url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/12/135528/
ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာအနီးတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာလုပ်နေ
["ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာအနီးတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲဖြင့် ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာလုပ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်ဘက်ရှိ လိပ်ဆင်းတောင် ရွာအနီးတွင် အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် အကြိမ်ကြိမ်ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ကျွန်းလှမြို့နယ်ရှိ အိမ်ခြေ ၃၀၀ နီးပါးရှိသော လိပ်ဆင်းတောင်ရွာအနီးတွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဥ် ၁ စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်လည်း ဂျက်တိုက်လေယာဥ်နောက် ၁ စီးဖြင့် ဗုံးများ ကျဲချနေသည်ဟု ဒေသခံပြည်သူများကပြောသည်။", "” ညသန်းခေါင်လောက်ကလည်း လေယာဥ်နဲ့ ရွာနားလာပစ်သွားသေးတယ်။အခုလည်း ရွာနားကို ဗုံးကျဲချနေတာ ၄ ခါရှိနေပီ။ငါတို့လည်း ရွာထဲမနေရဲလို့ အထုပ်ပြင်ပီး ထွက်ဖို့လုပ်နေတာ”လို့ လိပ်ဆင်းတောင်ရွာခံတဦးက ပြောသည်။", "စစ်ကောင်စီတပ်က လိပ်ဆင်းတောင်ရွာအနီးကို ယနေ့နံနက်ပိုင်း လေကြောင်းပစ်ခတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးပေ။", "လွန်ခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လိပ်ဆင်းတောင်ရွာအနီးကို Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ပစ်ခတ်သဖြင့် နေအိမ်၁၀လုံး အမိုးအကာများပျက်စီးခဲ့ကြောင်း၊ ဒေသပြည်သူများက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကောင်စီလေတပ်၏ တိုက်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/11/132301/
ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ တပ်သားများက ပြည်သူ ၃ ဦး ကို သတ်ဖြတ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၂ ဦးကို အကြောင်း မဲ့ ဖမ်းဆီးထား
["ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီ တပ်သားများက ပြည်သူ ၃ ဦး ကို သတ်ဖြတ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၂ ဦးကို အကြောင်း မဲ့ ဖမ်းဆီးထား", "ရန်ကုန်၊ နိုဝင်ဘာ ၂၁", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ ၃ ဦး ကို သတ်ဖြတ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ကျွန်းလှမြို့ပေါ်ရှိ ပိတောက်မြိုင် ရပ်ကွက်တွင် နေထိုင်သော ပန့်ဆီဆိုင်ပိုင်ရှင် ဦးသိန်းကျော်၊ ဒေါ်လှမြင့် မိသားစု၊ ဆိုင်ဝန်ထမ်းများနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၉ ဦးကို ပျူစောထီးများက အ​ကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။", "စစ်တပ်၏ ဖမ်းဆီးမှု ခံရသူများသည် ကျွန်းလှမြို့ မြောက်ဖက်အထွက် သီတဂူဗုဒ္ဓ တက္ကသိုလ် အနီး၌ ပန့်ဆီဆိုင်ဖွင့်ထားကာ နိုင်ငံရေးနှင့် ပတ်သက် ဆက်နွယ်မှု မရှိဘဲ စီးပွားရှာ နေထိုင်သည့် မိသားစုဖြစ်ကြောင်း၊ လတ်တလော ဖမ်းဆီးခံရသူများ ပိုင်ဆိုင်သော နေအိမ်ကို ချိတ်ပိတ်ထားပြီး ဖမ်းဆီးခံရသည့်အချိန်မှ လက်ရှိချိန်အထိ အဖမ်းခံရသူများ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ သစ်ရာပင် ဈေးအတွင်း၌ သပြေပန်း ပန်ထားသည်ဟုဆိုကာ သစ်သီးရောင်းနေသည့် အသက် ၄၁ နှစ်အရွယ် ဒေါ်စန်းစန်းမြင့်ကို မျက်နှာဖုံးစွပ်ထားသည့် ပျူစောထီး ၃ ဦးက သေနတ်နှင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။", "ပျူစောထီးများ ပစ်သတ်ခဲ့သော ဒေါ်စန်းစန်းမြင့်၏ အမျိုးသားသည် ရဲဒုတပ်ကြပ်ဟောင်း ၁ ဦးဖြစ်ပြီး ကျွန်းလှမြို့ သံလမ်း အနောက်ဘက်ရှိ သူဌေးကုန်းရပ်ကွက်၌ နေကြောင်း၊ မစန်းစန်းမြင့် ပစ်သတ်ခံရတဲ့နေ့တွင် သစ်ရာပင် စျေးထဲ၌ ကြက်သားရောင်းသည့် မမိုးဆိုသည့် အမျိုးသမီး ၁ ဦးကိုလည်း ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။", "ဖမ်းဆီးခံရသည့် မမိုးတွင် ၄ လသားအရွယ် ကလေးငယ် ၁ ဦးရှိပြီး အကြမ်းဖက် စစ်တပ်က လက်ရှိချိန်အထိ သားသည် မိခင် မမိုးကို ပြန်မလွှတ်သေးဘဲ မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရှိရသေးပေ။", "ထို့ပြင် နိုဝင်ဘာလ ၁၅ ရက်နေ့ညတွင် ကျွန်းလှမြို့ အရှေ့ဖက် ကြာတကန်ရွာ ဖက် အထွက်ရှိ ဦးစက်ဟန်ခြံ၌ နေထိုင်သော အသက် ၅၀ အရွယ် ဦးထွန်းမြင့်နှင့် သားဖြစ်သူ အသက် ၂၀ အရွယ် မောင်ဟန်နိုင်လင်း တို့ကို ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်ကာ လမ်းဘေး၌ ရုပ်အလောင်းများ ပစ်ထားခဲ့ကြောင်းသိရသည်။‌‌", "ပျူစောထီးများ သတ်ဖြတ်ခဲ့သည့် မောင်ဟန်လင်းနိုင်၏ ရုပ်အလောင်းတွင် မျက်စိနှစ်ဖက်လုံး ပင်မရှိတော့ဘဲ ရက်ရက်စက်စက် သတ်ဖြတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ သားအဖ ၂ ဦး သတ်ဖြတ်ခံရသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "ထို့အတူ နိုဝင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် ကျွန်းလှမြို့ ရဲစခန်းတောင်ဘက်ရှိ ဂျူးဂျူး စတိုးဆိုင်ပိုင်ရှင် ဦးမြင့်ရွှေနှင့် ဒေါ်သိန်းသိန်းမြင့်တို့ လင်မယား ၂ ဦးကို ပျူစောထီးများက နေအိမ်၌ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။", "အဆိုပါ လင်မယား ၂ ဦး၏ သမီးဖြစ်သူသည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး တော်လှန်ရေး တပ်ဖွဲ့များကို ထောက်ပံ့သည်ဟု စွပ်စွဲကာ အကြမ်းဖက် စစ်တပ် အားပေး ကျွန်းလှမီးအိမ်ရှင် Telegram Channel တွင် ဖော်ပြပြီးနောက် ပျူစောထီးများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“အခုမှ မဟုတ်ဘူး‌ဗျ။ အရင်ကလည်း အဲ့လိုတွေလုပ်ခဲ့တာပါပဲ ပျူစောထီးတွေက အဆိုးဆုံးပေါ့ ပြည်သူတွေက အရမ်းကြောက်ကြတော့ သတင်းမပေးရဲကြတာ အခုလည်း မြို့ကထွက်ခွင့်မပေးတဲ့အပြင် ပြည်သူတွေကို ထင်သလိုဖမ်းဆီးသတ်ဖြတ်ပြနေတော့ မြို့ပေါ်ပြည်သူတွေ ပိုပြီးထိတ်လန့်နေကြရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်သားတစ်ဦးက ဖမ်းဆီးနေစဉ်။", "Photo- AFP။"]
https://yktnews.com/2024/06/168060/
ကျွန်းလှမြို့နယ်တွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ကျွန်းလှမြို့နယ်တွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁၇", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးပြီး ကျေးရွာများကို စီးနင်းနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်မှ စ၍ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာကို ရွှေပေါ်ကုန်းမှ ထွက်လာသော စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။", "ယင်းစစ်ကြောင်းသည် ဒရုန်းများလည်း ယူဆောင်လာပြီး အနီးအနားရှိ ကျေးရွာများကို ထောက်လှမ်းမှုများ လုပ်ဆောင်နေခြင်းကြောင့် သဖန်းဆိပ်ဆည်အနီးရှိ အင်တိုင်းရွာ၊ ကျွဲတဲရွာ၊ အင်လှရွာနှင့် မြနှစ်ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“စစ်ခွေးတွေ ရွာကို ဝင်ရောက် စီးနင်းထားတဲ့ လက်ရှိ ရွာထဲက အခြေအနေတွေ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေ ဖမ်းခံရတာ ရှိမရှိလည်း မသိရသေးဘူး။ ဆက်လက်စောင့်ကြည့်နေတုန်းပဲ ရွာ ၄ ရွာကျော်က ပြည်သူတွေတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Photo – ကန့်လဘူခရိုင်ရှိ ကျေးရွာများကို စစ်တပ် စစ်ကြောင်းဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/12/135587/
ကျွန်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ကားနှင့် လမ်းတံတားများ ပျက်စီး
["ကျွန်းလှမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ကားနှင့် လမ်းတံတားများ ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်တိုက်လေယာဥ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဗုံးကျဲ တိုက်ခိုက်နေ​ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ကားနှင့် လမ်းတံတားများ ပျက်စီးခဲ့ကြောင်း Infinity Group ၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာ ၁၂ ရက်‌နေ့တွင် နံနက် အစောပိုင်းမှ စတင်၍ အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ် ၃ စီး ၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများကို ၅ ကြိမ် လိုက်လံ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရကာ ရေနံသယ်ယာဉ်အချို့နှင့် လမ်းတံတားများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ရွာစဉ်တစ်လျှောက် လိုက်ပစ်နေတာဗျ။ အခု ညနေ ၄ နာရီကျော်မှာလည်း Mi35 နဲ့ နောက်တစ်ကြိမ်ပစ်နေတာဗျ။ ၅ကြိမ် ရှိနေပြီ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း အသုံးပြု၍ လိုက်လံ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် တပူတောရွာနှင့် လိပ်ဆင်းတောင်ရွာများအနီး ဗုံးသီး ၂ လုံးကျဲချခဲ့ကာ နံနက် ၈ နာရီ ၅၀ မိနစ်တွင် သရက်ပင်ရွာ၊ လိပ်ဆင်းတော်ငရွာနှ၍့် အေးချမ်းသာရွာများအနီး စက်လက်နက်များနှ၍့် ပစ်ခတ်ပြီး ဗုံးသီး ၄ လုံးကျဲချခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် အေးချမ်းသာရွာအနီး စက်လက်နက်များဖြ်င့ ပစ်ခတ်ကာ ဗုံးသီး ၂ လုံးထပ်မံ ကျဲချခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ထို့ပြင် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင်လည်း ကန့်ဘလူမြို့ ၆၀၀၆ တင့်ကားတပ်ရင်းမှ တက်လာသည့် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် အေးချမ်းသာရွာ၊ အင်လှရွာနှင့် မြနှစ်ရွာများ အနီးသို့ နာရီဝက်နီးပါးကာ စက်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ညနေ ၄ နာရီကျော်တွင်လည်း ထပ်မံ၍ ပစ်ခတ်ခဲ့ကြောင်း infinity Group မှ တာဝန်ရှိသူတစ်ဦးမှ ဆက်လက် ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်က ညနေပိုင်းတွင် Mi 35 ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်း Infinity Group ထံမှ သိရှိရသည်။"]
https://yktnews.com/2024/11/193110/
ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၄ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၄ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၈ ရွာကျော်မှပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်အ‌စောပိုင်းတွင် ကျွန်းလှမြို့မှ ကံပေါက်ရွာသို့ ကားများဖြင့် ထွက်လာ‌သော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကံပေါက်ရွာမှ စတင်ထွက်ခွာလာပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာများကို Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းသည် ယင်းနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းပြီး တပ်စွဲခဲ့ကြောင်း၊ ထို့နောက် ကုက္ကိုကုန်းရွာထဲ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မွန်းလွဲ ၁ နာရီ ခန့်တွင် ကုက္ကိုကုန်းရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး Drone ဖြင့် အနီးအနားရှိ ကျေးရွာများကို ဗုံးသီး ၆၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရဿည်။", "ယင်း စစ်ကောင်စီ တပ်သားများသည် လူစုခွဲ၍ နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့် နှင့် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် မဒေါင်ရွာ၊ ညနေ ၄ နာရီ တွင် လွှတ်တိုက်ရွာတို့ကို ဆက်တိုက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဆွဲလှဲရွာကို ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ ဖျက်ဆီးသည့်အပြင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကိုလည်း ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့် နှင့် ၃၈ မိနစ်ခန့်တွင်တံတားဦးမှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ နိုဝင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့် နှင့် ၅၀ မိနစ်ခန့် တို့တွင် တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ၊ နိုဝင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ကျော်ခန့် တွင် နမခ မှ တက်လာသော Mi-35 ရဟတ်ယာဉ် ဖြင့် ၁ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ကြောင်းက ကုက္ကိုကုန်းမှာ အထိုင်နေပြီးတော့ ပတ်ပတ်လည်ရွာတွေကို ဒရုန်းဗုံးသီး ဆက်တိုက်ချနေတာမျိုးတွေတော့ လုပ်နေတယ်။ ဆွဲလှဲရွာဘက်ထိ စစ်ကြောင်းက ရှေ့တိုးပြီး မီးရှို့တာတွေလည်း လုပ်နေတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေတော်တော်များများတော့ စစ်ကြောင်းနဲ့ ဝေရာကို တော်တော်ရှောင်နေရပြီ လေယာဉ်နဲ့ ဗုံးကျဲတာ အပြင် ဒရုန်းတွေနဲ့ ဆက်တိုက်ကျဲချလာတော့ ပြည်သူတွေ ဝေးရာကို တော်တော်ရှောင်နေရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့်ပါ ကျေးရွာများကို ပစ်ခတ်နေပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းအားလုံးကိုလည်း ကံပေါက်ရွာကို ခိုးယူ သယ်ဆောင်သွားကြောင်း၊ သံပုရာပင်စု ဘုန်းကြီးကျောင်းကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ကျွန်းလှမြို့နယ်အတွင်းရှိ တကုန်းရွာ ၊ ကုက္ကိုကုန်းရွာ ၊ သံပုရာပင်စုရွာ၊ မြဘုံသာရွာ ၊ လွှတ်တိုက်ရွာ ၊ မဒေါင်ရွာ ၊ဆွဲလှဲရွာ နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာ အပါအဝင် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနိပ်ရိက္ခာနှင့် အနွေးစောင်များ အရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။", "Photo – ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ သရက်ခေါင်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်"]
https://yktnews.com/2023/06/107573/
ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ရွာကို ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖျက်ဆီးကာ ပစ္စည်းများကို ခိုးယူသွား
["ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ရွာကို ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖျက်ဆီးကာ ပစ္စည်းများကို ခိုးယူသွား", "ရန်ကုန်၊ ဇွန် ၁၄", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကျောက်အိုင်ရွာကို ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဖျက်ဆီးကာ ပစ္စည်းများကို ခိုးယူသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပျူစောထီး အင်အား ၅၀ ခန့်သည် ကျောက်အိုင်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို ဖျက်ဆီးကာ အိမ်တွင်းရှိ ပစ္စည်းများကို ခိုးယူ ယူဆောင်သွားကြောင်း သိရသည်။", "ယင်းပျူစောထီးစစ်ကြောင်းကို ကျွန်းလှမြို့ပျူစောထီး ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည့် ပွကြီးမှ ဦးဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ပထမအိမ်နှစ်လုံးက ပြတင်းပေါက်တွေရိုက်ခွဲတယ်။ အိမ်အတွင်းမှာရှိတဲ့ တီဗွီတွေ၊ ဗီရိုတွေနဲ့ တခြားပစ္စည်းတွေကို ဖျက်ဆီးတယ်။ သူတို့လိုချင်တဲ့ပစ္စည်းဆို ဖိနပ်ကောင်းတာကအစ ကလေးစားစရာအဆုံး အကုန်ယူသွားတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပျူစောထီး ခေါင်းဆောင် ပွကြီးနှင့်အဖွဲ့သည် ကျောက်အိုင်ကျေးရွာကို အကြောင်းမဲ့ ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ပြီး မွန်းလွဲ ၁၂ ဝန်းကျင်တွင် ကျောက်အိုင်ရွာမှ ကျွန်းလှမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/105346/
ကျွန်းလှမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ပြီး ရွှေတူးဖော်ရေး ဖောင်များကို ဖျက်ဆီး
["ကျွန်းလှမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ပြီး ရွှေတူးဖော်ရေး ဖောင်များကို ဖျက်ဆီး", "ရန်ကုန်၊ မေ ၃၁", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှ နေအိမ် ၂၅ လုံး၊ ဆေးပေးခန်း တစ်ခုနှင့် စပါးတိုက် ၃ လုံးတို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့သွားပြီး ရွှေတူးဖော်ရေး ဖောင်များကို ဖျက်ဆီးသွားကြောင်းကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မေလ၂၉ ရက် နံနက် ၇ နာရီခန့်က ကျွန်းလှမြို့နယ်၊ လယ်လှ(ပျူ)ရွာ အထိုင်စခန်းမှ အင်အား ၁၇၀ ခန့် ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ကုက္ကိုစု အုပ်စုဘက်သို့ ဦးတည်ထွက် ခွာလာကာ သံပုရာပင်စုကျေးရွာမှ နေအိမ် ၂ လုံးကို မီးရှို့ပြီး လွှတ်တိုက်ရွာကို ဆက်လက်ဝင်ရောက်ကာ နေအိမ် ၇ လုံးနှင့် ကျေးလက်ဆေးပေးခန်း တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့ပြင်ယင်းနေ့ ညနေ ၃ နာရီဝန်းကျင်တွင် ဆွဲလှဲကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၈ လုံးနှင့် စပါးတိုက် ၂ လုံး ကို မီးရှို့ဖျက်ဆီကာ ယင်းကျေးရွာ၌ ညအိပ်တပ်စွဲပြီး မေလ ၃၀ ရက် နံနက် ၇ နာရီတွင် မဒေါင်ရွာသို့ ဝင်ရောက်ကာ ပြည်သူ့ နေအိမ် ၈ လုံးနှင့် စပါးတိုက် တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၉ နာရီခန့်တွင် မဒေါင်ရွာဘက်မှ ၎င်းတို့ စတင်ထွက်ခွာလာရာ လယ်လှ(ပျူ) အထိုင်စခန်းသို့ ပြန်လည် ဝင်ရောက်သွား ကြောင်း သိရသည်။", "“ထိတွေ့မှု အနည်းငယ်တော့ရှိတယ်လို့ သိရတယ်ဗျ၊ ဖမ်းခံရတာက ရွှေစက်ပိုင်ရှင်တွေနဲ့ အလုပ်သမား ၇၀ လောက်ဖမ်းခံရတာပဲရှိတယ်၊ သူတို့လည်း ပြန်လွတ်လာတယ်ကြားတယ်ဗျ၊ တခြားတော့ မရှိပါဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယင်းအကြမ်းဖက်စစ်ကြောင်းသည် အကြမ်းဖက်စစ်ကောင်စီ ခမရ ၃၆၁ တပ်နှင့် ပျူစောထီး များပူး ပေါင်း စစ်ကြောင်းဖြစ်ပြီး မေလ ၂၄ ရက် နံနက် အစောပိုင်း ၂ နာရီခန့်က ကန့်ဘလူမြို့နယ် အမြောက် တပ် ၆၀၀၆ တပ်မှ ကျွန်းလှမြို့နယ်၊ကျီကုန်းရွာဘက်သို့ စစ်ကြောင်းထိုးကာ သဖန်းဆိပ်ဆည် အတွင်း လုပ်ကိုင်နေသည့် ရွှေမျှောဖောင်များအနက် ရွှေမျှောဖောင်အကြီး ၃၀ ကျော်၊ ၆ လုံးထိုး အင်ဂျင် အလုံး ၃၀ကျော်၊ လေးလုံးထိုးအင်ဂျင်နှင့် ရွှေမျှောလုပ်ငန်းနှင့်ဆက်စပ်သည့်၊ ကော်ဇော်လိပ်၊ ပေပါခွံ၊ အင်ဂျင် ဝိုင်၊ ဘက်ထရီအိုး၊ မျှောစင်၊ ရေခရု၊ ကွန်ချူးပိုက်၊ သံပိုက်နှင့် ဆိုင်ကယ်အစီး ၁၀၀ ဝန်းကျင်အပြင် အ လုပ်သမားနှင့် စက်ပိုင် ၇၀ ခန့်ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရ သည်။", "ဓာတ်ပုံ- ကျွန်းလှမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူများ၏ နေအိမ်များ။"]
https://yktnews.com/2023/07/115612/
ကျွန်းလှမြို့နယ်၊ စသာကုန်းရွာမှ ပျူစောထီး မိသားစု ၂ စုက PDF တပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံ
["ကျွန်းလှမြို့နယ်၊ စသာကုန်းရွာမှ ပျူစောထီး မိသားစု ၂ စုက PDF တပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံ", "ရန်ကုန်၊ ဇူလိုင် ၃၀", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ စသာကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင် မိသားစု ၂ စုက PDF တပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇူလိုင် ၂၉ ရက်နေ့တွင် ဒေသတွင်း PDF အဖွဲ့ထံ ခိုလုံလာသူ ပျူစောထီးအဖွဲ့ဝင် မိသားစုနှင့် ပျူသင်တန်းတက်ရန် စာရင်းပေါက်သူ မိသားစုဝင် များမှာ စုစုပေါင်း ၁၃ ဦးရှိပြီး အခက်အခဲမျိုးစုံကြားထဲမှ PDF များထံ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အကြောင်းအရင်းက ပျူတွေရဲ့ လုပ်ရပ်နဲ့ စကစရဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့ပါတဲ့ဗျ။ အတင်းအကျပ် ဖိအားပေးလို့ ပျူသင်တန်းတက်ရသူတွေ များတာပါဗျ။ ဒေသခံတွေက သူတို့ကို ဝမ်းပန်းတသာ ကြိုဆိုကြပါတယ်ဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ မိသားစုဝင်များ ထွက်ပြေးသွားသည့်အတွက် စသာကုန်းရွာရှိ ၎င်းတို့၏ နေအိမ်များကို ပျူစောထီးများက ချိတ်ပိတ်ကာ နေအိမ်ရှိ ပရိဘောဂပစ္စည်းများကို ခိုးယူသွားကြောင်း၊ PDF ထံ ထွက်ပြေးသွားသူ မိသားစုဝင်များကိုလည်း တွေ့သည့် နေရာတွင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း Infinity Group အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။", "ထွက်ပြေးလွတ်မြောက်လာသူ ပျူစောထီးများသည် အဝတ်အစားကအစ ပြည့်ပြည့်စုံစုံမပါ ရှိသည့်အတွက် ဒေသပြည်သူများ၊ NUG တာဝန်ရှိသူအချို့နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လိုအပ်သည့် အကူအညီများ ပေးနေကြောင်း သိရှိရသည်။", "“လက်ရှိကတော့ အဆင်ပြေနေပါတယ်ဗျ။ မနက်က အဝတ်အစားမပါလို့ဆိုတော့ ကျွန်တော်တို့ဆီက ရှိတဲ့ အဝတ်အစားတွေလည်း လှူပေးလိုက်ပါတယ်ဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2024/11/193213/
ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာကို ဝင်ရောက် စီးနင်းနေ
["ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာကို ဝင်ရောက် စီးနင်းနေ", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၇ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာကို ဝင်ရောက် စီးနင်းနေကြောင်း ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ရွာကို မုံရွာ နမခမှ တက်လာသည့် Mi-35 ရဟတ်ယာဉ်က ပစ်ခတ် တိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ကျေးရွာအတွင်းကို ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။", "“မြေပြင် စစ်ခွေး စစ်ကြောင်းကလည်း တောင်ယာဆိပ်ရွာမှာ ဝင်ရောက်နေတယ်။ အခုလည်း နမခ ကနေ Mi-35 ထပ်တက်လာနေတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး။ ပြည်သူတွေက ရွာလုံးကျွတ် ထွက်ပြေးနေရတာ စစ်ခွေး စစ်ကြောင်းက ရွာထဲမှာရှိသေးတယ်” ဟု ရေဦး အခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "နိုဝင်ဘာ ၂၀ ရက်နေ့မှ စတင်ပြီး ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကုက္ကိုကုန်းရွာ ၊ မဒေါင်ရွာ လွှတ်တိုက်ရွာနှင့် ဆွဲလှဲရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး တကုန်းရွာ ၊ ကုက္ကိုကုန်းရွာ ၊ သံပုရာပင်စုရွာ၊ မြဘုံသာရွာ ၊ လွှတ်တိုက်ရွာ ၊ မဒေါင်ရွာ ၊ဆွဲလှဲရွာ နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာ အပါအဝင် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၈၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/01/80313/
ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြာတကန်ရွာကို စစ်တပ်က ဝင်‌ရောက် မီးရှို့ဖျက်ဆီးပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို သတ်ဖြတ်
["ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြာတကန်ရွာကို စစ်တပ်က ဝင်‌ရောက် မီးရှို့ဖျက်ဆီးပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို သတ်ဖြတ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြာတကန်ရွာကို စစ်တပ်က ဝင်‌ရောက်မီးရှို့ဖျက်ဆီးပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လယ်ပိုင်းအချိန် စစ်ကောင်စီလက်အောက်ခံ ခြေမြန် တပ်ရင်း ခမရ-၃၆၈ နှင့် လက်ပါးစေ ပျူစောထီးစုပေါင်းအင်အား ၁၅၀ ခန့် သည် စစ်ကြောင်း နှစ်ကြောင်းခွဲကာ လက်နက်ကြီးများဖြင့် ကျေးရွာ ၂ ခု အတွင်း သို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ရွာနှစ်ရွာလုံးရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ကြာတကန် ရွာမှပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "ထန်းပင်ကုန်းရွာတွင် ပြည်သူပိုင်နေအိမ် ၅၆ လုံးမီးရှို့ဖျက်ဆီးခံရပြီး ကြာတ ကန် ရွာမှာမူ စစ်ကြောင်းဝင်လာလျှင် အလွယ်တကူပြေးနိုင်စေရန် ဆောက် ထားသည့် တောထဲမှ တဲတိုက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကြာတကန်ရွာမှ တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေခိုးယူပြီး ပြည်သူပိုင် စပါးတင်း ၁၀၀၀ ကျော်‌ကို လည်း ကားများဖြင့် ၈ ခေါက်တိတိ ခိုးယူသယ်ဆောင်သွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ‌ပြောကြားသည်။", "“ ရွှေငွေတွေမျိုးတော့ တွေ့တာ အကုန်ယူတာပါဗျ။ ကြာတကန်ကတော့ ရွာ မရှို့ခံ ရပေမယ့် ပြည်သူပိုင်စပါးတွေ ကားနဲ့တိုက်ယူသွားကြတာပါ။ အခု နောက် ပိုင်း ရွာလေးတွေက ကြောက်ကြတော့ လယ်တောတဲ ဆောက် ကြတယ်ဗျ။ ရွာကို စစ်ကြောင်းဝင်ရင် ပြေးနေလို့ရအောင်ပါ။ ဆန်၊ဆီ၊ဆား တနိုင်ပိုင်လေးတွေ သယ်ယူထားကြတာပေါ့ အဲ့ဒါလေးတွေ အကုန် မီးရှို့ခံ ရတယ် လို့သိရတယ် “ ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။", "မတရားသတ်ဖြတ်ခံရသည့် ပြည်သူများမှာ စစ်ဘေးရှောင် ဦးထွန်းလှ အသက် ၅၈ နှစ် နှင့် ကိုညီညီအောင် အသက် ၃၀ နှစ် တို့ ဖြစ်ကြပြီး ဦးထွန်းလှကို မီးရှို့ သတ် ဖြတ်၍ ကိုညီညီအောင်ကိုမူ လက်ပြတ်ကြိုးတုပ်ကာ သေနတ်နှင့် ဦးခေါင်း တစ်ခြမ်းပွင့်ထွက်သည်အထိ ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။", "“ သူတို့ ၂ ဦးက တောထဲတဲတိုက်တွေမှာ ပြေးလွှားပုန်းရင်း စစ်ကြောင်းနဲ့ တိုးလို့ ဖမ်းခံရပြီး သတ်ဖြတ်ခံလိုက်ရတာ” ဟု ကျွန်းလှတက်ကြွ လှုပ်ရှား သူအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကြာတကန်နှင့် ထန်းပင်ကုန်း ရွာတို့တွင် ၃ ည အိပ်၍ စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၈ရက်နေ့နံနက်တွင်မူ ချပ်သင်းနယ်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/103133/
ကျွန်းလှမြို့နယ်၊ ပျူစောထီးခေါင်းဆောင်မြင့်နိုင်ကို ဝင်ဖမ်းစဉ် မိသားစုလိုက်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ
["ကျွန်းလှမြို့နယ်၊ ပျူစောထီးခေါင်းဆောင်မြင့်နိုင်ကို ဝင်ဖမ်းစဉ် မိသားစုလိုက်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၁၇", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ ပျူခေါင်းဆောင်မြင့်နိုင်ကို ဝင် ရောက် ဖမ်းဆီးစဉ် မိသားစုလိုက် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာ မိသားစု ၃ ဦးစလုံး သေဆုံး သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။", "ယနေ့မေလ ၁၇ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်က အကြမ်းဖက်စစ်တပ်နှင့် လက်နက်အားကိုးဖြင့် မိသားစုလိုက် ရွာသူ၊ ရွာသားများအပေါ် ခြိမ်းခြောက်အနိုင်ကျင့် ငွေညှစ်၊ ကင်းစောင့်ခိုင်းနေသော ပျူစောထီးခေါင်းဆောင်မြင့်နိုင်မိသားကို ကန့်ဘလူခရိုင်တပ်ရင်း-၁ နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)တို့မှ ဝင်ရောက်ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ် ဖမ်းဆီးရာ မိသားစု ၃ ဦးစလုံး သေဆုံး သွားကြောင်း သိရသည်။", "“ပျူစောထီးခေါင်းဆောင်ရော၊ သူ့မိန်းမရော၊ သူ့သားရော ၃ ယောက်လုံးက သေနတ်နဲ့ပြန်ခုခံဖို့ ကြိးစားတာ၊ သူ တို့မိသားစုက အစကတည်းက စစ်တပ်ထောက်ခံတဲ့သူတွေ၊ သူ့မိန်းမကလည်း သန်မှသန်၊ ပျူသင်တန်းကို လည်း မြင့်နိုင်ရော၊ သူ့သားရော တက်ထားတာ၊ သူ့သားက အသက် ၂၀ ကျော်ပြီ၊ အင်တာနက်လိုင်းမရ လို့ ပုံတွေက မရဘူးဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာနထံသို့ပြောကြားသည်။", "၎င်းတို့မိသားစုအား ပစ်ခတ်ဖမ်းဆီးရှင်းလင်းပြီးနောက် ကာဘိုင်သေနတ် တစ်လက်၊ ရှော့ဂန်း ၂ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပျူခေါင်းဆောင်မြင့်နိုင်နှင့်မိသားစု၏ ဖိအားပေးခြိမ်းခြောက် စေခိုင်း မှုကြောင့် ပျူစောထီးသင်တန်း မတက်ချင်ဘဲ တက်ရောက်ရသူများ ရှိကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ အမျိုးသမီး PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2024/11/192296/
ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ဒီနေ့ ညနေပိုင်း တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာက ရွာကုန်းကြီးရွာကို လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ နေအိမ် ၁ လုံး မီးလောက်ပျက်စီးသွားတဲ့ Y-8 က ကင်းထောက်လုပ်ပေးပြီးတော့ ဂျက်ဖိုက်တာက ကျဲချသွားတာ အခုထိ Y-8 က ပျံဝဲနေတုန်းပဲ ပြည်သူတွေတော့ ရွာလုံးကျွတ် ပြေးနေရပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/06/167814/
ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ စာသင်ကျောင်းအနီးကို စစ်တပ်က ဂျက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ
["ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ စာသင်ကျောင်းအနီးကို စစ်တပ်က ဂျက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ", "ရန်ကုန်၊ ဇွန် ၁၅", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁၅ ရက်နေ့ ၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာရှိ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်၏ တံတားဦးတက်မှ တက်လာသည့် ဂျက် ဖိုက်တာ ၂ စီးက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "“ပြည်သူတွေ ထိခိုက်မှုနဲ့ ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး။ ကျေးရွာ စာသင်ကျောင်းအနီး ပစ်ခံရတယ်ပြောတယ်။ လေယာဉ် ၂ စီးနဲ့ ၄ ချက်ပစ်တယ်ပြောတယ်။ အခြေအနေတွေ ထပ်သိရဖို့ စုံစမ်းနေပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "လတ်တလော ကျွန်းလှမြို့နယ်နှင့်ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ဖျက်ဆီး မီးရှို့မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/11/192425/
ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး
["ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကားဝပ်ရှော့ဆိုင်ပေါ် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ဝပ်ရှော့ဆိုင်ရှိ ကားများနှင့် ဗုံးပေါက်ကွဲရာ အနီးပတ်ဝန်းကျင် နေအိမ် ၃ လုံးလည်း လုံး၀ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့ ဗုံးကျဲချသွားတာ။ Y-12 လေယာဉ်က အရင်ကင်းထောက်ပြီးတော့မှ ဂျက်ဖိုက်တာက ကျဲချသွားတာ ဝပ်ရှော့ဆိုင်က ကားတွေနဲ့ နေအိမ် ၃ လုံး ပျက်စီးသွားတယ်။ အမျိုးသား ၁ ဦးလည်း သေဆုံးတယ်လို့ သိရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။", "အလားတူ နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်ရှိ ရွာကုန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/193513/
ကျွန်းလှ၊ ကုက္ကိုကုန်းရွာတွင် စစ်တပ်က ၆ ရက်ကြာတပ်စွဲပြီး ကျေးရွာများကို ဆက်တိုက် စီးနင်းနေ၍ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများ ပိုမိုများပြားလာပြီး သောင်းနှင့်ချီရှိလာ၊ စစ်ရှောင် ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်
["ကျွန်းလှ၊ ကုက္ကိုကုန်းရွာတွင် စစ်တပ်က ၆ ရက်ကြာတပ်စွဲပြီး ကျေးရွာများကို ဆက်တိုက် စီးနင်းနေ၍ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများ ပိုမိုများပြားလာပြီးသောင်းနှင့်ချီရှိလာ၊ စစ်ရှောင် ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာတွင် အကြမ်းဖက် စစ်တပ်က ၆ ရက်ကြာတပ်စွဲပြီး ကျေးရွာများကို ဆက်တိုက် စီးနင်းနေ၍ ထွက်ပြေး တိမ်းရှောင်ရသည့် ပြည်သူများ ပိုမိုများပြားလာပြီး သောင်းနှင့်ချီရှိလာကာ စစ်ရှောင် ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာ ၂၀ ရက်နေ့ နံနက်အ‌စောပိုင်းမှ စတင်ပြီး ကံပေါက်ရွာမှ ထွက်ခွာလာသော အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်း တပ်စွဲပြီးနောက် ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ထိ ကုက္ကိုကုန်းရွာ၌ တပ်စွဲထားကာ အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် ကုက္ကိုကုန်းရွာ၊ မဒေါင်ရွာ၊ လွှတ်တိုက်ရွာနှင့် ဆွဲလှဲရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ စစ်ရှောင်ပြည်သူများကို ဒရုန်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ အရေအတွက် ပိုမို များပြားလာကာ လက်ရှိချိန်တွင် တိမ်းရှောင်နေရသည့် ပြည်သူ ဦးရေ ၁ သောင်းနီးပါး ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် တကုန်းရွာ ၊ ကုက္ကိုကုန်းရွာ ၊ သံပုရာပင်စုရွာ၊ မြဘုံသာရွာ ၊ လွှတ်တိုက်ရွာ ၊ မဒေါင်ရွာ ၊ဆွဲလှဲရွာ နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများပါ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“စစ်ခွေးစစ်ကြောင်းက မထွက်သေးတော့ ခွေးတွေမီးရှို့ဖျက်ဆီးသွားတဲ့ အိမ်ခြေ အရေအတွက်ကို အသိရသေးဘူး။ သူတို့က ကုက္ကိုကုန်းမှာပဲ ထိုင်ပြီးတော့ လွှတ်တိုက်တို့ ဆွဲလှဲ အဲရွာတွေကို တစ်လှည့်ဆီ မီးရှို့တာ အခုတော့ နည်းနည်းငြိမ်နေသေးတယ်။ ဝင်တဲ့နေက ကုက္ကိုကုန်းရှို့တယ်။ ပြီးတော့ လွှတ်တိုက် ရှို့တယ်။ မဒေါင်ရှို့တယ်။ ဆွဲလှဲရှို့တယ်။ အဲရွာတွေကို အကြိမ်ကြိမ်ရှို့နေတဲ့ ပုံစံပေါ့။ စစ်ခွေးတွေ ဒရုန်းဗုံးသီးတွေ နေ့တိုင်းကို ကျဲချတိုက်ခိုက်နေတယ်။ လေယာဉ် ကလည်း ဆက်တိုက်ပစ်နေတာတွေရှိလို့ ရွာထဲကို ဝင်ပြီး အတည်ပြုဖို့ ခက်နေတယ်။ စစ်ကြောင်းထိုင်တဲ့ ကုက္ကိုကုန်းရွာနဲ့ ဆွဲလှဲနဲ့ မဒေါင်တို့က မဝေးဘူးဆိုတော့ ခွေးကြောင်းက ကုက္ကိုကုန်းမှာ ထိုင်မယ်ဆိုရင်တော့ ပြည်သူတွေ ပြန်မဝင်နိုင်တဲ့ အနေအထားတော့ရှိတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/11/191277/
ကျွန်းလှ၊ ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ရိုက်နှက် သတ်ဖြတ်ပြီး ၃ ဦးကို ဖမ်းဆီး၊ နေအိမ်များကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့
["ကျွန်းလှ၊ ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ရိုက်နှက် သတ်ဖြတ်ပြီး ၃ ဦးကို ဖမ်းဆီး၊ နေအိမ်များကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့", "ရန်ကုန်၊ နိုဝင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဘအင်းသရက်တောရွာမှ ပြည်သူ ၂ ဦးကို ရိုက်နှက် သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းတပ်မှ ကျွန်းလှမြို့သို့ ကား ၂ စီးဖြင့် ရောက်ရှိလာ‌သည့် အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျွန်းလှမြို့မှ ပျူစောထီးများ၊ ပေကုန်းရွာမှ ပျူစောထီးများနှင့် ပူးပေါင်း၍ စုစုပေါင်း အင်အား ၁၂၀ ခန့်ဖြင့် ကံပေါက်တောကျောင်းမှတဆင့် ဘအင်းသရက်တောရွာသို့ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၇ မိနစ်ခန့်တွင် ဘအင်းသရက်တောရွာကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ကျေးရွာနေပြည်သူ အမျိုးသား ၂ ဦးကို ရိုက်နှက် သတ်ဖြတ်ပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“နံနက် ၉ နာရီလောက်မှာ စစ်ကြောင်းက တိတ်တဆိတ် ရွာထဲကို ဝင်လာတာ ဘယ်သူမှ မသိလိုက်ဘူး။ အသံကြားမှ ပြေးကြလွှားကြရတာဆိုတော့ ဘာပစ္စည်းမှ မသယ်နိုင်ဘူး။ ကိုယ်လွတ်ပြေးရတာ ဖမ်းခံရတဲ့ ၅ ယောက်ထဲမှာ မိန်းကလေးတွေရောပါတယ်။ အမည်တွေတော့မသိဘူး။ ဖမ်းခံရတဲ့ ၅ ဦးထဲကမှ ကောင်လေး ၂ ယောက်ကို ရိုက်သတ်ထားခဲ့တာ ရွာက မနှစ်ကလည်း မီးရှို့ခံထားရတာ တရွာလုံးနီးနီးပဲ အခုထပ်ရှို့တာနဲ့ဆို ပြန်ဆောက်တာလေးတွေရော အကုန်ရှို့ခံရပြီထင်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ဝင်ရောက်စီးနင်းသော ဘအင်းသရက်တောရွာသည် တောင်ယာဆိပ်ကျေးအုပ်စုတွင် ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် မြင်သာဦးရွာမှ နေအိမ် ၂၁ လုံး၊ဘအင်းသရက်တောရွာမှ နေအိမ် ၃၃ လုံး၊ အောင်ရန်ကင်းရွာမှ နေအိမ် ၅၁ လုံးနှင့် တောင်ယာဆိပ်ရွာမှ နေအိမ် ၂၂ လုံး စုစုပေါင်း နေအိမ် ၁၂၇ လုံး ဆုံးရှုံးထားသော အုပ်စုရွာဖြစ်ကြောင်း သိရသည်။", "ယင်းစစ်ကြောင်းသည် ဘအင်းသရက်တောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ ၃ ဦးကို ဖမ်း ဆီး၍ ညနေ ၅ နာရီခန့်တွင် ပေကုန်းရွာမှတဆင့် ကျွန်းလှမြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။", "ဓာတ်ပုံ-စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/02/85866/
ကျွန်းလှ၊ ရွှေဘို၊ ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၄၀ ကျော်သေဆုံး
["ကျွန်းလှ၊ ရွှေဘို၊ ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၄၀ ကျော်သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်သား ၄၀ ကျော်သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့်ဒေသပြည်သူများထံမှ သိရှိရသည်။", "ကျွန်းလှတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၄၀ ဦးထက်မနည်းသေဆုံး", "=======================================", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ပိတောက်ပင်ရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပိတောက်ပင်ရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား ၄၀ ဦး၏ ရုပ်အလောင်းများကို ပိတောက်ပင်ရွာရှိ ပြည်သူပိုင်နေအိမ်များအတွင်းထည့်ကာ မီးရှို့သွား​ပြီး နေအိမ် ၁၄ လုံးပြာကျခဲ့ကြောင်း သိရသည်။", "” ကျွန်းလှမြို့နယ် ပိတောက်ပင်ရွာ မီးရှို့ခံလိုက်ရပြီ စစ်ခွေးတွေလည်း အသေများတယ်လို့ သိရတယ်။ စစ်ခွေး ၄၀ လောက် သေတယ်ပြောတယ်။ ပိ တောက်ပင် ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို PDF တပ်ဖွဲ့တွေက ဝင်တိုက်တာလို့ သိရတယ်။ သေသွားတဲ့ စစ်ခွေး အလောင်းတွေကို ရွာထဲက ပြည်သူပိုင်နေအိမ်တွေထဲထည့်ပြီး မီးရှို့သွားတာ စစ်ခွေးတွေကတော့ အခုရွာထဲမှာမရှိတော့ဘူး။ ပြန်ဆုတ်သွားပြီလို့ သိရတယ်။ ပြည်သူပိုင် နေအိမ် ၁၄ လုံးမီးလောင် ပြာကျသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။", "ရွှေဘိုတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦးသေဆုံး", "================================", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၇ ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာမှ စစ်သားနှင့် ပျူစောထီးများ ဇီးဖြူကုန်းရွာသို့အသွား လမ်းတစ်နေရာ၌ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၇ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နှင့် ဗိုလ်ဂျပန်ကြီး ၏ SHWEBO LPDFအဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့၊ ရွှေဘိုမြို့နယ် ၊တိုက်နယ်-၂ မဟာမိတ် ညီကိုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က RPG၊ ၆ မမ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့​ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကန့်ဘလူမြို့နယ်၊ ငှက်မွှေးတောင်အနီးတွင် စစ်သားများ မိုင်းမိပြီး ၇ ဦး ဒဏ် ရာရ", "=======================================", "စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်မွှေးတောင်နားတွင် ခြေလျင် ထွက်လာသော အကြမ်းဖက် စစ် သားများတိုက်မိုင်းမိကာ ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Kotaungbo Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဖေဖော်ဝါရီလ ၆ ရက် နံနက် ၆ နာရီကျော်ခန့်က ကိုးတောင်ဘို့ရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သားများထဲမှ အင်အား ၇၀ ဦးခန့် သည် ကောလင်းမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးရန် ခြေ လျင်ထွက်ခွာလာစဉ် ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အစပ် ငှက်မွှေးတောင်အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော တိုက်မိုင်း ၂ လုံးမိကာ အကြမ်းဖက်စစ်သား ၇ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။", "“သေတာကတော့ အတိအကျမသိရဘူး၊ အခုညနေ ၄ နာရီကျော်လောက်မှာ ခွေးအထိုင်စခန်းဘက်မှာ မီးခိုးတွေလည်း မြင်ရတယ်၊ သေနတ်ပစ်ဖောက်သံတွေလဲ ကြားရတယ်ဆိုတော့ ခွေးသေတွေ မီးရှို့ သင်္ဂြိုလ်တာဖြစ်နိုင်တယ်လို့ ယူဆရတယ်၊ မိုင်းထိပြီးတော့ ပြန်ဆုတ်တဲ့အချိန်မှာ ခြေလျင်ပြန်လာတာ ခွေး ၆၃ ကောင်ပဲ လမ်းလျှောက်ပြန်တယ်၊ ကျန်တာက အထမ်းနဲ့ လှည်းပေါ့” ဟု Kotaungbo Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြေကြားသည်။", "မိုင်းထိပြီးနောက် ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို အထမ်း ၂ ထမ်း၊ လှည်တစ်စီးဖြင့် တင် ပြီး ကိုးတောင်ဘို့အထိုင်ချတပ်စခန်းအတွင်းသို့ နေ့လည် ၂ နာရီခန့်တွင် ပြန်ဝင်သွားကြောင်း၊ ယင်းအ ကြမ်းဖက်စစ်သားများသည် ကိုးတောင်ဘို့ရွာမှ အရှေ့ဘက်ကောလင်းမြို့နယ်အတွင်းရှိကျေးရွာများနှင့် ကိုးတောင်ဘို့အနောက်ဘက်နှင့်တောင်ဘက်ရှိကျေးရွာများကို တစ်လျှင် ၃ ကြိမ်ခန့်စစ်ကြောင်းထိုးလှုပ် ရှားလေ့ရှိကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လမ်းလုံခြုံရေး ယူထားစဉ်။"]
https://yktnews.com/2024/07/170833/
ကြည့်မြင်တိုင်မြို့နယ်မှ ပြည်သူများနှင့် ရန်ကုန်တော်လှန်အဖွဲ့များပေါင်း၍ သံဃာတော်များ၏ ကံဆောင်သပိတ်ကို ထောက်ခံသည့် လှုပ်ရှားမှုပြုလုပ်
["ကြည့်မြင်တိုင်မြို့နယ်မှ ပြည်သူများနှင့် ရန်ကုန်တော်လှန်အဖွဲ့များပေါင်း၍ သံဃာတော်များ၏ ကံဆောင်သပိတ်ကို ထောက်ခံသည့် လှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁", "ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှ ပြည်သူများက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ယနေ့ ဇူလိုင်လ ၁ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ သပိတ်လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ဖြစ်သည့် Kyimyindaing Networks (KMD18)နှင့် Mayangone Democratic Front (MDF)၊ Owl Communityနှင့် LinnYoungNi Youth Association (LYNYA)တို့မှ ပြည်သူများနှင့်ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/143330/
ကြည့်မြင်တိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
["ကြည့်မြင်တိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်နှင့် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း စစ်ဆင်ရေးသည် Operation Flame (OF) ၏ ဒုတိယမြောက် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ မတရားအာဏာသိမ်းခြင်း ၃ နှစ်ပြည့်ကို ခုခံတွန်းလှန် တော်လှန်ခြင်းနှင့် မတရားဖိနှိပ် ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော တော်လှန်ရေးရဲဘော် ရဲဘက်များ အားလုံးကိုယ်စား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "Operation Flame (OF) အဖွဲ့သည် ဆက်လက်၍ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ၊ ရန်ကုန်အတွက်အောင်ပွဲဆီသို့ တော်လှန်ရေး ညီနောင်ရဲဘော်များ အားလုံးနှင့် အတူလက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/09/123639/
ကြည့်မြင်တိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် MEC အရောင်းဆိုင်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
["ကြည့်မြင်တိုင်မြို့နယ်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်နှင့် MEC အရောင်းဆိုင်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းမ ထီးတန်းဦးပိုင်ဆီကန်၏ ဂိတ် ၃ အပေါက်ဝရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) အရောင်းဆိုင် နှင့် အင်း၀ဘဏ်ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း KMD18 အမဲလိုက်သမား (Hunter Unit)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်အချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) အရောင်းဆိုင် နှင့် အင်း၀ဘဏ်ကို အဝေးထိန်းမိုင်းများအသုံးပြု ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို KMD18- အမဲလိုက်သမား (Hunter Unit) မှ “နွေဦးမုန်တိုင်း”အဖွဲ့မှ စစ်ဆင်ရေးအနေနှင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း KMD18 အမဲလိုက်သမား (Hunter Unit) မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။", "“မနက် ၅ နာရီကျော်က ပေါက်ကွဲမှုဖြစ်တာတော့ မှန်ပါတယ်။ မနက်အစော ဆိုတော့ ကြည့်မြင်တိုင်တစ်မြို့နယ်လုံးကြားလိုက်ရတယ်။ ဗုံးပေါက်ကွဲသံ ကို”ဟု ကြည့်မြင်တိုင်မြို့နယ်၊ ဟုမ်းလမ်းအနီး နေထိုင်သူပြည်သူတစ်ဦးက ပြောသည်။", "ပြည်သူ့ဘဏ္ဍာများကို ကိုယ်ကျိုးရှာ အလွဲသုံးစားလုပ်နေပြီး ပြည်သူလူထုတစ်ရပ်လုံးကို အနိုင်ကျင့် သတ်ဖြတ်နေသော အကြမ်းဖက် စစ်တပ် ၏ ဝင်ငွေရင်းမြစ်ကို ဖြတ်တောက်နိုင်ရန်အတွက် ယခုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မစ်ရှင်လုပ်ဆောင်ခဲ့သည့် တော်လှန်ရေးအဖွဲ့ သားများ အားလုံး ဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ပြည်သူများအနေ ဖြင့် အကြမ်းဖက်စစ်တပ် တပ်စခန်းအနီးနားများ၊ ဘန်ကာများ၊ ကင်းပတ်ကား များ နှင့် ဝေးဝေးရှောင်ကွင်းကြရန် KMD18 အမဲလိုက်သမား (Hunter Unit) မှ တာဝန်ရှိသူက မေတ္တာရပ်ခံပြောဆိုသည်။"]
https://yktnews.com/2024/09/185750/
ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင် စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲပြီး ၁ ဦးသေဆုံး
["ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင် စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲပြီး ၁ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် သန်းခေါင်စာရင်း ကောက်ယူရေး အစည်းအဝေးလုပ်နေချိန် ဗုံးများ တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အလတ်လောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာလ ၁ ရက်နေ့ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အစည်းအဝေး လုပ်နေကြစဉ် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး ၅ ဦးစလုံး ဒဏ်ရာပြန်းထန်ကြောင်း၊ လက်ရှိ ၁ ဦး သေဆုံးသွားပြီဟု သိရှိရသည်။", "အလားတူ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် စက်ဆန်းရပ်ကွက်ရုံးတွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲပြင်းထန်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။", "” ရပ်ကွက်ရုံး ၂ ခုထဲမှာ သန်းခေါင်စာရင်းကောက်ဖို့ အစည်းအဝေးလုပ်နေတာ၊ လူစုတာတွေရှိနေတဲ့အချိန်မှာ ဗုံးတွေ ထကွဲတာပါ။ ထိခိုက်သေဆုံးမှုရှိတယ်။ အခုတော့ ၁ ဦးသေသွားပြီလို့ပြောတယ်။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ပဲ။ အလတ် ချောင်းရပ်ကွက်ရုံးက။ ၅ ဦးလုံးသေနိုင်တယ်လို့လည်းပြောတယ်။ ဆန်အိတ်ထဲက ဗုံးထပေါက်တာ။ အတိအကျတော့ မသိရသေးဘူး။” ဟု ရန်ကုန်ခေတ်သစ်၏သတင်းရင်းမြစ်က ပြောဆိုသည်။", "လတ်တလော စစ်ကောင်စီတပ်နှင့်ရဲများက ကြည့်မြင်တိုင် ဆိပ်ကမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင်နေပြီး အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁၅ ရက်နေ့အထိ စစ်ကောင်စီက နိုင်ငံတစ်ဝန်းလုံးတွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းနှင့် မဲစာရင်း ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/89172/
ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက် ဒဂုံတို့တွင် ပစ်ခတ်မှုများနှင့် ဗုံးများ ပေါက်ကွဲပြီး လူငယ်များကို စစ် တပ်က အကြောင်းမဲ့ ဖမ်းဆီးနေ
["ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မြောက် ဒဂုံတို့တွင် ပစ်ခတ်မှုများနှင့် ဗုံးများ ပေါက်ကွဲပြီး လူငယ်များကို စစ် တပ်က အကြောင်းမဲ့ ဖမ်းဆီးနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃", "ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင် ဥက္ကလာ၊ မြောက်ဒဂုံတို့တွင် ပစ်ခတ်မှုများ၊ ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း ဒေသပြည် သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် ကြည့်မြင် တိုင် မြို့ နယ်၊ မကျည်းတန်းမြောက် အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ ကျောက် တံ တား သမ္ဗာန်ကူးတို့ဆိပ်တွင် ဗုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်ပြီး ကမ်းနား လမ်း ပေါ်တွင် ဖောက်ခွဲ ခဲ့ကြောင်း သိရှိရသည်။", "ထို့နောက် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းတွင် သွားလာနေသော အပြစ် မဲ့ လူငယ် ၃ ဦးထက်မနည်းကို စစ်တပ် မသင်္ကာမှုဖြင့် ဖမ်းဆီး သွား ကြောင်း သိရှိရသည်။", "ထို့အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန် မြောက် ဥက္ ကလာ ပ မြို့နယ် ခန်းမအနီး၊ သန္တာလမ်းရှိ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံး ပစ် တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။", "“မြောက်ဥက္ကပ မြို့နယ် မြို့နယ်ခန်းမအနီး ဒီနေ့ မွန်းလွဲ ၃ နာရီဝန်းကျင် င ရပ် ကွက် ရုံးမှာ ဗုံးပေါက်တယ်။ ပေါက်တဲ့အသံက အရမ်းကိုကျယ်တာ။ သန္တာ လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖြစ်တာ။ အဲဒါပြီးတော့ ရပ်ကွက်ရုံးထဲက အကုန် ပြေးထွက်လာကြတာ။ ခဏနေကျတော့ စစ်တပ်နဲ့ရဲတွေတော့ ရောက် လာတယ်။ သူတို့ပြန်သွားပြီးတော့ ရုံးပြန်မဖွင့်တော့ဘူး” ဟု ဒေသပြည်သူ တစ်ဦး က ပြောဆိုသည်။", "အလားတူ ယနေ့ ၉ နာရီ ၁၀ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်တွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများနှင့် ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။", "ထို့ပြင် ယနေ့ ည ၉ နာရီခွဲဝန်းကျင်အချိန် လှိုင်သာယာမြို့နယ်တွင် ဗုံးပေါက် ကွဲသံ နှင့်သေနတ်သံများကြားရပြီး သေနတ်သံမှာ လှိုင်သာမြို့နယ်၊ စနေမ မှတ်တိုင်အနီးတွင် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး ၂ ဦးကို ပစ်ခတ် သွားခြင်း ဖြစ်ကြောင်း ကင်းထောင်သတင်းများတွင် ဖော်ပြထားသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် လှိုင်သာယာ ပစ်ခတ်မှုဖြစ်စဉ်ကို ဆက်လက် အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။", "အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၄၃ မိနစ်အချိန် တာမွေ မြို့နယ်တွင် ဗုံးပေါက်ကွဲကြောင်း ရန်ကုန်ကင်းထောက် အဖွဲ့ Eagle News ကသတင်းဖော်ပြသည်။", "စစ်တပ်က လူငယ်များကိုလည်း အကြောင်းမဲ့ ဖမ်းဆီးလျက်ရှိရာ ယနေ့တွင် လှိုင်မြို့နယ်မှ လူငယ် ၄ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပြည်သူများက ပြောသည်။", "“လှိုင်-အင်းစိန်လမ်း သံလမ်းကားမှတ်တိုင်နဲ့ ဗဟိုလမ်းသံလမ်းကားမှတ် တိုင် အကြားမှရှိတဲ့ လမ်းကြားမှာ လူငယ် ၄ ယောက်ကိုစစ်တပ်က ၀င်ဖမ်းတယ်။ လှိုင်မြို့နယ်ဘက်မှာ ၂ ရက်ရှိနေပြီ။ လူငယ်တွေကို ဖမ်းနေတာ” ဟု လှိုင် မြို့ နယ် သတင်းရင်းမြစ်က ပြောသည်။", "ထို့ပြင် ယနေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညပိုင်း မြောက်ဒဂုံ၊ တောင်ဥက္ကလာပ နှင့် မြောက်ဥက္ကလာပတို့တွင် သေနတ်သံများကြားရကြောင်း ပြည်သူများက ပြောသည်။", "ယနေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန် မြောက်ဒဂုံ နာရီစင်အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ခဏအကြာတွင် လူနာတင်ကားများ၊ စစ်ကားများ ရောက်ရှိ လာကြောင်း၊ ညအချိန်ဖြစ်၍ အပြင်မထွက်ရဲကြသဖြင့် အခြေအနေ အသေး စိတ် ကို မသိရှိရသေးကြောင်း ဒေသပြည်သူများ နှင့်ကင်းထောက် သတင်း များအရ သိရှိရသည်။", "“အဲဒီနားမှာ ပြည်သူတွေကိုတော့ အော်ဟစ်ဆဲဆို ရိုက်နှက်တာတွေ ကြား ရတယ် လို့ အနားမှာနေတဲ့သူတွေ က ပြောတယ်”မြောက်ဒဂုံမှ ဒေသပြည်သူ တစ်ဦးက ပြောသည်။", "တောင်ဥက္ကလာပနှင့် မြောက်ဥက္ကလာပတို့တွင် ည ၁၀ နာရီ ၅၀ မိနစ်အချိန် သေနတ်သံများကြားရပြီး လူနာတင်ကားအသံများလည်း ကြားရကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "ဓာတ်ပုံ- ရန်ကုန်ရှိ လမ်းဆုံလမ်းခွတစ်ခုတွင် တည်ဆောက်ထားသော နှစ်ထပ် ဘန်ကာ။"]
https://yktnews.com/2023/01/80150/
ကြာအင်းဆိပ်ကြီး စစ်ကောင်စီတပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှုတွင် ခလရ ၂၈၄ ယာယီတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၄၅ ဦး ဝန်းကျင် သေဆုံးထိခိုက်ဟုဆို
["ကြာအင်းဆိပ်ကြီး စစ်ကောင်စီတပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှုတွင် ခလရ ၂၈၄ ယာယီတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၄၅ ဦး ဝန်းကျင် သေဆုံးထိခိုက်ဟုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၉", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်ရင်း ၃ ခုကို ဝင် ရောက်တိုက်ခိုက်မှုတွင် ခလရ ၂၈၄ ယာယီတပ်ရင်းမှူး အပါအဝင် စစ် တပ် ဘက်မှ ၄၅ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း နဂါးနီစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။", "ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး မြို့နယ် ရှိ အကြမ်းစစ်ကောင်စီ၏ ခလရ ၂၈၃ ၊ ခလရ ၃၂၊ ခလရ ၂၈၄ တပ်ရင်းများကို နဂါးနီစစ်ကြောင်း၊ Cobra စစ်ကြောင်း ၊ နဂါးဖြူစစ်ကြောင်းနှင့် KNLA တပ်ရင်း(၁၇)၊တပ်ရင်း(၂၇) စသည့် စစ်ကြောင်း (၅)ကြောင်း ပူးပေါင်း၍ နံနက် ၄ နာရီ ခန့်မှ တပြိုင်နက် အလစ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာမွန်းလွဲ ၁ နာရီခန့် အထိ အပြန်အလှန် တိုက်ပွဲ ပြင်း ထန် ခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေးအင်အားစုများက တပ်ရင်းဌာနချုပ်(၃)ခု စလုံးကို အတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်၍ ရဲဘော်ဘားတိုက်များ၊ အရာရှိနေအိမ်များ၊ မော်တော် ယာဉ် များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၉ နာရီဝန်းကျင် ကြာ မြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ခလရ ၂၈၄ မှ ယာယီတပ်ရင်းမှူး တစ်ဦး အပါ အဝင် စစ်သား ၄၅ ဦးဝန်းကျင် သေဆုံး၊ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက်အရ သိရှိရပါသည်။", "တော်လှန်ရေးအင်အားစုများဘက်မှ နဂါးနီစစ်ကြောင်း ရဲဘော် ၇ ဦး နိုင်ငံ့ အတွက်၊ တော်လှန်ရေးအတွက် အသက်ပေးလှူသွားခဲ့ပြီး ၁၃ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း နဂါနီးစစ်ကြောင်းက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/105058/
ကြာအင်းဆိပ်ကြီး တရားရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး KNU က ပစ်ခတ်ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန် ဝါဒဖြန့်
["ကြာအင်းဆိပ်ကြီး တရားရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး KNU က ပစ်ခတ်ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန် ဝါဒဖြန့်", "ရန်ကုန်၊ မေ ၂၉", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တရားရုံးနှင့် ရဲစခန်းတို့ကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး KNU က ပစ်ခတ်ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန် ဝါဒဖြန့်ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။", "မေလ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၉ မိနစ် အချိန် အောင်မျိုးထွန်း ဦးဆောင်သော ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၁ ဗျူဟာကုန်းက ၁၂၀ မမ ဖြင့် ကြာအင်းဆိပ်ကြီးမြို့ သို့ ရည်ရွယ်ချက်ရှိရှိ စနစ်တစ်ကျ စီစဥ်ပစ်ခတ်ရာ ကြာအင်းဆိပ်ကြီးမြို့ စစ်ကောင်စီ တရားရေးဌာနရုံး အနားတွင် ၁ လုံး နှင့် စစ်ကောင်စီ ရဲဌာနရုံး အနားတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မည်သူမှ ထိခိုက်ဒဏ်ရာ မရှိကြောင်း၊ ရုံး၏ အမိုး သွပ်ပြားတချို့ နှင့် စစ်ကောင်စီ ရဲဌာန မိသားစုများနေထိုင်ရာ အဆောက်အဦး တစ်ချို့ လက်နက်ကြီး ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း KNU က ပြောသည်။", "အာဏာသိမ်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံတပ်များက ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထားခဲ့သည်သာမက နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ရန် အဖျက် အမှောင့် ဗျူဟာများအား စနစ်တကျ စီစဥ် လုပ်ဆောင်လျက်ရှိကြောင်း၊ လက်နက်ကြီးများကို ပြည်သူနေ မြို့ရွာများအတွင်းသို့ ဦးတည်ပစ်ခတ်၍ တော်လှန်ရေး တပ်ဖွဲ့များမှ သွားရောက် ပစ်ခတ်ခြင်း ဖြစ်သည် ဆိုပြီး ကောက်ကျစ်ယုတ်မာသော ဝါဒဖြန့်မှုများကို အထူးလုပ်ဆောင်လျက်ရှိကြောင်း KNU က ဆိုသည်။", "စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဒရုန်းဗုံးသီး ၂ လုံးအနက်မှ ၁လုံးသည် ကြာအင်းဆိပ်ကြီးမြို၊ အမှတ် ၅ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့မရဲစခန်းအတွင်း ခေါင်မိုးပေါ်သိုကျရောက်ခဲ့ရာ ခေါင်မိုးသွပ်များပျက်စီးခဲ့ကြောင်း၊ ကျန် ၁ လုံးမှာ စခန်းဝန်းအတွင်းရှိ မိသားစုဝင် နေအိမ် ၄ ခန်းတွဲ လိုင်းအမှတ် ၂ ၊ အခန်း ၁ ရဲတပ်ကြပ်သက်အောင်ဇော်၏နေအိမ်ခေါင်မိုးအပေါ်သို ကျရောက် ပေါက်ကွဲခဲ့ရာ ရဲတက သက်အောင်ဇော်၏သားဖြစ်သူ မောင်ရဲလင်းထက်၊ ၁၉ နှစ်၏ နောက် ကျော ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း လိမ်လည် ဝါဒဖြန့် သတင်းထုတ်ပြန် ထားသည်။"]
