url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/09/121319/
ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်း၀ကျေးရွာမှ ပြည်သူ ၂ ဦးကို မူးရူးနေသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်
["ကျောက်တံခါးမြို့နယ်၊ ကွင်းချောင်း၀ကျေးရွာမှ ပြည်သူ ၂ ဦးကို မူးရူးနေသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်", "ရန်ကုန်၊ စက်တင်ဘာ ၆", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အနန်ဘော်ကျေးရွာအုပ်စု၊ ကွင်းချောင်၀ ကျေးရွာ မှ ပြည်သူ ၂ ဦးကို မူးရူးနေသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ် သတ် ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန် ပဲခူးတိုင်း ကျောက်တံခါးမြို့ နယ် အနန်ဘော်ကျေးရွာအုပ် ကွင်းချောင်းဝကျေးရွာ တွင်နေထိုင်သူ ဒေါ်သိန်း ဝင်းနှင့် ကိုချစ်တင်ကြီးကို စစ်သားတချို့က အရက်မူးယစ်ပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သားများက အရက်မူးရူး၍ ဆိုင်ကယ် ဖြင့် ပတ်၍ ပြည်သူများ နေအိမ်များကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်စဉ် ပြည်သူ ၂ ဦး သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။", "“ပဲနွယ်ကုန်းကနေ စစ်တောင်မြစ်ကူးတံတား အထိဆို စစ်တပ် ၄ ဂိတ်လောက် ရှိတယ်။ စစ်တောင်းတံတားထိပ်မှာ အရင်ကတည်းက ပြည်သူ့ စစ် ဂိတ်ရှိ တယ်။ အခုတော့ စစ်တပ်ဂိတ် ပေါ့။ စစ်သားတွေက ရွာထဲ ဝင်ပြီး ပတ်ရမ်း ပစ်ထည့်တာ။ ပစ်တဲ့ စစ်သားတွေက အရက်မူးရူးပြီးမှ ရွာထဲက အိမ်တွေကို ဆိုင်ကယ်နဲ့ လိုကပစ်တာ။ ရွာထဲမှာ အရက်ဆိုင်တချို့ရှိတယ်။ ကွင်းချေင်းဝ၊နတ်သံကွင်းတံတားဂိတ်မှာ စောင့်တဲ့ စစ်သားတွေက အရက်လာ သောက် ကြတယ်။ ရွာထဲမှာ။ ပြီးတော့ မူးပြီးဆိုင်ကယ်နှစ်စီးနဲ့ အိမ်တွေထဲလိုက် ပစ်ထည့်တာ။ အဲဒီမှာ ပြည်သူ ၂ ဦး ကျည်ထိ သေဆုံးတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "စစ်တပ်သတင်းရင်းမြစ်၏ အဆိုအရ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ကို စစ်တပ် က အမည်းရောင် နယ်မြေအဖြစ် သတ်မှတ်ပြီး ပြည်သူများကို အကြောင်းပြချက်မရှိ ဖမ်းဆီးသတ်ဖြတ်ခွင့်ရှိသော စစ်အုပ်ချုပ်ရေးအမိန့် ဖြင့် အုပ်ချုပ်ခွင့် ဒေသတပ်ရင်းများကို ပေးအပ်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ကိုချစ်တင်ကြီး၏ ရုပ်အလောင်း။"]
https://yktnews.com/2023/07/114948/
ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်တိုက်ပွဲ ဖြစ်ပွားရာ နေရာကို နယ်မြေ ရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်းနှင့် သေနတ် ၆ လက်သိမ်းဆည်းရရှိ
["ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်တိုက်ပွဲ ဖြစ်ပွားရာ နေရာကို နယ်မြေ ရှင်းလင်းစဉ် စစ်သားအလောင်း ၇ လောင်းနှင့် သေနတ် ၆ လက်သိမ်းဆည်းရရှိ", "ရန်ကု်န၊ ဇူလိုင် ၂၆", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်၌ တိုက်ပွဲနယ်မြေကို ဝင်ရောက်ရှင်းလင်းစဉ် အကြမ်းဖက် စစ်သား အလောင်း ၇ လောင်းနှင့် ပစ္စတိုသေနတ်တစ်လက်အပါအဝင် သေနတ် ၆ လက်ကို သိမ်းဆည်း ရရှိခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ည ၉ နာရီခန့်တွင် အင်အား ၄၀ ကျော်ပါ ကားအကြီးတစ်စီး၊ ဘေးတွဲ နှစ် စီးဖြင့် ကျောက်တံခါးမြို့မှ နံဇရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများကို ရှေ့ထွက်မိုင်း ဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးထက်မနည်းသေဆုံး သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်ထပ်မံတိုက်ပွဲဖြစ်ပြီး ကျေးရွာအတွင်းမှ တပ် ဆုတ်ပြေးစဉ် အလောင်းနှင့် လက်နက်များကို ချန်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ဒီမနက် ၁၁ နာရီလောက်မှာ အထိနာတော့ ရွာထဲကနေ ပြန်ဆုတ်သွားတာ၊ သေနတ်တောင် ပြန်မ ကောက်နိုင်ဘူး၊ ဗိုလ်အပါအဝင် ၅ ကောင်သေတာကနေ ၂ ကောင်ထပ်တိုးသွားတာပေါ့၊ ပူးပေါင်းတပ် ဖွဲ့ တွေ့ အထိအခိုက်မရှိခဲ့ပါဘူး၊ စစ်တောင်းမြစ်အနောက်ကမ်းတိုက်ပွဲတွေအတွက် လိုအပ်နေတဲ့ ၆၀ မမ နဲ့ ၄၀ မမ တွေကို လှူဒါန်းပေးကြပါအုံးလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ညပိုင်းက နံဇကျေးရွာထိပ်တိုက်ပွဲ၌ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း၊ အခြားထိခိုက်ဒဏ်ရာရရှိသူ အခြား အဆင့် ၇ ဦးကို ကျောက်တံခါးဆေးရုံမှ တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် လွှဲပြောင်းပို့ဆောင်ထားရပြီး သေဆုံးနိုင်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အသုံးပြုသော BA 94 သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/114904/
ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်၌ စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ
["ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်၌ စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၆", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်၌ အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ည ၉ နာရီခန့်တွင် အင်အား ၄၀ ကျော်ပါ ကားအကြီးတစ်စီး၊ ဘေးတွဲ နှစ်စီးဖြင့် ကျောက်တံခါးမြို့မှ နံဇရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများကို ရှေ့ထွက်မိုင်း ဆွဲပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးထက်မနည်းသေဆုံးပြီး အခြား အဆင့် ၇ ဦးကို ကျောက်တံခါးဆေးရုံမှ တောင်ငူဆေးရုံသို့ အတွင်းလူနာအဖြစ် လွှဲပြောင်းပို့ဆောင် ထားရကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အသုံးပြုသော BA 94 သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“ကျောက်တံခါးမြို့ပေါ်က ထွက်လာတာဗျ၊ ရှေ့ထွက်မိုင်းက အနီးကပ်ကြီးဆွဲလိုက်တာ၊ ကျန်တဲ့ဒဏ်ရာ ရတဲ့သူတွေကလည်း တောင်ငူဆေးရုံကို အတွင်းလူနာအဖြစ်ပို့တယ်ဆိုတော့ သေမှာပဲ၊” ဟု ကျောက်တံ ခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင်လည်း ရေတွင်းကုန်းကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်၏ လူနာတင်ယာဉ်များ ရောက်ရှိနေကြောင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သား၊ ရဲများ အနေဖြင့် လက်နက်ချအညံ့ခံရန်နှင့် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ ယူဆောင်လာပါက ထိုက်သင့် သော ဆုကြေးငွေများပေးအပ်မည်ဖြစ်ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/07/115370/
ကျောက်တံခါးမြို့နယ်၊ နံဇရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
["ကျောက်တံခါးမြို့နယ်၊ နံဇရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇူလိုင် ၂၉", "ပဲခူးတိုင်း၊ ကျောက်တံတားမြို့နယ်၊ နံဇရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇူလိုင်လ ၁၉ ရက်နေ့ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေး တပ် များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံဇကျေးရွာအတွင်းသို့ ဝင်ရောက်ကာ အသက် ၄၅ နှစ်အရွယ် တီးပီးလူး ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။", "“ဇူလိုင် ၁၉ ရက်နေ့တိုက်ပွဲမှာ စစ်တပ်က ရွာသားတစ်ဦးဖြစ်တဲ့ တီးပီးလူးကို အကြောင်းမဲ့ သတ် ဖြတ်သွားခဲ့ပါတယ်။ နံဇ တိုက်ပွဲမှာ စကစဖက်က အထိနာလို့ အခုလို ရရာလုပ်သွားတာ။ အခုကျ နော်တို့ နံဇရွာကို စီးထားနိုင်ပါတယ်။ ကျောက်တံခါးမြို့ကနေပြီး လက်နက်ကြီးနဲ့ပဲ ပစ်နေတယ်။ အခုထိ ကျနော်တို့တပ်ဖွဲ့တွေ နံဇ ကိုရှင်းလင်းရေး လုပ်နေပါတယ်”ဟု အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူး ဦးတင်ဦးက ဆက်လက်ပြောဆိုသည်။", "ထို့ပြင် ဇူလိုင်လ ၂၄ ရက်နေ့ နံဇရွာမှ နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၁၂ စီး၊ နွား ၆ ကောင်ကို ခိုးယူသွားကြောင်း၊ နေအိမ်များကို မီးရှို့ပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်သွားသော စစ်ကြောင်းတွင် ခမရ ၄၈၊ အမှတ် ၃၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း၊ ခမရ ၂၆၄၊ ပျူစောထီး၊ ရဲများ ပါဝင်ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/211028/
ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပိုင်းရှိ စစ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်
["ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပိုင်းရှိ စစ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၁၁", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၉ ရက်နေ့တွင် ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပဲခူးခရိုင် ၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုအလင်းဝင်ရာက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၀၅ တောင့် တို့ကို ယူဆောင်လာပြီး အလင်းဝင်လာခြင်းကြောင့် ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ ကျပ်ငွေ ဆယ်သိန်း ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။", "“စစ်မှုထမ်း တပ်သားသစ်က သင်တန်း အပတ်စဉ် ၇ ကပါ။ ကနဦး ဂုဏ်ပြုဆုငွေကတော့ ဆယ်သိန်းပါ ချီးမြှင့်ထားပါတယ်။ သင်တန်းကျောင်းက ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဂျိုးဖြူသင်တန်းကျောင်းမှာ သင်တန်းဆင်းတာပါ။ ပေါ်တာအဆွဲခံရတာပါ။အရက်ဆိုင်မှာ အရက်သွားသောက်ရင်းနဲ့ နောက်ကျသွားလို့ အဲဒီအချိန်မှာ ပေါ်တာအဆွဲခံရတာပါ။ နေရာကတော့ တိုက်ကြီးမြို့နယ်မှာ နေပါတယ်။ သူက သူစခန်းကနေ ကင်းစောင့် တာဝန်ကျနေတဲ့အချိန်မှာ သေနတ်ယူပြီးတော့ ထွက်ပြေးလာတာပါ။ ဒီဘက်မှာ PDFတွေ စိုးမိုးထားတယ်။ PDFတွေရှိတယ်ဆိုတာသိလို့ သူက အဲဒီလိုမျိုးပဲ ထွက်ပြေးလာတာပါ။ ကြိုတင် ချိတ်ဆက်တာတော့မရှိပါဘူး။ အတင်းအဓမ္မ စုဆောင်းခံရတဲ့သူတွေ ကျွန်တော် အခုလိုဆိုရင် ပဲနွယ်ကုန်း- နတ်သံကွင်း ကျောက်ကြီး၊ လမ်းကြောင်းပေါ်က စခန်းတွေသည် ကျွန်တော်တို့ ၃၇၀၂ စိုးမိုးနယ်မြေနဲ့ အရမ်းနီးတဲ့ နေရာပေါ့ အဲဒီဘက်က စုဆောင်းခံရတဲ့သူတွေ ပြေးချင်တယ်ဆိုရင် ကျွန်တော်တို့တပ်ရင်းနဲ့ ကြိုတင်ချိတ်ဆက်လို့လည်းရမယ် နောက်ဆုံးသူတို့ရဲ့မိသားစု ဆွေးမျိုးသားချင်းတွေ Page ကနေတစ်ဆင့် ဆက်သွယ်ပြီး ချိတ်ဆက်လို့လည်းရပါတယ်။ အဲဒါလေးလည်း ပြောချင်ပါတယ်။ သူတို့ ပြေးဖို့စဉ်စားတယ်ဆိုရင်ပြောချင်တာက လက်နက်နဲ့တကွ ထွက်ပြေးတာအကောင်းဆုံးနည်းလမ်းပါ ကြိုးစားပြီးတော့လက်နက်ပါပါအောင် ကြိုးစားပြီး ယူဆောင်ခဲ့ကြဖို့လည်းတိုက်တွန်းချင်ပါတယ်လို့” ဟု ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/03/149741/
ကျောက်တံခါးမြို့နယ်၊ ဖအိုရွာရှိ လက်နက် ကိုင်ဆောင်ထားသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကျောက်တံခါးမြို့နယ်၊ ဖအိုရွာရှိ လက်နက် ကိုင်ဆောင်ထားသော ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၉", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖအိုရွာနေ လက်နက် ကိုင်ဆောင်ထားသော ပျူစောထီး လှဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၆ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ကျောက်တံခါးမြို့နယ်၊ ဖအိုရွာနေ ပျူစောထီး လှဦးကို မြို့ချောင်း – စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် ၁၉ တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ဖမ်းဆီးရရှိခဲ့ပြီး မိုင်တိုင် ၂၀ အ‌ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ နေရာမှာပင် သေ ဆုံးသွားကြောင်း သိရသည်။", "“အဲပျူခွေးက လက်နက်ကိုင်ဆောင်ထားတာ သူက ပြည်သူရော တော်လှန်ရေးအဖွဲ့တွေပါ ဒုက္ခပေးသူမို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖအိုရွာက ပြည်သူတချို့ သူ့ကြောင့်ထွက်ပြေးနေရတယ်။ သူ့ကြောင့် ကျွန်တော်တို့ ရဲဘော်တချို့ ဖမ်းဆီးခံရတာ လက်နက်ခဲယမ်းတွေ ဆုံးရှုံးတာရှိတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ပျူစောထီး လှဦးသည် ကျောက်တံခါးမြို့နယ်က နံမည်ကြီး စစ်ကောင်စီထောက်တိုင် မြိုချောင်း အုပ် ကြီး ထွန်းထွန်းနိုင်၏ ညာလက်ရုံးဖြစ်ပြီး ၄င်းသည် ဒေသနေပြည်သူများအား စစ်ကောင်စီ တပ်ဖွဲ့ထံ မမှန်သတင်းပေး၍ ဖမ်းဆီးခိုင်းခြင်း၊မြိုချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းတွင် လှုပ်ရှား သွားလာနေ ကြ သည့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများအားစစ်ကောင်စီထံ ထောက်လှမ်း ပေးပို့ ဖမ်းဆီး ခိုင်းတို့ကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/06/170126/
ကျောက်တံခါးမြို့ပေါ်ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး
["ကျောက်တံခါးမြို့ပေါ်ရှိ စစ်တပ် ဂိတ်စခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး", "ရန်ကုန်၊ ဇွန် ၂၆", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်း ၂ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ ထံမှ သိရသည်။", "ဇွန်လ ၂၅ ရက်နေ့ နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ကျောက်တံခါးမြို့ စျေးပိုင်း ရပ်ကွက် ၁ လမ်းရှိ စစ်တပ် ဂိတ်ကင်းစခန်းနှင့် စျေးပိုင်းရပ်ကွက် ၂ လမ်းထိပ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရွှေဘုန်းတိုး ဂိတ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၂ နှင့် KNLA တပ်ရင်း ၉ ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၆ ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃၇၀၂ မှ ရဲဘော် ၁ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရသည်။", "ယင်းနေ့ နံနက် ၂ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး ပစ်ကူနှင့် စစ်ကူ အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသော ကား ၅ စီးဖြင့် စစ်ကူများ ရောက်ရှိလာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပွားပြီးနောက် ပိန်းဇလုပ် ခလရ ၂၆၄ တပ်ရင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သမင်အင်းကုန်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိသော်လည်း ပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်ဆီးမှု ရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/208878/
ကျောက်တံခါးမြို့အနီးရှိ စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ
["ကျောက်တံခါးမြို့အနီးရှိ စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မတ် ၂၅", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့အနီးရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၁၂ ဦး သေဆုံးပြီး လက်နက်ငယ် ၁ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၂၃ မိနစ်ခန့်တွင် ကျောက် တံခါးမြို့ အနီးရှိ စဉ့်အိုးလဟာကျေးရွာ၌ အင်းအား ၅၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲအတွင်း စစ်သား ၁၂ ဦးသေဆုံးပြီး စစ်သား ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိကာ G-3 အမျိုးအစား သေနတ် ၁ လက်၊ လက်နက်ငယ်ကျည်များနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ကလည်း လေယာဥ်ပစ်ကူများ၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံ တိုက် ခိုက်ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။", "“အလုံးစုံသိမ်းနိုင်ခြင်းတော့ မရှိပါဘူး။ ၃ ပုံ ၂ ပုံလောက်အထိ သိမ်းနိုင်တယ်။ မိုးလင်းသွားတော့ လေယာဉ်လာပြီးတော့ ပစ်ကူပေးတာကိုလည်း ခံလိုက်ရတော့ ကျနော်တို့ ဆုတ်လိုက်ရတာ ဒီညနေ အင်အားတွေ ထပ်ဖြည့်ထားတာရှိပါတယ်။ ဒီစခန်းက ကျောက်တံခါးမြို့နဲ့ အနီးဆုံးစခန်းလို့ ပြောလို့ရတာပေါ့။ မြို့နဲ့နီးတဲ့စခန်းဖြစ်တဲ့အတွက် သူတို့တော်တော်ရုန်းကန်တဲ့သဘောတွေ့ရပါတယ်။ လက် နက်ကြီး ၊ လေယာဉ် မြေပြင်အင်အားစစ်ကူပေါ့။ အဲလိုမျိုးတွေနဲ့ ပြန်တုံ့ပြန်တာမျိုးရှိပါတယ်” ဟု အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၅ ၊ တိုင်းစစ်ဌာန (ပဲခူး) ၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ အမှတ် ၃၇၀၂ တပ်ရင်း၊ Spring Warrior Column၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ ကာ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။", "“ပြည်သူကို တိုက်တွန်းချင်တာကတော့ ဘယ်တိုက်ပွဲကိုပဲ ဖြစ်ဖြစ် ပတ်ဝန်း ကျင် မှာရှိတဲ့ အနီးနားက ကျေးရွာတွေ အိမ်တွေကို စစ်တပ်က ဖျက်ဆီး၊ လေ ယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်တာဖြစ်တဲ့ အတွက်ကြောင့် လုံခြုံတဲ့ ဗုံးခို ကျင်းတွေ သေသေချာချာလေးတူးကြဖို့တော့ ကျနော်တို့ဘက်ကတော့ ဖြစ်စေချင်တာပေါ့။ တချို့ပြည်သူတွေကလည်း လိုက်ပါမှုကောင်းပါတယ်။ ဒါပေမယ့် တချို့ ပြည်သူတွေကလည်း ဂရုမစိုက်တာမျိုးတွေ့ရတယ်။ အဲဒါကြောင့်မို့လို့ ကိုယ့်မိသားစု လုံခြုံဖို့အတွက်တော့ ဗုံးခိုကျင်းတွေ တူးထားပေးကြဖို့ ပြောချင်ပါတယ်” ဟု အထူးကွန်မန်ဒို တပ်ရင်း – P29914 မှ တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။"]
https://yktnews.com/2023/08/117606/
ကျောက်တံခါးရှိ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လာမကောက်ဘဲ စွန့်ပစ်ထား၊ လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ
["ကျောက်တံခါးရှိ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လာမကောက်ဘဲ စွန့်ပစ်ထား၊ လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ", "ရန်ကုန်၊ ဩဂုတ် ၁၀", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လာမကောက်ဘဲ စွန့်ပစ်ထား လက်နက် ၂၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ဩဂုတ်လ ၉ ရက် နံနက် အစောပိုင်း ၄ နာရီခန့်မှ စတင်၍ သမင်အင်းကုန်းကျေးရွာအနီးသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ နေ့လည်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ အများအ ပြားဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။", "“ညောင်လေးပင် ၊ ပိန်းဇလုပ်က တပ်တွေဗျ၊ အမည်ကတော့ အဲဒီတပ်တွေပဲ၊ ဒါပေမယ့် ပူးပေါင်းတွေ လဲ ရှိမယ်၊ ကျောက်တံခါး၊ ဖြူး ၂ မြို့နယ်လုံးကို ဖုန်းအင်တာနက်လိုင်းတွေ အကုန်ဖြတ်ခံထားရတာ၊ Wifi စက်တွေပဲရတယ်၊ တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ခွေးတွေကို လာမကောက်သေးဘူးလို့ပြောတယ်၊ စစ် အကြောင်းက အဲလောက်ပဲပို့ပေးထားတယ်၊ ဒီနေ့တော့ တိုက်ပွဲဖြစ်တယ်မကြားမိသေးဘူး”ဟု ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံ သို့ပြောကြားသည်။", "တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ စက်လက် ၁လက်၊ MA 1 ၈လက်၊ MA 2 ၁လက်၊ MA3 ၁လက်၊ MA 4 ၁လက်၊ မိုင်းရှာစက် ၁လုံး၊ ဒရုန်းပစ်တစ်လက်၊ ကျည်အိမ် ၁၂ခု၊ ၆၀မမ ဗုံးသီးတချို့နဲ့ ကျည်ဆန်အများအပြား ကနဦး ရရှိထားပြီး စုစုပေါင်း သေနတ် ၂၄ လက်ခန့် ရရှိထားကြောင်း တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/08/117579/
ကျောက်တံခါးရှိ သမင်အင်းကုန်းရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေဆုံးပြီး လက်နက် အများအပြား သိမ်းဆည်းရရှိကာ PDF ရဲဘော် ၁ ဦးကျဆုံး
["ကျောက်တံခါးရှိ သမင်အင်းကုန်းရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၃၀ ကျော်သေဆုံးပြီး လက်နက် အများအပြား သိမ်းဆည်းရရှိကာ PDF ရဲဘော် ၁ ဦးကျဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၀", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၃၀ ကျော်သေဆုံးကာလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ကျောက် တံတားမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။", "ဩဂုတ်လ ၉ ရက် နံနက် အစောပိုင်း ၄ နာရီခန့်မှ စတင်၍ သမင်အင်းကုန်းကျေးရွာအနီးသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ရာ နေ့လည်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ အများအ ပြားဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။", "“ညောင်လေးပင် ၊ ပိန်းဇလုပ်က တပ်တွေဗျ၊ အမည်ကတော့ အဲဒီတပ်တွေပဲ၊ ဒါပေမယ့် ပူးပေါင်းတွေ လဲ ရှိမယ်၊ ကျောက်တံခါး၊ ဖြူး ၂ မြို့နယ်လုံးကို ဖုန်းအင်တာနက်လိုင်းတွေ အကုန်ဖြတ်ခံထားရတာ၊ Wifi စက်တွေပဲရတယ်၊ တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ခွေးတွေကို လာမကောက်သေးဘူးလို့ပြောတယ်၊ စစ် အကြောင်းက အဲလောက်ပဲပို့ပေးထားတယ်၊ ဒီနေ့တော့ တိုက်ပွဲဖြစ်တယ်မကြားမိသေးဘူး”ဟု ကျောက် တံတားမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံ သို့ပြောကြားသည်။", "အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ စက်လက်ငါးကြင်းမြီး၊ လက်နက်ငယ်၊ လက်နက် ကြီးကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/11/190707/
ကျောက်တံခါး၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
["ကျောက်တံခါး၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၄", "ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်သည်။", "နိုဝင်ဘာလ ၁ ရက်နေ့က ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေ ဆုံးပြီး G3 အမျိုးအစား သေနတ် ၁ လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ၃ ခု၊ ကိုးလုံး ကျည် ၂၉ တောင့် နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒို တပ်ရင်း ရိုးမ ၂ စစ်ကြောင်းနှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။", "တိုက်ပွဲပြီးသွားပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်က ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/137609/
ကျောက်တံခါး၊ ပျင်းမပင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရပြီး စိုးရိမ်ရ
["ကျောက်တံခါး၊ ပျင်းမပင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရပြီး စိုးရိမ်ရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပျင်းမပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါဝင် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိ စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ပျင်းမပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံး ကလေးငယ် ၂ ဦးအပါဝင်အဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” ညနေ ၅ နာရီ ကျော်လောက်က စစ်ခွေးတွေပစ်တဲ့ လက်နက်ကြီး ပျင်းမပင်ရွာထဲက နေအိမ် ၂ လုံးပေါ် တည့်တည့်ကြတာ တစ်အိမ်က သားအမိ ၂ ဦးက အမေဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားတယ်။ ကလေးကတော့ ထိခိုက်ဒဏ်ရာရတယ် စိုးရိမ်ရတယ်။ နောက်တစ်အိမ်က ဦးလေး ၁ ဦး ပြင်းထန်ဒဏ်ရာရတယ်။ ကလေး ၁ ဦးလည်း ပြင်းထန်ဒဏ်ရာပဲ အခြေအနေတွေက စိုးရိမ်ရတယ်” ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/117658/
ကျောက်တံခါး၊ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် စစ်တပ်အရာရှိ အပါအဝင် စစ်သား ၃၀ ဦးကျော် သေဆုံးဟု NUG က ထပ်မံ အတည်ပြု ထုတ်ပြန်၊ ပစ္စတို အပါအဝင် လက်နက်မျိုးစုံ ၂၁ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ
["ကျောက်တံခါး၊ သမင်အင်းကုန်းရွာ တိုက်ပွဲတွင် စစ်တပ်အရာရှိ အပါအဝင် စစ်သား ၃၀ ဦးကျော် သေဆုံးဟု NUG က ထပ်မံ အတည်ပြု ထုတ်ပြန်၊ ပစ္စတို အပါအဝင် လက်နက်မျိုးစုံ ၂၁ လက် အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၁၀", "ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အယောက် ၃၀ ကျော် သေဆုံးကာ လက်နက်အများအပြား လည်း သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUGကာကွယ် ရေး ဝန်ကြီးဌာနက ထပ်မံ အတည်ပြု ထုတ်ပြန်သည်။", "ယမန်​နေ့ ဩဂုတ်လ ၉ရက်၊ မနက် ၄နာရီမှ စတင်ကာ မွန်းလွဲ ၁နာရီဝန်းကျင် ထိ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆၀ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ၉ နာရီကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အယောက် ၃၀ ကျော် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ပြီး PDF တပ်ဘက် မှ ၁ ဦးကျဆုံး၊ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ် KNLA မှ ၂ ဦးကျဆုံးခဲ့ ကြောင်း၊ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၂၁ လက်၊ ဒရုန်းပစ် ၁ လက်၊ မိုင်းရှာ စက် ၁ ခု၊ ၆၀ မမ ဗုံးသီးများနှင့် ကျည်မျိုးစုံ အမြောက်အများတို့ကို သိမ်းဆည်း ရ မိခဲ့ကြောင်း ထုတ်ပြန်ထားသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနက သက်ဆိုင်ရာ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ တာဝန်ရှိသူများ၏ ပြောဆိုချက် များကို ကိုးကား၍ သတင်းထုတ်လွှင့် တင်ပြခဲ့ပြီးဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြု သတင်း ထုတ်ပြန်ချက် ထွက်ပေါ်လာ၍ ထပ်မံတင်ပြခြင်းဖြစ်သည်။"]
https://yktnews.com/2023/07/114009/
ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား
["ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား", "ရန်ကုန်၊ ဇူလိုင် ၂၀", "ပဲခူးတိုင်း၊ ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွားကြောင်း KNU Brigade 3 – Amary 9 – 1035 မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ယနေ့ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၂၃ မိနစ်တွင် အကြမ်းဖက် စစ်တပ်မှ အင်အား ၁၅၀ ခန့်ဖြင့် နံဇရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ငွေကျပ် ၃၈ သိန်း၊ ဖုန်း ၁၁ လုံးကို ခိုးယူသွားပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား​ကြောင်း သိရသည်။", "“ ပြည်သူ ၁၇ ယောက် ရဲစခန်းမှာ ဖမ်းထားတယ်။ အမည်တွေတော့ မသိရသေးပါဘူး။ နံဇ အိမ်ခြေ ၂၀၀ ကျော် ရှိတယ်“ ဟု KNU Brigade 3 – Amary 9 – 1035 မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည်လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည့်အတွက် ကျောက်တံခါးမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၇ ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ၄၅၇၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း KNU Brigade 3 – Amary 9 – 1035 ထံမှ သိရှိရသည်။"]
https://yktnews.com/2023/04/95339/
ကျောက်ထု တိုက်ပွဲတွင် စစ်သား ၃၀ ထက်မနည်းသေဆုံးပြီးနောက် စစ် ဘေး ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စံကျေးရွာမှ သံဃာတစ်ပါးနှင့် စစ် ဘေးရှောင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား
