url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/02/87492/
ကြံ့ဖွတ်ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေးသမားများ၊ စစ်တပ်ထောက်ခံသူများ၊ အရာရှိဟောင်းများနှင့်စစ်မှုထမ်းဟောင်း အများအပြား လိုင်စင်ဖြင့် လက်နက် ကိုင်ဆောင်ခွင့် လျှောက် ထားနေကြ
["ကြံ့ဖွတ်ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေးသမားများ၊ စစ်တပ်ထောက်ခံသူများ၊ အရာရှိဟောင်းများနှင့်စစ်မှုထမ်းဟောင်း အများအပြား လိုင်စင်ဖြင့် လက်နက် ကိုင်ဆောင်ခွင့် လျှောက် ထားနေကြ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "အကြမ်းဖက်စစ်ကောင်စီက လိုင်စင်ဖြင့်လည်းကောင်း၊ ပါမစ်ဖြင့်လည်းကောင်း လက်နက်ကိုင်ဆောင်ခွင့်လျှောက် ထား နိုင်ကြောင်း ထုတ်ပြန်ပြီးနောက် ကြံ့ဖွတ် ပါတီဝင်များ၊ မဘသများ၊ အမျိုးသားရေး အစွန်းရောက်နှင့်စစ်တပ်ထောက် ခံသူ များ ၊ အရာရှိဟောင်းနှင့်စစ်မှုထမ်းဟောင်းများ လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ရန် လျှောက်ထားသူ များပြား ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။", "“လိုင်စင်နဲ့ သေနတ်ကိုင်ဖို့ လျှောက်တာ အတော်များပါတယ်။ အခု လျှောက် လွှာတွေ အတော်တက်နေတယ်လို့ သိရပါတယ်။ ဒါတွေက မြို့နယ်၊ ခရိုင်၊ တိုင်း/ ပြည်နယ် အဆင့်ဆင့် တက်ပြီး ပြည်ထဲရေးဝန်ကြီးက လိုင်စင်နဲ့ သေ နတ် ကိုင်ဆောင်ခွင့် ပြု၊ မပြု ဆုံးဖြတ်မယ်။ ပါမစ်နဲ့ သေနတ်ကိုင်ဆောင်ခွင့်က သိပ်မလျှောက်ကြဘူး။ ပါမစ်နဲ့ ကိုင်တာက အဖွဲ့အစည်းတွေကပဲ လျှောက်ရမယ့် အမျိုးအစားပါ။ လိုင်စင်နဲ့ အရမ်းလျှောက်ကြတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။", "လိုင်စင်ဖြင့် ကိုင်ဆောင်နိုင်သော သေနတ်များမှာ ဒသမ ၃၈ လက်မနှင့် ၎င်းထက်ပြောင်း၀ငယ်သော ဆုံလည်သေနတ်(ဥပမာအားဖြင့်-ခြောက်လုံးပြူး )၊ ၉ မီလီမတာနှင့် ၎င်းထက် ပြောင်း၀ငယ်သော ပစ္စတို သေနတ်၊ ပြောင်းချောသေ နတ်၊ လေသေနတ်၊ အမဲလိုက် သေနတ်များ ပါဝင်ကြောင်း သိရှိရသည်။", "ပါမစ်ဖြင့် ကိုင်ဆောင်နိုင်သော သေနတ်များမှာ ရိုင်ဖယ်သေနတ်များ၊ စက်သေ နတ်ကလေး အုပ်စုဝင် သေနတ်များ ၊ ၉ မီလီမီတာ (သို့မဟုတ်) ဒသမ ၃၈ လက် မထက် ပြောင်း၀ ကျယ်သော သေနတ်များဖြစ်ကြောင်း၊ ပါမစ်ဖြင့် ကိုင်ဆောင်မည့် သေနတ်များကို နိုင်ငံတော်ပိုင် သေနတ်အဖြစ် မြို့နယ်ရဲတပ်ဖွဲ့တွင် မှတ်ပုံတင် စာရင်းသွင်းပြီးမှ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။", "လိုင်စင်ဖြင့် သေနတ်ကိုင်ဆောင်ခွင့်ရ ကြိုးစားနေသူများတွင် စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးလည်းပါဝင်ပြီး သေနတ် ကိုင်ဆောင်ခွင့် ရရန် ၎င်း၏ လူမှုကွန်ရက် တယ်လီဂရမ်မှတစ်ဆင့် ရေးသား တောင်းဆိုလျက်ရှိနေသည်ကို တွေ့ရှိရသည်။", "“ဥပဒေကို ဖတ်ကြည့်တော့ နိုင်ငံတော်ကို သစ္စာ ရှိတဲ့သူဖြစ်ရမယ်လို့ ရေးထားကတည်းက စစ်တပ်နဲ့ အဆင်ပြေတဲ့ သူတွေကို တရားဝင် သေနတ်ထုတ်ပေးဖို့ လုပ်တာပါပဲ။ အခုက PDF နဲ့ လူငယ်တွေ လက်ထဲမှာ သေနတ်တွေ ရှိနေပြီ။ စစ်တပ်က သူ့ထောက်ခံသူတွေကို မကာကွယ်ပေးနိုင်တော့ သေနတ်ထုတ်ပေးလိုက်တာပါ။ သေနတ်ကိုင်ဆောင်ခွင့် ဆိုတာ သာမန် အရပ်သားပြည်သူကို မပေးပါဘူး။ စစ်တပ်နဲ့ နီးစပ်စီးပွားရေးသမား၊ စစ်တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေကို အဓိက ပေးမယ်။ နောက်တစ်ခါ ရပ် ကွက်အုပ်ချုပ်ရေး အဖွဲ့တွေကို ပေးမယ်။ ဒီအတွက် ဒါကို ထုတ်တာပဲ” ဟု တပ်ဘက်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။", "ရန်ကုန်အပါအဝင် မြို့ကြီးများတွင် လူမိုက် လူဆိုးများက စစ်တပ်အတွက် ပျူစောထီး (သို့မဟုတ်) ပြည်သူ့စစ်များ အဖြစ် အလုပ်လုပ်ပေးနေရာ တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးအပ်လိုက်လျှင် ပြည်သူများ ပိုမို ဖိနှိပ် ခြိမ်း ခြောက် ခံရမည်ဟု ဆိုကြသည်။", "“ကျနော်တို့ အင်းစိန် ကမ်းနားမှာဆိုရင် ကျော်ဝင်းစိန် ကျင်ဟုတ် လူမိုက်တွေ ပြည်သူတွေကို လက်နက်ပြပြီး ဖိနှိပ်နေတာ။ ခြိမ်းခြောက်နေတာ။ လက်နက် ကိုင်ဆောင်ခွင့် တရားဝင်ရရင် သူတို့ လူမိုက်တွေ ပြည်သူကို ပိုပြီး ဖိနှိပ်လာမယ်လို့ ထင်တယ်” ဟု အင်းစိန် ကမ်းနားမှ ပြည်သူတစ်ဦးက ပြောသည်။", "စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လိုင်စင်ဖြင့် သေနတ် ကိုင်ဆောင်ရာတွင် လူပုဂ္ဂိုလ်တစ်ဦးလျှင် သေနတ် ၃ လက်ကိုင်ဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် ၁ ဦး ကိုင်ဆောင်သော သေနတ်တစ်လက်။ (ပုံအဟောင်းဖြစ်ပါသည်။)", "Photo Sources- Miles Vining"]
https://yktnews.com/2023/07/115091/
ကွက်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ
["ကွက်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၂၇", "ရှမ်းပြည်နယ်​၊ ကွက်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဇူလိုင်လ ၈ ရက်နေ့ညပိုင်းတွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် လာရှိုးမြို့အခြေစိုက် ခမရ ၅၀၇ တပ်နှင့် သိန္နီအခြေစိုက် ခလရ ၆၉ တပ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့အနီး မန္တလေး-မူဆယ် လမ်းမကြီးဘေးတလျှောက် လှုပ်ရှားလာခဲ့ရာ KIA တပ်ဖွဲ့မှ ချုံခိုတိုက် ခိုက်ခဲ့ရာမှ တိုက်ပွဲများစတင်ခဲ့ကြောင်း၊ ထို့နောက် ဇူလိုင်လ ၁၀ ရက် ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဆက် လက်ပြင်းထန်ခဲ့ပြီး သိန္နီမြို့နယ် မဘိမ်းကျေးရွာမှ ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာများအထိ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။", "“မနေ့ကပဲ အိမ်ပြန်ကြည့်တဲ့ ရွာလူကြီးတစ်ယောက်ကို စစ်တပ်က ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဉ် တစ်ခုရှိ တယ်၊ တိုက်ပွဲတွေက အရမ်းကြီးကြီးမားမားမရှိတော့ပေမယ့် ကြိုးကြား ကြိုကြား ထိတွေ့တိုက်ပွဲတွေ တော့ ဆက်ရှိနေတုန်းပဲ၊ စစ်တပ်အနေနဲ့ လူမဆန်တာပဲ၊ သူတို့ကျရှုံးနေတော့ မနိုင် နိုင်ရာကို မဲပြီးတော့ ရွာသားတွေကို သက်သက်မဲ့ ဓားစာခံလုပ်တယ်လို့မြင်ပါတယ်၊ တကယ်တမ်းတော့ ဒီတိုက်ပွဲတွေမှာ သူ တို့အထိနာနေလို့ လူထုကို မဲတယ်လို့ မြင်တယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင် ၉ ရက် ည ၆ နာရီခန့်တွင် နမ့်ဖတ်ကာ အခြေ စိုက် ခလရ-၁၂၃ တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိ သည့် အူရာဘွန်ကောင်းလိမ်ကျေးရွာအုပ်စု နားဖိုင်ရွာ အတွင်းသို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ နေ အိမ် တစ်လုံး သို့ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်အတွင်းရှိ ညီအစ်မ နှစ်ဦး လက် နက်ကြီးထိမှန် ဒဏ်ရာ ရရှိခဲ့ကာ တစ်ဦးမှာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။", "ဇူလိုင်လ ၁၀ ရက်နံနက် ၁၀ နာရီခန့်တွင် လည်း ကွတ်ခိုင်မြို့အတွင်း၌ တိုက်ပွဲများဖြစ်ပွား ခြင်း မရှိဘဲ ကွတ်ခိုင် အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိုင်းယုလေးမှ ကွတ် ခိုင်မြို့တွင်းသို့ စျေး ၀ယ် ရန် ဆိုင်ကယ်ဖြင့် သွားလာနေသူ အမျိုးသမီး တစ်ဦး၏ ပေါင်ကိုလက်နက် ကြီးထိမှန်ဒဏ်ရာရ ကာ ကွတ်ခိုင်ဆေးရုံတွင် ဆေး ကုသမှုခံယူခဲ့ရသည်ဟု ဆိုသည်။", "တိုက်ပွဲများသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ၏ တောင်ဘက်နှင့်မြောက်ဘက်၊ ခိုမုန်းကျေးရွာ၊ ဖာခတ် ကျေးရွာတို့တွင် ပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ် ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးသည် ခိုမုန်းကျေးရွာအတွင်းရှိ နွားမွေးမြူရေးခြံ အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ခြံအနီး နေထိုင်သူ အသက် ၅၀ ကျော်အမျိုးသမီးထိတ်လန့်သေဆုံး ကာ နွား ၅ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၁၈ ရက်နေ့လည်ပိုင်းတွင် ခိုမုန်းကျေးရွာ အနီးရှိ ကောင်းရာတောင်ကုန်း၌ တိုက်ပွဲများ ပြင်း ထန်ခဲ့ပြီး ကောင်ရာတောင်ကုန်းပေါ်တွင်နေရာယူထားသော ခမရ ၈၈ စစ်ကောင်စီတပ်မှ ကောင်းရာ ရွာ၊ မန်ပြိန်းရွာတို့ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ကောင်းရာကျေးရွာအတွင်းရှိ နေအိမ် နှစ်လုံး၊ မန်ပြိန်းကျေးရွာ အတွင်းရှိ နေအိမ် တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ဇူလိုင်လ ၁၈ ရက် ညနေ ညနေ ၅ နာရီခန့်တွင် နမ့်ဖတ်ကာ အခြေစိုက် ခလရ-၁၂၃ တပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာဘက်သို့ လှမ်းပစ်ရာ နမ့်ဖတ်ကာကျေးရွာအုပ်စု ဇီးဒဗန်ကျေး ရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၄၇ နှစ်အရွယ် ဒေါ်ခေါန်နန်၊ အသက် ၁၆ နှစ်အရွယ် မောင်ဘရန်စစ် ၊ အသက် ၉ နှစ်အရွယ် မောင်ဘရန်ဆန်နှင့် အသက် ၂၁ နှစ်အရွယ် မေရီ တို့ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကာ မောင်ဘရန်စစ်မှာ ကွတ်ခိုင်ဆေးရုံသို့အရောက်တွင် သေဆုံး သွား ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲများကြောင့် ကောင်ရာကျေးရွာ မှ အိမ်ခြေ ၃၀ ခန့် နှင့်မန်ပိန်းကျေးရွာမှ အိမ်ခြေ ၂၀ ခန့် အတွင်း နေထိုင်ကြသော ပြည်သူ ၂၂၀ ခန့်မှာ ခိုမုန်းရွာ ဘုရားကျောင်း၌ ခိုလှုံ နေရပြီး အကြမ်းဖက်စစ် တပ်က ကောင်ရာကျေးရွာအတွင်း၌ ၀င်ရောက် တပ်စွဲထားကြောင်း သိရသည်။"]
https://yktnews.com/2023/09/124157/
ကွက်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ၃ လုံးကျဲချ
["ကွက်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ၃ လုံးကျဲချ", "ရန်ကုန်၊ စက်တင်ဘာ ၂၆", "ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်၊ မန်နိမ့်အွန်အုပ်စု၊ ငေါ့ငါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်း ဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနထံက ထုတ်ပြန်သည်။", "ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီ ၂၈ အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ဂျက် ဖိုက်တာ ၁ စီးဖြင့် ငေါ့ငါးကျေးရွာအပေါ်ပျံသန်းလာပြီး စက်သေနတ်ဖြင့် ကျေးရွာအတွင်းသို့ တရစပ် ပစ် ခတ်ခဲ့ကာ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ငေါ့ငါးကျေးရွာအနီးသို့ ပြင်းထန်သည့် ဖျက်အားပြင်း ဗုံးတစ်မျိုးဖြစ်သည့် ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ရိုးရိုးဗုံး ၃ လုံးဖြင့် ထပ်မံလာ ရောက် ဗုံးကြဲချခဲ့ကြောင်း သိရသည်။", "အဆိုပါ ငေါ့ငါးကျေးရွာနှင့် အနီးဝန်းကျင်တွင် PSLF/TNLA ၏ တပ်စခန်းမရှိသည့်အပြင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း၊ ပြည်သူလူထုကို ဦး တည်ကာ တမင်သက်သက် ယခုကဲ့သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထို့အပြင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ အကြမ်းဖက်စစ်ကောင်စီ၏ နမ့်ဖက်ကာတပ်စခန်းမှ ပန်နွဲ့ရွာနှင့် ငေါ့ငါးကျေးရွာအနီးသို့ လက်နက်ကြီးများဖြင့် ၃၄ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စက်တင် ဘာလ ၂၅ ရက်နေ့ကလည်း မူဆယ်မြို့နယ်အတွင်းရှိ PSLF/TNLA တပ်မဟာ ၁ ၏ လွယ်မောက် တပ် စခန်းတစ်ခုကို ပေါင် ၅၀၀ ဗုံးသီးဖြင့် ၂ ကြိမ်လာရောက်ဗုံးကြဲခဲ့ရာတပ်စခန်း၏ အဆောက်အဦး အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/10/129009/
ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး
["ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO ထံမှ သိရသည်။", "အောက်တိုဘာလ ၃၀ ရက် ညနေ ၅ နာရီခွဲခန့်က နမ့်ဖတ်ကာကျေးရွာ၊ ရပ်ကွက် ၂ ပြည်ထောင်စု လမ်းပေါ်ကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ဈေးဝယ်ထွက်လာသော အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိမှန်ခဲ့ပြီး အမျိုးသား ၁ ဦးမှာ နေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ကျန်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာလည်း ဆေးရုံရောက်ရှိပြီး ၁၅ မိနစ်ခန့်အကြာ သေဆုံး သွားကြောင်း သိရသည်။", "စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးသွားသူများမှာ အသက် ၂၈ နှစ်အရွယ်နှင့် အသက် ၁၈ နှစ် အရွယ် အမျိုးသား ၂ ဦး၊ အသက် ၁၉ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဗမာလူမျိုးများဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် မြောက်ပိုင်းညီနောင် မဟာမိတ်တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄ ရက် မြောက်နေ့တွင် နမ့်ဖတ်ကာ ဒေသ၌ ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO က ထုတ်ပြန်ထားသည်။", "Photo – မေတ္တာရှင် လူမှုကူညီရေးအသင်း"]
https://yktnews.com/2024/01/138956/
ကွတ်ခိုင် စစ်တပ်ဗျူဟာကုန်း နှင့် သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာန ချုပ်တို့ကို TNLA က သိမ်းပိုက်ရရှိပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်
["ကွတ်ခိုင် စစ်တပ်ဗျူဟာကုန်း နှင့် သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာန ချုပ်တို့ကို TNLA က သိမ်းပိုက်ရရှိပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ပေါင်း ၁၆ မြို့ ရှိလာပြီ", "ရန်ကုန်၊ ဇန်နဝါရီ ၈", "ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင် စစ်တပ်ဗျူဟာကုန်း နှင့် သိန္နီမြို့ရှိ စကခ ၁၆ စစ်ဌာနချုပ်တို့ကို TNLA က သိမ်းပိုက်ရရှိပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့ ၂ ခုလုံးကို အပြည့်အ၀ ထိန်းချုပ် သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်န ဝါရီလ ၇ ရက်နေ့ ညပိုင်း တရားဝင် သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီလ ၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ၇၃ ရက်မြောက်နေ့တွင် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ၏ သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်းဌာနချုပ်” ကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်းကောင်း၊ “ကွတ်ခိုင်ဗျူဟာကုန်း” ကို ဇန်နဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင်လည်း ကောင်း အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ညီနောင် မဟာ မိတ် ၃ ဖွဲ့က ကြေညာသည်။", "“နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါပြီ။ သိန္နီ စကခ ၁၆ မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတော့ စကခ ၁၆ ဌာနချုပ်ကနေ ဆုတ်ခွာသွားတယ်။ ကွတ်ခိုင်ဗျူဟာကုန်းကတော့ မနေ့ညဉ့်နက်ပိုင်းမှ ရတယ်လို့ သိရပါတယ်။ အခုတော့ နယ်မြေရှင်းလင်း လုပ်နေတယ်။ လေယာဉ်နဲ့ ဗုံးကျဲမှာစိုးရိမ်တဲ့အတွက် သတိနဲ့ လုပ်နေရတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေလည်း စိစစ်နေဆဲပါပဲ။ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်တဲ့နေရာမှာ ညှိနှိုင်းမှုတွေလည်းရှိခဲ့တယ်လို့သိရတယ်။ အသေးစိတ်ကတော့ ဗဟိုက သတင်းထုတ်ပြန်ပါလိမ့်မယ်” ဟု TNLA တပ်မဟာ ၅ စစ်ဒေသမှ သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိတွင် TNLA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကွတ်ခိုင်မြို့ နှင့် သိန္နီမြို့တို့ကို လုံး၀ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ပေါင်း ၁၆ ခုရှိလာပြီဖြစ်ပြီး", "၁-ချင်းရွှေဟော်၊", "၂-လောက်ကိုင်၊", "၃-ကုန်းကြမ်း၊", "၄-ဖောင်းဆိုင်၊", "၅-မုံးကိုး၊", "၆-ကွမ်းလုံ၊", "၇-ဟိုပန်၊", "၈-နမ့်ဆန်၊", "၉-နမ္မတူ၊", "၁၀-မန်တုံ၊", "၁၁-မိုင်းလုံ၊", "၁၂-မိုင်းငေါ့၊", "၁၃-နမ့်ခမ်း၊", "၁၄-ပန်ဆိုင်း/ကြူကုတ်၊", "၁၅-ကွတ်ခိုင်၊", "၁၆-သိန္နီမြို့တို့ ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နမ္မတူမြို့သိမ်းတိုက်ပွဲမှ TNLA တပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။"]
https://yktnews.com/2024/03/150458/
ကွတ်ခိုင်တွင် TNLA ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြား ဘောင်းဘီဝတ်ဆင်ပြီး မူးယစ်ဆေးဝါး ရောင်းချသူ ၅ ဦးကို ဖမ်းဆီး
["ကွတ်ခိုင်တွင် TNLA ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြား ဘောင်းဘီဝတ်ဆင်ပြီး မူးယစ်ဆေးဝါး ရောင်းချသူ ၅ ဦးကို ဖမ်းဆီး", "ရန်ကုန်၊ မတ် ၁၃", "ရှမ်းပြည် မြောက်ပိုင်း တအာင်းဒေသ ၊ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ တွင် PSLF/TNLA ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြား ဘောင်းဘီ ဝတ်စုံဝတ်ကာ မူးယစ်ဆေးဝါးရောင်းချသူ ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။", "မတ်လ၁၀ ရက်နေ့တွင် ကချင်လူမျိုးဖြစ်သူ မာနော် အသက် ၂၄ နှစ်သည် တအာင်းတပ်မတော် ယူနီဖောင်းနှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီဝတ်စုံဖြင့် ဝတ်ဆင်ကာ မူးယစ်ဆေးဝါးများ ရောင်းချနေခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးနှင့်အတူ မူးယစ်ဆေးဝါးအသုံးအဆောင်ပစ္စည်းများ၊ လက်နက်ပစ္စည်းအချို့နှင့် အတူ ဖမ်းဆီးမိခြင်းဖြစ်ပြီး ၎င်းအတူ ရောင်းဝယ်သူ ၄ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ဖမ်းဆီးထားသူများကို PSLF/TNLA အုပ်ချုပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားပြီး PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်လက်ထက်တွင် ကွတ်ခိုင်မြို့အတွင်း ပေါ်ပေါ်ထင်ထင် မူးယစ်ဆေးရောင်းဝယ်မှုနှင့် လောင်းကစားရုံများ ပေါများလာမှုကြောင့် ခိုးဆိုးလုယှက်မှုလည်း မကြာခဏဖြစ်ပွားခဲ့ကြောင်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA သည်", "ကွတ်ခိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် မူးယစ်ဆေးဝါးနှင့် လောင်းကစားရုံများကို ဖမ်းဆီးအရေးယူမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း PSLF/TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2023/11/131410/
ကွတ်ခိုင်နှင့် တန်ယန်းမြို့နယ်ရှိ စစ်တပ်နှင့် ပြည်သူ့စစ် တပ်စခန်း ၃ ခုကို TNLA က သိမ်းပိုက်ရရှိ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ TNLA ထံ လက်နက်အပ်နှံ
["ကွတ်ခိုင်နှင့် တန်ယန်းမြို့နယ်ရှိ စစ်တပ်နှင့် ပြည်သူ့စစ် တပ်စခန်း ၃ ခုကို TNLA က သိမ်းပိုက်ရရှိ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ TNLA ထံ လက်နက်အပ်နှံ", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် တန်ယန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ် တပ်စခန်း ၃ ခုကို TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှောက်ဟော် ပြည်သူ့စစ် တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ်၊ လွယ်ကန်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်း တပ်စခန်းကို TNLA က ထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး စခန်းအတွင်းရှိ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရိက္ခာများ သိမ်းဆည်းရခဲ့ကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၁၄ နေ့တွင် တန်ယန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆိုင်လျံတပ်စခန်းကိုလည်း တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှိ စစ်တပ် လက်အောက်ခံ မုံးဟွမ် ပြည်သူစစ် အဖွဲ့နှင့် မုံးပေါ် ပြည်သူ့ အဖွဲ့တို့က တအာင်းတပ်မတော် PSLF/TNLA ထံ လက်နက် ၁၀ လက် လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်၌ ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာ လမ်းခွဲတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်တပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138820/
ကွတ်ခိုင်နှင့် နောင်ချို တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၊ နမ္မတူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လူနေအိမ် ၅ လုံး ပျက်စီး
["ကွတ်ခိုင်နှင့် နောင်ချို တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ၊ နမ္မတူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု လူနေအိမ် ၅ လုံး ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို TNLA နှင့်ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။", "ယနေ့ဇန်နဝါရီလ ၆ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေပြီး နောင်ချိုမြို့နယ်၊ ကျောက်မဲလေး ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA ၊MDY PDF ပူပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "နောင်ချိုမြို့နယ်၊ ကျောက်မဲလေးကျေးရွာအနီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က Mi35 ဖြင့် ၂ ကြိမ်၊ Jet Fighter ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့သည့်အပြင် လွယ်ဆိုင်တောင်အနီးတဝိုက်ကိုလည်း Jet Fighter ဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "လားရှိုးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၆၈ ဂိတ်တပ်မှ ပန်ဖတ်ကျေးရွာ အနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၁၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ကလည်း သုံးဆယ်ကျေးရွာကိုလက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ကွတ်ခိုင်မြို့နယ်၊ ကွတ်ခိုင်ဗျူဟာကုန်းစခန်းကို စစ်ကောင်စီတပ်က ထောက်ပို့လေယာဥ် Y12 ဖြင့် ၁ ကြိမ် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။", "ယမန်နေ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ ခန့်က နမ္မတူမြို့နယ်၊ ကုန်းဆာကျေးရွာသစ်ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၂ ကြိမ်၊ Y12 ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ထို့ပြင် ည ၉ နာရီ ဝန်းကျင်တွင် Jet Fighter ဖြင့် ၁ ကြိမ် ထပ်မံလာ ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မန်ဆာကျေးရွာသား ၁ ဦး၊ တအာင်း တပ်မတော် TNLA ရဲဘော် ၁ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅ လုံး ကျည်စထိမှန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/08/177348/
ကွတ်ခိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ
["ကွတ်ခိုင်မြို့ကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၅", "ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ၄ ကြိမ် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကပြောဆိုသည်။", "သြဂုတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဒေသပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိကာ မြို့မစျေးရှိ ဆိုင်ခန်းများ အပါအဝင် နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။", "ကွတ်ခိုင်မြို့ကို အကြမ်းဖက် စစ်တပ်၏ ကင်းထောက် လေယာဉ်ပျံဝဲ ပြီးနောက် ယနေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၃ နာရီ ၁၁ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ၁ ကြိမ်၊ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံ တစ်နေရာ၊ ကွတ်ခိုင်မြို့မစျေးနှင့် မြို့အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုးသား ၃ ဦးနှင့် မြို့လယ်တွင် နေထိုင်သည့် ဒေသ ပြည်သူ ၂ ဦး စုစုပေါင်း ၅ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဗုံးကျ ရောက်ပေါက်ကွဲမှုကြောင့် ကွတ်ခိုင်မြို့တွင်းရှိ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပြီး မြိုမစျေးရှိ ဆိုင်ခန့်တချို့လည်း မီးလောင်သွားကာ PSLF/TNLA ၏ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း MNDAA အုပ်ချုပ်နေသည့် သိန္နီမြို့တွင်ရှိ စျေးအတွင်း လူစည်ကားနေချိန် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၇ ဦး သေဆုံးသွားခဲ့ပြီး လောက်ကိုင်မြို့ကိုလည်း မကြာခဏ လေကြောင်းအသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/138908/
ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သိန္နီမြို့ကို အလုံးစုံ ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းနေ၊ ပြင်ဦးလွင်အဝင် ကျောက်မဲလေး ကျေးရွာ စစ်တပ်စခန်းကိုလည်း TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ က ထိုးစစ်ဆင်နေ
["ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သိန္နီမြို့ကို အလုံးစုံ ထိန်း ချုပ်နိုင်ရေး ကြိုးပမ်းနေ၊ ပြင်ဦးလွင်အဝင် ကျောက်မဲလေး ကျေးရွာ စစ်တပ်စခန်းကိုလည်း TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ က ထိုးစစ်ဆင်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း TNLA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ကွတ်ခိုင်ဗျူဟာကုန်းစခန်းကို TNLA က ဆက်တိုက် ထိုးစစ်ဆင်ခဲ့ရာမှ ယနေ့တွင် စစ်ကောင်စီတပ်များနှင့် အပြန်အလှန် တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ကွတ်ခိုင်ဗျူဟာကုန်းစခန်း လက်နက်ချ အညံ့ခံသည်ဆိုသော သတင်းများ ထွက်လာသော်လည်း လက်တွေ့တွင် ပစ်ခတ်သံများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။", "” အခြေအနေကိုတော့‌ သေသေချာချာ ရှင်းရှင်းလင်းမသိရသေးဘူး။ တပ်မဟာ ၅ စစ်ဒေသ(TNLA) က သတင်းပို့တာကတော့ လေယာဉ်တွေနဲ့ပါ လာကျဲနေတာရှိတယ်။ ကွတ်ခိုင် ရ၊ မရ ကျနော်တို့ သတင်းစောင့်နေတုန်းပါပဲ။ ကွတ်ခိုင်ဗျူဟာ ရရင်တော့ ကွတ်ခိုင်မြို့ရပါပြီ” ဟု TNLA သတင်းရင်းမြစ်က ဆိုသည်။", "ထို့ပြင် သိန္နီမြို့တွင်လည်း စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် “စကခ (၁၆)”နှင့်လက်အောက်ခံတပ်များကို ညီနောင် ၃ ဖွဲ့က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီက လေကြောင်း အသုံးပြုမှုနှင့် လက်နက်ကြီး အသုံးပြုခုခံနေကြောင်း၊ ရှေ့တန်း ကင်းစခန်းနှင့် ကုန်းတချို့ သိမ်းပိုက်မှုနိုင်သော်လည်း အဓိက ကျသော တပ်ရင်းတပ်စခန်းကြီးများ ရရှိရေး ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "“သိန္နီမြို့နယ် နေရာတော်တော်များများ စီးထားနိုင်ပေမယ့် စကခ ၁၆ နဲ့ တပ်ရင်းတချို့ ကျန်နေတယ်။ အဲဒါတွေကို ဆက်တိုက်နေတယ်။ လက်နက်ချဖို့ တိုက်တွန်းထားတာတွေလည်းရှိတယ်။ မကြာခင် သိမ်းနိုင်မယ်လို့ ယုံကြည်တယ်” ဟု TNLA သတင်းရင်းမြစ်က ဆိုသည်။", "အလားတူ နောက်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် အစပ် ပြင်ဦးလွင် မြို့အဝင် ကျောက်မဲလေးကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူပေါင်းတပ်ဖွဲတို တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်က လေယာဉ်၊ တိုက်လေယာဉ်နှင့် လက်နက်ကြီးများ အသုံးပြု၍ ခုခံနေကြောင်း ၊ တိုက်ပွဲ ပြင်းထန်ကြောင်း သိရှိရသည်။", "“ကျောက်မဲလေး ရရင် ပြင်ဦးလွင်ထဲ တိုးလို့ ပေါက်ပြီ။ ကျောက်မဲလေးမှာ စစ်ကောင်စီက ခံစစ် အရမ်းကိုများတယ်။ ခုခံနေတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2023/12/136797/