https://yktnews.com/2023/01/80753/
ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် သေဆုံးခဲ့သော ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းသူ ဟု စစ်ခေါင်းဆောင်ပိုင်းက အပြစ်တင်
["ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် သေဆုံးခဲ့သော ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းသူ ဟု စစ်ခေါင်းဆောင်ပိုင်းက အပြစ်တင်", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်းသည် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့မှုသည် ၎င်း၏ တပ်ရင်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းမှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု စစ်တပ် ခေါင်းဆောင်ပိုင်းက အပြစ်တင်ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ် မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေးအင်အားစုများက တပ်ရင်းများကို လာရောက်တိုက်ခိုက်မည်ဟု ကြိုတင် သတင်းရရှိထား၍ ၂ ရက်ကြိုတင်ပြီး ခလရ ၂၈၄ တပ်ရင်း ပတ်ပတ်လည်တွင် နင်းမိုင်းများ ထောင်ထားရန် ညွှန်ကြားခဲ့ကြောင်း၊ သို့ရာတွင် ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး/ ဗိုလ်မှူးမင်းမောင်မောင်ဟိန်း ကွပ်ကွဲမှု ညံ့ဖျင်း၍ တပ်ရင်းအတွင်းထဲအထိ တော်လှန်ရေးအင်အားစုများ ဝင်ရောက်နိုင်ခဲ့သည့်အပြင် တပ်ရင်းမှူးနှင့် စစ်သည်များ သေဆုံးခဲ့ရခြင်းမှာလည်း အသုံးမကျ၍ ဖြစ်သည်ဟု စစ်တပ်ခေါင်းဆောင်ပိုင်းက အပြစ်တင်ကြောင်း သိရှိရသည်။", "“တိုင်းမှူးက တပ်ရင်းတွေ ဝင်အတိုက်မခံရခင် ဇန်နဝါရီ ၂ ရက်နေ့ကတည်းက ကြိုတင်ပြီးတော့ ကြာအင်းဆိပ်ကြီးကို ဝင်စီးမယ်လို့ သတင်းရတဲ့အတွက် တပ်ရင်းတွေအားလုံး၊ စခန်းတွေအားလုံး ပတ်လည် နင်းမိုင်း တိုက်မိုင်းတွေ ထောင်ဖို့ ညွှန်ကြားခဲ့တယ်။ ဒီလိုညွှန်ကြားထားတဲ့ကြားက ခလရ ၂၈၄ တပ်ရင်း ကျသွားတဲ့အတွက် သေဆုံးသွားတဲ့ တပ်ရင်းမှူးရဲ့ ကွပ်ကဲမှု ညံ့ဖျင်းလို့ ဆိုတာမျိုး အပြစ် တင်တယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။", "ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တပ် အတိုက်ခံရမှုတွင် ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း သေဆုံးပြီး ဇနီးဖြစ်သူမှာလည်း ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေရကြောင်း၊ တပ်ရင်း မှူး အပြင် ဗိုလ်ကြီး ၁ ဦး၊ ဒုအရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး ၊ တပ်ကြပ် ၁ ဦး ၊ တပ်သား ၃ ဦး၊ အမျိုးသမီးရဲဘော် ၁၀ ဦး‌ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများမှာ ဒုအရာခံဗိုလ် ၁ ဦး (စိုးရိမ်ရ) ၊ တပ်သား ၃ ( ၁ ဦးစိုးရိမ်ရ )၊ အမျိုးသမီးရဲဘော် ၃ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83483/
ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံးပြု ဝင်ရောက် နေသည့် ဒါလီချောင်းကူး တံတား ၂ ကြိမ် မိုင်းခွဲခံရပြီးနောက် လုံး၀ ပြိုကျ ပျက်စီး သွား
["ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံးပြု ဝင်ရောက် နေသည့် ဒါလီချောင်းကူး တံတား ၂ ကြိမ် မိုင်းခွဲခံရပြီးနောက် လုံး၀ ပြိုကျ ပျက်စီး သွား", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်များ မကြာခဏ အသုံး ပြု ဝင်ရောက်နေသည့် ဒါလီချောင်းကူးတံတား လုံး၀ ပြိုကျ ပျက်စီး သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။", "ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန် ဒါလီချောင်းတံတား ပထမအကြိမ် မိုင်းခွဲခံရကြောင်း၊ ပထမအကြိမ် မိုင်းခွဲစဉ်က တံတားကို ကားကြီးများသာ သွား လာမရတော့ဘဲ ကားငယ်များနှင့် ဆိုင်ကယ်များ သွားလာ၍ ရသေးကြောင်း၊ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်တွင် ဒုတိယအကြိမ် မိုင်းခွဲ ခံရ ပြီး တံတား လုံး၀ ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။", "“ဒါလီချောင်းတံတားက စစ်တပ်တွေ မကြာခဏ ဝင်လို့ ပစ်ခတ်မှုတွေ ခဏခ ဏ ဖြစ်တယ်။ ၂၀၂၁ ဒီဇင်ဘာတုန်းကလည်း ဒါလီတံတားနားကနေ ဝင်လာပြီး တော့ သံပုရွာအနားမှာ တိုက်ပွဲကြီး ဖြစ်ခဲ့သေးတယ်။ အဲဒီတံတားဘက်ကနေ တောက်လျှောက် စစ် ကြောင်း ဝင်တာတွေများတယ်။ ဒီနေ့တော့ လုံး၀ ပြိုကျ သွားပြီ။ ကျနော်တို့ ပြည်သူတွေကတော့ အောင်ချမ်းသာဘက်က လှည့်ပတ် သွားလို့ရတယ်။ ကုန်ကားတွေနဲ့ စစ်ခွေးတွေအတွက်တော့ ခက်သွားတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "ဒါလီချောင်းတံတားသည် ကြာအင်းဆိပ်ကြီးမြိုနယ်၊ ကြာအင်းဆိပ်ကြီး-ချောင်း နှစ်ခွ ကားလမ်း မိုင်တိုင်အမှတ် 9 KM နှင့် 10 KM အကြားတွင်ရှိပြီး သံဘောင် အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေ၊ အောက်ခံ သံကူ ကွန်ကရစ်အမျိုးအစား တံ တား ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဒုတိယအကြိမ် မိုင်းခွဲခံရပြီးနောက် ဒါလီချောင်းတံတား လုံး၀ ပြိုကျ ပျက်စီးသွားပုံနှင့် ပထမအကြိမ် မိုင်းခွဲခံရစဉ်က တံတား ကြမ်းခင်း ပေါက်ပြဲ နေပုံ။"]
https://yktnews.com/2023/05/104998/
ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က ရဲစခန်းနှင့် တရားရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက် ပျက်စီး
["ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က ရဲစခန်းနှင့် တရားရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက် ပျက်စီး", "ရန်ကုန်၊ မေ ၂၉", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရဲစခန်းနှင့် တရားရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။", "ယနေ့မေလ ၂၉ ရက်နေ့ နံနက် ၆ နာရီ ၁၉ မိနစ်ခန့်က အောင်မျိုးထွန်း ဦးဆောင်သော ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၁ ဗျူဟာကုန်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ ရဲစခန်း နှင့် တရားရုံးတို့ကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ တရားရုံးအနီး ၁ လုံး၊ ရဲစခန်းအနီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိဘဲ တရားရုံး သွပ်အမိုးများ လန်ထွက်ခြင်း နှင့် ရဲစခန်းအတွင်းရှိ မိသားစုများ နေထိုင်ရာ အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်ခံ တပ်များသည် အပြစ်မဲ့ ပြည်သူလူထုအား ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်နေသည် သာမက နိုင်ငံအရေးအရ အမြတ်ထုတ်နိုင်ရန် အဖျက်အမှောင့် လုပ်ခြင်း ဗျူဟာများကို စနစ်တကျ စီစဉ် လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ မြို့တွင်းများအပေါ် ဦးတည်ပစ်ခတ်တိုက်ခိုက်ကာ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခြင်းဖြစ် သည်ဟု ကောက်ကျစ်ယုတ်မာစွာ ဝါဒဖြန့်မှုများ အထူးလုပ်ဆောင်လျက်ရှိကြောင်း ဒူးပလာယာခရိုင် က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/107376/
ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး
["ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး", "ရန်ကုန်၊ဇွန် ၁၃", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၊ ကွီလုံတိုင်စခန်းထံသို့ ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုတိယတပ်ရင်းမှူးအပါအဝင် စစ်သား ၃ ဦး သေဆုံး ပြီး ကျန်စစ်သားများမှာ ထိုင်းဘက်အခြမ်းကို ထွက်ပြေးသွားကြောင့်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇွန်လ ၃ ရက်နေ့ ရိက္ခာပို့ရန် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) စစ်ကြောင်း(၁) က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စနိုက်ပါဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ဒုတပ်ရင်းမှူး သေဆုံးခဲ့ကြောင်း ၊ယင်းတိုက်ပွဲသည် ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် မှ ညနေ ၆ နာရီအထိ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အထိနာသွားသော စစ်တပ်စစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ကူး၍ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် ၅ ဦးဗုံးစထိမှန်ခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း SOF က ပြောသည်။", "“သွားရောက် တိုက်ခိုက်တာက စစ်ကြောင်း ၁ ရဲ့ အထူးချေမှုန်းရေးတပ်စုပါ”ဟု SOF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/09/123936/
ကြာအင်းဆိပ်ကြီးတွင် စစ်ဘေးရှောင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး ညှင်းပန်း နှိပ်စက်၊ ကွတ်ခိုင်တွင် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ
["ကြာအင်းဆိပ်ကြီးတွင် စစ်ဘေးရှောင် ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီး ညှင်းပန်း နှိပ်စက်၊ ကွတ်ခိုင်တွင် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခလယ်တံခွန်တိုင်တွင် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၂ လက်အောက်ခံ စစ်သားများက ခလယ်ရွာ ရပ်ကွက် ၂ တွင် နေထိုင်သည့် အသက် ၅၂ နှစ် အရွယ် စစ်ဘေးရှောင် ပြည်သူ ဦးထွေးနိုင်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "စစ်ဘေးရှောင်ပြည်သူ ဦးထွေးနိုင်သည် ခလယ်ရွာရှိ ၎င်းနှင့် အမျိုးတော်စပ် သူ တစ်ဦးက မွေးထားသည့် ဝက်များကို အစာပြန်ကျွေးနေစဥ် အကြမ်းဖက် စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ပြီး ခြေထောက်၊ လက် နှင့် လည်ပင်းကိုကြိုးများဖြင့် တုတ်နှောင်ကာ လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ဦးထွေးနိုင်ကို အကြမ်းဖက် စစ်တပ်က စစ်ဆေးမေးမြန်း ညှင်းပန်းနှိပ်စက်ပြီး လည်ပင်းမှ ချည်ထားသောကြိုးဖြင့် ဆွဲခေါ်သွား၍ ရွာအပြင်ဘက် တစ်နေရာ၌ ၎င်းအား ချန်ထားခဲ့ကြောင်း သိရှိရသည်။", "ဦးထွေးနိုင်ကို ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ဘေးရှောင်တာဝန်ရှိသူများ၏ စီစဉ်ပေးမှုဖြင့် ဖမ်းဆီးညှင်းပန်းနှိပ်စက်ခံရစဥ် ရရှိခဲ့သော ဒဏ်ရာများကို ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။", "KNU တပ်မဟာ ၆ အတွင်း လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူလူထုများကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူပိုင် အိုးအိမ် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း နှင့် ပြည်သူနေ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်မှုများအား နေ့စဥ်နဲ့အမျှ ကျူးလွန်လျှက်ရှိကြောင်း သိရှိရသည်။", "ထို့ပြင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ခြေထောက် ဖြတ်လိုက်ရကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် နမ့်ဖက်ကာ ရပ်ကွက် ၂ တွင်နေထိုင်သည့် တရုတ် လူမျိုး အမျိုးသား ၁ ဦးသည် စစ်ကောင်စီ၏ နမ့်ဖက်ကာ ၁၂၃ တပ်စခန်းအနီးရှိ ဗြုံးတောင်ကို သွားရောက်စဥ် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ဘယ်ဘက် ခြေထောက် တစ်ဖက် အရိုးများ ကြေမွကာ ဖြတ်တောက်လိုက်ရကြောင်း သိရသည်။"]
https://yktnews.com/2023/03/92940/
ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄၀ ဦးကျော်သေဆုံးကာ စစ်တပ်က အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား
["ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄၀ ဦးကျော်သေဆုံးကာ စစ်တပ်က အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား", "ရန်ကုန်၊ မတ် ၁၇", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ် ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄၀ ဦးကျော် သေဆုံးကြောင်း Lion Battalion Commando Special Force စစ်​​ကြောင်း ထံမှ သိရသည်။", "မတ်လ၁၅ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ကြာအင်းဆိပ်ကြီးမြို့၊ မကျည်း ကလပ်ကျေးရွာနှင့် ကော့ကမာကျေးရွာ အကြားတွင် ဝင်ရောက် လာသည့် အကြမ်းဖက် စစ်တပ်မှ ဒုဗိုလ်မှူးကြီး ကျော်ဇေယျ ဦးဆောင်သော အင်အား ၂၀၀ ခန့်ပါဝင်သည့် စစ်​ကြောင်းကို Lion Battalion Commando Special Force အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ပွဲ ဖြစ်ပွားချိန်မှာ ညနေ ၄ နာရီ ၁၅ မိနစ်မှ ညနေ ၆ နာရီ ၃၀ မိနစ် အထိ ကြာမြင့်ခဲ့ပြီး သေဆုံးသွားသော စစ်သား ၄၀ ကျော်၏ ရုပ်အလောင်းများကို မြစ်၊ ချောင်းများနှင့် ကျေးရွာများအတွင်း စွန့်ပစ်ခဲ့ကြောင်း၊ စစ်သား ၃၀ ကျော်မှာ လည်း ထိခိုက်ဒဏ်ရာများဖြင့် တပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Lion Battalion Commando Special Force စစ်ကြောင်း၊ KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်းများ၊ ARMS (Army Representing Myanmar Society) Drone တပ်ဖွဲ၊ SDDF (Saw Dragon Drone Force) တပ်ဖွဲ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသောကြောင့် ကော်သူး လေ အုပ်ချုပ်ရေးနယ်မြေအတွင်းမှ ပြည်သူများအနေဖြင့် ခရီးသွား လာခြင်းများကို အထူးဂရုပြု၍ သွားလာကြပါရန်နှင့် ကရင့်တော်လှန်ရေး တပ်များ မှ နယ်မြေ လုံခြုံရေးအတွက် အထူးကြပ်မတ် ဆောင်ရွက် လျက်ရှိ ပါကြောင်း Lion Battalion Commando Special Force စစ်​​ကြောင်းက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/93983/
ကြာအင်းဆိပ်ကြီးတွင် ဒဏ်ရာရ စစ်သားများ သယ်ယူရန်နှင့် ရိက္ခာပို့ စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦးသေဆုံး၊ လက် နက်များ သိမ်းဆည်းရမိ
["ကြာအင်းဆိပ်ကြီးတွင် ဒဏ်ရာရ စစ်သားများ သယ်ယူရန်နှင့် ရိက္ခာပို့ စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦးသေဆုံး၊ လက် နက်များ သိမ်းဆည်းရမိ", "ရန်ကုန်၊ မတ် ၂၄", "ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးတွင် ဒဏ်ရာရ စစ်သားများ သယ်ယူရန်နှင့် ရိက္ခာပို့ရန် လာသည့် စစ်ကြောင်းကို KNLA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ရာ ဒုတပ်ရင်းမှူး အပါအဝင် စစ် သား ၁၀ ဦးသေဆုံးကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ကြာအင်းဆိပ််ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင်စခန်းသို့ ရိက္ခာပို့ရန် နှင့်လူနာ သယ်ရန် စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ်ကို မတ် ၁၆ ရက်နေ့မှ ၁၇ ရက်နေ့ အထိ တစ်ကြိမ်၊ မတ်လ ၂၁ ရက်နေ့တွင်တစ်ကြိမ် KNLA တပ် ဖွဲ့ဝင် များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့် နဂါးနီ စစ်ကြောင်း ပူးပေါင်း အဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲနှစ်ကြိမ်အတွင်း ရန်သူဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၀ ဦး ခန့် ကျဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ M-A1 သုံးလက်၊ MA2 (စက် ကလေး) တစ်လက် စုစုပေါင်းလက်နက်လေးလက်ကို တော်လှန်ရေး ပူး ပေါင်း အဖွဲ့များမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးအလောင်းတွေနဲ့ လက်နက်တွေရရှိခဲ့ပါတယ်” ဟု အထူးစစ် ဆင်ရေး တပ် ဖွဲ့ – S.O.F မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆို သည်။", "တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့်နှစ်ကြိမ်၊ MI-35 ရဟတ်ယာဥ်ဖြင့်သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနီးရှိ ကျေးရွာ များ သို့ထိမှန်ကာ နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ပြီးရွာသားတစ်ချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှလည်း အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ ခမရ ၅၆၁ နှင့် ခမရ ၄၃၂ အင်အား ၈၀ ကျော်စစ် ကြောင်း သည် တောင်ကလေးကျေးရွာ အုပ်စု ကွီလုံတိုင်ရွာသစ်အနီး ကျူး ကျော် တပ်စွဲထားပြီး အနီးရှိကျေးရွာများအား ကျွဲ/နွားများသိမ်းဆည်းခြင်း၊ ရိက္ခာနှင့်ငွေကြေးများဝင်ရောက် သိမ်းဆည်းခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများအကြမ်းဖက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။", "(စစ်သားများ သေဆုံးသည့် ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/107782တွင်သွားရောက် ကြည့်ရှုနိုင်ပါသည်။)"]
https://yktnews.com/2023/08/120168/
ကြာအင်းဆိပ်ကြီးတွင် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်ပြီး သတ် ဖြတ်မည်ဟု ခြိမ်းခြောက်၊ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ
["ကြာအင်းဆိပ်ကြီးတွင် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်ပြီး သတ် ဖြတ်မည်ဟု ခြိမ်းခြောက်၊ကျောက်ကြီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ", "ရန်ကုန်၊ သြဂုတ် ၂၈", "ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝေါ်လူး ရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး ညှင်းပန်း နှိပ်စက်ပြီး ပြန်ပြောလျှင် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် KNU – ကော်သူးလေ အုပ်ချုပ် နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စကခ-၁၃ လက်အောက်ခံ နဗဟ-၂ မှူး သော်ဇင်နိုင် ဦးဆောင်အဖွဲ့က ကြာအင်း ဆိပ်ကြီး(နို့တကောမြို့နယ်) မြို့နယ် ဝေါ်လူးကျေးရွာမှ ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ညှင်းပန်း နှိပ်စက် ခဲ့သည့် ပြည်သူ ၂ ဦးမှာ ဝေါ်လူး ကျေး ရွာမှ အသက် ၃၇ နှစ်အရွယ် အမည် မဖော်လိုသူ ၁ ဦးနှင့် အသက် ၂၃ နှစ်အရွယ် အမည် မဖော်လိုသူတို့ ဖြစ်ကြောင်း၊ အဆိုပါ လူငယ် ၂ ဦးသည် ကျိုက်ဒုံဆေးရုံသို့ အသွား ပိုးရေးကျေးရွာလမ်းနှင့် ကျိုက်ဒုံဆေးရုံ လမ်းဆုံတွင် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ချိန်တွင် ဖြစ်စဥ်နှင့် ပတ်သက်၍ မည်သူကိုမှ မပြောရန်နှင့် ပြန်ပြောခဲ့လျှင် ဖမ်းဆီး သတ်ဖြတ်မည်ဟု ခြိမ်း ခြောက်၍ ည ၈ နာရီခန့်တွင် ပြန်လွတ်ပေးခဲ့ကြောင်း၊ ကျိုက်ဒုံ အခြေစိုက် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ပြည်သူနေ ကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများအား မကြာခဏ လုပ်ဆောင်နေကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။", "အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကညင်ကျိုးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။", "သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်တွင် ပိန်းဇလုပ်မြို့၌ တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်ရင်းက ကျောက်ကြီး မြို့န ယ် ရှိ ကညင်ကျိုးကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ် ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ဆန်ထိမှန်ပြီး ကညင်ကျိုးကျေးရွာနေမှ အသက် ၄၅ နှစ်အရွယ် ဒေါ်ပြုံးပြုံးရီ၊ အသက် ၅၂ နှစ်အရွယ် မစန်းစန်း၊ အသက် ၄ နှစ်အရွယ် မြေမြတ်နိုးဝေ နှင့် အသက် ၆၆ နှစ်အရွယ် မစန်းဌေး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ အနက် မစန်ဌေး၏ ဒဏ်ရာသည် ပြင်းထန်ပြီး ပြည်သူပိုင် နေအိမ် ၅ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106886/
ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၉", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "ဇွန်လ ၇ ရက်နေ့ ည ၁ ၂ နာရီ အချိန် နှင့် ဇွန်လ ၈ ရက်နေ့ ည ၇ နာရီ အချိန်တို့တွင် KNLAနှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်တပ်များ တပ်စွဲထားသော ကြာအင်းဆိပ်ကြီးမြို့နယ်ခန်းမ နှင့် လ၀ကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲရာတွင် ၈၁ မမ ဗုံးသီးများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။", "ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိခန်းမနှင့် မြို့နယ်လဝကရုံး အဆောက်အအုံများ ပျက်စီးသွားပြီး စစ်သား ၂ ဦး သေဆုံးကာ ၅ ဦးခန့် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။", "“ကျနော်တို့ ဟိုရက်က ဆိပ်ကြီးမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ စကစတွေဘက်က သတ္တိရှိရင် ဆိပ်ကြီး ပြန်လာခဲ့လို့ အသံတွေ ထွက်လာတယ်။ သတ္တိရှိလို့ ၈၁ မမဗုံးသီး ၄ လုံး လက်ဆောင် သွားပို့ပေးလိုက်တယ်။ မြိန်သွားပြီ ထင်ပါတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။", "ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးတွင် စစ်တပ်က ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမဗုံးသီးတွေ သုံးပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် လက်ပါးစေ ဝန်ထမ်းများ ဒေသ ပြည်သူများအပေါ် ဥပဒေမဲ့ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုများ ရပ်တန့်ရန် ဆက်လက်တိုက်ခိုက်သွားမည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့၊ တာဝန်ခံ ကိုငြိမ်းက ပြောဆိုသည်။", "မေလ ၂၇ ရက်နေ့မှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၈၄ တပ်ရင်းဌာနချုပ်၊ မြို့နယ်ရဲစခန်း၊ ရဲဝန်ထမ်း လိုင်းခန်း၊ ရဲမြို့နယ်မှူးနေအိမ်၊ မြို့နယ်တရားရုံး၊ တရားသူကြီးနေအိမ် အပါအဝင် စစ်ရေးပစ်မှတ်များကို Cloud Wings ဒရုန်းတပ်ဖွဲ့က KNLA တပ်ဖွဲ့၊ SOF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/110615/
ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ရှိ ရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
["ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ရှိ ရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ်နှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။", "ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ် အချိန်တွင် ကြာအင်းဆိပ်ကြီး (နို့တကော) မြို့နယ် တကူခီး (ခေါ်) တဂေးကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ကြာအင်း ဆိပ်ကြီး အခြေစိုက် စကခ လက်အောက်ခံ ခလရ ၂၈၃ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ရော်ဘာခြံကို ကျရောက် ပေါက်ကွဲကာ အသက် ၄၄ နှစ်ရွယ် တဂေး ကျေးရွာနေပြည်သူ စောပိုပို (ခေါ်) စောစိုးလင်း လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ဇွန်လ ၃၀ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ မဲကနယ် ကျေးရွာ အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၂၇၅ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် မဲကနယ် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ပြီး အသက် ၇၆ နှစ်အရွယ် နော်ကာ့ညာ့မိုး (ခေါ်) နော်မငို နှင့် အသက် ၁၀ နှစ်အရွယ် နော်အယ်ဖောခလိ တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ဒူးပလာယာခရိုင် နယ်မြေများအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ နေ့စဥ်လုပ်ဆောင်လျှက် ရှိပြီး ပြည်သူများမှာ စိုးရိမ်ထိတ်လန့်လျက်ရှိပြီး နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။"]
https://yktnews.com/2023/11/129420/
ကြာအင်းဆိပ်ကြီးဗျူဟာကုန်း၊ ခမရ ၁၄၃ နှင့် မီးလောင်ချောင်းရှိ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက် မှု ဒုစစ်ကြောင်းမှူး စောလား အပါအဝင် PDF ၂ ဦးကျဆုံး
["ကြာအင်းဆိပ်ကြီးဗျူဟာကုန်း၊ ခမရ ၁၄၃ နှင့် မီးလောင်ချောင်းရှိ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက် မှု ဒုစစ်ကြောင်းမှူး စောလား အပါအဝင် PDF ၂ ဦးကျဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်း အပါအဝင် စစ်တပ်နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ Lion Battlion စစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး စောလား အပါအဝင် PDF ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၇ နာရီခန့်မှ စ၍ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်း၊ ခမရ ၁၄၃ နှင့် မီးလောင် ချောင်းရှိ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်တည်း ဝင် ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း Saw Dragon Drone Force – SDDF တပ်ဖွဲ့က မစ်ဆိုင်းဒုံးကျည် ၆ လုံးပစ်ကူပေးခဲ့ရာ အကြမ်းဖက်စစ်သားများအနီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အထိနာခဲ့သဖြင့် အကြမ်းဖက်စစ်တပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး လေးကြိမ် ပစ်ခတ် ခဲ့ကြောင်း သိရ သည်။", "“တိုက်ပွဲဖြစ်တာက ညပိုင်းကတည်းက ဖြစ်တာ၊ Saw Dragon Drone Force – SDDF တပ်ဖွဲ့ကတော့ မနက် ၇ နာရီကစပြီး မစ်ဆိုင်း နဲ့ပစ်ပါတယ်၊ ၆ လုံးပစ်တာ၊ ၄ လုံးပေါက်ကွဲပါတယ်၊ ရန်သူထိခိုက်သေဆုံးမှုကတော့စုံစမ်းနေတုန်းပါ၊ Lion Battalion ဒုစစ်ကြောင်းမှူး ကိုစောလားအပါအဝင် ၂ ဦးကျတယ်လို့ သိရတယ်၊ ကိုစောလားကတော့ စနိုက်ပါထိတာလို့ ကြားတယ်၊ ရန်သူ့ဘက်က Mi 35 နဲ့လာပစ်လို့ ဒဏ်ရာရတဲ့သူ တွေရှိပါတယ်၊ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရတာရှိပါတယ်၊ ပြည်သူ ဘယ် နှစ်ယောက်လောက်ထိလဲတော့ မသိရသေးပါဘူး၊” ဟု Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို Lion Battalion ကွန်မန်ဒိုစစ်ကြောင်း ၊ ဂဠုန်စစ်ကြောင်းနှင့် Saw Dragon Drone Force – SDDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ငြိမ်သက်နေကြောင်း သိရသည်။"]
https://yktnews.com/2023/09/121424/
ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၃၂ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်
["ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၃၂ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်", "ရန်ကုန်၊ စက်တင်ဘာ ၇", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၃၂ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။", "စက်တင်ဘာလ ၄ ရက်နေ့တွင် နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၃၂ တပ်ရင်းမှ တပ်သား စိုင်းဖြိုးအောင်သည် လက်နက်ခဲယမ်းများဖြင့် KNU – တပ်မဟာ ၆ ၊ KNLA – တပ်ရင်း ၁၇ ၊ တပ်ခွဲ ၂ ထံကို လာရောက် အလင်းဝင်ခဲ့ကြောင်း သိရသည်။", "အလင်းဝင်လာသော တပ်သားသည် အကြမ်းဖက် စစ်တပ်၏ မတရားဖိနှိပ် အုပ်ချုပ်မှု စနစ်ကို မနှစ်သက်သောကြောင့် တပ်မှ ကြိုးစားရုန်းထွက် လွတ်မြောက်ကာ ပြည်သူ့ရင်ခွင်ကို ခိုလှုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားများနှင့် အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ MA-1 ၁ လက်၊ ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည်တောင့် ၇၅ တောင့် နှင့် အီကွေးမင့် ၁ စုံ တို့ ယူဆောင်လာသောကြောင့် KNU – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေအဖြင့် မြန်မာငွေ (၅,၀၀၀,၀၀၀) သိန်းငါးဆယ် ကျပ် တိတိ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူဖြစ်စေသော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို တပ်ကို စွန့်ခွါကာ KNU – ကရင်အမျိုးသားအစည်းအရုံး နှင့် နွေးထွေးသော ပြည်သူလူထုများ၏ ရင်ခွင်သို့ လာရောက်ပူးပေါင်းရန် KNU – ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများမှ လှိုက်လှဲစွာ ဖိတ်ခေါ်လျက်ရှိကြောင်း၊ ၎င်းတို့၏ ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကာ ၎င်းနှင့်အတူ ပါလာသော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ပြီး သာမာန် ပြည်သူအဖြစ်လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း KNU – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/136721/
ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်
["ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် KNU နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုသည် လက်နက်ခဲယမ်းများနှင့်အတူ KNU – တပ်မဟာ (၆)၊ ကွန်မန်ဒို တပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်ခဲ့ကြောင်း သိရသည်။", "အလင်းဝင်လာသော ဒုတပ်ကြပ်ရဲကိုကိုသည် တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက် သည်းခံနိုင်မှု မရှိတော့သည့် အပြင် အကြမ်းဖက် စစ်တပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်သောကြောင့် အလင်းဝင်လာကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး သမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဒုတပ်ကြပ်သည် MA-4 ပူးတွဲ ၁ လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် ၄ ဘောက်နှင့် ၅.၅၆ ကျည်တောင့် ၇၅ တောင့် ယူဆောင်လာခဲ့ကြောင်း၊ ထို့ကြောင့် KNU−ကရင်အမျိုးသားအစည်းအရုံး က လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကို ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေအနေဖြင့် မြန်မာငွေ (၁၅,၀၀၀,၀၀၀) သိန်းတစ်ရာ့ငါးဆယ်ကျပ် တိတိအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ် အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး နှင့် နွေးထွေးသော ပြည်သူလူထုများ၏ ရင်ခွင်သို့ လာရောက်ပူးပေါင်းရန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများမှ လှိုက်လှဲစွာ ဖိတ်ခေါ်လျက်ရှိ​ကြောင်း သိရသည်။", "ထို့ပြင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထံကို လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို ၎င်းတို့၏ ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည် ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်သလို သာမာန် ပြည်သူ အနေဖြင့် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/06/105694/
ကြာအင်းဆိပ်ကြီးမြို့ထဲသို့ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာ အပြင်းအထန်ရ
["ကြာအင်းဆိပ်ကြီးမြို့ထဲသို့ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာ အပြင်းအထန်ရ", "ရန်ကုန်၊ ဇွန် ၂", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ထဲသို့ စစ်တပ်က ရဟတ်ယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့နံနက်ပိုင်း ကြာအင်းဆိပ်ကြီးမြို့အနီးတွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားကြောင်း၊ ယင်းနောက် စစ်တပ်က လေကြောင်းပစ်ကူအဖြစ် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကြာအင်းဆိပ်ကြီးမြို့ထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ကာ အမှတ် ၃ ရပ်ကွက်၊ မဏိရတနာ စာသင်တိုက်မှ သံဃာတော် ၁ ပါး၊ ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးကြောင်း ၊ နေအိမ်များ လည်းပျက်စီးကြောင်း၊ သိရှိရသည်။", "“ဒီမနက် ၅ နာရီခွဲလောက် ကြာအင်းဆိပ်ကြီးမြို့နားမှာ တိုက်ပွဲဖြစ်ကြတယ်။ အဲဒီနောက်တော့ စစ်တပ်ကနေ ရဟတ်ယာဉ်တွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ထုတယ်။ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၂ ဦး သေဆုံးပါတယ်။ အပျက်အစီးတွေလည်းများတယ်။ အခုထက်ထိ မြို့ပြင်နားမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ရဟတ်ယာဉ်နဲ့က မကြာ မကြာ လာပစ်နေတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ကြာအင်းဆိပ်ပြီး မြို့နေပြည်သူများမှာ တိုက်ပွဲများ ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်နေကြပြီး မြို့တွင်းတွင် တိတ်ဆိတ်လျက်ရှိကြောင်း၊ စျေးဆိုင်တချို့မှာလည်း ပိတ်သိမ်းသွားပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်လက် ရမ်းသမ်းပစ်ခတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/122828/
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး
["ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့ တံတားထိပ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "” ၁၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ကျိုက်ဒုံမြို့ တံတားထိပ်မှာရှိတဲ့ လူနေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးန​ဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူအိမ် ၂ လုံးကြားကျပြီး ဆယ်ကျော်သက် အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရပြီး နေအိမ် ၂ လုံးပျက်စီးသွားတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/113202/
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား၊ ပခုက္ကူမှပေါက်သို့ ထွက်ခွာလာသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား၊ ပခုက္ကူမှပေါက်သို့ ထွက်ခွာလာသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၅", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Lion Battalion Commando – ဗျူဟာ စစ်ကြောင်းမှ ရဲဘော် အညာသားက ပြောဆိုသည်။", "ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝင်းရေးမြို့ ပုလိန်ကျေးရွာနှင့် ခလယ်ကျေးရွာ အကြား မီးသွေးကုန်း ဝန်းကျင်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ စကခ ၁၃ (ဘုတ်ပြင်း) လက်​အောက်ခံရှိ တပ်မ ၂၂၊ ခမရ ၂၀၉၊ ခမရ ၂၁၀ တပ်ရင်းများနှင့် ဒေကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့် KNU/KNLA အမှတ်(၁၆)တပ်ရင်း တောင်ညိုစစ်ကြောင်း၊ နဂါးနီ စစ်ကြောင်း တို့က ပူး​ပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ခရီးသွား ပြည်သူ ကား ၁ စီးကို ဖမ်းဆီးကာ ပြည်သူ အမျိုးသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင်ငြိမ်းချမ်း မြိုင်ဘုရားကုန်းမှနေ၍ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်များထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ပေါက်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defense Force မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၁၄ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်က ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့် လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကို လုံခြုံရေးယူပေးရန် ကင်းပုန်းဝပ် နေသည့် ရဲ၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“လုံခြုံရေးတွေ အများကြီးချထားတဲ့ကြားထဲကနေ မိုင်းဆွဲခဲ့ရတာ၊ ကပ်ဖို့တောင် မလွယ်ဘူး၊ ကားပေါ် မှာကတော့ ဘာတွေပါလဲတော့မသိဘူး၊ စစ်ခွေးတွေကတော့ အင်အား ၁၀၀ လောက်ရှိတယ်လို့ ပြော တယ်၊ ပျူတွေကနေ ထွက်လာပြီး လုံခြုံရေးယူပေးတာ၊ သေဆုံးဒဏ်ရာရတဲ့ သူတွေကို ပခုက္ကူဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်” ဟု Pakokku People Defense Force မှ တာဝန်ရှိ သူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Pakokku People Defense Force ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/105901/
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၃", "ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်း၊ ခလရ ၂၈၄ နှင့် အကြမ်းဖက်စစ်သားများတပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။", "ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီတွင် တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ ၁၀ ဦးသေကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီး ၁၂၀ မမ၊ ရဟတ်ယာဥ်များဖြင့် မြို့ပေါ်နေရာအနှံ့လိုက်လံရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ရဲစခန်းနှင့် ရုံးများကြေမွ ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီဘက်မှာ ရဟတ်ယာဉ်နင့် လက်နက်ကြီးသုံးကာ တော်လှန်ရေးအင်အားစုများ မရှိသည့် ဘာသာရေးအဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရဟန်းတော်တစ်ပါး လက်နက်ကြီးထိမှန် ကွယ်လွန်ခဲ့ရကြောင်း၊ ဒေသပြည်သူ ၂ ဦးလည်း လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရပြီး ဘာသာရေးအဆောက်အအုံများ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးစစ်ဆင်ရေးအဖွဲ့(Special Operation Force)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် Cloud Wings Drone တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း S.O.F ရဲဘော်နှစ်ဦးခြေထောက်ဒဏ်ရာနှင့် တစ်ဦးရင်ဘတ်မိုင်းစထိမှန်ခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111352/
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသောနေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသောနေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၅", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ရန်ကုန် ခေတ်သစ်သို့ ပြောဆိုသည်။", "ဇွန်လ ၂၉ ရက်နေ့ စတင်ကာ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၈၃ တပ်ရင်း ဌာနချုပ်၊ ခုတ်ခွား စစ်စခန်း၊ အဘစ် စစ်ကောင်စီ ဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် အခြေပြု တပ်စွဲထားသော နေရာကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းကာ ၈၁ မမဗုံးသီးများ၊ ၆၀ မမ ဗုံးသီးများနှင့် လက်နက်ကြီးများ အသုံးပြုပြီး နေ့စဥ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ် အခြေပြု တပ်စွဲထားသော နေရာများ ကြေမွ ပျက်စီးသွားခဲ့ကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ အမြောက်တပ် အမတ-၃၁၈ မှ စစ်ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးသေဆုံးခဲ့​ပြီး ၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့​ကြောင်း သိရှိရသည်။", "“ခလရ ၂၈၃ တပ်ရင်းဌာနချုပ် ဂျန်ပါတွေကောင်းတော့ ဘယ်ဒရုန်းမှ မလာစေရဘူးလို့ ကြွေးကြော်ထားတယ်။တကယ်လည်း သွားတိုက်တဲ့အခါ ဒရုန်းတွေပျက်ကျတယ်။ ဒါပေမယ့် ရအောင် ကျွန်တော်တို့ တိုက်ခိုက်နိုင်ခဲ့တယ်လို့” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်ကလည်း ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း KNLA ၊ S.O.F ၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မှုမရှိကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ ဝန်ထမ်းများ၏ ဒေသ ပြည်သူများအပေါ် ဥပဒေမဲ့ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုများအတွက် အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ဖိနှိပ်ခံ တော်လှန် ပြည်သူများကို လေးစားစွာ တင်ပြလိုကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက​ ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/09/123150/
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း
["ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၁၉", "ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.C ရုံးက စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။", "စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ကာ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ပြည်သူများကို ဆန်အိတ် ၈၀ အိတ်၊ မားမား ဖာ ၃၀ ၊ သောက်ရေသန့် ၊ ငါးနှင့် အမျိုးသမီးများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး အိတ် ၄၀ အပါအဝင် အဝတ်အစားတချို့ကို ဒေသ အဖွဲ့အစည်းဖြစ်သော ဝင်းယော်ဒေသ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ကတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ် ၁ စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ အမြောက်တပ် ၃၁၈ မှ ၁၂၂ မမ အမျိုးအစားလက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်များ ထိမှန်ပျက်စီးကာ ပြည်သူ ၁၅၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/07/111712/
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တံခွန်တိုင် ရဲစခန်းနှင့် စစ်တပ်တောင်ကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တံခွန်တိုင် ရဲစခန်းနှင့် စစ်တပ်တောင်ကုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၇", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တံခွန်တိုင် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော တောင် ကုန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ဇူလိုင်လ ၅ ရက် နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းကို Fixed Wing ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၅ လုံးမှာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ နေရာများကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထပ်မံ၍ ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အအုံများကို ထိမှန်ပေါက်ကွဲ ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သား သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ရဲစခန်းမှာက ခွေးတွေများတယ်ဗျ၊ ထိခိုက်ပျက်စီးသေဆုံးမှုရှိပေမယ့် အတိအကျ မသိရသေးဘူး၊ စုံစမ်း နေတုန်းပဲ၊ ငြိမ်းချမ်းမြိုင် တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စခန်းကုန်းကို ဗုံးကျဲခဲ့တာကလည်း တောင် ပေါ်ဆိုတော့ စုံစမ်းရခက်နေတယ်၊ သေဆုံးထိခိုက်မှုက အတိအကျ မသိရဘူး၊ သေဆုံးထိခိုက်မှုကတော့ ရှိနိင်ပါတယ်၊ ခွေးတွေဘက်ကတော့ လက်နက်ငယ်တွေနဲ့ တစ်ချက်နှစ်ချက်လောက်ပဲ ပြန်ပစ်တာမျိုးရှိ တယ်၊ လက်နက်ကြီးနဲ့တော့ အရင်လို မပစ်တော့၊ သူတို့နေရာသိသွားရင် ပြန်ချခံရမှာစိုးလို့နေမှာ” ဟု Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ငြိမ်းချမ်းမြိုင် ဘုန်းကြီးကျောင်းအနီး တောင်ထိပ်ပေါ်၌ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို Fixed Wing များ၊ Drone များဖြင့် ဗုံးသီး၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Alpha Bats (Fixed Wing) Droneတပ်ဖွဲ့ (နဂါးနီစစ်ကြောင်း )၊ နဂါးနီစစ် ကြောင်း၊ KNDO-တပ်ရင်း ၆ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း Alpha Bats Fixed Wing Drone တပ်ဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2024/09/182561/
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ
["ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ် တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၉", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးထိခိုက်ဒဏ် ရာ ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။", "ယနေ့စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ် ၏ တိုက်လေယာဉ်များဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို စစ်လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ ထို့ပြင် လေယာဉ်ပေါ်မှ ပစ်ခတ်မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း၊ အရပ်သား ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ကျုံခဝန်ကျေးရွာမှာ အသက် ၅၇ နှစ် အရွယ် ဦးမောင်ပိန်က ပြင်းထန်ဒဏ်ရာရပါတယ်။ နောက်ပြီး ကလေးငယ် ၁ ဦးလည်း ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်ကျေးရွာသည် KNU အုပ်ချုပ်မှုအောက်အတွင်း ရောက်ရှိနေသော ကျေးရွာတစ်ခုဖြစ်ပြီး လက်နက်ကိုင်များ တပ်စွဲခြင်းမရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/187710/
ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခက်ချောင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးနှင့် အဖိုးအို ၁ ဦး ပြင်းထန်ဒဏ်ရာရ
["ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခက်ချောင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးနှင့် အဖိုးအို ၁ ဦး ပြင်းထန်ဒဏ်ရာရ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခက်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦးနှင့် အဖိုးအို ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ ၂၈၄ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စစ်ဗျူဟာစခန်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးဖြင့် ကြခက်ချောင်းကျေးအတွင်းကို ပစ်ခတ်ခဲ့သောကြောင့် မူလတန်း အရွယ် ကလေးငယ် ၂ ဦး နှင့် အသက် ၆၀ အရွယ် အဖိုးအို ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။", "“ကြခက်ချောင်းကျေးအတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ.၂၈၄ အခြေစိုက် စစ်ဗျူဟာစခန်း ကနေပြီးတော့ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်လို့ မူလတန်းအရွယ် ကလေးငယ် ၂ ဦး နဲ့ အသက် ၆၀ အရွယ် အဖိုးအို ၁ ဦးပြင်းထန် ဒဏ်ရာတယ်။ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/106908/
ကြာအင်းဆိပ်ကြီးမြို့နယ်၊ နှစ်ကရင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးမြို့နယ်၊ နှစ်ကရင်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၁၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်)ရှိ နှစ်ကရင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်)ရှိ နှစ်ကရင်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၇ က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ နှစ်ကရင်ကျေးရွာနေ အသက် ၂၉ နှစ်အရွယ် မသန်းအေး လက်နက်ကြီး ကျည်စထိမှန်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဇွန်လ ၉ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း အမတ ၃၁၇ က နှစ်ကရင် ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ နှစ်ကရင်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် ဦးခေါင်းကြီး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် ကျူးလွန်လျက်ရှိနေသော စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အပြစ်မဲ့ ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များသည် နေ့စဥ်နှင့်အမျှ ဆုံးရှုံးနေကြရပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် အသက်ရှင်နေထိုင်နေရကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/09/183281/
ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းရွာ စစ်တပ် အထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး၊ စစ်သားများ တပ်ပျက်ပြီး ထွက်ပြေး
["ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းရွာ စစ်တပ် အထိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦး သေဆုံး၊ စစ်သားများ တပ်ပျက်ပြီး ထွက်ပြေး", "ရန်ကုန် ၊ စက်တင်ဘာ ၁၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ၂ ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်သားများ တပ်ပျက်၍ ထွက်ပြေးသွားကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၄ ရက်နေ့တွင် ရိက္ခာ၊ လက်နက်ခဲယမ်း၊ စစ်ကူလမ်းကြောင်းများ ပိတ်ဆို့ဖြတ်တောက် ထားသည့် တောင်ပိုင်းစစ်ဒေသ ၊ KNU တပ်မဟာ ၆ နယ်မြေ၊ လွတ်ရှမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ အင်အား ၇၀ ကျော်ဖြင့် အထိုင်ချထားသော စခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၃၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်က ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် Mi 35 ဖြင့် တစ် ကြိမ်၊ ညနေ ၃ နာရီခန့်တွင် Y12 လေယာဉ် ၂ စီးဖြင့် နှစ်ကြိမ် လာရောက်၍ ဗုံးသီး အလုံး ၁၀၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များမှ လမ်းကြောင်းများ ဖြတ်တောက် ခဲ့ပြီး KNLA ၊ SOF၊ တောင်ညို၊ SOG ပူးပေါင်းအဖွဲ့နှင့် Dawna Dragon ဒရုန်းအဖွဲ့နှင့် Cloud Wings ဒရုန်းပူးပေါင်းအဖွဲ့များ နေ့စဥ်ပိတ်ဆို့ ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "စက်တင်ဘာလ ၁၁ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက ညနေပိုင်းတွင် လက်နက်ကြီးများ တရစပ်ပစ်ခတ်ခြိမ်းခြောက်ခဲ့ပြီး စက် တက်ဘာလ ၁၂ ရက်နေ့ နံနက်အာရုံဦးတက်အချိန်တွင် ဒဏ်ရာရရဲဘော်များခေါ်ဆောင်ကာ စခန်း တွင်းရှိ အကြမ်းဖက် စစ်သားများ အားလုံး တပ်ပျက်၍ စခန်း စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်ကြောင်းသည် ဒေသနေပြည်သူ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးကို လမ်း ပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စက်ကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ အကြမ်းဖက် စစ် သားများ စွန့်လွှတ်သွားသည့် စခန်းကို ဝင်ရောက်ရှင်းလင်းစဉ် စစ်တပ်က ထောင်ထားသည့် မိုင်းများ၊ စစ်သုံး ပစ္စည်း အနည်းငယ်နှင့် ကျည်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/129773/
ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်စခန်းများနှင့် ထောက်ပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
["ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်စခန်းများနှင့် ထောက်ပို့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၅", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း များနှင့် ထောက်ပို့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄၅ ဦး သေ ဆုံးပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ သစ်တောရုံးနှင့် မီး သတ်ရုံးတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကာ MA-1 သေ နတ် ၁ လက်၊ MA-2 စက်လက် ၁ လက်၊ ပူးတွဲဗုံးလောင်ချာ ၁ လက်၊ ကျည်အိမ် ၁၅ ခု၊ ၅.၅၆ ကျည် ၇၉၀ တောင့်၊ ဦးထုပ်နှင့် ကျည်ကာ ၁ စုံ၊ ကွန်ပျူတာနှင့် မှတ်တမ်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။", "အဆိုပါ တိုက်ခိုက်မှုကို KNLA ၊အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F ၏ စစ် ကြောင်း ၂ စစ်ကြောင်းမှုးဦး ဆောင်သော တပ်ဖွဲ့၊ Lion Battalion စစ်ကြောင်း၊ ပုဏ္ဏက တပ်ဖွဲ့ ၊ Cloud Wings ဒရုန်းတပ်ဖွဲ့ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၂ ရက်နံနက် ၇ နာရီခွဲမှ ညနေ ၄ နာရီခန့်အထိ အကြမ်း ဖက် စစ်ကောင်စီ၏ နယ် စပ်အထိုင်စခန်းဖြစ်သော ကွီလုံတိုင်စစ်စခန်းကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ – S.O.F ၏ တပ်ဖွဲ့မှူး ဦးဆောင် သောစစ်ကြောင်း ၊ Federal Wings၊ SOG၊ Cloud Wings ဒရုန်းတပ်ဖွဲများမှ စခန်းအတွင်း ဝင် ရောက်တိုက်ခိုက်ခဲ့ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး တချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။", "အလားတူ အောက်တိုဘာလ ၂၆ ရက် နှင့် ၂၇ ရက်နေ့များတွင် ၊ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ၊ အ ကြမ်းဖက်စစ်တပ်၏ ဖိုးချီးမူးစခန်းသို့ ရိက္ခာနှင့်လက်နက်ခဲယမ်းလာရောက် ပို့ဆောင်လာသော အင်အား ၁၀၀ ခန့်ရှိ ခမရ ၃၅၈ ၊ ခမရ ၅၅၈၊ ခလရ ၅၆၁ ၊ ခလရ ၅၅၇ စစ်ကြောင်းကို KNLA ပူးပေါင်း တပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ရက်ဆက်တိုက် တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ဦးခန့်သေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ပြီး ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ S.O.F၏ စစ်ကြောင်း ၁ စစ်ကြောင်းမှူး ဦး ဆောင် သော တပ်ဖွဲ့နှင့် တော်လှန်ရေး ပူးပေါင်းအဖွဲများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ် ရေး တပ်မတော်၊ အထူး စစ် ဆင်ရေးတပ်ဖွဲ – S.O.F (၉၉၉၉/ အထူးတပ်ဖွဲ) အနေဖြင့် တောင်ပိုင်းစစ်ဒေသအတွင်း၌ ကျေးလက်နှင့် မြိုတွင်းစစ်ဆင်ရေး တာဝန်များကို ဆက်တိုက် အရှိန်မြှင့်ဆောင် ရွက်လျက် ရှိကြောင်း၊ အဆိုပါ တိုက်ပွဲ များ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်း သိမ်းဆည်းရရှိကာ S.O.F နှင့် ပူးပေါင်းအဖွဲ့ များမှ ရဲဘော်တစ်ချို့တိုင်းပြည်အတွက် မြင့်မြတ်စွာအသက် ပေးလှူခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129468/
ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ စစ်တပ်က ရဟတ်ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ် အခြေစိုက်ရာ နေရာ အများအပြားကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့က စတင်ကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အောက်တိုဘာလ ၂၅ ရက်နေ့တွင် ခလရ-၃၂ တပ်ရင်း ဗဟိုကင်း ၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ခလရ-၂၈၃ တပ်ရင်း ဗဟိုကင်း ၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးဗျူဟာ တို့ကို ဒရုန်းဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့ မြို့တွင်း တိုက်ပွဲများအတွင်း ခလရ-၃၂ ၊ ကြာအင်းဆိပ်ကြီးမြို့ရဲစခန်း၊ ဇမိခန်းမ ၊ အားကစားရုံ အပါအဝင် စစ်ကောင်စီတပ်စွဲထားရာ နေရာအနှံ့အပြားကို Cloud Wings ဒရုန်းတပ်ဖွဲ့က ၁၀၇ မမ ၊ ၈၁ မမ ၊ ၆၀ မမ ဗုံးသီးများစွာ အသုံးပြုပြီး ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲရာ နေရာ အများအပြား ပြိုကျပျက်ဆီးခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကာ ၆ ဦးထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ Lion Battalion စစ်ကြောင်းမှူး အပါအဝင် PDF ရဲဘော်တချို့ ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်တချို့လည်း ရှိကြောင်း သိရသည်။", "ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်၊ လက်နက်ကြီး များဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မြို့ပေါ်လူနေရပ်ကွက်အတွင်း ကျရောက်ကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ပြည်သူများ၏ နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNLA ၏ ဦးစီး ဦးဆောင်ပြီး Lion Battalion စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ ဂဠုန်စစ်ကြောင်း၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Federal Wings၊ SDDF အစရှိတဲ့ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/05/161961/
ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ်၏ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်း စစ်စခန်းသိမ်း တိုက်ပွဲများတွင် Cloud Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက်
["ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ်၏ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်း စစ်စခန်းသိမ်း တိုက်ပွဲများတွင် Cloud Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက်", "ရန်ကုန်၊ မေ ၁၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အနန်းကွင်း ဗျူဟာကုန်းနှင့် တောင်စွန်း စစ်စခန်းသိမ်း တိုက်ပွဲများတွင် KNLA ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ KNU တပ်မဟာ-၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့၊ အနန်းကွင်း ကျေးရွာအနီးရှိ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်းကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တောင်စွန်းစခန်းသိမ်း တိုက်ပွဲတို့ကို KNLA ဦးဆောင်မှုဖြင့် Cloud Wings ဒရုန်း တပ်ဖွဲ့က ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဗျူဟာကုန်းနှင့် စစ်စခန်းကို Cloud Wings ဒရုန်း တပ်ဖွဲ့က ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ ဗုံးသီးများဖြင့် ဗုံးသီးအလုံးရေများစွာ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ တောင်စွန်း စစ်စခန်းကို မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့များနှင့် အတူ ပါဝင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေးများအတွင်း လက်နက်ခဲယမ်းများစွာကို သိမ်းဆည်း ရရှိခဲ့သော်လည်း ဒရုန်းတချို့လည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။", "“KNLA ဦးဆောင်မှု ပူးပေါင်းတပ်ဖွဲများနဲ့အတူ နောက်ထပ် အကြမ်းဖက် စစ်တပ် စစ်စခန်းများထံကို ဆက်လက် ပျံသန်းတိုက်ပွဲဝင်ရန် အမြဲကြိုးစားနေပါတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ပြောဆိုသည်။"]
https://yktnews.com/2023/09/123673/
ကြာအင်းဆိပ်ကြီးရှိ ခလယ်တံခွန်တိုင်ကို ဝင်ရောက် လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးရှိ ခလယ်တံခွန်တိုင်ကို ဝင်ရောက် လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကြာအင်း ဆိပ်ကြီး မြိုနယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင် စီ၊ BGF ပူးပေါင်းစစ်ကြောင်းကို KNLA ဦးဆောင်မှုဖြင့် ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ စက်တင်ဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်း ၈၁ မမ ၊ ၆၀ မမ ဗုံးသီး အလုံးရေ ရာကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း – ခလရ ၂ တပ်ရင်းများနှင့် BGF နယ်ခြားစောင့်တပ် အမှတ် ၁၀၂၁ တပ်ရင်း အစရှိသည့် တပ်များပါဝင် တိုက်ခိုက် ခဲ့ကြပြီး အဘစ်ကျေးရွာအခြေစိုက် အမြောက်တပ် အမတ-၃၁၈မှ ၁၂၂မမ ဟောင်ဝစ်ဇာ အမြောက်များ၊ ၁၂၀မမ လက်နက်ကြီးများအပြင် လေကြောင်းပစ်ကူများ အများအပြား အသုံးပြုကာ ပစ်ကူပေး တိုက် ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ကား ၈ စီး ဖြင့် BGF များ၏ အကူအညီယူကာ မော်လမြိုင် ကုတင်၃၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွား ကြောင်း သိရသည်။", "“ဒါက Cloud Wings ရဲ့ ဒရုန်းမစ်ရှင်သီးသန့်သတင်းထုတ်လိုက်တာပါ၊ ကျနော်တို့ Cloud Wings ရဲဘော်တွေတော့ အားလုံးဘေးကင်းပါတယ်၊ ဒရုန်းတစ်စီးတော့ ပျက်စီးဆုံးရှုံးသွားတယ်၊ လေကြောင်း ကတော့ လေးငါးကြိ်မလောက်လာတယ်၊ အဓိကက အမတ ၃၁၈ အဘစ်အမြောက်တပ်ကနေ အဆက် မပြတ် ဟောင်ဝှစ်ဇာတွေ ၁၂၀ မမတွေ၊ ၁၂၂ မမတွေနဲ့ တောက်လျှောက်ပစ်တာပေါ့” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ခလယ်တံခွန်တိုင်ရွာအတွင်း ဝင်ရောက် တပ်စွဲနေပြီး ဒေသနေပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြရကြောင်း၊ ထွက်ပြေး တိမ်း ရှောင် နေသည့် ပြည်သူနေအိမ်များကို အကြမ်းဖက်စစ်သားများမှ ဖောက်ထွင်းဖျက်စီးကာ အဖိုးတန် ပစ္စည်းများနှင့် ငွေကြေးများ ခိုးယူလုယက်နေသည့် အပြင် ရွာသူ၊ ရွာသားများကိုလည်း ဖမ်းဆီးရိုက်နှက် မှုများ လုပ်ဆောင်နေကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်သားများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ၏ ဦးဆောင် မှုဖြင့် နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ-SOF နှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစ်စီး ပျက်ကာ အကြမ်းဖက် စစ် သားများမှ ကောက်ယူသိမ်းဆည်းသွားသဖြင့် ဆုံးရှုံးခဲ့ရကြောင်း၊ ယခု ထုတ်ပြန်ချက်သည် ဒရုန်း စစ်ဆင်ရေး သီးသန့်သာ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း Cloud Wings တပ်ဖွဲ့က ထုတ်ပြန် ထား သည်။"]
https://yktnews.com/2023/08/119589/
ကြာအင်းဆိပ်ကြီးရှိ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နတ်တလင်းတွင် မိန်းမခိုးလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီးရှိ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ နတ်တလင်းတွင် မိန်းမခိုးလာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၂၄", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၃ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Alpha Bats Fixed wing drone အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ ၂၈၃ တပ်ရင်း ကို KNDO တပ်ရင်း ၆ drone အဖွဲ့၊ KNLA တပ်ရင်း ၁၇ နှင့် Alpha Bats Fixed wing drone အဖွဲ့တို့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊တွင် မိန်းမခိုးလာသော ရဲ ၆ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ ၂ ဦးသေဆုံးပြီး ဆိုင်ကယ် ၂ စီးပျက်စီးခဲ့ကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Phoenix – D-F ထံမှ သိရသည်။", "ဩဂုတ်လ ၂၂ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုရဲစခန်းမှ ရဲ များသည် ကျောက်ကုန်းရွာမှ ကင်းလှည့်ပြီး မိန်းမခိုးကာ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာစဉ် ကံစုသင်္ချိုင်း ကုန်းအနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးပွဲချင်းပြီး သေဆုံး ပြီး ရဲနောက်ခိုးရာလိုက်ပြေးလာသည့် အမျိုးသမီးတစ်ဦးနှင့် ရဲတစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဆိုင်ကယ်နှစ်စီးလဲပျက်စီးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၂ (နတ်တလင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့- Phoenix – D-F) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများသည် ပြည်သူများ၏ ဆိုင်ကယ်များကို စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြည်သူများလွတ်လပ်စွာ သွားလာခွင် လုပ်ကိုင်စားသောက်ခွင့်များကို ဖျက်ဆီးနေသဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နောက်နောင်လည်း စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ပြုလုပ် နေပါက နည်မျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/01/79265/
ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှုကြောင့် စစ်သားများ သေဆုံးမှု များပြားသည့် သတင်း စစ်ကောင်စီငြင်းဆို၊ စစ်တိုက်လေယာဉ်များ ပျံဝဲနေပြီး လက်နက်ကြီးများ ထုနေဆဲ
["ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှုကြောင့် စစ်သားများ သေဆုံးမှု များပြားသည့် သတင်း စစ်ကောင်စီငြင်းဆို၊ စစ်တိုက်လေယာဉ်များ ပျံဝဲနေပြီး လက်နက်ကြီးများ ထုနေဆဲ", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှု ကြောင့် စစ်တပ်ဘက်မှ သေဆုံးမှု များပြားနေသော သတင်းများအပေါ် မဟုတ် မှန်ကြောင်း စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် ငြင်းဆိုသည်။", "စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး လာရောက်တိုက်ခိုက်သော PDF ၊ KNLA တပ်များဘက်မှ အကျအဆုံးများသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။", "“အခုထက်ထိ တိုက်ပွဲမပြီးသေးဘူး။ လေယာဉ်တွေလည်း ဝဲနေတယ်။ ပေါင် ၁၀၀၀ ဗုံးတွေချနိုင်တယ်လို့ သုံးသပ်ထားတယ်။ လက်နက်ကြီးတွေလည်း တောက်လျှောက်ထုနေတုန်းပဲ” ဟု ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ယနေ့ နံနက်ပိုင်းတွင် ဝင် ရောက်တိုက်ခိုက်ရာ တပ်ရင်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အရှင်ဖမ်းမိသူများ၊ သေဆုံးသူများများပြားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ၏ ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ်၊ ကြာ အင်း ဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီ၏ တပ်ရင်း များဖြစ်ကြသည့် ခလရ ၃၂ တပ်၊ ခလရ ၂၈၄ တပ်၊ ခလရ ၂၈၃ တပ်များကို KNLA ၊ KTLA ၊ PDF မဟာ မိတ် ပြည်သူ့ကာကွယ် ရေး တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နံနက်ပိုင်း မှစတင်၍ လက်ရှိအချိန်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေ ကြောင်း၊ စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ် ပေါင်းများစွာ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“တပ်ရင်းတွေ ရပြီဆိုပြီး ပြောတာတွေလည်းရှိတယ်။ တကယ့်ရှေ့တန်း အခြေ အနေက သေချာသိဖို့ခက်တယ်။ တပ်ရင်း ၃ ခုမှာ ၂ ခုရပြီလို့တော့ သတင်းတွေ ရထားတယ်။ ၃၂ နဲ့ ၂၈၄ ရတယ်။ ၂၈၃ မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ပြောတယ်။ အရှင်ဖမ်းမိတွေလည်းရှိတယ်။ စစ်တပ်ဘက်က အသေတွေ လည်းများတယ်။ လောလောဆယ်တော့ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ လက်နက် ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ စစ်တပ်က တအားဖိနေတယ်။ ကိုယ့်ဘက် ကလည်း ထိခိုက်ကျဆုံးမှုတချို့ရှိတယ်။ အသေးစိတ်တော့ ဘာမှ ပြောလို့ မရသေးဘူး” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။", "စစ်ကောင်စီဘက်မှ တပ်ရင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ အပါအဝင် သေဆုံး မှုများ များစွာရှိကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်အများအပြား ရရှိထား သည်ဆိုသော သတင်းများရရှိထားသော်လည်း အတည်ပြုရနိုင်ရန် ခက်ခဲနေ ဆဲဖြစ်သည်။", "စစ်တပ်ထောက်ခံသူများနှင့် လော်ဘီများ တယ်လီဂရမ်လူမှုကွန်ရက်များတွင် ကြာအင်းဆိပ်ကြီးတွင် စစ်တပ်တပ်ရင်းများ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား ကြောင်း၊ ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ တပ်ရင်းတစ်ခုလုံး သေဆုံးပြီး ခလရ ၃၂ က အပြင်းအထန်ခုခံနေရကြောင်း၊ ကော့ကရိတ် စကခ ၁၂ ၊ တပ်၊ ကျုံဒိုးအထိုင် ခမရ ၅၄၆ တပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးများကျဲချနေသဖြင့် စစ်ကူလိုနေကြောင်း ရေးသားထားကြသည်။", "ဓာတ်ပုံ- ယနေ့ ကြာအင်းဆိပ်ကြီး စစ်ကောင်စီတပ်ရင်းထဲသို့ ပြည် သူ့ကာ ကွယ်ရေး တပ်များ ဝင်ရောက်သည့်ဓာတ်ပုံဟု ပေးပို့လာ ခြင်းဖြစ်ပြီး ရန်ကုန် ခေတ်သစ်အနေဖြင့် ယင်းဓာတ်ပုံကို သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။"]
https://yktnews.com/2023/06/109001/
ကြာအင်းဆိပ်ကြီးရှိ တံခွန်တိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ မြဝတီရှိ ပွင့်လင်းအေးမြိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ
["ကြာအင်းဆိပ်ကြီးရှိ တံခွန်တိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ မြဝတီရှိ ပွင့်လင်းအေးမြိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇွန် ၂၁", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရေးမြို့နယ်)ရှိ တံခွန်တိုင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။", "ဇွန်လ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၈ အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ဝင်းရေးမြို့နယ် တံခွန်တိုင်ကျေးရွာကို ပစ်ခတ်ခဲ့ပြီး တံခွန်တိုင် ကျေးရွာ အမှတ် ၅ ရပ်ကွက်နေ အသက် ၁၆ နှစ် အရွယ် မိုးဒီ ညာခါးကြော ကျည်စထိမှန် နှင့် အသက် ၁၇ အရွယ် လူပု ညာဘက် လက်ကောက်ဝတ် ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ ထိုဖြစ်စဥ်အတွင်း တံခွန်တိုင်ကျေးရွာနေ ကိုငပိ၏ အိမ်မှ နွား ၁ ကောင်လည်း ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။", "ယင်းနေ့ ညနေ ၇ နာရီ ၃၀ မိနစ် ခန့်တွင်လည်း အမတ ၃၁၈ အမြောက်တပ် မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ရာ တံခွန်တိုင်ကျေးရွာအုပ်စု ပူးလိန်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ဝင်းထွန်းပိုင် ခြေဖဝါး နှစ်ဖက်စလုံး ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် ဝင်းရေးမြို့နယ်အတွင်း နေ့စဥ်နှင့် အမျှ ပြည်သူနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။", "အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ပွင့်လင်းအေးမြိုင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၀ ရက်နေ့က စတင်ကာ ပွင့်လင်းအေးမြိုင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင်း ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "” မနေ့ကတည်းက ပစ်နေတာ စစ်ခွေးတွေက ဒီနေ့ထိ ပစ်နေတုန်းပဲလို့ သိရတယ်။ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး မြဝတီမြို့ပေါ်ကို စစ်ရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/09/120891/
ကြာအင်းဆိပ်ကြီးရှိ ဗျူဟာဝန်း အတွင်းဆင်းသက်လာသော ရဟတ်ယာဥ် ၂ စီး အပါအဝင် စစ်တပ် တပ်စွဲ သည့် နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ကြာအင်းဆိပ်ကြီးရှိ ဗျူဟာဝန်း အတွင်းဆင်းသက်လာသော ရဟတ်ယာဥ် ၂ စီး အပါအဝင် စစ်တပ် တပ်စွဲ သည့် နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်တပ်ဗျူဟာဝန်း အတွင်းကို ဆင်းသက်လာသည့် စစ်တပ် ရဟတ်ယာဥ် ၂ စီး အပါအဝင် ရဲစခန်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Cloud Wings တပ်ဖွဲ့မှ တာဝန်ခံကိုငြိမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က ကြာအင်းဆိပ်ကြီးမြို့အခြေစိုက်၊ အကြမ်းဖက်စစ်တပ်၏ ဗျူဟာဝန်းအတွင်းသို့ ဆMI-17 နှင့် MI-35 စစ်ရဟတ်ယာဉ် ၂ စီး ဆင်းသက်လာသဖြင့် KNLA၊ Cloud Wings ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၁၀၇ မမ၊ ၈၁ မမများအပြင် အဆိုပါဗုံးသီးများကို ဒရုန်း၌ တပ် ဆင်အသုံးပြုပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၂ စီးမှာ အချိန်ကြာကြရပ်နားနိုင်ခြင်းမရှိဘဲ လှည့်ပြန်ပြေးသွားကြောင်း သိရသည်။", "“ရဟတ်ယာဉ်က အပစ်ခံရပြီးကတည်းက မြေပြင်ကို တစ်မိနစ်လောက်ပဲ ဆင်းလိုက်နိုင်တယ်၊ အပစ်ခံရ ပြီး ချက်ချင်းပြန်တက်ပြေးသွားတာ၊ မော်လမြိုင် ရတခ ထဲကို အဲဒီကစပြီး ပြန်မလာတော့၊ ရဟတ်ယာဉ် ကို ပစ်တဲ့အချိန်မှာ အပေါ်ကနေ Mi 35 နဲ့ ပြန်ပစ်တာတွေရှိတယ်၊ ကျန်တဲ့ဗျူဟာကရော၊ ၃၂ ၊ ၂၈၃ ၊ ၂၈၄ တပ်ဝန်းတွေထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရှိနိုင်မယ်ထင်တဲ့နေရာတွေကို ရမ်းသမ်းပစ် တာတွေလုပ်တယ်၊ ကျနော်တို့ကြားသိရသလောက်တော့ အရပ်ပြည်သူတွေလည်း ထိခိုက်မှုမရှိဘူး၊ ကျနော်တို့ ရဲဘော်တွေ အားလုံးလည်းဘေးကင်းပါတယ်” ဟု Cloud Wings တပ်ဖွဲ့မှ တာဝန်ခံကိုငြိမ်း က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အလားတူ စက်တင်ဘာလ ၁ ရက် ည ၈ နာရီခန့်တွင် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ကြာအင်း ဆိပ်ကြီးမြို့ ရဲစခန်းကို ၁၀၇ မမ ဗုံးသီးအား ဒရုန်း၌ တပ်ဆင်အသုံးပြုပြီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စည်ပင်အဖွဲ့ပိုင် ဇမိခန်းမကို ဩဂုတ် လ ၂၃ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၂ ရက် နံနက်အစောပိုင်း ၃ နာရီခန့် တွင် တစ်ကြိမ် ၁၀၇ မမ ဗုံးသီးကို ဒရုန်း၌ တပ်ဆင်အသုံပြုပြီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ အခြေချတပ်စွဲရာ နေရာများ ထိမှန် ပျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ၄င်း တိုက် ခိုက်မှုများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ဦးစီးဦးဆောင်မှုဖြင့် Cloud Wings ဒရုန်းတပ်ဖွဲ့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/01/79615/
ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ်
["ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲ အတွင်း သေဆုံး၊ အလောင်းကို ရဟတ်ယာဉ်ဖြင့် သယ်", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီး အလောင်းကို စစ်ကောင်စီက ရဟတ် ယာဉ် ဖြင့် သယ်ယူသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး သေဆုံး(သို့မဟုတ်) ပျောက်ဆုံးနေကြောင်း၊ တချို့အရာရှိများ၏ အလောင်းများကို လိုက်လံ ရှာဖွေ ကောက်ယူနေကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။", "“ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းက အရင် ရှမ်းပြည်ဘက်ကနေ ရာထူးတိုးပြောင်းလာတာ။ DSA 46 ကျောင်းဆင်း။ ၂၈၄ ယာယီ တပ်ရင်းမှူး လုပ်နေရင်း ကျဆုံးပါတယ်” ဟု စစ်တပ် သတင်းရင်းမြစ်က ပြောသည်။", "ဇန်နဝါရီလ ၄ ရက်နေ့ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ ၊ ခလရ ၃၂ နှင့် ခလရ ၂၈၃ တွင် သေဆုံးသွားကြေသော အရာရှိနှင့်စစ်သား အလောင်းများကို ကားများဖြင့် အခေါက်ခေါက် သယ်ထုတ်ရကြောင်း ကြာအင်းဆိပ်ကြီး ဒေသပြည်သူများထံမှ သိရှိ ရသည်။", "တော်လှန်ရေးအင်အားစု သတင်းရင်းမြစ်များက ကြာအင်းဆိပ်ကြီးရှိ တပ်ရင်း ၃ ခုကို ဝင်ရောက် ပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ရာဂဏန်းချီ သေဆုံးသည်ဟု ပြောဆိုသော်လည်း စစ်တပ်ဘက်ကမူ PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်ကသာ အကျအဆုံးများသည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။"]
https://yktnews.com/2025/02/202930/
ကြာအင်းဆိပ်ကြီး၊ အနန်းကွင်းရွာကို စစ်တပ်က ၈ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ၊ ညောင်ရွှေ ရေပူကျေးရွာကို စစ်တပ်နှင့် PNA က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု နေအိမ်များ မီးလောင်ပျက်စီး
["ကြာအင်းဆိပ်ကြီး၊ အနန်းကွင်းရွာကို စစ်တပ်က ၈ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ၊ ညောင်ရွှေ ရေပူကျေးရွာကို စစ်တပ်နှင့် PNA က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနေအိမ်များ မီးလောင်ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနန်းကွင်းရွာကို အကြမ်းဖက် စစ်တပ်က ၈ ရက်ဆက် မီးရှို့ခြင်းကြောင့် နေ အိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 က‌ သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၅ ရက်နေ့အထိ အနန်းကွင်းဗျူဟာစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနန်းကွင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို နေ့စဉ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများသည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူပိုင် နေအိမ်များကို ပစ်မှတ်ထား မီးရှို့ဖျက်စီးမှုကို Red Dragon Column နဂါးနီ စစ်ကြောင်း-P 29903 မှ တော်လှန်ရေး ရဲဘော်များက မှတ်တမ်း ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ ရေပူရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က ညောင်ရွှေမြို့ စံကားအင်း အနောက်ကမ်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပြည်သူပိုင် နေအိမ်များ မီးလောင်ပြာကျခဲ့ကြောင်း၊ ဒေသနေပြည်သူများသည်လည်း ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/105891/
ကြာအင်းဆိပ်ကြီး၊ အလယ်တံခွန်တိုင် ရဲစခန်းနှင့် မီးသတ်ရုံးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ကြာအင်းဆိပ်ကြီး၊ အလယ်တံခွန်တိုင် ရဲစခန်းနှင့် မီးသတ်ရုံးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၃", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်သားများ တပ်စွဲထားသော မီးသတ်ရုံးတို့ကို Fixed Wings Drone ဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Alpha Bats တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "မေလ၂၈ ရက် နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်တံခွန်တိုင်ရဲစခန်းကို ရှားထူးဝေါ် နည်းပညာ လက်အောက်ခံ Alpha Bats (Fixed Wing) Drone တပ်ဖွဲ့ (နဂါးနီစစ်ကြောင်း)မှ Fixed Wing Drone ၂ စီး ဖြင့် ဗုံးသီး ၄ လုံးကို ၄၅ မိနစ်အတွင်း ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း လက်နက်ကြီ’နေရာများ၊ အဆောက်အဦးများ ထိခိုက် ဖျက်ဆီးနိုင်ခဲ့ပြီး မှောင်စပျိုးအချိန် ၄ လုံးမြောက်ဗုံးသီး ကျဲချတိုက်ခိုက်မှုတွင် Fixed Wing Drone တစ် စီး ထိခိုက် ပျက်ဆီူဆုံးရှုံးခဲ့ကြောင်း သိရသည်။", "“ရှားထူးဝေါ်နည်းပညာ လက်အောက်ခံ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Fixed Wings Drone တွေ က သူတို့ Jumper ကျော်ပါတယ်၊ အခုပျက်ကျရတဲ့အကြောင်းအရင်းက Battery error ကြောင့်ပါ၊ သူတို့ ဘက်က ဒရုန်းတွေကို လိုက်ပစ်တာတော့ရှိပါတယ်” ဟု Alpha Bats တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အလားတူ မေလ ၃၁ ရက်နေ့တွင် အလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်သားများ ခိုးအောင်းရာ မီးသတ်ရုံးကို Fixed Wing ၂ စီး၊ ဗုံးသီး ၇ လုံးကို အချိန် ၁ နာရီအတွင်း ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်ဆုံးဗုံးသီးကျချချိန်တွင် Fixed Wing Drone တစ်စီး ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/80952/
ကြာအင်းဆိပ်ကြီး၊အလယ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိ၊ စစ်တပ်က ပြည်သူ ၆ ဦးကို ပစ်သတ်သွား
["ကြာအင်းဆိပ်ကြီး၊အလယ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိ၊ စစ်တပ်က ပြည်သူ ၆ ဦးကို ပစ်သတ်သွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ရွာတွင် KNLA ၊ PDF ပူး ပေါင်း တပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ရွာတွင် တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်တပ်က အလယ်ကျေးရွာအတွင်းသို့ ဝင်ရောက် နေအိမ်များကို မီးရှို့သွားကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများက ပြောသည်။", "“မနေ့မနက် ၈ နာရီခွဲမှာ ကြာအင်းဆိပ်ကြီးအလယ်ရွာမှာတိုက်ပွဲခဲ့တယ်။ အလယ်ရွာ ဒေသခံ ပြည်သူတချို့ အသတ်ခံရပြီး ရွာလည်း မီးရှို့ခံလိုက်ရတယ်လို့ ပြန်သိရတယ်။ အခု အလယ်ရွာထဲမှာ ခွေးတွေ ဝင်နေလို့ သွားကြည့်လို့တော့မရသေးဘူး။ နောက်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီအချိန် ကြာအင်းဆိပ်ကြီးဗျူဟာက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ပြည်သူနေအိမ်တွေ လက်နက်ကြီးထိပြီး ပျက်စီးပါတယ်” ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။", "ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး ပေါ်တာအဖြစ် အဓမ္မခိုင်းခြင်း ၊ လူ သား ဒိုင်းကာများအဖြစ် အသုံးပြုခြင်းများရှိနေသဖြင့် ပြည်သူများနှင့် ကျေးရွာနေအိမ်များ မထိခိုက်စေရန် စိုးမိုးနယ်မြေအချို့မှ ထွက်ခွာပေးခဲ့ရကြောင်း၊ ကျေးရွာများနှင့် လွတ်ကင်းသော တိုက်ပွဲတစ်နေရာတွင် စစ်တပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးကြောင်း၊ သို့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု သတင်းအပေါ် တော်လှန်ရေးအင်အားစုများ၏ စစ်ရေးတာဝန်ရှိသူများမှ ထုတ်ပြန်မှသာ အတည်ပြုဖြစ်ကြောင်း ပြောဆိုထုတ်ပြန်ထားသည်။", "စစ်တပ်က အရပ်သား ပြည်သူ ၆ ဦးကို ပစ်သတ်သွားပြီး နေအိမ်များ၊ ဆိုင်ခန်းများ မွှေနှောက် ခိုးယူ ၊လုယက် ၊ဖျက်စီးသွားခဲ့ကြောင်း၊ ပြည်သူများထိခိုက်မည်ကို မလိုလား၍ ဆုတ်ခွာပေးလိုက်သော KNLA ဂိတ်စခန်း တစ်ခုကို စစ်တပ်က မီးတင်ရှို့သွားကြောင်း ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။", "လက်ရှိတိုက်ပွဲများကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ စစ်ဘေးရှောင်နေရပြီး ဆက်လက်၍ စစ်ဘေးရှောင်ကျေးရွာများ ထပ်တိုးလာလျက်ရှိကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ဇန်နဝါရီလ ၂ ရက်နေ့ ကရင်ပြည်နယ်တွင် KNLA နှင့်PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်တပ်နှင့် BGF ကားများ တိမ်းမှောက်နေသည့်မြင်ကွင်းနှင့် ကြာအင်းဆိပ်ကြီး၊ အမှတ် ၁ ရပ်ကွက်တွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်များ ထိခိုက်ပျက်စီးမှုမြင်ကွင်း။"]
https://yktnews.com/2024/08/178550/
ကြို့ပင်ကောက် နှင့်တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦးအပြင်း အထန် ဒဏ်ရာရ
["ကြို့ပင်ကောက် နှင့်တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦးအပြင်း အထန် ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၁၂", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ကြေရာကြေကြောင်းဘုရားအနီးသို့ စစ် ကြောင်း ထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း Black Dragon GBK – PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ကြို့ပင်ကောက်မြို့နယ်၊ အေးရွာ လေးအနီး ရန်အောင်မြင်ဘုရား တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ကြေရာကြောင်းဘု ရားဘက်သို့ စစ်ကြောင်းထိုးလာကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမ၊ လက် နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့် ကြာ မြင့်ခဲ့ကြောင်း သိရသည်။", "“ရန်အောင်မြင်ကျစွာဘုရားကနေ တက်လာတာ။ ကျစွာဘုရားမှာက စစ်သားအင်အား ၅၀ ကျော် မယ်၊ ထပ်ရောက်တာက ၁၅ ယောက်ရှိတယ်။ ပျူစောထီးတွေ အပါဆိုရင် အင်အားက ၁၀၀ ဝန်းကျင် ရှိမယ်။ တိုက်ပွဲဖြစ်ပြီးတော့ အဲဒီရန်အောင်မြင်ကျစွာဘုရားကို ပြန်ဆုတ်သွားတာပါ။ ဒဏ်ရာရတဲ့ ၂ ယောက်ကိုတော့ ကြို့ပင်ကောက်မြို့နယ်ဆေးရုံကိုသယ်သွားတယ်လို့ ကြားမိတယ်” ဟု Black Dragon GBK – PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။", "ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရန်အောင်မြင်ဘုရား ဘက်သို့ ပြန်လည် ဆုတ်ခွာသွားပြီး ဒဏ်ရာရ စစ်သား ၂ ဦးကို ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်း စစ်ဒေသ၊အမှတ် ၂ စစ်ဒေသခွဲ ၊ သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၂ ၊ တပ်ခွဲ ၆ Black Dragon (GBK PDF) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာအနီးတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။", "ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအနီး၊ တမုတ်ချုံးချောင်းဖျား သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပူးပေါင်း စစ်ကြောင်း ၂ တပ်ဖွဲ့ဝင်များက နံနက် ၅ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီခန့်တွင် တစ် ကြိမ်နှင့် နံနက် ၁၁ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ၃ ကြိမ်တိုင်တိုင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်သည့် နေရာအား နယ်မြေရှင်းလင်းစဉ် သွေးအိုင်များ အများအပြားကျန်ရှိခဲ့ပြီး ကျည်ဆံအချို့နှင့် ကျည် ဘောက် ၂ ခုသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ အဖွဲ့ဝင် များဖြစ်သည့် တနင်္သာရီပကဖဇုန် ၄ တောင်ပံနီ၊ မြိတ်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၂ ကာကွယ်ရေးပြောက် ကျား၊ ရိုးမ၊ တောဗုံးကြီး၊ ကျွန်းစုပကဖ၊ တိုင်းပကဖလုံခြုံရေးနှင့် ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98820/
ကြို့ပင်ကောက် မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက် မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၂", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၁ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည် အထက်ပိုင်းရှိ တောင်နှစ်လုံးပေါက်ရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေး ပျူစောထီး တင်ကြိုင်ကို သာယာဝတီခရိုင် PDFတပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ လက်အောက်ခံ Black Dragon (GBK-PDF) တပ်ဖွဲ့မှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော တင်ကြိုင်သည် ရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သွားလာ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပေး တိုင်ကြားနေသည့် သတင်းပေးတစ်ဦးဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပဲခူး ရိုးမအတွင်းမှ သစ်များ ခိုးထုတ်နေသူဖြစ်ကြောင်း၊ ဇီးကုန်းမြို့နယ်ရှိ ပျူစောထီး ခေါင်းဆောင် ဘော်ဘင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဖိုးလင်းမှာ တင်ကြိုင်၏ ဆရာဖြစ်ကြောင်း၊ တင်ကြိုင်သည် လက်နက် ကိုင်ဆောင်ခွင့် ရရှိထားကာ စစ်တပ်အားကိုးဖြင့် ရိုးမအတွင်းမှ ပြည်သူများကို ဒုက္ခပေးနေသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/04/212507/
