url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2024/02/143653/
ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်း
["ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ရဲသတင်းတပ်ဖွဲ့မှ တပ်ကြပ်နှင့် အပေါင်းအပါ တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကော့သောင်းမြို့နယ်ပကဖမှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီ အချိန် တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ခမောက်ကြိးမြို့နယ် ၊မာရမ်းကျေးရွာ၊ ရဲသတင်းတပ်ဖွဲ့ (Special Branch) ၊ မာရမ်းတပ်ဆွယ်၊တပ်ဆွယ်မှူး တပ်ကြပ်နေစိုးဦးနှင့် ဖခင် ဦးစိုးတင့်တို့သည် အိမ်စီးကားဖြင့် ဆိပ်ဖူးကျေးရွာတွင် လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများကို လစဉ်ပုံမှန်ရဲကြေးများပေးဆောင်ကြရန် ဖိအားပေးပြောဆိုခဲ့ကြောင်း၊ ယင်းနောက် ဆိပ်ဖူးကျေးရွာမှ မာရမ်းကျေးရွာသို့အပြန် နံနက် ၁၀ နာရီ", "၄၀ မိနစ် အချိန် ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ဆောင်းဦးစစ်ဆင်ရေး ၏ စစ်အာဏာသိမ်းသုံးနှစ်ပြည့်အထိမ်းမှတ်အဖြစ် စောင့်ကြိုတိုက် ခိုက်ရှင်းလင်းခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် နေစိုးဦးနှင့် ဖခင် ဦးစိုးတင့်တို့ သေဆုံးသွားကြောင်း သိရှိရသည်။", "အဆိုပါအိမ်စီးကားထံမှ 380 ပစ္စတိုတစ်လက်၊ 380ကျည် ၉ တောင့်၊ ၉ မမ ကျည် ၅တောင့်၊လက်ထိပ်တစ်စုံ၊ ဖုန်းသုံးလုံး၊ နာရီ ၂ လုံး၊ထိုင်းငွေ ၁၁၇၀ ဘတ်၊ မြန်မာငွေ ၃၅၀ကျပ် နှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ပြည်သူများဘက်မှ ရပ်တည်ခြင်းမရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီထောက်တိုင်များ ပျူစောထီးများ စစ်ကောင်စီ၏သတင်းပေးသူလျှိုများကို ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆက်လက် ချေမှုန်းရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/181299/
ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦး ဖမ်းဆီးပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီး
["ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦး ဖမ်းဆီးပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဩဂုတ် ၃၁", "တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီးရှိ မီးလုပ်ကိုင်နေ သူ ပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရာဘာဂိုဒေါင်တစ်လုံးအပါအဝင် လူနေအိမ်များ၊ မီးသွေးဖို အဆောင်များကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ဩဂုတ်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က အင်အား ၆၀ ခန့်ဖြင့် ခမောက်ကြီးမြို့နယ်၊ ချောင်းဝကျေးရွာအနီးရှိ ဒေသအခေါ် နံပါတ် ၂ ချောင်းအတွင်း ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများသည် မီးသွေးဖို လုပ်ငန်း လုပ်ကိုင်လုပ်နေသူ ၅ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရာဘာဂို ဒေါင် တစ်လုံးအပါအဝင် လူနေအိမ်များ၊ မီးသွေးဖို အဆောင်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယခု အချိန်အထိ မလီဝမ်းနှင့် ရှမ်းကူးဒေသတို့တွင် ရှိနေသေးကြောင်း သိရသည်။", "“လူနေအိမ်က လေးငါးခြောက်လုံးလောက်ပါမယ်၊ မီးသွေးပေါင်းအဆောင်က အနည်းဆုံး ၃ ဆောင် လောက်ပါမယ်။ အလုံးရေက ပြောပြလို့မရဘူး။ အဆောင်တစ်ဆောင်ကို ၂ လုံးတွဲရှိတယ်။ ၃ လုံးတွဲ ရှိတယ်။တချို့ကျတော့လည်း ၄ လုံးတွဲရှိတယ်။ အဲဒီချောင်းထဲမှာက အိမ်ကတော့ သိပ်ပြီးများများစား စားမရှိဘူး။ အိမ်က လေးငါးဆယ်လုံးပဲရှိမှာ။ သူတို့က ယာယီနေထိုင်သူတွေမဟုတ်ဘူး။ နှစ်ရှည် ရွှေ့ ပြောင်းနေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့သူတွေ၊ အဲဒီမှာ နေထိုင်ပြီးတော့လုပ်ကိုင်နေကြတာ။ ပြီးတော့ ရာဘာဂိုဒေါင်တစ်လုံးလည်းပါတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ အကြမ်းဖက်စစ်သားများသည် ဩဂုတ်လ ၂၄ ရက်နေ့မှ စ၍ ခမောက်ကြီးမြို့အခြေစိုက် တပ်ရင်းမှ ထွက်လာကာ မလီဝမ်းဒေသနှင့် ရှမ်းကူးရွာဒေသဘက်သို့ စစ်ကြောင်းထိုးဝင်ရောက် လာကာ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်း၊ ကင်းပုန်းဝပ်ခြင်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။", "“လမ်းဘေးမှာ ဂိတ်ချပြီးတော့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာရှိတယ်၊ လမ်းဘေးမှာ ကင်း ပုန်းဝပ်တာတွေလုပ်တွေ၊ အဲဒီမလူဝမ်းနဲ့ ရှမ်းကူဒေသတွေက တောတောင်တွေကို လိုက်ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်ကြတာပေါ့၊ နီးစပ်ရာ ဥယျာဉ်ခြံတွေမှာလည်း လိုက်ပြီး တော့ စစ်ဆေး တာမေးမြန်းတာတွေလုပ်တယ်။ လမ်းမှာဂိတ်ချစစ်ဆေးတဲ့နေရာမှာလည်း ယောက်ျား လေးတွေ ဆိုရင် တစ်ကိုယ်လုံးကို ရှာဖွေတယ်၊ ဖုန်းတွေလည်း စစ်ဆေးတယ်၊ တချို့ဆိုရင် တစ်ညလောက် သူတို့နားမှာ ထိုင်ခိုင်းထားတာမျိုးတွေရှိတယ်၊ ဘယ်မှ ပေးမသွားပဲ စစ်ဆေးတဲ့နားမှာ တစ်ညလုံး ဘယ်မှမသွားနဲ့ဆိုပြီး ထိုင်ခိုင်းတာတာတွေရှိတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/12/195107/
ခမောက်ကြီး၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်က ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား
["ခမောက်ကြီး၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်ကပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထား", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာတွင် တပ်စွဲပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့် အကြမ်းဖက် စစ်တပ်ကို ကော်သူးလေတပ် က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ခမောက်ကြီးမြို့နယ်၊ အေးမြသာယာရွာရှိ မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို KTL Army ကော်သူးလေတပ် ဗိုလ်ကြီးစောဗိုလ်ဖဲ ဦးဆောင်သော တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် KTL Army – ကော်သူးလေ တပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အေးမြသာယာရွာဆိုရင် အကုန်လုံးက ကျွန်တော်တို့တွေ ဒီစစ်ကောင်စီနဲ့ သူတို့တွေ ပူးပေါင်းပြီးတော့ လုပ်ထားတဲ့ လုပ်ငန်းတွေ ရှိတယ်။ တချို့လုပ်ငန်းတွေမှာ တချို့အလုပ်တွေမှာ ထိုင်းမြန်မာ နယ်စပ်ကနေပြီးတော့ စစ်ကောင်စီက ဗျူဟာမှူးတွေ တပ်ရင်းမှူးတွေက ဥယျာဉ်ခြံတွေ ပေးလုပ်ထားတာ ရှိတယ်။ နောက်ပြီးတာ့ အေးမြသာယာ ရှမ်းကိုးရွာ တစ်ကြောက စစ်ကောင်စီနဲ့ပူးပေါင်းပြီး မြင်းဆေးတွေ ထုတ်၊ မူးယစ်ဆေးဝါးတွေ ထုတ်တဲ့ စက်တွေပါ ရှိတယ်လို့ သတင်းကြားတယ်။ နောက်တစ်ချက်က ဒီအေးမြသာယာ ကျေးရွာမှာပျူစောထီးတွေ ခုနတုန်းက မူးယစ်ဆေးဝါးခေါင်းဆောင်တွေရဲ့ နောက်ဆွယ်တွေက ပျူစောထီးလက်နက်ကိုင် ဒီစစ်ခွေးနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့တွေ တော်လှန်ရေးသမားတွေကို လုံးဝကို မထီမဲ့မြင်ပြုထားတာတွေ ရှိတယ်။ ဒီဘက်တစ်ခြမ်းမှာဆိုလို့ရှိရင် အဲဒီ ရှမ်းကိုးရွာတို့ အေးမြသာယာတို့ဆိုတာ ဒီဘက်ရွာတစ်ကြောက စစ်ခွေးတွေရဲ့ အမာခံရွာတွေ များတယ် ။ နောက် ဒလန်တွေ တအားပေါတယ်။ အဲဒီ ဒလန်တွေက ပျူစောထီးအဖြစ် လက်နက်ကိုင်ပြီး ဝင်ရောက်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ကျွန်တော်တို့ သွားပြီးတော့ အဲဒီရွာကို အဲဒီ စခန်းကို သွားတိုက်တဲ့အချိန်ကဆိုရင် ပျူစောထီးနဲ့ စစ်ခွေးနဲ့ဆို အားလုံးပေါင်း ပူးပေါင်းအယောက် ၁၀၀ ဝန်းကျင်လောက်ရှိတယ်” ဟု ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၂၀၀ ခန့် ထပ်မံ ရောက်ရှိလာပြီး စစ်အင်အားဖြည့်တင်းထားကြောင်း၊ ထို့ပြင် ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။", "“အခုလက်ရှိမှာလည်း စစ်ခွေးဘက်ကနေ အင်အား ၂၀၀ လောက် ထပ်ပြီးတော့ ထပ် တက်ထားတာရှိတယ်။ ပျူစောထီးမပါ။ စစ်ခွေးသီးသန့် အင်အား ၂၀၀ ကျော် ထပ်ပြီးတော့ တိုးတက်ထားတာရှိတယ်။ ဒီစစ်ခွေးဘက်ကနေ အပြစ်မဲ့တဲ့ ပြည်သူတွေ ကလေးတွေကို ရွာသား ဒိုင်းအဖြစ်နဲ့ အသုံးပြုတာတွေ ရှိတယ်။ ကျွန်တော်တို့တွေ ဒီ တိုက်ပွဲပြီးသွားပြီးနောက် ၂ ရက်လောက်ကြာမှ သူတို့တွေဆီက သတင်းထုတ်တာရှိတယ်။ သူတို့တွေက ရွာကို ပြန်မတိုးရဲဘဲနဲ့ ဒီ ရွာသားတွေနဲ့ ကလေးတွေကို လူသားဒိုင်းအဖြစ်နဲ့ အသုံးပြုပြီးတော့ အရှေ့ကနေ တိုးခိုင်းတာတွေ ရှိတယ်။ ကျွန်တော်တို့တွေ အဲဒီရွာတိုက်ပွဲပြီးသွားတော့ သူတို့တွေ အဲဒီမှာ ကလေးတွေနဲ့ ရွာသားတွေကို အရှေ့ကနေပြီးတော့ တိုးခိုင်းတာတွေ ရှိတယ် အဲဒီသတင်းတွေလည်း ကျွန်တော်တို့ ကြားနေရတယ်။ ရွာထဲမှာမှာပဲ တပ်စွဲထားတုန်း ပြည်သူတွေကိုတော့ အရှေ့ကနေ လူသားဒိုင်းအဖြစ်နဲ့ အသုံးပြုထားတယ်။ ပြည်သူတွေကို အရှေ့ကနေ တင်ထားတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ခဏတော့ ဆုတ်သွားတယ်။ ဆုတ်သွားပြီးတော့ နောက်ရက်ကျတော့ အနောက်ကနေ ရောက်လာတဲ့ အင်အား ၂၀၀ ကျော်နဲ့ ပြည်သူတွေကို အရှေ့ကနေ ရွာသားတွေကို ပြန်မောင်းသွင်းပြီးတော့ သူတို့ရွာမှာ စခန်းပြန်ပြီးတော့ ချနေတယ်လို့ သတင်းကြားတယ်” ဟု ကော့သောင်းခရိုင် ကော်သူးလေ တပ် – ဗိုလ်ချုပ်မြ အထူးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2023/12/135402/
ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် PDF တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ကို PDF တပ်များ ဆက်လက်ထိန်းချုပ်ထား၊ စစ်တပ်ကို နှစ်ဖက်ညှပ် ပိတ်ဆို့ထားနိုင်
["ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် PDF တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ကို PDF တပ်များ ဆက်လက်ထိန်းချုပ်ထား၊ စစ်တပ်ကို နှစ်ဖက်ညှပ် ပိတ်ဆို့ထားနိုင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေကြောင်း တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၇ ရက်နေ့က ကလေး-တမူးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွက်ကဲမှုဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းတပ်ဖွဲ့မှ အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြန်လည်သိမ်းပိုက်နိုင်ရန် ကလေးမြို့မှ စစ်ကြောင်း ထိုး လာသဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။", "“ခမ်းပတ်မြို့ကို ကျနော်တို့ PDF တွေပဲ ထိန်းချုပ်ထားတယ်။ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်နေတာပဲ ရှိပါသေးတယ်၊ စစ်ခွေးတွေက ကြားထဲမှာရောက်နေ တာ၊ ကျနော်တို့ PDF တပ်ဖွဲ့ဝင်တွေက နှစ်ဖက်လုံးမှာရှိတယ်၊ သူတို့ရဲ့ တပ် ကုန်း နေရာတဝိုက်မှာပဲ ပြန်ပြီး နေရာယူထားတာ အဲလိုမျိုးပဲရှိတယ်၊ သူတို့ထွက်လို့မရဘူး၊ ပိတ်ထား တယ်၊” ဟု တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။", "ဓာတ်ပုံ- PDF တပ်များ သိမ်းပိုက်ခဲ့သော ခမ်းပတ်မြို့မှ စစ်ကောင်စီတပ်စခန်းတစ်ခု။"]
https://yktnews.com/2023/11/130081/
ခမ်းပတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်
["ခမ်းပတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့နိုဝင်ဘာလ ၇ ရက်နေ့တွင် ခမ်းပတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ နောက်ဆုံးတပ်စွဲထားသည့် ခမ်းပတ်စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် ခမ်းပတ်မြို့ကို အလုံးစုံ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "” စစ်ခွေးတွေ နောက်ဆုံး တပ်စွဲထားတဲ့ ခမ်းပတ်စခန်းကုန်းကို သိမ်းပိုက်လိုက်ပြီလို့ သိရတယ်။ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အောင်ပွဲခံကြတယ်လို့သိရပါတယ်။ မြို့ထဲမှာ စစ်ခွေးတွေ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ပြည်သူ့ဆေးရုံကိုလည်း အရင်နေ့တည်းက သိမ်းထားတာ ဒီနေ့မှစခန်းကုန်းကို ထပ်သိမ်းပိုက်လိုက်တော့ ခမ်းပတ် တစ်မြို့လုံးကို ပြည့်သူကာကွယ်ရေးဘက်က သိမ်းပိုက်လိုက်ပြီလို့ ပြောလို့တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ခမ်းပတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို တော်လှန်ရေး တပ်ဖွဲ့ များက နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်က စတင်ကာ တိုက်ခိုက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/11/130092/
ခမ်းပတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
["ခမ်းပတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်", "ရန်ကုန်၊ နိုဝင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၇ ရက်နေ့တွင် တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း၂ ၊ စစ်ဒေသအထူး တပ်ရင်း ၂ ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ကလေး-တမူး အာရှ အဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ ၃ ရက်နေ့က စတင်၍ ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အမှတ် ၁ စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်ပြီး တိုက်ပွဲနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/115060/
ခမ်းပတ်မြို့တွင် နေအိမ် စိတ်မချ၍ ပြန်လာသည့် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ မြို့ပေါ်ရှိ ရပ်ကွက်များကို စစ်တပ်က မီးတင်ရှို့
["ခမ်းပတ်မြို့တွင် နေအိမ် စိတ်မချ၍ ပြန်လာသည့် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်၊ မြို့ပေါ်ရှိ ရပ်ကွက်များကို စစ်တပ်က မီးတင်ရှို့", "ရန်ကုန်၊ ဇူလိုင် ၂၇", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့တွင် နေအိမ် စိတ်မချ၍ ပြန်လာသည့် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ခမ်းပတ်မြို့ရှိ နေအိမ်ကို စိတ်မချ ၍ ပြန်လာကြည့်သည့် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်သတ် လိုက်ကြောင်း၊ ယင်းသို့ ပစ်သတ်ပြီးနောက် ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က မီးစတင် ရှို့ကြောင်း သိရှိရသည်။", "“အိမ်ကိုစိတ်မချလို့ အိမ်ပြန်လာတဲ့ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို စစ်တပ် က ပစ်သတ်လိုက်တယ်။ ဘယ်သူဆိုတာတော့ မသိရသေးဘူး။ မနေ့ည ၇ နာရီ ခွဲက ဖြစ်တာ။ သူ့အိမ်သူပြန်တာတောင်အသတ်ခံရတယ်။ ပြီးတော့ နေရာ တော် တော်များများကိုလည်း မီးတင်ရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "လက်ရှိတွင် ခမ်းပတ်မြို့တွင် စစ်တပ်နှင့် PDF တပ်များက မျက်နှာချင်းဆိုင် စစ်ဆိုင်ထားပြီး စစ်တပ်ကလည်း လေယာဉ်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင် နေ ကြောင်း၊ ခမ်းပတ်မြို့တွင် တိုက်ပွဲအတွင်း ကျည်ထိမှန်သေဆုံးသူ ပြည်သူ များရှိနေကြောင်း သိရှိရသည်။", "“နှစ်ဖက်က စစ်ဆိုင်ထားတယ်။ ဇူလိုင်လ ၂၃ ရက်နေ့ ခမ်းပတ်မြို့ ရဲစခန်းကို PDF တွေက စတိုက်ကတည်းက စစ်ဆိုင်နေတာ။ တိုက်ပွဲကတော့ အချိန် မရွေးဖြစ်နိုင်တယ်။ စစ်ခွေးတွေက အိမ်တွေမီး ရှို့တာ ဗုံးတွေကျဲတာမရပ်ဘူး။ အခြေနေတွေငြိမ်မှ ဘယ်နှစ်အိမ် ကျန်တယ်။ ဘယ်နှစ်ယောက်သေတယ် ဆိုတာ အတိကျသိရမယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ ပိတ်မိနေ တဲ့ လူတွေ လည်း သေကြပြီလားမသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။"]
https://yktnews.com/2023/07/114446/
ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်ကို ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး
["ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်ကို ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၃", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် လူနေရပ်ကွက်ကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဇူလိုင်လ ၂၂ ရက် ည ၈ နာရီခန့်ကစတင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ခမ်းပတ်မြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည်များ ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ RC ဘုရားကျောင်းရှေ့ရှိ နေအိမ်တစ်လုံးကို ထိ မှန်ပြီး ပြည်သူ အမျိုးသား ၁ ဦးသေဆုံးကာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။", "“ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီကစပြီး ခမ်းပတ်မြို့မှာ ဒေသ PDF တပ်ပေါင်းစုတပ်ဖွဲ့က ရဲစခန်းနဲ့ တပ်ကုန်းကို တိုက်နေပြီ၊ လက်ရှိအခြေအနေအထိတော့ပစ်နေကြတုန်းပဲ၊ ပြည်သူတွေထိခိုက်မှုရှိတယ် လို့တော့မကြားသေးဘူး၊ အခြေအနေက သေချာမသိရသေးဘူး။ စစ်ပွဲက ပစ်နေကြတုန်းမို့ပါ၊ မအလ ဘက်က ဒေသ PDF ၂ ဦးကို ဖမ်းထားလို့ ဟိုဘက်က ပြန်လွှတ်ပေး၊ ပြန်လွှတ်မပေးရင်ပစ်မယ်လို့ ပြောထားတာပါ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရပြီးနောက် ရဲစခန်းအနီးနေထိုင်သော မိဘပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြိုတင် ကြေညာအသိပေးထားကြောင်း သိရသည်။"]
https://yktnews.com/2023/11/131091/
ခမ်းပတ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အိန္ဒိယနိုင်ငံထဲသို့ ရောက်နေ၊ ဒဏ်ရာရသော စစ်သားများ အိန္ဒိယနိုင်ငံထဲတွင် သေဆုံး
["ခမ်းပတ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အိန္ဒိယနိုင်ငံထဲသို့ ရောက်နေ၊ ဒဏ်ရာရသော စစ်သားများ အိန္ဒိယနိုင်ငံထဲတွင် သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး ဒဏ် ရာရရှိသော စစ်သားတချို့မှာ အိန္ဒိယနိုင်ငံထဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။", "နိုဝင်ဘာလ ၇ ရက်နေ့တွင် တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တော်လှန်ရေးအဖွဲ့များအနက် တမူးခရိုင် တပ်ရင်း၂ ၊ စစ်ဒေသအထူး တပ်ရင်း ၂ ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း၊ ခမ်းပတ်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းများကို မိသားစုဝင်များနှင့်အတူ စွန့်ခွာ ထွက်ပြေးပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက်သွားကြကြောင်း၊ ဒဏ်ရာရသူများကိုပါ တစ်ပါတည်း ခေါ်ဆောင်သွား ကြကြောင်း သိရှိရသည်။", "“နိုဝင်ဘာလ ၅ ရက်နေ့လောက်ကတည်းက စစ်သားတွေနဲ့ စစ်အရာရှိတွေေ သူတို့ မိန်းမ ကလေးတွေနဲ့ အိန္ဒိယထဲ ထွက်ပြေးသွားကြတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယစစ်တပ်က သူတို့ကို ကူညီထားတယ်။ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်။ တချို့လည်း အိန္ဒိယထဲမှာ ဆေးမကုရဘဲ သေကုန်တယ်” ဟု အခြေအနေကို သိရှိထားသော နယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် မကြာသေးမီက သိမ်းပိုက်ခဲ့သော ခမ်းပတ်မြို့ရဲစခန်းမှ ရရှိသည့် လက်နက်များ၊ ရဲအရာရှိအဆောင်အယောင်များ၊ ရဲများ၏ ပစ္စည်းများကို တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တချို့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အိန္ဒိယနိုင်ငံထဲ ထွက်ပြေးရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ။ ခမ်းပတ်မြို့ရဲစခန်းမှ သိမ်းဆည်းရရှိသော လက်နက်နှင့် ရဲအသုံးအဆောင်များ။", "(အိန္ဒိယနိုင်ငံထဲရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုများ၏ အခြေအနေ ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/145941တွင် ကြည့်ရှုနိုင်ပါသည်။ )"]
https://yktnews.com/2024/01/139173/
ခမ်းပတ်မြို့အနီး ကနန်ကျေးရွာတွင် ကလေး ၉ ဦး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးစေသည့် တိုက်လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲမှု ကျူးလွန်သူ နှင့် အမိန့်ပေးသူများကို NUG က အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်မည်
["ခမ်းပတ်မြို့အနီး ကနန်ကျေးရွာတွင် ကလေး ၉ ဦး အပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးစေသည့် တိုက်လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲမှု ကျူးလွန်သူ နှင့် အမိန့်ပေးသူများကို NUG က အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်မည်", "ရန်ကုန်၊ ဇန်နဝါရီ ၉", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာတွင် ကလေး ၉ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးစေသည့် တိုက် လေယာဉ်ဖြင့် စစ်တပ်က ဗုံးကျဲမှုတွင် ကျူးလွန်သူ စစ်ကောင်စီနှင့် အမိန့်ပေးသူများကို အမျိုးသား ညီညွတ်ရေးအစိုးရ-NUG က အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း NUG က တရားဝင်ကြေညာသည်။", "ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း အရပ်သား ပြည်သူများ နေထိုင်ရာ တမူးမြို့ နယ်၊ ခမ်းပတ်မြို့၊ ကနန်ကျေးရွာတွင် တနင်္ဂနွေနေ့ ဘုရားကျောင်းဝတ်ပြု ဆု တောင်းပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဖျက်အားပြင်း ဗုံး ဖြင့် ကျဲတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်မှ ၁၇ နှစ်ကြားရှိ ကလေးငယ် ၉ ဦး အပါအဝင် စုစုပေါင်းသေဆုံး ၁၇ ဦးရှိကြောင်း၊ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၉ ဦးရှိကြောင်း သိရ သည်။", "၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ မင်းအောင်လှိုင်ဦး ဆောင်သော အကြမ်းဖက်စစ်ကောင်စီက အသက် ၁၈ နှစ်အောက်ကလေးသူငယ် ၆၂၇ ဦး၊ အမျိုး သမီး ၁၀၁၇ ဦးကို သတ်ဖြတ်ခဲ့ ပြီး လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာများအား တိုက်ခိုက် မှုပေါင်း ၅၈၃ ကြိမ် ကျူးလွန်ခဲ့ပြီးဖြစ်ကြောင်း၊ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် မှုအတွင်း သေဆုံးသူအရပ်သား ၈၉၇ ဦး၊ ဘာသာရေးအဆောက်အဦး ပေါင်း ၇၆ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၂ ကျောင်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမျက်နှာစာအားလုံးတွင် ပိုမိုရှုံးနိမ့်လာသည့် အကြမ်း ဖက် စစ်တပ်က အရပ်သားပြည်သူများကို လေကြောင်းမှ ဖျက်အား ပြင်းဗုံးများအသုံးပြုကာ ပိုမိုတိုးမြှင့်သတ် ဖြတ်လာသည့် သက်သေ အထောက် အထား အများအပြားရရှိထားကြောင်း၊ အဆိုပါ ကျူးလွန်မှုများ တွင်ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက် ပြုသူနှင့် တာ ဝန်ရှိသူအဆင့်ဆင့်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချနိုင်ရေး အားထုတ် ဆောင် ရွက်သွားမည် ဖြစ်ကြောင်း NUG က အသိပေးထားသည်။", "ထို့ပြင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြန်မာ့ အရေး ဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်တပ်အပေါ် ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများနှင့် လေယာဥ်ဆီ အပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချခြင်းကို ပိတ်ဆို့မှုတို့ ပါဝင်သော ဆုံးဖြတ် ချက်အသစ်နှင့် ထိရောက် သောအရေးယူဆောင်ရွက်မှုများ ထွက်ပေါ် လာ အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် လိုအပ်ပြီး ကျူး လွန်မှုများအတွက် အကြမ်းဖက်စစ်တပ် တာဝန်ခံမှုရှိစေမည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံ ချင်း တရားစွဲဆို အရေးယူနိုင်ရေး ကြိုးပမ်းမှုများတွင် ပါဝင်အား ထုတ်လုပ်ဆောင်ပေးကြပါရန် NUG အစိုးရ က တောင်းဆိုထားသည်။", "ကလေးသူငယ် များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရစေခြင်းနှင့် ရပ်ရွာ၊ ဘာသာရေး အဆောက် အဦးများ၊ စာသင် ကျောင်းများကို ပစ်မှတ်ထား တိုက် ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာမှု ဥပဒေများ၊ စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ လူ့ အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာ သဘောတူစာချုပ်၊ ရောမဥပဒေသတို့ကို ချိုးဖောက် နေခြင်းဖြစ်ကြောင်း၊ ထိုပြစ်မှုများသည် စစ်ရာဇ ဝတ် မှုနှင့် လူသားမျိုး နွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နေ သည့် အတွက် လုံခြုံ ရေး ကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသ မဂ္ဂလူ့ အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းထားသည်။"]
https://yktnews.com/2024/01/139585/
ခမ်းပတ်မြို့၊ ကနန်ရွာကို စစ်တပ်က လေကြာင်းမှ ဗုံးကျဲပြီးနောက် ဒဏ်ရာရ ပြည်သူများ ဆေးကုသခွင့် မရစေရန် စစ်တပ်က ပိတ်ဆို့ခဲ့၊ စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကိုအရေးယူနိုင်ရေး NUG အစိုးရ ဆောင်ရွက်နေ
["ခမ်းပတ်မြို့၊ ကနန်ရွာကို စစ်တပ်က လေကြာင်းမှ ဗုံးကျဲပြီးနောက် ဒဏ်ရာရ ပြည်သူများ ဆေးကုသခွင့် မရစေရန် စစ်တပ်က ပိတ်ဆို့ခဲ့၊ စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကိုအရေးယူနိုင်ရေး NUG အစိုးရ ဆောင်ရွက်နေ", "ရန်ကုန်၊ ဇန်နဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ ကနန်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရပြီးနောက် ဒဏ်ရာရရှိသူများကို ဆေးကုသခွင့် မရရှိစေရန် စစ်တပ် က ပိတ်ပင်ခဲ့ကြောင်း ယနေ့ ပြုလုပ်သည့် NUG ၏ ကနန်ကျေးရွာလေ ကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ပြော ဆိုသည်။", "အကြမ်းဖက်စစ်တပ်သည် ထိခိုက်ဒဏ်ရာရသူများ ဆေးကုသမှု မရရှိစေရန် မြို့ထဲ အဝင်မခံဘဲ မြို့ထဲရှိ ဆေးရုံဆေးခန်းများကိုလည်း‌ ဝင်ရောက်စစ်ဆေး ကာ ကနန်ကျေးရွာက လာသူများကို ဆေးကုသမှု မပေးရန် ခြိမ်းခြောက် တားမြစ်မှု များ လုပ်ဆောင်ခဲ့ကြောင်း ဆေးကုသမှုတွင် ပါဝင်ကူညီပေးခဲ့သူ ဆရာမ ဒေါ်ရတီအုန်းက ပြောပြသည်။", "“ထိခိုက်ဒဏ်ရာရတဲ့လူတွေကို မြို့ထဲကိုပိုပြီးတော့ ကုသမှုလုပ်မယ်ပေါ့။ အဲဒီ အချိန်မှာ စစ်ကောင်စီက ဒဏ်ရာရတဲ့လူတွေကို မြို့ထဲကို အဝင်မခံဘူး။ အဝင်မခံတဲ့အပြင် ခိုးပြီးတော့မှ တိတ်တိတ်ဝင်သွားတာရှိမှာ ကြောက်လို့ ဆိုပြီးတော့ မြို့ထဲက ပုဂ္ဂလိကဆေးရုံဆေးခန်းတွေ အကုန်လုံးကို ရှောင်တခင် ဝင်စစ်တယ်။ ကနန်ရွာက လာတဲ့လူမှန်သမျှ ဘယ်သူမှ ကုသခွင့်မပေးရဘူး။ နောက်ဆုံးကျ ဘယ်လိုလုပ်လိုက်လဲဆိုတော့ မည်သည့်ယာဉ်ကိုမှ ဖြတ်သွား လာခွင့်မပြုတော့ဘူး။ ဒါက စစ်ကောင်စီဘက်က ကျွန်မတို့တွေကို အမျိုးမျိုး ဖိနှိပ် ချုပ်ချယ်ခဲ့တာ” ဟု ကနန်ရွာ လေကြောင်းဗုံးကျဲမှုတွင် ကိုယ်တိုင်ပါဝင် ဆေးကုသမှုကူညီပေးခဲ့သည့် ဆရာမ ဒေါ်ရတီအုန်းက အကြမ်းဖက် စစ်ကောင် စီ ဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအပေါ် ဆေးကုသမှု မရရှိစေရန် ဖိနှိပ်ချုပ်ချယ်ခဲ့မှုများကို ရှင်းပြသည်။", "အကြမ်းဖက်စစ်တပ်သည် ကနန်ကျေးရွာကို ဇန်နဝါရီ ၇ ရက်နေ့တွင် တိုက် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်မှု ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇ ဦးရှိပြီး ထိုအထဲတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်အပါအဝင် ၁၈ နှစ်အောက် ကလေးငယ်၉ ဦး ဗုံးထိမှန် သေဆုံးခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦးတွင် အသက် ၃ နှစ်အောက် ကလေး ငယ်အပါ အဝင် ကလေးငယ် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်က ကျဲချလိုက်သည့် ဗုံးသည် အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် St.Peter ခရစ်ယာန် ဘုရား ကျောင်းကြား ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်း တက်ချိန်တွင် ကျဲချခြင်းဖြစ်သည့်အတွက် ထိခိုက်သေဆုံးမှု များပြား ကာ ပြည်သူ့ နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း ၂ ကျောင်း၊ ခရစ် ယာန်ဘုရားကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။", "“ဖြစ်တဲ့နေရာက ဘုရားကျောင်းတွေရယ် စာသင်ကျောင်းတွေရယ်။ အဲဒီ ကနန်ရပ်ကွက်က သူတို့ တိုက်လေယာဉ်လာချသွားတဲ့ ရပ်ကွက်က လုံးဝ ပြည်သူ တွေပဲနေတဲ့ လုံးဝ လူတွေ ရပ်ကွက်စစ်စစ်ပါ။ အဲဒီမှာ လာပြီး ကျဲသွား တယ်။ အဲဒီမှာ ကလေးတွေ အများကြီးထိသွားတယ်။ ညီမတို့ကတော့ ဒီဟာတွေနဲ့ ပတ်သက်တဲ့ ဒီသက်သေတွေ ဒီတိုက်လေယာဉ်လာသွားတဲ့ အချိန် မှာ ရိုက်ထားတဲ့ ဒီဗီဒီယိုမှတ်တမ်းတွေလည်း အကုန်ရှိတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ် ရေးရာ ဝန်ကြီးဌာန မြေပြင်တာဝန်ရှိသူ မခိုင်လေးက ပြောပြသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ် ကျူးလွန်သည့် လုပ်ရပ်များနှင့်ပတ်သက်၍ အမျိုး သား ညီညွတ်ရေးအစိုးရအနေနှင့် လာမည့် မတ်လတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ် များကို တင်ပြသွားမည်ဖြစ်ပြီး ပိုမိုထိရောက်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ချမှတ်နိုင်ရေးအတွက် ကြိုးစားလုပ် ကိုင် နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးအကြံပေးနှင့် ပြော ရေး ဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။", "“ဖိလစ်ပိုင်နိုင်ငံတရားရုံးမှာ ချင်းပြည်နယ်မှာ အကြမ်းဖက်စစ်တပ်က ကျူးလွန် တဲ့စစ်ရာဇဝတ်မှုများကို Universal Jurisdiction အောက်ကနေပြီးတော့ တရားစွဲဆိုဖို့ဆောက်ရွက်နေသကဲ့သို့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှု World Crime, Crime Against humanity တွေကို တခြားနိုင်ငံတွေမှာလည်း Universal Jurisdiction ကနေပြီးတော့ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးအကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက သတင်းစာ ရှင်း လင်းပွဲတွင် ပြောဆိုသည်။", "အကြမ်းဖက်စစ်တပ်သည် ၂၀၂၁ ခုနှစ်အာဏာသိမ်းသည့်အချိန်မှာ ဒီဇင်ဘာ ၂၀၂၃ ခုနှစ်အထိ ပြည်သူများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၅၈၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ စုစု ပေါင်း ၈၉၇ ဦး၊ ဘာသာရေးအဆောက်အအုံပျက်စီးမှု ၇၆ ခု၊ စာသင် ကျောင်းပျက်စီးမှု ၅၂ ကျောင်း ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ၏ စုဆောင်းထားသည့် စာရင်းများ အရ သိရှိရသည်။"]