["ကျောက်ထု တိုက်ပွဲတွင် စစ်သား ၃၀ ထက်မနည်းသေဆုံးပြီးနောက် စစ် ဘေး ရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စံကျေးရွာမှ သံဃာတစ်ပါးနှင့် စစ် ဘေးရှောင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွား", "ရန်ကုန်၊ ဧပြီ ၂", "မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ စံကျေးရွာတွင် စစ်တပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃၀ ထက်မနည်း သေဆုံးကာ စစ်ဘေးရှောင်စခန်းကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း ကျောက် ထု PDF က ပြောသည်။", "မတ်လ၃၀ ရက်နေ့ ဆောမြို့နယ်၊ ကျောက်ထုမြိုု့၊ စံကျေးရွာသို့ စစ်ကြောင်း ထိုးရောက်ရှိနေသော တပ်မ ၇၇ ၊ ၁၀၁ ပူးပေါင်းအင်အား ၁၅၅ ဦး ပါဝင်သော စစ်ကြောင်းကို စံကျေးရွာ၏ အနီး အနောက်မြောက်ဘက် တောင်ပျောက်ကုန်း တွင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန် လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ဖက် အပြင်း အထန် ၂ နာရီခန့်အ‌ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်ဘက်မှ ၁၂၀ မမ များဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် မတ်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်မှ ညနေ ၄ နာရီ ၁၀ မိနစ်အချိန် စစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားစွာဖြင့် စံကျေးရွာဘက်သို့ ဆုတ် ခွာ သွားကြကြောင်း သိရှိရသည်။", "စစ်ကောင်စီဘက်မှ တပ်သား ၃၀ ထက်မနည်းသေဆုံးပြီး အထိနာသော စစ်တပ်က မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် စံကျေးရွာ၏ အနောက်မြောက်ဘက်ရှိ စစ်ဘေးရှောင်စခန်းကို မီးရှို့ကာ စစ်သားများ၏ အလောင်းများကိုလည်း စစ်ဘေးရှောင်စခန်း မီးရှို့၍ ဖျောက်ဖျက်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု PDF ၊ CDF၊ YDF ပူးပေါင်းအဖွဲ့များဘက်မှ အသေးစားထိခိုက်မှုအချို့( မစိုးရိမ်ရ) ရရှိခဲ့ပြီး ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရ သည်။", "“စစ်ဘေးရှောင်တွေကတော့ အချိန်မီ ရှောင်တိမ်းလိုက်နိုင်တယ်။ စစ်ဘေး ရှောင် စခန်းတစ်ခုလုံးကတော့ မီးလောင်သွားတယ်။ စစ်ဘေးရှောင်စခန်း တစ်ခု လုံးကတော့ ပြန်ပြီး ထူထောင်ဖို့က အင်မတန်ခက်ခဲပါတယ်။ စံကျေးရွာ ဘုန်းကြီးတစ်ပါးနဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီး သွားပါတယ်။ စစ်တပ်က စံကျေးရွာ ဘုန်းကြီးကို ဖမ်းတာက မတ်လ ၂၈ ရက် နေ့မှာ ဖမ်းတာ။ အခု ထက်ထိ ပြန်မလွှတ်သေးပါဘူး။ မတ်လ ၃၀ ရက်နေ့မှာ ဒေသ ခံ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်” ဟု စစ်ဘေး ရှောင်များ ကို ကူညီနေသူ သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။"]
https://yktnews.com/2023/11/131104/
ကျောက်ထု အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦး MA-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်
["ကျောက်ထု အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦး MA-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်", "ရန်ကုန်၊ နိုဝင်ဘာ ၁၃", "မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦး MA-3 သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း YRA ထီးလင်း အဖွဲ့က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျောက်ထု အမြောက်တပ်မှ ဒုအရာခံဗိုလ် ၁ ဦးသည် ဂန့်ဂေါခရိုင် တပ်ရင်း ၁၅ ၊ ၁၆၊ ၁၇ YRA ထီးလင်းထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။", "အဆိုပါ ဒုအရာခံဗိုလ်သည် MA – 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည် ၂၁၉ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်တို့ ယူဆောင်လာသောကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဂုဏ်ပြုဆုငွေ သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေ တစ်နေရာကို ပို့ဆောင်ထားကြောင်း သိရှိရသည်။", "YRA (ထီးလင်း) အနေဖြင့် လက်နက်နှင့်အတူ CDM ပြုလုပ်ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို ထိုက်တန်သော ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်လျှက် လွတ်မြောက်နယ်မြေ (သို့မဟုတ်) သွားလိုသော နေရာများကို ဘေးအန္တရာယ်ကင်းစွာ ပို့ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/03/149821/
ကျောက်ထုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး သေဆုံး
["ကျောက်ထုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၁၀", "မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲတွင် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ငလွန်းကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "မတ်လ၉ ရက်နေ့ ကျောက်ထုတပ်မှ ထွက်လာပြီး သရက်ချဉ်ကျေးရွာဘက်ရောက်ရှိနေသည့် တပ်မ ၁၁ မှ အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ငလွန်းကျေးရွာမှ ဦးဆန်း၀င်း (အသက် ၅၀ နှစ်) ၊ နာမည်တူဦးဆန်း၀င်း (အသက် ၄၈နှစ်) နှင့် မသဲသဲမာ (အသက် ၂၄နှစ်) တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "” စစ်ကြောင်းက ၈၁ မမနဲ့ထုတာ။ လမ်းမပေါ်ကျပြီး မျက်နှာချင်းဆိုင်အိမ်နှစ်က သူတွေသေကြတာ။ သေတဲ့အမျိုးသားနှစ်ယောက်က နာမည်တူတွေ။ ဦးဆန်းဝင်းနှစ်ယောက်” ဟု ကျောက်ထုဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ထို့ပြင် စစ်ကောင်စီတပ်က မတ်လ ၉ ရက်နေ့ ကျောက်ထုမြို့နယ်ခွဲ၊ တောင်ရိုးဘက်တွင် တိုက်လေယာဉ်ဖြင့် ဗုံး ၅ လုံးကျဲချသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျောက်ထုမြို့နယ်ခွဲ၊ ကြန်တောရွာမှ အသက် ၆ နှစ်အရွယ်ကလေး ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအမြောက်များ ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2022/12/75832/
ကျောက်ထုတွင် အမြောက်တပ်က မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ် မိန်းကလေး တစ်ဦး သေဆုံးပြီး နေအိမ် ၉ လုံးပျက်စီး
["ကျောက်ထုတွင် အမြောက်တပ်က မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၆ နှစ် မိန်းကလေး တစ်ဦး သေဆုံးပြီး နေအိမ် ၉ လုံးပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "မကွေးတိုင်း၊ ကျောက်ထုမြို့ အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်မှ ပြည်သူလူထုနေထိုင်ရာ ကျောက် ထုမြို့ တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတတ်ခဲ့ရာ ၆ နှစ်အရွယ်မိန်းကလေးတစ်ဦးသေဆုံးပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။", "ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် ည ၉ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျောက်ထု အမြောက်တပ်က ပြည်သူလူထုနေထိုင်ရာ ဂုံဘိုရပ်ကွက်အတွင်း လက်နက်ကြီး ၁၀ လုံးကျော်ပစ်ခတ်ခဲ့ ရာ ရပ်ကွက်အတွင်းနေထိုင်သူ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဦးခေါင်းလက်နက်ကြီးစထိမှန် ကာသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။", "“ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရဲစခန်းကိုပြောက်ကျားဝင်တိုက်ခဲ့လို့ စစ်တပ်ကနေ လူနေအိမ် တွေထဲ ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လက်နက်ကြီး ၆ လုံးက ရပ်ကွက်ထဲကျပြီး မိန်းကလေးတစ်ဦး ထိခိုက် သေဆုံးတာ၊ တခြားပြည်သူတွေတော့ အထိအခိုက်မရှိဘူးလို့ကြားတယ်၊ ရဲစခန်းကလည်း ဂုံဘိုရပ်ကွက် ထဲမှာရှိတာဆိုတော့ ရဲစခန်းတိုက်ခိုက်ခံရတဲ့အချိန်မှာ ရဲစခန်းကို လက်နက်ကြီးနဲ့ လှမ်းထုတာခင်မျ” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။", "ကျောက်ထုရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ ထိခိုက်သေဆုံးမှုရှိ ကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် ကျောက်ထုရဲစခန်းအတွင်းမှ ရဲ၊ စစ်သားများသည်လည်း ရပ်ကွက် အတွင်း သေနတ်များရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "ကျောက်ထုမြို့တွင်းရှိမိဘပြည်သူများနှင့် ကျောက်ထုတိုက်နယ်အတွင်းနေထိုင်သူ ကျေးရွာသူ၊ ကျေးရွာ သားများအား အနေဖြင့် လက်နက်ကြီးပစ်သံများ၊ ပစ်ခတ်သံများကြားရပါက လွတ် မြောက်ရာနေရာကို ရွေးချယ်နေထိုင်ကြရန် ယောအလင်းတန်းက အသိပေးထားသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ အမြောက်တပ်။"]
https://yktnews.com/2023/04/96870/
ကျောက်ထုနယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး၊ ကော လင်းတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး
["ကျောက်ထုနယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး၊ ကော လင်းတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ ဧပြီ ၁၁", "မကွေးတိုင်း၊ကျောက်ထုနယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ဒေသကာကွယ် ရေး တပ်ဖွဲ့များအကြား ဧပြီလ ပထမပတ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း ကျောက်ထု PDF က ပြောသည်။", "ဧပြီ၅ ရက်နေ့ နံနက်ပိုင်း ကျောက်ထုအမြှောက်တပ်မှ စစ်ကြောင်းထိုး လာ သည့် တပ်မ ၇၇၊ ၁၀၁ ပူးပေါင်းအင်အား ၇၀ ခန့်ကို သရက်ချဥ်ကျေးရွာနှင့် ငလွန်းကျေးရွာကြားအရောက် ကျောက်ထုPDF ၊ ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် ၉ က ပဒေသာမိုင်း ၁၅ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးကိုထမ်းစင်ဖြင့် ခေါ်သွားကြကြောင်း သိရှိရသည်။", "” ဧပြီလ ၅ ရက်နေ့ ကျောက်ထုကနေလက်နက်ကြီးတွေနဲ့ထုတယ်။ သတင်း ထုတ်ပြန်တာက လုံခြုံရေးကြောင့် နောက်ကျမှထုတ်ပြန်ကြတာ။ သူတို့က စစ်ကြောင်းနှစ်ကြောင်းထွက်တာလေ။ တစ်ကြောင်းကို ခုနစ်ဆယ်၊ရှစ်ဆယ်ရှိ တယ်။ သူတို့တွေကျောက်ထုတပ်ကိုပြန်တော့ လူဦးရေလျှော့နေတာ” ဟု ကျောက် ထု PDF သတင်းရင်းမြစ်က ပြောသည်။", "အလားတူ ဧပြီလ ၇ ရက်နေ့တွင်မူ နှောပင်ထိပ် ဘက်သို့ စစ်ကြောင်းထိုး လာ သည့် စစ်တပ်စစ်ကြောင်းကို ကျောက်ထုPDF (YRPA) ၊ ဂန့်ဂေါ ခရိုင်တပ် ရင်းအမှတ် ၈၊ ၉ ၊ CDF (မင်းတပ်) ၊ YDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲအချိန် ၂ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁၁ ဦးသေဆုံးကာ စစ်သား ၅ ဦးဒဏ်ရာအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "စစ်ကြောင်း အထိနာသွားသည့်အတွက် ကျောက်ထုဒေသကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။", "” လေကြောင်းက ည ၁၁ နာရီ ကျော်ကြီးလာတာနော။ နိမ့်နိမ့်လေးပျံတာ။ ချင်း နယ် စပ်ရောက်တော့ ဗုံးကျဲတာ ဝုန်းကနဲပဲ” ဟု ဧပြီ ၇ ရက်နေ့ညပိုင်း စစ် ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "အလားတူ စစ်ကိုင်းတိုင်း ကောလင်းမြို့ ကသစ်ကုန်းရွာတွင် ညအိပ်ပြီး ကော လင်း ဘက်သို့ ကူးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကော လင်း ကိုးတောင် ဘို့လမ်း ကြခတ်အိုက်ရွာအနီးတွင် ဧပြီလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေကာ ၂ ဦး ဒဏ်ရာရရှိ ကြောင်း The Secret Warrior Kawlin အဖွဲ့က သတင်းထုတ်ပြန်သည်။", "တိုက်ခိုက်မှုကို ကြခတ်အိုက်ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် The Secret Warrior Kawlin တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး စစ်ကောင်စီဝင် ၃ ဦးကို ကောလင်းကိုးတောင်ဘို့လမ်းဘေးရှိ အိမ်မည်းကြီးပေါ်တင်ကာ မီးရှို့သွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။", "ထို့ပြင် ကြခတ်အိုက်ရွာ ရွှေမြန်မာပန့်ဆိုင် မြောက်ဘက် မီတာ ၂၀၀ တွင် ကောလင်းမှ ထောက်ပို့လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီလ ၉ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဘီးယာဉ်ကို ထိခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သုံးဘီးပေါ်မှ ပြုတ်ကျခဲ့ကြောင်း၊ ထိခိုက်မှုကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။", "ဓာတ်ပုံ- ကျောက်ထုဒေသသို့ နယ်ချဲ့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့။ (ပုံအဟောင်း ဖြစ်သည်။)"]
https://yktnews.com/2024/05/160506/
ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်
["ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်", "ရန်ကုန်၊ မေ ၂", "မကွေးတိုင်း၊ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း YRA ထီလင်း မှ သခင်ဇော် က ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁ ရက်နေ့တွင် ကျောက်ထုမြို့ အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦးသည် MA ၁ သေနတ် ၁ လက်နှင့် ကျည် ၅၀၀ ကျော် ယူဆောင်လာပြီး YRA ထီလင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "“သူက ထီးလင်းမြို့ပေါ်မှာ တာဝန်ကျနေတာ အမှတ် ၃၆၈ အမြောက်တပ်ကလို့ သိရတယ်။ ကျွန်တော်တို့ထဲမှာလည်း သူ့ထက် အရင် ဝင်ထားတဲ့ သူရှိတယ်။ သူနဲ့ ချိတ်ဆက်ပြီးတော့ အဆက်အသွယ်ရသွားတာပေါ့။ MA သေနတ် ၁ လက်ပါတယ်ပေါ့၊ ကျည် ၅၀၀ လည်းကျော်လည်းပါတယ်။ ကျွန်တော်တို့ YRA က ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်။ သူပြောတာတော့ ခိုးယူပြီးစားနေရတယ်။ စားဝတ်နေရေး အဆင်မပြေဘူး။ ဒါမျိုးတွေပေါ့ အဓိက စိတ်ပျက်သွားတာပေါ့။ တပ်ထဲမှာ နေရတာစိတ်ပျက်သွားတယ်ပေါ့။ ကျွန်တော်တို့ သူ့ကို အကောင်းမွန်ဆုံး ဒီလွတ်မြောက်တဲ့ နေရာတစ်ခု မှာထား ပေးတယ်” ဟု YRA ထီလင်း မှ သခင်ဇော်က ပြောဆိုသည်။", "လက်ရှိချိန်တွင် YRA ထီလင်းထံကို အလင်းဝင်ရောက်သည့် စစ်သားနှင့် ရဲ အပါအဝင် ၂၅ ဦးခန့် ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် အလင်းဝင်လာသော စစ်သားများ၏ ဘဝရှေ့ရေး အဆင်ပြေစေရန်နှင့် နေထိုင်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/84617/
ကျောက်ထုမြို့နှင့် ဆောမြို့တွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်
["ကျောက်ထုမြို့နှင့် ဆောမြို့တွင် အသံတိတ် သပိတ် လှုပ်ရှားမှု ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "မကွေးတိုင်း၊ ကျောက်ထုမြို့နှင့် ဆောမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2024/12/197213/
ကျောက်ထုမြို့ပေါ်ရှိ စစ်တပ်ကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာချစဉ် ပစ်ခတ်ခံရမည် စိုးရိမ်၍ စစ်တပ်က မြို့ပတ်ဝန်းကျင်ကို လေယာဉ်ဖြင့် ပစ်ခတ်၊ မတ္တရာ ထန်းပင်ကုန်းရွာကိုလည်း စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်
["ကျောက်ထုမြို့ပေါ်ရှိ စစ်တပ်ကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာချစဉ် ပစ်ခတ်ခံရမည် စိုးရိမ်၍ စစ်တပ်က မြို့ပတ်ဝန်းကျင်ကို လေယာဉ်ဖြင့် ပစ်ခတ်၊ မတ္တရာထန်းပင်ကုန်းရွာကိုလည်း စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်ကို ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာချစဉ် ပစ်ခတ်ခံရမည် စိုးရိမ်၍ စစ်တပ်က မြို့ပတ်ဝန်းကျင်ကို လေယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ မိနစ်ခန့်တွင် ဆောမြို့နယ်၊ ကျောက်ထုမြို့ လေယာဉ် ကွင်းအတွင်းသို့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Mi 17 ထောက်ပို့ရဟတ်ယာဉ်ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ ဆင်းသက်နိုင်ရန် မကွေးလေတပ်မှ တက်လာသော MIG 29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျောက်ထုမြို့ပတ်ပတ်လည်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“အဓိကတော့ ထောက်ပို့လေယာဉ်ဆင်းလို့ရအောင် ကာဗာယူတဲ့သဘော၊ ဗုံးကျဲတာမဟုတ်ဘူး။ ပစ်ခတ်သွားတာ၊ အဓိကတော့ AA ကိုကြောက်တာ။ ရှိနိုင်မယ်ထင်တဲ့နေရာတွေ ရမ်းပစ်သွားတာ။ လေယာဉ်က မနေ့က ဆင်းဖို့ပဲ။ သတင်းပေါက်သွားလို့ မဆင်းပဲ ဒီနေ့မှ ဆင်းတာ။ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုနောက်တွဲ သတင်းမကြားမိသေးဘူး” ဟု ယောအလင်း တန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုကို စုံစမ်း နေဆဲ ဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် Mi 17 ထောက်ပို့လေယာဉ် ဆင်း သက်ချိန်သည်လည်း ၁၀ မိနစ်သာကြာမြင့်ခဲ့ကြောင်း၊ ထို့ကြောင့် မည်သည့်အရာများ ထောက်ပို့ခဲ့ ပြီး မည်သည့်အရာများ တင်ဆောင်သွားသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။", "အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာ အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Voice of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ထန်းပင်ကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/97976/
ကျောက်ထုမြို့ရှိ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
["ကျောက်ထုမြို့ရှိ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ ဧပြီ ၁၇", "မကွေးတိုင်း၊ ကျောက်ထုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "မတ်လ၁၃ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် မှ ည ၈ နာရီ အထိ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ (ဂန့်ဂေါခရိုင်) အမှတ်၂ ၊ ၄ ၊ ၁၀ တပ်ရင်းနှင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ဆော) တို့ ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၃ ကာကွယ်ရေး ပစ္စည်း စက်ရုံကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အထိ ကျောက်ထုဒေသရှိ ကျောက်ထုလေတပ်၊ အမှတ် ၃၆၈ အမြှောက်တပ်ရင်းနှင့် ကျောက်ထု မြို့နယ် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂန့်ဂေါခရိုင် အမှတ် ၈ ၊ ၉ တပ်ရင်း ၊ ဆော PDF YRPA နှင့် DRONE. Revolutionary Rebel Force တို့က ရှော့တိုက်ဒုံး၊ Rocketများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ် ၃၆၈ အမြှောက်တပ်ရင်းအတွင်းရှိ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးဘဲ PDF တပ်ဖွဲ့များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/01/198830/
ကျောက်နီမော်ဒေသ တိုက်ပွဲအတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်နီမော်ရွာမှ နေအိမ် အများအပြား မီးလောင် ပြာကျ
["ကျောက်နီမော်ဒေသ တိုက်ပွဲအတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်နီမော်ရွာမှ နေအိမ် အများအပြား မီးလောင် ပြာကျ", "ရန်ကုန်၊ ဇန်နဝါရီ ၉", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ဒေသတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်နီမော်ရွာမှ နေအိမ် အများအပြား မီးလောင် ပြာကျခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ မှ ၂၇ ရက်နေ့ထိ ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ဒေသ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ ရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းမှ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ကျေးရွာနေ ပြည်သူများသည် လက်ရှိချိန်ထိ ဆက်လက် တိမ်းရှောင်နေရပြီး ပြည်သူများ ကျေးရွာအတွင်း ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို လက်ရှိချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ် အရေအတွက် ၂၀ ကျော် မီးလောင် ပြာကျနိုင်ကြောင်း သိရှိရသည်။", "“တိုက်ပွဲထဲမှာ စစ်ခွေးတွေက မီးရှို့ပြီး တဖက်ကမ်းကို ထွက်ပြေးကြတာပါ။ နောက်ပြီး စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံးကျဲတာကော ရေတပ်က လက်နက်ကြီးနဲ့ ပစ်တာကော နေအိမ် အများအပြား မီးလောင်ခဲ့တယ်။ မီးကတစ်ဆောင်နဲ့ တစ်ဆောင်ကပ်နေတော့အကုန်လုံး မီးကူးပြီးလောင်ကုန်တာ ခုထိတော့ ရွာထဲမ၀င်ရဲကျသေးတော့ နေအိမ်အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူး။ နေအိမ်အရေအတွက် ခန့်မှန်းတော့ ၂၀ ကျော်လောက်ပြာကျမယ် ထင်တယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ ကျောက်နီမော် ဒေသ တိုက်ပွဲအတွင်း ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော်သေဆုံးကာ စစ်တပ်ဘက်မှ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/12/197235/
ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ
["ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်သည် ကျောက်နီမော်ဒေသကို ရေကြောင်းပါ အသုံးပြုပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ ထို့ပြင် ထားဝယ်မြစ်အတွင်း စစ်သင်္ဘောများလည်း ရောက်ရှိနေပြီး တပ်အင်အားဖြည့်တင်းရန် စစ်သင်္ဘောပေါ်တွင် တပ်သား အင်အား အလုံးအရင်းပါ လိုက်ပါလာကြောင်း သိရှိရသည်။", "ထို့ပြင် လေကြောင်းမှလည်း ဆက်တိုက် ဗုံးကျဲနေပြီး မြေပြင် လက်နက်ကြီးပစ်ကူများဖြင့်လည်း ဆက်တိုက် တိုက်ခိုက်နေကြောင်း၊ အဆိုပါ ကျောက်နီမော် ဒေသကို အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးဖြင့် ခုခံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တိုက်ပွဲအတွင်းအထိနာပြီး အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျောက်နီမော် အနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။", "“စစ်ခွေးတွေ မီးရှို့ပြီး ထွက်ပြေးတာတွေတော့ရှိတယ်။ အနီးအနာရွာက ပြည်သူတွေ အကုန်လုံး ပြေးနေရပြီ ကျေးရွာ ၁၀ ကျော်လောက်ရှိမယ်ထင်တယ်။ ရွာလုံးကျွတ်ကို ပြေးနေရတာ အကုန်လုံးနီးပါး မရှိတော့ဘူး။ ကျောက်နီမှော်နားက ရွာတွေပေါ့။ စစ်ခွေးတွေက အနီးအနားရွာတွေကိုပါ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာဆိုတော့ ပြည်သူတွေ ရွာလုံးကျွတ်ပြေးနေရတာ လူဦးရေထောင်ဂဏန်းလောက်ရှိမယ်။ တိုက်ပွဲက ဆက်တိုက်ကို ဖြစ်နေတုန်းပဲ ဒီနေ့တော့ ငြိမ်နေပေမယ့် ပြင်းထန်လာအုန်းမယ်ထင်တယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။"]
https://yktnews.com/2025/03/207663/
ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရ
["ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁၅", "တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကျောက်နီမော်ရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဘန်ကာ အနီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ပျူစောထီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "“အဓိကပြောချင်တာတော့ ဘုံရန်သူကို တိုက်ခိုက်တဲ့နေရာမှာ ကျနော်တို့အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားနိုင်ရင် အောင်မြင်မှုဟာ တွက်ချက်ထားတာထက်ပိုရမှာဖြစ်တယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်မကပိုပြီးတော့လုပ်ဆောင်သင့်ပါတယ်။ ရန်သူဟာတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ အင်အားရောနည်းပညာအရပါ ဖြည့်တင်းစုဖွဲ့လာနေတာရှိပါတယ်။ ကျနော်တို့တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း ရန်သူရဲ့ လက်ရှိအခြေနေကိုအကောင်းဆုံးနားလည်အောင်ကြိုးစားဆောင်ရွက်သင့်ပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)ဒရုန်းတပ်ဖွဲ ၊ TPLFဒရုန်းတပ်ဖွဲ ၊ Sky Ghost(1)ဒရုန်းတပ်ဖွဲ ၊ နွေဦးပြောက်ကျားဒရုန်းတပ်ဖွဲ‌ နှင့် ကျောင်းသားတော်လှန်ရေးတပ်-ဒရုန်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2022/12/77437/
ကျောက်ပန်တောင်း၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး၊ မုံရွာမြို့ပေါ်တွင် သီရိရတနာဈေးမှ စည်ပင် စျေးခေါင်း ပစ်ခတ်ခံရပြီး သေဆုံး
["ကျောက်ပန်တောင်း၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး၊ မုံရွာမြို့ပေါ်တွင် သီရိရတနာဈေးမှ စည်ပင် စျေးခေါင်း ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "မန္တလေးတိုင်း၊ ကျောက်ပန်တောင်းမြို့နယ်၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး မြသိန်း ပစ်ခတ်တိုက်ခိုက် ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျောက်ပန်တောင်းမြို့နယ်၊ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်သိန်းကို ဒေသခံ ပြောက်ကျားတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၄ ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)၊ Magway Guerrilla Warfare (မကွေး) တပ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး မြသိန်းသည် ပြည်သူ များအပေါ် ဒုက္ခပေးခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်နေကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သီရိရတနာဈေးမှ မြို့နယ်စည်ပင်ဌာနခွဲ၊ စျေးခေါင်း အောင်ဇော်ဝင်းကို အမည်မသိ လက်နက်ကိုင်တချို့က ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။", "“စျေးခေါင်းက အသံတိတ်သပိတ်တုန်းက စစ်တပ်နဲ့ပေါင်းပြီး‌ စျေးသည်တွေကို ခြိမ်းခြောက်တာမျိုးလုပ်ခဲ့ဖူးတယ်။ အခုလည်း စစ်တပ်နဲ့ရဲတွေဆီကို ပုံမှန် ဝင်ထွက်သွားလာနေတာ။ ဝင်ပစ်သွားတာက နေ့လယ်အချိန် ရုံးထဲ ဝင်ပစ်သွားတာ” ဟု စျေးသည်တစ်ဦးက ဆိုသည်။", "ဓာတ်ပုံ- မုံရွာမြို့ပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော စည်ပင်စျေးခေါင်း အောင်ဇော်ဝင်း။"]
https://yktnews.com/2024/09/181411/
ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ သေဆုံး၊ လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
["ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ သေဆုံး၊ လက်နက် ၅ လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၁", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္တီလာလမ်းတွင် ဖရဲသီးသတင်းပေးချက်အရ ရဲ ၃ ဦးလိုက်ပါသော ကားကို ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ် မြတ်သူတို့ သေဆုံးပြီး လက်နက် ၅လက်၊ လက်ပစ်ဗုံးနှင့် ခဲယမ်းများအပါအဝင် ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဩဂုတ်လ ၃၁ ရက်နေ့ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဖရဲသီးသတင်း ပေးချက်အရအရ ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်တွင်ရှောင်တခင်စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ကားကို တားဆီးစစ်ဆေးခဲ့ကြောင်း၊ သို့ရာတွင် အသာတကြည်အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ပစ်ခတ်ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း၊ ထိုပစ်ခတ်ဖမ်းစီးစဥ် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်း၊ တပ်ကြပ်မြတ်သူတို့ သေဆုံးပြီး စီးနင်းလာသော Mark X အိမ်စီးကားမှာ လမ်းဘေးတိမ်းမှောက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "“ကျောက်ပန်းတောင်း မြို့မစခန်းမှူးရယ်၊ သာယာအေး နယ်ထိန်း ဒုရဲအုပ်ရယ်၊ သူကပြောင်းလာတာ မကြားသေးဘူး။ ဘယ်သွားဖို့လည်းတော့ သေချာမသိဘူး ။ ကျနော်တို့ကလမ်းပေါ်မှာ စစ်ဆေးနေ တုန်း သူတို့ထဲက ဂန်းကိုင်ပြီး ကျည် ထိုးတာ အရင်မြင်လိုက်လို့ တန်းပစ်လိုက်တာ၊ ကံကောင်းသွား တာ၊ သူတို့ဘက်က ပြန်ပစ်ချိန်မရလိုက်ဘူး။ ကျောက်ပန်းတောင်း -တောင်ဦးလမ်းပိုင်းမှာပါ။” ဟု အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်းမှ တာဝန်ရှိသူ ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ရှင်းလင်းပြောဆိုသည်။", "ထိုတိုက်ပွဲအတွင်းတွင် သေနတ် BA 72 ၁ လက်၊ BA 94 ၁ လက်၊ BA 93 ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး နှင့် ငွေသားတချို့ အပါ အဝင် သက်ဆိုင်ရာ ဝန်ထမ်းကတ်တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်ပန်းတောင်း၊ ညောင်ဦးခရိုင် အမှတ် ၁ တပ်ရင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပကဖ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ တောင်သာမြို့နယ်ပကဖ နှင့် LACR (မြင်းခြံ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2024/08/180422/