ကြို့ပင်ကောက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး
["ကြို့ပင်ကောက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၅", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း GBK BTZM GBK PDF – ပဲခူးရိုးမအခြေပြုတပ်ခွဲ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့ဘက်သို့ ဦးတည် ထွက်လာစဉ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။", "Photo – လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သား (ပုံဟောင်းဖြစ်သည်)"]
https://yktnews.com/2023/03/92323/
ကြို့ပင်ကောက်တွင် ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ ပေါင်တွင် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်တွင် ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ ပေါင်တွင် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၁၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ၌ ကင်းစောင့်နေသည့် ပျူစောထီးများကို ဝင်ရောက် ပစ်ခတ်ရာ ၃ ဦးသေဆုံးကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းကျေးရွာ၌ ကင်းစောင့်နေသော ပျူစောထီးများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ရုံးချောင်းရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အေးထွန်းနှင့် ပျူစောထီး အဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "” ည ၉ နာရီလောက် အုပ်ကြီးအိမ်မှာ ကင်းစောင့်ဖို့ လူစုနေတဲ့ အချိန် ဝင်ပစ်တာ အရင်ကလည်း အဲအုပ်ကြီးက အပစ်ခံထားရသေးတယ် မသေဘူးတာ အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ပေါင်းပြီး ဒေသခံတွေကို ဆက်ကြေးကောက်တယ်။ ညဘက်ဆို သေနတ်နဲ့ တောင်ပစ်မြောက်ပစ်လုပ်တယ်စစ်ကောင်စီကိုဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေလုပ်ပါတယ်လောင်းကစားဝိုင်းတွေလည်း သူတို့ကလုံခြုံရေးယူပေးပြီးလုပ်နေတာ” ဟု သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် နတ်စစ်သည် တပ်ရင်းအမှတ်(၃၈၀၁)တပ်ခွဲ၂ Black Dragon(GBK pdf)၊ တပ်ရင်းအမှတ် (၃၈၀၁) တပ်ခွဲ ၅ဟီးရိုးပျောက်ကြားနှင့် Yoma (GBK pdf) တပ်ပေါင်းစု မဟာမိတ်အဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်စိုးမိုး (ခ) စတီးရိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၁၄ ရက်နေ့တွင် မွန်းလွဲပိုင်းတွင် ပေါင်မြို့၊ မော်လမြိုင် – ရန်ကုန် အဝေးပြေးလမ်းမကြီးအတိုင်း ဖလပ်ကျေးရွာသို့ ပြန်လာသည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်စိုးမိုး (ခ) စတီးရိုး တို့ကို အမည်မသိ သေနတ် သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "Photo – ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းရွာ အုပ်ချုပ်ရေးမှူး အေးထွန်း။"]
https://yktnews.com/2024/10/189832/
ကြို့ပင်ကောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို ဖောကား ၂ စီးဖြင့် မြို့ပေါ်ကို သယ်ဆောင်သွား၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက် ကျူးလွန်နေ
["ကြို့ပင်ကောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို ဖောကား ၂ စီးဖြင့် မြို့ပေါ်ကို သယ်ဆောင်သွား၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက် ကျူးလွန်နေ", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး စစ်သား အလောင်းများကို ဖောကား ၂ စီးဖြင့် မြို့ပေါ်ကို ပြန်လည် သယ်ဆောင်သွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အေးရွာလေးကျေးရွာထိပ်အရောက်တွင် အသင့်စောင်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်း မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်ကောင်စီ တပ်သားများကို စစ်ကူလာသည့် စစ်သားများက ဖောကား ၂ စီးဖြင့် ကြို့ပင်ကောက်မြို့ပေါ်ကို ပြန်လည် သယ်ဆောင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသော စစ်ကောင်စီ တပ်သားများ မြို့ပေါ်တွင် ဆေးကုသမှု ခံယူနေစဉ် ၁၀ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့သို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် တိုက်ခိုက်မှု ဖြစ်ပွားရာ အနီးရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း သိရှိရသည်။", "“ဥယျာဥ်ကြီးရွာမှာ စစ်ခွေး ၂၀ လောက်ကျန်သေးတယ်။ အကုန်လုံး ပြန်မဆုတ်သေးဘူး။ စစ်ခွေး ၃၀ လောက်က အေးရွာလေးကိုလာတာကို စောင့်ပြီးမိုင်းဆွဲတာ ပဒေသာမိုင်း ၄ လုံးထိတယ်။ တစ်ဖွဲ့လုံးမှာ စစ်ခွေး ၂ ကောင်လောက်ပဲ အကောင်းတိုင်း ကျန်တယ်။ သေတာကမျက်မြင် ၁၀ ကောင်ပါ။ ကျန်တာတွေက ခြေပြတ်လက်ပြတ်တွေ ဖောကား ၂ စီးနဲ့ လာသယ်သွားကျတယ်။ ကျန်တော်တို့ သတင်းထပ်ကြားတာက စစ်ခွေး ၁၀ ကောင် ဆေးရုံမှာ ထပ်သေတယ်ပြောတယ်။ စစ်တပ်ဘက်က အထိနာတာကြောင့် ပြည်သူတွေကိုမဲပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်လုပ်နေတယ်။ ပြည်သူ ဘယ်နှဦး ထပ်မံ ဖမ်းဆီး သတ်ဖြတ်ခံရလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ခွေးစစ်ကြောင်းက အခုထိ ရှိနေသေးတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ၆ Black Dragon QBK-PDF ရဲ ဘော်များက လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်သားများက ရှုံးမဲမဲ၍ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သာားများ အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်နှင့် အကြမ်းဖက်စစ်သားများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ဆက်လက်ပြောဆိုသည်။", "ဓာတ်ပုံ – အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သော Black Dragon GBK – PDF မှ တော်လှန်ရေး ရဲဘော်များ"]
https://yktnews.com/2024/10/189686/
ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်
["ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာဘက်မှ တက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဥယျာဉ်ကြီး ကျေးရွာထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ၆ Black Dragon GBK-PDF တပ်ဖွဲ့က စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ခြေဦးတည့်ရာ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဗုံးသီများဖြင့် ဆက်လက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ထပ်မံ သေဆုံးခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရုံးချောင်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦး ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီ တပ်သားများက ဥယျာဉ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး စိတ်ဝေဒနာ ခံစားနေရသူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ကံဦးရွာမှ ပြည်သူ ၁ ဦး စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေက ပြည်သူ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားတယ်။ ပြည်သူ ၁ ဦးက စစ်ခွေးတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီးသေတာ ဥယျာဉ်ကြီးရွာက စိတ်ဝေဒနာသည် အမျိုးသား ၁ ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၂ ဦး အသတ်ခံရတယ်။ ရုံးချောင်းက လူငယ် တစ်ယောက်လည်း အသတ်ခံရတယ်။ ကံဦးက ၁ ယောက်ကတော့ စစ်ခွေးတွေ ထောင်သွားတဲ့ နင်းမိုင်း မိပြီးသေတာ ၂၅ ရက်နေ့က ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်နေချိန် ဥယျာဉ်ကြီးရွာထိပ်မှာ စစ်ခွေးတွေက ရုံးချောင်းရွာက ကောင်လေးကို ပစ်သတ်ကြတာ ကျန် ၄ ယောက်က ၂၆ ရက်နေ့က သတ်သွားတာ ရွာသူရွာသားတွေကိုလည်း ကျွန်တော်တို့ ကယ်ထုတ်ရတယ်။ ဥယျာဥ်ကြီးရွာက ဘုန်းကြီးတွေ ထွက်ပြေးတာကိုလည်း စစ်ခွေးတွေက လိုက်ပစ်သေးတယ်။ ခုနေ့လည်း ပြည်သူတွေ အသတ်ခံရတယ်ကြားတယ် အသေးစိတ် ဆက်လက် စုံစမ်းနေဆဲပဲ သူတို့အထိနာလို့ ပြည်သူကိုမဲနေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်မှုများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အထူး အသိပေးအပ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက သတိပေး ပြောဆိုသည်။"]
https://yktnews.com/2025/03/206903/
ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦး သေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား
["ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦး သေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား", "ရန်ကုန်၊ မတ် ၉", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ လယ်ကွင်းထဲမှ တပ်ဖြန့်၍ တက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို ဥယျာဥ်ကြီး-ရုံးချောင်း ဆက်သွယ်ရေး လမ်းပိုင်းတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF ရဲဘော်များက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်သား ၃ ဦး နေရာတွင် သေဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား မသာအလောင်းများနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ ရုံးချောင်းရွာဘက် စစ်ကြောင်း ပြန်လည် ဆုတ်ခွာစဉ် ပြည်သူများကို လူသားဒိုင်းပြုလုပ်ရန်နှင့် စစ်သား အလောင်းထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "“ပြည်သူတွေဖမ်းသွားတာ အရေအတွက်မသိရ မသာတွေသယ်ဖို့ ဖမ်းခေါ်သွားတာ စစ်ခွေးတွေက အလယ်ကုန်း စခန်းက တဆင့် ရုံးချောင်းရွာ လယ်ကွင်းတွေကနေ တပ်ဖြန့်တက်လာတာ ရုံးချောင်းနဲ့ ဥယျာဥ်ကြီး ဆက်သွယ်ရေး လမ်းပေါ်ကို သူတို့လည်းအရောက်မှာ မိုင်းဆွဲတော့ ၃ ကောင်က နေရာတင်သေတယ်။ ၇ ကောင်ကလည်း ဒဏ်ရာတွေရကုန်လို့ အော်ဟစ်နေတာ နောက်တော့ စစ်ခွေး အလောင်းတွေနဲ့ ဒဏ်ရာရ စစ်ခွေးတွေကို သယ်ပြီး ရုံးချောင်းဘက်ကို ပြန်ဆုတ်သွားတယ်။ ရွာသားတချို့ကိုလည်း စစ်ခွေးတွေ လူသားဒိုင်းအနေနဲ့ ဖမ်းသွားတယ် သိရပေမယ့် ဘယ်နှစ်ဦးပါသွားလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန်နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF တပ်ဖွဲ့က အကြမ်းဖက် စစ်တပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2024/12/194692/
ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်တွင် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့သော ရာအိမ်မှူး စိုးနိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ၊ ဥယျဉ်ကြီးအုပ်စု ၊ အေးရွာလေးရွာ ရာအိမ်မှူးစိုးနိုင်ကို ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ မှ တော်လှန်ရေး ရဲဘော်များကက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ရာအိမ်မှူး စိုးနိုင်သည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရန် မြေပြင် ထောက်လှမ်းရေး လုပ်ဆောင်ပေးခြင်း၊ PDF ရဲဘော်များ၏ လှုပ်ရှားမှုများကို ကွင်းချောင်းရွာ အုပ်ချုပ်ရေးမှူး ပျူစောထီး ခေါင်းဆောင်နှင့် စစ်ကောင်စီ အထိုင်ချ စခန်းကို အမြဲ သတင်းပေးပို့နေသူ ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဒီကောင်ရဲ့ လှုပ်ရှားပုံက ရာအိမ်မှူးက နှုတ်ထွက်ပြီဆိုပြီး မထွက်ဘဲ တော်လှန်ရေး အဖွဲ့တွေကိုလည်း ချည်ကပ် ပေါင်းသင်ခဲ့ပါတယ်။ နိုဝင်ဘာလ ထဲမှာ တိုက်ပွဲတွေ အပြင်းအထန်းဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေ ဆုတ်ပေးလိုက်ရတဲ့အချိန်ကစပြီး သူ့ရဲ့လျှို့ဝှက် သတင်းပေးတာတွေ ပေါ်လာတယ်။ အေးရွာလေးရွာ၊ ဥယာဥ်ကြီးရွာ၊ ရုံးချောင်းရွာတွေ ဖျက်ဆီးခံရတဲ့ အထဲမှာ သူသတင်းပေးတာတွေပါတယ်။ ရာအိမ်မှူးစိုးနိုင်က သူ့မိသားစုတောင် အားမနားဘူး။ စိုးနိုင်ရဲ့ မိသားစု တချို့တဝက်က နိုင်ကျဉ်းတွေ CDM လုပ်ထားတဲ့သူတွေ ဒါတွေကိုအားမနာဘဲ ရာအိမ်မှူး သတင်းပေး လုပ်နေတဲ့အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ” ဟု ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/11/190788/
ကြို့ပင်ကောက်တွင် စစ်တပ်က သင်္ခရိုင် မိဘမဲ့ ပရဟိတကျောင်းမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးသွားပြီး အေးရွာလေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["ကြို့ပင်ကောက်တွင် စစ်တပ်က သင်္ခရိုင် မိဘမဲ့ ပရဟိတကျောင်းမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးသွားပြီး အေးရွာလေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီး၊ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က သင်္ခရိုင် မိဘမဲ့ ပရဟိတကျောင်းမှ ကလေးငယ်များ အပါအဝင် ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးသွားပြီး အေးရွာလေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "အောက်တိုဘာလ ၂၄ ရက်နေ့မှစ၍ ကြို့ပင်ကောက်မြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အင်အား ၁၂၀ ခန့်ဖြင့် ကျေးရွာများကို ဝင်ရောင်စီးနင်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တပ်ခွဲ ၃ ခွဲ ဖြင့် ထိတွေ့ တိုက်ပွဲများ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များပြားခြင်းကြောင့် စစ်တပ်က သခွတ်ပင်၊ အင်တိုင်းကုန်း၊ ဆည်တော်ဦး၊ သင်္ခရိုင်ရွာ၊ ရုံးချောင်း ၊ အေးရွာလေး နှင့် ဥယျဉ်ကြီး စသော ကျေးရွာ များကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဥယျဉ်ကြီးရွာတွင် ပိတ်မိနေသော ပြည်သူများကိုလည်း ရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ကာ ညှင်းပန်း နှိပ်စက်ပြီးနောက် ပြည်သူ ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ အေးရွာလေး မှ လူနေအိမ်များ ဈေးဆိုင်များ ရှိ အဖိုးတန်ကြီး ပစ္စည်းများနှင့် ကုန်ခြောက် ကုန်စုံများကို မွှေနှောက်ရှာဖွေ ယူဆောင်သွားပြီး နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သင်္ခရိုင်ရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ၁၀ ဦး နှင့် ကလေးငယ် ၁၃ ဦးကို ဖမ်းဆီး၍ ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာကို ဖမ်းဆီး‌ခေါ်ဆောင်သွားကြောင်း၊ သင်္ခရိုင် မိဘမဲ့ စောင့်ရှောက်ရေး ပရဟိတ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထပ်မံ ဝင်ရောက်လာပြီး ကလေးငယ် ၂၉ ဦးကို ဖမ်းဆီးပြီး လူသားဒိုင် ပြုလုပ်၍ စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။", "“အခုတော့ စစ်ကြောင်းက ဆုတ်ခွာ သွားပြီ ကြို့ပင်ကောက်မြို့ ဘေးမှာရှိတဲ့ ဇီးကုန်းမြို့အရှေ့ဘက်ခြမ်း ဘော်ဘင်ရွာ မှာ အထိုင်ချထားတယ်။ မိဘမဲ့ကျောင်းက ကလေးငယ် ၂၀ ကျော်ကို လူသားဒိုင်း ပုံစံ သုံးပြီး ဖမ်းဆီးသွားတယ်။ တချို့ကိုပြန်လွှတ်တယ်။ တစ်ချို့ ဖမ်းဆီးခံထားရပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/03/206174/
ကြို့ပင်ကောက်တွင် စစ်မှုထမ်းကြေး လိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ၊ ကျွန်းစုတွင် ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး
["ကြို့ပင်ကောက်တွင် စစ်မှုထမ်းကြေး လိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရ၊ ကျွန်းစုတွင် ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ဦးသေဆုံး", "ရန်ကုန်၊ မတ် ၃", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်မှုထမ်းကြေး လိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူး သောင်းကြည် ပစ်ခတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး သောင်းကြည် သည် စစ်မှုထမ်းကြေးကောက်ရန် တပည့်ဖြစ်သူနှင့် ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ မှ တော်လှန်ရေး ရဲဘော်များက ကျွန်းနက်ကုန်းရွာထိပ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူး သောင်းကြည်၏ ရင်ဘတ် နှင့် ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အသေပစ်ခတ်ရန် လုပ်ဆောင်ခဲ့သော်လည်း မဘသ ဘုန်းကြီး ၁ ပါးက ပစ်ခတ်၍ မရအောင် ကာထားသောကြောင့် ဆက်လက် ပစ်ခတ်နိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "ပြင်းထန် ဒဏ်ရာရရှိခဲ့သော အုပ်ချုပ်ရေးမှူး သောင်းကြည် သည် စစ်တပ် ထောက်တိုင် အမာခံ ၁ ဦးဖြစ်ကာ တော်​လှန်​ရေး တပ်ဖွဲ့များနှင့် PDF ရဲဘော်များ၏ အချက်အလက်များ​ကို စစ်တပ်ထံ ထောက်​လှမ်း​ သတင်းပို့ခြင်း၊ လူငယ်များကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရသည်။", "“ဘုန်းကြီးက ဆိုင်ကယ် ၁ စီး၊ အုပ်ကြီးနဲ့ သူ့တပည့်က ဆိုင်ကယ် ၁ စီးနဲ့လာတာ အုပ်ကြီး ရင်ဘတ်နဲ့ ဗိုက်ကို တစ်ချက်စီပစ်ပြီး ခေါင်းကို ပစ်ဖို့လုပ်နေတုန်း မဘသ ဘုန်းကြီးက အတင်းဝင်ကာတာ မဘသ ဘုန်းကြီးသာ ဝင်မကာရင် အုပ်ကြီးကို အသေပစ်နိုင်မှာ အဲ့မဘသဘုန်းကြီးက ရွှေပန်းတောကျောင်းက ခမ်းဒေဘုန်းကြီးလို့သိရတယ်။ အုပ်ကြီးသောင်းကြည်ကြောင့် လူငယ်တွေ စစ်ခွေး တပ်ထဲရောက်ကုန်တယ် ပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတဲ့သူပါ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသော စစ်ကောင်စီ တပ်သားများနှင့် စစ်တပ် ဒေါက်တိုင် များကို အချိန်နေရာမရွေး တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ၄င်းတို့ အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန်နှင့် သတိပေးချက်အား မလိုက်နာ၍ ထိခိုက်မှုတစုံတရာ ဖြစ်ပွားလာပါက တာဝန်ယူ ဖြေရှင်းသွားမည်မဟုတ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ သဇင်ရွာမှ ပျူစောထီး မြင့်သူ နှင့် ခက်ခဲ ဆိုသူတို့ အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီး မြင့်သူ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး မြင့်သူ ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သဂြိုလ်လိုက်ပြီး ပျူစောထီး ခက်ခဲ ဆိုသူကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများက ဖမ်းဆီးသွားကြောင်း သိရှိရသည်။", "“ဘာကိစ္စကြောင့် စကားများ ရန်ဖြစ်ကျတယ်ဆိုတာတော့ မသိဘူး။ ၂ ကောင်လုံးကတော့ ကောင်းတဲ့ ကောင်တွေမဟုတ်ဘူး။ ပြည်သူတွေကို နည်းမျိုးစုံ ဒုက္ခပေးနေတဲ့ ကောင်တွေပဲ။ အဲ‌ ၂ ကောင်က ညီအကိုတွေ အကိုဖြစ်သူက ညီဖြစ်သူပစ်လိုက်တာ အကိုဖြစ်သူ ခက်ခဲ ဆိုတဲ့ ကောင်ကို ရဲတွေ ဖမ်းသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2024/05/164053/
ကြို့ပင်ကောက်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး၏ ဇနီး သေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံး သိမ်းဆည်းရရှိ
["ကြို့ပင်ကောက်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး၏ ဇနီး သေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံး သိမ်းဆည်းရရှိ", "အပြန်အလှန် ပစ်ခတ်မှုအတွင်း ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ ဦးလည်း သေဆုံး", "ရန်ကုန်၊ မေ ၂၃", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်ကြို့ပင်ကောက်မြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော လက် နက်ကိုင် အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် ပစ်ခတ်မှု အုပ်ချုပ်ရေးမှူး ဇနီးဖြစ်သူသေဆုံးပြီး သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်အချိန် အေးမကွင်းကျေးရွာမှ လက်နက်ကိုင် ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နေအိမ်သို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက် ပြောက် ကျားတပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းနှင့် ဇနီးဖြစ်သူ သန်းသန်းနွယ်တို့က သေနတ်ဖြင့် ပြန်လည် ခုခံ ပစ်ခတ်ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အပြန်အလှန် ပစ်ခတ်မှု အတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် ပြင်းထန် ဒဏ်ရာများဖြင့် ထွက်ပြေးသွားပြီး ၄င်း၏ ဇနီးဖြစ်သူ သန်းသန်းနွယ် သေဆုံးကာ အုပ်ချုပ်ရေးမှူး နေအိမ် ရောက်ရှိနေသည့် ပုဂ္ဂလိကချေးငွေ ကုမ္ပဏီဝန်ထမ်း ၂ ဦးလည်း သေဆုံးခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး နေအိမ်အတွင်းမှ သေနတ် အတို ၁ လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဖုန်း ၂ လုံး၊ ငွေသား ၃၁၀၀၀၀ ကျပ်၊ တံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၁ ခု နှင့် စာရွက်စာတန်း တချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။", "“မနေ့က မွန်းလွဲပိုင်းမှာ အေးမကွင်း အုပ်ကြီး ခင်မောင်ဝင်းနဲ့ ပျူစောထီး အဖွဲ့တွေက စစ်မှုထမ်းဖို့ လူငယ်တွေကို စုဖို့ အစည်းအဝေး လုပ်နေတယ် သတင်းကြားလို့ အိမ်ကိုဝင်စီးတာ အဲ့အိမ်ထဲမှာရှိနေတဲ့ အုပ်ကြီးနဲ့ သူ့မိန်းမက ကျွန်တော်တို့ ရဲဘော်တွေကို စခတွေ ပေးထားတဲ့ သေနတ်နဲ့ ပြန်ပစ်လို့ အပြန်အလှည် ပစ်ခတ်မှု ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ အုပ်ကြီးကို သေနတ်ကျည် ၂ ချက်မှန်ပြီး ထွက်ပြေးတယ်။ အုပ်ကြီးမိန်းမက ဆေးရုံရောက်မှ သေတယ်။ ကျန် ၂ ဦးကတော့ အပြန်အလှန် ပစ်ခတ်ကြရင်း ကျည်မှန် သေတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ၄င်းတို့၏ ထောက်တိုင်များအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့် အတွက် အဆိုပါ အပြန်အလှန် ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်း နှင့် အတူထိုင်နေသော ပုဂ္ဂလိက ချေးငွေ ကုမ္ပဏီ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "“အရင်က သူတို့ကို ပျူစောထီးတွေထင်နေတာ ဒီမနက်မှ သိရတာက သူတို့က ချေးငွေကိစ္စနဲ့ အုပ်ကြီးအိမ်ရောက်နေကြတဲ့ ကုမ္ပဏီဝန်ထမ်းတွေမှန်းသိရတာ အခုလိုဖြစ်သွားတော့ ရဲဘော်တွေလည်း စိတ်မကောင်းဖြစ်ကြရတယ်။ အရင်ကတည်းက စကစတွေနဲ့ သူတို့ထောက်တိုင်တွေနား မနေဖို့ အကြိမ်ကြိမ်သတိပေးနေတာကို မလိုက်နာတော့ ခုလိုဖြစ်ရတာပေါ့။ အုပ်ကြီးကတော့ ရန်ကုန်ဆေးရုံကြီးမှာ အခြေအနေသိပ်မကောင်းဘူး။ သူတို့ထိုင်နေတဲ့ စားပွဲပေါ်မှာ သေနတ်တွေ လက်ပစ်ဗုံးတွေတင်ထားတာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ အုပ်ကြီး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပျူစောထီးနဲ့ သတင်းပေးတွေကို ထပ်မံပြီးရှင်းလင်းမှာမို့ ဒီလိုလူတွေနဲ့ ဝေးဝေးနေကြဖို့ ပြည်သူများကို အထူးသတိပေးပါရစေ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။", "ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းသည် အကြမ်းဖက် စစ်ကောင်စီ အလိုကျ ပြည်သူများကို အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံခြင်း၊ စစ်ကောင်စီထံ တော် လှန်ရေး ရဲဘော် များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ စစ်ကောင်စီ အားကိုးဖြင့် ပြည်သူများကို အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/01/198193/
ကြို့ပင်ကောက်တွင် ဘုန်းကြီးအယောင်ဆောင်၍ စစ်တပ် အတွက် အလုပ်လုပ်နေသူ ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီးရမိသော်လည်း ထွက်ပြေးသွားစဉ် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး
["ကြို့ပင်ကောက်တွင် ဘုန်းကြီးအယောင်ဆောင်၍ စစ်တပ် အတွက် အလုပ်လုပ်နေသူ ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီးရမိသော်လည်း ထွက်ပြေးသွားစဉ် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဘုန်းကြီးအယောင်ဆောင်၍ စစ်တပ် အတွက် အလုပ်လုပ်နေသူ ၁ ဦးကို အရှင် ဖမ်းဆီးရမိသော်လည်း ထွက်ပြေးသွားစဉ် လိုက်လံ ဖမ်းဆီး ပစ်ခတ်ရာမှ သေဆုံးခဲ့ကြောင်း BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် အောင်စိုးမိုး-ဘော်ဘင် ဗျူဟာလမ်း အတိုင်း ကြိုပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ အေးရွာလေးရွာနှင့် သင်္ခရိုင်ရွာများကို စစ်ကြောင်း ထိုးရန် ရှေ့ပြေး လွှတ်လိုက်သော ဘုန်းကြီးအယောင်ဆောင် စစ်တပ် သတင်းပေး တစ်ဦးကို BTZM GBK PDF မှ တော်လှန်ရေး ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးရမိသူကို တော်လှန်ရေး ရဲဘော်များက စစ်ဆေးမေးမြန်းရာ ဖမ်းဆီးခံရသူက တပ်မ ၆၆ က စေလွှတ်၍ တော်လှန်ရေးတပ်များ၏ သတင်းများ စုံစမ်းခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း၊ ၎င်းထံမှလည်း စစ်ဝတ်စုံတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ထိုသို့ စစ်ဆေးပြီးချိန်တွင် တော်လှန်ရေး ရဲဘော်များက ၎င်းကို ချုပ်နှောင်ထားရန် အတွက် ခေါ်လာစဥ် လမ်းခုလပ်တွင ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ထိုသို့ ပုံစံ အမျိုးမျိုးဖြင့် အယောင်ဆောင်ထားကာ အကြမ်းဖက် စစ်တပ် သတင်းပေးများ ပြည်သူများ နေထိုင်ရာရပ်ရွာများကို နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာ၍ မဟာမိတ် တပ်ဖွဲ့များနှင့် တော်လှန်ရေး ညီကိုများ၊ တော်လှန် ပြည်သူများ သတိထားသွားလာကြရန် BTZM GBK PDF မှ တာဝန်ရှိသူက ပြောဆိုသည်။"]
https://yktnews.com/2025/02/205291/
ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး
["ကြို့ပင်ကောက်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသည့် ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ရွာ အုပ်ချုပ်‌ရေးမှူး ကံမြင့်ကို သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်စဉ် ကံမြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကံမြင့်၏ မယားဖြစ်သူ ခင်ဝင်းက တော်လှန်ရေး တပ်ဖွဲ့များကို ဓားမဖြင့် ခုတ်ရန် ပြေးလာစဉ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ခင်ဝင်းပါ ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ကံမြင့်သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြည်ဘက်သို့ ပျူစောထီး ၂၀ ဦးကို စစ်သင်တန်း ပို့ဆောင်ရန်လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျေးရွာအတွင်းတွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်နေသူ ဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး အခွန်ကြေး၊ ဆက်ကြေးများ ကောက်ခံနေသူဖြစ်ကာ ပြည်သူများနှင့် PDF အဖွဲ့များကို စုံစမ်းလေ့လာနေသူလည်း ဖြစ်ကြောင်း၊ ကံမြင့်က ပျူစောထီး သင်တန်းဆင်းပြီး ပြန်လာသူများကိုလည်း မြို့လည်ချောင်း-ရှမ်းကွင်း-ဂွေးကောင်းပင် လမ်းဆုံများရှိ ပျူစောထီး ဂိတ်စခန်းများတွင် အထိုင်ချရန် လယ်ကွက်များ ကြိုတင်ဝယ်ယူထားသောကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ကိုမိုးကြိုးလေး⁩က ရှင်းပြသည်။", "” အုပ်ချုပ်‌ရေးမှူး ဦးကံမြင့်ကို ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲက ရဲဘော်တွေက နေအိမ်ထဲ ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာ နေရာမှာ ပွဲချင်းပြီးသေဆုံးတယ်။ သူ့မယား ဖြစ်သူ ခင်ဝင်းက သူတို့ဖွဲ့စည်းထားတဲ့ ပျူစောထီတွေရှိနေသလိုနဲ့ အော်ပြီး ကျနော်တို့ ရဲဘော်တွေကို ဓားမနဲ့ ပြေးခုတ်လို့ ထပ်မံ ပစ်ခတ်ခဲ့တာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ မှ ကိုမိုးကြိုးလေး⁩က ပြောဆိုသည်။", "ဆက်လက်၍ စစ်ရေးမြှင့်တင် လှုပ်ရှားဆောင်ရွက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် ‌ပျူစောထီးဒေါက်တိုင်များ စစ်ကောင်စီ ယန္တရားများနှင့်‌ အတတ်နိုင်ဆုံး ရှောင်ရှားသွားလာနေထိုင်ကြရန် မေတ္တာခံလိုကြောင်း၊ သာယာဝတီခရိုင် တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့သည် စစ်အာဏာရှင် စနစ်ဆိုးကြီးအမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကိုမိုးကြိုးလေးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/11/193907/