https://yktnews.com/2023/11/131859/
ခမ်းပတ်မြို့၊ မြောက်စည်းရဲစခန်းနှင့် သီးဘွာလ်စခန်းတို့အား ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော အားဖြင့်တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး
["ခမ်းပတ်မြို့၊ မြောက်စည်းရဲစခန်းနှင့် သီးဘွာလ်စခန်းတို့အား ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသော အားဖြင့်တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံး", "ရန်ကုန် ၊နိုဝင်ဘာ ၁၇", "၁၀၂၇ စစ်ဆင်ရေးမှ အစပြု၍ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှ CNDF Special Operation (အထူးစစ် ဆင်ရေး)ကို မဟာဗျူဟာကျကျချမှတ်ရေးဆွဲခဲ့ပြီး ခမ်းပတ်မြို့၊ မြောက် စည်းရဲစခန်းနှင့် သီးဘွာလ်စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNOက ထုတ်ပြန်သည်။", "နိုဝင်ဘာလ ၃ ရက် နံနက် ၄ နာရီခွဲခန့်က ခမ်းပတ်မြို့ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတစ်ဦး သေဆုံးကာ MA2 သေနတ် ၃ လက်၊ M16 သေနတ် ၁ လက်၊ Short Gun သေနတ် ၂ လက်၊ကာဗိုင် သေ နတ် ၁ လက်၊ ၄၀ မမ – ၁ လက်၊ ၆ လုံးပြူး သေနတ် ၂ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို CNDF ၊ SR2 ၊TDA ၊RCDF၊ABSDF နှင့် တမူးခရိုင်တပ်ရင်း (MOD) ပူးပေါင်း တပ်ဖွဲ့များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးမရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။", "ထို့နောက် ခမ်းပတ်မြို့ထဲရှိ ခလရ – ၂၂၈ တပ်စခန်းကို ဆက် လက်ထိုးစစ်ဆင်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်လေတပ်မှ ထောက်ပံ့ပေးသော ကျည်သေတ္တာများကိုလည်း ကြားဖြတ် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင် စီတပ်သား ၅ ဦး ခန့်သေဆုံးပြီး CNDF မှ ရဲဘော် Salai Lal Pek Thanga က တိုင်းပြည်နှင့် လူမျိုးအတွက် အသက် ပေး ဆပ်ခဲ့ရကြောင်း သိရသည်။", "အလားတူ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကလေးမြို့နယ်၊မြောက် စည်းရွာရှိ ရဲစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၁၀ ဦးသေ ဆုံးကာ G3 သေနတ် ၆ လက်၊ G4 သေနတ် ၁ လက်၊ MAI သေနတ် ၁ လက်၊ MAT သေနတ် ၁ လက်၊ ၄၀ မမ – ၁ လက်၊ Uzi သေနတ် ၁ လက်၊ ခြောက်လုံးပြူး သေနတ် ၂ လက်၊ ၅.၅၆ ကျည် – ၂၂၇၄ တောင့်၊ ၇.၆၂ ကျည် – ၄၂၀ တောင့်၊ ၆၀ ပို့ကျည် – ၁၀ တောင့်၊ ၉ မမ ကျည် – ၄၈ဝ တောင့်၊ ကျည် ဘောက် – ၁၉ ခု၊ နင်းမိုင်း – ၁၅လုံး၊ ရှေ့ထွက်မိုင်း – ၈ လုံး၊ လက်ပစ်ဗုံး – ၇ လုံးနှင့် အခြား စစ်အသုံး အ ဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို CNDF ၊ RKDE ၊ SR ၊ ကလေးမြို့ နယ် ပကဖ နှင့် ကလေးခရိုင် တပ်ရင်း တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး CNDF ရဲဘော် Salai Thawng Tha Cung (@Cungte နှင့် RKDF မှ ရဲဘော်နှစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ခဲ့ရကြောင်း သိရသည်။", "ထို့အပြင် နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီ မိနစ် ၅၀ ခန့်က ဖလမ်းမြို့နယ်၊ သီးဘွာလ်တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာ လက်နက်ကြီးများ၊ ဒရုန်းများ၊ လက်နက် ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး နိုဝင် ဘာ လ ၁၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက် စစ် ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် အချိန်တိုအ တွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ MAI သေ နတ် ၄ လက်၊ MA3 သေနတ် ၁ လက်၊ ၆၀ မမ စိန်ပြောင်း – ၂ လက်၊ RPG သီး – ၆၅ လုံး၊ ၄၀ မမ ဗုံးသီး အလုံး ၁၈ဝ ၊ ၆၀ မမ ဗုံးသီး – ၇၂ လုံး၊ အီနာဂါ အလုံး ၈၀ ၊ လက်ပစ်ဗုံး – ၆၃ လုံး၊ Drone Jammer- ၁ ခု၊ ၅.၅၆ ကျည် – ၁၆၂၅၂ တောင့်၊ ၇.၆၂ ကျည် – ၈,၁ဝဝ တောင့်၊ နင်းမိုင်း – ၅၁ လုံး၊ ရှေ့ထွက်မိုင်း – ၂၃ လုံးနှင့် အခြားစစ်အသုံး အဆောင် ပစ္စည်းများ သိမ်းဆည်းခဲ့ရကြောင်း၊ ထို့အပြင် ဂိုဒေါင်မှ ဆန်အိတ် ၆၁ အိတ်နှင့် စားသောက်ကုန်ပစ္စည်း များ၊ စခန်းအတွင်း မွေးမြူ ထားသော ကြက်၊ ဝက် များကိုလည်း သိမ်းဆည်းခဲ့ရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါသီးဘွာလ်တပ်စခန်းမှ လက်နက်ခဲယမ်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းယူပြီးနောက် မနက် ၆ နာရီခွဲ အချိန်ခန့်တွင် ယင်းစခန်းအား မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ယင်းတပ်စခန်းသိမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး CNDF မှ ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/136124/
ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း MOD အတည်ပြု ထုတ်ပြန်
["ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း MOD အတည်ပြု ထုတ်ပြန်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "ဒီဇင်ဘာလ ၁၀ ရက်နေ့ မှ ၁၆ ရက်နေ့ထိ တမူးမြို့နယ်၊ ခမ်းပါတ်မြို့ကို ကလေးမြို့နယ်မှ စစ်ကြောင်းထိုးလာသော အမှတ် ၇၇ တပ်မဌာနချုပ် လက်အောက်ခံ ခမရ ၃၉၁နှင့် ခလရ ၂၂၈ မှ ဗိုလ်မှူး အောင်စိုးသူ ဦးစီးသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့် သေဆုံးပြီး ၁၈ ဦး ထိခိုက် ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၂ ဦးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖနှင့် CNDF၊ RCDF တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်း တွန်းလှန်တိုက်ထုတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97664/
ခရမ်းတွင် ရဲ ၂ ဦးသေဆုံးသည့် တိုက်ခိုက်ခံရမှုအပြီး ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင် မီးပွားနေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး
["ခရမ်းတွင် ရဲ ၂ ဦးသေဆုံးသည့် တိုက်ခိုက်ခံရမှုအပြီး ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင် မီးပွားနေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဧပြီ ၁၅", "ရန်ကုန်တိုင်း၊ ခရမ်းမြို့ပေါ်ရှိ ချိတ်ပိတ်ထားသော ခရမ်း PDF ခေါင်းဆောင်ကိုမီးပွား (အမည်အရင်း မဟုတ်ပါ)၏ နေအိမ်ကို အ ကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF-Khayan တပ်ဖွဲ့က ပြောသည်။", "ယနေ့ဧပြီလ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ခရမ်းမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ချိတ်ပိတ်ကာ အတွင်း ရှိ ပစ္စည်းများအားလုံးကို အကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ခိုးယူထားပြီး ကျန်ရှိနေ သော နေအိမ်ကို အကြမ်းဖက်စစ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယမန်နေ့ ဧပြီလ ၁၄ ရက် နေ့က ခရမ်းမြို့နယ် လဝကရုံးရှေ့၌ ဂိတ်ဖွင့်ထားသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများစောင့်နေသည့် ဘန်ကာကို PDF-Khayan တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကာ သေနတ် ၂ လက်သိမ်းဆည်းခံလိုက်ရ သည့်အပေါ် မကျေမနပ်ဖြစ်သည့်အတွက် ရဲနှင့်စစ်တပ်က ထို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြို့ဝင်အထွက်များကို ပိတ်ဆို့ပြီး ဘေးတွဲဆိုင်ကယ်၊ လျှပ်စစ် စက်ဘီးများပါမကျန် ဖမ်းဆီးပြီး စီးနင်းခွင့်ပိတ်ပင်ခဲ့ကြောင်း PDF – Khayan တပ်ဖွဲ့က ထုတ်ပြန်ထား သည်။", "ထိုကဲ့သို့ အသိဉာဏ်တရားကင်းမဲ့စွာ ချိတ်ပိတ်ထားသည့် နေအိမ်ကိုပင် မီးရှို့ဖျက်ဆီးနေသော အကြမ်း ဖက်စစ်တပ်အား PDF – Khayan အနေဖြင့် နောက်ဆုတ်လက်လျှော့သွားမည်မဟုတ်ဘဲ တစ်တိုင်းပြည် လုံးရှိ ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/04/97577/
ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ်ပြီး စစ်ကောင်စီက ရဲသေ ဆုံး မှု သတင်းကို ကွယ်ဝှက်ထား
["ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ်ပြီး စစ်ကောင်စီက ရဲသေ ဆုံး မှု သတင်းကို ကွယ်ဝှက်ထား", "ရန်ကုန်၊ ဧပြီ ၁၅", "ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်း PDF က ယမန်နေ့ မွန်းလွဲပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့သော် လည်း စစ်ကောင်စီဘက်က ရဲ များ သေဆုံးမှုမရှိဘဲ ဒဏ်ရာသာရရှိသည်ဟု သတင်းကို ကွယ်ဝှက်ထားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။", "ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ခရမ်းမြို့နယ် လ၀ကရုံးကို ခရမ်း PDF တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု ကြောင့် ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း၊ ယင်းသို့ တိုက်ခိုက် ခဲ့ရာတွင် သေဆုံးသူ ရဲ ၂ ဦးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏတို့ဖြစ် ကြောင်း သိရှိရသည်။", "“ရဲတပ်သား နေပိုင်နဲ့ ရဲတပ်သား ၀ဏ္ဏတို့ သေဆုံးပါတယ်။ ဒါပေမယ့် ရဲတွေက ပြောတာက ဒဏ်ရာပဲရတယ်ပဲ သတင်းဖြန့်တယ်။ မသေဘူး။ ခရမ်းဆေးရုံမှာ ဆိုပြီး ပြောနေတယ်။ တကယ်က သေသွားပါတယ်။ သတင်းကို တလွဲလုပ်ပြီး ဖုံးထားတဲ့သဘော” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။", "ခရမ်း-PDF က လ၀ကရုံးကို ၄၀ မမ ဗုံးသီးများဖြင့် လ၀ကရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ ပြီးမှ လက၀ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ – ခရမ်း လဝကရုံးစီးနင်းခဲ့တွင် ဒဏ်ရာရရှိသော သေဆုံးသွားသည့် ရဲတပ်သား ၂ ဦး။"]
https://yktnews.com/2023/04/96780/
ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်း ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံရ
["ခရမ်းမြို့နယ် ပိန်းကန်ရဲစခန်း ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံရ", "ရန်ကုန်၊ ဧပြီ ၁၀", "ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာ ပိန်းကန်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီဝင်များကို ဧပြီလ ၁၀ ရက်နေ့ တွင် ၈၁ မမ ရှော့တိုက်လက်နက်ကြီးဒုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF Khayan) က သတင်းထုတ်ပြန်သည်။", "“ပိန်းကန်ရဲစခန်းကို ၈၁ မမ ရှော့တိုက်နဲ့ ထပ်တိုက်ခိုက်ခဲ့ပါတယ်။ စခန်းအလယ်တည့်တည့်ကို ကျသွားတယ်။ ထိခိုက်မှုတွေ ရှိနိုင်တယ်” ဟု ခရမ်း PDF မှ တာဝန်ရှိသူက ပြောကြားသည်။", "ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF Khayan) သည် ပိန်းကန်ရဲစခန်းကို ဧပြီလ ၉ ရက်နေ့တွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွင်မူ စစ်ကောင်စီဝင် ၃ ဦးသေကာ ၅ ဦး ယမ်းစိမ်းပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ယနေ့ ဧပြီလ ၁၀ ရက်နေ့ တိုက်ခိုက်မှုတွင်မူ ထိခိုက်သေဆုံးမှု မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။"]
https://yktnews.com/2024/07/174031/
ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြု အခမ်းအနားပြုလုပ်ရန်ကုန်၊ဇူလိုင် ၁၉
["ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Khayan)က ၇၇ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို ဇူလိုင်လ ၁၉ရက်နေ့တွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။", "အဆိုပါ အခမ်းအနားတွင် တပ်ဖွဲ့ဝင်ရဲဘော်များ ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး အာဇာနည် ခေါင်း ဆောင်ကြီးများနှင့်တကွ ခေတ်အဆက်ဆက်တော်လှန်ရေးတွင် တော်လှန်တိုက်ပွဲဝင်ရင်း တိုင်းပြည် အတွက် အသက်စွန့်ခဲ့ရသော အညတရသူရဲကောင်း အာဇာနည်များ ၊ နွေဦးတော်လှန်ရေး အာဇာနည်များ ၊ ကျွန်ုပ်တို့တပ်ဖွဲ့မှ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရသော အာဇာနည်ရဲဘော်များကို လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/04/96620/
ခရမ်းမြို့နယ် မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု သေဆုံးမှုများပြားနိုင်
["ခရမ်းမြို့နယ် မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု သေဆုံးမှုများပြားနိုင်", "ရန်ကုန်၊ ဧပြီ ၉", "ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်ရာ သေဆုံးမှုများပြားနိုင်ကြောင်း ခရမ်းမြို့နယ် PDF က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ခရမ်းမြို့နယ်၊ မြို့မရဲစခန်းကို ၈၁ မမ ရှော့တိုက်လက်နက်ကြီးဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ခရမ်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က ၈၁ မမ ရှော့တိုက် လက် နက် ကြီးဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး သေဆုံးမှုများပြားနိုင်ကြောင်း သိရှိရသည်။", "“အသေများတယ်။ ၈၁ မမ ရှော့တိုက်ဒုံး ရဲစခန်းအတွင်းထဲကို ကျသွားပါတယ်၊ ကျနော်တို့ အေသေးစိတ် စုံစမ်းနေတုန်းပဲ။” ဟု ခရမ်းPDF က ပြောသည်။", "ထိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ကနဦးအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေ အနေအသေးစိတ်အား မသိရှိရသေးကြောင်း ခရမ်း Channel က ဆိုသည်။", "“ဗုံးပေါက်ကွဲပြီးတော့ ရဲစခန်းထဲကနေ ဆေးရုံထဲကို စစ်သားတွေ ရဲတွေ အပြေး အလွှားဝင်သွားတာတွေ့တယ်၊ ၅ ယောက်လောက်ဝင်သွားတာ” ဟု ပြည်သူတစ်ဦးက ပြောသည်။", "ဓာတ်ပုံ- မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ရှော့တိုက်ဒုံး ပြင် ဆင် မှု မြင်ကွင်း။"]
https://yktnews.com/2023/04/95248/
ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စွပ်စွဲ
["ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စွပ်စွဲ", "ရန်ကုန်၊ ဧပြီ ၁", "ရန်ကုန်၊ ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF ဟု စွပ်စွဲ ပြောဆိုကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်၃၁ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ခရမ်းမြို့နယ်၊ ဒေပေါက်ကျေးရွာနှင့် စွယ်တော်ကွင်းကျေးရွာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်က စစ်ဆေးရေး လုပ်ဆောင်နေစဥ် ဆိုင်ကယ် စီးနင်းလာသည့် ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရသည်။", "“ဆိုင်ကယ် စီးလာတဲ့ ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ပြီး PDF လို့ စွပ်စွဲတာ ဘာမှ ဖမ်းဆီး မေးမြန်းတာလဲ မရှိဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/03/94950/
ခရမ်းမြို့နယ်တွင် တိမ်းရှောင်နေသည့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး အလှူသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ရေတာရှည်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး
["ခရမ်းမြို့နယ်တွင် တိမ်းရှောင်နေသည့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး အလှူသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ ရေတာရှည်တွင် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၃၀", "ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အမှတ် ၁ ရပ် ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦး အလှူသွားစဉ် ပစ်ခတ်ခံရပြီး သေဆုံး သွား ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီခန့် အမှတ် ၁ ရပ်ကွက် အုပ်ချုပ် ရေးမှူး မျိုးဇော်ဦးသည် ကံဘဲ့ကျေးရွာ အလှူသို့ ရောက်ရှိနေစဉ် သေနတ်ဖြင့် ၁၀ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အဲ့ဒီကောင်က ခရမ်းမှာတော်တော်ဆိုးဆိုး။ စစ်တပ်သတင်းပေးလုပ်ပြီး သူ ဖမ်းဆီးခဲ့တဲ့ သူတွေ မနည်းဘူး။ အဲဒါ ပျောက်နေတာကြာပြီ။ အခုမှ ပြန် ပေါ် လာတုန်း ဆော်ခံလိုက်ရတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး မျိုးဇော်ဦးသည် အာဏာသိမ်းပြီး သည့် အချိန် မှစတင်ကာ ခရမ်းမြို့နယ်တွင် ဆန္ဒပြလူငယ်များကို စစ်တပ်က ဖမ်းဆီး ရာ၌ အဓိက သတင်းပေးအဖြစ်ပါဝင်သူတစ်ဦးဖြစ်ပြီး မကြာသေးမီက ဘုန်းကြီး တစ်ပါးကို တရားဟောထဲမှာ နိုင်ငံရေးပါလို့ဟုဆိုကာ စစ်တပ်ခေါ်ပြီး သတိပေး ခိုင်း ခဲ့ကြောင်း သိရှိရသည်။", "အလားတူ မတ်လ ၂၈ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်း ပြင်အုပ်စု၊ ကရင်ချောင်ရွာတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ လွင်မင်းဦး ကို People Defense Force – Yedeshe က ဖမ်းဆီးပြီး ပစ်ခတ် ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။", "စစ်တပ်အတွက် အလုပ်လုပ်နေသူ လွင်မင်းဦးက စစ်တောင်းမြစ်တလျောက် ကျေးအင်းရွာ၊ ထုံးဘိုရွာ၊ ကရင်ချောင်းရွာ၊ ကျွဲရိုင်းပြင်ရွာများကို စစ်တပ်က စစ် ကြောင်း ထိုးရာတွင်လည်းကောင်း ၊ မကွေးတိုင်းအတွင်းက PDF အဖွဲ့များ လက် နက်သယ်ယူမှု သတင်းကိုလည်းကောင်း စုံစမ်း၍ ဖမ်းဆီးမှုများ ဆောင် ရွက် စေခဲ့သူဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပစ်ခတ်ခံရ၍ သေဆုံးသွားသော ခရမ်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက် အုပ် ချုပ်ရေးမှူး မျိုးဇော်ဦး။"]
https://yktnews.com/2023/04/97158/
ခရမ်းမြို့နယ်ရှိ စစ်တပ်၏ သစ်တော စစ်ဆေးရေးဂိတ်ကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယ အကြိမ် ပစ်ခတ် တိုက်ခိုက်
["ခရမ်းမြို့နယ်ရှိ စစ်တပ်၏ သစ်တော စစ်ဆေးရေးဂိတ်ကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယ အကြိမ် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၂", "ရန်ကုန်တိုင်း ခရမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သစ်တော စစ်ဆေးရေးဂိတ်ကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယ အကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) ထံမှ သိရှိရသည်။", "ယနေ့ဧပြီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၄ မိနစ်ခန့်တွင် ခရမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ သစ်တော စစ်ဆေးရေးဂိတ်ကို ၈၁ မမ ရှော့တိုက်ဒုံးဖြင့် ဒုတိယ အကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။", "“သစ်တောဂိတ်ကို ၈၁ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဂိတ်တည့်တည့်ကို ကျသွားတယ်။ ထိခိုက်မှု ​အခြေအနေ မသိရှိရသေးပါဘူး။ ခရမ်း-PDF ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ခရမ်း-PDFက ပြောကြားသည်။", "အကြမ်းဖက် စစ်တပ်က ခရမ်းမြို့ သစ်တောဂိတ်ကို ယနေ့ နေ့လယ် ၂ နာရီခွဲခန့်အချိန်တွင် ယာယီပိတ်ဆို့ထားကြောင်း၊ ခရမ်းမြို့မရဲစခန်းရှေ့တွင် နှစ်ရှည်လများ ပိတ်ဆို့ထားသည့်အတားအဆီးများကို ဖယ်ရှား၍ အဆိုပါအတားအဆီးများကို ဗိုလ်တဲလမ်းအတွင်းတွင် ပြန်လည်ပိတ်ဆို့လိုက်ကြောင်း သိရသည်။", "အဆိုပါ သစ်တောဂိတ်ကို ဧပြီလ ၃ ရက်နေ့ကလည်း ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပထမအကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134189/
ခရမ်းမြို့နယ်၊ ဘုရားပျိုရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်၊ မော်လမြိုင်မြို့ရှိ လဝကရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရ
["ခရမ်းမြို့နယ်၊ ဘုရားပျိုရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်၊ မော်လမြိုင်မြို့ရှိ လဝကရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂", "ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ခရမ်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ယနေ့ဒီဇင်ဘာလ ၂ ရက် ညနေ ၆ နာရီ မိနစ် ၄၀ခ န့်က ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ မြသိန်းတန် ဘုန်းကြီးကျောင်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး အသုံးပြု တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများစုဝေးနေသည့် နေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။", "“ဘုရားပျို မြသိန်းတန်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေကို ဒရုန်းနဲ့ ပြင်းအားမြင့် ဗုံးသီးကျွေးခဲ့ပါတယ်၊ ထိချက်ကောင်းတယ် စခတွေ စုဝေးနေတဲ့နေရာကို ကျသွားတာပါ၊ ခရမ်း-PDF တပ်ဖွဲ့ဝင်အား လုံး အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ခရမ်း-PDFရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "ထိုသို့ ဗုံးကျဲတိုက်ခိုက်ပြီးနောက် ခရမ်းဆေးရုံမှ အရေးပေါ်လူနာတင်ကားလည်း ဘုရားပျိုကျေးရွာဘက် မောင်းနှင်သွားကြောင်း ခရမ်းမြို့နေပြည်သူများထံမှ သိရသည်။", "ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ် ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာ ၄ ခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လဝကရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ကျော်ခန့်တွင် မော်လမြိုင်မြို့ရှိ လဝကရုံး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မြို့ပေါ်၌ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်နေကာ အိမ်စီးကားများဖြင့် လှည့်လည်နေကြောင်း သိရသည်။", "“မော်လမြိုင် လဝကရုံး ဒရုန်းနဲ့‌ ဗုံးကျဲခံရတယ်။ ဒီနေ့ ည ၇ နာရီကျော်လောက်က ဖြစ်တာ အခုမြို့ပေါ်မှာ စစ်ကားတွေ အိမ်စီးကားတွေ ရှုပ်နေတယ်။ မီးတွေလည်း ပျက်နေပြီး အကုန်လုံး တိတ်ဆိတ်နေတယ်။ ဗုံးသံက အကျယ်ကြီးပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/04/95683/
ခရမ်းမြို့ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ခရမ်းမြို့ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၃", "ရန်ကုန်တိုင်း၊ ခရမ်းမြို့ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ခရမ်းမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။", "ဧပြီလ ၃ ရက်နေ့ ညနေ ၃ နာရီီ ၂၀ မိနစ်နှင့် ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကရင်ကန် စစ်ဆေးရေးဂိတ်နှင့် သစ်တော စစ်ဆေးရေးဂိတ်ရှိ စစ်သားများကို PDF Khayan တပ်ဖွဲ့က ၄၀ မမ ဖြင့်ပ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။", "“ဒီနေ့ညနေ ကရင်ကန်ဂိတ်နဲ့ သစ်တောဂိတ်က စစ်ခွေးကို ၄၀ မမ နှစ်လုံးစီ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေး ထိခိုက်မှုများမယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်အောင်မြင်မြင်ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ခရမ်း-PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ကရင်ကန်ဂိတ်ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွင် နေရာတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ အလောင်းကို ပြန်ကောက်ရာတွင် စစ်တပ်ဘက်မှ စက်သေနတ်ပစ်ကူများ၏ အကူအညီနှင့် ပြန်ကောက်ခဲ့သည်ဟု အနီးအနားရှိ မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရကြောင်း ခရမ်းမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/11/133710/
ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး အပါအဝင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စကခ ၁၆ စကခမှူးမှာ တပ်ဖွဲ့ဝင် ၁၀၀ ကျော် ခေါ်ဆောင်ပြီး ထွက်ပြေး
["ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး အပါအဝင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်၊ စကခ ၁၆ စကခမှူးမှာ တပ်ဖွဲ့ဝင် ၁၀၀ ကျော် ခေါ်ဆောင်ပြီး ထွက်ပြေး", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းမှ ၉၃ ဦး၊ ပြည်သူ့စစ် ၂၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး အပါအဝင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က ပြောဆိုသည်။", "MNDAA၏ အဆက်မပြက်ထိုးစစ်ဆင် တိုက်ခိုက်မှုဖြင့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းစခန်းကုန်းအပါအဝင် တပ်စခန်းအားလုံးကို အပြက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့အချို့နှင့်မိသားစုဝင်များ ၊ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့အပါအဝင် စုစုပေါင်း(၂၇၀)ကျော် လက်နက်ချအလင်းဝင်လာကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ MNDAA က ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ်စွဲထားသော တပ်စခန်း ၅ ခုနှင့် ဘေးပတ်လည်ယာယီစခန်းများကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။", "MNDAA၏ အရှိန်အဟုန်ပြင်းစွာ ပစ်ခတ်တိုက်ခိုက်မှုအောက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန်အချက်ပြခဲ့ကြောင်း၊ ထို့နောက် ၎င်းတပ်ရင်းမှတပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ပြီး ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေးချပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက် ညနေ(၁၆)နာရီခန့်တွင် ၎င်းတပ်ရင်းမှူးသည် လက် အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီး MNDAAထံသို့ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊ ၎င်းတပ်ရင်းမှူး၏ပြောဆိုချက်အရ စစ်ကောင်စီမှ စကခ ၁၆ ၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။", "လက်နက်ချအလင်းဝင်စာရင်းမှာ-ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) ၊ ခလရ ၁၂၅ မှ တပ်ဖွဲ့ဝင် ၉၃ ဦး ၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ရှိခဲ့ကြောင်း၊ ထို့ပြင် စစ်နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် စစ်ကောင်စီ၏စစ်သုံ့ပန်များထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/02/205319/