ကျောက်ပန်းတောင်းတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ကျောက်တံခါးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျည်ကာအင်္ကျီနှင့် ဓား ၁ ချောင်း သိမ်းဆည်းရရှိ
["ကျောက်ပန်းတောင်းတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ကျောက်တံခါးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ကျည်ကာအင်္ကျီနှင့် ဓား ၁ ချောင်း သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဩဂုတ် ၂၅", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် ကျောက်တံခါးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Ah Nyar Myay People’s Defense Force- Kyaukpadaung အဖွဲ့က ပြောဆိုသည်။", "ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါး(မြောက်)ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းအောင်ကို Ah Nyar Myay People’s Defense Force- Kyaukpadaung အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ဝင်းအောင်သည် ကျောက်တံခါး(မြောက်)ကျေးရွာမှ ပြည်သူများကို အနိုင်ကျင့် ခြိမ်းခြောက်ခြင်းနှင့် ဒုက္ခပေးခြင်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်နေသူဖြစ်ပြီး ဝင်းအောင်ထံမှ ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်သုံးရေဗူး ၁ ဗူးနှင့် ဓား ၁ ချောင်းတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/03/207181/
ကျောက်ပန်းတောင်းတွင် လူငယ်များကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံး
["ကျောက်ပန်းတောင်းတွင် လူငယ်များကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း ပစ်ခတ်ခံရပြီးသေဆုံး", "ရန်ကုန်၊ မတ် ၁၁", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းတွင် လူငယ်များကို အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတွင် အခြေစိုက်သော အမှတ် ၇၈ ခြေလျင်တပ်ရင်းမှ ပြန်လာသည့် ပျူစောထီး ခေါင်းဆောင် ကျော်ဆန်းဝင်း (ခေါ်) ငချွန် ကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော ပျူစောထီး ကျော်ဆန်းဝင်းသည် လူငယ်များကို စစ်မှုထမ်းရန် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ကျေးရွာလျှပ်စစ်မီး ရန်ပုံငွေများကို အတင်းအဓမ္မ ကောက်ခံသိမ်းယူခြင်း၊ တော်လှန်ရေးရဲဘော်များနှင့် ဆက်စပ်သူများကို အကြမ်းဖက် စစ်တပ်ထံ သတင်းပေးတိုင်ကြား ဖမ်းဆီးခိုင်းခြင်းများကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "” သူ့အိတ်ထဲက မှတ်ပုံတင်ကဒ် နဲ့ ယာဉ်မောင်းလိုင်စင် သိမ်းဆည်းရရှိတယ်။ ကျောက်ပန်းတောင်း ၇၈ တပ်ရင်းက အပြန်ကို စောင့်ပြီး တိုက်ခိုက်ခဲ့တာ သူနဲ့အပေါင်းအပါတွေ သတိကြီးကြီးထားပါလို့ပဲ ပြောချင်ပါတယ်” ဟု Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ ရဲဘော်ဗျတ္တက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Popa Production & Guerilla Force – PPGF တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/202955/
ကျောက်ပန်းတောင်းနှင့် ကြို့ပင်ကောက်ရှိ ကျေးရွာတချို့ကို စစ်တပ်က စီးနင်းပြီး လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၊ မိတ္ထီလာတွင်လည်း ဘောလုံးကန်နေသည့် လူငယ် ၄ ဦး ပေါ်တာဆွဲ ဖမ်ဆီးခံရ
["ကျောက်ပန်းတောင်းနှင့် ကြို့ပင်ကောက်ရှိ ကျေးရွာတချို့ကို စစ်တပ်က စီးနင်းပြီး လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၊ မိတ္ထီလာတွင်လည်း ဘောလုံးကန်နေသည့် လူငယ် ၄ ဦးပေါ်တာဆွဲ ဖမ်ဆီးခံရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၈", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ်များကိုစစ်မှုထမ်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်အချိန် ကျောက်ပန်းတောင်းမြို့နယ်ရှိ အိုင်လျားမြောက်ရွာနှင့် အိုင်လျားတောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရသည်။", "အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာနေ လူငယ်များဖြစ်သော ကိုမှတ်ကျော်၊ ကိုလှရွှေနှင့် အမည်မသိ လူငယ် ၂ ဦးကို ဖမ်းဆီးသွားပြီးနောက် ညနေ ပိုင်းတွင် လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း၊ ထို့ပြင် စစ်ကောင်စီတ ပ်သားများသည် နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း ကား ၃ စီးဖြင့် စိတ်ကြိုက်ယူဆောင်သွားကြောင်း သိရသည်။", "“ကျောက်ပန်းတောင်း မြို့နယ် အိုင်လျားမြောက်ရွာနဲ့ အိုင်လျားတောင်ရွာကို စစ်ခွေးတွေ ဝင်စီးတာပါ။ ကား ၃ စီးနဲ့ နေအိမ်တွေထဲလည်း ဝင်ရှာပါတယ်။ ရွှေတွေ ငွေတွေက အစ စစ်ခွေးတွေက သူတို့ စိတ်ကြိုက်ကို ယူဆောင်သွားတာပါ။ ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ လူငယ် ၅ ဦးကိုလည်း သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရှားဖြူကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ရှားဖြူကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အင်အား ၄၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်ရှောင်နေရခြင်းဖြစ်ကြောင်း၊ ရှားဖြူကုန်းရွာမှ လူငယ်များလည်း စစ်ကြောင်း ဝင်ရောက်လာချိန် အချိန်မီ ရှောင်တိမ်းနိုင်ခြင်းကြောင့် ပေါ်တာဆွဲ ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။", "“ညနေ ၃ နာရီခွဲလောက်မှာ ရှားဖြူကုန်းရွာကို စစ်ခွေး အင်အား ၄၀ လောက်နဲ့ ဝင်ရောက် စီးနင်းတာပါ။ စစ်ခွေးတွေ ဝင်ရောက် စီးနင်းချိန် ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့လို့ ဖမ်းဆီးခံရသူ မရှိပါဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ကန်တောင်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဘောလုံးကန်နေသည့် လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ ကန်တောင်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၄ ဦးကို မည်သည့် နေရာ၍ ချုပ်နှောင်ထားသည်ကို မသိရှိရသေးဘဲ မိသားစုဝင်များက လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ရန်ကုန်-မန္တလး လမ်းဟောင်းဘေးက ကန်တောင်ရွာ ဘောလုံးကွင်းမှာ ဘောလုံးကန်နေတဲ့ လူငယ်တွေကို စစ်ခွေးတွေကို ညနေ ၅ နာရီ ၃၀ မိနစ်မှာ ဝင်ရောက် ပေါ်တာဆွဲတာ ဘောလုံးကွင်းကလလည်း လမ်းဟောင်းဘေးတင်ပဲ လူငယ်တွေလည်း ထွက်ပြေးတာတော့ လွတ်မြောက်တဲ့သူတွေလည်းရှိတယ်။ လူငယ် ၄ ဦးပါသွားတယ်။ ပါသွားတဲ့ သူတွေကို ဘယ်ခေါ်သွားလဲဆိုတာ အဆက်သွယ်မရသေးပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/03/93426/
ကျောက်ပန်းတောင်းနှင့် တောင်သာတွင် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
["ကျောက်ပန်းတောင်းနှင့် တောင်သာတွင် အုပ်ချုပ်ရေးမှူး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မတ် ၂၀", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး လှိုင်းမင်းဦး ပစ် ခတ် ခံရပြီး သေဆုံးသွားကြောင်း ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မတ်လ၂၀ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ မြင်သာတောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး လှိုင်မင်းဦးကို ပုဂံပြည် ဘီလူးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၃ ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။", "သေဆုံးသွားသော လှိုင်မင်းဦးသည် မြင်သာတောင် ကျေးရွာမှ လူငယ် ၅ ဦးကို ပျူစောထီး သင်တန်းတက်ခိုင်းပြီး လက်နက် ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများဆီမှ အတင်းအဓမ္မ မီတာကောက်ခြင်း၊ မြင်သာတောင်ကို စစ်ကြောင်းထိုးလာသည့် စစ်သားများအား လမ်းပြပြုလုပ်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။", "အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မကျီးပင်ရွာ အုပ်ချုပ်ရေးမှူး သာမောင်ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် တောင်သားတော်လှန်ရေး အင်အား စု နှင့် ပုဂံပြည် ဘီလူးတပ်တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော သာမောင်သည် မိုင်းကွင်းများကို စစ်သားများအား လိုက်ပြခြင်း​၊ ကျေးရွာနေပြည်သူများကို ဖိနှိပ်ခြင်းများကြောင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ပုဂံပြည် ဘီလူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2024/09/181505/
ကျောက်ပန်းတောင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ကို ယနေ့ ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေ
["ကျောက်ပန်းတောင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ကို ယနေ့ ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေ", "ရန်ကုန်၊ စက်တင်ဘာ ၁", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တို့ကို ယနေ့ ညပိုင်း စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူများထိခိုက်သေဆုံးများရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယနေ့စက်တင်ဘာလ ၁ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်း မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဒီဒုတ်ကုန်းကျေးရွာအုပ်စုရှိ သနပ်ပင်ကျေးရွာ နှင့် မြင်းခြံကုန်းကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲချခဲ့ရာ ကျေးရွာနေ ပြည်သူများ ထိခိုက်သေဆုံးမှုများရှိပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရှိရသည်။", "“ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကျဲချတာ။ လူ ၄ ဦးသေဆုံးပါတယ်။ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးပါ။ ကလေး ၁ ဦး ခြေပြတ်လက်ပြတ်ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦး က ဆိုသည်။", "အလားတူ ယနေ့ ညနေပိုင်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အရှေ့ဘက်ကမ်း မောင်းကုန်းကျေးရွာ၊ စျေးအတွင်းသို့ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသွားရာ လတ်တလော ပြည်သူ ၁ ဦးသေဆုံးသည်ဟု သိရှိရပြီး အခြားထိခိုက်သေဆုံးများလည်းရှိကြောင်း သိရှိရသည်။", "“ညနေက ထီးချိုင့် အရှေ့ဘက်ကမ်း မောင်းကုန်းရွာ လူစည်ကားရာ လမ်းဘေးစျေးအရှေ့ ပိပိရိရိ (ထမင်းဆိုင် )အရှေ့တည့်တည့်ကို လေယာဉ်ဗုံးကျဲသွားပါတယ်။ ကသာမြို့နယ် အင်းရွာသား တစ်ယောက် သေဆုံးပြီး ကသာနယ်သားတော်တော်များများ စျေးဝယ်သွားချိန် ကြံတောင်သူများ သကြားစက်သို့ သွားချိန်နဲ့ဆုံပြီး ဗုံးကျဲချတာ။ သေဆုံး/ထိခိုက် ဉီးရေ အတိအကျမသိရသေးပါ။ စစ်ခွေးတွေကတော့ မဲမဲမြင်ရာ အကုန်ကျဲနေတယ်။ တချို့အလောင်းတွေက တစစီကောက်နေရတယ်” ဟု ထီးချိုင့်မြို့နယ်မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာပြီး ပြည်သူများထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စည်းစိမ်းများ ပျက်စီးမှုများလည်းများပြားလာကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ ညပိုင်း ပျံသန်းနေသော တိုက်လေယာဥ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2025/05/213618/
ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်က ပြည်သူ ၁ ဦးကို လည်လှီးသတ်ပြီး ထန်းတက်နေသူ ၁ ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား
["ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်က ပြည်သူ ၁ ဦးကို လည်လှီးသတ်ပြီး ထန်းတက်နေသူ ၁ ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်၊ ပြည်သူ ၃၀ ကျော်ကိုလည်းလူသားဒိုင်းအဖြစ် ဖမ်းဆီးသွား", "ရန်ကုန်၊ မေ ၆", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို လည်လှီးသတ်ပြီး ထန်းတက်နေသူ ၁ ဦးကိုလည်း ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မေလ ၂ ရက်နေ့တွင် ငါ့သရောက်မြို့မှ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူကျေးရွာကို ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။", "ယင်း စစ်ကြောင်းသည် မေလ ၄ ရက်နေ့တွင် ကမ်းဖြူကျေးရွာ လယ်ပြင်သာ တဲတိုက်တွင် ထန်းတက်နေသော ပြည်သူ ၁ ဦးကို လိုက်လံ ဖမ်းဆီးစဥ် သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခြင်းကြောင့် ပေါင်နှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ပြီး ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "မေလ ၅ ရက်နေ့တွင် နံနက်ပိုင်းတွင် ကမ်းဖြူကျေးရွာတွင် နေထိုင်သော ကိုအောင်ဆန်းဝင်းကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး ခြေကို ကြိုးတုပ်ချည်နှောင်ပြီး ဝမ်းဗိုက်ကို ဓားဖြင့် ထိုးသွင်းကာ လည်လှီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငါ့သရောက်မြို့ရှိ အို့ရင်း၊ ကြို့ပင်သာ၊ ထောက်ဝ၊ ကမ်းဖြူ၊ ကြီးကန်၊ ကူတော ရွာတို့မှ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်း အဖြစ် ခေါ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေး စစ်ကြောင်းက ငါ့သလောက်မြို့ထဲက ထွက်လာထဲက ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာ အမျိုးသားတွေကြီးပဲဖမ်းသွားတာ ထန်းတက်နေတဲ့ ပြည်သူ ၁ ဦးကိုလည်း စစ်ခွေးတွေက လိုက်ဖမ်းတာ ဖမ်းတော့ သူက ထွက်ပြေးတယ်။ ပြေးတော့ နောက်ကလိုက်ပစ်လို့ ကျည်ထိမှန်ပြီးသေဆုံးတာ ဖမ်းဆီးခံရတဲ့ သူတွေထဲကမှ ကိုအောင်ဆန်းဝင်းကို ကြိုးချည်ပြီး ဗိုက်ကိုဓားနဲ့ ထိုးတယ်။ ပြီးတော့ လည်လှီးသတ်ဖြတ်သွားတာ” ဟု ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ငါ့သရောက်မြို့ကို ပြန်လည် ဆုတ်ခွာသွားပြီး အင်အားများ ထပ်မံ ဖြည့်တင်းနေကြောင်း သိရသည်။"]
https://yktnews.com/2023/08/117358/
ကျောက်ပန်းတောင်းမြို့နယ်၊ ကမ္ဘာတဲရွာမှ ရွာသား ကိုဇော်ဝင်းမောင်ကို စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ပြီး အလောင်းကို ငွေဖြင့် ရွေးယူခိုင်
["ကျောက်ပန်းတောင်းမြို့နယ်၊ ကမ္ဘာတဲရွာမှ ရွာသား ကိုဇော်ဝင်းမောင်ကို စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ပြီး အလောင်းကို ငွေဖြင့် ရွေးယူခိုင်း", "ရန်ကုန်၊ ဩဂုတ် ၉", "မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကမ္ဘာတဲကျေးရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက်စစ်တပ်မှာ ဩဂုတ်လ ၄ ရက်နေ့တွင် အကြောင်းမဲ့ ပစ်သတ် သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြော ကြား သည်။", "သေဆုံးသူမှာ ကိုဇော်ဝင်းမောင်ဖြစ်ပြီး အကြမ်းဖက်စစ်တပ် ရွာထဲ ဝင်လာ၍ ကြောက်လန့်တကြားဖြင့် တောထဲတွင် သွားအိပ်ခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲ အချိန် စစ်တပ်က တောနင်း၍ ရှာဖွေမှုများလုပ်စဉ် အကြမ်း ဖက်စစ်သား များနှင့် တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အလောင်းကို လက်ပန်ပျား သယ်သွားပြီး ရွေးလို့ရတယ်လို့တော့ ကျေးရွာ လူကြီးထံ အကြောင်းကြားပါတယ်။ ရွာသူ ရွာသားတွေက ပြန်လိုချင်ပေမယ့် မရွေးရဲလို့ မရွေးဘဲနေလိုက်ပါတယ်ခင်ဗျာ။ သေဆုံးသူမှာ တနှစ်ခွဲခန့် သမီးလေး နဲ့ အမေအို၊ ဇနီးတို့ကျန်ရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။", "အကြမ်းဖက်စစ်တပ်သည် ကမ္ဘာတဲ ကျေးရွာသို့ PDF များရှိသည်ဟုဆိုကာ မကြာခဏဆိုသလို လာရောက်လေ့ရှိကြောင်း၊ အဆိုပါ ကျေးရွာအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မရှိဘဲ သာမန် တောင်သူများသာ ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "ဓာတ်ပုံ- စစ်တပ်၏ သတ်ဖြတ်မှုခံခဲ့ရသော ကမ္ဘာတဲကျေးရွာမှ ကိုဇော်ဝင်း မောင်။"]
https://yktnews.com/2023/06/107224/
ကျောက်ပန်းတောင်းမြို့ရှိ ကျေးရွာ ၃ ရွာမှ အုပ်ချုပ်ရေးမှူးများက လူငယ်များကို လိမ်လည်၍ ပြည်သူ့စစ် သင်တန်း ပို့ဆောင်
["ကျောက်ပန်းတောင်းမြို့ရှိ ကျေးရွာ ၃ ရွာမှ အုပ်ချုပ်ရေးမှူးများက လူငယ်များကို လိမ်လည်၍ ပြည်သူ့စစ် သင်တန်း ပို့ဆောင်", "ရန်ကုန်၊ ဇွန် ၁၂", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ ကျေးရွာများမှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ကျေးရွာအတွင်းရှိ လူငယ်များကို လိမ်လည်၍ ပြည်သူ့စစ်သင်တန်းကို ပို့ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။", "လူငယ်များကို လိမ်လည်၍ ပြည်သူ့စစ်သင်တန်းသို့ ပို့နေသည့် အုပ်ချုပ်ရေးမှူးများမှာ ငါးရှန်တောင်ရွာ၊ ကျွဲတလင်းရွာ၊ ရေးဆုံးရွာတို့မှ အုပ်ချုပ်ရေးမှူးများဖြစ်ကြောင်း သိရှိရသည်။", "ငါးရှန်တောင်ကျေးရွာ၏ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ကွာတားမှ လူငယ် ၁၂ ဦး၊ ကျွဲတလင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ရဲစိန် မှ လူငယ် ၅ ဦး၊ ရေးဆုံးရွာ၏ အုပ်ချုပ်ရေးမှူး ဘိုဦး မှ လူငယ် ၅ ဦးကို လိမ်လည်၍ စစ်တပ်၏ ပြည်သူ့စစ်သင်တန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“စစ်တပ်ခန့်တဲ့ အုပ်ကြီးတွေက လိမ်ခေါ်ပြီး ပြည်သူ့စစ်ထဲပို့တာ ရွာအုပ်ကြီးက ဘာမှမဖြစ်ဘူး လိုက်ခဲ့ကြဆိုပြီး လူငယ်တွေကို ညာခေါ်ပြီး စစ်တပ်ထံ အပ်နှံခဲ့တယ်။ လူငယ်တွေရဲ့ မိဘတွေက စနေနေ့မှ အဖြစ်မှန် သိကြရပြီး စိတ်ပူကြပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။", "အကြမ်းဖက် စစ်တပ်၏ ပြည်သူ့စစ် သင်တန်းကို တက်ရောက်ရန် ကျေးရွာများအတွင်းရှိ ပြည်သူများကို အုပ်ချုပ်ရေးမှူးများက လိုက်လံ ခေါ်ဆောင်သော်လည်း တက်ရောက်မည့်သူ မရှိသောကြောင့် အုပ်ချုပ်ရေးမှူးများက လိမ်လည်၍ သင်တန်းပို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ရွာတွေကို ခေါ်နေတာ တက်သူမရှိလို့ စစ်တပ်က စိတ်ဆိုးသွားတယ်။ နောက်တစ်ခေါက်လာရင် ဒီလိုမလာတော့ဘူးလို့ ခြိမ်းခြောက်သွားတယ်။ သင်တန်းသွားတဲ့ လူငယ်တွေကတော့ ရွာပြန်ရောက်ကြတယ်” ဟု ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။"]
https://yktnews.com/2025/01/198310/
ကျောက်ပန်းတောင်း၊ ဆည်ရွာတွင် စစ်တပ်က အသက် ၄၄ နှစ်အရွယ် ကိုမင်းအောင် ကို ပစ်သတ်၊ ဖြူးနှင့် ညောင်လေးပင်တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ
["ကျောက်ပန်းတောင်း၊ ဆည်ရွာတွင် စစ်တပ်က အသက် ၄၄ နှစ်အရွယ် ကိုမင်းအောင် ကို ပစ်သတ်၊ ဖြူးနှင့် ညောင်လေးပင်တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၅", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ရွာတွင် အကြမ်းဖက် စစ်တပ်က အသက် ၄၄ နှစ်အရွယ် ကိုမင်းအောင် ကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက် စီးနင်းပြီး ကျေးရွာနေ ပြည်သူ အသက် ၄၄ နှစ်အရွယ် ကိုမင်းအောင်ကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“ကျောက်ပန်းတောင်းမြို့နယ် ဆည်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အသက် ၄၄ နှစ် အရွယ် ကိုရင်ကြီး (ခေါ်) ကိုမင်းအောင်ကို စစ်ခွေးတွေက ပစ်သတ်လို့ သေဆုံးသွားတယ်။ ကိုရင်ကြီးက ခရမ်းချဥ်ခင်း အသွားကြည့်ပြီး ပြန်အလာမှာ စစ်ခွေးတွေနဲ့ တွေ့ပြီး ပစ်သတ်ခံရတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ထန်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မျက်နီကွင်းရွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေစဉ်၌ အကြမ်းဖက် စစ်တပ်၏ ခလရ ၇၃ တပ်ရင်း နှင့် ကန်ကလေးမှ စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ထန်းကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၂၅ နှစ်အရွယ်နှင့် အသက် ၅၂ နှစ်အရွယ် ဒေါ် ရင်းကူမာရီတို့ လက်နက်ကြီး ကျည်စ ထိမှန်၍ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကလေးငယ် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် မိုင်းထောင်ထားမှုကြောင့် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။", "လယ်ဒိုမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်၌ တကော်ဒဲကျေးရွာနှင့် ဃဲဒဲကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဃဲဒဲကျေးရွာတွင်နေထိုင်သည့် စောသွဲဂေဟဲ၏ နေအိမ် ၁ လုံး နှင့် တကော်ဒဲ ကျေးရွာတွင် နေထိုင်သည့် စောဘရော်၏ နေအိမ် ၁ လုံးတို့ ထိခိုက်ပျက်ဆီး ခဲ့ရကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ကျောက်တံခါးတွင် နေထိုင်သည့် ဦးစီနန်ရာအင်သည် ဘုရားဇီးကုန်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေနှစ်ဖက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "ဆောထိမြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ တပ်ရင်းက ဒရုန်းဖြင့် အောပဝါး ကျေးရွာအတွင်းကို ဗုံးသီး ၂ လုံး ကျဲချခဲ့ပြီး ကျေးရွာ အတွင်းနေထိုင်သည့် အသက် ၆၂ နှစ်အရွယ် စောဘလယ် နှင့် အသက် ၅၅ နှစ်အရွယ် နန်းမီဖူး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "မူးမြို့နယ်တွင်လည်း ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖြတ်တွင် အခြေစိုက်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကြက်တက်ညောင်ပင် ကျေးရွာ အတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ၎င်းကျေးရာတွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ဒေါ်စုဝင်းနှင့် အသက် ၄၅ နှစ်အရွယ် ဦးမိုးနိုင်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/100561/
ကျောက်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF က တိုက်ခိုက်မှု ရဲမိသားစုဝင် ၂ ဦးသေဆုံးပြီး စခန်းမှူး ရဲအုပ်မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင်တို့ ပျောက်ဆုံးနေဟု ပြည်ထဲရေး ဝန်ကြီးဌာနပြော
["ကျောက်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF က တိုက်ခိုက်မှု ရဲမိသားစုဝင် ၂ ဦးသေဆုံးပြီး စခန်းမှူး ရဲအုပ်မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင်တို့ ပျောက်ဆုံးနေဟု ပြည်ထဲရေး ဝန်ကြီးဌာနပြော", "ရန်ကုန်၊ မေ ၂", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များက ယနေ့ ဝင်ရောက် တိုက်ခိုက်ရာရဲမိသားစုဝင် ၂ ဦးသေဆုံးပြီး စခန်းမှူးနှင့် တပ်ကြပ်ကြီးတို့ ပျောက်ဆုံးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနဘက်က ပြောဆိုသည်။", "မေလ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်နယ်မြေရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ င့် ရဲတပ်ကြပ် ဝင်းမြင့်၏ဇနီး မဥမ္မာဝင်း နှင့်သားဖြစ်သူ မောင်ဝေထူးတို့မှာ အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီး ရဲဝင်းမှာ သေနတ်ဒဏ်ရာများရရှိ၍ ကျောက်ပန်းတောင်း မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ စခန်းမှူး ရဲအုပ် မျိုးလွင်နှင့် ရဲတပ်ကြပ်ကြီး အောင်အောင် တို့ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။", "ရဲစခန်းအတွင်းရှိ အဆောက်အဦးများနှင့် မော်တော်ယာဉ်များလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ၊ PDF တပ်များက ဝင်ရောက်တိုက်ခိုက်ချိန်တွင် ပွေးကျစ်နယ်မြေရဲစခန်းတွင် အင်အား ၁၃ ဦးရှိသည့်အနက် ၈ ဦးမှာ ကျောက်ပန်းတောင်း မြို့နယ်တရားရုံးချိန်းသို့ သွားရောက်နေပြီး စခန်းတွင်အင်အား ၅ ဦးသာ ရှိနေသည့်အချိန်ဖြစ်ကြောင်း၊ PDF တပ်များက လက်ပစ်ဗုံး၊ သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး နယ်မြေ ရဲစခန်းအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။", "တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကူလွှတ်ရန် အတွက် အထိုင်တပ်ရင်းများဖြစ်သော အမှတ် ၆၀၉ ဒုံးတပ်ရင်း၊ အမှတ် ၂၁ တပ်မတော် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်စက်ရုံနှင့် မြို့နယ် ရဲတပ်ဖွဲ့က စစ်ကူ သွားရောက်ခဲ့​ကြောင်း၊ PDF တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားချိန်မှ စစ်ကူများ ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။"]
https://yktnews.com/2023/05/100680/
ကျောက်ပန်းတောင်း၊ ပွေးကျစ်ရဲစခန်းကို PDF က ဝင်ရောက် တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရမိ ၊ မိုးကုတ်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံး
["ကျောက်ပန်းတောင်း၊ ပွေးကျစ်ရဲစခန်းကို PDF က ဝင်ရောက် တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၈ လက် သိမ်းဆည်းရမိ ၊ မိုးကုတ်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၆ ဦးသေဆုံး", "ရန်ကုန်၊ မေ ၃", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲဝင်များ ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "မေလ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ မြင်းခြံခရိုင်၊ တပ်ရင်း ၃ နှင့်ပူးပေါင်းအဖွဲ့များက ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ ပြန်လည် ပစ်ခတ်နိုင်ခြင်းမရှိဘဲ ရဲ ၂ ဦး သေဆုံးကာ ရဲတပ်ကြပ်ကြီး ၁ ဦး ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။", "ပွေးကျစ်ရဲစခန်းတွင် ရဲ ၁၃ ဦးခန့်သာ ရှိပြီး ၈ ဦးသည် တရားရုံး သွားရောက်နေချိန် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်း အတွင်းရှိ ရန်သူ့မိသားစုဝင် အမျိုးသမီးနှင့် ကလေးများကို လွှတ်ပေးခဲ့ကြောင်းသိရသည်။", "ယင်း ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များက မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်နက်တိုက်ဖွင့်ကာ G-4 ၁ လက်၊ G-3 ၂ လက်၊ အူစီ ၁ လက်၊ ခြောက်လုံးပူး ၄ လက်၊ လက်ပစ်ဗုံး ၈ လုံး၊ ရုံးသုံး Laptop ၁ လုံး၊ ကျင်စက် ၂ ခု၊ လက်ထိတ် ၁ ခုနှင့် ကျည် ၉၃၅ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "အဆိုပါ ပွေးကျစ်ရဲစခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနှင့် Burmese Guerrilla Force တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။", "အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၆ ဦးသေဆုံးခဲ့ကြောင်း မိုးမိတ်ခရိုင် (K-PDF) တပ်ဖွဲ့ထံမှ သိရသည်။", "ဧပြီလ ၂၅ ရက်နေ့ နံနက် ၄ နာရီ ၃၅ မိနစ်အချိန်တွင် အဆိုပါ ရဲစခန်းအား ကချင်လွတ်မြောက်ရေး တပ်မ တော် (K.I.A.)အမှတ် (၃၄)တပ်ရင်းနှင့် မိုးမိတ်ခရိုင်(K-PDF)တပ်ရင်း ပူးပေါင်းပြီး ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့်အကြာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲ ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရှိခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း မိုးမိတ်ခရိုင်KPDFတပ်ရင်းက ပြောဆိုထားသည်။", "ဓာတ်ပုံ- ကျောက်ပန်းတောင်း၊ ပွေးကျစ်ရဲစခန်းမှ ရရှိသည့်လက်နက်ခဲယမ်းများ။"]
https://yktnews.com/2024/09/181558/
ကျောက်ပန်းတောင်း၊ မြင်းခြံကုန်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ
["ကျောက်ပန်းတောင်း၊ မြင်းခြံကုန်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၂", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းရွာကို စစ်တပ်က လေ ကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်မှု မိသားစုဝင် ၄ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မိသားစုဝင် ၆ ဦး နေထိုင်သည့် နေအိမ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ပြင်းထန် ဒဏ်ရာရရှိသူ ၂ ဦးကို အခုတော့ ကြိုးစားကုနေပါတယ်။ အခြေ အနေ ကတော့ ၅၀၊ ၅၀ ပဲရှိတယ်။ စစ်ခွေးတွေကို ပြောချင်တာက စစ်ကို စစ်နဲ့တူအောင် တိုက်ပါလို့ အပြစ်မဲ့ ပြည်သူတွေကို လေယဉ်နဲ့ မရမ်းကားပါနဲ့လို့ပဲ ပြောချင်တယ်” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ ပြင်းထန် ဒဏ်ရာရသူ ၂ ဦးကို ကျောက်ပန်းတောင်းမြို့နယ်နှင့် တောင်သာမြို့နယ်ကာကွယ်ရေးအဖွဲ့မှ ဆေးကုသမှု ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန်ကို ကာကွယ်နိုင်ရန် အိမ်တိုင်း ဗုံးခိုကျင်းများ တူးထားကြရန် လေးစားစွာ တိုက် တွန်းလိုကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2025/03/206772/
ကျောက်ဖြူကို စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံဗုံးကျဲမှု နေအိမ်များ မီးလောင်ပြာကျ
["ကျောက်ဖြူကို စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံဗုံးကျဲမှု နေအိမ်များ မီးလောင်ပြာကျ", "ရန်ကုန် မတ် ၈", "ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက မတ်လ ၇ ရက် နေ့လယ်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကြတ္တိန်ရွာမှ နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပြာကျသွားကြောင်း သိရသည်။", "မတ်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနှင့် သစ်ပုတ်တောင်တိုက်နယ်က ကြတ္တိန်ကျေးရွာကို လေကြောင်းဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။", "ဒေသခံတစ်ဦးက “ဟိုတနေ့ကလည်း ဦးကင်းရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တယ်။ မနေ့ကလည်း ထပ်ပြီး ကြတ္တိန်ရွာကို ဗုံးကြဲတိုက်ခိုက်တယ်။ တော်ပါသေးတယ်။ အရပ်သားတွေ စောစောစီးစီး နေရာရွှေ့ပြောင်းထားလို့။ ဒါပေမယ့် ဖုန်းဆက်လိုင်း အဆက်အသွယ်မရသေးတော့ လူထိခိုက်မှုရှိလားမရှိဘူးလားတော့ မသိရသေးဘူး” ဟု ပြောသည်။", "မတ်လ ၆ ရက်နေ့ မွန်းတည့်နှင့် ညနေပိုင်းတွင် ဦးကင်းကျေးရွာကို စစ်ကောင်စီသည် လေကြောင်းကနေ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၁၇၀ ကျော် မီးလောင်ပြာကျသွားသည်။", "“လူတွေတော့ အထိအခိုက်မရှိဘူး။ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကစပြီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားကြတာ။ နေ့လယ်နဲ့ ညနေပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ တစ်ရွာလုံး မီးလောင်ပျက်စီးသွားပါတယ်။ တိုက်ပွဲတွေ မရှိဘူးလို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။", "စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်က ဦးကင်းနှင့် ကြတ္တိန်ကျေးရွာက နေအိမ် စုစုပေါင်း ၂၀၀ ကျော် မီးလောင်ပြာကျသွားခဲ့ရခြင်းဖြစ်သည်။", "ယင်းအပြင် မတ်လ ၆ ရက်နေ့က စစ်တွေမြို့နယ် ဝါကျေးရွာကိုလည်း စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် ၃၅ ဆောင်မီးလောင် ပျက်စီးသွားခဲ့ရသည်။", "စစ်တွေနှင့် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့မှာ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီက အရပ်သားနေအိမ်များကို ဦးတည်ပစ်မှတ်ထား လေကြောင်းဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။", "ဓာတ်ပုံ – ၂၀၂၅ မတ်လ ၇ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက် ဖြူမြို့နယ် ကြတ္တိန်ကျေးရွာက နေအိမ်များ မီးလောင်ပျာပြားသည့်မြင်ကွင်းများဖြစ်သည်။ (Photo – APM)", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/12/137658/
ကျောက်ဖြူတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ အရေးပေါ် ကျန်းမာရေးမကောင်းသည့် ကျောင်းသား ၂ ဦး ဆေးကုသခွင့်မရဘဲ သေဆုံး
["ကျောက်ဖြူတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ အရေးပေါ် ကျန်းမာရေးမကောင်းသည့် ကျောင်းသား ၂ ဦး ဆေးကုသခွင့်မရဘဲ သေဆုံး", "ရန်ကုန်| ဒီဇင်ဘာ ၂၈", "ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်းက ကျောင်းသား ၂ ဦးမှာ အရေးပေါ် ဆေးရုံးသို့ သွားရာလမ်းတွင် စစ်ကောင်စီတပ်က သွားခွင့်မပေးသည့်အတွက်ကြောင့် သေဆုံးခဲ့ကြောင်း မိသားစုဝင်များနှင့် ဒေသခံများက ပြောသည်။", "ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၁၀ တန်း ကျောင်းသားမှာ ကျောက်ဖြူ ပြည်သူ့ဆေးရုံးသို့ ဆေးကုသရန် ဆေးရုံသို့ အရေးပေါ် သွားရာကနေ စစ်ကောင်စီတပ်က သွားခွင့်မပေး၍ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။", "“ရွာမှာ ရွှေသဘာဝဓာတ်ငွေ့က ဆေးခန်းလေးတစ်ခုဖွင့်ထားတာရှိတယ်။ အဲ့ဆေးခန်းမှာက ဝေဒနာပြင်းရင်ကုမရဘူး။ အခုသေသွားတဲ့ ကလေးကို ဒီလ ၂၅ ရက်နေ့က ကျောက်ဖြူဆေးရုံကိုသွားလို့ ရတယ်ဆိုလို့ သွားတာပါ။ ဒါပေမယ့် စစ်ကောင်စီရဲ့ ကျောက်တလုံးဂိတ်က ဖြတ်ခွင့်မပေးဘူး။ ကလေးက အရမ်းအခြေအနေဆိုးတော့ နောက် ၂၆ ရက်နေ့သွားပြန်တော့လည်း သွားခွင့်မပေးပြန်ဘူး။ ၂၇ ရက်နေ့ မနက်ပိုင်းလောက်မှာ ဆေးခန်းကဆရာဝန်လက်မှတ်လေးနဲ့ ထပ်မံပြီးတော့ သွားတော့ ဖြတ်ခွင့်ပေးလိုက်တယ်။ ဒါပေမယ့် ဆေးရုံရောက်တော့ ဆေးကုသလို့ မမီလိုက်တော့ပါဘူး။ ဒါကြောင့် သေသွားရပါတယ်” ဟုပြောသည်။", "အဆိုပါ ၁၀ တန်းကျောင်းသားမှာ ကျောက်ဖြူမြို့ ဂုံးချွိန်အုပ်စု အင်းကြီးနားကျေးရွာမှ ဦးခိုင်သာထွန်း၏ သားဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဝမ်းသွားသည့် ဝေဒနာအပြင်းအထန်ဖြစ်နေခဲ့ကာ ကျောက်ဖြူ ဆေးရုံသို့ အချိန်မီသွားခွင့်မရခဲ့ရာမှ သေဆုံးသွားရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။", "ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျောက်ဖြူမြို့နယ် အုန်းတောအုပ်စုမှ အသက် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးမှာလည်း ဆေးရုံသို့သွားခွင့်မရ၍ အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။", "“ကုန်ခဲ့တဲ့ တစ်ပတ်လောက်ကပဲ။ ကလေးက သစ်ပင်ပေါ်တက် ဆော့ ကစားရာကနေပြုတ်ကျတာ။ အတွင်းဒဏ်ရာရသွားတယ်။ အဲ့မှာ ဆေးရုံသွားတော့ စစ်ကောင်စီတပ်က ဂိတ်ဖြတ်ခွင့်မရဘူးလေ။ အဲ့ဒါနဲ့ပဲသေသွားရတယ်” ဟုပြောသည်။", "ကျောက်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စုများကို စစ်ကောင်စီတပ်မှ မြို့ပေါ်သို့သွားလာခွင့်အား ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ကန့်သတ်ခဲ့ပြီး ထုတ်ပြန်ထားချက်အရ လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကန့်သတ်ပိတ်ဆို့ထားခြင်းဖြစ်သည်။", "ရခိုင်ပြည်အတွင်း တက်ကြွလှုပ်ရှားနေသူတစ်ဦးက “တိုက်ပွဲ ဖြစ်လာရင် စစ်ကောင်စီက ဒီလိုပဲ ပြည်သူတွေကို ရက်စက်မှုတွေ လုပ်လာတယ်။ ပြည်သူတွေကို ဓါးစားခံအဖြစ် အသုံးချလာတာတွေ့ရတယ်။ ပြည်သူတွေကို ထိတ်လန့် ကြောက်လန့်လာအောင် လုပ်လာတယ်။ အရင်စစ်ပွဲတွေကလည်း လုပ်ခဲ့တာပဲ။ နောက်ထပ်လည်း လုပ်ဦးမှာပဲ။ ကိုယ်တို့က ပြင်ဆင်ထားဖို့ပဲလိုတယ်။ ဒီ", "ကောင်တွေက လူစိတ်တွေ ရှိတာမဟုတ်ဘူး။ ဒါကို နားလည်ဖို့လိုတယ်” ဟုပြောသည်။", "စစ်ကောင်စီမှ ရေလမ်းကုန်းလမ်း ၂ ခုလုံးပိတ်ဆို့ခံထားရသည့် ကျောက်ဖြူမြို့နယ်မှ ကျေးရွာများမှာ ရိက္ခာပြတ်လပ်၍ အငတ်ဘေးဖြင့် ကြုံတွေ့နေကြရပြီး ဆေးဝါးများလည်းပြတ်လပ်ကာ လက်ရှိဆေးကုသခွင့်မရ၍ သေဆုံးသူများလည်း ရှိလာနေ", "ခြင်း ဖြစ်သည်။", "ပိတ်ဆို့ခံထားရမှု ၁ လကျော်အကြာရှိလာသည့် ရခိုင်ဒေသမှ နှစ်ဖက်တိုက်ပွဲများလည်း ဆက်လက်ပြင်းထန် နေကြဆဲဖြစ်ပြီး ဒေသတွင်း ရိက္ခာနှင့် ဆေးဝါးပြတ်လာမှုကို အဓိကကြုံတွေ့နေကြရပြီ မြို့နယ်အများအပြား ဒေသခံများသည်လည်း တိုက်ပွဲဖြစ်ပွားနေရာမှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။"]
https://yktnews.com/2025/01/198579/
ကျောက်ဖြူမြို့တွင် AA ဝင်တိုက်တော့မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ပြီး အစစ်အဆေး ကြမ်းနေ
["ကျောက်ဖြူမြို့တွင် AA ဝင်တိုက်တော့မည်ဆိုသော သတင်းများကြောင့် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ပြီး အစစ်အဆေး ကြမ်းနေ", "ရန်ကုန်| ဇန်နဝါရီ ၇", "ရခိုင်ပြည်အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သိမ်းပြီးနောက် ကျောက်ဖြူမြို့ကို ဇန်နဝါရီလအတွင်း အာရက္ခတပ်တော် AA က ဝင်တိုက်တော့မည်ဆိုသော သတင်းများကြောင့် ကျောက်ဖြူမြို့အတွင်း စစ်ကောင်စီက ယခင်ထက် ပိုတင်းကျပ်စွာ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။", "ကျောက်ဖြူလေဆိပ်၊ မြို့အဝင် ကျောက်တစ်လုံးဂိတ်နှင့် ဂျပန်မဆိပ်ကမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခင်ထက် စစ်ဆေးရေးတင်ကြပ်ပြီး ငွေတောင်းယူခြင်းများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။", "ကျောက်ဖြူမြို့ကတစ်ဆင့် ရခိုင်မြောက်ပိုင်းဘက်သို့ သွားရောက်ရန် ထိုင်းနှင့် မလေးရှားပြန် လူကြီးလူငယ်အများအပြား ရန်ကုန်မြို့တွင် စောင့်ဆိုင်းနေကြသည်။", "“အခု ရက်ပိုင်း ကျောက်ဖြူမြို့က အစစ်အဆေး ကြမ်းနေတော့ ခဏဆိုင်းထားပါတယ်။ နည်းနည်းငြိမ်မှ သွားမလို့ပါ။ စောင့်နေတာတော့ လဝက်လောက်တော့ ရှိပြီ။ မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ဆိုပြီး လူငယ်တွေဆို ပိုစစ်ဆေးတယ်လို့ မြို့ခံတွေဘက်က ပြောပါတယ်။ အသိတွေကလည်း မလာနဲ့အုံးလို့ တားနေကြပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "ထိုင်းနှင့် မလေးရှားတွင် အလုပ်လုပ်ပြီး ရခိုင်ပြည်သို့ ပြန်ရန် ရန်ကုန်မြို့တွင် စောင့်ဆိုင်းနေသူ အသက် ၂၅ နှစ်ကနေ ၅၀ အတွင်း လူပေါင်း ဒါဇင်နှင့်ချီ ရှိကြောင်း အဆိုပါ လူငယ်က ပြောသည်။", "ရခိုင်မြောက်ပိုင်းဘက်က ကျန်းမာရေးမကောင်းသူများနှင့် အရေးတကြီးလိုအပ်သည့် ဆေးဝါးများ ဝယ်ယူရန် ဒေသခံပြည်သူများမှာ ကျောက်ဖြူမြို့ကတစ်ဆင့် ရန်ကုန်မြို့သို့ သွားရောက်ကြသည်။", "ထိုသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မှတ်ပုံအား ရက်ရှည်သိမ်းပြီး စစ်ဆေးခြင်းနှင့် အချို့သော စက်လှေများအား ဆိပ်ကမ်းသို့ ကပ်ခွင့်မပြု၍ ပင်လယ်၌ ညအိပ်နေရသည့် စက်လှေများလည်းရှိကြောင်း ကျောက်ဖြူမြို့မှတစ်ဆင့် ရန်ကုန်မြို့ရောက်လာသည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။", "“စက်လှေတွေ အကုန်လုံးက ကျောက်ဖြူဂျပန်မဆိပ်ကမ်းမှာ ဆိပ်ကပ်ရတယ်။ စက်လှေမှာပါလာတဲ့သူတွေအကုန်လုံးကို ကျား/မ၊ ကလေးမကျန် အကုန်စစ်ဆေးတယ်။ အဝတ်ထုတ်တွေဆို တစ်ခုမကျန် မွှေတာ။ မှတ်ပုံတင်ကို ရက်ရှည်သိမ်းထားပြီး စစ်ဆေးတယ်။ သူတို့ဆီက မှတ်ပုံတင်ရမှ လေယာဉ်လက်မှတ် ဖြတ်လို့ရတယ်။ တချို့ဆို တစ်လကျော်နေပြီ မှတ်ပုံမတင်ရလို့ မသွားရသေးဘူး။ တချို့စက်လှေတွေဆိုလည်း စကားပြောတာ အဆင်မပြေလို့လား မသိဘူး။ ကမ်းကိုတောင် ကပ်ခွင့်မရဘူး။ ဒီအတိုင်း ပင်လယ်ထဲမှာ မျောပြီး ကမ်းကပ်ခွင့်ရဖို့ စောင့်နေတာ တစ်ပတ်လောက်ရှိနေပြီ။ ဒီအတိုင်း ပင်လယ်ထဲမှာ စားသောက်နေနေရတယ်” ဟု ၎င်းက ပြောသည်။", "ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက် နေ့လယ် ၁ နာရီက ကယ်ရီပြေးဆွဲနေသည့် ရမ်းဗြဲဒေသခံ ကိုစိုင်းဝေဖြိုးကို မြို့အဝင်ကျောက်တစ်လုံးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သိရသည်။", "ကိုစိုင်းဝေဖြိုးသည် ဆေးခန်းပြမည့် တောင်ကုတ်ဒေသခံ ၄ ဦးကို ကားတစ်စီးဖြင့် တင်ဆောင်လာပြီး ကျောက်ဖြူမြို့ထဲသို့ လာရောက်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းအား ဖမ်းထားပြီး ခရီးသည်များကို ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များနှင့်နီးစပ်သူများက ပြောသည်။", "အသက် ၃၂ နှစ်ရှိသော ကိုစိုင်းဝေဖြိုးသည် ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးကျေးရွာဒေသခံဖြစ်ပြီး ၎င်းကို ကျောက်ဖြူမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၄၃ တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်းလည်း စုံစမ်းသိရသည်။", "အာရက္ခတပ်တော် AA သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မောင်တောမြို့၊ တောင်ကုတ်မြို့၊ အမ်းမြို့နှင့် ဂွမြို့တို့ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်မှာ သိမ်းပိုက်ရန် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် သုံးမြို့သာ ကျန်ရှိတော့သည်။", "ထိုအထဲက ကျောက်ဖြူမြို့ကို အာရက္ခတပ်တော် AA က ဦးစွာသိမ်းပိုက်မည်ဟု သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အဝင်အထွက်များကို ပိုမိုတင်းကျပ် စစ်ဆေးသလို စစ်အင်အားကိုလည်း ရေတပ်ကတစ်ဆင့် ပိုမိုဖြည့်တင်းလျှက်ရှိကြောင်း သိရသည်။", "ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကျောက်ဖြူမြို့ရှိ အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် ကျောက်ဖြူမြို့ထဲရှိ ပြည်သူများမှာ တိုက်ပွဲဖြစ်နေကြပြီလားဟု ထိလန့်မှုများ ဖြစ်ပေါ်ခဲ့ကြသည်။", "(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2023/10/125791/
ကျောက်ဖြူမြို့နယ်တွင် စစ်တပ်က စစ်ဆေးရေး တင်းကျပ်နေပြီး နေအိမ်များ အဝိုင်းခံရကာ စစ်ဆေးမှုများ လုပ်ဆောင်
["ကျောက်ဖြူမြို့နယ်တွင် စစ်တပ်က စစ်ဆေးရေး တင်းကျပ်နေပြီး နေအိမ်များ အဝိုင်းခံရကာ စစ်ဆေးမှုများ လုပ်ဆောင်", "ရန်ကုန်၊ အောက်တိုဘာ ၉", "ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဆေးရေး တင်းကျပ်နေပြီး နေအိမ်များ အဝိုင်းခံရကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသတွင်း လုပ်ဆောင်နေကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်က ယင်းသို့ စစ်ဆေးရေး ပြုလုပ်ခြင်းသည် မြို့တွင်း လှည့်လည် ပြုလုပ်ခြင်း အပြင် နယ်ဘက်များတွင်လည်း ပြုလုပ်လာပြီး အောက်တိုဘာလ ၈ ရက်နေ့ ညပိုင်းကလည်း အင်းအား ၆၀ ခန့်ဖြင့် စစ်ဆေးရေးတင်းကျပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "“သူတို့သွားလာလှုပ်ရှားတာတွေကမကြာမကြာတော့ရှိပါတယ်။ မနေ့ကတော့ အင်အားနည်းနည်းများတယ်။ ပြီးတော့ စစ်တာဆေးတာတွေရှိတယ်။ စစ်ကား ၂ စီးနဲ့ အနောက်က ရဲတွေ၊ မော်တော်ပီကေတွေပါတယ်။ အင်အားခန့်မှန်းခြေ ၆၀ လောက်ရှိမယ်။ ကင်းလှည့်ကြတယ်။ နောက် အထက ၂ ကျောင်းနားမှာ ရပ်ပြီး စစ်ဆေးရေးလုပ်ကြတာတွေ့တယ် ” ဟုပြောသည်။", "ကျောက်ဖြူမြို့ပေါ်ရှိ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုမှာ ည အချိန်တွင် လှုပ်ရှားမှုများပြီး ကင်းလှည့်ခြင်း၊ လမ်းသွားလမ်းလာတို့အား စစ်ဆေးခြင်းအပြင် နေအိမ်များကိုပါ ဝင်ရောက် စစ်ဆေးခြင်းတို့ မကြာခဏပြုလုပ်ကြောင်း သိရသည်။", "“များသောအားဖြင့် ညအချိန်လှုပ်ရှားကြတာတွေ့ရတယ်။ မြို့ပေါ်ရပ်ကွက်အချို့က နေအိမ်တွေ အဝိုင်းခံရတာတွေလည်းရှိတယ်။ အိမ်တွေကို ဝင်စစ်တာမျိုးပေါ့။ အဓိကကတော့ အရာရှိရပ်ကွက်ရယ် ပြီးတော့ မြို့အစွန်ကျတဲ့နေရာတွေနဲ့ ကလာဘာ ရပ်ကွက်စတာတွေပါတယ် ” ဟုပြောသည်။", "အလားတူ ကျောက်ဖြူမြို့၏ မြို့အဝင်ထွက်နေရာတစ်ခုဖြစ်သည့် စစ်ကောင်စီတပ် ဂိတ်ချထားရာ ကျောက်တစ်လုံး ဂိတ်တွင်လည်း ဆိုင်ကယ်ဆင်းတွန်းရခြင်းနှင့် အစစ်ဆေးတို့ ဆက်ရှိနေဆဲဖြစ်ပြီး စစ်ဆေးမှုများမှာလည်း ယခင်ကထက် တင်းကျပ်လာကြောင်း သိရသည်။", "ထို့ပြင် မြောက်ဦးတွင်လည်း ယခုလပိုင်းအတွင်း စစ်ကောင်စီဘက်က မြို့အဝင်ဝတွင် မြို့တွင်းသို့ဝင်လာသည့် ယဥ်ကြီး၊ ယဥ်ငယ်တို့အား ရပ်တန့်ခိုင်းကာ မေးမြန်းစစ်ဆေးမှုတို့ မကြာခဏပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။", "စစ်ကောင်စီအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးတို့လုပ်ဆောင်ရာတွင် သာမာန်ပြည်သူများကို မထိခိုက်အောင် လုပ်ဆောင်ရန်လိုအပ်ပြီး ယခုကာလမျိုးတွင် ULA ခေါင်းစဥ်တပ်ပြီး ရှာဖွေဖမ်းဆီးခြင်းတို့ကိုမလုပ်သင့်ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြု ပြောဆိုသည်။", "“လုံခြုံရေးယူတာတွေကပုံမှန်လိုတွေ့ရတယ်။ စစ်ဆေးရေးတွေလုပ်တာ ULA/AA က သူတို့ရဲ့ အာဏာစက်ကိုလွှမ်းမိုးလာဖို့ ကြောက်တာကြောင့်လည်းပါတယ်။ ဒါကြောင့် အကြောင်းအမျိုးမျိုးပြပြီး စစ်ဆေးတာတွေ လုပ်တယ်လို့မြင်တယ်။ အဲ့လိုလုပ်တဲ့နေရာမှာတော့ ပြည်သူလူထုကိုမထိခိုက်ဖို့တော့လိုမယ်။ သာမန် ပြည်သူတွေ မလိုအပ်ပဲ အစစ်ဆေးခံ၊ အဖမ်းဆီးခံရတယ်ဆိုရင် ပြည်သူတွေထိခိုက်မယ်။ ပြီးတော့ နေအိမ်တွေကိုရှာဖွေတာ၊ ULA နဲ့ပတ်သက်ပြီးဖမ်းဆီးတာတွေလည်း ခုလိုချိန်မှာ မလုပ်သင့်ဘူး။ ဒီလိုလုပ်တာဟာ တစ်ဖက်နဲ့တစ်ဖက် တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေကိုပျက်သွားနိုင်တယ်” ဟုပြောသည်။", "ကျောက်ဖြူမြို့နယ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တကျော့ပြန်တိုက်ပွဲပြင်းထန်စဉ်က စစ်ကောင်စီထံ ဖမ်းဆီးခံရသူ အရေအတွက်အများဆုံးမြို့နယ်ထဲတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူများ ထဲတွင် တက်ကြွလှုပ်ရှားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းတို့လည်း ပါဝင်ကာ ထိုအထဲမှ လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၂၀ ကျော်ခန့်ကျန်နေသေးကြောင်း သိရသည်။", "လက်ရှိ အပစ်ရပ်ကာလတွင်လည်း ကျောက်ဖြူမှ တက်ကြွလှုပ်ရှားသူအချို့နှင့် စီးပွားရေးလုပ်ငန်းရှင် အချို့မှာ စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကို ဆက်လက်ခံနေရပြီး မြို့ပေါ်မှ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း သိရှိရသည်။", "ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ရပ်ထားကြ သော်လည်း အကြမ်းဖက် စစ်တပ်ဘက်မှ မြို့နယ်အနှံ့နှင့် ဂိတ်အလိုက်လုံခြုံရေး တင်းကျပ်ထားမှုတို့ကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။", "(Western News-WNသည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)"]
https://yktnews.com/2024/02/147807/
ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ မွတ်စလင် အမျိုး သား ၁၀၇ ဦးကို စစ်တပ်က ဖမ်းဆီး
["ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ကယ်ဆယ်ရေးစခန်းမှ မွတ်စလင် အမျိုး သား ၁၀၇ ဦးကို စစ်တပ်က ဖမ်းဆီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇", "ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဘုရားအနီးရှိ ကျောက်တလုံး ကယ်ဆယ် ရီးစခန်း (IDP) မှ မူဆလင် အမျိုးသား ၁၀၇ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။", "ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကျောက်ဖြူမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၂ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၅၀ ခန့်သည် ကျောက်တလုံး ကယ်ဆယ်ရီးစခန်းကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျောက်တလုံး ကယ်ဆယ်ရေးစခန်း၌ လုံခြုံရေး ယူထားသော အမှတ် ၃၂ ရဲတပ်ရင်းမှ ရဲအင်အား ၂၀ ခန့်နှင့် ပူးပေါင်းပြီး စခန်းအတွင်းရှိ အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အကြား မူဆလင် အမျိုးသား ၁၀၇ ဦးကို အဓမ္မ ဖမ်းဆီးကာ ကယ်ဆယ်ရေး စခန်းရှိ ရိက္ခာဂိုဒေါင်ထဲတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။", "အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ကျောက်ဖြူမြို့မှ ပြည်သူ ၁၃ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။"]
https://yktnews.com/2025/01/200980/
ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကျဲခဲ့၍ CDM သူနာပြုဆရာမကြီး အပါအဝင် ၃ ဦး ကျဆုံးပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရမှု စစ်ရာဇဝတ်မှုမြောက်ဟု NUG ​ ထုတ်ပြန်၊ TNLA ကလည်း ပြင်းထန်စွာရှုတ်ချ
["ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကျဲခဲ့၍ CDM သူနာပြုဆရာမကြီး အပါအဝင် ၃ ဦး ကျဆုံးပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရမှု စစ်ရာဇဝတ်မှုမြောက်ဟု NUG ​ ထုတ်ပြန်၊ TNLAကလည်း ပြင်းထန်စွာရှုတ်ချ", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကျဲခဲ့၍ CDM သူနာပြုဆရာမကြီး အပါအဝင် ၃ ဦး ကျဆုံးပြီး ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရမှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG က​ ထုတ်ပြန်သည်။", "ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်း အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး CDM သူနာပြုဆရာမကြီး ၁ ဦး၊ CDM ရုံးဝန်ထမ်း ၁ ဦး၊ ပြည်သူ ၁ ဦး ကျဆုံးခဲ့ရကြောင်း၊ ဆေးရုံဝန်ထမ်းများ၊ CDM ဝန်ထမ်းများ၊ လူနာများအပါအဝင် ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကျောက်မဲပြည်သူ့ဆေးရုံတစ်ခုလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေနှင့် လျစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူရန် NUG က တောင်းဆိုထားသည်။", "ကျောက်မဲမြို့ကို သိမ်းပိုက်ထားသော TNLA ကလည်း ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ စစ်ရာဇ ဝတ်မှု ကျူးလွန်နေခြင်းဖြစ်ပြီး အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း သတင်းထုတ်ပြန်သည်။", "ထို့ပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းကလည်း ဘားအံမြို့နယ် ဟတလက်ကျေးနယ်အုပ်စု ဖလံတောင်ဆေးရုံကို လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ဆေးရုံထိခိုက်ပျက်စီးခဲ့ကာ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ အသက်ဘေးကင်းလွတ်ခဲ့ရကြောင်း NUG အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။", "ထိုသို့ အကြမ်းဖက်စစ်တပ်၏ ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား တိုက်ခိုက်မှုများသည် ဂျနီဗာကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ NUG အစိုးရအနေနှင့် သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေဂဝန်ထမ်းများနှင့် ပြည်သူများ၏ တရားမျှတမှုအတွက် အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲ ဆောင်ရွက်သူများအပါအဝင် ထောက်ခံအားပေးသူများလည်း မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ရန် NUG အစိုးရက တိုက်တွန်းသည်။"]
https://yktnews.com/2025/01/200921/
ကျောက်မဲ ပြည်သူ့ဆေးရုံပေါ်သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲချမှု ဆေးကုသပေးနေသော CDM ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရ ၊ ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီး
["ကျောက်မဲ ပြည်သူ့ဆေးရုံပေါ်သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲချမှု ဆေးကုသပေးနေသော CDM ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရ ၊ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီး", "ရန်ကုန်၊ ဇန်နဝါရီ ၂၅", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံပေါ်သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲချမှု ဆေးကုသပေးနေသော CDM ဆရာမ ၁ ဦးနှင့် လူနာ ၁ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ် ပြန် သည်။", "ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန် နှင့် မွန်းလွဲ ၁ နာရီ ၂၉ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက် မဲမြို့အတွင်း ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံး ၄ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲချတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမ ၁ ဦး၊လူနာ ၁ ဦးသေဆုံးပြီး ကျန်မားရေးဝန်ထမ်း၊ CDM ဝန်ထမ်းများအပါအဝင် အရပ်သား ပြည်သူ ၂၀ဉီး ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် ကျောက်မဲပြည်သူ့ဆေးရုံလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "ကျောက်မဲပြည်သူ့ဆေးရုံမှာ ကုတင် ၁၅၀ ခုဆံ့ ဆေးရုံဖြစ်ပြီး ကျောက်မဲမြိုကို PSLF/TNLA ထိန်းချုပ်ပြီးနောက်ပိုင်း ကျောက် မဲပြည်သူ့ဆေးရုံတွင် ကျန်းမာရေး ဝန်ဆောင်မှုပေးကာ ဆေးကုသပေးနေကြောင်း၊ ယခု စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်မဲပြည်သူ့ဆေးရုံတစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၂၂ ရက်လည်း နောင်ချိုမြိုတွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၉ ဦးသေဆုံးပြီး (၃)ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ်အ‌ဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ဉီးတည် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က သတိပေးထားသည်။"]
https://yktnews.com/2023/11/130963/
ကျောက်မဲ-သီပေါလမ်းရှိ ကျင်သီတံတား တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်
