url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2023/01/82094/
ကနီတွင် စစ်ရှောင်ပြည်သူများကို ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်
["ကနီတွင် စစ်ရှောင်ပြည်သူများကို ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်", "ရန်ကုန်၊ ဇွန်နဝါရီ ၂၀", "ကနီမြို့နယ်တွင် ဒေသခံ စစ်ဘေးရှောင် ပြည်သူများကို Burma Liberation Force (ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့)", "Medical Team မှ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "ဗမာ့လွတ်မြောက်ရေးတပ်ဖွဲ့ (BLF ) Medical Team အနေဖြင့် ထိတွေ့ တိုက်ပွဲကာလအတွင်း စစ်ရှောင်ဒေသ ၅ နေရာရှိ စစ်ရှောင်ကျေးလက်လူထု ၁၅၀ ကျော်ကို ယနေ့ချိန်အထိ သွားရောက် ကုသမှုပေးနေဆဲ ဖြစ်​ကြောင်း သိရသည်။"]
https://yktnews.com/2023/01/79360/
ကနီတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲ ပြုလုပ်
["ကနီတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဇန်နဝါရီ ၅", "ကနီမြို့နယ်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် “ပြည်သူ့လွတ်လပ်ရေးအတွက် တော်လှန်ရေးနဲ့ အပြီးရယူကြ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/117785/
ကနီတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ PDF တပ်ခွဲမှူး ၁ ဦး ကျဆုံး ၊
["ကနီတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ PDF တပ်ခွဲမှူး ၁ ဦး ကျဆုံး ၊", "ဘီးလင်းမြို့နယ်၊ မရမ်းကုန်းရွာ တိုက်ပွဲတွင်လည်း စစ်သား ၁၀ ဦးထက် မနည်း သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၁၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ် သား ၁၀ ဦးထက်မနည်း သေဆုံးကာ PDF တပ်ခွဲမှူတစ်ဦး ကျဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၆ နာရီခန့်က ရိက္ခာပို့ရန် ဆန်တက်လာ သော စစ်သင်္ဘောများ ပေါ်မှ ဆင်းလာပြီး ကနီမြို့၌ ညအိပ်ရပ်နားခဲ့သော အကြမ်းဖက်စစ်သား ၆၀ ခန့်သည် ရှမ်းမြောင်းကျေး ရွာဘက်သို့ ထွက်လာစဉ် တံတားအနီးအရောက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၈ နာရီခန့်တွင် ကနီမြို့ပေါ် ရဲစခန်းကို Shar Htoo Waw Dron နည်းပညာ (မောင်းသူမဲ့လေယာဉ်)နှစ်စီးဖြင့် ဗုံးသီး လေးလုံး ကျဲချ တိုက်ခဲ့ရာ နောင်ဆုံး တစ်ခေါက် ဗုံးသီးကျဲချပီး အပြန်၌ စစ်တပ်ဘက်က သေနတ်ဖြင့် ပစ်ချသဖြင့် မောင်းသူမဲ့လေယာဉ်ငယ် ၂ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။", "“ပထမ တိုက်ပွဲက သင်္ဘောပေါ်က ဆင်းပြီး ကနီမြို့ထဲ ညအိပ် မနက် ၆ နာရီ ပြန်ထွက်တဲ့အချိန် တိုက် ပွဲဖြစ်တာဗျ၊ ပထမတိုက်ပွဲပြီးတော့ ခွေးတွေမြို့ထဲ ပြန်ဝင်တဲ့အချိန် ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချတယ်၊ နောက်ဆုံးအခေါက်မှာ လေဆာ ဂန်း နဲ့ပစ်ချခံရတာ၊ နှစ်စီး ဆုံးရှုံးခဲ့တယ်၊ စစ်ခွေးတွေက ရေလယ်ကျွန်း ပျူစောထီးရွာကို ရိက္ခာပို့ပြီး အထက်ကို သင်္ဘောတွေနဲ့ ဆန်တက်သွားပြီ” ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ကနီမြို့ပေါ်မှ ရေလယ်ကျွန်း(ပျူ)ရွာသို့ ရိက္ခာပိုလာရန် ထွက် လာ သော အကြမ်းဖက်စစ်သား ၆၀ ဦးခန့်ကို ကနီမြို့နှင့် ရေလယ်ကျွန်း(ပျူ)ရွာကြား အရောက် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ထပ်မံ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခန့်အချိန် ကနီမြို့ပေါ်မှ စစ်သားများက PDF တပ်များကို ဒရုန်းဖြင့် ပြန်လည်ဗုံးကျဲချခြင်း၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ထို့အပြင် နံနက် ၁၀ နာရီခွဲခန့်၌ အလယ်ကျွန်း(ပျု)ရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ခန့်ဖြင့် ရှမ်းမြောင်း ကျေးရွာဘက်သို့ ထွက်ခွာစဉ် ရှမ်းမြောင်းကျေးရွာအနီး အရောက် မိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နေ့လည် ၁၁ နာရီခန့်အထိ တိုက်ပွဲပြင်း ထန်ခဲ့ကြောင်း ယင်းထိတွေ့တိုက်ပွဲတွင် ကျောက်လုံးကြီး KLG တပ်ဖွဲ့မှ တပ်ခွဲမှူး ကိုနိုင်ဝင်းကျဆုံးခဲ့ရ ကာ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“စစ်ခွေးကတော့ ၁၀ ကောင်အထက်သေတယ်ဗျ၊ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ မိုင်းက ၆ လုံး မိတာ၊ တိုက်ပွဲကလည်း မီတာ ၁၀၀ အတွင်း စောင့်ကြို တိုက်ခိုက်ခဲ့တာ၊ ရေလယ်ကျွန်းက ပျူတွေနဲ့ ပေါင်းပြီး တစ်ကြောင်း ထွက်လာတာ၊ အဲဒီတိုက်ပွဲမှာပဲ PDF တပ် ခွဲမှူး ကိုနိုင်ဝင်းကို လက်နက်ကြီး ကျည် ထိမှန်ပြီး ကျဆုံးခဲ့တာ၊ သေနတ်တစ်လက်လည်း ဆုံးရှုံးခဲ့ရတယ်၊ ရဲဘော် တစ်ဦးလည်း ဒဏ်ရာရတယ်” ဟု ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ (KLG PDF ကျောက်လုံး ကြီး) တပ်ဖွဲ့နှင့် ပြည်ထောင်စု လွတ်မြောက်ရေး တပ်ဦး (ULF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။", "အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ် သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးထက်မနည်းသေဆုံးပြီး စစ်သားများ ထွက်ပြေးသွားကြောင်း တော ကျီး ကန်း စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောကြားသည်။", "ဩဂုတ်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မရမ်းကုန်းကျေးရွာ၌ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်တပ် စွဲထား သော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများ အပြား ဒဏ်ရာရရှိပြီး ထွက်ပြေးသွားကြောင်း၊ ပြည်သူ့ကာကွယ် ရေး ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“သေသွားတဲ့ စစ်ခွေးတွေကို လမ်းတွေမှာ မြှုပ်ထားတာတွေရှိတယ်၊ တချို့ အရေး ပါတဲ့လူလောက်တော့ ပြန်ပြီးတော့သယ်သွားတာတွေရှိတယ်၊ မျက်မြင် ပြည်သူတွေရဲ့ပြောပြချက်အရတော့ သူတို့ရဲ့ရဲဘော် တစ်ယောက်ကို သေနတ် ၂ လက်၊ ၃ လက်ထမ်းပြီး ပြန်ရတာတွေ၊ တချို့ဒဏ်ရာရတာတဲ့သူတွေဆိုရင် ပုခက်ကြီးတွေနဲ့ ထမ်းပြီးပြန်ရတာတွေရှိတယ်၊ သေဆုံးအလောင်းတွေကို မြှုပ်ထားတာတွေကို မိုင်းတွေ ဘာတွေမြှုပ်ထားတတ်ခဲ့လို့ အနီးကပ်တော့ မှတ်တမ်းယူတာတွေ မလုပ်ရဲဘူး” ဟု တောကျီးကန်းစစ် ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်သားများမှာ သထုံမြို့နယ်အခြေစိုက် တပ်မ ၄၄ မှ စစ်သား များဖြစ်ပြီး ဘီးလင်းမြို့ နယ်၊ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်များအတွင်းရှိ ကျေးရွာ များကို လှည့်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ နေအိမ်များ အတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကို မွှေနှောက်ခိုးယူ ရန် စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက် ခိုက် မှု ကြောင့် အကြိမ်ကြိမ်ထွက်ပြေးနေကြကြောင်း သိရသည်။", "ဓာတ်ပုံ- ဘီးလင်းတွင် PDF နှင့် KNLA တပ်များ၏ တိုက်ခိုက်မှုကြောင့် ကျေးရွာ များ အတွင်းမှ ထွက်ပြေးသွားသော တပ်မ ၄၄ စစ်ကြောင်းမှ စစ်သားများ ကျန်ရစ်ခဲ့သော အသုံးအဆောင်များ။"]
https://yktnews.com/2023/11/130195/
ကနီတွင် တော်လှန်ရေးရဲဘော်များကို ပြည်သူများက ဂုဏ်ပြုကြိုဆို
["ကနီတွင် တော်လှန်ရေးရဲဘော်များကို ပြည်သူများက ဂုဏ်ပြုကြိုဆို", "ရန်ကုန်၊ နိုဝင်ဘာ ၈", "စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်နေရာ၌ စစ်ကောင်စီ၏ မော်တော် ၂ စီးကို တိုက်ခိုက်သိမ်းပိုက်ရာတွင် ပါဝင်ကာ အောင်ပွဲဆင်လာသည့် ပြည်သူ့ ရဲဘော်များကို ပြည်သူများက လူအင်အားအများအပြားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး “တလှိိုင်းပြီး တလှိုင်း လာမယ်၊ တလှိုင်းပြီး တလှိုင်း အောင်မယ်” စသည်ဖြင့် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။"]
https://yktnews.com/2023/06/108281/
ကနီတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အကြို အထိမ်းအမှတ် အဖြစ် ပြည်သူ ၁၈၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်
["ကနီတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အကြို အထိမ်းအမှတ် အဖြစ် ပြည်သူ ၁၈၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်", "ရန်ကုန်၊ ဇွန် ၁၈", "ကနီမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုနှင့် ဒေသခံ ပြည်သူများစုပေါင်းကာ ကျေးရွာ ၃ ရွာရှိလပြည်သူ ၁၈၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။", "ထို့ပြင် ပြည်သူ ၁၈ ဦးကိုလည်း အသေးစားခွဲစိပ် ကုသမှုပေးခြင်းများလည်း ၃ ရက်တိုင် ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/07/112074/
ကနီတွင် ပျူစောထီး စခန်းကို မောင်းသူမဲ့ လေယာဥ်ငယ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဘီးလင်းရှိ BGF ၏ မဲလံဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကနီတွင် ပျူစောထီး စခန်းကို မောင်းသူမဲ့ လေယာဥ်ငယ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဘီးလင်းရှိ BGF ၏ မဲလံဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးစခန်းကို မောင်းမဲ့လေယာဉ်ငယ်၊ လက်နက်ကြီး ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျောက်လုံးကြီး KLG တပ် မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ ဇူလိုင်လ ၇ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်တပ် ပျူစောထီးအင်အား ၁၀၀ ကျော် ဖြင့် တပ်စွဲထားသော အလယ်ကျွန်းရွာစခန်းကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ ( KLG PDFကျောက်လုံးကြီး)အဖွဲ့မှ Shar Htoo Waw Dron နည်းပညာ(မောင်းသူမဲ့လေယာဉ်)ကို အသုံ းပြုပီး 1Kg ဗုံးသီး ၇ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ကနီမြို့နယ် CRA တပ်ဖွဲ့မှလည်း တာဝေးပစ်လက်နက်ကြီးဖြင့် ၆၀ မမ ဗုံးသီး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ထိုခိုက်သေဆုံးမှုကတော့ ရှိတယ်ဗျ၊ အတိအကျမသိရသေးတာ၊ စစ်ခွေး ဗိုလ်နေတဲ့အိမ်၊ ပျူခေါင်း ဆောင် နေတဲ့အိမ်တွေ၊ လက်နက်ဂိုထောင်တွေ၊ ကင်းပုန်းစခန်းနေရာတွေမှာ ဗုံးသီးတွေကျကွဲ ခဲ့တယ် လို့သိရတယ်၊ ကျနော်တို့ဘက် လက်နက်ကြီးပစ်တဲ့နေရာနေရာ၊ ဒရုန်းလွှတ်တဲ့နေရာတွေကို ၆၀ မမ တွေနဲ့ ပြန်ပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း ရမ်းပစ်တယ်၊ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်း ပါတယ်” ဟု ကျောက်လုံးကြီး KLG တပ် မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။", "ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာနှင့်စခန်းကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ဇွန်လက Mi 17 ရဟတ်ယာဉ်ဖြင့် လက်နက်များပို့ဆောင်ကာ ပျူစောထီးများကို တပ်ဆင်ပေးထားပြီး အကြမ်းဖက်စစ် သား၊ ရဲ၊ ပျူစောထီး ၁၀၀ ကျော်ဖြင့် တပ်စွဲထားကြောင်း၊ ၎င်းတို့ကို တိုက်ခိုက်နိုင်ရန် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးစေလိုကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ မေတ္တာရပ်ခံထားသည်။", "အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ မဲလံဂိတ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရ သည်။", "ယနေ့ ဇူလိုင်လ ၈ ရက်နေ့လည် ၁ နာရီ မိနစ် ၅၀ ခန့်က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကိုလည်းကောင်း၊ ည နေ ၂ နာရီ မိနစ် ၄၀ ခန့်က ဒုတိယအကြိမ် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကိုလည်းကောင်း ကျဲချ တိုက်ခိုက် ခဲ့ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF တပ်သား ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ၊ KNLA ၊ PDF ၊ TPDF ၊ PPDF- KD ၊ Yangon Eagle Force နှင့် ကျိုက်ထိုပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/185327/
ကနီတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ရေကာတာကျိုးပြီး ကျေးရွာများထဲ ရေများ စတင်ဝင်ရောက်လာ၍ ပကဖ ရဲဘော်များက ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်နေ
["ကနီတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ရေကာတာကျိုးပြီး ကျေးရွာများထဲ ရေများ စတင်ဝင်ရောက်လာ၍ ပကဖ ရဲဘော်များက ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်နေ", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကာတာကျိုးပြီး ကျေးရွာများထဲ ရေများ စတင်ဝင်ရောက်လာ၍ ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်နေကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကပြောဆိုသည်။", "စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကနီမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မဟူတောင်ကျချောင်းရေးကြီးပြီး ကျေးရွာလူထု အင်အားဖြင့် တည်ဆောက်ထားသည့် ရေကာတာ ပျက်စီးကာ ပါဟဲ ကျေးရွာအတွင်း ရေများ ဝင်ရောက်ပြီး ကုန်းမြေကိုတိုက်စားခဲ့သောကြောင့် ရွာသူ၊ ရွာသားများ အရေးပေါ် ယာယီရွှေ့ပြောင်းကာ ရေကာတာများလည်း အရေးပေါ်ပြုပြင်ခဲ့ရကြောင်း သိရသည်။", "ထိုသို့ ကျေးရွာအတွင်း ရေဝင်ရောက်ကာ ကျေးရွာကုန်းမြေတိုက်စားခံရမှုကြောင့် နေအိမ် ၅ လုံးခန့် အရေးပေါ်ပြောင်းရွှေ့ခဲ့ရကာ ရွာထဲရှိ နွား၊ ဝက်၊ အိမ်မွေးတိရစ္ဆာန်များ၊ လှည်း၊ ထွန်စက်များ၊ စိုက်ပျိုး သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ စပါး စသည်တို့ ရေနစ်ဆုံးရှုံးကာ အချို့လည်းချောင်းရေနှင့်အတူ မျောပါ သွားကြောင်း၊ လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။", "အဆိုပါ ပါဟဲကျေးရွာသည် အိမ်ခြေ ၁၉၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ဆက်လက်၍ မိုးရွာ သွန်းနေမည်ဆိုပါက ချောင်းရေတိုက်စားကာ ရွာပျောက်မည့်အနေအထားဖြစ်ရှိကြောင်း သိရသည်။"]
https://yktnews.com/2023/05/102641/
ကနီတွင် မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးမှုဖြစ်နေစဥ် စစ်တပ်က ကျေးရွာများကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ဟောင်ဝှစ်ဇာလက်နက်ကြီး များဖြင့် ပစ်ခတ်
["ကနီတွင် မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးမှုဖြစ်နေစဥ် စစ်တပ်က ကျေးရွာများကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ဟောင်ဝှစ်ဇာလက်နက်ကြီး များဖြင့် ပစ်ခတ်", "ရန်ကုန်၊ မေ ၁၄", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးမှုဖြစ်နေစဥ် စစ်တပ်က ကျေးရွာများကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ဟောင်ဝှစ်ဇာလက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယနေ့မေလ ၁၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်တွင် ကနီမြို့နယ်ရှိ ကျေးရွာများတွင် မိုခါ မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းပြီး ရေကြီးမှုဖြစ်နေစဥ် အကြမ်းဖက် စစ်တပ်က သမင်ခြံကျေးရွာနှင့် မင်းမကျေးရွာ အကြားသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ခုခံ တိုက်ခိုက်စဥ် အကြမ်းဖက် စစ်သား အများအပြားသေဆုံးခဲ့သောကြောင့် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နခမ)တပ် မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "“မိုးကလည်း အရမ်းရွာနေတယ်၊ သမင်ခြံနဲ့မင်းမကြားမှာ တိုက်ပွဲဖြစ်တာ၊ ခွေးတွေ သေဆုံးတာ များနေ တော့ ၁ နာရီမိနစ် ၄၀ မှာ လေယာဉ်နဲ့ ဗုံးလာကျဲတယ်၊ တစ်ကြိမ်တည်းပဲ၊ လေယောဉ်လာလို့ မရတော့ နမခကနေ ဟောင်ဝှစ်ဇာအမြောက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ၊ အထိအခိုက်တော့ မသိရသေးဘူး” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။", "ယင်းအကြမ်းဖက်စစ်ကြောင်း ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး(ပျူ)ရွာအတွင်းမှ မေလ ၁၂ ရက် နေ့တွင် ကနီမြို့နယ်အတွင်း စစ်ကြောင်း စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ မင်းရွာအနီးအရောက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အများ ပြား ထိခိုက်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ တစ်ဦးကျဆုံးကာ ၆ ဦးဒဏ်ရာရရှိထား ကြောင်း ကနီမြို့နယ် သပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်ထံမှ သိရသည်။", "ယနေ့‌ မေလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် မုံရွာမြို့၊ နမခတပ်အတွင်းမှ ချင်းတွင်းတံတားကို ဖြတ်ကာ စစ်ကားအကြီး ၄ စီးဖြင့် အောင်ဇေယျမြို့သစ်မှတဆင့် မုံရွာ-ယာကြီး- ကလေးဝလမ်းအတိုင်း နဘူးအိုင် ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် တွင်းကျေးရွာ၊ ချောင်းမကျေး ရွာ၊ လယ် ရှည်ကျေးရွာ၊ ယကန်းတိုင်ကျေးရွာ၊ မင်းမကျေးရွာ၊ သင့်ဝင်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ မုဌော ကျေးရွာ၊ ငါးဖျက်ကျေးရွာ၊ ပန်းဆိုင်ကျေးရွာ၊ တဇယ်ချောင်ကျေးရွာ၊ ညောင်ပင်ဝန်းကျေးရွာ၊ ဝါးတန်း ကျေးရွာနေ ပြည်သူ ၅၀၀၀ ကျော်မှာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "Photo – ကနီမြို့နယ်တွင် ယနေ့ စစ်တပ် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရ​သော ပြည်သူများ"]
https://yktnews.com/2023/05/102502/
ကနီတွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာ ရေကြီးနေစဉ် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၁၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
["ကနီတွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာ ရေကြီးနေစဉ် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၁၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ မေ ၁၄", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေချိန် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ပြည်သူ ၁၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီမြို့မှ သပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်ထံမှ သိရှိရသည်။", "ကနီမြို့နယ်တွင် ရာသီမုန်တိုင်း ဝင်ရောက်နေသဖြင့် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိနေသည်မှာ (၂)ရက်တိုင် ရှိခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်များက ကနီမြို့အောက်ဘက် ချင်းတွင်း မြစ်အနောက်ဘက်ကမ်း ကျေးရွာများကို စစ် ကြောင်း ထိုးလျက်ရှိကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာအုပ်စု ၅ စုမှ ဒေသခံပြည်သူ ၁၃၁၅၂ ဦး ကျော် သည် ဘေးလွတ်ရာသို့ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ထပ်မံတိုးလာနိုင်သည့် အနေအထားရှိကြောင်း သိရှိရသည်။", "ထို့ပြင် စစ်တပ်က မေလ ၁၃ ရက်နေ့တွင် ကနီမြို့နယ် တွင်းရွာမှ ကိုလင်း အသက်(၃၅) နှစ်ကို မင်းမရွာသို့ ဖမ်း- ဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီ တပ်များသည် ကနီမြို့နယ် မင်းမရွာအတွင်း ၊ ၄င်းရွာ အနီးအနားနှင့် မင်းမရွာ ဘုန်းကြီးကျောင်းထဲ၌ တပ်ချနေကြောင်း သိရှိရသည်။", "အလားတူ မေလ ၁၂ ရက်နေ့ ကနီမြို့နယ် တွင်းရွာမှ လူနေအိမ် ၁၂၀ ကျော်ကို မွှေနှောက်၍ အလိုရှိသော ပစ္စည်းများကိုယူဆောင်ပြီး ဆိုင်ကယ် အစီးရေ ၁ဝစီးကို မီးရှိုု့ပြီး သယ်ယူ၍မရရှိသော အိမ်ထောင်ပစ္စည်းများကို ဖျက် ဆီး ကာ နွားတစ်ကောင်ကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/12/134302/
ကနီတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စာသင်ဆောင် ၁ ဆောင်လှူဒါန်း
["ကနီတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ စာသင်ဆောင် ၁ ဆောင်လှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၃", "ကနီမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ ကမ်ပိန်း”ရရှိငွေဖြင့် စာသင်ဆောင် ၁ ဆောင်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/83256/
ကနီဒေသမှ စစ်ဘေးရှောင်များကို ကျေးလက်သူပုန်သပိတ်စစ်ကြောင်းက ဆေး ဝါး စောင့်ရှောက်မှု ပေး
["ကနီဒေသမှ စစ်ဘေးရှောင်များကို ကျေးလက်သူပုန်သပိတ်စစ်ကြောင်းက ဆေး ဝါး စောင့်ရှောက်မှု ပေး", "ရန်ကုန်၊ ဇန်နဝါရီ ၂၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများကို ကျေးလက်သူပုန် သပိတ် စစ်ကြောင်းမှ ဆေးမှူးဖြစ်သူက ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆေးဝါး စောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/05/214023/
ကနီနှင့် ကလေး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး
["ကနီနှင့် ကလေး မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး", "ရန်ကုန်၊ မေ ၉", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ကလေးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မေလ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၈ မိနစ်ခန့်မှ စတင်၍ ကနီမြို့နယ် ဆူးလေကုန်းရွာကို မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ်များနှင့် ဈေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။", "အလားတူ ကလေးမြို့နယ်၊ လက်ပံချောင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။", "မေလ ၈ ရက်နေ့ ည ၉ နာရီ ၁၄ မိနစ်ခန့်တွင် ကလေးမြိုနယ် မြောက်ပိုင်းရှိ လက်ပံချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။", "“မနေ့က ညပိုင်းက ကလေးမြောက်ပိုင်း လက်ပံချောင်းရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့တာပါ။ နေအိမ် ၂ လုံး အစအနပျောက်သွားတယ်။ လူထိခိုက်တာတော့ မရှိဘူး” ဟု ‌ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/10/128028/
ကနီနှင့် ဆားလင်းကြီးရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ဆောက်လုပ်နိုင်ရေး ကမ်ပိန်း ပြုလုပ်မည်
["ကနီနှင့် ဆားလင်းကြီးရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ဆောက်လုပ်နိုင်ရေး ကမ်ပိန်း ပြုလုပ်မည်", "ရန်ကုန်၊ အောက်တိုဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ဆောက်လုပ်နိုင်ရေး ကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ ကမ်ပိန်းကို ပြုလုပ်မည်ဖြစ်ပြီး အညာဒေသရှိ စစ်ဘေးရှောင်ကလေးငယ်များဖြင့် မီးဘေးသင့် ကလေးငယ်များ ပညာရေး ချောမွေ့စေရန် “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိချိန်တွင် အညာဒေသ ကလေးငယ်များ အတွက် စာသင်ဆောင် ၂ ဆောင် ဆောက်လုပ်နိုင်ရန် ငွေကျပ်သိန်း ၃၀ လိုအပ်နေပြီး “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းကို ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြရန် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က မေတ္တာရပ်ခံထားသည်။", "အဆိုပါ ကမ်ပိန်းတွင် ပါဝင်လိုသော ပြည်သူများ အနေဖြင့်https://m.facebook.com/story.php?story_fbid=292012613739289&id=100087916585581&mibextid=Nif5ozအညာပစ်တိုင်းထောင်လေးများ အဖွဲ့၏ Facebook Page ကို ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။"]
https://yktnews.com/2023/02/87392/
ကနီနှင့် ဘုတလင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး
["ကနီနှင့် ဘုတလင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ လှည်း ၆ စီးကို KLG PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကနီမြို့ပေါ်မှ အလယ်ကျွန်း ပျုစောထီးရွာသို့ ရိက္ခာပို့သွားသော စစ်သားနှင့် ပျူစောထီး အင်အား ၅၀ ခန့်နှင့် လှည်း ၆ စီးကို ကနီမြို့ အထွက်တွင် KLG PDF မှ မိုင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“တိုက်ပွဲ ကြာချိန်က ၁ နာရီ ရှိတယ်။ တိုက်မိုင်း ၂ လုံးနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီ တပ်သား ၅ ကောင်ထက်မနည်း သေဆုံးတယ်။ လှည်း ၂ စီး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်” ဟု KLG PDF အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက တာဝေးပစ် လက်နက်ကြီး၊ လက်လုပ် စိန်ပြောင်း ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Salingyi Border Task Force – SBTF (ပ.က.ဖ)၊ စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF (Yinmarbin)၊ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ခွဲ၃ (Yinmarbin)၊ Eagle Defense Force-EDF (Salingyi)၊ Rainbow People Defense Force (Butalin)၊ Monywa Support Team PDF – MST PDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။"]
https://yktnews.com/2023/07/114186/
ကနီနှင့် ယင်းမာပင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အစိုးရဘဏ်ရုံး၊ ယင်းမာပင်တပ်ရင်း ၂၈ နှင့် အောင်ဇေယျာကုန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ကနီနှင့် ယင်းမာပင် မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အစိုးရဘဏ်ရုံး၊ ယင်းမာပင်တပ်ရင်း ၂၈ နှင့် အောင်ဇေယျာကုန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ ဇူလိုင် ၂၁", "စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင် မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အစိုးရဘဏ်ရုံး၊ ယင်းမာပင်တပ်ရင်း ၂၈ နှင့် အောင်ဇေယျာကုန်းတို့ကို ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Fighter Brotherhood Guerrilla Army တပ်ဖွဲ့ထံမှ သိ ရသည်။", "ယမန်နေ့ ဇူလိုင်လ ၂၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်စစ်သားအင်အား ၁၀၀ ခန့် ဖြင့် တပ်စွဲထား အစိုးရဘဏ်ရုံးကို တာတွေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဘဏ်ရာရုံး ရှေ့ ၌ စောင့်နေသော အကြမ်းဖက်စစ်သား၊ ရဲများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်ဒဏ်ရာရရှိပြီး ဘဏ်ရုံးအတွင်းသို့ ဆုတ်ခွာသွားကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များ ဖြစ်ကြသောFighter Brotherhood Guerrilla Army နှင့် Salingyi Border Task Force (SBTF)၊ Eagle Defense Force(EDF) နှင့် အခြားမဟာမိတ်များ ဖြစ်ကြသော ခရိုင်ရင်း ၃၀ DRPA ၊ Black Shadow (ရင်း ၃၀ ခွဲ ၄) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "အလားတူ ဇူလိုင်လ ၁၉ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်ခန့်က ယင်းမာပင်မြို့နယ်၊ အောင်ဇေယျကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ များနေထိုင်ရာ အဆောက်အအုံများကို ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "ထို့အတူ နေ့လည် ၁၂ နာရီ ၁၀ မိနစ်မှ ၁ နာရီ ၃၅ မိနစ်အထိ အမှတ် ၂၈ ရဲတပ်ရင်းကို တာဝေးပစ် လက် နက်ကြီးဖြင့် ဗုံးသီး ၂ ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ရဲများ နေထိုင်ရာ အိမ်ထောင်သည် လိုင်းခန်းပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးဒဏ်ရာရရှိမှုများရှိခဲ့ သော် လည်း စုံ စမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။", "အဆိုပါတိုက်ခိုက်မှုကို Fighter Brotherhood Guerrilla Army နှင့် Regional Friend Fighters ၊ တော ကျီးကန်း၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ် ၊ မိုးသောက်ကြယ် ၊ စွန်ရဲ (MRDA ရင်း ၆ ခွဲ ၁ )တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရ သည်။"]
https://yktnews.com/2023/02/87045/
ကနီနှင့် ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က စားသောက်ကုန် ပစ္စည်းများ လှူတန်း
["ကနီနှင့် ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က စားသောက်ကုန် ပစ္စည်းများ လှူတန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "ကနီနှင့် ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လှူတန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/117708/
ကနီနှင့် ယင်းမာပင်ရှိ ပျူစောထီးစခန်းနှင့် စစ်ကြောင်းများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကနီနှင့် ယင်းမာပင်ရှိ ပျူစောထီးစခန်းနှင့် စစ်ကြောင်းများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ သြဂုတ် ၁၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ပျူစောထီးစခန်းနှင့် စစ်ကြောင်းများကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၂၃ မိနစ်တွင် ကနီမြို့နယ် အလယ်ကျွန်းပျူရွာစခန်းကို လက်နက်ရိက္ခာများထောက်ပို့ရန် လာရောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်ကို ကနီမြို့အထွက် အနီးတွင် မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "ယင်းနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာရှိ ပျူစောထီး ကင်းစခန်းကို ဗုံးသီး ၁ လုံးဖြင့်လည်ကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ပန်းထိမ်ပြင်သစ်ကွင်းထဲမှ သစ်များကိုခိုးယူနေသော စစ်သားများကို ဗုံးသီး ၃ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့၀င်များ၏ တိုက်ခိုက်ရေး ဒရုန်းလေယာဥ်ငယ် ၂ စီးကို စစ်တပ်က Drone Gun ဖြင့်ပြန်လည်ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကနီမြို့အနီးတွင် ပျက်ကျ ပျောက်ဆုံးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့၀င်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ပျက်ဆီးမှု များရှိနိုင်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ စစ်ကိုင်းခရိုင်၊တပ်ရင်းအမှတ်(၄)MSPDF၊ ဗိုလ်ချုပ်၊၀က်လက်၊ နဂါးညီနောင်အဖွဲ့၊ ကျောက်လုံးကြီးKLGတပ်မဟာ၊ အနောက်ပိုင်းတိုက်ခိုက်ရေး (001)CDSOM၊ MRTF အရာတော်၊ Monywa Ranger၊ Seven People Defense Force-Mandalay၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီဇာတ်ကားထောက်ပို့အဖွဲ့၊ Support To Federal Democracy၊ မဖြူလေးနှင့် ဒေသခံတပ်ရင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2025/04/211059/
ကနီနှင့်မင်းကင်းမြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ
["ကနီနှင့်မင်းကင်းမြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး အများအပြားဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၁၂", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၄၁ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက် တစ်နေရာသို့ မိတ္တီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ်က ဗုံးကျဲပစ်ခတ်သွားခဲ့ကြောင်း၊ လတ်တလော လူထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။", "အလားတူ ယမန်နေ့ ည ၇ နာရီအချိန် မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသပြည်သူ ၂ ဦးဖြစ်သည် အသက် ၂၈ နှစ်အရွယ် ဒေါ်နန်းချော နှင့် အသက် ၃၁ နှစ်အရွယ် ဒေါ်အေးနွယ်ဌေးတို့ ထိခိုက်ဒဏ်ရာရရှိကာ ၁၀ ဦးကျော်ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ မြေပြင်မှာလည်း ငြိမ်သက်နေတာကို တမင်ကြီးဗုံးလာကျဲတာပါ။ မင်းကင်းထဲမှာတော့ မြို့ပေါ်ကလွဲရင် နေရာတော်တော်များများက PDF တွေက စိုးမိုးထားပါတယ်” ဟု မင်းကင်းမြို့နယ်မှ စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ပေးနေသော CDM ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လတ်တလော လေကြောင်းတိုက်ခိုက်မှု ခံထားရသော မင်းကင်းမြို့နယ် ဇင်ကလဲကျေးရွာကို မင်းကင်း မြို့နယ်ပအဖ တာဝန်ခံ၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ ၊ မြို့နယ်ပကဖဆေးတပ်ဖွဲ့၊ ရဲဘော်များနှင့် မြို့နယ်ပလဖအဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မင်းကင်းဒေသနှင့်ချိတ်ဆက်နေသော သတင်းရင်းမြစ်တစ်ခုက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာကို ယမန်နေ့ညပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးနေစဉ်။", "Photo- CJ ။"]
https://yktnews.com/2025/02/203565/
ကနီမြိုနယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီး
["ကနီမြိုနယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့် မုဌေါရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နတ်ကြီးကျေးရွာဘက်မှ အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိကာ ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။", "“မုဌေါရွာကတော့ မုဌေါမြောက်ရွာနဲ့ မုဌေါတောင်ရွာ ၂ ရွာ အကြားမှာရှိတဲ့ ချောင်းထဲကို ကျတာ အထိခိုက်ကတော့ မရှိဘူး။ နတ်ကြီးရွာကတော့ ရွာရဲ့ တောင်ဘက် အရပ်ခေါ် ကျောက်ကွင်းကို ပစ်တာ ပစ်တဲ့ လက်နက်က Rocket အပါဝင် လေယာဉ်ပေါ်က နေ စက်လက်နဲ့ ပါပစ်တာပါ။ အဲလိုပစ်လို့ ကျောက်ကွင်းမှာ အလုပ်လုပ် နေတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိူသားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ကားတစ်စီးလည်း ပျက်းစီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလအတွင်း ကနီမြို့နယ်အတွင်းရှိ ဆူးလေကုန်းရွာ၊ နတ်လာပို့ရွာ အပါအဝင် လက်ရှိ နတ်ကြီးရွာနှင့် မုဌေါရွာကိုပါ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အရပ်သား ပြည်သူ ၂ ဦး သေဆုံးကာ ၅ ဦးအထိ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/03/208322/
ကနီမြို့ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်ရန် ရဟတ်ယာဉ် ဆင်းသက်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က မြို့ပေါ်နေအိမ်များကို မီးရှို့ဖျက်ဆီး
["ကနီမြို့ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်ရန် ရဟတ်ယာဉ် ဆင်းသက်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က မြို့ပေါ်နေအိမ်များကို မီးရှို့ဖျက်ဆီး", "ရန်ကုန်၊ မတ် ၂၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့ရှိ ဘောလုံးကွင်းအတွင်း တပ်အင်အားဖြည့်တင်းရန် ရဟတ်ယာဉ်ဆင်းသက်စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ တက်လာသော အကြမ်းဖက် စစ်သား ၂၀ ခန့်လိုက်ပါသည် ရဟတ်ယာဉ် ၁ စီးသည် ကနီမြို့ ဘောလုံးကွင်း အတွင်းဆင်းသက်ပြီး လူအတင်အချ ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက Fixed Wings ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်ကွင်း၌ ကင်းစောင့်နေသော စစ်သားများ ထိခိုက်မှုရှိပြီး ကနီမြို့တွင်ရှိနေသော ဗိုလ်မှူး နှင့် ဗိုလ်ကြီးများကို ခေါ်ဆောင်နိုင်ခြင်းမရှိဘဲ ချက်ချင်း ပြန်လည် ထွက်ခွာသွားရကြောင်း သိရသည်။", "“လေယာဉ်က ဆင်းပြီး စခတွေ ချနေတဲ့အချိန် ဗုံးသီးကျဲချ တိုက်ခိုက်တာ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ အင်အားဖြည့်ပြီး ကနီမြို့က အရာရှိတွေကို ပြန်ခေါ်ဖို့လုပ်တာပါ။ နမခတိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေး ကျောင်းသားဘဝက ကနီမြို့ အထကမှာ ပညာသင်ယူခဲ့ဖူးလို့ အခုတိုက်ခိုက်ခံရတဲ့အပေါ် ဒေါပွနေတယ်လို့ သိရပါတယ်” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗျူဟာ ၄၅ KLG PDF ကျောက်လုံးကြီးအနေဖြင့် စစ်အာဏာရှင် အမြစ် ပြတ်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။", "ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ကနီမြို့ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၁ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဝင်ရောက် မီးရှို့ ဖျက်ဆီးသွားကြောင်း သိရသည်။", "“မီးကတော့များတယ်၊ ညဘက်ဆိုတော့ အိမ်ဘယ်လုံးပါသွားလဲ မသိရဘူး။ ရပ်ကွက် ၁ ကနေအိမ် တွေရော၊ ရပ်ကွက် ၃ က နေအိမ်တွေရော ရှို့တာများတယ်။ ကနီမြို့မှာက ပြည်သူတွေ မရှိတော့ဘူး။ ညဘက်ရောက်တော့ ကင်းပတ်တာတွေ လည်းရှိတယ်။” ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိ သူတစ်ဦးက ဆက်လက် ပြောဆိုသည်။"]
https://yktnews.com/2024/03/149201/
ကနီမြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှ ယခု ညအချိန်အထိ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေ၊ စစ်ကောင်စီတပ်ဘက်မှ အလွန်အထိနာနေဟုဆို
["ကနီမြို့ကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှ ယခု ညအချိန်အထိ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေ၊ စစ်ကောင်စီတပ်ဘက်မှ အလွန်အထိနာနေဟုဆို", "ရန်ကုန်၊ မတ် ၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်နေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။", "မတ်လ၂ ရက်နေ့ နံနက် ၅ နာရီအချိန်မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုများက ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းကြောင်း၊ ကနီမြို့ပေါ်ရှိ စစ်တပ်စခန်းများအားလုံးကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ မတ်လ ၆ ရက်နေ့တွင် တိုက်ပွဲများ အလွန်ပြင်းထန်လာပြီး ကနီမြို့တစ်ခုလုံးကို တော်လှန်ရေးတပ်များက ပတ်ပတ်လည် ဝိုင်းပိတ်ဆို့ထားကြောင်း၊ ထို့ကြောင့် ယနေ့ တစ်နေ့လုံး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ မရပ်မနားလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီက ယနေ့ ကနီမြို့ကို တစ်နေ့ လုံး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာတွင် နံနက် ၁၀ နာရီ ၁၀ မိနစ်မှ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန်အထိ Mi35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ၊ နံနက် ၁၀ နာရီ ၄၈ မိနစ်မှ နံနက် ၁၀ နာရီ ၅၆ မိနစ်အထိ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၃ ကြိမ်၊ ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်အချိန်တွင် တိုက်လေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၈ မိနစ်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်၊ ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် ရဟတ်ယာဉ်တစ်စီးပျံဝဲခြင်း၊ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် Y12 လေယာဉ်တစ်စီး ပျံဝဲခြင်း၊ ညနေ ၅ နာရီ ၂၀ မှ ညနေ ၅ နာရီ ၂၄ မိနစ်အထိ ဂျက်တိုက် လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ၊ ယနေ့ ည ၈ နာရီမှ ၉ နာရီအကြား တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ကနီမြို့တိုက်ပွဲသည် မတ်လ ၂ ရက်နေ့မှ ယနေ့ မတ်လ ၆ ရက်နေ့အထိ ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အကြီးအကျယ် အထိနာနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126284/
ကနီမြို့တွင် မိုးကြီးရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်နေ
["ကနီမြို့တွင် မိုးကြီးရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၁၃", "စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် မိုးကြီးရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "အောက်တိုဘာလ ၁၂ ရက်နေ့က ကနီမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။", "” မြေပြိုပြီး လမ်းတွေလည်း ပျက်စီးသွားတယ်။ အဓိကဖြစ်တာက အမှတ် ၃ ရပ်ကွပ်နဲ့ အမှတ် ၁ ရပ်ကွက်မှာ လမ်းပိုင်းတွေ တော်တော် ပျက်စီးသွားပြီး နေအိမ် တချို့ထဲ မျောပါသွားတယ်။ အကူအညီတွေ လိုအပ်နေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/11/132488/
