url
stringlengths
32
35
title
stringlengths
14
1.84k
⌀
content_paragraphs
stringlengths
2
44.4k
https://yktnews.com/2022/09/41883/
နေပြည်တော်မှ တုန်လှုပ်ခြောက်ခြားနေသည့် စစ်ခေါင်းဆောင်များအတွက် မရဏ တရား (သို့မဟုတ်) အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင် သတ်ဖြတ်ခံရမှု၏ နောက်ကွယ်
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် လက်ရှိ စစ်ဗိုလ်ချုပ်များ၊ ယခင် စစ်ဗိုလ်ချုပ်ဟောင်း များ၏ မိတ်ဆွေ၊ အစ်ကိုကြီး၊ ဆရာဖြစ်ခဲ့သူ စစ်တက္ကသိုလ်အပတ်စဉ် ၁၅ ကျောင်းဆင်း အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သည် စက်တင် ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် ၎င်း၏ သားမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇနှင့်အတူ ပစ်ခတ် ရှင်းလင်းခံရပြီး သေဆုံးခဲ့ပြီဖြစ်သည်။", "စစ်ခေါင်းဆောင်တို့၏ စီနီယာအစ်ကိုကြီးဖြစ်သည့်အတွက် သေဆုံးချိန်တွင်တောင်မှ အခွင့်ထူးခံ အခွင့်အရေးကို သူရရှိခဲ့သည်။ အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်နှင့် သားမက် ဗိုလ်ကြီးဟောင်း ရဲတေဇတို့၏ အသက်မဲ့နေသည့် ရုပ်အလောင်းနှစ်ခုကို အင်းလျားကန်ဘေးရှိ စစ်တပ်ပိုင် ကန်သာယာဆေးရုံကြီးတွင် လက်ခံထားရှိခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး ဘဝကူးပြောင်းချိန်တွင်ပင် သူတို့နှစ်ဦးသည် စစ်တပ်၏ VIP ဖြစ်နေဆဲပင်ဖြစ်သည်။", "အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင် အသတ်ခံရသည့်သတင်းက လက်ရှိ စစ်ခေါင်းဆောင်များနှင့် အငြိမ်း စား စစ်ခေါင်း ဆောင်များအတွက် တုန်လှုပ်ချောက်ခြားစေခဲ့သည်။ ပြည်သူကို ရမ်းချင်တိုင်းရမ်း သတ်ချင်တိုင်း သတ်ခဲ့သူများ၏ ရှေ့သို့ သေခြင်းတရား အချိန်မရွေးရောက်လာတော့မည်ဆိုသည်ကို အချက်ပေးခေါင်းလောင်းထိုးခြင်းဟုဆိုလျှင် လည်း မမှားနိုင်ပေ။", "အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်၏ လူမှုကွန်ရက်စာမျက်နှာများတွင် “အစ်ကိုကြီး”ဟု မှတ်ချက်ဝင်ရေးလေ့ရှိသော လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဝန်ကြီး ကိုကိုလှိုင်တို့လည်း ညပိုင်း အိပ်၍ ပျော်မည်မထင်ပေ။", "အုန်းသွင်၏ တပည့်များတွင် လက်ရှိ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ကာကွယ် ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တို့ပါဝင်လေရာ ဆရာဖြစ်သူအတွက် သင်္ကန်းပို့ပေးရန်နှင့် လွမ်းသူ့ပန်းခြင်း ပို့ရန် ပြင်ဆင်နေလောက်ကြပြီ။", "အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သေဆုံးမှုအကြောင်းအရင်းက အဘယ်ကြောင့်နည်း။ အဖြေကရှင်းလင်းလှသည်။ စစ်အာဏာသိမ်းမှုကို ဖိတ်ခေါ်ခဲ့သောကြောင့် စစ်အာဏာသိမ်းမှုကြောင့်ပင် သူ၏ ဘဝဇတ်သိမ်း နိဂုံးချုပ်သွားခြင်း ဖြစ်သည်။", "အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်က မည်သို့ မည်ပုံ စစ်အာဏာသိမ်းမှုကို ဖိတ်ခေါ်ခဲ့ပါသနည်း။ နောက်ဆုံးအချိန်အထိ ပြည်သူလူထုအပေါ် မည်သို့သဘောထားခဲ့ပါသနည်း။", "ဗိုလ်မှူးချုပ် အုန်းသွင်သည် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အလွန်နီးကပ်သည့်ဆက်ဆံရေးရှိကြပြီး အာဏာမသိမ်းမီ တစ်နှစ်အလိုက ၂၀၀၈ အခြေခံဥပဒေအတွင်းမှပင် အာဏာသိမ်း၍ရကြောင်းကို အာဏာသိမ်းသည်ဟုမပြောဘဲ အာဏာထိန်းသည်ဟု သုံးနှုန်းရန် အကြံပြုစာတမ်းရေးသားပေးပို့ခဲ့သူဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောသည်။", "မတ်လ ၈ ရက်၊ ၂၀၂၀ ပြည့်နှစ်အချိန် သူ၏ လူမှုကွန်ရက် တွင် ” မသိမ်းနိုင်အောင်နဲ့ ကာကွယ်ဖို့ ခြေ/ဥ ကိုရေးဆွဲထားတယ်။ သွေဖည်ယင်/အများပြည်သူလက်မခံရင်တော့ ထိန်းဖို့ဖြစ်လာမယ် မူရင်းတော့ မပျက်နိုင်ဘူးပေါ့” (မူရင်းသတ်ပုံအတိုင်း) ဟု ရေးသားခဲ့သည်။", "မင်းအောင်လှိုင် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “ဒေါင်းနန်းကျမှနှုတ်ဆက်ပါ၏” ဟူသော ကျေးရွာဆိုင်းဘုတ်ဓာတ်ပုံနှင့်အတူ ” လိုလိုမယ်မယ် Save ထားတဲ့ပုံကလေး အခုမှပဲအသက်ဝင်လာတော့တယ်” ဟု စစ်အာဏာသိမ်းမှုကို ဝမ်းပန်းတသာဖြင့် ဗိုလ်မှူးချုပ် အုန်းသွင်က ကြိုဆိုခဲ့သည်။", "အာဏာသိမ်းသည့်နံနက်ပိုင်း ပျော်လွန်း၍ ညတွင်ပါတီပေးအောင်ပွဲခံမည်ဟုပင် ထုတ်ဖော်ပြောဆိုခဲ့သည်။", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ စတင်ပြီး စစ်တပ်အနေဖြင့် နွေဦးတော် လှန်ရေး ဆန္ဒပြလူငယ်များကို မလှန်နိုင်ရေး များများ သတ်ဖြတ်ရန် တိုက်တွန်းခဲ့သူတစ်ဦးအဖြစ် ဗိုလ်မှူးချုပ်အုန်းသွင်က မှတ်တမ်းကျန်ခဲ့သည်။", "“များများသတ်ပစ်မှ ဒီလိုပရမ်းပဒါ ဖြစ်နေတာတွေ အကုန်ငြိမ်သွားမှာ၊ မြန်မြန်နဲ့ များများသတ်ပစ်မှ ရမှာ ” ဟု ဗိုလ်ချုပ်အုံးသွင်က စစ်တပ်သို့ သဘောထားမှတ်ချက်ပေးသည်ဟု တပ်တွင်းသတင်းရင်းမြစ် ထံမှ သိရှိရသည်။", "အုန်းသွင်သည် စစ်တပ်တွင်းရှိစဉ်က ” ယုတ်ယုတ်ပတ်ပတ်” ဆဲရေးတိုင်းထွာတတ်သူဖြစ်ကာ စစ်တက္ကသိုလ်တွင် သူ့ကို မြင်းဂေါင်းဟုနာမည်ပြောင်ပေးခဲ့ကြကြောင်း တပ်တွင်းသတင်းရပ်ကွက်ထံမှ သိရှိရသည်။ သူသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးခဲ့သူဖြစ်သည်။", "၂၀၁၈ ခုနှစ် ဇွန်လ ၂ ရက်နေ့ သူ၏ လူမှုကွန်ရက်တွင် “International Prostitute ဟု ခေါ်သော နိုင်ငံတကာ ဖာသည် မအား အကျွန်ုပ် မျက်ဝါးထင်ထင် တွေ့မြင်ရပြီမို့ သေပျော်ခြေပြီပါတကား” ဟု (မူရင်းအတိုင်းဖော်ပြထားပါသည်) မှတ်ချက်ရေးသားခဲ့သည်။", "အဆိုပါ မှတ်ချက်ရေးပြီး ၄ နှစ်ကျော်ကြာအချိန်တွင် သူ သေဆုံးခဲ့ပြီဖြစ်သည်။ သေပျော်ခဲ့သည်လား ၊ မပျော်ခဲ့သည်လားကိုတော့ သူကိုယ်တိုင်မှပင် သိနိုင်မည်ဖြစ်သည်။", "အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်သည် တောင်အာဖရိကနိုင်ငံ၊ မော်ဒိုက်နိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံတို့တွင်သံအမတ်ကြီးအဖြစ် ၂၀၁၁ခု နှစ်အထိ ဆယ်နှစ်ကျော်ကြာတာဝန်ယူခဲ့သည်။", "သို့သော် သူသည် သံတမန်မဆန်ဘဲ မွတ်စလင် ဆန့်ကျင်ရေး ၊ မုန်းတီးရေး လူမှုကွန်ရက်တွင် အမြဲလိုလိုလှုံ့ဆော်ခဲ့သည်။", "အခြေခံဥပဒေရေးရာဆိုင်ရာ ကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံမှုအတွက် ၂၀၁၉ ခုနှစ်တွင် တရားခံကြည်လင်းကို ကြိုးမိန့်သေဒဏ်နှင့် ထောင်ဒဏ် ၂၃ နှစ်ကျခံရန် မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ပူးတွဲတရားခံ အေင်ဝင်းဇော်ကိုလည်းကြိုးမိန့်နှင့်သေဒဏ်ချမှတ်ခဲ့ပြီး အောင်ဝင်ထွန်းကို ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။", "၂၀၁၉ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့ လူမှုကွန်ရက်တွင် ဗိုလ်ချုပ်အုံးသွင်က ” ငနီသေနတ်ပစ်ခံရတယ်..ဂျန္နက်ဘုံရောက်/မရောက်မသိဘူး..အင်န်ရှားလား..ကိုကြည်လင်းကိစ္စပြီး/မပြီး..မသိနိုင်ဘူး. အင်န်ရှားလား.သဗ္ဗေသတ္တာကမ္မသကာ” (မူရင်းရေးသားချက်အတိုင်းဖော်ပြ) ဟု ရေးသားခဲ့သည်။", "အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်သည် စစ်အာဏာသိမ်းမှုကို လက်ယက်ခေါ်ခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့် သူ့ဘ၀ အဆုံးသတ်ခဲ့ရသည်။ ပြည်သူကို သတ်ဖြတ်ရန် တိုက်တွန်းခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အသတ်ခံခဲ့ရသည်။ တရားလွှတ်တော်ရှေ့နေဦးကိုနီ အသတ်ခံရမှုကို ဝမ်းသာဝမ်းမြောက်ဖြစ်ခဲ့သော သူ့အတွက် သူသေဆုံးချိန်တွင် ပြည်သူများစွာက ဝမ်းသာအားရဖြစ်ကြသည်။", "ဗိုလ်မှူးချုပ် အုန်းသွင်သေဆုံးမှုသည် ယူတတ်လျှင် နေပြည်တော် စစ်ခေါင်းဆောင်များအတွက် တရားရစရာပင်ဖြစ်သည်။", "ဆရာတော်၊ သံဃာတော် ဟောကြားသည့် “ကာလဝိဘတ် နောက်ပိုးတက်သော်… ဘုရားသော်မှ ပေးဆပ်ရမြဲ” ဆိုသည့် ဩဝါဒအတိုင်း ဗိုလ်မှူးချုပ်အုန်းသွင်၏ ဘ၀ဖြစ်စဉ်ကို ဆန်းစစ်လေ့လာလျှင် နေပြည်တော်စစ်ခေါင်းဆောင်များအတွက် သင်ခန်းစာများ ရပေလိမ့်မည်။", "သို့သော် လက်နက်မဲ့ ပြည်သူထောင်ပေါင်းများစွာကို လမ်းပေါ်တွင် ခေါင်းကို ချိန်ရွယ်၍ ပစ်သတ်ခဲ့ခြင်း၊ ကလေးငယ်များကို ရဟတ်ယာဉ်ဖြင့် ပစ်သတ်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောရေးတွင် ပြည်သူများကို မုဒိမ်းကျင့် ညှဉ်းဆဲသတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာ သန်းပေါင်းများစွာကို နှင်ထုတ် သတ်ဖြတ်ခဲ့ခြင်း စသည့် စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တရားမျှတမှုကိုမူ စစ်ခေါင်းဆောင်များ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။", "ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု အတွက် ဝဋ်ကြွေးနှင့် ပြစ်ဒဏ်ကို ရာထူးရှိသည့်အချိန် မခံရလျှင်တောင်မှ ရာထူးမဲ့သည့်အချိန် ၊ အိုမင်းမစွမ်းချိန် အာဏာမဲ့သွားချိန် တရားမျှတမှုအတွက် မလွဲမသွေ ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။", "အာဇာနည် မမြသွဲ့သွဲ့ခိုင်၊ မကြယ်စင် အပါအဝင် ယခုနောက်ဆုံး ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အဆုံး စစ်ခေါင်း ဆောင်များက မတရားသတ်ဖြတ်ခဲ့သော ထောင်ပေါင်းများစွာသော နွေဦးတော်လှန်ရေး သူရဲကောင်းများအားလုံးအတွက် တရားမျှတမှု ပြန်လည် ရယူရန် ပြည်သူလူထုကလည်း ဆုံးဖြတ်ချက် ခိုင်မာနေပြီဖြစ်သည်။"]
https://yktnews.com/2022/09/40140/
မင်းအောင်လှိုင် လက်ထွက် ထိပ်တန်း ခရိုနီလက်သစ် 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက် မင်းအောင်လှိုင် အာဏာသိမ်းထားတဲ့ ၁၈ လတာ ကာလအတွင်းမှာ မြန်မာ့စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ စစ်တပ်နဲ့ ကြည်ဖြူ အဆင်ပြေသူတွေ လက်ထဲကို အလုံးအရင်းနဲ့ကို ရောက်ရှိနေပါတယ်။ ထိပ်တန်း အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ ဖြစ်ပြီး အဲဒီနောက်မှာတော့ ခရိုနီလက်သစ်တွေ တဖြည်းဖြည်း ပေါ်လာနေပါတယ်။", "ဒီအထဲမှာ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ အောင်အောင်ဇော် လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ 24 Hours ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အာဏာရှင် သန်းရွှေ စစ်တပ်ကြီးစိုးနေတဲ့ ကာလဖြစ်ပြီး စစ်တပ်နဲ့နီးစပ်သူတွေ အကူအညီနဲ့ပဲ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေးအတွက် သုတေသနနဲ့စစ်တမ်း လုပ်ပေးခြင်း ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းစတင်ခဲ့တာပါ။", "စတင်လုပ်ကိုင်ချိန်ကတည်းက သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်တွေ အဓိက အကြီးအကျယ်လုပ်ကိုင်ခဲ့တာမို့ စစ်တပ်ရဲ့ ပံ့ပိုးမှု လုပ်ခွင့်ပေးမှုတွေကြောင့် ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်။", "သူကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ ထင်သာမြင်သာ ဖြစ်မှုတွေကို ကြည့်ရင် အချိန်တိုကာလတစ်ခုအတွင်းမှာ လုပ်ငန်းတွေဟာ တရှိန်ထိုးကြီးပွားနေတာ မြင်ရပါတယ်။", "၂၀၀၅ ခုနှစ် ကျောက်မီးသွေး၊ ရွှေနဲ့ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေး လုပ်ငန်းတွေ အများအပြား လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆီအုန်းစိုက်ပျိုးဧက ၅၀၀၀ နဲ့ တနင်္သာရီတိုင်းမှာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်။", "၂၀၁၆ ခုနှစ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်မယ့် လျှပ်စစ်ထုတ်လုပ်ရေး ပရောဂျက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။ စစ်တွေမှာ ကစ္စပနဒီကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်း၊ ဘိလပ်မြေစီမံစက်ရုံစီမံကိန်း ၊ ဟဲဟိုး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။", "မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိပါတယ်။", "သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို တစ်ခုချင်းစီအလိုက် ခွဲခြမ်းကြည့်ရအောင်ပါ။", "မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ အောင်အောင်ဇော်က 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ( 24 Petroleum Limited)ကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိတယ်လို့ ပြောခဲ့ပြီးပါပြီ။", "၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ အောင်အော်ဇော်ဟာ ရုရှားနိုင်ငံကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီးနဲ့အတူ သွားရောက်ခဲ့ပြီး နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ရုရှားနိုင်ငံ ROSGEO ရဲ့ CEO နဲ့ ဥက္ကဋ္ဌ Mr Sergey N. Gorkov တွေ့ဆုံပါတယ်။ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့အခြားနည်းပညာနဲ့ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို အဲဒီရုရှားခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ကိုယ်တိုင် တက်မိန့်ခွန်းပြောခဲ့တဲ့ နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ဖို့ မင်းအောင်လှိုင်က အောင်အောင်ဇော်ကို လွှတ်ခဲ့တယ်လို့ဆိုပါတယ်။", "ရုရှားစက်သုံးဆီ တင်သွင်းဖြန့်ဖြူရောင်းချရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အောင်အောင်ဇော်ကဟာ ဆက်လက် ပါဝင်လျက်ရှိနေပါတယ်။ု ဒီလုပ်ငန်းတွေကို အောင်အောင်ဇော်ဟာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ ရဲတံခွန်စွမ်းအင်ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်မယ့် အလားအလာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။", "လက်ရှိမှာလည်း တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး မဂ္ဂါဝပ် ၆၆၀ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကိုလည်း ဆက်လက် လုပ်ကိုင်လျက်ရှိနေပါတယ်။", "၂၀၀၅ ခုနှစ်မှာ အောင်အောင်ဇော်ရဲ့ ကုမ္ပဏီဟာ ရွှေ၊ ကျောက်မီးသွေး၊ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေးတွေကို စစ်ကိုင်း၊ တနင်္သာရီတိုင်းတွေမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှာ တစ်နေ့ကို တန် ၁၀၀၀၀ ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေပါတယ်။", "ကျောက်မီးသွေးတွေ တူးဖော်ဖို့၊ တင်သွင်းဖို့လည်း အမြဲလိုလို ကြိုးစားနေပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံတွေ မြောက်မြားစွာ ဆက်လက်ထူထောင်ဖို့လည်း စီမံကိန်းတွေ သူလုပ်ကိုင်နေပါတယ်။", "လမ်းတံတားဖောက်လုပ်ရေး အကုန် သူလုပ်ကိုင်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာတော့ ရှမ်းပြည် နယ်၊ ဟဲဟိုးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နေတာရှိပါတယ်။ နောက်တစ်ခါ စစ်တွေမှာ ကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်းတွေကိုလည်း လုပ်ကိုင်နေပါတယ်။ မြို့ပြစီမံကိန်း ဖွံဖြိုးရေးနဲ့ ဟိုတယ်တည်ဆောက်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေပါတယ်။", "ဆီအုန်းနဲ့ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းတွေကို အကြီးအကျယ်လုပ်ကိုင်နေပြီး တနင်္သာရီတိုင်းမှာ မြေဧက ၅၀၀၀ နဲ့ ဆီအုန်းထုတ်လုပ်ရေး စက်ရုံပါ တည်ဆောက်နေပါတယ်။ ပဲခူးတိုင်းဖြူးမြို့နယ်မှာလည်း ဧက ၅၀၀ ကျွန်းပင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။", "အောင်အောင်ဇော်ဟာ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ရှယ်ယာတွေ ဝယ်ယူပြီး ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်လောက်ကတည်းက Air KBZ နဲ့ MAI မှာ ရှယ်ယာအများဆုံး အောင်အောင်ဇော်က ပိုင်ဆိုင်ထားတယ်လို့ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။", "အခုနောက်ဆုံး ထူးခြားချက်ကတော့ Air KBZ က ကုမ္ပဏီက Air KBZ လေကြောင်းလိုင်းနဲ့ပတ်သက်တဲ့ ငွေကြေးတွေ အားလုံးကို KBZ ဘဏ်အသုံးမပြုတော့ဘဲ UAB ဘဏ်၊ ဧရာ၀တီဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ ပေးသွင်းရမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ကနေ Air KBZ နဲ့ဆိုင်တဲ့ ငွေကြေးတွေကို KBZ ဘဏ်တွေမှာ အသုံးမပြုတော့ဘူးလို့ တရားဝင် အကြောင်းကြားလိုက်တာဖြစ်ပါတယ်။", "“KBZ နဲ့ Air KBZ ဆိုတာ ကျနော်တို့ တစ်သက်လုံးတွဲပြီး မြင်လာတာ။ အခု က အတော်ထူးခြားတယ်။ ၂၀၁၉ လောက်ကတည်းက Air KBZ နဲ့ MAI ကို အောင်ကိုဝင်း မပိုင်တော့ဘူးလို့ သိထားကြတာ။ အခု ဒီကြေညာချက် ထွက်လာတော့ အဲဒါက ပိုသေချာလာတာပါ” လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။", "သေချာကတော့ အောင်အောင်ဇော်ဟာ MAIနဲ့ Air KBZ မှာ ကြီးကြီးမားမား ရှယ်ယာရှင်ဖြစ်လာတာဖြစ်ပါတယ်။", "အောင်အောင်ဇော်ဟာ သူရဲ့ စီးပွားရေးအင်ပါယာကို စစ်တပ်နဲ့ ပူးပေါင်းပြီး ချဲ့ထွင်နေတာကိုတော့ အာဏာသိမ်းမှု နောက်ပိုင်းမှာ ခပ်စိတ်စိတ်မြင်တွေ့လာရပါတယ်။ သူကိုယ်တိုင်ကလည်း သိုသိုသိပ်သိပ် နေထိုင်တာမို့ သူ့အကြောင်း သိသူနည်းပါးလှပါတယ်။", "ဒါပေမယ့် အောင်အောင်ဇော်ဟာ စစ်တပ်နဲ့ စစ်အာဏာရှင်ကို အဓိက ပံ့ပိုးနေတဲ့ ဒေါက်တိုင် ခရိုနီ စီးပွားရေးသမားဖြစ်ပါတယ်။ စစ်တပ်ကြောင့် ချမ်းသာလာသူဖြစ်တာမို့ စစ်တပ်ကိုပဲ အာဏာရစေချင်တဲ့ ခေတ်ပျက် ခရိုနီတွေဆိုရင် လည်းမမှားနိုင်ပါဘူး။ အောင်အောင်ဖော်ဟာ မင်းအောင်လှိုင်လက်ထက်မှာ ထိပ်တန်းစီးပွားရေးသမားအဖြစ် ခရိုနီများ စာရင်းဝင်လာဖို့ တာစူနေပြီဆိုတာက မလွဲအသေအချာပဲဖြစ်ပါတယ်။", "ဓာတ်ပုံ- အောင်အောင်ဇော်ပုံနှင့် ရုရှားတွင် ရုရှားစွမ်းအင်တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ တက်နေသည့် အောင်အောင်ဇော်။"]
https://yktnews.com/2024/06/165798/
ထိုင်းတွင် ကွန်ဒိုဝယ်ယူခြင်း၊ ထိုင်းဘဏ်အကောင့်ဖွင့်လှစ်၍ ဖမ်းဆီးအရေးယူမည်ဆိုလျှင် ကွန်ဒိုခန်း ဝယ်ထားသည့် မင်းအောင်လှိုင် သားအောင်ပြည့်စုံနှင့် ထိုင်းဘဏ်စာရင်း ဖွင့်ထားသော ခင်သီရိသက်မွန်ကို အရေးယူရမည်
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူ မြန်မာပြည်သူ ၃ ဦးကို ကွန်ဒိုဝယ်ယူမှု၊ ထိုင်းဘဏ်စာရင်း ဖွင့်လှစ်မှုများဖြင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း ယမန်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။", "အဲဒီသတင်းထုတ်ပြန်မှုက စျေးကွက်စီးပွားရေးစနစ်နဲ့ မိမိပိုင် ငွေကြေးကို လွတ်လပ်စွာ သုံးစွဲပိုင်ခွင့် မပြုတော့တဲ့ စစ်အာ ဏာရှင်ရဲ့လုပ်ရပ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါပေမယ့်လည်း ထူးခြားနေတာက အဲဒီလို ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူခဲ့တာနဲ့ ထိုင်းမှာ ဘဏ်ငွေစာရင်း ဖွင့်လှစ်ခဲ့သူတွေထဲမှာ အစောဆုံးက မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုနဲ့ သမီး ခင်သီရိသက်မွန် တို့ကို ဘာဖြစ်လို့ အရေးမယူခဲ့တာပါလဲ။", "ထိုင်းမှာ ကွန်ဒိုဝယ်ရင်၊ ဘဏ်စာရင်းဖွင့်လို့ အရေးယူမယ်ဆိုရင် အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်ကို မဖြစ်မနေကို အရေးယူရမှာဖြစ်ပါတယ်။", "မူးယစ်ရာဇာ စီးပွားရေးသမား ထွန်းမင်းလတ်ကို ထိုင်းရဲတွေက ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခဲ့စဉ် သူ့လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေ မှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ဝယ်ယူထားတဲ့ ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုအခန်းပါဝင်ပါတယ်။ အောင်ပြည်စုံက Belle Grand Rama 9 ကွန်ဒိုအိမ်ရာမှာ အိပ်ခန်း ၄ ခန်းပါ ဇိမ်ခံကွန်ဒိုအခန်းကို ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ အဲဒီ ကွန်ဒိုပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။", "မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံက အဲဒီ ဘန်ကောက်ကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်ကဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ဟာ အောင် ပြည်စုံ ရဲ့ဖခင်မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ် မှုတွေ ကျူးလွန်နေတဲ့ချိန်ဖြစ်ပါတယ်။", "အောင်ပြည့်စုံ ဝယ်ယူထားတဲ့ အိပ်ခန်းလေးခန်းပါ ကွန်ဒိုခန်းတွေရဲ့ တန်ဖိုးကို လက်ရှိကာလ ပေါက် စျေး ဘတ် ၃၃ သန်းဝန်းကျင်လောက်ရှိပြီး အဲ့ဒီတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပါတယ်။ Belle Grand Rama 9 ကွန်ဒိုဟာ ထွန်း မင်း လတ်ကို ဖမ်းဆီးရမိခဲ့တဲ့ ကွန်ဒိုမီနီယံဖြစ်ပြီး အဲဒီကွန်ဒိုမှာ ထွန်းမင်း လတ် က သူ့ရဲ့နာမည်နဲ့ရော ဇနီးဖြစ်တဲ့ ဝင်းမင်းစိုး နာမည်နဲ့ တွဲလျက်ပါ အခန်း ၃ ခန်း ကို ပိုင်ဆိုင်ထားပါတယ်။", "ဒါအ့ပြင် မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုဘဏ်စာအုပ်နှစ်အုပ်ကိုလည်း ထွန်းမင်းလတ်ကို ဖမ်းဆီးခဲ့စဉ်က ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့ပါတယ်။", "ခင်သီရိသက်မွန်နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ Siam Commercial Bank ဘဏ်အကောင့်တွေဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရ ရုံးအဆောက်အုံဖြစ်တဲ့ Q House Lumphini မှာ ဖွင့်လှစ်ထားတဲ့ Siam Commercial Bank ဘဏ်ခွဲမှာ ငွေစာရင်း ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။", "မြန်မာပြည်သူတွေကို ထိုင်းမှာ ကွန်ဒိုဝယ်လို့ ၊ ထိုင်းဘဏ်ငွေစာရင်းဖွင့်လို့ အရေးယူမယ်ဆိုရင် အရင်ဆုံးနဲ့ သေချာပေါက် အရေးယူရမှာက မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်တို့ကို မဖြစ်မနေ အရေးယူရမှာ အသေအချာဖြစ်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/07/173825/
မြင့်ဆွေသေသွားရင် အရေးပေါ်အခြေအနေနဲ့ တိုင်းပြည်ကို ဆက်ပြီး စစ်ကောင်စီအုပ်ချုပ်ဖို့ ဘယ်သူက သက်တမ်းတိုးပေးမလဲ၊ စစ်ကောင်စီက သမ္မတတစ်ဦး ထပ်ခန့်လို့ရသလား
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီက ယာယီသမ္မတအဖြစ် တင်မြှောက်ထားတဲ့ မြင့်ဆွေ အထူးကြပ်မတ်ကုသဆောင် ICU ထဲမှာ ရှိနေပြီး သေတော့မယ်ဆိုတဲ့ သတင်းတွေဟာ အခုနှစ် ဧပြီလကတည်းက ထွက်ပေါ်ခဲ့တာပါ။", "ထွက်ပေါ်နေတဲ့ သတင်းတွေကို ကောလာ ဟလအဖြစ် စစ်ကောင်စီနဲ့ စစ်တပ်လော်ဘီက အမြဲလိုလို ငြင်းပယ်ခဲ့ပေမယ့် မနေ့ညပိုင်းမှာတော့ မြင့်ဆွေ အထူး ဆေးကုသမှု ခံယူနေရပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ကြေညာလာရပါတယ်။", "ဒီလိုကြေညာလာရတာကလည်း လာမယ့်ဇူလိုင်လ ၃၁ ရက်နေ့မှာ ၆ လသက် တမ်း ပြည့်တော့မယ့် စစ်ကောင်စီကို သက်တမ်းတိုးပေးဖို့ မြင့်ဆွေ မဖြစ်မနေ ထွက်ပြီး မျက်နှာပြရတော့မယ့် အချိန်နီးကပ်လာလို့ စစ်ကောင်စီဘက်က အဲဒီလို သတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။", "မြင့်ဆွေအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို မဦးဆောင်နိုင်တော့သလို စစ်ကောင်စီကို သက်တမ်းတိုးပေးမယ့် ကာ/လုံအစည်းအဝေးမှာလည်း လာရောက်ပြီး ခေတ္တ ခဏ ထိုင်နိုင်တဲ့ အခြေအနေမရှိတော့တာလည်းဖြစ်ပါတယ်။", "တကယ်လို့ မြင့်ဆွေ ကျန်းမာရေး ဆိုးရွားလာခဲ့ရင် (သို့မဟုတ်) မြင့်ဆွေ သေသွား ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာက စစ်ကောင်စီအတွက် မေးခွန်းတွေ ဖြစ်လာပါတယ်။", "ယာယီသမ္မတ မြင့်ဆွေ သေသွားခဲ့ရင် စစ်ကောင်စီအနေနဲ့ အခြေအနေကို တင်ပြ ရတော့မယ့် သမ္မတ တစ်ဦးမှ မရှိတော့ပါဘူး။ သမ္မတ ဦးဝင်းမြင့်ကိုစစ်ကောင်စီက ဖမ်းဆီးထောင်ချထားသလို ဒုတိယသမ္မတ ဟင်နရီဘန်ထီးယူကိုလည်း စစ်ကောင်စီက ကျန်း မာရေးအရ ဆိုပြီး အနားပေးလိုက်ပါတယ်။", "အရေးပေါ် အခြေအနေမှာ ယာယီသမ္မတကို တင်ပြပြီး ယာယီသမ္မတ ခွင့်ပြု ချက်နဲ့ ၆ လသက်တမ်းတိုး အုပ်ချုပ်လာတဲ့ စစ်ကောင်စီအတွက်တော့ တင်ပြ သက်တမ်းတိုးရတော့မယ် ယာယီသမ္မတ တစ်ဦးမှ မရှိတော့ပါဘူး။ အဲဒီအတွက် သမ္မတ တစ်ဦးကို စစ်ကောင်စီအနေနဲ့ ခန့်အပ် အစားထိုးတာမျိုး လုပ်မယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။", "သမ္မတကို စစ်ကောင်စီက ခန့်လို့ရသလား", "——————————————", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အုပ်ချုပ်ရေး၊ တရားစီရေးနဲ့ ဥပဒေပြုရေး အာဏာ ၃ ရပ်စလုံးကို အခြေခံဥပဒေအရ ရယူထားတယ်လို့ သူက ကြေညာထားပါတယ်။ ဒါပေမယ့် စစ်ခေါင်းဆောင်အနေနဲ့ စတင် အာဏာ သိမ်းချိန်ကတည်းက အခြေခံဥပဒေနဲ့ မညီဘဲ သမ္မတကို ဖမ်းဆီးပြီး ဒုသမ္မတ မြင့်ဆွေကို ယာယီသမ္မတ တင်ပြီး ၆ လ အမြဲတမ်းသက်တမ်းတိုး အုပ် ချုပ်ခဲ့တာပါ။", "ဒါ့အပြင် ဒုသမ္မတ ဟင်နရီဗန်ထီးယူကိုလည်း ဒုသမ္မတအဖြစ်ကနေ ကျန်း မာရေး အရ အနားပေးတယ်ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ တကယ်တော့ စစ်ကောင်စီအနေနဲ့ အဲဒီလို ဒုသမ္မတ တစ်ဦးကို သူ့သဘောနဲ့ သူ အနား ပေးတာမျိုး လုပ်ခွင့်ရှိတယ်လို့ အခြေခံဥပဒေမှာ မပြဋ္ဌာန်းထားပါဘူး။", "စစ်တပ်အနေနဲ့ အရေးပေါ် အခြေအနေမှာ သမ္မတ ၊ ဒုတိယသမ္မတတွေကို ခန့် အပ်ပိုင်ခွင့်၊ အနာပေးခွင့်ရှိတယ်လို့ တရားဝင်ပြဋ္ဌာန်းထားတာမျိုးမရှိပါဘူး။ သို့သော်လည်း စစ်ကောင်စီအနေနဲ့ အခြေခံဥပဒေအရ ပေးမထားတဲ့ အခွင့် အာဏာတွေကို ပေးထားသလိုလို လုပ်ဆောင်ခဲ့တာမို့ စစ်ကောင်စီအနေနဲ့ တာဝန်ခံ သမ္မတ ခန့်အပ်တာမျိုး လုပ်လာနိုင်ပါတယ်။", "၂၀၀၈ အခြေခံဥပဒေရဲ့ အရေးပေါ် ပြဋ္ဌာန်းချက်တွေအရ စစ်တပ်အနေနဲ့ ၂ နှစ် သက်တမ်းအထိ ၆ လ ၄ ကြိမ်သာ သက်တမ်းတိုးခွင့်ရှိပေမယ့်လည်း စစ်ကောင်စီက ၂ နှစ်ကာလထက်ပို၍ ဥပဒေကို ကျော်လွန် သက်တမ်းတိုးခဲ့ပါတယ်။", "“စစ်ခေါင်းဆောင်က အခြေခံ့ဥပဒေ ပုဒ်မ ၄၂၁ (ခ) အရ ၆ လ သက်တမ်း ၂ ကြိမ် ၊ ပုဒ်မ ၄၂၅ အရ နောက်ထပ် ၆ လ သက် တမ်း ၂ ကြိမ်ပဲ တိုးမြှင့်လို့ရတယ်။ အဲဒါကို သူက အခြေခံဥပေဒကို ကျော်လွန်ပြီးတော့ ၆ လ သက်တမ်းကို ၃ နှစ်ကျော်၊ ၄ နှစ်ထဲအထိ သူ့ဟာသူ သက်တမ်းတိုးနေတာဖြစ်တယ်။ ဒါ့အပြင် သူ့မှာ မရှိတဲ့ အာဏာတွေကို အခြေခံဥပဒေပုဒ်မ ၄၁၉ အရ သူ့မှာ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေးနဲ့ တရားစီးရင် အာဏာ ၃ ရပ်စလုံးရှိတယ်ဆိုပြီး ဒုသမ္မတဟင်နရီ ဗန်ထီးယူကိုတောင် အနားပေးခဲ့တာပဲ။ သူက သမ္မတ နောက်ထပ် ၁ ဦး တင် မြှောက်နိုင်တယ်ဆိုပြီး ပုဒ်မ ၄၁၉ အရ လုပ်ချင်လည်း လုပ်နိုင်တယ်။ တကယ်တော့ စစ်ခေါင်းဆောင်မှာ အခြေခံဥပဒေအရ သမ္မတတင်မြှောက်ခွင့်မပေးထားဘူး။ သို့သော်လည်း ဥပဒေဆိုတဲ့စကားရပ်က မပြဋ္ဌာန်းထားတာကို ပြဋ္ဌာန်းထား သယောင် ပုဒ်မတစ်ခုကို ကိုးကားပြီး ဆွဲယူ ကျင့်သုံးလို့ရတော့ သူလုပ်ချင် တာလုပ်လို့ရသလို ဖြစ်နေတာပေါ့” ဟု ရန်ကုန်မြို့မှ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဆိုသည်။", "သမ္မတဟောင်း ဦးသိန်းစိန်ကို သမ္မတ ပေးမလား", "————————————————–", "အများစု ခန့်မှန်းကြတာကတော့ သမ္မတဟောင်း ဦးသိန်းစိန်ကို မင်းအောင်လှိုင်က သမ္မတအဖြစ်ခန့်အပ်ပြီး တာဝန်ခံခိုင်းမယ်ဆိုတာမျိုးတွေ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် ဦးသိန်းစိန်အနေနဲ့ အဲဒီလို မလုပ်ချင်လို့ ငြင်းပယ်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။", "မကြာသေးမီက တရုတ်နိုင်ငံကို တပ်မတော်လေယာဉ်နဲ့ ဦးသိန်းစိန်က သွား ရောက် အစည်းအဝေး တက်ရောက်ခဲ့ပြီး အဲဒီလို သွားတက်ဖို့ နေပြည်တော်လေဆိပ်ကို လိုက်လံပို့ဆောင်ရာမှာလည်း စစ်ကောင်စီရဲ့ ဝန်ကြီးတွေက လိုက်လံ ပို့ဆောင်နှုတ်ဆက်ခဲ့တာမို့ သမ္မတ ၁ ဦးလို ခေါင်းဆောင် ၁ ဦးလို သိန်းစိန်ကို မင်းအောင်လှိုင်က လက်ခံထားတယ်ဆိုတာကတော့ ငြင်းမရပါဘူး။", "တကယ်လို့ မင်းအောင်လှိုင်အနေနဲ့ သူ့အပေါ်မှာ ရှိနေမယ့် သမ္မတ နေရာကို သူရဲ့ စီနီယာလည်းဖြစ်၊ သူ နှစ်စဉ် အခမ်းအနားနဲ့ ကန်တော့နေရတဲ့ ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်တဲ့ သိန်းစိန်ကို ခန့်အပ်နိုင်တယ်ဆိုတာ မမှားနိုင်တဲ့ ၊ မှန်ကန်လာနိုင်တဲ့ မှန်းဆချက်နဲ့ နိုင်ငံရေး အယူအဆ သဘောတရားလည်းဖြစ်ပါတယ်။ ဒါပေမယ့် သိန်းစိန်က သမ္မတ မလုပ်ဖူးလို့ ငြင်းရင်တော့ အခြေအနေက တစ်မျိုးဖြစ်လာနိုင်ပါတယ်။", "သမ္မတ မရှိလည်း အမျိုးသားကာလုံကောင်စီအနေနဲ့ ဆက်အုပ်ချုပ်လို့ရ", "———————————————————————", "စစ်ကောင်စီအနေနဲ့ သမ္မတ မရှိလည်း ကာ/လုံ လို့ခေါ်တဲ့ အမျိုးသားကာ ကွယ်ရေးနဲ့လုံခြုံရေးကောင်စီအဖြစ် နိုင်ငံကို ဆက်ပြီး အုပ်ချုပ်လို့ရပါသေးတယ်။ အဖွဲ့ ဝင် ၁၁ ဦးမှာ သမ္မတ နဲ့ ဒုတိယသမ္မတ ၂ ဦး စုစုပေါင်း ၃ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၁ ဦး စုစုပေါင်း အဖွဲ့ဝင် ၄ ဦး မရှိတော့ပေမယ့်လည်း ကာ/လုံ ကောင်စီ အဖွဲ့ဝင် ၇ ဦး ဆက်လက်ကျန်ရှိနေပါတယ်။", "ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တီခွန်မြတ်၊ တပ်ချုပ် မင်းအောင်လှိုင်၊ ဒု တပ်ချုပ် စိုးဝင်း၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့က ကာ/လုံအဖွဲ့ဝင်တွေ အဖြစ် ဆက်လက်တည်ရှိနေတာမို့ သမ္မတမပါဘဲ ကာ/လုံရဲ့ နာမည်နဲ့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နိုင်ပါတယ်။", "နိဂုံးချုပ်ပြောရရင်တော့ စစ်ကောင်စီအနေနဲ့ သမ္မတ မရှိတော့ရင် စစ်တပ်အုပ် ချုပ်နေတဲ့ စစ်အုပ်ချုပ်ရေးဆိုတာ ပိုမိုပြီး ပီပြင်လာနိုင်တာမို့ စစ်အုပ်ချုပ်ရေး မဟုတ်ပါဘူးဆိုတဲ့ ငြင်းဆိုချက်ကို ဖော်ပြနိုင်ဖို့ သမ္မတ ၁ ဦး ခန့်အပ်လာနိုင်သလို သမ္မတ ၁ ဦး မခန့်ဘဲနဲ့လည်း မင်းအောင်လှိုင် အလိုကျ အကောင် အထည်ဖော်ရမယ့် ကာ/လုံအနေနဲ့လည်း ဆက်လက် သက်တမ်း အုပ်ချုပ်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟကွက်တွေ များစွာရှိနေတာကတော့ အသေအချာပါပဲ။", "စကတည်းက အခြေခံဥပဒေချိုးဖောက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ အခြေအနေက တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန် အခြေအနေ ကျရောက်နေတာမို့ မြင့်ဆွေ ရှိခြင်း၊ မရှိခြင်းက ထွက်ပေါက်ပိတ်နေတဲ့ နိုင်ငံရေးအတွက် ထူးခြားလာစရာမရှိတော့ဘူးလို့ ဆိုချင်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/01/141815/
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြို့တော် တောင်ကြီးအထိ စစ်တပ်ကင်းစင်တဲ့ မြို့သိမ်းတိုက်ပွဲတွေ လာတော့မှာလား
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါင်း ၁၇ ခုနဲ့ စခန်းပေါင်း ၅၀၀ နီးပါး လက်လွှတ်လိုက်ရပြီးတဲ့နောက် ရှမ်းပြည်နယ် တောင်ပိုင်း မှာပါ စစ်မီးမွှေးတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာ ပါတယ်။", "တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ PNLO/PNLA တပ်တွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ်၊ စံဖူး ကျေးရွာမှာ အကြမ်း ဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပါတယ်။", "အကြောင်းပြချက်ကတော့ လက်နက်တွေသယ်ယူလာတယ်ဆိုတာကို အကြောင်းပြပါတယ်။ အဲဒီနောက် တောင်ကြီး PNLA ဆက်ဆံရေးရုံးကို ဝင်စီးတာ၊ PNLA အရာရှိတချို့ကို ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်တာတွေ လုပ်ဆောင်ပါတယ်။", "အဲဒီနောက်မှာတော့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဆီဆိုင်၊ ဟိုပုံး အပါအဝင် ရှမ်းတောင်ပိုင်းမှာ စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်ရေးပြမှုတွေ တောက်လျှောက်လုပ်လာခဲ့ပါတယ်။ အဓိကကတော့ တိုက်ပွဲ ဖြစ်ပွားမှု မရှိသေးဘဲ ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲ ချတာပါပဲ။", "ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းမှာ ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ နောင်ထော်ရွာ အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ် စခန်း၊ နောင်ထော်ရွာ တောင်ဘက်ရှိ စစ်တပ်နှင့် လက်အောက်ခံPNO ပြည်သူ့စစ်စခန်းတို့ကို PNLA နဲ့ မဟာမိတ်တွေက တန်ပြန်သိမ်းယူလိုက်ပါတယ်။", "ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ စစ်ရေးတင်းမာမှု အမြင့်ဆုံးရောက်ရှိပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်ထဲမှာရှိတဲ့ ရဲစခန်းကို PNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းယူလိုက်ပါတယ်။", "စစ်ကောင်စီကတော့ ထုံးစံအတိုင်း ဇန်နဝါရီလ ၂၄ ရက်နေ့ညပိုင်းမှာ ဆီဆိုင် မြို့ ၊ ရပ်ကွက်တွေပေါ်ကို တိုက်လေယာဉ်နဲ့ ဗုံးကျဲချပြန်ပါတယ်။ ဒီတစ်ချီ မှာတော့ မြကန်သာမှာနေထိုင်တဲ့ ပအိုဝ်းပြည်သူ ၂ ဦး အသက်သေဆုံး ခဲ့ရ ပါတယ်။", "စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြန်လည်လေ့လာကြည့်ရင် မြန်မာစစ်တပ်ဟာ သွေးဆာနေတဲ့ စစ်ဘီလူးတစ်ကောင်လို ပြုမူနေပါတယ်။ ရှမ်းတောင်ပိုင်းမှာ အာဏာသိမ်းချိန်ကစလို့ ဘာပြဿနာမှ မရှိခဲ့ပေမယ့်လည်း စစ်ကောင်စီက စစ်မဖြစ်ရင် မနေနိုင်ဆိုသလို NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ကိုတောင် ရန်စပါတယ်။", "စစ်ကောင်စီရဲ့ လုပ်ရပ်က ရှမ်းမြောက်မှာ သူကြုံရတဲ့ အရှုံးကို ရှမ်းတောင်ပိုင်း မှာ တိုက်ပွဲ ပြန်ဖော်ပြီး ဂုဏ်သိက္ခာဆယ်ဖို့လားလို့ တောင် မေးခွန်းထုတ်ရမှာပါ။", "ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာတော့ ဆီဆိုင်မြို့နယ်ထဲမှာ PNLA နဲ့မဟာမိတ် တွေက တစ်ဖက်၊ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက တစ်ဖက် စစ်ဆိုင်နေ ကြပြီး စစ်မီးက ဆီဆိုင်ကစလို့ အခြားနေရာတွေ အထူးသဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးအထိ စစ်မီးကူးစက်နိုင်မယ့် အခြေအနေရှိပါတယ်။", "အားနည်းချိနဲ့နေတာတောင် စစ်သွေးဆာနေတဲ့ မင်းအောင်လှိုင်စစ်တပ်ကို အခုအချိန်မှာ ထိုးစစ်ဆင်နိုင်ရင် မြို့သိမ်းတိုက်ပွဲတွေ အထိ အောင်ပွဲရနိုင်တယ် ဆိုတာကို လုံး၀ လွတ်မြောက်သွားပြီဖြစ်တဲ့ ရှမ်းမြောက်ဒေသ ၁၇ မြို့နယ်က သက်သေပြခဲ့ပြီးဖြစ်ပါတယ်။", "ဒီနေရာမှာ စစ်ကောင်စီဘက်က မရပ်တည်သင့်တော့ဘဲ ကိုယ့်လူမျိုး ကိုယ့် ပြည် နယ်အတွက် ပူးပေါင်းစစ်ဆင်ရေး လုပ်သင့်တယ်လို့ တိုက်တွန်း သင့်တဲ့အဖွဲ့ကတော့ PNO ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ပါပဲ။ စစ်ကောင်စီဟာ မကြာခင်မှာ ပြိုလဲတော့မယ်ဆိုတာ လက်ရှိ စစ်ရေးအခြေအနေတွေအရ မြင်သာနေတာမို့ PNO အနေနဲ့ ဒီမိုကရေစီဘက်တော်သား မဟာမိတ် တပ်ဖွဲ့ တွေနဲ့ ပူးပေါင်း ပြီး စစ်တပ်ကို တော်လှန်ရမယ့် အချိန်ကျရောက် လာပြီ လည်းဖြစ်ပါတယ်။", "တကယ်တော့ ရှမ်းပြည်တောင်ပိုင်းဟာ စစ်ကောင်စီ၊ အကြမ်းဖက် စစ်တပ် ကင်းစင်သင့်တဲ့ နယ်မြေတစ်ခုဖြစ်သင့်နေပါပြီ။ နှစ်ပေါင်းများစွာ လူမျိုးကြီး ဝါဒနဲ့ ဗိုလ်ကျ ခြယ်လှယ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ဖယ်ရှားတွန်းလှန်ရင်း ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် ရဲ့ ကိုယ်ပိုင် အခြေခံ ဥပဒေ၊ မူနဲ့ အုပ်ချုပ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နယ်မြေသစ်တွေ ရရှိဖို့ အခွင့်အရေးက လက်တစ်ကမ်း မှာ ရှိနေပြီဖြစ်ပါတယ်။", "ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောင်ကြီးမြို့အထိ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်း တိုက်ပွဲတွေနဲ့ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ကင်းစင်တဲ့ စစ်မှန်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေဒေသ မကြာခင် မြင်ရတော့မှာလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။", "ဒီအချိန်ဟာ လယ်တီဆရာတော်ရေးသားတဲ့ “ခွင့်သာခိုက်မှ မလိုက်ချင်လျှင်” တေးထပ်ကဗျာက နှစ်ပေါင်းများစွာ လွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် အချက်ထိုး ခေါင်းလောင်း သံတစ်ခုဖြစ်လာနေပါတယ်။", "“အခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်", "အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။", "ခွင့်သာဆဲမှ မခဲချင်လျှင်", "အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။", "ခွင့်သာတုန်းမှ မရုန်းချင်လျှင်", "အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။”", "#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PNO #PNLA"]
https://yktnews.com/2022/12/70471/
စစ်ကောင်စီက သေဒဏ်ချမှတ် စီရင်မှုတွေကို နိုင်ငံရေးလက်နက်အဖြစ် တွင်တွင်ကျယ်ကျယ် သုံး တော့မလား
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်မှုတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေး အရွေ့ကို ဖြိုခွင်းဖို့ နိုင်ငံရေးလက်နက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု လာနေပါတယ်။", "နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့ လူငယ် ၃ ဦးကို အကြမ်း ဖက်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သေဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အဲဒီနေ့ တစ်နေ့တည်းမှာ သေဒဏ်ချမှတ်မှု စုစုပေါင်း ၁၇ မှုရှိခဲ့ပါတယ်။", "ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင် မောင်၊ မောင်ဇော်လင်း နိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင် သက် ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့မှာပါဝင်တယ် ဆိုတဲ့ စွပ်စွဲမှု ၊ အခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံ တောင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး ခဲ့မှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။", "ဒါ့အပြင် မေလ ၂၄ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင် သန်းကို ပစ်ခတ်သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံ၊ မောင်သူ ထူးအောင်တို့ကို မြောက်ဒဂုံမြို့ နယ်စစ်ခုံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။", "သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးလုံးရော ၊ လူငယ် ၃ ဦးလုံးရော တရားခွင်မှာ ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့် မရခဲ့တဲ့အ‌ပြင် သေဒဏ်ချမှတ်ပြီးချိန်မှာလည်း ဘယ်လိုတွေ ဆက်ဖြစ် လာ မလဲဆိုတာ မိသားစုတွေက စိုးရိမ်ပူပန်နေကြပါတယ်။", "ဒါ့အပြင် သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားလူငယ်တွေရဲ့ မိသားစုဝင်တချို့တွေလည်း စစ်တပ်နဲ့ ရဲတွေဘက်က လာရောက် မေးမြန်းတာတွေ လုပ်လာလို့ လုံခြုံရေး စိုးရိမ်ပြီး ထွက်ပြေးတိမ်း‌ ရှောင်မှုတွေပါ ရှိလာနေတာပါ။", "“သေဒဏ်ချတာတောင် သူများပြောမှ သိပါတယ်။ ရှေ့နေလည်း ငှားခွင့်မရပါဘူး။ အခြား အမှု တွေအတွက်တော့ ရှေ့နေငှားခွင့်ရပေမယ့် အဲဒီသေဒဏ်အပြစ်ပေးမယ့်အမှုအတွက် ရှေ့နေ ငှားခွင့်မရဘူး။ကျမတို့ကတော့ အယူခံတင်ဖို့ လုပ်နေပါတယ်။ စစ်ခုံရုံးဖြစ်လို့ ဘာမှ ချေပခွင့် လည်းမရှိဘူး” လို့ သေဒဏ်ချမှတ်ခံရတဲ့ လူငယ်တစ်ဦးရဲ့ မိခင်က ပြောပါတယ်။", "အကြမ်းဖက်စစ်ကောင်စီက ဒီနှစ် ဇူလိုင်လအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ် ချမှတ်ပြီး စီရင်ခဲ့ပါသေးတယ်။ အခုတစ်ခါ ကျောင်းသားလူငယ်တွေကို အစုလိုက် အပြုံလိုက် သေဒဏ်ချမှတ်လာတာလည်းဖြစ်ပါတယ်။", "“အခုအချိန်အထိ စစ်အာဏာရှင် တော်လှန်ရေးက ဆက်လက်ပြီး ပေါ်ထွန်းနေတယ်။ တစ်နိုင်ငံလုံးမှာ ရတဲ့ပုံစံမျိုးနဲ့ ဆက်ပြီး တော်လှန်နေကြတယ်။ စစ်တပ်က ဒါကို မနိုင်တော့ အပြစ်မရှိတဲ့ လူငယ်တွေကို သေဒဏ်ချပြီး စစ်တပ်ကို ကြောက်လာအောင်၊ စစ်တပ်ကို ကြောက်ပြီး ငြိမ်သက်သွားအောင် ထပ်ကြိုး စားတာပါ။ နိုင်ငံရေးလက်နက် အဖြစ် သေဒဏ် အပြစ်ပေးစီရင်တာကို သုံးလာလို့မြင်ပါတယ်။ ဒါပေ မယ့် သေဒဏ်စီရင်လေ လူတွေက ပိုမုန်းလေ ပိုပြီးတော့ တွန်းလှန်မှုအားကြီးလေလေပါပဲ” လို့ သေ ဒဏ် ချမှတ်ခံရသူ လူငယ်တစ်ဦးရဲ့ ဆွေမျိုးတစ်ဦးက ဆိုပါတယ်။", "ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတက်ခ်က အကြမ်းဖက်စစ်ကောင်စီရဲ့ သေဒဏ်ချမှတ် မှုတွေအပေါ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။", "စစ်ခုံရုံးက သေဒဏ်ချမှတ်မှု အမှုတွေကို စစ်ဆေးရာမှာ မိနစ်ပိုင်းလောက်သာ စစ်ပြီး ချက်ချင်း သေဒဏ်ပေးခဲ့တာတွေရှိကြောင်း၊ မိသားစုဝင်တွေကိုတောင် အကြောင်းမကြားဘဲ လျှို့ဝှက် စစ်ခုံရုံး ကနေ မျက်ကွယ်သေဒဏ်ချမှတ်မှုတွေ အများအပြားရှိနေကြောင်း ဗော်လ်ကာတက်ခ်က ထုတ်ပြန် ကန့်ကွက်ရှုတ်ချပါတယ်။", "လက်ရှိမှာတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားလူငယ်တွေရဲ့ မိသားစု ဝင်တွေက သေဒဏ်ချမှတ်မှုအပေါ် အယူခံဝင်ဖို့ ပြင်ဆင်နေကြပြီး လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့အတွင်းမှာ အယူခံ တင်သွင်းဖို့ ပြင်ဆင်နေကြပါတယ်။", "ပြည်တွင်းပြည်ပမှာလည်း စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုနဲ့ စီရင်မှုတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှု တွေကလည်း အရှိန်တက်လာနေပါတယ်။", "တိုင်းပြည်ကို လုံး၀ အုပ်ချုပ်လို့မရဘဲ စိတ်ဓာတ်ရေးရာအရ ပြိုလဲနေတဲ့ စစ်ကောင်စီက အပြစ်မဲ့ ကျောင်း သား လူငယ်တွေကို သေဒဏ်စီရင်ခြင်း နိုင်ငံရေးလက်နက်နဲ့ နွေဦးတော်လှန်ရေးကို နှိမ်နင်း ဖြိုခွဲဖို့ ကြိုးစားနေပေမယ့်လည်း စစ်အာဏာရှင် ချေမှုန်းရေး လှိုင်းတွေက ပိုမိုကြီးမားလာ ဖို့ပဲရှိ နေပါ တယ်။"]
https://yktnews.com/2022/10/53403/
ပြည်သူများကို သတ်ဖြတ်နေသည့် ရန်ကုန်မှ စစ်တိုက်လေယာဉ်၊ ရဟတ်ယာဉ် လေတပ် ပိုင်းလော့ အရာရှိ ၁၅ ဦး စာရင်း တတိယအကြိမ် ထုတ်ပြန်ခြင်း
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ပြီး ပြည်သူကို စာနာမှု မရှိ သတ်ဖြတ် ဗုံးကျဲနေသော စစ်ကောင်စီ လေတပ် (ရန်ကုန်)မှ ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်မောင်းသူ ပိုင်းလော့ ၁၅ ဦးအမည်စာရင်းကို ပထမအကြိမ် Operation Spitfire က အောက်တိုဘာ ၈ ရက်နေ့တွင် ပထမအကြိမ်၊ အောက်တိုဘာ ၁၃ ရက်နေ့ တွင် ဒုတိယအကြိမ် နှင့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် တတိယအကြိမ် အဖြစ် ထပ်မံ ထုတ်ပြန်သည်။", "၁-ဗိုလ်ကြီးသူရိန်စိုး၂-ဗိုလ်ကြီး ကျော်ရဲဇော်၃-ဗိုလ်ကြီးအောင်ကျော်မင်း၄-ဗိုလ်ကြီးလှိုင်ဝင်းဗိုလ်၅-ဗိုလ်ကြီးကျော်ရဲရင့်၆-ဗိုလ်ကြီးဇော်ဇော်အောင်၇-ဗိုလ်ကြီးမျိုးဇာနည်၈-ဗိုလ်ကြီးသိန်းသန်းပြည့်၉-ဗိုလ်ကြီးလွင်ကိုကိုလတ်၁၀-ဗိုလ်ကြီးဖုန်းမြတ်လှိုင်၁၁-ဗိုလ်ကြီးကောင်းထက်၁၂-ဗိုလ်ကြီးရန်နိုင်ထွန်း၁၃-ဗိုလ်ကြီးဇေယျာမင်း၁၄-ဗိုလ်ကြီးကျော်ဇင်ယော်၁၅-ဗိုလ်ကြီးဖြိုးသူဇော်", "(လေတပ်ဆိုင်ရာ သတင်းများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews နှင့် Operation Spitfire တယ်လီဂရမ် https://t.me/opspitfire တွင်ကြည့်နိုင်ပါသည်)"]
https://yktnews.com/2024/11/192676/
အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော် လက်အောက်ခံ အမျိုးသမီးစစ်သည် ၆ ဦးနှင့် လူမှုရေး အရှုပ်တော်ပုံဖြစ်ပွားနေပြီး တရားမဝင် ကုန်စည်သယ်ယူမှုများမှ ငွေကျပ် သိန်းထောင်ချီ လစဉ်ရ ၊ စစ်ကောင်စီထိပ်ပိုင်းက အရေးမယူဘဲ လျစ်လျူရှု
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ကောင်စီ၏ ရေတပ် ဗျုဟာစစ်ရေယာဉ်စုများ လက်အောက်ခံ အမှတ် ၂ ဗျူဟာ စစ်ရေယာဉ်စုမှ အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော်သည် လက်အောက်ခံ အမျိုးသမီး စစ်သည်များနှင့် လူမှုရေး အရှုပ်တော်ပုံများဖြစ်ပွားလျက်ရှိသည့်အပြင် သင်္ဘောများ၏ တရားမဝင် ကုန်စည်သယ်ယူမှုများမှ လာဘ်ငွေ ကျပ်သိန်းထောင်ချီ လစဉ်ရရှိနေကြောင်းစစ်တပ်သတင်းရင်းမြစ်တချို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် တပ်တွင်း အကျင့်ပျက်ခြစားမှု ၊ လူမှုရေး ဖောက်ပြန်မှုများကို အရေးမယူဘဲ လျစ်လျူရှုထားကြောင်း၊ ထိုသို့ အရေးမယူဘဲ အကျင့်ပျက်ခြစားပြီး လှုမှုရေး ဖောက်ပြန်နေကြသည့် စစ်အရာရှိကြီးများတွင် အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီး ခင်ဇော် ပါဝင်သော်လည်း စစ်ကောင်စီ ထိပ်ပိုင်းက တစ်စုံတစ်ရာ အရေးယူမှု မရှိကြောင်း သိရှိရသည်။", "အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူး ဗိုလ်မှူးကြီးခင်ဇော်သည် ရေတပ်ဦးစီးချုပ်ဟောင်း ဇွဲဝင်းမြင့်၏ လက်ရုံး တပည့်ရင်းဖြစ်ပြီး ဇွဲဝင်းမြင့်၏ နေရာပေးမှုဖြင့် အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှူးဖြစ်လာကြောင်း၊ အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုတွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးအကြပ်စစ်သည် ၆ ဦးနှင့် လူမှုရေး ဖောက်ပြန်မှုများဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။", "“သူက အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်ပါတယ်။ အမှတ် ၂ ဗျူဟာစစ်ရေယာဥ်စု ဗိုလ်မှူးကြီးခင်ဇော်မှာ ဇနီးဒေါ်စုစုလိူင်နဲ့ သား ၂ ဦးရှိတယ်။ တစ်မိသားစုလုံးက အောက်လက်ငယ်သားအပေါ် နိုင်စားညှင်းပန်းမှုတွေရှိတယ်။ ဒါ့အပြင် ဗိုလ်မှူးကြီး ခင်ဇော်က သူရဲ့ စစ်ဗျူူဟာ ရေယာဉ်အုပ်စုမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး အကြပ်စစ်သည် ၆ ဦးနဲ့ လူမှုရေး ဖောက်ပြန်မှုတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေကို ထိပ်ပိုင်းမှာ တိုင်ကြားမှုရှိပေမယ့် ဘာမှ အရေးယူမှုမရှိဘူး” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။", "ထို့ပြင် ဗိုလ်မှူးကြီး ခင်ဇော် ဦးဆောင်သော အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုက မြစ်ကြောင်းနှင့် ပင်လယ်ပြင်အတွင်းသွားလာနေသော ကုန်စည်တင်သင်္ဘောများကို ဖမ်းဆီးစစ်ဆေးပြီး လာဘ်ငွေယူ လွှတ်ပေးမှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း၊ အဆိုပါ ဖမ်းဆီး စစ်ဆေး၍ လာဘ်ငွေယူ ပြန်လွှတ်ပေးသည့် စစ်ဆေးရေး လုပ်ငန်းစဉ်မှ လစဉ် ငွေကျပ် သိန်း ၁၅၀၀ နှင့် ၂၀၀၀ အကြား ရရှိနေကြောင်း သိရှိရသည်။", "“သူ့နဲ့ သူရေယာဉ်အုပ်စုက သင်္ဘောတွေကို ဖမ်းဆီး၀င်ငွေရှာတာကနေ တစ်လ သိန်း ၁၅၀၀နဲ့ ၂၀၀၀ အကြားရှိပါတယ်။ အဲဒီငွေတွေနဲ့ပဲ အထက်ကို ပေးကမ်းပြီး သူတို့ကို အရေးမယူအောင် လုပ်ထားတာ။ လူမှုရေးဖောက်ပြန်တဲ့ကိစ္စ အထက်ကိုတိုင်လည်း အရေးယူတာမရှိဘူး။ သူက အရမ်းသရမ်းလွန်းတယ်။ သူရှေ့မှာ အမျိုးသမီးမြင်ရင် အပျို အအို မရွေးဘူး ဖောက်ပြန်တာပဲ” ဟု တပ်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။", "ဗိုလ်မှူးကြီး ခင်ဇော် ဦးဆောင်သော အမှတ် ၂ စစ်ဗျူဟာရေယာဉ်အုပ်စုအောက်တွင် သင်္ဘောများကို ဖမ်းဆီး ငွေရှာနေသည့် စစ်သင်္ဘော ၁၀ စီးထက်မနည်းရှိနေပြီး စစ်သင်္ဘောအမှတ် ၇၇၁၊ ၇၇၂၊ ၁၆၀၃၊ ၁၆၁၄ ၊ ၅၆၀၊ ၄၇၅၊ ၄၅၆၊ ပြည်တော်အေး ၃၊ ၅၆၉ ၊ ၅၅၈၊ ၉၄၁ တို့က ဖမ်းဆီး ငွေရှာမှုများကို အဓိက လုပ်ဆောင်နေကြောင်း သိရှိရသည်။", "အလားတူ စစ်သင်္ဘောများအတွက် ချထားပေးသည့် ဒီဇယ်နှင့်စက်သုံးဆီများကိုလည်း မှောင်ခိုစျေးကွက်သို့ ပြန်လည်ထုတ်ယူရောင်းချကာ ရရှိသည့်ငွေကြေးများကို အမှတ် ၂ စစ်ဗျူဟာ ရေယာဉ်အုပ်စုမှ တပ်ဖွဲ့ဝင်များအားလုံး သက်သာချောင်ချိရေးအမည်တပ်၍ ခွဲဝေယူကြကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/08/29305/
Lucy Man ဘက်ထရီနှင့်ကားတာယာလုပ်ငန်းရှင်မှ မင်းအောင်လှိုင်နှင့်အောင်ပြည့်စုံ သားအဖ၏ မိသားစု စီးပွားရေး တာဝန်ခံ ဖြစ်လာသော မောင်မောင်နိုင် ဘယ်လိုလူစားလဲ
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းဖို့ ကြိုးစားတဲ့အချိန်ကစပြီး သားဖြစ်သူ အောင်ပြည့်စုံကို စီးပွားရေးလုပ်ပိုင်ခွင့်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လက်နက်စက်ရုံ အဆောက်အဦးတင်ဒါ၊ ဆိပ်ကမ်းJetty လုပ်ငန်းတည်ဆောက်ခွင့်တွေ အလုံးအရင်းနဲ့ ချပေးခဲ့ပါတယ်။", "အဲဒီလို ချပေးတဲ့အတွက် အောင်ပြည့်စုံဟာ ပရောဂျက်ပေါင်းများစွာနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို ထိပ်ဆုံးက လုပ်ခွင့်ရတာမို့ သူ့အတွက် စီးပွားရေးလုပ်ငန်းတွေ နာမည်ခံ ဦးစီးလုပ်ကိုင်မယ့်သူတွေကို ခန့်ထားလာရပါတယ်။ အဲဒီလူတွေထဲမှာမှ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံရဲ့ အယုံကြည်ရဆုံးလူဖြစ်လာတာပါ။", "၂၀၁၁ ခုနှစ် မင်းအောင်လှိုင် တပ်ချုပ်ရာထူးရရှိတဲ့အချိန်မှာ အောင်ပြည့်စုံဟာ စီးပွားရေးလုပ်ငန်းလေးတွေ စတင်လုပ်ကိုင်လာပါတယ်။ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ် အချိန်တွေဟာ မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံအတွက် မြေစမ်းခရမ်းပျိုး စီးပွားရေးလောက ရောက်လာချိန်ဖြစ်လာပါတယ်။ Yangon Glary ပန်းချီပြခန်း ၊ စားသောက်ဆိုင် ဆိုတဲ့ အသေးအမွှား စီးပွားရေးလုပ်ငန်းတွေနဲ့ ဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက် ဆောက်လုပ်ရေး ကုမ္ပဏီအဖြစ် Sky One ကုမ္ပဏီကို စတင်ထူထောင်ပါတယ်။", "အဲဒီအချိန်မှာ မောင်မောင်နိုင်ဟာ Sky One ကုမ္ပဏီဒါရိုက်တာ (MD )အဖြစ် စတင်ပါဝင်လာခဲ့ပါတယ်။ အခုဆိုရင်တော့ မြန်မာစစ်သူကြီး၊ Yetagon Energy Trading စတဲ့ မင်းအောင်လှိုင်ရဲ့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အရေးကြီးဆုံးနဲ့ တာဝန်ခံ အဖြစ် ပါဝင်နေပြီလည်းဖြစ်ပါတယ်။", "အောင်ပြည့်စုံနဲ့ မောင်မောင်နိုင် စတင်လက်တွဲချိန်မှာ မောင်မောင်နိုင်ဟာ Lucky Man ဘက်ထရီနဲ့ ကားတာယာ လုပ်ငန်းကို လုပ်ကိုင်အောင်မြင်နေခဲ့ပြီဖြစ်ပြီး အခုလက်ရှိမှာလည်း ဆက်လက်လုပ်ကိုင်နေပါတယ်။ မောင်မောင်နိုင် ဘယ်လိုလူစားလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။", "၁၉၇၄ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မောင်မောင်နိုင်ဟာ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား စစ်စစ်ဖြစ်ပါတယ်။ လမ်းမတော်မြို့နယ် မှတ်ပုံတင်ကို ကိုင်ဆောင်သူ ရန်ကုန်သား တရုတ်စီးပွားရေးသမားလည်း ဖြစ်ပါတယ်။ အမျိုးသမီးကလည်း တရုတ်စစ်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးပွဲတွေ၊ ရိုးရာ ကန်တော့ပွဲတွေကို စိတ်နှစ်ပြီး ယုံယုံကြည်ကြည် လုပ်ကိုင်တတ်တဲ့ မြန်မာပြည်သား တရုတ်လူမျိုးလည်းဖြစ်ပါတယ်။", "သူဟာ သူရဲ့ ညီအစ်ကိုတွေဖြစ်တဲ့ မောင်မောင်အောင်၊ မောင်မောင်လတ်၊ မောင်မောင်ဦးတို့နဲ့ Lucky Man ကားတာယာနဲ့ ဘက်ထရီလုပ်ငန်းကို အချိန်အတော်ကြာကတည်းက လုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အောင်ပြည့်စုံနဲ့ သူ စတင် လက်တွဲချိန်မှာလည်း Sky One ကုမ္ပဏီနဲ့ Lucky Man နှစ်ခုစလုံးကိုမောင်မောင်နိုင်က ဦးစီးကြီးကြပ်ခဲ့တာပါ။", "Sky One ကုမ္ပဏီရုံးက ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အောင်ချမ်းသာ ၂ လမ်းနဲ့ ပုလဲလမ်းအကြားမှာရှိပြီး Lucky Man ရုံးချုပ်ကတော့ ကမာရွတ်မြို့နယ်၊ ရတနာမြိုင်လမ်းမှာ တည်ရှိပါတယ်။", "Sky One ဆောက်လုပ်ရေးကုမ္ပဏီ စတင်ထူထောင်ချိန် ၂၀၁၃ ခုနှစ်၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာ မောင်မောင်နိုင်ဟာ Sky One နဲ့ သူ့အိမ်ဖြစ်တဲ့ Lucky Man ရုံးအကြားမှာ သွားလိုက် ပြန်လိုက်နဲ့ အလုပ်နှစ်ခုလုံးကို ဦးစီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အောင်ပြည့်စုံ လုပ်ငန်းတွေက ကြီးမားလာတာမို့ Lucky Man ကို သူ့ညီအစ်ကို ဖြစ်သူတွေကပဲ ဦးစီးလုပ်ကိုင်ပါတော့တယ်။ သူကတော့ အောင်ပြည့်စုံ လုပ်ငန်းတွေ အားလုံးကို တာဝန်ခံလာရတာဖြစ်ပါတယ်။", "မောင်မောင်နိုင်မှာ သားသမီးတွေရှိပြီး အမျိုးသမီးဖြစ်သူကလည်း တရုတ်လူမျိုး အေးဆေးသူဖြစ်ပါတယ်။ ငွေအတွက်ပဲ ကြည့်တတ်လွန်းတဲ့ မောင်မောင်နိုင်ဟာ မိသားစုထက် အောင်ပြည့်စုံရဲ့ အလုပ်တွေကို ဦးစားပေးသူပါ။", "စစ်တပ်နဲ့ပတ်သက်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှန်သမျှကို အောင်ပြည့်စုံကပဲ ရတာမို့ မောင်မောင်နိုင်က လူယုံ ကျွန်ယုံဘ၀နဲ့ အသုံးတော်ခံနေပါတယ်။ သူ့အတွက်လည်း ရရှိတဲ့ စီးပွားရေး အကျိုးအမြတ်က အလွန်ကို များပြားလွန်း လှပါတယ်။ သာမန် ကားတာယာ၊ ဘက်ထရီလုပ်ငန်းရှင် မောင်မောင်နိုင်က အခုအချိန်မှာ ထိပ်တန်း ခရိုနီစာရင်းဝင်ဖို့ တာစူနေပါပြီ။", "၂၀၁၅ ခုနှစ် မောင်မောင်နိုင်နဲ့အတူ အလုပ်လုပ်ဖူးတဲ့ သူတစ်ဦးကတော့ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံအတွက် အချိန်ပြည့် ရုံးမှာ ရှိနေတတ်သူလို့ ဆိုပါတယ်။", "“ဦးမောင်မောင်နိုင်က Sky One မှာ ရှိတဲ့အချိန်က ပိုများတယ်။ ရုံးချိန် ကျော် ည ၆ နာရီကျော်ကနေ ၇ နာရီလောက်မှ အမြဲတမ်း အိမ်ပြန်တတ်တယ်။ ရုံးဝန်ထမ်းတွေ ဆင်းပြီးရင်တောင်မှ မဆင်းဘူး။ ကျန်ခဲ့တာများတယ်။ အဲဒီအချိန်ကတော့ ရန်ကုန်မှာ သူအနေများတယ်။ Sky က လုပ်ခွင့်ရတဲ့ စစ်တပ်အဆောက်အဦးတွေ တိုးချဲ့ ပြင်ဆင်တာတွေအတွက် ပြင်ဦးလွင်ဘက်ကို သွားတယ်။ ပုံမှန်က ရန်ကုန်မှာရှိတာ များတယ်။ ရုံးနဲ့ အိမ်နဲ့ပဲ။ စီးပွားရေးထဲပဲ ခေါင်းနှစ်ထားတဲ့သူမျိုး။ သူက တရုတ်လူမျိုး၊ တရုတ်စစ်ပဲ။ လမ်းမတော်တရုတ်ပေါ့။ အမျိုးသမီးကလည်း တရုတ်ပဲ။ တရုတ်အန်ပေါင်း ပေးတာတွေ။ တရုတ်နှစ်ကူးတာတွေ အရမ်းလုပ်တဲ့ တရုတ်တော်တော်စစ်တဲ့လူတွေ။ မြန်မာပြည်ဖွားတရုတ်။ အဲဒီအချိန်တုန်းက သူ့မှာ သား တစ်ယောက် သမီးတစ်ယောက်ရှိတယ်။ အခုတော့ ထပ်မွေးရင်တော့မသိဘူး။ အခုကတော့ ကလေးတွေက ၈ နှစ်နဲ့ ၁၁ နှစ်လောက်ရှိမယ်။ အကျင့်စရိုက်ကတော့ ငွေအရမ်းမက်တယ်။ မိန်းမနဲ့ သားသမီးကိုတောင် အချိန်မပေးနိုင်ဘူး။ Sky One မှာပဲ အချိန်ကုန်တာ။ အရမ်း ငွေကို စိစစ်တယ်။ ပြီးရင် ရုံးမှာ ရှိပြီးတော့ အလုပ်အမြဲတမ်း လုပ်နေတတ်တယ်။ စကားအပြောအဆိုက ပြတ်ပြတ်သားသား ဘောက်ဆက် ဘောက်ဆက် ပြောတယ်။ လိုချင်တာကို ရအောင် ခိုင်းတတ်တယ်။ သူက ဒါကိုလိုချင်ရင် ဖြစ်အောင်လုပ်ပေးရတယ်။ မဟုတ်ရင် အလုပ်မဆင်းရတော့ဘူး။ သူက ငွေစာရင်း Report သိရဖို့ ငွေ စာရင်းချုပ်ဖို့ လကုန်ရက်တိုင်း သူကိုယ်တိုင် ရုံးမှာ ရှိနေတာ” လို့ Sky One မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။", "မောင်မောင်နိုင်ဟာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ဆက်ဆံရေးကို အရမ်းကိုလျှို့ဝှက်လွန်းတယ်လို့ ဆိုပါတယ်။ သူတို့ ဘယ်လိုချိတ်ဆက်ပြီး ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောပြတာမရှိပါဘူး။ ဒါပေမယ့် အောင်ပြည့်စုံဟာ မောင်မောင်နိုင်ဆိုရင် စိတ်ချယုံကြည်တဲ့အတွက် တချို့ကိစ္စတွေမှာ မောင်မောင်နိုင်က ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။", "“မောင်မောင်နိုင်ကို အောင်ပြည့်စုံက ယုံကြည်တယ်။ သူ့အကျိုးစီးပွားပျက်အောင် မလုပ်ဘူးဆိုတာ ယုံတော့ တချို့ ကိစ္စတွေမှာ မောင်မောင်နိုင်ကပဲ ဦးဆောင်ပြီး လုပ်ကိုင်ပေးတာ” လို့ စီးပွားရေးသတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။", "ငွေအတွက် အသက်ရှင်ပြီး ငွေရဖို့ ဆိုရင် ဘာမဆိုလုပ်မယ့် မောင်မောင်နိုင်ဟာ လက်ရှိမှာတော့ အောင်ပြည့်စုံရဲ့ စိတ်အချရဆုံးနဲ့ မင်းအောင်လှိုင်ရဲ့ ယုံကြည်မှုကို အရဆုံး စီးပွားရေးတာဝန်ခံ ဖြစ်လာခဲ့ပါပြီ။", "မင်းအောင်လှိုင်သား အောင်ပြည့်စုံ ထူထောင်ထားတဲ့ ကုမ္ပဏီတွေအားလုံးမှာ မောင်မောင်နိုင်က ဦးစီးလုပ်ကိုင်သူ အဖြစ် ပါဝင်နေပါတယ်။", "ရုရှားစက်သုံးဆီတင်သွင်းရေးကော်မတီ အဖွဲ့ဝင် Yetagon Energy Trading အမှုဆောင်အရာရှိချုပ်၊ မြန်မာစစ်သူကြီး ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ၊ Sky One မန်နေဂျင်းဒါရိုက်တာ စတဲ့ ထူးဆန်းလှတဲ့ အမည်ပေါင်းများစွာ ပေးထားတဲ့ ကုမ္ပဏီ လုပ်ငန်းတွေရဲ့ ခေါင်းဆောင်နေရာမှာ မောင်မောင်နိုင် ရှိနေတာလည်းဖြစ်ပါတယ်။", "စကားဘောက်ဆတ်ဆတ်ပြောတတ်တဲ့ မောင်မောင်နိုင်ဟာ အောင်ပြည့်စုံရှေ့မှာတော့ ခြေသုတ်ပုဆိုး မြွေဆွယ်ကျိုး သလို နှိမ့်ချပြီး “သခင်အားရ ကျွန်ပါး၀ ” စိတ်နဲ့ နိုင်ငံ့စီးပွားနဲ့ ပြည်သူလူထု ဘဏ္ဍာတွေကို လုပ်ပိုင်ခွင့် မျိုးစုံနဲ့ ခိုးယူနေတဲ့ သမိုင်းတရားခံတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။", "ဓာတ်ပုံ- အနီဖြင့် ၀ိုင်းထားသူမှာ အောင်ပြည့်စုံ၏ စီးပွားရေး လူယုံ မောင်မောင်နိုင်ဖြစ်သည်။"]
https://yktnews.com/2022/06/21216/
ဒေါ်လာ ၂၀၄ သန်းတန် ရုရှား SU-30SME တိုက်လေယာဉ် ၆ စီးကို နေပြည် တော်တွင် လုံခြုံရေး အပြည့်ဖြင့် လျှို့ ဝှက် ထားရှိ ၊ တိုက်လေယာဉ်နှင့်ရဟတ် ယာဉ်များကို ယုံကြည်စိတ်ချရသူ စစ်အရာရှိများကိုသာ ရွေးချယ် မောင်းနှင်ခိုင်းတော့၊ မယုံကြည်မှုများဖြင့် လေတပ်တွင်း တပ်ပျက်နေ
["By ရန်ကုန်ခေတ်သစ်", "အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ၂၀၂၂ ခုနှစ် မတ်လတွင် နေပြည်တော်ရောက်ရှိခဲ့ပြီး အဆိုပါ လေယာဉ်များကို လုံခြုံရေးတင်းကျပ်စွာဖြင့် လျှို့ဝှက်ထားရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်များက ပြောဆိုသည်။မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့် SU-30SME စစ်တိုက်လေယာဉ်သည် လက်နက်ခဲယမ်းနှင့် ဒုံးကျည်များကို ပုံစံမျိုးဖြင့် တပ်ဆင်နိုင်ကာ လေ ကြောင်းတိုက်ပွဲ၊ မြေပြင်တိုက်ပွဲများကို အဓိက ထောက်ကူ ပေးနိုင်သော စစ်တိုက်လေယာဉ်များဖြစ်ကြောင်း၊ လေယာဉ်မှူး ၂ ဦး လိုက်ပါ တိုက်ခိုက်ရသော စစ်လေယာဉ်ဖြစ်ကြောင်း သိရှိရသည်။လက်ရှိတွင် စစ်တပ်က SU-30SME လေယာဉ်များကို စစ်မြေပြင်တွင် အသုံးပြုခြင်းမရှိသေးဘဲ လေယာဉ်ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရေးနှင့် စက်ပြင်ဆင်ရေးအတွက် သင်တန်းပေးနေခြင်း၊ ရုရှားလေယာဉ်မှူးများနှင့်အတူး ပူးတွဲလေ့ကျင့်ခြင်းများကိုသာ လုပ်ဆောင်နေသည်ဟု သိရှိရသည်။“တိုက်လေယာဉ် YAK 130 တွေကတော့ တံတားဦးနဲ့ မှော်ဘီရှိတယ်။ SU 30 လေယာဉ်တွေအားလုံးက နေပြည် တော်မှာ။ SU 30 ကို လေတပ်အရာရှိတိုင်း မောင်းခွင့်မပေးဘူး။ SU 30 တွေက စစ်မြေပြင်ကို မပျံသေးဘူး။ ရုရှား တိုက် လေယာဉ်အတွက် လူရွေးခေါ်တာ တံတားဦးက ဗိုလ်မှူး ခင်ဇော် တစ် ယောက်တည်းပဲ နေပြည်တော်မှာ SU 30 မောင်းဖို့ အရွေးချယ်ခံရတယ်။ အခြားအရွေးချယ်ခံရသူတွေကတော့ ဘယ်စခန်းကလဲ မသိရသေးဘူး” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။လတ်တလော လေတပ်အတွင်းတွင် စစ်တပ်က ရဟတ်ယာဉ်နှင့် တိုက်လေ ယာဉ် များ မောင်းနှင်သည့်အရာရှိများကို အဖွဲ့ပြန်လည် ဖွဲ့စည်း ရွေးချယ်ခဲ့ပြီး ယုံကြည်စိတ်ချရသူ အရာရှိများကို ရွေးချယ် မောင်းနှင်ခိုင်းတော့ကြောင်း၊ ယခင်ကဲ့သို့ လေတပ်အတွင်းမှ ကြုံရာလူ တာဝန်ပေးပြီး မောင်းနှင်ခိုင်းမှုမျိုးမရှိတော့ဟု လေတပ်အတွင်းမှ သိရှိရသည်။“စစ်ဆင်ရေးရှိလို့ လေယာဥ်တက်ရမယ်ဆိုရင် အုပ်မှူး (ဒုတိယဗိုလ်မှူးကြီး )အဆင့် နဲ့ သူတို့ရွေးချယ်ထားပြီးစိတ်ချရတဲ့ လေသူရယ် တချို့ရယ်ပဲ လေယာဥ်တွေ ရဟတ်ယာဉ်တွေ မောင်းခွင့်ပေးတယ်။ အဓိကပြောချင်တာ လေတပ်ထဲ တပ်ပျက်နေတာပဲ။ အရင်ကတော့ တံတားဦးမှာ စက်လက်တွေ ရဟတ်ယာဥ်တွေ မထားဘူး။ အခု လေတပ်စခန်း ပြောင်းပြီးမှ စက်လက်တွေ ရဟတ်ယာဥ်တွေရောက်မယ်။ အခု စစ်မြေပြင်တွေမှာ ရဟတ်ယာဥ်တွေနဲ့ပစ်နေတဲ့အဖွဲ့ကို စက်လက်အဖွဲ့လို့ခေါ်တယ်။ အဲဒါက နေပြည်တော်မှာ သပ်သပ်ဖွဲ့ထားတယ်။ တံတားဦးလေတပ်မှာတော့ အုပ်မှူး ၂ယောက်ရှိတဲ့ အထဲမှာမှ ၆၂ တိုက်ခိုက်ရေးအုပ်က အုပ်မှူး တစ်ယောက်ကိုပဲ စစ်တပ်ခေါင်းဆောင်ပိုင်းက စိတ်ချတယ်။ ၆၂ အုပ်မှူး အမည် ဒုတိယဗိုလ်မှူးကြီး ဇော်မြင့်ထွန်း” ဟု လေတပ်သတင်းရင်းမြစ်က ဆိုသည်။ရန်ကုန်ရှိ မှော်ဘီလေတပ်စခန်းသို့ တံတားဦးလေတပ်မှ အရာရှိတချို့ ၃ လတစ်ကြိမ် တစ်ဖွဲ့စီ သွားရောက်၍ တပ်ချိန်း ပေးနေရကြောင်း၊ မှော်ဘီလေတပ်စခန်းတွင် သွားရောက်တာဝန်ထမ်းဆောင်ချိန် လေယာဉ်ဆီခိုးရောင်းချခြင်းအပါအဝင် အဖွဲ့လိုက် သိန်း ရာချီ ဝင်ငွေရရှိကြောင်း သိရှိရသည်။“တံတားဦးက ပိုင်းလော့တွေရယ် လေယာဥ်ပြင်တာနဲ့ ပတ်သက်တဲ့ တချို့ အဖွဲ့တွေက စစ်ဆင်ရေးအနေနဲ့ မှော်ဘီလေတပ်စခန်းကို ၃လ တစ်ဖွဲ့ သွားရတယ်။ ၃ လကို တစ်ခါချိန်းရတယ်။ အဲဒီ အဖွဲ့မှာမှ ယာယီအုပ်မှုး တာဝန်ယူရတဲ့ သူက (ဗမ အဆင့်)။ မှော်ဘီ ကိုသွားရင် ၃လအတွင်း သိန်း၅၀၀ ဝန်းကျင်လောက်ရတယ်။ အခုမှော်ဘီကို သွားတဲ့သူတွေထဲမှာ ဗိုလ်မှူး ရဲဇော်နိုင် (ယာယီအုပ်မှူး )၊ ဗိုလ်မှူး နေဝင်းကျော် ၊ ဗိုလ်မှူး သက်လင်းမောင်တို့ပါတယ်။ အဓိက စစ်ဆင် ရေးတွေဆို သူတို့က လေယာဥ်မောင်းကြရတယ်။ ဗိုလ်မှူး နေဝင်းကျော် ဆိုတာ DSA အပတ်စဥ် ၄၇ က။ သူ့အမျိုးသမီးက သော်တာထွန်းက ငွေရလွန်းတော့ သူ့အထက်လူကြီးကို ပိုက်ဆံပြန်ချေးနိုင်တယ်။ အခုအမှုဖြစ်နေကြတယ်။ ခိုးရတဲ့ငွေကို ရာထူးကြီးတဲ့သူက ပြန်ချေးယူရင်း အမှုဖြစ်ကြတာမျိုးတွေပါ ဖြစ်နေတာ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။ဓာတ်ပုံ- ရုရှားလုပ် SU 30 အမျိုးအစား တိုက်လေယာဉ်တစ်စီး။"]
https://yktnews.com/2024/06/165777/
မြန်မာနိုင်ငံတွင် VPN ဖြင့် Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့မှစတင် ပိတ်ပင်လိုက်ပြီး စီမံချက်ကို ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင် ရွက််
["By ရန်ကုန်ခေတ်သစ််", "မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို VPN အသုံးပြု၍ မသုံးနိုင်ရေး စတင်ပိတ်ပင်လိုက်ပြီး အဆိုပါ VPN ပိတ်ပင်ရေး စီမံချက်ကို ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဦးဆောင်ကာ ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်မှ အရာရှိများ၊ Mascots ကုမ္ပဏီမှ ဒေါက်တာဝင်းကျော်နှင့် တရုတ်နည်းပညာရှင်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။", "မေလ ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် Facebook အသုံးပြုမှုကို ပိတ်ပင်နိုင်ရေးအတွက် VPN များအားလုံးကို Secure Web Gateway (SWG) များ ဖွင့်၍ စတင်ပိတ်ပင်လိုက်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် လူသုံးများသော VPN များ အသုံးပြုမရတော့ခြင်းဖြစ်ပြီး စစ်ကောင်စီက ပထမဆုံးအကြိမ် အဖြစ် ထိထိရောက်ရောက် စတင် ပိတ်ပင်နိုင်ခြင်းဖြစ်ကြောင်း၊ VPN များ ပိတ်ပင်ရေး SWG Project ကို ဆက်သွယ်ရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်က တိုက်ရိုက်ကိုင်တွယ်ခြင်းဖြစ်ပြီး ITCS (information technology and cybersecurity department)မှ ဗိုလ်ကြီးရဲနိုင်မိုးနှင့် ဗိုလ်သင်တန်းအပတ်စဉ် ၄၆ ကျောင်းဆင်း ဗိုလ်မှူးကြီး သီဟမင်းထွန်း၊ ကကဆက်ဌာနမှ ဗိုလ်မှူးများက ပူးပေါင်းပါဝင်ကြကြောင်း သိရှိရသည်။", "မြန်မာနိုင်ငံတွင် VPN ပိတ်ပင်ရေး ပရောဂျက်ကို Mascots Technologies & Telecommunication ကုမ္ပဏီက ရရှိခဲ့ပြီး အဆို ပါ ကုမ္ပဏီကို ဒေါက်တာကျော်ဝင်းက ဦးဆောင်သည်။ Mascot company ပိုင်ရှင်ဒေါက်တာကျော်ဝင်းသည် Burbrit Beer ပူးတွဲတည်ထောင်သူဖြစ်သည့်အပြင် ဆောက်လုပ်ရေးကုမ္ပဏီ၊ ဆေးပစ္စည်းသွင်းသောကုမ္ပဏီ များထူထောင်ထားသူဖြစ်ပြီး မင်းအောင်လှိုင်မိသားစုနှင့်နီးစပ်သော စီးပွားရေးသမားတစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။", "Mascots Technologies & Telecommunication ကုမ္ပဏီသည် VPN ပိတ်ပင်ရေး ပရောဂျက် (SWG project) ကို ရရှိခဲ့ပြီး ရန်ကုန် မြို့ ၌ Mynet အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိထားသည်။ Mascots Technologies & Telecommunication ကုမ္ပဏီသည် ယခင် Media Tree ကုမ္ပဏီအမည်ဖြင့် လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။", "“VPN ပိတ်ပင်ရေး ပရောဂျက်အတွက် လိုအပ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ယူရေးနဲ့တပ်ဆင်ရေးကို Mascot ကုမ္ပဏီ ပိုင်ရှင် ဒေါက်တာကျော်ဝင်းက တာဝန်ယူပြီးလုပ်နေပါတယ်။​ ဆက်သွယ်ရေး ဒုဝန်ကြီးဗိုလ်မှူးချုပ် လူမွန် ဦးဆောင်တဲ့ ပရောဂျက် ဖြစ်တဲ့အတွက် ဆညန ညွှန်မှုးက လိုင်စင်ယူထားတဲ့သူတွေကို စာတွေထုတ်ပေးပါတယ်။ မလိုက်နာရင် ဆက်သွယ်ရေးဥပဒေ အခန်း ၅ ပုဒ်မ ၁၅ (က) နဲ့ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေ အပိုဒ် ၃၉ (က) (၂) အရ ဒဏ်ရိုက်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "စစ်ကောင်စီက VPN များကို အသုံးပြုမှု ပိတ်ဆို့ရခြင်းရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံတွင် နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသော Facebook ကို ပိတ်ပင်ရန်ဖြစ်ပြီး Facebook နှင့် ဆက်စပ်သည့် Application များဖြစ်သည့် Instagram, WhatsApp အပါအဝင် Twitter@ X စသည့် လူမှုကွန်ရက်များအားလုံးကို မကြာမီ အပြည့်အ၀ ပိတ်ပင်နိုင်ရန် ရည်ရွယ်ထားသည်။", "မြန်မာနိုင်ငံတွင် VPN များ ပိတ်ပင်နိုင်ရေးအတွက် အဓိက နည်းပညာ ကူညီသူမှာ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံမှ နည်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို Mascots Technologies & Telecommunication ကုမ္ပဏီက ခေါ်ယူခဲ့သည်။ အဆိုပါ တရုတ်နည်းပညာအဖွဲ့တွင် ပညာရှင်နှင့် အင်ဂျင်နီယာ ၁၃ ဦးပါဝင်သည်။", "VPN ပိတ်ပင်မှုကို အစောဆုံး စတင်ရန် တရုတ်နည်းပညာအဖွဲ့က ကြိုးပမ်းခဲ့သော်လည်း မေလ ၃၀ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“ VPN ပိတ်ပင်မယ့် ဒီ Secure Web Gateway ကို သူတို့က install လုပ်ထားတာက မတ်လကတည်းလောက်က စလုပ်နေတာ။ တကယ် သူတို့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖွင့်ဖို့လုပ်တာ။ အဲဒီမှာ သူတို့ ပစ္စည်းတွေ မရောက်လို့ နောက်ဆုံးတပ်မတော်နေ့မတ်လ ၂၇ ရက်နေ့ မှာ မီအောင်ဖွင့်မယ်ဆိုတာ တပ်မတော်နေ့လည်း မမီဘူး။ မမီဘဲနဲ့ နည်းနည်းကျော်သွားတယ် ကျော်သွားပြီးတော့ တကယ်စတာ မေလ ၃၀ ရက်နေ့ ကြာသပတေးနေ့ နံနက် ၁၁ နာရီခွဲ စပြီးတော့ သူတို့ အဲဒါကို On လိုက်တာ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်က ရှင်းပြသည်။", "လက်ရှိ မြန်မာနိုင်ငံသို့ အင်တာနက်လာသည့် လမ်းကြောင်းကို ကြားဖြတ်၍ VPN ကြားဖြတ် ဖြတ်တောက်သည့် စနစ်များ တပ်ဆင်လိုက်ခြင်းဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် စ၍ တစ်ပြိုင်နက်တည်း စနစ်စတင်လိုက်သည့်အတွက် လူသုံးများသည့် VPN များ အသုံးပြု၍ မရတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။", "“အာဏာစပြီး သိမ်းကတည်းက VPN ကို ပိတ်ပင်ဖို့ စစ်ကောင်စီက ညွှန်ကြားတယ်။ အဲဒီမှာ စစ်ကောင်စီက ပိတ်ခိုင်းတာက 1.1.1.1 VPN တို့ Potato တို့ အဲဒီ VPN တွေ တောက် လျှောက်ပိတ်ခိုင်းတာ။ ကျွန်တော်တို့က ပိတ်ဖို့ မနိုင်ပါဘူး မနိုင်ပါဘူး ပြောလို့ တရုတ်ဘက်က ပညာရှင်တွေနဲ့ စက်တွေ၊ ဆော့ဝဲလ်တွေ၊ စနစ်တွေကို အကောင်အထည်ဖော်တာ” ဟု မြန်မာ့ဆက်သွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။လတ်တလောတွင် VPN များပိတ်ပင်မှု အခြေအနေမှာ စမ်းသပ် လုပ်ကိုင်နေဆဲဖြစ်၍ လုံး၀ အပြည့်အ၀ မပိတ်ပင်နိုင်သေးသော်လည်း တဖြည်းဖြည်း ကျွမ်း ကျင်လာသည်နှင့်အမျှ မြန်မာပြည်သူများအနေဖြင့် VPN များ အသုံးပြုရန် ခက်ခဲလာမည်ဖြစ်ကြောင်း သိရှိရသည်။", "စစ်ကောင်စီက VPN များကို လုံး၀ ပိတ်ပင်ပြီးပါက Facebook ကိုအစာထိုးသုံးနိုင်မည့် လူမှုကွန်ရက် Application ကို တစ်ခုကို ရေးဆွဲထားကြောင်း၊ အဆိုပါ Application မှာ စစ်ကောင်စီက ပုဂ္ဂလိကကုမ္ပဏီနှင့် တရုတ်နည်းပညာအဖွဲ့သို့ ချထားပေးသည့် ပရောဂျက်တစ်ခုဖြစ်ပြီး VPN များ လုံး၀ ပိတ်ပင်နိုင်ချိန်တွင် Facebook အစားထိုးအဖြစ် အသုံးပြု မိတ်ဆက်မည်ဖြစ်ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/05/18189/
မင်းအောင်လှိုင် အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ MRTV အက်ပလီကေးရှင်း မိတ်ဆက်ပွဲ
["By လမ်းသစ်", "MRTV အက်ပလီကေးရှင်း မိတ်ဆက်ပွဲကို ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က နေပြည်တော် MICC-2 ခန်းမဆောင်မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပြီး၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ အဆိုပါ MRTV အက်ပလီကေးရှင်းတွေဟာ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေသော Apple Store နဲ့ Google Play Store တွေမှာ မိတ်ဆက်ပေးအပြီး နောက်တနေ့ဖြစ်တဲ့ မေလ ၅ ရက်မှာပဲ အဲဒီ ပလက်ဖောင်းတွေကနေပြီး ဖြုတ်ချခံခဲ့ရပါတယ်။အခုလို တခမ်းတနား မိတ်ဆက်ပေးအပြီး တရက်အကြာမှာပဲ ဖြုတ်ချခံရတာကြောင့် အဆိုပါ မိတ်ဆက်ပွဲကိုတက်ရောက်ပြီး ခပ်တည်တည်နဲ့ ဩဝါဒ ချွေခဲ့တဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် အရှက်တကွဲ ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။မင်းအောင်လှိုင် အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ အဲဒီ MRTV app ဖွင့်ပွဲ အခမ်းအနားအကြောင်းနဲ့ အက်ပလီကေးရှင်းကို ဖန်တီးခဲ့တဲ့ အမေရိကန်ကုမ္ပဏီ Apps Web Social LLC အကြောင်းတွေကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar က နာမည်ထုတ်ဖော် ပြောကြားခဲ့ပြီး များမကြာမှီမှာပဲ အခုလို အက်ပလီကေးရှင်းတွေ ဖြုတ်ချခံခဲ့ရတာပါ။ဖြုတ်ချခံရမဲ့ MRTV ရဲ့ ဝါဒဖြန့်ချိရေး အက်ပလီကေးရှင်းတွေကို တခမ်းတနား မိတ်ဆက်ခဲ့တဲ့ အခမ်းအနားမှာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ Apple Store နဲ့ Google Play Store ရဲ့ လိုဂိုတွေကို ၎င်းရဲ့နောက်ခံပုံအဖြစ် အသုံးပြုကာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ပြည်သူတွေရဲ့ ပြင်းထန်တဲ့ ပြန်လည်တွန်းလှန်မှုတွေကြောင့် ဘက်ပေါင်းစုံမှ အခက်တွေ့နေတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီဟာ အခုလို အက်ပလီကေးရှင်းတွေ အပါအဝင် ၄င်းတို့ လက်လှမ်းမှီရာ အွန်လိုင်းပလက်ဖောင်းတွေကို အသုံးပြုပြီး ဝါဒဖြန့်ခြင်း၊ မဟုတ်မမှန် လုပ်ကြံပြောဆိုခြင်း၊ သတင်းအတုများ ဖြန့်ဝေခြင်း၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ခြင်း၊ ညှဉ်းပန်းနှိပ်စက် ခံရသူတွေရဲ့ ဓာတ်ပုံတွေကို အများပြည်သူ ကြောက်လန့်အောင် ရည်ရွယ်ချက်ရှိရှိ လွှင့်တင်ခြင်း စတာတွေနဲ့ ပြည်သူများအပေါ် စိတ်ဓတ်စစ်ဆင်ရေး လုပ်ဆောင်နေတာပါ။အခြားတဖက်မှာလည်း စစ်ကောင်စီရဲ့ အက်ပ်လီကေးရှင်းတွေဟာ Play Store ရဲ့ ခွင့်ပြုချက်တွေကို အသုံးပြုပြီး သုံးစွဲသူတွေရဲ့ တိကျတဲ့ တည်နေရာကို ခြေရာခံခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ယူနိုင်ခြင်း စတာတွေကို လုပ်ဆောင်နိုင်တဲ့အတွက် သုံးစွဲသူတွေကို ကြီးမားတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် Apple ကုမ္ပဏီနှင့် Google ၏ မိခင်ကုမ္ပဏီ Alphabet တို့အနေနဲ့ ၎င်းတို့ရဲ့ ပလက်ဖောင်းတွေနှင့် ဝန်ဆောင်မှုတွေမှာ မြန်မာစစ်တပ်နဲ့ ၎င်းတို့ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေ ဝင်ရောက်အသုံး မပြုနိုင်အောင် အပြည့်အဝ ပိတ်ပင်ပေးဖို့ Justice for Myanmar အဖွဲ့က တောင်းဆိုခဲ့ပါတယ်။အခုလို MRTV အပလီကေးရှင်းတွေ Apple Store နဲ့ Google Play Store တွေကနေပြီး ဖြုတ်ချခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုမှာ လုပ်ကိုင်နေတဲ့ IT နည်းပညာရှင် တစ်ဦးက အခုလို့ မှတ်ချက်စကား ပြောကြားခဲ့ပါတယ်။“ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် သူတို့ရဲ့ ဝါဒဖြန့် ယန္တရားဖြစ်တဲ့ MRTV ရဲ့ အပလီကေးရှင်းတွေဟာ Apple Store နဲ့ Google Play Store တွေကနေ ပြန်ဖြတ်ချ ခံရမယ် ဆိုတာကို ဒီအပလီကေးရှင်း တီထွင်ပေးတဲ့ အမေရိကန် ကုမ္ပဏီက မသိစရာ မရှိပါဘူး။ ဒါပေမဲ့ ဒါကို အဟုတ်ကြီး ထင်ပြီး ဖွင့်ပွဲတွေ တခမ်းတနားလုပ် မိန့်ခွန်းတွေ ပရမ်းပတာ တက်ပြောခဲ့တဲ့ မင်းအောင်လှိုင်အတွက်ကတော့ တကဲ့ကို အရှက်တကွဲ ဖြစ်စေခဲ့တာပါ”“အခုလို IT ခေါတ်ကြီးမှ အာဏာတည်မြဲရေးအတွက် အမုန်းတရားတွေ၊ သတင်းအချက်အလက် အမှားတွေနဲ့ ပြည်သူကို ဝါဒဖြန့် အုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကို အသိတရား မရပဲ အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး တိုင်းပြည်ကို အင်အားသုံး အုပ်ချုပ်ဖို့ ဆက်ပြီး ကြိုးစားနေမယ် ဆိုရင်တော့ မင်းအောင်လှိုင်ရဲ့ နေဝင်ချိန်ဟာ မဝေးတော့ဘူးလို့ပဲ ပြောချင်ပါတယ်။”"]
https://yktnews.com/2024/02/144827/
စစ်ကောင်စီကို ရှုတ်ချနေရုံ၊ ဟန်ပြအရေးယူနေရုံနဲ့ မလုံလောက်တော့ဘဲ ပြင်းထန်တဲ့ အရေးယူမှု လိုအပ်
["By လမ်းသစ်", "စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးမှာ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်၊ အဖိတ်အစင်တွေ ကြုံတွေ့လာရနိုင်တယ်လို့ နဂိုကတည်းက နှလုံးသွင်းထားခဲ့ပေမယ့် တကယ်တမ်း ကြုံလာရတဲ့အခါ ကြိုတင်ပြင်ဆင်ထားတဲ့စိတ်ဟာ လွတ်ထွက်သွားခဲ့တယ်။ အံကြိတ်ခဲ့ရတယ်၊ မျက်ရည်ပါ ဝဲခဲ့ကြရတယ်။", "တော်လှန်ရေးတိုက်ပွဲတွေမှာ နယ်မြေသိမ်းပိုက်လာနိုင်မှု၊ စစ်ရေးအသာစီးရမှုတွေအတွက် ကျေနပ်ရပေမယ့် တစ်ဖက်က လူမဆန်စွာရက်စက်မှုတွေကြောင့် ပြည်သူအားလုံး စိတ်ထိခိုက်ကြရပါတယ်။", "ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး ကျင်းပနေတဲ့ ဖေဖော်ဝါရီ ၅ရက်နေ့က ကရင်ပြည်နယ် ဒီမောဆိုးမြို့နယ်ထဲက စာသင်ကျောင်းတွေကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်သား ကလေးငယ်တွေ သေဆုံးခဲ့ကြရတယ်။", "လေကြောင်းဗုံးကြဲတဲ့ဒဏ်ကြောင့် ပျက်စီးနေတဲ့ စာသင်ကျောင်း၊ ကျိုးပဲ့နေတဲ့ စာသင်ခုံတွေ၊ ပြန့်ကျဲနေတဲ့ ဗလာစာအုပ်တွေ၊ အသက်လုပြေးရလို့ ကျန်ခဲ့တဲ့ လွယ်အိတ်လေးတွေရဲ့ ဓာတ်ပုံတွေကို မြင်ရတဲ့အခါ ပြည်သူတွေမှာ ငါ့သားသမီးလေးတွေများသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့် ရင်နဲ့အမျှ ခံစားရတယ်။", "စစ်ကောင်စီက သူတို့မလုပ်ပါဘူးလို့ ငြင်းဆန်နေပေမယ့် လက်သည်တရားခံ ဘယ်သူလဲဆိုတာ ပြည်သူအားလုံး သိကြပါတယ်။", "ကလေးငယ် ၄ယောက်အပါအဝင် ပြည်သူ ၅ယောက် သေဆုံးပြီး အနည်းဆုံး ၁၉ယောက် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒီလေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာစစ်တပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အရေးယူပေးဖို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က တောင်းဆိုထားပါတယ်။", "အဲ့ဒီလေကြောင်းဗုံးကြဲတဲ့နေ့က တံခါးပိတ်အစည်းအဝေးလုပ်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်ကတော့ မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေး အကြမ်းဖက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန် ရှုတ်ချကြောင်း ပြောဆိုထားပါတယ်။", "ဒါတောင် ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ အလှည့်ကျအဖွဲ့ဝင် ၆နိုင်ငံက ပူးပေါင်းထုတ်ပြန်တာဖြစ်ပြီး အဲ့ဒီကြေညာချက်မှာ တရုတ်၊ ရုရှားနဲ့ ကျန်တဲ့အလှည့်ကျအဖွဲ့ဝင် ၄နိုင်ငံ မပါဝင်ခဲ့ပါဘူး။", "မြန်မာနိုင်ငံအတွက် စိုးရိမ်ကြောင်း၊ စစ်ကောင်စီကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွေလောက်ကိုတော့ မြန်မာစစ်တပ်လို အရိုင်းအစိုင်း အဖွဲ့အစည်းတစ်ခုက ဂရုမစိုက်ပါဘူး။", "ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာစစ်တပ် မဖြစ်မနေ လိုက်နာဖို့အတွက် အရေးယူမှုတွေ ပါဝင်မှရမယ်လို့ တိုက်တွန်းထားပါတယ်။", "မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံရဲ့ဦးဆောင်မှုကို လုံခြုံရေးကောင်စီက ထောက်ခံပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို စစ်တပ်အနေနဲ့ လိုက်နာဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလမှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ မှာ ပါဝင်တဲ့ အချက်တွေကိုလည်း မြန်မာစစ်တပ် လိုက်နာဖို့ တိုက်တွန်းထားပါတယ်။", "လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး တင်းမာမှုတွေ လျှော့ချဖို့၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ အခြေခံအခွင့်အရေးတွေ လေးစားလိုက်နာကြဖို့ တောင်းဆိုထားတာပါ။", "ကုလသမဂ္ဂအနေနဲ့ အာဆီယံရဲ့ ဖြေရှင်းမှုကို ထောက်ခံနေပေမယ့် အာဆီယံ အလှည့်ကျဥက္ကဌ ၄နိုင်ငံ ပြောင်းသွားတဲ့တိုင်အောင် အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ကို မြန်မာစစ်တပ်က အဖတ်မလုပ်ခဲ့ပါဘူး။", "ကလေးငယ်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန်ကောက်ယူရတဲ့အထိ ရက်စက်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်တိုက်ဆိုသလိုပဲ ပြည်သူတွေအတွက် ရင်နင့်ဖွယ် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။", "စစ်တပ် လက်အောက်ခံဖြစ်ပြီး ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလတ်လှဆွေ ဦးဆောင် ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF လူငယ် ၂ယောက်ကို လူမဆန်စာ သတ်ဖြတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းပဲ ဖြစ်ပါတယ်။", "ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၃ နိုဝင်ဘာလက မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြောင်ခင်ရန်းကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။ ပျူစောထီးတွေက PDF ရဲဘော် ၂ယောက်ကို ပြင်းပြင်းထန်ထန် နှိပ်စက်ပြီး သံကြိုးနဲ့ချည်ကာ လမ်းမပေါ် တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သစ်ပင်မှာ တွဲလောင်းချပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။", "ဒီလို အရှင်လတ်လတ် မီးမြှိုက်မှုကို ရွာထဲကလူတွေ တစ်အိမ်တစ်ယောက် လာကြည့်ခိုင်းပြီး ကျူးလွန်သူ ပျူစောထီးတွေက တပျော်တပါး အောင်ပွဲခံနေခဲ့ကြတာပါ။", "ဗီဒီယိုဖိုင်ကို ကြည့်ရှုသူတိုင်း ကြေကွဲခံစားရပါတယ်။ တချို့လည်း အဲ့ဒီဗီဒီယိုကို ပြီးအောင် ဆက်မကြည့်နိုင်ကြပါဘူး။", "ဒေါသထွက်နေတဲ့ ပြည်သူတွေက ဖက်ဆစ်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းမိတဲ့အခါကျရင် စစ်ပွဲစည်းမျဉ်းတွေ၊ လိုက်နာရမယ့် ကျင့်ဝတ်တွေ စောင့်ထိန်းမနေဘဲ တူညီတဲ့ တန်ပြန်သက်ရောက်မှုမျိုးပေးဖို့ ပြောဆိုတာတွေရှိနေပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ အချင်းချင်း ပြန်ထိန်းနေကြပါတယ်။", "တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က စစ်ရာဇဝတ်ဂိုဏ်းသားတွေကို ဖမ်းမိတဲ့အခါ ဘယ်လိုကောင်းကောင်းမွန်မွန် ဆက်ဆံတာတွေ၊ ဘက်ပြောင်းခိုလှုံကြဖို့ လမ်းဖွင့်ပေးထားတာတွေ ရှိနေတာကို အားလုံးလည်း သိကြပါတယ်။", "ဒါပေမယ့် တစ်ဖက်က ဒီလို လူမဆန် ရက်စက်ယုတ်မာမှုတွေကို ကျူးလွန်နေတဲ့အခါ ပြည်သူတွေရဲ့ ဒေါသစိတ် ငယ်ထိပ်ရောက်တာဟာ အမှားလို့တော့ မဆိုနိုင်ပါဘူး။", "မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ အနည်းဆုံး အရပ်သား ၄,၅ဝဝ နီးပါး သတ်ဖြတ်ခဲ့ပါတယ်။ လူပေါင်း ၂၅,ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ပြီး အရပ်သားနေအိမ် ၇၈,ဝဝဝ ကျော် မီးရှို့ခံထားရပါတယ်။", "၂ဝ၂၃ ခုနှစ်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသရဲ့ အန္တရာယ်အများဆုံး နိုင်ငံများစာရင်းမှာ အဆင့် ၁၈ နေရာနဲ့ ပါဝင်နေပြီး သူ့အောက်မှာ မြောက်ကိုရီးယားနိုင်ငံပဲ ရှိပါတော့တယ်။", "အရှေ့တောင်အာရှမှာလည်း မြန်မာနိုင်ငံဟာ တစ်ခုတည်းသော အန္တရာယ်များတဲ့နိုင်ငံ ဖြစ်နေပါတယ်။", "မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၄၆ဝ ကျော်က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားပါတယ်။", "စစ်အာဏာသိမ်းမှု ၃နှစ်အတွင်း နိုင်ငံတကာအရေးယူမှုတွေက လုံလောက်မှုမရှိဘူးလို့ Justice for Myanmar (JFM) က ထုတ်ပြန်ခဲ့ပါတယ်။", "စစ်ကောင်စီအတွက် လက်နက်၊ နည်းပညာ၊ လေယာဉ်ဆီ စတဲ့လိုအပ်ချက်တွေကို ဆက်လက်ပံ့ပိုးပေးနေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေအပေါ်မှာလည်း ဒဏ်ခတ်အရေးယူမှုတွေ လိုအပ်နေသေးတယ်လို့ ထောက်ပြထားပါတယ်။", "တော်လှန်ရေး အင်အားစုတွေဘက်က ကျင့်ဝတ်စောင့်ထိန်းနေပေမယ့် မြန်မာစစ်တပ်က တဖက်သတ် ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေချိန်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကို ဒီထက်ပိုတဲ့ အကူအညီတွေ ပေးသင့်နေပါပြီ။", "လူ့အခွင့်အရေးအကြောင်းကို မကြာခဏ ‌ရျေ့တန်းတင် ပြောဆိုလေ့ရှိတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ မင်းအောင်လှုင်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ရှုတ်ချပါတယ်ဆိုတဲ့ စကားနဲ့တင် မလုံလောက်ဘဲ၊ စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုမျိုးတွေ ချမှတ်အရေးယူဖို့ ဆုံးဖြတ်ချက် ချရမယ့်အချိန်ဟာ တော်တော်ကြီးကို ကျော်လွန်နေပြီဆိုတာကိုလည်း သတိချပ်သင့်နေပြီပဲ ဖြစ်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/08/29660/
တော်လှန်ခြင်းမှတပါး အခြားမရှိတော့ သို့မဟုတ် NUCC အတွက် မေးခွန်းတပုဒ်
["By လမ်းသစ်", "ဆန္ဒပြပြပွဲတခု……..အထူးသဖြင့် ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်အနီး “ ငါတို့ဘယ်တော့မှ .. မကြောက်ဘူး “ ဟူသော ကြွေးကြော်သံများနဲ့အတူ တော်လှန်‌ရေးသီချင်းတပုဒ်ကို ဟစ်ကြွေးရင်း ရဲရင့်စွာ ချီတက်လာတဲ့ လူငယ်ကလေးတွေရဲ့ ဆန္ဒပြထုတ်ဖော်ပွဲ၊… ထင်ရှားစွာ မြင်လိုက်ရသည်က ….သူတို့လေးတွေရဲ့ မျက်နှာတွေက တစုံတခုကို ပြတ်ပြတ်သားသားနဲ့ စိတ်ပိုင်းဖြတ်ထားဟန်…..", "လူပီသတဲ့ဘဝတွေရဖို့ …. “တော်လှန်ခြင်းမှတပါး အခြားမရှိ “ ဆိုတဲ့သတင်းစကားကို ဆောင်လျက် ရှေ့ဆုံးက ချီတက်လာစဥ် နောက်ဖက်နားမှာ ဖြတ်ခနဲ တွေ့လိုက်ရတာက “NUG၊ NUCC ဖြေးဖြေးနှေးနှေး အေးအေးဆေးဆေးပဲလား” ဆိုတဲ့ လက်ကိုင်ပို့စတာတခု။", "အရင်က NUG အကြောင်း NUCC အကြောင်း အနည်းငယ်ဝေဖန်မိလျှင်ပင် … မပြောနဲ့ တော်လှန်ရေး ထိခိုက်မယ်၊ ညီညွတ်မှု ထိခိုက်မယ်၊ စစ်တပ်အကွက်ထဲ ဝင်သွားလိမ့်မယ်…စသဖြင့် သတိထား ပြောဆိုလေ့ရှိတဲ့ လူငယ်တွေဆီက ဒီလို NUGG/ NUCC နဲ့ ပတ်သတ်တဲ့ သရော်စာဆန်ဆန် ဝေဖန်ထားတဲ့ သတင်းစကား ထွက်လာခြင်းဟာ အကြောင်းမဲ့တော့ မဟုတ်တန်ရာ။", "တနည်းအားဖြင့် … ဒါဟာ နေ့စဥ်နဲ့အမျှ အသက်တွေ သွေးချွေး ဘဝတွေ ပေးဆပ်တိုက်ပွဲဝင်နေတဲ့ လူငယ်ထုကနေ လက်ရှိတော်လှန်ရေးကို ဦးဆောင်နေတဲ့ ခေါင်းဆောင်များထံ တော်လှန်ရေးတခုမှာ “အရှိန်နဲ့ အချိန်” ကို ချိန်သားကိုက် လုပ်ဆောင်နိုင်ဖို့ဆိုတာ အလွန်အရေးကြီးအကြောင်း နှိုးဆော် လိုက်သည့်လေအလား …။", "ဤနေရာမှာ တော်လှန်ရေးကို ဦးဆောင်နေသူများဆိုရာမှာ အဓိကအားဖြင့် NUG၊ NUCC ဟုဆိုနိုင်တာကြောင့် NUG နဲ့ NUCC ကို အကြောင်းမဲ့ ဝေဖန်ပြစ်တင်ခြင်းမျိုးထက် တော်လှန်ရေးအစိုးရပီသစွာ တနည်း တော်လှန်ရေးကို ဦးဆောင်နေတဲ့ အစုအဖွဲ့ ပီသစွာ တော်လှန်ရေးပန်းတိုင်ကို မျက်ခြေမပြတ်ပဲ တာဝန်များကို ပိုမို မြန်ဆန်ထိရောက်စွာ ထမ်းဆောင်ဖို့ သတိနှင့်ဝေဖန် တွန်းအားပေးခြင်းလည်း ဖြစ်ပုံရပါတယ်။", "ပြည်သူတဦးအနေနဲ့ ရှင်းလင်းစွာ ဖွင့်ဟရမည်ဆိုလျှင်လည်း တော်လှန်ရေးရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ “NUG နဲ့ NUCC ကို ဆက်လက်ထောက်ခံသွားရမှာပါ” ဆိုတာက အပိုအလို မရှိ။", "ဒါပေမဲ့ နိုင်ငံရေးအရ ထောက်ခံတယ် ဆိုတဲ့နေရာမှာ NUG ဘာလုပ်လုပ်၊ NUCC ဘာလုပ်လုပ် ကျိုးကြောင်း ဆင်ခြင်မှု ရှိ/မရှိ၊ လုပ်ရပ်တွေ မှန်ကန်တည့်မတ်ခြင်း ရှိ/မရှိ၊ ရှေ့နောက်ညီ/ မညီနဲ့ တိုင်းပြည်အပေါ် သက်ရောက်မှု စတာတွေကို မစဥ်းစား မချင့်ချိန်ပဲ၊ မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် ထောက်ခံတဲ့ သတိလက်လွတ် ထောက်ခံမှုမျိုးကတော့ ရှောင်ကြဥ်ရမှာ ဖြစ်ပါတယ်။", "အထူးသဖြင့် ခြောက်လတကြိမ် ပေါ်လို့လာရမဲ့ NUCC ရဲ့ ပြည်သူညီလာခံကြီးကလည်း သတင်းအစအနပင် မကြားရ၊ NUCC ဘာလုပ်နေလဲ ဘာဖြစ်နေလဲ ဆိုတာကလည်း ကောက်ရိုးပုံကြား အပ်ပျောက်ရှာရသည့်သဖွယ် ရှာရခက်၊ သိရခက် ဖြစ်နေဆဲ .. ဖြစ်နေမြဲ ပင် ….။", "NUCC လို့ အတိုခေါက်ခေါ်လေ့ရှိတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ ဆိုတာက မူဝါဒနဲ့ ပေါ်လစီ အပိုင်းမှာ NUG နဲ့ CRPH ကို Political Guiding ပေးနိုင်ဖို့ အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခု။ နှစ် ၇၀ ကျော် ပဋိပက္ခတွေရဲ့ အဖြေဖြစ်မဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်ဖို့ Mandate ရှိပြီးသား အဖွဲ့အစည်းတခု။", "ဒီလို တိုင်းပြည်ရဲ့ အမြင့်ဆုံးစုဖွဲ့မှုဖြစ်တဲ့ NUCC စုဖွဲ့မှုထဲက မကြာသေးမှီကာလအတွင်း NLD ပါတီနဲ့ KPICT တို့က အလျိုလျို ထွက်ခွာသွားတာ တွေ့ရသလို၊ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ NUCC အားကောင်းရာ အားကောင်းကြောင်း ကြိုးပမ်းရမဲ့အစား၊ NUCC ကိုဖယ်ကျဥ်လာတဲ့ လုပ်ဆောင်ချက်တွေကို တွေ့လာရတော့ ဖက်ဒရယ်တိုင်းပြည်ကို တကယ်ပဲ တည်ဆောက်ချင်ရဲ့လား ဆိုတာ စဥ်းစားစရာ ဖြစ်လို့လာပါတယ်။", "သေချာတာကတော့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ မပါပဲ တိုင်းပြည်တည်ဆောက်လို့ မရဘူး ဆိုတာကို ဒီမိုကရေစီ အပြည့်အဝ ရရှိခဲ့တဲ့ ဖဆပလ ခေတ်ကထဲက အခုချိန်ထိ နှစ် ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပြနေပါတယ်။ ဒီလို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ လက်ရှိတော်လှန်ရေးထဲ ထဲထဲဝင်ဝင် ပါလာဖို့ ဆိုတာကလည်း တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့ကို အာမခံတဲ့ ကြားကာလ အခြေခံဥပဒေကဲ့သို့သော နိုင်ငံရေးကတိကဝတ် ရှိဖို့က အဓိကလိုအပ်ချက် ဖြစ်လို့နေပြန်ပါတယ်။", "ဒါပေမဲ့ … ဒါတွေဟာ တိုင်းရင်းသားအရေးဆို ပါတီအောက်ကပဲ လုပ်ရမယ်ဆိုတဲ့ ပုံစံနဲ့ လုပ်နေသမျှ ကာလပတ်လုံး၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ မျက်နှာစုံညီ ဆွေးနွေးခြင်းထက် တဖွဲ့စီ ခွဲထုတ်ပြီး နှစ်ကိုယ်ကြား (bilateral) ဆွေးနွေးနေသမျှ ကာလပတ်လုံး၊ NUCC ကနေ ရေးဆွဲခဲ့ပြီး ပြည်သူ့ညီလာခံမှာ အတည်ပြုထားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း ၂၊ အခန်း ၈၊ ပုဒ်မ ၅၂ ၊ ၅၃ ပါ ကိုယ်ပိုင်ပြဌါန်းခွင့်ဆိုင်ရာ လုပ်ပိုင်ခွင့်အချက်တွေကို ကျော်လွန်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို တိုင်းရင်းသားဒေသအချို့မှာ ထူထောင်ဖို့ကြိုးစားနေသမျှ ကာလပတ်လုံး၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌန်းခွင့်ကို အာမခံတဲ့ ကြားဖြတ်အခြေခံ ဥပဒေတရပ်ကို ယခုလို တော်လှန်ရေးကာလအတွင်း ရေးဆွဲအတည်ပြုဖို့ တွန့်ဆုတ်နေသမျှ ကာလပတ်လုံး၊ NLD ပါတီရဲ့ ကိုယ်ပွားတွေဖြစ်တဲ့ CRPH နဲ့ NUG တို့ ဦးဆောင်နေတဲ့ အာဏာရှင်ကို ဖြုတ်ချမဲ့ လက်ရှိတော်လှန်ရေးထဲမှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ စိတ်ရောကိုယ်ပါ ထဲထဲဝင်ဝင် ပါဝင်လာဖို့ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။", "ဒါကြောင့် လက်ရှိတော်လှန်ရေးကို နိုင်ငံနဲ့အဝှမ်း တော်လှန်ရေးအုပ်စုအားလုံး ဘုံသဘောတူညီချက်နဲ့ ပါဝင်လာဖို့ဆိုရင် တစုတဖွဲ့က ဦးစီးဦးဆောင်ပြု အကောင်အထည် ဖော်သည်ထက် မြန်မာ့သမိုင်းမှာ စုဖွဲ့မှုအကောင်းဆုံးလို့ ဆိုနိုင်တဲ့ အရောင်အသွေးစုံလင်တဲ့ NUCC အဖွဲ့ကသာလျှင် အကောင်အထည်ဖော်ဖို့ အသင့်တော်ဆုံးဖြစ်လာမှာဖြစ်ပြီး၊ လက်ရှိအချိန်အထိ ရရှိထားတဲ့ နိုင်ငံရေးသဘောတူညီချက်များနဲ့လည်း ကိုက်ညီမှာ ဖြစ်ပါတယ်။", "ဒါပေမဲ့ ဒီလိုအရေးကြီးလှတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတဲ့ NUCC အဖွဲ့ကြီးကလည်း ဆန္ဒပြလူငယ်များ သရော်ထားသည့်သဖွယ် “ဖြေးဖြေးနှေးနှေး အေးအေးဆေးဆေးပဲလား” ဟု ဆိုရလောက်အောင် လက်ရှိလပိုင်းများအတွင်း တုံဏှိဘာတွေ … တုတ်တုတ်မှမလှုပ်….", "ဆိုတော့…လက်ရှိ NUCC အဖွဲ့ကြီးအနေအထားနဲ့ ကြီးလေးလှတဲ့ တော်လှန်ရေး တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းထွက်လို့ လာပါတယ်။ ဒါကြောင့် NUCC ရဲ့ လက်ရှိအခြေအနေဟာ တစုတဖွဲ့ကို အပြစ်တင် ပုံချခြင်းထက်၊ လက်ရှိ စုဖွဲ့မှုအတွင်း ဖြစ်ပျက်နေတာကို ပွင့်လင်းမြင်သာစွာနဲ့ အဖြေရှာရမှာ ဖြစ်သလို၊ အားကောင်းဖို့အတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ဘူး ဆိုရင်တော့ ဒါဟာ NUCC မှာ ပါဝင်ခဲ့/ နေတဲ့ အဖွဲ့အားလုံးမှာ တာဝန်ရှိသွားမှာ ဖြစ်ပါတယ်။", "တနည်းအားဖြင့် မြန်မာ့သမိုင်းမှာ စုဖွဲ့မှု အားအကောင်းဆုံးလို့ ဆိုနိုင်တဲ့ တော်လှန်ရေး လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ NUCC အဖွဲ့ကြီးဟာ လက်ရှိအခက်အခဲတွေကို ပွင့်လင်းမြင်သာစွာ အဖြေရှာခြင်း မရှိ၊ ပြန်လည်အားကောင်းလာအောင် ကြိုးပမ်းမှု မရှိနဲ့ တဖြေးဖြေး ဖယ်ကျဥ်ခံဘဝနဲ့ အဆုံးသတ်သွားမယ်ဆိုရင်တော့ တချို့သော တာဝန်ရှိသူတွေဟာ သမိုင်းရဲ့ တရားခံအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။"]
https://yktnews.com/2024/01/140451/
ဘာသာရေးမှိုင်း သို့မဟုတ် ဘာသာရေး အရေခြုံထားတဲ့ စစ်မိစ္ဆာရဲ့ နိုင်ငံရေးလက်နက်
["By လမ်းသစ်", "ဘုရားတည်ပြပြီး ဘာသာ သာသနာစောင့်ရှောက်သူသဖွယ် ဟန်ရေးပြနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တကယ်တမ်း စိတ်ထဲမှာ အာဏာကလွဲလို့ ဘုရားမရှိ၊ တရားမသိသူ တစ်ယောက်သာ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရား၊ ဘာတရားမှမသိတဲ့ မိစ္ဆာအကျင့် ကျင့်ကြံနေသူပါ။", "ဒီနေ့အချိန်မှာတော့ ပြည်သူပေးတဲ့ တရားတစ်ခုဟာ သူ့ရင်ထဲမှာ ကိန်းအောင်းနေပါပြီ။ အဲ့ဒါကတော့ “အကြောက်တရား” ပါပဲ။", "ပြည်သူ့တော်လှန်ရေးကြီးကို ဖျက်ဆီးဖို့ မစွမ်းသာတော့တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ လက်ဆင့်ကမ်း လုပ်ထုံးလုပ်နည်းအတိုင်း ဘာသာရေးမှိုင်းတိုက်ဖို့ ကြိုးစားနေပါတယ်။", "လောက်ကိုင်မြို့၊ ဆီအောကျေးရွာ မြောက်ဘက်က ပွိုင့် ၂၂ဝ၂ တောင်ကုန်းပေါ်က စေတီကို မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDAA တပ်ဖွဲ့ဝင်တစ်ယောက် သံတူနဲ့ထုတဲ့ ဗီဒီယို ပေါ်ပေါက်လာပြီးတဲ့နောက် စစ်ကောင်စီက စီစဉ်တဲ့ ၅,ဝဝဝ စား ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ထွက်ပေါ်လာခဲ့ပါတယ်။", "MNDAA ဆန့်ကျင်ရေးနဲ့အတူ စစ်တပ်ထောက်ခံပွဲကိုပါ တစ်ပါတည်း ပြန်လည်လုပ်ဆောင်နေကြတာပါ။", "စစ်ကောင်စီ ဘက်တော်သားတွေ၊ မဘသ ဘုန်းကြီးတွေ ပါဝင်တဲ့ အဲ့ဒီဆန္ဒပြပွဲတွေကို တောင်ကြီး၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ ဂန့်ဂေါ၊ ပဲခူး၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာ၊ ပခုက္ကူ၊ လားရှိုး စတဲ့ မြို့တွေမှာ ပြုလုပ်ကြပြီး အကြမ်းဖက်စစ်သားတွေက လုံခြုံရေးယူပေးခဲ့ကြပါတယ်။", "“ဘုရား၊စေတီများအား ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ကြ” ၊ “အမျိုးဘာသာ သာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်သူပုန်များအား ချေမှုန်းကြ” ၊ “လူသတ်အကြမ်းဖက် သူပုန်များ ကျရှုံးပါစေ” စတဲ့ စာသားပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့ကြတာပါ။", "၂ဝ၁၅ ခုနှစ် ကိုးကန့်စစ်ပွဲမှာ အရေးပါခဲ့တဲ့ နန်ထင်မင်စမ်းတောင်မှာ ကိုးကန့်တို့ရဲ့ ရိုးရာကိုးကွယ်မှု နတ်ကွန်းရှိခဲ့ပါတယ်။ အဲ့ဒီအချိန်က စစ်ရေးအသာရခဲ့တဲ့ မြန်မာစစ်တပ်က အဲ့ဒီနတ်ကွန်းကို ဖျက်ပြီး စေတီတည်ထားခဲ့တာကြောင့် ဗီဒီယိုထဲမှာ တွေ့ရတာဟာ လက်တုန့်ပြန်တတ်တဲ့ ကိုးကန့်သားတစ်ယောက်ရဲ့ အမျက်ဒေါသမျိုးသာ ဖြစ်တယ်လို့ ဖတ်ရှုရပါတယ်။", "MNDAA ကတော့ ဒါဟာ သူတို့တပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ တစ်သီးပုဂ္ဂလ ဒေါသအလျောက် လုပ်ဆောင်မှုဖြစ်ပြီး ဒီလိုလုပ်ဖို့ မညွှန်ကြားခဲ့ကြောင်း၊ ဒီလုပ်ရပ်အတွက် တောင်းပန်ကြောင်းနဲ့ ကျူးလွန်သူကို အရေးယူသွားမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။", "စစ်ကောင်စီကတော့ ဒါဟာ ဗုဒ္ဓဘာသာဝင်အားလုံးကို စော်ကားတာဖြစ်တယ်လို့ ဘာသာရေးအသုံးချဖို့ ကြံစည်နေပါတယ်။ ဆန္ဒပြပွဲတွေမှာဆိုရင် မဘသ ဘုန်းကြီးတွေအနေနဲ့ လိုအပ်လာရင် သင်္ကန်းကိုချွတ်၊ လက်နက်ကိုကိုင်၊ စစ်တပ်နဲ့ပူးပေါင်းပြီး မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကို တိုက်ခိုက်ဖို့ အသင့်ပဲလို့ ခပ်တည်တည် ဆော်သြခဲ့ကြပါသေးတယ်။", "မင်းအောင်လှိုင်က အာဏာစသိမ်းတဲ့ ၂ဝ၂၁ ခုနှစ်မှာပဲ ဘာသာရေးကို ခုတုံးလုပ်ပြီး မိန့်ခွန်းပြောခဲ့တာပါ။", "“ပြီးခဲ့တဲ့ ၅နှစ်အတွင်း (NLD အရပ်သားအစိုးရလက်ထက်) မှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အား ညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကျနော်တို့ တာဝန်ယူပြီးချိန်ကစပြီး အခြေခံဥပဒေ ပြဌာန်းချက်အတိုင်း သက်ဝင်ယုံကြည်မှု မပျက်စေရန် အလေးထား ဆောင်ရွက်ပေးခဲ့ပါတယ်”", "အဲ့လိုပြောပြီးတဲ့နောက်ပိုင်း အာဏာတည်မြဲဖို့အတွက် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်လာခဲ့တာ ဒီနေ့အချိန်အထိပါပဲ။", "စစ်ကောင်စီ သတ်ဖြတ်ခဲ့တဲ့ ရာထောင်ချီ ပြည်သူတွေထဲမှာ သံဃာတော်များစွာလည်း ပါဝင်နေပါတယ်။ မြန်မာစစ်တပ် မီးရှို့ဖျက်ဆီး ဗုံးကြဲခဲ့တဲ့ အပျက်အစီးတွေထဲမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ခရစ္စယာန် ဘုရားရှိခိုးကျောင်း၊ အစ္စလာမ် ဘာသာရေးအဆောက်အအုံတွေ ပါဝင်နေပါတယ်။", "အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်မှာ မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှု စိုးရိမ်ရတဲ့နိုင်ငံအဖြစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က သတ်မှတ်ခဲ့ပါတယ်။", "လွတ်လပ်စွာကိုးကွယ်ခွင့်ကို အုပ်ချုပ်သူကိုယ်တိုင် ချိုးဖောက်တာ ဒါမှမဟုတ် တခြားသူတွေ ချိုးဖောက်တာကို မျက်ကွယ်ပြုပေးထားတာ ဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။", "၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ လမ်းမပေါ် မေတ္တာသုတ်ရွတ်ဖတ်နေတဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီး ခေါင်းကွဲအောင် ရိုက်နှက်ခဲ့တာတွေ၊ စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့တာတွေက မြန်မာစစ်တပ်ရဲ့ ကမ္ဘာသိ မိစ္ဆာလုပ်ရပ်တွေ ဖြစ်ပါတယ်။", "စစ်ကောင်စီက ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးပြီးချင်းပဲ မြဝတီမင်းကြီးဆရာတော်၊ ရွှေညဝါဆရာတော်၊ ဦးသောဘိတ (အလင်္ကာကြယ်)၊ မန္တလေး ပြည်ကြီးတံခွန်ဆရာတော် စတဲ့ အာဏာသိမ်းမှုအပေါ် မထောက်ခံ ဆန့်ကျင်တဲ့ ဆရာတော်ကြီးတွေကို ဖမ်းဆီးထောင်ချ လူဝတ်လဲပစ်တာတွေ လုပ်ခဲ့ပါတယ်။", "စစ်တပ်သတ်လို့ ပျံလွန်တော်မူရတဲ့သံဃာတွေထဲမှာ သီတဂူ ဗုဒ္ဓတက္ကသိုလ် နာယကလည်းဖြစ် ဂုဏ်ထူးတန်းဘွဲ့ရ စာချကိုယ်တော်ဖြစ်တဲ့ အရှင်ဂန္ဓသာရလို ဆရာတော်တွေလည်း ပါဝင်ပါတယ်။", "ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ထဲက နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းက သံဃာ သုံးပါးအပါအဝင် ပြည်သူ ၂၂ ဦးကို သေဆုံးခဲ့မှုအပါအဝင် စစ်မိစ္ဆာတွေရဲ့ လက်ချက်ကြောင့် သေဆုံးဒဏ်ရာရတဲ့ သံဃာအများအပြား ရှိခဲ့ပါတယ်။", "လွတ်လပ်တဲ့ ပြည်တွင်း ပြည်ပအချက်အလက် ကောက်ယူရေးအဖွဲ့များရဲ့ အဆိုအရ အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ နှစ်ကုန်အထိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း စေတီ အဆောက်အအုံများအပါအဝင် ဘာသာရေး အဆောက်အအုံပေါင်း ၂၂၀ ကျော်ကို စစ်တပ်က အင်အားသုံး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။", "ဒီလိုသတ်ဖြတ် ဖျက်ဆီးမှုများသာမက ဘုန်းကြီးကျောင်းဝင်းအတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံများအတွင်း တပ်စွဲထားခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတွေကိုပါ ကျူးလွန်နေတဲ့ စစ်တပ်ဟာ သူတို့ကိုယ်သူတို့ အမျိုး ဘာသာ စောင့်ရှောက်သူများအဖြစ် ပြောဆိုလေ့ ရှိပါတယ်။", "ဒီလိုပြောဆိုမှုတွေဟာ စစ်တပ်အနေနဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးနေခြင်းသာ ဖြစ်ပြီး၊ တကယ်လက်တွေ့ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေသူဟာ စစ်တပ်ကိုယ်တိုင်ဖြစ်တယ်လို့ စစ်အာဏာသိမ်းမှုကို မထောက်ခံတဲ့ ဆရာတော်တချို့က ဆိုပါတယ်။", "အမှန်တရားဘက်က ရပ်တည်တဲ့ သံဃာတွေကို ဖိနှိပ်ပေမယ့် စစ်အာဏာရှင်တွေနဲ့ အပြန်အလှန် မီခိုနေကြတဲ့ ထိပ်တန်းဘုန်းကြီးတချို့လည်း ရှိနေပါတယ်။", "ဒီလိုဘုန်းကြီးတွေက အာဏာရှင်တွေဘက် အလေးသာတဲ့ စကားတွေကို မိန့်ကြားပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ပေးကြပါတယ်။ အာဏာရှင်တွေက ဒီဘုန်းကြီးတွေကို ဦးစားပေးပြီး ပစ္စည်းလေးပါး လိုလေသေးမရှိအောင် ပြန်ပေးပါတယ်။ ဘာသာရေးကို ဒီလိုအသုံးချနေတာပါ။", "ဒါ့အပြင် မဘသ ဘုန်းကြီးတွေကို လက်နက်တပ်ဆင်ပေးပြီး လက်နက်ကိုင် ပျူစောထီးနဲ့ ပြည်သူ့စစ်တွေ ဦးဆောင်ဖွဲ့ဖို့ စစ်ကောင်စီက ခွင့်ပြုထားပါတယ်။ သူတို့အတွက် တပ်သားအင်အား စုဆောင်းရေးမှာ သင်္ကန်းဝတ်တွေကို အသုံးချတာဖြစ်ပြီး ဒါဟာ ကမ္ဘာမှာ ဗုဒ္ဓဘာသာ ဆိုတဲ့ပုံရိပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။", "မှတ်တမ်းမှတ်ရာတွေကို ပြန်ကြည့်ရင် စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် လူပေါင်း ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ထားပြီး ဘာသာပေါင်းစုံရဲ့ ဘာသာရေးအဆောက်အအုံ ၂ဝဝ ကျော်ကို ဖျက်ဆီးထားပါတယ်။", "လက်ရှိမှာ စစ်ရေးရှုံးနိမ့်၊ ထွက်ပေါက်ပိတ်နေချိန် ရောက်နေတာမို့ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ ဘာသာရေးမှိုင်းတိုက်ဖို့ ကြိုးစားနေတယ်ဆိုတာ ပြည်သူတွေလည်း သိမြင်နားလည်ကြမှာပါ။", "တကယ်တမ်း အာဏာရှင်မှာ ဘာသာတရားမရှိပါဘူး၊ အာဏာတည်မြဲရေးပဲ ရှိတာပါ။ အာဏာရှင်ပါးစပ်က ဘယ်လိုတရားတွေပဲ ရွတ်နေပါစေ … လုပ်ရပ်တွေကတော့ အာဏာတည်မြဲရေးကို ဦးတည်တဲ့ မိစ္ဆာအကျင့်အကြံတွေ ဆိုတာပါပဲ။", "#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #NLD #ဘာသာရေးမှိုင်း #USCIRF #စစ်မိစ္ဆာရဲ့ နိုင်ငံရေးလက်နက်"]