["ကျောက်မဲ-သီပေါလမ်းရှိ ကျင်သီတံတား တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၁၂", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ-သီပေါလမ်းရှိ ကျင်သီတံတား တပ်စခန်းကို TNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း TNLA က ပြောသည်။", "ယနေ့နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် အဆိုပါ တံတားတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "ကျောက်မဲနဲ့ သီပေါအကြား ကျင်သီတံတားပျက်စီးနေတယ်။ သီပေါဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ပဲ။ ကျောက်မဲမြို့မှာလည်း ပစ်ခတ်သံတွေ ဆူညံနေတယ်။", "ကျင်သီတံတားကို အခုမနက်ပိုင်း မြောက်ပိုင်းမဟာမိတ် အဖွဲ့က သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီ သိမ်းပိုက်ခံရတဲ့ နေရာကို စကစက လက်နက်ကြီး နဲ့ အခုအချိန်အထိ အဆက် မပြတ် ပစ်ခတ်နေတယ်။", "ကျောက်မဲ မြို့၊ အမြောက်တပ် ၅၀၂ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လက်ရှိတွင် သီပေါ ကျောက်မဲလမ်း၊ ဘော်ကြို သကြားစက်နားမှစတင်၍ လမ်းပိတ်ထားကြောင်း၊ ကျောက်မဲ သီပေါသွားမရတော့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/01/139748/
ကျောက်မဲတွင် စစ်ကောင်စီက အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက် ပြီး TNLA တပ်စွဲနေရာကို ဝင်ရောက်တိုက်ခိုက်၊ ပြည်သူများဘေးဖြစ်မည်စိုး၍ စခန်းကို ယာယီနောက်ဆုတ်ပေးလိုက်
["ကျောက်မဲတွင် စစ်ကောင်စီက အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက် ပြီး TNLA တပ်စွဲနေရာကို ဝင်ရောက်တိုက်ခိုက်၊ ပြည်သူများဘေးဖြစ်မည်စိုး၍ စခန်းကို ယာယီနောက်ဆုတ်ပေးလိုက်", "နောင်ချိုတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူတစ်ဦး ထိမှန်ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး TNLA တပ်စွဲနေရာကို ဝင်ရောက် တိုက် ခိုက် လာသဖြင့် ပြည်သူများဘေးဖြစ်မည်စိုး၍ စခန်းကို ယာယီနောက် ဆုတ်ပေးလိုက်ကြောင်း TNLA က တရားဝင်သတင်းထုတ်ပြန်သည်။", "ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်အချိန် ကျောက်မဲမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ကျောက်မဲမြို စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်း မှ အင်အားအလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော် PSLF/TNLA က အခြေချတပ်စွဲထားသော ငြိမ်ချမ်းရေးကုန်းကို ပြည်သူများ စစ်ဘေး ဒဏ် သင့်မည် စိုးရိမ်းသောကြောင့်နှင့် ဆုံးရှုးမှုများမည်စိုးသောကြောင့် ယာယီ နောက် ဆုတ် ပေးလိုက်ရကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဇန်နဝါရီလ ၁၁ ရက်နေ့ ပူပူနွေးနွေး ထိုးထား ခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ပေါ်ပေါ်တင် တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်ကြောင်း TNLA က ပြောဆိုသည်။", "ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာသို့ လက်နက်ကြီးဖြင့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိး မြို့နယ် တို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ရှမ်းပြည် နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ လယ်ကြီးတောကျေးရွာကို စစ်ကောင်စီ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် လယ်ကြီးတောကျေးရွာသား တစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသော အမျိုးသားကို ဆေးရုံတင်ပို့ထားကြောင်း သိရှိရသည်။", "“နောင်ချိုမှာရှိတဲ့ စစ်ကောင်စီ ခမရ ၁၁၅ က လက်နက်ကြီးနဲ့ လှမ်းပစ်တာပါ။ နေ့လယ် ၁၂ နာရီကပေါ့။ ရွာသားတစ်ဦးအမျိုးသား ဦးခေါင်းဒဏ်ရာရပါတယ်။ အခုထက်ထိ လက်နက်ကြီးတွေနဲ့ပစ်နေတယ်။ ဒဏ်ရအမျိုးသားလူနာဏအား ဆေးရုံပို့ဆောင်ထားပါတယ်။ အပစ်အခတ်ရပ်တယ်ပြောပြီး စစ်တပ်က ပစ်ခ တ်နေတာပါ” ဟု နောင်ချိုဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အကြား ဇန်နဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး အပစ်ရပ်ရေး သဘောတူညီခဲ့ပြီး စစ်ကောင်စီက ညီနောင် ၃ ဖွဲ့ သိမ်းပိုက်ရရှိထားသော စခန်းနှင့် မြို့များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း မပြုလုပ်ရန်၊ အပြန်အလှန်အားဖြင့် ညီနောင် မဟာမိတ် ၃ ဖွဲ့လည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ မလုပ်ဆောင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #စစ်ကောင်စီ"]
https://yktnews.com/2024/11/191471/
ကျောက်မဲတွင် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးကို TNLA က ဖမ်းဆီးပြီး အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးဟုဆို
["ကျောက်မဲတွင် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးကို TNLA က ဖမ်းဆီးပြီး အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးဟုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးကို TNLA ဖမ်းဆီးပြီး ရောင်းဝယ်သူများကို ဥပဒေဖြင့် အရေးယူကာ သုံးစွဲသူ ၃၂၀ ဦးကို အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ယခုနှစ် ဩဂုတ်လအတွင်း TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါး သုံးစွဲ ၃၂၀ ဦးကို ကျောက်မဲမြိုနယ်ရှိ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန)မှ မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေးခဲ့ကြောင်း သိရှိရသည်။", "ကျောက်မဲမြိုနယ်တွင် စစ်ကောင်စီတပ်ထိန်းချုပ်စဥ်က ၎င်းတို၏ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့ကြောင်း၊ ထို့နောက် ကျောက်မဲမြိုအပါအဝင် တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းပိုက်အုပ်ချုပ်ခဲ့သည့် နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများအား လိုက်လံဖမ်းဆီးခဲ့ကာ ၃၂၀ ဦးအထိ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းတွင်ပိုဆောင်ကာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည်။", "လက်ရှိ ကျောက်မဲတွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်လာပြီး TNLA က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးအတွက် လုပ်ငန်းစဉ် ၅ ရပ်ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/170801/
ကျောက်မဲတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ
["ကျောက်မဲတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ", "ရန်ကုန်၊ ဇူလိုင် ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ယမန်နေ့ ညပိုင်း ဗုံးကျဲမှုကြောင့် One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီတပ်က ကျောက်မဲမြို့ပေါ်ကို ဗုံးကျဲချသဖြင့် ပင်လုံလမ်း‌ One luck Hotel ပျက်စီးသွားပြီး လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားကြောင်း၊ စစ်ကောင်စီက ကျောက်မဲမြို့ထဲသို့ လေယာဉ်များဖြင့် ဗုံးများ ဆက်တိုက် ကျဲချခဲ့ကြောင်း သိရှိရသည်။", "“ကျောက်မဲမှာ မနေ့ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မအလတပ်က လေယာဉ်နဲ့ ဗုံးကျဲလို့ ပင်လုံလမ်း‌က One luck Hotel ပျက်စီးသွားတယ်။ မြို့ထဲမှာလည်း ဗုံးတွေကျရောက်ပေါက်ကွဲလို့ ပြည်သူတွေ ထိခိုက်မှုတွေရှိနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "လတ်တလော ကျောက်မဲတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တို့ကို TNLA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/133363/
ကျောက်မဲနှင့် ကိုးကန့်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းပိုက်၊ ခမရ ၄၂၀ တပ်ရင်းမှ စစ်သား ၁ ဦးကို အရှင်ဖမ်းမိပြီး ခလရ ၇၉ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး သေဆုံး
["ကျောက်မဲနှင့် ကိုးကန့်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းပိုက်၊ ခမရ ၄၂၀ တပ်ရင်းမှ စစ်သား ၁ ဦးကို အရှင်ဖမ်းမိပြီး ခလရ ၇၉ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၇", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေး The KoKang က ထုတ်ပြန်ထားသည်။", "နိုဝင်ဘာလ ၂၆ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် တုန်းရှမ်းဒေသ မှတ်တိုင် ၁၂၇ ဓာတ်အားပေး စက်ရုံ၌ အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ကို MNDAA မှ လေကြောင်းပစ်ကူမှုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၁၇ မိနစ်ခန့်အကြာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၇ ရက် ည ၇ နာရီ ၃၁ မိနစ်တွင် ကျောက်မဲမြို့နယ်နှင့် လားရှို့းမြို့နယ်ကြားရှိ ခုတန် စေတီကုန်း High Point ၌ အခြေချနေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို MNDAA အင်အားတစ်စုနှင့် TNLA တပ်မဟာ ၂ တို့ပူးတွဲပြီး ခြေလျင်နှင့် ဒရုန်း ပူးပေါင်းစစ်ဆင်ရေး လုပ် ဆောင်ခဲ့ရာ ည ၈ နာရီ ၁ မိနစ်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "နိုဝင်ဘာလ ၂၆ ရက်နေ့က မုံးကိုးခရိုင် ၊ မိုင်းပေါ်ဒေသ ၊ နန်တောက်အုပ်စု ၊ လုံခမ်းတိုက်ပွဲတွင် စစ် ကောင်စီ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၇၉ ၏ တပ်ရင်းမှူး တစ်ဦးကို ပစ်သတ်ချေမှုန်းနိုင်ခဲ့ပြီး ရုပ်အလောင်းကို ယင်းနေ့ နံနက်ပိုင်းတွင် မူဆယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၀ တပ်သားတစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးရရှိခဲ့ပြီး MNDAA တပ်ဖွဲ့မှ ဆေးဝါးကုသပေးထားကြောင်း သိရသည်။", "၂၆ ရက်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မူပန်(သိန္နီ)ခရိုင် ၊ မူပန်‌ဒေသ ၊ ဟိုပင်အုပ်စု ၊ မိုင်းတင်ရော် ဘာ ကုန်းနှင့် လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို MNDAA မှ ဒရုန်းဖြင့် ၇ ကြိမ် တိုင်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းကြီး၊ ငယ်စုစုပေါင်း ၁၇၈ ခုကို သိမ်းပိုက်ရရှိ ထားကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/177019/
ကျောက်မဲနှင့် နောင်ချို မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ
["ကျောက်မဲနှင့် နောင်ချို မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ", "ရန်ကုန်၊ ဩဂုတ် ၂", "ရှမ်းပြည်နယ်၊ ကျောက်မဲနှင့် နောင်ချို မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ခိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန် တပ်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တပ် စခန်းကုန်းကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာနှင့် ပတ္တမြား စေတီအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၇ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အလားတူ နောင်ချိုမြို့နယ် သဲခေါ်ရွာကိုလည်း ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်အင်အား ဖြည့်တင်းလာသော အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ၁ ကြိမ် လာရောက် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ကျောက်မဲမြို့နယ် ခမရ ၅၀၁ နှင့် ၅၀၂ တပ်စခန်းအနီးကို အကြမ်းဖက် စစ်တပ်က Y12 ဖြင့် လက်နက်ခဲယမ်းများ ၂ ကြိမ်နှင့် ဗုံး ၃၅ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/175288/
ကျောက်မဲနှင့် မိုးကုတ် တို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်သား အလောင်း ၇၀ နှင့် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိ၊ စစ်သုံ့ပန်း ၄၉ ဦး အရှင်မိ
["ကျောက်မဲနှင့် မိုးကုတ် တို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်သား အလောင်း ၇၀ နှင့် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိ၊ စစ်သုံ့ပန်း ၄၉ ဦး အရှင်မိ", "ရန်ကုန်၊ ဇူလိုင် ၂၃", "ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား အလောင်း ၇၀ နှင့် လက်နက် ၉၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ဇူလိုင်လ ၂၀ ရက်နေ့ မှ ၂၂ နေ့အတွင်း ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၁ လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ မှ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နမ့်ဆီလင်းဘုန်းကြီးကျောင်းနှင့် အေးရှားဝေါတိုးဂိတ်တို့ကို တအာင်းတပ်မတော် TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲများက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား အလောင်း ၅၄ လောင်းနှင့် စစ်သုံ့ပန်း ၃၀ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက် MA1 ၂၆ လက်၊ MA3 ၁၆ လက်၊ MA4 ၄ လက်၊ MA11 ၁၂ လက်၊ MA2 ၁၀ လက် ၊ ငကျည်းမီး ၁ လက်၊ 45MM ၂ လက် 120MM ၁ လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း ၈၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အလားတူ မိုးကုတ်မြို့နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တအာင်းတပ်မတော် TNLA ၊ PDF (ပကဖ) ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း၊ မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နှင့် PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ (၇၁/၈၈) တို့ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁ လက်၊ စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ မစိုးရိမ်ကျောင်းတိုက်တွင်လည်း စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁၆ လက်၊ RPG ၁ လက်၊ ၆၀မမ ၁ လက်နှင့် စစ်သား အလောင်း ၁၆ လောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/176001/
ကျောက်မဲနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု သေနတ် ၄ လက် သိမ်းဆည်းရရှိ
["ကျောက်မဲနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု သေနတ် ၄ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇူလိုင် ၂၇", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စကခ ၁ ၊ ခမရ ၅၀၁ နှင့် ၅၀၂ တွင် တပ်စွဲထားသည့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ထို့ပြင် မိုးမိတ်မြို့၊ ညောင်ပင်ဆောက်၊ ဒိုးပင်နှင့် မိုးမိတ်ဗျူဟာကုန်း စသည့်နေရာများတွင်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။", "အလားတူ ယနေ့ နံနက် ၆ နာရီခန့်တွင် မိုးမိတ်မြို့ ဒိုးပင်နှင့် ညောင်ပင်ဆောက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၂၇၆ တပ်စခန်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ညောင်ပင်ဆောက်၌ ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ ၂၁ လက်အောက်ခံ ခလရ ၂၂၃ နှင် မိုးမိတ် ဗျူကာကုန်းရှိ စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈ တို့နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "မိုးကုတ်မြို့ အတွင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားအချို့ကိုလည်း TNLA က လိုက်လံ တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/08/181217/
ကျောက်မဲနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး
["ကျောက်မဲနှင့် သထုံရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး", "ရန်ကုန်၊ ဩဂုတ် ၃၀", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ယမန်နေ့ ည ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့နယ်၊ ရပ်ကွက် ၁ ရှိ ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးအနီးတွင် လာရောက် ဗုံးကျဲချခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲချမှုကြောင့် ရပ်ကွက် ၁ ရှိ ဒေသအခေါ် ပင်ပေါလေးနှင့် အုတ်ကျင်းအတွင်းရှိ ဒေသပြည်သူ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရသည်။", "အလားတူ သြဂုတ်လ ၂၇ ရက်နေ့ ညပိုင်း ၁၁ နာရီခွဲခန့်တွင်လည်း ကျောက်မဲမြို့ အမှတ် ၉ ရပ်ကွက်အမှတ် ၂ ရှိ အခြေခံပညာအထက်တန်းကျောင်းအတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး လာရောက် ကျဲချမှုကြောင့် ထိုရပ်ကွက်ရှိ ဒေသ အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့ကြကြောင်းသိရှိရသည်။", "အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ နေထိုင်ရာကို ဦးတည်ပြီး လေကြောင်းဖြင့် လိုက်လံ ဗုံးကျဲချမှုကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူ အများအပြား ရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက် ပျက်စီး မှုလည်း အများအပြားရှိနေပြီး စစ်ရာဇဝတ်မှုအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း TNLA ကပြောဆိုသည်။", "အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၆ လုံး လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။", "သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၂ မိနစ်မှ ၁ နာရီ ၃၅ မိနစ်ခန့်တွင် သထုံမြို့နယ် အတွင်း အကြမ်းဖက်စစ်တပ် အမတ-၃၁၄ နှင့် ခလရ-၈ တပ်ရင်း စခန်းတို့က လက်နက်ကြီး ၉လုံး ပစ်ခတ်ခဲ့ရာ ဒေါင်းရွာ၌ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး ဒေါင်းရွာနေ အသက် ၄၂ နှစ်အရွယ် ဦးသန်းလွင်နှင့် အသက် ၁၄ နှစ်အရွယ် မောင်သန်းမြင့် နှစ်တို့ ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ ရရှိခဲ့ကာ ဦးတင်ညွှန့် ပိုင်သော နွား ၁ ကောင်လည်း ထိမှန်ဒဏ်ရာရခဲ့ပြီး ဒေါ်မဌေး၊ ဦးသန်းဝင်း၊ ဦးမြင့်ဦး၊ ဦးချစ်သိန်း တို့၏ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ရကြကြောင်းသိရှိရသည်။", "တောင်ကလေးရွာအတွင်း၌လည်း လက်နက်ကြီး ၁လုံး ကျရောက်ပေါက်ကွဲပြီး တောင်ကလေးရွာနေ အသက် ၅နှစ် အရွယ် စောဝင်းကိုကို လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ညိမ်းနှင့် ဒေါ်ထားမူတို့၏ နေ အိမ်၂လုံး ထိခိုက်ပျက်စီးခဲ့ကြကြောင်းသိရှိရသည်။", "ထို့နောက် အကြမ်းဖက် စစ်တပ် အမတ-၄၀၂ တပ်ရင်းစခန်းမှ ညနေ ၄ နာရီခန့်တွင် လက်နက်ကြီး ၂ လုံး၊ ည ၉ နာရီ ၂၁ မိနစ်ခန့်တွင် လက်နက်ကြီး ၄လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်းKNU ဗဟိုကပြောဆိုသည်။"]
https://yktnews.com/2023/12/135024/
ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်း ရဲ ၃ ဦးနှင့်စစ်သား ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်တပ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထား
["ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်း ရဲ ၃ ဦးနှင့်စစ်သား ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်တပ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထား", "ရန်ကုန်၊ ဒီဇင်ဘာ ၈", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့်မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA က ထပ်မံသိမ်းပိုက်ပြီး စစ်သုံ့ပန်း ရဲ ၃ ဦးနှင့်စစ်သား ၂ ဦးကို လက်နက်များနှင့်အတူ ဖမ်းမိ၊ စစ်တပ်စခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထားကြောင်း TNLA က ပြောဆိုထုတ်ပြန်ထားသည်။", "ကျောက်မဲမြိုနယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA ၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း စစ်သုံးပန့် ၂ ဦး၊ ရဲ ၃ ဦး၊ ၆၀နှင့် ၈၀ မမ လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီ၏ လက်နက် ( ၁၀ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အလားတူ မန်တုံမြိုနယ် စစ်ကောင်စီ ခိုမုန်း(မန်နား)တပ်စခန်းကို ဒီဇင်ဘာ ၇ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယခုတပ်စခန်း ၂ ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း TNLA က တရားဝင်ကြေညာသည်။"]
https://yktnews.com/2024/12/193968/
ကျောက်မဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရ ၊ TNLA က ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု ကြေညာပြီး ၅ ရက်အကြာ စစ်တပ်က ပြည်သူများနေထိုင်ရာ ရပ်ကွက်ကို ဗုံးကျဲ
["ကျောက်မဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရ ၊ TNLA က ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိဟု ကြေညာပြီး ၅ ရက်အကြာ စစ်တပ်ကပြည်သူများနေထိုင်ရာ ရပ်ကွက်ကို ဗုံးကျဲ", "ရန်ကုန်၊ ဒီဇင်ဘာ ၁", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒေသပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၂၀ ဉီး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၉ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ဗုံးကျဲချခဲ့ခြင်ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ​ ကျောက်မဲမြို့နယ်၊ အင်ကြင်းတောင် ရပ်ကွက်မှ ဒေသပြည်သူ ၁၀ ဉီးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဆေးရုံသို အရေးပေါ်ပိုဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းများအား လိုက်လံရှာဖွေရှင်းလင်းနေကြောင်း သိရှိရသည်။", "“ဗုံးကျဲတဲ့နေရာ ရပ်ကွက်ကြီးပါ။ လူနေများပြားတဲ့ ရပ်ကွက်ပါ။ စစ်ရေးနဲ့ပတ်သက်တာ ဘာမှ မရှိပါဘူး။ ညနေအချိန်ဆိုတော့ လူတွေက အိမ်ထဲမှာ နားနားနေနေရှိနေကြတဲ့အချိန် ဗုံးကျဲချသွားတာပါ” ဟု ကျောက်မဲမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "နိုဝင်ဘာလ ၂၅ ရက်နေ့ PSLF/TNLA က စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း တရားဝင်ထုတ်ပြန်ပြီးနောက် ၅ ရက်အကြာတွင် စစ်ကောင်စီက ကျောက်မဲမြို့ကို လာရောက်ဗုံးကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အကြမ်းဖက်စစ်ကောင်စီက နောင်ချိုမြို့တွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူများရှိရာသို့ ဉီးတည်တိုက်ခိုက်မှုကြောင့် ဒေသ ပြည်သူ ၁၈သေဆုံးပြီး ၃၄ ဉီး ဒဏ်ရာရရှိကာ နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/01/201185/
ကျောက်မဲမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
["ကျောက်မဲမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ", "ရန်ကုန်၊ ဇန်နဝါရီ ၂၇", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ကျောက်မဲမြို့ ညစျေးတန်နှင့် ခရိုင်ရုံးကို ထပ်မံလာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ် ၅ လုံးထက်မနည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ကျောက်မဲပြည်သူ့ဆေးရုံကို အကြမ်းဖက် စစ်ကောင်စီက လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး CDM ဆရာမ ၂ ဦးနှင့် လူနာ ၁ ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများနှင့် လူနာ အရပ်သားပြည်သူ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က အသိပေး ပြောဆိုထားသည်။"]
https://yktnews.com/2025/05/213556/
ကျောက်မဲမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်
["ကျောက်မဲမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်", "ရန်ကုန်၊ မေ ၅", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။", "ယနေ့ မေလ ၅ ရက်နနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်နှင့် ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကျောက်မဲမြို့ကို ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မရှိသော်လည်း နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မတ်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၂ဝ မိနစ်ခန့်ကလည်း နောင်ချိုမြို့ ရပ်ကွက် ၇ ကိုလည်း ၁ လုံး၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် သုံးဆယ်ကျေးရွာကို ၁ လုံး လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြိုနယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကျဲချခြင်း စသည့် လုပ်ရပ်များ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။", "ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က တိုက်တွန်း ပြောဆိုထားသည်။"]
https://yktnews.com/2024/06/170492/
ကျောက်မဲမြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက် နက်ကြီး ပစ်ခတ်ခြင်းအပါအဝင် တိုက်ပွဲများအကြား ပြည်သူ ၁၆ ဦးသေဆုံး
["ကျောက်မဲမြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက် နက်ကြီး ပစ်ခတ်ခြင်းအပါအဝင် တိုက်ပွဲများအကြား ပြည်သူ ၁၆ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် အပြန်အလှန် ပစ်ခတ်ခြင်းတို့ကြောင့် ကျည်ထိမှန် သေဆုံးသွားသော ပြည်သူ ၁၆ ၏ အလောင်းများကို ကောက်ယူသဂြိုလ်ရကြောင်း နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့တွင် ကျောက်မဲမြို့ပေါ်၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး၊ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများအတွင်း ထိမှန်သေဆုံးသွားသော ပြည်သူ ရုပ်အလောင်း ၁၆ လောင်းကို နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲ အသင်းခွဲမှ သွားရောက်ကောက်ယူကာ အေးချမ်းသာ သုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ ကြောင်း သိရသည်။", "“ပြည်သူတွေပါပဲ၊ အိမ်တွေထဲမှာပဲ ဆုံးတာများတယ်၊ လက်နက်ကြီးထိတာ၊ ပစ်ကြ ခတ်ကြဆိုတော့ ကျနော်တို့လည်း အပြင်မထွက်ရဲဘူး၊ လေယာဉ်နဲ့လည်း ဗုံးကျဲနေတာကလည်းရှိတယ်၊ တစ်နေကုန်ပဲ၊ တိုက်ပွဲကတော့ အပြင်းထန်ဆုံးလို့တောင် ပြောလို့ရတယ်။ အလုပ်လုပ် ရတာက အချိန်နဲ့လုပ်ရတာဆိုတော့ နာမည်တွေဘာတွေမမေးနိုင်ဘူး။ တစ်ခါတည်းသွား၊ တစ်ခါ တည်းပြေး၊ တစ်ခါတည်းချ၊ ပစ်ခတ်သံ၊ ဗုံးကျဲသံကြားရင် ပြန်ငြိမ်နေ၊ အသံမကြားမှ နည်းနည်းလေး ပြန်ထွက်အဲလိုလုပ်နေရတာ။ အဲလိုမျိုးပဲ လုပ်နိုင်မှ အဆင်မပြေမှာ၊ ဒီအတိုင်းထားရင်လည်း ဒီအနံ့ ကြီးက အရမ်းဆိုးသွားမှာ။ မနေ့ ညနေ ၅ နာရီမှာလည်း မိသားစုလိုက် ၅ ဦးနဲ့ အမှတ် ၆ ရပ်ကွက်ထဲမှာ တစ်လောင်းစုစုပေါင်း မနေ့က ၁၆ လောင်း သဂြိုလ်ရတယ် ” ဟု နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇွန်လ ၂၈ ရက် ညနေ ၅ နာရီခန့်ကလည်း ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုတ်ကျင်းနယ် မြေ ၅ တွင် နေအိမ်ခြံဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်များအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအကြားတွင် ကျည်ထိမှန်သေဆုံးရခြင်းဖြစ်ကြောင်း သိရှိရသည်။", "ဇွန်လ ၂၇ ရက်နေ့တွင် ကျောက်မဲမြို့တွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA ပူး ပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ အတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်း ၂၃ လောင်းကို နမ့်ခုံးရှမ်းများ ပရဟိတ အသင်း ကျောက်မဲ အသင်းခွဲနှင့် နာရေးကူညီမှုအသင်း – ကျောက်မဲ အဖွဲ့သားများက ကောက်ယူကာ အေးချမ်းသာ သုသာန်သို့ ပို့ ဆောင်ကာ သင်္ဂြိုလ်ပေးခဲ့သေးသည်။", "“ဇွန်လ ၂၇ ရက်နေ့ ကောက်ယူခဲ့တဲ့အလောင်းတွေကတော့ စစ်သားရော၊ ပြည်သူရော အစုံပါမယ်ထင်တယ်။ တိုက်ပွဲဖြစ်တာဆိုတော့ တဖက်နဲ့တဖက်က ပစ်ခတ်တာတွေရှိတော့ ပါတယ်လို့တော့ ယူဆလို့ရ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလောင်းတွေကလည်း ပုပ်ပွနေတာရယ်၊ လမ်းမတွေပေါ်မှာရယ်၊ ချုံထဲသေတာတွေရယ်များတာကိုး၊” ဟု နမ့်ခုံရှမ်းများ ပရဟိတ အသင်း ကျောက်မဲအသင်းခွဲမှ ဦးစိုင်းကူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။"]