ကနီမြို့နယ် ပြည်သူ့ အခြေပြုကျောင်းတွင် ကျဆုံးရဲဘော်ကို အလေးပြုအခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်
["ကနီမြို့နယ် ပြည်သူ့ အခြေပြုကျောင်းတွင် ကျဆုံးရဲဘော်ကို အလေးပြုအခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်", "ရန်ကုန်၊ နိုဝင်ဘာ ၂၂", "စစ်ကိုင်းတိုင်း ကနီနယ် ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် မောင်လှိုင်၏ ၂ နှစ် ၆ လပြည့် အခမ်းအနားကို ကျန်ရစ်သူ မိသားစု နှင့် Kani ChinDwin Revolution Force-KCDRF အဖွဲ့မှ ယနေ့နံနက်ပိုင်းက ကနီမြို့နယ် ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းတွင် ကျင်းပခဲ့ပြီး NUG ကာကွယ်ရေးအလံကို အလေးပြုခြင်း ၊ ခေတ်အဆက်ဆက်နှင့်မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးကြွေလွင့်သွားသော ရဟန်းရှင်လူကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား အလေးပြုခြင်း ၊ ကျဆုံးရဲဘော် မောင်လှိုင်ကို အလေးပြုခြင်း ၊ သွေးသစ္စာသီချင်းအား သံပြိုင်သီဆို၍ စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။", "ထို့ပြင် ကနီမြို့နယ် ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းတွင် ကျန်ရစ်သူ မိသားစု နှင့် Kani ChinDwin Revolution Force-KCDRF အဖွဲ့မှ ကြာဇံဟင်းခါး ကျွေးမွေးလှူဒါန်းခဲ့ကြသည်။"]
https://yktnews.com/2023/12/135121/
ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ ဆရာဝန်တစ်ဦး လူနာတင်ယာဉ် ၁ စီး ယူဆောင်လာပြီး အလင်းဝင်
["ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ ဆရာဝန်တစ်ဦး လူနာတင်ယာဉ် ၁ စီး ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး လူတင်ယာဉ်တစ်စီးနှင့်အတူ ပြည်သူ့ ရင်ခွင်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အာဏာရှင် တော်လှန် ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ဒီဇင်ဘာလ ၅ ရက်နေ့က ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ PS ရာထူးအဆင့်ရှိသူ ဆရာဝန် ဦးနေဇာအောင်သည် ကနီမြို့နယ် ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်တစ်စီးနှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ – ADPRA ထံအလင်းဝင်ရောက်ခဲ့ပြီး ၎င်းကို နွေးထွေးစွာကြိုဆိုကာ ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။", "“ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ဌက်ဖျားဌာနက PS အဆင့်ရှိတဲ့ ကျန်းမာရေးဝန်ထမ်း ဦးနေဇာအောင် ပေါ့၊ သူက ကနီမြို့နယ်ပြည်သူ့ဆေးရုံဆိုတဲ့ Ambulance ကားကိုယူပြီးတော့ ကျနော်တို့ ယင်းမာပင် ခရိုင်တပ်ရင်း ၃၀ – ADPRA ဆီကို အလင်းဝင်လာတာပေါ့၊ လက်ရှိမှာတော့ လိုအပ်တဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိအောင်ဆောင်ရွက်နေပါတယ်၊", "အလင်းဝင်သူတိုင်းကိုတော့ လူသားဂုဏ်သိက္ခာနဲ့အညီ လူ့အခွင့်အရေး အပြည့်အဝရရှိအောင် ကူညီတယ်၊ ပြီးတော့ ယူဆောင်လာတဲ့ ပစ္စည်းတွေ အပေါ်မှာ မူတည်ပြီး ဆုကြေးအဆင့်ဆင့်ချီးမြှင့်တယ်၊ ပထမဆုံးချီးမြှင့်ထားတဲ့ဟာတွေကတော့ တပ်ရင်း ကိုယ် ပိုင် တပ်ရင်း‌ ငွေနဲ့ချီးမြှင့်ထားတယ်၊” အာဏာရှင် တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "၁၀၂၇ စစ်ဆင်ရေးတင်ချိန်မှစ၍ အာဏာရှင် တော်လှန် ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသူ ၅ ဦးရှိပြီဖြစ်ပြီး ရဲ ဝန်ထမ်း ၃ ဦး၊ ပျူစောထီးတစ်ဦးနှင့် ကျန်းမာရေးဝန် ထမ်းတို့ဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူပါလာသည့် ပစ္စည်းများမှာ G3 မောင်းပြန်တစ်လက်၊ ကာဘိုင် တစ်လက်နှင့် ကျည်ဘောက်၊ ကျည်၊ ဆိုင်ကယ်နှင့်ကားတို့ဖြစ်ကြောင်း၊ G3 မောင်းပြန်တစ်လက် ယူဆောင်လာသည့် ရဲဝန်ထမ်းတစ်ဦးကို ဆုငွေ သိန်း ၃၀ ၊ ကာဘိုင်သေနတ်တစ်လက်ယူဆောင် လာနိုင်သည့် ပျူစောထီးတစ်ဦးကို ဆုငွေ သိန်း ၂၀ ကျပ်ချီးမြှင့်ထားကြောင်း၊ ထို့အပြင် ကျည်တစ် ထောင့်လျှင် ၆၀၀၀ ကျည်နှုန်းဖြင့် ပါရှိလာသည့် ကျည်အရေအတွက်အတိုင်း ဆုချီမြှင့်ကြောင်း သိရသည်။", "ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံသို့ တင်ပြပေးထားသည့် အပြင် CDM အဖွဲ့အစည်းများဖြစ်သည့် ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင် အစရှိသည့် အဖွဲ့အစည်းများနှင့် လည်းချိတ်ဆက်ပေးထားပြီး ၎င်းတို့ကလည်း ထပ်ဆင့် ဆုချီးမြှင့်မှုရှိမည်ဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122062/
ကနီမြို့နယ်ကို ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
["ကနီမြို့နယ်ကို ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၁၂", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ကို ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Monywa Underground Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကနီမြို့နယ်ကို ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“အထက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘော ၁ စီးက ရေစကြိုဘက်ကနေ နမခ ဆိပ်ကမ်းကို ကမ်းကပ်ပြီး ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၁ စီး ၊ ကနီအထက်ကို ဆန်တက်လာလို့ ကျွန်တော်တို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ပါတယ်။ သူတို့က အထက်ကို စားနပ်ရိက္ခာပို့ဖို့ လာတာ ကျွန်တော်တို့လည်း သတင်းက ကြိုမရတာကြောင့် အခုလိုအပြန်လည်ပစ်ခတ်ခဲ့တာပါ” ဟု Monywa Underground Guerrilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "အဆိုပါ တိုက်ခိုက်မှုကို Monywa Underground Guerrilla Force (M.U.G.F)နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုရှိပြီး အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။"]
https://yktnews.com/2025/04/210361/
ကနီမြို့နယ်တွင် CDM ဆင်ဦးစီးများကို ရိက္ခာများလှူဒါန်း
["ကနီမြို့နယ်တွင် CDM ဆင်ဦးစီးများကို ရိက္ခာများလှူဒါန်း", "ရန်ကုန်၊ ဧပြီ ၅", "ကနီမြို့နယ်တွင် CDM ဆင်ဦးစီးများအတွက် ရိက္ခာများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။"]
https://yktnews.com/2023/03/93477/
ကနီမြို့နယ်တွင် ကလေးငယ်များကို သံချဆေး တိုက်ကျွေး
["ကနီမြို့နယ်တွင် ကလေးငယ်များကို သံချဆေး တိုက်ကျွေး", "ရန်ကုန်၊ မတ် ၂၁", "ကနီမြို့နယ်ရှိ ကျေးရွာ ၂ ရွာတွင် ကလေးငယ် ၁၄၁ ဦးကို နွေဦးတော်လှန်ရေး သပိတ်အင်အားစု ကနီမြို့နယ် အဖွဲ့က ယနေ့ မတ်လ ၂၁ ရက်နေ့တွင် သံချဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/07/110634/
ကနီမြို့နယ်တွင် ကျေးရွာ ၂၄ ရွာမှ အသက် ၂ နှစ်မှ ၈ နှစ်အရွယ် ကလေး ၁၇၄၄ ဦးကို သံချဆေးတိုက်ကျွေး
["ကနီမြို့နယ်တွင် ကျေးရွာ ၂၄ ရွာမှ အသက် ၂ နှစ်မှ ၈ နှစ်အရွယ် ကလေး ၁၇၄၄ ဦးကို သံချဆေးတိုက်ကျွေး", "ရန်ကုန်၊ ဇူလိုင် ၁", "ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် ဒေသခံပြည်သူများ ဦးဆောင်၍ ဇွန်လ ၂၈ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁ ရက်နေ့အထိ ကနီမြို့နယ်ရှိ ကျေးရွာ ၂၄ ရွာကို လှည့်လည်၍ အသက် ၂ နှစ်မှ ၈နှစ်အရွယ်ကလေးသူငယ် ၁၇၄၄ ဦးကို သံချဆေး တိုက်ကျွေးခဲ့သည်။"]
https://yktnews.com/2022/12/76549/
ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
["ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၅", "ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် “သွေးကြွေးမှာဆွေးနွေးစရာမရှိ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/124192/
ကနီမြို့နယ်တွင် ချင်းတွင်းမြစ်တွင်း သင်္ဘောပေါ်မှ ဖမ်းဆီးရမိသော စစ်တပ် ထုတ်ကုန် ဒဂုံ ဘီယာဖာ ၈၀၀ ကျော်ကို ဖျက်ဆီး
["ကနီမြို့နယ်တွင် ချင်းတွင်းမြစ်တွင်း သင်္ဘောပေါ်မှ ဖမ်းဆီးရမိသော စစ်တပ် ထုတ်ကုန် ဒဂုံ ဘီယာဖာ ၈၀၀ ကျော်ကို ဖျက်ဆီး", "ရန်ကုန်၊ စက်တင်ဘာ ၂၇", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင်း သင်္ဘောပေါ်မှ ဖမ်းဆီးရမိသော အကြမ်း ဖက် စစ်တပ်ထုတ်ကုန် ဒဂုံ ဘီယာ ဖာ ၈၀၀ ကျော်ကို ဖျက်ဆီး လိုက်ကြောင်း ကနီမြို့ နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံကို အောင် မျိုးမင်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "စက်တင်ဘာလ ၂၂ ရက် နေ့ ချင်းတွင်းမြစ်ကြောင်းတွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ လူများ လိုက်ပါ စီးနင်းခြင်းရှိ ၊မရှိ လုံခြုံရေးအရ ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ အကြမ်း ဖက် စစ်တပ်ထုတ်ကုန်ပစ္စည်းတစ်မျိုးဖြစ်သည် Dragon ဘီယာ ဖာ ၈၀၀ ကျော် ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းမိသော စစ်တပ် ထုန်ကုန်ဘီယာ များကို ဖျက်ဆီးလိုက်ကြောင်း သိရသည်။", "“ စက်တင်ဘာ ၂၂ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ဖမ်းမိတာပါ၊ နေရာအတိ အကျတော့ ပြောရခက် တယ်၊ ဖာအသေးလေးတွေ ဖာ ၈၀၀ ကျော် လောက် ရှိတယ်၊ ဒဂုံဘီယာအမျိုးအစားပဲ၊ ဖမ်းလိုက်ပြီးပြီး ချင်းပဲဖျက်ဆီး လိုက်တာပါ၊ အင်တာနက်လိုင်းကမကောင်းလို့ မနေ့က တင်ပြလိုက်ရတာပါ၊ တခြား ပစ္စည်း တွေ ရောမပါဘူးဗျ၊ ဘီယာတစ်မျိုးပဲ၊ လူတွေဘာတွေ ဖမ်းဆီး တာ မျိုးမရှိပါဘူး” ဟု ကနီမြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုအောင်မျိုးမင်း က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။"]
https://yktnews.com/2025/03/208076/
ကနီမြို့နယ်တွင် စစ်တပ်က တောင်ယာလုပ်ကိုင်နေသည့် ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ
["ကနီမြို့နယ်တွင် စစ်တပ်က တောင်ယာလုပ်ကိုင်နေသည့် ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ မတ် ၁၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တောင်ယာလုပ်ကိုင်နေသည့် ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ကနီမြို့နယ် အုမ္မကျေးရွာနှင့် ယင်းကျေးရွာအကြားတွင် တောင်ယာလုပ်ကိုင်နေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အမျိုးသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း သိရှိရသည်။", "“ဒီနေ့ နံနက် ပိုင်းက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာ တောင်ယာထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာတွေတော့ စိုးရိမ်စရာမရှိပါဘူး” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/03/207029/
ကနီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ဆက်တိုက် ဗုံးကျဲနေ
["ကနီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချမှု ပြည်သူ ၁ ဦးသေဆုံးပြီး ဆက်တိုက် ဗုံးကျဲနေ", "ရန်ကုန်၊ မတ် ၁၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး လက်ရှိအချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းရှိ နတ်ကြီးရွာနှင့် မုဌောအရှေ့ရွာသို့ တိုက်လေယာဉ်ဖြင့် ဗုံး ၅ လုံးကျဲချခဲ့ကြောင်း၊ ဗုံးဖြင့် တိုက်ခိုက်ကျဲချမှုကြောင့် ကား ၁ စီး မီးလောင်ပြီး ပြည်သူ ၁ဦးသေဆုံးသွားကြောင်း သိရှိရသည်။", "“ဗုံးကျဲတာက မုဌောဘက်အခြမ်း မြစ်ကမ်း ဘေးမှာ ဗုံး ၁ လုံး၊ နတ်ကြီးဘက်အခြမ်း မြစ်ကမ်း ဘေးမှာ ဗုံး ၄လုံး စုစုပေါင်း ဗုံး ၅လုံး ကျဲချသွားတာ။ မုဌောဘက်ခြမ်းကတော့ နွားတစ်ကာင် သေတယ်။ နတ်ကြီးဘက်အခြမ်းကတော့ ကား ၁ စီးမီး လောင်ပြီး ပြည်သူ ၁ ဦး သေဆုံးတယ်။ နောက်ပြည်သူ ၁ ဦးလည်းဒဏ်ရာရတယ်။ မြေပြင်မှာတော့ ဘာတိုက်ပွဲမှမရှိဘူး။ ဒီနေရာတွေက အရင်လတုန်းကလည်း အခုလိုဗုံးကျဲချ သေးတယ်။ ဗုံးကျဲတဲ့နေရတွေက ဟိုဘက်ကမ်း ဒီဘက်ကမ်း အသွားအလာလုပ်ကြတဲ့ သာမာန်ကူးတို့ဆိပ်ပါ” ဟု နတ်ကြီးကျေးရွာသားတစ်ဦးက ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်က ကနီမြို့နယ်အတွင်းတွင် မြေပြင်စစ်ကြောင်းထိုးမှုများ ပြုလုပ်ခြင်းမရှိတော့ဘဲ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း၊ မကြာသေးမီကလည်း ချောင်းမရွာတွင်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ကျောက် လှေကားရွာတွင်လည်း ပြည်သူ ၅ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။", "” အခုနောက်တစ်ကြိမ် လေကြောင်း တိုက်ခိုက်ပြီး ချင်းတွင်းမြစ်ပေါ်မှာ ပျံဝဲနေတယ်။ ဘယ်နားကို ထပ်ကျဲသွားတယ်ဆိုတာ မသိရသေးဘူး” ဟု ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/12/135464/
ကနီမြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး
["ကနီမြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့မှ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကနီမြို့မှ အလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ရန် အင်အား ၈၀ ခန့်၊ လှည်း ၂ စီးပါ စစ်ကြောင်းကို ကနီမြို့နှင့် ရေလယ်ကျွန်းပျူရွာကြားရှိ‌ ချောင်းရိုးထဲ၌ မီတာ ၂၀၀ အကွာမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "ထို့သို့ တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာလာစဉ် နောက်မှလိုက်လာသည့် အကြမ်းဖက်စစ်သားများကို တိုက်မိုင်းအကြီး ၃ လုံး ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံး မှုရှိပြီး အရေအတွက် အတိအကျ မသိရကြောင်း သိရသည်။", "“အသွားမှာ တိုက်ခဲ့တာဗျ၊ တိုက်ပွဲထဲမှာက မျက်မြင်ကတော့ ၅ ဦးသေတယ်၊ မိုင်းမိလို့ ထပ်သေတာ ဘယ်နှစ်ဦးလည်း အတိအကျ မသိရဘူး၊” ဟု ကျောက်လုံး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ တရင်း ၂၃ (KLG PDF – ကျောက် လုံးကြီး) နှင့် ယင်းမာပင်ခရိုင်တပ်မဟာတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။", "အလားတူ ရေလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ပြီးပြန်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်က ကနီမြို့မှ ရေလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ပြီး ပြန် လာသော အင်အား ၅၀ ခန့်နှင့် ရိက္ခာပို့လှည်း ၃စီးပါ စစ်ကောင်စီစစ်ကြောင်းကို လမ်းခုလတ်မှ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်အထိ အပြန်လှန် ပစ်ခတ်တိုက်ပွဲ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရ သည်။", "“သူတို့က မနက် ၄ နာရီလောက်ကတည်းက ထွက်သွားတာ၊ ကနီနဲ့ ရေလယ်ကျွန်းပျူရွာဆိုတာက သိပ်မဝေးဘူး၊ အပြန်ကျမှ လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ သေသေချာချာပိုင်ပိုင်နိုင် နိုင်ပစ်ခတ်နိုင်လိုက်တဲ့ တစ်ယောက်ကတော့ ခွေကနဲ့လဲကျသွားပြီး မလှုပ်တော့ဘူး၊ နောက်တစ် ယောက်ကတော့ လဲတော့လဲကျတယ်၊ လှုပ်နေသေးလို့ မသေဘူးဆိုပြီး အပြင်းအထန်နဲ့ ထုတ်ပြန် လိုက်တာ၊ သေတာကတော့ သေနိုင်တဲ့ဒဏ်ရာပါ၊ အသေချာလို့ အပြင်းအထန်နဲ့ပဲ ထုတ်ပြန်လိုက် တာပါ၊” ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ် မတော်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် – ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ နှင့် ယင်းမာပင်ခရိုင် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/02/146630/
ကနီမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို ထမင်းတစ်နပ်လှူဒါန်း
["ကနီမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို ထမင်းတစ်နပ်လှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉", "ကနီမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်ပြည်သူ ၃၀၀ ကျော်ကို ထမင်းတစ်နပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/94120/
ကနီမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး တေးဂီတဖျော်ဖြေပွဲ ပြုလုပ်
["ကနီမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး တေးဂီတဖျော်ဖြေပွဲ ပြုလုပ်", "ရန်ကုန်၊ မတ် ၂၅", "ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ မတ်လ ၂၅ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/84727/
ကနီမြို့နယ်တွင် စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ
["ကနီမြို့နယ်တွင် စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် နွေဦး တော်လှန်ရေး သပိတ်အင်အားစု ကနီမြို့နယ်မှ ဦးဆောင်ကာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။", "ဆန္ဒပြပွဲတွင် စစ်အာဏာရှင်ပြုတ်ကျရေး ဒို့အရေး ၊ ထလော့ မြန်မာ မြန်မာ ထလော့ ၊ ထလော့ ကနီ ကနီ ထလော့ ၊ သခင်မျိုးဟေ့ ဒို့မြန်မာ အရေးတော်ပုံအောင်ရမည် အောင်ကိုအောင်ရမည် ၊ သခင်မျိုးဟေ့ ဒို့ကနီ အရေးတော်ပုံအောင်", "ရမည် အောင်ကိုအောင်ရမည် ကြွေးကြော်သံများဖြင့် သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြောကြပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေး သစ္စာသီချင်းကို သံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/128852/
ကနီမြို့နယ်တွင် တပ်ချိန်းရန်လာသော သင်္ဘောများနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး
["ကနီမြို့နယ်တွင် တပ်ချိန်းရန်လာသော သင်္ဘောများနှင့် ပျူစောထီးစခန်းတို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၃၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တပ်ချိန်းရန် ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသော စစ်တပ် သင်္ဘော များနှင့် အလယ်ကျွန်း ပျူစောထီးရွာ စခန်း တို့ကို တိုက်ခိုက်ခဲ့ရာအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၃၀ ရက် နံနက် ၁၁ နာရီခန့်က ကနီမြို့နယ်၊ အထက်မင်းကင်းကျေးရွာ အနီးတွင် မိချောင်းတွင်းကျေးရွာ၌ ညအိပ် တပ်စွဲပြီး ပြည်သူပိုင်၊ နွား၊ ဆိတ်၊ ရိက္ခာနှင့် တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူပြီး စုန်ဆင်းလာသော အကြမ်းဖက် စစ်တပ် သင်္ဘော ၇ စီးကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သင်္ဘောမောင်းသူနှင့် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "“သင်္ဘောတွေက ဟုမ္မလင်းကနေ ဆင်းလာတာဗျ၊ သင်္ဘောပေါ်မှာက စခ၊ ပျူ၊ ရှမ်းနီ ၁၅၀ ဝန်းကျင်ပါ တယ်၊ ကနီမြို့နဲ့ အလယ်ကျွန်း ပျူရွာက စခနဲ့ ပျူတွေကို တပ်ချိန်းမှာ၊ ကနီမြို့ပေါ်က တပ်တွေရောပဲ၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာမှာ ညအိပ်တပ်စွဲပြီး ပြည်သူပိုင် ပစ္စည်းတွေ အကုန်ယူလာကြတာ၊ ဆိတ်တွေ၊ နွားတွေ၊ ပြည်သူပိုင်ပစ္စည်းရှိသမျှတွေ အကုန်ယူလာကြတာဗျ။ အခု ကနီမြို့ထဲရောက်နေပြီ” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် ကနီမြို့နယ် ကြော်မျှော်တောင်အနီးအရောက် အဆိုပါ သင်္ဘော ၇ စီး ကို ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ၊ ယင်းသင်္ဘော များပေါ်တွင် ဟုမ္မလင်းမြို့နယ်မှ ရှမ်းနီ၊ ပျူစောထီး အင်အား ၁၅၀ ခန့်လိုက်ပါလာပြီး ကနီမြို့ရှိ စစ်သားများ၊ ပျူစောထီးများနှင့် တပ်ချိန်းရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။", "ထို့ပြင် ယနေ့ အောက်တိုဘာလ ၃၀ ရက် နံနက် ၂ နာရီခန့်က ကနီမြို့နယ် အလယ်ကျွန်းပျူစောထီးရွာကို Shar Htoo Waw နည်းပညာ မောင်သူ့မဲ့လေယာဉ် ဖြင့် 1Kg ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ – KLG PDF (ကျောက်လုံးကြီး)အဖွဲ့နှင့် နယ်မြေဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/10/127511/
