url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/09/121663/
ခင်ဦးမြို့နယ်တွင် ၂ နှစ်ကျော်ကာလအတွင်း စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၅၀ လုံး ပျက်စီး ဆုံးရှုံး
["ခင်ဦးမြို့နယ်တွင် ၂ နှစ်ကျော်ကာလအတွင်း စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၅၀ လုံး ပျက်စီး ဆုံးရှုံး", "ရန်ကုန်၊ စက်တင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ၂ နှစ်ကျော်ကာလအတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၆၀၅၀ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေအိမ် ၆၀၅၀ မီးလောင် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ငါးရုံကြီးရွာ၊ ရှားတောရွာ၊ ဂျပို့ရွာ တောတိုက် စာသင်ကျောင်းနှင့် မုံလှရွာ စာသင်ကျောင်း ဘုန်းကြီးကျောင်း တို့ကို ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ခင်ဦးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများမှာ ရွာသစ်ကုန်းရွာတွင် အင်အား ၅၀ ခန့်၊ အင်းပတ်ကွေ့ ဈေးတန်းတွင် အင်အား ၃၀ ခန့်၊ မြင်းဒေါင်းအရှေ့ မူးတိမ်ချောင်းတံတားတွင် အင်အား ၃၀ ခန့်၊ ပျဥ်ထောင်ရွာတွင် အင်အား ၆၀ ခန့်၊ မဒေါင်းလှရွာတွင် အင်အား ၅၀ ခန့်၊ မကျီးတုံရွာတွင် အင်အား ၅၀ ခန့်နှင့် ခင်ဦးမြို့ပေါ်ရှိ ရဲစခန်း၊ ဆေးရုံ တို့၌ အင်အား ၆၀ ခန့်တို့ဖြင့် တပ်စွဲထားကြောင်း သိရှိရသည်။", "ခင်ဦးမြို့နယ်သည် ကျေးရွာအုပ်စု ၆၄ စု ရှိပြီး ကျေးရွာပေါင်း ၁၄၇ ရွာရှိကာ အကြမ်းဖက် စစ်တပ်က ကျေးရွာ ၇၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူ ၁၀၀၀၀ ကျော်ရှိကာ နေရပ်မနေနိုင်သည့် အမြဲတမ်း စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်း လစဥ်စစ်ကြောင်း ထိုးနေသောကြောင့် စစ်ဘေးရှေ​ောင် ပြည်သူများသည် စားဝတ်နေရေး လုပ်ငန်းများ မလုပ်ကိုင်နိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေရသောကြောင့် နေ့စဥ်ဝင်ငွေ ရှားပါးလာသည်နှင့်အတူ ကုန်ဈေးနှုန်း အဆမတန် တက်လာမှုကြောင့် နေစဥ်စားဝတ်နေရေးအတွက် ရုန်းကန်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/132201/
ခင်ဦးမြို့နယ်တွင် ၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ ကျင်းပ
["ခင်ဦးမြို့နယ်တွင် ၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ ကျင်းပ", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေး အစိုးရ ကြားကာလ အခြေခံပညာ ကျောင်းတစ်ကျောင်းတွင် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ၃၄ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ဆရာဆရာမများ ကျောင်းသားကျောင်းသူများနှင့် ကျင်းပပြုလုပ်ခဲ့ကြသည်။", "အဆိုပါအခမ်းအနားကို မြို့နယ် အမျိုးသမီးနှင့်ကလေးသူငယ်ဆိုင်ရာတာဝန်ခံမှ ဦးဆောင်ကျင်းပခဲ့ပြီး ပြည်သူကာကွယ်ရေးအဖွဲ့များ မြို့နယ်အဆင့်တာဝန်ခံအသီးသီးမှ တက်ရောက်ကာ ကလေးသူငယ်တိုင်း အခွင့်အရေးအပြည့်အဝ ရရှိရေးနှင့်ကလေးသူငယ်ဆိုင်ရာ ကူညီစောင့်ရှောက်ရေး ဟောပြောကာ အပြည်ပြည်ဆိုင်ရာကလေးများနေ့ ပန်းချီပြိုင်ပွဲ(အလယ်တန်းအဆင့်)ကျင်းပပြုလုပ်ခဲ့ပြီး ဆုလက်ဆောင်များချီးမြှင့်ခဲ့ကြောင်း သိရှိရသည်"]
https://yktnews.com/2024/01/138476/
ခင်ဦးမြို့နယ်မှ ပြည်သူ ၃၀ ဦး၀န်းကျင်ကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးထား
["ခင်ဦးမြို့နယ်မှ ပြည်သူ ၃၀ ဦး၀န်းကျင်ကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးထား", "ရန်ကုန်၊ ဇန်နဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ပြည်သူ ၃၀ ဦးဝန်းကျင်းကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ ဒေသခံပြည်သူ ၃၀ ဦး၀န်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးရင်း ဖမ်းဆီးသွားခဲ့ကြောင်း၊ ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ခင်ဦးမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က အင်တိုင်း(မ)ရွာနှင့် မြင်းဒေါင်းရွာ မှ ဒေသပြည်သူ ၃၀ ဦး၀န်းကျင်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ဖမ်းဆီးခံရသော ဒေသခံများမှာ ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အင်တိုင်း(မြောက်)ရွာနှင့် မြင်းဒေါင်း ကျေးရွာများမှ ဖြစ်ပြီး သက်ကြီးရွယ်အိုများ ၊အမျိုးသမီးများ ကလေးသူငယ်များ အပါအဝင် ယာတောများတွင် တောင်သူလုပ်နေသူများပါ ရုတ်တရက် ဖမ်းဆီး ခြင်းခံခဲ့ရကြောင်း သိရပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။", "စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် မြင်းဒေါင်း၊မကျီးအုပ်၊သရက်ပင်စု၊ယာတော်၊ကားဆိပ်၊အင်တိုင်း(မ)", "စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အနွေးထည်၊စောင်နှင့် စား၀တ်နေရေးပါ အခက်အခဲ", "ဖြစ်နေကြရကြောင်း သိရှိရသည်။", "ယမန်နေ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် တပ်စွဲထားသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ်ထဲသို့ ဝင်ရောက်လာသဖြင့် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက်အစောပိုင်း ရေဦးမြို့မှ စစ်တပ် အင်အား ၈၀ ခန့်က ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း၊ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းရှိ အင်တိုင်းလေး၊ ကားဆိပ်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ်၊ ရွာသစ်ကုန်း စသည့် ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။", "“အရင်တုန်းက ခင်ဦးမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ ပျူစောထီးရွာ ၄ရွာနှင့် တပ်စွဲထားတဲ့ ကင်းစခန်း ၂ ခု ရှိပါတယ်။ နိုဝင်ဘာလကတည်းက တပ်စွဲထားတဲ့ ပျူစောထီးရွာ တစ်ရွာနဲ့ ကင်းစခန်း နှစ်ခု ကိုစွန့်ခွာသွားခဲ့ကြတယ်။ အခုအခါ ကျန်ရှိနေတဲ့ ပျူစောထီးကျေးရွာ ၃ရွာအနက်မှ ပျဉ်ထောင်ပျူစောထီးကျေးရွာကို ဒီစစ်ကြောင်းက ထောက်ပို့သွားတာဖြစ်နိုင်ပါတယ်။ ပြည်သူတွေက အကုန်ပြေးနေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ယမန်နေ့တွင် ပြောဆိုခဲ့သည်။", "ဓာတ်ပုံ- ဖယ်ခုံမြို့မှ ပြည်သူများကို ယမန်နှစ် စစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2023/05/101421/
ခင်ဦးမြို့နယ်ရှိ ကဘွက်ရွာနှင့် ကုတ်တက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်ရှိ ကဘွက်ရွာနှင့် ကုတ်တက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ မေ ၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကဘွက်ရွာနှင့် ကုတ်တက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၇ ရက်နေ့ နံနက်အစောပိုင်းတွင် ဧရာဝတီမြစ်အရှေ့ဘက်မှ အနောက်ဘက်သို့ မြစ်ကူး၍ ခင်ဦးနယ်သို့ ဝင်ရောက်လာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းသည် နံနက် ၁၀ နာရီခန့်တွင် ကဘွက်ရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ ထို့ပြင် ညနေပိုင်းတွင် ကုတ်တက်ရွာကို စစ်တပ် စစ်ကြောင်းက လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ပြီး နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ကဘွက်ရွာနှင့် ကုတ်တက်ရွာ အပါအဝင် အနီးနားရှိ ကျေးရွာများမှ ဒေသ ပြည်သူ ၃၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ​ကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ခုခံ တိုက်ခိုက်ရင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် မေလ ၆ ရက်နေ့၌ မန္တလေးမှ ဆင်းလာသော စစ်ကြောင်းဖြစ်ပြီး စဥ့်ကူးမြို့နယ်အတွင်းရှိ ၊နွယ်ရုံကျေးရွာ၊ကျည်တောက်ပေါက်ကျေးရွာ၊ ချောင်းသလဲကျေးရွာ၊ ရွှေကျင်ကျေးရွာ၊အင်းဇောက်ကြီးကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ရွှေကျင်ကျေးရွာနှင့် အင်းဇောက်ကြီးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မြစ်ကြောင်းထဲသို့ ဆင်းလာသည့် စစ်ကြောင်း ၁ ကြောင်း၊ ရေမြက်ကျေးရွာနှင့် မင်းမရုံကျေးရွာဘက်မှ တက်လာသည့် စစ်ကြောင်း ၁ ကြောင်း၊ ကျောက်မြောင်းနှင့် လေမသိန်းခဘက်မှ တက်လာသည့် စစ်ကြောင်း(၁)ကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၃ ကြောင်း ပေါင်းကာ ခင်ဦးမြို့နယ်တွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အခုလက်ရှိ စစ်ကြောင်းကတော့ ကုတ်တက်ရွာထဲမှာပါ။ တိုက်ပွဲက အကြီးအကျယ် ဖြစ်တာတော့ မဟုတ်ပါဘူး။ အခုလည်း မီးရှို့နေကြတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက​ ပြောဆိုသည်။"]
https://yktnews.com/2023/09/120780/
ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် ဆက်တိုက် မီးရှို့ပြီး စစ်ကြောင်း ထိုးနေ၊ ကျေးရွာ ၈ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် ဆက်တိုက် မီးရှို့ပြီး စစ်ကြောင်း ထိုးနေ၊ ကျေးရွာ ၈ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ပြီး စစ်ကြောင်း ထိုးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းက စတင်ကာ ကန့်ဘလူမြို့နယ်မှ စစ်ကား ၆ စီးဖြင့် ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ငါးရုံကြီးရွာကို ဝင်ရောက်စီးနင်း မီးရှို့ပြီးနောက် ရှားတောရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးစစ်ဆင်မှုကြောင့် အိုင်ပေါင်းချောင်၊ အောင်ချမ်းသာ၊ ယင်းတိုက်၊ ငါးရုံကြီး၊ ရှားတော၊ ကလုံ၊ သရက်ကုန်းနှင့် ရှင်မင်းဒွေ စသည့်ကျေးရွာများမှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” ဒီနေ့မနက် စစ်ခွေး စစ်ကြောင်းက ကန့်ဘလူနယ် ကာဘိုးကနေ ခင်ဦးနယ် မြောက်ဘက်ခြမ်း ငါးရုံကြီးနဲ့ ရှားတောရွာကို ဝင်ပြီး ၂ရွာလုံးကို မီးရှို့နေကြတယ်။ ဘာတိုက်ပွဲမှလဲ မဖြစ်ဘူး။ အဲ့ဘက်တွေက ငြိမ်တယ်။ အကြောင်းမဲ့ ၂ ရွာလုံးကို မီးရှို့နေတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှားတောရွာမှ မဒေါင်းကြီးရွာကို ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။"]
https://yktnews.com/2023/01/84258/
ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး၊ ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ ရွာလုံးကျွတ် ပြာကျ
["ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီး၊ ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ ရွာလုံးကျွတ် ပြာကျ", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်ကျေးရွာ၊ ရုံးစုကျေးရွာနှင့် ညောင်ပင်ကြီးစုရွာတို့က မီးရှို့ဖျက်ဆီးခဲ့ပြီး ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း သိရသည်။", "” မနေ့က ခင်ဦးမြို့နယ် ဗျိုင်းကြိုင်ကျေးရွာကို စစ်ခွေးတွေ ရောက်လာပြီး ညလုံးပေါက် ပြည်သူပိုင်နေအိမ်တွေကို မီးတင်ရှို့ခဲ့တယ်။ ဒီနေ့ နံနက်ပိုင်းမှာ ရုံးစုကျေးရွာနဲ့ ရေဦး-ညောင်ပင်သာ လမ်းပိုင်းမှာရှိတ​ဲ့ ညောင်ပင်ကြီးစု ကျေးရွာကို ထပ်ရှို့နေတယ်။ ဗျိုင်းကြိုင်ရွာနှင့် ရုံးစုရွာတို့ကတော့ ရွာလုံးကျွတ် ကုန်သလောက်ကို ရှိဖြစ်သွားပြီး ပခုညနေပိုင်းမှာ ညောင်ပင်ကြီးစု ရွာကိုလည်း နေရာ ၃ ခုခွဲပြီး မီးတင်ရှို့နေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။", "ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစု၊ ကြာပင်အိုင်၊ ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေဘိုမြို့နယ်ရှိ သရက်ပင်ဝန်း၊ စိုင်တိုး စသည့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၁၀၀၀၀ ခန့်သည် စစ်ဘေးရှောင်များအဖြင့် တိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2024/08/181325/
ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ
["ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ", "ရန်ကုန်၊ ဩဂုတ် ၃၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းနှင့် ယနေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်ရှိ မဒေါင်းကြီးရွာ၊ ရွှေကာရွာ၊ သေနပ်စိန်ရွာ၊ ဗအိုးရွာ နှင့် စည်ပုတ္တရာရွာတို့ကို လေကြောင်းဖြင့် ၂ ရက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်ထိ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်လေယာဉ်များ ပျံဝဲနေသည့်အတွက် ပြည်သူများ ထိခိုက်မှု ရှိမရှိနှင့် ကျေးရွာအတွင်း ပျက်စီး ဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း သိရှိရသည်။", "ထို့ပြင် ဗုံးကျဲ တိုက်ခိုက်ခံရသော ကျေးရွာများ ပြည်သူများနှင့် အနီးအနားရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။", "“ခင်ဦးနယ် မြောက်ဘက်ခြမ်းကရွာတွေကို ဒီနေ့ မနက်ကစပြီး ဂျက်ဖိုက်တာတွေနဲ့ ၆ ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်ထားတယ်။ ဖိုက်တာတွေက ဆက်တိုက်ကိုပစ်နေတာ လက်ရှိ မြေပြင်အခြေအနေက ထိခိုက်မှု ပျက်စီးမှု ဘာမှ အတည်မပြုနိုင်သေးပါဘူး။ ပြည်သူတွေလည်း အရေးပေါ် ထွက်ပြေးနေကြရတယ်။ လက်ရှိ ဗုံးကျဲခံရတဲ့ ရွာတွေဘက်မှာ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ်နေတာ ကျေးရွာပေါင်း ၁၀ ရွာကျော်မယ်ပြေးနေရတာ။ စစ်ရှောင် ပြည်သူ သောင်းချီရှိမယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။"]
https://yktnews.com/2023/07/113224/
ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
["ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၁၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "ဇူလိုင်လ ၁၅ ရက်နေ့တွင် ရွှေဘိုမြို့နယ် မြောက်ခြမ်းကို လှည့်ပတ် မီးရှို့နေသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခွန်တောင်ကြီး ပျူရွာ နှင့် ညောင်ပင်သာ စိုက်ပျိုးရေး သိပ္ပံကျောင်းမှ နေ၍ ညနေပိုင်း ၃ နာရီ ဝန်းကျင်တွင် ခင်ဦးမြို့နယ် တိုက်နယ်- ၂ ဒေသရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။", "ယင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် တဲဘိုပင်ရွာ၊ ကြာပင်အိုင်ရွာ၊ တပင်ကောင်း(တောင်)ရွာနှင့် သရက်ပင်ဝန်းရွာ မှ ဒေသပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။", "ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တဲဘိုပင်ကျေးရွာမှ ထွက်ခွာလာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ သိမ်တော်ကျေးရွာအတွင်း ဝင်ရောက်လာ​ကြောင့် ကျွန်းလည်၊ ကျွန်းဆွယ်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ မြို့သစ်ရွာမှ ဒေသပြည်သူ ၈၀၀၀ ကျော်သည် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။"]
https://yktnews.com/2023/04/98134/
ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးစီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးစီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ် အတွင်းသို့ အင်အား ၈၃ ဦးခန့်ဖြင့် မူးမြစ်ကူး တံတားကို ဖြတ်ကျော်ပြီး အင်းပတ်ကွေ့ကို စစ်​ကြောင်းထိုး ဝင်ရောက်လာသော​ကြောင့် ကျေးရွာ ၈ ရွာမှ ဒေသခံ ပြည်သူ ၂၅၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် အင်းပတ်ကွေ့ရွာအနီးရှိ အင်းပတ်ရွာ၊ ရွာသစ်ရွာ၊ ချမ်းသာကုန်းရွာ၊ အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ၊ မြင်းဒေါင်းရွာနှင့် မကျီးအုပ်ရွာရှိ ပြည်သူ ၂၅၀၀ ကျော်ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။", "“ဒေသ ပြည်သူတွေကတော့ နီးစပ်ရာ ကျေးရွာတွေနဲ့ လယ်ယာတွေ အကြား ဦးတည်ချက်မရှိ ပြေးနေရတယ်။ စစ်ခွေးတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီး ကျည် ထိမှန်မှာကိုလည်း စိုးရိမ်နေကြရတယ်။ လက်ရှိ​ တိမ်းရှောင်နေရတာ ရွာ ၈ ရွာလောက်ရှိမယ်။ ပြည်သူကတော့ ၂၅၀၀ ကျော်တယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/09/120640/
ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၊ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးအပေါ် အကူအညီများ လိုအပ်နေ
["ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၊ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးအပေါ် အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ စက်တင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကာ အရေးအပေါ် အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၃၁ ရက်နေ့ နံနက် အစောပိုင်းတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေသည့်ကြားမှ ခင်ဦး တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ခြေလျင်စစ်ကြောင်း ထိုးလာသည့်အတွက် ကျေးရွာနေ ပြည်သူ ၈၀၀၀ ကျော်သည် မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့တောင်ဘက်ရှိ လောင်ရှည်ကျေးရွာအတွင်း ရောက်ရှိနေကာ အနီးပတ်ဝန်းကျင်ရှိ လက်ပံလှရွာ၊ ရွာသန်းရွာ၊ ပန်းတွင်းရွာ၊ ကျီးကန်ရွာနှင့် ရေအေးကုန်းရွာတို့မှ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၈၀၀၀ ကျော်သည် လက်ရှိ အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိ​ကာ ဆက်သွယ်လှူဒါန်းလိုသော ပြည်သူများအနေဖြင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားအဖွဲ့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ပေါ်ကို သြဂုတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိလာပြီး အင်အား ၁၀၀ ကျော်ဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။", "Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့"]
https://yktnews.com/2023/08/119208/
ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား
["ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား", "ရန်ကုန် ၊ ဩဂုတ် ၂၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၂၁ ရက်နေ့တွင် ခင်ဦးမြို့မရဲစခန်းမှ အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်သည် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်က စတင်ကာ စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ကျေးရွာ ၅ ရွာမှ ဒေသပြည်သူများ မိုးထဲ ရေထဲတွင် အိုးအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ အောင်သီရိရပ်ကွက်မှ တောင်ဘက် ပန်းမုံဘုရားဘက်သို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အောင်သီရိရပ်ကွက်မှ ကိုမျိုးလင်း ဆိုသူကို ဓားစာခံ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ပန်းမုံဘုရားမှ ခင်ဦးအနောက်ဘက် လွမ်းစေတီဘုရားဘက်သို့ ဆက်လက် ဦးတည်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/04/98289/
ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၁၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အင်အား ၁၀၀ ကျော်ခန့်ဖြင့် ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်အတွင်းရှိ မူးမြစ်ကူး တံတားမှဖြတ်၍ ခင်ဦးမြို့နယ် အင်းပတ်ကွေ့သို့ ထပ်မံ စစ်​ကြောင်း ထိုး ဝင်ရောက်လာသော​​ကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၂၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် အင်းပတ်ကွေ့ဝန်းကျင်ရှိ အင်းပတ်ရွာ၊ ရွာသစ်ရွာ၊ ချမ်းသာကုန်းရွာ၊ အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ မြင်းဒေါင်းရွာနှင့် မကျီးအုပ်ရွာတို့မှ ပြည်သူ ၂၅၀၀ ကျော်သည် နီးစပ်ရာ ကျေးရွာများနှင့် လယ်ယာများတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှု​ကို ပြည်သူများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။", "” ဒီနေ့ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ စစ်ခွေး စစ်ကြောင်းက မနေ့က လမ်းအတိုင်း ရေဦးကနေ အင်းပတ်ကွေ့ကို အင်အား ၁၀၀ နဲ့ ထပ်ပြီး စစ်ကြောင်းထိုး ဝင်လာတယ်။ နီးစပ်ရာ ကျေးရွာ ၈ ရွာက ပြည်သူ ၂၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က အင်အား ၈၃ ဦး ကား ၄ စီးဖြင့် ၎င်းတို့ တပ်စွဲထားသည့် ရွာသစ်ကုန်း၊ မူးတိမ်ချောင်းတံတား၊ ပျဥ်ထောင်ရှိ စခန်းများကို စားနိပ်ရိက္ခာများ သွားရောက် ပို့ဆောင်ခြင်းကြောင့် ကျေးရွာ ၈ ရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။"]
https://yktnews.com/2024/01/140365/
ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး ၊ ပခုက္ကူမြို့တွင် စစ်ကြောင်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်
["ခင်ဦးမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ရဲအရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံး ၊ ပခုက္ကူမြို့တွင် စစ်ကြောင်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲတိုက်ခိုက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံနှင့် ပျူစောထီးကျေးရွာ ၂ ရွာကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ခင်ဦးမြို့ပေါ်ရှိ ရဲစခန်း၊ အထွေထွေအုပ် ချုပ်ရေးမှူးရုံးနှင့် ခင်ဦးမြို့ဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်း ဖြင့် ၃ ကြိမ် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲအရာရှိတစ်ဦးသေဆုံးပြီး ပျူစောထီး အမျိုးသမီး ၁ ဦး ပေါင်ကို ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် ညနေ ၆ နာရီ မိနစ် ၅၀ အချိန်တွင် ခင်ဦးမြို့နယ်၊ ပျဉ် ထောင်ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးသီး ၁၀ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကြက်သား ချက်စားနေသည့် ပျူစောထီးအုပ်စုအတွင်း ၂ လုံး တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံး ကာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပျဉ်ထောင်ပျူရွာကို ချတော့ ကြက်သားချက်စားနေတဲ့ ပျူတွေက ငါတို့အပေါ် မကျဘူး၊ အေးဆေး လို့ ပြောနေတဲ့အချိန် တည့်တည့်ကျသွားတော့ ကယ်ကြပါအုံးဆို့ပြီး အသံတွေဆူညံနေတယ်လို့ သိရတယ်၊ ပျူတစ်ဦးသေတယ်၊ တစ်ဦးက‌ ခြေ ထောက်ဖြတ်ရတယ်၊ ၃ ဦးက အပြင်းအထန်ရတယ်” ဟု ရွှေ ဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက် ရိုးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ ၂၄ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူရွာကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုး အဖွဲ့(ဗုံး သီး ထုတ်လုပ်ရေး)၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ Lighting Drone Force ၊ Feature Hero၊ ခင်ဦး KSO နှင့် ခင်ဦးတိုက်နယ် ၃ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မကျည်းကန်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်း ဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ – Young Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇန်နဝါရီလ ၁၄ ရက် နေ့က ကမ္မမြို့မှ ပခုက္ကူမြို့သို့ ပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို မကျည်းကန်ကျေးရွာအထွက်အရောက် မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် လိုက်လံဖုန်းကျဲတိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင် ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ဒီစစ်ကြောင်းကို မိုင်းဆွဲတာက ကျနော်တို့တစ်ဖွဲ့ထဲကို ၂ ခါ ၃ ခါလောက်ရှိတယ်၊ တခြားအဖွဲ့တွေ ရောဆိုရင် အများကြီးပဲ၊ အသွားရော အပြန်ရော အဆွဲခံရတာ၊ ပခုက္ကူကနေ ကမ္မ၊ ကမ္မကနေ မြိုင် ဘက်အထိသွားပြီး မြိုင်ကနေ ကန်နီပျူရွာကို ရိက္ခာသွားပို့တဲ့စစ်ကြောင်း၊ ကနီအထိတောင်မရောက်ဖူး၊ စက် မှုပဲရောက်တာ၊ စက်မှု ၂ ကနေ ထွက်လာပြီးတော့ မကျည်းကန်ရွာပတ်ဝန်ကျင်ပေါ့၊ ထွက်ပြီး တော့ ကြားထဲတွေမှာဆွဲတာပေါ့၊ ဟိုနေ့က ကားတစ်စီးထားခဲ့ရတဲ့စစ်ကြောင်း၊ ခွေးသေထိခိုက်က တော့မသိရသေးဘူး၊ အဲဒီစစ်ကြောင်းက အသွားရောအပြန်ရောထိတာဆိုတော့ ထိခိုက်ဒဏ်ရာရတဲ့ သူကများမှာသေချာတယ်။ သေနိုင်တဲ့သူတွေလည်းများမှာဗျ၊ အဲဒီစစ် ကြောင်းက မနေ့ညက အင်အား ၂၀ ၃၀ လောက်က ပခုက္ကူဘက်အထွက်ပြပြီးတော့ ကမ္မကိုဝင်သွားတယ်၊ ကားတန်းက တော့ ပခုက္ကူကို မနေ့က ဝင်သွားတယ်လို့ သိရတယ်” ဟု ပခုက္ကူမြို့နယ် ပကဖ – Young Force UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ရေလာလေးရဲစခန်းကို မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး မြိုင်ပကဖ တပ်ရင်းမှ ဒရုန်းလေယာဉ်ငယ် တစ်စီးနှင့် Young Force – UG တပ်ဖွဲ့မှ ဒရုန်းလေယာဉ်ငယ် တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ကမ္မ (PDF)၊ မြိုင် ပကဖ တပ်ရင်း ၁ ၊ DMG နှင့် ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ မှ Black Cheater (Pakokku၊ Black Cobra Force (Pakokku)၊ ThuRain-TR (Pakokku)၊ Young Force-UG တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/186553/
ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
["ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Future Hero အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၄ ရက်နေ့တွင် အောင်သာရွာရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာကို တော်လှန်ရေး တပ်စွဲများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အောက်တိုဘာလ ၃ ရက်နေ့ကလည်း ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ တစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို FUTURE HERO အဖွဲ့ နှင့် P1849 LIGHTNING DRONE FORCE အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129435/
ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
["ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Future Hero အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် ခင်ဦးမြို့ပေါ်ရှိ ရဲစခန်းနှင့် ရဲစခန်းအနီးရှိ ရဲကင်း၊ ရဲရုံး၊ ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Drone ၂ စီးဖြင့် ၂ ရက်ဆက်တိုက် ၆၀ မမ ဗုံးသီး ၈ လုံး၊ လက်လုပ် ဗုံးသီး ၂၀ လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ခင်ဦးမြို့နယ်ရှိ မဒေါင်းလှ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ်ဗုံးသီး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ပျဉ်ထောင်ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ဗုံးသီး ၆ လုံး၊ လက်လုပ်ဗုံးသီး ၁၈ လုံးဖြင့်‌ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "” ခင်ဦးမြို့ပေါ် တိုက်ခိုက်မှုမှာ အနည်းဆုံး ၂ ကောင်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရတယ်။ မဒေါင်းလှ ပျူစောထီး ရွာမှာတော့ လက်နက် ဂိုဒေါင်တွေနဲ့ ဘန်ကာ နေရာတွေထိပြီး ၁ ကောင် သေတယ်။ သတင်း အတိအကျတော့ မရသေးဘူး။ ပျဉ်ထောင် ပျူစောထီးရွာတော့ သတင်းမရသေး။ သူတို့ရဲ့ လက်နက်ကြီးတွေထားတဲ့နေရာတွေ ဘန်ကာနေရာတွေကို အဓိက ပစ်မှတ်ထားပြီး ဒရုန်းသီးချခဲ့တယ်” ဟု Future Hero အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "၃ ရက်ဆက် တိုက်ခိုက်မှုအတွင်း Drone ၂ စီးဖြင့် ဗုံးသီးအလုံး ၆၀ ကို အသုံးပြုခဲ့ပြီး Drone ၁ စီး ပျက်ကျ ပျက်စီးကာ စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု များပြားပြီး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်တပ် တပ်စွဲထားသော နေရာများကို ပိုမို ပြင်းထန်သော Drone Mission များ ဖော်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် အလှူငွေများ ပါဝင်ကူညီပေးကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Future Hero နှင့် Lightning Drone Force (မိတ္ထီလာ – ပ.က.ဖ) မဟာမိတ် ၂ ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/131170/
ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အထိုင်စခန်း ၃ ခုမှ စစ်ကောင်စီ တပ်သားများ ရေဦးမြို့ပေါ်ကို ဆုတ်ခွာထွက်ပြေး
["ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အထိုင်စခန်း ၃ ခုမှ စစ်ကောင်စီ တပ်သားများ ရေဦးမြို့ပေါ်ကို ဆုတ်ခွာထွက်ပြေး", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲ ထားသော အထိုင်စခန်း ၃ ခုမှ စစ်ကောင်စီ တပ်သားများသည် ရေဦးမြို့ပေါ်ကို ဆုတ်ခွာထွက်ပြေးသွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ခင်ဦးမြို့နယ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ရွာသစ်ကုန်းကျေးရွာ အထိုင်စခန်းနှင့် ရေဦးမူးမြစ်ကူးတံတား အရှေ့ထိပ် အင်းပတ်ကွေ့ အထိုင်ချ စခန်းများရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ညတွင်းချင်း စွန့်ခွာ ထွက်ပြေးသွားကြောင်း ခင်ဦးမြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ အင်းပတ်ကွေ့ အထိုင်စခန်းတွင် ဘန်ကာ ၁၁ လုံးနှင့် ရွာသစ်ကုန်းကျေးရွာရှိ အထိုင်စခန်းတွင် ဘန်ကာ၊ ကတုတ်ကျင်း၊ အဆောက်အဦး ၃၂ လုံးရှိကာ စစ်သားနှင့် ပျူစောထီး စုစုပေါင်း ၈၀ ကျော်ဖြင့် တပ်စွဲခဲ့သော နေရာဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ် ၂ နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ရေဦး မူးမြစ်ကူးတံတား အရှေ့ဘက်ကမ်းထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းကလည်း ခင်ဦး-ရေဦး ကားပိုင်းဘေးရှိ မူးတိမ် ချောင်းတံတားအနီး အင်အား ၄၀ ခန့် ဘန်ကာ ၁၆ လုံးဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများလည်း စခန်းမှ စွန့်ခွာကာ ရေဦးမြို့ကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။", "ခင်ဦးမြို့နယ်ရှိ မကျီးတုံ ၊ မဒေါင်းလှ၊ ပျဥ်ထောင်၊ ရွာသစ်ကုန်း ရွာ ၄ ရွာနှင့် မူးတိမ်ချောင်းတံတား၊အင်းပတ်ကွေ့ စသည့် ၂ နေရာတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားသည်မှာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က မူးတိမ်ချောင်းစခန်း၊ ရွာသစ်ကုန်းရွာစခန်းနှင့်အင်းပတ်ကွေ့ စခန်း ၃ ခုလုံးကို စွန့်ခွာ ထွက်ပြေးသွားသောကြောင့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေသခံပြည်သူအချို့ နေရပ်ပြန်နိုင်ကြပြီး ၂ နှစ်ကျော် စိုက်ပျိုးမလုပ်ကိုင်ရသည့် လယ်ယာမြေများ လုပ်ကိုင်နိုင်ပြီးဖြစ်ကြောင်း သိရှိရသည်။", "အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ခင်ဦးမြို့နယ် မကျီးတုံရွာရှိ ပျူစောထီးများကို ရွှေဘိုခရိုင်တပ်ရင်း ၃ ၊ မြို့နယ်ပကဖ ၊ ပလဖ တို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး BA 64 ၁ လက်၊ ကာဘိုင် ၄ လက်၊ ဂျောက်ဂျက်တွဲဘော ၂ လက်အပြင် အခြားပစ္စည်းများနှင့် ဘန်ကာများ ကင်းတဲများကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/108056/
ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း
["ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၁၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောင်ရေး အဖွဲ့က ဆီ၊ ဆား၊ မိုးကာ၊ အဝတ်အထည်နှင့် သွားတိုက်​ဆေးများ သွား​ရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128799/
ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှု လက်နက် ၁၆ လက်သိမ်းဆည်းရရှိ၊ ယင်းမာပင်ရှိ ရဲတပ်ရင်း ၂၈ ကို ပစ်ခတ် တိုက်ခိုက်
["ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်မှု လက်နက် ၁၆ လက်သိမ်းဆည်းရရှိ၊ ယင်းမာပင်ရှိ ရဲတပ်ရင်း ၂၈ ကို ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ၃ လက်အပါအဝင် လက်နက် ၁၆ လက်သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း Armed Revolutionary Force – ARF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "ယနေ့အောက်တိုဘာလ ၃၀ ရက် နံနက် ၅ နာရီခွဲခန့်က ခင်ဦးမြို့နယ်၊ မကျီးတုံပျူစောထီးစခန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ၃ လက်နှင့် လက်နက်ငယ် ၁၃ လက် သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီးနေအိမ်များကို ၃ နေရာခွဲကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ ခင်ဦးမြို့နယ် ပကဖမှ တပ်စိပ်မှူး ၁ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။", "“ကျဆုံးသွားတဲ့ရဲဘော် သဂြိုလ်နေလို့ လောလောဆယ် အဆင်မပြေသေးလို့ပါဗျ၊ အချိန်တန်ရင် သက် ဆိုင် ရာက ထုတ်ပြန်ပါလိမ့်မယ်” ဟု Armed Revolutionary Force – ARF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း Black Vote Fighter Local PDF ထံမှ သိရသည်။", "ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် နံနက် ၄ နာရီခန့်က ပြည်သူလူထုကို နေ့စဉ် နေ့တိုင်း လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ ဆက်ကြေးကောက်နေသော ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ အမှတ် ၂၈ ရဲတပ် ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ပစ်မှတ်နေရာများသို့ ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင် ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Black Vote Fighter Local PDF အဖွဲ့၊ AK ပြောက်ကျားတပ်ဖွဲ့ ၊ ဗမာအမျိုး သားတော်လှန်ရေးတပ်မတော် – BNRA ၊ တောကျီးကန်းပြည်သူ့ ကာကွယ်ရေး အဖွဲ့နှင့် စွန်ရဲပြည်သူ့ ကာကွယ်ရေးအဖွဲ့ ညီနောင် ၅ ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "စစ်ရေးအရှိန်မြှင့်တင်နိုင်ရန်နှင့် တာဝေးပစ် လက်နက်ကြီးများများ ထုပ်လုပ်နိုင်ရန် မိဘပြည်သူများ အနေဖြင့် တတ်နိုင်သည်ဘက်မှဝိုင်းဝန်းကူညီပေးကြပါရန် Black Vote Fighter အဖွဲ့က မေတ္တာရပ်ခံ ထားသည်"]
https://yktnews.com/2023/07/110767/
ခင်ဦးမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်တပ်က ပစ်ခတ် စီးနင်းပြီး အသက် ၆၀ အရွယ် အဘိုးအိုကို ရိုက်နှက်ကာ ပေါင်ကို သေနတ်ဖြင့် တေ့ပစ်သွား၊ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်ရှိ ရွာ ၂ ရွာကို စစ်တပ်က ပစ်ခတ် စီးနင်းပြီး အသက် ၆၀ အရွယ် အဘိုးအိုကို ရိုက်နှက်ကာ ပေါင်ကို သေနတ်ဖြင့် တေ့ပစ်သွား၊ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းပြီး အသက် ၆၀ အရွယ် အဘိုးအိုကို ရိုက်နှက်ကာ ပေါင်ကို သေနတ်ဖြင့် တေ့ပစ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အောင်ချမ်းသာကျေးရွာ နှင့် အင်းပတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့​​​ပြီး အင်းပတ် ကျေးရွာမှ နွား ၂ ကောင် သေဆုံးပြီး ၅ ကောင်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အောင်ချမ်းသာကျေးရွာအတွင်းသို့ ဝင်ရောက်စဥ် ပြည်သူ ၄ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး အသက် ၆၁ နှစ် အရွယ် အဘိုးအို ဦးသန်းဝင်းကို ရိုက်နှက်က ဘယ်ဘက်ပေါင်ကို သေနတ်ဖြင့် တေ့ပစ်ပြီး ကောက်ရိုးပုံ ၂ ခုကြားထည့်ကာ မီးရှို့ဟန်ပြင်ထားခဲ့ကြောင်း၊ ထို့ပြင် ဒေသ ပြည်သူ ၁ ဦးလည်းလက်နက်ကြီး ကျည်စများ ထိမှန်ခဲ့​ကြောင်း သိရသည်။", "အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူ ၂ ဦးကို လက်ရှိ ချိန်တွင်ဆေးကုသမှုများ ပြုလုပ်ပေးလျက်ရှိပြီး ကျေးရွာအတွင်းမှ စစ်တပ် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီး ပြည်သူပိုင် နေအိမ်များမှ စားစရာ ပစ္စည်းများ ခိုးယူသွားကြောင်း သိရှိရသည်။", "အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ် မြောက်ခြမ်း တိုက်နယ် ၅ ဒေသရှိ အိုက်ပေါက်ကြီးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ညောင်ကန်ကျေးရွာ နှင့် အလယ်ရှိုကျေးရွာ အကြားမှ ​ယောက်သွားအိုက်ရွာဘက်ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းနှင့် မြောက်ခြမ်းမှ ဒေသပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့"]
https://yktnews.com/2023/02/87303/
ခင်ဦးမြို့နယ်ရှိ လက်ပံလှကျေးရွာနှင့် လောင်းရှည်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ
["ခင်ဦးမြို့နယ်ရှိ လက်ပံလှကျေးရွာနှင့် လောင်းရှည်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လက်ပံလှကျေးရွာနှင့်လောင်းရှည်ကျေးရွာကို ယနေ့ ညပိုင်းတွင် စစ်တပ်က မီးတင်ရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ခင်ဦးမြိုနယ်၊ လက်ပံလှကျေးရွာကို မီးရှိဖျက်ဆီးခဲ့ကြပြီး ယနေ့ ညနေပိုင်းနှင့် ပိုင်းတွင်မူ လောင်းရှည်ကျေးရွာကို မီးတင်ရှို့နေကြောင်း၊ မီးတောက်များကို အဝေးမှပင် ညအချိန် မြင်နေရကြောင်း သိရှိရသည်။", "အဆိုပါ စစ်ကြောင်းသည် ယမန်နေ့ ညပိုင်းတွင် မင်းကံကြီးကျေးရွာကို မီးရှို့ဖျက်ဆီး၍ ယနေ့တွင်မူ လောင်းရှည်ကျေးရွာ-လက်ပံလှကျေးရွာ များကို သေ နတ်များ ပစ်တ်ဖောက်၍ အကြမ်းဖက် ဝင်ရောက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အခု ခင်ဦးထဲမှာ လှည့်လည် မီးရှို့နေတဲ့ စစ်ကြောင်းက ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက ရေဦးမြို့ထဲကနေ ထွက်လာတဲ့ စစ်ကြောင်းပါ။ အခုထက်ထိ လှည့်လည် မီးရှို့နေပါတယ်။ ပြည်သူတွေအားလုံးက စစ်ဘေးရှောင် ထွက်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/07/111726/
ခင်ဦးမြို့နယ်ရှိ လယ်သစ်တောရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၇ လုံးကျော် ပြာကျ
["ခင်ဦးမြို့နယ်ရှိ လယ်သစ်တောရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်၊ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၇ လုံးကျော် ပြာကျ", "ကြက်ခြံ ၁၂ ခြံကို စစ်တပ်က မီးရှို့ ဖျက်ဆီးမှု ကြက် အကောင်ရေ ၄၀၀၀၀ ကျော် သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လယ်သစ်တောရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က ခေါင်းဖြတ် သတ်ဖြတ်ပြီး ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် ကြောင်းသည် ဇူလိုင်လ ၅ ရက်နေ့မှ စ၍ ကုန်းကြီးရွာကို ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၂၅ လုံး၊ လယ်သစ်တောရွာမှာ နေအိမ် ၂ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းအကြမ်း ဖက်စစ်တပ်သည် ကုန်းကြီးရွာတွင် ၂ ညအိပ် တပ်စွဲပြီး ယနေ့ ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းတွင် ကုန်းကြီရွာမှ ထွက်ခွာကာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ပြည်သူ ၁၀ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းနှင့် အတူ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းဝင်ရောက်မှုကြောင့် ကုန်းကြီးရွာ ပြည်သူများနှင့် နီးစပ်ရာ ကျေးရွာများမှ ဒေသပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်တိမ်းနေကြရကြောင်း ၊ ထို့ပြင် စစ်ကောင်စီကို အခွန်ဆောင်ပြီး မွေးရသည့် ရွှေဘို-မန္တလေးမှ ကြက်ဒိုင်များနှင့် ဖက်စပ်မွေးရသည့် အသားစား ကြက်မွေးမြူရေးခြံ ၁၂ ခြံကိုလည်း အကြမ်းဖက်စစ်တပ်မှ မီးရှို့ခဲ့သည့်အတွက် အသားစား ကြက် အကောင်ရေ ၄၀၀၀၀ ကျော် ဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ခင်ဦးအရှေ့ဘက်ခြမ်း အင်အား ၁၀၀ ကျော် စစ်ကြောင်း ကုန်းကြီးရွာ ညအိပ်ပြီး ဝက်သဲရွာဘက် စစ်ကြောင်းထိုးနေ။ တောတဲ စစ်ရှောင်တဲများ မီးရှိ့ခံနေရတယ်။ နီးစပ်ရာ ကုန်းကြီး၊ တမာ၊ ရသာ၊ ဆူးတပ်၊ ဝက်သဲစတဲ့ ရွာတွေ စစ်ဘေးရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "ထို့ပြင် ခင်ဦး အနောက်ဘက်ခြမ်း ရွာသစ်ကုန်းပျူစောထီးရွာမှ အင်အား ၆၀ ခန့်သည်လည်း ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် မြကန်ရွာဘက်သို့ ဝင်‌ရောက်စီးနင်း၍ ရိက္ခာလုယက်၍ မီးရှိ့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/03/91100/
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် ဆန်၊ အခြေခံဆေးဝါးနှင့် ငွေကြေးများ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့ လှူဒါန်း
["ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် ပြည်သူများအတွက် ဆန်၊ အခြေခံဆေးဝါးနှင့် ငွေကြေးများ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့ လှူဒါန်း", "ရန်ကုန်၊ မတ် ၇", "ခင်ဦးမြို့နယ် လောင်ရှည် ကျေးရွာ နှင့် လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် လက်ပံလှကျေးရွာ အိမ်ခြေ ၁၈၈ ၊ လောင်းရှည် ကျေးရွာ အိမ်ခြေ ၃၁၀ ပျက်စီး ဆုံးရှုံးခဲ့ပြီး မိဘပြည်သူများ၏ မတည်လှူဒါန်းကြသော အလှူငွေများ ၊အသီးသီးထည့်ဝင်ကြသော အလှူရှင်များ ၏ စုပေါင်း အလှူငွေများဖြင့် လောင်းရှည်ကျေးရွာသို့ ဆန် ၃၅ ပိုင်း- ၂,၂၇၅,၀၀၀ ကျပ်နှင့် လိုအပ်သော အခြေခံ ဆေးဝါး ၃၀၀၀၀၀ ကျပ်၊ လက်ပံလှ ကျေးရွာသို့ ဆန်ပိုင်း ၂၆ ပိုင်း – ၁,၆၉၀,၀၀၀ ကျပ် နှင့် လိုအပ်သော အခြေခံဆေးဝါး ၃၀၀,၀၀၀ ကျပ်တို့ကို သက်ဆိုင်ရာ ကျေးရွာ ရပ်မိရပ်ဖများထံ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့ဝင် KSO မှ မတ်လ ၅ ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။", "ထို့ပြင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်ကောင်စီမှ မီးရှို့ဖျက်စီးခဲ့သည့် တဲစုကျေးရွာမှာ အိမ် ၁၈ လုံးမှ အိမ်ထောင်စု ၁၈ စုကို တစ်အိမ်ထောင်လျှင် ၅၀,၀၀၀ ကျပ် နှုန်းဖြင့် , စုစုပေါင်း ၉ သိန်းကျပ်တိတိကို ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf အဖွဲ့ဝင် Khin U Specialforce Organization_KSO မှ မတ်လ (၁) ရက်နေ့ တွင် သွားရောက် ကူညီထောက်ပံ့ လှူဒါန်းခဲ့သည်။"]
https://yktnews.com/2024/01/139610/
ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်
["ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တဲစုရွာမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့ဘက်ကို ဦးတည်လာစဥ် မြင်းကျကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များပြားသော​ကြောင့် ကျေးရွာ အနီးအနားရှိ စစ်ဘေးတိမ်းရှောင်နေသော ကျွန်းတောကြီးကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး မယဥ်၊ မြင်းကျကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးလှဝင်း၊ အသက် ၅၀ ကျော် အရွယ် ဦးမြင့်ဆွေ၊ ကားဆိပ်ကျေးရွာမှ အသက် ၄၈ နှစ်အရွယ် မယဥ်မိုး နှင့် အမည်မသိ ပြည်သူ ၁ ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ညနေ ၃ နာရီခန့်တွင် ရေဦးမြို့ကို ဝင်ရောက်သွားကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ခင်ဦး"]
https://yktnews.com/2024/02/143242/
ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်နေပြီး ကျေးရွာ ၁၀ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်းဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် အနောက် မြောက်ခြမ်းရှိ မြင်းကျ၊ သာဝတ္ထိ၊ ကလုံ စသည့် ကျေးရွာများကို အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။", "“စစ်ရှောင်တွေရှိရာကို ကင်းထောက် Drone နဲ့ ကြည့်ပြီးကို သေချာ ပစ်ခတ်နေတာပါ။ ထိတွေ့မှု မရှိဘဲ တမင်ပစ်နေတာပါ စစ်ရှောင်တွေကို” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "လက်ရှ်ချိန်တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျွန်းတောကြီး၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ သရက်ပင်စု၊ ကားဆိပ်၊ ကျွန်းတောလေး၊ ရှင်မင်းတွေ၊ ကလုံ၊ တဲစုစသည့်ကျေးရွာများမှ သက်ကြီးရွယ်အိုများအပါအဝင် သောင်းနှင့်ချီသော ပြည်သူသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အဆိုပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ ပျဥ်ထောင်ပျူစောထီးရွာမှ ထွက်လာခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကလုံကျေးရွာမှ သာဝတ္ထိကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/01/139651/
ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ သေဆုံးသွားသော စစ်သား အလောင်းများကို ကျွန်းတောကြီးရွာရှိ နေအိမ်များ အတွင်းထည့်ကာ မီးရှို့အလောင်းဖျောက်
["ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ သေဆုံးသွားသော စစ်သား အလောင်းများကို ကျွန်းတောကြီးရွာရှိ နေအိမ်များ အတွင်းထည့်ကာ မီးရှို့အလောင်းဖျောက်", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တဲစုရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းကျကျေးရွာအနီးတွင် ဒေသတော်လှန်ရေး တပ်ဖွဲ့များက နံနက် ၉ နာရီ ၂၀ ခန့်က စတင်ကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၀ ခန့်အထိ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦး ထက်မနည်း သေဆုံးကာ ၁၀ ဦးခန့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲပြီး သေဆုံးသွားသော စစ်သား အလောင်းများကို ကျွန်းတောကြီးရွာရှိ ပြည်သူပိုင် နေအိမ်များ အတွင်းထည့်ကာ မီးရှို့အလောင်းဖျောက်သွားကြောင်း သိရှိရသည်။", "“တိုက်ပွဲဖြစ်နေတုန်း စစ်ခွေးတွေက ရေဦးတိုင်းရင်းကနေ ၁၂၀ မမလက်နက်ကြီးနဲ့ အလုံးရေ ၂၀ ခန့်လောက် ပစ်ကူပေးလို့ တိုက်ပွဲရပ်နားပြီး တော်လှန်ရေး ရဲဘော်တွေ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ သိရတယ်။ ရဲဘော်တစ်ဦးပဲ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ် မစိုးရိမ်ရဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး အမှတ် ၂ လှုပ်ရှားတပ်စိပ် ၊ ရွှေဘိုခရိုင်တပ်ရင်း ၃ ၊ ခင်ဦးမြို့နယ် ပလဖအဖွဲ့ ၊ နယ်မြေခံ ပကဖအဖွဲ့များ ၊ ရွှေဘိုခရိုင်တပ်ရင်း ၃ မှ Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း ၊ ARF အဖွဲ့မှ Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင် ပြည်သူ ၄ ဦးဖြစ်သည့် မြင်းကျရွာမှ ဦးလှဝင်း နှင့် ဦးမြင့်ဆွေ ၊ ကျွန်းတောကြီးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး မယဥ်ယဥ် နှင့် ကားဆိပ်ရွာမှ ဒေါ်ယဥ်မိုး တို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "Photo – Inter Khin U", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #People’sDefenseComrade #Drone #ARF"]
https://yktnews.com/2023/08/119318/
ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
["ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်", "ရန်ကုန်၊ ဩဂုတ် ၂၂", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်း ထိုးလာသည့်အတွက် ဒေသပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်းရှိ ခင်ဦး စခန်းမှ ယနေ့ နံနက်ပိုင်းတွင် စတင်၍ ခင်ဦးမှ အရှေ့တောင်ဘက်ဆီသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး နီးစပ်ရာကျေးရွာများမှ တောင်သူ၄၀၀၀ ကျော်သည် ကောက်စိုက်၊ ပျိုးနှုတ်အလုပ်များကို ပစ်၍ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည် ။", "ခင်ဦးတောင်ဘက်ရှိသော လောင်းရှည်ရွာကြီး၊လောင်းရှည်ရွာသစ်၊လက်ပံလှ၊ချောင်းဆုံ၊သံဘို၊ကျီးကန်၊ရေအေးကုန်း စသည့်ကျေးရွာများမှ ပြည်သူများသည် မိုးစပါးစိုက်ပျိုးချိန် စစ်ကြောင်းထိုးလာတာကြောင့် ကောက်စိုက်ပျိုးနှုတ်များ ပစ်၍ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတွင်လည်း သြဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်းတွင် ရေဦးတိုင်းရင်းဆေးရုံမှ အကြမ်းဖက်စစ်တပ်၏ ကားကြီး ၄စီးဖြင့် ရေဦးမူးမြစ်ကူးတံတားမှ အင်းပတ်ကွေ့သို့ စစ်သား အင်အား ၁၀၀ ကျော်လာချသွားတာကြောင့် နီးစပ်ရာကျေးရွာများမှ ပြည်သူ ၄၀၀၀ ကျော်သည်လည်း မိုးထဲရေထဲဗွက်ထဲ ဆက်လက်ထွက်ပြေးနေရကြောင်း သိရှိရသည်။", "ထို့ကြောင့် ခင်ဦးမြို့ နယ်အနောက်ခြမ်းနှင့်အရှေ့တောင်ခြမ်းမှ စုစုပေါင်း ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၈၀၀၀ ကျော် သည် အကြမ်းဖက်စစ်တပ်ကြောင့် ယခုအချိန်သည် မိုးစပါး(ရွှေဘိုပေါ်ဆန်းခေါ်ဘေးကြား)စိုက်ပျိုးချိန်ဖြစ်သော်လည်း မိုးထဲရေထဲဗွက်ထဲတွင် အလုပ်အကိုင်ပစ် အသက်ဘေးလွတ်ရာသို့ ဆက်တိုက်ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။", "ခင်ဦးမြို့နယ်အတွင်း သြဂုတ် ၂၁ရက်နေ့တွင်လည်း ခင်ဦးစခန်းမှအင်အားတစ်ရာကျော် စစ်ကြောင်းသည် ခင်ဦးမြို့ ပတ်ချာလည် မြို့ဝန်းကျင် စစ်ကြောင်းထိုးခဲ့ပြီး ဖမ်းဆီးခံရသူအများအပြားရှိခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ အများစုကို ညနေပိုင်းတွင် ပြန်လွတ်ခဲ့သော်လည်း တောင်သူ လုပ်ကိုင်ကြသည့် ဒေါ်ဌေး အသက် ၅၅နှစ် နှင့် ဒေါ်ခင်မာလာ အသက် ၄၈နှစ်တို့ကိုမူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်မလွတ်သေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။"]
https://yktnews.com/2023/08/119406/
ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်၊ စစ်​ဘေး​ရှောင် အဘိုးအို ၁ ဦး​သေဆုံး
["ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်၊ စစ်​ဘေး​ရှောင် အဘိုးအို ၁ ဦး​သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၃", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြမ်း ဖက် စစ်တပ်က စစ်ကြောင်း ထိုးလာသည့်အတွက် ဒေသပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေကြရပြီး စစ်ရှောင်အဘိိုးအိုတစ်ဦးလည်းအမောဖောက်သေဆုံးခဲ့ရ​ကြောင်း ​ဒေသပြည်သူများက ​ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အတွင်းသို့ ယမန်​နေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး နီးစပ်ရာ ကျေးရွာ များမှ တောင်သူ ၄၀၀၀ ကျော်သည် ကောက်စိုက်၊ ပျိုးနုတ် အလုပ် များ ကို ပစ်၍ မိသားစုများနှင့်အတူ ထွက်ပြေးနေရကြောင်း သိရှိရသည်။", "ခင်ဦးမြို့နယ်၊ လောင်းရှည်ရွာကြီး၊လောင်းရှည်ရွာသစ်၊လက်ပံလှ၊ချောင်းဆုံ၊သံဘို၊ ကျီးကန်၊ရေအေးကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၄၀၀၀ ကျော်သည် မိုးစပါးစိုက်ပျိုးနေချိန် စစ်ကြောင်းထိုးလာသဖြင့် လယ်ယာလုပ်ငန်းခွင်များကို စွန့်ခွာ ထွက်ပြေးရခြင်းဖြစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်း တွင်လည်း သြဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်း ရေဦးတိုင်းရင်းဆေးရုံမှ စစ်ကား ၄ စီးဖြင့် အင်းပတ်ကွေ့သို့ စစ် သား အင်အား ၁၀၀ ကျော်လာချ သွားခဲ့ကြောင်း၊ထို့ကြောင့် နီးစပ်ရာကျေးရွာ များ မှ ပြည်သူ ၄၀၀၀ ကျော်သည်လည်း မိုးထဲရေထဲ ထွက် ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။", "လတ်တလော ခင်ဦးမြို့ နယ်၊ အနောက်ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာ စုစုပေါင်း ၁၃ ရွာမှ ပြည်သူ ၈၀၀၀ ကျော် သည် အကြမ်းဖက်စစ်တပ်၏ ထိုးစစ် ကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ လယ်ယာလုပ်ငန်းခွင်များစွန့်ခွာ ထွက်ပြေး ရ၍ မိုးစပါး အချိန်မီ စိုက်ပျိုးထွက်ရှိနိုင်မည်မဟုတ်ကြောင်း သိရှိရ သည်။", "ခင်ဦးမြို့ပေါ်တွင်လည်း သြဂုတ် ၂၁ ရက်နေ့ ခင်ဦးရဲစခန်းမှ အင်အား ၁၀၀ ကျော် စစ်တပ်စစ်ကြောင်းက ခင်ဦးမြို့ ပတ်ချာလည်ဝန်းကျင် စစ်ကြောင်း ထိုးခဲ့ပြီး ပြည်သူအများအပြားကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ အများစု ကို ညနေပိုင်းတွင် ပြန်လွတ်ခဲ့သော်လည်း တောင်သူ လုပ်ကိုင်ကြသည့် ဒေါ်ဌေး အသက် ၅၅နှစ် နှင့် ဒေါ်ခင်မာလာ အသက် ၄၈နှစ် တို့ ကိုမူ ပြန်မလွှတ်သေးဘဲ ဆက်လက် ဖမ်းဆီးထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90305/
ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ကာ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး စီးနင်း မီးရှို့မှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး မြင်းဒေါင်း၊ မြင်းကျ၊ မကျီးအုပ်၊ ကျွန်းတောကြီး၊သရက်ပင်စု၊ ယာတော်၊ အင်တိုင်းလေး(တောင်၊မြောက်)၊ ဥယျဥ်နှင့် သာဝတ္ထိရွာတို့မှ ပြည်သူများသည် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။", "” အခု စစ်ခွေးတွေကေ ခင်ဦး၊ အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ အခုရေဦးနားထိ ရောက်နေပြီ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက် မီးရှို့နေတော့ မြင်းဒေါင်း၊ မြင်းကျ၊ မကျီးအုပ်၊ ကျွန်းတောကြီး၊ သရက်ပင်စု၊ ယာတော်၊ အင်တိုင်းလေး(တောင်၊မြောက်)၊ ဥယျဥ်နဲ့ သာဝတ္ထိရွာက ပြည်သူ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာပြီး ဒီနေ့ မတ်လ ၂ ရက်နေ့ထိ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တဲစုရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၈ လုံးပြာကျခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/111541/
ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးထားကာ တချို့ အသတ်ခံထားရ
["ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးထားကာ တချို့ အသတ်ခံထားရ", "ရန်ကုန်၊ ဇူလိုင် ၆", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး ရွာသားများကို ဖမ်းဆီးထားကာ တချို့ ကို သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာသို့ စစ်သားနှင့်ပျူစောထီး အင်အား ၁၀၀ ခန့် ဝင်ရောက်လာပြီး ရွာသူ ရွာသားများ ဘေးလွတ်ရာသို့ ပုန်းရှာင်နေရကြောင်း၊ ကျေးရွာထဲရှိ အိမ်များသို့ စစ်တပ်နှင့်ပျူစောထီးများက ၄နေရာခွဲ စခန်းချထားပြီး ရွာသူရွာသားများ ပုန်းရှာင်နေရာများသို့ လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်ကြောင်း၊ လက်ရှိတွင် ကျေးရွာအတွင်း ပိတ်မိနေသော ရွာသူရွာသား ၅ဦး ကို ဖမ်းဆီးထား ပြီး သတ်ဖြတ်လိုက်သည်ဆိုသော သတင်းများရရှိထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "စစ်တပ်က ကုန်းကြီးကျေးရွာတွင် အထိုင်ချ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြာင့် စစ်ရှောင်ရွာသူရွာသား ၄ ဦး ဒဏ်ရာရပြီး ယခုအချိန်ထိ ရွာထဲတွင် စစ်တပ်နှင့်ပျူစောထီး များ ဝင်ရောက်စီးနင်းထားဆဲဖြစ်ကြောင်း၊ ကုန်းကြီးရွာသို့ ကျေးရွာ၏ မြောက်ဘက် တောလမ်းမှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နှစ် ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာကို စစ်တပ်က မီးရှို့ခဲ့စဉ်။"]
https://yktnews.com/2023/05/103416/
ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ
["ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ မေ ၁၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက် ဆီးနေကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF ထံမှ သိရသည်။", "မေလ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ခင်ဦး မြို့နယ်၊ ကံသစ်ကျေးရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းတွင် မီးရှို့ခံရမှုကြောင့် ပျက်စီးဆုံးရှုံးသော အိမ်ခြေ အရေအတွက်နှင့် အခြေ အနေ များကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "လက်ရှိတွင် ကျေးရွာသူ ကျေးရွာသားများ စစ်ဘေးရှောင်နေရပြီး စစ်တပ်က ခင်ဦးမြို့နယ်အတွင်းတွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို စီးနင်းခြင်းနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106343/
ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ပြီး ဘုရားဆင်းတုတော်များပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့
["ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ပြီး ဘုရားဆင်းတုတော်များပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့", "ရန်ကုန်၊ ဇွန် ၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်း ဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။", "” အဲရွာက အခုတစ်ကြိမ်နဲ့ဆို ၄ ကြိမ် မီးရှို့ဖျက်ဆီးခံထားရတဲ့ရွာပါ။ ရွာမှာရှိတဲ့ နေအိမ်တွေ အကုန်လုံးကို ထပ်ရှို့နေတာလားတော့ မသိဘူး။ ပျက်စီးမှု အခြေအနေတော့ အတော်များတယ်။ ဘုရားဆင်းတုတော်တွေကိုပါ ရိုက်ချိုးသွားတယ် စစ်တပ်က ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၂ လုံးပြာကျခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ အိမ်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလ ၁၉ရက်နေ့တွင် တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၉၅ လုံးပြာကျခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/107739/
ခင်ဦးမြို့နယ်၊ ကံသစ်ရွာနှင့် သာဂရရွာရှိ နေအိမ် ၃၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ခင်ဦးမြို့နယ်၊ ကံသစ်ရွာနှင့် သာဂရရွာရှိ နေအိမ် ၃၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇွန် ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကံသစ်ရွာနှင့် သာဂရရွာရှိ နေအိမ် ၃၉ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဇွန် ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ထိ စစ်ကြောင်းထိုး စီးနင်းခဲ့ပြီးး ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် သာဂရကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့ပေါ်မှ ရေဦး-ခင်ဦး ကားလမ်းဘေးရှိ ကျောက်မန်းကန်တံတား အနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားသောကြောင့် ကံသစ်ကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် ၃၃ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ကံသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။ယယ", "ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကံသစ်ရွာမှ သာဂရကျေးရွာဘက်ကို ထွက်ခွာလာစဥ် ကံသစ် တံတားအနီး မိုင်း ၇ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး သေဆုံး စစ်သားများကို ကံသစ်မူး၊ OMC မူးထဲပစ်ချ အလောင်းဖျောက်ခဲ့ကြကြောင်း၊ သာဂရကျေးရွာ အရောက်တွင်လည်း ကျေးရွာအတွင်း တိုက်မိုင်းများမိ၍ သေဆုံးအလောင်းများကို မီးပုံရှို့ခဲ့ပြီး ညအိပ်တပ်စွဲခဲ့ကြောင်း သိရှိရသည်။", "ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သာဂရကျေးရွာမှ အထွက် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးကြောင်း၊ ထို့နောက် စစ်တပ် စစ်ကြောင်းသည် ရေဦး-ခင်ဦး ကားလမ်း ဘေး လယ်ကွင်းများမှတစ်ဆင့် အထမ်း ၉ ထမ်း အင်အား ၁၀၆ ဦးခန့်ဖြင့် ရွာသစ်ကုန်းရှိ ပျူစောထီးများထံ သွားရောက်ပြီး ရေဦးမြို့ပေါ်မှ သံချပ်ကာကား ၄ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရှိရသည်။", "Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့"]
https://yktnews.com/2023/06/105663/
ခင်ဦးမြို့နယ်၊ ကျီးအိုင်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီး မီးတင်ရှို့နေ
["ခင်ဦးမြို့နယ်၊ ကျီးအိုင်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လက် နက် ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီး မီးတင်ရှို့နေ", "ရန်ကုန်၊ ဇွန် ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကျီအိုင်ကျေးရွာကို စစ်တပ်က ယနေ့ နံနက်အစောပိုင်း လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်ပြီး မီးတင်ရှို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယမန်နေ့ မူးသာကျေးရွာတွင် ညအိပ်ခဲ့ သော စစ်တပ်က ယနေ့ ဇွန်လ ၂ရက်နေ့နံနက်ပိုင်းတွင် ကျီးအိုင်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ ကျီးအိုင်ကျေးရွာတောင်ပိုင်းမှ မီး စတင်ရှို့နေကြောင်း သိရှိရသည်။", "” ကျီးအိုင်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်လောက်ရှိမယ်။ ခွေးတွေဘက်က လက်နက်ကြီးနဲ့ပစ်ပြီး ဝင်လာတာ။ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ပြည်သူတွေအားလုံးကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ဇွန်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်များက ရွာသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့ခဲ့သဖြင့် ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းဘေးရှိ ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့၌ အထိုင်ချထားသော စစ်သားများ၊ ရွာသစ်ကုန်းရွာမှ ပျူစောထီးများနှင့် ရေဦးတိုင်းရင်း ဆေးရုံမှ စစ်သားများ ပါဝင်သော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ကြောင်း၊ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဒေသခံများကို လိုက်လံ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "စစ်တပ်၏ စစ်ကြောင်းထိုး ပစ်ခတ် မီးရှို့မှုများကြောင့် ရွာသစ်ကျေးရွာ အပါအဝင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာနှင့် မူးသာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85027/
ခင်ဦးမြို့နယ်၊ ညောင်ပင်စုကျေးရွာကို စစ်တပ်မီးရှို့ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်
["ခင်ဦးမြို့နယ်၊ ညောင်ပင်စုကျေးရွာကို စစ်တပ်မီးရှို့ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်တပ် က ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ပိုင်းတွင် မီးရှို့ပြီး လက်နက်ကြီး များ ဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် ဒေသခံ ပြည်သူထောင်ချီထွက် ပြေးခဲ့ရ ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။", "ခင်ဦးမြို့နယ်၊ ဗျိုင်းကြိုင်းကျေးရွာ၊ ရုံးစုကျေးရွာ၊ ညောင်ပင်စုကြီး ကျေးရွာ များ ကို ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သော မော်လိုက် အခြေ စိုက် ခမရ ၃၆၄ တပ် နှင့် မှော်ဘီအခြေစိုက် ခလရ ၇၀၁ တပ်သားများ သည် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၈ နာရီခန့်တွင် ညောင်ပင်စုကြီးကျေးရွာကို ထပ်မံ မီးရှို့ ပြီး ရေဦး-ညောင်ပင်သာ ကားလမ်းဘေး သက်ပေးရွာနှင့် မူးသာရွာကြား ရှေ့ ပြေး ကင်း ထောက်ပုံစံထွက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်း သမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။", "“သက်ပေးရွာဘက်ကို လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ပြီး ဝင်နေတာ၊ လက် ရှိ အချိန်အထိတော့ ဝရုန်း သုံးကားနဲ့ ထွက်ပြေးနေကြရတယ်၊ လက်နက် ကြီး ထိ ထားတဲ့ပြည်သူတွေရှိတယ်လို့တော့ ကြားပေမယ့် အတည်ပြုလို့ မရ သေး ဘူး၊ကားလမ်းဘေးရှိကျေးရွာတွေ အကုန်ထွက်ပြေးနေကြရတယ်၊ စစ်ခွေး တွေ က စစ်ဘေးရှောင်တွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့လည်း ထုနေ တယ်” ဟု People’s Defense Comrade အဖွဲ့မှ အမေ့သားက ရန်ကုန် ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ရွှေဘိုခရိုင်အတွင်းရှိ ဒီပဲယင်းမြို့နယ်၊ ရေဦးမြို့နယ်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေး ရွာ ကို လှည့်ပတ်မီးရှို့ နေသော အကြမ်းဖက်စစ်သားများ၏ မီးရှို့ ဖျက် ဆီးမှုကြောင့် ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်ကျေးရွာ၊ ညောင်ပင်စုကြီး ကျေး ရွာ၊ ရုံးစုကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ ကျွန်းလည်ကျေးရွာ၊ ကျွန်းဆွယ်ကျေး ရွာ တို့နှင့် ရွှေဘိုမြို့နယ်အတွင်းရှိ သရက်ပင်ဝန်းကျေးရွာ၊ စိုင်တိုးကျေး ရွာ စ သည့် ရွာ ၈ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံပြည်သူ သောင်း ချီ ထွက်ပြေးနေရကြောင်း သိရသည်။"]
https://yktnews.com/2023/02/89819/
ခင်ဦးမြို့နယ်၊ တဲစုရွာကို စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျ
["ခင်ဦးမြို့နယ်၊ တဲစုရွာကို စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစုရွာကို အကြမ်းဖက် စစ်တပ်က တတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈ လုံးပြာကျခဲ့​ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်တပ်က တဲစုရွာကို တတိယအကြိမ်အဖြစ် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာ လျှပ်စစ်ထရမ်စဖော်မာကိုလည်း ပစ်ခတ်ဖျက်ဆီး သွားကြောင်း သိရသည်။", "စစ်တပ် မီးရှို့ဖျက်ဆီးသွားသော တဲစုကျေးရွာတွင် နေအိမ် ၄၀၀ ခန့်ရှိပြီး ကျေးရွာအနီးအနားတွင် ပျဥ်ထောင်ပျူစောထီးရွာ ရှိကာ တဲစုကျေးရွာသည် တတိယ အကြိမ်မြှောက် ဝင်ရောက်စီးနင်း မီးရှို့မှုကြောင့် စုစုပေါင်း နေအိမ် ၅၂ လုံး ပြာကျပျက်စီးခဲ့​ကြောင်း သိရှိရသည်။", "Photo- ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြား​ရေးအဖွဲ့။"]
https://yktnews.com/2023/12/135933/
ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး
["ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ကျေးရွာရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း KhinU Special force Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာရှိ စစ်ကောင်စီ တပ်သားများသည် ၎င်းကျေးရွာအနီးရှိ စပါးခင်းများကို မတရားခိုးယူ ရိတ်သိမ်းနေစဥ် တော်လှန်ရေး တပ်ဖွဲ့များက Drone ဖြင့် ဗုံးသီး ၁၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း ပျဉ်ထောင်ကျေးရွာအတွင်းကို ဝင်းပြေးသွားသည့် စစ်ကောင်စီ တပ်သားများကိုလည်း လိုက်လံ တိုက်ခိုက်ခဲ့ရာ ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KSO တပ်ဖွဲ့-KURDAF ၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Local PDF-YeU ၊ ARF ၊ မြို့နယ်တပ်ရင်း (ခရိုင်တပ်ရင်း-၃) ၊ Khin U local Guerrilla force (KUGF) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/138995/
ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ရွာမှ ပျူစောထီးများ စပါးထွက်ရိတ်စဥ် ဒရုန်းဖြင့် မီးလောင်ဗုံး၊ ဗုံးသီးများ ကျဲချ တိုက်ခိုက်မှု ၄ ဦးသေဆုံး
["ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ရွာမှ ပျူစောထီးများ စပါးထွက်ရိတ်စဥ် ဒရုန်းဖြင့် မီးလောင်ဗုံး၊ ဗုံးသီးများ ကျဲချ တိုက်ခိုက်မှု ၄ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ရွာမှ ပျူစောထီးများ စပါးထွက်ရိတ်စဥ် ဒရုန်းဖြင့် မီးလောင်ဗုံး၊ ဗုံးသီးများ ကျဲချ တိုက်ခိုက်ရာ ၄ ဦးသေဆုံးကြောင်း KhinU Special force Organization_KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့နယ်၊ ပျဥ်ထောင်ပျူစောထီးရွာရှိ ပျူစောထီး ၂၀ ခန့်သည် အနီးအနား ကျေးရွာများရှိ ပြည်သူများ စိုက်ပျိုးထားသော စပါးခင်းများကို ရိက္ခာအနေဖြင့် ရိတ်သိမ်းနေစဥ် ရိတ်သိမ်းပြီးသော စပါးပုံကို မီးလောင်ဗုံး ၆ လုံးဖြင့် ကျဲချကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "တော်လှန်ရေး တပ်ဖွဲ့များက မီးလောင်ဗုံးများ ကျဲချစဥ် ပျဥ်ထောင်ရွာအတွင်း ဝင်ပြေးလာသော ပျူစောထီးများကို ထပ်မံပြီး ဒရုန်းဖြင့် လိုက်လံပြီး ဗုံးသီးအကြီး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“အခု နံနက် ၁၀ နာရီ ၃၀ မိနစ်လောက်မှာ ပျဥ်ထောင်ရွာထဲမှာ ရုပ်အလောင်း ၄ လောင်း မြေမြုပ်နေတယ်လို့ အတွင်းသတင်းအရ သိရပါတယ်။ ဒဏ်ရာရတာ ၆ ဦးလို့ သိရတယ်” ဟု KhinU Special force Organization_KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို KSO (KURDAF) တပ်ဖွဲ့၊ KURDAF ၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Local PDF ၊ YE .U ၊ ARF(KURDAF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90387/
ခင်ဦးမြို့နယ်၊ မကျီးအုပ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦးကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံး
["ခင်ဦးမြို့နယ်၊ မကျီးအုပ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦးကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦးကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KURDAF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာတွင် ညအိပ်တပ်စွဲပြီး မကျီးအုပ်ကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ရင်း PDF ရဲဘော် ၂ ဦး ကျဆုံးကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က အီဂါနာ ဗုံးသီး ၂ လုံး ၊ ၅.၅၆ ကျည် ၁၂၀ ကျော် ၊ ၇၉ မမ ၃ လုံး တို့ဖြင့် ပစ်အား အသာစီးရယူကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ ထိတွေ့ တိုက်ပွဲတွင် ခင်ဦးနယ် ဒေသကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf (KURDAF) အဖွဲ့ဝင် TIGER – Local People Defence Force Khin U မှ အသက် ၃၂ နှစ်အရွယ် ရဲဘော် နဂါးလေးနှင့် အသက် ၂၅ နှစ်အရွယ် ရဲဘော် ၇၆၀ တို့ ကျဆုံးခဲ့ကြောင်း ခင်ဦးနယ် ဒေသ ကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf မှဟတာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/09/183977/
ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာမှ စစ်ကောင်စီ တပ်သားများက အနီးအနားရွာကိုများ ဆက်တိုက် စစ်ကြောင်းထိုးနေ၍ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာမှ စစ်ကောင်စီ တပ်သားများက အနီးအနားရွာကိုများ ဆက်တိုက် စစ်ကြောင်းထိုးနေ၍ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "စစ်တပ် စစ်ကြောင်းက ကျေးရွာ ၁၃ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၅၀၀ ကျော် ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနီးအနားရွာကိုများ ဆက်တိုက် စစ်ကြောင်းထိုးနေ၍ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မဒေါင်းလှရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မိုးနတ်ရွာနှင့် ဗောဓိကုန်းရွာကို ဝင်ရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း သေဆုံးခဲ့သော အကြမ်းဖက် စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီ တပ်သားများက မဒေါင်းလှပျူစောထီးရွာထဲကို ပြန်လည်း သယ်ယူသွားကြောင်း သိရသည်။", "“မနေ့က နံနက်ပိုင်းက ထွက်လာတဲ့ စစ်ကြောင်းက မဒေါင်းလှပျူရွာ မြောက်ဘက် မိုးနတ်ရွာနဲ့ ဗောဓိကုန်းရွာကို ဝင်ရောက်လာတုန်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်း စစ်ခွေး အသေအပျောက်နဲ့ ဒဏ်ရာရတဲ့ကောင်တွေကို အထမ်းတွေနဲ့ မဒေါင်းလှ ပျူစောထီးရွာကို ပြန်သယ်သွားတယ်လို့သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာ ၂ ရက်နေ့တွင် ငကြိုင်းရွာ၊ စက်တင်ဘာ ၃ ရက်နေ့တွင် အင်ကြင်းပင် စောကြီးရွာ၊ သနပ်စိန်ရွာ၊ ဖန်းခါးကုန်းရွာ၊ စက်တင်ဘာ ၄ ရက်နေ့တွင် ပေါက်တောရွာ၊ နှဲတွင်းရွာ၊ စက်တင်ဘာ ၅ ရက်နေ့တွင် ဆီဆုံလေးရွာ၊ စက်တင်ဘာ ၇ ရက်နေ့တွင် မဒေါင်းကြီးရွာ၊ ရွှေကာရွာ နှင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် စည်ပုတ္တရာရွာ၊ ဂျပို့ရွာ၊ ပေါက်သင့်တုံရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၃ ရွာမှ နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး သောင်းနှင့်ချီသော ပြည်သူများ လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/180491/
ခင်ဦးမြို့နယ်၊ မုံလှရွာကို စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ သိန္နီမြို့နယ်ရှိ သံလွင်ရွာကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး
["ခင်ဦးမြို့နယ်၊ မုံလှရွာကို စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ သိန္နီမြို့နယ်ရှိ သံလွင်ရွာကိုလည်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၂၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ်ခန့်နှင့် ၅၈ မိနစ်ခန့်တွင် တံတားဦးမှတက်လာသည့် Yak-130 ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ခင်ဦးမြို့နယ်အနောက်မြောက်ဘက်ခြမ်းရှိ မုံလှကျေးရွာကို ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ထိခိုက်မှုအခြေအနေ မသိရသေးဘူး။ စစ်ကြောင်းထိုးနေတာမရှိသလို ဘာတိုက်ပွဲမှ ဖြစ်မထားဘူး။ မုံလှရွာက ကက်သလစ် ကာဒီနယ် ချားလ်ဘိုရဲ့ ကျေးရွာပါ။ ခရစ်ယာန်ဘာသာဝင်တွေနေထိုင်တဲ့ကျေးရွာပါပဲ ပြည်သူတွေ ရွာထဲမှာရှိနေတယ်။လက်ရှိ ထိခိုက်မှု ရှိမရှိ ဆက်လက်စုံစမ်းနေဆဲပါ။ ဖုန်းတွေက ဘယ်လိုမှဆက်သွယ်လို့မရသေးဘူး” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "အလားတူ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ် သံလွင်ရွာရှိ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိလဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း MNDAA က ပြောဆိုသည်။", "သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လျင်ဟော်ဒေသရှိ သံလွင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် လေကြောင်းက တိုက်လေယာဉ်ဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲံ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၃ လုံး ထိမှန်ကာ ပျက်စီးခဲ့ကြောင်း၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့သော်လည်း ပြည်သူများ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/111966/
ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာသို့ စစ်တပ်နှင့် ပျူစောထီးများ ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ် အလောင်းဖျောက်
["ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာသို့ စစ်တပ်နှင့် ပျူစောထီးများ ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ် အလောင်းဖျောက်", "စစ်တပ်နှင့်ပျူစောထီးများ စစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာသို့ စစ်တပ်နှင့် ပျူစောထီးများ ဝင် ရောက်ပြီး ပြည်သူ ၁ ဦးကို မီးရှို့သတ်ဖြတ် အလောင်းဖျောက်လိုက်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့်ဒေသပြည်သူများထံမှ သိရှိရ သည်။", "ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ခင်ဦး-မုံရွာ ရထားသံလမ်းဘေး မြကန်ကျေးရွာသို့ ရွာသစ်ကုန်းပျူစောထီးနှင့် အကြမ်းဖက်စစ်သား ၂၀ ကျော် ဝင်ရောက်ခဲ့ပြီး နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၂ ဦးကို ဖမ်းဆီး ၍ ၁ ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "စစ်တပ်၏ ဖမ်းဆီးမှု ခံရသူ ၂ ဦးမှာ ဦးတင်ထူး အသက် ၅၅နှစ် နှင့် မောင်သန်း ထိုက် ၂၁ နှစ်တို့ဖြစ်ပြီး ကျန်၁ ဦးကို မီးရှို့သတ်ဖြတ် အလောင်းဖျောက် ခဲ့ပြီး ၁ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။", "“ဖမ်းခံရသူနှစ်ဦးက ဦးတင်ထူး အသက် ၅၅နှစ် နဲမောင်သန်းထိုက် ၂၁နှစ် ။ တစ်ဦး ဖမ်းဆီးသွားပြီး ကျန်တစ်ဦး မီးရှို့သတ်ဖြတ်အလောင်းဖျောက်တာ။ မီးရှို့ သတ်ဖြတ်ခံရသူက ဘယ်သူဆိုတာတော့အတည်မပြုနိုင်ပါဘူး” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "စစ်တပ်နှင့် ပျူစောထီးများက မြကန်ကျေးရွာအတွင်းရှိ စားစရာ ပစ္စည်း များကိုလည်း ခိုးယူသယ်ဆောင်သွားကြောင်းလည်း သိရှိရသည်။", "ထို့ပြင်ယနေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ် တပ် နှင့် ရွာသစ် ကုန်း ပျူစောထီးရွာမှ ပျူစောထီးများက စစ် ကြောင်းထိုး နေမှု ကြောင့် ဒေသ ပြည်သူ ထောင်ချီ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ နံနက်ပိုင်း အင်းပတ်ကျေးရွာ နှင့် ချမ်းသာကုန်းကျေးရွာဘက်သို့ အကြမ်း ဖက်စစ်တပ်နှင့် ပျူစောထီးများက လက်နက်ကြီးငယ်များ ရမ်းသမ်း ပစ်ခတ် လျက် ရှိကြောင်း၊ အဆိုပါ စစ်ကြောင်း ကို ခင်ဦး( KSO)ဒေသ ကာကွယ် ရေး အဖွဲ့ နှင့် ခင်ဦးမြို့နယ် (ပကဖ) ကာကွယ် ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ အထိနာ၍ ၎င်းတို့၏ အထိုင်စခန်းသို့ ပြန်ဆုတ်သွားကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။", "Photo Credit- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။"]
https://yktnews.com/2023/03/93814/
ခင်ဦးမြို့နယ်၊ မြကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်၊ မြကန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၂၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ရွာသစ်ကုန်းရွာ ပျူစောထီး ၄၀ခန့်က အင်းပတ်ဘူတာအနီး ကင်းဝပ်ကာ လမ်းသွားလမ်းလာ ပြည်သူများကို လိုက်လံ ပစ်ခတ်ပြီး နံနက် ၈ နာရီ ၂၀ မိနစ်တွင် မြကန်ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ရေဦးမြို့ တိုင်းရင်း ဆေးရုံမှ လက်နက်ကြီး ၆ လုံး ဖြင့် ခင်ဦးမြို့နယ် အနောက်ခြမ်းဘက်သို့ ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ခြင်းကြောင့် မြကန်ကျေးရွာ၊ အင်းပတ်ကျေးရွာ နှင့်ကုန်းသာကျေးရွာတို့မှ ဒေသပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“စစ်ခွေးတွေက လမ်းသွားလမ်းလာတွေကို ပစ်ခတ်ပြီးတော့ အခု မြကန်ရွာကို မီးရှို့နေတယ်။ ရွာထဲက အခြေအနေတွေတော့ မသိရသေးဘူး။ ရေဦးမြို့ တိုင်းရင်း ဆေးရုံက စစ်ခွေးတွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေလို့ ကျေးရွာ ၃ ရွာက ပြည်သူ ၁၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/09/185231/
ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်း ထပ်မံဗုံးကျဲ၊ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြား
["ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်း ထပ်မံဗုံးကျဲ၊ ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြား", "ရန်ကုန်၊ စက်တင်ဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရှားလွင်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ယနေ့ ညပိုင်း ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။", "ယနေ့စက်တင်လာလ ၂၆ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းရှိ ရှားလွင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်ကလည်း ဂျက်ဖိုက်တာ ၃ စီးဖြင့် အကြမ်းဖက် စစ်တပ်က ရှားလွင်ရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး ထက်မနည်းရှိကြောင်း သိရှိရသည်။", "“ဒီနေ့ ဗုံးကျဲ တိုက်ခိုက်တာတော့ သေဆုံးထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးဘူး။ မနေ့က ဗုံးကျဲတာတော့ ပြည်သူ ၃ ဦး သေဆုံးပြီး အပြင်းထန် ဒဏ်ရာရတာ ခြေပြတ် လက်ပြတ် ထိမှန်သူ ၁၀ ဦးထက်မနည်းရှိ‌တယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ပြီး ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ ကြိုတင်ပြင်ဆင်ထားမှု လုပ်ဆောင်ထားရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2023/07/112677/
ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျ
["ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀ လုံးကျော် ပြာကျ", "ရန်ကုန်၊ ဇူလိုင် ၁၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်၊ ဝါးရုံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ပြာကျခဲ့ကြောင်း သိရသည်။", "” ခင်ဦး အ​ရှေ့ဘက်ခြမ်း​က ကျေးရွာတွေကို စစ်ခွေးတွေ စစ်​ကြောင်းထိုး ဝင်​ရောက်လာပြီး ပြည်သူပိုင်​ နေအိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်စီးခဲ့တယ်။ ဝါးရုံကုန်းရွာကို စစ်ခွေးတွေ မီးရှို့လို့ ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော်ပြာကျသွားတယ်။ ပြည်သူတွေ ထိခိုက်မိတာတော့ မရှိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/01/138860/
ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီး ၊ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ
["ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီး ၊ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကာ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသပြည်သူများက ပြောဆိုကြသည်။", "ယနေ့ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း ခင်ဦးမြို့ပေါ် အင်အား ၈၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းက သံဘိုကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါစစ်ကြောင်းက ဇန်နဝါရီလ ၆ ရက်နေ့ မြင်းဒေါင်းကျေးရွာမှ ခင်ဦးမြို့သို့ ချီတက်စဉ် လမ်းတွင် တွေ့ရှိရသည့် စိတ်ဝေဒနာရှင်တစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူမှာ စိတ်ဝေဒနာခံစားနေရသော အသက် ၃၂နှစ်အရွယ် ကံသာယာရွာမှ မောင်စိုးဟိန်း ဖြစ်ကြောင်း သိရှိရသည်။", "ယနေ့တွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ခင်ဦးမှ သံဘိုကျေးရွာမှ ဒေသ ပြည်သူ ၁၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ၊ စစ်တပ်စစ်ကြောင်းက ယမန်နေ့ ကံသာယာရွာမှ နေအိမ်နှင့် စပါးကျီများကို မီးရှီုခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83353/
ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာသို့ ၁၀ ဘီးကားဖြင့် ခိုးကြောင်ခိုးဝှက် စစ်ကူလာသော စစ်ကြောင်း မိုင်းထိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ကားနှင့် ကျည် ဆန်ခွံတချို့ သိမ်းဆည်းရမိ
["ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာသို့ ၁၀ ဘီးကားဖြင့် ခိုးကြောင်ခိုးဝှက် စစ်ကူလာသော စစ်ကြောင်း မိုင်းထိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ကားနှင့် ကျည် ဆန်ခွံတချို့ သိမ်းဆည်းရမိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာသို့ ၁၀ ဘီးကားဖြင့် ခိုးကြောင် ခိုးဝှက်လာသော စစ်ကြောင်း မိုင်းထိပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ ကားနှင့်ကျည်ဆန်ခွံတချို့၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း Mother hero Local PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "ဇန်နဝါရီလ ၂ ရက်နေ့ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းတွင် ၁၀ ဘီးကားဖြင့် တိုက်ပွဲ ဖြစ်ရာ ခင်ဦးမြို့နယ်၊ အလယ်လျှိုဒေသသို့ စစ်ကူလာသော စစ် ကြောင်းကို ရွှေဘိုနှင့်ခင်ဦး လမ်းဆုံအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊စစ်ကောင်စီတပ်သားများ မိုင်းထိမှန်ပြီး ကားကိုစွန့်ခွာကာ ကျည်ဆန်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။", "“ကျနော်တို့ဘက်တွေမှာ အင်တာနက်ဖြတ်တောက်ထားလို့ အချိန်မီ သတင်းမ ထုတ်ပြန်နိုင်ဘူးဖြစ်နေတယ်” ဟု Mother hero Local PDF မှ တာဝန်ရှိ သူက ပြောသည်။", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာတွင် ဇန်နဝါရီလဆန်းပိုင်း အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက်တိုက် တပ်စွဲပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ ည ၅ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က အလယ်လျှိုရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းထိ မီးရှို့ခဲ့ကြကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အလယ်လျှိုရွာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစတင်ကာ တပ်စွဲနေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "စစ်တပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့ကတည်းက ခင်ဦးမြို့နယ်၊ အလယ်လျှို ကျေးရွာအတွင်းသို့ ဝင်ရောက် စခန်းချခဲ့ကြောင်း၊ မဟာမိတ်တပ်ပေါင်းစုက ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီတွင် စစ်တပ်တပ်စွဲထားသော အလယ်လျှို ကျေးရွာကို ထိုးစစ်ဆင်ခဲ့ကြောင်း၊ အလယ်လျှိုကျေးရွာအတွင်းရှိ အကြမ်း ဖက် စကစနှင့် ပျူစောထီးများက ရွာ၏ အရှေ့ထိပ်နှင့် အနောက်ထိပ် ကိုမီး လောင်ပြင်) အဖြစ် ဖော်ဆောင်၍ မီးများတင်ရှို့ကြောင်း၊ ရွာ၏ အလယ်ပိုင်း တွင် စုရုံးပြီး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၁ ရက်နေ့ တိုက်ပွဲတွင် အချိန် ၅ နာရီ ကြာမြင့်ခဲ့ကြောင်း၊ ယင်းနေ့ ည ၉ နာရီတွင် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ PDF တပ်ပေါင်းစုက ကျေးရွာအတွင်း ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်က သတ် ဖြတ်ထားသော ပြည်သူများ၏ အလောင်း များ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရွာအတွင်း ပုန်းခို နေသည့် စစ်သားများနှင့် ပျူစောထီးများက တိုက်ပွဲတွင် သေဆုံးခဲ့သော ၄င်းတို့ ၏ ရုပ်အလောင်းများနှင့် နေအိမ်များကို ဆက်လက်၍ မီးရှို့ သေနတ် များ ပစ် ဖောက် (အမိန့်ပြန်) နေကြောင်း၊ အလောင်းဖျောက်၊ မီးရှို့မှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်.", "PDF တပ်များက ကျေးရွာအတွင်းရှိ ပိတ်မိနေသော ပြည်သူ ၁၉ ဦးနှင့် သံဃာ ၅ ပါးတို့အား ဝင်ရောက်စီးနင်းသည့် တော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ် ရာသို့ ကယ်ထုတ်နိုင်ခဲ့ကြောင်း ၊ အလယ်လျှို ကျေးရွာသို့ လေ့ကျင့်ရေးတပ် မှ ၁၀ ဘီးကားတစ်စီးဖြင့်ထောက်ပို့လာစဉ် အဆိုပါ ၁၀ ဘီးကားကို ကြို့ကန်နှင့် မြေနီလျှိုလမ်းဆုံတွင် မိုင်းဆွဲတိုက်ခိုက်သဖြင့် ကားပျက်စီးသွားကြောင်း သိရှိရ သည်။", "ဓာတ်ပုံ- စစ်သားများ လိုက်ပါသော ၁၀ ဘီးကား မိုင်းထိပြီး လမ်းဘေးတွင် စွန့်ပစ်ထားခဲ့စဉ်"]
https://yktnews.com/2023/04/98499/
ခင်ဦးမြို့နယ်၊ အောင်သာရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျပြီး ရွာပေါင်း ၂၄ ရွာက ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်၊ အောင်သာရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျပြီး ရွာပေါင်း ၂၄ ရွာက ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်သာရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အောင်သာရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၃ လုံးနှင့် ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန် ကျေးရွာ ၂၄ ရွာက ပြည်သူ ၁၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” စစ်ခွေးတွေ မီးရှို့လို့ အောင်သာ ကျေးရွာက ပြည်သူပိုင် နေအိမ် ၃ လုံးနဲ့ ပစ္စည်းတွေ မီးလောင်ပြာကျသွားတယ်။ လက်ရှိချိန်ထိ ရွာပေါင်း ၂၄ ရွာက ပြည်သူ ၁၅၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အင်တိုင်းလေးရွာ၊ မြောက်ရွာ၊ သရက်ပင်စုရွာ၊ မကျီးအုပ် ရွာ၊ မြင်းဒေါင်းရွာ၊ မြကန်ရွာ၊ ကုန်းသာရွာ၊ မရမ်းအင်းရွာ၊ အင်းပတ်ရွာ၊ ချမ်းသာကုန်းရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးရွာ၊ ကျီးအိုင်ရွာ၊ သဲကုန်းကြီးရွာ၊ မုံတောတောင်ရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ မှန်သာရွာ၊ ကျွန်းလည်ရွာ၊ ကျွန်းစွယ်ရွာ၊ သိမ်တော်ရွာ၊ မှန်တောရွာ၊ ညောင်ပင်ကြီးစုရွာ စသည့် ကျေးရွာ ၂၄ ရွာမှ ဒေသ ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရသည်။"]
https://yktnews.com/2024/12/194498/
ခင်ဦးမြို့ပေါ်တွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး
["ခင်ဦးမြို့ပေါ်တွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံကြီးအနီး သံပြားကာ ကားတစ်စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် မြို့ပေါ် UG နှင့် ပူးပေါင်း ကာကွယ်ရေးအဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်းပစ်ခတ်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်တပ်ဘက်က ပစ်ခတ်သော ၆၀ မမ လက်နက်ကြီး ၁ လုံး ကာကွယ်ရေး ရဲဘော်များ စုရပ်နေရာ အနီးဆုံး ပေါက်ကွဲခဲ့သောကြောင့် ရဲဘော် ကိုနွေဦး ကျဆုံးခဲ့ပြီး ရဲဘော် ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် ကိုနွေဦး၏ ဈာပနကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "“စစ်ခွေးတွေ ဘက်ကလည်း ၃ ဦးလောက် ကျည်မှန်ဒဏ်ရာတွေ ရကြတယ်လို့တော့ အနီးစပ်ဆုံး အတွင်းသတင်းအရ သိရပါတယ်။ လက်နက်ငယ် အချင်းချင်း ပစ်ခတ်နေကြတုန်း စစ်ခွေးတွေက လက်နက်ကြီးနဲ့ လှမ်းပစ်လို့ တော်လှန်ရေး ရဲဘော်တွေဘက်က ထိခိုက်ကျဆုံးခဲ့တာပါ။ စစ်ခွေး ၃ ကောင်ကတော့ သေဆုံးမှုတော့ မဖြစ်ဘူးတဲ့ ဒဏ်ရာပြင်းထန်မှုပဲ ရှိနေကြတုန်းပါတဲ့ ဆေးကုသမှု ခံယူနေကြပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ၎င်းတို့ တပ်စွဲထားသော ပြည်သူ့ဆေးရုံကြီးမှ Non CDM ဆရာဝန် များနှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ ကလေးငယ်များ ကာကွယ်ဆေး မဖြစ်မနေ လာရောက် ထိုးနှံကြရန် အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေကြောင်း သိရသည်။"]
https://yktnews.com/2023/10/126851/
ခင်ဦးမြို့ပေါ်တွင် စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ
["ခင်ဦးမြို့ပေါ်တွင် စစ်တပ်ကို PDF က တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်သားများကို PDF က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး MA1 သေနတ် ၂ လက်ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က စစ်သားများကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ သေနတ် ၂ လက် သိမ်းဆည်းရရှိကြောင်း၊ ခင်ဦးမြို့ပေါ် မင်းသိုက်တိုက်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား ၃ ဦးသည် ခင်ဦး- ရေဦးကားလမ်းအတိုင်းထွက်လာရာ မြို့နယ် ပ.က.ဖ က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား နှစ်ဦးသည် နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသော အကြမ်းဖက်စစ်သား တစ်ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "” မြို့နယ် ပကဖ အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ သေနတ် ၂လက်ရရှိခဲ့ပြီး စကစ ၃ဦး သေဆုံးခဲ့ပါတယ်”ဟု ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။", "ထိုသို့ ခင်ဦးမြို့ပေါ်တွင် စစ်ဆင်ရေး ဆောင်ရွက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာဖြင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ် ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတချို့ သေဆုံးမှုရှိကြောင်း သိရှိရသည်။", "“မြို့ပေါ်တပ်စွဲ နေရာနှစ်ခုကို ကြားဖြတ်တိုက်ခိုက်ရတာကြောင့် တိုက်ပွဲ ကြာချိန် အချိန်အနည်းငယ်သာ တိုက်ခိုက်ခဲ့ရပြီး အချိန်မီပြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ စစ်တပ်က မင်းသိုက်တပ်စွဲနေရာနှင့်ဆေးရုံ တပ်စွဲ နေရာတို့ကနေ နှစ်ဘက်ညှပ်ပြီး ငါးကြင်းမှီး စက်လက်တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူများလည်း ထိခိုက် သေဆုံးမှုတွေရှိတယ်။ စစ်ကောင်စီတပ်တွေက မြို့ပေါ် တပ်စွဲနေရာတွေကို ကားနဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာမို့ လာသမျှကားတွေ စစ်ဆေးနေတယ်လို့ သိရပါတယ်”ဟု ခင်ဦးမြို့နယ် ပ.က.ဖ အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။"]
https://yktnews.com/2024/06/165717/
ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသော တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ
["ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသော တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦးတို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ", "စစ်တပ်က ပစ်ခတ်မှု ဖြစ်ပွားရာနေရာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးထား", "ရန်ကုန်၊ ဇွန် ၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသော တပ်ရင်းမှူး ၁ ဦးနှင့် တပ်သား ၁ ဦးကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ခင်ဦးမြို့ပေါ်ရှိ ဆေးရုံကြီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ တပ်ရင်းမှူး ၁ ဦး နှင့် တပ်သား ၁ ဦး ဆိုင်ကယ် ၁ စီးဖြင့် ခင်ဦး မြို့မဈေးဘက်ကို ထွက်လာစဉ် မြို့ပေါ် UG ရဲဘော်များ၊ ပကဖ ရဲဘော်များ နှင့် LDF ရဲဘော်များက အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးထံမှ MA-1 သေနတ် ၁ လက်၊ ဆိုင်ကယ် – ၁ စီး နှင့် ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သော နေရာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။", "“နောက်ဆက်တွဲအနေနဲ့ ပစ်ခတ်မှုဖြစ်တဲ့ ခင်ဦး ဆေးရုံ မီတာ ၁၀၀ ဝန်းကျင်က စစ်ခွေးတွေက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့နေတယ်။ ပြည်သူ ၅ ဦးလည်း ဖမ်းခံထားရပါတယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/07/171054/
ခင်ဦးမြို့ပေါ် ဆေးရုံကြီးတွင် အထိုင်ချ တပ်စွဲထားသည့် စကခ ၄ မှ ဒုတပ်ကြပ် ကျော်စိုး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်
["ခင်ဦးမြို့ပေါ်မှ စစ်သားများ အချင်းအချင်း ယုံကြည့်မှု မရှိတော့ဘဲ ထွက်ပြေးရန် ကြိုးစားနေကြောင်း CDM ဒုတပ်ကြပ် ပြောဆို", "ရန်ကုန်၊ ဇူလိုင် ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံကြီးတွင် အထိုင်ချ တပ်စွဲထားသည့် စကခ ၄ မှ ဒုတပ်ကြပ် ကျော်စိုး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။", "ဇွန်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခင်ဦးမြို့ပေါ် ပြည်သူ့ဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတပ်ကြပ် ကျော်စိုး မြို့ထဲ ဈေးဘက် အထွက်အထိ ထွက်ပြေးလာခဲ့ပြီး ခင်ဦးမြို့နယ် ပလဖ အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။", "ဒုတပ်ကြပ် ကျော်စိုးသည် ၎င်းနှင့် အတူ MA1 သေနတ် ၂ လက်၊ ကျည် ၂၁၀ တောင့်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့ အတူ ပါလာခဲ့ပြီး ခင်ဦးမြို့နယ် ပလဖအဖွဲ့မှ ထိန်းသိမ်းကာ လွတ်မြောက်ဒေသကို ပို့ဆောင်ရန် စစ်ဆေး စီစဉ်နေကြောင်း သိရသည်။", "ခင်ဦးမြို့ပေါ်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်သားများသည် အချင်းချင်း မယုံကြည်မှုများနေပြီး နေ့စဉ်နဲ့အမျှ ထွက်ပြေးရန် တွေးနေကြကြောင်း အလင်းဝင်လာသူ ဒုတပ်ကြပ်က ပြောဆိုသည်။", "အလင်းဝင်လိုသော စစ်ကောင်စီ တပ်သားများ အနေဖြင့် ခင်ဦးမြို့နယ် ပြည်သူ့ရင်ခွင်တာဝန်ခံမှ ကြိုဆိုလျက်ရှိကြောင်းနှင့် လွတ်မြောက်ဒေသကို ဘေးကင်းလုံခြုံစွာ ရောက်ရှိရန် အစီအစဉ်ထားရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/163974/
ခင်ဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ခင်ဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ မေ ၂၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၁ ရက်နေ့ ညပိုင်းနှင့် ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ပျူ‌စောထီးများ တပ်စွဲထားသော နေရာနှင့် စစ်တပ်မှ အရာရှိ ၁ ဦးနေထိုင်ရာ နေအိမ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှုရှိပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Dragon Urban Guerrilla အဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၃ ၊ ခင်ဦးမြို့နယ် ပကဖ၊ Fire Dragon (LPDF) အဖွဲ့နှင့်အတူ နယ်‌မြေ ပကဖ များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/01/140966/
ခင်ဦးမြို့ပေါ်ရှိ စစ်တပ်နှင့် မဒေါင်းလှပျူရွာအထိုင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ခင်ဦးမြို့ပေါ်ရှိ စစ်တပ်နှင့် မဒေါင်းလှပျူရွာအထိုင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ဒေါင်း လှ ပျူရွာအထိုင်စခန်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force – ဗိုလ်ကောက် ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ခင်ဦးမြို့ပေါ်ရှိ ဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သား များကို ဒရုန်းဖြင့် ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဆေးရုံ ရှေ့ ဘန် ကာအနီးကျရောက်ပေါက်ကွဲမှုအတွင်း စစ်ကောင်စီ တပ်သားများ ထောင် ထားသည့် မိုင်းပေါ်ကျရောက်ပါက်ကွဲကာ ထပ်ဆင့် မိုင်း ၃ လုံးပါ ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "“ခင်ဦးမြို့ဆေးရုံကို ဗုံးသီး ၂ လုံးချတယ်၊ တစ်လုံးက ဘန်ကာရဲ့ဘေးမှာ ကျ တယ်၊ ဘန်ကာရဲ့ဘေးမှာ ကျတာက ကျနော်တို့ ဗုံးသီးကွဲသံအပြင် နောက်ထပ် မိုင်းကွဲသံပါကြားရတယ်၊ သူတို့ပဒေသာထောင် ထားတာလားတော့မသိဘူး၊ ထောင်ထားတဲ့မိုင်းပေါ်တည့်တည့်ကျ တာနေမှာ၊ ဗုံးသီးကွဲအသံအပြင် နောက် ထပ် မိုင်းကွဲသံ ၃ ချက်ပါ ထပ်ပြီး ကြားရတယ် အဲဒီမှာက ဘန်ကာဘေး တွေမှာ သွားလာနေ တဲ့ ခွေးတွေ၊ ချလိုက်တဲ့ ဗုံးသီးရော၊ သူတို့ရဲ့မိုင်းကွဲ ထိတာရော ၃ ကောင်သေတယ်၊ ၄ ကောင် ဒဏ်ရာရတယ်လို့ ဖရဲသီး ကနေလှမ်းပြောတယ်၊ ပုံတွေပါရထားတယ်ပြောတယ်၊ သူတို့လည်းအင် တာနက်ဖြတ် တောက်ခံ ထားရတာရယ်၊ သူတို့ရဲ့လုံခြုံရေးရယ်ကြောင့် သက်သေပုံမရတာပဲရှိတာ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force – ဗိုလ်ကောက်ရိုးက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ထိုအပြင် ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ စုဝေးနေထိုင်ရာ မင်းသိုက်လက်ဖက် ရည်ဆိုင်ပေါ်သို့ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီလ ၁၈ ရက် နေ့က ခင်ဦးမြို့ပေါ်မှ ထွက်လာပြီး မဒေါင်းလှ ပျူရွာအထိုင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားများ အင်အား ဖြည့် ရောက်ရှိချိန် ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား များ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerilla Force ဗိုလ်ကောက်ရိုး အဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ Lighting Drone Force ၊ ခင်ဦးမြို့နယ်ပကဖ ၊ Future Hero ၊ ခင်ဦးမြို့နယ် တိုက်နယ် ၃ ပကဖ ၊ ဒီပဲယင်းမြို့နယ် ပကဖ နှင့် Flying Drone Force (FDF) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #EagleGuerillaForce #ဗိုလ်ကောက်ရိုးအဖွဲ့ #ကျောက်ဆည်ခရိုင်နဂါးနီတပ်ရင်း ၁ #LightingDroneForce #ခင်ဦးမြို့နယ်ပကဖ #FutureHero #FlyingDroneForce #ခင်ဦးမြို့"]
https://yktnews.com/2023/09/123686/
ခင်ဦးမြို့ပေါ်ရှိ စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ခင်ဦးမြို့ပေါ်ရှိ စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို ယနေ့ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့​ကြောင်း Northern Tigers Group (NTG) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။", "ခင်ဦးမြို့နယ် လမ်းဆုံရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ပျူစောထီး မင်းသိုက်၏ နေအိမ်နှင့်၊ ဆေးရုံထိပ်ရှိ ဘန်ကာ၌ ကင်းထိုင်နေသော အကြမ်းဖက် စစ်သားများပေါ်သို့ စုစုပေါင်း ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Northern Tigers Group (NTG) နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်သော TTA people defense force (Shwe Bo)၊ Black Eagle local PDF (Khin U) ၊ PDAF (Shar Htoo Waw နည်းပညာ Team – 3)၊ ခင်ဦးမြို့နယ် တိုက်နယ်(၁) တို့မှ Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့လေယာဉ် များကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။"]
https://yktnews.com/2023/11/130275/
ခင်ဦးမြို့မရဲစခန်းရှိ စစ်သားများ ညအချိန် လာရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ညမအိပ်ရဲဘဲ နေရာပြောင်း အိပ်နေကျ၊ ရွာသစ်ကုန်းရွာမှ စစ်ကောင်စီ တပ်သားများလည်း ရေဦးမြို့ကို ထွက်ပြေးရန် စီစဥ်နေ
["ခင်ဦးမြို့မရဲစခန်းရှိ စစ်သားများ ညအချိန် လာရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ညမအိပ်ရဲဘဲ နေရာပြောင်း အိပ်နေကျ၊ ရွာသစ်ကုန်းရွာမှ စစ်ကောင်စီ တပ်သားများလည်း ရေဦးမြို့ကို ထွက်ပြေးရန် စီစဥ်နေ", "ရန်ကုန်၊ နိုဝင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မရဲစခန်းရှိ စစ်သားများ ညအချိန် လာရောက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ညမအိပ်ရဲဘဲ နေရာပြောင်း အိပ်နေကျကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် ခင်ဦးမြို့မ ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ ဗိုလ်အဆင့် ရှိသူအပါအဝင် စစ်သားတချို့သည် ခင်ဦးမြို့မ ရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ၍ ဝင်ရောက် တိုက်ခိုက်မည်ဟု သတင်း​များကြောင့် အောင်မင်္ဂလာရပ်ကွက်အတွင်း သွားရောက် ပုန်းအိပ်ကာ နိုဝင်ဘာ ၈ ရက်နေ့ နံနက်အစောပိုင်းမှ စခန်းကို ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။", "ထို့ပြင် ခင်ဦးမြို့နယ် ရွာသစ်ကုန်း ပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပစ္စည်းအချို့ကို ရေဦးမြို့သို့ သယ်ပို့ကာ ထွက်ပြေးရန် စီစဉ်နေကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်။", "“တိတ်တိလေးပြေးကြတာ။ ခင်ဦးနယ်က ပျူတွေ ရေဦးမြို့ပေါ် ထွက်ပြေးဖို့ လုပ်နေတာပါ။ တိုက်ပွဲ မရှိသေးဘူး” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ရေဦးမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်း၌ မြို့တွင်း အထပ်မြင့်တိုက်များကို အကြမ်းဖက်စစ်သားများက လိုက်လံကြည့်ရှု၍ ညနေပိုင်းတွင် ဇွဲသန်၊ ကံ့ကော် စသည့် အထပ်မြင့်များပေါ်တွင် နေရာယူတပ်စွဲထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/02/89625/
ခင်ဦးရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ ၁၀ ရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းမှုကြောင့် ပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၉ မိနစ်တွင် ခင်ဦးမြို့နယ်အတွင်းရှိ ဗအိုး၊ အင်တိုင်းကြီး၊ ကံသစ်၊ ဂွေးကုန်း၊ မြစ်တော်၊ တဲစု၊ ကင်းပြစ်၊ သာဂရ၊ သရက်ကုန်း၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ မြင်းကျ၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနှင့် ဆည်ကြီးရွာတို့ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲကာ အကြောင်းမဲ့ ပစ်ခတ် ဝင်ရောက် စီးနင်းလျက်ရှိကြောင်း သိရသည်။", "ခင်ဦးမြို့ပေါ်မှ ထွက်ခွာလာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်း သည် ဗအိုးရွာတွင် ညအိပ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗအိုးကျေးရွာမှ ထွက်ခွာလာပြီး ခင်ဦး-ရေဦး လမ်းပိုင်းရှိ တဲစုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီးနောက် ကျန်ရှိနေသော ကျေးရွာများကိုပါ စစ်ကြောင်း ၂ ​ကြောင်းခွဲကာ စီးနင်း နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "Photo – ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ (ပုံအဟောင်း)"]
https://yktnews.com/2023/02/85383/
ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု စာသင်ကျောင်းများ အပါအဝင် နေအိမ် ၆၅၀ ကျော်ပြာကျပြီး စစ်တပ်က ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်
["ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု စာသင်ကျောင်းများ အပါအဝင် နေအိမ် ၆၅၀ ကျော်ပြာကျပြီး စစ်တပ်က ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် စာသင်ကျောင်းများ အပါအဝင် နေအိမ် ၆၅၀ ကျော်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်ကျေးရွာ၊ ရုံးစုကျေးရွာနှင့် ညောင်ပင်ကြီးစုကျေးရွာ တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ စာသင်ကျောင်းများ အပါအဝင် ပြည်သူပိုင် နေအိမ် ၆၅၀ ကျော်ပြာကျကာ ညောင်ပင်ကြီးစုကျေးရွာမှ အသက်၉၀ကျော် အဖိုးအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။", "ဇန်နဝါရီလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နေအိမ် ၁၃၀ ဝန်းကျင်ရှိ ဗျိုင်းကြိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀၀ ခန့် ပြာကျခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နေအိမ်​ ၄၅၀ ဝန်းကျင်ရှိ ရုံးစုကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ မူလတန်းစာသင်ကျောင်း အပါဝင် နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နေအိမ်​ ၃၀၀ ဝန်းကျင်ရှိ ညောင်ပင်ကြီးစုကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၅၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။", "” ရှို့တာကတော့ရွာလုံးကျွတ်ကို ရှို့တာ ဗျိုင်းကြိုင်ကျေးရွာနဲ့ ရုံးစုကျေးရွာကတော့ ရွာလုံးကျွတ် နီးပါးကုန်ပြီ ညောင်ပင်ကြီးစုကျေးရွာကတော့ အိမ်ခြေ တစ်ဝက်ကျော်လောက်မီးထဲပါသွားတယ်။ ညောင်ပင်ကြီးစုရွာက အသက် ၉၀ ကျော် အဖိုးအို တစ်ဦးကို စစ်ခွေးတွေ သတ်ဖြတ်သွားတယ်။ စာသင်ကျောင်းတွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်း၊ ရေဦးနှင့် ရွှေဘိုမြို့နယ်ရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ရေဦးမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။"]
https://yktnews.com/2023/04/99531/
ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၆ လုံးပြာကျပြီး မြို့သစ်ရွာကို ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကာ PDF ရဲဘော် ၁ ဦး မိုင်းမတော်တဆ ဖြစ်၍ ကျဆုံး
["ခင်ဦးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၆ လုံးပြာကျပြီး မြို့သစ်ရွာကို ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကာ PDF ရဲဘော် ၁ ဦး မိုင်းမတော်တဆ ဖြစ်၍ ကျဆုံး", "ရန်ကုန်၊ ဧပြီ ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၆ လုံးပြာကျပြီး မြို့သစ်ရွာကို ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က တပင်ကောင်းတောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေအိမ် ၂၅ လုံး ပြာကျခဲ့ကြောင်း၊ ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ကံကြီးကုန်း ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၁ လုံးနှင့် ကွမ်းခြံ တစ်ခု တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ညနေပိုင်း ၅ နာရီ ခန့်မှ စတင်ကာ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို ယနေ့ ညပိုင်းထိ ဆက်လက် မီးရှို့ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။", "” အဲဒီ စစ်ခွေး စစ်ကြောင်းက ရွှေဘိုနယ် ညောင်ပင်သာရွာ စိုက်ပျိုးရေး သိပ္ပံကျောင်းဘက်ကနေ လာတဲ့ အင်အား ၁၀၀ ကျော်ပါ ခြေလျင် စစ်ကြောင်းပါ။ တပင်ကောင်းတောင်ရွာနဲ့ ကံကြီးကုန်းရွာကို မီးရှို့တာ နေအိမ် ၂၆ လုံးပြာကျသွားပြီ အခု မြို့သစ်ရွာကို ဆက်ရှို့နေတယ်။ အခုထိရှို့နေတုန်းပဲ” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရန် မဏီကုန်းရွာ တောလမ်းများမှ တစ်ဆင့် ကံကြီးကုန်းကျေးရွာဘက် စစ်ကြောင်းအလာ၌ မိုင်းဆင်နေသည့် PDF ရဲဘော် ၁ ဦး မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/87681/
ခင်ဦးရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော်ပြာကျ
["ခင်ဦးရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော်ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ် က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်းရှိ သနပ်စိန်ကျေးရွာ၊ စောကြီးကျေးရွာ၊ ကွမ်းတိုင်းကျေးရွာ၊ မင်းကံကြီးကျေးရွာ၊ လက်ပံလှကျေးရွာနှင့် လောင်းရှည်ကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် လက်ပံလှကျေးရွာမှ ပြည်သူ ပိုင် နေအိမ် ၂၀၀ ကျော်နှင့် စပါးတင်းရေ ထောင်ချီ မီးလောင်ပြာကျခဲ့ကြောင်း၊ လောင်းရှည်ကျေးရွာမှ နေအိမ် ၂၀၀ ကျော် နှင့် စပါးတင်းရေထောင်ချီနှင့် ဆန် စက်များပါ မီးလောင်ပြာကျခဲ့​ကြောင်း၊ သနပ်စိန်ကျေးရွာမှ ယာယီတဲ ၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ စောကြီးကျေးရွာမှ နေအိမ် ၁၁လုံး မီးလောက်ကျခဲ့ကြောင်း၊ ကွမ်းတိုင်းကျေးရွာမှ နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်းနှင့် မင်းကံကြီးကျေးရွာမှ နေအိမ် ၃၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်တပ်က ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်သို့ ရောက် ရှိလာပြီး ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကြောင်းထိုးကာ ကျေးရွာ ၆ ရွာမှ နေအိမ်ခြေ ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် လက်ရှိချိန်တွင် လောင်းရှည်ကျေးရွာမှ ထွက်ခွာသွားကာ ချောင်းဆုံကျေးရွာကို ထပ်မံ စီးနင်းပြီး မကျီးတုံ ပျူစောထီးရွာ သို့ ဝင်ရောက် သွားကြောင်း သိရှိရသည်။", "ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် အာဏာသိမ်းယူချိန်မှစ၍ ယနေ့အထိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာပေါင်း ၆၆ ရွာမှ နေအိမ်ပေါင်း ၄၀၀၀ ကျော် မီးလောင်ပြာကျကာ ပြည်သူ ၁သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/02/89446/
ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ​နေသဖြင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင် နေရ
["ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ​နေသဖြင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင် နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့ပေါ် ရောက်ရှိလျက်ရှိသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့ အနောက်ဘက်ရှိ ကံသာယာ၊ ကံသစ်၊ ငှက်ပျောရွာ၊ ဗအိုးရွာ၊ အင်တိုင်ကြီး၊ စည်ပုတ္တရာ စသည့် ကျေးရွာများကို ဝင်ရောက် စီးနင်းလျက်ရှိပြီး ပြည်သူ ၉၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” စစ်ခွေးတွေက ကျေးရွာ ၇ ရွာထက်မနည်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေတာ ပြည်သူ ၉၀၀၀ ကျော်က နီးစပ်ရာ ထွက်ပြေး တိမ်းရှောင် နေရတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ဗအိုးကျေးရွာ အတွင်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းနေပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးလျက်ရှိကြောင်း၊ ထို့ပြင် ယင်းစစ်ကြောင်းသည် ယမန်နေ့က ခင်ဦးမြို့ပေါ် အောင်ချမ်းသာရပ်ကွက်ရှိ လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပြီး လက်ရှိချိန်ထိ မြို့ပေါ်၌ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/08/119725/
ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဩဂုတ် ၂၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်း အကြမ်း စစ်တပ်ကယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် စစ်ကြောင်း ၂ ကြောင်းဖြင့် တစ်ပြိုင်တည်း စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ခင်ဦးမြို့ပေါ်တွင် ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဩဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦး အရှေ့မြောက်ဘက်ရှိ ပင်တင်းရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေသောကြောင့် ဒေသပြည်သူ ၂၅၀၀ ကျော်စစ်ဘေးရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "ထို့ပြင် ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာတွင် ညအိပ်သည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည်လည်း ခင်ဦးအနောက်ဘက်ခြမ်းကို ဩဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းတွင်ပင် ဦးတည်လာ၍ ပြည်သူ ၃၅၀၀ ကျော် စစ်ဘေးရှောင်ပြေးနေကြရကြောင်း သိရှိရသည်။", "လက်ရှိအချိန်တွင် ဒေသပြည်သူများမှာ မိုးစပါးစိုက်ပျိုးချိန်ဖြစ်၍ ကောက်စိုက်ပျိုးနုတ်လုပ်ငန်းများ လုပ်ကိုင်နေချိန်တွင် စစ်ကြောင်းထိုးလာ၍ ထွက်ပြေးကြရခြင်းဖြစ်ကြောင်း ၊ ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း စစ်ဘေးရှောင်ပြေးရင်း အသက်အရွယ်ရ ပြည်သူ ၁ ဦးမှာ လေဖြတ်၍ သေဆုံးခဲ့ရကြောင်း‌ ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် စစ်ကြောင်းထိုးနေစဉ်အတွင်း မကြာခဏ ပြည်သူများကို ဖမ်းဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိ၍ ၎င်းတို့ စစ်ကြောင်းထိုးလာချိန်တိုင်းပြည်သူများ မိုးရွာမရှောင် နေပူမရှောင် ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88483/
ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးရှိ ကျေးရွာများကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၆၀ ကျော်သည် မြို့နယ် အနောက်ဘက်ခြမ်းရှိ ချမ်းသာကုန်းကျေးရွာ အတွင်းသို့ အ ကြမ်း ဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်လာသောကြောင့် အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်းနှင့် ကုန်းသာ ကျေးရွာများမှ လူဦးရေ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ မဒေါင်းလှရွာမှ စစ်သားနှင့် ပျူစောထီး အင်အား ၈၀ ကျော်သည် ဇီးကုန်းသကြားစက်ဘက်မှ ပိတောက်ကုန်းရွာသို့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ပိတောက်ကုန်းကျေးရွာမှ ပြည်သူ ၁၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "” စစ်ခွေးတွေက ခင်ဦး မြောက်ခြမ်းနဲ့ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၇ ရွာကျော်ကို ဒီနေ့ နံနက်ပိုင်းမှာ သေနတ်တွေ ပစ်ဖောက်ပြီး အကြောင်းမဲ့ ဝင်ရောက် စီးနင်းနေတယ်။ ပြည်သူ ၄၀၀၀ ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/02/85581/
ခင်ဦးရှိ စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ ၄ ရွာကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဆီနှင့် ငွေကြေး ထောက်ပံ့လှူတန်း
["ခင်ဦးရှိ စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ ၄ ရွာကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဆီနှင့် ငွေကြေး ထောက်ပံ့လှူတန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ ၄ ရွာကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ဆီနှင့် ငွေကြေး ထောက်ပံ့လှူတန်းခဲ့ကြောင်း သိရသည်။", "ခင်ဦးမြို့နယ်ရှိ ဗျိုင်းကြိုင်၊ မှန်သာ၊ ရုံးစုနှင့် ညောင်ပင်ကြီးစုရွာတို့ရှိ အိမ်ထောင်စု ၇၀၀ အတွက် တစ်အိမ်ထောင်လျှင် ဆီ ၅၀ ကျပ်သား နှင့် ငွေသား တစ်သောင်းကျပ်ကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ထောက်ပံ့ လှူတန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/84155/
ခင်ဦးရှိ စစ်​ဘေး​ရှောင် မီးဘေးသင့် ကျေးရွာ ၆ သို့ဆန်အိတ် ၁၂၄ အိတ် လှူဒါန်း
["ခင်ဦးရှိ စစ်​ဘေး​ရှောင် မီးဘေးသင့် ကျေးရွာ ၆ သို့ဆန်အိတ် ၁၂၄ အိတ် လှူဒါန်း", "ရန်ကုန်၊ ဇန်နဝါရီ ၃၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများအတွက် Mogok Dhamma Trust အဖွဲ့ ဦးဆောင်သောအဖွဲ့က အမိ‌မြေချစ် မေတ္တာရှင်များမှ တဆင့် ဆန်အိတ် ၁၂၄ အိတ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။", "ခင်ဦးမြို့နယ်အတွင်းရှိ စောကြီးကျေးရွာ ၆၆ အိမ် ၊ သနပ်စိန်ကျေးရွာ ၁၂၂ အိမ် ၊ ရွှေကာကျေးရွာ ၉၄ အိမ် ၊ မဒေါင်းကြီးကျေးရွာ ၇၈ အိမ် ၊ လည်ရှို ၃၂၀ အိမ် ၊ မီးဘေးသင့် အိမ်ခြေ ပေါင်း ၆၈၀ အိမ် တို့ကို တစ်အိမ်ထောင်လျှင် ၄ ပြည် နှုန်း ဖြင့် ၂၇၂၀ ပြည်ကို ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင် အားစု (KURDAF) က သက်ဆိုင်ရာ ကျေးရွာ အသီး သီး မှ တာဝန်ခံများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။", "ထိုလှူဒါန်းမှု ဖြစ်မြောက်အောင် ကူညီပေးကြသော ပြည်ပရောက် UK မှ အမိ‌မြေချစ် မေတ္တာရှင်များ ၊ ပြည်တွင်းမှ ကူညီဆောင်ရွက်ပေးကြသော မိတ်ဆွေများ ၊ KURDAF အဖွဲ့များ ဖြစ်ကြသော Khin U Specialforce Organization_KSO, Armed Revolutionary Force – KU , Narapati Local Guerrilla Revolution Force , TIGER – Local People Defence Force. Khin U, KhinU Warrior Force, KhinU Dragon နှင့် အခြား ကူညီကြသော တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူတင်မှတ်တမ်းတင်အပ်ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF)က ​ပြောဆိုသည်။", "ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း လည်ရှိုကျေးရွာ အတွက် ခင်ဦးနယ် ဒေသခံကာကွယ်‌ရေး မဟာမိတ်အင်အားစု မှ ဆန်အိတ် ၅၄ အိတ် လှူတန်းခဲ့ကြောင်း၊ ခင်ဦးနယ်ဒေသခံ ကာကွယ်ရေး မဟာမိတ် အင်အားစု (KURDAF) သည် ဒေသတွင်း တော်လှန်ရေးအင်အားစု ၉ ဖွဲ့ ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများ အတွက် ကူညီလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/06/110245/
ခင်ဦးရှိ မီးဘေးသင့် ကျေးရွာတစ်ရွာမှ ပြည်သူများအတွက် သောက်သုံးရေအိုးများအပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်း
["ခင်ဦးရှိ မီးဘေးသင့် ကျေးရွာတစ်ရွာမှ ပြည်သူများအတွက် သောက်သုံးရေအိုးများအပါအဝင် တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ ဇွန် ၂၉", "ခင်ဦးမြို့နယ် မီးဘေးသင့် ကျေးရွာ တစ်ရွာမှ အိမ်ခြေ တစ်ရာကျော်ကို တစ်အိမ်ထောင်လျှင် သောက်သုံးရေမြေအိုး၊ အင်္ကျီ စတစ်ကော်လံ လက်ရှည် ၆၁ထည်၊ ပုဆိုး ၃ကွင်း ၊ခြည်သားလုံချည် ၂ကွင်း ၊အမျိုးသမီးဝတ် ဘောင်ဘီ ၁၂ ထည် ၊ရှိုးဝါးဖိနပ် ၁၀ရံ ၊ ခြင်ထောင် ၂လုံး ၊ဆပ်ပြာဗူးကြီး ၁၀ ဗူး၊ ဆပ်ပြာဗူးသေး ၁၀ ဗူး၊ ကလေးစီးဖိနပ် ၁၁ရံ နှင့် တီရှုပ် ၂ထည်တို့ကို မဲစနစ်ဖြင့်ရပ်နီးရပ်ဝေး အလှူရှင်အသီးသီးကိုယ်စား ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်တာဝန်ခံများနှင့် သတင်းနှင့်ပြန်ကြားရေး အဖွဲ့မှတစ်ဆင့် လှူဒါန်းပေးခဲ့သည်။"]
https://yktnews.com/2023/08/117402/
ခင်ဦးရှိ ရွာသန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂ လုံးပြာကျ၊ ဒီပဲယင်းမြို့ပေါ်ရှိ ကွက်သစ် ရပ်ကွက်ကို စစ်တပ်က မီးတင်ရှို့နေ
["ခင်ဦးရှိ ရွာသန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၂ လုံးပြာကျ၊ ဒီပဲယင်းမြို့ပေါ်ရှိ ကွက်သစ် ရပ်ကွက်ကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ သြဂုတ် ၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွာသန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၂ လုံးပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် တောင်ပိုင်းရှိ ရွာသန်းကျေးရွာကို ရွှေဘိုမြို့နယ် ဖုတ်ကုန်းရွာမှ ပျူစောထီးများနှင့် လေ့ကျင့်ရေး ၈ မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "” ဒီနေ့ စစ်ခွေးတွေ ရွာသန်းရွာကို မီးရှို့သွားတယ်။ နေအိမ် ၂ လုံးပြာကျသွားတယ်။ အခု စစ်ကြောင်းက ပြန်ထွက်သွားပြီလို့သိရတယ်။ အခု စစ်ကြောင်းက ဖုတ်ကုန်းရွာကို ပြန်ရောက် သွားပြီလို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "အလားတူ ဒီပဲယင်းမြို့ပေါ်ရှိ ကွက်သစ် ရပ်ကွက်မှ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့ပေါ်ရှိ ကွက်သစ် ရပ်ကွက်မှ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။", "” အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ စစ်ခွေးတွေ အခုမီးရှို့နေတယ်ပဲ သိရသေးတယ်” ဟု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။"]
https://yktnews.com/2023/09/120644/
ခင်ဦးရှိ လောင်းရှည်ရွာအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရုပ်အလောင်းကို ရွာထဲ၌ မီးရှို့ဖျောက်ဖျက်
["ခင်ဦးရှိ လောင်းရှည်ရွာအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရုပ်အလောင်းကို ရွာထဲ၌ မီးရှို့ဖျောက်ဖျက်", "ရန်ကုန်၊ စက်တင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ လောင်းရှည်ရွာအနီး စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ရုပ်အလောင်းကို ရွာထဲ၌ မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းတွင် လောင်းရှည်ရွာမြောက်ဘက်အဝင်၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကျေးရွာ ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး နေရာတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ စစ်သား ၂ ဦး၏ ရုပ်အလောင်းကို လောင်းရှည်ရွာအတွင်းရှိ နေအိမ် ၁ လုံးအတွင်း မီးရှို့အလောင်းဖျောက်ခဲ့​ပြီး လောင်းရှည်ရွာ စာသင်ကျောင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာမှ အဆောင်တစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။", "အလားတူ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၁ တပ်မှ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် သံလမ်းတစ်လျှောက် လက်ပံလှရွာ အနောက်ဘက်၊ ရွာသန်းရွာ အရှေ့မြောက်ဘက်ကို တက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) များ၊ တိုက်နယ် ပကဖ ခေါင်းဆောင်နှင့် ကျေးရွာကာကွယ်ရေး အဖွဲ့များ ပူးပေါင်းကာ မိုင်းဆွဲခြင်း၊လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရမှု များပြားကာ အထမ်းများဖြင့် ပေါက်တုံရွာဘက်ကို ထမ်းသွားကြောင်း တော်လှန်ရေး အဖွဲ့များထံမှ သိရှိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လောင်းရှည်ရွာအတွင်း ညအိပ်စဥ် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူချက်ပြုတ် စားသောက်ခဲ့ပြီး ခြိမ်းခြောက်စာများလည်း ရေးသားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ခင်ဦးတောင်ဘက်ခြမ်းရှိ လောင်းရှည်၊ လက်ပံကြီး၊ လက်ပံလှ၊ ရွာသန်း၊ ပန်းတွင်း၊ ပေါက်တုံ၊ ဝန်းကြီး၊ ကျီးကန်၊ ရေအေးကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/07/113805/
ခင်ဦးရှိ သက်ပေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံး၊ ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ ကျွေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