https://yktnews.com/2024/08/177357/
ကျောက်မဲမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်
["ကျောက်မဲမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဩဂုတ် ၅", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ယနေ့ဩဂုတ်လ ၅ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်ခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လက်ကျန်တပ်စခန်းဖြစ်သော စကခ-၁ ၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းတို့ကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းကုန်း အနီးတဝိုက်ကိုလည်း အကြမ်းဖက် စစ်တပ်က Y12 ဖြင့် ဗုံး ၉၆ လုံး၊ ပတ္တမြားစေတီအနီးတဝိုက်ကို Y12 ဖြင့် ဗုံး ၂ လုံး နှင့် Jet Fighter ဖြင့် ၄ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ကွတ်ခိုင်မြို့အတွင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ Jet Fighter ဖြင့် ဗုံး ၇ လုံး ပြည်သူများကို ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "အလားတူ အကြမ်းဖက် စစ်တပ်က နောင်ချိုမြို့နယ် ကန်ကြီးရွာကိုလည်း Jet Fighter ဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/172646/
ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁၆ ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် နေအိမ်ဖောက်ထွင်းသူများကို TNLA က ဖမ်းဆီး
["ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၁၆ ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် နေအိမ်ဖောက်ထွင်းသူများကို TNLA က ဖမ်းဆီး", "ရန်ကုန်၊ ဇူလိုင် ၁၁", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်တပ်ထံ သတင်းပေးနေသူ ၁၆ ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများနှင့် နေအိမ်ဖောက်ထွင်းသူများကို ဖမ်းဆီးရမိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ကျောက်မဲမြို့တွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေး အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲနေသူ၊ တရားမဝင် လက်နက်ကိုင်ဆောင်သူ၊ မူးယစ်ရမ်းကားသူနှင့် နေအိမ်ဖောက်ထွင်းသူ တရားခံ ၁၈၀ ဦးကို PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "ဖမ်းဆီးရမိသူများထဲတွင် မူးယစ်ဆေးဝါးသုံးစွဲနေသ အမျိုးသား ၁၄၆ ဦး၊ အမျိုးသမီး ၁၁ ဦးနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် အကြမ်းဖက် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့အတွင်း တရားဥပဒေစိုးမိုးမှု ပျက်ပြားစေရန်နှင့် စစ်တပ်ကို သတင်းပေးရန် စစ်ကောင်စီမှ ပြန်လွှတ်ပေးခဲ့သည့် ယခင်က မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ထောင်ကျခဲ့ဖူးသူများဖြစ်ကြောင်း သိရှိရသည်။", "TNLA သည် ကျောက်မဲမြို့အနီးထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်လုပ်ဆောင်လာမှုကြောင့် ထိုဒေသရှိ မူးယစ်ဆေးဝါး သုံးစွဲနေသူများ အနေ​ဖြင့် စစ်ကောင်စီ ထိန်းချုပ်သည့် ကျောက်မဲမြို့တွင်းကို ထွက်ပြေးခိုအောင်းခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုကို အခွင့်ကောင်းယူကာ နေအိမ်များ ပိတ်ထားပြီး စစ်ဘေးရှောင်နေသည့် ​ပြည်သူလူထုများ၏ နေအိမ်များကို ဖောက်ထွင်းခြင်း၊ တန်ဖိုးရှိ ပစ္စည်းများ ခိုးယူနေသူ ၂ ဦးနှင့် စစ်ကောင်စီ အမှတ်အသားပါ လက်နက်ငယ်ကိုင်ဆောင်သူ ၁ ဦး၊ မြို့အတွင်း မူးယစ်ရမ်းကားသူ ၂ ဦးတို့ကိုလည်း တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က လိုက်လံ ကင်းလှည့်နေချိန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "အလားတူ တိုက်ပွဲအတွင်း PSLF/TNLA နှင့် ပူးပေါင်းတပ်တို့၏ သွားလာလှုပ်ရှားမှုများကို စစ်ကောင်စီတပ်အား သတင်းပေးသူ ၁၆ဦးတို့ကိုလည်း ဖမ်းဆီးရမိထားခဲ့ကြောင်း၊ ၎င်းတို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေး ဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။"]
https://yktnews.com/2023/11/131268/
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲမှုကြောင့် နေအိမ်များ ထိခိုက် ပျက်စီး
["ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲမှုကြောင့် နေအိမ်များ ထိခိုက် ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၁၄", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း တံတားအနီးရှိ နောင်ပိန်ကျေးရွာအနီး တဝိုက် ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီး ခဲ့ကြောင်း ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၄၂ မိနစ်ခန့်အချိန် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း တံတားအနီး၊ နောင်ပိန် ကျေးရွာ၊ ပင်တိမ်လမ်းခွဲ၊ သက္ကယ်ဘုန်းကြီး ကျောင်းအနောက်ဖက် တစ်ဖာလုံခန့် (မန္တလေး-လားရှိုး လမ်း မကြီး ဘေးဖက်၂ ဖာလုံခန့်) နေရာ၌ ဗုံးသီးတစ်လုံး၊ ၎င်းနေရာအနီးပတ်ဝန်းကျင်နေရာ၌ ဒုတိယ ဗုံးသီး တစ်လုံး စုစုပေါင်း ဗုံးသီး ၂ လုံးကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုပြင်းအားကြောင့် နောင်ပိန် ကျေးရွာနှင့် ဗုံးပေါက်ကွဲနေရာမှ နေအိမ်မှန်တံခါးများ ကွဲကျပျက်စီးခဲ့ကြောင်း၊ ထို့အပြင် သုံးလေးမိုင် ပတ်လည်အထိ တုန်ခါမှုဖြစ်ပေါ်ကာ ပြည်သူများစွာ ထိန့်လန့်တုန်လှုပ် ခဲ့ရကြောင်း သိရသည်။", "“ပထမ ဗုံးကျဲချတဲ့ အချိန်နဲ့ ဒုတိယတစ်လုံးကျဲချတဲ့ ကြာချိန် ၂ မိနစ်ခန့်လောက်ပဲ ကြာပါတယ်။ ဒုတိ ယ တစ်လုံးကတော့ တည်နေရာ အတိအကျ မသိရသေးပေမယ့် ပထမတစ်လုံးနဲ့ တစ်မိုင်ပတ်လည် လောက်ကျတာ သိရပါတယ်။ ဗုံးပြင်းအားကြောင့် နောင်ပိန် ပတ်လည် တစ်ရွာလုံး နေ အိမ်တော်တော် များများ ဗုံးဆံတွေနဲ့ ဗုံးရှိန်ကြောင့် မှန်တွေကွဲထွက်သွားပါတယ်။ ဗုံးနှစ်လုံး ဖြစ်စဉ် ကတော့ အင်အား ပြင်းလို့ ၃/၄ မိုင်လောက်ထိကို တုန်ခါတာ၊ လူတိုင်းစိုးရိမ်ထိတ်လန့်ခဲ့ရပါ တယ်။” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ အနီးရှိ သက္ကယ်ဘုန်းကြီးကျောင်းသည် စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာ နေရာဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရထားသံလမ်းရှိ သံတုံးများပါ ပေါက်ပြဲ သွားကြောင်း၊ လူထိခိုက်မှုကြားသိရခြင်းမရှိသေးပဲ လက်ရှိတွင် ပြည်ထောင်စုလမ်းမနှင့် ၃ မိုင်ပတ် လည် နေ ပြည်သူ များ ရှောင်ခိုင်းထားသဖြင့် နီးစပ်ရာဘုန်းကြီးကျောင်းများတွင် စစ် ဘေးရှောင်နေကြ ရကြောင်း သိရ သည်။", "“ကျနော့် မိသားစုကတော့ ဒုတိယတစ်လုံးကျတာနဲ့ မိသားစုကို ကားပေါ် အိပ်ယာဆောင်တွေတင်ပြီး လွတ်ရာကို ည ကြီးပြေးခဲ့ရတယ်။ ဒီမနက်စောစော အိမ်ပြန်လာကြည့်တော့ ဗုံးစသံတွေ ၂ မိုင်ပတ်လည် အိမ်တွေ အိမ်တွေထိခိုက်သွားတာ မြင်တွေ့ရပါတယ်။ ဗုံးကျတယ့်နေရာနဲ့ သံလမ်း ကပ်လျက်ဖြစ်တာ ကြောင့် သံလမ်းက သံတွေပါ ပေါက်ပြဲသွားတာကို လည်းတွေ့ရပါတယ်။ လူထိခိုက်မှုတော့ ကြားသိရသ လောက်တော့ မရှိဘူးဗျ၊” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။"]
https://yktnews.com/2023/09/121624/
ကျောက်မဲမြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကားတစ်စီး ချောက်ထဲ ထိုးကျ၊ စစ်တပ်၏ လက်နက် ၄ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရရှိ
["ကျောက်မဲမြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကားတစ်စီး ချောက်ထဲ ထိုးကျ၊ စစ်တပ်၏ လက်နက် ၄ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရရှိ", "ရန်ကုန်၊ စက်တင်ဘာ ၉", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် တအာင်းပလောင် TNLA တပ်များနှင့် စစ်ကောင်စီ တပ်များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကား တစ်စီး ချောက်ထဲထိုးကျကာ စစ်တပ်၏ လက်နက် ၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။", "ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တအာင်း ပြည်နယ် တပ်မဟာ ၂ စစ်ဒေသ၊ ကျောက်မဲမြို့နယ်၊ လဲကြီးနှင့် တောင်နီ အကြား အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော် တို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် အထိ ထပ်မံတိုက်ပွဲပြင်းထန်ခဲ့ကြကြောင်း၊ စစ်ကောင်စီ ထံမှ MA1 ၃ လက်၊ MA2 ၁ လက်နှင့် လက်နက်ခဲယမ်း များသိမ်းဆည်းရ မိခဲ့ပြီး စစ်ကားတစ်စီးလည်း ချောက်အတွင်းထိုးကျပျက်စီးခဲ့ကြောင်း သိရှိရ သည်။", "ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် တအာင်းပြည်နယ် တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့နယ်၊ လဲကြီးနှင့် တောင်နီအကြားတွင်လည်းကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့တွင် တအာင်းပြည်နယ်၊ တပ်မဟာ ၄ စစ်ဒေသ၊ လားရှိုးမြို့နယ် မုန်းလီနှင့် ကောင်းဆာအကြားတွင်လည်းကောင်း စစ်ကောင်စီ တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်များက တအာင်းပြည်နယ်အတွင်း စစ်အင်အားအလုံး အရင်း ဖြည့်တင်းလာခြင်းနှင့် ထိုးစစ်ဆင်မှုနေ့စဉ်ပြုလုပ်လာပြီး တအာင်းတပ်မတော် – TNLA နှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေကြောင်း၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့ အထိ တိုက်ပွဲ စုစုပေါင်း ၃၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/128806/
ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ လ၀ကရုံး၊ တရားရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ ဆိုင်း ဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများ ပိတ်
["ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ လ၀ကရုံး၊ တရားရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ ဆိုင်း ဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများ ပိတ်", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ် ထားသော နောင်ချိုမြို့နှင့် အနီးကပ် ဆုံးတွင် ရှိနေသည့် အတွက် တော် လှန် ရေး တပ်များက လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ထွေ/အုပ်၊ တရား ရုံး၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံး၏ဆိုင်းဘုတ်များအားလုံးကို ဖြုတ်ချလိုက်ပြီး ရုံးတံခါးများပိတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "“နောင်ချိုနဲ့ အနီးကပ်ဆုံးမှာရှိနေတော့ ကျောက်မဲမှာ ဌာနဆိုင်ရာ ရုံးအားလုံး ဆိုင်း ဘုတ်တွေ ဖြုတ်ချလိုက်ကြတယ်။ စစ်ကောင်စီ ရုံးတွေမှန်းမသိအောင် ဖြုတ် ချလိုက်တာ။ ထွေ/အုပ်ရုံး၊ လ၀ကရုံး၊ တရားရုံး၊ ခရိုင်တရားရုံး၊ ဆည် မြောင်းရုံး ၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးရုံး မှာရှိတဲ့ ဆိုင်ပုဒ်တွေ ၊ ဗီနိုင်းတွေ အကုန်ခွာချလိုက်ကြပြီ” ဟု ကျောက်မဲမြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် ကျောက်မဲမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် အလှည့်ကျ အနည်းဆုံး အင်အားသာ ရုံးတက်ပြီး ရုံးတံခါးများအားလုံးကို ပိတ်ထားကြောင်း၊ ကျောက်မဲ ရဲစခန်းတွင်လည်း ၂၄ နာရီ လုံခြုံရေး ချပြီး ရဲစခန်းတံခါးများ ပိတ်ထားကြောင်း၊ ညအချိန် ဌာနဆိုင်ရာ ရုံးများအားလုံးနှင့် ရဲစခန်းတွင် မီးပိတ်ထားကြောင်း သိရှိရ သည်။", "“ရှိသမျှရုံး ဆိုင်းဘုတ်တွေ အကုန်ဖျက်ထားကြတာ။ အသေကြောက်နေကြပြီ။ ကျောက်မဲက Non-CDM သမားတွေ။ ရဲစခန်းကတော့ ရှေ့ပေါက်ပိတ် ထား တာ တွေ့တယ်။ သံဇကားတွေနဲ့ ပတ်ပတ်လည် ကာထားတာ” ဟု ကျောက်မဲ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။"]
https://yktnews.com/2023/08/116424/
ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြား
["ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြား", "ရန်ကုန်၊ သြဂုတ် ၄", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။", "” ဂုတ်တွင်း အတက် ကျောက်မဲဘက်ခြမ်းမှာ စစ်ကား အပစ် ခံရတာ ကားတွေ ပိတ်မိနေပြီး ကားတွေ ပြန်ထွက်လို့ ရလို့ မောင်းတဲ့အချိန်မှာ စစ်သားအလောင်းတွေ လမ်းမပေါ် အပုံလိုက်တွေ့ရတယ်။ ဘယ်နှကောင် သေလဲ အတိအကျတော့ မသိရပါဘူး” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/11/131450/
ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
["ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ", "စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲခြင်း​ကြောင့် ဇီးပင်စခန်းရွာရှိ စားသောက်ဆိုင် ထိခိုက်ပျက်စီး", "ရန်ကုန်၊ နိုဝင်ဘာ ၁၅", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း အနီး၌ တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ယာဥ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ်၊ ဂုတ်တွင်းနှင့် နောင်ပိန် အကြား ဇီးပင်စခန်းကျေးရွာရှိ ဧဒင်ဥယျာဥ် စားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်၏ စကခ ၁ က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လေယာဥ်ဖြင့်ပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် ယနေ့ ​ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီး အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ် လျက်ရှိကြောင်း သိရသည်။", "“ကျောက်မဲမြို့ ပတ်ဝန်းကျင်မှာတော့ ဖြစ်လိုက် နားလိုက်ပဲ ဂုတ်တွင်း နောင်ပြစ်ကျေးရွာလမ်းခွဲမှာတော့ တိုက်ပွဲဖြစ်နေတယ်။ ဒီနေ့ စစ်ခွေးတွေ ဂုတ်တွင်းနဲ့ နောင်ပိန် အကြားက ဇီးပင်စခန်းကျေးရွာမှာရှိတဲ့ ဧဒင်ဥယျာဥ် စားသောက်ဆိုင်ကို ဗုံးကျဲလို့ ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်"]
https://yktnews.com/2023/11/132090/
ကျောက်မဲမြို့နယ်၊ ဇီးပင်စခန်းရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွား
["ကျောက်မဲမြို့နယ်၊ ဇီးပင်စခန်းရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွား", "ရန်ကုန်၊ နိုဝင်ဘာ ၁၉", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဇီးပင်စခန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့နယ်၊ ဇီးပင်စခန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးကာ တန်းဖိုကြီး ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။", "“နေအိမ် ၁၀၀ ကျော်လောက်ရှိတဲ့ ဇီးပင်စခန်းကျေးရွာကို စစ်ခွေးတွေ ဝင်စီးပြီး တစ်ရွာလုံးမှာရှိတဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွားတယ်။ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ အကုန်လုံးကို ဖျက်ဆီးသွားတာ သူတို့ လိုချင်တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ခိုးယူသွားတယ်။ ဖိနပ်တွေ အင်္ကျီတွေလည်း ယူသွားတယ်။ သူတို့ အလိုမရှိတာတွေ အကုန်ဖျက်ဆီးသွားတာ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင် နေအိမ်များရှိ ဆန်များကိုလည်း ချက်ပြုတ် စားသောက်သွားကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူအချို့ ရွာအတွင်း ပြန်လည်ရောက်ရှိနေပြီး ပျက်စီး ဆုံးရှုံးသွားသည့် ပစ္စည်းအရေအတွက်နှင့် တန်ဖိုး ပမာဏကို အတည်မပြုနိုင်သေးကြောင်း သိရသည်။"]
https://yktnews.com/2024/08/179347/
ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲမှု ကိုရင် ၁ ပါး ဒဏ်ရာရ
["ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲမှု ကိုရင် ၁ ပါး ဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၁၇", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဟူးကွက်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုရင် ၁ ပါး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "သြဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ကိုရင် ၁ ပါး ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဆွမ်းစား ကျောင်းဆောင်နှင့် ဇရပ်ကျောင်းဆောင် ၂ ဆောင်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။", "အလားတူ ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့်ကလည်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဦးတည်ပြီး နမ့်ဆန်မြို့ကို လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/170038/
နောင်ချိုမြို့ပေါ်ရှိ ရဲစခန်း၊ မိုးဇလရုံးနှင့် ဌာနဆိုင်ရာရုံးများအားလုံးကို TNLA က သိမ်းပိုက်ပြီး မြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်၊ မြို့ပေါ်မှ စစ်သားများ ထွက်ပြေးသွား​ပြီး မြို့ထဲသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ
["ကျောက်မဲမြို့ပေါ်တွင်လည်း ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးတချို့ကို TNLA က သိမ်းယူ", "ရန်ကုန်၊ ဇွန် ၂၆", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး အပါအဝင် ဌာနဆိုင်ရာ ရုံးများအားလုံးကို TNLA က သိမ်းပိုက်ထားပြီး မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး TNLA အပါအဝင် တော်လှန်ရေးတပ်များက နောင်ချိုမြို့နယ်တွင် စတင် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နောင်ချိုမြိုနယ် ကျောက်ကြမ်းရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံး ၄ ကျဲချခဲ့ကြောင်း၊ နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၅ ၊ ခမရ ၁၁၄ နှင့် နောင်ချိုမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်ရှိ နေရာတချို့ကိုလည်း သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရသည်။", "“နောင်ချိုမြို့ပေါ်မှာ စစ်ခွေးတွေ နေရာချထားတာ ၃ နေရာပဲရှိတယ်။ အဲဒါက ပျူစောထီးရုံးလို့ ခေါ်တဲ့ စစ်မှုထမ်းဟောင်းရုံး၊ မိုးဇလရုံးနဲ့ ရဲစခန်း အဲဒီနေရာ ၃ ခုပဲ စစ်တပ်က အထိုင်ချထားတာ။ အခု အဲဒီရုံး ၃ ခုလုံးမှာ စစ်ခွေးတွေမရှိတော့ဘူး။ အကုန်ထွက်ပြေးကြပြီ။ မြို့ပေါ်ကတော့ TNLA နဲ့ တော်လှန်ရေး တပ်တွေက ထိန်းထားနိုင်ပြီ။ မြို့နယ်ခန်းမနဲ့ မြို့ထဲက ဆိုင်တွေမှာ တော်လှန်ရေးတပ်တွေရှိနေတယ်” ဟု နောင်ချိုမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၅ နာရီမှစတင်ပြီး စစ်ကောင်စီတပ်များက နောင်ချိုမြို့လယ်ခေါင်နှင့် မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး နောင်ချိမြို့နယ်ဆေးရုံဘက်သို့ လက်နက်ကြီးများ တောက်လျှောက် ကျရောက်ပေါက်ကွဲနေကြောင်း သိရှိရသည်။", "“မနေ့ညက တစ်ညလုံး တိုက်ပွဲက ငြိမ်သွားတယ်။ မနက် ၅ နာရီမှ ပြန်ပြီး တိုက်ကြတာ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ မြို့လယ်ခေါင်နဲ့ နောင်ချိုဆေးရုံဘက်ကို ပစ်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။", "နောင်ချိုမြို့နယ် ခမရ ၁၁၄ ၊ ၁၁၅ ၊ တပ်မတော်(ကြည်း) အမှတ် ၆၀၆ ဒုံးတပ် ရင်းတို့ဘက်တွင်လည်း ပစ်ခတ်သံများကြားနေရပြီး ယင်းတပ်ရင်းများကို TNLA က ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "“ခမရ ၁၁၄ နဲ့ ခမရ ၁၁၅ က မန္တလေး ဘက်ကအဝင် နောင်ချိုဆိုင်းဘုတ်နားမှာ။ တပ်မတော်(ကြည်း) ၆၀၆ ဒုံးတပ်ရင်းက ဂုတ်ထိပ်တံတားအဝင်လမ်း၊ နောင်ချိုရပ်စောက်လမ်းပေါ်မှာပါ။ တပ်တွေဘက်မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်” ဟု ဒေသပြည်သူကရှင်းပြသည်။", "လတ်တလော ကျောက်မဲမြို့ပေါ်တွင်လည်း TNLA နှင့်တော်လှန်ရေးတပ်များ ဝင်ရောက်နေရာယူထားပြီး ရဲစခန်းနှင့် ဌာနဆိုင်ရာ ရုံးတချို့ကို သိမ်းပိုက် ထားနိုင်ပြီဖြစ်ကြောင်း၊ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာမည့် အလားအလာရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။", "ဓာတ်ပုံ – တအာင်းအမျိုးသားအလံ အလံလွှင့်ထူနေသော TNLA တပ်ဖွဲ့ဝင် ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/06/170522/
ကျောက်မဲမြို့မှ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ နီးပါး ဘုန်းကြီး ကျောင်းများတွင် စုပေါင်းနေထိုင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်နေ
["ကျောက်မဲမြို့မှ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ နီးပါး ဘုန်းကြီး ကျောင်းများတွင် စုပေါင်းနေထိုင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်နေ", "ရန်ကုန်၊ ဇွန် ၂၉", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ပြည်သူ ၂၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသည့် ဆရာတော် တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ကျောက်မဲမြို့တွင် ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်းအတွင်း အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း တို့လုပ်ဆောင်လျက်ရှိရာ ကျောက်မဲမြို့နှင့်အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများတွင် ပြည်သူ များ စစ်ဘေးရှောင်နေကြရပြီး အရေးပေါ် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရ သည်။", "“အခု လူဦးရေက သုံးရာ လေးရာနီးပါးရှိပြီ။ စားဝတ်နေရေးအခက်အခဲပေါ့၊ စားဖို့နဲ့အိပ်ဖို့နေရာပဲ စီ စဉ် ပေးထားနိုင်တယ်၊ ဆန်တို့ဆီတို့ကတော့ ကျောင်းမှာရှိတာတွေ ထုတ်လှူပေးထားတယ်၊ စစ်ဘေး ရှောင်တွေကတော့ မြို့ထဲကရော ၊အပြင်ကရောပဲရောက်လာကြတာ၊ တိုက်ပွဲတွေကတော့ ဖြစ်နေ တယ်၊ နေ့လည်ပိုင်းလည်းဖြစ်တယ်၊ ညပိုင်းလည်းဖြစ်တယ်၊ မနက်ပိုင်း ၈ နာရီလောက်အထိ တော့ ပစ္စည်းတွေဘာတွေမြို့ထဲကို သွားဝယ်လို့ရတယ်၊ လေယာဉ်နဲ့ကလည်း နေ့လည်ပိုင်းလည်း ဗုံး လာ ကျဲတယ်၊ ညပိုင်းလည်း ဗုံးလာကျဲတာတွေရှိတယ်၊ အဲလိုဆိုတော့ စစ်ဘေးရှောင်နေရသူတွေက များ တယ်” ဟု စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသည့် ဆရာတော် တစ်ပါးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ကျောက်မဲမြို့၊ နားပြိန်ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ နီးပါး၊ ခုံအုံဘုန်းကြီး ကျောင်းတွင် ကိုရင်အပါး ၇၀ ခန့်အပါအဝင် ပြည်သူ ၄၀၀ ကျော်၊ ကျောက်မဲကန်ဘုန်းကြီးကျောင်း တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်၊ ကျောက်မဲမြို့နယ် ချောင်းချောက်ကျောင်းတိုက်၌ စစ်ဘေး ရှောင်ပြည်သူ ၄၀၀ ကျော်နှင့် နီးစပ်ရာဆွေးမျိုးများအိမ်တွင် တိမ်းရှောင်နေရကြသူများလည်းရှိပြီး အရေးပေါ် စောင်၊ ခြင်ထောင်၊ အဝတ်အစား၊ အစားအသောက်တို့ လိုအပ်လျက်ရှိကြောင်း သိရ သည်။"]
https://yktnews.com/2023/11/130558/
ကျောက်မဲမြို့ရှိ စစ်တပ် တပ်ရင်းများက နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းနေ
["ကျောက်မဲမြို့ရှိ စစ်တပ် တပ်ရင်းများက နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းနေ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်ရင်းများက နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်ရင်းများနှင့် အမြောက်တပ်တို့က နောင်ချိုမြို့ဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေပြီး ရဟတ်ယာဥ်ဖြင့် လက်နက် ရိက္ခာများ ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။", "“ကျောက်မဲမြို့မှာ ရှိတဲ့ တပ်ရင်းတွေကို ရဟတ်ယာဥ်နဲ့ လက်နက် ရိက္ခာတွေ လာပို့နေပါတယ်။ နောင်ချိုဘက်ကိုလည်း ကျောက်မဲမြို့က စစ်တပ်ရင်းတွေက လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတယ်။ အမြောက်တပ်၊ ခမရ ၅၀၁ ၊ ၅၀၂ နဲ့ လေတပ်ရှိတယ်။ အားလုံးက ကပ်နေတာဆိုတော့ ဘယ်တပ်က ပစ်နေတာလဲ မသိဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/08/116754/
ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့် ပစ်ခတ်ပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၂ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရ
["ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သေနတ်ဖြင့် ပစ်ခတ်ပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၂ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရ", "ရန်ကုန်၊ သြဂုတ် ၆", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ် သမားများက ဝင်ရောက် ပစ်ခတ်ပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် တွဲလျက် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်တွင် ဌာန ဆိုင်ရာ ဝန်ထမ်းများ လက်ဖက်ရည် သောက်နေစဥ် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ပြီး လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့သောကြောင့် ကျောက်မဲမြို့နယ် စည်ပင်အရာရှိနှင့် နမ္မတူ EPC လျှပ်စစ်မှူးတို့ သေဆုံးကာ ၁၀ ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "” ဒဏ်ရာရတာ အားလုံး ၁၀ ဦးကျော်တယ်။ အားလုံးနီးပါး ဌာနဆိုင်ရာ ဝန်ထမ်းတွေများတယ်။ အဲ့ လက်ဖက်ရည်ဆိုင်က မြို့လည်ခေါင် မြို့တော်ခန်းမ အနောက်မှာဆိုတော့ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေ အကုန်အဲ့ဆိုင်ထိုင်ကြတာ လက်ဖက်ရည်ဆိုင်နဲ့ အုပ်ချုပ်ရေးမှူးရုံးက တစ်ဆက်တည်းပဲ သေနတ်နဲ့ အရင်ပစ်တာ ပြန်ထွက်ခါနီးမှ လက်ပစ်ဗုံး ပစ်ထည့်ခဲ့တာ သေနတ်မှန်ပြီး ၂ ယောက် နေရာမှာတင်သေတယ်။ ကျန်တဲ့လူက ဗုံးစ မှန်တယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/08/116476/
ကျောက်မဲ၊ ဂုတ်တွင်း လမ်းပိုင်းတွင် အပစ်ခံရသော စစ်ကားတွင် နောင်ချို အခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သားများလိုက်ပါပြီး အနည်းဆုံး စစ်သား ၁၀ ဦးထက်မနည်း သေဆုံး
["ကျောက်မဲ၊ ဂုတ်တွင်း လမ်းပိုင်းတွင် အပစ်ခံရသော စစ်ကားတွင် နောင်ချို အခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သားများလိုက်ပါပြီး အနည်းဆုံး စစ်သား ၁၀ ဦးထက်မနည်း သေဆုံး", "ရန်ကုန်၊ သြဂုတ် ၄", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး အဆိုပါ စစ်ကားတွင် နောင်ချိုအခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သားများလိုက်ပါကာ အနည်းဆုံး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း နောင်ချိုသတင်းရင်းမြစ်များထံမှ သိရှိရသည်။", "သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။", "” ဂုတ်တွင်း အတက် ကျောက်မဲဘက်ခြမ်းမှာ စစ်ကား အပစ် ခံရတာ ကားတွေ ပိတ်မိနေပြီး ကားတွေ ပြန်ထွက်လို့ ရလို့ မောင်းတဲ့အချိန်မှာ စစ်သားအလောင်းတွေ လမ်းမပေါ် အပုံလိုက်တွေ့ရတယ်။ ဘယ်နှကောင် သေလဲ အတိအကျတော့ မသိရပါဘူး” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။", "နောင်ချိုသတင်းရင်းမြစ်ကမူ ဂုတ်တွင်းပစ်ခံရ ” ခမရ ၁၁၄ က စစ်သား ၄ ဦး၊ ခမရ ၁၁၅ က စစ်သား ၅ ဦး သေတယ်ပြောတယ်။ အရေအတွက် အတိအကျ ထပ်မသိရသေးဘူး။ ဒီထက်လည်းများနိုင်တယ်။ လုံခြုံရေးအရဆိုပြီး အလောင်းသယ်တဲ့ ကားတွေကို ဓာတ်ပုံတောင်မရိုက်ခိုင်းဘူး” ဟု နောင်ချိုသတင်းရင်းမြစ်က ဆိုသည်။", "ဓာတ်ပုံ- နောင်ချို ခမရ ၁၁၄ တပ်ရင်းအတွင်း အခမ်းအနားတစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)"]
https://yktnews.com/2024/07/176364/
ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့ တိုက်ပွဲများ အတွင်း စစ်သုံ့ပန်း ၂၀ ဦးနှင့် လက်နက် ၇၀ ကျော် ဖမ်းဆီးရမိ
["ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့ တိုက်ပွဲများ အတွင်း စစ်သုံ့ပန်း ၂၀ ဦးနှင့် လက်နက် ၇၀ ကျော် ဖမ်းဆီးရမိ", "ရန်ကုန်၊ ဇူလိုင် ၂၉", "ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ မိုးမိတ်မြို့နှင့် မန္တလေးတိုင်း ၊ မိုးကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ထံမှ လက်နက် ၇၀ ကျော်နှင့် စစ်သုံ့ပန်း ၂၀ ဦး သိမ်းဆည်းဖမ်းဆီးရမိခဲ့ကြောင်း TNLA က ပြောဆိုသည်။", "ကျောက်မဲမြို့တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မ ၁၁ ၊ ခမရ ၅၀၁ တပ်စခန်းမှ လက်နက် ၃၇ လက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိထားသည့် လက် နက်များမှာ MA1 ၉ လက်၊ MA2 ၂ လက်၊ MA3 ၁၅ လက်၊ MA11 ၆ လက်၊ M22 ၁ လက်၊ RPG ၁ လက်၊ ၄၅ မမ ၁ လက်၊ ၆၀မမ ၁ လက်၊ Pistol ၁ လက် အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေး လွတ်မြောက်သွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တအာင်းတပ်မတော် TNLA က လိုက်လံရှင်းလင်းရာ စစ်သုံပန်း ၂၀ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း ၂၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "မိုးမိတ်မြို့တွင်လည်း လက်ကျန် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို တအာင်းတပ်မတော် TNLA က လိုက်လံ ရှင်းလင်းရာ အကြမ်းဖက် စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ် ၈ လက်၊ RPG ၁ လက်၊ ငါးကျည်းမြှီး ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ၆၀မမ ပြောင်းရှည် ၁ လက်၊ ၈၁ မမ နောက်ပွင့် ၁ လက် စုစုပေါင်း ၁၃ လက် သိမ်းဆည်းရမိထားကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/171805/
ကျောက်မဲ၊ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က တပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန် ခုခံနေရ
["ကျောက်မဲ၊ မိုးမိတ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က တပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန် ခုခံနေရ", "ရန်ကုန်၊ ဇူလိုင် ၆", "ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က တပ်စခန်းများ မကျဆုံးရေး လေကြောင်းဖြင့် အပြင်းအထန် ခုခံနေရကြောင်း TNLA က ပြောဆိုသည်။", "ယနေ့ဇူလိုင်လ ၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကျောက်မဲမြို့နယ်တွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ ၁ ၊ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်စခန်းကုန်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "မိုးမိတ်မြို့နယ် လယ်ကြီးရွာ နတ်စင်အနီးတဝိုက်တွင်လည်း တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ ၂၁ ၊ ခလရ ၃၄၈ တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "အလားတူ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ၆၀၆ ဒုံးတပ် စခန်းတွင် တအာင်းတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။", "နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ် ၆၀၆ စခန်း အနီးတဝိုက်ကို အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၁၀ ကြိမ်၊ Y12 ဖြင့် ဗုံး ၅၀ လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် လားရှိုးမြို့နယ် အီနိုင်းရွာနှင့် ၁၀ မိုင်ကုန်း ကြားတွင် အကြမ်းဖက် စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၂ ကြိမ် ဗုံးကျဲ ခဲ့ကြောင်း၊ မိုးမိတ်မြို့ ရွှေဇာလီ စာသင်ကျောင်းကိုလည်း အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/88503/
ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးပြီး Anti Drone Gun နှင့် မိုင်းအမျိုးမျိုး ၁၀၀ ကျော် သိမ်းဆည်းရမိ
["ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးပြီး Anti Drone Gun နှင့် မိုင်းအမျိုးမျိုး ၁၀၀ ကျော် သိမ်းဆည်းရမိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ် ကျောက်မျက်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီ ကျော်ကြာဖြစ်ပွားကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး PDF ရဲဘော် ၁ ဦးကျဆုံးကာ စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "အဆိုပါ စခန်းငယ်အတွင်းမှ M-14 နင်းမိုင်း အလုံး ၄၀ စနစ်တံပါ၊ MG-1 ပလက်စတစ် လက်ပစ်ဗုံး အလုံး ၃၀ ၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နှင့် Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "” အဲ့စခန်းက စစ်ခွေး အင်အား ၂၀ ကျော်လောက်ပဲရှိတာ စစ်ခွေး ၁၀ ကောင် အထက်သေတယ်။ ကျန်တဲ့ ခွေးတွေကတော့ ထွက်ပြေးသွားတယ်။ စခန်းထဲက မိုင်းအမျိုးမျိုး ၁၀၀ ကျော်နဲ့ Anti Drone Gun တစ်လက် သိမ်းနိုင်ခဲ့တယ်” ဟု KLG PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို KLG တပ်မဟာနှင့်အတူ နဂါးညီနောင် (DBTF)၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဋ္ဌုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Yinmarbin PDA၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့ ၊ယင်းမာပင်၊ဆားလင်းကြီး၊ကနီ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/119063/
ကျောက်မြောင်းမြို့မှ ဟန်လင်းပျူမြို့ဟောင်းကို တပ်ချိန်းရန်လာသည့် စစ် ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
["ကျောက်မြောင်းမြို့မှ ဟန်လင်းပျူမြို့ဟောင်းကို တပ်ချိန်းရန်လာသည့် စစ် ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး", "ရန်ကုန်၊ သြဂုတ် ၂၀", "စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့မှ ဝက်လက်မြို့နယ် ဟန်လင်း ပျူမြို့ဟောင်းကို တပ်ချိန်းရန်လာသည့် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၆ ရက်နေ့တွင် ကျောက်မြောင်း မှ ဟန်လင်းပျူမြို့ဟောင်းသို့ လက် နက် ခဲယမ်း ၊ ရိက္ခာနှင့် လူချိန်းရန် လာသည့် အင်အား ၈၀ ခန့်ပါ စစ် ကြောင်း ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်ခိုက်မှုကို BLACK WOLF – ARMY ၊ Who am i – army ၊ ရွှေဘိုကျားကြီး၊ ရွှေ ဘိုမင်း၊ တိုက်နယ် (၄) ပကဖတို့က ပူးပေါင်း လုပ်ဆောင် ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/79070/
ကျောက်မြောင်း၊ တည်ပင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး ပစ်သတ်ကာ နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီး
["ကျောက်မြောင်း၊ တည်ပင်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး ပစ်သတ်ကာ နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ ဇန်နဝါရီ ၄", "စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်၊ တည်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် စီးနင်းပြီး ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Who am I_Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က စတင်ကာ အကြမ်းဖက် စစ်တပ်က တည်ပင်ရွာကို FAW ကား ၃ စီးဖြင့် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၂၀ ကျော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ထိ မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံ ပြည်သူ ၂ ဦးနှင့် PDF ရဲဘော် ၄ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း သိရသည်။", "” ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်မှာ စစ်တပ် မီးရှို့ဖျက်ဆီးသွားတဲ့ ကျောက်မြောင်းမြို့နယ် တည်ပင်ကျေးရွာကို ကျွန်တော်တို့ တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တယ်။ မီးရှို့ဖျက်ဆီးသွားတာ အိမ်ခြေ ၁၂၀ ခန့်၊ ပြည်သူ ၂ ဦးနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်။ စစ်ခွေးတွေက ၂ ရက်ဆက်တိုက် ရွာကို စီးနင်းတာ ပထမ တစ်ရက်ဝင်တော့ အိမ်တွေ မီး သိပ်မရှို့သေးဘူး။ ဒုတိယ တစ်ခေါက်မှ ရှို့တာပါ။ ဒုတိယ တစ်ခါ ဝင်တော့ ဓါးစားခံ တစ်ဦးမိသွားတယ်။ ရွာထဲက ပြည်သူပဲ သူ့ကို လက်ပြန်ကြိုး တုတ်ပြီး နာမည်စရင်း တွေ နဲ့ အိမ်လိုက်ပြ ခိုင်းတယ် နောက်ပြီး အဲ့အိမ်တွေကို မီးရှို့ သွားတယ်” ဟု Who am I_Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် တည်ပင်ရွာကို ၂ ဖွဲ့ ခွဲ၍ အင်အား ၄၀ ဦးခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ယင်း စစ်ကြောင်း ကျေးရွာအတွင်းသို့ မဝင်ရောက်မီ လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန်၌ ကျေးရွာရှိကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသူများကို ဖမ်းဆီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ ကျောက်မြောင်း ခမရ ၁၂ ဖြင့် နီးကပ်သောကြောင့် စစ်တပ် စစ်ကြောင်းများ ပြန်လည်ရောက်ရှိလာမည်ကို ပြည်သူများ စိုးရိမ်လျက်ရှိကြောင်း Who am I_Army တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2023/05/100505/
ကျောင်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ရဲ လိုင်းခန်း မီးလောင်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ကျောင်ပန်းတောင်း၊ ပွေးကျစ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ ရဲ လိုင်းခန်း မီးလောင်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ မေ ၂", "မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ပွေးကျစ်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ လိုင်းခန်း မီးလောင်နေကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။", "လက်ရှိချိန်တွင် ပွေးကျစ် ရဲစခန်းကို စစ်ကား ၅ စီး ရောက်ရှိနေပြီး ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။", "“ဒီနေ့ မွန်းလွဲပိုင်းက PDF တပ်ပေါင်းစုက ပွေးကျစ်ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တယ် ရဲစခန်း ထိခိုက် ပျက်စီးမှုရှိတယ်။ ရဲလိုင်းခန်းတွေလဲ မီးလောင်နေတယ်။ ရဲစခန်းကို စစ်ကား ၅ ရောက်နေတယ်။ ပိတ်ဆို့ပြီး ဘာတွေ မွှေနေလဲတော့ မသိဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2024/08/177324/
ကျောင်းသားများ ဦးဆောင်သော လူထုဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိဟာဆီနာ ရာထူးနုတ်ထွက်ပြီး နိုင်ငံမှ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးရ
["ကျောင်းသားများ ဦးဆောင်သော လူထုဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိဟာဆီနာ ရာထူးနုတ်ထွက်ပြီး နိုင်ငံမှ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးရ", "ရန်ကုန်| ဩဂုတ် ၅", "ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ယနေ့ တနင်္လာနေ့ ရာထူးမှနှုတ်ထွက်ပြီး နိုင်ငံအတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။", "ဆန္ဒပြမှုအရှိန်မြင့်နေပြီး ဩဂုတ်လ ၄ ရက်နေ့က ဝန်ကြီးချုပ် ရှိက်ဟာဆီနာ နှုတ်ထွက်ရေး ဆန္ဒပြပွဲတွင် အာဏာပိုင်များ ဖြိုခွင်း၍ လူ ၉၀ ကျော် သေဆုံးခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရသွားကြသည်။", "ဆန္ဒပြမှု ရက်သတ္တပတ်အတွင်း လူပေါင်း ၃၀၀ နီးပါး သေဆုံးသွားပြီဟု Al Jazeera သတင်းက ဆိုပြီး ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ယနေ့ နိုင်ငံမှ ထွက်ခွာသွားပြီဟု အတည်ပြုဖော်ပြထားသည်။", "ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina သည် ရာထူးမှ နုတ်ထွက်ပြီး နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က အတည်ပြု ပြောကြားသည်။", "Sheikh Hasina ၏ ထွက်ခွာမှုသည် နိုင်ငံတစ်ဝှမ်းတွင် ပြင်းထန်သော ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က နိုင်ငံအား ထိန်းချုပ်ထားကာ ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။", "“ကျွန်တော် အခုတာဝန်ယူနေပါပြီ၊ ကြားဖြတ်အစိုးရ ဖွဲ့ဖို့ တောင်းဆိုမယ်။” ဟု ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။", "ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့သည့် အသက် ၇၆ နှစ်အရွယ် ရှိက်ဟာဆီနာသည် သူမနေအိမ်ကို ဆန္ဒပြသူများ ဝင်စီးနင်းခံရပြီးနောက် မြို့တော်ဒါကာကနေ ထွက်ခွာသွားခြင်းဖြစ်သည်။", "ဝန်ကြီးချုပ် ရှိက်ဟာဆီနာ ရာထူးမှနှုတ်ထွက်ပြီး နိုင်ငံမှထွက်ခွာသွားခြင်းသတင်း ထွက်ပြီးနောက် လမ်းမပေါ်ရှိ ဆန္ဒပြသူများမှာ အောင်ပွဲခံခဲ့ကြသည်။", "Hasina (ဟာဆီနာ) ၏ အစိုးရသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို သတ်ဖြတ်ခြင်း အပါအဝင် အာဏာကို ချုပ်ကိုင်ထားရန်၊ နိုင်ငံပိုင် အင်စတီကျူးရှင်းများကို အလွဲသုံးစားလုပ်ပြီး သဘောထားကွဲလွဲမှုများကို ချေမှုန်းခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့ကြသည်။", "၁၉၇၁ ခုနှစ် လွတ်လပ်ရေးစစ်ပွဲမှ စစ်ပြန် သားသမီး၊ မြေးများအား အစိုးရအလုပ်ခန့်အပ်ရာ၌ ဦးစားပေးခန့်အပ်ခြင်းနှင့် အချိုးမညီမျှစွာ ခွဲဝေပေး၍ ကျောင်းသားများဦးဆောင်က ဆန္ဒပြပွဲများကို စတင်ခဲ့ခြင်းဖြစ်သည်။", "ဆန္ဒပြပွဲများကို ဟာဆီနာ အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့၍ ဩဂုတ်လ ၄ ရက်နေ့က တစ်ရက်တည်း လူ ၉၁ သေဆုံးခဲ့သလို ရာနှင့်ချီဒဏ်ရာရခဲ့ပြီး ရက်သတ္တပတ်ဆန္ဒပြပွဲအတွင်း လူ ၃၀၀ နီးပါး သေဆုံးခဲ့ရသည်။", "ကျောင်းသားများကနေ စတင်ခဲ့သော အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုသည် နိုင်ငံအတွင်းမှ သရုပ်ဆောင်များ၊ ဂီတပညာရှင်များနှင့် အဆိုတော်များ အပါအဝင် လူ့အဖွဲ့အစည်းတရပ်မှ လူများကို ဆွဲဆောင်နိုင်ခဲ့ကြသည်။", "ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ Zaman က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုများအား ပစ်ခတ်မှု၊ အင်အားသုံးဖြိုခွင်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး သေဆုံးမှုနှင့်ပတ်သက်၍လည်း စုံစမ်းစစ်ဆေးမှုပြုလုပ်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကတိပြုခဲ့သည်။"]
https://yktnews.com/2024/04/159733/
ကျောင်းသားလက်ရုံးတပ်တော် ၃ နှစ်ပြည့် တပ်‌တော်နေ့ အခမ်းအနား ကျင်းပ
["ကျောင်းသားလက်ရုံးတပ်တော် ၃ နှစ်ပြည့် တပ်‌တော်နေ့ အခမ်းအနား ကျင်းပ", "ရန်ကုန်၊ ဧပြီ ၂၈", "ကျောင်းသားလက်ရုံးတပ်တော်ဗဟိုဌာနချုပ် နှင့် တပ်တော်၏စစ်ဒေသအသီးသီးတွင် ကျောင်းသားလက်ရုံးတပ်တော် ၃ နှစ်ပြည့် တပ်တော်နေ့အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရသည်။", "အဆိုပါအခမ်းအနားတွင် တပ်တော်နေ့ဂုဏ်ပြုစစ်ကြောင်းမှ စစ်ရေးပြကွင်းအတွင်းသို့ ချီတက်အလေးပြုခြင်း ၊ မိခင်သမဂ္ဂခွပ်ဒေါင်းအလံတော် နှင့်တပ်တော်၏ အလံတော်ကို အလေးပြုခြင်း ၊ ကျဆုံးလေပြီသော အာဇာနည် ရဲဘော်အပေါင်းအားအလေးပြုခြင်း၊ တ.က.သ များ – ရန်ကုန် / ကျောင်းသားလက်ရုံးတပ်တော် တပ်တော်နေ့ ထုတ်ပြန်ချက်အားဖတ်ကြားခြင်း ၊ ကျောင်းသားလက်ရုံးတပ်တော်တပ်တော်နေ့ဗဟိုကော်မတီ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခြင်း ၊ကျောင်းသားလက်ရုံးတပ်တော် စစ်ဦးစီးချုပ်က မိန့်ခွန်းပြောကြားခြင်းနှင့် တပ်တော်နေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများဖတ်ကြားခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/148319/
တန့်ဆည်မြိုနယ် ကံထူးမရွာ ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှိဖျက်ဆီး၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွား
["ကျေးရွာ ၄၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မတ် ၁", "စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ ကံထူးမရွာ ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှိဖျက်ဆီးပြီး ပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကံထူးမရွာကို မီးရှိဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေရင်း၊ ကော်တက်၊ ခနောရွာသစ်၊ ဖိုနှုတ်နှင့် ရွာသစ်ကုန်း စသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှိ ဖျက်ဆီးပြီး ကျေးရွာများကိုလည်း လူသာဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။", "လက်ရှိချိန်တွင် ကံထူးမရွာမြောက်ဘက်ရှိ နွားကူး၊ တောင်ကျောင်း၊ လိပ်ခြံ၊ မဒိုင်ကျင်း၊ ရွာသစ်ကုန်း၊ ရေရှင်၊ ပန်းထိမ်ကုန်း၊ အင်ရေအိုး၊ အင်ပင်အိုင်၊ ဇီးပေါက်၊ ကံကလေးကုန်း၊ ကံသာ၊ သစ်ရာပင်၊ သစ္စေးပင်လှ၊ ကျီးကန်၊ အိုင်ယားရှည်၊ ကြောင်ဆင်းအိုင်၊ ဆပ်ပြာအိုင်၊ ကံထူးမရွာတောင်ဘက်ရှိ ကျောင်းကုန်း၊ လယ်တီး၊ လယ်မ၊ ရွှေဂူ၊ ထန်းတောစု၊ သရက်ကုန်း၊ ဝါးရုံရင်း၊ ဆင်သေကုန်း၊ လက်ဆည်ကန်၊ ကံထူးမရွာအရှေ့ဘက်ရှိ သရက်ခါး၊ မရမ်းမိ၊ ရေရှင်ကုန်း၊ ကြက်ဆူကန်၊ ပေကုန်း၊ လက်ဆည်၊ အင်တောရိုး၊ ကော်တက်၊ အုပ်ရှစ်ကုန်း၊ ဖိုနှုတ်၊ ဆန်ဆွဲ၊ ဒေါင်ကွေး၊ စီးကြီး၊ ရွှေတုံး၊ ရွှေကြာတန်း၊ ကုန်းရိုး၊ သပြေရင်း၊ ခရမ်းခြံ၊ ပဲခင်းကြီး စသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "“ပြည်သူ သတ်ဖြတ်ခံရမှုက ၂ ဦးပဲ အတည်ပြု ထားနိုင်သေးတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူလည်း များသလို အဆက်သွယ်မရတဲ့ပြည်သူတွေလည်းရှိနေတယ်။ သတ်ဖြတ်ခံရသူလည်း ၂ ဦးမက များမယ်လိုခန့်မှန်းထားတယ်။ မီးရှိခံရတဲ့ ကျေးရွာတွေလည်း နေအိမ်ပျက်ဆီးမှု အတည်မပြုနိုင်သေးဘူး ဖုန်းလိုင်းကလည်း တန့်ဆည်အနောက်ခြမ်းမှာ အော်ရီတူး တခုသာမိပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်။ ကံထူးမ စခန်းသိမ်းခံရတာနဲ့ပက်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ဒီနေ့အထိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ကျေးရွာတွေကို ပစ်ခတ် စီးနင်းဝင်ရောက်တယ်။ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တယ်။ PDF ခေါင်းစဥ်တပ် သတ်ဖြတ်မှုတွေလုပ်တယ်။ နေအိမ်တွေကို မီးရှိဖျက်ဆီးတယ်။ အခုချိန်ထိ တိုက်ပွဲဖြစ်မထားသေးပဲ ဆက်တိုက်ပြုလုပ်ယုတ်မာနေကြတယ်။ စစ်ခွေး အင်အားက ၂၀၀ ကျော်တယ်။ ကန့်ဘလူနယ်က ဝါသဝပျူခွေးတွေရော ဘီလူးစစ်ကြောင်းရော တံတားဦးကနေ Y-12နဲ့ ချထားတဲ့ ခွေးတွေရော အကုန်ပေါင်းပြီးမွှေနေကြတယ်။ တချိုရွာတွေက အိမ်ခြေနည်းတော့ အကုန်ဆုံးရှုးပျက်ဆီးနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။", "Photo – အကြမ်းဖက် စစ်တပ် မီးရှိဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီး သွားသည့် ဖိုနှုတ်ကျေးရွာကို တွေ့ရစဉ်", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/03/94278/
ကျေးရွာနှင့်ရပ်ကွက်များတွင် NLD အမတ်လောင်း၊ NLD ခေါင်းဆောင်များနှင့် CDM ဝန်ထမ်း မရှိစေရေး စစ်ကောင်စီက စီမံချက်ချ ပိုက်စိတ်တိုက် စိစစ်အရေးယူ
["ကျေးရွာနှင့်ရပ်ကွက်များတွင် NLD အမတ်လောင်း၊ NLD ခေါင်းဆောင်များနှင့် CDM ဝန်ထမ်း မရှိစေရေး စစ်ကောင်စီက စီမံချက်ချ ပိုက်စိတ်တိုက် စိစစ်အရေးယူ", "ရန်ကုန်၊ မတ် ၂၆", "အကြမ်းဖက်စစ်ကောင်စီက မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများတွင် NLD အမတ်လောင်း၊ NLD ပါတီ၏ မြို့နယ်ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ မရှိစေရေး စစ်ကောင်စီက စီမံချက်ချ အရေးယူ တင်ပြခိုင်းနေကြောင်း သိရှိရသည်။", "ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကျေးရွာနှင့် ရပ်ကွက်များတွင် NLD မြို့နယ် ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ မရှိစေရေး မိမိတို့၏ ကျေးရွာ၊ ရပ်ကွက်များကို စိစစ်ရန်၊ တွေ့ရှိပါက ဖမ်းဆီး အရေးယူနိုင်ရေး သက်ဆိုင်ရာ စစ်တပ်နှင့် ရဲများကို အကြောင်းကြားရန်၊ စိစစ်မှုများ ပြီးစီး၍ NLD နှင့် CDM များ မရှိပါက မရှိကြောင်း သက်ဆိုင်ရာသို့ တင်ပြရန် အမိန့် ပေးညွှန်ကြားထားကြောင်း သိရှိရသည်။", "“ရပ်ကွက်ရာမှူးအုပ်မှူးတွေအနေနဲ့ ရပ်ကွက်ထဲမှာ NLD မြို့နယ်ခေါင်းဆောင်နဲ့ CDM တွေမရှိစေရေး လစဥ်စစ်ဆေးခိုင်းပြီးတင်ပြခိုင်းတယ်။ ရှိရင် စစ်ခွေး၊ ရဲခွေးတွေကို အကြောင်းကြားခိုင်းတယ်။ သူတို့တွေကို ဆင်းလာပြီးဖမ်းမယ်။ လစဉ် စစ်ဆေးပြီး မရှိရင်လည်း မရှိကြောင်း တင်ပြခိုင်းတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "အကြမ်းဖက်စစ်တပ်နှင့်ရဲများက ယင်းသို့ စစ်ဆေးခိုင်းမှုများကို အခွင့်ကောင်းယူကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်နှင့်ရဲ များ ပူးပေါင်း၍ ပြည်သူများထံမှ ငွေကြေးညှစ်ယူများလည်းရှိနေကြောင်း သိရှိရသည်။", "“ဒီရက်ပိုင်းမှာလည်း မိသားစုထဲက အစားထိုးဖမ်းခံရတာတွေရှိတယ်။ အကိုဖြစ်သူ နိုင်ငံခြားကနေပို့စ်တင်လို့ဆိုပြီး ညီကိုဖမ်းသွားတဲ့ဖြစ်စဥ်တွေရှိတယ်။ အဲဒီပို့စ်ကို ရှယ်တယ်ဆိုပြီးအကြောင်းပြချက်နဲ့ရပ်ကွက်ထဲကလူငယ်တွေကိုဖမ်းတဲ့ဖြစ်စဥ်တွေဆက်တိုက်ဖြစ်နေပါတယ်။ ပြီးတော့မိဘတွေကိုလည်းခြိမ်းခြောက်ခဲ့တယ်။ သားသမီးလုပ်ရင်မိဘနဲ့ဆိုင်တယ်။ နောက်တခါဆိုပိုင်ဆိုင်မှုတွေချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ဖမ်းခံရတဲ့လူတယောက်ကိုသိန်း၅၀စီနဲ့အကုန်ထုတ်ခိုင်းတယ်။ ဂါဝရကြေးတဲ့။ အဲဒီလို အဖမ်းခံရတဲ့ မိသားစု ၃စုလောက်ပုံမှန်ရှိတယ်။ တစ်ခါဖမ်းရင် ၃စု လောက်အမြဲပါတယ်။ သူတို့ကို ထောင်လဲမချဘူး။ သိန်း၅ဝနဲ့ပဲပြန်ထုတ်ခိုင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2022/12/75979/
ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ကနီမြို့နယ်တွင် ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "ချီတက် ဆန္ဒပြပွဲတွင် “ထုကိုစုစည်း၊ ထုနဲ့တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့တည်ဆောက်” စာသားကိုင်ဆောင်ကာ “ငါတို့အိမ် သာပြာကျမယ်၊ ငါတို့တော်လှန်စိတ် ဘယ်တော့မှပြာမကျဘူး” ကြွေးကြော် သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "” ဒီရက်ပိုင်းအတွင်းမှာ တော်လှန်ရေးရဲ့ အဓိကတိုင်းဒေသကြီးလို့ဆိုရမယ့်စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ် စတဲ့အညာဒေသအသီးသီးမှာ စစ်ကောင်စီရဲ့လူမဆန်စွာ ညှင်းပန်း သတ်ဖြတ် မီးရှို့ခဲ့သောရွာများ ပို၍တိုးလာတာကို ကျနော်တို့တွေ တွေ့မြင်လာရပါတယ်။ ဒီလို ရက်စက်မှုများဟာ တော်လှန်ရေးအစကနေ ယခုအချိန်ထိ တည်မြဲနေတယ်ဆိုတာဟာလည်း ကျနော်တို့ပြည်သူလူထု မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေကြရတာလည်းဖြစ်တယ်။ တောင်သူလယ်သမား၊ အလုပ်သမားလူတန်းစားအပါအဝင် အဖိနှိပ်ခံလူထုတရပ်လုံးဟာ ကိုယ်တွေ့မျက်မြင် ကြုံတွေ့နေရတဲ့ ဒုက္ခတွေအားလုံးကို ယခုအချိန်ထိ တော်လှန်နေတယ်ဆိုတာလည်း ကျနော်တို့တော်လှန်ရေးကြီးရဲ့ အားတက်စရာတခုဖြစ်ပါတယ်” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူ တစ်ဦးကပြောဆိုသည်။", "ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "ကနီမြို့နယ်တွင် ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "ချီတက် ဆန္ဒပြပွဲတွင် “ထုကိုစုစည်း၊ ထုနဲ့တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့တည်ဆောက်” စာသားကိုင်ဆောင်ကာ “ငါတို့အိမ် သာပြာကျမယ်၊ ငါတို့တော်လှန်စိတ် ဘယ်တော့မှပြာမကျဘူး” ကြွေးကြော် သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။", "” ဒီရက်ပိုင်းအတွင်းမှာ တော်လှန်ရေးရဲ့ အဓိကတိုင်းဒေသကြီးလို့ဆိုရမယ့်စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ် စတဲ့အညာဒေသအသီးသီးမှာ စစ်ကောင်စီရဲ့လူမဆန်စွာ ညှင်းပန်း သတ်ဖြတ် မီးရှို့ခဲ့သောရွာများ ပို၍တိုးလာတာကို ကျနော်တို့တွေ တွေ့မြင်လာရပါတယ်။ ဒီလို ရက်စက်မှုများဟာ တော်လှန်ရေးအစကနေ ယခုအချိန်ထိ တည်မြဲနေတယ်ဆိုတာဟာလည်း ကျနော်တို့ပြည်သူလူထု မျက်မြင်ကိုယ်တွေ့ တွေ့မြင်နေကြရတာလည်းဖြစ်တယ်။ တောင်သူလယ်သမား၊ အလုပ်သမားလူတန်းစားအပါအဝင် အဖိနှိပ်ခံလူထုတရပ်လုံးဟာ ကိုယ်တွေ့မျက်မြင် ကြုံတွေ့နေရတဲ့ ဒုက္ခတွေအားလုံးကို ယခုအချိန်ထိ တော်လှန်နေတယ်ဆိုတာလည်း ကျနော်တို့တော်လှန်ရေးကြီးရဲ့ အားတက်စရာတခုဖြစ်ပါတယ်” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2025/03/207724/
ကျွန်းစုမြို့နယ်တွင် စစ်ရေယာဉ် အုပ်စုကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ ချောင်းဦးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
["ကျွန်းစုမြို့နယ်တွင် စစ်ရေယာဉ် အုပ်စုကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ၊ ချောင်းဦးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၅", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် စစ်ရေယာဉ် အုပ်စုကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာ ပျူစောထီးများနှင့် ရှော်တော်မော် ကျေးရွာဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ အင်အား ၆၀ ခန့်ပါ စစ်သင်္ဘော အုပ်စုနှင့် တော်လှန်ရေး တပ်ဖွဲ့များက ဝန်တောင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ထို ထိတွေ့ တိုက်ပွဲတွင် မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“စစ်ခွေး သေစာရင်းတော့ ကျနော်တို့ မသိရသေးဘူး။ ရေထဲဆိုတော့ သူပစ်ကိုယ်ပစ်ပဲ ခွေးလည်း မသေလောက်ဘူး ထင်တယ်။ အထိအခိုက်တော့ ရှိနိုင်မယ်။ သူတို့က သံခွံဆိုတော့ ထိခိုက်မှုတော့ ရှိနိုင်တယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော် ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၁၅ ရက်နေ့ ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် ကင်မွန်းတော် ပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၅၀ ခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ချောင်းဦးမြို့ အနောက်ဘက် တစ်နေရာတွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး BLDF တပ်ခွဲအညာမိုင်း စစ်ဒေသ ၃ တပ်ခွဲက မိုင်း ၂ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/135306/