ကနီမြို့နယ်တွင် တော်လှန်ရေး ရုပ်ရှင် ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်
["ကနီမြို့နယ်တွင် တော်လှန်ရေး ရုပ်ရှင် ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်", "ရန်ကုန်၊ အောက်တိုဘာ ၂၁", "ကနီမြို့နယ်တွင် ဒေသပြည်သူများ ဦးဆောင်ကာ တော်လှန်ရေး ရုပ်ရှင် ပြသပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/87176/
ကနီမြို့နယ်တွင် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
["ကနီမြို့နယ်တွင် ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃", "ကနီမြို့နယ်တွင် ဗိုလ်ချုပ် အောင်ဆန်း ၁၀၇ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/98719/
ကနီမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် ရွာ ၈ ရွာကျော်က နေအိမ် ၂၀၀ ခန့်ပျက်စီး
["ကနီမြို့နယ်တွင် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် ရွာ ၈ ရွာကျော်က နေအိမ် ၂၀၀ ခန့်ပျက်စီး", "ရန်ကုန်၊ ဧပြီ ၂၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် ရွာ ၈ ရွာကျော်က နေအိမ် ၂၀၀ ခန့်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။", "ယနေ့ဧပြီလ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကနီမြို့နယ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွင်းခဲ့ပြီး မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာ ၈ ရွာက လူနေအိမ် ၂ဝ၀ ခန့် အမိုးအကာများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/174664/
ကနီမြို့နယ်တွင် မီဘေးသင့်၊ ရေဘေးသင့် စစ်ရှောင်ပြည်သူများကို ဆန်များ လှူဒါန်း
["ကနီမြို့နယ်တွင် မီဘေးသင့်၊ ရေဘေးသင့် စစ်ရှောင်ပြည်သူများကို ဆန်များ လှူဒါန်း", "ရန်ကုန်၊ဇူလိုင် ၂၀", "ကနီမြို့နယ် မီးဘေး ရေဘေးသင့် စစ်ရှောင်ပြည်သူ အိမ်ထောင်စု ၁၅၃ စု အတွက် အိမ်ထောင်တစ်စုလျှင် ဆန် ၂ ပြည်စီကို ကနီတော်လှန်ရေးအင်အားစုအဖွဲ့က သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/07/174868/
ကနီမြို့နယ်တွင် မီးဘေးသင့် ရေဘေးသင့် စစ်ရှောင်ပြည်သူများကို အခမဲ့ ဆေးဝါးကုသပေး
["ကနီမြို့နယ်တွင် မီးဘေးသင့် ရေဘေးသင့် စစ်ရှောင်ပြည်သူများကို အခမဲ့ ဆေးဝါးကုသပေး", "ရန်ကုန်၊ဇူလိုင် ၂၁", "ကနီမြို့နယ်တွင် မီးဘေးသင့် ရေဘေးသင့် စစ်ရှောင်ပြည်သူ ၇၇ ဦး ကို အခမဲ့ ဆေးဝါးကုသပေးရာတွင် ကနီတော်လှန်ရေးအင်အားစုအဖွဲ့က သွားရောက် ပါဝင်အားဖြည့် ကူညီပေးကြကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/169651/
ကနီမြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ကနီမြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ဇွန် ၂၃", "ကနီမြို့နယ် မီးဘေးသင့်အိမ်ထောင်စု ၈၃ စုအတွက် စားသောက်ကုန်ပစ္စည်းများကို ကနီတော်လှန်ရေး အင်အားစုအဖွဲ့ က သွားရောက် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2024/05/162830/
ကနီမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအတွက် ဆန်များ လှူဒါန်း
["ကနီမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအတွက် ဆန်များ လှူဒါန်း", "ရန်ကုန်၊ မေ ၁၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ကျေးရွာ ၃ ရွာရှိ မီးဘေးသင့်အိမ် ၁၅၆ အိမ်မှ မိသားစုဝင်များအတွက် ငွေကျပ် ၃,၂၅၀,၀၀၀ တန်ဖိုးရှိ ဆန် ၄၅ တင်းကို ကနီတော်လှန်ရေးအင်အားစု အဖွဲ့က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်"]
https://yktnews.com/2023/03/92990/
ကနီမြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ပေါက်မြို့နယ် ဒီးတုတ် ကွင်းရွာစစ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
["ကနီမြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး၊ ပေါက်မြို့နယ် ဒီးတုတ် ကွင်းရွာစစ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်", "ရေစကြိုတွင် စစ်တပ်အထိုင်နေရာကို ဒရုန်းဖြင့် ဗုံးကျဲမှု ၂ ဦးသေဆုံး", "ရန်ကုန်၊ မတ် ၁၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နှင့် အလယ်ကျွန်း(ပျူစောထီး)ရွ ာအကြားတွင် ရိက္ခာပို့ လာသည့် အကြမ်းဖက် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၁၈ ရက် နံနက် ၈ နာရီခန့်က ကနီမြို့မှ အင်အား ၇၀ ခန့်ဖြင့် အလယ် ကျွန်း(ပျူစောထီး) ရွာသို့ ရိက္ခာပို့ရန် ထွက်ခွာလာသော စစ်ကြောင်းကို ပြည် သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ ရာ မိနစ် ၃၀ ခန့်ကြာသည်အထိ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၃ ဦး ထက် မနည်းထိ ခိုက်သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့၊ တပ်ရင်း ၁ ၊ တပ် ရင်း ၂ ၊ DRPA ၊ ဒေါင်း မျိုးဆက်အဖွဲ့နှင့် ဒေသပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အလားတူ မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မကွေး တိုင်း၊ ပေါက် မြို့ နယ်၊ ဒီးဒုတ်ကွင်း စစ်တပ်နှင့်ပျူစောထီးရွာ စစ်စခန်းကို လက်လုပ် ၆၀ မမ များ၊ ရော့ကတ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ နာရီ ခန့်ကြာမြင့်ခဲ့ ကြောင်း၊ ပျူစောထီးရွာအတွင်းသို့ ပစ်မှတ်ထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေ အနေ မသိရသေးကြောင်း မကွေးခရိုင် အမှတ် ၂ တပ်ရင်းထံမှ သိရသည်။", "ဒီးဒုတ်ကွင်းကျေးရွာတွင် စစ်သားများ အထိုင်ချ တပ်စွဲထားပြီး ကျေးရွာမှ ပျူစောထီးများက ရိက္ခာထောက်ပံ့ခြင်း၊ အနီးအနားကျေးရွာများသို့ စစ်ကြောင်း ထိုးဝင်ရောက်ရာတွင် ပါဝင်ကူညီခြင်း ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် ရာတွင် အကြမ်းဖက်စစ်သားအတူ ပူးပေါင်းပါဝင်နေသဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၂ ၊ တောင် တွင်း ကြီးတပ်ခွဲ၊ ပေါက်တပ်ရင်း ၄ ၊ King Fighter Special Guerilla Force ၊ ပေါက် Zone 5 PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။", "ထို့အတူ မတ်လ ၁၇ ရက်နေ့ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် အထိုင်ချထား သော ခလရ ၂၅၆ တပ်ရင်းနှင့် ခလရ ၂၅၈ တပ်ရင်းတို့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ) နှင့် မဟာမိတ်များပူးပေါင်းပြီး ဝေဟင်မှ ပြင်းအားမြင့် ဒရုန်းဗုံး ၈ လုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများ အပြား ဒဏ်ရာရရှိကြောင်း ရေစကြို ပ.က.ဖ က ပြောသည်။", "စစ်ဆင်ရေးတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြို​မြို့နယ် ( ပ.က.ဖ) နှင့်မဟာမိတ်များဖြစ်ကြသော၊Urban Underground Revolution Force – YSO(UURF) မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း27Revolution Force၊Myingyan District Drone Strike ၊မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ YSO တို့ပူးပေါင်း ဆောင် ရွက်ခဲ့ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ကျောက်လုံးကြီး KLG တပ်မဟာမှ PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/11/132955/
ကနီမြို့နယ်တွင် အင်အား ၃၀ ခန့် တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံး
["ကနီမြို့နယ်တွင် အင်အား ၃၀ ခန့် တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံး", "ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အင်အား ၃၀ ခန့် တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး PDF ၃ ဦးကျဆုံးကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင်ပြောဆိုထုတ်ပြန်သည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ ၊ ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး- ကလေးဝလမ်း ပေါ် အင်အား ၃၀ ခန့်အခြေပြုနေသည့် အရေးကြီး Station ကုန်းကို ယင်းမာပင်ခရိုင် တပ်ရင်း-၂ နှင့် ကနီမြို့နယ် ပကဖ တို့က တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် သိမ်းပိုက်ရန် အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီ စခန်းကုန်း ထပ်မံ တိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါစစ်တပ် စခန်းကုန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ PDF ၃ ဦး ကျဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ လက်နက် ၁ လက်၊ ကျည်မျိုးစုံ ၂၅၀၀ ကျော်၊ ဗုံးသီး ၁၀၇ လုံး၊ Equipment ၁ ခု၊ ကျည်အိမ် ၂ ခု၊ မိုင်း ၁၆ လုံး၊ အီနာဂါ ၄ လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စာသင်ကျောင်း တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၁၀ နာရီမှ ည ၁၁ နာရီ ၁၅ မိနစ်အချိန်အထိ ဆားလင်းကြီးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စာသင်ကျောင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိသူ များပြားပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို တူမီးတပ်ဦး Chindwin Toe Na Yar PDF ၊ ယင်းမာပင်တပ်ရင်း ၂၉ ခွဲ ၂၂ ၊ ယင်းမာပင်တပ်ရင်း ၂၅ ခွဲ စု ၃ ၊ တူမီးတပ်ဦးSKY ၊ တူမီးတပ်ဦး Yinmarbin local PDF ၊ တူမီးတပ်ဦးဖီးနစ်ဖိုက်တာ ၊ တူမီးတပ်ဦး တော်လှန်ပြောက်ကျား ၊ SPDF ဆားလင်းကြီး ၊ ယင်းမာပင်တပ်ရင်း၁၆ဒေါင်းယင်း ၊ ဖီးနစ်ပြည်သူ့ကာကွယ်ရေးဆားလင်းကြီး ၊ ဇာနည်သွေး ဆားလင်းကြီး၊ ယင်းမာပင်တပ်ရင်း၂၇ ၊ BED ငညို နှင့် Myanmar National Armed Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- ကနီ စစ်တပ်စခန်းကုန်းမှ သိမ်းဆည်းရရှိသည့် လက်နက်များနှင့် စက်ပစ္စည်းများ။", "Photo- အမှတ် ၁ စစ်ဒေသ။"]
https://yktnews.com/2023/07/113782/
ကနီမြို့နယ်တွင် အာဇာနည်နေ့ အခမ်းအနားနှင့် ဟောပြောပွဲ ပြုလုပ်
["ကနီမြို့နယ်တွင် အာဇာနည်နေ့ အခမ်းအနားနှင့် ဟောပြောပွဲ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၁၉", "ကနီမြို့နယ်တွင် ၇၆ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် ဟောပြောပွဲ ပြုလုပ်ကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။", "အဆိုပါ အခမ်းအနားကို ကျေးလက်သူပုန် သပိတ်စစ်ကြောင်း၊ Burma Liberation Force ၏ ဆေးတပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၇ မှ ရဲဘော်များ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း သီချင်းကိုကျောင်းသား၊ ကျောင်းသူများမှ အခမ်းအနား အဖွင့်သီချင်းအဖြစ် သီဆို ဖွင့်လှစ်ခဲ့ကြပြီး ကြားကာလပညာသင်ကြားအရေးအတွင်းမှ ကျောင်းသား၊ ကျောင်းသူများ ၊ Volunteer ဆရာ၊ ဆရာမများ၊ CDM ဆရာ၊ ဆရာမများနှင့် ကျေးလက်သူပုန် သပိတ် ကော်မတီဝင်တစ်ဦးတို့မှ အသီးသီး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/03/149025/
ကနီမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က‌ လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၇၀ အရွယ် အဘိုးအို ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီး
["ကနီမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က‌ လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၇၀ အရွယ် အဘိုးအို ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီး", "ရန်ကုန်၊ မတ် ၅", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်း မှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ်အဘိုးအိုတစ်ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၇ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့မတ်လ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်ကနီမြို့နယ် တောင်ဘက် ၁ မိုင်ခန့်အကွာအဝေးရှိ မင်း ကုန်းရွာနှင့် တဇယ်ချောင်ရွာကို ကလေးမြို့မှ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ် ၂ စီးဖြင့်လည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် တံတားဦးမှ တက်လာသည့် တိုက်လေ ယာဉ်ဖြင့် လည်းကောင်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် ဦးဉာဏ်ပွင့် နေရာမှာပင် သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာ ရရှိကာ လူနေအိမ် ၁၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။", "“ဒီနေ့ ၁၂ နာရီက၂ စီးတစ်ခါ။ ညနေ ၄ နာရီက ၂ စီးတစ်ခါ ပစ်လဲ ပစ်တယ်၊ ဗုံးကျဲတာလဲ လုပ်တယ်၊ နေ့ခင်း ၁၂ နာရီကလာ ပစ်တဲ့ လေယာဉ်က ကလေးမြို့ကနေ လာပစ်တဲ့ Mi 35 လေယာဉ် ၂ စီးဗျ။ ၂ စီး စလုံးက ကနီမြို့ပေါ်ကနေ မြို့ဘေး ပတ်ပတ်လည်ကို နာရီဝက်လောက် ပစ်ခတ်ပြီးပြန်သွား တယ်။ ညနေ ၄ နာရီအချိန် လာပစ်တဲ့ လေယာဉ်က မန္တလေး၊ တံတားဦးကနေ လာဗုံးကျဲ တာဗျ။ ညနေပိုင်းကျဲတာကတော့ မင်းကုန်းရွာမှာ ၂ လုံး၊ တဇယ်ချောင်ရွာမှာ၂ လုံးဗုံးကျဲခဲ့တာ။ မင်းကုန်းရွာ ကို ဗုံးကျဲတဲ့ ၂ လုံးက ရွာအတွင်းကျပြီး အသက် ၇၀ လောက်ရှိတဲ့ ဦးဉာဏ်ပွင့် နေရာတင်‌သေဆုံး တယ်၊ နောက်ထပ် ပြည်သူ ၄ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။နောက်ပြီး နွား ၅ ကောင်လည်း သေတယ်ဗျ။ တဇယ်ချောင်ရွာကတော့ လူနေအိမ် ၇ လုံးပျက်စီးတယ်။လူထိခိုက်မရှိဘူး” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "မတ်လ ၂ ရက်နေ့မှစတင်၍ မတ်လ ၅ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်း တိုက်ခိုက်မှုပြုလုပ်နေသဖြင့် ကျေးရွာ ၆ ရွာမှ ပြည်သူများမှာ စစ်ဘေးရှောင်နေကြရ ကြောင်း သိရသည်။"]
https://yktnews.com/2024/07/175950/
ကနီမြို့နယ်ရှိ ကျေးရွာ ၂၂ရွာမှ ကလေးများကို သံချဆေးဝါး တိုက်ကျွေး
["ကနီမြို့နယ်ရှိ ကျေးရွာ ၂၂ရွာမှ ကလေးများကို သံချဆေးဝါး တိုက်ကျွေး", "ရန်ကုန်၊ဇူလိုင် ၂၇", "ကနီမြို့နယ် ကျေးရွာ ၂၂ ရွာရှိ အသက် ၂နှစ်မှ ၁၈ နှစ်အရွယ်ရှိ ကလေး ၃၁၀၀ ဦး ကျော်ကို ၆ လ တစ်ကြိမ် သံချဆေးဝါး တိုက်ကျွေးမူကို ကနီတော်လှန်ရေး အင်အားစုအဖွဲ့က သွားရောက်တိုက်ကျွေးခဲ့ကြကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/86559/
ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၃၀ ကျော်ပြာကျ
["ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၃၀ ကျော်ပြာကျ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၃၀ ကျော် ပြာကျခဲ့ကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့တွင် ကနီမြို့နယ်အတွင်းရှိ သပြေတောရွာ၊ အုန်းပင်ဆိပ်ရွာနှင့် နတ်လဘို့မြောက်ရွာတို့ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၃၀ လုံးပြာကျခဲ့ကြောင်း သိရသည်။", "” စစ်ခွေးတွေက ကျေးရွာ ၃ ရွာကို ၂ ရက်ဆက်တိုက် မီးရှို့သွားတာ ကျေးရွာ သုံးရွာမှာရှိတဲ့ စုစုပေါင်း နေအိမ် ၁၃၀ ကျော်ပြာကျသွားတယ်။ သူတို့ သင်္ဘောကို ကျနော်တို့ သိမ်းပိုက်လိုက်လို့ ရွာတွေကို မီးပြန်ရှို့တာ” ဟု KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/06/109455/
ကနီမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ ကလေးငယ်များကို သံချဆေး တိုက်ကျွေး
["ကနီမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ ကလေးငယ်များကို သံချဆေး တိုက်ကျွေး", "ရန်ကုန်၊ ဇွန် ၂၄", "ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေး သပိတ် အင်အားစု နှင့် ဒေသခံပြည်သူများ ဦးဆောင်ကာ ကျေးရွာ ၇ ရွာ ရှိ အသက် ၂ နှစ်မှ ၁၀ နှစ်အထိ ကလေးသူငယ် ၃၁၁ ဦး ကို သံချဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/04/99675/
ကနီမြို့နယ်ရှိ စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား၊ ရေစကြိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးဒဏ်ရာရ
["ကနီမြို့နယ်ရှိ စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ထိခိုက် သေဆုံးသူများပြား၊ ရေစကြိုမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဧပြီ ၂၇", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်း(ပျူ)ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံး သူများပြားကြောင်း Fighter Brotherhood Guerrilla Army တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဧပြီလ ၂၇ ရက် နံနက် ၅ နာရီခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၆၀ ခန့်ဖြင့် တပ် စွဲထားသော အလယ်ကျွန်း(ပျူ)ရွာစခန်းကို ယင်းမာပင်-ဆားလင်း လက်နက်ကြီး မဟာမိတ်တပ်ပေါင်း စုအဖွဲ့များ ပူးပေါင်းကာ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ အလုံး ရေ ၁၀၀ ကျော်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သားများ အထိုင်ချနေရာများကို ကျ ရောက် ပေါက်ကွဲကာ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး အကြမ်းဖက်စစ်သားများလည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။", "“တာဝါတိုင်ဘက်က စစ်ခွေးတွေပါပေါင်းထားတယ်လို့ ကြားတယ်၊ မနက် အစောကြီးထ ဖောက်တွေနဲ့ သီချင်းတွေဖွင့်ပြီး ဟဲ နေကြတာ၊ ကျနော်တို့အဖွဲ့တွေက လက်နက်ကြီးတွေနဲ့လည်း ဆော်လိုက်ရော ၊ အသံတွေအကုန်တိတ်သွားတာ၊ တစ်ဖွဲ့ကို လက်နက်ကြီး ၁၀ လုံးကျော်၊ ၁၅ လောက်စီနဲ့ ဆော်ခဲ့ကြ တာ၊ ကြာတာကတော့ ၂ နာရီလောက်ကြာခဲ့တယ်၊ လက်နက်ငယ်ကတော့ လက်လှမ်းမီ သလောက်က လှမ်းပစ်ခဲ့တာ၊ စစ်ခွေးသေဆုံးထိခိုက်တော့အတည်ပြုလို့မရသေးဘူး” ဟု Fighter Brotherhood Guerrilla Army တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက် မှုကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစုဝင် အဖွဲ့များဖြစ် သော၊ BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Salingyi Border Task Force ၊ နယ်စည်းမခြား ဇာမဏီ ပျောက်ကြားတပ်ဖွဲ့၊ မဲမှောင်ပျောက်ကြားတပ်ဖွဲ့၊ ယက္ခညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရိုးမရာဇာ(ရောင်နီ ဦးတပ်စု)၊ Yinmarbin Fighter Brotherhood Guerrilla Army၊ တောသားကြီးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ Eagle Defence Force၊ Arlarwaka ပြည်သူ့ကာကွယ်ရေးတပ်၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်၊ ချင်းတွင်းညီနောင်ပြောက်ကြားတပ်ဖွဲ့၊ Federal Democratic Revolution Force၊ သေမင်းတမန် ပြည် သူ့ကာကွယ်ရေးတပ်၊ Brother Defence Force၊ ပြည်သူအားလုံးရဲ့ PK၊ ရွှေညီကို အဖွဲ့၊ တောင်ပံနီ အ ထူးပျောက်ကြားတပ်ဖွဲ့၊ ချင်းတွင်း ဒိုင်းနမိုက်၊ Salingyi People Defence Force၊ ချီဂွေဗားရား၊ Golden Star Force တပ်ဖွဲ့တို့ပူပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၃ ရက်ကွက်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးဒဏ်ရာရရှိ ကာ ရေစကြိုဆေးရုံသို့ တင်ပို့ကုသထားရကြောင်း Myingyan Black Tiger(MBT) တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ရေစကြိုမြို့၊ အမှတ် ၁ ရက်ကွက်နှင့် အမှတ် ၃ ရပ်ကွက်တွင် စစ်ဆေး ရေးပြုလုပ်နေသည့်အကြမ်းဖက်စစ်သားများသည် Myingyan Black Tiger(MBT) တပ်ဖွဲ့၏ အမှဝ် စစ်ဆင်ရေး နယ်မြေအတွင်းသို့ ကျူးကျော်ကျွံဝင်လာသဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ရာ အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရရှိပြီး ရေစကြိုမြို့ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရ သည်။", "တိုက်ပွဲဖြစ်ပြီးနောက် ရေစကြိုမြိုပေါ်ရှိ ရုံးပေါင်းစုံမှ အကြမ်းဖက်စစ်သားများဖြင့် အင်အား ဖြည့်တင်း ကာ မြို့နေရာအနှံ့ စစ်ကြောင်းများဖြန့်ကျက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း Myingyan Black Tiger(MBT) တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/11/130223/
ကနီမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းမှ ကလေးငယ်များကို ဗလာစာအုပ်များ လှူဒါန်း
["ကနီမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းမှ ကလေးငယ်များကို ဗလာစာအုပ်များ လှူဒါန်း", "ရန်ကုန်၊ နိုဝင်ဘာ ၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်းမှ ကလေးငယ်များကို မရမ်းကုန်းမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကနီမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်းကာ ဗလာစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/85481/
ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက် သူပုန် သပိတ် စစ်ကြောင်းမှ လူငယ်များက ကျန်းမာရေး စစ်ဆေးပေးမှုများ ပြုလုပ်
["ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက် သူပုန် သပိတ် စစ်ကြောင်းမှ လူငယ်များက ကျန်းမာရေး စစ်ဆေးပေးမှုများ ပြုလုပ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို ကျေးလက် သူပုန် သပိတ် စစ်ကြောင်းမှ တော်လှန် လူငယ်များက ကျန်းမာရေး စစ်ဆေးပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/123990/
ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း
["ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၂၅", "ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဆန်၊ ငါးသေတ္တာနှင့် ခေါက်ဆွဲခြောက်တို့ ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/07/114474/
ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသပေးပြီး အသေးစား ခွဲစိပ်ကုသမှုများ ပြုလုပ်
["ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသပေးပြီး အသေးစား ခွဲစိပ်ကုသမှုများ ပြုလုပ်", "ရန်ကုန်၊ ဇူလိုင် ၂၃", "ကနီမြို့နယ်ရှိ နွေဦးတော်လှန်ရေး သပိတ်အင်အားစု နှင့် ဒေသ ပြည်သူများ စုပေါင်းပြီး စစ်ဘေးရှောင်ပြည်သူ ၈၆ ဦး၏ လိုအပ်သော ကျန်းမာရေးစောင့်ရှောက် ဆေးဝါး ကုသမှု့များပေးခြင်းနှင့် ဒေသ ပြည်သူ ၅ ဦးကို အသေးစားခွဲစိပ်ကုသမှုပေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/120476/
ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှု ပြုလုပ်
["ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆေးဝါးကုသမှု ပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၃၁", "ယင်းမာပင်မြို့နယ်မှ ကနီမြို့နယ်အတွင်းကို စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ ၈၂ ဦးကို ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု ၊ CDM ဆရာဝန်များ ၊ ဒေသ ပြည်သူများ စုပေါင်းပြီး ဆေးဝါးကုသမှု အခမဲ့ ပြုလုပ်ပေးခဲ့ကြောင်းညသိရသည်။", "ထို့ပြင် ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်နေသည့်အတွက် ဆေးဝါးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုထံမှ သိရှိရသည်။"]
https://yktnews.com/2023/09/121261/
ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဒန်ပေါက် ထမင်း ကျွေးမွေးလှူဒါန်း
["ကနီမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဒန်ပေါက် ထမင်း ကျွေးမွေးလှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၆", "ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစု နှင့် ဒေသပြည်သူများက ဒန်ပေါက် ထမင်း ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/09/122796/
ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကြာဇံကြော်များ လှူဒါန်း
["ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကြာဇံကြော်များ လှူဒါန်း", "ရန်ကုန်၊ စက်တင်ဘာ ၁၇", "စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကြာဇံကြော်များကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် စေတနာရှင်များ စုပေါင်း၍ ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ဝေငှ", "လှူဒါန်းခဲ့ကြသည်။"]
https://yktnews.com/2023/08/119832/
ကနီမြို့နယ်ရှိ ပန်းတိမ်ပြင်ရွာ၌ တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ သိမ်ဇရပ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
["ကနီမြို့နယ်ရှိ ပန်းတိမ်ပြင်ရွာ၌ တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ သိမ်ဇရပ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၂၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ပန်းတိမ်ပြင်သစ်ကွင်းမှ သစ်များကို ခိုးထုတ်နေယူရန် တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Fighter Brotherhood Guerrilla Army တပ်ဖွဲ့ထံမှ သိရသည်။", "ဩဂုတ်လ ၂၄ ရက် ညနေ ၃ နာရီမိနစ် ၅၀ အချိန်မှ စတင်ပြီး ကနီမြို့နယ် ၊ ပန်းတိမ်ပြင်ရွာ သစ်ကွင်းမှ သစ်များ ခိုးထုတ်ယူရန် တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်း မှ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ‌ အောင်မြင်ခဲ့ကြောင်း သိရသည်။", "အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များ ဖြစ်ကြသော Fighter Brotherhood Guerrilla Army ၊ Salingyi Border Task Force (SBTF)၊ Eagle Defense Force(EDF) ၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ် (MRDA ရင်း ၆ ခွဲ ၁ ) ၊ မဲမှောင်ပြောက်ကျား တပ်ဖွဲ့ ၊ နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ ယက္ခညီနောင်၊ တောသားကြီး ပြည်သူ့ကာကွယ် ရေးတပ် ၊ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ် နှင့် အခြားမဟာမိတ်များ ဖြစ်ကြသော ခရိုင်ရင်း ၃၀ DRPA ၊ Black Shadow (ရင်း ၃၀ ခွဲ ၄) ၊ Black Team (ခရိုင်ရင်း ၂၇ ခွဲ၄) ၊ Black Vote Fighter ၊ Brother Defence Force၊ ဝဂ်ပါ ၊ ဒေါင်မင်းစစ်ကြောင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "တော်လှန်ရေးကာလကြာမြင့်လာသည်နှင့်အမျှ စစ်ရေးအရှိန်ကို ထိထိရောက်ရောက် မြှင့်တင်တိုက်နေ ပြီး မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းကူညီပေးကြပါရန် Fighter Brotherhood Guerrilla Army ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစု ယင်းမာပင်မြို့နယ် တိုက်နယ် ၂ ပကဖ က ထုတ်ပြန်ထားသည်။", "ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ရွာလေးရပ်ကွက်၊ ရွာလေးသင်္ချိုင်းအထွက်လမ်းဆုံ၌ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရသည်။", "ဩဂုတ်လ ၂၄ ရက် ည ၉ နာရီခန့်က သိမ်ဇရပ်မြို့၊ အမှတ် ၁ ရပ်ကွက်အပိုင်၊ ရွာလေးရပ်ကွက်မှ တဆင့် စစ်ကြောင်းထိုးဝင်ရောက်လာသော သိမ်ဇရပ်အခြေစိုက် ၂၀၇ တပ်ရင်းနှင့် ပျူစောထီး ပူးပေါင်း စစ် ကြောင်း အင်အား ၃၀ ခန့်ကို ရွာလေးသင်္ချိုင်းအထွက် လမ်းဆုံ၌ တိုက်မိုင်းဆင်ပြီးတိုက်ခိုက်ခဲ့ရာ ၂၀၇ တပ်ရင်းမှ တပ်သား ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦး၊ ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် အကြမ်းဖက်စစ်အာဏာရှင် ကျဆုံးသည်အထိ ဆက် လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက် ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ၊ ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/04/96070/
ကနီမြို့နယ်ရှိ ပြည်သူ့ အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်
["ကနီမြို့နယ်ရှိ ပြည်သူ့ အခြေပြု ကျောင်းတစ်ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်", "ရန်ကုန်၊ ဧပြီ ၆", "ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြု အထက်တန်း ကျောင်း တစ်ကျောင်း၌ ယနေ့ ဧပြီလ ၆ ရက်နေ့တွင် ပညာရေး စုံညီပွဲတော် နှင့် ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/91893/
ကနီမြို့နယ်ရှိ ပြည်သူ့ အခြေပြု ကျောင်းများတွင် သံချဆေး တိုက်ကျွေး
["ကနီမြို့နယ်ရှိ ပြည်သူ့ အခြေပြု ကျောင်းများတွင် သံချဆေး တိုက်ကျွေး", "ရန်ကုန်၊ မတ် ၁၂", "ကနီမြို့နယ် ပြည်သူ အခြေပြု ကျောင်း ၂ ကျောင်းရှိ ကလေးငယ်များကို နွေဦးတော်လှန်ရေးသပိတ်အင်အားစုနှင့် ပြည်သူများက စုပေါင်းပြီး သံချဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/94844/
ကနီမြို့နယ်ရှိ ပြည်သူ့ အခြေပြု မူလတန်း ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ
["ကနီမြို့နယ်ရှိ ပြည်သူ့ အခြေပြု မူလတန်း ကျောင်းတစ်ကျောင်းတွင် ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ", "ရန်ကုန်၊ မတ် ၂၉", "ကနီမြို့နယ်ရှိ ပြည်သူ့ အခြေပြု မူလတန်း ကျောင်းတစ်ကျောင်းတွင် ယနေ့ မတ်လ ၂၉ ရက်နေ့၌ ပညာရည်ချွန် ဆုပေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/03/90228/
ကနီမြို့နယ်ရှိ မီးဘေးသင့် စစ်ဘေးရှောင် တောတွင်းစာသင်ကျောင်းတစ်ကျောင်း၌ စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
["ကနီမြို့နယ်ရှိ မီးဘေးသင့် စစ်ဘေးရှောင် တောတွင်းစာသင်ကျောင်းတစ်ကျောင်း၌ စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုပြုလုပ်", "ရန်ကုန်၊ မတ် ၂", "ကနီမြို့နယ်ရှိ တောတွင်းစာသင်ကျောင်းတွင် ယနေ့ မတ် ၂ ရက်နေ့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။", "အဆိုပါ စာသင်ကျောင်းသည် အကြမ်းဖက်စစ်ကောင်စီမှ ၂၀၂၂ ခုနှစ်အတွင်းက အိမ်ခြေ ၁၃၀ ကျော် မီးရှို့ခဲ့သော ကျေးရွာတစ်ရွာမှ ရွာလုံးကျွတ် စစ်ဘေးလွတ်ရာ တောတောင်များအတွင်း ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် စစ်ဘေးရှောင် မိသားစုများ၏ ကလေးငယ်များကို ပညာသင်ကြားနေခြင်း ဖြစ်သည်။", "စာသင်ကျောင်းတွင် KG တန်းမှ G7အထိ ကလေးသူငယ်", "၁၀၂ ဦးကို စေတနာ့ဝန်ထမ်း ၁၃ ဦးနှင့် CDM ပညာရေးဝန်ထမ်း ၃ ဦးမှ ပညာသင်ကြားပေးနေသည်။"]
https://yktnews.com/2023/08/118016/
ကနီမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ပျူစောထီးစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
["ကနီမြို့နယ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ပျူစောထီးစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်", "ရန်ကုန်၊ ဩဂုတ် ၁၂", "စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အလယ်ကျွန်းပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း Salingyi Special Task Force – SSTF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယနေ့ဩဂုတ်လ ၁၂ ရက် နံနက် ၈ နာရီခန့်က ကနီမြို့မရဲစခန်းကို ဗုံးသီး ၃ လုံးနှင့် အထွေထွေအုပ်ချုပ် ရေးမှူးရုံးကို ဗုံးသီး ၂ လုံးတို့ကို ဒရုန်းဖြင့် ကျဲချခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများမှ လက်နက်ငယ် အများအပြား ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ကြီး အလုံး ၅၀ ကျော် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ အလားတူ ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေ ၄ နာရီခန့်က ကနီမြို့နယ်၊ အလယ်ကျွန်း ပျူစောထီးကျေးရွာကို 1 Kg ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "“ထွေအုပ်ရုံးထဲချတဲ့ဟာက ၈ ကောင်လောက် ဒဏ်ရာရတယ်လို့ သိရတယ်၊ ပျူရွာစခန်းကတော့ မသိရ သေးဘူး၊ စစ်ခွေးတွေက လက်နက် ခဲယမ်းဖြည့်တင်းပြီးကာစဆိုတော့ လက်နက်ကြီးရော၊ လက်နက် ငယ်တွေရောပြောင်းဆန်အောင်ကို ပစ်တာ၊ လက်နက်ကြီးနဲ့ဆို အလုံး ၅၀ ကျော်လောက်ရှိတယ်၊ ကျနော်တို့ ရဲဘော်တွေ အားလုံးဘေးကင်းပါတယ်” ဟု Salingyi Special Task Force – SSTF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "အဆိုပါ တိုက်ခိုက်မှုကို Salingyi Special Task Force – SSTF (Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3)၊ PDAF ၊ KLG (ကျောက်လုံးကြီး)နှင့်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လည်း မလျော့ သောဇွဲ၊လုံ့လဖြင့် ထောက်ပံ့ကူညီပေးကြပါရန်မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/03/90146/
ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို S&C အဖွဲ့က သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း
["ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းကို S&C အဖွဲ့က သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း", "ရန်ကုန်၊ မတ် ၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်း တစ်ကျောင်းကို S&C အဖွဲ့က သင်ထောက်ကူ ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။", "S&Cမီးဘေး စစ်ဘေး ပညာရေးစောင့်ရှောက်မှု အဖွဲ့၏ ယခုအကြိမ် လှူဒါန်းမှုသည် ၉ ကျောင်းမြောက် စစ်ဘေးရှောင် စာသင်ကျောင်းကို လှူဒါန်းခြင်းကြောင့် ဖြစ်ကြောင်း၊ စစ်ကြောင့် စာမသင်ကြားရသည့် ကလေးများ အတွက် ဆက်လက်၍ စစ်ရှောင် ကျောင်းများ ဖွင့်လှစ်နိုင်ရန် S&C အဖွဲ့သားများမှ ကြိုးစားလျက် ရှိကြောင်း၊ မိဘပြည်သူများ အနေဖြင့်လည်း သင်ထောက်ကူနှင့် လိုအပ်သည်များကို S&C မီးဘေးစစ်ဘေးပညာရေး စောင့်ရှောက်မှုအဖွဲ့ pageတွင် လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။"]
https://yktnews.com/2024/04/155255/
ကနီမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို CRPH Support Group – Norway က စားနပ်ရိက္ခာများ လှူဒါန်း
["ကနီမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများကို CRPH Support Group – Norway က စားနပ်ရိက္ခာများ လှူဒါန်း", "ရန်ကုန်၊ဧပြီ ၅", "ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာဝယ်ယူရန် CRPH Support Group – Norway က စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကို ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး ကွန်ရက်အဖွဲ့ဝင် Clover For Heros အဖွဲ့က စစ်ရှောင်ပြည်သူများထံ စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/02/87591/
ကနီမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများကို KLG PDF က စားသောက်ကုန် ပစ္စည်းများ လှူတန်း
["ကနီမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများကို KLG PDF က စားသောက်ကုန် ပစ္စည်းများ လှူတန်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ကနီမြို့နယ်၊ နတ်လဘို့မြောက်ရွာရှိ မီးဘေးသင့် ပြည်သူများကို KLG PDF ကျောက်လုံးကြီးအဖွဲ့က ပြည်သူများမှ ထောက်ပံ့ကူညီထားသော ငွေကြေးများဖြင့် ဆန်တင်း ၂၀ နှင့် စားဆီ ၇ ပုံးတို့ သွားရောက် လှူတန်းခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135826/
ကနီမြို့နယ်၊ ကုန်းသာကျေးရွာတွင် အခြေခံပညာကျောင်းသားစုံညီတော်ပွဲပြု လုပ်နေချိန် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု လူထိခိုက်မှုမရှိ သော်လည်း နေအိမ်များနှင့် ကျောင်းခန်းမ ပျက်စီး
["ကနီမြို့နယ်၊ ကုန်းသာကျေးရွာတွင် အခြေခံပညာကျောင်းသားစုံညီတော်ပွဲပြု လုပ်နေချိန် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှု လူထိခိုက်မှုမရှိ သော်လည်း နေအိမ်များနှင့် ကျောင်းခန်းမ ပျက်စီး", "ရန်ကုန်၊ ဒီဇင်ဘာ ၁၄", "စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်၊ ကုန်းသာကျေးရွာတွင် အခြေခံပညာကျောင်းသား စုံညီတော်ပွဲတော် ကျင်းပပြုလုပ်နေချိန် စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ရာ လူထိခိုက်မှုမရှိသော်လည်း နေအိမ်များနှင့် ကျောင်းခန်းမ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန် ကနီမြို့နယ်၊ ကုန်းသာကျေးရွာတွင် အခြေခံပညာကျောင်း ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်နေချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အ‌ကြောင်းမဲ့ လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။", "“မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ သူတို့ သတင်းပေး တွေက သတင်းအမှားတာလား၊ တမင်ပစ်ခတ်ခိုင်းတာလားတော့မသိဘူး။ ရွာမှာက အေးအးချမ်းချမ်းပဲ ။ ကလေးတွေတော့ စုံညီပွဲလုပ်နေကြတာ။ အဲဒါပွဲက စစ်ရေးနဲ့ တိုက်ခိုက် ရေးနဲ့ ဘာမှမဆိုင်ဘူး။ ပညာသင်တဲ့ကလေးတွေ စုံညီပွဲတော်လုပ်တာကိုပစ်တယ်ဆိုရင်တော့ ဒီကောင်တွေ ရဲ့လုပ်ရပ်က ရွံ့စရာပဲ။ အခုလည်းရွာကို ရဟတ်ယာဉ်နဲ့ ပတ်ပြီး လေး ငါးကြိမ် လောက်ပစ်တယ်။ နောက်ပြီးတော့ မင်းကင်းမြို့နယ်ဘက်ကိုလည်းသွားပစ် သေးတယ်။ မင်းကင်းဘက်ကတော့ ဘာသတင်းမှ မသိရသေးဘူး။ မင်းကင်းမြို့နယ်ဘက်ကို ပစ်ပြီးအပြန်မှာ ကျွန်တော်တို့ရွာကို ဒုတိယအကြိမ်ထပ်ပစ်တယ်။ ထိခိုက်မှုကတော့ ရွာ‌‌ တောင်ပိုင်းက အိမ်တချို့အမိုးပျက်စီးတယ်။ ကျောင်းခန်းမ အဆောင်အမိုးပျက်စီးတယ်။ နွားတစ်ကောင်သေတယ်။ နောက်ထပ်နွားမတစ်ကောင် ဒဏ်ရာရတယ်ဗျ။ လူတွေကတော့ ထိခိုက်မှုမရှိခဲ့ဘူး” ဟု ကုန်းသာ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။", "စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သော ကုန်းသာရွာသည် ကနီမြို့မြောက်ဘက် မင်းကင်းမြို့နယ်အစပ်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ လာရောက်ပစ်ခတ်သည့် ရဟတ်ယာဉ်သည် နမခစစ်တပ်မှ ဖြစ်ကြောင်း သိရှိရသည်။", "“ကနဦး ရဟတ်ယာဉ် က ရိုရိုးဖြတ်သန်းပျံတာလို့ထင် နေတာ။ နောက်ပိုင်း လေယာဉ်ပေါ်ကနေ ပစ်ခတ်တာတွေ ဗုံးကျဲတာတွေ လုပ်တယ်။ ရွာကိုပတ်ပစ်တာတော့ အကြိမ်အရေအတွက်ကို မရေတွက်နိုင်ဘူး။ ပစ်ခတ်လို့ ရွာတောင်ပိုင်းကအိမ်အတော်များများခေါင်မိုး တွေ ပေါက်ကွဲထွက်တယ်။ ရွာကျောင်းခန်းမအဆောင်တစ်ခုလည်း ပျက်စီးတယ်” ဟု အခြားဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ယနေ့တွင် မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာနှင့် ရေဦးမြို့နယ်၊ သောင်ပြင်ကျေးရွာဘက်သို့လည်း စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီး အထိအခိုက် အပျက်အစီး အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။"]
https://yktnews.com/2023/11/130518/
ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ်၏ သင်္ဘော ၄ စီးကို သစ်တင်၁၂ ဘီးကား ၂ စီး၊ ဒီဇယ်ဆီ ပေပါ ၁၀၀ ကျော်၊ သစ်လုံးရေ ၂၀၀ ၊ ဆိုင်ကယ် ၅ စီး အပါအဝင် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရရှိ
["ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ်၏ သင်္ဘော ၄ စီးကို သစ်တင်၁၂ ဘီးကား ၂ စီး၊ ဒီဇယ်ဆီ ပေပါ ၁၀၀ ကျော်၊ သစ်လုံးရေ ၂၀၀ ၊ ဆိုင်ကယ် ၅ စီး အပါအဝင် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရရှိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်ကောင်စီတပ်၏ သင်္ဘော ၄ စီးကို သစ်တင်၁၂ ဘီးကား ၂ စီး၊ ဒီဇယ်ဆီ ပေပါ ၁၀၀ ကျော်၊ သစ်လုံးရေ ၂၀၀ ၊ ဆိုင်ကယ် ၁၅ စီး အပါအဝင် ပစ္စည်းများစွာနှင့်အတူ ဖမ်းဆီးရရှိမိကြောင်း ဒေသကာကွယ်ရေး ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။", "နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ပန်းဆိုင်းဆိပ်ကမ်းအနီးတွင် စစ်ကောင်စီတပ် ဖလပ်ခွံ သင်္ဘော ၂ စီးနှင့် တွန်းသင်္ဘော ၂ စီးကို ဒေသခံပြည်သူကာကွယ်ရေးတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ ၄ ရက် ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်သားများက သင်္ဘော ၄ စီးကို စွန့်ခွာ ထွက်ပြေးသွားဖြင့် သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“နိုဝင်ဘာလ ၈ ရက်နေ့ ည ၈နာရီလောက်ကတည်းက တိုက်ပွဲက ဖြစ်နေတာ။ ည ၁၂ နာရီ လောက်ရောက်တော့ စစ်သားတွေက သင်္ဘောတွေကို စွန့်ပြီး ကနီမြို့ဆိပ်ကမ်းကို ပြန်ဆုတ်သွားတယ်။ မနက်ခင်း၆နာရီလောက်ရောက်တော့ ကျနော်တို့ ဖလပ်ခွံသင်္ဘောတွေကိုသိမ်းယူနိုင်ခဲ့တာပါ” ဟု ကနီပြည်သူကာကွယ်ရေးခေါင်းဆောာင်တစ်ဦးက ရှင်းပြသည်။", "စစ်ကောင်စီတပ်၏ သင်္ဘောများပေါ်မှ သစ်အလုံးအရေ ၂၀၀ လုံး ၊ ဒီဇယ်ပီပါ ၁၀၀ ကျော်၊ သစ်တင် ၁၂ ဘီးကား၂ စီး၊ဆိုင်ကယ် ၅စီး အပြင် မြင်း၂ကောင်၊ ရေတင်စက်များကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/130034/
ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်တပ်၏ သင်္ဘော ၂ စီးကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သား အများအပြား သေဆုံး
["ကနီမြို့နယ်၊ ချင်းတွင်းမြစ်တွင် စစ်တပ်၏ သင်္ဘော ၂ စီးကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်သား အများအပြား သေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်း မြစ်ကြောင်း တနေရာ၌ အကြမ်းဖက်စစ်တပ် သင်္ဘော ၂ စီးကို သိမ်းဆည်းရရှိခဲ့ပြီး ၂ ရက်ဆက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် သား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီခန့်က ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း သောင် တင်နေသော အကြမ်းဖက်စစ်တပ် ထောက်ပို့သင်္ဘော ၇ စီးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ဆိတ်၊ မြင်းအကောင် ၂၀ ခန့်တင်ဆောင်ထားသည့် သင်္ဘော ၂ စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ သင်္ဘော ၂ စီးပေါ်မှ မြင်း ၃ ကောင်အရှင်သိမ်းဆည်းရရှိခဲ့ပြီး ကျန်ဆိတ်၊ နွား၊မြင်းတို့မှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း သိရသည်။", "“သင်္ဘော ၂ စီးတော့ သိမ်းယူနိုင်ခဲ့တယ်၊ စစ်ခွေးတွေက ကျန်တဲ့ သင်္ဘော ၅ စီးပေါ်ထွက်ပြေးသွားတာ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာမရှိပါဘူး၊ နွားတွေ ဆိတ်တွေ၊ မြင်းတွေပဲ သိမ်းဆည်းရရှိခဲ့ တယ်၊ မြင်း ၃ ကောင်တော့ အရှင်ရတယ်၊ ကျန်တာတွေက အသေတွေ၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက် ရင်းသေကုန်တာ၊ အကောင်ရေကတော့ ခန့်မှန်း ၂၀ လောက်ပဲရှိမှာ၊ ကျန်တဲ့သင်္ဘော ၅ စီးကလည်း အခု သိမ်းမိတဲ့ သင်္ဘော ၂ နဲ့ဆိုရင် ကိုက် ၃၀၀ အကွာလောက်မှာပဲရှိတယ်” ဟု ကျောက်လုံးကြီး KLG တပ်မ ဟာ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ထို့ပြင် နိုဝင်ဘာလ ၅ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၂ ရက်ဆက်တိုက် သင်္ဘော ဝမ်းဗိုက်အတွင်း ပုန်းအောင်နေရာမှ အပြင်သို့ လေညှင်းထွက်ခံသည့် အကြမ်းဖက်စစ်သားများကို မီတာ ၂၀၀ အကွာမှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း၊ အဆို ပါအကြမ်းဖက်စစ်တပ် သင်္ဘော ၇ စီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ကနီမြို့မှ ဆင်းလာကာ သောင်တင် နေခြင်းဖြစ်ကြောင်း သိရသည်။", "“အဲကောင်တွေ သင်္ဘော ဝမ်းဗိုက်ထဲမှာ နေကပူနဲ့ ငရဲကျနေတာ၊ အပြင်ထွက်လာတော့လည်း စနိုက်ပါ စာမိနဲ့၊ ကုန်းပတ်ပေါ်တက်လာတာနဲ့ စနိုက်ပါနဲ့ ပစ်နေတာ၊ အခုလည်း ထွက်လာသမျှ စခတွေကို စနိုက်ပါ နဲ့ တေ့ဖြုတ်နေတယ်၊ ၅ ရက်နေ့ တနေကုန်နဲ့ ၆ ရက်နေ့ တနေကုန်ပစ်ခဲ့တာ ၂၀ ကျော်သေတယ်၊” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါတိုက်ခိုက်မှုများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDFနှင့် ယင်း မာ ပင် ခရိုင် တပ်မဟာ၊ BLDF၊ ဒေသခံ ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/05/103130/
ကနီမြို့နယ်၊ ချောင်းမနှင့် မင်းမကျေးရွာတို့ကို တိုက်လေယာဉ် ၂ စီးဖြင့် တိုက် ခိုက်ပြီး ထပ်ဆင့်ပေါက်ကွဲသော Cluster ဗုံးများ ကျဲချ၊ စစ်တပ်ဘက်မှ အနည်း ဆုံး ၈၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိ သဖြင့် လေကြောင်းတိုက်ခိုက်
["ကနီမြို့နယ်၊ ချောင်းမနှင့် မင်းမကျေးရွာတို့ကို တိုက်လေယာဉ် ၂ စီးဖြင့် တိုက် ခိုက်ပြီး ထပ်ဆင့်ပေါက်ကွဲသော Cluster ဗုံးများ ကျဲချ၊ စစ်တပ်ဘက်မှ အနည်း ဆုံး ၈၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိ သဖြင့် လေကြောင်းတိုက်ခိုက်", "ရန်ကုန်၊ မေ ၁၇", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယခုတစ်ပတ်တာကာလအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာနေသောကြောင့် တိုက်လေယာဉ်၂စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကာ ထပ်ဆင့် ပေါက်ကွဲစေတတ်သော Cluster ဗုံးများ ကျဲချကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။", "ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ချောင်းမရွာနှင့် မင်းမရွာဝန်းကျင်သို့ တံတားဦးလေဆိပ်မှတက်သော တိုက်လေယာဉ်နှစ်စီးဖြင့် ယနေ့ မေလ၁၇ရက် နေ့လယ် ၂နာရီ ၃၆မိနစ်နှင့် ၂နာရီ ၄၅မိနစ်တို့တွင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။", "“ဒီနေ့ မနက်ကတည်းကပွဲဖြစ်နေတာပါ။ ရန်သူ့ဘက်က တစ်ပတ်အတွင်း ၈၀ကျော်ပြုတ်ထားတယ်။ အထိတော်တော်နာနေတာ။ Cluster ဗုံးတွေ ကျဲချတယ်။ အဲ့တော့ ဒီနေ့လယ်မှာ ချောင်းမနဲ့ မင်းမရွာဝန်းကျင်ကို လေကြောင်းနဲ့ဆက်တိုက်ပစ်တာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။", "ကနီမြို့နယ်တွင် မေလ ၁၁ရက်မှစ၍ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တစ်ပတ်တာ ထိတွေ့တိုက်ပွဲများအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၈၀ဦး ထက်မနည်းသေဆုံးထိခိုက်ခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း သိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စီး။"]
https://yktnews.com/2023/05/103308/
ကနီမြို့နယ်၊ ချောင်းမရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်မှု ကျောင်းပိတ်ထား၍ ထိခိုက်မှုနည်းပါးပြီး ​ကျောင်း​ဆောင်ပျက်စီး
["ကနီမြို့နယ်၊ ချောင်းမရွာ စာသင်ကျောင်းကို စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်မှု ကျောင်းပိတ်ထား၍ ထိခိုက်မှုနည်းပါးပြီး ​ကျောင်း​ဆောင်ပျက်စီး", "ရန်ကုန်၊ မေ ၁၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမ စံပြကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေကို မေလ ၁၇ ရက် ​​နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်​လေယာဥ်နဲ့ ဗုံးကျဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။", "စစ်ကောင်စီရဲ့ ဗုံးကျဲပစ်ခတ်မူကြောင့် ချောင်းမရွာ စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီးက နေအိမ်တွေ ထိခိုက်ပျက်စီးပြီး အသက် ၇ နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းရင်းမြစ်ဆီကသိရပါတယ်။", "စစ်တပ်က တိုက်လေယာဥ်နှစ်စီးနဲ့ စာသင်ကျောင်းကိုပတ်ချာလှည့်ပစ်ခတ်သွားတာဖြစ်ပြီး ကျောင်းပိတ်ထားချိန်ဖြစ်တဲ့အတွက် ကလေးတွေကျောင်းမှာမရှိဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။", "ပြည်သူများက ရွာမှ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ရွာထဲဝင်ရောက်ချိန်မှ အသေးစိတ်အခြေအနေကိုသိရှိရမှာဖြစ်တယ်လို့ဆိုပါတယ်။", "မေ ၁၇ ရက်နေ့က ချောင်းမရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာ လယ်ရှည်ရွာကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။", "စစ်ကောင်စီစစ်ကြောင်းက မေ ၁၁ ရက်​နေ့ ကတည်းက ယင်းမာပင်နယ် ဘန့်ဘွေးရွာ ပျူစခန်းက ထွက်လာပြီး ကနီနယ်ထဲ ရွာစဉ်ပတ်မွှေစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။", "Photo By အလောင်းတော် ကဿပ နယ်မြေသတင်း။"]
https://yktnews.com/2025/02/204516/
ကနီမြို့နယ်၊ ချောင်းမရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ
["ကနီမြို့နယ်၊ ချောင်းမရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၈၁ မမ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာလည်း ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။", "“ချောင်းမကျေးရွာကို စစ်ခွေးတွေ စက်တပ် လေထီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရတယ်။ နောက်ပြီး ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်။ ၂ ဦးက ဒဏ်ရာ အခြေအနေ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။"]
https://yktnews.com/2023/11/133113/
ကနီမြို့နယ်၊ တာဝါတိုင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂၀ ခန့် ထိခိုက်သေဆုံးနိုင်
["ကနီမြို့နယ်၊ တာဝါတိုင်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂၀ ခန့် ထိခိုက်သေဆုံးနိုင်", "ရန်ကုန်၊ နိုဝင်ဘာ ၂၆", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးလမ်းပေါ်ရှိ တာဝါတိုင် စခန်းကုန်း သိမ်းပိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော် ထိခိုက်သေဆုံးနိုင်ကြောင်း ပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၂၂ ရက် နံနက် ၅ နာရီခွဲခန့်က ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်း တာဝါတိုင်ကုန်း စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်တပ်စခန်းကုန်း၏ ဘန်ခါဖြိုချရခါနီးအချိန်၌ တံတားဦးလေတပ်မှ ဂျက်ဖိုက် တာဖြင့် ၄ ကြိမ်လာရောက်ပစ်ခတ်သဖြင့် ခေတ္တပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "“၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရတာ၊ ရဲဘော်တွေကတော့ ၄ ရက် ၃ ညအိပ်ခရီးတော့ ခြေလျင်လမ်း လျှောက်ပြီးတော့ အဲဒီတာဝါတိုင်ကုန်းစခန်းအထိ ကပ်ခဲ့ရတယ်၊ အဲဒီစခန်းမှာ တပ်စွဲထားတာက ၃၅ ၊ ၄၀ ပတ်ဝန်းကျင်လောက်တော့ရှိမယ်ဗျ၊ ခွေးသေတာ မျက်မြင်တော့ တစ်လောင်းတွေ့ခဲ့တယ်၊ ထိခိုက် ဒဏ်ရာရ သေဆုံး ပေါင်းခြုံရင်တော့ ၂၀ လောက်ရှိနိုင်တယ်၊ ကျန်တဲ့သူတွေကတော့ စခန်းစွန့် ထွက် ပြေးတာ၊ ဖမ်းမိတာမရှိဘူး၊ အဲဒီစခန်းကို ပြန်လာတာမျိုးမရှိသေးဘူး၊ ကျနော်တို့ သိမ်းထားတုန်းပဲ” ဟု ပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အလားတူ နိုဝင်ဘာ ၂၃ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဒုတိယအကြိမ် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားများ စခန်း စွန့်ခွာထွက်ပြေးသွားကာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ၂၀ အထက်ရှိနိုင်ကြောင်း သိရသည်။", "ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအတွင်းမှ MA 4 သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂၅၀၀ ကျော်၊ ဗုံးသီး ၁၀၇ လုံး၊ Equipment ၁ ခု ၊ ကျည်ဘောက် ၂ ခု ၊ မိုင်း ၁၆ လုံး အီနာဂါ ၄ လုံးနှင့် အခြားစစ်သုံး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှုသိမ်းပိုက်မှုကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး မဟာမိတ်တပ် ပေါင်းစု နှင့် အတူ အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၂ ၊ ကနီမြို့နယ် ပကဖနှင့် ဒေသမဟာမိတ်တပ်ဖွဲ့ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး တိုင်းပြည်အတွက် အ သက် ပေးလှူခဲ့ရကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2025/02/202048/
ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ၂ ဦး သေဆုံး၊ ကလေးရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး
["ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ၂ ဦး သေဆုံး၊ ကလေးရှိ ကျေးရွာ ၂ ရွာကိုလည်းစစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကလေးမြို့မှ တက်လာသည့် လေယာဉ်ဖြင့် ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အဆိုပါ တိုက်ခိုက်မှု အတွင်း ယာတောထဲတွင် အိမ်ဆောက်နေသည့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ကားဖြင့်လာသည့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "“ရွာပေါ် တည့်တည့်မကျလို ကံကောင်းသွားတာ ရွာရဲ့ တောင်ဘက်ကို ချသွားတာ အဲလိုချလို့ ယာတောအတွင်း အိမ်ဆောက်ပြီး နေတဲ့ အဖိုးနဲ့ ကောင်လေး ၂ဦး သေဆုံးတယ်။ နောက်ပြီး ဘယ်ကမှန်းမသိတဲ့ ကားနဲ့ လာတဲ့ PDF ရဲ ဘော် ၂ ဦလည်း သေဆုံးတယ်။ အဲဒီ PDF တွေထဲကပဲ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ထောက်ကြံ့ကုန်းရွာသည် ချင်းတွင်းမြစ်အရှေ့ခြမ်း မြစ်ကမ်း ဘေးတွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။", "အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာနှင့် ဒိုးနွယ်ရွာ ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တင်သားရွာကို လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တင်သားရွာ အုပ်ချုပ်ရေးမှူး နေအိမ်ပေါ် ဗုံးသီး ကျရောက်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင်လည်း ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။", "“တင်သားရွာနဲ့ ဒိုးနွယ်ရွာကို စစ်ခွေးတွေ ဒီနေ့ ထပ်မံ ဗုံးကျဲသွားတာပါ။ တင်သားရွာကတော့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ဒိုးနွယ်ရွာကတော့ ပြည်သူတွေ ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ နေအိမ်တွေ ပျက်စီးတာတွေတော့ ရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2025/02/203391/
ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး
["ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာကို စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကနီမြို့နယ်၊ နတ်လာပို့ မြောက်ရွာကို အကြမ်းဖက် စစ်တက်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၄၉ နှစ်အရွယ် ဦးအေးလင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၅၇ နှစ် အရွယ် ဒေါ်မုန်းလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။", "“နမခကနေ ကျနော်တို့ရွာကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီခွဲ အချိန်ခန့်က အင်ဂျင် တပ်လေထီးဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့တာ အိမ်ပေါ်ကို တည့်တည့်ကျပြီး တစ်‌‌ဦးသေဆုံးတယ်။ တစ်ဦး ဒဏ်ရာရတယ်။ ရွာသားတွေကတော့ အကုန် ကြောက်လန့် နေကြပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "ဖေဖော်ဝါရီလအတွင်း မုံရွာ နမခ မှ စက်တပ် လေထီးများဖြင့် ကနီမြို့နယ် ဆူးလကုန်းရွာနှင့် နတ်လာပို့ရွာကို ကနဦး စတင် ပျံသန်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။"]
https://yktnews.com/2025/02/204402/
ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ဆီကားနှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီး
["ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ဆီကားနှင့် ဆိုင်ကယ်များ မီးလောင်ပျက်စီး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး ဆီကားနှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်နှင့် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကနီမြို့နယ်၊ မုဋောအရှေ့ရွာ ဆိပ်ကမ်းကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒီဇယ်ဆီသယ်ယူသည့် ကား ၂ စီးနှင့် ဆိုင်ကယ်များ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "” မုဋောအရှေ့ရွာ ဆိပ်ကမ်းကို စစ်ခွေးတွေက လေကြောင်း‌တိုက်ခိုက်ခဲ့တာပါ။ ဒီဇယ်ဆီ သယ်ယူတဲ့ ကား ၂စီးနဲ့ ဆိုင်ကယ်တွေ မီး‌လောင်သွားတယ်။ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ အခု ညနေ ၅ နာရီ ၁၅ မိနစ်မှာလည်း ဒုတိယအကြိမ် လေကြောင်း တိုက်ခိုက်ခံရပါတယ်။ ပထမအကြိမ် လေကြောင်း တိုက်ခိုက်ခံရတာက Mig 29 အမျိုးအစားနဲ့ လာကျဲသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/125472/
ကနီမြို့နယ်၊ အလယ်ကျွန်းရွာရှိ ပျူစောထီး စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
["ကနီမြို့နယ်၊ အလယ်ကျွန်းရွာရှိ ပျူစောထီး စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်", "ရန်ကု်န၊ အောက်တိုဘာ ၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းရွာရှိ ပျူစခန်းများပေါ်သို့ မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ယနေ့အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီခန့်က အကြမ်းဖက်စစ်သား၊ ပျူအင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော အလယ်ကျွန်းရွာရှိ စခန်းများပေါ် Shar Htoo Waw နည်းပညာ မောင်သူ့မဲ့လေယာဉ်ကို အသုံးပြုပြီး 1 Kg ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်မှုရှိခဲ့သော်လည်း အကြမ်းဖက်စစ် သား၊ ပျူစောထီးထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။", "“ပစ်မှတ်တော့ ထိခဲ့တယ်ဗျ၊ Scout ဒရုန်းနဲ့ အရင် ကြည့်ပြီးမှ ဗုံးသီးကျဲချခဲ့တာ၊ စစ်ခွေး၊ ပျူလားတော့ မသိဘူး၊ ဗုံးသီးက အဲနားကို ကျသွားတာ မြင်ရတယ်၊ စစ်ခွေးတွေ ပြန်မပစ်ပဲ ဂျန်ပါဖွင့်ပြီး အိမ်တွေထဲ ပြေးဝင်သွားကြတာ၊ တိုက်ခိုက်ရေးဒရုန်းကတော့ ဂျန်ပါလွတ်တယ်၊ Scout ဒရုန်းကတော့ ဂျန်ပါမိခဲ့ သေးတယ်၊ ဘာမှတော့ မဖြစ်ခဲ့ဘူး” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDF (ကျောက်လုံး ကြီးအဖွဲ့) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်နိုင်ရန် မိဘ ပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/02/86526/
ကနီမြို့နယ်၊ ဧရာ၀တီမြစ်အတွင်း သောင်တင်နေသော စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ဦးသေဆုံး ၊ စစ်တပ်ရိက္ခာ ဆန်၊ ဆီ၊ဆားနှင့် ဒီဇယ်ပီပါများကို PDF က သိမ်းဆည်း
["ကနီမြို့နယ်၊ ဧရာ၀တီမြစ်အတွင်း သောင်တင်နေသော စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂၀ ဦးသေဆုံး ၊ စစ်တပ်ရိက္ခာ ဆန်၊ ဆီ၊ဆားနှင့် ဒီဇယ်ပီပါများကို PDF က သိမ်းဆည်း", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သပြေတောရွာအနီး ဧရာ၀တီမြစ်အတွင်း သောင် တင်နေသည့် အကြမ်းဖက် စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။", "ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကနီမြို့နယ်၊ သပြေတောရွာအနီး သောင်တင်နေသည့် အကြမ်းဖက် စစ်တပ် ထောက်ပို့ သင်္ဘောကို PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးကာ သင်္ဘောပေါ်ရှိ ဒီဇယ်၊ ဆန်၊ ဆီ၊ ဆားနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "“သင်္ဘောကို အခုထိ သိမ်းထားတုန်းပါပဲ ပြန်လာမယူဘူး ခွေးတွေက ပြန်တော့ လာတယ်။ ပြန်လာပေမယ့် သင်္ဘောကို ယူမသွားနိုင်ကြဘူး။ သင်္ဘောပေါ်က ရရှိတဲ့ ဒီဇယ်၊ ဆန်၊ ဆီ၊ ဆားနဲ့ လက်နက် ခဲယမ်းတွေကို ခရိုင်းမှူးထံ အပ်နှံထား ပါတယ်။ သင်္ဘောပေါ်က ပစ္စည်းတွေကို ဒီနေ့မှ သိမ်းယူလို့ ကုန်လို့ အခုမှ ထုတ်ပြန်နိုင်တာပါ။ တိုက်ပွဲမှာတော့ စစ်ခွေး ၂၀ ထက်မနည်းသေဆုံးပါတယ်” ဟု KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "လက်ရှိအချိန်အထိ စစ်တပ်ထောက်ပို့ သင်္ဘောကို PDF တပ်များက ဆက်လက် သိမ်းဆည်းထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်များက ပြန်လည် ယူဆောင်နိုင်ခြင်းမရှိသေးဟု သိရှိရသည်။", "အဆိုပါ တိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG PDF၊ နဂါးညီနောင်အဖွဲ့၊ Alpha အဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာ၊ ယင်းမာပင် PDA၊ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့၊ ဗျတ္တညီနောင်၊ ချိုမိုင်မိုင်အဖွဲ့၊ မြောက်ယမားအဖွဲ့၊ခရိုင်း ရင်း ၁ ၊ ခရိုင်း ရင်း ၂ နှင့် ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး မဟာမိတ်ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/02/87801/
