၆ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့ အထိ အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သား ၂၀ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲက အများစုကို ထောင်ဒဏ်ချမှတ်မယ်လို့ မိသားစုဝင်တွေကို စစ်တပ်ဘက်က ပြောဆိုကြောင်း ကရင်အမျိုးသားအစည်း အရုံး ဗဟို(KNU)က သတင်းထုတ်ပြန်ပါတယ်။", "ဇူလိုင်လ ၆ရက်နေ့က စလို့ ကျောက်တံခါးမြို့ပေါ်တက်ပြီး စားနပ်ရိက္ခာဝယ်ယူကြတဲ့ ကျောက်ကြီးမြို့နယ် ကျေးရွာတွေက ဒေသခံရွာသားတွေကို အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ခလရ ၂၆၄တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ရွာသား ၂၀ဦး အထိ ဖမ်းဆီးခံထားရတယ်လို့ KNUက ဆိုပါတယ်။", "ဇူလိုင်လ ၆ရက်နေ့ကနေ ၉ရက်နေ့အထိ အရပ်သား ၁၉ဦး ဖမ်းဆီးခံခဲ့ရပြီး ၁ဦး ပြန်လည်လွတ်မြောက်လာကာ ကျန်၁၈ဦးကို စစ်တပ်က ထောင်ဒါဏ်ချမှတ်မယ်လို့ ပြောဆိုကြောင်း ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကို ကိုးကားပြီး KNUက ဆိုပါတယ်။", "ဇူလိုင်လ ၁၁ရက်နေ့မှာတော့ ရွာကြီးအင်း ကျေးရွာက အသက်၄၂နှစ်အရွယ် ဦးဇော်ဦးကို ဖမ်းဆီးခဲ့လို့ စစ်ကောင်စီတပ်ဖမ်းဆီးထားသူ အရေအတွက်ဟာ ၂၀ဦးအထိရှိလာပြီး ၁ဦးသာ ပြန်လည်လွတ်မြောက်သေးတာလို့ သိရပါတယ်။", "ဇူလိုင်လ ၆ရက်နေ့ကနေ ၉ရက်နေ့အထိ ဖမ်းဆီးခံထားရသူ၁၉ဦးကတော့ ကျောက်မှော်ဘုရားကြီးကျေးရွာက ကိုကျော်ထွေး၊ ဦးဇော်ဌေး ၊ မောင်စိုးလင်းဦး ၊ မောင်ဇော်ခိုင် ၊ မောင်ကျော်စွာဝင်း၊ မောင်အေးမင်းစိုး၊ မောင်ဇော်နိုင်ထွေး၊ မောင်ရဲထွေး ၊ စောဘီထွေး၊ စောကပေါ်ထူး ၊ စောရဲမြင်း၊ မောင်အောင်ကိုမင်း၊ စောဘဲနေထူး ၊ ပဒဲကော ကျေးရွာက မောင်ထက်ထက်၊ မောင်စိုးသူဝင်း၊ ဗမာဝက်လာတောကျေးရွာက ကိုသန်းထွန်း(၅၃)နှစ်နဲ့ ဒါးကုလားကျေးရွာက မောင်စိုင်းကို၊ မောင်သန်းစိုးဦး၊ မောင်ကျော်ထက်လင်း တို့ဖြစ်ကြပြီး ပဒဲကောကျေးရွာသား မောင်ထက်ထက် တစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။", "ဖမ်းဆီးထားသူတွေကို ကျောက်တံခါးရဲစခန်းမှာ ချုပ်နှောင်ထားပြီး မနေ့က ဖမ်းဆီးခဲ့တဲ့ ရွာအင်းကြီးကျေးရွာက ဦးဇော်ဦးကိုတော့ ဘယ်နေရာခေါ်ဆောင်သွားတယ်ဆိုတာ မသိရှိရသေးဘူးလို့ ဆိုပါတယ်။", "ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ်ကာလ လူနေရပ်ကွက်များအတွင်းအထိ ဖမ်းဆီးမှုများလုပ်ဆောင်နေသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo- EPA"]
https://yktnews.com/2023/06/106642/
ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သူရ တို့ ပစ်ခတ်ခံရပြီးသေဆုံး
["ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သူရ တို့ ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ ဇွန် ၇", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် အကြမ်းဖက်စစ်ကောင်စီ၏ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူးနေလင်းဦးနှင့် ၎င်း၏တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့ကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရ သည်။", "ယနေ့ဇွန်လ ၇ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် ဗိုလ်မှူးနေလင်းဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး သူရတို့ ဆိုင်ကယ်ဖြင့် နှစ်ဦးအတူ စီးလာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြင်းအထန်ဒဏ်ရာရရှိပြီး နှစ်ဦးစလုံးဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။", "၎င်းတို့ နှစ်ဦး ပစ်ခတ်ခံရပြီးနောက် ကျောက်တံခါးမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ဦးခန့် ရောက်ရှိလာကာ ဓူတင်ကုန်းတောရကျောင်းတိုက်နားမှနေ၍ စစ်တောင်းမြစ်ကမ်းနဖူးရွာ များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်တံခါး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူးနေလင်းဦးကို အခြားမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။"]
https://yktnews.com/2025/03/209660/
ကျောက်တံခါးမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ရဲနွယ်ဆည်ဘောင်တွင် နေထိုင်သူ ၈ ဦး သေဆုံးပြီး ရုပ်အလောင်း ၄ လောင်းသာရှာတွေ့သေး
["ကျောက်တံခါးမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ရဲနွယ်ဆည်ဘောင်တွင် နေထိုင်သူ ၈ ဦး သေဆုံးပြီး ရုပ်အလောင်း ၄ လောင်းသာရှာတွေ့သေး", "ရန်ကုန်၊ မတ် ၃၁", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ငလျင်ဒဏ်ကြောင့် ရဲနွယ်ဆည်ဘောင်တွင် နေထိုင်သူ ၈ ဦး သေဆုံးပြီး ရုပ်အလောင်း ၄ လောင်းသာရှာတွေ့သေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အား ပြင်းမြေငလျင်ကြောင့် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ဆည်ဘောင်တွင် နေထိုင်သူများလည်း ငလျင်ဒဏ်ကို ခံစားနေရပြီး နေအိမ်များ ပြိုကျပျက်စီးကာ လူ ၈ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "သေဆုံးသူ ၈ ဦးသည် မြို့ချောင်းရွာမှ အသက် ၂၈ နှစ်အရွယ် မောင်ရဲနီး(ခ)မော့ကြီး ၊ အသက် ၂၅ နှစ်အရွယ် ကိုဂျိုး ၊ အသက် ၂၀ အရွယ် ကိုမှိုင်းဝေ ၊ ကင်းရွာမှ အသက် ၄၇ နှစ်အရွယ် ကိုစိုးလှိုင် ၊ အသက် ၂၂ နှစ်အရွယ် ကိုချစ်မျိုး ၊ အသက် ၁၇ နှစ်အရွယ် ကိုထက်မြတ် ၊ ညာတေးရွာမှ အသက် ၃၂ နှစ်အရွယ် ကိုအောင်ဇော်ဝင်း နှင့် ဒညင်းကုန်းရွာမှ အသက် ၃၀ နှစ်အရွယ် ကိုရဲကိုဦး တို့ဖြစ်ကြောင်း သိရှိရသည်။", "“ဆည်ဘောင်ပေါ်မှာ နေထိုင်တော့ ငလျင်လှုပ်တဲ့ အရှိန်နဲ့ အကုန်ရေထဲကို ပါသွားတာလို့ သိရတယ်။ အခုလက်ရှိ အတည်ပြုနိုင်တာ ၈ ဦးပေါ့။ ၄ ဦးရဲ့ ရုပ်အလောင်းတွေတော့ ပြန်ရှာတွေ့ပြီး ၄ ဦးကိုတော့ ဆက်လက် ရှာဖွေနေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ – အင်အားပြင်း မြေငလျင်ကြောင့် မြစ်သားမြို့နယ်တွင် ပျက်စီးသွားသော လမ်းပိုင်းအားတွေ့ရစဉ်"]
https://yktnews.com/2023/10/127090/
ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီခန့် မြို့ချောင်း ၈ မိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီခန့် မြို့ချောင်း ၈ မိုင်ရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ ပျူစောထီး ၂ ဦး စုစုပေါင်း ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး WY ဆေးပြားများ သိမ်းဆည်းရရှိခဲ့ကြောင်း PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်၊ မြို့ချောင်း ၈ မိုင်ရွာ အုပ်ချုပ်ရေးမှူး အေးလှိုင်နှင့် ဇနီးချောစုတို့ကို မြို့ချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်း ၄၆ မိုင်တွင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး အေးလှိုင်ထံမှ ဖုန်း ၃ လုံးနှင့် WY ဆေးပြား ၅၀ ပြား ၊ စိတ်ကြွဆေးပြား ၂ ကပ်နှင့် ငွေသား ၁၀၅၀၀ ကျပ် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။", "အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကျောက်တံခါး မြို့နယ်၊ ၁၄ ရွာမှ ပျူစောထီး ထက်ဝေယံကျော် နှင့် ဖတို့ရွာမှ ပျူစောထီး အောင်အောင်တို့ကို မြို့ချောင်း ပဲခူးရိုးမဖြတ်ကျော်လမ်း ၄၆ မိုင်အနီးတွင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ၂ ဦးထံမှ ဆိုင်ကယ် ၁ စီး ၊ ဖုန်း ၁ လုံး ၊ WY ဆေးပြား ၅၁ ပြား စိတ်ကြွဆေး ၂ ကပ် နှင့် ငွေသား ၇၅၀၀ ကျပ်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“ပျူ ၂ ကောင်နဲ့ အုပ်ကြီး လင်မယားနဲ့က အချိတ်အဆက်အမြဲလုပ်ပြီး မူးယစ်ဆေး ဖြန့်နေတာလို့ ပျူ ၂ကောင်ကပြောသွားပါတယ်။ အုပ်ကြီးက မြို့ချောင်း ၈မိုင်ရွာက အဲ့ဒီအုပ်ကြီးက ခွေးကြားထဲ ကမထွက်ဘူး။ ပျူစောထီး ၂ ကောင်ကလည်း ခွေးတွေက သူတို့ကို သတင်းထောက်ဖို့ လွှတ်လိုက်တာပါ”ဟု PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။"]
https://yktnews.com/2023/07/114599/
ကျောက်တံခါးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး
["ကျောက်တံခါးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၄", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊သမင် အင်ကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း KNLA – PDF Kyaukkyi News ထံမှ သိရသည်။", "ယမန်နေ့ ဇူလိုင်လ ၂၃ ရက်ညပိုင်းက အကြမ်းဖက်စစ်ကောင် စီ၏ ခလရ ၂၆၄ ၊ ခမရ ၃၀၇၊ ခမရ ၃၀၈ တပ်များမှ ကျောက် တံခါးမြို့နယ်အတွင်းသို့ နေ့ရောညပါ ၁၂၀ မမ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ သမင်အင်ကုန်းကျေးရွာထဲသို့ကျရောက် ပေါက်ကွဲမှု၌ မိသားစုဝင် ၄ ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။", "“ညဆိုရင် တော်လှန်ရေးအင်အားစုတွေ ကျောက်တံခါး ၊ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက်လာတယ် သတင်းကြားတော့ လူထုကို တိုက်ခိုက်တယ်လို့ ယူဆတယ် ၂၃ ရက်နေ့ ညကဆို လက် နက် ကြီး ၈ ချက်လောက် ပစ်တယ် အိမ်ပါတုန်သွားတယ်၊ ဘာမှ အလုပ်လုပ်လို့ မရတော့ဘူး ခလေးတွေလည်း အရမ်းကြောက် နေကြတယ် သေဆုံးသွားတဲ့ မိသားစုတွေက အိပ်နေရင်း လက်နက်ကြီးကျတာပါ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။", "ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျောက်တံခါးမြို့၊ ပဲနွယ်ကုန်းမြို့ပေါ်အထိ ရောက်ရှိလာသည်ဟု ဆိုကာ ကျေးရွာနေပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက်သားအချို့မှာ ညပိုင်းတွင် သူဌေးကုန်းကျေးရွာအတွင်းရှိ ရထားလမ်း၊ ကားများတွင် လူစုခွဲကာ ကင်း ပုန်း ဝပ်နေမှုလည်းရှိကြောင်း သိရသည်။", "ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီ ၏ ခလရ ၂၆၄ ၊ ခမရ ၃၀၇ ၊ ခမရ ၃၀၈ တပ်များမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ သမင်းအင်ကုန်း ကျေး ရွာနှင့် ငါးဖယ်အင်း ကျေးရွာတို့အ တွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၄ ဦးသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/126980/
ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ
["ကျောက်တံခါးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် ပဲနွယ်ကုန်း ကျောက်ကြီးလမ်းဘေးရှိ အကြမ်းဖက် စစ်တပ်အထိုင်ချ တပ်စွဲထားသော သနီးကောင်းရွာကို တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း ဂွေးကုန်းရွာနှင့် ထိန်တောရွာ အကြားလမ်းပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကျေးရွာများအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ အခုထိ လှမ်းထုနေတုန်း ဂွေးကုန်းရွာကို ။ ခုထုနေပြီဗျ။ လက်နက်ကြီးတွေနဲ့ညကတည်းက ပစ်တာဗျ။ ညက လက်နက်ကြီး ၃ လုံးထုတာ။ ရွာက စာသင်ကျောင်းကို တစ်လုံး၊ ဂိတ်နားက အိမ်ကို တစ်လုံးကျတယ်။ လူတွေ ထိကုန်တယ်။ အခုလည်း အစောက ၁၀ မိနစ်တိုက်ပွဲဖြစ်တော့ လှမ်းထုနေပြီဗျ။ အဲဒါ သူတို့ သောက်ကျင့်ပဲဗျ။ ညဘက်တော့ ပုံမှန်ထုတယ်။ မီးဖြတ်ပြီးကို ထုတာ။ ထုလို့ဝမှ မီးပြန်ပေးတယ်။ ဖုန်းလိုင်းတွေလည်း ပြန်ရတာ ၂ လပဲ ရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2024/11/190420/
ကျောက်တံခါးမြို့နယ်တွင် လက်နက်ကိုင် လဝက ဒုဦးစီးမှူး အေးမင်းစိုး ပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ကျောက်တံခါးမြို့နယ်တွင် လက်နက်ကိုင် လဝက ဒုဦးစီးမှူး အေးမင်းစိုး ပစ်ခတ်ခံရပြီးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် လက်နက်ကိုင် လဝက ဒုဦးစီးမှူး အေးမင်းစိုးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း တော်ဝင်ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် စစ်မှုထမ်းဟောင်း ပျူစောထီး တပ်ဖွဲ့ဝင်ဖြစ်သော လက်နက်ကိုင်ဆောင်ထားသည့် ကျောက်တံခါးမြို့နယ် လဝကဒုဦးစီးမှူး အေးမင်းစိုးကို တော်ဝင်ဒေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော လက်နက်ကိုင်ဆောင်ထားသည့် ကျောက်တံခါးမြို့နယ် လဝကဒုဦးစီးမှူး အေးမင်းစိုးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေအနေများကို သတင်းထောက်လှမ်းခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းခြင်း၊ အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးခြင်း ၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း ၊ လောင်းကစားဒိုင်များထံမှ အခကြေးငွေယူ၍ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်စေခြင်း တို့ကို ပိန်းဇလုပ် ညောင်လေးပင် ကျောက်တံခါးမြို့နယ်တွင် လုပ်ဆောင်နေသူတစ်ဦးဖြစ်သည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်ဒေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "အဆိုပါ လဝက ဒုဦးစီးမှူး အေးမင်းစိုးထံမှ M-20 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၇ တောင့် နှင့် Samsung Galaxy S20 Ultra အမျိုးအစား ဖုန်း ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/109691/
ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံး
["ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၅", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုတ်မြို့ အခြေစိုက် ခမရ ၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနှင့် ငါးဖယ်အင်း ကျေးရွာတို့ကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ၃ လုံးသည် သမင်အင်းကုန်း ကျေးရွာ အရှေ့ပိုင်း ရပ်ကွက်ကို ကျရောက်ခဲ့ပြီး မခင်နုနှင့် အမည်မသိ အမျိုးသမီး ၁ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ငါးဖယ်အင်း ကျေးရွာ ဘောလုံးကွင်းကိုလည်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "” စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ သမင်အင်းကုန်းရွာမှာ အမျိုးသမီး ၂ ဦးသေတယ်။ ငါးဖယ်အင်းရွာက ပြည်သူ ၂ ဦးလည်း သေဆုံးတယ်။ လက်နက်ကြီးကျလို့ သေတဲ့အမျိုးသမီးအမည်က မခင်နုတဲ့ နောက်တစ်ဦးကတော့ အမည်မသိဘူး။ ကလေး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်သည့် ကျေးရွာများကို နေ့စဥ် ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း KNLA-PDF ကျောက်ကြီး တပ်ရင်း ၉ – ၁၀၃၅ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/114313/
ကျောက်တံခါးမြို့နယ်ရှိ တလိုင်းခင်ရွာနှင့် နံဇရွာ သင်္ချိုင်းကုန်းအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူ များပြား
["ကျောက်တံခါးမြို့နယ်ရှိ တလိုင်းခင်ရွာနှင့် နံဇရွာ သင်္ချိုင်းကုန်းအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ ဇူလိုင် ၂၂", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ တလိုင်းခင်ရွာနှင့် နံဇရွာ သင်္ချိုင်းကုန်း အနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ဇူလိုင်လ ၂၁ နေ့ ည ၇ နာရီကျော်ခန့်တွင် ကျောက်တံခါးမြို့နယ် နံဇရွာ နှင့် တလိုင်းခင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း ခမရ ၃၀၇ ၊ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ ၊ ဖြူးအခြေစိုက် ၃၀၈ တို့မှ စစ်သားများ ပါဝင်သည့် စစ်ကြောင်းကို တလိုင်းခင်ရွာနှင့် နဇံရွာ သင်္ချိုင်း အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ နှစ်ဖက်အပြန်အလှန် ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ကျော်ကြာဖြစ်ပွားခဲ့ပြီး KNLA / PDF ပူးပေါင်းတပ်များက နယ်မြေခံများ၏ သတင်းပေးမှုကြောင့် အသင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ ၂၁ ရက်နေ့ ည ၇နာရီ ကျော်လောက် ရှိပြီပေါ့။ နယ်မြေစိုးမိုးမှု ပြန်ယူချင်တဲ့ စကစ ဘက်ကနေ စစ်ကြောင်းထိုး ၀င်ရောက်လာတာ ကျောက်တံခါး တောရကျောင်း တော အတန်းတက် လာတယ်လို့ နယ်မြေခံတွေက သတင်းပေးထားတယ်။ ညက ဖြစ်စဥ်မှာ သူတို့က ရွာလမ်းအတိုင်းမလာဘူးလေ။ သင်္ချိုင်းဘက်ကနေ ပတ်ဝင်တာ။ မိုင်းထောင်ပြီး အသင့်စောင့်နေတာ။ နှစ်ဖက်တိုက်ပွဲ ၃၅ မိနစ်လောက် ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီ အတွင်းသတင်းအရ ၁၅ သေတယ်လို့ ပြောတယ်” ဟု KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်က နယ်မြေစိုးမိုးမှုရရှိရန် စစ်ကြောင်းများထိုး၍ လုပ်ဆောင်နေပြီး စစ်ကြောင်းထိုး၍ တိုက်ပွဲများ ဖြစ်ပွားချိန်တွင်လည်း အထိနာလျက်ရှိကာ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်လျက်ရှိကြောင်း၊ ဇူလိုင် ၂၀ ရက်နေ့တွင်လည်း နံဇကျေးရွာသို့ ဝင်ရောက်၍ နေအိမ် ၂၀ ထက်မနည်းကို မီးတင်ရှို့ခဲ့ပြီး ဒေသပြည်သူ ၁၇ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။", "“စစ်ကားပေါ် လက်နက်ကြီး ၁၂၀ မမ ကားပေါ်တင်ပြီး KNLA , PDF တွေ ဘယ်ကို လာနေပြီပေါ့ ထင်ယောင်ထင်မှားနဲ့ ရမ်းသမ်းပစ်ခတ်နေတာ။ ခွေးတွေက အခုနောက်ပိုင်းမှာ အထိုင်တပ် မလုပ်တော့ဘူး။ တော်လှန်ရေးအင်အားစုတွေကို ကြောက်နေပြီလေ မနေ့က ၃ နာရီ နဲ့ ၄နာရီ ကျော်မှာ သူဌေးကုန်း အရှေ့ဘက် ငါးဖယ်အင်း ၊ အလှိုင် ၊ တောင်ခင် ၊ လေးအိမ်စု ကို