ခလရ ၂၆၆ တပ်ရင်းမှ စစ်သား ၃ ဦးနှင့် ဟားခါးမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်
["ခလရ ၂၆၆ တပ်ရင်းမှ စစ်သား ၃ ဦးနှင့် ဟားခါးမှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅", "ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သဖြင့် ငွေကျပ် သိန်း ၄၀ နှင့်အခြားအဖိုးတန်ပစ္စည်းများ ချီးမြှင့်ပေး ခဲ့ကြောင်း Senthang Revolution Force – SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့က ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သား ၂ ဦး သည် MA1 အမျိုးအစား သေနတ် ၂ လက်ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၁ ဦးသည် MA1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုဖြင့် လည်းကောင်း အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "“မနေ့က ၂ ယောက်ကတော့ စစ်မှုထမ်းဟောင်းတွေပါ၊ အရင်တစ်ယောက်ကတော့ အသစ်ပေါ့၊ အ ခြားသော ရဲဘော်တွေအားလုံးလည်းအချိန်ရှိတုန်း ပြည်သူ့ထံပါဝင်စေချင်တယ်၊ ပြည်သူထံပါဝင်ချင် သူအားလုံးကို SRF က ကိုဆိုလက်ခံနေပါတယ်” ဟု Senthang Revolution Force – SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထိုသို့ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ထံပူးပေါင်းပါဝင်လာသည့် စစ်ကောင်စီတပ်သားများကို Senthang Revolution Force – SRF တပ်ဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် သိန်း ၄၀ နှင့်အတူ အခြား အဖိုးတန်ပစ္စည်းများကို ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။", "အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ စစ်စခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦးမှာလည်း သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း CDF-Hakha ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဟားခါးမြို့နယ်ရှိ စစ်တပ်စခန်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်အတွင်း ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများဖြင့်လည်း ပြည်သူနှင့် အတူပူးပေါင်း၍ ဆက်လက် အလင်းဝင်ရောက်ရန် CDF-Hakha က ဖိတ်ခေါ်ထားကြောင်း သိရသည်။"]
https://yktnews.com/2024/04/155721/
ကျောက်ဆည်မြို့တွင် စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦး လက်နက်များ ယူဆောင်လာပြီး ကောလင်း PDF ထံ အလင်းဝင်
["ခလရ ၃၀၅ စစ်ကြောင်းမှ စစ်ကြောင်းမှူးနှင့် စစ်သား ၂ ဦးက အမျိုးသမီး ၁ ဦးကို အဓမ္မ ပြုကျင့်ပြီး လည်လှီး သတ်ဖြတ်ခဲ့သောကြောင့် စစ်တပ်ကို စွန့်ခွာလာကြောင်း ထုတ်ဖော်ပြောဆို", "ရန်ကုန်၊ ဧပြီ ၈", "မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက် စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦးသည် လက်နက်များ ယူဆောင်လာပြီး ကောလင်း PDF ထံ အလင်းဝင်လာကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "အဆိုပါ တက္ကသိုလ်ကျောင်းသားသည် ကျောက်ဆည်မြို့ အဆောင်တစ်ခုတွင် နေထိုင်ပြီး တက္ကသိုလ်တက်နေစဉ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်တပ်က ၎င်းနေထိုင်ရာ အဆောင်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။", "တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရပြီးနောက် တောင်တွင်းကြီးမြို့၊ အမှတ် ၇ စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် ၄ ပတ်ကြာ စစ်သင်တန်း တက်ရောက်ခဲ့ရပြီး ရွှေဘို၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို ပို့ဆောင်ခဲ့ကာ ခလရ ၃၀၅ တပ်ရင်းက ကျားဘီလူး စစ်ကြောင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ကာ ကောလင်းမြို့ကို စစ်ကြောင်းပြန်ထိုးစဉ် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ခလရ ၃၀၅ စစ်ကြောင်းသည် ကောလင်းမြို့နယ်၊ ကျောက်တန်းရွာကို မတ်လ ၅ ရက်နေ့ စစ်ကြောင်းထိုး ဝင်ရောက်ချိန်၌ စစ်ကြောင်းမှူးနှင့် စစ်သား ၂ ဦးက အသက် ၂၇ နှစ် အရွယ် ခရီးသွား အမျိုးသမီး ၁ ဦးကို အမ္မ ပြုကျင့်ကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်တပ်ကို စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "အဆိုပါ တက္ကသိုလ်ကျောင်းသားသည် မတ်လ ၁၃ ရက်နေ့က ကောလင်းခရိုင် တပ်ရင်း ၁ ထံ အလင်းဝင်ရောက်ခဲ့ပြီး MA 2 စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၀၀၀ တောင့်၊ ကျည်အိမ် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံးနှင့် နင်းမိုင်း ၁ လုံး တို့ကို ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၅ ရက်နေ့တွင် ကောလင်းခရိုင် တပ်ရင်း ၁ က ဂုဏ်ပြုဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှု#ကောလင်း PDF"]
https://yktnews.com/2025/01/199998/
ခေတ်အဆက်ဆက် စစ်တပ်က ရောင်းချခဲ့သော န၀ဒေးရုပ်ရှင်ရုံ ပရဝဏ်ဝင်းအတွင်းရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှား ဖျက်သိမ်း
["ခေတ်အဆက်ဆက် စစ်တပ်က ရောင်းချခဲ့သော န၀ဒေးရုပ်ရှင်ရုံ ပရဝဏ်ဝင်းအတွင်းရှိ ပြည်သူပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက အတင်းအကျပ် ဖယ်ရှား ဖျက်သိမ်း", "ရန်ကုန်၊ ဇန်နဝါရီ ၁၉", "ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်၊ န၀ဒေးရုပ်ရှင်ရုံ ပရဝဏ်ဝင်းအတွင်းတွင် ခေတ်အဆက်ဆက် စစ်တပ်က ရောင်းချခဲ့သော ပြည်သူပိုင် ဆိုင်ခန်းများကို စစ်ကောင်စီက အတင်း အကျပ် ဖယ်ရှား ဖျက်သိမ်းနေကြောင်း ဆိုင်ခန်းပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ခေတ်ကာလ ပေါက်စျေး ငွေကျပ်သိန်းရာချီအထိ ပေး၍ ဝယ်ယူခဲ့ရသော ပြည်သူပိုင် ဆိုင်ခန်းများကို အကြမ်းဖက် စစ်ကောင် စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက အတင်း အဓမ္မ သိမ်းယူပြီး ဌာနပိုင်ဟု ဆိုင်းဘုတ်ထောင်ထားကြောင်း၊", "၂၀၂၂ ခုနှစ် အောက်တိုဘာလပိုင်းစတင်၍ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ရဲလင်းမြင့် က မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အုတ်ပုံဆိပ်လမ်း န၀ဒေးရုပ်ရှင်ရုံ ပြင်ပရှိ ပြည်သူများ ဝယ်ယူ ငှားရမ်းထားသော ဆိုင်ခန်းများကို စတင် ဖယ်ရှားခိုင်းပြီးနောက် လျှပ်စစ်မီးနှင့် ရေများ ဖြတ်တောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ ဆိုင်ခန်းများကို ယခင်စစ်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေအဖြစ် ဆောက်လုပ်ပြီး စစ်တပ်အရာရှိများကိုချပေးကာ လက်ဆင့်ကမ်း ရောင်းချခဲ့ရာ ယခုနောက်ဆုံး ဝယ်ယူထားသူများမှာ သာမန်အရပ်သား ပြည်သူများဖြစ်ကြောင်း သိရှိရသည်။", "ထိုသို့ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းသော်လည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများကို နစ်နာကြေး ပေးဆောင်ခြင်း မရှိ၍ ပြည်သူများက ဆက်လက် နေထိုင်ခဲ့ကြောင်း၊ သို့သော် ယခုနှစ် ဇန်နဝါရီလပိုင်းမှ စတင်၍ ဦးစီးဌာနက အတင်းအဓမ္မ ခြိမ်းခြောက်၍ ထပ်မံပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ဦးစီးဌာနက ဆိုင်ခန်းများတွင် ဆက်လက် နေထိုင်နေသော ပြည်သူများကို အခက်အခဲဖြစ်စေရန် ရည်ရွယ်၍ ရပ်ကွက်ရုံးတွင် ဧည့်စာရင်းတိုင်ကြားခွင့် မရရှိရန် ရုံးတွင်း စာပေးပို့ပြီး ပိတ်ပင်တားဆီးခြင်း၊ ဆိုင်လိုင်စင် စည်ပင်လိုင်စင်များ မထုတ် ပေးရန် စည်ပင်ရုံးများကို လိုင်စင်ထုတ်ပေးမှု မရှိစေရန် ရုံးတွင်းစာပေးပို့ခြင်းများ၊ ဆိုင်ခန်းတွင်း နေထိုင်သော ပြည်သူများကို စစ်မှုထမ်းဥပဒေဖြင့် ခြိမ်းခြောက်ခြင်းများကြောင့် ဆိုင်ခန်း အားလုံး ပိတ်သိမ်း ပြောင်းရွေ့ ဖယ်ရှားပေးလိုက်ရကြောင်း သိရသည်။", "“မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အုတ်ပုံဆိပ်လမ်းမှာရှိတဲ့ န၀ဒေးရုပ်ရှင်ရုံပြင်ပဆိုင်ခန်းတွေလည်း မတရား သိမ်းခံနေရပါတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်မှူး ရဲလင်းမြင့် က ယခုအချိန်မှာ မြေကို ရအောင် မသိမ်းနိုင်ရင် နောက်ဘယ်တော့မှ သိမ်းဆည်းရမှာ မဟုတ်တော့ဘူးလို့ ပြောဆိုပြီးတော့ကို မတရားသိမ်းဆည်းတာပါ။ ဆိုင်ခန်းအားလုံးကို ပြောင်းရွေ့ နစ်နာကြေးထုတ်ပေးဖို့ ညွှန်ကြားထားပေမယ့် သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကိုပဲ ပြောင်းရွေ့စရိတ်ပေးပါတယ်။ အများစုက မရပါဘူး။ ပြည်သူတွေကို မပြောင်းပြောင်းအောင် နည်းမျိုးစုံနဲ့ ဒုက္ခပေးလို့ ရွေ့ပြောင်းပေးလိုက်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ဆိုင်ခန်းများကို ပြည်သူများက လွန်ခဲ့သော ၂၃ နှစ်ခန့်ကပင် ၀ယ်ယူ ငှားရမ်း လုပ်ကိုင်နေခြင်းဖြစ်ပြီး ယင်းဆိုင်ခန်းများ အတွင်း နေထိုင်သူ ပြည်သူ ၇၀ ကျော်ရှိကြောင်း၊ လက်ရှိချိန်တွင် ယင်းဆိုင်ခန်းအားလုံးကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ချိတ်ပိတ်ပြီး ဌာနပိုင်ဟု ဆိုင်းဘုတ်ထောင်ထားကြောင်း သိရသည်။", "ဓာတ်ပုံ – မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အုတ်ပုံဆိပ်လမ်း န၀ဒေးရုပ်ရှင်ရုံ ပြင်ပရှိ ပြည်သူများ ဝယ်ယူ ငှားရမ်းထားသော ဆိုင်ခန်းများကို ဌာနပိုင်ဟု ဆိုင်းဘုတ်ထောင်ထားစဉ်။"]
https://yktnews.com/2023/10/126843/
ချက်နိုင်ငံ အထက် လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့ တွေ့ဆုံဆွေးနွေး
["ချက်နိုင်ငံ အထက် လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့ တွေ့ဆုံဆွေးနွေး", "ရန်ကုန်၊ အောက်တိုဘာ ၁၇", "အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် ပါဝင်သည့်အဖွဲ့နှင့် ချက်နိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jiří Oberfalzer၊ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Pavel Fischer တို့ အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။", "တွေ့ဆုံမှုတွင် အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရသည့် ပြည်သူများကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် လက်တွေ့ကျသည့်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုများ ပေးအပ်နိုင်ရေး၊ မြန်မာ့အရေး ဥရောပပါလီမန်နှင့် ဥရောပသမဂ္ဂအတွင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။", "ပြည်ထောင်စုဝန်ကြီးသည် Prague ခရီးစဉ် အတွင်း NUCC ၊ NUG နှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ အကြား ကြိုတင်ညှိနှိုင်း သဘောတူချက်ရယူထားသည့် ဥရောပသမဂ္ဂ နှင့် အဖွဲ့ ဝင် နိုင်ငံများကို မေတ္တာရပ်ခံစာ ( Praha Appeal) ကိုလည်း ပေးအပ်ခဲ့​ကြောင်း၊ အဆိုပါ အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/04/210873/
ချင်းညီနောင်တပ်ဖွဲ့၏ ဖလမ်းမြို့သိမ်း အောင်ပွဲအတွက် NUG နှင့် CNF တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာ
["ချင်းညီနောင်တပ်ဖွဲ့၏ ဖလမ်းမြို့သိမ်း အောင်ပွဲအတွက် NUG နှင့် CNF တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာ", "ရန်ကုန်၊ ဧပြီ ၁၀", "ချင်းညီနောင်တပ်ဖွဲ့၏ ဖလမ်းမြို့သိမ်းအောင်ပွဲအတွက် အမျိုးသားညီညွတ်ရေး-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ချင်းအမျိုးသားတပ်ဦး(CNF) တို့က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ ကြေညာကြသည်။", "ဧပြီလ ၇ ရက်နေ့ ဖလမ်းမြို့သိမ်းအောင်ပွဲ ရယူခဲ့သော ချင်းညီနောင်များနှင့်မဟာမိတ်အဖွဲ့အစည်းများအတွက် ချီး ကျူးဂုဏ်ပြုအပ်ကြောင်း၊ ချင်းညီနောင်များအနေဖြင့် ဆောင်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြို့သိမ်းအောင်ပွဲအ တွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဧပြီလ ၈ ရက်နေ့ နေ့စွဲဖြင့် NUG က သဝဏ်လွှာပေးပို့သည်။", "ထို့ပြင် ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ဧပြီ ၁၀ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။", "ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ကြသော ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့များအား လုံး အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်းမှု အပြည့်အ၀ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများအား လုံးကို တိုက်တွန်းကြောင်း CNFက ပြောဆိုထားသည်။", "ချင်းညီနောင်နှင့် မဟာမိတ်အင်အားစုများက ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ခဲ့၍ ဖလမ်းမြို့သိမ်း စစ်ဆင်ရေး ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ၅လအကြာတွင် ယခုဧပြီလတွင်မှ အပြီးသတ်အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2024/09/185612/
ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CDF Matupi တပ်မဟာ ၁ ကို AA က လက်နက်ခဲယမ်းများကူညီ ထောက်ပံ့
["ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CDF Matupi တပ်မဟာ ၁ ကို AA က လက်နက်ခဲယမ်းများကူညီ ထောက်ပံ့", "ရန်ကုန်၊ စက်တင်ဘာ ၂၉", "ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော CDF Matupi တပ်မဟာ ၁ ကို ရခိုင့်တပ်တော် -AA က လက်နက်ခဲယမ်းများထောက်ပံ့ပေးခဲ့ကြောင်း ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။", "စက်တင်ဘာလ ၂၇ ရက်နေ့တွင် ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်သော ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား မဟာမိတ် အာရက္ခတပ်တော်မှ လက်နက်ခဲယမ်း အချို့ ကူညီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကာ ထောက်ပံပေးခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ် တော် – AA တပ်မှူးများ ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။", "ယင်းအခမ်းအနားတွင် အာရက္ခတပ်တော် – AA နှင့် မတူပီ-တပ်မဟာ-၁ တို့ အဖွဲ့အစည်းနှစ်ခုကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးများကို ဆက်လက်အားကောင်းစေရေး၊ စစ်ရေးပူးပေါင်း မှုကို ယခုထက်ပိုမို အားကောင်းစေရေး၊ အိမ်နီးနားချင်း အတူ နေထိုင်လာကြသော မိမိတို့လူမျိုး အချင်းချင်း အကြား ချစ်ခင်ရင်နှီးမှုများ ပိုမိုတိုးပွားလာစေရေးကို နှစ်ဖက် တပ်မှူးများမှ ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။", "ထို့အပြင် ချင်းပြည်အတွင်းရှိ အကြမ်းဖက်စစ် ကောင်စီ ကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်း မဟာမိတ် ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့ခြင်းတို့ အပေါ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -မတူပီ (တပ်မဟာ-၁) အနေဖြင့် အာရက္ခတပ်တော် အား လေး နက်စွာ အထူးကျေးဇူးတင်ရှိပါကြောင်း CDF Matupi တပ်မဟာ ၁ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/98483/
ချင်းတောင်တန်းပေါ်တွင် ပြန်လမ်းမရှိတော့သည့် စစ်ကောင်စီ၏ စွန့်ပစ်ခံ သံချပ်ကာ ကား ၂ စီးကို စစ်တပ်က ပြန်မသယ်ယူနိုင်တော့
["ချင်းတောင်တန်းပေါ်တွင် ပြန်လမ်းမရှိတော့သည့် စစ်ကောင်စီ၏ စွန့်ပစ်ခံ သံချပ်ကာ ကား ၂ စီးကို စစ်တပ်က ပြန်မသယ်ယူနိုင်တော့", "ရန်ကုန်၊ ဧပြီ ၂၀", "ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ လက်နက်တင် ကားတန်း ကို ချင်းကာကွယ် ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်ပိုင် သံချပ်ကာကား ၂ စီးကိုလည်း လမ်းဘေးမှာ သုံးမရတော့တဲ့ အနေအထားနဲ့ တွေ့မြင်နိုင်ပါတယ်။", "“သံချပ်ကာ ကား ၂ စီးက နေရာ နည်းနည်းကွာတယ် ရှိနေတာ။ တစ်စီးက မီးလုံး၀ လောင်သွားပြီး သုံးမရတော့ဘူး။ နောက်တစ်စီးကတော့ ပျက်သွားပြီ။ သူကတော့ အပြင်မှာ အကောင်းအတိုင်း ကျန်သေးတယ်။ အထဲမှာတော့ စက် တွေ အကုန်ပျက်သွားပြီ။ အဲဒီကားက ကျည်ဆန်တွေ ဗုံးတွေတော့ အကုန် လုံးယူပြီးပြီ။ သံချပ်ကာ ကား ၂ စီးလုံး ဒီအတိုင်းပဲ” လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။", "ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကား ၂ စီးနဲ့ ယာဉ်တန်းကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CNA နဲ့ မဟာမိတ်တပ်များက ဧပြီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ တွေမှာ ပူးပေါင်း ဖျက်ဆီးနိုင်ခဲ့တာပါ။", "စစ်ကောင်စီတပ်ရဲ့ သံချက်ယာဉ် ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ် များ က ဖျက်ဆီးနိုင်ခဲ့ပြီး ယာဉ်တန်းကို တောက်လျှောက် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ် တယ် လို့ သိရပါတယ်။", "“အဲဒီယာဉ်တန်းကို တောက်လျှောက်ဆိုသလို တိုက်ခိုက်နေတာမှာ သံချပ်ကာ ၂ စီးနဲ့ အခြားယာဉ်တွေပါ ဖျက်ဆီးနိုင်လိုက်တယ်” လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။", "“စစ်တပ်က ချွန်ကျုံးကျေးရွာထဲမှာ တပ်စွဲပြီးတော့ လက်နက်တွေ၊ ရိက္ခာတွေ သိမ်းထားတာ။ အဲဒါတွေက တိုက်ပွဲဖြစ်ပြီး အကုန်မီးလောင်သွားတယ်။ ရွာထဲ က အိမ်တွေလည်းမီးလောင်တယ်။ ရွာထဲမှာ ပြည်သူတွေက မရှိတော့ဘူး။ အကုန် ပြေးကုန်ကြပြီ။ စစ်တပ်က ရွာထဲဝင်ပြီး နေရာယူထားတာ။ ကားတန်း အတိုက်ခံရတော့ လက်နက်တွေ ရိက္ခာတွေကို အဲဒီရွာထဲ ရွှေ့ထားတာ” ဟု ချင်းကာကွယ်ရေးသတင်းရင်းမြစ်က ဆိုသည်။", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ၁၇ မိုင်အကွာ ချွန်ကျုံးရွာမှာ ချင်းတော်လှန် ရေးပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ဧပြီ ၁၃ ရက်နေ့မနက် ပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်ခဲ့ ပါသေးတယ်။", "စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ် တိုက် ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရပါတယ်။", "ချင်းတောင်တန်းတွေရဲ့ လမ်းတွေပေါ်မှာ သုံးမရတော့ စစ်ကောင်စီရဲ့ ရိက္ခာ တင် ကားတွေနဲ့အတူ စွန့်ပစ်ထားတဲ့ သံချပ်ကာ ကား ၂စီးကတော့ ချင်းပြည် နယ် ဟာ ချင်းတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်မှုအောက်ကို အပြည့်အ၀ ရောက် နေပြီ ဖြစ်တယ်ဆိုတဲ့ လက္ခဏာကိုလည်း ပြသနေတာလည်းဖြစ်ပါတယ်။"]
https://yktnews.com/2023/03/91837/
ချင်းတောင်သို့ တက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု ၆ ဦးသေဆုံး၊ ရွှေဘိုတွင်လည်း ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး
["ချင်းတောင်သို့ တက်လာသည့် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု ၆ ဦးသေဆုံး၊ ရွှေဘိုတွင်လည်း ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၁", "စစ်ကိုင်းတိုင်း၊ကလေးမြို့မှ ချင်းတောင်သို့ တက်လာသည့် အကြမ်းဖက် စစ် တပ် ယာဥ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်း Chinland Defense Force CDM SIYIN ထံမှ သိရသည်။", "မတ်လ၁၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ချင်းတောင်သို့ တက်လာသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ပွဲချင်းပြီး ၆ ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။", "မတ်လ ၁၁ ရက်နေ့တွင်လည်း နံနက် ၈ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီ အထိ ၁၀ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု များပြားသော် လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Chinland Defense Force CDM SIYIN၊ Moungtain Eagle Defence Force နှင့် CDF – KKG Battalion 7 တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း CDF CDM SIYIN က ထုတ်ပြန်ထားသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင် ခြေလျင်စစ်ကြောင်းထိုးပြန်လာ သော အကြမ်းဖက်စစ်သားများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း Burma Rangers (ShweBo) တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓိက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၁၁ ရက် နံနက် ၉ နာရီခန့်က ရွှေဘိုမြို့နယ်အတွင်းလှည့်လည်စစ် ကြောင်းထိုးပြီး တအုံ ကျေးရွာတွင် ညအိပ်တပ်စွဲကာ ယနေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့အတွင်းသို့ ခြေလျင်ပြန်လာသော အကြမ်း ဖက်စစ်သား ၆၀ ခန့်ကို Burma Rangers (ShweBo) တပ်ဖွဲ့မှ ပါဆယ်မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက် ခိုက် ခဲ့ရာ စစ်သား ၃ ဦးနေရာမှာပင်သေဆုံးပြီး ၆ ဦးခန့်အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“မနေ့က(မတ်လ ၁၀ ရက်) ၇ နာရီလောက်ကတည်းက ရွှေဘိုမြို့ကနေထွက်ပြီး ခြေလျင်စစ်ကြောင်း ထိုးနေတာ၊ မနေ့ညက တအုံကျေးရွာမှာ ညအိပ်တယ်၊ ဒီမနက် ရွှေဘိုကို ခြေလျင်ပြန်လာတာ၊ ပေလမ်း ပေါ်က မပြန်ရဲဘူး၊ ရွှေဘိုကြက် မွေးမြူရေးဇုန် နောက်ကျောလယ်ကွင်းတွေဘက်နေ ပြန်လာတာ၊ သူတို့ ပြန်မယ့်လမ်းကို ခန့်မှန်ပြီး ပါဆယ်မိုင်း ၃ လုံးနဲ့တိုက်ခိုက်ခဲ့တာပါ” ဟု Burma Rangers (ShweBo) တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်အေဓိက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စက်သေနတ်များ၊ လက်နက်ငယ်များ၊ RPG များဖြင့်ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်အင်အားမမျှသဖြင့် အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ မိုင်း ဆွဲခံရပြီးသေဆုံးထိခိုက်စစ်သားများကို ရွှေဘိုမြို့မှ ၆ ဘီးကား ၂ စီးဖြင့် လာရောက်တင်ဆောင်သွား ကြောင်း သိရသည်။", "ဓာတ်ပုံ – ယမန်နှစ် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ သံချပ်ကာ ၂ စီး နှင့် စစ်ကား အစီးရေ ၄၀ ကျော် ယာဉ်တန်း။"]
https://yktnews.com/2023/11/131590/
ချင်းတော်လှန်ရေး တပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့
["ချင်းတော်လှန်ရေး တပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့", "ရန်ကုန်၊ နိုဝင်ဘာ ၁၆", "ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေး စတင်မည်ဖြစ်ကြောင်း CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ယမန်နေ့ နံနက်ပိုင်း ပြုလုပ်သည့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိဒ်ခေါဒါရ်မြို့ရှိ ရိဒ်စစ်စခန်းနှင့် Tio စစ်စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုပါ သိမ်းပိုက်ခဲ့ကြောင်း၊ ယခုအခါ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ မြို့ထဲတွင် မိုင်းရှင်းလင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။", "နယ်မြေရှင်းလင်းရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ပြီးစီးပါက ဒေသကာကွယ်ရေးတပ်များ၊ ရိဒ်ခေါဒါရ် အခြေစိုက် ကာကွယ်ရေးတပ်များက အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စတင်လိမ့်မည်ဖြစ်ကြောင်း၊ ရိဒ်ခေါဒါရ်မြို့နှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံဘက်ခြမ်းမှ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့များနှင့်ဆက်ဆံရေးထူထောင်ထားပြီး မူးယစ်ဆေးဝါး ပြဿနာများ ပူးတွဲ ကိုင်တွယ်ရမှုများရှိနေကြောင်း ဆလိုင်းထက်နီက ဆိုသည်။", "ချင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်ရှိတွင် စစ်ကောင်စီစိုးမိုးထားသော မြို့များကို တိုက်ခိုက်မည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်တိုက် ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရသည်။", "Photo Credit- Chinland Information Center"]
https://yktnews.com/2023/11/131404/
ချင်းတော်လှန်ရေး တပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်မည်ဖြစ်ပြီး အိန္ဒိယဘက်ခြမ်းရှိ အဖွဲ့အစည်းများနှင့်လည်း အဆင်ပြေသော ဆက်ဆံရေး ထူထောင်ထား
["ချင်းတော်လှန်ရေး တပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်မည်ဖြစ်ပြီး အိန္ဒိယဘက်ခြမ်းရှိ အဖွဲ့အစည်းများနှင့်လည်း အဆင်ပြေသော ဆက်ဆံရေး ထူထောင်ထား", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေး စတင်မည်ဖြစ်ကြောင်း CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ယနေ့ နံနက်ပိုင်း ပြုလုပ်သည့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိဒ်ခေါဒါရ်မြို့ရှိ ရိဒ်စစ်စခန်းနှင့် Tio စစ်စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုပါ သိမ်းပိုက်ခဲ့ကြောင်း၊ ယခုအခါ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ မြို့ထဲတွင် မိုင်းရှင်းလင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။", "နယ်မြေရှင်းလင်းရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ပြီးစီးပါက ဒေသကာကွယ်ရေးတပ်များ၊ ရိဒ်ခေါဒါရ် အခြေစိုက် ကာကွယ်ရေးတပ်များက အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စတင်လိမ့်မည်ဖြစ်ကြောင်း၊ ရိဒ်ခေါဒါရ်မြို့နှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံဘက်ခြမ်းမှ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့များနှင့်ဆက်ဆံရေးထူထောင်ထားပြီး မူးယစ်ဆေးဝါး ပြဿနာများ ပူးတွဲ ကိုင်တွယ်ရမှုများရှိနေကြောင်း ဆလိုင်းထက်နီက ဆိုသည်။", "ချင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်ရှိတွင် စစ်ကောင်စီစိုးမိုးထားသော မြို့များကို တိုက်ခိုက်မည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်တိုက် ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/184582/
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းရန် သဘောတူညီမှု ရရှိ
["ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းရန် သဘောတူညီမှု ရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၂", "ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် အချင်းချင်း သဘောထားကွဲမှုရှိပါက လက်နက်ဖြင့် မဖြေရှင်းဖို့ ဒေသ အဖွဲ့အစည်းများ သဘောတူညီမှု ရရှိခဲ့ကြောင်း ဇိုပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်း (Zo Re-Unification Organization – ZORO) က သတင်း ထုတ်ပြန်ထားသည်။", "ဇိုပြန်လည်ပေါင်းစည်းရေး အဖွဲ့အစည်း ZORO ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၂၁ ရက်နေ့တွင် ချင်းပြည် အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။", "ယင်းတွေ့ဆုံ ဆွေးနွေးမှုများတွင် အချက် ၅ ချက်ကို ကနေဦး သဘောတူညီမှု ရရှိခဲ့ပြီး ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ် အလာတူညီသော သေအတူရှင်မကွဲ နေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်း လက်ခံကြသည်ဟု သိရှိရသည်။", "ထို့ပြင် တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့် အချိန်တွင် ချင်းညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြောင်း၊ နောက်နောင်တွင် ချင်းလက်နက်ကိုင်အဖွဲ့ နှစ်ဖက်အဖွဲ့အစည်းများ အကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့် ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် အဆိုပါတွေ့ဆုံဆွေးပွဲတွင် နှစ်ဖက် သဘောတူခဲ့ကြောင်း သိရသည်။", "အလားတူ ငြိမ်းချမ်းရေးကော်မတီ တစ်ရပ်ဖွဲ့စည်းရန်လည်း သဘောတူထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှ တာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာပွန်သဲ၊ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်းတို့ ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။", "၂၀၂၂ ခုနှစ်မှစ၍ ချင်းပြည်နယ်တွင် ဒေသ အဖွဲ့အစည်းအချင်းချင်း သဘောထားကွဲလွဲမှုများသည် ပေါ်ပေါ်ထင်ထင်ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လက်နက်ကိုင် ဖြေရှင်းကြသည် အထိ တင်းမာခဲ့ကာ ယခုထွက်ရှိလာသည့် “လက်နက်ဖြင့် မဖြေရှင်းရေး” သဘောတူညီချက်ကို ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားလူမျိုးများက ဝမ်းသာကြိုဆိုကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားကြောင်း သိရသည်။", "(Western News-WN သည် ရန်ကုန်ခေတ်သစ်၏ မိတ်ဖက်ဖြစ်သည်)"]