["ခင်ဦးရှိ သက်ပေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံး၊ ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ ကျွေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၁၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ သက်ပေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ခင်ဦးမြို့ နယ်၊ သက်ပေးကျေးရွာကို ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ် ၁ ဦးသေဆုံးပြီး မိဘ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးနှင့် ဒီပဲယင်း နယ်စပ်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာ ၂၀ ကျော်က သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် ရေဦးမြို့နယ် တောင် ခြမ်းရှိ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက် စသည့်ကျေးရွာများနှင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ အောင် ချမ်းသာ၊ သရက်တော၊ လက်ဆည်၊ သပြေသာ၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ သစ်တုံ၊ ကုန်းကြီး စသည့် ကျေး ရွာများမှ ပြည်သူပေါင်း ၁၀၀၀၀ ကျော်ခန့်ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "“တိုင်းရင်းဆေးရုံကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ထုပြီး စစ်ခွေးတွေ အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်။ ခင်ဦးအနောက်ခြမ်း သက်ပေးရွာက နေအိမ်တစ်လုံးထဲ လက်နက်ကြီးကျလို့ မိသားစု ၃ ဦးဒဏ်ရာရ တာ၊ ကလေးကတော့ ဆေးကုဖို့အသွားလမ်းမှာ သေသွားပြီ၊ မိဘနှစ်ဦးကလည်း ဒဏ်ရာပြင်းထန်တယ်။ အခု ရေဦးနဲ့ ဒီပဲယင်း နယ်စပ်က ရွာပေါင်း ၂၀ ကျော်က ပြည်သူ ၁၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။"]
https://yktnews.com/2023/06/107519/
ခင်ဦး၊ ကန်သစ်ရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦး၊ ကန်သစ်ရွာကို စစ်တပ်က ၅ ကြိမ်မြောက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကန်သစ်ရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်း မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကန်သစ်ရွာကို ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်း မီးရှို့နေပြီး ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေ​ရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "“ခင်ဦး၊ ကန်သစ်ကျေးရွာကို စစ်ခွေးတွေ အခုမီးတင်ရှို့နေတယ်။ တစ်ရွာလုံး ထွက်ပြေးနေရတယ်။ ပြည်သူတွေကတော့ အထိအခိုက်မရှိလောက်ဘူး။ သက်သက် ဝင်ရှို့တာ အခုဆို ၅ ကြိမ်မြောက်ရှိပြီ ဒီတစ်ခါဆို အကုန် ကုန်လောက်ပြီ စစ်ခွေး စစ်ကြောင်း ရွာအဝင်မှာ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ ကန်သစ်ရွာသည် နေအိမ် ၅၀၀ ကျော်ခန့်ရှိသော ကျေးရွာဖြစ်ပြီး ပြည်သူ ထောင်နှင့်ချီနေထိုင်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ ကျေးရွာတွင်း၌ တပ်စွဲထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102680/
ခင်ဦး၊ ကဘွက်ရွာကို စစ်တပ်မီးရှို့မှု နေအိမ် ၂၀၀ ကျော်ပြာကျပြီး ရိက္ခာများပါ မီးရှို့ဖျက်ဆီးခံရ၊ မုန်တိုင်းကြောင့် မိုးရွာ ရေကြီးမှုဖြစ်ပြီး အရေးပေါ် အကူအညီ လိုအပ်နေ
["ခင်ဦး၊ ကဘွက်ရွာကို စစ်တပ်မီးရှို့မှု နေအိမ် ၂၀၀ ကျော်ပြာကျပြီး ရိက္ခာများပါ မီးရှို့ဖျက်ဆီးခံရ၊ မုန်တိုင်းကြောင့် မိုးရွာ ရေကြီးမှုဖြစ်ပြီး အရေးပေါ် အကူအညီ လိုအပ်နေ", "ရန်ကုန်၊ မေ ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကဘွက်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျပြီး ရိက္ခာများပါ မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ကဘွက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စားနပ်ရိက္ခာများပါ စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး လက်ရှိချိန်တွင် မုန်တိုင်းကြောင့် မိုးရွာ၊ ရေကြီးမှု ဒဏ်ပါ ခံရပြီး စားနပ်ရိက္ခာများ ရေးပေါ်လို လိုအပ်လျက်ရှိကြောင်း သိရသည်။", "“ကဘွက်ကျေးရွာက မေလ ၇ ရက်နေ့က မီးရှို့ခံထားရသည့်အတွက် အိမ်ခြေ ၂၀၀ ကျော်ပြာကျသွားတယ်။ ပြည်သူများ အရန် ရိက္ခာသိုလှောင်ထားတဲ့ တောတိုက်တဲတွေပါ စစ်ခွေးတွေက မီးရှို့သွားတယ်။ လတ်တလော မီးရှို့ခံထားရတဲ့အတွက် ကဘွက်ကျေးရွာက အိမ်ထောင်စု ၂၅၀ က မုန်တိုင်းကြားထဲမှာ နေစရာမဲ့ စားစရာမဲ့ ဖြစ်နေပြီး လတ်တလော စားသောက်ကုန်များ အရေးတကြီး လိုအပ်နေပါတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/106121/
ခင်ဦး၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေ
["ခင်ဦး၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေ", "ရန်ကုန်၊ ဇွန် ၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။", "” အဲရွာက အခုတစ်ကြိမ်နဲ့ဆို ၄ ကြိမ် မီးရှို့ဖျက်ဆီးခံထားရတဲ့ရွာပါ။ ရွာမှာရှိတ​ဲ့ နေအိမ်တွေ အကုန်လုံးကို ထပ်ရှို့နေတာလားတော့ မသိဘူး။ ပျက်စီးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၂ လုံးပြာကျခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ အိမ်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလ ၁၉ရက်နေ့တွင် တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၉၅ လုံးပြာကျခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/103484/
ခင်ဦး၊ ကံသစ်ရွာတွင် စစ်တပ်က တပ်စွဲထားပြီး ၂ ရက်ဆက် မီးတင်ရှို့နေ
["ခင်ဦး၊ ကံသစ်ရွာတွင် စစ်တပ်က တပ်စွဲထားပြီး ၂ ရက်ဆက် မီးတင်ရှို့နေ", "ရန်ကုန်၊ မေ ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာတွင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး ၂ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကံသစ်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း၌ သေနတ်များ ပစ်ဖောက်လျက်ရှိကြောင်း သိရသည်။", "” မနေ့ညနေပိုင်းက ကံသစ်ရွာကို မီးရှို့ပြီး တပ်စွဲထားတဲ့ စစ်ခွေးတွေက ဒီနေ့ နံနက်ပိုင်းမှာလည်း ရွာကို ထပ်ပြီး မီးရှို့နေတယ်။ စစ်ခွေးတွေက ခွေးခေါင်းတံတားဘက်မှာသေနတ်တွေ ပစ်ဖောက်နေတယ်။ ရွာထဲမှာ နှစ်နေရာခွဲပြီး မီးရှို့ထားတယ်လို့ သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "ယမန်နေ့ ညနေပိုင်းတွင် ရွှေဘိုဘက်မှလာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသစ်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာတွင်း၌ တပ်စွဲထားကာ ယနေ့ နံနက်ပိုင်းတွင် ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်", "လက်ရှိချိန်တွင် ကံသစ်ကျေးရွာ အနီးနားရှိ ​နှောကုန်း၊ မောက်ပြည့်၊ ဂွေးကုန်း၊ မြစ်တော် စသည့် ကျေးရွာများမှ ဒေသ ပြည်သူ ၁၈၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။"]
https://yktnews.com/2023/06/109516/
ခင်ဦး၊ တဲစုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ
["ခင်ဦး၊ တဲစုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ ကျေးရွာ ၅ ရွာကျော်မှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ ဇွန် ၂၄", "ခင်ဦးမြို့နယ်၊ တဲစုရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မြင်းဒေါင်းရွာ ဘုန်းကြီးကျောင်း၌ ၄ ရက် ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းဒေါင်းရွာမှ ထွက်ခွားလာပြီး လက်နက်ကြီးဖြင့် တဲစုရွာကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“ရွာတွင်းပြည်သူကြား လက်နက်ကြီး ၃ကြိမ်ကျ။ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရပြီး ဒေါ်မိုးဆွေ အသက် ၄၅ နှစ် လက်နက်ကြီးထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။အသက်၆၀ ကျော်အရွယ် သက်ကြီးရွယ်အို တစ်ဦးအပါအဝင် ၁၆နှစ် ထိလည်း ပါတယ် ဒဏ်ရာရတာက။ ခွေးကြောင်းလာတယ်ဆိုလို့ တဲစုက ပြည်သူတွေက အရှေ့ထွက်မလို့လုပ်တုန်း လူကြားကျတာ” ဟု ဒေသပြည်သူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်သည် တဲစုရွာမှ S.M.C မူးဘောင်ကို ကူး၍ မြစ်တော်၊အင်တိုင်းကြီးဦးတည်ပြီး ရှေ့ကင်းစထွက်ကာ မြစ်တော်ရွာထဲသို့ ဝင်ရောက်၍ နေ့လယ်ပိုင်းတွင် မီးရှို့ခဲ့ကြောင်း ၊ စစ်ကောင်စီဝင်များသည် တဲစုရွာတွင်လည်း ရွာအရှေ့ဘက် လမ်းဘေးတွင် ပျက်နေသည်မှာ ကြာပြီဖြစ်သည့် ကားပျက်ကြီးကိုလည်း မီးရှို့သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တဲစုရွာ၊ မြစ်တော်ရွာ၊ ကံသစ်ရွာ၊ ဂွေးကုန်းရွာ၊အင်တိုင်းကြီးရွာ စသည့်ကျေးရွာများမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "Photo – ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထွက်​ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/01/78668/
ခင်ဦး၊ မြကန်ရွာကို စစ်တပ်က မီးတင်ရှို့နေ
["ခင်ဦး၊ မြကန်ရွာကို စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြကန်ရွာကို အကြမ်းဖက် စစ်တပ် မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၈ နာရီ ၃၃ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ အင်းပတ်ဘူတာ ရထားသံလမ်းဘက်မှ ခြေလျင်တက်လာပြီး စပါးရိတ် တောင်သူများကို လိုက်လံပစ်ခတ်ပြီးနောက် မြကန်ကျေးရွာ အနီးရောက် ရှိလာခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ခင်ဦးမြို့နယ် အရှေ့မြောက်ပိုင်းရှိ အလယ်ရှိုရွာတွင် ၅ ရက်ကြာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီစတင်ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေပြီး ယနေ့ နံနက်ပိုင်းထိ မီးခိုးများ မြင်တွေ့နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2023/03/93852/
ခင်ဦး၊ မြကန်ရွာမှ အဖိုးအို ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၆ ရွာက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦး၊ မြကန်ရွာမှ အဖိုးအို ၁ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၆ ရွာက ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၂၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြကန်ရွာကို အကြမ်းဖက် စစခတပ်က စီးနင်းပြီး အဖိုးအို ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်သွားကြောင်း ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက မြကန် ကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာတွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် ဦးညိုတင်ကို သေနတ်ဒင်ဖြင့် ထုကာ စစ်ဖိနပ်ဖြင့် ကန်၍ ဖမ်းဆီး ရိုက်နှက်ကာ သတ်ဖြတ်သွားပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "” လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းတာ နေအိမ်တစ် လုံးမီးလောင် ဆုံးရှုံးခဲ့တယ်။ အသက် ၆၅နှစ် အရွယ် အသက်ကြီးရွယ်အို ဦးညိုတင်က အဝတ်ထုပ်တွေ တင်ပြီး ဆိုင်ကယ်နဲ့ ထွက်ပြေး တိမ်းရှောင်ဖို့ လုပ်နေတုန်း စစ်ခွေးတွေက ဖမ်းဆီး သတ်ဖြတ်သွားတာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးအရားရှိ ကျေးရွာများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာ ၆ ရွာက ပြည်သူ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/03/92055/
ခင်ဦး၊ မြင်းခြံနှင့် မတ္တရာတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး
["ခင်ဦး၊ မြင်းခြံနှင့် မတ္တရာတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီ စစ်ကြောင်းများကို PDF တပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။", "ခင်ဦးမြို့အဝင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ", "==========================================", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့အဝင်၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၃ ဦးလဲကျကာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Guerilla Force ထံမှ သိရသည်။", "ယနေ့ မတ်လ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ရေဦးမြို့နယ်အတွင်းလှည့်လည်စစ်ကြောင်းထိုးပြီး မြစ် တော်ကျေးရွာတွင် ညအိပ်ကာ ခင်ဦးမြို့သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်သား ၁၀၀ ခန့်ကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကံသစ်ရွာနှင့်ခင်ဦးမြို့အကြားရှိ ပျားဂေဟာ အနောက်တွင် ရှေ့ထွက်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃ ဦးနေရာမှာလဲကျသွားကြောင်း သိရသည်။", "မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို Royal Tiger Guerilla Forceနှင့် ခင်ဦးမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ လည်းခင်ဦးမြို့ပေါ်သို့ ရောက်ရှိသွားကြောင်း သိရသည်။", "မြင်းခြံမြို့နယ် ဒရုန်းဖြင့် ဗုံးကျဲမှု၊ မိုင်းဆွဲမှုများကြောင့် စစ်သား ၆ ဦးသေ", "=========================================", "မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ် ကုက္ကဲရဲစခန်းကို မတ်လ ၉ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးထက် မနည်း သေဆုံးကြောင်း Myingyan District Drone Strike က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“ အဆောက်အအုံတွေလည်း ပျက်စီးပြီး ဒဏ်ရာရသူ တော်တော်များတယ်ဗျ။ ပါးဖောက်ထွက်ဒဏ်ရာနဲ့ တစ်ယောက်နဲ့ တစ်ယောက် လည်ပင်းပေါက်ထွက်ဒဏ်ရာနဲ့ တစ်ယောက်လည်း သေတယ်ဗျ။ အရင်ကဆို မြင်းခြံဆေးရုံပို့တာများတယ်။ သတင်းဖုံးချင်လို့ ဆေးရုံထဲကို မပို့တော့ဘဲ တပ်ထဲမှာပဲ မြေမြှုပ်လိုက်တာပါ။ Drone နဲ့ ချပြီးတော့ စစ်ကူကား ၇ စင်း တက်လာလို့ နောက်ဆုတ်ခဲ့ရပါတယ်” ဟု Myingyan District Drone Strike မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "မြင်းခြံမြို့ပေါ်မှ ကား ၇ စီးဖြင့်ထွက်လာသော အကြမ်းဖက်စစ်သားများကို တူးရွင်းဘို့ရွာနှင့် သစ်ရုံအကြားတွင် PDF တပ်ပေါင်းစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း Natogyi Regional Defense force- NRDF ထံမှ သိရသည်။", "မတ်လ ၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က အဆိုပါ အကြမ်းဖက်စစ်ကားများကို Natogyi Regional Defence force –NRDF ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃(27 revolution Forces) အဖွဲ့နှင့် ဗိုလ်စားပြောက် ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲဖြစ်ခဲ့ရာ 27 revolution Forces တပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုများကို Myingyan District Drone Strike အဖွဲ့နှင့် မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် မတ်လ ၁၁ ရက်နေ့တွင်လည်း မန္တလေးတိုင်း မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံး ကားအောက်ပိုင်းထုတ်လုပ်ရေးစက်ရုံကိုလည်း Myingyan District Drone Strike အဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီပိုင် စက်ရုံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။", "မတ္တရာတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၁၇ ဦး သေဆုံး", "=========================================", "မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ မတ်လ ၁၁ ရက် ညနေ ၇ နာရီခန့်အချိန် မတ္တရာမြို့မှ အနောက်ဘက်ခြမ်းသို့ အင်အား ၈၀ ခန့် ဖြင့် စစ် ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို မြွေတလိုင်းကျေးရွာနှင့် မြွေဟင်္သာ ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။", "“ခုတော့ ၆၀ ကျော်လောက်ပဲကျန်တော့တာ၊ မိုင်းဆွဲခံရတော့ ၁၂ ဘီးကား၊ ဖောကားတွေနဲ့ စစ်ကူ ရောက်လာတယ်၊ စစ်ခွေးတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းပစ်လို့ ရဲဘော်တစ်ချို့ တော့ထိခိုက်မှုရှိပါတယ်၊ မစိုးရိမ်ရပါဘူး၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း ထိတွေ့တိုက်ပွဲတွေ ၁၀ ကြိမ် ထက်မနည်းဖြစ်နေတယ်၊ မတ္တရာမြို့နဲ့အရမ်းနီးနေတော့ မြို့ကိုကာကွယ်ချင်လို့ စစ်ကြောင်းတွေ လှည့်ပတ်ထိုးနေတာ” ဟု တောကြီးမြွေပွေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အလားတူ ယနေ့ မတ်လ ၁၂ ရက် နေ့လည် ၁၂ နာရီခန့်တွင် မြွေကြည်ကုန်းကျေးရွာမှ စကျင်ကျေးရွာ စကျင် ကာကြားလမ်းအရောက် ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး အများအပြားထိ ခိုက်ဒဏ်ရာရရှိကာ သေဆုံးဒဏ်ရာရစစ်သားများကို လူနာတင်ကား ၃ စီးဖြင့် မတ္တရာမြို့သို့ အကြိမ်ကြိမ် သယ်ယူသွားကြောင်း သိရသည်။", "ဓာတ်ပုံ- မန္တလေး PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/04/99648/
ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ
["ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀၀ ကျော် ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်၊ မြို့သစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်​ပြီး ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းထိ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေက ၂ ရက်ဆက်ကို ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်ဆီးသွားတာ ပြည်သူပိုင်နေအိမ် ၄၀၀ ကျော် မီးလောင်ပြာကျခဲ့တယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဦးမြို့နယ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြောင်း သိရသည်။"]
https://yktnews.com/2023/04/99563/
ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် ရွာလုံးကျွတ် မီးတင်ရှို့နေ
["ခင်ဦး၊ မြို့သစ်ရွာကို စစ်တပ်က ၂ ရက်ဆက် ရွာလုံးကျွတ် မီးတင်ရှို့နေ", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့် တွင် ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "” စစ်ခွေးတွေက ၂ ရက်ဆက်ကို ရွာလုံးကျွတ် မီးရှို့နေတာ မနေ့က ညနေပိုင်းတည်းက ရွာကိုရောက်နေတာ ညပိုင်းထိမီးရှို့ပြီး အခု မနက်ထပ်ရှို့နေတာ မီးတော်တော်များတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "Photo – ခင်ဦး၊ မြို့သစ်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်း မီးရှို့နေသည်ကို တွေ့ရစဥ်"]
https://yktnews.com/2023/02/86828/
ခင်ဦး၊ ယင်းမာပင်နှင့် ကနီ နယ်စပ်ရှိ ကျေးရွာ ၂၅ ရွာထက်မနည်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပဲခူးတိုင်း၊ ထန်းတပင်ရှိ ရွာများစွာလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံနေရ
["ခင်ဦး၊ ယင်းမာပင်နှင့် ကနီ နယ်စပ်ရှိ ကျေးရွာ ၂၅ ရွာထက်မနည်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပဲခူးတိုင်း၊ ထန်းတပင်ရှိ ရွာများစွာလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် အစပ်ရှိ ကျေးရွာ ၂၅ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ စစ်တပ်က ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် အစပ်ရှိ ကျောက်မှော် မြောက်ရွာ ၊ရှုကျွန်းပေါ်ရွာ၊ နှောပင်ရွာ၊ ကြက်လျှာရွာ၊ ကျောက်ကုန်းရွာ၊ နတ်လာပို့ မြောက်ရွာ၊ သပြေတောရွာနှင့် အုန်းပင်ဆိပ်ရွာအပါအဝင် ကျေးရွာ ၂၅ ရွာကျော်ကို စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။", "” ယင်းမာပင်နဲ့ ကနီ အစပ်မှာရှိတဲ့ ကျေးရွာ ၂၅ ရွာကို စစ်ခွေးတွေက ၁ လ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးတယ်။ ဇန်နဝါရီ ၈ ရက်နေ့က စတာ အခုဖေဖော်ဝါရီလ ၈ ရက်နေ့ထိ စီးနင်း မီးရှို့တာတွေ ရှိနေသေးတယ်။ ပြည်သူတွေကလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အစားအသောက် အဝတ်အထည်နဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်” ဟု ဒေသခံ ပြည်သူတစ်က ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် ပစ်ခတ် စီးနင်းမှု​ကြောင့် ကျေးရွာ ၂၅ ရွာကျော်မှ ထွက် ပြေးတိမ်းရှောင်နေရသော ပြည်သူများသည် လက်ရှိချိန်တွင် အစား အသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးပေါ် လိုအ ပ်လျက်ရှိကြောင်းသိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်းရှိ သနပ်စိန်ကျေးရွာကို အကြမ်း ဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယ အကြိမ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူများ ပြန်လည် တည်ဆောက်ထားသည့် စစ်ဘေးရှောင်တဲများပါ မီးလောင်ပြာကျခဲ့​ပြီး နေအိမ် ပျက်စီးဆုံးရှံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စစ်တပ်က အင်ကြင်းပင် ဝေဘူဆရာတော် ဘုရားကြီး ကျောင်းဝင်းတွင် အင်ကြင်းပင်နှင့် ဖန်းခါးကုန်းကျေးရွာမှ ပြည်သူများကို တစ်အိမ်လျှင် ၁ ဦး အစည်းအဝေးတက်ရန်နှင့် မတက်လျှင် အိမ်ကို မီးရှို့မည်ဟု ခြိမ်းခြောက် ခေါ်ယူပြီး အစည်းအဝေး တက်လာ သူများထံမှ ဆန်၊ ဆီနှင့် မြေပဲများ ခြိမ်းခြောက်တောင်းယူနေကြောင်း သိရှိရသည်။", "အလားတူ ပဲခူးတိုင်း ထန်းတပင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်က အကြမ်းဖက် စစ်တပ်က တပြေးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "“ထန်းတပင်မြို့နယ် တပြေးစစ်စခန်းက တပြေးကျေးရွာ အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၄ လုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး နေအိမ် ၃လုံး ပျက်ဆီးသွားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/06/108187/
ခင်ဦး၊ ယာတော်ရွာကို စစ်တပ်က ပစ်ခတ် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၈ ရွာကျော်က ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
["ခင်ဦး၊ ယာတော်ရွာကို စစ်တပ်က ပစ်ခတ် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၈ ရွာကျော်က ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇွန် ၁၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယာတော်ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇွန်လ ၁၈ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ရေဦးမြို့နယ်၊ ကြာပန်းညိုရွာမှလာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးကာ လက်နက်ကြီး ငယ်များနှင့် ပစ်ခတ်ပြီး ခင်ဦးမြို့နယ်၊ ယာတော်ကျေးရွာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးနေ​ကာ ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။", "ယင်းအကြမ်းဖက် စစ်တပ်သည် ယာတော်ကျေးရွာအနီးရှိ ကျွန်တောကြီးကျေးရွာအတွင်းသို့လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် နံနက် ၇ နာရီအချိန်တွင် ပစ်ခတ်ဝင်ရောက်နေကြောင်း သိရသည်။", "“ဓားစားခံဖမ်းခံရတဲ့ ပြည်သူတွေတော့ရှိတယ်ကြားတယ် အရေအတွက်တော့ အတိအကျမသိရသေးဘူး။ ယာတော်နဲ့ ကျွန်းတောကြီးမှာတော့ ခွေးတွေရှိသေးတယ်။ မီးရှို့တာ ယာတော်တော့ ၄ ၊၅လုံးလောက်တော့ပါသွားပြီ ထင်တယ် ခန့်မှန်းခြေ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ယာတော်ကျေးရွာအပါအဝင် သရက်ပင်စုရွာ ၊ကားဆိပ်ရွာ ၊မကျီးအုပ်ရွာ ၊မြင်းဒေါင်းရွာ၊ကျွန်းတောကြီးရွာ ၊ဥယျဥ်ရွာနှင့် မြင်းကျရွာ စသည့် ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူ ၄၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ နံနက် မိုးမလင်းခင် အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။"]
https://yktnews.com/2023/01/83622/
ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်၊ မအူပင်အရှေ့ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ
["ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်၊ မအူပင်အရှေ့ရွာကိုလည်း စစ်တပ်က မီးတင်ရှို့နေ", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံး ပြာကျပြီး နွားများပါ မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းရှိ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသော ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၃၀ ခန့်က ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် ရွာသစ်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံးပြာကျခဲ့ပြီး လယ်ယာသုံး ခိုင်းနွား ၁ ကောင်ကို မီးရှို့သတ်ဖြတ်ကာ အကောင်ရေ ၂၀ ခန့် မီးလောင် ဒဏ်ရာများ ရရှိကာ လယ်ယာသုံး ခုတ်စက်များ၊ ရေစုပ်စက်များစွာကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ပြီး စားစရာများ၊ ကျောပိုးအိတ်များ၊ ဖုန်းများကို ခိုးယူသွားကြောင်း၊ စစ်တပ် စစ်ကြောင်း ရွာမှ ပြန်လည် ဆုတ်ခွာစဥ် အမျိုးသမီး ၄ ဦးထံမှ ဖုန်း-၄လုံးနှင့် ငွေသားများကိုပါ လုယက် ယူဆောင် သွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။", "အလားတူး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူပင်အရှေ့ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ယနေ့ ဇန်နဝါရီလ ၂၈ ရက်ျန့ မွန်းလွဲ ၁၂ နာရီ ၂၉ မိနစ်ခန့်စတင်ကာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကာ လက်ရှိ ညပိုင်းအချိန်ထိ ကျေးရွာအတွင်း မီးလောင်လျက်ရှိကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။"]