တော်လှန်ရေး အင်အားစုတွေ လာမယ်ဆိုတာ သိရက်နဲ့ ဒီကောင်တွေ ကြောက်ပြီး ပတ်ပြေးတာ။ လက်ရှိအခြေအနေ မှာ ဒီကောင်တွေ စစ်ကြောင်းမထိုးနဲ့ ထိုးတဲ့နေရာ မုန့်ဟင်းခါး ဖြစ်တာပဲ။ အခုလည်း စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူနဲ့အတူ ပူးပေါင်းပါလို့ပြောချင်တယ်” ဟု KNLA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ကျောက်တံခါးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှု လက်နက်ကြီးများဖြင့် ရမ်းမ်းပစ်ခတ်မှုများကြောင့် ကျေးရွာပေါင်း ၃၇ ရွာမှ ဒေသပြည်သူ ၄၅၀၀ ကျော်တို့ နေအိမ်စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/205524/
ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်းဂိတ်စခန်း ၅ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ရှင်းလင်း၊ ခလရ ၂၆၄ တပ်ရင်းကိုလည်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်
["ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်းဂိတ်စခန်း ၅ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းများကို မီးရှို့ရှင်းလင်း၊ ခလရ ၂၆၄ တပ်ရင်းကိုလည်းရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရထားသံလမ်းဂိတ်စခန်း ၅ ခုကို တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဂိတ်စခန်းမျာကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်း တံတား အမှတ် ၁၄၅ ၊ ၁၄၆ ၊ ၁၄၇ ၊ ၁၄၈ ၊ ၁၄၉ ရှိ စစ်တပ် သံလမ်းကင်းတဲ ဂိတ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ MA ကျည်ဘောက် ၂ ဘောက်၊ MA ကျည် အတောင့် ၂၀ တို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ယင်းဂိတ်စခန်းကင်းတဲအားလုံးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။", "“ဂိတ်စခန်းအကုန်လုံးရခဲ့ပါတယ်။ ရန်သူကတော့ ပြေးကုန်တာပါ။ ဂိတ်တွေကတော့ တစ်ခုနဲ့တစ်ခု အရမ်းကြီးတော့ မနီးဘူး။ တစ်ချို့ဆိုရင် တစ်မိုင်လောက်ရှိတယ်။ တစ်ချို့ဆိုရင် မီတာငါးရာ၊ ခြောက် ရာ၊ ခုနှစ်ရာ၊ ရှစ်ရာပေါ့။ မြေပြင်စစ်ကူကတော့ သူတို့ချက်ချင်းကြီးမရောက်လာဘူး။ အချိန်အများ ကြီးရတယ်။ အကုန်လုံးရှင်းလင်းပြီးတော့မှ ကျနော်တို့အထိုင်စခန်းရောက်တဲ့အချိန်ကျမှ သူတို့ဘက် က လူစုတာတို့ ဘာတို့လုပ်ပြီးတော့ ရောက်လာတာ။ အဲဒါတောင် ကျနော်တို့လုပ်တဲ့ ရထားသံလမ်း အဲအနားထိကိုမရောက်လာသေးဘူး။ အဝေးကနေပဲ လက်နက်ကြီးပစ်တယ်။ ဒရုန်းနဲ့ချတယ်။ အဲလို မျိုးပဲ စစ်ကူကတော့ မြို့ပေါ်က ရုံးပေါင်းစုံကရှိမယ်။ ပြီးရင် ဟိုဂိတ်ကနည်းနည်း ထုတ် ဒီဂိတ်ကနည်းနည်း ထုတ်ပေါ့ ပြီးရင် ခလရ ၂၆၄ ရှိမယ်။ ၂၆၄ ကနေလည်း ဆွဲထုတ်နိုင်မယ်။ အဲလိုအင်အားစုပြီးတော့မှ ရောက်လာတာ ဂိတ်တဲတွေရဲ့အင်အားကတော့ အားလုံးဆိုရင် နှစ်ဆယ် အစိတ်ဝန်းကျင်တော့ရှိမယ်။ အဲဒီနေရာအားလုံးပေါ့” ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၉ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း P2-3702 တပ်ရင်းနှင့် Spring Warriors Column တပ်ရင်း များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့် တန်ပြန်တိုက်ခိုက်မှုကြောင့် ပဲခူးခရိုင်အမှတ် ၂ တပ်ရင်း P2 – 3702 တပ်ရင်းမှ တပ်ဖွဲ့ဝင် ၁ ဦး ထိမှန်ကျဆုံးခဲ့ကြောင်း သိရသည်။", "“ပြည်သူတွေကို တိုက်တွန်းချင်တာက အဲဒီလမ်းလုံခြုံရေးတွေရှိတယ်။ အဲဒီလမ်းလုံခြုံရေးတွေမှာ ပိုက်ဆံပေးပြီးတော့ စောင့်ခိုင်းတာတွေရှိတယ်၊ အဲဒီမှာ သူတို့က ပြည်သူတွေပဲ၊ ကင်းသမားပေါ့၊ ဒါ ပေမယ့် စစ်ကောင်စီနဲ့ပဲ ပူးပေါင်းပြီးတော့မှ ကင်းစောင့်ရတာ၊ စစ်ကောင်စီနဲ့ပူးပေါင်းပြီးစောင့်ရတာ ဆိုတော့ ကျနော်တို့က တိုက်ပွဲဖြစ်တယ်။ ဂိတ်တွေဘာတွေဝင်စီးတယ်ဆိုရင် မလွှဲမရှောင်သာ ထိခိုက်မိတာတွေရှိနိုင်တယ်။ အဲဒီတော့ ပြည်သူတွေကိုပြောချင်တာက စစ်ကောင်စီနဲ့ ခပ်ကင်းကင်း နေပေးကြဖို့မှာချင်ပါတယ်” ဟု ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ P2 -3702 မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။", "ထို့ပြင် ည ၁၀ နာရီ ၁၅ မိနစ်ကလည်း ပိန်းဇလုပ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၆၄ တပ်ရင်းကို KNLA တပ်ရင်း ၉ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ ပူးပေါင်းကာ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။"]
https://yktnews.com/2023/12/137592/
ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်၊ ပဲနွယ်ကုန်းမြို့ဘက်ရှိ ရွာများကို စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်
["ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်၊ ပဲနွယ်ကုန်းမြို့ဘက်ရှိ ရွာများကို စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျောင်းစိုးကျေးရွာအုပ်စုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျောင်းစိုးကျေးရွာအုပ်စုရှိ ရွာများကို ပစ်ခတ်ခဲ့သောကြောင့် သဲကော ဘုန်းကြီးကျောင်းထဲ လက်နက်ကြီး ကျည်ကျရောက်ကာ ကျောင်းထိုင် ဆရာတော် ၁ ပါး ကွယ်လွန်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယနေ့ မွန်းလွဲပိုင်းတွင် ပဲနွယ်ကုန်းမြို့ဘက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "” လေယာဉ်မလာခင် မနက်ပိုင်းမှာကျ သဲကောဘုန်းကြီးကျောင်းထဲကျတာ။ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူသွားတယ်။ လက်နက်ကြီးကျတာ။ပဲနွယ်ကုန်းအရှေ့ဘက်က ရွာတွေကို ရဟတ်ယာဉ်ရော ဂျက်လေယာဉ်တွေရောနဲ့ ပစ်နေတယ် ။ နှစ်ခါရှိပြီ ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်သည် ပဲနွယ်ကုန်းအရှေ့ဘက်ရှိ ကျေးရွာများကို မွန်းလွဲ ၁၂ နာရီဝန်းကျင်နှင့် ညနေ ၃ နာရီကျော်တွင် လေကြောင်းဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လေကြောင်း ပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများရှိပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို မသိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် တစ်နေကုန် ပစ်ခတ်နေခြင်း ဖြစ်ကာ ကျောင်းစိုးရွာတွင် လက်နက်ကြီး ကျရောက်၍ နေအိမ်များ ပျက်စီးမှုများ ရှိကြောင်း၊ တော်လှန်ရေး အဖွဲ့များနှင့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့သော်လည်း မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင်း တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ လေကြောင်းမှ တစ်ဆင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“မြေပြင်တိုက်ပွဲက မနက်ကတော့ ဖြစ်တယ်။ ခုတော့ မဖြစ်တော့ဘူး ။ ပလိမ်းကြီး လာချနေတာ လေယာဉ်နဲ့။ လက်နက်ကြီးနဲ့လည်း တစ်နေကုန်ထုနေတာဗျ”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။"]