ကျွန်းစုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
["ကျွန်းစုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပျူစောထီးများနှင့် အကြမ်းဖက် စစ်တပ် ပူးပေါင်းအဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ တို့ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ပွဲဖြစ်ပွားအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Dragon Squad မှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့​ကြောင်း၊ ထိတွေ့တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲ အခြေအနေ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ မှဦးဆောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း -၂ တပ်ခွဲ ၂ ၊ တနင်္သာရီမြို့နယ် ပကဖ ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ်ပကဖ၊ တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန – Drone လက်ရုံးတပ်ဖွဲ့ Drogon Squad တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/08/120052/
ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၃ ဦးကို ပကဖ အဖွဲ့က ဖမ်းဆီး
["ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၃ ဦးကို ပကဖ အဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ သြဂုတ် ၂၈", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ ၃ ဦးကို ပကဖ အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၂၂ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ရဲဘော်များက ကျောက်တစ်လုံးကျေးရွာတွင် မူးယစ်ဆေးဝါးများ ရောင်းဝယ်နေကြောင်းသတင်းရရှိသောကြောင့် ဝင်ရောက် စစ်ဆေးမှု ပြုလုပ်စဥ် ကျေးရွာနေ ကိုမင်းမင်း၊ ဦးဇော်နှင့် မမိုးမိုး တို့ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၇၈ လုံးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "အဆိုပါ ၃ ဦးကို နောက်နောင် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းများ လုံးဝ (လုံးဝ) မပြုလုပ် ရန် ပြင်းထန်စွာ သတိပေးခဲ့ကြောင်း၊ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများကို ၎င်းတို့ ၃ ဦးရှေ့၌ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "” လက်ရှိထိတော့ သူတို့ ၃ ဦးကို ဖမ်းဆီး စစ်ဆေးဆဲပါပဲ သတိပေးပြီး ပြန်လည် လွှတ်ပေးဖို့ရှိပါတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။"]
https://yktnews.com/2024/05/164553/
ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး
["ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ မေ ၂၆", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၂ ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ စစ်ဘုကျေးရွာတွင် WY စိတ်ကြွဆေးပြားများ ရောင်းဝယ်နေသော ဦးထွန်းမောင်၊ ဦးသိန်းကြည်နှင့် မောင်လင်းထွေး တို့ကို ပြည်သူများ တိုင်ကြားချက်အရ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ဖမ်းဆီးစဉ် WY ဆေးပြား ၁၁၄၀ လုံးနှင့် အတူ သက်သေခံပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးရမိသော တရားခံ ၃ ဦးကို ထိုက်သင့်သော အပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ဖြူး၊သုံးစွဲခြင်း လုံးဝမပြုလုပ်ရန် ခံဝန်ကတိလ က်မှတ်ရေးထိုးခိုင်းပြီး ပြင်းထန်စွာ သတိပေးဆုံးမခဲ့ကြောင်း၊ ၎င်းထံမှ သိမ်းဆည်းရမိသော WY ဆေးပြား ၁၁၄၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "ယင်းဖမ်းဆီးမှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တနင်္သာရီ ကာကွယ်ရေးပြောက်ကျား (တနင်္သာရီ-ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "အလားတူ မေလ ၁၆ ရက်နေ့ကလည်း ကျွန်းစုမြို့နယ်၊ ယမုံကျေးရွာမှ ဦးပိန်ချောင်းဆိုသူကို WY စိတ်ကြွဆေးပြား ၇၀ လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသော တရားခံ ဦးပိန်ချောင်းကို ထိုက်သင့်သော အပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းဝယ်၊ ဖြန့်ဖြူး၊ သုံးစွဲခြင်းလုံးဝမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ပြင်းထန်စွာသတိပေးဆုံးမခဲ့ကြောင်း သိရသည်။", "အဆိုပါ ဖမ်းဆီးမှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရမိသော WY စိတ်ကြွ ဆေးပြား အလုံး ၇၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/146958/
ကျွန်းစုမြို့နယ်တွင် ၁၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်၊ ရွာသားအေးကျေးရွာအနီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး
["ကျွန်းစုမြို့နယ်တွင် ၁၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံး၊ နွားထိုးကြီးမြို့နယ်၊ ရွာသားအေးကျေးရွာအနီး ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် ၁၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာနှင့် ရတောင်ကျေးရွာတွင်ရှိသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း-၂ နှင့်အတူ တနင်္သာရီ-ပကဖ၊ ကျွန်းစု-ပကဖ တို့မှ ပူးပေါင်း သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းထိတွေ့ တိုက်ပွဲသည် နှစ်ပတ် နီးပါးအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ၁၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ သည် မြိတ်ခရိုင် တပ်ရင်း-၂၊ တပ်ခွဲ၂၊ တနင်္သာရီ ​ပကဖ၊ ကျွန်းစု ပကဖ၊ ပုလော ပကဖ နှင့် Dragon squad တို့ဖြစ် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ထိတွေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနိုင်သောကြောင့် ကျွန်းစုမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အသွားအလာ အထူးဂရုစိုက်ကြရန်နှင့် ပြည်သူကာကွယ်ရေးအဖွဲ့များမှ သတိပေးထုတ်ပြန်ချက်များ တိုက်ပွဲသတင်းများကို အမြဲမပြတ်‌ စောင့်ကြည့် နားထောင်ကြပါရန် မေတ္တာရပ်ခံကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား များ ပစ်ခတ်ခံရပြီး ၁ ဦးပွဲချင်းပြီးသေဆုံးသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။", "ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၄ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ သုံးတောင်ကျေးရွာမှ ဆိုင် ကယ် ၄ စီးဖြင့် ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရွာသာအေးကျေး ရွာအရောက် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128136/
ကျွန်းစုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကားများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး
["ကျွန်းစုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကားများကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၂၆", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။", "အောက်တိုဘာလ ၂၄ ရက် ည ၁၂ နာရီခန့်က ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ ပကဖ) ပုလော-ပကဖ နှင့် ကျွန်းစု-ပကဖ တို့ ပူးပေါင်း ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီး နေအိမ်များကို မီးရှို့ကာ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။", "ထို့အပြင် အောက်တိုဘာ ၂၅ ရက် နံနက် ၁၁ နာရီ ၅၁ မိနစ်တွင် မြိတ်မြို့နယ်၊ တုန်းဗျောအုပ်စု၊ တောင် ပုရွာ အနီး၌ စစ်ကူလာရောက်သည့် အကြမ်းဖက်စစ် ကောင်စီကားတစ်စီးကို တနင်္သာရီ ပကဖ နှင့် ပုလော ပကဖ အဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။", "အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၄ မိနစ် အချိန်ခန့်တွင် ဇဝဲဘက်မှ မော်တုန်း ရွာ အခြေစိုက် အမှတ်၃၀၆ အမြောက်တပ်ထဲသို့ လာရောက်သည့် အကြမ်းဖက်စစ်ကောင်စီတပ် သားများစီးနင်းလိုက်ပါလာသော Vigo အနက်ရောင်ကားကို ချောင်းညီကိုရွာအနီးအရောက် တနင်္သာရီ-ပကဖ မှ ကြားဖြတ်တိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ပြီး တနင်္သာတိုင်းအတွင်းရှိ မိဘပြည်သူလူထုများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိကြီးစွာထား ပြီး သွားလာနေထိုင်ပေးကြပါရန် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖမှ မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/05/164614/
ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်သင်္ဘောကို ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်
["ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် စစ်သင်္ဘောကို ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ မေ ၂၆", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် စစ်သင်္ဘောကို ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု မန်းကြီး မြစ်အတွင်း အကြမ်းဖက် စစ်တပ် ရေတပ်နှင့် ပျူစောထီးများ ပူးပေါင်း စစ်ကြောင်းထိုးလာသည်ကို တော်လှန်ရေး တပ်ဖွဲ့များက စုံစမ်းထောက်လှမ်းရန် သွားရောက်စဉ် မန်းကြီးမြစ်အနီးတွင် အသင့်စောင့်ဆိုင်းနေသော ပျူစောထီး လှေငယ် ၃ စီးဖြင့် ထိတွေပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း အပြန်အလှန် ပစ်ခတ်မှုသည် မိနစ် အနည်းငယ် ဖြစ်ပွားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကာ ပျူစောထီးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုရှိမရှိ စုံစမ်းနေကြောင်း သိရှိရသည်။", "အလားတူ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် PM နာရီ အချိန်တွင် ရှော်တောမော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော 116 ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင် သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တနင်္သာရီ ကာကွယ်ရေး ပြောက်ကျား (တနင်္သာရီ-ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/121143/
ကျွန်းစုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး
["ကျွန်းစုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီး", "ရန်ကုန်၊ စက်တင်ဘာ ၅", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူ ၃ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၃၁ ရက်နေ့တွင် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူပေါင်းပြီး ကျွန်းစုမြို့နယ်၊ ကော့ကနင်းကျေးရွာတွင် WY စိတ်ကြွရူးသွပ် ဆေးပြားများ ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲ အောင်ကိုလတ် ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၀ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း၊ မြိုင်သာကျေးရွာနေ စိုးသန်းနှင့် သန်းထိန်(ခ)ကုလား တို့ထံမှလည်း WY စိတ်ကြွရူးသွပ်ဆေးပြား ၂၀ လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။", "” သူတို့ကို ထိပ်တုံးခတ်ပြီး အပြစ်ပေးထားပါတယ်။ ပြီးရင်တော့ အာမခံ ကတိကဝတ် လက်မှတ်ထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးမှာပါ။ သူတို့နောက်ထပ် ဆက်မလုပ်ဖို့လည်း သတိပေး ဆုံးမထားပါတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ တရားခံ ၃ ဦးကို ထိုက်သင့်သည့် အပြစ်ဒဏ်ပေး၍ နောက်နောင် မူးယစ်ဆေးဝါးများ ရောင်းဝယ်၊ ဖြန့်ဖြူး သုံးစွဲခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးဆုံးမခဲ့ကြောင်း၊ ၎င်းတို့ထံမှ သိမ်းဆည်း ရမိခဲ့သည့် WY စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၃၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/11/132989/
ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိ ရွာများမှ ရေလုပ်သားများကို စစ်တပ်က လူသစ် စုဆောင်းနေ၊ နေပြည်တော်တွင်လည်း ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံ
["ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိ ရွာများမှ ရေလုပ်သားများကို စစ်တပ်က လူသစ် စုဆောင်းနေ၊ နေပြည်တော်တွင်လည်း ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံ", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိ ရွာများမှ ရေလုပ်သားများကို အကြမ်းဖက် စစ်တပ်က လူသစ် စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ကျွန်းစုမြို့နယ်၊ ပင်လယ်ဘက်ရှိ ရွာများကို ပြေးလာသည့် စစ်သားများကို စစ်တပ် စစ်ကြောင်းများက တစ်ရွာဝင် တစ်ရွာထွက် လိုက်လံရှာဖွေရင်း ကျေးရွာအတွင်းရှိ ရေလုပ်သားများကို လူသစ်စုဆောင်းလျက်ရှိကြောင်း သိရသည်။", "“ကျွန်းစုမြို့နယ်၊ ပင်လယ်ရွာဘက်တွေမှာ စုဆောင်းရေးဆိုတဲ့ တပ်က လူတွေတစ်ရွာဝင် တစ်ရွာထွက် စစ်တပ်က ပြေးလာတဲ့ သူတွေကိုရှာရင်း ရွာမှာရှိတဲ့ ရေလုပ်သားတွေကို စုခိုင်းပြီး စစ်တပ်ထဲလိုက်ဖို့ စည်းရုံးနေပါတယ်။ ပါတဲ့ရွာတွေပါကုန်ကြတယ်။ နောက်တစ်ခါ ထပ်လာရင် မဖြစ်မနေလိုက်ရမယ့်ပုံမျိုး ပြောနေကြတယ်။ ပင်လယ်ပိုင်းရွာကလူတွေ ကြောက်လန့်နေကြတယ်။ ပြီးတော့ စစ်တပ်ကထွက်ပြေးလာတဲ့ တပ်သား တစ်ယောက်လည်း မိလာတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "အလားတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ပျူစောထီး သင်တန်းတက်ရန် တစ်ရွာကို လူ ၆ ဦး တောင်းခံလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး လယ်ဝေးမြို့နယ်အတွင်း ပျူစောထီး သင်တန်း တက်ရောက်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အကြမ်းဖက် စစ်တပ်က တစ်ရွာလျှင် လူ ၆ ဦး တောင်းခံထားကြောင်း သိရသည်။", "“နေပြည်တော် လယ်ဝေးမှာ ပျူစောထီး စစ်သင်တန်းတက်ဖို့ အုပ်ချုပ်ရေးမှူးကတစ်ဆင့် တစ်ရွာကို နိုဝင်ဘာ ၃၀ ရက် ကစလို့ ၆ ယောက်ပေးရမယ်တဲ့ အဆင်မပြေရင် မဲနှိုက်မယ်လို့ ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/211639/
ကျွန်းစုမြို့နယ်၊ ပဲတိုင်ကျေးရွာ ပျူစောထီး အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ
["ကျွန်းစုမြို့နယ်၊ ပဲတိုင်ကျေးရွာ ပျူစောထီး အထိုင်စခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဧပြီ ၁၇", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲတိုင်ကျေးရွာ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀ ဦးခန့်ရှိသော ပဲတိုင်ရွာ ပျူစောထီး အထိုင်စခန်းကို ကျွန်းစုမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "ယင်း ထိတွေ့ တိုက်ပွဲသည် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တိုက်ပွဲအတွင်း ပျူစောထီးများက ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "“သိမ်တောင်မှာ ပျူစောထီးတွေ တပ်စွဲပြီးနေတာ စစ်ခွေးသေစာရင်းကတော့ အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပဲ အဲစခန်းမှာ စစ်ခွေး အင်အားကတော့ အားလုံးပေါင်းရင်တော့ ၂၀ ကျော်လောက်ရှိတယ်။ အခုဝင်တိုက်တဲ့ စခန်းက အင်အား ၁၀ ဦးကျော်လောက်ရှိတယ်။ သူတို့က နှစ်နေရာ သုံးနေရာခွဲနေတာ” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/04/210355/
ကျွန်းစုမြို့နယ်၊ ဝန်တောင်ရွာဘက်ကို တက်လာသည့် စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
["ကျွန်းစုမြို့နယ်၊ ဝန်တောင်ရွာဘက်ကို တက်လာသည့် စစ်သင်္ဘောများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ", "ရန်ကုန်၊ ဧပြီ ၅", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဝန်တောင်ရွာဘက်ကို တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ကျွန်းစုမြို့နယ်၊ ရှော်တောမော်ကျေးရွာဘက်မှ ဝန်တောင် ကျေးရွာဘက်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ၁၁၄ စစ်သင်္ဘော အပါအဝင် သင်္ဘော ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းထိတွေ့တိုက်ပွဲသည် နှစ်ဖက် အပြန်အလှန် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်များဘက်က လက်နက်ငယ်များ နှင့် ၄၀ မမ ဗုံးသီးများဖြင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအနီးတွင် ကျရောက် ပေါက်ကွဲမှုများရှိကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ၅၆၆ စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စမုံ၊ မင်းခေါင်းဆေးနှင့် ရှင်မြတ် တို့ဘက်မှ စစ်သင်္ဘော ၃ စီးသည်လည်း စစ်ကူပေးရန် ရှော်တောမော်ဘက်သို့ ခုတ်မောင်းလာခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ရေတပ်စစ်သင်္ဘောများက ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဝန်တောင်ကျေးရွာရှိ MyTel ဖုန်းတာဝါတိုင် ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲသည် ၁ နာရီ နှင့် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။", "“စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိတယ်။ အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ ၄၀ မမ နဲ့ ပစ်တာ သင်္ဘောအနားကျတယ်။ သင်္ဘောက မီးခိုးတော့ ထွက်သွားတာတွေ့တယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်"]
https://yktnews.com/2025/05/213386/
ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်သွားသော စစ်ကောင်စီ တပ်သား အလောင်းကို လာကောက်သည့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး
["ကျွန်းစုမြို့နယ်၊ ဝါရစ်ရွာတွင် ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်သွားသော စစ်ကောင်စီ တပ်သား အလောင်းကို လာကောက်သည့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ဦးသေဆုံး", "ရန်ကုန်၊ မေ ၃", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာတွင် ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်သွားသော စစ်ကောင်စီ တပ်သား အလောင်းကို လာကောက်သည့် ပျူစောထီးများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဧပြီလ ၂၈ ရက်နေ့ ညပိုင်းတွင် ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာ၌ ကိုယ့်ကိုကို သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင်သွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အလောင်းကို ဒီမောင်းလှော်ရွာရှိ ပျူစောထီးများက ကားဖြင့် လာကောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ပြင်ဝန်းကြီးရွာနားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။", "ယင်း ပျူစောထီးများသည် အင်အား ၁၀ ဦးခန့်ဖြင့် ရုပ်အလောင်း လာရောက် ကောက်ယူခြင်းဖြစ်ပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ပျူစောထီး ခေါင်းဆောင် ထွန်းဝေ ပွဲချင်းပြီးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“ပွဲချင်းပြီးတာတော့ ပျူစောထီး ခေါင်းဆောင်ဖြစ်တဲ့ ထွန်းဝေ သေသွားတယ်။ ထိခိုက်ဒဏ်ရာကတော့ တော်တော်များတယ်လို့ ပြောတယ် ဒါပေမယ့် ကျွန်တော်တို့ စုံစမ်းသိရ သလောက်ကတော့ ၄ယောက်ထိတယ်လို့ သိရတယ်။ အင်အားကတော့ ၁၀ ယောက်လောက်တော့ရှိမယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။"]
https://yktnews.com/2024/11/190924/
ကျွန်းစု၊ ဘုတ်ပြင်း၊ ရေနံချောင်းမြို့နှင့် ခမောက်ကြီးတို့တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး
["ကျွန်းစု၊ ဘုတ်ပြင်း၊ ရေနံချောင်းမြို့နှင့် ခမောက်ကြီးတို့တွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၅", "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အောက်တိုဘာလ ၂၆ ရက်နေ့ ည ၉ နာရီခန့်တွင် ကျွန်းစုမြို့နယ်၊ ကျောက်ပိတ်ကျေးရွာရှိ နာရေး အခမ်းအနားတစ်ခုကို ရောက်ရှိနေသော ကွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အောင်ဇော်နှင့် ဘုတ်ပြင်းမြို့နယ်၊ ရွှေခဲညိုကျေးရွာသား မူးယစ်ဆေးဝါးရောင်း ဝယ်သူ ကြောင်ခေါင်း ဆိုသူတို့ကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။", "ထိုသို့ ဖမ်းဆီးသွားပြီးနောက် ကျွန်းစုမြို့နယ်၊ ကျောက်ကုန်းကျေးရွာသား အုပ်ချုပ်ရေးမှူးအောင်ဇော်ကို ကျောက်ပိတ်ကျေးရွာ တံတားတွင် သေနတ် ဒဏ်ရာ ၁၄ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာသား မူးယစ်ဆေးဝါးရောင်ဝယ်သူ ကြောင်ခေါင်း ဆိုသူကိုလည်း ဆက်လက် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံရသည်ဟု သတင်းရရှိထားကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။", "“ဘယ်အဖွဲ့ကလုပ်တာလဲ မသိရဘူး၊ ကျနော်တို့အဖွဲ့နဲ့ မသက်ဆိုင်ပါဘူး။ ပြည်သူတွေက လက်နက် ကိုင်ထားရင် PDF လို့ပဲ ထင်နေကြလို့ ထုတ်ပြန်လိုက်တာပါ။ အုပ်ကြီးအောင်ဇော်က ကျွန်းမြို့နယ်၊ ကျောက်ကုန်းရွာကပါ၊ ကြောင်ခေါင်းက ဘုတ်ပြင်းမြို့နယ်၊ ရွှေခဲညိုရွာသားပါ၊ သူက မူးယစ်ဆေးဝါး ရောင်းဝယ်နေသူသိရပါတယ်” ဟု ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။", "အဆိုပါ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ နှင့်လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း၊ ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှချမှတ်ထားသော မူဝါဒ၊ စစ်သည် တော်ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်သုံးနေသော အဖွဲ့ဖြစ်ကြောင်း အသိပေးထားသည်။", "အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက် ၊ ယာကြီးပြင်ရပ်နေ ပျူစောထီးတစ်ဦး ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂ ရက် နေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ်ကွက်၊ ယာကြီးပြင်ရပ်နေ အကြမ်းဖက်စစ် တပ်ထောက်တိုင် ပျူစောထီးအဖွဲ့ဝင် အသက် ၃၈ နှစ်အရွယ် နိုင်လင်းအောင် (ခ) စနေသား သည် ရေနံ ချောင်းမြို့နယ်၊ လယ်ကျဉ်းရိုးကျေးရွာတွင်နေထိုင်သည့် ဇနီးဖြစ်သူထံ ရောက်ရှိလာစဉ် ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးသွား၍ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်၊ အမှတ် ၄ ရပ်ကွက် (ဖောင် ဆိပ်) ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဌေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ကော့သောင်း မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၄ ရက် ညနေ ၅ နာရီ ၂၀ မိနစ်အချိန်ခန့်က ခမောက်ကြီးမြို့နယ် အမှတ် ၄ ရပ် ကွက် (ဖောင်ဆိပ်) အုပ်ချုပ်ရေးမှူး အသက် ၅၂ နှစ်အရွယ် ဝင်းဌေးကို ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖမှာ နေအိမ်အတွင်းဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆေုံးသွား ကြောင်း သိရသည်။", "သေဆုံးသူ ဝင်းဌေးသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ဒေသနေပြည်သူများထံမှ ငွေကြေး များ အတင်းအဓမ္မ တောင်းခံခြင်း၊ စစ်မှုထမ်းရန်အတွက် လူစုပေးခြင်း၊ သန်းခေါင်စာရင်း ကိစ္စရပ်များ တွင် အားပေးကူညီခြင်း၊ ဒေသအတွင်း ၎င်းနှင့်အဆင်မပြေသူ မည်သူ့ကို မဆို PDF အားပေးသည် ဟု အမည်တပ်ကာ အကြမ်းဖက်စစ်ကောင်တပ်ကို တိုင်တန်းခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ သတင်း အချက် အလက်များကို စုံစမ်း၍ စစ်ကောင်စီထံသို့ သတင်းပေးပို့ခြင်းများ အစရှိသော လုပ်ရပ်များကို စိတ်ရောကိုယ်ပါ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ သိရှိရသဖြင့် ထိုလုပ်ရပ်များကို မပြုမူရန် အကြိမ်ကြိမ်သတိပေး တားမြစ်ခံထားရ သူဖြစ် ကြောင်း သိရသည်။", "“စကစ၊ ရဲနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူ့ဘက်ရပ်တည်ဖို့၊ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ အဓိက ပြောချင်တယ်။ ပြည်သူ့ဘက်ရပ်တည်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံမယ်ဆိုရင် သက်ဆိုင်ရာ လက် လှမ်းမီရာတော်လှန်ရေးတပ်ဖွဲ့တွေကို အချိန်မရွေးဆက်သွယ်ပြီးတော့ ပြည်သူ့ရင်ခွင် ခိုလှုံလို့ရပါ တယ်။ တော်လှန်ရေးအင်အားစုတွေအားလုံးကလည်း လက်ကမ်းကြိုဆိုနေပါတယ်။ ကျနော်တို့က လက်ကမ်းကြိုတယ်နော်။ သူတို့ဘက်က မရပ်တည်ဘူးဆိုရင် ကျနော်တို့က လုပ်ထုံးလုပ်နည်း အ တိုင်း လုပ်သင့်လုပ်ထိုက်တာကို အရှိန်အဟုန်မြှင့်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ ထောက်တိုင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူနှင့်အတူ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြရန်နှင့် ပြည်သူ့ဘက်ရပ် တည်ခြင်း မရှိသော စစ်ကောင်စီဘက်တော်သားများ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များ၊ စစ်ကောင်စီ အားပေးထောက်တိုင်များကို အရှိန်မြှင့် ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။"]
https://yktnews.com/2024/06/170478/
ကျွန်းလှတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက် မှုများပြားပြီး စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၈ လက် သိမ်းပိုက်ရရှိ၊ PDF ၂ ဦးကျဆုံး
["ကျွန်းလှတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက် မှုများပြားပြီး စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၈ လက် သိမ်းပိုက်ရရှိ၊ PDF ၂ ဦးကျဆုံး", "ရန်ကုန်၊ ဇွန် ၂၈", "စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် တပ်စွဲရန် ပြင်နေသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက် ၈ လက် သိမ်း ပိုက်ရရှိကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။", "ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်အတွင်း အင်အား ၂၀၀ ခန့်ရှိသော ခမရ-၃၆၁နှင့် ပျူစောထီး ပူး​ပေါင်းစစ်ကြောင်းက တပ်ဖြန့်အ‌ခြေပြုတပ်စွဲရန် ပြင်ဆင်နေသည့် အင်တိုင်းရွာနှင့် ကျောက်ပုံကုန်း ​နေရာ ၂ ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်​​သေဆုံးမှုများ၍ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိပြီး လက်နက်ငယ် ၈ လက် သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးတပ်ဘက်မှလည်း ရဲဘော် ၂ ဦးကျဆုံးကြောင်း သိရှိရသည်။", "အဆိုပါစစ်ဆင်ရေးကို ကန့်ဘလူခရိုင် ကွပ်ကဲ​ရေးမှူး၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် တပ်ရင်း ၁၊ ၂ ၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂ ၊ ဗျူဟာ-၅၂ ရွှေဘိုခရိုင် တပ်ရင်း-၇၊ ၈၊ ၁၀၊ ၁၆၊ စစ်ကိုင်းတိုင်း ပကဖ၊ ကျွန်းလှမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]