https://yktnews.com/2024/03/151451/
ဟန်ချက်မညီခဲ့သော မြို့ပြစစ်ဆင်ရေးများ ကျရှုံးခဲ့မှုရဲ့ ရလဒ် (သို့မဟုတ်) စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး ဂျိုကြွလာနေသော စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများ
["By လမ်းသစ်", "“ခင်ဗျား သားနှစ်ယောက် နာမည်စာရင်းထဲမှာ ပါနေတယ်နော်”အသိမိတ်ဆွေထဲက အရွယ်ရောက်ပြီး သားနှစ်ယောက်ရဲ့ဖခင်နဲ့ သူတို့ရပ်ကွက်က အုပ်ချုပ်ရေးမှူးတို့ စကားပြောသံ တချို့ကို ကြားလိုက်ရတာပါ။။", "စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ စာရင်းထဲမှာ ပါနေတယ်လို့ အုပ်ချုပ်ရေးမှုးက ဆိုလိုလိုက်တာလည်း ဖြစ်ပါတယ်။", "“ဘယ်တတ်နိုင်မလဲ၊ ယောက်ျားလေးတွေပဲ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပေါ့၊ ပြီးရင် မဲနှိုက်ပြီး ပြန်ရွေးမှာပဲ” လို့ ဖခင်ဖြစ်သူက ပြန်ပြောလိုက်ပါတယ်။", "ရင်ထဲမှာ သားတွေအတွက် စိုးရိမ်နေပေမယ့် အုပ်ချုပ်ရေးမှူးက ငွေညှစ်ဖို့ စကားလမ်းကြောင်းနေမှန်း သိတာကြောင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်ပါတယ်။", "အာဏာသိမ်းစစ်တပ်က အတင်းအကြပ် အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူအားလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေကြချိန် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ အာဏာကို အရင်ထက် ပိုသုံးပြီး ပြည်သူတွေဆီက ငွေညှစ်ယူဖို့ ကြိုးစားနေကြပါတယ်။", "စစ်မှုမထမ်းမနေရ ဥပဒေအတွက် နာမည်စာရင်း ကောက်ခံမှုတွေကို အာဏာပိုင်တွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးပြကြီးတွေမှာ ပိုမိုလုပ်ဆောင်လာနေပါတယ်။", "စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ကာလ မရောက်သေးပေမယ့် အုပ်ချုပ်ရေးမှူးတွေက စာရင်းထဲပါဝင်နေသူတွေနဲ့ မိသားစုဝင်တွေကို နာမည်စာရင်းပေါက်နေတာကို ပြပြီး ခြိမ်းခြောက်မှုတွေ လုပ်နေကြတာပါ။", "ဆင့်ခေါ်စာရောက်မလာသေးသည့်တိုင် စာရင်းပါနေတာကို ဖျောက်ပေးဖို့ ပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေကြားက ရှိစုမဲ့စု ငွေလေးတွေနဲ့ လာဘ်ထိုးနေကြရပါတယ်။ အာဏာရှင် လက်ပါးစေ အုပ်ချုပ်ရေးမှူးတွေကတော့ ဂွင်ကောင်းကောင်း တွေ့နေတော့တာပါပဲ။", "ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က ရွာတစ်ရွာမှာဆိုရင် အုပ်ချုပ်ရေးမှူးက စစ်မှုမထမ်းချင်ရင် ရွာသူရွာသားတွေ စုပေါင်းပြီး သိန်း ၆ဝ ပေးဖို့ တောင်းယူခဲ့ပြီးမှ ကတိမတည်ဘဲ လူငယ် ၃ယောက်ကို စစ်တပ်ထဲဝင်ဖို့ အတင်းအကြပ် နာမည်စာရင်းပေးလိုက်တယ်လို့ သိရပါတယ်။", "မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာလည်း စစ်မှုထမ်းမယ့် လူငယ်တွေအတွက် အိမ်ထောင်စုတစ်စုဟာ တစ်လကို ကျပ် ၅ဝဝဝ လစဉ်ထောက်ပံ့ပေးဖို့ အုပ်ချုပ်ရေးမှူးတွေက ကောက်ခံနေပါတယ်။ နေပြည်တော်မှာလည်း စစ်မှုထမ်းရမယ့် လူငယ်တွေအတွက် ဝတ်စုံ၊ လစာနဲ့ ခံစားခွင့်တွေထောက်ပံ့ပေးဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်တပ် ပူးပေါင်းပြီး ငွေကြေးကောက်ခံမှုတွေ လုပ်နေပါတယ်။", "ဒါ့အပြင် တချို့မြို့နယ်တွေမှာ စစ်မှုထမ်းရမယ့် စာရင်းထဲပါသွားပေမယ့် စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သိန်း ၅ဝ ပေးရင် လူစားထိုးပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်မျိုးတွေလည်း ရှိနေပါတယ်။ အဲ့ဒီပိုက်ဆံထဲက လူစားထိုးဝင်မယ့်လူက သိန်း ၃ဝ ယူပြီး အုပ်ချုပ်ရေးအဖွဲ့က သိန်း ၂ဝ ယူတယ်လို့ သိရပါတယ်။", "အပတ်စဉ် (၁) ကို သင်္ကြန်ကာလ အကုန်လောက်မှာ စတင်ခေါ်ယူမယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့အတွက် အများပြည်သူရဲ့ စိုးရိမ်ပူပန်မှုအပေါ် အခွင့်ကောင်းယူပြီး အာဏာပိုင်အဆင့်ဆင့်က ပွဲလန့်တုန်း ဖျာခင်း၊ ငွေရှာနေကြတာပါ။", "စစ်မှုထမ်းဖို့ နာမည်စာရင်းပေါက်နေတဲ့အထဲမှာ တချို့က အသက် ၂၄ ကနေ ၃ဝ အတွင်း အရင်ခေါ်မယ်၊ တချို့က လူပျိုလူလွတ်တွေကို အရင်ခေါ်မယ် ဆိုပြီး ကောလဟလတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။", "တကယ့်လက်တွေ့မှာတော့ ရာအိမ်မှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေက နာမည်စာရင်းကို ကိုယ်ထည့်ချင်သလို ထည့်ပြီး တိုက်ရိုက်ဆင့်ခေါ်မှု၊ မဲနှိုက်ခိုင်းမှု စတဲ့ ပုံစံအမျိုးမျိုးနဲ့ မြို့နယ်အလိုက် စိတ်ကြိုက်လုပ်ဆောင်နေကြပါတယ်။", "စာရင်းကောက်ယူမှု ပုံစံတွေ အမျိုးမျိုး ကွဲပြားနေတာဟာ ဒေသအလိုက် အာဏာပိုင်တွေက ဒီဥပဒေကို အသုံးချပြီး ဝင်ငွေရပေါက်ရလမ်းတွေ ဖန်တီးနေတယ်ဆိုတာ ထင်ရှားတယ်လို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။", "စစ်မှုထမ်းဖို့ အကျုံးဝင်သူဟာ နေအိမ်မှာရှိမနေဘဲ အကြောင်းပြချက် ခိုင်ခိုင်လုံလုံလည်း မပေးနိုင်ရင် တရားခံပြေးအဖြစ် သတ်မှတ်မယ်လို့လည်း စစ်ကောင်စီက ပြောထားပါတယ်။", "စစ်မှုထမ်းဥပဒေ စတင်အသက်သွင်းလိုက်ချိန်တုန်းကထက် လက်ရှိမှာ လှုပ်လှုပ်ခတ်ခတ် ပိုဖြစ်လာတာကြောင့် ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ပိုများလာပြီး ရန်ကုန်လေဆိပ်မှာလည်း မြန်မာပြည်ကို စွန့်ခွာကြမယ့်လူတွေ ပြည့်ကြပ်နေပါတယ်။", "ပတ်စ်ပို့ အမြန်လုပ်ချင်ရင် ၂၅သိန်း ဝန်းကျင်အထိ ပေးရသည့်တိုင်အောင် ဘယ်လောက်ကုန်ကုန် မြန်မာပြည်ကနေ ထွက်ရဖို့ အရေးကြီးတယ်ဆိုသူတွေ ပိုများလာပါတယ်။", "ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အမျိုးသား ၆သန်း၊ အမျိုးသမီး ၇သန်း၊ စုစုပေါင်း ၁၃သန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး တစ်လကို လူ ၅ဝဝဝ နှုန်းနဲ့ တစ်နှစ်ကို လူ ၆သောင်းအထိ ခေါ်ယူဖို့ စီစဉ်ထားတာပါ။", "စစ်မှုထမ်းတဲ့အခါ သာမန်တာဝန်ထမ်းဆောင်သူတွေဟာ လစာ ၄သိန်း ၇သောင်း ရမှာဖြစ်ပြီး စစ်ဆင်ရေး တာဝန်ယူရတဲ့အခါ အဲ့ထက်ပိုရမယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြောထားပါတယ်။", "စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး သဘောထားမေးမြန်းတာတွေ၊ စာရင်းပြုစုတဲ့ အဆင့်တွေပဲ လုပ်ဆောင်နေသေးတယ်လို့ ပြောပေမယ့် အောက်ခြေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ ထင်တိုင်းကြဲနေကြတာ တွေ့ရပါတယ်။", "ဒီလိုထင်တိုင်းကြဲနိုင်အောင်လည်း ၄င်းတို့ရဲ့အထက်က အဆင့်ဆင့်သော မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှုးတွေက မြှောက်ပင့်ပေးနေတာဖြစ်ပြီး၊ ပြည်သူတွေကို လည်ပင်းညစ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို အဆိုပါ အဆင့်ဆင့်သော အုပ်ချုပ်ရေးမှုးတွေကလည်း ခွဲဝေယူနေခြင်း ဖြစ်ပါတယ်။", "အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တချို့က ဒီဥပဒေကို ကန့်ကွက်ထားကြသလို ဥပဒေအကောင်အထည်ဖော်ပေးနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ တော်လှန်ရေးအဖွဲ့တွေက ကြေညာထားပါတယ်။", "အရင်က မြို့ပြတိုက်ပွဲတွေ အားကောင်းနေချိန်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေဟာ အသက်အန္တရာယ်ကို ကြောက်ရွံ့ပြီး လူရှေ့သူရှေ့ သိပ်မထွက်ရဲခဲ့ကြပါဘူး။", "ဒါပေမယ့် မြို့ပြစစ်ဆင်ရေးကို ဦးဆောင်ခဲ့သူများရဲ့ ဦးဆောင်နိုင်မှု၊ အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာလိုအပ်မှုနဲ့ အမိန့်နာခံမှု များအပါအဝင် အားနည်းမှုများစွာနဲ့ မြို့ပြစစ်ဆင်ရေးများ ကျရှုံးခဲ့မှုနဲ့အတူ၊ စစ်ကောင်စီ အုပ်ချုပ်ရေးမှုတွေဟာလည်း တဖန်ပြန်လည်ခေါင်းထောင်လာခဲ့ပြီး၊ အခုတော့ စစ်မှုထမ်းဥပဒေကို ကိုင်ကာ အများပြည်သူကို ပေါ်ပေါ်ထင်ထင်ပဲ အထက်စီးကနေ အာဏာပြ ဖိနှိပ်ငွေညစ်နေကြခြင်းလည်း ဖြစ်ပါတယ်။", "ဒီဥပဒေ စတင်လိုက်ကတည်းက ပြည်သူတွေအနေနဲ့ လွတ်မြောက်ဖို့ ကြိုးစားတဲ့နေရာမှာ အဂတိလိုက်စားမှုတွေ ရှိလာနိုင်တယ်ဆိုတာ အရင်ကတည်းက မျှော်လင့်ထားပြီးသား ဖြစ်ပေမယ့် တကယ်တမ်း အုပ်ချုပ်ရေးမှူးတွေရဲ့ ငွေညှစ်မှုတွေဟာ ထင်ထားတာထက် သောင်းကျန်းနေတာ တွေ့ရပါတယ်။", "လက်ရှိ တော်လှန်ရေးမှာ နယ်မြေသိမ်းပိုက်မှု စစ်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ အောင်မြင်နေတာ အားလုံးလည်း သိပြီးသား ဖြစ်ပါတယ်။", "မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်မှု အားနည်းနေသေးပေမယ့် စစ်ရှိန်မြင့်တက်နေတဲ့ မြန်မာပြည်အလည်ပိုင်းနဲ့ အောက်ပိုင်းဒေသတချို့မှာလည်း စစ်တပ်အနေနဲ့ ၄င်းတို့ရဲ့ အခြေစိုက်ရာ နေရာ၊ ဌာနကလွဲလို့၊ အခြားနယ်မြေ စိုးမိုးနိုင်မှုအပိုင်းမှာ အတော့်ကို အားနည်းသွားပြီလည်း ဖြစ်ပါတယ်။", "ဒါပေမယ့် မြို့ကြီးပြကြီးတွေနဲ့ ဆက်စပ်နယ်မြေတွေမှာတော့ စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးနိုင်မှု အားကောင်းနေဆဲဖြစ်သလို၊ လက်နက်နဲ့ အဂတိ ပေါင်းပြီး ရက်စက်တဲ့ နည်းပရိယာယ်တွေနဲ့ ဥပဒေကို လိုသလို အသုံးပြု အုပ်ချုပ်နေတာကြောင့်၊ အခုလို စစ်မှုမထမ်းမနေရ ဥပဒေကို အသုံးပြုပြီး ပြည်သူတွေအပေါ် ဥပဒေမဲ့ ရက်ရက်စက်စက် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးမှုးများအပေါ် ထိထိရောက်ရောက် တုန့်ပြန်နိုင်မယ့် မြို့ပြစစ်ဆင်ရေးတွေလည်း ပိုမိုလိုအပ်လာနေပြီ ဖြစ်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/09/34668/
စစ်အာဏာသိမ်းမှုကို တရားဝင်လုပ်ရပ်အဖြစ် နိုင်ငံရေးဝါဒဖြန့်ရန် မင်းအောင် လှိုင်က အမည်ခံ မီဒီယာကောင်စီကို သုံးနေ ၊ နိုင်ငံတကာ မီဒီယာအဖွဲ့များအနေဖြင့် စစ်တပ်လော်ဘီ MPC ကို သပိတ်မှောက်ရန် လို
["By သာလွန်ဇောင်းထက်", "စစ်အာဏာသိမ်းမှုကို တရားဝင်လုပ်ရပ်အဖြစ် နိုင်ငံရေးဝါဒဖြန့်ဖို့အတွက် မင်းအောင်လှိုင်က အမည်ခံ သတင်းမီဒီယာကောင်စီကို တရားဝင် အသုံးပြုလာနေပါပြီ။", "တီမောနိုင်ငံမှာ ဩဂုတ်လ ၂၅ ရက်နေ့ ကနေ ၂၆ ရက်နေ့ အထိကျင်းခဲ့တဲ့ “The Dili Dialogue Forum under the title of Media Challenges” မီဒီယာဖိုရမ်မှာ ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏သား ဖြစ်သူ အေးချမ်းက မင်းအောင်လှိုင် စိတ်ကြိုက် ဖွဲ့စည်းထားတဲ့ မီဒီယာကောင်စီအဖွဲ့ဝင် MPC တက်ရောက်ပြီး စာတမ်းဖတ်ခဲ့ပါတယ်။", "သူ့စာတမ်း အမည်က ” Media Challenges in Myanmar ” ၊ “မြန်မာနိုင်ငံမှ မီဒီယာ စိန်ခေါ်မှုများ” ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ သူ့စာတမ်းအကြောင်း မပြော ခင် အေးချမ်း အကြောင်း ပြောရအောင်ပါ။ အေးချမ်းဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ သမ္မတရုံးဝန်ကြီးဖြစ်ခဲ့တဲ့ ရေတပ်ဗိုလ်ချုပ်ဟောင်း စိုးသိန်းရဲ့ သားဖြစ်ပါတယ်။", "စီးပွားရေး သမား ဖြစ်သလို မီဒီယာအကြောင်း နကန်းတစ်လုံးမှလည်း နားမလည်သူဖြစ်ပါတယ်။ ဘယ်တုန်းကမှ မီဒီယာသမား မဖြစ်ခဲ့လို သတင်းတစ်ပုဒ်တောင်မှ မရေးခဲ့ဖူးသူ စစ်ဗိုလ်ချုပ်သား ခရိုနီတစ်ဦးသာဖြစ်ပါတယ်။", "အေးချမ်းဟာ စီးပွားရေးလုပ်ငန်း rgo47 ရဲ့ ဥက္ကဌ၊ UOB Bank ဒါရိုက်တာနှင့် E-Commerce Association of Myanmar (ECAM) ရဲ့ ဥက္ကဋ္ဌ အကျိုး စီးပွားသမား စီးပွားရေးလောကသားတစ်ဦးသာဖြစ်ပါတယ်။ ဒီလိုလူမျိုးဟာ “မြန်မာ့မီဒီယာ စိန်ခေါ်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်း ဖတ်မယ်ဆိုတာ ဟာသတစ်ပုဒ်လိုပါပဲ။", "အေးချမ်းတင်ပြခဲ့တဲ့ “မြန်မာ့မီဒီယာ စိန်ခေါ်မှုများ” စာတမ်းဟာ စတင်တာနဲ့ စစ်အာဏာသိမ်းမှုက တရားဝင်တယ်၊ NLD က မဲလိမ်မှုတွေကို မရှင်းလို့ အာဏာ သိမ်းရတယ်၊ အကြမ်းဖက်မှုတွေကို NLD CRPH NUG က လုပ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ဝန်ကြီးတွေက လာဘ်စားတယ် စတဲ့ အကြမ်းဖက် စစ်ကောင်စီက ပြောနေတဲ့ အချက်အလက် တွေကိုပဲ ဖတ်ပြခဲ့ပါတယ်။", "ဒါ့အပြင် လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေက သတင်းတု သတင်းမှားတွေ ထုတ်လွှင့်နေပြီး အဲဒီသတင်းဌာနကို ကြည့်ရှုနေသူ သန်းနဲ့ချီတဲ့ လူတွေဟာ ပညာမတတ်လို့ သတင်းအတုတွေကို ယုံကြည်ကြတယ်လို့လည်း ပြောဆိုသွားပြန်ပါတယ်။ Facebook က Blue Mark ပေးထားတိုင်း သတင်းတွေကို မယုံကြည်ရဘဲ အကြမ်းဖက်လုပ်သူတွေ တိုင်း Facebook က Blue Tick ပေးထားတယ်လို့လည်း အေးချမ်းက ဆိုပြန်ပါတယ်။", "သုံးထားတဲ့အချက်အလက်တွေနဲ့ ညွှန်းဆိုမှုတွေကလည်း Myanmar Insider နဲ့ Fact Check လို့ခေါ်တဲ့ စစ်တပ်လော် ဘီတွေ ထူထောင်ထားတဲ့ အဖွဲ့တွေက အချက်အလက်တွေကို ညွှန်းဆိုနေပါတယ်။", "သူ့ စာတမ်း တစ်ခုလုံးသာ ပြီးဆုံးသွားပါတယ်။ မြန်မာမီဒီယာတွေ ကြုံရတဲ့ အခက်အခဲဆိုတာ တစ်လုံးမှ မပါဘဲ အကြမ်းဖက်စစ်ကောင်စီ ဇော်မင်းထွန်းပြောနေကြ စကားတွေကို တီမောနိုင်ငံ မီဒီယာဖိုရမ် မှာ သွားပြီး ဖတ်ပြနေတာပါ။", "အကြမ်းဖက် ဇော်မင်းထွန်း သတင်းစာရှင်းလင်းပွဲကို တီမောနိုင်ငံမှာ ကျင်းပနေသလိုတောင် ဖြစ်နေပါတယ်။", "ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ ၂၀၂၂ ခုနှစ် မေလ ၃ ရက်နဲ့ ၄ ရက်နေ့မှာ ကင်ညာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့သတင်းမီဒီယာကောင်စီ အထွေထွေညီလာခံကိုလည်း စစ်ကောင်စီရဲ့ အမည်ခံ ဖွဲ့စည်ထားတဲ့ MPC ဥက္ကဋ္ဌ အမည်ခံ အုန်းမောင်(မြင်းမူမောင်နိုင်မိုး)နဲ့ ကောင်စီဝင် အေးချမ်းတို့ တက်ရောက်ခဲ့ကြပါတယ်။", "တင်သွင်းတဲ့စာတမ်းကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများရဲ့ အရင်းခံကိစ္စရပ်များ လက်ရှိ အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ပေးတဲ့ အခြေအနေတွေကို သွားရောက်ရှင်းလင်းတာဖြစ်ပါတယ်။ ဘာသတင်းမီဒီယာကိစ္စမှ မပါပါဘူး။", "နောက်ထပ် ပြောချင်တာက ဥက္ကဋ္ဌ အုန်းမောင် ဆိုတာကလည်း သတင်းမီဒီယာသမား မဟုတ်သလို ဘယ်သတင်းသမားနဲ့ မီဒီယာ ကိုမှလည်း ကိုယ်စားမပြုပါဘူး။ အုန်းမောင်ဟာ အကြမ်းဖက်စစ်ကောင်စီက စိတ်ကြိုက် ရွေးချယ်ထားတဲ့ စစ်တပ် အလိုကျ အခွင့်အရေး သမားတွေသာဖြစ်ပါတယ်။", "၂၀၂၁ ခုနှစ် အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ အာဏာသိမ်းချိန်မှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် သတင်းသမားတွေအားလုံး နီးပါး နုတ်ထွက်ခဲ့ကြပါတယ်။", "စစ်တပ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဘက် အတွင်းရေးမှူး ၂ ဖြစ်တဲ့ ကျနော် အပါအဝင် ကောင်စီဝင် သတင်းသမားတွေအာလုံး နုတ်ထွက်ခဲ့တာပါ ။", "အဲဒီနောက် အကြမ်းဖက်က မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ သူ့စိတ်ကြိုက် သတင်းမီဒီယာကောင်စီကို ပြင်ဆင်ဖွဲ့စည်းပါတယ်။", "ဒါပေမယ့် မင်းအောင်လှိုင် ဖွဲ့စည်းမှုက လုံး၀ တရားမဝင်ပါဘူး။ သတင်းမီဒီယာဥပဒေ ပုဒ်မ ၁၃ မှာ “နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အမိန့်ကြော်ငြာစာ ထုတ်ပြန၍ ဖွဲ့စည်းပေးရမည်” လို့ ဖော်ပြထားပါတယ်။", "အကြမ်းဖက် မင်းအောင်လှိုင်ဟာ နိုင်ငံတော်သမ္မတ မဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ကွဲလွဲနေပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဟာ နိုင်ငံတော်သမ္မတကသာလျှင် ဖွဲ့စည်းခွင့်ရှိတဲ့ တရားဝင် အဖွဲ့အစည်း ဖြစ်ပါတယ်။", "အကြမ်းဖက် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ဟာ လက်နက်နဲ့ ခြိမ်းခြောက် အာဏာသိမ်းထားတဲ့ လူယုတ်မာ သာဖြစ်ပါတယ်။ ဒါကြောင့် သူဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီဆိုတာဟာ တရားဝင်မှု မရှိသလို ဘယ်မီဒီယာကိုမှ လည်း ကိုယ်စားမပြုပါဘူး။", "နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လော်ဘီ အလုပ်ကိုသာ လုပ်နေတဲ့ စစ်တပ် အလိုကျ သတင်းမီဒီယာကောင်စီကို အဖက်မလုပ်ဘဲ သပိတ်မှောက်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နိုင်ငံတကာ မီဒီယာအရေး ညီလာခံတွေ ဆွေးနွေးပွဲတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ဝါဒဖြန့်တဲ့ နေရာတွေသာ ဖြစ်လာမှာက အသေအချာပါပဲ။", "(သာလွန်ဇောင်းထက်သည် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ရွေးကောက်ပွဲ နည်းလမ်းအရ ရွေးကောက်ခံ ကောင်စီအဖွဲ့ဝင် ဖြစ်ပြီး ထိုအချိန်က ကောင်စီ၏ တွဲဘက် အတွင်းရေးမှူး ၂ အဖြစ် လည်း ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ စစ်အာဏာသိမ်းမှုကြောင့် ကောင်စီဝင်နှင့် တွဲဘက် အတွင်းရေးမှူး ၂ အဖြစ်မှ နုတ်ထွက်ခဲ့သူလည်းဖြစ်သည်။)"]
https://yktnews.com/2024/09/184833/
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်တွေ ထပ်ပေးနေသလား၊ စိတ်ဓာတ် စစ်ဆင်ရေးလား
["By သိုက်ထွန်းဦး (PPNM)", "အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့ နှင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကို အင်းစိန်အကျဉ်းထောင်အတွင်း သေဒဏ်များ စီရင်လိုက်သည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်။အဆို ပါသတင်းနှင့် ပတ်သက်ပြီး သိရှိထားသမျှ ပြန်လည် တင်ပြလိုပါသည်။", "သေဒဏ်သတင်းပျံ့နှံ့လာခြင်း", "================", "ကျွန်တော်တို့(PPNM)အဖွဲ့သူ၊အဖွဲ့သားများသည် ပြည်သူလူထုသိရှိရန်ခက်ခဲပြီး အကျဉ်းထောင်အသီးသီးတွင် အမှန်တကယ်ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအကျဉ်း သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများ၊ဥပဒေမဲ့ သတ် ဖြတ်မှုများ၊လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနှင့် အဓမ္မပြုကျင့်ခံ‌ရမှုများ၊ ထောင်တွင်း သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား/သူများ၏ အချက်အလက်များ၊ ထောင်အာဏာပိုင်များ၏ လာဘ်စားမှု ကိစ္စရပ်များစွာကို သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြပါသည်။ PPNM အနေဖြင့် အချက်အလက်မှန်ကန်မှုကို အဓိက ထားပြီး ထုတ်ပြန်ခဲ့သည့် အတွက် ထိုထုတ်ပြန်ချက် တစ်ခုချင်းစီကို စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများကအမြဲပြန်လည်ရှင်းလင်းချက်များ ထုတ် ပြန်‌နေရဆဲဖြစ်ပါသည်။", "စက်တင်ဘာလ ပထမအပတ်တွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦး၏ ဖေ့ဘွတ်စာမျက်နှာတွင် “သေဒဏ်ပေးထားသူတွေ ထပ်မံကွပ်မျက်မယ်လို့ သတင်း ထွက် တယ်” ဆိုသည့် အကြောင်းများဖြင့် ဖော်ပြလာသည်။ ထိုကဲ့သို့ ရေးသားခဲ့သည်ကို ပထမဦးစွာ ဖတ်ရပြီးနောက် သေဒဏ်သတင်းသည် စတင်ပျံနှံလာခဲ့ပါသည်။ ‌", "အတည်ပြုနိုင်ခြင်းမရှိသော အဆိုပါ သေဒဏ်ပေးမည့်သတင်း အပေါ် ခန့်မှန်းယူဆချက် အမျိုးမျိုးဖြစ်ခဲ့ရာမှ ပြည်သူများမှာလည်း စိုးရိမ်ပူပန်များစွာ ဖြစ်ပေါ်ခဲ့ကြရသည်။လက်ရှိ အင်းစိန်အကျဉ်းထောင်အတွင်း ရက်အလိုက် ထူး ခြားဖြစ်စဉ်များကို ရက်အလိုက် မှတ်တမ်းရယူထားနိုင်ခဲ့ပါသည်။", "“စက်တင်ဘာလ ၁၄ ရက်", "=================", "ထောင်အကျရုံးတွင် သေဒဏ်ချခံထားရသည့် ကျား ၄ ဦးနှင့် မ ၁ ဦးကို ရဲတပ်ဖွဲ့ဝင်များ ခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ခေါ်ထုတ်လာသည့် သေ ဒဏ်ချမှတ်ခံထားရသူ ၅ ဦးကို ထောင်ဝန်ထမ်းနှင့်ရဲတပ်သား ၁၈ ဦးက လုံခြုံ ရေးယူ၍ ခေါ်ထုတ်ခဲ့ပါသည်။", "စက်တင်ဘာလ ၁၆ ရက်", "=================", "အကျဥ်းထောင်သို့ ဒုညွန်ချုပ် လာရောက်ခဲ့ပြီး အကျဉ်းထောင်အပြင်ဘက်ရှိ ဝန်ထမ်းအရာရှိအိမ်ရာတွင် အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၁၆ ရက်နေ့မှ စ၍ အကျဉ်းထောင်ထဲတွင် Standby (အသင့်အနေ အထား) ပြင်ဆင်ခဲ့ကြပါသည်။", "စက်တင်ဘာလ ၁၉ ရက်‌", "=================", "အကျဉ်းထောင်အတွင်ရှိ ဝန်ထမ်းအားလုံး Standby ထားရှိ၍ အသွားအလာတင်းကျပ် ထားပါသည်။", "စက်တင်ဘာ ၂၂ ရက်", "===============", "ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား/သူများအပါအဝင် အကျဉ်းသား ၅၀၀ ဦးကို ထောင်ပြောင်းခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၅၇ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၆၃ ဦး တို့ပါဝင်ခဲ့ပါသည်။", "စက်တင်ဘာလ ၂၃ ရက်", "=================", "အကျဉ်းထောင်အတွင်း ကြိုးပေးသည့် နေရာသည် သီးသန့်နေရာဖြစ်ပြီး ခွင့်ပြုချက်မရရှိလျှင် အကျဉ်းဦးစီးဝန်ထမ်းများပင် သွားရောက်ရန် မလွယ်ကူသည့်နေရာဖြစ်ပြီးစက်တင်ဘာ ၁၄ ရက်နေ့မှစ၍ အဆိုပါ ကြိုးစင်ရှိရာ နေရာတစ်ဝိုက်ကို တပ်ရဲ ဟူ သီးခြားခေါ်‌သည့် အကျဉ်းဦးစီးဝန်ထမ်းများမှ ထောင်အာဏာပိုင် ၏ အမိန့်အရ တာဝန်ယူထားသည်ကို သိရှိထားရပါသည်။", "ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၄ နာရီတွင် အင်းစိန်ထောင်အား ဗုံးခွဲသည့်အမှုဖြင့် သေဒဏ်ကျခံခဲ့ရသည့် လင်မယားနှစ်ဦးကို ကြိုး ပေး ကွက်မျက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။", "ကြိုးပေးမှုတကယ်ရှိခဲ့လား", "==================", "ကြိုးပေးကွပ်မျက်မှု တကယ်မရှိခဲ့သည့်တိုင်အောင် အဆိုပါ ပျံ့နှံ့လာသည့် သတင်းများကြောင့် သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား/သူများနှင့် ၎င်းတို့၏မိသားစုဝင်များမှာ စိုးရိမ်ပူပန်ကြရပြီး ဝမ်းနည်းပူဆွေးရမှုသည် ပထမဆုံး ထွက်ပေါ်လာသည့် ရလဒ်ဖြစ်နိုင်သည်ကို သတိပြုဆင်ခြင်ကြရမည် ဖြစ်ပါသည်။", "ဒုတိယ အနေဖြင့် စစ်ရေးမှာ ရှုံးနိမ့်နေသည့် စစ်ကောင်စီကို သေဒဏ်အရေးသတိထားမိသွားစေရန် လမ်းကြောင်းတွန်းပို့ရာ မရောက်ရန်လည်း အထူးသတိထားကြရမည် ဖြစ်ပါသည်။ အတည်ပြုထားနိုင်သည့် အချက်အလက်များအရ စက်တင်ဘာ(၂၃)ရက်နေ့တွင် ကြိုးပေးကွပ်မျက်သတ်ဖြတ်ခြင်း မရှိခဲ့သလို ယနေ့ စက်တင်ဘာလ၂၄ရက်နေ့ ကြိုးပေးမည်ဟု ပျံ့နှံ့နေသည့် အကြောင်းအရာများသည်လည်း သတင်းအမှားများသာ ဖြစ်ပါသည်။", "စိတ်ဓာတ်စစ်ဆင်ရေးအထူးသတိပြု", "=========================", "အကျဉ်းထောင်တွင်း အခြေအနေများနှင့်ပတ်သက်၍ ကောလဟာလများကို ရည်ရွယ် ချက်ရှိရှိဖြင့် ဖြန့်ဝေခြင်းခံနေရပါသည်။ ဒါက စိတ်ဓာတ်စစ်ဆင်ရေးတစ်ရပ်ကို စစ်ကောင်စီလက်အောက်ခံနှင့် တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များမှ စနှစ်တကျဖြန့်ဝေလျက်ရှိပါသည်။ ယခုကဲ့သို့ မဟုတ်မမှန် သတင်းများ ပျံ့နှံ့နေခြင်းသည် သေဒဏ်ချခံထားရသူတွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုပ်ဆောင်နေ ခြင်းဖြစ်ပြီး သေဒဏ်ကျခံနေရတဲ့ မိသားစုဝင်တွေကိုပါ တစ်ဖက်လှည့်ဖြင့် စိုးရိမ်ပူပန်ပြီး ဝမ်းနည်း ပူဆွေးအောင် လုပ် ဆောင်နေခြင်းဖြစ်ပါတယ်။", "ထို့ကြောင့် အကျဉ်းထောင်နှင့်ပက်သက်ပြီး သတင်းတစ်ခုခုကြားပါက ချက်ခြင်း မယုံကြည်ဘဲ စိစစ်ရန် အထူးလိုအပ်ပြီး ကြားရသည့်သတင်းက ဘယ်ကစလာတာလဲ အရင်ဆုံး အတည်ပြုသင့်ပါသည်။ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း များ၊သတင်းမီဒီယာများက ထုတ်ပြန်ထား/မထား ပြန်ကြည့်ပြီးမှသာ ယုံ ကြည်ကြပါရန် မေတ္တာရပ်ခံအပ်ပါ သည်။", "(သိုက်ထွန်းဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် -PPNM ၏ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည်။)", "ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်။ Photo- Reuters။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/10/55375/
တိုင်းပြည် ဖျက်ခဲ့သည့် မဘသ သင်္ကန်းဝတ် သုစိတ္တ(ခ) ဂျိုင်းမွှေး အနုတ်ခံ၊ မုဒိမ်း ကိုယ်တော်
["By ဟိဏ်းဝေယံ", "စစ်အာဏာသိမ်းနိုင်ဖို့အတွက် အကြမ်းဖက်စစ်တပ်နဲ့အတူ ရှေ့တန်းက ဦးဆောင်ပြီး တိုင်းပြည်ဖျက်ကြသူတွေထဲမှာ မဘသ အမည်ခံ သင်္ကန်းဝတ် အရည်ခြုံတွေ များစွာ ပါဝင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ သင်္ကန်းခြုံတစ်ဦးကတော့ သုစိတ္တ လို့ခေါ်တဲ့ ပုဂ္ဂိုလ်လည်း အပါအဝင် ဖြစ်ပါတယ်။", "သူနေထိုင်တဲ့ ကျောင်းကတော့ ရန်ကုန်မြို့၊ ဗဟန်းရေခဲဆိုင်မှတ်တိုင်၊ ဗဟန်း ဘင်္ဂလားတိုက်၊ ဦးသာသနာကျောင်းဝင်းထဲမှာ ရှိပါတယ်။ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူတွေ၊ မဘသတွေ၊ လူမိုက်တွေဟာ ပွဲတွေမှန်သမျှ အဲဒီ သုစိတ္တကျောင်းမှာ စုဝေးပြီး စည်းဝေး တိုင်ပင်ကြတာလည်းဖြစ်ပါတယ်။", "မဘသ ဘုန်းကြီး အရည်ခြုံ သုစိတ္တက ငယ်ဖြူ ရဟန်းမဟုတ်ဘဲ သာသနာဆိုင်ရာ ဘာဘွဲ့မှလည်း ရရှိမထားပါဘူး။ ဒါပေမယ့် သူ့ကိုယ်သူတော့ ဓမ္မာစရိယလို့ အမြဲ နာမည်တပ်ထားပါတယ်။", "မဘသ အမျိုးသားရေး အစွန်းရောက်အသိုင်းအ၀ိုင်းကြားမှာတော့ သုစိတ္တကို ဒုတိယ ဝီရသူလို့ ကင် ပွန်းတပ်ထားကြပါတယ်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ရဲ့ အတွင်းရေးမှူးရာထူးကိုလည်း သုစိတ္တက ယူထားပါတယ်။ ရန်ကုန်မြို့အတွင်း မဘသ အမည်ခံ အမျိုးသားရေးအစွန်းရောက် အလုပ်မှန်သမျှကို ကိုယ်တိုင် စီစဥ်ညွှန်ကြား လုပ်ကိုင်ခဲ့တာပါ။", "ရန်ကုန်မှာ NLD အစိုးရလက်ထက် စစ်တပ်ရဲ့ထောက်ပံ့မှုနဲ့ ကျင်းပခဲ့တဲ့ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချရေး ဆန့်ကျင် ဆန္ဒပြပွဲ၊ NLD အစိုးရဖြုတ်ချပွဲ၊ စစ်တပ်ထောက်ခံပွဲ စတဲ့ ပွဲတွေအားလုံးကို သုစိတ္တကျောင်းမှာ စည်းဝေးကြပြီး သုစိတ္တက နာယက ၊ ခေါင်းဆောင် စတဲ့ ပုံစံမျိုးစုံနဲ့ ဦးဆောင်ပါဝင်ခဲ့ပါတယ်။", "သုစိတ္တကို NLD အစိုးရ လက်ထက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊ ဘာသာရေးလူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေရေး ဆူပူ လှုံ့ဆော်မှု တွေနဲ့ မြို့နယ်ရဲစခန်းများစွာက ဖမ်းဝရမ်းများစွာနဲ့ အမှုဖွင့်ခဲ့ပေမယ့် စစ်တပ်က ကာကွယ်ပေးထားလို့ အဖမ်းမခံခဲ့ရပါဘူး။ သူနေတဲ့ ကျောင်းနဲ့ ဗဟန် ရဟန်းစခန်းက ကပ်လျက်ပေမယ့် ရဲတွေလည်း သုစိတ္တကို သွား မဖမ်းရဲကြပါဘူး။", "သုစိတ္တဟာ သင်္ကန်းဝတ်ထားပေမယ့် စာရိတ္တပိုင်းမှာ အကျင့်ပျက်ယွင်းသူလို့ နာမည်ကြီးပါတယ်။ အမျိုးသားရေးအစွန်းရောက်အကြား နာမည်ဆိုး နာမည်ပျက်တွေနဲ့ သုစိတ္တက ကျော်ဇောပါတယ်။", "လွန်ခဲ့သော နှစ်အနည်းငယ်က ပဲခူးမှ အမျိုးသားရေး အစွန်း ရောက် အမျိုးသမီး စန္ဒီမြင့်အောင်နဲ့ သုစိတ္တတို့ ဘင်္ဂလားကျောင်းတိုက်ဝင်းအတွင်းက ကျောင်းတိုက်အခန်းတစ်ခုထဲမှာ ပလူးပလဲ မတော်မရော်လုပ်နေတာကို လူတွေက မြင်တွေ့သွားခဲ့ပါတယ်။", "မာတုကာမနဲ့ သင်္ကန်းဝတ် မသင့်တော်ဘူးလို့ အများပြည်သူတွေက ဝေဖန်ပြောဆို ပြဿနာတက်လာတော့မှ အမျိုး သားရေး အစွန်းရောက် စန္ဒမြင့်အောင်က သုစိတ္တကို ဂျိုင်းမွှေးနှုတ်ပေးနေတာပါ၊ အခြားဘာမှ မလုပ်ပါဘူးဆိုပြီး ဗြောင်လိမ် ရှင်းချက်ထုတ်ရပါတယ်။ အဲဒီအချိန်ကစလို့ ဂျိုင်းမွှေးနှုတ် ကိုယ်တော်လို့လည်း နာမည်ကျော်ဇော ထင်ရှားလာခဲ့ပါတယ်။", "ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်ပါသေးတယ်။ အမျိုးသားရေးသမားတစ်ဦးဖြစ်တဲ့ နာမည်ပြောင် ကပ္ပိယလို့ ခေါ်တဲ့သူရဲ့ ဇနီးကိုလည်း သူ့ကျောင်းကို လာတဲ့ချိန် အခန်းရှင်းပေးပါလို့ ခိုင်းပြီး အခန်းထဲမှာ ဂျက်ထိုးကာ သုစိတ္တက မုဒိမ်း ကျင့်ခဲ့ပါတယ်။", "ဒါကို အမျိုးသားရေးသမား ကပ္ပိယက သူ့ဇနီးကို မုဒိမ်းကျင့်မှုအတွက် သုစိတ္တကို ပြသာနာရှာပါတယ်။ ဒါပေမယ့် သုစိတ္တ ရဲ့ တပည့် လူမိုက် ကျောက်ခဲ အပါအဝင် အမျိုးသားရေးအစွန်းရောက်တွေက ကပ္ပိယကို မုဒိမ်းမှု ကိစ္စ မတိုင်ကြားဖို့နဲ့ ပြဿနာမရှာဖို့ ခြိမ်းခြောက်ကြပါတယ်။ ကပ္ပိယဟာ အိမ်ထောင်ကျတာ ကြာပြီဖြစ်ပေမယ့် သူ့မှာ ချို့ယွင်းချက် ရှိလို့ သားသမီး မရနိုင်ခဲ့ပါဘူး။", "ဒါပေမယ့် သုစိတ္တက သူ့ဇနီးကို မုဒိမ်းကျင့်လိုက်ချိန်မှာတော့ ကိုယ်ဝန် ရရှိလာခဲ့ပါတယ်။ အခုဆိုရင် အဲဒီကလေးက ၃ နှစ်သားလောက်တောင် ရှိနေပါပြီ။ ဒါကိုလည်း အမျိုးသားရေးသမားတွေ အားလုံး သိကြပါတယ်။", "ဒါ့အပြင် သုစိတ္တဟာ ငွေနဲ့ပတ်သက်ရင်လည်း လိမ်လည်မှုများစွာ လုပ်ဆောင်ခဲ့ပါသေးတယ်။ စစ်တပ်ထောက်ခံပွဲ ၊ NLD အစိုးရဖြုတ်ချရေးပွဲတွေအတွက် စစ်တပ်နဲ့ ကြံ့ဖွတ်က ချထားပေးတဲ့ ငွေကြေးတွေကို သူ့တပည့် အမျိုးသားရေး အစွန်းရောက်တွေနဲ့ပေါင်းပြီး လိမ်လည်ကြပါတယ်။", "နာမည်ကြီး ငွေလိမ်လည်မှု တစ်ခုကတော့ ၂၀၁၉ ခုနှစ် လှည်းကူးမှာ အစ္စလမ် ဘာသာဝင်များရဲ့ အစ်နေ့အတွက် နွားတွေ ဝယ်ယူထားကို သွားပြီး ပြဿနာရှာပါတယ်။ နွားတွေကို ဘေးမဲ့ လွှတ်ပေးဖို့ တောင်းဆိုပြီး နွားတွေ ဘေးမဲ့လွတ်လာရင် ကျွေးနိုင်ဖို့ နွားစာဖိုး လူမှုကွန်ရက်မှာ အလှူခံခဲ့ပါတယ်။ နွားစာဖိုး သိန်း ၃၀ ကျော်ရရှိခဲ့ပေမယ့်လည်း အဲဒီငွေတွေက နွားစာအတွက်မဖြစ်ဘဲ သုစိတ္တ လက်ချက်နဲ့ပဲ အဖြောင်ခံလိုက်ရပါသေးတယ်။", "သုစိတ္တက သူ့ကိုယ်သူ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်ဆိုပြီး အမြဲ ကြွားဝါတတ်ပေမယ့်လည်း တကယ့် သူ့နောက်ကြောင်းကို ဖုံးကွယ်ထားလေ့ရှိပါတယ်။", "သင်္ကန်းဝတ်ထားပေမယ့် ဝိနည်းနဲ့ မညီတဲ့ အလုပ်မှန်သမျှ သုစိတ္တလုပ်ခဲ့ပါတယ် ။ ဘာသာရေးလူမျိုးရေး ပဋိပက္ခ ဖြစ်အောင်၊ ၂၀၁၇ ကြေးသွန်းဘုရားမှာ လုပ်ခဲ့တဲ့ NLD အစိုးရဖြုတ်ချရေး သပိတ်မှာလည်း ဘာသာခြားတွေရဲ့ အဆောက်အအုံတွေကို ဗုံးခွဲဖို့ သုစိတ္တက ကြံစည်ခဲ့ပါသေးတယ်။ NLD အစိုးရ ဖြုတ်ချရေး သပိတ်ကနေတစ်ဆင့် မတည်မငြိမ်ဖြစ်ပြီး စစ်အာဏာ သိမ်းအောင် ကြံစည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အကြံအစည်တွေ အထမမြောက်ခဲ့ပါဘူး။", "ဘုန်းကြီးကျောင်းလို့ အမည်ခံထားတဲ့ သုစိတ္တကျောင်းမှာ မြေအောက်ခန်းထားရှိပြီး သူလျှို့ဝှက်ထားချင်တဲ့ ပစ္စည်းတွေကို မြေအောက်ခန်းထဲ ထည့်ထားလေ့ရှိပါတယ်။", "သုစိတ္တဟာ သာသနာအရေခြုံပြီး တိုင်းပြည်ကို ဖျက်ဆီးခဲ့ပါတယ်။ ဝိနည်းနဲ့မညီတာမှန်သမျှ မကောင်း တာမှန်သမျှ သုစိတ္တ လုပ်ခဲ့ပါတယ်။ လုပ်နေဆဲပါပဲ။ ငွေကြေးရဖို့နဲ့ အနေအစားချောင်ဖို့ စစ်တပ်ရဲ့ ကိုးကွယ်ယုံကြည် အလေးထားမှုကို အရမ်းလိုချင်တဲ့ သုစိတ္တဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခရီးလမ်းကို ဖျက်ဆီးခဲ့တဲ့ သမိုင်းတရားခံ တစ်ဦးဆိုရင် မမှားနိုင်ပါဘူး။"]
https://yktnews.com/2022/11/60598/
မင်းအောင်လှိုင်နဲ့ ခင်ရီ အလိုကျ ကပြ အသုံးတော်ခံခဲ့တဲ့ ဗိုလ်ကြီး သန့်ဇင်ကျော်(သို့မဟုတ်) မဘသ၊ အမျိုးသားရေး အစွန်းရောက်များအတွက် ငွေထုပ်ကြီး
["By ဟိဏ်းဝေယံ", "မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တဲ့ အမျိုးသားရေး ဝါဒနဲ့ စစ်တပ်နဲ့ ကြံ့ဖွတ်က ရေရှည် အာဏာ စွဲကိုင်ထားဖို့ မင်းအောင်လှိုင်နဲ့ ခင်ရီက ချိတ်ဆက် ဟန်ချက်ညီညီ လှုပ်ရှားခဲ့တယ်ဆိုတာ ဆောင်းပါးတွေ များစွာ ရေးသားဖော်ထုတ်တင်ပြခဲ့ပြီးဖြစ်ပါတယ်။", "အခုဒီတစ်ပတ်ပြောချင်တာကတော့ မင်းအောင်လှိုင်နဲ့ ခင်ရီတို့ရဲ့ ရည်မှန်ချက် အကောင်အထည်ဖော်ဖို့ ပါဝင်ကပြကြ အသုံးတော်ခံတဲ့ စစ်တပ်အရာရှိတစ်ဦးအကြောင်းကို ပြောချင်တာပါ။ သူ့အကြောင်းဆောင်းပါးတချို့မှာတော့ ဖော်ပြခဲ့ဖူးပေမယ့် အသေးစိတ်တော့ မဖော်ပြခဲ့ပါဘူး။ ဒီတစ်ပတ်မှာတော့ အဲဒီ စစ်အရာရှိအကြောင်းကို ဖော်ပြမှာ ဖြစ်ပါတယ်။", "မင်းအောင်လှိုင်နဲ့ ခင်ရီ ခိုင်းသမျှကို လုပ်ပေးပြီး အမျိုးသားရေးအစွန်းရောက်၊ မဘသတွေနဲ့ ကြားခံ ချိတ်ပေးတဲ့အလုပ်ကို စစ်အရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော်က လုပ်ကိုင်ပါတယ်။ ဗိုလ်ကြီးသန့်ဇင်ကျော်ဆိုသူကတော့ စစ် တက္ကသိုလ် အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်ပြီး စစ်ဘက်ရေးရာလုံခြုံရေးဌာန၊ ပြည်သူ့ဆက်ဆံရေး အရာရှိ ဖြစ်ပါတယ်။", "သူရဲ့ အဓိက တာဝန်က မင်းအောင်လှိုင်နဲ့ ခင်ရီတို့ရဲ့ ခိုင်းတာကို လုပ်ပေးရသူပါ။ ခင်ရီနဲ့မင်းအောင်လှိုင်တို့ဟာ အမျိုးသားရေး၊ မဘသတွေကို နောက်ကွယ်ကနေ ထိန်းချုပ်ရာမှာ ဗိုလ်ကြီးသန့်ဇင်ကျော်ကနေ တစ်ဆင့် ချိတ်ဆက် လုပ်ဆောင်ပါတယ်။ NLD အစိုးရခေတ်မှာ မင်းအောင်လှိုင်ဆီကို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်တဲ့ အထိ ဗိုလ်ကြီးသန့်ဇင်ကျော်က ထိရောက်ပါတယ်။", "ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ မဘသ၊ အမျိုးသားရေး သမားတွေရဲ့ ငွေထုပ်ကြီးလို့ အမည်တပ်ခံထားရသူဆိုရင်လည်း မမှားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးနဲ့ မဘသ တွေလုပ်မယ့် စစ်တပ်ထောက်ခံ၊ NLD အစိုးရဖြုတ်ချပွဲ၊ သာသနာရေးဝန်ကြီး ဦးအောင်ကို ဖြုတ်ချပွဲတွေမှာ ဗိုလ်ကြီးသန့်ဇင်ကျော်က ငွေကျပ် သိန်းရာထောင်ချီကို ထုတ်ပေးခဲ့လို့ပါပဲ။ ဒီပိုက်ဆံတွေက မင်းအောင်လှိုင်နဲ့ ခင်ရီဆီကနေ သန့်ဇင်ကျော်က လက်ခံပြီး မဘသနဲ့ အမျိုးသား ရေးအစွန်းရောက်တွေ ဆီ တစ်ဆင့် ပြန်လည်ချပေးတာလည်းဖြစ်ပါတယ်။", "ဒါ့အပြင်နောက်ပိုင်းမှာ အေးနေဝင်းနဲ့ပါချိတ်ဆက်ပြီး ငွေကြေးအင်အား ပိုမိုတောင့်တင်းအောင် သန့်ဇင်ကျော်က လုပ်ဆောင်ခဲ့ပါတယ်။ အေးနေဝင်းနဲ့ အမျိုးသားရေးသမားတွေ ၂၀၁၆ ခုနှစ် ရွှေဘဲစားသောက်ဆိုင်မှာ တွေ့ဆုံနိုင်အောင် သန့်ဇင်ကျော်ကပဲ ကမကထပြုပြီး ဆောင်ရွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။", "ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ ၂၀၂၀ ရွေးကောက်ပွဲ အပြီး NLD ပါတီ အနိုင်ရသွားပြီလို့ ကြေညာတဲ့အချိန်မှာ ရွေးကောက်ပွဲ အလိုမရှိ ဆန္ဒပြပွဲတွေ၊ UEC အလိုမရှိဆိုတဲ့ ဆန္ဒပြမှုတွေ အပါအဝင် ပဋိပက္ခတွေ တစ်နိုင်ငံလုံး ဖြစ်လာအောင် ပွဲတွေကို ဆက်တိုက် စီစဉ်ခဲ့ပါတယ်။", "၂၀၂၀ ရွေးကောက်ပွဲအပြီး စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာရေး မြေပြင်မှာ ဆန္ဒပြပွဲ ဗီနိုင်းက အစ ကိုယ်တိုင် ရိုက်နှက်ပေးပြီး နောက်ထပ် NLD အစိုးရသစ်တာဝန်မယူခင် စစ်အာဏာသိမ်းရေး အင်တိုက် အားတိုက် ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။", "စစ်တပ်နဲ့ ကြံ့ဖွတ်ရဲ့ ကြားခံ ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ မဘသနဲ့ အမျိုးသားရေးအစွန်းရောက်အတွက် ငွေကြေး ပံ့ပိုးပေးရင် ကော်မရှင်စားပုံစံနဲ့ ဖြတ်စားလဘ်စားလုပ်နိုင်တဲ့အတွက် သူလည်း ချမ်းသာလာခဲ့ပါတယ်။ ဟိုတယ်တစ်လုံးနဲ့ KTV တစ်ခုပိုင်ဆိုင်တဲ့အထိကို ချမ်းသာလာတာပါ။", "လက်ရှိ မင်္ဂလာဒုံ အမြောက်တပ်ဝင်း အတွင်းမှာရှိတဲ့ ကန်တင်းမှာ ရွှေနန်းတော်ဆိုတဲ့ စားသောက်ဆိုင်ကို ဖွင့်ထားပြီး အဲဒီတပ်ဝင်းအတွင်းမှာ နေထိုင်ပါတယ်။ ရွှေပေါက်ကံ ပန်းခြံနားမှာ အုပ်ချုပ်ရေးမှူး ဦးနိုင်နဲ့ ပူးပေါင်းပြီး မြေကွက်တွေအကွက်ရိုက် ရောင်းချမှုတွေလုပ်ခဲ့ပါသေးတယ်။ ရွှေပေါက်ကံမှာလည်း သူအိမ်ဝယ်ထားပါတယ်။", "နောက်ထပ်သူရဲ့စီးပွားရေးတွေကတော့ ပြင်ဦးလွင် မှာ သီဟဗလ ဆိုတဲ့ ဟိုတယ် နဲ့ လားရှိုးမှာ Swal KTV & Bar ဆိုတဲ့ ဆိုင်တွေကို သန့်ဇင်ကျော်က ပိုင်ဆိုင်ပါတယ်။", "သန့်ဇင်ကျော် က ဆန္ဒပြပွဲ သပိတ်ပွဲတွေချထားပေးမှုက ရတဲ့ငွေကြေးတွေကို သူ့ညီမဖြစ်သူ အိအိဖြိုးကျော် ထံ အမြဲ အပ်နှံထားလေ့ရှိပါတယ် ။ လားရှိုးက KTV ကိုတော့ သူ့ရဲ့ညီဖြစ်သူ အလတ်ကောင် သီဟ နဲ့ လွှဲအပ်ထားပြီး ပြင်ဦးလွင် က သီဟဗလ ဟိုတယ်ကိုတော့ သူ့ညီ အငယ်ကောင် စည်သူကျော် ကို လွှဲအပ်ထားပါတယ်။", "သန့်ဇင်ကျော်ကိုယ်တိုင်ကတော့ အခုလက်ရှိ ရွှေပေါက်ကံ ပန်းခြံနားမှာ မြေကွက်တွေ အကွက်ရိုက် ရောင်းစားနေပါတယ်။", "မဘသ၊ အမျိုးသားရေးအစွန်းရောက် ဝါဒတွေနဲ့ တိုင်းပြည်ဖျက်ဆီးခဲ့သူတွေထဲမှာ သန့်ဇင်ကျော်ဟာ စစ်တပ်နဲ့ မဘသ လည်ပတ်နေတဲ့ ယန္တရားရဲ့ အစိတ်အပိုင်းကြီးတစ်ခု အဖြစ် ပါဝင်နေတဲ့အပြင် လက်ရှိမှာလည်း ပျူစောထီး၊ သွေးသောက်စတဲ့ လူသတ်တဲ့အဖွဲ့တွေကို ဆက်လက် ထောက်ပံ့ကူညီနေတာလည်းဖြစ်ပါတယ်။", "ဓာတ်ပုံ- စရဖ ဗိုလ်ကြီးသန့်ဇင်ကျော်၊ ညီဖြစ်သူ သီဟ၊ ညီမဖြစ်သူ အိအိဖြိုးကျော် ညီအငယ်ဆုံး စည်သူကျော် ။ (ဝဲမှယာ)"]
https://yktnews.com/2022/12/69579/
ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ ထောက်ခံအားပေးမှုနဲ့ မဘသတွေ မတရားသိမ်းပိုက်ခဲ့တဲ့ ဦးသာ့သနာကျောင်းတိုက် (သို့မဟုတ်) အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဌာနချုပ်
["By ဟိဏ်းဝေယံ", "ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်လို့ နာမည်ကြားလိုက်ရုံနဲ့ အမျိုးသားရေး အစွန်းရောက်တွေ၊ မဘသတွေ ၊ အကြမ်းဖက် စစ်တပ်ကို ထောက်ခံအားပေးသူတွေ စုဝေးရာ နေရာအဖြစ် အားလုံး သိရှိခဲ့ကြပြီဖြစ်ပါတယ်။", "အဲဒီကျောင်းတိုက်ကို မဘသ အစွန်းရောက်လည်းဖြစ်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့သူလို့ စွပ်စွဲ ခံထားရတဲ့ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တက အဓိက နေထိုင်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ အမျိုးသားရေးနဲ့ ဘာသာရေး အစွန်းရောက် ဝါဒ ရှင်သန်ကြီးထွားရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။", "တကယ်တော့ အဲဒီကျောင်းတိုက်ကို အစွန်းရောက် သုစိတ္တက မတရား သိမ်းယူခဲ့တာ ဖြစ် ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မဘသအဖွဲ့ကပဲ မိုက်ကြေးခွဲပြီး သိမ်းယူထားတဲ့ ကျောင်းဆိုရင် လည်း မမှားနိုင်ပါဘူး။", "မဘသ လက်ထဲ မရောက်ခင် ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ကို ပိုင်ဆိုင် သူ ကျောင်းထိုင် ဆရာတော် ဦးဥက္ကံဖြစ်ပါတယ်။ ဦးဥက္ကံက ကျောင်းတိုက်ကို အခြားဘုန်းကြီးတစ်ဦးထံ ငွေနဲ့ရောင်းပြီး လူထွက် မိန်းမယူသွားခဲ့ပါတယ်။", "ကျောင်းရဲ့ ပထမပိုင်ရှင် ဘုန်းကြီး ဦးဥက္ကံက ကျောင်းကိုရောင်း၊ လူထွက် ၊ မိန်းမယူပြီး အဲဒီကျောင်း ရောင်း ရတဲ့ငွေတွေနဲ့ အပြင်မှာသုံးဖြုန်းပါတယ်။ လူထွက်လို့ ရှိသမျှစည်းစိမ်အကုန် ကုန်သွားတော့မှ ဦးက္ကံက သင်္ကန်းပြန်ဝတ်ပြီး အဲ့ကျောင်းပေါ်တက်နေတာ။ အဲဒီလိုတက်နေတော့ ကျောင်းကို ဝယ် ထား တဲ့ ကျောင်းထိုင်ဘုန်းကြီးက လက်မခံဘူး။", "အဲဒီလို ကျောင်းထိုင်ဘုန်းကြီးက လက်မခံတော့ မောင်းချတဲ့အခါ ဦးဥက္ကံက မဘသအဖွဲ့တွေနဲ့ပေါင်း၊ မြောက်ဒဂုံက ဘုန်းကြီးလူမိုက်တွေကိုခေါ်၊ နောက်ထပ် တခြားလူမိုက်တွေကိုလည်း သင်္ကန်းခြုံပေး၊ ဒီကျောင်းကိုပြန်ရရင် သူတစ်ဝက်၊ မဘသတစ်ဝက် ပြန်ခွဲယူမယ်ဆိုပြီး ဘုန်းကြီးအပါး ၅၀ ကျော် လောက် ဒိုင်နာကားတွေနဲ့ ဦးသာ့သနာကျောင်းကို ရောက်ချလာပြီး အဲ့ကျောင်းကို မိုက်ကြေးခွဲ ဝင် သိမ်း ထားတာ။ မိုက်ကြေးခွဲ ဝင်ရိုက်တဲ့အုပ်စုထဲမှာ ဝင်းကိုကိုလတ် (စွစောင်း) တို့အုပ်စု တောင် ပါ ပါသေးတယ်။", "သူတို့အားလုံးက အဲဒီဘုန်းကြီးကျောင်းမှာနေနေတဲ့ မည်သူ့ကိုမဆို ရိုက်ထုတ်ပစ်ပြီး အကုန်မောင်းချ၊ ကျောင်းကို ဝယ်ယူထားတဲ့ဘုန်းကြီးဆို သင်္ကန်းတစ်စုံနဲ့ ကျောင်းပေါ်ကနေ ဆင်းပြေးရပါတယ်။", "ကျောင်းဝယ်ယူခဲ့တဲ့ ဒုတိယပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးက သာသနာ့ရေးရာတွေကော သက်ဆိုင်ရာ ဌာန တွေမှာရော တရားစွဲ၊ အမှုဖွင့်ပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ မဘသအဖွဲ့ရဲ့ ကျောင်း တိုက် မတရားဝင်ရောက်သိမ်းပိုက် မှုကို အရေးယူမပေးပါဘူး။", "အဲ့ဒီအချိန်အခါတုန်းက ဗိုလ်ချုပ်မြင့်ဆွေက မဘသတွေရဲ့ ကျောထောက်နောက်ခံ ဖြစ်နေပြီး ဗိုလ်ချုပ်ကြီးမြင့်ဆွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူး ရယူထားချိန်လည်းဖြစ်ပါတယ်။", "လက်ရှိအချိန်အထိ ပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးလည်း ရန်ကုန်ကနေထွက်ပြီး တခြားမြို့မှာ သီတင်း သုံးနေရတယ်။", "အဲဒီကျောင်းကို မဘသနဲ့ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတွေ လုပ်ဖို့ ငွေထုပ် တွေလာ ပို့တဲ့ အထဲမှာ ကြံ့ဖွတ်ပါတီက အထက်ပိုင်းလူကြီးတွေပါသလို စစ်တပ်ဘက်က အရာရှိ အကြီး ပိုင်းတွေ လည်း ဝင်ထွက်သွားလာနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။", "ကျောင်းကမောင်းထုတ်ခံရတဲ့သူတွေက ကျောင်းအတွင်းကျန်ရှိနေတဲ့ သူတို့ပစ္စည်းအထုပ်အထည်တွေ လာယူတာတောင် ကျောင်းဝင်းအနားအကပ်မခံဘူး။ ကပ်တာနဲ့ ဟိုကောင်ကရိုက်မယ်၊ ဒီကောင်က ရိုက်မယ်၊ ဟိုဘုန်းကြီးကရိုက်မယ်၊ ဒီဘုန်းကြီးကရိုက်မယ်နဲ့ ကျောင်းထဲကို လုံးဝအဝင်မခံတော့ဘူး။", "၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရတစ်ရပ် ဖြစ်လာတော့မယ်ဆိုတာ စစ်အာဏာရှင်တွေက ကြိုမြင်ခဲ့ကြတော့ ဗဟန်း ဦးသာသနာ့ကျောင်းကို တိုင်းပြည်ကို အဖျက်အမှောက်လုပ်ဖို့ လူယုတ်မာ တွေ စုဝေးဖို့ ဌာနချုပ် အဖြစ် ရည်ရွယ်ပြီး မဘသနဲ့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုယူ သိမ်းပိုက် ခဲ့ကြ တာလည်းဖြစ်ပါတယ်။", "ကျောင်းဖွဲ့စည်းပုံက အောက်ခြေအုတ်မြစ်ချ ပျဉ်ထောင်နှစ်ထပ်ကျောင်းဖြစ်ပြီး မြေအောက်ခန်း လည်း ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းထဲမှာ တုတ်၊ ဓါးလက်နက်တွေ သိုလှောင်ရာနေရာအဖြစ် ထားရှိပြီး၊ ယနေ့အချိန်ထိဆို ခဲယမ်း၊ သေနတ်၊ လက်ပစ်ဗုံးတွေတောင် သိမ်းဆည်းခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် NLD အစိုးရ ဖြုတ်ချရေး ကြေးသွန်းသပိတ်နဲ့ ဆက်စပ်နေတဲ့ ဝရမ်းပြေးကျောက်ခဲက မြ၀တီက ဝယ်လာတဲ့ လက်ပစ်ဗုံး ၅ လုံးကို အဲဒီကျောင်းမှာ ထားခဲ့တာပါ။", "အဲဒီကျောင်းကို သိမ်းယူထားတဲ့ ယခင်မဘသအဖွဲ့အစည်းကို ဘယ်သူတွေ နောက်ကွယ်က ကြိုးကိုင် ထား သလဲဆို သိနိုင်ပါပြီ။", "မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ ရဲ့ တပည့်တွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး Myanmar National Organization (MNO) အဖွဲ့ ဖွဲ့စည်းတာ၊ စစ် တပ်ထောက်ခံရေး သပိတ်တွေ၊ NLD အစိုးရ ဖြုတ်ချရေး သပိတ်တွေ၊ ဘာသာရေးနဲ့လူမျိုးရေး အဓိက ရုဏ်းတွေ ဖန်တီးဖို့ကြိုးစားမှုတွေအားလုံးက အဲဒီ ကျောင်းတိုက်မှာပဲအခြေပြုတာ ဖြစ်ပါတယ်။", "၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု စတင်ဖြစ်ပေါ်ပြီး ပြည်သူလူထုက လက်မခံနိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်နေကြချိန်မှာ ဗဟန်းရေခဲဆိုင် မှတ်တိုင် (ရွှေကောင်းဟော့ပေါ့အနီး) ဆန္ဒပြပြည်သူလူထုရဲ့ ကားမှန်တွေကို သင်္ကန်းဝတ် တချို့က အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဥ်ကို အားလုံး မှတ်မိ ကြမယ်ထင်ပါတယ်။ ဒီဖြစ်စဥ်ဟာဆိုရင်လည်း သုစိတ္တ ဥိးဆောင်တဲ့ ဘင်္ဂလားတိုက် ဦးသာသနာ့ ကျောင်းမှာ နေထိုင်တဲ့ အမျိုးသားရေးအမည်ခံ အစွန်းရောက် မဘသ သင်္ကန်းဝတ်တွေက ကျောင်း တိုက် အခြေပြုပြီး ပြည်သူလူထုကို အကြမ်းဖက်ခဲ့ကြတာလည်းဖြစ်ပါတယ်။", "စစ်ကောင်စီဘက်က အဲဒီလို ပြည်သူလူထုရဲ့ ကားမှန်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့တဲ့ အစွန်းရောက် မဘသနဲ့ အမျိုးသားရေးတွေကို မဖမ်းဆီးခဲ့တဲ့အပြင် အကာအကွယ်တောင်ပေးခဲ့ကြပါသေးတယ်။", "မဘသ သင်္ကန်းဝတ် သုစိတ္တနေထိုင်ရာ ဘင်္ဂလားတိုက် ဦးသာသနာကျောင်းတိုက်ဟာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်အာဏာသိမ်းမှုမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့လဲဆိုတာ သတိထားမိနိုင် ကြပြီ ထင်ပါတယ်။", "ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ဆိုတာဟာ စစ်တပ်နဲ့ မဘသ၊ အမျိုးသားရေး သမားတွေ လက်တွဲညီညီ တိုင်းပြည်ချောက်ထဲ ဆွဲချခဲ့တဲ့ သမိုင်း၊ စစ်အာဏာရှင် ပံ့ပိုးရေးအတွက် အဓိက လှုပ်ရှား ခဲ့ကြတဲ့ နေရာဌာနချုပ်အဖြစ် ရာဇဝင် အမည်းစက် ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။", "ဓာတ်ပုံ- မြင့်ဆွေနဲ့ မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ။"]
https://yktnews.com/2022/09/37765/
အမျိုးသားရေး ၊ မဘသ အစွန်းရောက် အမည်ခံ လူသတ်သမား၊ လောင်းကစားဒိုင်နှင့် ဒုစရိုက်သမားများ (သို့မဟုတ်) စစ်တပ် လက်ကိုင်တုတ် လူမိုက် တင်လင်းထိုက်