ကွတ်ခိုင်မြို့နယ်တွင် ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်
["ကွတ်ခိုင်မြို့နယ်တွင် ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရသည်။", "ယနေ့ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကွတ်ခိုင် ဗျူဟာ လက်အောက်ခံ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ကိုနိုင်သည် စစ်မတိုက်လိုသဖြင့် G-3 သေနတ် ၁ လက်၊ RPG-7 ၁ လက် နှင့် ခဲယမ်းများ ယူဆောင်လာပြီး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ ၅ ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း နမ္မတူမြို့နယ် မန်စံကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အသုံးပြုသော ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/112580/
ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ
["ကွတ်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၁၂", "ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့နယ်၊ နားဖိုင်းကျေးရွာကို ကွတ်ခိုင်မြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ခဲ့သည့် အမျိုးသမီးမှာ လွယ်မိန်းဆာကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မလွေးအေဆွယ် ဖြစ်ပြီး ကွတ်ခိုင်မြို့ပေါ်သို့ မှတ်ပုံတင်သွားရောက် လုပ်ဆောင်စဥ် မန်ပန်ကျေးရွာအနီး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အလားတူ ဇူလိုင်လ ၉ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် နားဖိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ ကွတ်ခိုင်မြို့ ၄၅ ကုန်းတပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်နေ့ထိ လက်နက်ကြီးများဖြင့် ကျေးရွာ ပတ်ဝန်းကျင်အနီးကိုဆက်တိုက်ရမ်းသမ်း ပစ်ခတ်နေခြင်းဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/08/116244/
ကွတ်ခိုင်မြို့နယ်၊ ဆွန်လုံရွာတွင် ကလေး ၂ ဦး၏ မိခင်ကို ခမရ ၅၆၉ တပ်ရင်းမှ စစ်သား ၁ ဦးက မုဒိမ်းပြုကျင့်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကိုလည်း စစ်သားတချို့က မဖွယ်မရာ လုပ်
["ကွတ်ခိုင်မြို့နယ်၊ ဆွန်လုံရွာတွင် ကလေး ၂ ဦး၏ မိခင်ကို ခမရ ၅၆၉ တပ်ရင်းမှ စစ်သား ၁ ဦးက မုဒိမ်းပြုကျင့်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကိုလည်း စစ်သားတချို့က မဖွယ်မရာ လုပ်", "ရန်ကုန်၊ ဩဂုတ် ၃", "ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဆွန်လုံကျေးရွာတွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၆၉ တပ်ရင်းမှ စစ်သား ၁ ဦးက ဇူလိုင်လ ၃၀ ရက်နေ့တွင် ကလေး ၂ ဦး၏ မိခင်ကို မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်၏ ခမရ ၅၆၉ တပ်ရင်းသည် ဇူလိုင်လ ၂၉ ရက်နေ့ညတွင် ဆွန်လုံရွာသို့ ရောက်ရှိလာပြီး ရွာဘုန်းကြီးကျောင်းတွင် စခန်းချ နေထိုင်နေကြခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်းတွင် ရွာသားများ တောင်ယာအလုပ်လုပ်ကိုင်ကြ၍ နေ့ခင်းပိုင်းတွင် လူသိပ်မရှိချိန်တွင် အကြမ်းဖက်စစ်သား ၁ ဦးက ဇူလိုင် ၃၀ ရက်နေ့တွင် ရွာထဲ ဝင်လာပြီး ကလေး ၂ ဦး မိခင် အသက် ၃၀အရွယ် အမျိုးသမီး၏ အိမ်သို့ ဝင်ရောက်၍ ၎င်း၏ ခင်ပွန်းကို သေနတ်နှင့် ချိန်ကာ ကလေးနှင့် အိမ်က ထွက်သွားခိုင်းခြင်းဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူမှ ကြောက်လန့်၍ ကလေး ၂ဦးကို ခေါ်၍ အပြင်ထွက်ချိန်တွင် ကျန်ရစ်သူ အမျိုးသမီးကို မုဒိမ်းပြုကျင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ထို့ပြင် အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ အိမ်ကိုလည်း စစ်သား ၂ ဦးက ဝင်ရောက်၍ ခင်ပွန်းဖြစ်သူကို သေနတ်နှင့် ထောက်ကာ လက်ထိပ်ခတ်၍ ခင်ပွန်းရှေ့တွင်ပင် အမျိုးသမီးကို ပွတ်သတ်၍ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အဆိုပါ ဖြစ်ရပ်နှစ်ခုသည် တစ်နေ့တည်း တစ်ချိန်တည်းတွင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများသည် ကြိုတင်စီစဉ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "အမျိုးသမီးများကို မုဒိမ်းကျင့်၍ မဖွယ်မရာ ပြုလုပ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရွာသားများက ရွာသူကြီးနှင့် ရွာရှိ ဘုန်းကြီးကို သွားရောက်တိုင်ကြားခဲ့ကြောင်း၊ ဘုန်းကြီးမှ စစ်ကြောင်းမှူးကို တိုင်တန်းရာတွင် စစ်ကြောင်းမှူးဆိုသူမှ ကျူးလွန်သူ စစ်သားများကို အယောင်ပြ ရိုက်နှက်ခြင်းသာ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "“တခြား သူတို့ဘာမှ အပြစ်မပေးဘူး အဲဒီလို ဟန်ပြလုပ်တယ်ပြောရမယ်။ အဲဒီလို အဓမ္မကျင့်တဲ့လူကိုလည်း တခြား ရွာက လူတွေက ပုံမှန်အတိုင်းသွားလာတာ ပြန်မြင်တယ်လို့ ပြောတယ်ရှင့်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။", "အကြမ်းဖက်စစ်တပ်သည် ဆွန်လုံရွာနှင့် သိပ်မဝေးသည့် နမ့်မွန်ရွာရှိ တောင်ကုန်းတစ်ခုတွင် တပ်စွဲထားကြောင်း၊ မုဒိမ်းမှု ဖြစ်ပွားပြီးချိန်တွင် အကြမ်းဖက်စစ်တပ်၏ ခလရ ၅၆၉ တပ်မှ အရာရှိဖြစ်သူမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သတင်းထွက်ပေါ်လာပါက တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင့်လည်း ဒေသပြည်သူများထံမှ သိရှိရသည်။", "အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ ခုနှစ်ကလည်း ကွတ်ခိုင်မြို့နယ်ထဲတွင် အသက် ၅၀ ဝန်းကျင်အမျိုးသမီး တစ်ဦးကို အဓမ္မပြုကျင့်၍ သတ်ဖြတ်သည့် ဖြစ်စဉ်လည်း ဖြစ်ပေါ်ခဲ့သေးပြီး အဓမ္မပြုကျင့်သူ အကြမ်းဖက်စစ်သားမှာ အရေးယူခြင်း မခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။"]
https://yktnews.com/2023/09/121326/
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူများ၏ နေအိမ်များ ပျက်စီး
["ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူများ၏ နေအိမ်များ ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၆", "ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့်ပတ်ဝန်းကျင် ရွာများ ကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။", "အကြမ်းဖက်စစ်တပ်က စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာကို ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင် လာကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း ကျေးရွာတွင် တပ်စွဲထားသော စစ်တပ် တပ်ရင်း ၁၂၃ က လက်နက်ကြီး များဖြင့် ကျေးရွာအတွင်းထဲသို့ ရမ်းသမ်း ပစ် ခတ် ခဲ့ကြောင်း၊ ပန်လောကျေးရွာ၊ မိုင်းယုလေး‌ကျေးရွာနှင့် နမ့်ဖတ်ကာ ကျေးရွာကျေးရွာတို့တွင် ပြည်သူပိုင်နေအိမ်များ ပျက်စီးမှုများ ကြုံတွေ့နေရ ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ ရမ်းကားမှုများ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ် မှုများကြောင့် နမ့်ဖတ်ကာကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ များမှာ ရွာများတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင် နေကြရ ကြောင်း သိရှိရသည်။", "“ပြည်သူတွေ အကုန်ရှောင်နေကြပြီ။ စစ်တပ်က ရမ်းသမ်းပစ်ပြီးတော့ KIA က ပစ်တာပါဆိုပြီး ဝါဒဖြန့် ပြည်သူတွေနဲ့ ရန်တိုက်ပေးတာတွေရှိတယ်။ နေ့၊ ည ပရမ်းပတာ လက်နက်ကြီးနဲ့ ပစ်နေတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးထိတဲ့ ရွာက ၃ ရွာရှိတယ်။ မိုင်းယုလေး‌ကျေးရွာ၊ နမ့်ဖတ်ကာကျေးရွာ၊ ပန် လော အုပ်စု။ ဒီရွာ ၃ ရွာကိုတော့ အုပ်စုလို့ခေါ်တယ်။ မနေ့ညကနေ ဒီနေ့အထိ ပစ်နေတာ။ ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်” ဟု ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/12/135398/
ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်တပ်နှင့်ပြည်သူ့ စစ် တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သုံ့ပန်း ၇ ဦးနှင့် လက်နက် ၆၀ လက် သိမ်းဆည်းရရှိ၊ နမ့်ခမ်း စခန်းသစ်ကုန်းဘက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်လုပ်နေ
["ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်တပ်နှင့်ပြည်သူ့ စစ် တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သုံ့ပန်း ၇ ဦးနှင့် လက်နက် ၆၀ လက် သိမ်းဆည်းရရှိ၊ နမ့်ခမ်း စခန်းသစ်ကုန်းဘက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်လုပ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ မြို့သစ်ရပ်ကွက်ရှိ စစ်တပ်နှင့်ပြည်သူ့ စစ် တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်ရာ စစ်သုံ့ပန်း ၇ ဦးနှင့် လက် နက် ၆၀ လက် သိမ်းဆည်းရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၁၁ ရက်နေ့ ကွတ်ခိုင်မြို့ မြို့သစ်ရက်ကွက်ရှိ စစ်ကောင်စီနှင့် ပြည်သူ့ စစ်စခန်းကို PSLF/TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ အဆိုပါတပ်စခန်းမှ စစ်သုံ့ပန်း ၇ ဦး၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးအပါအဝင် ပစ္စတို၂ လက်၊ လက်နက် (၅၈ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နမ့်ခမ်းမြိုနယ် စစ်ကောင်စီ စခန်းသစ်ကုန်းဘက်တွင် ယမန်နေ့ ညနက်သန်းခေါင်ယံအချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ၄ ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၃၄ မိနစ်အချိန် တွင်လည်း ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့် ၂ ကြိမ်၊ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် တိုက်လေယာဉ်ဖြင့် ၂ ကြိမ်၊ မွန်းလွဲ ၁၂ နာရီ ၃၁ မိနစ်အချိန် Y12 လေယာဥ်ဖြင့် ဗုံး ၁၆ လုံး ထပ်မံလာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/11/192416/
ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိ
["ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ဦးဒဏ်ရာရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ လူနေရပ်ကွက်ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ၂ လသားအရွယ် ကလေးငယ်နှင့်မိခင် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ည သန်းခေါင်အချိန်ဖြစ်သော ည ၁၁ နာရီ ၄၇ မိနစ်အချိန် ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်အစပ် မုံးဝန်းခန်းမကြီးနှင့် KK တည်းခိုခန်းလမ်းအကြား၊ တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်ပေါ်သို့ စစ်လေယာဉ်များက ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် နေအိမ်အများအပြား ပျက်စီးသွားပြီး ၂ လသားအရွယ် ကလေးငယ်နှင့် မိခင် ၁ ဦး၊ သက်ကြီးရွယ်အို ၁ ဦး စုစုပေါင်း ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ပါဝင်ကြောင်း သိရှိရသည်။", "“ကွတ်ခိုင်မြို့ပေါ်ကို ညဘက် အားလုံး အိပ်မောကျနေချိန်ကြီးကို လေယာဉ်နဲ့ ဗုံးကျဲချသွားတာပါ။ သေဆုံးသူ ၃ ဦးရှိပါတယ်။ ၂ လသားအရွယ် လသားကလေးနဲ့ မိခင် ၁ ဦးသေပါတယ်။ သက်ကြီးပိုင်း ၁ ဦးလည်း သေဆုံးပါတယ်။ ဒဏ်ရာရတာက ၁၀ ဦးရှိပါတယ်။ အဲဒီအထဲမှာ ၇ ဦးလောက်က ဒဏ်ရာ ပြင်းထန်တယ်”ဟု ကွတ်ခိုင်ဒေသမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ထားသော မြို့ဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီက တော်ကလျှောက်ဆိုသလို လေကြောင်းဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်နေကြောင်း၊ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက်ဆိုသလိုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/112598/
ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီး
["ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၁၂", "ရှမ်းပြည်နယ်၊ ကွတ်ခိုင်မှ မူဆယ်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ကား ၂ စီးပျက်စီးခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။", "ဇူလိုင်လ ၁၁ ရက်နေ့ ည​နေ ၄ နာရီခန့်တွင် ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ဘက်မှ မူဆယ်ဘက်သို့ တက်လာ​သည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ မှ စစ်ကား ၁၀ စီးပါ ယာဥ်တန်းကို KIA တပ်ဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ကချင်လွတ်​မြောက်​ရေး တပ်မ​​တော် KIA ၊ တပ်မဟာ ၄ ၊ အမှတ် ၈ တပ်ရင်းတပ်ဖွဲ့များက ​စောင့်ကြို တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်​​ကား ၂ စီး ထိခိုက် ပျက်စီးကာ စစ်သား ၈ ဦး​သေဆုံးပြီး ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ကျန်ရှိနေသော စစ်ကား ၈ စီးသည် မောင်းပြေးပြီး လမ်းရှိ ပြည်သူများ၏ ကားများကို အရှိန်ဖြင့်ဝင်တိုက်၍ နမ့်ဖက်ကာ ၁၂၃ တပ်ရင်းကို မောင်း​ပြေး သွား​ကြောင်း၊ မောင်းပြေးသွားသော စစ်ကားများ ဝင်တိုက်​သော​ကြောင့် ပြည်သူ အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/140296/
ကွတ်ခိုင်၊ နမ့်ဖတ်ကာ တွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးကို KIA က ပစ်ချ
["ကွတ်ခိုင်၊ နမ့်ဖတ်ကာ တွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးကို KIA က ပစ်ချ", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်စီးကို KIA က ပစ် ခတ်လိုက်ပြီး အဆိုပါ လေယာဉ် ပျက်ကျသွားကြောင်း KIA ရှေ့တန်းသတင်း ရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“နမ့်ဖတ်ကာ၊ မနူယာန်ကို ဗုံးလာကျဲတာကို ပစ်ချတာ။ ပစ်ချတာဆိုတော့ ပျက် ကျ သွားတယ်။ ပုံလည်းရတယ်။ လိုင်းမကောင်းသေးလို့ပို့လို့မရသေးဘူး။ ပစ်ချ တာ အတည်ပြုနိုင်တယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆို သည်။", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ ခလရ ၁၂၃ တပ်ရင်း ကို ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် KIA ဦးဆောင်သော တော်လှန်ရေး တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တောက်လျှောက်ဆို သလို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာ ကြောင်း သိရှိရသည်။", "KIA က ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် တွင် Mi17 ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ပြီး ရဟတ်ယာဉ်ပေါ်တွင် လိုက် ပါသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဉ်တစ်စီး။ (ပုံအဟောင်း ဖြစ်ပါသည်။)"]
https://yktnews.com/2024/01/141896/
ကွတ်ခိုင်၊ နမ့်ဖတ်ကာတွင် KIA ၏ ပစ်ချမှု ခံလိုက်ရသော နမ့်စန်လေတပ်မှ FTC 2000G လေယာဉ်အမှတ် 1405 အပျက်အစီးများ KIA က တွေ့ရှိ
["ကွတ်ခိုင်၊ နမ့်ဖတ်ကာတွင် KIA ၏ ပစ်ချမှု ခံလိုက်ရသော နမ့်စန်လေတပ်မှ FTC 2000G လေယာဉ်အမှတ် 1405 အပျက်အစီးများ KIA က တွေ့ရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတွင် KIA ၏ ပစ်ချမှု ခံလိုက်ရသော နမ့်စန်လေတပ်မှ FTC 2000G လေယာဉ်အမှတ် 1405 ၏ အပျက်အစီးများ KIA က ယနေ့ တွေ့ရှိရကြောင်း KIA သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုသည်။", "ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏ FTC 2000G တိုက် လေယာဉ်ကို KIA က ပစ်ချခဲ့ပြီး ယင်းလေယာဉ်သည် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ ဖြစ် ကြောင်း၊ လေယာဉ်ပျက်ကျမှုကြောင့် တိုက်လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာကို ဗုံးလာကျဲစဉ် ပစ်ချခံရခြင်း ဖြစ်ကြောင်း၊လေယာဉ်မှူး ၂ ဦးစလုံး သေ ဆုံး သွားခဲ့ပြီး ယင်းလေယာဉ်သည် နံနက် ၉ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ဗုံးကျဲ ရန် နမ့်စန်လေတပ်စခန်းမှ ထွက်ခွာ သွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“နမ့်ဖတ်ကာမှာ တပ်စခန်းတွေ အားလုံးသိမ်းဆည်းပြီးမှ တွေ့တာပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါလေယာဉ်သည် FTC2000G တိုက်လေယာဉ်အမှတ် 1405 ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်က တရုတ် FTC 2000 G တိုက်လေယာဉ် ၆ စီး ဝယ်ယူ ခဲ့ပြီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရောက်ရှိ ခဲ့ကြောင်း၊ တရုတ်နိုင်ငံလုပ် FTC 2000 G တိုက် လေယာဉ် ၆ စီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန် လေတပ် စခန်း ဌာန ချုပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။", "စစ်ကောင်စီက တရုတ်နိုင်ငံ၊ Guizhou Aviation Industries Corporation (GAIC) က ထုတ် လုပ်သည့် FTC 2000 G အမျိုးအစား ၂ ယောက် မောင်း Fighter လေယာဉ် ၆ စီးကို မှာယူခဲ့ကြောင်း၊ ယင်းလေယာဉ် များ ကို တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေဆိပ်မှ နမ့်စန် လေတပ် စခန်းဌာနချုပ်ထံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့် တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။", "KIA က ပစ်ချလိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ပိုင် လေယာဥ်နှင့် ရဟတ်ယာဉ် ၄ စီးရှိနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် Mi17 ရဟတ်ယာဉ်၊ ၂၀၂၂ ခုနှစ်တွင် Mi35 ရဟတ်ယာဉ်၊ ၂၀၂၄ ခုနှစ်တွင် Mi17 ရဟတ်ယာဉ်နှင့် FTC2000G တိုက်လေ ယာဉ်တို့ဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- တရုတ်လုပ် FTC 2000 G မပျက်ကျမီ ပုံနှင့် ပျက်ကျအ‌ပြီး ပုံများကို နှိုင်းယှဉ်ဖော်ပြထားပါသည်။", "(လေယာဉ်ပျက် ဓာတ်ပုံများကို Myu Tsaw Kasa က ပေးပို့သည်။)"]
https://yktnews.com/2023/12/136685/
ကွတ်ခိုင်၊ မန်တုံ ၊ နမ္မတူ၊ မိုးကုတ်တို့တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်များ ပျက်စီး
["ကွတ်ခိုင်၊ မန်တုံ ၊ နမ္မတူ၊ မိုးကုတ်တို့တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်များ ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်၊ မန်တုံ ၊ နမ္မတူ၊ မိုးကုတ်တို့တွင် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်များ ပျက်စီးကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် ကွတ်ခိုင်မြို စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နံနက် ၈ နာရီအချိန် မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းတွင် အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယနေ့ နံနက် ၁၀ နာရီ ၂၃ မိနစ်အချိန် နမ္မတူမြို စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "တိုက်ပွဲများဖြစ်ပွားနေသော မန်တုံမြိုတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၁)လုံး မီးလောင်ပြာကျခဲ့ပြီး၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် (၁၂)လုံး လေယာဥ်ဗုံးစ ထိမှန် ပျက်စီးခဲ့ရကြောင်း၊ မန်တုံမြို အနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၈)ကြိမ်၊ Y12 လေယာဥ် ဖြင့် (၄၁)ကြိမ်၊ ဗုံး (၂၁၁)လုံး လာရောက် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊", "မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ မန်တုံမြိုနယ် လွယ်ကန်ကျေးရွာ၊ မန်ဖန်ကျေးရွာ၊ ဆွယ်ဟိန်း Company ကုန်းအနီးဝန်ကျင်၊ တာလတ်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ နမ့်ဆန်မြိုလမ်းခွဲ၊ ဒုက္ခသည်စခန်းအနီးတဝိုက် နှင့် ပန်နင်ကျေးရွာလမ်းခွဲသို လက်နက်ကြီးဖြင့် (၇၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ မိုးကုတ်မြိုနယ် စစ်ကောင်စီတပ်က လယ်ကြီးကျေးရွာနှင့် အထက်ညောင်ကုန်းကျေးရွာသို လက်နက်ကြီးဖြင့် (၂၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင်မြို့ စစ်ကောင်စီတပ်မ ပန်ကူ၊ တုံဆင်ကြီးနှင့် တုံဆင်လေးကျေးရွာသို လက်နက်ကြီးဖြင့် (၂၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နမ္မတူမြို စစ်ကောင်စီတပ်စခန်းမှ ခိုဖိတ်ကျေးရွာအနီးတဝိုက်သို လက်နက်ကြီးဖြင့် (၂၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။", "စစ်တပ်က စစ်ကူများကို ယနေ့ ဒီဇင်ဘာ ၂၀ရက်နေ့တွင် Mi17 ထောက်ပိုယာဥ်ဖြင့် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများကို မူဆယ်စခန်းတွင် (၁)ကြိမ်၊ ကွတ်ခိုင်စခန်းတွင် (၁)ကြိမ်၊ နမ္မတူစခန်းတွင် (၁)ကြိမ်၊ ကျောက်မဲ မိုင်းငေါ့စခန်းတွင် (၁)ကြိမ် ထပ်မံ လာရောက်ပို့ချခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- မန်တုံမြို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်များ ပျက်စီးနေစဉ်။"]
https://yktnews.com/2024/01/138534/
ကွတ်ခိုင်၊ မိုးမိတ်နှင့် ကျောက်မဲမြို့ရှိ စခန်းများကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ၊ နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းအတွင်း နယ်မြေရှင်းလင်းစဥ် လက်နက်များ သိမ်းဆည်းရရှိ
["ကွတ်ခိုင်၊ မိုးမိတ်နှင့် ကျောက်မဲမြို့ရှိ စခန်းများကို TNLA က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ၊ နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းအတွင်း နယ်မြေရှင်းလင်းစဥ် လက်နက်များ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇန်နဝါရီ ၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းများကို TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး TNLA တပ်မတော်က သိမ်းပိုက်ရရှိထားသော နမ့်ခမ်းမြို့ရှိ စသစ်ကုန်းကို နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သားများ ဝှက်ထားခဲ့သော လက် နက်များထပ်မံတွေ့ရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။", "ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းကိုလည်းကောင်း၊ မိုးမိတ်မြို့ နယ်၊ စစ်ကောင်စီ၏ ဆင်ကင်တပ်စခန်းကိုလည်းကောင်း၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို လည်းကောင်း တအာင်းတပ်မတော် PSLF/TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။", "မူဆယ်မြို့နယ် စစ်ကောင်စီတပ်မှ ၄၅၆၁ ကုန်းသို့ လက်နက်ကြီးဖြင့် ၂ ကြိမ်၊ ကျောက်မဲမြို့နယ် စစ်ကောင်တပ်မှ ခွန်ကော်ကျေးရွာ၊ အထက်ညောင်ကုန်းကျေးရွာသို လက်နက်ကြီးဖြင့် ၁၅ ကြိမ်၊ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ ဆင်ကင်တပ်စခန်းသို့ လက်နက်ကြီးဖြင့် ၁၁ ကြိမ်၊ လားရှိးမြို့စစ်ကောင်စီတပ်မှ ပန်ဖတ်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့အပြင် ကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ Y12 ဖြင့် ၂ ကြိမ်၊ Jet Fighter ဖြင့် ၂ ကြိမ်၊ ဗုံး ၁၉ လုံး လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ပြီး မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ် ပွားရာ ဆင်ကင်တပ်စခန်းသို့ စစ်ကောင်စီလေတပ်မှ Jet Fighter ဖြင့် ၂ ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သော နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ ခလရ-၁၄၄ မန်တပ်စခန်းသို့ စစ်ကောင်စီတပ်မှ စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းမျာ ၁ ကြိမ် လာ ရောက်ပိုချခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/167171/
ဘန်ကောက်ရှိ စျေးအကြီးဆုံး ဇိမ်ခံ SCOPE Langsuan ကွန်ဒိုတွင် မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန်နှင့် စစ်ဗိုလ်ချုပ် မိသားစုများက ကွန်ဒိုအခန်းများ ဝယ်ယူမှုကို ပြည်သူ့ရဲတပ်ဖွဲ့က စုံစမ်းနေ
["ကွန်ဒို ဝယ်ယူမှုနှင့် ဆက်စပ် ပတ်သက်နေသူများကို မှတ်တမ်းတင်ထားပြီး တော်လှန်ရေးအလွန်ကာလ နိုင်ငံ့ဘဏ္ဍာ အဖြစ်သိမ်းမည့်အပြင် ပတ်သက်သူများကိုပါ အရေးယူမည်", "ရန်ကုန်၊ ဇွန် ၁၂", "ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ စျေးအကြီးဆုံး ဇိမ်ခံ SCOPE Langsuan ကွန်ဒိုတွင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် နှင့် စစ်ဗိုလ်ချုပ် မိသားစုများက ကွန်ဒိုခန်းများ ဝယ်ယူထားမှုကို စုံစမ်း ဖော်ထုတ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်သူ့ရဲတပ်ဖွဲ (People’s Police) မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဘန်ကောက်မြို့၏ အချက်အခြာ ကျသော နေရာတစ်ခုဖြစ်သည့် Lang Suan လမ်းမကြီးပေါ်ရှိ ထိုင်းနိုင်ငံ၏ ထိပ်တန်း စျေးအကြီးဆုံး ကွန်ဒိုတစ်ခုဖြစ်သော Scope LangSuan ကွန်ဒိုတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများက နာမည် အမျိုးမျိုးကို အသုံးပြုကာ ကွန်ဒိုတိုက်ခန်းများ ဝယ်ယူပိုင်ဆိုင်ထားကြကြောင်း သိရသည်။", "ခင်သီရိသက်မွန်နှင့် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုများ အတွက် အဆိုပါ ကွန်ဒိုတွင် အခန်းများဝယ်ယူနိုင်ရန် အဓိက ကူညီဆောင်ရွက်ပေးသူမှာ Air China ၏ တရားဝင် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ဖူးသော ဒေါ်သန်းသန်းလေး၏ သမီး ဖြစ်သူ မြ ဖြစ်ကြောင်း သိရှိရသည်။", "မြ ၏ ဖခင်သည် ၁၉၉၂-၁၉၉၇ ကာလ နဝတ အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး (ကကဆက် ညွှန်မှူး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော OTS 16 မှ ဗိုလ်မှူးချုပ်ဟောင်း စိန်လေး ဖြစ်ပြီး စစ်တပ် အသိုင်း အဝိုင်းနှင့် နီးစပ်သူများ ဖြစ်ကြောင်း၊ အဆိုပါ ကွန်ဒိုအခန်းများကို ဝယ်ယူသည့်ကိစ္စတွင် မြ က ၁ စတုရန်းမီတာလျှင် ထိုင်းဘတ်ငွေ ၈ သိန်းနှုန်းခန့်ဖြင့် အခန်းများ ဝယ်ယူနိုင်ရန် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။", "မင်းအောင်လှိုင် သမီးနှင့် စစ်ဗိုလ်ချုပ် မိသားစုများဝယ်ယူထားသော SCOPE Langsuan ကွန်ဒိုတွင် အိပ်ခန်း ၁ ခန်း နှင့် အိပ်ခန်း ၂ ခန်း၊ အိပ်ခန်း ၃ ခန်း စသည့်ဖြင့် အခန်း အမျိုးအစားများရှိပြီး အိပ်ခန်း ၁ ခန်းပါ ၈၄ စတုရန်းမီတာကျယ်ဝန်းသော ကွန်ဒိုတစ်ခန်းလျှင် တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ သိန်း ၅၄၀ ကျော်ခန့်ရှိကြောင်း၊ အိပ်ခန်း ၂ ခန်း ပါ ၁၅၄ စတုရန်းမီတာ ကျယ်ဝန်းသော ကွန်ဒိုအခန်းမှာ သိန်း ၁၂၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။", "အဆိုပါ Scope LangSuan ကွန်ဒိုသည် ယမန်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အသစ်စက်စက် ကွန်ဒိုတစ်ခုဖြစ်ပြီး အခန်းပေါင်း ၂၂၆ ခန်း ပါဝင်သည့် ၃၄ ထပ်ရှိသော အထပ်မြင့်ဇိမ်ခံကွန်ဒိုတစ်ခုဖြစ်ကြောင်း သိရသည်။", "ကွန်ဒို အခန်းဝယ်ယူမှုနှင့် ဆက်စပ် ပတ်သက်နေသူများကို အမျိုးသားညီညွတ် ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ (People’s Police) က ဆက်လက် ဖော်ထုတ်ကာ မှတ်တမ်းတင်ထားမည်ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလ ရောက်သည့်အခါ တရားဥပဒေအရ အရေးယူ ဆောင်ရွက်ခြင်း၊ ပိုင်ဆိုင်မှုများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG အစိုးရ ပြည်သူ့ရဲတပ်ဖွဲ့ (People’s Police) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/11/129167/