https://yktnews.com/2023/06/105515/
ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့နေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့နေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့နေပြီး ကျေးရွာ ၅ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ လမ်းပိုင်းဘေးရှိ ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့၌ အထိုင်ချထားသော စစ်သားများ၊ ရွာသစ်ကုန်းရွာမှ ပျူစောထီးများနှင့် ရေဦးတိုင်းရင်း ဆေးရုံမှ စစ်သားများ ပါဝင်သော အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းက ဝင်ရောက် စီးနင်း မီးရှို့လျက်ရှိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ဒေသခံများကို လိုက်လံ ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။", "လက်ရှိချိန်တွင် ရွာသစ်ကျေးရွာ အပါအဝင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာနှင့် မူးသာကျေးရွာ စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက အခု ရွာသစ်ရွာကနေပြီး မူးသာရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေတယ်။ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/83528/
ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူတချို့ ပိတ်မိနေ၊ ရွဲ့ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး
["ခင်ဦး၊ ရွာသစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူတချို့ ပိတ်မိနေ၊ ရွဲ့ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြာရေး အဖွဲ့ထံမှ သိရသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်တွင် ခင်ဦးမြို့နယ်ရှိ ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့ ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး ၃၀ ခန့်က သေနတ်များ ရမ်းသမ်း ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိပြီး ပြည်သူတချို့ ကျေးရွာအတွင်း ပိတ်မိနေကြောင်း သိရသည်။", "“ရွာသစ်ရွာကို သေနတ်တွေ ပစ်ဖောက်ပြီး ဝင်စီးတာ အလစ်အငိုက် ဝင်စီးခံရတော့ ပြည်သူ တချို့ ရွာထဲမှာ ပိတ်မိနေတယ်။ ရွာထဲက မီးခိုးတွေ ထွက်လာတာတော့ မြင်တေရတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့နေပြီ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းရှိ ရွဲ့ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ယင်းအကြမ်းဖက် စစ်ကြောင်းသည် ဝက်လက်မြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရရှိရသည်။"]
https://yktnews.com/2023/06/105965/
ခင်ဦး၊ ရွာသစ်ရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေ
["ခင်ဦး၊ ရွာသစ်ရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာပေါင်း ၁၂ ရွာကျော်က ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေ", "ရန်ကုန်၊ ဇွန် ၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွာသစ်ရွာတွင် ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ်၌ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိ ရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် ဒုတိယအကြိမ်အဖြစ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ် ၇ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ၊ အသက် ၅၀ အရွယ် ပြည်သူ အမျိုးသား ၁ ဦးကို ဖမ်းဆီး၍ မူးသာကျေးရွာအရောက်တွင် မီးရှို့သတ်ဖြတ်ခဲ့ကြကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းသည် ဇွန်လ ၁ ရက်နေ့တွင် မူးသာရွာ၌ ညအိပ်၍ ဇွန်လ ၂ ရက်နေ့ နံနက်ခင်းတွင် ကျီးအိုင်ရွာအတွင်းရှိ ကား ၁ စီးကို မီးရှို့ဖျက်ဆီး၍ အမျိုးသား ၁ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ၊ ဇွန် ၂ ရက်နေ့မှစ၍ ယနေ့ ၃ ရက်နေ့အထိ မရမ်းအင်း ကျေးရွာအတွင်း ညအိပ်တပ်စွဲနေကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးမှ တာဝန်ရှိသူမှ ပြောကြားသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင့် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တိုက်နယ် ၂ ဒေသများ ဖြစ်သည့် ရွာသစ်ကျေးရွာ ၊အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးကျေးရွာ၊ မရမ်းအင်းရွာ၊ ကုန်းသာရွာ၊ သဲကုန်းကြီးရွာ၊ ကျီးအိုင်ရွာ၊ အောင်သာရွာ၊ အင်းပေါက်ရွာ၊ မုံတောရွာ စသည့် ကျေးရွာ ၁၂ ရွာက ဒေသပြည်သူ ၁၀၀၀၀ ကျော်သည် ဇွန်လ-၁ရက်နေ့မှ စကာ ယနေ့အထိ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။", "“အခုက စစ်ဘေးရှောင်က အရမ်းများနေတယ်။ ဒေသတွင်း အကူအညီနဲ့ တင်မရတော့လို့ အကူအညီများ ရချင်လို့ အကူညီပေးကြပါလို့ ပြောချင်တယ်။ ကျွန်တော်တို့ page ဖြစ်တဲ့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုလည်း ဆက်သွယ်လှူဒါန်းနိုင်းပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ခင်ဦးမြို့အတွင်း ရောက်ရှိနေသော စစ်ကြောင်းသည် ရေဦးနှင့် အင်းပတ်ကွေ့မှ စစ်သားများ နှင့် ရွာသစ်ကုန်း ပျူစောထီးများ ပူပေါင်းထားသော စစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသော​ခြင်းကြောင်း ပြေးသူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရှိရသည်။", "Photo – ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ"]
https://yktnews.com/2023/02/87804/
ခင်ဦး၊ လက်ပံလှရွာကို စစ်တပ်က မီးလောင်ဗုံးများပါ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ပြီး သီလရှင် ၁ ဦးကို မီးရှို့သတ်ဖြတ်၊ နေအိမ် ၂၅၀ ကျော်ပြာကျ
["ခင်ဦး၊ လက်ပံလှရွာကို စစ်တပ်က မီးလောင်ဗုံးများပါ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ပြီး သီလရှင် ၁ ဦးကို မီးရှို့သတ်ဖြတ်၊ နေအိမ် ၂၅၀ ကျော်ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က မီးလောင်ဗုံးများပါ အသုံးပြုကာ မီးရှို့ဖျက်ဆီးခဲ့ပြီး သီလရှင် ၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်းရှိ လက်ပံလှ ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးလောင်ဗုံးများပါ အသုံးပြုပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ အသက် ၈၀ အရွယ် သီလရှင် ၁ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် နေအိမ် ၂၅၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေ မီးရှို့လို့ နေအိမ်​ ၂၅၀ ကျော်ပြာကျသွားတယ်။ စစ်ခွေးတွေက နေအိမ်တွေကို မီးလောင်ဗုံးတွေ ရေနံဆီတွေပါ သုံးပြီး ရှို့သွားတာ မွန်းလွဲ ၃ နာရီကနေ ၅ နာရီ အထိ မီးရှို့ဖျက်ဆီးသွားတယ်။ ကျေးရွာနေ အသက် ၈၀ အရွယ် သီလရှင် ဆရာလေး ဒေါ်ဆိတ် ကိုမီးရှို့သတ်ဖြတ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/06/110323/
ခင်ဦး၊ သရက်ကုန်းရွာရှိ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဂျာမေ့အ်ဗလီတွင် အစ္စလာမ်ဘာသာဝင်များ စုစည်း၍ ဝတ်ပြုဆုတောင်းကာ ကုရ်ဘာနီစွန့် လှူဒါန်းမှု ပြုလုပ်
["ခင်ဦး၊ သရက်ကုန်းရွာရှိ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ဂျာမေ့အ်ဗလီတွင် အစ္စလာမ်ဘာသာဝင်များ စုစည်း၍ ဝတ်ပြုဆုတောင်းကာ ကုရ်ဘာနီစွန့် လှူဒါန်းမှု ပြုလုပ်", "ရန်ကုန်၊ ဇွန် ၂၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ခံခဲ့ရသော ဂျာမေ့အ်ဗလီတွင် ယနေ့ ဇွန်လ ၂၉ ရက်နေ့၌ အစ္စလာမ်ဘာသာဝင်များစုစည်း၍ ဝတ်ပြုဆုတောင်းပြီး ကုရ်ဘာနီစွန့်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "သရက်ကုန်းကျေးရွာရှိ အဆိုပါ ဂျာမေ့အ်ဗလီကို ၂၀၂၂ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည် မပြုပြင်နိုင်ခင် ၂၀၂၃ ခုနှစ်‌ မေလအတွင်း တိုက်ခိုက်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် ခေါင်မိုးလှန်ခဲ့ရ၍ အစ္စလာမ်ဘာသာဝင်များမှာ ၎င်းတို့၏ ဗလီကို စနစ်တကျပြင်ဆင်နိုင်ခြင်း မရှိသေးဘဲ ဝတ်ပြုဆုတောင်းခြင်းကို ပြုလုပ်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90200/
ခင်ဦး၊ သရင်ပင်စုရွာမှ ထွက်ခွာလာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ခင်ဦး၊ သရင်ပင်စုရွာမှ ထွက်ခွာလာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရင်ပင်စုရွာမှ ထွက်ခွာလာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း KhinU Special force Organization KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁ ရက်နေ့တွင် ခင်ဦးမြို့နယ် သရက်ပင်စု ကျေးရွာ လင်းရောင်ခြည် ဘုန်းကြီးကျောင်းတွင် ၃ ရက်တာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရက်ပင်စုရွာမှ ယာတော်ကျေးရွာဘက်သို့ ထွက်ခွာလာစဥ် ရှေ့ပြေးစစ်သား ၁၀ ဦးကို KSO တပ်ဖွဲ့က ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "” မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၅ ကောင်သေတယ်။ ကျွန်တော်တို့ ရဲဘော်များတွေကို ဝိုင်းပိတ် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပြန်ဆုတ်ချိန်မှာ ရဲဘော် ၁ ဦး နှလုံးအမောဖောက် အားနည်းလို့ ဆေးကုသမှု ခံယူရတာရှိတယ်” ဟု KhinU Special force Organization KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပထ စစ်ကြောင်းသည် ယနေ့ညပိုင်းတွင် သရက်ပင်စုကျေးရွာ ဘုန်းကြီးကျောင်းနှင့် မြင်းဒေါင်းကျေးရွာ ဘုန်းကြီးကျောင်းတို့၌ ပြန်လည် ဝပ်ကျင်း နေရာယူခဲ့ကြောင်း၊ ရေဦးမြို့မှ စစ်သားများသည် ယမန်နေ့က ကား၂ စီးဖြင့် မြင်းဒေါင်းကျေးရွာ ရှိပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ယနေ့ မွန်းလွဲပိုင်းတွင် ကား ၃ စီးဖြင့် ပြည်သူပိုင် ပစ္စည်းများအား ရေဦးမြို့ပေါ်သို့ ခိုးယူ သယ်ဆောင်သွားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/92204/
ခင်ဦး၊ သံဘိုရွာအနီး ကင်းထောက်နေသည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ခေါင်းဖြတ် သတ်ဖြတ်
["ခင်ဦး၊ သံဘိုရွာအနီး ကင်းထောက်နေသည့် PDF ရဲဘော် ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ခေါင်းဖြတ် သတ်ဖြတ်", "ရန်ကုန်၊ မတ်လ ၁၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုရွာအနီး ကင်းထောက်နေသည့် PDF ရဲဘော် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသ ကာကွယ် ရေး တပ်ဖွဲ့များထံမှ သိရသည်။", "မတ်လ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သံဘိုရွာအနီး ကင်းထောက်နေသည့် သံဘိုကျေးရွာ ကာကွယ်ရေးအဖွဲ့မှ PDF ရဲဘော် ၂ ဦးဖြစ်သည့် ကိုကျော်ရဲနှင့် ကိုသက်နိုင်ဖြိုး တို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ခေါင်းဖြတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "” သံဘိုကျေးရွာက ကျေးရွာ ကာကွယ်ရေး အဖွဲ့ဝင် နှစ်ဦး ကင်းထောက်ရင်း ကျဆုံးခဲ့တာပါ။ ရဲဘော် ၂ ဦးကို စစ်ခွေးတွေက ခေါင်းဖြတ် သတ်သွားတယ်။ အခု စစ်ခွေးတွေ အားလုံး ကားနဲ့ ရွှေဘိုဘက်ကိုသွားပြီ” ဟု ဒေသ ကာ ကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2022/12/78309/
ခင်ဦး၊ အလယ်လျှိုကျေးရွာသား ၁၇ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ် အလောင်း များကို မီးရှို့ဖျက်ဆီး၊ မတ္တရာ၊ ပို့ဝရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်
["ခင်ဦး၊ အလယ်လျှိုကျေးရွာသား ၁၇ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ် အလောင်း များကို မီးရှို့ဖျက်ဆီး၊ မတ္တရာ၊ ပို့ဝရွာသား ၂ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာတွင် အကြမ်းဖက် စစ်တပ်က ၃ ရက်ကြာ တပ်စွဲပြီး ပြည်သူ ၁၇ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က အလယ် လျှိုရွာ တွင် တပ်စွဲထားပြီး ကျေးရွာပြည်သူများကို တော်လှန်ရေးတွင် အားပေး ပါဝင် သူများ ဟု စွပ်စွဲပြီး ပြည်သူ ၁၇ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ရုပ် အ လောင်း များကို မီးရှို့ ဖျောက်ဖျက်ထားကြောင်း သိရသည်။", "“ကျွန်တော်တို့ အလယ်လျှိုရွာ မှာတော့ ရွာသူ ရွာသား ၁၇ ဦး လောက်ကို စစ်တပ်က သတ်ထားပါတယ်။ ရွာစာသင်ကျောင်းအရှေ့ဘက်မှာ အလောင်း တွေကို ပစ်ထားပါတယ်။ ညကတော့တိုက်ပွဲတွေ ဖြစ်ပါတယ်။ ဘယ်လောက် ကျတယ်ဆိုတာ မသိရသေးဘူး။ ရွာလယ်ခေါင်မှာတော့ အမျိုးသမီး ၁ ဦးကို ပစ်သတ်သွားတယ်။ နာမည်က မချောပို ပါ။ အလောင်းမကောက်ရသေးဘူး။ စစ်တပ်က စစ်ကူခေါ်တယ်ကြားပါတယ်။ စာသင်ကျောင်းထဲမှာ အခုထိတပ်စွဲ ထားပါတယ်။ ရုပ်အလောင်းတွေကိုလည်း စုပြုံပြီး မီးရှို့ဖျောက်ဖျက်တာတွေ လုပ်ဆောင်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။", "ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အလယ်လျှိုကျေးရွာမှ မောင်နှမ ၂ ဦးကို PDF အားပေး နေသူများဟု စွပ်စွဲပြောဆိုပြီး စစ်တပ်က ပစ်သတ် ခဲ့ကြောင်း၊ ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲခဲ့သည့် ၃ ရက်တာ အတွင်း ဒေသခံ ပြည်သူများကို တော်လှန်ရေးတွင် အားပေးပါဝင် သူများဟု စွပ်စွဲ ပြီး ပစ်သတ်ခဲ့သူ ၁၆ ဦး ရှိပြီဖြစ်ကြောင်း၊ ပစ်သတ်ထားသည့် ရုပ် အလောင်းများလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စုပုံမီး ရှို့ကာ အလောင်း ဖျောက်ဖျက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။", "ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ကျေးရွာအတွင်း တပ်စွဲထားသော စစ်သားများက ကျေးရွာတောင်ဘက်ပိုင်းရှိ စစ်ဘေးရှောင် ပြည်သူများ စုဝေးနေထိုင်နေသည့် တောကျောင်းကို ၆၀ မမ ဖြင့် ပစ်ခတ်မှု ကြောင့် ကိုရင်ကြီး ၁ ပါးနှင့် စစ်ရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်းသိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာ အစပ်ရှိ တောတဲများတွင် တိမ်း ရှောင်နေသော ပြည်သူများကို ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် သတိပေး ခြိမ်းခြောက်လျက်ရှိကြောင်း၊ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် ခြင်း မရှိသူများကို ပစ်သတ်မည်ဟု ခြိမ်ခြောက်ပြောဆိုနေကြောင်း၊ ပြည်သူများ အနေဖြင့် ကျေးရွာ အနီးအနားရှိ တောတဲများကို စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများနှင့် နယ်​မြေခံများထံမှ သိရသည်။", "စစ်ဘေးရှောင် ပြည်သူများသည် ပစ္စည်းလက်မဲ့ဖြင့် ထွက်ပြေးတိမ်း ရှောင်ခဲ့ရ သောကြောင့် အဝတ်အထည်၊ အသုံးအဆောင်နှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်းသိရသည်။", "အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပို့ဝမြောက်ရွာသား မောင်နိုင်ထက် ကျော် နှင့် မောင်ပြည့်ပြည့်ကျော်တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ် ခဲ့ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပို့ဝမြောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး စစ်ကြောင်း ရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားသည့် ပုံစံဖြင့် ကင်းပုန်းများချကာ ရွာအတွင်း ပြန်လည် ဝင်ရောက်လာသည့် ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၁၉ နှစ်အရွယ် မောင်နိုင်ထက် ကျော် နှင့် အသက် ၁၇ နှစ်အရွယ် မောင်ပြည့်ပြည့်ကျော်တို့ကို စစ်တပ်က မီးရှို့ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "စစ်တပ်၏ ဖမ်းဆီးမှု ခံရသော မောင်နိုင်ထက်ကျော် နှင့် မောင်ပြည့်ပြည့်ကျော် တို့ကို PDFနှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး လူမဆန်စွာ ရိုက်နှက်ကာ မျက်နှာကိုအဝတ်ဖြင့် ချည်နှောင်ပြီး ရွာ မြောက်ဘက်ရှိ ပဲခင်းထဲသို့ ခေါ်ဆောင် သွားခဲ့ကြောင်း၊ ယင်းနောက် ဆိုင်ကယ် ၃ စီးနှင့်အတူ မီးရှို့ သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်တပ်က မီးရှို့သတ်ဖြတ်သွားသော မတ္တရာမြို့နယ်၊ ပို့၀ကျေးရွာသား ၂ ဦး။"]
https://yktnews.com/2023/04/100089/
ခင်ဦး၊ အလယ်လျှိုရွာကို စစ်တပ်က ဒုတိယ အကြိမ် စီးနင်းပြီး ရွာလုံးကျွတ်မီးတင်ရှို့နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦး၊ အလယ်လျှိုရွာကို စစ်တပ်က ဒုတိယ အကြိမ် စီးနင်းပြီး ရွာလုံးကျွတ်မီးတင်ရှို့နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၃၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယ အကြိမ် စီးနင်းပြီး ရွာလုံးကျွတ် မီးတင်ရှို့နေ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၅၁ မိနစ်ခန့်တွင် ကန့်ဘလူဘက်မှ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ အလယ်လျှိုရွာကို ဒုတိယ အကြိမ် ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။", "အဆိုပါ အလယ်လျှိုရွာ အနီးအနားရှိ အိုင်ပေါက်ကြီး၊ ပင်တင်း၊ ကွမ်းတိုင်း၊ ညောင်ကန်၊ ယောက်သွားအိုင်၊ ထနောင်းကိုင်းလေး၊ ကုလားလူးနှင့် ကန့်ဘလူ မြို့နယ်ဘက်မှ သောက်ကန်၊ ရွာသစ်၊ တင်ငုတ်ကြီး စသည့် ကျေးရွာ ၁၀ ရွာခန့်မှ ပြည်သူ ၅၅၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။", "“စစ်ခွေး အင်အား ၁၀၀ ကျော်က ကန်ဘလူမြို့နယ် ချောင်းသာ၊ မြေမွန်၊ တရော်ကိုင်း စတဲ့ ကျေးရွာ တွေကိုမီးရှို့ပြီး ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာကို ဒီနေ့ နံနက်ပိုင်းမှာ ဒုတိယအကြိမ် ဝင်ရောက် မီးရှို့နေတယ်။ ကန့်ဘလူကွင်း ၉ ဘက်က ခွေးတွေပါ။ နောက်ထပ် စစ်ကြောင်းက မြစ်အရှေ့ဘက်က လာတဲ့ခွေးတွေကတော့ ညက ပဇီကြီး ပတ်ချာလည်အိပ်ပြီး အခု မလယ်ဘက်ဆင်းသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "အလယ်လျှိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ပထမ အကြိမ် ဝင်ရောင် စီးနင်း မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀ကျော် ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။"]
https://yktnews.com/2024/06/166488/
ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ
["ခန္တီးနှင့် မော်လိုက်တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ခန့်သေဆုံးပြီး စစ်တပ်စခန်း ၂၅ ခုထက်မနည်းကို သိမ်းပိုက်ရရှိကာ လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိ", "ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးရဲဘော် ၁၄ ဦးကျဆုံးခဲ့", "ရန်ကုန်၊ ဇွန် ၈", "စစ်ကိုင်းတိုင်း၊ ခန္တီးနှင့် မော်လိုက်ခရိုင်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀၀ ဦး ခန့်သေ ဆုံး ပြီး လက်နက်မျိုးစုံ ၃၉ လက် သိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုး ရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ် ၁ စစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။", "မေလ ၂၃ ရက်နေ့မှစတင်၍ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ဆင်ရေးများ စတင်ပြုလုပ်ခဲ့ပြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းရွာ၊ ပုရစ်ရွာ၊ ဖာနိုင်းရွာ၊ မုက္ကလိရွာ၊ သာဂေါင်းငေါရွာ၊ မြင် သာ-ငိုးပင်းရွာ၊ ဇီးပင်သာရွာ၊ မယ်ဇလီရွာ၊ ရေလဲရွာ၊ တီလောင် လမ်းဆုံနှင့် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာ၊ အရှေ့ခမိုင်းရွာ၊ သက္ကယ်ကျင်းရွာ၊ ဆည်ချောင်းရွာ၊ ပုဂံတောင်ရွာ၊ ဟာပါရွာ၊ ညောင်ကုန်းရွာ၊ ချောင်းခွရွာ၊ မယ်ဇလီရွာ၊ ခုံသာရွာ၊ နန်း ပန်ရွာ၊ အင်းဝိုင်းရွာ၊ မော်လိုက်ကုန်းရွာ၊ ရွှေထီးကုန်းရွာ၊ ဆိတ်စားရွာအနီးရှိ အကြမ်းဖက်စစ်ကောင် စီစခန်း၂၅ ခုထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးခဲ့ကာ အကြမ်း ဖက်စစ်သားနှင့် ပျူစောထီး အလောင်း ၃၂ လောင်း၊ လက်နက်ငယ် ၃၉ လက်၊ ကျည်မျိုးစုံ ၇၅၇၂ တောင့်၊ ဗုံးမျိုးစုံ အလုံး ၃၀ ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "စစ်ဆင်ရေးများကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ခန္တီးခရိုင် တပ်ရင်းများ၊ မော်လိုက်ခရိုင်တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ရင်းများ၊ ခရိုင်/မြို့နယ်/ကျေးရွာ ပကဖ နှင့် ဒေသခံ ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုများနှင့် တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁၄ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။", "ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာသာမက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များဖြင့် ပစ်ခတ်ခြင်း အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/194250/
ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
["ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ခန္တီးမြို့နယ်၊ ချောင်းသုံးခွ‌ဘက်ကို စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) ၊ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲသည် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး ညနေ ၄ နာရီဝန်းကျင်ခန့်တွင် စတင်ကာ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပဒူးမုန်း ဆိပ်ကမ်းမှ ခန္တိးမြို့ကို ည ၇ နာရီဝန်းကျင်ခန့်တွင် ပို့ဆောင်စဉ် လမ်း၌ ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၆ ဦးသည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဆေးရုံကုသမှု ခံယူနေစဉ် ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးကိုလည်း MA-1 သေနတ် ၂ လက် နှင့် MA-2 သေနတ် ၁ လက် တို့နှင့်အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း ချောင်းသုံးခွဘက်ကို ထပ်မံ တက်လာသည့် စစ်ကြောင်းကို နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင် သိရသည်။", "ယင်း ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးကို နတ်စလင်းချောင်းမှ နမ်ခမာချောင်းသို့ ပို့ဆောင်ခဲ့ပြီး နမ်ခမာချောင်းဆုံမှ တဆင့် ခန္တီးမြို့ကို မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ပို့ဆောင်စဉ် လမ်း၌ ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“၂၄ ရက်နေ့က တနေကုန် တိုက်ပွဲဖြစ်တာ နံနက် ၅ နာရီလောက်ကနေစပြီ စစ်ခွေးတွေဘက်က လက်နက်ကြီးတွေနဲ့ စထုတယ်။ တနေကုန် နီးပါးကြာခဲ့ပြီး ညနေ ၄ နာရီကျော်မှ တိုက်ပွဲပြီးတယ်။ ဖမ်းမိထားတဲ့ သူတွေကို စစ်သုံ့ပန် ကျင့်ဝတ်နဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ကျွန်တော်တို့ NPDF အနေနဲ့ တိုက်ပွဲတွေ ဆိုက်တိုက်ဖော်ဆောင်နေတာရှိပါတယ်။ ရှေ့လျောက်လည်း အကောင်းဆုံး လုပ်ဆောင်သွားဖို့ပြင်ဆင်နေပါတယ်။ကျွန်တော်တို့ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ ကုန်ကျစရိတ်တွေများပါတယ်။ လိုအပ်ချက်တတွ များနေပါတယ် ဒါကြောင့် ကျွန်တော်တို့ ကံစမ်းမဲ အစီအစဉ်လုပ်နေတာရှိပါတယ် ပါဝင်ပေးကြဖို့နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းပေးစေချင်ပါတယ်” ဟု ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/98796/
ခန္တီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