["By ဟိဏ်းဝေယံ(တချိန်က မဘသ)", "စစ်တပ်က အမျိုးသားရေး နှင့် မဘသ အစွန်းရောက် အမည်ခံ လူသတ်သမား၊ လောင်းကစားဒိုင်နှင့် ဒုစရိုက်သမားများကို ၂၀၁၁ ခုနှစ်အချိန်ကတည်းက စတင် မွေးမြူခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ယနေ့ ၂၀၂၂ ခုနှစ် ၁၁ နှစ်ကျော်ကာလအတွင်း အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး အစွန်းရောက်များစွာ စစ်တပ်က မွေးထုတ်ခဲ့သည်။", "တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သော လူသတ်သမား ကြည်လင်း အပါအဝင် တရားဥပဒေကို စစ်တပ် အားကိုးဖြင့် မထီမဲ့မြင်ပြုကြသည့် လူမိုက်၊ လူဇိုးနှင့်လူဆိုးများစွာသည် စစ်တပ်က အကာအကွယ်ပေးထားသော အမျိုး သားရေး၊ မဘသ အမည်ခံ လှုပ်ရှားသူများဖြစ်လာကြသည်။", "အမျိုးသားရေး အစွန်းရောက်တိုင်းက ဒုစရိုက်သမားများ မဟုတ်ကြသော်လည်း မဘသနှင့် အမျိုးသားရေး အစွန်း ရောက်လှုပ်ရှားမှုများကို ဦးဆောင်ကြသူတိုင်း ဒုစရိုက်သမားများဖြစ်နေကြပြန်သည်။ နောက်ဆုံး NLD နှင့် လူထုခေါင်းဆောင် အဒေါ်အောင်ဆန်းစုကြည် ကို ဆဲဆိုလျှင်ပင် ဘာမှ လုပ်စရာမလိုဘဲ စစ်တပ်ထံမှ ငွေကြေးနှင့် ထောက် ပံ့မှုများရကာ အနေအစား ချောင်လည်ကြသည်။", "ထို့ကြောင့် အမျိုးသားရေး အမည်ခံ မဘသ အဖွဲ့အတွင်းသို့ သူခိုးမှအစ ဖာခေါင်း အလယ် လူမိုက်ဇိုးသမား အဆုံး အကာအကွယ် ယူရန် ဝင်ရောက်ခဲ့ကြသည်။ ထိုထဲတွင် သာကေတမှ ၂ လုံး၊ ၃ လုံးဒိုင်၊ လောင်းကစား၀ိုင်းများနှင့် ဇိုးအဖြစ် ကျော်ကြားသူ လင်းလင်း (ခေါ်) တင်လင်းထိုက်လည်း ပါဝင်နေသည်။", "မဘသနှင့် အမျိုးသားရေးအစွန်းရောက်အဖြစ် စစ်တပ်၏ လက်ကိုင်တုတ် မဖြစ်ခင်က တင်လင်းထိုက်သည် ၂၀၀၈ ကာလ နှစ်ကြိမ်တိတိ လောင်းကစားမှုဖြင့် အဖမ်းခံခဲ့ရပြီး နှစ်ကြိမ်လုံး ထောင်မကျဘဲ ငွေကြေး လာဘ်ထိုး၍ လွတ်မြောက်ခဲ့သည်။", "တင်လင်းထိုက် ဇကလည်း မသေးလှ။ လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်နေစဉ် စစ်တပ်အရာရှိ တစ်ဦးက ၎င်းထံတွင် ဘောလုံးပွဲ ပုံမှန် လောင်းရင်း ရင်းနှီးသွားခဲ့ကြသည်။ ထိုစစ်တပ်အရာရှိ ဘောပွဲလောင်း၍ နိုင်သဖြင့် တင်လင်းထိုက် နေအိမ်တွင် လောင်းကြေး အနိုင်ရငွေ လာထုတ်သောအခါ မိတ်ဆွေ လူမိုက် ဝင်းထွဋ်ဝင်းနှင့် ပေါင်းကာ ၀ိုင်းရိုက်ကြသည်။ ယင်းနောက် တင်လင်းထိုက်တို့ကပင် စစ်အရာရှိက အိမ်ပေါ်တတ် သေနတ်ပြ၍ ချိန်းခြောက်ငွေလုပါသည်ဟု အမှုပြန်ဖွင့်ခဲ့သည်။ ထိုမျှ ဆိုးသွမ်းလူလည်ကျလွန်းသူ တင်လင်းထိုက်သည် နောက်ပိုင်းတွင် စစ်တပ်၏ လက်ကိုင် တုတ် အမျိုးသားရေး၊ မဘသ အမည်ခံ လှုပ်ရှားမှု၏ ဦးဆောင်သူတစ်ဦးဖြစ်လာသည်။", "၂၀၁၁ ခုနှစ် ၉၆၉ အဖွဲ့များ စတင်ပေါ်ပေါက်လာချိန် ၉၆၉ မဘသ အမျိုးသားရေးအမည်ခံ အစွန်းရောက်အဖွဲ့တွင်ပါဝင်ခဲ့သည်။ စစ်တပ်နှင့်သိန်းအစိုးရက အမျိုးသားရေးဆိုသူများကို မြှောက်စားချိန် အမျိုးသားရေးအစွန်းရောက် အယူအဆ အားကောင်းလာချိန်တွင် သူက ၎င်းလုပ်ဆောင်နေသည့် လောင်းကစားဒိုင်အ ပါအဝင် ဒုစရိုက် လုပ်ငန်းများကို အကာကွယ်ရနိုင်အောင် အမျိုးသားရေးသမားအဖြစ်သူ့ကိုယ်သူပုံ ပေါ်ဖော်ကာ မဘသ အဖွဲ့ထဲ ပူးကပ်ပါဝင်ခဲ့သည်။", "သူ့ကို ဒုစရိုက်လုပ်ငန်းများနှင့်ပတ်သက်၍ အကြောင်းတခုခု ကြောင့် ခရိုင်ရဲစခန်း၊ မြို့နယ် ရဲစခန်းများက ခေါ်ယူလျှင် အမျိုးသားရေး ဦးဆောင်လှုပ်ရှားသူကို အာဏာပိုင်က ခေါ်ယူသည်ဟု ဝါဒဖြန့်မှုကြောင့် နောက်ပိုင်း အာဏာ ပိုင်များက ၎င်းကို အလွယ်တကူ ဆင့်ခေါ်ရန် မဝံ့မရဲဖြစ်လာကြသည်။", "တင်လင်းထိုက်က စစ်တပ်နှင့်မြို့နယ်ယန္တရားများ၏ ပံ့ပိုးမှုဖြင့် အမျိုးသားရေး အစွန်းရောက်အလုပ်အဖြစ် အစ္စလာမ် ဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားတွေကိုနှောက်ယှက် ပိတ်သိမ်းခြင်း ၊ အစ္စဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ ချိတ်ပိတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။", "လောင်းကစားဒိုင်၊ လူမိုက်၊ ဒုစရိုက်သမား တင်လင်းထိုက်သည် အမျိုးသားရေး လောကတွင် နာမည်ရလာပြီး စစ် တပ်ဘက်က အကြီးအကျယ် အကာအကွယ်ပေးလားသည်။ တင်လင်းထိုက်၏ နောက် ကြောင်း ဇစ်မြစ်ကို အမျိုးသားရေး အစွန်းရောက်များက မသိကြပေဘဲ မဘသ အမျိုးသားရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြသည်။", "တင်လင်းထိုက် အမျိုးသားရေး အစွန်းရောက်နှင့် မဘသအဖြစ် လှုပ်ရှားခြင်းက ရည်ရွယ်ချက်တစ်ခုတည်းပင်။ သူ၏ ဒုစရိုက်နှင့် လောင်းကစားလုပ်ငန်းများအတွက် ကာဗာယူခြင်းသာဖြစ်သည်။ တင်လင်းထိုက်သည်လည်း အစ္စလမ်ဘာသာဝင် အသိုင်းအ၀ိုင်းမှပင်ဖြစ်ပြီး ယုံကြည်၍ အမျိုးသားရေးနှင့် မဘသ အလုပ်လုပ်ခြင်းမဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းခြင်းသာဖြစ်သည်။", "လက်ရှိအချိန်အထိ တင်လင်းထိုက်သည် လူမိုက် တပည့်တပန်းများစွာဖြင့် သာကေတ တစ်ကြော မင်းမူလျက်ရှိသည်။ လူမိုက်လောက ၊ လောင်းကစားလောကတွင် တင်လင်းထိုက် ပါဝင်ပတ်သက် ဗိုလ်ကျ အနိုင်ကျင့်မှုများစွာ အမျိုးသားရေး၊ မဘသ အမည်ခံပြီးနောက် ပို၍ လက်ရဲ ဇက်ရဲလုပ်ကိုင်လာသည်။", "NLD အစိုးရက ၎င်း၏ မဘသ အစွန်းရောက်လှုပ်ရှားမှုများကြောင့် ဖမ်းရန် အမှုဖွင့်ခဲ့သော်လည်း သာကေတရဲက စစ်တပ်၏ ကာကွယ်ထားမှုကြောင့် မဖမ်းဘဲ လွှတ်ပေးထားခဲ့ရသည်။ ၀ရမ်းပြေး အမည်ခံသော်လည်း လွတ်လပ်စွာပင် သွားလာနိုင်ခဲ့ပြီး မဖြစ်တော့သည့်အခြေအနေတွင်မှ အင်းစိန်ထောင်သို့ အဖမ်းခံခဲ့သည်။ အင်းစိန်ထောင်တွင်လည်း လူသတ်သမား ကြည်လင်း အပါအဝင် မဘသ အစွန်း ရောက်များနှင့် ထောင်တွင်း ကထိန်ပွဲကို ခြိမ့်ခြိမ့်သဲ စစ်တပ်၏ ထောက်ပံ့မှုဖြင့် ကထိန်းခင်းခဲ့ပြန်သည်။", "ယခုအခါ တင်လင်းထိုက်သည် အမျိုးသားရေး အစွန်းရောက် အဖြစ်မှ သွေး သောက်အဖွဲ့ဆိုသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူများ၊ NLD ပါတီဝင်များကို သတ်ဖြတ်နေသည့် အဖွဲ့တွင် ပါဝင်ပတ်သက်ခြင်းဖြင့် စစ်တပ်၏ ယန္တရားနှင့် စစ်အာဏာရှင်၏ ဩဇာ အာဏာစက် တည်မြဲရေးအတွက် ဆက်လက် အသုံးတော်ခံ ပါဝင်နေဆဲဖြစ် သည်။", "ဓာတ်ပုံ- ၂၀၁၈ ခုနှစ် အင်းစိန်ထောင်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သတ်ဖြတ်ခဲ့သည့် ကြည်လင်း အပါအဝင် တရားခံများနှင့် တွေ့ရသည့် တင်လင်းထိုက်။"]
https://yktnews.com/2024/05/162401/
မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ မြန်မာစစ်တပ် လဲပြိုကျခြင်း
["By အီဂေါ ဗလာဇီဗစ်", "ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်၊ ကချင်၊ ကရင်နဲ့ ကရင်နီတွေမှာ ကြီးကြီးကျယ်ကျယ် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာစစ်တပ်ကိုကြည့်ပြီး ခုချိန်ကာလ မေလ ၂၀၂၄မှာ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုကို မျှော်ကြည့်လို့ရနိုင်စရာ အနာဂတ် မှန်းဆချက် ၄ ခုလောက်ရှိပါတယ်။", "ဒီအနာဂတ် မှန်းဆချက်အရ စကစပြိုကျခဲ့မယ်ဆိုရင် အကောင်းဘက်ကို တိုင်းပြည်ပြောင်းလဲဖို့ ဖြစ်လာမှာပါ။ မဟာမိတ် လွတ်မြောက်ရေးတပ်ပေါင်းစုတွေဟာ မြန်မာနိုင်ငံ နေရာအသီးသီးကနေ တိုက်ပွဲတွေ ဖော်ဆောင်ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရလာကြမယ်ဆိုရင် စစ်တပ်စခန်းချ ထားတဲ့နေရာတွေကို ပိုပြီးစီးမိလာမှာဖြစ်ပါတယ်။", "သူတို့စခန်းတွေ၊ နယ်မြေတွေ၊ သူတို့အခြေစိုက်တဲ့ မြို့ကြီးတွေကို ရလာပြီး လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ပိုပြီး သိမ်းဆည်း လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအောင်ပွဲတွေ ရလာတာနဲ့အမျှ စစ်တပ်ဘက် တပ်ဖွဲ့ဝင်တွေဟာ တိုက်ချင်စိတ် ကုန်ခမ်းလာနိုင်ပါတယ်။ သူတို့ ထောက်ပို့လမ်းကြောင်းတွေကို ပိုပြီးသိမ်းပိုက်လာနိုင်ပြီး ကုန်သွယ်ရေး လမ်းကြောင်းတွေကိုလည်း တော်လှန်ရေးဘက်က သိမ်းနိုင်မယ်ဆိုရင် အခွန်အကောက် တွေလည်း ပိုရလာနိုင်မှာပါ။", "ကုန်ထုတ်လုပ်မှုအရင်းအမြစ်တွေ ပိုရလာနိုင်ပြီး မဟာဗျူဟာကျတဲ့ ပိုင်ဆိုင်မှု တွေလည်း လက်ဝယ်ရလာနိုင်ပါတယ်။ အားကောင်းကောင်းနဲ့ ပြင်ဆင်ပြီးဆောင်ရွက်တဲ့ စစ်ဆင်ရေးတွေကို ဆက်လုပ်နိုင်ခဲ့မယ်ဆိုရင် အင်မတန်အရေးကြီးတဲ့ ပစ်မှတ်တွေကို ပစ်ချနိုင်မှာ ဖြစ်ပါတယ်။ လေယာဉ်ဆီ သိုလှောင်တဲ့နေရာလို၊ စိတ်ဓာတ်စစ်ဆင်ရေးအတွက် အရေးကြီးတဲ့ စစ်ရေး ရာထူးကြီးတွေဟာ ထိနိုင်တဲ့ ပစ်မှတ်ထဲ ပါလာမှာ ဖြစ်ပါတယ်။", "စစ်တပ်ဟာ တပြည်လုံးမှာ ပျံ့ကျဲပြီး တပ်တွေ ချထားရတဲ့အနေအထားကြောင့် ဝန်ပိနေတာက ဆက်ဖြစ်နေဦးမှာပါ။ စစ်သားတွေ ပြုန်းတီးလာတာနဲ့အမျှ ထောက်ပို့ပစ္စည်းတွေ၊ လက်နက် ခဲယမ်းမီးကျောက်တွေလည်း ကုန်လာနိုင်သလို တိုက်နေရတဲ့စစ်သားတွေဟာလည်း စိတ်ဓာတ်ပျက်လာနိုင်ပါတယ်။ တစ်ဖက်ကိုပြောင်းတဲ့ စစ်သားတွေ ပိုပြီး များလာနိုင်သလို လက်နက်ချတဲ့ သူတွေလည်း ထပ်ပြီး ပေါ်ထွက်လာနိုင်ပါတယ်။ ရဲတွေဆိုရင် ဌာနတစ်ခုလုံး လက်နက်ချတာမျိုးဖြစ်လာနိုင်ပါတယ်။", "လွတ်မြောက်ရေး တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့တွေက ဆက်တိုက် ဖိအားပေးနိုင်တာနဲ့အမျှ စစ်တပ် ထောက်ပို့လမ်းကြောင်းတွေ ပြတ်တောက်လာနိုင်ပြီး လက်နက် ချတာတွေ ပိုများလာနိုင်ပါတယ်။ တပ်တွင်းမညီညွတ်မှုတွေ ပိုပြီး စိပ်လာနိုင်တဲ့အပြင် အကြီးတန်း အရာရှိပိုင်းတွေကြားမှာလည်း အငြင်းအခုံတွေ ပိုဖြစ်လာနိုင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ အရည်အချင်းမဲ့မှုကို စိတ်ပျက်လက်ပျက်ဖြစ်တာ၊ ကြောက်လန့်တာနဲ့ ဒေါသထွက်တာတွေဟာ ဆူပွက်လာနိုင်ပြီး နောက်ဆုံးပေါက်ကွဲထွက်တဲ့ဆီကို ရောက်လာနိုင်ပါတယ်။", "NUG နဲ့ မဟာမိတ် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ စစ်တပ်အလွန် မြန်မာနိုင်ငံ အကူးအပြောင်းမှာ ညီညီညွတ်ညွတ်နဲ့ တည်တည်ငြိမ်ငြိမ်ရှိရေးအတွက် နိုင်ငံရေး သဘော တူညီချက်တွေကို ယခုထက်ပိုပြီးလေးနက်စွာ၊ ရှင်းလင်းပြတ်သားစွာ တည်ဆောက်နိုင်ကြဖို့ လိုပါတယ်။ သူတို့ရလာမယ့် နိုင်ငံရေးပဋိညာဉ်အပေါ် အခြေခံပြီး အခြားနိုင်ငံရေးအစုအဖွဲ့တွေက ပါဝင်လာနိုင်ကြမှာ ဖြစ်ပါတယ်။", "ဒီအခါ ပိုမိုကျယ်ပြန့်တဲ့ မဟာမိတ်ဖြစ်မှုကို တည်ဆောက်နိုင်ပြီး NUG နဲ့ K3C မဟာမိတ်တွေရဲ့ အားနဲ့ ဒီထက်ကြီးမားတဲ့ အဝန်းအဝိုင်းဖြစ်လာဖို့ ဆွဲအားဖြစ်လာနိုင်ပါတယ်။ ဒီ မဟာမိတ်ပေါင်းစုမှုကသာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ မြန်မာနိုင်ငံရေးအနာဂတ်အတွက် အလားအလာအကောင်းဆုံးလို့ ယူဆနိုင်တဲ့ အောင်နိုင်သူဖြစ်ဖို့ များပါတယ်။", "လွတ်မြောက်ရေး တပ်ဖွဲ့တွေရဲ့ စစ်ရေးနိုင်ငံရေး မဟာမိတ်ကျစ်လစ် ခိုင်မာလာပြီဆိုရင် အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ အထင်အမြင်ကိုလည်း မြင့်မားလာအောင်လုပ်နိုင်ပြီဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ အိမ်နီးချင်းတွေနဲ့ အာဆီယံတို့ဟာ မြေပြင်က ပြောင်းလဲလာတဲ့ အရှိတရားတွေကို သိရှိ လက်ခံကြရမှာဖြစ်ပြီး ဒီတပ်ပေါင်းစုမဟာမိတ်တွေကို မြန်မာ့နိုင်ငံရေးအနာဂတ်နဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးဖို့ နေရာပေးလာကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတည်ငြိမ်ရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးတွေကို စပြီးဆွေးနွေးလာကြမှာဖြစ်ပါတယ်။", "မြို့ပြ မြေအောက်လှုပ်ရှားမှုစစ်ဆင်ရေးတွေဟာလည်း စစ်အာဏာရှင်တွေရဲ့ ရုံးခန်းတွေနဲ့ အုပ်ချုပ်သူ တွေကို အားနည်းနေအောင် မလုံခြုံတော့အောင်ဆက်ပြီး ဆောင်ရွက်နိုင်ကြမယ့် အခြေအနေမျိုးပါ။ တုန်လှုပ်နေပြီး သူတို့ထိန်းချုပ်လို့မရတော့ဘူးဆိုတာ သိနေကြတဲ့ အခြေအနေမျိုးပါ။ စကစ အုပ်ချုပ်ရေးလုပ်ငန်းအဆင့်ဆင့်ဟာ ချိနဲ့နေပြီး ဘယ်နေရာမှာ မလုံခြုံဘူးလို့ ခံစားရစေတဲ့ အခြေအနေမျိုးမို့ ထိပ်ပိုင်းကနေ ချပေးလိုက်တဲ့ အမိန့်ကိုလည်း အကောင်အထည် မဖော်ရဲတာမျိုးဖြစ်လာနိုင်ပါတယ်။", "အများပြည်သူရဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဆက်လက် အားမလျော့ဘဲ ပြည်သူတွေဟာ လွတ်မြောက်ဖို့အတွက် နိုင်ငံရဲ့ ဖက်ဒရယ်အနာဂတ်အတွက် ဆက်လက် ပံ့ပိုးနေကြမှာ ဖြစ်ပါတယ်။ ပညာတတ် ပြည်သူတွေဟာ ဆိုရင်လည်း သူတို့ အတွေ့အကြုံတွေနဲ့ တတ်သိပညာတွေကို လွတ်မြောက် နယ်မြေတွေရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်အားကောင်းလာဖို့၊ အုပ်ချုပ် စီမံနိုင်စွမ်းတွေ အသက်ဝင်လာဖို့ ဝိုင်းကူကြမယ့်အခြေအနေပါ။ နိုင်ငံတကာ အကူအညီတွေကလည်း လွတ်မြောက်သွားတဲ့ နယ်မြေတွေဘက်ကို စတင်စီးဆင်းလာပြီး အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေမှာ အကူအညီပေးလာကြမှာဖြစ်ပါတယ်။", "ဒါတွေအားလုံးဟာ စကစ ပြိုကျဖို့ဘက်ဆီကို ဦးတည်သွားပြီး အောက်ခြေကနေစပြီး စစ်တပ် ပေါက်ကွဲပြိုကျတဲ့အဖြစ်မျိုးဆီ ဦးတည်သွားမှာပါ။ (နိုင်ငံတဝှမ်းမျာရှိနေတဲ့ တပ်တွေ တစ်တပ်ပြီး တစ်တပ် ဒိုမီနိုလို ဆက်တိုက် ပြိုကျတာမျိုးဖြစ်လာပြီး လက်နက် ချတာ၊ စကစအတွက် အသက်ပေးပြီး မတိုက်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် မင်းအောင်လှိုင်ကို ဖယ်ရှားပြီး တပ်ကို ခုဖြစ်နေတဲ့ နိုင်ငံရေးထဲကနေ လွတ်အောင်လုပ်ပေးဖို့ ထွက်ပေါက်ဖို့ အနေနဲ့ တပ်တွင်း အာဏာသိမ်းမှု လုပ်ကြတယ် ဆိုတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။", "အောင်ပွဲတွေ ဆက်နေတဲ့တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ဗဟိုအထိ တက်ပြီး အာဏာကိုထိန်းချုပ်ဖို့ အမြန်ဆောင်ရွက်နိုင်ကြပြီး စိတ်ဝမ်းမကွဲဘဲ အားလုံးညီညွတ်စွာပါဝင်နိုင်တဲ့ အကူးအပြောင်းကာလ အစိုးရကို ဖွဲ့စည်းနိုင်ကြမှာဖြစ်ပါတယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#မြန်မာစစ်တပ် လဲပြိုကျခြင်း"]
https://yktnews.com/2022/08/26060/
လူမိုက်က မအလ အဖော်က ရုရှား ( အပိုင်း ၃)
["By အီဂေါဗလာဇီဗစ်", "နောက်မေးခွန်းတခုကတော့ ရုရှားနဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ နက်ရှိုင်းလာ နေတဲ့ ဆက်ဆံရေးကနေ ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာမလဲ ဆိုတာပါ။", "မြန်မာစစ်အာဏာရှင်တွေ သိသိသာသာတော့ အားနည်းလာနေပါပြီ။ အရင်က ဆီးရီးယားသမ္မတ အာဆတ်တော့ကျရှုံးဖို့ပဲ ရှိတော့တယ်လို့ တွေးရတဲ့ အချိန် မျိုး လို မြန်မာစစ်တပ်လဲ ရှုံးဖို့နီးတဲ့ အခြေအနေပါ။ အဲဒီတုန်းက ဆီးရီးယားမှာ ရုရှားသမ္မတပူတင် ဝင်ပါလာပြီး စရိတ်ကြီးကြီးနဲ့ အာဆတ်ကို အသက် ဆက် ပေးတယ်။", "ဆီးရီးယားနိုင်ငံတဝက်ကျော်ပျက်ဆီးတာ၊ ပြည်သူ ၁၃ သန်း ( နိုင်ငံ့လူဦးရေ တဝက်ကျော်) ဒုက္ခသည် ဖြစ်ခဲ့ရတယ်။ ပူတင်နဲ့ လာဖ်ရော့တို့ ဆီးရီးယား သမ္မတ အာဆတ်ပြုတ်မကျအောင် လုပ်ပေးနိုင်ခဲ့တာက ကျင့်ဝတ်တွေ စံနှုန်း တွေ ဘေးဖယ်ပြီးရာဇဝတ်မှုတွေ ရဲရဲတင်းတင်း လုပ်ခဲ့တာကြောင့်သာ မဟုတ် ပါဘူး။", "အာဖဂန်နစ္စတန်၊ အီရတ်နဲ့ လစ်ဗျားမှာ ရလာဒ်ဆိုးခဲ့တဲ့ ပါဝင်ပတ်သက်မှု အတွေ့ အကြုံတွေကြောင့် အမေရိကန်သမ္မတအိုဘားမားနဲ့ အနောက် ဒီမိုက ရေစီ နိုင်ငံတွေဆီးရီးယားကို ကူဖို့ စိတ်မပါတာကြောင့်လည်း ပါပါတယ်။", "အခုဖြစ်နေတဲ့ မြန်မာစစ်အာဏာရှင်နဲ့ ရုရှားကြားက အနေအထားဟာလည်း အလားတူပါပဲ။ လက်ရှိအခြေအနေအတိုင်းဆိုရင် မြန်မာစစ်အာဏာရှင်တွေ ပြိုကျဖို့ပဲရှိပါတယ်။", "စစ်တပ်ဟာ အသက်ရှင်ဖို့ အသည်းအသန်လုပ်နေရပါတယ်။ ဒါပေမဲ့ ရှုပ်ထွေး လွန်းပြီး မှန်းဆမရတာကြောင့် အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေက ဝင်ပါဖို့ လက်တွန့်နေတယ်။ အနောက်အုပ်စုနဲ့က နေရာဒေသ ဝေးကွာလှတဲ့အပြင် သူတို့ ကိုယ်တိုင်လည်း ပြဿနာအကြီးကြီးတွေ ( ယူကရိန်းစစ်ပွဲ၊ စီးပွါးရေး အကျပ် အတည်း၊ ရာသီဥတုဘေး) နဲ့ လုံးပမ်းနေရတယ်။", "အနောက်တိုင်းနဲ့ မြန်မာနဲ့ကနယ်နမိတ်ချင်းလည်း မထိစပ်၊ ပထဝီနိုင်ငံရေး အကျိုးစီးပွါးလည်း သိသိသာမရှိလှဘူး။ ရုရှားဟာ မြန်မာပြည်မှာဝင်ပါပြီး အာဏာရှင် အသက်ရှည်အောင်လုပ်ပေးဖို့ အသင့်ပဲ။ သူ့အတွက်က အရှေ့ တောင်အာရှမှာ ပထဝီနိုင်ငံရေးခြေကုတ် ရနိုင်မဲ့ လမ်းဖြစ်တာကိုး။", "ရုရှားဟာ ကျဆင်းနေတဲ့ အင်အားကြီးနိုင်ငံပါ။ သူစတဲ့ ယူကရိန်း ကျူးကျော် စစ်မှာ လည်း ရှုံးနေတဲ့ နိုင်ငံကြီးပါ။ ရုရှားခေါင်းဆောင်တွေဟာ အောင်မြင်မှု သေးသေးလေးတွေ ဘယ်နေရာက ရရ အသည်းအသန်လိုချင်နေကြတယ်။", "စိတ်ပျက်စရာက တရုတ်ပါ။ စစ်အာဏာရှင်တွေ ပြုတ်မကျရေးအတွက် ရက် စက် မှု၊ အကြွင်းမဲ့ အကြမ်းဖက်မှု၊ အကန့်အသတ်မဲ့ ဖျက်ဆီးမှု စတဲ့ အောက် တန်း ကျပက်စက်တဲ့ နည်းတွေသုံးဖို့ ရုရှားက ကူညီနေတာကို တရုတ်က ပေး လုပ် ထားတယ်။", "သူ့ရဲ့ စီးပွါးရေးနဲ့ ပထဝီနိုင်ငံရေးအောက်မှာ မြန်မာပြည်လှုပ်မရပဲ ပါလာမျိုး ကို တရုတ်ကလိုချင်တယ်။ တပြိုင်ထဲမှာ မြန်မာပြည်သူတွေ သူ့ကို လိုလား တာမျိုး ( အပျော့ထည် ပါဝါ) ကို တရုတ်က လိုချင်တယ်။ ဒါ့ကြောင့် တရုတ်ဟာ စစ်အာဏာရှင်တည်မြဲဖို့ စည်းလွတ်ဘောင်လွတ်နည်းတွေနဲ့ ကူညီတာမျိုး လက် ရှောင်နေတယ်။", "မြန်မာပြည်မှာက တရုတ်စီးပွါးရေး၊ အခြေခံအဆောက်အဦး၊ စွမ်းအင်စီမံကိန်းနဲ့ တရုတ်နိုင်ငံသားတွေ အများကြီး နေရာယူထားတယ်။ မြန်မာပြည်သူတွေ တရုတ် နိုင်ငံသားတွေကို မမုန်းစေချင်ဘူး။ မင်းအောင်လှိုင် အာဏာမြဲဖို့ ရုရှားက စည်းလွတ်ဝါးလွတ်ကူမယ်ဆိုလည်း တရုတ်အတွက်က အေးဆေးပဲ။", "မြန်မာပြည်မှာ တရုတ်အရိပ်က ကြီးပြီးသား။ နေရယူထားတာတွေ အများ အပြားရှိပြီးသား။ ရုရှားပူတင်ကယ်လို့ မင်းအောင်လှိုင် နိုင်သွားလည်း စီးပွါးရေး နဲ့ ပထဝီနိုင်ငံရေး အကျိုးအမြတ်ကို တရုတ်က ရမှာပဲ။", "အရေးကြီးတာက မင်းအောင်လှိုင်နိုင်ဖို့ ရုရှားက ဝင်လုပ်ပေးနေတာကို အာဆီ ယံ ( အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ)၊ဂျပန်၊ ဩစတေးလျ၊ တောင် ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ နိုင်ငံတွေက ဘယ်လို တုန့် ပြန် မလဲဆိုတာပါ။", "မြန်မာပြည်အရေးမှာ ရုရှားရဲ့ အောက်တန်းကျကျ ပါဝင်ပတ်သက်မှု အကျိုး ဆက်က ဘယ်လိုရှိမလဲဆိုတာက ရုရှားနဲ့ မြန်မာစစ်အာဏာရှင်တွေမှာသာမက တခြားနိုုင်ငံတွေက ဘယ်လောက်လွှတ်ပေးထားမလဲဆိုတဲ့ အပေါ်မှာလဲ မူတည်ပါတယ်။", "ပြောခဲ့သလိုပဲ ပူတင်နဲ့ လာဖ်ရော့ဟာ အခွင့်အရေးသမားတွေပါ။ သူတို့ဟာ လေဟာ နယ်ရှိရင် အတင်းနေရာဝင်ယူမဲ့ သူတွေပါ။ တခြားနိုင်ငံတွေကသာ ပြတ်ပြတ်သားသားရင်ဆိုင် တွန်းကန်ပေးရင် သူတို့မှာ ထင်ရာလုပ်နိုင်တဲ့ အင်အား နဲ့ ရင်းမြစ်မရှိပါ။", "ရုရှားတွေပိုပြီး ပါလာကတည်းကတော့ မြန်မာပြည်ဟာ ဆီးရီယား လမ်း ကြောင်း ဘက်ရောက်လာတာ သိသာလာပါတယ်။ မြန်မာ့အိမ်နီးချင်းတွေ ဒါကို နားလည်သင့်ပါတယ်။ မအလရဲ့ ပြည်သူအပေါ်အကြမ်းဖက်စစ်ပွဲမှာ ရုရှားရဲ့ အကူအညီကို လွတ်ပေးထားမယ်ဆိုရင် အိုးပျက် အိိမ်ပျက် စီးပွါးပျက် လူ ၁၀ သန်းလောက် အစုအပြုံလိုက် နေရပ်စွန့်ခွါ ထွက်ပြေးရပါတော့မယ်။", "သတ်ဖြတ်ရက်စက်မှုတွေကို လက်ပိုက်ကြည့်နေပြီး ဘယ်သူကမှ အရေး မလုပ်တာနဲ့ ကြုံရတဲ့ အသည်းအသန် ပြည်သူတွေအတွက်က အစု လိုက် စွန့်ခွာတာဟာ နောက်ဆုံးရွေးချယ်စရာ တရားဝင်ဗျူနည်းလမ်းပါ။", "ရုရှားဟာ သန်မာတဲ့ အင်အားကြီးနိုင်ငံပုံဖမ်းတယ်။ တကယ်မှာတော့ အားမ ကြီးပါဘူး။ စည်းလွတ်ဘောင်လွတ်ရက်စက်ရိုင်းစိုင်းတာကပဲ သူရဲ့တခု တည်း သော အားသာချက်ပါ။ ရုရှားလို ပရမ်းပတာနိုင်ငံက အရှေ့တောင်အာရှရဲ့ ပထဝီ အချက်အချာ အကျယ်အပြန့်နိုင်ငံတခုမှာ ခြေကုတ်ရသွားမယ်။", "မအလလို ပင်ကိုယ်ကကို ချိနဲ့အားနည်း၊စိတ်ကူးအမြင်ရူးကြောင်နေသူတဦးက အာဏာဆက်မြဲပြီး တိုင်းပြည်ကို နှိပ်စက်ဖျက်ဆီးနေမယ် ဆိုတာမျိုးက ဘယ် အာရှ နိုင်ငံအတွက်မှ ကောင်းကျိုးမရှိပါဘူး။ တရုတ်နိုင်ငံ အတွက်ကို တောင် အကျိုး မရှိပါဘူး။", "မြန်မာတော်လှန်ရေးသမား လူရာဂဏန်းလောက်အတွက် ပခုံးထမ်း ဒုံးစနစ် လေး သာရှိပါစေ။ မီးလောင်ပျက်ကျလာမယ့် ရုရှားရဟတ်ယဉ်တွေ တိုက်လေ ယဉ်တွေနဲ့ အတူ ရုရှားရဲ့ အဆိုးအပျက် ဩဇာလွှမ်းမှုတွေ သက်ရောက်မှုတွေ ပျောက်သွားမှာပါပဲ။"]
https://yktnews.com/2022/11/67293/
နွေဦးတော်လှန်ရေး စည်းလုံးမှုကို ဖြိုခွဲရန် စစ်တပ်က ထုတ်လွှင့်နေသော သတင်းအမှားများကြားမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မည်ဆိုသော သတင်းအတု
["By အီဂေါဗလာဇီဗစ်", "မြန်မာနိုင်ငံက မိတ်ဆွေများ ခင်ဗျား။ ဆိုရှယ်မီဒီယာပေါ်မှာ ခင်ဗျားတို့ တင်တာတွေ၊ ပြန်ရှဲကြတာ တွေ , သူများရေးတာ ပြန်ကူးတင်တာတွေလုပ်တဲ့အခါ၊ မှတ်ချက် (comment ) ဝင်ရေးတဲ့အခါ ကိုယ်အနေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်သူတွေနဲ့ ဆက်ဆံနေတယ် ဆိုတာ ဘယ်သူတွေနဲ့ ငြင်းခုံ မိနေတယ်ဆိုတာ၊ ဘယ်လောက် စိတ်ခံစားချက်တွေပါနေမိသလဲဆိုတာတွေနဲ့ ပတ်သက်လို့ သတိကြီး ကြီးထားစေလိုပါတယ်။", "ဒီရက်ပိုင်းတွေထဲမှာပဲ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်တပ်က လွှတ်လိုက်တဲ့နိုင်ငံရေး အကျဉ်းသား တွေထဲမှာ ဒေါ်အောင် ဆန်းစုကြည်ပါ တယ်ဆိုပြီး ရုရှားမီဒီယာတွေမှာ ဖော်ပြလာကြပါတယ်။ အဲဒါဟာ သတင်းမှား သတင်းတုဖြစ်တယ် ဆိုတာပြောစရာမလိုပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ မြန်မာဆိုရှယ်မီဒီယာပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်လွှတ်တော့မယ် ဆိုတဲ့ ကောလဟ လတွေ ပျံ့သထက်ပျံ့လာပါတယ်။", "ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ချင်လည်း လွှတ်ပါမယ်။ မလွှတ်ချင်လည်း မလွှတ်ပါဘူး။ ဒါပေမယ့် ရှင်းရှင်းပြောရရင် အစကတည်းက ဖမ်းစရာကို မလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး အကျဉ်းသားတွေကို ဘာမှ အချိန် ဆိုင်းစရာမလိုဘဲ လွှတ်ပေးရမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကို မကြာခင်လွှတ်တော့မလိုလိုပြောနေတဲ့ ဒီ ကောလဟလတွေဟာ စစ်တပ် က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေပါပြီ။", "ရုရှား တပ်ထောက်လှမ်းရေးအေဂျင်စီတွေက လုပ်နေကျ အချိုးမျိုးတွေပါ။ အမြဲတမ်းမှတ်ထား သင့်တာ ကတော့ မြန်မာစစ်တပ်ထဲက မျိုးဆက်သစ်အရာရှိတော်တော်များများဟာ ရုရှားမှာ ပညာသင်ခဲ့တယ် ဆိုတာပါပဲ။ ရုရှားဟာ အခုဆိုရင် မြန်မာစစ်တပ်ကို ထောက်ခံမှု အပေးဆုံး နေရာမှာရှိနေတယ်။", "ပူတင်ရဲ့ ရုရှားဟာ ပြိုကျနေတဲ့ အာဏာရှင်တွေ မပြိုအောင် ကျားကန်ပေးချင်တဲ့နိုင်ငံပါ။ သတင်း အမှားတွေ၊ စိတ် ဓာတ် စစ်ဆင်ရေးအတွက်ဖြစ်စေ၊ အခြေအနေ ဝေဝါးရှုပ်ထွေး သွား အောင်ဖြစ်စေ လုပ်တာဟာ ရုရှားစစ်ဗျူဟာတွေထဲမှာ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီးတော့ သူတို့သုံးနေကျနည်းတွေကို ပြည်သူ့တော်လှန် ရေးတွေကို နှိမ်နင်းတဲ့နေရာမှာ သုံးဖို့ အာဏာရှင် တွေကို နည်းပေးလမ်းပြလုပ်တတ်ပုံတွေထဲက တစ်ခုပါ။", "သတင်းတု သတင်းမှားခပ်ကြီးကြီးတစ်ခုကို တမင်လွှင့်လိုက်တာက လူတွေကို ဝေဝါးအောင်လုပ်တဲ့ နည်းဗျူဟာတစ်ခုပါ။ ပထမအဲဒီလို သတင်းတုတွေဟာ မီဒီယာတစ်ခု သို့မဟုတ် မီဒီယာ နည်းနည်းမှာ ပေါ်လာမယ်။ ပြီးရင်တော့ အဲဒီသတင်းဟာ ကောက်ရိုးမီးလို ဆိုရှယ်မီဒီယာ ကွန်ရက်တွေပေါ် ပျံ့သွားမယ်။ အမျိုးမျိုးအဓိပ္ပါယ်တွေ ဖွင့်ကြမယ်။", "ဒီတဟုန်းဟုန်းပျံ့သွားတဲ့ သတင်းတုဟာ အစောပိုင်းမှာကြည့်လိုက်ရင် အလိုလို ပျံ့တာမဟုတ်ဘဲ တမင်တကာ နည်းမျိုးစုံနဲ့ ပျံ့အောင် လူတွေဆီရောက်အောင် ထိုးတင်နေတာကိုတွေ့ရမယ်။ ဒီလိုဖြန့်ဖို့ အကောင့်တုတွေ၊ သတင်းကို စက်နဲ့ ပွားပြီးပျံ့စေတာတွေ၊ ငွေယူပြီးပို့စ်တင်တဲ့ သူတွေက တဆင့်သွားတာတွေ စတဲ့ ပုံစံတွေနဲ့ အရှိန်ထိုးတင်ကြတာပါ။", "အရေးကြီးတာကတော့ အဲဒီအစောပိုင်းဖြန့်ထုတ်လိုက်တဲ့ သတင်းတုတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များလာတဲ့အချိန်ကိုရောက်လာရင် လူတွေကို အမျိုးမျိုးအဓိပ္ပါယ်တွေ ဖွင့်ဆိုကြတော့တာမို့ မူပုံစံကနေ လိုတိုးပိုလျှော့မူကွဲတွေ ပေါ်လာတတ်ပါတယ်။", "ဒီလို ကျဲပြန့်နေတဲ့ သတင်းတု တစ်ခုကိုကြည့်လိုက်ရင် ကောင်းကင်ပေါ်ကနေ နေရာမလပ် ဗုံးကျဲချလိုက်ရင်တောင် အတူတူမခံရဘဲ ဘက်ကွဲသွားစေတဲ့ဗုံးမျိုးပဲ။ သတင်းထူး လို့ အယောင်ဆောင်ထားတဲ့ ဒီသတင်းကို အမျိုးမျိုး ထင်ရာတွေ ဖွင့်ဆိုကြပြီးတဲ့အခါ ဆိုရှယ်မီဒီယာအဝန်းအဝိုင်းအမျိုးမျိုးထဲကို ပုံစံ အမျိုးမျိုးနဲ့ရောက်ရှိသွားတော့တယ်။", "အဲဒီအခါ မဆိုင်းမတွပါပဲ ဆိုရှယ်မီဒီယာအသိုင်းအဝိုင်းတစ်ခုနဲ့တစ်ခု အမြင်မတူတာတွေ အချက်အလက် မတူတာတွေအပေါ်မှာ ရန်ဖြစ်ကြတော့တယ်။ အဲဒီလို ရန်ဖြစ်ကြတဲ့ အခြေအနေက စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုက်တဲ့သူတွေဘက်က ဖြစ်စေချင်တဲ့ပုံစံပါပဲ။ အချင်းချင်းကြား မယုံကြတော့တာ၊ စိတ်ဝမ်းတွေကွဲကြတာ၊ ဒေါသတွေထွက်ကြတာ၊ အပြန်အလှန်မုန်းတီးကြတာ ဒါတွေက သူတို့အတွက် အမြတ်ထွက်ပါတယ်။", "အခုချိန်မှာဆိုရင် မြန်မာစစ်အာဏာပိုင်တွေဟာ အတော်အထိနာနေပါတယ်။ သူတို့ဟာ အရပ်သား ပြည်သူတွေအပေါ် ဗုံးကျဲ ရွာတွေမီးရှို့ပြီး ရက်ရက်စက်စက် တိုက်ခိုက်နေတယ်။ လူတွေကို အိမ်မှာနေလို့မရအောင် ဖိစီးနေတယ်။ မြို့ပေါ်မှာ တက်ကြွလှုပ်ရှားသူတွေကို လိုက်ဖမ်းနေတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ နေ့တိုင်း အဆုံးအရှုံးနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။", "စစ်သားတွေကို နေ့တိုင်း လက်လွှတ်နေရတယ်။ စခန်းတွေကို လက်လွှတ်နေရတယ်။ နယ်မြေတွေ ကိုလက်လွှတ်နေရတယ်။ သူ့တပ်တွေဟာ အာရကန်ကနေ ကချင်အထိ ကချင်ကနေ တနင်္သာရီအထိ ဖြန့်ချထားရတယ်။ စစ်တပ်မှာ ဒီလောက် တိုင်းပြည်တနံတလျားကို ဖြန့်ချထားဖို့ အားမရှိဘူး။", "အဲဒီတော့ စစ်အာဏာရှင်တွေအနေနဲ့ ERO နဲ့ PDF တွေကြားမှာ စိတ်ဝမ်းကွဲလာအောင် လူမျိုးစု အစုအဖွဲ့တွေနဲ့ NLD ကြား ပိုပြီးကွဲလာအောင် ဆွပေးဖို့လိုနေတယ်။ ကောလဟလတွေ သတင်းအတုတွေ ထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မလိုလို လုပ်နေတာမှာ ရှင်းလင်းတဲ့ ရည်မှန်းချက် တစ်ခုပဲရှိတယ်။", "NUG နဲ့ တိုင်းရင်းသားအစုအဖွဲ့တွေကြား စိတ်ဝမ်းကွဲစေဖို့ပဲ။ တကယ်လို့ NLD နဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကြား မကြေလည်မှုကို အသစ်တစ်ဖန်ပြန်နှူးပေးနိုင်ရင် မီးစတစ်ဖန် ပြန်ထိုးလို့ရ သွားပြီဆိုရင် စစ်တပ်ဘက်ကနေ အဲဒီအကွဲကိုသုံးပြီး သူလိုရာကို ဆက်လုပ်တော့မှာပဲ။", "စစ်တပ်ရဲ့ ငြိမ်းချမ်းရေးပွဲစားတွေဟာ နောက်ကွယ်ကနေ ဒီခွင်ကို ဖော်နေကြပြီလို့ ပြောနေကြတာရှိပါတယ်။ စစ်တပ်က ဖြစ်စေချင်တာ၊ စစ်တပ်အတွက် လိုအပ်နေတာက သူတို့လုပ်ချင်တဲ့ ရွေးကောက်ပွဲမှာ ဝင်ပါလာဖို့ ဆွဲဆောင်ဖို့နဲ့ EROs ခေါင်းဆောင်တွေကို မစစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာနဲ့ လှည့် စားဖို့ပါ။", "ကျွန်တော်တို့သိကြတဲ့အတိုင်း အရေးကြီးတဲ့ လူမျိုးစုပုဂ္ဂိုလ်အစုအဖွဲ့တွေ၊ လူမျိုးစုပါတီတွေ၊ ERO နဲ့ လူမျိုးစု အရပ်ဘက် လူ့အဖွဲ့အစည်းတွေတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဟာ ဘယ်တုန်းကမှ ပွင့်လင်းသင့်သလောက် မပွင့်လင်းခဲ့ဘူးဆိုတဲ့ အမြင်၊ လူမျိုးစုတွေအပေါ် တသားတည်း ဖြစ်သင့် သလောက် မဖြစ်ခဲ့ဘူးဆိုတဲ့ အမြင်တွေရှိကြတယ်။ ဒီလို လူမျိုးစုတွေဘက်က ထင်တာ ခံစားတာ ဟာလည်း အကြောင်းမဲ့မဟုတ်ဘူး။", "ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင်လွှတ်ပေးတော့မယ်ဆိုတဲ့ ဒီလို သတင်းတု သတင်း ယောင် ဗုံးကျဲချလိုက်ခြင်းဟာ စိတ်ခံစားမှုတွေကို ဆွပေးနိုင်တာမို့ ဒါဟာ စိတ်ဓာတ် စစ်ဆင် ရေး ကစား ကွက်တွေပဲဖြစ်တယ်၊ စိတ်ပိုင်းဆိုင်ရာကို တိုက်နေတာ ဖြစ်တယ်။", "ကျွန်တော့်ရဲ့ မြန်မာမိတ်ဆွေများခင်ဗျား။ ဒါကြောင့်မို့ အခုအခါမှာ ခင်ဗျားတို့ ဆိုရှယ်မီဒီယာမှာ ရေးတာ၊ သူများ‌ရေးတာကို တစ်ဆင့်ပြန်တင်တာနဲ့ ဝေမျှတာတွေကိုလုပ်တဲ့အခါမှာ သတိကြပ် ကြပ် ထားကြဖို့ပါ။ ကိုယ်က ကော်မန့်တွေရေးတဲ့အခါ၊ ကော်မန့်တွေကို တုံ့ပြန်တဲ့အခါ ဆိုရှယ်မီဒီယာ တွေမှာ ကိုယ်ဘယ်သူ တွေနဲ့ ဆက်ဆံပြောဆိုနေတယ် ဆိုတာ၊ စိတ်ခံစားမှုတွေ ဘယ်လောက်ပါ သွား တယ် ဆိုတာကို နှစ်ထပ် စဉ်းစားပြီး သတိထားကြပါလို့ တိုက်တွန်းလိုပါတယ်။", "ဓာတ်ပုံ-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။", "Photo- Agency ။"]
https://yktnews.com/2022/10/49650/
လူသတ် တရားခံ စစ်ကောင်စီနှင့် လက်တွဲ နေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်များက ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်သူများကို ချနင်း
["By အီဂေါဗလာဇီဗစ်", "မြန်မာပြည်လူထုအပေါ် စစ်ဆင်နွဲနေတဲ့ အကြမ်းဖက်စစ်အာဏာရှင်တွေနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုး၊ ခန့်အပ်စာတွေ ပေးတဲ့ အလုပ်ကို တသီတတန်းကြီး လုပ်ခဲ့တဲ့ ကုလသမဂ္ဂအေဂျင်စီတွေဟာ ဆိုရှယ်မီဒီယာမှာ မြန်မာမီဒီယာဆောင်းပါးတွေမှာ ဝေဖန်ပြစ်တင်ခံရတဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ မြန်မာပြည်ဆိုင်ရာကုလသမဂ္ဂရုံးအဖွဲ့ ( UNCT) ဝေဖန်ခံနေရတာကို ကာကွယ်တဲ့ အနေနဲ့ UN နဲ့ INGO တွေ မြန်မာပြည်မှာ ဘာတွေ လုပ်ဆောင် အောင်မြင်နေပါတယ်ဆိုတာမျိုး ထုတ်ပြန်လာပါတယ်။", "ဥပမာအားဖြင့် မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲရေးယူနစ် ( MIMU) ကနေပြီး အောက်တိုဘာ ၃ ရက်မှာမြေပုံတခုထုတ်ပြန်လာပါတယ်။ အဲဒီမြေပုံမှာ ဩဂုတ်လ ၂၆ ရက်အထိ “ INGO နဲ့ ကြက်ခြေနီအဖွဲ့- ဘယ်နေရာ၊ ဘယ်ကာလမှာ ဘယ်သူတွေအတွက် ဘာတွေလုပ်နေလဲ” ဆိုတာကို ဖေါ်ပြထားပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ မြန်မာပြည်ရဲ့ ဒေသတော်တော်များများကို “ အကောင်အထည်ဖေါ်နေစဲ စီမံကိန်းများ” ဆိုတာနဲ့ ချီးကျူးလောက်စရာ ဖုံးလွှမ်းထားပါတယ်။", "ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ်ကို ကြည့်ရင်လည်း ရာနှုန်းပြည့်နီးပါး စီမံကိန်းတွေနဲ့ လွှမ်းခြုံထားပါတယ်။ စစ်ကိုင်းနဲ့ မကွေးဆိုရင်လည်း အလားတူပါပဲ။ တကယ်တော့ စစ်ကိုင်းနဲ့ မကွေးဟာ စစ်တပ်ရဲ့ “ နယ်မြေရှင်းလင်းရေးစစ်ပွဲ” ပစ်မှတ်နေရာတွေဖြစ်ပါတယ်။", "နယ်မြေရှင်းလင်းရေးဆိုတဲ့ အသုံးအနှုံးက ပမာဏကြီးကြီးဆက်ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ စစ်ပွဲတွေကို ရည်ညွှန်းဖို့ အင်မတန်သေးငယ်လွန်းတဲ့ စကားလုံးပါ။ ထုတ်ပြန်ထားတဲ့ မြေပုံကိုကြည့်ရင်တော့ စစ်ကိုင်းနဲ့ မကွေးမှာ အံ့မခန်းစရာ ဒေသနှစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ပရောဂျက်တွေက လွှမ်းခြုံထားတယ်။", "အောက်တိုဘာ ၇ ရက်နေ့က UN- OCHA ကနေ တွစ်တာမှာ တင်တဲ့အချက်အလက် သရုပ်ဖေါ်ပုံ ( အင်ဖိုဂရပ်) တခုမှာလည်း “ လူသားချင်း စာနာထောက်ထားကူညီဖို့ ဘတ်ဂျက်လိုငွေဘယ်လောက်ရှိတယ်“၊ ဘတ်ဂျက်လိုငွေနဲ့ လက်တွေ့လုပ်နိုင်မှု စိန်ခေါ်ချက်တွေ ရှိနေသော်လည်းပဲ” ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့တွေဟာ ၂၀၂၂ ပထမနှစ်ဝက်မှာတင် လူ ၃ ဒသမ ၁ သန်းကို အနည်းဆုံးတစ်ကြိမ်တော့ ကူပြီးပြီလို့ ဖေါ်ပြထားပါတယ်။ အပေါ်ယံ အမြင်မှာတော့ ချီးကျူးစရာပါ။", "သို့သော်လည်း သေသေချာချာ ကြည့်မယ်ဆိုရင် ပထမပုံမှာ စာလုံးသေးသေးနဲ့ ရေးထားတဲ့ သိပ်မသေချာလှတဲ့ ဒီစကားကို တွေ့ရပါမယ်။ “ မြေပုံတွင် အဖွဲ့အစည်းများရှိနေသော နေရာများကို သာဖေါ်ပြထားပြီး။ အကူအညီပမာဏ၊ ခံစားခွင့်ရသူအရေအတွက်၊ လိုအပ်ချက်များနဲ့ ရ မရကို ညွှန်ပြခြင်းမရှိပါ”။", "ဒီဝန်ခံချက်ဟာ ခေါင်းစဉ်တပ်ထားတဲ့ “အကူအညီများကို မည်သူမှ၊ မည်သူသို့ ၊ မည်သည့်ကာလတွင် မည်သို့ ဖြန့်ဝေပေးနိုင်ခဲ့သည့် အခြေအနေဖေါ်ပြသည့် အချက်အလက်သရုပ်ဖေါ် မြေပုံ” ဆိုတဲ့ စကားနဲ့တော့ ကွဲလွဲနေပါတယ်။", "ဒါကို သတိထားမိတဲ့အခါ “ အနည်းဆုံးတစ်ကြိမ် ဖြန့်ဝေခဲ့သည်” လို့ဆိုထားတဲ့ ဒုတိယသရုပ်ဖေါ်ပုံက စိတ်ပူစရာဖြစ်လာပါတယ်။ လူ ၃ ဒသမ ၁ သန်းကို ဖြန့်ဝေတယ်ဆိုတာ အထင်ကြီးစရာ ကိန်းဂဏန်းဖြစ်ပေမဲ့ အသေးစိတ်ကြည့်မှ အလွဲအမှားတွေ ပြဿနာတွေက ပေါ်လာတာပါ။ အရေအတွက် ဘယ်လောက်က တစ်ကြိမ်ပဲရတာလည်း၊ ဘယ်လိုအထောက်အပံ့မျိုးလဲ၊ ဘယ်လောက်ရတာလဲ၊ လိုနေတဲ့ ပမာဏနဲ့ ယှဉ်ရင် ဘယ်လိုနေသလဲ။ ဒီထက်ပိုပြီး ရိုးရှင်းတဲ့ မေးခွန်းလည်း ပေါ်လာပါတယ်။ “ရွေးချယ်ထောက်ပံ့ခံရတဲ့ လူ ၃ ဒသမ ၁ သန်းက ဘယ်သူတွေလဲ။ ဒီကိစ္စမှာ စစ်အာဏာရှင်တွေက ဘယ်နေရာကနေပါသလဲ”။", "ကုလသမဂ္ဂအဖွဲ့တွေ ပိုပြီး ပွင့်လင်းမြင်သာဖို့ ဆုံးဖြတ်တာ၊ အချက်အလက်တွေ ထုတ်ပြလာတာဟာ အတော့်ကို ကြိုဆိုရမဲ့ ကိစ္စပါ။ မြန်မာပြည်က ကုလသမဂ္ဂရဲ့ အလုပ်လုပ်ပုံတွေကို လက်ညှိုးထိုးလာကြတဲ့ မကြာခင်ကဝေဖန်မှုတွေမှာ အဓိကအချက်က အထိအနာဆုံးဖြစ်နေတဲ့ “ ပဋိပက္ခဒေသ” ကပြည်သူတွေကို ကူညီဖို့ ကုလသမဂ္ဂအေဂျင်စီတွေက ဘာမှ အားမထုတ်ကြတာပါ။", "“ ပဋိပက္ခဒေသ” ဆိုတဲ့ အသုံးအနှုန်းက ကုလသမဂ္ဂက သုံးတဲ့ ဘာသာစကားပါ။ တကယ်တော့အဲဒီဒေသတွေဟာ အရပ်သားပြည်သူကို စစ်အာဏာရှင်က စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပွါးနေရာ ဒေသတွေပါ။ ဒါ့ကြောင့် ရတဲ့ အကူအညီပမာဏ၊ အကျိုးခံစားရတဲ့ ပြည်သူအရေအတွက်၊ လိုအပ်ချက်တွေ ပြည့်မပြည့်၊ ဘယ်ဒေသတွေ ပါနေသလဲ ဆိုတာကို ကုလသမဂ္ဂဟာ ပွင့်လင်းမြင်သာစွာ ပြောရမှာ ဖြစ်ပါတယ်။", "ပြည်သူကို လှည့်စားအမြတ်ထုတ်ဖို့ ဆိုရှယ်မီဒီယာ သတင်းစကားတွေကို သုံးတာ၊ အလုပ်တွေထိရောက်အောင်လုပ်နေနိုင်တာကြောင့် စစ်ကောင်စီနဲ့ လက်တွဲတာ မှန်တယ်လို့ ဖြစ်အောင် သိမ်းသွင်းတာမျိုးတွေကို မြန်မာပြည်သူတွေ မလိုအပ်နေပါဘူး။ ဒီထက်ပိုလို့ (ဒီလို လှည့်စားမှုဟာ) ပြည်သူတွေနဲ့ မထိုက်တန်ပါဘူး။", "မြန်မာပြည်တွင်းက နေရပ်စွန်ခွါရသူ လူ ၁ သန်းရဲ့ အရေးဟာ ကုလသမဂ္ဂရဲ့ အတ္တနဲ့ ဗျူရိုကရေစီ ဖေါ်မြူလာပုံစံခွက် တုန့်ပြန်မှုထက် ပိုအရေးကြီးပါတယ်။ လက်ရှိမြန်မာပြည်ဟာ ဂျီနိုဆိုက်စစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်မှုကို အသည်းအသန်ခံနေရတဲ့ တိုင်းပြည်ပါ။", "ဒါကို ကုလသမဂ္ဂအေဂျင်စီတွေက နိုင်ငံရေးအကျပ်အတည်းဖြစ်နေတဲ့ နောက်ထပ်နိုင်ငံတခုဆိုတဲ့ သမားရိုးကျ ပုံစံမျိုးနဲ့ အလုပ် မလုပ်သင့်ပါဘူး။ အထောက်အပံ့တွေဖြန့်ဝေပုံနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေမှာ တာဝန်ယူမှု တာဝန်ခံမှုကို တောင်းဆိုပိုင်ခွင့် ရှိပါတယ်။", "OCHA ရဲ့ သတင်းအချက်အလက် သရုပ်ဖေါ်ပုံအရ ၂၀၂၂ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် လက်ခံရရှိငွေက အမေရိကန်ဒေါ်လာ ၁၆၉ သန်းဖြစ်ပါတယ်။", "ဒီပမာဏဟာ စီမံကိန်းလိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်း မျှသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ကျန်တဲ့ ၈၀ ရာခိုင်နှုန်း အတွက် ဒေါ်လာ ၆၅၆ သန်းက ရှိမနေသေးဘူး။ ဒါဆိုရင် ရှားရှားပါးပါး ရံပုံငွေတွေကို ထိထိရောက်သုံးရဲ့လားလို့ သိမြင်နားလည်ဖို့ ပိုလိုအပ်တာပေါ့။ ပိုပြီးအရေးတကြီး လိုအပ်နေတဲ့ သူတွေဆီ ( တနည်းအားဖြင့်) နေ့စဉ်နဲ့ အမျှ စစ်အာဏာရှင်တွေရဲ့ ( စစ်ဗျူဟာအရကို) ရက်စက်နေတဲ့ ဒဏ်ခံနေရသူတွေ (နေရာတွေ)ကို အကူအညီဘယ်လောက်ရောက်သလဲ။", "မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂဌာနေ အကြီးအကဲနဲ့ လူသားချင်းစာနာမှု အကူအညီ ချိတ်ဆက်ဦးဆောင်သူ Mr Ramanathan Rama Balakrishnan ( ဒါမှမဟုတ် ) OCHA ကနေပြီး မြန်မာပြည်သူတွေကို ဖြေပေးဖို့ လိုအပ်တဲ့ တိတိပပ မေးခွန်းအချို့ကို အခုလို ဖေါ်ပြချင်ပါတယ်။", "၁။ ၂၀၂၂ ပထမနှစ်ဝက်မှာ ကူညီခဲ့တဲ့ လူ ၃.၁ သန်းမှာ မကွေးနဲ့ စစ်ကိုင်းဒေသက လူတွေဘယ်လောက်ပါဝင်ပါသလဲ။ အချက်အလက် အားလုံးက ညွှန်ပြနေတာက အထိခိုက်ခံရဆုံး၊ မီးရှို့ဖျက်ဆီး အခံရဆုံး၊ နေရာရွေ့ပြောင်းရသူ အများဆုံး ဒေသနှစ်ခုဟာ မကွေးနဲ့ စစ်ကိုင်းဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ လိုအပ်ချက်ဆန်းစစ်မှုကို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက်အဖွဲ့တွေ လုပ်ခဲ့သလား။ လုပ်ခဲ့တယ်ဆိုရင် ထုတ်ပြန်ပေးလို့ရမလား။", "၂။ အကူအညီပေးခဲ့တယ်ဆိုတဲ့ လူ ၃ ဒသမ ၁ သန်းမှာ ချင်း၊ ကယား၊ ကရင်က ပြည်သူဘယ်လောက်ပါသလဲ။ တကြိမ်ထက်ပိုပြီး ကူနိုင်ခဲ့သလား။", "၃။ OCHA အနေနဲ့ ပြည်နယ်/တိုင်း တခုချင်း အလိုက် အကူအညီပမာဏဘယ်လောက်၊ လူဘယ်နှစ်ယောက်ကူနိုင်ခဲ့တယ်။ လူတွေရဲ့ လိုအပ်ချက်ကို ပြည့်မှီနိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာကို အချက်အလက်သရုပ်ပြပုံ ( အင်ဖိုဂရက်ဖ်)နဲ့ ဖေါ်ပြပေးနိုင်မလား။", "၄။ ၂၀၂၂ ပထမနှစ်ဝက်မှာ ထောက်ပံ့ကူညီခဲ့တာတွေရဲ့ ၈၅ ရာခိုင်နှုန်း ကနေ ၈၇ ရာခိုင်နှုန်း ထိဟာ ရန်ကုန်မြို့ပေါ်နဲ့ ရခိုင်ဒေသကိုသာ ရောက်တယ်ဆိုတာ မှန်သလား။", "ရခိုင်ကိုသွားတဲ့ စားနပ်ရိက္ခာပမာဏ ကြီးကြီးက ရိုဟင်ဂျာ IDP စခန်းတွေကို ရောက်တယ်ဆိုရင် အခုကော အခြေအနေက ဘယ်လိုလဲ။ အေအေနဲ့ နောက်ထပ် ပဠိပက္ခတွေထပ်ဖြစ်ကတည်းက ဆေးဝါးကအစ ဖြန့်ဝေမှုအကုန်လုံးကို စစ်တပ်က ပိတ်ဆို့ထားလိုက်ပြီမဟုတ်လား။", "၅။ စစ်အာဏာရှင်တွေ မထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေကို လက်ရောက်ဖို့ ရှည်ကြာခက်ခဲနေတယ်ဆိုရင် ကုလသမဂ္ဂအေဂျင်တွေဟာ NUG၊ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ ဒေသခံ ပြည်သူ့အဖွဲ့အစည်းတွေနဲ့ တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပွင့်ပွင့်လင်းလင်း ဖြစ်စေ အကူအညီတွေဖြန့်ဝေနိုင်ဖို့ အလေးအနက် ဆွေးနွေးပါရဲ့လား။ အဲဒီလိုဆွေးနွေးတယ်ဆိုရင် အကူအညီနဲ့ ရံပုံငွေတွေ ခွဲဝေပေးရေး တိတိကျကျ သဘောတူတာမျိုးအထိရောက်ပါသလား။", "၆။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ မိတ်ဖက် INGO တွေဟာ သူတို့ရဲ့ နိုင်ငံခြားငွေတွေကို စကစ သတ်မှတ်ပေးတဲ့ ငွေလဲနှုန်းအတိုင်းပဲ လဲခဲ့ကြတယ်ဆိုတာ မှန်ပါသလား။ အဲဒီလိုဆိုရင် အကူအညီပေးဖို့ ယူထားတဲ့ငွေကြေးပမာဏ ဘယ် လောက်ထိက ပြည်သူအပေါ် ပြစ်မှုကျူးလွန်နေတဲ့ စကစ လက်ထဲရောက်သွားသလဲ ဆိုတာကို အသေအချာ ဆန်းစစ်တာရှိပါရဲ့လား။", "၇။ ကုလသမဂ္ဂအေဂျင်စီအကြီးအကဲတွေဟာ ( သူတို့ကိုယ်တိုင် အသိအမှတ်ပြုလွှာတွေ စကစကိုပေး၊ သဘောတူညီချက်တွေ လက်မှတ်ထိုးပြီးတာတင်မက) သူတို့ဆီကနဲ့ နိုင်ငံတကာကနေ အထောက်အပံ့ယူတဲ့ မြန်မာပြည်မှာလုပ်နေတဲ့ INGO တွေကို စကစနဲ့ လက်မှတ်ထိုးဖို့၊ ထွေအုပ်မှာ မှတ်ပုံတင်ဖို့ ပြောနေတယ်။ အဲဒီလိုမလုပ်ရင် ရံပုံငွေမရဘူးလို့ ဖိအားပေးတယ်ဆိုတာ အမှန်ပဲလား။", "၈။ ကုလသမဂ္ဂနဲ့ သူ့မိတ်ဖက် INGO တွေဟာ ဒေသခံအဖွဲ့တွေ၊ ကြားခံအဖွဲ့တွေ၊ အရပ်ဘက်ပြည်သူ့အစုအဖွဲ့တွေကို ထွေအုပ်မှာ မှတ်ပုံတင်ဖို့နဲ့ မတင်ရင် ရံပုံငွေခွဲမပေးဘူး၊ စီမံကိန်းတွေ လုပ်ခွင့်မပေးဘူးဆိုတာ အမှန်ပဲလား။", "ကုလသမဂ္ဂအေဂျင်စီတွေဟာ သူတို့နဲ့ ဘယ်အရပ်ဘက် အဖွဲ့တွေ ဘယ်နေရာတွေမှာ ဘယ်စီမံချက်တွေ တွဲလုပ်နေတယ်။ ဘယ်သူတွေပါတယ် ဆိုတဲ့ အချက်အလက်တွေ စကစလက်ထဲကို ပေးခဲ့တယ်ဆိုတာ အမှန်ပဲလား။", "၉။ ကုလသမဂ္ဂကနေ ရတဲ့ အချက်အလက်တွေအရ သူရဲ့ဝန်ထမ်း ၆၀ ဟာ မြန်မာပြည်အပြင်မှာ ဗီဇာစောင့်နေတယ်လို့ ဆိုတယ်။ အလှူရှင်နိုင်ငံတွေက ၂၀ ရာခိုင်နှုန်း သာထည့်ဝင်တယ်လို့ပြောထားတဲ့ အပေါ်မှာ ထပ်ပြီးအရေးကြီးတဲ့ မေးခွန်းက ကုလသမဂ္ဂနဲ့ INGO နိုင်ငံခြားသားဝန်ထမ်းတွေ မြန်မာပြည် အပြင်ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။", "လပေါင်းများစွာ၊ တချို့ တနှစ်ကျော်ကြာအထိ ကုလသမဂ္ဂနဲ့ သူ့မိတ်ဖက် INGOရဲ့ ဝန်ထမ်းတွေ မြန်မာပြည် ပြင်ပရောက်နေတဲ့ ထပ်တိုးကုန်ကျစရိတ်တွေက ဘယ်လောက်များသလဲ။ ပြည်ပမှာနေဖို့၊ နေ့စဉ်သုံးဖို့၊ မိသားစုစရိတ်၊ လေယဉ်စရိတ်အပိုတွေ ဘယ်လောက်ထပ်တိုးကုန်ကျခဲ့ပြီလဲ။ စုစုပေါင်းရင် ဘယ်လောက်တောင် ရှိနေမလဲ။ အဲဒီထပ်တိုးကုန်ကျစရိတ်တွေကို အလှုရှင်ဆီကရတဲ့ ထိခိုက်နစ်နာသူတွေကို ကူညီရမဲ့ ၂၀ ရာခိုင်နှုန်း ( ဒေါ်လာ ၁၆၉ သန်း) ထဲကပဲသုံးတာလား။", "နိုင်ငံခြားသားဝန်ထမ်းတွေ အများကြီး ( တချို့ဆို မြန်မာပြည်ထဲ ရောက်ကို မရောက်ဘူးသေး)ဟာ ထပ်တိုးကုန်ကျ စရိတ်ကြီးကြီးနဲ့ မြန်မာပြည်အပြင်ရောက်နေတဲ့ အတွက် လုပ်ငန်းထိရောက်မှုအပေါ် ဘယ်လို သက်ရောက်သလဲလို့ ဆန်းစစ်တာမျိုးရှိသလား။", "ကုလသမဂ္ဂနဲ့ INGOတွေဟာ သူတို့ရဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို မှီခိုတာထက် ပြည်တွင်းက ဒေသခံအရပ်ဖက် အဖွဲ့တွေ ကို ရံပုံငွေ လွှဲပြောင်းပံ့ပိုးတာက ပိုထိရောက်မယ်ဆိုတာမျိုး ဆွေးနွေးတိုင်ပင်ကြဘူးပါသလား။", "၁၀။ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ INGO တွေကနေ အကူအညီဖြန့်ဝေတဲ့ ကိစ္စမှာ စစ်အာဏာရှင်ထိန်းချုပ်ကြိုးကိုင်ထားတာ မရှိပါဘူးလို့ မြန်မာပြည်သူတွေကို အာမခံချက်ပေးနိုင်သလား။ နေ့စဉ် မရပ်နားတဲ့ ရက်စက်မှုတွေနဲ ပြည်သူကို ပစ်မှတ်ထားနေတဲ့ စစ်အာဏာရှင်တွေဟာ အထောက်အပံ့အကူအညီတွေကိုလည်း အနိုင့်အထက် လုပ်မှာပဲ ဆိုတာဟာ အလွန်ကို ကျိုးကြောင်းဆီလျော်တဲ့ တွေးစရာ မဟုတ်ပေဘူးလား။", "အဲဒီလိုဆိုရင် ကုလသမဂ္ဂရဲ့အထောက်အကူဆိုတာ အာဏာရှင်ရဲ့ စစ်ယန္တယားကို အားဖြည့်ရာ ရောက်မနေဘူးလား။ စစ်တပ်ထိန်းချုပ်နိုင်တဲ့ နေရာကို ကူညီမယ်၊ အကူအညီအလိုအပ်ဆုံးဖြစ်ပေမဲ့ စစ်တပ်မထိန်းချုပ်တဲ့ နေရာကို မကူးဘူးဆိုတဲ့ ရန်များတဲ့ အနေအထားမျိုးထဲ ရောက်မသွားပေဘူးလား။ ရှင်းရှင်းထပ်မေးရရင် “ကုလသမဂ္ဂနဲ့ INGO တွေ အကူအညီဖြန့်ဝေရာမှာ စစ်တပ်က ဘယ်နေရာက ပါသလဲ”။", "၁၁။ စစ်အာဏာသိမ်းချိန်ကစလို့ ပြည်သူ့နေ့စဉ်ဘဝထဲမှာ၊ စီးပွါးရေး လုပ်ငန်းတိုင်းမှာ လာဒ်ပေးလာဒ်ယူ အကျင့်ပျက်မှုက နေရာတကာ အနှံ့ကိုရောက်သွားပါပြီ။ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့အခါ စစ်ကြောခံရတဲ့အခါ ပေးကမ်းရတာကအစ၊ ရပ်ကွက်လူကြီးကို ဧည့်စာရင်းစစ်တဲ့အခါ စာရွက်စာတမ်းလိုတဲ့အခါပေးရတာအဆုံး၊ ဘဏ်ကနေငွေထုတ်ချင်လို့ ပေးရကမ်းရတာအပါအဝင် နေရာတိုင်းမှာ အကျင့်ပျက်မှုက ပုံစံအမျိုးမျိုးနဲ့ ရှိသွားပါပြီ။", "ဒီအပေါ် အခြေခံကြည့်ရင် ကုလသမဂ္ဂအနေနဲ့ လာဒ်ပေးလာဒ်ယူအတွက် ငွေဘယ်လောက်သုံးနေရလဲလို့ ဆန်းစစ်တာမျိုး လုပ်ပါသလား။ သာမန်မြန်မာပြည်သူသာမက၊ ကုလအေဂျင်စီတွေရော၊ NGO တွေရော၊ အရပ်ဘက်အဖွဲ့တွေပါမကျန် ရင်ဆိုင်နေရတဲ့ ဒီပြဿနာကို တည့်တည့်ဖြေရှင်းဖို့ အစီအစဉ်ရှိပါသလား။", "မြန်မာပြည်ထဲမှာ အရပ်ဘက်အဖွဲ့လှုပ်ရှားမှုတွေကနေ နှစ် ၂၀ လောက် လုပ်ခဲ့တဲ့ မိတ်ဆွေတယောက်ရဲ့ မေးခွန်းနဲ့ ကျတော့်ရဲ့ မေးခွန်းတွေကို အဆုံးသတ်ချင်ပါတယ်။ မြန်မာပြည်သူအနေနဲ့ ဒီမေးခွန်းကို မေးတယ်လို့ သူကပြောပါတယ်။", "“နိုင်ငံတကာ မိတ်ဆွေများရှင့် မြန်မာပြည်သူတွေအမြင်၊ အများစုသော အရပ်ဘက် အဖွဲ့တွေအမြင်မှာတော့ ကလေးသူငယ်တွေကို သတ်ဖြတ်တာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းစုံကို ကျူးလွန်နေတဲ့ စကစနဲ့ တွဲလုပ်သူမှန်သမျှဟာ ကြံရာပါတွေပါပဲ။ ဘယ်လိုအကြောင်းပြချက်တွေ အဆိုပြချက်တွေ အထောက်အထားတွေပေးနေစေဦးတော့ စစ်တပ်မီဒီယာမှာ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ စကစကို တွဲမြင်လိုက်ရကတည်းက အကျိုးအမြတ်နဲ့ အကုန်အကျ တန်ဖိုးတွက်ချက်မှုကို ပြည်သူတွေက လုပ်ပြီးသားပဲဖြစ်ပါတယ်”", "ဓာတ်ပုံ- ကုလသမဂ္ဂ FAO နှင့် IOM တို့မှ ဌာနကိုယ်စားလှယ်များက အကြမ်းဖက်စစ်ကောင်စီ၏ ၀ဏ္ဏမောင်လွင်ထံ ခန့်အပ်လွှာများပေးအပ်နေစဉ်။"]
https://yktnews.com/2024/02/144048/
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
["By ရန်ကုန်ခေတ်သစ်", "ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့", "-မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေးကို ကျင်းပပြုလုပ်ဦးမယ်လို့ ကုလသမဂ္ဂဘက်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။", "– ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ စာသင် ကျောင်း ကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ကလေးငယ် ၄ ဦးသေဆုံးသွားပြီး ၊ ၁၀ ဦးကျော် ဒဏ်ရာ ရထားတယ် လို့ ကရင်နီဒေသ သတင်းရင်းမြစ် JOBS For -ကယား ကနေ ဖော်ပြထားပါတယ်။", "– မြန်မာနိုင်ငံက လူသတ်သမား အာဏာရှင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာ တရား စီရင်မှုကို ခံထိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ပို့ဖို့အတွက် ပြင်ဆင်ရမယ် လို့ ချက်နိုင်ငံ ပါလီမန် နိုင်ငံခြား၊ ကာ ကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ လည်း ၊ အထက်လွှတ်တော်အမတ်လည်း ဖြစ်တဲ့ ပါဗယ်ဖစ်ရှာ က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar"]
https://yktnews.com/2024/05/164178/
Khit Thit သတင်းဌာန၏ မေ ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
["Byရန်ကုန်ခေတ်သစ်", "ဒီကနေ့ မေ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2024/02/148128/
ပြည်သူတွေကို စောင့်ကြည့်နိုင်ရေး စမတ်ကတ် လုပ်ဖို့ နည်းမျိုးစုံသုံးနေတဲ့ စစ်ကောင်စီ
["Byလမ်းသစ်", "ပြည်သူလူထုအပေါ် ကောက်ကျစ်တဲ့စိတ်နဲ့ အမြဲတစေ စောင့်ကြည့်ထိန်းချုပ်ထားချင်တာဟာ အာဏာရှင်တိုင်းရဲ့ သဘောသဘာဝပါပဲ။", "အာဏာသိမ်း စစ်ကောင်စီဟာလည်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတိုင်းကို စမတ်ကတ် ပြုလုပ်ဖို့ ဒီရက်ပိုင်း ပိုမိုဖိအားပေး လုပ်ဆောင်လာနေပါတယ်။", "လောလောလတ်လတ်မှာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အကြမ်းဖက် ရာဇဝတ်ဂိုဏ်းထဲ မဝင်ချင်တဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေကြပါတယ်။", "ပြည်ပထွက်ခွာဖို့အတွက် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထားတဲ့အခါ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကမှာ ကွန်ပျူတာနဲ့ စာရင်းသွင်းမှတ်ပုံတင်ထားတဲ့ စမတ်ကတ် (Smart Card) မှာပါဝင်တဲ့ Unique Identification Number (UID) နံပါတ်တွေ ယူဆောင်လာရမယ်လို့ ညွှန်ကြားထားပါတယ်။", "စားဝတ်နေရေးအတွက် နိုင်ငံခြားထွက် အလုပ်လုပ်ကြမယ့် ပတ်စ်ပို့အသင့်ရှိပြီးသား လူတွေကိုလည်း ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) စိစစ်မှုတွေ လုပ်ဆောင်နေပါတယ်။", "စစ်ကောင်စီထံ ဇီဝဆိုင်ရာ အချက်အလက်တွေပေးမှ ပြည်ပမှာ အလုပ်လုပ်ဖို့ Overseas Worker Identification Card (OWIC) ကတ်တွေ ရရှိမှာ ဖြစ်ပါတယ်။", "နည်းပညာအသုံးပြုပြီး ပြည်သူတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာပါ။ ပြည်တွင်းခရီးထွက်တဲ့အခါမှာလည်း တချို့စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ မလုံလောက်ဘဲ Smart Card ပြခိုင်းတဲ့ အခြေအနေမျိုးတွေ ရှိနေပါတယ်။", "စစ်ကောင်စီဟာ နိုင်ငံသားတိုင်းရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ အချက်အလက် (Biographic Data) နဲ့ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) တွေကို သိမ်းဆည်းနိုင်ရေးအတွက် Smart Card တွေ ပြောင်းလဲထုတ်ပေးဖို့ လုပ်ဆောင်နေတာပါ။", "ဒီအတွက် စစ်ကောင်စီက တရုတ်အစိုးရဆီမှာ ပြီးခဲ့တဲ့နှစ်က သွားရောက်အကူအညီတောင်းခဲ့ပါတယ်။", "တရုတ်အစိုးရကိုယ်တိုင်ကလည်း သူ့နိုင်ငံမှာ နည်းပညာမြင့် Smart Card တွေကို အသုံးပြုပြီး အစိုးရ ဆန့်ကျင်သူတွေကို ဖမ်းဆီးထောင်ချမှုတွေ လုပ်ခဲ့ဖူးပါတယ်။", "ဒါ့အပြင် ရုရှား၊ ဘီလာရု၊ ဂရိ စတဲ့ နိုင်ငံတွေမှာလည်း ဇီဝဆိုင်ရာအချက်အလက်တွေကို အသုံးချပြီး အစိုးရဆန့်ကျင်သူတွေကို နှိပ်ကွပ်လေ့ရှိခဲ့ပါတယ်။", "အရင်ကတည်းက လဝကရုံးတွေမှာ အိမ်ထောင်စုစာရင်းကိစ္စ အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာသူတွေကို စမတ်ကတ် တစ်ခါတည်း ပြုလုပ်ခိုင်းခဲ့ပြီး အခုချိန်မှာတော့ ပိုမိုအားစိုက် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။", "စမတ်ကတ် ပြုလုပ်တဲ့အခါ မျက်လုံး scan ဖတ်တာ၊ လက်ဗွေ scan ဖတ်တာတွေ အပါအဝင် ပြည်သူတွေဟာ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ပေးရပါတယ်။ ဒါတွေဟာ အီလက်ထရောနစ် မဲပေးစနစ် အသုံးပြုမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတစ်ခုသာ ဖြစ်တယ်လို့ ထင်ခဲ့ကြဖူးပါတယ်။", "ဒါပေမယ့် စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်ယူမှုကို အကြောင်းပြပြီး အိမ်ရှိလူစာရင်းနဲ့ အိမ်နေရာ အတည်ပြုမှုတွေကိုပါ လုပ်ဆောင်လာတာကြောင့် ဒါဟာ လတ်တလော သူတို့အားစိုက်နေတဲ့ စစ်မှုထမ်းဥပဒေအတွက်ပါ တဆက်စပ်ထဲ ရည်ရွယ်လုပ်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။", "စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက်ဆိုပြီး MEVEM စမ်းသပ်မဲပေးမှု၊ ဇီဝအချက်အလက် ကောက်ယူမှု၊ သန်းခေါင်စာရင်းကောက်ယူမှု၊ အဆောက်အအုံ စာရင်းတင်တာနဲ့ ပန်းခင်းစီမံချက် စတာတွေကို ဒီနှစ် အစောပိုင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ထုတ်ပြန်ထားပါတယ်။", "ဒါ့အပြင် ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးအတွင်း စစ်ကောင်စီက သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရှိနေသေးတဲ့ ဒေသတွေမှာ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါတယ်။", "အာဏာမသိမ်းခင် ကာလကတည်းက မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ ရာဇဝတ်မှုတွေ ကျဆင်းဖို့၊ မြို့တော်ဘေးကင်းလုံခြုံဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အရပ်သားအစိုးရဟာ တရုတ်အကူအညီနဲ့ Ai နည်းပညာသုံး စောင့်ကြည့်ရေးကင်မရာတွေ၊ ထိန်းချုပ်ခန်းတွေ တည်ဆောက်ခဲ့ပါတယ်။", "အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီက အခြားသော ရည်ရွယ်ချက်နဲ့ စောင့်ကြည့်ရေးကင်မရာတွေ ဆက်လက်တပ်ဆင်ခဲ့ပါတယ်။", "ကမ္ဘာ့အကြီးဆုံး မြို့ကြီး ၁၅ဝ မှာ စောင့်ကြည့်ကင်မရာပေါင်း သန်း ၇၇ဝ နီးပါး ရှိတဲ့အထဲက ၅၄ ရာခိုင်နှုန်းက တရုတ်နိုင်ငံမှာ ရှိနေတာပါ။", "ပြည်သူတွေအပေါ် စောင့်ကြည့်မှုအများဆုံး တရုတ်နိုင်ငံဟာ ပြည်သူတွေကို ဖိနှိပ်ရာမှာလည်း နာမည်ဆိုးနဲ့ ကျော်ကြားလှပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက တရုတ်ကို ဆရာတင်ထားတာပါ။", "စစ်ကောင်စီဟာ လူမျက်နှာတွေ၊ မော်တော်ယာဉ်နံပါတ်တွေကို မှတ်သားနိုင်တဲ့ Ai နည်းပညာနဲ့ သူတို့ကောက်ယူနေတဲ့ ဇီဝဆိုင်ရာအချက်အလက်တွေကို ပေါင်းစပ်ပြီး ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲကို ဝင်ရောက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်လာနိုင်တယ်လို့ Human Rights Watch အဖွဲ့က ထောက်ပြဖူးပါတယ်။", "မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ဇီဝအချက်အလက်တွေကို ကောက်ယူအသုံးချဖို့ ပြင်ဆင်နေပေမယ့် ကာကွယ်ပေးမယ့် ဥပဒေဆိုတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။", "အာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေအပေါ် အဘက်ဘက်က တင်းကြပ်ထားတဲ့အခါမှာ စစ်ကောင်စီအနေနဲ့ စမတ်ကတ်လုပ်ဖို့ အားသွန်ခွန်စိုက် လုပ်စရာ သိပ်မလိုတော့ဘဲ အကြောင်းကြောင်းကြောင့် နိုင်ငံခြားထွက်ချင်တဲ့ ပြည်သူတွေကိုယ်တိုင် စမတ်ကတ် ဘယ်လိုလုပ်ရမလဲဆိုပြီး လိုက်စုံစမ်းရတဲ့ အခြေအနေကို ရောက်လာပါပြီ။", "လဝကအောက်မှာရှိတဲ့ အီလက်ထရောနစ် မှတ်ပုံတင်စနစ် ဦးစီးဌာနကတော့ ပြည်သူတွေရဲ့ လူမှုစီးပွားဆိုင်ရာ ကိစ္စရပ်တွေ လုပ်ဆောင်ရာမှာ ပိုမိုမြန်ဆန် အဆင်ပြေချောမွေ့စေဖို့ စမတ်ကတ် (Smart Card) လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ အကြောင်းပြချက်ပေးထားပါတယ်။", "တကယ်တမ်း တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီအနေနဲ့ကတော့ စမတ်ကတ် လုပ်ဆောင်မှုဟာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တာမျိုး မဟုတ်နိုင်သလို တိုင်းပြည်နဲ့ပြည်သူတွေ အကျိုးရှိစေဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။", "ဖြစ်ခြင်းဖြစ်ရင် စစ်မှုမထမ်းမနေရဥပဒေ အကောင်အထည်ဖော်ရာမှာ အလွဲသုံးစားလုပ်ဖို့နဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ စောင့်ကြည့်ဖိနှိပ်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါလိမ့်မယ်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/10/124952/