ကနီမြို့ပေါ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်သား အောင်တိုးချစ်သေဆုံး၊ ပစ်ခတ်သူ စစ်သားက လက် နက်ပါ ယူ၍ ထွက်ပြေး
["ကနီမြို့ပေါ်တွင် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်သား အောင်တိုးချစ်သေဆုံး၊ ပစ်ခတ်သူ စစ်သားက လက် နက်ပါ ယူ၍ ထွက်ပြေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တပ်သား အောင်တိုးချစ် သေဆုံးကာ ပစ်ခတ်သူ စစ်သားမှာလည်း လက်နက်ပါယူ၍ ထွက် ပြေး လွတ်မြောက်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီအချိန် ကနီမြို့ပေါ် မြန်မာစီးပွားရေးဘဏ် အနီး သစ်စက်ဝင်း အတွင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တပ်သား အောင်တိုးချစ် (ခ) ဖိုးကြယ် သေဆုံးသွားခဲ့ကြောင်း၊ ပစ် ခတ်သူ စစ်သားမှာလည်း လက်နက်နှင့်အတူ လွတ်မြောက်သွားသဖြင့် စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။", "“ပစ်ခတ်တာက မနေ့ညပိုင်းကဖြစ်တာ။သေတာကတော့ ဒီနေ့မနက်ခင်း၄နာရီလောက်မှာ စစ်သား ၁ ဦး ကနီဆေးရုံပေါ်မှာသေသွားတယ်။ ပစ်ခတ်မှုကြောင့် ရတဲ့ ဒဏ်ရာက နောက်ကျော ပေါက်ထွက်ဒဏ်ရာ ရသွားပြီး သေသွားတယ် ။ အခု မသာချ ဖို့ပြင်နေကြပြီ။ သေဆုံးသူ စစ်သားအမည်က ဖိုးကြယ် (ခေါ်) အောင် တိုးချစ်လို့ ခေါ်တယ်။ ပစ်ခတ်ခဲ့တဲ့စစ်သားကတော့ လက်နက်ယူ ဆောင် ပြီး ထွက်ပြေးသွားတာကြောင့် စစ်ကောင်စီကတော့ မြို့ပေါ်မှာ ရှာဖွေစစ် ဆေးတာတွေ အခုထိ လုပ်ဆောင်နေဆဲပဲ” ဟု ကနီမြို့သားတစ်ဦးက ပြော သည်။", "လက်ရှိ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မြို့ပေါ် ဧရိယာမှ လွဲ၍ ကျေးရွာများသို့ စစ်တပ်က စိုးမိုးနိုင်ခြင်းမရှိတော့ဘဲ မြို့ မကျဆုံးရေးအတွက် စစ်ကောင်စီက လုံခြုံ ရေးတင်းတင်းကျပ်ကျပ်ချကာ ပိတ်ဆို့ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားတချို့။", "Photo- Agency ။"]
https://yktnews.com/2025/03/208968/
ကနီမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်း အိမ်ယာ၊ ထွေ/အုပ်ရုံးနှင့် စာရင်းစစ်ရုံးတို့ ပျက်စီး
["ကနီမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်း အိမ်ယာ၊ထွေ/အုပ်ရုံးနှင့် စာရင်းစစ်ရုံးတို့ ပျက်စီး", "ရန်ကုန်၊ မတ် ၂၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ဗိုလ်မှူးနေအိမ်၊ ရဲစခန်း ဝန်ထမ်း အိမ်ယာ၊ ထွေ/အုပ်ရုံးနှင့် စာရင်းစစ်ရုံးတို့ ပျက်စီးခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကနီမြို့တွင်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နတ်ကြီး ကျေးရွာ ရေဆိပ်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့က ကနီမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး ဗုံးစ ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကနီမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကနီမြို့နယ်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ပတ်ဝဲ ကင်းထောက်မှုများ လုပ်‌ဆောင်သွားပြီးနောက် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့က Fixed Win ဒရုန်း ၂ စီးဖြင့် ကနီမြို့ပေါ်ကို ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကနီမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကနီမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို UAVs ဒရုန်းဖြင့် ပတ်ဝဲ ကင်းထောက်မှုများ ထပ်မံ လုပ်‌ဆောင်ခဲ့ကြောင်း သိရသည်။", "ထို့သို့ လုပ်ဆောင်သွားပြီးနောက် ဗျူဟာ 45 KLG PDF ဒရုန်းအဖွဲ့နှင့်အတူ Chindwin Rocket Brothers- CRB ၊ ချိုမိုင်မိုင် ကနီနယ်အဖွဲ့၊ နယ်မြေခံ ပကဖ များ ပူးပါင်း၍ ကနီမြို့ပေါ်ကို Fixed Win ဒရုန်း ၂ စီး ဗုံးသီး ၄ လုံး ၊ Rocket ၇ လုံးတို့ဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ခိုက်မှုအတွင်း ဗိုလ်မှူး နေအိမ်၊ ရဲစခန်းဝန်ထမ်းအိမ်ယာ၊ ထွေ/အုပ်ရုံး နှင့် စာရင်းစစ်ရုံးတို့ ပျက်စီး ထိခိုက်ခဲ့ပြီး ရဲမေ ၂ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအပြီး အကြမ်းဖက် စစ်တပ်၏ ကနီမြို့စောင့်တပ်ကလည်း မြို့မြောက်ဘက်ခြမ်းကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ပြီး ကနီမြို့ပေါ် ရပ်ကွက် ၂ ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။", "“ကနီမြို့က စကစတွေကို အသိပေးချင်တာကတော့ သူတို့ဘက်က ဒရုန်းတစ်စီးလွှတ်ရင် ကျွန်တော်တို့ဘက်က အခုလိုမျိုး ဒရုန်းတွေ Rocket တွေ ပြန်လွှတ်မယ်ဆိုတာ အသိပေးချင်ပါတယ်” ဟု KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မတ်လ ၂၆ ရက်နေ့တွင် နမခ စစ်ဆေးရုံသို့ ထိခိုက်ဒဏ်ရာရရှိထားသော ရဲများ ပို့ဆောင်ရန် ရဟတ်ယာဥ် အကူခေါ်သော်လည်း လက်ရှိအချိန်ထိ နမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းက လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။"]
https://yktnews.com/2023/11/130542/
ကနီမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မုံရွာတွင်လည်း တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁ ဦး ဖမ်းဆီးရမိ
["ကနီမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ မုံရွာတွင်လည်း တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁ ဦး ဖမ်းဆီးရမိ", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းအားလုံးကို ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၆ ရက် နံနက် ၄ နာရီခွဲခန့်က ကနီမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများတပ်စွဲ ထားရာ ထွေအုပ်ရုံး၊ ရွှေစည်းခုံစစ်တပ်ကုန်း၊ ရဲစခန်း၊ ဘဏ်စသည့် အထိုင်ချနေရာများကို တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၂ နာရီခန့်အကြာ စီးနင်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ထိုသို့ စီးနင်းနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်တပ်မှ အခိုင်အမာတည်ဆောက်ထား မှုကို ကျော်ဖြတ်နိုင်ခြင်းမရှိသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။", "“တစ်မြို့လုံးကို ဝင်စီးနိုင်ခဲ့တာဗျ၊ ရွှေစည်ခုံး၊ ဘဏ်၊ ထွေအုပ်ရုံး၊ ရဲစခန်း သူတို့အထိုင်နေရာတွေကို ဝင်တိုက်တာ၊ ကိုယ့်ဘက်က ရဲဘော်တွေ စစ်ရေးအတွေ့အကြုံနည်းမှု၊ ရန်သူရဲ့ ပြင်ထားမှုတွေ ကြောင့် ပြန်ဆုတ်ခဲ့ရတာ၊ ရန်သူ့ဘက်က ကျဆုံးမှုက ၄ ဦးထက်များနိုင်တယ်၊ သူတို့နေရာ ကျုံသွားတာပေါ့၊ အကုန်စုနေတော့၊” ဟု အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသခရိုင်ရုံး၏ ကွက်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၃၀ – ADPRA နှင့် Alpha စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကာ အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။", "အလားတူ မုံရွာမြို့နယ်၊ ခိုသန်းကျေးရွာအနီးတွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ ထွက်လသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "နိုဝင်ဘာလ ၉ ရက် ညနေ ၄ နာရီခန့်က မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခမှ ထွက် လာသော အင်အား ၂၇ ဦးပါစစ်ကြောင်းကို ခိုသန်းရွာအနီးရောက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ကစဉ့်ကလျားထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအနက်မှ တပ်ကြပ်ကြီး အောင်ဝင်းကို MA 11 မောင်းပြန် သေနတ် တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။", "“ADPRA က ရပ်ရွာကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းထားတဲ့အဖွဲ့ကနေ တိုက်တယ်ပေါ့နော်၊ တိုက်တော့ ဖမ်းမိတဲ့ တပ်ကြပ်ကြီးထွက်ပြေးလာတာ၊ လှည့်ကင်းလှည့်နေတဲ့အဖွဲ့နဲ့အရင်းတိုးပြီးတော့ ကျနော်တို့ ပြန်ပစ်တယ်၊ ပစ်တော့ ပြန်ပစ်မယ်လုပ်တဲ့အချိန်မှာ သူ့သေနတ်က ကျည်ညှပ်သွားတယ်ထင်တယ်၊ အဲ ဒီအချိန်မှာပဲ အလင်းဝင်မယ်၊ အညံ့ခံမယ်ဆိုတော့ ဖမ်းဆီးလိုက်တာ၊ သူ့ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ မြို့နယ် ပကဖ၊ ပအဖ ဆီကို အပ်ထားပြီးသွားပါပြီ၊ တိုက်ပွဲဖြစ်တယ်၊ တပ်ကြပ်ကြီး တစ်ဦး ဖမ်းမိတာပဲ အတည်ပြုနိုင်တယ်၊ ကျန်တာတော့ အတည်မပြုနိုင်ပါဘူးဗျ” ဟု အာဏာရှင် တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "ဖမ်းဆီးရရှိသူ တပ်ကြပ်ကြီးအောင်ဝင်းသည် မုံရွာအခြေစိုက် အမှတ် ၇၄၇ စစ်လက်နက်ပစ္စည်း တပ်ခွဲ မှ ဖြစ်ပြီး အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) နှင့် ဒေသကာကွယ်ရေးအဖွဲ့ ပကဖတို့ ကင်းလှည့်နေစဉ် မုံရွာမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးမှ ည ၉ နာရီ အချိန်ခန့်တွင် တွေ့ရှိ ဖမ်းဆီး ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ကြပ်ကြီး အောင်ဝင်းကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့်အညီထားရှိကာ သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းထံသို့ ပို့ဆောင် အပ်နှံထားကြောင်း သိရသည်။"]
https://yktnews.com/2023/11/129156/
ကနီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများနှင့် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
["ကနီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများနှင့် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၁", "စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများနှင့် ကင်းလှည့်သော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။", "ယမန်နေ့ အောက်တိုဘာ ၃၁ ရက် ည ၁၁ နာရီခန့်က ကနီမြို့နယ်၊ အလယ်ကျွန်း ပျူရွာနှင့် ကနီမြို့ မြစ် ကမ်းဘေး၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို Shar Htoo Waw နည်းပညာ မောင်သူမဲ့လေယာဉ်ဖြင့် 1 Kg ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။", "“ကနီမြို့ပေါ်ကတော့ မြစ်ကမ်းဘေး ကျဲချခဲ့တာ၊ ဒရုန်းနဲ့ ဗုံးသီးကျဲချလို့ မြို့အရှေ့ဘက်ကို မူးမူးနဲ့ ထွက် လာတဲ့ စခတွေ ထောင်ထားတဲ့ တိုက်မိုင်းမိပြီး သေတာ၊ မသေတဲ့ ၃ ဦးလည်း ကနီဆေးရုံပေါ်မှာ ဆေး ကုသနေတယ်၊ ဗုံးကျဲချလို့ သင်္ဘောပေါ်ကရော ပျူရွာကရော ၆၀ မမတွေ၊ ဂန်းငယ်တွေနဲ့ ရမ်းသမ်းပစ် ခတ်တာတွေရှိခဲ့ပါတယ်၊ ပြည်သူတွေလည်း ထိခိုက်မှုမရှိသလို ကျနော်တို့ ရဲဘော်တွေလည်း ထိခိုက်မှုမ ရှိခဲ့ပါဘူး” ဟု ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကနီမြို့အရှေ့ဘက်ကို အကြမ်းဖက် စစ်တပ်က စစ်သား ၁၀ ဦးခန့်ဖြင့် ကင်းလှည့်ထွက်လာစဥ် ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့က တိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သား ၃ ဦးသည် ကနီမြို့ပေါ်ရှိ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။"]
https://yktnews.com/2023/08/116222/
ကနီမြို့မရဲစခန်းတွင် စခန်းမှူး မွေးနေ့ပွဲကျင်းပနေစဉ် မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မွေးနေ့ရှင် စခန်းမှူးနှင့်နယ်ထိန်းတို့ သေဆုံး
["ကနီမြို့မရဲစခန်းတွင် စခန်းမှူး မွေးနေ့ပွဲကျင်းပနေစဉ် မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မွေးနေ့ရှင် စခန်းမှူးနှင့်နယ်ထိန်းတို့ သေဆုံး", "ရန်ကုန်၊ ဩဂုတ် ၃", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့မရဲစခန်းအတွင်း၌ စခန်းမှူးထွန်းမြင့်၏ မွေးနေ့ပွဲကျင်းပနေစဉ် မောင်းသူမဲ့လေငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မွေးနေ့ရှင်စခန်းမှူးထွန်းမြင့်နှင့် နယ်ထိန်း ဆန်းဌေးတို့ သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။", "ယနေ့ဩဂုတ်လ ၃ ရက် နံနက် ၈ နာရီခန့် အကြမ်းဖက်စစ်သား၊ ရဲပူးပေါင်း အင်အား ၁၀၀ ခန့်ဖြင့် တပ် စွဲထားသည့် ကနီမြို့မရဲစခန်းအတွင်း၌ စခန်းမှူးထွန်းမြင့်၏ မွေးနေ့ ပွဲကျင်းပနေစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ Shar Htoo Waw Drone နည်းပညာ (မောင်းသူမဲ့ လေယာဉ်)ကို အသုံးပြုပြီး ဗုံးသီး ၄ လုံးချဲချ တိုက်ခိုက်ခဲ့ရာ မွေးနေ့ရှင် စခန်းမှူးထွန်းမြင့်နှင့်နယ်ထိန်း ဆန်းဌေးတို့ သေဆုံးပြီး မြို့နယ်မှူး တစ်ဦး၊ ရဲမေတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "“ဗုံးသီးက မွေးနေ့ပွဲကျင်းပနေတဲ့အပေါ်ကို တည့်တည့်ကျတာဗျ၊ မွေးနေ့ပွဲကိတ်လေးတောင် မခွဲလိုက် နိုင်ဘူးလို့ သိရတယ်၊ အခုလောလောဆယ်တော့ သေတဲ့အလောင်းတွေကို ဆေးရုံပို့ထားပြီး ရဲစခန်းထဲ မှာရော၊ ရဲမိသားစုဝင်တွေရော ငိုနေကြတယ်ဗျ၊ ရဲစခန်းထဲကရော၊ ရွေစည်းခုံတောင်ပေါ်ကနေရော ပြန်ပစ်တာရှိပေမယ့် ကျနော်တို့ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ (KLG PDF(ကျောက်လုံး ကြီး)မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက် ခိုက်နိုင်ရန် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။"]
https://yktnews.com/2023/11/133014/
ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်
["ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ နိုဝင်ဘာ ၂၅", "စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် လာကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။", "ကနီမြို့ပေါ်ရှိ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ တပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် နိုဝင်ဘာလ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ယင်းမာပင် ခရိုင် တပ်ရင်း ၃၀ ထံ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ရဲတပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် ကာဘိုင် သေနတ် ၁ လက်၊ ကာဘိုင်ကျည် အတောင့် ၂၀၀၊ 5.56 ကျည် ၁၂၂ တောင့် ကျည်ဘောက် ၂ ခု၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G3 ကျည် ၁၅၆ တောင့် ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/09/122934/
ကနီမြို့အနီးတွင် စစ်ကောင်စီသင်္ဘော ၁၁ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
["ကနီမြို့အနီးတွင် စစ်ကောင်စီသင်္ဘော ၁၁ စီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့အနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အ ကြမ်းဖက်စစ်တပ်သင်္ဘော ၁၁ စီးကို လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းစစ် ကြောင်း- King Peacok Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။", "စက်တင်ဘာလ ၁၂ ရက်နေ့လည် ၁၁ နာရီခန့်က မုံရွာမြို့မှ ချင်းတွင်းမြစ် ကြောင်း အတိုင်း ဆန်တက် လာ သော အကြမ်း ဖက်စစ်ကောင်စီ၏ သင်္ဘော ၁၁ စီးကို ကနီမြို့အနီးအရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက လက် နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု များဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။", "“လက်နက်ကြီး အလုံး ၅၀ ကျော်လောက် ပစ်ခဲ့တာ၊ ခွေးတွေဘက်ကလည်း လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ကောင်တာပြန်ပစ်တာရှိတယ်၊ ထိခိုက်သေဆုံးပျက်စီးမှုကတော့ စုံစမ်းလို့ မရ သေးဘူး၊ ကျနော်တို့ဘက် ရဲဘော် တွေအားလုံး ဘေးကင်းစွာနဲ့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်၊”ဟု ဒေါင်း မင်း စစ်ကြောင်း(အညာတပ်ခွဲ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။", "အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ FBGA I AK ပြောက်ကြား အဖွဲ့နှင့်အတူ ဒေါင်းမင်းစစ်ကြောင်း(အညာတပ်ခွဲ)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက် မရှိခဲ့ကြောင်း ဒေါင်းမင်းစစ်ကြောင်း (အညာတပ်ခွဲ)ထံမှ သိရသည်။"]
https://yktnews.com/2023/01/80786/
ကနီမှာ စစ်တပ်ကို အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ အောင်ပွဲပြန် PDF တပ်တွေကို ပြည်သူထောင်ချီ သောင်းသောင်းဖြဖြကြိုဆို
["ကနီမှာ စစ်တပ်ကို အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ အောင်ပွဲပြန် PDF တပ်တွေကို ပြည်သူထောင်ချီ သောင်းသောင်းဖြဖြကြိုဆို", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "စစ်ကောင်စီတပ်တွေ အရှုံးနှင့်ပြန်ဆုတ်သွားအောင် ခုခံတွန်းလှန်ပြီး အောင်ပွဲနှင့်အတူပြန်လာကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇန်နဝါရီ ၁၂ ရက်နေ့မှာကနီမြို့နယ်အတွင်းကျေးရွာ နှစ်ဆယ်နီးပါးက ပြည်သူ ထောင်ချီပြီးကြိုဆိုခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။", "ပြည်သူတွေဟာ စုရပ် (၇)ခုမှာ စုဝေးပြီး အောင်သပြေပန်းတွေ အိုးစည်ဒိုးပတ် အကအခုန်တွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုကာ အစားအသောက်များ ဧည့်ခံ ကျွေးမွေးတာ တော်လှန်ရေးထောက်ပံ့ငွေလှူဒါန်းတာတွေကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။", "” ပီတိဖြစ်တယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက်လည်းဝမ်းနည်းတယ်။ တတ်နိုင်သလောက်လည်းလှူမယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။", "စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ရေကြောင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တစ်လာနီးပါးကြားခုခံတိုက်ခိုက်ပြီးအောင်ပွဲဆင်နိုင်ခဲ့ကြပါတယ်။", "၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းကတစ်လနီးပါးကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဆယ်ကျော်သေဆုံးခဲ့သလို ဒေသခံကာကွယ်ရေးတပ်ဘက်ကလည်း ဆယ်ဦးဝန်းကျင်ထိခိုက်ကျဆုံးမူရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။", "တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်သားတွေဆီကနေ လက်နက်ကြီး၊ငယ်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ MDF ကထုတ်ပြန်ပါတယ်။"]
https://yktnews.com/2023/12/134907/
ကနီရဲစခန်းမှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်
["ကနီရဲစခန်းမှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်", "ရန်ကုန်၊ ဒီဇင်ဘာ ၇", "စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မရဲစခန်းတွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်ထွက်ပြေးလာပြီး ပြည်သူ့ရင်ခွင်ထံအလင်းဝင် ရောက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။", "’", "ဒီဇင်ဘာလ ၅ ရက် ညနေ ၄ နာရီခန့်က ကနီမြို့မရဲစခန်းတွင် တာဝန်ကျနေသော အကြမ်းဖက် စစ်ကောင်စီတပ်သား ဖိုးလပြည့်သည် ပြည်သူ့ရင်ခွင်ထံသို့ ခိုလှုံဝင်ရောက်ရန် ကနီရဲစခန်းအတွင်းမှ လက်နက်ခဲယမ်းနှင့်များအတူထွက်ပြေးလာစဉ် လိုက်လံပစ်ခတ်ခံရသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ် ပြီးခက်ခက်ခဲခဲထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၆ ရက် ညပိုင်းတွင် ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့ထံသို့ ရောက်ရှိကာ လက်နက်ခဲယမ်းများကို အပ်နှံအလင်းဝင်ခဲ့ကြောင်း သိရသည်။", "“ကနီမြို့မရဲစခန်းကနေ စထွက်တော့ ရဲစခန်းမှာရှိတဲ့ စစ်ခွေးတွေက လိုက်ပစ်လို့ တိုက်ပွဲငယ်ဖြစ်ခဲ့ သေးတယ်ဗျ၊ ကျနော်တို့အဖွဲ့နဲ့ အဆက်အသွယ်ချိတ်ထားပြီးထွက်လာတာ၊ ကနော်တို့အဖွဲ့ထံကို ၆ ရက်နေ့ ညပိုင်းမှ ရောက်လာတယ်၊ MA တစ်လက်၊ ကျည်ဘောက်အပို ၄ ခုနဲ့၊ ကျည် ၁၄၀ ပါ လာ တယ်” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။", "အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ဖိုးလပြည့်သည် ကလေးမြို့အခြေစိုက် ခလရ ၈၇ တပ်မှ တပ်သားတစ်ဦးဖြစ်ပြီး MA-2 – ၁ လက်၊ ကျည်ဘောက် – ၅ ခု၊ ကျည် – ၁၄၀ တို့ဖြင့် အလင်း ဝင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ / ၂၂ / ၂၃ (KLG PDF – ကျောက်လုံး ကြီး)ကလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ရန် စီစဉ်ပြီးပြီဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2023/12/135313/