https://yktnews.com/2023/11/133667/
ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လိုင်လင်းပီမြို့ကို နယ်မြေရှင်းလင်းရေးလုပ် နေပြီး ပြည်သူများ နေရပ်ပြန်နိုင်ရန် စီစဉ်
["ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လိုင်လင်းပီမြို့ကို နယ်မြေရှင်းလင်းရေးလုပ် နေပြီး ပြည်သူများ နေရပ်ပြန်နိုင်ရန် စီစဉ်", "လိုင်လင်းပီမြို့ကို ပြည်သူ့အုပ်ချုပ်အဖွဲ့နှင့် CNF က လက် တွဲ ထိန်းချုပ်သွားမည်", "ရန်ကုန်၊ နိုဝင်ဘာ ၂၉", "ချင်းပြည်နယ်၊ အိန္ဒိယ – မြန်မာနယ်စပ်မြို့တစ်ခုဖြစ်သည့် လိုင်းလင်းပီမြိုကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ပြည်သူများ နေရပ်ပြန်နိုင်ရန် စီစဉ်နေကြောင်း CNF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ် မြို့ဖြစ်သည့် လိုင်လင်းပီမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၃၀၄ တပ်စခန်းကို CNA ၊ CDF – Thantlang ၊ CDF – Zophei ၊ CDF – Lautu ၊ CDF – Matupi (Battalian II) နှင့် ဒေသ အခြေစိုက် CDF- Mara စသည့် ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "“လောလောဆယ် စစ်ဘေးရှောင်ပြည်သူတွေက မဝင်ရဲကြသေး ဘူး၊ လိုင်းလင်းပီမြို့မှာ တိုက်ပွဲဖြစ်တုန်းက ဗုံးကျဲတာ တအားများလို့ တချို့ပြည်သူတွေက အထိန့်တလန့်နဲ့ဆိုတော့ အခုချက်ချင်း ပြန်ဝင်ဖို့က အခက်အခဲရှိတယ်၊ ပြီးတော့ လိုင်လင်းပီမြို့ အထက်က ရေဇွာလ်မှာလည်း တိုက်နေတဲ့အချိန်ဖြစ်တော့ အဲဒီ မှာလည်း ခဏခဏဗုံးကွဲလို့ လိုင်လင်းပီလည်း ကျလာ မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မြို့ထဲကို မဝင်သေးဘူး၊ နောက်ပြီးတော့ စခန်းကနေ စွန့်ခွာသွားတဲ့ အဖွဲ့က တောထဲမှာ ၃ ရက် ၄ ရက်လောက် အစအန ပျောက်နေတယ်ဆိုတော့ အဲဒီကိစ္စလည်းပါတယ်၊ နယ်မြေရှင်းလင်းရေးတော့လုပ်နေပြီ၊ အဲဒီစခန်းသိမ်းပြီး နောက်ပိုင်းမှာတော့ လေကြောင်းကနေ တိုက် တာတို့၊ လေယာဥ် တက်လာတာတို့တော့မရှိတော့ဘူး၊ “ ဟု CNF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နှစ်ဖက် တိုက်ပွဲအတွင်း အသက် အန္တရာယ် လုံခြုံရေးအတွက် ယာယီ စစ်ဘေးရှောင်ပြည်သူတို့၏ လူမှုအခက်အခဲများကို ကူညီဖြေရှင်းပေးခဲ့သော ပြည်သူများ၊ မီဇိုရမ်ပြည်နယ်မှ ဒေသ နေပြည်သူများ၊ လူမှုအသင်းအဖွဲ့များအား အထူးကျေး ဇူးတင်ရှိကြောင်း CNF က အလေးအနက်ထုတ်ပြန်ပြော ဆိုထားသည်။", "CNF/CNA နှင့် Maraland Council /CDF – Mara သည် နှစ်ဖက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေသော လိုင်လင်းပီမြို့နေ ပြည်သူများ ဒေသတွင်း လုံခြုံချောမောစွာ ပြန်လည်ဝင်ရောက်လာနိုင်ရေး ၊ ပြန်လည်နေရာချထားရေးနှင့် နယ်မြေ ရှင်းလင်းရေးတို့ကို ပြည်သူလူထု ပါဝင်ပူးပေါင်းမှုဖြင့် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။", "လိုင်လင်းပီမြို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းလဲန်း အကြား ပြည်သူများ၊ စစ်ဘေးရှောင်များ ဆက်သွယ်သွား လာရာတွင်လည်းကောင်း၊ စစ်ရေး အရ ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်းကောင်း လုံခြုံရေး အရ မဟာဗျူဟာကျသည့်မြို့ ဖြစ်ပြီး ပြည်သူ့လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် အထူးလိုအပ်လျက်ရှိကြောင်း သိရသည်။", "ထို့ကြောင့် CNF/CNA နှင့် Maraland Council/ CDF – Mara သည် လူထုလုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် အိန္ဒိယ – မြန်မာနယ်စပ်အတွင်း ပြည်သူများနှင့် စစ်ဖက်ဆိုင်ရာ ဆက်သွယ်သွားလာမှု အဆင်ပြေစေရေးကို ရှေ့ရှုလျက် ဒေသနေပြည်သူများ ကိုယ်တိုင် ဖော်ဆောင်သည့် လိုင်းလင်းပီမြို့ ပြည်သူ့အုပ်ချုပ် ရေးကို ပူးတွဲကာ ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CNF က သတင်းထုတ် ပြန်ထားသည်။"]
https://yktnews.com/2023/11/131248/
ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်သော Tio စစ်စခန်းမှ စစ်သား ၃၉ ဦး လက်နက်များနှင့်အတူ အိန္ဒိယထဲသို့ ဝင်ပြေးစဉ် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိ
["ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်သော Tio စစ်စခန်းမှ စစ်သား ၃၉ ဦး လက်နက်များနှင့်အတူ အိန္ဒိယထဲသို့ ဝင်ပြေးစဉ် မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Tio စစ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါ စစ်စခန်းမှ စစ်သား ၃၉ ဦးသည် လက်နက်များနှင့်အတူ အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်လာသဖြင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း CNA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကောင်စီ၏ ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ရိဒ်တပ်စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီနောက် ညနေပိုင်းတွင် Tio စစ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်စခန်းမှ စစ်သားများမှာ လက်နက်များနှင့်အတူ ထွက်ပြေးသွားကြပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသဖြင့် မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရှိရသည်။", "“အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို စစ်သားတွေက သေနတ်တွေနဲ့ ပြေးဝင်လာကြလို့ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းထားတယ်။ လက်နက်တွေပါ သိမ်းလိုက်တယ်။ သူတို့က ချင်းCNA ဦးဆောင်သိမ်းလိုက်တဲ့ Tio စစ်တပ်စခန်းက စစ်သားတွေ။ မနေ့ညပိုင်းမှာ ဝင်လာကြတာ။ မနေ့ညနေပိုင်းမှာ ချင်းတပ်ဖွဲ့တွေက Tio စစ်စခန်းကို သိမ်းတာ” ဟု CNA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။", "ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့တွင် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်း ၂ ခုဖြစ်သည့် ရိဒ်စစ်ခန်းနှင့် Tio စစ်စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ရာ ရိဒ်ခေါဒါရ်မြို့ကို CNA ဦးဆောင်သော ချင်းတော်လှန်ရေး တပ်များက သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။", "ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်သော ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည် နယ် တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် ရိဒ်မြို့၏ အမှတ်သင်္ကေတလည်းဖြစ်သည်။", "ဓာတ်ပုံ- မီဇိုရမ်ထဲသို့ ထွက်ပြေးရောက်ရှိနေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့။"]
https://yktnews.com/2022/12/75953/
ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/97673/
ချင်းတွင်းမြစ် သပိတ် စစ်ကြောင်းက တော်လှန်သင်္ကြန် အကြတ်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မုန့်လုံး သပိတ် ပြုလုပ်
["ချင်းတွင်းမြစ် သပိတ် စစ်ကြောင်းက တော်လှန်သင်္ကြန် အကြတ်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး မုန့်လုံး သပိတ် ပြုလုပ်", "ရန်ကုန်၊ ဧပြီ ၁၅", "ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းက ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် တော်လှန်သင်္ကြန် အကြတ်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး မုန့်လုံး သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/86456/
ချင်းတွင်းမြစ် သပိတ်စစ်ကြောင်းမှ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သည့် အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြု အလေးပြုကာ ညသပိတ် ပြုလုပ်
["ချင်းတွင်းမြစ် သပိတ်စစ်ကြောင်းမှ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သည့် အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြု အလေးပြုကာ ညသပိတ် ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၉", "ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နွေဦးတော်လှန်ရေး၌ ကျဆုံးခဲ့သည့် အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြု အလေးပြုကာ ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ – AungKhantZaw"]
https://yktnews.com/2023/02/85828/
ချင်းတွင်းမြစ် သပိတ်အင်အားစုများ မီးဘေးသင့် ပြည်သူများထံ ဆန် ၊ ဆီ နှင့် အဝတ်အထည်များ လှူတန်း
["ချင်းတွင်းမြစ် သပိတ်အင်အားစုများ မီးဘေးသင့် ပြည်သူများထံ ဆန် ၊ ဆီ နှင့် အဝတ်အထည်များ လှူတန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၆", "ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဆားလင်းကြီးမြို့နယ်ရှိ စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၁၁၀ ကို တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည် ၊ ဆီ ၁ ဗူး ၊ အဝတ်အစားများ လှူတန်းခဲ့ကြောင်း သိရသည်။", "Salin Gyi Generation People’s Defence Forceမှ ရဲဘော်များလည်း အဝတ်အထည်များ ပူးပေါင်းပါဝင် လှူတန်း ခဲ့ကြောင်း၊ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကြောင်းထိုးမှုများမကြာခဏ ပြုလုပ်လျှက်ရှိပါကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/120886/
ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် တချို့ ထိခိုက်ပျက်စီး
["ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ် ရေယာဥ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် တချို့ ထိခိုက်ပျက်စီး", "ရန်ကုန်၊ စက်တင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဆင်ဖြူရှင် တံတားမှ ဆန်တက်လာသော အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုသည် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူပိုင် နေအိမ်နှင့် အဆောက်အဦး တချို့ ထိခိုက်ပျက်စီးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။", "” စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိတယ်။ ပြည်သူတွေ ထိခိုက်မှု မရှိဘူးလို့ ကနဦးသိထားရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/09/124334/
ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်တပ်၏ ရေယာဥ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်က စတင်ကာ မုံရွာ မင်းဒေါင့် ဆိပ်ကမ်းမှ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်ရေယဥ် ၄ စီး ၊ မိုးကာအုပ် ၇ စီး၊ သစ်ဖလပ် ၅ စီး စုစုပေါင်း ၁၆ စီး ပါ ရေယာဥ်အုပ်စုသည် ချင်းတွင်းမြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” မြစ်ကမ်းဘေးက ရွာတွေက အကုန်လုံး ရှောင်နေရတယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ မြစ်ကြောင်းတစ်လျှောက်က ရွာတွေကို ပစ်နေတာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ စစ်ခွေး သင်္ဘော အုပ်စုက ဆက်တိုက်ကို ပစ်နေတာ” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့"]
https://yktnews.com/2022/12/76236/
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်
["ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၄", "ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ပြည်သူများ စုပေါင်း၍ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ်ပြုလုပ်ခဲ့ကြသည်။", "Photo -AungKhantZaw"]
https://yktnews.com/2023/11/133533/
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း တည်ထောင်ခြင်း ၁နှစ်ပြည့် တော်လှန်ပြည်သူအချို့ကို လှူဒါန်း
["ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း တည်ထောင်ခြင်း ၁နှစ်ပြည့် တော်လှန်ပြည်သူအချို့ကို လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၂၈", "ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း တည်ထောင်ခြင်း ၁နှစ်ပြည့်အထိမ်းအမှတ်အနေနှင့် လက်ရှိအချိန်ထိ တောင့်ခံပေးခဲ့ကြသည့် တော်လှန်ပြည်သူအချို့ကို ဆန် ၊ဆီ၊ ပိုက်ဆံများကို နိုဝင်ဘာ ၂၈ ရက်နေ့တွင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/09/185338/
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက နှစ်ရှည်စစ်ရှောင်စခန်းရှိ ပြည်သူများကို အာဟာရဒါနထမင်းတစ်နပ်လှူဒါန်း
["ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက နှစ်ရှည်စစ်ရှောင်စခန်းရှိ ပြည်သူများကို အာဟာရဒါနထမင်းတစ်နပ်လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက အလှူရှင်ကိုယ်စား နှစ်ရှည်စစ်ရှောင်စခန်းတစ်နေရာမှ ပြည်သူများကို အာဟာရဒါနထမင်းတစ်နပ် ထောက်ပံ့ကူညီခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126327/
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ”တော်လှန်ရေးအနုပညာ ရန်ပုံငွေပွဲ” ပြုလုပ်
["ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ”တော်လှန်ရေးအနုပညာ ရန်ပုံငွေပွဲ” ပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ", "ဆားလင်းကြီးမြို့နယ်ညောင်ပင်ကြီးတဝိုက်ရှိ မီးဘေးသင့်ပြည်သူတွေအတွက် “တော်လှန်ရေးအနုပညာ ရန်ပုံငွေပွဲ”ကို ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။"]
https://yktnews.com/2023/09/120858/
ချင်းတွင်းမြစ်ကို ဆန်တက်လာသော စစ်တပ်သင်္ဘော ၁၁ စီးကို တိုက်ခိုက်မှု ရေယာဉ် ၁ စီး ကျည်ထိမှန်
["ချင်းတွင်းမြစ်ကို ဆန်တက်လာသော စစ်တပ်သင်္ဘော ၁၁ စီးကို တိုက်ခိုက်မှု ရေယာဉ် ၁ စီး ကျည်ထိမှန်", "ရန်ကုန်၊ စက်တင်ဘာ ၃", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ် ၁၁ စီးကို ချင်းတွင်းမြစ်ကြောင်းတနေရာတွင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ရေယာဉ် ၁ စီး မီးလောင်ပျက်စီးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ LPDF တပ်ဖွဲ့ထံမှ သိရသည်။", "ယမန်နေ့ စက်တင်ဘာလ ၂ ရက် ညနေ ၃ နာရီခန့်က လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ပျူစောထီး အင်အား အများအပြား တင်ဆောင်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ရေယာဉ် ၁၁ စီးကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် မော်တော်ရေယာဉ် တစ်စီးမီးလောင်ပျက်စီးကာ အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးနိုင်ကြောင်း၊ အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ ဗန္ဓုလနှင့်အဖွဲ့သားများ LDF ၊ Chindwin Fighter Group CFG တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှေ့ထွက်မိုင်း၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျည်ရှပ်ထိဒဏ်ရာ (မစိုးရိမ်ရ)ရရှိကာ ကျန်တပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/124605/
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်၊ ဆင်ဖြူရှင်တံတား မှ အထက်ကို ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၁ စီးနှင့် ဖလပ်ခွန် ၈ စီးပါ ရေယာဥ် အုပ်စုက ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "” ချောင်းဦး ဆင်ဖြူရှင် တံတားဘက်ကနေ ဆန်တက်လာတဲ့ စစ်ခွေး ရေယာဥ် အုပ်စုက လက်နက်ကြီးတွေ ပစ်ခတ်နေလို့ မြစ်ကမ်း တစ်လျှောက်က ပြည်သူတွေ အရင်အတိုင်းပဲ ထွက်ပြေးတိမ်းရှောင် နေရတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့"]
https://yktnews.com/2023/07/114758/
ချင်းတွင်းမြစ်ကြောင်းကို ဆန်တက်လာသည့် စစ်တပ် သင်္ဘော ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး
["ချင်းတွင်းမြစ်ကြောင်းကို ဆန်တက်လာသည့် စစ်တပ် သင်္ဘော ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၂၅", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ သင်္ဘော ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ PDF ထံ မှ သိရသည်။", "ဇူလိုင်လ ၂၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်က ဧရာဝတီမြစ်ကြောင်းမှ တဆင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) တပ်အတွင်းသို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာနှင့် ဆီများပေးပို့ရန် ချင်းတွင်းမြစ် ကြောင်း အတိုင်းဆန်တက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် ဖောက် ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ဗန္ဓုလနှင့်အဖွဲ့သားများ LDF၊ မုံရွာခရိုင် တပ်ရင်း ၁၀ တပ်ခွဲ ၂ Chindwin Fighter Group (C.F.G)၊ လင်းယုန်လေးအဖွဲ့ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့ ဝင်များအထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/184730/
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ
["ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ", "ရန်ကုန်၊ စက်တင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်သင်္ဘောများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Salingyi Revolution Army ထံမှ သိရှိရသည်။", "ယနေ့စက်တင်ဘာလ ၂၃ ရက်နေ့တွင်တစ်ကြိမ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က တစ်ကြိမ် မုံရွာမြို့၊ အလုံဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘောများ ကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို Salingyi Revolution Army – S.R. A အဖွဲ့ ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ ၊ IDIOTS COLUMN ၊ Black Tiger Attacaes Force ၊ ဘာမထီတော်လှန်ရေးအဖွဲ့ ၊ Monywa Undergrown Force ၊ ချင်းတွင်းဒိုင်း နမိုက် နှင့် တောင်ပံနီတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ချင်းတွင်းမြစ်အတွင်းသို့ သွားလာနေသော စစ်သင်္ဘောများကို တိုက်ခိက်နေစဉ်။"]
https://yktnews.com/2023/10/127695/
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ်အုပ်စုကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
["ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ်အုပ်စုကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား", "ရန်ကုန်၊ အောက်တိုဘာ ၂၃", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ် အကြား တစ်နေရာ၌ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်တပ်၏ ရေယာဥ် အုပ်စုကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force -South Monywa တာဝန်ခံ Daung Karyan က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးရွာမှ ချင်းတွင်း မြစ်ကြောင်းတိုင်း မုံရွာဘက်ကို ဆန်တက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၂၀၀ ခန့် စီးနင်းလိုက်ပါလာသည့် စစ်သင်္ဘော ၁ စီး နှင့် ရိက္ခာတင် ဖလက် ၁ စီး တို့ကို ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။", "“ဆန်တက်လာတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာဗျ၊ ရိက္ခာတင် သင်္ဘောက ရှေ့ကနေသွားတာ၊ နောက် ကနေမှ စစ်သင်္ဘောက လိုက်လာတာဗျ၊ စစ်ခွေး သင်္ဘောကိုပဲ တိုက်ခိုက်ခဲ့တာ၊ ၁၈ ရက်နေ့က တိုက် ခိုက် ခဲ့တာက ထိခိုက်သေဆုံးမှု စုံစမ်းမရဘူး၊ ဒုတိယအကြိမ်ပဲ စစ်ခွေး ၈ ကောင်သေတာ အတည် ပြု နိုင်ခဲ့ပါတယ်” ဟု People’s Defence Force -South Monywa တာဝန်ခံ Daung Karyan က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အလားတူ အောက်တိုဘာလ ၁၈ ရက်နေ့က မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဆင်ဖြူရှင်တံတားမှ ဆန် တက်လာသော စစ်သင်္ဘော ၂ စီး၊ ရိက္ခာတင် ဖလက်ခွန် ၄ စီးကို မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်အကြား တစ်နေရာ၌ ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ စီးမြောက် စစ်သင်္ဘော၌ လိုက်ပါလာသော စစ်သားများကို ထိမှန်ခဲ့ပြီး အကြမ်းဖက် စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၃ Royal Alliance – တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၅ A.S.F၊ Deathless Generation Monywa လက်နက်ကြီးတပ်ဖွဲ့၊ One Way Revolution Forceတို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2022/12/76561/
ချင်းတွင်းမြစ်တွင် စစ်ရေယာဥ်အုပ်စုကို ပစ်ခတ် တိုက်ခိုက်၊ ခင်ဦး၊ ရေနံ ချောင်း နှင့် မန္တလေးတွင် စစ်တပ် တပ်စွဲနေရာများကို ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
["ချင်းတွင်းမြစ်တွင် စစ်ရေယာဥ်အုပ်စုကို ပစ်ခတ် တိုက်ခိုက်၊ ခင်ဦး၊ ရေနံ ချောင်း နှင့် မန္တလေးတွင် စစ်တပ် တပ်စွဲနေရာများကို ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများ ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း Peace Takers Task Force အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၌ မောင်းနှင် လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၃ စီးကို Peace Takers Task Force – PTTF နှင့် The Brightness Monywa မဟာမိတ် ညီနောင်နှစ်ဖွဲ့က ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိပါတယ်။ အရေအတွက်တော့ အတိ အကျ မသိရှိရသေးပါဘူး။ စစ်ခွေးတွေဘက်က လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပေမယ့် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Peace Takers Task Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "ထို့ပြင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့ စီးပွားရေး ဘဏ်တွင် တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း No More Dictatorship People Defense Force – NMD အဖွဲ့က ပြောသည်။", "ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ခန့်တွင် အောင်မြေသာစံမြိုနယ် ၂၆ ဘီလမ်း၊ ၈၅လမ်း ၈၆လမ်းကြားရှိ မြန်မာ့ စီးပွားရေးဘဏ် ၃ ရှေ့၌ တပ်စွဲ ထားသော စစ်သားနှင့် ရဲများကို ပြောက်ကျား ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို VOMDY-Front Worrior နှင့် No More Dictatorship People Defense Force _ NMD တို့က တိုက်ခိုက် ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ရေးဂိတ် ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Royal Tiger Guerrilla Force အဖွဲ့က ပြောသည်။", "ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ခင်ဦးမြို့ပေါ် လမ်းသုံးခွရှိ စစ်တပ် သတင်းပေး ဒလန် မင်းသိုက် နေအိမ်ဘေးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို Royal Tiger Guerrilla Force အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေ ဘန်ကာဘေးမှာ အပြုံလိုက်ရှိတုန်း ဘေးကို ကျတာ အထိ အခိုက်ရှိနိုင်တယ်။ အရေအတွက် မသိရသေးဘူး။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ဒရုန်း ဆုံးရှုံးခဲ့ရတာတွေ လက်နက် အင်အားမပြည့်စုံမှုကြောင့် ယာယီ Mission တွေ ရပ်နားထားရပါတယ်။ ပြည်သူတွေ အနေနဲ့ လှူဒါန်းမှုတွေ ဆက်လုပ် ပေးဖို့ တောင်းဆိုပါတယ်” ဟု Royal Tiger Guerrilla Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ မကွေးတိုင်း၊ ရေနံချောင်း EPC ရုံးကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက် ခဲ့ကြောင်း People’s Defense Force Yenang yaung အဖွဲ့ထံမှ သိရသည်။", "ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ရေနံချောင်း EPC ရုံးကို People’s Defense Force Yenang yaung နှင့် Hunter Dragon Group ၊ ဖေကံကောင်းအဖွဲ့၊ Chauk Guerrilla Force လက်ပစ်ဗုံးပစ်သွင်း တိုက် ခိုက်ခဲ့ပြီး 9 mm ကျည်ဖြင့် သတိပေး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ရေနံချောင်းမြို့နယ် EPC ရုံးသည် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို မီတာခ ဆောင်ရန် အတင်းအဓမ္မ လိုက်လံကောက်ခံနေခြင်းကြောင့် သတိပေး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/08/118517/
ချင်းတွင်းမြစ်တွင် ရိက္ခာနှင့်စက်သုံးဆီများတင်လာသော စစ် သင်္ဘော ၄ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
["ချင်းတွင်းမြစ်တွင် ရိက္ခာနှင့်စက်သုံးဆီများတင်လာသော စစ် သင်္ဘော ၄ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၆", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း နမခတပ်အတွင်းသို့ လက်နက်ခဲယမ်းရိက္ခာနှင့် စက်သုံးဆီများဖြည့်တင်းရန် တက်လာသည့် စစ်သင်္ဘော ၄ စီးကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ စေတန်တပ်ခွဲမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ချင်းတွင်းမြစ်ကြောင်း အတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် ရိက္ခာတင် သင်္ဘော ၄ စီးကို ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းမြစ် ကြောင်းတွင် တဖက်ပွင့်မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦး အပြင်းအထန်ဒဏ် ရာရရှိကာ ဆေးရုံရောက်ရှိချိန်၌ သေဆုံးသွားကြောင်း၊ အခြားထိခိုက်ဒဏ်ရာရရှိသော စစ်သားများလည်း ရှိကြောင်း သိရသည်။", "“ပခုက္ကူရဲ့အောက်ဘက်ရောက်တော့ သတင်းရတာနဲ့ ကြိုတင်ပြင်ဆင်ပြီးစောင့်နေတာ၊ ၂ ရက်လောက် တော့ကြာခဲ့တယ်၊ တဖက်ပွင့်တွေနဲ့ ၄၀ မမ ၊ ဂန်းငယ်တွေနဲ့ ပြင်ဆင်စောင့်နေတာ၊ သူတို့ အရင်ကတော့ဆို ရင် မြစ်ကြောင်းတနေရာမှာ ကမ်းတစ်ဖက်ကို ကပ်တယ်၊ အခုက ကျနော်တို့ရဲ့ ပစ်မှတ်ချိန်ထားတဲ့ဘက်ကို ကပ်လာတာ၊ အဲဒါနဲ့အနီးကပ်ပွဲဖြစ်သွားတာဗျ၊ မနေ့တုန်းက တိုက်ပွဲဖြစ်ပြီး မတိကျမှာစိုးလို့ အတွင်း သတင်းရအောင်စောင့်မေးကြည့်တော့ ၇ ကောင်သေတယ်၊ ဆေးရုံရောက်မှ သေတာ ကုချိန်မမီလိုက် ဖူးလို့ပြောတယ်၊ ဒဏ်ရာရနေတာတွေလည်းရှိတယ်၊ ဒဏ်ရာရသူ တိတိကျကျတော့ မသိရဘူးတဲ့” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ စေတန်တပ်ခွဲမှူးကရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA ၊ စေတန်တပ်ခွဲမှ တပ်ဖွဲ့ဝင်များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် အနီးကပ်တိုက်ပွဲဖြစ်ခဲ့ပြီး ကျည်အင်အား အ မြောက်အများအသုံးပြု တိုက်ခိုက်ခြင်းခံရသဖြင့် အသက်လုပြန်ဆုတ်ခဲ့ရကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ စေတန်တပ်ခွဲထံမှ သိရသည်။", "“အနီးကပ်ပစ်ခဲ့ရတာဆိုတော့ သူတို့က ကျည်အားသုံးတယ်လေ၊ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ တရကြမ်းပစ်တာဆိုတော့ ကျနော်တို့တွေ တော်တော်လေးကို အသက်နဲ့လုပြီး ပြန်ဆုတ်ခဲ့ရတာ၊ လက်နက်ကြီးတွေ တချိုဆိုရင် ရွာတွေဘက်အထိပါကျတယ်၊” ဟု မြန်မာ့တော်ဝင်နဂါးတပ်တော် – MRDA တပ်ဖွဲ့မှ စေတန်တပ်ခွဲမှူးကရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါသင်္ဘောများမှာ ပြည်သူပိုင်သင်္ဘောများဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ချောဆွဲလာခြင်းဖြစ်နိုင် ကြောင်း၊ ယင်းသင်္ဘောများပေါ်တွင် အကြမ်းဖက်စစ်သားများလိုက်ပါလာခြင်းဖြစ်ပြီး မင့်ဒေါင့်ဆိပ်ကမ်း ဆိုက်ကပ်ပြီးနောက် ဆီများကို ဘောက်ဆာကားများဖြင့် သယ်ယူသွားကြောင်း သိရသည်။"]