CDF မင်းတပ်အတွက် AK-47 သေနတ် အလက် ၄၀ နှင့် ကျည်ဆန် ၁၂၀၀၀ ၊ ကျည်အိမ် ၁၂၀ ခုတို့ကို အဖွဲ့ ၃ ခုက တပ်ဆင်ပေး
["CDF မင်းတပ်အတွက် AK-47 သေနတ် အလက် ၄၀ နှင့် ကျည်ဆန် ၁၂၀၀၀ ၊ ကျည်အိမ် ၁၂၀ ခုတို့ကို အဖွဲ့ ၃ ခုက တပ်ဆင်ပေး", "AK-47 ၁၀ လက်နှင့် ကျည်ဆန်များ ထပ်မံတပ်ဆင်ဦးမည်", "ရန်ကုန်၊ အောက်တိုဘာ ၃", "ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက် တော်လှန်ရေး တပ်တစ်ခုဖြစ်သော CDF မင်းတပ်အတွက် AK-47 သေနတ် အလက် ၄၀ နှင့် ကျည်ဆန် ၁၂၀၀၀ ၊ ကျည် အိမ် ၁၂၀ ခုတို့ကို အဖွဲ့ ၃ ခုက တပ်ဆင်ပေးလိုက်ကြောင်း International Mindat K’Cho Organization (IMCO)က တရားဝင် သတင်းထုတ်ပြန်သည်။", "International Mindat K’Cho Organization (IMCO)၊ Heal the world၊ CEA(Norway) အဖွဲ့ ၃ ဖွဲ့က AK-47 သေနတ် ၄၀ လက်၊ကျည် ၁၂၀၀၀ တောင့်၊ကျည်အိမ် ၁၂၀ ခုတို့ကို ဝယ်ယူပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ထံသို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အပ်နှံပေးခဲ့ကြောင်း သိရှိရ သည်။", "International Mindat K’Cho Organization (IMCO) အဖွဲ့အနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်အတွက် AK-47 သေနတ် ၅၀လက်ဝယ်ယူ တပ် ဆင် ပေးမည့်ပရောဂျက်ကို ၂၀၂၂ ခုနှစ်၊ဇွန်လတွင်စတင်ခဲ့ပြီး ပရောဂျက် အတွက် အမေရိကန်ဒေါ်လာ ၁၈၅၀၀၀ (တစ်သိန်းရှစ်သောင်း ငါးထောင်) ကုန်ကျမည်ဖြစ်ကာ လက်နက် ၅၀လက်၊ကျည် ၁၅၀၀၀ တောင့်၊ကျည်အိမ် ၁၅၀ ရရှိဖြစ်ကြောင်း သိရှိရသည်။", "ပရောဂျက်အတွက်ကံစမ်းမဲထီလက်မှတ်များရောင်းချလျက်ရန်ပုံငွေရှာဖွေခဲ့ရာအမေရိကန်ဒေါ်လာ ၇၀၀၇၂ ဒသမ ၇၁ ရရှိခဲ့သော်လည်းကာကွယ်ရေး တပ်ဖွဲ့များ ၏အရေးပေါ်လိုအပ်ချက် စားနပ်ရိက္ခာ ဖြည့်ဆည်း ရသဖြင့်လက် ကျန် ဒေါ်လာငွေစုစုပေါင်း ၅၈၇၄၉ ဒသမ ၄၀ ကို ပရောဂျက်အတွင်း အသုံးပြု ခဲ့ရကြောင်း၊ ဒေါက်တာအငြိမ်းဦးဆောင်သော Heal the world အဖွဲ့နှင့် CEA(Norway) တို့က ဒေါ်လာ ၃၅၀၀၀ ခန့်ပူးပေါင်းအားဖြည့်ခဲ့ကြပြီး ပရော ဂျက် အတွက်လိုအပ်သည့်ရန်ပုံငွေအများစုကို IMCO အဖွဲ့ဝင်များ ထံမှ ကောက်ခံသည့်လစဥ်ကြေးများဖြင့်ဖြည့်ဆည်းခဲ့ရကြောင်း၊ ပရောဂျက် လက်ကျန် AK-47 သေနတ် ၁၀ လက်၊ကျည် ၃၀၀၀ တောင့်၊ကျည်အိမ် ၃၀ ခုကိုလည်းမကြာမီထပ်မံရရှိမည်ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ ပရောဂျက်တွင် ပါဝင်ခဲ့ကြသည့် ကံစမ်းမဲထီလက်မှတ်များ ဝယ်ယူ အားပေး ခဲ့ ကြသောပြည်တွင်းပြည်ပမြန်မာနိုင်ငံသားများ၊ဒေါက်တာ အငြိမ်း ဦးဆောင်သော Heal the world အဖွဲ့သားများ၊ CEA(Norway) အဖွဲ့သား များကို လည်းကောင်း၊လက်နက်များဝယ်ယူရာတွင် အစအဆုံး အကူအညီ ပေးခဲ့သည့် NUG အစိုးရကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ တာဝန်ခံ ပုဂ္ဂိုလ်များ၊လက်နက်များဘေးကင်းလုံခြုံစွာသွား ရောက်သယ် ယူခဲ့သည့် CDF-Mindat ရဲဘော်များ၊နိုင်ငံအလိုက် IMCO အီးစီလူကြီးများ၊မြောက် အမေရိက နှင့် သြစတြေးလျရှိပြည်နယ်အလိုက် IMCO ခေါင်းဆောင်များ၊တော်လှန် ရေး ကာလ တလျှောက် လုံး လစဥ်ကြေးများ မငြီးမငြူ ထည့်ဝင် ခဲ့ကြသည့် IMCO အသင်းသူအသင်းသားများ အားလည်း ကောင်း၊လက်နက် များကို K’Cho ချင်းရိုးရာထုံးဓလေ့နှင့်အညီ အပ်နှံခဲ့သည်ဖြစ် ရာ ပွဲအတွက် လိုအပ် သောနွားနောက် ၃ ကောင်လှူဒါန်းခဲ့ကြသည့် IMCO (သြစတြေးလျ)၊ IMCO (ဦးအွမ်ဖေ-အမေရိကန်)၊ IMCO (ဥရောပ)တို့အား လည်းကောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ကြောင်း ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137502/
CDF- Mindat စစ်ဦးစီးချုပ်က ဦးဆောင်၍ “အောင်ပွဲရရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနား”ပြုလုပ်
["CDF- Mindat စစ်ဦးစီးချုပ်က ဦးဆောင်၍ “အောင်ပွဲရရှေ့တန်းပြန်ရဲဘော်များအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနား”ပြုလုပ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၆", "CDF-Mindat စစ်ဦးစီးချုပ်က ဦးဆောင်ပြီး “အောင်ပွဲရရှေ့တန်းပြန်ရဲဘော်များအားဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနား” ကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် အားသစ်အင်သစ်နှင့် ပြန်လည်ရုန်းထရန်အတွက် လက်ရှိ လုပ်ဆောင်လျက်ရှိသည့် Project Mindat 2024 ကမ်ပိန်းတွင် ပါဝင်ပေးကြရန် Chin Defence Force – Mindat က ပြည်သူများကို အကူညီတောင်းခံထားသည်။"]
https://yktnews.com/2023/05/102844/
CDM ကျန်းမာရေးဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေးခဲ့သော မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး Non-CDM ဒေါက်တာတင်ချိုချိုကို ပစ်ခတ်ခံရပြီး သေဆုံး
["CDM ကျန်းမာရေးဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေးခဲ့သော မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး Non-CDM ဒေါက်တာတင်ချိုချိုကို ပစ်ခတ်ခံရပြီး သေဆုံး", "ရန်ကုန်၊ မေ ၁၆", "မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် CDM ကျန်းမာရေးဝန်ထမ်းများကို အတင်းအကျပ် ဖိအားပေးခဲ့သော မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး Non-CDM ဆရာဝန် ဒေါက်တာတင်ချိုချိုကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။", "မေလ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ပလိပ်မြို့တွင် နေထိုင်သည့် မြစ်ငယ်မီးရထားစက်ရုံဆေးရုံအုပ်ကြီး Non-CDM ဆရာဝန် ဒေါက်တာ ဒေါ်တင်ချိုချိုကို ပလိပ်မြို့နေအိမ်တွင် သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ရာ ဒေါက်တာတင်ချိုချို၏လည်ပင်း ကျည်ထိမှန်၍ မန္တလေးဆေးရုံကြီး တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။", "“မြစ်ငယ်ဆေးရုံမှာ အလုပ်သမားလူတန်စား တွေဆေးရုံတက်တဲ့အခါ မောက်မာစွာ ဆက်ဆံတယ်။ CDM ဆရာမ၊ ကျန်းမာရေးဝန်ထမ်းတချို့ကို ဆေးရုံအုပ်ဒေါက်တာတင်ချိုချိုက အတင်းအကျပ် Non-CDM လုပ်ခိုင်းတာ၊ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။", "ဆေးရုံအုပ် ဒေါက်တာ တင်ချိုချိုကို ပစ်ခတ်ခံရ၍ သေဆုံးသွားပြီးနောက် စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများ လုပ် ဆောင် ခဲ့ကြောင်း၊ မြစ်ငယ်ဆေးရုံအနီးရှိ ရပ်ကွက်များကိုလည်း စစ်တပ်က ဧည့်စာရင်း စစ်ပြီး ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/98421/
CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ်ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်
["CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ်ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်", "စစ်ဒေသ ၄ ခု ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်မည်", "ရန်ကုန်၊ ဧပြီ ၂၀", "CDMစစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ် ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး စစ်ဒေသ ၄ ခု ဖွဲ့ စည်း ကာ စစ်အာဏာရှင်ကို တိုက်ထုတ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။", "မိုးကြိုးပျောက်ကျားတပ်ဖွဲ့ – အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲကို လွတ် မြောက်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မိုးကြိုးပျောက်ကျားတပ်ဖွဲ့ကို CDM တပ်မတော် အရာရှိများ ၊ ရဲအရာရှိများက ဦးစီး၍ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ကြောင်း၊ ယခုအခါ စစ်ဒေသ ၄ ခုဖွဲ့စည်းတည်ထောင်ထားပြီးဖြစ် ကြောင်း သိရှိရသည်။", "မိုးကြိုးပျောက်ကျားတပ်ဖွဲ့ ၏ ရည်ရွယ်ချက်အနေဖြင့် အာဏာရှင်နှင့် မဟာ လူမျိုးကြီးဝါဒချုပ်ငြိမ်းရေး ၊ ပင်လုံကတိကဝတ်ကိုလေးစားတန်ဘိုးထားရေး ၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာအပြည့်အဝရှိသည့် တိုင်းရင်းသားပြည်နယ်များပေါ်ထွန်းရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို လေးစားတန်ဖိုးထားရေး နိုင်ငံရေးဆိုင်ရာ မူဝါဒများဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။"]
https://yktnews.com/2023/02/85185/
CDM ဆင်ကလေးများ၏ စားဝတ်နေရေး နှင့် ကျန်းမာရေးအခက်အခဲများ ဖြေရှင်းနိုင်ရေး “တော်လှန်တပ်သားမိုမိုလေးများ” Campaign ပြုလုပ်ပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်
["CDM ဆင်ကလေးများ၏ စားဝတ်နေရေး နှင့် ကျန်းမာရေးအခက်အခဲများ ဖြေရှင်းနိုင်ရေး “တော်လှန်တပ်သားမိုမိုလေးများ” Campaign ပြုလုပ်ပြီး ပြည်သူများ ပါဝင်ကြရန် ဖိတ်ခေါ်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၃", "အကြမ်းဖက် စစ်အာဏာသိမ်းသည့်နေ့မှ စ၍ အကြမ်းမဖက်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများနှင့်အတူ ပြည်သူ့ဆင်လေးများလည်း ပါဝင်ခဲ့ကြပြီး ဆင်ဝန်ထမ်း CDMများနှင့် CDM ဆင်ကလေးများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန်“တော်လှန်တပ်သားမိုမိုလေးများ” Campaign ကို ပြုလုပ်မည် ဖြစ်ပြီး မိဘပြည်သူများပါဝင်လှူဒါန်းနိုင်မည် ဖြစ်သည်။", "ကာလရှည်ကြာလာသည်နှင့်အမျှ ဆင်ဝန်ထမ်း CDMများနှင့် CDM ဆင်ကလေးများရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများ ပိုမိုများပြားစွာ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် အဆိုပါ Campaign ကို လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ Campaign မှ ရရှိသည့် ရန်ပုံငွေများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဆင်ဝန်ထမ်း CDM များနှင့် CDM ဆင်ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အသုံးပြုသွားမှာဖြစ်သည်။", "“တော်လှန်တပ်သား မိုမိုလေးများ – Elephants in Revolution ” Campaign တွင် လူနဲ့ ဆင် ပေါင်းစပ် ဖန်တီးထားသည့် ပန်းချီကား၊ Elephant Ring, Elephant Bangle, Elephant Porcelain တို့ကို ကံစမ်းမဲများဖောက်ပေးသွားမည် ဖြစ်သည်။", "မဲလက်မှတ်များကို ဝယ်ယူလိုသည့် နိုင်ငံ၊ ငွေကြေး (currency) အလိုက် သတ်မှတ်ထားသော ဈေးနှုန်းများမှာ Digital Myanmar Kyat (DMMK), MMK ဆိုပါက တစ်စောင် ၁၅၀၀၀ ကျပ်၊ USD – 10, AUD – 10, CAD – 10, EURO – 10, NZD – 10, KRW – 10,000, JPY – 1000, MYR – 30, SGD – 10, THB – 200, TWD – 200 သတ်မှတ်ထားသည်။", "ဝယ်ယူလိုပါက –", "HAM_Collection", "CDM Medical Network", "Myanmar FR (MMK, DMMK)", "m.me/cdmmn", "တော်လှန်တပ်သား မိုမိုလေးများ", "http://m.me/ElephantsinRevolution", "အိုင်ယာလန်နိုင်ငံ (Euro, DMMK, MMK)", "CRPH funding Ireland", "ထိုင်းနိုင်ငံ", "Lucas Elias ( THB, DMMK)", "ထိုင်း/ မလေးရှားနိုင်ငံ(THB, MYR)", "နွေဦးထောက်ပို့&Support to Spring-mft/ehm", "စင်ကာပူနိုင်ငံ (SGD, DMMK)", "ပြည်သူ့နွေဦး The Myanmar People’s Spring Singapore", "အမေရိကန်နိုင်ငံ(USD)", "SMS", "ဩစတြေးလျနိုင်ငံ (AUD)", "Sydney Friends for Myanmar Unityhttps://www.facebook.com/SydneyFriendsforMyanmarUnity", "ကနေဒါနိုင်ငံ (CAD)", "2022 Bottle Depot အေကာက်ခွန် Canadahttps://m.facebook.com/100068763020156/", "ထိုင်ဝမ်နိုင်ငံ (TWD, DMMK)", "Taiwan Alliance for Myanmarhttps://www.facebook.com/TaiwanAllianceforMyanmar", "ဂျပန်နိုင်ငံ (JPY, DMMK)", "Together with Satomi", "နယူးဇီလန်နိုင်ငံ (NZD)", "Citizen of Burma Award – New Zealand (ပြည်သူ့ဂုဏ်ရည် နယူးဇီလန်)https://www.facebook.com/coba.newzealand?mibextid=ZbWKwLတို့ဖြစ်ကြသည်။", "လက်မှတ် အစောင်ရေ ၃၀၀၀ ရောင်းချနိုင်ရန် မျှော်မှန်းထားပြီး လက်မှတ်အားလုံး ရောင်းချပြီးချိန်တွင် ကံထူးရှင်များကို ပြည်သူချစ် အနုပညာရှင်များက Live လွှင့်ကာ ရွေးချယ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/12/194838/
CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေ
["CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များထပ်မံ ဖွင့်လှစ်နေ", "ရန်ကုန်၊ ဒီဇင်ဘာ ၉", "CDM ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများကို ဖိနှိပ်ဖမ်းဆီးခိုင်းခဲ့သော မန္တလာစိုးမြင့် က မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် စစ်တပ်ပူးပေါင်း၍ ပုဂ္ဂလိက ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်နေကြောင်း စီးပွားရေးနှင့် တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။", "မန္တလေး၊ ပြင်ဦးလွင်နှင့် ရန်ကုန်တို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများ၏ ရှယ်ယာ ပါဝင်ထားသော ပုဂ္ဂလိက ဆေးရုံများ ပိုင်ဆိုင်ထားသည့် မန္တလာစိုးမြင့် က CDM ဆရာဝန်များကို ဖိနှိပ်ပြီး ဆေးရုံသစ်များ ထပ်မံ ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။", "မန္တလာစိုးမြင့်သည် မန္တလာဆေးရုံ၊ မန္တလာ health care group ဆေးကုမ္ပဏီ၊ ပြင်ဦးလွင် ချယ်ရီလန်းဆေးရုံ၊ တောင်ကြီးမြတ်တော်ဝင်ဆေးရုံ၊ အောင်မိုဟိန်း ဆောက်လုပ်ရေး ကုမ္ပဏီ၊ ၇၇၇ ဘိလပ်မြေ အိမ်ဆောက်ပစ္စည်းနှင့် သွပ်ပြားစက်ရုံ၊ စိုး လမ်းတံတားလေလံ၊ ရွှေတော်ဝင် ဆောက်လုပ်ရေး ၊ မန္တလာ သွင်းကုန်ထုပ်ကုန်လုပ်ငန်းများကို ပိုင်ဆိုင်သူဖြစ်ပြီး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းများအသင်း ဥက္ကဌဖြစ်သူ ဖြစ်ကြောင်း သိရသည်။", "၎င်းပိုင်ဆိုင်သော ပုဂ္ဂလိက ဆေးရုံများတွင် အကြမ်းဖက် စစ်တပ်မှ စစ်ဆေး ဆရာဝန်များကို ခန့်အပ်ပြီး CDM ဆရာဝန်များကို စစ်တပ်ထံသို့ သတင်းပေးခြင်း၊ ထောက်လှမ်းခြင်းများ၊ CDM ဝန်ထမ်းများကို လစာမဲ့ ဖြုတ်ခြင်း၊ အကြမ်းဖက် စစ်တပ်မှ အရာရှိ မိသားစုဝင်များကို အခမဲ့ကုသပေးခြင်းနှင့် ပြိုင်ဘက်ဆေးရုံများကို တိုက်ခိုက်ခြင်းများ အကြီးအကျယ် ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။", "” CDM ဝန်ထမ်းဆို စစ်ကောင်စီထက် ပိုမုန်းပြီး သူက လိုက်ဒုက္ခပေးနေတာ။ စစ်ဆရာဝန်တွေပဲ သူ့ဆေးရုံမှာ ခန့်ထားတယ်။ သူ့လုပ်ငန်းတွေကနေ ငွေမည်းကနေ ငွေဖြူ အကြီးအကျယ်လျှော်တယ်။ နိုင်ငံခြားသားတွေရဲ့ ငွေမည်းကအစ သူ့လုပ်ငန်း တချို့က ရှယ်ယာတွေကို ကာလ တနိဖိုးထက် ၃ ဆလောက် ပိုရောင်းပြီး ရန်ကုန်နဲ့ မန္တလေးမှာ ဆေးရုံလုပ်ငန်းတွေ ထပ်ချဲ့ဖိုလုပ်နေတာပါ။ ရှယ်ယာငွေတွေကို အလွဲသုံးစား လုပ်နေလို့ လုပ်ငန်းလည်း တအားလုပ်မပြနိုင်လို့ တချိုရှယ်ယာရှင်တွေက ငွေပြန်အန်းခိုင်းတာကိုလည်း စကစ နဲ့ဖမ်းခိုင်းမယ်။ အကြပ်ကိုငိလို့ ဘယ်သူမှ သူ့ကိုပြန်မပြောရဲတော့ဘူး။စစ်တပ်အာဏာသိမ်းကာလမှာ ပိုပြီး ချမ်းသာ ဇောင်းထလာတာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင် မန္တလာ စိုးမြင့်ပိုင်ဆိုင်သော ပုဂ္ဂလိက ဆေးရုံများတွင် ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ညီမ စုစုဒွေးနှင့် အကြမ်းဖက် စစ်တပ် အရာရှိများ၊ ပင်စင်စား တချို့၏ ရှယ်ယာများ ပါဝင်ကာ ရှယ်ယာများကို ပုံမှန်စျေးထက် ၃ ဆ တင်ရောင်းပြီး ဆေးရုံများမှာ အပိတ်မခံရစေရေး စစ်တပ်နှင်ပူးပေါင်းထားကြောင်း၊ အခြားပုဂ္ဂလိက ဆေးရုံများ ပိတ်သွားစေရန် CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားသည်ဟုဆိုကာ စစ်တပ်ထံ သတင်းပေးပြီး ပိတ်ခိုင်းကြောင်း၊ ထို့ကြောင့် ၎င်း၏ ဆေးရုံလုပ်ငန်းများ အောင်မြင်လာပြီး လုပ်ငန်းမှ ရရှိသော ဝင်ငွေဖြင့် ရန်ကုန်နှင့် မန္တလေးတို့တွင် ပုဂ္ဂလိက ဆေးရုံများ ထပ်မံ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ် အရာရှိများနှင့် ပူးပေါင်းပြီး လမ်းတံတားများ လေလံဆွဲခြင်း အပါအဝင် အစိုးရပိုင် အဆောက်အဦးများကို ငှားရမ်း အသုံးပြု ခြင်း၊ ပြင်ဦးလွင်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများနှင့် အရပ်ဘက် အရာရှိများကို ရှယ်ယာထည့်ခိုင်း၍ လယ်မြေများကို သိမ်းယူကာ ဆေးရုံများ ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရသည်။", "“စစ်ကောင်စီက အရာရှိတွေနဲ့ ပူးပေါင်းပြီး လမ်းတံတား လေလံဆွဲတာ အစိုးရပိုင်အဆောက်အဦးများကို သုံးဆွဲတာတွေ အစ သူပဲလုပ်နေတာ ပြင်ဦးလွင်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ စစ်ဘက်နဲ့ အရပ်ဘက်က အရာရှိတွေကို ရှယ်ယာထည့်ခိုင်းပြီး လယ်ယာမြေတွေကို သိမ်းတယ် ဆေးရုံတွေ ဆောက်နေတယ်။ စစ်တပ် အရာရှိတွေရဲ့ မိသားစုဝင်များကို အခမဲ့ကုသပေးနေတယ်။ အခု သူများဆေးရုံတွေ ပိတ်ရပြီး သူရဲ့ ဆေးရုံများမပိတ်ရတာကြောင့် စစ်ကောင်စီ ကိုဆန့်ကျင်တွေ သတိထားမိမှာစိုးလို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်ဝါးရိုက်ပြီး ဇတိ ပိတ်ဖို့ ကြံရွယ်နေတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်ကပြောဆိုသည်။", "မန္တလာစိုးမြင့်တွင် ပြင်ဦးလွင်မြို့မှ ချယ်ရီလမ်းဆေးရုံ မန်နေဂျာ ညီညီဇော်နှင့် မန္တလေးမှ မန္တလာဆေးရုံမန်နေဂျာ ဥက္ကာကျော် ဆိုသော လူယုံ ၂ ဦးရှိပြီး ၎င်းတို့ ၂ ဦးသည်လည်း အကြမ်းဖက် စစ်တပ်ထံ သတင်းပေးခြင်းနှင့် အကြမ်းဖက် စစ်တပ် အရာရှိများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို လိုက်ပါလုပ်ဆောင်ပေးကာ စိုးမြင့်ထံ လုပ်ငန်းဆိုင်ရာ ကိစ္စများကို တိုက်ရိုက်သတင်းပေးပို့နေသူများဖြစ်ကြောင်း သိရသည်။"]
https://yktnews.com/2025/05/214823/
CDM မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင် NUG အစိုးရ၏ ကျန်းမာရေး ဒုတိယဝန်ကြီး ဖြစ်လာ
["CDM မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင် NUG အစိုးရ၏ ကျန်းမာရေး ဒုတိယဝန်ကြီး ဖြစ်လာ", "ရန်ကုန်၊ မေ ၁၇", "အကြမ်းဖက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသော CDM မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာ ဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ၏ ကျန်းမာရေး ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်လိုက်ကြောင်း ပြည် ထောင်စု လွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH) က ယမန် နေ့ညပိုင်း သတင်းထုတ်ပြန်သည်။", "ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အရ ပါမောက္ခဒေါက်တာ ခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာ ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။", "ပါမောက္ခ ဒေါက်တာခင်မောင်လွင်သည် ၁၉၈၇ ခုနှစ်တွင် ရန်ကုန်ဆေးတက္က သိုလ် ၁ မှ M.B,B.S ဘွဲ့ကို ရရှိခဲ့ပြီး ၁၉၉၂ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဌာနတွင် လက်ထောက်ဆရာဝန်အဖြစ် အမှုထမ်းခဲ့သည်။", "၁၉၉၇ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံ (ခွဲစိတ်ကုပညာ) ဘွဲ့ကို ဆေးတက္ကသိုလ် ၁ တွင် တက်ရောက်အောင်မြင်ခဲ့ပြီး ၂၀၀၀ခုနှစ်တွင် Royal College of Edinburgh မှ မြန်မာနိုင်ငံတွင် လာရောက်စစ်ဆေးသော F.R.C.S ဘွဲ့ကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။ ယင်းနှစ် မတ်လတွင် အထူးကုဆရာဝန် (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်) အဖြစ် ရာထူးတိုးကာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။", "၂၀၀၅ခုနှစ်တွင်Dr.Med.Sc(Neurosurgery) ဘွဲ့ကို မန္တလေးဆေးတက္ကသိုလ်မှ ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီး (ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကု) အဖြစ်ရာထူး တိုးခဲ့သည်။", "၂၀၀၈ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ တွဲဖက်ပါမောက္ခ (ဦး နှောက် နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး) အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၀ ခုနှစ်အရောက်တွင်မူ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ ပါမောက္ခ/ဌာနမှူး (ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး) ဖြစ်လာခဲ့သည်။", "၂၀၁၃ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ Dip.Med.Ed ဘွဲ့ကို ရရှိခဲ့ပြီး ၊ ၂၀၁၅ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး)တွင် ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်း ရွှေ့တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။", "COVID-19 ကာလတွင် မန္တလေးတိုင်းအတွင်းရှိ ကိုဗစ်ကာကွယ်ကုသတိုက်ဖျက်ရေးလုပ်ငန်းများတွင် ဆေးတက္က သိုလ် (မန္တလေး) မှ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ပြီး ဧရာဝတီဖောင်ဒေးရှင်း၏ ကိုဗစ်ကုသရေးစင်တာတွင်လည်း တာဝန်ခံဆရာဝန်ကြီးအဖြစ် ဝင်ရောက်ပါဝင်ထမ်းဆောင်ခဲ့သည်။", "၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အာဏာသိမ်းပြီးနောက် ပိုင်း ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဆေးတက္ကသိုလ် (မန္တလေး) ကို CDM တက္ကသိုလ်အဖြစ်ကြေညာခဲ့သည်။", "ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပါမောက္ခချုပ်နေအိမ်ခြံဝင်းအတွင်းသို့ ခြံစည်းရိုးကျော်ခွဝင်ရောက်လာပြီး စစ်ဆေးမေးမြန်းရန် လာရောက်ခေါ်ဆောင်ခဲ့သော်လည်း ဇနီးနှင့် သမီး ၂ ဦးတို့၏ အကူ အညီဖြင့်လည်းကောင်း၊ ဆေးတက္ကသိုလ် (မန္တလေး) မှ ဆရာ၊ ဆရာမများ ၊ မိသားစုများ၊ ဝန်ထမ်းမိသားစုများ၏ ကူညီစောင့် ရှောက်မှုဖြင့်လည်းကောင်း ခေါ်ဆောင်သွားခြင်း မခံခဲ့ရပေ။", "၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညမှစ၍ ဆေးတက္ကသိုလ် (မန္တလေး) မှ ရှောင် တိမ်းခဲ့ပြီး ယခုအခါတွင် လွတ်မြောက်နယ်မြေတစ်ခုသို့ရောက်ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ တာဝန်များကို ထမ်းဆောင်ရင်း တော် လှန်ရေးကြီးအောင်မြင်အောင် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်နေရာမှ NUG ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။"]
https://yktnews.com/2023/01/81293/
CDM ဝန်ထမ်းများက စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့် ရန် စိုးထွဋ် အမိန့်ပေး၊ ဝန်ကြီးဌာနများတွင် CDM စာရင်းနှင့် ကိုယ်ရေးအကျဉ်းများ အရေးပေါ် ပေးပို့ရန် လျှို့ဝှက် ညွှန်ကြား
["CDM ဝန်ထမ်းများက စစ်တပ်အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့် ရန် စိုးထွဋ် အမိန့်ပေး၊ ဝန်ကြီးဌာနများတွင် CDM စာရင်းနှင့် ကိုယ်ရေးအကျဉ်းများ အရေးပေါ် ပေးပို့ရန် လျှို့ဝှက် ညွှန်ကြား", "ရန်ကုန်၊ ဇန်နဝါရီ ၁၆", "စစ်ကောင်စီ၏ ပိတ်ပင်မှုများကြောင့် ပြည်တွင်းတွင် အလုပ်မရှိ၊ ပြည်ပထွက်ခွင့်ပိတ်ပင်ခံထားရသော CDM ဝန်ထမ်းများသည် စစ်တပ််အတွက် အန္တရာယ်ရှိ၍ ပစ်မှတ်ထားစောင့်ကြည့်ရန် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က အမိန့်ထုတ်ထားကြောင်း သိရှိရသည်။", "ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီး တက်ရောက်သော စစ်ကောင်စီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အမိန့်ပေးလာခြင်းဖြစ်သည်။", "“CDM လုပ်သူများ Black List ရေးသွင်းထားသည့်အတွက် ပြည်ပသို့ထွက်ခွင့်မရတော့ဘဲ လေဆိပ်တွင် တားဆီးမှုများ ရာနှင့်ချီ၍ ရှိလာကြောင်း၊ ထိုသို့ တားဆီးခံရသူများသည် စစ်ကောင်စီအပေါ် မကျေနပ် သည့်အဖွဲ့များဖြစ်လာနိုင်ကြောင်း၊ ပြည်တွင်းတွင်လည်း အလုပ်မရှိ ၊ ပြည်ပသို့လည်း သွားမရခြင်းတို့ကြောင့် ထိုလူအုပ်စု၏ အန္တရာယ်သည် ကြီးမားလာနိုင်ကြောင်း၊ ထို CDM များကို ပြည်နယ်/တိုင်းရဲတပ်ဖွဲ့မှူးများက စောင့်ကြည့်ပစ်မှတ်အနေဖြင့် သေချာစွာ စောင့်ကြည့်သွားရန် လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ပြောသည်။", "လက်ရှိတွင် ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ဝန်ကြီးဌာနများတွင် CDM စာရင်းများ ကောက်ယူခြင်း၊ CDM လုပ်ထားရမှ ပြန်ဝင်လာသော Non-CDM စာရင်းများ ကောက်ယူခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာကြောင်း သိရှိရသည်။", "“အခု ဝန်ကြီးဌာနတွေမှာ ဌာနအလိုက် CDM လုပ်သွားသူတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့စာရင်းတွေ ပြန်တောင်းတယ်။ နောက်ပြီး CDM လုပ်ပြီးမှ ပြန်အလုပ်ဝင်တဲ့ Non-CDM စာရင်းတွေလည်းတောင်းနေတယ်။အရေးပေါ် တောင်းနေတာ” ဟု နေပြည်တော် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်က ရရှိထား‌‌သော လျှို့ဝှက် ညွှန်ကြားစာတွင် ဝန်ကြီးဌာနများတွင် CDM လုပ်သွားသူများ၊ CDM လုပ်ပြီးမှ ပြန်လည် ဝင်ရောက်လာသူ Non-CDM များ၏ စာရင်းနှင့်ကိုယ်ရေးအကျဉ်းများကို အရေးပေါ် ဇန်နဝါရီလ ၂၀ ရက်နေ့ ပေးပို့ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။"]
https://yktnews.com/2024/08/178679/
လားရှိုးရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့်စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ချိတ်ပိတ်နေပြီး ပြည်သူ့ အကျိုးပြု လုပ်ငန်းစဉ်များတွင် ပြန်လည် အသုံးပြုမည်
["CDM ဝန်ထမ်းများကို အုပ်ချုပ်ရေးယန္တရားနှင့် ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြန်လည်ခန့်အပ်ရန်ရှိနေ", "ရန်ကုန်၊ ဩဂုတ် ၁၃", "ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ ၏ နေအိမ်များအားလုံးကို ချိတ်ပိတ်မည်ဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ် ငန်းစဉ်များတွင် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။", "“အခု ဆိုရင် စာရင်းအရ သိရတဲ့ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန် ထမ်းတွေရဲ့ အိမ်တွေ၊ စစ်တပ်ကလူတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကို အတည်ပြု စုံစမ်းစစ်ဆေးပြီး နေအိမ်ချိတ်ပိတ်တာတွေ စလုပ်နေပြီ။ အဲဒီ ချိတ်ပိတ်ထားတဲ့ အိမ်တွေကလည်း နောက်ကျရင် ပြည်သူအကျိုးပြုအတွက်ပြန်သုံးဖို့ အစီအစဉ်ရှိပါတယ်။ အခု ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေလည်း ပီပီပြင်ပြင် ဖွဲ့စည်းပြီးရင် အဲဒီလုပ်ငန်းကို ပိုပြီးတော့ အရှိန်မြှင့်လုပ်နိုင်မှာပါ” ဟု MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။", "ထို့ပြင်လားရှိုး အပါအဝင် ရှမ်းမြောက်ဒေသတစ်ခုလုံးတွင် စစ်အာဏာရှင် ဆန့် ကျင်ရေး တွင် တက်ကြွစွာပါဝင်ခဲ့ကြသော CDM ဝန်ထမ်းများအားလုံးကို အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်စေမည်ဖြစ်ပြီး CDM စာရင်းများကိုလည်း ကောက်ယူလျက်ရှိကြောင်း၊ တရားဝင် ဖိတ်ခေါ်မှုများလည်း ဆောင်ရွက်သွားရန် ရှိနေကြောင်း သိရှိရသည်။", "“ဒီအုပ်ချုပ်ရေးယန္တရားတွေမှာတော့ CDM တွေ၊ တိုင်းရင်းသား၊ ဒေသပြည်သူတွေက ရွေးကောက်တင်မြှောက်သူတွေ အားလုံးပါပါလိမ့်မယ်။ ပြည်သူကို အခြေခံတဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဖွဲ့စည်းမှုတွေ ရှိပါလိမ့်မယ်” ဟု MNDAA သတင်းရင်းမြစ်က ရှင်းပြသည်။", "လတ်တလော ရှမ်းမြောက်တွင် MNDAA ၊ TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ၊ PDF တပ်များက စစ်ကောင်စီတပ်များကို ဆက်လက် ထိုးစစ်ဆင်နေပြီး မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းပိုက်ထားသော မြို့များကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2022/12/78133/
DVB မှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦး ကို အမြန်လမ်းရဲကင်းစခန်းတိုက်ခိုက်သည်ဟု စွပ်စွဲပြီး ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်
["DVB မှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦး ကို အမြန်လမ်းရဲကင်းစခန်းတိုက်ခိုက်သည်ဟု စွပ်စွဲပြီး ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်", "ရန်ကုန်၊ ဇူလိုင် ၃၀", "DVB သတင်းဌာနမှ အလွတ်တန်းသတင်းထောက် ၁ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၈ ဦးကို အမြန် လမ်းရဲကင်းစခန်းကို တိုက်ခိုက်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်ကြောင်း သိရှိရသည်။", "ဒီဇင်ဘာလ ၂၈ ရက်နေ့ တောင်ငူခရိုင် တရားရုံးကနေ ရဲ ၅ ဦးသေဆုံးခဲ့သော အမြန်လမ်းဇဟားရဲကင်း စခန်း တိုက်ခိုက်ခံရမှုအတွက် DVB အလွတ် တန်း သတင်းထောက် ကိုကျော်အောင်(ခ) မင်းမင်း(ကညွတ်ကွင်း)၊ ကိုပိုင်သဲဦး၊ ကိုစိုးသူအောင်၊ ကိုမြဝင်းကျော်၊ ကိုကျော်နိုင်ဦး၊ ကိုကောင်းဆင့်သာ၊ ဒေါ်ပုလဲ ဆေး၊ ကိုစောနိုင်ဦး တို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ် လိုက်ခြင်း ဖြစ် ကြောင်း သိရှိရသည်။", "၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေးအမြန်လမ်း ဘေး ဇဟားရဲကင်းကို တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းစခန်းတိုက်ခိုက်ခံရမှုအတွက် ရဲများက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် DVB အလွတ်တန်းသတင်းထောက်အပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦးကို ရမ်းသမ်း ဖမ်းဆီးကာ ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/06/166209/
Danger Force LPDF တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်များအတွက် ယူနီဖောင်း၊ ကျည်ကာနှင့် လက်နက်ငယ်များ တပ်ဆင်ပေး
["Danger Force LPDF တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်များအတွက် ယူနီဖောင်း၊ ကျည်ကာနှင့် လက်နက်ငယ်များ တပ်ဆင်ပေး", "ရန်ကုန်၊ ဇွန် ၆", "Danger Force LPDF တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်များအတွက် ယူနီဖောင်း၊ ကျည်ကာနှင့် လက်နက်ငယ်များတပ်ဆင်ပေးခဲကြောင်း သိရှိရသည်။", "ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် Danger Force LPDF တည်ထောင်ခြင်း ၂ နှစ်ပြည့်တွင် ရဲဘော်များအတွက် ယူနီဖောင်းတပ်ဆင်ပေးခြင်း ၊ ကျည်ကာဦးထုတ် ၊ ကျည်ကာဝတ်စုံ၊ ကျည်ကာ ပြားများ တပ်ဆင်ပေးခြင်း ၊ လက်နက်ငယ် တပ်ဆင်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်"]
https://yktnews.com/2023/12/135697/
Dawei Watch သတင်းဌာနမှ သတင်းထောက် ၂ ဦး ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေး လုပ်နေ
["Dawei Watch သတင်းဌာနမှ သတင်းထောက် ၂ ဦး ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေး လုပ်နေ", "ရန်ကုန်| ဒီဇင်ဘာ ၁၃", "Dawei Watch သတင်းဌာန၏ မြိတ်အခြေစိုက် သတင်းသမား ၂ ဦး ကို စစ်ကောင်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင် အချိန်တွင် ဖမ်းဆီးသွားကြောင်း Dawei Watch ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။", "Dawei Watch သတင်းဌာန၏ သတင်း‌ထောက်များ ဖြစ်သည့် ကိုအောင်ဆန်းဦးနှင့် ကိုမျိုးမြင့်ဦးတို့ကို စစ်ကောင်စီက ဒီဇင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်အချိန်တွင် နေအိမ်များ၌ လာရောက် ဖမ်းဆီးသွား ဖြစ်ကြောင်း သိရသည်။", "သတင်းရေးသားမှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်သားများက မိသားစုကို ပြောဆိုခဲ့ကြောင်း Dawei Watch ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။", "Dawei Watch သတင်းဌာန၏ သတင်းထောက် နှစ်ဦး ကို ဖမ်းဆီးရာတွင် ဖမ်းဝရမ်းမပါဘဲ ညသန်းခေါင်အချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားပြီး ဖမ်းဆီး စစ်ဆေးနေကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း ဆိုသည်။", "Dawei Watch ၏ စုံစမ်းမှု အရ ၎င်းတို့မှာ စစ်ကြောရေးစခန်းတွင် ချုပ်နှောင်စစ်ဆေးနေကြောင်းဆိုသည်။ ဖမ်းဆီးချိန်မှာ Dawei Watch မီဒီယာပိုင် လက်တော့ပ် ၂ လုံးအပါအဝင် သတင်းထောက်များ၏ ဖုန်းများနှင့် မိသားစုဝင်များ၏ ဖုန်းများကို သိမ်းဆည်းသွားကြောင်း သိရသည်။", "သတင်းရေးသားခြင်းမှာ ပြစ်မှုကျူးလွန်ခြင်းမဟုတ်သည့်အတွက် ဖမ်းဆီးပိုင်ခွင့်မရှိကြောင်း ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် Dawei Watch သတင်းဌာ၏ သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း Dawei Watch ကထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/12/137028/
Denko ဆီဆိုင်များတွင် ပုံး၊ ပီပါဖြင့် ဒီဇယ်ဝယ်မည်ဆိုပါက စျေးကွက်ပေါက်စျေး ဒေါ်လာငွေလဲနှုန်းဖြင့် တွက်ချက်ပြီး သီးခြား စျေးနှုန်းသတ်မှတ်ရောင်းချမည်ဟု ကြေညာ
["Denko ဆီဆိုင်များတွင် ပုံး၊ ပီပါဖြင့် ဒီဇယ်ဝယ်မည်ဆိုပါက စျေးကွက်ပေါက်စျေး ဒေါ်လာငွေလဲနှုန်းဖြင့် တွက်ချက်ပြီး သီးခြား စျေးနှုန်းသတ်မှတ်ရောင်းချမည်ဟု ကြေညာ", "ရန်ကုန်၊ ဒီဇင်ဘာ ၂၃", "နိုင်ငံတစ်ဝန်းရှိ Denko ဆီဆိုင်များတွင် ပုံး၊ ပီပါဖြင့် ဒီဇယ်ဝယ်မည်ဆိုပါက ယနေ့မှစတင်၍ စျေးကွက်ပေါက်စျေး ဒေါ်လာငွေလဲနှုန်းဖြင့် တွက်ချက်ပြီး ဒီဇယ်စျေး နှုန်းသတ်မှတ်ရောင်းချမည်ဖြစ်ကြောင်း Denko စက်သုံးဆီကုမ္ပဏီက တရားဝင် ကြေညာသည်။", "ဒီဇင်ဘာလ ၂၃ ရက်နေ့ မှစတင်ပြီး Denko စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်(PD) နှင့် ဒီဇယ်(HSD) နှစ်မျိုးကို ပုံး၊ ပီပါများဖြင့် ဝယ်ယူမှုများအတွက် စက်မှုနှင့်ကုန်ထုတ်လုပ်ငန်းများ၊ အခြားစီးပွားရေး လုပ်ငန်းများအတွက် သတ်မှတ်ထားသော ၁၀၀ ရာခိုင်နှုန်း စျေးကွက်ပေါက်စျေး ဒေါ်လာငွေလဲနှုန်းဖြင့် ဆီစျေးကို တွက်ချက်ထားသော သီးခြားစျေးနှုန်းဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကြေညာသည်။", "လက်ရှိဝယ်ယူအသုံးပြုနေသောကား/ယာဉ်များအတွက် ပုံမှန်အတိုင်း ဆက်လက်‌ရောင်းချပေးမည်ဖြစ်ပြီး ပုံး/ပေပါများဖြင့်ဝယ်ယူအသုံးပြုမည်သူများ (စက်မှုနှင့်ကုန်ထုတ်လုပ်ငန်းများ၊ အခြားစီးပွားရေး လုပ်ငန်းများအတွက်) သီးခြားတွက်ချက်စျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊စျေးနှုန်း ကွာခြားမှုအတွက် ဝယ်လိုထားသော ဒီဇယ်ဆီပမာဏလိုက်၍ ငွေကြေးများ ထပ်မံတောင်းခံမည်ဖြစ်ကြောင်း ၊ အဆိုပါစျေးနှုန်းကို လက်ခံသဘောတူသည့် Customer များကိုသာ ပုံး/ပေပါများဖြင့် ဒီဇယ်ဆီများ ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာသည်။", "“အခုကတော့ ဒီဇယ်ဆီပေါ့။ နောက်တဖြည်းဖြည်းနဲ့ အခြားဆီစျေးတွေလည်း စျေးကွက်ပေါက်စျေးနဲ့ ရောင်းမယ့် အခြေအနေရှိပါတယ်။ စစ်ကောင်စီက ဒေါ်လာ ထုတ်မရောင်းနိုင်တော့ဘူး။ ဟိုရက်ပိုင်းက ဒေါ်လာ ၁၂ သန်းထုတ်ရောင်းတာလည်း မစို့မပို့ ဖြစ်နေတယ်။ တကယ်က စက်သုံးဆီအတွက် ဒေါ်လာသန်းဆယ်ချီ၊ ရာချီလိုနေတာ။ ဆီစျေးတွေကတော့ အတက်ကိုပဲ သွားဖို့ရှိတယ်” ဟု ဆီဆိုင်မန်နေဂျာတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "လက်ရှိ ရန်ကုန်တွင် ဒီဇယ်စျေးနှုန်းသည် တစ်လီတာလျှင် ၂၄၁၀ ကျပ်မှ ၂၄၇၅ ကျပ်အတွင်း စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/03/93435/
EU စီးပွားရေးပိတ်ဆို့မှုကြောင့် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ စစ်ကောင်စီထံ မရောက်ဘဲ ပိတ်မိနေ
["EU စီးပွားရေးပိတ်ဆို့မှုကြောင့် ရေနံနှင့်သဘာ၀ ဓာတ်ငွေ့ ဝင်ငွေ ဒေါ်လာ သန်း ၂၀၀ စစ်ကောင်စီထံ မရောက်ဘဲ ပိတ်မိနေ", "စစ်တပ်နှင့် ပူးပေါင်းနေသော ထိုင်း PTTEP ကုမ္ပဏီကို NUG အစိုးရက တရားစွဲရန် ပြင်ဆင်နေ", "ရန်ကုန်၊ မတ် ၂၀", "စစ်ကောင်စီအတွက် ဝင်ငွေရလမ်းကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရောင်း ချမှုများ သည် ဥရောပသမဂ္ဂ၏ စီးပွား ရေး ပိတ်ဆို့မှု ကြောင့် သက်ရောက် မှုရှိ ကာ ဒေါ်လာသန်း ၂၀၀ ဝန်းကျင် မြန်မာစစ်တပ်ထံ မရောက်တော့ဘဲ ပိတ်မိ သွားကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်း နိုင် က ပြောကြားသည်။", "ယနေ့ ပြုလုပ်သည့် MOGE နှင့် စပ်လျဉ်းသည့် သတင်းစာရှင်း လင်းပွဲတွင် ၎င်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။", "မြန်မာနိုင်ငံရှိ ရခိုင်ကမ်းလွန် ရွှေသဘာဝဓာတ်ငွေ့မှ ထွက်ရှိသဘာဝဓာတ်ငွေ့ များကို ကိုရီးယား POSCO က တရုတ်နိုင်ငံကိုတင်ပို့ရာတွင်ငွေပေးချေမှုကို ယူရိုငွေဖြင့် သတ်မှတ်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့သောအခါ ယင်းငွေကြေးများ စစ်ကောင်စီထံ မရောက်နိုင်တော့ဘဲ ပိတ်မိသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။", "“EU Sanction က လွှမ်းမိုးပြီးတော့ POSCO က ယူရိုငွေတွေဟာ စစ်ကောင်စီ ထံ မစီးဆင်းတော့ပါ၊ ရွှေသဘာဝ ဓာတ်ငွေ့ က ရရန်ရှိတဲ့ ‌ငွေတွေက Escrow Account (ထိန်းသိမ်းခံရမှု) ထဲရောက်နေပါတယ်”ဟု NUG လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးစိုးသူရထွန်းက ယ​နေ့ပြုလုပ်​သောသတင်းစာရှင်းလင်း ပွဲတွင် ပြော သည်။", "ထို့ပြင် NUG အစိုးရအနေဖြင့် စစ်ကောင်စီနှင့်အတူ စီးပွားရေးပူးတွဲဆောင်ရွက် နေ သော ထိုင်း PTTEP ကုမ္ပဏီကို မတ်လ ၂၀ ရက်နေ့မှ စ၍ ရတနာစီမံကိန်း နှင့်ပတ်သက်သည့် တရားဝင်တောင်းဆိုချက်စာ Demand Letter ပို့လိုက် ကြောင်း၊ ရက်ပေါင်း ၃၀ အတွင်း တုံ့ပြန်မှု မရှိပါက စင်ကာပူနိုင်ငံရှိ Arbitration Tribunal (ခုံသမာဓိရုံး) သို့ တိုင်ကြား၍ ဥပဒေလမ်းကြောင်း အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းမှ ပြောကြားသည်။", "ရတနာစီမံကိန်းမှ ရရှိငွေများသည် စစ်တပ်အတွက် မြန်မာပြည်သူများကို အကြမ်း ဖက်သတ်ဖြတ်ရန် အာဏာသိမ်းစစ်အုပ်စုကို အထောက်အပံ့ ဖြစ်နေ ကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှ ရရှိသည့် ရန်ပုံငွေများကို အာဏာ သိမ်း စစ်အုပ်စုကို မပေးဆောင်ရန် ယခင်ကတည်းက ကုမ္ပဏီများသို့ သတိပေး စာ များထုတ်ပြန်ခဲ့သော်လည်း PTTEP က လိုက်နာခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။", "“ကျွန်တော်တို့က မြန်မာနိုင်ငံတော် အစိုးရနေရာမှာ နေပြီးတော့ PTTEP အနေနဲ့ ကတော့ လက်ရှိစစ်ကောင်စီကို ပေးနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ ဝင်နေ တဲ့ ပြည်သူတွေရဲ့ အခွန်ဘဏ္ဍာတွေကို ၊ သူတို့ဆီ လွှဲဝင်နေတဲ့ ဟာတွေ က တရားဥပဒေလမ်းကြောင်းအရ မှားနေတယ်ဆိုတဲ့ဟာ၊ နောက်တစ်ခုက ဒီဟာ တွေကို ဆုံးဖြတ်နိုင်ဖို့ရာက ဥပဒေလမ်းကြောင်းအရ ဒီ Arbitration ကို စာချုပ်ထဲမှာ ပါတဲ့အတိုင်း ကျွန်တော်တို့ သွားတာဖြစ်ပါတယ်” ဟု NUG လျှပ် စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းမှ သတင်းစာ ရှင်း လင်းပွဲတွင် ပြောကြားသည်။", "စစ်ကောင်စီအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဝင်ငွေသည် တစ်လ လျှင် ဒေါ်လာ သန်းပေါင်း ၉၀ နှင့် ၁၀၀ ကြားရှိပြီး ရတနာစီမံကိန်းသည် အများ ဆုံးဖြစ်ကြောင်း သိရှိရသည်။", "ထိုင်း PTTEP ကုမ္ပဏီကို စတင်၍ Demand Letter ပေးပို့ခဲ့ပြီး နောက်ပိုင်းတွင် အခြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကိုင်နေသည့် ကုမ္ပဏီများသို့ အလားတူ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း NUG က ပြောဆိုသည်။"]
https://yktnews.com/2022/11/60216/
အကြမ်းဖက် မြန်မာရဲတပ်ဖွဲ့နှင့် သတင်းဖလှယ် ဆက်သွယ်မှုများ ရှိနေဆဲဖြစ်တဲ့ ဩစတြေးလျရဲတပ်ဖွဲ့