ကွမ်းလုံနှင့် နမ့်ခမ်းမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရ
["ကွမ်းလုံနှင့် နမ့်ခမ်းမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရ", "ရန်ကုန်၊ နိုဝင်ဘာ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြိုနယ်ရှိ တံတားဦးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အောက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကိုင် အဖွဲ့ အစည်းများ မရှိသည့် ကွမ်းလုံမြို့နယ်၊ တံတားဦးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး တရုတ်လူမျိုး ၄ ဦး ဗမာ လူမျိုး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“သေဆုံးသွားတာက အမျိုးသားလား၊ အမျိုးသမီးလား တိတိကျ မသိရသေးဘူး၊ မနေ့တုန်းက အဲဒီမှာ ဖြစ်တော့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး၊ တံတားဦးရွာသားတွေ အကုန်လုံး KBC Chat ကျောင်းမှာပဲ စုနေကြတော့ အဲဒီဒေသမှာရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကပဲ လူနာတင်ယာဉ်နဲ့ လာခေါ်သွား တာ၊ လူနာတွေကတော့ ကွမ်းလုံရဲ့ဆေးရုံကြီးမှာ တင်ထားတယ်၊” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါ တံတားဦးကျေးရွာတွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသစ်ကျေးရွာ၊ ဖန်တိန်ကျေးရွာ၊ မန်ပြိန်းကျေးရွာ၊ မက်ခံမ်ကျေးရွာ နှင့် ပန်လွီးကျေးရွာနေ ပြည်သူများမှာလည်း တံတားဦး ဘုရားကျောင်းထဲ၌ ပုန်းခိုနေကြရ ကြောင်း သိရသည်။", "ထို့ပြင် အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇ နာရီမှ ၈ နာရီအထိ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာကို လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး တအာင်းအဆိုတော် ၁ ဦး၏ နေအိမ်ထိခိုက် ပျက်စီးခဲ့ ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "“မနေ့က တိုက်ပွဲဖြစ်တာဆိုတော့ ဘယ်အဖွဲ့ကနေ ပစ်တာလဲ မသိရသေးဘူး၊ ည ၇ နာရီကနေ စပစ်တာ‌ တော့ဟုတ်တယ်၊ ပစ်တော့ အကုန်လုံးက အိမ်ထဲကနေ မထွက်ရဲကြဘူး၊ အဲဒီဟာက ဘယ်ကနေ ပစ်တဲ့ လက်နက်ကြီးလည်းဆိုတာ စုံစမ်းနေတုန်းပဲ၊ ပုံတွေတော့ရထားတယ်၊ အိမ်ထိသွားတယ်၊ ပျက်စီးသွား တယ်၊ လူထိတာတော့မရှိဘူး၊” တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အဆိုပါ ကောင်းတပ်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ အကြား အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်နေမှုကြောင့် ဒေသနေပြည်သူများ တိမ်းရှောင်းနေရပြီး ည ၇ နာရီခန့်တွင် သေနတ်ပစ်သံစကြားရကာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာနေ တအာင်းအဆိုရှင် ၁ ဦး၏ အိမ်ခေါင်မိုး၊ အကာနှင့် ပြတင်းပေါက်များ ထိခိုက် ပျက်ဆီး သွားသည့်အပြင် တရုတ်လူမျိုးတစ်ဦး၏ အိမ် ၁ အိမ်လည်း အုတ်တံတိုင်းများ ထိခိုက်ပျက်စီး သွား ကြောင်း သိရသည်။", "ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက် စစ်တပ်က မြို့လည် ဘုရားအနီးနှင့် ရွှေညောင်ပင်ဝန်းကျင်တွင် နေရာယူနေပြီး နမ့်ခမ်းမြို့ နေပြည်သူများမှာ ထပ်မံ တိုက် ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် နေအိမ်များနှင့် ဆိုင်များ အားလုံးပိတ်သိမ်းထားကြောင်း သိရသည်။", "ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ညီနောင်မဟာမိတ်တို့ အကြား ဖြစ် ပွားသည့် တိုက်ပွဲ ၅ အတွင်း ပြည်သူ ၁၁ ဦး သေဆုံးကာ ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ် ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO ထံမှ သိရသည်။"]
https://yktnews.com/2023/12/135014/
ကွမ်းလုံမြို့နယ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈ လုံးပျက်စီး
["ကွမ်းလုံမြို့နယ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈ လုံးပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈ လုံးပျက်စီးခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။", "ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ကွမ်းလုံမြို့နယ်ကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈ အိမ်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ပြည်သူများ စိုက်ပျိုးထားသည့် ရာဘာပင်အမြောက်အများ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/10/188814/
ကွမ်းလုံမြို့နယ်၊ နမ့်ဟူးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး
["ကွမ်းလုံမြို့နယ်၊ နမ့်ဟူးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ နမ့်ဟူးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီးခဲ့ ကြောင်း MNDAA ထံမှ သိရသည်။", "ယနေ့အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်အစောပိုင်း ၁၂ နာရီ ၅၂ မိနစ်အချိန်တွင် ကွမ်လုံမြို့နယ်၊ နမ့်ဟူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းဖြင့် ပြင်းအားမြင့်ဗုံးများ အသုံးပြုပြီး နမ့်ဟူးကျောင်းအနီးရှိ လူနေရပ်ကွက်များတွင် ကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးတစ်လုံးသည် နှစ်ထပ်တိုက်၏ ပထမထပ်နှင့်ဒုတိယထပ်ရှိလူနေအိပ်ခန်းကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း ကံကောင်း ထောက်မစွာဖြင့် ဗုံးကျရောက်ရာသည် အနည်းငယ်လွဲချော်ပြီး ကုတင်ကို မထိသော ကြောင့် ကုတင်ပေါ်တွင် အိပ်ပျော်နေသူသည် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် အခြားသော ဗုံးများသည် အနီးနားရှိ အရပ်သား နေအိမ် အများအပြား အတွင်းသို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည့်အပြင် အခြားနေအိမ်အများ အပြား ပျက်စီးခဲ့ပြီး ခြံဝင်းအတွင်း ရပ်ထားသည့် ကားအများအပြားလည်း ပျက်စီးခဲ့ကြောင်း သိရ သည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကွမ်းလုံမြို့နယ်၊ နမ့်ဟူးကျေးရွာအုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများ‌နေထိုင်ရာရပ်ကွက်ဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့များ တပ်စွဲ ထားမရှိကြောင်း၊ တိတ်ဆိတ်သော ညအောက် တွင် တိုက်လေယာဉ်၏ ပျံသန်းသံ ရုတ်တရက် ထွက်ပေါ်လာပြီး လေကြောင်းမှ ဗုံးများ ကျဲချခဲ့‌သော ကြောင့် လူအများ အထိတ်တလန့်နှင့် ပရမ်း ပတာ ဖြစ်ခဲ့ရကြောင်း MNDAA က ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြီးတွင် နမ့်ဟူးမြို့နယ် အုပ်ချုပ်မှုကော်မတီသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို အလျင်အမြန်သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။", "လားရှိုးစစ်ပွဲစတင်ချိန်နှင့် စစ်ပွဲအပြီးတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ ၁ ၏ မြို့တော် လောက်ကိုင်မြို့အပြင် ကွတ်ခိုင်ခရိုင်၊ သိန္နီခရိုင်နှင့် လားရှိုးမြို့တို့ကို ဆက်တိုက် လေ ကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီဖက်က စစ်ရေးနှင့်လုံးဝသက်ဆိုင်ခြင်း မရှိသည့် အရပ်သားများနေထိုင်ရာနေရာများ၊ လူများစုဝေးရာနေရာများ နှင့် ကျောင်းများ၊ ဆေးရုံများ နှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကဲ့သို့သော အခြေခံ အသက်မွေးဝမ်းကျောင်း အဆောက်အအုံ များ ကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MNDAA က ပြောကြားသည်။", "ယခုကဲ့သို့ အခြေခံအဆောက်အဦများကို ဗုံးကျဲခြင်းဖြင့် ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဖျက်ဆီးရန် ကြိုးပမ်းကာ ဒေသခံများအား ၎င်းတို့၏ မွေးရပ်မြေသို့ ပြန်၍ အလုပ်ပြန်လုပ်ခြင်းကို တားမြစ်ခြိမ်းခြောက်ရန်ဖြစ်ပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ် များသည် လွန်စွာစက်ဆုပ်ရွံရှာမုန်းတီးစရာကောင်းကြောင်း ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/11/131046/
ကွမ်းလုံမြို့ရှိ ဗျူဟာကုန်း၊ ခမရ ၃၁၂ တပ်ရင်း၊ ရဲစခန်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က သိမ်းပိုက်၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များ သိမ်းဆည်းရရှိ
["ကွမ်းလုံမြို့ရှိ ဗျူဟာကုန်း၊ ခမရ ၃၁၂ တပ်ရင်း၊ ရဲစခန်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က သိမ်းပိုက်၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ ခမရ ၃၁၂ တပ်ရင်း ၊ ရဲစခန်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က သိမ်းပိုက်၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များ သိမ်းဆည်းရရှိကြောင်း MNDAA ကသတင်းထုတ်ပြန်သည်။", "လက်ရှိတွင် ကိုးကန့် MNDAA က ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) နေရာများရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုး နှင့် ကွမ်းလုံစသည့်မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁) ၏ သမိုင်းဝင်အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ကွမ်းလုံမြို့လွတ်မြောက်ရေးတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့ပြီး ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများ နှင့် အုပ်ချုပ်ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲတိုက်ခိုက်မှုဖြင့် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိ ရန်သူများကို လျင်မြန်စွာသုတ်သင်ရှင်းလင်းကာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲ များ နှင့် မြို့နယ်အုပ်ချုပ်‌ရေးရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ (၂ )ရက်နေ့ နံနက် (၁၁း၀၅)နာရီအချိန်တွင် ကွမ်းလုံမြို့အနောက်ဘက်ရှိ ဟွမ်ချောက်‌ပေါက်ပေါက် တောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း)ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။", "နိုဝင်ဘာလ (၆) ရက်နေ့တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ကွမ်းလုံ‌မြို့၏မျက်နှာချင်းဆိုင်ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း နှင့်တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ (၆)ရက်ကြာ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက် မြန်မာစံတော်ချိန် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် အပြီးအပိုင်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "ယခုအချိန်တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ကွမ်းလုံမြို့နယ်တစ်ခုလုံးအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲဆောင်ရွက်မှုတို့ဖြင့် ကွမ်းလုံ- နန်ဟူ – ချင်းရွှေဟော်-တုန်ရှမ်းဒေသတာတုံအထိ နေရာတကြောလုံးကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။", "ကွမ်းလုံကို စစ်တပ်က ထိန်းချုပ်ခဲ့ပြီး ကွမ်းလုံသည် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးသောကြောင့် မြန်မာတပ်မတော်မှ ၎င်းတပ်စခန်းကို အလွန်ခိုင်မာတဲ့ခံတပ်တစ်ခုအဖြစ် အထူးဂရုပြုတည်ဆောက်ခဲ့ကြောင်း၊ သို့ရာတွင် ယခုနောက်ဆုံး ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "သိမ်းဆည်းရရှိသော စခန်းများနှင့် လက်နက်ခဲယမ်းများတွင် အတွဲလိုက်ဒုံးကားများ၊ သံချပ်ကာ ကားများ ပါဝင်ကြောင်း သိရှိရသည်။", "ကွမ်းလုံမြို့သိမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသော စစ်ဘက်ဆိုင်ရာ ပစ္စည်းများတွင်", "(၁)-ကွမ်းလုံဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ", "(၂)-ခမရ (၃၁၂) တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ", "(၃)-ကွမ်းလုံရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ", "(၄)-ကွမ်းလုံးတံတားဟောင်းကို သိမ်းပိုက်နိုင်ခဲ့ပုံ", "(၅)-ကွမ်းလုံတံတားသစ်ကို သိမ်းပိုက်နိုင်ခဲ့ပုံ", "(၆)- ဖြိုခွဲနိုင်ခဲ့သော စကစ တပ်စခန်းများ", "(၇) – သိမ်းပိုက်ရရှိခဲ့သော သံချပ်ကာ", "(၈)- သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ အတွဲလိုက်ဒုံး", "(၉)- သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ ဟောင်ဝီဇာအမြောက်", "(၁၀) – သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ အတွဲလိုက်ဒုံး", "(၁၁) – သိမ်းပိုက်ရရှိခဲ့သော ယဥ်များ", "(၁၂) – သိမ်းပိုက်ရရှိခဲ့သော EE-9 သံချပ်ကာ", "(၁၃) – သိမ်းပိုက်ရရှိခဲ့သော MT-LB သံချပ်ကာ", "(၁၄) – သိမ်းပိုက်ရရှိခဲ့သော BTR-3U သံချပ်ကာ တို့ပါဝင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2022/11/56410/
null
["ကွယ်လွန်ခဲ့ပြီးဖြစ်သော KNU တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့နှင့် ဘီးလင်းအမတ် ဦးကျော်မျိုးမင်း တို့က ကျိုက်ထီးရိုးဘုရားဖူး တောင်တက်ဂိတ်ကို တိုက်ခိုက်ရန် အကွက်ချစီမံခဲ့ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထီးရိုး ဘုရားဖူး ၃ ဦးကို စစ်တပ်က ပစ်သတ်ခဲ့သော်လည်း ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ကို တိုက်ခိုက်မှုမှာ ယမန်နှစ် ကတည်းက ကွယ်လွန်ခဲ့သော KNU တပ်မဟာ ၁ မှူးနှင့် လွန်ခဲ့ သော ၄ လခန့်က စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကွယ်လွန်သူ ဘီးလင်းအမတ် ဦးကျော်မျိုးမင်းတို့က စီစဉ်အကွက်ချသူများအဖြစ် အကြမ်းဖက်စစ်ကောင်စီက ယနေ့ လိမ်လည်သတင်းထုတ်ပြန်သည်။", "ယနေ့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သော သတင်းလိမ်ထုတ်ပြန်ချက်တွင် ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို KNU နှင့် PDF က အကွက်ကျကျ စီမံတိုက်ခိုက်ခဲ့ကြောင်း ဇယားကွက်နှင့်တကွ ထုတ်ပြန်လာပြီး ယင်းဇယားကွက်တွင် ယမန်နှစ် ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်ခဲ့သော KNU တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့၊ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ဘီးလင်း မြို့နယ်မှ မွန်ပြည်နယ် လွှတ်တော်အမတ် ဦးကျော်မျိုးမင်းတို့ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ကျိုက်ထီးရိုးတောင်တက်ဂိတ် တိုက်ခိုက်မှု၏ အကွက်ချ ကြံစည်သူများအဖြစ် လိမ်လည် သတင်းထုတ်ပြန်ထားခြင်းဖြစ် သည်။", "မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှာလည်း စစ်အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီက ကျိုက်ထီးရိုးတောင်တက်ဂိတ် တိုက်ခိုက်မှု၏ စီစဉ်သူအဖြစ် ထည့်သွင်းဖော်ပြထားသည်။", "” ဗိုလ်မှူးချုပ်စောပလေ့က မနှစ် ဩဂုတ် ၁၀ ရက်မှာ ကွယ်လွန်ခဲ့တာ KNU က သတင်းထုတ်ပြန်ပြီးသား။ ဘီးလင်း NLD ဥက္ကဋ္ဌ ဘီးလင်းအမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဇွန်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တာ သတင်းတွေတက်ပြီးသား။ လွန်ခဲ့ ၁ နှစ်လောက်က ကွယ်လွန်ခဲ့တဲ့ သူနဲ့ လွန်ခဲ့တဲ့ ၄ လလောက်က စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လို့ ကွယ်လွန်ခဲ့သူတွေက အောက်တိုဘာ ၁၂ ရက် ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ကို ပစ်ခတ်ပြီး ဘုရားဖူး ၃ ဦးကို ပစ်သတ်တယ်လို့ သတင်းထုတ်ပြန်တာက စစ်တပ်က အတော်ကိုရယ်စရာကောင်းပါတယ်။ ဒီလူတွေ တကယ့်ကို ရူးကုန်ကြတာလား မသိဘူး။ တကယ့်ကို ရွံ့ရှာဖို့ကောင်းတယ်။ စစ်တပ်သတင်းပြန်ကြားရေး က လူတွေက တကယ့်ကို အာဏာအတွက် ရူးကုန်ကြပြီ။ ဟာသတွေပဲဗျ” ဟု ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို စစ်တပ်က ပစ်ခတ်၍ သေဆုံးသည့်ဖြစ်စဉ်ကို သေချာသိရှိထားသော ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် KNU၊ PDF က သတ်ဖြတ်သည်ဟုဆိုကာ ဘာသာရေး ဆက်နွယ်အောင် ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေးကို အင်အား ချိနဲ့ စေရန်၊ ပြည်သူ ထောက်ခံမှု မရှိစေသည့်ပုံစံ၊ ဗုဒ္ဓဘာသာ တိုက်ခိုက်နေရသည့်ပုံစံဖြစ်အောင် မှိုင်းတိုက်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။", "ဓာတ်ပုံ- စစ်တပ်၏ ယနေ့ညနေပိုင်း လိမ်လည်သတင်းထုတ်ပြန်ချက်တွင် သေဆုံးသူများက အကွက်ချ စီမံခဲ့သူများအဖြစ် လိမ်လည်ဖော်ပြထားသည်။"]
https://yktnews.com/2023/12/134413/
ကွာလာလမ်ပူမြို့ EHM ရုံးခန်းတွင် Freedom Tattoo ကမ်ပိန်းပြုလုပ်
["ကွာလာလမ်ပူမြို့ EHM ရုံးခန်းတွင် Freedom Tattoo ကမ်ပိန်းပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပညာရေး နှင့် ကျမ်းမာရေး စောင့်ရှောက်မှု အသင်းကြီး (EHM ) မှ ကြီးမှူး၍ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ဦးဆောင်သည့် Freedom Tattoo ကမ်ပိန်းကို ကွာလာလမ်ပူမြို့ EHM ရုံးခန်းတွင် ပြုလုပ်ကျင်းပခဲ့သည်။", "ကမ်ပိန်းပြုလုပ်သည့် အခန်းအနားကို မလေးရှားရှိ တော်လှန်ရေး အင်အားစုများ ၊ တော်လှန်ရေး အသင်းအဖွဲ့ များနှင့် တိုင်းရင်းသားရုံးများမှ ကိုယ်စားလှယ်အချို့တက်ရောက်ဝန်းရံခဲ့ကြကြောင်း၊ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် တက်တူးပညာရှင်များမှ ကမ်ပိန်းဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြပြီး တက်တူးထိုးခြင်းမှ ရရှိလာသည့် ငွေများကို Freedom Tattoo ကမ်ပိန်းမှ တစ်ဆင့် စစ်ဘေးရှောင်ပြည်သူများနှင့် မြေပြင်လိုအပ်ချက်များအတွက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/91997/
ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall တွင် “ရောင်နီလာရာလမ်း” ဇာတ်ကားပြသ
["ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall တွင် “ရောင်နီလာရာလမ်း” ဇာတ်ကားပြသ", "ရန်ကုန်၊ မတ် ၃၁", "မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Dawkalu Network ကော်သူလေးနှင့် NLD (OC) International Malaysia တို့ ပူးပေါင်း၍ ဒါရိုက်တာကိုပေါက် ရိုက်ကူးသည့် “ရောင်နီလာရာလမ်း” ရုပ်ရှင်ဇာတ်ကားကို မတ်လ ၁၂ ရက်နေ့တွင် ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall ခန်းမတွင်ပြသခဲ့ပြီး မလေးရှားရောက် မြန်မာများ ခန်းမပြည့် အားပေးကြည့်ရှုခဲ့ကြသည်။"]
https://yktnews.com/2023/12/136859/
က၀မြို့နယ်တွင် အသက် ၅၀ အရွယ် ဦးဇော်ဌေးကို PDF နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးညှဉ်းပန်း သတ် ဖြတ်၊ အလောင်းကို မိသားစုထံ ပြန်မပေး
["က၀မြို့နယ်တွင် အသက် ၅၀ အရွယ် ဦးဇော်ဌေးကို PDF နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးညှဉ်းပန်း သတ် ဖြတ်၊ အလောင်းကို မိသားစုထံ ပြန်မပေး", "ရန်ကုန် ဒီဇင်ဘာ ၂၁", "ပဲခူးတိုင်း၊ ကဝမြို့နယ်၊ မုဒုကျေးရွာမှ အသက် ၅၀ အရွယ် ဦးဇော်ဌေးကို PDF နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးညှဉ်းပန်း သတ် ဖြတ်လိုက်ကြောင်း သေဆုံးသူနှင့်နီးစပ်သူများက ပြောဆိုသည်။", "ဧပြီလ၂၇ ရက်နေ့ ကဝမြို့နယ်၊ မုဒုကျေးရွာမှ အသက် ၅၀နှစ်အရွယ်ရှိ ဦးဇော်ဌေးကို စစ်တပ်က PDF နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် စစ်ကြောရေးတွင် လပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းပြီး ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း၊ ယင်းနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဦးဇော်ဌေးသည် စစ်ကြောရေးတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။", "“ကိုဇော်ဌေးကို ဒီနှစ် ဧပြီလကတည်းက စစ်သားတွေက လာဖမ်းတာ။ ဖမ်းသွားကတည်းက မိသားစုနဲ့ အဆက်အသွယ်မရတော့ဘူး။ မိသားစုကလည်း ကိုဇော်ဌေး သေလား ရှင်လားလည်း မသိရဘူး။ ဘယ်ကိုဖမ်းသွားလို့ ဘယ်မှာထားမှန်းလည်း မသိရဘူး။ ဒီဇင်ဘာ ၁၉ရက်နေ့မှာမှ ကိုဇော်ဌေး ပဲခူးဆေးရုံမှာ သေပြီလို့ သူ့မိသားစုကို စစ်သားတွေက လာအကြောင်းကြားတယ်။ မိသားစုဝင်တွေ က အလောင်းပြန်ယူဖို့ ပဲခူးဆေးရုံလိုက်သွားပေမယ့် စစ်သားတွေက အလောင်းပြန်မပေးလို့ မရခဲ့ဘူး။ ရက်လည်သပိတ်ဆွမ်းသွပ်ကိုတော့ ရွာမှာပဲ လုပ်မယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ဦးဇော်ဌေးကို ဖမ်းဆီးခဲ့ရာတွင် ကဝမြို့နယ် ၊ ထွေ/အုပ်ရုံးမှ စာရေးမ ဝါဝါခိုင်က ဦးဇော်ဌေးသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့်အပြင် PDFများနှင့်အဆက်အသွယ်ရှိသူတစ်ဦးဖြစ်သည်ဟု စစ်တပ်ထံသို့ မမှန်မကန် သတင်းပေးခဲ့သဖြင့် စစ်တပ်က ဦးဇော်ဌေးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်ကြောရေးတွင် လပေါင်းများစွာ ထားရှိ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "“ဒီဇင်ဘာ ၁၈ရက်နေ့က ဆေးရုံတင်လာတယ် ညပိုင်းမှာပဲ ဆုံးသွားပါတယ် ဆေးရုံရောက်တော့ သေလုမြောပါးဖြစ်နေပါပြီ။", "တကိုယ်လုံး အညို အမဲစွဲဒဏ်ရာတွေနဲ့ စစ်ကြောရေးမှာ အတော်ပြင်းပြင်းထန်ထန် ရိုက်နှက်ထုထောင်းထားပုံရတယ်။", "အချိန်နှောင်းမှာ ဆေးရုံလာပို့တာပါ”ဟု ပဲခူးဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်က ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် သေဆုံးသွားသည့် ဦးဇော်ဌေးအလောင်းကို မိသားစုဝင်များကို ကြည့်ခွင့်ပေးခဲ့ပြီး အလောင်းကို စစ်တပ်ကပင် သဂြိုလ်ခဲ့ကြောင်း၊ အလောင်းကို ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ ညဉ်းပန်းသတ်ဖြတ်မှုကြောင့် သေဆုံးရသည့် အရပ် သားပြည်သူ ဦးဇာ်ဌေးတွင်ဇနီးနှင့်သားသမီး ၃ယောက် ကျန်ရှိခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်က အရပ်သားပြည်သူတစ်ဦးကို ဖမ်းဆီးပြီး စစ်ကားပေါ်တွင် ညှဉ်းပန်းနှိပ်စက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/06/166782/
က၀မြို့နယ်၊ ညောင်ပင်သာရွာတွင် လူငယ်အမျိုးသားများ တိမ်း ရှောင်ကုန်၍ တပ်သားသစ် စုဆောင်းမရနိုင်တော့သဖြင့် ရွာအုပ်ချုပ်ရေးမှူး ပါ ထွက်ပြေးရ
["က၀မြို့နယ်၊ ညောင်ပင်သာရွာတွင် လူငယ်အမျိုးသားများ တိမ်း ရှောင်ကုန်၍ တပ်သားသစ် စုဆောင်းမရနိုင်တော့သဖြင့် ရွာအုပ်ချုပ်ရေးမှူး ပါ ထွက်ပြေးရ", "ညောင်ဦး၊ ဇီးအိုကျေးရွာတွင် စစ်မှုထမ်းရန် မဲပေါက်ထားသည့် လူငယ် ထွက်ပြေး၍ သိန်း ၁၈၀ စစ်တပ်က လျှော်ကြေးတောင်း", "ရန်ကုန်၊ ဇွန် ၁၀", "ပဲခူးတိုင်း၊ က၀မြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် လူငယ်အမျိုးသားများ ထွက်ပြေးတိမ်းရှောင်ကုန်၍ စစ်တပ်က လိုချင်နေသော တပ်သားသစ်စု ဆောင်းမရနိုင်တော့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးပါ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "အိမ်ခြ ၁၀၀၀ နီးပါးရှိသော ညောင်ပင်သာကျေးရွာတွင် စစ်တပ်က ဧပြီလမှစတင်၍ တပ်သားသစ် စုဆောင်းရန် အတွက် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လူငယ် အမျိုးသား ၇ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသားမှန်သမျှ တိမ်းရှောင်သွားခဲ့ကြောင်း၊ သက်ကြီးပိုင်းအမျိုးသားများသာ ကျေးရွာအတွင်း ကျန်ရစ်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို တပ်သားသစ်များ ဘေးပတ်ဝန်းကျင် ကျေးရွာများမှ မဖြစ်မနေ စုဆောင်းပေးရန်နှင့် ငွေကြေးကောက်ခံ ပေးရန် ဖိအားပေးကြောင်း ၊ ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမှာလည်း စစ်တပ်၏ ဖိအားပေး ခြိမ်းခြောက်မှုကို မခံနိုင်သဖြင့် ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။", "“စစ်တပ်က ပေါ်တာဆွဲတော့ ရွာမှာ လူငယ် ယောင်္ကျားလေးကို မရှိတော့ဘူး။ တပ်ကလည်း တွေ့သမျှ လူငယ် အကုန် ဖမ်းတာ။ အဲဒါ လူငယ် ၇ ယောက်လောက်ပါသွားပြီးပြီ။ ဘယ်ပါသွားလဲ ဘယ်ခေါ်သွားလဲ ဘာမှကို မသိရဘူး။ တပ်သားသစ်တွေ ထပ်စုပေးဖို့နဲ့ အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာမှာ တစ်အိမ်ထောင် ၂၅၀၀၀နဲ့ ငွေကောက်ပေးဖို့ စစ်တပ်က အုပ်ချုပ်ရေးမှူးကို ခိုင်းတယ်။ ကြာတော့ အုပ်ချုပ်ရေးမှူးလည်း မရတာတွေ လုပ်ခိုင်းတော့ ပြေးသွားတာပဲ” ဟု ညောင်ပင်သာကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် အုပ်ချုပ်ရေးမှူး ထွက်ပြေးသွားသဖြင့် စစ်တပ်က ကျေးရွာ ဘုန်းကြီးကျောင်းသို့ လာရောက် တပ်စွဲထားပြီး လူငယ်များ မရှိပါက အသက် ၆၀ နှင့် အထက်များပါ စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း၊ အမျိုးသားမှန်သမျှသည် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြောဆိုလာကြောင်း၊ ထို့ကြောင့် သက်ကြီးပိုင်း အမျိုးသားများပါ ထပ်မံ ထွက်ပြေးရမည့် အခြေအနေဖြစ်နေကြာင်း သိရှိရသည်။", "အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဇီးအိုကျေးရွာတွင် စစ်မှုထမ်းရန် မဲပေါက်ထားသော မောင်ဖိုးကျော် ဆိုသော လူငယ်မှာ စစ်မှုမထမ်းဘဲ ထွက်ပြေးသွားသဖြင့် စစ်တပ်က သိန်း ၁၈၀ လျှော်ကြေးပေးရန် တောင်းခံလာကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။", "စစ်မှုထမ်း အပတ်စဉ် ၂ အတွက် မဲပေါက်ထားသူ လူငယ် မောင်ဖိုးကျော်သည် စစ်မှုထမ်းရန် ဆင့်ခေါ်လာချိန်တွင် ထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် ဇီးအိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညိုက သိန်း ၁၈၀ စစ်တပ်က လျှော်ကြေးတောင်းလာကြောင်း၊ ထို့ကြောင့် ကျေးရွာရှိ ပြည်သူများက စစ်တပ်က တောင်းခံသော သိန်း ၁၈၀ လျှော်ကြေးကို ပေးရန် တာဝန်ရှိသည်ဟုဆိုကာ အတင်းအကျပ် တောင်းခံနေကြောင်း သိရှိရသည်။", "“ရွာမှာက အိမ်ထောင်စု ၂၀၀ ကျော်ရှိတယ်ဆိုပေမယ့် အများစုက မပြေလည်ကြဘူး။ အဲဒါ စစ်မှုထမ်းရမယ့် မောင်ဖိုးကျော် ထွက်ပြေးလို့ဆိုပြီး စစ်တပ်က လျှော်ကြေးတောင်းနေတယ်။ သိန်း ၁၈၀ ပေးရမယ်ဆိုပြီး ဇီးအိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညိုက ပြည်သူတွေဆီက ငွေလိုက်ကောက်ခံနေပါတယ်” ဟု​ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- စစ်ကောင်စီ၏ ပေါ်တာဆွဲ ဖမ်းဆီးမှုများကြောင့် စစ်မှုထမ်းရန် ရောက်ရှိနေသည့် လူငယ်များ။"]