https://yktnews.com/2023/08/119960/
ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်၏ သစ်တင်ရေယာဥ် ၂ စီးက ပစ်ခတ်နေသော​ကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
["ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်၏ သစ်တင်ရေယာဥ် ၂ စီးက ပစ်ခတ်နေသော​ကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ ဩဂုတ် ၂၇", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာများကို စစ်တပ်၏ သစ်တင်ရေယာဥ် ၂ စီးက ပစ်ခတ်နေသော​ကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် အောက်ဘက်သို့ စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ သစ်တင် ရေယာဥ်၂ စင်းသည်ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများကို ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "“ပစ်ခတ်တာရှိတယ်ဗျ။ မြစ်ကမ်းဘေးတစ်လျှောက်ရှိရွာတွေ ရှောင်ရတယ်ဗျ။ ခန့်မှန်းခြေ ၇ ရွာ၊ ၈ ရွာလောက်ရှိတယ်။ ထိမှန်တဲ့ လူတွေရှိတယ်လည်း ကြားတယ်ဗျ။ကျွန်တော်တို့နဲ့ ဝေးတော့ အတိကျမသိရတာပါဗျ “ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2023/01/83403/
ချင်းတွင်းမြစ်အတွင်း စစ်တပ် ရေယာဥ်အုပ်စုကို PDF တပ်ဖွဲ့က ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
["ချင်းတွင်းမြစ်အတွင်း စစ်တပ် ရေယာဥ်အုပ်စုကို PDF တပ်ဖွဲ့က ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ချင်းတွင်းမြစ်အတွင်းရှိ ကနီမြို့နယ် ကမ်းပြိုရွာအနီး အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုကို PDF တပ်ဖွဲ့က ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ကနီမြို့နယ် ကမ်းပြိုရွာ အနီး အကြမ်းဖက် စစ်တပ် ရေယာဥ် အုပ်စုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ ကမ်းပြိုနေရာ အရောက်တွင် ကျောက်လုံးကြီး KLG PDF နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်သောကြောင့် အကြမ်းဖက် စစ်တပ် ထောက်ပို့သင်္ဘော ၆ စီးထဲမှ ၂ စီးသည် ကမ်းပြိုနေရာ အနီးဝန်းကျင်တွင် သောင်တင်ခဲ့ပြီး ကျန် ၄ စီးသည် ချင်းတွင်းမြစ် အတိုင်း စုန်သွားပီး ကျောက်မှော်ရွာအနီးရောက်တွင် သောင်တင်လျက်ရှိကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် သင်္ဘောများသည် ချင်းတွင်းမြစ်အတွင်း ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ မြစ်ကြောင်း အတိုင်း ဆန်တက်လာပြီး ကျောက်လုံးကြီး KLG PDF အဖွဲ့နှင့် မဟာမိတ် ညီနောင် တပ်များက ပူးပေါင်း တိုက်ခိုက်လျက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ လကျော် ကြာမြင့်နေပြီး လက်နက်ခဲယမ်းများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/06/109093/
ချင်းတွင်းမြစ်အတွင်း စစ်တပ်က စက်လှေမောင်းသမား ၁ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်
["ချင်းတွင်းမြစ်အတွင်း စစ်တပ်က စက်လှေမောင်းသမား ၁ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်", "ရန်ကုန်၊ ဇွန် ၂၁", "စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရှိ ညောင်ပင်ကြီး စက်လှေဆိပ်ဘက်တွင် အကြမ်းဖက် စစ်တပ်က စက်လှေမောင်းသမား ၁ ဦးကို ပစ်သတ်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မုံရွာဆိပ်မှ စက်လှေ ၁ စီးကို ချောဆွဲပြီး ညောင်ပင်ကြီးစက်လှေဆိပ်ကို ပစ္စည်းသွားပို့စဥ် ပစ္စည်းများ ချပြီးအပြန်၌ စစ်သားများက စက်လှေသမားကို ပစ်သတ်လိုက်ပြီး ရုပ်အလောင်းကို ရေထဲမျော၍ ဖျောက်ဖျက်လိုက်ကြောင်း သိရသည်။", "“စစ်ခွေးတွေက စက်လှေ ၁ စီးကို ချောဆွဲလာတုန်း ကမ်းကပ်ပြီး မောင်းလို့ အပြန်မှာ သေနတ်နဲ့ သုံး ၃ ချက်ပစ်လိုက်တာ စက်လှေကရေလယ်ခေါင်မှာ လည်နေတာတွေ့တယ်။ ပထမက သေနတ်သံ ကြားရပေမယ့် ဘာဖြစ်မှန်းမသိဘူး။ နောက်မှသတ်ပစ်လိုက်ပြီဆိုတာသိရတာ သေဆုံးသူ အမည်နဲ့ ဘယ်ရွာမှာနေတယ်ဆိုတာ မသိရသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/01/80551/
ချင်းတွင်းမြစ်အတွင်း စစ်တပ်၏ ကျောက်စုပ်စက်လှေကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
["ချင်းတွင်းမြစ်အတွင်း စစ်တပ်၏ ကျောက်စုပ်စက်လှေကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်စုပ်စက်လှေ တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၆ နာရီခန့်စတင်ပြီး မြစ်ကြောင်းတလျှောက်ရှိကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ အမြင့်ကျေးရွာဘက်မှ မုံရွာမြို့ဘက်သို့ ဆန်တက် လာသော အကြမ်းဖစ်စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကျောက်စုပ်စက်လှေကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "“ပေါင်းဝကို လူချပြီး အမြင့်အထိသွားတဲ့စက်လှေ၊ အမြင့်ဘက်ကနေ မုံရွာကို ပြန်လာတာ၊ မုံရွာမရောက် ခင် လျှပ်စစ်တာဝါတိုင်နားမှာ တိုက်ခိုက်ခဲ့တာ၊ စာထုတ်တာထက် ခွေးကောင်တွေ ပိုသေနိုင်တယ်၊ စာ ထုတ်တာက မျက်မြင်ပဲ သတင်းထုတ်ပြန်တာ၊ မုံရွာဆိပ်ကမ်းကနေ နာရေးကား ၄ ၊ ၅ စီးလောက်စောင့် ပြီး တင်သွားတာလို့ သိရတယ်” ဟု Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ (5/ Teacher People Defence Force PDF) ၊ မုံရွာခရိုင် တပ်ရင်း ၁၃ (Aung San Generation Monywa) ၊ 5/UG Task Force (မြေအောက်တော်လှန်ရေးအဖွဲ့)နှင့် Fight For Freedom(F3) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/183595/
ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၉ စင်း ပြန်လည် စုန်ဆင်းလာချိန် မြေပြင်တွင် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၊ ကနီတွင် ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ သွားလာမှု ယာယီပိတ်ပင်ထား
["ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၉ စင်း ပြန်လည် စုန်ဆင်းလာချိန် မြေပြင်တွင် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၊ ကနီတွင် ချင်းတွင်းမြစ်အတွင်း ရေယာဉ်များ သွားလာမှု ယာယီပိတ်ပင်ထား", "ရန်ကုန်၊ စက်တင်ဘာ ၁၆", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော ၉ စင်း ပြန်လည် စုန်ဆင်းလာချိန် မြေပြင်တွင် မြစ်ကမ်းဘေးကျေးရွာများကို စစ်ကောင်စီတပ်က စစ် ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီကျော်အချိန် ချင်းတွင်းမြစ် အထက်ဘက်မှ စစ်တပ်စစ်ကြောင်းများလိုက်ပါသော သင်္ဘော ၉ စီးသည် ဖောင်းပြင်မြို့နယ်ကရားရွာကို ဖြတ်ကျော်၍ မြစ်အောက်ဘက်သို့ ဆက်လက်စုန်းဆင်းလာနေကြောင်း၊ အဆိုပါ စစ်သင်္ဘော ၉ စီးကို တိုက်ခိုက်မှုများ မလုပ်နိုင်ရန် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို စစ်ကြောင်းထိုးမှုများ လုပ်ဆောင်လာနေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "“တပ်ပြောင်းတာလားတော့မသိဘူး။ ချင်းတွင်းမြစ် အထက်ပိုင်းကနေ စစ်သားတွေ လိုက်ပါတဲ့ သင်္ဘော ၉ စီး စုဖွဲ့ပြီး ဆင်းလာတာ။ ဆားလင်းကြီးနဲ့ ယင်းမာပင်ဘက်က မြစ်ကမ်းဘေး ကျေးရွာဘက်တွေကို စစ်တပ်စစ်ကြောင်းတွေကို ချီတက်မှုတွေရှိတယ်လို့ သတင်းတွေရထားပါတယ်။ အဓိက ကြည့်ရတာ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၉ စီးကို ကမ်းဘေးဝဲယာကနေ ပစ်ခတ်မှာတွေ လုပ်မှာစိုးလို့ထင်ပါတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး”ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိတွင် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုသွားလာကြမည့် ရေယာဉ်များအနေဖြင့် ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၆ နာရီမှစတင်ပြီး ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။", "ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ ၏ ရေယာဉ်အုပ်စုရှိနေသဖြင့် စစ်ရေးအခြေအနေအရ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် သွားလာခွင့် ပိတ်ရခြင်းဖြစ်ကြောင်း၊ ချင်းတွင်းမြစ်အတွင်း စစ်အုပ်စု၏ ရေယာဉ်များ ကျော်လွန်သွားချိန်မှသာ အသွားအလာ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။", "စစ်ကောင်စီတပ်ဖွဲ့၏ ရေယာဉ်များ ချင်းတွင်းမြစ် ကြောင်းတလျှောက် ဖြတ် သန်း ချိန် မြစ်ကမ်းနား နေထိုင်သည့် ပြည်သူများအနေဖြင့် အနည်းဆုံး ၃ မိုင်အကွာအထိယာယီတိမ်းရှောင်နေကြရန် ကနီမြို့နယ် ပကဖ က သတိပေးထားပြီး ရေယာဉ် ၉ စီးပါသည့် စစ်ကောင်စီတပ်၏ ရေယာဉ်များသည် အောက်ဘက်သို့ စုန်ဆင်းလာနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126945/
ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များ မြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်
["ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်တပ်၏ ရေယာဥ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များ မြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘာ အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့များက မြစ်ကြောင်း တစ်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ခဲယမ်းများ၊ ရိက္ခာများ တင် ဆောင်ပြီး ဧရာဝတီ မြစ်ကြောင်းမှ ချင်းတွင်းမြစ်ကြောင်းကို ကူးကာ ဆန်တက်လာသော အကြမ်းဖက် စစ်ကောင်စီ၏ ဖလပ်ခွံ ၄ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝကျေး ရွာအနီး၌ ရှေ့ပြောင်းတိုက် ၆ လုံးဖြင့်လည်းကောင်း၊ ရွှေကုန်ကျေးရွာအနီး၌ ရှေ့ထွက်ပြောင်းတိုက် ၉ လုံးဖြင့်လည်းကောင်း ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရတာဗျ၊ ဖလက်ခွန်တွေအပေါ်မှာ စစ်ခွေးတော်တော်များများပါတယ်၊ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ရမ်းပစ်တာတွေရှိတယ်၊ ပြည်သူတွေထိခိုက်မှုတော့ မရှိပါဘူး၊ အခု တော့ မင်းဒေါင့်ဆိပ်ကမ်းကိုရောက်နေတယ်ဗျ၊ အထက်ကို ဆက်ဆန်တက်မယ်လို့ သတင်းကြား ရ တယ်” Brave Heart Army (BHA) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို မုံရွာ ခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၂ Chindwin Fighter Group (C.F.G) အဖွဲသားများ မှ ဦးဆောင်၍ Brave Heart Army (BHA)တပ်ဖွဲ့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့အောင်မြင်ခဲ့ကြောင်း သိရသည်။", "အလားတူ အဆိုပါ အကြမ်းဖက်စစ်တပ် ဖလက်ခွန်သင်္ဘာ ၄ စီးကို တဖက်ပွင့် မိုင်း ၆ လုံးဖြင့် ၂ နေရာခွဲ ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာခရိုင်တပ်ရင်း ၂၃ နှင့် တိုက်နယ် ၃ ပကဖ ညီနောင်များ ပူးပေါင်းကာ တဖက် ပွင့်မိုင်း ၆ လုံးဖြင့် ၂ နေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကျည်မျိုးစုံ အတောင့် ၈၀ ဖြင့်ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မုံရွာ ခရိုင်တပ်ရင်း ၂၃ အနေဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန် လက်နက်၊ ခဲယမ်းများနှင့် ရဲဘော် များစားသောက်ရေး အခက်အခဲဖြစ်ပေါ်နေပြီး မိဘပြည်သူများအနေဖြင့် ၅၀၀၊ ၁၀၀၀ မှအစ ဝိုင်းဝန်း ကူညီ ထောက်ပံ့ပေးကြ ပါရန် မုံရွာခရိုင်တပ်ရင်း ၂၃ က မေတ္တာရပ်ခံထားသည်။", "Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့"]
https://yktnews.com/2023/10/124808/
ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
["ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသော စစ်တပ်သင်္ဘောများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့ဘက်သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာ သော အကြမ်းဖက်စစ်တပ် သင်္ဘောများကို ရှေ့ထွက်မိုင်း၊ လက်နက် ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ မကျီးဘုတ်၊ မကျီးဂွရွာမှ ပြည်သူ ပိုင်ပစ္စည်းများကို ခိုးယူပြီး ဆန်တက်လာသော စစ်သ င်္ဘော ၂ စီး၊ ကုန်တင်ရေယာဉ် ၇ စီးကို မုံရွာမြို့ နယ်နှင့် ဆားလင်းကြီး မြို့နယ် အကြားအရောက် စစ်သင်္ဘာ ၂ စီးကို ရှေ့ထွက်မိုင်း ၁၀ လုံး ဖြင့် တိုက် ခိုက်ခဲ့ရာ သင်္ဘောတစ်စီးလုံးကို ထိမှန်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်သား ၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "“တဖက်ပွင့်ပြောင်းနဲ့ပစ်တာဆိုတော့ သင်္ဘောတစ်ခုလုံးကို ထိမှန်တယ်ဗျ၊ ပျက်စီးမှု ကတော့ အတိ အကျ မပြောနိုင်ဘူး၊ ပစ်ခတ်ခံရပြီး ခဏကြာတော့ ရေလယ် ကျွန်းဘက် ကပ်သွားတယ်၊ စစ်ခွေး တွေဘက်က စက်ကလေး တွေရော၊ လက်နက်ငယ်တွေရော ပြန်ပစ်ပါတယ်၊ ကျနော်တို့ရဲဘော်တွေ အားလုံး ဘေး ကင်းပါတယ်ဗျ၊ စစ်ခွေး ၅ ကောင်သေ တယ်အများအပြား ဒဏ်ရာရတယ်ဆိုတာ တိကျခိုင်မာတဲ့ သတင်းပေးဆီက သိရတာပါဗျ၊” ဟု People’s Defense Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်‌ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defense Force – South Monywa ၏ တပ်ခွဲ ၁ ၊ တပ်ခွဲ ၃ Royal Alliance – တော်ဝင်မဟာမိတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၅ A.S.F၊ Deathless Generation Monywa လက်နက်ကြီးတပ်ဖွဲ့၊ Aung San Generation၊ One Way Revolution Force၊ Dragon Brothers’ People’s Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ချင်းတွင်းမြစ်အတွင်း သွားလာနေသော စစ်သင်္ဘောများ။"]
https://yktnews.com/2023/08/116576/
ချင်းတွင်းမြစ်​ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
["ချင်းတွင်းမြစ်​ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ သြဂုတ် ၅", "စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်​ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို စစ်သင်္ဘော အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း မင်းဒေါင့်ဆိပ်သို့ ဦးတည် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၂ စီးနှင့် ဖလပ်ခွန် ရေယာဉ် ၃ စီးသည် ချင်းတွင်းမြစ်အတွင်း ဆန်တက်ခဲ့ပြီး မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများနှဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“ဆန်တက်နေတုန်း ရှိသေးတယ်။ တစ်လမ်းလုံး ပစ်တယ်။ ပြည်သူတွေ ထိခိုက်တာတော့ မသိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်၏ ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကမ်းနားတစ်လျှောက်ရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောကြားသည်။", "Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့"]
https://yktnews.com/2023/09/121945/
ချင်းတွင်းမြစ်​အတွင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ချင်းတွင်းမြစ်​အတွင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​အတွင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့များမှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁ စီးကို မုံရွာခရိုင် တပ်ရင်း(၁၀) တပ်ခွဲ(၂) Chindwin Fighter Group (C.F.G) အဖွဲ့မှ ဦးဆောင်ကာ ရှေ့ထွက် ပြောင်းတိုက် ၃ ပွိုင့် ၉ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်အပြန်အလှန် ပစ်ခတ်ခဲ့ရာ ၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Brave Heart Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ဒဏ်ရာရရှိသူ များပြားကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၀ တပ်ခွဲ ၂ Chindwin Fighter Group (C.F.G)မှ ဦးဆောင်ပြီး မုံရွာမုံရွာခရိုင် တပ်ရင်း ၉ တပ်ခွဲ ၃ ၊ ဗန္ဓုလနှင့်အဖွဲ့သားများ", "-Brave Heart Army (BHA) က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ချင်းတွင်း​မြစ်​အတွင်း ဆန်တတ်လာသည့် အကြမ်းဖက် စစ်တပ်၏ ရေယာဥ် ၁ စီးကို ကျားညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ပူပေါင်း ကာကွယ်ရေရးအဖွဲ့များ ရှေ့ထွက်မိုင်းများဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၃ ကျားညီနောင်တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​​ပြီး ယင်း တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂၃ ကျားညီနောင်တပ်ခွဲ ၂ ၊ လေပွေတပ်ခွဲ ၄ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကာ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "Photo – အညာပစ်တိုင်းထောင်လေးများ အဖွဲ့"]
https://yktnews.com/2022/12/77501/
ချင်းတွင်းသပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
["ချင်းတွင်းသပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ချင်းတွင်းမြစ်ဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "Photo – AungKhantZaw"]
https://yktnews.com/2023/12/136339/
ချင်းနှင့် မကွေး နယ်စပ်ရှိ စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထား
["ချင်းနှင့် မကွေး နယ်စပ်ရှိ စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထား", "ဘုံဇုန်းစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံဖမ်းဆီးနေ", "ရန်ကုန်၊ ဒီဇင်ဘာ ၁၈", "ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထားကြောင်း Chinland Defense Force-Hakha ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ကာ ဟားခါးမြို့နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ တပ်စခန်းကို အပြီးတိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၆ ဦးကို အရှင် ဖမ်းဆီးထားပြီး စခန်းစွန့်ခွာ ထွက်ပြေး သွားသော စစ်သားများကိုလည်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း၊ ထို့ပြင် လက်ရှိချိန်ထိ နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် သိမ်းဆည်းရမိသော လက်နက် အရေအတွက်ကို အတည်မပြုနိုင်သေး​ကြောင်း သိရှိရသည်။", "” အဲဒီ ဘုံဇုန်းစခန်းဆိုတာက မကွေးနဲ့ ချင်းပြည်နယ် ကြားမှာပေါ့။ စခန်းက ချင်းပြည်နယ်ထဲမှာဆိုပေမယ့် ဂန့်ဂေါ ချင်းပြည်နယ်ရဲ့ နယ်စပ်ဂိတ်လို့ ပြောလို့ရတယ် ကျွန်တော်တို့ ချင်းပြည်နယ် ဟားခါးမြို့တော်အတွက်တော့ တကယ် အချက်အခြာကျတဲ့ နေရာဖြစ်တယ်။ မန္တလေး-ဟားခါး လမ်းမကြီး ချင်းပြည်နယ်ထဲက လမ်းမကြီး ဖြစ်နေတဲ့ အတွက်ကြောင့် ဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေက နေရာယူပြီးတော့ ခရီးသွား ခရီးလာတွေကော စားနပ်ရိက္ခာက အစ အကုန်လုံး သယ်ယူပို့ဆောင်ရေးအတွက် တကယ်ပဲ ကျွန်တော်တို့အတွက် အဟန့်အတားဖြစ်တယ်။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကို ချဲ့နိုင်တဲ့ အနေအထားဖြစ်သလို ကျွန်တော်တို့ ချင်းပြည်နယ် လုံခြုံရေးအတွက် ဒီဟာက တကယ် အချက်အခြာကျတဲ့ နေရာဖြစ်နေတော့ ဒီနေရာကို ဝင်သိမ်းလိုက်ရခြင်းက တကယ့်ကိုပဲ အရေးကြီးတယ်။ ဂုဏ်လည်း ဂုဏ်ယူစရာဖြစ်နေတယ်။ အခု ဒီစခန်းကို သိမ်းလိုက်ပြီဆိုတော့ ချင်းပြည်နယ်မြောက်ပိုင်းဘက်မှာ တပ်စခန်း တစ်ခုမှ မရှိတော့ဘူးလို့ ပြောလို့ရတယ်” ဟု Chinland Defense Force-Hakha ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ပြောဆိုသည်။"]
https://yktnews.com/2023/12/136450/
ချင်းနှင့် မကွေး အစပ်ရှိ စစ်ကောင်စီ၏ ဘုံဇုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိ၊ ဖမ်းဆီးရရှိသူများကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထား
["ချင်းနှင့် မကွေး အစပ်ရှိ စစ်ကောင်စီ၏ ဘုံဇုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိ၊ ဖမ်းဆီးရရှိသူများကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထား", "ရန်ကုန်၊ ဒီဇင်ဘာ ၁၉", "ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထားကြောင်း Chin land Defense Force-Hakha ၏ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၇ ရက်နေ့မှ စတင်ကာ ဟားခါးမြို့နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ တပ်စခန်းကို အပြီးတိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲအတွင်း စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၆ ဦးကို အရှင် ဖမ်းဆီးထားပြီး စခန်းစွန့်ခွာ ထွက်ပြေး သွားသော စစ်သားများကိုလည်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း၊ ထို့ပြင် လက်ရှိချိန်ထိ နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် သိမ်းဆည်းရမိသော လက်နက် အရေအတွက်ကို အတည်မပြုနိုင်သေး​ကြောင်း သိရှိရသည်။", "” အဲဒီ ဘုံဇုန်းစခန်းဆိုတာက မကွေးနဲ့ ချင်းပြည်နယ် ကြားမှာပေါ့။ စခန်းက ချင်းပြည်နယ်ထဲမှာဆိုပေမယ့် ဂန့်ဂေါ ချင်းပြည်နယ်ရဲ့ နယ်စပ်ဂိတ်လို့ ပြောလို့ရတယ် ကျွန်တော်တို့ ချင်းပြည်နယ် ဟားခါးမြို့တော်အတွက်တော့ တကယ် အချက်အခြာကျတဲ့ နေရာဖြစ်တယ်။ မန္တလေး-ဟားခါး လမ်းမကြီး ချင်းပြည်နယ်ထဲက လမ်းမကြီး ဖြစ်နေတဲ့ အတွက်ကြောင့် ဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေက နေရာယူပြီးတော့ ခရီးသွား ခရီးလာတွေကော စားနပ်ရိက္ခာက အစ အကုန်လုံး သယ်ယူပို့ဆောင်ရေးအတွက် တကယ်ပဲ ကျွန်တော်တို့အတွက် အဟန့်အတားဖြစ်တယ်။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကို ချဲ့နိုင်တဲ့ အနေအထားဖြစ်သလို ကျွန်တော်တို့ ချင်းပြည်နယ် လုံခြုံရေးအတွက် ဒီဟာက တကယ် အချက်အခြာကျတဲ့ နေရာဖြစ်နေတော့ ဒီနေရာကို ဝင်သိမ်းလိုက်ရခြင်းက တကယ့်ကိုပဲ အရေးကြီးတယ်။ ဂုဏ်လည်း ဂုဏ်ယူစရာဖြစ်နေတယ်။ အခု ဒီစခန်းကို သိမ်းလိုက်ပြီဆိုတော့ ချင်းပြည်နယ်မြောက်ပိုင်းဘက်မှာ တပ်စခန်း တစ်ခုမှ မရှိတော့ဘူးလို့ ပြောလို့ရတယ်” ဟု Chinland Defense Force-Hakha ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ပြောဆိုသည်။", "ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိကြောင်း ချင်းတော်လှန်ရေးတပ်များက ပြောဆိုကြသည်။"]
https://yktnews.com/2024/12/197571/
ချင်းပြည် ပြန်လည်ပေါင်းစည်းရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ချင်းညီနောင် အဖွဲ့ ကြေညာ
["ချင်းပြည် ပြန်လည်ပေါင်းစည်းရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ချင်းညီနောင် အဖွဲ့ ကြေညာ", "ရန်ကုန်၊ ဒီဇင်ဘာ ၃၀", "CNF/CNA ဦးဆောင်သော ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်တို့ကြောင့် ကွဲနေသော ချင်းပြည်ကို ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများ သွေးစည်းညီညွတ်ရေးကို ကြိုးပမ်းမည်ဟု ယနေ့ ဒီဇင်ဘာလ ၃၀ ရက်၌ ပြုလုပ်သည့် ချင်းညီနောင်အဖွဲ့ ဖွဲ့စည်းခြင်း ၁ နှစ်ပြည့်အခမ်းအနားတွင် ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး R.LAKHER က ပြောဆိုလိုက်သည်။", "“ချင်းမှာ နှစ်ဖွဲ့ကွဲနေတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ချင်းပြည်ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်း ၇ ခုလောက်နဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေတာမျိုး ရှိပါတယ်” ဟု ချင်းညီနောင်အဖွဲ့ အတွင်းရေးမှူး R.LAKHER က ပြောဆိုသည်။", "ချင်းညီနောင် CB သည် ရေရှည်တည်တံ့ခိုင်မြဲသော ချင်းပြည်ပြန်လည်ပေါင်းစည်းရေးနှင့် ချင်းလူမျိုးများသွေးစည်းညီညွှတ်ရေးကို လိုလားကြောင်းနှင့် ချင်းပြည် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းသော မည့်သည့်အဖွဲ့အစည်း (Third Parties) နှင့်မဆို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် ICNCC/CB လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားကြောင်း သိရသည်။", "ချင်းပြည် ကွဲပြဲသွားရခြင်းသည် CNF/CNA အဖွဲ့က ချင်းလဲန်းကောင်စီအမည်အား ယူသုံးပြီး အချိုးမညီစွာဖြင့် စောစီးစွာ ဖွဲ့စည်းလိုက်ခြင်း၊ ပါဝင်ထိုက်သူများအားလုံး မပါဝင်ခြင်း၊ ချင်းမျိုးနွယ်စုပါဝင်မှု အချိုးမညီမျှခြင်းနှင့် ချင်းလဲန်းကောင်စီတွင် CNF/CNA မှ နေရာအများစုကို ရယူထားခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ချင်းညီနောင်အဖွဲ့က ပြောသည်။", "ချင်းပြည်ပြန်လည် ပေါင်းစည်းရေးအတွက် ICNCC/CB ၏ ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံရေးရပ်တည်ချက်နှင့် မူဝါဒများကိုလည်း ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။", "ချင်းညီနောင်ဖွဲ့စည်းခဲ့သည့် တစ်နှစ်တာအတွင်းမှာ ချင်းပြည်ရှိ မြို့နယ် ၉ မြို့နယ်ရှိသည့်အနက် ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် စသည့် မြို့ကြီး ၄ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။", "‘ချင်းညီနောင်’ ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားမှာ NUG ယာယီသမ္မတ၊ NUG ဝန်ကြီး၊ BPLA (ဗမာအမျိုးသားလွတ်မြောက်ရေးတပ်) ကွပ်ကဲရေးမှူး၊ BNRA တာဝန်ရှိသူ၊ ယောကာကွယ်ရေးတပ် – YDF၊ ယောတပ်တော် – YA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တာဝန်ရှိသူများနှင့် တော်လှန်ရေးအင်အားစု တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။", "‘ချင်းညီနောင်’ အဖွဲ့ကို ချင်းတော်လှန်ရေး ၆ ခုဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ကာ အခြားသော တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့များဖြင့် ချင်းပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေး တိုက်ခိုက်နေကြခြင်းဖြစ်သည်။", "ချင်းညီနောင် ၆ ဖွဲ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ဖြစ်သည်။", "Photo – စက်တင်ဘာ ၂၁ ရက်နေ့တွင် ချင်းပြည် အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ကြားကာလ ချင်း အမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင် CB အဖွဲ့တို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့စဉ်"]
https://yktnews.com/2024/12/196612/
ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်၊ မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား
["ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက်၊ မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကိုချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ထားသော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။", "နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များ ဆုတ်ခွာသွားဖြင့် ချင်းညီနောင်တပ်များက ကန်ပက်လက်မြို့ကိုလည်း သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။", "“ချင်းပြည်တောင်ပိုင်းကတော့ စစ်ကောင်စီကင်းစင်သွားပါပြီ။ ချင်းတစ်ပြည်လုံးအနေနဲ့တော့ ၈၅ ရာခိုင်နှုန်းနီးပါး လွတ်မြောက်နေပြီလို့ပြောလို့ရမယ်။ တီးတိန်၊ ထန်တလန်၊ ဟားခါးကတော့ ကျန်နေသေးတယ်” ဟု ချင်းညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် ကျင်းဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ မြို့များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ မဟာမိတ်တပ်များအနေဖြင့် သိမ်းပိုက်ရာတွင် AA ထံမှ အကူအညီများစွာရရှိထားကြောင်း တာဝန်ရှိသူများက ဆိုသည်။", "လက်ရှိတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း၊ ဖလမ်းမြို့တွင် စစ်ကောင်စီ၏ ခလရ ၂၆၈ တပ်ကုန်းတစ်ခုသာ ကျန်တော့ကြောင်း၊ ချင်းပြည်တစ်ခုလုံး လွတ်မြောက်ရေးသာမက မြန်မာနိုင်ငံတစ်ဝန်းလုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့ဝင် CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချန်းဖေက ဆိုသည်။", "စစ်သုံ့ပန်းများ ဖမ်းဆီးရရှိရာတွင် အဆင့်မြင့်ဆုံးအနေဖြင့် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီး ၁ ဦးကိုလည်း ဖမ်းဆီးရရှိထားပြီး ၎င်းတို့ ကျူးလွန်သော စစ်ရာဇဝတ်မှုများကို စစ်ဆေးမည်ဖြစ်ကြောင်း၊ လက်နက်ချသူများလည်းရှိရာ မင်းတပ်မြို့ နှင့်ဖလမ်းမြို့မှ စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ခလရ ၂၇၄ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားစဉ်။", "Photo- Yaw Mang။"]
https://yktnews.com/2023/01/80557/
ချင်းပြည်နယ် CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ထိခိုက် ပျက်စီး
["ချင်းပြည်နယ် CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ထိခိုက် ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၁၁", "ချင်းပြည်နယ် CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်တပ်က ယနေ့ ညနေပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချရာ ပြင်ပလူနာဆောင်နှင့် လူနေအိမ်များ ထိခိုက် ပျက်စီးကြောင်း Chinland Information Centerက သတင်းထုတ်ပြန်သည်။", "ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီက CNF Headquarters Camp Victoria ကို ဒုတိယအကြိမ် တိုက်လေယဉ်များဖြင့် ထပ်မံ ဗုံးကျဲချခဲ့ရာ နီးစပ်ရာရွာများမှ လူနာများအားလက်ခံကုသပေးနေသည့် ပြင်ပလူနာဆောင်အပါအဝင် လူနေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ သို့ရာတွင် လူထိခိုက်သေဆုံးမှုကို ထုတ်ပြန်ထားခြင်းမရှိပေ။", "“တော်တော်များများက တော့ ရှောင်နေကြတော့ အဲဒီဌာနချုပ်အဆောင်တွေမှာ မရှိကြတော့ဘူး။ အထိအခိုက်တော့ နည်းမယ်ထင်ပါတယ်။ အားလုံးက သတိရှိကြတော့။ အတိအကျတော့ မသိရသေးဘူး” ဟု ချင်းအမျိုးသားတပ်ဦး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် CNF ရဲဘော် ၅ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။"]
https://yktnews.com/2023/06/106016/
ချင်းပြည်နယ် ခလရ ၂၆၉ နှင့် ၂၆၈ မှ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင် ၊ တပ်သားစသိန်းအောင်ကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်
["ချင်းပြည်နယ် ခလရ ၂၆၉ နှင့် ၂၆၈ မှ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင် ၊ တပ်သားစသိန်းအောင်ကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်", "ရန်ကုန်၊ ဇွန် ၄", "ချင်းပြည်နယ်၊ ခလရ ၂၆၉ နှင့် ၂၆၈ မှ တပ်သား ၃ ဦး လက်နက်ဖြင့် အလင်းဝင်ကြောင်း PDF-Zoland က သတင်းထုတ်ပြန်သည်။", "ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ၂၆၉ တပ်ရင်းမှ တပ်သား စသိန်းအောင်သည် မေလ ၃၁ ရက်နေ့တွင် PDF-Zoland ထံတွင် သေနတ် တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့်အတူ ဝင်ရောက်ခိုလှုံကြောင်း ၊ တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း -၂၆၉ မှ MA-1 တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၂၆၀ ကျော်နှင့်အတူ အလင်းဝင်လာသော တပ်သာ စသိန်းအောင်ကို PDF-Zoland က ဘေးကင်းလုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မေလ ၁၃ ရက်နေ့တွင် တွန်းဇံမြို့တွင် တာဝန်ကျနေသည့် ဖလမ်းမြို့အခြေစိုက် ခလရ-၂၆၈ မှ ထွက်ပြေးလ်သော တပ်သား လမင်းအောင် နှင့် တပ်သား မျိူးချစ် တို့ကိုလည်း PDF-Zoland မှ လုံခြုံရာသို့ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97389/
ချင်းပြည်နယ်တွင် စစ်တပ်၏ သံချပ်ကား ၂ စီးနှင့် စစ်ယာဉ်တန်းကို ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့ဟု CNA နှင့် မဟာမိတ်တပ်များ ပြောဆို
["ချင်းပြည်နယ်တွင် စစ်တပ်၏ သံချပ်ကား ၂ စီးနှင့် စစ်ယာဉ်တန်းကို ဖျက်ဆီး ရှင်းလင်းနိုင်ခဲ့ဟု CNA နှင့် မဟာမိတ်တပ်များ ပြောဆို", "ရန်ကုန်၊ ဧပြီ ၁၃", "ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကား ၂ စီးနဲ့ ယာဉ်တန်းကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CNA နဲ့ မဟာမိတ်တပ်များက ပူးပေါင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောဆိုပါတယ်။", "စစ်ကောင်စီတပ်ရဲ့ သံချက်ယာဉ် ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ် များ က ဖျက်ဆီးနိုင်ခဲ့ပြီး ယာဉ်တန်းကို တောက်လျှောက် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ် တယ် လို့ သိရပါတယ်။", "“အဲဒီယာဉ်တန်းကို တောက်လျှောက်ဆိုသလို တိုက်ခိုက်နေတာမှာ သံချပ်ကာ ၂ စီးနဲ့ အခြားယာဉ်တွေပါ ဖျက်ဆီးနိုင်လိုက်တယ်” လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။", "ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့ ၁၇ မိုင်အကွာ ချွန်ကျုံးရွာမှာ ချင်းတော်လှန် ရေးပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားဒီကနေ့ ဧပြီ ၁၃ ရက်နေ့မနက် ပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်ခဲ့ တယ် လို့သိရပါတယ်။", "” ဒီနေ့ မွန်းတည် ၁၂ နာရီထိုးခါနီးလောက်မှာ လေကြောင်းကနေပစ်တာ။ ရွာကခုထိမီးလောင်နေ တုန်း” လို့ ဟားခါးဒေသခံတစ်ဦးကပြောပါတယ်။", "စစ်ကောင်စီဟာ မနေ့က (ဧပြီ ၁၂) ရက်နေ့ ညနေပိုင်းကလည်း ချွန်ကျုံးရွာကို လေကြောင်း တိုက် ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဗုံးကျဲတာရှစ်ကြိမ်ရှိပြီး ဗုံးပေါက် ကွဲ သံတွေကို ဟားခါးမြို့ ပေါ်ကနေ ကျယ်လောင် စွာကြားရတယ်လို့ မြို့ခံ တွေကဆိုပါတယ်။", "ချင်းကာကွယ်ရေးပူးပေါင်းတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ မတ်လ ၇ ရက်နေ့က ကလေးမြို့ကနေ ဟားခါးကိုတက်သွားနေတဲ့ စစ် တပ်စစ်ကြောင်းဖြစ်ပါတယ်။", "စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ် တိုက် ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရတယ် လို့ ဒေသတွင်းသတင်း ရင်းမြစ် တွေဆီကသိရပါတယ်။", "အထိနာတဲ့အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဧပြီလ ၁၁ ရက်နေ့က ချွန် ကျုံးရွာ ကိုမီးရှိူ့တာ ကြောင့် နေအိမ် ၂၄ လုံးမီးလောင် ကျွမ်း ပျက်စီး ခဲ့ရပါ တယ်။", "ဒါ့အပြင် ဒီနေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီအကြား ဟားခါးမြို့နယ်၊ ချွန် ကျူံးကျေးရွာမှာ စစ်ကောင် စီ ရဲ့ လက်နက်သယ်နေတဲ့ ယာဉ်တစ်စီးကို ချင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်တာကြောင့် အဲဒီယာဉ် မီးလောင်သွားပြီး အခြားယာဉ်တွေနဲ့ လူနေ အိမ်တွေကို ပါ မီးကူး စက်မှုဖြစ်ပွားတယ်လို့သိရပါတယ်။", "စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကြားမှာလည်း ဒီနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ မနေ့ ဧပြီလ ၁၂ ရက်နေ့မှာလည်း စစ်ကောင်စီယာဉ်တန်းမှ ကား ၃ စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့ပါသေးတယ်။"]
https://yktnews.com/2023/02/87101/
ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ
["ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်တလန်မြို့နယ်တို့ရှိ CAN တပ်မဟာ ၃ ခုတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် CAN ၊ CDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးကျော်ဒဏ်ရာရရှိကာ သေနတ်အ လက် ၅၀ ကျော်သိမ်းဆည်း ရရှိခဲ့ကြောင်း Chin National Front ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် CAN တပ်မဟာ -၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့်Rezua မြို့အကြား Zotung ဒေသသို့ အကြမ်းဖက်စစ်သား အင်အား ၁၃၀ မှ ၁၅၀ ကြား ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ ရာ CAN ၊ CDF – Matupi ၊ CDF – Zotung ၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့မှ ၆ ရက်တိုင်တိုင် အပြင်းအ ထန်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ ဦး ထက်နည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် CAN တပ်မဟာ ၃ နယ်မြေအတွင်း ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်သား၊ ရဲ ၆ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း အ ကြမ်းဖက် စစ်တပ်မှ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ကြောင်း Chin National Front ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၄ ရက် CAN တပ်မဟာ နယ်မြေ -၄ အတွင်း၌ CAN နှင့် CDF- Hualngoram ရဲဘော်များက ရိက္ခာသယ်ယူနေစဉ် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ZRA တပ်ဖွဲ့က Laitui ကျေးရွာအနီး ခြုံခို တိုက်ခိုက်ခဲ့ရာ အပြန် အလှန်တိုက်ပွဲဖြစ်ပြီး ZRA ရဲဘော် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးကာ ၂၂ ဦးကျော်ဒဏ်ရာရရှိ ခဲ့ပြီး သေနတ်အလက် ၅၀ ကျော်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ CAN ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ စစ်ရ ဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့ ဗျူ ဟာ ကုန်းမှလည်း ထန်တ လန်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/04/98451/
ချင်းပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှုကျူးလွန်နေသော ဒုဗိုလ်မှူးကြီး နှင့် ပိုင်းလော့များကို အပြစ်ပေးစီရင်နိုင်သူကို သိန်း ၅၀၀ တန်မြေ တစ်ကွက် ချီး မြှင့်မည်ဟု CDF – Mindat ကြေညာ
["ချင်းပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှုကျူးလွန်နေသော ဒုဗိုလ်မှူးကြီး နှင့် ပိုင်းလော့များကို အပြစ်ပေးစီရင်နိုင်သူကို သိန်း ၅၀၀ တန်မြေ တစ်ကွက် ချီး မြှင့်မည်ဟု CDF – Mindat ကြေညာ", "ရန်ကုန်၊ ဧပြီ ၂၀", "ချင်းပြည်နယ်တွင် လေကြောင်းမှတစ်ဆင့် ပြည်သူလူထုအပေါ် တိုက်ခိုက် သတ်ဖြတ်မှုကျူးလွန်နေသော ဒုဗိုလ်မှူးကြီးတစ်ဦးနှင့် အလိုတူ အလိုပါ ပိုင်း လော့များကို အပြစ်ပေး စီရင်နိုင်သူမည်သူ့ကို မဆို ကျပ်သိန်း ၅၀၀ တန် မြေ ကွက်တစ်ကွက်ချီးမြှင့် မည်ဖြစ်ကြောင်း CDF – Mindat က ယမန်နေ့ ကြေညာသည်။", "၂၀၂၃ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီသည် မင်းတပ်မြို့နယ် ကျေး ရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ ပြည်သူ များကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု များ ဆက်တိုက် ကျူးလွန် လျက် ရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများတွင် ပြည်သူအိုးအိမ်ပျက်စီးမှုများ စွာ နှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက် ခိုက် လျက်ရှိသည့် စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များကို CDF – MINDAT အနေဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။", "ထိုသို့ စုံစမ်းမှုအရ မင်းတပ်မြို့နယ် ပန်းပါကျေးရွာ ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် Pilot (လေ ယာဉ်မောင်းသူ) ၂ ဦးမှာ ဗိုလ်မှူး နေဝင်းကျော်နှင့် ဗိုလ်မှူး သက်လင်းမောင်တို့ဖြစ်ပြီး အကြမ်းဖက် စစ် ခေါင်းဆောင် မင်းအောင် လှိုင် အထူးအားကိုးသည့် Pilot (လေယာဉ်မောင်းသူ) များဖြစ်ကြောင်း သိရ သည်။", "ယင်း Pilot (လေယာဉ်မောင်းသူ) ၂ ဦးမှာ Yak-130 အုပ် စစ်ဆင်ရေး တံတား ဦး၊ နေပြည်တော်၊ မှော်ဘီ ၃ နေရာကို ဦးဆောင်လျက်ရှိသည့် ဒုဗိုလ်မှူးကြီး ၏အုပ်ချုပ်မှု လက်အောက်၌ တာဝန်ထမ်း ဆောင်နေသူများဖြစ်သည်ဟု ဆိုသည်။", "မင်းတပ်မြို့နယ်ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒုဗိုလ်မှူးကြီးနှင့် Pilot (လေယာဉ်မောင်းသူ) နှစ်ဦး (သို့) ၎င်းနှစ်ဦးနှင့် အလိုတူ အလိုပါ ပူးပေါင်းသူများကို အပြစ်ပေး စီရင်ကာ သက်သေပြနိုင်သည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကျပ် ၅၀၀၀၀၀၀၀ (ကျပ်သိန်း ငါးရာ) တန်ဖိုးရှိ မြေတကွက်အား ချီးမြှင့်သွားမည်ဖြစ်ကြောင်း Chin Defence Force – Mindat က ကြေညာ ထားသည်။", "တံတားဦးလေတပ်စခန်းရှိ Yak-130 တိုက်ခိုက်ရေး လေယာဉ်အုပ်စုသည် ဖားကန့်၊ ကန့်ဘလူ အပါအဝင် ပြည်သူများ အများအပြား သေဆုံးစေခဲ့သည့် တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများကို ကျူးလွန်ခဲ့ကြသော စစ်တပ်လေအုပ်စု ဖြစ်သည်။", "ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်က Yak-130 တိုက်လေယာဉ်ကို စစ်ဆေး နေစဉ်။ (ပုံအဟောင်းဖြစ်သည်။ )"]
https://yktnews.com/2024/02/148031/
ချင်းပြည်နယ်တွင် ၁ လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၉၅ ဦးအရှင်ဖမ်းမိကာ ၂၃ ဦးလက်နက်ချ
["ချင်းပြည်နယ်တွင် ၁ လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၉၅ ဦးအရှင်ဖမ်းမိကာ ၂၃ ဦးလက်နက်ချ", "သေဆုံးသူများတွင် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ် ကြီး ၂ ဦး တို့ပါဝင်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈", "ချင်းပြည်နယ်တွင် CDF-Daai ပူးပေါင်း တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင် စီ တပ်အကြား ၁ လကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၉၅ ဦးအရှင် ဖမ်းမိကာ ၂၃ ဦးလက်နက်ချ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force-Daai ကထုတ်ပြန်ထားသည်။", "ဇန်နဝါရီလ ၂၈ ရက်နေ့တွင် CDF – Daai က မွန်တောင် စစ်ဆင်ရေးပြုလုပ်ခဲ့ရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗို လ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး၊ တပ်ကြပ် ကြီး ၂ ဦးအပါအဝင် အကြပ်ရဲဘော် ၁၁ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ လောင်းပွဲတောင်၌ CDF – Daai ၊ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မိတ်ဖက် တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေး ပြုလုပ်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ် ၁ ဦး၊ တပ် ကြပ် ကြီး ၃ ဦး အပါအဝင် အကြပ်ရဲဘော် ၁၉ ဦး စုစုပေါင်း ၂၃ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ လှိန်းရှိန်တောင် စစ်ဆင်ရေးတွင် ထိတွေ့တိုက်ပွဲ ၂၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး CDF-Daai ဘက်မှ ရဲဘော် ၁ ဦး ဒဏ်ရာရရှိကာ အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၁၅ ၊ ဘူးသီးတောင် အခြေစိုက် လက်အောက်ခံ ခမရ ၂၃၃ တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ထွန်း၊ ဗိုလ်မှူး ၁ ဦး နှင့် ဗိုလ်ကြီး ၂ ဦး စုစုပေါင်း ၄ ဦးတို့ကို အသေဖမ်းဆီးရမိပြီး ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၅ ဦးနှင့် အကြပ်ရဲဘော် ၈ ဦး စုစုပေါင်း ၁၄ ဦးကို အရှင်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လုံရင်းတောင် စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လှောင်သွေတောင် စစ်ဆင်ရေး တို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး နှင့် အကြပ်ရဲဘော် ၂ ဦး စုစုပေါင်း ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ အထိ စစ်ဆင်ရေးအတွင်း CDF – Daai အနေဖြင့် ထိတွေ့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ၅၉ ဦးကို အသက်ရှင်လျက် ဖမ်းဆီးရရှိကြောင်း၊ လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သား ၅၉ ဦးထဲတွင် ပြင်းထန် ဒဏ်ရာ ရရှိသူ ၇ ဦးရှိပြီး အဆိုပါ ဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်များကို ဆေးဝါးကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။", "CDF – Daai အနေဖြင့် ချင်းပြည်နယ်၊ ချင်းအမျိုးသားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းများကို စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ညီနောင်တော်လှန်ရေး အင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။", "Photo – CDF – Daai မှ ဖမ်းဆီးရမိသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ( ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2023/05/101683/
ချင်းပြည်နယ်တွင် ၂ လအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၁၂၁ လုံးကျော် ကျဲချခဲ့ပြီး ပြည်သူ ၂၄ ဦး သေဆုံး
["ချင်းပြည်နယ်တွင် ၂ လအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၁၂၁ လုံးကျော် ကျဲချခဲ့ပြီး ပြည်သူ ၂၄ ဦး သေဆုံး", "ရန်ကုန်၊ မေ ၉", "ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက မတ်လနှင့် ဧပြီလ ၂ လအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးအလုံး စုစုပေါင်း ၁၂၁ လုံးကျော် ကျဲချတိုက်ခိုက်ခဲ့ပြီး CNF ရဲဘော် ၂ ဦးအပါအဝင် ပြည်သူ ၂၄ သေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chin National Front – Headquarters က သတင်းထုတ် ပြန်သည်။", "ထို့ပြင် ဗုံကျဲတိုက်ခိုက်ခံရမှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၄ ဆောင်အပါ အဝင် လူနေအိမ် အလုံး ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က ချင်းတိုင်းရင်းသား ပြည်သူများ နေထိုင်ရာ ကျေးရွာ ၄ ရွာအတွင်းသို့ ဗုံး ၂၂ လုံးကျော် ကျဲချခဲ့ကြောင်း၊ ကျန် ၉၉ လုံးမှာ ကျေးရွာအနီးအနားတွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း Chin National Front – Headquarters ကဆိုသည်။", "တိုက်လေယာဉ်များနှင့် ဗုံးကျဲတိုက်ခိုက်ခံရသည့် ချင်းပြည်နယ် မြို့များမှာ ထန်တလန် ၊ မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ ဟားခါး မြို့တို့ ဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာတွင် ထန်တလန်မြို့သည် မတ်အတွင်း ဗုံး ၃၂ လုံးနှင့် ဧပြီလအတွင်း ဗုံး ၈ လုံး၊ မင်းတပ်မြို့သည် မတ်လအတွင်း ဗုံး ၂ လုံးနှင့် ဧပြီလအတွင်း ၁၉ လုံး၊ ဖလမ်းမြို့သည် ဧပြီလအတွင်း ၁၇ လုံး၊ ဟားခါးမြို့တွင် ဧပြီလအတွင်း ၃၉ လုံး၊ တီးတိန်မြို့တွင် ဧပြီလအတွင်း ၄ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chin National Front – Headquarters က ထုတ်ပြန်ပြောဆိုထားသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော ချင်းတိုင်းရင်းသားကျေးရွာတစ်ခု။"]
https://yktnews.com/2023/08/117009/
ချင်းပြည်နယ်မှ မကွေးတိုင်းဘက်သို့ ပြန်လည် ဆင်းသွားသော စစ်တပ်စစ် ကြောင်းက လမ်းတလျှောက် စာသင် ကျောင်းများ၊ ဘာသာရေး အဆောက် အအုံများ၊ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး ခိုးဆိုး လုယက်နေ
["ချင်းပြည်နယ်မှ မကွေးတိုင်းဘက်သို့ ပြန်လည် ဆင်းသွားသော စစ်တပ်စစ် ကြောင်းက လမ်းတလျှောက် စာသင် ကျောင်းများ၊ ဘာသာရေး အဆောက် အအုံများ၊ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီး ခိုးဆိုး လုယက်နေ", "ရန်ကုန်၊ ဩဂုတ် ၈", "ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှ မကွေးတိုင်း၊ လောင်းရှည် မြို့နယ်ဘက်သို့ ပြန်လည်ဆင်းသွားသော စစ်တပ်စစ်ကြောင်းက လမ်းတ လျှောက် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အအုံများ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးဆိုး လုယက် သွားကြောင်း CDF –Kanpetlet ခေါ်နူးတပ်ရင်းထံမှ သိရှိရသည်။", "အဆိုပါ စစ်ကြောင်းသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆွာတီ ကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းသို့ တိုက်ပွဲတွင် သေဆုံးသွားသော အကြမ်း ဖက်စစ်သားအလောင်းကို ထည့်ကာ မီးရှို့သွား သဖြင့် နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း ၊ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းဒွေးမြို့မှ ပြန်ဆင်း လာစဉ် စစ်တပ်က မဆွာတီ ကျေးရွာသို့ ရောက်ရှိပြီး ညအိပ်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်သား အလောင်းအား လူနေအိမ်အတွင်းထည့်ကာ မီးရှို့ ခဲ့သဖြင့် နေအိမ်မီးလောင်ပြာကျခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် ဩဂုတ် လ ၂ ရက် နံနက် ၄ နာရီ ခန့်တွင် လောင်းရှည်မြို့နယ်၊ ဆွဲလွဲကျင်း ကျေးရွာသို့ ဆင်းသွားကြောင်း သိရသည်။", "ထို့နောက် စစ်တပ် စစ်ကြောင်းက ကျင်ဒွေးလမ်းမပေါ်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ်၊ ထန်းကုန်း စသည့် ကျေးရွာများ အတွင်းရှိ အိမ်တွင်း ပရိဘောဂများ၊ ပြည်သူပိုင် ပစ္စည်း များ၊ ကျောင်းပိုင် ပစ္စည်းများ၊ ဘာသာရေးအဆောက်အအုံများရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း သိရ သည်။", "ထို့ပြင် လမ်းမီတိုင်များအား ဖျက်ဆီး ခြင်း၊ ဘက်ထရီများ၊ ဆိုလာများ၊ သေတ္တာ များ၊ ဗီရိုများ၊ အိမ် သုံး ပစ္စည်းများကိုလည်းဖျက်ဆီးသွားပြီး အိမ် မွေးတိရစ္ဆာန် များကိုလည်း သတ်ဖြတ် စားသောက်သွား သည်မှာ အရေအတွက် စာရင်း ကောက်ယူ၍ မရေသေးကြောင်းCDF – Kanpetlet ခေါ်နူးတပ်ရင်းက ပြောဆို ထားသည်။"]
https://yktnews.com/2024/09/185724/
ချင်းပြည်နယ်အတွင်း ချင်းညီနောင် လှုပ်ရှားနယ်မြေတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို ပူးပေါင်း ပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာ
["ချင်းပြည်နယ်အတွင်း ချင်းညီနောင် လှုပ်ရှားနယ်မြေတွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို ပူးပေါင်း ပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကြေညာ", "ရန်ကုန်၊ စက်တင်ဘာ ၃၀", "ချင်းပြည်နယ် ချင်းညီနောင် လှုပ်ရှားနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီ ၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်း ပါဝင်သည့် မည်သူ့ကိုမဆို ချင်းညီနောင် အနေဖြင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။", "ပြည်တွင်းစစ်မီးများဖြင့် တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများအနေ ဖြင့် စစ်ဘေး၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်တွင် အကြမ်း ဖက် စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲအတွက် သန်း ခေါင်စာရင်းကို အသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် စစ်အာဏာရှင်စနစ်သက်ဆိုးရှည် နိုင်မည့် အခြားကိစ္စရပ်များတွင် အသုံး ပြုရန်အတွက် ရည်ရွယ်ပြီး အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းများ ကောက်ယူရန် ပြင်ဆင်လာမှုသည် မိုက်ရူးရဲဆန်ပြီး စစ်ကောင်စီ၏ အာဏာမက်မောမှုကို ပြသနေခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများ အနေနှင့် အကြမ်းဖက် စစ် ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း၊ ပူးပေါင်းပါဝင်ခြင်းများ မပြုကြရန် ချင်းညီနောင်အဖွဲ့က တောင်းဆိုထားသည်။", "ဓာတ်ပုံ- စစ်ကောင်စီက စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနေစဉ်။"]
https://yktnews.com/2023/01/81257/
ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီအဖွဲ့များကို ဆက်တိုက် တိုက်ခိုက်မှုများဖြစ်ပွား
["ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီအဖွဲ့များကို ဆက်တိုက် တိုက်ခိုက်မှုများဖြစ်ပွား", "ရန်ကုန်၊ ဇန်နဝါရီ ၁၅", "ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်မူမြို့နယ်နှင့် ပဲခူးတိုင်းအုတ်ဖိုမြို့နယ် တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။", "မတူပီမြို့နယ်၊ ငလိုင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၁ ဦးသေဆုံး", "=====================================", "ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းပေါ်ရှိ ငလိုင်ကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက် စစ်သားတစ်ဦးသေဆုံးပြီး CDF Matupi မှ ရဲဘော်တစ်ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း CDF Matupi ထံမှ သိရသည်။", "ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်အချိန် အင်အား ၁၀၀ ခန့်ဖြင့် ငလိုင်ကျေးရွာသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကို CDF Matupi က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်က ငလိုင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေရာယူထားကာ လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။", "“ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုကို စစ်တပ် ဘက်နေ အင်အား အလုံးအရင်နဲ့ ဝင်တိုက်တာ၊ ဖုန်းလိုင်း အကုန်လုံးလည်း ဖြတ်ခံထားရတယ်၊ အခုညပိုင်းအထိ စစ်တပ်ဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ် ခတ်နေတုန်းပဲ” ဟု CDF Matupi မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "မတူပီမြို့နယ်တွင် တယ်လီဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့်အတွက် အချိန်နှင့်တပြေးညီ သတင်းအချက်အလက် ချပြနိုင်ခဲ့ခြင်း မရှိကြောင်း၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အချိန်မရွေး တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း CDF Matupi ကထုတ်ပြန်ထားသည်။", "မြင်းမူမြို့နယ်၊ စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး", "================================", "စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ၊ မြောင်လမ်းခွဲရှိ အကြမ်းဖက် စစ်ကောင်စီ၏ အထိုင်ချ တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People’s Army to Fight Dictatorship – PADF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြော ကြားသည်။", "ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ညနေ ၃ နာရီ ၃၈ မိနစ်အချိန်တွင် အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ၆၀ မမ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“အတိအကျ ၃ ကောင်သေတယ်၊ သူတို့တပ်စွဲထားတဲ့ နေရာဝန်းထဲမှာပဲ မြုပ်ပစ်လိုက်တာလို့ သတင်းရ တယ်၊ သူတို့ အယူတွေ ဘာတွေ မထားတော့ဘူး၊ ဘေးကိုသတင်း မပေါက်ရင်ပြီးတာပဲ ကြုံသလို မြှုပ် ပစ်လိုက်တာ၊ ခွေး သေဝက်သေတွေလိုပေါ့၊” ဟု People’s Army to Fight Dictatorship – PADF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို People’s Army to Fight Dictatorship-PADF)၊ တပ်ခွဲ DK PDF (MMU)၊ Nway Of Takhon PDF ၊ Zarmini Revolution Force Myinmu /Myaung ၊ People’s Khight Defense Force Myinmu(PKDF.MMU) ၊ Taung Tha People Defense Force (TTAPDF) ၊ DBBF MMU မဟာ မိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်းတစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။", "စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာတိုက်ပွဲ စစ်သား၊ ပျူစောထီး ၈ ဦးသေဆုံး", "======================================", "စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကိုဝင်ရောက် တိုက် ခိုက်ရာ အကြမ်းဖက်စစ်သား ပျူစောထီး ၈ ဦးသေဆုံး ခဲ့ ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်းတပ် ၁ တပ် ရင်းမှူး ဗိုလ်ယက္ခက ပြောကြား သည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ကစစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ၌ တပ်စွဲပြီး ပြည်သူ လူထုကို ဖမ်းဆီးနှိပ်စက်၊ သတ် ဖြတ်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးများကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၈ ဦး သေဆုံးကာ ၁၀ ဦးမှာ ဒဏ်ရာများဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်များဖြစ်သော စစ်ကိုင်းခရိုင်တပ် ရင်း ၅ ၊ မန္တလေးခရိုင် တပ်ရင်း ၄ ၊ Dalta Force (တောင်သာ) ၊ BRM Mandalay ၊Generation Z Power –GZP (Maldalay) ၊ ဒီမိုပေါက်ကွဲ(စစ်ကိုင်း)တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အုတ်ဖိုတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးဒဏ်ရာရ", "================================", "ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ရွာနှင့်ပင်အိုင်ရွာကြားရှိ စစ်ဖက်ဆိုင်ရာဆက် သွယ်ရေးကြိုးကို ဖြတ်တောက်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် စစ်သား ၂ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ဇန်နဝါရီလ ၁၃ ရက် ည ၈ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ရွာနှင့်ညောင်ပင်အိုင် ရွာကြားရှိ ညောင်ပင်အိုင်တံတားအောက်မှ စစ်ဖက်ဆိုင်ရာဆက်သွယ်ရေးကြိုးကို ဖြတ်တောက်ကာ မိုင်းထောင် ထားခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အချိန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အင်အား ၃၀ ခန့်ဖြင့် လာရောက်စစ်ဆေးစဉ်မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“အလယ်ကုန်းရွာက စခန်းမှူးအပါအဝင် ၂ ဦးဒဏ်ရာရရှိတယ်လို့ မြေပြင်သတင်းအရ သိရတယ်၊ထိခိုက် ဒဏ်ရာရရှိတဲ့သူတွေ ဒီထက်ပိုများနိုင်ပါတယ်၊ အတည်ပြုနေတုန်းမို့ပါ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိ အခိုက်မရှိပါဘူး” ဟု Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။", "အလားတူ ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီခန့်က တရားမဝင်အတုအယောင်ရွေးကောက်ပွဲကျင်းပရန် လူဦးရေစာရင်းကောက်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကြို့ပင်ကောက်မြို့နယ်၊ ရွာမတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်မှုထမ်းဟောင်းရုံးတို့အား သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ (မိုးကြိုးအဖွဲ့)မှ အကြီးစားမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦနှင့် ရုံးအတွင်းရှိ ပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အသေးစိတ် ဆက်လက် အတည်ပြုလျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/10/127698/