["Erin Handley", "တိုင်းပြည်ကို ဝရုန်းသုန်းကားအခြေအနေသို့ တွန်းပို့ခဲ့သည့် မြန်မာ့စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးစဉ် ကတည်းက သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့(AFP) သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာခဲ့သည်။", "ဆီနိတ်ဘတ်ဂျက် ခန့်မှန်းချက်တင်ပြမှုအတွင်း အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံနှင့် သြစတြေးလျရဲတပ်ဖွဲ့အကြား ဆက်ဆံဆောင်ရွက်နေမှုများအကြောင်း Greens ပါတီမှ ဆီနိတ်တာ Jordon Steele-John ကမေးမြန်းစဉ် ယခုကဲ့သို့ အချက်အလက်များ သိရှိလာရခြင်းဖြစ်သည်။", "မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော ခေါင်းဆောင်များကို ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအတွင်း ရာထူးမှဖယ်ရှားပစ်ခဲ့သည်။", "“မြန်မာရဲတပ်ဖွဲ့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်” ဟု AFP ဒုတိယမဟာမင်းကြီး Ian McCartney ၏ ဖြေကြားချက်ကို ဆီနိတ်တာ Steele-Johnက “ခင်ဗျား ဘာပြောလိုက်တာလဲ” ဟု စိတ်ပျက်သည့်လေသံဖြင့် ခွန်းတုံ့ပြန်၍မေးခွန်းထုတ်ခဲ့သည်။", "“ဒီလိုပူးပေါင်းဆောင်ရွက်မှုဟာ လေ့ကျင်သင်ကြားရေးနှင့် စွမ်းရည်မြှင့်တင်ရေးတွေနဲ့ မသက်ဆိုင်ပါဘူး။ AFP ရဲ့အကျိုးစီးပွား အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ ဆိုင်တဲ့ကိစ္စတွေမှာပဲ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လက်တွေ့အခြေအနေအရ ဩစတြေးလျနိုင်ငံ လမ်းဘေးတွေမှာ ရောင်းချနေတဲ့ မက်သာဖက်တမင်းဆေးပြားတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဝင်လာတာပါ။ ဒါကြောင့် သူတို့နဲ့ချိတ်ဆက်ဆောင်ရွက်မှုအချို့ ရှိတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ပူးပေါင်းနေတာ ဖြစ်ပါတယ်။ ဘယ်လိုချိတ်ဆက် ဆောင်ရွက်မှုမျိုးကိုမဆို ဒီကိစ္စရပ်တွေမှာပဲ အတိအကျကန့်သတ်ထားဖို့ DFAT (နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန)နဲ့ ချုပ်ဆိုထားတဲ့သဘောတူစာချုပ်အရသာ ပူးပေါင်းခြင်းဖြစ်ပါတယ်” ဟု ဒုတိယမဟာမင်းကြီးက ပြောကြားသည်။", "နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအား (အထက်ပါပြောဆိုမှုအပေါ်) မှတ်ချက်ပေးရန် ABCသတင်းဌာနက ဆက်သွယ်ခဲ့သည်။ မူးယစ်ဆေးဝါးအရောင်းအဝယ် ပမာဏဆိုသည်မှာ အမျိုးသားလုံခြုံရေးကိစ္စဖြစ်သလို “ထောက်လှမ်းရေး သတင်းအချက်အလက်မှာ အလွန်အရေးကြီးကြောင်း” AFP မဟာမင်းကြီး Reece Kershaw က ဖြည့်စွက်ပြောကြားသည်။", "အာဏာသိမ်းပြီးစဉ်ကတည်းက ဩစတြေးလျသည် မြန်မာနိုင်ငံနှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍများကိုလျှော့ချပစ်ခဲ့ရာ ၎င်းတို့တွင် စစ်ကောင်စီနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ယမန်နှစ်မတ်လက ရပ်ဆိုင်းလိုက်ခြင်း၊ ယခုနှစ်မေလက မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး နေရာတွင် သံရုံးယာယီတာဝန်ခံကို အစားထိုးခန့်အပ်၍ သံတမန်ဆက်ဆံရေးအဆင့် လျှော့ချခြင်းတို့ ပါဝင်သည်။", "အာဏာသိမ်းသည့်အချိန်မှ ယနေ့အထိ လူပေါင်း၂,၄၀၀ ကို မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဆိုသည်။ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရသော မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးဖြစ်သူ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်လ် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားဆဲဖြစ်သည်။", "“မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် ဆိုဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့အဖွဲ့ ဖြစ်ပါတယ်။ ခပ်ရှင်းရှင်း ပြောရရင် သြစတြေးလျအစိုးရနဲ့ မြန်မာရဲတပ်ဖွဲ့အကြား ဆက်လက်ပြုလုပ်နေတဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မှုမျိုးကိုမဆို လက်သင့်ခံနိုင်ခြင်းမရှိပါဘူး။ သြစတြေးလျအစိုးရဟာ မြန်မာစစ်တပ်၊ သူတို့နဲ့ ပတ်သက်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေရမှာမဟုတ်ပါဘူး။ သူတို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ရမှာဖြစ်ပါတယ်” ဟု ဆီနိတ်တာ Steele-John က ABCကို ပြောကြားသည်။", "မြန်မာစစ်ကောင်စီအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများချမှတ်ရန် မိမိတို့ အလေးအနက် စဉ်းစားနေကြောင်း သြစတြေးလျအစိုးရက ထပ်ခါတလဲလဲ ပြောကြားခဲ့သော်လည်း အာဏာသိမ်းပြီးကတည်းက မည်သည့်အရေးယူမှုအသစ်မျှ ချမှတ်ဆောင်ရွက်ထားခြင်း မရှိခဲ့ပေ။", "မြန်မာ၊ ထိုင်းနှင့် လာအို ၃ နိုင်ငံဆုံဆည်းရာ ရွှေတြိဂံနယ်မြေသည် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု သတင်းဆိုးဖြင့် နာမည်ကျော်ကြားသည်။", "သြစတြေးလျမဟာဗျူဟာ မူဝါဒတက္ကသိုလ်မှ ဥပဒေစိုးမိုးရေး မဟာဗျူဟာ ရဲလုပ်ငန်းအစီအစဉ်၏ အကြီးအကဲဖြစ်သူ John Coyne က မြန်မာနှင့်အဆက်အသွယ် လုံးဝဖြတ်တောက်ရန် တောင်းဆိုမှု များသည် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံဖြတ်ကျော်ဖြစ်ပွားသော ကြီးလေးသည့် အုပ်စုဖွဲ့မှုခင်းများ၏ ရှုပ်ထွေးလှသော သဘောသဘာဝကို မသိကျိုးကျွံပြု၍ တောင်းဆိုနေခြင်း ဖြစ်သည်ဟု ဆိုသည်။", "“မြန်မာ သို့မဟုတ် အီရန်လိုနိုင်ငံမျိုးတွေနဲ့ ကျွန်တော်တို့ဆက်ဆံနေရတဲ့အခါမှာပင်လျှင် တကယ့်ကို ခက်ခဲလွန်းတဲ့အချိန်တွေမှာ သံတမန်နည်းလမ်းအရ အဆက်အသွယ် မပြတ်ရအောင် နောက်ဖေးပေါက် လမ်းကြောင်းတွေထားရှိဖို့ တကယ့်ကိုအရေးကြီးပါတယ်။ တချို့ဖြစ်ရပ်တွေမှာ ကျွန်တော်တို့နဲ့ဆက်ဆံ လုပ်ကိုင်နေတဲ့ရဲတပ်ဖွဲ့ဟာ အကျင့်ပျက်ခြစားမှုမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်နေတယ်။ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေနဲ့ သူတို့ဆက်နွယ်နေကြတယ်။ ဒါကြောင့် အခုလို ချိတ်ဆက်ပူးပေါင်းမှုဆိုတာ အလွန့်ကို သိမ်မွေ့ရှုပ်ထွေးလှတဲ့ကိစ္စပါ။ လုပ်မယ်/ မလုပ်ဘူးလို့ တစ်ခုခုကို ရိုးရိုးရှင်းရှင်း ဆုံးဖြတ်လိုက်လို့ မရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်” ဟု Dr Coyne က ပြောဆိုသည်။", "သန့်စင်မှုနည်းသော မက်သာဖက်တမင်းဆေးပြားနှင့် ကဖင်းဓာတ်ပစ္စည်းတို့ ရောစပ်ထားသော ယာဘ ဆေးပြားတစ်ပြား၏ ဈေးနှုန်းသည် ၇၅ ဆင့်သာရှိပြီး တစ်ကီလိုလက်ကားဈေးမှာ “မည်သည့်ခေတ်နှင့် မျှမတူအောင်” ဈေးအသက်သာဆုံး ဖြစ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။", "“စံချိန်တင် ဖမ်းဆီးမိတာတွေရှိနေပေမဲ့လို့ ထုတ်လုပ်မှုပမာဏ မြင့်မားလာမှုဟာ ဟိုးကောင်းကင်အမိုးကို ဖောက်ထွက်လုမတတ်ပါပဲ။ ဒီပြဿနာကိုနှိမ်နှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဥပဒေစိုးမိုးရေး ဌာနတွေအကြား ထောက်လှမ်းရေးသတင်းတွေ ဝေမျှပြီး ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အခုကျ အဲ့ဒီလိုပူးပေါင်းဆောင်ရွက်ရတာ အန္တရာယ်များနေခဲ့ပြန်တယ်။ ထောက်လှမ်းရေးသတင်းတွေ မရဘူးဆိုရင် သြစတြေးလျနိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ အများအပြား ပိုမိုဝင်ရောက်လာမယ့် သဘောပါပဲ။ AFPနဲ့ မြန်မာရဲတပ်ဖွဲ့ တွဲပြီးအလုပ်လုပ်နေတာ၊ ပူးပေါင်းနေတာမြင်ရင် သူတို့ဟာ အခြားနိုင်ငံတွေ အားလုံးထဲကို မူးယစ်ဆေးဝါးတွေ မဝင်ရောက်နိုင်အောင်လည်း ကာကွယ် တားဆီးပေးနေခြင်း ဖြစ်တယ်ဆိုတာ သဘောပေါက်နားလည်သင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။", "သို့ရာတွင် Justice For Myanmar တက်ကြွလှုပ်ရှားသူများအုပ်စုကမူ “မြန်မာစစ်ကောင်စီ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ချက်ချင်းရပ်ဆိုင်းပေးရန်” သြစတြေးလျကို တောင်းဆိုခဲ့သည်။", "“မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လူကုန်ကူးမှုတွေကနေ ကြွယ်ဝချမ်းသာလာကြတဲ့ စစ်အုပ်စုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” ဟု Justice For Myanmarမှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်”", "“ဒီရာဇဝတ်ဂိုဏ်းနဲ့ ထောက်လှမ်းရေးသတင်းတွေ မျှဝေခြင်းအားဖြင့် AFP ဟာ ဒီမိုကရေစီကို ကာကွယ်နေတဲ့ မြန်မာပြည်သူများအပေါ် အပြင်းထန်ဆုံး အကြမ်းဖက်မှုတွေ ကျူးလွန်ရဲအောင် သူတို့ကို အားပေးအားမြှောက်ပြုလုပ်နေခြင်းဖြစ်ပါတယ်။ စစ်တပ်ရဲ့ စနစ်တကျ အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်က လွတ်ကင်းနေမှုဆိုတဲ့ မြန်မာနိုင်ငံက မူးယစ်ဆေးဝါးပြဿနာရဲ့ အရင်းခံ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာလည်း ပျက်ကွက်နေခြင်းဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံအနေနဲ့ NUG [အမျိုးသားညီညွတ်ရေးအစိုးရ] ကို အသိအမှတ်ပြုပြီး စစ်အုပ်စုကို ဖြုတ်ချကာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းမှုကို ထောက်ခံခြင်းအားဖြင့် မက်သာဖက်တမင်း မူးယစ်ဆေးပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ပါတယ်” ဟု သူကဆက်လက် ပြောကြားသည်။", "အာဆီယံ လေတပ်ဦးစီးချုပ်များညီလာခံ၏ ဥက္ကဌအဖြစ် မြန်မာနိုင်ငံကိုခန့်အပ်ရန် အာဆီယံ၏ ဆုံးဖြတ်ချက်ကိုလည်း ၎င်းတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး အရပ်သားများ သေကြေအောင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် နောက်ဆက်တွဲ ဂယက်များကြားမှ အာဆီယံသည် “စစ်ကောင်စီအား စစ်ရာဇဝတ်များကို ဆက်လက်ကျူးလွန် နိုင်စေအောင် သိလျက်နှင့် တက်တက်ကြွကြွ အားပေးကူညီနေခြင်းဖြစ်သည်” ဟု ပြောဆိုခဲ့သည်။", "ထို့အပြင် ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် အဆင့်မြင့် အာဆီယံ စစ်ဘက်ဆေးပညာညီလာခံတစ်ခုကို စစ်ကောင်စီကိုယ်စားလှယ်များနှင့်အတူ သြစတြေးလျက ပူးတွဲသဘာပတိအဖြစ် လက်ခံကျင်းပမည့် သတင်းများ မကြာသေးမီက ပေါက်ကြားလာပြီးနောက် သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနအပေါ် ပြစ်တင်ဝေဖန်မှုများ ဆက်လက်ပေါ်ထွက်လာခဲ့သည်။", "(ABC သတင်းတွင် ဖော်ပြထားသည့် Erin Handley ၏ “ AFP sharing intelligence with Myanmar police over drug trafficking after coup “ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်)။", "ဓတ်ပုံ- မြန်မာရဲ အရာရှိတဦးက ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွင် ပါဝင်နေသော ပြည်သူတဦး (မမြသွဲ့သွဲ့ခိုင်) အား သေနတ်ဖြင့် ချိန်ရွယ်ပစ်သတ်ခဲ့ပုံ"]
https://yktnews.com/2023/04/99293/
FOEIM အွန်လိုင်း စာသင်ကျောင်းတွင် တက်ရောက်ခဲ့သည့် စာရင်း ပေါက်ကြားသူများကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရ
["FOEIM အွန်လိုင်း စာသင်ကျောင်းတွင် တက်ရောက်ခဲ့သည့် စာရင်း ပေါက်ကြားသူများကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရ", "ရန်ကုန်၊ ဧပြီ ၂၅", "Free Online Education Institution Myanmar – FOEIM အွန်လိုင်း စာသင်ကျောင်းတွင် တက်ရောက်ခဲ့သည့် စာရင်း ပေါက်ကြားခဲ့သူများကို စစ်တပ်က လိုက်လံ ဖမ်းဆီးနေပြီး မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျောင်းသားမိဘတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ အွန်လိုင်း စာသင်ကျောင်းတွင် တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏ မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီမှ မတ်လအတွင်း လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ကျောင်းသားမိဘအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ Free Online Education Institution Myanmar – FOEIM ကျောင်းတွင် ၄ တန်းနှင့် ၆ တန်း၌ တက်ရောက်ခဲ့သည့် ကျောင်းသား၂ ဦး၏ မိဘဖြစ်သူမှာလည်း အမည်စာရင်းများ ပေါက်ကြားရာတွင် ပါဝင်ခဲ့သည့်အတွက် အကြမ်းဖက် စစ်တပ်က လိုက်လံ ဖမ်းဆီးနေကြောင်း ပြောဆိုသည်။", "“ အမည်စာရင်းပေါက်ကြားတာက ၁၂ နှစ်အရွယ် ၆ တန်းတက်တဲ့ သားလေးပါ။ ကျွန်တော့်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးဖို့ မတ် ၁၁ ရက် စနေနေ့ ညနေ ၃ နာရီနဲ့ ၄ နာရီ အကြား ဖမ်းဆီးဖို့ အိမ်ရောက်လာခဲ့ပါတယ်။ ကံကောင်း ထောက်မစွာနဲ့ ကျွန်တော့် အိမ်မှာ မရှိခဲ့ဘဲ မိသားစုကို စစ်ဆေးမေးမြန်းပြီး လာဖမ်းတဲ့ အကြမ်းဖက် စစ်တပ်က တတိယမြောက် သားလေးကို အဖေ ပြန်လာရင် စခန်းကို ခဏ လာပေးဖို့ ပြောဆိုသွားပါတယ်။ ကျွန်တော့်ကို အိမ်က ဖုန်းနဲ့ ဆက်သွယ်ပြီး အကျိုးအကြောင်း ပြောလို့ ကျွန်တော်ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ကျောင်းသား မိဘဖြစ်သူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောကြားသည်။", "အကြမ်းဖက်စစ်ကောင်စီဝင်များသည် မတ်လ ၁၂ ရက်နေ့တွင်လည်း ဒုတိယအကြိမ် ဖမ်းဆီးရန် လာရောက်ခဲ့ပြီး စခန်းသို့ လာတွေ့ခိုင်းရန်နှင့် လာမတွေ့လျှင် မိသားစုလိုက် ဒုက္ခရောက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီဝင်များက အုပ်ချုပ်ရေးမှူးနှင့်အတူ တာမွေရဲစခန်းကို ဖမ်းဆီး ခေါ်ဆောင် စစ်ဆေးခဲ့ပြီး ည ၁၀ နာရီမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။", "“ကျွန်တော့်မိသားစုကိုပါ ခြိမ်းခြောက်နေလို့ မိသားစုပါ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်။ FOEIM ကျောင်းက လုံခြုံအောင် မထိန်းသိမ်းခဲ့လို့ အခုလို ကျောင်းသားမိဘ အမည်စာရင်း ပေါက်ကြားသွားတဲ့အတွက် အင်မတန်မှ စိတ်ပူနေရတယ်။ ကလေးတွေ အချင်းချင်း ပြောကြတာပေါ့နော်။ တို့တွေလည်း လိုက်ဖမ်းလို့ ထွက်ပြေးနေရပြီ၊ သူငယ်ချင်းတို့ မိသားစုရော လုံခြုံရဲ့လား ဘာတို့ စတာတွေ ပြောဆိုနေတာတွေ ကြားရပါတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ကျောင်းသား မိဘဖြစ်သူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောပြသည်။", "ထွက်ပြေးတိမ်းရှောင်နေရသည့် တာမွေ မြို့နယ်မှ ကျောင်းသား မိဘ ၁ ဦးကို တာမွေမြို့မ ရဲစခန်းတွင် ဒုရဲမှူး စန်းဝင်းအောင်မှ တရားလို ပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ) ဖြင့် မတ်လ ၁၇ ရက်နေ့တွင် အမှုဖွင့်ထားသည်ဟု ကြားသိရကြောင်း ကျောင်းသား မိဘဖြစ်သူမှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့‌ ပြောကြားသည်။", "Free Online Education Institution Myanmar – FOEIM ကျောင်းမှာမူ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမတို့၏ လုံခြုံရေးအရ ကျောင်းကို ပိတ်သိမ်းကြောင်း မတ်လ ၁ ရက်နေ့ကတည်းက ကြေညာထားခဲ့ခြင်းဖြစ်သည်။"]
https://yktnews.com/2024/05/164637/
အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို
["Facebook Page နှင့် အင်တာနက်စာမျက်နှာများကို အရေးယူရုံမျှဖြင့် ဒေါ်လာတန်ဖိုး မကျနိုင်ဘဲ အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ် မကြာမီရက်ပိုင်းအတွင်း ရောက်ရှိမည်ဟုဆို", "ရန်ကုန်၊ မေ ၂၇", "ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှုကို မထိန်းနိုင်တော့သည့် စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာအဝယ်အရောင်းနှင့် စျေးကစားသည့် အင်တာနက်စာမျက်နှင့် Facebook Page ၁၆ ခုကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။", "မေလ ၂၆ ရက်နေ့ တွင် စစ်ကောင်စီဗဟိုဘဏ်က ထိုသို့ ကြေညာလာခြင်းဖြစ်ပြီး နိုင်ငံခြားငွေများ ရောင်းဝယ်ပြီး စျေးကစားသည့် အင်တာနက်စာမျက်နှာ နှင့် Facebook Page ၁၆ ခုကို အရေးယူမည်ဖြစ်ကြောင်း၊ အဆိုပါ Page ၁၆ ခုမှာ", "၁- ငွေစျေးနှုန်းနှင့်ငွေလွှဲဆိုင်၂-Moe Latt၃-Si Thu & bro များ၄-ရန်ကုန်ငွေစျေး၅-ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange၆- ဒေါ်လာရောင်းဝယ်၇-December Snow၈- June Lin Htet Naing၉-Htet Yan Money Exchange၁၀-Global Value Services-GVS Money Exchange and Transfer၁၁-Boss Online Money Exchange Services (Family Money Exchange)၁၂-Lucky Sky Gold Smith၁၃-Nay Myo Htet၁၄-Gold Market Myanmar၁၅- Ye Mon၁၆- ​Naing Lu တို့ဖြစ်ကြောင်း သိရှိရသည်။", "အဆိုပါ Facebook Page နှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်၍ စျေးကစားနေသူများကို နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ နှင့် ၄၂ အပြင် အများပြည်သူ အကျိုးထိခိုက်စေသည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့်ပါ အရေးယူသွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဆိုသည်။", "လက်ရှိတွင် စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၀၀ ကျော်ရှိနေပြီးယင်းသို့ ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းမှာ ပြည်တွင်း ဝယ်လိုအားအတွက် လုံလောက်သော ဒေါ်လာငွေကြေး မရှိခြင်း၊ စစ်ကောင်စီက ဒေါ်လာ ရောင်းချပေးမှု မရှိတော့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၊ Facebook Page နှင့် အင်တာနက်စာမျက်နှာများကို အရေးယူရုံမျှဖြင့် ဒေါ်လာတန်ဖိုး ကျဆင်းစရာမရှိကြောင်း UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။", "“ဗဟိုဘဏ်ကလည်း သူတို့ လုပ်တာလည်း နည်းလမ်း ကုန်နေပြီဆိုတော့ ဒေါ်လာစျေးတက် မထိန်းနိုင်တော့ ထင်ရာ မြင်ရာ လျှောက်လုပ်တဲ့သဘောပဲ။ အခု ဒေါ်လာတန်ဖိုးတက်တာက ပြည်တွင်းမှာ ဒေါ်လာ ရှားလာတယ်။ စစ်ကောင်စီဗဟိုဘဏ်ကလည်း အရင်လို ထုတ်ကို မရောင်းနိုင်တော့ဘူး။ ဒေါ်လာက ပြင်ပ ပုဂ္ဂလိက စီးပွား ရေးသမားတွေ လက်ထဲမှာကို အတော်ကို နည်းပါးလာတာ။ စီးပွားရေးက ၃ နှစ်ကျော်လာတော့ နာလန်မထူနိုင်အောင်ကို ဖြစ်နေတာကြောင့်အဓိကပါ။ Facebook Page နဲ့ အင်တာနက်စာမျက်နှာတွေကို အရေးယူရုံနဲ့တော့ ဒေါ်လာတန်ဖိုး မကျနိုင်ပါဘူး။ သိပ်မကြာခင် အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကတော့ ဖြစ်သွားပါလိမ့်မယ်” ဟု UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။", "ဓာတ်ပုံ – စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေနှင့်အဖွဲ့ဝင်တချို့။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/07/111298/
Facebook တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့် သွားရောက် လျှောက်ထား ရာမှ စစ်တပ် ထဲသို့ အတင်းအကျပ် သွပ်သွင်းခံရမှုများ ရှိနေ
["Facebook တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့် သွားရောက် လျှောက်ထား ရာမှ စစ်တပ် ထဲသို့ အတင်းအကျပ် သွပ်သွင်းခံရမှုများ ရှိနေ", "တပ်ထဲရောက် အသက်မပြည့်သေးသည့် ကလေးတချို့အတွက် မိဘများက ငွေကျပ် သိန်း ၃၀ ဖြင့် ပြန်ရွေးယူရ", "ရန်ကုန်၊ ဇူလိုင် ၅", "Facebook လူမှုကွန်ရက်တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့် ဆက်သွယ်၍ သွားရောက် လျှောက်ထားရာမှ စစ်တပ်ထဲသို့ အတင်းအကျပ် သွပ်သွင်းခံရမှုများရှိနေကြောင်း ကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် လူငယ်တချို့နှင့် မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြ သည်။", "Facebook လူမှုကွန်ရက်များရှိ အလုပ်အကိုင်ရှာဖွေရေး စာမျက်နှာများတွင် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် အလုပ်အကိုင်ရရှိမည်ဟု ကြော်ငြာထားသဖြင့် သွားရောက် ဆက်သွယ်ရာ လျှောက်ထားသည့်အခါမှ စစ်တပ်က ခေါ်ယူနေသည့် အလုပ်များဖြစ်နေသည်ကို ကြုံတွေ့ရကြောင်း၊ စစ်တပ်ထဲသို့ အတင်းအကျပ် ဖိအားပေး ဆွဲသွင်းမှုများရှိနေကြောင်း သိရှိရသည်။", "” Facebook မှာ လခ၂ သိန်းကျော်၊ ၃သိန်းပေးမယ်။ နေ့စားငြိမ်းဆိုပြီး အလုပ်က လူတွေ ခေါ်နေတာတွေ့လို့ သွားလိုက်တာ စစ်တပ်ထဲကိုထည့်နေတယ်။ ကျနော်က ကားမောင်း စက်ပြင် နေစားငြိမ်းဆိုလို့ သွားလျှောက်ဖို့ သွားတာ။ ဒါပေမယ့် သိပ်မသင်္ကာလို့ ချိန်းတဲ့နေရာကို မသွားသေး ဘဲ အလုပ်လာခေါ်တဲ့သူကို မလှမ်းမကမ်းကနေ ကြည့်နေတာ။ သူ့ဘေးမှာ စစ်သားတွေပါလာတယ်။ အဲဒါနဲ့ ကျနော်လည်း ပြန်လှည့်လာလိုက်တယ်။ ညရောက်တော့ အလုပ်ခေါ်တဲ့သူကဖုန်းဆက်ပြီး ဘာလို့မလာတာလဲ မေးပါတယ်။ ကျွန်တော်လာတယ်အကိုမတွေ့လို့ဆိုပြီး လိမ်လိုက်တယ်။ အဲဒီကျ မှ အလုပ်ခေါ်တဲ့သူက “ငါ့ ညီ အကိုတို့က ငါ့ညီကိုကောင်းစာစေချင်လို့ ဆက်သွယ်တာ။ ငါတို့က ဆက် သွယ် ရေးစစ်သားတွေ။ သေနတ်မကိုင်ရဘူးလို့လည်းပြောပါတယ်။ ပြီးတော့ တပ်ထဲ ဝင်ဖို့လည်းခေါ်ပါတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ လူငယ်တစ်ဦးက ပြောဆိုသည်။", "မရမ်းကုန်းမြို့နယ်မှ အသက် ၁၈ နှစ်မပြည့်သေးသော လူငယ်တစ်ဦးမှာမူ နေစားစရိတ် အပြီးအစီး ဖြင့် တစ်လလျှင် ငွေကျပ် ၂ သိန်း ၂ သောင်း ရရှိမည်ဆိုသော Facebook လူမှုကွန်ရက်ကြော်ငြာ တွေ့ရှိ ၍ အလုပ်သွားလျှောက်ခဲ့ရာမှ ပျောက်ဆုံးသွားခဲ့ကြောင်း၊ မိဘများက ရဲစခန်းတွင် လူပျောက် အမှုဖွင့်၍ စုံစမ်းသောအခါမှ တပ်ထဲသို့ ရောက်ရှိနေသည်ဟု သိရှိရကြောင်း၊ အသက် မပြည့်သေးကြောင်း ပြောဆိုပြီး တပ်မှ ထုတ်ယူရန် ကြိုးစားသောအခါ တပ်ဘက်က ငွေကျပ် သိန်း ၃၀ ဖြင့် ရွေးယူရကြောင်း၊ ကျောင်းထွက်လက်မှတ်၊ မွေးစာရင်းများ သေချာတင်ပြမှသာလျှင် တပ်တွင်းမှ ပြန်လည် ထုတ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။", "“ကလေးက ဖေ့ဘုတ်စ်မှာ Delivery အလုပ်ကို နေစားစရိတ်ငြိမ်း ၂ သိန်းကျော်ရမယ်ဆိုပြီး အဲဒါ သွားလျှောက်မယ်ဆိုပြီး သွားတာ။ အဲဒီနေ့ကတည်းက ပျောက်သွားတယ်။ ရဲစခန်းမှာ အမှုဖွင့်ပြီး စုံစမ်းတော့မှ ရက် ၂၀ လောက်မှာ အဆက်အသွယ်ရတယ်။ တပ်ထဲရောက်နေတယ် ပြောတယ်။ သူက အသက်က ၁၆ နှစ်ပဲရှိသေးတော့ ကျောင်းထွက်လက်မှတ်တွေ၊ မွေးစာရင်းတွေနဲ့ လိုက်သွား တာ ပြန်ထုတ်လို့ရတယ်။ ဒါပေမယ့် ငွေ သိန်း ၃၀ တောင်းတယ်။ အဲဒါပေးခဲ့ရတယ်။ လမ်းစရိတ် နဲ့ဆိုရင် စုစုပေါင်း သိန်း ၄၀ လောက်ကုန်သွားတာ။ ကလေးက ဘာမှမသိဘဲ သွား လျှောက် မိရာက ဖြစ်ကုန်တာ။ အကြွေးပါတင်တယ်” ဟု မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြ သည်။", "စစ်ကောင်စီတပ်များအတွင်းတွင် တပ်သားသစ် ရရှိမှု လုံး၀ မရှိတော့သည့်အတွက် လိမ်ညာသည့် နည်းလမ်းပေါင်းစုံဖြင့် စစ်တပ်က တပ်သားသစ်များ စုဆောင်းနေကြောင်း၊ တချို့နေရာများတွင် စစ်တပ်က ပေါ်တာဆွဲသည့် နည်းလမ်းဖြင့် အတင်းအကျပ် အဓမ္မတပ်သားသစ်စုဆောင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။", "ဓာတ်ပုံ- Facebook တွင် စစ်တပ်က အလုပ်လိမ်လည်ခေါ်ယူနေသည့် ကြော်ငြာတစ်ခု။"]
https://yktnews.com/2024/03/149045/
Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရသည်ကို သိရှိပြီး ပြန်လည် ပြုပြင်နေဟု Meta ပြောခွင့်ရပုဂ္ဂိုလ်ပြောဆို
["Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရသည်ကို သိရှိပြီး ပြန်လည် ပြုပြင်နေဟု Meta ပြောခွင့်ရပုဂ္ဂိုလ်ပြောဆို", "ရန်ကုန်၊ မတ် ၅", "Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရသည်ကို သိရှိပြီး ပြန်လည် ပြုပြင်နေဟု Meta ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် Andy Stone က ပြောဆိုသည်။", "“ကျနော်တို့အနေနဲ့ ကျနော်တို့ရဲ့ဝန်ဆောင်မှု ပလက်ဖောင်းတွေမှာ လူထုတွေ အသုံးပြုမရတာကို သိရှိပါတယ်။ အခုအဲဒါကို ပြန်လည်ပြင်ဆင်နေပါတယ်” ဟု Meta ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ် Andy Stone က တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ကြေညာထားသည်။", "လက်ရှိတွင် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြုမရခြင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/80905/
Grand Royal အရက်စက်ရုံ မီးလောင်နေမှု ဘွိုင် လာများပေါက်ကွဲသဖြင့် မီးသတ်သမားနှင့်စေတနာ့ ဝန်ထမ်း ၂၀ နီးပါး ဒဏ်ရာရ ၊ မီးလောင်မှု ၅ နာရီ ကြာသည်အထိ မီးမငြိမ်းနိုင်သေး
["Grand Royal အရက်စက်ရုံ မီးလောင်နေမှု ဘွိုင် လာများပေါက်ကွဲသဖြင့် မီးသတ်သမားနှင့်စေတနာ့ ဝန်ထမ်း ၂၀ နီးပါး ဒဏ်ရာရ ၊ မီးလောင်မှု ၅ နာရီ ကြာသည်အထိ မီးမငြိမ်းနိုင်သေး", "ရန်ကုန်၊ ဇန်နဝါရီ ၁၃", "ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ အုပ်စု၊ အမှတ် ၄ လမ်းမကြီးပေါ်တွင် Grand Royal အရက်စက်ရုံ မီးလောင်နေမှု မှာ မီးထိန်းမနိုင်သေးဘဲ ဘွိုင်လာအိုးများပေါက်ကွဲသဖြင့် မီးသတ်သမားနှင့် စေတနာ့ဝန်ထမ်း ၂၀ နီးပါး ဒဏ်ရာရရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။", "ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ခွဲအချိန်မှစတင်၍ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးမှ မီးသတ်ကားများ လာရောက် ငြိမ်းသတ်နေကြောင်း သိရှိရသည်။", "“မီးလောင်နေရင်းနဲ့ ထပေါက်ကွဲတာ။ ဘွိုင်လာအိုးတွေ ပေါက်တာထင်တယ်။ အဲဒါ မီးဟတ်ခံရတာ၊ မီးလောင်ခံရတာ ၁၇ ဦးနဲ့ ၂၀ ကြားလောက်ရှိတယ်။ အခု ည ၇ ခွဲကျော်လာပြီး မီးတောက်က မကျိုးသေးဘူး။ ၅ နာရီနီးပါးလောက်ရှိလာပြီ။ ဘေးပတ်ဝန်းကျင် တွေအကုန်လုံးကတော့ ပြေးနေရပြီ” ဟု အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။", "Grand Royal အရက်စက်ရုံသည် Grand Royal Group International Co,.Ltd. (GRGI) ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင်ရှင်မှာ ဦးအောင်မိုးကျော်ဖြစ်သည်။"]
https://yktnews.com/2023/06/106229/
Great Synergy Manpower ကုမ္ပဏီက ၎င်းတို့ ငွေကြေး လိမ်လည်ထားသူများကို နိုင်ငံကူးလက်မှတ်နှင့် ပိုက်ဆံများ ပြန်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိချိန်ထိ ပြန်မပေးသေးဘဲ ပွဲစားများ ထွက်ပြေးနေ
["Great Synergy Manpower ကုမ္ပဏီက ၎င်းတို့ ငွေကြေး လိမ်လည်ထားသူများကို နိုင်ငံကူးလက်မှတ်နှင့် ပိုက်ဆံများ ပြန်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိချိန်ထိ ပြန်မပေးသေးဘဲ ပွဲစားများ ထွက်ပြေးနေ", "ရန်ကုန်၊ ဇွန် ၅", "Great Synergy Manpower ကုမ္ပဏီက ၎င်းတို့ ငွေကြေး လိမ်လည်ထားသူများကို နိုင်ငံကူးလက်မှတ်နှင့် ပိုက်ဆံများ ပြန်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်အထိ ပြန်မပေးသေးဘဲ ပွဲစားများ ထွက်ပြေးနေကြောင်း ငွေကြေးလိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "ဟောင်ကောင်တွင် ဘိုးဘွားပြုစုစောင့်ရှောက်ရေးနှင့် အလုပ်လုပ်ရမည်ဆို၍ လူတစ်ဦးလျှင် ကျပ် ၁၈ သိန်းကျော် အနည်းဆုံးတောင်းခံပြီး လူပေါင်း ၂၀၀၀ ကျော်ထံမှ ငွေပေါင်းများစွာ လိမ်လည်ထားသည့် Great Synergy Manpower ကုမ္ပဏီသည် ၎င်းတို့ လိမ်လည်ခဲ့သူများကို ငွေကြေးနှင့် နိုင်ငံကူးလက်မှတ်များကို ပြန်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ရရှိခြင်း မရှိကြောင်း သိရသည်။", "“စာအုပ်နဲ့ ပိုက်ဆံ ပြန်ပေးမယ်လို့ ပြောပြီး ရှောင်နေတယ်။ ပွဲစားတွေ ဖုန်းနံပါတ်တွေ ခေါ်တာ မကိုင်ဘူး။ ကျွန်တော့် ပွဲစားနာမည်က ဦးဇေယျာနဲ့ မယဉ်ယဉ် လင်မယားတွေပါ။ ပွဲစားမက ခု ကုမ္ပဏီပိတ်ထားလိုက်ပါပြီ ။ ကုမ္ပဏီက လူတွေကိုလည်း ဖမ်းသွားလို့လည်း ပြောပါတယ်” ဟု ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဧပြီလ ၂၇ ရက်နေ့က Great Synergy Manpower ကုမ္ပဏီ၏ လိမ်လည်မှုနှင့် ပတ်သက်၍ သတင်းတင်ချိန်တွင် ပွဲစား မယဉ်ယဉ်ဆိုသူ မှ သတင်းအမှားဟု ပြောဆိုခဲ့ပြီး သူတို့ အဖွဲ့များ မဟုတ်ဟု ပြောဆိုခဲ့သေးကြောင်း၊ နောက်ပိုင်းတွင်မူ စစ်ကောင်စီမှ ကုမ္ပဏီက လူတွေကို ဖမ်း၍ စစ်ဆေးနေသည်ဟု ပြောဆိုခဲ့ကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရှိရသည်။", "“ရုံးထုတ်စစ်နေတယ်ပြောပြီး အခု အဆက်အသွယ်လုပ်မရလို့ပါ။ စစ်ဆေးတာကို ၅ လပိုင်းကုန်ရင် သိရမယ်ပြောပြီး။ ၅ လပိုင်းကုန်ရင် အယူခံနဲ့ ထွက်ပြီး ပွဲစားက ပြောပြီး ဖုန်းနံပါတ် တွေကို Block သွားပါတယ်။ ပွဲစားက ရှောင်နေပါတယ်” ဟု ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။", "အဆိုပါ Great Synergy Manpower ကုမ္ပဏီသည် ဟောင်ကောင်တွင် အလုပ်လုပ်ရမည်ဆို၍ တရုတ်စာနှင့် သူနာပြုသင်တန်များကို ပေးခဲ့ပြီး သင်တန်းကာလ ၄၅ ရက်အတွင်း တရုတ်စကားနှင့် သူနာပြုနည်းကို အဖြစ် သင်ကြားပေးခဲ့ကြောင်း၊ ဧပြီလကုန်တွင် ဟောင်ကောင်သို့ ပထမအသုတ်အဖြစ် မပျက်မကွက်စေလွှတ်မည်ဟု ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ မည်သူကိုမျှ စေလွှတ်ခြင်းမရှိဘဲ ကုမ္ပဏီပိတ်ကာ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ပွဲစားများမှ နိုင်ငံကူးလက်မှတ်နှင့် ငွေကြေး ပြန်လည်ပေးမည်ဟု ကြားသိရသော်လည်း လက်ရှိအချိန်တွင် ပွဲစားများပါ ရှောင်ပြေးနေခြင်းဖြစ်ကြောင်း ငွေကြေးလိမ်လည်ခံရသူများထံမှ သိရှိရသည်။"]
https://yktnews.com/2024/01/138893/
Homalin People’s Defense Force – HPDF 124 တပ်ဖွဲ့ကို ခန္တီးခရိုင် တပ်ရင်း ၃ အဖြစ် NUG ကာ ကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု
["Homalin People’s Defense Force – HPDF 124 တပ်ဖွဲ့ကို ခန္တီးခရိုင် တပ်ရင်း ၃ အဖြစ် NUG ကာ ကွယ်ရေးဝန်ကြီးဌာန အသိအမှတ်ပြု", "ရန်ကုန်၊ ဇန်နဝါရီ ၇", "စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် အခြေစိုက် Homalin People’s Defense Force – HPDF 124 – တပ်ဖွဲ့ကို NUG ကာကွယ် ရေးဝန်ကြီးဌာနက ခန္တီးခရိုင် တပ်ရင်း ၃ အဖြစ်အသိအမှတ်ပြုခဲ့ကြောင်း ယင်းတပ်ရင်းထံမှ သိရ သည်။", "Homalin People’s Defense Force – HPDF 124 တပ်ရင်းသည် ၂၀၂၁ ခုနှစ်၊ နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက လက်နက်စွဲကိုင်တော်လှန်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NUG ကာကွယ် ရေးဝန်ကြီးဌာ၏ ညွှန်ကြားမှုအောက်၌ စစ်ရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အမှတ် ၁ စစ် ဒေသ၊ ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း အဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "Homalin People’s Defense Force – HPDF – 124 ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း အနေဖြင့် သမိုင်း က ပေးသည့် စစ်အာဏာရှင် ပပျောက်ရေးတိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။"]
https://yktnews.com/2023/08/120435/
INGO နှင့် NGO များကို ထိန်းချုပ်ရန်နှင့် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်ကိုပါ ထပ်မံ ထိန်းချုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် စေခိုင်း
["INGO နှင့် NGO များကို ထိန်းချုပ်ရန်နှင့် စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်ကိုပါ ထပ်မံ ထိန်းချုပ်ရန် အကြမ်းဖက် မင်းအောင်လှိုင် စေခိုင်း", "ရန်ကုန်၊ ဩဂုတ် ၃၁", "INGO နှင့် NGO များကို ထိန်းချုပ်ရန်နှင့် စည်းလုံးညီညွတ်ရေး ထိခိုက်စေမည့် ရေးသားထုတ်လွှင့်မှုများ မရှိစေရေး စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်ကို ထိန်းချုပ်ရန် အကြမ်းဖက် မင်းအောင် လှိုင် က ပြော ဆို သည်။", "နေပြည်တော်တွင် ယမန်နေ့ ကျင်းပသည့် စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။", "INGO နှင့် NGO အဖွဲ့များကိုလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နိုင်ရေး ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ အချို့သော ပြည်ပ အကူအညီများမှာ INGO နှင့် NGO များမှတစ်ဆင့် မျှဝေ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ INGO နှင့် NGO များကို အကူအညီပေးနေသည့် အဖွဲ့အစည်းနှင့် နိုင်ငံများက အသုံးချမှု ရှိကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။", "ထို့ပြင် အကြမ်းဖက် မင်းအောင်လှိုင်က စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် လူမှုကွန်ရက်နယ်ပယ်များကို ကြပ်မတ်သွားရန်၊ အဓိကအားဖြင့် မင်းအောင်လှိုင်က အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမည့်လုပ်ဆောင်မှုများ ရေးသားထုတ်လွှင့်မှုများ မရှိစေရေး ထိန်းချုပ်ရန် ပြောဆိုသည်။", "အကြမ်းဖက် စစ်ကောင်စီက ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များကို ထိန်းချုပ်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့ ထပ်မံ ပြင်ဆင် တင်းကျပ်ခြင်းဖြင့် ပြည်တွင်းပြည်ပ INGO ၊ NGO များကို ထိန်းချုပ်ခဲ့သည်။ ယခုတစ်ဖန် အကြမ်းဖက်မင်းအောင်လှိုင်က INGO များနှင့် NGO များ၏ လှုပ်ရှားဆောင်ရွက်မှုများကို ထပ်မံ ထိန်းချုပ် တင်းကျပ်ရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပြည်တွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတချို့က သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2023/02/84593/
KDF တပ်ဖွဲ့မှ တော်လှန်ရေး ၂ နှစ်ပြည့်နှင့် တရားမဝင်ရွေး ကောက်ပွဲဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်
["KDF တပ်ဖွဲ့မှ တော်လှန်ရေး ၂ နှစ်ပြည့်နှင့် တရားမဝင်ရွေး ကောက်ပွဲဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁", "ကရင်နီပြည်နယ်တစ်နေရာ၌ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)တပ်ဖွဲ့ မှ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်အကြမ်း ဖက်စစ်ကောင်စီမှ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ခြင်း ၂ နှစ်ပြည့် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/06/169697/
KIA က ညောင်ပင်စခန်း၊ ဝှေ့လုံစခန်းကို သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ
["KIA က ညောင်ပင်စခန်း၊ ဝှေ့လုံစခန်းကို သိမ်းပိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဇွန် ၂၃", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ညောင်ပင်စခန်း၊ ဝှေ့လုံတို့ကို KIA ပူးပေါင်း တပ်ဖွဲ့များက ယနေ့ သိမ်းပိုက်လိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားကား လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။", "ဇွန်လ ၂၃ ရက်နေ့တ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဖားကန့်မြို့နယ်၊ ညောင်ပင်စခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက ထပ်မံ သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။", "အလားတူ ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ဝှေလုံစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဝှေ့လုံစခန်းတွင် ခမရ-၁၁၁(၀န်းသို)မှ ဗိုလ်မှူး ဗညားစံ ဦးစီးသောအင်အား ၄၀ ခန့်ဖြင့် အထိုင်ချထားသောစခန်းဖြစ်ကြောင်း သိရှိရသည်။", "“ညနေ ၆ နာရီ ၄၅ မိနစ်မှာ ဝှေလုံစခန်းကို သိမ်းတယ်။ ည ၈ နာရီ ၄၀ မိနစ်မှာ ညောင်ပင်တပ်စခန်းကို ထပ်သိမ်းလိုက်တာပေါ့။ လ​က်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိထားတယ်။ စစ်ခွေး သေတာတွေလည်းများတယ်လို့ အကြမ်းဖျဉ်း သိထားတယ်။ စစ်သားတွေ ထွက်ပြေးတာလည်းများတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။", "KIA တပ်စွဲထားသော ဝှေ့လုံ စစ်စခန်းသည် စစ်ကောင်စီတပ်အင်အား ၄၀ ဝန်း ကျင် တပ်စွဲထားသော စခန်းဖြစ်ပြီး ညောင်ပင်စခန်းမှာလည်း စစ်အင်အား ၅၀ အထက်တပ်စွဲထားသော စခန်းကြီးများဖြစ်ကြောင်း သိရှိရသည်။", "“ညောင်ပင်စခန်းကလည်း စခန်းကြီးထဲမှာပါတယ်။ ဝှေ့လုံစခန်းကလည်း စခန်းကြီးစာရင်းဝင်ပဲ။ နှစ်ခုစလုံးကတော့ အရေးပါတဲ့ စခန်းတွေပါပဲ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "လက်ရှိတွင် KIA တပ်များက ချောင်း၀ တပ်စခန်းကို အရှိန်အဟုန်မြှင့် ဆက်လက် ထိုးစစ်ဆင်နေကြောင်း၊ စစ်တပ်ဘက်ကလည်း ခုခံနေဆဲဖြစ်နေကြောင်း သိရှိရသည်။", "Photo – 7stars News ၊ KIA"]
https://yktnews.com/2024/01/139235/
KIA က ပစ်ချလိုက်သော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ် ကြီး ကောင်းစံသိဏ်း၊ ဗိုလ်ကြီးစိုးပိုင်ကျော် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦး ၏ နာရေး ရက်လည်ဆွမ်းသွပ် မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်း မပါဘဲ ပြုလုပ်ရ
["KIA က ပစ်ချလိုက်သော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ် ကြီး ကောင်းစံသိဏ်း၊ ဗိုလ်ကြီးစိုးပိုင်ကျော် အပါအဝင် တပ်ဖွဲ့ဝင် ၈ ဦး ၏ နာရေး ရက်လည်ဆွမ်းသွပ် မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်း မပါဘဲ ပြုလုပ်ရ", "သေဆုံးသူ ရဟတ်ယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်မှာ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းနှင့် အမျိုးတော်စပ်", "ရန်ကုန်၊ ဇန်နဝါရီ ၉", "ကချင်ပြည်နယ်၊ ၀ိုင်းမော်တွင် KIA က ပစ်ချလိုက်သဖြင့် ပျက်ကျသွားသော Mi17 ရဟတ်ယာဉ်ပေါ်မှ ဗိုလ်မှူးဇော်မျိုးသန့်၊ ဗိုလ်ကြီးကောင်းစံသိဏ်း၊ ဗိုလ်ကြီး စိုးပိုင်ကျော်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း၊ တပ်ကြပ်ကြီး စိုးလွင်ဦး၊ တပ်ကြပ် ကြီး မျိုးမင်းဦး၊ တပ်ကြပ်ကြီး ဝေယံဦးနှင့် တပ်ကြပ်ကြီး စွမ်းထက် အောင် စုစုပေါင်း လေတပ် တပ်ဖွဲ့ဝင် ၈ ဦး၏ နာရေး ရက်လည် ဆွမ်း သွပ် ကို ယနေ့ မြစ်ကြီးနား လေတပ်ဌာနချုပ်တွင် အလောင်းမပါဘဲ ပြုလုပ်ကြောင်း သိရှိရသည်။", "ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ် နာဖော့စစ်တပ်စခန်းကို ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို KIA က ပစ်ချ လိုက်ခြင်းဖြစ်ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း၊ ရဟတ် ယာဉ်မှူးမှာ DSA အမှတ်စဥ် ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် ဖြစ် ကြောင်း သိရှိရသည်။", "KIA က ပစ်ချလိုက်သဖြင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်၊ အမှတ် ၂၇ ရဟတ်ယာဉ်အုပ်မှ Mi17 ရဟတ်ယာဉ်ဖြင့် လိုက်ပါသော ဗိုလ်မှူးဇော်မျိုးသန့် အသက် ၄၂ နှစ်၊ ဗိုလ်ကြီး ကောင်းစံသိမ်းဏ် အသက် ၃၃ နှစ် ၊ ဗိုလ်ကြီး စိုးပိုင်ကျော် အသက် ၃၁ နှစ်၊ ဒုအရာခံဗိုလ် ဝင်းမျိုးထွန်း အသက် ၄၂ နှစ်၊ ဦးစီးတပ်ကြပ်ကြီး စိုးလွင်ဦး အသက် ၃၆ နှစ်၊ ဦးစီးတပ်ကြပ်ကြီး မျိုးမင်းဦး အသက် ၃၇ နှစ်၊ ဦးစီးတပ်ကြပ်ကြီး ဝေယံဦး အသက် ၃၁ နှစ်၊ နှင့် ဦးစီး တပ် ကြပ်ကြီး စွမ်းထက်အောင် အသက် ၂၃ နှစ်တို့ သေဆုံးခဲ့ကြကြောင်း ၊ ယနေ့ တွင် မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်တွင် ရက်လည် ဆွမ်းသွပ် ပြုလုပ် ကြောင်း သိရှိရသည်။", "“ကျနော်တို့သိတာတော့ ရက်လည် ဆွမ်းသွပ်ကို အလောင်းမပါဘဲ ဓာတ်ပုံနဲ့ အခေါင်းချပြီး မြစ်ကြီးလေတပ်စခန်းဌာနချုပ်မှာ လုပ်တယ်လို့ သိရတယ်” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။", "KIA က ပစ်ချလိုက်သဖြင့် သေဆုံးသူ လေတပ် တပ်ဖွဲ့ဝင် ၈ ဦးတွင် ဗိုလ်မှူး ဇော်မျိုးသန့်မှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ညီမ သင်း သင်း ထွန်း၏ ခင်ပွန်း မျိုးမြင့်အောင်နှင့် တူတော်စပ်သူဖြစ်ကြောင်း၊တ စ်နည်းအားဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ အမျိုးတော်စပ်ကြောင်း သိရှိရသည်။", "” မြစ်ကြီးနားလေတပ် ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့်က ရေနံ ချောင်း မြို့၊ တွင်းကုန်းရပ်ကွက်၊ ဦးချစ်နိုင် – ဒေါ်ခင်မာသိန်း တို့ရဲ့ သား အကြီး ဖြစ်ပါတယ်။ သူက ဇော်မဲလုံးရဲ့ ညီမ သင်းသင်းထွန်းရဲ့ ခင်ပွန်း မျိုးမြင့်အောင်ရဲ့ တူအရင်း ဖြစ်ပါတယ်။ ဇော်မဲလုံးရဲ့ ညီမနဲ့ တူတော်စပ်တာပေါ့။ ဇော်မဲလုံး အမျိုး လို့ ပြောလို့ရတယ်။ ဗိုလ်မှူးဇော်မျိုးသန့်ရဲ့ ညီကလည်း စစ်တပ်ထဲမှာပဲ ဗိုလ်အဆင့် နဲ့ တာဝန်ထမ်းဆောင်နေတယ်။ ဇော်မဲလုံး ညီမက ကျောင်း ဆရာမပါ။ ပုဇင်းကင်ခံရပြီး ပျက်ကျတော့မှ သူတို့သားလေး၊ သူတို့တူလေး ပါသွားတယ်ဆိုပြီး ကိုယ်ပေါင်ပေါ် မီးခဲကျမှ ပူဆွေး ငိုကြွေးနေကြတယ်” ဟု နီးစပ်သော မိတ်ဆွေတစ်ဦးက ပြောဆိုသည်။"]
https://yktnews.com/2023/10/127901/
KIA က သိမ်းပိုက်ထားသော စခန်းများ ပြန်လည် ရရှိရေး စစ်ကောင်စီက ဆောင်ရွက်နေဟု ကြေညာပြီးနောက် KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က သိမ်းပိုက်ရရှိထားသော စစ်တပ်၏ အောင်ဂျာစခန်းကို သွားရောက် ကြည့်ရှု
["KIA က သိမ်းပိုက်ထားသော စခန်းများ ပြန်လည် ရရှိရေး စစ်ကောင်စီက ဆောင်ရွက်နေဟု ကြေညာပြီးနောက် KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က သိမ်းပိုက်ရရှိထားသော စစ်တပ်၏ အောင်ဂျာစခန်းကို သွားရောက် ကြည့်ရှု", "ရန်ကုန်၊ အောက်တိုဘာ ၂၄", "ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထားသော စစ်စခန်းများ ပြန်လည်ရရှိရေး စစ်ကောင်စီက ဆောင်ရွက်နေသည်ဟု ကြေညာပြီးနောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က သိမ်းပိုက်ရရှိထားသော စစ်တပ်၏ အောင်ဂျာစခန်း (လဲလုံစခန်း) ကိုသွားရောက်ကြည့်ရှုကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။", "စစ်ကောင်စီ၏ အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်း ကြေညာချက်တွင် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ နမ့်ကွတ်စခန်း ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ လဲလုံစခန်း(အောင်ဂျာစခန်း) ကို ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ၈၁ ကြိမ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် အောင်ဂျာစခန်း (လဲလုံစခန်း) ကို KIA က သိမ်းပိုက်သွားကြောင်း ၊ စခန်းများ ပြန်လည် သိမ်းပိုက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။", "အောက်တိုဘာလ ၂၃ ရက်နေ့တွင် KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ KIA သိမ်းပိုက်ထားသော အောင်ဂျာ စစ်တပ်စခန်းကို သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဂျာစစ်တပ်စခန်းသည် အခိုင်အမာ ကတုတ်ကျင်းများ တူး ၍ တည်ဆောက်ထားသော စစ်စခန်းဖြစ်ပြီး ၄ လတာ KIA က တိုက်ခိုက်ခဲ့ရသော စခန်းလည်းဖြစ်ကြောင်း သိရှိရသည်။", "KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ကမူ ရှေ့တန်းရဲဘော်များကို အားပေးရန်အတွက် အောင်ဂျာစခန်းသို့ သွားရောက်ခဲ့ကြောင်း သူ၏ လူမှုကွန်ရက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့တွင် တရားဝင် ရေးသားဖော်ပြခဲ့သည်။"]
https://yktnews.com/2024/12/195775/
KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး ကုန်ကားများ စတင်ဝင်ထွက်၊ စစ်ကောင်စီ အသုံးပြုခဲ့သော ဝါစိမ်းနီအလံနှင့်ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် တံဆိပ်၊စာသားမျာ အားလုံး ဖယ်ရှားထား
["KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး ကုန်ကားများ စတင်ဝင်ထွက်၊ စစ်ကောင်စီ အသုံးပြုခဲ့သောဝါစိမ်းနီအလံနှင့်ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော် တံဆိပ်၊စာသားမျာ အားလုံး ဖယ်ရှားထား", "ရန်ကုန်၊ ဒီဇင်ဘာ ၁၆", "ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ် နယ်စပ်ဂိတ်ကို တရုတ်နှင့် KIA နှစ်ဖက်စလုံးက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန်ကားများ စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါ လွယ်ဂျယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံး အတားအဆီးများကို ဖယ်ရှားလိုက်ကြောင်း၊ လက်ရှိတွင် ကုန်ကားများ ပုံမှန်အတိုင်း စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း သိရှိရသည်။", "KIO ၏ တရားဝင်ပြန်ကြားရေး The Kachin Net ကလည်း လွယ်ဂျယ် နယ်စပ်ဂိတ်တရားဝင်ပြန်လည်ဖွင့်လှစ်ကြောင်း ယနေ့ ညနေပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။", "“ကုန်ကားတွေ အဝင်အထွက် ပုံမှန် ပြန်လုပ်နေပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "အဆိုပါ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော လွယ်ဂျယ်ဂိတ်တွင် စစ်ကောင်စီတပ်က အသုံးပြုခဲ့သော နိုင်ငံတော်အလံ၊ တံဆိပ်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုသော စာသားများအားလုံးကို ဖယ်ရှားထားပြီး KIO တံဆိပ်နှင့် အလံကိုသာ မြင်တွေ့ရကြောင်း သိရှိရသည်။", "KIA က ယခုနှစ် ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။", "KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလဆန်းပိုင်းမှစတင်၍ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်နေချိန် တရုတ်နိုင်ငံက ပိတ်ပင်ထားသော နယ်စပ်ဂိတ်များအားလုံးကို ယခုဒီဇင် ဘာလ ၁၃ ရက်နေ့မှစတင်၍ တစ်ခုပြီး တစ်ခု ပြန်လည်ဖွင့်လှစ်လာနေခြင်းဖြစ်သည်။"]
https://yktnews.com/2024/02/143895/
KIA က သိမ်းပိုက်ရရှိထားသော နန့်တိန်းစခန်းမှ အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆန်အိတ် ၃၀၀ ကျော် သိမ်းဆည်းရရှိ
["KIA က သိမ်းပိုက်ရရှိထားသော နန့်တိန်းစခန်းမှ အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆန်အိတ် ၃၀၀ ကျော် သိမ်းဆည်းရရှိ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၄", "ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ-၁၂၀၏ ရှေ့တန်းစခန်းဖြစ်သည့် နန့်တိန်းစခန်းကို ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းတွင် KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး လက်နက် ၆လက်နှင့် ဆန်အိတ် ၃၀၀ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု KIA သတင်းရင်းမြစ်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။", "နန့်တိန်းတပ်စခန်းကို ဖေဖော်ဝါရီလ ၂ရက်မှ စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၃ရက်နေ့ နံနက် ၁၁နာရီဝန်းကျင်တွင် အပြီးသတ်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ (၆၀)မမ လက်နက်ကြီးတစ်လက်၊ MA-3 ၃လက်၊ MA-1 ၂လက်၊ ဒရုန်းတစ်စင်း၊ ဗုံးသီးများနှင့် ကျည်ဆန် ၁၅၀၀၀ခန့်၊ ရိက္ခာဂိုထောင်၂လုံးအတွင်းမှ ဆန်အိတ် ၃၀၀ခန့် သိမ်းဆည်းရရှိခဲ့ကြောင်း KIAသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။", "” ဖားကန့်မြို့အဝင်မှာရှိတဲ့ နန့်တိန်းနဲ့ ဝှေခါစခန်းကုန်းတွေကို ၁လပိုင်း ၆ရက်နေ့ကတည်းက ပိတ်‌ဆို့တိုက်ခိုက်တာ။ ဝှေခါက ချက်ချင်းရပြီးတော့ နန့်တိန်ကိုက ပိတ်ဆို့ထားပြီး လက်နက်ချမလားလို့ စောင့်နေတာ။ လက်နက်မချတော့ အခုပြန်သိမ်းတာ။ အလောင်း ၄ လောင်းတွေ့ရတယ်။ ကျန်တဲ့ စကစတွေက သူတို့မသယ်နိုင်တဲ့ လက်နက်တွေကို ဖျက်ဆီးပစ်ပြီး ထွက်ပြေးသွားတာ။ ငါးကြင်းမြှီးစက်သေနတ်တွေဆိုရင်လည်း ကျိုးကွဲနေပြီး ပစ်မရတော့ဘူး” ဟု ပြောသည်။", "ဖေဖော်ဝါရီ ၂ရက် ည၈နာရီမှစ၍ စခန်းကို ထိန်းချုပ်ထားနိုင်ခဲ့‌သော်လည်း တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လုံးခင်းဗျူဟာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး အလုံး ၄ဝကျော် ပစ်ကူပေးခဲ့ပြီး တိုက်လေယာဉ်ဖြင့် ‌ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၃ရက်‌နေ့ နံနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွား‌နေခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။", "“ဝှေခါစခန်းက ဟိုပင်ဘက်ကနေ ဖားကန့်ကို ဝင်တဲ့လမ်းပေါ်မှာရှိတာ။ နန့်တိန်းက မိုးကောင်း၊ ကာမိုင်းဘက်ကနေ လာရင် ဖားကန့်အဝင်မှာရှိတာ။ မြစ်ကြီးနား – ဖားကန့်လမ်းကို တပ်မ ၃၃ လက်အောက်ခံတပ် စခန်းကုန်းတွေက ထိန်းထားတာပေါ့။ ဖားကန့်အဝင်က စစ်ကောင်စီအတွက် စစ်ရေးအရ အချက်အခြာကျတဲ့ စခန်းနှစ်ခုလုံးကို ရပြီလို့ ပြောလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။", "အဆိုပါနန့်တိန်းစခန်း၏ မိခင်တပ်ရင်းဖြစ်သည့် ခမရ-၁၂၀ သည် ဝန်းသိုမြို့နယ်တွင် အခြေစိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို နေ့စဉ်ရက်ဆက် ဟောင်းဝစ်ဇာအမြှောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/10/126924/
KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကျေးရွာနှင့်စျေး၊ ကံဆီးကျေးရွာ တို့ကို စစ်တပ်က ဗုံးကျဲမှု KIA အရာရှိ ၂ ဦးသေဆုံး
["KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကျေးရွာနှင့်စျေး၊ ကံဆီးကျေးရွာ တို့ကို စစ်တပ်က ဗုံးကျဲမှု KIA အရာရှိ ၂ ဦးသေဆုံး", "ရန်ကုန်၊ အောက်တိုဘာ ၁၈", "ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ နယ်မြေရှိ အနန့်ပါကျေးရွာနှင့်စျေး၊ ကံဆီးကျေးရွာတို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် KIA အရာရှိ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီတပ်က KIA တပ်မဟာ နယ်မြေ ကို ဂျက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အဆိုပါ ဗုံးကျဲမှုကြောင့် KIA အရာရှိ ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။", "” စစ်တပ်ဘက်က ဂျက်လေယာဉ် ၂ စီးနဲ့ ၂ ခေါက် လာပြီးတော့ ဗုံး ၈ လုံး လာကြဲသွားတယ်။ လာကျဲနေတဲ့အချိန်မှာပဲ ကံဆီး စစ်တပ်ဗျူဟာကုန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ၉ ကြိမ် ပြန်ပစ်ခဲ့တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။", "စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးများ ထိမှန်၍ KIA အရာရှိ ၂ ဦး ကျဆုံးသွားပြီး အခြား KIA အရာရှိ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ၊ ပြည်သူတချို့လည်း ဒဏ်ရာရရှိကြောင်း၊ KIA အရာရှိ ၂ ဦးကို အောက်တိုဘာလ ၁၇ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2024/03/150980/
KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီး ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေ
["KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်တပ်စခန်းမရှိတော့ဘဲ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီး ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေ", "ရန်ကုန်၊ မတ် ၁၆", "ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးတွင် စစ်ကောင်စီတပ်စခန်း ကြီးကြီးမားမားမရှိတော့ဘဲ ထွက်ပြေးနေသည့် စစ်သားများကို KIA က လိုက်လံရှင်းလင်းနေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် KIO ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို KIA က ချေမှုန်းတိုက်ခိုက်ခဲ့ပြီဖြစ် ကြောင်း၊ နောက်ဆုံးကျန်ရှိသည့် ဘွမ်ရယ်ဘွမ်တောင်ကုန်းပေါ်ရှိ ကျန်ရှိသော စစ်တပ်စခန်းကို KIA နှင့် မဟာမိတ်တပ်များက အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။", "“အခုလုပ်နေတာက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်ရှင်းလင်းနေပါတယ်။ လိုင်ဇာအနီးတစ်ိုက်စစ်ကောင်စီတပ်စခန်းမရှိတော့ပါ။ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီ။ လိုက်ရှင်းနေရင်းနဲ့ စစ်တပ် တိုက်လေယာဉ်က သူတို့စစ်သားတွေအပေါ် ဗုံးပြန်ကျဲတာရှိတယ်ဆိုတဲ့ သတင်းတွေတော့ ရတယ်။ ဒါပေမယ့် အသေးစိတ်နဲ့ သေချာတော့ အတည်မပြုနိုင်သေးဘူး။ အခုကတော့ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။", "လတ်တလော လိုင်ဇာအနီးတပ်စခန်းများမှ တပ်မမ ၈၈ တပ်မမှူး ဦးဆောင်သော အဖွဲ့ ၊ စကခ ၂၁ ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်ဇင်အေး ဦးဆောင်သော အဖွဲ့များ ထွက်ပြေးနေသည်ဟု သတင်းများရရှိထားကြောင်း၊ စခန်းများမှ ပျောက်နေသော စစ်သားများလည်းရှိနေသဖြင့် နယ်မြေရှင်းလင်းရေးကို ဖိဖိစီးစီး ဆောင်ရွက်နေကြောင်း သိရှိရသည်။"]
https://yktnews.com/2024/10/188581/
KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်လေယာဉ်ကို တရုတ်က မီးကျည် အချက် ၂၀ ပစ်ဖောက် သတိပေး
["KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး လမိုင်းယန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး၊ စစ်လေယာဉ်ကို တရုတ်က မီးကျည် အချက် ၂၀ ပစ်ဖောက် သတိပေး", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးလမိုင်းယန်ကျေးရွာကို စစ်ကောင်စီက ယနေ့ နံက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီ ၁၁ မိနစ်နှင့် နံနက် ၁ နာရီ ၁၄ မိနစ်အချိန်တို့တွင် တံတားဦးလေတပ်မှ MiG-29 တိုက်လေယာဉ်ဖြင့် KIO ဌာနချုပ် လိုင်ဇာမြို့အနီးသို့ ဗုံးများကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။", "“ဒီမနက်လိုင်ဇာအနားမှာရှိတဲ့ လမိုင်းယန် ရွာကို ဗုံး၂ လုံးကျဲချတာ။ လင်မယား ၂ ဦးသေဆုံးသွားပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ရွာကိုဗုံးကျဲသွားတာ” ဟု KIA သတင်းရင်းမြစ်က ပြောကြားသည်။", "တရုတ်နိုင်ငံဘက်က စစ်ကောင်စီ၏ လေယာဉ်ကို မီးကျည်ဖြင့် အချက် ၂၀ ပစ်ဖောက်သတိပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ လေယာဉ်က တရုတ်နိုင်ငံဘက်သို့ အလွန်နီးကပ်စွာ ပျံသန်းသဖြင့် မီးကျည်ပစ်ဖောက် သတိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။", "“တရုတ်ဘက်က မီးကျည် အချက် ၂၀ လောက်ဖောက်တယ်။ စစ်လေယာဉ်က တရုတ်ဘက်အခြမ်းကို အရမ်းကို ကပ်ပြီး ပျံသန်းနေလို့ မီးကျည်တွေပစ်တာ” ဟု လိုင်ဇာမြို့မှ စစ်ရေး သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။", "ကချင်ပြည်နယ်တွင် KIA က ဇူလိုင်လလယ်မှစတင်၍ စစ်ဆင်ရေးများ စတင်ကာ ကချင်ပြည်နယ်တစ်ဝန်းလုံးရှိ စစ်ကောင်စီတပ်စခန်းများနှင့်မြို့များကို တောက်လျှောက် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းတွင် ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ ပန်ဝါမြို့တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။", "ဓာတ်ပုံ-အကြမ်းဖက်စစ်ကောင်စီ၏ MiG-29 တိုက်လေယာဉ် ၁ စီး။"]
https://yktnews.com/2025/03/206714/
KK Park ကဲ့သို့သော ကျားဖြန့် ရာဇဝတ်ခြံဝန်းတစ်ခု၏ လျှပ်စစ်မီးသုံးစွဲမှုသည် ကရင်ပြည်နယ်မြို့တော် ဘားအံတစ်မြို့လုံးထက်ပင် များပြားဟုဆို
["KK Park ကဲ့သို့သော ကျားဖြန့် ရာဇဝတ်ခြံဝန်းတစ်ခု၏ လျှပ်စစ်မီးသုံးစွဲမှုသည် ကရင်ပြည်နယ်မြို့တော် ဘားအံတစ်မြို့လုံးထက်ပင် များပြားဟုဆို", "ရန်ကုန်၊ မတ် ၇", "ကျားဖြန့်ဆိုသည့်နာမည်ဆိုးဖြင့် ကျော်ကြားသော မြဝတီမြို့အနီးက KK Park ဆိုက်ဘာငွေလိမ်ခြံဝန်းတစ်ခု၏ လျှပ်စစ်မီးသုံးစွဲမှုသည် ကရင်ပြည်နယ်မြို့တော် ဘားအံထက်ပင် များပြားခဲ့သည်ဟု Justice for Myanmar (JFM)အဖွဲ့က ထုတ်ပြန်ခဲ့သည်။", "လက်ရှိ KK Park 1 နှင့် KK Park 2 ဟုဖြင့် ပြောင်းလဲဖွဲ့စည်းထားသော အဆိုပါ KK Park ငွေလိမ်ခြံဝန်း၏ မြေနေရာကို တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများက မြန်မာစစ်အုပ်စု ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထံမှ ငှားရမ်းထားခြင်းဖြစ်သည်။", "KK Park တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှသာ အလုံးအရင်းနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ၊ ၁၀လအတွင်း အဆောက်အဦးသစ် အလုံး‌ပေါင်း ၂၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကို ဂြိုလ်တုဓါတ်ပုံများမှတဆင့် မြင်တွေ့နိုင်သည်။", "KK Park ဧရိယာနှစ်ခုလုံးအတွက် နေ့စဉ် ညအလင်းရောင်ထုတ်လွှတ်မှု အချက်အလက်များအရ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ညအလင်းပေးနိုင်မှုသည် တဟုန်ထိုး မြင့်တက်လာကြောင်း တွေ့ရသလို၊ ထိုဆောက်လုပ်ရေးလုပ်ငန်းများသည်လည်း အင်မတန်များပြားသော ဓါတ်အားရောင်းချထောက်ပံ့မှုကြောင့်သာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ကြောင်း JFM ကဆိုသည်။", "အထူးသဖြင့် အဆိုပါလျှပ်စစ်မီးသုံးစွဲမှု မြင့်တက်ခြင်းသည် ကရင်ပြည်နယ်မြို့တော် ဘားအံ၏ ညအလင်းပေးနိုင်မှုနှင့် နှိုင်းယှဉ်သည့်အခါ ပို၍သိသာနေသည်။ ဘားအံမြို့တော်၏ ညအလင်းပေးနိုင်မှုသည် ပြီးခဲ့သည့် နှစ်များအတွင်း အနည်းငယ် ကျဆင်းလာခဲ့သည်။", "Justice For Myanmar မှ ကြည့်ရှုခဲ့သည့် စစ်အုပ်စုထိန်းချုပ်ထားသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာဓါတ်အားလိုင်းမှ ကရင်ပြည်နယ်သို့ လျှပ်စစ်ပို့လွှတ်မှု တိုးမြင့်လာကြောင်း ပြသနေသည်။", "ယင်းသည် နိုင်ငံဖြတ်ကျော် လျှပ်စစ်မီးရောင်းချမှုအား ထိုင်းနိုင်ငံမှ ကန့်သတ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် စစ်အုပ်စုသည် ငွေလိမ်ခြံကြီးများသို့ လျှပ်စစ်များ တိုးမြှင့်ရောင်းချခဲ့ကြောင်းနှင့် အဆိုပါရောင်းချမှုမှ အကျိုးအမြတ်များ ရရှိခဲ့ကြောင်းကို ညွှန်ပြနေသည်။", "၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဓါတ်အားသုံးစွဲထောက်ပံ့မှုသည် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း၊ ကရင်ပြည်နယ်သို့ လျှပ်စစ်ဓါတ်အား ထောက်ပံ့မှုသည် ၂၀ မဂ္ဂါဝပ်ဝန်းကျင်မှ ၅၈ မဂ္ဂါဝပ်အထိ ရှိလာခဲ့ပြီး၊ သုံးဆနီးပါး မြင့်တက်လာခဲ့သည်။", "ထိုသို့ နိုင်ငံတော်ဓါတ်အားလိုင်းမှ ဓါတ်အားထောက်ပံ့မှု တိုးမြင့်လာသော်လည်း မြဝတီရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများရှိရာ နေရာတဝိုက်တွင်သာ မီးအလင်းရောင်များ လျှံလျှံညီးခဲ့ပြီး၊ ဘားအံမြို့တော်ကဲ့သို့ ဒေသခံများ၏ နေရာများတွင်မူ ပို၍သာ မှောင်မိုက်လာခဲ့သည်။", "သို့သော် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မူ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာဖိအားများကြောင့် ထိုင်းအစိုးရသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းများရှိရာ မြန်မာနယ်စပ်ဒေသများအား လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှုကို ဖြတ်တောက်ခဲ့သည်။", "ထိုသို့ လျှပ်စစ်မီး ဖြတ်တောက်ခဲ့မှုသည် ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် အရေးပါသော လုပ်ငန်းစဥ်တစ်ရပ်ဖြစ်သော်လည်း၊ အဆိုပါ ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၏ ပြဿနာရင်းမြစ်ကို ပစ်မှတ်ထားခြင်းမရှိဘဲ လျှပ်စစ်မီးယာယီ ဖြတ်တောက်ရုံမျှဖြင့် အဆိုပါပြသနာများအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဆိုက်ဘာရာဇဝတ်လုပ်ငန်းများ ကြီးထွားပျံ့နှံ့လာခဲ့ရသည့် အဓိက ပြဿနာရင်းမြစ်များကို ဖြေရှင်းရန် အရေးကြီးကြောင်း JFM က အစီရင်ခံစာထုတ်ပြန်ကာ ထောက်ပြဝေဖန်ခဲ့သည်။", "အွန်လိုင်းငွေလိမ်ဂိုဏ်း (သို့မဟုတ်) ကျားဖြန့် လုပ်ငန်းများသည် မြန်မာစစ်တပ်၏ ရာဇဝတ် ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီးရဲ့ ဗဟိုချက်တွင် တည်ရှိနေခြင်းဖြစ်ပြီး၊ စစ်တပ်သည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို လက်သပ်မွေးကာ အဆိုပါလုပ်ငန်းများကို ထိန်းကြောင်းစေခြင်း ဖြစ်သောကြောင့်၊ မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များထံ စီးဆင်းနေသော ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်အားလုံး ဖြတ်တောက်ပြီး ၎င်းတို့ကျူးလွန်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရေး သည်သာလျှင် အဆိုပါ ဆိုက်ဘာငွေလိမ် လုပ်ငန်းများကို အမှန်တကယ် တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့သည်။", "ပုံစာ- KK Parkနှင့် ဘားအံမြို့တို့၏ ညအချိန် မီးသုံးစွဲမှု နှိုင်းယှဥ်ပြဇယား၊ KK Park တည်ရှိရာ ရွှေကုက္ကိုမြို့သစ် တနေရာနှင့် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့၏ ညဖက်မြင်ကွင်းတချို့၊"]
https://yktnews.com/2023/10/127136/
KLFB အမည်ရှိ Online Game Application က ငွေသိန်းသောင်းချီလိမ်လည်မှု ဖြစ်ပွား ၊ ဂိမ်းကစားသူ လူပေါင်း ၅ သိန်းခန့် ငွေလိမ်ခံရ
["KLFB အမည်ရှိ Online Game Application က ငွေသိန်းသောင်းချီလိမ်လည်မှု ဖြစ်ပွား ၊ ဂိမ်းကစားသူ လူပေါင်း ၅ သိန်းခန့် ငွေလိမ်ခံရ", "ရန်ကုန်၊ အောက်တိုဘာ ၁၉", "မြန်မာနိုင်ငံတွင် KLFB အမည်ရှိ Online Game Application တစ်ခုက ဂိမ်းကစားသူ လူပေါင်း ၅ သိန်းဝန်းကျင်ထံမှ ငွေ သိန်းသောင်းချီ လိမ်လည်မှုဖြစ်ပွားနေကြောင်း ကိုယ်တိုင် ငွေလိမ်ခံရသူများထံမှ သိရှိရသည်။", "အောက်တိုဘာ ၁၃ ရက်နေ့မှ စ၍ KLFB Online Game Application အတွင်း ထည့်သွင်းထားသော Accounts များရှိ အပ်ငွေ၊ သွင်းငွေနှင့် ကစားသည့် ငွေကြေးများ အားလုံးကို ထုတ်ယူ၍ မရတော့ခြင်းဖြစ်ကြောင်း ငွေထုတ်ယူ၍ မရတော့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "“တစ်သိန်းရင်းနှီးမြှုပ်နှံမယ်ဆို တစ်နေ့ကို ၃ ဒသမ ၈ ရာခိုင်နှုန်းပေးတယ်။ အရင်ကတော့ ပိုက်ဆံထုတ်လို့ရတယ်။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က စပြီးတော့ ပိုက်ဆံထုတ်လို့မရဖြစ်နေတာ။ Game နဲ့ ဘောလုံးလောင်းခိုင်းတယ်။ Telegram မှာ Group လုပ်ထားတယ်။ သူတို့ပြောတဲ့ နံပါတ်ကို လောင်းပေးရတယ်။ အရှုံးမရှိဘူး။ အခု ဘာပြောလဲဆိုတော့ ကိုယ့်အကောင့်ထဲမှာ ပိုက်ဆံ ၁၀ သိန်းရှိရင် ၁၀ ရဲ့ ၅ ရာခိုင်နှုန်း ပြန်ထည့်ပေးမှ ကိုယ့်အကောင့်က ပိုက်ဆံထုတ်လို့ရမယ်။ အချိန် ၄၈ နာရီပေးထားတယ်။ ၄၈ နာရီအတွင်းမှ မထည့်ရင် အကောင့်ပိတ်လိုက်မယ်လို့ ပြောတယ်” ဟု KLFB App တွင် ငွေသွင်းထားသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "အဆိုပါ KLFB Application တွင် အသုံးပြုသူများသည် KBZ အကောင့်များကိုသာ အသုံးပြု၍ ငွေသွင်း ငွေထုတ်ပြုလုပ်ရပြီး အဆိုပါ KBZ အကောင့်များမှာ အကောင့်အမျိုးမျိုးပြောင်းလဲနေကြောင်း သိရှိရသည်။", "“တချို့လူတွေက ပြောကြတယ်။ KBZ ဘဏ်က ဒီ ဂိမ်းနဲ့ ဆက်စပ်နေတာ။ ပိုက်ဆံက KBZ Pay နဲ့ KBZ Special Account နဲ့ပဲ ထည့်ခိုင်းတယ်။ တခြားဘဏ်နဲ့ ထည့်လို့လည်း မရဘူး။ ထုတ်လို့လည်း မရဘူး” ဟု KLFB Application တွင် ငွေလိမ်ခံရသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။", "KLFB Application တွင် KBZ အကောင့်အမျိုးမျိုးအသုံးပြု၍ ငွေကြေးလိမ်လည်သူများ၏ အကောင့်များကို KLFB App အသုံးပြုသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပေးပို့ထားပြီး အဆိုပါ KBZ အကောင့်များမှာ –", "1. 09789965868 La Min", "2. 09989241634 Maung myat ko ko myint", "3. 09759642889 AUNG SU MAY", "4. 09790778479 May Ei Soe", "5. 09784116382 Khin Myo Tint", "6. 09788750637 Daw Myint Yi", "7. 09755591457 Khaing mar win", "8. 09795682610 Khin Maung Aye", "9. 09754551448 Hla Htay Myint", "10. 09796276382 Ma Khin.saw maw", "11.09792767794 Ma Thant Thant Aung", "12. 09770578699 Ei Ei Hlaing", "13.09784140219 San Dar Moe", "14. 09766197901 Nay Myo Zaw", "15.09757344973 U Tun Win", "16. 09772950218 Ma Khaing", "17. 09757089227 Win Nu War", "18. 09782803051 Aye Kyi Ma", "19.09668276258 Ja Tawng Nue", "20. 09768498054 Daw Phyu Phyu Win", "21. 09775991554 Daw Nyo Khaing", "22.09674884553 U Than Htwe Oo", "23. 09758142480 May Thu zaw", "24. 09784872596 Mg kan win", "25. 09754002767 Ma Shwe Ya Hmong Thaw", "26. 09784851667 Thwe Thwe Soe", "27.09771699627 Tin Maung Oo", "28.09784866882 Ma San Maw", "29.09784892642 Khin Than Htay", "30.09267090688 U Yaw Na Than kbz bank Ac – 00851100802751901", "31.00830100802751901 ,Phone Myint Kyaw 02151102106983201", "32. 02130102106983201 ,Hla Theingi Win 00951100902040401", "33. 00930100902040401, Daw Khin Aye Chan", "စသည့်အကောင့်များ ဖြစ်ကြပြီး အဆိုပါ အကောင့်များအပြင် အခြားအကောင့်များလည်း ရှိသေးကြောင်း သိရှိရသည်။", "KLFB Application ကို ထိန်းချုပ်ထားသူများမှာ မည်သူများဖြစ်သည်ကို အဆိုပါ Application သုံးစွဲသူများ မသိရှိကြဘဲ လောက်ကိုင်မြို့တွင် အခြေစိုက်ထားသည်ဟုသာ ကြားသိရပြီး လတ်တလောတွင် ထိုင်းနိုင်ငံ နယ်စပ်သို့ ထွက်ပြေးသွားသည်ဟူ၍လည်း ကြားသိရကြောင်း KLFB Applicatiom သုံးစွဲသူများက ပြောကြားသည်။", "KLFB သုံးစွဲသူများအနေနှင့် ငွေကြေးလိမ်လည်သွားသူများ၏ KBZ အကောင့်နှင့် KPay များကို ၎င်းတို့ ငွေထုတ်၍ မပြေးမီ အမြန်ဆုံး ပိတ်ပေးစေလိုကြောင်း၊ KBZ ဘဏ်၏ တရားဝင်ဘဏ်စာမျက်နှာသို့ KLFB နှင့် ပတ်သက်၍ စာပို့မေးမြန်းသော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဘဲ သတိထားရန်သာ ပြန်လည်ဖြေကြားကြောင်း သိရှိရသည်။", "“ဒီနေ့ နောက်ဆုံးနေ့ ဒီနေ့ ပိုက်ဆံ မထည့်ရင် အကောင့် ပိတ်လိုက်မယ်လို့ ပြောတယ်” ဟု KLFB အသုံးပြုသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။"]
https://yktnews.com/2023/04/95600/
KLG PDF ၂ နှစ်ပြည့် အခမ်းအနားနှင့် ကျဆုံး PDF ရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ပွဲ ပြုလုပ်
["KLG PDF ၂ နှစ်ပြည့် အခမ်းအနားနှင့် ကျဆုံး PDF ရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ပွဲ ပြုလုပ်", "ရန်ကုန်၊ ဧပြီ ၃", "KLG PDF ကျောက်လုံးကြီးတပ်မဟာ ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားနှင့် ကျဆုံး PDF ရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။", "KLGPDF ကျောက်လုံးကြီး အဖွဲ့သည် ရဲဘော် ၃၅ ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ပြီး NUG MOD အသိအမှတ်ပြု တပ်ရင်း ၃ ရင်းရှိကာ ရဲဘော် အင်အား ၁၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်း၊ ၂ နှစ်တာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ကာ ထောက်ပို့သင်္ဘော ၃ စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။", "လက်နက်ကိုင် တော်လှန်ရေး ၂ နှစ်အတွင်း KLG PDF ကျောက်လုံးကြီးအဖွဲ့မှ ရဲဘော် ၂၀ ဦးကျဆုံးခဲ့​ကြောင်း၊ ၂ နှစ်တာ ကာလအတွင်း KLG PDF ကျောက်လုံးကြီးအဖွဲ့မှတိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားသော ကျဆုံးရဲဘော်များ၏ မိသားစုဝင်များ၊ စစ်ဘေးရှောင်များ၊မီးဘေးသင့်ပြည်များ၊ CDM ဆရာ ဆရာမများ၊ CDM ဝင်ထားတဲ့ ဆင်ဦးစီး မိသားစုများပါ မကျန် ထောက်ပံ့ကူညီပေး‌နိုင်​ခဲ့ကြောင်း သိရှိရသည်။", "KLG PDF ကျောက်လုံးကြီးအဖွဲ့ ၂ နှစ်ပြည့် အခမ်းအနားတွင် KLG PDF ကျောက်လုံးကြီးအဖွဲ့မှ နာယက ဆရာတော်၊ ဆရာစံ PDF အဖွဲ့မှ ဆရာစံ၊ ဒီပဲယင်း ဂဠုန်တပ်တော်မှ နာယက ဆရာတော်၊ ချင်းတွင်း ဂဠုန်ရာဇာအဖွဲ့ခေါင်း ကိုလတ်တို့မှ တော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ဖို့ မိဘပြည်သူများ ပူပေါင်းပါဝင်လာအောင် ဟောပြောခဲ့ကြောင်းသိရှိရသည်။"]
https://yktnews.com/2023/11/130570/
KNDF တပ်ရင်း ၅ နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်
["KNDF တပ်ရင်း ၅ နှင့် ကရင်နီပြည်ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်", "ရန်ကုန်၊ နိုဝင်ဘာ ၁၀", "ကရင်နီပြည်နယ်အတွင်းရှိ KNDF ထိန်းချုပ် နယ်​မြေအတွင်း ပြည်သူများ၏ လုံခြုံရေးအတွက် နယ်မြေလုံခြုံရေး စစ်ဆေးခြင်း နှင့် မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကား အသုံးပြုမှုများအား စုံစမ်းရှာဖွေခြင်းများကို ကရင်နီပြည်ရဲဌာန(KSP) နှင့် KNDF တပ်ရင်း ၅ တို့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/119735/
KNDF တပ်ရင်းများကို စည်းရိုး Project မှ ရရှိသည့် လက်နက် အပ်နှင်းပွဲ အခမ်းအနားပြုလုပ်
["KNDF တပ်ရင်းများကို စည်းရိုး Project မှ ရရှိသည့် လက်နက် အပ်နှင်းပွဲ အခမ်းအနားပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၂၅", "ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာ ၄ ၏ “စည်းရိုး” Project မှ ရရှိလာသော လက်နက်များကို KNDF တပ်ရင်းများထံ လက်နက် အပ်နှင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။", "အဆိုပါ အခမ်းအနားတွင် ဗျူဟာ ၄ ရဲဘော်များမှ စစ်ရေးပြသခဲ့ပြီး KNDF ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဗျူဟာ ၄ မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ ရဲဘော်များနှင့် မြေပြင်ရှိ Fundraiser များတက်ရောက်ခဲ့ကြောင်း၊ “စည်းရိုး Project” မှ ရရှိခဲ့သော လက်နက်များကို KNDF ဗျူဟာ (၄) အောက်မှ တပ်ရင်းများဖြစ်သော တပ်ရင်း (၁)၊ တပ်ရင်း (၅)၊ တပ်ရင်း (၆) နှင့် တပ်ရင်း (၇) တို့ကိုပေးအပ်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/04/156673/
KNDF တပ်ရင်းအမှတ် ၂ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၃ သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကျင်းပ
["KNDF တပ်ရင်းအမှတ် ၂ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၃ သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကျင်းပ", "ရန်ကုန်၊ ဧပြီ ၁၂", "KNDF တပ်ရင်းအမှတ် ၂ ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် ၃ သင်တန်းဆင်းပွဲ၊ သင်တန်းဆင်းရဲဘော်များ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ အခမ်းအနားကို ‌ကရင်နီအမျိုးသားများကာကွယ်ရေးတပ်စစ်ရုံးချုပ်မှ တာဝန်ရှိသူများ၊ KNDF ဗျူဟာအမှတ်(၂)မှ ဗျူဟာမှူး၊ တပ်ရင်းမှူးများနှင့် တာဝန်ရှိသူလူကြီးမိဘများတက်ရောက်ခဲ့ကြကြောင်း၊ ရဲဘော်များသည် KNDF က ပေးအပ်သည့် တာဝန်များနှင့်ပြည်သူလူထု၏အကျိုးကို အသက်နှင့်ကိုယ်ကျိုးစွန့်၍ ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုကြပြီး သစ္စာရေသောက်ခဲ့ကြကြောင်း သိရှိရသည်။", "ထို့ပြင် အခမ်းအနားတွင် စစ်ရေးပြချီတက်ခြင်းနှင့် အခြားအစီအစဉ်များပါဝင်ခဲ့ပြီး အခမ်းအနားကို တာဝန်ရှိသူခေါင်းဆောင်အရာရှိများ၊ တပ်မှူးများ၊ သင်တန်းမှူးများကို ရဲဘော်များက စစ်ရေးပြအလေးပြုခြင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#အခြေခံစစ်ပညာသင်တန်း#ကျမ်းသစ္စာကျိန်ဆိုခြင်း"]
https://yktnews.com/2024/07/170846/
KNDO နှင့် စစ်တပ်တို့အကြား ၆ လတာ ကာလ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၇၃ ဦး သေဆုံး
["KNDO နှင့် စစ်တပ်တို့အကြား ၆ လတာ ကာလ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၇၃ ဦး သေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁", "ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် KNDO နှင့် စစ်တပ်တို့ ၆ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၇၃ ဦး သေဆုံးပြီး ၁၅၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။", "ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ ညောင်လေးပင်ခရိုင်အတွင်းရှိ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ၏ နယ်မြေဖြစ်သော နတ်သံကွင်း− ကျောက်ကြီး−မူသယ် မှ တပ်မဟာ ၅ နယ်စပ်အထိ ၆ လတာ အတွင်း ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ နှင့် အကြမ်းဖက် စစ်တပ်များအကြား တိုက်ပွဲပေါင်း ၉၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၇၃ ဦး သေဆုံးခဲ့ရပြီး ၁၅၁ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရှိရသည်။", "ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်း ၆၂ ကောင် သေဆုံးပြီး အကောင် ၄၀ မှာ ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်သုံးကား ၃ စီးနှင့် ဆိုင်ကယ် ၇ စီးတို့မှာ လည်း ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းတို့ထံမှ MA-1 ၁ လက် ၊ MA ကျည် ၁၂၀၀ တောင့်၊ M-14 ၅ လုံး၊ 60 MM ၆ လုံး နှင့် မြင်း ၃ ကောင်ကို ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (K.N.D.O) က သိမ်းဆည်း ရမိခဲ့ကြောင်းသိရှိရသည်။", "ထို့ပြင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) မှ တပ်ဖွဲ့ဝင်၄ ဦး မှာ တိုင်ပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၇ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုကပြောဆိုသည်။"]
https://yktnews.com/2025/03/208009/
KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၏ နေအိမ်အနီးသို့ စစ်တပ်က အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်သော်လည်း လူနှင့်ပစ္စည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိ
["KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၏ နေအိမ်အနီးသို့ စစ်တပ်က အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်သော်လည်း လူနှင့်ပစ္စည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိ", "ရန်ကုန်၊ မတ် ၁၈", "ကရင်အမျိုးသားအစည်းအရုံး၊ KNU အုပ်ချုပ်မှုနယ်မြေ တပ်မဟာ ၇ အတွင်းရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ၏ နေအိမ်အနီးသို့ စစ်တပ်က အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ယနေ့ မတ်လ ၁၈ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်ကောင်စီတပ်က လွှတ်တင်လိုက်သော အသေခံဒရုန်း ၃ စီးသည် KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။", "” ဒီနေ့မနက် ၃ နာရီကျော်အချိန် ဒရုန်းဗုံး ၃ လုံးဆက်တိုက်ချတယ်။ ပေါက်ကွဲမှုကတော့ မြေပါတုန်တယ်။ လူအထိအခိုက်မရှိပါဘူး။ စစ်ဦးစီးချုပ် စောဂျော်နီအိမ်နားကျရောက်ပေါက်ကွဲပါတယ်။ ရေစပ်နားဗုံးတစ်လုံး၊ ဘောလုံးကွင်းနားမှာ ဗုံးတစ်လုံး ပေါက်ကွဲတယ်။ KNU တပ်မဟာ ၇ စစ်ရုံးချုပ်ထဲကို ဦးတည်ပြီး ဒရုန်းတွေ ကို လွှတ်တာ။ ပေါက်ကွဲမှုက အရင်ထက် ပိုပြီး အင်အားပြင်းလာတယ်” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။", "မတ်လ ၁၄ ရက်နေ့ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူစခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များက အသေခံဒရုန်းများဖြင့် KNU ဌာနချုပ်ဖြစ်သော တပ်မဟာ ၇ ကို ဦးတည်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။"]
https://yktnews.com/2023/04/98412/
KNLA တပ်မဟာ ၅ ထံ စစ်သား ၄ ဦး လက်နက် အပြည့်အစုံဖြင့် အလင်းဝင်
["KNLA တပ်မဟာ ၅ ထံ စစ်သား ၄ ဦး လက်နက် အပြည့်အစုံဖြင့် အလင်းဝင်", "ရန်ကုန်၊ ဧပြီ ၁၉", "ကရင်ပြည်နယ်ရှိ KNLA-အမှတ် ၅ တပ်မဟာထံ အကြမ်းဖက် စစ်တပ် မှ စစ်သား ၄ ဦး လက်နက် အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။", "ဧပြီလ ၁၀ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် ခမရ ၃၄၁ မှ တပ်သား ၄ ဦးဖြစ်သည့် မောင်တိုးတိုး ၂၈ နှစ်၊ အောင်ပိုင်ဖြိုး ၂၃ နှစ်၊ ရဲထက်ကျော် ၂၁ နှစ်နှင့် ချိုလွင်ဉီး ၃၀ နှစ်တို့သည် အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းတပ်စခန်း တစ်ခုဖြစ်သည့် လယ်တိုးစခန်းမှ MA-1 သေနတ် ၄ လက်၊ ကျည်ဆံအပြည့်ပါ ကျည်ဘောက် ၁၆ ချပ်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ခွင်းဗုံး ၁ လုံး ယူဆောင်လာကာ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်သား ၄ ဦးသည် အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း စခန်းတွင် တာဝန်ထမ်းဆောင်စဥ် အတွင်း အထက် ခေါင်းဆောင်များ၏ နိုင်ထက်စီးနင်းဆက်ဆံမှုများ၊ အထက်ခေါင်းဆောင်များ ဝဝလင်လင်စားနေရချိန်တွင် အောက်လက်ငယ်သားများမှာ မဝရေစာဖြင့် နေ့စဥ် စားသုံးနေရမှု အပေါ် ကျေနပ်မှု မရှိသောကြောင့် KNLA-အမှတ် ၅ တပ်မဟာထံ လက်နက်ချအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်သား ၄ ဦးထံ ပြောကြားခဲ့ကြောင်း သိရသည်။", "အဆိုပါ စစ်သား ၄ ဦးသည် KNLA-အမှတ် ၅ တပ်မဟာလက်အောက်ရှိ တပ်သားများနှင့် အတူလက်တွဲကာ အကြမ်းဖက် စစ်တပ်ကို တန်ပြန် တိုက်ခိုက်သွားရန်အာသီဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်ဟု ကေအဲန်ယူ-မူတြော်ကထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/07/171470/
KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရ၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
["KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၀ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရ၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး", "စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၄", "ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေတွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်း ဖက် စစ်တပ်ဘက်မှ ၆၀ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU-မူတြော်ကပြောသည်။", "ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ အထိ တစ်လတာအတွင်း KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့ဝင်နှင့် အကြမ်းဖက် စစ်တပ်တို့အကြား တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက် မှ ၆၀ ဦး သေဆုံးသွားကာ ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊", "နှစ်ဖက် တိုက်ပွဲဖြစ်ပွားစဥ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် လယ်ယာ၊ တောင်ယာ၊ ဥယဥ်ခြံမြေများကို ဂျက်လေယာဥ်ဖြင့် ဗုံး ၅၈၈ လုံးကျဲချခဲ့ပြီး ဒရုန်းဖြင့် ဗုံး ၇၂ ကျဲချခဲ့ခြင်းကြောင့် နေအိမ် ၄ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း ထိခိုက် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/05/102959/
KNLA တပ်ရင်း ၈ နယ်မြေရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက် စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ
["KNLA တပ်ရင်း ၈ နယ်မြေရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက် စီးနင်းမှုကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ", "ရန်ကုန်၊ မေ ၁၆", "KNLA တပ်ရင်း ၈ နယ်မြေရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာ ၈ ရွာမှ ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း KNU ဗဟိုထံမှ သိရသည်။", "မေလ၁၄ ရက်နေ့ နံနက်ပိုင်း ၇ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLAဘတပ်ရင်း ၈ ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်းသို့ ထိုးစစ်ဆင် ပစ်ခတ်မှုများကြောင့် ကျေးရွာ ၈ ရွာမှ ဒေသပြည်သူလူထု ၈၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "မေလ ၁၁ ရက်နေ့မှ စတင်ပြီ အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း ခမရ−၁၅ ၊ အမှတ် ၆ စစ်ဆင်ရေး ကွပ်ကဲမှူးဌာနချုပ် လက်အောက်ခံ တပ်ရင်း ခလရ−၈၄ ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူ လက်အောက်ခံ တပ်ရင်း ခလရ−၇၃ ဇရပ်ကြီး၊ ခမရ−၅၉၉ မုန်း၊ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၈ ပူးပေါင်းတပ်တို့ ရေအိုးစဉ်ကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် အကြမ်းဖက် စစ်တပ်က မေလ ၁၃ ရက်နေ့ မီးတိုင်တောကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၈ နှင့် ပူးပေါင်းတပ်ဖွဲ့ တို့အကြား ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်မှ ကျောင်းစု (ပေါ်ပီဒဲ) ကျေးရွာအတွင်း တပ်စွဲထားပြီး ပြည်သူလူထုများအား ဖမ်းဆီးပစ်ခတ်မှုများရှိကြောင်း၊ ဒေသပြည်သူများ အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "လက်ရှိချိန်ထိ ကျေးရွာ ၈ ရွာမှ လူဦးရေ စုစုပေါင်း ၈၆၉၆ ဦးခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/03/151537/
KNLA အပါအဝင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါး ထိုင်းဘက်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ ထိုင်းစစ်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝမ်းလျားမှောက်၊ လက်မြှောက်ခိုင်းပြီး လက်နက်များသိမ်းဆည်း
["KNLA အပါအဝင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါး ထိုင်းဘက်ထဲသို့ လက်နက်များဖြင့် ထွက်ပြေး၊ ထိုင်းစစ်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝမ်းလျားမှောက်၊ လက်မြှောက်ခိုင်းပြီး လက်နက်များသိမ်းဆည်း", "ရန်ကုန်၊ မတ် ၁၉", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေတွင် KNLA အပါအဝင် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅၀ နီးပါး ထိုင်းဘက်ထဲသို့ လက်နက်များဖြင့် ထွက်ပြေးသွားကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "မတ်လ၁၉ ရက်နေ့ မွန်းလွဲပိုင်း ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ စစ်သား အင်အား ၄၈ ဦးသည် တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးသွားကြကြောင်း၊ ကျေးရွာမှ ထိုင်းပြည်သူများက ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ သို့ တိုင်ကြားသည့်အတွက် အဆိုပါ စစ်ကောင်စီတပ်သားများကို ထိုင်းစစ်တပ်နှင့်ရဲများက လာရောက် ဖမ်းဆီး ကြောင်း၊ ဖမ်းဆီးချိန်တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လက် ခေါင်းပေါ် တင်ခိုင်းပြီး ဝမ်းလျား မှောက်ခိုင်းကာ သေနတ်များကို ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။", "“နယ်စပ်က စစ်တပ်စခန်းကိုတော့ ရပြီလို့ ပြောတယ်။ စစ်တပ်ဘက်က ထွက်ပြေးတာလည်း အတည်ပြုတယ်။ စစ်သား ၄၈ ဦး။ လက်နက်တွေလည်းပါတယ်။ လက်နက်ချဖို့ ပြောတာ မချဘဲ ထွက်ပြေးတာလို့ပြောတယ်” ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ PDF သတင်းရင်းမြစ်က ရှင်းပြသည်။"]
https://yktnews.com/2024/04/157444/
KNU တပ်မဟာ ၄ နယ်မြေတွင် စခန်းစွန့်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး ခလရ ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချ
["KNU က လက်နက်ချသူများကို နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထား", "ရန်ကုန်၊ ဧပြီ ၁၆", "တနင်္သာရီတိုင်း၊ KNU တပ်မဟာ ၄ နယ်မြေတွင် စခန်းစွန့်လာသော စစ်တပ်စစ်ကြောင်းကို KNLA တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ပြီး ခလရ ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချ အညံ့ခံကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။", "ဧပြီလ ၁၅ ရက်နေ့၊ တနင်္သာရီတိုင်း၊ KNU တပ်မဟာ ၄ နယ်မြေ မောထာဒေသနှင့် ထီးထာကြားတွင် ခလရ ၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းကို စွန့်ခွာပြီး ထီးထာ့ စစ်ဗျူဟာစခန်း သို့ အင်အား ပြန်လည်ပူးပေါင်းရန် ပြန်လာစဉ် KNLA တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ၆ ဦးခန့်သေဆုံးခဲ့ပြီးနောက် ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်နက်ကြီးလက်နက်ငယ် ၆၇ လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။", "လက်ရှိအချိန်တွင် လက်နက်ချအညံ့ခံလာသော ခလရ ၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို KNU တာဝန်ရှိသူများက နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်း စောင့်ရှောက် ထားကြောင်း သိရှိရသည်။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar#တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း#KNU တပ်မဟာ ၄ နယ်မြေ"]
https://yktnews.com/2024/07/171696/
KNU စစ်ဦးစီးချုပ်နှင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သည်ဆိုသော သတင်းအမှားများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ပြီး ကရင်တိုင်းရင်းသားများအကြား မညီညွတ်မှုနှင့် မယုံမကြည်ဖြစ်စေရန် လုပ်နေ
["KNU စစ်ဦးစီးချုပ်နှင့် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သည်ဆိုသော သတင်းအမှားများကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ပြီး ကရင်တိုင်းရင်းသားများအကြား မညီညွတ်မှုနှင့် မယုံမကြည်ဖြစ်စေရန် လုပ်နေ", "ရန်ကုန်၊ ဇူလိုင် ၆", "ကရင်အမျိုးသားအစည်းအရုံး-KNU စစ်ဦးစီးချုပ်နှင့် ခေါင်းဆောင်ပိုင်း အပြောင်း အလဲဖြစ်သည်ဆိုသော သ တင်း အမှားများကို စစ်ကောင်စီက ရည် ရွယ်ချက် ရှိရှိ ထုတ်လွှင့်ပြီး ကရင်တိုင်းရင်းသားများအကြား မညီညွတ်မှုနှင့် မယုံမကြည်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။", "ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။", "လတ်တလော KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီကို ရာထူးမှ ဖယ်ရှားပြီး ယခင် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးကို နာယကနေရာမှ အပြီးတိုင် ဖယ်ရှားသည်ဆိုသော လုပ်ကြံသတင်းများ အပါအဝင် ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သည်ဆိုသော ကောလာဟလ သတင်းများကို စစ်ကောင် စီဘက်က ဖြန့်ဝေ ကြောင်း၊ အဆိုပါ လုပ်ကြံသတင်းများမှာ မှန်ကန်ခြင်းမရှိကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။", "“အဲဒီ သတင်းက လုံးဝ မဟုတ်ပါဘူးလို့ပဲ ကျွန်တော်တို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘက်မှာ အထူးသဖြင့် KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနဲ့ အဲဒီ နိုင်ငံရေးဦးဆောင်မှုအပေါ်မှာ အကောင် အထည် ဖော်တဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေး အခန်းကဏ္ဍလည်း ပုံမှန်အတိုင်းပါပဲ။ သူလုပ်စရာရှိတာ လုပ်နေတာပဲ ဆိုတော့။ ကျွန်တော်တို့ကလည်း အဲဒီအပေါ်မှာ ဘာမှကို တုန်တုန်လှုပ်လှုပ် ဖြစ်စရာ ဘာတစ်ခုမှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ပေါ်လာတဲ့ သတင်းတွေကတော့ ဘာမှ အခြေအမြစ်မရှိဘူးလို့ပဲ ပြောရမယ်။ လက်ရှိကာလမှာ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌသည် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းထဲမှာရှိတဲ့ တာဝန်အကြီးဆုံး အမြင့်မားဆုံးမှာ တာဝန်ယူတဲ့သူ ပုံမှန်အလုပ်လုပ်နေတာပဲ။ တပ်မဟာတိုင်းမှာလည်း သူ့ဆိုင်ရာ ဆိုင်ရာ စစ်ရေးနိုင်ငံရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်နေတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။", "လက်ရှိတွင် စစ်ရေး၊ နိုင်ငံရေးအရ အရှုံးများစွာနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီက KNU အတွင်း မညီညွတ်မှုနှင့် စည်းလုံးမှုများ ပြိုကွဲစေရန် ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများ ထုတ်လွှင့်နေခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။", "” ဒီနေ့ ဒီအချိန် ဒီကာလမှာ စစ်ကောင်စီဘက်ကနေ ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်ပေါင်း ၃၀ ကျော်က ကျွန်တော်တို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ စစ်ရေးနိုင်ငံရေးအခြေအနေနဲ့ ဒီနေ့ ဒီကာလ စစ်ကောင်စီရင်ဆိုင်နေရတဲ့ စစ်ရေး နိုင်ငံရေးအခြေအနေ လုံးဝ မတူတော့ဘူးလေ ။ နေရာတိုင်းမှာ ရှုံးပွဲတွေ ဆက်နေတယ်လေ ။ နေရာတိုင်း ဘယ်ဘက်က ကြည့်ကြည့် ရှုံးပွဲတွေ ဆက်နေတဲ့ အခါကျတော့ သူက ရလိုရငြား အဖတ်ဆယ်တဲ့အနေနဲ့ အခုကတော့ အထူးသဖြင့် ကျွန်တော်တို့လို အဖွဲ့အစည်းကြီးမျိုးဆိုရင်တော့ အဖွဲ့အစည်းတွင်းမှာ မညီမညွတ်ဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲမှားအောင် အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ ပျက်ပြားအောင် အဲဒီလိုမျိုး ထိုးခွဲနေတဲ့ဟာတွေ တောက်လျှောက်လုပ်လာတဲ့ အပိုင်းတော့ ရှိတယ်။ ဒါပေမဲ့ ခုန ကျွန်တော် ပြောသလိုပဲ စစ်ရေးအခြေအနေက လုံးဝမဟန်တဲ့အခါကျတော့ ဘယ်လောက်ပဲ ထိုးထိုး ဘယ်လောက်ပဲ လုပ်လုပ် ကျွန်တော်တို့ ဒီနေ့ ဒီ ကာလမှာ လက်တွဲပြီးလုပ်နေတဲ့ အပိုင်းတွေက ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ လုံးဝမတူဘူးဆိုတာ အဲဒါကတော့ ကျွန်တော်တို့ သေချာပြောလို့ရတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီဘက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားနေတုန်းပဲဆိုတာကို အဲဒါတော့ ပြောပြချင်တယ်” ဟု ပဒိုစောတောနီးက ရှင်းပြသည်။", "KNU အနေဖြင့် NUG အပါအဝင် တိုင်းရင်းသားများနှင့် လက်တွဲပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ဆုံးဖြတ် ချက်ချ ထားပြီး ရည်မှန်းချက်များကို ပူးတွဲအကောင်အထည်ဖော်လျက်ရှိကြောင်း KNU က ထုတ်ပြန်ပြောဆိုထားသည်။", "ဓာတ်ပုံ – KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ။", "#မြန်မာ့နွေဦးတော်လှန်ရေး#ykt#yktnews#khitthitmedia#myanmar#media#burmese#foryou#foryoupage#NUG#springrevolution#KhitThitMedia#springrevolutionmyanmar2021#PDF#againstmyanmarmilitarycoup#rejectmilitarycoupmyanmar"]
https://yktnews.com/2023/12/134424/
KNU စီမံအုပ်ချုပ်နယ်မြေတွင် ရှိသော CDM များ၊ စစ်ဘေးရှောင်များ၊ ကလေးသူငယ်များ၊ တော်လှန်ရေးရဲဘော်များကို ထောက်ပံ့ရေးရိက္ခာပစ္စည်းများလှူဒါန်း
["KNU စီမံအုပ်ချုပ်နယ်မြေတွင် ရှိသော CDM များ၊ စစ်ဘေးရှောင်များ၊ ကလေးသူငယ်များ၊ တော်လှန်ရေးရဲဘော်များကို ထောက်ပံ့ရေးရိက္ခာပစ္စည်းများလှူဒါန်း", "ရန်ကုန်၊ ဒီဇင်ဘာ ၄", "အမေရိကန်နိုင်ငံရောက် မြန်မာများနှင့်နိုင်ငံတကာရောက်မြန်မာများ၏ ထောက်ပံ့ရေးရိက္ခာပစ္စည်းများကို အဆိုတော် ”ဝင်းနိုင်စိုး” မှ KNU စီမံအုပ်ချုပ်နယ်မြေတွင် ရှိသော CDM များ၊ စစ်ဘေးရှောင်များ၊ ကလေးသူငယ်များ၊ တော်လှန်ရေးရဲဘော်များကို လှူဒါန်းခဲ့ကြောင်း သိရှိရသည်။", "KNU မှ တာဝန်ရှိများနှင့် အေအေစီကိုရဲမင်းတို့ ပူးပေါင်းစီစဥ်ပေးမှုဖြင့် စိတ်ဓာတ်မြင့်တင်ရေး", "ဖျော်ဖြေရေးပွဲကိုလည်း ပူးတွဲ ကျင်းပခဲ့ပြီး အေအေစီကိုရဲမင်း အဖွဲ့မှလည်း လိုအပ်သည်များ", "ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/82170/
KNU တပ်မဟာ ၁ နယ်မြေ နှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲ မပြုလုပ်ရန် သတိပေးတားမြစ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူမည်ဟု KNU နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာ
["KNU တပ်မဟာ ၁ နယ်မြေ နှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲ မပြုလုပ်ရန် သတိပေးတားမြစ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူမည်ဟု KNU နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာ", "ရန်ကုန်၊ ဇန်နဝါရီ ၂၁", "KNU တပ်မဟာ ၁ နယ်မြေ နှင့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီ၏ အတု အယောင် ရွေးကောက်ပွဲ ပြုလုပ်ခွင့် မပြုဘဲ ပြင်းပြင်းထန်ထန်အရေးယူမည်ဟု KNU နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာကြသည်။", "KNUတပ်မဟာ ၁ က KNU – ကရင်အမျိုးသားအစည်းရုံး၊ သထုံခရိုင်၊ ဘားအံ မြို့ နယ်အလုပ်အမှူဆောင်ကော်မတီအနေဖြင့် မိခင်အဖွဲ့စည်းဖြစ်သော KNU ကရင်အမျိုးသားအစည်းရုံး၏ လမ်းညွှန်ချက်များနှင့်အညီ စစ်မှန်သော ဖက်ဒ ရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး ကြိုး ပမ်း ဆောင် ရွက်လျက် ရှိကြောင်း၊ ဒီမိုကရေစီ၏အနှစ်သာရဖြစ်သော ပုံမှန်ကျင်းပ သည့် ရွေးကောက် ပွဲမှ ပြည်သူအများ၏ ဆန္ဒသဘောထားအားဆန့်ကျင်ကာ စစ်ကောင်စီ ၏ အာ ဏာ သိမ်းမှုနှင့် နောက်ဆက်တွဲလုပ်ရပ်များမှာ ရေရှည်ငြိမ်းချမ်းရေးနှင့် စစ်မှန် သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းစေ မည် မဟုတ် ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။", "စစ်ကောင်စီသည် အတုအယောင် ရွေးကောက်ပွဲတရပ်ကျင်းပ၍ ပြည်သူလူထု နှင့် နိုင်ငံတကာအား လှည့်ဖျားနိုင်ရန် ပြင်ဆင်ကြိုးပမ်းလျက်ရှိပြီး ဤလုပ်ရပ် သည် ၎င်းတို့အဓမ္မသိမ်းယူထားသော တိုင်းပြည်အာဏာအား ပြည်သူလူထု အများစုက အပ်နှင်းသယောင်ဖြင့် တရားဝင်မှုရရှိရန် ကြိုးပမ်းခြင်းသာ ဖြစ် ကြောင်း၊ ထို့ကြောင့် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းရုံး ဘားအံ မြို့နယ် အလုပ်အမှုဆောင်ကော်မတီအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအား လုံးဝ (လုံးဝ) အယုံကြည်မရှိကြောင်း၊ မိမိတို့အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ကောင် စီက ရွေးကောက်ပွဲ ကျင်းပခြင်းအားခွင့်မပြုကြောင်း၊ တားမြစ်ထားသည့် ကြား မှ ဆောင်ရွက်လာပါက ဖော်ထုတ်ပြီး ပြင်းထန်စွာအရေးယူ သွားမည်ဖြစ် ကြောင်း KNU – ကရင်အမျိုးသားအစည်းရုံး၊ သထုံခရိုင်၊ ဘားအံမြို့နယ်က ကြေညာသည်။", "အလားတူ တနင်္သာရီတိုင်းရှိ မြို့နယ် ၆ခု၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီ၏ အတုအယော‌င် ရွေးကောက်ပွဲကို ဆန့်ကျင်မည်ဖြစ်ကြောင်း ကြေညာကြသည်။", "လောင်းလုံး၊ ပုလော၊ ဘုတ်ပြင်း၊ တနင်္သာရီ၊ ရေဖြူ နှင့် သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ထိုသို့ ကြေညာကြခြင်းဖြစ်ပြီး မြို့နယ် ၁၀ ခု ရှိသည့် တနင်္သာရီတိုင်းတွင် မြို့နယ် ၆ ခုက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြေညာ ကြခြင်းဖြစ်သည်။", "စစ်ကောင်စီအနေဖြင့် မတရားအကြမ်းဖက်သတ်ဖြတ်မှုများ၏ ထွက်ပေါက် အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးပမ်းနေသောကြောင့် ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဥ်တွင် ပါဝင်နေ သည့် ထွေအုပ်၊ လဝက၊ သက်ဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီလက်ကိုင်တုတ် များကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာကြသည်။", "ဓာတ်ပုံ- KNU တပ်မဟာ ၁ မှ တပ်ဖွဲ့များ။"]
https://yktnews.com/2023/09/123217/
KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ Federal Wings က KNU တပ်မဟာ ၁ နယ်မြေအထိ တိုးချဲ့ပြီး စတင်တိုက်ပွဲဝင်နေ
["KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ Federal Wings က KNU တပ်မဟာ ၁ နယ်မြေအထိ တိုးချဲ့ပြီး စတင်တိုက်ပွဲဝင်နေ", "ရန်ကုန်၊ စက်တင်ဘာ ၂၀", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း Federal Wings တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။", "စက်တင်ဘာလ ၁၃ ရက်နေ့တွင် Federal Wings ဒရုန်းတပ်ဖွဲ့က KNU/ KNLA တပ်မဟာ(၁) တပ်မဟာဒရုန်းတပ်ဖွဲ့နှင့် အတူပူးပေါင်းပြီး သထုံခရိုင်၊ တပ်ရင်း(၃) နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF နတ်ကြီး စခန်းကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု များ အတွင်း စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးကြောင်း သိရှိရသည်။", "စစ်ဆင်ရေးတွင် KNU/KNLA တပ်ဖွဲ့ဝင်များနှင့် Federal Wings တပ်ဖွဲ့ဝင် များအားလုံး ဘေးရန်ကင်းရှင်းကြောင်း၊ Federal Wings တပ်ဖွဲ့သည် တပ်မဟာ ၆ နယ်မြေတွင် အခြေစိုက် စတင်ခဲ့သော်လည်း ယခုအခါ KNU တပ်မဟာ ၁ အထိ ဖြန့်ကျက်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရှိရသည်။", "ယခုစက်တင်ဘာလ ၃ ရက်နေ့တွင် မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီရုံးကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ စစ်တပ်နှင့်ရဲဘက်မှ အရာရှိကြီးများ၊ အုပ်ချုပ်ရေးအရာရှိများ သေ ဆုံး စေခဲ့သော တိုက်ခိုက်မှုမှာ Federal Wings တပ်ဖွဲ့က ဆောင်ရွက် ခဲ့သော မစ်ရှင်ဖြစ်ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/04/95352/
KNU တပ်မဟာ ၂ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၉ ဦးထက်မနည်းသေဆုံး
["KNU တပ်မဟာ ၂ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၉ ဦးထက်မနည်းသေဆုံး", "ရန်ကုန်၊ ဧပြီ ၂", "ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ KNU တပ်မဟာ ၂ နယ်မြေ တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၉ ဦးထက် မနည်းသေ ဆုံးကြောင်း KNU တပ်မဟာ ၂ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။", "မတ်လ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန် လိပ်သိုမြို့မှ ဆင်းလာသော စစ်ကား ၃ စီးကို KNLAတပ်မဟာ၂ တပ်ရင်း၅ နှင့်PDFပူးပေါင်းတပ်များက ရေပူစမ်း အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကြားဖြတ်တိုက်ခိုက်မှုတွင် အဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီး၏ကားတစ်စီးပျက်စီးသွားပြီး ၇ ဦးထက်မနည်း သေဆုံး သွားကြောင်း၊ ညပိုင်းတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ သံမိုးတောင်ရွာကို မီးသွားရောက်ရှိူ့ခဲ့ပြီး ပြည်သူလူထုနေအိမ် ၈လုံးမီး လောင် သွားကြောင်း သိရှိရသည်။။", "ဧပြီလ ၁ ရက်နေ့ နံနက် ၉နာရီဝန်းကျင်အချိန် သံမိုးတောင်ရွာမှ ပြန်ဆင်း လာ သော စစ်တပ်စစ်ကြောင်းကို မုဒ်ဦးရွာအရောက်တွင် KNLA တပ် မဟာ၂ တပ် ရင်း ၅နှင့် PDFပူးပေါင်းတပ်များက စနိုက်ဘာဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ နံနက် ၁၀နာရီ မိနစ် ၂၀အချိန် ဆိတ်ကုန်းရွာတွင်လည်း စစ်တပ်စစ်ကြောင်းကို ထပ်မံ တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ဦးထက်မနည်းထပ်မံသေဆုံးခဲ့ကြောင်း၊ မွန်းလွဲ ၁နာရီ အချိန် ခန့်တွင် မွန်ကုန်းရွာနှင့် ရှုခင်းသာရွာကြား စစ်ကောင်စီဘက်က ထိခိုက်ကျ ဆုံးမှုများသဖြင့် လက်နက်ကြီးလက်နက်ငယ်များ အပြန်လမ်းတစ်လျှောက် ရမ်းသမ်းပစ်ခိုက်ခဲ့ကြောင်း သိရှိရသည်။", "“လက်ရှိ KNU တပ်မဟာ ၂ မှာ စစ်မျက်နှာ ဖွင့်တာက ရင်း ၅ နဲ့ ရင်း ၆ ပေါ့။ ရင်း ၅ ကတော့ လိပ်သို သံတောင်ကြီးဘက်မှာ။ ရင်း ၆ ကတော့ ရေတာရှည် ဘက်မှာ စစ်မျက်နှာဖွင့်ထားတာ။ ရင်း ၅ ရော ရင်း ၆ ရောက စစ်ကောင်စီ တပ် တွေကို အပြတ်တိုက်နေတဲ့ တပ်ရင်းတွေပါ” ဟု KNU တပ်မဟာ ၂ သတင်းရင်း မြစ်က ရှင်းပြသည်။"]
https://yktnews.com/2023/04/98917/
KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ် စခန်း ၄ ခုကို တစ်ပြိုင်နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေမှုန်းရှင်းလင်း၊ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး
["KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ် စခန်း ၄ ခုကို တစ်ပြိုင်နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေမှုန်းရှင်းလင်း၊ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး", "ရန်ကုန်၊ ဧပြီ ၂၃", "ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီ တပ် ၏ စခန်း ၄ ခုကို တစ်ပြိုင် နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေ မှုန်း ဖျက်ဆီးနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၁၆ ဦးသေ ဆုံး ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။", "ဧပြီလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၅ နာရီ ၃၀ မိနစ် အတွင်း စစ်ကောင်စီတပ်၏ စခန်း ၄ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက် ခဲ့ရာတွင် စခန်း ၂ ခကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တပ် ၏ စခန်း ၄ ခုမှာ ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင် စခန်း နှင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်း တို့ဖြစ်ကြောင်း KNU က ပြောသည်။", "လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကေအဲန်ယူ-မူးမြို့ နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းကို တိုက်ခိုက်ချေမှုန်း နိုင် ခြင်းမရှိကြောင်း၊ ထိုစခန်းနှစ်ခုကို တိုက်ခိုက်ချေမှုန်း နိုင်ခြင်း မရှိသည့် အ ကြောင်း အရင်းမှာ စစ်သားများက စခန်းတွင်မနေဘဲ အပြင်ဘက်သို့ ပုန်း ရှောင် နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။", "စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက် စစ်ကောင် စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ ကြောင်း၊ KNLA တပ်မဟာ ၃ တပ်ပေါင်းစုဘက်မှ ၁ ဦး ကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က အထိနာသဖြင့် လေကြောင်း တိုက် ခိုက် မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ချေမှုန်းရှင်းလင်းခံရသည့် စစ်စခန်း ၄ ခုတွင် နယ်မြေခံတပ်များဖြစ်သော ခလရ-၆၀၊ ခမရ-၃၅၁အပြင် နောက်ထပ် အင်အား ထပ်မံ ဖြည့်တင်း လာသည့် တပ်များဖြစ်သော တပ်မ-၇၇နှင့် ခမရ-၅၉၈ တပ်တို့ တည်ရှိနေကြောင်း သိရှိရသည်။"]
https://yktnews.com/2023/02/85663/
KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာ ၆ ရွာ မှ ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ပြည်သူ ၅ ထောင်ကျော်ထွက်ပြေးနေရ
["KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာ ၆ ရွာ မှ ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ပြည်သူ ၅ ထောင်ကျော်ထွက်ပြေးနေရ", "ရန်ကုန်၊ ဖေဖော်ဝါရီ ၅", "ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သားများသည် ပြည်သူလူထုနေထိုင်ရာကျေးရွာများကို ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ် ခတ်နေသဖြင့် ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး ပြည်သူ ၅ ထောင် ကျော်ထွက်ပြေးတိမ်းရှောင်ရကြောင်း KNU ဗဟိုထံမှ သိရသည်။", "ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၅ နာရီခန့်တွင် ခမရ- ၃၅၁ နှင့် ခလရ-၆၀တပ်တို့မှ အင်အား ၆၀ ခန့်ဖြင့် ကေအဲန်ယူ-မူးမြို့နယ် မြင်သာယာကျေးရွာတွင်းသို့ စတင်ဝင်ရောက်ပြီး ဝဲကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ မြင်သာကျေးရွာမှ ပြည်သူပိုင် ဆိုင်ကယ် ၅ စီး၊ ဆန် ၁၀ အိတ်ကို သိမ်းယူကာ ၎င်းတို့တပ်စွဲထားရာ ဘုန်းကြီးကျောင်းသို့ ယူ သွားကြောင်း သိရသည်။", "ထိုသို့ အကြမ်းဖက်စစ်သားများစစ်ကြောင်းထိုးဝင်ရောက်လာ သဖြင့် မြင်သာယာကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် ညောင်ပင်ဆိမ်ကျေးရွာတို့မှ ပြည်သူ ၂၄၃၁ ဦးသည် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။", "ထို့သို့ အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်တပ်စွဲပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်ပြီးနောက် ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တပ်မ ဟာ (၃) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့တို့မှ ညနေ ၆ နာရီခွဲ ခန့်တွင် အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ည ၇ နာရီအထိကြာ မြင့်ခဲ့ကြောင်း သိရသည်။", "တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်မှ အနီးအနားရှိကျေးရွာများပေါ်သို့ ရည်ရွယ်ချက်ရှိရှိ လက် နက်ကြီး ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇီးခုံကျေးရွာ အသက် ၄၀ အရွယ် မဇင်မာဝင်းနှင့် အသက် ၁၅ နှစ် အရွယ် မရတနာဦးတို့ထိမှန် ဒဏ် ရာရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့တင်ပို့ကုသထားရကြောင်း သိရ သည်။", "အလားတူ ဇန်နဝါရီလ ၃၁ ရက် ည ၈ နာရီ ၁၃ မိနစ်ကလည်း အကြမ်းဖက်စစ်တပ် ခလရ ၆၀ တပ်မှ လပတ်ကျေးရွာအ တွင်းတပ်စွဲကာ မရမ်းစိမ်လေးကျေးရွာအတွင်းသို့ ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် နော်မူမူ၊ အသက် ၅ နှစ်အရွယ် နော်ဖောညီအမနှစ်ဦးနှင့် အသက် ၆၅ နှစ်အရွယ် နော်လယ်ဝါးတို့ ထိခိုက်ဒဏ်ရာရရှိပြီး လယ်ဒိုမြို့ရှိဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း၊ လက် နက်ကြီးထိမှန်မှုကြောင့် ဝက်တစ်ကောင်လည်းသေဆုံးပြီး ကျေးရွာနေပြည်သူ ၁၉၀၈ ဦး ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။", "ယင်းအကြမ်းဖက် စစ်တပ် ခလရ ၆၀ တပ်မှ ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကျွန်းကုန်း ကျေးရွာရှိ တီးမောင်တိုးဒီ၏တဲ၊ နောင်ကုန်းကျေးရွာရှိ စောမဲရှူး၊ ကိုကျော်ကျော်၊ စောပါးသာ၊ နော်ဝါး ဝါး၊ စောနေကော်တို့၏တဲနှင့် ရန်မျိုးအောင်ကျေးရွာရှိ မောင်အေးလွင်နှင့် ဖီးမကြက်တို့၏ တဲများ နှင့် ရန်မျိုးအောင်ကျေးရွာရှိ စောတာဝါး၊ တီးဆာ ကပေါ်ထူးနှင့် ဖီးနော်ပဲပယ်တို့၏ နေအိမ်များ ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/08/116319/
KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ၁၀ တန်းကျောင်း သား တစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရ
["KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ၁၀ တန်းကျောင်း သား တစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး အသက် ၆ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၃ ဦးဒဏ်ရာရ", "ရန်ကုန်၊ ဩဂုတ် ၄", "ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် ကော်သူး လေအုပ်ချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေး ရွာများ အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀ တန်းကျောင်းသားတစ်ဦးအပါအဝင်၂ ဦး သေဆုံး ကာ အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။", "ဩဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က မူးမြို့နယ်၊ တုံးတောရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ ၅၉၉ တပ်မှ ကျေးရွာအတွင်းသို့ ၈၁−မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ၁ လုံး မှာ မွေတွင်းကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် အတွင်းရှိ အ သက် ၇၁ နှစ်အရွယ် ဦးတင်ဦး၊ အသက် ၃၉ နှစ်အရွယ် မဇင်မာဝင်း၊ အသက် ၆ နှစ်အရွယ် ချစ်ဖုန်း သွယ်တို့ထိခိုက်ဒဏ်ရာရရှိကာ အသက် ၃၇ နှစ်အရွယ် မသီတာအေးမှာ နေရာမှပင်သေဆုံးခဲ့ကြောင်း သိရသည်။", "အလားတူ ယနေ့ ဩဂုတ်လ ၃ ရက် နံနက် ၈ နာရီခွဲခန့်က ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ လယ်ဒိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ−၂၇၄ တပ်သားများမှ ကျောက်တံခါးမြို့မှ နေ၍ သမင်အင်းကုန်း ကျေးရွာ အ တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ၁၀ တန်းကျောင်းသား အသက် ၁၆ နှစ်အရွယ် ပိုင်စိုးသူ မှာ ဦး ခေါင်းကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။", "ဓါတ်ပုံ−အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး သေ ဆုံးခဲ့ရသောပြည်သူ ၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး။"]
https://yktnews.com/2023/08/118003/
KNU တပ်မဟာ ၃ နယ်မြေတွင် ၇၃ နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်
["KNU တပ်မဟာ ၃ နယ်မြေတွင် ၇၃ နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ အခမ်းအနားများ ကျင်းပပြုလုပ်", "ရန်ကုန်၊ သြဂုတ် ၁၂", "ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေတွင် ၇၃ နှစ်မြောက် ကရင် အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။", "ကေအဲန်ယူ−ဆောထိမြို့နယ် အုပ်ချုပ်မှု နယ်မြေအတွင်းရှိ စောသဲခီးကျေးရွာအုပ်စု၊ အင်းဗလာကျေးရွာ အုပ်စု၊ ထီးဘလားကျေးရွာအုပ်စု၊ ထီးဝါဘွေးခီးကျေးရွာအုပ်စု၊ မဲကတီးကျေးရွာအုပ်စု၊ ဘလောခိုကျေးရွာ အုပ်စု၊ မယ်ယယ်ခီးကျေးရွာအုပ်စုနှင့် လယ်ဝါးကျေးရွာအုပ်စု စသည့်ကျေးရွာအုပ်စုပေါင်း ၈ အုပ်စု၌ ၇၃ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။", "အခမ်းအနားတွင် ဆောထိမြို့နယ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်ရင်း ၇ မှ ခေါင်းဆောင်များ၊ ကျေးရွာ ခေါင်းဆောင် များနှင့် ကျေးရွာနေ ပြည်သူ စုစုပေါင်း ၁၇၀၀ ကျော် တက်ရောက်ခဲ့ပြီး ဝတ်ပြုဆုတောင်းခြင်းနှင့် ဟောပြောပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။", "ကေအဲန်ယူ−လယ်ဒိုမြို့နယ် အုပ်ချုပ်မှု နယ်မြေတွင် ၇၃ နှစ်မြောက် ကရင်အမျိုးသားအားဇာနည်နေ့ အခမ်းအနားကို မြို့နယ်၊ ကျေးရွာများရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းရှိ စာသင်ကျောင်းတိုင်း တွင်ကျင်းပခဲ့ကြောင်း၊ အခမ်းအနားကို လယ်ဒို မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် K.N.L.A တပ်ရင်း ၉ နှင့် ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ K.N.D.O တပ်ရင်း ၃ မှ ခေါင်းဆောင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2023/02/88802/
KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထမင်းစားနေသည့် မိသားစု ကျည်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး
["KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထမင်းစားနေသည့် မိသားစု ကျည်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁", "ပဲခူးတိုင်း၊ KNU တပ်မဟာ ၃ နယ်မြေရှိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ထမင်း စားနေသည့် မိသားစု တစ်စု ကျည်ထိမှန်ကာ မိခင်ဖြစ်သူမှာ နေရာတွင်သေဆုံးခဲ့ကြောင်း KNU ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။", "ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်၏ ခမရ-၅၉၉ မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၇နာရီအချိန်၌ တုံးတောမှ ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီး ၁၂၀ မမ ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး မိခင်ဖြစ်သူမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။", "လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၈နှစ်အရွယ်ရှိ မိခင် မမြင့်မြင့်ဆန်းမှာ နေရာတွင် သေဆုံးခဲ့ပြီး အသက် ၁၂နှစ်အရွယ် သမီးဖြစ်သူ မနှင်းမြတ်မွန်မှာ ညာဘက်ခြေထောက် ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အသက် ၅နှစ်အရွယ်ရှိ သားဖြစ်သူ မောင်ရန်လင်းထက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ မောင်ရန်လင်းထက်မှာ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရပြီး ညာဘက်ခြေထောက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသည့် ကလေးသူငယ် ၂ဦးကို ဖြူးဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။", "ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံယူနေသည့် ကလေးသူငယ် ၂ဦးအား ဆေးကုသရန်နှင့် ရှေ့ဆက်စားဝတ်နေရေးအတွက် အခက်အခဲ များစွာရှိနေကြောင်း ပြောဆိုသည်။", "ထို့အပြင် ဖေဖော်ဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်၏ ခမရ-၃၅၁မှ သစ်ချဆိပ်ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၎င်းကျေးရွာနေ နော်ထဲနေထူး၏ ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ နေအိမ်ရှိပစ္စည်းများအားလုံး မီးလောင်ကျွမ်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။", "အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် နတ်သံကွင်း-ကျောက်ကြီးကားလမ်း ပေါ်ရှိ ဆိတ်ကြီးတွင် ဂိတ်ချထားသော စစ်ကောင်စီတပ်၏ ခလရ-၆၀ မှ နိုတောတာကျေးရွာရှိ ညီအစ်ကိုနှစ်ဦးကို ဖမ်ဆီးခဲ့သည်။", "ဖမ်းဆီးခံရသည့် ညီအစ်ကိုနှစ်ဦးမှာ မြို့ပေါ်သို့ ဖုန်းဝယ်ရန်အတွက် ဆိတ်ကြီးတွင် စစ်ဆေးခံရပြီး စောပီးပီ၏ဖုန်းတွင် ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအပိုင်းအစများကို ပါရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။", "ဖမ်းဆီးခံရသူများသည် အသက် ၃၆နှစ်အရွယ်ရှိ စောပီးလီးနှင့် အသက် ၂၈နှစ်အရွယ်ရှိ စောပီးပီတို့ဖြစ်ကြပြီး လက်ရှိအချိန်ထိ ၎င်းတို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။"]
https://yktnews.com/2023/07/114490/
KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး
["KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး", "ရန်ကုန်၊ ဇူလိုင် ၂၃", "KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။", "ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ KNU တပ်မဟာ ၃ နယ်မြေရှိ မူးမြို့နယ်၊ ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်တို့ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၃၀၆ တပ်တို့က လက်နက်ကြီး ၇၄ လုံးကျော် ပစ်ခတ်ခဲ့ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိကာ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "ဆောထိမြို့နယ်တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ညောင်လေးပင်အခြေစိုက် ခမရ-၂၀ နှင့် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ က ပုဇွန်မြောင်းကျေးရွာနှင့် တော်ဝိကျေးရွာမှနေ၍ ကောက်မယ့်သူကျေးရွာ၊ ချုံအင်းကျေးရွာ အတွင်းကို လက်နက်ကြီး ၃၅ လုံး ထက်မနည်းပစ်ခတ်ခဲ့ပြီး နံနက် ၁၀ နာရီခွဲမှစ၍ ကောက်မယ့်သူ၊ ချုံအင်းနှင့် ပန်းတင်ကုန်း ကျေးရွာသို့ လက်နက်ကြီး ၁၄ လုံး ထပ်မံပစ်ခတ်ခဲ့သည့်အပြင် ခမရ-၂၀ က ပုဇွန်မြောင်းမှနေ၍ ညောင်ပင်ကြီးရွာဟောင်းကျေးရွာသို့ လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ကာ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။", "မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အုတ်ဖြတ်တံတား စခန်းမှ ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ၁ လုံးမှာ သမန်းကျင်းကျေးရွာ၊ သင်္ချိုင်းနားရှိ လယ်ကွင်းတွင် ကျရောက်ပေါက်ကွဲသောကြောင့် စပါးပေါင်းနုတ်သူ ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ၂ ဦးမှာ ကြက်တက် ညောင်ပင် အနောက်ဘက်ကမ်းကျေးရွာသား အသက် ၃၅ နှစ်အရွယ် ကိုစိုးသူ နှင့် အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးထက်ဦးတို့ဖြစ်ကြောင်း၊ ဇူလိုင်လ ၂၂ ရက် နေ့ညတွင် နတ်သံကွင်းမြို့၌ ပြည်သူ ၁ ဦး၏ နေအိမ် ၁ လုံးထဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။", "လယ်ဒိုမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲခန့်၌ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က သူဌေးကုန်းမီးရထားဘူတာမှနေ၍ ကျေးရွာများ အတွင်းကို လက်နက်ကြီး ၁၅ လုံး ပစ်ခတ်ခဲ့ပြီး နွားရေချောင်းကျေးရွာနှင့် ချွဲတလဲကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကာ ချွဲတလဲကျေးရွာမှ အသက် ၄၆ နှစ်အရွယ် နော်အေးဆေးဖော ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၅၂ မိနစ်ခန့်တွင် ရေတွင်းကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးနှင့် ချွဲတလဲကျေးရွာသို့ လက်နက်ကြီး ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ည ၉ နာရီ ၅၄ မိနစ်ခန့်တွင် ငဖယ်အင်းကျေးရွာသို့ လက်နက်ကြီးထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။", "အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ငဖယ်အင်းကျေးရွာမှ အသက် ၄၂ နှစ်အရွယ် စောဝါးဂေ၊ အသက် ၃၆ နှစ်အရွယ် နော်အယ်ဆဲနေမူးနှင့် အသက် ၁၂ နှစ်အရွယ် စောအယ်စယ်ထူးတို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။", "KNU တပ်မဟာ ၃ နယ်မြေတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၇၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများလည်း ရှိသော​ကြောင့် ကျေးရွာပေါင်း အရေအတွက်နှင့် လူဦးရေစာရင်းကို အတည်ပြုလုပ်ဆောင်နေဆဲဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။"]
https://yktnews.com/2023/05/103330/
KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ် စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ
["KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ် စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ", "ရန်ကုန်၊ မေ ၁၉", "KNU တပ်မဟာ ၃ စစ်ရေးနယ်မြေအတွင်း၌ ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ကားဖြင့် သယ် ဆောင်နေစဉ် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း Royal Peacock Column ထံမှ သိရသည်။", "ဧပြီလ ၂၂ ရက် နေ့လည် ၁၂ နာရီခန့်က စစ်ရေးနယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရ စစ်သားများကို အရပ်သားသုံး Like Truck ကားဖြင့် သယ်ဆောင်နေစဉ် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးထိမှန်ပြီး တစ်ဦးထွက်ပြေး သွားကာ ယင်းကားပေါ်မှ MA 1 ၂ လက်၊ MA 14 ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၀၀ ခန့်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။", "စနိုက်ပါဖြင့် ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိကာ ထွက်ပြေးသွားသော အကြမ်း ဖက် စစ်သားကို လိုက်"]
https://yktnews.com/2023/01/82088/
KNU တပ်မဟာ ၃ နယ်​မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံး
["KNU တပ်မဟာ ၃ နယ်​မြေတွင် ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး ဒုတပ်ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံး", "ရန်ကုန်၊ ဇန်နဝါရီ ၂၀", "ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ် ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်)တပ်မ ဟာ ၃ နယ်မြေတွင် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဒုတပ် ရင်းမှူး တစ်ဦး အပါအဝင် ၄၇ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန် ချက်အရ သိရသည်။", "အဆိုပါ ၁၅ ရက်အတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ လက်အောက်ခံတပ်ရင်း ၈၊ တပ်ရင်း ၉ ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့များ မှ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို မြေ ပြင် တိုက်ပွဲပေါင်း ၅၅ အကြိမ်အပြင် Federal Wings Drone တပ်ဖွဲ့မှလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း ၁၄ ကြိမ်ခန့်ပြုလုပ်ခဲ့ကြောင်း သိရသည်။", "ထိုတိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဒု−တပ်ရင်းမှူး ၁ ဦး အပါအဝင် ၄၇ ဦးခန့် သေဆုံးခဲ့ပြီး ၁၉ ဦး ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အတည်မပြုနိုင်သော အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း၊ အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော စစ်ကား ၂၁ ကို ဖျက် ဆီးနိုင်ခဲ့ကြောင်း၊ KNLA /KNDO တပ်ဖွဲ့ဝင် ၂ ဦး တိုင်း ပြည် အ တွက်အသက်ပေးလှူခဲ့ရပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "အကြမ်းဖက်စစ်တပ်မှ ကျေးရွာများအပေါ် ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။"]
https://yktnews.com/2023/01/79769/
KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ပြီး ကား နှင့် အိမ်တစ်လုံး ပျက်စီး၊ ပုလဲမြို့နယ်၊ ကံထောင့်ကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်
["KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦး ထိခိုက်ပြီး ကား နှင့် အိမ်တစ်လုံး ပျက်စီး၊ ပုလဲမြို့နယ်၊ ကံထောင့်ကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်", "ရန်ကုန်၊ ဇန်နဝါရီ ၇", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူ ၁ ဦးထိခိုက် ပြီး နေအိမ် ၁ လုံးနှင့် ကား ၁ စီးပျက်စီးကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။", "ဇန်န၀ါရီလ (၇)ရက် နံနက် ၁၀ နာရီ ၁၀ မိနစ် အချိန် စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ၂ စီး ဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး ၄ လုံး လာရောက်ကျဲချခဲ့ရာ ကျေးရွာသား၁ ဦးဒဏ်ရာရရှိပြီး အဆောက် အဦး ၁ လုံးနှင့် မော်တော်ယာဥ် (၁)စီးပျက်စီးခဲ့ကြောင်း၊ ယနေ့ နံနက် ၇ နာရီ ၄၀ မိနစ်မှ နံနက် ၉ နာရီ နာရီအချိန်အထိ စစ်ကောင်စီတပ်က တိုက်လေယာဥ် ၇ စီးဖြင့် ဗုံး ၂၀ လုံးခန့်လာ ရောက်ကျဲ ချခဲ့ပြီး ကျေးရွာသားများ၏ လုပ်ငန်းခွင် အတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။", "အလားတူ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ် ဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကံထောင့် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။", "“ကံထောင့် ရဲကင်းကို ကို မွန်းလွဲ ၁နာရီခွဲ အချိန်မှာ PDF တွေ ဝင်တိုက်တာ။ အဲဒါ သူတို့ဘက်က အထိနာလို့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လှည့်ပတ်ပြီး ကံထောင့်ရွာထဲကို ပစ်တာ။ တကယ်က ရွာနဲ့ဘာမှ မဆိုင်ဘူး။ ထိခိုက် သေဆုံးမှု မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။", "ဓာတ်ပုံ- KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော ကား၊ အိမ်နှင့် ဒဏ်ရာရရှိသည့် ပြည်သူတစ်ဦး"]
https://yktnews.com/2023/05/104107/
KNU တပ်မဟာ ၅ နယ်မြေတွင် BGF နယ်ခြားစောင့် တပ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်မှု တပ်ခွဲမှူးစောဘာယို အပါအဝင် BGF ၅ ဦးသေဆုံးပြီး ကားတစ်စီးကို ရှင်းလင်းဖျက်ဆီး
["KNU တပ်မဟာ ၅ နယ်မြေတွင် BGF နယ်ခြားစောင့် တပ်စခန်းကို KNLA က တိုက်ခိုက်သိမ်းပိုက်မှု တပ်ခွဲမှူးစောဘာယို အပါအဝင် BGF ၅ ဦးသေဆုံးပြီး ကားတစ်စီးကို ရှင်းလင်းဖျက်ဆီး", "ရန်ကုန်၊ မေ ၂၄", "ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ လက် အောက် ခံ BGF နယ်ခြားစောင့် တပ်စခန်းကို KNLA တပ်က တိုက်ခိုက် သိမ်းပိုက် ခဲ့ရာ BGF ၅ ဦးသေဆုံးပြီး ကားတစ်စီးကို ရှင်းလင်း ဖျက်ဆီးနိုင် ခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။", "မေလ၂၀ ရက်နေ့ ၊ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် KNU တပ်မဟာ ၅ နယ်မြေ တွင် KNLA တပ်ရင်း ၁၀၂ နှင့် တပ်ခွဲများ စုပေါင်းကာ ကတဲတိနှင့် ထီးက ဆောမဲ အကြားတွင်စခန်းချဆက်ကြေးတောင်းယူနေသည့် စစ်ကောင်စီ လက် အောက်ခံ BGF စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ BGF တပ်မှ ၅ ဉီး သေဆုံး ကြောင်း၊ သေဆုံးသူ ၅ ဦးတွင် BGF တပ်ခွဲမှူး စောဘာယိုပါဝင်ပြီး ၎င်းတို့ပိုင်သည့် ကားတစ်စီးကို လည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။", "စစ်ကောင်စီလက်အောက်ခံ BGF များက ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများရှိနေရာ မေလ ၁၉ ရက်နေ့နံ နက် ၁၀ နာရီ ၄၀ မိနစ်အချိန် BGF-1013တပ်ရင်းမှူး မောင်လှကြိုင်၏ အမိန့်ပေးစေခိုင်းချက်အရ ဖိုဃဲထာ ကျေးရွာအတွင်းသို့ အမြောက်ကျည်ဖူးများပစ်ချခဲ့ရာ အရပ်သားပြည်သူ အသက် ၂၁ နှစ်အရွယ် စောကျော်ခူ၏ညာဖက်ညို့သကြီးနှင့် ညာဖက်နို့အုံကို ထိမှန်ကြောင်း၊ လက်နက်ကြီးကျည်သည် စောဖါးကျော်နှင့် စောဖူးမယ်ပါး တို့၏ အိမ် ၂ လုံးကိုပါထိမှန်ပျက်စီးသွားကြောင်း သိရှိရသည်။", "BGF နယ်ခြားစောင့်တပ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့က KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်အတွင်းရှိပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်နှင့်အမျှခိုးဆိုးလုယူစားသောက်ကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ် လျက်ရှိကြောင်း၊ ခရိုင်အတွင်းရှိအပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ် စည်း စိမ် အားကာကွယ်စောင့်ရှောက်ရန်အတွက် KNLA ကရင်အမျိုးသား တပ်မ တော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများသည် အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ခါးပိုက်ဆောင်BGFတပ်များနှင့် နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2024/02/145934/
KNU တပ်မဟာ ၅ နယ်မြေတွင် KNU ၏ ပိတ်ဆို့မှု ခံထားရသည့် စစ်ကောင်စီတပ်စခန်း ၂ ခု မှ စစ်သားများ စွန့်ခွာ ထွက်ပြေး
["KNU တပ်မဟာ ၅ နယ်မြေတွင် KNU ၏ ပိတ်ဆို့မှု ခံထားရသည့် စစ်ကောင်စီတပ်စခန်း ၂ ခု မှ စစ်သားများ စွန့်ခွာ ထွက်ပြေး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် KNU ၏ ဝိုင်း ဝန်း ပိတ်ဆို့ခံထားရသည့် စစ်ကောင်စီတပ်စခန်း ၂ ခုကို စစ်သားများက စွန့်ခွာထွက်ပြေးသွားကြောင်း KNU မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။", "ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန် လယ်ကလေးကျိုးရှိ စစ်ကောင်စီ၏ ခမရ ၃၄၉ မှ တပ်သားသည် ၎င်းတို့၏ တပ်စခန်းကို စွန့်ခွာကာ ကျူလူတွင် တပ်စွဲထားသည့် တပ်ဖွဲ့များထံသို့ လည်းကောာင်း၊ ဖေဖေါ်ဝါရီလ ၁၁ ရက် နေ့နံနက် ၆ နာရီအချိန်တွင် ကျူလူစခန်းအား တဖန် ထပ်မံ စွန့်ခွာကာ အတွင်းပိုင်းကျသည့် မော်ဖူးဗျူဟာစခန်းသို့လည်းကောင်း ပြန်လည်ပူးပေါင်းသွားကြောင်း သိရ သည်။", "အကြမ်းဖက်စစ်ကောင်စီ၏ လယ်ကလေးကျိုးစခန်းသည် ၁၉၉၇ ခုနှစ်တွင် လာရောက် အခြေချ တပ်စွဲခဲ့ကြောင်း၊ ကျူလူစခန်းမှာကို ၂၀၀၇ ခုနှစ်တွင် လာရောက် အခြေချတပ်စွဲထား သည့်စခန်း များဖြစ်ပြီး ဝိုင်းဝန်းပိတ်ဆို့ခံထားရမှုကြောင့် အချိန်တိုကာလတစ်ရက်ခြားအတွင်းတွင်ပင် စခန်းများ ရုပ်သိမ်း စွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။", "လက်ရှိအနေအထားတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပူးပေါင်းသွားသည့် မော်ဖူး စခန်း ကိုလည်း KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ အပြင်းအထန် ဝိုင်းဝန်း တိုက်ခိုက်ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။", "KNLA-အမှတ် ၅ တပ်မဟာစစ်သည်တော်များနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့သည် မူတြော်ခရိုင်၊ အ မှတ် ၅ တပ်မဟာထိန်းချုပ်နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းများကို အချိန် ကြာမြင့်စွာ နေ့စဉ်ဝိုင်းဝန်းတိုက်ခိုက်ပိတ်ဆို့ရာ၌ ၎င်းတို့၏ စစ်ကြောင်းထိုးရာလမ်းများ၊ စား နပ် ရိက္ခာပို့ဆောင်ရာလမ်းများနှင့် သောက်သုံးရေဆင်းခတ်ရာလမ်းကြောင်းများကို မြေပြင် ခြေလျင် ဖြင့် အသုံးပြုခြင်းမရနိုင်သည်အထိ ပိတ်ဆို့ထားပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့်သာ ခဲယမ်း ရိက္ခာများကို ထောက်ပို့ပေးရကြောင်း သိရသည်။"]
https://yktnews.com/2023/09/121616/
KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ကျောင်းဆရာ ၁ ဦး၊ ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၃ ဦး ပွဲချင်းပြီးသေဆုံး
["KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ကျောင်းဆရာ ၁ ဦး၊ ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ၃ ဦး ပွဲချင်းပြီးသေဆုံး", "ရန်ကုန်၊ စက်တင်ဘာ ၉", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်က လေ ယာဉ် ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းဆရာ ၁ ဦးနှင့် ဆယ်ကျော်သက်အရွယ် ကျောင်း သားကျောင်းသူ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း KNU-မူတြော် သတင်းစဉ်က သတင်းထုတ်ပြန်သည်။", "စက်တင်ဘာ ၇ ရက်နေ့၊ နံနက် ၀၆ နာရီ ၀၃ မိနစ်အချိန်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်များက မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးအုပ်စုအတွင်းရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ ဗုံးကျဲချရာ အသက် ၅၆ နှစ်အရွယ် ကျောင်း ဆရာ စောဖါးဒါး၊ အသက် ၁၄ နှစ်အရွယ် ကျောင်းသား စောအယ်မူလား၊ အသက် ၁၆ နှစ်အရွယ်ကျောင်းသူ နော်ထီးခူဖေါ၊ အသက် ၁၃ နှစ်အရွယ် ကျောင်း သား စောဘိုကြီးတို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။", "ထို့ပြင် စစ်တပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ပြီး ၇ ဦးလုံးမှာ ကျောင်းသားကျောင်းသူများဖြစ်ကြောင်း၊ ဒဏ်ရာရရှိ သူများမှာ အသက် ၁၄ နှစ် အရွယ် ကျောင်းသူ နော်ဖေါစေးထူး၊ အသက် ၁၁ နှစ်‌အရွယ် ကျောင်းသူ နော်ဒါးဝါး၊ အသက် ၉ နှစ် အရွယ် ကျောင်းသား စောအယ်မူလာဝါး၊ အသက် ၁၅ နှစ်ရွယ် ကျောင်းသား စောအယ်နေထူး၊ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ နော်မူလာကပေါ်၊ အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာမ နော်ဒါးတို့ဖြစ်ကြောင်း သိရှိရသည်။", "အလားတူ စက်တင်ဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အကြမ်း ဖက် စစ်ကောင်စီလေတပ်က ခလယ်ထာ၊ တာခဲဒဲဒေသကျေးရွာများသို့ ၃ ကြိမ် ၊ ဂယ်ယူဒဲဒေသတွင် တစ်ကြိမ်၊ စုစုပေါင်း ၄ ကြိမ်တိတိ ဂျက်တိုက်လေ ယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှု အခြေအနေ မသိရှိရသေးကြောင်း KNU မူတြော်သတင်းစဉ်က ဆိုသည်။", "ထို့အတူ စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၁:၄၅နာရီအချိန် အကြမ်းဖက် စစ်ကောင်စီလေတပ်က လူသောမြို့နယ်၊ လယ်မူပလောနှင့် ခေးပူအုပ်စု အတွင်းရှိ ရွာနှစ်ရွာဖြစ်သည့် သေသူးခီးနှင့် ကော်ရော်ဘောထာတွင် ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးဆံ၊ စက်သေနတ်အကြီားစားဖြင့်လာရောက် ကျဲချ ပစ်ခတ်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ အသက် ၄၅ နှစ်အရွယ် စောရှီးမူး ထိမှန်ဒဏ်ရာရရှိသွားကာ အိမ်‌ခြေ ၄ လုံး ပျက်စီးခဲ့ ကြောင်း ၊ ကော်ရော်ဘာထာကျေးရွာတွင်မူ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အိမ်ခြေ ၆ လုံးနှင့် ဘုရားကျေင်းတစ်ကျောင်း၊ ဝတ်ပြုဆုတောင်းရာ နေရာ တစ်နေရာနှင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။"]
https://yktnews.com/2023/01/78647/
KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန် နောက်ဆုံးသတိပေး၊ ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြုဟု ကြေညာ
["KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ် ထွက် ထွက်ခွာကြရန် နောက်ဆုံးသတိပေး၊ ရွေးကောက်ပွဲ ကျင်းပခွင့် လုံး၀ ခွင့်မပြုဟု ကြေညာ", "ရန်ကုန်၊ ဇန်နဝါရီ ၁", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဝန်ထမ်းများအားလုံး ၁၀ ရက်အတွင်း ရာထူးမှ နုတ်ထွက်၍ ထွက်ခွာကြရန် နောက်ဆုံးသတိပေး ကြေညာပြီး စစ်တပ်ကျင်းပမည့် ရွေး ကောက် ပွဲ လုံး၀ ခွင့်မပြုဟု သတိပေးထုတ်ပြန်လိုက်သည်။", "ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၅ နယ်မြေရှိ စစ်တပ်စခန်းများ ရုပ်သိမ်းရန် ၊ ဒေသပြည်သူများအနေဖြင့် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် မပူးပေါင်းရန်၊ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်များအားလုံး ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း အပြီးအပိုင် နုတ်ထွက် စွန့်ခွာကြရန် KNLA က ဇန်န ဝါရီလ ၁ ရက်နေ့စွဲဖြင့် အမိန့် ထုတ်ပြန် လိုက်သည်။", "KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့၏ အုပ်ချုပ်ရေးယန္တရားများ တည်ရှိမှု ကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ အားလုံးထွက်သွားရန် နည်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ KNU အမှတ် ၅ တပ်မဟာ သတ်မှတ်ထိန်းချုပ်နယ်မြေအတွင်းရှိ ဖာပွန်၊ ကမမောင်း မြို့တို့ နှင့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် အခြားအရပ်ဒေသမှ လာ သည့်ဝန် ထမ်းများအားလုံး အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းခြင်းမပြုရန် အမိန့်ထုတ်ပြန်ကြောင်း သတိပေးသည်။", "အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အလုပ်တာဝန် ရာထူးများစွန့်ခွာ ထွက်ခွာ၍ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို ထောက်ခံ အားပေးအသိအမှတ်ပြုစေသည့် လုပ်ရပ်မှန်သမျှ မပြုလုပ်ကြရန်၊ သတ်မှတ်ချိန်အတွင်း ထွက်ခွာရန် အမိန့်ထုတ်ပြန်ထားသည်။", "စစ်ကောင်စီက ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် တပ်မဟာ ၅ နယ်မြေ သတ်မှတ် ထိန်းချုပ် နယ်မြေအတွင်းရှိ မည်သူမဆို လုံးဝပူးပေါင်းပါဝင် ပတ်သက် မှု မပြုလုပ်ရန် သတိပေးကြောင်း၊ ယခု ထုတ်ပြန်ချက်ကို လေးစားကြရန်နှင့် မလေးစား မလိုက်နာပါက အရေးယူနိုင်သည့် လူပုဂ္ဂိုလ်များ ကို ဥပဒေနှင့်အညီ အရေးဆောင်ရွက်မည်ဖြစ်ပြီး အရေးမယူနိုင်သည့် ပုဂ္ဂိုလ်များအတွက် နောက်ဆက် တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ၎င်းတို့အပေါ်တွင်သာ မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယခု ထုတ်ပြန်သည့် အမိန့်သည် နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ကြောင်း KNLA တပ်မဟာ ၅ ဌာနချုပ်၊ စစ်ရေးချုပ်ရုံးက သတိပေးထားသည်။"]
https://yktnews.com/2024/03/152429/
KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
["KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး", "ရန်ကုန်၊ မတ် ၂၄", "ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။", "ယမန်နေ့ မတ်လ ၂၃ ရက် နံနက်ပိုင်း KNLA-အမှတ် ၅ တပ်မဟာ ဒရုန်းတပ်ဖွဲ့ဝင်များက မထော နှင့် ထီးဂေလိုကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၆ တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ရာ ဒုတပ်ခွဲမှူး တစ်ဦး၊ တပ်စိပ်မှူးတစ်ဦးနှင့် တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။", "အလားတူ မွန်းလွဲပိုင်းတွင် မထောနှင့် ကူးဆိပ်ကြားရှိ အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၄၀၆ တပ်ရင်းမှ စစ်သားများကို KNLA-အမှတ် ၅ တပ်မဟာဒရုန်းတပ်ဖွဲ့ဝင်များက ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်ကောင်စီတပ်သား ဒုတပ်စိပ်မှူးတစ်ဦးနှင့် တပ်စုမှူးတစ်ဦးသေဆုံးကာ ဒုတပ်ခွဲမှူး တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။", "တချိန်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ ဖာပွန်အခြေစိုက်တပ်များအား ဒရုန်းဖြင့် စားနပ်ရိက္ခာများကျဲချပေးခဲ့ကြောင်း သိရှိရသည်။", "ယင်းနောက် မတ်လ ၂၃ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်မှ ၆ နာရီ ၂၅ မိနစ်အထိ လူသောမြို့နယ်၊ ဘောသေ ထာကျေးရွာ အုပ်စုအတွင်းရှိ တာဒိုထာ၊ နီးဒိုထာနှင့် ထူမောဒဲကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံး အလုံး ၇၀ ကျဲချခဲ့ကြောင်း၊ ယင်းကျေးရွာ ၃ ရွာကို မတ်လ ၂၂ ရက်နေ့ကလည်း လေကြောင်းဖြင့် ဗုံးသီး အလုံး ၄၀ ကျော်ကျဲချခဲ့ကြောင်း သိရသည်။", "အဆိုပါ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ တစုံတရာ ထိခိုက် သေဆုံး မှုမရှိကြောင်း မူတြော်သတင်းစဉ်က အတည်ပြုထုတ်ပြန်ထားသည်။"]
https://yktnews.com/2024/08/177186/
KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ တိုက်ပွဲများအတွင်း စစ်သား ၅၂ ဦးသေဆုံး
["KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ တိုက်ပွဲများအတွင်း စစ်သား ၅၂ ဦးသေဆုံး", "ရန်ကုန်၊ ဩဂုတ် ၄", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်တွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။", "ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး၊ ကော်သူးလေအုပ် ချုပ်နယ်မြေ၊ မူတြော်ခရိုင် အတွင်း၌ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပေါင်း (၁၀၁)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "ယင်း တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်သား ၅၂ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကောင်စီ၏ အဆောက်အဦး ၂ ခု ထိခိုက်ပျက်စီးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟ ၅ နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ များဘက်မှ ထိခိုက်မှု တစုံတရာမျှမရှိကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက လေ ကြောင်းမှသာ ရိက္ခာ များ ချပေးခြင်းတို့ လုပ်ဆောင်နိုင်တော့ပြီး လက်နက်ကြီးများ နှင့် လေကြောင်းတို့မှ ပြည်သူ လူထု များနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ပစ်မှတ် ထား တိုက်ခဲ့ခြင်းများကိုလည်း အကြိမ်ရေများစွာလုပ်ဆောင်ခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/07/174592/
KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ လဝက် တိုက်ပွဲများအတွင်း စစ်သား ၃၇ ဦးသေဆုံး
["KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လ လဝက် တိုက်ပွဲများအတွင်း စစ်သား ၃၇ ဦးသေဆုံး", "ရန်ကုန်၊ ဇူလိုင် ၁၉", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုတွေင် ဇူလိုင်လ လဝက် တိုက်ပွဲပေါင်း ၆၆ ကြိမ်အတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ၃၇ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်ထံမှ သိရသည်။", "ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မူတြော်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိပ်စစ်သည်တော်များ၊ မဟာမိတ်စစ်သည်တော်များအကြား တိုက်ပွဲ ပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။", "ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အကြမ်းဖက်စစ်သား ၃၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူများတွင် ဗိုလ်တစ်ဦးပါဝင်ကြောင်း သိရသည်။", "ထို့အတူ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအချို့လည်း မီးလောင်ပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သား များအတွက် ရိက္ခာပို့ရာတွင် အသုံးပြုသော မြင်းလားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။", "အဆိုပါ တိုက်ပွဲများအတွင်း KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ရဲဘော် တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU အမှတ် ၅ တပ်မဟာဌာနချုပ်က ထုတ် ပြန်ထားသည်။"]
https://yktnews.com/2023/06/108806/
KNU တပ်မဟာ ၅ နယ်မြေတွင် ဇွန်လ လဝက်အတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံး
["KNU တပ်မဟာ ၅ နယ်မြေတွင် ဇွန်လ လဝက်အတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံး", "ရန်ကုန်၊ ဇွန် ၂၀", "ကရင်ပြည်နယ်၊ KNU တပ်မဟာ နယ်မြေအတွင်း၌ ဇွန်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲပေါင်း ၇၁ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မူးတြော်သတင်း စဉ်က ထုတ်ပြန်သည်။", "အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ လက် အောက်ရှိ တပ်ရင်း၊ တပ်ခွဲများနှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားလျက်ရာ ဇွန်လ ပထမပတ် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲ ၇၁ ကြိမ်အတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ သည့်အပြင် အကြမ်းဖက်စစ်တပ်မှ ထောက်ပို့အတွက်အသုံးပြုသော မြင်းလား ၅ ကောင်နှင့် စစ်သုံး မော်တော်ယာဉ် တစ်စီးကိုလည်း သုတ်သင်ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် အဆောက်အအုံ တစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။", "ယင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၅ တပ်မဟာ စစ်သည် တော် ၄ ဦး တိုင်းပြည်နှင့်လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။", "အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာ၊ လူနေအိမ် အဆောက် အဦ ၊ ဥယျာဉ် ခြံမြေများ အတွင်းသို့ လက်နက်ကြီးများဖြင့်၂၈ လုံးတိတိ တမင်ရည်ရွယ်ပစ် ခတ်ခဲ့ရာတွင် အ ပြစ်မဲ့ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး လုပ်ငန်းခွင်သုံး နွားတစ်ကောင် လည်း ထိမှန်သေဆုံးသွားကြောင်း မူတြော်ခရိုင်၊ တပ်မဟာ၏ စာရင်းချုပ်ဖေါ်ပြချက်အရ သိရသည်။"]
https://yktnews.com/2022/12/76975/
KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး ၊ စစ်ရဟတ်ယာဉ် ဆင်းသက်စဉ် KNLA က ဝင်ရောက်ပစ်ခတ်
["KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး ၊ စစ်ရဟတ်ယာဉ် ဆင်းသက်စဉ် KNLA က ဝင်ရောက်ပစ်ခတ်", "ရန်ကုန်၊ ဒီဇင်ဘာ ၂၇", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ က တရားဝင်သတင်းထုတ်ပြန်သည်။", "ဒီဇင်ဘာ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ KNLA တပ်များ နှင့် စစ်ကောင်စီတပ် ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်း စဉ်က ဖော်ပြထားသည်။", "KNLA အမှတ် ၅ တပ်မဟာမှ ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် စစ် ကောင်စီတပ်၏ ရဟတ် ယာဉ် နှစ်စီး လယ်တိုးစခန်းသို့ လာရောက်၍ တစ်စီး က လမ်းရှင်းပစ်ခတ်မှုပြုလုပ်ပြီး ကျန်တစ်စီး ဆင်းသက်ချိန်တွင် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရမှု စာရင်းကို မသိရှိရသေးကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ဆိုသည်။", "ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် KNLA တပ်ဖွဲ့ဝင် များသည် လူသောမြို့နယ်အတွင်းရှိ လယ်မူပလောကျေးရွာအုပ်စုရှိ စစ်ကောင် စီတပ်၏ ထော့မူပလယ်မဲစခန်းကို ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း ၊ ထပ်မံ၍ ယင်းနေ့ နံနက် ၁၁ နာရီ ၁၈ မိနစ် အချိန် KNLA က ဘူးသိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လယ်တိုးစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဝင် ၁ ဦးသေကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။", "အလားတူ ဒီဇင်ဘာ ၂၃ ရက်‌နေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင်လည်း ကတိုင်တိ မှ ကမမောင်းဘက်သို့ ပြန်ဆင်းလာသည့် စစ်တပ်လက်အောက်ခံ နယ်ခြား စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များကို ဝါးသိုးခိုတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၄၁ မိနစ်အချိန်တွင်လည်း လူသောမြို့နယ် ကူဒေးဒေသ၊ ကြာခိုရှိ စစ်တပ်ကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁ ဦး‌ သေ၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဉ်က ပြောဆို ထားသည်။", "ဓာတ်ပုံ- မြ၀တီမြို့ပြင်ပတွင် လုံခြုံရေးယူထားသော KNU/KNLA တပ်ဖွဲ့များ။ (ပုံအဟောင်းဖြစ်သည်)"]
https://yktnews.com/2024/02/146265/
KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံး
["KNU တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံး", "ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇", "ကရင်ပြည်နယ်၊ KNU အမှတ် ၅ တပ်မဟာနယ်မြေတွင် ဖေဖော်ဝါရီလဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။", "ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA-အမှတ် ၅ တပ်မဟာ ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲပေါင်း ၄၅ ကြိမ် တိတိ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံးကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ ကြောင်း သိရသည်။", "ယင်းတိုက်ပွဲများအတွင်း KNLA-အမှတ် ၅ တပ်မဟာနှင့်ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၇ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကာ ကျဆုံးရဲဘော် မရှိကြောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရှေ့တန်းစခန်း ၂ နေရာ ရုတ်သိမ်း ဆုတ်ခွာသွားကြောင်း သိရသည်။", "နှစ်ပတ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူများနေထိုင် အသက်မွေး ဝမ်းကြောင်း ပြုရာနေရာအတွင်းကို လက်နက်ကြီး ၄ လုံး ရည်ရွယ် ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။"]
https://yktnews.com/2023/11/129925/
KNU တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး
["KNU တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး", "ရန်ကုန်၊ နိုဝင်ဘာ ၆", "ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၃၁ ဦးသေဆုံးခဲ့ကြောင်း KNU-မူတြော် ခရိုင်က ထုတ်ပြန်ထားသည်။", "အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မူတြော်ခရိုင်၊ တပ်မဟာ ၅ ထိန်းချုပ် နယ်မြေအတွင်း ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် အကြမ်းဖက် စစ်တပ်၊ နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲ ၈၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။", "အဆိုပါထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၃၁ ဦးသေဆုံးပြီး ၅၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် ၅ တပ်မဟာဘက်မှ တော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က အောက်တိုဘာလအတွင်း Jet-Fighter ဖြင့် ၂ ကြိမ်လာရောက် ပစ်ခတ်ခဲ့ပြီး အလေးချိန်ပေါင် ၅၀၀ ကျော်ရှိ ကလက်စ်တာဗုံး ၄ လုံး ပစ်ခတ်ခဲ့ကာ စက်လတ်သေနတ်များနှင့်လည်းပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင် စစ်ဆင်မှု အနေဖြင့် ၁၂၀-မမ ၊ ၆၀-မမ လက်နက်ကြီးကျည် စုစုပေါင်း ၂၀ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။"]
https://yktnews.com/2024/09/184036/
KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရ
["KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရ", "ရန်ကုန်၊ စက်တင်ဘာ ၁၈", "ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ ၅ နယ်မြေတွင် ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၈ ဦး သေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU-မူတြော်ခရိုင်က ပြောဆိုသည်။", "စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေအထိ တ်ုက်ပွဲပေါင်း ၆၄ ကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။", "အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ထောက်ပို့လေယာဥ်ဖြင့် လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများကို အကြမ်းဖက်စစ်သားများအတွက် လာရောက်ပို့ဆောင်ခဲ့ပြီး ထိုသို့ လာပို့စဉ် လက်နက်ကြီး အလုံး ၉၀ တိတိ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။", "တိုက်ခိုက်မှုများအတွင်း အမှတ် ၅ တပ်မဟာမှ ရဲဘော်များနှင့် မဟာမိတ်များ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရှိရသည်။"]