["ခန္တီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၂၂", "စစ်ကိုင်းတိုင်း ခန္တီးမြို့ နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း ကျောက်ပန်း တောင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ ဝင်များ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန် ရေး တပ်ဖွဲ့များက ပြောဆိုသည်။", "ဧ‌ပြီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် စစ်ကိုင်း တိုင်း၊ ခန္တီးမြို့နယ်၊ ရွှေမြင့်မိုရ်ကျေးရွာနေ ရာအိမ်မှူး သန်းဌေးအောင်သည် နေအိမ်တွင်ရှိနေစဉ် သေနတ်သမား တချို့က လာရောက် ဖမ်းဆီးကြောင်း၊ ရာအိမ်မှူး သန်းဌေးအောင် ကို ​သေနတ်သမားများက ဖမ်းဆီးခေါ်ဆောင်ကာ ရွာလယ်လမ်းနတ်စင်ကုန်းအနီး အရောက်တွင် သေနတ်ဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။", "အလားတူ ဧပြီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်အချိန် စစ်ကိုင်းမြိုနယ် ရွာထောင်ရပ်ကွက်ရှိ နှင်းရွှေရည် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော စိန်ကုန်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်စိုး ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရှိရသည်။", "ထို့ပြင်ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ တမ္ပဝတီရပ်ကွက်၊ မူလတန်းကျောင်းအနီးတွင် ၄ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ညွှန့်ဝေ ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ကျောက်ပန်းတောင်းမြို့နယ်၊ သာယာအေးရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ညွန့်ဝေ ကို ဆိုင်ကယ်စီးလာသည့် သေနတ်သမား ၂ ဦးက ငါးချက်ပစ်ခတ်သွား သဖြင့် ညွန့်ဝေတွင် ကျည်ထိဒဏ်ရာ(စိုးရိမ်ရ)များရရှိခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2024/06/169937/
နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ် တပ်စွဲထားသော မိုးဇလရုံးကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်က မြို့နေပြည်သူများကို စစ်ရှောင်ခွင့် မပေးဘဲ လူသားဒိုင်း ပြုလုပ်ထား
["ခမရ ၁၁၅ တပ်တွင်းကို ရှော့တိုက်ဒုံး ၂ လုံး ကျရောက် ပေါက်ကွဲပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဇွန် ၂၅", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်တွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မိုးဇလရုံးကို TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်ကာ စစ်တပ်က မြို့နေပြည်သူများကို စစ်ရှောင်ခွင့် မပေးဘဲ လူသားဒိုင်း ပြုလုပ်ထားကြောင်း စစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများကရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ ၊ ခမရ ၁၁၄ နှင့် နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။", "လက်ရှိချိန်တွင် နောင်ချိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မိုးဇလရုံးကို TNLA တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသော စစ်တပ် တပ်စွဲထားသည့် စစ်မှုထမ်းဟောင်းရုံးနှင့် ရဲစခန်း တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ ခမရ ၁၁၅ နှင့် ခမရ ၁၁၄ မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် နောင်ချိုမြို့ပေါ်ရှိ ပြည်သူများကို စစ်ရှောင်ခွင့် မပေးဘဲ လူသားဒိုင်း အဖြစ် ပြုလုပ်ထားကြောင်း၊ ထို့ပြင် ပြင်ဦးလွင်-နောင်ချို လမ်းပိုင်းကိုလည်း စစ်တပ်က ဖြတ်သန်းခွင့် မပေးတော့ဘဲ နန့်လင်းခမ်း ရွာထိပ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်က စစ်ရှောင်လာသည့် ပြည်သူများ၏ ကားများကို ပြန်လှည့်ခိုင်းကြောင်း သိရသည်။", "“မြို့ပေါ်မှာ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်။ လက်နတ်ငယ် အပြန်အလှန်ပစ်သံတွေ ကြားနေရတယ်။ ပြင်ဦးလွင်-နောင်ချိုလမ်းကိုလည်း စစ်ခွေးတွေက ဖြတ်သန်းခွင်မပေးတော့ပါဘူး။ နန့်လင်းခမ်း ရွာထိပ်ကနေ ကားတွေကို ပြန်လှည်ခိုင်းနေတာပါ အဲနေရာက စစ်ခွေး ဂိတ်ရှိတဲ့နေရာပေါ့။ နောင်ချို ဆေးရုံဘေး မိုးဇလရုံးထဲက စစ်ခွေးတွေက ပြေးကုန်လို့ TNLA နဲ့ PDF တွေနေရာယူထားလိုက်ပြီ နောင်ချိုမြို့ထိပ်က ဆီဆိုင်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရောက်နေပါပြီ နောင်ချိုမြို့သိမ်းတိုက်ပွဲ ဆင်နေတဲ့သဘောပါပဲ။ နောင်ချို မြို့ထဲမှာ စစ်ခွေးတွေ ရှိတော့တာဆိုလို့ ပျူရုံးလို့ခေါ်တဲ့ စစ်မှုထမ်းဟောင်းရုံးနဲ့ ရဲစခန်းမှာပဲ စစ်ခွေးတွေရှိတော့တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြေဆိုသည်။", "ထို့ပြင် နောင်ချိုမြို့ရှိ ခမရ ၁၁၅ တပ်ရင်းထဲကိုလည်း ရှော့တိုက်ဒုံး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၇ ဦးသေဆုံးကာ ဒဏ်ရာ အပြင်းအထန်ရရှိသူများလည်းရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ နှင့် ခမရ ၁၁၄ တပ်ရင်းများရှိ စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အပြင်းအထန် ခုခံနေရပြီး အထိနာနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/09/121908/
ခမရ ၂၄၇ တပ်မှ စစ်သား အများအပြား ကရင်နီတိုက်ပွဲတွင် သေဆုံး၊ ဒုက္ခတိ အတို အပြတ် ဘ၀ ရောက်ရှိခြင်းတို့ကြောင့် ရှေ့တန်း မသွားလို ကြတော့ သော် လည်း စစ်ကောင်စီက တိုက်ပွဲ ထဲသို့ ထပ်မံ စေလွှတ်ပြန်၊ မိသားစုဝင်များ ငိုယိုပူဆွေး ပွတ်လောရိုက်
["ခမရ ၂၄၇ တပ်မှ စစ်သား အများအပြား ကရင်နီတိုက်ပွဲတွင် သေဆုံး၊ ဒုက္ခတိ အတို အပြတ် ဘ၀ ရောက်ရှိခြင်းတို့ကြောင့် ရှေ့တန်း မသွားလို ကြတော့ သော် လည်း စစ်ကောင်စီက တိုက်ပွဲ ထဲသို့ ထပ်မံ စေလွှတ်ပြန်၊ မိသားစုဝင်များ ငိုယိုပူဆွေး ပွတ်လောရိုက်", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့အခြေစိုက် ခမရ ၂၄၇ တပ်မှ စစ်သားနှင့်အရာရှိများ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများတွင် သေဆုံးခြင်းနှင့် ကျည်ထိမှန်ဒဏ်ရာ ရသဖြင့် အတိုအပြတ် ဒုက္ခတိ ဘ၀ရောက်ရှိနေခြင်းတို့ကြောင့် ရှေ့တန်းမထွက် လိုကြ တော့သော်လည်းစစ်ကောင်စီက ကရင်နီတိုက်ပွဲဧရိယာသို့ ထပ်မံ စေလွှတ်နေသဖြင့် တပ်သားများနှင့်မိသားစုဝင်များ စိတ်ဆင်းရဲနေကြကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။", "လွန်ခဲ့သော လများအတွင်း ခမရ ၂၄၇ မှ တပ်သားများနှင့် အရာရှိများကို ကရင်နီပြည်နယ် ရှေ့တန်း စစ်မျက်နှာပြင်သို့ စေလွှတ်ခဲ့ကြောင်း၊ ထိုသို့ စေလွှတ်ခဲ့ရာတွင် တပ်သားအများအပြား သေဆုံးခဲ့ပြီး ဒုက္ခတိ ဘ၀ ရောက်ရှိသူ များလည်း အများအပြားရှိကြောင်း၊ တိုက်ပွဲကြောင့် ဒဏ်ရာရရှိသူများပင် ဆေးကုသ၍ မပြီးဆုံးသေးခင်မှာပင် ရှေ့တန်းသွားရန် ထပ်မံ စေလွှတ်လာ ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“နမ့်ဆန် ခမရ ၂၄၇ မှာ ကျတာက ၃၀ ကျော်တယ်။ ဒဏ်ရာရတာကလည်း ၅၀ လောက်ရှိတယ်။ အခု ဒုက္ခတိ အတိုအပြတ်တွေတောင် အောင်ပန်း ကုတင် ၇၀၀ ဆေးရုံမှာ ကုသလို့ မပြီးသေးဘူး။ အဲဒါကို ထပ်ပြီး ရှေ့တန်းကို ထပ်လွှတ် တယ်။ ရှိတဲ့လူတွေကို ရှေ့တန်း ထပ်ထွက်ခိုင်းတာ။ အဲဒီတော့ တပ်ထဲမှာ ပွတ်လောရိုက်ကုန်နေတယ်” ဟု တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြ သည်။", "ရှေ့တန်းထွက်ရမည့် စစ်သားများနှင့်မိသားစုဝင်များကလည်း စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြပြီး ရှေ့တန်းတွင် သေမည် ဆိုသည့် စိတ် ဖြစ်နေကြကြောင်း၊ နယ်မြေမကျွမ်းကျင်သော ဒေသဖြစ်၍ ရှေ့တန်းတွင် အရှုံးသာလျှင် ရင်ဆိုင်ရ မည်ဟု မိသားစုဝင်များက ခံစားနေကြရကာ တချို့မှာလည်း ထွက်ပြေး တိမ်း ရှောင်လိုကြကြောင်း သိရှိရသည်။", "“နောက်တန်းကျန်တဲ့ ဒဏ်ရာရ ဒုက္ခိတတွေအတွက် မိသားစုဝင်တွေက အောင် ပန်း ဆေးရုံမှာ လူနာစောင့်သွားနေရတယ်။ ကောင်းနေတဲ့ လူတွေကျ တော့လည်း ရှေ့တန်းထွက်ရရင် ပြန်လမ်းမရှိတော့ဘူးဆိုပြီး မိသားစုဝင် ငိုကြ ယိုကြဖြစ်နေကြတယ်။ တပ်က ပြေးချင်ကြပေမယ့် မိသားစုလိုက်ကြီး ပြေးဖို့က လည်း မလွယ်တော့ မိသားစုကို ငဲ့ပြီး ပြေးမရကြပြန်ဘူး” ဟု တပ်တွင်း သတင်း ရင်းမြစ်က ဆိုသည်။", "ကရင်နီပြည်နယ်တွင် စစ်တပ် အင်အားအလုံးအရင်း တိုးချဲ့၍ ဆုံးရှုံးသွားသော တပ်စခန်းများ ပြန်လည် ရရှိရေး၊ နယ်မြေစိုးမိုးရေး အတွက် ကြိုးပမ်းနေသော် လည်း သေဆုံးသူများပြားကာ စစ်တပ် ရှေ့တန်းတွင် အရှုံးနှင့်ရင်ဆိုင်နေ ရ ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကရင်နီပြည်နယ်တိုက်ပွဲတွင် ယခုရက်ပိုင်းအတွင်း သေဆုံးသွားသော စစ်အရာရှိတစ်ဦး၏ နာရေး ပြင်ဆင်ထားမှု။"]
https://yktnews.com/2024/04/155284/
ခမောက်ကြီးနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
["ခမောက်ကြီးနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၅", "တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန် အတင်းအဓမ္မ လူစုဆောင်းနေသော အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဒီပါကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က ခမောက်ကြီးမြို့နယ် စူငယ်ဘာလိုင်း ကျေးရွာအုပ်စု အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဒီပါသည် ကျေးရွာနေပြည်သူများကို ခြိမ်း ခြောက် အနိုင်ကျင့်ခြင်း၊ ငွေကြေး ကောက်ခံ၍ လောင်းကစားဝိုင်းများပြုလုပ်ခြင်း၊ စစ်မှုထမ်း ဥပဒေ အတွက် အားကျိုးမာန်တက် အကောင်ထည်ဖော် လုပ်ဆောင်၍ ပြည်သူများကို အကြပ်ကိုင်ကာ ငွေကြေး တောင်းရမ်းနေသည့်အတွက် ကော့သောင်းပြည့်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းသိရသည်။", "ပြည်သူများအပေါ် အနိုင်ကျင့် စော်ကားခြင်း ခြိမ်းခြောက်ခြင်းများနှင့် အားပေး ထောက်ခံ သတင်းပေးနေခြင်း မပြုလုပ်ကြရန်နှင့် ထိုသို့ လုပ်ဆောင်နေသူမည်သူ့ကို မဆို စစ်ရေးပစ်မှတ် အဖြစ် သတ်မှတ် ၍ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။", "အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကန်နှောင်ရွာနှင့် နွယ်ရုံရွာတို့မှ အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စဥ့်ကူးမြို့နယ်၊ ကန်နှောင်ရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၁၂ နာရီခန့်တွင် နွယ်ရုံရွာ အုပ်ချုပ်ရေးမှူးကို အမည်မသိ သေနတ်သမားများက ထပ်မံ ပစ်ခတ်တိုက်ခိုက်ရာ ပေါင်ကို ကျည်ထိမှန်ပြီး သေဆုံးခြင်း မရှိကြောင်း သိရသည်။", "“ဒီနေ့ နံနက်ပိုင်းက စဥ့်ကူးမြို့နယ် ကန်နှောင်ရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီး ပွဲချင်းပြီး သေသွားပါတယ်။ ဘယ်အဖွဲ့တွေက ပစ်တာလည်းဆိုတော့ မသိရသေးပါဘူး။ နောက်ပြီး နွယ်ရုံရွာက အုပ်ချုပ်ရေးမှူးလည်း ပစ်ခံရတယ် မွန်းလွဲ ၁၂ နာရီ ခွဲလောက်က အပစ်ခံရပါတယ် နွယ်ရုံရွာ အုပ်ကြီးက မသေဘူး ပေါင်ကို ကျည်မှန်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/08/181351/
ခမောက်ကြီးနှင့် တနင်္သာရီ မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များပျက်စီး
["ခမောက်ကြီးနှင့် တနင်္သာရီ မြို့နယ်တို့တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၃၁", "တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က ခမောက်ကြီးမြို့နယ်၊ အေးမြ သာယာကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကော်သူးလေးအာမီတို့ကြား အပြန် အ လှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“မနေ့က အေးမြသာယာကျေးရွာအနီးမှာ ကော်သူးလေအာမီနဲ့ စကစနဲ့ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ် ချိန်ကတော့ သိပ်ပြီးတော့မကြာဘူး။ မိနစ် ၂၀ လောက်ပဲရှိမယ်။ စကစဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာတွေတော့ရှိတာပေါ့၊ သူတို့ထုံစံအတိုင်းပဲ၊ စကစ ဘက်က ၃ ယောက်သေ တယ်။ သေသွားတဲ့ စစ်သားအလောင်း ၃ လောင်းကို အေးမြသာယာရွာ အုပ်ကြီးရဲ့ ကားနဲ့ နမ်မသွင် စခန်း ဘက်ကို သယ်သွားတယ်။” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "အလားတူ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းက တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ ၅၆၁ တပ်ရင်းနှင့် ၁ မိုင်ခန့်အကွာ ရှိ ညောင်ပင်ကွင်း အရှေ့ကမ်းရွာကို KTLA-ထီးဆဲ့မယ်ရွာတပ်ရင်းနှင့် မဟာမိတ်တပ်ဖြစ်သော PLA-အမှတ် ၈ စစ်ဒေသမှ ရဲဘော်များက သိမ်းပိုက် ထိန်းချုပ်ခဲ့ကြောင်း သိရသည်။", "ထိုသို့ ထိန်းချုပ်ပြီးနောက် ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပေ ၂၀၀ ကျော်အလျားရှိ ညောင်ပင်ကွင်းရွာ ကျေးရွာချင်းဆက် တံတား အနောက်ဖက်ခြမ်းရှိ အကြမ်းဖက်စစ်တပ်ကင်းပုန်း စခန်း ကို သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ခမရ ၅၆၁ တပ်ရင်းမှ တပ်သား ၁ ဦး ပျူစောထီး ၂ ဦး ထိမှန်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကော်သူးလေအာမီ – KTLA ထီးဆဲ့မယ်ရွာတပ်ရင်းနှင့် မဟာမိတ်တပ်ဖြစ်‌ သော PLA အမှတ် ၈ စစ်ဒေသရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်များ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည် သူ့နေအိမ်အချို့အပေါ်သို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။", "တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးတင်းမာလျက်ရှိပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် စစ်ရေးအသိ၊ သတိဖြင့် သွားလာနေထိုင်ပေးကြပါရန် ကော်သူးလေးအာမီက အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2025/03/206218/
ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကား ၁ စီးလျှင် ငွေကျပ် ၂ သောင်းမှ ၅ သိန်းအထိ ခြိမ်းခြောက်တောင်းခံပြီး ကုန်တင်ကားများကို စစ်တပ်ရိက္ခာများ ပို့ဆောင်ခိုင်းရန် အတင်းအဓမ္မ ချောဆွဲနေ
["ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က ကား ၁ စီးလျှင် ငွေကျပ် ၂ သောင်းမှ ၅ သိန်းအထိ ခြိမ်းခြောက်တောင်းခံပြီး ကုန်တင်ကားများကို စစ်တပ်ရိက္ခာများ ပို့ဆောင်ခိုင်းရန်အတင်းအဓမ္မ ချောဆွဲနေ", "ရန်ကုန်၊ မတ် ၃", "တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်တွင် ရဲ နှင့် ပြည်သူ့စစ်များက ကား ၁ စီးလျှင် ငွေကျပ် ၂ သောင်းမှ ၅ သိန်းအထိ ခြိမ်းခြောက်တောင်းခံသည့်အပြင် ကုန်ကားများကို စစ်တပ်ရိက္ခာများ အတင်း အဓမ္မ ချောဆွဲ ပို့ဆောင်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ကော့သောင်းမြို့မှ မြိတ် နှင့် ရန်ကုန်သို့ ထွက်လာနေသည့် ကုန်ကားများကို ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် ရဲနှင့် ပြည်သူ့စစ်များက ငွေကျပ် ၅ သောင်း မှ ၅ သိန်းအထိ အဆမတန် ငွေကြေးတောင်းခံနေပြီး ဘုတ်ပြင်းမှ ကော့သောင်းမြို့သို့ ထွက်သည့် ရေထွက်ပစ္စည်းတင်ပို့သည့် ကုန်ကားများကိုလည်း အနည်းဆုံး ငွေကျပ် ၂ သောင်း ခြိမ်းခြောက်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။", "ကော့သောင်းမြို့နယ်ရှိ ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် ခမောက်ကြီး စခန်းမှူး ရဲအုပ်က ကော့သောင်းမြို့မှ မြိတ်မြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့သည့် ကုန်တင်ကားများထံမှ ကုန်ကားတစ်စီးလျှင် အနည်းဆုံး ကျပ် ၅ သောင်း မှ ကျပ် ၅ သိန်းအထိ တောင်းခံနေပြီး ငွေမပေးသည့် ကုန်ကားများကို အကြောင်းအမျိုးမျိုးပြ အချိန်ကြန့်ကြာအောင် လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ကော့သောင်းမြို့မှ မြိတ်မြို့နှင့် ရန်ကုန်မြို့သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ခမောက်ကြီး စစ်ဆေးရေးဂိတ်ကို ဖြတ်ရသည့် ကားအရေအတွက်မှာ နေ့စဉ် အစီးရေ ၅၀ မှ ၁၀၀ ကြားရှိကြာင်း၊ ယခင်က ကုန်ကားနှင့် ခရီးသည်တင်ကားများသည် ခမောက်ကြီးစစ်ဆေးရေးဂိတ်တွင် ပုံမှန် ကျပ် ၅ ထောင်နှင့် ၁ သောင်း ပေးဆောင်နေရာမှ ယခုကဲ့သို့ အဆမတန် ငွေကြေးတောင်းခံနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း ကုန်တင်ကားသမားများနှင့် ကုန်သည်လုပ်ငန်းရှင်များက ပြောဆိုသည်။", "ထို့ပြင် ယခင်က ခမောက်ကြီးမြို့တွင် အသုဘယာဉ်မောင်းနှင်ခဲ့ပြီး လက်ရှိတွင် ပြည်သူ့စစ်ခေါင်းဆောင် လုပ်နေသူ ကိုလတ်ဆိုသူသည်လည်း ဘုတ်ပြင်းဘက်မှ ကော့သောင်းမြို့ဘက်သို့ ရေထွက်ပစ္စည်းတင်ပို့သည့် ကုန်ကားများထံမှ ငွေကျပ် အနည်းဆုံး ၂ သောင်းပေးဆောင်ရန် တောင်းခံလေ့ရှိကြောင်း၊ ၄င်းတောင်းခံသည့်ငွေကြေး မပေးလျှင် ကားသမားများကို နည်းအမျိုးမျိုးဖြင့် ကြိမ်းမောင်းပြောဆိုပြီး အချိန်ကြန့်ကြာအောင် ဆောင်ရွက်လေ့ရှိကြောင်း၊ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းသွားသည့် ဆိုင်ကယ်စီးသည့် ဒေသပြည်သူများကိုလည်း ကိုလတ် က ဆိုင်ကယ်ဆင်းတွန်းခိုင်းလေ့ရှိပြီး ဆိုင်ကယ်ဆင်းမတွန်းပါက အမျိုးမျိုး ကြိမ်းမောင်းပြောဆို၍ ခြိမ်းခြောက်စကားများလည်း ပြောဆိုလေ့ရှိကြောင်း သိရှိရသည်။", "ပြည်သူ့စစ်အဖွဲ့မှ ကိုဖုန်း ဆိုသူသည်လည်း ခရီးသွားပြည်သူများအပေါ် နိုင် ထက် စီးနင်းပြောဆိုဆက်ဆံပြီး ခရီးသွားထောက်ခံချက် မပါရှိသော ခရီးသွားပြည်သူများကို ဖုန်းဆက်ပြီးဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆို၍ ငွေညှစ်လေ့ရှိကြောင်း၊ ခမောက်ကြီးမြို့ စစ်ဆေးရေးဂိတ်တွင် စစ်တပ်က အကူအညီတောင်း သည်ဟုဆိုကာ ဒေသတွင်းရှိ ကုန်ကားများကို မကြာခဏ ချောဆွဲပြီး စစ်တပ်ရိက္ခာနှင့် စစ်သားများကို ပို့ဆောင်ပေးရခြင်း ၊ စစ်တပ်အတွက် လိုအပ်သည့် သဲကျောက်နှင့် အခြားကုန်ပစ္စည်းများကို တင်ပို့ပေးနေရခြင်းများအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ အရေးယူခံရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်လျက် ရှိကြောင်း၊ စစ်တပ်ထောက်ပို့ဖြစ်သူ ရန်အောင် မှာလည်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များ၏ ရှင်းလင်းမှုခံထားရသဖြင့် ကုန်ကားချောဆွဲခံရသူမျာမှာ ကြောက်လန့်နေကြကြောင်း သိရသည်။", "ဓာတ်ပုံ- ဧရာ၀တီတိုင်းအတွင်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခု။ (ပုံအဟောင်း ဖြစ်ပါသည်။)"]
https://yktnews.com/2023/12/135284/
ခမောက်ကြီးမြို့တွင် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်သင်တန်း အတင်းအကျပ်တက်ခိုင်းနေ
["ခမောက်ကြီးမြို့တွင် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်သင်တန်း အတင်းအကျပ်တက်ခိုင်းနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့တွင် အကြမ်းဖက် စစ် တပ်က ပြည်သူ ၂၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး အကျဉ်းသားများနှင့် အတူ စစ်သင်တန်း အတင်းအကျပ် တက်ခိုင်းနေကြောင်း ဒေသနေပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၉ ရက် နံနက် ၆ နာရီခန့်က ခမောက်ကြီးမြို့၊ မာရမ်းဒေသ၊ အေးချမ်းသာရွာ အဝင်၊ အထွက်တွင် ဂိတ်ချပိတ်ဆို့ကာ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်များ တိုက်ဆိုင်စစ်ဆေးကြောင်း၊ ယင်းနောက် ဖုန်း အတွင်း၌ မသင်္ကာဖွယ်ရာ အချက်အလက်များတွေ့ရှိသည်ဟုဆိုကာ အကြောင်းပြပြီး အေးချမ်းသာ ရွာနေ အသက် ၂၀ အရွယ် မောင်စိုးလွင်၊ အသက် ၁၇ နှစ်အရွယ် မောင်ဝက်ကြီးနှင့် ဖော့သုတ်ရွာမှ အသက် ၂၀ အရွယ်ခန့် အမည်မသိ လူငယ် ၃ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။", "ထို့ပြင် အေးချမ်းသာရွာမှ ရာဘာဝယ်ရောင်းလုပ်ကိုင်သူ အသက် ၄၀ အရွယ် ဦးချွတ်ကို ရာဘာ တင်ကားဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ခေါ်လာခြင်း၊ ဘေးတွဲ ဆိုင်ကယ်ဖြင့် တော်လှန် ရေး တပ်ဖွဲ့ဝင်များထံ စားနပ်ရိက္ခာများ ပေးပို့ခြင်းတို့ လုပ်ဆောင်သည်ဟု ဆိုကာ ကားနှင့် ဘေးတွဲ ဆိုင်ကယ်တို့ကို သိမ်းဆည်းခဲ့ကြောင်း ၊ ယင်းနောက် ဦးချွတ်ကို ဖမ်းဆီးပြီး အခြား ဖမ်းဆီးထားသောလူငယ် ၃ ဦးတို့ကို ယမန်နေ့ ည ပိုင်း ခမောက်ကြီးမြို့သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။", "“ဦးချွတ်က ကျနော်တို့ ကော့သောင်း ပကဖနဲ့ အဆက်အသွယ်မရှိပါဘူး၊ မကျေနပ်တဲ့သူ ရွာသား တစ်ဦးကနေ တိုင်ကြားခံရလို့ ဖမ်းဆီးခံရတာလို့ သိထားရပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခန့်ကလည်း ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်နှင့် ၁ မိုင်ခန့် အကွာရှိ မိုးကုတ်ရိပ်သာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာ လူ ငယ် ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးထားသည့် လူငယ်များနှင့် ကော့သောင်းမြို့ရှိ ၉ မိုင်အကျဉ်းထောင်အတွင်းမှ သန်သန်မာမာ လူငယ် အကျဉ်းသားအချို့ကို စုပေါင်းပြီး ခမောက်ကြီး မြို့ရှိ စကခ ၂၀ အတွင်း၌ ဒီဇင်ဘာလ ၉ ရက်နေ့မှစ၍ ၁၅ ရက် အခြေခံစစ်ပညာသင်တန်းအတင်းအကျပ် တက်ခိုင်းရန် ပြင်ဆင်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "“လိုက်လံဖမ်းဆီးလို့ရတဲ့ လူငယ်တွေနဲ့၊ ကော့သောင်းမြို့ အကျဉ်းထောင်ထဲက လူငယ် စုစုပေါင်း ၄၀ လောက်ရှိတယ်၊ အဲဒီလူငယ်တွေကို ခမောက်ကြီးမြို့ စကခ ၂၀ တွင်းမှာ ဒီဇင်ဘာလ ၉ ရက်နေ့က နေစပြီးတော့ အခြေခံစစ်ပညာသင်တန်း ၁၅ ရက်ပေးနေတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခန့်က ခမောက်ကြီးမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ အသက် ၈ လသားအရွယ် ကလေးမိခင် အသက် ၂၈ အရွယ် မအေးအေးမာကို ကော့သောင်းမြို့နယ်အတွင်းရှိ တိုက်ပွဲသတင်းများကို Like ၊ Share လုပ်သည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၂၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီခန့်ကလည်း မာရမ်းဒေသ၊ ဖော့သုတ်ကျေးရွာနှင့် အေးချမ်းသာ ကျေးရွာကြား နန္မနွယ်ချောင်းကူတံတားထိပ်ရှိ ဖော့သုတ်ကျေးရွာမှ ဦးသိန်းကြည်+ဒေါ်အိုသီးတို့၏ ရာဘာခြံနှင့်နေအိမ်ကို အကြမ်းဖက်စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပို့ချနေသည့် ပျူစောထီး စစ်သင်တန်းတစ်ခု။"]
https://yktnews.com/2024/08/179461/
ခမောက်ကြီးမြို့နယ် အခြေစိုက် ခမရ ၅၉၅ တပ်ရင်း ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး
["ခမောက်ကြီးမြို့နယ် အခြေစိုက် ခမရ ၅၉၅ တပ်ရင်း ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၈", "တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ် အခြေစိုက် ခမရ ၅၉၅ တပ်ရင်း ရှေ့ရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၁၆ ရက်နေ့ ည ၈ နာရီ မိနစ် ၅၀ ခန့်တွင် ခမောက်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ် ကောင်စီ၏ ခမရ ၅၉၅ တပ်ရင်းရှေ့ရှိ ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "“တပ်ရင်းရှေ့က ဂိတ်ဆိုတော့ အနည်းဆုံး ၁၀ ယောက်ကျော် ၂၀ ဝန်းကျင်လောက်ရှိမှာပေါ့၊ တပ်ရင်း ထဲကနေ ရှေ့ကို လက်နက်ကြီးက ပစ်ကူပေးနေတာ။ အမှန်ကတော့ ဂိတ်ကို အဓိက ဦးတည်ပြီး သွား တာမဟုတ်ဘူး။ သူတို့အပြင်ကို လှုပ်ရှားထွက်နေတဲ့ တပ်ဖွဲ့တွေရှိတယ်။ အဲဒီတပ်ဖွဲ့တွေ ပြန်ဝင်မယ် ဆိုတာကို သတင်းရလို့ သူတို့ဂိတ်ဝကနေ သွားစောင့်ပြီးတော့ လုပ်တာ၊ အဲဒီလိုသူတို့ပြန်အလာကို စောင့်ပေမယ့် သူတို့တပ်ဖွဲ့တွေ ပြန်အလာအထိမစောင့်နိုင်လိုက်ဘူး။ ဘာကြောင့်လည်းဆိုတော့ ကျနော်တပ်ဖွဲ့ဝင်တွေ ပြင်ဆင်နေတဲ့နေရာမှာ အရပ်သားပြည်သူတွေက သွားလာနေတော့ သူတို့ တပ်ဖွဲ့ဝင်ပြန်လာတဲ့အချိန်စောင့်နေရင် ပြည်သူတွေနဲ့ ဒရောသောပါး ပြည်သူတွေမှာ ထိခိုက်မှုစိုးတဲ့ အတွက် ဂိတ်မှာရှိတဲ့သူတွေကို လုပ်ပြီးတော့ ပြန်ဆုတ်လာခဲ့လိုက်တာ” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကော့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၅၉၅ တပ်ရင်းအတွင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ကော့သောင်းမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်မား လာလျက်ရှိပြီး ဒေသနေ ပြည်သူများ၏ စစ်ရေး အသိ၊ စစ်ရေး သတိ အားနည်းမှု ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ လိုက်နာမှုအားနည်းခြင်းတို့ကြောင့် ဖျက်သိမ်းခဲ့ရသည့် မစ်အရှင်အချို့ရှိပြီး မိဘပြည်သူများအနေဖြင့် စနစ်တကျလိုက်နာကာ ပူးပေါင်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။", "“ရှေ့မှာလည်း အကြိမ်အခါခါသတိပေးစာတွေထုတ်ပြန်ထားခဲ့တာရှိတယ်။ ဝန်ကြီးဌာနတွေကလည်း ဆောင်ရန်ရှောင်ရန်တွေ ထုတ်ပြန်ထားတာရှိတယ်။ ပြည်သူတွေအနေနဲ့ ကျန်တဲ့နေရာမှာ မကူညီနိုင် ရင်တောင်မှ ထုတ်ပြန်တဲ့ထားတဲ့ ထုတ်ပြန်ချက်အတိုင်း စနစ်တကျလိုက်နာပြီးတော့ တော်လှန်ရေး ကို ဝိုင်းဝန်းကူညီပေးပါလို့ ပြောချင်တယ်။ဘာကြောင့်လည်းဆိုတော့ မစ်ရှင်တစ်ခုလုပ်ပြီရင် အချိန်၊ ငွေအင်အား၊ လူအင်အား အစရှိသဖြင့် အများကြီးရင်းနှီးခဲ့ရတယ်၊ ရင်းနှီးပြီးတော့ မစ်ရှင်တစ်ခုကို အ ကောင်အထည်ဖော်ရတာ။ ဒါပေမယ့် ပြည်သူတွေကို ငဲ့ညှာရင်း ငဲ့ညှာရင်းနဲ့ တစ်ချို့မစ်ရှင်တွေကို ဖျက်ပစ်လိုက်ရတာတွေ အများကြီးရှိ တယ်။ အဲလိုမျိုးမဖြစ်အောင် ပြည်သူတွေအနေနဲ့ ထုတ်ပြန်စာ တွေ အတိုင်း အသိ၊သတိနဲ့ လိုက်နာ ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။” ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]