ကြို့ပင်ကောက်တွင် လျှပ်စစ်မီတာ ၁ ယူနစ် ငွေကျပ် ၃၀၀ နှုန်း ခြိမ်းခြောက်ကောက်ခံနေသော ဆင်ပိုက်အနောက်စုရွာ ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်တွင် လျှပ်စစ်မီတာ ၁ ယူနစ် ငွေကျပ် ၃၀၀ နှုန်း ခြိမ်းခြောက်ကောက်ခံနေသော ဆင်ပိုက်အနောက်စုရွာ ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၃၀", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် မီတာ ၁ ယူနစ် ငွေကျပ် ၃၀၀ နှုန်း ခြိမ်းခြောက် ကောက်ခံနေသော ဆင်ပိုက်အနောက်စုရွာ ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး ကို ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း BTZM GBK-PDF တာဝန်ခံ ရဲဘော်တေဇမင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ဆင်ပိုက်အနောက်စုရွာ လမ်းကော်မတီ ဥက္ကဋ္ဌ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ပျူစောထီး တပ်စိတ်မှူးဖြစ်သူ ကိုကိုဦးကို BTZM GBK PDF ပဲခူးရိုးမအခြေပြုအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွား‌သော ပျူစောထီး တပ်စိတ်မှူး ကိုကိုဦး သည် စစ်တပ်အားကိုးဖြင့် ပြည်သူများကို နည်းမျိုးစုံ ဖိနှပ်နေသူဖြစ်ပြီး လျှပ်စစ်မီတာ ၁ ယူနစ်လျှှု် ငွေကျပ် ၃၀၀ နှုန်းဖြင့် ပြည်သူများထံမှ ကောက်ခံနေသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။", "“ရင်ဘတ်ကို ၄ ချက် ပစ်လိုက်တာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ လမ်းမီးကော်မတီ ဥက္ကဋ္ဌ အုပ်ချုပ်ရေးအဖွဲ့ဝင် ပျူစေားထီးတပ်စိပ်မှူး ဖြစ်သူ ကိုကိုဦး က လမ်းမီး တစ်ယူနစ်ကို ၃၀၀ ကောက်ခံတယ်။ ပျူ ၇ ယောက်ကိုလည်း သူက ခေါင်းဆောင်ထားတယ်လို့သိရပါတယ်။ လက်ပစ်ဗုံးတွေက အစသူက စစ်တပ်ဆီကယူပြီး သူတပည့်တွေကို ပေးကိုင်ထားတယ်လို့သိရပါတယ်။ နယ်မြေစစ်တပ်က အကြီးဆုံး ဗိုလ်မှူးရဲ့ အမိန်နဲ့လည်း လုပ်နေတာ ရပ်ရွာအပေါ်ကို သူ့အမည်မဖော်ဘဲ ကြိုးကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ပျူစောထီးအဖွဲ့မှာ ၇ ယောက်ကို သူကခေါင်းဆောင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း အဖွဲ့ဝင်လို့သိရတယ်။ မီးကော်မတီမှာလည်း ဥက္ကဋ္ဌ အဖြစ်တာဝန်ရှိထားတယ်” ဟု BTZM GBK-PDF တာဝန်ခံ ရဲဘော်တေဇမင်းက ပြောဆိုသည်။"]
https://yktnews.com/2025/03/207680/
ကြို့ပင်ကောက်တွင် အရပ်သား ဟန်ဆောင်၍ PDF တပ်ဖွဲ့များ၏ တပ်စခန်းများကို လိုက်လံစုံစမ်းနေသော စစ်တပ်မှ တပ်ကြပ်ကြီး ဇေယျာထက် ကို ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံး
["ကြို့ပင်ကောက်တွင် အရပ်သား ဟန်ဆောင်၍ PDF တပ်ဖွဲ့များ၏ တပ်စခန်းများကို လိုက်လံစုံစမ်းနေသော စစ်တပ်မှ တပ်ကြပ်ကြီး ဇေယျာထက် ကို ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံး", "ရန်ကုန်၊ မတ် ၁၅", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အရပ်သား ဟန်ဆောင်၍ PDF တပ်ဖွဲ့များ၏ တပ်စခန်းများကို လိုက်လံစုံစမ်းနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ဇေယျာထက် ကို ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအနီးတွင် သာယာဝတီ ခရိုင်တပ်ရင်း (3801) တပ်ခွဲ – ၁ YOMA GBK PDF မှ တော်လှန်ရေးရဲဘော်များက ကင်းယူနေစဉ် အရပ်သား ဟန်ဆောင်ပြီး အမှိုက်လိုက်ကောက်ကာ PDF တပ်များ၏ တပ်စခန်းများကို လိုက်လံစုံစမ်းနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ဇေယျာထက်ကို တော်လှန်ရေးရဲဘော်များက ဖမ်းဆီးပြီး ၎င်းကိုင်ဆောင်သော ဖုန်းကို စစ်ဆေးခဲ့ကြောင်း သိရသည်။", "ထိုသို့ စစ်ဆေးနေစဉ် တပ်ကြပ်ကြီး ဇေယျာထက်သည် တော်လှန်ရေး ရဲဘော်များကို ခုခံထွက်ပြေးသွားသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် ဥယျာဉ်ကြီးကျေးရွာ အနီးရှိ ဗျူဟာလမ်းပိုင်းတွင် သေနတ်ကျည် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "သေဆုံးသွားသော တပ်ကြပ်ကြီး ဇေယျာထက်သည် ကြိုပင်ကောက်မြို့နယ်အတွင်းရှိ ပြည်သူများကို ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတင်းအဓမ္မ ဆပ်ကြေးကောက်ခံနေသူဖြစ်ပြီး ၎င်းထံမှ ဖုန်း ၁ လုံးနှင့် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ပြည်သူအပေါ် ဒုက္ခ အမျိုးမျိုးပေးနေတဲ့ အာဏာရှင်လည်း မကြာခင် အဆုံးသတ်တော့မှာပါ။ အားလုံးခဏ သည်းခံ ပေးကြပါလို့ မိဘပြည်သူတွေကို ပြောကြားလိုပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၁ (YOMA GBK PDF) မှ တပ်ခွဲမှူး ကိုကရင်လေးက ပြောဆိုသည်။"]
https://yktnews.com/2025/02/202356/
ကြို့ပင်ကောက်နှင့် ဇီးကုန်းရှိ ကျေးရွာများမှ လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["ကြို့ပင်ကောက်နှင့် ဇီးကုန်းရှိ ကျေးရွာများမှ လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်နှင့် ဇီးကုန်းမြို့နယ်ရှိ ကျေးရွာများမှ လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဇီးကုန်းမြို့နယ်ရှိ မီးကောက်ပင် ကျေးရွာကို ပေါ်တာဆွဲရန် ကျွန်တောစု ကျေးရွာမှ ထွက်ခွာလာသော စစ်သားနှင့် ပျူစောထီး ၅၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကြို့ပင်ကောက် မြို့နယ် ကျွန်းတောစုရွာကို ဝင်ရောက် စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရန် လုပ်ဆောင်သောကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ကောင်စီ တပ်သားများ နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။", "“စစ်ခွေးတွေနဲ့ ကွင်းချောင်းရွာ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းက ရွာတွေကို ဝင်စီးပြီး ဆက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတာ ကျွန်းတောစု ကျေးရွာက လူငယ်တွေနဲ့ အသက်ကြီး လူကြီးပိုင်းများတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လူတွေ မရှိရင် စစ်ခွေးတွေက အိမ်ထဲက ပစ္စည်း အကုန်ခိုးတယ်။ ရွှေ၊ ငွေ အကုန်ယူတာ အဲခွေးစစ်ကြောင်းကို ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေစာရင်းကိုတော့ ဆက်လက် စုံစမ်းနေပါတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေလည်း ရှိပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီ ခရိုင် တပ်ရင်း (3801) တပ်ခွဲ-1 YOMA (GBK) PDF ၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ နှင့် သာယာဝတီ ခရိုင် တပ်ရင်း (3802) တပ်ခွဲ-1 Dragon Brothers (GBK )PDF နှင့် ပဲခူးရိုးမ အခြေပြု BTZM (GBK) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/204421/
ကြို့ပင်ကောက်နှင့် ဓနုဖြူတွင် အုပ်ချုပ်ရေးမှူးက လူငယ်များကို လူစားထိုးစစ်မှုထမ်းတပ်သားများအဖြစ် ရောင်းစား၊ မြောင်းမြတွင် စစ်တပ်က လူငယ် ၉၀ နီးပါးကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး
["ကြို့ပင်ကောက်နှင့် ဓနုဖြူတွင် အုပ်ချုပ်ရေးမှူးက လူငယ်များကို လူစားထိုးစစ်မှုထမ်းတပ်သားများအဖြစ် ရောင်းစား၊ မြောင်းမြတွင် စစ်တပ်က လူငယ် ၉၀ နီးပါးကို စစ်မှုထမ်းခိုင်းရန်ဖမ်းဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သိုက်တူးကုန်းရွာတွင် အုပ်ချုပ်ရေးမှူး တင်မောင်အေးက ကျေးရွာသား ကိုအောင်ကိုကို ကို လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် စစ်တပ်ထံသို့ ငွေကျပ် သိန်း ၄၀ ဖြင့် ရောင်းစားခဲ့ကြောင်း ရောင်းစားခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ ကြို့ပင်ကောက်မြို့နယ် ၊ သိုက်တူးကုန်းကျေးရွာတွင် နေထိုင်သော ကိုအောင်ကိုကိုနှင့် တစ်ရွာထဲနေထိုင်သူ ကိုဖိုးပြည့်ဆိုသူတို့ စကားများ ရန်ဖြစ်ကြောင်း၊ ရန်ဖြစ်မှုကို ကျေးရွာအုပ်ချုပ်ရေးမှူး တင်မောင်အေးက သ က်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားခြင်းမပြုဘဲ စစ်တပ်ကို ခေါ်ယူကာ ကိုအောင်ကိုကို ကို ဖမ်းဆီးခိုင်းခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အုပ်ချုပ်ရေးမှူး တင်မောင်အေးက ကိုအောင်ကိုကို၏ နေအိမ်သို့ သွား ရောက်ပြီး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံကတ်ပြားကို သွားရောက်ရယူခဲ့ကြောင်း၊ ယင်းနောက် ကိုအောင်ကိုကို ကို လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် အကြမ်းဖက် စစ်တပ်ထံတွင် ငွေကျပ် သိန်း ၄၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရှိရသည်။", "“ကိုအောင်ကိုကို အိမ်ကိုသွားပြီး အုပ်ကြီးက အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တောင်းတယ်။ အဲဒါကို ကိုအောင်ကိုကိုရဲ့ အမေက သူ့သားလေးကို ပြန်လွှတ်ပေးဖို့ အုပ်ကြီးက လိုက်လုပ်ပေးနေတယ် ထင်ပြီး မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပေးလိုက်တာ။ နောက်ပိုင်းသိလိုက်ရတာက စစ်မှုထမ်းခိုင်းဖို့အတွက် မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း လာတောင်းတာလို့သိရတယ်။ မိသား စုဝင်တွေကလည်း ကြို့ပင်ကောက်မြို့နယ် ထွေအုပ်ရုံးကို လိုက်သွားပြီး သတင်းလိုက်မေးတော့ ရုံးမှာရှိတဲ့ စစ်သားက ကိုအောင်ကိုကို ကို စစ်သင်တန်းကျောင်းပို့လိုက်ပြီလို့ ပြောတယ်” ဟု အခြေအနေကို သိရှိထားသော ကိုအောင်ကိုကို၏ မိတ်ဆွေက ရှင်းပြသည်။", "သိုက်တူးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး တင်မောင်အေးက စစ်တပ်ထံသို့ ရောင်းစားခဲ့သော ကိုအောင်ကိုကိုမှာ မိခင် မုဆိုးမကြီး နှင့် အသက် ၈ဝ ကျော်အရွယ် အဖွားဖြစ်သူတို့ကို ဆန်စက်အလုပ်သမားအဖြစ် လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မိခင် မုဆိုးမကြီးနှင့် အသက် ၈ဝ ကျော်အဖွားအိုတို့သည် လုပ်ကိုင်ကျွေးမွေးမည့်သူမရှိ၍ ဒုက္ခရောက်နေကြောင်း သိရသည်။", "အလားတူ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းရွာတွင်လည်း အုပ်ချုပ်ရေးမှူး အုန်းခိုင်က ကျေးရွာသား ကိုမင်းမင်းကို အကြမ်းဖက် စစ်တပ်ထံသို့ လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ် သိန်း ၆၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ အတွင်း ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းရွာတွင် အုပ်ချုပ်ရေးမှူး အုန်းခိုင်က ကျေးရွာသား ကိုမင်းမင်းကို စစ်မှု ထမ်းရမည်ဟုဆိုကာ နေအိမ်တွင် သွားရောက်ခေါ်ဆောင်ပြီးနောက် ခြေမြန်တပ်ရင်း ၁၀၈ ကို ပို့ဆောင်ခဲ့ကာ လူစားထိုး စစ်မှုထမ်းတပ်သားအဖြစ် ငွေကျပ် သိန်း ၆၀ ဖြင့် လူစားထိုး ရောင်းစားခဲ့ကြောင်း သိရသည်။", "“ကိုမင်းမင်းကို သူ့ရွာ အုပ်ချုပ်ရေးမှူးက ဒလမျိုးကျေးရွာအတွက် လူစားထိုး စစ်မှုထမ်းအဖြစ် ရောင်းစားသွားတာ။ ဒလမျိုးကျေးရွာက ရေတွင်းကုန်းရွာရဲ့ ဘေးရွာပါ။ အုပ်ချုပ်ရေးမှူး အုန်းခိုင်က လူစားထိုး စစ်မှုထမ်းခိုင်းတာ” ဟု ကိုမင်းမင်း၏ ဆွေမျိုးတစ်ဦးက ရှင်းပြသည်။", "ထို့ပြင် အုပ်ချုပ်ရေးမှူး အုန်းခိုင်နှင့် စာရေးမ ဒေါ်ခင်ဆွေမွန်တို့သည် အုန်းပင်ကွင်း ကျေးရွာအုပ်စုရှိ ပြည်သူများကို ညအချိန် ကင်းစောင့်ခိုင်းခြင်း၊ လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ ဖမ်းဆီးခြင်းနှင့် စစ်မှုမထမ်းလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ် ၉၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း အကြမ်းဖက် စစ်တပ်က မြောင်းမြမြို့ပေါ်နှင့် ကျေးရွာများမှ လူငယ်များကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများကြောင့် လူငယ် ၉၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရကာ လက်ရှိချိန်တွင် တခြားမြို့ရွာများကို ပြောင်းရွေ့နေထိုင်သူများ ညအချိန် နေအိမ်မှ ရှောင်တိမ်း အိပ်စက်သူများ ပိုမိုများပြားလာကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ဧည့်စားရင်း အကြောင်းပြ၍ ခြံစည်းရိုးများကိုပါ ရိုက်ချိုး၍ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“မြောင်းမြဘက်မှာ အခြေအနေတော်တော်ဆိုးနေပါတယ်။ ညဘက်တွေကို အမျိုးသားတွေကို ပေါ်တာလိုက်ဆွဲနေတာ အမျိုးသားအများစု ညဘက်ဆိုရင် ပုန်းခို တိမ်းရှောင်ရပါတယ်။ အိမ်ပေါ်ထိကို လိုက်ဆွဲနေပါတယ်။ အိမ်ရှင်တွေကိုတောင်ခွင့်မတောင်းဘဲ ခြံစည်းရိုးတွေကို ဖျက်ဝင်ပြီး ပါလာသောလက်နက်တွေနဲ့ ခြိမ်းခြောက် ဖမ်းဆီးတာတွေ ရိုက်နှက် ခေါ်ဆောင်တာတွေ လုပ်နေတယ်။ အဲဒါကြောင့် မှတ်ပုံတင်ရှိသူတွေ တခြားမြို့များကို တိမ်းရှောင်ကုန်ပြီး မရှိတဲ့သူတွေကတော့ ညဘက်မှာ အခြေအနေကြည့်ပြီး တိမ်းရှောင်နေရတယ်။ ဇန်နဝါရီလက လူငယ် ၅၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်။ ဖေဖော်ဝါရီလ အတွင်း လူငယ် ၃၀ နီးပါးရှိပြီး ပေါ်တာဆွဲခံရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်သော လူငယ်တချို့ ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/12/194835/
ကြို့ပင်ကောက်နှင့် ပန်းတောင်းရှိ ကျေးရွာများကို စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော် ကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး
["ကြို့ပင်ကောက်နှင့် ပန်းတောင်းရှိ ကျေးရွာများကို စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်းပြီး လူငယ် ၃၀ ကျော် ကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်နှင့် ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် ဝင်ရောက် စီးနင်းပြီး လူငယ် ၃၀ ကျော်ကို နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်အချိန် ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကုန်းရွာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၇ ဦးကို နေအိမ်ထဲထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။", "အလားတူ ပန်းတောင်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂၀ ကျော် ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပန်းတောင်းမြို့နယ် တောင်ဘိုကြီးကျေးရွာမှ လူငယ် ၄ ဦး နှင့်မြေဝါကုန်းရွာနှင့် မှန်ကုန်းရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပန်းတောင်းမြို့ပေါ် တော်မူဘုရားဝန်းရှေ့လမ်းတွင် လမ်းပြင်နေသည့် လမ်းအလုပ်သမား အမျိုးသား ၁၃ ဦးကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေက စစ်မှုထမ်းဖို့ လူစုမရတော့လို့ တွေ့လူလိုက်ဖမ်း အိမ်ပေါ်တွေတက်ဆွဲနဲ့ကို တော်တော်အခြေအနေဆိုးနေတယ်။ ကြို့ပင်ကောက်မှာဆို နေအိမ်ထဲထိကို ဝင်ဖမ်းတာ သတင်းပေးတဲ့လူရှိလို့ထင်တယ်။ နေအိမ်ကို အတည်အကျကို လာဖမ်းတာ ပန်းတောင်းမှာလည်း လမ်းပြင်တဲ့ သူတောင်ဖမ်းတဲ့ အခြေအနေဖြစ်နေပြီး ရွာတွေကိုလည်း ဆက်တိုက်ကို စီးနင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ယခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ်သင်တန်းများကို ဆက်တိုက်ဖွင့်လှစ်လျက်ရှိရာ ယခု ဒီဇင်ဘာလတွင် စစ်မှုထမ်း အပတ်စဉ် ၈ အထိ ရောက်ရှိနေပြီဖြစ်သည်။", "ဓာတ်ပုံ- ယခင်လများအတွင်း စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော လူငယ်များ။"]
https://yktnews.com/2024/10/189229/
ကြို့ပင်ကောက်နှင့် အုတ်ဖို နယ်စပ်ရှိ ကန့်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားခဲ့
["ကြို့ပင်ကောက်နှင့် အုတ်ဖို နယ်စပ်ရှိ ကန့်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားခဲ့", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကန့်နီရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဂမုန်းဆည် အနီးတစ်ဝိုက်တွင် မြေမြုပ်မိုင်း အမြောက်အများ ထောင်ထားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် အစောပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကန့်နီ ရွာမှ ဆုတ်ခွာခါသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ဂမုန်းဆည် ရှင်းလင်းဆောင် တစ်ဝိုက်တွင် နင်းမိုင်း အမြောက်အများထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲ ၃ နာရီ ၆ မိနစ်ခန့်တွင် ကန့်နီ ကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် ထပ်မံ စုဖွဲ့ ဝင်ရောက်လာပြီး ကန့်နီကျေးရွာ ဘော်ဘင်တိုက်ရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "” ဒီနေ့ နံနက် အစောပိုင်းမှာ ကြို့ပင်ကောက်နဲ့ အုတ်ဖိုမြို့နယ် အစပ်က ကန့်နီရွာကို ဆုတ်ခွာသွားတဲ့ စစ်ခွေး ၃၀ ခန့်က ဂမုန်းဆည် ရှင်းလင်းဆောင် တစ်ဝိုက်မှာ နင်းမိုင်းတွေ အမြောက်အများ ထောင်ပြီး ညနေ ၃ နာရီ ၆ မိနစ်မှာ ကန့်နီ ကျေးရွာကို အင်အားထပ်ဖြည့်ပြီး ၆၀ လောက်နဲ့ ထပ်ဝင်လာတယ်။ ပြီးတော့ ကန့်နီကျေးရွာ ဘော်ဘင်တိုက် ဆိုတဲ့ နေရာမှာ ရှိတဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်။ အခုထိမီးရှို့နေဆဲပဲ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။"]
https://yktnews.com/2023/04/99430/
ကြို့ပင်ကောက်မြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ပျုစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်မြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ပျုစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၆", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ရှိ ဘော်ဘင်ဆည်အမှတ် ၁ ဆည်တော်ဦး ရွာတွင် နေထိုင်သည့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ပျုစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့‌ ပြောကြားသည်။", "ဧပြီလ ၂၅ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့ရှိ ဘော်ဘင်ဆည်အမှတ် ၁ ဆည်တော်ဦး ရွာတွင် နေထိုင်သည့် အကြမ်းဖက် စစ်တပ် သတင်းဟု သတ်မှတ်ခံရသူ ပျုစောထီး မောင်မျိုးကို တပ်ရင်းအမှတ် ၃၈၀၁ နတ်စစ်သည် လက်အောက်ခံ တပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၃ Black Dragon (GBK PDF) နှင့် Black Wolf ပြောက်ကျားတပ်ဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "” အိမ်ကိုဝင်တော့ ကိုမောင်မျိုးရှိလား မေးတော့ ရှိတယ်ဆိုပြီး လှမ်းအပြောမှာ သူ့ကိုတွေ့တော့ မလှုပ်ရှားဖို့ ပြောပါတယ်။ သူက သူ့ လက်နက်ထားတဲ့ နေရာထင်တယ် အဲဒီကို ထအပြေးမှာ ပစ်ခတ်လိုက်တာ လဲကျပြီး အိမ်ကို ကွယ်ထားတော့ ထပ်ပြီး ၂ ချက် ပစ်ခတ်တာမှာ ထပ်ထိပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်။ သူ့ဆီက ဖုန်းတစ်လုံး သိမ်းဆည်းရမိပြီး ပျူတွေနဲ့ ချိတ်ဆက်သတင်းတချို့ ရရှိထားပါတယ်။ စစ်ကောင်စီဆီ သတင်းပို့ထားတဲ့ အထောက်အထားတချို့လည်း ရထားပါတယ်” ဟု Black Dragon (GBK PDF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "Black Dragon (GBK PDF) အဖွဲ့အနေနှင့် စစ်ကောင်စီလက်အောက်ခံ သတင်းပေးဒလန်များနှင့် ပျူစောထီးများကို နုတ်ထွက်ရန် ယခင်ကဲ့သို့ ကြေညာချက်များ ထုတ်ပြန်၍ ထပ်မံ သတိပေးမည် မဟုတ်ကြောင်း၊ စစ်ကောင်စီထောက်တိုင်များဖြစ်သည့် သတင်းပေးဒလန်၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးများကို နယ်မြေရှင်းလင်းရေးအဖြစ် ရှင်းလင်းလုပ်ဆောင်‌တော့မည်ဖြစ်ကြောင်း Black Dragon (GBK PDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်လက် ပြောကြားသည်။"]
https://yktnews.com/2024/11/193187/
ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါင်းလူးရွာအနီးတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးရာ၌ အဓိကပါဝင်သော ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်း ထွန်းမင်းစိုး ကို Dragon Brothers (GBK-PDF) အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ထွန်းမင်းစိုးသည် ပျူစောထီးသင်တန်း အပတ်စဉ် ၁ တွင် တက်ရောက်ထားသူ ဖြစ်ပြီး အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်း၍ ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ရာတွင်လည်း အဓိက လုပ်ဆောင်နေသူ ဖြစ်သောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ထွန်းမင်းစိုးသည် သူတောင်းစားပုံစံ၊ အမှိုက်ကောက်သမားပုံသဏ္ဍာန် အသွင်ယူပြီး လိုက်လံ သတင်းထောက်လှန်းကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို ပြန်လည် သတင်းပေးပို့နေသူလည်း ဖြစ်ကြောင်း သိရသည်။", "“သိမ်းဆည်းရမိတဲ့ ပစ္စည်းတော့မရှိပါဘူး။ သူကလည်း သရုပ် အမှန်နဲ့မလာဘူးလေ ဒီတိုင်း ရုပ်ဖျက်ပြီးလာတာဆိုတော့ ကျွန်တော့်ရဲဘော်လည်း ဘာမှ သူ့ဆီက ယူမသွားနိုင်ဘူး” ဟု Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/08/180291/
ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင် ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၄", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီ ခန့်တွင် ငွေတူးကျောရွာ ရာအိမ်မှူး မြင့်တင်ကို တော်လှန်ရေး တပ်ဖွဲ့များက ၎င်းနေအိမ်၌ ဝင်ရောက် ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်ဖမ်းဆီးစဉ် သေနတ်ကျည် ၂ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "သေဆုံးသွားသော ရာအိမ်မှူးမြင့်တင်သည် အကြမ်းဖက် စစ်တပ် အလိုကျ ကျေးရွာအုပ်စုအတွင်း လုပ်ဆောင်ပေးနေသူ ဖြစ်ပြီး အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် စုဆောင်းပေးခြင်း၊ ဒေသပြည်သူများကို ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ကိုလည်း “ဂရုမစိုက်ဘူး ကြိုက်တဲ့အချိန် လာခဲ့” ဆိုကာ အကြမ်းဖက် စစ်တပ် အလိုကျ စိတ်ပါလက်ပါ တက်တက်ကြွကြွ လုပ်ကိုင်နေသည့်အတွက် နေအိမ်၌ သွားရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။", "“ဒီ ရိုးချောင်းကျေးရွာ အုပ်စုက ရွာတွေမှာ စစ်တပ် အလိုကျ လုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ရှင်းလင်းခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေဆိုရင် ရိုးချောင်းအုပ်စု အုပ်ကြီး အေးထွန်း ၊ အုပ်ကြီး သောင်းကြည် နောက်ထပ် တက်လာတာက ရိုးချောင်းနဲ့ မသက်ဆိုင်ဘူး တခြားနယ်ကနေပြီးတော့ လှမ်းပြီးတော့ အုပ်ချုပ်တဲ့ ကွင်းချောင်းရွာကနေပြီးတော့ အုပ်ကြီး အောင်မြင့်သန်း ဆိုပြီးတော့ အုပ်ချုပ်လာတယ်။ အုပ်ချုပ်လာပြီးတော့ မြင့်တင်ကို ရာအိမ်မှူးဆိုပြီးခန့်တယ်။ အဲလို အုပ်ချုပ်ပြီးတော့ စစ်တပ် အလိုကျ ကြို့ပင်ကောက် လမ်းပေါ်မှာ သွားတာလာ လှုပ်ရှားနေတဲ့ ပြည်သူတိုင်းကို ဖမ်းဆီးပြီး တပ်သားသစ် အဖြင့် စုဆောင်းတယ်။ သူတို့ဖမ်းဆီးတဲ့သူ ၃၂ ဦးရှိတယ်လို့ သိရတယ်” ဟု BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF (ကြို့ပင်ကောက်မြို့) ပဲခူးရိုးမ အခြေပြုတပ်ခွဲနှင့် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ( ၁ ) Dragon Brothers တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/129048/
ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး
["ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်အနီးတွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က ပဲခူးရိုးမအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားလာလှုပ်ရှားမှုကို ထောက်လှမ်း စောင့်ကြည့်ရန်နှင့် စခန်းတည်နေရာများကို သိရှိန်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ်ထောက်တိုင် ကျော်သူနှင့် အတူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ကျော်သူနှင့် အတူး တို့သည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဘော်ဘင်ရွာ ပျူစောထီးများထံ သတင်းပေးခြင်း၊ ဒေသနေ ပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီနှင့် ပျူစောထီးများကို ငွေအား၊ လူအားဖြင့် ထောက်ပံ့ကူညီပေးနေသူဖြစ်ကြောင်း သိရ သည်။", "“ထင်းခုတ် သလို တောလိုက်သလို ပုံစံနဲ့ ခြေလျင်ထွက်လာတာပါ။ ဒီနေ့အထိ စစ်ခွေးနဲ့ ပျူစောထီးတွေ အလောင်း လာမကောက်ရဲသေးဘူး။ မိုင်းထောင်ထားမှာကြောက်နေတာ စခတွေ တက်လာမလားလို့ သတင်း မထုတ်ပြန်ပဲ စောင့်နေတာ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/146422/
ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော သစ်တော ဝန်ထမ်း ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်မြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော သစ်တော ဝန်ထမ်း ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ် လုပ်ပေးနေသော သစ်တော ဝန်ထမ်း ၅ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးစလုံး သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကုန်ရွာကျေးရွာမှ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော သစ်တောဝန်ထမ်း ၅ ဦးဖြစ်သည့် ကျော်ဆန်းဝင်း၊ ကျော်စွာဝင်း၊ ခင်ရင်၊ ဇော်ဝင်းနှင့် သက်နိုင်ထွန်းတို့ ကွင်းချောင်းအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာ အတွင်း သောက်စားနေစဉ် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ -၁ YOMA (GBK PDF) ပြည်သူကာကွယ်ရေး တပ်ဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး ၄င်းတို့ထံမှ ဝန်ထမ်းကဒ် ၃ ခု၊ ဆိုင်ကယ် ၃ စီး၊ ဖုန်း ၅ လုံးတို့ သိမ်းဆည်ရရှိခဲ့ကြောင်းသိရသည်။", "သေဆုံးသွားသော သစ်တောဝန်ထမ်း ၅ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ CDM ပြုလုပ်ထာသော ဆင်များကို လာရောက် ဖမ်းဆီးခြင်း၊ ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့စည်းများ နေထိုင်ရာ နေရာများကို စုံစမ်းလေ့လာခြင်း၊ ဆင်ဝိုင်းကျေးရွာ ဆင်စခန်း မီးရှို့ဖျက်ဆီးခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ စခန်းတည်နေရာများကို သတင်းပေးခြင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လမ်းကြောင်းပြခြင်း၊ အကြမ်းဖက် စစ်တပ်ထံ သတင်းပေး ပြုလုပ်နေသူများဖြစ်ကြောင်းသိရသည်။", "“သူတို့က CDM ဆင်တွေနဲ့ ဆင်ဝန်ထမ်းတွေကို ပျူစောထီးတွေနဲ့ လာဖမ်းတယ်။ PDF စခန်းနေရာတွေကို စုံစမ်းပြီး သတင်းပေးတယ်။ PDF အဖွဲ့တွေဆီ CDM လုပ်ထားကြတဲ့ လူတွေနေတဲ့ စခန်းတွေနဲ့ ဆင်တွေနေတဲ့ တဲတွေကို မီးရှို့တယ်။ ၅ ကောင်လုံးက သစ်တော ဝန်ထမ်းတွေပဲ ၄ ကောင်ကတော့ တရားဝင် ဝန်ထမ်းတွေ ၁ ကောင်ကတော့ သစ်တော အစမ်းခန့် ဝန်ထမ်း သူတို့က သစ်တောက သစ်တွေ ထိန်းသိမ်းရမှာကို မထိန်းသိမ်းဘဲ သစ်သူခိုးတွေနဲ့ ပေါင်းပြီး ရိုးမထဲက သစ်ပင်တွေ အကုန်ခုတ်နေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ -၁ YOMA (GBK PDF) ပြည်သူကာကွယ်ရေး တပ်ဖွဲ့က အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးအဖွဲ့များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/04/159514/
ကြို့ပင်ကောက်မြို့နယ်တွင် စာရေးဆရာ လင်းညှို့သွေးကို စစ်တပ်က အတင်း အဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ
["ကြို့ပင်ကောက်မြို့နယ်တွင် စာရေးဆရာ လင်းညှို့သွေးကို စစ်တပ်က အတင်း အဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီး အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ", "ရန်ကုန်၊ ဧပြီ ၂၇", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စာရေးဆရာ လင်းညှို့သွေးကို စစ်တပ်က အတင်းအဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီး အဆက် အသွယ်မရတော့ဘဲ ပျောက်ဆုံးနေကြောင်း မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီအချိန် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်တွင် နေထိုင်သော စာရေးဆရာ လင်းညှို့သွေး၏ နေအိမ်သို့ စစ်တပ်က ဝင်ရောက်စီးနင်းကြောင်း၊ ယင်းနောက် လင်းညှို့သွေး ၏ နာမည်ကို မေးကာ အတင်းအဓမ္မရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။", "” ဖမ်းသွားတာက စစ်သား အင်အား ၄ဝ ပတ်ခြာလည်လောက်ရှိပါတယ်။ အတင်းအဓမ္မ ရိုက်နှက်ပြီးခေါ် သွားတာပါ။ ဘယ်ကို ဖမ်းခေါ်သွားတယ်ဆိုတာ ၂ ညရှိပြီ လုံးဝ စုံစမ်းလို့မရ သေးပါဘူး” ဟု မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "ဖမ်းဆီးခံရသူ လင်းညှို့သွေးသည် အသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး အမည်ရင်းမှာ ကိုကျော်သူလွင် ဖြစ်ကြောင်း၊ ယခင်က တော်လှန်ရေးတွင် ပါဝင်ခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေး မကောင်းမွန်သဖြင့် အနားယူနေသူဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်သားများသည် လာရောက်ဖမ်းဆီးချိန် လျှပ်စစ်မီးများ ဖြတ်တောက်၍ နေအိမ်ကို ဝိုင်း စစ်တပ်က ၀ိုင်းထားခဲ့ကြောင်း၊ ယင်းနောက် စာရေးဆရာ လင်းညှို့သွေးကို ရိုက်နှက်ကန်ကြောက်၍ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း၊ တစ်အိမ်လုံးကို မွှေနှောက်၍ မိသားစုဝင်များ၏ ဖုန်းများကိုပါ သိမ်းယူသွားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/180538/