ချင်းပြည်နယ်၊ စစ်ကိုင်း၊မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာ အခုနှစ် ဒုတိယပတ် ၄လတာကာလအတွင်း စစ်ရာဇဝတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၅၀၀ကျော် ဖြစ်ပွားခဲ့
["ချင်းပြည်နယ်၊ စစ်ကိုင်း၊မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာ အခုနှစ် ဒုတိယပတ် ၄လတာကာလအတွင်း စစ်ရာဇဝတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၅၀၀ကျော် ဖြစ်ပွားခဲ့", "ရန်ကုန်| အောက်တိုဘာ ၂၃", "ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ၂၀၂၃ခုနှစ် မေလကနေ ဩဂုတ်လအထိ ၄လတာအတွင်း စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုပေါင်း ၅၂၀မှုအထိ ဖြစ်ပွားခဲ့တယ်လို့ ပဉ္စမမဏ္ဍိုင်အဖွဲ့ရဲ့ လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာတရပ်က ဆိုပါတယ်။", "စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေရဲ့ ထက်ဝက်ကျော်ဟာ စစ်ကိုင်းတိုင်းမှာဖြစ်ပွားခဲ့ပြီး အစီရင်ခံစာပါစာရင်းတွေအရ ၄လတာအတွင်း ဖြစ်စဉ်ပေါင်း ၃၀၀အထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။", "တိုင်းနဲ့ပြည်နယ် ၄ခုမှာ ၄လတာအတွင်း စစ်ရာဇဝတ်မှုဖြစ်စဉ်က ၂၆၅မှုအထိ ပေါ်ပေါက်ခဲ့ပြီး ဖြစ်စဉ်မှုခင်းတွေရဲ့ ၅၁ရာခိုင်နှုန်းအထိရှိခဲ့တယ်လို့ ဆိုပါတယ်။", "မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းချိန် ၂၀၂၁ခုနှစ်ကစလို့ လက်နက်ကိုင်ပဋိပက္ခတွေ နေရာအနှံ ပေါ်ပေါက်ခဲ့ပြီး ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်နစ်နာမှုတွေ တစထက်တစ တိုးလို့လာနေပါတယ်။", "စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် ၊ပျူစောထီး စတဲ့အဖွဲ့အစည်းတွေက အများအပြား ကျူးလွန်ခဲ့သလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖတွေရဲ့ ကျူလွန်မှုတွေလည်း တွေ့ရှိလာရတယ်လို့ သိရပါတယ်။", "တိုင်းနဲ့ ပြည်နယ် ၄ခုအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၂၈ကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းဟာ စစ်ရေးပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရမှု အများဆုံးဖြစ်နေတာကို ပဉ္စမမဏ္ဍိုင်အဖွဲ့ရဲ့ စစ်တမ်းအချက်အလက်တွေအရ သိရပါတယ်။", "ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ ဖမ်းဆီးထိန်းသိမ်းမှုဖြစ်စဉ်တွေ ၅၅ကြိမ်အထိ ရှိထားပြီး စီးနင်းမီးရှို့ခံရမှုဖြစ်စဉ်တွေလည်း ၅၁ကြိမ်အထိရှိထားတယ်လို့ ဆိုပါတယ်။", "အလားတူ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ မီးရှို့ဖျက်ဆီးခံရမှုပေါင်းလည်း ၂၄ကြိမ်အထိ ရှိထားတယ်လို့ သိရှိရပါတယ်။ ၄ လတာကာလအတွင်း အဆိုပါပြည်နယ်နဲ့ တိုင်း ၄ခုမှာ အရပ်သားတွေ ဓားပြတိုက်ခံရမှု ဖြစ်စဉ်ပေါင်း ၁၄ကြိမ်အထိရှိခဲ့ပြီး ဆတ်ကြေးကောက်ခံရမှုနဲ့ ငွေညှစ်ခံရမှု ၅ကြိမ်စီအထိ ရှိထားတယ်လို့သိရပါတယ်။", "လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ အရပ်သားပြည်သူတွေအတွက် လုံခြုံမှုမရှိတာ၊အကာအကွယ်ပေးနိုင်တဲ့ ဥပဒေစိုးမိုးမှုမရှိတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာတာတွေကို ပြသနေတာဖြစ်တယ်လို့ ပဉ္စမမဏ္ဍိုင်အဖွဲ့က ဆိုပါတယ်။", "စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု နဲ့ ရာဇဝတ်မှုပေါင်း ၃၀၀မှုထဲကမှ အများစုဟာ အရပ်သားတွေကို ပစ်မှတ်ထားခံရတာဖြစ်ပြီး ဖြစ်စဉ်ပေါင်း၂၄၂ခုအထိရှိခဲ့ကာ စစ်ရေးပစ်မှတ်နဲ့ ပက်သက်တဲ့ ဆက်စပ်ဖြစ်စဉ် ၅၈ခုသာရှိခဲ့တယ်လို့ ဆိုပါတယ်။", "မြို့နယ်အများစုပါဝင်တဲ့ ရန်ကုန်တိုင်းအတွင်းမှာတော့ အရပ်သားပစ်မှတ်ထားပြီး ကျူလွန်ခံရတဲ့ ဖြစ်စဉ်ပေါင်း ၈၆ခုအထိရှိခဲ့ပြီး စစ်ရေးပစ်မှတ်ဆိုင်ရာဖြစ်စဉ် ၂၃ခုသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။", "စစ်တမ်းပါစာရင်းတွေအရ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေရဲ့ အများစုဟာ အရပ်သားတွေကို အဓိကပစ်မှတ်ထားကျူးလွန်ခဲ့တယ်ဆိုတာကို ပြသနေကြောင်း သိရှိရပါတယ်။", "ဒီဖြစ်စဉ် ၅၂၀ခုအတွင်း သေဆုံးခဲ့ရသူ ၄၇၃ဦးရှိခဲ့ပြီး၊ ဒါဏ်ရရသူ ၃၁၃ဦးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃၁၄ဦးအထိ ရှိခဲ့ပြီး ဒီဖြစ်စဉ်တွေထဲမှာ လူ၁၀ဦးနဲ့အထက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေပါဝင်တယ်လို့ ဆိုပါတယ်။", "ဖော်ပြပါ ပြည်နယ်နဲ့ တိုင်း ၄ခုအတွင်း ၄လတာကာလ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က အများဆုံးကျူးလွန်ခဲ့တာဖြစ်ပြီး စာရင်းအရ ဖြစ်စဉ် ၅၂၀ခုထဲမှာ ၄၀၅ခုအထိ ကျူးလွန်ထားခဲ့တယ်လို့ သိရှိရပါတယ်။"]
https://yktnews.com/2023/03/92091/
ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို PDF Zoland တိုက်ခိုက်မှု စစ်သားများ ထွက်ပြေး၊ ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်း ဆည်းရမိ
["ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို PDF Zoland တိုက်ခိုက်မှု စစ်သားများ ထွက်ပြေး၊ ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်း ဆည်းရမိ", "ကန်ပက်လက်တွင် စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၃", "ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို PDF Zoland က ယမန်နေ့ညပိုင်း တိုက်ခိုက်ခဲ့ရာ စစ် သားများ ထွက်ပြေးပြီး ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း PDF Zoland က ပြောသည်။", "မတ်လ ၁၂ ရက်နေ့ ညပိုင်း တီးတိန်ဆေးရုံကြီးတွင် တပ်စွဲထားသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၁ နာရီမျှကြာမြင့်ခဲ့ကြောင်း၊ စစ်သားများမှာ စွန့်ခွာထွက်ပြေးသွားပြီး စစ်သားများ၏ လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည် ပြု နိုင်ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။", "အလားတူ မတ်လ ၁၁ ရက်နေ့နံနက်ပိုင်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet က သွားရောက်တိုက် ခိုက်ရာ စစ်ကောင်စီ ၅ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်စခန်းကို ယင်းနေ့ နံနက် ၆ နာရီမှ နံနက် ၇ နာရီအထိ တစ်ကြိမ်၊ နံနက် ၇ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီ ၃၀ မိနစ်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။", "ဓာတ်ပုံ- PDF Zoland က သိမ်းဆည်းရရှိသည့် စစ်သားများ၏ လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ။"]
https://yktnews.com/2024/04/159022/
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ရွာလုံးကျွတ် ပြာကျ
["ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ရွာလုံးကျွတ် ပြာကျ", "ရန်ကုန်၊ ဧပြီ ၂၄", "ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ မိုင်နွဲ့ရွာကို စစ်ကောင်စီတပ်က မနေ့ မနက်ပိုင်းမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုပါတယ်။", "ကလေးမြို့နယ်မှ စစ်ကောင်စီစစ်ကြောင်းက ဧပြီ ၂၁ ရက်နေ့က ပထမအကြိမ် မိုင်နွဲ့ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး မနေ့မှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီစစ်ကြောင်းရဲ့ နှစ်ကြိမ်မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ဝန်း ကျင် ရှိတဲ့ မိုင်နွဲကျေးရွာမှာ နေအိမ်အားလုံးနီးပါး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပါတယ်။", "စစ်ကောင်စီတပ်က ကလေးမြို့နယ် မြောက်ပိုင်း ပျဥ်းခုံကြီး၊ ပျဥ်းခုံလေး၊ ဟံသာ၊ ကံသာ၊ ယောင်ချိုကွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ နေအိမ်တွေကို မီးမရှို့ခင်မှာ ပရိဘောဂပစ္စည်းတွေအပါအဝင် နေအိမ်ကပစ္စည်းတွေကို ကားနဲ့သယ်ယူကြတယ်လို့လည်း မျက်မြင်ဒေသပြည်သူတွေက ပြောဆိုပါတယ်။", "ဧပြီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ မိုင်နွဲ့ကျေးရွာအနီး ကလေးမြို့နယ်ထဲက ယောက်ချိုကွင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။", "ကလေးမြို့နယ် မြောက်ပိုင်း ပျဉ်းခုံကြီးရွာမှ ခရစ်ယာန်ဘုရားကျောင်း ၅ ကျောင်းအပါအဝင် အိမ်ခြေ ၄၀၀ ကျော်ကိုလည်း ခုဧပြီလဒုတိယ သတင်းပတ်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ပျဥ်းခုံကြီးကျေးရွာမှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်တဲ့ ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ကျေးရွာဖြစ်ပြီး ကျေးရွာမှာရှိတဲ့East Baptist Church ၊ West Baptist Church ၊Wesleyan Church ၊Believer Church နဲ့ Church Of the Rock ခရစ်ယာန်ဘုရားကျောင်းတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။", "စစ်ကောင်စီစစ်ကြောင်းက ပျဥ်းခုံကြီးကျေးရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုမလုပ်ခင်မှာ နေအိမ်က အဖိုးတန်ပစ္စည်းတွေကို ကားတွေနဲ့တင်ပြီး ယူဆောင်ကြတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ ကျေးရွာကနေအိမ်တွေကို မီးရှိူ့ဖျက်ဆီးရာမှာ မီးမလောင်ကျွမ်းနိုင်တဲ့ အချို့တိုက်အိမ်တွေကို မြေကော်စက်နဲ့ ဖျက်ဆီးခဲ့ကြတယ်လို့လည်း သိရပါတယ်။", "ကလေးမြို့နယ် မြောက်ပိုင်း၊ အိမ်ခြေ ၃၂၈ လုံးရှိတဲ့ ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ ၂၁၉ လုံး မီးလောင်ပျက်စီးခဲ့ရပါတယ်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းမှ ကျေးရွာတစ်ခုကို မီးရှို့ဖျက်ဆီးနေစဉ်။"]
https://yktnews.com/2024/05/164532/
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွောလ်ဘင်းရွာကို စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲမှု သားအဖ ၂ ဦးသေဆုံးပြီး ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီး
["ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွောလ်ဘင်းရွာကို စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲမှု သားအဖ ၂ ဦးသေဆုံးပြီး ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီး", "ရန်ကုန်၊ မေ ၂၆", "ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွောလ်ဘင်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချလိုက်ရာ သားအဖ ၂ ဦးသေဆုံးပြီး ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ၂၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် ချင်းပြည်နယ် ၊တီးတိန်မြို့၊ မွောလ်ဘင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် အရပ်သားပြည်သူ ၂ ဦးဖြစ်သည့် ဦးကျင့်ဇကမ်း တို့ သားအဖ ၂ သေဆုံးပြီး လူတစ်ဦးဒဏ်ရာရရရှိကြောင်း၊ ဒဏ်ရာရရှိသူမှာ အလွန် အခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။", "ထို့ပြင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် မွောလ်ဘင်းရွာမှ ခရစ်ယာန်နှစ်ခြင်းဘုရားရှိခိုကျောင်းပျက်စီးသွားပြီး လူနေအိမ်အများအပြားလည်း ပျက်စီးကြောင်း သိရှိရသည်။", "“လေယာဉ်နဲ့ ဗုံးကျဲလို့ ဦးကျင့်ဇကမ်းတို့ သားအဖ ၂ ဦးပွဲချင်းပြီး သေဆုံးတဲ့အပြင် နေအိမ်တွေပျက်စီးတယ်။ ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2023/04/99776/
ချင်းပြည်နယ်၊ ထန်တလန်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့်CDM ကျောင်းဆရာမနှင့် ပြည်သူ ၁ ဦးကို ညတွင်းချင်း သင်္ဂြိုလ်
["ချင်းပြည်နယ်၊ ထန်တလန်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့်CDM ကျောင်းဆရာမနှင့် ပြည်သူ ၁ ဦးကို ညတွင်းချင်း သင်္ဂြိုလ်", "ရန်ကုန်၊ ဧပြီ ၂၈", "ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စစ်ကောင်စီရဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ တလန်လိုရွာသား ၂ ဦးကို ရွာသားတွေက ယမန်နေ့ ညတွင်းချင်း သင်္ဂြိုလ်ခဲ့ကြတယ်လို့သိရပါတယ်။", "ဧပြီ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူကြောင့် တလန်လိုရွာက CDM ပြုလုပ်တဲ့ ကျောင်းဆရာမ ဒေါ်နီဒိမ်နဲ့ ဦးဟရမ်ကျဲအို တို့ ၂ဦး သေဆုံးခဲ့ပြီး အဲ့ဒီနေ့ညမှာပဲ သင်္ဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။", "စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊စစ်ရေးပစ်မှတ်လည်းမဟုတ်တဲ့ ပြည်သူတွေနေထိုင်ရာ တလန်လိုရွာ ကို ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။", "ယနေ့ ဧပြီ ၂၇ရက်၊ ညနေပိုင်း ၃နာရီခွဲအချိန်ခန့်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထလန်လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး CDM ပြုလုပ်တဲ့ ကျောင်းဆရာမ ဒေါ်နီဒိမ်နဲ့ ဦးဟရမ်ကျဲအို တို့ ၂ဦး သေဆုံးသွာကြပါတယ်။", "ကျေးရွာအတွင်း လူနေထိုင်သည့်နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ပြီး အရပ်သား ၂ဦး သေဆုံးသည့်အပြင် အသက်မပြည့်သေးတဲ့ ကလေး ၃ဦး အပါအ၀င် ပြည်သူ ၈ဦး ဒဏ်ရာရရှိကြပါတယ်။", "ဒဏ်ရာရရှိတဲ့ပြည်သူတွေဟာ ဒေါ်နီနူ (၅၇နှစ်)၊ဒေါ် ငွန်သိန်း (၅၂နှစ်)၊ ဦးရွာလ်လှဲန် (၆၂နှစ်)၊ ဦးဆပ်အဲန်ထန်း (၂၇နှစ်)၊ မောင်ရိုခါရ် (၁၁နှစ်)၊ မောင်မန်ဘွေဆန် (၁၀နှစ်)၊ဒေါ်ထာလှေဒိမ် (၃၇နှစ်) ၊ မောင်ဘွေကျုံးနူံးဆန် (၅နှစ်) တို့ဖြစ်တယ်လို့ Chin Journal ကဖော်ပြထားပါတယ်။", "စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ကျေးရွာတွေကို လေကြောင်းကနေပစ်ခတ်တိုက်ခိုက်နေတာကြောင့်အရပ်သားပြည်သူတွေသေဆုံးနေရတာဖြစ်ပါတယ်။", "ဧပြီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ဝေဘူလမြို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၈ ဦးသေဆုံးခဲ့ရပါတယ်။"]
https://yktnews.com/2024/08/177289/
ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့် အင်အား ၁၂၀ ဝန်းကျင်ရှိ စစ်တပ်စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး ထန်တလန်မြို့ကို မကြာမီ သိမ်းပိုက်နိုင်တော့မည်ဟုဆို
["ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့် အင်အား ၁၂၀ ဝန်းကျင်ရှိ စစ်တပ်စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီး ထန်တလန်မြို့ကို မကြာမီ သိမ်းပိုက်နိုင်တော့မည်ဟုဆို", "ရန်ကုန်၊ ဩဂုတ် ၅", "ချင်းပြည်နယ်၊ ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီစခန်းကုန်းကို အပြီး အပိုင်သိမ်းပိုက်ရရှိထားပြီး ချင်းပြည်နယ်အစိုးရအလံလွှင့်ထူလိုက်ပြီဖြစ်ကြောင်း CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်အချိန် ထန်တလန်မြို့စောင့်တပ်ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ၏ တပ်အထိုင်စခန်းကို ချင်းပြည်နယ်အစိုးရ တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အကြမ်းဖက် စစ်သားအချို့မှာမြို့တွင်းရှိ ရဲစခန်း၊ CB ဘဏ်စသည့် နေရာများကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။", "“ထန်တလန်မြို့မှာ စစ်ခွေးတွေ အဓိက အထိုင်ချတဲ့နေရာက ၇ ခုလောက်ရှိတယ်။ အဲဒီထဲက အဓိက ကျ တဲ့ တပ်ကုန်းကိုပဲ သိမ်းနိုင်သေးတာ။ ကျန်တဲ့ ရဲစခန်းတို့ CB တို့ကျတော့ ကျန်သေးတယ်။ လက်နက် ခဲယမ်းသိမ်းဆည်းမိတာတွေလည်းရှိတယ်၊ ပြီးတော့ တပ်ကုန်းကနေ CB ဘဏ်တို့၊ ရဲစခန်းတို့မှာ ထွက်ပြေးသွားကြတာ၊ စခန်းကုန်းထဲကနေ လက်နက်ကြီးတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်း နိုင်ခဲ့တာရှိတယ်။ သေဆုံးထိခိုက်တာတွေလည်းရှိတယ်။ အရေအတွက်ဘယ်လောက်ဆိုတာ ပြောလို့ အဆင်မပြေသေးဘူး၊ လက်ရှိက နယ်မြေရှင်းလင်းနေတုန်းပဲ။ လက်ရှိတော့ တပ်ကုန်းမှာ ကျနော်တို့ အလံ လွှင့်ထူလို့ရပြီ” CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယမန်နေ့ ဩဂုတ လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်၊ ယနေ့ ဩဂုတ်လ ၅ ရက်နံ နက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် အထိုင်စခန်းတွင် ခလရ ၇၇ ၊ ခလရ ၂၆၉ နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၀ ခန့်ရှိကြောင်း သိရသည်။", "ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး ချင်းပြည်နယ်အစိုးရ ပူးပေါင်း တပ်ဖွဲ့ များက ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့နှင့် ဟားခါးမြို့နယ်ကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ အထိုင်ချနေရာဖြစ်သည့် ရှေ့တန်းစခန်း ၇ ခုထက်မနည်းကို ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြို့တွင်း၌ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း ဆက်လက်ရှင်းလင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။", "“အခုထန်တလန်မြို့ကို သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်တစ်ပြည်လုံး ကျနော် တို့ရဲ့ ပြည်သူလူထုလက်ထဲကို ရောက်ခါနီးပြီဆိုတဲ့အကြောင်း ပြည်သူလူထုတွေ ခွန်အား ရအောင် ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။", "ယခုစစ်ဆင်ရေးသည် ချင်းပြည်နယ်အစိုးရတပ်ဖွဲ့အမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့တွင်ပါဝင်သည့် CDF Htantalang ၊ CDF – Hakha ၊ CDF Matupi ၊ CNA စသည့်ချင်းတော်လှန် ရေးအဖွဲ့အစည်း ၁၅ ဖွဲ့ပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/06/105475/
ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ ထိမှန် သေဆုံး
["ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ ထိမှန် သေဆုံး", "ရန်ကုန်၊ ဇွန် ၁", "ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး (2iC) ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။", "မေလ၃၁ ရက်နေ့တွင် မင်းတပ် အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုးသည် စနိုက်ပါ ထိမှန်၍ ပွဲချင်းသေဆုံးသွားကြောင်း၊ သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦး ကျန်ရစ်ကြောင်း သိရှိရသည်။", "” 2ic စိုးထက်ပိုင်တိုး မနေ့က စနိုက်ပါထိပြီး ပွဲချင်းပြီး သေပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။"]
https://yktnews.com/2023/11/131393/
ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံပြီး လက်နက် ၃၀ ကျော် အပါအဝင် ခဲယမ်းများ တောင်ပုံယာပုံရရှိ
["ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံပြီး လက်နက် ၃၀ ကျော် အပါအဝင် ခဲယမ်းများ တောင်ပုံယာပုံရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ၊ ရိခေါဒါရ်မြို့သိမ်းပိုက်ခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံပြီး လက်နက် ၃၀ ကျော် အပါအဝင် ခဲယမ်းများ တောင်ပုံယာပုံရရှိကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၃ ရက်နေ့ ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူခဲ့ကြောင်း၊ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး အညံ့ခံသူများကို စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။", "” ရိဒ်ခေါဒါရ်မြို့မှာက ရိဒ်စစ်စခန်းနဲ့ Tio စစ်စခန်း နှစ်ခုရှိတယ်။ အဲဒီ ၂ ခုလုံးကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ကျနော်တို့ဘက်က ရဲဘော် ၅ ဦးလောက် ကျတယ်။ စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနဲ့ စစ်သား ၆ ဦး လက်နက်ချတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။ နောက်တစ်ခုကတော့ လက်နက်ခဲယမ်းသိမ်းပိုက်ရရှိမှုကတော့ အရမ်းများတယ်။ ခဲယမ်း အရမ်းများများများရတယ်” ဟု CNA သတင်းရင်းမြစ်က ပြောဆိုသည်။", "ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန် သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97804/
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီယာလောန်ထာရ်ရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးတင်ရှို့
["ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီယာလောန်ထာရ်ရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးတင်ရှို့", "ရန်ကုန်၊ ဧပြီ ၁၆", "ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ၃ ဖာလုံအကွာက နှီယာလောန်ထာရ်ကျေးရွာကို ဧပြီ ၁၅ရက် နံနက်ပိုင်းမှာ ဟားခါးမြို့ကထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းက မီးရှီု့ဖျက်ဆီးခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။", "CNAနဲ့ CDF ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ချွန်ကျုံးကျေးရွာတွင် ပိတ်မိ နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကူပေးဖို့ ဟားခါးမြို့ကနေ ထွက်ခွာ လာတဲ့ အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းက နှီယာလောန်ထာရ်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။", "“နှီယာလောန်ထာရ်ရွာမှာ အိမ်ခြေ ၄၀ခန့်ပဲရှိတယ်။ အကြမ်းဖက်စစ်သားတွေ က တစ်ရွာလုံးမီးရှို့ကြတယ်။ အခု ၄ အိမ်လောက်ပဲ ကျန်တယ်” လို့ ဒေသ ပြည်သူ တစ်ဦးကို ကိုးကားပြီး Chin Journal မီဒီယာက သတင်းဖော်ပြါတယ်။", "ချင်းပြည်နယ်မှာ သံချပ်ကာကားနှစ်စီးအပါအဝင် ကား ၂၈ လုံးပျက်စီးအောင် တိုက်ခိုက် ခံထားရတဲ့စစ်ကောင်စီတပ်က ဟားခါး- ဖလမ်း လမ်းပေါ်က ကျေး ရွာ တွေကို မီးရှိူ့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။"]
https://yktnews.com/2024/03/151130/
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ အရပ်ဝတ်ထောက် လှမ်းရေး၂ ဦးကို CDF-Hakha က ဖမ်းဆီးရရှိ
["ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ အရပ်ဝတ်ထောက် လှမ်းရေး၂ ဦးကို CDF-Hakha က ဖမ်းဆီးရရှိ", "ရန်ကုန်၊ မတ် ၁၇", "ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ စစ်ကောင်စီအတွက် အရပ်ဝတ်နဲ့ထောက်လှမ်းရေး လုပ်နေသူ ၂ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ CDF-Hakha က မတ်လ ၁၆ ရက်နေ့မှာထုတ်ပြန်ပါတယ်။", "စစ်ကောင်စီအတွက်ထောက်လှမ်းရေးလုပ်နေသူ ၁ ဦးကို မတ်လ ၉ ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်ပြီး နောက် ၁ ဦးကိုမတ်လ ၁၃ ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။", "မတ်လ ၆ ရက်နေ့တုန်းကလည်း ဟားခါးမြို့ပေါ် နတလ ကျောင်းမှာ လုံခြုံရေးယူပေးနေတဲ့ ရဲအရာရှိ ပါအဝင် စစ်ကောင်စီလက်အောက်ခံ ရဲ ၅ ဦးကို CDF- Hakha ကဖမ်းဆီးခဲ့ပါတယ်။", "ဟားခါးမြို့ပေါ်မှာ စစ်ကောင်စီရဲ့ထောက်လှမ်းရေးမားတွေဟာ အရပ်ဝတ်နဲ့သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူတွေသတိထားကြဖို့ မသင်္ကာတဲ့သူတွေတွေ့ပါက အကြေားကြားကြဖို့ CDF-Hakha က နှိုးဆော်ထားပါတယ်။", "ဓာတ်ပုံ- ဟားခါးမြို့ပေါ်ရှိ စစ်တပ်ပိုင် အင်းဝဘဏ်တွင် လုံခြုံရေးယူထားသော အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/06/167567/
ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး ရဲစခန်းနှင့်ထွေ/အုပ်ရုံးတို့ကို စတင်သိမ်းပိုက်ကာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ခုခံနေ
["ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး ရဲစခန်းနှင့်ထွေ/အုပ်ရုံးတို့ကို စတင်သိမ်းပိုက်ကာ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ခုခံနေ", "ရန်ကုန်၊ ဇွန် ၁၄", "ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့များက စတင်တိုက်ခိုက်နေပြီး မတူပီမြို့မ ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့တွင် ပါဝင်သော ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်", "ချင်းပြည် မတူပီမြို့ မြို့တွင်းစစ်ဆင်ရေးတွင် ချင်းညီနောင်တပ်ဖွဲ့များအပြင် AAကလည်း ပါဝင်ကူညီမှုများရှိနေပြီး လက်ရှိချိန်အထိ မြို့မ ရဲစခန်းကို စတင်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ထွေ/အုပ်ရုံးကိုလည်း ၀ိုင်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း၊ စစ်တပ်ဘက်မှ လေကြောင်းပစ်ကူများဖြင့် ဗုံးကျဲသဖြင့် မတူပီမြို့အတွင်းတွင် ပျက်စီးမှုများ ရှိနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။", "ဇွန်လ ၉ ရက်နေ့မှစတင်ပြီး ချင်းညီနောင်တပ်ဖွဲ့များက မတူပီမြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့တွင်မူ ချင်းညီနောင်တပ်ဖွဲ့အနေဖြင့် မတူပီမြို့ စစ်ဆင်ရေး ဆင်နွှဲနေကြောင်း၊ ချင်းညီနောင် စစ်ဆင်ရေး Operation CB အဖြစ် စစ်ဆင်ရေး ဖော်ဆောင်နေခြင်းဖြစ်ပြီး YAW Army အပါအဝင် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ မတူပီမြို့အတွင်းရှိ စစ်ကောင်စီစခန်းများကို စတင်တိုက်ခိုက်ထိုးစစ်ဆင်နေကြောင်း၊ လက်ရှီအချိန်အထိ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။", "“မတူပီမြို့သိမ်းတိုက်ပွဲလို့ ပြောလို့ရတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတာတွေ တောက် လျှောက် ရှိနေပါတယ်။ AA လည်းပါတယ်။ အခြားမဟာမိတ်တပ်ဖွဲ့တွေလည်းပါတယ်” ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောဆိုသည်။", "ဓာတ်ပုံ- CNDF တပ်ဖွဲ့ဝင်တချို့ ။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/10/186458/
ချင်းမိုင် ဒုတိယအကြိမ် ရေကြီးမှုတွင် မြန်မာအများစုပါ ရေဘေးသင့်နေပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ပိုမို အခက်ကြုံနေရ
["ချင်းမိုင် ဒုတိယအကြိမ် ရေကြီးမှုတွင် မြန်မာအများစုပါ ရေဘေးသင့်နေပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ပိုမို အခက်ကြုံနေရ", "ရန်ကုန်၊ အောက်တိုဘာ ၅", "ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုအောက်တိုဘာလဆန်းပိုင်း ရေကြီးမှုများဖြစ်ပွားလျက်ရှိရာ ချင်းမိုင်တွင် နေထိုင်သော မြန်မာအများစုပါ ရေဘေးသင့်နေကြောင်း ချင်းမိုင်ရောက် မြန်မာများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စက်တင်ဘာလနှောင်းပိုင်းအတွင်း ပထမအကြိမ်အဖြစ် ချင်းမိုင်တွင် ရေကြီးခဲ့ကြောင်း၊ သို့ရာတွင် ပထမအကြိမ် ရေကြီးခဲ့စဉ်က အမြင့်ပိုင်းနေရာတချို့ ရေလွတ်ခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် ရေကြီးမှုမှာ ပထမအကြိမ်ထက် များစွာ ပိုမို၍ ရေတက်လာခဲ့ပြီး ရေကြီးမှုဧရိယာမှာလည်း ပိုမို ကျယ်ပြန့်လာကြောင်း ချင်းမိုင်ရောက် မြန်မာတချို့က ပြောဆိုသည်။", "“ပထမအကြိမ်က စက်တင်ဘာလ ၂၄ ၊ ၂၅ လောက်မှာ ရေကြီးတာက ရေတက်ပေမယ့် ကျနော်တို့ SR ကွန်ဒိုဘက်ကို ရေမရောက်ခဲ့ဘူး။ အခု ဒီနေ့ မနက်ကျတော့ SR ကွန်ဒိုအောက်မှာပါ ကားတွေ ဘီးမြုပ်တဲ့အထိ ရေကရောက်လာတယ်။ အမြင့်နေရာတချို့အထိပါ ရေဝင်လာတာ။ ပထမအကြိမ်ထက် ရေကြီးတာများသလို ဧရိယာလည်း ကျယ်တယ်။ ဘယ်လိုလုပ်ရမလဲတော့မသိဘူး။ အပြင်ကို ကြည့်လိုက်ရင် ရေတွေ ဖွေးနေတာပဲ။ ကွန်ဒို ၇ လွှာမှာ နေတာမို့ အစားအသောက်နဲ့ ရေရဖို့တော့ အပြင်ထွက်လို့ မရဘူး” ဟု ချင်းမိုင် SR ကွန်ဒိုတွင် နေထိုင်သူ မြန်မာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ချင်းမိုင်တွင် နေထိုင်ကြသော မြန်မာများစွာရှိရာ ယင်းမြန်မာများတွင် တရားဝင် နေထိုင်ခွင့် အထောက်အထား လက်မှတ်မရှိဘဲ နေထိုင်သူများမှာ ရေဘေးသင့်နေချိန် ပို၍ အခက်အခဲဖြစ်နေရသည်ဟု တရားမဝင် နေထိုင်သည့် မြန်မာတချို့က ဆိုသည်။", "“ကိုယ်က စကားလည်းမတတ်၊ အကူအညီလည်းမတောင်းရဲဘူး။ နေတာကလည်း လက်မှတ်မရှိတော့ ရဲရော ထိုင်းမှန်သမျှ ကြောက်နေရတာ။ ပုံမှန်ဆိုရင်လည်း အပြင်သိပ်မထွက်ဘူး။ အခု ရေကြီးတော့ လက်မှတ်မရှိတော့ ရေကြီးတာလည်း ကြောက်ရ၊ ရဲဖမ်းခံရမှာလည်း ကြောက်ရ ” ဟု ချင်းမိုင်မြို့တွင် နေထိုင်သူ အထောက်အထားမဲ့ မြန်မာ CDM ဝန်ထမ်း တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဓာတ်ပုံ- ယနေ့ ချင်းမိုင် ရေကြီးမှု မြင်ကွင်း။", "Photo Credit- The Reporters။"]
https://yktnews.com/2023/10/128378/
ချင်းရွှေဟော်ကို စစ်တပ်က ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများရှိ၊ တရုတ် နိုင်ငံထဲသို့ စစ်တပ်၏ လက်နက်ကြီးကျည်များ ကျရောက်
["ချင်းရွှေဟော်ကို စစ်တပ်က ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများရှိ၊ တရုတ် နိုင်ငံထဲသို့ စစ်တပ်၏ လက်နက်ကြီးကျည်များ ကျရောက်", "ယနေ့ နံနက်အစောပိုင်းတွင် ရှမ်းမြောက်တစ်ခွင် တိုက်လေယာဉ်များဖြင့် စစ်တပ်က ဗုံးများ ဆက်တိုက်ကျဲနေ", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယမန် နေ့ သိမ်းပိုက်ပြီးနောက် စစ်တပ်က အတွဲလိုက်ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ပစ်ခတ် ထိုးစစ်ဆင်နေပြေီး အရပ်သားပြည်သူများ ထိခိုက်မှု များရှိနေကြောင်း ချင်းရွှေဟော်ဒေသမှ စစ်ဘေးရှောင် ပြည်သူများက ပြော ဆိုသည်။", "အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ် ကောင်စီတပ်၏ စခန်းများနှင့် ဂိတ်များကို ချေမှုန်းပြီးနောက် ချင်းရွှေ ဟော်မြို့ ကို သိမ်းပိုက်ခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ စစ်တပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ၊ တိုက်လေယာဉ်များဖြင့် ချင်းရွှေဟော်ကို တစ်နေ့လုံး၊ တစ်ည လုံး ထိုးစစ်ဆင် ပစ်ခတ်လျက်ရှိပြီး စစ်ဘေးရှောင် ပြည်သူများ သေဆုံး ထိခိုက်မှုများရှိနေကြောင်း၊ ချင်းရွှေဟော်မြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အကြိမ် ရေများစွာ ပြုလုပ်ခဲ့ပြီး ကွမ်းလုံ၊ လောက်ကိုင်ဘက်မှ ဒုံးကျည်များဖြင့် တစ်ည လုံးပစ်ခတ်ခဲ့ကြောင်း ၊ မြေပြင်တွင်လည်း စစ်အင်အားများ တိုးချဲ့ပြီး လက် လွှတ် လိုက်ရသော နေရာများကို ပြန်လည် သိမ်းယူရေ စစ်တပ်က ကြိုးပမ်း နေကြောင်း သိရှိရသည်။", "“ကွမ်းလုံဘက်ကလည်း တစ်ညလုံးပစ်တယ်။ လောက်ကိုင်ဒစက ထဲကနေ လည်း ဒုံးတွေ တောက်လျှောက်ပဲ ပစ်နေတယ်။ ချင်းရွှေဟော်ဘက်မှာ စစ်ဘေး ရှောင် ကယ်ဆယ်ရေးစခန်း အရေးပေါ် ဖွင့်ထားတာရှိပါတယ်။ လူဦးရေ ၅၀၀ လောက် စစ်ရှောင်နေရတယ်။ အဲဒီနားကို ဗုံးတွေ လက်နက်ကြီးတွေ၊ ဒုံးတွေ ကျလာလို့ စစ်ဘေးရှောင် ပြည်သူတွေ ထိခိုက်မှုတွေရှိနေတယ်။ တစ်ဦး သေဆုံးတယ်။ ဒဏ်ရာရသူများတယ်။ အဲဒီစစ်ဘေးရှောင်တွေက ပိတ်မိနေတာ။ တစ်ညလုံး ပစ်တယ်။ လေယာဉ်တွေနဲ့ လာပစ်တယ်။ ကတ္တရာလမ်းပေါ်မှာ တဲလေးတွေ ထိုပြီး နေရတယ်။ အောက်မှာ အခင်းတွေ ဘာတွေလည်းမရှိဘူး။ တရုတ်ပြည်နဲ့ ၀ဘက်က လက်ခံမှပဲ အဲဒီပိတ်မိနေတဲ့သူတွေ ထွက်လို့ရမယ်။ အခုက ပိတ်မိနေတယ်။ တရုတ်နိုင်ငံထဲက စစ်ရှောင်နေရာတွေလည်း လက်နက်ကြီးကျည်တွေ ကျနေတယ်” ဟု စစ်ဘေးရှောင်သတင်းရင်းမြစ်က ပြောဆိုသည်။", "အလားတူ လားရှိုးတွင်လည်း ယမန်နေ့ ပိုင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်းတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက်ဆိုသလို ပစ်ခတ်နေကြောင်း သိရှိရ သည်။", "မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကြေညာလိုက်သော စစ်အာဏာရှင် ချေမှုန်းရေး စစ်ဆင်ရေး နယ်မြေများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကို စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများ၊ ဒုံးများဖြင့် အဓိက တန်ပြန်တိုက်ခိုက် နေကြောင်း သိရှိရသည်။", "ယနေ့ နံနက်အစောပိုင်း ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီဝန်းကျင်တွင် ဂျက်တိုက် လေယာဉ်များဖြင့် ရှမ်းမြောက်ဒေသများကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ယမန်နေ့ ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားသော တော်လှန်ရေး တပ်ဖွဲ့များ"]
https://yktnews.com/2023/10/128444/
ချင်းရွှေဟော်ဒေသ ယနေ့တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သုံ့ပန်း များ ဖမ်းဆီးရမိခြင်း နှင့်အတူ စစ်သားများ အများအပြား သေဆုံးသည့် ဗီဒီယိုကို MNDAA ထုတ်ပြန်၊ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်
["ချင်းရွှေဟော်ဒေသ ယနေ့တိုက်ပွဲများတွင် စစ်တပ်ဘက်မှ စစ်သုံ့ပန်း များ ဖမ်းဆီးရမိခြင်း နှင့်အတူ စစ်သားများ အများအပြား သေဆုံးသည့် ဗီဒီယိုကို MNDAA ထုတ်ပြန်၊ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်", "ရန်ကုန်၊ အောက်တိုဘာ ၂၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ဒေသ ယနေ့တိုက်ပွဲများတွင် စစ် ကောင်စီ တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရမိခြင်းနှင့်အတူ စစ်သားများ အများ အပြား သေဆုံးသည့် ဗီဒီယိုကို ကိုးကန့် MNDAA က ထုတ်ပြန်သည်။", "ယနေ့အောက်တိုဘာ ၂၈ ရက်နေ့ ချင်းရွှေဟော်တွင် စစ်တပ် စခန်း ၃ ခုကို သိမ်းပိုက်လိုက်သည့်အပြင် ၊ MNDAAက ချင်းရွှေဟော်မြို့နယ်အတွင်း သွား လာနေသည့် စစ်တပ် စစ်ကြောင်း တစ်ကြောင်းကိုချေမှုန်းတိုက်ခိုက်ကာ လက် နက်နှင့် ထောက်ပံ့ရေးပစ္စည်းများ အများအပြား သိမ်းလိုက်သည့် ဗီဒီယို ကို လည်း ထုတ်ပြန်ထားသည်။", "(အဆိုပါ ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်https://t.me/khitthitnews/142716တွင် ကြည့်ရှုနိုင်ပါသည်။ )"]
https://yktnews.com/2023/10/128978/
ချင်းရွှေဟော်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ပြန်လည် လည်ပတ်ရန် MNDAA က စတင်စီစဉ်၊ မြို့တွင်းသို့ ပြည်သူတချို့ကို ပြန်လည် ဝင်ခွင့်ပြုပြီး သန့်ရှင်းရေးနှင့်အိမ်များ စစ်ဆေးခွင့်ပြု
["ချင်းရွှေဟော်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် ပြန်လည် လည်ပတ်ရန် MNDAA က စတင်စီစဉ်၊ မြို့တွင်းသို့ ပြည်သူတချို့ကို ပြန်လည် ဝင်ခွင့်ပြုပြီး သန့်ရှင်းရေးနှင့်အိမ်များ စစ်ဆေးခွင့်ပြု", "ရန်ကုန်၊ အောက်တိုဘာ ၃၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ကို အောက်တိုဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ MNDAA ဦးဆောင် သော တော်လှန်ရေး မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် မြို့ပြန်လည် လည်ပတ်နိုင်ရေး စီစဉ်နေကြောင်း MNDAA ၏ ပြန်ကြားရေး The KoKang က သတင်း ထုတ် ပြန်သည်။", "လက်ရှိတွင် စစ်ဘေးကြောင့် စွန့်ခွာထွက်ပြေးသူ မြို့ခံများကို နေအိမ်များကို ပြန်လည် ဝင်ရောက်ခွင့် ၊ သန့်ရှင်းရေးလုပ်ခွင့်နှင့် အိမ်များကို စစ်ဆေး ခွင့်ပြုထားကြောင်း၊ လျှပ်စစ်ပြန်လည် ရရှိရေးလည်း MNDAA က ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။", "တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို MNDAA တပ်များက လုံခြုံရေး အပြည့်ယူ ထားပြီး မြို့အခြေအနေမှာလည်း အေးဆေး ငြိမ်သက်လျက်ရှိကြောင်း ၊ MNDAA က မြို့ကို သိမ်းပိုက်ပြီးနောက် ပြည်သူများ၏ အိုးအိမ် ပိုင်ဆိုင်မှု ပစ္စည်းများ မှာ အပျောက်အရှ မရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128249/
ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်
["ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့မှပြည်သူများက ပြောဆိုသည်။", "“မြို့ထဲမှာတော့ ကိုးကန့် တပ်တွေ တပ်စွဲထားတယ်။ မနက်ပိုင်းအစောပိုင်းက ပစ်ခတ်မှုတချို့ရှိပေမယ့် အခုတော့ ပစ်ခတ်မှု မရှိတော့ဘူး။ မြို့ထဲက ပြည်သူတချို့ ၀ ပြည်နယ်ဘက်ကို သွားနေကြတယ်။ သွားခွင့်ပေးထားတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်။ နယ်စပ်ဂိတ်ကတော့ ပိတ်ထား‌တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ချင်းရွှေဟော်တံတားလည်း ကျိုးသွားပြီဟု သတင်းများရရှိထားပြီး လားရှိုး- ချင်းရွှေဟော်လမ်းတလျှောက်တွင် လမ်းပန်းဆက်သွယ်ရေး အခြေအနေ မကောင်းကြောင်း၊ စစ်ဘေးရှောင်ရန် ပြည်သူများမှာ ၀ ပြည်နယ်ဘက်ကိုသာ အဓိက သွားနေရကြောင်း သိရှိရသည်။", "“ချင်းရွှေဟော်တံတားတော့ ကျိုးသွားတယ်လို့ ကြားတယ်။ စစ်ခွေးတွေ လားရှိုးဘက်က တက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီဘက်ကို အသွားအလာ မလုပ်ရဲဘူး။ အခြေအနေကတော့ လာမယ့်ရက်ပိုင်းတွေ ဒီထက်ပိုဆိုးလာမယ်ထင်တယ်။ မြို့ထဲက ထွေအုပ်၊ အကောက်ခွန်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီအရပ်ဘက်ဝန်ထမ်းတွေက မနေ့ညကတည်းက ပြေးကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- ချင်းရွှေဟော ရော်ဘာတော ဗျူဟာကုန်းမှ ရဲကားများ တိမ်းမှောက်ပြီး ရဲများ သေဆုံးနေစဉ်။", "(ဆင်ဆာဖြတ်တောက်ခြင်းမရှိသော ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုပါရန်။)"]
https://yktnews.com/2023/11/129275/
ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ
["ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ", "၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့တွင် ချင်းရွှေဟော်၊ သိန္နီမြို့၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့ ၄ ခုကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီ", "ရန်ကုန်၊ နိုဝင်ဘာ ၂", "ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံပြောဆိုလိုက်သည်။", "နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ရှမ်းမြောက်ပိုင်းတွင် ဖြစ်ပွားနေရသည့် စစ်ပွဲများအကြောင်း ရှင်းလင်းပြောကြားမှုတွင် စစ်ကောင်စီတပ်အနေဖြင့် မြို့ ၃ ခုကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ရှားရှားပါးပါး ဝန်ခံလိုက်ခြင်း ပင်ဖြစ်သည်။", "“ဒီအချိန်မှာ အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရယ်၊ လုံခြုံရေးအဖွဲ့အစည်းတွေရယ် လက်လွှတ်လိုက်ရတဲ့နေရာတွေရှိပါတယ်။ ဒါတွေကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီ ၃ ခုတော့ရှိပါတယ်” ဟု ဇော်မင်းထွန်းက ဝန်ခံပြောဆိုသည်။", "မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခု၏ ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်တချို့ကမူ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်နေ့မြောက်တွင် မြို့ ၄ ခုကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ပြီး ချင်းရွှေဟော်၊ သိန္နီမြို့၊ ဖောင်းဆိုင်နှင့် ကြူကုတ် (ပန်ဆိုင်း) ကိုပါ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုကြသည်။"]
https://yktnews.com/2024/01/138061/
ချင်းအဖွဲ့အစည်း သုံးဖွဲ့ ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်း၊ ချင်းပြည်အရေး နှင့် ချင်းအမျိုးသားရေးတွင် နိုင်ငံရေး စစ်ရေးပူးပေါင်းဆောင်ရွက်သွားမည်
["ချင်းအဖွဲ့အစည်း သုံးဖွဲ့ ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်း၊ ချင်းပြည်အရေး နှင့် ချင်းအမျိုးသားရေးတွင် နိုင်ငံရေး စစ်ရေးပူးပေါင်းဆောင်ရွက်သွားမည်", "ရန်ကုန်၊ ဒီဇင်ဘာ ၃၁", "ချင်းပြည်ရေးနှင့် ချင်းအမျိုးသားရေးတို့တွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ချင်းအဖွဲ့အစည်း သုံးဖွဲ့ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။", "Zomifederal Union (ZFU)၊ Chin National Origanization (CNO)/CNDF နှင့် Chin National Council (Mindat)/CDF -Mindat သုံးဖွဲ့ ပူးပေါင်း၍ ချင်းညီနောင် အဖြစ် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကာ ချင်းပြည်လုံးဆိုင်ရာ ကိစ္စရပ်များနှင့် ချင်းတစ်မျိုးသားလုံးဆိုင်ရာ ကိစ္စရပ်များတွင် ဘုံသဘောတူညီချက်ဖြင်သာ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ချင်းညီနောင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ထို့ပြင် ချင်းညီနောင် ၏ ဘုံသဘောတူညီချက်နှင့် ကိုက်ညီသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေးနှင့် ပြည် ထောင်စုအရေးကိစ္စကိစ္စများတွင် ညှိုနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။"]
https://yktnews.com/2024/05/164727/
ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲ
["ချင်းအမျိုးသားတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် အဆင့်မြင့်ပညာ CDM ဆရာ ဆရာမများကို ဖိတ်ခေါ်", "ရန်ကုန်၊ မေ ၂၇", "ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနက ဦးဆောင်၍ ကျောင်းသား ကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်ရန် ချင်းအမျိုးသား တက္ကသိုလ် ပဋိညာဉ် ကနဦးမူကြမ်း ရေးဆွဲနိုင်ခဲ့ကြောင်း ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ ၂၃ ရက်နှင့် ၂၄ ရက်နေ့တို့တွင် လောက်တူဒေသ၊ နှာရိန်မြို့၌ ချင်းပြည်အတွင်းရှိ ကျောင်းသားကျောင်းသူများ အဆင့်မြင့်ပညာ သင်ယူ ခွင့်ရရှိနိုင်စေရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အဆင့်မြင့်ပညာအလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဘာသာရပ်စုံသင် ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ်ကနဦးမူကြမ်း (The Chin National University (CNU) Charter-Zero Draft) ကို ရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ချင်းအမျိုးသား တက္ကသိုလ်သည် ဝေဖန်ပိုင်းခြားနိုင်သော ဆင်ခြင်တုံတရားဖွံ့ဖြိုးမှု၊ တီထွင်ဆန်းသစ်မှု၊ သုတေသန တိုးတက်မှုတို့ကို ကျောင်းသား၊ ကျောင်းသူများ ရယူနိုင်စေရန်။ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို တန်းဖိုးထားပြီး သဟဇာတကျမှုကို အစဉ်လေးစားသော Learning Society ကို ဖန်တီးရန်။ ဆန်းသစ်မြန်ဆန်သော ခေတ်နည်းပညာစိန်ခေါ်မှုနှင့် သဘာဝဘေးအန္တရာယ်များကို နည်းစနစ်ကျစွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် စသည့် မျှော်မှန်းချက် ၃ ချက်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။", "ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များအား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး သီးခြားလွတ်လပ်သည့် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ရန်။ အရည်အသွေးအာမခံချက်ရှိသော လွတ်လပ်စွာ ပညာသင်ယူနိုင်သည့် လူတိုင်းလက်လှမ်းမီ ပညာသင်ယူရေး စင်္ကြံ (Learning platform) တခု ဖန်တီးအကောင်အထည်ဖော်နိုင်ရန်။ ဘဝတသက်တာပညာသင်ယူမှုကို အားပေးရန်နှင့် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု စေမည့် တက္ကသိုလ်ဖြစ်ရန်။ အခြေခံပညာပြီးမြောက်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်သော CDM ကျောင်းသား၊ ကျောင်းသူ များအတွက် တက္ကသိုလ်ပညာသင်ကြားနိုင်ဖို့ အထူးအစီအစဉ်များ ရေးဆွဲပေးရန်။ သုတေသနလုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် အရည်အသွေးအာမခံသော အဆင့်မြင့်ပညာသင်ရပ်ဝန်း တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။", "“တက္ကသိုလ် စဖွင့်မယ့် အချိန်ကာလအားဖြင့်တော့ အတိအကျ ပြောဖို့ စောပါသေးတယ်။ မကြာခင် အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ စတင်ပြင်ဆင်နေပါပြီလို့ပဲ ပြောပါရစေ။ အဓိကအခက်အခဲက လူသားအရင်းအမြစ် မလုံလောက်မှုပါ။ အဆင့်မြင့်ပညာ CDM ဆရာ ဆရာမများကို အခုကတည်းက ဖိတ်ခေါ်ပါရစေ။ တော်လှန်ပညာရေးတာဝန် လာရောက်ထမ်းဆောင်ပေးဖို့ပါ။ ချင်းအမျိုးသားတက္ကသိုလ်ပဋိညာဉ်မူကြမ်းကို အပြီးသတ် အမြန်ဆုံး ရေးဆွဲနိုင်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ချင်းအမျိုးသား တက္ကသိုလ်တွင် ပညာကို ချစ်မြတ်နိုးမှု ၊ လွတ်လပ်မှု ၊ ပြည်သူကို အလုပ်ကျွေးပြုမှုနှင့် လူ့အခွင့်အရေး စသည့် လိုက်နာရမည့် စံတန်ဖိုးများ သတ်မှတ်ထားပြီး ချင်းအမျိုးသား တက္ကသိုလ်၏ဆောင်ပုဒ်မှာ “အလင်းနှင့် သမ္မာတရား” ဖြစ်ကြောင်း သိရသည်။", "အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မြေပြင်နှင့် အွန်လိုင်းပေါင်းစပ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာကြီး ဒေါက်တာသိန်းလွင်က အွန်လိုင်းဖြင့် ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်း ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/01/80264/
ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက် အသုံးပြု၍ ဗုံးကျဲမှု အနည်းဆုံး ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား
["ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက် အသုံးပြု၍ ဗုံးကျဲမှု အနည်းဆုံး ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပြား", "ရန်ကုန်၊ ဇန်နဝါရီ ၁၀", "အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီက အိန္ဒိယလေပိုင်နက်အသုံးပြု၍ ဗုံးကျဲ၊ ၃ ဦး သေဆုံးပြီး ဒဏ်ရာရရှိ သူများပြားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်း ထုတ်ပြန် သည်။", "ယနေ့ညနေ၄ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်များဖြင့် ဗုံး ၅ လုံးကျဲချ တိုက် ခိုက်ခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံးကြောင်း၊ ဒဏ် ရာ ရရှိသူများလည်း များပြားကြောင်း၊ တိုက်လေယာဉ်များသည် အိန္ဒိယလေပိုင်နက်ကို အသုံးပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်အနေဖြင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို ဆက်သွယ်သော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ် မရရှိသေးပေ။"]
https://yktnews.com/2023/02/87568/
ချင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ် တို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်သည့် အထူးစစ်ဆင်ရေး စတင်၊ နေ့ရော ညပါ အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်၍ ပြည်သူများ သတိထားကြရန် လိုအပ်
["ချင်း၊ ကရင်နီ၊ ကချင်နှင့် ကရင်ပြည်နယ် တို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်သည့် အထူးစစ်ဆင်ရေး စတင်၊ နေ့ရော ညပါ အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်၍ ပြည်သူများ သတိထားကြရန် လိုအပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သည့် အထူးစစ် ဆင်ရေးတစ်ရပ်ကို စတင်နေပြီဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ညပိုင်းမှစတင်၍ ကချင်၊ ချင်း၊ ကရင်ပြည်နယ်ဘက်သို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ပုသိမ်လေတပ်၊ နမ့်စန် လေတပ်၊ နေပြည်တော် အေလာ လေတပ်၊ မန္တလေး တံတားဦးလေတပ်၊ မှော်ဘီ လေတပ်မှ တိုက်လေယာဉ်များ ယမန်နေ့ ညပိုင်း တစ်ပြိုင်နက်တည်း ပျံသန်း ဗုံးကျဲမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။", "“နေ့ရော ညပါ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေရှိလာနိုင်တာမို့ သတိထားကြစေချင်ပါတယ်။ အထူးစစ်ဆင်ရေး ဖြစ်လို့ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိပါလိမ့်မယ်” ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။", "မင်းအောင်လှိုင်က PDF နှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြီးထွား ဖြစ်ထွန်းလာမှု၏ ရေသောက်မြစ်သည် တိုင်း ရင်းသား လက်နက်ကိုင် တော်လှန်ရေး EROsတပ်ဖွဲ့များကြောင့်ဖြစ်ပြီး အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ဖြတ် အင်အားချိနဲ့စေရေး လုပ်ဆောင်နိုင်မှသာလျှင် PDF တပ်များနှင့် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ရှင်သန်နေမှုကို ဖြတ်တောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်း တိုက်ခိုက်မှုနှင့် အထူးစစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက CNA-CDF တပ်များ အခြေစိုက်ရာ ချင်းပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း၊ KIA တပ်များ အခြေစိုက်ရာ ကချင်ပြည်နယ်ရှိ ဌာနချုပ်နှင့်တပ်နေရာများ ကိုလည်းကောင်း၊ KNU တပ်များ တည်ရှိရာ ကရင်ပြည်နယ်ရှိ ဌာနချုပ်နှင့် တပ်နေရာများကိုလည်းကောင်း KNDF အပါအဝင် ကရင်နီတပ်မတော်တို့ တည်ရှိရာ ကရင်နီပြည်နယ်ရှိ တပ်နေရာများကိုလည်းကောင်း အထူးစစ်ဆင်ရေးအနေဖြင့် ဗုံးကျဲတိုက်ခိုက်သွားရန်ရှိနေကြောင်း သိရှိရသည်။", "စစ်ဆင်ရေးအတွက် တိုက်လေယာဉ်များ အသုံးပြုမှုအနေဖြင့် Yak-130 ၊ Su-30၊ FTC 2000 G ၊ A-5 လေယာဉ်များကို အသုံးပြုမည်ဖြစ်ပြီး စစ်ဆင်ရေးအတွက် လေဆိပ်များအဖြစ် နေပြည်တော်အေလာလေတပ်၊ ရန်ကုန်မှော်ဘီလေတပ်၊ ပုသိမ်လေတပ်၊ မကွေးလေတပ်၊ တံတားဦးလေတပ်၊ မြစ်ကြီးနားလေတပ်၊ မိတ္တီလာလေတပ်တို့ကို အဓိကထားအသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက သက်တမ်းတိုးမြှင့်ထားသည့် ၆ လတာကာလနှင့် ပွင့်လင်းရာသီတွင် တိုင်းရင်းသားဒေသများကို လေကြောင်းတိုက် ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် မြေပြင်တွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ် ၃၇ မြို့နယ်ရှိ PDF နှင့် ဒေသကာကွယ်ရေးတပ်များကို အပြတ် ချေမှုန်းရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။", "စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုကလည်း လေကြောင်းအထူးစစ်ဆင် ရေး ပြုလုပ်ရန် ရှိနေသော်လည်း လက်ရှိတွင် လေ ယာဉ်ဆီ မလုံလောက်ခြင်း၊ လက်နက်ခဲယမ်းနှင့်ဒုံးများ အလျှဉ်မမီအောင် မရှိခြင်း ပြဿနာများရှိနေကြောင်း၊ စစ်တပ်က လက် နက်ခဲယမ်း အသစ်များ စမ်းသပ် အသုံးပြုမှုများ ရှိနေသဖြင့် ပြည်သူများ သတိထားသင့်ကြောင်း အကြံပြု ပြောဆိုသည်။", "ဓာတ်ပုံ- လွန်ခဲ့သော ဒီဇင်ဘာလတွင် ပြုလုပ်သည့် လေတပ် နှစ်ပတ်လည် ပွဲမှ အကြမ်းဖက် မင်းအောင်လှိုင်နှင့် လေယာဉ်များ။"]
https://yktnews.com/2023/05/103357/
ချမ်းမြသာစည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး အိမ် ဗုံးပစ်ခံရပြီး လူ ၁ ဦးသေဆုံး
["ချမ်းမြသာစည်တွင် ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး အိမ် ဗုံးပစ်ခံရပြီး လူ ၁ ဦးသေဆုံး", "ရန်ကုန်၊ မေ ၁၉", "မန္တလေးတိုင်း၊ မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊အောင် ပင်လယ်ရပ်ကွက်၊အကွက်(၁၂)/၅၅၊ ၅၂ (A)လမ်း၊၁၀၃လမ်းနှင့်၁၀၄လမ်းကြားတွင် ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး သန်းနိုင်၏ နေအိမ် ဗုံးပစ်ခံရပြီး သန်းနိုင်၏ မိခင် ဖြစ်သူ သေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။", "မေလ၁၉ ရက်နေ့ နံနက်၇ နာရီ ၁၅မိနစ်အချိန် ချမ်းမြသာစည်မြိုနယ်၊အောင် ပင်လယ်ရပ်ကွက်၊အကွက်(၁၂)/၅၅၊၅၂(A)လမ်း၊၁၀၃ လမ်းနှင့်၁၀၄ လမ်းအကြားတွင် ပျူစောထီး ရာအိမ်မှူး သန်းနိုင်၏ နေအိမ်အား လက် လုပ်ဗုံးဖြင့် ပစ်ခံခဲ့ရကြောင်း ၊ ဆိုင်ကယ်စီးလာသော လူငယ် ၂ ဦးက သန်းနိုင်နေ အိမ်ရှေ့အရောက်တွင် လက်လုပ်မိုင်းဖြင့် ပစ်ပြီးထွက် ပြေးသွား ခဲ့ခြင်းဖြစ်ကြောင်း ၊ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့တွင် ထိုင်နေသည့် ရာအိမ်မှူးသန်းနိုင်၏ မိခင် ဒေါ်နီ အသက် ၆၇ နှစ်သေ ဆုံးသွားကြောင်း၊ ကိုဖိုးချစ် အသက် ၃၈နှစ်နှင့် မအေးအေးနွယ် ၃၇နှစ်တို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "ဒဏ်ရာရလူနာသုံးဦးကို မန္တလေးဆေးရုံ ကြီးသိုပိုဆောင်ပေးခဲ့သော်လည်း ဒေါ်နီ မှာ ရရှိခဲ့သော ဒဏ်ရာများဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွား ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို သိရသည်။", "“ဒီမနက် ၆ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ ဗုံးပစ်ခဲ့တာပါ။ ပျူသင်တန်းဆင်းထားတဲ့ ပျူစော ထီးတွေပါ။ ရပ်ကွက်ထဲမှာ နေဖူးတဲ့ အမျိုးသားတစ်ဦးပါ။ ရပ်ကွက် ထဲက လူတွေတိုးတိုးတိတ်တိတ် အပြင်ကို ခေါ်ချိန်းပြီး တိုင်ပင်ကြဖို့ သိရတာပါ” ဟု စစ်ဆင်ရေးကို တိုက်ခိုက်ခဲ့သော Urban Guerrilla Force-MDYမှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။"]