https://yktnews.com/2023/04/95443/
က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် နိုင်ဦး သေဆုံးခဲ့
["က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် နိုင်ဦး သေဆုံးခဲ့", "ရန်ကုန်၊ ဧပြီ ၂", "ပဲခူးတိုင်း၊ က၀မြို့နယ် ၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ မတ်လ ၂၆ ရက် နေ့ တွင် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးခဲ့ပြီး သေဆုံးသူမှ ရဲတပ်ကြပ် နိုင်ဦး ဖြစ်ကြောင်း သိရှိရသည်။", "မတ်လ၂၆ ရက်နေ့ ညပိုင်း က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV သို့သွားရောက် ကြသည့် ရဲများကို တော်လှန်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦး ပွဲ ချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“အုန်းနှဲကျေးရွာမှာက အုပ်ကြီးစန်းမြင့်က KTV ဖွင့်ထားတာ။ အဲဒါ ရဲတွေက KTV ကိုလာရင်း တန် ၁၀၀ ဆန်စက်ဘက်မှာ အပစ်ခံရတယ်။ အုပ် ကြီး ဖွင့် ထား တဲ့ KTV မှာ စစ်ခွေးတွေ ရဲခွေးတွေက လာပြီး ပျော်မြူးနေလေ့ရှိတာ။ အဲဒါ လက် ပစ်ဗုံးနဲ့ပစ်ပြီး ဝင်ပစ်တာ။ အချက် ၂၀ ကျော်တယ်။ ရဲစခန်းမှူး အပါအဝင် ရဲ ခွေးတွေ အချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။ ရဲခွေး တစ်ဦးကတော့ ပွဲချင်းပြီးကို သေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ရဲတပ်ကြပ်နိုင်ဦးသည် အုန်းနှဲကျေးရွာရဲစခန်းတွင် နယ်ထိန်းရဲ ရာထူးတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ၎င်း၏ရက်လည်ကို နေအိမ် ခရမ်းမြို့နယ်တွင် မတ် လ ၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94627/
က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများကို တိုက်ခိုက်မှု ၁ ဦး သေ ဆုံးပြီး ၁ ဦးဒဏ်ရာရရှိ
["က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများကို တိုက်ခိုက်မှု ၁ ဦး သေ ဆုံးပြီး ၁ ဦးဒဏ်ရာရရှိ", "ရန်ကုန်၊ မတ် ၂၈", "ပဲခူးတိုင်း၊ က၀မြို့နယ် ၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ မတ်လ ၂၆ ရက် နေ့ တွင် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ဒေသ ပြည်သူများက ပြောသည်။", "မတ်လ၂၆ ရက်နေ့ ညပိုင်း က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV သို့သွားရောက် ကြသည့် ရဲများကို တော်လှန်ရေးရဲဘော်များက တိုက်ခိုက်ကြောင်း၊ ရဲတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“အုန်းနှဲကျေးရွာမှာက အုပ်ကြီးစန်းမြင့်က KTV ဖွင့်ထားတာ။ အဲဒါ ရဲတွေက KTV ကိုလာရင်း တန် ၁၀၀ ဆန်စက်ဘက်မှာ အပစ်ခံရတယ်။ အုပ် ကြီး ဖွင့် ထား တဲ့ KTV မှာ စစ်ခွေးတွေ ရဲခွေးတွေက လာပြီး ပျော်မြူးနေလေ့ရှိတာ။ အဲဒါ လက် ပစ်ဗုံးနဲ့ပစ်ပြီး ဝင်ပစ်တာ။ အချက် ၂၀ ကျော်တယ်။ ရဲစခန်းမှူး အပါအဝင် ရဲ ခွေးတွေ အချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။ ရဲခွေးတစ်ဦးကတော့ ပွဲချင်းပြီးကို သေတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "လက်ရှိတွင် က၀မြို့နယ်နှင့် သက္ကလမြို့တို့တွင် စစ်တပ်နှင့်ရဲ လုံခြုံရေး တိုးမြှင့် ထားကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/205385/
က​လေးဝမြို့နယ်နှင့် ကံမ မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၃ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်
["က​လေးဝမြို့နယ်နှင့် ကံမ မြို့နယ်တွင် စစ်ကောင်စီ တပ်သား ၃ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "စစ်ကိုင်းတိုင်း၊ က​လေးဝမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက်နက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ကလေး၀မြို့နယ် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် က​လေးဝမြို့နယ် ​တော်လှန်ရေးအဖွဲ့ထံ စစ်ကောင်စီ တပ်သား ၁ ဦး သေနတ် ၁ လက်နက်၊ ကျည်ဘောက် ၁ ခုနှင့် ကျည်ဆံများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ဘယ်တပ်ရင်းကနေပြီး အလင်းဝင်လာတယ်ဆိုတာတော့ မသိရသေးဘူး။ ကျွန်တော်တို့ မြို့နယ် တပ်ရင်းကို ပြန်မေးနေတယ်။ ၂၂ ရက်နေ့လောက်က ဝင်တယ်။ သူ့ မိသားစုဆီ ပြန်ချင်တယ်ဆိုလည်း ကျွန်တော်တို့က ခွင့်ပြုတယ်။ ထောက်ပံ့ရေးအနေနဲ့ ငွေရေးကြေးရေးရော အခု နေရေးထိုင်ရေးရော အားလုံး ကျွန်တော်တို့ စီစဉ်ပေးထားတယ်။ လွတ်မြောက်တဲ့ နေရာရောက်ပြီးတော့မှ ချီးမြှင့်တဲ့ အခမ်းအနား အဲဒီကတပ်ရေးအရာရှိကို ကျွန်တော် မေးပြီးမှ ကျွန်တော် အကြောင်းပြန်ပေးလို့ရမှာပါ”ဟု ကလေး၀မြို့နယ် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။", "ထိုအလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်သားကို မြို့နယ်တော်လှန်​ရေးအဖွဲ့များ ကိုယ်စား က​လေးခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊အမှတ် ၉ တပ်ရင်း တပ်​ရေးအရာရှိမှ ​ထောက်ပံ့​ငွေ ကျပ်သိန်း ၅၀ ​ပေးအပ်ချီးမြှင့်ထားကြောင်းသိရှိရသည်။", "အလားတူ မကွေးတိုင်း၊ ကံမမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးနှင့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး လက်နက်မပါဘဲ အလင်းဝင်ရောက် ခဲ့ကြောင်း ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ဝေလင်းနှင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကံမမြို့နယ် မြို့မရဲစခန်း မှ ရဲတပ်သား ထွန်းအောင်တို့သည် အလင်းဝင်ရန် ချိတ်ဆက်လာသောကြောင့် ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။", "အဆိုပါ အလင်းဝင်လာသူ ၂ ဦးကို ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆက်လက် စောင့်ရှောက်ထားပြီး လုံခြုံသောနေရာတစ်ခုတွင် ထားရှိထားကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/117378/
ခင်ဦးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ခင်ဦးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ရေစကြိုတွင် စစ်တပ် ကင်းပုန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးရန်ကုန်၊ သြဂုတ် ၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Khin U Special Force Organization မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် အင်းပတ်ကျေးရွာ မြောက်ဘက် ခင်ဦး-မုံရွာ ရထားသံလမ်းဘူတာမှ လက်နက်ကြီး ၄၀ မမ၊ ၆၀ မမ များနှင့် လက်နက်ငယ်များ ပစ်ခတ်ကာ အင်းပတ်ကျေးရွာ အတွင်းဝင်ရောက်ရန် ကြိုးစားနေသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Khin U Special Force Organization KSO တပ်ဖွဲ့ နှင့် မြို့နယ် ပကဖ တပ်ခွဲတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရ စစ်သားများကို ရေဦးမြို့မှ Super Custom ကားနှင့် ပြည်သူပိုင် ကား ၁ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။", "မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရေဦးတိုင်းရင်းဆေးရုံ အထိုင်ရှိ အကြမ်းဖက် စစ်သားများက ၁၂၀ မမ ၄ လုံးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာ အရှေ့တောင် မရမ်းအင်းရွာမှ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ အောင်မိုးလမ်းခွဲအနီးရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ ထံမှ သိရသည်။", "သြဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၅၆ မှ ထွက်လာသည့် စစ်သားများသည် အောင်မိုးလမ်းခွဲ အနီး ကင်းပုန်းဝပ်ရန် ရောက်ရှိလာစဥ် ရေစကြိုမြို့နယ် ပကဖ အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114437/
ခင်ဦး ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရ၊ မိုင်းမောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးဒဏ်ရာရ
["ခင်ဦး ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရ၊ မိုင်းမောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၂၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mandalay People Rescue ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တပ်ဆွဲထားသော ခင်ဦးဆေးရုံကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Mandalay People Rescue(MPR)နှင့် Armed Revolutionary Force K.U (ARF ခင်ဦး) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် အောင်ဂျာရွာကို ဦးတည်ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မိုးမောက်မြို့နယ် ၊အောင်ဂျာရွာကို ဦးတည် ထွက်ခွာလာသော ခလရ-၂၃၆ မှ ဒုတပ်ရင်းမှူးဦးစီးသော ခမရ-၁ဝ၃ မှ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/129755/
ခင်ဦး- ရေဦး လမ်းပိုင်းရှိ မူးတိမ်ချောင်း အနီး တပ်စွဲထားသော စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ မကျီးတုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်
["ခင်ဦး- ရေဦး လမ်းပိုင်းရှိ မူးတိမ်ချောင်း အနီး တပ်စွဲထားသော စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ မကျီးတုံ ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၅", "စစ်ကိုင်းတိုင်း၊ ခင်ဦး- ရေဦး လမ်းပိုင်းရှိ မူးတိမ်ချောင်း အနီး တပ်စွဲထားသော အကြမ်းဖက် စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၄ ရက်နေ့ ည ၇ နာရီခန့်တွင် ခင်ဦး-ရေဦး လမ်းပိုင်းရှိ သာဂရရွာနှင့် မြင်းဒေါင်းရွာ အကြား မူးတိမ်ချောင်း ဝန်းကျင်၌ တပ်စွဲထားသည့် စစ်သားများသည် တပ်စခန်းကို စွန့်ခွာ ထွက်ပြေးသွားပြီး ရေဦး ခရိုင်ရုံးရှိ စစ်သားများနှင့် သွားရောက် ပူးပေါင်း​တပ်စွဲနေကြောင်း သိရသည်။", "အဆိုပါ စစ်တပ် အထိုင် စခန်းကို တော်လှန်ရေးရဲဘော်များက နယ်မြေ ရှင်းလင်းရာတွင် ၆၀ မမ ၁ လုံး၊ စစ်ယူနီဖောင်း အင်္ကျီ ၁ ထည်၊ ဘောင်းဘီ၊ ဖိနပ်နှင့် မိုးကာအင်္ကျီများ သိမ်းဆည်းရရှိပြီး ဘန်ကာ ၁၅ လုံးနှင့် လူနေ အဆောင် ၈ လုံးတို့ကို ရှင်းလင်းခဲ့ကြောင်းတော်လှန်ရေးရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ရဲစခန်း၊ ဆေးရုံနှင့် မင်းသိုက်တိုက် ၃ နေရာတို့၌ တပ်ဆွဲထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်သားများသည် ခင်ဦးမြို့နယ် အတွင်းရှိ မကျီးတုံရွာ၊ မဒေါင်းလှရွာ၊ ပျဥ်ထောင်ရွာ၊ ရွာသစ်ကုန်းရွာနှင့် မူးတိမ်ချောင်းရွာ စသည့် နေရာ ၅ ခု၌ ပျူစောထီးများဖြင့် အထိုင်ချ တပ်စွဲထားခြင်း ဖြစ်ကြောင်းသိရသည်။", "အောက်တိုဘာ ၃၀ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများများထဲမှ မကျီးတုံ ပျူစောထီးရွာကို တော်လှန်ရေးရဲဘော်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မကျီးတုံရွာကို ရွှေဘိုခရိုင် တပ်ရင်း ၃ ၊ မြို့နယ် ပကဖ ၊ ပလဖတို့မှ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး BA 64 ၁ လက်၊ ကာဘိုင် ၄ လက်၊ ဂျောက်ဂျက်တွဲဘော ၂ လက်အပြင် အခြားပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ ဘန်ကာများ၊ ကင်းတဲများကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောဆိုသည်။"]
https://yktnews.com/2023/04/99955/
ခင်ဦးကို စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရေဦးကို ဆုတ်ခွာ
["ခင်ဦးကို စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရေဦးကို ဆုတ်ခွာ", "ရန်ကုန်၊ ဧပြီ ၂၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာရှိ နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရေဦးကို ဆုတ်ခွာသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းခဲ့ကြောင်း၊ ဧပြီလ ၂၅ ရက်နေ့တွင် တပင်ကောင်းတောင်ရွာရှိ ပြည်သူပိုင် နေအိမ် ၂၅ လုံး၊ ကံကြီးကုန်းကျေးရွာမှ နေအိမ် ၁ လုံးနှင့် ဧပြီလဟ၂၆ ရက်၊ ၂၇ ရက်နေ့တို့တွင် မြို့သစ်ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ် ၄၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်​​ကြောင်းသည် မြကန်ကျေးရွာအနီးရှိ တောင်ယာလုပ်ကိုင်နေသည့် ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရေဦးဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။", "” ခင်ဦးမြို့နယ်ကို စစ်ကြောင်းထိုးပြီး ရွာ ၃ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့သွားတဲ့ စစ်ခွေးတွေက ရေဦးဘက်ကို ပြန်ဆုတ်သွားပြီ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "သို့သော် ခင်ဦး-ကန့်ဘလူ မြို့နယ်အစပ်ရှိ တင်ငုတ်ကြီး၊ တရောကိုင်း၊ အလယ်ရှို၊ ယောက်သွားအိုင်၊ ရေရှင် ရွာဘက်များတွင် စစ်ကြောင်း ၁ ကြောင်းနှင့် ကန့်ဘလူမြို့နယ်ရှိ မဟာမြိုင်ဆရာတော်ဘုရားကြီးကျောင်းအရှေ့ဘက် ကဘွက်အုံရွာနှင့် မယ်စပ်တော အကြား ကျောက်အိုးတွင်လည်း စစ်ကြောင်း ၁ ကြောင်းရှိကာ ယင်း စစ်ကြောင်း ၂ ကြောင်းသည် လက်ရှိချိန်ထိ ပြန်လည် ဆုတ်ခွာခြင်းမရှိဘဲ လှည့်လည် စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/07/114468/
ခင်ဦးဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းကို ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်
["ခင်ဦးဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းကို ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၂၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံ၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း Mandalay People Rescue(MPR) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၂၂ ရက် နံနက် ၉ နာရီခန့်က ခင်ဦးဆေးရုံ၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ပျူစောထီးများကို ရက်ဆက်တိုက် စောင့်ဆိုင်းပြီး အခွင့်အရေးရသည်နှင့်တပြိုင်နက် လက်နက်ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို Mandalay People Rescue(MPR) နှင့် Zrmed Revolutionary Force K.U(ARF ခင်ဦး)အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ငယ်များ၊ စက် လက်များဖြင့် ပြန်လည် ပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TGR Woman Drone Force ထံမှ သိရသည်။", "ယမန်နေ့ဇူလိုင်လ ၂၂ ရက်နေ့လည် ၁၁ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းထား သည့် ကျောက်ရစ်အထိုင်စခန်းအား ၇၉ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ထို့သို့ ပစ်ခတ်ပြီးနောက် ကင်းပုန်းဝပ်နေ သော အကြမ်းဖက်စစ်သားများနှင့် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ် တိုက်ခိုက် ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားထိခိုက် သေဆုံး မှုမသိရသေးကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို T.G.R People Defense Force ၊ T.G.R Women Drone Force စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၆ တပ်ခွဲ ၃၊ အညာမြေ (ကျောက်ပန်းတောင်း)၊ မြောင်မြို့ နယ် ပကဖ အင်အားစု နှင့်အခြားဒေသ မဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/01/83109/
ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့် သေဆုံ
["ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု ၅ ဦးသေဆုံး၊ ဒီပဲယင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့် သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ခင်ဦး KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အင်းပတ်ကွေ့ဈေးတန်းရှိ အကြမ်းဖက် စစ်တပ် အထိုင်ချစခန်းနှင့် ရွာသစ်ကုန်း ပျူစောထီး များကို လက်လုပ် ၂ ဆင့်ကွဲ ၁၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများသည် ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် ဘက်သို့ အကူးအသန်းပြုလုပ်ပြီး တပ်ကူလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။", "” ညနေ ၄ နာရီခွဲမှာ ရေဦးမြို့ ဆေးရုံကို အလောင်း ၅ လောင်း မူးမြစ် အရှေ့ဘက်က သယ်လာတယ်လို့ သိရပါတယ်” ဟု KhinU Special force Organization KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ယင်းတိုက်ခိုက်မှုကို KhinU Special force Organization KSO တပ်ဖွဲ့၊ KDK၊ Local Brothers၊ Wolf Guerrilla (Ye-U)၊FAF၊ PDA နှင့် တပ်ရင်း၂၀ခွဲ-၃တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ကျေးရွာအနီးတွင် ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း Khin U Local Guerilla Force(KUGF) ထံမှ သိရသည်။", "ဒီပဲယင်းမြို့နယ်၊ ချောင်းပေါက်ရွာမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို Khin U Local Guerilla Force (KUGF)၊ ရွှေဘိုခရိုင် တပ်ရင်း ၉ ၊ တပ်ရင်း ၂၁ ၊ Red Dragon Defence of Force ၊ ၅/ မဟူရာကျွဲရိုင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ် သား ၁၀ ဦးခန်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။", "အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။"]
https://yktnews.com/2023/05/102583/
ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ ထားဝယ်မြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး
["ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ ထားဝယ်မြို့နယ်တွင် စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း Khin U Special force Organization_KSO အဖွဲ့ထံမှ သိရသည်။", "ယနေ့နံနက် ၆ နာရီ ၃၀ မိနစ် ခန့်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ရွာသစ်ကုန်း ပျူစောထီး အဖွဲ့ဝင်များ ပူးပေါင်းကာ ချမ်းသာကုန်း (ခ) အောင်ချမ်းသာ ကျေးရွာ အတွင်း လက်နက်ကြီး လက်နက်ငယ် ရမ်းသမ်း ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို မတရားခိုးယူ သယ်ဆောင်ပြီး နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ၎င်းတို့ အထိုင်ချစခန်းသို့ ပြန်လာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Khin U Special force Organization_KSO အဖွဲ့၊ မြို့နယ်ပကဖ နှင့် ဒေသခံ Local များ ပူးပေါင်းကာ ပွိုင့် ၁၄ နေရာမှ မိုင်း ၁၄ တွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား နှင့် ပျူစောထီး ၁၂ ဦးပွဲချင်းပြီး သေဆုံးကာ ၎င်းတို့ထံမှ G-3 ကျည်ဘောက် ၁ ခုနှင့် 7.62 ကျည် ၁၅ တောင့် သိမ်းဆည်း ရမိ​ခဲ့​ကြောင်း သိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီရွာ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – T 1 ထံမှ သိရသည်။", "မေ လ ၁၀ ရက်​နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် တပ်စွဲထား​သော အကြမ်းဖက် စစ်သားများသည် ကားလမ်းမပေါ်တက်၍ ခရီးသွား ပြည်သူများထံမှ အတင်း အဓမ္မ ငွေကြေးတောင်းခံခြင်း၊ ကိုယ်ထိလက်‌ရောက်စော်ကားခြင်းများပြုလုပ်နေ​ချိန် ကာကွယ်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကာကွယ်​ရေး တပ်မ​တော် ထားဝယ်ခရိုင် တပ်ရင်း ၁ မှ တပ်ခွဲ ၂ စစ်ကြောင်းနှင့် DGRF ၊ ဧဒင်မှူး၊ Aline Force အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင်၊ တပ်ရင်း ၁ အနေဖြင့် မဟာမိတ် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ်တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/111982/
ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦး ဒဏ်ရာရ
["ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင်လည်း စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၀ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Khin U Specialforce Organization-KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၈ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အင်းပတ်ကျေးရွာနှင့် ချမ်းသာကုန်းကျေးရွာကို ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပဒေသာမိုင်း ၂ လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် ရွာသစ်ကုန်းပျူစောထီးရွာနှင့် အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော စစ်သားများ ပါဝင်ပြီး အင်အား ၂၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။", "“စစ်ခွေး ၂၀ ကျော်ပါ စစ်ကြောင်းကို ပဒေသာမိုင်း ၂ လုံးတွဲနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ မျက်မြင် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ခွေး ၄ ကောင်သေပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားတယ်” ဟု Khin U Specialforce Organization-KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတစ်နေရာ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း Shwe Bo Defense Force- SBDF တပ်ဖွဲ့ထံမှ သိရသည်။", "ဇူလိုင်လ ၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ကျောက်မြောင်းမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်သား ၃၀ ခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းကွင်းအတွင်းသို့ ရောက်ရှိလာသဖြင့် ပွိုင့် ၃ ပွိုင့်မှ ပတ်ပတ်လည် မိုင်း ၁၀ ပေါက်ကွဲခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး လဲကျသွားပြီး သေဆုံးခြင်းရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို Shwe Bo Defense Force- SBDF စခန်း ၄ နှင့် Ranger Army ပျောက် ကြားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မိုင်းကွဲပြီး ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများကို ရွှေဘိုဘက်မှ လာသော မှန်လုံကားဖြင့် တင်ကာ ကျောက်မြောင်းဘက်သို့ သယ်ဆောင် သွားကြောင်း သိရသည်။"]
https://yktnews.com/2023/04/98270/
ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
["ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း L.G.R.F အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၁၈ ရက်နေ့တွင် ရေဦးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် မြင်းဒေါင်းရေသန့်စက်၊ ရွာသစ်ကုန်းမှ စစ်သားများကို L.G.R.F အဖွဲ့မှ မြင်းဒေါင်းကျေးရွာနှင့် မကျီးအုပ်ကျေးရွာ အကြားတွင် ၃ ကြိမ် မိုင်းဆွဲခဲ့ကြောင်း၊ သရက်ပင်စု ကျေးရွာအနီး တမာတန်းတွင် ၂ ကြိမ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” မိုင်းဆွဲတာက ပျူစောထီးရွာတွေ နားထိသွားပြီး စစ်ခွေးစစ်ကြောင်းတွေ ကို တိုက်ခိုက်ရတာ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်။ စစ်ခွေးတွေကတော့ ၆ ကောင်သေတယ်။ ၁၆ ကောင် ဒဏ်ရာရတယ်” ဟု L.G.R.F အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်၌ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အင်အား ၁၂၀ ခန့်ဖြင့် မကျီးအုပ်ကျေးရွာသို့ မြင်းဒေါင်းမကျီးအုပ် မူးဘောင်မှ စစ်ကြောင်း တစ်ကြောင်း၊ မြင်းဒေါင်း မကျီးအုပ် ရေဆိုးမြောင်းမှ စစ်ကြောင်း တစ်ကြောင်းနှင့် မြင်းဒေါင်း ဆေးပေါင်းတိုက်မှ စစ်ကြောင်း တစ်ကြောင်းဖြန့်ကာ ချီတက်ခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf အဖွဲ့ထံမှ သိရသည်။", "ယင်းစစ်ကြောင်း ၃ ကြောင်းသည် မကျီးအုပ်ကျေးရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်၊ စက်ကလေးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးလာစဥ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းပဒေသာ ၄ လုံးတွဲ၊ မိုင်း ၁၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး PLA ရဲဘော်များနှင့်အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကာ စစ်သားအများ အပြား ထိခိုက်မှုရှိသော်လည်း သေဆုံးမှုစာရင်းကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA ရဲဘော်များ၊ ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf ၊ TIGER – Local People Defence Force Khin U၊ ဒေါင်းနီ LDF၊ ဒို့ညီနောင် LDF အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Kurdaf က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/96913/
ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
["ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း KhinU Specialforce Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၁ ရက်နေ့ နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် ရေဦးမြို့၊ အောင်ဆန်း အ.မ.က ကျောင်းမှ အကြမ်းဖက် စစ်သား ၆၀ ကျော်သည် မူးမြစ် ကူးတံတား အရှေ့ဘက်ရှိ ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့၌ အထိုင်ချထားသော စစ်သား၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး အင်းပတ်ကွေ့ ဈေးတန်းတောင်ဘက် သို့ ခြေလျင်စစ်ကြောင်း ထိုးလာစဥ် KSO တပ်ဖွဲ့ မှ ပဒေသာမိုင်း ၂ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တိုက်မိုင်းများပါ အသုံးပြု တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပဒေသာ ၂ တွဲနဲ့ ဖောက်ခွဲတိုက်ခိုက်တာ စစ်ခွေး ၇ ကောင်သေတယ်။ ကျန်ရှိ စစ်ခွေးတွေက ဘေးနားဝန်းကျင် ချုံတွေကို ဝင်ပုန်းတုန်း တိုက်မိုင်းတွေနဲ့ပါ ဖောက်ခွဲ တိုက်ခိုက်လို့ စစ်ခွေးတွေ ထပ်မံဆုံးတာတွေ ရှိနိင်တယ်။ သေဆုံးစစ်သား အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ သူတွေကို Custom ကား ၁ စီးနဲ့ ရေးဦးမြို့ကို လာသယ် သွားတယ်လို့ သိရတယ်” ဟု KhinU Specialforce Organization KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ရေဦးမြို့နယ် တိုင်းရင်းဆေးရုံ၌ တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အင်းပတ်ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံး ပျက်စီးခဲ့ပြီး အသက် ၁၂ နှစ်ရွယ် ကလေးငယ် အပါအဝင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းသည် အင်းပတ်ကျေးရွာ အတွင်း နှင့် ကျေးရွာ စာသင်ကျောင်းများကို ဝင်ရောက်ရှာဖွေမွှေနှောက်သွားခဲ့ပြီး နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ရေဦးမြို့နှင့် အင်းပတ်ကွေ့ အထိုင်ချစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း KhinU Specialforce Organization_KSO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/05/104534/
ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံးပြီး စစ်သား အလောင်းများကို မီးရှို့ဖျောက်ဖျက်
["ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံးပြီး စစ်သား အလောင်းများကို မီးရှို့ဖျောက်ဖျက်", "ရန်ကုန်၊ မေ ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၅ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်​ စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ သေဆုံးသွားသော စစ်သား အလောင်းများကို မြေနီလျှို ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးထဲထည့်ကာ မီးရှို့ အလောင်း ဖျောက်ဖျက်သွားပြီး နေအိမ် ၁ လုံးနှင့် ကောက်ရိုးပုံတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "” သေဆုံးသွားတဲ့ စစ်ခွေး အလောင်းတွေကို မြေနီလျှိုကျေးရွာမှာရှိတဲ့ နေအိမ်တစ်လုံးထဲ ထည့်ပြီး မီးရှို့သွားတယ်။ ပြည်သူပိုင် နေအိမ် ၁ လုံးနဲ့ ကောက်ရိုးပုံ တို့ မီးလောင်ပြာကျသွားတယ်။ ရွှေဘို-မြစ်ကြီးနား လမ်းဘေးမှာ မိုင်းထိပီး သေကြတာ မီးရှို့တာက အလောင်းတွေထည့်ရှို့သွားတာပါ အရိုးစုတွေတွေ့ပါတယ် မိုင်းကွဲတဲ့နေရာမှာသွေးတွေတွေ့ပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/03/92802/
ခင်ဦးတွင် စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးနေရ
["ခင်ဦးတွင် စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၉၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ မတ် ၁၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ် ကြောင်း ထိုးဝင်ရောက်နေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ပြည်သူ ၉၀၀၀ ကျော်ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်အချိန် ခင်ဦးမြို့နယ် အနောက်ခြမ်း၊ အင်းပတ်ကွေ့ ဈေးတန်းတွင် အထိုင်ချထားသော စစ်ကြောင်းနှင့် ရွာသစ်ကုန်းကျေးရွာမှ ပျူစောထီးများပူးပေါင်း အင် အား ၅၀ ကျော်က အောင်ချမ်းသာ(ခ) ချမ်းသာ ကုန်းကျေးရွာအနောက်ဘက် တောလမ်းမှတ ဆင့် ညောင်ပင်ကြီး၊ ဆည်ကြီးဘက်သို့ စစ် ကြောင်း ထိုးဝင် ရောက်ခဲ့ရာ တစ်မိုင်လည်အနီးကျေးရွာ ၈ ရွာမှ ပြည်သူ ၉၀၀၀ ကျော်မှာ ထွက် ပြေးတိမ်းရှောင်နေ ရကြောင်း သိရသည်။", "“လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီးဝင်လာတာ၊ ထိခိုက်ဒဏ်ရာရတာတွေတော့ မသိရသေးဘူး၊ ရွာတွေက ကပ်နေတာ၊ တစ်ရွာနဲ့တစ်ရွာက တစ်မိုင်ပတ်ချာလည်မှာ ပဲရှိတာ၊ ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ် ရေးကြေညာပြီး ဖေဖော်ဝါရီလ နောက်ပိုင်း ရွာသစ်ကုန်းရွာကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်လို့ အင်းပတ်ရွာက အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦးလက်နက်ကြီးထိမှန်ဒဏ်ရာရသေးတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ကြောင်းက ရိက္ခာလိုအပ်လာသည့်အခါအတိုင်း အနီးအနားကျေးရွာ များကို ယခုကဲ့သို့ စစ်ကြောင်းထိုးကာ နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ ကျွဲ၊ နွား၊ ဝက်များကို ဖမ်းဆီးယူဆောင်ခြင်းတို့ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/03/91005/
ခင်ဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျ
["ခင်ဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျ", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသော စစ်တပ်က မုံလှရွာမှ စစ်ဘေးရှောင်များ နေထိုင်သည့် တောတောင် များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အသက် ၈ နှစ်အရွယ် ခရစ်ယာန်ဘာသာဝင် ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်ပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။", "ထို့အတူ စစ်တပ်စစ်ကြောင်းက ဂလုံရွာကိုလည်း လက်နက် ကြီးများဖြင့် ပစ် ခတ် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေရာ နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲ ရွာတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည် သူပိုင် နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "မတ်လ ၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အောက်တဲရွာကို စစ်တပ်က အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ချပ်သင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်များနှင့် ပျူစောထီးများက စီးနင်းခဲ့ပြီး နေအိမ် ၇ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "ထို့အတူ ပင့်သာ (တည်ပင်) ရွာကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူပိုင် နေအိမ် ၅၁ လုံးနှင့် လယ်ယာသုံးပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။", "” ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ လက်ရှိအချိန် အထိတော့ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေက ကိုးတောင်ဘို့၊ ချပ်သင်းနှင့် ပင့်သာတိုက် နယ်တွေကို ဆက်လက် စစ်ကြောင်းထိုး နေတယ်။ ပြည်သူ ၃၀၀၀၀ ကျော် လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/02/87969/
ခင်ဦးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် သောက်သုံးရေပါ ပြတ်လပ်နေ
["ခင်ဦးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် သောက်သုံးရေပါ ပြတ်လပ်နေ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် စားနိပ်ရိက္ခာနှင့် သောက်သုံးရေပါ ပြတ်လပ်လျက်ရှိကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစုနှင့် မှန်သာကျေးရွာတို့ကို အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း၊ ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။", "လက်ရှိချိန်တွင် အဆိုပါ ကျေးရွာ ၄ ရွာမှ ပြည်သူ ၃၀၀၀ ကျော်သည် စားနပ် ရိက္ခာနှင့် သောက်သုံးရေးပါ ပြတ်လပ်လျက်ရှိပြီး အဝတ်အစားများပါ လိုအပ်လျက်ရှိ​ကြောင်း သိရှိရသည်။", "” ဗျိုင်းကြိုင်၊ ရုံးစု၊ ညောင်ပင်ကြီးစုနဲ့ မှန်သာကျေးရွာက ပြည်သူ ၃၀၀၀ ကျော် နေထိုင်စရာ စားသောက်စရာ ဝတ်စရာ မရှိတော့ဘဲ ဒုက္ခရောက်နေကြပါတယ်။ စားဝတ်နေရေးအပြင် သောက်သုံးရေပါ အခက်တွေ့နေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။", "စစ်တပ် အာဏာသိမ်းချိန်မှ စ၍ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆၃ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၃၆၀၀ ကျော် ပြာကျခဲ့ရာ ပြည်သူ ၂၀၀၀၀ ဝန်းကျင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းမြို့နယ်တွင် ဇန်နဝါရီလအတွင်း ထွက်ပြေး တိမ်းရှောင်နေရ သည့် စစ်ဘေးရှောင် ပြည်သူများ။"]
https://yktnews.com/2023/03/92840/
ခင်ဦးတွင် စစ်တပ် ရှေ့ပြေးကင်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ခင်ဦးတွင် စစ်တပ် ရှေ့ပြေးကင်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ချမ်းသာကုန်းကျေးရွာထိပ်တွင် အကြမ်းဖက် စစ်တပ် ရှေ့ပြေးကင်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၁၇ ရက်နေ့တွင် နံနက် ၇ နာရီခန့်တွင် အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချထားသော စစ်သားများနှင့် ရွာသစ်ကုန်း ပျူစောထီး ၄၀ ခန့်သည် ညောင်ပင်ခြံကျေးရွာ နှင့် ဆည်ကြီးကျေးရွာတို့ကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်ခဲ့​ပြီး ပြည်သူပိုင် ပစ္စည်း များကို ခိုးယူဆောင်ခဲ့ကြောင်း သိရသည်။", "နံနက် ၉ နာရီ ၄ မိနစ်ခန့်တွင် ယင်းစစ်ကြောင်း၏ ရှေ့ပြေးကင်း အဖွဲ့သည် DY-1 မူးဘောင် အရှေ့ဘက်နှင့် အနောက်ဘက် မီတာ-၂၀၀ အကွာ ချမ်းသာကုန်းကျေးရွာ ထိပ်ကို ရောက်ရှိလာစဥ် KSOတပ်ဖွဲ့၊ မြို့နယ်ပကဖ၊ မြို့နယ်တပ်ရင်းနှင့် အခြားသော မဟာမိတ် LDF များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "” စစ်ခွေး စစ်ကြောင်းက ရှေ့ပြေးကင်းတက်လာတဲ့ စစ်ခွေး ၄ကောင်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့တယ်။ စစ်ခွေး ၂ ကောင် ပွဲချင်းပြီး သေဆုံးတယ်။ နောက်မှာ ကျန်ခဲ့တဲ့ စစ်ခွေးတွေက ၄၀ မမ များ၊ လက်နက်ငယ်တွေ ရမ်းပစ်တာတွေရှိတယ်။ နောက်ပြီး ရေဦးမြို့ တိုင်းရင်းဆေးရုံက စစ်ခွေးတွေက ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူတာတွေရှိပေမယ့် ကျွန်တော်တို့ရဲဘော်တွေ အထိအခိုက်လုံးဝမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု KhinU Specialforce Organization_KSO အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက် စစ်တပ်က ညောင်ပင်ခြံနှင့် ဆည်ကြီးကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက် ခိုးယူသွားကြောင်း၊ ချမ်းသာကုန်းကျေးရွာမှ တောတဲ ၁ လုံးနှင့် ကောက်ရိုးပုံ ၃ ပုံကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ စစ်သားများ ကျေးရွာအတွင်း ပစ်ခတ်ခဲ့သော ၄၀ မမ အခွံ ၈ ခုနှင့် မပေါက်ကွဲသေးသော ၄၀ မမ ၁ လုံး နှင့် ၆၀ မမ ပို့ယမ်းအိတ်ငယ်-၃ ခု နှင့် ကျည်ခွံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/102926/
ခင်ဦးတွင် စစ်တပ်က ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်​ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ မုန်တိုင်းပြီးသည့်တိုင် ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် အကူအညီများလိုအပ်
["ခင်ဦးတွင် စစ်တပ်က ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်​ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ မုန်တိုင်းပြီးသည့်တိုင် ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် အကူအညီများလိုအပ်", "ရန်ကုန်၊ မေ ၁၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ မုန်တိုင်းပြီးသည့်တိုင် ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ် အကူအညီများလိုအပ်လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ခင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အနောက်ဘက်ရှိ ကျေးရွာများဖြစ်သည့် ကဘွက်ကျေးရွာ၊ ကုတ္တက်ကျေးရွာ၊ ရုံးပင်ကျေးရွာ၊ သင်ပေါင်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ တောင်ဘို့ရေ ကျေးရွာများကို အကြမ်းဖက်စစ်တပ်မှ မေလ ၇ ရက်နေ့မှ မေလ ၁၂ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင် နေရကြောင်းသိရသည်။", "မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ ကဘွတ်ကျေးရွာတွင် ၁၅၀ အိမ်၊ ကုတ္တက်ကျေးရွာတွင် ၃၀အိမ်၊ ရုံးပင် ကျေးရွာတွင် ၂၄အိမ်၊ သင်ပေါင်းကျေးရွာတွင် ၁၂အိမ် ၊ သရက်ကုန်း ကျေးရွာတွင် ၁၂အိမ် ၊ တောင်ဘို့ရေကျေးရွာတွင် ၂အိမ် တို့ ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဒေသပြည်သူများမှာ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရစဉ် မုန်တိုင်းနှင့် ကြုံရခြင်းဖြစ်ပြီး နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေဆဲဖြစ်ကြောင်း၊ နေစရာလည်း အခက်တွေ့နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးထံမှ သိရှိရသည်။", "“ဒေသခံ ၂၀၀၀ ကျော်တော့ နေရပ်မပြန်ရသေးပါဘူး။ အိမ်တွေ မီးရှို့ခံရတော့ နေစရာမရှိတော့လို့ရယ် မုန်တိုင်းငြိမ်တဲ့အထိ စောင့်နေရလို့ပါ။ အစစအရာရာ အဆင်မပြေသေးပါဘူး” ဟု ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ခင်ဦးမြို့နယ်အတွင်းတွင် မုန်တိုင်းကြောင့် မေလ ၁၄ ရက်နေ့တွင် မိုးသက်လေပြင်းများကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ဂျပို့ ၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ ရှင်မင်းတွေ ၊ သရက်ကုန်း၊ ကင်းပြစ် ၊တဲစု၊ မြစ်တော်၊ မုံလှ၊ သာဝတ္ထိ၊ ကျွန်းတောကြီး၊ ဥယျဥ်၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ အင်းပတ်၊ ချမ်းသာကုန်း ၊ညောင်ပင်ခြံ ၊ဆည်ကြီး၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ အောင်သာ၊ အင်းပေါက်၊ သဲကုန်းကြီး၊ ကျီးအိုင် ၊မုံတော၊ ဒါန်းကုန်း၊ မှန်သာ၊ ကျွန်းစွယ်၊ ကျွန်းလည်၊ သိမ်တော်၊ မှန်သာလေး၊ ညောင်ပင်ကြီးစု၊ ရုံးစု၊ မူးသာ၊ ရွာသစ်၊ သက်ပေး၊ တာတိုင်၊ လက်ပံကွက်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ သာဂရ၊ မြို့သစ် စသည့် ကျေးရွာများမှ ပဲ နှမ်း ငရုတ် စိုက်ခင်းများအပြင် ဂန္ဓမာပန်း စိုက်ခင်းများလည်း ပျက်စီးခဲ့ပြီး စိုက်ဧက ၁၀၀၀၀ ကျော် ‌ရေနစ်ပျက်စီးခဲ့ရကြောင်း သိရသည်။"]
https://yktnews.com/2023/06/106842/
ခင်ဦးတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ မိုးဦးရာသီကာလ ကျေးရွာ ၄ ခုမှ ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးနေရ
["ခင်ဦးတွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ မိုးဦးရာသီကာလ ကျေးရွာ ၄ ခုမှ ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ ဇွန် ၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ မိုးဦးရာသီကာလ ကျေးရွာ ၄ ခုမှ ပြည်သူ ၂၅၀၀ ကျော် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၈ ရက်နေ့မှ ရေဦးမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်းက ခင်ဦးသံဘိုရွာကို စစ်ကြောင်းထိုးလာတာကြောင့် အနီးအနား ပတ်ဝန်းကျင် ကျေးရွာ ၄ ခုမှ ဒေသခံ၂၅၀၀ကျော် စစ်ဘေးရှောင်နေရကြောင်း၊ အဆိုပါ စစ်ကြောင်းက ညအချိန်နှင့် နံနက်အစောပိုင်းအချိန်တွင် ကျေးရွာများအတွင်းသို့ ဝင်ရောက် ပစ်ခတ်နေကြောင်း သိရှိရသည်။", "“မိုးကလည်း ရွာနေတာ နေ့တိုင်းဖြစ်နေတယ်။ စစ်ကြောင်းကလည်း ရွာတွေမှာ လူစုံတဲ့ညအချိန်မှာပဲ ၀င်ရောက်ပစ်ခတ်တာမို့ အခုလိုစစ်ကြောင်းရှောင်နေရတယ်။ မရှောင်လို့လည်းမရဘူး။ စစ်တပ်က ရွာထဲတွေ့တဲ့သူအကုန်လုံးကို ဖမ်းဆီးရိုက်နှက်ကြတယ်။ အထူးသဖြင့် ယောင်္ကျားလေးတွေဆိုရင် ရိုက်တာက သေအောင်ကို ရိုက်တာ။ သေအောက်ကိုရိုက်တာဆိုတော့ မပြေးချင်လည်း ပြေးရတယ်။ စစ်တပ်က ခင်ဦးအရှေ့တောင်ခြမ်းဘက်နေ သံဘိုရွာတောင်ဘက် ရွှေမိုးညိုဘုရားနားကို ပထမစစ်ကြောင်းထိုးတယ်။အဲဒီကနေ G1 ဘုရားကနေ တဆင့်လက်နက် ကြီးတွေနဲ့ ရေအေးကုန်းရွာဘက်ကို ပစ်ခတ် ဝင်ရောက်လာတယ်” ဟု ခင်ဦးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ခင်ဦးမြို့နယ်တွင် စစ်ကြောင်း ၀င်ရောက်လာသော သံဘို ရွာ၊ချောင်းဆုံရွာ၊ ကျီးကန်ရွာ၊ရေအေးကုန်းရွာ စသည့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၂၅၀၀ ကျော် စစ်ကြောင်းရှောင်နေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ် စစ်ကြောင်းထိုး၍ ထွက်ပြေးနေရသည့် ပြည်သူများ။ (ယခုနှစ်အတွင်း ရိုက်ကူး ထားသော ပုံဖြစ်သည်။)"]
https://yktnews.com/2023/10/126181/
ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေ​သောကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေ​သောကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ အောက်တိုဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်း ထိုးနေ​သောကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသာယာကျေးရွာ အရှေ့ဘက် နတ်ကြီးကုန်း တောတိုက်မှ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ပြီး အမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေနားကပ်ကို နားဖြတ်၍ ယူဆောင်သွားကြောင်း သိရှိရသည်။", "“စကစတွေ မညိုအသက်၂၅ နှစ်ကို ဖမ်းဆီးသတ်ဖြတ်ပြီး နားဖြတ်၍ ရွှေနားကပ်ကိုယူသွားပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီး ၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အသက် ၄၅ နှစ်အရွယ် ဦးဖိုးခိုင်သည် စစ်ဘေးရှောင်ရင်း သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောပြသည်။", "ခင်ဦးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် သံဘို ၊ ကျီးကန်၊ ရေအေးကုန်း၊ နှဲတွင်း၊ ဆီဆုံလေး၊ မိုးနတ်စသည့် ကျေးရွာများမှ ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင်ပြေးနေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်း ရွာထဲ ဝင်ရောက်လာသော ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/10/126551/
ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ အောက်တိုဘာ ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၅ ရက်နေ့တွင် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ဝင်ရောက် စီးနင်းနေသောကြောင့် ပြည်သူ ၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်နေသည့် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရှိရသည်။", "ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းကို ရွှေဘိုဘက်မှလာသော အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကြောင်းနှင့် ရွာသစ်ကုန်း ပျူစောထီးရွာမှ ထွက်လာသော အင်အား ၃၀ ကျော်ပါစစ်ကြောင်း ၂ ကြောင်းသည် ကျေးရွာများအတွင်းဝင်ရောက်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာတွင် ညအိပ်ခဲ့သော စစ်ကြောင်းသည် ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာအနောက်ဘက် အင်းကြားတွင် ထွက်ပြေးတိမ်းရှောင်နေသော ဒေသပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားကြောင်း၊ အဆိုပါ စစ်ကြောင်းကြောင့် ဗျိုင်းကြိုင်ရွာ၊ ရုံးစုတောင်ရွာ၊ ရုံးစုမြောက်ရွာ၊ မှန်သာလေးရွာနှင့် သက်ပေးရွာ စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "ရွာသစ်ကုန်း ပျူစောထီးရွာမှ စစ်ကြောင်းသည်လည်း ရွာသစ်ကျေးရွာသို့ ဝင်ရောက်စီးနင်းနေတာကြောင့် ရွာသစ်ရွာ၊ ချမ်းသာကုန်းရွာ၊ ညောင်ပင်ခြံရွာ၊ ဆည်ကြီးရွာနှင့် မူးသာရွာ စသည့်ကျေးရွာများမှ ဒေသပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "ထို့ပြင် အောက်တိုဘာလ ၁၀ရက်နေ့တွင် ခင်ဦးမြို့နယ်တွင်း ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ကံသာရွာကျေးရွာ နတ်ကြီးကုန်း တောတိုက်မှ ဒေသခံ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/115779/
ခင်ဦးတွင် စစ်တပ်က ပြည်သူ ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ရေဦးရှိ ရှော်ဖြူရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးဒဏ်ရာရ
["ခင်ဦးတွင် စစ်တပ်က ပြည်သူ ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ရေဦးရှိ ရှော်ဖြူရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၃၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ယနေ့ဇူလိုင် ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈ နှင့် ၇၀၂ ပူးပေါင်း စစ်ကြောင်းက မဒေါင်းကြီးရွာနှင့် ရွှေကာရွာရှိ ပြည်သူ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား​ပြီး အင်တိုင်းကြီးရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်၍ ကင်းတဲနှင့် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသော ပြည်သူများမှာ မောင်ချစ်၊ မောင်ခိုင်၊ မောင်ချစ်မိုး၊ မောင်ဖိုးထောင်တို့ ဖြစ်ပြီး မဒေါင်းကြီးနှင့် ရွှေကာရွာမှ ပြည်သူများ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈ နှင့် ၇၀၂ စစ်ကြောင်းသည် ရေဦး အထိုင်တပ်ဖြစ်ပြီး ရေဦးမြို့နယ်၊ ခင်ဦးမြိုန့ယ်၊ ရွှေဘိုမြို့နယ်နင့် ဒီပဲယင်းမြို့နယ် ၄ မြို့နယ်ကို တစ်လှည့်စီ စစ်ကြောင်းထိုး မီးရှို့ လူသတ်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေခြင်း ဖြစ်ပြောင်း သိရှိရသည်။", "” အဲစစ်ကြောင်းက အခုညနေပိုင်းမှာ အင်းပတ်ကွေ့ကနေ ကားကြီး ၄ စီးနဲ့ ရေဦးကို ပြန်ဝင်လာပြီ ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးသွားတယ်။ ဖမ်းဆီးခံရတာ ပြည်သူ ၄ ဦးပဲအတည်ပြုနိုင်သေးတယ်။ စစ်ခွေးတွေက အင်တိုင်းကြီးရွာက ကင်းတဲ ၁ လုံးနဲ့ နေအိမ်တချို့ကိုလည်း မီးရှို့ထားခဲ့တယ်လို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။", "ထို့ပြင် ရေဦးမြို့နယ်၊ ရှော်ဖြူရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၌ တပ်စွဲထားသော စစ်သားများက ရေဦးမြို့နယ် အနောက်ခြမ်း ရှော်ဖြူရွာကို ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲကာ ၂ တန်းကျောင်းသူ မိန်းကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။", "Photo – ခင်ဦးမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/06/110329/
ခင်ဦးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၂၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၈ ရက်နေ့တွင် ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကိုးပင်လေ့ကျင့်ရေးမှ ထွက်လာသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဗျူဟာလမ်း တစ်လျှောက် ကင်းပုန်းဝပ်ပြီး‌ ရွှေပြည်သာရွာမှ ပြည်သူ ၃ ဦး၊ ရွာသစ်ရွာမှ ပြည်သူ ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား​ကြောင်း သိရသည်။", "ထို့ပြင် အလယ်လျှိုရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇွန်လ ၂၆ ရက်နေ့က စတင်ကာ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းလျက်ရှိပြီး ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရှိရသည်။", "” အခု စစ်ကြောင်းက ၂ ကြောင်းဖြစ်သွားပြီး အလယ်လျှိုက တစ်ကြောင်း ကိုးပင်က လာတဲ့ တစ်ကြောင်း နှစ်ကြောင်းပေါ့။ ပြည်သူတွေကတော့ ၂၆ ရက်နေ့တည်းက ထွက်ပြေးနေရတယ်။ ဖမ်းဆီးခံရတဲ့ ဓားစာခံတွေ နာမည် မသိရဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အလယ်လျှိုရွာ၊ ယောက်သွားအိုင်ရွာ၊ ထနောင်းကိုးလေးရွာ၊ ညောင်ကန်ရွာ၊ ကွမ်းတိုင်းရွာ၊ ကုလားလူးရွာ၊ တမုတ်ရွာ၊ လက်ပံကုန်းရွာ၊ ရွာစဉ်ရွာ၊ မြေနီလျှိုရွာ၊ ကြို့ကန်ရွာ၊ သံဘိုရွာ၊ ရွာသစ်ရွာ၊ ရွှေပြည်သာရွာစသည့် ကျေးရွာများမှ ပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်းတွင် ဈေးရောင်း ဈေးဝယ် ကားများ၊ ဆိုင်ကယ်များ သွားလာနိုင်ခြင်း မရှိသည့် အတွက် စားသောက်ကုန်များ ဝယ်မရသည့် အခြေအနေနှင့် ကြုံတွေ့နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "Photo – ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)", "ခင်ဦးတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၄ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ"]
https://yktnews.com/2023/07/114022/
ခင်ဦးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
["ခင်ဦးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ", "ရန်ကုန်၊ ဇူလိုင် ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ အခြေချထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ခင်ဦးမြို့နယ် မူးသာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၄၀ ခန့် အမျိုးသား ၁ ဦးတို့ လက်နက်ကြီးထိမှန်ပြီး ဆေးကုသချိန်မရဘဲ သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများက မိုးရွာထဲ၌ ရွာသစ်ကျေးရွာအနီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာ​သောကြောင့် ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရှိရသည်။", "လက်ရှိချိန်တွင် ရွာသစ်၊ မူးသာ၊ သက်ပေး၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနှင့် ဆည်ကြီးရွာတို့မှ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၅၀၀၀ ကျော် မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/04/98330/
ခင်ဦးတွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးတွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရပြီး သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၁၉", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးနေပြီး PDF ရဲဘော် ၅ ဦးကျဆုံးကာ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဧပြီလ ၁၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ခင်ဦးမြို့နယ် ရွာသစ်ကုန်းပျူရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းဒေါင်းကျေးရွာ ရေဦး-ခင်ဦး ကားလမ်းပိုင်းရှိ မူးတိမ်ချောင်း တံတားတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ နံနက် ၈ နာရီဝန်းကျင်ခန့်တွင် ခင်ဦး-မုံရွာရထားသံလမ်းဘေးရှိ မြကန်ကျေးရွာ အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်ကြောင်း ဝင်ရောက် စီးနင်းစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိုင်းဆွဲ တိုက်ခိုက်ကာ တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာစဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပိတ်ဆို့ ဖမ်းဆီးပြီး ရဲဘော်တရုတ်ကြီး၊ ရဲဘော်မိုးဟိန်း၊ ရဲဘောဖိုးကျော်၊ ရဲဘော်ကိုနောင်နှင့် ရဲဘော်ကျော်နိုင် တို့ကို သတ်ဖြတ်ခဲ့​ကာ ပြည်သူ ၅ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။", "အဆိုပါ စစ်ကြောင်းသည် နံနက် ၁၁ နာရီခန့်တွင် အောင်သာ ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ထို့ပြင် ခင်ဦး ကျွန်းလည်ရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာအတွင်းရှိ နွား၊ ဝက်များကို ခိုးယူ သတ်ဖြတ်စားသောက်ကာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ တို့မှ ပြည်သာ် ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/03/91139/
ခင်ဦးတွင် စစ်ဘေးတိမ်းရှောင်ရင်း အသက် ၉၀ ကျော်အဖွားအို ၁ ဦး အအေးမိသေဆုံး၊ ကလုံကျေးရွာကို စစ်တပ်က စီးနင်းမီးရှို့နေပြီး ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးတွင် စစ်ဘေးတိမ်းရှောင်ရင်း အသက် ၉၀ ကျော်အဖွားအို ၁ ဦး အအေးမိသေဆုံး၊ ကလုံကျေးရွာကို စစ်တပ်က စီးနင်းမီးရှို့နေပြီး ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေပြီး စစ်ဘေးတိမ်းရှောင်ရင်း အသက် ၉၀ ကျော်အဖွားအို ၁ ဦး အအေးမိသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၇ ရက်နေ့ နံနက်ပိုင်းတွင် သရက်ကုန်း ကျေးရွာမှစစ်ဘေး တိမ်းရှောင်နေသည့် အသက် ၉၀ ကျော်အရွယ် အဖွားအို ဒေါ်ခင်တုပ်သည် တောတွင်း တစ်နေရာ၌ အအေးမိ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ရေဦးမြို့နယ် အောင်သာယာ ပျူစောထီးရွာမှ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် ကလုံကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလျက်ရှိ​ကြောင်း သိရှိရသည်။", "” သရက်ကုန်းကျေးရွာက စစ်ဘေးရှောင်လာတဲ့ အသက် ၉၀ အရွယ် အဖွားအို ဒေါ်ခင်တုပ် ဒီနေ့ နံနက်ပိုင်းမှာပဲ စစ်ဘေးရှောင်ရင်း တောတွင်း တစ်နေရာမှာ အအေးမိပြီး သေဆုံးသွားတယ်။ ဒီနေ့ နံနက်ပိုင်းမှာလည်း ရေဦးဘက်က လာတဲ့စစ်ခွေးတွေ ကလုံကျေးရွာကို စီးနင်းမီးရှို့နေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။", "ကလုံကျေးရွာကို အကြမ်းဖက် စစ်တပ်က မတ်လ ၆ ရက်နေ့တည်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခြင်းဖြစ်ကာ အနီးအနားရှိ ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀၀ ကျော်သည် လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/100443/