ကြို့ပင်ကောက်မြို့နယ်တွင် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းနေသော ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်မြို့နယ်တွင် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းနေသော ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၆", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် တပ်သား သစ် အတင်း အဓမ္မ စုဆောင်းပေးနေသော ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုး ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၂၅ ရက်နေ့ ကြို့ပင်ကောက်မြို့နယ်၊ ချောင်းခွရွာ အုပ်ချုပ်ရေးမှူး ရန်အောင်စိုးသည် ကျေးရွာတစ်အုပ်စုလျှင် ငွေကျပ် သိန်း ၂၀၀ ရာ ကောက်ခံပြီး အကြမ်းဖက် စစ်ကောင်စီ ၏ ဖက်ဆစ် အာဏာရှင်စနစ် သက်ဆိုးရှည်ရန် လုပ်ဆောင်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ရန်အောင်စိုးသည် အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် အတင်း အဓမ္မ စုဆောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများကို ဒေသ ပြည်သူများ အပေါ် အကြိမ်ကြိမ်နိုင့်ထက်စီးနင်း ပြုလုပ်နေခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အုပ်ချုပ်ရေးမှူး ထံမှ ဖုန်း ၁ လုံး နှင့် လေးခွတို့ သိမ်းဆည်းရရှိပြီး ထိုတိုက်ခိုက်မှုကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ခွဲနှင့် တပ်ရင်း ၃၈၀၁ ၊တပ်ခွဲ ( ၃) နတ်စစ်သည် တပ်ခွဲတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185082/
ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လေသေနတ် ၁ လက် သိမ်းဆည်းရရှိ
["ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လေသေနတ် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ပဲခူတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၌ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်များစွာ လုပ်ဆောင်နေသော ကြို့ပင်စခန်းရွာ ရာအိမ်မှူး သိန်းဦးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ရာအိမ်မှူး သိန်းဦးထံမှ လေသေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိန်းဦးသည် ကျေးရွာအတွင်းရှိ နေအိမ်များထံမှလည်း တစ်လလျှင် ထောက်ပံ့ကြေးဟုဆိုကာ ငွေကြေး ၃ သိန်းကျပ် အတင်းအဓမ္မကောက်ခံနေသူလည်း ဖြစ်ကြောင်း သိရှိရသည်။", "” မနေ့က ညနေ ၄ နာရီလောက်က သိန်းဦးအိမ်ကို ရဲဘော်တွေသွားတော့ သူက လေသေနတ်နဲ့ ဓားကိုင်ထွက်လာတာ သူ့ကိုဓားချဖို့ပြောတာ မချလို့ ခေါင်းကို ၇ ချက်ပစ်ပြီး ရှင်းလိုက်တယ်။", "သူက စစ်ခွေးတွေ ရဲခွေးတွေနဲ့ပေါင်းပြီး လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲတယ်။ သိန်း ၃၀ လောက်ပေးနိုင်ရင် ပြန်လွှတ်ပေးတယ်။ မပေးနိုင်ရင် တပ်သားသစ်အနေနဲ့ စစ်တပ်ထဲ ထည့်တာ", "ရွာမှာလည်း တစ်အိမ်ကို ၃ သိန်း စစ်မှုထမ်းကြေးပေးဖို့ သေနတ်ပြပြီး ခြိမ်းခြောက်တောင်းနေတာ” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နှင့် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ(၁) Dragon Brothers တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/189851/
ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေ၊ တောင်ငူမြို့နယ်ရှိ တဲကြီးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး
["ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေ၊ တောင်ငူမြို့နယ်ရှိ တဲကြီးရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ အေးရွာလေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ကျော်ခန့်ကစ၍ ဇီးကုန်းမြို့နယ်အတွင်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ နှင့် ဒေသတွင်း ပျူစောထီးများ ပါဝင်သော ပူးပေါင်း စစ်ကြောင်းက အေးရွာလေးရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "“၆ နာရီ ၁၀ မိနစ်လောက်ကနေ စပြီး ရှို့နေတာ ဇီးကုန်းကနေပြီးတော့ ကြို့ပင်ကောက်ကို ဝင်လာတဲ့ စစ်ကြောင်းရယ် ကြို့ပင်ကောက်က ကုန်းရွာ စစ်ကြောင်းရယ်ပေါ့။ အခုရွာကို မီးရှို့ဖျက်ဆီးနေတာက ကုန်းရွာနဲ့ ကွင်းချောင်းရွာ ပျူသောထီး ခေါင်းဆောင် စိုးမင်းနိုင်ပေါ့။ အဲ့ကောင်က ဦးဆောင်ပြီးတော့ အခုမီးရှို့နေတယ်လို့ သိရတယ်။ စိုးမင်းနိုင်က ကျေးရွာ အုပ်ချုပ်ရေးမှူးလည်း လုပ်တယ်။ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင်ပါ သူဦးဆောင်ပြီး မီးရှို့နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တောက်လျှောက် လိုက်လံ တိုက်ခိုက်နေ၍ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အထိနာနေသောကြောင့် စစ်ကောင်စီ တပ်သားများက ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်ရှိချိန်တွင် အိမ်ခြေ ၁၅၀ ခန့်ရှိ အေးရွာလေးရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တဲကြီးကျေးရွာကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် ၂ စစ်ဒေသက ပြောဆိုသည်။", "အောက်တိုဘာလ ၂၂ ရက်နေ့မှစ၍ တောင်ငူမြို့နယ် အနောက်ခြမ်း၊ ပဲခူးရိုးမအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် အမှတ် ၁ တပ်ရင်း၊ PDF တပ်ရင်း ၃၅၀၁ မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တဲကြီးကျေးရွာကို ပြန်လည် ဆုတ်ခွာလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းကြောင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တဲကြီးကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၂ စစ်ဒေသက ပြောဆိုသည်။", "Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့ ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/11/191031/
ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘော်ဘင်ရွာကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘော်ဘင်ရွာကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၆", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့် ဘော်ဘင်ရွာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၇ နာရီခန့်တွင် ဘော်ဘင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပတ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် ဘော်ဘင်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားအားလုံး ထွက်ပြေးသွားကြောင်း သိရှိရသည်။", "“စစ်ခွေး ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ ကျန်တော်တို့ ဝင်တိုက်တဲ့ အချိန် စစ်ခွေးနဲ့ ပျူစောထီးတွေ ခွေးပြေးဝက်ပြေးပြေးကြတာ ၆၀ မမ ၁ လုံးနဲ့ စစ်ယူနီဖောင်းတော့ သိမ်းဆည်းရရှိခဲ့တယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ၆၀ မမ လက်နက်ကြီးကျည် ၁ လုံးနှင့် စစ်ယူနီဖောင်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် ကြိုပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၁ တပ်ခွဲး( ၃ ) နတ်စစ်သည်တပ်ဖွဲ့ ၊ တပ်ရင်း ၃၈၀၂ မြေအောက် ပျောက်ကျားတပ်ဖွဲ့ ၊ BTZM GBK PDF ပဲခူးရိုမအခြေပြုတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/124562/
ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီး အနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး
["ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီး အနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီးအနီး၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်က ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်း ချောင်းမကြီး အနီး ခုနှစ်အိမ်တန်း၌ ဘော်ဘင်ရွာ ၊ မီးကောက်ပင်ရွာတို့မှ ပျူစောထီးများနှင့် အကြမ်းဖက် စစ်သားများ ပူးပေါင်းကာ အထိုင်ချ တပ်စွဲထားသော ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။", "ထိုသို့ ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးနောက် ကျေးရွာအတွင်းရှိ အထိုင်ချစခန်းကို ဆက်လက် တိုက်ခိုက်ရန် ပြုလုပ်စဥ် သော်လည်း ပြည်သူများ စခန်းအနီး ရှိနေသောကြောင့် ဆက်လက် တိုက်ခိုက်ခြင်းမပြုလုပ်ဘဲ အနီးကပ်စောင့်ကြည့်ပြီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။", "” အဲစစ်ခွေး ကင်းစခန်းကို ၄ ဖွဲ့ ပေါင်းဆော်တာ ပျူစောထီးနဲ့ စစ်ခွေးတွေရဲ့ စခန်းပါ စစ်ခွေးနဲ့ ပျူစောထီး ၃ ကောင်သေတယ်လို့ သိရတယ်” ဟု သာယာဝတီ ခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ (Black Dragon (GBK PDF) အဖွဲ့ ရိုးမနဂါး ဦးဆောင်၍ တပ်ရင်းခွဲ တပ်ပေါင်းစု စနစ်ဖြင့် Dragon Brothers (GBK) တပ်ရင်း၃၈၀၂၊ တပ်ခွဲ ၁၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ Yoma GBK၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃၊ BTZ GBK PDF တပ်ခွဲတို့ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/201628/
ကြို့ပင်ကောက်မြို့နယ်၊ ရင်တိုက်ကွင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ဖမ်းဆီးသွား
["ကြို့ပင်ကောက်မြို့နယ်၊ ရင်တိုက်ကွင်းရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ ဇန်နဝါရီ ၃၀", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရင်တိုက်ကွင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄၀ ခန့်သည် ရင်တိုက်ကွင်းကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ အသက် ၈၀ အရွယ် အဖွားအိုများ အပါအဝင် လသားအရွယ် ကလေးငယ်များ အပါအဝင် ပြည်သူ ၃၇ ဦးကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း သိရှိရသည်။", "“ဒီနေ့ နံနက် အစောပိုင်း၃ နာရီလောက်မှာ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှာ အထိုင်ချ တပ်ဆွဲထားတဲ့ အကြမ်းဖက် စစ်တပ်က အင်အား ၄၀ လောက်နဲ့ ရင်တိုက်ကွင်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူ အသက် ၈၀ အရွယ် အဖိုးအဖွားတွေနဲ့ လသားအရွယ် ကလေးတွေပါမကျန် ပြည်သူ ၃၇ ဦးကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဇန်နဝါရီလ ၂၀ ရက်နေ့လည်း အဆိုပါ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာတွင် အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားက ဇီးကုန်းမြို့နယ်မှ ကြို့ပင်ကောက်မြို့နယ်ကို ဖြတ်သွားစဉ် ပဲကောက်နေသူများနှင့် ထင်း ၊ ဝါး တင်သူ ၃၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မိသားစုဝင်များက ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ရကြောင်း၊ မှတ်တိုင်ရွာမှလူငယ် ၅ ဦးက အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးပြီး တစ်ဦးကို ငွေကျပ် ၄၅ သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သိရသည်။"]
https://yktnews.com/2024/03/153831/
ကြို့ပင်ကောက်မြို့နယ်၊ သင်ခရိုင်ရွာတွင် စစ်တပ်အတွက်အလုပ်လုပ်နေသူ တင်ရှိန် ပစ်ခတ်ခံရပြီး သေဆုံး
["ကြို့ပင်ကောက်မြို့နယ်၊ သင်ခရိုင်ရွာတွင် စစ်တပ်အတွက်အလုပ်လုပ်နေသူ တင်ရှိန် ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၉", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်ခရိုင်ရွာတွင် အကြမ်းဖက်စစ်တပ် အတွက် အလုပ်လုပ်နေသူ တင်ရှိန်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၂၈ ရက် ည ၇ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ သင်ခရိုင်ရွာ တွင်နေထိုင်ပြီး အကြမ်းဖက်စစ်တပ်အတွက် သတင်းထောက်လှမ်းပေးခြင်း၊ PDF စခန်းများကို လိုက်လံ ရှာဖွေပြီး အကြမ်းဖက်စစ်တပ်ကို ခေါ်ကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းတို့ သွား ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။", "“သူက သူ့တပည့်၂ ယောက်နဲ့ PDFစခန်းကို စစ်ခွေးတွေ စစ်ကြောင်းထိုးမှာကို လမ်းပြဖို့စောင့်နေတာ အဲ့ဒါကိုသတင်းရလို့ သူတို့နေတဲ့ တဲကိုဝင်စီးဖို့သွားတော့ သူ့တပည့် ၂ ယောက်က ဓားကိုင်ပြီးထွက် လာတာ သူတို့ ၂ ယောက်ကို သေနတ်နဲ့ပစ်တော့ထွက်ပြေးကြတယ်၊ အဲဒီကျမှ တင်ရှိန်ကိုဖမ်းပြီးရှင်း တာ ပြီးခဲ့တဲ့နှစ် ၃ လပိုင်းက ရှင်းလိုက်တဲ့ ရာအိမ်မှူးမိန်းမကို သူက ယူထားတာရာအိမ်မှူးမောင်မျိုး မိန်းမကိုယူပြီး အဲ့အိမ်မှာနေတယ်၊ သူကPDF ရဲဘော်တွေ အသွားအလာစောင်ကြည့်ပြီး PDF စခန်း နေရာ ကို စုံစမ်းနေတာ” ဟု သာယာဝတီခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကြို့ပင်ကောက်မြို့ နယ်တပ်ခွဲ ရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီအလိုကျ အလုပ်လုပ်ပေးသူ၊ သတင်းပေးသူ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအား မည်သည့်အချိန်မဆို သုတ်သင်ရှင်းလင်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/02/88863/
ကြို့ပင်ကောက်မြို့နယ်၊ သာစည်ရွာသား အသက် ၆၀ အရွယ် ဦးသန်းဦးကို စစ်တပ်က ပစ်သတ်
["ကြို့ပင်ကောက်မြို့နယ်၊ သာစည်ရွာသား အသက် ၆၀ အရွယ် ဦးသန်းဦးကို စစ်တပ်က ပစ်သတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ် သာစည်ရွာသား အသက် ၆၀ အရွယ် ဦးသန်းဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်တွင် ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်ရှိ ဗားခရာဘုန်းကြီးကျောင်း၌ ထီးတင်ပွဲ ဆိုင်းဝိုင်းကို သွားရောက် ကြည့်ရှု့ပြီး ပြန်လာသည့် သာစည်ရွာသား အုတ်ဖုတ် လုပ်ငန်းလုပ်ကိုင်သူ အသက် ၆၀ အရွယ် ဦးသန်းဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။", "စစ်တပ်က ပစ်ခတ် သတ်ဖြတ်ပြီးနောက် သေဆုံးသူ ဦးသန်းဦးသည် သာစည်ရွာအနီးရှိ Mytel တာဝါတိုင်ကို ဖောက်ခွဲတိုက်ခိုက်ရန် ရောက်ရှိလာသော ကြောင့် ပစ်ခတ် ဖမ်းဆီးခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်တပ် ထောက်ခံသူများက ဒေသခံများကို သတင်းမှားဖြင့် ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။", "” ၂၀ ရက်နေ့ညက ကြို့ပင်ကောက်မြို့ပေါ် နွယ်ခွေရပ်ကွက် ဗားခရာ ဘုန်းကြီးကျောင်းမှာ ထီးတင်ပွဲ ဆိုင်းဝိုင်းကိုသွားပြီး အပြန်မှာ စစ်တပ်က ပစ်သတ်တာပါ။ သူ့မိန်းမနဲ့ အတူသွားတာ သူက အိပ်ချင်လို့ဆိုပြီး သူ့မိန်းမကိုထားခဲ့ပြီး သူအုတ်ဖုတ်တဲ့ တဲကိုအပြန်မှာ ပစ်သတ်ခံရတာ သူ့ကို စစ်ခွေးတွေက ၁ ချက်ပစ်ပြီး ဘယ်သူလဲမေးတဲ့အချိန်မှာ သူက ကြောက်ကြောက်နဲ့ ပြန်မပြောတာကို မေးမရလို့ဆိုပြီး ၂ ချက်ပစ်သတ်လိုက်တာ သူတို့ ပစ်သတ်ပြီးမှ Mytel တာဝါတိုင်ကို ဖောက်ခွဲဖို့လာတဲ့ PDF တပ်ဖွဲ့ဝင်ဆိုပြီး စွပ်စွဲထားတယ်။ သူက အရပ်သား ပြည်သူပါ အသက် ၆၀ ရှိပါပြီ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/12/197705/
ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် မြို့ပေါ် တင်ဆောင်သွား
["ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့်မြို့ပေါ် တင်ဆောင်သွား", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဥယျာဥ်ကြီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဥယျာဥ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို ပြန်လည် တပ်ဆုတ်သွားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင်လည်း အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာကို တော်လှန်ရေးတပ်ဖွဲ့ များက ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၁ နာရီ ကြာဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၁ ဦးသေဆုံးပြီ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ညနေ့ ၄ နာရီခန့်တွင် နာရေးကား ၃ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက အခုထပ်ပြီး ကုန်းရွာဘက်ကနေ တက်နေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ပါတယ်။ ရိုးမအစပ်က ပြည်သူတွေ သတိနဲ့နေကြပါ။ စစ်ခွေးတွေ အထိနာနေတော့ ပြည်သူကိုမဲပြီး ဒုက္ခပေးနိုင်လို့ မပေါ့ဆဖို့ အသိပေးချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူကာကွယ်ရေး တပ်ဖွဲ့များက ဆက်လက် ပစ်ခတ် တိုက်ခိုက်သွားမည်ဖြစ်၍ စစ်ကောင်စီ တပ်သားများနှင့် အနီးကပ် သွားလာခြင်း မပြုလုပ်ရန် တော်လှန်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။", "အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ -၁ YOMA (GBK – PDF)၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ -၁ Dragon Brothers (GBK – PDF)နှင့် ပဲခူးရိုးမအခြေပြု BTZM (GBK – PDF) သာယာဝတီ ခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/170593/
ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော ဂဝံလမ်းကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး
["ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော ဂဝံလမ်းကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး", "လူအင်အား လျော့နည်းနေသည့် ခမရ ၆ တပ်ရင်း တိုက်ခိုက်ခံရမည်ကို စစ်သားများ ကြောက်လန့်နေ", "ရန်ကုန် ၊ ဇွန် ၂၉", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော ဂဝံလမ်းကို အကြမ်းဖက် စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော အုတ်ဖိုမြို့နယ်အပိုင် ဒေါင်းလေးရွာထိပ်ရှိ သရက်တိုက်တံတား တစ်ဘက်တစ်ချက်ရှိ ဂဝံလမ်းကို အကြမ်းဖက် စစ်သားများက မြေတူးစက်ဖြင့် ၁၀ ပေ အနက်ရှိ တွင်းများတူး၍ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ လမ်းပိုင်းကို အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာ ၃၀ ခန့် အားကိုးနေရသည့် လမ်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“လမ်းမြေဖို့ရင်း မြေမြုပ်မိုင်း နင်းမိရင် တာဝန်မယူဘူးဆိုပြီး စစ်ခွေးတွေက ပြောနေလို့ ဘယ်သူမှ မြေမဖို့ရဲဘူး။ တိုက်ပွဲမရှိဘူး။ PDF တွေ မြို့ပေါ်တက်လာမယ် သတင်းထွက်နေလို့ လမ်းတွေဖျက်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ထိုသို့ လမ်းဖျက်ဆီးခံရသည့် အတွက် ကျေးရွာ ၃၀ မှ ပြည်သူများ ၅၀၀၀ ဝန်းကျင်ခန့် အခက်တွေ့နေကြခြင်း ဖြစ်ပြီး မြေဖို့လိုသော်လည်း မိုင်းနင်းမိမည်ကိုစိုးရိမ်၍ မလုပ်ရဲကြကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၆ တိမ်မြုပ် စစ်တပ်သည် အင်အား လျော့နည်းနေပြီး PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက် သိမ်းပိုက်မည်ကို စိုးရိမ်၍ လမ်းများ ဖျက်ဆီးနေခြင်း ဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ရှင်းပြသည်။", "ထို့ပြင် ဖေဖော်ဝါရီလ ၂၉ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းအုပ်စု၊ ချောင်တင်းကွင်းကျေးရွာနှင့် ဒေါင်းစပါးအုပ်စု သာလိကာကျေးရွာကို ဆက်သွယ်ထားသည့် သာလိကာ-ဂွေးချောင်းလမ်း၊ လှေတုန်း၊ သခွပ်ကုန်း၊ ဒေါင်းစပါး ၊ ဒေါင်ကြီး၊ ဒေါင်လေး စသည့်ကျေးရွာများကို ဆက်သွယ်ထားသည့် သဲကုန်း-ဒေါင်ကြီးလမ်းကို အကြမ်းဖက်စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။", "“အဲဒီ လမ်းတွေ ဖျက်လို့ ခုလမ်းကနေ သွားလာနေကြရတာ။ ခုတော့ အကုန်ဒုက္ခများပြန်တာပေါ့။ စစ်ခွေးတွေကြောက်နေတာတော့ သေချာတယ် ရိုးမထဲကနေ မြို့ထဲလာလို့ ရတဲ့လမ်းမှန်သမျှဖျက်ဆီးနေတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/01/200014/
ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီးထားကာ ရွာနှင့်လူများကို သတ်ဖြတ် မီးရှို့ မည်ဟု ခြိမ်းခြောက်
["ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း စီးနင်း ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ပြည်သူများကို ဖမ်းဆီးထားကာ ရွာနှင့်လူများကိုသတ်ဖြတ် မီးရှို့ မည်ဟု ခြိမ်းခြောက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များထွက်ပြေးသွား၍ ရွာလုံးကျွတ် ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့၍ ပြည်သူမျာကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးစဉ် လူငယ်များ ထွက်ပြေးသွား၍ ရွာလုံးကျွတ် ဖမ်းဆီးထားပြီး နေအိမ်များကို မီးရှို့၍ ပြည်သူမျာကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရသည်။", "လက်ရှိချိန်တွင် သင်္ခရိုင်ရွာထဲ၌ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီး အများစုကျန်ရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်က ရွာထဲ၌ ရှိနေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သင်္ခရိုင်ရွာကို PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက်ရန် ဖုန်းဆက် ပြောဆိုပြီး တိုက်ခိုက်ခြင်းမရှိပါကာ ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူများကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဒေသသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "“ကြို့ပင်ကောက်၊ သင်္ခရိုင်ရွာကို စစ်ခွေး ဒီနေ့ နံနက် ၁၀ နာရီလောက်က ရွာထဲဝင်ရောက်ပေါ်တာဆွဲတာ သူတို့လာဆွဲတော့ ရွာထဲက လူငယ်တွေ အကုန်လုံးထွက်ပြေးလို့ဆိုပြီး ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေ နဲ့ မိန်းကလေးတွေ တစ်ရွာလုံးကို ဖမ်းဆီးထားတာ တော်လှန်ရေးအဖွဲ့တွေကိုလည်း လာတိုက်ရင်တိုက် မတိုက်ရင် ရွာကို မီးရှို့မယ်လို့ စစ်ခွေးတွေက ဖုန်းဆက်ပြီး ခြိမ်းခြာက်ပြောဆိုတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်တွင်ပေါ်တာဆွဲ ဖမ်းဆီးရုံတင်မကတော့ဘဲ စစ်ကြောင်းထိုး၍ ကျေးရွာများကို စီးနင်းကာ လူငယ်များကို လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ပဲခူးတိုင်းအတွင်းရှိ ကင်းထောက်သတင်းရင်းမြစ်များက ပြောဆိုကြသည်။"]
https://yktnews.com/2023/11/129127/
ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်တပ်အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို တော် လှန် ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင် ပြည်သူတချို့ထိခိုက်ဒဏ်ရာရ
["ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်တပ်အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို တော် လှန် ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်ဘေးရှောင် ပြည်သူတချို့ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို မြောက်ပိုင်းမဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများထံမှသိရှိရသည်။", "အောက်တိုဘာလ ၃၀ ရက်နေ့မှစတင်၍ မြောက်ပိုင်းမဟာမိတ်တပ်များက ကြူကုန်/ပန်ဆိုင်းမြို့ထိပ်ရှိ စစ်ကောင်စီတပ်၏ အထိုင်စခန်းနှင့် ပန်ဆိုင်းရဲစခန်းကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့ညပိုင်းတွင် ပန်ဆိုင်းရဲစခန်းကို သိမ်းဆည်းရရှိကြောင်း၊ အလားတူ စစ်တပ်စခန်းကိုလည်း သိမ်းဆည်းရရှိပြီး ပန်ဆိုင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်သည့်အနေအထား ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ပန်ဆိုင်းမြို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "“ပန်ဆိုင်းမြို့ကတော့ တော်လှန်ရေးတပ်ဖွဲ့လက်ထဲ‌ ရောက်သလောက်နီးပါးဖြစ်နေပြီ။ စစ်တပ်စခန်းကုန်းလည်းကျသွားပြီ။ ရဲစခန်းလည်း ကျသွားပြီ။ မြို့နားမှာ တပ်မရှိတော့ဘူး။ အခု စစ်တပ်က မြို့ထဲဘက်ကို လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ အခု မနက် ဗုံးကျဲနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် ကြူကုတ်နှင့် ပန်ဆိုင်းမြို့ကို မြောက်ပိုင်းမဟာမိတ်တပ်များက ထိန်းချုပ်ထားပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ထွက်ပြေးသွားကြကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပန်ဆိုင်းမြို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲစဉ် ဗုံးစမှန်၍ လက်တွင် ထိခိုက်ဒဏ်ရာရရှိထားသော အမျိုးသမီးငယ်တစ်ဦး။"]
https://yktnews.com/2024/07/176324/
ကြံခင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ
["ကြံခင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ", "ရန်ကုန်၊ ဇူလိုင် ၂၉", "ကြံခင်းမြို့တွင် ပြည်သူများက ယနေ့ ဇူလိုင် ၂၉ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/147074/
ကြံခင်းမြို့နယ် သပိတ် အင်အားစုများက စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
["ကြံခင်းမြို့နယ် သပိတ် အင်အားစုများက စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂", "ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/199701/
ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ကား ၊ ဓာတ်ဆီ ပေပါ ၅ လုံး နှင့် အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်သွား
["ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က အကြောင်းမဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ကား ၊ ဓာတ်ဆီ ပေပါ ၅ လုံး နှင့် အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်သွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ကား ၊ ဓာတ်ဆီ ပေပါ ၅ လုံး နှင့် အဖိုးတန်ပစ္စည်းများကို အကြမ်းဖက် စစ်တပ်က လုယက် ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးကျေးရွာအုပ်စုရှိ ထိန်ပင်မြောင်ရွာ၊ စပါးအိုးရွာနှင့် ပိုးစုကြီးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ကားများဖြင့်ရောက်ရှိလာပြီး အင်အား ၅၀ ခန့်ဖြင့် ပြည်သူပိုင် နေအိမ်များကို အကြောင်းမဲ့ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်တွင် ရပ်ထားသော ပြည်သူပိုင် ကား ၃ စီးကို လိုင်စင်မရှိဘူးဟုဆိုတာ သိမ်းဆည်းသွားပြီး ထိန်ပင်မြောင်ရွာထိပ်ရှိ ဓာတ်ဆီဆိုင်မှ ဆီ ပေပါ ၅ လုံးကိုလည်း ယူဆောင်သွားကြောင်း၊ ထိုပြင် ပြည်သူပိုင် နေအိမ်အတွင်းရှိ ဗီရိုများ၊ မှန်တင်ခုံများ၊ ထိုင်ခုံနှင့် အဖိုးတန် များကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ယူဆောင်သွားကြောင်း သိရှိရသည်။", "ယင်းသို့ ယူဆောင်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကားများကို ပြန်ရွေးရန် ပြည်သူများကို လိုက်လံပြောဆိုနေပြီး လက်ရှိချိန်တွင် ဒေသပြည်သူများက ကြောက်လန့်နေသောကြောင့် သွားရောက် ရွေးထုတ်ခြင်းမရှိသေးကြောင်း သိရသည်။", "“ထိန်ပင်မြောင်ရွာ ၊ စပါးအိုးရွာ နဲ့ ပိုးစုကြီးရွာတွေကို ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့မှာ စစ်ကားတွေနဲ့ စစ်သား ၅၀ လောက်ရောက်လာပြီး အိမ်မှာရပ်ထားတဲ့ ကားတွေကို လိုင်စင်မရှိလို့ဆိုပြီး သိမ်းသွားတယ် ၃ စီးပါသွားပါတယ်။ ပြီးတော့ ထိန်ပင်မြောင်ရွာထိပ်က ဓာတ်ဆီဆိုင်က ဆီ ပေပါ ၅ လုံးကိုလည်း ယူသွားတယ်။ နောက်ပြီး ဗီရိုတွေ မှန်တင်ခုံတွေ ထိုင်ခုံတွေနဲ့ အဖိုးတန် ပစ္စည်းတွေကို အကြောင်းအမျိုးမျိုးပြပြီး လိုက်လံ ယူဆောင်သွားတယ်။ ယူသွားတဲ့ ကားတွေကိုလည်း လာပြန်ရွေးခိုင်းနေပါတယ်။ ပြည်သူတွေ အကုန်လုံးကတော့ ကြောက်လန့်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ-ဧရာ၀တီတိုင်းအတွင်း စစ်ဆေးရေးလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)"]