ကနီရှိ စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားသည့် CDM သူရဲကောင်း ကျောင်းဆရာမကြီး ဒေါ်ခင်သီတာ စျာပန ပြည်သူများ လိုက်ပါပို့ဆောင်
["ကနီရှိ စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားသည့် CDM သူရဲကောင်း ကျောင်းဆရာမကြီး ဒေါ်ခင်သီတာ စျာပန ပြည်သူများ လိုက်ပါပို့ဆောင်", "ရန်ကုန်၊ ဒီဇင်ဘာ ၁၀", "ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းစစ်တပ်ကြောင့် နေအိမ်မီးရှို့ခံထားရပြီး ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားပေးနေသော CDM သူရဲကောင်း ကျောင်းဆရာမကြီး ဒေါ်ခင်သီတာ (၃၁ နှစ်)သည် စစ်ဘေးရှောင်ရင်း သေဆုံးသွား၍ ၎င်း၏ စျာပန ကို ပြည်သူများမှ လိုက်ပါပို့ဆောင်၍ သူရဲကောင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။"]
https://yktnews.com/2024/02/147252/
ကနီရှိ စစ်ရှောင်စခန်းကို စားသောက်ကုန်နှင့် အလှူငွေထောက်ပံ့ကာ ဆားလင်းကြီးရှိ ကျောင်းသား၊ သူများအတွက် ရေခဲမုန့်နှင့် စာအုပ်လှူဒါန်း
["ကနီရှိ စစ်ရှောင်စခန်းကို စားသောက်ကုန်နှင့် အလှူငွေထောက်ပံ့ကာ ဆားလင်းကြီးရှိ ကျောင်းသား၊ သူများအတွက် ရေခဲမုန့်နှင့် စာအုပ်လှူဒါန်း", "ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၃", "ကနီမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန်၊ဆီ၊ငါးသေတ္တာနှင့် အလှူငွေ ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် ဆားလင်းကြီးမြို့နယ်ရှိ ကျောင်းသားကျောင်းသူ ၁၂၀ ကျော်ကို ရေခဲမုန့်ကျွေးကာ သုသရသ စာအုပ်များ၊ ကျောင်းသုံးစာအုပ်များ", "လှူဒါန်းလှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/90441/
ကနီရှိ စစ်ရှောင်စခန်းတွင် NUG ကြားကာလ ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
["ကနီရှိ စစ်ရှောင်စခန်းတွင် NUG ကြားကာလ ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ", "ရန်ကုန်၊ မတ် ၃", "ကနီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ပြည်သူ့အခြေပြုကျောင်း NUG ကြားကာလပညာရေး စုံညီပွဲတော်ကျင်းပခဲ့ပြီး ပညာရည်ချွန်ဆုများ ပေးအပ်ခဲ့သည်။"]
https://yktnews.com/2024/03/151381/
ကနီရှိ စစ်ရှောင်ပြည်သူများကို ဆီနှင့် ရိက္ခာများထောက်ပံ့
["ကနီရှိ စစ်ရှောင်ပြည်သူများကို ဆီနှင့် ရိက္ခာများထောက်ပံ့", "ရန်ကုန်၊ မတ် ၁၈", "ကနီမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်အိမ်ထောင်စု ၄၀၀ ကျော်အတွက် အလှူရှင်များ ကိုယ်စား ဆီနှင့် ရိက္ခာများလှူဒါန်းခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/188566/
ကနီရှိ ယာကြီးတာဝါတိုင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်၊ မတ္တရာတွင်လည်း စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်
["ကနီရှိ ယာကြီးတာဝါတိုင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်၊ မတ္တရာတွင်လည်း စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ယာကြီးတာဝါတိုင်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ယာကြီးတာဝါတိုင်စခန်းအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်", "“ဒီကနေ့ နံနက်ပိုင်းက တိုက်ပွဲစဖြစ်တာ ဒေသခံရွာတွေကတော့ တိမ်းရှောင်သွားကြပြီ အဲဒီနေရာက စစ်ကောင်စီတပ်တပ်စွဲထားတဲ့နေရာ ရဟတ်ယာဉ်နဲ့ ၂ ကြိမ်လာပစ်တယ်။ ထိခိုက်ကတော့ ဘာမှမသိရသေးဘူး” လို့ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းအနီးတွင် အကြမ်းဖက် စစ်တပ်က အခြေပြုတပ်စွဲထားသော ယာကြီးတာဝါတိုင်စခန်းကုန်းသည် ယမန်နှစ်က ယင်းမာပင်ခရိုင် တပ်ရင်း ၁ နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၂ တို့ ပူးပေါင်းပြီး သိမ်းပိုက်ထားသော စခန်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ နေရာသည် အကြမ်းဖက် စစ်ကောင်စီအတွက် ဆက်သွယ်ရေးလိုင်း ပင်မသွေးကြောအဓိကနေရာတစ်ခုဖြစ်သောကြောင့် အကြမ်းဖက် တပ်ဖွဲ့က ပြန်လည်တပ်စွဲထားသော နေရာဖြစ်ကြောင်း သိရသည်။", "အလားတူ မတ္တရာမြို့နယ် အနောက်ခြမ်းကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောဆိုသည်။", "ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi- 35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2024/10/188740/
ကနီ၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင်၅၀၀ဗုံးကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဘုတလင်နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေ
["ကနီ၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင်၅၀၀ဗုံးကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဘုတလင်နယ်တွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်နေ", "ရန်ကုန်၊ အောက်တိုဘာ ၂၀", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်လေယာဉ်များက ပေါင် ၅၀၀ ဗုံးများ ကျဲချမှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။", "ယမန်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။", "“ရွာ ရဲ့ တောင်ဘက် ပဲစိမ်းငုံစိုက်ခင်းထဲကို ကျဲသွားတာလေ။ ဘာကြောင့်ကျဲချတာလဲ ဆိုတော့ ကနီတာဝါတိုင်စခန်းဘက်မှာတော့ စစ်တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ မနေ့က တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီတိုက်ပွဲကို ပုလဲ၊ယင်မာပင်၊ဆားလင်းကြီးမြို့ဘက်က PDFတွေစစ်ကူသွားမယ်အထင်နဲ့ ဗုံးကျဲတာဖြစ်နိုင်တယ်။ ဗုံးကျဲမှုကြောင့် အသက်၅နှစ်ရွယ်နဲ့ အသက် ၈နှစ်အရွယ်ကလေးငယ် ၂ ဦးအပါဝင်ပြည်သူ၄ဦးဗုံးစထိမှန်ခဲ့တယ်။ ဗုံးစထိပြီး ဒဏ်ရာရသူတွေကတော့ ကိုလင်းလင်းဇော် အသက် ၃၉နှစ် လက်ထိခိုက်တယ်။ မထားထားလှိုင်အသက် ၃၁ နှစ်ဦးခေါင်း၊ခါး၊လက်ကျိုးတယ်။ ကလေး ၂ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရတယ်လိုသိထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။", "ထို့ပြင် ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဘုတလင်မြို့နယ်၊ သခွတ္တနယ်ဘက်တွင် စစ်လေယာဥင်္များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- စစ်ကောင်စီတပ်၏ ဗုံးကျဲ Y12 လေယာဉ်တစ်စီး။"]
https://yktnews.com/2023/11/132635/
ကနီ၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ သေဆုံး၊ PDF ၂ ဦးသေဆုံး
["ကနီ၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ သေဆုံး၊ PDF ၂ ဦးသေဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၂၃", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း၊ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်သားများလည်းရှိကြောင်း သိရှိရသည်။", "“တိုက်ပွဲက မနက်ခင်းအစောပိုင်းက တစ်ကြိမ်တိုက်ပွဲ စဖြစ်တယ်။ အဲဒီလိုတိုက်ပွဲဖြစ်နေပြီး မကြာဘူး၊ နမခကနေ ဂျက်‌လေယာဉ်တစ်စီး မနက် ၈ နာရီလောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ခတ်မှုမလုပ်ဘဲ ပတ်ကြည့်သွားတယ်။နောက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်လောက်ရောက်တော့ဂျက်ဖိုက်တာနဲ့ ဗုံးသီး၃လုံးချပြီး ပစ်ခတ်တာတွေလုပ်သွားသေးတယ်။ အဲဒီလိုပစ်ခတ်လို့ ရွာသား ၄ ဦးကျည် ထိမှန်တယ်။ PDF တပ်တွေဘက်က မွန်းလွဲ ၁ နာရီလောက်ရောက်တော့ ဒုတိယအကြိမ် တိုက်ပွဲထပ်တိုက်တယ်။ မွန်းလွဲ ၃နာရီ မှာ တိုက်ပွဲပြီးတယ်။ စစ်ခွေးတွေဘက်က ၂၀ ဦး ခန့်ကျဆုံးပြီး စခန်းစွန့် ထွက်ပြေးတဲ့ကောင်တွေလည်းရှိတယ်။ PDF ရဲဘော် ၂ဦးကျဆုံးပြီး၅ ဦးဒဏ်ရာရှိခဲ့တယ်” ဟု ဒေသကာကွယ်ရေးခေါင်းဆောင်က ရှင်းပြသည်။", "အဆိုပါတိုက်ပွဲတွင် လက်နက်များနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများလည်းသိမ်းဆည်းရရှိထားကြောင်း၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2023/05/102836/
ကနီ၊ တွင်းကုန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ မုံရွာ PDF စခန်း ၁ ခုကို စစ်တပ်က တိုက်ခိုက်ပြီး ငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ လက်နက်ခဲယမ်းများ ဆုံးရှုံး
["ကနီ၊ တွင်းကုန်းရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ မုံရွာ PDF စခန်း ၁ ခုကို စစ်တပ်က တိုက်ခိုက်ပြီး ငွေကျပ် သိန်း ၄၀၀ တန်ဖိုးရှိ လက်နက်ခဲယမ်းများ ဆုံးရှုံး", "ရန်ကုန်၊ မေ ၁၅", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တွင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကနီမြို့နယ်၊ တွင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း သိရသည်။", "ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ ခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Night King အဖွဲ့၏ စခန်းကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး လက် လုပ်သေနတ် ၂၁ လက်၊ လက်လုပ် RPG ၈ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ လက်လုပ် စိန်ပြောင်း ဗုံးသီး ၂၃၅ လုံး၊ လက်လုပ် RPG ဗုံးသီး ၃ လုံး၊ လက်လုပ်အီနာဂါဗုံးသီး ၈ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ ယမ်းထုပ် ၆၅ ထုပ်၊ ယမ်းမဲ ၁ ပိဿာ၊ အမြန်ယမ်းကြိုး ၇ ခွေ၊ ပြောက်ကျားယူနီဖောင်း ၅၀ စုံ၊ တွင်ခုံ ၂ လုံး၊ သံဖြတ်စက် ၂ လုံး၊ သံဖောက်စက် ၃ လုံး စုစုပေါင်း ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဥ်တွင် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ရန် ပြုလုပ်ခဲ့သော်လည်း မုန်တိုင်းကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး ထွက်ပြေးနေရ​သည့် ပြည်သူများ ထိခိုက်မှု မဖြစ်ပွားစေရန် မိုင်းဆွဲ တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "“စစ်ခွေးတွေက ပြည်သူပိုင် ပစ္စည်းတွေကိုလည်း မွှေနှောက် ဖျက်ဆီးပြီး ခိုးယူသွားတယ်။ Monywa Night King အဖွဲ့ စခန်းလည်း ဝင်စီးပြီး ငွေကျပ် သိန်း ၄၀၀ ကျော် တန်ဖိုးရှိ ပစ္စည်းများကို လုယက် ယူဆောင်သွားတယ်” ဟု မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။", "လက်ရှိချိန်တွင် Monywa Night King အဖွဲ့ အနေဖြင့် လက်နက်ခဲယမ်းများ ပြန်လည် ဖြည့်တင်းရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်း ကူညီပံ့ပိုးပေးရန် ထုတ်ပြန်ထားသည်။", "ဓာတ်ပုံ- PDF တပ်ဖွဲ့ဝင်များ။"]
https://yktnews.com/2022/12/77881/
ကနီ၊ ဒီပဲယင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုကို စစ်တပ်က ယနေ့ မီးတင်ရှို့ပြီး ပြည်သူများ ထွက်ပြေးနေရ
["ကနီ၊ ဒီပဲယင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုကို စစ်တပ်က ယနေ့ မီးတင်ရှို့ပြီး ပြည်သူများ ထွက်ပြေးနေရ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၈", "စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊မုဌေါအရှေ့ရွာကို စစ်ကောင်စီတပ်က ယနေ့ ဒီဇင် ဘာ၂၈ရက်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ် အချိန် မီးတင်ရှို့ကြောင်း ဒေသပြည် သူများက ပြောသည်။", "“ချင်းတွင်းမြစ်ထဲကနေ မော်တော်တွေနဲ့အတူပါလာတဲ့စစ်ခွေးတွေက မီးရှို့နေ တာ။ မြေပြင်မှာ တိုက်ပွဲဖြစ်သံလည်းမကြားမိသေးဘူး။ သူတို့ရွာကို ရှို့ချင်လို့ကို ရှို့တာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။", "စစ်တပ်က မုဌောကျေးရွာအတွင်း ဆက်လက် တပ်စွဲထားသဖြင့် မီးလောင် ဆုံးရှုံး ရသည့် အိမ်အရေအတွက်ကို မသိရသေးကြောင်း၊ ရွာသူ ရွာသား အားလုံး လည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။", "အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် ဒီပဲယင်းမြို့နယ် တွင် လည်း စစ်တပ် အင်အား ၁၈၀ နီးပါး ဖြင့် မင်းတဲကုန်း ကျေးရွာ နှင့် ကံပြား ကျေးရွာများရှိ ပြည်သူပိုင်နေအိမ်များစွာ မီးရှို့ဖျက်ဆီးနေကြောင်း၊ မီးရှို့ နေ သော စစ်ကြောင်းမှာ ကြည်၊ ဘုရားထွက်နှင့် မကျီးဇောက် ကျေး ရွာများ ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းပင်ဖြစ်ကြောင်း၊ မင်းတဲကုန်း ကျေးရွာ အနီး တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၉ ၊ အဖြူရောင်PDF နှင့် ပကဖ မဟာမိတ်အဖွဲ့အစည်းများနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ထို့အတူ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာမှ ထွက်လာသော စစ်တပ်စစ် ကြောင်း သည် ယနေ့ နံနက်၁၁ နာရီ ၄၀ မိနစ် အချိန်မှစ၍ သုံးလင့်ရွာ နှင့် မြင်းဆယ်ရွာများကို မီးရှို့ခဲ့ပြီး ယခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ- ညအချိန်အထိ မီးလောင်ကျွမ်းနေသော စစ်ကိုင်းမြို့နယ်။ သုံးလင့်ကျေးရွာ။"]
https://yktnews.com/2023/02/85787/
ကနီ၊ ရေစကြို နှင့် မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး
["ကနီ၊ ရေစကြို နှင့် မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး", "ရန်ကုန်၊ဖေဖော်ဝါရီ ၆", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်များ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း မီဒီယာသို့ ပြောဆိုသည်။", "”နံနက်ပိုင်း အလုံဆိပ်ကမ်းကနေ ကျနော်တို့ သပြေတောရွာဘက်ကို စစ်သင်္ဘော ၃ စီးနဲ့ တက်လာတယ်။ အဲလိုတက်လာတာနဲ့ ပြည်သူကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်။ သူတို့ဘက်က အကျဆုံးများလို့ ထင်တယ်။ မွန်းလွဲ ၂ နာရီလောက်ရောက်တော့ နမခ တပ်ကနေ လေယာဉ်နဲ့ လာပစ်တယ်။ အဓိက ပစ်တာက သပြေတောရွာ အနီးကို ပစ်တာ ရွာသားတွေကတော့ တစ်လလောက်ရှိပြီ ရွာထဲကနေ ထွက်ပြေးနေရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။", "ထို့ပြင် မန္တလေး၊ မြင်းခြံမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး​ခဲ့ကြောင်း မြင်းခြံလူထု လှုပ်ရှားမှု ကော်မတီထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးရွာ၊ ကူကုန်းရွာဘက်ကို ဝင်ရောက်မွှေနှောက်ပြီး light truck ကားဖြင့် ပြန်လာသည့် စစ်သားများကို မြင်းခြံမြို့နယ်၊ သင်ပြွန်းလမ်းခွဲ အနီးတွင် ကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့​ကာ စစ်သားများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပျိုးကန်ရွာမှ ဒေသခံပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။", "ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှု ၂ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း Thway Thauk Revolution Forces အဖွဲ့ထံမှ သိရသည်။", "ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရေစကြိုမြို့နယ် အမှတ် ၈ ရပ်ကွက်ရှိ ကပ်ကျော်ဘုန်းကြီးကျောင်းတွင် အထိုင် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို Thway Thauk Revolution Forces အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း Thway Thauk Revolution Forces အဖွဲ့က ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/103240/
ကနီ၊ လယ်ရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ရက် ကြာမှ သင်္ဂြိုလ်ရ၊ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးသွား
["ကနီ၊ လယ်ရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ရက် ကြာမှ သင်္ဂြိုလ်ရ၊ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးသွား", "ရန်ကုန်၊ မေ ၁၈", "စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လယ်ရှည်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ရက် ကြာမှ သင်္ဂြိုလ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "မေလ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လယ်ရှည်ရွာကို လက်နတ်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်ကြီးကျည် ထိမှန်ကာ ကလေးငယ် သေဆုံးခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကို ယနေ့ မေလ ၁၈ ရက်နေ့မှ သင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။", "စစ်တပ် စစ်ကြောင်းသည် မေလ ၁၁ ရက်နေ့မှ စတင်ကာ နဘူးတောရွာ၊ ဘန့်ဘွေးရွာ၊ ထန်းဇင်ရွာများကို စီးနင်းခဲ့ပြီး မေလ ၁၂ ရက်နေ့တွင် ကနီမြို့နယ် လယ်ရှည်ရွာ၊ တွင်းရွာများကို ဖြတ်ပြီး မင်းမရွာတွင် တပ်ဆွဲခဲ့​​ပြီး ဒေသ ပြည်သူ့ ကာကွယ်ရေး အဖွဲ့များနှင့် တိုက်ပွဲ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ကာ အကျအဆုံး များခြင်းကြောင့် နောက်ကြောင်း ပြန်ခေါက်ကာ လယ်ရှည်ရွာကို ဒုတိယအကြိမ် ပြန်ဝင်ရောက် တပ်စွဲခြင်းဖြစ်ကြောင်း သိရသည်။", "“မေလ ၁၂ ရက်နေ့က ရွာထဲကနေဖြတ်သွားရုံပဲ ဘာမှလုပ်မသွားဘူး။ သူတို့ မင်းမရွာကနေစစ်ရှုံးခဲ့ပြီး ကျွန်တော်တို့ရွာကိုပြန်ဝင်ရာမှာ အကြောင့်မဲ့ လက်နတ်ကြီးနဲ့ အသားကုန် ပစ်ခတ်ဝင်လာတယ်။ ရွာသားတွေလည်း ဘာတစ်ခုမှမယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးရတယ်။ အဲလိုလက်နတ်ကြီးနဲ့ ပစ်ခတ်လို့ ရွာထဲကလူတွေ ၁၀ခန့် လောက် ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ အသက် ၁၄ နှစ် အရွယ် မိုမိုးကတော့ လက်နက်ကြီး အိမ်ပေါ်ကျပေါက်ကွဲပြီးတစ်ခါတည်း နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်။ သူတို့က ပစ်လည်း ပစ်တယ်။ ရွာထဲလည်း ဝင်လည်း လာတာဆိုတော့ အလောင်းပစ်ပြီး ကိုယ်လွတ်ရုန်းပြေးခဲ့ရတယ်။ အဲတာပြီးတော့ သူတို့က ရွာထဲကို ၁၆ ရက်၊ ၁၇ ရက်ရွာမှာရွာမှာ တပ်ဆွဲတယ်။ ဒီနေ့ မေလ ၁၈ ရက်နေ့ နံနက်ခင်းကျမှ ရွာထဲက ထွက်သွားလို့ အဲအလောင်းကို ဒီနေ့မှသင်္ဂြိုလ်တာတွေ လုပ်နိုင်တယ်လို့” ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။", "အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လယ်ရှည်ရွာ၌ တပ်ဆွဲနေထိုင်ပြီး ကျေးရွာအတွင်းက ပြည်သူပိုင်အိမ်တွေကို ဝင်ရောက် ရှာဖွေဖျက်ဆီးပြီး ရွှေ၊ငွေနဲ့ တန်ဖိုးရှိ ပစ္စည်းများလည်း ယူဆောင်သွားကြောင်း၊ စစ်တပ်က ကျေးရွာ အတွင်း ပစ်ခတ်ခြင်းကြောင့် ဒေသခံရွာသူ၊ရွာသားများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ မွေးတိရိစ္ဆာန်အများအပြားလည်း သေဆုံး ထိခိုက်ဒဏ်ရာရပြီး စစ်ကြောင်း ပြန်ထွက်သွားသည့်အခါ ရွာသား ၁၀ ဦး ကျော်ကိုလည်း စစ်ကြောင်းအတွင်း ဓါးစာခံ အဖြစ်ဖမ်းခေါ်သွားကြောင်း သိရသည်။", "ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ မေလ ၁၈ ရက်နေ့မှာ လည်ရှည်ရွာမှ မြောက်ဘက်ကို စစ်ကြောင်း ထိုးသွားတာကြောင်း၊ စစ်ကြောင်း ဦးတည်ရာကျေးရွာများမှာ ချောင်းမအရှေ့ရွာ၊ ချောင်းမအနောက်ရွာ၊သင့်ဝင်ရွာ၊ မင်းမရွာ၊ သမက်ခြံရွာ၊ ယက္ကန်းတိုင်ရွာ၊ ကျွဲသောက်ကန်ရွာတို့ဖြစ်ပြီး အဆိုပါ ကျေးရွာမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။"]