ခင်ဦးတွင် စစ်ဘေးရှောင် ပြည်သူများ သောက်သုံးရေနှင့် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ကျွဲ၊ နွားများပင်အစာရေစာ ပြတ်လပ် သေဆုံးမှုများရှိ
["ခင်ဦးတွင် စစ်ဘေးရှောင် ပြည်သူများ သောက်သုံးရေနှင့် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ကျွဲ၊ နွားများပင်အစာရေစာ ပြတ်လပ် သေဆုံးမှုများရှိ", "ရန်ကုန်၊ မေ ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ သောက်သုံးရေနှင့် စားနိပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးစဥ် ကျေးရွာများအတွင်းရှိ လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များကို ဖျက်ဆီးခြင်း၊ မိုးခေါင်ရေရှားမှုများ ကြုံတွေ့နေရသောကြောင့် သောက်သုံးရေ အခက်ခဲနှင့် စားနိပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။", "မိုးခေါင်ရေရှားမှုကြောင့် သောက်သုံးရေ ရရှိရန် ခက်ခဲနေသော နေရာဒေသများတွင် ကျွဲ၊ နွား တိရစ္တာန်များပါ အစာရေစာပြတ်လပ်၍ သေဆုံးမှုများ ကြုံတွေ့နေရကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်ခဲ့သော ကျေးရွာများသည် လျှပ်စစ် ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များကိုလည်း စစ်သားများက နည်းအမျိုးမျိုးဖြင့် ဖျက်စီး သွားသောကြောင့် မီးဘေးသင့် အိုးမဲ့အိမ်မဲ့ ပြည်သူများသည် သောက်သုံးရေ အခက်အခဲအပြင် စားနပ်ရိက္ခာများပါ အရေးပေါ် လိုအပ်ရှိနေကြောင်း သိရှိရသည်။", "“ကျွန်တော်တို့ မြို့နယ် အတွင်းမှာ မီးဘေးသင့် အိုးမဲ့အိမ်မဲ့ စစ်ရှောင် ပြည်သူများရဲ့ ရေအခက်အခဲ ပြဿနာနဲ့ စားနပ်ရိက္ခာ အခက်အခဲများကို လူသားချင်းစာနာမှု အကူအညီများန​ဲ့ လှူဒါန်းပေးကြဖို့ မေတ္တရပ်ခံပါတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် Kpay၊ Wave၊ NUG pay တို့ဖြင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ facebook page ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98463/
ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံး
["ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ဘေးရှောင်ရင်း အသက် ၈၃ နှစ်အရွယ် အဖွားအို ၁ ဦး အမောဖောက်ပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဧပြီလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး စီးနင်းလာစဥ် အင်းပတ်ကျေးရွာမှ အသက် ၈၃ နှစ် အရွယ် ဒေါ်ပုစိန်သည် ထွက်ပြေးတိမ်းရှောင်ရင်း အမောဖောက်ကာ သေဆုံးခဲ့ကြောင်း သိရသည်။", "” ဧပြီလ ၁၉ ရက်နေ့က ရေဦးကနေ အင်အား ၁၀၀ကေျာ်နဲ့ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတုန်း အင်းပတ်ကျေးရွာက စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့ ဒေါ်ပုစိန် အသက် ၈၃ နှစ်က သုံးဘီးပေါ် ကအဆင်းမှာ အမောဖောက်ပြီး သေဆုံးသွားတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် အင်းပတ်ကျေးရွာ၊ မြကန်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ မရမ်းအင်းကျေးရွာ၊ ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သဲကုန်းကြီးကျေးရွာ၊မုံတောရွာ၊ ဒါန်းကုန်းရွာ၊ အောင်သာရွာ၊အင်းပေါက်ရွာ၊ ကျွန်းဆွယ်ရွာ၊ ကျွန်းလယ်ရွာ၊ သိမ်တော်ရွာ တို့မှ ပြည်သာ် ၂၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။", "Photo – ခင်ဦးတွင် စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရ​သော ပြည်သူများ"]
https://yktnews.com/2023/02/87542/
ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး၊ မြောင်မြို့နယ်တွင်လည်း ပြည်သူများ ထွက်ပြေးနေရ
["ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး၊ မြောင်မြို့နယ်တွင်လည်း ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်တပ် က ၉ ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေ ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြို့နယ်ပေါင်း ၃၇ မြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုးဝင်ရောက်နေပြီး သေနပ်စိန်ကျေးရွာစောကြီးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ လည်း စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အစား၊ အသုံး အဆောင်ပစ္စည်းများလိုအပ်လျက်ရှိကြောင်း သိရသည်။", "စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဆောင် မိခင်တွေ၊ သွေးသားနုမိခင်တွေပါတယ်၊ တောထဲမှာ ယာယီထန်း ရွက်တဲထိုးနေကြရတာ၊ အဲဒီထန်းရွက်တဲတွေကိုလည်း စစ်ခွေးတွေက ထပ်မီးရှို့ဖျက်ဆီးတယ်၊ တောထဲ မှာ ဖြစ်သလိုနေရတော့ အစစအရာရာလိုအပ်ချက်တွေဖြစ်ပေါ်နေတယ်၊ နေစရာ၊ စားဝတ်နေရေး အရေး ပေါ်လိုအပ်နေတာပါ၊ လူသားချင်းစာနာမှုအကူအညီတွေ ဆက်သွယ်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါ တယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောကြားသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မင်းကံကြီးကျေးရွာ၊ လက်ပံလှကျေးရွာ၊ လောင်းရှည် ကျေးရွာ ပြည်သူပိုင်နေအိမ်များကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါစစ် ကြောင်းမှာ လောင်းရှည်ကျေးရွာတွင် ရှိနေသေးသဖြင့် အနီးအနားဝန်းကျင် ကျေးရွာ ၅ ရွာမှ ပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။", "ထို့အတူ မြောင်မြို့နယ်၊ မရိုးကုန်းနှင့် ကျီကုန်းကျေးရွာများသည် မြောင်မြို့နှင့် အလွန်နီးကပ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ အချိန်မရွေးဝင်ရောက်လာနိုင်သဖြင့် ဘေးလွတ်ကင်းရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90958/
ခင်ဦးတွင် မပေါက်ကွဲသော လက်နက်ကြီးကျည်ကို ကောက်ယူရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦး သေဆုံး
["ခင်ဦးတွင် မပေါက်ကွဲသော လက်နက်ကြီးကျည်ကို ကောက်ယူရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မပေါက်ကွဲသေးသော 79 လက်နက်ကြီးကျည်ကို ကောက်ယူရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန် ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာတွင် အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူးက နွားကျောင်းနေရာမှ တောတွင်းတနေရာတွင် မပေါက်ကွဲသေးသော 79 ကျည်ဖူးကို ကောက်ယူခဲ့ကြောင်း၊ ကျေးရွာသို့ ပြန်ရောက်သောအခါ ၄င်းကျည်ဖူးကို အုတ်ကန်ပေါ်တင်ထားပြီး လွတ်ကျရာမှ ပေါက်ကွဲမှုဖြစ်ပြီး မောင်ချစ်ရင်ထူး ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102493/
ခင်ဦးတွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ
["ခင်ဦးတွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ မေ ၁၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေး ရွာ များသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "မေလ၁၄ ရက်နေ့ နံနက်ကအစောပိုင်းတွင် ရေဦးမြို့နယ်မှ စစ်ကောင်စီတပ်များ၊ အင်းပတ်ကွေ့ကျေးရွာမှ စစ်သားများနှင့် ရွာသစ်ကုန်းမှ ပျူစောထီးများ ပူပေါင်း၍ အင်အား ၅၀ ဝန်းကျင် ချမ်းသာကုန်း ရွာနှင့် အင်းပတ်ရွာ များသို့ ဝင်ရောက်စီးနင်းကြောင်း၊ မိုခါ မုန်တိုင်းဝင်မည့်အချိန်ဖြစ်၍ မိုးထဲလေထဲတွင် ကျေးရွာ ၉ မှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“မုန်တိုင်းစဝင်တဲ့အချိန် မိုးထဲလေထဲမှာ နီးစပ်ရာကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူ ၄၀၀၀ ကျော် ရာသီဥတုပြင်းထန်တဲ့ မိုးထဲလေထဲမှာ အသက်ဘေးလွတ် ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီတပ်များက ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် စစ်ဘေးရှောင်များ ထွက်ပြေးနေသည့်နေရာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "ဓာတ်ပုံ- ခင်ဦးမြို့နယ်တွင် ကျေးရွာများကို စစ်တပ်က ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးနေစဉ်။"]
https://yktnews.com/2023/05/102511/
ခင်ဦးတွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ
["ခင်ဦးတွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာများသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ", "ရန်ကုန်၊ မေ ၁၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မိုခါ မုန်တိုင်းဝင်မည့်အချိန် မိုးထဲလေထဲတွင် စစ်တပ်နှင့်ပျူစောထီးများက ကျေး ရွာ များသို့ ဝင်ရောက်စီးနင်းနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။", "မေလ၁၄ ရက်နေ့ နံနက်ကအစောပိုင်းတွင် ရေဦးမြို့နယ်မှ စစ်ကောင်စီတပ်များ၊ အင်းပတ်ကွေ့ကျေးရွာမှ စစ်သားများနှင့် ရွာသစ်ကုန်းမှ ပျူစောထီးများ ပူပေါင်း၍ အင်အား ၅၀ ဝန်းကျင် ချမ်းသာကုန်း ရွာနှင့် အင်းပတ်ရွာ များသို့ ဝင်ရောက်စီးနင်းကြောင်း၊ မိုခါ မုန်တိုင်းဝင်မည့်အချိန်ဖြစ်၍ မိုးထဲလေထဲတွင် ကျေးရွာ ၉ မှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "“မုန်တိုင်းစဝင်တဲ့အချိန် မိုးထဲလေထဲမှာ နီးစပ်ရာကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူ ၄၀၀၀ ကျော် ရာသီဥတုပြင်းထန်တဲ့ မိုးထဲလေထဲမှာ အသက်ဘေးလွတ် ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "စစ်ကောင်စီတပ်များက ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် စစ်ဘေးရှောင်များ ထွက်ပြေးနေသည့်နေရာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "ဓာတ်ပုံ- ယ​နေ့ နံနက် ခင်ဦးမြို့နယ်တွင် ကျေးရွာများကို စစ်တပ်က စစ်​ကြောင်းထိုး​နေ၍ ပြည်သူများထွက်​ပြေး​နေကြစဥ်။"]
https://yktnews.com/2023/05/102703/
ခင်ဦးတွင် မိုခါမုန်တိုင်းကြောင့် ရွာပေါင်း ၄၉ ရွာမှ စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ​ရေနစ်မြုပ် ပျက်စီး
["ခင်ဦးတွင် မိုခါမုန်တိုင်းကြောင့် ရွာပေါင်း ၄၉ ရွာမှ စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ​ရေနစ်မြုပ် ပျက်စီး", "ရန်ကုန်၊ မေ ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် ရွာပေါင်း ၄၉ ရွာမှ စိုက်ပျိုးမြေ ဧက ၁၀၀၀၀ ကျော် ​ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၄ ရက်နေ့တွင် မိုခါမုန်တိုင်းကြောင့် မိုးသက်လေပြင်းများ ကျရောက်ခဲ့ပြီး ခင်ဦးမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာ ၄၉ ရွာမှ တောင်သူများ စိုက်ပျိုထားသည့် နွေရာသီ ယာသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုတ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ပျိုးမြေဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ် ဆုံးရှုံး ပျက်စီးခဲ့ကြောင်း သိရသည်။", "” ခင်ဦးမြို့နယ် အနောက်ခြမ်းက ရွာပေါင်း ၄၉ ရွာကို မနေ့က မိုခါမုန်တိုင်းကြောင့် မိုးသက်လေပြင်းတွေ ကျရောက်ခဲ့ပြီး နွေရာသီ ယာသီးနှံတွေဖြစ်တဲ့ ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ဧက ၁၀၀၀၀ ကျော် ရေနစ် ဆုံးရှုံး ပျက်စီး ခဲ့ပါတယ်” ဟု တောင်သူတစ်ဦးက ပြောဆိုသည်။", "စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာ ၄၉ ရွာမှာ ဂျပို့၊ ပေါက်သင့်တုံ၊ မဒေါင်းကြီး၊ ရှားတော၊ ငါးရုံကြီး၊ ကလုံ၊ ရှင်မင်းတွေ၊ သရက်ကုန်း၊ ကင်းပြစ်၊ တဲစု၊ မြစ်တော်၊ မုံလှ၊ သာဝတ္ထိ၊ ကျွန်းတောကြီး၊ ဥယျဥ်၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ အောင်သာ၊ အင်းပေါက်၊ သဲကုန်းကြီး၊ ကျီးအိုင်၊ မုံတော၊ ဒါန်းကုန်း၊ မှန်သာ၊ ကျွန်းစွယ်၊ ကျွန်းလည်၊ သိမ်တော်၊ မှန်သာလေး၊ ညောင်ပင်ကြီးစု၊ ရုံးစု၊ မူးသာ၊ ရွာသစ်၊ သက်ပေး၊ တာတိုင်၊ လက်ပံကွက်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ သာဂရနှင့် မြို့သစ် တို့ဖြစ်ကြောင်း သိရသည်။", "Photo – မိုခါမုန်တိုင်းကြောင့် မိုးအဆက် မပြတ် ရွာသွန်းပြီး မြောက်ယမားချောင်းရေ မြင့်တက်လာကာ ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဥ်"]
https://yktnews.com/2023/08/118777/
ခင်ဦးတွင် ၁ နှစ်ခွဲအရွယ် အမွှာပူး ကလေးတစ်ဦးနှင့် အဘိုးအိုတစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကျန်အမွှာပူးကလေးနှင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွား
["ခင်ဦးတွင် ၁ နှစ်ခွဲအရွယ် အမွှာပူး ကလေးတစ်ဦးနှင့် အဘိုးအိုတစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကျန်အမွှာပူးကလေးနှင့် မိခင်ဖြစ်သူကို ဖမ်းဆီးသွား", "ရန်ကုန်| ဩဂုတ် ၁၈", "စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့ မြကန်သာရပ်ကွက်နေအိမ် တစ်အိမ်ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပစ်ခတ်ရာတွင် အသက် တစ်နှစ်ခွဲအရွယ် အမွှာပူး ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး မိခင်ဖြစ်သူကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။", "ခင်ဦးမြို့ မြကန်သာရပ်ကွက် အရှေ့ပိုင်းရှိသည့် မသီတာဦး နေအိမ်သို့ သြဂုတ် ၁၇ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် ဝင်ရောက်စီးနင်း ပစ်ခတ်မှု လုပ်ခဲ့၍ နေအိမ်အတွင်းရှိ တစ်နှစ်ခွဲ အရွယ် အမွှာကလေးငယ်တစ်ဦးနှင့် အိမ်ဘေးနားရှိ အသက် ၅၃ အရွယ် အဖိုးအို တစ်ဦး သေဆုံးခဲ့ရသည်။", "“အမည်မဖော်လိုသည့် ရပ်ကွက်နေထိုင်သူတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ၅၀ လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ သေနတ်ဖောက်ပြီးဝင်လာတယ်။ အိမ်ကို ဝင်စီးတယ်။ အဲ့ဒီမှာ အမွှာပူးကလေးနှစ်ယောက် အကြီး ကလေး သေတယ်။ ပြီးတော့ မြကန်သာရပ်ကွက်နေ အရပ်သားတစ်ယောက် သေနတ် ထိပြီးတော့ သေတယ်။ ကလေးအလောင်းကိုတော့ စစ်တပ်က ယူသွားတယ် “ဟု ပြောသည်။", "စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မြကန်သာရပ်ကွက်မှ အသက် ၅၃ အရွယ် ကိုဖိုးပိန်နှင့် တစ်နှစ်ကျော်အရွယ် အမွှာပူး ကလေးငယ် မောင် ကိုကိုထက် တို့ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်သီတာဦးတို့ကို ဖမ်းဆီးသွား ကြောင်း အမည်မဖော်လိုသည့် နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။", "ခင်ဦးမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် UG များ ရှိသည်ဆိုသော သတင်းပေးမှုကြောင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ် စစ်ကောင်စီ၏ တယ်လီဂရမ် ချန်နယ်များတွင် ရေးသားကြသော်လည် ယင်းစွပ်စွဲချက်သည့် မှန်ကန်မှု မရှိကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။", "မသီတာဦးနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် အမွှာကလေးငယ်တစ်ဦး အပါအဝင် အိမ်နီးချင်း အမျိုးသားတစ်ဦးကို လည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသည့် အမွှာကလေးငယ်တစ်ဦးအလောင်းအား စစ်ကောင်စီတပ်ဖွဲ့ဝင် များက ယူဆောင်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့တွင် သတင်းထုတ်ပြန်သည်။", "ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားရှိ နေအိမ်များကို ဝင်ရောက် ပစ်ခတ်မှုရှိခဲ့ပြီး အရပ်သား ၃ဦးသည်လည်း ကျည်ထိမှန် ဒဏ်ရာရ ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတွင် ရေးသားထားသည်။", "စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာတစ်ချို့က အဆိုပါ စီးနင်းပစ်ခတ်မှုသည် ခင်ဦး မြို့ နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ -ပလဖ အဖွဲ့ဝင် ကိုမျိုးကျော်၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ မသီတာဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးမိကြောင်း ထုတ်ပြန်သည်။", "သို့သော်လည်း ၎င်းတို့၏ ဝါဒဖြန့် မီဒီယာတစ်ချို့က ယင်းပစ်ခတ်မှုတွင် သေဆုံးသူ အသက်သုံးနှစ်အရွယ် အမွှာပူး ကလေးငယ် တစ်ဦး နှင့် အသက် ၅၃နှစ်အရွယ် ကိုဖိုးပိန် သေဆုံးမှုကို ကိုချန်လှပ်ထားသည်ကို တွေ့ရသည်။", "စစ်ကိုင်းတိုင်း ၁၄ မြို့နယ်ကို စစ်အုပ်စုက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်လည်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများကို ဝင်ရောက် ကာ နေအိမ်များကို မီးရှို့ခြင်း၊ ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိ ပစ္စည်းများကိုလည်း ယူဆောင်သွားလေ့ရှိကြောင်း ဒေသခံများ ကပြောသည်။"]
https://yktnews.com/2025/04/210562/
ခင်ဦးနှင့် တောင်သာတွင် စစ်တပ် တပ်စွဲထားသော ပျဉ်ထောင်ပျူစောထီးရွာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ
["ခင်ဦးနှင့် တောင်သာတွင် စစ်တပ် တပ်စွဲထားသော ပျဉ်ထောင်ပျူစောထီးရွာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ", "ရန်ကုန်၊ ဧပြီ ၇", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ပျူစောထီးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။", "ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ပျူစောထီးရွာကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လက်နက်ကြီး ၈၀ မမ ၁၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း Taung Tha People Defense Force က ပြောဆိုသည်။", "မတ်လ ၂၅ ရက်နေ့တွင် မြင်းခြံမြို့နယ်မှ တောင်သာမြို့နယ် နန်းမြင့်တောင်ဆီ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာသောကြောင့် မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/140699/
ခင်ဦးနှင့် မုံရွာ မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး
["ခင်ဦးနှင့် မုံရွာ မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရွှေဘိုလေ့ကျင့်ရေး ၈နှင့် ဖုတ်ကုန်းပျူစောထီးရွာမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ ပူးပေါင်း စစ်ကြောင်းသည် သံဘိုကျေးရွာ တောင်ဘက်ကို ဝင်ရောက်လာစဉ် မိုင်းဘီလူးအဖွဲ့ (ဒေသကာကွယ်ရေး ပကဖ) က မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကေင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“မိုင်းဆွဲတိုက်ခိုက်တာ စစ်ကြောင်းနဲ့ လိုက်ပါလာတဲ့ ဖုတ်ကုန်းပျူရွာက ဦးတင်ဆန်းနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၄ ဦးလည်း သေဖို့ရာ ပြင်းထန်ဒဏ်ရာ ရထားပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကြေးမုံကျေးရွာအတွင်း စစ်ကြောင်း ထိုးဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူပြီး ပြန်ထွက်ထားသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြော ကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီခန့်က မုံရွာ-ချောင်းဦးလမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ခရီးသည်တင်ကားများကို ချောဆွဲပြီး မုံရွေး-ကြေးမုံ ဈေးအတွင်းသို့ ချကာ ကျန် ကူတောပလ္လင်ကျေးရွာမှ စစ်ကောင်စီတပ်သားတစ်စုနှင့် တောပုရွာမှ ပျူအင်အား ၁၅ ဦးတို့မှ တောင်ဘက်နှင့်မြောက်ဘက်မှ နှစ်ဖက်ပိတ်ညှပ်ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်မွှေနှောက်ခိုးယူကြကြောင်း သိရသည်။", "ထိုသို့ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုတ်မွှေနှောက်ခိုးယူပြီးနောက် မွန်းလွဲ ၂ နာရီအချိန် ပြန်ထွက် လာပြီး တောပုရွာမှ ပျူစောထီးများရှိရာ သီတာရုံဇရပ်သို့ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် တစ်ကြိမ်၊ မုံရွေး တိုးဂိတ်အနီးလမ်းမပေါ်ထွက် ဆက်ကြေးကောက်နေသော စစ်သား၊ ပျူစောထီးများရှိရာ နေရာ၌ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ရွာရဲ့တောင်ဘက်နဲ့မြောက်ဘက် နှစ်ဖက်ညှပ်ပိတ်ပြီး ရွာထဲက ဈေးဆိုင်တွေ၊ အိမ်တွေကို ဝင်ပြီး သူတို့စိတ်ကြိက် ယူကြတာ၊ ပြည်သူတွေ၊ ဘယ်လောက်ပါသွားတယ်၊ ဘာတွေယူသွားလဲတော့ အသေးစိတ်မသိရသေးဘူး၊ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ ၂ ကြိမ်ကတော့ ထိထိမိမိဆွဲနိုင်ခဲ့ပါတယ်၊ အဝေး ထိန်းမိုင်းဆိုတော့၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး၊” ဟု Area 71 People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – Area 71 People Defense Force ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင် ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90120/
ခင်ဦးနှင့် မြင်းမူတွင် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး
["ခင်ဦးနှင့် မြင်းမူတွင် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံး", "ရန်ကုန်၊မတ် ၁", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၇ ဦးသေဆုံးကြောင်း ခင်ဦး M.R.D.A တပ်ခွဲ S.S.T.F အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၄ မိနစ်ခန့်တွင် ရွာသစ်ကုန်းမှ ထွက်ခွာလာသော အင်အား ၅၀ခန့်ပါ စစ်တပ် စစ်ကြောင်းကို ယာတော်ကျေးရွာနှင့် သရက်ပင်စုကျေးရွာ အကြားတွင် ခင်ဦး M.R.D.A တပ်ခွဲ Spring Special Task Force ( S.S.T.F) မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်တွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်တပ် စစ်ကြောင်းကို သရက်ပင်စုကျေးရွာနှင့် ယာတော်ကျေးရွာ အကြားတွင် ၃ နေရာ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦး သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။", "” တိုက်ခိုက်မှု ၂ ရက် ဆက်တိုက်အတွင်း စစ်ခွေး ၁၇ ကောင် သေတယ်။ အများပြား ထိခိုက်ဒဏ်ရာရရှိတယ်။ ရေဦး တိုင်းရင်းဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ခွေးတွေက ၁၂၀ မမတွေနဲ့ ပစ်ကူပေးတာရှိပေမယ့် ပြည်သူ့ရဲဘော်တွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ခင်ဦးမြို့နယ် မြန်မာ့တော်ဝင်နဂါးတပ်တော် Spring Special Task Force ( S.S.T.F) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T. G. R. ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်မှ RPG များ၊ ၄၀ မမ များ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ဇာမဏီ တပ်ဖွဲ့ မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် T. G. R. ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် မဟာမိတ် အဖွဲ့များဖြစ်သော Nway Oo Takhon PDF Zamani Revolution Force (MMU) Myaung၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း၊ တိုက်ပွဲအတွင်း ကာကွယ်ရေး တပ်ဖွဲ့များ ဘက်မှ မောင်းပြန် သေနတ် ၁ လက်၊ ဒရုန်း ၁ စီး၊ ဆိုင်ကယ် ၄ စီး၊ ကား ၂ စီး ဆုံးရှုံးခဲ့ပြီး စစ်သားများက ပြည်သူပိုင် နေအိမ် ၆၄ လုံးကို မီးရှို့ ဖျက်ဆီး သွားကြောင်းသိရသည်။", "photo – မြင်းမူတွင် မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော စစ်သား အလောင်းများကို မီးရှို့ ဖျောက်ဖျက်သွားပြီး သွေးစွန်းနေသည့် အဝတ်အစားများပါ တွေ့ရစဥ်"]
https://yktnews.com/2023/02/84518/
ခင်ဦးနှင့် ရေစကြိုတွင် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်
["ခင်ဦးနှင့် ရေစကြိုတွင် စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ခင်ဦးမြို့နှင့် ရေစကြိုမြို့ တို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/05/102937/
ခင်ဦးနှင့် ရေဦး နယ်စပ်ရှိ စစ်ရှောင်ပြည်သူများ အသုံးပြုသည့် မြစ်ကူး တံတား မြစ်ရေမြင့်တက်မှုကြောင့် ပျက်စီး
["ခင်ဦးနှင့် ရေဦး နယ်စပ်ရှိ စစ်ရှောင်ပြည်သူများ အသုံးပြုသည့် မြစ်ကူး တံတား မြစ်ရေမြင့်တက်မှုကြောင့် ပျက်စီး", "ရန်ကုန်၊ မေ ၁၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် ရေဦး မြို့နယ် အစပ်ရှိ စစ်ရှောင်ပြည်သူများ အသုံးပြုသည့် မြစ်ကူး တံတား မြစ်ရေမြင့်တက်မှုကြောင့် ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးနှင့် ရေဦး မြို့နယ် အစပ်ရှိ စစ်ဘေးရှောင် ပြည်သူများ အသုံးပြုနေသည့် မြစ်ကူး တံတားသည် မူးမြစ်ရေ မြင့်တက်မှုကြောင့် တံတားပျက်စီးသွားခြင်း ဖြစ်ကြောင်း သိရသည်။", "” မူးမြစ်ရေ တိုးလို့ ကိုယ်ထူကိုယ်ထ ခင်ဦး- ရေဦး စစ်ရှောင် တံတား ပျက်စီးသွားတယ်။ မူးမြစ်ကူး တံတားပါ။ တံတားအကြီးက စစ်ခွေးတွေရှိလို့ ​စစ်ဘေးရှောင် ပြည်သူတွေ ရှောင်သွားရတဲ့ တံတားပါ။ အဲတံတားက ဒီပဲယင်း၊ ရွှေဘို ဘက်ကိုလည်း ဖြတ်သန်း သွားလာလို့ရတယ်။ ၄ မြို့နယ် စစ်ရှောင်ပြည်သူတွေ အသုံးပြုတဲ့ တံတားပါ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/06/165532/
ခင်ဦးနှင့် ရေဦး မြို့နယ်တွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
["ခင်ဦးနှင့် ရေဦး မြို့နယ်တွင် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ", "ရန်ကုန်၊ ဇွန် ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် နှင့် ရေဦး မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "လက်ရှိချိန်သည် မိုးရာသီ ရောက်ရှိလာခြင်းကြောင့် ခင်ဦးမြို့နယ်နှင့် ရေဦး မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့်ချီသော မီးဘေးသင့် ပြည်သူများ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေရခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ မီးဘေးသင့်ပြည်သူများသည် မီးလောင်ကျွမ်းရာမှ ကျန်ရှိခဲ့သော သွပ်ပြားများဖြင့် အမိုးအကာ ပြုလုပ်ကာ ကျေးရွာများအတွင်း ပြန်လည် ဝင်ရောက် နေထိုင်နေသော်လည်း မိုးရာသီ ရောက်ရှိလာသောကြောင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။", "ယင်း ကျေးရွာများမှာ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကံသစ်ရွာ၊ မြစ်တော်ရွာ၊ သာဂရရွာ၊ မြို့သစ်ရွာ၊ သာဝတ္ထိရွာ၊ မုံလှရွာ၊ အင်းပတ်ရွာ၊ မြင်းဒေါင်းရွာ၊ ရွှေကာရွာ၊ လက်ပံကြီးရွာ၊ သနပ်စိန်ရွာနှင့် ရေဦးမြို့နယ်ရှိ မုတ်စီရွာ၊ ကုန်းတန်းရွာ၊ ကုန်းသာရွာ၊ ရှော်ဖြူရွာ၊ မဲအိုးရွာ၊ ရွာဗုကြီးရွာ၊ မစိုးရိမ်ရွာ၊ ချောင်းဆုံရွာ၊ ဗိုလ်ရုံရွာ၊ စည်သာမြေရွာ၊ ဇေယျဝတီရွာ၊ မကျည်းကုန်းရွာ တို့ဖြစ်ကြောင်း သိရသည်။", "“အဲရွာ ၂၀ ကျော်က ရွာလုံးကျွတ် အရှို့ခံရတာတွေကများပြီး နေရပ်မပြန်နိုင်ကြတာတော့ မဟုတ်ဘူး။ ကိုယ့်ရွာထဲကို ပြန်ပြီး ဖြစ်သလို တဲထိုးနေကြရတယ်။ တော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်းမှာ အကူအညီမရကြသေးတဲ့ ပြည်သူတွေကများတာပေါ့။ အကူညီရတဲ့ ရွာတွေက အမြဲတမ်းရနေကြတယ်။ မရတဲ့ရွာတွေက အခုထိ အလှူရှင် မျှော်နေကြရတုန်းပါ။ တဲလေးတွေထိုးပြီး ဖြစ်သလိုနေနေကြရသလို အခုချိန်ထိ အကူညီတစ်ခုမှ မရကြသေးတဲ့ ကျေးရွာနေ ပြည်သူလူထုက စားနပ်ရိက္ခာ မိုးကာ အကူညီတောင်းခံကြတာပါ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "မီးဘေးသင့် ပြည်သူများကို ကူညီလှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (NGO) တယ်လီဂရမ်ကိုhttps://t.me/mothersson122021၊ Telegram: Contact @mothersson122021 ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/10/189545/
ခင်ဦးနှင့် ရေဦး အစပ်ရှိ ပင်စိမ်းခင်းနှင့် မုံလှရွာကို ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး
["ခင်ဦးနှင့် ရေဦး အစပ်ရှိ ပင်စိမ်းခင်းနှင့် မုံလှရွာကို ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ပင်စိမ်းခင်းရွာနှင့် မုံလှရွာကို ဝါသဝ လက်အောက်ခံ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်ကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်မှ စတင်ကာ မုံလှရွာနှင့် ပက်စိမ်းခင်းရွာကို ဝါသဝ လက်အောက်ခံ ပျူစောထီးများက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို ထိမှန်ခဲ့ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ကျမတို့ ပင်စိမ်းခင်းကို မနက် ၂ နာရီခန့် မှာ ဒရုန်းဗုံး ၃ လုံးချ တိုက်ခိုက်သွားတယ်။ သူတို့တိုက်ခိုက်တဲ့ နေရာက သာသနိက အဆောက်အဦးဖြစ်တဲ့ ဝါဆိုကျောင်းတိုက် ကို တိုက်ခိုက်သွားတာပါ။အဲလိုတိုက်ခိုက်လို့သံဃာတော် ၂ ပါး နဲ ပြည်သူ ၃ ဦး ပြင်ထန် ဒဏ်ရာရပြီး ဘုန်းကြီး ကျောင်း ညာဘက်ခြမ်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦး ကပြောဆိုသည်။", "အဆိုပါ ပင်စိမ်းခင်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ အလားတူ အိမ်ခြေ ၅၀၀ ကျော်ရှိ ခင်ဦးမြို့နယ်၊ မုံလှရွာကိုလည်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာရှိ ဝါသဝပျူစောထီးများက အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ခင်း အစောပိုင်း ၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ကျနော်တို့ရွာကတော့ အတော်အထိခိုက်အပျက်စီး များတယ်။ ပျက်စီးတာက လူနေအိမ် ၃ လုံး ပျက်စီးတယ်။ နွား ၃ ကောင် ထိခိုက်သေဆုံးတာရှိတယ်။ ကျေးရွာနေ ပြည်သူ ၉ ဦးထိခိုက်ဒဏ်ရာရ တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ်၏ ဝါသဝ လက်အောက်ခံ ပျူစောထီးများသည် PDF တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းမရှိဘဲ သာမာန်အရပ်သား ပြည်သူများကို ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကြောင်း သိရသည်။"]
https://yktnews.com/2024/08/178741/
ခင်ဦးနှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အဖွားအို ၁ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးနှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အဖွားအို ၁ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဩဂုတ် ၁၃", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၀ အရွယ် အဖွားအို ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၁ ရက်နေ့တွင် ရေဦးမြို့၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခင်ဦးမြို့နယ်အနောက်ခြမ်း အပါအဝင် ရေဦးမြို့နှင့် ၅ မိုင် ပတ်လည် အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ရွာသစ်ကျေးရွာနှင့် အင်းပတ်ကျေးရွာကို လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသစ်ကျေးရွာမှ အသက် ၆၀ အရွယ် အဖွားအို ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ်၏ အကြောင်းမဲ့ လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ ရေဦး-ပျဉ်ထောင်ပျူစောထီးရွာတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း အသင့် အနေအထားရှိနေသည်ဟု သတင်းများကြောင့် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ဒေသ ပြည်သူများသည် စိုးရိမ်မှုများဖြင့် မြင်းကျ၊ ဥယျာဉ်လေးနှင့် ကျွန်းတောကြီး ရွာတို့မှ ဒေသပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မောင်းမကန်ပင်လယ်ပြင်၌ ရောက်ရှိနေသော စစ်သင်္ဘောပေါ်က လက်နက်ကြီးများဖြင့် အနီးအနားရှိ ကျေးရွာများကို ၃ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် သဘော့ဆိပ်ရွာ ရှိုင်သာယာ တောင်ကုန်းပေါ်မှလည်း ဘုန်းကြီးကျောင်းအနီးကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး ကရင်ကြီးရွာတောင်ပိုင်းကို ၁ လံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "“ပြည်သူတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ ၂ ရက်ကတော့မောင်းမကန်ရဲစခန်းက ပစ်လိုက်တဲ့ လက်နက်ကြီး မောင်းမကန်ရွာထဲက နေအိမ် ၁ လုံး ပေါ်ကျပြီး ကလေး ၂ ဦးအပါအ၀င် မိသားစုဝင် ၃ ဦး ထိခိုက် ဒဏ်ရတယ်။ လောင်းလုံး‌ အခြေစိုက် ခလရ၁၀၄ ကလည်း လက်နက်ကြီး ၃ ချက်ထုတယ် ဘယ်ကိုပစ်လဲတော့မသိဘူး။ ထား၀ယ် ကြက်စားပြင်ကာစတန်ကလည်း လောင်းလုံးဘက်ကို လက်နက်ကြီး ၃ ချက်ပစ်ခတ်ခဲ့တယ်။ အဲတာလည်း ဘယ်ကိုကျလဲမသိရဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2022/12/76265/
ခင်ဦးနှင့် သပိတ်ကျင်းတို့တွင် စစ်သားနှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ် ပွားပြီး ၆ ဦးသေဆုံး
["ခင်ဦးနှင့် သပိတ်ကျင်းတို့တွင် စစ်သားနှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ် ပွားပြီး ၆ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့တွင် စစ်သား နှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း ခင်ဦးမြို့လယ် ဗိုလ် ချုပ် ကြေးရုပ်အနီး ဒလန် မင်းသိုက်၏ တိုက်တွင် တပ်စွဲထားသည့် စစ် သားနှင့် ပျူစောထီးများက ဘူတာပန်းခြံကန်သို့ ငါးဖမ်းပိုက်များ ဖြုတ် ယူရန် လာ ရောက် စဉ် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ခင်ဦး မြို့ပြပျောက်ကြား (UG) အဖွဲ့က ပြောသည်။", "မိုင်းဆွဲမှုကြောင့် သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး ၃ ဦးကို ယမန်နေ့ ညနေ ၅ နာရီကျော်တွင် ခင်ဦးတောင် သုသာန်တွင် မီးသဂြိုလ်သွားကြောင်း သိရှိ ရသည်။", "ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ သပိတ်ကျင်းမြို့နယ် ၊ပုဏ္ဏားကြီး (ပျူစောထီး)ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောသည်။", "ထိုတိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် Nine PDF တပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များက အသာစီး ရယူနိုင်ခဲ့ကြောင်း၊ ပျူစောထီးများထံမှ တူမီး‌ သေနတ် ၂ လက်၊ လက်လုပ် ပွိုင့်တူးတူး ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး တော် လှန်ရေး ရဲဘော် ၂ ဦး ( မစိုးရိမ်ရ ) ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ"]
https://yktnews.com/2023/07/114482/
ခင်ဦးနှင့်ရွှေဘိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
["ခင်ဦးနှင့်ရွှေဘိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇူလိုင် ၂၃", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် နှင့် ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့က ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ – ၇၀၂ နှင့် ၇၀၈ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း မြင်းဒေါင်းရွာ၌ ညအိပ် တပ်စွဲခဲ့ကြောင်းသိရသည်။", "ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ်စ စ်ကြောင်းသည် သိန်တော်ရွာတောင်ဘက် ဘုရားသို့ ရောက်ရှိလာပြီး ၁၂၀ မမလက်နက်ကြီးများဖြင့် ရွှေယမင်းရွာဘက်ကို ပစ်ခတ်ခဲ့သောကြောင့် ရွှေယမင်းရွာမှ အသက် ၁၁ နှစ်အရွယ် မောင်ကံချွန်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်အေးခိုင်နှင့် အသက် ၂၃ နှစ်အရွယ် ကိုဇေယျာဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိအချိန်၌ ခင်ဦးမြို့နယ် တယ်ဘိုပင်ရွာမှ ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာကို စက်လက်နက်များ ပစ်ခတ်ကာ ဝင်ရောက်လျက်ရှိပြီး ခင်ဦးမြို့နယ်အတွင်းမှ ရွှေယမင်း သိမ်တော်၊ ကြာပင်အိုင်၊ ကံကြီးကုန်း၊ တယ်ဘိုပင်နှင့် ရွှေဘိုမြို့နယ်မှ သရက်ပင်ဝန်းရွာမှ ဒေသပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "” အခုလက်ရှိ စစ်ကြောင်းက ခင်ဦးနယ် တယ်ဘိုပင်ရွာကနေ ရွှေဘိုနယ် သရက်ပင်ဝန်းရွာကို စက်လက်နက်များ တရစပ်ပစ်ခတ်ပီး ဝင်နေပြီ စစ်ခွေး အင်အား ၁၂၀ လောက်ရှိတယ်။ ကျေးရွာ ၆ ရွာက ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်” ဟု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။", "Photo – Farmer Heroes"]
https://yktnews.com/2024/07/174674/
ခင်ဦးမြို့ ထွေအုပ် ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
["ခင်ဦးမြို့ ထွေအုပ် ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ", "ရန်ကုန်၊ ဇူလိုင် ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ ထွေအုပ် ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ခင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားနှင့် ရဲများ အင်အား ၂၀ ခန့် တပ်စွဲထားသော ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီ ၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ခင်ဦးမြို့ ထွေအုပ်ရုံးထဲမှာရှိတဲ့ စစ်ခွေးနဲ့ ရဲခွေး အကောင် ၂၀ ခန့်ရှိနေတဲ့ အဆောက်အဦးကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ရဲခွေးတွေ ထိခိုက်မှုရှိတယ်။ အရေအတွက်ကို ဆက်လက် စုံစမ်းနေတယ်” ဟု Dragon Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို DUGF ( Dragon Urban Guerrilla ) ၊ ရွှေဘိုခရိုင် တပ်ရင်း ၃ နှင့် FIRE Dragon (Khin U) ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/84762/
ခင်ဦးမြို့နယ် သပိတ် အင်အားစုများ အသံတိတ် သပိတ် ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
["ခင်ဦးမြို့နယ် သပိတ် အင်အားစုများ အသံတိတ် သပိတ် ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ခင်ဦးမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အသံတိတ် သပိတ် ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/06/107708/
ခင်ဦးမြို့နယ် သာဂရရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးမြို့နယ် သာဂရရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇွန် ၁၅", "စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သာဂရရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၁၀၀ ခန့်ပါပြီး ဇွန်လ ၁၅ ရက်နေ့တွင် သာဂရရွာတွင် ညအိပ်ပြီး ယနေ့ နံနက် အစောပိုင်းတွင် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ဒေသပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "” သာဂရရွာမှာ ညအိပ်ပြီး ယခုမနက် မီးရှို့နေပါတယ်။ စစ်ခွေးစစ်ကြောင်း သာဂရရွာမှ အနောက်ဘက် ပေလမ်းတစ်လျှောက် ထွက်လာပါပြီ။ သာဂရ ညအိပ်သော ခွေးများ သာဂရမှ ချောင်းဘောင်ဘက် အကုန်ထွက်ပါပြီ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "Photo – ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ကျေးရွာတစ်ရွာအားတွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/01/138755/
ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးနေရကာ ကံသာယာရွာကို မီးရှို့နေ
["ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးနေရကာ ကံသာယာရွာကို မီးရှို့နေ", "ရန်ကုန်၊ ဇန်နဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးနေရကာ ကံသာယာရွာကို မီးရှို့နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ မြင်းဒေါင်းရွာ၌ ၃ ညအိပ် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တဲစုရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီး မြစ်တော်ရွာမှ တစ်ဆင့် ကံသာယာရွာကို ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။", "လက်ရှိချိန်တွင် မြင်းဒေါင်းရွာ၊ မြစ်တော်ရွာ၊ သာဂရရွာ၊ ဂွေးကုန်းရွာ၊ တဲစုရွာ၊ ကံသာယာရွာ၊ ဘအိုးရွာ၊ ကန်သစ်ရွာနှင့် မောက်ပက်ရွာတို့မှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက မြင်းဒေါင်းရွာကနေ တဲစုရွာကို အလစ်ငိုက်ဝင်စီးခဲ့တာ​ ရွာခံအမျိုးသား ၃ ဦးဖမ်းဆီးခံခဲ့ရတယ် ၁ ဦးကတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး မြစ်တော်ရွာကနေတစ်ဆင့် ကံသာယာရွာကို ရောက်ရှိနေတယ်။ အင်တိုင်းရွာနဲ့ မြင်းဒေါင်းရွာက ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃၀ ခန့်ကို ပြန်လွှတ်မလွှတ်အတည်မပြုနိုင်သေးဘူး။ ၃ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ ပြည်သူ ၃၀ လောက်က မနေ့ညကအထိ ဖမ်းခေါ်ထားတုန်းပဲလို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။"]
https://yktnews.com/2024/01/139296/
ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရွှေဘိုလေ့ကျင့်ရေး ၈ တပ်အတွင်းမှ လက်နက် ခဲယမ်းများ သယ်ဆောင်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့အတွင်း ပြန်လည်ဝင်ရောက်လာပြီး ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကံသာယာ၊ ဗအိုး၊ အင်တိုင်းကြီး၊ ရွှေကူ၊ ကင်းပြစ်၊ သရက်ကုန်း၊ ရှင်မင်းဒွေ၊ မြစ်တော်၊ ဂွေးကုန်းနှင့် သာဂရ ရွာတို့မှ ပြည်သူ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရသည်။", "“အဲစစ်ခွေး စစ်ကြောင်းက ပြီးခဲ့တဲ့ရက်ပိုင်း ၆ရက်နေ့က ခင်ဦးမြို့နယ် အနောက်ခြမ်း မြင်းဒေါင်းရွာဘက်ကနေ ကံသာယာတောင်ရွာကို ဝင်စီးပြီး စပါးကျီနဲ့ နေအိမ်တချို့ကိုမီးရှို့ထားခဲ့ပြီး ခင်ဦးမြို့တွင်းဝင်သွားတာ ခင်ဦးမြို့တွင်းကနေမှ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်ထဲကနေ လက်နက်ခဲယမ်းတွေ သွားသယ်လာပြီး မနေ့ကညနေပိုင်း ခင်ဦးကိုပြန်ဝင်လာပြီး ဒီနေ့ စစ်ကြောင်းစထိုးနေတာ ရေဦးမြို့ထဲကို ပြန်ဝင်မယ်လို့ ခန့်မှန်းရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။", "လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း ပျဥ်ထောင် ပျူစောထီးရွာအနီးရှိ အင်တိုင်းကြီးရွာထဲကို ပစ်ခတ် ဝင်ရောက် စီးနင်းနေကြောင်း သိရသည်။", "Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့"]
https://yktnews.com/2023/12/134069/
ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ပျူစောထီးရွာများရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ပျူစောထီးရွာများရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း၊ ပျူစောထီးရွာများရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KhinU Specialforce Organization (KSO) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း ပျူစောထီးရွာများရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို Drone ဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီး ၁၀ ဦးခန့် စုဝေးနေသည့်နေရာ၊ စစ်တပ် အဓိက အထိုင်ချထားရာ နေရာနှင့် ပျဥ်ထောင်ရွာရှိ ပျူစောထီး နေအိမ်တို့ကို အတိအကျ ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှုရှိနိုင်ကာ သေဆုံးသည့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KSO (KURDAF) ၊ မြို့နယ် ပကဖအဖွဲ့၊ Wolf Guerrilla (Local PDF YE .U) ၊ ARF (KURDAF) ၊ FireDragon (KU) အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ခင်ဦးမြို့နယ် အတွင်းရှိ စစ်တပ် လက်အောက်ခံ ပျူစောထီးများ၊ စစ်ကောင်စီ တပ်သားများ အနေဖြင့် အထိုင်ချ နေရာများ အတွင်း အသေမခံဘဲ ပြည်သူလူထုနှင့် အမြန်ဆုံး ပူးပေါင်းလာရန် နောက်ဆုံး အကြိမ် သတိပေးကြောင်း KSO က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/03/91255/
ခင်ဦးမြို့နယ်ကျေးရွာ ၃ရွာရှိ နေရာအသီးသီးတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပညာပေး အကြို ဟောပြောပွဲများ ပြုလုပ်
["ခင်ဦးမြို့နယ်ကျေးရွာ ၃ရွာရှိ နေရာအသီးသီးတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပညာပေး အကြို ဟောပြောပွဲများ ပြုလုပ်", "ရန်ကုန်၊ မတ် ၈", "ခင်ဦးမြို့နယ် ကျေးရွာ ၃ရွာရှိ နေရာအသီးသီး၌ မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် “”အ​ပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့”” အထိမ်းအမှတ်ဟောပြောပွဲအဖြစ် အမျိုးသားညီညွတ်ရေးအစအကြိုသက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အသီးသီးသော ယန္တရားများ သိသာထင်ရှာစွာ တရားဝင် လည်ပတ်နေမှု (အသက်ဝင်နေမှု) သိရှိကြစေရန်နှင့် အမျိုးသမီးများအတွက် အခွင့်အရေးများ တန်းတူညီမျှစွာ ရရှိစေရေးကျယ်ကျယ်ပြန့်ပြန့် သိရှိကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ” လူတိုင်း ရသင့်ရထိုက်သော မွေးရာပါ လူ့အခွင့်အရေးများ၊ အမျိုးသမီးများ၏ အခွင့်အရေးများနှင့်၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ “” စသည့် အမျိုးသမီးရေးရာ ရသင့်ရထိုက်သော တန်းတူညီမျှသော အခွင့်အရေးပိုင်းဆိုင်ရာများ ရှင်းလင်းပြောဆို ဟောပြောခဲ့ကြသည်။"]
https://yktnews.com/2023/11/131135/
ခင်ဦးမြို့နယ်တွင် NUG အစိုးရနှင့် ပြည်သူများ ပူးပေါင်းပြီး ကွန်ကရစ် တံတား တည်ဆောက်ဖွင့်လှစ်
["ခင်ဦးမြို့နယ်တွင် NUG အစိုးရနှင့် ပြည်သူများ ပူးပေါင်းပြီး ကွန်ကရစ် တံတား တည်ဆောက်ဖွင့်လှစ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "ခင်ဦးမြို့နယ်ရှိ ပြည်သူများ သွားလာရ အဆင်ပြေစေရန် အမျိုးသား ညီညွတ်ရေး အစိုးရက ဦး​ဆောင်ပြီး တံတားအရှည် ပေ ၄၀ နှင့် အကျယ် ၁၅ ပေ ရှိ အာစီ ကွန်ကရစ်တံတားအား နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တည်ဆောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။", "ယင်းတံတားကို ဒို့ညီကချမ်းသာရဟု အမည်ပေးဖွင့်လှစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဒေသဖွံ့ဖြို့ရေး အလှူငွေနှင့် ပြည်သူလူထုထည့်ဝင်ငွေအပါအဝင် စုစုပေါင်း မြန်မာငွေကျပ် ၂၈၅ သိန်း ကုန်ကျခဲ့တယ်လို့ တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောဆိုသည်။", "တံတားဖွင့်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်ဆောင်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်(ပကဖ)တို့မှ အခြားရေးရာတာဝန်ခံများနှင့်အတူ တက်ရောက်ဖွင့် အားပေးခဲ့ကြောင်း၊ အဆိုပါ တံတားသည် ခင်ဦးမြို့နယ်တွင်း စစ်ဘေးရှောင်များမကြာခဏအသုံးပြုနေရသော မူးချောင်းကူးတံတားဖြစ်ပြီး တော်လှန်ရေးကာလတွင် အမျိုးသားညီညွတ်ရေး အစိုးရက အကောင်အထည်ဖော်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/132182/
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်
["ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၅၀ ချီးမြှင့်", "ရန်ကုန်၊ နိုဝင်ဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မြို့နယ် ပြည်သူ့ဆေးရုံတွင် တပ်စွဲထားသော လုပ်သက် ၁၇ နှစ် တာဝန်ထမ်းဆောင်ခဲ့သော စစ်ကောင်စီ တပ်သား ၁ ဦးသည် ခင်ဦးမြို့နယ် ပကဖ နှင့် ဆက်သွယ် ချိတ်ဆက်ပြီး အလင်းဝင်လာကြောင်း သိရသည်။", "အဆိုပါ စစ်ကောင်စီ တပ်သားသည် MA1 အမျိုးအစား လက်နက် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နှင့် 5.56 ကျည် ၂၃၆ တောင့်တို့ကို ခင်ဦး မြို့နယ် ပကဖထံ အပ်နှံပြီး အလင်းဝင်ရောက်လာမှုကို မြို့နယ် ပကဖ မှ လက်ခံ၍ ကာကွယ်ရေးဝန်ကြီးဌာန ၏ သက်ဆိုင်ရာဌာနသို့ မှတ်တမ်း ဓာတ်ပုံများနှင့်အတူ တင်ပြထားပြီး ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ခင်ဦးမြို့နယ် ပကဖ က ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့သော ခင်ဦးမြို့ပေါ် ရေဦးလမ်းထွက် (ဗလီကွေ့) မှ စစ်ကောင်စီ တပ်သားများကို မြို့နယ် ပကဖ မှ ဝင်ရောက် စီးနင်း တိုက်ခိုက်၍ MA1 လက်နက် ၂ လက် ရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။"]
https://yktnews.com/2023/09/124137/
ခင်ဦးမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ၊ ဝန်းသိုမြို့ပေါ် ကင်းလှည့်နေသော စစ်ကြောင်းကို ပစ်ခတ်မှု စစ်သား ၄ ဦးသေဆုံး
["ခင်ဦးမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ၊ ဝန်းသိုမြို့ပေါ် ကင်းလှည့်နေသော စစ်ကြောင်းကို ပစ်ခတ်မှု စစ်သား ၄ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လှည့်လည်စစ်ကြောင်းထိုးနေသော စစ်တပ် ကို မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသတော်လှန်ရေးတပ်များထံမှ သိရှိရသည်။", "စက်တင်ဘာလ ၂၄ ရက်နေ့ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးမှ ထွက် လာသော စစ်တပ်စစ်ကြောင်းကို ခင်ဦးမြို့နယ်၊ သရက်ပင်ဝန်းကျေးရွာနှင့် ကြာပင်အိုင်ကျေးရွာအကြား မိုင်းမိသွားကြောင်း၊ သွေးစများ၊ အသားစများ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းတိုင်း ၊ ဝန်းသိုမြို့ ၊ မြို့သစ် ရပ်ကွက်တွင် ကင်းလှည့်နေသော စစ်တပ်စစ်ကြောင်းကို PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။", "“ကင်းလှည့်နေတုန်း အပစ်ခံရတာ စစ်ကြောင်းကို ပစ်တာ။ မြို့ပေါ်မှာတင်ပဲ ဝင်ပစ်သွားတာ။ ၄ ဦးပွဲချင်းပြီး ဆုံးပါတယ်” ဟု ဝန်းသိုမြို့ စစ်တပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။", "ဓာတ်ပုံ- ခင်ဦးတွင် မိုင်းထိသွားသော စစ်ကြောင်းမှ ကြွင်းကျန်ရစ်သော အစအနများ။"]
https://yktnews.com/2023/09/123776/
ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ စစ်တပ်က ကျေးရွာများကို လှည့်လည် စီးနင်းနေ၍ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရကာ ပြည်သူ ၁ ဦး အသတ်ခံရ
["ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ စစ်တပ်က ကျေးရွာများကို လှည့်လည် စီးနင်းနေ၍ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရကာ ပြည်သူ ၁ ဦး အသတ်ခံရ", "ရန်ကုန်၊ စက်တင်ဘာ ၂၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးနေပြီး အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။", "စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်း စစ်တပ်စစ်ကြောင်းက ခင်ဦးမြို့နယ်၊ သံဘို၊ ချောင်းဆုံ အနောက်ဘက် ထန်းတောအကြား ရောက်ရှိလာကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ခရိုင်တပ်ရင်း ၃ နှင့် ဒေသခံကာကွယ်ရေး အဖွဲ့ များက အဆိုပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁ သေဆုံးခဲ့ကြောင်း၊ ၂ ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ထို့ပြင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နိုင်သည့် လမ်းများ ကို ခင်ဦးမြို့ နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဒေသပြည်သူများနှင့် ပူးပေါင်း၍ စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းတွင် မိုင်းကွင်းများ ပြုလုပ်ခဲ့ကြောင်း၊ စက်တင် ဘာ ၂၃ ရက်နေ့တွင် ခင်ဦးမှ ထွက်လာသည့် စစ်ကြောင်းသည် OMC မူးဘောင်အရှေ့ဘက် လယ်တောအကြားတွင် အသင့်ထောင်ထားသည့် မိုင်းကွင်းထဲ ရောက်လာကြောင်း၊ ထို့ကြောင့် ပဒေသာမိုင်း ၁၀ လုံးတိတိကို ဖောက်ခွဲနိုင်ပြီး စစ်သား ၂ ဦးသေကာ ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းကွင်းဖော်ဆောင်ရာတွင်မူ မိုင်းမတော်တဆမှုဖြစ်ပွားပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်း မဒေါင်းလှ ပျူစောထီးရွာတွင် ညအိပ်တပ်စွဲခဲ့ကြောင်း၊ ညကင်းထွက်ချိန်တွင် ငကျိုင်း ကျေးရွာမှာ အလှည့်ကျ လယ်ရေယူသွင်းနေသည့် အသက် ၃၀ အရွယ် တောင်သူ အမျိုးသား တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည် သူများထံမှ သိရှိရသည်။", "ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင်မူ အကြမ်းဖက်စစ်တပ်မှ အင်အား ၁၀၀ ကျော်ခန့်ဖြင့် ထပ်မံစစ်ကြောင်း ထိုးနေသည့်အတွက် ဒေသပြည်သူ ၆၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ရွှေဘို၊ ညောင်ပင်သာ ၊ မြင်းစီးဘက်မှ လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ် ကြာပင်အိုင် သဲကုန်းမှ တစ်ဆင့် ကျွန်းလည် ဘက်သို့ စစ်ကြောင်းဆက်ထိုးနေခြင်းဖြစ်ပြီး ကြာပင်အိုင်၊ သဲကုန်း၊ ညောင်ပင် ကြီးစု၊ ကျွန်းလည်၊ ကျွန်းစွယ်၊ မှန်သာလေး၊ မှန်တော၊ အောင်သာ၊ အင်းပေါက်၊ ဒါန်းကုန်း စသ ည့် ကျေးရွာများမှ ဒေသပြည်သူများ စစ်ဘေးရှောင် ပြေးနေရ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဓာတ်ပုံ- အသက်ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်း ပြည်သူများ။"]
https://yktnews.com/2023/05/103637/
ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး
["ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး", "ရန်ကုန်၊ မေ ၂၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ် ထုတ်ကုန် ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ အရက်၊ ဘီယာများကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့ နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။", "ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မြို့နယ် ပအဖ)၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ နှင့် LDF များက စစ်ကောင်စီ အကြမ်းဖက်အုပ်စုနှင့် မိသား စုများ၊ ၄င်းတို့၏ (ဒေါက်တိုင်) အကျိုးတူစီးပွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စစ်တပ် ထုတ် Dagon အမှတ်တံဆိပ် အရက်၊ ဘီယာများ သယ် ဆောင် လာသည့် ကား ၃ စီးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "ကား ၃ စီးက တင်ဆောင်လာသော စစ်တပ် ထုတ် ကုန် အရက်ဘီယာများ စုစုပေါင်း ကာလ တန်ဖိုး သိန်း လေးရာ နှစ်ဆယ် လေးသိန်း ရှစ်သောင်းကျပ် တန်ဖိုးရှိသော စစ်တပ်ထုတ် ဘီယာ ဂျပ်ဖာပေါင်း ၅၄၀ ဖာ၊ ဗူးပေါင်း ၁၁၀၄၀ ဗူး၊ ပုလင်းပေါင်း ၇၈၀ ပုလင်း၊ သိမ်းဆည်းခဲ့ကြောင်း၊ ထိုသိမ်းဆည်းရမိ ပစ္စ ည်း များ အားလုံးကို တော်လှန်ရေးအင်အားစုများက အများပြည်သူ​ရှေ့တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီနှင့် မိသားစုများ၊ ၄င်းတို့နှင့် အကျိုးတူ စီးပွားဘက် ဖြစ်သော စစ်တပ်ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ ရရှိသော အမြတ် အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီး စေနိုင်သည့် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စစ်တပ် ထုတ်ကုန်ပစ္စည်းများကို သပိတ်မှောက်ကြရန် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံ၍ နှိုးဆော်တိုက်တွန်း ထားသည်။"]
https://yktnews.com/2024/09/182433/
ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၁၀ ခုကို ၆ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေရ
["ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၁၀ ခုကို ၆ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၀ ရွာကို ၆ ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင် ပြည်သူ ၁ သောင်းကျော်ထိ ရှိလာကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂ ရက်နေ့မှစတင်ပြီး မဒေါင်းလှရွာကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မဒေါင်းလှရွာ အနီးရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာ ၂ ရက်နေ့တွင် ငကြိုင်းရွာ၊ စက်တင်ဘာ ၃ ရက်နေ့တွင် အင်ကြင်းပင်ရွာ၊ စောကြီးရွာ ၊ သနပ်စိန်ရွာ၊ ဖန်းခါးကုန်းရွာ၊ စက်တင်ဘာ ၄ ရက်နေ့တွင် ပေါက်တောရွာ၊ နှဲတွင်းရွာ၊ စက်တင်ဘာ ၅ ရက်နေ့တွင် ဆီဆုံလေးရွာနှင့် စက်တင်ဘာ ၇ ရက်နေ့တွင် မဒေါင်းကြီးရွာ ၊ ရွှေကာရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မဒေါင်းလှရွာအနီးရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ၍ အဆိုပါ ကျေးရွာ အနီးအနားတွင် နေထိုင်နေသော ပြည်သူများ ဆက်တိုက် စစ်ပြေးတိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် စစ်ရှောင်ပြည်သူ ၁ သောင်းကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။", "” အဲစစ်ခွေး စစ်ကြောင်းက ၆ ရက်နေ့မှာ မဒေါင်းလှရွာကို ဝင်သွားပြီး မနေ့က နံနက်ပိုင်းမှာ မဒေါင်းလှကနေ အနောက်ဘက်ကို ထပ်ထွက်လာပြီး မဒေါင်းကြီးရွာနဲ့ ရွှေကာရွာကို မီးထပ်ရှို့သွားတယ်။ ပျက်စီးဆုံးရှံးမှုတော့ များနိုင်ပေမယ့် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေကတော့ အရင်နေ့ကအတိုင်း ဆက်လက်တိမ်းရှောင်နေကြရတုန်းပါပဲ။ စစ်ရှောင်ပြည်သူ ဦးရေကတော့ တစ်ရက်ထက်တစ်ရက် ပိုပိုများလာတယ်။ မဒေါင်းလှပျူရွာနဲ့ ကပ်ရက်မှာ ရှိတဲ့ရွာတွေက ဘယ်သူမှပြန်မဝင်နိုင်ကြသေးဘူး။ စစ်ရှောင်ပြည်သူ ၁ သောင်းကျော်ခန့်အထိ မြှင့်တင်နေပြီလို့ သိရတယ်။ စားရေးသောက်ရေးက အစ အခက်အခဲ ဖြစ်နေကြတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။"]
https://yktnews.com/2023/07/114934/
ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ
["ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ", "ရန်ကုန်၊ ဇူလိုင် ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်နေ​ပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခံရကာ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ရွှေဘိုမြို့နယ်၊ ကိုးပင်၊ ဖိုလ်ကုန်းမှ လာသော အကြမ်းဖက် စစ်တပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဇူလိုင် ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် သံဘိုရွာသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် သံဘိုရွာ၊ ရေအေးကုန်းရွာ၊ ကျီးကန်ရွာ စသည့် ရွာများမှ ပြည်သူ ၁၀၀၀ ​ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "ထို့ပြင် ခင်ဦးမြောက်ဘက်ခြမ်းရှိ မဒေါင်းလှ ပျူစောထီးရွာမှ အင်အား ၂၅ ဦးသည် ယနေ့ ဇူလိုင် ၂၆ ရက်နေ့တွင် ပေါက်တောရွာသို့ လက်နက်များနှင့် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "“အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖမ်းခံရတယ်။ ပေါက်တောရွာကပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။", "မဒေါင်းလှရွာမှ ပျူစောထီးများဝင်ရောက်မှုကြောင့် ပေါက်တော၊အင်ကြင်းပင်၊စောကြီး စသည့် ကျေးရွာများမှ ဒေသပြည်သူ ၂၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/139581/
ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူများ တိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူများ တိမ်းရှောင်နေရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၂ ရွာကို မီးရှို့ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူများ တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီ ၁၂ ရက်နေ့တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ တဲစုရွာ၌ ၂ ညအိပ်ပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် တဲစုရွာမှ ထွက်ခွာလာစဥ် မြင်းကျကျေးရွာသား ပြည်သူ အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားပြီး ကျွန်းတောကြီးရွာကို ဆက်လက်ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "လက်ရှိချိန်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျွန်းတောကြီး၊ ကျွန်းကလေး၊ ယာတော်၊ သရက်ပင်စု၊ ကားဆိပ်၊ မကြီးအုပ်နှင့် အင်တိုင်းလေးရွာ တို့မှ ပြည်သူများ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ဒီနေ့ နံနက်ပိုင်းမှာ တဲစုရွာနဲ့ ပျဥ်ထောင်ပျူစောထီးရွာဘက်ကနေ စစ်ခွေးတွေ ထွက်လာတဲ့ အချိန် နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေ့မှု ဖြစ်ခဲ့တယ်။ စစ်ခွေး အသေအပျောက်ရှိတယ်။ ခွေးသေတွေကိုလည်း ကျွန်းတောကြီးရွာက နေအိမ်တွေနဲ့ရောပြီး မီးရှို့ထားခဲ့မယ်လို့ ခန့်မှန်းရတယ်။ ဒီနေ့မနက်ပိုင်းကစလို့ စစ်ခွေးအသေအပျောက်ရှိခဲ့တာကြောင့် ရေဦးတိုင်းရင်းကနေလည်း ၁၂၀ မမ လက်နက်ကြီးနဲ့ အချက်ရေပေါင်းများစွာ ပစ်ကူပေးခဲ့တယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရေဦးမြို့မှ ထွက်လာသည့် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းတို့ ပူးပေါင်းကာ ခင်ဦးမြို့နယ် အနောက်ခြမ်း ကားဆိပ်ရွာ၊ ယာတော်ရွာ ဘက်ကနေ မူးမြစ်ဖြတ်ကူးပြီး ရေဦးမြို့မြောက်ဘက် အောင်မင်္ဂလာရပ်ကွက်ထဲရောက်နေကြောင်း သိရသည်။", "Photo – ခင်ဦးမြို့နယ်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/02/143578/
ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သာဝတ္ထိရွာနှင့် ကလုံရွာ ရှိ နေအိမ် ၁၈၃ လုံးနှင့် စပါးတိုက် ၂၇ လုံးကို မီးရှို့ ဖျက်ဆီး
["ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သာဝတ္ထိရွာနှင့် ကလုံရွာ ရှိ နေအိမ် ၁၈၃ လုံးနှင့် စပါးတိုက် ၂၇ လုံးကို မီးရှို့ ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သာဝတ္ထိရွာနှင့် ကလုံရွာ ရှိ နေအိမ် ၁၈၃ လုံးနှင့် စပါးတိုက် ၂၇ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကလုံရွာကို ဝင်ရောက် စီးနင်းပြီး ကလုံရွာတွင် စစ်ဘေးရှောင်နေသည့် သရက်ကုန်းရွာမှ ဦးသိန်းထွန်းကို ဦးခေါင်းဖြတ် သတ်ဖြတ်ခဲ့ပြီး ကင်းပြစ်ရွာမှ ဦးသန်းလွန်ကြီးကို ကလုံရွာ အရှေ့မြောက်ထိပ် ဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကာ ကလုံရွာသား ဦးရဲအောင်ကိုလည်း ရွာထိပ် မူးဘောင်ကြားတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်၏ အင်အား ၈၂ ဦးပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် သာဝတ္ထိရွာတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က စတင်၍ သာဝတ္ထိရွာမှ နေအိမ် ၁၆၈ လုံးနှင့် စပါးတိုက် ၂၇ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကလုံကျေးရွာမှ နေအိမ် ၁၅ လုံးနှင့် စပါးတိုက် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“ရွှေဘိုပေါ်ဆန်းဘေးကြား တင်း ၁၀၀ ငွေ ကျပ် သိန်း ၄၀၀ ဝန်းကျင် တန်းဖိုးရှိတဲ့ စပါးတင်းရေ စုစုပေါင်း ၁၀,၀၀၀ ကျော် မီးလောင်ပြာကျခဲ့ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သာဝတ္ထိရွာတွင် ညအိပ်၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဥယျာဉ်ရွာ ၊ ကျွန်းတောကြီးရွာ၊ ယာတော်ရွာများနှင့် မူးမြစ်ကို ဖြတ်ကူးကာ ရေဦးမြို့သို့ ပြန်ထွက်သွားကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။", "Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး"]
https://yktnews.com/2023/07/114179/
ခင်ဦးမြို့နယ်တွင် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
["ခင်ဦးမြို့နယ်တွင် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇူလိုင် ၂၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ၅ ရက်ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ ရေဦးမြို့တိုင်းရင်းဆေးရုံ၌ အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၅ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၁၆ ရက်နေ့တွင် အင်းပတ်ကျေးရွာမှ စစ်ရှောင်အမျိုးသား ၂ ဦး လက်နက်ကြီး ကျည်စထိမှန်၍ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး နွား ၃ ကောင် သေဆုံးခဲ့ကြောင်း၊ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းတွင် အင်းပတ်ကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာ အကြား ၈၁ မမ လက်နက်ကြီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၁၈ ရက်နေ့တွင် ရေဦးမြို့အနီးတစ်ဝိုက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ခင်ဦးနယ် အနောက်ခြမ်း သက်ပေးကျေးရွာအတွင်း လက်နက်ကြီး ကျည်စ ကျရောက် ပေါက်ကွဲခဲ့ပြီး ၆ နှစ်အရွယ် KG ကျောင်းသား အပါအဝင် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း မူးသာကျေးရွာအတွင်း ၁၂၀ မမ လက်နက်ကြီး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသပြည်သူ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ရေဦးတိုင်းရင်းဆေးရုံ၌ အခြေကျ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၂၀ ရက်နေ့အထိ လက်နက်ကြီးများ ဆက်တိုက် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ရေဦးမြို့ အနီးဝန်းကျင်နှင့် ခင်ဦး အနောက်တောင်ခြမ်း အပါအဝင် ဒေသပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။"]
https://yktnews.com/2024/12/195647/
ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ် ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ဘီယာဗူးများကို ပအ‌ဖ နှင့် ပကဖ အဖွဲ့က ဖမ်းဆီး ဖျက်ဆီး
["ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ် ငွေကျပ် သိန်း ၁၄၀ ကျော်တန်ဖိုးရှိ ဘီယာဗူးများကို ပအ‌ဖ နှင့် ပကဖ အဖွဲ့က ဖမ်းဆီး ဖျက်ဆီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၅", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ထုတ် ငွေကျပ် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ဘီယာဗူးများကို ပအ‌ဖ နှင့် ပကဖ အဖွဲ့က ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မြို့နယ် ပအဖ ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ ရဲဘော်များက အကြမ်းဖက် စစ်အုပ်စုနှင့် မိသားစုများ၊ ၎င်းတို့၏ ဒေါက်တိုင်များ၊ အကျိုးတူစီးပွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စစ်တပ်ထုတ် Myanmar Beer နှင့် ANDAMAN GOLD အမှတ်တံဆိပ် အရက်၊ ဘီယာများ သယ်ဆောင်လာသည့် ကားများကို ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီး စစ်ဆေးမှု အတွင်း စုစုပေါင်း ကာလ တန်ဖိုး ငွေကျပ် သိန်း ၁၄,၀၆၄,၀၀၀ တန်ဖိုးရှိ အကြမ်းဖက် စစ်တပ်ထုတ် Myanmar Beer ဂျပ်ဖာပေါင်း ၁၉၀ ဖာ၊ ဗူးပေါင်း ၄၅၆၀ ဗူး နှင့် စကစထုတ် ANDAMAN GOLD ဂျပ်ဖာပေါင်း ၃၇ ဖာ၊ ဗူးပေါင်း ၄၄၄ ဗူး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "“စစ်တပ် ထုတ်ကုန် အရက်၊ ဘီယာတွေကို ခင်ဦးမြို့နယ် ပအ‌ဖ နဲ့ ပကဖ က သိမ်းဆည်းရမိ၍ ဖျက်ဆီးခဲ့တာပါ။ သယ်ဆောင်လာတဲ့ ကားသမားတွေကို စစ်တပ် ထုတ်ကုန်ပစ္စည်းများ ရှောင်ရှား​ကြဖို့ ရှင်းလင်း ပြောဆို သတိပေးပြီး အရေးယူမှု မပြုလုပ်ခဲ့ပါဘူး” ဟု ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထိုသိမ်းဆည်းရမိသော ပစ္စည်များ အားလုံးကို မြို့နယ် ပအဖနှင့် ပကဖ မှ အများပြည်သူများ၏ ရှေ့မှောက်တွင် မှတ်တမ်းများနှင့်တကွ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုနှင့် မိသားစုများ၊ ၄င်းတို့၏ အကျိုးတူ စီးပွားဘက်ဖြစ်သော စစ်တပ် ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွာစွာ ဖျက်ဆီး စေနိုင်သည့် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စကစ ထုတ်ကုန် ပစ္စည်းများကို ပြည်သူအပေါင်းမှ သပိတ်မှောက်ကြရန် မေတ္တာရပ်ခံ၍ နှိုးဆော်တိုက်တွန်းအပ်ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2025/02/202947/
ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို တော်လှန်ရေးတပ်များက ဖျက်ဆီး
["ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာများကို တော်လှန်ရေးတပ်များက ဖျက်ဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ငွေကျပ် သိန်း ၁၀၀ တန်းဖိုးရှိ အကြမ်းဖက် စစ်တပ်ထုတ် မြန်မာဘီယာများကို ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မြို့နယ် ပအဖ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ ရဲဘော်များက အကြမ်းဖက် စစ်တပ် ထုတ်ကုန် မြန်မာဘီယာ များ သယ်ဆောင်လာသည့် ကားကို ထိန်းသိမ်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးစစ်ဆေးမှု အတွင်း စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ နီးပါးရှိ Myanmar Beer ဂျပ်ဖာပေါင်း ၇၁ ဖာ၊ ပုလင်းပေါင်း ၈၅၂ ပုလင်း နှင့် ဗူးတို ဂျပ်ဖာပေါင်း ၂၄ ဖာ၊ ဗူးပေါင်း ၅၇၆ ဗူး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "ထို သိမ်းဆည်းရမိသော ပစ္စည်များ အားလုံးကို ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အများပြည်သူများ၏ ရှေ့မှောက်တွင် အကြမ်းဖက် စစ်တပ် ထုတ်ကုန် Myanmar Beer များ အားလုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ နှင့် ၎င်းမိသားစုများ၊ ၄င်းတို့နှင့် အကျိုးတူ စီးပွားဘက်ဖြစ်သော စစ်တပ် ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော်လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်သည့် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် စစ်တပ် ထုတ်ကုန် ပစ္စည်းများကို ပြည်သူအပေါင်းမှ သပိတ်မှောက်ကြရန် မေတ္တာရပ်ခံကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်တိုက်တွန်းထားသည်။"]
https://yktnews.com/2024/01/139383/
ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း သေ ဆုံး
["ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်း သေ ဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တဲစုကျေးရွာနှင့် ပျဉ်ထောင်ပျူရွာကြား၌ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Khin U Special Force Organization – KSO ထံမှ သိရ သည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ ခန့်က ခင်ဦးမြို့ ပေါ် မှ အနောက်ခြမ်း ကျေးရွာများသို့ အင်အား ၈၀ ကျော်ဖြင့် ခြေလျင်စစ် ကြောင်းထိုးလားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို အင်တိုင်း ကြီးရွာ၊ တဲစုကျေးရွာ နှင့်ပျဥ်ထောင်ပျူရွာကြားအရောက် ပြည်သူ့ကာ ကွယ် ရေး ပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။", "အသင့်စောင်ကြိုပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဖရိုဖရဲဖြစ်နေသော အကြမ်း ဖက် စစ်သားများကို ဒရုန်း အကြီး ၂ စီး ဖြင့် ဗုံးသီး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးသည် ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး ၁၀ ဦးထက်မနည်းလဲကျဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း သို့ ပျဉ် ထောင် ပျူရွာအတွင်းရှိ အကြမ်းဖက်စစ်သားများကလည်း လက်နက်ကြီး များ ဖြင့် ရမ်းသမ်း ပစ်ခတ်ကာ စစ်ကူပေးခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို KSO-KURDAF Droneအဖွဲ့၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Force Local PDF၊ YE U ၊ ARF ၊ KUGF၊ Drone ပူးပေါင်း အဖွဲ့တို့နှင့် နယ်မြေခံမဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်ထောင်ပျူရွာအတွင်းမှ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထပ်မံ ထွက် ခွာလာသဖြင့် ရေဦး -ခင်ဦး လမ်းပိုင်း၊ မုံလှ-မြင်းဒေါင်း – ညောင်ပင်ကြီးစု (DY-1 မူးဘောင်လမ်း) လမ်း ပိုင်းကို အသုံးပြုသွားလာခြင်းမပြုလာခွင့် ယာယီပိတ်ထား မည်ဖြစ် ကြောင်း Khin U Special Force Organization – KSO က ထုတ်ပြန် ထားသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution"]
https://yktnews.com/2023/10/126057/
ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းနှင့် စစ်သားများ အုပ်စုဖွဲ့ နေထိုင်သော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းနှင့် စစ်သားများ အုပ်စုဖွဲ့ နေထိုင်သော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၀ ရက်နေ့တွင် ခင်ဦးမြို့နယ် အတွင်း ဝင်ရောက်သည် အင်အား ၁၀၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြစ်တော်ကျေးရွာမှ ထွက်လာစဥ် ခင်ဦးမြို့ အထိ လမ်းတစ်လျှောက် တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားကာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“ထိတွေ့တိုက်ပွဲမှာ စစ်ခွေးတွေဘက်က မျက်မြင် ၃ ကောင်သေပြီး ဒီထက်လည်းပိုနိုင်ပါတယ်” ဟု Royal Tiger Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Guerrilla Force ၊ BNRA ၊ ဒေါင်းစစ်သည် ၊ ရောင်နီပြောက်ကျားတပ်ဖွဲ့ ၊ RTGF နှင့် မြို့နယ် ပလဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် စစ်ကိုင်းတိုင်း၊ ​​မြောင်မြို့နယ်ရှိ ကျောက်ရစ် ရဲစခန်းနှင့် အကြမ်းဖက် စစ်သားများ အုပ်စုဖွဲ့ နေထိုင်သော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ် ခန့်တွင် ကျောက်ရစ်ရဲစခန်းနှင့် စစ်သားများ အုပ်စုဖွဲ့နေထိုင်သော အဆောက်အအုံတို့ကို ဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ည ၇ နာရီ ၃၁ မိနစ်တွင်လည်း စစ်သားများ အုပ်စုဖွဲ့ နေထိုင်သည့် အဆောက်အအုံကို ဒုတိယ အကြိမ် ဗုံးသီး ၄ လုံး ထပ်မံကျဲချခဲ့ရာ ပစ်မှတ်ကို အတိအကျ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို CDSOM ၏ ၀၀၁ ဒရုန်းအဖွဲ့ ၊ မြောင် ပလဖ ၊ Wild Bird ကောလင်း ဒရုန်းအဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ (PDF Taloke) ၊ LACR မြင်းခြံ ၊ Young Man အဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/139942/
ခင်ဦးမြို့နယ်တွင် ပြည်သူများကို သတ်ဖြတ်၍ မီးရှို့ ဖျက်ဆီးနေသော စစ်ကြောင်းနှင့် စပါးခိုးရိတ်နေသော ပျူစောထီးများကို တိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး
["ခင်ဦးမြို့နယ်တွင် ပြည်သူများကို သတ်ဖြတ်၍ မီးရှို့ ဖျက်ဆီးနေသော စစ်ကြောင်းနှင့် စပါးခိုးရိတ်နေသော ပျူစောထီးများကို တိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူများကို သတ်ဖြတ်ကာ မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းနှင့် ပြည်သူပိုင် စပါးများကို ခိုးရိတ်နေသော ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း Khin U Specialforce Organization – KSO တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ခင်ဦးမြို့နယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာ သော အင်အား ၈၀ ကျော်ပါ စစ်ကြောင်းကို မြင်းကျကျေးရွာမှ အသက် ၆၀ ကျော်အရွယ် အဖိုးနှစ်ဦး ကို ပစ်ခတ်ပြီး ပြန်ထွက်လာသည့် ရှေ့ပြေးကင်း ၂၀ ခန့် ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက် ခဲ့ ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့အပြင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထပ်မံ တွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံးပြီး ကျွန်းတောကြီးကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များအတွင်း ထည့်သွင်း မီးရှို့ ကာ အလောင်းဖျောက်ပစ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် ရှုံးမဲမဲကာ အပြစ်မဲ့သော မြင်းကျရွာမှ အဖိုးအို ၂ ဦး၊ ကိုယ်ဝန် ဆောင်သည် အမျိုးသမီး-၁ ဦး၊ ကားဆိပ် (သက်သာပန်းတောင်းကျေးရွာ )မှ အမျိုးသမီး ၁ ဦး စုစု ပေါင်း ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ကျွန်းတောကြီးရွာမှ နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပျဉ်ထောင်ကျေးရွာမှ ပျူစောထီး ၂၀ ခန့်သည် အနီးအနားရှိ ပြည်သူပိုင်လယ်ကွင်းများအတွင်းမှ စပါးများကို ခိုးယူရိတ်သိမ်းနေစဉ် မီး လောင်ဗုံး ၅ လုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိသို့ မီးလောင်ဗုံးကျဲချမှုကြောင့် မီးလောင်နေသော စပါး ပုံ များကို မီးငြိမ်းသတ်ရန် ကြိုးစားနေသည့် ပျူစောထီးများကို ဒရုန်းအကြီး ၅ စီး၊ အသေး ၂ စီးဖြင့် ဗုံးသီး ၁၃ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို KSO (KURDAF Droneအဖွဲ့) ၊ခင်ဦးမြို့နယ် ပကဖ ၊Wolf Guerrilla Force Local PDF၊ YE U (KURDAF Drone အဖွဲ့) ၊ Arm Revolutionary Force ARF (KURDAF Drone) ၊ KUGF ၊ Fire Dragon PDF (Khin U) Drone အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KhinUSpecialForceOrganization #KSO #KURDAFDrone #WolfGuerrillaForceLocalPDF #YEU #ArmRevolutionaryForceARF #KUGF #FireDragonPDF"]
https://yktnews.com/2023/05/101487/
ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူ ၇၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ
["ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူ ၇၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မေ ၈", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူ ၇၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၆ ရက်နေ့ မန္တလေးမှဆင်းလာသော စစ်တပ် စစ်ကြောင်းသည် စဥ့်ကူးမြို့နယ် ၊နွယ်ရုံကျေးရွာ၊ကျည်တောက်ပေါက်ကျေးရွာ၊ချောင်းသလဲကျေးရွာ၊ရွှေကျင်ကျေးရွာ၊အင်းဇောက်ကြီးကျေးရွာများသို့ ဝင်ရောက်၍ ရွှေကျင်ကျေး ရွာနှင့်အင်းဇောက်ကြီးကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဧရာ၀တီ မြစ်ကြောင်းထဲမှ တက်လာသည့် စစ်တပ်စစ်ကြောင်း တစ်ခု၊ ရေမြက်ကျေးရွာ၊မင်းမရုံကျေးရွာမှ တက်လာသည့် စစ်ကြောင်း ၁ ကြောင်း၊ကျောက်မြောင်း၊လေမသိန်းမှ တက်လာသည့် စစ်တပ် စစ်ကြောင်း ၁ ကြောင်း၊စုစုပေါင်း စစ်တပ် စစ်ကြောင်း", "၃ ကြောင်း ပြန်လည်ပေါင်းဆုံကြောင်း သိရှိရသည်။", "စစ်ကြောင်း ၃ ကြောင်း ပြန်လည်ပေါင်းဆုံပြီးနောက် မေလ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်၊အနောက်ဖက်ကမ်းရှိ ကဘွတ်ကျေးရွာ၊ကုတ္တက်ကျေးရွာ၊သင်ပေါင်းကျေးရွာများသို့ ဝင်ရောက်၍ ကဘွတ်ကျေးရွာကို မီးရှို့ခဲ့ကြောင်း ၊ စစ်ကြောင်းထိုးလာမှုကြောင့် ခင်ဦးမြို့နယ် အစပ် စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများ၊သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာ များ စုစုပေါင်း ကျေးရွာ ၈ ခုမှ ပြည်သူ ၃၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ကြရကြောင်း သိရှိရသည်။", "ထို့အတူ ခင်ဦးမြို့နယ် အနောက်ခြမ်း ရွာသစ်ကုန်းပျူစောထီးများ နှင့် ရေဦးမှ ယမန်နေ့ညကတည်းက တက်လာသော အင်အား၇၀ကျော် စစ်ကြောင်းသည် မေလ ၈ ရက်နေ့ နံနက်ပိုင်း မြကန်ကျေးရွာမှ တစ်ဆင့် အောင်သာရွာ၊ ကုန်းသာရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်၍ ခြေလျင်စစ်ကြောင်းထိုးလာကြောင်း၊ ထို့ကြောင့် ကျေးရွာ ၉ရွာမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။", "လက်ရှိတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းသို့ စစ်တပ်က စစ်ကြောင်းများ ခွဲ၍ ဝင်ရောက်နေသဖြင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူအရေအတွက် ၇၀၀၀ ကျော်ရှိလာ‌ောကာင်း သိရှိရသည်။", "ခင်ဦးမြို့နယ် အရှေ့ခြမ်း ကဘွက်ရွာနှင့် ကုတ္တက်ရွာတို့ကို မီးတင်ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ အင်အား ၂၀၀ ခန့်သည် ယနေ့ မေလ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83146/
ခင်ဦးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ၊ တရားရေးအဖွဲ့ က တရား စီရင်​ရေး စတင်​ဆောင်ရွက်
["ခင်ဦးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန ၊ တရားရေးအဖွဲ့ က တရား စီရင်​ရေး စတင်​ဆောင်ရွက်", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာန ၊ တရားရေးအဖွဲ့ရုံး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။", "ခင်ဦးမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့်တရား စီရင်ရေးများကို နိုင်ငံတကာဥပဒေများ လူအခွင့်အရေးဆိုင်ရာဥပဒေများ နှင့် ဖက်ဒရယ်စနစ် အားမသွေဖယ်သည့် ဥပဒေများဖြင့် စီရင်ဆောင်ရွက်နိုင်ရန် တရားရေးအဖွဲ့ရုံး စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။", "တရားရေးအဖွဲ့ရုံး ဖွင့်ပွဲ အခမ်းအနားကို ခင်ဦးမြို့ နယ် အုပ်ချုပ်ရေး ခေါင်းဆောင်နှင့်အတူ အုပ် ချုပ် ရေးအဖွဲ့တာဝန်ခံအသီးသီး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အခေါင်းဆောင် နှင့်အတူ တိုက်နယ်ခေါင်း ဆောင်များ ရပ်/ ကျေး ပကဖများ တက်ရောက် ကြကြောင်း သိရှိရသည်။"]